Unicode Version
“ခြေလိမ်မ”(စ/ဆုံး)
————————
ကရင်ပြည်နယ်မှာ မြို့နှစ်မြို့သည် တစ်မြို့မှ ယခုအခါ ပြည်မြို့အဖြစ်
လူသိများသောဖားအံမြို့ဖြစ်ပြီးကျန်တစ်မြို့မှာဘီလင်းမြို့မှလမ်းဖောက်ထား သောဖာပွန်မြို့ဖြစ်သည်။ ဖာပွန်မြို့မှာ တောင်ပေါ်မြို့မေမြို့လိုဖြစ်၍အင်္ဂလိပ် လက်ထက်က ရုံးစိုက်ရာမြို့ ဖြစ်သည်။ နောက်ပိုင်းကျမှသာ ဖားအံမြို့ကို သထုံမြို့မှ လမ်းဖောက်လိုက်ပြီး မြိုင်ကလေးမှာ စက်များတည်ကာ သောင်း ရင်းမြစ်ကိုလည်း တံတားဆောက်ပေးလိုက်သဖြင့် ဖားအံမြို့မှာ လမ်းပန်း ကောင်း၍စည်ကားလာသည်။ကရင်ပြည်နယ်မြို့တော်လည်းဖြစ်လာသည်။ ဖားအံမှ တစ်ဆင့် ထိုင်းနိုင်ငံအထိသွားနိုင်သည်ဟု ဆိုပါသည်။ သို့သော်- ကျွန်တော် ယခု တင်ပြလိုသည်က ဖာပွန်မြို့နှင့် ဘီးလင်းမြို့ကြားမှာရှိသော ဆံတော်တောင်အကြောင်းနှင့် နတ်ကြီးရွာ လမ်းဘေးမှာရှိသော နတ်ကြီး အကြောင်းများကို တင်ပြမည် ဖြစ်သည်။ ထိုသို့ဂမ္ဘီရဆန်သော အဖြစ် အပျက်များကို တင်ပြနိုင်ခြင်းမှာ ကျွန်တော်သည် ငယ်စဉ်က ဘီးလင်း မြို့နယ်မှာမွေး၍ထိုရွာများကိုရောက်ဖူး၍တင်ပြနိုင်ခြင်းဖြစ်သည်။
ကျွန်တော်သည်လွန်ခဲ့သောနှစ်ခြောက်ဆယ်ကျော်လောက်ကကရင်
ပြည်နယ်ဆံတော်ရွာနှင့်ဆံတော်တောင်ပေါ်ရှိ ဆံတော်စေတီကို ဖူးမြော်ဖူး ပါသည်။ ထို့ပြင် ဆံတော်ရွာအနီးမှာ မြန်မာများနေသော ရင်းအုံရွာမှာ (၂)နှစ်ခန့် ပညာသင်ခဲ့ဖူး၍ ဆံတောင်တောင်မှ ခြေလိမ်မကြီးအကြောင်း နှင့် နတ်ကြီးရွာမှ နတ်ကြီးအကြောင်းများ သိရ ကြားရခြင်း ဖြစ်သည်။ ဆံတော်တောင်မှာ ထိုနယ်တစ်ဝိုက်မှာ တောင်မြင့်ကြီးတစ်တောင်ဖြစ်ပြီး သစ်ကြီးဝါးကြီးများပေါက်သောတောင်ဖြစ်သည်။ရှေးအခါကတောင်ပေါ်မှာ မည်သူမှ မအိပ်ရဲ မိုးချုပ်သည်နှင့် မည်သူမှတောင်ပေါ်ကို မတက်ရဲကြပါ။ သို့သော်လည်း နေ့ခင်းဘက်တွေမှာ အနီးအနားရှိရွာများမှ လူများ ထင်း တက်ခုတ်သည်။ အင်ဖက်များ ကောက်ကြသည်။ ထိုအချိန်ထိုရွာတွေမှာ အင်ဖက်ကို အိမ်မိုးကြသည်။ အကာလည်း လုပ်သည်။ ပုတက်စာပင်များ နုတ်ကြသည်။ သားကောင်များပေါ်၍ အမဲလည်း လိုက်ကြသည်။ တစ်ခု ထူးခြားသည်မှာပုတက်စာမှာဆံတောင်တောင်မှာသာများများပေါက်သည် ပုတက်စာပေါ်ချိန်ဆိုလျှင် လှည်းနှင့်တိုက်၍ ဘီးလင်းမြို့မှာ သွားရောင်းကြ သည်။ ဆံတော်တောင်မှာနောက်တစ်ခုထူးခြားသည်ကခြေလိမ်မကြီးဖြစ် သည်။ ခြေလိမ်မကြီးမှာ တောင်ကို စောင့်ရှောက်နေသော ဆင်မကြီးကို ခေါ်ခြင်းဖြစ်သည်။ခြေလိမ်မဟုခေါ်ကြခြင်းဖြစ်သည်။ ခြေလိမ်မမှာခြေတစ် ဖက်လိမ်နေသော်လည်း လူတွေနောက်ကို လိုက်ရာမှာ မြန်လွန်း၍ မလွတ် ပါ။ လိုက်၍မိသွားလျှင်လည်း နင်းသတ်သည်ဟု ဆိုပါသည်။ ခြေလိမ်မကို
တောင်စောင့်ကြီးဟုယုံကြည်ကြပြီးကြောက်ကြသည်။
ဆံတော်တောင်မှာ မုဆိုးအဖွဲ့သုံးလေးဖွဲ့ရှိသည်။ ထိုမုဆိုးအဖွဲ့များ ထည်းမှလားဆိုသောကရင်အမျိုးသားမုဆိုးမှာတောလိုက်ရာမှာအလွန်
ရက်စက်သည်။ တခြားမုဆိုးများက သားကောင်ကြီးများကိုသာ ပစ်ခတ် သော်လည်း လဗြားကတွေ့သည့် သတ္တဝါအကြီးအငယ် အကုန်သတ်သည် အမဲလိုက်ရာမှာလည်း ဇွဲကောင်းသည်။ တခြားမုဆိုးများက ခြေလိမ်မကို
ကြောက်၍နေဝင်သည်နှင့်တောင်ပေါ်က ဆင်းကြသည်။ လဗြားကတောင် ပေါ်မှာမှောင်၍ ဘာကောင်မှ မမြင်ရမှ တောင်ပေါ်မှ ဆင်းသည်။ သည်လို နှင့် တစ်နေ့မှာ လဗြားက ဇီးရှိနေသော သမင်မတစ်ကောင်ကို ပစ်လိုက်ရာ သမင်မကြီးမှာမပြေးသော်လည်းအားခဲ၍ပြေးနေပါသည်။ လဗြားကလည်း နောက်ကလိုက်နေရာနေဝင်၍မှောင်သွားပါသည်။
သို့သော်-လဗြားကဇွဲ
မလျှော့ဘဲလိုက်နေသည်။ ထိုအချိန်မှာ ဆင်အော်သံကြားရ၍လဗြား ဆက် မလိုက်ရဲတော့ဘဲ လှည့်ပြန်ခဲ့ပါသည်။ ထိုအချိန်မှာ မိမိနေ့စဉ် သွားနေကျ လမ်းမှာလမ်းမှားသွားပြီးချောက်ကြီးတစ်ခုနားရောက်သွားသည်။ ထိုချောက်
နားမှ ဆက်ပြီး တောတိုးပြီးတက်ခဲ့ရာမှ တောင်ပေါ်တက်ရာ လမ်းမကြီးပေါ် ကိုရောက်လာသည်။
လမ်းမကြီးပေါ်ရောက်၍ဝမ်းသာနေချိန်မှာပင် နောက်မှခြေလိမ်မကြီး အော်သံနှင့်အတူ တောင်အောက်ကို ဆင်းလာမှန်း သိရသည်။ ထိုအခါ လဗြားမှာကြောက်ကြောက်နှင့် သစ်ပင်ကြီးတစ်ပင်ပေါ်ကိုပြေးတက်လိုက် သည်။ မကြာမီအချိန်မှာပင် ခြေလိမ်မကြီးမှာ မိမိတက်နေသော သစ်ပင် ရှေ့ကိုရောက်လာပြီး သစ်ပင်အောက်မှာရပ်နေသည်။ထို့နောက်-အောက် ဘက်ကို ဆင်းသွားသည်။ ခြေလိမ်မကြီး ဆင်းသွားသော်လည်း လဗြားမှာ သစ်ပင်ကြီးပေါ်မှ မဆင်းရဲ၍ သစ်ကိုင်းတစ်ကိုင်းကိုဖက်၍ အခြေအနေကို ကြည့်နေသည်။ ထိုအချိန်မှာပင်မိုးချုပ်သွား၍လဗြားအောက်မဆင်းရဲတော့ ပါ။လဗျားသစ်ပင်ပေါ်မှာတက်နေ၍တစ်နာရီခန့်ကြာသော်အခါအမဲကောင်
များဖြစ်ကျသောချေများ၊ ဆတ်များနှင့်တောဝက်များမှာသစ်ပင်ကြီးအောက် မှာ ရောက်နေကျသည်။ အထူးသဖြင့် နေ့လယ်က မြားမှန်သွားသော ချေမကြီးကလည်းသစ်ပင်အောက်မှာရောက်နေသည်။ထို့နောက်မကြာမီ
မှာပင်ခြေလိမ်မကြီးအသံပေး၍ဆင်းလာသည်။ သည်တစ်ကြိမ်ခြေလိမ်မ ကြီး ဆင်းလာသည်မှာ တစ်ကောင်းတည်းမဟုတ်ဘဲ မိမိကျောကုန်းပေါ်မှာ မည်းမည်းကောင်ကြီးကစီးလာသည်။ မည်းမည်းကောင်ကြီးမှာ သစ်ပင်နား ရောက်သောအခါ အပေါ်ဘက်ကိုကြည့်၍ လက်ညှိုးထိုးပြသည်။ ထိုအချိန် မှာ ခြေလိမ်မကြီးက စူးစူးဝါးဝါးအော်၍ သစ်ပင်ကိုခေါင်းနှင့်ပြေးတိုက်သည်။ သစ်ပင်ကြီးမှာခါနေ၍လဗြားမှာကြောက်လွန်း၍သစ်ကိုင်းကြီးကိုဖက်ထား သည်။ နှစ်ကြိမ်၊ သုံးကြိမ်တိုက်၍လဗြားလိမ့်မကျသောအခါ ခြေလိမ်မကြီး ထွက်သွားရာမည်းမည်းကောင်ကြီးလည်းပါသွားသည်။ သည်လိုနှင့်လဗြား မှာ မိုးလင်းမှသာအပင်ပေါ်မှ ဆင်းပြီး အိမ်ပြန်ခဲ့ပါသည်။ နောက်ပိုင်းမှာ ကြောက်သွား၍ မုဆိုးအလုပ် မလုပ်တော့ပါ။ တောင်ပေါ်ကိုလည်း မတက် တော့ပါ။
ခြေလိမ်မမှာမိုးချုပ်မှသာတောထဲမှထွက်လာပြီးတောင်ကိုပတ်သည်။
နေ့လယ်ဘက်မှာ တစ်ခါတစ်ရံ တောင်ပေါ်တက်သူများနှင့် မုဆိုးများနှင့် ဆုံမိသော်လည်းအန္တရာယ်မပြုဘဲတောထဲဝင်သွားပါသည်။တစ်ခါကလည်း
သစ်ခုတ်သမားတစ်ယောက်မှာ မိမိအဖော်တစ်ယောက်နှင့်အတူ တောထဲ ကသစ်ပင်များကိုမခုတ်ဘဲရွာနှင့်နီးနီး ဘုရားလမ်းအထက်နားမှ သစ်ပင်ကြီး တစ်ပင်ကို ခုတ်လှဲလိုက်ရာ သစ်ပင်လဲသံ ကြားသောအခါ ခြေလိမ်မ တော ထဲမှထွက်လာပြီး သစ်ပင်လှဲသူ (၂)ယောက်စလုံးကိုနင်းသတ်လိုက်သည်။
ထိုအချိန်မှစပြီးရွာမှလူများကခြေလိမ်မကြီးမှာတောင်စောင့်ဖြစ်သည်ဟူ၍
ကြောက်နေကြပါသည်။ ခြေလိမ်မကြီးမှာဆံတော်တောင်မှာ(၁ဝ)နှစ်ကျော် ကျော်စောင့်ရှောက်နေပြီး ပျောက်သွားသည်။ ဆံတော်တောင်မှာ ဆံတော် စေတီအပြင် တောင်ခြေရင်းမှာအလောင်းတော်ကဿပကျောက်ရုပ်ထုမှာ ဆုတောင်းပြည့်သည်ဟူ၍ ယုံကြည်နေကြသည်။ ဆံတော်တောင်ကို ဘီးလင်းမှနေ၍ဖာပွန်သွားသည့်ကားလမ်းအတိုင်းသွားလျှင်ရောက်ပါသည်။
အထူးသဖြင့်ထိုနယ်တစ်ဝိုက်မှာနေသူများမှာ သင်္ကြန်ရက်များမှာသွားကြ၍ ဆံတော်တောင်မှာ လူစည်ကားသည်။
နောက်တစ်ခု ဂမ္ဘီရဆန်သည်က နတ်ကြီးရွာမှ “နတ်ကြီး”တစ်ပါး ဖြစ်သည်။ ထိုနတ်ကြီးမှာတန်ခိုးကြီးသောကြောင့်အင်္ဂလိပ်များအုပ်ချုပ်စဉ် အခါကပင် ထိုနတ်ကြီးကို အစွဲပြု၍ ထိုအနားမှရွာကို နတ်ကြီးရွာဟုခေါ်ကြ သည်။ရှေးအခါကကားလမ်းဘေးနားမှာနတ်စင်ကြီးနှင့်နတ်ရုပ်သာရှိသော် လည်းနတ်စင်အနောက်ဘက်မှာကားလမ်းဘေးနားမှာနတ်စင်ကြီးနှင့်နတ်
ရုပ်သာရှိသော်လည်းနတ်စင်အနောက်ဘက်မှာတောရှိသည်။ထိုတောမှာ
ကျယ်၍ တောထဲမှာ ကြက်များ၊ ဆိတ်များ၊ နွားများနှင့် တခြားတောငှက် မျိုးစုံရှိသည်။
ကြက်နှင့် ဆိတ်များနွားများမှာ ခရီးသွားများက နတ်ကြီးကို ပသသည့် အနေနှင့် လွှတ်သွားကြခြင်း ဖြစ်သည်။ ထိုအချိန်က ရွာတွေမှာ နေထိုင်သူ များနှင့်ခရီးသွားများနှင့်ကုန်သည်များမှာ မိမိတို့ခရီးသွားရာမှာ အဆင်ပြေ
စေရန် နတ်စင်ရှေ့ရောက်သည်နှင့် မိမိတို့မှာ ပါလာသော စားစရာများကို တင်မြှောက်ပသကြပြီးမှသာ ခရီးဆက်ကြသည်။ ခရီးသွားများတင်မြှောက် သွားကြသောပစ္စည်းများမှာကောက်ညှင်းပေါင်းများ၊ ကောက်ညှင်းထုပ်များ၊ ကြံသကာများစသည့် စားစရာများနှင့်ဆေးလိပ်၊ ကွမ်းယာ၊ ငှက်ပျောသီး၊ အုန်းသီးများမှာ နတ်စင်အပြည့် ရှိနေသည်။ သတ္တဝါများကို တင်သူများက နတ်ကြီးကို ဆုတောင်း၍နတ်စင်အနောက်ဘက်မှ တောထဲကို လွှတ်ခဲ့ကြ သည်။ နတ်စင်ကြီးမှာ (၅)ပေလောက်ရှိသည်။ ရွာသားများမှာ အယူအဆ ရှိကြသည်ကနတ်ကြီးကို ကန်တော့သွားပါက လမ်းခရီးမှာ အန္တရာယ်ကင်း သည်ဟု ယုံကြည်ကြသည်။ ထိုနတ်ကြီးသတင်းမှာ ထိုနယ်တစ်နယ်လုံး ယုံကြည်ကျသည်သာမကဘဲ တစ်မြို့တစ်ရွာမှ ခရီးသွားများကလည်း ပြောသံကြားသောစကားများအရနတ်စင်ရှေ့ရောက်လာကြသည်နှင့် ပါလာ သောပစ္စည်းများနှင့် တင်မြှောက်ပသကြသည်။
နတ်ကြီးမှာလူတွေကိုမ,စသည့်အပြင်နွားကျောင်းသားလူငယ်ကလေး
များကိုလည်း ချစ်သည်ဟုဆိုပါသည်။မိမိနတ်စင်ပေါ်မှာရှိနေသောစားစရာ များကို နွားကျောင်းသားများက ယူစားလျှင် မည်သို့မျှ မလုပ်သော်လည်း နတ်စင်အနောက်ဘက်မှာရှိသောကြက်များကိုဖမ်းပါကမြွေဟောက်များနှင့်
ငန်းမြွေများကလိုက်ကိုက်သည်ဟုဆိုပါသည်။ နတ်စင်အနောက်မှာမြွေများ ကို နတ်ကြီးက မွေးထားသည်ဟုဆိုပါသည်။ တစ်ခါက ရွာတစ်ရွာမှ အရက် သမားနှစ်ယောက်မှာ နတ်ကြီးတောထဲရှိ နွားကိုဖမ်းပြီး အမဲပေါ်ရောင်းရန် ကြံစည်၍နှစ်ယောက်သား အရက်မူးအောင်သောက်ပြီး ညအချိန်ရောက်မှ ခိုးကြရန် နတ်ကြီးတော်နားမှာ စောင့်နေကြသည်။
“နွားတွေအများကြီးရှိတာတစ်ယောက်တစ်ကောင်စီယူရအောင်” “ဒို့ကဟိုဘက်ရွာရောက်အောင် မောင်းရမှာ၊ တစ်ကောင်ပဲယူပါကွာ” “တစ်ကောင်တည်းဆိုရင် ငါတို့ငွေနည်းနည်းပဲရမှာပေါ့” “အကောင်ကြီးရင် တစ်ထောင်ကျော်ပေးမယ်လို့ ပြောထားတယ်။ လောဘမကြီးပါနှင့် တစ်ကောင်ပြီးမှ တစ်ကောင်ခိုးကြတာပေါ့ကွာ”
“မင်းအကြံကောင်းတယ်။ ငါတို့ခိုးမှန်းဘယ်သူမှမသိဘူး။ နွားပျောက် မှန်းလည်း ဘယ်သူမှ မသိဘူး”
“ကဲ – ငါတို့ တောထဲဝင်ရအောင် ဓားကိုင်ထား – ဘာကောင်တွေ့တွေ့ ခုတ်”
သူခိုးနှစ်ယောက် တောထဲ ဝင်သွားကျပြီး နွားတွေအိပ်သော နေရာ ရောက်အောင် သွားကြသည်။ နွားတွေ အိပ်သောနေရာမှာ မြေများ ပြောင် ရှင်းနေ၍အလွယ်တကူတွေ့ကျရသည့်နွားတွေလဲနေကြသည်ကိုအရောက် မှာ သူတို့နှစ်ယောက် နွားတစ်ကောင်ကို ပါလာသောကြိုးနှင့်ချည်ရန် ကိုင် လိုက်သည်။ ထိုအခါမှ နွားမှာလူနှင့်မတွေ့သည်မှာကြာ၍အကိုင်မခံဘဲရုန်း သည်။ ထိုနွား ရုန်းသည်နှင့်ဘေးနားမှ နွားများလန့်ပြီး ထကြပြီး နွားတစ် ကောင်က သူတို့နှစ်ယောက်ကိုဝှေ့ပြီး တစ်ကောင်က ကန်လိုက်ရာ သူခိုး နှစ်ယောက် ကြောက်ကြောက်နှင့် မြွေများရှိရာဘက်သို့ ပြေးကျရာ မြွေက ဆီးပေါက်လိုက်၍ နှစ်ယောက်စလုံး သေသွားသည်။ သူခိုးနှစ်ယောက် သေသွားသည်ကိုမြင်သောအခါရွာသူ၊ရွာသားများကနွားလာခိုး၍နတ်ကြီး ကမြွေနှင့် တိုက်သတ်လိုက်သည်ဟုပြောကြသည်။
ရှေးအခါက အညာဘက်မှ နွားကုန်သည်များမှာ ပွင့်လင်းသော နွေ ရာသီတွင် ဖာပွန်နယ်တစ်လျှောက်မှာရှိသော နွားများကိုလိုက်ဝယ်၍ မြေ ပြန့်မှာတစ်ဆင့်ပြန်ရောင်းကြသည်။ ထိုနည်းအတူကြက်ကုန်သည်များနှင့် တခြားကုန်သည်များကလည်း ထိုနယ်တစ်ဝိုက်မှာ လိုအပ်သောကုန်များ တက်ဝယ်ကြသည်။ ထိုကုန်သည်များထဲတွင် နွားကုန်သည်အဖွဲ့မှ အဖွဲ့ ခေါင်းဆောင် အညာသားတစ်ယောက်မှာ မိမိ မသိနားမလည်သော်လည်း လူပြောများသော နတ်ကြီးကို ယုံကြည်၍ ကြောက်လည်း ကြောက်သည်။ သူတို့အဖွဲ့တက်ခဲ့ရာ နတ်စင်ရှေ့အရောက်မှာ အများနည်းတူ နတ်စင်ကို ကန်တော့ပြီး ဆုတောင်းပါသည်။
“နတ်မင်းကြီးခင်ဗျား – ကျွန်တော်တို့အဖွဲ့ကို နွားကောင်း၊ ကျွဲကောင်း များ ဝယ်ရအောင် မ,စပါ။ ကျွန်တော် နတ်မင်းကြီးကို ကျွဲတစ်ကောင် ဆက် ပါ့မယ်”
ဟုဆုတောင်းပြီးတောင်ပေါ်တက်သွားပြီးကျွဲ၊ နွားများလိုက်ဝယ်ရာမှာ (၃)ရက်အတွင်းမှာ ကျွဲ၊ နွားများ လိုသလောက်ရ၍ ကျွဲနှင့်နွားအုပ်ကြီးကို မောင်း၍ ပြန်ဆင်းလာကြသည်။ အခုတစ်သားမှာ မိမိတို့အရပ်နှင့် စာလျှင် ဈေးချို၍ ဝမ်းသာနေပါသည်။ သည်လိုနှင့်နတ်စင်ရှေ့ရောက်သောအခါ ကတိပြုခဲ့သည့်အတိုင်း ကျွဲသိုးကြီးတစ်ကောင်ကို မိမိတပည့်တစ်ယောက် အားနတ်ကိုဆက်ခိုင်းသည်။
“နတ်ကို ဆက်တာ ဟုတ်ပါပြီ၊ ဘယ်မှာထားခဲ့ရမှာလဲ”
“နတ်စင်တိုင်မှာ – ခိုင်ခိုင်ချည်ထားခဲ့ကွာ။ သွားကြရအောင်။နေမဝင်ခင် ဟိုဘက်ရွာရောက်အောင် သွားပြီး ချက်ပြုတ်စားရဦးမယ်” “သွားကြပြီ – နွားအုပ်တွေ မောင်းကြဟေ့”
ကျွဲသိုးကြီးကို နတ်စင်တိုင်မှာ ချည်ထားခဲ့ပြီး နွားအုပ်၊ ကျွဲအုပ်များ မောင်း၍ ထွက်သွားကြသည်။ ထိုအချိန်မှာ တစ်ကောင်တည်း ကျန်ခဲ့သော ကျွဲသိုးကြီးမှာအဖော်များနောက်ကိုလိုက်ချင်၍ချည်ထားသောကြိုးကိုအား
နှင့်ဆောင့်ရုန်းလိုက်ရာနတ်စင်ပြိုကျသွားပါသည်။ နတ်စင်ပြိုကျသောအခါ ကြိုးချည်ထားသော တိုင်တန်းလန်းနှင့် မိမိအဖော်များသွားရာနောက်သို့ ပြေးလိုက်လာသည်။ ထိုအချိန်တွင် နတ်ကြီးက ရွာထဲမှ အမျိုးသမီးတစ် ယောက်ကို ဝင်ပူး၍ မိမိနတ်စင်ကို ကျွဲတစ်ကောင်ဖျက်သွားသည့် အသစ် ပြန်ဆောက်ပေးပါဟုပြောပါသည်။ ရွာသားများကကြောက်ကြ၍ချက်ချင်း လူစုကာပြန်ဆောက်ပေးကြသည်။ ထိုနယ်မှလူများမှာယခုချိန်ထိနတ်ကြီး ကိုကိုးကွယ်မြဲဖြစ်နေပေသည်။
»» ညွန့်မောင်ဦး
Zawgyi Version
“ေျခလိမ္မ”(စ/ဆုံး)
————————
ကရင္ျပည္နယ္မွာ ၿမိဳ႕ႏွစ္ၿမိဳ႕သည္ တစ္ၿမိဳ႕မွ ယခုအခါ ျပည္ၿမိဳ႕အျဖစ္
လူသိမ်ားေသာဖားအံၿမိဳ႕ျဖစ္ၿပီးက်န္တစ္ၿမိဳ႕မွာဘီလင္းၿမိဳ႕မွလမ္းေဖာက္ထား ေသာဖာပြန္ၿမိဳ႕ျဖစ္သည္။ ဖာပြန္ၿမိဳ႕မွာ ေတာင္ေပၚၿမိဳ႕ေမၿမိဳ႕လိုျဖစ္၍အဂၤလိပ္ လက္ထက္က ႐ုံးစိုက္ရာၿမိဳ႕ ျဖစ္သည္။ ေနာက္ပိုင္းက်မွသာ ဖားအံၿမိဳ႕ကို သထုံၿမိဳ႕မွ လမ္းေဖာက္လိုက္ၿပီး ၿမိဳင္ကေလးမွာ စက္မ်ားတည္ကာ ေသာင္း ရင္းျမစ္ကိုလည္း တံတားေဆာက္ေပးလိုက္သျဖင့္ ဖားအံၿမိဳ႕မွာ လမ္းပန္း ေကာင္း၍စည္ကားလာသည္။ကရင္ျပည္နယ္ၿမိဳ႕ေတာ္လည္းျဖစ္လာသည္။ ဖားအံမွ တစ္ဆင့္ ထိုင္းႏိုင္ငံအထိသြားႏိုင္သည္ဟု ဆိုပါသည္။ သို႔ေသာ္- ကြၽန္ေတာ္ ယခု တင္ျပလိုသည္က ဖာပြန္ၿမိဳ႕ႏွင့္ ဘီးလင္းၿမိဳ႕ၾကားမွာရွိေသာ ဆံေတာ္ေတာင္အေၾကာင္းႏွင့္ နတ္ႀကီး႐ြာ လမ္းေဘးမွာရွိေသာ နတ္ႀကီး အေၾကာင္းမ်ားကို တင္ျပမည္ ျဖစ္သည္။ ထိုသို႔ဂမၻီရဆန္ေသာ အျဖစ္ အပ်က္မ်ားကို တင္ျပႏိုင္ျခင္းမွာ ကြၽန္ေတာ္သည္ ငယ္စဥ္က ဘီးလင္း ၿမိဳ႕နယ္မွာေမြး၍ထို႐ြာမ်ားကိုေရာက္ဖူး၍တင္ျပႏိုင္ျခင္းျဖစ္သည္။
ကြၽန္ေတာ္သည္လြန္ခဲ့ေသာႏွစ္ေျခာက္ဆယ္ေက်ာ္ေလာက္ကကရင္
ျပည္နယ္ဆံေတာ္႐ြာႏွင့္ဆံေတာ္ေတာင္ေပၚရွိ ဆံေတာ္ေစတီကို ဖူးေျမာ္ဖူး ပါသည္။ ထို႔ျပင္ ဆံေတာ္႐ြာအနီးမွာ ျမန္မာမ်ားေနေသာ ရင္းအုံ႐ြာမွာ (၂)ႏွစ္ခန႔္ ပညာသင္ခဲ့ဖူး၍ ဆံေတာင္ေတာင္မွ ေျခလိမ္မႀကီးအေၾကာင္း ႏွင့္ နတ္ႀကီး႐ြာမွ နတ္ႀကီးအေၾကာင္းမ်ား သိရ ၾကားရျခင္း ျဖစ္သည္။ ဆံေတာ္ေတာင္မွာ ထိုနယ္တစ္ဝိုက္မွာ ေတာင္ျမင့္ႀကီးတစ္ေတာင္ျဖစ္ၿပီး သစ္ႀကီးဝါးႀကီးမ်ားေပါက္ေသာေတာင္ျဖစ္သည္။ေရွးအခါကေတာင္ေပၚမွာ မည္သူမွ မအိပ္ရဲ မိုးခ်ဳပ္သည္ႏွင့္ မည္သူမွေတာင္ေပၚကို မတက္ရဲၾကပါ။ သို႔ေသာ္လည္း ေန႔ခင္းဘက္ေတြမွာ အနီးအနားရွိ႐ြာမ်ားမွ လူမ်ား ထင္း တက္ခုတ္သည္။ အင္ဖက္မ်ား ေကာက္ၾကသည္။ ထိုအခ်ိန္ထို႐ြာေတြမွာ အင္ဖက္ကို အိမ္မိုးၾကသည္။ အကာလည္း လုပ္သည္။ ပုတက္စာပင္မ်ား ႏုတ္ၾကသည္။ သားေကာင္မ်ားေပၚ၍ အမဲလည္း လိုက္ၾကသည္။ တစ္ခု ထူးျခားသည္မွာပုတက္စာမွာဆံေတာင္ေတာင္မွာသာမ်ားမ်ားေပါက္သည္ ပုတက္စာေပၚခ်ိန္ဆိုလွ်င္ လွည္းႏွင့္တိုက္၍ ဘီးလင္းၿမိဳ႕မွာ သြားေရာင္းၾက သည္။ ဆံေတာ္ေတာင္မွာေနာက္တစ္ခုထူးျခားသည္ကေျခလိမ္မႀကီးျဖစ္ သည္။ ေျခလိမ္မႀကီးမွာ ေတာင္ကို ေစာင့္ေရွာက္ေနေသာ ဆင္မႀကီးကို ေခၚျခင္းျဖစ္သည္။ေျခလိမ္မဟုေခၚၾကျခင္းျဖစ္သည္။ ေျခလိမ္မမွာေျခတစ္ ဖက္လိမ္ေနေသာ္လည္း လူေတြေနာက္ကို လိုက္ရာမွာ ျမန္လြန္း၍ မလြတ္ ပါ။ လိုက္၍မိသြားလွ်င္လည္း နင္းသတ္သည္ဟု ဆိုပါသည္။ ေျခလိမ္မကို
ေတာင္ေစာင့္ႀကီးဟုယုံၾကည္ၾကၿပီးေၾကာက္ၾကသည္။
ဆံေတာ္ေတာင္မွာ မုဆိုးအဖြဲ႕သုံးေလးဖြဲ႕ရွိသည္။ ထိုမုဆိုးအဖြဲ႕မ်ား ထည္းမွလားဆိုေသာကရင္အမ်ိဳးသားမုဆိုးမွာေတာလိုက္ရာမွာအလြန္
ရက္စက္သည္။ တျခားမုဆိုးမ်ားက သားေကာင္ႀကီးမ်ားကိုသာ ပစ္ခတ္ ေသာ္လည္း လျဗားကေတြ႕သည့္ သတၱဝါအႀကီးအငယ္ အကုန္သတ္သည္ အမဲလိုက္ရာမွာလည္း ဇြဲေကာင္းသည္။ တျခားမုဆိုးမ်ားက ေျခလိမ္မကို
ေၾကာက္၍ေနဝင္သည္ႏွင့္ေတာင္ေပၚက ဆင္းၾကသည္။ လျဗားကေတာင္ ေပၚမွာေမွာင္၍ ဘာေကာင္မွ မျမင္ရမွ ေတာင္ေပၚမွ ဆင္းသည္။ သည္လို ႏွင့္ တစ္ေန႔မွာ လျဗားက ဇီးရွိေနေသာ သမင္မတစ္ေကာင္ကို ပစ္လိုက္ရာ သမင္မႀကီးမွာမေျပးေသာ္လည္းအားခဲ၍ေျပးေနပါသည္။ လျဗားကလည္း ေနာက္ကလိုက္ေနရာေနဝင္၍ေမွာင္သြားပါသည္။
သို႔ေသာ္-လျဗားကဇြဲ
မေလွ်ာ့ဘဲလိုက္ေနသည္။ ထိုအခ်ိန္မွာ ဆင္ေအာ္သံၾကားရ၍လျဗား ဆက္ မလိုက္ရဲေတာ့ဘဲ လွည့္ျပန္ခဲ့ပါသည္။ ထိုအခ်ိန္မွာ မိမိေန႔စဥ္ သြားေနက် လမ္းမွာလမ္းမွားသြားၿပီးေခ်ာက္ႀကီးတစ္ခုနားေရာက္သြားသည္။ ထိုေခ်ာက္
နားမွ ဆက္ၿပီး ေတာတိုးၿပီးတက္ခဲ့ရာမွ ေတာင္ေပၚတက္ရာ လမ္းမႀကီးေပၚ ကိုေရာက္လာသည္။
လမ္းမႀကီးေပၚေရာက္၍ဝမ္းသာေနခ်ိန္မွာပင္ ေနာက္မွေျခလိမ္မႀကီး ေအာ္သံႏွင့္အတူ ေတာင္ေအာက္ကို ဆင္းလာမွန္း သိရသည္။ ထိုအခါ လျဗားမွာေၾကာက္ေၾကာက္ႏွင့္ သစ္ပင္ႀကီးတစ္ပင္ေပၚကိုေျပးတက္လိုက္ သည္။ မၾကာမီအခ်ိန္မွာပင္ ေျခလိမ္မႀကီးမွာ မိမိတက္ေနေသာ သစ္ပင္ ေရွ႕ကိုေရာက္လာၿပီး သစ္ပင္ေအာက္မွာရပ္ေနသည္။ထို႔ေနာက္-ေအာက္ ဘက္ကို ဆင္းသြားသည္။ ေျခလိမ္မႀကီး ဆင္းသြားေသာ္လည္း လျဗားမွာ သစ္ပင္ႀကီးေပၚမွ မဆင္းရဲ၍ သစ္ကိုင္းတစ္ကိုင္းကိုဖက္၍ အေျခအေနကို ၾကည့္ေနသည္။ ထိုအခ်ိန္မွာပင္မိုးခ်ဳပ္သြား၍လျဗားေအာက္မဆင္းရဲေတာ့ ပါ။လဗ်ားသစ္ပင္ေပၚမွာတက္ေန၍တစ္နာရီခန႔္ၾကာေသာ္အခါအမဲေကာင္
မ်ားျဖစ္က်ေသာေခ်မ်ား၊ ဆတ္မ်ားႏွင့္ေတာဝက္မ်ားမွာသစ္ပင္ႀကီးေအာက္ မွာ ေရာက္ေနက်သည္။ အထူးသျဖင့္ ေန႔လယ္က ျမားမွန္သြားေသာ ေခ်မႀကီးကလည္းသစ္ပင္ေအာက္မွာေရာက္ေနသည္။ထို႔ေနာက္မၾကာမီ
မွာပင္ေျခလိမ္မႀကီးအသံေပး၍ဆင္းလာသည္။ သည္တစ္ႀကိမ္ေျခလိမ္မ ႀကီး ဆင္းလာသည္မွာ တစ္ေကာင္းတည္းမဟုတ္ဘဲ မိမိေက်ာကုန္းေပၚမွာ မည္းမည္းေကာင္ႀကီးကစီးလာသည္။ မည္းမည္းေကာင္ႀကီးမွာ သစ္ပင္နား ေရာက္ေသာအခါ အေပၚဘက္ကိုၾကည့္၍ လက္ညႇိဳးထိုးျပသည္။ ထိုအခ်ိန္ မွာ ေျခလိမ္မႀကီးက စူးစူးဝါးဝါးေအာ္၍ သစ္ပင္ကိုေခါင္းႏွင့္ေျပးတိုက္သည္။ သစ္ပင္ႀကီးမွာခါေန၍လျဗားမွာေၾကာက္လြန္း၍သစ္ကိုင္းႀကီးကိုဖက္ထား သည္။ ႏွစ္ႀကိမ္၊ သုံးႀကိမ္တိုက္၍လျဗားလိမ့္မက်ေသာအခါ ေျခလိမ္မႀကီး ထြက္သြားရာမည္းမည္းေကာင္ႀကီးလည္းပါသြားသည္။ သည္လိုႏွင့္လျဗား မွာ မိုးလင္းမွသာအပင္ေပၚမွ ဆင္းၿပီး အိမ္ျပန္ခဲ့ပါသည္။ ေနာက္ပိုင္းမွာ ေၾကာက္သြား၍ မုဆိုးအလုပ္ မလုပ္ေတာ့ပါ။ ေတာင္ေပၚကိုလည္း မတက္ ေတာ့ပါ။
ေျခလိမ္မမွာမိုးခ်ဳပ္မွသာေတာထဲမွထြက္လာၿပီးေတာင္ကိုပတ္သည္။
ေန႔လယ္ဘက္မွာ တစ္ခါတစ္ရံ ေတာင္ေပၚတက္သူမ်ားႏွင့္ မုဆိုးမ်ားႏွင့္ ဆုံမိေသာ္လည္းအႏၲရာယ္မျပဳဘဲေတာထဲဝင္သြားပါသည္။တစ္ခါကလည္း
သစ္ခုတ္သမားတစ္ေယာက္မွာ မိမိအေဖာ္တစ္ေယာက္ႏွင့္အတူ ေတာထဲ ကသစ္ပင္မ်ားကိုမခုတ္ဘဲ႐ြာႏွင့္နီးနီး ဘုရားလမ္းအထက္နားမွ သစ္ပင္ႀကီး တစ္ပင္ကို ခုတ္လွဲလိုက္ရာ သစ္ပင္လဲသံ ၾကားေသာအခါ ေျခလိမ္မ ေတာ ထဲမွထြက္လာၿပီး သစ္ပင္လွဲသူ (၂)ေယာက္စလုံးကိုနင္းသတ္လိုက္သည္။
ထိုအခ်ိန္မွစၿပီး႐ြာမွလူမ်ားကေျခလိမ္မႀကီးမွာေတာင္ေစာင့္ျဖစ္သည္ဟူ၍
ေၾကာက္ေနၾကပါသည္။ ေျခလိမ္မႀကီးမွာဆံေတာ္ေတာင္မွာ(၁ဝ)ႏွစ္ေက်ာ္ ေက်ာ္ေစာင့္ေရွာက္ေနၿပီး ေပ်ာက္သြားသည္။ ဆံေတာ္ေတာင္မွာ ဆံေတာ္ ေစတီအျပင္ ေတာင္ေျခရင္းမွာအေလာင္းေတာ္ကႆပေက်ာက္႐ုပ္ထုမွာ ဆုေတာင္းျပည့္သည္ဟူ၍ ယုံၾကည္ေနၾကသည္။ ဆံေတာ္ေတာင္ကို ဘီးလင္းမွေန၍ဖာပြန္သြားသည့္ကားလမ္းအတိုင္းသြားလွ်င္ေရာက္ပါသည္။
အထူးသျဖင့္ထိုနယ္တစ္ဝိုက္မွာေနသူမ်ားမွာ သၾကၤန္ရက္မ်ားမွာသြားၾက၍ ဆံေတာ္ေတာင္မွာ လူစည္ကားသည္။
ေနာက္တစ္ခု ဂမၻီရဆန္သည္က နတ္ႀကီး႐ြာမွ “နတ္ႀကီး”တစ္ပါး ျဖစ္သည္။ ထိုနတ္ႀကီးမွာတန္ခိုးႀကီးေသာေၾကာင့္အဂၤလိပ္မ်ားအုပ္ခ်ဳပ္စဥ္ အခါကပင္ ထိုနတ္ႀကီးကို အစြဲျပဳ၍ ထိုအနားမွ႐ြာကို နတ္ႀကီး႐ြာဟုေခၚၾက သည္။ေရွးအခါကကားလမ္းေဘးနားမွာနတ္စင္ႀကီးႏွင့္နတ္႐ုပ္သာရွိေသာ္ လည္းနတ္စင္အေနာက္ဘက္မွာကားလမ္းေဘးနားမွာနတ္စင္ႀကီးႏွင့္နတ္
႐ုပ္သာရွိေသာ္လည္းနတ္စင္အေနာက္ဘက္မွာေတာရွိသည္။ထိုေတာမွာ
က်ယ္၍ ေတာထဲမွာ ၾကက္မ်ား၊ ဆိတ္မ်ား၊ ႏြားမ်ားႏွင့္ တျခားေတာငွက္ မ်ိဳးစုံရွိသည္။
ၾကက္ႏွင့္ ဆိတ္မ်ားႏြားမ်ားမွာ ခရီးသြားမ်ားက နတ္ႀကီးကို ပသသည့္ အေနႏွင့္ လႊတ္သြားၾကျခင္း ျဖစ္သည္။ ထိုအခ်ိန္က ႐ြာေတြမွာ ေနထိုင္သူ မ်ားႏွင့္ခရီးသြားမ်ားႏွင့္ကုန္သည္မ်ားမွာ မိမိတို႔ခရီးသြားရာမွာ အဆင္ေျပ
ေစရန္ နတ္စင္ေရွ႕ေရာက္သည္ႏွင့္ မိမိတို႔မွာ ပါလာေသာ စားစရာမ်ားကို တင္ေျမႇာက္ပသၾကၿပီးမွသာ ခရီးဆက္ၾကသည္။ ခရီးသြားမ်ားတင္ေျမႇာက္ သြားၾကေသာပစၥည္းမ်ားမွာေကာက္ညႇင္းေပါင္းမ်ား၊ ေကာက္ညႇင္းထုပ္မ်ား၊ ႀကံသကာမ်ားစသည့္ စားစရာမ်ားႏွင့္ေဆးလိပ္၊ ကြမ္းယာ၊ ငွက္ေပ်ာသီး၊ အုန္းသီးမ်ားမွာ နတ္စင္အျပည့္ ရွိေနသည္။ သတၱဝါမ်ားကို တင္သူမ်ားက နတ္ႀကီးကို ဆုေတာင္း၍နတ္စင္အေနာက္ဘက္မွ ေတာထဲကို လႊတ္ခဲ့ၾက သည္။ နတ္စင္ႀကီးမွာ (၅)ေပေလာက္ရွိသည္။ ႐ြာသားမ်ားမွာ အယူအဆ ရွိၾကသည္ကနတ္ႀကီးကို ကန္ေတာ့သြားပါက လမ္းခရီးမွာ အႏၲရာယ္ကင္း သည္ဟု ယုံၾကည္ၾကသည္။ ထိုနတ္ႀကီးသတင္းမွာ ထိုနယ္တစ္နယ္လုံး ယုံၾကည္က်သည္သာမကဘဲ တစ္ၿမိဳ႕တစ္႐ြာမွ ခရီးသြားမ်ားကလည္း ေျပာသံၾကားေသာစကားမ်ားအရနတ္စင္ေရွ႕ေရာက္လာၾကသည္ႏွင့္ ပါလာ ေသာပစၥည္းမ်ားႏွင့္ တင္ေျမႇာက္ပသၾကသည္။
နတ္ႀကီးမွာလူေတြကိုမ,စသည့္အျပင္ႏြားေက်ာင္းသားလူငယ္ကေလး
မ်ားကိုလည္း ခ်စ္သည္ဟုဆိုပါသည္။မိမိနတ္စင္ေပၚမွာရွိေနေသာစားစရာ မ်ားကို ႏြားေက်ာင္းသားမ်ားက ယူစားလွ်င္ မည္သို႔မွ် မလုပ္ေသာ္လည္း နတ္စင္အေနာက္ဘက္မွာရွိေသာၾကက္မ်ားကိုဖမ္းပါကေႁမြေဟာက္မ်ားႏွင့္
ငန္းေႁမြမ်ားကလိုက္ကိုက္သည္ဟုဆိုပါသည္။ နတ္စင္အေနာက္မွာေႁမြမ်ား ကို နတ္ႀကီးက ေမြးထားသည္ဟုဆိုပါသည္။ တစ္ခါက ႐ြာတစ္႐ြာမွ အရက္ သမားႏွစ္ေယာက္မွာ နတ္ႀကီးေတာထဲရွိ ႏြားကိုဖမ္းၿပီး အမဲေပၚေရာင္းရန္ ႀကံစည္၍ႏွစ္ေယာက္သား အရက္မူးေအာင္ေသာက္ၿပီး ညအခ်ိန္ေရာက္မွ ခိုးၾကရန္ နတ္ႀကီးေတာ္နားမွာ ေစာင့္ေနၾကသည္။
“ႏြားေတြအမ်ားႀကီးရွိတာတစ္ေယာက္တစ္ေကာင္စီယူရေအာင္” “ဒို႔ကဟိုဘက္႐ြာေရာက္ေအာင္ ေမာင္းရမွာ၊ တစ္ေကာင္ပဲယူပါကြာ” “တစ္ေကာင္တည္းဆိုရင္ ငါတို႔ေငြနည္းနည္းပဲရမွာေပါ့” “အေကာင္ႀကီးရင္ တစ္ေထာင္ေက်ာ္ေပးမယ္လို႔ ေျပာထားတယ္။ ေလာဘမႀကီးပါႏွင့္ တစ္ေကာင္ၿပီးမွ တစ္ေကာင္ခိုးၾကတာေပါ့ကြာ”
“မင္းအႀကံေကာင္းတယ္။ ငါတို႔ခိုးမွန္းဘယ္သူမွမသိဘူး။ ႏြားေပ်ာက္ မွန္းလည္း ဘယ္သူမွ မသိဘူး”
“ကဲ – ငါတို႔ ေတာထဲဝင္ရေအာင္ ဓားကိုင္ထား – ဘာေကာင္ေတြ႕ေတြ႕ ခုတ္”
သူခိုးႏွစ္ေယာက္ ေတာထဲ ဝင္သြားက်ၿပီး ႏြားေတြအိပ္ေသာ ေနရာ ေရာက္ေအာင္ သြားၾကသည္။ ႏြားေတြ အိပ္ေသာေနရာမွာ ေျမမ်ား ေျပာင္ ရွင္းေန၍အလြယ္တကူေတြ႕က်ရသည့္ႏြားေတြလဲေနၾကသည္ကိုအေရာက္ မွာ သူတို႔ႏွစ္ေယာက္ ႏြားတစ္ေကာင္ကို ပါလာေသာႀကိဳးႏွင့္ခ်ည္ရန္ ကိုင္ လိုက္သည္။ ထိုအခါမွ ႏြားမွာလူႏွင့္မေတြ႕သည္မွာၾကာ၍အကိုင္မခံဘဲ႐ုန္း သည္။ ထိုႏြား ႐ုန္းသည္ႏွင့္ေဘးနားမွ ႏြားမ်ားလန႔္ၿပီး ထၾကၿပီး ႏြားတစ္ ေကာင္က သူတို႔ႏွစ္ေယာက္ကိုေဝွ႔ၿပီး တစ္ေကာင္က ကန္လိုက္ရာ သူခိုး ႏွစ္ေယာက္ ေၾကာက္ေၾကာက္ႏွင့္ ေႁမြမ်ားရွိရာဘက္သို႔ ေျပးက်ရာ ေႁမြက ဆီးေပါက္လိုက္၍ ႏွစ္ေယာက္စလုံး ေသသြားသည္။ သူခိုးႏွစ္ေယာက္ ေသသြားသည္ကိုျမင္ေသာအခါ႐ြာသူ၊႐ြာသားမ်ားကႏြားလာခိုး၍နတ္ႀကီး ကေႁမြႏွင့္ တိုက္သတ္လိုက္သည္ဟုေျပာၾကသည္။
ေရွးအခါက အညာဘက္မွ ႏြားကုန္သည္မ်ားမွာ ပြင့္လင္းေသာ ေႏြ ရာသီတြင္ ဖာပြန္နယ္တစ္ေလွ်ာက္မွာရွိေသာ ႏြားမ်ားကိုလိုက္ဝယ္၍ ေျမ ျပန႔္မွာတစ္ဆင့္ျပန္ေရာင္းၾကသည္။ ထိုနည္းအတူၾကက္ကုန္သည္မ်ားႏွင့္ တျခားကုန္သည္မ်ားကလည္း ထိုနယ္တစ္ဝိုက္မွာ လိုအပ္ေသာကုန္မ်ား တက္ဝယ္ၾကသည္။ ထိုကုန္သည္မ်ားထဲတြင္ ႏြားကုန္သည္အဖြဲ႕မွ အဖြဲ႕ ေခါင္းေဆာင္ အညာသားတစ္ေယာက္မွာ မိမိ မသိနားမလည္ေသာ္လည္း လူေျပာမ်ားေသာ နတ္ႀကီးကို ယုံၾကည္၍ ေၾကာက္လည္း ေၾကာက္သည္။ သူတို႔အဖြဲ႕တက္ခဲ့ရာ နတ္စင္ေရွ႕အေရာက္မွာ အမ်ားနည္းတူ နတ္စင္ကို ကန္ေတာ့ၿပီး ဆုေတာင္းပါသည္။
“နတ္မင္းႀကီးခင္ဗ်ား – ကြၽန္ေတာ္တို႔အဖြဲ႕ကို ႏြားေကာင္း၊ ကြၽဲေကာင္း မ်ား ဝယ္ရေအာင္ မ,စပါ။ ကြၽန္ေတာ္ နတ္မင္းႀကီးကို ကြၽဲတစ္ေကာင္ ဆက္ ပါ့မယ္”
ဟုဆုေတာင္းၿပီးေတာင္ေပၚတက္သြားၿပီးကြၽဲ၊ ႏြားမ်ားလိုက္ဝယ္ရာမွာ (၃)ရက္အတြင္းမွာ ကြၽဲ၊ ႏြားမ်ား လိုသေလာက္ရ၍ ကြၽဲႏွင့္ႏြားအုပ္ႀကီးကို ေမာင္း၍ ျပန္ဆင္းလာၾကသည္။ အခုတစ္သားမွာ မိမိတို႔အရပ္ႏွင့္ စာလွ်င္ ေဈးခ်ိဳ၍ ဝမ္းသာေနပါသည္။ သည္လိုႏွင့္နတ္စင္ေရွ႕ေရာက္ေသာအခါ ကတိျပဳခဲ့သည့္အတိုင္း ကြၽဲသိုးႀကီးတစ္ေကာင္ကို မိမိတပည့္တစ္ေယာက္ အားနတ္ကိုဆက္ခိုင္းသည္။
“နတ္ကို ဆက္တာ ဟုတ္ပါၿပီ၊ ဘယ္မွာထားခဲ့ရမွာလဲ”
“နတ္စင္တိုင္မွာ – ခိုင္ခိုင္ခ်ည္ထားခဲ့ကြာ။ သြားၾကရေအာင္။ေနမဝင္ခင္ ဟိုဘက္႐ြာေရာက္ေအာင္ သြားၿပီး ခ်က္ျပဳတ္စားရဦးမယ္” “သြားၾကၿပီ – ႏြားအုပ္ေတြ ေမာင္းၾကေဟ့”
ကြၽဲသိုးႀကီးကို နတ္စင္တိုင္မွာ ခ်ည္ထားခဲ့ၿပီး ႏြားအုပ္၊ ကြၽဲအုပ္မ်ား ေမာင္း၍ ထြက္သြားၾကသည္။ ထိုအခ်ိန္မွာ တစ္ေကာင္တည္း က်န္ခဲ့ေသာ ကြၽဲသိုးႀကီးမွာအေဖာ္မ်ားေနာက္ကိုလိုက္ခ်င္၍ခ်ည္ထားေသာႀကိဳးကိုအား
ႏွင့္ေဆာင့္႐ုန္းလိုက္ရာနတ္စင္ၿပိဳက်သြားပါသည္။ နတ္စင္ၿပိဳက်ေသာအခါ ႀကိဳးခ်ည္ထားေသာ တိုင္တန္းလန္းႏွင့္ မိမိအေဖာ္မ်ားသြားရာေနာက္သို႔ ေျပးလိုက္လာသည္။ ထိုအခ်ိန္တြင္ နတ္ႀကီးက ႐ြာထဲမွ အမ်ိဳးသမီးတစ္ ေယာက္ကို ဝင္ပူး၍ မိမိနတ္စင္ကို ကြၽဲတစ္ေကာင္ဖ်က္သြားသည့္ အသစ္ ျပန္ေဆာက္ေပးပါဟုေျပာပါသည္။ ႐ြာသားမ်ားကေၾကာက္ၾက၍ခ်က္ခ်င္း လူစုကာျပန္ေဆာက္ေပးၾကသည္။ ထိုနယ္မွလူမ်ားမွာယခုခ်ိန္ထိနတ္ႀကီး ကိုကိုးကြယ္ၿမဲျဖစ္ေနေပသည္။
»» ၫြန႔္ေမာင္ဦး