ကျွန်တော်နှင့်တောင်ညိုရွာသူ(စ/ဆုံး)
————————————
အချိန်သည်ကား မွန်းတည့်ချိန်ဆိုပေမယ့်
တောနက်ထဲမှာမို့ အေးစိမ့်စိမ့် ရှိလှသည် တစ်ခါတစ်
ရံ တောဆင်ရိုင်းများ ကျက်စားတတ်တာကြောင့်
သတိနှင့်ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းပြီး သွားနေ
ရလေသည် လည်ချောင်းများ ခြောက်ကပ်နေသော
ကြောင့် လွယ်အိတ်ထဲမှ ရေမရှိသော ဗူးအား စိတ်တို
နေမိသည် အရှေ့ ချောက်ကမ်းပါးလေးဘက်မှ
စမ်းရေတိုးတိုက်သံကို ကောင်းစွာကြားနေရ၍
ကျွန်တော်နှင့် ဦးသက္က ရေခပ်ရန် တိုးကပ်သွား
လေသည် မနက်ထဲက ဆေးဖက်ဝင်အပင်များ
လာရှာခဲ့ကြတာ အတော်များများလဲ ရထားပြီး ဖြစ်
၍ နေချိုရင်တော့ ပြန်ဖို့ စီစဥ်ထားပေမယ့် ပါလာ
သော ရေများ ပြတ်လပ်သွားသောကြောင့် ရေရှာရင်း
တောနက်ထဲ ရောက်ရှိလာကြခြင်း ဖြစ်လေသည်။
“….မောင်စောဟိန်းရေ….”
ဦသက်က္က၏ ခေါ်သံကြောင့် ကျွန်တော် အနားကို
တိုးကပ်သွားလိုက်၏။
“….ရေသံကြားတာ….ဟိုဘက်….လျှိုထဲကကွ….
…လာ….သွားကြည့်ရအောင်….ရေဆာလှပြီဟေ့….”
“…..ဟုတ်ကဲ့ဦးလေး….”
ဆရာတပည့်နှစ်ယောက် ရေသံကြားရာ လျှိုထဲဘက်
သို့ ဆင်းလာခဲ့ရင်း မကြာမီ။
“….ဟော့…ဟိုမှာတွေ့ပြီကွ…”
ရေတံခွန်သဖွယ်ဖြစ် တည်နေသော ကျောက်တုံးကျောက်ဆောင်ကြီးများ အပေါ်မှ ရေများ အောက်သို့စီးကျနေ၏ အောက်တွင် ရေအိုင်ဖြစ်နေပြီ ထိုရေအိုင်ဆီမှ စမ်းချောင်းလေးထဲသို့ စီးဆင်းသွားလေသည်။
“….ကဲ…မောင်စောဟိန်းရေ….များများသာခပ်ဟေ့….ပိုတာက….အကြောင်းမရှိဘူး….လိုရင်သာ….ဒုက္ခ”
“….ဟုတ်ကဲ့….ဦးလေး….”
ရေများကို အားရအောင်ခပ်ပြီးနောက် လူတွေလဲ
ဝအောင် သောက်လိုက်ကြတော့သည် ထိုနောက်
အပြန်ခရီးဆက်လိုက်ကြ၏။
ဦးသက္ကဆိုတဲ့ မုဆိုကြီးဘဝကနေ သူတစ်ပါးရဲ့
အသက်တွေကို သတ်ချင်စိတ် ကုန်ခမ်းလာသော
ကြောင့် ဆေးပင်များရှာရင်း သက်မွေးဝမ်းကြောင်း
ပြုနေတာ ကြာပြီ ဖြစ်သောကြောင့် ဦးသက္ကဟာမိသားစုမရှိပဲ တစ်ကိုယ်တည်း သမားမို့ ငွေကြေး မပြည်စုံပေမယ့် စိတ်ချမ်းသာခဲ့ကြရသည် ရံဖန်ရံခါ ပရလောက ဝေဒနာသည်များရိုးရိုး ရောဂါသည်များကို တိုင်းရင်းဆေးများနဲ့ ကုသပေးလေ့ရှိသည်။
တောနက်ထဲ ရောက်လာ၍ အပြန်ခရီး၌အနည်းငယ်
ယောင်လည်လည်တော့ ဖြစ်မိသည် စကားပြောရင်း
ဆရာတပည့်နှစ်ယောက် လျှောက်လာလိုက်ကြတာ။
“…..အဟင့်….ဟင့်…..”
အမျိုးသမီးတစ်ယောက်ရဲ့ ငိုညည်းသံကို ဆရာ
တပည့်နှစ်ယောက် ရုတ်တရက် ကြားလိုက်ရလေ၏။
“….ဟင်….”
“….ဦးလေး….ဘယ်လိုလုပ်မလဲ….”
ကျွန်တော် ဦးသက္ကအား လှမ်းမေးလိုက်တော့
ဦးသက္က ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး။
“….သတိမပြတ်စေနဲ့….မောင်စောဟိန်း….
….ဒီတောနဲ့….ဒီတောင်ကြီးက….မာယာများတယ်ကွ…”
“…ဟုတ်….ဟုတ်ကဲ့ပါဦးလေး…”
ဦးသက္က အသံကြားရာဘက်သို့ အသာချဥ်းကပ်
သွားတော့ ကျွန်တော်လဲ အနောက်က ခြေသံလုံလုံနဲ့
ကပ်လိုက်သွားတာပေါ့။
“….ဟာ….ဟိုမှာ….အမျိုးသမီးတစ်ယောက်….လဲနေ
တယ်ကွ….”
ဦးသက္က ညွှန်ပြရာကို ကြည့်လိုက်တော့ ဟုတ်တယ်
ဗျ အမျိုးသမီးတစ်ယောက် တစောင်းအနေအထား
နဲ့ လဲနေတာ ပါးစပ်ကလဲ ညည်းငြူနေလေရဲ့။
“….ဦးလေး….သွားကြည့်ရအောင်လေ…ဘာလုပ်နေ
တာလဲ…”
ဦးသက္ကရှေ့မတိုးပဲ အသာကြည့်နေ၍ ကျွန်တော်
စိတ်မရှည်ဟန်ဖြင့် ပြောလိုက်ခြင်းကြောင့်။
“…နေပါဦးကွ…ဒီလိုတောကြီးမျက်မည်းထဲမှာ….
….မိန်းကလေးတစ်ယောက်ထဲ…..ရှိနေတာ…ငါတော့..
….သိပ်မသင်္ကာဘူးကွ….”
“….ဟာ….ဦးလေးရယ်….မိန်းကလေးတစ်ယောက်…..
….ဒုက္ခရောက်နေတာကို….ကူညီကောင်းပါတယ်ဗျ….
…ဖြစ်ချင်တာဖြစ်….လာပါဗျာ….သွားကြည့်ရအောင်”
ကျွန်တော် ဦးသက္ကကို စောင့်မနေပဲ အရှေ့ကနေ
လဲကြနေသော အမျိုးသမီးထံသို့ ခပ်မြန်မြန်သွား
လိုက်တော့ အနောက်မှ ဦးသက္က လိုက်ပါလာလေ
သည်။
“…ဒီ….ဒီမှာဗျ….ဘာဖြစ်လို့လဲဟင်….”
ကျွန်တော် မေးလိုက်တော့ ထိုမိန်းကလေး ကျွန်တော်
ကို မော့ကြည့်လာသည် ဆံပင်များသည် ခြေသလုံး
အထိရောက်အောင် ရှည်လျားပြီး နက်မောင်
သန်စွမ်းလှသည် အသားညိုညိုနှင့် ခန္ဓာကိုယ်
အနေအထားက တောင့်တောင့်ပင် မျက်လုံးလေးများ
ဝိုင်းစက်လျှက် မျက်တောင်လေးများ ကော့စင်းနေ
သည် အသက်ကတော့ ၃၀ ဝန်းကျင်ခန့် ရှိပေလိမ့်
မည်။
“….ကျွန်…ကျွန်မကို….ကယ်ပါဦး…အကိုရယ်….
…ကျွန်မအဖွား….ကျမ်းမာရေးမကောင်းလို့….
…ဆေးကျိုတိုက်ရအောင်…..ဒီတောထဲမှာ…ဆေးပင်
လာရှာရှင်း….ပိုးထိသွားလို့ပါ…..ကူညီပါဦးနော်….”
သနားစရာ မျက်နှာလေးနှင့် ငိုယိုပြောနေသော
ထိုမိန်းကလေးကို ကျွန်တော် ဂရုဏာသက်မိ၍”
“….ဦးလေး…ကြည့်ပေးလိုက်ပါဗျာ….နော်….”
ဦးသက္ကမျက်နှာ သိပ်မကြည်ပါ ထိုမိန်းကလေး
ကို သူသံသယရှိနေခြင်းကြောင်ပင် ဖြစ်ပေလိမ့်မည်
ခဏ ကြာတော့ ဦးသက္က သက့်ပြင်းချခါ
ထိုမိန်းကလေး၏ ခြေထောက်မှ သွေးနက်များထွက်
နေသော အစွယ်နှစ်ပေါက်ရာကို သေချာကြည့်ရင်း။
“….မြွေက….တောကြီးမြွေဟောက်ကွ….ဒီကောင်ကြီး
တွေက….သိပ်ပြီး…အဆိပ်ပြင်းတဲ့ကောင်တွေပဲ….
….ကိုက်ရင်….အသက်ရှင်ကြတာ….အရမ်းနည်းတယ်
….ဒီမိန်းကလေး…အခုထိပုံစံမပျက်တာ…အံ့သြစရာပဲ။
ဦးသက္က ကျွန်တော်အနားကပ်ပြီး လေသံတိုးတိုး
ဖြင့် ပြောလိုက်ခြင်းပင်ဖြစ်၏။
“…တတ်နိုင်သလောက်… ကြိုးစားပြီး… ကုပေးလိုက်ပါ
ဦးလေးရယ်…စေတနာဟာ….တူသောအကျိုးပေးမှာ
ပါ….”
ဦးသက္က ခြင်းထဲမှာ ဆေးရွက်တစ်ချို့ကိုပွတ်ခြေပြီး
ဒဏ်ရာကို အုံပေးလိုက်တယ် ပြီးတော့ သူ့ရဲ့
ခါးထဲမှ အနားစတွေ ပြဲနေသော ပုဆိုးစကို ပတ်တီး
သဖွယ် ဖြဲလိုက်ပြီး ခြေထောက်အား တင်းတင်းစီးကာ။
“…..ကဲ…ရပြီ…မောင်ဖိုးချစ်….သူ့ကိုဘယ်လိုလုပ်မလဲ
…လောလောဆယ်…သူလမ်းလျှောက်နိုင်မှာ…မဟုတ်
သေးဘူးကွ…”
ကျွန်တော်လဲ အသေအခြာ ပြန်စဥ်းစားလိုက်ပြီး။
“…လူ့အသက်က…ပိုအရေးကြီးပါတယ်…ဦးလေးရာ…
…လာပါ…ကျွတ်တော်တို့….တစ်ယောက်တစ်ဖက်ဆီ..
….တွဲပြီးတော့….လိုက်ပို့တာပေါ့….”
ဦးသက္က လွယ်အိတ်ကို သေချာထုံးလိုက်ပြီးနောက်
ထိုအမျိုးသမီးအား တစ်ယောက်တစ်ဖက်တွဲခါ
လိုက်ပို့ရတော့သည်။
“…ကျေးဇူးပါ….ဦးလေးရယ်…အခုလိုတောထဲမှာ….
…မသမာသူတွေနဲ့သာ…ကျွန်မတွေ့ရင်…ဘဝပျက်မှာ
…ဦးလေးနဲ့..အကို…ကို…ကျေးဇူးတင်ပါတယ်…”
တွဲလာရင် သူမ ကျေးဇူးတင်ကြောင်း ပြောလာ၏
ညာဘက်၌တွဲနေသော ဦးသက္ကက သူမနာမည်ကို
မသိရှိရသေးတာကြောင့် နာမည်မေးလိုက်လေသည်။
“….ဒါနဲ့….ငါ့တူမနာမည်က….ဘယ်လိုခေါ်တုန်း…”
ဒီတော့မှ သူမနာမည်ကို ပြောပြလေသည်။
“…ကျွန်မနာမည်က….နန်းဦးနွယ်ပါ…တောင်ညိုရွာမှာ
နေပါတယ်…ဟိုးအရှေ့မှာ….ရွာကိုမြင်နေရပြီ….
…အဲ့ဒီရွာပဲ…..ဦးလေး….”
သူမညွှန်ပြရာသို့ ဆရာတပည့်နှစ်ယောက် ကြည့်
လိုက်ကြသောအခါ တောင်ခြေနား၌ မြူတွေဆိုင်းနေ
သောကြောင့် ဝိုးတဝါးသာ မြင်ကြရ၏ ဒီလိုနဲ့
ကျွန်တော်တို့ တွဲရင်းလျှောက်လာခဲ့ကြတာ သူပြော
သော တောင်ညိုရွာထဲသို့ ရောက်ရှိလာခဲ့လေသည်
ရေနံချေးများ ဝနေအောင် သုတ်ထားသည့် ရှေးပုံစံ
ခြေတံရှည်အိမ်ကြီးများဖြင့် တည်ရှိနေပြီး ရွာလမ်း
လေးမှာလဲ သာယာလှသည် ထူးခြားသည်က
ကျွန်တော်တို့ ဝင်လာတာကြာပြီ အခုထိ လူရိပ်ယောင်
မတွေ့ကြရသေးပေ ဦးသက္က ပတ်ဝန်းကျင်ကို
မျက်စပစ်ပြရင်း ကျွန်တော်ကို သတိထားဖို့ အချက်
ပေးလာ၍ မပေါ့ဆရဲ သတိထားနေရလေသည်
သန့်ရှင်းသပ်ရပ်လှသော ခြေတံရှည်အိမ်ကြီး
အရှေ့သို့ ကျွန်တော်တို့ ရောက်တဲ့အခါ။
“….အကို…ဒါ…ကျွန်မတို့အိမ်ပဲ….”
ဦးသက္ကနှင့် ကျွန်တော် ခြံထဲသို့ သတိထားပြီး
ဝင်လိုက်ကြ၏။
“….အဖွားရေ….အဖွား…”
သူမ၏ အဖွားကို လှမ်းခေါ်လိုက်ခြင်းပင်ဖြစ်သည်။
“….ဝေ့…..သမီးလေး….ဟဲ့….ဘာဖြစ်လာတာလဲ….”
ပြာပြာသလဲ လှဲနေရာမှ ကြုံးထလိုက်သော်လည်း
အဖွားကြီးမှာ ကျမ်းမာရေး မကောင်းဟန်ရှိသည်မို့
ပြန်လဲကျသွား၏ ထိုမြင်ကွင်းကို လှမ်းမြင်သော
ကျွန်တော်က။
“….နေပါစေအဖွားရယ်….ကျွန်တော်တို့….ဝင်လာခဲ့
ပါ့မယ်….”
ခြေတံရှည် အိမ်ကြီးရဲ့ အောက်ထပ်၌ လှဲနေသော
အဖွားကြီး ပြန်ငြိမ်သွားလေသည်
အဖွားကြီး လှဲနေရာ ကွပ်ပစ်ပုံစံလေးအပေါ်
ကျွန်တော်တို့ ဝင်ထိုင်ကြပြီး ဖြစ်ကြောင်းကုန်စင်
ပြောပြတဲ့အခါ အဖွားကြီးက ကျွန်တော်လက်အား
ကိုင်လျှက်။
“….ကျေးဇူးပါ…ငါ့မြေးတို့ရယ်….အဖွားမှာ…ဒီမြေး
လေးတစ်ယောက်ပဲ….အားကိုးနေရတာ…မြေးမလေး
တစ်ခုခုဖြစ်ရင်….အဖွားရင်ကျိုးရချေရဲ့….
….သူတော်ကောင်းတွေနဲ့….တွေ့လိုသာ…တော်သေး
တာပေါ့….မသမာသူတွေနဲ့များတွေ့ရင်…အဖွားမြေး
…အဖွားမြေးဘဝ….မတွေးဝံ့စရာပါပဲ…”
ဦးသက္က အဖွားကြီး၏ အခြေအနေကို အကဲခတ်
စောင့်ကြည့်နေရင်းက။
“…ကဲ…သုံးဆောင်ကြပါဦးရှင့်….”
“…ဟင်….”
ဦးသက္ကနှင့်ကျွန်တော် အံ့သြမှင်သက်သွားကြ
ခြင်းပင်ဖြစ်လေသည် စောစောကမှ တောကြီး
မြွေဟောက် အကိုက်ခံထားရတာ အခု ကျွန်တော်
တို့စားဖို့ စားသောက်ဖွယ်ရာများ ပြင်ဆင်နေလာ
နေတာကို အံ့သြကြရလေသည်။
“…ကျေးဇူးပါဗျာ….မစားားတော့ပါဘူး….အချိန်က
လဲ…အတော်လင့်ပြီမို့….ကျွန်တော်တို့….ပြန်ပါဦး
မယ်…”
ဦးသက္က မဆိုင်းမတွ ပြောလိုက်ခြင်းကြောင့်
ကျွန်တော် အနည်းငယ်တော့ မျက်နှာပူသွား၏
“…မပြန်ပါနဲ့ဦး …ငါ့မြေးတို့ရဲ့…မိုးလဲချုပ်တော့မှာပဲ..”
ကျွန်တော် ဦးသက္ကကို မေးငေါ့ပြလိုက်တော့
ဦးသက္က ပတ်ဝန်းကျင်ကို အခြေအနေကြည့်လိုက်
သည် မှောင်စပြုပြီမို့ ဦးသက္ကနဲ့ကျွန်တော် တည်းရန်
စိတ်က မဝင့်မရဲ ဖြစ်နေကြလေသည် သို့သော်
ဒီအချိန်မျိုးသာ ပြန်သွားရင် တောကောင်ကြီးတွေ
အစာရှာချိန်နဲ့ တစ်စဆီ ဖြစ်သွားနိုင်သည် ဒီတော့
ကျွန်တော်တို့ ဆရာတပည့်တွေ တစ်ညတာ အိပ်စက်ဖို့
ဆုံးဖြတ်လိုက်ကြပါတော့သည်
“…ဟုတ်ကဲ့…ကျေးဇူးပါအဖွား….မနက်ကြတော့…
..စောစောထပြီး…ပြန်တာပေါ့…..ဒီညဒီမှာပဲ…
…တည်းလိုက်ပါ့မယ်…”
ထိုတော့မှ အဖွားကြီးမျက်နှာ ရွှင်ပြုံးသွားပြီး။
“…ကဲ….မြေးမလေး..နန်းဦးရေ….ဧည့်သည်တွေ
အတွက်….တည်းဖို့ရာ…ပြင်ဆင်ပေးလိုက်ပါကွယ်…”
“…ဟုတ်….ဟုတ်ကဲ့ပါ…အဖွား….”
နန်းဦးနွယ်ဆိုသော သူမသည် လူကောင်းသဖွယ်
ထသွားပြီး ပြင်ဆင်းပေးလေ၏ ထိုစဥ် ဦးသက္က
ကျွန်တော်အား အသာလေး လက်ကုပ်ပြီးတော့
ခေါ်လာခြင်းကြောင့် နှစ်ယောက်သား နောက်ဖေး
ဖက်သို့ အပေါ့အပါးသွားဟန်ဖြင့် ထသွားလိုက်ကြ
လေသည်။
“….မောင်စောဟိန်း…”
အသံတိုးတိုးဖြင့် ဦးသက္က ခေါ်သောကြောင့်
ကျွန်တော် တိုးတိုးပဲ ပြန်ထူးလိုက်တယ်။
“..ဒီရွာနဲ့အိမ်က….မူမမှန်ဘူးကွ….တစ်ခုခုမှားနေ
တယ်လို့…ငါခံစားနေရတယ်”
“..ဟုတ်တယ်ဦးလေး…ကျွန်တော်လဲ…သတိထားမိ
တယ်ဦးလေး….”
“…အေးကွ….ဒီညတော့…သတိဝရိယနဲ့သာ…အိပ်ကြ
မယ်ဟေ့….အခြေအနေက…သိပ်မကောင်းဘူး….
….ဟုတ်ကဲ့….ဦးလေး….”
ကျွန်တော်တို့ အိမ်ပေါ်ပြန် တတ်လိုက်ကြပြီး ညက
အတော်မှောင်လာပြီမို့ သူတို့မြေးအဖွားနှင့် စကား
ပြောဖြစ်ကြသည် ဦးသက္ကနှင့်အဖွားကြီးတို့
ရှေးဟောင်းနှောင်းဖြစ်များ အပြန်အလှန်ပြောကြရင်း
နန်းဦးနွယ်ဆိုသော ထိုမိန်းကလေးမှာ ဘာရယ်ကြောင့်
မှန်းမသိ ကျွန်တော်အား မခိုတရို့ကြည့်ရင်း ပြုံးပြုံးပြ
လေသည် လူငယ်ဘဝမို့ ရင်ထဲမှာ တမျိုးကြီး ခံစား
နေရပါသော်လဲ ဆရာဖြစ်သူ ဦးသက္က၏ သတိပေး
စကားကြောင့် စိတ်ကို ထိန်းချုပ်ထားရ၏ ညဥ့်နက်
လာတော့ သူတို့မြေးအဖွားလဲ ကိုယ်ဆီအိပ်ယာဝင်
ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက်လဲ ခင်းပေး
ထားသော အိပ်ယာပေါ်သို့တတ်ခါ အိပ်ရာဝင်ကြ
လေတော့သည်။
ညသည် တစ်ဖြေးဖြေး ညဥ့်နက်လာသည်နှင့်
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက်
လေတိုးသံများသာ သဲ့သဲ့ကြားနေရ၏ မျက်လုံးများ
ရီဝေလျှက် ကျွန်တော် အိပ်ချင်သောစိတ်ကို ထိန်းမရ
ထိုအခိုက်။
“…ဂီး…”
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်အား ညဥ့်ငှက်
တစ်ကောင်၏ အော်သံက ဖုံးလွှမ်းသွားပြီနောက်။
“…အူး…..ဝူး…..ဝူး…”
ရွာထဲရှိ ခွေးများ စွဲစွဲငှင်ငှင် အူကြလေသည်
အိပ်ချင်သော စိတ်သည်မှာလဲ ထိန်းမရသောအခါ
ကျွန်တော် အိပ်ပျော်သွားလေတော့သည်
မည်မျှ အိပ်ပျော်နေသည်မသိ ရုတ်တရုက်။
“…..စောဟိန်း….ဟိတ်ကောင်စောဟိန်း…ထစမ်း….မြန်မြန်ထတော့…”
ကျွန်တော်အား ခပ်ကြမ်းကြမ်း လှုပ်နှိုးလိုက်ပြီး
ထခိုင်းနေသော ဦးသက္က၏ စကားကြောင့်
ကျွန်တော် ထကြည့်လိုက်သောအခါ။
“….ဟင်….”
ကျွန်တော်တို့ ညက အိပ်ယာဝင်ခဲ့သော ခြေတံရှည်
အိမ်ကြီး မဟုတ်ပဲ သင်္ချိုင်းပျက်တစ်ခု၏ မြေပုံမို့မို့
ပေါ်၌ နှစ်ခြိုက်စွာ အိပ်နေကြခြင်းပင် ဖြစ်နေတော့
သည် ဦးသက္က လက်ထဲမှ ရေနံချေးစိမ်ထားသော
အဝတ်စကို တုတ်ပေါ်မှာ ပတ်ထားခါ မီးညှိလိုက်
တော့ မီးတုတ်သဖွယ် ဖြစ်နေ၍ ပတ်ဝန်းကျင်အား
ကောင်းစွာ မြင်နေရခြင်းပင်ဖြစ်၏ ဦးသက္ကက
တောထဲသွားလျှင် ဒီလိုရေနံချေးစိမ်ထားသော
အဝတ်စများကို ထုပ်ပိုးခါ အမြဲ ဆောင်တတ်လေ့
ရှိခြင်းကြောင့် ကျွန်တော်တို့ ကံကောင်းစွာ မြင်နေ
ကြရလေသည်။
“….လူလေး….ဒီ….ဒီမှာကြည့်စမ်း….”
ဦးသက္က ညွှန်ပြရာကို ကျွန်တော် ကြည့်လိုက်တော့
မြေပေါ်သို့ တစ်ပိုင်းထွက်နေ၍ အုတ်ဂူဟု ယူဆရ
ရသော အပေါ်၌ မထင်မရှား စာသားများကို အနီးကပ်
မြင်လိုက်ရသည်နှင့်။
“နန်းဦးနွယ်” အသက်(၂၉နှစ်)
“…ဟာ…ဘယ်….ဘယ်လိုဖြစ်ရတာလဲ…”
ဦးသက္က မီးတုတ်ကြီးကို မြှောက်ကြည့်ရင်း။
“…ငါထင်တယ်ကွ…..ဒါ့ကြောင့်…မသင်္ကာဖြစ်နေ
တာ….ဒီအုတ်ဂူကိုကြည့်ရတာ….နှစ်အတော်ကြာနေ
ပြီကွ…ငါတို့….လှည့်စားခံလိုက်ရပြီ……ကဲ….မောင်စောဟိန်း….ငါတို့ဒီကနေ…အမြန်ဆုံးသွားရအောင်….အန္တရာယ်က…လက်တစ်ကမ်းမှာ….
….ရောက်နေပြီကွ…”
ညနေထဲက အဆင်မပြေရင် သုတ်ခြေတင်ရအောင်
ကြိုထုပ်ထားသော အထုပ်အားဆွဲပြီး ကျွန်တော်တို့
ထလိုက်သည်နှင့် ။
“….ဟီး….ဟီး….ဟီး….”
ကြောက်ခမန်းလိလိ ရယ်သံကြီးများ နေရာစုံမှ
ထွက်ပေါ်လျှက်။
“….မောင်ဖိုးချစ်….ရော့….အဲ့ဒါကိုယူထား…ရော့….”
ကျွန်တော်ရဲ့လက်ထဲသို့ ၉လုံးပါသော ပုတီးကွင်း
လေးကို ထည့်ပေးလာသောကြောင့် လက်မှာ
စွပ်လိုက်သောအခါ။
“….ဟာ….အမလေး…ဦးလေး…ဘာ…ဘာကောင်ကြီး
တွေလဲ…”
ဦးသက်က မီးတုတ်ကို ဝှေ့ရမ်းရင်း။
“…အဲ့ဒါ …နာနာဘဝ..လောကသားတွေပဲကွ…..
…မင်းလက်ထဲက….၉လုံးပုတီးကြောင့်….မင်းမြင်နေ
ရတာ….ပြေးတော့….မောင်စောဟိန်း….ပြေး….ဒီမီးတုတ်လောင်စာကုန်ရင်….မလွယ်ဘူးကွ…ပြေး…”
ကျွန်တော်လဲ ဦးသက္ကပြေးခိုင်းသည်နှင့် နောက်သို့
လှည့်ကြည့်မနေပဲ အရှေ့မှ ပြေးလေတော့သည်
ဦးသက္ကလဲ အနောက်မှ မီးတုတ်ကို ဝှေ့ရမ်းရင်း
ထပ်ကြပ်မခွာ အတူပြေးလိုက်လာသည် ညသည်
သန်းခေါင်းအချိန်မို့ တောကြီးမျက်မည်းထဲ
သွေးပျက်လုမတတ် ပြေးနေရသည့် ကျွန်တော်
ဘယ်ဆီကို ဦးတည်နေမှန်း မသိတော့ပါ လမ်း၌
ခန္ဓာကိုယ် ပုံစံ အမျိုးမျိုးဖြင့် နာနာဘဝလောသား
များကို ခြောက်ခြားဖွယ်ရာ တွေ့ခဲ့ရလေ ခြေကုန်
အောင် ပြေးနေရင်း ရုတ်တရက် သစ်မြစ်ကြီးတစ်ခုကို
ခလုတ်တိုက် လဲ ကြသွားခဲ့သည် ကျွန်တော် ပြန်ထဖို့
ကြိုးစားလိုက်စဥ် မြေပြင်ပေါ်မှာ ခြေစုံဖွေးဖွေးလေး
တစ်ခု တွေ့လိုက်ရခြင်းကြောင့် လန့်ဖြန့်သွား၏။
“….အမလေး…”
ဦးသက္က မီးတုတ်ဖြင့် မြှောက်ကြည့်တော့။
“နန်း…..နန်းဦးနွယ်…”
နှစ်ယောက်လုံး ပါးစပ်မှ ပြိုင်တူ ထွက်သွားကြသည်။
“…ဦးသက်က…”
နန်းဦးနွယ်ဆိုသော မိန်းကလေးသည် ဦးသက္ကကို
ခေါ်လိုက်ခြင်းကြောင့်။
“…ပြောပါ….မိန်းကလေး…”
ဦးသက္က အသံကို ထိန်းခါ ပြန်ပြောလိုက်ခြင်းဖြစ်၏
ဒီတော့ သူမှ ကျွန်တော်အား လက်ညှိုးထိုးလာပြီး။
“…ဦးသက္ကပြန်ပါ…သူ့ကိုတော့…ထားခဲ့ရမယ်…”
ထိုမိန်းကလေး စကားကြောင့် ကျွန်တော် ထိတ်လန့်
သွားပြီး လဲနေရာမှ ကြုံးထခါ ဦးသက္က အနောက်
သို့ အမြန်သွားလိုက်သည်။
“….ဒီမှာ….နန်းဦးနွယ်….မင်းနဲ့ဒီကလေးက….ဘဝခြား
ခဲ့ပြီပဲ….မဖြစ်နိုင်တာကို….မလိုချင်ပါနဲ့….”
ဦးသက္ကထိုသို့ ပြောလိုက်ပြီးနောက် နန်းဦးနွယ်
ဆိုသော အမျိုးသမီးက ဟားတိုက်ရယ်မောရင်း။
“….ဟား….ဟား….ဟား…
….ကျွန်မသူ့ကိုတွေ့ရဖို့…..အချိန်တွေအကြာကြီး…..
စောင့်လာရတာ….ရှင်မဆိုင်ရင်….ဝေးဝေးနေပါ….
….ကျွန်မ…လူမသတ်ချင်ဘူးနော်…”
ဦးသက္က ကိုင်ထားသော မီးတုတ်သည်မှာလဲ
လောင်စာကုန်တော့မည် ဖြစ်သောကြောင့် အလင်း
ရောင်က တစ်ဖြေးဖြေးလျှော့လာသည်မို့ ဦးသက္က
ကျွန်တော်၏ ညာဘက်အား ပြေးရန်အချက်ပြလာ
၏။
“…ဒီမယ်….နန်းဦးနွယ်….မင်းလုပ်ရပ်ကို…ရပ်တန်းက
ရပ်ပါ….မင်းဒီလိုလုပ်နေတာ…အထက်ဆရာကြီး
တွေ….သိသွားရင်…မင်းဒုက္ခရောက်မှာနော်…”
ဦးသက္က အချိန်ဆွဲနေမှန်းသိ၍ ကျွန်တော်ညာဘက်
တောလမ်းလေးဆီသို့ အားကုန် ပြေးတော့သည်
အနောက်မှ ဦးသက္ကလဲ လိုက်လာပြီး နန်းဦးနွယ်
ဆိုသော အမျိုးသမီးမှာ မတွေ့ရတော့။
“….ဟာ….ဦးလေး….ဟိုအရှေ့ကကုန်းမြင့်ပေါ်မှာ….
….မီးရောင်လေးတွေ့တယ်ဗျ…”
ပြေးရင်းနဲ့ ဦးသက္ကကို လှည့်ပြောလိုက်တော့
ဦးသက္ကပါမလာတော့ မီးရောင်လဲ မတွေ့ရတော့ပေ
လောင်စာပဲ ကုန်သွားတာလား ဦးသက္ကများ
တစ်ခုခုဖြစ်လေသလား မသိ မီးရောင်မရှိ
တော့ မှောင်မိုက်ခြင်းက ကြီးစိုးလျှက် ပတ်ဝန်းကျင်
၌ တောတိုးသလို အသံများ ကြားနေရပြီးနောက်
ကျွန်တော် လှမ်းမြင်နေရသော ကုန်းမြင့်ပေါ်မှ
မီးရောင်လေး တည့်တည့်ဆီသို့ ပြေးဖို့ခြေလှမ်း
လိုက်စဥ်။
“….ဟီး….ဟီး….ဟီး…..ဟား….ဟား…ဟား….”
“….ဟင်….လုပ်….လုပ်ကြပါဦး….ဦးသက္ကရေ….”
ပရလောကသားများ၏ ညည်းသံရယ်သံများ ကြား
လိုက်ရသောကြောင့် ကျွန်တော် သွေးပျက်လုမတတ်
အော်ဟစ် အကူအညီတောင်းနေရင်း ထိုအခိုက်။
“..ဟေ့….မဆိုင်တဲ့သူ….အနားမကပ်ကြနဲ့…ထွက်သွား
ကြစမ်း….ငါ့အကြောင်းကို…သိတယ်နော်…”
“….ဟင်…..နန်း…..နန်းဦးနွယ်…”
နန်းဦးနွယ်ဆိုသော အမျိုးသမီးအသံကို ကျယ်လောင်
စွာ ကြားလိုက်ရခြင်းပင်ဖြစ်၏ ထူးခြားသည်က
သူမအသံကြားသည်နှင့် ခုဏကြားနေရသော ရယ်အသံများ တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
“….အကို….ကျွန်မနဲ့….ပြန်လိုက်ခဲ့ပါ….နော်…”
အသံကိုသာ ကြားနေရပြီး မှောင်မိုက်ခြင်းကြောင့်
ဘာမှ မမြင်ရပေ။
“…ဟင့်အင်း….မလိုက်ဘူး…သွား…..သွား…”
ကျွန်တော် အသည်းအသန် ငြင်းဆန်နေမိသည်။
“….မရရင်….ရတဲ့နည်းနဲ့….ခေါ်မှာနော်….လိုက်ခဲ့ပါ…”
“….မလိုက်ဘူးလို့…..ပြောပြီးပြီနော်….မလိုက်ဘူး….”
ကျွန်တော် ထပ်ပြီး ငြင်းဆန်လိုက်သော အခါ သူမ
ဒေါသထွက်သွားပုံရသည်။
“..ရတယ်လေ…ကျွန်မကတော့…မရရအောင်….
…..ခေါ်ရမှာပဲ….ကဲ….လာပေတော့…”
ကျွန်တော် စိတ်ထဲမှာ သရဏဂုံတင်ပြီး ဖြစ်ချင်ရာဖြစ်
မျက်လုံးကို စုံမှိတ်ထားလိုက်တော့သည်။
“…ဒကာမကြီး….မလုပ်ပါနဲ့ကွယ်….”
“….ဟင်….”
သာယာသော အသံကို ကြားလိုက်ရ၍ ကျွန်တော်
မျက်လုံးဖွင့် ကြည့်လိုက်သောအခါ လေအဝှေ့မှာ
သင်္ကန်းစလေးများ လွင့်ပျံလျှက် ကြည်ညိုဖွယ်
အဆင်းရှိသော ရဟန်းတစ်ပါးကို မြင်လိုက်ရခြင်း
ကြောင့် ကျွန်တော် ဝမ်းသာမျက်ရည်များ ကြလျှက်
ဘုန်းဘုန်းအနောက်သို့ ခိုလှုံတိုးဝင်မိတော့သည်
အံ့သြဖို့ ကောင်းသည်က ဘုန်းဘုန်းရဲ့ အနီးဝန်းကျင်
၌ မျက်လုံးများပင် ကြိမ်းစပ်နေအောင် အလင်းရောင်
များ ဖြာကျလျှက်ရှိနေခြင်းပင် ဖြစ်လေသည်
မာန်ဟုန် အပြည့်ဖြင့် ပြေးလာသော နန်းဦးနွယ်
ဆိုသော အမျိုးသမီးမှာလဲ ဒူးတုပ်ထိုင်ချလျှက်
လက်အုပ်လေး ချီမိုးထားလေတော့သည်။
“….စိတ်ကိုလျှော့လိုက်ပါ….ဒကာမကြီး…..
….သင်္ခါရတရားတွေနဲ့…..ထုံးဖွဲ့ထားတဲ့…ဒီသံသရာမှာ
….ဘယ်အရာကိုမှ….ထာဝရမပိုင်ဆိုင်နိုင်ပါဘူး…..
….ပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့….ဒကာမကြီးလဲ….
….ပင်ပန်းနေပြီမဟုတ်လား….ဆွေမျိုးသားသမီး
လင်သားနဲ့….ပစ္စည်းဥစ္စာ…စည်းစိမ်ချမ်းသာ….
….ဘဝများစွာကို….ခုံမင်တွယ်…ဘယ်လိုပင်……
….ဖက်တွယ်ထားပါစေ….တစ်ချိန်ချိန်မှာတော့……
….မလွဲမသွေ…စွန့်ခွာရမှာပါပဲ….ဒကာမကြီး…”
လက်အုပ်လေး ချီမိုးထားရင်း သူမ တသိိမ့်သိမ့်
ရှိုက်ငိုလျှက်။
“…မှန်လှပါဘုရား….သူဟာ….တပည့်တော်မရဲ့…
….အတိတ်ဘဝက….လင်သားအဖြစ်….
…တော်စပ်ခဲ့ဘူးတာကြောင့်….စွဲလမ်းခြင်းတဏှာမှာ
ငြိတွယ်မိလို့….ပြန်လိုချင်တဲ့စိတ်နဲ့….လုပ်ခဲ့မိပါတယ်….
….ဘုရား…သူ့ကို….လိုချင်တပ်မက်သောစိတ်ကြောင့်
ပဲ….အနေဆင်းရဲအစားဆင်းရဲဘဝနဲ့….ဒုက္ခများစွာကို
….တပည့်တော်မ….ရင်ဆိုင်ခဲ့ရပါတယ်….အတော်လဲ
….ပင်ပန်းလှပါပြီဘုရား….အခုတော့….အရှင်ဘုရား
မိန့်တဲ့အတိုင်း….သူ့….သူ့ကို….တပည့်တော်မ…
…စွန့်လွှတ်လိုက်ပါတော့မယ်….ဘုရား….အဟင့်…..
…..ဟင့်….ဟင့်…”
သူမဘရှိုက်ကြီးတငင် ငိုကြွေးနေတာကို ကြည့်ရင်း
ကျွန်တော်ရင်ထဲ ဂရုဏာသက်မိ၏ သို့ပါသော်လဲ
ဘဝခြင်းက ခြားနားနေပြီမို့ မည်သို့မျှ မတတ်နိုင်ပေ။
“….ကဲ….ဒကာမကြီး…ဒီဒကာနဲ့ပါလာတဲ့…ဒကာကြီး
ရော….ဘယ်မှာလဲ….ပြန်ပို့ပေးလိုက်ပါကွယ်…”
“…မှန်လှပါဘုရား….ဦးသက္ကကို…တပည့်တော်မ
အန္တရာယ်မပေးပါဘူးဘုရား….လိုက်မလာနိုင်အောင်
….အမြင်အာရုံဏ်…လှည့်စားထားရုံမို့…မကြာခင်…ဒီနေရာကို…ရောက်လာပါလိမ့်မယ်ဘုရား…”
ဘုန်းဘုန်းသက်ပြင်းချခါ နန်ဦးနွယ်ဆိုသော အမျိုး
သမီးအရှေ့ ထိုင်လိုက်ပြီး မျက်လွှာကို အသာမှိတ်
လျှက် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို
ဟောကြားချီးမြင့် ပေးသနားတော်မူသည်။
တရားများကို ဝမ်းသာအားရ နာကြားပြီနောက်
သူမ၏ မျက်နှာမှာ မျက်ရည်တို့ မတွေ့ရတော့ပေ။
“…ကဲ….ဒကာမကြီး..အာရုံကလဲ…တတ်ခါနီးပြီမို့….
…သွားလိုရာအရပ်ကို…သွားပေဦးတော့….
…ကျေးဇူးကြီးလှပါတယ်….အရှင်ဘုရား…..
…တပည့်တော်မ…သွားပါတော့မယ်..”
ထိုသို့ပြောပြီး သူမ ကျွန်တော်ဘက်သို့ တစ်ချက်
လှည့်ကြည့်လိုက်ပြီး။
“…သံသရာက…ဝဋ်ကြွေးတွေရှိရင်လဲ..ဒီဘဝဒီအမျှ
နဲ့သာ….ကြေပါစေ….ပြေပါစေတော့….နှုတ်ဆက်ခဲ့ပါ
တယ်…”
သူမ မှောင်ရိပ်ထဲသို့ ဝင်ခါ တစ်ဖြေးဖြးပျောက်ကွယ်
သွားလေတော့သည် ဘုန်းဘုန်းလဲ ဘုရားဝတ်ပြုရန်
တောင်ကုန်းလေးပေါ်သို့ ပြန်တတ်သွားလေ၏ ညက
မြင်နေရသော တောင်ကုန်းလေးပေါ်မှ မီးရောင်သည်
ဆရာတော် သတင်းသုံးနေသော ဝါးကျောင်းကပင်
ဖြစ်နေသည်မို့ ကျွန်တော် အတော် ကံကောင်းလှပါ
သည်။
ဆရာတော် နောက်သို့ လိုက်ဖို့ လှည့်လိုက်စဥ်
တောတိုးသံကြောင့် ကျွန်တော်လန့်သွားသည်
အာရုံတတ်နေပြီဖြစ်တာကြောင့် ဝိုးတဝါးတော့ မြင်
နေရ၏ အသံလာရာသို့ သေချာကြည့်လိုက်တော့။
“…ဟင်…..ဦး….ဦးသက္က…”
“…ဟာ….မောင်စောဟိန်း….ငါမင်းကို…ပါသွားပြီထင်နေတာ….ပြန်တွေ့ရတာ….ဝမ်းသာတယ်ဟေ့…”
ကျွန်တော် ပခုံးကိုဖက်ခါ ဝမ်းသာနေသော ဦးသက္က
ကို ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သောအခါ
သူလဲ အတော်စိတ်မကောင်းဖြစ်သွားရသည်
ဆရာတပည့်နှစ်ယောက် ဆရာတော် ဝါးကျောင်းလေး
မှာ နှစ်ရက်တာ ဝေယျာဝစ္စများ လုပ်ကိုင်ပေးပြီး
နောက် ဆင်ဖြူတောကြီးထဲမှ ပြန်လာခဲ့ကြ
ပါတော့သည် ဖြစ်ပျက်ခဲ့သမျှကိုတော့ ကျွန်တော်
ဘဝတစ်သက် ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်
တော့ပါပေ။
.
.
ပြီးပါပြီ