ကံကြီးထိုက်သူ

ကံကြီးထိုက်သူ(စ/ဆုံး)

————————

ဒီဇတ်လမ်းကဘုန်းကြီးတပါးပြောပြတဲ့ဖြစ်ရပ်မှန်ပါ
””’မိုက်ခဲကွသတ္တိရှိတဲ့ကောင်ထွက်လာခဲ့———
ကြောက်သွေးပါရင်ဖောက်ထုတ်ပြစ်လိုက်မယ်———-
သွေးကြောင်ရင်ဘေးရှောင်နေလိုက်——
သွေးကျဲရင်ဘေးဖယ်နေ—-”””

ဒီအသံကတော့ရွာနောက်ပိုင်းအရက်ဆိုင်ကမိုက်ခဲရဲ့စိန်ခေါ်သံပါ

မိုက်ခဲမူးလာရင်ပတ်ရမ်းတတ်တာတရွာလုံးအသိမို့အားလုံးကစကားနဲရန်စဲရှောင်သွားကြလေသည်။

ဒီရွာမှာတော့ထောင်ထွက်မိုက်ခဲကိုမသိသူမရှိပေအမြဲတမ်းဆိုးပေတေကာရန်လိုနေတတ်သည်။

မိုက်ခဲတို့နေသောရွာကလေးသည်မြို့နှင့်ချောင်းသာခြားသည်။

ထိုချောင်းထိပ်ရွာအဝင်လမ်းမှာတော့ဘုန်းကြီးကျောင်းပျက်တခုရှိလေသည်။

မိုးတွင်းကာလကြီးရာသီဥတုကြည်လင်နေသောနေတနေ့တွင်ဘုန်းကြီးတပါးသည်

ထိုကျောင်းပျက်သို့ရောက်လာလေသည်။

ထိုဘုန်းကြီးကျောင်ပျက်ထဲရောက်ပြီးမကြာခင်မှာပင်မိုးကြီးသီးထန်စွာရွာသွန်းလိုက်ရာ

ကျောင်းပျက်ပတ်ဝန်းကျင်တွင်အတော်သန့်ပြန်သွားလေသည်။

ဘုန်းကြီးကထိုကျောင်းတွင်ကျောင်းထိုင်သည်ကျောင်းပျက်သည်ဘုရားတရားသံများဖြင့်

တဖန်အသက်ပြန်ဝင်လာလေသည်။ကြေးစည်သံတလွင်လွင်ကြားလာရသည်။

ျနောက်ရက်များတွင်ဘုန်းကြီးသည်ရွာထဲသို့ဆွမ်းခံကြွလာရာအင်မတန်ကြည်ညိုစရာကောင်းသော

အသွင်အပြင်ကြောင့်ရွာထဲကလူများဆွမ်းလောင်းကြသည်မှာသပိတ်ပင်ရှံလန်သွားလေသည်။

ထိုဘုန်းကြီးကျောင်းပျက်သို့ပြန်ကြွသွားရာတွင်ဘာသာတရားကိုင်းရှိုင်းသောရွာထဲမှမြင်မောင်ဦးစီးသောလူငယ်များသည်လိုက်ပါသွားလေသည်။

မြင့်မောင်ကရွာ၏သာရေးနာရေးတွင်တက်ကြွစွာကူညီတတ်လေသည်.။

မြင့်မောင်တို့အဖွဲ့ကဘုန်းကြီးကျောင်းပျက်လိုက်သွားကာဘုန်းကြီးလိုအပ်တာများကူညီလုပ်ပေးပြီးမှပြန်လာသည်။

ဘုန်းကြီးရောက်လာပြီးကထဲကသူတို့ရွာသည်စည်ကားတိုးတက်လာသည်။

ဘုန်းကြီးကတရားအားထုတ်နေရင်းလူနာများအားဆေးကုပေးသည်။

ဗေဒင်ပညာလဲတတ်၍ယတရာပေးသည်မှာအလွန်အစွမ်းထက်သည်။

ထို့ကြောင့်ဘုန်းကြီးသတင်းသည်နေ့ချင်းညချင်းကြီးသွားကာရွာနီးခြောက်စပ်သာမက

မြို့ကလူများပင်ရောက်လာလေသည်ဘုန်းကြီးသတင်းကြီးပုံကရန်ကုန်လိုမြို့ကြီးပြကြီးမှ

လူများပင်ပါလာလေသည်ထို့ကြောင့်ရွာမှလူများကဘုန်းကြီးဆီလာသောလူများအား

ချောင်းကူးကတို့လှေများဆွဲကာစီးပွားဖြစ်နေကြသည်။

ထိုအခါ်ဘုန်းကြီးကျောင်းပြုပြင်ရန်မြင့်မောင်နှင့်ရွာလူကြီးများ

ခေါင်းချင်းဆိုင်ကာတိုင်ပင်နေကြသည်။မြင့်မောင်ပိုင်သောလယ်ကွက်ထဲတွင်

နှစ်ချို့ကျွန်းပင်ကြီးတပင်ရှိသည်ထိုကျွန်းပင်ကြီးသည်လူနှစ်ဘက်စာလောက်ကြီးကာ

လယ်ကွက်နှစ်ကွက်ကြားသို့ရောက်နေသည်မြင့်မောင်ကထိုကျွန်းပင်ကြီးအားခုတ်ကာ

ဘုန်းကြီးကျောင်းဆောက်တဲ့အထဲထည့်ရန်တိုင်ပင်သည်ခက်တာကမြင့်မောင်နှင့်ဘေးချင်းကပ်

လယ်သည်မိုက်ခဲလယ်ဖြစ်ကာကျွန်းပင်တဝက်ကိုသူပိုင်သည်ဟုဆိုထားသည်။

ထိုကြောင့်မြင့်မောင်နှင်ရွာလူကြီးများကကျွန်းပင်တဝက်ပိုင်သောမိုက်ခဲထံအလူခံထွက်လာကြသည်။

””’ကျု ပ်မလူနိုင်ဘူး—-ဒီအပင်ကိုရောင်းဘို့မြို့ကပွဲစားကိုအပ်ထားတယ်—-ငွေမျို းမျိုးမြက်မြက်ရမဲ့ကိစ္စကို——-ဘယ်ကရောက်လာမှန်းမသိတဲ့ဘုန်းကြီးကိုလူရမလား——”’

””’မြင့်မောင်မင်းလူတွင်ကျယ်လုပ်တာနဲနဲတော့များနေပြီ—-ငါ့ကိုလာပြီးလူတွင်ကျယ်မလုပ်နဲ့မရဘူး’—–””’

””’မင်းဘုန်းကြီးကသူများမလူ ချင်တာအတင်းလူခိုင်းနေရင်—-ငါကိုယ်တိုင်ဝါးချွန်နဲ့ရင်ဝထိုးပြီးသတ်ပြစ်မယ်””’

မိုက်ခဲစကားကြောင့်မြင့်မောင်နဲ့ရွာကလူငယ်များကမခံမရပ်နိုင်ဖြစ်ကာမိုက်ခဲအား

ထိုးမယ်ကြိတ်မယ်နှင့်ရန်ဖြစ်ကြရာလူကြီးများကအတင်းဝိုင်းဆွဲကြရလေသည်။

မိုက်ခဲတို့မိုက်လိုက်ပုံကဒီမှာတင်ရပ်မသွားပေ

တနေ့တွင်အရက်မူးလာသောမိုက်ခဲနှင့်ဘုန်းကြီးတို့လမ်းမှာဆုံကြရာမိုက်ခဲက

”’ဒီမှာဘုန်းကြီးဘုန်းကြီးကျောင်းပြင်မယ်ဆိုပြီးကျုပ်ကျွန်းပင်ကိုလာမျက်စောင်းမထိုးနဲ့——ဝါးချွန်နဲ့ရင်ဝကိုထိုးလိုက်လို့ထုတ်ချင်းပေါက်သွားမယ်–ကိုယ့်ဘာသာအေးဆေးနေ”””

””’တကာမှားနေပြီဘုန်းကြီးကအလူမခံပါဘူး—-ဒီကျောင်းကဘုန်းကြီးပိုင်တဲ့ကျောင်းလဲမဟုတ်ဘူး—–
တကာတို့ရွာမှာပဲတင့်တင့်တယ်တယ်ကျန်ခဲ့မှာပါကျောင်းဆောက်လူတဲ့အလူဟာအင်မတန်ကုသိုလ်ရပါတယ်”””

””ကျုပ်နားမလည်ဘူး——စိတ်မဝင်စားဘူး””

မိုက်ခဲလဲမူးမူးနှင့်အကုသိုလ်များယူကာဒယီးဒရိုင်ဖြင့်ထွက်သွားလေသည်။

တရက်မှာရွာမှလူများစုကာတောင်ပေါ်သို့လှည်းများဖြင့်ထင်းခုတ်သွားကြလေသည်။

မိုက်ခဲလဲထင်းခုတ်လိုက်သွားလေသည်ထင်းခုတ်သွားရာတွင်တောနက်ထဲညအိပ်သွားကြသည်မို့

လူစုကာသွားကြခြင်းဖြစ်သည်ရွာဓလေ့အရတဦးနှင့်တဦးကူညီနိုင်အောင်ဖြစ်သည်။

နောက်တနေ့မှာတော့ထင်းခုတ်သွားသောရွာကလူများပြန်လာရာ

ညနေအတော်စောင်းနေပြီနေမင်းသည်လဲအနောက်ဘက်သိုဝင်ရန်တာဆူနေပြီ

ထိုအချန်တွင်မိုက်ခဲရဲ့ထင်းလှည်းသည်နောက်ဆုံးမှလိုက်ပါလာရာရွာထိပ်ကဝါးရုံတောနား

အရောက်တွင်နွားနှစ်ကောင်သည်ရုတ်တရက်ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့မိုက်ခဲလဲလှည်းပေါ်မှမက်တပ်ရပ်ကာ

နွားနှစ်ကောင်ကိုထိန်းလေသည်မိုက်ခဲကြိမ်တံကြောင့်နွားနှစ်ကောင်သည်။

ကဆုန်ပေါက်နေကာမိုက်ခဲသည်လှည်းပေါ်မှအရှိန်မထိန်းနိုင်ပဲဝါးရုံတောထဲသို့ပြစ်ကျသွားလေသည်။

ထိုအခါခပ်စွေစွေခုတ်ထားသောဝါးငုတ်တိုတခုပေါ်သို့ကျသွားကာဝါးချွန်သည်

မိုက်ခဲရင်ဝမှထုတ်ချင်းပေါက်ထွက်သွားကာနေရာတွင်ပွဲခြင်းပြီးသေလေသည်။

ရွာထဲကလူများလဲမိုက်ခဲအဖြစ်ကိုကြည့်ကာဘုန်းကြီးအားစော်ကားပြစ်မှားမိသည့်အတိုင်းဖြစ်၍

သူပြောသည့်အတိုင်းမိုက်ခဲသေပုံအားပြောမဆုံးအောင်ရှိနေသည်။

ရွာပြင်တွင်အစိမ်းသေသွားသောမိုက်ခဲအလောင်းအားရွာကလူများကရွာထဲမသွင်းပဲ

ရွာပြင်တွင်ဝါးကပ်ဖြင့်အလောင်ပြင်ထားသည်။ရွာကလူများလဲသိပ်ပြီးကြည့်မရပေမဲ့နာရေးဆိုတော့

အလောင်းအားဝိုင်းဝန်းကာကူညီပေးကြသည်

ထိုညကဘုန်းကြီးကျောင်းအပြင်ဘက်တွင်ခွေးတွေအူလိုက်ဟောင်လိုက်နှင့်ဆူညံနေသည်။

ရွာင်္သချိုင်းမှဆွဲဆွဲငင်ငင်အူသောခွေးတအုပ်ကြောင့်လဲအလောင်နားလူသိပ်မရှိတော့ပေ

နောက်ညတွင်ဘုန်းကြီးကကျောင်းရှေ့တွင်ရှိနေစဉ်အမှောင်ထဲမှ

””’အရှင်ဘုရား—-တပြည့်တော်ကိုကယ်ပါအုံးဘုရား””
””’ဘယ်သူလဲ”’
””တပြည့်တော်မိုက်ခဲပါဘုရား””

ထိုသို့ပြောပြီးဘုန်းကြီးရှေ့သိုမိုက်ခဲသည်ပေါ်လာလေသည်။

ထိုအခါမိုက်ခဲရင်ဝမှထုတ်ချင်းပေါက်ဖြစ်ကာဝါးချွန်တချောင်းစိုက်ဝင်နေသည်။

ထိုဒဏ်ရာမှသွေးများစီးကျနေကာမချိမဆန့်ဝေဒနာခံစားရသောမျက်နှာကြီးနှင့်ဖြစ်သည်။

ဘုန်းကြီးလဲစိတ်မကောင်းဖြစ်သွားကာအမျှဝေ၍အပြစ်အားလုံးခွင့်လွှတ်သည်ပြောမှပျောက်သွားလေသည်။

မိုက်ခဲရက်မလည်ခင်တရက်မှာတော့ရွာထဲကမိန်းမတယောက်အားဝင်ပူးကာ

ဘုန်းကြီးကျောင်းဆောက်ရန်သူပိုင်သောကျွန်းပင်တခြမ်းအားလူပေးရန်ပြောသောကြောင့်

သူ့မိသားစုကဘုန်းကြီးအားပင့်ကာသူ့ရက်လည်တွင်လူပေးလိုက်လေသည်။

ဘုန်းကြီးလဲမိုက်ခဲအားခေါ်ကာအမျှပေး၍ကျွန်းပင်တခြမ်းလူ ရသောကောင်းမှု့အား

ရေစက်ချတရားနာသာဓုခေါ်ခိုင်း၍ရက်လည်ကိုကောင်းမွန်စွာဆောင်ရွက်ပေးလိုက်သည်။

ထို့နောက်တွင်တော့မိုက်ခဲသရဲခြောက်သံမကြားရတော့ပါ

ပြီးပါပြီ
ကြိုက်နှစ်သက်တယ်ဆိုရင်pageလေးကိုlikeလုပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်
စာဖတ်သူများကိုလေးစားလျှက်