” စုန်းထီးကြီး ဦးဘသာနှင့် မျောက်ခေါင်းမှို “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီး ဦးဘသာနှင့် မျောက်ခေါင်းမှို “(စ/ဆုံး)
——————————————————————
အတွဲ(၃) စာစဉ် (၉)

(၁)

ဒီနှစ်က မိုးဦးကောင်းတဲ့နှစ်ဗျ၊ မိုးဦးကောင်းတော့ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်း လယ်ကွင်းတွေပြည့်မတတ် မိုးတွေရွာတာပေါ့ဗျာ၊ မိုးဦးကောင်းတဲ့အခါ ဝါခေါင်လလောက်ဆိုရင် အနောက်ဘက်တောင်ရိုးပေါ်မှာ မှိုတွေပွင့်တတ်တယ်ဗျ၊ လယ်ကွင်းတွေကလည်း စပါးပင်တွေသန်တဲ့အချိန်ဆိုတော့ လက်လွှတ်ထားလို့ရတယ်မဟုတ်လား၊ ဒီအချိန်မှာတော့ ကျုပ်တို့ရွာကလူတွေ မှိုကောက်ထွက်ကြတာပေါ့ဗျာ။

မှိုကောက်တယ်ဆိုတာ ကျုပ်တို့အညာအခေါ်ပေါ့ဗျာ၊ မြေမှာကျနေတဲ့အရာကို ကောက်တာကိုပြောချင်တာပေါ့၊ လက်ပံကောက်တယ်၊ ပိုက်ဆံကောက်တယ် အဲဒီလိုခေါ်ကြသလိုပဲ မြေကြီးမှာပေါက်တဲ့မှိုကို လက်နဲ့လိုက်ခူးတာကျတော့ မှိုကောက်တယ်ပဲခေါ်ကြတာဗျ။ တခြားဒေသတွေမှာတော့ အသုံးအနှုန်းကွဲချင်ကွဲမယ်ထင်တယ်၊ ကျုပ်တို့ဘက်တို့ မှိုကောက်တယ်ပဲခေါ်တာ။

မိုးဦးကောင်းတဲ့နှစ်ဆိုရင် ဝါခေါင်လောက်ဆို နေကနည်းနည်းပူလာပြီဗျ၊ ဒီအချိန်ဆိုရင်တော့ တောင်ရိုးပေါ်မှာ မှိုတွေအလေ့ကျပေါက်ပြီပေါ့၊ မိုးဦးမကောင်းတဲ့ နှစ်ဆိုရင်တော့ သီတင်းကျွတ်လောက်မှ မှိုတွေက ပွင့်တတ်ကြတာ။ မှိုဆိုတာ ကျုပ်တို့တောကလူတွေအတွက်တော့ ဟင်းကောင်းတစ်ခွက်ပေါ့ဗျာ၊ စားချင်တိုင်းလည်း စားလို့မရဘူးဗျ၊ သူပေါက်တဲ့အချိန်မှသာ စားကြရတာကိုး၊ ဒါကြောင့် မှိုတွေကောက်လို့ မှိုများများရရင် မှိုရတဲ့မျက်နှာလို့ ပြောကြတယ်မဟုတ်လားဗျာ။

“ဟေ့အလတ်ကောင်”

နေ့လည် လယ်တဲထဲမှာ မှိန်းနေတုန်း အကိုကြီးက သူတို့လယ်ကနေကူးလာခဲ့တယ်၊ သူ့လက်မှာလည်း မှိုပွင့်တွေကိုင်ထားတယ်ဗျ၊ အဲဒီမှိုကတော့ ကျင်းမှိုလို့ခေါ်တဲ့ ရိုးတံရှည်ရှည်မှိုလေးတွေပေါ့ဗျာ၊ လက်တစ်ဆုပ်စာမကဘူး အများကြီးပဲဗျ။

“အကိုကြီး၊ မှိုတွေဘယ်ကရတာတုန်း”

“တို့လယ်ဘေး၊ ကမူကလေးပေါ်က မှိုကျင်းထဲမှာတွေ့တာဟ၊ အဖေက မှိုသိပ်ကြိုက်တယ်ဆိုတော့ မင်းတို့စားဖို့ လာပေးတာ”

အင်ဖက်နဲ့ထုပ်ထားတဲ့ မှိုပွင့်ဖြူဖြူကလေးတွေကို အကိုကြီးကလှမ်းပေးတယ်၊ မှိုကိုမြင်လိုက်ရရင် မစားချင်တဲ့သူဘယ်သူရှိမလဲဗျ။ ကျုပ်လည်း စားချင်တာပေါ့။

“ဒါဆိုရင် အကိုကြီးတို့ ကမူပေါ်မှာတောင် မှိုတွေပေါက်နေပြီဆိုတော့၊ တောင်ရိုးပေါ်မှာဆိုရင် မှိုတွေပေါဌေးနေတော့မှာပဲ”

“အေးပေါ့ဟ၊ တစ်နေ့က မောင်လုံးတို့တောင် တောင်ရိုးပေါ်အင်ဖက်သွားခူးတုန်း မှိုတွေတစ်ပွေ့ကြီးရလာကြသေးတယ်တဲ့”

“ဒါဆိုရင်တော့ အတော်ပဲဗျာ၊ ကျုပ်တို့လည်း မှိုကောက်ထွက်ကြရအောင်၊ ပြောနေကြာပါတယ်၊ မနက်ဖြန်မနက်ပဲထွက်မယ်ဗျာ၊ အကိုကြီးရော လိုက်အုံးမလား”

“အောင်မာ၊ မင်းက ဒါမျိုးကျတော့ ငါ့ကိုထားခဲ့ချင်တာလားကွ”

အကိုကြီးက ကျုပ်ကိုပြောရင်း ကျုပ်ပုခုံးကိုလက်သီးနဲ့ထိုးတယ်၊ ဒါနဲ့ တစ်ဖက်လယ်တဲမှာ ထိုင်နေတဲ့ ဦးဘသာကိုလည်း သတင်းပေးမှရတော့မယ်မဟုတ်လား။

“ဦးဘသာရေ၊ မနက်ဖြန် ကျုပ်တို့မှိုကောက်ထွက်ကြမယ်၊ ဦးဘသာလိုက်အုံးမလား”

ကျုပ်လည်း လှမ်းအော်လိုက်တာပေါ့ဗျာ။

“ဟေ့အေး၊ မလိုက်တော့ပါဘူးကွာ၊ မင်းတို့သာ မှိုရရင် ငါ့ကိုတစ်ပွင့််၊ နှစ်ပွင့်လောက် မျှစမ်းပါ”

ဦးဘသာကလည်း သူ့လယ်တဲထဲကနေ ပြန်အော်တယ်ဗျ။

“တစ်ပွင့်နှစ်ပွင့်မကဘူးဦးဘသာ၊ ဦးဘသာဖို့ ကျုပ်များများကောက်ခဲ့မယ်”

“အေးပါ၊ အေးပါ”

ဒါနဲ့ပဲ အဲဒီနေ့ညနေတော့ ညီအကိုတွေတိုင်ပင်ပြီးတော့ လယ်ထဲကနေစောစောပြန်ခဲ့တာပေါ့ဗျာ၊ မှိုကောက်တယ်ဆိုတာက ထင်သလောက်မလွယ်ဘူးဗျ၊ မနက်အစောကြီးထသွားမှ မှိုကောင်းရတာ၊ ဒီတော့ ညကတည်းက စောစောအိပ်ပြီးတော့ မနက်စောစောထပြီးသွားရမှာမဟုတ်လား။ ခြံထဲလှမ်းဝင်လိုက်တာနဲ့ အမေက ကျုပ်တို့ကိုကြည့်တယ်။

“ဟဲ့ နင်တို့ပြန်လာတာစောလှချည်လား”

အကိုကြီးက အင်ဖက်နဲ့ထုတ်ထားတဲ့ မှိုထုပ်ကို အမေ့ကိုလှမ်းပေးလိုက်တော့ အမေ့မျက်နှာက မှိုရတဲ့မျက်နှာလို ပြုံးသွားတယ်ဗျ။

“အမေရေ၊ အကိုကြီးလယ်ဘေးနားမှာတောင် မှိုတွေပွင့်နေပြီ၊ ဒီအတိုင်းဆို တောင်ရိုးပေါ်မှာလည်း မှိုတွေဖွေးနေမှာပဲ၊ မနက်ဖြန် ကျုပ်တို့တွေ မှိုသွားကောက်ကြမယ်ဗျာ”

စားလို့ကောင်းတဲ့မှိုကို ရအောင်သွားကောက်မယ်ဆိုတော့ အမေက ငြင်းမလားဗျာ။

“အေး၊ ဒါဆိုရင်လည်း ညကျစောစောအိပ်၊ ဘယ်သူတွေခေါ်သွားအုံးမှာလဲ”

“အကိုကြီးရယ်၊ ကျုပ်ရယ်၊ အငယ်ကောင်ရယ် သွားမယ်ဗျာ၊ ဒီလောက်ဆိုရင်တော်ပါပြီ၊ အငယ်မတို့က ခြေလှမ်းနှေးတော့ သူတို့နဲ့မကိုက်ပါဘူး”

“အေးအေး၊ နင်တို့သဘောပဲ”

အဲဒီညကျတော့ အဖေ့အတွက် မှိုဆီပြန်ဟင်းလေးတစ်ခွက်ကို အမေကချက်ပေးတာပေါ့ဗျာ၊ ကျုပ်တို့လည်း စားချင်တာပေ့ါ၊ ဒါပေမယ့် မှိုကတစ်ခွက်စာပဲရတာမဟုတ်လား၊ အဖေကလည်း မှိုဆိုရင်သိပ်ကြိုက်တာဆိုတော့ ဘယ်သူ့မှခွဲမကျွေးပါဘူး၊ သူတစ်ယောက်တည်းတောင် ဝချင်မှဝမှာ၊ ကျုုပ်လည်း ထမင်းစားနေရင်း မနက်ဖြန်မှိုတွေရလာမှ အဝစားမယ်ဆိုပြီး အားခဲထားလိုက်တာပေါ့ဗျာ။

ဒါနဲ့ စားသောက်ပြီး ခဏလောက်နေတော့ အိပ်ရာဝင်ခဲ့ကြတာပေါ့ဗျာ၊ ည ခုနစ်နာရီလောက်ပဲ ရှိသေးမယ်ထင်တယ်၊ ကျုပ်တို့လူငယ်တွေကတော့ အိပ်မပျော်ဘူးဆိုတာ မရှိသလောက်ပါပဲဗျာ၊ တစ်နေကုန်လည်း လယ်ထဲမှာ ပင်ပန်းထားတာဆိုတော့ ခေါင်းနဲ့ခေါင်းအုံးနဲ့ထိတဲ့အချိန်က အိပ်ချိန်ပဲပေါ့။

(၂)

ညသန်းခေါင်ကြက်တွန်ပြီးတော့ နောက်ထပ် ကြက်သုံးလေးခါလောက် တွန်တာနဲ့ အကိုကြီးကအိပ်ရာထပြီးတော့ ကျုပ်ကိုလာနှိုးတယ်၊ ကျုပ်တို့ဒေသမှာတော့ နှိုးစက်ဆိုတာ ကြက်သံပါပဲဗျာ၊ ကြက်သံကိုနားထောင်ပြီးတော့ ဒါက သက်ကြီးခေါင်းချချိန်၊ ဒါက သန်းခေါင်ကြက်၊ ဒါက လင်းကြက်တွန်တယ်ဆိုပြီးတော့ ခွဲခြားထားတာပေါ့၊ သန်းခေါင်ကြက်တွန်ပြီး သုံးခါမြောက်ကြက်တွန်တဲ့အချိန်က မနက်သုံးနာရီလောက်ပဲ၊ နာရီသွားကြည့်လိုက်ရင် အဲဒီအချိန် ကွက်တိပဲဗျ၊ ဇီဝနာရီလို့ခေါ်တာပေါ့ဗျာ။ တိရစ္ဆာန်တွေကလည်း ဘယ်နှနာရီထိုးပြီလဲဆိုတာကို သိနေတဲ့ပုံပဲ။

မနက်စောစောထ၊ သွားတိုက်၊ မျက်နှာသစ်ပြီးတော့ ထမင်းကြမ်းစားရတယ်၊ အမေက မနိုးသေးလို့ မနက်စာမရသေးဘူးလေဗျာ၊ ညက ကျန်ခဲ့တဲ့ ထမင်းကြမ်းတုံးကို ဆီလေးဆမ်း၊ ဆားလေးဖြူးပြီးတော့ ပဲလှော်လေးဘာလေးထည့်ပြီး ခပ်မြန်မြန်စားလိုက်ကြတာပေါ့၊ ပြီးတာနဲ့ မှိုထည့်ဖို့ တောင်းယူရတယ်၊ မှိုထည့်တောင်းက အရမ်းအကြီးကြီးလည်း မဟုတ်သလို သေးသေးကလေးလည်း မဟုတ်ဘူး၊ ခပ်ရွယ်ရွယ်ပေါ့ဗျာ။

တောင်းကိုပိုက်ပြီးတော့ ပုခုံးတင်ပုဆိုးကလေးတစ်ထည် ပုခုံးပေါ်တင်လာတာပေါ့ဗျာ၊ ကျုပ်တို့အညာမှာက လယ်ထဲပဲဆင်းဆင်း၊ တောပဲတက်တက်၊ ထင်းပဲခွေခွေ ပုဆိုးပိုင်းကလေးတွေ ပုခုံးပေါ်တင်သွားကြတယ်၊ အဲဒါကို ပုခုံးတင်ပုဆိုးလို့ခေါ်တာပေါ့ဗျာ၊ ယောက်ျားမိန်းမမရွေး ပုဆိုးလေးပုခုံးပေါ်တင်သွား၊ ခေါင်းပေါ်လွှမ်းခြုံသွားတတ်ကြတယ်၊ တောထဲရောက်တော့ စားစရာအသီးအရွက်တွေတွေ့ရင် ဆူးဆွတ်ပြီး အဲဒီပုဆိုးနဲ့ထုပ်ပြီးသယ်ကြတယ်လေ၊ ထင်းတွေဘာတွေ ခွေတော့လည်း ပုဆိုးကိုခေါင်းဖုလုပ်ပြီး ရွက်ကြတာပဲ၊ ထမ်းစရာရှိရင်လည်း ပုခုံးမနာအောင်လို့ ပုဆိုးခံပြီးထမ်းကြတာဗျ၊ ဘာမှ မသုံးဖြစ်ရင်တောင် ချွေးသုတ်၊ နေကာလောက်ကတော့ လုပ်လို့ရတယ်မဟုတ်လား၊ ဒီတော့ ပုခုံးတင်တဲ့ပုဆိုးဆိုတာက ကျုပ်တို့တောသားတွေအတွက်တော့ ဘက်စုံသုံးပေါ့ဗျာ။

ဒီလိုနဲ့ လင်းကြက်မတွန်ခင်မှာ ကျုပ်ရယ်၊ အကိုကြီးရယ်၊ အငယ်ကောင်ရယ် အတူတူထွက်ခဲ့ကြတယ်၊ အကိုကြီးက လက်နှိပ်ဓါတ်မီးတစ်လက်ယူလာတယ်ဆိုပေမယ့် ဓါတ်ခဲအားကုန်မှာစိုးလို့ သိပ်မထွန်းပါဘူးဗျာ၊ ဒီအတိုင်း အမှောင်ထဲ စမ်းပြီးလျှောက်ရတာဗျ၊ အောင်မယ်၊ ရွာကနေ အစောကြီးထပြီးထွက်ကြတာ ကျုပ်တို့ချည်းမှတ်နေတာ၊ တခြားသူတွေလည်း သုံးယောက်တစ်စု၊ လေးယောက်တစ်စုနဲ့ တောင်ရိုးဆီကို အလျိုလျိုချီတက်နေကြတာဗျို့။

“ဟဲ့ အရီ၊ နင်တို့မိန်းကလေးတွေချည်း တောင်ရိုးပေါ်သွားမှာ မကြောက်ဘူးလား”

ကျုပ်လည်း လမ်းလျှောက်နေရင်း မိန်းကလေးတစ်စုကို မီလာတာနဲ့ စကားစလိုက်တယ်၊ အရီဆိုတဲ့ ကောင်မလေးက လက်တစ်ဖက်က ကိုင်လာတဲ့ ဓါးကိုမြှောက်ပြတယ်။

“ဓါးပါတယ်၊ ယီးတီးယားတားလုပ်လို့ကတော့ ဓါးစာမိမယ်”

ကျုပ်လည်း ပုခုံးတွန့်လိုက်တာပေါ့ဗျာ။ အကိုကြီးကတော့ ကျုပ်ပုခုံးပုတ်ရင်း

“ဒီကောင်မလေးတွေထက် ငါတို့အရင်ရောက်မှဖြစ်မှာကွ၊ နို့မို့ဆို တောင်ရိုးမှိုတွေ မကျန်ဘဲနေမယ်”

ကျုပ်တို့သုံးယောက်လည်း ယောက်ျားခြေလှမ်းကြီးတွေနဲ့ တောင်ရိုးဆီကိုအပြေးတစ်ပိုင်းနဲ့လာခဲ့ကြတာပေါ့ဗျာ၊ ဒီတောသူတွေကို မိန်းကလေးတွေဆိုပြီး အထင်မသေးနဲ့ဗျ၊ ခြေလှမ်းက ယောက်ျားလေးတွေနီးပါး သိပ်သွက်တာ၊ လက်ကလည်းမြန်သလားမမေးနဲ့၊ ကျုပ်တို့ကတော့ တောင်ရိုးပေါ်မှာ ပေါက်နေတဲ့မှိုမို့လို့ တောင်ရိုးမှိုလို့ခေါ်ကြတာပါ၊ တစ်ချို့ကတော့ အင်တိုင်းမှိုလို့ ခေါ်ကြတယ်ဗျ၊ တောင်ရိုးပေါ်မှာ ပေါက်နေတဲ့တောက တောဆယ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ အင်တိုင်းတောအမျိုးအစား ကိုဗျ၊ အဲဒီအင်တိုင်းတောထဲမှာ ပေါက်တဲ့ မှိုကို အင်တိုင်းမှိုခေါ်ကြတာပေါ့။

အရုဏ်ဦး အလင်းတွေဖြန့်လာပြီဆိုရင်ပဲ ကျုပ်တို့ညီအကိုသုံးယောက် တောင်ရိုးအခြေကိုရောက်နေပြီဗျ၊ ရွာကလူတွေလည်း တောင်ရိုးအခြေမှာ ထိုင်နေကြတယ်ဗျ၊ ကျုပ်တို့ရွာအပြင် ဟိုးအဝေးကြီး တန်းမြင့်၊ ပေတောလောက်ကလူတွေပါလာကြတယ်ဗျာ၊ တစ်ရွာနဲ့တစ်ရွာက လူတွေလည်း ဆွေမျိုးမကင်းတွေဆိုတော့ ထိုင်ပြီးတော့ စကားစမြည်ပြောရင်း အလင်းရောင်ကောင်းကောင်းရလောက်မယ့်အချိန်ကို စောင့်နေတာပေါ့ဗျာ။

မှိုဆိုတဲ့အမျိုးက အဖြူလို့သာ အသိများပေမယ့် တကယ်တော့ အဖြူချည်းမဟုတ်ဘူးဗျ၊ ဒီတော့ အလင်းရောင်မကောင်းတဲ့အချိန်သွားရင် မှိုတွေကိုမမြင်မစမ်းနဲ့နင်းမိတတ်တယ်၊ နင်းမိရင် စားမကောင်းတော့ဘဲ မှိုပျက်သွားတာပေါ့ဗျာ၊ ဒါကြောင့် အလင်းရောင်ရတဲ့အချိန်ကိုစောင့်နေကြတာ၊ မကြာခင် ရွာထဲက လင်းကြက်တွန်သံတွေကြားရတယ်၊ အချိန်က မနက်ငါးနာရီခွဲလောက်ရှိမှာပေါ့ဗျာ။ ဒီတော့မှ ကိုယ့်အစုနဲ့ကိုယ် တောင်ပေါ်ကိုတက်ခဲ့ကြတယ်။

ကျုပ်တို့ယောက်ျားလေးတွေက အောက်က ဘောင်းဘီတိုပါတာဆိုတော့ ဝတ်ထားတဲ့ပုဆိုးကိုချွတ်ပြီး စလွယ်သိုင်းလိုက်တယ်၊ ပြီးတော့ ယူလာတဲ့တောင်းကို စလွယ်သိုင်းထဲထည့်ပြီး လွယ်တာပေါ့ဗျာ၊ တစ်တောင်၊ တစ်လံလောက်ရှိတဲ့ တုတ်ချောင်းတွေချိုးယူပြီးရင်တော့ မှိုကောက်လို့ရပြီဗျ၊ တုတ်ယူရတယ်ဆိုတာကလည်း မြေကြီးမှာ မှိုနဲ့တူတာတွေ့ရင် အဲဒီနားကမြေတွေကို တုတ်နဲ့အသာကလေးဖယ်ထုတ်၊ သစ်ရွက်ခြောက်တွေ ရှင်းထုတ်ပြီးတော့ မှိုဟုတ်မဟုတ်ကို တုတ်နဲ့စစ်ကြည့််ရတာ။

ကျုပ်လည်း တောင်ပေါ်တက်လာရင်း သစ်ပင်ကြီးတစ်ခုအရောက်မှာ မှိုခေါင်းလေးတွေကိုလိုလို တွေ့လိုက်တာနဲ့ အပြေးသွားလိုက်ပြီးတော့ တုတ်နဲ့ထိုးလိုက်တာပေါ့ဗျာ၊ ဒီတော့ မှိုသုံးပွင့်ကိုတွေ့ရတယ်၊ သိပ်မကြီးမသေးအရွယ်ပါပဲ၊ မှိုကိုကောက်ကိုင်လိုက်ပြီးတော့ သေချာကြည့်ရတယ်။

“ဟာ၊ အကိုကြီးရေ၊ ကျုပ်တော့ ငှက်ချွေစာတွေ့ပြီဗျို့”

ပြီးတော့ လွယ်ထားတဲ့ မှိုတောင်းထဲကိုထည့်ရတယ်၊ တောင်းထဲထည့်တဲ့အခါလည်း ဖြစ်သလိုပစ်ထည့်လို့မရဘူးဗျ၊ မှိုအပွင့်တွေ ကြေသွားတက်လို့ မှိုရပြီဆိုရင် မှိုကိုပက်လက်လှန်ပြီး သေသေချာချာစီထည့်ရတာ၊ ဒီလိုထည့်တော့မှ မှိုပွင့်လည်းများများဝင်ဆံ့တဲ့အပြင် အပဲ့အကြွေလည်း ကင်းတာပေါ့ဗျာ။

“အောင်မာ၊ အလတ်ကောင်ကတော့ ဈေးဦးပေါက်သွားပြီဟေ့၊ အငယ်ကောင်ရေ၊ ရှာထားကွ”

ငှက်ချွေစာဆိုတဲ့မှိုမျိုးကတော့ တောင်ရိုးမှိုတွေထဲမှာ ဘုရင်ပါပဲဗျာ၊ သူ့အရသာက တောင်ပို့မှိုထက် စားကောင်းတယ်၊ ချိုပြီး နူးညံ့နေတာပဲဗျာ။ အကိုကြီးကလည်း တုတ်တစ်ချောင်းနဲ့လိုက်လှန်ရင်း မကြာခင် မှိုပွင့်ကြီးတစ်ပွင့်က သစ်ရွက်တွေကြားထဲကနေ ပေါ်လာတယ်ဗျ၊ အကိုကြီးက မှိုကိုမခူးသေးဘဲ ကျုပ်ကိုပြရင်း

“ဒီမှာကြည့်စမ်း၊ လက်ထိမည်းကြီးတစ်ပွင့််ဟေ့၊ ကြီးသလားတော့မမေးနဲ့ အယ်စတုံကြီး”

အကိုကြီးပြတဲ့မှိုက ငါးလက်မလောက်ရှိတယ်ဗျ၊ လက်ထိမည်းမှိုက မြေကြီးအရောင်နဲ့တူလို့ ရှာရသိပ်မလွယ်ဘူး၊ လက်ထိမည်းဆိုတဲ့နာမည်အတိုင်း ခူးဖို့လက်နဲ့ထိလိုက်တာနဲ့တင် ထိတဲ့နေရာက မည်းသွားတာ၊ ပြီးရင် အဲဒီအမည်းတွေက မှိုတစ်ပွင့်လုံးကို ကူးစက်သွားပြီးတော့ မှိုကြီးတစ်ခုလုံး မည်းသွားတော့တာပါပဲ၊ ဟင်းချက်ရင်လည်း မည်းမည်းကြီးပေါ့၊ ဒါပေမယ့် အရသာကိုတော့ အထင်မသေးလိုက်ပါနဲ့၊ သူ့အသားက ခပ်ကြမ်းကြမ်းရှိပြီး အသားတုနဲ့သွားတူတယ်၊ အရသာကတော့ ချိုပြီးဆိမ့်နေတာပဲဗျာ၊

“အကိုကြီးရေ၊ ဒါဆိုရင် အဝေးကိုသိပ်မရှာနဲ့တော့၊ အနားကိုပဲပတ်ရှာကြည့်၊ ဒီကောင်တွေက အုံနဲ့ကျင်းနဲ့နေတာဗျ”

ကျုပ်ပြောတော့ အကိုကြီးကလည်း အဲဒီအနားကိုပတ်ရှာတယ်၊ လက်ထိမည်းမှိုကလည်း တစ်ပွင့်တွေ့ပြီဆိုရင် ခပ်ဝေးဝေးရှာစရာမလိုဘူး၊ အဲဒီအနားကိုပတ်ရှာလိုက်တာနဲ့ သုံးလေးပွင့်လောက်တော့ ဆက်တွေ့ရတတ်တယ်။ အကိုကြီးလည်း မှိုရတဲ့မျက်နှာဖြစ်သွားတာပေါ့ဗျာ။ ဒီတော့ အငယ်ကောင်က ခေါင်းကုပ်ပြီလေ။

“ဟား၊ ဟား အငယ်ကောင်ရေ ကြိုးစားစမ်းကွာ”

ဒါနဲ့ ကျုပ်တို့သုံးယောက် လူခွဲသွားဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်နေရာတည်း သုံးယောက်လုရှာနေရင် မှိုတွေ့ဖို့အခွင့်အရေးက နည်းတယ်မဟုတ်လား၊ ဒါနဲ့ပဲ တစ်ယောက်တစ်လမ်းသွားကြမယ်ပေါ့ဗျာ၊ နေထွက်ပြီးတဲ့အချိန် တောင်ရိုးအလယ်က ကိုးတောင်ပြည့်စေတီနားမှာ ပြန်ဆုံမယ်လို့ ချိန်းလိုက်ကြတာပေါ့။

(၃)

သဘာဝအတိုင်းပေါက်တဲ့မှိုတွေဆိုတော့လည်း အရောင်အမျိုးမျိုး၊ အမျိုးအစား အမျိုးမျိုးပေါ့ဗျာ၊ တောင်ရိုးပေါ်ပေါက်တဲ့မှိုတွေမှာလည်း သူ့မျိုးနဲ့သူ၊ သူ့နာမည်နဲ့သူရှိတယ်ဗျ၊ ကျုပ်တို့က ငယ်ငယ်ကတည်းက မှိုကောက်လာတာဆိုတော့ ပုံစံကြည့်တာနဲ့တင် ဘာမှိုမျိုးဆိုတာ တန်းသိတယ်။ အပွင့်ဖြူဖြူကြီးတွေပွင့်တဲ့ မှိုကို မှိုဖြူ၊ အပွင့်က နည်းနည်းအဝါရောင်ဘက်သမ်းတဲ့မှိုဆိုရင် မှိုဝါပေါ့ဗျာ၊ ပြီးတော့ ခုနကပြောတဲ့ ငှက်ချွေစာ၊ လက်ထိမည်း၊ ကျင်းနဲ့ပေါက်တဲ့မှိုကျတော့ ကျင်းမှိုပေါ့၊ နောက်ပြီး ခြကောင်လေးတွေလုပ်ထားတဲ့ တောင်ပို့ကလေးတွေအနားမှာ ပေါက်တဲ့မှိုကျတော့ တောင်ပို့မှို၊ နောက်ပြီး ဘီးကျဲမှိုဆိုတာရှိသေးတယ်၊ မှိုဖြူမှိုဝါကိုမှ လှန်ကြည့်လိုက်ရင် အောက်ဘက်က အချောင်းကလေးတွေက ခပ်ကျဲကျဲပေါက်နေတဲ့မှိုပေါ့၊ ကိုရင်မှိုဆိုတာကျတော့ ဝါဝါလုံးလုံးကလေးတွေဗျ၊ ကိုရင်ခေါင်းတုံးနဲ့တူတယ်ပေါ့၊ နောက်ပြီး မယ်သီလရှင်မှိုဆိုတာလည်း ရှိသေးတယ်၊ သူ့အရောင်က မယ်သီလရှင်တွေရဲ့ သင်္ကန်းအရောင်လို ပန်းဆီရောင်ကလေးဗျ။ ဒီလိုပဲ နာမည်တွေကတော့ ကိုယ့်အရပ်အခေါ်အရ ခေါ်ရင်း နာမည်တွင်သွားတာပေါ့။

စားကောင်းတဲ့မှို၊ မစားကောင်းတဲ့မှိုဆိုတာလည်းရှိသေးတယ်၊ မစားကောင်းတဲ့မှိုတစ်ပွင့်ကို စားကောင်းတဲ့မှိုတစ်ခြင်းထဲ ထည့်လိုက်တာနဲ့ ကျန်တဲ့မှိုတွေပါ ပျက်စီးသွားတတ်လို့ တော်တော်သတိထားပြီးရှောင်ရတာပေါ့ဗျာ၊ မစားကောင်းတဲ့မှိုတွေကျတော့ များသောအားဖြင့် အရောင်တောက်တောက်ရှိတဲ့မှိုတွေပေါ့၊ မှိုပြဒါးဆိုတာ နီရဲနေတာဗျ၊ သွားတော့မစားလိမ့်နဲ့ သေရင်သေ၊ မသေရင် ဆေးရုံရောက်သွားလိမ့်မယ်၊ ပြီးတော့ မှိုဖြူပေါ်မှ အနီပျောက်တွေနဲ့ မှိုကွက်ကြားဆိုတာကလည်း အဆိပ်ရှိတယ်၊ သူ့ကိုစားရင် တောက်တယ်ပေါ့ဗျာ၊

မြွေပါးကင်းပါးတော့ရှိတယ်ဆိုပေမယ့် မှိုကောက်ရင်း မြွေကိုက်သေသွားတဲ့လူတော့ မတွေ့ဖူးဘူးဗျ၊ လက်ထဲမှာလည်း တုတ်တွေပါတယ်ဆိုတော့ တော်ရုံမြွေတွေ့ရင် တုတ်နဲ့မောင်းလိုက်ရင် မြွေကပြေးတာပဲပေါ့ဗျာ၊ စားလို့ရတဲ့ မြွေနဲ့တွေ့ရင်တော့ အဲဒီမြွေကံဆိုးပြီသာမှတ်ပေတော့ဗျာ၊ မှိုလည်းကောက်ရင်း မြွေကိုလည်းသတ်ပြီး စားဖို့ယူတတ်ကြတာ၊ ဒါကြောင့် မြွေတွေကင်းတွေက လူသံကြားတာနဲ့ ပြေးကြတာပဲဗျ။

ကျုပ်လည်း တောင်အရှေ့ဘက်ကိုတက်ခဲ့ရင်းနဲ့ လမ်းမှာတွေ့တဲ့ မှိုတွေကို သုံးပွင့်ကောက်လိုက်၊ လေးပွင့်ကောက်လိုက်နဲ့ ကောက်ရင်း ခြင်းတောင်းတစ်ဝက်လောက်တောင် ရလာပြီပေါ့ဗျာ၊ ဆက်ကောက်လာရင်း မကြာပါဘူး၊ မြေကြီးအောက်မှာ ဖြူဖြူလိုဟာလေးတွေ တွေ့တာနဲ့ တုတ်နဲ့တစ်ချက်ရမ်းလိုက်တော့ မှိုခေါင်းဖြူဖြူတွေ အများကြီးပေါ်လာတာဗျာ၊ ကျုပ်လည်း မျက်နှာကြီးကိုဖြီးပြီးတော့ပြုံးလိုက်တယ်၊ မှိုရတဲ့မျက်နှာပေါ့ဗျာ။ ခြောက်ပေပတ်လည်လောက်ရှိတဲ့ မှိုကျင်းကြီးမှာ ကျင်းမှိုတွေဖွေးနေတာပဲဗျာ၊ ကျုပ်လည်း မှိုကျင်းထဲသွားပြီး မှိုတွေကို အားရပါးရခူးနေတယ်။ မနေ့က အဖေစားတဲ့ ကျင်းမှိုတွေကို ဒီနေ့တော့ စိတ်တိုင်းကျ အားရပါးရစားမယ်လို့တွေးရင်း ကောက်နေမိတာပေါ့ဗျာ၊ ခြင်းတောင်းပြည့်သွားလို့ ပြန်အထမှာတော့ သစ်ကိုင်းတစ်ကိုင်းကို လက်ကဆွဲမိပြီး ခြောက်နေတဲ့သစ်ကိုင်းက ဆတ်ခနဲကျိုးသွားပါရောဗျာ၊ ပြီးတော့ ကျုပ်ခေါင်းပေါ်ကို အလုံးကြီးတစ်လုံးပြုတ်ကျလာတယ်။ အဲဒီအလုံးကြီးက ကျုပ်ငယ်ထိပ်ပေါ်ရောက်တယ်ဆိုရင်ပဲ နှစ်ခြမ်းကွဲပြီး တစ်စစီဖြစ်သွားတော့တာပဲဗျာ၊

“ဟိုက်၊ သေပြီ . . .”

ကျုပ်တစ်ကိုယ်လုံးအပေါ်ကို သဲနဲ့အပက်ခံလိုက်ရသလို ပုရွက်ဆိတ်တွေကျလာတယ်ဗျ၊ အဲဒီပုရွက်ဆိတ်တွေကို ကျုပ်တို့ဆီမှာတော့ ပဆွတ် လို့ခေါ်တယ်၊ တစ်ချို့ကလည်း ထုပ်ပနီတဲ့ဗျာ၊ ခါချဉ်လို အကောင်တွေဗျ၊ ဒါပေမယ့်် ခါချဉ်ထက် နှစ်ဆလောက်ကြီးတယ်၊ အစွယ်ကြီးတွေများ ကော့နေတာပဲဗျာ။

ပဆွတ်အုံက ငယ်ထိပ်ပေါ်တည့််တည့်ကျပြီးတော့ ကွဲထွက်သွားတော့အထဲက ပဆွတ်နီကောင်တွေက ကျုပ်တစ်ကိုယ်လုံးအပေါ်ကို သဲနဲ့ပက်ထည့်လိုက်သလို ကျလာတာပေါ့ဗျာ။ နဂိုကတည်းက ဒေါသကြီးတဲ့ ပဆွတ်တွေက အခုတော့ သူတို့အိမ်ကို ဖျက်တဲ့ကောင်ဆိုပြီးတော့ ကျုပ်ကိုဝိုင်းတွယ်ကြတာပေါ့ဗျာ။

ကျုပ်လည်း မှိုတောင်းကြီးလွယ်ပြီးတော့ တစ်ကိုယ်လုံးကို လက်နဲ့ပွတ်ရင်း ခုန်ဆွခုန်ဆွပြေးရတာပေါ့ဗျာ။

နေအတော်လင်းတော့ အကိုကြီးနဲ့ချိန်းထားတဲ့ ကိုးတောင်ပြည့်စေတီကလေးအနားရောက်လာတယ်၊ အင်ပင်ကနေ အင်ဖက်တွေခူးပြီးတော့ မှိုတောင်းအပေါ်ကို ပိတ်လိုက်တယ်၊ ပြီးတော့ ဝါးတုတ်လေးတွေနဲ့ ကန့်လန့်ထိုး၊ လျော်ကြိုးလေးတွေနဲ့ ချည်လိုက်ရင် လုံသွားပြီပေါ့ဗျာ။ ကျုပ်တက်လာတော့ အကိုကြီးနဲ့အငယ်ကောင်က ရောက်နှင့််နေပြီဗျ။ ပြီးတော့ ကျုပ်ကို အထူးအဆန်းနဲ့ ဝိုင်းကြည့်ကြတယ်။

“အလတ်ကောင်၊ မင်း . . မင်းလူရုပ်တောင် မပေါ်ပါလားကွာ၊ ဘယ်လိုဖြစ်လာတာလဲ”

“ဘယ်လိုဖြစ်ရမလဲအကိုကြီးရာ၊ ကျင်းမှိုကောက်ရင်းနဲ့ ငယ်ထိပ်ပေါ်ကို ပဆွတ်အုံကြီး ပြုတ်ကျလာတာဗျ”

ကျုပ်ပြောတော့ အကိုကြီးနဲ့ အငယ်ကောင်က ခွက်ထိုးခွက်လန်ရယ်ပါရောဗျာ၊ ကျုပ်လည်း ကိုးတောင်ပြည့်စေတီအနားက ရေအိုင်ကလေးမှာ ကိုယ့်ရုပ်ကိုပြန်ငုံ့ကြည့်ရတာပေါ့ဗျာ၊ ရေကန်မျက်နှာပြင်မှာ ထင်နေတဲ့ပုံရိပ်ကိုမြင်တော့ ကျုပ်ဖြင့် သရဲကြီးလားဆိုပြီးတော့ လန့်သွားတာပဲဗျာ၊ နှုတ်ခမ်းကြီးတွေဆိုရင်လည်း ထော်လန်လို့၊ မျက်ခွံတစ်ဖက်ကလည်း ဖောင်းအစ်နေပြီးမျက်လုံးတောင်ပိတ်တော့မယ်လေဗျာ၊ တစ်ကိုယ်လုံးလည်း ပဆွတ်နီတွေ ကိုက်ထားလို့ အဖုအပိန့်တွေနဲ့ ရှောက်သီးခွံလိုဖြစ်နေပါရောလားဗျာ။

“ဖြစ်ရမယ်အလတ်ကောင်ရာ၊ မင်းကတော့ဖြစ်ရမယ်၊ ဒီအတိုင်းရွာပြန်သွားရင် ရွာကလူတွေတောင် မင်းကိုမှတ်မိမယ်မထင်ဘူးကွ”

အကိုကြီးတို့က ကျုပ်ကိုကြည့်ရင်း ရယ်ပြန်ရောဗျို့၊ ကျုပ်လည်း မခံချင်တာနဲ့ မှိုတောင်းကိုပြလိုက်တယ်၊ အကိုကြီးကလည်း သူ့တောင်းကိုပြတယ်ဗျ။ ဒါပေမယ့် မှိုကျင်းတွေ့ခဲ့တဲ့ကျုပ်လောက်တော့ ဘယ်များပါ့မလဲ၊ အငယ်ကောင်ကလည်း သူ့ခြင်းတောင်းကိုပြတယ်၊ အင်ဖက်တွေနဲ့ပိတ်ထားတယ်ဆိုပေမယ့်လည်း သူ့ခြင်းတောင်းက ပြည့်လုပြည့်ခင်ဗျ၊ ဒါနဲ့ ကျုပ်တို့ညီအကိုသုံးယောက်လည်း တောင်ရိုးပေါ်ကနေ အမြန်ပြန်ဆင်းခဲ့ကြတာပေါ့ဗျာ။

(၄)

အိမ်ရောက်တော့ အမေ့တာဝန်ဖြစ်သွားတော့တာပေါ့ဗျာ၊ မှိုတွေက များတယ်ဆိုတော့် အမေက အထားမခံတဲ့မှိုကို ချက်ဖို့ပြင်ရတယ်၊ အထားခံတဲ့မှိုတွေကိုတော့ နောက်နေ့တွေစားဖို့ပေါ့၊ မှိုတွေက တော်တော်များတာဆိုတော့ အခြောက်ခံထားဖို့လည်း စီစဉ်ရတယ်။ တောင်ရိုးပေါ်ကို တစ်ခါတက်သွားပြီးရင်တော့ မှိုက သုံးလေးရက်လောက်တော့ အမုန်းစားရတယ်ဗျ။

အကိုကြီးတောင်းရယ်၊ ကျုပ်တောင်းရယ်ကို ဖွင့်ပြီးတော့ နောက်ဆုံးတော့ အငယ်ကောင့်တောင်းကိုဖွင့်တာပေါ့ဗျာ၊ တောင်းကိုဖွင့်လိုက်တဲ့အခါကျတော့ အုန်းသီးအခွံကျွတ်လောက် အရွယ်ရှိတဲ့ ဖြူဖြူဖွေးဖွေး မှိုလုံးကြီးတစ်လုံးထွက်လာပါရောဗျာ၊ အမေလည်း တအံ့တသြနဲ့ကြည့်နေတာပေါ့၊ မှိုကြီးက တစ်ဖက်ခြမ်းက လုံးဝိုင်းနေပေမယ့် တစ်ဖက်ခြမ်းမှာတော့ အတွန့်အတွန့်တွေနဲ့ဗျာ၊ မသိရင် လူအရိုးခေါင်းကြီးနဲ့တောင် တူနေသေးတယ်၊ မျက်လုံးပေါက်လိုလို နှစ်ပေါက်ကလည်း ချိုင့်ဝင်နေသေးတယ်။ အမေက မှိုကြီးကိုကိုင်လာပြီး အဖေ့ရှေ့ကိုချပေးတယ်။

“ကျုပ်တော့ တစ်သက်နဲ့တစ်ကိုယ် ဒီလိုမှိုမျိုးမမြင်ဖူးဘူးတော်”

အဖေကလည်း မှိုကြီးကိုသေချာကြည့်ရင်း

“ဒါမျိုးကျတော့ မြေအောင်းမှိုလို့ခေါ်တယ်ကွ၊ ငါတော့မစားဖူးဘူး၊ မြေကြီးအောက်တွေ ဂလိုင်တွေထဲမှာပေါက်တာ၊ အရမ်းကောင်းတယ်ဆိုပဲကွ”

ဒါနဲ့အမေက အငယ်ကောင့်ကိုမေးတယ်။

“ဟဲ့အငယ်ကောင်၊ နင်ဘယ်နားက သွားရှာလာတာတုန်း”

“လျှိုထဲကပဲအမေရ၊ ကျုပ်လည်း တောင်ပို့ကလေးတွေ့တော့ တောင်ပို့မှိုများရှိမလားဆိုပြီး ဆင်းရှာတာ၊ တောင်ပို့မှိုနည်းနည်းပဲတွေ့တယ်၊ ဒါနဲ့ စိတ်ဓါတ်ကျပြီး ပြန်တက်မယ်အလုပ်မှာ အဲဒီမှိုလုံးကြီးကို တောင်ပို့အောက်ခြေအနားမှာ တစ်ပိုင်းတစ်စတွေ့တာနဲ့ ထိုးဖွင့်ရင်း နောက်ဆုံးတော့ တောင်ပို့အောက် ဂလိုင်ထဲကနေ ဒီလောက်ကြီးထွက်လာတာဗျ”

အဖေက ခေါင်းညိတ်တယ်။

“ဆန်းပါပေ့ကွာ၊ ငါတော့ ဒီမှိုကြီးကိုကြည့်ရတာ မျောက်ခေါင်းနဲ့တူလို့ မျောက်ခေါင်းမှိုလို့ ခေါ်မယ်ကွာ”

“ဟား၊ ဟား အဖေတို့ကတော့ နာမည်ပေးတာသိပ်တော်တယ်ဟေ့၊ မြေအောင်းမှိုကြီးကိုတောင် မျောက်ခေါင်းမှိုကြီးတဲ့”

အမေကလည်းပြုံးရင်း

“ဒါဆို ဒီမှိုကြီးကို ဆန်ခါနဲ့အုပ်ပြီး နောက်နေ့စားဖို့သိမ်းထားလိုက်မယ်၊ ဒီနေ့တော့ သားကြီးနဲ့ အငယ်ကောင်ကောက်လာတဲ့ မှိုတွေကိုအရင်ချက်စားမယ်”

အမေကပြောပြီးတော့ ချက်ရေးပြုတ်ရေးအတွက် ပြင်ဆင်ရတော့တာပေါ့ဗျာ၊ ကျုပ်တို့လည်း နေ့လည်စာ မစားရသေးဘူးလေ၊ ဆာတာတော့ အတော်ဆာနေပြီဗျ၊ ဒါပေမယ့် အမေချက်မယ့် မှိုဟင်းနဲ့အဝတွယ်မယ်ဆိုပြီးတော့ စောင့်နေကြတာပေါ့။

မှိုဟင်းဆိုတာ ချက်ရတာလည်းလွယ်တယ်၊ အချိန်ကလည်း ခဏလေးပဲကြာတာဗျ၊ အမေချက်ဆဲ့မှိုဆီပြန်ဆိုတာ စားလို့သိပ်ကောင်းတာပေါ့ဗျာ၊ မှိုတွေကို ရေနွေးလေးနဲ့ သဲတွေဖုန်တွေကင်းအောင် အသာလေးဆေးရတယ်၊ ပြီးရင်တော့ မန်ကျည်းသီးစိမ်းကလေးထောင်းပြီးတော့ မှိုနဲ့ရောချက်တာပေါ့ဗျာ၊ ဟင်းအိုးရခါနီးရင် ငရုတ်သီးစိမ်းကလေးတွေ ပစ်ထည့်၊ ခြံနောက်ဖေးမှာစိုက်ထားတဲ့ ပင်စိမ်းရွက်ကလေးအုပ်လိုက်ရင် ချဉ်ချဉ်၊ စပ်စပ်နဲ့ မှိုဟင်းကလေးတစ်ခွက် ရပြီပေါ့ဗျာ၊ အဲဒါကို ဖရုံရွက်နဲ့ မျှစ်ချိုစိတ်ကလေးတွေ တွဲချက်ထားတဲ့ ဟင်းချိုအရည်သောက်ကလေးနဲ့ဆိုတော့ ထမင်းစားလို့မြိန်ချက်ပဲဗျာ။

မနက်အစောကတည်းက ထမင်းကြမ်းပဲစားသွားရတဲ့ ကျုပ်တို့ကတော့ ဆာဆာနဲ့အမေ့လက်ရာကို စားတော့တာပဲဗျာ၊ မှိုကလည်းချို၊ ဟင်းကလည်း ချဉ်စပ်ကလေးဆိုတော့ ညီအကိုသုံးယောက် တစ်ယောက်ကို ထမင်းတစ်လုံးချက်လောက်ကုန်အောင် စားပစ်တာဗျ၊ စားပြီးတော့မှ ရေနွေးကြမ်းသောက်ရင်းေ အးအေးဆေးဆေးထိုင်နားကြတယ်၊ လယ်ထဲကိုတော့ မဆင်းတော့ဘူးပေါ့ဗျာ။

စားပြီးသွားတော့ မကြာပါဘူး၊ ကျုပ်ဗိုက်ထဲ တစ်မျိုးကြီးဖြစ်လာတယ်ဗျ၊ ဗိုက်ထဲက အသံစုံတွေမြည်လာပြီးတော့ ဂွီဂွီဂွမ်ဂွမ်နဲ့ဖြစ်လာတာ၊ ပြီးတော့ ရင်ထဲမှာပျို့ပြီးတက်လာတယ်ဗျာ၊ ဒီတော့ ကျုပ်လည်းဟန်မဆောင်နိုင်တော့ဘဲ အိမ်ခန်းဘေးတံခါးကနေ ပြေးပြီးအန်ချလိုက်ရတာပေါ့ဗျာ။

ပိုးစိုးပက်စက် အန်ချလိုက်ပေမယ့် ခုနက စားထားတဲ့ထမင်းတွေ ပြန်ထွက်မလာဘဲနဲ့ ဖြူဖြူပျစ်ချွဲချွဲအရည်ကြီးတွေပဲ ထွက်လာတာဗျ၊ ကျုပ်လည်း အံ့သြနေတုန်းရှိသေးတယ်၊ အငယ်ကောင်က အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ အန်ချလိုက်တာကို မြင်လိုက်ရတယ်။

“အမေရေ၊ မှိုတောက်ပြီထင်တယ်ဗျ”

ကျုပ်အိမ်အောက်ကိုပြေးဆင်းလာတော့ အဖေက ကြွေရည်သုတ်ထွေးခံကြီးထဲကို ဖြူဖြူအရည်တွေ တဝေါ့ဝေါ့နဲ့ အန်ချနေတာပဲဗျာ၊ အိမ်ပေါ်ထပ်က အကိုကြီးလည်း အိမ်အောက်ကိုပြေးဆင်းလာပြီးတော့ ရေချိုးခန်းနားအရောက်မှာ ထိုးအန်တော့တာပဲ၊ အကိုကြီးမိန်းမနဲ့ သမီးက သူ့အမျိုးအိမ်သွားနေလို့ အိမ်မှာမရှိဘူး၊ အငယ်မနှစ်ကောင်လည်း ဘယ်ရောက်နေတယ်မသိပါဘူးဗျာ။ ခုနက မှိုဟင်းစားတဲ့လူအားလုံး အန်ပေမယ့် အမေကတော့ မအန်ဘူးဗျ။

“အမေရေ၊ အမေ့မှိုဟင်းက တောက်ပြီဗျ”

မှိုတောက်တယ်ဆိုတာ မှိုဆိပ်တက်တာကိုပြောတာပါ၊ အမေကလည်း အံ့သြနေတယ်၊ အဖေက အမေ့ကိုကြည့်ရင်း

“မင်းကွာ၊ မှိုချက်တာ သေသေချာချာမချက်ဘူးလား”

အမေက ခေါင်းခါရင်း

“မဟုတ်ပါဘူးရှင်၊ ကျွန်မတစ်သက်လုံး မှိုချက်စားလာတာပါ၊ ဘယ်ဟာက စားကောင်းလဲ၊ ဘယ်ဟာက မစားကောင်းသလဲဆိုတာ သိပါတယ်၊ အခုကျွန်မချက်တာကလည်း အားလုံးပုံမှန်ပါပဲ”

“မင်းကသာ ပုံမှန်ပဲလို့ပြောနေတာ၊ ငါတို့က အခုအန်နေရပြီမဟုတ်လား”

အဖေက ပြောရင်း အန်ချင်လာတာနဲ့ ထွေးခံကောက်ပြီး ထပ်အန်ပါရောဗျာ၊ အမေက ခေါင်းခါရင်း

“ဟောတော်၊ အဲဒီမှိုဟင်းကို ကျုပ်လည်းစားတာပါပဲ၊ ကျုပ်ကျတော့ ဘာလို့မတောက်တာတုန်း”

အမေပြောတာလည်း ဟုတ်တယ်ဗျ၊ စားတဲ့အထဲ ကျုပ်တို့ပဲဖြစ်ပြီး အမေကတော့ ဘာမှမဖြစ်ဘူးမဟုတ်လား။ အဖေက အန်ပြီးတော့မှ

“ကဲ၊ ကဲ တောက်တဲ့ဟင်းဆိုလည်း စားမနေနဲ့ သွန်သာသွန်ပစ်လိုက်၊ ငါထင်တာကတော့ အငယ်ကောင် မှိုမှားခူးတယ်ထင်တာပဲကွ၊ မစားသင့်တဲ့မှိုကို တောင်းထဲထည့်ရင် တစ်တောင်းလုံးပျက်တယ်မဟုတ်လား”

ကျုပ်လည်း ဒီတော့မှ သတိရသွားတယ်။

“ဟာ၊ ဟုတ်ပြီအဖေ၊ ဒါဆိုရင်တော့ ဟိုမြေအောင်းမှိုကြီးကြောင့်ဖြစ်မယ်”

ကျုပ်ပြောလိုက်မှ အဖေတို့လည်း သတိရသွားတယ်။

“အေး၊ ဖြစ်နိုင်တယ်ကွ၊ အဲဒီမှိုကြီးကို လွင့်တော့မပစ်နဲ့အုံးကွာ၊ နောက်နေ့ကျမှ ရွာဦးကျောင်းက ဆရာတော်နဲ့ ရွာကလူတွေမြင်ဖူးအောင်လို့ ပြရအုံးမယ်”

ဒါနဲ့ပဲ ကျုပ်တို့လည်း အဲဒီမှိုကြီးကို သိမ်းထားလိုက်ကြတာပေါ့။

(၅)

ညရောက်တော့ ကျုပ်ခူးလာတဲ့မှိုတွေကို ချက်ပြီးစားကြတယ်၊ ဒီတစ်ခါတော့ မအန်တော့ဘူးဗျာ၊ ဒါဆိုရင်တော့ အငယ်ကောင်ကောက်လာတဲ့ ဘာမှန်းမသိတဲ့ မျောက်ခေါင်းမှိုကြီးက ဖြစ်နေတာလို့ပဲ ယူဆလိုက်ကြတယ်။ ကျုပ်တို့လည်း မနေ့က အိပ်ရေးမဝဘူးဆိုတော့ အဲဒီညတော့ စောစောအိပ်ကြတာပေါ့ဗျာ။

ညသန်းခေါင်လောက်ရောက်တော့ အိမ်အောက်ကနေ တီးတိုးတီးတိုးနဲ့ စကားပြောသံကြားရတယ်ဗျ၊ အသံကတော့ ခပ်အုပ်အုပ်ပြောနေတာ၊ ကျုပ်သေသေချာချာ နားထောင်ပေမယ့် ဘာတွေပြောနေသလဲဆိုတာတော့ မသိရဘူးဗျ၊ ကျုပ်လည်း အငယ်မတို့များတွတ်ထိုးနေသလားပေါ့ဗျာ၊ အိပ်ရေးပျက်တာနဲ့ ထမကြည့်ဘဲ အသာကလေးဆက်အိပ်နေတာ၊ နာရီဝက်လောက်ကြာတဲ့အထိ စကားသံတွေက တိတ်မသွားဘူးဗျ၊ နောက်တော့ အခန်းထဲအိပ်နေတဲ့အဖေ နိုးသွားပုံရတယ်၊ အိမ်ပေါ်ကနေ ချောင်းဟန့်သံပေးတယ်၊ ဒါတောင်မှ အငယ်မတို့က ရပ်မသွားဘူးဗျာ၊ ဆက်ပြီးတွတ်ထိုးနေကြတုန်းပဲ၊ ကျုုပ်လည်း မနေနိုင်တော့တာနဲ့ အဖေ့ကိုယ်စား ထအော်ရတာပေါ့။

“ဟဲ့၊ အငယ်မ၊ နင်တို့စကားပြောချင်ရင် မနက်မှပြောကြဟာ၊ ငါတို့အိပ်ရေးပျက်တယ်”

ကျုပ်အော်လိုက်တော့ စကားပြောသံကတော့ ရပ်သွားတယ်၊ ဒါပေမယ့်် အိမ်အောက်ထပ်မှာ ဝင်းခနဲလက်ခနဲ အလင်းရောင်တွေမြင်ရတယ်ဗျ၊ အလင်းရောင်က မီးခတ်ခတ်လို့ ထွက်လာတဲ့အလင်းရောင်လိုမျိုးပဲ၊ ဒါပေမယ့် စိမ်းဖန့်ဖန့်ကြီးဗျ။ အလင်းရောင်ကြီး တစ်ချက်လင်းသွားတာနဲ့ ကြမ်းကြားထဲကနေ အလင်းရောင်တွေထိုးတက်လာတာပဲ၊ ကျုပ်လည်း ဘာမပြောညာမပြောနဲ့ အိမ်အောက်ကိုပြေးဆင်းလိုက်တယ်။

အလင်းရောင်တွေထွက်နေတာ အငယ်မတို့အခန်းထဲကလည်း မဟုတ်ဘူးဗျ၊ မီးဖိုခန်းထဲကနေလင်းနေတာ၊ လှေကားထိပ်ကနေ အငယ်မတို့ကိုချောင်းကြည့်တော့လည်း အိပ်နေကြတာပါါပဲ၊ ကျုုပ်လည်း လှေကားကိုဆက်ဆင်းလိုက်ပြီးတော့ မီးရောင်မြင်ရတဲ့နေရာကို အသာကလေးလှမ်းလာလိုက်တော့ ဒန်အိုးကြီးတစ်ခုထဲကနေ အလင်းရောင်တွေထွက်နေတာဗျ၊

ကျုပ်တော်တော်ကြောက်နေတယ်၊ အရောင်တွေက အစိမ်းရောင်ကြီးတွေ၊ ကျုပ်လည်း ဒန်အိုးကိုပြေးဖွင့်လိုက်တော့ အထဲမှာ မျောက်ခေါင်းမှိုကြီးက လင်းနေတာဗျ၊ မှိုကြီးတစ်လုံးလုံးက အစိမ်းရောင်ဖန့်ဖန့်လင်းနေပြီးတော့ မျက်လုံးပေါက်ကနေ အလင်းရောင်တွေထွက်နေတာပဲဗျာ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင် ခုခေတ် အနုမြူလို့ခေါ်တဲ့ ညဘက်လင်းတဲ့ကြယ်ကလေးတွေလိုမျိုး လင်းနေတာ။

“အဖေရေ၊ လုပ်ပါအုံး၊ အမေရေ”

ကျုပ်လည်း လန့်လန့်နဲ့အော်လိုက်မိတော့ အဖေက ပြေးဆင်းလာတယ်ဗျ။ ကျန်တဲ့လူတွေကတော့ မနိုးဘူးလားမသိပါဘူးဗျာ၊ အဖေလည်း အဲဒီမှိုကြီးကိုတွေ့တော့ အတော်ကလေးထူးဆန်းသွားတယ်။

“တစ်ခုခုတော့ တစ်ခုခုပဲအလတ်ကောင်ရ”

ဒီအချိန်မှာပဲ မှိုကြီးက လေပေါ်ကိုမြောက်တက်သွားတယ်ဗျ၊ သေချာကြည့်လေလေ လူအရိုးခေါင်းကြီးနဲ့ တူလာလေလေပဲ၊ သိပ်အမြင့်ကြီးတော့မဟုတ်ဘူးဗျ၊ ကျုပ်တို့ခေါင်းပေါ်လောက်မှာ ဝဲနေတာ၊ ကျုပ်လည်း ထင်းချောင်းတစ်ချောင်းကောက်လိုက်ပြီးတော့ အဲဒီမှိုကြိးကို ရိုက်ထည့်ပေမယ့် မှိုကြီးက မထိအောင်ရှောင်တယ်၊ ပြီးတော့မှ မီးဖိုခန်းထဲကနေ အိမ်ရှေ့ဘက်ကိုထွက်သွားတာ။ ကျုပ်နဲ့အဖေလည်း အဲဒီမှိုကြီးအနောက်ကိုပြေးလိုက်တော့ လေပေါ်ကိုပျံတက်သွားပြီး ရွာထဲကိုပြေးသွားတာပဲဗျာ။

ကျုပ်နဲ့အဖေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အိမ်ပေါ်ပြန်တက်ခဲ့ကြတယ်၊ အိပ်ရာထဲပြန်အိပ်လိုက်ကြပေမယ့် အဖေရော ကျုပ်ရော အိပ်မပျော်ပါဘူးဗျာ၊ အဖေကလည်း တချောက်ချောက်နဲ့ နိုးနေတယ်ဗျ၊ ကျုပ်လည်း ဒီမှိုကြီးအကြောင်း စဉ်းစားရင်း၊ အတွေ့အကြုံရင့်တဲ့ ဦးဘသာကို မေးကြည့်မှလို့ တွေးလိုက်မိတယ်၊ တစ်ညလုံး အိပ်မပျော်တဲ့ကျုပ်က မနက်လင်းကြက်တွန်သံကြားမှ မှေးခနဲအိပ်ပျော်သွားတယ်ဗျ။

ကျုပ်မနက်လင်းတော့ နေအတော်မြင့်နေပြီဗျ၊ အိမ်ပေါ်ကဆင်းလိုက်ရော အမေက ကျုပ်ကိုကြည့်ပြီးပြောပါလေရော။

“နင်တို့သားအဖ ညကဘယ်သွားနေလို့ အိပ်ရာထနောက်ကျနေတာလဲဟဲ့”

ကျုပ်လည်း ဘာမှမပြောဘဲ အဖေ့ကိုကြည့်လိုက်တယ်၊ အဖေကတော့ ဘာမှမသိသလိုနဲ့ အေးအေးလူလူနေတယ်။

“နောက်ပြီးတော့ မနေ့ကခူးလာတဲ့ မြေအောင်းမှိုကြီး ညကပျောက်သွားတယ်ဟဲ့၊ ထူးဆန်းလိုက်တာ”

“သြော်၊ ကြွက်တွေဘာတွေ စားသွားတာဖြစ်မှာပေါ့အမေရ၊ ကြွက်တွေက မှိုကြိုက်တယ်မဟုတ်လား”

အမေကတော့ ခေါင်းခါတယ်။

“ကြွက်ကလည်း ဒီလောက်ကြီးတာကြီးကို ကုန်အောင်စားနိုင်ပါ့မလား၊ အလတ်ကောင် နင်မှန်မှန်ပြော၊ နင်ဘယ်သူ့ကို ဝေခြမ်းရေးလုပ်လိုက်သေးသလဲ”

“ဟာဗျာ၊ အမေကတော့ ကျုပ်ကိုရစ်ပြီ”

ကျုပ်လည်းပြောဆိုရင်း သွားတိုက်ဖို့ ဆားတစ်ဆုပ်နှိုက်ပြီးတော့ ထွက်လာခဲ့တာပေါ့၊ ကျုပ်ခြံဝကိုရောက်တယ်ဆိုရင်ပဲ ဦးဘသာကြီးက ဆန်ခါခုံးကလေးကိုင်လို့ ခြံထဲဝင်လာတယ်။ ကျုပ်တိုတွေ့တာနဲ့

“ဟေ့အလတ်ကောင်၊ မင်းတို့မနေ့က မှိုကောက်သွားတယ်ဆို၊ ဘယ်မလဲ ငါ့အတွက်”

“ဟုတ်ပါရဲ့ဗျာ၊ ကျုပ်လာပေးဖို့မေ့သွားတယ်၊ နေအုံး၊ အမေ့ဆီကနေ နည်းနည်းတောင်းပေးမယ်”

ကျုပ်နဲ့ဦးဘသာလည်း အိမ်ဘက်ကိုပြန်လျေျာက်လာရင်း အဖေ့နားရောက်တော့မှ အဖေက ဦးဘသာကိုမော့ကြည့်ရင်း

“ဦးဘသာ၊ ကျုပ်တောင် အလတ်ကောင်ကို သွားခေါ်ခိုင်းမလို့လုပ်နေတာ၊ လာပါအုံးဗျ”

ဦးဘသာက အဖေ့မျက်စောင်းထိုးခုံတန်းမှာ ဝင်ထိုင်တယ်။

“ဘာများလဲသူကြီးရဲ့”

အဖေက ကျုပ်ကိုတစ်ချက်မော့ကြည့်ရင်း

“ဒီလိုပါဦးဘသာ၊ တိုတိုပြောရရင်တော့ မနေ့က အငယ်ကောင်က မျောက်ခေါင်းနဲ့တူတဲ့ မှိုအလုံးကြီးတစ်ခုကို တောင်ရိုးပေါ်ကနေ ကောက်လာတယ်ဗျ၊ ညကျတော့ အဲဒီမှိုလုံးကြီးက အစိမ်းရောင်တွေလင်းပြီးတော့ ကျုပ်တို့အိမ်ထဲကနေ ပျံထွက်သွားတယ်၊ အဲဒါ ဘာလဲဆိုတာ ဦးဘသာ သိမလားလို့”

ဦးဘသာက တစ်ချက်စဉ်းစားရင်း

“မျောက်ခေါင်းနဲ့တူတာလား၊ လူအရိုးခေါင်းနဲ့ရော မတူဘူးလား”

ကျုပ်လည်း ဦးဘသာဘေးနားဝင်ထိုင်ရင်း

“တူတာပေါ့ ဦးဘသာ၊ မှိုဖြူဖြူကြီးက မသိရင် လူဦးခေါင်းခွံကြီး ချထားတဲ့အတိုင်းပဲဗျ”

“မင်းတို့ဟာက ထူးတော့ထူးနေပြီကွ၊ ငါထင်နေတာတစ်ခုတော့ရှိတယ်”

အဖေနဲ့ကျုပ်လည်း သိချင်လွန်းလို့ ဦးဘသာအနားကိုကပ်လိုက်တာပေါ့၊ ဦးဘသာက လေသံကိုနှိမ့်ပြီး

“မှိုစုန်း၊ ပန်းစုန်း၊ ဂမုန်းစုန်းဆိုတာမျိုးတွေရှိတတ်တယ်သူကြီး၊ သူတို့က သဘာဝအတိုင်းဖြစ်နေတဲ့ ထူးခြားတဲ့အစွမ်းရှိတဲ့ ပစ္စည်းတွေပေါ့၊ မှိုစုန်းဆိုတာကို ကျုပ်လည်း တစ်ခါမှ မမြင်ဖူးပေမယ့် သူကြီးတို့ပြောပုံအရဆိုရင် အဲဒီဟာများဖြစ်နေမလား”

“ဖြစ်တော့ဖြစ်နိုင်တယ်ဦးဘသာ၊ မနေ့က ကျုပ်တို့အဲဒီမှိုကြီးနဲ့အတူတူ တစ်တောင်းထဲထည့်လာတဲ့ မှိုတွေချက်စားပြီးတော့ မှိုတောက်ကြသေးတယ်”

ဦးဘသာက တစ်ချက်ခေါင်းညိတ်လိုက်ပြီး

“သူကြီးဘာမှ မပူပါနဲ့ မှိုစုန်းမှန်တယ်ဆိုရင် သူ့ချည်းတော့ အန္တာရာယ်မပြုနိုင်ပါဘူး၊ သူ့ကို ကျုပ်ဖမ်းပေးပါ့မယ်”

“ကောင်းပါပြီ၊ ဦးဘသာ ကြိုက်သလိုစီစဉ်ပါ”

ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီးတော့

“အလတ်ကောင်ရေ၊ ဒီညနေ နေဝင်ပြီးသွားရင် မင်း ကြက်အရှင်တစ်ကောင်ဖမ်းလာပြီး ငါ့အိမ်ကိုသာလာခဲ့ဟေ့”

အမေက ကျုပ်ခူးထားတဲ့မှိုပွင့်တွေကို ဦးဘသာယူလာတဲ့ ဆန်ခါခုံးကလေးထဲကိုထည့်ပေးလိုက်တော့ ဦးဘသာက ထွက်သွားတော့တာပေါ့ဗျာ။ ဒီလိုနဲ့ ညနေရောက်လာပြန်တာပေါ့၊ ဦးဘသာမှာထားတဲ့အတိုင်း ကျုပ်လည်း အိမ်မှာမွေးထားတဲ့ ကြက်မတစ်ကောင်ကို ကိုင်ပြီးတော့ ဦးဘသာအိမ်ကို လာခဲ့တာပေါ့၊ ဦးဘသာကတော့ ကွမ်းမြုံ့လို့ဗျ။

“စောတော့၊ စောသေးတယ်ကွ၊ ငါတို့လှုပ်ရှားရင် ရွာကလူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ရွာဆူကုန်လိမ့်မယ်၊ နည်းနည်းတော့ ညည့်နက်အောင်စောင့်မှ”

ကျုပ်လည်း ဦးဘသာဘေးနားထိုင်ရင်း ကြက်မကိုပွတ်သပ်ပေးနေမိတယ်။

“ဒါနဲ့ မှိုစုန်းက အန္တရာယ် မရှိဘူးလား”

“သူ့ချည်းတော့ သိပ်အန္တရာယ်မရှိပါဘူး၊ ဒါပေမယ့် မသမာတဲ့လူတွေ လက်ထဲကိုရောက်သွားရင်တော့ တော်တော်ဒုက္ခပေးနိုင်တယ်ကွ”

“ဘယ်လို ဒုက္ခပေးနိုင်တာလဲဗျ”

“အောက်လမ်းသမားတွေလက်ထဲရောက်ရင် မကောင်းတဲ့ဆေးတွေဖော်စပ်တယ်၊ ပြီးတော့ အဲဒီ မှိုစုန်းရဲ့ အစွမ်းကို ကူးယူမွေးမြူကြတယ်၊ ငါကြားဖူးသလောက်ကတော့ မှိုစုန်းက အစားအသောက်နဲ့ပတ်သက်ရင် သိပ်စွမ်းတယ်တဲ့ကွ၊ အစာပင်းတို့ဘာတို့ထည့်တဲ့အခါ သိပ်အသုံးဝင်တယ်၊ ဒါ့အပြင် လူငါးရာတစ်ထောင်လောက်ကိုလည်း တစ်ချက်ထဲနဲ့ အစာအဆိပ်ခပ်နိုင်တယ်တဲ့ကွာ”

“ကြောက်ဖို့ကောင်းလိုက်တာဗျာ၊ ကျုပ်တော့ အဲဒါမစားမိတာ တော်သေးတာပေါ့”

စကားပြောနေရင်း ညခုနစ်နာရီကျော်သွားပြီ၊ ရွာမှာလည်း လူခြေတိတ်သွားပြီဆိုတော့ ဦးဘသာက အကြမ်းပန်ကန်လုံးတစ်လုံးချပေးပြီးတော့ အဲဒီထဲကို ကြက်မရဲ့လည်ချောင်းသွေးကို ဖောက်ထည့်ခိုင်းတယ်၊ ကျုပ်လည်း ကြက်မကိုလည်ပင်းဖောက်ပြီး သွေးခံလိုက်တာပေါ့ဗျာ၊ နောက်တော့ ဦးဘသာက ကျုပ်ကိုအဲဒီခွက်ကိုပေးတယ်။

“ဟောဒီခွက်ကို ကိုင်ပြီး ရွာကိုသုံးလေးပတ်လောက် ပတ်ပြေးပေတော့ဟေ့၊ မင်းအနောက်က အဲဒီမှိုစုန်းလိုက်လာပြီဆိုရင် မင်းရွာထိပ်က ရွာတော်ရှင်နတ်နန်းဆီကိုသာ ပြေးလာခဲ့ဟေ့၊ ငါမင်းကို အဲဒီမှာစောင့်နေမယ်”

ကျုပ်လည်း ကြောက်တာပေါ့ဗျာ၊ သွေးစိမ်းခွက်ကိုင်ပြီး ရွာကိုပတ်ပြေးရမှာမဟုတ်လား၊ ဒါပေမယ့် ဦးဘသာခိုင်းတာဆိုတော့လည်း မလုပ်လို့မရတော့ဘူးလေ၊ ဒါနဲ့ပဲ ပုဆိုးကိုတိုတိုခိုင်ခိုင်ဝတ်ပြီးတော့ သွေးခွက်ကိုသေချာကိုင်ပြီး ဦးဘသာအိမ်ကနေထွက်ခဲ့တာပေါ့ဗျာ၊ ရွာပြင်ကိုထွက်ပြီးတော့ အိမ်တွေရဲ့နောက်ကျောနဲ့ လယ်ကွင်းအစပ်နားကနေ ပတ်ပြေးတာပေါ့၊ ရွာကိုတစ်ပတ်ပတ်တယ်ဆိုတာ ထင်သလောက်မလွယ်ဘူးဗျ၊

တစ်ပတ် ပတ်ပြေးတာတောင် လေးဆယ့်ငါးမိနစ်လောက်ကြာတယ်ဗျ၊ သုံးပတ်သာဆိုရင် မလွယ်လောက်ဘူး၊ ဒါနဲ့ ကျုပ်လည်းမောနေပြီပေါ့၊ ပြေးနေရင်း တစ်နေရာရောက်တော့ ချုံပုတ်ထဲကနေ မီးလုံးကြီးထွက်လာတယ်ဗျ၊ ကျုပ်လည်း သေချာလှည့်ကြည့်တော့မှ အစိမ်းရောင်ဖန့်ဖန့်လင်းနေတဲ့ မှိုစုန်းကြီးဖြစ်နေတော့တာပဲဗျာ။

“ဟာ၊ မှို . . .မှိုစုန်း”

မှိုစုန်းက ကျုုပ်ဆီကိုပျံလာတာ မြန်တယ်ဗျာ၊ ကျုပ်လည်း ဦးဘသာမှာထားတဲ့အတိုင်း တစ်ချိုးတည်းပြေးတော့တာပေါ့။ အနောက်က မှိုစုန်းက လိုက်လာတယ်ဆိုတဲ့အသိနဲ့ ပြေးတာဆိုတော့ ခြေထောက်တွေတောင် မြေကြီးနဲ့မထိဘူးထင်ပါရဲ့ဗျာ၊ ပြေးရင်းနဲ့ မကြာခင် ရွာတော်ရှင်နတ်နန်းနားကိုရောက်လာတော့တယ်၊ ဒါပေမယ့် အဲဒီအနားမှာ ဦးဘသာမပြောနဲ့ ခွေးတစ်ကောင်တောင် ရှိမနေဘူး၊ ကျုပ်ထင်တာကတော့ ဦးဘသာက သုံးပတ်မပြည့်သေးလို့များ သူ့အိမ်ကနေထွက်မလာသေးတာလားမသိပါဘူးဗျာ။

“လုပ်ကြပါအုံး၊ အမေရေ၊ ကယ်ပါအုံး”

ကျုပ်လည်း ကူရာကယ်ရာမဲ့နေတာနဲ့ ပါးစပ်ကလျှောက်အော်တာပေါ့ဗျာ၊ ဒီကောင်ကြီးက မိုးပေါ်ပျံလိုက်လာတယ်ဆိုပေမယ့် ကျုပ်က ခြေထောက်နဲ့ပြေးရရတာဗျ၊ မရပ်မနားပြေးထားလို့ လူကလည်းတော်တော်လျျာထွက်နေပြီ၊ ဒီအတိုင်းဆိုရင် ကျုပ်ကြာကြာဆက်ပြီး ပြေးနိုင်လိမ့်မယ်မထင်တော့ဘူး။

ရွာတော်ရှင်နန်းအနားရောက်တော့ ကျုပ်ခလုပ်တိုက်ပြီးတော့ ချော်လဲကျသွားတယ်၊ ကျုပ်ကိုင်ထားတဲ့ သွေးခွက်လည်း ကျုပ်အပေါ်ကိုမှောက်ကျပြီးတော့ ကျုပ်ကိုယ်လုံးကို သွေးတွေပေကုန်တာပေါ့ဗျာ၊ မတ်တပ်ရပ်ဖို့ထလိုက်တော့ ခြေထောက်က တော်တော်နာနေတာနဲ့မထနိုင်ဘူး၊ ဒီအချိန်မှာပဲ မီးအလင်းရောင်က တော်တော်လင်းလာတာနဲ့ ကျုပ်လည်း အမြန်လှည့်ကြည့်လိုက်တော့ မှိုစုန်းကြီးက ကျုပ်နဲ့လက်တစ်ကမ်းလောက်အကွာကိုရောက်နေပြီဗျ။

သူက ကျုပ်မျက်နှာအနားကို ချက်ချင်းပျံလာတာ၊ ကျုပ်မျက်နှာနဲ့ဆိုရင် တစ်တောင်လောက်ပဲကွာတော့မယ်ထင်တယ်၊ မျက်လုံးချိုင့်ခွက်ကြီးတွေထဲကနေ အစိမ်းရောင်အလင်းတွေထွက်နေပြီးတော့ ပါးစပ်ကြီးကလည်း ဗလုံးဗထွေးနဲ့ ကျုပ်နားမလည်နိုင်တဲ့စကားတွေပြောနေတယ်ဗျ။

ကျုပ်လည်း အသံကုန်ဟစ်ပြီးအော်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ခြင်းကြားကြီးတစ်ခုက မိုးပေါ်ကနေကျလာပြီးတော့ မှိုကြီးကိုအုပ်သွားတယ်ဗျ၊ ဦးဘသာက ခြင်းကြားကြီးကို ဇောက်ထိုးလုပ်ပြီး မြေပေါ်ကိုမှောက်ချထားလိုက်တော့ အဲဒီမှိုစုန်းကြီးက ခြင်းကြားထဲမှာ ပိတ်မိပြီး ထွက်မရဘဲဖြစ်နေတာပေါ့။

“ဟား၊ ဟား မိပြီကွ”

ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ် သေပြီမှတ်တာဗျာ၊

“ဦးဘသာရာ၊ ဘာလို့ ခုနကတည်းက ထွက်မလာတာလဲ”

“မင်းကလည်းကွာ၊ ငါ့တွေ့ရင် ဒီမှိုစုန်းကြီးက ပြေးမှာပေါ့ကွ၊ မင်းကိုတည်ကြက်လုပ်ပြီး ဖမ်းလိုက်ရတာပဲကွာ၊ တစ်မျိုးမထင်ပါနဲ့”

ကျုပ်လည်း ဖုန်တွေခါပြီးတော့ လူးလဲထလိုက်တယ်၊ ပြီးတော့ ခြင်းကြားကြီးထဲက ထွက်ချင်လို့ ရုန်းကန်နေတဲ့ မှိုစုန်းကြိးကိုကြည့်လိုက်တယ်။

“မှိုစုန်းဆိုတာက သွေးတော့ သိပ်ကြိုက်တာ။ သွေးထဲမှာမှ မိန်းမသွေးဆိုအကြိုက်ဆုံးပဲ၊ ကဲ၊ ပြောနေကြာပါတယ်၊ ငါတို့ရှင်းရအောင်”

ဦးဘသာက မှိုကိုလက်ညှိုးထိုးထားလိုက်ပြီးတော့ တစ်ခုခုရေရွတ်နေတယ်၊ မကြာခင်မှာပဲ မှိုကြီးက အလင်းရောင်တွေမှိတ်တုတ်၊ မှိတ်တုတ်ဖြစ်ပြီးတော့ မြေပေါ်ကိုကျသွားတာပဲဗျာ၊ ဦးဘသာက ဒီတော့မှ ခြင်းတောင်းကြီးကို မလိုက်တယ်။

“အလတ်ကောင်၊ အဲဒီမှိုကြီးကို အသက်အောင့်ပြီးတော့ ဖနောင့်နဲ့သုံးချက်ပေါက်ကွာ”

“ဟာဗျာ၊ ဦးဘသာပေါက်လို့မရဘူးလား”

“မင်းကွာ၊ ငါဖနောင့်နဲ့ပေါက်ရင် မလိုအပ်တာတွေ ဖြစ်လာနိုင်လို့ပြောတာ၊ လုပ်စမ်းပါ၊ အသက်ကိုပြင်းပြင်းရှူလိုက်”

ကျုပ်လည်း အသက်ကိုပြင်းပြင်းရှူလိုက်ပြီးတော့ အသက်အောင့်ထားရင်း အဲဒီမှိုကြီးကို ဖနောင့်နဲ့ပေါက်ထည့်လိုက်တာပေါ့ဗျာ၊ မှိုကြီးက နှစ်ခြမ်းကွဲသွားပြီးတော့ တရှီးရှီးနဲ့ အသံတွေမြည်တယ်ဗျ၊ ပြီးတော့ ပျစ်ချွဲချွဲအရည်တွေလည်း ပန်းထွက်လာသေးတယ်၊ အရည်တွေက မသိရင်သွေးတွေလိုပဲဗျ၊ နံလိုက်တာကလည်း ပြောမနေပါနဲ့တော့၊ ပုပ်အက်အက်အနံ့ကြီး။ သုံးချက်ပြည့်အောင်ပေါက်လိုက်တော့ မှိုကြီးက တစ်စစီဖြစ်သွားတော့တာပဲ။

“ကဲ ရပြီ၊ အဲဒီမှိုကို ခြင်းကြားထဲကျုံးထည့်ပြီးတော့ တစ်နေရာသွားလွှင့်ပစ်လိုက်ကွာ”

ကျုပ်လည်း မှိုအပိုင်းအစတွေကို တောင်းထဲကိုကောက်ထည့်ပြီး ရွာပြင်ရိုးချောင်းထဲကို လှမ်းပစ်ထည့်လိုက်တော့တာပေါ့ဗျာ။

“ကဲ၊ အားလုံးပြီးပြီလား ဦးဘသာ”

ဦးဘသာက ခေါင်းခါတယ်ဗျ။

“မပြီးသေးဘူး၊ မင်းအိမ်ကိုသွားရအောင်”

ကျုပ်တို့အိမ်ပြန်လာတော့ အဖေကမအိပ်သေးဘဲ မီးခွက်ကလေးနဲ့စောင့်နေတယ်၊ အမေကတော့ မနက်ချက်ဖို့ပြုတ်ဖို့ မှိုတွေသင်နေတယ်ဗျ။ ဦးဘသာလည်းရောက်ရောက်ချင်းပဲ

“ကဲ၊ ကွမ်းအစ်ရှိရင်ပေးကွာ”

ကျုပ်တို့လည်း အကိုကြီးစားတတ်တဲ့ ကွမ်းအစ်ကလေးချပေးလိုက်တယ်။ ဦးဘသာက ကွမ်းအစ်ထဲက ကွမ်းရွက်ကိုထုတ်ပြီးတော့ လက်မှာထုံးသုတ်ရင်း ကွမ်းရွက်ကို စက်ဝိုင်းပုံစံ၊ ဝလုံးပုံစံလေး ဝိုင်းနေတယ်၊ ပြီးတော့ ကွမ်းသီးစိတ်၊ တစ်စိတ်၊ နှစ်စိတ်ထည့်ပြီးတော့ ကွမ်းကိုယာလိုက်တယ်။

“ရော့ မသန်း၊ ဒီကွမ်းကိုနင်စားလိုက်”

ဦးဘသာကျွေးတာဆိုတော့ အမေက မစားရဲဘူးဗျ၊ အဖေက အမေ့ကိုကြည့်ရင်း

“စားဆိုလည်း စားလိုက်ပေါ့”

ဒီတော့မှ အမေက ကွမ်းယာကိုလှမ်းယူပြီးတော့ မယုံသင်္ကာနဲ့ပါးစပ်ထဲထည့်ပြီး ဝါးလိုက်တာပါပဲ၊ အမေက ဝါးပြီးသိပ်မကြာဘူး၊ တဝေါ့ဝေါ့နဲ့ ပျို့တက်လာတော့တာ၊ ဒါနဲ့ အိမ်ဘေးကိုပြေးပြီး အန်လိုက်တော့ အနက်ရောင်အရည်ပျစ်ချွဲချွဲကြီးတွေ အန်ကျလာတာပေါ့ဗျာ။ အဖေနဲ့ကျုပ်လည်း အမေ့ကိုကြည့်နေတာပေါ့။

“ကဲသူကြီး၊ မှိုစုန်းကိစ္စကတော့ အားလုံးရှင်းသွားပါပြီ၊ မှိုစုန်းက ယောက်ျားလေးတွေထက်စာရင် အမတွေကိုပိုကြိုက်တဲ့သဘောရှိတယ်၊ ဒါကြောင့် မသန်းကို ပြုစားဖို့လုပ်ခဲ့တဲ့ပုံပဲ”

ကျုပ်လည်း တစ်ခုတွေးမိသွားပြီး လက်ခုပ်ထတီးလိုက်မိတယ်။

“ဟုတ်တယ်ဗျို့၊ ကျုပ်တို့စားရင်သာ အန်ပေမယ့်၊ အမေစားတာ ဘာမှမဖြစ်ဘူးမဟုတ်လား”

ဦးဘသာက ခေါင်းညိတ်ရင်း

“အဲဒါမကောင်းဘူးကွ၊ ပြုစားတာ ကြာသွားရင် မင်းအမေမှာ မကောင်းတာတွေဖြစ်လာနိုင်တယ်၊ ကဲ အားလုံးပြီးပြီဆိုတော့ ငါလည်းသွားပြီဟေ့”

ဦးဘသာကို ကျုပ်ပြန်ပို့ပေးမယ်လုပ်ပေမယ့် ဦးဘသာက လက်ကာပြပြီးတော့ သူ့ဖာသာထွက်သွားတော့တာပဲဗျာ၊ ကျုပ်က ရွာကိုပတ်ပြေးထားရတာဆိုတော့ တော်တော်မောပြီး ညောင်းနေပြီမဟုတ်လား။

ဒါနဲ့ နောက်တော့မှ အငယ်ကောင့်ကိုမေးကြည့်ရတယ်၊ အငယ်ကောင်ကလည်း အတင်းမေးမှ ဝင်ခံတယ်ဗျ။

“ကျုပ်လည်း မှိုလိုက်ရှာရင်း အလင်းရောင်မရတရအချိန်မှာ အစိမ်းရောင်ကြီးဖြတ်ခနဲလင်းသွားလို့ တောင်ပို့ကိုလှန်လှောရှာရင်း အဲဒီမှိုကြိးကို တွေ့ခဲ့တာပဲ”

အငယ်ကောင်ကို ကျုပ်တို့ဝိုင်းပြီး နားဘန် ကျင်းကြတာပေါ့ဗျာ၊ ထူးဆန်းတဲ့ဟာကို စပ်ဆော့ပြီးတော့ ယူလာရကောင်းလားပေါ့၊ အငယ်ကောင်လည်း အဲဒီကတည်းက မှိုကိုမုန်းသွားတယ်ထင်ပါရဲ့၊ မှိုကောက်သွားတယ်ဆိုရင် ဘယ်တော့မှ မလိုက်တော့သလို၊ မှိုဟင်းလည်း မစားတော့တာ ဒီနေ့အထိပါပဲဗျာ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီး ဦးဘသာႏွင့္ ေမ်ာက္ေခါင္းမႈိ “(စ/ဆုံး)
——————————————————————
အတြဲ(၃) စာစဥ္ (၉)

(၁)

ဒီႏွစ္က မိုးဦးေကာင္းတဲ့ႏွစ္ဗ်၊ မိုးဦးေကာင္းေတာ့ ဝါဆို၊ ဝါေခါင္ ေရေဖာင္ေဖာင္ဆိုတဲ့အတိုင္း လယ္ကြင္းေတြျပည့္မတတ္ မိုးေတြ႐ြာတာေပါ့ဗ်ာ၊ မိုးဦးေကာင္းတဲ့အခါ ဝါေခါင္လေလာက္ဆိုရင္ အေနာက္ဘက္ေတာင္႐ိုးေပၚမွာ မႈိေတြပြင့္တတ္တယ္ဗ်၊ လယ္ကြင္းေတြကလည္း စပါးပင္ေတြသန္တဲ့အခ်ိန္ဆိုေတာ့ လက္လႊတ္ထားလို႔ရတယ္မဟုတ္လား၊ ဒီအခ်ိန္မွာေတာ့ က်ဳပ္တို႔႐ြာကလူေတြ မႈိေကာက္ထြက္ၾကတာေပါ့ဗ်ာ။

မႈိေကာက္တယ္ဆိုတာ က်ဳပ္တို႔အညာအေခၚေပါ့ဗ်ာ၊ ေျမမွာက်ေနတဲ့အရာကို ေကာက္တာကိုေျပာခ်င္တာေပါ့၊ လက္ပံေကာက္တယ္၊ ပိုက္ဆံေကာက္တယ္ အဲဒီလိုေခၚၾကသလိုပဲ ေျမႀကီးမွာေပါက္တဲ့မႈိကို လက္နဲ႔လိုက္ခူးတာက်ေတာ့ မႈိေကာက္တယ္ပဲေခၚၾကတာဗ်။ တျခားေဒသေတြမွာေတာ့ အသုံးအႏႈန္းကြဲခ်င္ကြဲမယ္ထင္တယ္၊ က်ဳပ္တို႔ဘက္တို႔ မႈိေကာက္တယ္ပဲေခၚတာ။

မိုးဦးေကာင္းတဲ့ႏွစ္ဆိုရင္ ဝါေခါင္ေလာက္ဆို ေနကနည္းနည္းပူလာၿပီဗ်၊ ဒီအခ်ိန္ဆိုရင္ေတာ့ ေတာင္႐ိုးေပၚမွာ မႈိေတြအေလ့က်ေပါက္ၿပီေပါ့၊ မိုးဦးမေကာင္းတဲ့ ႏွစ္ဆိုရင္ေတာ့ သီတင္းကြၽတ္ေလာက္မွ မႈိေတြက ပြင့္တတ္ၾကတာ။ မႈိဆိုတာ က်ဳပ္တို႔ေတာကလူေတြအတြက္ေတာ့ ဟင္းေကာင္းတစ္ခြက္ေပါ့ဗ်ာ၊ စားခ်င္တိုင္းလည္း စားလို႔မရဘူးဗ်၊ သူေပါက္တဲ့အခ်ိန္မွသာ စားၾကရတာကိုး၊ ဒါေၾကာင့္ မႈိေတြေကာက္လို႔ မႈိမ်ားမ်ားရရင္ မႈိရတဲ့မ်က္ႏွာလို႔ ေျပာၾကတယ္မဟုတ္လားဗ်ာ။

“ေဟ့အလတ္ေကာင္”

ေန႔လည္ လယ္တဲထဲမွာ မွိန္းေနတုန္း အကိုႀကီးက သူတို႔လယ္ကေနကူးလာခဲ့တယ္၊ သူ႔လက္မွာလည္း မႈိပြင့္ေတြကိုင္ထားတယ္ဗ်၊ အဲဒီမႈိကေတာ့ က်င္းမႈိလို႔ေခၚတဲ့ ႐ိုးတံရွည္ရွည္မႈိေလးေတြေပါ့ဗ်ာ၊ လက္တစ္ဆုပ္စာမကဘူး အမ်ားႀကီးပဲဗ်။

“အကိုႀကီး၊ မႈိေတြဘယ္ကရတာတုန္း”

“တို႔လယ္ေဘး၊ ကမူကေလးေပၚက မႈိက်င္းထဲမွာေတြ႕တာဟ၊ အေဖက မႈိသိပ္ႀကိဳက္တယ္ဆိုေတာ့ မင္းတို႔စားဖို႔ လာေပးတာ”

အင္ဖက္နဲ႔ထုပ္ထားတဲ့ မႈိပြင့္ျဖဴျဖဴကေလးေတြကို အကိုႀကီးကလွမ္းေပးတယ္၊ မႈိကိုျမင္လိုက္ရရင္ မစားခ်င္တဲ့သူဘယ္သူရွိမလဲဗ်။ က်ဳပ္လည္း စားခ်င္တာေပါ့။

“ဒါဆိုရင္ အကိုႀကီးတို႔ ကမူေပၚမွာေတာင္ မႈိေတြေပါက္ေနၿပီဆိုေတာ့၊ ေတာင္႐ိုးေပၚမွာဆိုရင္ မႈိေတြေပါေဌးေနေတာ့မွာပဲ”

“ေအးေပါ့ဟ၊ တစ္ေန႔က ေမာင္လုံးတို႔ေတာင္ ေတာင္႐ိုးေပၚအင္ဖက္သြားခူးတုန္း မႈိေတြတစ္ေပြ႕ႀကီးရလာၾကေသးတယ္တဲ့”

“ဒါဆိုရင္ေတာ့ အေတာ္ပဲဗ်ာ၊ က်ဳပ္တို႔လည္း မႈိေကာက္ထြက္ၾကရေအာင္၊ ေျပာေနၾကာပါတယ္၊ မနက္ျဖန္မနက္ပဲထြက္မယ္ဗ်ာ၊ အကိုႀကီးေရာ လိုက္အုံးမလား”

“ေအာင္မာ၊ မင္းက ဒါမ်ိဳးက်ေတာ့ ငါ့ကိုထားခဲ့ခ်င္တာလားကြ”

အကိုႀကီးက က်ဳပ္ကိုေျပာရင္း က်ဳပ္ပုခုံးကိုလက္သီးနဲ႔ထိုးတယ္၊ ဒါနဲ႔ တစ္ဖက္လယ္တဲမွာ ထိုင္ေနတဲ့ ဦးဘသာကိုလည္း သတင္းေပးမွရေတာ့မယ္မဟုတ္လား။

“ဦးဘသာေရ၊ မနက္ျဖန္ က်ဳပ္တို႔မႈိေကာက္ထြက္ၾကမယ္၊ ဦးဘသာလိုက္အုံးမလား”

က်ဳပ္လည္း လွမ္းေအာ္လိုက္တာေပါ့ဗ်ာ။

“ေဟ့ေအး၊ မလိုက္ေတာ့ပါဘူးကြာ၊ မင္းတို႔သာ မႈိရရင္ ငါ့ကိုတစ္ပြင့္္၊ ႏွစ္ပြင့္ေလာက္ မွ်စမ္းပါ”

ဦးဘသာကလည္း သူ႔လယ္တဲထဲကေန ျပန္ေအာ္တယ္ဗ်။

“တစ္ပြင့္ႏွစ္ပြင့္မကဘူးဦးဘသာ၊ ဦးဘသာဖို႔ က်ဳပ္မ်ားမ်ားေကာက္ခဲ့မယ္”

“ေအးပါ၊ ေအးပါ”

ဒါနဲ႔ပဲ အဲဒီေန႔ညေနေတာ့ ညီအကိုေတြတိုင္ပင္ၿပီးေတာ့ လယ္ထဲကေနေစာေစာျပန္ခဲ့တာေပါ့ဗ်ာ၊ မႈိေကာက္တယ္ဆိုတာက ထင္သေလာက္မလြယ္ဘူးဗ်၊ မနက္အေစာႀကီးထသြားမွ မႈိေကာင္းရတာ၊ ဒီေတာ့ ညကတည္းက ေစာေစာအိပ္ၿပီးေတာ့ မနက္ေစာေစာထၿပီးသြားရမွာမဟုတ္လား။ ၿခံထဲလွမ္းဝင္လိုက္တာနဲ႔ အေမက က်ဳပ္တို႔ကိုၾကည့္တယ္။

“ဟဲ့ နင္တို႔ျပန္လာတာေစာလွခ်ည္လား”

အကိုႀကီးက အင္ဖက္နဲ႔ထုတ္ထားတဲ့ မႈိထုပ္ကို အေမ့ကိုလွမ္းေပးလိုက္ေတာ့ အေမ့မ်က္ႏွာက မႈိရတဲ့မ်က္ႏွာလို ၿပဳံးသြားတယ္ဗ်။

“အေမေရ၊ အကိုႀကီးလယ္ေဘးနားမွာေတာင္ မႈိေတြပြင့္ေနၿပီ၊ ဒီအတိုင္းဆို ေတာင္႐ိုးေပၚမွာလည္း မႈိေတြေဖြးေနမွာပဲ၊ မနက္ျဖန္ က်ဳပ္တို႔ေတြ မႈိသြားေကာက္ၾကမယ္ဗ်ာ”

စားလို႔ေကာင္းတဲ့မႈိကို ရေအာင္သြားေကာက္မယ္ဆိုေတာ့ အေမက ျငင္းမလားဗ်ာ။

“ေအး၊ ဒါဆိုရင္လည္း ညက်ေစာေစာအိပ္၊ ဘယ္သူေတြေခၚသြားအုံးမွာလဲ”

“အကိုႀကီးရယ္၊ က်ဳပ္ရယ္၊ အငယ္ေကာင္ရယ္ သြားမယ္ဗ်ာ၊ ဒီေလာက္ဆိုရင္ေတာ္ပါၿပီ၊ အငယ္မတို႔က ေျခလွမ္းေႏွးေတာ့ သူတို႔နဲ႔မကိုက္ပါဘူး”

“ေအးေအး၊ နင္တို႔သေဘာပဲ”

အဲဒီညက်ေတာ့ အေဖ့အတြက္ မႈိဆီျပန္ဟင္းေလးတစ္ခြက္ကို အေမကခ်က္ေပးတာေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း စားခ်င္တာေပ့ါ၊ ဒါေပမယ့္ မႈိကတစ္ခြက္စာပဲရတာမဟုတ္လား၊ အေဖကလည္း မႈိဆိုရင္သိပ္ႀကိဳက္တာဆိုေတာ့ ဘယ္သူ႔မွခြဲမေကြၽးပါဘူး၊ သူတစ္ေယာက္တည္းေတာင္ ဝခ်င္မွဝမွာ၊ က်ဳုပ္လည္း ထမင္းစားေနရင္း မနက္ျဖန္မႈိေတြရလာမွ အဝစားမယ္ဆိုၿပီး အားခဲထားလိုက္တာေပါ့ဗ်ာ။

ဒါနဲ႔ စားေသာက္ၿပီး ခဏေလာက္ေနေတာ့ အိပ္ရာဝင္ခဲ့ၾကတာေပါ့ဗ်ာ၊ ည ခုနစ္နာရီေလာက္ပဲ ရွိေသးမယ္ထင္တယ္၊ က်ဳပ္တို႔လူငယ္ေတြကေတာ့ အိပ္မေပ်ာ္ဘူးဆိုတာ မရွိသေလာက္ပါပဲဗ်ာ၊ တစ္ေနကုန္လည္း လယ္ထဲမွာ ပင္ပန္းထားတာဆိုေတာ့ ေခါင္းနဲ႔ေခါင္းအုံးနဲ႔ထိတဲ့အခ်ိန္က အိပ္ခ်ိန္ပဲေပါ့။

(၂)

ညသန္းေခါင္ၾကက္တြန္ၿပီးေတာ့ ေနာက္ထပ္ ၾကက္သုံးေလးခါေလာက္ တြန္တာနဲ႔ အကိုႀကီးကအိပ္ရာထၿပီးေတာ့ က်ဳပ္ကိုလာႏႈိးတယ္၊ က်ဳပ္တို႔ေဒသမွာေတာ့ ႏႈိးစက္ဆိုတာ ၾကက္သံပါပဲဗ်ာ၊ ၾကက္သံကိုနားေထာင္ၿပီးေတာ့ ဒါက သက္ႀကီးေခါင္းခ်ခ်ိန္၊ ဒါက သန္းေခါင္ၾကက္၊ ဒါက လင္းၾကက္တြန္တယ္ဆိုၿပီးေတာ့ ခြဲျခားထားတာေပါ့၊ သန္းေခါင္ၾကက္တြန္ၿပီး သုံးခါေျမာက္ၾကက္တြန္တဲ့အခ်ိန္က မနက္သုံးနာရီေလာက္ပဲ၊ နာရီသြားၾကည့္လိုက္ရင္ အဲဒီအခ်ိန္ ကြက္တိပဲဗ်၊ ဇီဝနာရီလို႔ေခၚတာေပါ့ဗ်ာ။ တိရစာၦန္ေတြကလည္း ဘယ္ႏွနာရီထိုးၿပီလဲဆိုတာကို သိေနတဲ့ပုံပဲ။

မနက္ေစာေစာထ၊ သြားတိုက္၊ မ်က္ႏွာသစ္ၿပီးေတာ့ ထမင္းၾကမ္းစားရတယ္၊ အေမက မႏိုးေသးလို႔ မနက္စာမရေသးဘူးေလဗ်ာ၊ ညက က်န္ခဲ့တဲ့ ထမင္းၾကမ္းတုံးကို ဆီေလးဆမ္း၊ ဆားေလးျဖဴးၿပီးေတာ့ ပဲေလွာ္ေလးဘာေလးထည့္ၿပီး ခပ္ျမန္ျမန္စားလိုက္ၾကတာေပါ့၊ ၿပီးတာနဲ႔ မႈိထည့္ဖို႔ ေတာင္းယူရတယ္၊ မႈိထည့္ေတာင္းက အရမ္းအႀကီးႀကီးလည္း မဟုတ္သလို ေသးေသးကေလးလည္း မဟုတ္ဘူး၊ ခပ္႐ြယ္႐ြယ္ေပါ့ဗ်ာ။

ေတာင္းကိုပိုက္ၿပီးေတာ့ ပုခုံးတင္ပုဆိုးကေလးတစ္ထည္ ပုခုံးေပၚတင္လာတာေပါ့ဗ်ာ၊ က်ဳပ္တို႔အညာမွာက လယ္ထဲပဲဆင္းဆင္း၊ ေတာပဲတက္တက္၊ ထင္းပဲေခြေခြ ပုဆိုးပိုင္းကေလးေတြ ပုခုံးေပၚတင္သြားၾကတယ္၊ အဲဒါကို ပုခုံးတင္ပုဆိုးလို႔ေခၚတာေပါ့ဗ်ာ၊ ေယာက္်ားမိန္းမမေ႐ြး ပုဆိုးေလးပုခုံးေပၚတင္သြား၊ ေခါင္းေပၚလႊမ္းၿခဳံသြားတတ္ၾကတယ္၊ ေတာထဲေရာက္ေတာ့ စားစရာအသီးအ႐ြက္ေတြေတြ႕ရင္ ဆူးဆြတ္ၿပီး အဲဒီပုဆိုးနဲ႔ထုပ္ၿပီးသယ္ၾကတယ္ေလ၊ ထင္းေတြဘာေတြ ေခြေတာ့လည္း ပုဆိုးကိုေခါင္းဖုလုပ္ၿပီး ႐ြက္ၾကတာပဲ၊ ထမ္းစရာရွိရင္လည္း ပုခုံးမနာေအာင္လို႔ ပုဆိုးခံၿပီးထမ္းၾကတာဗ်၊ ဘာမွ မသုံးျဖစ္ရင္ေတာင္ ေခြၽးသုတ္၊ ေနကာေလာက္ကေတာ့ လုပ္လို႔ရတယ္မဟုတ္လား၊ ဒီေတာ့ ပုခုံးတင္တဲ့ပုဆိုးဆိုတာက က်ဳပ္တို႔ေတာသားေတြအတြက္ေတာ့ ဘက္စုံသုံးေပါ့ဗ်ာ။

ဒီလိုနဲ႔ လင္းၾကက္မတြန္ခင္မွာ က်ဳပ္ရယ္၊ အကိုႀကီးရယ္၊ အငယ္ေကာင္ရယ္ အတူတူထြက္ခဲ့ၾကတယ္၊ အကိုႀကီးက လက္ႏွိပ္ဓါတ္မီးတစ္လက္ယူလာတယ္ဆိုေပမယ့္ ဓါတ္ခဲအားကုန္မွာစိုးလို႔ သိပ္မထြန္းပါဘူးဗ်ာ၊ ဒီအတိုင္း အေမွာင္ထဲ စမ္းၿပီးေလွ်ာက္ရတာဗ်၊ ေအာင္မယ္၊ ႐ြာကေန အေစာႀကီးထၿပီးထြက္ၾကတာ က်ဳပ္တို႔ခ်ည္းမွတ္ေနတာ၊ တျခားသူေတြလည္း သုံးေယာက္တစ္စု၊ ေလးေယာက္တစ္စုနဲ႔ ေတာင္႐ိုးဆီကို အလ်ိဳလ်ိဳခ်ီတက္ေနၾကတာဗ်ိဳ႕။

“ဟဲ့ အရီ၊ နင္တို႔မိန္းကေလးေတြခ်ည္း ေတာင္႐ိုးေပၚသြားမွာ မေၾကာက္ဘူးလား”

က်ဳပ္လည္း လမ္းေလွ်ာက္ေနရင္း မိန္းကေလးတစ္စုကို မီလာတာနဲ႔ စကားစလိုက္တယ္၊ အရီဆိုတဲ့ ေကာင္မေလးက လက္တစ္ဖက္က ကိုင္လာတဲ့ ဓါးကိုေျမႇာက္ျပတယ္။

“ဓါးပါတယ္၊ ယီးတီးယားတားလုပ္လို႔ကေတာ့ ဓါးစာမိမယ္”

က်ဳပ္လည္း ပုခုံးတြန႔္လိုက္တာေပါ့ဗ်ာ။ အကိုႀကီးကေတာ့ က်ဳပ္ပုခုံးပုတ္ရင္း

“ဒီေကာင္မေလးေတြထက္ ငါတို႔အရင္ေရာက္မွျဖစ္မွာကြ၊ ႏို႔မို႔ဆို ေတာင္႐ိုးမႈိေတြ မက်န္ဘဲေနမယ္”

က်ဳပ္တို႔သုံးေယာက္လည္း ေယာက္်ားေျခလွမ္းႀကီးေတြနဲ႔ ေတာင္႐ိုးဆီကိုအေျပးတစ္ပိုင္းနဲ႔လာခဲ့ၾကတာေပါ့ဗ်ာ၊ ဒီေတာသူေတြကို မိန္းကေလးေတြဆိုၿပီး အထင္မေသးနဲ႔ဗ်၊ ေျခလွမ္းက ေယာက္်ားေလးေတြနီးပါး သိပ္သြက္တာ၊ လက္ကလည္းျမန္သလားမေမးနဲ႔၊ က်ဳပ္တို႔ကေတာ့ ေတာင္႐ိုးေပၚမွာ ေပါက္ေနတဲ့မႈိမို႔လို႔ ေတာင္႐ိုးမႈိလို႔ေခၚၾကတာပါ၊ တစ္ခ်ိဳ႕ကေတာ့ အင္တိုင္းမႈိလို႔ ေခၚၾကတယ္ဗ်၊ ေတာင္႐ိုးေပၚမွာ ေပါက္ေနတဲ့ေတာက ေတာဆယ္မ်ိဳးထဲက တစ္မ်ိဳးျဖစ္တဲ့ အင္တိုင္းေတာအမ်ိဳးအစား ကိုဗ်၊ အဲဒီအင္တိုင္းေတာထဲမွာ ေပါက္တဲ့ မႈိကို အင္တိုင္းမႈိေခၚၾကတာေပါ့။

အ႐ုဏ္ဦး အလင္းေတြျဖန႔္လာၿပီဆိုရင္ပဲ က်ဳပ္တို႔ညီအကိုသုံးေယာက္ ေတာင္႐ိုးအေျခကိုေရာက္ေနၿပီဗ်၊ ႐ြာကလူေတြလည္း ေတာင္႐ိုးအေျခမွာ ထိုင္ေနၾကတယ္ဗ်၊ က်ဳပ္တို႔႐ြာအျပင္ ဟိုးအေဝးႀကီး တန္းျမင့္၊ ေပေတာေလာက္ကလူေတြပါလာၾကတယ္ဗ်ာ၊ တစ္႐ြာနဲ႔တစ္႐ြာက လူေတြလည္း ေဆြမ်ိဳးမကင္းေတြဆိုေတာ့ ထိုင္ၿပီးေတာ့ စကားစျမည္ေျပာရင္း အလင္းေရာင္ေကာင္းေကာင္းရေလာက္မယ့္အခ်ိန္ကို ေစာင့္ေနတာေပါ့ဗ်ာ။

မႈိဆိုတဲ့အမ်ိဳးက အျဖဴလို႔သာ အသိမ်ားေပမယ့္ တကယ္ေတာ့ အျဖဴခ်ည္းမဟုတ္ဘူးဗ်၊ ဒီေတာ့ အလင္းေရာင္မေကာင္းတဲ့အခ်ိန္သြားရင္ မႈိေတြကိုမျမင္မစမ္းနဲ႔နင္းမိတတ္တယ္၊ နင္းမိရင္ စားမေကာင္းေတာ့ဘဲ မႈိပ်က္သြားတာေပါ့ဗ်ာ၊ ဒါေၾကာင့္ အလင္းေရာင္ရတဲ့အခ်ိန္ကိုေစာင့္ေနၾကတာ၊ မၾကာခင္ ႐ြာထဲက လင္းၾကက္တြန္သံေတြၾကားရတယ္၊ အခ်ိန္က မနက္ငါးနာရီခြဲေလာက္ရွိမွာေပါ့ဗ်ာ။ ဒီေတာ့မွ ကိုယ့္အစုနဲ႔ကိုယ္ ေတာင္ေပၚကိုတက္ခဲ့ၾကတယ္။

က်ဳပ္တို႔ေယာက္်ားေလးေတြက ေအာက္က ေဘာင္းဘီတိုပါတာဆိုေတာ့ ဝတ္ထားတဲ့ပုဆိုးကိုခြၽတ္ၿပီး စလြယ္သိုင္းလိုက္တယ္၊ ၿပီးေတာ့ ယူလာတဲ့ေတာင္းကို စလြယ္သိုင္းထဲထည့္ၿပီး လြယ္တာေပါ့ဗ်ာ၊ တစ္ေတာင္၊ တစ္လံေလာက္ရွိတဲ့ တုတ္ေခ်ာင္းေတြခ်ိဳးယူၿပီးရင္ေတာ့ မႈိေကာက္လို႔ရၿပီဗ်၊ တုတ္ယူရတယ္ဆိုတာကလည္း ေျမႀကီးမွာ မႈိနဲ႔တူတာေတြ႕ရင္ အဲဒီနားကေျမေတြကို တုတ္နဲ႔အသာကေလးဖယ္ထုတ္၊ သစ္႐ြက္ေျခာက္ေတြ ရွင္းထုတ္ၿပီးေတာ့ မႈိဟုတ္မဟုတ္ကို တုတ္နဲ႔စစ္ၾကည့္္ရတာ။

က်ဳပ္လည္း ေတာင္ေပၚတက္လာရင္း သစ္ပင္ႀကီးတစ္ခုအေရာက္မွာ မႈိေခါင္းေလးေတြကိုလိုလို ေတြ႕လိုက္တာနဲ႔ အေျပးသြားလိုက္ၿပီးေတာ့ တုတ္နဲ႔ထိုးလိုက္တာေပါ့ဗ်ာ၊ ဒီေတာ့ မႈိသုံးပြင့္ကိုေတြ႕ရတယ္၊ သိပ္မႀကီးမေသးအ႐ြယ္ပါပဲ၊ မႈိကိုေကာက္ကိုင္လိုက္ၿပီးေတာ့ ေသခ်ာၾကည့္ရတယ္။

“ဟာ၊ အကိုႀကီးေရ၊ က်ဳပ္ေတာ့ ငွက္ေခြၽစာေတြ႕ၿပီဗ်ိဳ႕”

ၿပီးေတာ့ လြယ္ထားတဲ့ မႈိေတာင္းထဲကိုထည့္ရတယ္၊ ေတာင္းထဲထည့္တဲ့အခါလည္း ျဖစ္သလိုပစ္ထည့္လို႔မရဘူးဗ်၊ မႈိအပြင့္ေတြ ေၾကသြားတက္လို႔ မႈိရၿပီဆိုရင္ မႈိကိုပက္လက္လွန္ၿပီး ေသေသခ်ာခ်ာစီထည့္ရတာ၊ ဒီလိုထည့္ေတာ့မွ မႈိပြင့္လည္းမ်ားမ်ားဝင္ဆံ့တဲ့အျပင္ အပဲ့အေႂကြလည္း ကင္းတာေပါ့ဗ်ာ။

“ေအာင္မာ၊ အလတ္ေကာင္ကေတာ့ ေဈးဦးေပါက္သြားၿပီေဟ့၊ အငယ္ေကာင္ေရ၊ ရွာထားကြ”

ငွက္ေခြၽစာဆိုတဲ့မႈိမ်ိဳးကေတာ့ ေတာင္႐ိုးမႈိေတြထဲမွာ ဘုရင္ပါပဲဗ်ာ၊ သူ႔အရသာက ေတာင္ပို႔မႈိထက္ စားေကာင္းတယ္၊ ခ်ိဳၿပီး ႏူးညံ့ေနတာပဲဗ်ာ။ အကိုႀကီးကလည္း တုတ္တစ္ေခ်ာင္းနဲ႔လိုက္လွန္ရင္း မၾကာခင္ မႈိပြင့္ႀကီးတစ္ပြင့္က သစ္႐ြက္ေတြၾကားထဲကေန ေပၚလာတယ္ဗ်၊ အကိုႀကီးက မႈိကိုမခူးေသးဘဲ က်ဳပ္ကိုျပရင္း

“ဒီမွာၾကည့္စမ္း၊ လက္ထိမည္းႀကီးတစ္ပြင့္္ေဟ့၊ ႀကီးသလားေတာ့မေမးနဲ႔ အယ္စတုံႀကီး”

အကိုႀကီးျပတဲ့မႈိက ငါးလက္မေလာက္ရွိတယ္ဗ်၊ လက္ထိမည္းမႈိက ေျမႀကီးအေရာင္နဲ႔တူလို႔ ရွာရသိပ္မလြယ္ဘူး၊ လက္ထိမည္းဆိုတဲ့နာမည္အတိုင္း ခူးဖို႔လက္နဲ႔ထိလိုက္တာနဲ႔တင္ ထိတဲ့ေနရာက မည္းသြားတာ၊ ၿပီးရင္ အဲဒီအမည္းေတြက မႈိတစ္ပြင့္လုံးကို ကူးစက္သြားၿပီးေတာ့ မႈိႀကီးတစ္ခုလုံး မည္းသြားေတာ့တာပါပဲ၊ ဟင္းခ်က္ရင္လည္း မည္းမည္းႀကီးေပါ့၊ ဒါေပမယ့္ အရသာကိုေတာ့ အထင္မေသးလိုက္ပါနဲ႔၊ သူ႔အသားက ခပ္ၾကမ္းၾကမ္းရွိၿပီး အသားတုနဲ႔သြားတူတယ္၊ အရသာကေတာ့ ခ်ိဳၿပီးဆိမ့္ေနတာပဲဗ်ာ၊

“အကိုႀကီးေရ၊ ဒါဆိုရင္ အေဝးကိုသိပ္မရွာနဲ႔ေတာ့၊ အနားကိုပဲပတ္ရွာၾကည့္၊ ဒီေကာင္ေတြက အုံနဲ႔က်င္းနဲ႔ေနတာဗ်”

က်ဳပ္ေျပာေတာ့ အကိုႀကီးကလည္း အဲဒီအနားကိုပတ္ရွာတယ္၊ လက္ထိမည္းမႈိကလည္း တစ္ပြင့္ေတြ႕ၿပီဆိုရင္ ခပ္ေဝးေဝးရွာစရာမလိုဘူး၊ အဲဒီအနားကိုပတ္ရွာလိုက္တာနဲ႔ သုံးေလးပြင့္ေလာက္ေတာ့ ဆက္ေတြ႕ရတတ္တယ္။ အကိုႀကီးလည္း မႈိရတဲ့မ်က္ႏွာျဖစ္သြားတာေပါ့ဗ်ာ။ ဒီေတာ့ အငယ္ေကာင္က ေခါင္းကုပ္ၿပီေလ။

“ဟား၊ ဟား အငယ္ေကာင္ေရ ႀကိဳးစားစမ္းကြာ”

ဒါနဲ႔ က်ဳပ္တို႔သုံးေယာက္ လူခြဲသြားဖို႔ ဆုံးျဖတ္လိုက္တယ္။ တစ္ေနရာတည္း သုံးေယာက္လုရွာေနရင္ မႈိေတြ႕ဖို႔အခြင့္အေရးက နည္းတယ္မဟုတ္လား၊ ဒါနဲ႔ပဲ တစ္ေယာက္တစ္လမ္းသြားၾကမယ္ေပါ့ဗ်ာ၊ ေနထြက္ၿပီးတဲ့အခ်ိန္ ေတာင္႐ိုးအလယ္က ကိုးေတာင္ျပည့္ေစတီနားမွာ ျပန္ဆုံမယ္လို႔ ခ်ိန္းလိုက္ၾကတာေပါ့။

(၃)

သဘာဝအတိုင္းေပါက္တဲ့မႈိေတြဆိုေတာ့လည္း အေရာင္အမ်ိဳးမ်ိဳး၊ အမ်ိဳးအစား အမ်ိဳးမ်ိဳးေပါ့ဗ်ာ၊ ေတာင္႐ိုးေပၚေပါက္တဲ့မႈိေတြမွာလည္း သူ႔မ်ိဳးနဲ႔သူ၊ သူ႔နာမည္နဲ႔သူရွိတယ္ဗ်၊ က်ဳပ္တို႔က ငယ္ငယ္ကတည္းက မႈိေကာက္လာတာဆိုေတာ့ ပုံစံၾကည့္တာနဲ႔တင္ ဘာမႈိမ်ိဳးဆိုတာ တန္းသိတယ္။ အပြင့္ျဖဴျဖဴႀကီးေတြပြင့္တဲ့ မႈိကို မႈိျဖဴ၊ အပြင့္က နည္းနည္းအဝါေရာင္ဘက္သမ္းတဲ့မႈိဆိုရင္ မႈိဝါေပါ့ဗ်ာ၊ ၿပီးေတာ့ ခုနကေျပာတဲ့ ငွက္ေခြၽစာ၊ လက္ထိမည္း၊ က်င္းနဲ႔ေပါက္တဲ့မႈိက်ေတာ့ က်င္းမႈိေပါ့၊ ေနာက္ၿပီး ျခေကာင္ေလးေတြလုပ္ထားတဲ့ ေတာင္ပို႔ကေလးေတြအနားမွာ ေပါက္တဲ့မႈိက်ေတာ့ ေတာင္ပို႔မႈိ၊ ေနာက္ၿပီး ဘီးက်ဲမႈိဆိုတာရွိေသးတယ္၊ မႈိျဖဴမႈိဝါကိုမွ လွန္ၾကည့္လိုက္ရင္ ေအာက္ဘက္က အေခ်ာင္းကေလးေတြက ခပ္က်ဲက်ဲေပါက္ေနတဲ့မႈိေပါ့၊ ကိုရင္မႈိဆိုတာက်ေတာ့ ဝါဝါလုံးလုံးကေလးေတြဗ်၊ ကိုရင္ေခါင္းတုံးနဲ႔တူတယ္ေပါ့၊ ေနာက္ၿပီး မယ္သီလရွင္မႈိဆိုတာလည္း ရွိေသးတယ္၊ သူ႔အေရာင္က မယ္သီလရွင္ေတြရဲ႕ သကၤန္းအေရာင္လို ပန္းဆီေရာင္ကေလးဗ်။ ဒီလိုပဲ နာမည္ေတြကေတာ့ ကိုယ့္အရပ္အေခၚအရ ေခၚရင္း နာမည္တြင္သြားတာေပါ့။

စားေကာင္းတဲ့မႈိ၊ မစားေကာင္းတဲ့မႈိဆိုတာလည္းရွိေသးတယ္၊ မစားေကာင္းတဲ့မႈိတစ္ပြင့္ကို စားေကာင္းတဲ့မႈိတစ္ျခင္းထဲ ထည့္လိုက္တာနဲ႔ က်န္တဲ့မႈိေတြပါ ပ်က္စီးသြားတတ္လို႔ ေတာ္ေတာ္သတိထားၿပီးေရွာင္ရတာေပါ့ဗ်ာ၊ မစားေကာင္းတဲ့မႈိေတြက်ေတာ့ မ်ားေသာအားျဖင့္ အေရာင္ေတာက္ေတာက္ရွိတဲ့မႈိေတြေပါ့၊ မႈိျပဒါးဆိုတာ နီရဲေနတာဗ်၊ သြားေတာ့မစားလိမ့္နဲ႔ ေသရင္ေသ၊ မေသရင္ ေဆး႐ုံေရာက္သြားလိမ့္မယ္၊ ၿပီးေတာ့ မႈိျဖဴေပၚမွ အနီေပ်ာက္ေတြနဲ႔ မႈိကြက္ၾကားဆိုတာကလည္း အဆိပ္ရွိတယ္၊ သူ႔ကိုစားရင္ ေတာက္တယ္ေပါ့ဗ်ာ၊

ေႁမြပါးကင္းပါးေတာ့ရွိတယ္ဆိုေပမယ့္ မႈိေကာက္ရင္း ေႁမြကိုက္ေသသြားတဲ့လူေတာ့ မေတြ႕ဖူးဘူးဗ်၊ လက္ထဲမွာလည္း တုတ္ေတြပါတယ္ဆိုေတာ့ ေတာ္႐ုံေႁမြေတြ႕ရင္ တုတ္နဲ႔ေမာင္းလိုက္ရင္ ေႁမြကေျပးတာပဲေပါ့ဗ်ာ၊ စားလို႔ရတဲ့ ေႁမြနဲ႔ေတြ႕ရင္ေတာ့ အဲဒီေႁမြကံဆိုးၿပီသာမွတ္ေပေတာ့ဗ်ာ၊ မႈိလည္းေကာက္ရင္း ေႁမြကိုလည္းသတ္ၿပီး စားဖို႔ယူတတ္ၾကတာ၊ ဒါေၾကာင့္ ေႁမြေတြကင္းေတြက လူသံၾကားတာနဲ႔ ေျပးၾကတာပဲဗ်။

က်ဳပ္လည္း ေတာင္အေရွ႕ဘက္ကိုတက္ခဲ့ရင္းနဲ႔ လမ္းမွာေတြ႕တဲ့ မႈိေတြကို သုံးပြင့္ေကာက္လိုက္၊ ေလးပြင့္ေကာက္လိုက္နဲ႔ ေကာက္ရင္း ျခင္းေတာင္းတစ္ဝက္ေလာက္ေတာင္ ရလာၿပီေပါ့ဗ်ာ၊ ဆက္ေကာက္လာရင္း မၾကာပါဘူး၊ ေျမႀကီးေအာက္မွာ ျဖဴျဖဴလိုဟာေလးေတြ ေတြ႕တာနဲ႔ တုတ္နဲ႔တစ္ခ်က္ရမ္းလိုက္ေတာ့ မႈိေခါင္းျဖဴျဖဴေတြ အမ်ားႀကီးေပၚလာတာဗ်ာ၊ က်ဳပ္လည္း မ်က္ႏွာႀကီးကိုၿဖီးၿပီးေတာ့ၿပဳံးလိုက္တယ္၊ မႈိရတဲ့မ်က္ႏွာေပါ့ဗ်ာ။ ေျခာက္ေပပတ္လည္ေလာက္ရွိတဲ့ မႈိက်င္းႀကီးမွာ က်င္းမႈိေတြေဖြးေနတာပဲဗ်ာ၊ က်ဳပ္လည္း မႈိက်င္းထဲသြားၿပီး မႈိေတြကို အားရပါးရခူးေနတယ္။ မေန႔က အေဖစားတဲ့ က်င္းမႈိေတြကို ဒီေန႔ေတာ့ စိတ္တိုင္းက် အားရပါးရစားမယ္လို႔ေတြးရင္း ေကာက္ေနမိတာေပါ့ဗ်ာ၊ ျခင္းေတာင္းျပည့္သြားလို႔ ျပန္အထမွာေတာ့ သစ္ကိုင္းတစ္ကိုင္းကို လက္ကဆြဲမိၿပီး ေျခာက္ေနတဲ့သစ္ကိုင္းက ဆတ္ခနဲက်ိဳးသြားပါေရာဗ်ာ၊ ၿပီးေတာ့ က်ဳပ္ေခါင္းေပၚကို အလုံးႀကီးတစ္လုံးျပဳတ္က်လာတယ္။ အဲဒီအလုံးႀကီးက က်ဳပ္ငယ္ထိပ္ေပၚေရာက္တယ္ဆိုရင္ပဲ ႏွစ္ျခမ္းကြဲၿပီး တစ္စစီျဖစ္သြားေတာ့တာပဲဗ်ာ၊

“ဟိုက္၊ ေသၿပီ . . .”

က်ဳပ္တစ္ကိုယ္လုံးအေပၚကို သဲနဲ႔အပက္ခံလိုက္ရသလို ပု႐ြက္ဆိတ္ေတြက်လာတယ္ဗ်၊ အဲဒီပု႐ြက္ဆိတ္ေတြကို က်ဳပ္တို႔ဆီမွာေတာ့ ပဆြတ္ လို႔ေခၚတယ္၊ တစ္ခ်ိဳ႕ကလည္း ထုပ္ပနီတဲ့ဗ်ာ၊ ခါခ်ဥ္လို အေကာင္ေတြဗ်၊ ဒါေပမယ့္္ ခါခ်ဥ္ထက္ ႏွစ္ဆေလာက္ႀကီးတယ္၊ အစြယ္ႀကီးေတြမ်ား ေကာ့ေနတာပဲဗ်ာ။

ပဆြတ္အုံက ငယ္ထိပ္ေပၚတည့္္တည့္က်ၿပီးေတာ့ ကြဲထြက္သြားေတာ့အထဲက ပဆြတ္နီေကာင္ေတြက က်ဳပ္တစ္ကိုယ္လုံးအေပၚကို သဲနဲ႔ပက္ထည့္လိုက္သလို က်လာတာေပါ့ဗ်ာ။ နဂိုကတည္းက ေဒါသႀကီးတဲ့ ပဆြတ္ေတြက အခုေတာ့ သူတို႔အိမ္ကို ဖ်က္တဲ့ေကာင္ဆိုၿပီးေတာ့ က်ဳပ္ကိုဝိုင္းတြယ္ၾကတာေပါ့ဗ်ာ။

က်ဳပ္လည္း မႈိေတာင္းႀကီးလြယ္ၿပီးေတာ့ တစ္ကိုယ္လုံးကို လက္နဲ႔ပြတ္ရင္း ခုန္ဆြခုန္ဆြေျပးရတာေပါ့ဗ်ာ။

ေနအေတာ္လင္းေတာ့ အကိုႀကီးနဲ႔ခ်ိန္းထားတဲ့ ကိုးေတာင္ျပည့္ေစတီကေလးအနားေရာက္လာတယ္၊ အင္ပင္ကေန အင္ဖက္ေတြခူးၿပီးေတာ့ မႈိေတာင္းအေပၚကို ပိတ္လိုက္တယ္၊ ၿပီးေတာ့ ဝါးတုတ္ေလးေတြနဲ႔ ကန႔္လန႔္ထိုး၊ ေလ်ာ္ႀကိဳးေလးေတြနဲ႔ ခ်ည္လိုက္ရင္ လုံသြားၿပီေပါ့ဗ်ာ။ က်ဳပ္တက္လာေတာ့ အကိုႀကီးနဲ႔အငယ္ေကာင္က ေရာက္ႏွင့္္ေနၿပီဗ်။ ၿပီးေတာ့ က်ဳပ္ကို အထူးအဆန္းနဲ႔ ဝိုင္းၾကည့္ၾကတယ္။

“အလတ္ေကာင္၊ မင္း . . မင္းလူ႐ုပ္ေတာင္ မေပၚပါလားကြာ၊ ဘယ္လိုျဖစ္လာတာလဲ”

“ဘယ္လိုျဖစ္ရမလဲအကိုႀကီးရာ၊ က်င္းမႈိေကာက္ရင္းနဲ႔ ငယ္ထိပ္ေပၚကို ပဆြတ္အုံႀကီး ျပဳတ္က်လာတာဗ်”

က်ဳပ္ေျပာေတာ့ အကိုႀကီးနဲ႔ အငယ္ေကာင္က ခြက္ထိုးခြက္လန္ရယ္ပါေရာဗ်ာ၊ က်ဳပ္လည္း ကိုးေတာင္ျပည့္ေစတီအနားက ေရအိုင္ကေလးမွာ ကိုယ့္႐ုပ္ကိုျပန္ငုံ႔ၾကည့္ရတာေပါ့ဗ်ာ၊ ေရကန္မ်က္ႏွာျပင္မွာ ထင္ေနတဲ့ပုံရိပ္ကိုျမင္ေတာ့ က်ဳပ္ျဖင့္ သရဲႀကီးလားဆိုၿပီးေတာ့ လန႔္သြားတာပဲဗ်ာ၊ ႏႈတ္ခမ္းႀကီးေတြဆိုရင္လည္း ေထာ္လန္လို႔၊ မ်က္ခြံတစ္ဖက္ကလည္း ေဖာင္းအစ္ေနၿပီးမ်က္လုံးေတာင္ပိတ္ေတာ့မယ္ေလဗ်ာ၊ တစ္ကိုယ္လုံးလည္း ပဆြတ္နီေတြ ကိုက္ထားလို႔ အဖုအပိန႔္ေတြနဲ႔ ေရွာက္သီးခြံလိုျဖစ္ေနပါေရာလားဗ်ာ။

“ျဖစ္ရမယ္အလတ္ေကာင္ရာ၊ မင္းကေတာ့ျဖစ္ရမယ္၊ ဒီအတိုင္း႐ြာျပန္သြားရင္ ႐ြာကလူေတြေတာင္ မင္းကိုမွတ္မိမယ္မထင္ဘူးကြ”

အကိုႀကီးတို႔က က်ဳပ္ကိုၾကည့္ရင္း ရယ္ျပန္ေရာဗ်ိဳ႕၊ က်ဳပ္လည္း မခံခ်င္တာနဲ႔ မႈိေတာင္းကိုျပလိုက္တယ္၊ အကိုႀကီးကလည္း သူ႔ေတာင္းကိုျပတယ္ဗ်။ ဒါေပမယ့္ မႈိက်င္းေတြ႕ခဲ့တဲ့က်ဳပ္ေလာက္ေတာ့ ဘယ္မ်ားပါ့မလဲ၊ အငယ္ေကာင္ကလည္း သူ႔ျခင္းေတာင္းကိုျပတယ္၊ အင္ဖက္ေတြနဲ႔ပိတ္ထားတယ္ဆိုေပမယ့္လည္း သူ႔ျခင္းေတာင္းက ျပည့္လုျပည့္ခင္ဗ်၊ ဒါနဲ႔ က်ဳပ္တို႔ညီအကိုသုံးေယာက္လည္း ေတာင္႐ိုးေပၚကေန အျမန္ျပန္ဆင္းခဲ့ၾကတာေပါ့ဗ်ာ။

(၄)

အိမ္ေရာက္ေတာ့ အေမ့တာဝန္ျဖစ္သြားေတာ့တာေပါ့ဗ်ာ၊ မႈိေတြက မ်ားတယ္ဆိုေတာ့္ အေမက အထားမခံတဲ့မႈိကို ခ်က္ဖို႔ျပင္ရတယ္၊ အထားခံတဲ့မႈိေတြကိုေတာ့ ေနာက္ေန႔ေတြစားဖို႔ေပါ့၊ မႈိေတြက ေတာ္ေတာ္မ်ားတာဆိုေတာ့ အေျခာက္ခံထားဖို႔လည္း စီစဥ္ရတယ္။ ေတာင္႐ိုးေပၚကို တစ္ခါတက္သြားၿပီးရင္ေတာ့ မႈိက သုံးေလးရက္ေလာက္ေတာ့ အမုန္းစားရတယ္ဗ်။

အကိုႀကီးေတာင္းရယ္၊ က်ဳပ္ေတာင္းရယ္ကို ဖြင့္ၿပီးေတာ့ ေနာက္ဆုံးေတာ့ အငယ္ေကာင့္ေတာင္းကိုဖြင့္တာေပါ့ဗ်ာ၊ ေတာင္းကိုဖြင့္လိုက္တဲ့အခါက်ေတာ့ အုန္းသီးအခြံကြၽတ္ေလာက္ အ႐ြယ္ရွိတဲ့ ျဖဴျဖဴေဖြးေဖြး မႈိလုံးႀကီးတစ္လုံးထြက္လာပါေရာဗ်ာ၊ အေမလည္း တအံ့တၾသနဲ႔ၾကည့္ေနတာေပါ့၊ မႈိႀကီးက တစ္ဖက္ျခမ္းက လုံးဝိုင္းေနေပမယ့္ တစ္ဖက္ျခမ္းမွာေတာ့ အတြန႔္အတြန႔္ေတြနဲ႔ဗ်ာ၊ မသိရင္ လူအ႐ိုးေခါင္းႀကီးနဲ႔ေတာင္ တူေနေသးတယ္၊ မ်က္လုံးေပါက္လိုလို ႏွစ္ေပါက္ကလည္း ခ်ိဳင့္ဝင္ေနေသးတယ္။ အေမက မႈိႀကီးကိုကိုင္လာၿပီး အေဖ့ေရွ႕ကိုခ်ေပးတယ္။

“က်ဳပ္ေတာ့ တစ္သက္နဲ႔တစ္ကိုယ္ ဒီလိုမႈိမ်ိဳးမျမင္ဖူးဘူးေတာ္”

အေဖကလည္း မႈိႀကီးကိုေသခ်ာၾကည့္ရင္း

“ဒါမ်ိဳးက်ေတာ့ ေျမေအာင္းမႈိလို႔ေခၚတယ္ကြ၊ ငါေတာ့မစားဖူးဘူး၊ ေျမႀကီးေအာက္ေတြ ဂလိုင္ေတြထဲမွာေပါက္တာ၊ အရမ္းေကာင္းတယ္ဆိုပဲကြ”

ဒါနဲ႔အေမက အငယ္ေကာင့္ကိုေမးတယ္။

“ဟဲ့အငယ္ေကာင္၊ နင္ဘယ္နားက သြားရွာလာတာတုန္း”

“လွ်ိဳထဲကပဲအေမရ၊ က်ဳပ္လည္း ေတာင္ပို႔ကေလးေတြ႕ေတာ့ ေတာင္ပို႔မႈိမ်ားရွိမလားဆိုၿပီး ဆင္းရွာတာ၊ ေတာင္ပို႔မႈိနည္းနည္းပဲေတြ႕တယ္၊ ဒါနဲ႔ စိတ္ဓါတ္က်ၿပီး ျပန္တက္မယ္အလုပ္မွာ အဲဒီမႈိလုံးႀကီးကို ေတာင္ပို႔ေအာက္ေျခအနားမွာ တစ္ပိုင္းတစ္စေတြ႕တာနဲ႔ ထိုးဖြင့္ရင္း ေနာက္ဆုံးေတာ့ ေတာင္ပို႔ေအာက္ ဂလိုင္ထဲကေန ဒီေလာက္ႀကီးထြက္လာတာဗ်”

အေဖက ေခါင္းညိတ္တယ္။

“ဆန္းပါေပ့ကြာ၊ ငါေတာ့ ဒီမႈိႀကီးကိုၾကည့္ရတာ ေမ်ာက္ေခါင္းနဲ႔တူလို႔ ေမ်ာက္ေခါင္းမႈိလို႔ ေခၚမယ္ကြာ”

“ဟား၊ ဟား အေဖတို႔ကေတာ့ နာမည္ေပးတာသိပ္ေတာ္တယ္ေဟ့၊ ေျမေအာင္းမႈိႀကီးကိုေတာင္ ေမ်ာက္ေခါင္းမႈိႀကီးတဲ့”

အေမကလည္းၿပဳံးရင္း

“ဒါဆို ဒီမႈိႀကီးကို ဆန္ခါနဲ႔အုပ္ၿပီး ေနာက္ေန႔စားဖို႔သိမ္းထားလိုက္မယ္၊ ဒီေန႔ေတာ့ သားႀကီးနဲ႔ အငယ္ေကာင္ေကာက္လာတဲ့ မႈိေတြကိုအရင္ခ်က္စားမယ္”

အေမကေျပာၿပီးေတာ့ ခ်က္ေရးျပဳတ္ေရးအတြက္ ျပင္ဆင္ရေတာ့တာေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း ေန႔လည္စာ မစားရေသးဘူးေလ၊ ဆာတာေတာ့ အေတာ္ဆာေနၿပီဗ်၊ ဒါေပမယ့္ အေမခ်က္မယ့္ မႈိဟင္းနဲ႔အဝတြယ္မယ္ဆိုၿပီးေတာ့ ေစာင့္ေနၾကတာေပါ့။

မႈိဟင္းဆိုတာ ခ်က္ရတာလည္းလြယ္တယ္၊ အခ်ိန္ကလည္း ခဏေလးပဲၾကာတာဗ်၊ အေမခ်က္ဆဲ့မႈိဆီျပန္ဆိုတာ စားလို႔သိပ္ေကာင္းတာေပါ့ဗ်ာ၊ မႈိေတြကို ေရေႏြးေလးနဲ႔ သဲေတြဖုန္ေတြကင္းေအာင္ အသာေလးေဆးရတယ္၊ ၿပီးရင္ေတာ့ မန္က်ည္းသီးစိမ္းကေလးေထာင္းၿပီးေတာ့ မႈိနဲ႔ေရာခ်က္တာေပါ့ဗ်ာ၊ ဟင္းအိုးရခါနီးရင္ င႐ုတ္သီးစိမ္းကေလးေတြ ပစ္ထည့္၊ ၿခံေနာက္ေဖးမွာစိုက္ထားတဲ့ ပင္စိမ္း႐ြက္ကေလးအုပ္လိုက္ရင္ ခ်ဥ္ခ်ဥ္၊ စပ္စပ္နဲ႔ မႈိဟင္းကေလးတစ္ခြက္ ရၿပီေပါ့ဗ်ာ၊ အဲဒါကို ဖ႐ုံ႐ြက္နဲ႔ မွ်စ္ခ်ိဳစိတ္ကေလးေတြ တြဲခ်က္ထားတဲ့ ဟင္းခ်ိဳအရည္ေသာက္ကေလးနဲ႔ဆိုေတာ့ ထမင္းစားလို႔ၿမိန္ခ်က္ပဲဗ်ာ။

မနက္အေစာကတည္းက ထမင္းၾကမ္းပဲစားသြားရတဲ့ က်ဳပ္တို႔ကေတာ့ ဆာဆာနဲ႔အေမ့လက္ရာကို စားေတာ့တာပဲဗ်ာ၊ မႈိကလည္းခ်ိဳ၊ ဟင္းကလည္း ခ်ဥ္စပ္ကေလးဆိုေတာ့ ညီအကိုသုံးေယာက္ တစ္ေယာက္ကို ထမင္းတစ္လုံးခ်က္ေလာက္ကုန္ေအာင္ စားပစ္တာဗ်၊ စားၿပီးေတာ့မွ ေရေႏြးၾကမ္းေသာက္ရင္းေ အးေအးေဆးေဆးထိုင္နားၾကတယ္၊ လယ္ထဲကိုေတာ့ မဆင္းေတာ့ဘူးေပါ့ဗ်ာ။

စားၿပီးသြားေတာ့ မၾကာပါဘူး၊ က်ဳပ္ဗိုက္ထဲ တစ္မ်ိဳးႀကီးျဖစ္လာတယ္ဗ်၊ ဗိုက္ထဲက အသံစုံေတြျမည္လာၿပီးေတာ့ ဂြီဂြီဂြမ္ဂြမ္နဲ႔ျဖစ္လာတာ၊ ၿပီးေတာ့ ရင္ထဲမွာပ်ိဳ႕ၿပီးတက္လာတယ္ဗ်ာ၊ ဒီေတာ့ က်ဳပ္လည္းဟန္မေဆာင္ႏိုင္ေတာ့ဘဲ အိမ္ခန္းေဘးတံခါးကေန ေျပးၿပီးအန္ခ်လိုက္ရတာေပါ့ဗ်ာ။

ပိုးစိုးပက္စက္ အန္ခ်လိုက္ေပမယ့္ ခုနက စားထားတဲ့ထမင္းေတြ ျပန္ထြက္မလာဘဲနဲ႔ ျဖဴျဖဴပ်စ္ခြၽဲခြၽဲအရည္ႀကီးေတြပဲ ထြက္လာတာဗ်၊ က်ဳပ္လည္း အံ့ၾသေနတုန္းရွိေသးတယ္၊ အငယ္ေကာင္က အိမ္ေရွ႕ကြပ္ပ်စ္ေပၚကေန အန္ခ်လိုက္တာကို ျမင္လိုက္ရတယ္။

“အေမေရ၊ မႈိေတာက္ၿပီထင္တယ္ဗ်”

က်ဳပ္အိမ္ေအာက္ကိုေျပးဆင္းလာေတာ့ အေဖက ေႂကြရည္သုတ္ေထြးခံႀကီးထဲကို ျဖဴျဖဴအရည္ေတြ တေဝါ့ေဝါ့နဲ႔ အန္ခ်ေနတာပဲဗ်ာ၊ အိမ္ေပၚထပ္က အကိုႀကီးလည္း အိမ္ေအာက္ကိုေျပးဆင္းလာၿပီးေတာ့ ေရခ်ိဳးခန္းနားအေရာက္မွာ ထိုးအန္ေတာ့တာပဲ၊ အကိုႀကီးမိန္းမနဲ႔ သမီးက သူ႔အမ်ိဳးအိမ္သြားေနလို႔ အိမ္မွာမရွိဘူး၊ အငယ္မႏွစ္ေကာင္လည္း ဘယ္ေရာက္ေနတယ္မသိပါဘူးဗ်ာ။ ခုနက မႈိဟင္းစားတဲ့လူအားလုံး အန္ေပမယ့္ အေမကေတာ့ မအန္ဘူးဗ်။

“အေမေရ၊ အေမ့မႈိဟင္းက ေတာက္ၿပီဗ်”

မႈိေတာက္တယ္ဆိုတာ မႈိဆိပ္တက္တာကိုေျပာတာပါ၊ အေမကလည္း အံ့ၾသေနတယ္၊ အေဖက အေမ့ကိုၾကည့္ရင္း

“မင္းကြာ၊ မႈိခ်က္တာ ေသေသခ်ာခ်ာမခ်က္ဘူးလား”

အေမက ေခါင္းခါရင္း

“မဟုတ္ပါဘူးရွင္၊ ကြၽန္မတစ္သက္လုံး မႈိခ်က္စားလာတာပါ၊ ဘယ္ဟာက စားေကာင္းလဲ၊ ဘယ္ဟာက မစားေကာင္းသလဲဆိုတာ သိပါတယ္၊ အခုကြၽန္မခ်က္တာကလည္း အားလုံးပုံမွန္ပါပဲ”

“မင္းကသာ ပုံမွန္ပဲလို႔ေျပာေနတာ၊ ငါတို႔က အခုအန္ေနရၿပီမဟုတ္လား”

အေဖက ေျပာရင္း အန္ခ်င္လာတာနဲ႔ ေထြးခံေကာက္ၿပီး ထပ္အန္ပါေရာဗ်ာ၊ အေမက ေခါင္းခါရင္း

“ေဟာေတာ္၊ အဲဒီမႈိဟင္းကို က်ဳပ္လည္းစားတာပါပဲ၊ က်ဳပ္က်ေတာ့ ဘာလို႔မေတာက္တာတုန္း”

အေမေျပာတာလည္း ဟုတ္တယ္ဗ်၊ စားတဲ့အထဲ က်ဳပ္တို႔ပဲျဖစ္ၿပီး အေမကေတာ့ ဘာမွမျဖစ္ဘူးမဟုတ္လား။ အေဖက အန္ၿပီးေတာ့မွ

“ကဲ၊ ကဲ ေတာက္တဲ့ဟင္းဆိုလည္း စားမေနနဲ႔ သြန္သာသြန္ပစ္လိုက္၊ ငါထင္တာကေတာ့ အငယ္ေကာင္ မႈိမွားခူးတယ္ထင္တာပဲကြ၊ မစားသင့္တဲ့မႈိကို ေတာင္းထဲထည့္ရင္ တစ္ေတာင္းလုံးပ်က္တယ္မဟုတ္လား”

က်ဳပ္လည္း ဒီေတာ့မွ သတိရသြားတယ္။

“ဟာ၊ ဟုတ္ၿပီအေဖ၊ ဒါဆိုရင္ေတာ့ ဟိုေျမေအာင္းမႈိႀကီးေၾကာင့္ျဖစ္မယ္”

က်ဳပ္ေျပာလိုက္မွ အေဖတို႔လည္း သတိရသြားတယ္။

“ေအး၊ ျဖစ္ႏိုင္တယ္ကြ၊ အဲဒီမႈိႀကီးကို လြင့္ေတာ့မပစ္နဲ႔အုံးကြာ၊ ေနာက္ေန႔က်မွ ႐ြာဦးေက်ာင္းက ဆရာေတာ္နဲ႔ ႐ြာကလူေတြျမင္ဖူးေအာင္လို႔ ျပရအုံးမယ္”

ဒါနဲ႔ပဲ က်ဳပ္တို႔လည္း အဲဒီမႈိႀကီးကို သိမ္းထားလိုက္ၾကတာေပါ့။

(၅)

ညေရာက္ေတာ့ က်ဳပ္ခူးလာတဲ့မႈိေတြကို ခ်က္ၿပီးစားၾကတယ္၊ ဒီတစ္ခါေတာ့ မအန္ေတာ့ဘူးဗ်ာ၊ ဒါဆိုရင္ေတာ့ အငယ္ေကာင္ေကာက္လာတဲ့ ဘာမွန္းမသိတဲ့ ေမ်ာက္ေခါင္းမႈိႀကီးက ျဖစ္ေနတာလို႔ပဲ ယူဆလိုက္ၾကတယ္။ က်ဳပ္တို႔လည္း မေန႔က အိပ္ေရးမဝဘူးဆိုေတာ့ အဲဒီညေတာ့ ေစာေစာအိပ္ၾကတာေပါ့ဗ်ာ။

ညသန္းေခါင္ေလာက္ေရာက္ေတာ့ အိမ္ေအာက္ကေန တီးတိုးတီးတိုးနဲ႔ စကားေျပာသံၾကားရတယ္ဗ်၊ အသံကေတာ့ ခပ္အုပ္အုပ္ေျပာေနတာ၊ က်ဳပ္ေသေသခ်ာခ်ာ နားေထာင္ေပမယ့္ ဘာေတြေျပာေနသလဲဆိုတာေတာ့ မသိရဘူးဗ်၊ က်ဳပ္လည္း အငယ္မတို႔မ်ားတြတ္ထိုးေနသလားေပါ့ဗ်ာ၊ အိပ္ေရးပ်က္တာနဲ႔ ထမၾကည့္ဘဲ အသာကေလးဆက္အိပ္ေနတာ၊ နာရီဝက္ေလာက္ၾကာတဲ့အထိ စကားသံေတြက တိတ္မသြားဘူးဗ်၊ ေနာက္ေတာ့ အခန္းထဲအိပ္ေနတဲ့အေဖ ႏိုးသြားပုံရတယ္၊ အိမ္ေပၚကေန ေခ်ာင္းဟန႔္သံေပးတယ္၊ ဒါေတာင္မွ အငယ္မတို႔က ရပ္မသြားဘူးဗ်ာ၊ ဆက္ၿပီးတြတ္ထိုးေနၾကတုန္းပဲ၊ က်ဳုပ္လည္း မေနႏိုင္ေတာ့တာနဲ႔ အေဖ့ကိုယ္စား ထေအာ္ရတာေပါ့။

“ဟဲ့၊ အငယ္မ၊ နင္တို႔စကားေျပာခ်င္ရင္ မနက္မွေျပာၾကဟာ၊ ငါတို႔အိပ္ေရးပ်က္တယ္”

က်ဳပ္ေအာ္လိုက္ေတာ့ စကားေျပာသံကေတာ့ ရပ္သြားတယ္၊ ဒါေပမယ့္္ အိမ္ေအာက္ထပ္မွာ ဝင္းခနဲလက္ခနဲ အလင္းေရာင္ေတြျမင္ရတယ္ဗ်၊ အလင္းေရာင္က မီးခတ္ခတ္လို႔ ထြက္လာတဲ့အလင္းေရာင္လိုမ်ိဳးပဲ၊ ဒါေပမယ့္ စိမ္းဖန႔္ဖန႔္ႀကီးဗ်။ အလင္းေရာင္ႀကီး တစ္ခ်က္လင္းသြားတာနဲ႔ ၾကမ္းၾကားထဲကေန အလင္းေရာင္ေတြထိုးတက္လာတာပဲ၊ က်ဳပ္လည္း ဘာမေျပာညာမေျပာနဲ႔ အိမ္ေအာက္ကိုေျပးဆင္းလိုက္တယ္။

အလင္းေရာင္ေတြထြက္ေနတာ အငယ္မတို႔အခန္းထဲကလည္း မဟုတ္ဘူးဗ်၊ မီးဖိုခန္းထဲကေနလင္းေနတာ၊ ေလွကားထိပ္ကေန အငယ္မတို႔ကိုေခ်ာင္းၾကည့္ေတာ့လည္း အိပ္ေနၾကတာပါါပဲ၊ က်ဳုပ္လည္း ေလွကားကိုဆက္ဆင္းလိုက္ၿပီးေတာ့ မီးေရာင္ျမင္ရတဲ့ေနရာကို အသာကေလးလွမ္းလာလိုက္ေတာ့ ဒန္အိုးႀကီးတစ္ခုထဲကေန အလင္းေရာင္ေတြထြက္ေနတာဗ်၊

က်ဳပ္ေတာ္ေတာ္ေၾကာက္ေနတယ္၊ အေရာင္ေတြက အစိမ္းေရာင္ႀကီးေတြ၊ က်ဳပ္လည္း ဒန္အိုးကိုေျပးဖြင့္လိုက္ေတာ့ အထဲမွာ ေမ်ာက္ေခါင္းမႈိႀကီးက လင္းေနတာဗ်၊ မႈိႀကီးတစ္လုံးလုံးက အစိမ္းေရာင္ဖန႔္ဖန႔္လင္းေနၿပီးေတာ့ မ်က္လုံးေပါက္ကေန အလင္းေရာင္ေတြထြက္ေနတာပဲဗ်ာ၊ ခင္ဗ်ားတို႔ျမင္သာေအာင္ေျပာရရင္ ခုေခတ္ အႏုျမဴလို႔ေခၚတဲ့ ညဘက္လင္းတဲ့ၾကယ္ကေလးေတြလိုမ်ိဳး လင္းေနတာ။

“အေဖေရ၊ လုပ္ပါအုံး၊ အေမေရ”

က်ဳပ္လည္း လန႔္လန႔္နဲ႔ေအာ္လိုက္မိေတာ့ အေဖက ေျပးဆင္းလာတယ္ဗ်။ က်န္တဲ့လူေတြကေတာ့ မႏိုးဘူးလားမသိပါဘူးဗ်ာ၊ အေဖလည္း အဲဒီမႈိႀကီးကိုေတြ႕ေတာ့ အေတာ္ကေလးထူးဆန္းသြားတယ္။

“တစ္ခုခုေတာ့ တစ္ခုခုပဲအလတ္ေကာင္ရ”

ဒီအခ်ိန္မွာပဲ မႈိႀကီးက ေလေပၚကိုေျမာက္တက္သြားတယ္ဗ်၊ ေသခ်ာၾကည့္ေလေလ လူအ႐ိုးေခါင္းႀကီးနဲ႔ တူလာေလေလပဲ၊ သိပ္အျမင့္ႀကီးေတာ့မဟုတ္ဘူးဗ်၊ က်ဳပ္တို႔ေခါင္းေပၚေလာက္မွာ ဝဲေနတာ၊ က်ဳပ္လည္း ထင္းေခ်ာင္းတစ္ေခ်ာင္းေကာက္လိုက္ၿပီးေတာ့ အဲဒီမႈိႀကိးကို ႐ိုက္ထည့္ေပမယ့္ မႈိႀကီးက မထိေအာင္ေရွာင္တယ္၊ ၿပီးေတာ့မွ မီးဖိုခန္းထဲကေန အိမ္ေရွ႕ဘက္ကိုထြက္သြားတာ။ က်ဳပ္နဲ႔အေဖလည္း အဲဒီမႈိႀကီးအေနာက္ကိုေျပးလိုက္ေတာ့ ေလေပၚကိုပ်ံတက္သြားၿပီး ႐ြာထဲကိုေျပးသြားတာပဲဗ်ာ။

က်ဳပ္နဲ႔အေဖလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း အိမ္ေပၚျပန္တက္ခဲ့ၾကတယ္၊ အိပ္ရာထဲျပန္အိပ္လိုက္ၾကေပမယ့္ အေဖေရာ က်ဳပ္ေရာ အိပ္မေပ်ာ္ပါဘူးဗ်ာ၊ အေဖကလည္း တေခ်ာက္ေခ်ာက္နဲ႔ ႏိုးေနတယ္ဗ်၊ က်ဳပ္လည္း ဒီမႈိႀကီးအေၾကာင္း စဥ္းစားရင္း၊ အေတြ႕အႀကဳံရင့္တဲ့ ဦးဘသာကို ေမးၾကည့္မွလို႔ ေတြးလိုက္မိတယ္၊ တစ္ညလုံး အိပ္မေပ်ာ္တဲ့က်ဳပ္က မနက္လင္းၾကက္တြန္သံၾကားမွ ေမွးခနဲအိပ္ေပ်ာ္သြားတယ္ဗ်။

က်ဳပ္မနက္လင္းေတာ့ ေနအေတာ္ျမင့္ေနၿပီဗ်၊ အိမ္ေပၚကဆင္းလိုက္ေရာ အေမက က်ဳပ္ကိုၾကည့္ၿပီးေျပာပါေလေရာ။

“နင္တို႔သားအဖ ညကဘယ္သြားေနလို႔ အိပ္ရာထေနာက္က်ေနတာလဲဟဲ့”

က်ဳပ္လည္း ဘာမွမေျပာဘဲ အေဖ့ကိုၾကည့္လိုက္တယ္၊ အေဖကေတာ့ ဘာမွမသိသလိုနဲ႔ ေအးေအးလူလူေနတယ္။

“ေနာက္ၿပီးေတာ့ မေန႔ကခူးလာတဲ့ ေျမေအာင္းမႈိႀကီး ညကေပ်ာက္သြားတယ္ဟဲ့၊ ထူးဆန္းလိုက္တာ”

“ေၾသာ္၊ ႂကြက္ေတြဘာေတြ စားသြားတာျဖစ္မွာေပါ့အေမရ၊ ႂကြက္ေတြက မႈိႀကိဳက္တယ္မဟုတ္လား”

အေမကေတာ့ ေခါင္းခါတယ္။

“ႂကြက္ကလည္း ဒီေလာက္ႀကီးတာႀကီးကို ကုန္ေအာင္စားႏိုင္ပါ့မလား၊ အလတ္ေကာင္ နင္မွန္မွန္ေျပာ၊ နင္ဘယ္သူ႔ကို ေဝျခမ္းေရးလုပ္လိုက္ေသးသလဲ”

“ဟာဗ်ာ၊ အေမကေတာ့ က်ဳပ္ကိုရစ္ၿပီ”

က်ဳပ္လည္းေျပာဆိုရင္း သြားတိုက္ဖို႔ ဆားတစ္ဆုပ္ႏႈိက္ၿပီးေတာ့ ထြက္လာခဲ့တာေပါ့၊ က်ဳပ္ၿခံဝကိုေရာက္တယ္ဆိုရင္ပဲ ဦးဘသာႀကီးက ဆန္ခါခုံးကေလးကိုင္လို႔ ၿခံထဲဝင္လာတယ္။ က်ဳပ္တိုေတြ႕တာနဲ႔

“ေဟ့အလတ္ေကာင္၊ မင္းတို႔မေန႔က မႈိေကာက္သြားတယ္ဆို၊ ဘယ္မလဲ ငါ့အတြက္”

“ဟုတ္ပါရဲ႕ဗ်ာ၊ က်ဳပ္လာေပးဖို႔ေမ့သြားတယ္၊ ေနအုံး၊ အေမ့ဆီကေန နည္းနည္းေတာင္းေပးမယ္”

က်ဳပ္နဲ႔ဦးဘသာလည္း အိမ္ဘက္ကိုျပန္ေလ််ာက္လာရင္း အေဖ့နားေရာက္ေတာ့မွ အေဖက ဦးဘသာကိုေမာ့ၾကည့္ရင္း

“ဦးဘသာ၊ က်ဳပ္ေတာင္ အလတ္ေကာင္ကို သြားေခၚခိုင္းမလို႔လုပ္ေနတာ၊ လာပါအုံးဗ်”

ဦးဘသာက အေဖ့မ်က္ေစာင္းထိုးခုံတန္းမွာ ဝင္ထိုင္တယ္။

“ဘာမ်ားလဲသူႀကီးရဲ႕”

အေဖက က်ဳပ္ကိုတစ္ခ်က္ေမာ့ၾကည့္ရင္း

“ဒီလိုပါဦးဘသာ၊ တိုတိုေျပာရရင္ေတာ့ မေန႔က အငယ္ေကာင္က ေမ်ာက္ေခါင္းနဲ႔တူတဲ့ မႈိအလုံးႀကီးတစ္ခုကို ေတာင္႐ိုးေပၚကေန ေကာက္လာတယ္ဗ်၊ ညက်ေတာ့ အဲဒီမႈိလုံးႀကီးက အစိမ္းေရာင္ေတြလင္းၿပီးေတာ့ က်ဳပ္တို႔အိမ္ထဲကေန ပ်ံထြက္သြားတယ္၊ အဲဒါ ဘာလဲဆိုတာ ဦးဘသာ သိမလားလို႔”

ဦးဘသာက တစ္ခ်က္စဥ္းစားရင္း

“ေမ်ာက္ေခါင္းနဲ႔တူတာလား၊ လူအ႐ိုးေခါင္းနဲ႔ေရာ မတူဘူးလား”

က်ဳပ္လည္း ဦးဘသာေဘးနားဝင္ထိုင္ရင္း

“တူတာေပါ့ ဦးဘသာ၊ မႈိျဖဴျဖဴႀကီးက မသိရင္ လူဦးေခါင္းခြံႀကီး ခ်ထားတဲ့အတိုင္းပဲဗ်”

“မင္းတို႔ဟာက ထူးေတာ့ထူးေနၿပီကြ၊ ငါထင္ေနတာတစ္ခုေတာ့ရွိတယ္”

အေဖနဲ႔က်ဳပ္လည္း သိခ်င္လြန္းလို႔ ဦးဘသာအနားကိုကပ္လိုက္တာေပါ့၊ ဦးဘသာက ေလသံကိုႏွိမ့္ၿပီး

“မႈိစုန္း၊ ပန္းစုန္း၊ ဂမုန္းစုန္းဆိုတာမ်ိဳးေတြရွိတတ္တယ္သူႀကီး၊ သူတို႔က သဘာဝအတိုင္းျဖစ္ေနတဲ့ ထူးျခားတဲ့အစြမ္းရွိတဲ့ ပစၥည္းေတြေပါ့၊ မႈိစုန္းဆိုတာကို က်ဳပ္လည္း တစ္ခါမွ မျမင္ဖူးေပမယ့္ သူႀကီးတို႔ေျပာပုံအရဆိုရင္ အဲဒီဟာမ်ားျဖစ္ေနမလား”

“ျဖစ္ေတာ့ျဖစ္ႏိုင္တယ္ဦးဘသာ၊ မေန႔က က်ဳပ္တို႔အဲဒီမႈိႀကီးနဲ႔အတူတူ တစ္ေတာင္းထဲထည့္လာတဲ့ မႈိေတြခ်က္စားၿပီးေတာ့ မႈိေတာက္ၾကေသးတယ္”

ဦးဘသာက တစ္ခ်က္ေခါင္းညိတ္လိုက္ၿပီး

“သူႀကီးဘာမွ မပူပါနဲ႔ မႈိစုန္းမွန္တယ္ဆိုရင္ သူ႔ခ်ည္းေတာ့ အႏၲာရာယ္မျပဳႏိုင္ပါဘူး၊ သူ႔ကို က်ဳပ္ဖမ္းေပးပါ့မယ္”

“ေကာင္းပါၿပီ၊ ဦးဘသာ ႀကိဳက္သလိုစီစဥ္ပါ”

ဦးဘသာက က်ဳပ္ဘက္ကိုလွည့္ၿပီးေတာ့

“အလတ္ေကာင္ေရ၊ ဒီညေန ေနဝင္ၿပီးသြားရင္ မင္း ၾကက္အရွင္တစ္ေကာင္ဖမ္းလာၿပီး ငါ့အိမ္ကိုသာလာခဲ့ေဟ့”

အေမက က်ဳပ္ခူးထားတဲ့မႈိပြင့္ေတြကို ဦးဘသာယူလာတဲ့ ဆန္ခါခုံးကေလးထဲကိုထည့္ေပးလိုက္ေတာ့ ဦးဘသာက ထြက္သြားေတာ့တာေပါ့ဗ်ာ။ ဒီလိုနဲ႔ ညေနေရာက္လာျပန္တာေပါ့၊ ဦးဘသာမွာထားတဲ့အတိုင္း က်ဳပ္လည္း အိမ္မွာေမြးထားတဲ့ ၾကက္မတစ္ေကာင္ကို ကိုင္ၿပီးေတာ့ ဦးဘသာအိမ္ကို လာခဲ့တာေပါ့၊ ဦးဘသာကေတာ့ ကြမ္းၿမဳံ႕လို႔ဗ်။

“ေစာေတာ့၊ ေစာေသးတယ္ကြ၊ ငါတို႔လႈပ္ရွားရင္ ႐ြာကလူေတြ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၿပီး ႐ြာဆူကုန္လိမ့္မယ္၊ နည္းနည္းေတာ့ ညည့္နက္ေအာင္ေစာင့္မွ”

က်ဳပ္လည္း ဦးဘသာေဘးနားထိုင္ရင္း ၾကက္မကိုပြတ္သပ္ေပးေနမိတယ္။

“ဒါနဲ႔ မႈိစုန္းက အႏၲရာယ္ မရွိဘူးလား”

“သူ႔ခ်ည္းေတာ့ သိပ္အႏၲရာယ္မရွိပါဘူး၊ ဒါေပမယ့္ မသမာတဲ့လူေတြ လက္ထဲကိုေရာက္သြားရင္ေတာ့ ေတာ္ေတာ္ဒုကၡေပးႏိုင္တယ္ကြ”

“ဘယ္လို ဒုကၡေပးႏိုင္တာလဲဗ်”

“ေအာက္လမ္းသမားေတြလက္ထဲေရာက္ရင္ မေကာင္းတဲ့ေဆးေတြေဖာ္စပ္တယ္၊ ၿပီးေတာ့ အဲဒီ မႈိစုန္းရဲ႕ အစြမ္းကို ကူးယူေမြးျမဴၾကတယ္၊ ငါၾကားဖူးသေလာက္ကေတာ့ မႈိစုန္းက အစားအေသာက္နဲ႔ပတ္သက္ရင္ သိပ္စြမ္းတယ္တဲ့ကြ၊ အစာပင္းတို႔ဘာတို႔ထည့္တဲ့အခါ သိပ္အသုံးဝင္တယ္၊ ဒါ့အျပင္ လူငါးရာတစ္ေထာင္ေလာက္ကိုလည္း တစ္ခ်က္ထဲနဲ႔ အစာအဆိပ္ခပ္ႏိုင္တယ္တဲ့ကြာ”

“ေၾကာက္ဖို႔ေကာင္းလိုက္တာဗ်ာ၊ က်ဳပ္ေတာ့ အဲဒါမစားမိတာ ေတာ္ေသးတာေပါ့”

စကားေျပာေနရင္း ညခုနစ္နာရီေက်ာ္သြားၿပီ၊ ႐ြာမွာလည္း လူေျခတိတ္သြားၿပီဆိုေတာ့ ဦးဘသာက အၾကမ္းပန္ကန္လုံးတစ္လုံးခ်ေပးၿပီးေတာ့ အဲဒီထဲကို ၾကက္မရဲ႕လည္ေခ်ာင္းေသြးကို ေဖာက္ထည့္ခိုင္းတယ္၊ က်ဳပ္လည္း ၾကက္မကိုလည္ပင္းေဖာက္ၿပီး ေသြးခံလိုက္တာေပါ့ဗ်ာ၊ ေနာက္ေတာ့ ဦးဘသာက က်ဳပ္ကိုအဲဒီခြက္ကိုေပးတယ္။

“ေဟာဒီခြက္ကို ကိုင္ၿပီး ႐ြာကိုသုံးေလးပတ္ေလာက္ ပတ္ေျပးေပေတာ့ေဟ့၊ မင္းအေနာက္က အဲဒီမႈိစုန္းလိုက္လာၿပီဆိုရင္ မင္း႐ြာထိပ္က ႐ြာေတာ္ရွင္နတ္နန္းဆီကိုသာ ေျပးလာခဲ့ေဟ့၊ ငါမင္းကို အဲဒီမွာေစာင့္ေနမယ္”

က်ဳပ္လည္း ေၾကာက္တာေပါ့ဗ်ာ၊ ေသြးစိမ္းခြက္ကိုင္ၿပီး ႐ြာကိုပတ္ေျပးရမွာမဟုတ္လား၊ ဒါေပမယ့္ ဦးဘသာခိုင္းတာဆိုေတာ့လည္း မလုပ္လို႔မရေတာ့ဘူးေလ၊ ဒါနဲ႔ပဲ ပုဆိုးကိုတိုတိုခိုင္ခိုင္ဝတ္ၿပီးေတာ့ ေသြးခြက္ကိုေသခ်ာကိုင္ၿပီး ဦးဘသာအိမ္ကေနထြက္ခဲ့တာေပါ့ဗ်ာ၊ ႐ြာျပင္ကိုထြက္ၿပီးေတာ့ အိမ္ေတြရဲ႕ေနာက္ေက်ာနဲ႔ လယ္ကြင္းအစပ္နားကေန ပတ္ေျပးတာေပါ့၊ ႐ြာကိုတစ္ပတ္ပတ္တယ္ဆိုတာ ထင္သေလာက္မလြယ္ဘူးဗ်၊

တစ္ပတ္ ပတ္ေျပးတာေတာင္ ေလးဆယ့္ငါးမိနစ္ေလာက္ၾကာတယ္ဗ်၊ သုံးပတ္သာဆိုရင္ မလြယ္ေလာက္ဘူး၊ ဒါနဲ႔ က်ဳပ္လည္းေမာေနၿပီေပါ့၊ ေျပးေနရင္း တစ္ေနရာေရာက္ေတာ့ ခ်ဳံပုတ္ထဲကေန မီးလုံးႀကီးထြက္လာတယ္ဗ်၊ က်ဳပ္လည္း ေသခ်ာလွည့္ၾကည့္ေတာ့မွ အစိမ္းေရာင္ဖန႔္ဖန႔္လင္းေနတဲ့ မႈိစုန္းႀကီးျဖစ္ေနေတာ့တာပဲဗ်ာ။

“ဟာ၊ မႈိ . . .မႈိစုန္း”

မႈိစုန္းက က်ဳုပ္ဆီကိုပ်ံလာတာ ျမန္တယ္ဗ်ာ၊ က်ဳပ္လည္း ဦးဘသာမွာထားတဲ့အတိုင္း တစ္ခ်ိဳးတည္းေျပးေတာ့တာေပါ့။ အေနာက္က မႈိစုန္းက လိုက္လာတယ္ဆိုတဲ့အသိနဲ႔ ေျပးတာဆိုေတာ့ ေျခေထာက္ေတြေတာင္ ေျမႀကီးနဲ႔မထိဘူးထင္ပါရဲ႕ဗ်ာ၊ ေျပးရင္းနဲ႔ မၾကာခင္ ႐ြာေတာ္ရွင္နတ္နန္းနားကိုေရာက္လာေတာ့တယ္၊ ဒါေပမယ့္ အဲဒီအနားမွာ ဦးဘသာမေျပာနဲ႔ ေခြးတစ္ေကာင္ေတာင္ ရွိမေနဘူး၊ က်ဳပ္ထင္တာကေတာ့ ဦးဘသာက သုံးပတ္မျပည့္ေသးလို႔မ်ား သူ႔အိမ္ကေနထြက္မလာေသးတာလားမသိပါဘူးဗ်ာ။

“လုပ္ၾကပါအုံး၊ အေမေရ၊ ကယ္ပါအုံး”

က်ဳပ္လည္း ကူရာကယ္ရာမဲ့ေနတာနဲ႔ ပါးစပ္ကေလွ်ာက္ေအာ္တာေပါ့ဗ်ာ၊ ဒီေကာင္ႀကီးက မိုးေပၚပ်ံလိုက္လာတယ္ဆိုေပမယ့္ က်ဳပ္က ေျခေထာက္နဲ႔ေျပးရရတာဗ်၊ မရပ္မနားေျပးထားလို႔ လူကလည္းေတာ္ေတာ္လ််ာထြက္ေနၿပီ၊ ဒီအတိုင္းဆိုရင္ က်ဳပ္ၾကာၾကာဆက္ၿပီး ေျပးႏိုင္လိမ့္မယ္မထင္ေတာ့ဘူး။

႐ြာေတာ္ရွင္နန္းအနားေရာက္ေတာ့ က်ဳပ္ခလုပ္တိုက္ၿပီးေတာ့ ေခ်ာ္လဲက်သြားတယ္၊ က်ဳပ္ကိုင္ထားတဲ့ ေသြးခြက္လည္း က်ဳပ္အေပၚကိုေမွာက္က်ၿပီးေတာ့ က်ဳပ္ကိုယ္လုံးကို ေသြးေတြေပကုန္တာေပါ့ဗ်ာ၊ မတ္တပ္ရပ္ဖို႔ထလိုက္ေတာ့ ေျခေထာက္က ေတာ္ေတာ္နာေနတာနဲ႔မထႏိုင္ဘူး၊ ဒီအခ်ိန္မွာပဲ မီးအလင္းေရာင္က ေတာ္ေတာ္လင္းလာတာနဲ႔ က်ဳပ္လည္း အျမန္လွည့္ၾကည့္လိုက္ေတာ့ မႈိစုန္းႀကီးက က်ဳပ္နဲ႔လက္တစ္ကမ္းေလာက္အကြာကိုေရာက္ေနၿပီဗ်။

သူက က်ဳပ္မ်က္ႏွာအနားကို ခ်က္ခ်င္းပ်ံလာတာ၊ က်ဳပ္မ်က္ႏွာနဲ႔ဆိုရင္ တစ္ေတာင္ေလာက္ပဲကြာေတာ့မယ္ထင္တယ္၊ မ်က္လုံးခ်ိဳင့္ခြက္ႀကီးေတြထဲကေန အစိမ္းေရာင္အလင္းေတြထြက္ေနၿပီးေတာ့ ပါးစပ္ႀကီးကလည္း ဗလုံးဗေထြးနဲ႔ က်ဳပ္နားမလည္ႏိုင္တဲ့စကားေတြေျပာေနတယ္ဗ်။

က်ဳပ္လည္း အသံကုန္ဟစ္ၿပီးေအာ္တာေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ ျခင္းၾကားႀကီးတစ္ခုက မိုးေပၚကေနက်လာၿပီးေတာ့ မႈိႀကီးကိုအုပ္သြားတယ္ဗ်၊ ဦးဘသာက ျခင္းၾကားႀကီးကို ေဇာက္ထိုးလုပ္ၿပီး ေျမေပၚကိုေမွာက္ခ်ထားလိုက္ေတာ့ အဲဒီမႈိစုန္းႀကီးက ျခင္းၾကားထဲမွာ ပိတ္မိၿပီး ထြက္မရဘဲျဖစ္ေနတာေပါ့။

“ဟား၊ ဟား မိၿပီကြ”

က်ဳပ္ျဖင့္ ကိုယ့္ကိုယ္ကိုယ္ ေသၿပီမွတ္တာဗ်ာ၊

“ဦးဘသာရာ၊ ဘာလို႔ ခုနကတည္းက ထြက္မလာတာလဲ”

“မင္းကလည္းကြာ၊ ငါ့ေတြ႕ရင္ ဒီမႈိစုန္းႀကီးက ေျပးမွာေပါ့ကြ၊ မင္းကိုတည္ၾကက္လုပ္ၿပီး ဖမ္းလိုက္ရတာပဲကြာ၊ တစ္မ်ိဳးမထင္ပါနဲ႔”

က်ဳပ္လည္း ဖုန္ေတြခါၿပီးေတာ့ လူးလဲထလိုက္တယ္၊ ၿပီးေတာ့ ျခင္းၾကားႀကီးထဲက ထြက္ခ်င္လို႔ ႐ုန္းကန္ေနတဲ့ မႈိစုန္းႀကိးကိုၾကည့္လိုက္တယ္။

“မႈိစုန္းဆိုတာက ေသြးေတာ့ သိပ္ႀကိဳက္တာ။ ေသြးထဲမွာမွ မိန္းမေသြးဆိုအႀကိဳက္ဆုံးပဲ၊ ကဲ၊ ေျပာေနၾကာပါတယ္၊ ငါတို႔ရွင္းရေအာင္”

ဦးဘသာက မႈိကိုလက္ညႇိဳးထိုးထားလိုက္ၿပီးေတာ့ တစ္ခုခုေရ႐ြတ္ေနတယ္၊ မၾကာခင္မွာပဲ မႈိႀကီးက အလင္းေရာင္ေတြမွိတ္တုတ္၊ မွိတ္တုတ္ျဖစ္ၿပီးေတာ့ ေျမေပၚကိုက်သြားတာပဲဗ်ာ၊ ဦးဘသာက ဒီေတာ့မွ ျခင္းေတာင္းႀကီးကို မလိုက္တယ္။

“အလတ္ေကာင္၊ အဲဒီမႈိႀကီးကို အသက္ေအာင့္ၿပီးေတာ့ ဖေနာင့္နဲ႔သုံးခ်က္ေပါက္ကြာ”

“ဟာဗ်ာ၊ ဦးဘသာေပါက္လို႔မရဘူးလား”

“မင္းကြာ၊ ငါဖေနာင့္နဲ႔ေပါက္ရင္ မလိုအပ္တာေတြ ျဖစ္လာႏိုင္လို႔ေျပာတာ၊ လုပ္စမ္းပါ၊ အသက္ကိုျပင္းျပင္းရႉလိုက္”

က်ဳပ္လည္း အသက္ကိုျပင္းျပင္းရႉလိုက္ၿပီးေတာ့ အသက္ေအာင့္ထားရင္း အဲဒီမႈိႀကီးကို ဖေနာင့္နဲ႔ေပါက္ထည့္လိုက္တာေပါ့ဗ်ာ၊ မႈိႀကီးက ႏွစ္ျခမ္းကြဲသြားၿပီးေတာ့ တရွီးရွီးနဲ႔ အသံေတြျမည္တယ္ဗ်၊ ၿပီးေတာ့ ပ်စ္ခြၽဲခြၽဲအရည္ေတြလည္း ပန္းထြက္လာေသးတယ္၊ အရည္ေတြက မသိရင္ေသြးေတြလိုပဲဗ်၊ နံလိုက္တာကလည္း ေျပာမေနပါနဲ႔ေတာ့၊ ပုပ္အက္အက္အနံ႔ႀကီး။ သုံးခ်က္ျပည့္ေအာင္ေပါက္လိုက္ေတာ့ မႈိႀကီးက တစ္စစီျဖစ္သြားေတာ့တာပဲ။

“ကဲ ရၿပီ၊ အဲဒီမႈိကို ျခင္းၾကားထဲက်ဳံးထည့္ၿပီးေတာ့ တစ္ေနရာသြားလႊင့္ပစ္လိုက္ကြာ”

က်ဳပ္လည္း မႈိအပိုင္းအစေတြကို ေတာင္းထဲကိုေကာက္ထည့္ၿပီး ႐ြာျပင္႐ိုးေခ်ာင္းထဲကို လွမ္းပစ္ထည့္လိုက္ေတာ့တာေပါ့ဗ်ာ။

“ကဲ၊ အားလုံးၿပီးၿပီလား ဦးဘသာ”

ဦးဘသာက ေခါင္းခါတယ္ဗ်။

“မၿပီးေသးဘူး၊ မင္းအိမ္ကိုသြားရေအာင္”

က်ဳပ္တို႔အိမ္ျပန္လာေတာ့ အေဖကမအိပ္ေသးဘဲ မီးခြက္ကေလးနဲ႔ေစာင့္ေနတယ္၊ အေမကေတာ့ မနက္ခ်က္ဖို႔ျပဳတ္ဖို႔ မႈိေတြသင္ေနတယ္ဗ်။ ဦးဘသာလည္းေရာက္ေရာက္ခ်င္းပဲ

“ကဲ၊ ကြမ္းအစ္ရွိရင္ေပးကြာ”

က်ဳပ္တို႔လည္း အကိုႀကီးစားတတ္တဲ့ ကြမ္းအစ္ကေလးခ်ေပးလိုက္တယ္။ ဦးဘသာက ကြမ္းအစ္ထဲက ကြမ္း႐ြက္ကိုထုတ္ၿပီးေတာ့ လက္မွာထုံးသုတ္ရင္း ကြမ္း႐ြက္ကို စက္ဝိုင္းပုံစံ၊ ဝလုံးပုံစံေလး ဝိုင္းေနတယ္၊ ၿပီးေတာ့ ကြမ္းသီးစိတ္၊ တစ္စိတ္၊ ႏွစ္စိတ္ထည့္ၿပီးေတာ့ ကြမ္းကိုယာလိုက္တယ္။

“ေရာ့ မသန္း၊ ဒီကြမ္းကိုနင္စားလိုက္”

ဦးဘသာေကြၽးတာဆိုေတာ့ အေမက မစားရဲဘူးဗ်၊ အေဖက အေမ့ကိုၾကည့္ရင္း

“စားဆိုလည္း စားလိုက္ေပါ့”

ဒီေတာ့မွ အေမက ကြမ္းယာကိုလွမ္းယူၿပီးေတာ့ မယုံသကၤာနဲ႔ပါးစပ္ထဲထည့္ၿပီး ဝါးလိုက္တာပါပဲ၊ အေမက ဝါးၿပီးသိပ္မၾကာဘူး၊ တေဝါ့ေဝါ့နဲ႔ ပ်ိဳ႕တက္လာေတာ့တာ၊ ဒါနဲ႔ အိမ္ေဘးကိုေျပးၿပီး အန္လိုက္ေတာ့ အနက္ေရာင္အရည္ပ်စ္ခြၽဲခြၽဲႀကီးေတြ အန္က်လာတာေပါ့ဗ်ာ။ အေဖနဲ႔က်ဳပ္လည္း အေမ့ကိုၾကည့္ေနတာေပါ့။

“ကဲသူႀကီး၊ မႈိစုန္းကိစၥကေတာ့ အားလုံးရွင္းသြားပါၿပီ၊ မႈိစုန္းက ေယာက္်ားေလးေတြထက္စာရင္ အမေတြကိုပိုႀကိဳက္တဲ့သေဘာရွိတယ္၊ ဒါေၾကာင့္ မသန္းကို ျပဳစားဖို႔လုပ္ခဲ့တဲ့ပုံပဲ”

က်ဳပ္လည္း တစ္ခုေတြးမိသြားၿပီး လက္ခုပ္ထတီးလိုက္မိတယ္။

“ဟုတ္တယ္ဗ်ိဳ႕၊ က်ဳပ္တို႔စားရင္သာ အန္ေပမယ့္၊ အေမစားတာ ဘာမွမျဖစ္ဘူးမဟုတ္လား”

ဦးဘသာက ေခါင္းညိတ္ရင္း

“အဲဒါမေကာင္းဘူးကြ၊ ျပဳစားတာ ၾကာသြားရင္ မင္းအေမမွာ မေကာင္းတာေတြျဖစ္လာႏိုင္တယ္၊ ကဲ အားလုံးၿပီးၿပီဆိုေတာ့ ငါလည္းသြားၿပီေဟ့”

ဦးဘသာကို က်ဳပ္ျပန္ပို႔ေပးမယ္လုပ္ေပမယ့္ ဦးဘသာက လက္ကာျပၿပီးေတာ့ သူ႔ဖာသာထြက္သြားေတာ့တာပဲဗ်ာ၊ က်ဳပ္က ႐ြာကိုပတ္ေျပးထားရတာဆိုေတာ့ ေတာ္ေတာ္ေမာၿပီး ေညာင္းေနၿပီမဟုတ္လား။

ဒါနဲ႔ ေနာက္ေတာ့မွ အငယ္ေကာင့္ကိုေမးၾကည့္ရတယ္၊ အငယ္ေကာင္ကလည္း အတင္းေမးမွ ဝင္ခံတယ္ဗ်။

“က်ဳပ္လည္း မႈိလိုက္ရွာရင္း အလင္းေရာင္မရတရအခ်ိန္မွာ အစိမ္းေရာင္ႀကီးျဖတ္ခနဲလင္းသြားလို႔ ေတာင္ပို႔ကိုလွန္ေလွာရွာရင္း အဲဒီမႈိႀကိးကို ေတြ႕ခဲ့တာပဲ”

အငယ္ေကာင္ကို က်ဳပ္တို႔ဝိုင္းၿပီး နားဘန္ က်င္းၾကတာေပါ့ဗ်ာ၊ ထူးဆန္းတဲ့ဟာကို စပ္ေဆာ့ၿပီးေတာ့ ယူလာရေကာင္းလားေပါ့၊ အငယ္ေကာင္လည္း အဲဒီကတည္းက မႈိကိုမုန္းသြားတယ္ထင္ပါရဲ႕၊ မႈိေကာက္သြားတယ္ဆိုရင္ ဘယ္ေတာ့မွ မလိုက္ေတာ့သလို၊ မႈိဟင္းလည္း မစားေတာ့တာ ဒီေန႔အထိပါပဲဗ်ာ။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ