ဆန်ရေတစ်ပေါက်

“ဆန်ရေတစ်ပေါက်”(စ/ဆုံး)

ကျုပ်ဘဝမှာ အချစ်ရဆုံး သူကိုပြပါဆိုရင်
ကျုပ်မြေးလေး စန္ဒာ ကိုပဲပြရမယ်။
ကျုပ်ကသွားလေသူခင်ပွန်းသည်ကိုလည်းသိပ်မချစ်ဘူး။
တစ်ဦးတည်းသောသား ထွန်းလူ ကိုလည်းဒီလောက်ထိမချစ်ခဲ့ဘူး။
ကျုပ်ချစ်တာ ကျုပ်သားထွန်းလူ က မွေးတဲ့ မြေးမလေးစန္ဒာမ ပဲ။
ကျုပ်ကမြေးမလေးကိုချစ်လေ၊ ချွေးမက ကျုပ်ကိုနိူင်ကွက်ရလေဆိုသလိုပဲ။.
ကျုပ်မြေးဝေယျဝစ္စတွေကို ခြောက်ဆယ်ကျော်
ခုနှစ်ဆယ်နီးပါးဖြစ်တဲ့ကျုပ်က မနေနိူင်မထိုင်နိူင်လိုက်လုပ်ပေးရတာလေ။

ကျုပ်မြေးမက အသက်ဆယ့်နှစ်နှစ်ရှိပြီ။
ဒီနှစ်ထဲမှာထွားကြိုင်းလာလိုက်တာမှမပြောနဲ့။
ကျုပ်အရပ်ကိုတောင်ကျော်သွားပြီ။
ကျုပ်ကလည်း ပုတာကိုး…..
ကျုပ်ကသာပုတာနော်။
ကျုပ်အဖိုးကြီးရော၊ ကျုပ်သားထွန်းလူပါ အရပ်အမောင်းကောင်းတယ်။
စန္ဒာမလေးက အဖိုးနဲ့အဖေကိုတူရှာတာနေမှာ။

ကျုပ်မြေးမလေးကလည်းကျုပ်ကို
ချစ်ရှာတယ်ထင်ပ။.
သူ့အမေကိုသာမနမ်းချင်နေမယ်။
ကျောင်းကပြန်လာတိုင်း
“”အဖွား”” ဆိုပြီးပြေးဖက်၊ ပြေးနမ်းရှာတာလေ။
ကျုပ်လည်းချွေးမအိမ်မှာပင်ပန်းပေမယ့်
ဒီမြေးလေးကိုချစ်တဲ့စိတ်နဲ့ သည်းခံပြီးနေရတာပါပဲ။

ကျုပ်ဘဝက အိမ်မရှိယာမရှိဘဝမဟုတ်ခဲ့ဘူး။
ကျုပ်အဖိုးကြီးမသေခင်က အိမ်နဲ့ဝိုင်းနဲ့
နေခဲ့ရတာပါ။
ကျုပ်သားထွန်းလူ တက္ကသိုလ်တက်တော့
ခင်ပွန်းသည်ကလည်းဆုံးပါးသွားပြီမို့ မလုပ်တတ်၊
မကိုင်တတ်နဲ့ကျုပ် အတော်လေး ကသီ ခဲ့ရတယ်။
ရှိတာလေးတွေထုခွဲရောင်းချပြီး အိမ်ဆိုင်လေးတည်ကြည့်သေးတယ်။
လမ်းထဲမှာအပြိုင်အဆိုင် ဆိုင်တွေများနေတော့
အရင်းကထည့်မနိူင်ဘူး။
အရောင်းအဝယ်ကလည်းမကောင်းဘူးပေါ့။
နောက်ဆုံးတော့ ကျုပ်အိမ်လေးကိုပေါင်ရတယ်။
စပေါင်တုန်းကတော့ အရောင်းအဝယ်လေးပြောင်းလုပ်ကြည့်ဖို့နဲ့ တက္ကသိုလ် ကျောင်းသားရဲ့စရိတ်စကလေးပါပဲ။

တစ်နှစ်လောက်ကြာတော့ အတိုးဆိုတဲ့အတိုင်း
တိုးလာတယ်။
သည်ကြားထဲ ကျုပ်သားထွန်းလူက ကျောင်းလည်းပြီးရောမိန်းမခိုးလာပါလေရော့။
ကျုပ်ချွေးမ နုရီရဲ့မိဘတွေက သမီးပြန်အပ်တဲ့နေ့မှာပဲ ဘယ်၍ဘယ်မျှမင်္ဂလာစရိတ်ပေးပါဆိုပြီး
တောင်းကြတယ်။
ငွေပမာဏ က ဘုရားတချင်စရာရယ်။
ကျုပ်အဖြစ်က သားလုပ်စာလည်းတပြားမှမစားရသေးပဲ မိဘဝတ်ဆိုတာကြီးကြောင့် ကျုပ်သားကို
ယောက္ခမတွေမနှိမ့်ရဲအောင် လုပ်ပေးရတယ်။

သူတို့တောင်းတဲ့ငွေ ကျုပ်ကဘယ်ကရမလဲ။
အိမ်ပေါင်တဲ့အထဲက ထပ်ယူရတာပေါ့။
ကျုပ်သားရဲ့မင်္ဂလာပွဲက ခမ်းခမ်းနားနားဖြစ်သွားတယ်။
ကျုပ်ကတော့ အတိုးမသတ်နိူင်မရွေးနိူင်တဲ့ အိမ်ကို
ပြန်အမ်းငွေလေးယူပြီးထိုးအပ်လိုက်ရတယ်လေ။
ယောက္ခမအိမ်ကိုပါသွားတဲ့သားက
ကျုပ်အတွက် မယ်မယ်ရရထောက်ပံ့ပေးခဲ့တာမဟုတ်ဘူး။
ကျုပ် ကြည်ရှုဆောင်မခဲ့ တဲ့ တူတော်မောင် က
သူနေတဲ့ တွံ့တေးကိုလာနေဖို့နဲ့ သေသည်အထိပြုစုလုပ်ကျွေးပါ့မယ်ဆိုပြီးလာခေါ်ရှာတယ်။

ကျုပ်မလိုက်နိူင်ခဲ့ဘူးလေ။
အဲ့အချိန်မှာကျုပ်ချွေးမက ကိုယ့်လေးလက်ဝန်
ရှိနေပြီ။
ကျုပ်သားထွန်းလူ ကို ကျုပ်က အသက်သုံးဆယ်ကျော်မှမွေးထားတာ။
ကျုပ်သားကမွေးမယ့် ကျုပ်မြေးကို ကျုပ်ထိန်းကြောင်းချီပိုးချင်တယ်။
ကျုပ်တူနောက်ကိုမလိုက်ပဲ အိမ်ဖိုးငွေပိုလေးတွေကို
သားနဲ့ချွေးမကိုအပ်လို့ သားအိမ်ကိုတက်ခဲ့တယ်။

ချွေးမမိဘတွေက တောင်သာကြတယ်။
ထွန်းလူ တို့လင်မယားကို အိမ်တလုံးပေးထားတယ်။
ကျုပ်လည်း ထွန်းလူ တို့လင်မယားနဲ့အတူနေလိုက်တာပေါ့။
ကျုပ်ချွေးမက ဗိုက်ကလေးဗန်းပြပြီး အိပ်ယာထဲခွေနေတော့တာပဲ။.
ကျုပ်ကတော့ လစာမရတဲ့စားဖိုမှုးထမင်းချက်ရာထူးကိုတန်းရသွားတာပေါ့။

ဘာပဲဖြစ်ဖြစ် ကျုပ်ကျေနပ်ပါတယ်။
ကျုပ်မြေးမလေးကိုကျုပ်အဝချစ်ရတယ်။
ကျုပ်မြေးမလေးကိုတစ်နှစ်ကျော်ကျော်နိူ့ဖြတ်ပြီးကတည်းက ကျုပ်က ညဘက်တွေခေါ်သိပ်တာပေါ့။
အိမ်မှု့ကိစ္စလုပ်ရတာကတမျိုး၊ မြေးဝေယျာဝစ္စလုပ်ရတာကတမျိုးနဲ့ ကျုပ်ဘဝက အနားမရပါဘူး။
ဒါလည်းကျုပ်ကျေနပ်နေတာပဲ။
ကျုပ်သားကသိပ်လိမ္မာရှာတာ။
ရှာရသမျှပိုက်ဆံ မယားလက်ထဲအကုန်အပ်တော့တာပဲ။
ဆယ်ကွေ့တစ်ကွေ့တောင် ကျုပ်အတွက်
အမေသုံးဖို့ဆိုပြီးမပေးလာပါဘူး။
ကျုပ်တူ အောင်သိန်းက ရန်ကုန်လာတိုင်း
ကျုပ်ဆီလာပြီး မုန့်ဖိုးပေးပေးသွားရှာလို့သာပေါ့။
အောင်သိန်းပေးတဲ့ပိုက်ဆံက ကျုပ်သုံးရတယ်
မထင်လိုက်နဲ့ဦး။
ကျုပ်မြေးမလေးကို စားချင်တာ ၊လိုချင်တာဝယ်ပေးလို့ကုန်တာပါရော။

ကျုပ်ဒီနှစ်ပိုင်းတွေ အရင်ကလောက်မသွက်လက်တော့ဘူး။
ကျန်းမာရေး ချုချာလာတယ်။
လက်တွေခြေတွေကလည်း အရင်ကလိုမဟုတ်တော့ပဲလေးလံထိုင်းမှိုင်းလာတယ်။
မကြခဏ ဆိုသလို ဆေးခန်းပြေးရသေးတယ်။
ကျုပ်ချွေးမ နုရီ မျက်နှာမသာယာတော့ဘူး။
ငြိုငြင်နေပုံရတယ်။
ကျုပ်သား ထွန်းလူ ရှေ့ကျတော့တမျိုး၊
ကွယ်ရင်တမျိုး ကျုပ် ကိုဆက်ဆံလာတယ်။

ကျုပ်က အလုပ်လုပ်နေရမှကျန်းမာတဲ့သူ။
နေမကောင်းပေမယ့် မီးဖိုချောင်ထဲ
ကျုပ်ဝင်လုပ်နေတုန်း။
အိမ်ရှေ့၊ အိမ်နောက် အမြင်မတော်တာမှန်သမျှ
ကျုပ်လုပ်နေခဲ့တယ်။
ကျုပ်က ပညာတတ်လည်းမဟုတ်ဘူး။
သာမာန် လူတစ်ယောက် သာဖြစ်တယ်။
ချွေးမနုရီက ပညာတတ်၊ နုရီရဲ့မိဘညီအကိုမောင်နှမတွေကလည်းပညာတက် ရာထူးရာခံရှိသူတွေပေါ့။
ဒါကြောင့်ထင်ပါရဲ့ နုရီက ပညာတတ်မဟုတ်တဲ့
ကျုပ်ကိုနည်းနည်းအထင်သေးနေသလိုပါပဲ။

အို…ဒါတွေတွေးပြီးစိတ်မကောင်း
ဖြစ်နေစရာမလိုပါဘူး။
ကျုပ်မြေးမလေး..စန္ဒာမ ရှိနေရင်ကျုပ်အဖို့
ပြီးပြည်စုံတယ်။
ကျုပ်မသေခင်လေး မြေးမလေးသံယောဇဥ်နဲ့
ဒီအိမ်မှာအဆင်ပြေအောင်နေရမယ်လို့သာ
ကျုပ်တွေးထားတယ်။

တွံတွေးမှာနေတဲ့ တူတော်မောင်အာင်သိန်း က

“အိမ်ဦးခန်းမှာမိဘသဖွယ်တင်ကျွေးထားပါ့မယ်..
လာနေပါအဒေါ်ရာ””
ဆိုတာတောင် ကျုပ်က သွားမနေခဲ့ဘူး။
စိတ်ထဲမကောင်းတာတွေတွေးရင်း
ချွေးမနုရီ စိမ်ထားတဲ့အဝတ်တွေကို
ထလျှော်နေမိတယ်။
အဲ့အချိန်သား ထွန်းလူ အထုပ်အပိုးတချို့နဲ့ပြန်လာတယ်။

“”နုရေ…နု…သမီးလေးရေ စန္ဒာ “”

“”လာပြီ ကိုထွန်းရဲ့..အခန်းထဲမှာနု မီးပူတိုက်နေတာ၊
စန္ဒာ ကလမ်းထိပ်မှာမုန့်သွားဝယ်တယ်။
အထုပ်တွေအပိုးတွေနဲ့..ဘာတွေတုန်း “”

“”ဘာတွေရမလဲ.
နု ပဲ အမေတို့အဖေတို့ကို သွားကန့်တော့ချင်တယ်ဆို။
ဒါက အဖေအတွက်၊ ဒါကအမေ့အတွက်၊ဒါက
အကိုကြီးအတွက်၊ ဒါက နု ဦးလေးအတွက်
အကိုထွန်းအလုပ်ကအခုရက်ပိုင်းမအားတော့ဘူး။
ဒါကြောင့်ပိတ်ရက်လေးမှာဝယ်လာတာ
ညနေသွားကန့်တော့ကြရအောင်””

ကျုပ်..အဝတ်လျှော်နေရာကနေမြင်လည်းမြင်တယ်ကြားလည်းကြားတယ်။
ကျုပ်ရင်ထဲမကောင်းလိုက်တာ။
ဝယ်လာတဲ့အထုပ်တွေထဲမှာ “”အမေ့အတွက်””…ဆိုပြီးပါမလာပါလား။
ကျုပ်စိတ်မကောင်းပေမယ့် မသိသလိုနေပြီး
အဝတ်တွေလှန်းပြီးတာနဲ့အိမ်ထဲဝင်လိုက်တယ်။
အအေးပတ်သွားတယ်ထင်ပါရဲ့…
“”အဟွတ်..အဟွတ်..””…ဆိုပြီးချောင်းကဆိုးလာတယ်။

“”အမေတို့က ဖြစ်ပြီ
ဘယ်သူကခိုင်းနေလို့အလုပ်တွေလျှောက်လုပ်နေတာလဲ။
ပြီးရင် နေမကောင်းဖြစ်။
ဆေးခန်းပြေးရ။ သက်သက်ဒုက္ခရှာနေတာ””

“”ဟုတ်ပ…နု လျှော်မလို့စိမ်ထားတာတွေပါ။
နုအခန်းထဲမှာ မီးပူတိုက်နေတာမသိလိုက်ဘူး။
မသိရင်…နု ကခိုင်းနေသလိုဖြစ်နေပြီ””

ကျုပ်ဘာမှပြန်မပြောပဲ ကျုပ်အခန်းလေးထဲကိုဝင်လာလိုက်တယ်။
ကျုပ် ငိုချင်နေမိတယ်။
ကျုပ်ကိုကန်တော့စေချင်လို့မဟုတ်ဘူး။
လဒ်လာဘ လိုချင်လို့လဲမဟုတ်ဘူး။
ကျုပ် မေတ္တာလိုချင်တာပါ။
မိဘမေတ္တာ က စုန်ရေ..ဆိုရင် သားသမီးကပြန်ပြီးပေးဆပ်လာတဲ့သိတတ်မှု့ ဆန်ရေလေးတစ်စက်ဖြစ်ဖြစ် ကျုပ် လောဘတက်မိတာပါ။
ကျုပ်သဘောထားနုတယ်..ဖြစ်မှာစိုးလို့
အပြင်မထွက်ပဲ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။

“”ဟော..သမီးလေးဘယ်တွေသွားနေတာလည်း
အဖိုးတို့အဖွားတို့ကိုသွားကန့်တော့မလို့သမီးရဲ့။
ခဏနားပြီးရေမိုးချိုး ပြင်ဆင်နော်။
ပြီးရင်သွားကြမယ်။
ညကျမှပြန်လာကြမယ်။
အမျိုးတွေကိုပတ်ကန်တော့ကြမယ်လေ””

“”ဟုတ်…ဖေဖေ””

ကျုပ်မြေးလေးအခန်းထဲဝင်လာတယ်။
ကျုပ်အိပ်နေတာကိုလာကြည့်တယ်။

“”အဖွား…အိပ်နေတာလား နေမကောင်းဘူးလား””

“”ကောင်းတယ်မြေးလေး…အဖွားအိပ်ချင်လို့””

“”သမီးတို့ အဖိုးတို့အိမ် ခဏသွားဦးမယ်။
ညမှပြန်လာခဲ့မယ်အဖွား။
ထမင်းစားထားနှင့်နော် “”

“”အေးပါကွယ်….အေးပါ””

သားနဲ့ချွေးမ မိသားတစ်စုထွက်သွားတော့
အိမ်ကလေးထဲမှာကျုပ်တစ်ယောက်တည်းကျန်ခဲ့တယ်။
မနှစ်ကလည်းကျုပ်ကို မကန်တော့ခဲ့ကြဘူး။
တစ်မြန်နှစ်ကလည်း…….
ကျုပ်ကိုယ် ကျုပ်စဥ်းစားတယ်။
ကျုပ်ဟာ မိဘအရာကနေ သားသမီးတွေ
ကြည်ဖြု သဒ္ဓါအောင် မနေတတ် မစားတတ်သူလား။
ကျုပ်..အောက်ခြေသိမ်းလိုက်လုပ်ပေးနေလို့များ
မလေးမစားအထင်သေးနေသလား။
ကျုပ်တကယ့်ကို နားမလည်တော့တာပါ။
ကျုပ်သိတာက ကျုပ်ရင်ထဲမကောင်း
ဖြစ်နေတာပါပဲ။
ကျုပ်ကိုင်တဲ့ခလုတ်ဖုန်းလေးအသံမြည်လာတယ်။

“”အဒေါ်…ကျွန်တော်အောင်သိန်း ပါ။
ဒီရက်ပိုင်းအဒေါ်ဆီလာမလို့ပဲ။
အလုပ်ကလုံးဝမအားဘူး အဒေါ်ရယ်။
ဒါကြောင့်…wavemoney နဲ့ ငွေငါးသောင်းအခုလွဲပေးလိုက်မယ်။
password က(******) အဒေါ်တို့လမ်းထိပ်က
ဆိုင်မှာအခုသွားထုတ်လိုက်နော်
ကျနော်ရန်ကုန်လာမှအဒေါ်ကို ရှစ်ခိုးကန့်တော့မယ်””

“”သာဓု ပါငါတူရယ်””

အဲ့နေ့က တူတော်မောင်ကန့်တော့လို့ငွေငါးသောင်းရခဲ့တယ်။
ကျုပ်ဝမ်းသာတယ် ကျုပ်တကယ်လိုချင်တာမေတ္တာတရားပါ။
ကျုပ်တူလေးက ငွေငါးသောင်းတင်ကန်တော့တာမဟုတ်ဘူး။
မေတ္တာတရားပါထည့်ကန်တော့လိုက်တာ။
ကျုပ်သားနဲ့ချွေးမဆီက မေတ္တာတရားနဲ့ကန်တော့တာလေးလိုချင်လိုက်တာ။

ညရောက်တော့ သားတို့မိသားစုပြန်လာကြတယ်။
ရောက်တယ်ဆိုရင်ပဲ
မြေးမလေးက သူ့အဖေနဲ့အမေကိုမေးတယ်။

“”အဖွားကို ကန့်တော့ရအောင်လေ
အဖွားအတွက်ဘာဝယ်ထားလဲ””

ကျုပ်သားရောချွေးမရောပါးစပ်အဟောင်းသားနဲ့။
မြေးမလေးကိုပြန်မဖြေနိူင်ကြဘူး။
ဘယ်ဖြေနိူင်မလဲ။
ကျုပ်အတွက်ဆိုပြီး ဝယ်ထားတာမှမရှိတာ။
မြေးမလေး မျက်နှာပျက်သွားတယ်။
ကျုပ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေပုံရတယ်။
မြေးမလေး အခန်းထဲဝင်သွားတယ်။
စာအိတ်လေးတစ်အိတ်ယူလာတယ်။

“”အဖွား…လာလေ ခေါင်းရင်းမှာထိုင်ပါ
ဒါက သမီးရထားတဲ့မုန့်ဖိုးတစ်သောင်းပါ။
အဖွားကိုကန်တော့ပါတယ်။
အဖွားအပေါ် ကာယကံ၊ဝစီကံ၊မနောကံနဲ့ပြစ်မှားခဲ့သည်များရှိသော်ခွင့်လွှတ်ပါလို့တောင်းပန်ရင်းကန်တော့ပါရစေ””

မြေးမလေးက ဦးချနေပြီမို့ ကျုပ်သားနဲ့ချွေးမလည်း
ထိုင်နေရာကဆင်းပြီးကျုပ်ကို ကုန်းဦးချပါလေရော။
ကျုပ်သားထွန်းလူ လည်း ပိုက်ဆံသုံးသောင်း
ထုတ်ပြီး မြေးမလေးကန့်တော့တဲ့စာအိတ်လေးပေါ်အမြန်တင်လို့ ဒုတိယအကြိမ် ဦးချပြန်တယ်။

“”သား က အမေသုံးချင်တာသုံးလို့ရအောင် ပိုက်ဆံကန့်တော့မှာမို့ ပစ္စည်းမဝယ်ထားတာပါ””

ကျုပ်လည်း သာဓု တွေခေါ်ပြီး ဆုမွန်တွေ
ခြွေပေးလိုက်တယ်။
မြေးမလေး ကြောင့် ကျုပ်သားထွန်းလူ လင်မယားကျုပ်ကိုထ ကန်တော့တာ ကျုပ်သိပါတယ်။
ကိုယ့်စိုက်တာကို ကိုယ်ရိတ်သိမ်းရမယ်မဟုတ်လား။
ကျုပ်ကတော့ ကျုပ်သားထွန်းလူကို
စေတနာမေတ္တာအပြည့်နဲ့သာ ပြုစုပျိုးထောင်ခဲ့တာပါ။
မြေးမလေး ကြောင့်သာမဟုတ်ရင် ဒီတစ်နှစ်လည်း
ကျုပ်ကို ကန်တော့လိမ့်မယ်မထင်ပါဘူး။
မြေးမလေးကြောင့် သူတို့ အသိတစ်ခုလင်းလက်ပြီးကျုပ်ကို ကန်တော့ကြတာ။

ဘာကြောင့်ပဲကန်တော့၊ကန်တော့ ကျုပ်ကျေနပ်တယ်။
ကျုပ်က ဂရုတစိုက်သိတတ်မှု့ကိုလိုချင်နေသူလေ။
မေတ္တာလိုချင်နေသူလေ။
မေတ္တာ အတုပဲဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် ကျုပ်လက်ခံပါတယ်။
ကျုပ် အသက်ကြီးပါပြီ။သေခါလည်းနီးပါပြီ။
သံယောဇဉ် ကြိုးတွေအမျှင်တန်းပြီးသံသရာလမ်းကနေ မလွတ်သမျှ ဆန်ရေတစ်ပေါက်မျှဖြစ်ဖြစ်
ကျုပ်သောက်သုံးခွင့်လေးရပါစေ။

ယွန်းနှင်းဆီခိုင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

“ဆန္ေရတစ္ေပါက္”(စ/ဆုံး)

က်ဳပ္ဘဝမွာ အခ်စ္ရဆုံး သူကိုျပပါဆိုရင္
က်ဳပ္ေျမးေလး စႏၵာ ကိုပဲျပရမယ္။
က်ဳပ္ကသြားေလသူခင္ပြန္းသည္ကိုလည္းသိပ္မခ်စ္ဘူး။
တစ္ဦးတည္းေသာသား ထြန္းလူ ကိုလည္းဒီေလာက္ထိမခ်စ္ခဲ့ဘူး။
က်ဳပ္ခ်စ္တာ က်ဳပ္သားထြန္းလူ က ေမြးတဲ့ ေျမးမေလးစႏၵာမ ပဲ။
က်ဳပ္ကေျမးမေလးကိုခ်စ္ေလ၊ ေခြၽးမက က်ဳပ္ကိုႏိူင္ကြက္ရေလဆိုသလိုပဲ။.
က်ဳပ္ေျမးေဝယ်ဝစၥေတြကို ေျခာက္ဆယ္ေက်ာ္
ခုႏွစ္ဆယ္နီးပါးျဖစ္တဲ့က်ဳပ္က မေနႏိူင္မထိုင္ႏိူင္လိုက္လုပ္ေပးရတာေလ။

က်ဳပ္ေျမးမက အသက္ဆယ့္ႏွစ္ႏွစ္ရွိၿပီ။
ဒီႏွစ္ထဲမွာထြားႀကိဳင္းလာလိုက္တာမွမေျပာနဲ႔။
က်ဳပ္အရပ္ကိုေတာင္ေက်ာ္သြားၿပီ။
က်ဳပ္ကလည္း ပုတာကိုး…..
က်ဳပ္ကသာပုတာေနာ္။
က်ဳပ္အဖိုးႀကီးေရာ၊ က်ဳပ္သားထြန္းလူပါ အရပ္အေမာင္းေကာင္းတယ္။
စႏၵာမေလးက အဖိုးနဲ႔အေဖကိုတူရွာတာေနမွာ။

က်ဳပ္ေျမးမေလးကလည္းက်ဳပ္ကို
ခ်စ္ရွာတယ္ထင္ပ။.
သူ႔အေမကိုသာမနမ္းခ်င္ေနမယ္။
ေက်ာင္းကျပန္လာတိုင္း
“”အဖြား”” ဆိုၿပီးေျပးဖက္၊ ေျပးနမ္းရွာတာေလ။
က်ဳပ္လည္းေခြၽးမအိမ္မွာပင္ပန္းေပမယ့္
ဒီေျမးေလးကိုခ်စ္တဲ့စိတ္နဲ႔ သည္းခံၿပီးေနရတာပါပဲ။

က်ဳပ္ဘဝက အိမ္မရွိယာမရွိဘဝမဟုတ္ခဲ့ဘူး။
က်ဳပ္အဖိုးႀကီးမေသခင္က အိမ္နဲ႔ဝိုင္းနဲ႔
ေနခဲ့ရတာပါ။
က်ဳပ္သားထြန္းလူ တကၠသိုလ္တက္ေတာ့
ခင္ပြန္းသည္ကလည္းဆုံးပါးသြားၿပီမို႔ မလုပ္တတ္၊
မကိုင္တတ္နဲ႔က်ဳပ္ အေတာ္ေလး ကသီ ခဲ့ရတယ္။
ရွိတာေလးေတြထုခြဲေရာင္းခ်ၿပီး အိမ္ဆိုင္ေလးတည္ၾကည့္ေသးတယ္။
လမ္းထဲမွာအၿပိဳင္အဆိုင္ ဆိုင္ေတြမ်ားေနေတာ့
အရင္းကထည့္မႏိူင္ဘူး။
အေရာင္းအဝယ္ကလည္းမေကာင္းဘူးေပါ့။
ေနာက္ဆုံးေတာ့ က်ဳပ္အိမ္ေလးကိုေပါင္ရတယ္။
စေပါင္တုန္းကေတာ့ အေရာင္းအဝယ္ေလးေျပာင္းလုပ္ၾကည့္ဖို႔နဲ႔ တကၠသိုလ္ ေက်ာင္းသားရဲ႕စရိတ္စကေလးပါပဲ။

တစ္ႏွစ္ေလာက္ၾကာေတာ့ အတိုးဆိုတဲ့အတိုင္း
တိုးလာတယ္။
သည္ၾကားထဲ က်ဳပ္သားထြန္းလူက ေက်ာင္းလည္းၿပီးေရာမိန္းမခိုးလာပါေလေရာ့။
က်ဳပ္ေခြၽးမ ႏုရီရဲ႕မိဘေတြက သမီးျပန္အပ္တဲ့ေန႔မွာပဲ ဘယ္၍ဘယ္မွ်မဂၤလာစရိတ္ေပးပါဆိုၿပီး
ေတာင္းၾကတယ္။
ေငြပမာဏ က ဘုရားတခ်င္စရာရယ္။
က်ဳပ္အျဖစ္က သားလုပ္စာလည္းတျပားမွမစားရေသးပဲ မိဘဝတ္ဆိုတာႀကီးေၾကာင့္ က်ဳပ္သားကို
ေယာကၡမေတြမႏွိမ့္ရဲေအာင္ လုပ္ေပးရတယ္။

သူတို႔ေတာင္းတဲ့ေငြ က်ဳပ္ကဘယ္ကရမလဲ။
အိမ္ေပါင္တဲ့အထဲက ထပ္ယူရတာေပါ့။
က်ဳပ္သားရဲ႕မဂၤလာပြဲက ခမ္းခမ္းနားနားျဖစ္သြားတယ္။
က်ဳပ္ကေတာ့ အတိုးမသတ္ႏိူင္မေ႐ြးႏိူင္တဲ့ အိမ္ကို
ျပန္အမ္းေငြေလးယူၿပီးထိုးအပ္လိုက္ရတယ္ေလ။
ေယာကၡမအိမ္ကိုပါသြားတဲ့သားက
က်ဳပ္အတြက္ မယ္မယ္ရရေထာက္ပံ့ေပးခဲ့တာမဟုတ္ဘူး။
က်ဳပ္ ၾကည္ရႈေဆာင္မခဲ့ တဲ့ တူေတာ္ေမာင္ က
သူေနတဲ့ တြံ႕ေတးကိုလာေနဖို႔နဲ႔ ေသသည္အထိျပဳစုလုပ္ေကြၽးပါ့မယ္ဆိုၿပီးလာေခၚရွာတယ္။

က်ဳပ္မလိုက္ႏိူင္ခဲ့ဘူးေလ။
အဲ့အခ်ိန္မွာက်ဳပ္ေခြၽးမက ကိုယ့္ေလးလက္ဝန္
ရွိေနၿပီ။
က်ဳပ္သားထြန္းလူ ကို က်ဳပ္က အသက္သုံးဆယ္ေက်ာ္မွေမြးထားတာ။
က်ဳပ္သားကေမြးမယ့္ က်ဳပ္ေျမးကို က်ဳပ္ထိန္းေၾကာင္းခ်ီပိုးခ်င္တယ္။
က်ဳပ္တူေနာက္ကိုမလိုက္ပဲ အိမ္ဖိုးေငြပိုေလးေတြကို
သားနဲ႔ေခြၽးမကိုအပ္လို႔ သားအိမ္ကိုတက္ခဲ့တယ္။

ေခြၽးမမိဘေတြက ေတာင္သာၾကတယ္။
ထြန္းလူ တို႔လင္မယားကို အိမ္တလုံးေပးထားတယ္။
က်ဳပ္လည္း ထြန္းလူ တို႔လင္မယားနဲ႔အတူေနလိုက္တာေပါ့။
က်ဳပ္ေခြၽးမက ဗိုက္ကေလးဗန္းျပၿပီး အိပ္ယာထဲေခြေနေတာ့တာပဲ။.
က်ဳပ္ကေတာ့ လစာမရတဲ့စားဖိုမႈးထမင္းခ်က္ရာထူးကိုတန္းရသြားတာေပါ့။

ဘာပဲျဖစ္ျဖစ္ က်ဳပ္ေက်နပ္ပါတယ္။
က်ဳပ္ေျမးမေလးကိုက်ဳပ္အဝခ်စ္ရတယ္။
က်ဳပ္ေျမးမေလးကိုတစ္ႏွစ္ေက်ာ္ေက်ာ္ႏိူ႔ျဖတ္ၿပီးကတည္းက က်ဳပ္က ညဘက္ေတြေခၚသိပ္တာေပါ့။
အိမ္မႈ႕ကိစၥလုပ္ရတာကတမ်ိဳး၊ ေျမးေဝယ်ာဝစၥလုပ္ရတာကတမ်ိဳးနဲ႔ က်ဳပ္ဘဝက အနားမရပါဘူး။
ဒါလည္းက်ဳပ္ေက်နပ္ေနတာပဲ။
က်ဳပ္သားကသိပ္လိမၼာရွာတာ။
ရွာရသမွ်ပိုက္ဆံ မယားလက္ထဲအကုန္အပ္ေတာ့တာပဲ။
ဆယ္ေကြ႕တစ္ေကြ႕ေတာင္ က်ဳပ္အတြက္
အေမသုံးဖို႔ဆိုၿပီးမေပးလာပါဘူး။
က်ဳပ္တူ ေအာင္သိန္းက ရန္ကုန္လာတိုင္း
က်ဳပ္ဆီလာၿပီး မုန္႔ဖိုးေပးေပးသြားရွာလို႔သာေပါ့။
ေအာင္သိန္းေပးတဲ့ပိုက္ဆံက က်ဳပ္သုံးရတယ္
မထင္လိုက္နဲ႔ဦး။
က်ဳပ္ေျမးမေလးကို စားခ်င္တာ ၊လိုခ်င္တာဝယ္ေပးလို႔ကုန္တာပါေရာ။

က်ဳပ္ဒီႏွစ္ပိုင္းေတြ အရင္ကေလာက္မသြက္လက္ေတာ့ဘူး။
က်န္းမာေရး ခ်ဳခ်ာလာတယ္။
လက္ေတြေျခေတြကလည္း အရင္ကလိုမဟုတ္ေတာ့ပဲေလးလံထိုင္းမႈိင္းလာတယ္။
မၾကခဏ ဆိုသလို ေဆးခန္းေျပးရေသးတယ္။
က်ဳပ္ေခြၽးမ ႏုရီ မ်က္ႏွာမသာယာေတာ့ဘူး။
ၿငိဳျငင္ေနပုံရတယ္။
က်ဳပ္သား ထြန္းလူ ေရွ႕က်ေတာ့တမ်ိဳး၊
ကြယ္ရင္တမ်ိဳး က်ဳပ္ ကိုဆက္ဆံလာတယ္။

က်ဳပ္က အလုပ္လုပ္ေနရမွက်န္းမာတဲ့သူ။
ေနမေကာင္းေပမယ့္ မီးဖိုေခ်ာင္ထဲ
က်ဳပ္ဝင္လုပ္ေနတုန္း။
အိမ္ေရွ႕၊ အိမ္ေနာက္ အျမင္မေတာ္တာမွန္သမွ်
က်ဳပ္လုပ္ေနခဲ့တယ္။
က်ဳပ္က ပညာတတ္လည္းမဟုတ္ဘူး။
သာမာန္ လူတစ္ေယာက္ သာျဖစ္တယ္။
ေခြၽးမႏုရီက ပညာတတ္၊ ႏုရီရဲ႕မိဘညီအကိုေမာင္ႏွမေတြကလည္းပညာတက္ ရာထူးရာခံရွိသူေတြေပါ့။
ဒါေၾကာင့္ထင္ပါရဲ႕ ႏုရီက ပညာတတ္မဟုတ္တဲ့
က်ဳပ္ကိုနည္းနည္းအထင္ေသးေနသလိုပါပဲ။

အို…ဒါေတြေတြးၿပီးစိတ္မေကာင္း
ျဖစ္ေနစရာမလိုပါဘူး။
က်ဳပ္ေျမးမေလး..စႏၵာမ ရွိေနရင္က်ဳပ္အဖို႔
ၿပီးျပည္စုံတယ္။
က်ဳပ္မေသခင္ေလး ေျမးမေလးသံေယာဇဥ္နဲ႔
ဒီအိမ္မွာအဆင္ေျပေအာင္ေနရမယ္လို႔သာ
က်ဳပ္ေတြးထားတယ္။

တြံေတြးမွာေနတဲ့ တူေတာ္ေမာင္အာင္သိန္း က

“အိမ္ဦးခန္းမွာမိဘသဖြယ္တင္ေကြၽးထားပါ့မယ္..
လာေနပါအေဒၚရာ””
ဆိုတာေတာင္ က်ဳပ္က သြားမေနခဲ့ဘူး။
စိတ္ထဲမေကာင္းတာေတြေတြးရင္း
ေခြၽးမႏုရီ စိမ္ထားတဲ့အဝတ္ေတြကို
ထေလွ်ာ္ေနမိတယ္။
အဲ့အခ်ိန္သား ထြန္းလူ အထုပ္အပိုးတခ်ိဳ႕နဲ႔ျပန္လာတယ္။

“”ႏုေရ…ႏု…သမီးေလးေရ စႏၵာ “”

“”လာၿပီ ကိုထြန္းရဲ႕..အခန္းထဲမွာႏု မီးပူတိုက္ေနတာ၊
စႏၵာ ကလမ္းထိပ္မွာမုန္႔သြားဝယ္တယ္။
အထုပ္ေတြအပိုးေတြနဲ႔..ဘာေတြတုန္း “”

“”ဘာေတြရမလဲ.
ႏု ပဲ အေမတို႔အေဖတို႔ကို သြားကန္႔ေတာ့ခ်င္တယ္ဆို။
ဒါက အေဖအတြက္၊ ဒါကအေမ့အတြက္၊ဒါက
အကိုႀကီးအတြက္၊ ဒါက ႏု ဦးေလးအတြက္
အကိုထြန္းအလုပ္ကအခုရက္ပိုင္းမအားေတာ့ဘူး။
ဒါေၾကာင့္ပိတ္ရက္ေလးမွာဝယ္လာတာ
ညေနသြားကန္႔ေတာ့ၾကရေအာင္””

က်ဳပ္..အဝတ္ေလွ်ာ္ေနရာကေနျမင္လည္းျမင္တယ္ၾကားလည္းၾကားတယ္။
က်ဳပ္ရင္ထဲမေကာင္းလိုက္တာ။
ဝယ္လာတဲ့အထုပ္ေတြထဲမွာ “”အေမ့အတြက္””…ဆိုၿပီးပါမလာပါလား။
က်ဳပ္စိတ္မေကာင္းေပမယ့္ မသိသလိုေနၿပီး
အဝတ္ေတြလွန္းၿပီးတာနဲ႔အိမ္ထဲဝင္လိုက္တယ္။
အေအးပတ္သြားတယ္ထင္ပါရဲ႕…
“”အဟြတ္..အဟြတ္..””…ဆိုၿပီးေခ်ာင္းကဆိုးလာတယ္။

“”အေမတို႔က ျဖစ္ၿပီ
ဘယ္သူကခိုင္းေနလို႔အလုပ္ေတြေလွ်ာက္လုပ္ေနတာလဲ။
ၿပီးရင္ ေနမေကာင္းျဖစ္။
ေဆးခန္းေျပးရ။ သက္သက္ဒုကၡရွာေနတာ””

“”ဟုတ္ပ…ႏု ေလွ်ာ္မလို႔စိမ္ထားတာေတြပါ။
ႏုအခန္းထဲမွာ မီးပူတိုက္ေနတာမသိလိုက္ဘူး။
မသိရင္…ႏု ကခိုင္းေနသလိုျဖစ္ေနၿပီ””

က်ဳပ္ဘာမွျပန္မေျပာပဲ က်ဳပ္အခန္းေလးထဲကိုဝင္လာလိုက္တယ္။
က်ဳပ္ ငိုခ်င္ေနမိတယ္။
က်ဳပ္ကိုကန္ေတာ့ေစခ်င္လို႔မဟုတ္ဘူး။
လဒ္လာဘ လိုခ်င္လို႔လဲမဟုတ္ဘူး။
က်ဳပ္ ေမတၱာလိုခ်င္တာပါ။
မိဘေမတၱာ က စုန္ေရ..ဆိုရင္ သားသမီးကျပန္ၿပီးေပးဆပ္လာတဲ့သိတတ္မႈ႕ ဆန္ေရေလးတစ္စက္ျဖစ္ျဖစ္ က်ဳပ္ ေလာဘတက္မိတာပါ။
က်ဳပ္သေဘာထားႏုတယ္..ျဖစ္မွာစိုးလို႔
အျပင္မထြက္ပဲ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္တယ္။

“”ေဟာ..သမီးေလးဘယ္ေတြသြားေနတာလည္း
အဖိုးတို႔အဖြားတို႔ကိုသြားကန္႔ေတာ့မလို႔သမီးရဲ႕။
ခဏနားၿပီးေရမိုးခ်ိဳး ျပင္ဆင္ေနာ္။
ၿပီးရင္သြားၾကမယ္။
ညက်မွျပန္လာၾကမယ္။
အမ်ိဳးေတြကိုပတ္ကန္ေတာ့ၾကမယ္ေလ””

“”ဟုတ္…ေဖေဖ””

က်ဳပ္ေျမးေလးအခန္းထဲဝင္လာတယ္။
က်ဳပ္အိပ္ေနတာကိုလာၾကည့္တယ္။

“”အဖြား…အိပ္ေနတာလား ေနမေကာင္းဘူးလား””

“”ေကာင္းတယ္ေျမးေလး…အဖြားအိပ္ခ်င္လို႔””

“”သမီးတို႔ အဖိုးတို႔အိမ္ ခဏသြားဦးမယ္။
ညမွျပန္လာခဲ့မယ္အဖြား။
ထမင္းစားထားႏွင့္ေနာ္ “”

“”ေအးပါကြယ္….ေအးပါ””

သားနဲ႔ေခြၽးမ မိသားတစ္စုထြက္သြားေတာ့
အိမ္ကေလးထဲမွာက်ဳပ္တစ္ေယာက္တည္းက်န္ခဲ့တယ္။
မႏွစ္ကလည္းက်ဳပ္ကို မကန္ေတာ့ခဲ့ၾကဘူး။
တစ္ျမန္ႏွစ္ကလည္း…….
က်ဳပ္ကိုယ္ က်ဳပ္စဥ္းစားတယ္။
က်ဳပ္ဟာ မိဘအရာကေန သားသမီးေတြ
ၾကည္ျဖဳ သဒၶါေအာင္ မေနတတ္ မစားတတ္သူလား။
က်ဳပ္..ေအာက္ေျခသိမ္းလိုက္လုပ္ေပးေနလို႔မ်ား
မေလးမစားအထင္ေသးေနသလား။
က်ဳပ္တကယ့္ကို နားမလည္ေတာ့တာပါ။
က်ဳပ္သိတာက က်ဳပ္ရင္ထဲမေကာင္း
ျဖစ္ေနတာပါပဲ။
က်ဳပ္ကိုင္တဲ့ခလုတ္ဖုန္းေလးအသံျမည္လာတယ္။

“”အေဒၚ…ကြၽန္ေတာ္ေအာင္သိန္း ပါ။
ဒီရက္ပိုင္းအေဒၚဆီလာမလို႔ပဲ။
အလုပ္ကလုံးဝမအားဘူး အေဒၚရယ္။
ဒါေၾကာင့္…wavemoney နဲ႔ ေငြငါးေသာင္းအခုလြဲေပးလိုက္မယ္။
password က(******) အေဒၚတို႔လမ္းထိပ္က
ဆိုင္မွာအခုသြားထုတ္လိုက္ေနာ္
က်ေနာ္ရန္ကုန္လာမွအေဒၚကို ရွစ္ခိုးကန္႔ေတာ့မယ္””

“”သာဓု ပါငါတူရယ္””

အဲ့ေန႔က တူေတာ္ေမာင္ကန္႔ေတာ့လို႔ေငြငါးေသာင္းရခဲ့တယ္။
က်ဳပ္ဝမ္းသာတယ္ က်ဳပ္တကယ္လိုခ်င္တာေမတၱာတရားပါ။
က်ဳပ္တူေလးက ေငြငါးေသာင္းတင္ကန္ေတာ့တာမဟုတ္ဘူး။
ေမတၱာတရားပါထည့္ကန္ေတာ့လိုက္တာ။
က်ဳပ္သားနဲ႔ေခြၽးမဆီက ေမတၱာတရားနဲ႔ကန္ေတာ့တာေလးလိုခ်င္လိုက္တာ။

ညေရာက္ေတာ့ သားတို႔မိသားစုျပန္လာၾကတယ္။
ေရာက္တယ္ဆိုရင္ပဲ
ေျမးမေလးက သူ႔အေဖနဲ႔အေမကိုေမးတယ္။

“”အဖြားကို ကန္႔ေတာ့ရေအာင္ေလ
အဖြားအတြက္ဘာဝယ္ထားလဲ””

က်ဳပ္သားေရာေခြၽးမေရာပါးစပ္အေဟာင္းသားနဲ႔။
ေျမးမေလးကိုျပန္မေျဖႏိူင္ၾကဘူး။
ဘယ္ေျဖႏိူင္မလဲ။
က်ဳပ္အတြက္ဆိုၿပီး ဝယ္ထားတာမွမရွိတာ။
ေျမးမေလး မ်က္ႏွာပ်က္သြားတယ္။
က်ဳပ္ကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနပုံရတယ္။
ေျမးမေလး အခန္းထဲဝင္သြားတယ္။
စာအိတ္ေလးတစ္အိတ္ယူလာတယ္။

“”အဖြား…လာေလ ေခါင္းရင္းမွာထိုင္ပါ
ဒါက သမီးရထားတဲ့မုန္႔ဖိုးတစ္ေသာင္းပါ။
အဖြားကိုကန္ေတာ့ပါတယ္။
အဖြားအေပၚ ကာယကံ၊ဝစီကံ၊မေနာကံနဲ႔ျပစ္မွားခဲ့သည္မ်ားရွိေသာ္ခြင့္လႊတ္ပါလို႔ေတာင္းပန္ရင္းကန္ေတာ့ပါရေစ””

ေျမးမေလးက ဦးခ်ေနၿပီမို႔ က်ဳပ္သားနဲ႔ေခြၽးမလည္း
ထိုင္ေနရာကဆင္းၿပီးက်ဳပ္ကို ကုန္းဦးခ်ပါေလေရာ။
က်ဳပ္သားထြန္းလူ လည္း ပိုက္ဆံသုံးေသာင္း
ထုတ္ၿပီး ေျမးမေလးကန္႔ေတာ့တဲ့စာအိတ္ေလးေပၚအျမန္တင္လို႔ ဒုတိယအႀကိမ္ ဦးခ်ျပန္တယ္။

“”သား က အေမသုံးခ်င္တာသုံးလို႔ရေအာင္ ပိုက္ဆံကန္႔ေတာ့မွာမို႔ ပစၥည္းမဝယ္ထားတာပါ””

က်ဳပ္လည္း သာဓု ေတြေခၚၿပီး ဆုမြန္ေတြ
ေႁခြေပးလိုက္တယ္။
ေျမးမေလး ေၾကာင့္ က်ဳပ္သားထြန္းလူ လင္မယားက်ဳပ္ကိုထ ကန္ေတာ့တာ က်ဳပ္သိပါတယ္။
ကိုယ့္စိုက္တာကို ကိုယ္ရိတ္သိမ္းရမယ္မဟုတ္လား။
က်ဳပ္ကေတာ့ က်ဳပ္သားထြန္းလူကို
ေစတနာေမတၱာအျပည့္နဲ႔သာ ျပဳစုပ်ိဳးေထာင္ခဲ့တာပါ။
ေျမးမေလး ေၾကာင့္သာမဟုတ္ရင္ ဒီတစ္ႏွစ္လည္း
က်ဳပ္ကို ကန္ေတာ့လိမ့္မယ္မထင္ပါဘူး။
ေျမးမေလးေၾကာင့္ သူတို႔ အသိတစ္ခုလင္းလက္ၿပီးက်ဳပ္ကို ကန္ေတာ့ၾကတာ။

ဘာေၾကာင့္ပဲကန္ေတာ့၊ကန္ေတာ့ က်ဳပ္ေက်နပ္တယ္။
က်ဳပ္က ဂ႐ုတစိုက္သိတတ္မႈ႕ကိုလိုခ်င္ေနသူေလ။
ေမတၱာလိုခ်င္ေနသူေလ။
ေမတၱာ အတုပဲျဖစ္ျဖစ္ အစစ္ပဲျဖစ္ျဖစ္ က်ဳပ္လက္ခံပါတယ္။
က်ဳပ္ အသက္ႀကီးပါၿပီ။ေသခါလည္းနီးပါၿပီ။
သံေယာဇဥ္ ႀကိဳးေတြအမွ်င္တန္းၿပီးသံသရာလမ္းကေန မလြတ္သမွ် ဆန္ေရတစ္ေပါက္မွ်ျဖစ္ျဖစ္
က်ဳပ္ေသာက္သုံးခြင့္ေလးရပါေစ။

ယြန္းႏွင္းဆီခိုင္
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°