” ဂျက်ကီ ” (စ/ဆုံး)

” ဂျက်ကီ ” (စ/ဆုံး)

=====================

“ကျွီ”

“ဘိန်း”

“သားရေအထုပ်အပိုးတွေ
သယ်လာခဲ့ဦးနော်”

“ဟုတ်အမေ”

ကားတစ်စီးထိုးရပ်လာပြီး
ကားပေါ်မှသားအမိတော်စပ်သော
လူနှစ်ယောက်ဆင်းလာကြသည်။

သားဖြစ်သူကအထုပ်အပိုးများကို
သယ်ပြီးမိခင်နောက်မှလိုက်လာသည်။
မိခင်ဖြစ်သူကတိုက်အပေါ်သို့
တရွေ့ရွေ့ဖြင့်တက်လာခဲ့သည်။

“သားအမေတို့နေရမယ့်အခန်းက
ဒီအခန်းပဲသားရဲ့”

“မဆိုးပါဘူးနေရာလေးကလည်း
သပ်သပ်ရပ်ရပ်နဲ့အဆင်ပြေပါတယ်”

“ဂျောက်”

မိခင်ဖြစ်သူကသော့ဖွင့်လိုက်ပြီး
သားအမိနှစ်ယောက်
တိုက်ခန်းထဲသို့ဝင်သွားသည်။

“သမီးယုယုရေ
အမေတို့နေတဲ့အခန်းချင်းကပ်လျက်ကို
သားအမိနှစ်ယောက်ပြောင်းလာကြပုံပဲ”

“ဟုတ်လား သမီးတို့လည်း
မိတ်ဆွေသစ်တိုးတာပေါ့အမေရယ်”

“အာဝု”

“ဟေးသားလေးဂျက်ကီလာပါဦး
အေမ့ဆီကို လာလာ”

မယုယုမွေးထားသည့်ခွေးလေး
နာမည်ကဂျက်ကီဖြစ်သည်။
ဂျက်ကီကဖြူဖြူဖွေးဖွေးလေးနှင့်
အလွန်ချစ်စရာကောင်းသည့်
ခွေးလေးဖြစ်သည်။
ထို့ကြောင့်မယုယုတို့သားအမိပင်မက
အခန်းနီးချင်းများကတောင်
ဂျက်ကီကိုမြင်လျှင်ချစ်ကြသည်။

“သားလေးဂျက်ကီကိုရေချိုးပေးရဦးမယ်အမေရေ တစ်ကိုယ်လုံးလည်းနံနေတာပဲ”

“ဟိုနေ့ကမှချိုးပေးထားတာပါ
အခုနံနေပြီလားသမီးရဲ့”

“နံမှာပေါ့အမေရယ် ဂျက်ကီက
လူးလိမ့်ပြီးတအားဆော့တာကိုး”

“ဒါဖြင့်လည်းချိုးပေးလိုက်
ခဏတိုင်းချိုးပေးနေရင်ဂျက်ကီဖျားမှာ
စိုးလို့အေ့”

“ဟုတ်အမေ”

“လာဂျက်ကီ သားကိုရေချိုးပေးရဦးမယ်”

“ဝုတ် ဝုတ်”

“အံမယ် သားကမချိုးချင်ဘူးပေါ့
မရဘူးနော်ချိုးကိုချိုးရမယ်
ရေမချိုးရင်မေမေတုတ်စာသိတယ်နော်”

မယုယုကားကိုဂျက်ကီက
နားလည်သည့်အလားအမြှီးနှံ့ကာ
ကြည့်နေတော့သည်။

=============

“ဒေါက် ဒေါက် ဒေါက်”

“ဘယ်သူလဲ”

“ကျွန်မကအခန်းနီးချင်းပါရှင့်
ပေးစရာလေးရှိလို့လာခဲ့တာပါ”

“အေးအေးလာပြီ”

“ဂျောက်”

“ကလေးမကဘယ်သူလဲကွယ့်”

“ကျွန်မနာမည်ယုယုပါရှင့်
ဘေးကအခန်းမှာနေပါတယ်၊
မေမေကအန်တီတို့နဲ့ရင်းနှီးသွားအောင်
ဟင်းချက်လေးပို့ခိုင်းလိုက်လို့ပါရှင့်”

“ကျေးဇူးပါပဲကွယ့်
အန်တီနာမည်ကဒေါ်ချစ်မွန်ပါ
သားအမိနှစ်ယောက်တည်း
နေကြတယ်လေ။
သားနာမည်ကမောင်ထွန်းမြင့်တဲ့
ခဏလေးနော်ဟင်းတွေသွားပြီး
လှယ်လိုက်ဦးမယ်သမီး”

“အန်တီချစ်မွန် ပန်းကန်မဆေးနဲ့နော်
သမီးကိုအတိုင်းပဲပြန်ပေးလိုက်ပါ”

“ဝုတ် ဝုတ်”

“ဟယ်ခွေးလေးပါလား
ဒါသမီးခွေးလေးလားကွယ့်”

“ဟုတ်တယ်အန်တီချစ်မွန်
သမီးခွေးလေးလေ သူ့နာမည်က
ဂျက်ကီတဲ့”

“ချစ်စရာလေးပဲခွေးလေးက”

ဒေါ်ချစ်မွန်လည်းတိုက်ခန်းထဲ
ဝင်သွားကာမယုယုပေးသည့်
ဟင်းများအားလှယ်ယူလိုက်သည်။

“ကျေးဇူးပဲနော် သမီး
နောက်လည်းမကြာမကြာ
လာလည်လို့ရပါတယ်”

“ဟုတ်ကဲ့အန်တီ
သမီးကိုသွားခွင့်ပြုပါဦး”

“အေးကွယ် အေးအေး”

မယုယုလည်းတိုက်ခန်းဘက်
ပြန်လာခဲ့တော့သည်။

“လာသားလာ အခန်းထဲဝင်”

မယုယုနောက်မှဂျက်ကီလည်း
လိုက်ဝင်လာသည်။

“သမီးပေးခဲ့ပြီလား”

“ဟုတ်ပေးခဲ့ပြီအမေ
အန်တီကြီးကသဘောကောင်းတဲ့ပုံပဲ
အမေရ၊စကားလည်းပြောကောင်းတယ်
ဖော်ဖော်ရွေရွေလည်းရှိပါတယ်”

“ဒါဆိုအမေတို့အတွက်
မိတ်ဆွေကောင်းတစ်ယောက်တိုးတာပေါ့
သမီးရယ်။
ဒါနဲ့သူတို့နာမည်ကဘာတဲ့လဲ”

“အန်တီကြီးနာမည်က
ဒေါ်ချစ်မွန်တဲ့သူ့သားနာမည်က
ကိုထွန်းမြင့်တဲ့လေ.
သူ့သားကိုတော့မမြင်ခဲ့ပါဘူး
အန်တီချစ်မွန်တစ်ယောက်တည်းပဲ
တွေ့ခဲ့တာ”

“သြော် ဟုတ်လား
အေးအေး ”

ထိုနေ့မှစပြီး တစ်ဦးနှင့်တစ်ဦး
ရင်းနှီးကျွမ်းဝင်လာခဲ့ကြသည်။
အစားအသောက်တွေအပြန်အလှန်ပို့ကြ
စကားတွေပြောကြဖြင့်
ရင်းနှီးသထက်ရင်းနှီးလာခဲ့ကြသည်။

ဂျက်ကီသည်လည်းဒေါ်ချစ်မွန်တို့
သားအမိကိုခင်မင်လာခဲ့သည်။
ဒေါ်ချစ်မွန်နှင့်ကိုထွန်းမြင့်ကလည်း
ဂျက်ကီကိုကျွေးလိုက်မွေးလိုက်ဖြင့်
တွယ်တာခဲ့ကြသည်။

တစ်ရက်တွင်တော့……

“ဟာ အမလောပါဦး
ဒီမှာကြည့်ပါဦးဗျာ”

“ဟယ်တော် ငါတစ်မနက်လုံး
သေချာလှဲပြီးကျုံးထည့်ထားတဲ့
အမှိုက်အိတ်ကိုဘယ်သူကလာပြီး
ပွစလောင်းလန်အောင်လုပ်သွားတာလဲ
မသိဘူး။
ငါ့နှယ်နော် ဒေါသဖြစ်လိုက်တာ”

“အမေနေဦး ဒီအိတ်မှာသွားကိုက်ရာတွေချည်းပဲ
ခွေးတစ်ကောင်ကောင်ကိုက်ဖြတ်ပြီး
ဆော့ထားတာဖြစ်ရမယ်”

“ဒီတိုက်ခန်းတစ်ဝှိုက်မှာ
ခွေးဆိုလို့ဂျက်ကီတစ်ကောင်ပဲရှိတယ်
ဒါဂျက်ကီလက်ချက်ပဲဖြစ်ရမယ်
နေပါစေဦး ငါနဲ့တွေ့မယ်”

ဒေါ်ချစ်မွန်လည်းဒေါကြီးမောကြီးနှင့်
မယုယုတို့သားအမိနေသည့်အခန်းရှေ့
သို့ရောက်လာကာ……

“ဒုန်း ဒုန်း ဒုန်း”

“တံခါးဖွင့်ဦး ယုယု
ယုယုတံခါးဖွင့်ဦး”

“လာပြီအန်တီချစ်မွန်”

“ဂျောက်”

“ညည်းတို့ဘယ်လိုလုပ်လိုက်တာလဲအေ့
အခုငါ့အခန်းရှေ့မှာ အကုန်ပွထကုန်ပြီ
ခွေးမွေးထားရင်လည်းသေချာလေး
ကြည့်ကြပ်မွေးမှပေါ့အေ့၊အခုတော့
ခွေးကိုလွှတ်ချင်တိုင်းလွှတ်ထားတော့
ဖြစ်ချင်သလိုဖြစ်ကုန်တာပေါ့အေ့”

“ဟုတ်တယ် နင်တို့ခွေး
တအားမိုက်ရိုင်းလွန်းတယ် ငါ့တို့က
ချစ်ခင်သလောက်နင်တို့ခွေးက
တအားစုတ်ပဲ့တာပဲ”

“ဘာတွေဖြစ်နေတာလဲ သမီး”

မယုယု၏မိခင်ဒေါ်ယုနွယ်
ရောက်လာပြီးမေးလိုက်ခြင်းဖြစ်သည်။

“ဘာဖြစ်ရမှာလဲ ရှင်တို့ခွေးဂျက်ကီပေါ့
ကျုပ်တိုက်ခန်းရှေ့မှာ သေချာထုပ်ပိုးထားတဲ့အမှိုက်အိတ်ကို
ကိုက်ဖောက်ပြီးဆော့ပစ်တယ်လေ
အခုအကုန်ပွစာကြဲနေပြီ
ဘယ်လိုလုပ်မလဲ”

“ကျွန်မတောင်းပန်ပါတယ်ရှင်
ကျွန်မတို့ပြန်လုပ်ပေးပါ့မယ်
မနက်ကဂျက်ကီကိုလွှတ်ထားမိလိုက်တယ်
အခုလိုဖြစ်မယ်လို့မတွေးမိလိုက်ဘူးရှင်
စိတ်ကိုလျှော့ပါ”

“မလျှော့နိုင်ဘူး ကျုပ်ကညစ်ပတ်ရင်
သိပ်ကြိုက်တာမဟုတ်ဘူး။
နောက်တစ်ခါနင်တို့ရဲ့ချီးစားခွေးကို
ငါ့အခန်းဘက်မလာစေနဲ့
လာလို့ကတော့ သ,တ်ပစ်မယ်”

“ဒီမှာ ဒေါ်ချစ်မွန်
ကျွန်မတို့ဂျက်ကီလုပ်တဲ့အမှားကို
ကျွန်မအမေတောင်းပန်ပြီးပြီလေ၊
ပြန်ပြီးလုပ်ပေးပါ့မယ်လို့လည်း
ပြောထားပြီးသာ အဲ့ဒါကိုရှင်က
ဂျက်ကီကိုချီးစားခွေးလေးဘာလေးနဲ့
ပြီးတော့သ.တ်ပစ်မယ်လို့ပြော
သေးတယ်နော်။
ဂျက်ကီကတိရစ္ဆာန်လေ သူဘာသိမှာလဲသူဆော့ကစားချင်လို့
ကစားမိသွားတာကို ရှင်မို့လို့
လူကြီးမတန်ပဲပြောထွက်ရက်လိုက်တာ”

“ပြောရမယ် ပြောရမယ်
ညည်းရဲ့ချီးစားခွေးကိုပြောလို့
မခံနိုင်ရင်လဲသာေ.သလိုက်တော့ဟေ့”

“ရှင်သာ အသက်ကြီးသလောက်
အချိန်မစီးတဲ့မိန်းမကြီးရှင့်သိလား။
တိရစ္ဆာန်နဲ့တုပြီးရန်ဖြစ်ချင်နေမှတော့
ရှင်လည်းဘာဖြစ်နေလဲဆိုတာ
ကိုယ့်ကိုယ်ကိုယ်သိ”

“အောင်မာ ညည်းကများငါ့ကို
တိရစ္ဆာန်နဲ့နှိုင်းတယ်ပေါ့ဟုတ်လား
ရာရာစစရိုင်းလိုက်တာကောင်မ”

“တောက်”

“လာသွားမယ်အမေ
ဒီကောင်မတွေနဲ့တုပြောမနေနဲ့လာ”

ကိုထွန်းမြင့်ကဒေါ်ချစ်မွန်
လက်ကိုဆွဲကာပြန်ထွက်သွားတော့သည်။

“သမီးလာ စိတ်ကိုလျှော့ပါကွယ်
မတူတဲ့သူနဲ့တုပြီးရန်မဖြစ်ချင်စမ်းပါနဲ့”

“အမေရယ် အံ့သြဖို့ကောင်းလိုက်တာ
ဒီမိန်းမကြီးဒီလောက်စိတ်ဓာတ်ညံ့လိမ့်လို့
မထင်ခဲ့ဘူး”

“သြော် သမီးရယ် လူ့စိတ်ဆိုတာ
ဝင်ကြည့်လို့မှမရတာ လူ့အကြောင်း
ပေါင်းကြည့်မှသိဆိုသလိုပေါ့
သမီးရယ် စိတ်ကိုလျှော့လိုက်
သမီးရဲ့ဂျက်ကီကိုလည်းသေချာကြည့်ထား”

“ဟုတ်အမေ”

==============

တစ်ရက်ည၉နာရီခန့်
မယုယုတို့သားအမိအပြင်သို့ ဝယ်စရာရှိ၍သွားဝယ်ကြစဉ်
အိမ်ထဲတွင်ဂျက်ကီတစ်ကောင်တည်း
ကျန်နေခဲ့သည်။

“ဂျက်ကီရေ ဂျက်ကီ.

“တောက် တောက် တောက်တောက်”

ကိုထွန်းမြင့်ကတိုက်အောက်မှနေ၍
ဂျက်ကီကိုခေါ်လိုက်သည်။
ဂျက်ကီလည်းအမြှီးလေးနှံ့ကာ
တိုက်အောက်သို့ဆင်းလာသည်။

“ဂျက်ကီရော့ ဒီမှာမင်းအတွက်
စားစရာဝယ်လာတယ်ကွ”

“ရော့ စားစား”

“အာဝု အုအု”

ကိုထွန်းမြင့်ကျွေးသည့်
မုန့်များအားဂျက်ကီကအမြှီးနှံ့ပြီး
စားနေတော့သည်။

ကိုထွန်းမြင့်လည်းဟိုကြည်
သည်ကြည့်လုပ်ကာတိုက်ထဲပြန်ဝင်
လာခဲ့သည်။

နာရီပိုင်းခန့်ကြာတော့
မယုယုတို့သားအမိပြန်လာကြသည်။

“ဂျက်ကီရေ ဂျက်ကီ”

“သားဂျက်ကီရေ ”

“အမေ ဂျက်ကီရော
ခေါ်တာလည်းပေါ်မလာဘူး”

“တိုက်အောက်ဆင်းပြီး
အမေတို့ကိုစောင့်နေတာဖြစ်မှာပေါ့
အမေတို့ပြန်ရောက်တာ
သူမမြင်လိုက်ဘူးထင်တယ်
သွားအောက်ဆင်းကြည့်လိုက်ဦး”

“ဟုတ်အမေ”

မယုယုလည်းတိုက်အောက်သို့
ဆင်းလာပြီးဂျက်ကီအားခေါ်လိုက်သည်။

“ဂျက်ကီရေ ဂျက်ကီ”

“သားဂျက်ကီ ဂျက်ကီ”

“ဟင် သားလေးဘယ်တွေများ
လျှောက်သွားနေလဲမသိဘူး”

မယုယုလည်းဟိုလျှောက်သည်လျှောက်
လျှောက်ပြီးလိုက်လံရှာဖွေလိုက်သည်။

“အီ အီ အီ”

“ဟင် ဂျက်ကီ သားလေး”

“ဟော်တော့် သားလေးဘာဖြစ်တာလဲ
ဘယ်လိုဖြစ်ရတာလဲသားရယ်
ပါးစပ်ထဲကနေအမြှုပ်တွေထွက်
လို့ပါလား အဆိပ်မိပြီနဲ့တူတယ်”

မယုယုလည်းဂျက်ကီကိုကြည့်ပြီး
ထူပူနေတော့သည်။
ဂျက်ကီကလည်းသူ့သခင်မကို
ကြည့်ပြီးမျက်ဝန်းထဲမှမျက်ရည်များ
စီးကျလာသည်။

မယုယုလည်းဂျက်ကီကို
ကြည့်ပြီးငိုချင်းချမိတော့သည်။

“အမေရေ အမေ လာပါဦး”

“အေမ”

မယုယုအော်သံကြားသည့်
ဒေါ်ယုနွယ်လည်းတိုက်အောက်သို့
ထိတ်ထိတ်ပြာပြာဖြင့်ရောက်လာခဲ့သည်။

“သမီးဂျက်ကီဘာဖြစ်တာလဲ”

“အမေ ဂျက်ကီအဆိပ်မိထားတယ်”

“ဟော်တော့် ဘယ်သူလုပ်တာပါလိမ့်
ငါ့သားလေးကိုဘယ်သူကများ
အဆိပ်ကျွေးသွားပါလိမ့်သားရယ်”

“အီအီ”

ဂျက်ကီရဲ့နောက်ဆုံးထွက်သက်က
မယုယုတို့သားအမိရင်ကို
နာနာကျင်ကျင်ထိုးနှက်သွားပေသည်။

“အမေ ဂျက်ကီအသက်မရှိတော့ဘူး
လုပ်ရက်လိုက်ကြတာ လူတွေရယ်
ငါ့သားလေးကိုမှလုပ်ရက်လိုက်ကြတာ”

“ဟုတ်ပါ့သမီးရယ်
လူတွေများဘာမှနားမလည်တဲ့
တိရစ္ဆာန်အပေါ်ကိုအငြိုးကြီးပြီး
ရက်စက်လိုက်ကြတာအမေသိနေတယ်
သမီးအမေသိနေတယ်”

“အမေ သမီးသူတို့ကိုသွားပြောမယ်
ဒါသူတို့လက်ချက်ပဲဖြစ်မယ်”

“မပြောနဲ့သမီး အမေတို့မှာ
သက်သေရှိတာမဟုတ်ဘူး
တော်ကြာအခြေအနေတွေ
ပိုဆိုးကုန်လိမ့်မယ်။
ဒီအတိုင်းပဲထားလိုက်ပါတော့သမီးရယ်
သူတို့လုပ္ရက္ကသူတို့ကို
ပြန်ပြီးဝဋ်လည်သွားမှာပါကွယ်”

“သြော် သားလေးဂျက်ကီရယ်
ဖြစ်မှဖြစ်ရလေဟာ အီးဟီး ဟီး”

မယုယုတို့သားအမိ၏
ငိုသံကညအမှောင်ကိုထိုးခွင်းသွားတော့
သည်။
လူစိတ်မရှိသည့် လူနှစ်ယောက်ကတော့
ယုတ်မာသည့်အပြုံးများအား
ပန်ဆင်ထားကြတော့သည်။

ရန်ငြိုးထားခြင်းကင်းရှင်းကြပါစေ။

#အောင်ဓူဝံ
အများသိအောင်Shareသွားပေး