ကူးတို့လှေပေါ်မှာ

ကူးတို့လှေပေါ်မှာ(စ/ဆုံး)

————————-

အေးအေးချစ်တစ်ယောက် ကြီးတော်အိမ်မှ
ပြန်ရန် အဝတ်အစားအိတ် ပြင်နေသည်။

အိမ်ပြန်ရတော့မည်မို့ အေးအေးချစ် အလွန်
ဝမ်းသာနေသည်။ လွန်ခဲ့သော လေးလခန့်
ကတည်းက ရွာက အမေနှင့် အဖေ့ကို ထား
ခဲ့ပြီး ကြီးတော်အိမ်မှာ ရောက်နေခဲ့သည်။

အေးအေးချစ် ရန်ကုန်ကို ထွက်လာတော့
အမေက နေသိပ်မကောင်းချင် အဖေရော
အမေကပါ အေးအေးချစ်ကို နောက်ဆံမ
တင်းရန် အားပေးသည်။

အမေတို့ အဖေတို့၏ အားပေးသည့်အင်အား
ကြောင့်သာ အေးအေးချစ် ကြီးတော်တို့ထံ
ရောက်လာခဲ့ခြင်းဖြစ်သည်။ အေးအေးချစ်
ရန်ကုန်လာရခြင်းက ဆယ်တန်းစာမေးပွဲ ဒု
တိယအကြိမ် ပြန်ဖြေရန် ဖြစ်သည်။

ပြီးခဲ့သောနှစ်က ဆယ်တန်းကို သဃ်န်းကျွန်း
အ.ထ. က(၂)မှာ ဖြေဆိုခဲ့ရာ စာမေးပွဲကျခဲ့
သည်။ စာမေးပွဲ အမှတ်စာရင်းကို တောင်း
ကြည့်တော့ အဂ်လိပ်စာမှာ အောင်မှတ်မှီရန်
ငါးမှတ်လိုနေသည်။ ကျန်ငါးဘာသာလုံး
အောင်မှတ်ကောင်းသည်။

ရူပဗေဒနှင့် ဓာတုဗေဒဆို ဂုဏ်ထူးမှတ်ပင်
ဝင်နေသည်။ နှမြေဖို့ကောင်းသည်။ ထို့ကြောင့်
ဒုတိယအကြိမ်မြောက် ပြန်ဖြေရန် အဖေနှင့်
အမေတို့က စာပြန်ကျက်ခိုင်းခဲ့သည်။ ရွာမှာ
ရှိသော ကျူရှင်မှာ အဂ်လိပ်စာကို သင်ယူ
ခဲ့သည်။ ရွာက ရန်ကုန်တစ်ဖက်ကမ်းရှိ ပဲခူး
မြ်ဘေးမှ ရွာလေးဖြစ်သည်။

ရန်ကုန်မြို့မှ လေးဒေါင့်ကန်ရွာသို့ လိုင်းကား
ဖြင့် သွားရသည်။ လေးဒေါင့်ကန်မှ မြင်းလှည်း
သို့မဟုတ် စက်ဘီးကယ်ရီဖြင့် နာရီဝက်ခန့်သွား
လျှင် ပဲခူးမြစ် ကူးတို့ဆိပ်သို့ ရောက်သည်။

(ယခုကဲ့သို့ ဆိုက်ကယ်ကယ်ရီများ မရှိသေးချေ)

ထိုကူးတို့ဆိပ်မှ ပဲခူးမြစ်တစ်ဖက်ကမ်းသို့
ကူးတို့များနှင့် ကူးလိုက်လျှင် သန်လျင်မြို့
နယ်အတွင်းမှ အေးအေးချစ်တို့ ရွာကို
ရောက်ပြီဖြစ်သည်။

ကူးတို့ဆိပ်က တက်လိုက်သည်နှင့် အေးအေး
ချစ်တို့ရွာကိုရောက်ပြီဖြစ်သည်။ အေးအေး
ချစ်လည်း ပြီးခဲ့သည့်နှစ်က ကြီးတော်၏အိမ်
မှာနေရင်း ဆယ်တန်းကို သဃ်န်းကျွန်း အ.ထ.
က (၂)မှာ တက်ခဲ့သည်။

ထိုမှ စာမေးပွဲဖြေခဲ့ရာ ကျရှုံးခဲ့ခြင်းဖြစ်သည်။
ယခု အပြင်က ဖြေမည်ဖြစ်သည်။ သုံးလပြတ်
အနီးကပ် ကျူရှင်လည်းတက်ရင်း သဃ်န်းကျွန်း
စာစစ်ဌာနတစ်ခုခုမှာ ဝင်ဖြေနိုင်ရန် လျှောက်
ထားခဲ့ရာ ရွှေရည်မှတ်တိုင်အနီးက အလယ်
တန်းကျောင်း အမှတ်(၁)မှာ ဖြေခွင့်ရခဲ့သည်။

စာမေးပွဲကို အခက်အခဲမရှိ ဖြေနိုင်ခဲ့သည်။
သို့ကြောင့် စာမေးပွဲကြီးလည်း ပြီးပြီဖြစ်၍
နေထိုင်မကောင်းဘဲ ကျန်ခဲ့သော အမေ့ကို
လည်း တွေ့ချင်မြင်ချင်နေပြီ။ အမေ့အတွက်
အဖေတစ်ယောက်လုံး ရှိသည်။နောက်ဆံ
မတင်းဖို့ အသေအချာမှာပြီး လွှတ်ခဲ့သည်။

စာကိုသာ ကြိုးစာကျက်မှတ်ဖို့ အတန်တန်
မှာသည်။ ယခု အေးအေးချစ်လည်း စာမေး
ပွဲကို ကြိုးစားကျက်မှတ်ပြီး ဖြေခဲ့ရာ ကောင်း
စွာဖြေနိုင်ခဲ့သည်။ ကံကောင်းလျှင် ဂုဏ်ထူး
များပင် ပါနိုင်သည်။ အပျော်များဖြင့် အေး
အေးချစ် ပြန်တော့မည်။

အေးအေးချစ် ပြန်မည်ဆို ထိုင်ကန်တော့မှ
မျက်နှာမကောင်းသည့်ကြီးမေ မျက်ရည်တွေ
ကျပြီး တူမကို ကြည့်နေသည်။ တစ်ချက်
တစ်ချက် ကြိတ်ပြီး ရှိုက်လိုက်သည်ကိုပင်
အေးအေးချစ် တွေ့နေရသည်။

ကြီးမေက အမေနှင့် အေးအေးချစ်အောက်
ညီမလေးနှင့် မောင်လေးအတွက်ဆိုပြီး စား
စရာမုန့်ပဲသားရည်စာများ၊ သစ်သီးများ
ကျွတ်ကျွတ်အိတ်အလတ်စားနှင့် အပြည့်
ပေးသည်။ ကြီးမေက အေးအေးချစ်အမေ
၏ အစ်မအကြီးဆုံးဖြစ်သည်။ အမေနှင့်
ကြီးမေကြားမှာ မောင်တစ်ယောက်ရှိသည်။
နယ်မှာ ရောက်နေသည်။

“သမီး….ကြီးမေ လိုက်မပို့တော့ဘူးနော် ကား
ကို ဂိတ်က သွားစီး….ရတဲ့ကားနဲ့ လိုက်သွား၊
သမီးအမေကို ပြောလိုက်၊ ဒီမှာ အားလုံးကျန်း
မာကြတယ်လို့ သမီးအစ်ကိုကြီးခွင့်ရမှာ ရွာ
ကို လာလည်မယ်လို့ပြော”

“သမီး ပြန်မယ်ဆိုမှ ကြီးမေက မျက်ရည်တွေ
ကျနေတာပဲ သမီးပြန်ရမှာ စိတ်တောင်မဖြောင့်
ဘူး”

“သမီးကို ခွဲရမှာ ဝမ်းနည်းလို့ကျတာပေါ့ သ
မီးရယ်၊ ကဲ…ကဲ.. ဘာမှမဖြစ်ဘူး၊ အထုတ်
နှစ်ထုပ်နှစ်ထုပ်နှင့် သတိဝီရိယနဲ့ သွား…
ချောင်တဲ့ကားကို စီးနော်”

ကြီးတော်က စိတ်ပူပြီး မှာလို့မဆုံးဖြစ်နေသည်။
သည်ခရီးက အေးအေးချစ် ဆယ်သုံးလေးနှစ်
သမီးကတည်းက အခေါက်ခေါက် သွားနေလာ
နေကြ။ ဘာပြဿနာမှမရှိခဲ့၊ ခရီးသွားရသည်
ကို ပျော်တောင်ပျော်သေးသည်။

ဇဝနဂိတ်မှာ လေးဒေါင့်ကန်လိုင်းကားများ
လှည်းကူးကားများ ပဲခူးကားများ ရှိသည်။
ကြုံသည့်ကားနှင့် လိုက်ရန် ဇဝနဂိတ်သို့ လိုင်း
ကားနှင့် လာခဲ့သည်။ ထိုဂိတ်မှ ပဲခူးကားနှင့်
လိုက်ခဲ့သည်။ လေးဒေါင့်ကန်ရွာ တံတားထိပ်
ရောက်တော့ ညနေလေးနာရီထိုးနေပြီဖြစ်သည်။

ခါတိုင်းဆို ကားမှဆင်းလိုက်လျှင် မြင်းလှည်း
ဂိတ်ကို မြင်နေရသည်။ စက်ဘီးကယ်ရီသမား
များလည်း ရှိနေသည်။ ခရီးသည်လုခေါ်ကြ
သည်။ ယခု မြင်းလှည်းတစ်စီးမှ မရှိ၊ စက်ဘီး
ကယ်ရီများလည်း မရှိ၊

ထူးဆန်းသလို ထင်မိသည်။ မုန့်ဆိုင်တဲကလေး
များထဲမှာ ထိုင်နေသောသူကဲ့သို့ ခရီးသွားမည့်
လူသုံးယောက်ရှိနေသည်။ ငါးနာရီခန့်အရောက်
ခရီးသည်တစ်ယောက်က သွားစုံစမ်းသည်။

မနေ့က စက်ဘီးကယ်ရီသမားတွေနဲ့ မြင်းလှည်း
မောင်းသမားတွေ ခရီးသည်လုခေါ်ရင်း ရန်ဖြစ်
ရာက ဓားနဲ့ထိုးမှုဖြစ်သွားတယ်တဲ့၊ လူက များ
နေတော့ မြင်းလှည်းသမားကို ဘယ်သူက
ဓားနဲ့ထိုးသွားမှန်းမသိလို့ ရဲက ဓားနဲ့ထိုးတဲ့
ကယ်ရီသမားတွေကို ရှာနေလို့ ဒီနေ့မလာ
တာတဲ့။

မြင်းလှည်းသမားအချို့က ရှောင်နေသလို
အချို့က မနက်ဖြန် ရှင်လောင်းလှည့်မလို့
ဒါးပိန်နားက ရွာတစ်ရွာက ငှားထားတာနဲ့
ညနေကတည်းက မြင်းလှည်းတွေနဲ့ ထွက်
သွားကြပြီတဲ့။

သွားစုံစမ်းတဲ့ လူစကားကြောင့် အေးအေးချစ်
စိတ်ဓာတ်ကျသွားသည်။ ထို့နေ့မှ ထူးထူးခြား
ခြား အေးအေးချစ်တို့နှင့် ခရီးလမ်းတူ ခရီး
သည်လေးယောက်သာ ရှိသည်။

တစ်ယောက်က အခြေအနေမဟန်သည်ကို သိ၍လားမသိ ပျောက်သွားသည်။ အေး
အေးချစ်နှင့် အသက်လေးဆယ်ဝန်းကျင်ရှိ
လင်မယားနှစ်ယောက်သာရှိသည်။

သူတို့က ခရီးသွားများ မဟုတ်၊ ကိုယ့်ရွာ
ကိုယ်ပြန်မည့်လူတွေ ဖြစ်သည်။ မြစ်ဆိပ်
က ရွာကို သွားမည်ဟုဆိုသဖြင့် အေးအေး
ချစ် သူတို့က ခရီးသွားများ မဟုတ်၊ ကိုယ့်
ရွာကိုယ်ပြန်မည့်လူတွေဖြစ်သည်။

မြစ်ဆိပ်က ရွာကိုသွားမည်ဟုဆိုသဖြင့်
အေးအေးချစ် သူတို့လင်မယားကို အား
ကိုးပြီး ကြီးမေထံပြန်ရန် စိတ်မကူးတော့။

ခြောက်နာရီပင် ထိုးပြီးသွားပြီ၊ နေလည်း
ဝင်ပြီ မှောင်ရီသန်းစပြုပြီး ခရီးဖော်လင်
မယားက ဟိုစုံစမ်း သည်စုံစမ်းနှင့် သွား
ချည် လာလှည့်ဖြစ်နေသည်။

သူတို့အခြေအနေကြည့်၍ အေးအေးချစ် ကြီး
မေအိမ် ပြန်ရနိုး ဆက်စောင့်ရနိုး ဖြစ်နေသည်။
ကူးတို့ဆိပ်မှာလည်း ညနေခြောက်နာရီနောက်
ပိုင်းဆိုလျှင် ကူးတို့ရှိရန် မလွယ်။

သွားစုံစမ်းသော ဦးလေးကြီး ပြန်ရောက်
လာသည်။

“မကျင် ကုန်စုံဆိုင်ရှေ့မှာ မြင်းလှည်းတစ်စီး
ရပ်ထားတာတွေ့လို့ ဝင်စုံစမ်းကြည့်တော့
တို့ရွာက ဦးကုလားရဲ့မြင်းလှည်းဖြစ်နေတယ်
ကုန်စုံဆိုင်မှာ ကုန်လာဝယ်ရင်း ဦးကုလား
စားသောက်ဆိုင်ထွက်သွားတာ ပြန်မလာ
သေးလို့ သူ့မိန်းမဆဲဆိုနေတယ်၊ ဦးကုလား
ပြန်ရောက်တာနဲ့ လာခဲ့မယ်၊ လိုက်ခဲ့လို့
ပြောတယ်၊ ကဲ တူမကြီး ဘာမှမပူနဲ့ ကူး
တို့ ရှိရင်ရှိ၊ မရှိရင် ဦးလေးတို့ အိမ်မှာအိိပ်၊
တူမအတွက် သမီးနှစ်ယောက်ရှိတယ်၊
ရှစ်နှစ်အရွယ် သားလည်းရှိတယ်၊ သမီး
တွေနဲ့ အတူတူဝင်အိပ် မနက်အစောဆုံး
ကူးတို့နဲ့ စိတ်ချလက်ချကူး ဘာမှစိတ်ပူ
မနေနဲ့တော့”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်…. ဦး”

“ဟိုရောက်လို့ ကူးတို့မရှိဘူးဆိုမှ အိပ်ပါမယ်၊
ကျမအဖေက စာမေးပွဲ ပြီးတာနဲ့ ပြန်လာမယ်
ဆိုတာ သိနေတယ်၊ အဖေကတော့ ကျမ မပြန်
လာမချင်း နှစ်ရက်သုံးရက်အထိတော့ ဆက်
တိုက်စောင့်နေမှာ သေချာတယ်”

မြင်းလှည်းစောင့်ရင်း စကားထိုင်ပြောနေကြ
ရာ အေးအေးချစ် ဆယ်တန်းနှစ်ခါဖြေရသည့်
အကြောင်းကိုလည်း ပြောပြဖြစ်သည်။

အဒေါ်ကြီးက သူ၏သမီးကြီး ရှစ်တန်းအ
ရောက်မှာ ကျန်းမာရေး ချူချာလွန်းသဖြင့်
ကျောင်းထွက်လိုက်ရကြောင်း သမီးငယ်
က ယခု ရှစ်တန်းတက်နေကြောင်း သား
ငယ်က ငါးတန်းတက်နေသည့် အကြောင်း
ပြောပြသည်။ မကြာခင်မှာပဲ မြင်းလှည်း
ရောက်လာသည်။

“ကဲ…ကိုမောင်ပါရေ… ပါတာတွေ အလယ်မှ
စုပုံထည့် လူကတော့ ကြည့်ထိုင်ကြ”

ဦးကုလားက ရေချိန်ကိုက်လာသည့်လေသံ
နှင့် ညွှန်ကြားနေသည်။ အေးအေးချစ်က
အဝတ်အစားအိတ်ကို အလယ်မှာ တင်ပြီး
ကျွတ်ကျွတ်အိတ်ကို ပေါင်ပေါ်မှာ တင်
ထားသည်။ မြင်းလှည်းက ခွာသံစည်းချက်
မှန်မှန်နှင့် ထွက်လာခဲ့သည်။

“ကိုကုလားရေ ဒီအချိန် ကူးတို့ဆိပ်မှာ
ကူးတို့လှေများ ရှိနိုင်သေးလား”

“ဟာ…မရှိနိုင်ဘူး….အခုချိန်ဆို သိမ်းကုန်ပြီ
တစ်ခါတစ်ရံ မှာထားတဲ့လူ၊ ကိစ္စတစ်ခုနှင့်
ဒီဘက်ကမ်း ညဘက်ကူးလာတဲ့ လူရှိရင်
တော့ ကူးတို့လှေ ရှိတတ်တယ်၊ ဒါကလည်း
ရှိခဲတယ်”

“ကဲ…တူမကြီး… စိတ်မပူနဲ့၊ အဒေါ်တို့နဲ့ တွေ့
မှတော့ မနက်မိုးလင်းတာနဲ့ ရွာရောက်ပြီမှတ်”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဟိုရောက်ရင်
ကူးတို့ဆိပ်ကိုတော့ လိုက်ပို့ပေးဦးနော်၊ လှေ
ဆိပ်မှာ လှေမရှိရင် လိုက်အိပ်ပါ့မယ်”

“အေး…အေး…ပို့ပေးတာပေါ့ကွယ်”

“ဒီကလေးမက၊ ဟိုဘက်ကမ်းကူးမယ်၊
ဟုတ်လား၊ စောစောက လာရောပေါ့ကွယ်”

“မသိန်းတင် မသိဘူးလား၊ ဂိတ်မှာ မြင်းလှည်း
နဲ့ စက်ဘီးကယ်ရီတွေမရှိလို့ ညနေလေးနာရီ
ထဲက ကျမတို့ရော ဒီမိန်းကလေးရော မသွား
တတ် မလာတတ်ဖြစ်နေတာ”

“ဟုတ်ပါရဲ့ ကုန်စုံဆိုင်မှာတော့ ပြောသံကြား
လိုက်တယ် ဓားထိုးမှုဖြစ်တယ်ဆိုလားပဲ”

“ဟုတ်တယ်…. မောင်မင်းကြီးသားတွေ
စားခွက်လုပြီး ထိုးကြကြိတ်ကြနဲ့ အခု ရှောင်
ပုန်းနေကြလို့ ခရီးသည်တွေ ဒုက္ခရောက်ရတာ”

စကားမျိုးစုံပြောပြီး လိုက်လာကြရာ မကြာ
ခင် မြင်းလှည်းက ရွာသို့ ရောက်ခဲ့သည်။

လမ်းဘေးမှာတင် ဦးမောင်ပါတို့အိမ်က ရှိ
သည်။ ဦးမောင်ပါ၏ ဇနီးဒေါ်တင်ရီက အိမ်
ပေါ်သို့ မတက်သေးဘဲ လှမ်း၍ အသံပြု
လိုက်သည်။

“သမီးရေ မြမြ…ဓာတ်မီးယူပြီး ဆင်းခဲ့ဦး”

“ဟုတ်ကဲ့”

ခဏနေတော့ ဆယ့်လေးနှစ်ခန့်ရှိ မိန်းကလေး
တစ်ယောက် ဓာတ်မီးတစ်လက်ကိုင်၍ ဆင်း
လာသည်။

“သမီးတို့က အမေတို့ မနက်ဖြန်မှ ပြန်လာမယ်
ထင်ထားတာ အိမ်ရှေ့မြင်းလှည်းရပ်တာ ကြား
ပေမဲ့ မထင်လို့ တံခါးမဖွင့်တာ”

“ကိစ္စစောစောပြီးတာနဲ့ ချက်ချင်းပြန်လာကြ
တာ သမီးဘကြီးကတော့ မနက်ဖြန်မှ ပြန်ခိုင်း
တာ မြင်းလှည်းမရလို့ မှောင်သွားတာ”

ထိုရွာမှာ လျှပ်စစ်မီးက လမ်းမီးများသာ လင်း
ထိန်နေသည်။ အိမ်တိုင်းစေ့ မီးမရှိ၊ လမ်းဘေး
က သုံးလေးအိမ်သာ လျှပ်စစ်မီးတွေ ရသည်။
ဦးမောင်ပါတို့ အိမ်လည်း မီးမရှိ၊ ဖယောင်း
တိုင်ထွန်းထားကြသည်။

“သမီးနဲ့အမေ ဒီကအစ်မကို ကူးတို့ဆိပ် လိုက်ပို့
ပေးမလို့”

“အမေကလည်း ခုနှစ်နာရီပဲခွဲတော့မယ် ဒီအ
ချိန် ကူးတို့ဆိပ်မှာ ဘယ်သူ့လှေရှိတော့မလဲ
မရှိပါဘူး”

“အတတ်ပြောလို့ မရဘူးလေ အကြောင်းကိစ္စ
နဲ့ ဒီဘက်ကမ်းကူးတဲ့လူတွေ မရှိဘူးလို့ ပြော
နိုင်မလား၊ သွားကြည့်လိုက်တာ စိတ်ထဲရှင်း
တာပေါ့… သမီးရယ် သိပ်လည်းဝေးတာမှ
မဟုတ်ဘဲ”

ဒေါ်တင်ရီက အေးအေးချစ်အား ကိုယ်ချင်းစာ
ပြီး ကူးတို့ဆိပ်သို့ လိုက်ပို့ပေးသည်။ ရွာစွန်
ရောက်သည်နှင့် လမ်းမီးတိုင် မရှိတော့။ ရွာ
ကထွက်သည်နှင့် ကူးတို့ဆိပ်သွားရာလမ်း
ဘေးတစ်ဖက်တစ်ချက်မှာ သစ်ပင်များ ထူ
ထပ်စွာ ရှိနေသည့်အတွက် မှောင်နေသည်။

ဓာတ်မီးတစ်လက် အလင်းရောင်နှင့် လာခဲ့ကြ
ရာ ဆယ်မိနစ်ခန့်ပင် မလျှောက်လိုက်ရ ရေပြင်
ဖွေးဖွေးလက်လက်ကို လှမ်းမြင်လိုက်သည်။

“ဟင်…ဟို…ဟိုမှာ လှေတစ်စီးရှိနေတယ်”

မိုးကောင်းကင်အလင်းနှင့် ရေပြင်ကို နောက်
ခံထားလျက် လှေတစ်စီးနှင့် လူတစ်ယောက်
သဏ္ဌာန်မည်းမည်းကို သူတို့ လှမ်းမြင်လိုက်
သည်။

အနီးသို့ ရောက်သည့်အခါမှာတော့….

“ဟင် အဖေ…အဖေ…လာစောင့်နေတာလား”

“ဟုတ်တယ် အဖေလည်း စိတ်လျော့ပြီး ပြန်
မလို့ ပြင်နေတာ သမီးကံကောင်းသွားတယ်
သမီး စာမေးပွဲပြီးတာနဲ့ ပြန်လာမယ်ဆိုတာ
အဖေသိတယ်လေ မနေ့က စာမေးပွဲနေ့ခင်း
ပိုင်းပြီးတာ သမီးရဲ့ ကြီးမေက ချက်ချင်း
ပြန်လွှတ်ချင်မှ လွှတ်မှာ ဒီနေ့တော့ ဘယ်လို
ပဲဖြစ်ဖြစ် သမီးပြန်လာမှာပဲလို့ အဖေသိနေ
တယ်လေ”

“အဖေ ဘယ်အချိန်ထဲက ရောက်နေတာလဲ”

“ဒီနေ့ကတော့ မနက်ကတည်းက ဆိုပါတော့
သမီးရယ်”

“ဖြစ်မှဖြစ်ရလေအဖေရယ်…သမီးကို စောင့်
နေတာနဲ့ လူလည်း မပို့ရတော့ဘူးပေါ့နော်”

“အဲဒါ့က သမီးလောက် အရေးကြီးလို့လား”

အေးအေးချစ် အဖေ့ကိုကြည့်ပြီး မျက်ရည်
ကျနေသည်။အထုပ်နှစ်ထုတ်ကို လှေပေါ်
ဝိုင်းတင်ပေးကြသည်။

“အဖေ ပဲ့ထောင့်မဟုတ်ဘူးလား”

“အင်ဂျင်ပျက်လို့ ဆိုင်ပို့ထားတယ်သမီး စက်
မရှိခင်က လက်နဲ့လှော်လာခဲ့တာပဲ တက်နှစ်
ချောင်းရှိနေတာပဲ”

“ကဲ…အားလုံးပဲ သွားမယ်နော်…ကျေးဇူးတင်
ပါတယ် ဒေါ်လေး ကျမမြို့သွားရင် ဝင်လာ
မယ်နော်”

“အေး…အေး..တူမကြီးလည်း ဒီနှစ်ဆယ်တန်း
ကို ဒီတွေ အများကြီးနဲ့ အောင်မြင်ပါစေကွယ်”

“ဒေါ်လေးပေးတဲ့ဆုနဲ့ကိုပြည့်ဦးမှာ သွားပြီ
ဒေါ်လေးရေ သွားပြီ”

အေးအေးချစ်က ဖခင်က အရေးတယူ လာ
စောင့်နေသည့်အတွက် အားအင်များပြည့်ကာ
ဝမ်းသာလွန်းနေသည်။ လှေဆိပ်ကနေ သဗ္ဗာန်
ခတ်သလို ခတ်ပြီး ထွက်လာခဲ့သည်။အေးအေး
ချစ်က တစ်လမ်းလုံး စကားတွေဖောင်ဖောင်
ပြောလာသည့်အဖေက နားထောင်နေသည်
ပြန်မပြော။

“အဖေ…”

“ဟင်”

“အဖေ….”

“ဗျာ…ဗျာ…”

“အဖေနေကောင်းရဲ့လား သမီးက ဒီလောက်
စကားတွေ ပြောနေတာ ပြန်မပြောဘဲ တအင်း
အင်း တအဲအဲလုပ်နေတယ်”

“ကောင်းတာပေါ့ သမီးရယ် သမီးပြောတဲ့
စကားတွေကို လှေလှော်ရင်း နားထောင်
နေတာပါ”

“​အဖေလှေလှော်နေတာ ဆိုတော့ ပင်ပန်းနေမှာ
ပဲ ငါ့အဖေကို အားနာလိုက်တာ ဒါဆို သမီးပဲ
ပြောမယ်….အဖေနားထောင်နေ”

အေးအေးချစ်က ကြီးမေတို့အကြောင်း သူ
စာမေးပွဲကောင်းကောင်းဖြေနိုင်သည့်အ
ကြောင်း အဖေတို့ အမေတို့ ညီမလေး မောင်
လေးတို့ကို သတိရသည့်အကြောင်း မျိုးစုံ
အောင် ပြောပြနေသည်။

အဖေဖြစ်သူက “အင်း” “အင်း”ဟု ပြောပြီး
သူကြားသည့်အကြောင်း အသိပေးရင်း
လှေကို အားစိုက်လှော်နေသည်။ရေလယ်
သို့အရောက် အထက်သို့ လှော်တက်ရသည်။

အတော်လေးလှော်တတ်ခဲ့ပြီးမှ တစ်ဖက်ကမ်း
ကူးတို့ဆိပ်ကို အမှောင်ထဲမှာ တွေ့လိုက်သည်။
လှေထိပ်မှာ မီးရောင်လဲ့လဲ့လေး လင်းနေသည်။
လှေဆိပ်နှင့် အိမ်က သိပ်မဝေး၊ နေ့ခင်းဆို
အိမ်ရှေ့ကပြင်မှာ လူထိုင်နေသည်ကို လှမ်း၍
ပင် မြင်နိုင်သည်။

ရွာမှာ လမ်းမီးကလွဲ၍ အိမ်မီးအနည်းငယ်သာ
ရှိသည်။ ပိုက်ဆံရှိသည့်အိမ်မှာမှ မီးရှိသည်။

အေးအေးချစ်မိခင်က စျေးရောင်းသည်။

ဖခင်က ကူးတို့ပို့သမား မီတာပုံးလျှောက်ရန်
မပြောနှင့်… စိတ်ပင်မကူးဝံ့ပါ။ လှေဆိပ်မှ
ရပ်နားထားသော ကူးတို့လှေဆယ်စီးခန့်ရှိ
သည်။ ကိုးနာရီဝန်းကျင်ဆိုလျှင် လှေဆိပ်မှာ
ကင်းစောင့်မည်လူများ ရောက်လာမည်
ဖြစ်သည်။

စောစောအချိန်ဆိုလျှင် ကမ်းနားက အရက်
ပုန်းဆိုင်မှာ ထိုင်ပြီး အရက်သောက်နေကြ
သည်။ ပြီးမှ လှေဆိပ်နားခိုဆောင်သို့ ရောက်
လာပြီး ကင်းစောင့်ကြသည်။

အေးအေးချစ်တို့ လှေကမ်းကပ်တော့ ကင်း
သမားတွေလည်း မရောက်သေး၊ အေးအေး
ချစ်က လှေဦးကို အထုပ်များ ပို့လိုက်ပြီး
လှေငြိမ်သည်နှင့် အောက်ဆင်းလိုက်သည်။

အဝတ်အိတ်နှင့် ကျွတ်ကျွတ်အိတ်ထုပ်ကို
လှေပေါ်မှာ ချလိုက်သည်။

“အဖေနဲ့ အတူတူသွားမယ်နော် သမီးစောင့်
မယ်”

“သွားနှင့် အိမ်ကမြင်နေရတာပဲ…အဖေလှေ
ကို သေသေချာချာသိမ်းပြီးမှ တက်လာခဲ့
မယ်…သွား….သွား”

အေးအေးချစ်က ပန်းသီးတစ်လုံးကိုထုတ်ပြီး

“အဖေ…ဗိုက်မစားဘူးလား…ပန်းသီးစားလိုက်”

“သမီးအမေ စားဖို့ ယူသွားပါ”

“အမေ့အတွက်လည်းပါတယ် အင်း
ယူစားလိုက်”

အေးအေးချစ် ကမ်းပေးသော ပန်းသီးကို
လှမ်းယူလိုက်သည်။

အေးအေးချစ်လည်း အဝတ်အိတ်ကို
လွယ်လိုက်ပြီး ကျွတ်ကျွတ်အိတ်ကို
ဆွဲကာ အိမ်သို့ထွက်လာခဲ့သည်။

ငါးမိနစ်ပင်မလျှောက်လိုက်ရ အိမ်ခြံဝကို
ရောက်လာသည်။ အိမ်ထဲမှာ ဖယောင်းတိုင်
မီးရောင်လဲ့လဲ့ကို မြင်လိုက်သည်။ အမေတို့
မအိပ်သေး..အိမ်မှာ အေးအေးချစ်၏ညီမ
နှင့် မောင်လေးတို့ရှိနေသည်။ ဖယောင်းတိုင်
ဘေးမှာ အငယ်မ ထိုင်နေသည်ကို တွေ့ရ
သည်။

“စုစုရေ…အမေ”

“ဟယ်…အကြီးမ ပြန်လာပြီ”

“မမကြီး….မမကြီး….”

“ဟီ…ဟီး…ဖေဖေရေ…. မမကြီး ပြန်လာပြီ
ဟီး….ဟီး…. ဟီး….”

အိမ်ရှေ့ကပြင်မှာ အိတ်ကိုချလိုက်ပြီး အသံ
ပြုလိုက်စဥ်မှာပင် အငယ်မက ဘာမှန်းမသိ
ထငိုသည်။

“သမီးအကြီးမ ဒီဘက်ကမ်းကို ဘယ်သူနဲ့လာ
တာလဲ…ဒီအချိန်ကြီး”

“အဖေလာကြိုနေတာလေ..သမီးကို အဖေက
မနေ့က ညနေပိုင်းကရော ဒီနေ့တစ်နေ့လုံး
သမီးကို လာစောင့်နေတာတဲ့ သမီးကို မြင်း
လှည်းမရလို့ နောက်ကျနေတာ၊ အဖေလည်း
သမီးလာမယ်ဆိုတာ ကြိမ်းသေသိလို့ မှောင်
တဲ့အထိ ဒုက္ခခံပြီး စောင့်နေတာတဲ့”

“ဟီး…ဟီး….ကိုအောင်ဝင်းရေ…ရှင်ချစ်တဲ့
သမီးကို သေပြီးတာတောင်မှ သွားကြိုနေ
သတဲ့လား”

“ဟင်…”

“မမကြီး….အဖေ အဖေမရှိတော့ဘူး…ဟီး…
ဟီး….ဟီး….”

“ဟဲ့… မပြောကောင်း မဆိုကောင်း အခုပဲ
ငါ့ကို လှေနဲ့တင်ပြီး ဒီဘက်ကမ်း လာပို့
တဲ့ဟာ”

“သမီးကြီးရဲ့အဖေ သေတာတောင် လာမယ့်
အပတ်ဆို တစ်လပြည့်တော့မယ်”

“ဟင် တကယ်ပြောနေကြတာလား

မိခင်ဖြစ်သူက ငိုရင်းရှိုက်ရင်း ရှင်းပြနေသည်။

“ဟုတ်တယ်သမီး သမီးရဲ့အဖေသေသွားတာ
အရက်နှစ်ဆယ်ကျော်ပြီ လှေဆိပ်မှာ ကုန်တင်
လှေ မှောက်လို့ လှေထဲမှာ ပါတဲ့ လူငါးယောက်
ကို ဆင်းဆယ်တာ၊ ဟီး…. ဟီး…ဟီး….သ..သမီး
အဖေဆယ်တဲ့မိန်းခလေးက ကြောက်လန့်ပြီး
အတင်းဖက်ထားလို့ ရေကူးလို့ မရတော့ဘဲ
နှစ်ယောက်လုံး ရေနစ်သေကုန်တယ်”

“အ…အဖေ…သေပြီတဲ့… တကယ်လား”

“ဟီး…ဟီး…ဟီး…”

အငယ်မက ခေါင်းညိတ်ပြပြီး ဆက်၍ငိုနေသည်

“သမီးကို ဘာဖြစ်လို့ အဖေသေတဲ့အကြောင်း
မကြားကြတာလဲ”

“သမီး စာမေးပွဲဖြေကာနီးပြီလေ၊ သမီးက
အဖေ့ကို ချစ်တာမဟုတ်လား…သမီးသိသွား
ရင် ဒီပြန်လာတာတို့ စာမေးပွဲမဖြေတော့တာ
တို့ ဖြစ်မှာစိုးလို့ မပြောခဲ့တာပဲ။ သမီးရဲ့အမေ
ကလည်း တမလွန်ကနေပြီး သမီးပြန်လာတာ
စာမေးပွဲမဖြေတာကို မြင်ချင်မှာ မဟုတ်ဘူး”

“ဒီကိစ္စကို ကြီးမေသိလား”

“သိတယ်.. .ကြီးမေဆီကို ကိုကြီးမောင်လှကို
လွှတ်ပြီး သမီးမသိအောင် ပြောခိုင်းလိုက်
တယ်”

“ဒါကြောင့် သမီးပြန်မယ်ဆိုတော့ ကြီးမေငို
တာ ဟီး…ဟီး….”

အေးအေးချစ် အားရပါးရ ငိုရှိုက်နေသည်။

မိမိရွာက ထွက်သွားစဥ် အမေက နေကောင်း
ကာစ လုပ်စာနှင့် စားသောက်နေထိုင်ရသည်။
အမေ့ကို ထားခဲ့ရ၍ နောက်ဆံတင်းပြီး ကြီး
မေအိမ်သို့ သွားခဲ့ရသည်။ ယခုပြန်လာတော့
အမေက နေကောင်းနေပြီ အဖေက သေပြီတဲ့။

ဖခင်ဖြစ်သူက သေပြီး၍ ဝိညာဥ်ဘဝသို့
ရောက်သွားခဲ့ပေမဲ့ သွားရာလမ်း ဖြောင့်
ဖြောင့် မသွားနိုင်ဘဲ သမီးဖြစ်သူ ပြန်လာ
ချိန်ကို လှေဆိပ်ကနေ လာမျှော်နေသည်။

အဖေလှေဆိပ်မှာ သမီးပြန်မလာမချင်း
စောင့်နေသည်တဲ့။

လူတစ်ယောက်ကဲ့သို့ လှေကိုလှော်ပြီး လိုက်
ပို့ခဲ့သည်။ အေးအေးချစ် စကားတွေ လှေပေါ်
မှာ တသီကြီးပြောပေမဲ့ အေးအေးချစ်ကို
စကားပြန်မပြောခဲ့၊ မေးမှသာ တစ်ခွန်းသော
‘အင်း’ဟု ဖြေခဲ့သည်။

သမီးကို ပို့ပြီးသည်နှင့် ခွဲရမည်ကို သိနေသည်
ကြောင့်လား အေးအေးချစ် စဥ်းစာမိလိုက် ငို
ချလိုက်လုပ်နေသည်။

“ကဲ သမီးရယ် သူသေရမယ့်အချိန်ရောက်
လာလို့သာ သေရတာပါ၊ ရေနစ်သေရမဲ့
ကံပါလာလို့ သေရတာပါ ဖြေလိုက်ပါသ
မီးရယ်”

“ဟီး…ဟီး…အဖေသေတာ သမီးမိုက် မသိခဲ့
ရလို့ ဝမ်းနည်းတာပါအမေရယ် ဟီး….ဟီး….
သမီးလည်း ဆယ်တန်းအောင်အောင် မအောင်
အောင် အလုပ်တစ်ခုဝင်လုပ်မယ် အငယ်တွေ
ကို ကျောင်းဆက်ထားမယ်”

“အမေတစ်ယောက်လုံး စျေးရောင်းနိုင်ပါ
သေးတယ် သမီးရယ် ဘာအားငယ်စရာ
ရှိလို့လဲ”

“ဟီး….ဟီး …အဖေရေ…ဟီး….ဟီး….”

“ဟဲ့ အငယ်မ မပြီးနိုင်ဘူး…အကြီးမကို တိတ်
အောင် ပြောနေတုန်း ဒင်းက အသံပြဲကြီးနဲ့
ထငိုနေတယ်”

“ဘုတ်…ဘုတ်…ဘုတ်….”

အိမ်ရှေ့ကြမ်းပြင်ကို ပုတ်သည့်အသံကို
ကြားလိုက်ကြရသည်။

“အကြီးမရော အငယ်မရော တိတ်ကြတော့
သမီးတို့အဖေ အနီးမှာရှိတယ် စိတ်မကောင်း
ဖြစ်နေလိမ့်မယ် မငိုကြနဲ့…ကိုအောင်ဝင်းရေ
ရှင့်သမီးလည်း ပြန်လာပြီ…စိတ်ချလက်ချ
သွားရမယ့်လမ်း ဖြောင့်ဖြောင့်သွားပါတော့
ရက်လည်တုန်းက ပြုပေးခဲ့ကောင်းမှုကို
အမျှ…အမျှ…အမျှပါ”

“အဖေရေ… သာဓုခေါ်ပါနော်”

“လာမယ့်အပတ် ကြာသပတေးနေ့မှာ တစ်
လပြည့်ဆွမ်းကပ်လှူပေးမယ် ရှင့်ကို ကြို
ဖိတ်ထားမယ် အလှူမှာလာပြီး တရားနာ
သာဓုခေါ်ပါ”

ဘုန်း….ဘုန်း…ဘုန်း…

ဒုန်း ….ဒုန်း… ဒုန်း…

ကြမ်းပြင်ကို ထုရိုက်သံနှင့်အတူ သူတို့အနီးသို့
ပန်းသီးလေးတစ်လုံး လိမ့်လာသည်။

“ဟင်”

ကြမ်းပြင်ကို ထုရိုက်ပြီး အပြင်သို့ ထွက်သွား
သည့် ခြေသံကို အားလုံးကြားအောင် ပြင်း
ပြင်းနင်းပြီး ထွက်သွားသည်။

“ပန်းသီး…ဘယ်က ပန်းသီးလဲ”

“လှေပေါ်မှာ အဖေ စားရအောင်ဆိုပြီး
သမီးပေးခဲ့တာ၊သမီးတို့ကို လာပြန်ပေး
သွားတာ၊ အဲဒါ အမေစားပါစေယူသွား
ဆိုပြီး ပြန်ပေး​သေးတယ်”

အငယ်မက ဝင်ပြောပြန်သည်။

“အဖေက ကူးတို့ပို့ရာက ပြန်လာရင် စား
စရာ အမေဖို့ဖယ်ပြီးမှ သမီးတို့ကို ပေး
တာ အခု…သူ့ကိုပေးခဲ့တာ လာပြန်ပေး
တယ်ဆိုတော့ အမေ့ကို စားချင်လို့ပေါ့”

ဒေါ်မြရီ အခုတော့ ထိန်းထားသော မျက်
ရည်များ ကျရပြန်ပြီဖြစ်သည်။

ဦးအောင်ဝင်းကတော့ စိတ်ချ၍ သွားသည်
လားမသိ ထိုအချိန်မှစပြီး နောက်ပိုင်းသူတို့
မိသားစုထံသို့ ရောက်မလာပါလေတော့။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

credit

ကျောက်တလားချောင်းက တစ္ဆေကြီးနှင့်
တစ္ဆေသရဲဇာတ်လမ်းများ

စာဖတ်သူများ မိဘအပေါ် သိတတ်ကြပါစေ