Unicode Version
” တစ္ဆေအမုန်း”(စ/ဆုံး)
————————-
ကုမ္ပဏီရုံးခန်းလေးတစ်ခုထဲတွင်တော့ ရုံးသူရုံးသားတွေက တစ် ယောက်တစ်ပေါက် ဆူဆူညံညံ ပွက်လောရိုက်ရင်း စကားများ ပြောဆိုနေ ကြလေသည်။ ရုံးတွင်း အစည်းအဝေးတစ်ခု ကျင်းပနေခြင်း ဖြစ်လေ၏။ မကြာမီ တာဝန်ရှိလူကြီးများ ရောက်လာကြ၏။
“ဒီနေ့လုပ်ရတဲ့ အစည်းအဝေးကတော့ တစ်လတစ်ခါပုံမှန်လုပ်နေကျအစည်းအဝေးတစ်ခုနဲ့အတူ
ဝန်ထမ်းသစ်တစ်ယောက်ကိုကြိုဆိုမိတ်ဆက်ပေးတဲ့ ပွဲလေးတစ်ပွဲလည်း ဖြစ်ပါတယ်”
တာဝန်ရှိသူ လူကြီးမှ မကြာမီကမှ ခန့်ထားခဲ့သော မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။ မိန်းကလေးမှာ ထ၍ရပ်လိုက်၏။
“ဒီက မိန်းကလေးရဲ့နာမည်က ခင်မိုးသဲပါ။ ရက်ပိုင်းလောက်ကမှ ကျွန် တော်တို့ ကုမ္ပဏီကို ဝင်လာတဲ့ ဝန်ထမ်းသစ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် – မခင်မိုးသံကို ကျန်တဲ့ဝန်ထမ်းတွေအားလုံးကဝိုင်းဝန်းကူညီကြဖို့နဲ့ သူ့ရဲ့လိုအပ်ချက်တွေကိုလည်း ညီအစ်ကိုဟင်နှမတစ်ယောက်ပမာ နွေးနွေးထွေးထွေး ကူညီဖြည့်ဆည်းပေးဖို့ ပြောလိုပါတယ်။ ဒီနေ့လုပ်တဲ့ ရုံးတွင်းအစည်းအဝေးလေးကတော့ ဒီလောက်ပါပဲ။
တခြားလုပ်ငန်းနဲ့ ပတ်သက်ပြီး တင်ပြစရာများ ရှိပါသလား။ ဘာမှမရှိ ဘူးဆိုရင်တော့ ဒီနေ့လုပ်တဲ့ အစည်းအဝေးက ဒီလောက်ပါပဲ”
အစည်းအဝေးပြီးတော့ အခန်းထဲမှ ပြန်အထွက်-
“ကိုအလင်္ကာ – မခင်မိုးသဲ လုပ်ရမယ့် လုပ်ငန်းတွေကို ကိုအလင်္ကာပဲ သင်ပြပေးလိုက်ပါဗျာ”
“စိတ်ချပါ – ခင်ဗျာ”
“မခင်မိုးသဲကလည်း လုပ်ငန်းနဲ့ပတ်သက်ပြီး မသိတဲ့ကိစ္စလေးတွေဆို ရင် ကိုအလင်္ကာကို မေးပါ် “ဟုတ်ကဲ့ပါရှင်”
ထိုနေ့မှစ၍မြေဝသုန်ကုမ္ပဏီလေးတစ်ခုတွင် ခင်မိုးသဲအလုပ်လုပ်ရင်း အခြားဝန်ထမ်းမိန်းကလေးများ ဖြစ်သည့် လဲ့လဲ့ဝင်း၊ စိုးသော်တာ၊ ဧပရယ်ဖူး တို့နှင့် ခင်မင်သိကျွမ်းခဲ့ရ၏ ဝင်မိုးသဲမှာ အလင်္ကာအလုပ်လုပ်သော ကုန် ပစ္စည်းမှတ်ပုံတင်ဌာနတွင် အလုပ်လုပ်ရ၏။မခင်မိုးသဲမသိလေသော ကိစ္စ များကိုတော့ အလင်္ကာမှာပင် စိတ်ရှည်လက်ရှည် သင်ပြပေး၏။ ခင်မိုးသဲ၏ ကြိုးစားမှုကြောင့်ပင် (တစ်လ)ခန့်ကြာသည့်ကာလတွင်တော့ လုပ်ငန်းကိစ္စ များကချောချောမွေ့ငွေ့နှင့် တတ်မြောက်သွားတော့၏။
အလင်္ကာမှာ လူချောလူလှတစ်ယောက် မဟုတ်လေသော်လည်း လူရည်လူသန့်တစ်ဦးအဖြစ်တော့ သတ်မှတ်၍ရသောလူတစ်ယောက် ဖြစ် သည်။ အမြဲတမ်း သပ်သပ်ရပ်ရပ် ဝတ်စားနေထိုင်တတ်၏။ ကိုယ့်စည်း ကိုယ်ကမ်းနှင့် နေထိုင်တတ်သော အလင်္ကာကိုကြည့်၍ တခြားရုံးဝန်ထမ်း အထူးသဖြင့် မိန်းကလေးများက …
“အလကား- ဘဝင်ကြီးပါဟယ်။ သူ့ကိုယ်သူ ဘုရားဖြစ်မယ့် အုတ်နီ ခဲကျိုးဆိုတာမျိုးပေါ့”
လဲ့လဲ့ဝင်း ကဲ့ရဲ့စကားကိုတော့ စိုးသော်တာမှ ထောက်ခံရင်း – “အဲဒါမျိုးပေါ့။ အကြိုက်နဲ့လည်းတွေ့ရာ -ဟွန်း – မပြောလိုက်ချင်ဘူး” “အေးဟယ် – မနာလိုလို၊ ဘဝင်လိုလိုနဲ့။ ငါတော့ကြည့်လို့ကို မရဘူး” ဧပရယ်ဖူးကလည်း ဆိုပြန်လေသည်။ ဘာပဲဖြစ်ဖြစ်၊ ခင်မိုးသဲသည်က
တော့လူတိုင်းအဆင်ပြေအောင်ပေါင်းသည်။ အထူးသဖြင့် မိမိသည်မကြာမီ ကမှ ဝင်လာသော ဝန်ထမ်းသစ်တစ်ဦး၊ ပြီးတော့ – ကိုအလင်္ကာဆိုသည်မှာ လည်း ဌာနတစ်ခုတွင် ပူးတွဲလုပ်ကိုင်နေရသူတစ်ဦးသာ ဖြစ်လေသည်။ တစ်နေ့ ရုံးဆင်းချိန်တွင် ရုံးအနီး မုန့်တီဆိုင်လေးတစ်ခုတွင် မုန့်စားကြရင်း ပိုးသော်တာမှ
“ဟဲ့ – ခင်မိုးသဲ – ဟိုအလင်္ကာကြီး – နင့်ကို ဆက်ဆံတာက တစ်မျိုးပဲ
အဆုံးမရှိ၊ အစမရှိ တုံးတိတိကြီး ပြောချလိုက်သောစကားကြောင့် – ”စိုးရယ် – နှင့်စကားကြီးက – ဘာလဲဟ။ ကိုအလင်္ကာကငါ့ကိုဘယ်လို ဆက်ဆံနေလို့လဲ”
“သူ -နင့်ကိုဆက်ဆံတာ သာမန်ထက်များ ပိုနေလားလို့” “မဟုတ်ပါဘူးဟယ်။ သူက ငါမသိတာတွေကို သင်ပြပေးနေတာပါ
“အေးလေ – ငါတို့ကိုတော့ရာလည်း မရောဘူး။ ခပ်တည်တည်ကြီးနဲ့။ ခု – နင့်ကျမှ လိုလိုလားလား ဆက်ဆံနေတာ ထူးတော့ ထူးခြားနေသလိုပဲ
ဧပရယ်ဖူးအပြော၊ လဲ့လဲ့ဝင်းမှလည်း –
“ချဉ်သီးနဲ့ဆာ၊ အကူထားရင် အရည်ပျော်တတ်တယ်တဲ့”
“ဟဲ့- မိန်းမတွေ – ကြည့်စမ်း – ကြည့်စမ်း။
အကောင်းမှတ်လို့နားထောင်
နေတာ။ လက်စသတ်တော့ – ငါ့ကို ဝိုင်းပြီး နှိပ်ကွပ်နေကြတယ်။ ငါတို့က ရိုးရိုးသားသားတွေပါဟယ်”
“ဟုတ်ပါတယ်။ ခုတော့ – ရိုးသေးတာပေါ့။ နောက်ကျမှ နောက်တော့ တစ်မျိုးထိုးလို့ ရပ်ပြန်ဆိုပဲဆိုတဲ့ သီချင်း နားဆင်ရတော့မယ်” “ကဲဟယ် – ကဲဟယ်-ပြောလေ ဆိုးလေပါလား-မိန်းမတွေရယ်” ကာလတစ်ခုတွင်တော့ ခင်မိုးသဲနဲ့ အလင်္ကာတို့မှာ စိုးသော်တာ နိမိတ် ဖတ်ခဲ့ကြသည့်အတိုင်း ချစ်သူရည်းစားများ ဖြစ်လာကြ၏။ တစ်နှစ်ခန့်ကြာ တော့ ရုံးတွင် လက်ထပ်ရင်း ခင်မိုးသဲ ပိုင်ဆိုင်ထားသော ရပ်ကွက်တစ်ခု၏ နှစ်ထပ်တိုက်လေးတစ်လုံးတွင် နေထိုင်ကြလေသည်။ ထိုအချိန်ထိ ခင်မိုးသဲနဲ့ အလင်္ကာတို့၏ ချစ်ခြင်းတရားတို့က လှိုင်းမဲ့တဲ့မြစ်။ လေထန်ခြင်းကင်းတဲ့ ကောင်းကင်၊
ကြည်လင်ရွှန်းပတဲ့လသာညလေးတစ်ညသာလျှင် ဖြစ်ခဲ့သည်။
ခင်မိုးသဲနဲ့ အလင်္ကာတို့ လက်ထပ်ပြီးတော့ ထိုကုမ္ပဏီလေးတွင်သာ ဆက်၍လုပ်ကိုင်နေကြလေသည်။ ဘုရားသွားကျောင်းတက်မဟုတ်သော် လည်းတစ်ရုံးထဲတွင် အလုပ်လုပ်သူများမို့ တစ်ရုံးထဲသွား၊ တစ်ရုံးထဲပြန်ဖြစ် ခဲ့ရသည်။ ခင်မိုးသဲသည် အလင်္ကာ မိမိကိုချစ်သောအချစ်နှင့် စလျှင်သာ၏။ တစ်နေ့မြို့ထဲသို့ ရေးဝယ်သွားရင်း အပြန်တွင် ခင်မိုးသိမှ –
“အလကာ
“ဘာလဲ – မိုးသဲ”
“မိုးတို့ – ဆေးခန်းကို ခဏဝင်ကြရအောင် – နော်”
“ဘာဖြစ်လို့လဲ – ပိုး။ နေမကောင်းလို့လား”
“အင်း – ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ … ကိစ္စရှိလို့”
ဆေးခန်းထဲရောက်မှ ခင်မိုးသဲ၊ အလင်္ကာအား တီးတိုးစကားလေး ပြော ကြားသည်။ ဆီးစစ်ကြည့်မလို့တဲ့။ ဆီးစစ်ချက်အဖြေအား နောက်ရက်သွား ယူရာတွင် ခင်မိုးသဲတွင် ကိုယ်ဝန်ရှိနေကြောင်း သိရတော့သည်။ ခင်မိုးသဲ အလင်္ကာအား တိုးတိုးလေး ပြောလိုက်သည်။ “ဟင် – တကယ်လား – မိုး” “တကယ်ပေါ့ – အလင်္ကာရဲ့
“ဟင်…ဒါဆို- ကိုယ်ကလေ၊အဖေဖြစ်တော့မှာပေါ့နော်” “ဒါပေါ့ – အလင်္ကာ၊ အလင်္ကာ – မပျော်ဘူးလားဟင်” “သော် – မိုးသဲရယ် – ပျော်တာပေါ့”
“နောက်ဆိုမိုးသီတို့ ဘဝလေးထဲမှာသားသားမီးမီးလေးတစ်ယောက်ပါ တိုးလာတော့မှာ”
“အလင်္ကာလည်း အလုပ်တွေ ပိုလုပ်ရမယ်။ ပြီးတော့ – ပိုက်ဆံတွေ လည်း ပိုရှာရတော့မယ်။ ပါးစပ်ပေါက်လေးတစ်ပေါက် တိုးလာပြီမဟုတ်လား
အင်း – ပြီးတော့ – ဒီနေ့ကစပြီးမိုးသဲလေးလေးပင်ပင်အလုပ်တွေမလုပ် ရဘူးနော်။ အားရှိတဲ့ အစားအစာတွေ စားပြီး နားနားနေနေနဲ့နေရမယ်။ လုပ် စရာကိစ္စတွေကိုတော့ အလင်္ကာ ဝိုင်းကူလုပ်ပေးမှာပေါ့- ဟုတ်တယ်မဟုတ် “အင်း”
လေမှာ ပဲ့တင်ဖွဲ့နွဲ့နွဲ့သံစဉ်လေးတွေနဲ့ ပန်းတစ်ကုံးကို သီကုံးဖွဲ့နွဲ့လေ သော အလင်္ကာမြောက်သည့် အလင်္ကာရဲ့စကားတွေကြောင့် ဝမ်းသာပီတိ ဂွမ်းဆီ ထိခဲ့ရသည်က မိန်းမသားတို့ရဲ့ သဘာဝ။ ထိုသို့နယ် ခင်မိုးသဲတစ်ယောက် ခင်ပွန်းသည် အလင်္ကာရဲ့ အယုအယစကားမှာ သမုဒယပွားရင်း ကျေနပ်နေခဲ့မိသည်သာ အမှန်ဖြစ်လေသည်။ကိုယ်ဝန်ရှိစတွင်တော့ မိုးသဲ အလုပ်လုပ်သေးသည်။ ထိုမှကိုယ်ဝန်ရင့် လာသည်မို့အလုပ်ထွက်လိုက်၏။ အိမ်၌ပင်နားနားနေနေ နေခဲ့၏။ အလင်္ကာ သည်ကတော့ ရုံးတက်မပျက်သွားလာနေဆဲဖြစ်၏။ထိုမှအလင်္ကာ ရုံးတက် စောသလို၊ ရုံးပြန်လည်း နောက်ကျလာ၏။ အစည်းအဝေးရှိသည်။ အလုပ် တွေများသည် ဟူသော မရိုးသည့်ဖြစ်စဉ်လေးများ ထပ်လာသည်။
ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ယောက်ျားကို အားကိုးလာသည်။ ထို့ ကြောင့် တစ်နေ့ တစ်နေ့ အိမ်ပြန်လာမည့်အချိန်ကို စောင့်မျှော်ရသည်က ခင်မိုးသိသာ ဖြစ်တော့သည်။
“ဟင် – မိုးတောင် ချုပ်တော့မယ်။ ကိုလည်း မလာသေးဘူး။ အလုပ်တွေ များ ကျနေလား မသိဘူး”
ဆေးရုံပြရက်၊ ဆေးခန်းပြရက်များတွင်လည်း မိမိသည်သာ အဆင် ပြေအသလို သွားလာနေရလေသည်။ ထိုကိစ္စများ ပြောမိသည့်အခါတိုင်း လည်း-
“မိုးသဲကလည်းကွာ။ ကိုယ်က ရုံးဝန်ထမ်းလေ။အထက်လူကြီးတွေရဲ့ မျက်နှာအတွကို အမြဲအရိပ်အခြည် ကြည့်ဒနရတာ။ ကိုယ့်မိန်းမကို လိုက်မပို့ ရင်ပဲ ရှိပါ့မလား။ ကိုယ့်ကို နားလည်ပေးစမ်းပါ – ပိန်းပရယ်-နော်-နော်”
“ဒါတော့ ဒါပေါ့- ကိုရယ်။ ဒါပေမဲ့ – မိန်းမဆိုတာ ကိုယ့်ယောက်ျားကို အားကိုးချင်တာပေါ့။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်မိန်းမဆိုတာ ယောက်ျားကို ပိုအားကိုးတယ်တဲ့။ အဲဒါတွေ ရှင် မသိဘူးမဟုတ်လား” “သိပါတယ် – မိန်းမရယ်။ ကိုယ်ပြောပြီးပြီ မဟုတ်လား” ထိုအခါအဆိုတော်ချစ်စံပယ်ရဲ့မောင်အရင်လိုမဟုတ်တော့ဘူးဆိုတဲ့ သီချင်းထဲကစာသားလေးလို အလင်္ကာပြန်လာရင် ရန်တွေ့စိတ်ဆိုးမယ်ဟုတင်းထားသော ဒေါသတရားတွေက ချော့လိုက်ပြန်တော့လည်း ပျော့၍ သွားရင်း အနုသယတောမှာ မျော၍ ပါသွားရသူက ခင်မိုးသဲသာ ဖြစ်လေ တော့သည်။
သည်နေ့ .မိုးသဲတစ်ယောက်အိမ်ထဲတွင်ရှိနေခဲ့သည်။ စိုးသော်တာရောက်လာ၏။
ခင်မိုးသဲမှာ အဝတ်များကို ခေါက်၍နေလေသည်။
“မိုးသဲရေ “ ဟေ့ မိုးသဲ”
ဟူသောခေါ်သံကြောင့် မိုးသဲအိမ်ရှေ့သို့ ကြည့်လိုက်သည်။ “စိုး -လာ – လာ – သူငယ်ချင်း – ငါ ရှိတယ်”
ပိုးသော်တာ အိမ်ပေါ်သို့ တက်လာရင်းမှ ထိုင်လိုက်သည်။ “မိုးသဲရယ် – ငါလည်း လာမယ်,လာမယ်နဲ့ စိတ်သာ ရောက်ပြီး လူက မရောက်ဘူးဖြစ်နေတာဟယ်။ ဒါနဲ့ – အလင်္ကာရော”
“သူ- သူငယ်ချင်းတစ်ယောက်ဆီကို သွားတယ် – စိုး” “ဒါနဲ့ – ညည်းနေကောင်းတယ်နော်”
“ကောင်းပါတယ် ဟယ်”
“ငါလည်း ဧပရယ်တို့၊ လဲ့လဲ့ဝင်းတို့နဲ့ ချိန်းနေတာ ကြာပြီ။ နင့်ဆီကို တစ်ရက်လောက်လာပြီး အေးအေးဆေးဆေးနေပြီးမှ ပြန်မယ်လို့ ဒီမိန်းမ တွေကလဲဟယ်။ အားတယ်ကို မရှိဘူး။ ဒါကြောင့် – မလာနိုင်တာပါ။ အလင်္ကာကိုတော့ တွေ့တိုင်း မေးနေပါတယ်။ ဟဲ့ – ဒါနဲ့ ညည်းကိုယ်ဝန်က ဘယ်နကရသွားပြီလဲ”
“(၈)လထဲမှာဟ”
“ကြော် – တော်တော်တောင် လ,နေရပြီဟယ်။ ငါလည်း ခုမှပဲ ရောက်တာ
“ရပါတယ် – သူငယ်ချင်းရယ်”
စကားဆုံးတော့ စိုးသော်တာ ဟိုဟိုသည်သည်ကို အကြည့်တစ်ချက် လိုက်ရင်းက ပြောသင့်၊ မပြောသင့် ချိန်ချိန်ဆဆပြု၍-
“ဟဲ့ မိုးသဲ – ငါ နင့်ကို ပြောစရာ ရှိတယ်ဟ”
စကားကို ဖြတ်လိုက်သည်။ မိုးသံ၊ စိုးမျက်နှာကို ကြည့်လိုက်၏။ “ဟဲ့ ဂိုး-ဘာလဲ။ ဘာပြောမှာလဲလို့”
“မပြောတော့ဘူးဟယ်”
“မရဘူးဟာ။ ပြောမယ်လုပ်ပြီးမှ ငါ့ကို စိတ်ခုအောင် မလုပ်နဲ့ စိုးသော်တာတစ်ယောက်ခင်မိုးသဲမျက်နှာလေးကိုကရုဏာသက်သောအကြည့်ဖြင့် ကြည့်ရင်းမှ
“အလင်္ကာ – ခြေလှမ်းတွေ ပျက်မနေဘူးလား – မိုးသဲ” “ဘာဖြစ်လို့လဲ – ပိုး”
“ဘာဖြစ်လို့လဲဆိုရင် – ရုံးကမေသန္တာဆိုတဲ့ကောင်မလေးတစ်ယောက် နဲ့ တွဲနေတယ်ဟ။ ရုံးကလူတွေ အတော်များများ သိနေကြတယ်။ ငါလည်း ဟိုတစ်လောက သူနဲ့ လက်ဖက်ရည်ဆိုင်မှာဆုံလို့ ပြောလိုက်သေးတယ်။ အနေအထိုင်ဆင်ခြင်လို့”
“အဲဒီတော့ – သူက ဘာပြောလဲ”
“စိုးရယ် – ကိုယ်မဟုတ်ရင် ပြီးတာပဲတဲ့ဟ”
ခင်မိုးသဲ စဉ်းစဉ်းစားစားပြုလိုက်သည်။
“ဟုတ်တယ် – စိုးရယ်။ အလင်္ကာရဲ့ အမူအရာတွေကတော့ ပြောင်းနေ တာ ကြာပြီ။ ရုံးပြန်ချိန်ဆိုရင်လည်း အမြဲလိုလို နောက်ကျတယ်။ ပြီးတော့- ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ မခိုင်လုံတဲ့ အကြောင်းတွေကလည်း ထပ် နေတယ်”
“တကယ်မှန်ရင်တော့ မကောင်းဘူးပေါ့ဟာ၊ ကိုယ့်မိန်းမက ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့။ ယောက်ျားက ဖောက်ပြန်ပြီး အသစ်တွဲတယ်ဆိုတာ ဒါ လုံးဝ မဖြစ်သင့်ဘူးဟ။ အင်း – ယောက်ျားဆိုတာ မိန်းမကိုယ်ဝန်ဆောင်ရင်ဖောက်ပြန်တတ်တယ်တဲ့။ ငါ ယောက်ျားမယူတာ အဲဒါတွေ ကြောက်လို့
သိလား”
“တော်စမ်းပါ – စိုးရယ်။ နင့်အကြောင်း မသိတာမှတ်လို့။ မရရင် မရဘူး ပြောစမ်းပါဟာ။ အကြောင်းသိတွေ”
“အောင်မာ – မိန်းမ – ငါ့ကို အထင်သေးလို့။ ရုံးက ဒရိုင်ဘာ ကိုစိုးဆိုရင် လိုချင်တာ တစ်ပိုင်းကို သေလို့”
“တော်တော့ – နင့်ကို အဲဒီလိုလူမျိုးတွေပဲ ကြိုက်မယ်”
“အေးဟယ်- နင်ပြောသလိုဆိုရင် အဲဒီမေသန္တာဆိုတာ ဘယ်သူလဲ။ ငါရုံးမှာ ရှိတုန်းက သူရှိလား”
“ဟင့်အင်း – မရှိသေးဘူ၊ဟ။ နင်ထွက်သွားပြီးမှ ဝင်လာတာ။ အမလေး ဟော့ရှော့လုပ်လိုက်တာကလည်း ပျံလို့၊ လန်လို့။ သူ့ကိုယ်သူ မင်းသမီးကျနေတာပဲဟာ”
“ဪ – အလင်္ကာရယ် – ရက်စက်လိုက်တာ။ ယောက်ျားဖောင်စီး၊ မိန်းမမီးနေတဲ့ ငါကတော့ တစ်နေ့တစ်နေ့ သေခြင်းတရားကိုအဖော်ပြုနေရ ချိန်မှာ သင်းကတော့ ဖောက်ပြန်လို့။ အပျော်ခရီးတွေ ချီတက်နေတယ်။ ယောက်ျား – ယောက်ျား- ဒါကြောင့်မို့လား မသိဘူး။ ယောက်ျားဆိုတာ ဒသခါမှ ချီးမွမ်းရသတဲ့”
“ဟဲ့-ပိုးသဲ – ဘာတွေစဉ်းစားနေတာလဲ။ ငါပြောတယ်လို့အလင်္ကာကို မပြောနဲ့နော်”
“အေး – ပါတယ်။ ပြောပါ့မလား။ ကျေးဇူးတင်ပါတယ် – သူငယ်ချင်း
“ကဲ-ဒါဆို-ငါပြန်ဦးမယ် – သူငယ်ချင်း”
တစ်နေ့
အိုဗာတိုင် ဆင်းရမည်ဟုဆိုကာ အလင်္ကာရုံးသို့ ထွက်သွား၏။
ခင်ပိုးသံ ဖုန်းဆက်ကြည့်လိုက်သည်။ ရုံးတွင် လူတစ်ယောက်မှမရှိ။ အိုဟတိုင် ဆင်းရန်လည်းမလိုကြောင်း၊ ရုံးစောင့်ဝန်ထမ်း ကိုဘအေးနှင့်ဆုံ၍ ရှင်းပြလာသည်။ ညနေရောက်တော့ အလင်္ကာ အိမ်ပြန်လာ၏။ “အလင်္ကာ – ဒါ – ဘယ်ကပြန်လာတာလဲ”
ခင်မိုးသဲ၊ ခပ်တင်းတင်း ခပ်မာမာ မေးလိုက်သည်။
“ဘယ်က ပြန်လာရမှာလဲ၊ မင်းကို ပြောသွားတာပဲ။ ရုံးမှာ ဒီနေ့ အိုဗာ တိုင်း ဆင်းရပါတယ်ဆို”
“ဘာရှင့် … အိုဗာတိုင် – ဟုတ်လား။ ရှင်တို့က ဘယ်မှာသွားဆင်းတာလဲ။ ဘယ်တည်းခိုခန်းမှာလဲ။ ဒီမှာ – အလင်္ကာ – ကျွန်မ ရုံးကို ဖုန်းဆက်ပြီးပြီ။ ဘာ(0″) လည်း မရှိဘူး။ ရှင် – ကျုပ်ကို ညာမနေနဲ့။ ဘာလဲ – ရှင်ဆင်းတဲ့ ({‘၊ က မေသန္တာဆိုတဲ့ကောင်မနဲ့ တည်းခိုခန်းမှာ သွားဆင်းတာလား”
“တော် – တော်ကွာ – ခင်မိုးသဲ။ မင်းပါးစပ်ကို ပိတ်လိုက်ရင် ကောင်းမယ်”
“မပိတ်ဘူးရှင့် – မပိတ်ဘူး။ ကျွန်မပြောနေတာတွေ တစ်ခုမှ မမှားဘူး။ အမှန်တွေကို ဒပြာနေဘာ။ အဲဒီမေသန္တာဆိုတဲ့ကောင်မက ဘယ်သူလဲ။ သူများလင်ကို ကြောင်တောင်နှိုက်တဲ့ကောင်မ – တွေ့ပယ်”
“သူများသားသမီးကို မင်း ချိုးချိုးဖဲ့ဖဲ့ မစွပ်စွဲနဲ့ကွ။ သူက ငါ့တပည့်မ လေး။သူကိုရင်းရင်းနှီးနှီးနေတယ်ဆိုတာကလည်း သူနားမလည်တဲ့အလုပ် တွေကို ငါ သင်ပေးနေရတာ။ မင်း – ဘာမှမသိပဲနဲ့ သူများပြောစကားတွေနဲ့ လျှောက်ပြောမနေနဲ့”
“အထင်နဲ့ပြောနေတာမဟုတ်ဘူး – အလင်္ကာ၊ ရှင်တို့တွေကမွန်နေလို့ ဘာမှဂရုပြုမိမှာမဟုတ်ဘူး။ ရှင်တို့ဘာတွေလုပ်တယ်၊ ဘယ်တွေသွားတယ်ဆိုတာကို တွေ့တဲ့ မြင်တဲ့သူတွေက ကျွန်မကိုသနားလို့ ပြန်ပြောကြတာ။ ရှင့်ခြေလှမ်းတွေပျက်နေတာကြာပြီ။ ကျွန်မမသိချင်ယောင်ဆောင်နေတာ။ ကဲ – ရှင် ဘာပြောဦးမလဲ”
“အေးကွာ – ဟုတ်တော့ရော ဘာဖြစ်လဲ။ မင်း ဘာလုပ်ချင်လဲ-ပြော” “ဒါပေါ့လေ – ရှင့်လိုသစ္စာမရှိတဲ့လူတစ်ယောက်ကို ရွေးချယ်ပြီး လင် သားတော်ခဲ့မိတဲ့ ကျွန်မရဲ့အပြစ်တွေပါပဲရှင်။ တော်ပါပြီရှင် – ရှင်နဲ့ ကျွန်မက လည်း ဒီဘဝမှာ ဒီလောက်နဲ့ပဲ ရေစက်ဆုံဖို့ ကျွန်မ ဆုတောင်းပါတယ်။
ခု -ဗိုက်ထဲက ကျွန်မရဲ့ ရင်သွေးလေးကိုလည်း ကျွန်မဘာသာပဲ ကျွန်မ တာဝန်ယူမယ်၊ ရှင်နဲ့ ဆိုင်လည်း မဆိုင်ဘူး။ ရှင့်ကိုလည်း တစ်ခါ – တည်းပြောထားလိုက်မယ်။ ဒီနေ့ကစပြီးကြိုက်သလိုနေ ကြိုက်သလိုလုပ်။ ရှင်နဲ့ ကျွန်မလည်း ဘာမှမဆိုင်တော့ဘူး”
အိမ်ထောင်ရေးမုန်တိုင်းတစ်ခု။သောက စစ်ဆင်ခဲ့လေသည်မှာ ခင်မိုးသဲ ကိုယ်ဝန်ရှစ်လခန့်ရှိသည့် အချိန်မှစ၍ ဖြစ်၏။ အလင်္ကာမှာလည်း သူများ ကဲ့ရဲ့မေးထိုးကြမည်ဖြစ်၍ ဟန်ဆောင်နေလာခဲ့၏။ ခင်မိုးသဲမှာလည်း အသက်ပပါသော ဘဝခရီးတစ်ခု ကိုမလျှောက်ချင်ပဲလျှောက်ခဲ့ရသည်မှာ သားလေးပင် (၆)လခန့်ရှိ၍သွား၏။ တစ်ခါ တစ်ခါတွင်တော့ ခင်မိုးသံ တွေး၏။
“ဒီဇာတ်လမ်းကိုငါသိမ်းမှဖြစ်တော့မယ်။ ဒီအတိုင်းဆက်နေလို့ငါ့ဘ၀ ကလည်း မထူးခြားလာဘူး၊ ပြောင်းလည်း မပြောင်းလဲဘူး။ ဘဝမှာ သစ္စာ အဖောက်ခံရတာလောက် အခံရခက်တဲ့ဝေဒနာ မရှိတော့ဘူး။ နင့်လိုသစ္စာ မဲ့တဲ့လူတစ်ယောက်ရဲ့ရင်ခွင်မှာ ငါ ဘယ်တော့မှ မနေဘူး- အလင်္ကာ၊
ဒီဘဝမပြောနဲ့ ဘဝဆက်တိုင်း၊ သံသရာအဆက်ဆက်နှင့်လိုလူနဲ့ မဆုံစည်း၊ မတွေ့ဆုံရပါစေနဲ့လို့ငါဘုရားရှိခိုးတိုင်း ဆုတောင်းပါတယ် – အလင်္ကာရယ်” ခင်ပိုးသဲ သားလေးကို နို့တိုက်ရင်းမှ မျက်ရည်များကျလာ၏။
“သားလေးဘဝက ဆိုးပါတယ် – သားရယ်။ သစ္စာမဲ့တဲ့ အဖတစ် ယောက်ရဲ့သားအဖြစ်နဲ့ ဒီဘဝမှာ လူဖြစ်လာခဲ့ရတဲ့ သားလေးကို မေမေ သနားလို့ မဆုံးဘူး”
ခင်မိုးသဲဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။ကလေး၏အဝတ်အစား၊ နို့ဗူး၊ အနှီးလေးများမှအစ အသုံးအဆောင်များကို ထည့်သိုကာ အလင်္ကာ ရှံးသွားနေခိုက် ရပ်ကွက်တစ်ခုတွင် နေထိုင်သော အစ်မဖြစ်သူအိမ်သို့ တက္ကစီကားလေးကိုငှားရင်း ရောက်လာခဲ့တော့သည်။
“ဟင် – ညီမလေး မိုးသဲ – လာ – လာ၊ ဘာဖြစ်လို့လဲ – ညီမလေး။ အလင်္ကာနဲ့ ရန်ဖြစ်ပြီး ဆင်းလာခဲ့တာလား”
အစ်မဖြစ်သူ မမမျိုးက ဆီး၍မေးသည်။
“မဟုတ်ပါဘူး- မမမျိုး။ ညီမ -ပုသိမ်ကို ခဏခရီးထွက်စရာရှိလို့ပါ။ နှစ်ရက်လောက်ကြာမှာမို့ပါ။ ကျွန်မသွားနေတုန်း သားလေးကို အစ်မဆီ ခဏလာပို့တာပါ။ ကျွန်မ ပြန်လာရင် လာခေါ်ပါ့မယ်”
“ဟုတ်ရဲ့လား – ခင်မိုးသဲရယ်”
“ဟုတ်ပါတယ် – ပပမျိုးရဲ့၊ ညီမ-ပညာပါဘူး”
“ဒါနဲ့ – အလင်္ကာနဲ့ရော အဆင်ပြေရဲ့လား”
“ဒီလိုပါပဲ မမျိုးရယ်။ သူလည်း သူ့ဘာသာသူနေ၊ ကျွန်မလည်း ကျွန်မ ဘာသာနေပေါ့။ သူနဲ့ ကျွန်မကတော့ ဘယ်လိုမှ ပြန်ပြီး အဆင်ပြေနိုင်ကြ တော့မှာ မဟုတ်ဘူးလေ”
“ညီမရယ် …”
ခင်မိုး …အိမ်သို့ ပြန်လာ၏။ အိမ်ရောက်လျှင် အိမ်တံခါးများကို တစ်ခုမကျန် ပိတ်၏။ ထို့နောက် အသင့်ကြိုတင်စီစဉ်ထားသည်။ အဆိပ်ရော၍ထားသည့် ကော်ဖီခွက်ကိုမော့၍ သောက်လိုက်လေတော့သည်။ခင်မိုးသဲ ..သေဆုံးပြီးတစ်နှစ်ခန့်ရှိသည့်ကာလတွင်တော့အလင်္ကာတစ်ယောက်
မေသန္တာနှင့် လက်ထပ်လိုက်လေတော့သည်။ မေသန္တာကိုလည်း မိမိ ခင်ပိုး သဲနှင့် နေထိုင်ခဲ့ကြသည့် နှစ်ထပ်တိုက်အိမ်လေး၌ပင်လျှင် ခေါ်၍ထား၏။
ယနေ့တွင် အလင်္ကာမှာ အလုပ်ကိစ္စတစ်ခုရှိ၍ သူငယ်ချင်းတစ်ဦးနှင့် တွေ့ဆုံရန် သွားနေ၏။ မေသန္တာတစ်ယောက်တည်း အိမ်တွင် ရှိနေလေ သည်။မေသန္တာမှာ ထမင်းဟင်းများ ချက်ပြုတ်ပြီး၍မီးပူတိုက်နေ၏။ အလုပ် ကိစ္စများပြီးလေသည့်အခါကုတင်ပေါ်တွင် အနားယူလိုက်ရင်း မှေးခနဲ အိပ်
ပျော်သွား၏။ ထိုစဉ် –
ဟူသော တံခါးကို အဆက်မပြတ် ခေါက်လာသည့်အသံကြောင့် မေသန္တာ နိုး၍လာသည်။ ထ၍သွားကာတံခါးကိုဖွင့်ပေးလိုက်သည်။ ထိုအခါ အဖြူရောင်ဝမ်းဆက်ဝတ်ထားသောမိန်းမတစ်ယောက်ရပ်နေသည်ကိုတွေ့ရတော့၏။
“ဟင် – ရှင် – ရှင် ဘယ်သူလဲ။ ဘယ်သူနဲ့ တွေ့ချင်လို့လဲ” မိန်းမမှာ မေသန္တာအား စူးစူးဝါးဝါး စိုက်၍ကြည့်နေ၏။ ပြီးလျှင် – “ဘယ်သူလဲ – ဟုတ်လား။ နင်က ငါ ဘယ်သူလဲဆိုတာ မသိဘူးလား။ သူများယောက်ျားကို လင်ရှိမှန်း သိရက်နဲ့ ကြောင်တောင်နှိုက်တဲ့မိန်၊မ၊နှင့်ကြောင့် – ငါတို့မိသားစုတွေ တစ်စစီပြိုကွဲခဲ့ရတာ။ ဒါနဲ့ – နေပါဦး။ ဒီအိမ်ကို နင်က ဘယ်သူခွင့်ပြုချက်နဲ့ တက်နေတာလဲ”
“ရှင် – ကျွန်မက ကိုအလင်္ကာရဲ့နီး မသန္တာပါ။ ကိုအလင်္ကာ ခေါ်လာ လို့ ဒီအိမ်မှာ နေတာပါ
“ဟဲ့ -ဒါက အလင်္ကာရဲ့အိမ် မဟုတ်ဘူးဟဲ့ – မဟုတ်ဘူး။ ငါ့ရဲ့အိမ်။ ငါ့အိမ်မှာ နင်တို့ နေစရာမလိုဘူး။ ခု ဆင်းသွားကြသည်။
မေသန္တာမှာ ထိုမိန်းကလေးကိုကြည့်ရင်၊ တုန်တုန်ရီရီဖြစ်၍နေလေ
“ဟုတ် – ဟုတ်ကဲ့ပါရှင်။ ကိုအလင်္ကာ ပြန်လာရင် ကျွန်မ ပြောပြပါ့မယ်” “အေး – ပြောလိုက် – တစ်ခါတည်းပြောထားမယ်။ ငါ့အိမ်ကနေ သုံးရက် အတွင်း ဆင်းပေးရင် ပေး၊ မပေးရင်တော့ ငါ့အဆို၊ မဆိုနဲ့ … ဒါပဲ။ ငါ့နာမည် ကိုမှတ်ထား – ခင်မိုးသဲ တဲ့”
“ရှင် – ခင် – ခင် – ခင်မိုးသဲ – ဟုတ်လား”
စကားဆုံးတော့ မေသန္တာ အိပ်ပျော်နေရာမှ လန့်၍နိုးသွားတော့သည်။ ရင်တွေ တဒိန်းဒိန်းတုန်ကာနေလေ၏။
“အလို- ဘုရား – ဘုရား – ဝါအိပ်မက်မက်နေတာပါလား။ တော်ပါသေး ရဲ့၊ အိပ်မက်ထဲမှာ လာပြီး ရန်တွေ့တဲ့မိန်းမက သူ့နာမည်က ခင်မိုးသဲတဲ့။ ခင်ပိုးသဲဆိုတာ ကိုအလင်္ကာရဲ့သေသွားတဲ့မိန်းမ မဟုတ်လား။
ပြီးတော့ – ပြောသွားသေးတယ်။ငါ့အိမ်ကို ဘယ်သူခွင့်ပြုချက်နဲ့ တက် နေတာလဲတဲ့။ ပြီးတော့ – ဒီအိမ်က သုံးရက်အတွင်း ပြောင်းပေးရမယ်တဲ့။ မပြောင်းရင် ငါ့အဆိုး မဆိုနဲ့လို့လဲ ကြိမ်းသွားသေးတယ်။ ငါ့ကို ကြည့်သွား တဲ့မျက်လုံးတွေကလည်း မီးထတောက်တော့မတတ်ပဲ၊ မဖြစ်ဘူး – မဖြစ် ဘူး။ ကိုအလင်္ကာပြန်လာရတော့ ပြောပြမှ ဖြစ်မယ်”
အလင်္ကာ အိမ်ပြန်ရောက်သည့် အခါတွင်တော့ ခင်မိုးသဲ နေ့လယ်က မိမိမက်သောအိပ်မက်အကြောင်းကို ပြောပြလိုက်သည်။ “ဟင် – ဟုတ်လား – သန္တာ”
“ဟုတ်တာပေါ့- အလင်္ကာရယ်။ အိပ်မက်ထဲမှာ မြင်ရတဲ့ အဲဒီမိန်းမရဲ့ မျက်နှာကြီးကကြောက်စရာ ကောင်းလိုက်တာ။ ခုထိ မျက်လုံးထဲကမထွက်ဘူး”
“ဟုတ်ရောဟုတ်ရဲ့လား – မေသန္တာရယ်၊ မင်းများအိပ်ချင်မူးတူးနဲ့ ထင် ယောင်ထင်မှားဖြစ်တာလားလို့”
“အိုရင်-အိပ်မက်ထဲမှာ တကယ့်ကို ရန်လာတွေ့တာ” အလင်္ကာတစ်ယောက် သက်ပြင်းမောတစ်ချက်ကို ချလိုက်သည်။ “အင်း – ဒါဆိုရင် – သေရာပါပြီ။ ခင်မိုးသဲမှ ခင်မိုးသဲအစစ်” “ခင်မိုးသဲဆိုတာ ကိုအလင်္ကာရဲ့ဆုံးသွားတဲ့မိန်းမ မဟုတ်လားဟင်” “ဟုတ်တယ် – သန္တာ။ ကဲပါလေ – အိပ်မက်ဆိုတာ ကိုယ်ကြားဖူးတာ ကတော့သွေးလေချောက်ချားရင်လည်း မက်တတ်တာပဲတဲ့။ ရင်ထဲမှာ ဘာ ဥပါဒါန်မှ ဖြစ်မနေနဲ့။ လာ – ကိုယ် ထမင်းဆာလာပြီ။ ထမင်းစားတော့မယ်” ထမင်းစားရန် မီးဖိုထဲသို့ သွားရန်အလုပ်။
“ဪ – ဒါနဲ့ – အဲဒီပိန်းမက ပြောသွားသေးတယ် သိလား၊ ဒီအိမ်ဟာ သူအိမ်တဲ့။ ဘယ်သူခွင့်ပြုချက်နဲ့ နေတာလဲတဲ့။ ပြီးတော့ – ဒီအိမ်ကနေ သုံး ရက်အတွင်း၊ ဆင်းပေးတဲ့။ ဆင်၊မပေးရင် သူ့အဆိုးမဆိုနဲ့တဲ့ကြိမ်းသွားသေး တယ် – ကို”
“အို-အလကားပါကွာ။ သူက ကြိမ်းရအောင် ဘာကောင်မပို့လဲ။ သူ ဆင်းခိုင်းတိုင်း ငါတို့က ဆင်းပေးရမှာလား”
စကားဆုံးတော့ ထမင်းစားရန် ဇနီးမောင်နှံ မီးဖိုလေးထဲသို့ ဝင်လာခဲ့ သည်။ ချုပ်ရီဆည်းဆာတစ်ခုသည်ကတော့အပျိုဖော်ဝင်စအလှသွေးကြွယ် နေသည့် မိန်းမပျိုတစ်ဦးသို့နှယ်။ လှပကြော့ရှင်း လွင့်မျောခြင်းသံစဉ်တွေနဲ့။
သည်နေ့ …
မေသန္တာ၊ အလင်္ကာအလုပ်သွားလေတော့ မနေ့ညနေကဖွပ်ပြီး မလှန်း ရသေးသည့်အဝတ်များကို အိမ်အပေါ်ထပ် ဗရန်တာ ကော်ရစ်တာတစ် လျှောက်တွင် သွယ်တန်းထားသော ကြိုးတန်းလေးတွင် လှန်းနေမိသည်။ မေသန္တာတို့ အိမ်လေးသည် နှစ်ထပ်တိုင်ပုလေး ဖြစ်၏။ အိမ်အောက် ထပ်တွင် အိမ်ငှားတစ်ဦးတို့ နေထိုင်ကြလေသည်။
ထိုအချိန်တွင် “ကျွီ …”
ဟူသောမြည်သံတစ်ခုနှင့်အတူခြံတံခါးကြီးမှာ သူအလိုလိုပွင့်သွားရင်း တွန်းဖွင့်လိုက်သည်သို့မြင်လိုက်ရလေသည်။ မေသန္တာ ခြံတံခါးဆီသို့လမ်း ကြည့်လိုက်၏။ သို့သော် ဘာမှမတွေ့။ အဝတ်များကို ဆက်၍လှန်းနေမိလေ သည်။
ထိုအချိန်တွင် အောက်ထပ်မှတက်လာနေသော ခြေသံတစ်ခုကိုကြား ရတော့၏။ ခြေသံသည် အစတွင် ခပ်တိုးတိုးဖြစ်သော်လည်း နောက်တွင် ကျယ်လာရင်းနီး၍နီး၍လာသည်။ မိမိတို့အခန်းဝသို့ရောက်လေသည့်အခါ ခြေသံမှာ လုံးဝမကြားရတော့ပဲ ရပ်၍သွား၏။
ရပ်သွားသောခြေသံကို မေသန္တာ သတိမူလိုက်မိသည်။ လှန်းလက်စ အဝတ်များကို ရပ်လိုက်၏။
“ဘယ်သူများပါလိမ့်။ ခြေသံက အခန်းဝမှာ ရပ်သွားတယ်။ မေသန္တာ အခန်းဝတွင် ရေထားသော တံခါးဆီသို့လျှောက်လာသည်၊ ရပ်၍နားထောင် ကြည့်၏။ ဘာသံမျှ မကြား။ ထို့ကြောင့် စေ့ထားသောတံခါးကို ဆွဲ၍ဖွင့် လိုက်သည်။
“ဟင် – ဘယ်သူမှလည်း မရှိဘူး။ ဒါဆို-တက်လာတဲ့ ခြေသံဟာ ဘယ် သူလဲ။ ငါသေသေချာချာကြားလိုက်တာပါအခန်းတံခါးကို ပြန်စေ့ကာ လှန်းလက်စ အဝတ်များကို ဆက်၍လှန်း နေမိသည်။ ထိုအခိုက် –
“ကျွိ”
ဟူသော အခန်းတံခါး ဖွင့်လိုက်သံ ကြားလိုက်ရပြန်သည်။ မေသန္တာ နောက်သို့လှည့်ရင်း အခန်းတံခါးဆီ ကြည့်လိုက်၏။ အခန်းတံခါးမှာ ပိတ် လျက်သား။ မိမိထိုးထားသော တံခါးချက်မှာလည်း မပျက်မယွင်းထိုးထား သည့်အတိုင်း ရှိနေဆဲ ဖြစ်၏။
အကြည့်ကို တံခါးဆီမှ ခွာလိုက်ရင်း စိတ်ချလက်ချ အဝတ်လှန်းနေမိ သည်။ ထိုစဉ် မိမိနောက်နားတွင် တစ်စုံတစ်ဦးဦး ရပ်လိုက်သည်သို့ ခံစား လိုက်ရ၏။ ရင်ထဲတွင်လည်း ရှိန်းခနဲ ဖိန်းခနဲ ဖြစ်၍သွားသည်။ ထို့ကြောင့် နောက်သို့ လှည့်အကြည့် မြင်လိုက်ရသောမြင်ကွင်းမှာ –
“ဟင် – ရှင် – ရှင် – ဘာ – ဘာဖြစ်လို့ ဝင်လာတာလဲ။ ဘာကိစ္စရှိလို့လဲ” မေသန္တာတွေ့လိုက်ရသည်မှာ အဖြူရောင်ဝမ်းဆက်ကို ဝတ်ထားသော မိန်းမတစ်ဦး။ ဆံပင်ကို ခါးလယ်လောက်အထိ ဖြန့်၍ချထားပြီးရပ်နေသည် ကိုတွေ့လိုက်ရတော့သည်။ ထိုမိန်၊မမှာ ခင်မိုးသဲပင် ဖြစ်လေသည်။
“နှင့်ကို ပြောထားပြီးပြီ၊ ငါ့အိမ်ကနေ သုံးရက်အတွင်း ဆင်းပေးလို့။ ငါ့ယောက်ျားကို ကြောင်တောင်နှိုက်တဲ့မိန်းမ – ကဲဟာ … သွား”
မေသန္တာအနာ။သို့ ကပ်လာကာ ဒေါသတကြီးဖြင့် ဆောင့်၍တွန်းပစ် လိုက်သည်။ မေသန္တာ အပေါ်ထပ် ဝရန်တာမှ ပြုတ်ကျသွားတော့သည်။
“ဝုန်း”
မေသန္တာ ဆုံးပါးသွားပြီးနောက်တွင် အလင်္ကာတစ်ယောက် အိမ်သို့
မပြန်တစ်လှည့်၊ ပြန်တစ်လှည့် ဖြစ်လာ၏။ တစ်ခါတစ်ခါတွင်တော့ ရုံး၌သာ အိပ်ဖြစ်သည့်အခါက များလေသည်။ မိမိ၏အဖြစ်သည် တိုက်ဆိုင်မှု ဆိုရ မည်လား။ သို့တည်းမဟုတ် ဥပါဒါန် စွဲလမ်းခြင်းတစ်ခုရယ်လား။ ဒါတော့မသိ။ ဝေလည်း မဝေခွဲတတ်။ သို့သော် ထူးခြားစွာတိုက်ဆိုင်လွန်းနေသည် ကတော့ အံ့ဩစရာသာ ဖြစ်လေသည်။
“ဪ-ခင်မိုးသဲ-ခင်မိုးသဲ။ ငါ့ကို အငြိုးအမျက် ကြီးနေတဲ့ပုံပဲ။ မေသန္တာ သေရကာဟာလည်း သူ့လက်ချက်ပဲ ဖြစ်ရမယ်” ညည်းညည်းညူညူစိတ်များကိုတဒင်္ဂလန်းဆန်းစေရန် ရုံးဝင်းအတွင်း ရှိ လက်ဖက်ရည်ဆိုင်လေးဆီသို့ ထွက်လာခဲ့သည်။ အောင်မြင့်နဲ့ ဇော်ကြီး တို့ကို တွေ့ရ၏။ မိမိကိုမြင်တော့ လှမ်း၍ခေါ်ကြသည်။ “ဟေ့ကောင် – အလင်္ကာ – လာ လာ – ဒီကိုလာ” အလင်္ကာ၊ အောင်မြင့်တို့ဝိုင်းသို့ ဝင်၍ထိုင်လိုက်သည်။ “ကဲ- မင်း ဘာသောက်မလဲ။ အပူလား၊ အအေးလား” “လက်ဖက်ရည် ကျလိမ့်ပဲ ပေးကွာ”
လက်ဖက်ရည်ဝိုင်းတွင်တော့ မိမိဖြစ်ပျက်နေသော အဖြစ်ပျက်လေး အား ပြောပြလိုက်သည်။
“ဟင် – ဒါဆို – မင်းမိန်းမ ပေသန္တာ သေရတာဟာ ခင်ပိုးသဲရဲ့လက်ချက် လို ဖြစ်နေတာပေါ့
“ဟုတ်တယ် – အောင်မြင့်။ သူမသေခင် တစ်ပတ်လောက်က အိပ်မက် ထဲမှာ သူ့ကို ခင်မိုးသံက လာပြီးရန်တွေ့တဲ့အကြောင်း ငါ့ကို ပြောပြခဲ့တယ်။ ဒါပေမဲ့ -ငါလည်းဘယ်ယုံမလဲကွာ။ ဒါကြောင့် – ခပ်ပေါ့ပေါ့ပဲ နေလိုက်တာ။ ငါ့အထင်တော့ – မေသန္တာ အိမ်ပေါ်ကပြုတ်ကျတာက သူ့အလိုလို ပြုတ်ကျ တာမဖြစ်နိုင်ဘူး။ ခင်မိုးသဲ တွန်းချတာပဲ ဖြစ်ရမယ်”
ဇော်ကြီးမှ ဖျောင်းဖျောင်းဖျဖျ ပြောဆိုလာသည်။
“သိပ်လည်း ယိုးစွပ်မနေနဲ့ – သူငယ်ချင်း။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်
ရတယ်တဲ့”
“သိပ်အယုံအကြည်ကြီးလည်းမဟုတ်ပါဘူးကွာ။ ဒါပေမဲ့ – ခင်ပိုးသဲက ငါ့ကိုအတော်မုန်းမုန်းတီးတီးဖြစ်ရင်းသေသွားခဲ့တာ။ သူ့စိတ်ကို ငါသိတယ်။ အစွဲအလမ်းကြီးတယ်။ ဒါကြောင့် – ပြန်ကလဲ့စားချေတာ မဟုတ်ဘူးလို့လဲ အတပ်ပြောလို့တော့ မရနိုင်ဘူး”
“ကဲပါကွာ – ဒါတွေ ထားလိုက်ပါတော့။ မင်းစိတ်တွေ နည်းနည်းလန်း သွားအောင် ရုံးဆင်းရင် ငါတို့နဲ့ လိုက်ပြီး KTV မှာ ဘီယာသောက်ရင်း သီချင်းဆိုကြတာပေါ့
“ငါ မလိုက်တော့ဘူးကွာ။ ရုံးပြန်ပြီး တစ်မှေးလောက်အိပ်ရင်း အနား ယူတော့မယ်။ ခုကလည်း ဒီအကြောင်းတွေ တွေးရင်း ကောင်းကောင်းအိပ် မပျော်ဘူး”
စကားဆုံးတော့ အလင်္ကာတို့သူငယ်ချင်းတစ်စု လက်ဖက်ရည်ဆိုင်မှ ထလိုက်ကြတော့သည်။
ရုံးပြန်ရောက်တော့ …။
နုံးချိနေသောခန္ဓာကိုယ်ကို ပစ်လှဲချလိုက်ရင်း အိပ်ပစ်လိုက်သည်။ နှစ် နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား၏။ထိုစဉ်ရုံးခန်းတံခါးကိုခေါက်လာသောအသံတစ်သံကို ကြားလိုက်ရသည်။
“ပေါက်-ပေါက်-ပေါက်
မိမိမှာ အောင်မြင့်နဲ့ ဇော်ကြီးတို့ လာကြသည်ဟု ထင်လိုက်၏။ ထို့
ကြောင့် တံခါးဖွင့်ပေးရန် ထလိုက်သည်။
“ဒီကောင်တွေကလဲကွာ။ ခုမှ အိပ်ပျော်မယ် မကြံသေးဘူး လာနှိုးကြပြန်ပြီ”
ရေရွတ်ရင်းတံခါးကို ဖွင့်ပေးလိုက်၏။ တွေ့လိုက်ရသည်မှာ အောင်မြင့် လည်း မဟုတ်၊ ဇော်ကြီးလည်း မဟုတ်။ အဖြူရောင်ဝမ်းဆက်ကို ဝတ်ဆင် ထားသော ခင်မိုးသဲသာလျှင် ဖြစ်လေ၏။ အလင်္ကာ အံ့ဩသွားသည်။
“မင်း – မင်း – ဒီ – ဒီကို ဘာလာလုပ်တာလဲ”
ခင်မိုးသိမှာမိမိကို စူးစူးစိုက်စိုက်ကြည့်ရင်း အခန်းထဲဝင်လာ၏။ ခုံတစ် ခုတွင် ဝင်ထိုင်လိုက်သည်။
“ရှင့်ကို တွေ့ချင်လို့ လာခဲ့တာ”
“မင်းက ငါ့ကို တွေ့ရအောင် ဘာကိစ္စရှိလို့လဲ။ မင်းနဲ့ငါ တွေ့စရာ ဘာ အကြောင်းမှ မရှိဘူး။ သွား – သွား … ငါ့အခန်းထဲက ခုထွက်သွား”
“သွားမှာပါ – အလင်္ကာရယ်။ ဒီလောက်လဲ နှင်မနေပါနဲ့။ ခု – ဇနီးချော လေး ဆုံးသွားလို့ သိပ်ခံစားနေရတယ်ထင်တယ်။ ဟင်း – ဟင်း – စိတ် မကောင်းပါဘူးရင်
“မင်း သနားစရာမလိုဘူး – မိန်းမယုတ်။မေသန္တာကိုအိမ်ပေါ်ကတွန်းရ လိုက်တာလည်း မင်းပဲ မဟုတ်လား”
“ဟုတ်တယ် – ကျွန်မ မသန္တာကို အိပ်ပေါ်ကတွန်းချလိုက်တာ” “ယုတ်မာလိုက်တဲ့ မိန်းမကွာ”
“ဒါပေါ့ရှင်။ ဂျင်းစိမ်း မိတ်သလင်တဲ့၊ သူကြင်မှ ကိုယ်ကြင်တဲ့။ ရှင်လုပ် မုံ့တဲ့လုပ်ရပ်တွေကလည်း ကောင်းလို့လား။ ယုတ်မာတာကျွန်မမဟုတ်ဘူး- ရှင် – ရှင်၊ ရှင် ဖောက်ပြန်ခဲ့လို့ကျွန်မတို့မိသားစုဘဝတွေ ပြိုကွဲခဲ့ရတယ်။ရှင် ကျွန်မ စိတ်ဆင်းရဲရသလို ရှင်လည်း ပြန်ပြီး စိတ်ဆင်းရဲရမယ်ဆိုတာ မှတ် ထား
“သွားကွာ “ သွားဆိုရင်သွား။ ငါ့အခန်းထဲက ခုထွက်သွား”
“သွားမှာပါ- ကိုအလင်္ကာ။ ကျွန်မရယ်၊မေသန္တာရယ်မိန်းမနှစ်ယောက်တော့ သေပြီးပြီ။ မိန်းမနှစ်ယောက်အလှည့်ပြီးရင် ဒီတစ်ခါသေဖို့က ရှင့်အလှည့်ပဲဆိုတာသေသေချာချာ မှတ်ထားလိုက်ပါ”
“သွား – ပြန်ပြန်သွား။ ခုထွက်သွား – မိန်းမယုတ်၊ မင်္ဂလာမရှိတဲ့စကား
တွေ လာပြောမနေနဲ့ – သွား”
“ဒေါက် – ဒေါက်- ဒေါက်”
“ပေါက် – ပေါက် – ဒေါက်
တံခါးခေါက်သံကြောင့် ယောင်၍အော်နေသော အလင်္ကာ နိုးလာသည်။ “ဟေ့ကောင် အလင်္ကာ – တံခါးဖွင့်စမ်း – ဖွင့်စမ်း။ ဘာတွေ ယောင်အော်နေတာလဲ”
တံခါးဖွင့်တော့ အောင်မြင့်နဲ့ ဇော်ကြီးတို့နှစ်ယောက် ဝင်လာသည်။ “ငါ အိပ်မက်ဆိုးတစ်ခုကို မက်သွားလို့ပါကွာ”
အလင်္ကာ …ညက ပက်သော အိပ်မက်ကို စဉ်းစားနေမိသည်။
“ငါ- ခင်မိုးသဲကို မစွဲလမ်းပါပဲနဲ့ ဘာလို့များ အိပ်မက်ရတာပါလိမ့်။ ပြီးတော့ – အိပ်မက်ထဲမှာလည်း ငါ့ကို ရန်တွေ့ရင်း ပြောသွားတဲ့စကားက မိန်းမနှစ်ယောက် သေပြီးရင် ဒီတစ်ခါ နင့်အလှည့်ပဲတဲ့။ အဲဒီစကားက ဘာ အဓိပ္ပာယ်ပါလိမ့်။ ေဩာ် – သိပြီ၊ သိပြီ။ ဟိုတစ်နေ့ကလက်ဖက်ရည်ဆိုင်မှာ အောင်မြင့်တို့နဲ့ တွေ့တုန်းကပြောခဲ့တဲ့စကားတွေကို ငါစွဲလမ်းပြီးအိပ်မက် မက်သွားတာထင်တယ်”
ဒီနေ့ ရုံးကိုရောက်တော့ အလုပ်ကိစ္စတစ်ခုဖြင့် မန္တလေးသို့ ခရီးထွက်ရ
မည်ဟု ဆိုလာလေသည်။ ရုံးကားဖြင့် ထွက်လာခဲ့ကြသည်။ မန္တလေး၌ နှစ်ရက်တိတိ ကြာ၏။ အပြန်ခရီး၌ ကားမောင်းသည့် ဒရိုင်ဘာကောင်လေး ထွန်းဝေသည်ရောက်တုန်းရောက်ခိုက် သူ့ဇာတိမွေးရပ်လေးသို့ခဏဝင်လို ကြောင်း ပြောလာသည်။ ခွင့်ပြုလိုက်ရ၏။ ပြဿနာ တစ်စုံတစ်ရာမရှိ။ အလင်္ကာသည် ကားကို အမြဲမမောင်းသည်မှအပ ကျွမ်းကျင်စွာ မောင်းနိုင် လေသည်။ ထို့ကြောင့် မိမိတစ်ယောက်ထဲကားကိုမောင်းပြန်လာခဲ့သည်။
ကျွန်မ ခရီးဝေးတစ်ခုကို အပြီးသွားရတော့မယ်။ နောက်ဆို မမတို့၊ သားလေးတို့နဲ့ တွေ့ရတော့မှာမဟုတ်တော့ဘူး မမရယ်။ ဒါကြောင့် -မမမျိုးကို ညီမ တစ်ခုတောင်းဆိုပါရစေ။
သားလေးကို သင်္ကန်းဆီးပြီး ရှင်ပြုပေးပါနော်။ ဒါမှလည်း ကျွန်မ ဘဝသစ်တစ်ခုကို ကောင်းကောင်းမွန်မွန်နဲ့ကူးပြောင်းနိုင်မှာ
ဟိုတွေး သည်တွေး အတွေးများဖြင့် မောင်းနှင်လာရင်း ကားလေးက ရန်ကုန်သို့ ချဉ်းနင်းဝင်ရောက်လာသည်။ အလင်္ကာ နာရီကို ကြည့်လိုက် သည်။ ည(၇)နာရီထိုး၍နေပြီ။ ဆောင်းကာလမို့ ပိုးက အစောကြီးချုပ်၍သွား သည်။ မြူနှင်းမြူစတွေက ဟိုမှသည်မှ ယှက်ဖြာနေသည်။ ဝင်းခနဲလက်ခနဲ အချက်ပြမီးများကိုထိုး၍ ဝင်လာနေသော မျက်နှာချင်းဆိုင်တူရူဆီမှ ကား များကို သတိကြီးစွာ ရှောင်ရှားရင်း ကားကိုအားစိုက်မောင်းလာနေမိသည်။
မြို့ထဲသို့ ဝင်လာသည်မို့ ကားတွေက တဖြည်းဖြည်း ရှုပ်လာသည်။ မင်္ဂလာဒုံမြို့နယ်ထဲသို့ ဝင်လာသည်။ ကျိုက္ကလို့၊ ကျိုက္ကလဲဘုရားနားသို့ ရောက်တော့မည်ဖြစ်ကြောင်း သတိပြုလိုက်မိသည်။ လမ်းချိုးတစ်ခုကို ချိုး ကွေ့ရင်းဝင်လာသည်။ ထိုအချိန်တွင် အမှောင်ရိပ်မှထွက်လာရင်း မိမိကား ကိုတားလာနေသော အရာတစ်ခုကို တွေ့လိုက်ရတော့သည်။ ရှေ့မီးကို ဖွင့် လိုက်ရင်း အလင်္ကာ မောင်းလာသောကားကိုအရှိန်လျှော့လိုက်သည်။ ကား ကိုတားနေသောအရာသည် မိန်းမတစ်ယောက် ဖြစ်လေ၏။
“အလို- မိန်းမတစ်ယောက်ပါလား။ ဘာဖြစ်လို့များ ငါ့ကားကို တားနေပါလိမ့်”
ရေရွတ်မှုတစ်စုံတစ်ရာအဆုံးကားက တားနေသူ မိန်းကလေး၏ မနီး မဝေးသို့ ရောက်လာသည်။ အလင်္ကာ သေသေချာချာ စူးစိုက်၍ကြည့်လိုက် သည်။ အံ့ဩသွား၏။
“ဟင် – ဟင် – ခင်မိုးသဲ – ခင်ပိုးသဲပဲ။ ခင်ပိုးသဲကငါ့ကားကို ဘာလို့တား နေတာလဲ။ အို – မဖြစ်ဘူး – မဖြစ်ဘူး – ရပ်ပေးလို့ မဖြစ်ဘူး။ မြန်မြန်ကွေ့ ရှောင်ပြီး မောင်းပြေးမှ”
အလင်္ကာကားကိုရက်ရှိန်မြှင့်လိုက်သည်။ ကားကားနေသူ ခင်မိုးသဲကို ရှောင်ကာ တစ်ဖက်သို့ ချိုးကွေ့ဆွဲချလိုက်သည်တွင်ကားမှာ အရှိန်ဖြင့် လမ်း တစ်ဖက်သို့ ထိုးဆင်းသွားတော့သည်။
“ဟာ-အို-ဒုက္ခပဲ-အမလေး”
“ဒုန်း”
“ဝုန်း”
အလင်္ကာ၏ကားမှာ လမ်းဘေးသစ်ပင်တစ်ပင်အား ဦးတိုက်ဝင်သွား ကာ အရှိန်ပြင်းစွာ တိုက်ခိုက်လိုက်ပြီးမှ ထိုးရပ်သွားတော့သည်။ ကားမှာ ခေါင်းတစ်ခြမ်း ကြေသွားပြီး အလင်္ကာတစ်ယောက်လှုပ်ရှားမှုမရှိ၊ ငြိမ်သက် သွားတော့သည်။
သည်နေ့…မမမျိုးတစ်ယောက် ဘုရားရှိခိုးရင်း အိပ်ရာ စောစောဝင်ခဲ့လေသည်။ မိမိအိပ်ရာထဲဝင်တော့ တူတော်မောင်လေး မင်းထက်သူမှာ အိပ်မောကျ လျက်ရှိနေ၏။ အဖေနဲ့အဒမ ဆုံးပါးသွားရင်း မိမိရင်ခွင်လေးသို့ ရောက်လာ ခဲ့ရသောတူသားလေးကိုရင်နှင့်သောအကြည့်တစ်စုံဖြင့်မမမျိုး ကြည့်ရင်းက
အိပ်ရာဝင်ခဲ့သည်။အိပ်မက်တစ်ခုကို မမမျိုး ထူးထူးဆန်းဆန်း မြင်မက်၏။
ဟူသော ခြေသံကြောင်း အိမ်ရှေ့ဆီသို့ ကြည့်လိုက်၏။ အဖြူရောင် ဝမ်းဆက်ကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီးစလင်းဘတ်အိတ်ကိုလွယ်ပိုး ထားသည်။ မိန်းကလေးတစ်ယောက်ထဲသို့ဝင်လာနေသည်ကိုတွေ့ရ၏။ “ဟင် – ညီမလေး – ခင်မိုးသဲ – ခင်မိုးသဲ – နင် – နင် – ခု ဘယ်မှာနေလဲ ဟင်။ နေရော ကောင်းရဲ့လား၊ မျက်နှာလည်၊ မကောင်းဘူး”
မိမိပြောဆိုနေသောစကားများကိုတော့ ဘာတစ်ခုမှ မပြောမဆိုပဲ –
“မမဆီကိုကိစ္စတစ်ခုရှိလို့လာခဲ့တာပါ-မမရယ်။ ခု-ကျွန်မသားလေး မင်းထက်သူရော ဘယ်မှာလဲဟင်။ ဘယ်အရွယ်ရောက်ပြီလဲ – မမ။ သားကို တွေ့ချင်လိုက်တာ – မမရယ်”
“ေဩာ် – ခင်မိုးသဲရယ် – နင့်သားလေးက အသက်တောင် ကြီးပြီတဲ့။ ခု – ငါးတန်းတောင် ရောက်နေပြီလေ။ ကျောင်းသွားနေတယ် – ညီမလေး ရယ်”
“အင်း – သားလေး – သားလေး – ငါတို့ရဲ့ အရှိန်အဟုန်ပြင်းတဲ့ ဒေါသ၊ မောဟတွေရဲ့ကြားမှာ မိဘမဲ့တဲ့ကလေးတစ်ယောက်အဖြစ်နဲ့ မြေစာပင် ဖြစ် ခဲ့ရတာ။ ကံဆိုးလိုက်တာ သားရယ်”
ခင်မိုးသဲ ပြောရင်းမှ မျက်ရည်များ ကျလာသည်။
“ခု – ကျွန်မ ခရီးဝေးတစ်ခုကို အပြီးသွားရတော့မယ်။ နောက်ဆို ပပတို့ သားလေးတို့နဲ့ တွေ့ရတော့မှာမဟုတ်တော့ဘူး မမရယ်။ ဒါကြောင့် – မမမျိုးကိုညီမတစ်ခုတောင်းဆိုပါရစေ။ သားလေးကို သင်္ကန်းဆီးပြီး ရှင်ပြု ပေးပါဒနော်။ ဒါမှလည်း ကျွန်မ ဘဝသစ်တစ်ခုကို ကောင်းဒကာင်းမွန်မွန်နဲ့ ကူးပြောင်းနိုင်မှာ
“ဪ – ဝိတ်ချပါ – ညီမရယ်။ သားလေး မင်းထက်သူအတွက်လည်း ဘာမှမပူနဲ့။ မမ – ကိုယ့်သားသမီးတစ်ယောက်နဲ့မခြား၊ စောင့်ရှောက်သွားပါ့ မယ်။ မင်းပြောတဲ့ကိစ္စတွေလည်း မမဖြစ်အောင် လုပ်ပေးပါ့မယ်ကွယ်”
“ဒါဆို … ကျွန်မ သွားတော့မယ်နော် – မမ၊ မမကို ညီမလေး ကန်တော့ ခဲ့ပါတယ်”
“ဟဲ့ ခင်မိုးသဲ ခင်မိုးသဲ ညီမလေး နေဦးလေ … နေဦး” “ဟင် – ငါအိပ်မက်မက်နေတာပါလား”
ဒီနေ့ မမမျိုးတို့အိမ်တွင် …
ခင်မိုးသဲ၏ အိပ်မက်လေးအတိုင်း သားလေး မင်းထက်သူကို သင်္ကန်းဆီးပေးသောနေ့ဖြစ်လေသည်။
မမမျိုးတို့အိမ်ထဲ၌လူများပြည့်နေကြသည်။ဆရာတော်များက သင်္ကန်းဝတ်ထားသောမင်းထက်သူကို သာသနာ့ဘောင် သွတ်သွင်းရင်း ဘုရား၏သားတော်အဖြစ် ချီးမြှောက်ကာ သရဏဂုံဆောက် တည်ပေးလျက် ရှိနေ၏။
ထိုမြင်ကွင်းများတော့ ခြံထောင့်တစ်နေရာဆီရှိ သရက်ပင်ကြီးတစ်ပင် အောက်မှ စောင့်စားမျှော်ကြည့်ရင်း ပီတိဖြစ်နေလေသူတစ်ယောက် ရှိနေ သည်ကို မည်သူမျှ မတွေ့မမြင်မသိရှိကြပေ။ထိုသူမှာ ခင်မိုးသဲသာလျှင် ဖြစ် လေသည်။
“ဪ – သားလေး – သားလေး – ခုလို သင်္ကန်းဝတ်နဲ့ မြင်ရတော့လည်း တကယ့်ကို ကျက်သရေ အပြည့်နဲ့ပါလား၊ မျက်လွှာလေးကို ချထားလို့ ပေဒမမြင်ရတာ ဝမ်းသာလိုက်တာ – သားရယ်။ မေမေ ကျေနပ်ပါပြီ။ ခုလို ပြုလုပ်ပေးတဲ့ မမမျိုးကိုလည်း ညီမလေး ကျေးဇူးတင်ပါတယ် – မမရယ်” ထိုအခိုက် ဆရာတော်ကြီးတစ်ပါးမှ ရေစက်ချအမျှပေးဝေရင်း – “ကဲ-ကဲ- တရားနာပရိသတ်တွေနဲ့ ဘဝဟောင်းက ကျေးဇူးရှိခဲ့ဖူးတဲ့ သူတွေ၊ မကျွတ်မလွတ်နိုင်သေးတဲ့၊ ပြင်ရတဲ့ပုဂ္ဂိုလ်၊ မမြင်ရတဲ့ပုဂ္ဂိုလ်တွေ အားလုံး အမျှပေးဝေပါတယ်။ အားလုံး သာဓုခေါ်ကြပါ
“အားလုံး ကြားကြားသမျှ အမျှ၊ အမျှ အမျှ ယူတော်မူကြပါ ခင်ဗျား” “သာဓု – သာဓု – သာဓု”
ဟူသော သာဓု သုံးကြိမ်ခေါ်ဆိုကြသောဧည့်ပရိသတ်ကြီး၏အသံများ က ရပ်ကွက်လေးတစ်ခုလုံးပေါ်သို့ ဖုံးလွှမ်းသွားတော့၏။ သရက်ပင်ရိပ် အောက်တွင်ရပ်၍ကြည့်နေသော ခင်မိုးသဲပင်လျှင် သားလေး၏ သာသနာ့ ဘောင် သွတ်သွင်းပွဲလေးအတွက် သာဓု သုံးကြိမ် ခေါ်ဆိုလိုက်၏။
လေပြင်းတစ်ချက် ရုတ်ခြည်း လှုပ်လှုပ်ရှားရှားတိုက်ခတ်လိုက်၏။ သစ် ပင်သစ်ရွက်များက တဖွဲဖွဲကြွေ၍ သွားကြလေသည်။ အလှူပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ယွန်း၍နေလေသည်။
တုတ်တုတ်ဂျုန်း ဟူသော စည်ဗြောသံများသည်ကတော့ ကြားရသူ လွမ်းဆွတ်စရာအတိနဲ့သာ ရှိနေပါလေတော့သည်။
Zawgyi Version
” တေစၦအမုန္း”(စ/ဆုံး)
————————-
ကုမၸဏီ႐ုံးခန္းေလးတစ္ခုထဲတြင္ေတာ့ ႐ုံးသူ႐ုံးသားေတြက တစ္ ေယာက္တစ္ေပါက္ ဆူဆူညံညံ ပြက္ေလာ႐ိုက္ရင္း စကားမ်ား ေျပာဆိုေန ၾကေလသည္။ ႐ုံးတြင္း အစည္းအေဝးတစ္ခု က်င္းပေနျခင္း ျဖစ္ေလ၏။ မၾကာမီ တာဝန္ရွိလူႀကီးမ်ား ေရာက္လာၾက၏။
“ဒီေန႔လုပ္ရတဲ့ အစည္းအေဝးကေတာ့ တစ္လတစ္ခါပုံမွန္လုပ္ေနက်အစည္းအေဝးတစ္ခုနဲ႔အတူ
ဝန္ထမ္းသစ္တစ္ေယာက္ကိုႀကိဳဆိုမိတ္ဆက္ေပးတဲ့ ပြဲေလးတစ္ပြဲလည္း ျဖစ္ပါတယ္”
တာဝန္ရွိသူ လူႀကီးမွ မၾကာမီကမွ ခန႔္ထားခဲ့ေသာ မိန္းကေလးကို တစ္ခ်က္ၾကည့္လိုက္သည္။ မိန္းကေလးမွာ ထ၍ရပ္လိုက္၏။
“ဒီက မိန္းကေလးရဲ႕နာမည္က ခင္မိုးသဲပါ။ ရက္ပိုင္းေလာက္ကမွ ကြၽန္ ေတာ္တို႔ ကုမၸဏီကို ဝင္လာတဲ့ ဝန္ထမ္းသစ္တစ္ဦးလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ – မခင္မိုးသံကို က်န္တဲ့ဝန္ထမ္းေတြအားလုံးကဝိုင္းဝန္းကူညီၾကဖို႔နဲ႔ သူ႔ရဲ႕လိုအပ္ခ်က္ေတြကိုလည္း ညီအစ္ကိုဟင္ႏွမတစ္ေယာက္ပမာ ေႏြးေႏြးေထြးေထြး ကူညီျဖည့္ဆည္းေပးဖို႔ ေျပာလိုပါတယ္။ ဒီေန႔လုပ္တဲ့ ႐ုံးတြင္းအစည္းအေဝးေလးကေတာ့ ဒီေလာက္ပါပဲ။
တျခားလုပ္ငန္းနဲ႔ ပတ္သက္ၿပီး တင္ျပစရာမ်ား ရွိပါသလား။ ဘာမွမရွိ ဘူးဆိုရင္ေတာ့ ဒီေန႔လုပ္တဲ့ အစည္းအေဝးက ဒီေလာက္ပါပဲ”
အစည္းအေဝးၿပီးေတာ့ အခန္းထဲမွ ျပန္အထြက္-
“ကိုအလကၤာ – မခင္မိုးသဲ လုပ္ရမယ့္ လုပ္ငန္းေတြကို ကိုအလကၤာပဲ သင္ျပေပးလိုက္ပါဗ်ာ”
“စိတ္ခ်ပါ – ခင္ဗ်ာ”
“မခင္မိုးသဲကလည္း လုပ္ငန္းနဲ႔ပတ္သက္ၿပီး မသိတဲ့ကိစၥေလးေတြဆို ရင္ ကိုအလကၤာကို ေမးပၚ “ဟုတ္ကဲ့ပါရွင္”
ထိုေန႔မွစ၍ေျမဝသုန္ကုမၸဏီေလးတစ္ခုတြင္ ခင္မိုးသဲအလုပ္လုပ္ရင္း အျခားဝန္ထမ္းမိန္းကေလးမ်ား ျဖစ္သည့္ လဲ့လဲ့ဝင္း၊ စိုးေသာ္တာ၊ ဧပရယ္ဖူး တို႔ႏွင့္ ခင္မင္သိကြၽမ္းခဲ့ရ၏ ဝင္မိုးသဲမွာ အလကၤာအလုပ္လုပ္ေသာ ကုန္ ပစၥည္းမွတ္ပုံတင္ဌာနတြင္ အလုပ္လုပ္ရ၏။မခင္မိုးသဲမသိေလေသာ ကိစၥ မ်ားကိုေတာ့ အလကၤာမွာပင္ စိတ္ရွည္လက္ရွည္ သင္ျပေပး၏။ ခင္မိုးသဲ၏ ႀကိဳးစားမႈေၾကာင့္ပင္ (တစ္လ)ခန႔္ၾကာသည့္ကာလတြင္ေတာ့ လုပ္ငန္းကိစၥ မ်ားကေခ်ာေခ်ာေမြ႕ေငြ႕ႏွင့္ တတ္ေျမာက္သြားေတာ့၏။
အလကၤာမွာ လူေခ်ာလူလွတစ္ေယာက္ မဟုတ္ေလေသာ္လည္း လူရည္လူသန႔္တစ္ဦးအျဖစ္ေတာ့ သတ္မွတ္၍ရေသာလူတစ္ေယာက္ ျဖစ္ သည္။ အၿမဲတမ္း သပ္သပ္ရပ္ရပ္ ဝတ္စားေနထိုင္တတ္၏။ ကိုယ့္စည္း ကိုယ္ကမ္းႏွင့္ ေနထိုင္တတ္ေသာ အလကၤာကိုၾကည့္၍ တျခား႐ုံးဝန္ထမ္း အထူးသျဖင့္ မိန္းကေလးမ်ားက …
“အလကား- ဘဝင္ႀကီးပါဟယ္။ သူ႔ကိုယ္သူ ဘုရားျဖစ္မယ့္ အုတ္နီ ခဲက်ိဳးဆိုတာမ်ိဳးေပါ့”
လဲ့လဲ့ဝင္း ကဲ့ရဲ႕စကားကိုေတာ့ စိုးေသာ္တာမွ ေထာက္ခံရင္း – “အဲဒါမ်ိဳးေပါ့။ အႀကိဳက္နဲ႔လည္းေတြ႕ရာ -ဟြန္း – မေျပာလိုက္ခ်င္ဘူး” “ေအးဟယ္ – မနာလိုလို၊ ဘဝင္လိုလိုနဲ႔။ ငါေတာ့ၾကည့္လို႔ကို မရဘူး” ဧပရယ္ဖူးကလည္း ဆိုျပန္ေလသည္။ ဘာပဲျဖစ္ျဖစ္၊ ခင္မိုးသဲသည္က
ေတာ့လူတိုင္းအဆင္ေျပေအာင္ေပါင္းသည္။ အထူးသျဖင့္ မိမိသည္မၾကာမီ ကမွ ဝင္လာေသာ ဝန္ထမ္းသစ္တစ္ဦး၊ ၿပီးေတာ့ – ကိုအလကၤာဆိုသည္မွာ လည္း ဌာနတစ္ခုတြင္ ပူးတြဲလုပ္ကိုင္ေနရသူတစ္ဦးသာ ျဖစ္ေလသည္။ တစ္ေန႔ ႐ုံးဆင္းခ်ိန္တြင္ ႐ုံးအနီး မုန႔္တီဆိုင္ေလးတစ္ခုတြင္ မုန႔္စားၾကရင္း ပိုးေသာ္တာမွ
“ဟဲ့ – ခင္မိုးသဲ – ဟိုအလကၤာႀကီး – နင့္ကို ဆက္ဆံတာက တစ္မ်ိဳးပဲ
အဆုံးမရွိ၊ အစမရွိ တုံးတိတိႀကီး ေျပာခ်လိုက္ေသာစကားေၾကာင့္ – ”စိုးရယ္ – ႏွင့္စကားႀကီးက – ဘာလဲဟ။ ကိုအလကၤာကငါ့ကိုဘယ္လို ဆက္ဆံေနလို႔လဲ”
“သူ -နင့္ကိုဆက္ဆံတာ သာမန္ထက္မ်ား ပိုေနလားလို႔” “မဟုတ္ပါဘူးဟယ္။ သူက ငါမသိတာေတြကို သင္ျပေပးေနတာပါ
“ေအးေလ – ငါတို႔ကိုေတာ့ရာလည္း မေရာဘူး။ ခပ္တည္တည္ႀကီးနဲ႔။ ခု – နင့္က်မွ လိုလိုလားလား ဆက္ဆံေနတာ ထူးေတာ့ ထူးျခားေနသလိုပဲ
ဧပရယ္ဖူးအေျပာ၊ လဲ့လဲ့ဝင္းမွလည္း –
“ခ်ဥ္သီးနဲ႔ဆာ၊ အကူထားရင္ အရည္ေပ်ာ္တတ္တယ္တဲ့”
“ဟဲ့- မိန္းမေတြ – ၾကည့္စမ္း – ၾကည့္စမ္း။
အေကာင္းမွတ္လို႔နားေထာင္
ေနတာ။ လက္စသတ္ေတာ့ – ငါ့ကို ဝိုင္းၿပီး ႏွိပ္ကြပ္ေနၾကတယ္။ ငါတို႔က ႐ိုး႐ိုးသားသားေတြပါဟယ္”
“ဟုတ္ပါတယ္။ ခုေတာ့ – ႐ိုးေသးတာေပါ့။ ေနာက္က်မွ ေနာက္ေတာ့ တစ္မ်ိဳးထိုးလို႔ ရပ္ျပန္ဆိုပဲဆိုတဲ့ သီခ်င္း နားဆင္ရေတာ့မယ္” “ကဲဟယ္ – ကဲဟယ္-ေျပာေလ ဆိုးေလပါလား-မိန္းမေတြရယ္” ကာလတစ္ခုတြင္ေတာ့ ခင္မိုးသဲနဲ႔ အလကၤာတို႔မွာ စိုးေသာ္တာ နိမိတ္ ဖတ္ခဲ့ၾကသည့္အတိုင္း ခ်စ္သူရည္းစားမ်ား ျဖစ္လာၾက၏။ တစ္ႏွစ္ခန႔္ၾကာ ေတာ့ ႐ုံးတြင္ လက္ထပ္ရင္း ခင္မိုးသဲ ပိုင္ဆိုင္ထားေသာ ရပ္ကြက္တစ္ခု၏ ႏွစ္ထပ္တိုက္ေလးတစ္လုံးတြင္ ေနထိုင္ၾကေလသည္။ ထိုအခ်ိန္ထိ ခင္မိုးသဲနဲ႔ အလကၤာတို႔၏ ခ်စ္ျခင္းတရားတို႔က လႈိင္းမဲ့တဲ့ျမစ္။ ေလထန္ျခင္းကင္းတဲ့ ေကာင္းကင္၊
ၾကည္လင္႐ႊန္းပတဲ့လသာညေလးတစ္ညသာလွ်င္ ျဖစ္ခဲ့သည္။
ခင္မိုးသဲနဲ႔ အလကၤာတို႔ လက္ထပ္ၿပီးေတာ့ ထိုကုမၸဏီေလးတြင္သာ ဆက္၍လုပ္ကိုင္ေနၾကေလသည္။ ဘုရားသြားေက်ာင္းတက္မဟုတ္ေသာ္ လည္းတစ္႐ုံးထဲတြင္ အလုပ္လုပ္သူမ်ားမို႔ တစ္႐ုံးထဲသြား၊ တစ္႐ုံးထဲျပန္ျဖစ္ ခဲ့ရသည္။ ခင္မိုးသဲသည္ အလကၤာ မိမိကိုခ်စ္ေသာအခ်စ္ႏွင့္ စလွ်င္သာ၏။ တစ္ေန႔ၿမိဳ႕ထဲသို႔ ေရးဝယ္သြားရင္း အျပန္တြင္ ခင္မိုးသိမွ –
“အလကာ
“ဘာလဲ – မိုးသဲ”
“မိုးတို႔ – ေဆးခန္းကို ခဏဝင္ၾကရေအာင္ – ေနာ္”
“ဘာျဖစ္လို႔လဲ – ပိုး။ ေနမေကာင္းလို႔လား”
“အင္း – ေကာင္းေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ … ကိစၥရွိလို႔”
ေဆးခန္းထဲေရာက္မွ ခင္မိုးသဲ၊ အလကၤာအား တီးတိုးစကားေလး ေျပာ ၾကားသည္။ ဆီးစစ္ၾကည့္မလို႔တဲ့။ ဆီးစစ္ခ်က္အေျဖအား ေနာက္ရက္သြား ယူရာတြင္ ခင္မိုးသဲတြင္ ကိုယ္ဝန္ရွိေနေၾကာင္း သိရေတာ့သည္။ ခင္မိုးသဲ အလကၤာအား တိုးတိုးေလး ေျပာလိုက္သည္။ “ဟင္ – တကယ္လား – မိုး” “တကယ္ေပါ့ – အလကၤာရဲ႕
“ဟင္…ဒါဆို- ကိုယ္ကေလ၊အေဖျဖစ္ေတာ့မွာေပါ့ေနာ္” “ဒါေပါ့ – အလကၤာ၊ အလကၤာ – မေပ်ာ္ဘူးလားဟင္” “ေသာ္ – မိုးသဲရယ္ – ေပ်ာ္တာေပါ့”
“ေနာက္ဆိုမိုးသီတို႔ ဘဝေလးထဲမွာသားသားမီးမီးေလးတစ္ေယာက္ပါ တိုးလာေတာ့မွာ”
“အလကၤာလည္း အလုပ္ေတြ ပိုလုပ္ရမယ္။ ၿပီးေတာ့ – ပိုက္ဆံေတြ လည္း ပိုရွာရေတာ့မယ္။ ပါးစပ္ေပါက္ေလးတစ္ေပါက္ တိုးလာၿပီမဟုတ္လား
အင္း – ၿပီးေတာ့ – ဒီေန႔ကစၿပီးမိုးသဲေလးေလးပင္ပင္အလုပ္ေတြမလုပ္ ရဘူးေနာ္။ အားရွိတဲ့ အစားအစာေတြ စားၿပီး နားနားေနေနနဲ႔ေနရမယ္။ လုပ္ စရာကိစၥေတြကိုေတာ့ အလကၤာ ဝိုင္းကူလုပ္ေပးမွာေပါ့- ဟုတ္တယ္မဟုတ္ “အင္း”
ေလမွာ ပဲ့တင္ဖြဲ႕ႏြဲ႕ႏြဲ႕သံစဥ္ေလးေတြနဲ႔ ပန္းတစ္ကုံးကို သီကုံးဖြဲ႕ႏြဲ႕ေလ ေသာ အလကၤာေျမာက္သည့္ အလကၤာရဲ႕စကားေတြေၾကာင့္ ဝမ္းသာပီတိ ဂြမ္းဆီ ထိခဲ့ရသည္က မိန္းမသားတို႔ရဲ႕ သဘာဝ။ ထိုသို႔နယ္ ခင္မိုးသဲတစ္ေယာက္ ခင္ပြန္းသည္ အလကၤာရဲ႕ အယုအယစကားမွာ သမုဒယပြားရင္း ေက်နပ္ေနခဲ့မိသည္သာ အမွန္ျဖစ္ေလသည္။ကိုယ္ဝန္ရွိစတြင္ေတာ့ မိုးသဲ အလုပ္လုပ္ေသးသည္။ ထိုမွကိုယ္ဝန္ရင့္ လာသည္မို႔အလုပ္ထြက္လိုက္၏။ အိမ္၌ပင္နားနားေနေန ေနခဲ့၏။ အလကၤာ သည္ကေတာ့ ႐ုံးတက္မပ်က္သြားလာေနဆဲျဖစ္၏။ထိုမွအလကၤာ ႐ုံးတက္ ေစာသလို၊ ႐ုံးျပန္လည္း ေနာက္က်လာ၏။ အစည္းအေဝးရွိသည္။ အလုပ္ ေတြမ်ားသည္ ဟူေသာ မ႐ိုးသည့္ျဖစ္စဥ္ေလးမ်ား ထပ္လာသည္။
ကိုယ္ဝန္ရင့္လာသည္ႏွင့္အမွ် ေယာက္်ားကို အားကိုးလာသည္။ ထို႔ ေၾကာင့္ တစ္ေန႔ တစ္ေန႔ အိမ္ျပန္လာမည့္အခ်ိန္ကို ေစာင့္ေမွ်ာ္ရသည္က ခင္မိုးသိသာ ျဖစ္ေတာ့သည္။
“ဟင္ – မိုးေတာင္ ခ်ဳပ္ေတာ့မယ္။ ကိုလည္း မလာေသးဘူး။ အလုပ္ေတြ မ်ား က်ေနလား မသိဘူး”
ေဆး႐ုံျပရက္၊ ေဆးခန္းျပရက္မ်ားတြင္လည္း မိမိသည္သာ အဆင္ ေျပအသလို သြားလာေနရေလသည္။ ထိုကိစၥမ်ား ေျပာမိသည့္အခါတိုင္း လည္း-
“မိုးသဲကလည္းကြာ။ ကိုယ္က ႐ုံးဝန္ထမ္းေလ။အထက္လူႀကီးေတြရဲ႕ မ်က္ႏွာအတြကို အၿမဲအရိပ္အျခည္ ၾကည့္ဒနရတာ။ ကိုယ့္မိန္းမကို လိုက္မပို႔ ရင္ပဲ ရွိပါ့မလား။ ကိုယ့္ကို နားလည္ေပးစမ္းပါ – ပိန္းပရယ္-ေနာ္-ေနာ္”
“ဒါေတာ့ ဒါေပါ့- ကိုရယ္။ ဒါေပမဲ့ – မိန္းမဆိုတာ ကိုယ့္ေယာက္်ားကို အားကိုးခ်င္တာေပါ့။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္သည္မိန္းမဆိုတာ ေယာက္်ားကို ပိုအားကိုးတယ္တဲ့။ အဲဒါေတြ ရွင္ မသိဘူးမဟုတ္လား” “သိပါတယ္ – မိန္းမရယ္။ ကိုယ္ေျပာၿပီးၿပီ မဟုတ္လား” ထိုအခါအဆိုေတာ္ခ်စ္စံပယ္ရဲ႕ေမာင္အရင္လိုမဟုတ္ေတာ့ဘူးဆိုတဲ့ သီခ်င္းထဲကစာသားေလးလို အလကၤာျပန္လာရင္ ရန္ေတြ႕စိတ္ဆိုးမယ္ဟုတင္းထားေသာ ေဒါသတရားေတြက ေခ်ာ့လိုက္ျပန္ေတာ့လည္း ေပ်ာ့၍ သြားရင္း အႏုသယေတာမွာ ေမ်ာ၍ ပါသြားရသူက ခင္မိုးသဲသာ ျဖစ္ေလ ေတာ့သည္။
သည္ေန႔ .မိုးသဲတစ္ေယာက္အိမ္ထဲတြင္ရွိေနခဲ့သည္။ စိုးေသာ္တာေရာက္လာ၏။
ခင္မိုးသဲမွာ အဝတ္မ်ားကို ေခါက္၍ေနေလသည္။
“မိုးသဲေရ “ ေဟ့ မိုးသဲ”
ဟူေသာေခၚသံေၾကာင့္ မိုးသဲအိမ္ေရွ႕သို႔ ၾကည့္လိုက္သည္။ “စိုး -လာ – လာ – သူငယ္ခ်င္း – ငါ ရွိတယ္”
ပိုးေသာ္တာ အိမ္ေပၚသို႔ တက္လာရင္းမွ ထိုင္လိုက္သည္။ “မိုးသဲရယ္ – ငါလည္း လာမယ္,လာမယ္နဲ႔ စိတ္သာ ေရာက္ၿပီး လူက မေရာက္ဘူးျဖစ္ေနတာဟယ္။ ဒါနဲ႔ – အလကၤာေရာ”
“သူ- သူငယ္ခ်င္းတစ္ေယာက္ဆီကို သြားတယ္ – စိုး” “ဒါနဲ႔ – ညည္းေနေကာင္းတယ္ေနာ္”
“ေကာင္းပါတယ္ ဟယ္”
“ငါလည္း ဧပရယ္တို႔၊ လဲ့လဲ့ဝင္းတို႔နဲ႔ ခ်ိန္းေနတာ ၾကာၿပီ။ နင့္ဆီကို တစ္ရက္ေလာက္လာၿပီး ေအးေအးေဆးေဆးေနၿပီးမွ ျပန္မယ္လို႔ ဒီမိန္းမ ေတြကလဲဟယ္။ အားတယ္ကို မရွိဘူး။ ဒါေၾကာင့္ – မလာႏိုင္တာပါ။ အလကၤာကိုေတာ့ ေတြ႕တိုင္း ေမးေနပါတယ္။ ဟဲ့ – ဒါနဲ႔ ညည္းကိုယ္ဝန္က ဘယ္နကရသြားၿပီလဲ”
“(၈)လထဲမွာဟ”
“ေၾကာ္ – ေတာ္ေတာ္ေတာင္ လ,ေနရၿပီဟယ္။ ငါလည္း ခုမွပဲ ေရာက္တာ
“ရပါတယ္ – သူငယ္ခ်င္းရယ္”
စကားဆုံးေတာ့ စိုးေသာ္တာ ဟိုဟိုသည္သည္ကို အၾကည့္တစ္ခ်က္ လိုက္ရင္းက ေျပာသင့္၊ မေျပာသင့္ ခ်ိန္ခ်ိန္ဆဆျပဳ၍-
“ဟဲ့ မိုးသဲ – ငါ နင့္ကို ေျပာစရာ ရွိတယ္ဟ”
စကားကို ျဖတ္လိုက္သည္။ မိုးသံ၊ စိုးမ်က္ႏွာကို ၾကည့္လိုက္၏။ “ဟဲ့ ဂိုး-ဘာလဲ။ ဘာေျပာမွာလဲလို႔”
“မေျပာေတာ့ဘူးဟယ္”
“မရဘူးဟာ။ ေျပာမယ္လုပ္ၿပီးမွ ငါ့ကို စိတ္ခုေအာင္ မလုပ္နဲ႔ စိုးေသာ္တာတစ္ေယာက္ခင္မိုးသဲမ်က္ႏွာေလးကိုက႐ုဏာသက္ေသာအၾကည့္ျဖင့္ ၾကည့္ရင္းမွ
“အလကၤာ – ေျခလွမ္းေတြ ပ်က္မေနဘူးလား – မိုးသဲ” “ဘာျဖစ္လို႔လဲ – ပိုး”
“ဘာျဖစ္လို႔လဲဆိုရင္ – ႐ုံးကေမသႏၲာဆိုတဲ့ေကာင္မေလးတစ္ေယာက္ နဲ႔ တြဲေနတယ္ဟ။ ႐ုံးကလူေတြ အေတာ္မ်ားမ်ား သိေနၾကတယ္။ ငါလည္း ဟိုတစ္ေလာက သူနဲ႔ လက္ဖက္ရည္ဆိုင္မွာဆုံလို႔ ေျပာလိုက္ေသးတယ္။ အေနအထိုင္ဆင္ျခင္လို႔”
“အဲဒီေတာ့ – သူက ဘာေျပာလဲ”
“စိုးရယ္ – ကိုယ္မဟုတ္ရင္ ၿပီးတာပဲတဲ့ဟ”
ခင္မိုးသဲ စဥ္းစဥ္းစားစားျပဳလိုက္သည္။
“ဟုတ္တယ္ – စိုးရယ္။ အလကၤာရဲ႕ အမူအရာေတြကေတာ့ ေျပာင္းေန တာ ၾကာၿပီ။ ႐ုံးျပန္ခ်ိန္ဆိုရင္လည္း အၿမဲလိုလို ေနာက္က်တယ္။ ၿပီးေတာ့- ဟိုအေၾကာင္းျပ၊ ဒီအေၾကာင္းျပ၊ မခိုင္လုံတဲ့ အေၾကာင္းေတြကလည္း ထပ္ ေနတယ္”
“တကယ္မွန္ရင္ေတာ့ မေကာင္းဘူးေပါ့ဟာ၊ ကိုယ့္မိန္းမက ကိုယ္ဝန္ ေန႔ေစ့လေစ့ႀကီးနဲ႔။ ေယာက္်ားက ေဖာက္ျပန္ၿပီး အသစ္တြဲတယ္ဆိုတာ ဒါ လုံးဝ မျဖစ္သင့္ဘူးဟ။ အင္း – ေယာက္်ားဆိုတာ မိန္းမကိုယ္ဝန္ေဆာင္ရင္ေဖာက္ျပန္တတ္တယ္တဲ့။ ငါ ေယာက္်ားမယူတာ အဲဒါေတြ ေၾကာက္လို႔
သိလား”
“ေတာ္စမ္းပါ – စိုးရယ္။ နင့္အေၾကာင္း မသိတာမွတ္လို႔။ မရရင္ မရဘူး ေျပာစမ္းပါဟာ။ အေၾကာင္းသိေတြ”
“ေအာင္မာ – မိန္းမ – ငါ့ကို အထင္ေသးလို႔။ ႐ုံးက ဒ႐ိုင္ဘာ ကိုစိုးဆိုရင္ လိုခ်င္တာ တစ္ပိုင္းကို ေသလို႔”
“ေတာ္ေတာ့ – နင့္ကို အဲဒီလိုလူမ်ိဳးေတြပဲ ႀကိဳက္မယ္”
“ေအးဟယ္- နင္ေျပာသလိုဆိုရင္ အဲဒီေမသႏၲာဆိုတာ ဘယ္သူလဲ။ ငါ႐ုံးမွာ ရွိတုန္းက သူရွိလား”
“ဟင့္အင္း – မရွိေသးဘူ၊ဟ။ နင္ထြက္သြားၿပီးမွ ဝင္လာတာ။ အမေလး ေဟာ့ေရွာ့လုပ္လိုက္တာကလည္း ပ်ံလို႔၊ လန္လို႔။ သူ႔ကိုယ္သူ မင္းသမီးက်ေနတာပဲဟာ”
“ဪ – အလကၤာရယ္ – ရက္စက္လိုက္တာ။ ေယာက္်ားေဖာင္စီး၊ မိန္းမမီးေနတဲ့ ငါကေတာ့ တစ္ေန႔တစ္ေန႔ ေသျခင္းတရားကိုအေဖာ္ျပဳေနရ ခ်ိန္မွာ သင္းကေတာ့ ေဖာက္ျပန္လို႔။ အေပ်ာ္ခရီးေတြ ခ်ီတက္ေနတယ္။ ေယာက္်ား – ေယာက္်ား- ဒါေၾကာင့္မို႔လား မသိဘူး။ ေယာက္်ားဆိုတာ ဒသခါမွ ခ်ီးမြမ္းရသတဲ့”
“ဟဲ့-ပိုးသဲ – ဘာေတြစဥ္းစားေနတာလဲ။ ငါေျပာတယ္လို႔အလကၤာကို မေျပာနဲ႔ေနာ္”
“ေအး – ပါတယ္။ ေျပာပါ့မလား။ ေက်းဇူးတင္ပါတယ္ – သူငယ္ခ်င္း
“ကဲ-ဒါဆို-ငါျပန္ဦးမယ္ – သူငယ္ခ်င္း”
တစ္ေန႔
အိုဗာတိုင္ ဆင္းရမည္ဟုဆိုကာ အလကၤာ႐ုံးသို႔ ထြက္သြား၏။
ခင္ပိုးသံ ဖုန္းဆက္ၾကည့္လိုက္သည္။ ႐ုံးတြင္ လူတစ္ေယာက္မွမရွိ။ အိုဟတိုင္ ဆင္းရန္လည္းမလိုေၾကာင္း၊ ႐ုံးေစာင့္ဝန္ထမ္း ကိုဘေအးႏွင့္ဆုံ၍ ရွင္းျပလာသည္။ ညေနေရာက္ေတာ့ အလကၤာ အိမ္ျပန္လာ၏။ “အလကၤာ – ဒါ – ဘယ္ကျပန္လာတာလဲ”
ခင္မိုးသဲ၊ ခပ္တင္းတင္း ခပ္မာမာ ေမးလိုက္သည္။
“ဘယ္က ျပန္လာရမွာလဲ၊ မင္းကို ေျပာသြားတာပဲ။ ႐ုံးမွာ ဒီေန႔ အိုဗာ တိုင္း ဆင္းရပါတယ္ဆို”
“ဘာရွင့္ … အိုဗာတိုင္ – ဟုတ္လား။ ရွင္တို႔က ဘယ္မွာသြားဆင္းတာလဲ။ ဘယ္တည္းခိုခန္းမွာလဲ။ ဒီမွာ – အလကၤာ – ကြၽန္မ ႐ုံးကို ဖုန္းဆက္ၿပီးၿပီ။ ဘာ(0″) လည္း မရွိဘူး။ ရွင္ – က်ဳပ္ကို ညာမေနနဲ႔။ ဘာလဲ – ရွင္ဆင္းတဲ့ ({‘၊ က ေမသႏၲာဆိုတဲ့ေကာင္မနဲ႔ တည္းခိုခန္းမွာ သြားဆင္းတာလား”
“ေတာ္ – ေတာ္ကြာ – ခင္မိုးသဲ။ မင္းပါးစပ္ကို ပိတ္လိုက္ရင္ ေကာင္းမယ္”
“မပိတ္ဘူးရွင့္ – မပိတ္ဘူး။ ကြၽန္မေျပာေနတာေတြ တစ္ခုမွ မမွားဘူး။ အမွန္ေတြကို ဒျပာေနဘာ။ အဲဒီေမသႏၲာဆိုတဲ့ေကာင္မက ဘယ္သူလဲ။ သူမ်ားလင္ကို ေၾကာင္ေတာင္ႏႈိက္တဲ့ေကာင္မ – ေတြ႕ပယ္”
“သူမ်ားသားသမီးကို မင္း ခ်ိဳးခ်ိဳးဖဲ့ဖဲ့ မစြပ္စြဲနဲ႔ကြ။ သူက ငါ့တပည့္မ ေလး။သူကိုရင္းရင္းႏွီးႏွီးေနတယ္ဆိုတာကလည္း သူနားမလည္တဲ့အလုပ္ ေတြကို ငါ သင္ေပးေနရတာ။ မင္း – ဘာမွမသိပဲနဲ႔ သူမ်ားေျပာစကားေတြနဲ႔ ေလွ်ာက္ေျပာမေနနဲ႔”
“အထင္နဲ႔ေျပာေနတာမဟုတ္ဘူး – အလကၤာ၊ ရွင္တို႔ေတြကမြန္ေနလို႔ ဘာမွဂ႐ုျပဳမိမွာမဟုတ္ဘူး။ ရွင္တို႔ဘာေတြလုပ္တယ္၊ ဘယ္ေတြသြားတယ္ဆိုတာကို ေတြ႕တဲ့ ျမင္တဲ့သူေတြက ကြၽန္မကိုသနားလို႔ ျပန္ေျပာၾကတာ။ ရွင့္ေျခလွမ္းေတြပ်က္ေနတာၾကာၿပီ။ ကြၽန္မမသိခ်င္ေယာင္ေဆာင္ေနတာ။ ကဲ – ရွင္ ဘာေျပာဦးမလဲ”
“ေအးကြာ – ဟုတ္ေတာ့ေရာ ဘာျဖစ္လဲ။ မင္း ဘာလုပ္ခ်င္လဲ-ေျပာ” “ဒါေပါ့ေလ – ရွင့္လိုသစၥာမရွိတဲ့လူတစ္ေယာက္ကို ေ႐ြးခ်ယ္ၿပီး လင္ သားေတာ္ခဲ့မိတဲ့ ကြၽန္မရဲ႕အျပစ္ေတြပါပဲရွင္။ ေတာ္ပါၿပီရွင္ – ရွင္နဲ႔ ကြၽန္မက လည္း ဒီဘဝမွာ ဒီေလာက္နဲ႔ပဲ ေရစက္ဆုံဖို႔ ကြၽန္မ ဆုေတာင္းပါတယ္။
ခု -ဗိုက္ထဲက ကြၽန္မရဲ႕ ရင္ေသြးေလးကိုလည္း ကြၽန္မဘာသာပဲ ကြၽန္မ တာဝန္ယူမယ္၊ ရွင္နဲ႔ ဆိုင္လည္း မဆိုင္ဘူး။ ရွင့္ကိုလည္း တစ္ခါ – တည္းေျပာထားလိုက္မယ္။ ဒီေန႔ကစၿပီးႀကိဳက္သလိုေန ႀကိဳက္သလိုလုပ္။ ရွင္နဲ႔ ကြၽန္မလည္း ဘာမွမဆိုင္ေတာ့ဘူး”
အိမ္ေထာင္ေရးမုန္တိုင္းတစ္ခု။ေသာက စစ္ဆင္ခဲ့ေလသည္မွာ ခင္မိုးသဲ ကိုယ္ဝန္ရွစ္လခန႔္ရွိသည့္ အခ်ိန္မွစ၍ ျဖစ္၏။ အလကၤာမွာလည္း သူမ်ား ကဲ့ရဲ႕ေမးထိုးၾကမည္ျဖစ္၍ ဟန္ေဆာင္ေနလာခဲ့၏။ ခင္မိုးသဲမွာလည္း အသက္ပပါေသာ ဘဝခရီးတစ္ခု ကိုမေလွ်ာက္ခ်င္ပဲေလွ်ာက္ခဲ့ရသည္မွာ သားေလးပင္ (၆)လခန႔္ရွိ၍သြား၏။ တစ္ခါ တစ္ခါတြင္ေတာ့ ခင္မိုးသံ ေတြး၏။
“ဒီဇာတ္လမ္းကိုငါသိမ္းမွျဖစ္ေတာ့မယ္။ ဒီအတိုင္းဆက္ေနလို႔ငါ့ဘ၀ ကလည္း မထူးျခားလာဘူး၊ ေျပာင္းလည္း မေျပာင္းလဲဘူး။ ဘဝမွာ သစၥာ အေဖာက္ခံရတာေလာက္ အခံရခက္တဲ့ေဝဒနာ မရွိေတာ့ဘူး။ နင့္လိုသစၥာ မဲ့တဲ့လူတစ္ေယာက္ရဲ႕ရင္ခြင္မွာ ငါ ဘယ္ေတာ့မွ မေနဘူး- အလကၤာ၊
ဒီဘဝမေျပာနဲ႔ ဘဝဆက္တိုင္း၊ သံသရာအဆက္ဆက္ႏွင့္လိုလူနဲ႔ မဆုံစည္း၊ မေတြ႕ဆုံရပါေစနဲ႔လို႔ငါဘုရားရွိခိုးတိုင္း ဆုေတာင္းပါတယ္ – အလကၤာရယ္” ခင္ပိုးသဲ သားေလးကို ႏို႔တိုက္ရင္းမွ မ်က္ရည္မ်ားက်လာ၏။
“သားေလးဘဝက ဆိုးပါတယ္ – သားရယ္။ သစၥာမဲ့တဲ့ အဖတစ္ ေယာက္ရဲ႕သားအျဖစ္နဲ႔ ဒီဘဝမွာ လူျဖစ္လာခဲ့ရတဲ့ သားေလးကို ေမေမ သနားလို႔ မဆုံးဘူး”
ခင္မိုးသဲဆုံးျဖတ္ခ်က္တစ္ခုကိုခ်လိုက္သည္။ကေလး၏အဝတ္အစား၊ ႏို႔ဗူး၊ အႏွီးေလးမ်ားမွအစ အသုံးအေဆာင္မ်ားကို ထည့္သိုကာ အလကၤာ ရွံးသြားေနခိုက္ ရပ္ကြက္တစ္ခုတြင္ ေနထိုင္ေသာ အစ္မျဖစ္သူအိမ္သို႔ တကၠစီကားေလးကိုငွားရင္း ေရာက္လာခဲ့ေတာ့သည္။
“ဟင္ – ညီမေလး မိုးသဲ – လာ – လာ၊ ဘာျဖစ္လို႔လဲ – ညီမေလး။ အလကၤာနဲ႔ ရန္ျဖစ္ၿပီး ဆင္းလာခဲ့တာလား”
အစ္မျဖစ္သူ မမမ်ိဳးက ဆီး၍ေမးသည္။
“မဟုတ္ပါဘူး- မမမ်ိဳး။ ညီမ -ပုသိမ္ကို ခဏခရီးထြက္စရာရွိလို႔ပါ။ ႏွစ္ရက္ေလာက္ၾကာမွာမို႔ပါ။ ကြၽန္မသြားေနတုန္း သားေလးကို အစ္မဆီ ခဏလာပို႔တာပါ။ ကြၽန္မ ျပန္လာရင္ လာေခၚပါ့မယ္”
“ဟုတ္ရဲ႕လား – ခင္မိုးသဲရယ္”
“ဟုတ္ပါတယ္ – ပပမ်ိဳးရဲ႕၊ ညီမ-ပညာပါဘူး”
“ဒါနဲ႔ – အလကၤာနဲ႔ေရာ အဆင္ေျပရဲ႕လား”
“ဒီလိုပါပဲ မမ်ိဳးရယ္။ သူလည္း သူ႔ဘာသာသူေန၊ ကြၽန္မလည္း ကြၽန္မ ဘာသာေနေပါ့။ သူနဲ႔ ကြၽန္မကေတာ့ ဘယ္လိုမွ ျပန္ၿပီး အဆင္ေျပႏိုင္ၾက ေတာ့မွာ မဟုတ္ဘူးေလ”
“ညီမရယ္ …”
ခင္မိုး …အိမ္သို႔ ျပန္လာ၏။ အိမ္ေရာက္လွ်င္ အိမ္တံခါးမ်ားကို တစ္ခုမက်န္ ပိတ္၏။ ထို႔ေနာက္ အသင့္ႀကိဳတင္စီစဥ္ထားသည္။ အဆိပ္ေရာ၍ထားသည့္ ေကာ္ဖီခြက္ကိုေမာ့၍ ေသာက္လိုက္ေလေတာ့သည္။ခင္မိုးသဲ ..ေသဆုံးၿပီးတစ္ႏွစ္ခန႔္ရွိသည့္ကာလတြင္ေတာ့အလကၤာတစ္ေယာက္
ေမသႏၲာႏွင့္ လက္ထပ္လိုက္ေလေတာ့သည္။ ေမသႏၲာကိုလည္း မိမိ ခင္ပိုး သဲႏွင့္ ေနထိုင္ခဲ့ၾကသည့္ ႏွစ္ထပ္တိုက္အိမ္ေလး၌ပင္လွ်င္ ေခၚ၍ထား၏။
ယေန႔တြင္ အလကၤာမွာ အလုပ္ကိစၥတစ္ခုရွိ၍ သူငယ္ခ်င္းတစ္ဦးႏွင့္ ေတြ႕ဆုံရန္ သြားေန၏။ ေမသႏၲာတစ္ေယာက္တည္း အိမ္တြင္ ရွိေနေလ သည္။ေမသႏၲာမွာ ထမင္းဟင္းမ်ား ခ်က္ျပဳတ္ၿပီး၍မီးပူတိုက္ေန၏။ အလုပ္ ကိစၥမ်ားၿပီးေလသည့္အခါကုတင္ေပၚတြင္ အနားယူလိုက္ရင္း ေမွးခနဲ အိပ္
ေပ်ာ္သြား၏။ ထိုစဥ္ –
ဟူေသာ တံခါးကို အဆက္မျပတ္ ေခါက္လာသည့္အသံေၾကာင့္ ေမသႏၲာ ႏိုး၍လာသည္။ ထ၍သြားကာတံခါးကိုဖြင့္ေပးလိုက္သည္။ ထိုအခါ အျဖဴေရာင္ဝမ္းဆက္ဝတ္ထားေသာမိန္းမတစ္ေယာက္ရပ္ေနသည္ကိုေတြ႕ရေတာ့၏။
“ဟင္ – ရွင္ – ရွင္ ဘယ္သူလဲ။ ဘယ္သူနဲ႔ ေတြ႕ခ်င္လို႔လဲ” မိန္းမမွာ ေမသႏၲာအား စူးစူးဝါးဝါး စိုက္၍ၾကည့္ေန၏။ ၿပီးလွ်င္ – “ဘယ္သူလဲ – ဟုတ္လား။ နင္က ငါ ဘယ္သူလဲဆိုတာ မသိဘူးလား။ သူမ်ားေယာက္်ားကို လင္ရွိမွန္း သိရက္နဲ႔ ေၾကာင္ေတာင္ႏႈိက္တဲ့မိန္၊မ၊ႏွင့္ေၾကာင့္ – ငါတို႔မိသားစုေတြ တစ္စစီၿပိဳကြဲခဲ့ရတာ။ ဒါနဲ႔ – ေနပါဦး။ ဒီအိမ္ကို နင္က ဘယ္သူခြင့္ျပဳခ်က္နဲ႔ တက္ေနတာလဲ”
“ရွင္ – ကြၽန္မက ကိုအလကၤာရဲ႕နီး မသႏၲာပါ။ ကိုအလကၤာ ေခၚလာ လို႔ ဒီအိမ္မွာ ေနတာပါ
“ဟဲ့ -ဒါက အလကၤာရဲ႕အိမ္ မဟုတ္ဘူးဟဲ့ – မဟုတ္ဘူး။ ငါ့ရဲ႕အိမ္။ ငါ့အိမ္မွာ နင္တို႔ ေနစရာမလိုဘူး။ ခု ဆင္းသြားၾကသည္။
ေမသႏၲာမွာ ထိုမိန္းကေလးကိုၾကည့္ရင္၊ တုန္တုန္ရီရီျဖစ္၍ေနေလ
“ဟုတ္ – ဟုတ္ကဲ့ပါရွင္။ ကိုအလကၤာ ျပန္လာရင္ ကြၽန္မ ေျပာျပပါ့မယ္” “ေအး – ေျပာလိုက္ – တစ္ခါတည္းေျပာထားမယ္။ ငါ့အိမ္ကေန သုံးရက္ အတြင္း ဆင္းေပးရင္ ေပး၊ မေပးရင္ေတာ့ ငါ့အဆို၊ မဆိုနဲ႔ … ဒါပဲ။ ငါ့နာမည္ ကိုမွတ္ထား – ခင္မိုးသဲ တဲ့”
“ရွင္ – ခင္ – ခင္ – ခင္မိုးသဲ – ဟုတ္လား”
စကားဆုံးေတာ့ ေမသႏၲာ အိပ္ေပ်ာ္ေနရာမွ လန႔္၍ႏိုးသြားေတာ့သည္။ ရင္ေတြ တဒိန္းဒိန္းတုန္ကာေနေလ၏။
“အလို- ဘုရား – ဘုရား – ဝါအိပ္မက္မက္ေနတာပါလား။ ေတာ္ပါေသး ရဲ႕၊ အိပ္မက္ထဲမွာ လာၿပီး ရန္ေတြ႕တဲ့မိန္းမက သူ႔နာမည္က ခင္မိုးသဲတဲ့။ ခင္ပိုးသဲဆိုတာ ကိုအလကၤာရဲ႕ေသသြားတဲ့မိန္းမ မဟုတ္လား။
ၿပီးေတာ့ – ေျပာသြားေသးတယ္။ငါ့အိမ္ကို ဘယ္သူခြင့္ျပဳခ်က္နဲ႔ တက္ ေနတာလဲတဲ့။ ၿပီးေတာ့ – ဒီအိမ္က သုံးရက္အတြင္း ေျပာင္းေပးရမယ္တဲ့။ မေျပာင္းရင္ ငါ့အဆိုး မဆိုနဲ႔လို႔လဲ ႀကိမ္းသြားေသးတယ္။ ငါ့ကို ၾကည့္သြား တဲ့မ်က္လုံးေတြကလည္း မီးထေတာက္ေတာ့မတတ္ပဲ၊ မျဖစ္ဘူး – မျဖစ္ ဘူး။ ကိုအလကၤာျပန္လာရေတာ့ ေျပာျပမွ ျဖစ္မယ္”
အလကၤာ အိမ္ျပန္ေရာက္သည့္ အခါတြင္ေတာ့ ခင္မိုးသဲ ေန႔လယ္က မိမိမက္ေသာအိပ္မက္အေၾကာင္းကို ေျပာျပလိုက္သည္။ “ဟင္ – ဟုတ္လား – သႏၲာ”
“ဟုတ္တာေပါ့- အလကၤာရယ္။ အိပ္မက္ထဲမွာ ျမင္ရတဲ့ အဲဒီမိန္းမရဲ႕ မ်က္ႏွာႀကီးကေၾကာက္စရာ ေကာင္းလိုက္တာ။ ခုထိ မ်က္လုံးထဲကမထြက္ဘူး”
“ဟုတ္ေရာဟုတ္ရဲ႕လား – ေမသႏၲာရယ္၊ မင္းမ်ားအိပ္ခ်င္မူးတူးနဲ႔ ထင္ ေယာင္ထင္မွားျဖစ္တာလားလို႔”
“အိုရင္-အိပ္မက္ထဲမွာ တကယ့္ကို ရန္လာေတြ႕တာ” အလကၤာတစ္ေယာက္ သက္ျပင္းေမာတစ္ခ်က္ကို ခ်လိုက္သည္။ “အင္း – ဒါဆိုရင္ – ေသရာပါၿပီ။ ခင္မိုးသဲမွ ခင္မိုးသဲအစစ္” “ခင္မိုးသဲဆိုတာ ကိုအလကၤာရဲ႕ဆုံးသြားတဲ့မိန္းမ မဟုတ္လားဟင္” “ဟုတ္တယ္ – သႏၲာ။ ကဲပါေလ – အိပ္မက္ဆိုတာ ကိုယ္ၾကားဖူးတာ ကေတာ့ေသြးေလေခ်ာက္ခ်ားရင္လည္း မက္တတ္တာပဲတဲ့။ ရင္ထဲမွာ ဘာ ဥပါဒါန္မွ ျဖစ္မေနနဲ႔။ လာ – ကိုယ္ ထမင္းဆာလာၿပီ။ ထမင္းစားေတာ့မယ္” ထမင္းစားရန္ မီးဖိုထဲသို႔ သြားရန္အလုပ္။
“ဪ – ဒါနဲ႔ – အဲဒီပိန္းမက ေျပာသြားေသးတယ္ သိလား၊ ဒီအိမ္ဟာ သူအိမ္တဲ့။ ဘယ္သူခြင့္ျပဳခ်က္နဲ႔ ေနတာလဲတဲ့။ ၿပီးေတာ့ – ဒီအိမ္ကေန သုံး ရက္အတြင္း၊ ဆင္းေပးတဲ့။ ဆင္၊မေပးရင္ သူ႔အဆိုးမဆိုနဲ႔တဲ့ႀကိမ္းသြားေသး တယ္ – ကို”
“အို-အလကားပါကြာ။ သူက ႀကိမ္းရေအာင္ ဘာေကာင္မပို႔လဲ။ သူ ဆင္းခိုင္းတိုင္း ငါတို႔က ဆင္းေပးရမွာလား”
စကားဆုံးေတာ့ ထမင္းစားရန္ ဇနီးေမာင္ႏွံ မီးဖိုေလးထဲသို႔ ဝင္လာခဲ့ သည္။ ခ်ဳပ္ရီဆည္းဆာတစ္ခုသည္ကေတာ့အပ်ိဳေဖာ္ဝင္စအလွေသြးႂကြယ္ ေနသည့္ မိန္းမပ်ိဳတစ္ဦးသို႔ႏွယ္။ လွပေၾကာ့ရွင္း လြင့္ေမ်ာျခင္းသံစဥ္ေတြနဲ႔။
သည္ေန႔ …
ေမသႏၲာ၊ အလကၤာအလုပ္သြားေလေတာ့ မေန႔ညေနကဖြပ္ၿပီး မလွန္း ရေသးသည့္အဝတ္မ်ားကို အိမ္အေပၚထပ္ ဗရန္တာ ေကာ္ရစ္တာတစ္ ေလွ်ာက္တြင္ သြယ္တန္းထားေသာ ႀကိဳးတန္းေလးတြင္ လွန္းေနမိသည္။ ေမသႏၲာတို႔ အိမ္ေလးသည္ ႏွစ္ထပ္တိုင္ပုေလး ျဖစ္၏။ အိမ္ေအာက္ ထပ္တြင္ အိမ္ငွားတစ္ဦးတို႔ ေနထိုင္ၾကေလသည္။
ထိုအခ်ိန္တြင္ “ကြၽီ …”
ဟူေသာျမည္သံတစ္ခုႏွင့္အတူၿခံတံခါးႀကီးမွာ သူအလိုလိုပြင့္သြားရင္း တြန္းဖြင့္လိုက္သည္သို႔ျမင္လိုက္ရေလသည္။ ေမသႏၲာ ၿခံတံခါးဆီသို႔လမ္း ၾကည့္လိုက္၏။ သို႔ေသာ္ ဘာမွမေတြ႕။ အဝတ္မ်ားကို ဆက္၍လွန္းေနမိေလ သည္။
ထိုအခ်ိန္တြင္ ေအာက္ထပ္မွတက္လာေနေသာ ေျခသံတစ္ခုကိုၾကား ရေတာ့၏။ ေျခသံသည္ အစတြင္ ခပ္တိုးတိုးျဖစ္ေသာ္လည္း ေနာက္တြင္ က်ယ္လာရင္းနီး၍နီး၍လာသည္။ မိမိတို႔အခန္းဝသို႔ေရာက္ေလသည့္အခါ ေျခသံမွာ လုံးဝမၾကားရေတာ့ပဲ ရပ္၍သြား၏။
ရပ္သြားေသာေျခသံကို ေမသႏၲာ သတိမူလိုက္မိသည္။ လွန္းလက္စ အဝတ္မ်ားကို ရပ္လိုက္၏။
“ဘယ္သူမ်ားပါလိမ့္။ ေျခသံက အခန္းဝမွာ ရပ္သြားတယ္။ ေမသႏၲာ အခန္းဝတြင္ ေရထားေသာ တံခါးဆီသို႔ေလွ်ာက္လာသည္၊ ရပ္၍နားေထာင္ ၾကည့္၏။ ဘာသံမွ် မၾကား။ ထို႔ေၾကာင့္ ေစ့ထားေသာတံခါးကို ဆြဲ၍ဖြင့္ လိုက္သည္။
“ဟင္ – ဘယ္သူမွလည္း မရွိဘူး။ ဒါဆို-တက္လာတဲ့ ေျခသံဟာ ဘယ္ သူလဲ။ ငါေသေသခ်ာခ်ာၾကားလိုက္တာပါအခန္းတံခါးကို ျပန္ေစ့ကာ လွန္းလက္စ အဝတ္မ်ားကို ဆက္၍လွန္း ေနမိသည္။ ထိုအခိုက္ –
“ကြၽိ”
ဟူေသာ အခန္းတံခါး ဖြင့္လိုက္သံ ၾကားလိုက္ရျပန္သည္။ ေမသႏၲာ ေနာက္သို႔လွည့္ရင္း အခန္းတံခါးဆီ ၾကည့္လိုက္၏။ အခန္းတံခါးမွာ ပိတ္ လ်က္သား။ မိမိထိုးထားေသာ တံခါးခ်က္မွာလည္း မပ်က္မယြင္းထိုးထား သည့္အတိုင္း ရွိေနဆဲ ျဖစ္၏။
အၾကည့္ကို တံခါးဆီမွ ခြာလိုက္ရင္း စိတ္ခ်လက္ခ် အဝတ္လွန္းေနမိ သည္။ ထိုစဥ္ မိမိေနာက္နားတြင္ တစ္စုံတစ္ဦးဦး ရပ္လိုက္သည္သို႔ ခံစား လိုက္ရ၏။ ရင္ထဲတြင္လည္း ရွိန္းခနဲ ဖိန္းခနဲ ျဖစ္၍သြားသည္။ ထို႔ေၾကာင့္ ေနာက္သို႔ လွည့္အၾကည့္ ျမင္လိုက္ရေသာျမင္ကြင္းမွာ –
“ဟင္ – ရွင္ – ရွင္ – ဘာ – ဘာျဖစ္လို႔ ဝင္လာတာလဲ။ ဘာကိစၥရွိလို႔လဲ” ေမသႏၲာေတြ႕လိုက္ရသည္မွာ အျဖဴေရာင္ဝမ္းဆက္ကို ဝတ္ထားေသာ မိန္းမတစ္ဦး။ ဆံပင္ကို ခါးလယ္ေလာက္အထိ ျဖန႔္၍ခ်ထားၿပီးရပ္ေနသည္ ကိုေတြ႕လိုက္ရေတာ့သည္။ ထိုမိန္၊မမွာ ခင္မိုးသဲပင္ ျဖစ္ေလသည္။
“ႏွင့္ကို ေျပာထားၿပီးၿပီ၊ ငါ့အိမ္ကေန သုံးရက္အတြင္း ဆင္းေပးလို႔။ ငါ့ေယာက္်ားကို ေၾကာင္ေတာင္ႏႈိက္တဲ့မိန္းမ – ကဲဟာ … သြား”
ေမသႏၲာအနာ။သို႔ ကပ္လာကာ ေဒါသတႀကီးျဖင့္ ေဆာင့္၍တြန္းပစ္ လိုက္သည္။ ေမသႏၲာ အေပၚထပ္ ဝရန္တာမွ ျပဳတ္က်သြားေတာ့သည္။
“ဝုန္း”
ေမသႏၲာ ဆုံးပါးသြားၿပီးေနာက္တြင္ အလကၤာတစ္ေယာက္ အိမ္သို႔
မျပန္တစ္လွည့္၊ ျပန္တစ္လွည့္ ျဖစ္လာ၏။ တစ္ခါတစ္ခါတြင္ေတာ့ ႐ုံး၌သာ အိပ္ျဖစ္သည့္အခါက မ်ားေလသည္။ မိမိ၏အျဖစ္သည္ တိုက္ဆိုင္မႈ ဆိုရ မည္လား။ သို႔တည္းမဟုတ္ ဥပါဒါန္ စြဲလမ္းျခင္းတစ္ခုရယ္လား။ ဒါေတာ့မသိ။ ေဝလည္း မေဝခြဲတတ္။ သို႔ေသာ္ ထူးျခားစြာတိုက္ဆိုင္လြန္းေနသည္ ကေတာ့ အံ့ဩစရာသာ ျဖစ္ေလသည္။
“ဪ-ခင္မိုးသဲ-ခင္မိုးသဲ။ ငါ့ကို အၿငိဳးအမ်က္ ႀကီးေနတဲ့ပုံပဲ။ ေမသႏၲာ ေသရကာဟာလည္း သူ႔လက္ခ်က္ပဲ ျဖစ္ရမယ္” ညည္းညည္းညဴညဴစိတ္မ်ားကိုတဒဂၤလန္းဆန္းေစရန္ ႐ုံးဝင္းအတြင္း ရွိ လက္ဖက္ရည္ဆိုင္ေလးဆီသို႔ ထြက္လာခဲ့သည္။ ေအာင္ျမင့္နဲ႔ ေဇာ္ႀကီး တို႔ကို ေတြ႕ရ၏။ မိမိကိုျမင္ေတာ့ လွမ္း၍ေခၚၾကသည္။ “ေဟ့ေကာင္ – အလကၤာ – လာ လာ – ဒီကိုလာ” အလကၤာ၊ ေအာင္ျမင့္တို႔ဝိုင္းသို႔ ဝင္၍ထိုင္လိုက္သည္။ “ကဲ- မင္း ဘာေသာက္မလဲ။ အပူလား၊ အေအးလား” “လက္ဖက္ရည္ က်လိမ့္ပဲ ေပးကြာ”
လက္ဖက္ရည္ဝိုင္းတြင္ေတာ့ မိမိျဖစ္ပ်က္ေနေသာ အျဖစ္ပ်က္ေလး အား ေျပာျပလိုက္သည္။
“ဟင္ – ဒါဆို – မင္းမိန္းမ ေပသႏၲာ ေသရတာဟာ ခင္ပိုးသဲရဲ႕လက္ခ်က္ လို ျဖစ္ေနတာေပါ့
“ဟုတ္တယ္ – ေအာင္ျမင့္။ သူမေသခင္ တစ္ပတ္ေလာက္က အိပ္မက္ ထဲမွာ သူ႔ကို ခင္မိုးသံက လာၿပီးရန္ေတြ႕တဲ့အေၾကာင္း ငါ့ကို ေျပာျပခဲ့တယ္။ ဒါေပမဲ့ -ငါလည္းဘယ္ယုံမလဲကြာ။ ဒါေၾကာင့္ – ခပ္ေပါ့ေပါ့ပဲ ေနလိုက္တာ။ ငါ့အထင္ေတာ့ – ေမသႏၲာ အိမ္ေပၚကျပဳတ္က်တာက သူ႔အလိုလို ျပဳတ္က် တာမျဖစ္ႏိုင္ဘူး။ ခင္မိုးသဲ တြန္းခ်တာပဲ ျဖစ္ရမယ္”
ေဇာ္ႀကီးမွ ေဖ်ာင္းေဖ်ာင္းဖ်ဖ် ေျပာဆိုလာသည္။
“သိပ္လည္း ယိုးစြပ္မေနနဲ႔ – သူငယ္ခ်င္း။ ဥပါဒါန္ေၾကာင့္ ဥပါဒ္ေရာက္
ရတယ္တဲ့”
“သိပ္အယုံအၾကည္ႀကီးလည္းမဟုတ္ပါဘူးကြာ။ ဒါေပမဲ့ – ခင္ပိုးသဲက ငါ့ကိုအေတာ္မုန္းမုန္းတီးတီးျဖစ္ရင္းေသသြားခဲ့တာ။ သူ႔စိတ္ကို ငါသိတယ္။ အစြဲအလမ္းႀကီးတယ္။ ဒါေၾကာင့္ – ျပန္ကလဲ့စားေခ်တာ မဟုတ္ဘူးလို႔လဲ အတပ္ေျပာလို႔ေတာ့ မရႏိုင္ဘူး”
“ကဲပါကြာ – ဒါေတြ ထားလိုက္ပါေတာ့။ မင္းစိတ္ေတြ နည္းနည္းလန္း သြားေအာင္ ႐ုံးဆင္းရင္ ငါတို႔နဲ႔ လိုက္ၿပီး KTV မွာ ဘီယာေသာက္ရင္း သီခ်င္းဆိုၾကတာေပါ့
“ငါ မလိုက္ေတာ့ဘူးကြာ။ ႐ုံးျပန္ၿပီး တစ္ေမွးေလာက္အိပ္ရင္း အနား ယူေတာ့မယ္။ ခုကလည္း ဒီအေၾကာင္းေတြ ေတြးရင္း ေကာင္းေကာင္းအိပ္ မေပ်ာ္ဘူး”
စကားဆုံးေတာ့ အလကၤာတို႔သူငယ္ခ်င္းတစ္စု လက္ဖက္ရည္ဆိုင္မွ ထလိုက္ၾကေတာ့သည္။
႐ုံးျပန္ေရာက္ေတာ့ …။
ႏုံးခ်ိေနေသာခႏၶာကိုယ္ကို ပစ္လွဲခ်လိုက္ရင္း အိပ္ပစ္လိုက္သည္။ ႏွစ္ ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြား၏။ထိုစဥ္႐ုံးခန္းတံခါးကိုေခါက္လာေသာအသံတစ္သံကို ၾကားလိုက္ရသည္။
“ေပါက္-ေပါက္-ေပါက္
မိမိမွာ ေအာင္ျမင့္နဲ႔ ေဇာ္ႀကီးတို႔ လာၾကသည္ဟု ထင္လိုက္၏။ ထို႔
ေၾကာင့္ တံခါးဖြင့္ေပးရန္ ထလိုက္သည္။
“ဒီေကာင္ေတြကလဲကြာ။ ခုမွ အိပ္ေပ်ာ္မယ္ မႀကံေသးဘူး လာႏႈိးၾကျပန္ၿပီ”
ေရ႐ြတ္ရင္းတံခါးကို ဖြင့္ေပးလိုက္၏။ ေတြ႕လိုက္ရသည္မွာ ေအာင္ျမင့္ လည္း မဟုတ္၊ ေဇာ္ႀကီးလည္း မဟုတ္။ အျဖဴေရာင္ဝမ္းဆက္ကို ဝတ္ဆင္ ထားေသာ ခင္မိုးသဲသာလွ်င္ ျဖစ္ေလ၏။ အလကၤာ အံ့ဩသြားသည္။
“မင္း – မင္း – ဒီ – ဒီကို ဘာလာလုပ္တာလဲ”
ခင္မိုးသိမွာမိမိကို စူးစူးစိုက္စိုက္ၾကည့္ရင္း အခန္းထဲဝင္လာ၏။ ခုံတစ္ ခုတြင္ ဝင္ထိုင္လိုက္သည္။
“ရွင့္ကို ေတြ႕ခ်င္လို႔ လာခဲ့တာ”
“မင္းက ငါ့ကို ေတြ႕ရေအာင္ ဘာကိစၥရွိလို႔လဲ။ မင္းနဲ႔ငါ ေတြ႕စရာ ဘာ အေၾကာင္းမွ မရွိဘူး။ သြား – သြား … ငါ့အခန္းထဲက ခုထြက္သြား”
“သြားမွာပါ – အလကၤာရယ္။ ဒီေလာက္လဲ ႏွင္မေနပါနဲ႔။ ခု – ဇနီးေခ်ာ ေလး ဆုံးသြားလို႔ သိပ္ခံစားေနရတယ္ထင္တယ္။ ဟင္း – ဟင္း – စိတ္ မေကာင္းပါဘူးရင္
“မင္း သနားစရာမလိုဘူး – မိန္းမယုတ္။ေမသႏၲာကိုအိမ္ေပၚကတြန္းရ လိုက္တာလည္း မင္းပဲ မဟုတ္လား”
“ဟုတ္တယ္ – ကြၽန္မ မသႏၲာကို အိပ္ေပၚကတြန္းခ်လိုက္တာ” “ယုတ္မာလိုက္တဲ့ မိန္းမကြာ”
“ဒါေပါ့ရွင္။ ဂ်င္းစိမ္း မိတ္သလင္တဲ့၊ သူၾကင္မွ ကိုယ္ၾကင္တဲ့။ ရွင္လုပ္ မုံ႔တဲ့လုပ္ရပ္ေတြကလည္း ေကာင္းလို႔လား။ ယုတ္မာတာကြၽန္မမဟုတ္ဘူး- ရွင္ – ရွင္၊ ရွင္ ေဖာက္ျပန္ခဲ့လို႔ကြၽန္မတို႔မိသားစုဘဝေတြ ၿပိဳကြဲခဲ့ရတယ္။ရွင္ ကြၽန္မ စိတ္ဆင္းရဲရသလို ရွင္လည္း ျပန္ၿပီး စိတ္ဆင္းရဲရမယ္ဆိုတာ မွတ္ ထား
“သြားကြာ “ သြားဆိုရင္သြား။ ငါ့အခန္းထဲက ခုထြက္သြား”
“သြားမွာပါ- ကိုအလကၤာ။ ကြၽန္မရယ္၊ေမသႏၲာရယ္မိန္းမႏွစ္ေယာက္ေတာ့ ေသၿပီးၿပီ။ မိန္းမႏွစ္ေယာက္အလွည့္ၿပီးရင္ ဒီတစ္ခါေသဖို႔က ရွင့္အလွည့္ပဲဆိုတာေသေသခ်ာခ်ာ မွတ္ထားလိုက္ပါ”
“သြား – ျပန္ျပန္သြား။ ခုထြက္သြား – မိန္းမယုတ္၊ မဂၤလာမရွိတဲ့စကား
ေတြ လာေျပာမေနနဲ႔ – သြား”
“ေဒါက္ – ေဒါက္- ေဒါက္”
“ေပါက္ – ေပါက္ – ေဒါက္
တံခါးေခါက္သံေၾကာင့္ ေယာင္၍ေအာ္ေနေသာ အလကၤာ ႏိုးလာသည္။ “ေဟ့ေကာင္ အလကၤာ – တံခါးဖြင့္စမ္း – ဖြင့္စမ္း။ ဘာေတြ ေယာင္ေအာ္ေနတာလဲ”
တံခါးဖြင့္ေတာ့ ေအာင္ျမင့္နဲ႔ ေဇာ္ႀကီးတို႔ႏွစ္ေယာက္ ဝင္လာသည္။ “ငါ အိပ္မက္ဆိုးတစ္ခုကို မက္သြားလို႔ပါကြာ”
အလကၤာ …ညက ပက္ေသာ အိပ္မက္ကို စဥ္းစားေနမိသည္။
“ငါ- ခင္မိုးသဲကို မစြဲလမ္းပါပဲနဲ႔ ဘာလို႔မ်ား အိပ္မက္ရတာပါလိမ့္။ ၿပီးေတာ့ – အိပ္မက္ထဲမွာလည္း ငါ့ကို ရန္ေတြ႕ရင္း ေျပာသြားတဲ့စကားက မိန္းမႏွစ္ေယာက္ ေသၿပီးရင္ ဒီတစ္ခါ နင့္အလွည့္ပဲတဲ့။ အဲဒီစကားက ဘာ အဓိပၸာယ္ပါလိမ့္။ ေဩာ္ – သိၿပီ၊ သိၿပီ။ ဟိုတစ္ေန႔ကလက္ဖက္ရည္ဆိုင္မွာ ေအာင္ျမင့္တို႔နဲ႔ ေတြ႕တုန္းကေျပာခဲ့တဲ့စကားေတြကို ငါစြဲလမ္းၿပီးအိပ္မက္ မက္သြားတာထင္တယ္”
ဒီေန႔ ႐ုံးကိုေရာက္ေတာ့ အလုပ္ကိစၥတစ္ခုျဖင့္ မႏၲေလးသို႔ ခရီးထြက္ရ
မည္ဟု ဆိုလာေလသည္။ ႐ုံးကားျဖင့္ ထြက္လာခဲ့ၾကသည္။ မႏၲေလး၌ ႏွစ္ရက္တိတိ ၾကာ၏။ အျပန္ခရီး၌ ကားေမာင္းသည့္ ဒ႐ိုင္ဘာေကာင္ေလး ထြန္းေဝသည္ေရာက္တုန္းေရာက္ခိုက္ သူ႔ဇာတိေမြးရပ္ေလးသို႔ခဏဝင္လို ေၾကာင္း ေျပာလာသည္။ ခြင့္ျပဳလိုက္ရ၏။ ျပႆနာ တစ္စုံတစ္ရာမရွိ။ အလကၤာသည္ ကားကို အၿမဲမေမာင္းသည္မွအပ ကြၽမ္းက်င္စြာ ေမာင္းႏိုင္ ေလသည္။ ထို႔ေၾကာင့္ မိမိတစ္ေယာက္ထဲကားကိုေမာင္းျပန္လာခဲ့သည္။
ကြၽန္မ ခရီးေဝးတစ္ခုကို အၿပီးသြားရေတာ့မယ္။ ေနာက္ဆို မမတို႔၊ သားေလးတို႔နဲ႔ ေတြ႕ရေတာ့မွာမဟုတ္ေတာ့ဘူး မမရယ္။ ဒါေၾကာင့္ -မမမ်ိဳးကို ညီမ တစ္ခုေတာင္းဆိုပါရေစ။
သားေလးကို သကၤန္းဆီးၿပီး ရွင္ျပဳေပးပါေနာ္။ ဒါမွလည္း ကြၽန္မ ဘဝသစ္တစ္ခုကို ေကာင္းေကာင္းမြန္မြန္နဲ႔ကူးေျပာင္းႏိုင္မွာ
ဟိုေတြး သည္ေတြး အေတြးမ်ားျဖင့္ ေမာင္းႏွင္လာရင္း ကားေလးက ရန္ကုန္သို႔ ခ်ဥ္းနင္းဝင္ေရာက္လာသည္။ အလကၤာ နာရီကို ၾကည့္လိုက္ သည္။ ည(၇)နာရီထိုး၍ေနၿပီ။ ေဆာင္းကာလမို႔ ပိုးက အေစာႀကီးခ်ဳပ္၍သြား သည္။ ျမဴႏွင္းျမဴစေတြက ဟိုမွသည္မွ ယွက္ျဖာေနသည္။ ဝင္းခနဲလက္ခနဲ အခ်က္ျပမီးမ်ားကိုထိုး၍ ဝင္လာေနေသာ မ်က္ႏွာခ်င္းဆိုင္တူ႐ူဆီမွ ကား မ်ားကို သတိႀကီးစြာ ေရွာင္ရွားရင္း ကားကိုအားစိုက္ေမာင္းလာေနမိသည္။
ၿမိဳ႕ထဲသို႔ ဝင္လာသည္မို႔ ကားေတြက တျဖည္းျဖည္း ရႈပ္လာသည္။ မဂၤလာဒုံၿမိဳ႕နယ္ထဲသို႔ ဝင္လာသည္။ က်ိဳကၠလို႔၊ က်ိဳကၠလဲဘုရားနားသို႔ ေရာက္ေတာ့မည္ျဖစ္ေၾကာင္း သတိျပဳလိုက္မိသည္။ လမ္းခ်ိဳးတစ္ခုကို ခ်ိဳး ေကြ႕ရင္းဝင္လာသည္။ ထိုအခ်ိန္တြင္ အေမွာင္ရိပ္မွထြက္လာရင္း မိမိကား ကိုတားလာေနေသာ အရာတစ္ခုကို ေတြ႕လိုက္ရေတာ့သည္။ ေရွ႕မီးကို ဖြင့္ လိုက္ရင္း အလကၤာ ေမာင္းလာေသာကားကိုအရွိန္ေလွ်ာ့လိုက္သည္။ ကား ကိုတားေနေသာအရာသည္ မိန္းမတစ္ေယာက္ ျဖစ္ေလ၏။
“အလို- မိန္းမတစ္ေယာက္ပါလား။ ဘာျဖစ္လို႔မ်ား ငါ့ကားကို တားေနပါလိမ့္”
ေရ႐ြတ္မႈတစ္စုံတစ္ရာအဆုံးကားက တားေနသူ မိန္းကေလး၏ မနီး မေဝးသို႔ ေရာက္လာသည္။ အလကၤာ ေသေသခ်ာခ်ာ စူးစိုက္၍ၾကည့္လိုက္ သည္။ အံ့ဩသြား၏။
“ဟင္ – ဟင္ – ခင္မိုးသဲ – ခင္ပိုးသဲပဲ။ ခင္ပိုးသဲကငါ့ကားကို ဘာလို႔တား ေနတာလဲ။ အို – မျဖစ္ဘူး – မျဖစ္ဘူး – ရပ္ေပးလို႔ မျဖစ္ဘူး။ ျမန္ျမန္ေကြ႕ ေရွာင္ၿပီး ေမာင္းေျပးမွ”
အလကၤာကားကိုရက္ရွိန္ျမႇင့္လိုက္သည္။ ကားကားေနသူ ခင္မိုးသဲကို ေရွာင္ကာ တစ္ဖက္သို႔ ခ်ိဳးေကြ႕ဆြဲခ်လိုက္သည္တြင္ကားမွာ အရွိန္ျဖင့္ လမ္း တစ္ဖက္သို႔ ထိုးဆင္းသြားေတာ့သည္။
“ဟာ-အို-ဒုကၡပဲ-အမေလး”
“ဒုန္း”
“ဝုန္း”
အလကၤာ၏ကားမွာ လမ္းေဘးသစ္ပင္တစ္ပင္အား ဦးတိုက္ဝင္သြား ကာ အရွိန္ျပင္းစြာ တိုက္ခိုက္လိုက္ၿပီးမွ ထိုးရပ္သြားေတာ့သည္။ ကားမွာ ေခါင္းတစ္ျခမ္း ေၾကသြားၿပီး အလကၤာတစ္ေယာက္လႈပ္ရွားမႈမရွိ၊ ၿငိမ္သက္ သြားေတာ့သည္။
သည္ေန႔…မမမ်ိဳးတစ္ေယာက္ ဘုရားရွိခိုးရင္း အိပ္ရာ ေစာေစာဝင္ခဲ့ေလသည္။ မိမိအိပ္ရာထဲဝင္ေတာ့ တူေတာ္ေမာင္ေလး မင္းထက္သူမွာ အိပ္ေမာက် လ်က္ရွိေန၏။ အေဖနဲ႔အဒမ ဆုံးပါးသြားရင္း မိမိရင္ခြင္ေလးသို႔ ေရာက္လာ ခဲ့ရေသာတူသားေလးကိုရင္ႏွင့္ေသာအၾကည့္တစ္စုံျဖင့္မမမ်ိဳး ၾကည့္ရင္းက
အိပ္ရာဝင္ခဲ့သည္။အိပ္မက္တစ္ခုကို မမမ်ိဳး ထူးထူးဆန္းဆန္း ျမင္မက္၏။
ဟူေသာ ေျခသံေၾကာင္း အိမ္ေရွ႕ဆီသို႔ ၾကည့္လိုက္၏။ အျဖဴေရာင္ ဝမ္းဆက္ကိုသပ္သပ္ရပ္ရပ္ဝတ္ဆင္ထားၿပီးစလင္းဘတ္အိတ္ကိုလြယ္ပိုး ထားသည္။ မိန္းကေလးတစ္ေယာက္ထဲသို႔ဝင္လာေနသည္ကိုေတြ႕ရ၏။ “ဟင္ – ညီမေလး – ခင္မိုးသဲ – ခင္မိုးသဲ – နင္ – နင္ – ခု ဘယ္မွာေနလဲ ဟင္။ ေနေရာ ေကာင္းရဲ႕လား၊ မ်က္ႏွာလည္၊ မေကာင္းဘူး”
မိမိေျပာဆိုေနေသာစကားမ်ားကိုေတာ့ ဘာတစ္ခုမွ မေျပာမဆိုပဲ –
“မမဆီကိုကိစၥတစ္ခုရွိလို႔လာခဲ့တာပါ-မမရယ္။ ခု-ကြၽန္မသားေလး မင္းထက္သူေရာ ဘယ္မွာလဲဟင္။ ဘယ္အ႐ြယ္ေရာက္ၿပီလဲ – မမ။ သားကို ေတြ႕ခ်င္လိုက္တာ – မမရယ္”
“ေဩာ္ – ခင္မိုးသဲရယ္ – နင့္သားေလးက အသက္ေတာင္ ႀကီးၿပီတဲ့။ ခု – ငါးတန္းေတာင္ ေရာက္ေနၿပီေလ။ ေက်ာင္းသြားေနတယ္ – ညီမေလး ရယ္”
“အင္း – သားေလး – သားေလး – ငါတို႔ရဲ႕ အရွိန္အဟုန္ျပင္းတဲ့ ေဒါသ၊ ေမာဟေတြရဲ႕ၾကားမွာ မိဘမဲ့တဲ့ကေလးတစ္ေယာက္အျဖစ္နဲ႔ ေျမစာပင္ ျဖစ္ ခဲ့ရတာ။ ကံဆိုးလိုက္တာ သားရယ္”
ခင္မိုးသဲ ေျပာရင္းမွ မ်က္ရည္မ်ား က်လာသည္။
“ခု – ကြၽန္မ ခရီးေဝးတစ္ခုကို အၿပီးသြားရေတာ့မယ္။ ေနာက္ဆို ပပတို႔ သားေလးတို႔နဲ႔ ေတြ႕ရေတာ့မွာမဟုတ္ေတာ့ဘူး မမရယ္။ ဒါေၾကာင့္ – မမမ်ိဳးကိုညီမတစ္ခုေတာင္းဆိုပါရေစ။ သားေလးကို သကၤန္းဆီးၿပီး ရွင္ျပဳ ေပးပါဒေနာ္။ ဒါမွလည္း ကြၽန္မ ဘဝသစ္တစ္ခုကို ေကာင္းဒကာင္းမြန္မြန္နဲ႔ ကူးေျပာင္းႏိုင္မွာ
“ဪ – ဝိတ္ခ်ပါ – ညီမရယ္။ သားေလး မင္းထက္သူအတြက္လည္း ဘာမွမပူနဲ႔။ မမ – ကိုယ့္သားသမီးတစ္ေယာက္နဲ႔မျခား၊ ေစာင့္ေရွာက္သြားပါ့ မယ္။ မင္းေျပာတဲ့ကိစၥေတြလည္း မမျဖစ္ေအာင္ လုပ္ေပးပါ့မယ္ကြယ္”
“ဒါဆို … ကြၽန္မ သြားေတာ့မယ္ေနာ္ – မမ၊ မမကို ညီမေလး ကန္ေတာ့ ခဲ့ပါတယ္”
“ဟဲ့ ခင္မိုးသဲ ခင္မိုးသဲ ညီမေလး ေနဦးေလ … ေနဦး” “ဟင္ – ငါအိပ္မက္မက္ေနတာပါလား”
ဒီေန႔ မမမ်ိဳးတို႔အိမ္တြင္ …
ခင္မိုးသဲ၏ အိပ္မက္ေလးအတိုင္း သားေလး မင္းထက္သူကို သကၤန္းဆီးေပးေသာေန႔ျဖစ္ေလသည္။
မမမ်ိဳးတို႔အိမ္ထဲ၌လူမ်ားျပည့္ေနၾကသည္။ဆရာေတာ္မ်ားက သကၤန္းဝတ္ထားေသာမင္းထက္သူကို သာသနာ့ေဘာင္ သြတ္သြင္းရင္း ဘုရား၏သားေတာ္အျဖစ္ ခ်ီးေျမႇာက္ကာ သရဏဂုံေဆာက္ တည္ေပးလ်က္ ရွိေန၏။
ထိုျမင္ကြင္းမ်ားေတာ့ ၿခံေထာင့္တစ္ေနရာဆီရွိ သရက္ပင္ႀကီးတစ္ပင္ ေအာက္မွ ေစာင့္စားေမွ်ာ္ၾကည့္ရင္း ပီတိျဖစ္ေနေလသူတစ္ေယာက္ ရွိေန သည္ကို မည္သူမွ် မေတြ႕မျမင္မသိရွိၾကေပ။ထိုသူမွာ ခင္မိုးသဲသာလွ်င္ ျဖစ္ ေလသည္။
“ဪ – သားေလး – သားေလး – ခုလို သကၤန္းဝတ္နဲ႔ ျမင္ရေတာ့လည္း တကယ့္ကို က်က္သေရ အျပည့္နဲ႔ပါလား၊ မ်က္လႊာေလးကို ခ်ထားလို႔ ေပဒမျမင္ရတာ ဝမ္းသာလိုက္တာ – သားရယ္။ ေမေမ ေက်နပ္ပါၿပီ။ ခုလို ျပဳလုပ္ေပးတဲ့ မမမ်ိဳးကိုလည္း ညီမေလး ေက်းဇူးတင္ပါတယ္ – မမရယ္” ထိုအခိုက္ ဆရာေတာ္ႀကီးတစ္ပါးမွ ေရစက္ခ်အမွ်ေပးေဝရင္း – “ကဲ-ကဲ- တရားနာပရိသတ္ေတြနဲ႔ ဘဝေဟာင္းက ေက်းဇူးရွိခဲ့ဖူးတဲ့ သူေတြ၊ မကြၽတ္မလြတ္ႏိုင္ေသးတဲ့၊ ျပင္ရတဲ့ပုဂၢိဳလ္၊ မျမင္ရတဲ့ပုဂၢိဳလ္ေတြ အားလုံး အမွ်ေပးေဝပါတယ္။ အားလုံး သာဓုေခၚၾကပါ
“အားလုံး ၾကားၾကားသမွ် အမွ်၊ အမွ် အမွ် ယူေတာ္မူၾကပါ ခင္ဗ်ား” “သာဓု – သာဓု – သာဓု”
ဟူေသာ သာဓု သုံးႀကိမ္ေခၚဆိုၾကေသာဧည့္ပရိသတ္ႀကီး၏အသံမ်ား က ရပ္ကြက္ေလးတစ္ခုလုံးေပၚသို႔ ဖုံးလႊမ္းသြားေတာ့၏။ သရက္ပင္ရိပ္ ေအာက္တြင္ရပ္၍ၾကည့္ေနေသာ ခင္မိုးသဲပင္လွ်င္ သားေလး၏ သာသနာ့ ေဘာင္ သြတ္သြင္းပြဲေလးအတြက္ သာဓု သုံးႀကိမ္ ေခၚဆိုလိုက္၏။
ေလျပင္းတစ္ခ်က္ ႐ုတ္ျခည္း လႈပ္လႈပ္ရွားရွားတိုက္ခတ္လိုက္၏။ သစ္ ပင္သစ္႐ြက္မ်ားက တဖြဲဖြဲေႂကြ၍ သြားၾကေလသည္။ အလႉၿပီးေျမာက္ျခင္း အထိမ္းအမွတ္အျဖစ္ ယြန္း၍ေနေလသည္။
တုတ္တုတ္ဂ်ဳန္း ဟူေသာ စည္ေျဗာသံမ်ားသည္ကေတာ့ ၾကားရသူ လြမ္းဆြတ္စရာအတိနဲ႔သာ ရွိေနပါေလေတာ့သည္။