စ်ိတ်၏စေစားရာ(စ/ဆုံး)
————————-
အ့ကာလ ညအချိန်မှာမိန်းကလေးအုပ်စုတစ်စု ဘက်စ်ကားဂိတ်ကနေ သူမတို့အဆောင်ရှိရာသို့စကားတပြောပြောနှင့်လျှောက်ပြန်လာခဲ့ကြလေသည်။ ထိုမိန်းကလေးများဟာဖြင့် မလေးရှားနိုင်ငံတွင်လာရောက်ကာအလုပ်လုပ်နေကြလေသောမြန်မာမိန်းကလေးများဖြစ်သည့် မေသရဖီတို့အုပ်စုပင်ဖြစ်လေသည်။သူမတို့အဆောင်နှင့်ဘက်စ်ကားဂိတ်ဟာ ငါးမိနစ်လောက်သာလမ်းလျှောက်ရလေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူမတို့ဟာညနေ(၆)နာရီလောက်မှာအလုပ်ကပြန်ရောက်နေကျဖြစ်ပြီး ဒီကနေ့တော့ Over timeဆင်းနေရသည့်အတွက် အခုအချိန်မှပြန်လာခဲ့ရခြင်းဖြစ်လေသည်။
“သရဖီရေ ငါတော့ဒီညအဆောင်ပြန်ရောက်တာနဲ့အိပ်တော့မယ်ဟယ် အလုပ်ကပင်ပန်းတော့တကိုယ်လုံးအရိုက်ခံထားရသလိုကိုက်ခဲနေတယ် မနက်မှစောစောထရေချိုးတော့မယ်”
“အေးအေး အိပ်လေခရေ မအိပ်ခင်အစာနည်းနည်းခံပြီးဒီကိုလ်ဂျင်တစ်လုံးလောက်သောက်အိပ်လေ ဒါဆိုရင်အိပ်ရာထတဲ့အခါပေါ့ပါးနေလိမ့်မယ်”
“အေးဟဲ့ ဒါနဲ့သရဖီ့မှာဒီကိုလ်ဂျင်ဝယ်ပြီးသားရှိသေးလား ငါ့ဆီမရှိတော့လို့”
“ရှိတယ်လေဟယ် ကဒ်အသစ်ဝယ်ထားတာ ဖောက်ကိုမဖောက်ရသေးဘူး ယူသောက်လေ”
“အေးပါသရဖီရယ် ကျေးဇူးပါနော်”
“ယော် ရပါတယ်ခရေရဲ့ ဘဝတူတွေပဲဟာ ပြောနေစရာမလိုပါဘူး”
ထိုသို့ဖြင့် သူမတို့အုပ်စုအဆောင်ပြန်ရောက်ခဲ့ကြလေသည်။ အဆောင်သို့ရောက်သော် အဝတ်လျှော်သူကလျှော်၊ရေချိုးသူကချိုးဖြင့် အားလုံးမအားလပ်နိုင်အောင်ရှိကြလေသည်။ မေသရဖီလည်း သုံးရက်လောက်မလျှော်ဖွပ်ရသေးလေသောအဝတ်စားတို့ကိုခပ်သွက်သွက်လေးလျှော်ဖွပ်လိုက်လေသည်။ သူမလျှော်ဖွပ်ပြီးတော့ ညတစ်နာရီခန့်ပင်ရှိပေပြီ။ သူမလည်း ကိစ္စ၊ဝိစ္စအားလုံးပြီးလေမှဖုန်းလေးကိုယူကာလိုင်းဖွင့်လိုက်လေသည်။ လိုင်းဖွင့်လိုက်သည်နှင့်
“မေရေ အခုထိလည်းလိုင်းမတက်သေးပါလား အလုပ်ပြန်နောက်ကျလို့ထင်တယ် ကိုယ်မျှော်နေတယ်နော် သတင်းဖတ်ရင်းမေ့ကိုစောင့်နေတယ်”
“ဟော ကိုယ့်ရဲ့စာလေးပါလား ”
မေသရဖီလိုင်းဖွင့်ချင်းမှာပင် ချစ်သူစိုင်းနောင်၏စာလေးက ဖုန်းမျက်နှာပြင်သို့ဦးစွာခုန်တက်လာခဲ့လေသည်။ မေသရဖီ၏ချစ်သူစိုင်းနောင်ဟာလည်းမလေးရှားမှာပင် လာရောက်အလုပ်လုပ်နေသူပင်ဖြစ်လေသည်။ စိုင်းနောင်နဲ့မေသရဖီတို့လိုင်းပေါ်မှာခင်မင်သိကျွမ်းခဲ့ရပြီး ထိုကတဆင့်သံယောဇဉ်တို့ရစ်နှောင်ဖွဲ့ကာချစ်သူဘဝသို့ရောက်ခဲ့ရခြင်းဖြစ်လေသည်။စိုင်းနောင်ကတောင်ကြီးဇာတိဖြစ်ပြီး မေသရဖီကတော့ရန်ကုန်သူဖြစ်လေသည်။ သူတို့နှစ်ယောက်ဟာ လိုင်းပေါ်မှာဆုံပြီးမေတ္တာမျှခဲ့ကြသော်လည်း နှစ်ဦးစလုံးဟာ တည်ငြိမ်အေးဆေးသူများပီပီ လိုင်းပေါ်မှာဖြစ်လင့်ကစား ပေါ့ပေါ့ဆဆသဘောမထားလေပဲ တစ်ဦးနှင့်တစ်ဦးအလေးအနက်ချစ်ခဲ့မိကြလေသည်။
“ကိုယ်ရေ ဟုတ်တယ်ဒီနေ့ မေအလုပ်ပြန်နောက်ကျတယ် နောက်ပြီးတော့အဝတ်တွေမလျှော်ရတာလည်းနှစ်ရက်သုံးရက်ရှိပြီမို့ အဝတ်လျှော်နေလို့လိုင်းတက်နောက်ကျတာလည်းပါပါတယ်ကိုယ်”
ထိုသို့စာလေးပြန်ပို့လိုက်လေသည်။ မေသရဖီနဲ့စိုင်းနောင်ဟာ မလေးရှားနိုင်ငံအတွင်းမှာအတူရှိနေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက်က ဝေးကွာသောမြို့များမှာရှိကြလေသည်။ ထို့ကြောင့် ချစ်သူဘဝရောက်ခဲ့သော်လည်းလူချင်းမဆုံတွေ့ဖူးကြလေပဲ ဖုန်းဖြင့်သာဆက်သွယ်ခဲ့ကြလေသည်။ စိုင်းနောင်ဟာရှမ်းတိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး ဖော်ရွေယဉ်ကျေးသူတစ်ယောက်ဖြစ်လေသည်။ချစ်သူမေသရဖီ့ကိုလည်း အင်မတန်ချစ်မြတ်နိုးလှပေသည်။
“မေ ကိုယ်တော့မေနဲ့ဆုံချင်လှပြီ”
“ဆုံရမှာပေါ့ကိုယ်ရယ် ကိုယ်ကလည်းမေ့ကိုချစ်တယ် အဲ့ဒီလိုပဲမေကလည်းကိုယ့်ကိုချစ်တယ်လေ မေနဲ့ကိုယ်မှာတူညီတဲ့သစ္စာရှိနေရင် တစ်နေ့မဖြစ်ဖြစ်အောင်ကိုပေါင်းဆုံရမှာပါကိုယ်ရယ် အားတင်းထား”
“တင်းထားပါတယ်မေရယ် ကိုယ်တော့ရှေ့လကုန်တာနဲ့အမိမြေကိုပြန်တော့မယ်နော် ”
“ဟုတ်ကဲ့ပါကိုယ် မေလည်းနောက်ထပ်ကြာလှသုံးလေးငါးလပါ မြန်မာနိုင်ငံပြန်ရောက်မှမေနဲ့ကိုယ်ဆုံကြမယ်လေ”
“ဟုတ်ကဲ့ပါမေရယ် ကိုယ်တော့အဲ့ဒီနေ့လေးကိုအမြန်ရောက်ချင်လှပါပြီ”
“ရောက်ရမှာပေါ့ကိုယ်ရယ်စိတ်ချပါ ကိုယ်ကလွဲပြီးဘယ်သူ့ကိုမှမေမချစ်ပါဘူး ကိုယ့်တစ်ယောက်တည်းကိုပဲသစ္စာရှိရှိချစ်ပြီး ကိုယ်နဲ့ဆုံမယ့်အချိန်ကိုမေမျှော်နေပါ့မယ်”
“ဟုတ်ပါပြီမေရယ် ကိုယ်လည်းမေ့ကိုပဲချစ်ပါတယ်”
ထိုသို့ဖြင့် မကြာသောကာလမှာ စိုင်းနောင်တစ်ယောက်အမိမြေသို့ပြန်သွားလေတော့သည်။ သူပြန်ပြီးနှစ်လ၊ သုံးလအကြာမှာမေသရဖီလည်းပြန်လာခဲ့လေတော့သည်။အမိမြေသို့ပြန်ရောက်လေသော နှစ်ဦးသားတွေ့ဆုံဖို့အတွက်တိုင်ပင်ကြလေတော့သည်။
“မေ မေ့ဆီကိုကိုယ်လာခဲ့မယ်နော်”
“လာခဲ့လေကိုယ် ကိုယ်လာမယ်ဆိုရင် ပျော်ရွှင်စွာနဲ့မေစောင့်ကြိုနေပါ့မယ်”
“ဟုတ်မေ ဒါဆိုရန်ကုန်ကိုလာဖို့ကိုယ်စီစဉ်လိုက်တော့မယ်”
“ဟုတ်ကဲ့ပါကိုယ် ဒါနဲ့ ရန်ကုန်ကိုယ်လိုလာမယ်စိတ်ကူးထားလဲ”
မေသရဖီကထိုသို့မေးလိုက်သောအခါ စိုင်းနောင်ခေတ္တမျှစဉ်းစားလိုက်ပြီး
“ကိုယ်ဆိုင်ကယ်နဲ့လာခဲ့မယ်လေ ”
“ဟင် ဒီလောက်ခရီးအဝေးကြီးကိုဘာလို့ဆိုင်ကယ်နဲ့လာမှာလဲကိုယ်ရယ် လမ်းမှာအန္တရာယ်များလွန်းပါတယ် ဘက်စ်ကားနဲ့သာအေးအေးဆေးဆေးလာခဲ့ပါလား”
တကယ်တော့ စိုင်းနောင်ဆိုင်ကယ်နှင့်လာမည်ဆိုသည်ကသူ့အကြံနှင့်သူဖြစ်လေသည်။
“မဟုတ်ဘူးမေရဲ့ ကိုယ်ရန်ကုန်လာမှာကိုအိမ်ကလူတွေမသိဘူးလေ အိမ်ကခိုးထွက်ခဲ့မယ် သူတို့သိရအောင်ကိုယ့်အခန်းထဲမှာစာရေးထားခဲ့လိုက်မယ် ကိုယ်လာနေမှသိရင်သူတို့လည်းတားလို့ရတော့ဘူးပေါ့”
“ဒါနဲ့ ဘာလို့ဆိုင်ကယ်နဲ့လာမှာလဲ”
“သြော် ဒါကဒီလိုလေ ကိုယ်ရန်ကုန်ကိုနောက်ထပ်လာချင်ရင်အိမ်ကမလွှတ်တော့မှာစိုးလို့ ဆိုင်ကယ်ယူလာတာပါ ဆိုင်ကယ်ကိုမေ့ဆီထားခဲ့မယ်လေ”
“ဟင် ဘာဖြစ်လို့ဆိုင်ကယ်ကမေ့ဆီမှာထားခဲ့မှာလဲ”
“ယော် မေကလည်းမတွေးတတ်လိုက်တာ ဆိုင်ကယ်ကိုမေ့ဆီမှာထားခဲ့မှသာ ဆိုင်ကယ်ပြန်ယူဖို့ဆိုနောနာက်တစ်ခေါက်အိမ်ကလွှတ်မှာလေ မဟုတ်ဘူးလား”
“သြော် ဒီလိုလား ဒါဆိုရင်တော့ကိုယ့်သဘောပါပဲနော် မေကတော့ကိုယ့်ကိုစိတ်မချဖြစ်ပြီး စိတ်ပူနေမိတာ အမှန်ပဲ”
“စိတ်ချပါမေရယ် ကိုယ်ကဆိုင်ကယ်crazyတစ်ယောက်ပါ ဒီလမ်းကိုအေးဆေးမောင်းနိုင်ပါတယ် နောက်ပြီးတော့သူငယ်ချင်းလည်းအတူပါတာမို့ ကိုယ်ညောင်းတဲ့အခါ တလှည့်စီမောင်းလို့လည်းရပါတယ်”
“ဟုတ်ပါပြီ ကိုယ်အဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲရှင် မေကကိုယ်နဲ့ဆုံရတော့မှာမို့ အရမ်းပျော်နေမိတာပဲသိတော့တယ်”
“သြော် ထပ်တူထပ်မျှပါပဲမေရယ် ကိုယ်လည်းမေနဲ့ဆုံရတော့မှာကိုတွေးပြီးပျော်နေရသူပါ”
ထိုသို့ဖြင့် စိုင်းနောင်တစ်ယောက်လည်း တောင်ကြီးမြို့ကနေ ချစ်သူမေသရဖီရှိရာ ရန်ကုန်ရွှေမြို့တော်ကြီးကိုသွားဖို့အတွက် အပူတပြင်းစီစဉ်လေတော့သည်။မကြာခင်ရက်ပိုင်းအတွင်းမှာပဲ သူ့အစီအစဉ်တို့အောင်မြင်ခဲ့ရလေသည်။
“မေ မနက်ဖြန်မနက်အစော ကိုယ်တောင်ကြီးကထွက်လာမယ်”
“ဟုတ်ကိုယ် အစစဂရုစိုက်နော် ဆိုင်ကယ်ကိုလည်းမှန်မှန်လေးပဲမောင်း”
“စိတ်ချပါမေရဲ့ ကိုယ်ပြောဖူးပါတယ် ကိုယ်ကဆိုင်ကယ်crazyပါဆို”
“အင်းပါကိုယ်ရဲ့ မေကစိတ်ပူလို့ပါ ဒါဆိုညစောစောအိပ်လေ အိပ်ရေးဝမှမနက်ဆိုင်ကယ်မောင်းတဲ့အခါစိတ်ကြည်နေမယ်”
“ဟုတ် မေ ဒါဆိုကိုယ်အိပ်တော့မယ်လေ နော်”
“ဟုတ် ဟုတ်ကိုယ်အိပ်တော့နော် ကိုယ့်ကိုမေအရမ်းချစ်တယ်”
“ထပ်တူ ထပ်မျှပါမေရယ်”
ထိုသို့ဖြင့်မေသရဖီနဲ့စိုင်းနောင်တို့ တွေ့ဆုံကြဖို့အတွက် တိကျသည့်အစီအစဉ်ကိုဆွဲလို့ပြီးသွားလေသည်။ စိုင်းနောင်ကတော့မည်သို့နေမည်မသိ။မေသရဖီ့ရင်ထဲမှာတော့ မကြာခင်ရက်ပိုင်းအတွင်းမှာချစ်သောသူနှင့်အပြင်မှာဆုံရတော့မည်မို့ အိပ်လို့ပင်မပျော်အောင်ဖြစ်နေရလေတော့သည်။ သြော် အချစ် အချစ် အချစ် လူ့စိတ်ကိုလွှမ်းမိုးနိုင်လွန်းလှပါချေတကား။
*******
မနက်လင်းလို့မေသရဖီအိပ်ရာမှနိုးလာခဲ့လျှင် အိပ်ရာအနီးမှဖုန်းလေးကိုဆွဲယူကာလိုင်းဖွင့်ကြည့်လိုက်သော်
“မေ အခုကိုယ်တောင်ကြီးက စထွက်လာနေပြီ ရင်တွေအရမ်းခုန်နေပါပြီမေရယ် အချစ်ဆုံးသူလေးနဲ့ဆုံရတော့မယ်လေ ”
ထိုသို့စာလေးနှင့်အတူ ဆိုင်ကယ်စီးဝတ်စုံအပြည့်ဖြင့်စိုင်းနောင်ပုံလေးပို့ပေးထားလေသည်။ စိုင်းနောင်ဟာယောကျာ်းလေးပေမယ့် ရှမ်းတိုင်းရင်းသားပေမို့ ပါးနှစ်ဖက်ကရဲရဲနီနေကာ ဆိုင်ကယ်ဦးထုပ်လေကာမှန်အောက်မှမြင်နေရသည့်သူ့မျက်နှာဟာ မိန်းကလေးချော ချောမောနေပေသည်။ မေသရဖီကလည်း ချစ်သူစိုင်းနောင်အားဆိုင်ကယ်ကိုသတိဖြင့်ဖြေးဖြေးစီးခဲ့ရန် သတိပေးမှာကြားစာလေးများပ်ို့ထားလိုက်ကာ အိမ်ဗာဟီရအလုပ်များကိုလုပ်ကိုင်နေခဲ့လေသည်။ ထိုသို့ဖြင့်မနက်ဆယ်နာရီဝန်းကျင်ခန့်မှာပင်
“………………”
“………………”
“…………………”
မေသရဖီတစ်ယောက် အလုပ်များရှုပ်နေစဉ် ဖုန်းလေးမှမရပ်မနားမြည်နေသောကြောင့် ကောက်ကိုင်လိုက်ကာ
“ဟလို မေသရဖီပြောနေပါတယ်ရှင်”
“———-”
“ဘာ ဘယ် ဘယ်လို ကိုယ် အဲ ကိုစိုင်းနောင်ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်တယ်ဟုတ်လား အခုဘယ်လိုနေ စိုးရိမ်ရလား”
မေသရဖီပျာပျာသလဲမေးလိုက်မိလေသည်။ မိမိနှင့်ဆုံဖို့အတွက်တောင်ကြီးကနေဆိုင်ကယ်နှင့်ထွက်သောစိုင်းနောင်တစ်ယောက် လမ်းမှာဆိုင်ကယ်accedintဖြစ်လို့ဟု သူနှင့်အတူပါလာသောသူငယ်ချင်းဖြစ်သူက မေသရဖီထံသို့ဖုန်းဆက်အကြောင်းကြားလာခြင်းဖြစ်လေသည်။
“…………”
“ရှင်”
တစ်ဖက်မှတုန့်ပြန်သံကိုကြားအပြီးမှာတော့ မေသရဖီတစ်ယောက် မတ်တပ်မေ့သွားရသကဲ့သို့ဖြစ်သွားလေတော့သည်။လက်ထဲမှာဖုန်းလေးကိုကိုင်လျှက်ရပ်တန့်နေပြီး တစ်ဖက်သို့တစ်ခွန်းမှပြန်မပြောမိတော့သလို တစ်ဖက်မှပြောနေသည့်စကားလုံးတို့ကိုလည်းသူမဘာတစ်ခုမှမသိတော့ပေ။ မေသရဖီထိုသို့အထိဖြစ်သွားရလေအောင် သူမဆီသို့ဦးတည်ကာလာနေသော သူမရဲ့ချစ်သူစိုင်းနောင်ဟာအဘယ်အခြေအနေသို့ရောက်ရှိနေခဲ့ရလို့ပါနည်း။
ဘယ်လိုဖြစ်လဲဆိုတော့ သူ့ကိုယ်သူဆိုင်ကယ်cracyဟု အမြဲပြောတတ်လေသောစိုင်းနောင်ဟာ သူ့ချစ်သူမေသရဖီရှိရာ ရန်ကုန်သို့အလာလမ်းခုလတ်မှာပင် တစ်ဖက်မှလာသည့်ကားကြီးတစ်စီးနှင့်သူ့ဆိုင်ကယ်တို့ထိပ်တိုက် တိုက်မိကာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားရသည်ဟုပြောလာခဲ့လေသည်။ အခု မေသရဖီထံသို့ဖုန်းဆက်အကြောင်းကြားပေးသည့် စိုင်းနောင်ရဲ့သူငယ်ချင်းဖြစ်သူကတော့ သူကနောက်မှဖြစ်လေရာ ကားနှင့်ဆိုင်ကယ်ထိပ်တိုက် တိုက်မိသည်နှင့်လမ်းဘေးသို့လွင့်စင်ကျသွားကာ လက်ကျိုးသွားရသည်ဟု သိခဲ့ရလေသည်။ ထိုစကားများကိုကြားပြီးသော် မေသရဖီ၏ရင်တစ်ခုလုံးဟာ ဘာမှမရှိတော့လေပဲ ဒိုးရိုးပေါက်ပွင့်ထွက်သွားသကဲ့သို့ဟာလာ ဟင်းလင်းကြီးဖြစ်သွားရလေတော့သည်။
“အား အစ် အစ် အီး ရက်စက်လှချည်လားကံကြမ္မာရယ် ဘယ်ဘဝကအငြိုးတွေကြောင့် ငါတို့နှစ်ယောက်ကိုအခုလိုသေခွဲခွဲရတာလဲ”
မေသရဖီယူကြုံးမရပါ၊ဖြေမဆည်နိုင်ပါ။ သူမတို့နှစ်ယောက်ဟာ Onlineပေါ်ကစတွေ့ခဲ့ရပေမယ့် တစ်ယောက်နှင့်တစ်ယောက်ပြောမပြတတ်အောင်ချစ်ခဲ့ကြလေသည်။ ဒီလောက်ချစ်ကြတဲ့သူတွေအခုလိုမျိုးကြုံလာရသည့်အခါမှာ ဘယ်လိုလူမျိုးက ဘယ်လိုစိတ်ထားနဲ့မခံစားပဲနေနိုင်ပါမည်နည်း။မေသရဖီတောင်ကြီးသို့လိုက်သွားရန်ချက်ချင်းစီစဉ်လေတော့သည်။ အလုံးစုံစီစဉ်ပြီးလေမှ သူမတောင်ကြီးသို့လိုက်လာခဲ့မည့်အကြောင်း စိုင်းနောင်၏အိမ်သို့ဖုန်းလှမ်းဆက်ကြည့်လိုက်ရာ
“ဟလို ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ”
“က်မ က်မေမသရဖီ……”
သူမဖုန်းခေါ်လိုက်ရာ တစ်ဖက်မှအသံခပ်ဝဲဝဲနှင့်အမျိုးသားတစ်ယောက်ကဖုန်းကိုင်လာကာ အထက်ပါအတိုင်းမေးလာလေသော် သူမကအမည်ပြော၍ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်ရာ သူမ၏စကားမဆုံးခင်မှာပင် တစ်ဖက်မှလူကဒေါသတကြီးလေသံဖြင့်ကြားဖြတ်ဝင်လာကာ
“အေး ငါဟာစိုင်းနောင်ရဲ့အကိုပဲ မင်းကြောင့်ငါ့ညီသေရတာ မင်းနဲ့ဘာမှမပြောချင်ဘူး”
“ဟို ဟိုေလအကိုက်မ က်မလာခဲ့ပါရေစ”
“မလာနဲ့ လုံးဝမလာခဲ့နဲ့ မင်းမျက်နှာကိုမမြင်ချင်ဘူး”
“ခွင့်ပြုပါအကိုရယ် ကျမတောင်းပန်ပါတယ်”
“မလာနဲ့ဆိုမလာနဲ့ မင်းနဲ့ငါတို့မိသားစု ပါတ်သက်စရာဘာမှမရှိဘူး”
“ဟုတ်ကဲ့ပါအကိုရယ် ကျမမပါတ်သက်ပါဘူး အခုကသူ့ သူ့ရဲ့နောက်ဆုံးခရီးကိုကျမတွေ့မြင်ချင်လို့ လာခွင့်ပြုပါ ကျမအနူးအညွတ်တောင်းပန်ပါတယ်”
“တော်ပြီ မင်းနဲ့ဘာမှထပ်မပြောချင်ဘူး ငါနောက်ဆုံးအနေနဲ့စကားကုန်ပြောလိုက်မယ် မင်း လုံးဝမှမလာခဲ့ပါနဲ့ အေး ငါဒီလိုပြောထားပါရဲ့နဲ့မှမင်းဇွတ်တရွတ်လာခဲ့မယ်ဆိုရင် ဒီရောက်တာနဲ့မင်းသေပြီမှတ် မင်းကြောင့်င့ါညီသေရတာ လာရဲရင်လာခဲ့”
“အဟင့် ဟင့် ဟင့် အီး အဟီး ဟီး အီး မေဘယ်လိုဖြေရမှာလဲကိုယ်ရယ် မေ့ကြောင့်ကိုယ်အခုလိုဖြစ်ရတာတဲ့ ဒါဆိုရောက်ရာဘဝကနေ မေ့ကိုခွင့်မလွှတ်ပါနဲ့ကိုယ်ရယ် အဟီး အီး အီး အဟင့်”
မေသရဖီတစ်ယောက်အားပါးတရငိုကြွေးနေမိလေတော့သည်။ သူမမည်သို့ရှေ့ဆက်ရလေမည်နည်း။ မနက်ကမှသူမထံသို့ ချစ်သူလာနေပြီဆိုသည့်အသိဖြင့်ပျော်မဆုံးနိုင်ဖြစ်နေခဲ့ရပြီး အခုကြတော့ထိုချစ်သူဟာ သူမနှင့်မည်သို့မှတွေ့ဆုံခွင့်မရတော့သည့်အတွက် ရင်ထဲမှာသောကပဋိဒေဝမီးတို့ဟုန်းဟုန်းတောက်ကာ ဝမ်းပန်းတနည်းငိုကြွေးနေခဲ့ရပေပြီ။ ထို့ထက်ပို၍ဆိုးသည်ကတော့ အချစ်ဆုံးသူရဲ့နောက်ဆုံးခရီးကိုပင်မြင်တွေ့ခွင့်မရလေသောကြောင့်ဖြစ်လေသည်။ လာခွင့်မပြုသည့်အတွက် တစ်ဖက်အသိုင်းအဝိုင်းကိုလည်းသူမအပြစ်မတင်မိပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဘက်ကလည်း မိသားစုဝင်တစ်ယောက်လုံးဆုံးရှုံးထားရတာဆိုတော့ သူမကိုယ်ချင်းစာမိသောကြောင့်ဖြစ်လေသည်။ သူမဘယ်သူ့ကိုမှအပြစ်မပြော၊အပြစ်မတင်မိပါ။ဆိုးရွားလွန်းသည့်ကိုယ့်ကံကြမ္မာကြောင့်ဟုသာခံယူပြီး ဝမ်းနည်းမဆုံးငိုကြွေးနေခဲ့မိလေတော့သည်။စိုင်းနောင်ရဲ့မိသားစုထံဖုန်းဆက်လိုသော်လည်း မိမိကြောင့်သူတို့မိသားစုစိတ်အနှောက်အယှက်ထပ်ဖြစ်မှာစိုး၍ ရင်မှဝေဒနာကိုကျိတ်မှိတ်မျိုသိပ်ပြီး တစ်ယောက်တည်းငိုကြွေးနေနေလိုက်လေသည်။ ထိုသို့ဖြင့်အချိန်တို့ဟာတစ တစကုန်ဆုံးပြီးညအချိန်သို့ရောက်ခဲ့ရလေတော့သည်။ ညရောက်သော် ဗိုက်နာ၍မေသရဖီနောက်ဘေးသို့သွားစဉ်
“ဖျပ် ဖျပ်”
“ရှပ် ရှပ် ရှပ်”
“ဟင် ဘာလဲဟ”
သူမက အိမ်နောက်ဘေးအပေါက်ကနေထွက်ကာ အိမ်နှင့်ပေသုံးဆယ်ခန့်အကွာအဝေးမှာရှိသည့်Toiletသို့သွားစဉ် သူမနောက်မှတစ်ယောက်ယောက်လိုက်ပါလာသည့်ခြေသံကြားသောကြောင့်ဆတ်ခနဲလှည့်ကြည့်လိုက်ရာ မလင်းတလင်းလမင်းအလင်းရောင်အောက်ကနေ အရိပ်တစ်ခုဟာခြံစည်းရိုးဆီသို့ပြေးလွှားသွားသည်ကိုရိပ်ခနဲမြင်လိုက်ရလေသည်။ သို့ပေမယ့် ထင်ထင်ရှားရှားမြင်ရခြင်းမဟုတ်ပဲ အပေါ်ကငှက်ဖြတ်ပျံသန်းစဉ်အောက်မှအရိပ်ကိုမြင်ရသည့်အသွင်မျိုးသာဖြစ်လေသည်။ သူမ အလွန်အမင်းမကြောက်တတ်သော်လည်းဗြုန်းခနဲမို့ကျောရိုးတလျှောက်စိမ့်တက်လာကာကျက်သီးတဖြန်းဖြန်းထလိုက်မိလေတော့သည်။
“ကျွီ ”
“ဂလောက်”
သူမToiletထဲရောက်သည်နှင့်တံခါးကိုပိတ်ကာ ဂျက်ချထားလိုက်လေသည်။
“ဖျပ် ဖျပ် ဖလပ် ဖလပ် ဖလပ်”
“ရှပ် ရှပ် ရှပ်”
အပြင်ခြေသံကြောင့်သူမမေးလိုက်ခြင်းရယ်ပါ။
“အပြင်ကဘယ်သူလဲ အမေလား”
“ရှပ် ရှပ် ဖလပ်”
“မေးနေတယ်လေ အပြင်ကလျှောက်နေတာဘယ်သူလဲလို့”
Toiletရှေ့ကနေ အကြိမ်ကြိမ်ဖြတ်လျှောက်နေသည့်ခြေသံကိုကြားသောကြောင့် သူမစိတ်ကိုတင်းကာလှမ်းမေးလိုက်လေသည်။သူမအကြိမ်ကြိမ်မေးပေမယ့်အပြင်ဘက်ကပြန်မဖြေသောကြောင့်သူမစိတ်ထဲမှာသံသယစိတ်တော့ဝင်နေမိလေသည်။ သူမမေးမြန်းလိုက်စဉ်မှာတော့ခြေသံကရပ်သွားလေသည်။ သို့ပေမယ့် ခဏအကြာမှာ
“ရှပ် ဖလပ် ဖလပ် ဖျပ်”
“ဟာ ကြားလာရပြန်ပြီ တောက် ဒုက္ခပါပဲ အခုမှဗိုက်ကလည်းနာနေတာပြီးကိုမပြီးတော့ဘူး”
ဆောင်းဝင်စမို့ ရာသီကခပ်အေးအေးဖြစ်သော်ငြားလည်း မေသရဖီတစ်ယောက်ဟာ Toiletအတွင်းမှာဇောချွေးပျံံနေရလေတော့သည်။ခဏကြာလျှင်
“ဖျပ် ဖျပ် ဖလပ် ဖလပ် ဖလပ်”
“အပြင်ကဘယ်သူလဲ”
“အေမပါသမီးရဲ့ ဗိုက္နာလို့”
“ဟင် အမေ အမေရောက်နေတာကြာပြီလား”
“မကြာသေးပါဘူး အမေအခုမှအိမ်ထဲကထွက်လာတာပါ”
သူမ ကိစ္စ၊ဝိစ္စပြီးသော် အပြင်ထွက်လာခဲ့ပြီး
“သမီးစောင့်ရဦးမှာလားအမေ”
“သမီးအိပ်ချင်နေရင်မစောင့်ပါနဲ့”
“ဟုတ် ဟုတ်အမေ ဒါဆိုသမီးမစောင့်တော့ဘူး”
“ဟုတ်ပြီသမီးလေး”
သူမ မိခင်ဖြစ်သူအားပြန်ဖြေပြီးအိမ်ထဲသို့ပြန်ဝင်ခဲ့လေတော့သည်။ သို့ပေမယ့်သူမစိတ်ထဲမှာ သိပ်ပြီးဘဝင်မကျပေ။ ဘာကြောင့်လဲဆိုတော့ သူမတို့အိမ်ရဲ့ခြံစည်းရိုးကိုအုတ်တံတိုင်းနှင့်အခိုင်အမာတည်ဆောက်ပြီး အပေါ်မှလည်းအသွားထက်သည့်ဘလိဒ်ဓါးလေးများပါရှိသောသံဆူးခွေများတပ်ဆင်ထားလေသည်။ နောက်တစ်ခုကဝန်းတံခါးကိုလည်းမိုးချုပ်ပြီဆိုသည်နှင့်နေ့စဉ်သော့ခတ်ထားလေ့ရှိလေသည်။ ဒါဆိုလျှင်သူမToiletတက်နေစဉ် အပြင်ဘက်ကနေအကြိမ်ကြိမ်ဖြတ်လျှောက်သွားသောခြေသံရှင်ဟာမည်သူနည်း။ သူမစိတ်ထဲမှာတစ်စုံ၊တစ်ခုအားတွေးမိပြီးကျက်သီးတဖြန်းဖြန်းထသွားမိလေသည်။
“ဂျောက် ဂျလောက် လောက် လောက်”
“ဟင်”
အိမ်ခေါင်မိုးသွပ်ပေါ်သို့ ခဲလုံးသေးသေးလေးများကျသလိုအသံတွေကိုကြားနေရလေသည်။ အိမ်မှာမောင်လေးရယ်၊အဖေနှင့်အမေရယ်ရှိကြသော်လည်း မောင်လေးကမိဘတွေနှင့်အတူအိပ်ကာ သူမတစ်ယောက်တည်းသာသီးသန့်အခန်းအတွင်းမှာအိပ်စက်လေသည်။ သူမမည်သို့လုပ်ရမည်နည်း ဝေခွဲမရစွာဖြင့်ကုတင်ထက်မှာအသာထိုင်နေလိုက်လေသည်။
“က်ြီ”
“ဂလောက် လောက်”
ထိုအသံကတော့ သူမ၏အမေ အိမ်ထဲပြန်ဝင်လာသောအသံသာဖြစ်လေသည်။ သူမအမေပြန်လာချိန်မှာအိမ်အမိုးပေါ်ကအသံလည်းရပ်တန့်သွားလေသည်။ ထို့ကြောင့်သူမလည်း ကုတင်ပေါ်မှာလဲချလိုက်ပြီး စောင်ကိုဆွဲကာခေါင်းမြီးခြုံထားလိုက်လေသည်။
“ရှပ် ရှပ် ရှပ်”
“ဖရပ် ဖရပ် ဖလပ်”
“ဟာ ပြသနာပဲ”
သူမအိပ်ခန်းဟာ အိမ်အစွန်မှာရှိနေသည့်အတွက် အိမ်အပြင်ဘက်ကခြေသံဟာ သူမအခန်းနှင့်ကပ်လျှက်မှပေါ်ထွက်နေသောကြောင့်ဖြစ်လေသည်။တကယ်တန်းဆိုလျှင် ထိုခြေသံနှင့်သူမဟာ နံရံတစ်ခုသာခြားလေတော့သည်။
“ဖပ်”
“ဖလပ်”
“ဘုတ် ဘုတ် ဘုတ် ဘုတ်”
“ဟာ”
သူမအတော်လေးထိတ်လန့်ကြောက်ရွံ့နေမိလေသည်။ အသံကအပြင်ဘက်ကနေ သူမအခန်းနံရံအားလက်နှင့်ပုတ်နေသကဲ့သို့တဘုတ်ဘုတ်မြည်နေသောကြောင့်ဖြစ်လေသည်။သူမ အသံမထွက်ရဲပါ။ အသံထွက်လိုက်လျှင် အပြင်ဘက်မှတစ်စုံတစ်ခုလုပ်လိုက်လိမ့်မည်ဟု စိတ်ထဲကထင်မှတ်ယူမိကာ စောင်ကိုသာခေါင်းအထိလုံအောင်ဆွဲခြုံပြီး စောင်ခြုံထဲကနေအသံတိတ်ဘုရားစာများရွတ်ဆိုနေမိလေတော့သည်။ဘုရားစာများရွတ်မိသလို စိတ်ထဲမှလည်း
“ကိုယ်ရယ် မေ့ကိုမခြောက်ပါနဲ့လား မေကြောက်လွန်းလို့ပါကိုယ်ရယ် ကြာရင်မေပါသေရလိမ့်မယ် မေ့ကိုသနားပါကိုယ်ရယ် မေမနေရဲဘူး”
ထိုညက အခန်းအပြင်ကလမ်းလျှောက်သောခြေသံတွေ၊အိမ်ခေါင်မိုးကသွပ်ပေါ်သို့ကျောက်စရစ်ခဲအသေးလေးတွေကျသံတွေ၊နောက်ပြီးတော့ အိမ်နံရံကိုတဘုတ်ဘုတ်ဖြင့်ပုတ်သံတွေကြောင့် မေသရဖီတစ်ယောက်အတော်ကြီးညဉ့်နက်မှအိပ်ပျော်ခဲ့ရလေတော့သည်။ မနက်လင်းလို့သူမမနိုးသောအခါမိခင်ဖြစ်သူမှ
“သရဖီ သရဖီ ဟဲ့ကောင်မလေး သရဖီ ဒီကောင်မလေးဘယ်လိုဖြစ်ပါလိမ့် ခါတိုင်းတစ်ခါမှနေမြင့်အောင်မအိပ်ဖူးပါဘူး”
မိခင်ကြီးကအပြင်မှနိးမရ၍အခန်းထဲအထိဝင်လာပြီး
“သရဖီ သမီး ထတော့လေ နေတောင်ထွက်နေပြီ”
ထိုသို့ပြောရင်းမိခင်ဖြစ်သူက သူမပုခုံးအားကိုင်ပြီးလှုပ်နှိုးတော့လေမှ
“သြော် ဟုတ် ဟုတ်အမေ”
“ညကဖုန်းတွေလွှတ်သုံးနေလို့ထင်တယ် ဖုန်းကိုအချိန်နဲ့အချိန်သုံးပါ ကိုယ့်ကျန်းမာရေးကိုလည်းသတိထားဦးသမီး”
မိခင်ကြီးက သူ့အတွေးနဲ့သူ သူထင်ရာတွေပြောနေလေတော့သည်။ အေးလေ မိဘဆိုတော့လည်းကိုယ့်သာသမီးအပေါ်ကို စိုးရိမ်တာအပြစ်မဆိုသာပါချေ။မေသရဖီတစ်ယောက်မှာသာ မိခင်ကြီးအားဖွင့်ပြောဖို့ကလည်းအခက်။ဒါ့ကြောင့်တွေ့ကြုံနေရသည့်အခက်အခဲတို့ကို မိမိဘာသာတစ်ယောက်တည်းကျိတ်မှိတ်ခံနေလိုက်လေသည်။
ဒီလိုနဲ့ညအချိန်သို့ရောက်ရှိလို့လာပြန်လေပြီ။ မေသရဖီတစ်ယောက် စိုးရွံ့ထိတ်လန့်စိတ်များကိုဥပေက္ခာပြုပြီးစောစောစီးစီးပင်အိပ်ရာဝင်ခဲ့လေသည်။ အရင်ညက တစ်ညလုံးနီးပါးအိပ်ရေးပျက်ထားလေသောကြောင့် ဒီညမှာတော့ ခေါင်းနဲ့ခေါင်းအုံးထိပြီးမကြာမှီမှာပင် သူမအိပ်ပျော်သွားခဲ့ရလေတော့သည်။သူမ မည်မျှကြာအောင်အိပ်ပျော်ခဲ့သည်မသိ။ တဝေါဝေါ တဝုန်းဝုန်းဖြင့်အချိန်အခါမဟုတ် သည်းကြီးမည်းကြီးရွာချလာသည့်မိုးသံ၊လေသံများကြောင့် သူမနိုးလာခဲ့ရလေသည်။
သူမနိုးလာချိန်တွင် တစ်အိမ်လုံးကမှောင်မည်းနေကာ ဘာကိုမှသဲသဲကွဲကွဲမမြင်တွေ့ရပါချေ။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်မီးများလည်းပြတ်တောက်နေရခြင်းဖြစ်လေသည်။ သူမအိပ်ရာအတွင်းမှအညောင်းအညာပြေလူးလှိမ့်လိုက်ပြီး ပြန်အိပ်ဖို့စိတ်ကူးလိုက်လေသည်။ ထို့စဉ်အချိန်မှာပင်
“ရှပ် ရှပ် ရှပ်”
“ဖလပ် ဖလပ် ရှပ်”
အိမ်အပြင်ဘက် နံရံအနီးမှကပ်လျှောက်သွားသောခြေသံကိုသူမကြားလိုက်ရလေသည်။ သူမကျောထဲမှာစိမ့်ခနဲဖြစ်သွားရပြီး ခေါင်းလည်းကြီးလာသလိုခံစားလိုက်ရလေသည်။ ထိုကြောင့် အမှောင်ထဲမှာဘာမှမမြင်ရသော်ငြားလည်း တစ်ခုခုကိုများမြင်ရလေမလားရယ်လို့ အိပ်ရာအတွင်းကနေမျက်စေ့ကိုကစားကာအာရုံစူးစိုက်၍ကြည့်နေမိလေသည်။ထိုသို့သောအချိန်မှာ
“အား…………´´
မေသရဖီ့ထံမှလည်ချောင်းကွဲထွက်သွားတော့မည်အလားကျယ်လောင်သောအသံကြီးပေါ်ထွက်လာခဲ့လေသည်။ သို့ပေမယ့် သူမ၏အသံဟာ အငြိုးကြီးစွာရွာသွန်းနေသောမိုးသံ၊လေသံတို့ကိုတော့ ကျော်လွှားနိုင်ခြင်းမရှိလေပဲ ထိုအသံများရဲ့အောက်မှာနစ်မြုပ်သွားခဲ့ရလေပြီး မေသရဖီရဲ့အိပ်ခန်းလေးဟာ ပကတိငြိမ်သက်သွားခဲ့ရလေတော့သည်။
************
“အား ဟိုမှာ ဟိုမှာလာနေတယ် လာနေတယ် မလာနဲ့ မလာနဲ့ ငါကြောက်လို့ပါ”
“ဟဲ့ သမီး သမီး သရဖီ သတိထားလေသမီး”
“သရဖီ သူငယ်ချင်း သူငယ်ချင်းသတိထားလေဟာ”
မေသရဖီတစ်ယောက် မနက်လင်းအိပ်ရာထချိန်မှာ ထမလာသည့်အတွက် မိခင်ကြီးကသမီးဖြစ်သူဘာများဖြစ်နေပါလိမ့်ဟုဝင်ကြည့်ရာမှ သမီးဖြစ်သူမေသရဖီဟာအိပ်ရာထဲမှာသတိလစ်နေသည်ကိုတွေ့ခဲ့ရ၍ဆေးရုံသို့အမြန်ပို့ခဲ့ရခြင်းဖြစ်လေသည်။ ဆေးရုံရောက်ပြီးမကြာခင်မှာသတိပြန်ရလာခဲ့လေသည်။ သတိရလာသည်နှင့်အထက်ပါအတိုင်းကြောက်လန့်တကြားအော်ဟစ်နေလေတော့ရာ မိခင်ဖြစ်သူနှင့်သူငယ်ချင်းများမှာ သူမအတွက်အလွန်ပင်စိုးရိမ်နေကြရလေတော့သည်။
“သရဖီ သရဖီ သူငယ်ချင်းသတိထားလို့ ငါတို့အားလုံးသူငယ်ချင်းအနားမှာရှိနေပါတယ်”
“ကြောက်တယ် ငါကြောက်တယ် ငါကြောက်တယ် သူ သူငါ့ဆီကိုလာနေတာ သူလာနေတာ”
“သမီးလေး သမီးလေးသတိထားလေကွယ် ဘယ်သူကသမီးဆီကိုလာနေတာလဲ”
“သူ သူ စိုင်း စိုင်းနောင် စိုင်းနောင်ကသမီးအခန်းထဲဝင်လာတာ”
“ဟင် ဘယ်ကစိုင်းနောင်လဲ”
မိခင်ကြီးမှာသရဖီနှင့်စိုင်းနောင်ရဲ့အကြောင်းကို အမှန်တကယ်ပင်မသိခဲ့ပါချေ။ အခုစိုင်းနောင်ဟာတောင်ကြီးကနေရန်ကုန်သို့ သူမနှင့်ဆုံရန်လာရင်း လမ်းမှာဆိုင်ကယ်အက်ဆီးဒင့်ဖြစ်၍ဆုံးပါးသွားခဲ့ရသည်ကို မေသရဖီဖုန်းဆက်ပြောပြထားသောကြောင့်သူငယ်ချင်းများကအလုံးစုံသိပြီးဖြစ်လေသည်။ ထို့ကြောင့်သူငယ်ချင်းများက မေသရဖီရဲ့မိခင်ကြီးကိုအချက်ပြကာ ဘေးနားသို့ခေါ်သွားပြီး မေသရဖီနှင့်ရှမ်းတိုင်းရင်းသားလေးစိုင်းနောင်တို့၏အကြောင်းများကိုလိပ်ပတ်လည်အောင်ပြောပြလိုက်လေသည်။ဒီတော့မှမိခင်ကြီးလည်း အလုံးစုံကိုရေရေလည်လည်သိရှိသွားရကာ
“သြော် ငါ့သမီးလေးရဲ့အဖြစ်ကဆိုးလှချည်လားကွယ် သူ့ချစ်သူနဲ့မျက်နှာချင်းဆိုင်တွေ့ခွင့်လေးတောင်မရခဲ့ရပါလား”
သမီးဖြစ်သူအတွက်မိခင်ကြီးတကယ်ပင်စိတ်မကောင်းဖြစ်ခဲ့ရလေတော့သည်။မေသရဖီက သူမကြုံနေရသည့်အဖြစ်များကိုမိဘတို့အားဖွင့်ဟပြောပြခဲ့ခြင်းမရှိပေ။ ထို့ကြောင့်သာအခုလိုမျိုးသူမကြုံခဲ့ရခြင်းဖြစ်လေသည်။ မိမိအဖြစ်များကို မိဘတို့ကိုဖွင့်မပြောပေဲ(မပြောရဲတာလည်းပါလေသည်။) တစ်ယောက်တည်းသာကျိတ်မှိတ်ကာမိမိအခန်းမှာမနေခဲ့လေပဲ မိဘများနှင့်အတူနေခဲ့မည်ဆိုလျှင် သူမအခုလိုအဖြစ်မျိုးကြုံချင်မှကြုံရပေလိမ့်မည်။ အခုတော့ သူမ၏အဖြစ်ကမသေကောင်း၊မပျောက်ကောင်းဖြစ်ခဲ့ရလေသည်။ တစ်ခါတည်းအလန့်ကြီးလိပ်ပြာစင်မသွားတာကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။ မေသရဖီတစ်ယောက် လန့်ဖျားဖျားသွားသည့်အတွက်ဆေးရုံမှာတစ်ပတ်ခန့်နေခဲ့လိုက်ရလေသည်။ ဆေးရုံကဆင်းလာသည့်နောက်ပိုင်းမှာတော့ အရင်ကအမြဲတက်ကြွနေလေ့ရှိသည့်မေသရဖီဟာ မလှုပ်တလှုပ်ဖြင့်အံ့သြစရာကောင်းလောက်အောင်အထိ ပြောင်းလဲသွားခဲ့ရပြီး မိန်းကလေးတို့၏သဘာဝလှပြင်ခြင်းမျိုးလည်းမရှိတော့လေပဲ ယောကျာ်းလေးတစ်ယောက်အသွင်ဖြင့်သာခပ်အေးအေးနေခဲ့လေတော့သည်။ ဒီလိုနဲ့တစ်နေ့ မေသရဖီနှင့်သူငယ်ချင်းများအေးအေးဆေးဆေး လျှောက်လည်ကြရင်း အအေးဆိုင်ထိုင်ကြသည့်အခိုက်မှာ
“ဟဲ့သရဖီ”
“အေး ကေစီ ပြောလေ”
“နင် နင် ငါတို့သူငယ်ချင်း မေသရဖီဟုတ်ပါတယ် နော်”
ကေစီဆိုသည့်မိန်းကလေးကထိုသို့မေးလာသည့်အခါ မေသရဖီကကေစီ့ကိုပြန်ကြည့်ရင်း
“ငါသရဖီပါပဲကေစီ နေပါဦး နင်ကဘာဖြစ်လို့အခုလိုမေးရတာလဲ”
“ဘာဖြစ်ရမလဲသရဖီ ဟိုး…အရင်းကဆိုရင် ငါတို့အဖွဲ့ထဲမှာနင်ကအတက်ကြွဆုံး ပြီးတော့မိန်းကလေးအရမ်းပီသသလို အလှတွေလည်းအမြဲပြင်တယ် အခုတော့နင့်ပုံက……”
“သြော် ကေစီရယ် ငါ့အကြောင်းတွေကို ကာယကံရှင်ဖြစ်တဲ့ငါ့ထက်ငါနဲ့ပေါင်းတဲ့နင်တို့တွေကပိုသိပါတယ်ဟာ တကယ်တော့ငါ့ဘဝကလူကသာအသက်ရှင်နေသေးပေမယ့် ဘဝကသေဆုံးသွားခဲ့ရပါပြီ”
မေသရဖီက တစ်ခွန်းချင်းဖြင့် စိတ်လှုပ်ရှားခြင်းကင်းစွာပြောလာခဲ့လေသည်။ သူ့စကားနှင့်သူ့အမူအယာကိုမြင်ရုံဖြင့်ပင် သူမ အဘယ်မျှအထိစိတ်ထိခိုက်နေကြောင်းအထင်သားပေါ်လွင်နေလေသည်။ထို့ကြောင့်သူငယ်ချင်းများမှစိတ်မကောင်းစွာဖြင့်
“သရဖီရယ် ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီပဲ စိတ်မကောင်းစရာအတိတ်တွေကိုမေ့ပစ်သင့်ပြီလို့ငါတို့တော့ထင်တယ်သရဖီ ဘာဖြစ်လို့လဲဆိုတော့ နှလုံးသားဆိုတာဟာလည်းလူမသေသရွေ့အစဉ်ရှင်သန်နေဆဲပါ ”
“ဟင့်အင်းကေစီ တခြားလူအတွက်တော့ဟုတ်ချင်ဟုတ်လိမ့်မယ် ငါ့အတွက်ကတော့ ငါ့ဘဝမှာအချစ်ဆိုတာတစ်ယောက်တည်းပါ သူမရှိတော့ပေမယ့်လည်း သူ့ကိုငါနေ့တိုင်းသတိရနေတယ် ဒါ့ကြောင့် ငါလေအလှပြင်လိုစိတ်လည်းမရှိ ငါ့စိတ်ထဲကနေလိုတဲ့အတိုင်း ငါနေနေတာပါကေစီရယ်”
“သရဖီရယ် နင်လိုအချစ်မျိုးကတော့တကယ်ကိုရှားလွန်းပါတယ်ဟယ် ငါတို့သာနင့်နေရာမှာဆို အခုလောက်ဆိုနောက်ချစ်သူနဲ့ပျော်နေတာကြာပေါ့”
“ဒါကတော့ကေစီ လူတကိုယ်စိတ်တမျိုးရှိကြတာပဲ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့ ဒါ့ကြောင့်နင်တို့ပြောသမျှကိုလည်းငါဗွေမယူပါဘူး တကယ်ဆိုရင်ငါလေ မိန်းကလေးဘဝကိုအပြီးအပိုင်စွန့်လွှတ်ပြီး ယောကျာ်းလေးဘဝပြောင်းဖို့အထိတောင်စိတ်ကူးထားတာပါ ငွေမလုံလောက်သေးလို့သာငါအခုလိုနေနေတာပါသူငယ်ချင်းတို့ရယ်”
မေသရဖီကသူမခံယူချက်နှင့်စိတ်ကူးအား ပြောလာသည့်အခါ သူငယ်ချင်းအပေါင်းတို့မှာစိတ်မကောင်းခြင်းကြီးစွာဖြစ်မိခဲ့ကြရပြီး
“သြော် သရဖီရယ် တကယ်ကိုပါပဲလားဟယ် နင့်ဘဝ၊နင့်အဖြစ်ကိုငါတို့ကိုယ်ချင်းစာပါတယ် ဒါ့ကြောင့်ဖြစ်လေရာရာဘဝ့ ဘဝတွေမှာအခုလိုအဖြစ်မျိုးမှကင်းပြီး ချစ်သောသူနှင့်သက်ဆုံးတိုင်လက်တွဲလျှောက်လှမ်းခွင့်ရပါစေလို့ ငါတို့အားလုံးဆုတောင်းပေးပါတယ်”
“အေးပါသူငယ်ချင်းတို့ရယ် နင်တို့အားလုံးကိုငါတကယ်ကျေးဇူးတင်ပါတယ် ငါ အိမ်မှာလုပ်စရာလေးရှိသေးလို့ပြန်ဦးမယ်နော်”
“ဟယ် ငါတို့နဲ့မှအတူပြန်လေသရဖီ”
“ဟင့်အင်း နင်တို့အားလုံးချစ်သူတွေနဲ့ချိန်းထားတာငါသိတယ် ဒါ့ကြောင့် ငါ့ဘာသာငါတစ်ယောက်တည်းပြန်တော့မယ် နော်”
“အေးပါသရဖီရယ် ဒါဆိုရင်လည်းသဘောလေ ငါတို့ညကြမှဖုန်းဆက်လိုက်ပါ့မယ်”
“ဟုတ်ပြီကေစီ ဒါဆိုငါပြန်ပြီနော်”
“အေးပါသူငယ်ချင်း အေးအေး အေး အေး”
အားလုံးကိုနှုတ်ဆက်ပြီးသော် မေသရဖီတစ်ယောက်လည်း အအေးဆိုင်အတွင်းကနေတည်ငြိမ်သောခြေလှမ်းများနှင့်ထွက်ခွာသွားလေတော့သည်။ သူမထွက်သွားလျှင် သူငယ်ချင်းအားလုံးရဲ့အကြည့်ဟာ သူမနောက်ကျောဆီသို့သာစုပြုံကျရောက်နေလေတော့သည်။ ယောကျာ်းလေးတစ်ယောက်ပမာအပေါ်ကရှပ်အင်္ကျိ၊အောက်ကဂျင်းဘောင်းဘီနှင့်မေသရဖီရဲ့အသွင်ဟာ မိန်းကလေးတစ်ယောက်ဆိုသည်ထက် ယောကျာ်းလေးတစ်ယောက်ရဲ့အသွင်နှင့်တူနေပြီး မကြာခင်မှာပင်သူမ၏ပုံရိပ်လေးဟာ ဝေး၍ ဝေး၍သွားခဲ့ရလေသည်။
စိုင်းနောင်ဟာ တောင်ကြီးကနေလာစဉ်လမ်းမှာ အခုလိုမျိုးအက်ဆီးဒင့်မဖြစ်ခဲ့ရပါလျှင် စိုင်းနောင်နှင့်မေသရဖီတို့ချစ်သူနှစ်ဦးဟာ အခုအချိန်လောက်ဆိုလျှင်မည်မျှလောက်အထိပျော်ရွှင်နေရမည်မသိ။ အခုတော့ စိုင်းနောင်ဟာသူ့ချစ်သူမေသရဖီ့ကို အမှန်တကယ်သက်ရှိထင်ရှားမျက်နှာချင်းဆုံခွင့်မရခဲ့လေပဲ မေသရဖီရဲ့အပေါ်မှာအင်မတန်ချစ်ရှာလွန်း၍သာ သူ့ကိုယ်စား သူ့ဝိညာဉ်လေးက စိတ်၏စေစားရာအတိုင်း ချစ်သူဆီကိုတော့မရောက် ရောက်အောင်လာခဲ့ရှာသေးသည်မဟုတ်ပါ၏လား…?
ညီလေးစိုင်းနောင်နဲ့မေသရဖီညီမရေ နောင်ဘဝဆိုတာရှိခဲ့မယ်ဆိုရင် အခုဘဝလိုသေကွဲကွဲခြင်းမျိုးမှကင်းဝေးပြီး ချစ်သူနှစ်ယောက်ရွှေလက်တွဲလို့ရိုးမြေကျပေါင်းသင်းခွင့်ရပါစေကွယ် လို့ ကျနော်စိုင်းဇာနည်ရင်ထဲကနေတိတ်တဆိတ်ဆုတောင်းပေးလိုက်ရင်း ဒီနေရာလေးမှာပဲ ကျနော်စိုင်းဇာနည်ရေးသားသည့် စိတ်၏စေရာ ဟု အမည်ရဖြစ်ရပ်မှန်ဇာတ်လမ်းလေးနိဂုံးကပါတ်အဆုံးသတ်ပါပြီခင်မျာ။
…………………………ပြီးပါပြီ………………………
စာရှုသူချစ်မိတ်ဆွေအပေါင်းအားအစဉ်ထါဝရချစ်ခင်လေးစားရပါသည့်~~~
#စိုင်းဇာနည် {idea sai}
စာပြီးချိန်—>6:57Am Malaysia
22-8-2019Thu