တစ်လုံးတည်းဘဲ` ဝဋ် `တဲ့(စ/ဆုံး)

Unicode Version

တစ်လုံးတည်းဘဲ` ဝဋ် `တဲ့(စ/ဆုံး)
———————————————
မောင်ကံတစ်ယောက် မိန်းမရပြီးနောက် အရင်လိုလေလွင့်မနေတော့ဘဲ စီးပွားရေးတစ်ခုပြီးတစ်ခုလက်တည့်စမ်းလာသည်။ အရင်ကလိုမိမိဝမ်းတစ်ခုထဲမဟုတ်။ နောက်နောင်လာမည့် ဝမ်းများအတွက်ပါ ကြိုတင်ရှာဖွေထားရပေမည်မဟုတ်ပါလား။ လူပျိုဖြစ်နေစဉ်က မိဘအိမ်တွင်နေပြီး အလုပ်မလုပ်သော်လည်း စားရေးသောက်ရေးက ဘာမှပူစရာမရှိ။ တစ်နေကုန်မူးရူးနေသော်လည်း အချိန်တန်စားရသည်။ ယခုမူကား သူကလူလွတ်တစ်ယောက်မဟုတ်လေတော့ အရင်လိုအိပ်လိုက်စားလိုက် လုပ်နေ၍မရတော့ပါချေ။

သူများသားသမီးကိုယူထားပြီး ခါးလှရုံ၊ဝမ်းဝရုံကျွေးနိုင်ရုံနဲ့မရ။ ရွှေစငွေစကလေးဆင်နိုင်ပါမှ လူတို့၏တံတွေးခွက်ကိုကျော်ခွနိုင်မည်။ ရွှေရှိမှမျိုးသော ဆွေမျိုးမဟုတ်သည့် ရွှေမျိုးများအကြားတွင်လည်း အိမ်သူမျက်နှာမငယ်ဖို့ရန် ကြိုးပမ်းရသေးသည်။ သို့ကြောင့် မောင်ကံတစ်ယောက် နေ့နေ့ညည အလုပ်ကြိုးစားနေခြင်းဖြစ်ပေသည်။

အရောင်းအဝယ်လေးများအကျိုးပေးလေမလားဆိုပြီး ကုန်စိမ်းအရောင်းအဝယ်လုပ်ကြည့်သည်။ သို့သော် ကုန်စိမ်းဟူသောအမျိုးသည်ကား ရောင်း၍မကုန်လျှင် သိုလှောင်ထားရသည့် အမျိုးမဟုတ်သဖြင့် မောင်ကံတွင်အမြတ်ရဖို့နေနေသာသာ အရင်းပါရှုံးရ၏။ သို့သော်မောင်ကံကလက်မလျှော့ခဲ့။ ရှိသောငွေစလေးများဖြင့် အိမ်တွင်ကုန်စုံဆိုင်ဖွင့်ပြန်သည်။ အရာရာ ကုန်ဈေးနူန်းတက်နေသည့်အချိန်တွင် အိမ်ဆိုင်တည်ရသည်မှာလည်းမလွယ်ချေ။

ကုန်ဈေးနူန်းတက်နေသည့် ဤအချိန်မျိုး၌ လူတို့ကမဖြစ်မနေရှိရမည့် ကုန်စည်တို့ကိုသာရွေးချယ်ဝယ်ယူကြသဖြင့် မောင်ကံ၏အိမ်ဆိုင်လေးမှာ ထင်သလောက်ခရီးမပေါက်ခဲ့ပြန်။ သည်ကြားထဲအားနာတတ်သည့်စိတ်ကြောင့် အကြွေးပေးလိုက်သည်မှာလည်း မနည်းမနော။ သည်နေ့ရသည့်အမြတ်သည် နောက်နေ့အတွက်အရင်းဖြစ်သဖြင့် မောင်ကံကအကြွေးပေးလိုက်ရာ နောက်နေ့အတွက်ရင်းစရာမရှိတော့ပြန်ချေ။ သို့ကြောင့် သည်အလုပ်ကိုလည်း သူစိတ်ကုန်လာသည်။ နောက်ဆုံး ကံကိုယုံပြီး ရှိသမျှထုတ်ကာ ကြက်မွေးမြူရေးခြံတစ်ခြံထောင်လိုက်သည်။

သည်တစ်ခါကံကအကျိုးပေး၍လားမသိ။ မောင်ကံ၏ကြက်မွေးမြးရေးခြံလေးသည် အတော်အလုပ်ဖြစ်၏။ သူ့ခြံမှကြက်များကိုဖောက်သည်ယူသူများ၊ကြက်ဥဖောက်သည်ယူသူများ အမြဲမပြတ်စည်ကားနေတတ်၏။ ကြက်မွေးမြူရေးခြံမှရသည့် ငွေကြေးများကြောင့် ဇနီးဖြစ်သူကို ရွှေတွဲလွဲငွေတွဲလွဲဖြင့် တင့်တယ်စွာထားနိုင်လာ၏။ အိမ်ဂေဟာကိုလည်း ထရံအိမ်လေးမှ တစ်ထပ်အိမ်လေးအဖြစ်ထားဆောက်နိုင်ခဲ့၏။

ဤကဲ့သို့စိုစိုပြေပြေနေနိုင်စားနိုင်လာသည့်နောက် ချမ်းသာမှုဒဏ်ကိုမခံနိုင်သည့် မောင်ကံတစ်ယောက် အရက်လေးတမြမြဖြစ်လာကာ တိတိတ်ပုန်းမယားငယ်လေးပါ ထားတတ်လာ၏။ ထိုမယားငယ်လေးကား မောင်ကံထံမှရသမျှ ချူစားတတ်သည့် မျော့လိုသွေးစုပ်ကောင်။ မယားကြီးက ထိုအကြောင်းကိုသိသော်လည်း မိမိကိုတချက်ကလေးမှ မျက်နှာမငယ်ရအောင်ထားသည့် ယောကျာ်းဖြစ်သူကို အပြစ်မယူဝံ့။

မောင်ကံတို့၏အိမ်တွင် ခြံစောင့်အဖြစ်မွေးထားသော နိုင်ငံခြားမျိုး ခွေးကြီးတစ်ကောင်ရှိ၏။ ထိုခွေးကြီးကအလွန်အားထားရသော ခွေးလိမ္မာတစ်ကောင်။ မောင်ကံက ထိုခွေးကလေးကို သားသမီးအရင်းကဲ့သို့ချစ်၏။ တစ်နေ့ထိုခွေးသည် ကြက်ခြံထဲဝင်ပြီး ကြက်တစ်ကောင်ကိုကိုက်သတ်ကာ စားသောက်ပစ်၏။ မောင်ကံကသိသော်လည်း ခွေးကလေးကိုချစ်သည့်စိတ်ကြောင့် အပြစ်မယူခဲ့။ သို့သော် တစ်ခုသောနေ့တွင်ကား မောင်ကံသည် မယားငယ်တိုက်လိုက်သောအရက်အရှိန်ကြောင့် လူမှန်းမသိအောင် မူးနေ၏။

မောင်ကံတစ်ယောက် အရက်မူးပြီးအိမ်သို့ပြန်အလာ အိမ်၌မွေးထားသော ခွေးကြီးသည် ကြက်ခြံထဲဝင်ကာ ကြက်ကြီးတစ်ကောင်ကိုကိုက်သတ်လိုက်၏။

” ကျော့….ကျော့…”

” ကတော်….ကတော်….”

ကြက်ခြံတစ်ခုလုံးဝရုန်းသုံးကား ဖြစ်သွားပြီး ကြက်များအော်သံပြုကာ ဟိုပြေးသည်ပျံဖြင့် ကြက်ကမ္ဘာပျက်နေ၏။ ထိုအချိန်အိမ်စောင့်ခွေးကြီးက ကြက်တစ်ကောင်ကိုကိုက်ချီပြီး အပြင်သို့ပြေးအလာ မောင်ကံလည်း ခြံထဲအရောက်ဖြစ်နေ၏။ ကြက်မှာမသေသေးဘဲ ခွေးကြီး၏ပါးစပ်တွင်ယက်ကန်ယက်ကန်ဖြင့် တကျော့ကျော့အော်မြည်နေရှာ၏။ မောင်ကံကထိုအဖြစ်ကိုမြင်သော်စိတ်တိုသွားပြီး

” တောက်! ကျေးဇူးမသိတဲ့ခွေးကြီး…ဒင်းငါနဲ့တွေ့မယ်”

ဟုကြိမ်းဝါးကာ အိမ်ထဲဝင်ပြီး ကြက်ခုတ်သည့် ဓားပြားကြီးကို လက်၌ကျစ်ကျစ်ပါအောင် ကိုင်ထားလိုက်၏။ ခွေးကြီးသည် ကြက်ကိုချပြီး အားပါးတရစားသောက်နေ၏။ သည်အတိုင်းခေါ်လျှင် ခေါ်မရမည်စိုးသောကြောင့် မောင်ကံသည် ကြက်တစ်ကောင်ကိုသတ်လိုက်ပြီး ခွေးကိုအစာဖြင့်မျှားခေါ်လိုက်၏။

” စုတ်ဖွား…စုတ်ဖွား….လာလာ…ဖေ့သားကြီး…”

ခွေးကြီးလည်း သခင်ခေါ်သံကြားလျှင် ပြေးလာပြီး အနားတွင်ချထားသောကြက်အသေကိုကိုက်ချီလိုက်၏။

” ဖေ့သားကြီးကလိမ္မာလိုက်တာ…”

မောင်ကံကခွေးကြီးကိုချော့မေ့ာပြီး ပွတ်သပ်ပေးလိုက်၏။ ပြီးနောက်ခွေးကြီးကို သံကြိုးဖြင့် ခြေထောက်လေးချောင်းကိုကားပြီး ချည်ထားလိုက်၏။

” ဟင်း….ခွေးသူခိုးလေး…မင်းကငါ့ကျွေးကျေးဇူးကိုမထောက်…ငါ့ကြက်တွေခိုးစားရဲသေးတယ်ပေါ့ဟုတ်လားဟမ်…”

” အီ…အီ…အီ…”

ခွေးကြီးက လူ့စကားနားလည်သည်လားမပြောတတ်။ မျက်နှာသူငယ်လေးလုပ်ကာ တအီအီလုပ်နေ၏။

” ငါပြောတာနားထောင်…ငါ့ကိုပြန်မပြောနဲ့…ခွေးသူခိုးလေး…နင့်ကိုဒီအတိုင်းထားရင် ငါ့ကြက်တွေခိုးစားနေဦးမှာ…သူခိုးရန်ကကာကွယ်ပေးမလား အောင့်မေ့တယ်…မင်းကိုယ်တိုင်က သူခိုးကျင့်သူခိုးကြံပြီး ငါ့ကြက်တွေကိုက်စားတယ်…”

” ဒီတော့မင်းကို ငါအပြစ်ပေးရမယ်…ကဲရော့…”

” ဝှစ်…ဒုတ်…”

” အာဝု..အာဝု…ဝူး….ဝုတ်….ဝုတ်….”

အရက်တန်ခိုးကြောင့်သွေးဆူနေသော မောင်ကံတစ်ယောက် ခွေးကြီး၏ ရှေ့ခြေနှစ်ချောင်းကို တိခနဲနေအောင် ခုတ်ပိုင်းပစ်လိုက်သည်။ ခွေးကြီးသည်ကား မြေပေါ်လူးလွန့်ကာ နာကျင်စွာအော်ဟစ်ညည်းညူနေ၏။ သွေးတို့ကားမြင်ရက်စရာမရှိအောင် ပန်းထွက်နေလေ၏။

” ကဲ…ဒီအရှေ့ခြေထောက်က ဦးဆောင်ပြီး ငါ့ကြက်ခြံထဲကို ခိုးဝင်လာတဲ့အတွက်အပြစ်ပေးတာ….နောက်တစ်ခါဆိုရင်တော့ နောက်ခြေထောက်နှစ်ချောင်းပါ ပိုင်းပစ်မယ်မှတ်…”

” အာဝူး….အု…အု…ဝူး…”

သနားစဖွယ်ခွေးကြီးကား သခင်ဖြစ်သူကိုအသနားခံသည့်အကြည့်ဖြင့် မျက်ရည်အဝိုင်းသားကြည့်နေ၏။ ခြေထောက်နှစ်ချောင်း အဖြတ်ခံလိုက်ရသည့် ခံစားချက်သည်ကား နိုင်းပြစရာပင်မရှိတော့ချေ။

မောင်ကံ၏မိန်းမဖြစ်သူကား မောင်ကံ၏လုပ်ရပ်ကိုများစွာပြစ်တင်ရှုံ့ချ၏။ မောင်ကံလည်းမိမိမူးနေစဉ်က လုပ်မိသောအမှားကို လွန်စွာနောင်တရသော်လည်း ပြန်ပြင်ဖို့ရန် မတတ်စွမ်းနိုင်တော့ချေ။ ခွေးကြီးသည်ကား ဒုက္ခိတခွေးကြီးဘဝဖြင့် အနာထဲပိုးဝင်ပြီး သေဆုံးသွားရရှာသည်။

ဝဋ်ဟူသည်ကား နောက်ဘဝမကူးဘဲချက်ချင်းအကျိုးပေးသည့် အရာမျိုးဖြစ်သည်။ တစ်နေ့မောင်ကံသည် နေရင်းထိုင်ရင်း ခြေထောက်ပေါ်မှ အဖုသေးသေးလေးတစ်လုံးပေါက်လာ၏။ ထိုအဖုသည် ယားလွန်းလှသဖြင့် မောင်ကံက ပရုပ်ဆီလိမ်းထားလိုက်၏။ ထိုအခါမှအယားဖုမှာ ပို၍ယားယံလာပြီး ပြည်များတည်ကာ တဖြေးဖြေး ပွားလာသည်။ ထိုအနာဖုသည် ခြေထောက်နှစ်ဖက်စလုံးကူးသွားပြီး ပြည်ပုပ်များတည်ကာ ရိရွဲလာပြီး ပုပ်အဲ့အဲ့အနံ့များပါထွက်လာသည်။ နေကောင်းသန်မာစဉ်က မောင်ကံအနားအမြဲတွယ်ကပ်နေသော မယားငယ်သည်ကား ယခုမူအရိပ်အယောင်ပင်မတွေ့ရတော့ချေ။ မယားကြီးကသာ ခြေဆုပ်လက်နယ်ပြုပြီး မရွံမရှာပြုစုပေးလေသည်။

ထိုထူးဆန်းသောရောဂါသည် ဆေးရုံဆေးခန်းစုံနေပြီဖြစ်သော်လည်း အနာတခြားဆေးတခြားဖြစ်ပြီး ဒုံရင်းဒုံရင်းသာရှိနေ၏။ မောင်ကံလည်းခြေထောက်အနာကြောင့် စိတ်ဓာတ်ကျကာအရိုးပေါ်အရေတင်နေပြီး ကမ္မဋ္ဌာန်းရုပ်ပင်ပေါက်နေလေပြီ။
တစ်နေ့နာမည်ကြီးဆေးရုံ၌သွားပြလေရာ ဆရာဝန်ကြီးက

” မောင်ကံရေ…နင့်ခြေထောက်အနာက ကုလို့မရတော့ဘူး…ရောဂါကျွမ်းသွားပြီ…ဆက်ပြီးမကူးအောင်ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်ပစ်လိုက်မှရမယ်…”

” ဟင်…မဖြတ်လို့မရဘူးလားဆရာရယ်…ကျုပ်မှာဒီခြေထောက်တွေမရှိရင် ကျုပ်မိန်းမကိုဘယ်လိုရှာကျွေးရမလဲဗျာ..”

ဆရာဝန်ကြီးက ခြေထောက်နှစ်ဖက်စလုံးဖြတ်ပစ်ရမည်ဆိုသောကြောင့် မောင်ကံတစ်ယောက်အလွန်အမင်းထိတ်န့်သွား၏။

” ငါလည်းဘာမှမတတ်နိုင်တော့ဘူးမောင်ကံရေ…ဒီအနာမျိုးကကုဖို့ဆေးမရှိဘူး…ခြေထောက်ဖြတ်ရင်ဖြတ်..မဟုတ်ရင်ဒီအတိုင်းရောဂါတွေတခြားအစိတ်အပိုင်းတွေဆီကူးသွားမှာကို ထိုင်ကြည့်ရုံဘဲရှိတော့တယ်ဗျ…”

” ဖြတ်ရမယ်ဆိုလည်း ဖြတ်သာဖြတ်ပစ်ဗျာ…အသက်ထက်ဘာမှအရေးမကြီးဘူးလေ…”

ဆိုပြီးမာန်လျှော့ကာ ခြေထောက်နှစ်ဖက်စလုံးကိုဒူးခေါင်းမှနေ၍အတိဖြတ်ပစ်လိုက်ရသည်။

ခြေထောက်ပြတ်ကြီးဖြစ်သွားပြီးနောက်မောင်ကံသည် အရင်ကကဲ့သို့စိတ်သွားတိုင်း လူမပါနိုင်တော့ချေ။ ဇနီးမယားလုပ်စာကို ထိုင်စားနေရသော လူပိုကြီးတစ်ယောက်ဖြစ်သွားတော့သည်။ တစ်နေ့ဘုန်းတော်ကြီးတစ်ယောက်သည် မောင်ကံတို့၏ အိမ်ရှေ့သို့ရပ်ကာဆွမ်းခံကြွ၏။
ထိုအခါမောင်ကံ၏ အိမ်သူဇနီးမယားက ဆွမ်းလောင်းလှူရန် လုပ်မည်အပြု မောင်ကံက သူကိုယ်တိုင်ဆွမ်းလောင်းလှူချင်သည်ဟုဆိုလာသဖြင့် မိန်းမ ဖြစ်သူကဝှီးချဲပေါ်တင်ပေးကာ ဆရာတော်ဘုရားအား ကိုယ်တိုင်ကိုယ်ကျ ဆွမ်းလောင်းလှူစေလိုက်၏။ ဆရာတော်ဘုရားသည် မျက်လွှာချပြီး

” ဪ…ဝဋ်…ဝဋ်…သိပ်ကိုကြောက်စရာကောင်းပါလား…”

ဆိုပြီး မိန့်လေ၏။ ထိုအခါမောင်ကံနှင့်မိန်းမဖြစ်သူက

” အရှင်ဘုရား…ဘာကိုဆိုလိုတာလည်းဘုရား…”

” အရမ်းကြောက်ဖို့ကောင်းတဲ့ ဝဋ် ကိုပြောတာပါ…ဝဋ်မှာအမြဲ၊ငရဲမှာအပတဲ့…ဒီကဒကာကြီးဟာ သူတစ်ပါးအပေါ် ရက်စက်ခဲ့လို့ ဝဋ်လည်ပြီး သူလည်းခြေထောက်ဖြတ်ခံလိုက်ရတယ်…ထမင်းအိုးလှည့်တာကကြာဦးမယ်…ဝဋ်လည်တာက မကြာဘူးတဲ့ကွဲ့…သိပ်ကိုမှန်တဲ့စကားဘဲ…ဒကာကြီးဟာခွေးလေးရဲ့ခြေထောက်နှစ်ချောင်းကို ဒေါသရှေ့ထားပြီး ဖြတ်ခဲ့မိလို့ ဒကာကြီးဟာခုလိုခြေပြတ်ဘဝနဲ့ဝဋ်ကြွေးဆပ်လိုက်ရတာပါ….”

” တပည့်တော်မှားမှန်းသိပေမဲ့…ပြန်ပြင်လို့်မရတော့တဲ့အမှားပါဘုရား…ခွေးကြီးကို ရက်ရက်စက်စက်ပြုခဲ့မိတဲ့ အပြစ်ဒဏ်ဟာ နောက်ဘဝမကူးဘဲ ချက်ချင်းဝဋ်ပြန်လည်တယ်ဆိုတာ တပည့်တော်ယုံကြည်သွားပါပြီဘုရား…”

” အေးကွယ်…ဘယ်တတ်နိုင်မလဲ…ဝဋ်ကြွေးရှိမှတော့ကြေအောင်ဆပ်ကြရမှာပေါ့ဒကာကြီးရယ်…”

ဆိုပြီး သူတို့အိမ်ရှေ့မှ တခြားအရပ်သို့တဖြည်းဖြည်း ကြွသွားလေတော့သည်။
မောင်ကံကား ဝဋ်ဆိုသည့် တစ်လုံးထဲရှိသည့် အရာအား ကြောက်လန့်နေမိသည်မှာ အမှန်ပင်ဖြစ်တော့သတည်း။……။

(ဖြစ်ရပ်မှန်ကိုအခြေခံရေးသားထားသည်။ )

# ပြီး

# ခွန်း

Zawgyi Version

တစ္လံုးတည္းဘဲ` ဝဋ္ `တဲ့(စ/ဆံုး)
———————————————
ေမာင္ကံတစ္ေယာက္ မိန္းမရၿပီးေနာက္ အရင္လိုေလလြင့္မ​ေန​ေတာ့ဘဲ စီးပြားေရးတစ္ခုၿပီးတစ္ခုလက္တည့္စမ္းလာသည္။ အရင္ကလိုမိမိဝမ္းတစ္ခုထဲမဟုတ္။ ေနာက္ေနာင္လာမည့္ ဝမ္းမ်ားအတြက္ပါ ႀကိဳတင္႐ွာေဖြထားရေပမည္မဟုတ္ပါလား။ လူပ်ိဳျဖစ္ေနစဥ္က မိဘအိမ္တြင္​ေနၿပီး အလုပ္မလုပ္ေသာ္လည္း စားေရးေသာက္ေရးက ဘာမွပူစရာမ႐ွိ။ တစ္ေနကုန္မူး႐ူးေနေသာ္လည္း အခ်ိန္တန္စားရသည္။ ယခုမူကား သူကလူလြတ္တစ္ေယာက္မဟုတ္ေလေတာ့ အရင္လိုအိပ္လိုက္စားလိုက္ လုပ္ေန၍မရေတာ့ပါေခ်။

သူမ်ားသားသမီးကိုယူထားၿပီး ခါးလွရံု၊ဝမ္းဝရံုေကြၽးႏိုင္ရံုနဲ႔မရ။ ေရႊစေငြစကေလးဆင္ႏိုင္ပါမွ လူတို႔၏တံေတြးခြက္ကို​ေက်ာ္ခြႏိုင္မည္။ ေရႊ႐ွိမွမ်ိဳးေသာ ေဆြမ်ိဳးမဟုတ္သည့္ ေရႊမ်ိဳးမ်ားအၾကားတြင္လည္း အိမ္သူမ်က္ႏွာမငယ္ဖို႔ရန္ ႀကိဳးပမ္းရေသးသည္။ သို႔ေၾကာင့္ ေမာင္ကံတစ္ေယာက္ ေန႔ေန႔ညည အလုပ္ႀကိဳးစားေနျခင္းျဖစ္ေပသည္။

အေရာင္းအဝယ္ေလးမ်ားအက်ိဳးေပးေလမလားဆိုုၿပီး ကုန္စိမ္းအေရာင္းအဝယ္လုပ္ၾကည့္သည္။ သို႔ေသာ္ ကုန္စိမ္းဟူေသာအမ်ိဳးသည္ကား ေရာင္း၍မကုန္လ်ွင္ သိုေလွာင္ထားရသည့္ အမ်ိဳးမဟုတ္သျဖင့္ ေမာင္ကံတြင္အျမတ္ရဖို႔ေနေနသာသာ အရင္းပါ႐ွံုးရ၏။ သို႔ေသာ္ေမာင္ကံကလက္မေလ်ွာ့ခဲ့။ ႐ွိေသာေငြစေလးမ်ားျဖင့္ အိမ္တြင္ကုန္စံုဆိုင္ဖြင့္ျပန္သည္။ အရာရာ ကုန္ေစ်းႏူန္းတက္ေနသည့္အခ်ိန္တြင္ အိမ္ဆိုင္တည္ရသည္မွာလည္းမလြယ္ေခ်။

ကုန္ေစ်းႏူန္းတက္ေနသည့္ ဤအခ်ိန္မ်ိဳး၌ လူတို႔ကမျဖစ္မေန႐ွိရမည့္ ကုန္စည္တို႔ကိုသာေရြးခ်ယ္ဝယ္ယူၾကသျဖင့္ ေမာင္ကံ၏အိမ္ဆိုင္ေလးမွာ ထင္သေလာက္ခရီးမေပါက္ခဲ့ျပန္။ သည္ၾကားထဲအားနာတတ္သည့္စိတ္ေၾကာင့္ အေႂကြးေပးလိုက္သည္မွာလည္း မနည္းမေနာ။ သည္​ေန႔ရသည့္အျမတ္သည္ ေနာက္ေန႔အတြက္အရင္းျဖစ္သျဖင့္ ေမာင္ကံကအေႂကြးေပးလိုက္ရာ ေနာက္ေန႔အတြက္ရင္းစရာမ႐ွိေတာ့ျပန္ေခ်။ သို႔ေၾကာင့္ သည္အလုပ္ကိုလည္း သူစိတ္ကုန္လာသည္။ ေနာက္ဆံုး ကံကိုယံုၿပီး ႐ွိသမ်ွထုတ္ကာ ၾကက္ေမြးျမဴေရးျခံတစ္ျခံေထာင္လိုက္သည္။

သည္တစ္ခါကံကအက်ိဳးေပး၍လားမသိ။ ေမာင္ကံ၏ၾကက္ေမြးျမးေရးျခံေလးသည္ အေတာ္အလုပ္ျဖစ္၏။ သူ႔ျခံမွၾကက္မ်ားကိုေဖာက္သည္ယူသူမ်ား၊ၾကက္ဥေဖာက္သည္ယူသူမ်ား အျမဲမျပတ္စည္ကားေနတတ္၏။ ၾကက္ေမြးျမဴေရးျခံမွရသည့္ ေငြေၾကးမ်ားေၾကာင့္ ဇနီးျဖစ္သူကို ေရႊတဲြလဲြေငြတဲြလဲြျဖင့္ တင့္တယ္စြာထားႏိုင္လာ၏။ အိမ္ေဂဟာကိုလည္း ထရံအိမ္ေလးမွ တစ္ထပ္အိမ္ေလးအျဖစ္ထားေဆာက္ႏိုင္ခဲ့၏။

ဤကဲ့သို႔စိုစိုေျပေျပေနႏိုင္စားႏိုင္လာသည့္ေနာက္ ခ်မ္းသာမႈဒဏ္ကိုမခံႏိုင္သည့္ ေမာင္ကံတစ္ေယာက္ အရက္ေလးတျမျမျဖစ္လာကာ တိတ္ိတ္ပုန္းမယားငယ္ေလးပါ ထားတတ္လာ၏။ ထိုမယားငယ္ေလးကား ေမာင္ကံထံမွရသမ်ွ ခ်ဴစားတတ္သည့္ ေမ်ာ့လိုေသြးစုပ္ေကာင္။ မယားႀကီးက ထိုအေၾကာင္းကိုသိေသာ္လည္း မိမိကိုတခ်က္ကေလးမွ မ်က္ႏွာမငယ္ရေအာင္ထားသည့္ ေယာက်ာ္းျဖစ္သူကို အျပစ္မယူဝံ့။

ေမာင္ကံတို႔၏အိမ္တြင္ ျခံေစာင့္အျဖစ္ေမြးထားေသာ ႏိုင္ငံျခားမ်ိဳး ေခြးႀကီးတစ္ေကာင္႐ွိ၏။ ထိုေခြးႀကီးကအလြန္အားထားရေသာ ေခြးလိမၼာတစ္ေကာင္။ ေမာင္ကံက ထိုေခြးကေလးကို သားသမီးအရင္းကဲ့သို႔ခ်စ္၏။ တစ္ေန႔ထိုေခြးသည္ ၾကက္ျခံထဲဝင္ၿပီး ၾကက္တစ္ေကာင္ကိုကိုက္သတ္ကာ စားေသာက္ပစ္၏။ ေမာင္ကံကသိေသာ္လည္း ေခြးကေလးကိုခ်စ္သည့္စိတ္ေၾကာင့္ အျပစ္မယူခဲ့။ သို႔ေသာ္ တစ္ခုေသာေန႔တြင္ကား ေမာင္ကံသည္ မယားငယ္တိုက္လိုက္ေသာအရက္အ႐ွိန္ေၾကာင့္ လူမွန္းမသိေအာင္ မူးေန၏။

ေမာင္ကံတစ္ေယာက္ အရက္မူးၿပီးအိမ္သို႔ုျပန္အလာ အိမ္၌ေမြးထားေသာ ေခြးႀကီးသည္ ၾကက္ျခံထဲဝင္ကာ ၾကက္ႀကီးတစ္ေကာင္ကိုကိုက္သတ္လိုက္၏။

” ေက်ာ့….ေက်ာ့…”

” ကေတာ္….ကေတာ္….”

ၾကက္ျခံတစ္ခုလံုးဝ႐ုန္းသံုးကား ျဖစ္သြားၿပီး ၾကက္မ်ားေအာ္သံျပဳကာ ဟိုေျပးသည္ပ်ံျဖင့္ ၾကက္ကမၻာပ်က္ေန၏။ ထိုအခ်ိန္အိမ္ေစာင့္ေခြးႀကီးက ၾကက္တစ္ေကာင္ကိုကိုက္ခ်ီၿပီး အျပင္သို႔ေျပးအလာ ေမာင္ကံလည္း ျခံထဲအေရာက္ျဖစ္ေန၏။ ၾကက္မွာမေသေသးဘဲ ေခြးႀကီး၏ပါးစပ္တြင္ယက္ကန္ယက္ကန္ျဖင့္ တေက်ာ့ေက်ာ့ေအာ္ျမည္ေန႐ွာ၏။ ေမာင္ကံကထိုအျဖစ္ကိုျမင္ေသာ္စိတ္တိုသြားၿပီး

” ေတာက္! ေက်းဇူးမသိတဲ့ေခြးႀကီး…ဒင္းငါနဲ႔ေတြ႔မယ္”

ဟုႀကိမ္းဝါးကာ အိမ္ထဲဝင္ၿပီး ၾကက္ခုတ္သည့္ ဓားျပားႀကီးကို လက္၌က်စ္က်စ္ပါေအာင္ ကိုင္ထားလိုက္၏။ ေခြးႀကီးသည္ ၾကက္ကိုခ်ၿပီး အားပါးတရစားေသာက္ေန၏။ သည္အတိုင္းေခၚလ်ွင္ ေခၚမရမည္စိုးေသာေၾကာင့္ ေမာင္ကံသည္ ၾကက္တစ္ေကာင္ကိုသတ္လိုက္ၿပီး ေခြးကိုအစာျဖင့္မ်ွားေခၚလိုက္၏။

” စုတ္ဖြား…စုတ္ဖြား….လာလာ…ေဖ့သားႀကီး…”

ေခြးႀကီးလည္း သခင္ေခၚသံၾကားလ်ွင္ ေျပးလာၿပီး အနားတြင္ခ်ထားေသာၾကက္အေသကိုကိုက္ခ်ီလိုက္၏။

” ေဖ့သားႀကီးကလိမၼာလိုက္တာ…”

ေမာင္ကံကေခြးႀကီးကိုေခ်ာ့ေမ့ာႁပီး ပြတ္သပ္ေပးလိုက္၏။ ၿပီးေနာက္ေခြးႀကီးကို သံႀကိဳးျဖင့္ ေျခေထာက္ေလးေခ်ာင္းကိုကားၿပီး ခ်ည္ထားလိုက္၏။

” ဟင္း….ေခြးသူခိုးေလး…မင္းကငါ့ေကြၽးေက်းဇူးကိုမေထာက္…ငါ့ၾကက္ေတြခိုးစားရဲေသးတယ္ေပါ့ဟုတ္လားဟမ္…”

” အီ…အီ…အီ…”

ေခြးႀကီးက လူ႔စကားနားလည္သည္လားမေျပာတတ္။ မ်က္ႏွာသူငယ္ေလးလုပ္ကာ တအီအီလုပ္ေန၏။

” ငါေျပာတာနားေထာင္…ငါ့ကိုျပန္မေျပာနဲ႔…ေခြးသူခိုးေလး…နင့္ကိုဒီအတိုင္းထားရင္ ငါ့ၾကက္ေတြခိုးစားေနဦးမွာ…သူခိုးရန္ကကာကြယ္ေပးမလား ေအာင့္ေမ့တယ္…မင္းကိုယ္တိုင္က သူခိုးက်င့္သူခိုးၾကံၿပီး ငါ့ၾကက္ေတြကိုက္စားတယ္…”

” ဒီေတာ့မင္းကို ငါအျပစ္ေပးရမယ္…ကဲေရာ့…”

” ဝွစ္…ဒုတ္…”

” အာဝု..အာဝု…ဝူး….ဝုတ္….ဝုတ္….”

အရက္တန္ခိုးေၾကာင့္ေသြးဆူေနေသာ ေမာင္ကံတစ္ေယာက္ ေခြးႀကီး၏ ေ႐ွ႕ေျခႏွစ္ေခ်ာင္းကို တိခနဲေနေအာင္ ခုတ္ပိုင္းပစ္လိုက္သည္။ ေခြးႀကီးသည္ကား ေျမေပၚလူးလြန္႔ကာ နာက်င္စြာေအာ္ဟစ္ညည္းညဴေန၏။ ေသြးတို႔ကားျမင္ရက္စရာမ႐ွိေအာင္ ပန္းထြက္ေနေလ၏။

” ကဲ…ဒီအေ႐ွ႕ေျခေထာက္က ဦးေဆာင္ၿပီး ငါ့ၾကက္ျခံထဲကို ခိုးဝင္လာတဲ့အတြက္အျပစ္ေပးတာ….ေနာက္တစ္ခါဆိုရင္ေတာ့ ေနာက္ေျခေထာက္ႏွစ္ေခ်ာင္းပါ ပိုင္းပစ္မယ္မွတ္…”

” အာဝူး….အု…အု…ဝူး…”

သနားစဖြယ္ေခြးႀကီးကား သခင္ျဖစ္သူကိုအသနားခံသည့္အၾကည့္ျဖင့္ မ်က္ရည္အဝိုင္းသားၾကည့္ေန၏။ ေျခေထာက္ႏွစ္ေခ်ာင္း အျဖတ္ခံလိုက္ရသည့္ ခံစားခ်က္သည္ကား ႏိုင္းျပစရာပင္မ႐ွိေတာ့ေခ်။

ေမာင္ကံ၏မိန္းမျဖစ္သူကား ေမာင္ကံ၏လုပ္ရပ္ကိုမ်ားစြာျပစ္တင္႐ွံု႔ခ်၏။ ေမာင္ကံလည္းမိမိမူးေနစဥ္က လုပ္မိေသာအမွားကို လြန္စြာေနာင္တရေသာ္လည္း ျပန္ျပင္ဖို႔ရန္ မတတ္စြမ္းႏိုင္ေတာ့ေခ်။ ေခြးႀကီးသည္ကား ဒုကၡိတေခြးႀကီးဘဝျဖင့္ အနာထဲပိုးဝင္ၿပီး ေသဆံုးသြားရ႐ွာသည္။

ဝဋ္ဟူသည္ကား ေနာက္ဘဝမကူးဘဲခ်က္ခ်င္းအက်ိဳးေပးသည့္ အရာမ်ိဳးျဖစ္သည္။ တစ္ေန႔ေမာင္ကံသည္ ေနရင္းထိုင္ရင္း ေျခေထာက္ေပၚမွ အဖုေသးေသးေလးတစ္လံုးေပါက္လာ၏။ ထိုအဖုသည္ ယားလြန္းလွသျဖင့္ ေမာင္ကံက ပ႐ုပ္ဆီလိမ္းထားလိုက္၏။ ထိုအခါမွအယားဖုမွာ ပို၍ယားယံလာၿပီး ျပည္မ်ားတည္ကာ တေျဖးေျဖး ပြားလာသည္။ ထိုအနာဖုသည္ ေျခေထာက္ႏွစ္ဖက္စလံုးကူးသြားၿပီး ျပည္ပုပ္မ်ားတည္ကာ ရိရဲြလာၿပီး ပုပ္အဲ့အဲ့အနံ႔မ်ားပါထြက္လာသည္။ ေနေကာင္းသန္မာစဥ္က ေမာင္ကံအနားအျမဲတြယ္ကပ္ေနေသာ မယားငယ္သည္ကား ယခုမူအရိပ္အေယာင္ပင္မေတြ႔ရေတာ့ေခ်။ မယားႀကီးကသာ ေျခဆုပ္လက္နယ္ျပဳၿပီး မရြံမ႐ွာျပဳစုေပးေလသည္။

ထိုထူးဆန္းေသာေရာဂါသည္ ေဆးရံုေဆးခန္းစံုေနၿပီျဖစ္ေသာ္လည္း အနာတျခားေဆးတျခားျဖစ္ၿပီး ဒံုရင္းဒံုရင္းသာ႐ွိေန၏။ ေမာင္ကံလည္းေျခေထာက္အနာေၾကာင့္ စိတ္ဓာတ္က်ကာအ႐ိုးေပၚအေရတင္ေနၿပီး ကမၼ႒ာန္း႐ုပ္ပင္ေပါက္ေနေလၿပီ။
တစ္ေန႔နာမည္ႀကီးေဆးရံု၌သြားျပေလရာ ဆရာဝန္ႀကီးက

” ေမာင္ကံေရ…နင့္ေျခေထာက္အနာက ကုလို႔မရေတာ့ဘူး…ေရာဂါကြၽမ္းသြားၿပီ…ဆက္ၿပီးမကူးေအာင္ေျခေထာက္ႏွစ္ဖက္စလံုးကို ျဖတ္ပစ္လိုက္မွရမယ္…”

” ဟင္…မျဖတ္လို႔မရဘူးလားဆရာရယ္…က်ဳပ္မွာဒီ​ေျခ​ေထာက္​ေတြမ႐ွိရင္ က်ဳပ္မိန္းမကိုဘယ္လို႐ွာေကြၽးရမလဲဗ်ာ..”

ဆရာဝန္ႀကီးက ေျခေထာက္ႏွစ္ဖက္စလံုးျဖတ္ပစ္ရမည္ဆိုေသာေၾကာင့္ ေမာင္ကံတစ္ေယာက္အလြန္အမင္းထိတ္္န္႔သြား၏။

” ငါလည္းဘာမွမတတ္ႏိုင္ေတာ့ဘူးေမာင္ကံေရ…ဒီအနာမ်ိဳးကကုဖို႔ေဆးမ႐ွိဘူး…ေျခေထာက္ျဖတ္ရင္ျဖတ္..မဟုတ္ရင္ဒီအတိုင္းေရာဂါေတြတျခားအစိတ္အပိုင္းေတြဆီကူးသြားမွာကို ထိုင္ၾကည့္ရံုဘဲ႐ွိေတာ့တယ္ဗ်…”

” ျဖတ္ရမယ္ဆိုလည္း ျဖတ္သာျဖတ္ပစ္ဗ်ာ…အသက္ထက္ဘာမွအေရးမႀကီးဘူးေလ…”

ဆိုၿပီးမာန္​ေလ်ွာ့ကာ ေျခေထာက္ႏွစ္ဖက္စလံုးကိုဒူး​ေခါင္းမွ​ေန၍အတိျဖတ္ပစ္လိုက္ရသည္။

ေျခေထာက္ျပတ္ႀကီးျဖစ္သြားၿပီး​ေနာက္​ေမာင္ကံသည္ အရင္ကကဲ့သို႔စိတ္သြားတိုင္း လူမပါႏိုင္ေတာ့ေခ်။ ဇနီးမယားလုပ္စာကို ထိုင္စားေနရေသာ လူပိုႀကီးတစ္ေယာက္ျဖစ္သြားေတာ့သည္။ တစ္ေန႔ဘုန္းေတာ္ႀကီးတစ္ေယာက္သည္ ေမာင္ကံတို႔၏ အိမ္ေ႐ွ႕သို႔ရပ္ကာဆြမ္းခံႂကြ၏။
ထိုအခါေမာင္ကံ၏ အိမ္သူဇနီးမယားက ဆြမ္းေလာင္းလႉရန္ လုပ္မည္အျပဳ ေမာင္ကံက သူကိုယ္တိုင္ဆြမ္းေလာင္းလႉခ်င္သည္ဟုဆိုလာသျဖင့္ မိန္းမ ျဖစ္သူကဝီွးခ်ဲေပၚတင္ေပးကာ ဆရာေတာ္ဘုရားအား ကိုယ္တိုင္ကိုယ္က် ဆြမ္းေလာင္းလႉေစလိုက္၏။ ဆရာေတာ္ဘုရားသည္ မ်က္လႊာခ်ၿပီး

” ဪ…ဝဋ္…ဝဋ္…သိပ္ကိုေၾကာက္စရာေကာင္းပါလား…”

ဆိုၿပီး မိန္႔ေလ၏။ ထိုအခါေမာင္ကံႏွင့္မိန္းမျဖစ္သူက

” အ႐ွင္ဘုရား…ဘာကိုဆိုလိုတာလည္းဘုရား…”

” အရမ္းေၾကာက္ဖို႔ေကာင္းတဲ့ ဝဋ္ ကိုေျပာတာပါ…ဝဋ္မွာအျမဲ၊ငရဲမွာအပတဲ့…ဒီကဒကာႀကီးဟာ သူတစ္ပါးအေပၚ ရက္စက္ခဲ့လို႔ ဝဋ္လည္ၿပီး သူလည္းေျခေထာက္ျဖတ္ခံလိုက္ရတယ္…ထမင္းအိုးလွည့္တာကၾကာဦးမယ္…ဝဋ္လည္တာက မၾကာဘူးတဲ့ကဲြ႔…သိပ္ကိုမွန္တဲ့စကားဘဲ…ဒကာႀကီးဟာေခြးေလးရဲ႕ေျခေထာက္ႏွစ္ေခ်ာင္းကို ေဒါသေ႐ွ႕ထားၿပီး ျဖတ္ခဲ့မိလို႔ ဒကာႀကီးဟာခုလိုေျချပတ္ဘဝနဲ႔ဝဋ္​ေႂကြးဆပ္လိုက္ရတာပါ….”

” တပည့္ေတာ္မွားမွန္းသိေပမဲ့…ျပန္ျပင္လို္႔မရေတာ့တဲ့အမွားပါဘုရား…ေခြးႀကီးကို ရက္ရက္စက္စက္ျပဳခဲ့မိတဲ့ အျပစ္ဒဏ္ဟာ ေနာက္ဘဝမကူးဘဲ ခ်က္ခ်င္းဝဋ္ျပန္လည္တယ္ဆိုတာ တပည့္ေတာ္ယံုၾကည္သြားပါၿပီဘုရား…”

” ေအးကြယ္…ဘယ္တတ္ႏိုင္မလဲ…ဝဋ္ေႂကြး႐ွိမွေတာ့ေၾကေအာင္ဆပ္ၾကရမွာေပါ့ဒကာႀကီးရယ္…”

ဆိုၿပီး သူတို႔အိမ္ေ႐ွ႕မွ တျခားအရပ္သို႔တျဖည္းျဖည္း ႂကြသြားေလေတာ့သည္။
ေမာင္ကံကား ဝဋ္ဆိုသည့္ တစ္လံုးထဲ႐ိွသည့္ အရာအား ေၾကာက္လန္႔ေနမိသည္မွာ အမွန္ပင္ျဖစ္ေတာ့သတည္း။……။

(ျဖစ္ရပ္မွန္ကိုအေျခခံ​ေရးသားထားသည္။ )

# ၿပီး

# ခြန္း