” ညောင်ညိုပင်က တစ္ဆေအို “(စ-ဆုံး)

Unicode Version

” ညောင်ညိုပင်က တစ္ဆေအို “(စ-ဆုံး)
————————————

ရာသီဥတုလေးက ကြည်လင်လို့နေသည်။ ကောင်းကင်ကြီးမှာလည်း အပြာတောက်တောက် ဖြစ်လို့နေကာ ဝါဂွမ်းစလေးများလို ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲနေသော တိမ်တိုက်ကလေးများ နှင့် အလွန်ပင် ပနံရလိုက်ဖက်လို့နေ၏။ ထိုကောင်းကင်ကြီးအောက်တွင်ရှိသော အမြန်လမ်းကလေးပေါ်တွင်တော့ လူသယ်ယာဉ် အိတ်စ်ပက်စ် ကား အနီလေးကလည်း တရွေ့ရွေ့‌မောင်းနှင်လို့။
မရောက်ဖြစ်သည်မှာ အတန်ကြာနေ‌ပြီဖြစ်သော အဖိုး၏ ရွာကလေးကို ဒီလ ကျောင်းပိတ်ရက်ကလေးမှာ ကျွန်တော် သွားဖြစ်လိုက်သည်။ အတွေးသစ်အမြင်သစ်များ ရလိုသည်က တစ်ကြောင်း အဖိုးအား လွမ်းသည်ကလည်းတစ်ကြောင်း စသဖြင့် အကြောင်းပြချက်များနှင့် အတူ ကတ္တရာလမ်းနှင့်တာရာ ထိတွေ့ သံလေးကလည်း စည်းချက်ကျကျ ထွက်ပေါ်လို့နေလေသည်။
ရာသီဥတု မပူလောင်လွန်း၍‌သာ သက်သာလေ၏။ မဟုတ်လျှင် ကျောရော တင်ပါ ပူနေမည်မှာ ထိုလမ်း ခရီးကို မကြာခနလာရောက်ဖူးသော ကျွန်တော်သာ လျှင် အသိဆုံးဖြစ်သည်။
ယခု လိုက်ပါ စီးနှင်းလာသော ကားဆရာ နှင့်လည်း အတော်အတန်ရင်းနှီး နေပြီမို့ မည်သည့်နေရာတွင် ရပ်မည် မည်သည့်နေရာသို့ပို့ပေးပါ ဟုပင် ပြောနေစရာပင် မလို။ အတန်ကြာအောင် လိုက်ပါပြီးခဲ့သည့် နောက်မှာတော့ အဖိုးရဲ့ ရွာအ၀င်လေး ဆီသို့ ကားက ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာခဲ့ပါတော့သည်။ ထိုအခါ ကားဆရာ ကိုမြမောင်က
“ကဲ … ကိုယ့်ညီရေ … ရောက်ပီဟေ့ ”
ဟုဆိုကာ ကားကို အရှိန်သတ်ပြီး လမ်းဘေးတစ်နေရာတွင် ချရပ်ပေးလိုက်သည်။ ကျွန်တော်လည်း ခေတ္တတဖြုတ် အလည်လာသူမို့ ထွေထွေထူးထူး ပစ္စည်း ပစ္စယများ ယူမလာခဲ့ပါ။ ပေါ့ပေါ့ပါးပါး ကျောပိုးအိတ်ကလေး တစ်လုံးကိုသာ အ၀တ်အစား သုံးလေးစုံထည့်၍သာ ယူလာခဲ့သည်။
ကိုမြမောင် ရပ်ပေးသော နေရာတွင်သာ ကျွန်တော်လည်း ဆင်းလိုက်ပြီး ရွာအ၀င်လမ်းလေးကို စတင်လျှောက်ခဲ့လိုက်ပါသည်။
ယခင်ကတည်းက ရွာအထဲထိ ကားစီး မ၀င်ဘဲ လမ်းလျှောက်ကာ ဒေသန္တရဗဟုသုတများနှင့်အတူ ရွာ၏ အခြေအနေကို ကြည့်ရင်း အဖိုးအိမ်သို့ လမ်းလျှောက်သွားတတ်သည်မှာ အကျင့်တစ်ခုလိုပင် ဖြစ်လို့နေချေပြီ။
ရွာအပြင် ခပ်လှမ်းလှမ်း တွင်တော့ တောင်ကုန်းနိမ့် ကလေး တစ်ခုရှိ၏။ ထူးခြားသည်ကား ထိုတောင်ကုန်း ထိပ်ကလေးတွင် ထီးထီးကြီးပေါက်နေသော ညောင်ညိုပင်ကြီး ပင်။
ယခင်က တစ်ခါ နှစ်ခါခန့် ထိုညောင်ညိုပင်ကြီးအောက် သို့ ရောက်ခဲ့ဖူးသည်။ အရိပ်အာဝါသလည်း ကောင်းလှသလို အလှဓာတ်ပုံရိုက်ရန်အတွက်လည်း ရှုခင်းကောင်းများ ရှိသည်မဟုတ်ပါလား။
ညောင်ပင်ကြီးမှာ သက်တမ်းရင့် အပင်ကြီးလည်း ဖြစ်သလို ညောင်မုတ်ဆိတ်များလည်းရှိ၏။ တစ်ချို့ အမြစ်အကိုင်း များဆိုလျှင် လူကြီးပေါင်လုံးလောက်ပင် ရှိပေလိမ့်မည်။
ယခင်က တစ္ဆေ အခြောက်ကြမ်းသည်ဟု နာမည်ကြီးသော်လည်း ယခုမျက်မှောက်ကာလသို့ ရောက်လာသည့် အချိန်တွင်တော့ ထိုအရာကား ပုံပြင်လေး တစ်ခုလိုသာ ဖြစ်လို့နေချေပြီ။
ကျွန်တော် ကိုယ်တိုင် သုံးလေးကြိမ် ရောက်ခဲ့ဖူးသော်လည်း မည်သည့် တစ္ဆေ သရဲ တစ်ကောင်တစ်လေ မှ မတွေ့ခဲ့။ ကျွတ်တန်း၀င် သွား၍သာ ဖြစ်ပေလိမ့်မည်ဟု တွေးရင်း ထိုညောင်ညိုပင် ကြီးဖက် တစ်ချက်စောင့်ငဲ့ကြည့်ကာ အဖိုး ဦးအောင်သိန်း ၏ အိမ်သို့သာ ဆက်လျှောက်ခဲ့လိုက်မိပါတော့သည်။
+++++++++
‌”ဟော … ငါ့မြေးတောင် ရောက်လာပြီကိုး ”
“ဟုတ်တယ် … အဖိုးရေ … နေသိပ်မပြင်းလို့တော်သေးတယ် ”
“တို့လည်း မင်းကို မျှော်နေတာ … လာလာ အမောပြေ ရေနွေးလေး သောက်အုံး”
ကျွန်တော့်အား မြင်လျှင်မြင်ချင်း အဖိုးက ထိုသို့ပြောလေ၏။ အဖိုး နှင့်အတူ အဖော်တစ်ယောက်လည်း ရှိ၏။ ကျွန်တော်လည်း ကျောပိုးအိတ်ကို အသာချလိုက်ပြီး အဖိုးတို့ စကားဝိုင်းထဲ အလိုက်သင့်လေး ၀င်ထိုက်လိုက်သည်။ ပြီးနောက် ရေနွေးတစ်ခွက်ကို အသာဌဲ့ထားရင်း အအေးခံလိုက်၏။
“မြေး … ဒါက … အဖိုးရဲ့ သူငယ်ချင်း ထွန်းသစ်တဲ့”
“ဟုတ်ကဲ့ …”
“ငါ့မြေးက စာတိုပေစတွေရေးနေတယ် သတင်းရတော့ … အဖိုးက မင်းလာမယ်ဆိုကတည်းက … ဟောဒီက ထွန်းသစ်ကို ခေါ်ထားတာပဲကွ ”
အဖိုး မှာထိုသို့ပြောရင်း လက်ဖက်တစ်ဇွန်းကို ကော်စားလိုက်လေ၏။ အသက် ၇၀ ကျော်နေပြီဖြစ်သော်လည်း သန်တုန်းမြန်တုန်းပင်။
ယခုပင်လျှင် ပဲကြော်များပါသော လက်ဖက်သုပ် အားရပါးရစားနေပုံကို ကြည့်ကာ ကျွန်တော် သဘောကျနေမိ၏။
“အဲ့မှာ ငါ့မြေး သိချင်တာသာမေး … ထွန်းသစ်က ဗဟုသုတ ဟင်းလေးအိုးကြီးကွ … ကိုယ်တွေ့ရော ကိုယ်မတွေ့ရော … အစုံရတယ် … ”
အဖိုးက ထိုသို့ပြောတော့ အဘ ဦးထွန်းသစ်လည်း သဘောကျသလိုရယ်ကျဲကျဲ ဖြင့်
“မင်းအဖိုးပြောတာ မှန်တယ် ကောင်လေးရ ”
ဟူ၍ ထောက်ခံလိုက်ပါလေတော့၏။ ကျွန်တော် ကိုယ်၌ကလည်းစာမရေးဖြစ်တာ ကြာနေပြီမို့ ယခု အဘထွန်းသစ် နှင့် တွေ့သည့်အခါမှာတော့ ရေငတ်နေတုန်း ရေတွင်းထဲကျ ဆိုသလိုဖြစ်ရလေတော့သည်။
“ဒါဆို … အဘ မင်းကို ညောင်ညိုပင်က တစ္ဆေအကြောင်းပြောပြမယ်ကွာ … ”
ကျွန်တော်ဆိုသည်မှာလည်း ထိုကဲ့သို့ ထူးထူးဆန်းဆန်း ကိစ္စများကို သိပ်ငြင်းဆန်တတ်လေ့ ရှိသူမဟုတ်သည်မို့ ချက်ချင်းပင် ခေါင်းညိမ့်လိုက်ပါတော့သည် ။ ခရီးရောက်မဆိုက် နားဖို့ ရေမိုးချိုး ဖို့ကိုပင် ဒုတိယ နေရာထားလိုက်၏။
“အဘ ညောင်ညိုပင် ဆိုတာက ”
“တို့ရွာ အပြင်က … ညောင်မုတ်ဆိတ်တွေ ပြိုင်းပြိုင်းထနေတဲ့ ညောင်ပင်ကြီး အကြောင်းပေါ့ကွာ ”
အဘ ဦးထွန်းသစ် ထိုသို့အစချီလိုက်တော့ ကျွန်တော်လည်း စိတ်၀င်စားနေသော ရွာအပြင်က ညောင်ပင်ကြီး အကြောင်းဖြစ်နေသည်မို့ ၀မ်းပန်းတသာ နားဆင်လိုက်ပါတော့၏။
“အဲ့အချိန်တုန်းက အဘ အသက် ၁၂ နှစ်လောက်ပဲ ရှိအုံးမယ် ”
+++++++++++
“ထွန်းသစ်ရေ ….”
“ဗျာ အဖေ”
ထွန်းသစ်တစ်ယောက် ရေဆွဲနေရာမှ ဖခင်ဖြစ်သူ ဦးပေသီး ကိုလှမ်းအသံပြုလိုက်လေ၏။
“အဖေ … ရွာတောင်ပိုင်းကို … အလုပ်ကိစ္စသွားစရာရှိလို့ … ”
“ဟုတ်ကဲ့ … ကျုပ်ဘာလုပ်ပေးရမလဲ ”
“အဲ့ဒါ … အဖေဒီနေ့အားမှာ မဟုတ်ဘူး … နွားတွေကို ငါ့သားပဲ သွားကျောင်းလိုက်တော့ ”
“ဟုတ် … ဟုတ်ကဲ့ သွားစရာရှိတာ အေးဆေးသာသွားပါ … ”
ဦးပေသီးလည်း သားဖြစ်သူ ထွန်းသစ်အား လိုအပ်သည်များ မှာကြားကာ ရွာတောင်ပိုင်းသို့ထွက်သွားလိုက်တော့သည်။
ထွန်းသစ် တို့မိသားစုကား စုစုပေါင်းသုံးယောက်သာ ရှိလေ၏။ ဦးပေသီး ရယ် ဒေါ်စိန်မြရယ် သားဖြစ်သူ ထွန်းသစ်ရယ်သာ ။
ဘိုးဘွားပိုင် လယ်ဧက မြောက်များစွာလည်း ရှိသလို အချို့ သူရင်းဌားတန်သည်ကား တစ်ပိုင်တစ်နိုင် လုပ်နိုင်သည် လုပ်ရင်း ဖြင့် သူတို့ မိသားစုကလေးမှာ အတော်ပင် ချောင်လည်လေ၏။ ရပ်ရေးရွာရေး ကိစ္စများတွင်လည်း စွမ်းစမ်းတမံ ပါ၀င်သည်မို့ ရွာထဲ၌လည်း ဦးပေသီး တို့ မိသားစု ဆိုပါက မျက်နှာပန်းလှလေ၏။
ထွန်းသစ်လည်း သောက်ရေသုံးရေ အတွက် လိုအပ်သလောက်ဖြည့်တင်းကာ ဖခင်ကိုပြောထားသည့် အတိုင်းနွားများ ကျောင်းပေးရပေအုံးမည်။
ထို့ကြောင့် အိမ်ထဲတွက် အသင့်ချိတ်ထားသော လောက်စာနှင့်လေးခွ ပါသော လွယ်အိတ်ကလေး ကို လည်ပင်းတွင် ကောက်စွပ်လိုက်တော့သည်။
“အမေ …. ကျုပ်နွားတွေကို စားကျက်မှာ သွားကျောင်းလိုက်အုံးမယ် ”
“အေအေ … သိပ်လည်း နောက်မကျစေနဲ့အုံးနော် နောက်ပြီးသူများ ကျောင်းတဲ့နေရာမှာပဲ ကျောင်း ဘယ်မှ ရှည်ရှည်ဝေးဝေး သွားမနေနဲ့ကြားလား ”
“ဟုတ်ကဲ့ပါ … အမေကလည်း … အရင်က မကျောင်းဖူးတာကျနေတာပဲဗျာ ”
ပြီးနောက် ထွန်းသစ်လည်း နွားများ ကိုတင်းကုပ်မှ ထုတ်ကာ ရွာလမ်းလေးအတိုင်း ကြိမ်တို့ရင်း မောင်းနှင် ခဲ့လိုက်ပါတော့သည်။ ရွာပြင် ကွင်းပြင်တွင်တော့ အလားတူ နွားကျောင်းနေသော ရွယ်တူ သူငယ်ချင်းများလည်း ရှိလေ၏။
နွားများကို ထိုကွင်းပြင်တွင် လွှတ်ထားကာ နွားကျောင်း လာသူများကတော့ အရိပ်ရသော နေရာကောင်းကောင်းများတွင် အိပ်သူအိပ် နားသူနား လို့နေနေကြသည်။
ထွန်းသစ်လည်း ထိုအရာများကိုကြည့်ကာ တခြားနေရာ သွားကျောင်းမှ ပါလေဟု တွေးမိရင်း ညောင်ညိုပင်ကြီးရှိရာ ကုန်းမြင့်လေး ဆီသို့ နွားများကို မောင်းလိုက်တော့သည်။ ထိုအရာကို ထွန်းသစ်၏ သူငယ်ချင်း ဖြစ်သူ ဘဇော်က တွေ့လိုက်တော့
“ဟေ့ကောင် ထွန်းသစ် … ဘယ်တုန်းဟ ”
“အော် …ငါ့နွားတွေကို ဟိုညောင်ညိုပင်ကြီးနား သွားကျောင်းမလို့ ဘဇော်ရ”
ဘဇော်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ
“ဟာ … မင်းရူးနေတာလား … အဲ့ညောင်ပင်ကြီးနား ဘယ်သူမှ နွားမကျောင်းရဘူး … အဲ့မှာ ဂျပန်ခေတ်က တစ္ဆေအို ကြီးရှိတယ်ကွ ”
ထိုသို့ပြောလိုက်တော့ ထွန်းသစ်လည်း စပ်ဖြီးဖြီး အမူအရာဖြင့်
“အဲ့ဒါ သပ်သပ်ယုံတမ်း စကားတွေပါ … ရှိတယ်ထားအုံး … ငါ့အခုအသက်ရောက်တဲ့ အထိ တစ္ဆေဆိုတာ မမြင်ဖူးလို့ … မြင်စမ်းပါရစေကွာ ”
လို့ ဆိုပြီး သူ၏ အကောင်နှစ်ဆယ်ခန့်ရှိသော နွားများကို ထိုညောင်ညိုပင်ကြီးရှိရာ ကုန်း‌မြင့်ဖက်သို့ မောင်းသွားလိုက်ပါတော့၏။ ဘဇော်မှာ ခေါင်းတခါခါ လည်တခါခါ ဖြင့် တားလည်း မတားနိုင်လိုက်။
++++++++++
ကုန်းမြင့်ပေါ်ရောက်တော့ ထွန်းသစ်လည်း နွားများကို စားကျက်ကောင်းကောင်းတွင် လွှတ်ထားလိုက်ပြီး ညောင်ညိုပင်ကြီးအောက်တွင် ခေတ္တထိုင်နေလိုက်သည်။ နွားများမှာတော့ လတ်ဆတ်သော မြက်စို မြတ်နုများကို ရှာဖွေစားသောက်ရန် အတွက် ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲသွားချေပြီ။
ထွန်းသစ်လည်း ပျင်းပျင်းရှိလာသည်မို့ စောစောက ဘဇော် ပြောလိုက်သလိုပဲ ဒီညောင်ပင်ကြီး တွင် တစ္ဆေအိုကြီး ရှိမရှိကို စူးစမ်းလိုစိတ်များဖြစ်လာလေတော့သည်။ ထို့ကြောင့်လည်း ကလေး ပီပီ
“ကဲ ညောင်ညိုပင်က တစ္ဆေအိုကြီးရေ … ခင်များ တကယ်ရှိတယ်ဆို တောင်ဖက်က ညောင်ကိုင်းကို ကူးပြစမ်းပါဗျို့ ”
“ဟာ ….”
ထူးဆန်းစွာပင် ထိုညောင်ပင်ကြီး၏ တောင်ဘက် ကိုင်းအဖျားမှာ လေမတိုက်ပဲ အပေါ်အောက် ယိမ်းသွားလေတော့၏။
“မြောက်ဘက် ကိုင်းကို ပြန်ကူးစမ်းပါဗျို့ ”
“ဖလပ် … ဖလပ် ”
“ဟာ ….”
သို့တိုင်အောင် ထွန်းသစ်မှာ သိပ်ဘ၀င်မတွေ့သေးပေ။ ကိုယ်လုံးကိုယ်ထည်ကို မမြင်ရသောကြောင့်ပင်။ ထို့ကြောင့် နောက်တစ်ဖန် ထိုတစ္ဆေအိုကြီးကို ထွန်းသစ်က တစ်ခုထပ်တောင်းဆိုလိုက်ပြန်တော့သည်။
“တစ္ဆေအိုကြီးရေ … ခင်များ တကယ်ရှိတယ်ဆိုရင် ဟောဟိုက ဂွဆုံမှာ လာထိုင်ပြစမ်းဗျို့ ”
ဆိုပြီး ပြောလိုက်ပြန်သည်။ တစ္ဆေကြီး ညောင်ဂွဆုံ ကိုလာအထိုင်မှာတော့ ထွန်းသစ်လည်း အသင့်ပါလာသော လေးဂွဖြင့် ညောင်ပင်ဂွဆို ကြားကို မှန်းကာ ပစ်ချလိုက်လေတော့၏။
“ဝှီး ”
“ဖတ် ”
“ဘုတ် ”
ထွန်းသစ်၏ လေးဂွ အသံနှင့်အတူ ညောင်ပင် ပေါ်မှ ဘုတ်ခနဲ တစ်စုံတစ်ရာ ပြုတ်ကျသွားသော အသံကို ထွန်းသစ် အတိုင်းသား ကြားလိုက်ရလေ၏။ သို့သော် သစ်ကိုင်း ကျိုးကျတာပဲ နေမှာပါ ဟု ပေါ့တန်တန် တွေးရင်း ထိုညောင်ညိုပင်ကြီး အောက်တွင် တရေးတမော ပင် အိပ်စက်လိုက်လေတော့သည်။
သူ နိုးလာတော့ ညနေပင် အတော်စောင်းနေချေပြီ။ နေလုံးကြီးကလည်း ပုစွန်ဆီရောင်သမ်းနေကာ တောင်စွယ်များ အနောက်သို့ တဖြေးဖြေး ငုပ်လျှိုး လို့နေလေပြီ။
ညောင်ပင် ကြီးပေါ်မှ တစ္ဆေအိုကြီးကတော့ ထွန်းသစ်အား ဒေါသ ဖြစ်လို့နေ၏။ အဘယ်ကြောင့် ဆိုသော် ထွန်းသစ်ပစ်ခတ်လိုက်သော လေးဂွလောက်စာလုံးမှာ တစ္ဆေကြီး၏ နဖူးတည့်တည့်ကို ထိမှန်သွားသောကြောင့်ပင်။
အောက်ဖက်ကွင်းပြင်တွင်တော့ နွားကျောင်းသား များလည်း တစ်ယောက်မှ မရှိတော့ ။ နွားများသိမ်းကာ ပြန်သွားကြပြီ ဖြစ်လေသည်။ ထို့ကြောင့်ထွန်းသစ်လည်း နွားများကို ပြန်စုကာ ရွာထဲသို့ ပြန်မောင်းလာခဲ့လိုက်ပါတော့ သည်။
လမ်းတစ်လျှောက် လေ‌ကလေး တချွန်ချွန်ဖြင့် ထွန်းသစ် ၎င်း၏ တနေ့တာ တာ၀န်ကို ကျေပွန်ခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် သွက်လက်သော ခြေလှမ်း ကလေးများဖြင့် အိမ်အပြန်လမ်းကို ဦးတည် လျှောက်လာခဲ့တော့သည်။
“ရှပ် … ရှပ် ”
အနောက်မှ ကပ်ပါလာသော ခြေသံ တစ်ခု။ ထွန်းသစ် အနောက်ကို လှည့်ကြည့်လိုက်တော့ မည်သူမျှ ရှိမနေပါ ။ သို့သော် မသိစိတ်ထဲတွင်တော့ သူ့အနောက် တစ်စုံတစ်ယောက် ကပ်လိုက်လာသည်ကို ခံစားမိလေ၏။ ရွာထဲရောက်တော့ နွားအုပ် နှင့် သူ့အား တွေ့သည် နှင့် တစ်ပြိုင်နက် ခွေးများက တရကြမ်းထိုးထိုးဟောင်လေတော့သည်။
အချို့ ဆွဲဆွဲငင်ငင် အူနေပုံကြီးကား ကြက်သီးထဖွယ်ကောင်း လွန်းလှပေ၏။ ထို့ကြောင့် ထွန်းသစ်လည်း ခပ်သွက်သွက်ပင် အိမ်သို့ အရှိန်တင်ကာ သွားလိုက်တော့သည်။ ပတ်၀န်းကျင်ကား မှောင်ရီပျိုးစပင် ပြုလို့နေချေပြီ။ နွားများကို အိမ်ထဲ မောင်း လိုက်ပြီး
“အမေ … ကျုပ်ပြန်ရောက်ပြီ ”
ဟုလှမ်းအသံပြုလိုက်၏။
“အေအေ … ခနနားပြီး ရေမိုးချိုးလိုက် … အမေ ညစာပြင်လိုက်အုံးမယ် ”
ဒေါ်စိန်မြထိုသို့ပြောနေတုန်းပင် ထွန်းသစ်မှာ နွားများကို တင်းကုပ်ထဲ သွင်းနေရင်းမှ ဘိုင်းကနဲ ပစ်လဲကျသွားလေပါတော့၏။ ဒေါ်စိန်မြလည်း ထိုအခြင်း အရာကိုမြင်လိုက်တော့ အိမ်ထဲမှ အတင်းပြေးထွက်လာခဲ့လိုက်သည်။ ထွန်းသစ်မှာတော့ သတိလစ်သွားချေပြီ။
“သား … သား … ထွန်းသစ် … ကိုပေသီးရေ … ရှင့်သား ဘာဖြစ်သွားလဲ လာကြည့်ပါအုံးတော့ ”
“စိန်မြ … သား ဘာဖြစ်လို့လဲ ”
“မသိဘူး…. နွားတွေကို တင်းကုပ်ထဲသွင်းနေရင်း တန်းလန်း လဲကျသွားတာပဲ ”
“ဟာ … ဒါတို ဘယ်ဖြစ်မလဲ … ဆေးဆရာ အမြန်ပင့်မှပေါ့ဟ …. သွားသွား … နင် သားကို သေချာကြည့်ထား … ငါဆရာပင့်ပြီး ပြန်လာခဲ့မယ် ”
ဦးပေသီးလည်း ပျာယာခတ်ကာ ဆေးဆရာပင့်ရန် အတွက် ခြံထဲမှပြေးထွက်သွားလိုက်တော့သည်။ တစ်အောင့်လောက်အကြာမှာတော့ ဆေးဆရာ ဦးဘောဂ နှင့် အတူ ဦးပေသီးပြန်ရောက်လာ၏။ သူတို့ရောက်လာ ချိန်တွင် ထွန်းသစ် သတိရကာ တစ်စုံတစ်ရာကို အော်ဟစ်ယောင်ယမ်းနေလေ၏။
“သတ်မယ် … သတ်မယ် … ငါမင်းကို သတ်မယ် ”
ထွန်းသစ်ဆီမှ ထိုသို့ ကြောက်မက်ဖွယ် အသံကြီးကို ကြားလိုက်ရတော့ ဆေးဆရာကြီးအပါအ၀င် ဦးပေသီး တို့ပါ စိုးရိမ်သွားကြလေ၏။ ဦးဘောဂလည်း အခြေအနေကို ရိပ်စားမိသွားကာ ဦးပေသီးကို အိမ်အပြင်သို့ အသာခေါ်ထုတ်သွားလိုက်တော့သည်။
“ကိုပေသီး … ခင်များသားက … ရောဂါဖြစ်တာ မဟုတ်ဘူး … ကျုပ်ထင်တာ မမှားရင်တော့ … ခင်များသား တစ်ခုခု မှားလာတယ်ထင်တယ် ”
“ကယ် … ကယ်ပါအုံး ဆရာရယ် … ကျုပ် ဘာလုပ်ရမလဲ ”
“ပယောဂ ဆိုရင်တော့ ကျုပ်လည်း မနိုင်ဘူး ကိုပေသီးရ … ရွာလယ်ပိုင်းက ဆရာကြီး ဦးသောင်းရွှေ ကတော့ ကုနိုင်မယ်ထင်တာပဲ … ဆရာကြီးက အထက်လမ်း အမှောင့်ပယောဂတွေလည်း နိုင်တယ် ”
ဦးဘောဂ ထိုသို့ပြောတော့ ဦးပေသီးလည်း
“ဒါဆိုလည်း ကျုပ်တို့ အခုပဲ သွားကြတာပေါ့ ”
ဟုဆိုကာ နှစ်ဦးသား ဆရာကြီး ဦးသောင်းရွှေထံ ထွက်လာခဲ့ကြပြန်၏။ ဆရာကြီးမှာ ရွာထဲက အမှောင့်ပယောဂ စုန်း ကဝေ အောက်လမ်း ပြုစားသမျှကို နှိမ်နင်းနိုင်သဖြင့် နာမည်ကျော်စောလေသည်။
ဆရာကြီး နှင့် တွေ့သမျှ ပယောဂ တိုင်းသည် ပျောက်ကြရစမြဲသာ ဖြစ်လေ၏။ ဦးပေသီး တို့လည်း ဆရာကြီး ဦးသောင်းရွှေ ၏ အိမ်သို့ ရောက်ခဲ့ကြလေပြီ။
“ဆရာကြီးရေ … ဆရာကြီး ရှိလား ”
“ဟေ့ … ဘယ်သူလဲဟေ့ … ငါအိမ်ထဲမှာရှိတယ်”
အိမ်ထဲမှ ဩဇာဓာတ်ပြင်းသော အသံကို ဦးပေသီး တို့ကြားလိုက်ရလေ၏။ ဆရာကြီး ဦးသောင်းရွှေ၏ အသံပင် ဖြစ်သည်။ ထို့ကြောင့် ဦးပေသီး တို့လည်း ဆရာကြီး၏ အိမ်ထဲသို့ ၀င်သွားလိုက်တော့သည်။
ဆရာကြီးမှာတော့ ဘုရား၀တ်တက်နေဟန်တူလေသည်။ ဆရာကြီးလည်း ၎င်း၏ အိမ်ထဲ ၀င်လာသော ဦးပေသီး၏ မျက်နှာကိုကြည့်လိုက်ရာမှာတော့ မကောင်းဆိုးဝါး၏ နှောက်ယှက်မှုကို ခံနေရမှန်း အတပ်သိလိုက်၏။ ဆရာကြီးမှာ အသက် ခြောက်ဆယ် ကျော်၀န်းကျင် ခန့်ရှိပြီး ယောဂီယောင် ၀တ်ဆုံကို ဆင်မြန်းထားလေသည်။
“ကဲ … ဆိုစမ်းပါအုံး … ”
“ဟုတ် … ဟုတ်ကဲ့ … ကျုပ်သားလေး … ထွန်းသစ် နွားကျောင်းပြီး ပြန်အလာ အပမှီလာလို့ပါ … ဆရာကြီး သူ တောထဲမှာ တစ်ခုခု အမှားလုပ်လာတယ် ထင်ပါတယ်ဗျာ ”
ဆရာကြီးလည်း ဦးပေသီး ပြောသမျှကို ခေါင်းတဆတ်ဆတ်ငြိမ့်ကာ နားထောင်လိုက်ပြီး ငွေဖလားတစ်လုံး နှင့် အတူ အင်းချပ်တစ်ချပ်ကို ယူလိုက်လေ၏။ ပြီးနောက် ထိုငွေဖလားထဲတွင် ရေထည့်ကာ စောစောက အင်းချပ်ကိုပါ ထည့်လိုက်ပြီး ဂါထာတစ်ခုကို ခပ်တိုးတိုး ရွတ်လိုက်၏။ ပြီးမှ
“စနေသား မောင်ထွန်းသစ် ကို အနှောက်အယှက် ပေးနေတဲ့ ပုဂ္ဂိုလ် ပေါ်စမ်း ”
ဟု အမိန့်ပေးလိုက်သည် နှင့်တစ်ပြိုင်နက် ဖလားထဲက ရေကြည်များမှာ ချက်ချင်း အနက်ရောင်ပြောင်းသွားသည်ကို ဦးပေသီး တို့ အံ့ဩဖွယ် တွေ့လိုက်ရပါတော့သည်။
တစ်ဖန် ထို အနက်ရောင် ရေပေါ်မှ အမွှေးထူထူ အစွယ်ဖွေးဖွေး ကြီးနှင့် တစ္ဆေကြီး၏ ပုံရိပ်မှ တဖြေးဖြေးပေါ်လွင်ထင်ရှားလာလေတော့၏။
ထိုအခါ ဆရာကြီးလည်း သက်ပြင်းကို တစ်ချက်ချလိုက်ရင်း
“ကဲ … မောင်ပေသီးရေ မင့်သားကတော့ … မကြာခင် အသက်နှုတ်ခံရတော့မယ် အခုတော့ နောက်မကျသေးဘူး … ‌ဆေးစွမ်း အထမြောက်အောင် ဆရာကြီးရဲ့ ဆေးလွယ်အိတ် ကို မောင်ပေသီး ပဲ ယူခဲ့လိုက်တော့ ”
ဟုဆိုကာ ဦးပေသီး၏ အိမ်သို့ ဆရာကြီး ဦးသောင်းရွှေ ကိုယ်တိုင်ကြွလေတော့၏။ ဦးပေသီး၏ အိမ်အရောက်မှာတော့ စောင်ကြမ်းလေးပေါ်တွင် လူးလှိမ့်နေသော ထွန်းသစ်ကို ဆရာကြီး တွေ့လိုက်ရလေ၏။ ဆရာကြီး လည်း ဦးပေသီး၏ ခြံထဲ ခြေချလိုက်သည် နှင့် တစ်ပြိုင်နက် ထွန်းသစ်မှာ ငေါက်ကနဲ ထထိုင်လေတော့သည်။
“မလာနဲ့ … ထွက်သွား … ထွက်သွား ”
ဟု ဆရာကြီးအား လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လေတော့သည်။ ထို့နောက် ဆရာကြီးလည်း ထွန်းသစ်အားကြည့်ကာ ရေသန့်တစ်ခွက်ကို ယူလိုက်တော့သည်။
ထွန်းသစ်မှာတော့ ဆရာကြီးအား စားတော့ဝါးတော့မည့်နှယ် မျက်လုံးရဲကြီးများဖြင့်ကြည့်ရင်း ထွက်သွား ထွက်သွား ဟုသာ တစာစာ အော်နေလေတော့သည်။ ဆရာကြီးလည်း အမွှေးတိုင် ဖယောင်းတိုင်များ ထွန်းကာ ဦးစွာ ဘုရား၀တ်တက်လိုက်သည်။ ပြီးမှ စောစောယူလာသော ‌ရေသန့်ခွက်ကို ဂါထာတစ်ခုအုပ်လိုက်လေ၏။
အဘ ဘိုးမင်းခေါင် ဘိုးတော်ပွင့် ဘိုးဘိုးအောင် စသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များကိုလည်း ပင့်ဖိတ်ပြီး ထွန်းသစ်အား ပူးကပ်နေသော မကောင်းဆိုးဝါး တစ္ဆေကောင်ကြီးကို ထိန်းချုပ်ထားလိုက်တော့သည်။
ပြီးနောက် စောစောက ရေမန်းမန်းထားသော ရေစင်‌နှင့် တောက်ချလိုက်တော့သည်။
“အား … ပူတယ် … ပူတယ် ”
ထွန်းသစ် မှာ ထိုသို့သော အသံဩကြီးဖြင့် အော်ဟစ်တော့သည်။ ဆရာကြီးလည်း ရေမန်းဖြင့် ထပ်တောက်ကာ
“မင်းဘယ်သူလဲ … ‌ဘယ်ကလဲ … ဘာလို့ ကလေးကို ဒုက္ခပေးနေရတာလဲ ”
ထွန်းသစ်အား ပူးကပ်နေသော မကောင်းဆိုးဝါးကောင်ကြီးမှာ အတော်ခေါင်းမာပုံရ၏။
“မပြောဘူး … မပြောဘူး ”
တစ္ဆေကြီး ဘူးခံ ငြင်းလေ ဆရာကြီးမှာ ရေမန်းဖြင့် တောက်လေ လုပ်၏။ အတန်ငယ်ကြာလာတော့ တစ္ဆေကြီးလည်း မကျေနပ်ဘူး မကျေနပ်ဘူး သတ်မယ် သတ်မယ် ဟုသာ အသံဩကြီးဖြင့် အော်လေတော့သည်။ ထိုအခါဆရာကြီးလည်း
“မင်းဘာကြောင့် … ကလေးကို ခုလိုလုပ်ရတာလဲ”
“ကျုပ် မကျေနပ်လို့ လုပ်တာ … ”
တစ္ဆေကြီး စကားစပြောလာချေပြီ။
“ကလေးက မင်းကို ဘာလုပ်လို့လဲ …”
“သူ ကျုပ်ပိုင်တဲ့ ညောင်ညိုပင်ကြီးမှာ နွားလာကျောင်းတယ် …. ကျုပ်ကို တောင်ကိုင်း မြောက်ကိုင်း ကူးပြခိုင်းတယ် … ကျုပ် ကူးပြပါတယ် … ဒါပေမယ့် ညောင်ပင် ဂွဆုံကို ထိုင်ပြပါပြောတော့လည်း ကျုပ်ထိုင်ပြတယ် … ကျုပ် ထိုင်လိုက်တော့ ဒီကလေးက သရေဂွနဲ့ လှမ်းပစ်တယ် … သူပစ်လိုက်တဲ့ လောက်စာလုံးက ကျုပ်နဖူးတည့်တည့်ကို မှန်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရတယ် … ဒါကြောင့် မကျေနပ်လို့ ဂုတ်ချိုးဖို့ လိုက်လာတာ”
ထိုအခါမှ ဆရာကြီးတို့ ဖြစ်ကြောင်းကုန်စင်ကို ဇာတ်ရည်လည်သွားကာ
“ကဲ … ကလေးဆိုတော့ တစ်ကြိမ်တစ်ခါမှားတာ ခွင့်လွှတ်လိုက်ပါ … တစ္ဆေကြီး ကျေနပ်အောင် မနက်ဖြန်ကျရင် အမဲသား တစ်ပိဿာနဲ့ တောအရက်တစ်လုံး တိုက်ပါ့မယ် … ဒီကလေးကိုတော့ ခွင့်လွှတ်ပေးလိုက်ပါ”
ထိုအခါ တစ္ဆေကြီး၀င်ပူးနေသော ထွန်းသစ်လည်း ငုတ်တုတ်ထိုင်နေရာမှ ပျော့ခွေလဲကျသွားလေပါတော့၏။ ပြီးနောက် သတိပြန်လည်လာတော့
“သား … သား … သက်သာလား ”
“အဖေ … ကျုပ်ဘာဖြစ်သွားတာလဲ …”
“သား ဘာမှမဖြစ်ဘူး …. မူးလဲသွားတာ … ကဲ နားလိုက်အုံး … အဖေလည်း ဟောဒီက အဘဆရာကြီး တွေကို အိမ်ပြန်ပို့လိုက်အုံးမယ် ”
ထွန်းသစ်မှာတော့ ဖြစ်ခဲ့သမျှ ဘာကိုမှ မှတ်မိဟန် မတူပေ။ ဦးပေသီးလည်း ဆရာကြီး ဦးသောင်းရွှေ၏ ဆေးလွယ်အိတ်ကလေး ဆွဲကာ အိမ်သို့ လိုက်ပါပို့ဆောင်ပေးလိုက်လေပါတော့သတည်း။
++++++++++
မနက်ရောက်တော့ ဦးပေသီးလည်း ဈေးထဲမှ အမဲသား တစ်ပိဿာနှင့် တောအရက်တစ်လုံး၀ယ်ကာ ဒေါ်စိန်မြအား ချက်ပြုတ်စေ၏။ ထွန်းသစ်မှာတော့ အိပ်ရာထဲမှ မထနိုင်သေးပေ။
ညနေစောင်းရောက်တော့ ‌ဦးပေသီး နှင့် အတူ ဒေါ်စိန်မြလည်း ထန်းခေါက်တောင်းထဲတွင် အမဲသား ချက်နှင့် တောအရက်ကိုထည့်ကာ ရွာပြင် ကုန်းမြင့်လေးပေါ်က ညောင်ညိုပင်ကြီး ဆီသို့ ထွက်ခဲ့လိုက်တော့သည်။
ညောင်ပင်ကြီးဆီအရောက်မှာတော့ အသင့်ပါလာသော ဌက်ပျောဖက်ပေါ်တွင် အမဲသား ချက်နှင့် တောအရက်ကို အဖုံးဖွင့်ကာ ချထားပေးလိုက်၏။ ပြီးမှ ဦးပေသီးက
” ညောင်ညိုပင်ကြီးတွင် နေထိုင်သော တစ္ဆေကြီး ခင်များ … ကတိအတိုင်း ကျွန်ုပ်သားလေး၏ အမိုက်အမှားအတွက် အမဲသားချက်တစ်ပိဿာ နှင့် တောအရက်ကို လာရောက်ပူဇော် တောင်းပန်အပ်ပါသည်။ အသင် တစ္ဆေကြီး ခွင့်လွှတ်သည်ဆိုပါက ထူးထူးခြားခြား တစ်ခုခုလုပ်ပြပါ ”
ဟုပြောလိုက်သည်နှင့် တစ်ပြိုက်နက် ညောင်ညိုပင်ကြီးမှာ လေမတိုက်ဘဲ ဘယ်ညာ ယိမ့်ထိုးသွားသည်ကို ဦးပေသီး တို့ ကြက်သီးထဖွယ်တွေ့လိုက်ကြရတော့သည်။ ညောင်သီးများလည်း တဖုတ်ဖုတ် ကြွေကျလာကာ ဦးပေသီး နှင့် ဒေါ်စိန်မြလည်း ထိုနေရာမှ ခပ်သုတ်သုတ် လစ်ထွက်လာခဲ့လိုက်တော့သည်။
ဦးပေသီးလည်း အိမ်ပြန်ရောက်တော့ အိပ်ရာပေါ်တွင် လဲနေသော ထွန်းသစ်အားကြည့်ကာ သက်ပြင်း ကိုသာ တွင်တွင်ချနေမိတော့သည်။ ထွန်းသစ် လေး သက်သာပါ့ သက်သာပါ့မလားဟူသော အတွေးတို့ဖြင့်။
မနက်ရောက်တော့ ဦးပေသီးလည်း ညောင်ညိုပင်ကြီး ထံတစ်ဖန်သွားကာ ကြည့်လိုက်တော့ ညက လာထားထားခဲ့သော အမဲသားချက် နှင့် တောအရက်တို့မှာ ဗလာသပ်သပ်သာ ကျန်နေသည်ကို အံ့ဩဖွယ်တွေ့လိုက်ရလေတော့၏။ ညောင်ညိုပင်က တစ္ဆေအိုကြီးပဲ စားလိုက်လေသလား သို့မဟုတ် ခွေးတစ်ကောင်တစ်လေ လာရောက်စားသောက်သွားလေသလား။
ထွန်းသစ် အတော်အတန် ထူထောင်လာခဲ့ချေပြီ။ တစ္ဆေကြီး၏ သဘောထားကြီးစွာ ခွင့်လွှတ်မှုကြောင့် အသက်ဆက်ခွင့် ရသည်ဟုပဲ ဆိုရပေတော့မည်။ ထွန်းသစ် လုံးလုံးနေကောင်း သွားသည့် အချိန်ရောက်မှ ဦးပေသီးလည်း ဖြစ်ကြောင်း ကုန်စင်ကို ပြောပြလိုက်သည်။
ထိုအခါမှ ထွန်းသစ် လည်း အကြောက်ကြီးကြောက်သွားကာ နောင်အခါ ပါးစပ်လက် မသရမ်းဖို့ သင်ခန်းစာ ကောင်းကောင်း ရသွားခဲ့ပါလေတော့သတည်း။
++++++++++
“ဖြစ်ပုံကတော့ … အဲ့ဒါပဲ … ကောင်လေးရေ ”
ကျွန်တော်လည်း အဘ ထွန်းသစ်၏ ဇာတ်လမ်း‌တွင် စီး၀င်နစ်မျောရင်းမှ အချိန်မည်မျှကုန်သွားခဲ့သည်မသိ။ အဘထွန်းသစ်လည်း အနည်းငယ် အာခြောက်သွားဟန်တူသည် စောစောက အအေးခံထားသော ရေနွေးကြမ်းကို ကျိုက် ခနဲနေအောင်မော့ပစ်လိုက်၏။
“ကြောက်စရာကြီးပါလား … အဘရာ … အဘကတော့ တကယ်စံပဲလို့ပြောရမယ် ”
“အေးကွယ့် … အဲ့တုန်းက ငယ်လည်းငယ် အရာရာကို စူးစမ်းချင်တော့ ခုလိုဖြစ်ရတာပဲ … အသံကြောင့် ဖားသေ ဆိုသလိုပေါ့ကွယ် … အဘကတော့ ဘာရယ် မဟုတ်ဘူး ဒီတိုင်း ကလေးသဘာ၀ ပါးစပ်ဆော့ လက်ဆော့ လိုက်တာ … ကံကောင်းလို့ မသေတယ် … ဟားဟား ဟား ”
“ဟုတ်ပဗျာ … အခုရော အဲ့ညောင်ညိုပင်ကြီးမှာ တစ္ဆေအိုကြီး ရှိသေးလား အဘ ”
ထိုအခါ အဘထွန်းသစ်လည်း အတန်ကြာအောင် ငိုင်သွားပြီးမှ
“အခုတော့ မရှိတော့ဘူးထင်တာပဲကွယ့် … အချိန်တွေလည်း ကြာခဲ့ပြီ မဟုတ်လား ”
“ဘာပဲပြောပြော … ကျုပ်အတွက် ရေးစရာကုန်ကြမ်း ရသွားလို့ကျေးဇူးတင်တယ် အဘရာ …”
“အသုံးတည့်ရင်ကိုပဲ ၀မ်းသာပါတယ်ကွယ် … ကဲ အဘလည်း ပြန်အုံးမယ် … ကိုအောင်သိန်းရေ ကျုပ်ပြန်ပြီ ”
“အေအေ … အားရင်လည်း စကားစမြည်လေး ပြောရအောင် လာအုံးနော် … ငါ့မြေးက ဒီမှာ တစ်ပတ်လောက်နေအုံးမှာ ”
“ကောင်းပါပြီဗျာ … ကောင်းပါပြီ ”
ဟု ဆိုကာ ထိုင်နေရာမှ လေးလေးပင်ပင်ကြီး ထလိုက်လေသည်။ အသက်တွေကြီးလာခဲ့ပြီ မဟုတ်ပါလား။ ကျွန်တော်လည်း အဘ ဦးထွန်းသစ်အား ခြံရှေ့ထိ လိုက်ပို့ပြီးနောက် ရေမိုးချိုးအနားယူလိုက်ပါတော့၏။
ကျွန်တော် မြို့ပြန်တော့မည့် နေ့ရောက်သည့် တိုင် အဘထွန်းသစ် ရောက်မလာပါတော့ချေ။ပြန်ရမည့် နေ့မနက်‌တွက်တော့ အဖိုးဦးအောင်သိန်းအား ဦးချနှုတ်ဆက်ကာ လာစဉ်ကအတိုင်း ကျောပိုးအိတ်ကလေး နှင့် ထွက်လာခဲ့လိုက်ပါတော့သည်။ ကားဆရာ ကိုမြမောင်ကို လည်း ဖုန်းဆက် ထားပြီးပြီမို့ ရွာထိပ်ကလေး တွင် မကြာမီ သူလာကြိုပေလိမ့်မည်။ တစ်အောင့်လောက်ကြာတော့ ကားရောက်လာခဲ့ပြီ ။
ကျွန်တော်လည်း ကားပေါ်တက်ကာ မျက်စိအစုံကို တောင်မြောက် ဝဲယာ ကြည့်လိုက်စဉ်မှာတော့ ကုန်းမြင့် ကလေးပေါ်က ညောင်ညိုပင်ကြီးဆီအကြည့်က ရောက်လို့သွားတော့သည်။ ထိုညောင်ညိုပင်ကြီး အောက်မှ ကျွန်တော့ အားလက်ပြနှုတ်ဆက်နေသည့် လူအိုကြီး တစ်ယောက် ။ ထိုလူအိုကြီးကား အဘ ဦးထွန်းသစ်ပင် ။
ကားကလေးမှာ အင်ဂျင်သံလေး တချက်ချက် နှင့် အတူ စတင်ရွှေ့လျားနေချေပြီ။ ကျွန်တော့် အား လက်ပြကာ ကျန်ရစ်ခဲ့သော ညောင်ညိုပင်ကြီးအောက်မှ အဘဦးထွန်းသစ်၏ ပုံရိပ်ကလေးကတော့ ဝေး‌ရင်းဝေးရင်း သေးရင်းသေးလို့ ……………
++++++++++
( ပြီးပါပြီ )
ရေးသားသူ…သူရေး

Zawgyi Version

” ေညာင္ညိဳပင္က တေစၦအို “(စ-ဆုံး)
————————————

ရာသီဥတုေလးက ၾကည္လင္လို႔ေနသည္။ ေကာင္းကင္ႀကီးမွာလည္း အျပာေတာက္ေတာက္ ျဖစ္လို႔ေနကာ ဝါဂြမ္းစေလးမ်ားလို ဟိုတစ္စ ဒီတစ္စ ပ်ံ႕က်ဲေနေသာ တိမ္တိုက္ကေလးမ်ား ႏွင့္ အလြန္ပင္ ပနံရလိုက္ဖက္လို႔ေန၏။ ထိုေကာင္းကင္ႀကီးေအာက္တြင္ရွိေသာ အျမန္လမ္းကေလးေပၚတြင္ေတာ့ လူသယ္ယာဥ္ အိတ္စ္ပက္စ္ ကား အနီေလးကလည္း တေ႐ြ႕ေ႐ြ႕‌ေမာင္းႏွင္လို႔။
မေရာက္ျဖစ္သည္မွာ အတန္ၾကာေန‌ၿပီျဖစ္ေသာ အဖိုး၏ ႐ြာကေလးကို ဒီလ ေက်ာင္းပိတ္ရက္ကေလးမွာ ကြၽန္ေတာ္ သြားျဖစ္လိုက္သည္။ အေတြးသစ္အျမင္သစ္မ်ား ရလိုသည္က တစ္ေၾကာင္း အဖိုးအား လြမ္းသည္ကလည္းတစ္ေၾကာင္း စသျဖင့္ အေၾကာင္းျပခ်က္မ်ားႏွင့္ အတူ ကတၱရာလမ္းႏွင့္တာရာ ထိေတြ႕ သံေလးကလည္း စည္းခ်က္က်က် ထြက္ေပၚလို႔ေနေလသည္။
ရာသီဥတု မပူေလာင္လြန္း၍‌သာ သက္သာေလ၏။ မဟုတ္လွ်င္ ေက်ာေရာ တင္ပါ ပူေနမည္မွာ ထိုလမ္း ခရီးကို မၾကာခနလာေရာက္ဖူးေသာ ကြၽန္ေတာ္သာ လွ်င္ အသိဆုံးျဖစ္သည္။
ယခု လိုက္ပါ စီးႏွင္းလာေသာ ကားဆရာ ႏွင့္လည္း အေတာ္အတန္ရင္းႏွီး ေနၿပီမို႔ မည္သည့္ေနရာတြင္ ရပ္မည္ မည္သည့္ေနရာသို႔ပို႔ေပးပါ ဟုပင္ ေျပာေနစရာပင္ မလို။ အတန္ၾကာေအာင္ လိုက္ပါၿပီးခဲ့သည့္ ေနာက္မွာေတာ့ အဖိုးရဲ႕ ႐ြာအ၀င္ေလး ဆီသို႔ ကားက ဆိုက္ဆိုက္ ၿမိဳက္ၿမိဳက္ေရာက္လာခဲ့ပါေတာ့သည္။ ထိုအခါ ကားဆရာ ကိုျမေမာင္က
“ကဲ … ကိုယ့္ညီေရ … ေရာက္ပီေဟ့ ”
ဟုဆိုကာ ကားကို အရွိန္သတ္ၿပီး လမ္းေဘးတစ္ေနရာတြင္ ခ်ရပ္ေပးလိုက္သည္။ ကြၽန္ေတာ္လည္း ေခတၱတျဖဳတ္ အလည္လာသူမို႔ ေထြေထြထူးထူး ပစၥည္း ပစၥယမ်ား ယူမလာခဲ့ပါ။ ေပါ့ေပါ့ပါးပါး ေက်ာပိုးအိတ္ကေလး တစ္လုံးကိုသာ အ၀တ္အစား သုံးေလးစုံထည့္၍သာ ယူလာခဲ့သည္။
ကိုျမေမာင္ ရပ္ေပးေသာ ေနရာတြင္သာ ကြၽန္ေတာ္လည္း ဆင္းလိုက္ၿပီး ႐ြာအ၀င္လမ္းေလးကို စတင္ေလွ်ာက္ခဲ့လိုက္ပါသည္။
ယခင္ကတည္းက ႐ြာအထဲထိ ကားစီး မ၀င္ဘဲ လမ္းေလွ်ာက္ကာ ေဒသႏၲရဗဟုသုတမ်ားႏွင့္အတူ ႐ြာ၏ အေျခအေနကို ၾကည့္ရင္း အဖိုးအိမ္သို႔ လမ္းေလွ်ာက္သြားတတ္သည္မွာ အက်င့္တစ္ခုလိုပင္ ျဖစ္လို႔ေနေခ်ၿပီ။
႐ြာအျပင္ ခပ္လွမ္းလွမ္း တြင္ေတာ့ ေတာင္ကုန္းနိမ့္ ကေလး တစ္ခုရွိ၏။ ထူးျခားသည္ကား ထိုေတာင္ကုန္း ထိပ္ကေလးတြင္ ထီးထီးႀကီးေပါက္ေနေသာ ေညာင္ညိဳပင္ႀကီး ပင္။
ယခင္က တစ္ခါ ႏွစ္ခါခန႔္ ထိုေညာင္ညိဳပင္ႀကီးေအာက္ သို႔ ေရာက္ခဲ့ဖူးသည္။ အရိပ္အာဝါသလည္း ေကာင္းလွသလို အလွဓာတ္ပုံ႐ိုက္ရန္အတြက္လည္း ရႈခင္းေကာင္းမ်ား ရွိသည္မဟုတ္ပါလား။
ေညာင္ပင္ႀကီးမွာ သက္တမ္းရင့္ အပင္ႀကီးလည္း ျဖစ္သလို ေညာင္မုတ္ဆိတ္မ်ားလည္းရွိ၏။ တစ္ခ်ိဳ႕ အျမစ္အကိုင္း မ်ားဆိုလွ်င္ လူႀကီးေပါင္လုံးေလာက္ပင္ ရွိေပလိမ့္မည္။
ယခင္က တေစၦ အေျခာက္ၾကမ္းသည္ဟု နာမည္ႀကီးေသာ္လည္း ယခုမ်က္ေမွာက္ကာလသို႔ ေရာက္လာသည့္ အခ်ိန္တြင္ေတာ့ ထိုအရာကား ပုံျပင္ေလး တစ္ခုလိုသာ ျဖစ္လို႔ေနေခ်ၿပီ။
ကြၽန္ေတာ္ ကိုယ္တိုင္ သုံးေလးႀကိမ္ ေရာက္ခဲ့ဖူးေသာ္လည္း မည္သည့္ တေစၦ သရဲ တစ္ေကာင္တစ္ေလ မွ မေတြ႕ခဲ့။ ကြၽတ္တန္း၀င္ သြား၍သာ ျဖစ္ေပလိမ့္မည္ဟု ေတြးရင္း ထိုေညာင္ညိဳပင္ ႀကီးဖက္ တစ္ခ်က္ေစာင့္ငဲ့ၾကည့္ကာ အဖိုး ဦးေအာင္သိန္း ၏ အိမ္သို႔သာ ဆက္ေလွ်ာက္ခဲ့လိုက္မိပါေတာ့သည္။
+++++++++
‌”ေဟာ … ငါ့ေျမးေတာင္ ေရာက္လာၿပီကိုး ”
“ဟုတ္တယ္ … အဖိုးေရ … ေနသိပ္မျပင္းလို႔ေတာ္ေသးတယ္ ”
“တို႔လည္း မင္းကို ေမွ်ာ္ေနတာ … လာလာ အေမာေျပ ေရေႏြးေလး ေသာက္အုံး”
ကြၽန္ေတာ့္အား ျမင္လွ်င္ျမင္ခ်င္း အဖိုးက ထိုသို႔ေျပာေလ၏။ အဖိုး ႏွင့္အတူ အေဖာ္တစ္ေယာက္လည္း ရွိ၏။ ကြၽန္ေတာ္လည္း ေက်ာပိုးအိတ္ကို အသာခ်လိုက္ၿပီး အဖိုးတို႔ စကားဝိုင္းထဲ အလိုက္သင့္ေလး ၀င္ထိုက္လိုက္သည္။ ၿပီးေနာက္ ေရေႏြးတစ္ခြက္ကို အသာဌဲ့ထားရင္း အေအးခံလိုက္၏။
“ေျမး … ဒါက … အဖိုးရဲ႕ သူငယ္ခ်င္း ထြန္းသစ္တဲ့”
“ဟုတ္ကဲ့ …”
“ငါ့ေျမးက စာတိုေပစေတြေရးေနတယ္ သတင္းရေတာ့ … အဖိုးက မင္းလာမယ္ဆိုကတည္းက … ေဟာဒီက ထြန္းသစ္ကို ေခၚထားတာပဲကြ ”
အဖိုး မွာထိုသို႔ေျပာရင္း လက္ဖက္တစ္ဇြန္းကို ေကာ္စားလိုက္ေလ၏။ အသက္ ၇၀ ေက်ာ္ေနၿပီျဖစ္ေသာ္လည္း သန္တုန္းျမန္တုန္းပင္။
ယခုပင္လွ်င္ ပဲေၾကာ္မ်ားပါေသာ လက္ဖက္သုပ္ အားရပါးရစားေနပုံကို ၾကည့္ကာ ကြၽန္ေတာ္ သေဘာက်ေနမိ၏။
“အဲ့မွာ ငါ့ေျမး သိခ်င္တာသာေမး … ထြန္းသစ္က ဗဟုသုတ ဟင္းေလးအိုးႀကီးကြ … ကိုယ္ေတြ႕ေရာ ကိုယ္မေတြ႕ေရာ … အစုံရတယ္ … ”
အဖိုးက ထိုသို႔ေျပာေတာ့ အဘ ဦးထြန္းသစ္လည္း သေဘာက်သလိုရယ္က်ဲက်ဲ ျဖင့္
“မင္းအဖိုးေျပာတာ မွန္တယ္ ေကာင္ေလးရ ”
ဟူ၍ ေထာက္ခံလိုက္ပါေလေတာ့၏။ ကြၽန္ေတာ္ ကိုယ္၌ကလည္းစာမေရးျဖစ္တာ ၾကာေနၿပီမို႔ ယခု အဘထြန္းသစ္ ႏွင့္ ေတြ႕သည့္အခါမွာေတာ့ ေရငတ္ေနတုန္း ေရတြင္းထဲက် ဆိုသလိုျဖစ္ရေလေတာ့သည္။
“ဒါဆို … အဘ မင္းကို ေညာင္ညိဳပင္က တေစၦအေၾကာင္းေျပာျပမယ္ကြာ … ”
ကြၽန္ေတာ္ဆိုသည္မွာလည္း ထိုကဲ့သို႔ ထူးထူးဆန္းဆန္း ကိစၥမ်ားကို သိပ္ျငင္းဆန္တတ္ေလ့ ရွိသူမဟုတ္သည္မို႔ ခ်က္ခ်င္းပင္ ေခါင္းညိမ့္လိုက္ပါေတာ့သည္ ။ ခရီးေရာက္မဆိုက္ နားဖို႔ ေရမိုးခ်ိဳး ဖို႔ကိုပင္ ဒုတိယ ေနရာထားလိုက္၏။
“အဘ ေညာင္ညိဳပင္ ဆိုတာက ”
“တို႔႐ြာ အျပင္က … ေညာင္မုတ္ဆိတ္ေတြ ၿပိဳင္းၿပိဳင္းထေနတဲ့ ေညာင္ပင္ႀကီး အေၾကာင္းေပါ့ကြာ ”
အဘ ဦးထြန္းသစ္ ထိုသို႔အစခ်ီလိုက္ေတာ့ ကြၽန္ေတာ္လည္း စိတ္၀င္စားေနေသာ ႐ြာအျပင္က ေညာင္ပင္ႀကီး အေၾကာင္းျဖစ္ေနသည္မို႔ ၀မ္းပန္းတသာ နားဆင္လိုက္ပါေတာ့၏။
“အဲ့အခ်ိန္တုန္းက အဘ အသက္ ၁၂ ႏွစ္ေလာက္ပဲ ရွိအုံးမယ္ ”
+++++++++++
“ထြန္းသစ္ေရ ….”
“ဗ်ာ အေဖ”
ထြန္းသစ္တစ္ေယာက္ ေရဆြဲေနရာမွ ဖခင္ျဖစ္သူ ဦးေပသီး ကိုလွမ္းအသံျပဳလိုက္ေလ၏။
“အေဖ … ႐ြာေတာင္ပိုင္းကို … အလုပ္ကိစၥသြားစရာရွိလို႔ … ”
“ဟုတ္ကဲ့ … က်ဳပ္ဘာလုပ္ေပးရမလဲ ”
“အဲ့ဒါ … အေဖဒီေန႔အားမွာ မဟုတ္ဘူး … ႏြားေတြကို ငါ့သားပဲ သြားေက်ာင္းလိုက္ေတာ့ ”
“ဟုတ္ … ဟုတ္ကဲ့ သြားစရာရွိတာ ေအးေဆးသာသြားပါ … ”
ဦးေပသီးလည္း သားျဖစ္သူ ထြန္းသစ္အား လိုအပ္သည္မ်ား မွာၾကားကာ ႐ြာေတာင္ပိုင္းသို႔ထြက္သြားလိုက္ေတာ့သည္။
ထြန္းသစ္ တို႔မိသားစုကား စုစုေပါင္းသုံးေယာက္သာ ရွိေလ၏။ ဦးေပသီး ရယ္ ေဒၚစိန္ျမရယ္ သားျဖစ္သူ ထြန္းသစ္ရယ္သာ ။
ဘိုးဘြားပိုင္ လယ္ဧက ေျမာက္မ်ားစြာလည္း ရွိသလို အခ်ိဳ႕ သူရင္းဌားတန္သည္ကား တစ္ပိုင္တစ္ႏိုင္ လုပ္ႏိုင္သည္ လုပ္ရင္း ျဖင့္ သူတို႔ မိသားစုကေလးမွာ အေတာ္ပင္ ေခ်ာင္လည္ေလ၏။ ရပ္ေရး႐ြာေရး ကိစၥမ်ားတြင္လည္း စြမ္းစမ္းတမံ ပါ၀င္သည္မို႔ ႐ြာထဲ၌လည္း ဦးေပသီး တို႔ မိသားစု ဆိုပါက မ်က္ႏွာပန္းလွေလ၏။
ထြန္းသစ္လည္း ေသာက္ေရသုံးေရ အတြက္ လိုအပ္သေလာက္ျဖည့္တင္းကာ ဖခင္ကိုေျပာထားသည့္ အတိုင္းႏြားမ်ား ေက်ာင္းေပးရေပအုံးမည္။
ထို႔ေၾကာင့္ အိမ္ထဲတြက္ အသင့္ခ်ိတ္ထားေသာ ေလာက္စာႏွင့္ေလးခြ ပါေသာ လြယ္အိတ္ကေလး ကို လည္ပင္းတြင္ ေကာက္စြပ္လိုက္ေတာ့သည္။
“အေမ …. က်ဳပ္ႏြားေတြကို စားက်က္မွာ သြားေက်ာင္းလိုက္အုံးမယ္ ”
“ေအေအ … သိပ္လည္း ေနာက္မက်ေစနဲ႔အုံးေနာ္ ေနာက္ၿပီးသူမ်ား ေက်ာင္းတဲ့ေနရာမွာပဲ ေက်ာင္း ဘယ္မွ ရွည္ရွည္ေဝးေဝး သြားမေနနဲ႔ၾကားလား ”
“ဟုတ္ကဲ့ပါ … အေမကလည္း … အရင္က မေက်ာင္းဖူးတာက်ေနတာပဲဗ်ာ ”
ၿပီးေနာက္ ထြန္းသစ္လည္း ႏြားမ်ား ကိုတင္းကုပ္မွ ထုတ္ကာ ႐ြာလမ္းေလးအတိုင္း ႀကိမ္တို႔ရင္း ေမာင္းႏွင္ ခဲ့လိုက္ပါေတာ့သည္။ ႐ြာျပင္ ကြင္းျပင္တြင္ေတာ့ အလားတူ ႏြားေက်ာင္းေနေသာ ႐ြယ္တူ သူငယ္ခ်င္းမ်ားလည္း ရွိေလ၏။
ႏြားမ်ားကို ထိုကြင္းျပင္တြင္ လႊတ္ထားကာ ႏြားေက်ာင္း လာသူမ်ားကေတာ့ အရိပ္ရေသာ ေနရာေကာင္းေကာင္းမ်ားတြင္ အိပ္သူအိပ္ နားသူနား လို႔ေနေနၾကသည္။
ထြန္းသစ္လည္း ထိုအရာမ်ားကိုၾကည့္ကာ တျခားေနရာ သြားေက်ာင္းမွ ပါေလဟု ေတြးမိရင္း ေညာင္ညိဳပင္ႀကီးရွိရာ ကုန္းျမင့္ေလး ဆီသို႔ ႏြားမ်ားကို ေမာင္းလိုက္ေတာ့သည္။ ထိုအရာကို ထြန္းသစ္၏ သူငယ္ခ်င္း ျဖစ္သူ ဘေဇာ္က ေတြ႕လိုက္ေတာ့
“ေဟ့ေကာင္ ထြန္းသစ္ … ဘယ္တုန္းဟ ”
“ေအာ္ …ငါ့ႏြားေတြကို ဟိုေညာင္ညိဳပင္ႀကီးနား သြားေက်ာင္းမလို႔ ဘေဇာ္ရ”
ဘေဇာ္လည္း ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားကာ
“ဟာ … မင္း႐ူးေနတာလား … အဲ့ေညာင္ပင္ႀကီးနား ဘယ္သူမွ ႏြားမေက်ာင္းရဘူး … အဲ့မွာ ဂ်ပန္ေခတ္က တေစၦအို ႀကီးရွိတယ္ကြ ”
ထိုသို႔ေျပာလိုက္ေတာ့ ထြန္းသစ္လည္း စပ္ၿဖီးၿဖီး အမူအရာျဖင့္
“အဲ့ဒါ သပ္သပ္ယုံတမ္း စကားေတြပါ … ရွိတယ္ထားအုံး … ငါ့အခုအသက္ေရာက္တဲ့ အထိ တေစၦဆိုတာ မျမင္ဖူးလို႔ … ျမင္စမ္းပါရေစကြာ ”
လို႔ ဆိုၿပီး သူ၏ အေကာင္ႏွစ္ဆယ္ခန႔္ရွိေသာ ႏြားမ်ားကို ထိုေညာင္ညိဳပင္ႀကီးရွိရာ ကုန္း‌ျမင့္ဖက္သို႔ ေမာင္းသြားလိုက္ပါေတာ့၏။ ဘေဇာ္မွာ ေခါင္းတခါခါ လည္တခါခါ ျဖင့္ တားလည္း မတားႏိုင္လိုက္။
++++++++++
ကုန္းျမင့္ေပၚေရာက္ေတာ့ ထြန္းသစ္လည္း ႏြားမ်ားကို စားက်က္ေကာင္းေကာင္းတြင္ လႊတ္ထားလိုက္ၿပီး ေညာင္ညိဳပင္ႀကီးေအာက္တြင္ ေခတၱထိုင္ေနလိုက္သည္။ ႏြားမ်ားမွာေတာ့ လတ္ဆတ္ေသာ ျမက္စို ျမတ္ႏုမ်ားကို ရွာေဖြစားေသာက္ရန္ အတြက္ ဟိုတစ္စ ဒီတစ္စ ပ်ံ႕က်ဲသြားေခ်ၿပီ။
ထြန္းသစ္လည္း ပ်င္းပ်င္းရွိလာသည္မို႔ ေစာေစာက ဘေဇာ္ ေျပာလိုက္သလိုပဲ ဒီေညာင္ပင္ႀကီး တြင္ တေစၦအိုႀကီး ရွိမရွိကို စူးစမ္းလိုစိတ္မ်ားျဖစ္လာေလေတာ့သည္။ ထို႔ေၾကာင့္လည္း ကေလး ပီပီ
“ကဲ ေညာင္ညိဳပင္က တေစၦအိုႀကီးေရ … ခင္မ်ား တကယ္ရွိတယ္ဆို ေတာင္ဖက္က ေညာင္ကိုင္းကို ကူးျပစမ္းပါဗ်ိဳ႕ ”
“ဟာ ….”
ထူးဆန္းစြာပင္ ထိုေညာင္ပင္ႀကီး၏ ေတာင္ဘက္ ကိုင္းအဖ်ားမွာ ေလမတိုက္ပဲ အေပၚေအာက္ ယိမ္းသြားေလေတာ့၏။
“ေျမာက္ဘက္ ကိုင္းကို ျပန္ကူးစမ္းပါဗ်ိဳ႕ ”
“ဖလပ္ … ဖလပ္ ”
“ဟာ ….”
သို႔တိုင္ေအာင္ ထြန္းသစ္မွာ သိပ္ဘ၀င္မေတြ႕ေသးေပ။ ကိုယ္လုံးကိုယ္ထည္ကို မျမင္ရေသာေၾကာင့္ပင္။ ထို႔ေၾကာင့္ ေနာက္တစ္ဖန္ ထိုတေစၦအိုႀကီးကို ထြန္းသစ္က တစ္ခုထပ္ေတာင္းဆိုလိုက္ျပန္ေတာ့သည္။
“တေစၦအိုႀကီးေရ … ခင္မ်ား တကယ္ရွိတယ္ဆိုရင္ ေဟာဟိုက ဂြဆုံမွာ လာထိုင္ျပစမ္းဗ်ိဳ႕ ”
ဆိုၿပီး ေျပာလိုက္ျပန္သည္။ တေစၦႀကီး ေညာင္ဂြဆုံ ကိုလာအထိုင္မွာေတာ့ ထြန္းသစ္လည္း အသင့္ပါလာေသာ ေလးဂြျဖင့္ ေညာင္ပင္ဂြဆို ၾကားကို မွန္းကာ ပစ္ခ်လိုက္ေလေတာ့၏။
“ဝွီး ”
“ဖတ္ ”
“ဘုတ္ ”
ထြန္းသစ္၏ ေလးဂြ အသံႏွင့္အတူ ေညာင္ပင္ ေပၚမွ ဘုတ္ခနဲ တစ္စုံတစ္ရာ ျပဳတ္က်သြားေသာ အသံကို ထြန္းသစ္ အတိုင္းသား ၾကားလိုက္ရေလ၏။ သို႔ေသာ္ သစ္ကိုင္း က်ိဳးက်တာပဲ ေနမွာပါ ဟု ေပါ့တန္တန္ ေတြးရင္း ထိုေညာင္ညိဳပင္ႀကီး ေအာက္တြင္ တေရးတေမာ ပင္ အိပ္စက္လိုက္ေလေတာ့သည္။
သူ ႏိုးလာေတာ့ ညေနပင္ အေတာ္ေစာင္းေနေခ်ၿပီ။ ေနလုံးႀကီးကလည္း ပုစြန္ဆီေရာင္သမ္းေနကာ ေတာင္စြယ္မ်ား အေနာက္သို႔ တေျဖးေျဖး ငုပ္လွ်ိဳး လို႔ေနေလၿပီ။
ေညာင္ပင္ ႀကီးေပၚမွ တေစၦအိုႀကီးကေတာ့ ထြန္းသစ္အား ေဒါသ ျဖစ္လို႔ေန၏။ အဘယ္ေၾကာင့္ ဆိုေသာ္ ထြန္းသစ္ပစ္ခတ္လိုက္ေသာ ေလးဂြေလာက္စာလုံးမွာ တေစၦႀကီး၏ နဖူးတည့္တည့္ကို ထိမွန္သြားေသာေၾကာင့္ပင္။
ေအာက္ဖက္ကြင္းျပင္တြင္ေတာ့ ႏြားေက်ာင္းသား မ်ားလည္း တစ္ေယာက္မွ မရွိေတာ့ ။ ႏြားမ်ားသိမ္းကာ ျပန္သြားၾကၿပီ ျဖစ္ေလသည္။ ထို႔ေၾကာင့္ထြန္းသစ္လည္း ႏြားမ်ားကို ျပန္စုကာ ႐ြာထဲသို႔ ျပန္ေမာင္းလာခဲ့လိုက္ပါေတာ့ သည္။
လမ္းတစ္ေလွ်ာက္ ေလ‌ကေလး တခြၽန္ခြၽန္ျဖင့္ ထြန္းသစ္ ၎၏ တေန႔တာ တာ၀န္ကို ေက်ပြန္ခဲ့ၿပီ မဟုတ္ပါလား။ ထို႔ေၾကာင့္ သြက္လက္ေသာ ေျခလွမ္း ကေလးမ်ားျဖင့္ အိမ္အျပန္လမ္းကို ဦးတည္ ေလွ်ာက္လာခဲ့ေတာ့သည္။
“ရွပ္ … ရွပ္ ”
အေနာက္မွ ကပ္ပါလာေသာ ေျခသံ တစ္ခု။ ထြန္းသစ္ အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ မည္သူမွ် ရွိမေနပါ ။ သို႔ေသာ္ မသိစိတ္ထဲတြင္ေတာ့ သူ႔အေနာက္ တစ္စုံတစ္ေယာက္ ကပ္လိုက္လာသည္ကို ခံစားမိေလ၏။ ႐ြာထဲေရာက္ေတာ့ ႏြားအုပ္ ႏွင့္ သူ႔အား ေတြ႕သည္ ႏွင့္ တစ္ၿပိဳင္နက္ ေခြးမ်ားက တရၾကမ္းထိုးထိုးေဟာင္ေလေတာ့သည္။
အခ်ိဳ႕ ဆြဲဆြဲငင္ငင္ အူေနပုံႀကီးကား ၾကက္သီးထဖြယ္ေကာင္း လြန္းလွေပ၏။ ထို႔ေၾကာင့္ ထြန္းသစ္လည္း ခပ္သြက္သြက္ပင္ အိမ္သို႔ အရွိန္တင္ကာ သြားလိုက္ေတာ့သည္။ ပတ္၀န္းက်င္ကား ေမွာင္ရီပ်ိဳးစပင္ ျပဳလို႔ေနေခ်ၿပီ။ ႏြားမ်ားကို အိမ္ထဲ ေမာင္း လိုက္ၿပီး
“အေမ … က်ဳပ္ျပန္ေရာက္ၿပီ ”
ဟုလွမ္းအသံျပဳလိုက္၏။
“ေအေအ … ခနနားၿပီး ေရမိုးခ်ိဳးလိုက္ … အေမ ညစာျပင္လိုက္အုံးမယ္ ”
ေဒၚစိန္ျမထိုသို႔ေျပာေနတုန္းပင္ ထြန္းသစ္မွာ ႏြားမ်ားကို တင္းကုပ္ထဲ သြင္းေနရင္းမွ ဘိုင္းကနဲ ပစ္လဲက်သြားေလပါေတာ့၏။ ေဒၚစိန္ျမလည္း ထိုအျခင္း အရာကိုျမင္လိုက္ေတာ့ အိမ္ထဲမွ အတင္းေျပးထြက္လာခဲ့လိုက္သည္။ ထြန္းသစ္မွာေတာ့ သတိလစ္သြားေခ်ၿပီ။
“သား … သား … ထြန္းသစ္ … ကိုေပသီးေရ … ရွင့္သား ဘာျဖစ္သြားလဲ လာၾကည့္ပါအုံးေတာ့ ”
“စိန္ျမ … သား ဘာျဖစ္လို႔လဲ ”
“မသိဘူး…. ႏြားေတြကို တင္းကုပ္ထဲသြင္းေနရင္း တန္းလန္း လဲက်သြားတာပဲ ”
“ဟာ … ဒါတို ဘယ္ျဖစ္မလဲ … ေဆးဆရာ အျမန္ပင့္မွေပါ့ဟ …. သြားသြား … နင္ သားကို ေသခ်ာၾကည့္ထား … ငါဆရာပင့္ၿပီး ျပန္လာခဲ့မယ္ ”
ဦးေပသီးလည္း ပ်ာယာခတ္ကာ ေဆးဆရာပင့္ရန္ အတြက္ ၿခံထဲမွေျပးထြက္သြားလိုက္ေတာ့သည္။ တစ္ေအာင့္ေလာက္အၾကာမွာေတာ့ ေဆးဆရာ ဦးေဘာဂ ႏွင့္ အတူ ဦးေပသီးျပန္ေရာက္လာ၏။ သူတို႔ေရာက္လာ ခ်ိန္တြင္ ထြန္းသစ္ သတိရကာ တစ္စုံတစ္ရာကို ေအာ္ဟစ္ေယာင္ယမ္းေနေလ၏။
“သတ္မယ္ … သတ္မယ္ … ငါမင္းကို သတ္မယ္ ”
ထြန္းသစ္ဆီမွ ထိုသို႔ ေၾကာက္မက္ဖြယ္ အသံႀကီးကို ၾကားလိုက္ရေတာ့ ေဆးဆရာႀကီးအပါအ၀င္ ဦးေပသီး တို႔ပါ စိုးရိမ္သြားၾကေလ၏။ ဦးေဘာဂလည္း အေျခအေနကို ရိပ္စားမိသြားကာ ဦးေပသီးကို အိမ္အျပင္သို႔ အသာေခၚထုတ္သြားလိုက္ေတာ့သည္။
“ကိုေပသီး … ခင္မ်ားသားက … ေရာဂါျဖစ္တာ မဟုတ္ဘူး … က်ဳပ္ထင္တာ မမွားရင္ေတာ့ … ခင္မ်ားသား တစ္ခုခု မွားလာတယ္ထင္တယ္ ”
“ကယ္ … ကယ္ပါအုံး ဆရာရယ္ … က်ဳပ္ ဘာလုပ္ရမလဲ ”
“ပေယာဂ ဆိုရင္ေတာ့ က်ဳပ္လည္း မႏိုင္ဘူး ကိုေပသီးရ … ႐ြာလယ္ပိုင္းက ဆရာႀကီး ဦးေသာင္းေ႐ႊ ကေတာ့ ကုႏိုင္မယ္ထင္တာပဲ … ဆရာႀကီးက အထက္လမ္း အေမွာင့္ပေယာဂေတြလည္း ႏိုင္တယ္ ”
ဦးေဘာဂ ထိုသို႔ေျပာေတာ့ ဦးေပသီးလည္း
“ဒါဆိုလည္း က်ဳပ္တို႔ အခုပဲ သြားၾကတာေပါ့ ”
ဟုဆိုကာ ႏွစ္ဦးသား ဆရာႀကီး ဦးေသာင္းေ႐ႊထံ ထြက္လာခဲ့ၾကျပန္၏။ ဆရာႀကီးမွာ ႐ြာထဲက အေမွာင့္ပေယာဂ စုန္း ကေဝ ေအာက္လမ္း ျပဳစားသမွ်ကို ႏွိမ္နင္းႏိုင္သျဖင့္ နာမည္ေက်ာ္ေစာေလသည္။
ဆရာႀကီး ႏွင့္ ေတြ႕သမွ် ပေယာဂ တိုင္းသည္ ေပ်ာက္ၾကရစၿမဲသာ ျဖစ္ေလ၏။ ဦးေပသီး တို႔လည္း ဆရာႀကီး ဦးေသာင္းေ႐ႊ ၏ အိမ္သို႔ ေရာက္ခဲ့ၾကေလၿပီ။
“ဆရာႀကီးေရ … ဆရာႀကီး ရွိလား ”
“ေဟ့ … ဘယ္သူလဲေဟ့ … ငါအိမ္ထဲမွာရွိတယ္”
အိမ္ထဲမွ ဩဇာဓာတ္ျပင္းေသာ အသံကို ဦးေပသီး တို႔ၾကားလိုက္ရေလ၏။ ဆရာႀကီး ဦးေသာင္းေ႐ႊ၏ အသံပင္ ျဖစ္သည္။ ထို႔ေၾကာင့္ ဦးေပသီး တို႔လည္း ဆရာႀကီး၏ အိမ္ထဲသို႔ ၀င္သြားလိုက္ေတာ့သည္။
ဆရာႀကီးမွာေတာ့ ဘုရား၀တ္တက္ေနဟန္တူေလသည္။ ဆရာႀကီးလည္း ၎၏ အိမ္ထဲ ၀င္လာေသာ ဦးေပသီး၏ မ်က္ႏွာကိုၾကည့္လိုက္ရာမွာေတာ့ မေကာင္းဆိုးဝါး၏ ေႏွာက္ယွက္မႈကို ခံေနရမွန္း အတပ္သိလိုက္၏။ ဆရာႀကီးမွာ အသက္ ေျခာက္ဆယ္ ေက်ာ္၀န္းက်င္ ခန႔္ရွိၿပီး ေယာဂီေယာင္ ၀တ္ဆုံကို ဆင္ျမန္းထားေလသည္။
“ကဲ … ဆိုစမ္းပါအုံး … ”
“ဟုတ္ … ဟုတ္ကဲ့ … က်ဳပ္သားေလး … ထြန္းသစ္ ႏြားေက်ာင္းၿပီး ျပန္အလာ အပမွီလာလို႔ပါ … ဆရာႀကီး သူ ေတာထဲမွာ တစ္ခုခု အမွားလုပ္လာတယ္ ထင္ပါတယ္ဗ်ာ ”
ဆရာႀကီးလည္း ဦးေပသီး ေျပာသမွ်ကို ေခါင္းတဆတ္ဆတ္ၿငိမ့္ကာ နားေထာင္လိုက္ၿပီး ေငြဖလားတစ္လုံး ႏွင့္ အတူ အင္းခ်ပ္တစ္ခ်ပ္ကို ယူလိုက္ေလ၏။ ၿပီးေနာက္ ထိုေငြဖလားထဲတြင္ ေရထည့္ကာ ေစာေစာက အင္းခ်ပ္ကိုပါ ထည့္လိုက္ၿပီး ဂါထာတစ္ခုကို ခပ္တိုးတိုး ႐ြတ္လိုက္၏။ ၿပီးမွ
“စေနသား ေမာင္ထြန္းသစ္ ကို အေႏွာက္အယွက္ ေပးေနတဲ့ ပုဂၢိဳလ္ ေပၚစမ္း ”
ဟု အမိန႔္ေပးလိုက္သည္ ႏွင့္တစ္ၿပိဳင္နက္ ဖလားထဲက ေရၾကည္မ်ားမွာ ခ်က္ခ်င္း အနက္ေရာင္ေျပာင္းသြားသည္ကို ဦးေပသီး တို႔ အံ့ဩဖြယ္ ေတြ႕လိုက္ရပါေတာ့သည္။
တစ္ဖန္ ထို အနက္ေရာင္ ေရေပၚမွ အေမႊးထူထူ အစြယ္ေဖြးေဖြး ႀကီးႏွင့္ တေစၦႀကီး၏ ပုံရိပ္မွ တေျဖးေျဖးေပၚလြင္ထင္ရွားလာေလေတာ့၏။
ထိုအခါ ဆရာႀကီးလည္း သက္ျပင္းကို တစ္ခ်က္ခ်လိုက္ရင္း
“ကဲ … ေမာင္ေပသီးေရ မင့္သားကေတာ့ … မၾကာခင္ အသက္ႏႈတ္ခံရေတာ့မယ္ အခုေတာ့ ေနာက္မက်ေသးဘူး … ‌ေဆးစြမ္း အထေျမာက္ေအာင္ ဆရာႀကီးရဲ႕ ေဆးလြယ္အိတ္ ကို ေမာင္ေပသီး ပဲ ယူခဲ့လိုက္ေတာ့ ”
ဟုဆိုကာ ဦးေပသီး၏ အိမ္သို႔ ဆရာႀကီး ဦးေသာင္းေ႐ႊ ကိုယ္တိုင္ႂကြေလေတာ့၏။ ဦးေပသီး၏ အိမ္အေရာက္မွာေတာ့ ေစာင္ၾကမ္းေလးေပၚတြင္ လူးလွိမ့္ေနေသာ ထြန္းသစ္ကို ဆရာႀကီး ေတြ႕လိုက္ရေလ၏။ ဆရာႀကီး လည္း ဦးေပသီး၏ ၿခံထဲ ေျခခ်လိုက္သည္ ႏွင့္ တစ္ၿပိဳင္နက္ ထြန္းသစ္မွာ ေငါက္ကနဲ ထထိုင္ေလေတာ့သည္။
“မလာနဲ႔ … ထြက္သြား … ထြက္သြား ”
ဟု ဆရာႀကီးအား လက္ညိဳးေငါက္ေငါက္ထိုးကာ ေအာ္ဟစ္ေလေတာ့သည္။ ထို႔ေနာက္ ဆရာႀကီးလည္း ထြန္းသစ္အားၾကည့္ကာ ေရသန႔္တစ္ခြက္ကို ယူလိုက္ေတာ့သည္။
ထြန္းသစ္မွာေတာ့ ဆရာႀကီးအား စားေတာ့ဝါးေတာ့မည့္ႏွယ္ မ်က္လုံးရဲႀကီးမ်ားျဖင့္ၾကည့္ရင္း ထြက္သြား ထြက္သြား ဟုသာ တစာစာ ေအာ္ေနေလေတာ့သည္။ ဆရာႀကီးလည္း အေမႊးတိုင္ ဖေယာင္းတိုင္မ်ား ထြန္းကာ ဦးစြာ ဘုရား၀တ္တက္လိုက္သည္။ ၿပီးမွ ေစာေစာယူလာေသာ ‌ေရသန႔္ခြက္ကို ဂါထာတစ္ခုအုပ္လိုက္ေလ၏။
အဘ ဘိုးမင္းေခါင္ ဘိုးေတာ္ပြင့္ ဘိုးဘိုးေအာင္ စေသာ ပုဂၢိဳလ္ထူး ပုဂၢိဳလ္ျမတ္မ်ားကိုလည္း ပင့္ဖိတ္ၿပီး ထြန္းသစ္အား ပူးကပ္ေနေသာ မေကာင္းဆိုးဝါး တေစၦေကာင္ႀကီးကို ထိန္းခ်ဳပ္ထားလိုက္ေတာ့သည္။
ၿပီးေနာက္ ေစာေစာက ေရမန္းမန္းထားေသာ ေရစင္‌ႏွင့္ ေတာက္ခ်လိုက္ေတာ့သည္။
“အား … ပူတယ္ … ပူတယ္ ”
ထြန္းသစ္ မွာ ထိုသို႔ေသာ အသံဩႀကီးျဖင့္ ေအာ္ဟစ္ေတာ့သည္။ ဆရာႀကီးလည္း ေရမန္းျဖင့္ ထပ္ေတာက္ကာ
“မင္းဘယ္သူလဲ … ‌ဘယ္ကလဲ … ဘာလို႔ ကေလးကို ဒုကၡေပးေနရတာလဲ ”
ထြန္းသစ္အား ပူးကပ္ေနေသာ မေကာင္းဆိုးဝါးေကာင္ႀကီးမွာ အေတာ္ေခါင္းမာပုံရ၏။
“မေျပာဘူး … မေျပာဘူး ”
တေစၦႀကီး ဘူးခံ ျငင္းေလ ဆရာႀကီးမွာ ေရမန္းျဖင့္ ေတာက္ေလ လုပ္၏။ အတန္ငယ္ၾကာလာေတာ့ တေစၦႀကီးလည္း မေက်နပ္ဘူး မေက်နပ္ဘူး သတ္မယ္ သတ္မယ္ ဟုသာ အသံဩႀကီးျဖင့္ ေအာ္ေလေတာ့သည္။ ထိုအခါဆရာႀကီးလည္း
“မင္းဘာေၾကာင့္ … ကေလးကို ခုလိုလုပ္ရတာလဲ”
“က်ဳပ္ မေက်နပ္လို႔ လုပ္တာ … ”
တေစၦႀကီး စကားစေျပာလာေခ်ၿပီ။
“ကေလးက မင္းကို ဘာလုပ္လို႔လဲ …”
“သူ က်ဳပ္ပိုင္တဲ့ ေညာင္ညိဳပင္ႀကီးမွာ ႏြားလာေက်ာင္းတယ္ …. က်ဳပ္ကို ေတာင္ကိုင္း ေျမာက္ကိုင္း ကူးျပခိုင္းတယ္ … က်ဳပ္ ကူးျပပါတယ္ … ဒါေပမယ့္ ေညာင္ပင္ ဂြဆုံကို ထိုင္ျပပါေျပာေတာ့လည္း က်ဳပ္ထိုင္ျပတယ္ … က်ဳပ္ ထိုင္လိုက္ေတာ့ ဒီကေလးက သေရဂြနဲ႔ လွမ္းပစ္တယ္ … သူပစ္လိုက္တဲ့ ေလာက္စာလုံးက က်ဳပ္နဖူးတည့္တည့္ကို မွန္ၿပီး သစ္ပင္ေပၚက ျပဳတ္က်ရတယ္ … ဒါေၾကာင့္ မေက်နပ္လို႔ ဂုတ္ခ်ိဳးဖို႔ လိုက္လာတာ”
ထိုအခါမွ ဆရာႀကီးတို႔ ျဖစ္ေၾကာင္းကုန္စင္ကို ဇာတ္ရည္လည္သြားကာ
“ကဲ … ကေလးဆိုေတာ့ တစ္ႀကိမ္တစ္ခါမွားတာ ခြင့္လႊတ္လိုက္ပါ … တေစၦႀကီး ေက်နပ္ေအာင္ မနက္ျဖန္က်ရင္ အမဲသား တစ္ပိႆာနဲ႔ ေတာအရက္တစ္လုံး တိုက္ပါ့မယ္ … ဒီကေလးကိုေတာ့ ခြင့္လႊတ္ေပးလိုက္ပါ”
ထိုအခါ တေစၦႀကီး၀င္ပူးေနေသာ ထြန္းသစ္လည္း ငုတ္တုတ္ထိုင္ေနရာမွ ေပ်ာ့ေခြလဲက်သြားေလပါေတာ့၏။ ၿပီးေနာက္ သတိျပန္လည္လာေတာ့
“သား … သား … သက္သာလား ”
“အေဖ … က်ဳပ္ဘာျဖစ္သြားတာလဲ …”
“သား ဘာမွမျဖစ္ဘူး …. မူးလဲသြားတာ … ကဲ နားလိုက္အုံး … အေဖလည္း ေဟာဒီက အဘဆရာႀကီး ေတြကို အိမ္ျပန္ပို႔လိုက္အုံးမယ္ ”
ထြန္းသစ္မွာေတာ့ ျဖစ္ခဲ့သမွ် ဘာကိုမွ မွတ္မိဟန္ မတူေပ။ ဦးေပသီးလည္း ဆရာႀကီး ဦးေသာင္းေ႐ႊ၏ ေဆးလြယ္အိတ္ကေလး ဆြဲကာ အိမ္သို႔ လိုက္ပါပို႔ေဆာင္ေပးလိုက္ေလပါေတာ့သတည္း။
++++++++++
မနက္ေရာက္ေတာ့ ဦးေပသီးလည္း ေဈးထဲမွ အမဲသား တစ္ပိႆာႏွင့္ ေတာအရက္တစ္လုံး၀ယ္ကာ ေဒၚစိန္ျမအား ခ်က္ျပဳတ္ေစ၏။ ထြန္းသစ္မွာေတာ့ အိပ္ရာထဲမွ မထႏိုင္ေသးေပ။
ညေနေစာင္းေရာက္ေတာ့ ‌ဦးေပသီး ႏွင့္ အတူ ေဒၚစိန္ျမလည္း ထန္းေခါက္ေတာင္းထဲတြင္ အမဲသား ခ်က္ႏွင့္ ေတာအရက္ကိုထည့္ကာ ႐ြာျပင္ ကုန္းျမင့္ေလးေပၚက ေညာင္ညိဳပင္ႀကီး ဆီသို႔ ထြက္ခဲ့လိုက္ေတာ့သည္။
ေညာင္ပင္ႀကီးဆီအေရာက္မွာေတာ့ အသင့္ပါလာေသာ ဌက္ေပ်ာဖက္ေပၚတြင္ အမဲသား ခ်က္ႏွင့္ ေတာအရက္ကို အဖုံးဖြင့္ကာ ခ်ထားေပးလိုက္၏။ ၿပီးမွ ဦးေပသီးက
” ေညာင္ညိဳပင္ႀကီးတြင္ ေနထိုင္ေသာ တေစၦႀကီး ခင္မ်ား … ကတိအတိုင္း ကြၽႏ္ုပ္သားေလး၏ အမိုက္အမွားအတြက္ အမဲသားခ်က္တစ္ပိႆာ ႏွင့္ ေတာအရက္ကို လာေရာက္ပူေဇာ္ ေတာင္းပန္အပ္ပါသည္။ အသင္ တေစၦႀကီး ခြင့္လႊတ္သည္ဆိုပါက ထူးထူးျခားျခား တစ္ခုခုလုပ္ျပပါ ”
ဟုေျပာလိုက္သည္ႏွင့္ တစ္ၿပိဳက္နက္ ေညာင္ညိဳပင္ႀကီးမွာ ေလမတိုက္ဘဲ ဘယ္ညာ ယိမ့္ထိုးသြားသည္ကို ဦးေပသီး တို႔ ၾကက္သီးထဖြယ္ေတြ႕လိုက္ၾကရေတာ့သည္။ ေညာင္သီးမ်ားလည္း တဖုတ္ဖုတ္ ေႂကြက်လာကာ ဦးေပသီး ႏွင့္ ေဒၚစိန္ျမလည္း ထိုေနရာမွ ခပ္သုတ္သုတ္ လစ္ထြက္လာခဲ့လိုက္ေတာ့သည္။
ဦးေပသီးလည္း အိမ္ျပန္ေရာက္ေတာ့ အိပ္ရာေပၚတြင္ လဲေနေသာ ထြန္းသစ္အားၾကည့္ကာ သက္ျပင္း ကိုသာ တြင္တြင္ခ်ေနမိေတာ့သည္။ ထြန္းသစ္ ေလး သက္သာပါ့ သက္သာပါ့မလားဟူေသာ အေတြးတို႔ျဖင့္။
မနက္ေရာက္ေတာ့ ဦးေပသီးလည္း ေညာင္ညိဳပင္ႀကီး ထံတစ္ဖန္သြားကာ ၾကည့္လိုက္ေတာ့ ညက လာထားထားခဲ့ေသာ အမဲသားခ်က္ ႏွင့္ ေတာအရက္တို႔မွာ ဗလာသပ္သပ္သာ က်န္ေနသည္ကို အံ့ဩဖြယ္ေတြ႕လိုက္ရေလေတာ့၏။ ေညာင္ညိဳပင္က တေစၦအိုႀကီးပဲ စားလိုက္ေလသလား သို႔မဟုတ္ ေခြးတစ္ေကာင္တစ္ေလ လာေရာက္စားေသာက္သြားေလသလား။
ထြန္းသစ္ အေတာ္အတန္ ထူေထာင္လာခဲ့ေခ်ၿပီ။ တေစၦႀကီး၏ သေဘာထားႀကီးစြာ ခြင့္လႊတ္မႈေၾကာင့္ အသက္ဆက္ခြင့္ ရသည္ဟုပဲ ဆိုရေပေတာ့မည္။ ထြန္းသစ္ လုံးလုံးေနေကာင္း သြားသည့္ အခ်ိန္ေရာက္မွ ဦးေပသီးလည္း ျဖစ္ေၾကာင္း ကုန္စင္ကို ေျပာျပလိုက္သည္။
ထိုအခါမွ ထြန္းသစ္ လည္း အေၾကာက္ႀကီးေၾကာက္သြားကာ ေနာင္အခါ ပါးစပ္လက္ မသရမ္းဖို႔ သင္ခန္းစာ ေကာင္းေကာင္း ရသြားခဲ့ပါေလေတာ့သတည္း။
++++++++++
“ျဖစ္ပုံကေတာ့ … အဲ့ဒါပဲ … ေကာင္ေလးေရ ”
ကြၽန္ေတာ္လည္း အဘ ထြန္းသစ္၏ ဇာတ္လမ္း‌တြင္ စီး၀င္နစ္ေမ်ာရင္းမွ အခ်ိန္မည္မွ်ကုန္သြားခဲ့သည္မသိ။ အဘထြန္းသစ္လည္း အနည္းငယ္ အာေျခာက္သြားဟန္တူသည္ ေစာေစာက အေအးခံထားေသာ ေရေႏြးၾကမ္းကို က်ိဳက္ ခနဲေနေအာင္ေမာ့ပစ္လိုက္၏။
“ေၾကာက္စရာႀကီးပါလား … အဘရာ … အဘကေတာ့ တကယ္စံပဲလို႔ေျပာရမယ္ ”
“ေအးကြယ့္ … အဲ့တုန္းက ငယ္လည္းငယ္ အရာရာကို စူးစမ္းခ်င္ေတာ့ ခုလိုျဖစ္ရတာပဲ … အသံေၾကာင့္ ဖားေသ ဆိုသလိုေပါ့ကြယ္ … အဘကေတာ့ ဘာရယ္ မဟုတ္ဘူး ဒီတိုင္း ကေလးသဘာ၀ ပါးစပ္ေဆာ့ လက္ေဆာ့ လိုက္တာ … ကံေကာင္းလို႔ မေသတယ္ … ဟားဟား ဟား ”
“ဟုတ္ပဗ်ာ … အခုေရာ အဲ့ေညာင္ညိဳပင္ႀကီးမွာ တေစၦအိုႀကီး ရွိေသးလား အဘ ”
ထိုအခါ အဘထြန္းသစ္လည္း အတန္ၾကာေအာင္ ငိုင္သြားၿပီးမွ
“အခုေတာ့ မရွိေတာ့ဘူးထင္တာပဲကြယ့္ … အခ်ိန္ေတြလည္း ၾကာခဲ့ၿပီ မဟုတ္လား ”
“ဘာပဲေျပာေျပာ … က်ဳပ္အတြက္ ေရးစရာကုန္ၾကမ္း ရသြားလို႔ေက်းဇူးတင္တယ္ အဘရာ …”
“အသုံးတည့္ရင္ကိုပဲ ၀မ္းသာပါတယ္ကြယ္ … ကဲ အဘလည္း ျပန္အုံးမယ္ … ကိုေအာင္သိန္းေရ က်ဳပ္ျပန္ၿပီ ”
“ေအေအ … အားရင္လည္း စကားစျမည္ေလး ေျပာရေအာင္ လာအုံးေနာ္ … ငါ့ေျမးက ဒီမွာ တစ္ပတ္ေလာက္ေနအုံးမွာ ”
“ေကာင္းပါၿပီဗ်ာ … ေကာင္းပါၿပီ ”
ဟု ဆိုကာ ထိုင္ေနရာမွ ေလးေလးပင္ပင္ႀကီး ထလိုက္ေလသည္။ အသက္ေတြႀကီးလာခဲ့ၿပီ မဟုတ္ပါလား။ ကြၽန္ေတာ္လည္း အဘ ဦးထြန္းသစ္အား ၿခံေရွ႕ထိ လိုက္ပို႔ၿပီးေနာက္ ေရမိုးခ်ိဳးအနားယူလိုက္ပါေတာ့၏။
ကြၽန္ေတာ္ ၿမိဳ႕ျပန္ေတာ့မည့္ ေန႔ေရာက္သည့္ တိုင္ အဘထြန္းသစ္ ေရာက္မလာပါေတာ့ေခ်။ျပန္ရမည့္ ေန႔မနက္‌တြက္ေတာ့ အဖိုးဦးေအာင္သိန္းအား ဦးခ်ႏႈတ္ဆက္ကာ လာစဥ္ကအတိုင္း ေက်ာပိုးအိတ္ကေလး ႏွင့္ ထြက္လာခဲ့လိုက္ပါေတာ့သည္။ ကားဆရာ ကိုျမေမာင္ကို လည္း ဖုန္းဆက္ ထားၿပီးၿပီမို႔ ႐ြာထိပ္ကေလး တြင္ မၾကာမီ သူလာႀကိဳေပလိမ့္မည္။ တစ္ေအာင့္ေလာက္ၾကာေတာ့ ကားေရာက္လာခဲ့ၿပီ ။
ကြၽန္ေတာ္လည္း ကားေပၚတက္ကာ မ်က္စိအစုံကို ေတာင္ေျမာက္ ဝဲယာ ၾကည့္လိုက္စဥ္မွာေတာ့ ကုန္းျမင့္ ကေလးေပၚက ေညာင္ညိဳပင္ႀကီးဆီအၾကည့္က ေရာက္လို႔သြားေတာ့သည္။ ထိုေညာင္ညိဳပင္ႀကီး ေအာက္မွ ကြၽန္ေတာ့ အားလက္ျပႏႈတ္ဆက္ေနသည့္ လူအိုႀကီး တစ္ေယာက္ ။ ထိုလူအိုႀကီးကား အဘ ဦးထြန္းသစ္ပင္ ။
ကားကေလးမွာ အင္ဂ်င္သံေလး တခ်က္ခ်က္ ႏွင့္ အတူ စတင္ေ႐ႊ႕လ်ားေနေခ်ၿပီ။ ကြၽန္ေတာ့္ အား လက္ျပကာ က်န္ရစ္ခဲ့ေသာ ေညာင္ညိဳပင္ႀကီးေအာက္မွ အဘဦးထြန္းသစ္၏ ပုံရိပ္ကေလးကေတာ့ ေဝး‌ရင္းေဝးရင္း ေသးရင္းေသးလို႔ ……………
++++++++++
( ၿပီးပါၿပီ )
ေရးသားသူ…သူေရး