Unicode Version
” ကယ်ရီငှားတဲ့သရဲ “(စ/ဆုံး)
——————————
( ဖြစ်ရပ်မှန်)
“ကယ်ရီတဲ့ဟေ့”
လွန်ခဲ့သော ၂၀၀၅ခုနှစ်ကာလများသည် ဆိုင်ကယ်ရှားပါးနေသောခေတ်တစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် ပျော်ဘွယ်မြို့လေး ရှိ ရန်အောင်မြို့သို့ သွားသောကားဂိတ်လေးတွင် ဆိုင်ကယ်ကယ်ရီသမားများသည်လည်း ဂိတ်ထိုးကာ ပါစင်ဂျာလိုက်ပို့ခြင်းဖြင့်အလွန်အင်မတန် ဝင်ငွေကောင်းသော ခေတ်ကာလ တစ်ခုပင်ဖြစ်ခဲ့သည်။ယခုလည်း ညနေခင်းရောက်မှ ဆိုင်ကယ် ကယ်ရီငှားသော လူများရောက်လာသဖြင့် ကယ်ရီဂိတ်တခုလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ သွားမည့် နေရာမေးကြ စျေးညှိကြဖြင့် ကယ်ရီဂိတ်လေးသည်လည်း အသက်ဝင်လှုပ်ရှား လာလေသည်။
ထို အထဲမှ မကွေးတိုင်း အတွင်းရှိ ရွာတစ်ရွာသို့ သွားမည့် လူသုံးယောက်အား ဖြိုးဝေနှင့်ဆန်းကျော်တို့ ၂စီး စျေးတည့်ကာ လိုက်ရန်ပြင်လေတော့သည်။ သွားမည့်ခရီးကာ မနီးမဝေးမိုင်၄၀ခန့်ရှိသည် မို့ အသွားအပြန်မိုင်၈၀ပတ်လည်လောက်ရှီပေမည်။ထို့ကြောင့် အပြန်တွင်သေချာပေါက်မိုးချုပ်မည်ဖြစ်သောကြောင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ယူဆောင်၍ ခရီးသည်များအား တင်ကာ သွားလိုသော ရွာသို့ဦးတည်ကာ ဆိုင်ကယ်အား မောင်၍ထွက်ခဲ့လေသည်။
ပျော်ဘွယ်မြို့မှ ရန်အောင်-သဖန်းချောင်း-ပေပင်လေး-ညောင်ကုန်းစသည်ဖြင့်ကျော်ဖြတ်လာပြီးနောက် မန္တလေးတိုင်းနယ်နိမိတ်ဆုံးကာ မကွေးတိုင်းထဲသို့ရောက်လာလေသည်။ ထို့နောက်စိုင်ဂေါင်းရွာကိုကျော်ကာ ခရီးသည်သွားလိုသော ရွာသို့ရောက်လေပြီဖြစ်သည်။ဖြိုးဝေတစ်ယောက် နာရီကို ကြည့်မိလိုက်တော့ အချိန်ကာ ည၇နာရီထိုးပေတော့မည်။ထို့ကြောင့် ပျော်ဘွယ်ပြန်ရန် အချိန်ပင်အတော်လင့်နေလေပြီဖြစ်သည်။ထို့အပြင် ခရီးသည်များကလည်း ဧည့်ဝတ်ကျေစွာဖြင့် အရက်တိုက်၍ ထမင်းပါဇွတ်အတင်းကျွေးလေသည်။ အရက်ထိုင်သောက်တုန်းရှိသေး မိုးကတဖွဲဖွဲနှင့်စတင်ရွာလာလေသည်။အရက်ကြိုက်သောဆန်းကျော် အတွက်တော့ ရာသီဥတုက သူ့ဖက်အပြည့်အဝပါနေသဖြင့် သောက်၍မပြီးနိုင်တော့ချေ။ဖြိုးဝေကား တော်သင့်ရုံ သောက်၍ ထမင်းခပ်မြန်မြန်ပင်စားကာ ပြန်ရန် ဆန်းကျော်အား လော်ဆော်လိုက်လေသည်။
ဆန်းကျော် စားသောက်ပြီးစီး၍ ပြန်ရန်ပြင်လိုက်သည့် အချိန်တွင်မူ ည ၈နာရီ၁၅မိနစ် ခန့်ပင် ရှိနေလေပြီ။ထို့ကြောင့် အိမ်ရှင်များအတန်တန် တားနေသည့်ကြားမှပင် ၂ယောက်သား ဇွတ်ထွက်လာကာ အပြန်လမ်းသို့ ဦးတည်ခဲ့လေသည်။မိုးကလည်း ဖွဲရာမှ သည်းပင်သည်းလာလေပြီ။ဆန်းကျော်ကလည်းမူးမူးနှင့် ရှေ့ကမောင်းသွာချေပြီ။ဖြိုးဝေလည်း ကျော်မတက်တော့ပဲ နောက်ကပင် ခပ်ခွာခွာလေး မောင်းလိုက်လာသည်။ထိုသို့ မောင်းလာရင်းမှ သဖန်းချောင်းရွာ အကျော်လေးတွင် လူတစ်ယောက်က ဆန်းကျော် ဆိုင်ကယ်အားတားလိုက်သည်ကို ဆိုင်ကယ်မီး အလင်းရောင်အောက်တွင်လှမ်းတွေ့လိုက်ရသည်။
ထိုအချိန်တွင် ဖြိုးဝေလည်း အပေါ့သွားချင်လာတာကြောင့် နောက်နား ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ကာ ဆင်း၍ အပေါ့သွားလိုက်သည်။ထိုအချိန်တွင် ဆန်းကျော်နှင့် ထိုလူတို့စကားပြောနေသံကိုကြားလိုက်ရသည်။
“”ကဲ ကိုယ့်ဆရာ ဆိုင်ကယ်ကို တားလိုက်တာက ဘာကိစ္စလဲဗျ ဘယ်သွားမလို့လဲ”
“ဘယ်ရယ်လို့တော့ မဟုတ်ပါဘူး ခင်ဗျားတို့သွားတဲ့အထိ လိုက်မလို့”
ထိုသို့ပြောနေစဉ်အတွင်း ဖြိုးဝေ လည်း ဆိုင်ကယ်ကိုပြန်တက် စက်နှိုးကာ ဆန်းကျော်တို့ အနားသို့ မောင်းသွားလိုက်သည်။ ဆိုင်ကယ်မီးရောင်အောက်တွင် မြင်နေရသော ထိုလူ၏ ပုံစံကား ပုဆိုးကို တိုတိုဝတ်ထားလျက် မိုးရွားထဲတွင် အင်္ကျီလက်တိုတထည်ဝတ်ထားကာ နှီးခမောက်တစ်လုံးကို ဆောင်းထားလေသည်။ခမောက်ဆောင်းထားသည် ဆိုတာထက် ပုခုံးနှစ်ဖက်ပေါ်တွင် တင်ထားသကဲ့သို့ပင်ရှိနေသည်။ထို့ကြောင့် ဖြိုးဝေလည်း မျက်လုံးအစုံကို ပြူးပြဲကာဖြင့်သောချာအောင်ထပ်မံကြည့်လိုက်သည်။ဆိုင်ကယ်မောင်းလာသည်မှာ လည်းတဖြည်းဖြည်းနှင့်ဆန်းကျော်နှင့် ထိုလူအနားသို့ပင် နီးကပ်လာချေပြီ။
သေချာသွားပါပြီ ဦးထုပ်ကိုဆောင်းထားသည်မဟုတ် ပုခုံးနှစ်ဖက်ပေါ်တွင် တင်ထားကာ ခေါင်းပါသည့်ပုံစံ အယောင်ဆောင်ထားခြင်းပင်ဖြစ်သည်။ဒါဆိုရင် ခေါင်းကမပါတာလားဟု ဖြိုးဝေတစ်ယောက် အူကြောင်ကြောင်ဖြင့် တွေးနေမိသည်။လူဆိုရင် ခေါင်းပါရမည်ဖြစ်သည်ပဲလေ အာ့ဆိုရင်ဒါက လူမဟုတ်တာလား ဟုတှေးလျိုကျမိသညျနှငျ့တပွိုငျနကျ ဆိုင်ကယ်ပေါ်တွင် အသင့်ဆောင်ထားသည့် ဒုတျတျိုဖွငျ့ ထိုလူ၏ ဦးထုပ်အား လွှဲပစ်လိုက်လေသည်။
“ဝှီးးးးးးးးးဖတ် ဘုတ်””
ဟူသောမြည်သံနှင့်အတူ ဦးထုပ် သည် မြေကြီးပေါ်သို့ လွင့်ကြသွားလေတော့သည်။ဦးထုပ်မရှိတော့သည်နှင့်မြင်လိုက်ရသည်ကာ ပုခုံးနှစ်ဖက်ကြားတွင်လည်ပင်းငုတ်တို လေးသာ ရှိနေသည်။ ဦးခေါင်းကားမပါတော့ပေ။ထိုအခါမှ ဖြိုးဝေလည်း
“””ဟေ့ကောင် ဆန်းကျော် အဲ့ဒါ လူမဟုတ်ဘူး သရဲဟသရဲ နင့်မေကလွှားတဲ့ မူးနေတာ မောင်းဟမောင်းမောင်း”
ဖြိုးဝေလည်း ဆန်းကျော်အား အော်လဲပြော ကိုယ်တိုင်လည်း ဆိုင်ကယ်အား လီဘာကုန်အောင်ဆွဲကာ မောင်းပြေးလေတော့သည်။နောက်မှကျန်နေခဲ့သောဆန်းကျော် လည်း အားကျမခံ လီဗာ အသားကုန်ဗျင်းကာ မောင်းပြေးလာသည်မှာ ရှေ့က ကြိုမောင်းပြေးနေသော ဖြိုးဝေ ဆိုင်ကယ်ကိုပင် ကျော်ကာ ဖင်မီးမမြင်အောင်ပင် မောင်းလေတော့သည်။
ဖြိုးဝေလည်း နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ နောက်ဖက်မလှမ်းမကမ်းက လွှားကနဲ လွှားကနဲ ဖြင့် ပြေးလိုက်လာသော ခေါင်းမပါသည့် သရဲ အား တွေ့လိုက်ရသည်။ထို့ကြောင့် လီဗာကို နည်းနည်းမှ မလျှော့ရဲပဲ မောင်းလေသည်။နောက်သို့လှည့်ကြည့်ပြန်သည်။အနှီး သရဲကား အင်မတန် ဇွဲကောင်း
လှချေသည်တကား။မမောနိုင်မပန်းနိုင်ဖြင့် ပြေးလိုက်လာနေတုန်းပင်ဖြစ်သည်။ရော် ခက်ချေပြီ ဆိုင်ကယ်နှစ်စီးလုံး လီဗာကုန်ဂီယာကုန်ဖြင့်မောင်းပြေးလာသည်မှာ အင်ဂျင်မှ မီးသံများပင် တတောင်တောင် အော်နေချေပြီ။ဤပုံစံ ဤတရုတ်ဘီးများနှင့်တော့ သရဲကို လွတ်အောင် ပြေးနိုင်မည်မထင်တော့ချေ။
ဖြိုးဝေလည်း တဖြည်းဖြည်းနှင့် အကြောက်တရားကား လူကိုကြီးစိုးထားလေချေပြီ။အဘယ့်ကြောင့်ဆိုသော် သရဲမှန်းဘာမှန်းမသိဒုတ်တိုနှင့်ပစ်တုန်းက ပစ်ပြီး သရဲ လိုက်လာသော အခါမှ ဘာလုပ်လို့လုပ်ရမှန်း မသိကာ ကြောက်လာခြင်းပင်ဖြစ်သည်။ရှေ့နားတွင် မီးလက်လက်လေးတွေ မြင်ရသည်တွင် နှစ်ယောက်သား အားတက်လာကာ လီဗာမလျှော့ရဲဘဲ ဇွတ်ဆွဲလေတော့သည်။ ရောက်ပါပြီ ရန်အောင်မြို့ ထိုအခါမှ နှစ်ယောက်သား ပြန်လှည့်ကြည့်လိုက်ရာ မြို့အဝင်တွင် ခေါင်းပြတ်သရဲ ရပ်ကျန်နေခဲ့သည်ကိုတွေ့လိုက်ရသည်။
ထိုအခါမှ နှစ်ယောက်သား သက်ပြင်းမောကြီးချ ကာ ရန်အောင်မြို့ထဲရှိ ညနက်ထိဖွင့်သော ဆိုင်တစ်ဆိုင်တွင် ရပ်ကာ အရက်သောက်ကာ စမြုံ့ပြန်လေတော့သည်။ဆန်းကျော်က
“”ငါလည်း မူးမူးနဲ့ သေချာ မကြည့်မိလိုက်ဘူးကွ အဲ့ဒါ ကြောင့်ရပ်ပေးလိုက်တာ တော်သေးတာပေါ့ မင်းသေချာကြည့်မိလိုက်လို့ တော်သေးတာပေါ့ မဟုတ်လို့ခေါ်တင်မိလိုက်လို့ နောက်က လိုက်ထိုင်လာရင်တော့ အမေလေး မတွေးရဲစရာပဲ အီးဟီးဟီး ကျောတောင်ချမ်းလာပြီ””
“””အေး အခုလည်း လိုက်လိုက်တာပဲလေး ပြေးပြီးတော့ တော်သေးတာပေါ့ မှီလာရင်တော့ ဆိုင်ကယ်ပေါ်က ဆွဲချမလားပဲ ဆိုင်ကယ်မှောက်ပြီးမသေတာလဲ ကံကောင်းတာပဲ ဆန်းကျော်ရ””
“”အေးကွာ ဖြိုးဝေရာ နောက်ဆိုရင်တော့ ညမှောင်မှောင် လမ်းခုလတ်က ဘယ်ခရီးသည်တားတား အတတ်နိုင်ဆုံးရပ်မပေးတော့ဘူးကွာ မလွယ်ဘူးဟေ့ လျှာထွက်လို့မရဘူးဟေ့ တော်ပါပြီကွာ”
နှစ်ဦးသား ဆေးလိပ်ကိုယ်စီဖွာရင်းဖြင့် ကြုံခဲ့ရသောအကြောင်းများကို တွေးကာ ပျော်ဘွယ်ပြန်ဖို့အရေး ရင်လေးနေပေတော့သည်။
ထို အဖြစ်အပျက်များ ပြီး၍ နောက်၂လခန့်အကြာတွင်ဖြစ်သည်။ဖြိုးဝေ တစ်ယောက် သစ်ဆုံကြီးရွာဖက်သို့ ကယ်ရီလိုက်ပို့ရန် အကြောင်းဖန်လာပြန်လေသည်။ အရင်တစ်ခေါက် သရဲလိုက်ခံရသော လမ်းကြောင်းတစ်ဝက်လောက် ပြန်သွားရမည်မို့ ကျောကတော့ဖြင့် ခပ်ချမ်းချမ်းရယ်ပင်။သို့သော် တော်ပါသေးသည်ဟုပင် ပြောရမလိုပင်။ မနက်ခင်းစောစော က လိုက်ပို့ရသော ခရီးသည်နေထိုင်ရာ သစ်ဆုံကြီးရွာသို့ ၁၀နာရီခန့်တွင်ရောက်သွားသောကြောင့်ပင်ဖြစ်သည်။ သစ်ဆုံကြီးရွာသည်ကား ကားလမ်းမကြီး မှ တောလမ်းအတိုင်း ဟိုကွေ့သည်ကောက် ဟိုချောင်းဆင်း သည်ချောင်းတက် ဖြင့် ၂နာ ရီခန့် လမ်းခွဲပေါင်းများစွာ ကျော်ဖြတ်သွားရလေသည်။
သစ်ဆုံကြီးရွာသို့ ရောက်ပြီး ခရီးသည်အိမ်မှ ထမင်းကျွေးနေသောကြောင့် အားနာပါးနာနှင့် သုံးပန်းကန်လောက်ဆွဲလိုက်လေသည်။ထို့နောက်ဗိုက်လေးလေးနှင့် ပျော်ဘွယ်ပြန်ရန် ပြင်လေသည်။လိုက်ပို့သော ခရီးသည်က တော့ မေးလေသည်မှာ အပြန်လမ်းမှတ်မိလားဟူ၍ပင်ဖြစ်သည်။ဖြိုးဝေလည်း ခပ်တည်တည်နှင့်ပင် ဟာရပါတယ်ဗျ ဒီလမ်းတွေလောက်တော့ ဟု ပြောက ာပြန်ခဲ့လေတော့သည်။
ရွာကစထွက်လာကစတော့ လမ်းကမှတ်မိသလိုလို နှင့်ဟုတ်သလိုလိုရှိနေပေသည်။နာရီဝက်ခန့် မောင်းပြီးနောက် စ၍ မျက်စိလည်လာချေသည်။ဟိုလမ်းလိုလို ဒီလမ်းလိုလိုနှင့် တောမောင်းတောင်မောင်းနှင့် ရွာလည်တိုင်ပတ်လေတော့သည်။ပါးစပ်ပါရွာရောက်ဆိုသည့် အတိုင်းမေးမြန်းစူးစမ်းမည်ကြံသော အခါတွင်လည်း နေ့လည် ၁၂နာရီ၁နာရီအချိန်ကြီးတွင်ပင် တိတ်ဆိတ်ခြောက်သွေ့ကာ လူတစ်ဦးတစ်ယောက်မှပင် မတွေ့ပေ။
ထိုအခါမှ ဖြိုးဝေလည်းလမ်းကိုသေချာမှတ်ကာ သွားမည်ဟုတွေးကာ မောင်းလိုက်ကာ မှ ချောင်းဘေးရှိ ညောင်ပင်ကြီးဆီသို့ မျက်စိလည်ကာ ပြန်ပြန်ရောက်နေသည်မှာ သုံးခေါက်ပင်ရှိနေသည်ကို တွေ့လိုက်ရသည်။ထို့အပြင် ညောင်ပင်အနောက်ဖက် အိပ်အောက်တွင် ၁၄နှစ်ခန့်ရှိမည်ဖြစ်သောကောင်မလေးတစ်ယောက်နှင့် ၁၁နှစ်ခန့်ကောင်လေးတစ်ယောက် ဆော့ကစားနေသည်ကိုတွေ့လိုက်ရသည်။
ထို့သို့တွေ့လိုက်ရသည်နှင့် ဖြိုးဝေလည်း ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ပဲ လမ်းကို အလောတကြီးမေးလိုက်သည်။
“”ဟာ ငါ့ညီ အကို ပျော်ဘွယ်ပြန်ချင်တာ လမ်းပျောက်နေလို့ လမ်းညွှန်ပေးပါ့လား”
”ဟုတ်ကဲ့ ရပါတယ် ကျတော်လိုက်ပြပေးပါ့မယ်”
“ဟင် မင်းအမကိုရော ဖြစ်ပါ့မလားထားခဲ့လို့”
“ဟုတ်ကဲ့ ရပါတယ်ဗျ ဘာမှမဖြစ်ဘူး နေနေကြပဲရပါတယ်”
ထိုသို့ပြောပြီးသည်နှင့် ကောင်လေးသည် ဖြိုးဝေ ဆိုင်ကယ်နောက် စွေ့ကနဲ တက်ထိုင်လိုက်ကာ နှစ်ဦးသားမောင်းထွက်လာပေတေတာ့သည်။ကောင်လေးလမ်းညွှန်သည့်အတိုင်း ဟိုကွေ့သည်ကောက်နှင့် နာရီဝက်ကျော်ကြာအောင်ခပ်မြန်မြန်မောင်းပြီသော အခါကောင်လေးမှ
“အကို့ ဒီလမ်းဆုံကနေဆို ညာဖက်အတိုင်းပဲလိုက်သွား လမ်းမကြီးရောက်ပါလိမ့်မယ်”
“ဟင် ဒါဆို မင်းဘယ်လိုပြန်မှာလဲ မင်းအမနားကို”ထိုသို့ဖြိုးဝေမှ ပြောလိုက်ရာ ကောင်လေးမှ တနေရာသို့လက်ညှိုးထိုးပြကာ
“”ဟိုမှာလေ အမက သူတောင်ရောက်နေပြီ”
ဟုပြောကာဆိုင်ကယ်ပေါ်မှ ဆင်းသွားလေတော့သည်။
ထိုအခါမှ ဖြိုးဝေလည်း လူမရှိသူမရှိ တောကြီးထဲမှာ ကလေးနှစ်ယောက် ဆော့နေတာ ဆိုင်ကယ်ဖြင့် နာရီဝက်ကျော်ကျော် မောင်းရသောခရီးအား အဘယ့်ကြောင့် ကလေးမတစ်ယောက် ကြိုရပ်စောင့်နေရသည်မှာ ပုံမှန်မဟုတ်ခြင်းကို တွေးမိကာ ထိုမောင်နှမ နှစ်ယောက်ကို ကြည့်လိုက်ရာ ရုတ်တရက် ပုံမှန်လူပုံသဏ္ဍာန်မှ ကြောက်စရာအသွင်အပြင်သို့ပြောင်းကာ ဖြတ်ကနဲ ပျောက်သွားလေသည်။
ဖြိုးဝေလည်း ကြောက်လန့်တကြားဖြင့် ကျေးဇူးတင်စကားပင်မပြောမိတော့ပဲ ကောင်လေးညွှန်တဲ့လမ်းအတိုင်းနောက်သို့လှည့်ကြည့်လှည့်ကြည့်ဖြင့်မောင်းပြေးလေတော့သည်။အချိန်ခနမျှ မောင်းပြီးသောအခါရမည်းသင်းမြို့ဖက်ဆီသို့ ထွက်လာလေတော့သည်။ထိုအခါမှ လဖက်ရည်ဆိုင်ဝင်ထိုင်ပြီးစဉ်းစားမိသည်မှာ လူ့လောကမှာတွင်လူကောင်းလူဆိုးရှိသည်မဟုတ် သရဲလောကတွင်လည်း သရဲဆိုး သရဲကောင်း ဒွန်တွဲရှိနေပါလားဟုတွေးလိုက်မိလေကာ ထိုသရဲမောင်နှမ အားစိတ်ထဲမှကြိတ်၍ ကျေးဇူးတင်နေမိတော့သည်။
P.S ဤဖြစ်ရပ်မှန်အား ပြောပြပေးသောသူငယ်ချင်းဖြစ်သူအား ကျေးဇူးတင်ပါတယ်ဗျာ
#crd
Zawgyi Version
” ကယ္ရီငွားတဲ့သရဲ “(စ/ဆုံး)
——————————
( ျဖစ္ရပ္မွန္)
“ကယ္ရီတဲ့ေဟ့”
လြန္ခဲ့ေသာ ၂၀၀၅ခုႏွစ္ကာလမ်ားသည္ ဆိုင္ကယ္ရွားပါးေနေသာေခတ္တစ္ခုပင္ျဖစ္သည္။ ထို႔ေၾကာင့္ ေပ်ာ္ဘြယ္ၿမိဳ႕ေလး ရွိ ရန္ေအာင္ၿမိဳ႕သို႔ သြားေသာကားဂိတ္ေလးတြင္ ဆိုင္ကယ္ကယ္ရီသမားမ်ားသည္လည္း ဂိတ္ထိုးကာ ပါစင္ဂ်ာလိုက္ပို႔ျခင္းျဖင့္အလြန္အင္မတန္ ဝင္ေငြေကာင္းေသာ ေခတ္ကာလ တစ္ခုပင္ျဖစ္ခဲ့သည္။ယခုလည္း ညေနခင္းေရာက္မွ ဆိုင္ကယ္ ကယ္ရီငွားေသာ လူမ်ားေရာက္လာသျဖင့္ ကယ္ရီဂိတ္တခုလုံး လႈပ္လႈပ္႐ြ႐ြ ျဖစ္ကုန္ၾကသည္။ သြားမည့္ ေနရာေမးၾက ေစ်းညႇိၾကျဖင့္ ကယ္ရီဂိတ္ေလးသည္လည္း အသက္ဝင္လႈပ္ရွား လာေလသည္။
ထို အထဲမွ မေကြးတိုင္း အတြင္းရွိ ႐ြာတစ္႐ြာသို႔ သြားမည့္ လူသုံးေယာက္အား ၿဖိဳးေဝႏွင့္ဆန္းေက်ာ္တို႔ ၂စီး ေစ်းတည့္ကာ လိုက္ရန္ျပင္ေလေတာ့သည္။ သြားမည့္ခရီးကာ မနီးမေဝးမိုင္၄၀ခန္႔ရွိသည္ မို႔ အသြားအျပန္မိုင္၈၀ပတ္လည္ေလာက္ရွီေပမည္။ထို႔ေၾကာင့္ အျပန္တြင္ေသခ်ာေပါက္မိုးခ်ဳပ္မည္ျဖစ္ေသာေၾကာင့္ လိုအပ္ေသာ အသုံးအေဆာင္ပစၥည္းမ်ား ယူေဆာင္၍ ခရီးသည္မ်ားအား တင္ကာ သြားလိုေသာ ႐ြာသို႔ဦးတည္ကာ ဆိုင္ကယ္အား ေမာင္၍ထြက္ခဲ့ေလသည္။
ေပ်ာ္ဘြယ္ၿမိဳ႕မွ ရန္ေအာင္-သဖန္းေခ်ာင္း-ေပပင္ေလး-ေညာင္ကုန္းစသည္ျဖင့္ေက်ာ္ျဖတ္လာၿပီးေနာက္ မႏၲေလးတိုင္းနယ္နိမိတ္ဆုံးကာ မေကြးတိုင္းထဲသို႔ေရာက္လာေလသည္။ ထို႔ေနာက္စိုင္ေဂါင္း႐ြာကိုေက်ာ္ကာ ခရီးသည္သြားလိုေသာ ႐ြာသို႔ေရာက္ေလၿပီျဖစ္သည္။ၿဖိဳးေဝတစ္ေယာက္ နာရီကို ၾကည့္မိလိုက္ေတာ့ အခ်ိန္ကာ ည၇နာရီထိုးေပေတာ့မည္။ထို႔ေၾကာင့္ ေပ်ာ္ဘြယ္ျပန္ရန္ အခ်ိန္ပင္အေတာ္လင့္ေနေလၿပီျဖစ္သည္။ထို႔အျပင္ ခရီးသည္မ်ားကလည္း ဧည့္ဝတ္ေက်စြာျဖင့္ အရက္တိုက္၍ ထမင္းပါဇြတ္အတင္းေကြၽးေလသည္။ အရက္ထိုင္ေသာက္တုန္းရွိေသး မိုးကတဖြဲဖြဲႏွင့္စတင္႐ြာလာေလသည္။အရက္ႀကိဳက္ေသာဆန္းေက်ာ္ အတြက္ေတာ့ ရာသီဥတုက သူ႔ဖက္အျပည့္အဝပါေနသျဖင့္ ေသာက္၍မၿပီးႏိုင္ေတာ့ေခ်။ၿဖိဳးေဝကား ေတာ္သင့္႐ုံ ေသာက္၍ ထမင္းခပ္ျမန္ျမန္ပင္စားကာ ျပန္ရန္ ဆန္းေက်ာ္အား ေလာ္ေဆာ္လိုက္ေလသည္။
ဆန္းေက်ာ္ စားေသာက္ၿပီးစီး၍ ျပန္ရန္ျပင္လိုက္သည့္ အခ်ိန္တြင္မူ ည ၈နာရီ၁၅မိနစ္ ခန္႔ပင္ ရွိေနေလၿပီ။ထို႔ေၾကာင့္ အိမ္ရွင္မ်ားအတန္တန္ တားေနသည့္ၾကားမွပင္ ၂ေယာက္သား ဇြတ္ထြက္လာကာ အျပန္လမ္းသို႔ ဦးတည္ခဲ့ေလသည္။မိုးကလည္း ဖြဲရာမွ သည္းပင္သည္းလာေလၿပီ။ဆန္းေက်ာ္ကလည္းမူးမူးႏွင့္ ေရွ႕ကေမာင္းသြာေခ်ၿပီ။ၿဖိဳးေဝလည္း ေက်ာ္မတက္ေတာ့ပဲ ေနာက္ကပင္ ခပ္ခြာခြာေလး ေမာင္းလိုက္လာသည္။ထိုသို႔ ေမာင္းလာရင္းမွ သဖန္းေခ်ာင္း႐ြာ အေက်ာ္ေလးတြင္ လူတစ္ေယာက္က ဆန္းေက်ာ္ ဆိုင္ကယ္အားတားလိုက္သည္ကို ဆိုင္ကယ္မီး အလင္းေရာင္ေအာက္တြင္လွမ္းေတြ႕လိုက္ရသည္။
ထိုအခ်ိန္တြင္ ၿဖိဳးေဝလည္း အေပါ့သြားခ်င္လာတာေၾကာင့္ ေနာက္နား ခပ္လွမ္းလွမ္းတြင္ ရပ္လိုက္ကာ ဆင္း၍ အေပါ့သြားလိုက္သည္။ထိုအခ်ိန္တြင္ ဆန္းေက်ာ္ႏွင့္ ထိုလူတို႔စကားေျပာေနသံကိုၾကားလိုက္ရသည္။
“”ကဲ ကိုယ့္ဆရာ ဆိုင္ကယ္ကို တားလိုက္တာက ဘာကိစၥလဲဗ် ဘယ္သြားမလို႔လဲ”
“ဘယ္ရယ္လို႔ေတာ့ မဟုတ္ပါဘူး ခင္ဗ်ားတို႔သြားတဲ့အထိ လိုက္မလို႔”
ထိုသို႔ေျပာေနစဥ္အတြင္း ၿဖိဳးေဝ လည္း ဆိုင္ကယ္ကိုျပန္တက္ စက္ႏႈိးကာ ဆန္းေက်ာ္တို႔ အနားသို႔ ေမာင္းသြားလိုက္သည္။ ဆိုင္ကယ္မီးေရာင္ေအာက္တြင္ ျမင္ေနရေသာ ထိုလူ၏ ပုံစံကား ပုဆိုးကို တိုတိုဝတ္ထားလ်က္ မိုး႐ြားထဲတြင္ အက်ႌလက္တိုတထည္ဝတ္ထားကာ ႏွီးခေမာက္တစ္လုံးကို ေဆာင္းထားေလသည္။ခေမာက္ေဆာင္းထားသည္ ဆိုတာထက္ ပုခုံးႏွစ္ဖက္ေပၚတြင္ တင္ထားသကဲ့သို႔ပင္ရွိေနသည္။ထို႔ေၾကာင့္ ၿဖိဳးေဝလည္း မ်က္လုံးအစုံကို ျပဴးၿပဲကာျဖင့္ေသာခ်ာေအာင္ထပ္မံၾကည့္လိုက္သည္။ဆိုင္ကယ္ေမာင္းလာသည္မွာ လည္းတျဖည္းျဖည္းႏွင့္ဆန္းေက်ာ္ႏွင့္ ထိုလူအနားသို႔ပင္ နီးကပ္လာေခ်ၿပီ။
ေသခ်ာသြားပါၿပီ ဦးထုပ္ကိုေဆာင္းထားသည္မဟုတ္ ပုခုံးႏွစ္ဖက္ေပၚတြင္ တင္ထားကာ ေခါင္းပါသည့္ပုံစံ အေယာင္ေဆာင္ထားျခင္းပင္ျဖစ္သည္။ဒါဆိုရင္ ေခါင္းကမပါတာလားဟု ၿဖိဳးေဝတစ္ေယာက္ အူေၾကာင္ေၾကာင္ျဖင့္ ေတြးေနမိသည္။လူဆိုရင္ ေခါင္းပါရမည္ျဖစ္သည္ပဲေလ အာ့ဆိုရင္ဒါက လူမဟုတ္တာလား ဟုေတွးလ်ိဳက်မိသည်ႏွင်႕တပြိဳင်နက် ဆိုင္ကယ္ေပၚတြင္ အသင့္ေဆာင္ထားသည့္ ဒုတ်တ်ိဳဖြင်႕ ထိုလူ၏ ဦးထုပ္အား လႊဲပစ္လိုက္ေလသည္။
“ဝွီးးးးးးးးးဖတ္ ဘုတ္””
ဟူေသာျမည္သံႏွင့္အတူ ဦးထုပ္ သည္ ေျမႀကီးေပၚသို႔ လြင့္ၾကသြားေလေတာ့သည္။ဦးထုပ္မရွိေတာ့သည္ႏွင့္ျမင္လိုက္ရသည္ကာ ပုခုံးႏွစ္ဖက္ၾကားတြင္လည္ပင္းငုတ္တို ေလးသာ ရွိေနသည္။ ဦးေခါင္းကားမပါေတာ့ေပ။ထိုအခါမွ ၿဖိဳးေဝလည္း
“””ေဟ့ေကာင္ ဆန္းေက်ာ္ အဲ့ဒါ လူမဟုတ္ဘူး သရဲဟသရဲ နင့္ေမကလႊားတဲ့ မူးေနတာ ေမာင္းဟေမာင္းေမာင္း”
ၿဖိဳးေဝလည္း ဆန္းေက်ာ္အား ေအာ္လဲေျပာ ကိုယ္တိုင္လည္း ဆိုင္ကယ္အား လီဘာကုန္ေအာင္ဆြဲကာ ေမာင္းေျပးေလေတာ့သည္။ေနာက္မွက်န္ေနခဲ့ေသာဆန္းေက်ာ္ လည္း အားက်မခံ လီဗာ အသားကုန္ဗ်င္းကာ ေမာင္းေျပးလာသည္မွာ ေရွ႕က ႀကိဳေမာင္းေျပးေနေသာ ၿဖိဳးေဝ ဆိုင္ကယ္ကိုပင္ ေက်ာ္ကာ ဖင္မီးမျမင္ေအာင္ပင္ ေမာင္းေလေတာ့သည္။
ၿဖိဳးေဝလည္း ေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္ရာ ေနာက္ဖက္မလွမ္းမကမ္းက လႊားကနဲ လႊားကနဲ ျဖင့္ ေျပးလိုက္လာေသာ ေခါင္းမပါသည့္ သရဲ အား ေတြ႕လိုက္ရသည္။ထို႔ေၾကာင့္ လီဗာကို နည္းနည္းမွ မေလွ်ာ့ရဲပဲ ေမာင္းေလသည္။ေနာက္သို႔လွည့္ၾကည့္ျပန္သည္။အႏွီး သရဲကား အင္မတန္ ဇြဲေကာင္း
လွေခ်သည္တကား။မေမာႏိုင္မပန္းႏိုင္ျဖင့္ ေျပးလိုက္လာေနတုန္းပင္ျဖစ္သည္။ေရာ္ ခက္ေခ်ၿပီ ဆိုင္ကယ္ႏွစ္စီးလုံး လီဗာကုန္ဂီယာကုန္ျဖင့္ေမာင္းေျပးလာသည္မွာ အင္ဂ်င္မွ မီးသံမ်ားပင္ တေတာင္ေတာင္ ေအာ္ေနေခ်ၿပီ။ဤပုံစံ ဤတ႐ုတ္ဘီးမ်ားႏွင့္ေတာ့ သရဲကို လြတ္ေအာင္ ေျပးႏိုင္မည္မထင္ေတာ့ေခ်။
ၿဖိဳးေဝလည္း တျဖည္းျဖည္းႏွင့္ အေၾကာက္တရားကား လူကိုႀကီးစိုးထားေလေခ်ၿပီ။အဘယ့္ေၾကာင့္ဆိုေသာ္ သရဲမွန္းဘာမွန္းမသိဒုတ္တိုႏွင့္ပစ္တုန္းက ပစ္ၿပီး သရဲ လိုက္လာေသာ အခါမွ ဘာလုပ္လို႔လုပ္ရမွန္း မသိကာ ေၾကာက္လာျခင္းပင္ျဖစ္သည္။ေရွ႕နားတြင္ မီးလက္လက္ေလးေတြ ျမင္ရသည္တြင္ ႏွစ္ေယာက္သား အားတက္လာကာ လီဗာမေလွ်ာ့ရဲဘဲ ဇြတ္ဆြဲေလေတာ့သည္။ ေရာက္ပါၿပီ ရန္ေအာင္ၿမိဳ႕ ထိုအခါမွ ႏွစ္ေယာက္သား ျပန္လွည့္ၾကည့္လိုက္ရာ ၿမိဳ႕အဝင္တြင္ ေခါင္းျပတ္သရဲ ရပ္က်န္ေနခဲ့သည္ကိုေတြ႕လိုက္ရသည္။
ထိုအခါမွ ႏွစ္ေယာက္သား သက္ျပင္းေမာႀကီးခ် ကာ ရန္ေအာင္ၿမိဳ႕ထဲရွိ ညနက္ထိဖြင့္ေသာ ဆိုင္တစ္ဆိုင္တြင္ ရပ္ကာ အရက္ေသာက္ကာ စၿမဳံ႕ျပန္ေလေတာ့သည္။ဆန္းေက်ာ္က
“”ငါလည္း မူးမူးနဲ႔ ေသခ်ာ မၾကည့္မိလိုက္ဘူးကြ အဲ့ဒါ ေၾကာင့္ရပ္ေပးလိုက္တာ ေတာ္ေသးတာေပါ့ မင္းေသခ်ာၾကည့္မိလိုက္လို႔ ေတာ္ေသးတာေပါ့ မဟုတ္လို႔ေခၚတင္မိလိုက္လို႔ ေနာက္က လိုက္ထိုင္လာရင္ေတာ့ အေမေလး မေတြးရဲစရာပဲ အီးဟီးဟီး ေက်ာေတာင္ခ်မ္းလာၿပီ””
“””ေအး အခုလည္း လိုက္လိုက္တာပဲေလး ေျပးၿပီးေတာ့ ေတာ္ေသးတာေပါ့ မွီလာရင္ေတာ့ ဆိုင္ကယ္ေပၚက ဆြဲခ်မလားပဲ ဆိုင္ကယ္ေမွာက္ၿပီးမေသတာလဲ ကံေကာင္းတာပဲ ဆန္းေက်ာ္ရ””
“”ေအးကြာ ၿဖိဳးေဝရာ ေနာက္ဆိုရင္ေတာ့ ညေမွာင္ေမွာင္ လမ္းခုလတ္က ဘယ္ခရီးသည္တားတား အတတ္ႏိုင္ဆုံးရပ္မေပးေတာ့ဘူးကြာ မလြယ္ဘူးေဟ့ လွ်ာထြက္လို႔မရဘူးေဟ့ ေတာ္ပါၿပီကြာ”
ႏွစ္ဦးသား ေဆးလိပ္ကိုယ္စီဖြာရင္းျဖင့္ ႀကဳံခဲ့ရေသာအေၾကာင္းမ်ားကို ေတြးကာ ေပ်ာ္ဘြယ္ျပန္ဖို႔အေရး ရင္ေလးေနေပေတာ့သည္။
ထို အျဖစ္အပ်က္မ်ား ၿပီး၍ ေနာက္၂လခန္႔အၾကာတြင္ျဖစ္သည္။ၿဖိဳးေဝ တစ္ေယာက္ သစ္ဆုံႀကီး႐ြာဖက္သို႔ ကယ္ရီလိုက္ပို႔ရန္ အေၾကာင္းဖန္လာျပန္ေလသည္။ အရင္တစ္ေခါက္ သရဲလိုက္ခံရေသာ လမ္းေၾကာင္းတစ္ဝက္ေလာက္ ျပန္သြားရမည္မို႔ ေက်ာကေတာ့ျဖင့္ ခပ္ခ်မ္းခ်မ္းရယ္ပင္။သို႔ေသာ္ ေတာ္ပါေသးသည္ဟုပင္ ေျပာရမလိုပင္။ မနက္ခင္းေစာေစာ က လိုက္ပို႔ရေသာ ခရီးသည္ေနထိုင္ရာ သစ္ဆုံႀကီး႐ြာသို႔ ၁၀နာရီခန္႔တြင္ေရာက္သြားေသာေၾကာင့္ပင္ျဖစ္သည္။ သစ္ဆုံႀကီး႐ြာသည္ကား ကားလမ္းမႀကီး မွ ေတာလမ္းအတိုင္း ဟိုေကြ႕သည္ေကာက္ ဟိုေခ်ာင္းဆင္း သည္ေခ်ာင္းတက္ ျဖင့္ ၂နာ ရီခန္႔ လမ္းခြဲေပါင္းမ်ားစြာ ေက်ာ္ျဖတ္သြားရေလသည္။
သစ္ဆုံႀကီး႐ြာသို႔ ေရာက္ၿပီး ခရီးသည္အိမ္မွ ထမင္းေကြၽးေနေသာေၾကာင့္ အားနာပါးနာႏွင့္ သုံးပန္းကန္ေလာက္ဆြဲလိုက္ေလသည္။ထို႔ေနာက္ဗိုက္ေလးေလးႏွင့္ ေပ်ာ္ဘြယ္ျပန္ရန္ ျပင္ေလသည္။လိုက္ပို႔ေသာ ခရီးသည္က ေတာ့ ေမးေလသည္မွာ အျပန္လမ္းမွတ္မိလားဟူ၍ပင္ျဖစ္သည္။ၿဖိဳးေဝလည္း ခပ္တည္တည္ႏွင့္ပင္ ဟာရပါတယ္ဗ် ဒီလမ္းေတြေလာက္ေတာ့ ဟု ေျပာက ာျပန္ခဲ့ေလေတာ့သည္။
႐ြာကစထြက္လာကစေတာ့ လမ္းကမွတ္မိသလိုလို ႏွင့္ဟုတ္သလိုလိုရွိေနေပသည္။နာရီဝက္ခန္႔ ေမာင္းၿပီးေနာက္ စ၍ မ်က္စိလည္လာေခ်သည္။ဟိုလမ္းလိုလို ဒီလမ္းလိုလိုႏွင့္ ေတာေမာင္းေတာင္ေမာင္းႏွင့္ ႐ြာလည္တိုင္ပတ္ေလေတာ့သည္။ပါးစပ္ပါ႐ြာေရာက္ဆိုသည့္ အတိုင္းေမးျမန္းစူးစမ္းမည္ႀကံေသာ အခါတြင္လည္း ေန႔လည္ ၁၂နာရီ၁နာရီအခ်ိန္ႀကီးတြင္ပင္ တိတ္ဆိတ္ေျခာက္ေသြ႕ကာ လူတစ္ဦးတစ္ေယာက္မွပင္ မေတြ႕ေပ။
ထိုအခါမွ ၿဖိဳးေဝလည္းလမ္းကိုေသခ်ာမွတ္ကာ သြားမည္ဟုေတြးကာ ေမာင္းလိုက္ကာ မွ ေခ်ာင္းေဘးရွိ ေညာင္ပင္ႀကီးဆီသို႔ မ်က္စိလည္ကာ ျပန္ျပန္ေရာက္ေနသည္မွာ သုံးေခါက္ပင္ရွိေနသည္ကို ေတြ႕လိုက္ရသည္။ထို႔အျပင္ ေညာင္ပင္အေနာက္ဖက္ အိပ္ေအာက္တြင္ ၁၄ႏွစ္ခန္႔ရွိမည္ျဖစ္ေသာေကာင္မေလးတစ္ေယာက္ႏွင့္ ၁၁ႏွစ္ခန္႔ေကာင္ေလးတစ္ေယာက္ ေဆာ့ကစားေနသည္ကိုေတြ႕လိုက္ရသည္။
ထို႔သို႔ေတြ႕လိုက္ရသည္ႏွင့္ ၿဖိဳးေဝလည္း ရွည္ရွည္ေဝးေဝး မစဥ္းစားေတာ့ပဲ လမ္းကို အေလာတႀကီးေမးလိုက္သည္။
“”ဟာ ငါ့ညီ အကို ေပ်ာ္ဘြယ္ျပန္ခ်င္တာ လမ္းေပ်ာက္ေနလို႔ လမ္းၫႊန္ေပးပါ့လား”
”ဟုတ္ကဲ့ ရပါတယ္ က်ေတာ္လိုက္ျပေပးပါ့မယ္”
“ဟင္ မင္းအမကိုေရာ ျဖစ္ပါ့မလားထားခဲ့လို႔”
“ဟုတ္ကဲ့ ရပါတယ္ဗ် ဘာမွမျဖစ္ဘူး ေနေနၾကပဲရပါတယ္”
ထိုသို႔ေျပာၿပီးသည္ႏွင့္ ေကာင္ေလးသည္ ၿဖိဳးေဝ ဆိုင္ကယ္ေနာက္ ေစြ႕ကနဲ တက္ထိုင္လိုက္ကာ ႏွစ္ဦးသားေမာင္းထြက္လာေပေတတာ့သည္။ေကာင္ေလးလမ္းၫႊန္သည့္အတိုင္း ဟိုေကြ႕သည္ေကာက္ႏွင့္ နာရီဝက္ေက်ာ္ၾကာေအာင္ခပ္ျမန္ျမန္ေမာင္းၿပီေသာ အခါေကာင္ေလးမွ
“အကို႔ ဒီလမ္းဆုံကေနဆို ညာဖက္အတိုင္းပဲလိုက္သြား လမ္းမႀကီးေရာက္ပါလိမ့္မယ္”
“ဟင္ ဒါဆို မင္းဘယ္လိုျပန္မွာလဲ မင္းအမနားကို”ထိုသို႔ၿဖိဳးေဝမွ ေျပာလိုက္ရာ ေကာင္ေလးမွ တေနရာသို႔လက္ညႇိဳးထိုးျပကာ
“”ဟိုမွာေလ အမက သူေတာင္ေရာက္ေနၿပီ”
ဟုေျပာကာဆိုင္ကယ္ေပၚမွ ဆင္းသြားေလေတာ့သည္။
ထိုအခါမွ ၿဖိဳးေဝလည္း လူမရွိသူမရွိ ေတာႀကီးထဲမွာ ကေလးႏွစ္ေယာက္ ေဆာ့ေနတာ ဆိုင္ကယ္ျဖင့္ နာရီဝက္ေက်ာ္ေက်ာ္ ေမာင္းရေသာခရီးအား အဘယ့္ေၾကာင့္ ကေလးမတစ္ေယာက္ ႀကိဳရပ္ေစာင့္ေနရသည္မွာ ပုံမွန္မဟုတ္ျခင္းကို ေတြးမိကာ ထိုေမာင္ႏွမ ႏွစ္ေယာက္ကို ၾကည့္လိုက္ရာ ႐ုတ္တရက္ ပုံမွန္လူပုံသ႑ာန္မွ ေၾကာက္စရာအသြင္အျပင္သို႔ေျပာင္းကာ ျဖတ္ကနဲ ေပ်ာက္သြားေလသည္။
ၿဖိဳးေဝလည္း ေၾကာက္လန္႔တၾကားျဖင့္ ေက်းဇူးတင္စကားပင္မေျပာမိေတာ့ပဲ ေကာင္ေလးၫႊန္တဲ့လမ္းအတိုင္းေနာက္သို႔လွည့္ၾကည့္လွည့္ၾကည့္ျဖင့္ေမာင္းေျပးေလေတာ့သည္။အခ်ိန္ခနမွ် ေမာင္းၿပီးေသာအခါရမည္းသင္းၿမိဳ႕ဖက္ဆီသို႔ ထြက္လာေလေတာ့သည္။ထိုအခါမွ လဖက္ရည္ဆိုင္ဝင္ထိုင္ၿပီးစဥ္းစားမိသည္မွာ လူ႔ေလာကမွာတြင္လူေကာင္းလူဆိုးရွိသည္မဟုတ္ သရဲေလာကတြင္လည္း သရဲဆိုး သရဲေကာင္း ဒြန္တြဲရွိေနပါလားဟုေတြးလိုက္မိေလကာ ထိုသရဲေမာင္ႏွမ အားစိတ္ထဲမွႀကိတ္၍ ေက်းဇူးတင္ေနမိေတာ့သည္။
P.S ဤျဖစ္ရပ္မွန္အား ေျပာျပေပးေသာသူငယ္ခ်င္းျဖစ္သူအား ေက်းဇူးတင္ပါတယ္ဗ်ာ
#crd