” ကြာညိုရဲ့ကလဲ့စား ” (စ/ဆုံး)

” ကြာညိုရဲ့ကလဲ့စား ” (စ/ဆုံး)

============================

ရွာမှ အဒေါ်တော်စပ်သူ ဒေါ်ရွှေကြောင့်
မကြာညို ရွာမှမြို့ ကိုလာခဲ့ပါတယ်
ရွာမှာတစ်ဦးတည်းအလုပ်မရှိသဖြင့်
မြို့ မှာသူနဲ့အတူ အလုပ်လာလုပ်ရန်ခေါ်
လိုက်ခြင်းဖြစ်သည်
သူနဲ့အိမ်အကူလုပ်ကိုင်ပြီး
မြို့ မှာနေထိုင်ကြမယ်ဆိုပြီး လှမ်းခေါ်ခြင်းဖြစ်သည်။

မြို့ ကိုရောက်တော့ကြီးမားတဲ့
တိုက်ကြီးတစ်လုံးဆီကိုခေါ်လာပါတယ်
ရွာမှာမမြင်ဘူးတဲ့အရာမှန်သမျှ
မြို့ မှာမြင်နေရတော့
အားလုံးကအသစ်အဆန်းတွေချည်း
ဖြစ်နေသည်။

“မမကြီး ဒါ ရွာကတူမကြာညိုပါရှင့်

ဆိုဖာပေါ်မှာအကျစားထိုင်နေတဲ့မိန်းမကြီး
တစ်ဦးကိုဒေါ်ရွှေကပြောလိုက်သည်

“အေး ဟုတ်ပြီ သူ့ကို အခန်းတစ်ခန်းပေးလိုက်
ဒီအိမ်ရဲ့စည်းကမ်းတွေကိုသေချာ
ပြောပြထားလိုက် ဒေါ်ရွှေ

“ဟုတ်ကဲ့ မမကြီး
လာ တူမ

တိုက်ထဲခေါ်သွားပြီး အခန်းထောင့်တစ်နေရာ
ရောက်တော့

“ကြာညို ဒါနင်နေရမယ့်အခန်းပဲ
အထဲမှာ ခေါင်းအုံး ခြင်ထောင် စောင် အကုန်ရှိတယ် ကြာညို

“ဟုတ်ကဲ့ ဒေါ်လေး ကြာညိုကို
ဒီအိမ်ရဲ့စည်းကမ်းတွေကိုသင်ပေးပါလား

“အေး ပြောပြမယ် သေချာနားထောင်
ဒီအိမ်မှာ မမကြီးရယ် သူ့သားကိုနိုင် ရယ်
ပြီးတော့ ကိုနိုင်ရဲ့ညီမ ရွှေမှုံ ရယ်ရှိတယ်

ပြီးတော့ မမကြီးက ဟင်းတွေဆိုအပေါ့ပဲစားတယ်
ကိုနိုင်က ငါးဟင်းမကြိုက်ဘူး
ရွှေမှုံက ဆိတ်သားမကြိုက်ဘူး
သူတို့ရှေ့ကိုသွားရင် ခေါင်းငုံ့ပြီးမှသွား
ကြားလား ကြာညို

“ဟုတ်ကဲ့ ဒေါ်လေး ကြာညို နားလည်ပါတယ်

“အေး အေး ကြာညို သပ်သပ်ရက်ရက်လည်း
နေရမယ်ကြားလား

“ဟုတ် ကဲ့ ဒေါ်လေး

ကြာညို အားစည်းကမ်းချက်တွေရှင်း
ပြပြီးထွက်သွားတဲ့ ဒေါ်လေးအား
ငေးကြည့်ရင်း ရွှေမှုံ သက်ပြင်းချလိုက်မိသည်

“ဟင်း မလွယ်ပါလား သူများအိမ်မှာနေရတဲ့ဘဝက
အို ဘာပဲဖြစ်ဖြစ်လေ ငါအကောင်းဆုံး
လုပ်ရမှာပေါ့

ကြာညိုလည်းစိတ်ပိုင်းချပြီး
ရေမိုးချိုးပြီး မြန်မာဆန်ဆန်ရိုးရိုး
သာဝတ်ဆင်လိုက်သည်.

••••

“ျကာညို မမျကီးတို့
ထမင်းစားကြတော့မှာ
ထမင်းဝိုင်းပြင်ရအောင်

“ဟုတ်ကဲ့ ဒေါ်လေး

ထမင်းစားခန်းတွင်
ဟင်းပန်းကန်များ ထမင်းပန်းကန်များ
ပြင်ဆင်ပြီးသည်နှင့်
မမကြီးတို့အား သွားပြီး
ခေါ်ရသည်။

“မမကြီး မမကြီးရှင့်
ထမင်းဝိုင်းပြင်ပြီးပါပြီရှင့်

“အေးအေး လာခဲ့မယ် ကြာညို

ကြာညိုလည်းထွက်လာပြီး
ထမင်းဝိုင်းနားမှာ ယပ်တောင်ဖြင့်
စောင့်နေလိုက်သည်
မမကြီးကိုသာမြင်ဘူးပြီး
ဒေါ်လေးဖြစ်သူပြောတဲ့
ကိုနိုင်နဲ့ရွှေမှုံကို အခုထိမတွေ့သေး

“ဒေါ်ရွှေ ဘာတွေချက်ထားသလဲ

“ဟုတ်ကဲ့ မမကြီး မမကြီးကြိုက်တဲ့
ပုဇွန်ဆီပြန်လေးရယ် အမဲသားလေးကို
ငရုတ်သီးနဲ့ကြော်ထားပါတယ်

“ဟာ ဟုတ်လား အဲဒါဆို ဒီနေ့
အဝစားပစ်မယ်

“ဒါနဲ့မမကြီး ကိုနိုင်လည်း
လာမစားပါလား

“ဟင် ဟုတ်ပါ့ အခန်းထဲမှာနေမှာ
သွားပြီးခေါ်လိုက်ပါဦး

“သမီးကြာညို သွားခေါ်လိုက်
ကိုနိုင်က အပေါ်ထပ်ကလှေကား
နားကအခန်းပဲ

ဒေါ်လေးဖြစ်သူကခေါ်ခိုင်းလို့
ကြာညို သွားခေါ်ရသည်

အိမ်ပေါ်ထက်ကိုမတက်ရဲတက်ရဲဖြင့်
တက်လာပြီး အခန်းတံခါးအားခေါက်လိုက်သည်

“ဒေါက် ဒေါက်ဒေါက်
ကိုနိုင် ထမင်းစားလို့ရပါပြီရှင့်

“လာပြီ လာပြီ

“ဂျောက် ”

“မင်းက လူသစ်လား

တံခါးပေါက်ဖွင့်ပြီးထွက်လာတဲ့
ကိုနိုင်ဆိုသူဟာ
အသားဖွေးဖွေး နဲ့ ရုပ်ချောပြီး
ယောင်္ကျားပီသလွန်းသူဖြစ်သည်

“ဟိတ် မင်းကိုငါမေးနေတယ်လေမင်းက
လူသစ်လား

“ဟုတ်ပါတယ်ရှင့် ကျွန်မကြာညိုပါ

“ကြာညို ဟုတ်ပြီ ငါလာခဲ့မယ်

ကြာညိုလည်း ထွက်လာခဲ့သည်

“အမေ ရွှေမှုံရော

“ရွှေမှုံကမစားတော့ဘူးတဲ့
သားရဲ့

“ဒေါ်ရွှေတို့က စားပြီးပြီလား

ကိုနိုင်ကမေးလိုက်တော့

“ဟုတ်ကဲ့ ကိုနိုင် မစားရသေးပါဘူးရှင့်

“ဟာ နောက်ကြနေပြီပဲစားကြတော့လေဗျာ

“ရပါတယ် ကိုနိုင်ပြီးကြမှစားလိုက်ပါ့မယ်

ကိုနိုင်ဆိုသူက အဆင့်အတန်းမခွဲခြား
တက်သူလို့ ကြာညို မြင်လိုက်မိသည်

ထမင်းစားလို့ပြီးသွားကြတော့
သိမ်းကြဆည်းကြပြီး
မီးဖိုချောင်လေးထဲမှာ
တူအရီးနှစ်ယောက်
ထမင်းစားနေတုံး
ကိုနိုင် ဝင်လာသည်

“ဘာတွေနဲ့စားသလဲ ဒေါ်ရွှေ

“ရှင် ကိုနိုင် ကျွန်မတို့ တူအရီး
ငပိချက်နဲ့အတို့နဲ့စားနေတာပါ ရှင့်

“ဗျာ ဒါပဲလား ဒေါ်ရွှေ ရ
တစ်ခြားဟင်းမပါဘူးလား
ဟိုထဲမှာ ပုဇွန်ချက်တွေ အမဲသားကြော်
တွေရှိတယ်လေယူစားပါ

“နေပါစေ အစ်ကိုလေးရယ် ရပါတယ်
ဒေါ်ရွှေတို့ဒါနဲ့ပဲစားနေကြပါ

ကိုနိုင်စိတ်မကောင်းဖြစ်သွားသည်
သူတို့လိုသူဌေးတွေက
အကောင်းစားတွေနဲ့
ဇိမ်ခံနေတဲ့အချိန် ဆင်းရဲသူတွေမှာ
တော့ ထမင်းနက်မှန်အောင်မနည်း
ရှာဖွေစားသောက်နေကြရသည်
ကိုနိုင်ကလည်းငယ်ငယ်က
ဆင်းရဲခဲ့တဲ့သူဖြစ်တော့
အရာရာကို ကိုယ်ခြင်းစားတက်သူ
ဖြစ်လေသည်

ကိုနိုင်ထွက်သွားတော့ကြမှ

“ဒေါ်လေး ကိုနိုင်က သဘောကောင်းတယ်နော်
အဆက့်အတန်းလည်းမခွဲခြားတက်ဘူး

“ဟုတ်တယ် ကြာညို ကိုနိုင်က
စိတ်သဘေားထားပြည့်ဝတဲ့ကလေး
တစ်ယောက်ပဲကွဲ့

“မမကြီးတို့ရော ကိုနိုင်လို
သဘောကောင်းကြလား ဒေါ်လေး

“အင်း မမကြီးကအရမ်းမာနကြီးတယ်ကွဲ့
တော်တော်တန်းတန်းလူတွေဆို
လူလို့ကိုမထင်တာကွဲ့

“ဘာလို့လဲဟင် ဒေါ်လေး

“ပိုက်ဆံမရှိလို့ပေါ့အေ
လောကကြီးကိုသူက
ငွေနဲ့ပဲတိုင်းတာတာ ကြာညိုရဲ့

“သြော်
ကြာညိုလည်း သူသိချင်တာသိသွား
တော့ ထမင်းသာဆက်စားနေလိုက်နေလိုက်
တော့သည်။

••••••

ကြာညို အိမ်အောက်ထပ်ရှိ ပစ္စည်းများအား
သန့်ရှင်းရေးလုပ်နေချိန် ရွှေမှုံရောက်လာကာ

“ကြာညို လာဦး နင်ဒါတွေလုပ်ပြီးရင်
ငါ့အင်္ကျီလေးကို လျှော်ထားပေး
မပြဲပေစေနဲ့နော်
ဒါက အရမ်းစျေးကြီးတယ်

“ဟုတ်ကဲ့ မရွှေမှုံ ကြာညို ဂရုစိုက်ပါ့မယ်

မရွှေမှုံထွက်သွားတော့ခဏအကြာ

“ကြာညိုရေ ကိုနိုင်ကို ကားသော့လေး
ကူရှာပေးပါဦးကွာ
ဘယ်နားထားမိသလဲမသိဘူး

“ဟုတ်ကဲ့ ကိုနိုင်

ကြာညို ကားသော့အားလိုက်ရှာလိုက်တော့
TVရဲ့ရှေ့မှာချထားတဲ့သော့အား
မြင်လိုက်၍သွားယူပြီး
ကိုနိုင်အားပေးလိုက်သည်

“ကိုနိုင်တွေ့ပြီ ဒီမယ် ကားသော့

ကြာညိုက လက်လှမ်းပြီးအပေး
ကိုနိုင်ကယူလိုက်တော့
လက်ခြင်းကိုင်မိသလိုဖြစ်သွားသည်

နှစ်ယောက်သားရင်ခုန်မိနေသည်

“Sorry ကြာညို ကိုနိုင်လောသွားလို့

” ဟုတ်ကဲ့ ရပါတယ် ကိုနိုင် ကိစ္စမရှိပါဘူး

“အမေ အိမ်ပေါ်ကဆင်းလာရင်
ကိုနိုင်အပြင်ခဏသွားတယ်လို့
ပြောပေးပါကြာညို

“ဟုတ် ပြောလိုက်ပါ့မယ်

ကိုနိုင်ထွက်သွားတော့
နောက်ကျောပြင်အား
ငေးကြည့်ရင်းကြာညို ကြည့်နေမိသည်

မမကြီးဆင်းလာတော့ကိုနိုင်
အပြင်ခဏထွက်သွားတယ်လို့ပြောပြီး
မီးဖိုချောင်ဝင်ကာချက်ပြုတ်ရတော့သည်

တစ်နေကုန်မအားနားမနေရပေ
လျှော်လိုက်ဖွတ်လိုက်ဖြင့် အချိန်တွေကုန်နေသည်
ညကြလည်း မမကြီးအားအိပ်ခါနီး နင်းပေးရသေး
သည်

ဆယ်နာရီမှသာအိပ်ယာဝင်ခဲ့ရသည်

တရေးနိုးတော့ရေဆာလာတာနဲ့
ကြာညို အိပ်ယာမှထကာ
ရေထွက်သောက်မည်အလုပ်
ကိုနိုင်နဲ့ဆုံမိပြန်သည်

“ကြာညို မအိပ်သေးဘူးလား

“ဟုတ် ကြာညို အိပ် ပါတယ် တရေးနိုး
ရေဆာလို့ ထသောက်တာပါ

“သြော် ဟုတ်တယ် ကိုနိုင်လည်း
ရေဆာနေလို့ဆင်းသောက်တာပဲ

ကိုနိုင်ကတော့အကောင်းစား
ရေခဲသေတ္တာထဲကသောက်နေလေရဲ့
ကြာညို ခင်ဗျာမှာတော့
ရေဘူးထဲကရေသာသောက်နေတုန်း

“ဟင် ကြွက်ကြီး
အား

“ဟင် ကြာညို ဘာဖြစ်တာလဲ

“ကြွက်ကြီးကြောက်တယ် ကိုနိုင်

ကလေးတစ်ယောက်လို
ဖြူဖြူစင်စင် ကြာညိုတစ်ယောက်
ပြေးလာပြီးကိုနိုင်အား
အကူအညီတောင်းနေတော့သည်

“ကြာညို ကလည်းကြွက်များကြောက်နေရတယ်လို့
မရှိတော့ပါဘူး ဟိုကပြေးသွားပြီ

“ဟင် ဟုတ်လား ကြာညိုက ကြွက်ဆို
အသေကြောက်တာ ကိုနိုင်ရဲ့

ကြာညို အခုမှသတိထားမိတာက
သူရဲ့လက်က ကိုနိုင်လက်မောင်းအား
ကိုင်ထားမိတာကိုပါပဲ

“ကိုနိုင် ကျွန်မတောင်းပန်ပါတယ်ရှင့်

“ရပါတယ် ကြာညိုရယ်
သွားသွား အိပ်တော့ မနက်ကြ
အစောကြီးထရတာမလား

“ဟုတ်ကဲ့

ကြာညို အခန်းထဲရောက်တော့
ကိုနိုင်ရဲ့စေတနာတွေကို
မြင်ယောင်ပြီးဝမ်းသာနေမိသည်

ကိုနိုင်လည်းရေသောက်ပြီး
အခန်းထဲရောက်တော့
အမှတ်မထင်သူ့ခေါင်းထဲ
ကြာညို ရဲ့ ကြောက်ပြီးကလေးဆန်ဆန်
အကူအညီတောင်းနေတဲ့
အမူအရာလေးအား
ပြန်မြင်ရင်း ရင်ခုန်သံတွေ
မြန်လာသည်

“ငါ ငါဘာဖြစ်တာလဲ
ကြာညို နဲ့တွေ့မှ ငါဘာလို့ရင်ခုန်နေမိတာလဲ
ငါ ကြာညိုကိုချစ်မိနေပြီလား

••••••
မနက်လင်းတော့ ကြာညို က
မီးဖိုခန်းတွင်ကော်ဖီဖျော်နေတုံး
ကိုနိင်ရောက်လာကာ

“ကြာညို မင်းကိုပြောစရာရှိတယ်

“ရှင်အစ်ကိုလေးပြောပါ

“ကို ကို ကြာညို ကိုချစ်တယ်

“ရှင်

“ဟုတ်တယ် ကြာညိုကိုချစ်တယ်

“ဘယ်လိုမှမဖြစ်နိုင်ပါဘူး ကိုနိုင်ရယ်

“ဘာလို့လဲ ျကာညို
ကိုယ့်မှာအားနည်းချက်ရှိလို့လား
ဟင်

“သြော် ကိုနိုင်ရယ် ကိုနိုင်မှာ ဘာအားနည်းချက်
မှမရှိပါဘူး ကြာညိုဘက်ကသာ
ပြောရမှာပါအကိုရယ်
အစ်ကိုနိုင်နဲ့ကြာညို ရဲ့ဘဝဟာ
မိုးနဲ့မြေလိုကွာပါတယ်ရှင်

“ကိုယ်ကတော့ လူတစ်ယောက်ရဲ့အဆင့်အတန်း
ကို ငွေနဲ့မတိုင်းထွာတက်ဘူး ကြာညို

“ကြာညို သိပါတယ်အစ်ကို
ဒါပေမယ့် ပိုးဖလံမျိုးမီးကိုတိုးသလိုဖြစ်မှာဆိုးလို့ပါကိုနိုင်

“ဒါတွေ ကိုနိုင်မသိဘူး
ကိုနိုင် ကြာညို ကို ချစ်တာပဲသိတယ်
ကြာညို ကိုနိုင် ကိုပြန်ချစ်နိုင်မလားဟင်

“ကိုနိုင်ရယ်ခတ်လိုက်တာရှင်
ကျွန်မကိုပက်ဝင်းကျင်က
ငွေမက်တဲ့မိန်းမလို့ထင်ကြပါလိမ့်မယ်
ကျွန်မသွားတော့မယ် ကိုနိုင်

ကြာညိုမီးဖိုခန်းထဲကထွက်သွားလေသည်

“ကြာညိုရယ် ကိုယ့်ကိုမသနားတော့ဘူးလားကွာ

ကိုနိုင်စိတ်ညစ်ညစ်နဲ့ ခေါင်းငိုက်စိုက်ကြနေမိသည်

••••••

“သားလာဦး မေမေပြောစရာရှိတယ်

“ဟုတ်အမေ ဘာလဲ

“သားဟိုအိမ်ဖော်မကို
သဘောကြနေတယ်မလား
မှန်မှန်ဖြေစမ်း

ကိုနိုင်မိခင်ဖြစ်သူရဲ့မေးခွန်းကို
မလိမ်မညာအမှန်အတိုင်းပြော
လိုက်သည်

“ဟုတ်တယ်အမေ သားသူ့ကိုချစ်တယ်

“ဘုရား ဘုရား သားရယ်
ဒီလိုအဆင့်အတန်းမရှိ တောကြိုအုံကြားက
တောသူမကိုဘာတွေကြည့်ပြီး
သဘောကြရပါလိမ့်

“အမေ အဆင့်ဆိုတာလဲ
သားနဲ့အမေ ခံယူချက်ခြင်းကွာတယ်
သားကအဆင့်ကိုငွေနဲ့မတိုင်းတက်ဘူး

“ဟင် သားအမေ့ကိုဘယ်လိုပြောလိုက်တယ်
ဘယ်တုန်းက ဒီလိုပြောခဲ့ဖူးလို့လဲဟင်
ကိုနိုင်

“ဟုတ်တယ်အမေ သားအခုပြောမယ်
နောက်လည်းပြောမယ်
သားဘဝရဲ့ ရင်ခုန်သံကိုတော့
အမေချုပ်ချယ်ခွင့်မရှိဘူး အမေ

“ကိုနိုင် ပြန်လာခဲ့စမ်း ဟဲ့

ကိုနိုင်စိတ်တိုကာအိမ်ပေါ်တက်သွားလေသည်
ကြာညိုဘုရားပန်းလဲနေတုံး
ကိုနိုင်စိတ်ဆိုးမာန်ဆိုးနဲ့ အခန်းထဲဝင်
သွားတာကိုမြင်လိုက်သည်။

••••••

“ကြာညို တူမလေး
ဒေါ်လေးမေးမယ်

“ဟုတ်ကဲ့ဒေါ်လေး ပြောပါ

“ငါ့တူမ အခုတလော ကိုနိုင်နဲ့
အရောတဝင်နေတာကိုရှောင်ပါ
ငါတို့ဘဝနဲ့လားလားမှမဆိုင်ဘူးကြာညို
ငါပြောတာနားလည်တယ်မလား

“ဒေါ်လေးပြောတာ ကြာညိုသိပါတယ်
ကိုနိုင်ကို ကျွန်မ ရှောင်ပါ့မယ်

“အေးကောင်းပြီ ကြာညို
နင်ကရုပ်ရည်ကလည်းရှိနေတော့
ကိုနိုင်ကအခုလိုခံစားချက်ဖြစ်မိတာ
မဆန်းပါဘူးလေ

“ကိုနိုင်က ကျောင်းလိုက်ဖူးတာပဲ
ဒေါ်လေးရဲ့ ကျောင်းမှာကြာညိုထက်လှတဲ့
သူတွေတစ်ပုံကြီးရှိသားပဲဟာ

“ငါဒီအိမ်မှာလုပ်လာတာ ကြာပြီ
တစ်ခါမှ ကိုနိုင်မှာ ရည်းစားမရှိဘူးဟဲ့
မိန်းကလေးအပေါင်းအသင်းတောင်
မထားဘူးဆိုပဲ

“သူဘာသာ မိန်းကလေးအပေါင်းမထားလည်း
ကြာညို သူ့ကို မချစ်နိုင်ဘူး ဒေါ်လေး
ကြာညို အိပ်တော့မယ်

•••••••
“ဘယ်ပျောက်သွားတာလဲ သေချာရှာ
ကြည့်ပါဦး ဒေါ်ရွှေရယ်

“ရှာတာနှံ့နေပြီမမကြီး မတွေ့ဘူး
ရေချိုးခန်းထဲလည်းမရှိဘူး

“မနေ့ကမှအံဆွဲထဲသေချာထည့်ထားတာပါ
အခုဘယ်သူယူသွားတာလဲ
ကိုနိုင်ကိုမေးကြည့်လိုက် ဒေါ်ရွှေ

“ဟုတ်မမကြီး

ဒေါ်ရွှေ အိမ်ပေါ်ထပ်ကိုတက်လာပြီး

“ဒေါက်ဒေါက်ဒေါက်”

“ကိုနိုင် ကျွန်မဒေါ်ရွှေပါ

“ဟုတ်ဒေါ်ရွှေ ဘာကိစ္စလဲဗျ

“မမကြီးက သူ့အံဆွဲထဲက ကျောက်စိမ်းလက်ကောက်ယူသေးလာတဲ့
ပျောက်နေလို့

“မယူပါဘူး ဒေါ်ရွှေ ကျွန်တော်က လက်ကောက်
ကိုဘာလုပ်ဖို့ယူရမှာလဲ
အမေဘာသာအထားမှာနေမှာပါ
ဒေါ်ရွှေ

“ဒေါ်ရွှေလည်း ရှာတာနံှ့နေပြီမတွေ့ဘူး
ကိုနိုင်

“နေပါဦးကျွန်တော်ဆင်းမေးပါ့မယ်

“အမေ လက်ကောက်ကဘယ်နားထားမိလို့လဲ
သေချာစဉ်းစားပါဦး

“ငါအံဆွဲထဲသိမ်းထားတာပဲ သားရဲ့
ဒီအခန်းထဲဘယ်သူသန့်ရှင်းရေးလုပ်သေးလဲ

“ကြာညို လုပ်တာပါ မမကြီးရှင့်

ဒေါ်ရွှေကဖြေလိုက်သည်

“ဒါဆို ကြာညို ကိုခေါ်လိုက်

ဒေါ်ရွှေကြာညိုအားခေါ်လာသည်

“ကြာညို နင်ဒီအခန်းသန့်ရှင်းရေး
လုပ်တုံးက ကျောက်စိမ်းလက်ကောက်
တွေ့မိသေးလား

“မတွေ့မိဘူး မမကြီး
ရှင့်

“သေချာလို့လား ဒီအ်ိမ်မှာ နင်မရောက်ခင်
တုံးက ဘာမှမပျောက်ဖူးဘူး
ငါနင့်အခန်းကိုစစ်ကြည့်မယ်

“ဟာ အမေကလည်း ကြာညို
မယူလောက်ပါဘူး

“ကိုနိုင် နင်ကသု့ရဲ့ရှေ့နေလား

“လာကြာညို နင့်အခန်းကိုသွားမယ်

ကြာညိုနဲ့အတူတူ ဒေါ်ရွှေနဲ့ကိုနိုင်ပါ
လိုက်လာသည်

မမကြီးက ကြာညို သေတ္တာတွေအား
လှန်လောရှာလိုက်တော့
အင်္ကျီလေးရဲ့အောက်တွင်
ကျောက်စိမ်းလက်ကောက်
တစ်ကွင်းအားတွေ့လိုက်ရသည်။

“ဟင်!”
“ဟာ”
“ရှင်”

“နင်ဘာငြင်းချင်သေးလဲကြာညို
နင်က ငါ့သားကိုလည်းမြူစွယ်လို့
အားမရတာနဲ့ ငါ့ပစ္စည်းတွေကိုပါ
ခိုးနေပြီပေါ့
သူခိုးမ ကြာညို

“ရှင် မဟုတ်ဘူး ကြာညို မခိုးဘူး
မြူလည်းမမြူစွယ်ဘူး
ကြာညိုကျိန်ဝံ့ပါတယ်

“အမေ ဘာဖြစ်တာလဲ
ဆူညံလို့

ရွှေမှုံရောက်လာကာမေးလိုက်ခြင်းဖြစ်သည်

“ဘာဖြစ်ရမလဲသမီးရယ်
အမေ့လက်ကောက်ကို
သူခိုးခိုးခံရလို့ေဟ့

“ဘယ်ကသူခိုးလဲ မေမေ

“အိမ်တွင်းသူခိုးဟေ့
ကြာညိုတဲ့ သမီးရဲ့

“သြော် လက်စသက်တော့
နင်က ငါ့အစ်ကိုကိုပိုင်းလုံးလုပ်ရုံမက
ငါတို့အိမ်က ပစ္စည်းတွေကို
ခိုးနေတယ်ပေါ့ သူခိုးမ

ဒေါ်ရွှေလည်း တအံ့တသြ ဖြင့်ကြာညိုအား
ကြည့်နေလေသည်
ကိုနိုင်ကလည်း မယုံသင်္ကာ
အကြည့်များဖြင့် ရှိနေသည်

“ကြာညို မခိုးဘူး ကြာညို သီလရှိတယ်
ငါးပါးသီလ လုံအောင်ထိမ်းတယ်
ဘယ်သု့ပစ္စည်းကိုမှလည်း
စိတ်နဲ့တောင်မပစ်မှားဘူး

“အေး စိတ်နဲ့မပစ်မှားပဲ
လက်တွေ့ခိုးလိုက်တာပေါ့
နင်ရွာကိုပြန်မှာလား
ဒါမှမဟုတ်ရဲတိုင်ပြီးနင့်ကို
ထောင်ချရမလား ပြော

“မမကြီးရယ် ရွာပြန်ဆိုပြန်ပါ့မယ်
ရဲတော့မတိုင်ပါနဲ့ရှင်

“အေးအဲဒါဆို အခုပြန်
သွားသွား

“မသွားခင်ကြာညိုမှာခဲ့မယ်
တစ်နေ့ကြရှင်တို့ကောင်းကောင်းကြီး
ပြန်ခံရစေမယ်

“အမယ်နင်က ငါ့အမေကို
ကျိန်စာတိုက်နေတယ်ပေါ့
သူခိုးမက လူပါးဝလို့

ရွှေမှုံကပြောလိုက်သည်

“သားမြင်ပြီလား သူခိုးမကို
မင်းကဘာကြည့်ပြီးစိတ်ဝင်စား
နေတာလဲဟင်

••••••
ကြာညို အိမ်ပေါ်ကဆင်းပြီးထွက်သွား
လိုက်တာ၁နှစ်တောင်ရှိခဲ့ပါပြီ
အားလုံးမေ့မေ့လျော့လျော့နေခဲ့ပေမယ့်
ကြာညိုကတော့မမေ့နိုင်ပါ
လူကိုအရှက်ခွဲရုံမက
ချစ်ရတဲ့သူ၏မယုံကြည်ခြင်းကို
လည်းခံခဲ့ရသည် ပါးစပ်ကဖွင့်မပြောပေမယ့်
စိတ်ထဲကတော့ ကိုနိုင်အား
ချစ်နေမိပြီမလား
ကိုနိုင်ကတော့ မေ့နေလောက်ပြီ

“တီတောင် တီတောင်”

“ဘယ်သုနဲ့တွေ့ချင်လို့လဲ

“မမျကီးနဲ့

“လာခဲ့ဝင်ခဲ့ပါ

ခြံစောင့်ကအိမ်ထဲအား
အမျိုးသမီးကိုခေါ်လာခဲ့သည်

“မမကြီး ဧည့်သည်ကတွေ့ချင်လို့တဲ့

“ဘယ်သူလဲ

!”အဲဒါတော့မသိဘူးမမကြီး

“အေး ဝင်လာခဲ့လ်ို့ပြောလိုက်

“ဟုတ် ကဲ့ ဝင်လာခဲ့ပါတဲ့

“ဘယ်လိုလဲ မမကြီး
နေကောင်းပါစနော်

“ဟင် နင် ကြာ ကြာညိုမလား

“ဟုတ်ပါတယ် ရှင်ကောင်းကောင်းကြီး
ပညာပြခံလိုက်ရတဲ့ ကြာညိုပါ

“နင်ငါ့အိမ်ကိုဘာလာလုပ်တာလဲ

“ရှင့်တို့ကို အသေဆိုးနဲ့သေအောင်
လုပ်ဖို့လာခဲ့တာပဲ

“ဟား ဟား ဟား ရီစရာကောင်းလိုက်တာ
သူခိုးမကများ
ငါ့ကိုအသေသတ်မယ်တဲ့လား

“အမေဘာဖြစ်နေတာလဲ
ဟင် ကြာညို

ကိုနိုင်အိမ်ပေါ်ကနေဆင်းလာပြီး
ပြောလိုက်သည်

“ဟုတ်ပါတယ်ကိုနိုင် ကျွန်မကြာညိုပါ
ရှင်တို့ ခြောက်ချခံလိုက်ရတဲ့
ကြာညိုစစ်စစ်ပါ

“မင်းဒီကိုဘာလာလုပ်တာလဲ

“အကြွေးဟောင်းတောင်းတာ

“အကြွေးဟောင်း ဟုတ်လား

“ဟုတ်တယ် ကိုနိုင် ရှင့်အမေဆီကပါ
ရှင့်အမေက ကျွန်မကို
သူခိုးဆိူပြီးနှင်ထုပ်ခဲ့တယ်
ကျွန်မ မသိခင် ကျွန်မအခန်းထဲ
ခိုးဝင်ပြီး သေတ္တာထဲကို
လက်ကောက်ထည့်
သားနဲ့သဘောမတူတော့
သူ့ကြံမိကြံရာ ကြံလိုက်တာပေါ့
ကိုနိုင်

“နင် နင် မဟုတ်တာတွေမပြောနဲ့
ကြာညို

“ဘာလဲ အမှန်တရားတွေပြောလို့
သိက်တုန်လှုပ်သွားး မမကြီး
မတုန်လှုပ်ပါနဲ့ဦး
ဒါအခုမှအစပဲရှိသေးတာ
ရှင်ဒီနေ့ကစလို့ တစ်ပက်တိတိပြည့်တဲ့
နေ့မှာ ရှင်နဲ့ရှင့်သမီး
အူအပိုင်းပိုင်းပြက်ပြီး
သေစေရမယ်

“နင်က ငါ့ကို ဟား ဟားဟားရီရတယ်
ကြာညို နင်ကများ
ငါ့ကို

“ရီပါ ရှင် ရယ်ပါ နောက်ထက်ခြောက်ရက်
မြောက်နေ့မှာ ရှင်မရယ်နိုင်ပါဘူး
ကျွန်မသွားဦးမယ်
ခွင့်ပြုပါဦး ကိုနိုင် ရှင်ကတော့ ကျွန်မ
သိတ်ပြီးချစ်ခဲ့ရတဲ့သူမို့
ခွင့်လွှတ်လိုက်ပါတယ်

“ကြာညို ကြာညို မင်းအမေ့ကို ဘာလုပ်လိုက်တာလဲ

“ကြာညို ကိုနိုင်အမေ့ကို
တစ်ပွဲတိုးအောက်လမ်းပညာနဲ့
လုပ်လိုက်တာပါ
သေရုံလွဲပြီးဘာမှမဖြစ်ပါဘူး

“ဟင် နင်နင် က အောက်လမ်းနဲ့ငါ့ကို
လုပ်တာပေါ့

“ဟုတ်ပါတယ် မမကြီး ရှင်ရအောင် ရှင့်
အသက်ကိုကယ်ပေတော့
ကျွန်မသွားမယ်

ကြာညို အိမ်ကြီးအားကျောခိုင်းထွက်ခွာခဲ့သည်
ကြာညိုမျက်ဝန်းတစ်ဖက်မှာတော့
ကျေနပ်မှုတွေနဲ့ကြလာတဲ့မျက်ရည်တစ်စက်

၁ရက် ၂ရက် ၃ရက် ၄ရက် ၅ရက် ၆ရက်
မြောက်သောနေ့မှာတော့

“အမလေး ပူလိုက်တာဗိုက်ထဲက
သားရေ အမေ့ကိုကယ်ပါဦး

“အမေ့သမီးဗိုက်ထဲကမီးနဲ့ထိုးသလိုပဲပူတယ်အမေ

“အမေ ညီမလေး ကျွန်တော်ဘာလုပ်ပေးရမလဲ

“သား အမေ့ကိုခွင့်လွှတ်ပါ သား
ကြာညိုကို လုပ်ကြံမိတာ ခွင့်လွှတ်

“ဝေါ့ ဝေါ့ ”

“အမေ အမေ့ ညီမလေး
လာကြပါဦး ဒေါ်ရွှေ ဒီမှာ အမေ့နဲ့ညီမလေး
ခေါ်လို့မရတော့ဘူး

“ကိုနိုင်သတိထားပါ မမကြီးနဲ့ရွှေမှုံ
အသက်မရှိတော့ဘူး

“ဟင် ရက်စက်လိုက်တာ ကြာညိုရယ်

ကိုနိုင်တစ်ယောက် မိခင်ဖြစ်သူနှင့်ညီမအား
ဆုံးရှုံးလိုက်ရသည်မို့
ရင်ကွဲမတက်ခံစားနေရသည်မှာ
အမှန်ပင် ပိုဆိုးသည်က
သုချစ်တဲ့ကြာညိုအပေါ်ကို
အထင်လွဲခဲ့မိခြင်း ဖြစ်သည်
မိခင်ရဲ့ ဂုဏ်ပကာသန
မက်မောခြင်းတိူ့ကြောင့်

ဖြူစင်တွဲလူနှစ်ဦးရဲချစ်ခြင်းမေတ္တာကို
ဖော်ပြခွင့်မရခဲ့ကြပေ
ချစ်တာဟာကောင်းသောအလုပ်ဖြစ်တဲ့
အတွက်ဆတ်ပြီးချစ်ပေးကြပါလို့
ကျွန်တော်ကပန်ကြားပါရစေ
စာဖက်သူအားလုံးအမုန်းတရားအား
ရှောင်ရှားနိုင်ပါစေ။

ရေးသားသူ- အောင်ဓူဝံ_-_ရေစကြိုမြို့

#အောင်ဓူဝံ

#crd