ကံတူအကျိုးပေး

ကံတူအကျိုးပေး(စ-ဆုံး)
—————————–
ကိုယ်ရဲ့စာဖတ်သူများအတွက်ပြင်သစ်စာရေးဆရာအဲဘတ်ကမြူ းရဲ့နိုဘယ်ဆုရ

အပြင်လူဆိုတဲ့ဝထ္ထုတပုဒ်ကိုအကျဉ်းရေး၍ဗဟုသုတအနေနဲ့တင်ပြပါမယ်

ခုတလောမိဘတွေကိုစွန်ပြစ်နေကြတဲ့သတင်းတွေကိုဖတ်ရတဲ့အခါအလွန်စိတ်မကောင်းဖြစ်မိပါတယ်

ဒီဇတ်လမ်းကိုဖတ်မိတဲ့အခါမိဘအပေါ်ထားတဲ့စေတနာကံကြောင့်ပြန်လည်အကျိူ းပေးတဲ့အကြောင်းကလေးမို့

တင်ပြပေးလိုက်ပါသည်။

ကမောက်ကမနှင့်ဖြစ်ချင်တိုင်းဖြစ်နေသောလောကကြီးမှာအကြောင်းအကျိူးးအဆိုးအကောင်းဆိုတာရှိစမြဲပါ

______++_________++________++_____

ဝထ္ထုထဲကဇတ်ဆောင်မားဆော့ဟာကုန်တိုက်စာရေးလေးတစ်ယောက်ဖြစ်သည်။

သာမန်ဘယ်လ်ဂျီးယားလူငယ်တစ်ယောက်ဖြစ်ကာဘဝအတွက်ရည်မှန်းချက်ကြီးကြီးမားမားမရှိပေ

မိမိဘဝမှာပျော်နေသူဖြစ်သည်အဆိုံးဆုံးလုပ်ရပ်ကမိခင်ကိုမစောက်ရှောက်ဘဲ

သူနှင့်နေလျှင်အနေဆင်းရဲမည်စိုးလို့ဆိုကာဘိုးဘွားရိပ်သာသို့ပို့လိုက်လေသည်။

ထို့နောက်မိခင်အိုကြီးဖြစ်သူအားတစ်နှစ်တစ်ခေါက်တစ်လေမျှပင်သွား၍မကြည့်ဘဲပစ်ထားလေသည်။

တစ်နေ့မားဆော့ဆီသို့သူ့မိခင်သေဆုံးသွားကြောင်းသံကြိုးစာရောက်လာသည့်အတွက်

ခွင့်နှစ်ရက်သာယူပြီးမိခင်အသုဘရှိရာမြို့သို့လိုက်သွားလေသည်။သူ့အတွက်သာမန်ခရီးသွားသလိုပင်ဖြစ်သည်။

သူ့မိခင်သည်အသက်ရှင်နေရသည်ဆိုပေမဲ့အနေအထိုင်ဆင်းရဲလွန်းသဖြင့်သေဆုံးသွားခြင်းဖြစ်သည်။

သူကမိခင်သေဆုံးသွားသည်ကိုပူဆွေးဝမ်းနဲခြင်းအလျှင်းမရှိပါသ့ူ့ရင်ထဲဘာခံစားချက်မှမဖြစ်ပေါ်ပါ

သူ့မိခင်သေဆုံးခြင်းအတွက်မျက်ရည်တစက်မျှမကျပါဝတ်ကျေတန်းကျေသာပြုလုပ်ပေးခြင်းဖြစ်သည်။

အသုဘချခါနီးတွင်မိခင်အခေါင်းအားဖွင်တောင်မကြည့်ပဲတခါတည်းမြုပ်နှံခွင့်ပြုလိုက်သည်။

မိခင်အသုဘပြီး၍မြို့သို့ပြန်လာကာသူ့ချစ်သူနှင့်ပျော်သလိုနေသည်အလုပ်သွားလိုက်

လက်ဖက်ရည်ဆိုင်ထိုင်လိုက်ရုပ်ရှင်ကြည့်လိုက်နှင့်အချိန်တွေကုန်လွန်သွားသည်။

တနေ့တွင်သူနှင့်တတိုက်ထဲနေသောအိမ်နီးနားချင်းအခန်းမှပြည့်တန်ဆာခေါင်းလုပ်စားသူက

သူ့အားအကူအညီလာတောင်းလေသည်ထိုသူသည်စာကောင်းစွာမရေးတတ်၍

သူ့ထံမှထွက်ပြေးသွားသောတောကကောင်မလေးတစ်ယောက်အားပြန်ခေါ်စာရေးခိုင်းသည်။

မားဆော့ကအပန်းမကြီး၍ခပ်ပေါ့ပေါ့ပင်ရေးပေးလိုက်သည်ကောင်မလေးကသူရေးလိုက်တဲ့

စာကြောင့်ပြန်ရောက်လာတဲ့အခါပြည့်တန်ဆာခေါင်းကနှိပ်စက်သဖြင့်ကောင်မလေးအကိုကသိရှိသွားလေသည်။

ကောင်မလေးအကိုကပြည့်တန်ဆာခေါင်းနှင့်မားဆော့အားအငြိုးထားကသတ်ရန်အတွက်

နောက်ယောင်ခံလိုက်နေသည်ဒါကိုသူတို့နှစ်ယောက်ကလဲသိကြသည်။

ဒါ့ကြောင့်ဘယ်သွားသွားသေနတ်ဆောင်သွားလေ့ရှိကြသည်သူကတော့သတ်ရန်မရည်ရွယ်ပါအကာအကွယ်သဘောမျှသာဖြစ်သည်။

တနေ့တွင်ပြည့်တန်ဆာခေါင်းနှင့်မားဆော့တို့စုံတွဲမြေထဲပင်လယ်ကမ်းစပ်သို့အပျော်ခရီးထွက်ကာရေသွားကူးကြလေသည်။

လူသတ်သမားများကနောက်ယောင်ခံလိုက်ပါလာသည်နေ့လည်ဘက်မားဆော့တစ်ယောက်ထဲ

ကမ်းစပ်သို့အလာဓားကိုင်ထားသောလူသတ်သမားနှင့်ပက်ပင်းတိုးကာလူသတ်သမားလက်ထဲက

ဓားသည်နေရောင်ကြေင့်လက်ကနဲဖြစ်သွားသည်ကိုမြင်၍မားဆော့ကပြည့်တန်ဆာခေါင်း

ဆီကယူလာသောသေနတ်နှင့်အရင်ဦးအောင်ပြစ်လိုက်လေသည်မားဆော့မျက်လုံးထဲပြာသွားကာ

ကျည်ဆန်အကုန်ပြစ်လိုက်မိလေသည်သူ့အတွက်အကုသိုလ်ကအကျိူ းပေးပြီဟုဆိုရမည်ပင်

သူကိုဖမ်း၍တရားရုံးသို့တင်ကာလူသတ်မှု့ဖြင့်စွဲဆိုပြီးကြားနာစစ်ဆေးသည့်အခါ

သူ့ရဲ့အတွေးအခေါ်အယူအဆတွေသည်လူအများနှင့်ကွာခြားနေသည်။

သူ့ရဲ့ထူးခြားတဲ့တွေးခေါ်မှု့တွေကလူ့ပတ်ဝန်းကျင်ရဲ့အပြင်လူဖြစ်သွားစေသည်။

အမှု့လိုက်ရှေ့နေကသူ့နောက်ကြောင်းရာဇဝင်အရမိခင်သေသည်ကိုပင်မျက်ရည်မကျမိခင်အလောင်းကိုပင်

ခေါင်းဖွင့်မကြည့်သောသားမိုက်ဖြစ်သည်မိခင်အိုကြီးအားပစ်ထားဟုတင်ပြထားသည်

သတ်သူနဲ့သေသူအကြားရန်ငြိုးမရှိဟုယူဆကြသည်။စိတ်ဖောက်ပြန်၍ရက်ရက်စက်စက်သတ်သည်ဟုထင်ကြသည်။

ထို့ကြောင့်မားဆော့အားလူ့အဖွဲ့အစည်းတွင်မရှိသင့်သောလူမဆန်သောလူအဖြစ်တရားရုံးကသေဒဏ်ချမှတ်လိုက်လေသည်။

သူတပါးကိစ္စအတွက်ကူညီပေးရင်းနောက်ဆုံးသေဒဏ်အပြစ်ပေးခံရပေမဲ့မားဆော့ကဝမ်းမနည်းပါဘူး

သူကသူ့အားသေဒဏ်ပေးသည့်တရားသူကြီးကိုပင်အေးဆေးစွာပြန်ပြောလိုက်သည်က

”””လူတွေဟာတစ်နေ့နေ့တစ်ချိန်ချိန်မှာ —–မုချသေကြရမည်မလွဲပါဘူး—–လူသားအားလုံးဟာဘယ်နေ့ဘယ်ရက်မှာသေမယ်ဆိုတဲ့—–သေဒဏ်ကျပြီးသားလူတွေသာဖြစ်တယ်——သေဒဏ်ပေးတဲ့တရားသူကြီးတွေကိုယ်တိုင်က
ကြိုးမိန့်ကျထားပြီးသားဖြစ်သလို——ဘဝဆိုတာအချည်းနှီးပါပဲ———-”””’

သူ့ရဲ့ဘေးချော်နေသောအတွေးများအတွက်ကြိုးမိန်ကျတရားခံများအတွက်

တရားဟောသောဘုန်းတော်ကြီးကဂရုနာကြီးစွာတရားပြဘို့ကြိုးစားပြီး

ဘုရားသခင်ကိုမြင်အောင်ကြည့်ဘို့ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးကိုအောင်းမေ့ဘိုပြောတဲ့အခါမားဆော့က

””’ဘုရားသခင်ကိုမြင်ဖို့မပြောနဲ့ကျူပ်ချစ်သူမျက်နှာကိုတောင်မြင်အောင်ကြည့်လို့မရဘူး”””

လို့ခပ်ပြတ်ပြတ်ပြောလိုက်ကာ

”””””ကျူပ်အတွက်အသက်ရှင်ရမဲ့အချိန်ဟာအရမ်းနဲနေတဲ့အတွက်ဘာမှမတွေးချင်ဘူး——”””’

ထိုသိုဆိုကာမခံစားနိုင်သည့်အဆုံးဒေါသဖြင့်တရားဟောနေသော

ဘုန်းကြီးလည်ပင်းကိုစိတ်ရှိသလောက်ညစ်ကာမောင်းထုတ်လိုက်လေသည်။

မားဆော့ရဲ့အပြုအမူများကြောင့်သူ့အယူခံဝင်မည့်ကိစ္စလဲမျှော်လင့်ချက်ကင်းမဲ့သွားကာကြိုးပေးလိုက်လေသည်။

ဒီဇတ်လမ်းထဲမှာကိုယ်ပြုသည့်ကံတွေကြောင့်ဘယ်သူမပြုမိမိမှုဆိုသလိုပါဘဲ

ဘဝမှာဘာကိုမှလေးလေးနက်နက်မထားပေါ့ပျက်ပျက်နေပြီးမိဘကိုလုပ်မကြွေးပြစ်ထားကာ

အပေါင်းအသင်းမှားအပျော်အပါးလိုက်စားတဲ့လုပ်ရပ်တွေကြောင့်သ့ူ့ဘဝဟာဆုံးရုံးနစ်နာသွားစေခဲ့ပါသည်

သ့ူအမေဟာမသေသင့်သေးပဲအစားအသောက်အနေအထိုင်ဆင်းရဲ၍စောစီးစွာသေခဲ့ရသလို

သူလဲပဲဆွမ်းခံရင်းဌက်သင့်ဆိုသလိုသူများကိစ္စဝင်ကူရင်းမသေသင့်ပဲစောစီးစွာသေခဲ့ရသည်မှာ

မိခင်အပေါ်ထားသည့်စေနာကြောင့်ကံတူအကျိူ းပေးဟုဆိုရမည်ပင်ဖြစ်ပါသည်။

ပြီး