ကြာဖြူ

ကြာဖြူ(စ/ဆုံး)

————

ပါးမှာ ခပ်နွေးနွေးဖြစ်သွားတဲ့အသိရယ် ရင်ဘတ်ကို တစ်စုံတရာကပွတ်သပ်ကိုင်တွယ်တာခံလိုက်ရသလို ခံစားသိရပေမယ့် ကြာဖြူလေးတစ်ယောက် အိပ်ချင်စိတ်ကများနေခဲ့တာမို့ ပြန်အိပ်ပျော်သွားခဲ့ပါတယ်။

ဒီလိုနဲ့မနက်ခင်းတိုင်းမှာ ကြာဖြူကိုလာလာနှိုးနေတတ်တာကို သတိထားမိသွားချိန်မှာ သူဘာလို့ အဲလိုလုပ်တာလဲဆိုတာ မစဥ်းစားတတ်ခဲ့မိဘူး။
သူက ကြာဖြူရဲ့အဖေတော်တယ်လို့ အမေကပြောပြထားခဲ့တာမို့
ကြာဖြူ့ကို သမီးလေးလိုချစ်လို့ နမ်းတာလားပဲနော်။

ငါးတန်းအရွယ်ရောက်လာပြီဖြစ်တဲ့ ကြာဖြူကလေးက အပျိုအရွယ်လည်းမဖြစ်သေးပေမယ့် မိန်းကလေးတို့သဘာဝ ရင်သားကလေးတွေက စူတူတူလေးဖြစ်လာခဲ့တာမို့ အမေက အင်္ကျီဝတ်ရင် တစ်ထပ်တည်းမဝတ်ပဲ ရှင်မီးကလေးခံဝတ်ရအောင် ဝယ်ပေးထားတယ်။
ကြာဖြူငယ်ငယ်လေးကတည်းက အဖေဆိုတာမရှိပဲ ကြီးလာခဲ့တာ အခုငါးတန်းရောက်ကာမှ အမေကလူတစ်ယောက်ကို အိမ်ခေါ်လာပြီး
အဲဒါသမီးရဲ့အဖေပဲလို့ ပြောခဲ့တယ်။

အဖေဆိုတာ ဘယ်သူမှန်းမသိခဲ့တဲ့ကြာဖြူက အမေက အဖေလို့ပြောတာမို့ အဖေတော်လိုက်ရပေမယ့် အဖေအရင်းမဟုတ်မှန်းတော့ သိနားလည်ပါတယ်။

အဲဒီကြာဖြူရဲ့ ဖေဖေဆိုတဲ့ ဦးလေးကြီးကို အမေခေါ်လာတဲ့နေ့ကစပြီး အမေနဲ့အတူတူမအိပ်ရတော့ပဲ ကြာဖြူကို သပ်သပ်ခွဲအိပ်ခိုင်းခဲ့တယ်။
အအိပ်မက်တဲ့ကြာဖြူကတော့ ဘယ်နားအိပ်ရအိပ်ရ ခေါင်းအုန်းပေါ် ခေါင်းတင်လိုက်ပြီးမကြာဘူး အိပ်ပျော်တတ်တာဆိုတော့ သရဲတွေဘာတွေလည်းကြောက်ရကောင်းမှန်းမသိတော့ပါဘူး။
ဒါပေမယ့် သရဲထက်ကြောက်စရာကောင်းတဲ့တစ်နေ့ကို ကြာဖြူကြုံလိုက်ရတဲ့အခါမှာတော့ တစ်ယောက်တည်းအိပ်ရမှာ ကြာဖြူကြောက်နေမိခဲ့ပါတယ်။

**********

ကြာဖြူရဲ့အမေက အမာညိုပါ။
အသက်က သုံးဆယ်နားဝန်းကျင်မှာ သနပ်ခါးပါးကွက်ထူထူကွက်လို့ ပါးစပ်မှာလည်းကွမ်းကမပြတ်ဘူး။
ဘယ်ပြတ်မလည်း..သူ့ဆိုင်ကကွမ်းယာဆိုင်ဆိုတော့ သူပါကွမ်းစွဲနေတာလေ။
စကားပြောရင် ဟောင်ဖွာဖွာနဲ့ ပြောတတ်တဲ့သူ့ကွမ်းဆိုင်ရဲ့ပရိသတ်ဖောက်သည်တွေကတော့အများသား။
လူနေထူထပ်ပြီးလက်လုပ်လက်စားလူတန်းစားတွေသာများတဲ့ လှိုင်သာယာရဲ့ကျူးကျော်တွေအများဆုံးရှိတဲ့ရပ်ကွက်မှာ အမာညိုဆိုတဲ့အမျိုးသမီးကိုကွမ်းယာရောင်းတာတင်မကပဲ လောင်းကစားနဲ့ပတ်သက်တာတွေလည်းလုပ်တဲ့သူအဖြစ်သိကြတယ်။

အမာညိုမှာသမီးလေးတစ်ယောက်ရှိပေမယ့် အဖေကတော့ဘယ်သူမှန်းမသိကြဘူး။
ဒီရပ်ကွက်ထဲကိုအမာညိုတို့ရောက်လာတုန်းက ကလေးက၂နှစ်သာသာလေးနဲ့အမာညို့အမေရယ်အတူပါလာခဲ့ပြီးဧရာဝတီတိုင်းဘက်ကနေ ရန်ကုန်မှာလုပ်စားကိုင်စားရတာလွယ်မယ်ထင်ပြီးပြောင်းလာခဲ့ကြတယ်။
အိမ်ဌားခသက်သက်သာသာရတဲ့အိမ်ကလေးငှားနေပြီး အမာညိုကအပြင်မှာအလုပ်ရှာထွက်လုပ်တာစုံနေရောပါ။
ကုနျစုံရောငျးတဲ့ဆိုငျမှာအကူလညျးလုပျဖူးတယျ။ ရပ်ကွက်ထဲအဝတ်လျှော်ငှားရင်လိုက်လျှော်တယ်။ကျုံရာကျရာလုပ်တတ်တဲ့အမာညိုက မုဆိုးမလား၊တစ်ခုလပ်လားဆိုတာဘယ်သူမှမသိကြပေမယ့် အမာညိုကတော့သနပ်ခါးလူးမပျက် ကွမ်းစားမပျက်နဲ့မနက်မိုးလင်းရင်ထွက်သွားတော့တာပါပဲ။
အိမ်မှာကျန်ခဲ့တဲ့အသက်ခြောက်ဆယ်အမေကြီးကမြေးထိမ်းရင်းနဲ့ကျန်ခဲ့တယ်။
ဒီလိုနဲ့ ကွမ်းကြိုက်တဲ့အမာညိုတစ်ယောက် ထီပဲပေါက်တာလား၊ဖဲပဲနိုင်တာလားမသိပေမဲ့ ကွမ်းယာဆိုင်ခုံလေးတစ်ခုံနဲ့ကွမ်းယာသည်လေးဖြစ်လာခဲ့တယ်။
ကြာဖြူလေးလည်းလှိုင်သာယာရဲ့ကျူကျော်ရပ်ကွက်ကလေးမှာ အဖွားအိုနဲ့အတူကြီးပြင်းလာခဲ့ပါတယ်။

ကြာဖြူလေးကျောင်းနေရမယ့်အရွယ်ရောက်လာတော့ အမာညိုက မိခင်တစ်ယောက်ပီပီ ရပ်ကွက်ကမူလတန်းကျောင်းလေးမှာကျောင်းအပ်ပေးခဲ့တယ်။ ဖခင်နေရာမှာတော့ ကြာဖြူမွေးတုန်းကမွေးစာရင်းလုပ်တော့ပါးစပ်ထဲတွေ့ရာ နေတိုးလို့ပေးထားခဲ့တာမို့
ကြာဖြူရဲ့ဖခင်သည် နေတိုးပါ။
အမာညိုဟာ ကွမ်းယာရောင်းတာအကျိုးပေးသလိုအစပ်အဟပ်တည့်တယ်ထင်ပါတယ်။သူ့ဆိုင်မှာလာဝယ်သူတော်တော်များများက ယောင်္ကျားတွေပါ၊စက်မှုဇုံကလည်းရှိတာမို့
အမာညိုကွမ်းယာတင်မက အခြားလောင်းကစားအလုပ်ပါတွဲလုပ်ခဲ့တယ်။
ဖုန်းတလုံးကတော့အသုံးပြုရပြီးသူကကော်မရှင်စားအနေနဲ့လုပ်တာမို့ သူ့ဆိုင်မှာသူတစ်ယောက်တည်းမရတော့တာနဲ့ ကူဖို့လူတစ်ယောက်ကိုနေ့စားနဲ့ငှားခဲ့လိုက်တယ်။
သူကတော့ ကွမ်းယာလာဝယ်စားရင်း ကနေခင်နေတဲ့သူဖြစ်တဲ့အပြင် အမာညိုကိုလည်းသဘောကျနေသူဖြစ်တာမို့ အမာညို့အလုပ်တွေတစ်နေကုန်ဝိုင်းကူပေးနေတတ်တာမို့ အမာညိုကလည်းမျက်နှာသာပေးနေမိတဲ့ ကျော်ရဲအောင်ဆိုသူပါပဲ။
ကျော်ရဲအောင်ရဲ့အလုပ်အကိုင်က ဘာလည်းမေးရင်ပြစရာမရှိပါဘူး။
ဆိုင်ကယ်ကယ်ရီဆွဲဘူးတယ်။လူကိုတိုက်မိပြီးလျော်လိုက်ရတာနဲ့ဆိုင်ကယ်လည်းရောင်းလိုက်ရတယ်။ပန်းရံအကူလည်းလုပ်ဖူးတယ်။ပင်ပန်းတာနဲ့ခေါ်တာတောင်မလိုက်တော့ဘူး။
ကြုံတဲ့အလုပ်ကိုလုပ်ရင်းဟိုကဒီက နှစ်လုံးထီထိုးခိုင်းတာကိုသွားထိုးပေး၊ဘောလုံးပွဲလောင်းတဲ့လက်မှတ်ဝယ်ပေးနဲ့ ကနေအမာညိုနဲ့တွေ့ခဲ့တာပါ။
အမာညိုက ရုပ်မလှပေမယ့် သွက်လက်တဲ့မိန်းမတစ်ယောက်မို့ကျော်ရဲအောင်ကအထင်ကြီးတယ်။
ရန်ကုန်မြို့ကြီးကို ဧရာဝတီတိုင်းပင်လယ်ကမ်းစပ်နားကရွာငယ်ကလေးကနေ တက်လာပြီး မိန်းမသားတစ်ယောက်ထဲသတ္တိရှိရှိ အလုပ်လုပ်နေတာကိုသဘောကျတယ်။
သူကသာအလုပ်ကိုရေရေရာရာမလုပ်ချင်ခဲ့တာ။အဲဒီကစပြီး အမာညိုရဲ့အဝယ်တော်တစ်ယောက်လို အမာညိုခိုင်းသမျှသူလုပ်ပေးတယ်။အမာညိုပေးတဲ့မုန့်ဖိုးပဲဖိုးနဲ့သူကျေနပ်နေခဲ့တာမို့
အမာညိုကလည်း သူ့အပေါ်ကို စိတ်တွေညွတ်နူးမိကြတာ မဆန်းပါဘူးလေ။
အိုးချင်းထားလို့အိုးခြင်းထိခဲ့ပါပြီ။

အပိုင်း ( ၂ )

ကြာဖြူလေးတန်းအရောက်မှာအဖွားဖြစ်သူကဦးနှောက်သွေးကြာပြတ်ပြီးရုတ်တရက်ဆုံးပါးသွားခဲ့တယ်။
အဖွားနဲ့သာအိမ်မှာအမြဲနေခဲ့ရတဲ့ကြာဖြူအတွက်တော့ အဖွားမရှိတော့တာနဲ့ တစ်ယောက်တည်းနေရတာများပါတယ်။
ကျောင်းဆင်းချိန်အမေ့ဆိုင်လိုက်ထိုင်ရင်း
အမေ့အပေါင်းအသင်း ကွမ်းယာဝယ်စားသူတွေနဲ့တောင်ခင်နေခဲ့ပါတယ်။
အမေနဲ့တစ်ပူးတွဲတွဲလုပ်နေတဲ့ သူဟာ တစ်နေ့ကျရင် ကြာဖြူ အဖေဖြစ်လာမယ်ဆိုတာတော့ဘယ်သိပါ့မလည်းလေ။
တစ်နေ့မှာတော့ အမေကသူ့ကိုအိမ်ခေါ်လာပြီးကြာဖြူကိုအခန်းအပြင်အိပ်ယာခင်းခိုင်းတယ်။
ကြာဖြူထင်တာက အဲဒီသူကိုဒီညဒီအိပ်ယာမှာသိပ်မယ်ထင်ခဲ့တာလေ။
ပြီးတော့မှ အမေကကြာဖြု့ကိုအဲဒါသမီးအဖေဖြစ်သွားပြီ။အမေတို့နဲ့အတူနေတော့မှာမို့သမီးက အပြင်မှာထွက်အိပ်လိုက်နော်တဲ့။
သမီးအဖေကခုမှဘာလို့ဒီအိမ်ကိုလာနေတာလဲမေးတော့
” တိတ်စမ်း.အမေကအဖေတော်တယ်ဆိုအဖေပေါ့
စကားကြောကရှည်တယ်”
ငယ်ကတည်းကအမေ့ကိုကြောက်ခဲ့ရတဲ့ကြာဖြူ ဇက်ကလေးပုလို့ထပ်လည်းမမေးဝံ့တော့ပါဘူး။
အင်းလေ ကြာဖြူကငယ်ကတည်းကလဲ သိပ်ညာဏ်ကောင်းခဲ့တာမှမဟုတ်ပဲ။
အမေ့ကိုမမေးရဲလိုအဖွားကိုသမီးအဖေကဘယ်သူလဲမေးကြည့်တော့လည်း သေသွားပြီပြောလိုက်၊စစ်ထဲဝင်သွားတယ်ပြောလိုက်၊နောက်မိနိးမယူသွားတယ်နဲ့အဖြေကအမျိုးမျိုးမို့ ထပ်မမေးတော့ပါဘူး။

ဒီလိုနဲ့ ကြာဖြူတစ်ယောက်တည်းအိပ်ရတဲ့ရက်တွေရောက်လာခဲ့ပြီး ကြာဖြုရဲ့အဖေဆိုတဲ့သူကဒီအိမ်မှာနေပြီးအမေ့ရဲ့ဦးစားပေးတာအခံရဆုံးသူတစ်ယောက်ဖြစ်လာခဲ့တယ်။
အမေကကြာဖြူထက်အဖေ့ကိုပိုချစ်တယ်ဆိုတာကြာဖြူသိတယ်။
ပုဇွန်ထုပ်ဟင်းနှစ်ကောင်ချက်ထားရင်ကြာဖြူကတစ်ကောင်လောက်ထည့်စားမယ်ရှိသေး
” ဟဲ့ အဲဒါနင့်အဖေကျော်ကြိုက်လို့ချက်ထားတာ၊ညီးက မနေ့က ကျန်တဲ့ငါးဟင်းလေးနဲ့စားလိုက်”

ကြာဖြူရေ နင့်အဖေကျော်ညောင်းနေလို့ နငိးပေးလိုက်စမ်း”
ကြာဖြူကအမေ့အတွက် ခိုင်းစရာသက်သက်မွေးလာသူတစ်ယောက်လိုပဲ။
ဒီလိုနဲ့ကြာဖြူဟာ အမေ့ယောင်္ကျားအဖေဆိုတဲ့သူနဲ့ တအိမ်တည်းနေလာခဲ့တာတနှစ်ကြာခဲ့ပြီး
ကြာဖြူခြောက်တန်းနှစ်အရောက်မှာပေါ့။
အမေကကြာဖြူကိုမောင်လေးလိုချင်လားဉီမလေးလိုချင်လားလို့မေးတော့
နားမလည်သလိုလုပ်နေတဲ့ကြာဖြူကို
အမေကစိတ်မရှည်သလိုခေါင်းခေါက်လိုက်ပြီး
“အမလေး အရန်ကောအေ..အမေဗိုက်ကြီးနေပြီ..အဲဒါညီးဘာလေးလိုချင်လဲမေးတာ”

ကြာဖြူဝမ်းသာသွားပေမယ့် အမေကအစကတည်းကငါ့ကိုမချစ်တာ အဖေကျော်နဲ့ရတဲ့ကလေးကိုအရမ်းချစ်နေမှာဆိုတွေးပြီး စိတ်ထဲဝမ်းနဲသလိုလိုဖြစ်မိတယ်။
ဒါပေမယ့် ကြာဖြူကို အမေကသာမချစ်တာ အဖေကျော်က အခုတစ်လောအရမ်းအလိုက်တယ်။
ကြာဖြူ့အတွက်မုန့်တွေဝယ်လာပေးသလို
ချောကလက်အပြားကြီးတစ်ပြားဝယ်လာပေးပြီး အမေမသိစေနဲ့ဆိုလို့ ကြာဖြူ့မှာဖွက်စားနေရတယ်။
အင်း..အဲလိုဆိုတော့လည်း အဖေကျော်ကသဘောကောင်းသားပဲ။
ကြာဖြူကို မနက်ခင်းတွေမှာ ပါးကိုလာနမ်းရင်းဟိုဖက်ဒီဖက်လုပ်တာ ကြာဖြူ့ကိုချစ်လို့နေမှာပါလို့ ညာဏ်မကောင်းတဲ့ကြာဖြူက အဖေကျော်ကိုအကောင်းဖက်ကပဲမြင်မိပါတယ်။
အဲဒီလိုနဲ့ ကြာဖြူကျောင်းပိတ်ရက်တွေမှာ အဖေကျော်က နေ့လည်နေ့ခင်းဆို ကွမ်းယာဆိုင်က ပြန်ပြန်လာတတ်တယ်။
ကြာဖြူ့အတွက်လည်းမုန့်တွေဝယ်လာတတ်တယ်။ညောင်းလို့နှိပ်ပေးအုန်းနင်းပေးအုန်းပြောရင် ကြာဖြူကကြည်ဖြူစွာလုပ်ပေးလိုက်တာပါပဲ။
အဖေကျော်က ကြာဖြူကိုချစ်သားပဲလေ။
ဖတစ်ဆိုးလေး ကြာဖြူ ကျော်ရဲအောင်ကို အဖေတစ်ယောက်လို ချစ်ခင်နေမိပါတယ်။

ဒါပေမယ့်..အဲဒါဟာမှားနေမှန်း ကြာဖြူသိလိုက်ရတဲ့တစ်နေ့
အမေက ကွမ်းယာဆိုင်ကိုမနက်စောစောသွားဖွင့်တတ်တယ်။ သူ့ကွမ်းယာဖောက်သည်တွေက စက်ရုံအလုပ်သမားတွေ၊စျေးသည်တွေများတာမို့အဖေကျော်ကိုတော့အိပ်ပါစေဆိုပြီးမနှိုးပဲထားခဲ့တော့ ကြာဖြူရဲ့အိမ်ရှေ့ခန်းနဲ့အဖေကျော်ကအခန်းထဲမှာ အိပ်မောကျရင်းကျန်ရစ်တတ်ခဲ့တယ်။
အိပ်မက်လိုလို ဖြစ်နေတဲ့ကြာဖြူရဲ့မနက်ခင်းတွေဟာ ဒီနေ့မှာတော့ အိပ်မက်မဟုတ်ဘူးဆိုတာ ကြာဖြူသိလိုက်ရပါတယ်။
မဟုတ်ဘူးလေ အဖေကျော်
အဖေဆိုတာ ကိုယ့်သမီးကို အဲသလိုလုပ်လို့မရဘူးလေ။
ကြာဖြူရဲ့သေးငယ်တဲ့ခွန်အားတွေဟာ အဖေကျော်ရဲ့ အားပြင်းမှုတွေကို မခုခံနိုင်ခဲ့တော့ပါဘူး။
ဘာလို့လဲ။
အဖေကျော်က ဘာလို့အဲသလိုလုပ်တာလဲ။
အမေသိရင်ကော ဘာဖြစ်မလဲ။
ညာဏ်မကောင်းတဲ့ကြာဖြူ ထိတ်လန့်တုန်လှုပ်မိနေပါတယ်။

အပိုင်း ( ၃ )

မီးရောင်ခပ်မှိန်မှိန်ပေမယ့်ရောင်စုံမီးကလေးတွေပိတ်ချည်ဖွင့်ချည်လုပ်ထားတဲ့ အခန်းတခုကဆီုဖာပေါ်မှာ ဦးရဲ့ပေါင်ပေါ်တက်ထိုင်ရင်း သူ့နှုတ်ခမ်းနားကို ဝိုင်ခွက်ကလေးတေ့ပေးလိုက်တယ်။
သူရဲ့အပွေ့အဖက်တွေကြားမှာ အလိုက်သင့်ကလေးပြန်ပြီး အနမ်းချွေပေးလိုက်တယ်။
ရီဝေဝေလေမူးနေကြတဲ့အပြင် သီချင်းသံရဲ့ ရင်ခုန်လှိုက်ဖိုချင်စရာ စည်းချက်တွေနဲ့အတူတူ စီးမျောနေမိတယ်။
အသက်ငါးဆယ်အရွယ် ဦးနဲ့ ဆယ့်ခြောက်နှစ်အရွယ်မိန်းမပျိုလေးတစ်ယောက်ဟာ တကယ်ကသားအဖအရွယ်ပေမယ့်
နုနုထွတ်ထွတ်ကလေးကိုမှ ကြိုက်တတ်ကြတဲ့ သူတွေကတော့ ဒီကာရာအိုကေခန်းမှာ ကြာဖြူကို dateချင်သူတွေကနေ့တိုင်းပြည့်နေခဲ့ပါတယ်။
သူတို့လိုချင်တာကို ကြာဖြူကလည်းစွဲသထက်စွဲစေအောင်ပြုတတ်လို့ အိတ်ကပ်ထဲက ငွေတွေတရွက်ပြီးတရွက်ဟာ ကြာဖြူအတွက်အပိုဆုကြေးတွေအဖြစ်ရောက်ရောက်လာခဲ့တာမို့ ဒီဆိုင်ကလည်း ကြာဖြူကို လက်မလွတ်နိုင်ဖြစ်နေရတဲ့ ရွှေကြာမလေးဖြစ်နေတော့တာပေါ့။
အဆောင်တစ်ခုမှာကြာဖြူလို မိန်းကလေးတွေအများကြီးကို နေစရာပေးထားတယ်။ စားစရာကလည်း ညဘက်ဖောက်သည်တွေကအလျှံပယ်ကျွေးတတ်သူများရှိနေတာကြောင့် သိပ်ပူစရာမလိုဘူး။တစ်ညလုံး အလုပ်လုပ်ရတာမို့ နေ့ခင်းဘက်က ကြာဖြူတို့အိပ်နေချိန်ကများတယ်။နိုးလာတော့မှ ဗိုက်ဆာရင် လမ်းထဲကလဘက်ရည်ဆိုင်ထိုင်ပြီး လဘက်ထမင်းလေး၊အာပူသုပ်လေးစားလိုက်ရင်ရသွားပြီ။
ကြာဖြူ တို့အတွက် အနာဂါတ်က ဆိုင်ကိုဖောက်သည် ဘောစိတွေမကြာမကြာလာနိုင်ဖို့ပဲ။
သူတို့ရှိရင် ကြာဖြူတို့ လက်ထဲငွေရွှင်တယ်။
ဝယ်ချင်တယဝယ်နိုင်တယ်။သုံးချင်တာသုံးနိုင်တာမို့ ကိုယ့်ဘက်ကလည်း တာဝန်ကျေပေးရတာပေါ့လေ။
ကြာဖြူအခုလိုမျိုးနေရတဲ့ဘဝကို ကျေနပ်လားမေးရင် ကျေနပ်ပါတယ်။
ကြာဖြူရဲ့ဘဝက ဘယ်သူ့ကိုမှအားကိုးလို့မရမယ့်အတူတူ
မြက်နုကြိုက်တတ်တာချင်းသူတူတောင်မှ ကြာဖြူလိုလေသေးမရှိသုံးနိုင်တဲ့ဒီလိုဘဝမျိုးရောက်ခဲ့ရတာ တော်သေးတယ်။
ကြာဖြူအဲဒီအကြောင်းတွေကိုပြန်မတွေးချင်ခဲ့ဘူး။
ငယ်ငယ်ကလေးတည်းအဖေဘယ်သူဆိုတာမသိခဲ့သလိုအမေကလည်းကြာဖြူ့ကိုမချစ်ခဲ့ဘူး။အဖွားကလည်းကျန်းမာရေးမကောင်းသူဆိုတော့ကြာဖြူဟာကလေးဘဝကတည်းကလက်တိုလက်တောင်းခိုင်းတာလုပ်ပေးပြီးနေလာခဲ့တာမို့အဖွားအချစ်ကိုလည်းကြာကြာမရလိုက်တဲ့ကြာဖြူဟာ
အမေကနင့်အဖေပဲလို့ပြောတဲ့အဖေကျာ်က ကြာဖြူ့ကိုဂရုစိုက်ပေးတာကို အချစ်ခံရတယ်ထင်ပြီး ဝမ်းသာနေခဲ့တာပါ။
ကြာဖြူ့ကိုအလိုလိုက်ခဲ့တဲ့အဖေကျော်ဟာ ကြာဖြူထင်သလိုမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အခါ
” နင့်အမေကို သွားမပြောနဲ့နော် ကြာဖြူ အဖေကျော်က ကြာဖြူ့အဖေမဟုတ်ဘူး
အမာညိုသိရင် ငါတို့ကိုသတ်မှာ”
ကြာဖြူဘာမှကို မစဥ်းစားတတ်တော့ဘူး။
အမေသိရင် ကြာဖြူကိုဆူမယ်ရိုက်မယ်ဆိုတာတကယ်လား။
အမေ့ကို မဝံမရဲနဲ့စကားစပြောကြည့်တော့
အဖေကျော်က သမီးကိုမနက်ခင်းတွေမှာလာနမ်းတယ်လို့ပြောတာကို ညီးကိုချစ်လို့ပေါ့အေဆို ကြာဖြူစကားအရေးလုပ်နားမထောင်ပဲထွက်သွားတယ်။
အဲဲဒီလိုနဲ့ ရက်တွေသာကြာလာတယ်။အမေကလည်းကိုယ်ဝန်ကြီးကတစ်ဖက်နဲ့မို့ အိမ်မှာထမင်းဟင်းကိုကြာဖြူပဲချက်ပေးနေရတယ်။ ကြာဖြူကိုစာဒီလောက်တတ်ရင်တော်ပြီပေါ့အေ။ငါလည်းဆိုင်တစ်ဖက်နဲ့အိမ်မှာစားဖို့ရှာနေရတာ ကျောင်းမတက်နဲ့တော့ဆိုတဲ့အမေ့ရဲ့အမိန့်အောက်မှာ ကြာဖြူဘာများပြောနိုင်အုန်းမှာလဲ။
ကိုယ်ကလဲဉာဏ်မကောင်းသူမို့ စာကျက်တိုင်းနားမလည်တာကများနေမယ့်အတူ ကျောင်းမနေတာပဲကောင်းပါတယ်။
အဲဒါက အဖေကျော်အတွက် အခွင့်အရေးတွေပိုရလာခဲ့စေတယ်။
နေ့လည်ဘက် ခဏနားချင်တယ်ဆို အိမ်ပြန်လာတတ်တဲ့ အဖေကျော်ဟာ ကြာဖြူကို သူ့ဖုန်းထဲကဗီဒီယိုကားတွေပြတယ်။ ပြီးရင် ကြာဖြူကို ဖုန်းထဲကမင်းသမီးလေးမဖြစ်ချင်ဘူးလာမေးပြီး ထုံးစံအတိုင်းပြုနေတဲ့အချိန်
” ဒါက ဘာလုပ်နေကြတာလဲဟင်”
အမေ့ရဲအသံအကြားမှာ အဖေကျော်ဟာ သူမဟုတ်တဲ့အတိုင်း အပြင်ကိုထွက်သွားတယ်။
“နင်တို့ ဒီလိုဖြစ်နေကြတာဘယ်လောက်တောင်ကြာနေပြီလဲကြာဖြူ ငါ့ကိုမှန်မှန်ပြောစမ်း”
မီးဝင်းဝင်းတောက်သလို ဒေါသဖြစ်နေတဲ့အမေ့ကို ကြာဖြူက ကျောင်းမထွက်ခင်ကတည်းကလို့ဖြေလိုက်တဲ့အခါ

” ဖြန်း”
ပူကနဲဖြစ်ပြီးနာကျင်သွားတဲ့အပြင်ကြာဖြူ့ကိုနားရင်းအုပ်လိုက်တဲ့အမေ့ကို ကြာဖြူကြောက်လန့်သွားမိတယ်။

“ငါ့ကိုအစောကတည်းက မပြောပဲ ညီးကပါ အလိုတူအလိုပါဖြစ်နေတာလား”
ကြာဖြူကိုစိတ်ရှိသလောက်ရိုက်အပြီးမယ်

“သွား ငါ့မျက်စေ့အောက်ကနေအခုထွက်သွားကြ”

ကြာဖြူ ကြောက်ကြောက်နဲ့ ပြေးထွက်လာမိတာ ဘယ်ကိုရောက်လို့ရောက်နေမှန်းတောင် မသိတော့အောင် ကြောင်တောင်တောင်ဖြစ်နေခဲ့တယ်။
ကြာဖြူ ဘယ်ကိုထွက်သွားရမှာလဲဟင်။

အပိုင်း ( ၄ )

ကြောက်ကြောက်နဲ့ထွက်လာမိခဲ့တဲ့ကြာဖြူ
အမေ့ကိုစိတ်နာတယ်။
ကြာဖြူစကားဆို ဘယ်တော့မှအရေးမလုပ်တတ်တဲ့အမေက အခုလည်း ကြာဖြူဘက်မှာမရှိပဲ သူယောင်္ကျားကိုပဲချစ်တယ်။
သမီးအမေနဲ့လည်းမနေချင်တော့ဘူး။
စိတ်ညစ်ညစ်နဲ့ ကြာဖြူလျှောက်မိလျှောက်ရာသွားနေတာ ရန်ကုန်ပုသိမ်လမ်းမကြီးပေါ်ရောက်နေမှန်း
သူ့ကိုယ်သူမသိသလို အချိန်ကလည်းတဖြည်းဖြည်းနဲ့မှောင်နေပြီ။
လမ်းလျှောက်ရလွန်းလို့လဲ မောပြီးရေကဆာနေပါတယ်။ လမ်းဘေးကကားမှတ်တိုင်တစ်ခုမှာဝင်ထိုင်ရင်းအမောဖြေလို့သူများကျန်ခဲ့ပုံရတဲ့ရေသန့်ပုလင်းအဟောင်းထဲကရေကို မော့သောက်လိုက်မှ နေသာသွားတယ်။
ဗိုက်ထဲကလည်းတကြုတ်ကြုတ်မြည်ပြီးဗိုက်ဆာလာတယ်။
ကားမှတ်တိုင်မှာဆင်းသူတက်သူတွေလည်း တဖြည်းဖြည်းနဲသွားခဲ့ပြီးညဥ့်နက်သထက်နက်လာခဲ့ပြီ။
ကြာဖူတစ်ယောက်တည်းကြောက်လာပါပြီ။
သေသွားတဲ့အဖွားကိုသတိရမိရင်းကြာဖြူငိုနေမိတယ်။ အဲဒီအချိန် ကားတစ်စီးရောက်လာခဲ့ပြီး လူတစ်ယောက်က
“သမီးဘယ်သွားမလို့လဲ ဒီအချိန်ကြီးလိုင်းကားတွေမရှိတော့ဘူး”
ကြာဖြူခေါင်းယမ်းပြလိုက်တယ်။သွားစရာနေရာမှမရှိတာ။အိမ်ကိုလဲ ဘယ်လမ်းကပြန်ရမှန်းမသိတော့ဘူး။ပြန်ရင်လဲ အမေကထပ်ရိုက်အုန်းမှာမို့ ကြာဖြူအိမ်လည်းမပြန်ချင်တော့ဘူး။
“ဦးလေးတို့နဲ့လိုက်မလား၊ သမီးထမင်းရောစားပြီးပီလား”
“ကားပေါ်တက်..သမီးကိုထမင်းလိုက်ကျွေးပြီးရင် သမီးသွားချင်တဲ့နေရာလိုက်ပို့ပေးမယ်”
” တကယ်လားဟင်.”
ကြာဖြူမေးတာကို ခေါင်းညိတ်အဖြေပေးပြီး ကြာဖြူကိုကားဆီခေါ်သွားခဲ့ပါတယ်။
ကားထဲမှာက လူနှစ်ယောက်ရှိနေတယ်။
ကားထဲဝင်အထိုင်မှာ သူတို့ဆီကအရက်နံရနေတာကြောင့် ကြာဖြူကြောက်သွားမိပြီး
” သမီး မလိုက်တော့ဘူး ဦးလေးကြီး ကားပေါ်ကပြန်ဆင်းချင်တယ်”
ထမင်းလိုက်ကျွေးမလို့လေ သမီးဗိုက်ဆာနေပြီမဟုတ်လားလို့ပြောပြီး
ကားကိုမောင်းထွက်သွားခဲ့တယ်။
အဲဒီနောက်တော့ ဆိုင်တစ်ဆိုင်ကထမင်းရယ် ၊ခေါက်ဆွဲကြော်ရယ်၊အချိုရည်ဆင်းဝယ်ပြီး အိမ်တစ်အိမ်ကိုခေါ်သွားတယ်။
” ကဲ..စား..သမီး ”
” ဦးတို့ကသမီးကိုသနားလို့ပါ”
ကြာဖြူလဲ စိတ်နဲနဲသက်သာလို့ ဗိုက်ဆာဆာနဲ့စားလိုက်တယ်။ အချိုရည်တစ်ပုလင်းလုံးကုန်အောင်သောက်ပြီးတော့ ဒီလိုသဘောကောင်းတဲ့လူမျိုးတွေလဲရှိသေးတာပဲဆို ကျေးဇူးတင်နေမိတယ်။
” သမီး ဦးတို့ကိုကျေးဇူးတင်ပါတယ်ရှင် စားပြီးပီဆိုတော့ သမီးရဲ့အတန်းပိုင်ဆရာမဆီလိုက်ပို့ပေးပါလားဟင်”
” ခဏနေရင် လိုက်ပို့ပေးမယ်နော် ၊သမီးဆရာမနေတဲ့အိမ်ကိုမှတ်မိလား၊ ခဏထိုင်စောင့်နော်”
ကြာဖြူထိုင်ခုံပေါ်မှာ လိုက်ပို့ပေးမယ်ပြောတဲ့ဦးလေးကိုစောင့်ရင်းနဲ့ ခေါင်းထဲမူးဝေလာတယ်။
အဲဒီနောက် ကြာဖြူဘာမှမသိတော့ပဲ အိပ်ပျော်သွားခဲ့ပါတော့တယ်။

********

အခန်းထဲမှာ နဖူးပေါ်လက်တင်ပြီးအတိတ်ကိုပြန်မတွေးချင်ပဲတွေးနေမိတဲ့ကြာဖြူပါးမှာ မျက်ရည်တွေစီးကျနေခဲ့တယ်။
ကျားကြောက်လို့ ရှင်ကြီးကိုးကာမှ ရှင်ကြီးကျားထက်ဆိုးဆိုတာလိုပဲ
ကြာဖြူသတိရလာတဲ့အချိန်မှာ ဘယ်ကိုရောက်နေခဲ့မှန်းမသိဘူး။
ကြာဖြူအားကိုးတကြီးသွားချင်တယ်ဆိုတဲ့အတန်းပိုင်ဆရာမအိမ်များရောက်နေပြီလားဆို အခန်းအပြင်ဖက်ထွက်ကြည့်မိတော့ အခန်းတွေများစွာဖွဲ့ထားတဲ့အိမ်တအိမ်ဖြစ်နေတယ်။
တကိုယ်လုံးလည်းနာကျင်ကိုက်ခဲနေတဲ့ကြာဖြူဟာ ကိုယ်တွေပူပြီးဖျားနေပါပြီ။
အခန်းကျယ်တစ်ခုကစကားပြောသံကြားလို့ကြည့်မိတော့ အမေ့ထက်ကြီးပုံရမယ့် အဒေါ်ကြီးတစ်ယောက်စကားပြောနေတယ်။
မိတ်ကပ်တွေနှုတ်ခမ်းနီတွေနဲ့ခေတ်မှီနေတဲ့အန်တီကြီးကို ကြာဖြူမေးလိုက်ပါတယ်။

“အန်တီ ..သမီး အခုဘယ်ကိုရောက်နေတာလဲဟင်၊ သမီးဆရာမအိမ်လား”
” ဘယ်ကဆရာမလဲ နင်ကို့ငါတို့ဝယ်ထားလိုက်ပီ”
ကြာဖြူ ဘာမှနားမလည်တော့ဘူး။ဝယ်ထားရအောင် ကြာဖြူကိုဘယ်သူက ရောင်းသွားတာလဲ။
ကြာဖြူကညာဏ်မကောင်းပါဘူးဆိုကာမှဒီအန်တီကြီးကဘာတွေပြောနေမှန်းမသိဘူး။
” သမီးကို ထမင်းကျွေးတဲ့ဦးလေးတွေကဆရာမအိမ်ကိုလိုက်ပို့မယ်ပြောထားလို့ပါ၊အဲဒီဦးလေးကဘယ်မှာလဲဟင်”
” ဒီမယ် စကားကြောရှည်မနေနဲ့ အဲဒီကောင်တွေက ညီးကိုလာရောင်းသွားတာပဲ၊အခုဒီမှာငါခိုင်းတာသာလုပ်ပေး၊အခုတော့ အခန်းပြန်ပြီးနားလိုက်အုန်း နင့်ကိုအားမွေးထားရအုန်းမှာ”
ဖျားချင်နေတဲ့ကြာဖြူလဲ ဘာမှထပ်မမေးတော့ပေမဲ့ နဲနဲရိပ်မိသလိုဖြစ်သွားပါပြီ။
မထူးတော့ပါဘူးလေ။
အမေနဲ့အတူနေရလည်းဒီဘဝပါပဲဆိုပြီးအခန်းထဲပြန်ဝင်အိပ်လိုက်ပါတော့တယ်။
ကြာဖြူကို အဆောင်မှာလက်တိုလက်တောင်းခိုင်းပြီး အတွေ့အကြုံအသစ်တွေကို လက်သပ်မွေးသင်ပေးထားခဲ့တဲ့အန်တီကြီးဟာ ကြာဖြူကို အခုမှာတောကရောက်လာတဲ့ အပျိုစင်နုနုထွတ်ထွတ်ကလေးအဖြစ် ကြော်ငြာဝင်ပြီးချိန်ကတည်းက ကြာဖြူမှာနားရက်မရှိတော့ပါဘူး။
ဒီလို ဘဝမျိုးကို ရောက်လာခဲ့ရတာ ဘယ်သူကြောင့်လဲ။

***********

ကြာဖြူ အသက်တောင်ဆယ့်ရှစ်နှစ်ပြည့်ခဲ့ပါပြီ။
လူကသာ ငယ်ပေမယ့် လောကဓံရဲ့အထုအထောင်းခံရတဲ့ အတွေ့အကြုံက အသက်နဲ့မလိုက်ခဲ့ပါဘူး။
ကြာဖြူ လက်ထဲငွေကလေးကြေးကလေးရှိလာတော့ အမေ့ကို သတိတရ ဖြစ်မိပါတယ်။
အမေသာ ကြာဖြူ့ကိုချစ်ခဲ့မယ်ဆိုရင် ကြာဖြူအခုလိုဘဝမျိုးရောက်ခဲ့မှာမဟုတ်ဘူးလို့ နာနာကျည်းကျည်းတွေးသတိရမိတာ။
လှိုင်သာယာဘက်ရောက်တုန်း အမေ့သတင်းစုံစမ်းကြည့်တော့ လောင်းကစားမှုနဲ့နှစ်ယောက်လုံးထောင်ကျသွားခဲ့တယ်တဲ့။ အပိုအဖြစ်ကိုယ်ဝန်ကြီးတောင်ပါသွားခဲ့ပြီး ဒီရပ်ကွက်ထဲမှာ အမာညိုဆိုသူရဲ့သတင်းကပျောက်လုနီးနီးပါ။
အမေနဲ့ကြာဖြူရဲ့သားအမိတော်စပ်မှုကဒီမှာတင်ပြီးသွားခဲ့ပြီပေါ့။
ကြာဖြူအခုလုပ်နေတဲ့ကာရာအိုကေနဲ့စားသောက်ဆိုင်ကနာမည်ကြီးတာမို့ ကြာဖြူဟာ အရွယ်ကလေးနဲ့အတူ ပိုလှလာခဲ့သလို ကြာဖြူ့ရင်ထဲအချစ်ဆိုတာလဲပေါ်လာခဲ့ပါတယ်။
သူကတော့ ကြာဖြူနဲ့တဆိုင်တည်းစားသောက်ဆိုင်ကလက်ထောက်အကူ အကြော်ဆရာလေးပါ။
ကြာဖြူ့ဘဝကိုအကုန်လုံးသူသိထားခဲ့ပေမဲ့ ကြာဖြူကို သူကချစ်ပါသတဲ့။ တစ်ဘဝလုံးကိုလက်တွဲချင်တယ်လို့သူကပြောပါတယ်။
ဒါပေမဲ့တစ်ခုပဲတောင်းဆိုတာက သူနဲလက်ထပ်ပြီးရင်ကြာဖြူဒီအလုပ်မလုပ်ရတော့ပဲ သူရဲ့အိမ်ရှင်မအဖြစ်နဲ့ပဲနေပေးရမယ်လို့ဆိုပါတယ်။
သူနဲ့ယူမယ်ဆိုရင်လူမချမ်းသာပေမယ့် စိတ်ချမ်းသာစေရမယ့်မိသားစုတစ်ခုဖြစ်စေရမယ်လို့ပြောပါတယ်။
မိသားစု
ကြာဖြူ့မှာမိသားစုဆိုတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့ အခွင့်အရေးပေးလာတဲ့သူ့စကားကို ကြာဖြူခေါင်းညိမ့်လို့ ကျေကျေနပ်နပ် အဖြေပေးလိုက်ခဲ့ပါတယ်။
ကြာဖြူ ဒီဘဝကနေ ရုန်းထွက်ပြီး သူနဲ့အတူ လက်တွဲမယ်။ ကြာဖြူအတွက် မိသားစုတစ်ခုပိုင်ဆိုင်လာခဲ့ရင် ကြာဖြူ့သားသမီးတွေကို အများကြီးချစ်ပေးမယ်။အကောင်းဆုံးပြုစုပေးမယ်။
တစ်ခုပဲ ကြာဖြူသူ့ကိုမေးလိုက်ပါတယ်။
“ကြာဖြူ့ကို တကယ်တာဝန်ယူပြီးတသက်လုံးဖခင်ဆိုတဲ့နေရာကိုယူနိုင်တယ်ဆို ကြာဖြူလက်ထပ်ပါမယ်လို့”
ကို တကယ်ကတိပေးပါတယ်ကြာဖြူတဲ့။

မြမြဦးခင်

သားသမီးတိုင်းမိဘကောင်းများပိုင်ဆိုင်နိုင်ကြပါစေ။