ငှက်ဖမ်းသမား(စ/ဆုံး)

Unicode Version

ငှက်ဖမ်းသမား(စ/ဆုံး)
—————————-
သူ့နာမည်က ကိုမြဒင်တဲ့ ။ ပါးရိုးကားတယ် ၊ နှုတ်ခမ်းပါးတယ် ၊ ဆံပင်နီတယ် ၊ ခန္ဓာကိုယ်က တုတ်ခိုင်တယ် ၊ ခြေထောက်မှာ ကားဖိနပ်ကြီးကို အမြဲစီးထားလေ့ရှိတယ် ။ ပုဆိုးကို ဒူးဆစ်အထိပဲဝတ်တယ် ။ ဘယ်တော့မှ အင်္ကျီ မပါတဲ့ ကိုယ်ဗလာကြီးမှာ ပုဆိုးတစ်ကွင်း အပိုသိုင်း ထားတတ်တယ် ။
သူ့အလုပ်က ငှက်ထောင်ဖမ်းတဲ့အလုပ် ၊ မုဆိုးလည်းမဟုတ်ဘူး ။ စာကလေးတို့ ၊ သပိတ်လွယ်တို့လို ငှက်ကလေး တွေကို ပိုက်ကွန်နဲ့ထောင်ဖမ်းတာ ။ ရွှေမြင်း ဆေး ပြင်းလိပ်တစ်စည်းနဲ့ တစ်နေကုန် တစ်နေခန်း ငှက်ဖမ်း နေတဲ့ ကိုမြဒင်ကို
တောရိုးတစ်လျှောက်ကသစ်ပင်ရိပ်တွေအောက်မှာ တွေ့ရတတ်တယ် ။
ကိုမြဒင်တို့နေတဲ့အရပ်က မန္တလေးနဲ့ အမရပူရကြားက
ရပ်ကွက်ကလေး တစ်ခုမှာပါ ။ နန်းမတော်မမြလေး ကိုရည်စူးပြီး တည်ထားခဲ့တယ်လို့ ပြောကြတဲ့ မမြလေး ဘုရားနားက ကိုမြဒင်တိုတဲကလေး တစ်လုံးမှာနေတယ် ။ ကိုမြဒင်မှာ သားသမီးသုံးယောက်ရှိတယ် သုံးယောက်စလုံး မူလတန်းကျောင်းလေး တစ်ကျောင်းမှာနေကြတယ် ။ ကိုမြဒင်ရဲ့မိန်းမ မရီကတော့ မဟာမုနိဘုရားကြီး အနောက်စောင်းတန်းမှာ ငှက်ကလေးတွေ ရောင်းတယ် ။ ကိုမြဒင်ဖမ်းပေးတဲ့ ငှက်ကလေးတွေပေါ့။
မနက်လင်းလာရင် ကိုမြဒင်က ပိုက်ကွန်ကိုထမ်းပြီး ငှက်ထောင်သွားတယ် ။
မရီက ငှက်ကလေးတွေထည့်ထားတဲ့ ပခြုပ်ကိုရွက်ပြီး ဘုရားကြီးကိုသွားတယ်။
ကလေးတွေက ကျောင်းကိုသွားတယ် ။ တဲကလေးကို ကဲလားတံခါးလေးချ ပိတ်ထားခဲ့ရုံပဲ ။ သော့ခတ်စရာမလိုဘူး ။ ကိုမြဒင်တို့ တဲကလေးကို ဝင်ခိုးမယ့်သူဆိုတာလည်း မရှိဘူး ။ တဲလေးထဲမှာလည်း ဘာမှမရှိဘူး ။
မနက်စောစော ထမင်းအိုးတစ်လုံး တည်တဲ့ပြီး မိသားစု ၅ယောက် ဝိုင်းစားလိုက်တာပဲ ။ အဲဒါ တစ်နေကုန်စာ ပြီးပြီ ။ ညနေ မရီ ငှက်ရောင်းပြီးပြန်လာရင် ပခြုပ်ထဲမှာ
ဆန်ထုပ်ကလေးပါလာတယ် ။ အဲဒီ ဆန်ထုပ်ကလေးကို ညမနက်ခွဲတယ် ၊ မရီညစာချ က်တယ် ။ ပြီးရင် ကိုမြဒင် ငှက်ထောင်တဲ့နောက်ကို လိုက်သွားတာပဲ ။ တာရိုးကြီးတစ်လျှောက်လုံးမှာ ကိုမြဒင်နဲ့ တူတဲ့သူဆိုတာ မရှိလေတော့ မရီရှာရလွယ်တယ် ။ ကိုမြဒင်ရှိရာကိုသွားပြီး ငှက်ကူထောင်တယ် ။ ကိုမြဒင်ရဲ့ ခြင်းကြားကြီးထဲမှာ
ငှက်ကောင်ရေကာ မနက်ဖြန်တွက်ကလေး ခန့်မှန်းမိ
ရင် လင်မယားနှစ်ယောက် အိမ်ပြန်ခဲ့ကြတယ် ။ ရေမိုး ချိုးပြီးရင် မိသားစု ၅ယောက် ထမင်းဝိုင်းစားလိုက်ကြတယ် ။ ပြီးရင် ထမင်းလုံးစီရင်း အိပ်ကြတော့တာပဲ ။
သူတို့အိပ်မက်ထဲမှာ ငှက်ကလေးတွေ ပျံ ဝဲနေကြတယ် ။ တောင်ပံတဖျပ်ဖျပ်ခတ်နေကြတယ် ။ တစ်ခါတလေ ကိုမြဒင်ရဲ့ တခေါခေါ ဟောက်သံကြီးကိုတောင်
မရီက ငှက်ကလေးတွေ စိုးစိုးစည်စည်မြည်နေသံလို့
အောက်မေ့တတ်တယ် ။
အမှောင်ရိပ်အောက်က ကိုမြဒင်တို့ရဲ့ တဲကလေးထဲမှာတော့ ငှက်မြည်သံက ညံလို့ …။
( ၂ )
ကိုမြဒင်မှာ တစ်ဦးတည်းသော မိတ်ဆွေကြီးတစ်ယောက်ရှိတယ် ။ တကယ့် သူတော်ကောင်းကြီးပါ ။ ကိုမြဒင် ငှက်ထောင်တဲ့ တာရိုးကြီးအတွင်းပိုင်းက ဘုန်းကြီးကျောင်းမှာလာနေတဲ့ ဦးသူတော်တဲ့ ။ကိုမြဒင်ကတော့ ဘိုးသူလို့ပဲ ခေါ်တယ် ။ ဘိုးသူက အသက်၇၀လောက် ရှိပါပြီ ။ လူအိုတော့ ကျောင်းဆိုသလို ဘိုးသူရဲ့ သားတွေသမီးတွေက သူတို့အိမ်ထောင်နဲ့ သူတို့ဆိုတော့
ဘိုးသူကို ဂရုမစိုက်နိုင်ကြဘူး ၊ သည်တော့ ဘယ်သားသမီးနဲ့မှ မနေချင်တာနဲ့ ဘိုးသူက ဘုန်းကြီးကျောင်းမှာ လာနေတာ ။
ဘုန်းကြီးကျောင်းထိပ်က တမာပင်ကြီးအောက်မှာ ကိုမြဒင်ထိုင်နေရင် ဘိုးသူရောက်လာတတ်တယ် ။ ကိုမြဒင်ရဲ့ဘဝကိုမေးလေ့ရှိတယ် ။ ဘိုးသူကတော့ တရားသမားမဟုတ်လား ၊ နှစ်ဘက်မျှ တွေးတာပေါ့ ။ ကိုမြဒင် လုပ်နေတဲ့အလုပ်က သူတော်ကောင်းအလုပ်မဟုတ်ပေမယ့် အပြစ်မဆိုသာဘူးပေါ့လေ ။
တစ်ဖက်ကိုကြည့်ပြန်တော့လည်း သားကျွေးမှု ၊ မယားကျွေးမှုက ရှိသေးတယ် ။ ကိုမြဒင် ငှက်ကလေးတွေဖမ်းမှ မိသားစုက ရပ်တည်လို့ရမယ်ပေါ့ ။ ဘိုးသူကတော့ ကိုမြဒင်ကို ဘယ်လိုမှ မအောက်မေ့ပါဘူး ။ တစ်ခါတလေ ကိုမြဒင်ကို အစားအသောက်ကလေးတွေ ဘာလေးတွေကျွေးတယ် ။ တစ်ခါတစ်ခါတော့လည်း ကိုမြဒင်
ငှက်ထောင်တဲ့အလုပ်ထဲ ပါမိတဲ့အခါ ပါမိတာပေါ့ ။
” ဟဲ့ _ မြဒင် ပိုက်ထဲမှာ ငှက်တွေအတော်များလာပြီ ၊
ဆွဲလိုက်ပါတော့လား … ” တို့ ။
” မင်း သည်နေ့ ငှက်သိပ်မရသေးဘူး ၊ ဟိုဘက်လက်ပံပင်အုပ်ဆီ သွားရောပေါ့ ….” တို့ ။
” မင်း ခြင်းကြားက မလုံတော့ပါဘူးကွာ ၊ ကြိမ်ထိုးပါဦး …” တို့ ။
ဘိုးသူတစ်ယောက် ကိုမြဒင်သံယောဇဉ်နဲ့ မနေနိုင် မထိုင်နိုင် ပါနေရတော့တာ ။ ကိုမြဒင်ကတော့ စိပ်ပုတီးလည်ပင်းဆွဲထားတဲ့ ဘိုးသူကြီးကိုကြည့်ပြီး အားလည်းနာမိတယ် ၊ ရင်လည်းနာမိတယ် ။ သားတွေသမီးတွေရှိရက်နဲ့ ဖအေကြီး သည်လိုနေရတာကို ဘာလို့ လျစ်လျူရှုထားရသလဲပေါ့ ။ စိတ်ထဲမှာလည်း သူကောင်းစားရင် ဘိုးသူကြီးကို ရဟန်းခံပေးချင်တယ် ၊
ကျောင်းတစ်ဆောင် ဆောက်လုပ်လှူချင်တယ်။
ကိုမြဒင်က လူပုံကသာ ကြမ်းတမ်းတာ ၊ ရင်တွင်းနှလုံးသားကတော့ သိမ်မွေ့တယ် ။
ကိုမြဒင်ရဲ့အမေက ရက်ကန်းခတ်တဲ့ ရက်ကန်းသမကြီးပါ ။ အမေသိန်းရဲ့ လက်ရက်ထည် အချိတ်ဆင်လေးတွေဟာ ကဗျာဆန်တယ် ၊ အနုပညာလက်ရာမြောက်တယ် ။ ဟိုတစ်ချိ န်က မန္တလေးမြို့ပေါ်က မင်းပွဲစိုးပွဲတွေမှာ အမေသိန်းရဲ့ အထည်တွေဟာ အတော်ကလေး ရေပန်းစားခဲ့တယ် ။
” အမေသိန်းရဲ့ လက်ရာလေးတွေက သိပ်ကောင်း
တာပဲ ။ ချည်ကျော်ချည်ကျလည်းမရှိဘူး ။ အဆင်က လေးတွေကလည်း လှလွန်းလိုက်တာ ”
” ဟုတ်ပါရဲ့အမေသိန်းရယ် ၊ ကျွန်မတို့ဖြင့် အမေ့လက်ရာတွေ အများကြီးဝတ်ချင်တယ် ။ အမေ့ကိုလည်း အသက်ရှည်စေချင်ပါတယ်ရှင် ”
ဒါပေမယ့် အမေသိန်းက အသက်တိုခဲ့တယ် ။ ကိုမြဒင် ပုဆိုးကွင်းသိုင်းပြီး ခွေလှိမ့်နေတုန်းအရွယ်မှာပဲ အမေသိန်းကွယ်လွန်ခဲ့တယ် ။ အမေသိန်းသေတော့ ရက်ကန်းစင်ကလေးဘေးမှာ ကွေးကွေးကလေး ။ မင်းကတော်တစ်ယောက်က သူ့သမီးရဲ့လက်ထပ်ပွဲမှာ ဝတ်ဖို့ အမေသိန်းကို အထူးရက်ခိုင်းတဲ့ အထည်စင်တန်းလန်းနဲ့ ။အအေးပတ်ပြီးသေသွားတာ ။ မင်းကြီးကတော်ဝတ်ဖို့လား၊
သတို့သမီးဝတ်ဖို့လားတော့ ကိုမြဒင် မမှတ်မိဘူး ။ ကိုမြဒင်မှတ်မိတာကတော့ အမေသေပြီးရက်တောင်မလည်ရသေးဘူး ၊ မင်းကြီးကတော် ရောက်လာခဲ့တယ် ။ အမေကိုပေးထားတဲ့ စရံငွေ လာတောင်းတာပါ ။ စရံငွေက ဘယ်ရှိတော့မလဲ ။ အမေက ချည်တွေဝယ်ခဲ့ပြီးပြီကိုး ။ မင်းကြီးကတော်က ဘာမပြောညာမပြောနဲ့ အမေ့
လက်ရာတန်းလန်း ရက်ကန်းထည်ကို စင်ကနေဖြုတ်ယူတယ် ။ ချည်တစ်ပင် တစ်စမကျန်ယူတယ် ။ ကိုမြဒင်မှာ အမေ့အမွေဆိုလို့ ရက်ကန်းစင်ပက်လက်ပဲ ကျန်ရစ်ခဲ့တယ် ။ ခုတော့ အဲသည် ရက်ကန်းစင်တောင် မရှိတော့ပါဘူး ။ အခုနေတဲ့ တဲကလေးဆောက်တုန်းက ရောင်းပစ်လိုက်ရတာ ။
ကိုမြဒင်မှာ ကျန်ရစ်ခဲ့တာက အမေသိန်းရဲ့နူးညံ့သိမ်မွေ့တဲ့စိတ် ဓာတ်ကလေးပဲ ။ လူပုံကြမ်းသလောက် ကိုမြဒင်ရဲ့ စိတ်နှလုံးပျော့ပျောင်းနူးညံ့နေတာ သူ့အမေရဲ့ အမွေပဲပေါ့ ။ ငှက်ကလေးတွေကိုဖမ်းမိတိုင်း ကိုမြဒင်မှာ စာနာစိတ်ကလေးနဲ့ ရင်မှာအမြဲ နာကျင်မိရတယ် ။
သည်ငှက်ကလေးတွေကိုဖမ်း ၊ ပခြုပ်ထဲထည့် လှောင်ပြီး ထားရတာကိုပဲ ကိုမြဒင်မှာ စိတ်ဆင်းရဲလှပြီ ။ သူ့မိန်းမကို ငှက်တွေလက်ကျန်မထားဖို့ ၊ နေ့တွင်းချင်းအပြတ် ကုန်အောင်ရောင်းဖို့ နေ့တိုင်းမှာတယ် ။ ညတိုင်းပြောတယ်။
ကိုမြဒင်ရဲ့ တဲကလေးထဲမှာ ငှက်စာတွေရှိတယ် ၊ ငှက် ရေသောက်ဖို့ ရေခွက်တွေရှိတယ် ။ ဒါတွေကို သူစေတနာသန့်သန့်နဲ့ကျွေးတာပါ ။ ငါရောင်းရမယ့် ငှက်တွေပါလားဆိုတာထက် ငှက်ကလေးတွေ သေမသွားအောင်လို့ပါ ။ တစ်ခါတလေ ငှက်ကလေး တစ်ကောင်စ နှစ်
ကောင်စ မတော်တဆ သေသွားခဲ့ရင်တောင် ကိုမြဒင်မှာ ကြေကွဲမဆုံးဘူး ။ သူ့ကိုယ်သူ အပြစ်တင်လို့မဆုံးဘူး ။ အဲသည်ငှက်သေကို မမြလေးဘုရားဘေးက တမာပင်ကြီးအောက်မှာ ကောင်းကောင်းမွန်မွန်ပဲသွားမြှုပ်တယ် ။ ဆုတောင်းမေတ္တာပို့တယ် ။ ဘယ်လောက်ပဲငတ်ငတ် သူတို့ရဲ့ထမင်းဝိုင်းမှာ ဘယ်သောအခါမှ ငှက်သားဟင်းမပါဘူး ။
မရီကတော့ မိန်းမမဟုတ်လား ၊ ငှက်သေကို ဟင်းစားလေး လုပ်ချင်တာပေါ့ ။ သေသွားပြီပဲပေါ့ ။ ဒါပေမယ့်
ကိုမြဒင်ကမရဘူး ။ မစားရဘူး ။
” ဟင်းရွက် ကန်စွန်းပဲ စားစမ်းပါ မရီရာ ၊ ပါးစပ်အကျင့်မလုပ်စမ်းပါနဲ့ ၊ ငှက်သားစားလို့ကောင်းမှန်းသိသွားရင် တို့ငှက်တွေကို တမင်သတ်ချင်လာမိလိမ့်မယ် ။ သည်ငှက်ကလေးတွေက သူတို့ဘဝနဲ့ရင်းပြီး တို့ကို ထမင်းကျွေးနေတာ ၊ တို့ကျေးဇူးရှင်တွေ ”
မရီကတော့ ကိုမြဒင်ကို မျက်စောင်းခဲပြီး ……
” ဘုရားဖြစ်မယ့် အုတ်နီခဲကြီး ….” တဲ့ ။
( ၃ )
” ကိုမြဒင်ရေ – ငှက်တွေက သိပ်ရောင်းမကောင်ဘူး ”
ထမင်းစားပြီး ဆေးလိပ်သောက်နေတဲ့ ကိုမြဒင်နားကို မရီ လာထိုင်ရင်း ပြောလိုက်တယ် ။
” ငှက်လွှတ်မယ့်လူတွေကပဲ နည်းကုန်လို့လား ….
ငှက်ဖိုးနဲ့ ဆန်ဖိုး မတူတော့လို့လား မသိပါဘူးတော် ၊ ခါ တိုင်း အကောင်သုံးဆယ်လောက် ရောင်းလိုက်ရရင်
အေးအေးဆေးဆေးပဲ ၊ အခု အဲလိုမဟုတ်တော့ဘူး…”
ကိုမြဒင်က ဆေးလိပ်ကို ပြာချွေ ချလိုက်တယ် ။ တစ်ညနေလုံးလည်း မရီမျက်နှာလေးငယ်နေတာ
ကိုမြဒင်သတိထားမိတယ် ။ ပခြုပ်ထဲက ငှက်လက်ကျန်လေးတွေကတော့ ခုန်ဆွခုန်ဆွနဲ့ ။
” ရသလောက်ပေါ့ မရီရယ် …တို့လည်းထမင်းနှစ်နပ်ပဲ စားတဲ့ဥစ္စာ ။ ရောင်းရတဲ့နေ့ ရောင်းပေါ့ ၊ မရောင်းရလဲလွှတ်ပစ်လိုက်ကွာ ၊ သူများလို တို့လည်း ကုသိုလ်ယူတဲ့ သဘောပေါ့ ။ ငှက်တွေကို တစ်ညထက်ပိုပြီး ငါလှောင်မထားချင်ဘူး…”
မရီ စိတ်နည်းနည်းတိုသွားရတယ် ။ ကိုယ်ပြောချင်တာက စားရေးသောက်ရေး သူပြောနေတာက ကုသိုလ်တရား ….။
” ဒီမှာ ကိုမြဒင် ၊ ကျုပ်တစ်ခုတွေးထားတယ် …..”
မမြလေးဘုရားဆီက လျှပ်စစ်ရောင်စုံမီးတွေကို လှမ်းကြည့်ရင်း မရီရဲ့စကားကို ခွန့်တုန့်မပြန်ဘဲ ကိုမြဒင်ငြိမ်နေလိုက်တယ် ။
” ကျုပ်နဲ့အတူတူ စောင်းတန်းထဲမှာ ဈေးရောင်းတဲ့ မအေးကပြောတယ် ၊ သည်ငှက်တွေကို စားသောက်ဆိုင်တွေက ဝယ်တယ်တဲ့ ။ ငှက်တစ်ကောင် ငါးကျပ်နှုန်းနဲ့ ပါသမျှ အကုန်သိမ်းတာတဲ့တော့ …..”
” တော်စမ်း …. မရီ ”
သည်တစ်ခါတော့ ကိုမြဒင် တော်တော်ကြီးစိတ်ဆိုးသွားတယ် ။ သူဖမ်းလာတဲ့ ငှက်ကလေးတွေကို စားသောက်ဆိုင်က ဟင်းခွက်ထဲ အရောက်မခံနိုင်ဘူး ။ ငှက်ကလေးတွေရဲ့ ရင်ကိုခွဲ ဆားနဲ့နယ်ပြီး ဆီပူထဲမှာကြော် ၊ အို …. ကိုမြဒင် ခေါင်းကိုသွက်သွက်ကြီးခါရမ်းလိုက်တယ် ။
” ဒီမှာ မရီ …. ငှက်ကလေးတွေကို ငါသိပ်ချစ်တယ် ၊ ဘာလို့လဲဆိုတော့ သူတို့က အပြစ်ကင်းစင်လို့ ၊ အစေ့အဆန်တွေကိုစားပြီးနေတဲ့ ငှက်သူတော်ကောင်းလေးတွေကွ ၊ ငါထောင်ဖမ်းတဲ့ ထောင်ချောက်ထဲကို အစာတစ်လုပ်အတွက်နဲ့ သူတို့ရောက်လာခဲ့တယ် ၊ ငါ့ပိုက်ကွန်နဲ့အုပ်လိုက်တော့ အလန့်တကြား ဖျတ်ဖျတ်ကို လူးလို့ … ခြင်းကြားကြီးထဲထည့်ပြီး တစ်ညလုံးသိပ်ထားရတာတောင် ငါစိတ်ဆင်းရဲလှပြီ ။ ဒါပေမယ့် မနက်ကျရင် သူတို့လွတ်လပ်သွားကြမှာပါလေဆိုတဲ့စိတ်နဲ့ ငါဖြေ
ခဲ့တယ် ။ ဒါတောင် ငါ့စိတ်ထဲမှာ သူတို့ ဘယ်ကိုပျံသန်းသွားကြမှာပါလိမ့်လို့ အမြဲတွေးတောနေတဲ့ ကောင် ”
” အဲလိုတွေးနေရင်လည်း ငှက်မဖမ်းနဲ့တော့ပေါ့ ။ တကတည်း ယောင်္ကျားတစ်ယောက်လုပ်နေပြီး ထမင်းဝအောင်ရှာမကျွေးနိုင်တဲ့လူ ။ တော်က ငှက်ထောင်မဖမ်းလို့ ဘာများလုပ်ကျွေးတတ်လို့လဲဟင် ။ ကျုပ်မှာတော့ နေကုန်နေခန်း ဘုရားစောင်တန်းထဲမှာ ငှက်တွေရောင်းရ ၊
ဟီး …ကိုယ့်သားသမီးတွေခမျာလည်း သူများထမင်း စားချိန်မစားရ ၊ ဟီး …. တော်ကတော့ သူတော်ကောင်းစိတ် မွေးနေတယ်ပေါ့ ဟုတ်လား။ ငှက်ကလေးတွေကို မသတ်ရက်ရင် ကျုပ်ကိုသာသတ်လိုက်ပါတော့ ဟီး …. ”
မရီရဲ့စကားတွေက ကိုမြဒင်ရဲ့အသည်းနှလုံးကို ဆတ်ကနဲ ဆတ်ကနဲ ဆွဲခါနေတယ် ။ မရီရဲ့မျက်ရည်တွေနဲ့ သူမရဲ့နှလုံးအိမ် ….။ ကိုမြဒင် နားလည်ပါတယ် ။ မရီဟာ ဆင်းရဲပေမယ့် စိတ်ထားမယုတ်ညံ့ပါဘူး ။
ရသမျှနဲ့ ရောင့်ရဲတင်းတိမ်တတ်ပြီး ကိုမြဒင်ကိုလည်း
အင်မတန်ချစ်ရှာတဲ့ မိန်းမ ။ အခုမှ သူ ဘာလို့ငှက်တွေကို သတ်ဖို့ရောင်းချင်ရတာလဲ ။
ခြင်းကြားကြီးထဲက ငှက်တွေက တဖျတ်ဖျတ်နဲ့ လွတ် လမ်းကိုရှာနေကြတယ် ။ကိုမြဒင် သက်ပြင်းကိုချလိုက်ရင်း ….
” ကဲ … ကဲပါ မရီရယ် ၊ ငါ မင်းတို့ကို ထမင်းဝအောင် ရှာကျွေးပါ့မယ် ။ ငှက်တွေကိုတော့ စားသောက်ဆိုင်မှာမရောင်းပါနဲ့ ။ ငါ့ကို တစ်ရက်နှစ်ရက် အချိန်ပေး ”
” အို … မရဘူး ရောင်းမယ် ၊ ဒီငှက်တွေကို မနက်ကျ စားသောက်ဆိုင်ကို သွားရောင်းမယ် ”
” မရီကလဲကွာ အစ်ကို့စကားကို နားထောင်စမ်းပါ ”
” မထောင်ဘူး ၊ ကျုပ်တို့ အငတ်မခံနိုင်ဘူး ”
ကိုမြဒင် အသည်းထဲမှာ ကျင်ကနဲနာသွားပြီး မျက်ရည်တွေဝဲလာတယ် ။ မရီကို ဘာမှဆက်မပြောတော့ဘဲ
မမြလေးဘုရားကုန်းပေါ်ကို တစ်လှမ်းချင်းတက်ခဲ့တယ်
ဘုရားစေတီထက်က ဆွဲလဲသံလေးတွေဟာ လေတိုးခတ်လိုက်တိုင်း တချွင်ချွင်နဲ့ ။
( ၄ )
” ဟဲ့ မြဒင် ဟိုမှာ ငှက်တွေဝင်နေပြီ ကြိုးစကိုဆွဲလိုက်တော့လေ …. ”
ပြောပြောဆိုဆိုနဲ့ ဘိုးသူက ကြိုးစကိုဆွဲချလိုက်တယ်။
ပိုက်ကွန်ကမြေပေါ်ကို လွှားခနဲပုံကျ သွားတယ် ။ ပိုက်ကွန်အောက်က ငှက်တွေဟာ ရုန်းကန်လို့ ၊ ကိုမြဒင်က
စိတ်မပါတပါနဲ့ ပိုက်ကွန်အောက်လက်လျှိုပြီး ငှက်တွေကို တစ်ကောင်ပြီးတစ်ကောင် ဆွဲထုတ်ယူလိုက်တယ် ။
ငှက်ကလေးသုံးကောင်ကတော့ ယူလို့မရဘူး ။
သည်ငှက်ကလေးသုံးကောင်က ငှက်မြားရတဲ့တည်ငှက်ကလေးတွေ ။ ခြေထောက်တွေမှာ ကြိုးစတန်းလန်းနဲ့ ။ ကိုမြဒင်ရဲ့လက်တွေ ကတုန်ကရင်ဖြစ်နေတယ် ။ ခဏနေတော့ စိတ်ကိုဒုံးဒုံးချပြီး ငှက်ကလေးသုံးကောင်ရဲ့ ခြေကြိုးတွေကို ဖြေလွှတ်ပစ်လိုက်တယ် ။ ငှက်ကလေးတွေက ရုတ်တရက်ပျံမသွားနိုင်သေးဘူး ။
မြေပေါ်မှာ ခုန်ဆွခုန်ဆွနဲ့ အရှိန်ယူနေကြတယ် ။
” မြဒင် တည်ငှက်တွေကို ဘာလို့လွှတ်ပစ်ရတာလဲ ”
ကိုမြဒင်က ဘာမှမပြောဘဲ ပိုက်ကွန်ကြိုးတွေကို ဖြုတ်တယ် ။ ပိုက်ကွန်ကို စုသိမ်းပြီး တမာပင်ရိပ်ဆီ ပြန်လာခဲ့တယ် ။ ငှက်ကလေးသုံးကောင်ကတော့ မြေပြင်ပေါ်မှာ ခုန်နေတုန်း ။
” မြဒင် … မင်း နေမကောင်းဘူးလား ”
ကိုမြဒင်က သစ်မြစ်ကြီးဘေးမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း ဘိုးသူကို မော့ကြည့်လိုက်တယ် ။ ဘိုးသူရဲ့ မျက်ဝန်းထဲက သံယောဇဉ်ရိပ်တွေကိုမြင်တော့ သူ ဝမ်းနည်းလာမိတယ် ။
” ဟုတ်တယ် ဘိုးသူ ။ ကျွန်တော် နေမကောင်းဘူး ”
” မှန်းစမ်း ”
ဘိုးသူက ကိုမြဒင်ရဲ့နဖူးကို စမ်းကြည့်လိုက်တယ် ။
” ဟုတ်ပါရဲ့ ကိုယ်တွေပူလို့ … နေဦး ငါကျောင်းမှာ ဆေးပြန်ယူလိုက်ဦးမယ် ”
ဘိုးသူ ထွက်သွားတာကို ငေးကြည့်ရင်း ကိုမြဒင်တွေးမိတယ် ။ သူ ငှက်လာထောင်တိုင်း ဘိုးသူနဲ့ အမြဲဆုံတွေ့ရတယ် ။ သူ့ကို ဘိုးသူက စားစရာသောက်စရာလေးတွေကျွေးတယ် ။ တစ်ခါတလေ သူ့ကလေးတွေစားဖို့တောင် ပေးလိုက်သေးတယ် ။ ပြီးတော့ ဘိုးသူကြီးခမျာ စိပ်ပုတီးတစ်ဖက်နဲ့ သူ့ကို ငှက်တွေကူဖမ်းပေးတယ် ။ အဲသည်သံယောဇဉ်ကြိုးဟာ အတော်ကလေး ခိုင်မြဲနေပြီပဲ ။ လူသားအချင်းချင်းထားတဲ့ သံယောဇဉ်မျိုး ငှက်ကလေးတွေအပေါ်မှာ သူ မထားတတ်ခဲ့လေသလား ။ မထားနိုင်တော့ဘူးလား ။ အခုအချိန်ဆို မရီတစ်ယောက် စားသောက်ဆိုင်မှာ ငှက်ကလေးတွေ သွင်းပြီးလောက်ပြီ ၊ ငှက်ကလေးတွေ ရင်ခွဲခံရလောက်ပြီ ။ ကိုမြဒင် ခေါင်းတွေမူးနောက်လာတယ် ။
” ရော့ ….မြဒင် ဒီအခိုးပွင့်ဆေးလေးသောက်လိုက် ၊ မင်က ဘယ်တော့မှ အင်္ကျီ ဝတ်တာမဟုတ်ဘူး ၊ လေစိမ်းတိုက်တော့ အအေးမိတာပေါ့ ။ ကျန်းမာရေး ဂရုစိုက်ကွာ ၊ မင်းလဲလို့ မဖြစ်ဘူး ၊ မင်းမှာ အိမ်ထောင့်တာဝန်တွေရှိသေးတယ် ၊ ကိုယ့်တာဝန်တော့ ကိုကျေ ရမယ်ဟေ့ ”
ဆေးကို ရေနဲ့ကျိုက်ချရင်း ကိုမြဒင်နားထဲမှာ မရီရဲ့
စကားတွေ ဝင်လာပြန်တယ် ။
” ယောင်္ကျားတစ်ယောက်လုပ်နေပြီး ထမင်းဝအောင် ရှာမကျွေးနိုင်တဲ့လူ …. ”
ကိုမြဒင်ရဲ့ခေါင်းထဲ ပူခနဲဖြစ်သွားရတယ် ။ ဆေးကြောင့်ထင်ပါရဲ့ ။
” ကဲ … မင်းနေမကောင်းရင်လဲ သစ်ပင်ရိပ်အိပ်နေ ၊ ငါ ပဲ ငှက်ထောင်ပေးပါ့မယ် ”
ဘိုးသူက ပိုက်ကွန်ကြီးထမ်းသွားပြီး ထောင်ချောက် ဆင်တယ် ။ ခြင်းကြားထဲက ငှက်ကလေးသုံးကောင်ကို
ထုတ်ပြီး ခြေထောက်ကိုကြိုးစနဲ့ချည်တယ် ၊ ဆန်ကွဲစေ့တွေကိုကြဲတယ် ။ ကိုမြဒင်ကတော့ မျက်စိကို စုံမှိတ်ပြီး အိပ်ချလိုက်တယ်။
အိပ်ရာကနိုးတော့ ခြင်းကြားကြီးထဲမှာ ငှက်တွေအများကြီး ၊ ဘိုးသူတောင် ငှက်ထောင်တော်တော်ကျွမ်းကျင်နေပြီပဲ ။ သူ့အတွက်နဲ့ သူတော်ကောင်းတရား လာအားထုတ်နေတဲ့ ဘိုးသူကြီးတစ်ယောက် ငရဲငအုံကြီးနေရပြီ။
ကိုမြဒင် တော်တော်စိတ်မကောင်းဖြစ်နေမိတယ် ။
” ဘိုးသူ ”
” နိုးပြီလား မြဒင် ၊ ရော့ ငှက်ပျောသီးလေးစားလိုက်ဦး
ငှက်တွေလဲ တော်တော်ရပါပြီ ။ မင်း နေမကောင်းရင် ပြန်တော့လေ ”
ကိုမြဒင် ပိုက်ကွန်တွေသိမ်း ၊ ခြင်းကြားကြီးထမ်းပြီး အိမ်ကိုပြန်ခဲ့တယ် ။ အိမ်ရောက်တော့ မရီကဆီးကြိုတယ် ။ သနပ်ခါးအဖွေးသားနဲ့ မရီကို ကိုမြဒင် တအံ့တဩငေးကြည့်နေမိတယ် ။
” အစ်ကို ပြန်လာတာစောတယ်နော် ၊ ငှက်တွေလည်း ရလာလိုက်တာ ၊ ကျွန်မလိုက်လာတော့မလိုပါ ။ ဒီမှာ ဟင်းလေးဘာလေးချက်နေရလို့ ”
မရီက ငှက်ခြင်းကိုဆီးယူတယ် ။ ခါတိုင်းထက် ငှက်တွေကို တယုတယထားတယ် ။ အစာကျွေးတယ် ၊ ရေတိုက်တယ် ၊ ကိုမြဒင်တို့ ညစာထမင်းဝိုင်းမှာ ဟင်းတွေ စုံလို့ ။ ငှက်သားဟင်းမပါတာ တော်ပါသေးရဲ့လို့ပဲ ကိုမြဒင်တွေးမိတယ် ။
အဲသည်နေ့က ကိုမြဒင် နေမကောင်းလို့ ထမင်းသိပ်မစားနိုင်ပါဘူး ။
( ၅ )
ဆွမ်းစားပြီးချိန်အထိ ကိုမြဒင် ပေါ်မလာတော့ ဘိုးသူမှာ မျှော်မောနေရတယ် ။ အစတုန်းကတော့ သူနေမကောင်းလို့ မလာနိုင်တာထင်ပါရဲ့လို့ ဘိုးသူတွေးနေမိတယ် ။ နေ့စဉ်နေ့တိုင်း တာရိုးကြီးထိပ်ကနေ ကိုမြဒင်ကို ဘိုးသူမျှော်တယ် ။
ဒါပေမယ့် ကိုမြဒင်မလာတာ ရက်တစ်ပတ်လောက်ရှိသွားတော့ ဘိုးသူစိတ်တွေပူလာတယ် ။ လက်ပံပင်အုပ်ကြီးဆီက ငှက်တွေ ၊ ဧရာဝတီမြစ်ကြီးကို ဖြတ်ကူးလာတဲ့ ငှက်တွေကိုကြည့်ရင်း ဘိုးသူတစ်ယောက် မနေတတ် မထိုင်တတ်ဖြစ်လာတယ် ။
ကိုမြဒင်ကို လွမ်းတာလိုလို ငှက်ကလေးတွေကို ဖမ်းချင်တာလိုလိုနဲ့ ။ နောက်ဆုံးတော့ ဘိုးသူတစ်ယောက် ကိုမြဒင်ရှိရာကို လိုက်သွားရတော့တာပဲ ။ မမြလေးဘုရား နားရောက်တော့ ကိုမြဒင်ရဲ့အိမ်ကို စုံစမ်းရတယ် ။
” ငှက်ထောင်တဲ့ ကိုမြဒင်လား ၊ သူတို့မရှိကြတော့ဘူး ….. ”
” ဟင် …. ဘယ်… ဘယ်ကိုသွားကြတာလဲ ”
” တဲတွေဖျက်လိုက်ပြီလေ ဘကြီးရဲ့ ။ သူတို့လည်း ဘယ်ပြောင်းသွားကြသလဲ မသိပါဘူးဗျာ ”
ဘိုးသူရင်မှာ ဆို့နင့်သွားတယ် ။ လက်ထဲက စိပ်ပုတီးကို လည်ပင်းပြောင်းစွပ်လိုက်ရင်း စိတ်ပျ က်လက်ပျက် ထိုင်ချလိုက်တယ် ။
” သူ ငှက်ထောင်မလာလို့ ဘကြီးလိုက်လာတာကွဲ့…..”
” ကိုမြဒင်က ဘယ်ငှက်ထောင်တော့မလဲ ဘကြီးရဲ့ ၊ သူ့ပိုက်တွေရော ၊ ပခြုပ်တွေရော အကုန်လုံးရောင်းပစ်လိုက်တာ ။ သူ့မိန်းမနဲ့ ရန်ဖြစ်လို့ ပြောတာပဲ ”
အဲသည်နောက်တော့ ဘိုးသူတစ်ယောက် ပုတီးကောင်းကောင်း မစိပ်နိုင်ရှာဘူး ။ တမာပင်ကြီးအောက်မှာ လာလာထိုင်ရင်း ကိုမြဒင်ကို မျှော်နေမိတယ် ။ တစ်နေ့ တော့ပေါ်လာနိုးပေါ့ ။ ရက်ကိုလစားသွားပေမယ့် ကိုမြဒင်က ပေါ်မလာပါဘူး ။
ကိုမြဒင်မလာပေမယ့် ငှက်ကလေးတွေကတော့ လာတယ် ၊ အုပ်လိုက် အုပ်လိုက်ကြီးကိုလာတာ ။ ဘိုးသူမှာ အူတွေယားလို့ ။ ကောင်းကင်ထက်မှာ ပျံသန်းနေတဲ့ ငှက်ကလေးတွေကို ငေးမော ကြည့်ရင်း ဘိုးသူစိတ်ထဲကနေပြီး ငှက်တွေထောင်ဖမ်းကြည့်မိတယ် ။ ပိုက်ကွန်ကြီးအောက်က ရုန်းမထွက်နိုင်တဲ့ ငှက်တွေကို ဘိုးသူမြင်ယောင်လာတယ် ။
ဘိုးသူတစ်ယောက် သည်လိုဖြစ်နေတာကို ကိုမြဒင်ကတော့ သိမှာမဟုတ်ပါဘူး ။ ဘိုးသူမှာတော့ မင်းဝံတောင်တန်းကြီးနောက်မှာ နေလုံးကြီးဝင်သွားတာနဲ့ –
” တော်တော်ဆိုးတဲ့ မြဒင်ကွာ … ”
လို့ တိုးတိုးလေးရေရွတ်နေရုံကလွဲလို့ ဘာတတ်နိုင်မှာတဲ့လဲ ။
#ခင်ခင်ထူး

Zawgyi Version

ငွက္ဖမ္းသမား(စ/ဆံုး)
—————————-
သူ႔နာမည္က ကိုျမဒင္တဲ့ ။ ပါး႐ိုးကားတယ္ ၊ ႏႈတ္ခမ္းပါးတယ္ ၊ ဆံပင္နီတယ္ ၊ ခႏၶာကိုယ္က တုတ္ခိုင္တယ္ ၊ ေျခေထာက္မွာ ကားဖိနပ္ႀကီးကို အၿမဲစီးထားေလ့ရွိတယ္ ။ ပုဆိုးကို ဒူးဆစ္အထိပဲဝတ္တယ္ ။ ဘယ္ေတာ့မွ အက်ႌ မပါတဲ့ ကိုယ္ဗလာႀကီးမွာ ပုဆိုးတစ္ကြင္း အပိုသိုင္း ထားတတ္တယ္ ။
သူ႔အလုပ္က ငွက္ေထာင္ဖမ္းတဲ့အလုပ္ ၊ မုဆိုးလည္းမဟုတ္ဘူး ။ စာကေလးတို႔ ၊ သပိတ္လြယ္တို႔လို ငွက္ကေလး ေတြကို ပိုက္ကြန္နဲ႔ေထာင္ဖမ္းတာ ။ ေ႐ႊျမင္း ေဆး ျပင္းလိပ္တစ္စည္းနဲ႔ တစ္ေနကုန္ တစ္ေနခန္း ငွက္ဖမ္း ေနတဲ့ ကိုျမဒင္ကို
ေတာ႐ိုးတစ္ေလွ်ာက္ကသစ္ပင္ရိပ္ေတြေအာက္မွာ ေတြ႕ရတတ္တယ္ ။
ကိုျမဒင္တို႔ေနတဲ့အရပ္က မႏၲေလးနဲ႔ အမရပူရၾကားက
ရပ္ကြက္ကေလး တစ္ခုမွာပါ ။ နန္းမေတာ္မျမေလး ကိုရည္စူးၿပီး တည္ထားခဲ့တယ္လို႔ ေျပာၾကတဲ့ မျမေလး ဘုရားနားက ကိုျမဒင္တိုတဲကေလး တစ္လုံးမွာေနတယ္ ။ ကိုျမဒင္မွာ သားသမီးသုံးေယာက္ရွိတယ္ သုံးေယာက္စလုံး မူလတန္းေက်ာင္းေလး တစ္ေက်ာင္းမွာေနၾကတယ္ ။ ကိုျမဒင္ရဲ႕မိန္းမ မရီကေတာ့ မဟာမုနိဘုရားႀကီး အေနာက္ေစာင္းတန္းမွာ ငွက္ကေလးေတြ ေရာင္းတယ္ ။ ကိုျမဒင္ဖမ္းေပးတဲ့ ငွက္ကေလးေတြေပါ့။
မနက္လင္းလာရင္ ကိုျမဒင္က ပိုက္ကြန္ကိုထမ္းၿပီး ငွက္ေထာင္သြားတယ္ ။
မရီက ငွက္ကေလးေတြထည့္ထားတဲ့ ပျခဳပ္ကို႐ြက္ၿပီး ဘုရားႀကီးကိုသြားတယ္။
ကေလးေတြက ေက်ာင္းကိုသြားတယ္ ။ တဲကေလးကို ကဲလားတံခါးေလးခ် ပိတ္ထားခဲ့႐ုံပဲ ။ ေသာ့ခတ္စရာမလိုဘူး ။ ကိုျမဒင္တို႔ တဲကေလးကို ဝင္ခိုးမယ့္သူဆိုတာလည္း မရွိဘူး ။ တဲေလးထဲမွာလည္း ဘာမွမရွိဘူး ။
မနက္ေစာေစာ ထမင္းအိုးတစ္လုံး တည္တဲ့ၿပီး မိသားစု ၅ေယာက္ ဝိုင္းစားလိုက္တာပဲ ။ အဲဒါ တစ္ေနကုန္စာ ၿပီးၿပီ ။ ညေန မရီ ငွက္ေရာင္းၿပီးျပန္လာရင္ ပျခဳပ္ထဲမွာ
ဆန္ထုပ္ကေလးပါလာတယ္ ။ အဲဒီ ဆန္ထုပ္ကေလးကို ညမနက္ခြဲတယ္ ၊ မရီညစာခ် က္တယ္ ။ ၿပီးရင္ ကိုျမဒင္ ငွက္ေထာင္တဲ့ေနာက္ကို လိုက္သြားတာပဲ ။ တာ႐ိုးႀကီးတစ္ေလွ်ာက္လုံးမွာ ကိုျမဒင္နဲ႔ တူတဲ့သူဆိုတာ မရွိေလေတာ့ မရီရွာရလြယ္တယ္ ။ ကိုျမဒင္ရွိရာကိုသြားၿပီး ငွက္ကူေထာင္တယ္ ။ ကိုျမဒင္ရဲ႕ ျခင္းၾကားႀကီးထဲမွာ
ငွက္ေကာင္ေရကာ မနက္ျဖန္တြက္ကေလး ခန္႔မွန္းမိ
ရင္ လင္မယားႏွစ္ေယာက္ အိမ္ျပန္ခဲ့ၾကတယ္ ။ ေရမိုး ခ်ိဳးၿပီးရင္ မိသားစု ၅ေယာက္ ထမင္းဝိုင္းစားလိုက္ၾကတယ္ ။ ၿပီးရင္ ထမင္းလုံးစီရင္း အိပ္ၾကေတာ့တာပဲ ။
သူတို႔အိပ္မက္ထဲမွာ ငွက္ကေလးေတြ ပ်ံ ဝဲေနၾကတယ္ ။ ေတာင္ပံတဖ်ပ္ဖ်ပ္ခတ္ေနၾကတယ္ ။ တစ္ခါတေလ ကိုျမဒင္ရဲ႕ တေခါေခါ ေဟာက္သံႀကီးကိုေတာင္
မရီက ငွက္ကေလးေတြ စိုးစိုးစည္စည္ျမည္ေနသံလို႔
ေအာက္ေမ့တတ္တယ္ ။
အေမွာင္ရိပ္ေအာက္က ကိုျမဒင္တို႔ရဲ႕ တဲကေလးထဲမွာေတာ့ ငွက္ျမည္သံက ညံလို႔ …။
( ၂ )
ကိုျမဒင္မွာ တစ္ဦးတည္းေသာ မိတ္ေဆြႀကီးတစ္ေယာက္ရွိတယ္ ။ တကယ့္ သူေတာ္ေကာင္းႀကီးပါ ။ ကိုျမဒင္ ငွက္ေထာင္တဲ့ တာ႐ိုးႀကီးအတြင္းပိုင္းက ဘုန္းႀကီးေက်ာင္းမွာလာေနတဲ့ ဦးသူေတာ္တဲ့ ။ကိုျမဒင္ကေတာ့ ဘိုးသူလို႔ပဲ ေခၚတယ္ ။ ဘိုးသူက အသက္၇၀ေလာက္ ရွိပါၿပီ ။ လူအိုေတာ့ ေက်ာင္းဆိုသလို ဘိုးသူရဲ႕ သားေတြသမီးေတြက သူတို႔အိမ္ေထာင္နဲ႔ သူတို႔ဆိုေတာ့
ဘိုးသူကို ဂ႐ုမစိုက္ႏိုင္ၾကဘူး ၊ သည္ေတာ့ ဘယ္သားသမီးနဲ႔မွ မေနခ်င္တာနဲ႔ ဘိုးသူက ဘုန္းႀကီးေက်ာင္းမွာ လာေနတာ ။
ဘုန္းႀကီးေက်ာင္းထိပ္က တမာပင္ႀကီးေအာက္မွာ ကိုျမဒင္ထိုင္ေနရင္ ဘိုးသူေရာက္လာတတ္တယ္ ။ ကိုျမဒင္ရဲ႕ဘဝကိုေမးေလ့ရွိတယ္ ။ ဘိုးသူကေတာ့ တရားသမားမဟုတ္လား ၊ ႏွစ္ဘက္မွ် ေတြးတာေပါ့ ။ ကိုျမဒင္ လုပ္ေနတဲ့အလုပ္က သူေတာ္ေကာင္းအလုပ္မဟုတ္ေပမယ့္ အျပစ္မဆိုသာဘူးေပါ့ေလ ။
တစ္ဖက္ကိုၾကည့္ျပန္ေတာ့လည္း သားေကြၽးမႈ ၊ မယားေကြၽးမႈက ရွိေသးတယ္ ။ ကိုျမဒင္ ငွက္ကေလးေတြဖမ္းမွ မိသားစုက ရပ္တည္လို႔ရမယ္ေပါ့ ။ ဘိုးသူကေတာ့ ကိုျမဒင္ကို ဘယ္လိုမွ မေအာက္ေမ့ပါဘူး ။ တစ္ခါတေလ ကိုျမဒင္ကို အစားအေသာက္ကေလးေတြ ဘာေလးေတြေကြၽးတယ္ ။ တစ္ခါတစ္ခါေတာ့လည္း ကိုျမဒင္
ငွက္ေထာင္တဲ့အလုပ္ထဲ ပါမိတဲ့အခါ ပါမိတာေပါ့ ။
” ဟဲ့ _ ျမဒင္ ပိုက္ထဲမွာ ငွက္ေတြအေတာ္မ်ားလာၿပီ ၊
ဆြဲလိုက္ပါေတာ့လား … ” တို႔ ။
” မင္း သည္ေန႔ ငွက္သိပ္မရေသးဘူး ၊ ဟိုဘက္လက္ပံပင္အုပ္ဆီ သြားေရာေပါ့ ….” တို႔ ။
” မင္း ျခင္းၾကားက မလုံေတာ့ပါဘူးကြာ ၊ ႀကိမ္ထိုးပါဦး …” တို႔ ။
ဘိုးသူတစ္ေယာက္ ကိုျမဒင္သံေယာဇဥ္နဲ႔ မေနႏိုင္ မထိုင္ႏိုင္ ပါေနရေတာ့တာ ။ ကိုျမဒင္ကေတာ့ စိပ္ပုတီးလည္ပင္းဆြဲထားတဲ့ ဘိုးသူႀကီးကိုၾကည့္ၿပီး အားလည္းနာမိတယ္ ၊ ရင္လည္းနာမိတယ္ ။ သားေတြသမီးေတြရွိရက္နဲ႔ ဖေအႀကီး သည္လိုေနရတာကို ဘာလို႔ လ်စ္လ်ဴရႈထားရသလဲေပါ့ ။ စိတ္ထဲမွာလည္း သူေကာင္းစားရင္ ဘိုးသူႀကီးကို ရဟန္းခံေပးခ်င္တယ္ ၊
ေက်ာင္းတစ္ေဆာင္ ေဆာက္လုပ္လႉခ်င္တယ္။
ကိုျမဒင္က လူပုံကသာ ၾကမ္းတမ္းတာ ၊ ရင္တြင္းႏွလုံးသားကေတာ့ သိမ္ေမြ႕တယ္ ။
ကိုျမဒင္ရဲ႕အေမက ရက္ကန္းခတ္တဲ့ ရက္ကန္းသမႀကီးပါ ။ အေမသိန္းရဲ႕ လက္ရက္ထည္ အခ်ိတ္ဆင္ေလးေတြဟာ ကဗ်ာဆန္တယ္ ၊ အႏုပညာလက္ရာေျမာက္တယ္ ။ ဟိုတစ္ခ်ိ န္က မႏၲေလးၿမိဳ႕ေပၚက မင္းပြဲစိုးပြဲေတြမွာ အေမသိန္းရဲ႕ အထည္ေတြဟာ အေတာ္ကေလး ေရပန္းစားခဲ့တယ္ ။
” အေမသိန္းရဲ႕ လက္ရာေလးေတြက သိပ္ေကာင္း
တာပဲ ။ ခ်ည္ေက်ာ္ခ်ည္က်လည္းမရွိဘူး ။ အဆင္က ေလးေတြကလည္း လွလြန္းလိုက္တာ ”
” ဟုတ္ပါရဲ႕အေမသိန္းရယ္ ၊ ကြၽန္မတို႔ျဖင့္ အေမ့လက္ရာေတြ အမ်ားႀကီးဝတ္ခ်င္တယ္ ။ အေမ့ကိုလည္း အသက္ရွည္ေစခ်င္ပါတယ္ရွင္ ”
ဒါေပမယ့္ အေမသိန္းက အသက္တိုခဲ့တယ္ ။ ကိုျမဒင္ ပုဆိုးကြင္းသိုင္းၿပီး ေခြလွိမ့္ေနတုန္းအ႐ြယ္မွာပဲ အေမသိန္းကြယ္လြန္ခဲ့တယ္ ။ အေမသိန္းေသေတာ့ ရက္ကန္းစင္ကေလးေဘးမွာ ေကြးေကြးကေလး ။ မင္းကေတာ္တစ္ေယာက္က သူ႔သမီးရဲ႕လက္ထပ္ပြဲမွာ ဝတ္ဖို႔ အေမသိန္းကို အထူးရက္ခိုင္းတဲ့ အထည္စင္တန္းလန္းနဲ႔ ။အေအးပတ္ၿပီးေသသြားတာ ။ မင္းႀကီးကေတာ္ဝတ္ဖို႔လား၊
သတို႔သမီးဝတ္ဖို႔လားေတာ့ ကိုျမဒင္ မမွတ္မိဘူး ။ ကိုျမဒင္မွတ္မိတာကေတာ့ အေမေသၿပီးရက္ေတာင္မလည္ရေသးဘူး ၊ မင္းႀကီးကေတာ္ ေရာက္လာခဲ့တယ္ ။ အေမကိုေပးထားတဲ့ စရံေငြ လာေတာင္းတာပါ ။ စရံေငြက ဘယ္ရွိေတာ့မလဲ ။ အေမက ခ်ည္ေတြဝယ္ခဲ့ၿပီးၿပီကိုး ။ မင္းႀကီးကေတာ္က ဘာမေျပာညာမေျပာနဲ႔ အေမ့
လက္ရာတန္းလန္း ရက္ကန္းထည္ကို စင္ကေနျဖဳတ္ယူတယ္ ။ ခ်ည္တစ္ပင္ တစ္စမက်န္ယူတယ္ ။ ကိုျမဒင္မွာ အေမ့အေမြဆိုလို႔ ရက္ကန္းစင္ပက္လက္ပဲ က်န္ရစ္ခဲ့တယ္ ။ ခုေတာ့ အဲသည္ ရက္ကန္းစင္ေတာင္ မရွိေတာ့ပါဘူး ။ အခုေနတဲ့ တဲကေလးေဆာက္တုန္းက ေရာင္းပစ္လိုက္ရတာ ။
ကိုျမဒင္မွာ က်န္ရစ္ခဲ့တာက အေမသိန္းရဲ႕ႏူးညံ့သိမ္ေမြ႕တဲ့စိတ္ ဓာတ္ကေလးပဲ ။ လူပုံၾကမ္းသေလာက္ ကိုျမဒင္ရဲ႕ စိတ္ႏွလုံးေပ်ာ့ေပ်ာင္းႏူးညံ့ေနတာ သူ႔အေမရဲ႕ အေမြပဲေပါ့ ။ ငွက္ကေလးေတြကိုဖမ္းမိတိုင္း ကိုျမဒင္မွာ စာနာစိတ္ကေလးနဲ႔ ရင္မွာအၿမဲ နာက်င္မိရတယ္ ။
သည္ငွက္ကေလးေတြကိုဖမ္း ၊ ပျခဳပ္ထဲထည့္ ေလွာင္ၿပီး ထားရတာကိုပဲ ကိုျမဒင္မွာ စိတ္ဆင္းရဲလွၿပီ ။ သူ႔မိန္းမကို ငွက္ေတြလက္က်န္မထားဖို႔ ၊ ေန႔တြင္းခ်င္းအျပတ္ ကုန္ေအာင္ေရာင္းဖို႔ ေန႔တိုင္းမွာတယ္ ။ ညတိုင္းေျပာတယ္။
ကိုျမဒင္ရဲ႕ တဲကေလးထဲမွာ ငွက္စာေတြရွိတယ္ ၊ ငွက္ ေရေသာက္ဖို႔ ေရခြက္ေတြရွိတယ္ ။ ဒါေတြကို သူေစတနာသန္႔သန္႔နဲ႔ေကြၽးတာပါ ။ ငါေရာင္းရမယ့္ ငွက္ေတြပါလားဆိုတာထက္ ငွက္ကေလးေတြ ေသမသြားေအာင္လို႔ပါ ။ တစ္ခါတေလ ငွက္ကေလး တစ္ေကာင္စ ႏွစ္
ေကာင္စ မေတာ္တဆ ေသသြားခဲ့ရင္ေတာင္ ကိုျမဒင္မွာ ေၾကကြဲမဆုံးဘူး ။ သူ႔ကိုယ္သူ အျပစ္တင္လို႔မဆုံးဘူး ။ အဲသည္ငွက္ေသကို မျမေလးဘုရားေဘးက တမာပင္ႀကီးေအာက္မွာ ေကာင္းေကာင္းမြန္မြန္ပဲသြားျမႇဳပ္တယ္ ။ ဆုေတာင္းေမတၱာပို႔တယ္ ။ ဘယ္ေလာက္ပဲငတ္ငတ္ သူတို႔ရဲ႕ထမင္းဝိုင္းမွာ ဘယ္ေသာအခါမွ ငွက္သားဟင္းမပါဘူး ။
မရီကေတာ့ မိန္းမမဟုတ္လား ၊ ငွက္ေသကို ဟင္းစားေလး လုပ္ခ်င္တာေပါ့ ။ ေသသြားၿပီပဲေပါ့ ။ ဒါေပမယ့္
ကိုျမဒင္ကမရဘူး ။ မစားရဘူး ။
” ဟင္း႐ြက္ ကန္စြန္းပဲ စားစမ္းပါ မရီရာ ၊ ပါးစပ္အက်င့္မလုပ္စမ္းပါနဲ႔ ၊ ငွက္သားစားလို႔ေကာင္းမွန္းသိသြားရင္ တို႔ငွက္ေတြကို တမင္သတ္ခ်င္လာမိလိမ့္မယ္ ။ သည္ငွက္ကေလးေတြက သူတို႔ဘဝနဲ႔ရင္းၿပီး တို႔ကို ထမင္းေကြၽးေနတာ ၊ တို႔ေက်းဇူးရွင္ေတြ ”
မရီကေတာ့ ကိုျမဒင္ကို မ်က္ေစာင္းခဲၿပီး ……
” ဘုရားျဖစ္မယ့္ အုတ္နီခဲႀကီး ….” တဲ့ ။
( ၃ )
” ကိုျမဒင္ေရ – ငွက္ေတြက သိပ္ေရာင္းမေကာင္ဘူး ”
ထမင္းစားၿပီး ေဆးလိပ္ေသာက္ေနတဲ့ ကိုျမဒင္နားကို မရီ လာထိုင္ရင္း ေျပာလိုက္တယ္ ။
” ငွက္လႊတ္မယ့္လူေတြကပဲ နည္းကုန္လို႔လား ….
ငွက္ဖိုးနဲ႔ ဆန္ဖိုး မတူေတာ့လို႔လား မသိပါဘူးေတာ္ ၊ ခါ တိုင္း အေကာင္သုံးဆယ္ေလာက္ ေရာင္းလိုက္ရရင္
ေအးေအးေဆးေဆးပဲ ၊ အခု အဲလိုမဟုတ္ေတာ့ဘူး…”
ကိုျမဒင္က ေဆးလိပ္ကို ျပာေခြၽ ခ်လိုက္တယ္ ။ တစ္ညေနလုံးလည္း မရီမ်က္ႏွာေလးငယ္ေနတာ
ကိုျမဒင္သတိထားမိတယ္ ။ ပျခဳပ္ထဲက ငွက္လက္က်န္ေလးေတြကေတာ့ ခုန္ဆြခုန္ဆြနဲ႔ ။
” ရသေလာက္ေပါ့ မရီရယ္ …တို႔လည္းထမင္းႏွစ္နပ္ပဲ စားတဲ့ဥစၥာ ။ ေရာင္းရတဲ့ေန႔ ေရာင္းေပါ့ ၊ မေရာင္းရလဲလႊတ္ပစ္လိုက္ကြာ ၊ သူမ်ားလို တို႔လည္း ကုသိုလ္ယူတဲ့ သေဘာေပါ့ ။ ငွက္ေတြကို တစ္ညထက္ပိုၿပီး ငါေလွာင္မထားခ်င္ဘူး…”
မရီ စိတ္နည္းနည္းတိုသြားရတယ္ ။ ကိုယ္ေျပာခ်င္တာက စားေရးေသာက္ေရး သူေျပာေနတာက ကုသိုလ္တရား ….။
” ဒီမွာ ကိုျမဒင္ ၊ က်ဳပ္တစ္ခုေတြးထားတယ္ …..”
မျမေလးဘုရားဆီက လွ်ပ္စစ္ေရာင္စုံမီးေတြကို လွမ္းၾကည့္ရင္း မရီရဲ႕စကားကို ခြန္႔တုန္႔မျပန္ဘဲ ကိုျမဒင္ၿငိမ္ေနလိုက္တယ္ ။
” က်ဳပ္နဲ႔အတူတူ ေစာင္းတန္းထဲမွာ ေစ်းေရာင္းတဲ့ မေအးကေျပာတယ္ ၊ သည္ငွက္ေတြကို စားေသာက္ဆိုင္ေတြက ဝယ္တယ္တဲ့ ။ ငွက္တစ္ေကာင္ ငါးက်ပ္ႏႈန္းနဲ႔ ပါသမွ် အကုန္သိမ္းတာတဲ့ေတာ့ …..”
” ေတာ္စမ္း …. မရီ ”
သည္တစ္ခါေတာ့ ကိုျမဒင္ ေတာ္ေတာ္ႀကီးစိတ္ဆိုးသြားတယ္ ။ သူဖမ္းလာတဲ့ ငွက္ကေလးေတြကို စားေသာက္ဆိုင္က ဟင္းခြက္ထဲ အေရာက္မခံႏိုင္ဘူး ။ ငွက္ကေလးေတြရဲ႕ ရင္ကိုခြဲ ဆားနဲ႔နယ္ၿပီး ဆီပူထဲမွာေၾကာ္ ၊ အို …. ကိုျမဒင္ ေခါင္းကိုသြက္သြက္ႀကီးခါရမ္းလိုက္တယ္ ။
” ဒီမွာ မရီ …. ငွက္ကေလးေတြကို ငါသိပ္ခ်စ္တယ္ ၊ ဘာလို႔လဲဆိုေတာ့ သူတို႔က အျပစ္ကင္းစင္လို႔ ၊ အေစ့အဆန္ေတြကိုစားၿပီးေနတဲ့ ငွက္သူေတာ္ေကာင္းေလးေတြကြ ၊ ငါေထာင္ဖမ္းတဲ့ ေထာင္ေခ်ာက္ထဲကို အစာတစ္လုပ္အတြက္နဲ႔ သူတို႔ေရာက္လာခဲ့တယ္ ၊ ငါ့ပိုက္ကြန္နဲ႔အုပ္လိုက္ေတာ့ အလန္႔တၾကား ဖ်တ္ဖ်တ္ကို လူးလို႔ … ျခင္းၾကားႀကီးထဲထည့္ၿပီး တစ္ညလုံးသိပ္ထားရတာေတာင္ ငါစိတ္ဆင္းရဲလွၿပီ ။ ဒါေပမယ့္ မနက္က်ရင္ သူတို႔လြတ္လပ္သြားၾကမွာပါေလဆိုတဲ့စိတ္နဲ႔ ငါေျဖ
ခဲ့တယ္ ။ ဒါေတာင္ ငါ့စိတ္ထဲမွာ သူတို႔ ဘယ္ကိုပ်ံသန္းသြားၾကမွာပါလိမ့္လို႔ အၿမဲေတြးေတာေနတဲ့ ေကာင္ ”
” အဲလိုေတြးေနရင္လည္း ငွက္မဖမ္းနဲ႔ေတာ့ေပါ့ ။ တကတည္း ေယာက်ၤားတစ္ေယာက္လုပ္ေနၿပီး ထမင္းဝေအာင္ရွာမေကြၽးႏိုင္တဲ့လူ ။ ေတာ္က ငွက္ေထာင္မဖမ္းလို႔ ဘာမ်ားလုပ္ေကြၽးတတ္လို႔လဲဟင္ ။ က်ဳပ္မွာေတာ့ ေနကုန္ေနခန္း ဘုရားေစာင္တန္းထဲမွာ ငွက္ေတြေရာင္းရ ၊
ဟီး …ကိုယ့္သားသမီးေတြခမ်ာလည္း သူမ်ားထမင္း စားခ်ိန္မစားရ ၊ ဟီး …. ေတာ္ကေတာ့ သူေတာ္ေကာင္းစိတ္ ေမြးေနတယ္ေပါ့ ဟုတ္လား။ ငွက္ကေလးေတြကို မသတ္ရက္ရင္ က်ဳပ္ကိုသာသတ္လိုက္ပါေတာ့ ဟီး …. ”
မရီရဲ႕စကားေတြက ကိုျမဒင္ရဲ႕အသည္းႏွလုံးကို ဆတ္ကနဲ ဆတ္ကနဲ ဆြဲခါေနတယ္ ။ မရီရဲ႕မ်က္ရည္ေတြနဲ႔ သူမရဲ႕ႏွလုံးအိမ္ ….။ ကိုျမဒင္ နားလည္ပါတယ္ ။ မရီဟာ ဆင္းရဲေပမယ့္ စိတ္ထားမယုတ္ညံ့ပါဘူး ။
ရသမွ်နဲ႔ ေရာင့္ရဲတင္းတိမ္တတ္ၿပီး ကိုျမဒင္ကိုလည္း
အင္မတန္ခ်စ္ရွာတဲ့ မိန္းမ ။ အခုမွ သူ ဘာလို႔ငွက္ေတြကို သတ္ဖို႔ေရာင္းခ်င္ရတာလဲ ။
ျခင္းၾကားႀကီးထဲက ငွက္ေတြက တဖ်တ္ဖ်တ္နဲ႔ လြတ္ လမ္းကိုရွာေနၾကတယ္ ။ကိုျမဒင္ သက္ျပင္းကိုခ်လိုက္ရင္း ….
” ကဲ … ကဲပါ မရီရယ္ ၊ ငါ မင္းတို႔ကို ထမင္းဝေအာင္ ရွာေကြၽးပါ့မယ္ ။ ငွက္ေတြကိုေတာ့ စားေသာက္ဆိုင္မွာမေရာင္းပါနဲ႔ ။ ငါ့ကို တစ္ရက္ႏွစ္ရက္ အခ်ိန္ေပး ”
” အို … မရဘူး ေရာင္းမယ္ ၊ ဒီငွက္ေတြကို မနက္က် စားေသာက္ဆိုင္ကို သြားေရာင္းမယ္ ”
” မရီကလဲကြာ အစ္ကို႔စကားကို နားေထာင္စမ္းပါ ”
” မေထာင္ဘူး ၊ က်ဳပ္တို႔ အငတ္မခံႏိုင္ဘူး ”
ကိုျမဒင္ အသည္းထဲမွာ က်င္ကနဲနာသြားၿပီး မ်က္ရည္ေတြဝဲလာတယ္ ။ မရီကို ဘာမွဆက္မေျပာေတာ့ဘဲ
မျမေလးဘုရားကုန္းေပၚကို တစ္လွမ္းခ်င္းတက္ခဲ့တယ္
ဘုရားေစတီထက္က ဆြဲလဲသံေလးေတြဟာ ေလတိုးခတ္လိုက္တိုင္း တခြၽင္ခြၽင္နဲ႔ ။
( ၄ )
” ဟဲ့ ျမဒင္ ဟိုမွာ ငွက္ေတြဝင္ေနၿပီ ႀကိဳးစကိုဆြဲလိုက္ေတာ့ေလ …. ”
ေျပာေျပာဆိုဆိုနဲ႔ ဘိုးသူက ႀကိဳးစကိုဆြဲခ်လိုက္တယ္။
ပိုက္ကြန္ကေျမေပၚကို လႊားခနဲပုံက် သြားတယ္ ။ ပိုက္ကြန္ေအာက္က ငွက္ေတြဟာ ႐ုန္းကန္လို႔ ၊ ကိုျမဒင္က
စိတ္မပါတပါနဲ႔ ပိုက္ကြန္ေအာက္လက္လွ်ိဳၿပီး ငွက္ေတြကို တစ္ေကာင္ၿပီးတစ္ေကာင္ ဆြဲထုတ္ယူလိုက္တယ္ ။
ငွက္ကေလးသုံးေကာင္ကေတာ့ ယူလို႔မရဘူး ။
သည္ငွက္ကေလးသုံးေကာင္က ငွက္ျမားရတဲ့တည္ငွက္ကေလးေတြ ။ ေျခေထာက္ေတြမွာ ႀကိဳးစတန္းလန္းနဲ႔ ။ ကိုျမဒင္ရဲ႕လက္ေတြ ကတုန္ကရင္ျဖစ္ေနတယ္ ။ ခဏေနေတာ့ စိတ္ကိုဒုံးဒုံးခ်ၿပီး ငွက္ကေလးသုံးေကာင္ရဲ႕ ေျခႀကိဳးေတြကို ေျဖလႊတ္ပစ္လိုက္တယ္ ။ ငွက္ကေလးေတြက ႐ုတ္တရက္ပ်ံမသြားႏိုင္ေသးဘူး ။
ေျမေပၚမွာ ခုန္ဆြခုန္ဆြနဲ႔ အရွိန္ယူေနၾကတယ္ ။
” ျမဒင္ တည္ငွက္ေတြကို ဘာလို႔လႊတ္ပစ္ရတာလဲ ”
ကိုျမဒင္က ဘာမွမေျပာဘဲ ပိုက္ကြန္ႀကိဳးေတြကို ျဖဳတ္တယ္ ။ ပိုက္ကြန္ကို စုသိမ္းၿပီး တမာပင္ရိပ္ဆီ ျပန္လာခဲ့တယ္ ။ ငွက္ကေလးသုံးေကာင္ကေတာ့ ေျမျပင္ေပၚမွာ ခုန္ေနတုန္း ။
” ျမဒင္ … မင္း ေနမေကာင္းဘူးလား ”
ကိုျမဒင္က သစ္ျမစ္ႀကီးေဘးမွာ ေျခပစ္လက္ပစ္ထိုင္ခ်လိုက္ရင္း ဘိုးသူကို ေမာ့ၾကည့္လိုက္တယ္ ။ ဘိုးသူရဲ႕ မ်က္ဝန္းထဲက သံေယာဇဥ္ရိပ္ေတြကိုျမင္ေတာ့ သူ ဝမ္းနည္းလာမိတယ္ ။
” ဟုတ္တယ္ ဘိုးသူ ။ ကြၽန္ေတာ္ ေနမေကာင္းဘူး ”
” မွန္းစမ္း ”
ဘိုးသူက ကိုျမဒင္ရဲ႕နဖူးကို စမ္းၾကည့္လိုက္တယ္ ။
” ဟုတ္ပါရဲ႕ ကိုယ္ေတြပူလို႔ … ေနဦး ငါေက်ာင္းမွာ ေဆးျပန္ယူလိုက္ဦးမယ္ ”
ဘိုးသူ ထြက္သြားတာကို ေငးၾကည့္ရင္း ကိုျမဒင္ေတြးမိတယ္ ။ သူ ငွက္လာေထာင္တိုင္း ဘိုးသူနဲ႔ အၿမဲဆုံေတြ႕ရတယ္ ။ သူ႔ကို ဘိုးသူက စားစရာေသာက္စရာေလးေတြေကြၽးတယ္ ။ တစ္ခါတေလ သူ႔ကေလးေတြစားဖို႔ေတာင္ ေပးလိုက္ေသးတယ္ ။ ၿပီးေတာ့ ဘိုးသူႀကီးခမ်ာ စိပ္ပုတီးတစ္ဖက္နဲ႔ သူ႔ကို ငွက္ေတြကူဖမ္းေပးတယ္ ။ အဲသည္သံေယာဇဥ္ႀကိဳးဟာ အေတာ္ကေလး ခိုင္ၿမဲေနၿပီပဲ ။ လူသားအခ်င္းခ်င္းထားတဲ့ သံေယာဇဥ္မ်ိဳး ငွက္ကေလးေတြအေပၚမွာ သူ မထားတတ္ခဲ့ေလသလား ။ မထားႏိုင္ေတာ့ဘူးလား ။ အခုအခ်ိန္ဆို မရီတစ္ေယာက္ စားေသာက္ဆိုင္မွာ ငွက္ကေလးေတြ သြင္းၿပီးေလာက္ၿပီ ၊ ငွက္ကေလးေတြ ရင္ခြဲခံရေလာက္ၿပီ ။ ကိုျမဒင္ ေခါင္းေတြမူးေနာက္လာတယ္ ။
” ေရာ့ ….ျမဒင္ ဒီအခိုးပြင့္ေဆးေလးေသာက္လိုက္ ၊ မင္က ဘယ္ေတာ့မွ အက်ႌ ဝတ္တာမဟုတ္ဘူး ၊ ေလစိမ္းတိုက္ေတာ့ အေအးမိတာေပါ့ ။ က်န္းမာေရး ဂ႐ုစိုက္ကြာ ၊ မင္းလဲလို႔ မျဖစ္ဘူး ၊ မင္းမွာ အိမ္ေထာင့္တာဝန္ေတြရွိေသးတယ္ ၊ ကိုယ့္တာဝန္ေတာ့ ကိုေက် ရမယ္ေဟ့ ”
ေဆးကို ေရနဲ႔က်ိဳက္ခ်ရင္း ကိုျမဒင္နားထဲမွာ မရီရဲ႕
စကားေတြ ဝင္လာျပန္တယ္ ။
” ေယာက်ၤားတစ္ေယာက္လုပ္ေနၿပီး ထမင္းဝေအာင္ ရွာမေကြၽးႏိုင္တဲ့လူ …. ”
ကိုျမဒင္ရဲ႕ေခါင္းထဲ ပူခနဲျဖစ္သြားရတယ္ ။ ေဆးေၾကာင့္ထင္ပါရဲ႕ ။
” ကဲ … မင္းေနမေကာင္းရင္လဲ သစ္ပင္ရိပ္အိပ္ေန ၊ ငါ ပဲ ငွက္ေထာင္ေပးပါ့မယ္ ”
ဘိုးသူက ပိုက္ကြန္ႀကီးထမ္းသြားၿပီး ေထာင္ေခ်ာက္ ဆင္တယ္ ။ ျခင္းၾကားထဲက ငွက္ကေလးသုံးေကာင္ကို
ထုတ္ၿပီး ေျခေထာက္ကိုႀကိဳးစနဲ႔ခ်ည္တယ္ ၊ ဆန္ကြဲေစ့ေတြကိုႀကဲတယ္ ။ ကိုျမဒင္ကေတာ့ မ်က္စိကို စုံမွိတ္ၿပီး အိပ္ခ်လိုက္တယ္။
အိပ္ရာကႏိုးေတာ့ ျခင္းၾကားႀကီးထဲမွာ ငွက္ေတြအမ်ားႀကီး ၊ ဘိုးသူေတာင္ ငွက္ေထာင္ေတာ္ေတာ္ကြၽမ္းက်င္ေနၿပီပဲ ။ သူ႔အတြက္နဲ႔ သူေတာ္ေကာင္းတရား လာအားထုတ္ေနတဲ့ ဘိုးသူႀကီးတစ္ေယာက္ ငရဲငအုံႀကီးေနရၿပီ။
ကိုျမဒင္ ေတာ္ေတာ္စိတ္မေကာင္းျဖစ္ေနမိတယ္ ။
” ဘိုးသူ ”
” ႏိုးၿပီလား ျမဒင္ ၊ ေရာ့ ငွက္ေပ်ာသီးေလးစားလိုက္ဦး
ငွက္ေတြလဲ ေတာ္ေတာ္ရပါၿပီ ။ မင္း ေနမေကာင္းရင္ ျပန္ေတာ့ေလ ”
ကိုျမဒင္ ပိုက္ကြန္ေတြသိမ္း ၊ ျခင္းၾကားႀကီးထမ္းၿပီး အိမ္ကိုျပန္ခဲ့တယ္ ။ အိမ္ေရာက္ေတာ့ မရီကဆီးႀကိဳတယ္ ။ သနပ္ခါးအေဖြးသားနဲ႔ မရီကို ကိုျမဒင္ တအံ့တဩေငးၾကည့္ေနမိတယ္ ။
” အစ္ကို ျပန္လာတာေစာတယ္ေနာ္ ၊ ငွက္ေတြလည္း ရလာလိုက္တာ ၊ ကြၽန္မလိုက္လာေတာ့မလိုပါ ။ ဒီမွာ ဟင္းေလးဘာေလးခ်က္ေနရလို႔ ”
မရီက ငွက္ျခင္းကိုဆီးယူတယ္ ။ ခါတိုင္းထက္ ငွက္ေတြကို တယုတယထားတယ္ ။ အစာေကြၽးတယ္ ၊ ေရတိုက္တယ္ ၊ ကိုျမဒင္တို႔ ညစာထမင္းဝိုင္းမွာ ဟင္းေတြ စုံလို႔ ။ ငွက္သားဟင္းမပါတာ ေတာ္ပါေသးရဲ႕လို႔ပဲ ကိုျမဒင္ေတြးမိတယ္ ။
အဲသည္ေန႔က ကိုျမဒင္ ေနမေကာင္းလို႔ ထမင္းသိပ္မစားႏိုင္ပါဘူး ။
( ၅ )
ဆြမ္းစားၿပီးခ်ိန္အထိ ကိုျမဒင္ ေပၚမလာေတာ့ ဘိုးသူမွာ ေမွ်ာ္ေမာေနရတယ္ ။ အစတုန္းကေတာ့ သူေနမေကာင္းလို႔ မလာႏိုင္တာထင္ပါရဲ႕လို႔ ဘိုးသူေတြးေနမိတယ္ ။ ေန႔စဥ္ေန႔တိုင္း တာ႐ိုးႀကီးထိပ္ကေန ကိုျမဒင္ကို ဘိုးသူေမွ်ာ္တယ္ ။
ဒါေပမယ့္ ကိုျမဒင္မလာတာ ရက္တစ္ပတ္ေလာက္ရွိသြားေတာ့ ဘိုးသူစိတ္ေတြပူလာတယ္ ။ လက္ပံပင္အုပ္ႀကီးဆီက ငွက္ေတြ ၊ ဧရာဝတီျမစ္ႀကီးကို ျဖတ္ကူးလာတဲ့ ငွက္ေတြကိုၾကည့္ရင္း ဘိုးသူတစ္ေယာက္ မေနတတ္ မထိုင္တတ္ျဖစ္လာတယ္ ။
ကိုျမဒင္ကို လြမ္းတာလိုလို ငွက္ကေလးေတြကို ဖမ္းခ်င္တာလိုလိုနဲ႔ ။ ေနာက္ဆုံးေတာ့ ဘိုးသူတစ္ေယာက္ ကိုျမဒင္ရွိရာကို လိုက္သြားရေတာ့တာပဲ ။ မျမေလးဘုရား နားေရာက္ေတာ့ ကိုျမဒင္ရဲ႕အိမ္ကို စုံ​စမ္းရတယ္ ။
” ငွက္ေထာင္တဲ့ ကိုျမဒင္လား ၊ သူတို႔မရွိၾကေတာ့ဘူး ….. ”
” ဟင္ …. ဘယ္… ဘယ္ကိုသြားၾကတာလဲ ”
” တဲေတြဖ်က္လိုက္ၿပီေလ ဘႀကီးရဲ႕ ။ သူတို႔လည္း ဘယ္ေျပာင္းသြားၾကသလဲ မသိပါဘူးဗ်ာ ”
ဘိုးသူရင္မွာ ဆို႔နင့္သြားတယ္ ။ လက္ထဲက စိပ္ပုတီးကို လည္ပင္းေျပာင္းစြပ္လိုက္ရင္း စိတ္ပ် က္လက္ပ်က္ ထိုင္ခ်လိုက္တယ္ ။
” သူ ငွက္ေထာင္မလာလို႔ ဘႀကီးလိုက္လာတာကြဲ႕…..”
” ကိုျမဒင္က ဘယ္ငွက္ေထာင္ေတာ့မလဲ ဘႀကီးရဲ႕ ၊ သူ႔ပိုက္ေတြေရာ ၊ ပျခဳပ္ေတြေရာ အကုန္လုံးေရာင္းပစ္လိုက္တာ ။ သူ႔မိန္းမနဲ႔ ရန္ျဖစ္လို႔ ေျပာတာပဲ ”
အဲသည္ေနာက္ေတာ့ ဘိုးသူတစ္ေယာက္ ပုတီးေကာင္းေကာင္း မစိပ္ႏိုင္ရွာဘူး ။ တမာပင္ႀကီးေအာက္မွာ လာလာထိုင္ရင္း ကိုျမဒင္ကို ေမွ်ာ္ေနမိတယ္ ။ တစ္ေန႔ ေတာ့ေပၚလာႏိုးေပါ့ ။ ရက္ကိုလစားသြားေပမယ့္ ကိုျမဒင္က ေပၚမလာပါဘူး ။
ကိုျမဒင္မလာေပမယ့္ ငွက္ကေလးေတြကေတာ့ လာတယ္ ၊ အုပ္လိုက္ အုပ္လိုက္ႀကီးကိုလာတာ ။ ဘိုးသူမွာ အူေတြယားလို႔ ။ ေကာင္းကင္ထက္မွာ ပ်ံသန္းေနတဲ့ ငွက္ကေလးေတြကို ေငးေမာ ၾကည့္ရင္း ဘိုးသူစိတ္ထဲကေနၿပီး ငွက္ေတြေထာင္ဖမ္းၾကည့္မိတယ္ ။ ပိုက္ကြန္ႀကီးေအာက္က ႐ုန္းမထြက္ႏိုင္တဲ့ ငွက္ေတြကို ဘိုးသူျမင္ေယာင္လာတယ္ ။
ဘိုးသူတစ္ေယာက္ သည္လိုျဖစ္ေနတာကို ကိုျမဒင္ကေတာ့ သိမွာမဟုတ္ပါဘူး ။ ဘိုးသူမွာေတာ့ မင္းဝံေတာင္တန္းႀကီးေနာက္မွာ ေနလုံးႀကီးဝင္သြားတာနဲ႔ –
” ေတာ္ေတာ္ဆိုးတဲ့ ျမဒင္ကြာ … ”
လို႔ တိုးတိုးေလးေရ႐ြတ္ေန႐ုံကလြဲလို႔ ဘာတတ္ႏိုင္မွာတဲ့လဲ ။
#ခင္ခင္ထူး