ခွေးပြိတ္တာ အောင်ဘ(စ/ဆုံး)
“ဒီရွာမှာအောင်ဘဟေ့….ဆိုမသိတဲ့သူမရှိ.
“လူကြီးကအစကလေးအဆုံး….အောင်ဘနာမည်တစ်လူံးကြားရုံနဲ့သိကြသည်။
သို့သော်….ကောင်းသောသိခြင်းမဟုတ်။
အပေအတေ၊အမူးသမားအောင်ဘဟူ၍သိ
ခြင်းဖြစ်သည်။
“ထူးခြားသည်ကားအောင်ဘသည်ခွေးသား
အလွန်ကြိုက်သောသူတစ်ယောက်ဖြစ်သည်။
“တစ်နေ့…အောင်ဘသူငယ်ခြင်း
မြမောင်တို့နဲ့အရက်အတူသောက်ရင်းကဒီခွေး
သားကိုနှစ်သက်စွဲလန်းသွားခြင်းဖြစ်သည်..
“ဟေ့ ….အောင်ဘသောက်လေကွာ…
ဘာလဲအမြည်းမကောင်းလို့လားကွ။
” မဟုတ်ရပါဘူးမြမောင်ရာ…..မင်းယူလာတဲ့
အသားကဘာအသားလဲလို့စဉ်းစားနေတာ..
သြော်….မင်းကလဲ..အဲ့ဒါဟောင်ကောင်သားလို့ခေါ်တယ်ကွမှတ်ထားရှားမှရှားနော်အတွေးမမှားနဲ့ဆေးတစ်ပါး
ပေါ့ကွာ…….ဟား…….ဟား
“ဘာလဲဟောင်ကောင်သားဆိုတာ..
မင်းကလဲရှင်းရှင်းပြောစမ်းပါဟ။
ခွေးသားဟေ့……..ခွေးသားဟ…
ဒါတောင်ဟိုဘက်ရွာကကောင်တွေခွေးပေါ်
နေတာနဲ့ကြုံလို့စားရတာ။
စားစရာရှိတာစား……သောက်စရာရှိ
တာအသာသောက်ကွာ။
“အောင်ဘလဲဘာမှမပြောတဲ့လက်ကျန်အရက်
ခွက်အားမော့၍ခွေးသားတစ်တုံးအား
ကောက်ဝါးလိုက်သည်။
************
ထိုနေ့မှစ၍အောင်ဘတစ်ယောက်ခွေးသား
အားငမ်းငမ်းတက်စားသောက်လာခြင်းဖြစ်
သည်။
“ဝယ်၍တစ်မျိုးခိုး၍တစ်သွယ်..ခွေးများအား
သတ်ဖြတ်စားသောက်ခဲ့လေသည်။
“ရွာထဲ၌အောင်ဘမျက်စိကျနေသောခွေး
တစ်ကောင်ရှိသည်။ဝယ်တာမရောင်း၍ဒီခွေး
အားမည်သို့မည်ပုံကြံ၍သတ်စားရမည်ကို
တွေးထားပြီးဖြစ်သည်။
တစ်နေ့တစ်နေ့အစာကျွေး၍ ခွေးနဲ့ခင်မင်မှူ့ရအောင်ယူထားသည်။
*********´
“” ဟေ့…အောင်ဘရေ….အောင်ဘ..
ကိုမြမောင်ခေါ်သံကြား၍…အိမ့်ရှေ့ထွက်ခဲ့သည်။
“ဘာလဲကိုမြမောင်အလောတစ်ကြီးနဲ့…
“လောဆိုဟိုဘက်ရွာမှာကြက်ဝိုင်းရှိတယ်ကွ..
အဲ့ဒါလိုက်မလားလာမေးတာ။
“ဘယ်ပြောကောင်းမလဲအောင်ဘတို့ကဒါမျိုး
ဆိုလဲပါလိုက်သေးတာပဲ…မကောင်းတဲ့အလုပ်မှန်သမျှအောင်ဘ၊ဘဝမှာ
မလုပ်ဖူးတာမရှိ၊အဲတစ်ခုတော့ရှိသည်ဘယ်လောက်မူးမူးသူများသားမယားစော်ကားခြင်း
ဆဲဆိုခြင်းမရှိ။
သို့နှင့်…ဟိုဘက်ရွာကြက်ဝိုင်းသို့.ခြေဦး
လှည့်ခဲ့ကြသည်။ရောက်တော့ကြက်ဝိုင်းက
စနေပီနာမည်ကြီးကြက်နှစ်ကောင်ဖြစ်၍
လောင်းကြေးမြင့်သည်။
“ကဲအောင်ဘ..ပါတာလေးပွားအူံးမလား။
ဒီပွဲကတော့ပွဲကြီးပွဲကောင်းပဲကွ။
“ကိုမြမောင်ဆွဲဆောင် မှူ့ကြောင့်အောင်
ဘပါတဲ့ငွေစအားထုတ်၍ရင်းလိုက်သည်။
သူရင်းလိုက်သောကြက်ကအရှူံးကြီး
ရှူံးခဲ့သည် ။စိတ်တိုတိုနဲ့ရွာဘက်လှည့်ပြန်ရင်း
ကိုအုန်းမောင်အရက်ဆိုင်ဘက်နှစ်ယောက်
သားဝင်ခဲ့သည်။
ဗျုို့…….ကိုအုန်းမောင်….ချက်နှစ်လုံး
ပေးဗျာ…အမြည်းတော့..ဟောင်
ကောင်သားတစ်ပွဲပေးဗျာ…အသဲနဲ့…ကလီိစာ
တစ်ပွဲချ…..
“အရက်တော့ရမယ်အောင်ဘရေ…..
ဟောင်ကောင်သားတော့ကုန်နေတယ်ကွ..
ကျန်တဲ့အမြည်းတော့ရှိတယ်….ဘာချပေးရမလဲ…..
ဟာ…ကိုအုန်းမောင်ကလဲကျုပ်နေ့တိုင်း
သောက်နေကျဒီအမြည်းနဲ့ဒီအရက်ပဲဟာ..
ဒီနေ့မှကုန်ရလားဗျာ…….
“စိတ်မရှိပါနဲ့ကွာဒီနေ့…မြို့ကဧည့်သည်
တွေလာလို့သာလှတို့အကုန်ယူသွားကြတယ်.. နောက်နေ့တော့ဘာဖြစ်ဖြစ်ချန်ထားပေးမယ်ကွာဒီနေ့တော့သည်းခံလိုက်။
ကိုအုန်းမောင်မှတောင်းတောင်းပန်ပြော
ဆိုနေလေသည်။
” ကြက်ကရှူံးသူစားချင်သောခွေးသားအား
မစားရ၍အောင်ဘစိတ်သိပ်မကြည် ..
ကဲကိုမြမောင်…ချ..ဗျာ…ဒီနေ့တော့
ကြက်ကရှူ့ံ့းခွေးသားမစားရဖြစ်ပီ။
အေး….အောင်ဘရ..ငါတို့လောင်း
တဲ့ကြက်ကပွဲတိုင်းနိုင်နေတဲ့ကြက်…ဒီနေ့မှ
ကံဆိုးချက်က….ခွေးသားပါငတ်ပီ။
“နှစ်ယောက်သားအရက်လဲကုန်ပီ..
မူးလဲမူးနေကြလေပီ။
ညဉ့်လဲအတော်နက်ချေပီ။အိမ်အပြန်လမ်း
မှာနှစ်ယာက်သားခြေလှမ်းမမှန်တော့ခြေ။
******
ကဲကိုမြမောင်…ဒီနေ့တော့ခွေးသား..
မစားရရင်မဖြစ်ဘူးဗျ….အေ့…..
အေးကွ…အောင်ဘရကြံစမ်းပါအုံး..
ငါ..အခြောက်လှန်းထားတာလဲကုန်နေပီ..
” သို့နှင့် အောင်ဘနှင့်မြမောင်တို့
နှစ်ယာက်သားခွေးသားကိုမရ၊ရအောင်ကြံ
ကြလေတော့သည်။
**********
ဟေ့….ကောင်…အောင်ဘ.မင်းဘာလို့
မသတ်သေးတာလဲဟ…
ဖယ်ကွာငါရှင်းမယ်ဒီခွေး….
ကိုမြမောင်ကစိတ်မရှည်သလိုလေသံနဲ့။
“အသာနေစမ်းပါကိုမြမောင်ရာ…ကျုပ်ကဒီကောင့်သွေးကိုအရက်နဲ့စိမ်သောက်မလို့ဗျ။
“ခွေးမှာသူတို့သတ်မည်ဆိုတာသ်ိနေရော့လေ
သလားမသိမျက်ရည်တွေစို့လို့တောင်းပန်
လေတဲ့မျက်မှာလေးနဲ့ကြည့်နေရှာသည်။
“သို့သော်လည်းအရက်ခိုးဝေနေတဲ့
သူတို့မျက်နှာမှာတော့သနားကြင်နာစိတ်မရှိ
သတ်မည်ဆိုသောစိတ်သာရှိသည်။
” အသံမထွက်အောင်နှစ်ယောက်သားကြိတ်
၍ရှင်းလိုက်ကြသည်။
*********
“ကဲကိုအုန်းမောင်ရော့ဗျာ…..ဒီတစ်ပွဲချက်ပေး
ချက်ခပါပေးမယ်။
ဟ….အောင်ဘရ..မင်းဟာက
အခုထိလူပ်နေတုန်ူးပါလားဟ။
“စားပွဲပေါ်ပစ်တင်လိုက်သောခွေးနှလုံး
အားကြည့်ကာကိုအုန်းမောင်ပြောလေသည်။
” လှူပ်ဆိုအခုနပဲလုပ်လာတာဗျုို့…..
ချက်တာချက်လိုက်ပါဗျာ…ကျုပ်မြည်း
ချင်နေပီ..မနေ့ကလဲမစားရဘူး။
အေးပါကွာ….ခနစောင့်
ခဏနေသော်….ခွေးနှလူံးလတ်လတ်ဆတ်ဆတ်နဲ့ချက်အရက်တို့ကချုိုမြိန်လွန်းလှသော…အမြည်းတစ်ပွဲ
ဖြစ်လေသည်။
ချဗျာ….ကိုမြမောင်….ဒီကောင့်အသား
မနေ့ကထဲကမစားရတာဘယ်နှဲ့လဲ….
ကောင်းရဲ့လားဗျ။
“ကောင်းဆိုအောင်ဘရေ….
ငါတော့မနေ့ကငတ်လို့လားမသိဘူး..
ဒီခွေးနှလူံးကချုိုမြိန်နေသလားမသိ..ဟား..ဟားး…
“အမှန်ပဲဗျာကျုပ်တော့စားကောင်းချက်
ခေါင်းကိုစွတ်ပြုတ်လုပ်သောက်ရမယ်ဗျ..
ကျန်တဲ့အသားတော့အခြောက်လှန်း
ထားမယ်ဗျာ….နောက်နေ့မြည်းရတာပေါ့…
ဤသည်ကားအောင်ဘအဖို့…မဆိုစလောက်သောပစ်မှူ့ဟုယူဆထားလေသည်။
“တန်ပြန်ဟူသောဝဋ်သည်ကား…
ကြောက်စရာအကောင်းဆူံးဆိုတာလူတွေသတိမထားမိချေ။
“နောက်တစ်နေ့အိပ်ယာထတော့ညက
အသောက်များသောကြောင့်ခေါင်းဆေးရန်
အောင်ဘတစ်ယာက်ကိုအုန်းမောင် အရက်ဆိုင်ဘက်ထွက်ခဲ့သည်။
” အောင်ဘ….ဟေ့အောင်ဘ….
ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့…ကိုမြမောင်တစ်ယောက်ရေးကြီးသုတ်ပြာနဲ့
ရောက်လာသည်။
“ဘာလဲကွ….မြမောင်ရ..အရေးတစ်ကြီးနဲ့
ပါလားမင်းဟာက။
“အရေးကြီးဆို..ပြောစရာရှိလို့..
ဟိုဘက်ရွာကအလှူမှာ၊ဂျင်ဝိုင်းနဲ့ကြက်ဝိုင်း
ကောင်းတယ်ပြောတယ်ကွသွားမလားလို့
မင်းကိုအဖော်လာစပ်တာဘယ်လိုသဘောရလဲ။
“ဟာ…တော်ပါမြမောင်ရာ..အရင်တစ်
ခေါက်ရှူံးတာမမှတ်သေးဘူးလား…တောင်
ကျောင်းမမှီ၊မြောက်ကျောင်းမမှီနဲ့ကြားထဲက
ငတ်တဲ့အဖြစ်တော့အဖြစ်မခံနိုင်တော့ဘူး။
” သြော်….မင်းကလဲကွာ…
တစ်ခါမရနောက်တစ်ခါရမလားပေါ့ကွ..
ဟိုစကားပုံတောင်ရှိသေးတယ်ရေမျောရေနဲ့
လိုက်တဲ့အခုငွေမျောတော့ငွေနဲ့ပြန်လိုက်ရမှာ
ပေါ့။
“အေး..အေး…မင်းပဲသွားပြီး
လိုက်ချင်ရာနဲ့လိုက်..ငါတော့မလိုက်နိုင်ဘူး။
အရက်မျောလို့အရက်နဲ့သွားလိုက်မလို့ဟေ့…
မင်းလဲလိုက်ချင်သွားလိုက်ပေတော့။
” ဟဲ…ဟဲ…ဒီလိုတော့မလုပ်နဲ့လေကွာ..
မင်းမလိုက်ရင်ငါလဲမသွားတော့ဘူး။
“ကဲ….ဒါဆိုသွားမယ်အရက်ဆိုင်…
.************
“နှစ်ယောက်သားအရက်ဆိုင်သို့ထွက်ခဲ့ကြ
သည်။အရက်ဆိုင်ရောက်တော့သာလှတို့
အုပ်စုပွဲကြနေလေသည်။
“ဗျို့ ….ကိုအုန်းမောင်ရေ…ချက်နှစ်လူံး
အမြည်းတော့ထူံးစံအတိုင်းချဗျာ…
” လာပီဟေ့….ရော့..အရက်…..
အမြည်းကတော့မင်းကြိုက်တဲ့ကလီစာကချက်တုန်း…ခဏနေရင်တော့ရမယ်..
“ဟုတ်ပါပီ..ဒါနဲ့ကိုအုန်းမောင်ဟို..သာလှဘေးကလူက..
ဘယ်သူတုန်းဗျ….တစ်ခါမှလဲမမြင်ဖူးပါဘူး။
” သြော်…အဲ့ဒါမြို့ကဧည့်သည်လေကွာ
ဟိုနေ့ကမင်းမစားလိုက်ရတာသူတို့လာသွား
ကြလို့ပဲ။
“ပြောပြီးကိုအုန်းမောင်ပြန်ထွက်သွားသည်
အောင်ဘလဲဘာမှမပြောတော့ပဲအရက်တစ်
ခွက်ကောက်မော့လိုက်သည်။
“အား …ပါးပါး..ကောင်းလိုက်တဲ့အရက်
အခုမှပဲရင်ထဲပေါ့သွားတော့တယ်။
“သောက်ကွာမြမောင်..ပြီးရင်လုပ်စရာရှိ
တယ်ရိက္ခာပြတ်နေပီ..
“အေး…ပြတ်တာလဲပြတ်တာပေါ့
ဘယ်လိုကြံရမတုံး..ငါ့မှာတော့အကြံကုန်နေပီ
ဟိုဘက်ရွာလဲသွားမလုပ်ရဲတော့ဘူး.တော်ကြာမိနေမှကွိနေမယ်အောင်ဘရေကြည့်လုပ်ဟ။
“မပူစမ်းပါနဲ့ကွာအောင်ဘကြံရင်ဘာခံနိုင်
တာမှတ်လို့သောက်စရာရှိတာသောက်။
“ခဏနေတော့အောင်ဘအကြိုက်ဟောင်
ကောင်းသားကလီစာပူပူနွေးနွေးရောက်လာသည်။
“ကဲ..ရော့ဗျာ….ရပီနည်းနည်းတော့ကြာသွားတယ်။ရှယ်ချက်ထားတာနော်အောင်ဘ။
“ဟား..ဟားသိပါတယ်ကိုအုန်းမောင်ရယ်
ခင်ဗျားလက်ရာဟောင်ကောင်သားကဒီကမ္ဘာ
မှာအကောင်းဆူံးဆိုတာ..
“အဟွတ်….အဟွတ်….
“ပြောပြောဆိုဆိုကိုအုန်းမောင် လာချသောအမြည်းအားအငမ်းမရ
ကောက်ဝါးလိုက်ရာအောင်ဘတစ်ယောက်လျှာအပူလောင်သွားလေသည်။
“ဟကောင်အောင်ဘ…ဖြည်းဖြည်း စားပါဦးလား မင်းဟာကအငမ်းမရနဲ့..
သရဲ၊သဘက်စီးနေတဲ့အတိုင်းပဲ။
” ဟာကွာ…စားတာပဲဘယ်လိူစားစား
စားရဖို့အရေးကြီးပါတယ်မြမောင်ရာမင်းကလဲ
လျှာကိုရှည်တယ်။
“ုမြမောင်ပြောလဲပြောချင်စရာအောင်ဘ
ဒီခွေးသားမြင်ရင်ကိုငမ်းငမ်းတက်ဖြစ်နေသည်
မစားရမနေနိုင်အောင်ကြိုက်နှစ်သက်လွန်းလှသည်။
“ကဲကဲကျန်တာနောက်မှပြောငါပြောမဲ့
အစီအစဉ်ကဒီလိုကွ#######.
” ဟ…. ဖြစ်ပါ့မလားအောင်ဘရ
တော်ကြာသိသွားရင်မလွယ်ဘူးနော် ။
‘”ဖြစ်ပါတယ်ကွာငါအစီအစဉ်
ဆွဲပြီးသား..ဘာမှစိတ်မပူနဲ့သောက်စရာ
ရှိတာသောက်ပြီးရင်သွားမယ်။
” ဤသို့နှင့်နှစ်ယာက်သားလက်ကျန်အရက်အား
ရှင်း၍အောင်ဘပြောသောအစီအစဉ်အား
အကောင်အထည်ဖော်ကြလေတော့သည်။
*******************
“ငါးရက်မြောက်သောနေ့၌အောင်ဘ
အစီအစဉ်အတိုင်းဟိုဘက်ရွာမှခိုးလာသော
ခွေးအားသတ်ရန်စီစဉ်ကြသည်။
“မသတ်ခင်ခွေးအားငါးရက်လူံးလူံးအစာငတ်
ထား၍သတ်မည်ဆိုသောနေ့၌ချက်ပြီးသား
ကောင်းညှင်းအားအဝကျွေးထားလေသည်။
“ခွေးမှာငါးရက်လူံးအစာမစားရ၍သူတို့
ကျွေးသောကောက်ညှင်းများအားအငမ်းမရစား
သောက်လေသည်။သေမည့်ဘေးခွေးလေးမသိသနားဂရုဏမရှိသောအောင်ဘတို့ကတော့
မိမိတို့စားရဖို့အရေးငရဲမကြောက်ပြာပူမ
ကြောက်ကို့ယ်စိတ်ဆန္ဒပြည့်ဝဖို့အရေးသူ့အ
သတ်သတ်ဖို့ဝန်လေးနေမည်မဟုတ်။
“ကဲမြမောင်ရေအခုမှခွေးအူကောက်ညှင်း
လေးနဲ့ကလီစာလေးကပိုပြီးအရသာရှိမှာကွ။
“မှန်လိုက်လေအောင်ဘရမင်းအကြံက
ဘယ်ဆိုးလို့တုန်းဘာမှလွှင့်ပစ်စရာမလိုတော့ဘူးအူပါရှင်းပြီးသားဆိုတော့ငါတော့ကြိုက်သွားပီ။
“ဟား….ဟား..အောင်ဘလေကွာ
အောင်ဘကြံရင်မင်းသိပါတယ်မြမောင်ရ။
” ဂုဏ်ယူသောလေသံဖြင့်အောင်ဘမှ
ပြောလိုက်လေသည်။
“ဘာမှမသိရှာသောခွေးလေးကတော့
ဗိုက်ဝသွားဟန်ဖြင့်မော့ကြည့်နေလေသည်။
“ကဲစကြစို့….ပြောပြောဆိုဆိုအောင်ဘလက်ထဲ၌အသင့်ပါလာသောဓားဖြင့်ခွေးလေးအားခုတ်သတ်လိုက်လေတော့သည်ခွေးမှာတစ်အီအီငြီးရင်းအောင်ဘခုတ်သောဓားချက်အောက်မှာဆန့်ငင်ဆန့်ငင်ဖြင့်အသက်ပျောက်သွားရှာလေသည်။
“နေ့စဉ်နဲ့အမျှအောင်ဘဘဝမှာဒီလိုပဲ
လုပ်နေကြမို့ဒီကစ္စမျိုးတော့ရင်မခုန်တော့သနားစိတ်မရှိကြင်နာစိတ်မရှိသူသိတာသူဒီအသားစားရဖို့ပဲသိသည်။ကျန်တာသူမတွေးဝဋ်ဆိုတာလဲသူမကြောက်အောင်ဘကြောက်တာ
ခွေးသားမစားရမှာကိုပဲကြောက်သည်။
“ဝဋ်သည်ကားဘဝမကူး၊မကောင်းမှူ့ဟူသည်
အမြဲတစ်စေအရိပ်လိုပြန်လိုက်စမြဲ။ဒီဘဝထဲ
တင်ပြန်ပေးဆပ်ဖို့လူတို့ပြုသောကံသည်ပြု
လုပ်သောသူထံပြန်လာမြဲဖြစ်သည်။
“တစ်နေ့အောင်ဘအပြင်းဖျားဖျားလေတော့သည်မိမိပြုသောကံသည်တစ်ဖန်ဝဋ်လည်ချေပီ။
” ခွေးကလေး အားငါးရက်လူံးလူံးအစာ
မကျွေးရေမတိုက်ခဲ့သောအောင်ဘသူ့အလှည့်
ကြရေလဲသောက်မရအစာလဲစားမရနဲ့ဒုက္ခတို့ကဆီးကြိုနေလေပီ။
***********
” “အောင်ဘတစ်ယောက်အခုတစ်လော
ပေါ်မလာ၍သူငယ်ချင်းဖြစ်သူမြမောင်တစ်
ယောက်အောင်ဘအိမ်တို့ဘက်တိုထွက်ခဲ့
သည်။
“အောင်ဘ….ဟေ့အောင်ဘ….
သူငယ်ချင်းဖြစ်သူထံမှပြန်ထူးသံမကြားရ၍
မြမောင်တစ်ယောက်အိမ်ပေါ်ထိတက်ခဲ့သည်။
“အောင်ဘ…ဟမင်းဟာကအခုထိအိပ်
တုန်းလားကွ။ပြောပြောဆိုဆိုအောင်ဘခြုံသော
စောင်အားဆွဲလှန်လိုက်ရာမြမောင်တစ်ယောက်မျက်လူံးပြှူးသွားလေသည်။
“ဟင်…အောင်ဘ…အောင်ဘ..
မင်းဘယ်လိုဖြစ်တာလဲ။ဟုတ်ပါသည်
အောင်ဘတစ်ယောက်လူရုပ်မပေါက်တော့
တစ်ကိုယ်လုံးပိန်ခြုံးနေပြီးအစာလဲစားမရ
ရေလဲသောက်မနှင့်ခုနှစ်ရက်ရှိချေပြီဖျားနေတာ၊
ဤသည်ကားမိမပြုသောကံအတွက်လောက
ကြီးကအောင်ဘအားဒဏ်ခတ်လိုက်ခြင်းဖြစ်
မည်။
” အောင်ဘမျက်လူံးတွေကသူ့အား
တစ်ခုခုပြောချင်သလိုအားယူနေသည်။နောက်ဆူံးထွက်သက်မှာအောင်ဘတစ်ယောက်ခွေးလိုတစ်အီအီငြီးရင်းလာကကြီးကနူတ်ဆက်ထွက်ခွာသွားလေတော့သည်။
ခွေးသားကြိုက်သောအောင်ဘတစ်ယောက်
နောက်ဆုံးထွက်သက်မှာခွေးလိုအော်ငြီးကာ
သေသွားရရှာလေတော့သည်။
******************
“ဒီအဖြစ်ပျက်ကိုကြည့်ရင်းလူဆိုးလူပေကြီးမြ
မောင်တစ်ယောက်လောကကြီးကိုစိတ်နာ၍
သာသနာ့ဘောင်အပြီးအပိုင်ဝင်ခဲ့လေသည်။
သူငယ်ချင်းအဖြစ်ကိုကြည့်ရင်းသံဝေဂရမိသွားသည်။လောကကြီိးမှာနေ့မြင်ညပျောက်နဲ့မမြဲ
သောနိစ္စတရားတို့ကိုလူတွေအဟုတ်မှတ်နေ
ကြသည်ဆိုတာမြမောင်တစ်ယောက်ကောင်းစွာ
သဘောပေါက်ခဲ့ပီဒါ့ကြောင့်သာသနာ့ဘောင်
အပြီးအပိုင်ဝင်ခဲ့ခြင်းဖြစ်သည်။
“တစ်နေ့ဦးဇင်းဦးဝိမလခေါ်မြမောင်တစ်
ယောက်ထူးဆန်ူးသောအိပ်မက်တစ်ခုအား
မြင်မက်ခဲ့သည်။
“အိပ်မက်ထဲတွင်သူငယ်ချင်းဖြစ်သူအောင်ဘ
သည်တစ်ကိုယ်လူံးအမွှေးအမျှင်များဖူံးလွမ်း
နေပြီးဦးခေါင်းမှာခွေးသဏ္ဍန်နဲ့ရောက်လာပြီးမိမိသည်အစာ
ရေစာမစားရတာကြာပြီဖြစ်ကြောင်းလူ့ဘဝ
တုန်းကခွေးလေးအားအစာအငတ်ထား၍
သတ်ဖြတ်ခဲ့ခြင်းကြောင့်ယခုအခါမိမိသည်အစားအစာများအားစားလိုပါသော်လည်းကျွေးမဲ့သူမရှိ၍လာရောက်တောင်းခံခြင်းဖြစ်ကြောင်း
သာဓုခေါ်ရန်အမျှပေးဝေစေလိုကြောင်းလာရောက်ပြောကြားသွားလေသည်။
“နောက်တစ်နေ့၌ဦးဇင်းဦးဝိမလမှ.. “”အောင်ဘအတွက်ရည်စူး၍ကောင်းမှူ့ကုသိုလ်
လုပ်၍နာမည်ခေါ်အမျှပေးဝေလိုက်လေသည်။
“ထိုအချိန်တွင်အဝေးမှခွေးများဆွဲဆွဲငင်ငင်
အူသွားကြလေသည်။အောင်ဘတစ်ယာက်
ကျွတ်လွတ်သွားပီဆိုတာသတိပေးခြင်းဖြစ်
လေရော့သလား။သို့မဟုတ်ခွေးသားအလွန်
ကြိုက်သောအောင်ဘအတွက်ခွေးတစ်သိုက်
ပြန်လည်ကျိန်ဆိုနေခြင်းလား။
“စဉ်းစားရင်းဦးဇင်းဦးဝိမလတစ်ယောက်…
အဝေးဆီငေးကြည့်ရင်းအတ်ိတ်ကဖြစ်ခြင်း
တွေအတွက်သာသနာ့ဘောင်မှာပဲအပြီးဆပ်သွားမည်ဟုဆုံးဖြတ်လိုက်တော့သည်။…
ပြီးပါပြီ
Crd✍ စာရေးသူ✍ မင်းသုခ