ကြောက်စရာစုန်းပညာရပ်များ

*ကြောက်စရာစုန်းပညာရပ်များ *📖📖📖

***********************************

စုန်းဆိုတာက သူတစ်ပါးကိုဒုက္ခပေးတဲ့ပညာရပ်တစ်ခုပါ။ စုန်းပညာဆိုတာအဆင့်အမျိုးမျိုးရှိပါတယ်။ ဒီထဲကနေ သိသလောက်ပြောပြပါ့မယ် ။ ပထမအဆင့် ကတော့ မစင်စားတဲ့စုန်ပါပဲ ။ မစင်စားတဲ့စုန်းဟာ သူ့ကိုယ်အစွမ်းတွေကို လပြည့်ည မှာမစင်စားပြီး ယူလေ့ရှိပါတယ်။ နောက်တစ်မျိုးကတော့ ရွာသူ လို့ခေါ်ပါတယ် သူကတော့ အစားအစာ ထဲမှာအပင်းသွင်းတဲ့အဆင့်ပါ။
သို့ဖြစ်၍ ဇော်ကနီ ဇော်ကနက် မောက်လုံး မောက်ပြား ကဝေ ဝမ်းတွင်းစုန်း တိမ်ညွှန့်စားသေးကဝေ ဆယ့်နှစ်ကြိုး ဟူ၍ အမျိုးအစား များပြားစွာရှိပါတယ်။
ကျွန်တော်လေ့လာဖူးသော ၁၂ကြိုးကဝေအကြောင်းပြောပြပါ့မယ် သူကတော့လူတစ်ယောက်ကိုကြည့်မရဘူးဆိုတာနဲ့ ပါးစပ်နဲ့ ပြောလိုက်တာနဲ့ ပြောခံရတဲ့သူက ပြောတဲ့အတိုင်းဖြစ်ရင်ဖြစ် မဖြစ်ရင်ဒုက္ခ တစ်ခုခုရောက်တယ်ဗျာ့။ တော်ရုံတန်ရုံဆရာ အနေဖြင့် ထို ၁၂ကြိုးကဝေအားယှဉ်နိုင်မည်မဟုတ်ပါ။ ဒုတိယအနေဖြင့် (ဘူးသွင်းခြင်းခေါ် စုန်းပညာအမွေပေးခြင်း)အကြောင်းပြောပြပါ့မယ် ။ မိခင်ဖြစ်သူ စုန်းဟာ သူမဧ။် စုန်းပညာအစွမ်းဟာ အဆင့်တက်၍မရတော့လျှင် မိမိမျိုးဆက်အား ပညာအမွေပေးရသည် ။ အမွေပေးရာတွင် မိခင်စုန်းက သူဧ။်ပညာအစီအရင် ဖြင် ဘူးပင်စိုက်ပါသည်။ ဘူးပင်စိုက်ရာတွင် သချိုင်္င်းမှ မြေယူ၍ ပညာအမွေပေးမည့် စုန်းပညာသည်ဧ။် ညာဖက်လက်ညိုးမှလက်သည်းခွံ နောက်စေ့တည့်တည့်မှပေါက်သောဆံပင်အနည်းငယ်ယူ၍ ဘူးစေ့နှင့်အတူ မြေထဲသို့စိုက်ရသည် ခုနှစ်ရက်မြောက်နေ့မှာ အဲ့ဒီဘူးပင်စိုက်တဲ့မြေနေရာကို တံစက်ပြန် ရေနှင့်လောင်းရသည်။(တံစက်ပြန်ရေဆိုသည်မှာ အိမ်ခေါင်မိုးတံစက်မြိတ်အောက် မတ်တပ်ရပ်ပြီး ရေကိုနောက်ပြန်ပတ်လိုက်သော အခါပြန်လည်ကျလာ သောရေကို ခေါ်ဆိုသည်။ ထိုတံစက်မြိတ်ရေသည် စုန်းပညာအဆင့်တိုးလိုသောအခါ စုန်းပညာစီရင်သောအခါ၌လွန်စွာ အသုံးဝင်ပါသည်။)ထိုသို့ပျိုးထောင်ထားသော ဘူးပင်၏ ပထမဆုံးအသီး အား လကွယ်ည တွင်နက္ခတ် အချိန်ကြည့်ပြီးလျှင် ဘူးသီးအားတစ်ခြမ်းလှီး၍ စုန်းပညာ အမွေဆက်ခံမည့် လူဦးရေအလိုက် ခွဲခြမ်းပြီး သချိုင်္ရှိရာသို့ မျက်နှာမူ၍ အမွှေးတိုင်အား မွေဆက်ခံမည့် လူဦးရေအတိုင်းထွန်းပြီး လင်ဗန်းဖြင့်ချထားရပါမည်
အမွေပေးမည့် စုန်းပညာသည်က ယောက်ျာ းဆိုလျှင် ဆံပင်ကိုမဖြီးမသင် နှင့် မိန်းမဆိုလျှင် ဆံပင်ကို ဖားလျားချ ပြီး ငှက်ကြီးတောင်ဓားဖြင့် သူ၏ လက်ဖျံသွေးကိုဖောက်ပြီး ဘူးသီးစိတ်ကို ပက်ဖြန်းရသည်။ ထို့နောက် အမွေပေးမည့်သူများအား ခေါ်၍ မိမိနှစ်သက်ရာ ဘူးသီးစိတ်အား စားခိုင်းရသည်။ ဤသို့ပြုလုပ်ပြီး လျှင် စုန်းအမွေခံထိုက်သော သားသမီး ထံသို့ စုန်းခြေခံ ပညာ ရောက်ရှိသွားသည် ။ ထိုသို့ရောက်ရှိသွားကြောင်းကို အမွေပေးသူ မိခင် သို့ ဖခင် က ၇ ရက်ကြာမှသိရှိရသည်။
အကယ်၍ ပညာအမွေပေးသူ စုန်းပညာသည်ဟာ ၁၂ ကြိုး တိမ်တောက်စားစုန်းကဝေ ဖြစ်လျှင် အမွေရမရ ၃ရက်အတွင်း သိရှိသည်။ မောက်လုံး အဆင်ဆိုလျှင် ချက်ခြင်းသိရှိသည်။ မောက်ပြား နှင့် ဇော်ဂနီအဆင့် သည် ဘူးသွင်းသောနေရာ ၌ပင် ချက်ချင်းသိရှိသည်။ ဤသို့ဖြင့် ကျွန်ုသိရှိသော စုန်းပညာအမွေပေးခြင်း ခေါ် ဘူးသွင်းခြင်းပြီးဆုံးပါပြီ။ စုန်းပညာသင်ယူခြင်း စုန်းပညာသင်ယူခြင်းသည် အဝိစိငရဲတွင်ကျခံနိုင်ကြောင်း အာမခံပြုလုပ်ခြင်းဖြစ်ပါသည်။ စုန်ပညာသင်ယူလိုသူသည် စုန်းရှိသောနေရာတွင် အနောက်ထောင့်ဖက်မှနေ၍ နနွင်နယ်ထားသော ဇလုံထဲတွင် ကြွက်မှီးမပါသော အုန်းသီးထည့် ဝါးဖြင်လုပ်ထားသော စက္ကူတံခွန်တိုင် လေးချောင်း ထိုး၍ခေါင်းပေါ်ရွက်သွားရသည်။ စုန်းပညာသင်ယူလိုသူဟာ စုန်းရှိသောအိမ်ရဲ့အနောက်ထောင့် ဖက်မှအိမ်ရှေ့သို ရပ်လိုက်လျှင် စုန်းပညာသည်ဟာ သူ့၏စုန်းပညာအမွေခံ အဖြစ်လက်ခံသည်။ ထို့နောက် စုန်းပညာသင်ပေးရသည်။
ဤသို့ပြုလုပ်ခြင်းသည် ရှေးမြန်မာစုန်းပညာ၏ စည်းကမ်းဖြစ်သည်။ ထိုစည်းကမ်း၏အဓိပ္ပါယ်မှာ လပြည့်ညသည် စုန်းပညာရှင်များ၏ ပညာအဆင်တတ်သောနေ့ စုန်းတောက်စားသောနေ့ဖြစ်၍ နနွင်း နယ်ထားသောဆန်နှင့်ကြွက်မှီးမပါသော အုန်းသီးကိုသယ်လာသူက စုန်းရဲ့ပညာခန်းကို တက်အောင်ကူညီမယ် ဟူ၍သဘောရကာ စုန်းပညာသည်သည် ထိုယူလာသူအား ကျေးဇူးဆပ်သေးအနေဖြင့် စုန်းပညာအား သင်ပေးရသည်ဟု အဓပ္ပါယ်ရပါသည်။ ထိုသို့ပညာသင်သူသည် ပထမအနေဖြင့် အလွန်အင့်နိမ့်သော အလုပ်ကို လကွယ်ညတွင် ပြုလုပ်ရသည်။သင်ယူသူသည် အဘယ်အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်သင်ယူရပါမယ် ချိုးဖောက်ခွင်မရှိပါ။ အစမှအဆုံးတိုင် သင်ယူရသည် ။အကယ်၍စည်းဖောက်ပြီး ဆက်လက်မသင်ယူပါက ဇော်ကနက်မယ်တော်၏ အစေအပါးကဝေများ ကဝိညာဉ် နုတ်ပစ်ကြသည်။ ထို့ကြောင့် ထိုပညာသည် အလွန်ပင်ကြောက်စရာ ကောင်းလှပါသည်။
စုန်းပညာသင်ယူသောအတွေ့အကြုံ ပထမအနေဖြင့် ပညာသင်ပေးသောစုန်းသည် ရေတစ်ခွက်ယူကာခေါင်းပေါတင်၍ မန်းမုတ်ပြီး ပညာသင်ယူသော သူအားရေခွက်ပေး၍ တံစက်မြိတ်ပေါသိုပက်ခိုင်းပြီး ပြန်ကျလာသောရေအား သောက်ခိုင်းသည်။ ထိုသို့ပြု့လုပ်ခြင်းသည် စုန်းပညာ၏အခြေခံ တံစက်ပြန်ရေသွင်းခြင် ဖြစ်သည်။ ဒုတိယအဆင့်သည် ဇော်ကနက် မျက်ကွင်းခြင်းဖြစ်သည်။
ထို့နောက် ဇော်ကနက်မယ်တော်ရှေ့တွင် ဒူးထောက်ခိုင်းကာ ပညာသင်ပေးသူက တံခွန်တိုင်များပူဇော်ပြီး ဇော်ကနက်မယ်တော် ခါးမှထမိန်စကိုဖြဲ ကာမျက်စိတွင်စည်းသည်။ ဤသို့ဖြင့် ကျွန်ုပ် လေ့လာသော စုန်းပညာကား အကုန်ဖြစ်ပါ