တမလွန်ရောက်ခဲ့သည့်တိုင်(စ/ဆုံး)

Unicode Version

တမလွန်ရောက်ခဲ့သည့်တိုင်(စ/ဆုံး)
——————————————-
မရောက်သည်မှာ ကြာပြီဖြစ်သော ကိုယ့်မွေးရပ်မြေသို့ ကျွန်တော်
တစ်ခေါက်ရောက်ခဲ့ရပြန်ပြီ။ကျွန်တော်တို့မိသားစုတွင်မောင်နှမလေးဦးသာ ရှိတော့သည်။ မိဘနှစ်ဦးစလုံး မရှိကြတော့ပါ။ ကျွန်တော်တစ်ဦးတည်းသာ ဝန်ထမ်းဘဝဖြင့် ရန်ကုန်တွင် အခြေချ နေထိုင်ခဲ့သည်။ ကျွန်တော်က အကြီးဆုံးဖြစ်ပြီးကျွန်တော့်အောက်ညီနှင့်ညီမသုံးယောက်စလုံးမော်လမြိုင် မြို့၊ ဒေါင်းဇရပ် ရပ်ကွက်တွင် နေထိုင်ကြသည်။ ဒေါင်းဇရပ်ရပ်ကွက်သည် မော်လမြိုင်မြို့ စွန်၊ မုဒုံမြို့သို့သွားသည့် ကားလမ်းဘေးတွင် တည်ရှိသည်။ ခြံကျယ်ကြီးများဖြစ်သည်။ ကျွန်တော်ငယ်စဉ်ကနေထိုင်ကြီးပြင်းခဲ့ရသော
ရပ်ကွက်လည်းဖြစ်သည်။လူပျိုပေါက်ဘဝမှစ၍ရန်ကုန်မြို့သို့ရောက်သွားခဲ့ရ
သည်။ သုံးလေးနှစ်မှတစ်ကြိမ်ခန့်သာ ပြန်ရောက်လေ့ရှိသည်။
ယခု ကျွန်တော့် အသက်ပင် လေးဆယ်ကျော်၍ ငါးဆယ်နား နီးလာပြီ ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်း သုံးလေးဦးသာ ရပ်ကွက်တွင် လက်ရှိ နေထိုင်နေကြသည်။ သေသူသေ၊ ပြောင်းရွှေ့သွားသူ ပြောင်းရွှေ့သွားဖြစ်ခဲ့

ပြီး ကွယ်လွန်သွားကြသူများထဲတွင် ကျွန်တော့်အချစ်ဆုံး သူငယ်ချင်း အောင်စိန်လည်းအပါအဝင်ဖြစ်သည်။ အောင်စိန်မှာလွန်ခဲ့သောသုံးနှစ်က ကွယ်လွန်သွားကြောင်း သိရသည်။ သူငယ်ချင်းအောင်စိန်သည် အရက် အလွန်ကြိုက်သူ ဖြစ်သည်။ အရက်ကြောင့်ပင် သေခဲ့ရသည်။ ကျွန်တော် ရောက်ရောက်ချင်းပင် ကျွန်တော့်ညီမကို သူငယ်ချင်းများ အကြောင်း မေးလိုက်မိသည်။
“မောင်ထွန်းတစ်ယောက် … ဘာလုပ်နေလဲညီမလေး”
“ကိုမောင်ထွန်းက – လက်ဖက်ရည်ဆိုင်ဖွင့်ထားတယ်။အစ်ကို့ကိုလည်း ခဏ – ခဏမေးတယ်။ အစ်ကိုရောက်လာတာသိရင်သူဝမ်းသာမှာပဲ။ သွား လည်လိုက်ပါဦး”
“အေး … ညနေမှ သွားတော့မယ်၊ ဒါနဲ့ – ဟို အရက်သမားအောင်စိန်ရဲ့ ကလေးတွေဘယ်နှတန်းရောက်ကုန်ပြီလဲ၊ ဖအေသေသွားတော့ ဘယ်လို
နေထိုင်ကြလဲ”
“ကိုအောင်စိန်မိန်းမ မခင်တင့်ကအကြော်ရောင်းလိုက်၊ ကောက်ညှင်း ပေါင်း ရောင်းလိုက်နဲ့ ရုန်းကန်နေရတာ။ အကြီးကောင်ယောက်ျားလေးက ဒီနှစ်ရှစ်တန်းရောက်နေပြီ။ အငယ်မက ခြောက်တန်းထင်တယ်” “ဟုတ်လား….ငယ်ငယ်တုန်းကဒီလောက်ဆိုးတဲ့ကလေးတွေအတန်း
တွေတောင် တော်တော်ရနေပါလား။ ညနေမှောင်မှ သွားလည်တော့မယ်” “အစ်ကိုက – ညနေ မိုးချုပ် မှောင်တော့မှ ကိုအောင်စိန်တို့ ခြံသွား မလို့လား”
“အေးလေ .. သူငယ်ချင်း မရှိတော့ပေမဲ့ ဆွေမျိုးလို ခင်မင်ရင်းနှီးနေ တဲ့ မတင့်ကိုတော့ အားပေးစကားလေးတော့ ပြောရမှာပေါ့၊ အောင်စိန်တို့ ခြံဘက်မိုးချုပ်မှောင်တော့မှ သွားလည်မယ်ဆိုလိုက်တာနဲ့ငါ့ညီမအမူအရာ တွေ ဘယ်လို ဖြစ်သွားရတာလဲ”
“အစ်ကိုက – ရန်ကုန်မှာ အနေကြာတော့ ကိုအောင်စိန်တို့ မိသားစု အကြောင်း ဘယ်သိပါ့မလဲ”

“ဘာလဲ.. အောင်စိန့်မိန်းမ မတင့်နောက်အိမ်ထောင်ပြုလိုက်ပြီလား။ မတင့်ကအရွယ်လည်းရှိသေးတယ်။ အားကိုးရာ ရှာရမှာပေါ့လေ”
“အဲဒီ့ – နောက်အိမ်ထောင်ပြုမယ်ဆိုတဲ့စကားကြောင့်ကိုအောင်စိန်နဲ့ ပြဿနာ ဖြစ်ရတာ။”
“ဘာ- ဘယ်လိုသေသွားပြီးတဲ့အောင်စိန်နဲ့မတင့်ကဘယ်လိုပြဿနာ ဖြစ်ရတာ ငါ့ ညီမစကားက ထူးဆန်းနေပါလား”
“ဟုတ်တယ်… အစ်ကိုရေ – မတင့် နောက်အိမ်ထောင်ပြုမယ်လို့ပြော လိုက်မိတဲ့စကားကြောင့်သေသွားပြီးတဲ့သူ့ယောက်ျားနဲ့ပြဿနာဖြစ်ရတာ။ ခုတော့ ပြေလည် သွားပါပြီ။ အစ်ကို့ သူငယ်ချင်းအောင်စိန်က သူ့ကလေး နှစ်ယောက်ကို ဆုံးမစောင့်ရှောက်နေတာတဲ့။”
“ငါ – နားမရှင်း နားမလည်တော့ဘူး။ သေသွားပြီးတဲ့သူက ဘယ်လို လုပ်ပြီး ကျန်ခဲ့တဲ့ကလေး နှစ်ယောက်ကို ဆုံးမစောင့်ရှောက်နိုင်မလဲ၊ မဖြစ် နိုင်ပါဘူးဟာ”
“အစ်ကို့ – သူငယ်ချင်းအောင်စိန်က သေသွားပြီး ဖြစ်ပေမယ့် သူတို့ ခြံထဲမှာပဲရှိနေတာတဲ့။ ကိုအောင်စိန်ဝိညာဉ်က သူ့ကလေးတွေကိုဆုံးမနေ တာ။ကဲပါလေ – ကျွန်မပြောရင်ပြည့်စုံမှာမဟုတ်ဘူး။ညနေအစ်ကိုသွားမယ် ဆိုမတင့်က ဖြစ်ကြောင်းကုန်စင် အစ်ကို့ကိုပြောပြလိမ့်မယ်”
“အေး … ငါ့ညီမ စကားကြောင့် စိတ်ဝင်စားလာပြီ။ မောင်ထွန်းတို့ လက်ဖက်ရည်ဆိုင် နောက်မှ သွားတော့မယ်။ မတင့်ဆီ အရင် သွားလိုက် အုံးမယ်”
မိုးချုပ်မှောင်သည်အထိ ကျွန်တော် မစောင့်တော့ပါ။ ရေမိုးချိုးပြီး သူငယ်ချင်းအောင်စိန်တို့ ခြံဘက်သို့ ထွက်လာခဲ့သည်။ ကျွန်တော်တို့ခြံနှင့် သိပ်မဝေးလှပါ။ သုံးခြံသာခြားသည်။ ညနေစောင်းသည်နှင့် အသွားအလာ

ကျဲပါးသွားလေ့ရှိသည်။ ကျွန်တော်ခြံထဲဝင်သွားစဉ်မတင့်အကြော်ကြော် နေသည်ကို တွေ့လိုက်ရသည်။
“ဟာ- အစ်ကိုသန်းအောင် – ဘယ်တုံးက ရောက်တာလည်း အလည် သက်သက်ပဲလား”
“အလည်ပဲ…ဆိုပါတော့ ညီမတွေအခြေအနေလာကြည့်တာ၊ပြီးတော့ နင်တို့ကို သတိရတာလဲ ပါတာပေါ့ဟာ”

“အစ်ကိုလာလည်တာ – ကျွန်မဝမ်းသာပါတယ်။ထိုင်ပါဦး – အကြော်စား
“ဒါနဲ့ “ နင့်ကလေးတွေရောမမြင်ပါလား”
“အငယ်မက – အကြော်သွားပို့နေတာ၊အကြီးကောင်က – ကျူရှင်သွား နေတာ၊ မကြာခင် ပြန်ရောက်တော့မှာပါ”

“နင့်ကလေးတွေ – ငယ်ငယ်တုန်းကလိုပဲအဆော့မက်တုန်း၊ ဆိုးတုန်းပဲ
“အခုတော့… မဆိုးရဲကြတော့ဘူး။ သူတို့ လိမ္မာနေကြပြီ” “ဟေ-ဟုတ်လားငါ့ညီမအဆုံးအမတော်လို့နေမှာပေါ့”
“ဘယ်ကလာ ဟုတ်ရမှာလဲ… ကျွန်မအဆုံးအမတော်လို့လိမ္မာနေကြ တာ မဟုတ်ဘူး။ မနက်ဘက် ကောက်ညှင်းပေါင်းရောင်း၊ ညနေ အကြော် ရောင်းနဲ့ မအားပါဘူး။ သူတို့ကို ဆုံးမဖို့အချိန်မရှိဘူး။ ကလေးတွေလိမ္မာနေ ကြတာ သူတို့အဖေ ဆုံးမနေလို့ပါ”
“ဟာ- ဘယ်လိုလဲဟ – သေသွားပြီးတဲ့ငါ့- သူငယ်ချင်းကဘယ်လိုလုပ် ပြီး သူ့သားသမီးတွေကို ဆုံးမနေတာလဲ”
“အစ်ကို့ညီမမလှတင် အစ်ကို့ကို ပြောမပြောလိုက်ဘူးလား” “ပြောတော့ … ပြောပါတယ်။ အောင်စိန်က သူ့ကလေးတွေကို ဆုံးမ စောင့်ရှောက်နေတာလို့သာပြောလိုက်တာ။ အပြည့်အစုံသိချင်လို့ ငါလာခဲ့
ကျွန်တော်နှင့်မတင့်တို့ စကားကောင်းနေစဉ်မှာပင် မတင့်သားအကြီး ကောင်းကျူရှင်သွားတက်နေရာမှ ပြန်ရောက်လာသည်။
“ဟဲ့- သားဦးသန်းအောင်ကိုအကြော်ချပေးဦး၊အချဉ်လည်းထည့်ပေး ရေနွေးအိုးလည်းပူတာလေး ချပေးလိုက်”
“ဟုတ်ကဲ့ … မေမေ”
“ချာတိတ်… ဦးကို မှတ်မိလား”
“မှတ်မိပါတယ် … ဦးကိုတွေ့တော့ အဖေကို သတိရလိုက်တာ။ ဦးနဲ့ အဖေက သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ မဟုတ်လား။ အဖေရေ- ဒီမှာ အဖေ့သူငယ်ချင်းဦးသန်းအောင် ရောက်နေတယ်။ အဖေ လာတွေ့လိုက်ပါ
လား”
“ဟဲ့ – သား – ဘာတွေ ပြောနေတာလဲ၊ သွား- သွား စာသွားကျက် တော့”
“ဘာဖြစ်လို့လဲ … မေမေရယ်ဦးနဲ့ဖေဖေက သိပ်ချစ်ကြတဲ့ သူငယ်ချင်း တွေပဲဟာ ဖေဖေကဒီခြံထဲမှာ ရှိနေတာပဲလေ”
“ကဲ – သား- သွား စာသွားကျက်တော့ မင်းအဖေအကြောင်း ဦးသန်းအောင်ကိုမေမေပဲပြောပြလိုက်တော့မယ်။ ကဲ- အစ်ကိုသန်းအောင် အကြော်စားလိုက်ပါဦး၊ တော်ကြာအေးသွားဦးမယ်၊ အကြော်ကပူနေတုန်း စားတာ ကောင်းတယ်”
“အေး … စားပါ့မယ်။ ဒါနဲ့ နင့်ယောက်ျား ဒီခြံထဲမှာ ရှိနေတာ တကယ်
ပဲလား”
“ဟုတ်တယ်…အစ်ကိုသန်းအောင် – အစကကျွန်မမသိခဲ့ဘူး။လွန်ခဲ့တဲ့ (၂)နှစ်လောက်ကမှ သူရှိနေမှန်းကျွန်မ သိခဲ့ရတာ”
“နောက် အိမ်ထောင်ပြုလိုက်မယ်လို့ကလေးတွေကိုပြောလိုက်မိတာ က စတာပဲ၊ အစ်ကို သိတဲ့အတိုင်း ကလေးတွေက ခုအချိန်လို မလိမ္မာကြ သေးဘူး။ တော်တော် ဆိုးခဲ့ကြတာ၊ ပြောမရဆိုမရနဲ့ပေါ့”
“အေးပါ.. ဆက်ပြောပါဦး”

“သေသွားပြီးတဲ့အစ်ကို့သူငယ်ချင်းရဲ့ဝိညာဉ်ကကျွန်မကလေးတွေကို ဆုံးမနေတယ်ဆိုရင် အစ်ကို ယုံမလား၊ ဖြစ်ခဲ့ပုံက ဒီလို အစ်ကို သန်းအောင် ရေ”
မတင့်က ကွယ်လွန်ခဲ့ပြီးသည့် သူမယောက်ျား ကလေးများကို ဆုံးမ စောင့်ရှောက်နေပုံ စိတ်ဝင်စားဖွယ်အဖြစ်အပျက်များအား ကျွန်တော့်ကို ပြောပြသည်။
“ဟဲ့…သားအကြော်တွေသွားပို့တော့လေ၊ဟိုမှာ – မုန့်ဟင်းခါးဆိုင်တွေ ကစောင့်နေပြီ။ ဘယ်သွားဦးမလို့လဲ”
“ဘောလုံးသွားကန်− မလို့ပါ၊ ပြီးတော့မှ ပို့ပေးမယ်လေ” “ဘောလုံးကနောက်မှကန်ခု – ချက်ချင်းအကြော်သွားပို့စမ်း – ဘောလုံး ကန်လို့ ထမင်းစားရတာ မဟုတ်ဘူး။ အကြော်ပို့မှ ထမင်းစားရတာ” ကျွန်မ အကြော်ပို့ခိုင်းသည်ကို သားက ပေကတ်ကတ် လုပ်နေသည်။ ဘောလုံးကစားဖို့ကိုသာစိတ်ဝင်စားနေသည်။ကျောင်းစာများလည်းကြိုးစား မှု မရှိပါ။ အဆော့မက်လွန်းသည်။ သားက ကျွန်မ စကားကို နားထောင်သူ မဟုတ်ပေ။ သူ့အဖေကိုသာ ကြောက်သည်။ ယခုသူတို့ အဖေ မရှိတော့၍ ကြောက်ရမည့်သူ မရှိ ဖြစ်နေသည်။ စာကျက်ရန် အတန်တန်ပြောရသည်။ စာကျက်ပြန်လည်း ခဏသာ ဖြစ်သည်။ စောစောအိပ်ရာဝင် တတ်သည်။ ယခင်က ဖအေ ဖြစ်သူကိုကြောက်၍ မအေက အိပ်တော့ဆိုမှ အိပ်ရာဝင်ရ သည်။ သူ့အဖေ ကွယ်လွန်ပြီး နောက်ပိုင်း ကြောက်ရမည့်သူမရှိတော့၍ သားမှာ ပိုဆိုးလာသည်။ မနက်စောစော ကျွန်မကောက်ညှင်းပေါင်းထ၍ ပေါင်းချိန်တွင်လည်းအိပ်ရာမှနှိုး၍မရပါ။ သူ့ကိုနှိုးရသည်မှာကျွန်မမည်သို့ မျှ ပြောဆို ဆုံးမ၍ မရသဖြင့် လက်လျှော့ထားကာ ချော့၍ ခိုင်းရသည့်အထိ ဖြစ်လာသည်။
“ခု – သား ခုနစ်တန်း တက်ရတော့မယ် အတန်းကြီးလာပြီ။ အဆော့ မမက်နဲ့တော့၊ စာကြိုးစားတော့။ မေ့မေ့စကားနားမထောင်ရင် ပထွေးနဲ့

တွေ့သွားမယ်၊ ပြောဆို ဆုံးမစကား နားမထောင်ရင်တော့ နောက်လင် ယူလိုက်တော့မယ်”
“မေမေ…နောက်လင်ယူချင်ယူ သားကတော့ ပထွေးကို အဖေ မခေါ်
နိုင်ဘူး”

“နှစ်ယောက်စလုံး – ပြောမရဆိုမရဖြစ်နေတာနောက်လင်ယူရတော့
ဒေါသဖြင့် သားကို ကျွန်မ အော်ငေါက်လိုက်သည်။ ထိုညက ခပ်စော စောပင် အိပ်ရာ ဝင်ခဲ့သည်။ နံနက်စောစော ထရမည်ဖြစ်၍ နာရီကို နှိုးစက် ပေးထားခဲ့သည်။ ကျွန်မအိပ်ရာပြင်ပြီးသည်နှင့် သားနှင့်သမီးတို့ခြင်ထောင် ထဲဝင်လာကြသည်။ သူတို့စာမကျက်ကြတော့ပါ။ တစ်နေကုန်ပင်ပန်းထား သဖြင့် ခေါင်းချသည်နှင့် ကျွန်မ အိပ်ပျော်သွားခဲ့သည်။
“မတင့် – မတင့် – ထပါဦး”
“ဟင် – ကိုအောင်စိန် ရှင် – ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ” ရှင်နဲ့ကျွန်မ ဘဝခြားနေပြီလေ”
“ငါ-ဒီခြံထဲမှာပဲ ရှိနေတာ ညနေက မတင့်ပြောလိုက်တဲ့စကား ငါ ကြားလိုက်တယ်။ မတင့် နောက်လင်ယူတော့မယ်ဆို”
“ဟုတ်တယ် .. ရှင့် – သားသမီးတွေက ပြောဆိုဆုံးမလို့ မရဘူး။ ပြော စကားနားမထောင်ဘူး။ မအေကိုမကြောက်ကြဘူး။ ဖအေကိုမှကြောက်ကြ တာ။ဒီတော့ပထွေးနဲ့တွေ့မယ်လို့ပြောလိုက်တယ်။ အဲဒါဘာဖြစ်လဲ – ရှင်နဲ့
ဘာဆိုင်တော့လို့လဲ”
“ငါ … တောင်းပန်ပါတယ်။ နောက်လင်တော့ မယူလိုက်ပါနဲ့ – ကလေး တွေကိုငါဆုံးမပါ့မယ်”
“ရှင်က- သေသွားပြီးတဲ့လူ ဘယ်လို – ဆုံးမမှာလဲ”
“မတင့် – စောင့်ကြည့်နေပါ။ ကလေးတွေ စာကျက်အောင် စကား နားထောင်အောင် ဆုံးမပါ့မယ်”

“ကောင်းပြီလေ … ကလေးတွေကို ရှင် ဘယ်လို ဆုံးမမယ်ဆိုတာ စောင့်ကြည့်ရမယ်။ ရှင်ကမဆုံးမနိုင်ရင်တော့ကျွန်မနောက်လင်ယူချင်ယူ မယ်”
“စိတ်ချပါ.. ငါ့ကလေးတွေကို ငါ ဆုံးမ ပါ့မယ်။ မကြာခင် သိရမှာပေါ့” “ရှင် – ကတိတည်ပါစေ… ရှင်-ကတိတည်နော်”
တစ်စုံ တစ်ယောက်က လှုပ်နှိုးလိုက်သဖြင့် ကျွန်မ အိပ်ပျော်နေရာမှ လန့်နိုးသွားခဲ့ရသည်။
“ဟဲ့-သားမေမေ့ကိုဘာလို့ နှိုးလိုက်ရတာလဲ”
“မေမေ … ဘာတွေ အော်နေတာလဲ – ရှင် ကတိတည်နော်၊ ရှင် ကတိ တည်နော်ဆိုပြီးအော်နေလို့ သားနှိုးလိုက်တာ”
“ဟင် – ဟုတ်လား”
ကျွန်မ အိပ်မက် မက်နေခြင်း ဖြစ်သည်။ ထိတ်လန့်စွာဖြင့် အိပ်ရာမှ ထလိုက်သည်။ မှန်အိမ်မီးထွန်းလိုက်သည်။ နာရီကိုလှမ်းကြည့်လိုက်သည်။ ယခုမှ နှစ်ချက်တီးသာသာ ရှိသေးသည်။ နံနက် လေးနာရီ ထရန် နှိုးစက် ပေးထားခဲ့သည်။ ကျွန်မ ပြန်အိပ်၍ မရတော့ပါ။ သားကိုလည်း အိပ်မက် အကြောင်း ပြန်မပြောဝံ့ပါ။ သူတို့ ကြောက်လန့်သွားမည်ကို စိုးရိမ်ရသေး သည်။ ကိုအောင်စိန်နှင့်ပတ်သက်၍ကျွန်မတစ်ခါမျှ အိပ်မက်မက်ခဲ့ဖူးခြင်း မရှိခဲ့ပါ။ ညနေကသားကိုပြောဆို ဆုံးမ၍မရသဖြင့် စိတ်ဆိုးဆိုးနှင့်နောက် လင်ယူမည်ဟု ပြောလိုက်မိသည်။ ယခု နောက်လင် မယူရန် ကိုအောင်စိန် က ကျွန်မကို အိပ်မက်ပေးခဲ့သည်။ ကလေးတွေကိုလည်း သူ ဆုံးမမည်ဟု ပြောခဲ့သေးသည်။ ကိုအောင်စိန် အမှန်တကယ် ဤခြံထဲတွင် ရှိနေခဲ့သည် လား။ နောက်ဖေးခြံထဲသို့လှမ်းကြည့်လိုက်မိသည်။ မှောင်မည်းတိတ်ဆိတ် နေသည်သာ တွေ့ရသည်။ ကလေးနှစ်ယောက်က အိပ်ပျော်နေဆဲ ဖြစ် သည်။ ပြန်အိပ်၍မရတော့မည့်အတူတူ အိပ်ရာမှ ထပြီး မီးမွှေးလိုက်သည်။ ကောက်ညှင်းပေါင်း ချက်မည့်အိုး မီးဖိုပေါ်တင်လိုက်သည်။ အတန်ကြာမှ နှိုးစက်သံ မြည်လာသည်။ ကောက်ညှင်းပေါင်းလည်းကျက်လုလု ဖြစ်ခဲ့ သည်။ ဈေးရောင်းထွက်ရန် အားလုံး ပြင်ဆင်ပြီးသည်နှင့် သားကို နှိုးလိုက် သည်။
သား – ထတော့ စာလည်း ကျက်ဦး ဒီမှာ- သားနဲ့ညီမလေး စားဖို့ မုန့်ချန်ထားတယ်။ ညီမလေးနိုးလာရင် ရေချိုးထားဖို့ ပြောဦး”
“အင်းပါ…မေမေခဏလေးပါ”
“အင်းပါ…လုပ်မနေနဲ့ချက်ချင်းထတော့ – ပြန်ရောက်လို့မှကျောင်းသွား ဖို့အဆင်သင့် မဖြစ်ရင် သေပြီသာမှတ်”
သားကိုအသေအချာမှာကြားပြီးကျွန်မဈေးရောင်းထွက်ခဲ့သည်။ယနေ့ ဈေးရောင်းထွက်ရသည်မှာ ယခင်နေ့များကဲ့သို့ သွက်သွက်လက်လက် မရှိ လှပါ။ လေးလံထိုင်းမှိုင်းနေသည်။ ညကအိပ်မက်အကြောင်းသာအတွေးထဲ
ပေါ်နေသည်။ လင်သား မရှိတော့ ဘဝတွင် ကလေးနှစ်ယောက်အတွက် ပင်ပန်းစွာ ရုန်းကန်နေရသည်။ မနက်ကောက်ညှင်းပေါင်းရောင်း ညနေ အကြော်ရောင်းနှင့် နားရသည်ဟူ၍ မရှိခဲ့ပါ။ သားနှင့်သမီးတို့မှာ အမေကို ကူညီနိုင်သော အရွယ်ရောက်နေပြီ ဖြစ်သော်လည်း သိတတ် နားလည်မှု မရှိခဲ့ကြပါ။အစားမက်၊အအိပ်မက်၊အဆော့မက်နေကြဆဲဖြစ်သည်။ သားမှာ ပို၍ပင် ဆိုးနေသည်။ ညနေ ကျောင်းဆင်းသည်နှင့် ဘောလုံးကွင်းထဲ ရောက်သွားတော့သည်။ မိုးချုပ်မှောင်သည်အထိ ဘောလုံးဆော့ကစား နေတော့သည်။ဘောမကန်သည့်နေ့များတွင်လည်းမိုးချုပ်မှောင်သည်အထိ
ဆော့နေတတ်သည်။ ညဘက်တွင်လည်းစာကိုကောင်းကောင်းမကျက်ပါ။ ကျွန်မစကားကိုလည်း နားမထောင်ပါ။ ကြောက်လည်း မကြောက်ပါ။ ညနေ ကျောင်းဆင်းပြီး ပြေးလွှားဆော့ကစားခဲ့သဖြင့် ညဘက် ခဏသာ စာကျက်နိုင်သည်။ စာကျက်ရင်း စားပွဲခုံပေါ်တွင် အိပ်ပျော်သွားလေ့ရှိ သည်။
အတန်းကြီးလာပြီဖြစ်၍ ပိုမိုကြိုးစားရန် လိုအပ်လာသည်။ စားပွဲခုံပေါ် တွင်အိပ်ပျော်နေသောသားကိုကျွန်မလှုပ်နှိုးလိုက်သည်။ “ဟဲ့ – သား – ထစမ်း ဘယ် – အချိန် ရှိသေးလို့လဲ။ အိပ်နေပြီ ထပြီး
စာကျက်အုံးလေ”
“ဟာ- မေမေကလည်း သားအိပ်ချင်နေပြီ”
“အိပ်ချင်လို့ မဖြစ်သေးဘူး-ထ-ထ စာကျက်ဦး”
“မကျက်တော့ဘူး – မေမေ သား – သွားအိပ်တော့မယ်” –
“အေး … ငါ့စကားနားမထောင်ဘူးပေါ့၊ငါ – နင်တို့အဖေဆီတိုင်ပြောလိုက် တော့မယ်။ ဒီမှာ ကိုအောင်စိန်ရေ ရှင့်သားပြောလို့ မရဘူး။ စာလည်း မကျက်ဘူး။ ကြည့်လုပ်ပါဦး”
သား ကြောက်ပြီး စာကျက်အောင် ကျွန်မခြောက်လှန့် ပြောဆို လိုက်သည်။ သားက ကျွန်မစကားကို ဂရုမစိုက်ပါ။ အိပ်ချင်သည့် ပုံစံ ဖြင့် စာကျက်စားပွဲခုံတွင် ထိုင်နေသည်။ ပြော၍ ရမည်မဟုတ်မှန်းသိ၍

ကျွန်မ ဆက်မပြောတော့ပါ။ လုပ်စရာရှိသည့် အလုပ်များကို ဆက်လုပ် နေလိုက်သည်။ အလုပ်လုပ်နေရင်းသားကိုလှမ်းကြည့်လိုက်သည်။ သားက စားပွဲပေါ်တွင်မှောက်လျက်အိပ်နေသည်ကိုတွေ့ရသည်။ကျွန်မနောက်ဖေး
ဘက် သွားကာ လုပ်စရာရှိသည်များ ဆက်လုပ်နေခဲ့သည်။ ခဏအကြာ တွင် သားစာကျက်သည့်နေရာမှအသံများ ကြားလိုက်ရသည်။
“ကြောက်ပါပြီ … အဖေရဲ့၊ သားကို မရိုက်ပါနဲ့တော့၊ သား ကြောက်ပါပြီ နောက်ဆိုမေမေ့စကားနားထောင်ပါတော့မယ်၊ ခုလည်း စာကျက်ပါ့မယ်”
သား၏ထူးဆန်းသောငိုသံကြောင့်အလန့်တကြားဖြစ်ကာအိမ်ရှေ့သို့ ထွက်လာခဲ့သည်။ထိုစဉ်ထူးဆန်းသောအဖြစ်ကိုတွေ့လိုက်ရသည်။ သား၏ ဦးခေါင်းမှာ ဘယ်ဘက်သို့ လည်သွားလိုက် ညာဘက်သို့လည်သွားလိုက် ဖြစ်နေသည်။ သား၏ ပါးပြင်ကို တစ်စုံတစ်ယောက်က ဘယ်ပြန်ညာပြန် ရိုက်နေသည့် ပုံစံမျိုး ဖြစ်နေသည်။
“သား – ကြောက်ပါပြီ အဖေရဲ့တော်ပါတော့။ သားကိုမရိုက်ပါနဲ့တော့” သားမှာအိပ်ပျော်နေလျက်က သူ့ပါးပြင်နှစ်ဖက်ကိုလက်ဝါးဖြင့်အုပ်ပြီး
ငိုနေသည်။ ကျွန်မသားကိုလှုပ်နှူးပြီးဖက်ထားလိုက်မိသည်။
“ဟဲ့..သားဘာကိုကြောက်နေတာလဲ။ သားကိုဘယ်သူကရိုက်နေလို့ လဲ၊ အိပ်မက်မက်နေတာလား”
သားက နိုးလာပြီး ကျွန်မကို ကြောင်၍ ကြည့်နေပြီး ကျွန်မကို တအား ဖက်ထားလိုက်သည်။
“သားအိပ်မက် – မက်နေတာ ဖြစ်မယ်၊ သားကြောက်တယ်မေမေ” “ဘာကို.. ကြောက်နေတာလဲမေမေ့ကိုပြောပါဦး” “သားစာကျက်စားပွဲမှာအိပ်ပျော်နေတုန်းအိပ်မက်မက်ခဲ့တယ်။ အမေ
အိပ်မက်ထဲမှာဖေဖေရောက်လာတယ်။ မေမေ့စကားနားမထောင်လို့ဆိုပြီး သားရဲ့ပါးကို ရိုက်တာ၊ သား- ကြောက်တယ်မေမေဒီမှာ ကြည့်ပါဦး”

သားကအရိုက်ခံထားရသော သူ့ပါးနှစ်ဖက်ကိုပြသည်။ နာကျင်နေပုံရ သည်။ သားအဖြစ်ကိုတွေ့၍ကျွန်မထိတ်လန့်သွားမိသည်။ တစ်ဆက်တည်း ကျွန်မ အိပ်မက်ကို သတိရလိုက်သည်။ ကွယ်လွန်ခဲ့ပြီးသည့် ကျွန်မခင်ပွန်း ကိုအောင်စိန်က ကျွန်မကို အိပ်မက်ပေးခဲ့သည့်အတိုင်း သူ့သားကို ဆုံးမ လိုက်သည်ဟုကျွန်မထင်မိသည်။ ကြောက်စိတ်ဖြင့် ကျွန်မဝေခွဲမရဖြစ်နေ သည်။ သားက ကြောက်စိတ်ဖြင့် ကျွန်မကို ဖက်ထားဆဲဖြစ်သည်။ “သားတကယ်ပဲ – မင်းရဲ့ဖေဖေကိုတွေ့ခဲ့တာလား”
“တွေ့တာပေါ့- အိပ်မက်လို့ထင်နေခဲ့တာ၊ ခုတောင် သားပါးနှစ်ဖက်လုံး နာနေသေးတယ်။ဖေဖေသားကိုရိုက်တာသေချာတယ်။မေမေရိုက်တာတော့
မဟုတ်ပါဘူးနော်”
“မေမေက – နောက်ဖေးမှာအလုပ်လုပ်နေတာ၊သား -အော်သံကြားလို့ မေမေသားအနားလာခဲ့တာ၊ သားအိပ်ချင်သေးလား၊ အိပ်လိုက်ဦးလေ” “ဟာ- မအိပ်ရဲတော့ပါဘူး။မေမေအိပ်မှအိပ်တော့မယ်။ စာမကျက်ရင် အရိုက်ခံနေရဦးမယ်၊ သား စာကျက်လိုက်ဦးမယ်”
အအိပ်မက်လွန်းသောသားကမအိပ်သေးဘဲစာဆက်ကျက်နေသည်။ သမီးငယ်မှာမူအိပ်ရာထဲအိပ်ပျော်နေပြီဖြစ်သည်။လုပ်စရာအလုပ်များပြီး၍ အိပ်ရာထဲဝင်ခဲ့သော်လည်းကျွန်မအိပ်၍မရပါ။အဖြစ်အပျက်များကကျွန်မ အတွေးထဲလွှမ်းမိုးနေသည်။ ညဉ့်နက်မှ အိပ်ပျော်သွားခဲ့သည်။ မည်မျှကြာ အောင်အိပ်ပျော်သွားသည်မသိတော့ပါ။ နာရီနှိုးစက်မြည်သံကြောင့်ကျွန်မ အိပ်ရာမှ နိုးလာသည်။ ကောက်ညှင်းပေါင်းထပေါင်းရသည်။ ဈေးထွက်ရန် အားလုံးအသင့်ပြင်ပြီးမှ သားကို နှိုးလိုက်သည်။
“ကဲ- သားထတော့ညီမလေးကိုလည်းနှိုးလိုက်တော့စာမေးပွဲကြီးနီးပြီ၊ စာကျက်နော်၊ မေမေ့စကား နားမထောင်ရင် မနေ့ညကလို အရိုက်ခံနေရ အုံးမယ်”
“စိတ်ချ ..မေမေသားကြောက်သွားပြီမေမေ့စကားနားထောင်တော့ မယ်။ ညီမလေးစာကျက်ဖို့လည်းပြောမယ်”

“အေး..အေးညီမလေးကိုပြောပြလိုက်၊မေမေ့စကားနားမထောင်လို့
ဘယ်လို အရိုက်ခံရတယ်ဆိုတာပြောပြလိုက်”
သားနှင့်သမီးကိုမှာပြီး ကျွန်မ ဈေးရောင်းထွက်ခဲ့သည်။ ဈေးရောင်း ထွက်ခဲ့သော်လည်း ကျွန်မ အတွေးများက ပျံ့လွင့်နေသည်။ သားမှာ ပါးပြင် နှစ်ဖက်စလုံး အရိုက်ခံခဲ့ရသည်။ တစ်ဆက်တည်းပင် သွားလေသူ ကိုအောင်စိန်ကိုသတိရလိုက်မိသည်။ ဈေးရောင်းပြီးသည်နှင့်ဟင်းချက်စရာ များဝယ်ကာ အိမ် ပြန်လာသည်။ သားတို့သမီးတို့ ကျောင်းအမီ ချက်ပြုတ်ရ ဦးမည်ဖြစ်သည်။ အိမ်ရောက်ရောက်ချင်း သားကိုမေးလိုက်သည်။ “ဟဲ့..သားညီမလေးစာကျက်ရဲ့လား”
“သားနှိုးတာ – ချက်ချင်းမထဘူး။ ခုနကမှအိပ်ရာကထတာ၊ စာလည်း မကျက်ဘူး”
“သား … ဘယ်လို အရိုက်ခံခဲ့ရတယ်ဆိုတာ ပြောမပြလိုက်ဘူးလား” “ပြောပြပါတယ်…ညီမလေးကမယုံဘူးတဲ့၊ သူ့ကိုခြောက်လှန့်တာတဲ့” “အေးလေ…ထားလိုက်ပါတော့- ညနေကျောင်းကပြန်ရောက်မှမေမေ ပြောပြလိုက်တော့မယ်”
ကျွန်မ မနက်စာ ချက်ပြုတ် ပြီးစီးသည်နှင့် ကလေးနှစ်ဦး ထမင်းချိုင့် ကိုယ်စီဖြင့် ကျောင်းတက်သွားကြသည်။ သူတို့နောင်ရေးကို တွေးပူမိပြီး
ကျွန်မသက်ပြင်းချလိုက်မိသည်။တွေဝေနေ၍မဖြစ်သေးပေ။ညနေအကြော်
ကြော်ရန်အတွက်ပြင်ဆင်ရဦးမည်။
ညနေကျောင်းဆင်းချိန်တွင်သားကနောက်ကျပြီးမှပြန်ရောက်နေကျ၊ အဖော်များနှင့် ဆော့ကစားနေကျလည်း ဖြစ်သည်။ သမီးငယ်ကလည်း သူ ငယ်ချင်းများနှင့်ဆော့ကစားနေသည်ထိုစဉ်အခိုက်မှာပင် သားပြန်ရောက်
လာသည်။
“ဟဲ့ … သား ကျောင်းက ပြန်လာတာ နောက်ကျလှပါလား၊ အချိန်ကို လည်းကြည့်ဦး”
“သား….ဘောလုံးကန်နေလို့ပါမေမေဟိုမှာညီမလေးလည်းဆော့နေ
တာပဲ။ သူ့ကျတော့ မေမေက မပြောဘူး”

“သားက အကြီးပဲ သိတတ်တဲ့ အရွယ်ရောက်နေပြီလေ၊ နှစ်ယောက် စလုံး မအေကို သနားရကောင်းမှန်း မသိကြဘူး။ ပထွေးနဲ့ တွေ့ချင်လို့ ထင် တယ်။ ကိုအောင်စိန်ရေ – ရှင့်သားနဲ့သမီးကို ကြည့်လုပ်ပါဦး”
ကျွန်မက သွားလေသူ၏ အမည်ကို တမ်းတ ရေရွတ်ရင်း ပြောလိုက် သည်။ ညနေစောင်း အကြော်ကြော်ပြီး ကျွန်မ ကိုယ်တိုင် လိုက်ပို့သည်။ သားကြီးအကြော် သွားပို့လျှင် အကြွေးကျသည်က များသည်။ အကြွေး တောင်းရန်အတွက် ကျွန်မ ကိုယ်တိုင် အကြော် လိုက်ပို့ခြင်း ဖြစ်သည်။ ဖောက်သည်တစ်ဦးထံအကြော်များအရေအတွက်ပေးနေစဉ်ခြေရင်းအိပ်မှ
ဒေါ်စိန်နှင့် ဆုံခဲ့သည်။
“ဟဲ့ … မတင့် နင့်အိမ်က ကလေးတွေ ငိုနေသံ ကြားရတယ်။ ငါက နင် ကလေးတွေကိုရိုက်ပြီး ဆုံးမနေတာလို့ ထင်ခဲ့တာ။ ခုတော့ “နင်ကဒီမှာ”
“ဘယ်လိုကြားလို့လဲ….ဒေါ်စိန်”
“တစ်ယောက်ယောက်က ရိုက်နှက်ဆုံးမနေသလိုပဲ ကြောက်ပါပြီ အဖေရဲ့လို့ပြောပြီး တောင်းပန်သံလည်း ကြားရတယ်၊ ငါ လှမ်းကြည့်တော့ လည်းဘာမှမတွေ့ရတော့ဘူး။ ထူးလိုက်တာနင်ရိုက်တာထင်ပေမယ့်နင်က ဒီမှာဆိုတော့”
“ဟုတ်လား…ဒေါ်စိန် ကျွန်မ – ပြန်ဦးမယ်”
ဒေါ်စိန်ကို စကားဖြတ်ပြီး ခပ်သုတ်သုတ်ပင် အိမ်ပြန်လာသည်။ ရင်ထဲ တွင်လည်းထိတ်လန့်နေမိသည်။ကျွန်မအိမ်ပေါ်အတက်တွင်မောင်နှမနှစ်ဦး စာကျက်စားပွဲ နားတွင် ဖက်လျက်သား ငိုနေသည်ကို တွေ့ရသည်။ ကျွန်မ သနားသွားမိသည်။ ကျွန်မကို တွေ့သည်နှင့် ကျွန်မထံ ပြေးလာကာ ဖက်၍ ငိုပြန်သည်။
“ဟဲ့ – ဟဲ့ အထိတ်တလန့်ကွယ် – ဘယ်လိုဖြစ်လို့ ငိုနေကြတာလဲ” “ဒီမှာ … ကြည့်ပါဦးမေမေ”
သမီးက သူ့ခြေသလုံးကိုလှန်ပြသည်။
“သားလည်း – ခြေသလုံးမှာ အရိုက်ခံရတယ်မေမေဒီမှာလေ”

သမီးနှင့်သားခြေသလုံးတွင် အရိုက်ခံထားရသည့် အရှိုးအစင်းရာများ များတွေ့ရ သည်။
“အိမ်မှာ – မေမေလည်းမရှိဘူး သားနဲ့သမီးကို ဘယ်သူရိုက်တာလဲ” “ထူးဆန်းလိုက်တာမေမေ..အကြော်ပို့ဖို့ထွက်သွားရောသားကအရင် အရိုက်ခံရတာ ပြီးတော့ ညီမလေး အရိုက်ခံရတာလဲ” “ဟို- ထရံထောင့်က ကြိမ်လုံးနဲ့ပေါ့”
သားက ထရံထောင့်တွင်ရှိသော ကြိမ်လုံးကိုလက်ညှိုးထိုး၍ပြသည်။ ကျွန်မရင်ထဲထိတ်ခနဲဖြစ်သွားသည်။
“ဟင် – ဟုတ်ရဲ့လားအဲဒီကြိမ်တုတ်ကသားတို့အဖေမသေခင်ကိုင်ခဲ့တဲ့ ကြိမ်တုတ်ပဲ၊ သားတို့ကို ဆုံးမချင်ရင် ဒီကြိမ်တုတ်နဲ့ရိုက်ပြီး ဆုံးမလေ့ရှိခဲ့ တာ။ ဒါဆို သားတို့ကို ရိုက်တဲ့သူဟာ”
“ဖေဖေ-ပဲပေါ့ မေမေရာ သေချာပါတယ်။ ဖေဖေ့ဝိညာဉ်က သားတို့ အနားမှာ ရှိနေတာ ဖြစ်မယ်။ နောက်ဆို သားလိမ္မာ ပါတော့မယ်။ မေမေ့ စကားလည်း နားထောင်ပါတော့မယ်။ မေမေကလည်း ဖေဖေ့နာမည်ကို ခေါ်ပြီးတိုင်တာတောတာတွေမလုပ်ပါနဲ့တော့ – ဖေဖေသားတို့အနီးအနား မှာရှိနေတာသေချာပါတယ်”
“ကိုကို့ – ပါးနှစ်ဖက်အရိုက်ခံရတုန်းကသမီးမယုံခဲ့ဘူး။ခုတော့ – ဖေဖေ ရိုက်တာ ယုံပါပြီ။ သမီး ကြောက်တယ် မေမေ့စကား နားထောင်ပါတော့ မယ်”
အံ့ဩထိတ်လန့်စွာဖြင့် သားနှင့်သမီးကိုဖက်ထားလိုက်မိသည်။ ထိုနေ့ နောက်ပိုင်းမှစ၍သားနှင့်သမီးတို့မှာထူးခြားစွာပြောင်းလဲသွားသည်။ မိုးချုပ် သည်နှင့်နှစ်ယောက်စလုံးစာကြည့်စားပွဲပေါ်ရောက်နေပြီဖြစ်သည်။အကြော်
လိုက်ပို့သည့်အလုပ်ကိုလည်းသားက သူလုံးဝတာဝန်ယူလိုက်သည်။စာကို
လည်း ယခင်ကထက် ပို၍ ကြိုးစားလာကြသည်။ သူတို့အဖြစ်ကို ကြည့်၍

သွားလေသူကိုအောင်စိန်ကိုကြိတ်၍ ကျေးဇူးတင်နေမိသည်။ကိုအောင်စိန်
ကျွန်မတို့အနီးပတ်ဝန်းကျင်တွင်ရှိနေပြီးသူ့သားသမီးများကိုဆုံးမနေသည်
မှာကျွန်မကိုယ်တွေ့ပင်ဖြစ်သည်။ယခင်ကဆုံးမစကားနားမထောင်ခဲ့သော
သားနှင့်သမီးတို့မှာယခုသိတတ်နားလည်လိမ္မာရေးခြားရှိလာပြီဖြစ်သည်။
သားနှင့်သမီးပြောင်းလဲလာသောအခြေအနေများကြောင့်ခြေရင်းခေါင်းရင်း အိမ်များက စပ်စု မေးမြန်းလာကြသည်။ ကျွန်မ ဟန့်တားထားမှုကြောင့် သားနှင့် သမီးက အဖြစ်မှန်မပြောခဲ့ကြပါ။
တစ်နေ့နံနက် ဝေလီဝေလင်းအချိန် ကောက်ညှင်းပေါင်းအိုး တည်နေ စဉ်တွင် ဖြစ်သည်။ ကောက်ညှင်းပေါင်း မကျက် မနပ် မြည်းစမ်း ကြည့်ရန် အဖုံးဖွင့်လိုက်စဉ်”ငါ့ကိုလည်းနည်းနည်းကျွေးပါ” ဟုအသံကောက်ညှင်းအိုး အနီး ပေါ်လာသည်။ ရုတ်တရက်မကြုံဖူးသော အဖြစ်မို့ ကျွန်မ ထိတ်လန့် သွားပြီးအိမ်ထဲသို့ပြေးဝင်သွားမိသည်။ အိပ်နေသောသားကိုလှုပ်နှိုးလိုက်မိ သည်။ သားက အလွယ်တကူပင်အိပ်ရာမှ နှိုးလာသည်။
“သား – နှိုးနေပါပြီ။ထတော့မလို့ပါ။ မေမေ – လာနှိုးတာနဲ့ အတော်ဖြစ် သွားတယ်။ ခုနက ဘယ်သူနဲ့ စကားပြောနေတာလဲ မိုးမလင်းသေးဘူး။ ကောက်ညှင်းပေါင်းလာဝယ်တာလား၊ အဲဒီအသံ ကြားဖူးနေသလိုပဲ” “ဝယ်တဲ့သူ မဟုတ်ဘူး။
ငါ့ကိုလည်းနည်းနည်း ကျွေးပါဆိုတဲ့ အသံ ကြားလိုက်ရတယ်။ မေမေ လည်းကြောက်ပြီးသားကိုလာနှိုးတာ”
“သားက ခုမှ စဉ်းစားမိတယ်။ အဲဒါ ဖေဖေ့အသံပဲ။ ကောက်ညှင်းပေါင်း လာတောင်းတာ ဖေဖေပဲ ဖြစ်ရမယ်”
သားပြောလိုက်မှကျွန်မအတွေးထဲပေါ်လာသည်။ကောက်ညှင်းပေါင်း လာတောင်းသော တုန်တုန်ယင်ယင် လက်တစ်ဖက်သည် အရက်သမား ကိုအောင်စိန်၏လက်ချက်ပင် ဖြစ်လိမ့်မည်။
“မေမေ … ခုထိ မသိသေးဘူးလား ဖေဖေပဲပေါ့၊ နောက်တစ်ခါ ကောက်ညှင်းပေါင်းလာတောင်းရင်နည်းနည်းပေးလိုက်ပါ၊ ဖေဖေ သနားပါ
တယ်”

“သားက … သနားနေ၊ မေမေ- ခုထက်ထိကြောက်နေတုန်းပဲ” ကျွန်မကိုသာဘာလို့ကြောက်နေတာလဲဟုပြောပေမယ့်သားကိုယ်တိုင်
ကမူသူ့အဖေကိုတုန်နေအောင်ကြောက်သူဖြစ်သည်။ ယခုလည်းသူ့အဖေ အဆုံးအမကြောင့် စာကြိုးစားလာပြီး သိတတ်လိမ္မာသူ ဖြစ်လာသည်ကို ကျွန်မ အသိဆုံးပင် ဖြစ်သည်။ ကျွန်မလည်း နောက်အိမ်ထောင်ပြုမည်ဟု သားနှင့်သမီးကိုမပြောတော့ပါ။ထိုသို့ပြောမိလျှင်ကိုအောင်စိန်ကအိပ်မက် ပေးပြီးသူ့သားသမီးကိုရိုက်နှက်ဆုံးမပါတော့သည်။ယခုအချိန်တွင်သားနှင့် သမီးမှာ ပြောစရာမလိုအောင် သိတတ် လိမ္မာနေကြပါပြီ။ ကိုအောင်စိန် ရိုက်နှက် ဆုံးမသည်ကိုပင် မတွေ့မကြားရတော့ပါ။
တစ်ရက်နံနက်စောစောကောကညှင်းပေါင်းအိုးတည်နေစဉ်ဖြစ်သည်။
သားကလည်းစောစောထ၍စာကျက်နေချိန်ဖြစ်သည်။ ကောက်ညှင်းပေါင်း နပ်မနပ်သိရန်အိုးဖုံးဖွင့်လိုက်သည်။ အငွေ့တထောင်းထောင်းဖြင့်မွှေးကြိုင် သော အနံ့ ထွက်လာသည်။ ထိုအခိုက်မှာပင် ကောက်ညှင်းပေါင်းအိုးအနီး “ငါ့ကိုနည်းနည်းကျွေးပါ” ဟူသောအသံလည်းကြားရသည်။ “မေမေ … ဟိုမှာ ကောက်ညှင်းပေါင်း တောင်းနေတယ်၊ လက်ထဲ ထည့်ပေးလိုက်ပါ”
သားကအနီးအနားမှာရှိနေ၍တော်သေးသည်။ ကျွန်မစဉ်းစားချိန်မရ တော့ပါ။ ကြောက်ရွံ့စိတ်ဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။ သားစကား အတိုင်း အိုးထဲမှ ပူပူလောင်လောင်ကောက်ညှင်းပေါင်းကိုယောက်မဖြင့် ခပ်ယူလိုက်ပြီး ပန်းကန်နှင့်ထည့်ပေးလိုက်သည်။ထိုစဉ်မှာပင် “အား” ဟူသောအသံနက်ကြီးကို ထိတ်လန့်ဖွယ် ကြားလိုက်ရသည်။တိတ်ဆိတ် နေသော နံနက်ဝေလီဝေလင်း အချိန်ဖြစ်၍ အသံက ဟိန်းထွက်သွား သည်။“အား” ဟူသော အသံနှင့်အတူငြိမ်သက်တိတ်ဆိတ်သွားတော့ သည်။ အငွေ့တထောင်းထောင်းထနေသောပူပူလောင်လောင်ကောက်ညှင်း ပေါင်းများဖိတ်စဉ်ကျန်ရစ်ခဲ့သည်။ကျွန်မသတိထားလိုက်မိချိန်တွင်သားအမိ
နှစ်ဦးဖက်ထားလျက်သားဖြစ်နေတော့သည်။

“မတင့်…ပြောပြပုံအရဆိုရင်တော့ ငါ့ – သူငယ်ချင်းအောင်စိန်မကျွတ် မလွတ်ဘဲဒီခြံထဲမှာရှိနေတာသေချာသလောက်ပဲ။ ဒါနဲ့ – အောင်စိန်ခြံထဲမှာ
ရှိနေပြီး သူ့သားနဲ့သမီးကို ရိုက်နှက် ဆုံးမနေတာ ဘေးအိမ်က လူတွေရော မသိကြဘူးလား”
“ပထမတော့ မသိကြဘူး။ ကျွန်မလည်း မပြောဖို့ တားထားတာ။ အဲဒီ ကောက်ညှင်းပေါင်း ပူပူလောင်လောင်ပန်းကန်ကြီး သူ့လက်ထဲ ထည့်ပေး လိုက်သလိုတော့ ပူလွန်းလို့ ထင်ပါရဲ့။ အသံနက်ကြီးနဲ့ အော်လိုက်တာ။ မနက်မိုးလင်းတော့ ဟိုဘက် ဒီဘက် အိမ်တွေက မေးကြတယ်။ ဝေလီ ဝေလင်းမတင့်တို့ခြံဘက်ကအသံနက်ကြီးနဲ့ အော်သံကြားလိုက်ရတယ်။ ဘာသံကြီးလဲ။ ဘယ်သူ့အော်သံလဲလို့မေးကြတာပေါ့။ ဒီလိုနဲ့ သတင်းတွေ ပြန့်သွားပြီး ကိုအောင်စိန် ဒီခြံထဲမှာရှိမှန်း သိသွားကြတယ်။ ကလေးတွေ ပါးစပ်မလုံတာလဲပါတာပေါ့”
“ခုရော – အခြေအနေ ဘယ်လိုလဲ ကောက်ညှင်းပေါင်း လာတောင်း နေတုန်းပဲလား”
“အဲဒီအော်သံကြီး ကြားပြီးကတည်းက ကောက်ညှင်းပေါင်း လာ
မတောင်းတော့ဘူး”
“ဒါပေမဲ့…”
“ဒါပေမဲ့ … ဘာဖြစ်လဲ – ပြောပါဦး”
“ငါနောက်လင်ယူလိုက်မယ်။ နင်တို့ပထွေးနဲ့တွေ့မှသိမယ်လို့ကလေး တွေကို ပြောလိုက်တိုင်း ကိုအောင်စိန်က သူ့သားနဲ့သမီးကို ရိုက်နှက် ဆုံးမ တော့တာပဲ”
“အင်း.. ငါ့ … သူငယ်ချင်းကနင့်ကို – တော်တော်ချစ်တာပဲ။ နင်နောက် အိမ်ထောင်ထူမှာကိုသဘောမကျဘူးဖြစ်နေတာသိသာနေတယ်။အေးလေ … နင်လည်း အရွယ်ရှိသေးတာပဲ၊ တစ်ယောက်တည်း ရုန်းကန်နေရတာ၊ သင့်တော်တဲ့ သူတွေ့ရင် နောက်အိမ်ထောင်ထူချင်ထူပေါ့ဟာ”

“မဖြစ်ပါဘူး – အစ်ကိုရာ၊တော်ကြာကိုအောင်စိန်ကပြဿနာလုပ်နေ ဦးမယ်။ပါးစပ်ကပြောရုံနဲ့တောင်ဒီလောက်ဖြစ်နေတာ၊တကယ်သာကျွန်မ နောက်လင်ယူလို့ကတော့ အို – မဖြစ်ပါဘူးလေ၊ မစဉ်းစားတော့ပါဘူး”
“ငါ့ – သူငယ်ချင်းက တော်တော်အတ္တကြီးတဲ့သူပဲ၊ ဘဝခြားနေပြီလေ၊ သူနဲ့ဘာမှ မဆိုင်တော့တဲ့ ကိစ္စပဲ၊ ဘာလို့ နှောင့်ယှက်နေရတာလဲ။ အတ္တကြီးတဲ့ဝိညာဉ်လို့ ပြောရမလို ဖြစ်နေပြီ။ ဒီကောင့် ဝိညာဉ် ဒီခြံထဲမှာ ရှိနေတာသေချာပါပြီဟာ။ ကဲ-ကဲမိုးလည်းချုပ်လှပြီ။ ငါ – ပြန်ဦးမယ်” “ဟုတ်ကဲ့ .. အစ်ကိုသန်းအောင် နောက်လည်း လာဦးနော်၊ မပြန်ခင် လည်းလာလည်ပါဦး”
“အေးပါ… မပြန်ခင်လာပြီးနှုတ်ဆက်ပါဦးမယ်၊ သွားပြီနော်”
မတင့်ကို နှုတ်ဆက်ပြီး ကျွန်တော် ပြန်လာခဲ့သည်။ ကွယ်လွန်သွားခဲ့ သည့်သူငယ်ချင်းအောင်စိန်၏ဝိညာဉ်က အနီးအနားတွင် ရှိနေပြီး သူ့
ကလေးများကိုစောင့်ရှောက်ဆုံးမနေသည်ဟုကျွန်တော့်ညီမပြောခဲ့စဉ်က ကျွန်တော် မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေခဲ့သည်။ ယခု ကိုယ်တိုင်ကြား သိရတော့မှ –
၁ – မောင်မောင်ဖိုးအောင်

Zawgyi Version

တမလြန္ေရာက္ခဲ့သည့္တိုင္(စ/ဆုံး)
——————————————-
မေရာက္သည္မွာ ၾကာၿပီျဖစ္ေသာ ကိုယ့္ေမြးရပ္ေျမသို႔ ကြၽန္ေတာ္
တစ္ေခါက္ေရာက္ခဲ့ရျပန္ၿပီ။ကြၽန္ေတာ္တို႔မိသားစုတြင္ေမာင္ႏွမေလးဦးသာ ရွိေတာ့သည္။ မိဘႏွစ္ဦးစလုံး မရွိၾကေတာ့ပါ။ ကြၽန္ေတာ္တစ္ဦးတည္းသာ ဝန္ထမ္းဘဝျဖင့္ ရန္ကုန္တြင္ အေျခခ် ေနထိုင္ခဲ့သည္။ ကြၽန္ေတာ္က အႀကီးဆုံးျဖစ္ၿပီးကြၽန္ေတာ့္ေအာက္ညီႏွင့္ညီမသုံးေယာက္စလုံးေမာ္လၿမိဳင္ ၿမိဳ႕၊ ေဒါင္းဇရပ္ ရပ္ကြက္တြင္ ေနထိုင္ၾကသည္။ ေဒါင္းဇရပ္ရပ္ကြက္သည္ ေမာ္လၿမိဳင္ၿမိဳ႕ စြန္၊ မုဒုံၿမိဳ႕သို႔သြားသည့္ ကားလမ္းေဘးတြင္ တည္ရွိသည္။ ၿခံက်ယ္ႀကီးမ်ားျဖစ္သည္။ ကြၽန္ေတာ္ငယ္စဥ္ကေနထိုင္ႀကီးျပင္းခဲ့ရေသာ
ရပ္ကြက္လည္းျဖစ္သည္။လူပ်ိဳေပါက္ဘဝမွစ၍ရန္ကုန္ၿမိဳ႕သို႔ေရာက္သြားခဲ့ရ
သည္။ သုံးေလးႏွစ္မွတစ္ႀကိမ္ခန႔္သာ ျပန္ေရာက္ေလ့ရွိသည္။
ယခု ကြၽန္ေတာ့္ အသက္ပင္ ေလးဆယ္ေက်ာ္၍ ငါးဆယ္နား နီးလာၿပီ ျဖစ္သည္။ ကြၽန္ေတာ့္သူငယ္ခ်င္း သုံးေလးဦးသာ ရပ္ကြက္တြင္ လက္ရွိ ေနထိုင္ေနၾကသည္။ ေသသူေသ၊ ေျပာင္းေ႐ႊ႕သြားသူ ေျပာင္းေ႐ႊ႕သြားျဖစ္ခဲ့

ၿပီး ကြယ္လြန္သြားၾကသူမ်ားထဲတြင္ ကြၽန္ေတာ့္အခ်စ္ဆုံး သူငယ္ခ်င္း ေအာင္စိန္လည္းအပါအဝင္ျဖစ္သည္။ ေအာင္စိန္မွာလြန္ခဲ့ေသာသုံးႏွစ္က ကြယ္လြန္သြားေၾကာင္း သိရသည္။ သူငယ္ခ်င္းေအာင္စိန္သည္ အရက္ အလြန္ႀကိဳက္သူ ျဖစ္သည္။ အရက္ေၾကာင့္ပင္ ေသခဲ့ရသည္။ ကြၽန္ေတာ္ ေရာက္ေရာက္ခ်င္းပင္ ကြၽန္ေတာ့္ညီမကို သူငယ္ခ်င္းမ်ား အေၾကာင္း ေမးလိုက္မိသည္။
“ေမာင္ထြန္းတစ္ေယာက္ … ဘာလုပ္ေနလဲညီမေလး”
“ကိုေမာင္ထြန္းက – လက္ဖက္ရည္ဆိုင္ဖြင့္ထားတယ္။အစ္ကို႔ကိုလည္း ခဏ – ခဏေမးတယ္။ အစ္ကိုေရာက္လာတာသိရင္သူဝမ္းသာမွာပဲ။ သြား လည္လိုက္ပါဦး”
“ေအး … ညေနမွ သြားေတာ့မယ္၊ ဒါနဲ႔ – ဟို အရက္သမားေအာင္စိန္ရဲ႕ ကေလးေတြဘယ္ႏွတန္းေရာက္ကုန္ၿပီလဲ၊ ဖေအေသသြားေတာ့ ဘယ္လို
ေနထိုင္ၾကလဲ”
“ကိုေအာင္စိန္မိန္းမ မခင္တင့္ကအေၾကာ္ေရာင္းလိုက္၊ ေကာက္ညႇင္း ေပါင္း ေရာင္းလိုက္နဲ႔ ႐ုန္းကန္ေနရတာ။ အႀကီးေကာင္ေယာက္်ားေလးက ဒီႏွစ္ရွစ္တန္းေရာက္ေနၿပီ။ အငယ္မက ေျခာက္တန္းထင္တယ္” “ဟုတ္လား….ငယ္ငယ္တုန္းကဒီေလာက္ဆိုးတဲ့ကေလးေတြအတန္း
ေတြေတာင္ ေတာ္ေတာ္ရေနပါလား။ ညေနေမွာင္မွ သြားလည္ေတာ့မယ္” “အစ္ကိုက – ညေန မိုးခ်ဳပ္ ေမွာင္ေတာ့မွ ကိုေအာင္စိန္တို႔ ၿခံသြား မလို႔လား”
“ေအးေလ .. သူငယ္ခ်င္း မရွိေတာ့ေပမဲ့ ေဆြမ်ိဳးလို ခင္မင္ရင္းႏွီးေန တဲ့ မတင့္ကိုေတာ့ အားေပးစကားေလးေတာ့ ေျပာရမွာေပါ့၊ ေအာင္စိန္တို႔ ၿခံဘက္မိုးခ်ဳပ္ေမွာင္ေတာ့မွ သြားလည္မယ္ဆိုလိုက္တာနဲ႔ငါ့ညီမအမူအရာ ေတြ ဘယ္လို ျဖစ္သြားရတာလဲ”
“အစ္ကိုက – ရန္ကုန္မွာ အေနၾကာေတာ့ ကိုေအာင္စိန္တို႔ မိသားစု အေၾကာင္း ဘယ္သိပါ့မလဲ”

“ဘာလဲ.. ေအာင္စိန႔္မိန္းမ မတင့္ေနာက္အိမ္ေထာင္ျပဳလိုက္ၿပီလား။ မတင့္ကအ႐ြယ္လည္းရွိေသးတယ္။ အားကိုးရာ ရွာရမွာေပါ့ေလ”
“အဲဒီ့ – ေနာက္အိမ္ေထာင္ျပဳမယ္ဆိုတဲ့စကားေၾကာင့္ကိုေအာင္စိန္နဲ႔ ျပႆနာ ျဖစ္ရတာ။”
“ဘာ- ဘယ္လိုေသသြားၿပီးတဲ့ေအာင္စိန္နဲ႔မတင့္ကဘယ္လိုျပႆနာ ျဖစ္ရတာ ငါ့ ညီမစကားက ထူးဆန္းေနပါလား”
“ဟုတ္တယ္… အစ္ကိုေရ – မတင့္ ေနာက္အိမ္ေထာင္ျပဳမယ္လို႔ေျပာ လိုက္မိတဲ့စကားေၾကာင့္ေသသြားၿပီးတဲ့သူ႔ေယာက္်ားနဲ႔ျပႆနာျဖစ္ရတာ။ ခုေတာ့ ေျပလည္ သြားပါၿပီ။ အစ္ကို႔ သူငယ္ခ်င္းေအာင္စိန္က သူ႔ကေလး ႏွစ္ေယာက္ကို ဆုံးမေစာင့္ေရွာက္ေနတာတဲ့။”
“ငါ – နားမရွင္း နားမလည္ေတာ့ဘူး။ ေသသြားၿပီးတဲ့သူက ဘယ္လို လုပ္ၿပီး က်န္ခဲ့တဲ့ကေလး ႏွစ္ေယာက္ကို ဆုံးမေစာင့္ေရွာက္ႏိုင္မလဲ၊ မျဖစ္ ႏိုင္ပါဘူးဟာ”
“အစ္ကို႔ – သူငယ္ခ်င္းေအာင္စိန္က ေသသြားၿပီး ျဖစ္ေပမယ့္ သူတို႔ ၿခံထဲမွာပဲရွိေနတာတဲ့။ ကိုေအာင္စိန္ဝိညာဥ္က သူ႔ကေလးေတြကိုဆုံးမေန တာ။ကဲပါေလ – ကြၽန္မေျပာရင္ျပည့္စုံမွာမဟုတ္ဘူး။ညေနအစ္ကိုသြားမယ္ ဆိုမတင့္က ျဖစ္ေၾကာင္းကုန္စင္ အစ္ကို႔ကိုေျပာျပလိမ့္မယ္”
“ေအး … ငါ့ညီမ စကားေၾကာင့္ စိတ္ဝင္စားလာၿပီ။ ေမာင္ထြန္းတို႔ လက္ဖက္ရည္ဆိုင္ ေနာက္မွ သြားေတာ့မယ္။ မတင့္ဆီ အရင္ သြားလိုက္ အုံးမယ္”
မိုးခ်ဳပ္ေမွာင္သည္အထိ ကြၽန္ေတာ္ မေစာင့္ေတာ့ပါ။ ေရမိုးခ်ိဳးၿပီး သူငယ္ခ်င္းေအာင္စိန္တို႔ ၿခံဘက္သို႔ ထြက္လာခဲ့သည္။ ကြၽန္ေတာ္တို႔ၿခံႏွင့္ သိပ္မေဝးလွပါ။ သုံးၿခံသာျခားသည္။ ညေနေစာင္းသည္ႏွင့္ အသြားအလာ

က်ဲပါးသြားေလ့ရွိသည္။ ကြၽန္ေတာ္ၿခံထဲဝင္သြားစဥ္မတင့္အေၾကာ္ေၾကာ္ ေနသည္ကို ေတြ႕လိုက္ရသည္။
“ဟာ- အစ္ကိုသန္းေအာင္ – ဘယ္တုံးက ေရာက္တာလည္း အလည္ သက္သက္ပဲလား”
“အလည္ပဲ…ဆိုပါေတာ့ ညီမေတြအေျခအေနလာၾကည့္တာ၊ၿပီးေတာ့ နင္တို႔ကို သတိရတာလဲ ပါတာေပါ့ဟာ”

“အစ္ကိုလာလည္တာ – ကြၽန္မဝမ္းသာပါတယ္။ထိုင္ပါဦး – အေၾကာ္စား
“ဒါနဲ႔ “ နင့္ကေလးေတြေရာမျမင္ပါလား”
“အငယ္မက – အေၾကာ္သြားပို႔ေနတာ၊အႀကီးေကာင္က – က်ဴရွင္သြား ေနတာ၊ မၾကာခင္ ျပန္ေရာက္ေတာ့မွာပါ”

“နင့္ကေလးေတြ – ငယ္ငယ္တုန္းကလိုပဲအေဆာ့မက္တုန္း၊ ဆိုးတုန္းပဲ
“အခုေတာ့… မဆိုးရဲၾကေတာ့ဘူး။ သူတို႔ လိမၼာေနၾကၿပီ” “ေဟ-ဟုတ္လားငါ့ညီမအဆုံးအမေတာ္လို႔ေနမွာေပါ့”
“ဘယ္ကလာ ဟုတ္ရမွာလဲ… ကြၽန္မအဆုံးအမေတာ္လို႔လိမၼာေနၾက တာ မဟုတ္ဘူး။ မနက္ဘက္ ေကာက္ညႇင္းေပါင္းေရာင္း၊ ညေန အေၾကာ္ ေရာင္းနဲ႔ မအားပါဘူး။ သူတို႔ကို ဆုံးမဖို႔အခ်ိန္မရွိဘူး။ ကေလးေတြလိမၼာေန ၾကတာ သူတို႔အေဖ ဆုံးမေနလို႔ပါ”
“ဟာ- ဘယ္လိုလဲဟ – ေသသြားၿပီးတဲ့ငါ့- သူငယ္ခ်င္းကဘယ္လိုလုပ္ ၿပီး သူ႔သားသမီးေတြကို ဆုံးမေနတာလဲ”
“အစ္ကို႔ညီမမလွတင္ အစ္ကို႔ကို ေျပာမေျပာလိုက္ဘူးလား” “ေျပာေတာ့ … ေျပာပါတယ္။ ေအာင္စိန္က သူ႔ကေလးေတြကို ဆုံးမ ေစာင့္ေရွာက္ေနတာလို႔သာေျပာလိုက္တာ။ အျပည့္အစုံသိခ်င္လို႔ ငါလာခဲ့
ကြၽန္ေတာ္ႏွင့္မတင့္တို႔ စကားေကာင္းေနစဥ္မွာပင္ မတင့္သားအႀကီး ေကာင္းက်ဴရွင္သြားတက္ေနရာမွ ျပန္ေရာက္လာသည္။
“ဟဲ့- သားဦးသန္းေအာင္ကိုအေၾကာ္ခ်ေပးဦး၊အခ်ဥ္လည္းထည့္ေပး ေရေႏြးအိုးလည္းပူတာေလး ခ်ေပးလိုက္”
“ဟုတ္ကဲ့ … ေမေမ”
“ခ်ာတိတ္… ဦးကို မွတ္မိလား”
“မွတ္မိပါတယ္ … ဦးကိုေတြ႕ေတာ့ အေဖကို သတိရလိုက္တာ။ ဦးနဲ႔ အေဖက သိပ္ခ်စ္ၾကတဲ့ သူငယ္ခ်င္းေတြ မဟုတ္လား။ အေဖေရ- ဒီမွာ အေဖ့သူငယ္ခ်င္းဦးသန္းေအာင္ ေရာက္ေနတယ္။ အေဖ လာေတြ႕လိုက္ပါ
လား”
“ဟဲ့ – သား – ဘာေတြ ေျပာေနတာလဲ၊ သြား- သြား စာသြားက်က္ ေတာ့”
“ဘာျဖစ္လို႔လဲ … ေမေမရယ္ဦးနဲ႔ေဖေဖက သိပ္ခ်စ္ၾကတဲ့ သူငယ္ခ်င္း ေတြပဲဟာ ေဖေဖကဒီၿခံထဲမွာ ရွိေနတာပဲေလ”
“ကဲ – သား- သြား စာသြားက်က္ေတာ့ မင္းအေဖအေၾကာင္း ဦးသန္းေအာင္ကိုေမေမပဲေျပာျပလိုက္ေတာ့မယ္။ ကဲ- အစ္ကိုသန္းေအာင္ အေၾကာ္စားလိုက္ပါဦး၊ ေတာ္ၾကာေအးသြားဦးမယ္၊ အေၾကာ္ကပူေနတုန္း စားတာ ေကာင္းတယ္”
“ေအး … စားပါ့မယ္။ ဒါနဲ႔ နင့္ေယာက္်ား ဒီၿခံထဲမွာ ရွိေနတာ တကယ္
ပဲလား”
“ဟုတ္တယ္…အစ္ကိုသန္းေအာင္ – အစကကြၽန္မမသိခဲ့ဘူး။လြန္ခဲ့တဲ့ (၂)ႏွစ္ေလာက္ကမွ သူရွိေနမွန္းကြၽန္မ သိခဲ့ရတာ”
“ေနာက္ အိမ္ေထာင္ျပဳလိုက္မယ္လို႔ကေလးေတြကိုေျပာလိုက္မိတာ က စတာပဲ၊ အစ္ကို သိတဲ့အတိုင္း ကေလးေတြက ခုအခ်ိန္လို မလိမၼာၾက ေသးဘူး။ ေတာ္ေတာ္ ဆိုးခဲ့ၾကတာ၊ ေျပာမရဆိုမရနဲ႔ေပါ့”
“ေအးပါ.. ဆက္ေျပာပါဦး”

“ေသသြားၿပီးတဲ့အစ္ကို႔သူငယ္ခ်င္းရဲ႕ဝိညာဥ္ကကြၽန္မကေလးေတြကို ဆုံးမေနတယ္ဆိုရင္ အစ္ကို ယုံမလား၊ ျဖစ္ခဲ့ပုံက ဒီလို အစ္ကို သန္းေအာင္ ေရ”
မတင့္က ကြယ္လြန္ခဲ့ၿပီးသည့္ သူမေယာက္်ား ကေလးမ်ားကို ဆုံးမ ေစာင့္ေရွာက္ေနပုံ စိတ္ဝင္စားဖြယ္အျဖစ္အပ်က္မ်ားအား ကြၽန္ေတာ့္ကို ေျပာျပသည္။
“ဟဲ့…သားအေၾကာ္ေတြသြားပို႔ေတာ့ေလ၊ဟိုမွာ – မုန႔္ဟင္းခါးဆိုင္ေတြ ကေစာင့္ေနၿပီ။ ဘယ္သြားဦးမလို႔လဲ”
“ေဘာလုံးသြားကန္− မလို႔ပါ၊ ၿပီးေတာ့မွ ပို႔ေပးမယ္ေလ” “ေဘာလုံးကေနာက္မွကန္ခု – ခ်က္ခ်င္းအေၾကာ္သြားပို႔စမ္း – ေဘာလုံး ကန္လို႔ ထမင္းစားရတာ မဟုတ္ဘူး။ အေၾကာ္ပို႔မွ ထမင္းစားရတာ” ကြၽန္မ အေၾကာ္ပို႔ခိုင္းသည္ကို သားက ေပကတ္ကတ္ လုပ္ေနသည္။ ေဘာလုံးကစားဖို႔ကိုသာစိတ္ဝင္စားေနသည္။ေက်ာင္းစာမ်ားလည္းႀကိဳးစား မႈ မရွိပါ။ အေဆာ့မက္လြန္းသည္။ သားက ကြၽန္မ စကားကို နားေထာင္သူ မဟုတ္ေပ။ သူ႔အေဖကိုသာ ေၾကာက္သည္။ ယခုသူတို႔ အေဖ မရွိေတာ့၍ ေၾကာက္ရမည့္သူ မရွိ ျဖစ္ေနသည္။ စာက်က္ရန္ အတန္တန္ေျပာရသည္။ စာက်က္ျပန္လည္း ခဏသာ ျဖစ္သည္။ ေစာေစာအိပ္ရာဝင္ တတ္သည္။ ယခင္က ဖေအ ျဖစ္သူကိုေၾကာက္၍ မေအက အိပ္ေတာ့ဆိုမွ အိပ္ရာဝင္ရ သည္။ သူ႔အေဖ ကြယ္လြန္ၿပီး ေနာက္ပိုင္း ေၾကာက္ရမည့္သူမရွိေတာ့၍ သားမွာ ပိုဆိုးလာသည္။ မနက္ေစာေစာ ကြၽန္မေကာက္ညႇင္းေပါင္းထ၍ ေပါင္းခ်ိန္တြင္လည္းအိပ္ရာမွႏႈိး၍မရပါ။ သူ႔ကိုႏႈိးရသည္မွာကြၽန္မမည္သို႔ မွ် ေျပာဆို ဆုံးမ၍ မရသျဖင့္ လက္ေလွ်ာ့ထားကာ ေခ်ာ့၍ ခိုင္းရသည့္အထိ ျဖစ္လာသည္။
“ခု – သား ခုနစ္တန္း တက္ရေတာ့မယ္ အတန္းႀကီးလာၿပီ။ အေဆာ့ မမက္နဲ႔ေတာ့၊ စာႀကိဳးစားေတာ့။ ေမ့ေမ့စကားနားမေထာင္ရင္ ပေထြးနဲ႔

ေတြ႕သြားမယ္၊ ေျပာဆို ဆုံးမစကား နားမေထာင္ရင္ေတာ့ ေနာက္လင္ ယူလိုက္ေတာ့မယ္”
“ေမေမ…ေနာက္လင္ယူခ်င္ယူ သားကေတာ့ ပေထြးကို အေဖ မေခၚ
ႏိုင္ဘူး”

“ႏွစ္ေယာက္စလုံး – ေျပာမရဆိုမရျဖစ္ေနတာေနာက္လင္ယူရေတာ့
ေဒါသျဖင့္ သားကို ကြၽန္မ ေအာ္ေငါက္လိုက္သည္။ ထိုညက ခပ္ေစာ ေစာပင္ အိပ္ရာ ဝင္ခဲ့သည္။ နံနက္ေစာေစာ ထရမည္ျဖစ္၍ နာရီကို ႏႈိးစက္ ေပးထားခဲ့သည္။ ကြၽန္မအိပ္ရာျပင္ၿပီးသည္ႏွင့္ သားႏွင့္သမီးတို႔ျခင္ေထာင္ ထဲဝင္လာၾကသည္။ သူတို႔စာမက်က္ၾကေတာ့ပါ။ တစ္ေနကုန္ပင္ပန္းထား သျဖင့္ ေခါင္းခ်သည္ႏွင့္ ကြၽန္မ အိပ္ေပ်ာ္သြားခဲ့သည္။
“မတင့္ – မတင့္ – ထပါဦး”
“ဟင္ – ကိုေအာင္စိန္ ရွင္ – ဘယ္ကေန ဘယ္လို ေရာက္လာတာလဲ” ရွင္နဲ႔ကြၽန္မ ဘဝျခားေနၿပီေလ”
“ငါ-ဒီၿခံထဲမွာပဲ ရွိေနတာ ညေနက မတင့္ေျပာလိုက္တဲ့စကား ငါ ၾကားလိုက္တယ္။ မတင့္ ေနာက္လင္ယူေတာ့မယ္ဆို”
“ဟုတ္တယ္ .. ရွင့္ – သားသမီးေတြက ေျပာဆိုဆုံးမလို႔ မရဘူး။ ေျပာ စကားနားမေထာင္ဘူး။ မေအကိုမေၾကာက္ၾကဘူး။ ဖေအကိုမွေၾကာက္ၾက တာ။ဒီေတာ့ပေထြးနဲ႔ေတြ႕မယ္လို႔ေျပာလိုက္တယ္။ အဲဒါဘာျဖစ္လဲ – ရွင္နဲ႔
ဘာဆိုင္ေတာ့လို႔လဲ”
“ငါ … ေတာင္းပန္ပါတယ္။ ေနာက္လင္ေတာ့ မယူလိုက္ပါနဲ႔ – ကေလး ေတြကိုငါဆုံးမပါ့မယ္”
“ရွင္က- ေသသြားၿပီးတဲ့လူ ဘယ္လို – ဆုံးမမွာလဲ”
“မတင့္ – ေစာင့္ၾကည့္ေနပါ။ ကေလးေတြ စာက်က္ေအာင္ စကား နားေထာင္ေအာင္ ဆုံးမပါ့မယ္”

“ေကာင္းၿပီေလ … ကေလးေတြကို ရွင္ ဘယ္လို ဆုံးမမယ္ဆိုတာ ေစာင့္ၾကည့္ရမယ္။ ရွင္ကမဆုံးမႏိုင္ရင္ေတာ့ကြၽန္မေနာက္လင္ယူခ်င္ယူ မယ္”
“စိတ္ခ်ပါ.. ငါ့ကေလးေတြကို ငါ ဆုံးမ ပါ့မယ္။ မၾကာခင္ သိရမွာေပါ့” “ရွင္ – ကတိတည္ပါေစ… ရွင္-ကတိတည္ေနာ္”
တစ္စုံ တစ္ေယာက္က လႈပ္ႏႈိးလိုက္သျဖင့္ ကြၽန္မ အိပ္ေပ်ာ္ေနရာမွ လန႔္ႏိုးသြားခဲ့ရသည္။
“ဟဲ့-သားေမေမ့ကိုဘာလို႔ ႏႈိးလိုက္ရတာလဲ”
“ေမေမ … ဘာေတြ ေအာ္ေနတာလဲ – ရွင္ ကတိတည္ေနာ္၊ ရွင္ ကတိ တည္ေနာ္ဆိုၿပီးေအာ္ေနလို႔ သားႏႈိးလိုက္တာ”
“ဟင္ – ဟုတ္လား”
ကြၽန္မ အိပ္မက္ မက္ေနျခင္း ျဖစ္သည္။ ထိတ္လန႔္စြာျဖင့္ အိပ္ရာမွ ထလိုက္သည္။ မွန္အိမ္မီးထြန္းလိုက္သည္။ နာရီကိုလွမ္းၾကည့္လိုက္သည္။ ယခုမွ ႏွစ္ခ်က္တီးသာသာ ရွိေသးသည္။ နံနက္ ေလးနာရီ ထရန္ ႏႈိးစက္ ေပးထားခဲ့သည္။ ကြၽန္မ ျပန္အိပ္၍ မရေတာ့ပါ။ သားကိုလည္း အိပ္မက္ အေၾကာင္း ျပန္မေျပာဝံ့ပါ။ သူတို႔ ေၾကာက္လန႔္သြားမည္ကို စိုးရိမ္ရေသး သည္။ ကိုေအာင္စိန္ႏွင့္ပတ္သက္၍ကြၽန္မတစ္ခါမွ် အိပ္မက္မက္ခဲ့ဖူးျခင္း မရွိခဲ့ပါ။ ညေနကသားကိုေျပာဆို ဆုံးမ၍မရသျဖင့္ စိတ္ဆိုးဆိုးႏွင့္ေနာက္ လင္ယူမည္ဟု ေျပာလိုက္မိသည္။ ယခု ေနာက္လင္ မယူရန္ ကိုေအာင္စိန္ က ကြၽန္မကို အိပ္မက္ေပးခဲ့သည္။ ကေလးေတြကိုလည္း သူ ဆုံးမမည္ဟု ေျပာခဲ့ေသးသည္။ ကိုေအာင္စိန္ အမွန္တကယ္ ဤၿခံထဲတြင္ ရွိေနခဲ့သည္ လား။ ေနာက္ေဖးၿခံထဲသို႔လွမ္းၾကည့္လိုက္မိသည္။ ေမွာင္မည္းတိတ္ဆိတ္ ေနသည္သာ ေတြ႕ရသည္။ ကေလးႏွစ္ေယာက္က အိပ္ေပ်ာ္ေနဆဲ ျဖစ္ သည္။ ျပန္အိပ္၍မရေတာ့မည့္အတူတူ အိပ္ရာမွ ထၿပီး မီးေမႊးလိုက္သည္။ ေကာက္ညႇင္းေပါင္း ခ်က္မည့္အိုး မီးဖိုေပၚတင္လိုက္သည္။ အတန္ၾကာမွ ႏႈိးစက္သံ ျမည္လာသည္။ ေကာက္ညႇင္းေပါင္းလည္းက်က္လုလု ျဖစ္ခဲ့ သည္။ ေဈးေရာင္းထြက္ရန္ အားလုံး ျပင္ဆင္ၿပီးသည္ႏွင့္ သားကို ႏႈိးလိုက္ သည္။
သား – ထေတာ့ စာလည္း က်က္ဦး ဒီမွာ- သားနဲ႔ညီမေလး စားဖို႔ မုန႔္ခ်န္ထားတယ္။ ညီမေလးႏိုးလာရင္ ေရခ်ိဳးထားဖို႔ ေျပာဦး”
“အင္းပါ…ေမေမခဏေလးပါ”
“အင္းပါ…လုပ္မေနနဲ႔ခ်က္ခ်င္းထေတာ့ – ျပန္ေရာက္လို႔မွေက်ာင္းသြား ဖို႔အဆင္သင့္ မျဖစ္ရင္ ေသၿပီသာမွတ္”
သားကိုအေသအခ်ာမွာၾကားၿပီးကြၽန္မေဈးေရာင္းထြက္ခဲ့သည္။ယေန႔ ေဈးေရာင္းထြက္ရသည္မွာ ယခင္ေန႔မ်ားကဲ့သို႔ သြက္သြက္လက္လက္ မရွိ လွပါ။ ေလးလံထိုင္းမႈိင္းေနသည္။ ညကအိပ္မက္အေၾကာင္းသာအေတြးထဲ
ေပၚေနသည္။ လင္သား မရွိေတာ့ ဘဝတြင္ ကေလးႏွစ္ေယာက္အတြက္ ပင္ပန္းစြာ ႐ုန္းကန္ေနရသည္။ မနက္ေကာက္ညႇင္းေပါင္းေရာင္း ညေန အေၾကာ္ေရာင္းႏွင့္ နားရသည္ဟူ၍ မရွိခဲ့ပါ။ သားႏွင့္သမီးတို႔မွာ အေမကို ကူညီႏိုင္ေသာ အ႐ြယ္ေရာက္ေနၿပီ ျဖစ္ေသာ္လည္း သိတတ္ နားလည္မႈ မရွိခဲ့ၾကပါ။အစားမက္၊အအိပ္မက္၊အေဆာ့မက္ေနၾကဆဲျဖစ္သည္။ သားမွာ ပို၍ပင္ ဆိုးေနသည္။ ညေန ေက်ာင္းဆင္းသည္ႏွင့္ ေဘာလုံးကြင္းထဲ ေရာက္သြားေတာ့သည္။ မိုးခ်ဳပ္ေမွာင္သည္အထိ ေဘာလုံးေဆာ့ကစား ေနေတာ့သည္။ေဘာမကန္သည့္ေန႔မ်ားတြင္လည္းမိုးခ်ဳပ္ေမွာင္သည္အထိ
ေဆာ့ေနတတ္သည္။ ညဘက္တြင္လည္းစာကိုေကာင္းေကာင္းမက်က္ပါ။ ကြၽန္မစကားကိုလည္း နားမေထာင္ပါ။ ေၾကာက္လည္း မေၾကာက္ပါ။ ညေန ေက်ာင္းဆင္းၿပီး ေျပးလႊားေဆာ့ကစားခဲ့သျဖင့္ ညဘက္ ခဏသာ စာက်က္ႏိုင္သည္။ စာက်က္ရင္း စားပြဲခုံေပၚတြင္ အိပ္ေပ်ာ္သြားေလ့ရွိ သည္။
အတန္းႀကီးလာၿပီျဖစ္၍ ပိုမိုႀကိဳးစားရန္ လိုအပ္လာသည္။ စားပြဲခုံေပၚ တြင္အိပ္ေပ်ာ္ေနေသာသားကိုကြၽန္မလႈပ္ႏႈိးလိုက္သည္။ “ဟဲ့ – သား – ထစမ္း ဘယ္ – အခ်ိန္ ရွိေသးလို႔လဲ။ အိပ္ေနၿပီ ထၿပီး
စာက်က္အုံးေလ”
“ဟာ- ေမေမကလည္း သားအိပ္ခ်င္ေနၿပီ”
“အိပ္ခ်င္လို႔ မျဖစ္ေသးဘူး-ထ-ထ စာက်က္ဦး”
“မက်က္ေတာ့ဘူး – ေမေမ သား – သြားအိပ္ေတာ့မယ္” –
“ေအး … ငါ့စကားနားမေထာင္ဘူးေပါ့၊ငါ – နင္တို႔အေဖဆီတိုင္ေျပာလိုက္ ေတာ့မယ္။ ဒီမွာ ကိုေအာင္စိန္ေရ ရွင့္သားေျပာလို႔ မရဘူး။ စာလည္း မက်က္ဘူး။ ၾကည့္လုပ္ပါဦး”
သား ေၾကာက္ၿပီး စာက်က္ေအာင္ ကြၽန္မေျခာက္လွန႔္ ေျပာဆို လိုက္သည္။ သားက ကြၽန္မစကားကို ဂ႐ုမစိုက္ပါ။ အိပ္ခ်င္သည့္ ပုံစံ ျဖင့္ စာက်က္စားပြဲခုံတြင္ ထိုင္ေနသည္။ ေျပာ၍ ရမည္မဟုတ္မွန္းသိ၍

ကြၽန္မ ဆက္မေျပာေတာ့ပါ။ လုပ္စရာရွိသည့္ အလုပ္မ်ားကို ဆက္လုပ္ ေနလိုက္သည္။ အလုပ္လုပ္ေနရင္းသားကိုလွမ္းၾကည့္လိုက္သည္။ သားက စားပြဲေပၚတြင္ေမွာက္လ်က္အိပ္ေနသည္ကိုေတြ႕ရသည္။ကြၽန္မေနာက္ေဖး
ဘက္ သြားကာ လုပ္စရာရွိသည္မ်ား ဆက္လုပ္ေနခဲ့သည္။ ခဏအၾကာ တြင္ သားစာက်က္သည့္ေနရာမွအသံမ်ား ၾကားလိုက္ရသည္။
“ေၾကာက္ပါၿပီ … အေဖရဲ႕၊ သားကို မ႐ိုက္ပါနဲ႔ေတာ့၊ သား ေၾကာက္ပါၿပီ ေနာက္ဆိုေမေမ့စကားနားေထာင္ပါေတာ့မယ္၊ ခုလည္း စာက်က္ပါ့မယ္”
သား၏ထူးဆန္းေသာငိုသံေၾကာင့္အလန႔္တၾကားျဖစ္ကာအိမ္ေရွ႕သို႔ ထြက္လာခဲ့သည္။ထိုစဥ္ထူးဆန္းေသာအျဖစ္ကိုေတြ႕လိုက္ရသည္။ သား၏ ဦးေခါင္းမွာ ဘယ္ဘက္သို႔ လည္သြားလိုက္ ညာဘက္သို႔လည္သြားလိုက္ ျဖစ္ေနသည္။ သား၏ ပါးျပင္ကို တစ္စုံတစ္ေယာက္က ဘယ္ျပန္ညာျပန္ ႐ိုက္ေနသည့္ ပုံစံမ်ိဳး ျဖစ္ေနသည္။
“သား – ေၾကာက္ပါၿပီ အေဖရဲ႕ေတာ္ပါေတာ့။ သားကိုမ႐ိုက္ပါနဲ႔ေတာ့” သားမွာအိပ္ေပ်ာ္ေနလ်က္က သူ႔ပါးျပင္ႏွစ္ဖက္ကိုလက္ဝါးျဖင့္အုပ္ၿပီး
ငိုေနသည္။ ကြၽန္မသားကိုလႈပ္ႏႉးၿပီးဖက္ထားလိုက္မိသည္။
“ဟဲ့..သားဘာကိုေၾကာက္ေနတာလဲ။ သားကိုဘယ္သူက႐ိုက္ေနလို႔ လဲ၊ အိပ္မက္မက္ေနတာလား”
သားက ႏိုးလာၿပီး ကြၽန္မကို ေၾကာင္၍ ၾကည့္ေနၿပီး ကြၽန္မကို တအား ဖက္ထားလိုက္သည္။
“သားအိပ္မက္ – မက္ေနတာ ျဖစ္မယ္၊ သားေၾကာက္တယ္ေမေမ” “ဘာကို.. ေၾကာက္ေနတာလဲေမေမ့ကိုေျပာပါဦး” “သားစာက်က္စားပြဲမွာအိပ္ေပ်ာ္ေနတုန္းအိပ္မက္မက္ခဲ့တယ္။ အေမ
အိပ္မက္ထဲမွာေဖေဖေရာက္လာတယ္။ ေမေမ့စကားနားမေထာင္လို႔ဆိုၿပီး သားရဲ႕ပါးကို ႐ိုက္တာ၊ သား- ေၾကာက္တယ္ေမေမဒီမွာ ၾကည့္ပါဦး”

သားကအ႐ိုက္ခံထားရေသာ သူ႔ပါးႏွစ္ဖက္ကိုျပသည္။ နာက်င္ေနပုံရ သည္။ သားအျဖစ္ကိုေတြ႕၍ကြၽန္မထိတ္လန႔္သြားမိသည္။ တစ္ဆက္တည္း ကြၽန္မ အိပ္မက္ကို သတိရလိုက္သည္။ ကြယ္လြန္ခဲ့ၿပီးသည့္ ကြၽန္မခင္ပြန္း ကိုေအာင္စိန္က ကြၽန္မကို အိပ္မက္ေပးခဲ့သည့္အတိုင္း သူ႔သားကို ဆုံးမ လိုက္သည္ဟုကြၽန္မထင္မိသည္။ ေၾကာက္စိတ္ျဖင့္ ကြၽန္မေဝခြဲမရျဖစ္ေန သည္။ သားက ေၾကာက္စိတ္ျဖင့္ ကြၽန္မကို ဖက္ထားဆဲျဖစ္သည္။ “သားတကယ္ပဲ – မင္းရဲ႕ေဖေဖကိုေတြ႕ခဲ့တာလား”
“ေတြ႕တာေပါ့- အိပ္မက္လို႔ထင္ေနခဲ့တာ၊ ခုေတာင္ သားပါးႏွစ္ဖက္လုံး နာေနေသးတယ္။ေဖေဖသားကို႐ိုက္တာေသခ်ာတယ္။ေမေမ႐ိုက္တာေတာ့
မဟုတ္ပါဘူးေနာ္”
“ေမေမက – ေနာက္ေဖးမွာအလုပ္လုပ္ေနတာ၊သား -ေအာ္သံၾကားလို႔ ေမေမသားအနားလာခဲ့တာ၊ သားအိပ္ခ်င္ေသးလား၊ အိပ္လိုက္ဦးေလ” “ဟာ- မအိပ္ရဲေတာ့ပါဘူး။ေမေမအိပ္မွအိပ္ေတာ့မယ္။ စာမက်က္ရင္ အ႐ိုက္ခံေနရဦးမယ္၊ သား စာက်က္လိုက္ဦးမယ္”
အအိပ္မက္လြန္းေသာသားကမအိပ္ေသးဘဲစာဆက္က်က္ေနသည္။ သမီးငယ္မွာမူအိပ္ရာထဲအိပ္ေပ်ာ္ေနၿပီျဖစ္သည္။လုပ္စရာအလုပ္မ်ားၿပီး၍ အိပ္ရာထဲဝင္ခဲ့ေသာ္လည္းကြၽန္မအိပ္၍မရပါ။အျဖစ္အပ်က္မ်ားကကြၽန္မ အေတြးထဲလႊမ္းမိုးေနသည္။ ညဥ့္နက္မွ အိပ္ေပ်ာ္သြားခဲ့သည္။ မည္မွ်ၾကာ ေအာင္အိပ္ေပ်ာ္သြားသည္မသိေတာ့ပါ။ နာရီႏႈိးစက္ျမည္သံေၾကာင့္ကြၽန္မ အိပ္ရာမွ ႏိုးလာသည္။ ေကာက္ညႇင္းေပါင္းထေပါင္းရသည္။ ေဈးထြက္ရန္ အားလုံးအသင့္ျပင္ၿပီးမွ သားကို ႏႈိးလိုက္သည္။
“ကဲ- သားထေတာ့ညီမေလးကိုလည္းႏႈိးလိုက္ေတာ့စာေမးပြဲႀကီးနီးၿပီ၊ စာက်က္ေနာ္၊ ေမေမ့စကား နားမေထာင္ရင္ မေန႔ညကလို အ႐ိုက္ခံေနရ အုံးမယ္”
“စိတ္ခ် ..ေမေမသားေၾကာက္သြားၿပီေမေမ့စကားနားေထာင္ေတာ့ မယ္။ ညီမေလးစာက်က္ဖို႔လည္းေျပာမယ္”

“ေအး..ေအးညီမေလးကိုေျပာျပလိုက္၊ေမေမ့စကားနားမေထာင္လို႔
ဘယ္လို အ႐ိုက္ခံရတယ္ဆိုတာေျပာျပလိုက္”
သားႏွင့္သမီးကိုမွာၿပီး ကြၽန္မ ေဈးေရာင္းထြက္ခဲ့သည္။ ေဈးေရာင္း ထြက္ခဲ့ေသာ္လည္း ကြၽန္မ အေတြးမ်ားက ပ်ံ႕လြင့္ေနသည္။ သားမွာ ပါးျပင္ ႏွစ္ဖက္စလုံး အ႐ိုက္ခံခဲ့ရသည္။ တစ္ဆက္တည္းပင္ သြားေလသူ ကိုေအာင္စိန္ကိုသတိရလိုက္မိသည္။ ေဈးေရာင္းၿပီးသည္ႏွင့္ဟင္းခ်က္စရာ မ်ားဝယ္ကာ အိမ္ ျပန္လာသည္။ သားတို႔သမီးတို႔ ေက်ာင္းအမီ ခ်က္ျပဳတ္ရ ဦးမည္ျဖစ္သည္။ အိမ္ေရာက္ေရာက္ခ်င္း သားကိုေမးလိုက္သည္။ “ဟဲ့..သားညီမေလးစာက်က္ရဲ႕လား”
“သားႏႈိးတာ – ခ်က္ခ်င္းမထဘူး။ ခုနကမွအိပ္ရာကထတာ၊ စာလည္း မက်က္ဘူး”
“သား … ဘယ္လို အ႐ိုက္ခံခဲ့ရတယ္ဆိုတာ ေျပာမျပလိုက္ဘူးလား” “ေျပာျပပါတယ္…ညီမေလးကမယုံဘူးတဲ့၊ သူ႔ကိုေျခာက္လွန႔္တာတဲ့” “ေအးေလ…ထားလိုက္ပါေတာ့- ညေနေက်ာင္းကျပန္ေရာက္မွေမေမ ေျပာျပလိုက္ေတာ့မယ္”
ကြၽန္မ မနက္စာ ခ်က္ျပဳတ္ ၿပီးစီးသည္ႏွင့္ ကေလးႏွစ္ဦး ထမင္းခ်ိဳင့္ ကိုယ္စီျဖင့္ ေက်ာင္းတက္သြားၾကသည္။ သူတို႔ေနာင္ေရးကို ေတြးပူမိၿပီး
ကြၽန္မသက္ျပင္းခ်လိုက္မိသည္။ေတြေဝေန၍မျဖစ္ေသးေပ။ညေနအေၾကာ္
ေၾကာ္ရန္အတြက္ျပင္ဆင္ရဦးမည္။
ညေနေက်ာင္းဆင္းခ်ိန္တြင္သားကေနာက္က်ၿပီးမွျပန္ေရာက္ေနက်၊ အေဖာ္မ်ားႏွင့္ ေဆာ့ကစားေနက်လည္း ျဖစ္သည္။ သမီးငယ္ကလည္း သူ ငယ္ခ်င္းမ်ားႏွင့္ေဆာ့ကစားေနသည္ထိုစဥ္အခိုက္မွာပင္ သားျပန္ေရာက္
လာသည္။
“ဟဲ့ … သား ေက်ာင္းက ျပန္လာတာ ေနာက္က်လွပါလား၊ အခ်ိန္ကို လည္းၾကည့္ဦး”
“သား….ေဘာလုံးကန္ေနလို႔ပါေမေမဟိုမွာညီမေလးလည္းေဆာ့ေန
တာပဲ။ သူ႔က်ေတာ့ ေမေမက မေျပာဘူး”

“သားက အႀကီးပဲ သိတတ္တဲ့ အ႐ြယ္ေရာက္ေနၿပီေလ၊ ႏွစ္ေယာက္ စလုံး မေအကို သနားရေကာင္းမွန္း မသိၾကဘူး။ ပေထြးနဲ႔ ေတြ႕ခ်င္လို႔ ထင္ တယ္။ ကိုေအာင္စိန္ေရ – ရွင့္သားနဲ႔သမီးကို ၾကည့္လုပ္ပါဦး”
ကြၽန္မက သြားေလသူ၏ အမည္ကို တမ္းတ ေရ႐ြတ္ရင္း ေျပာလိုက္ သည္။ ညေနေစာင္း အေၾကာ္ေၾကာ္ၿပီး ကြၽန္မ ကိုယ္တိုင္ လိုက္ပို႔သည္။ သားႀကီးအေၾကာ္ သြားပို႔လွ်င္ အေႂကြးက်သည္က မ်ားသည္။ အေႂကြး ေတာင္းရန္အတြက္ ကြၽန္မ ကိုယ္တိုင္ အေၾကာ္ လိုက္ပို႔ျခင္း ျဖစ္သည္။ ေဖာက္သည္တစ္ဦးထံအေၾကာ္မ်ားအေရအတြက္ေပးေနစဥ္ေျခရင္းအိပ္မွ
ေဒၚစိန္ႏွင့္ ဆုံခဲ့သည္။
“ဟဲ့ … မတင့္ နင့္အိမ္က ကေလးေတြ ငိုေနသံ ၾကားရတယ္။ ငါက နင္ ကေလးေတြကို႐ိုက္ၿပီး ဆုံးမေနတာလို႔ ထင္ခဲ့တာ။ ခုေတာ့ “နင္ကဒီမွာ”
“ဘယ္လိုၾကားလို႔လဲ….ေဒၚစိန္”
“တစ္ေယာက္ေယာက္က ႐ိုက္ႏွက္ဆုံးမေနသလိုပဲ ေၾကာက္ပါၿပီ အေဖရဲ႕လို႔ေျပာၿပီး ေတာင္းပန္သံလည္း ၾကားရတယ္၊ ငါ လွမ္းၾကည့္ေတာ့ လည္းဘာမွမေတြ႕ရေတာ့ဘူး။ ထူးလိုက္တာနင္႐ိုက္တာထင္ေပမယ့္နင္က ဒီမွာဆိုေတာ့”
“ဟုတ္လား…ေဒၚစိန္ ကြၽန္မ – ျပန္ဦးမယ္”
ေဒၚစိန္ကို စကားျဖတ္ၿပီး ခပ္သုတ္သုတ္ပင္ အိမ္ျပန္လာသည္။ ရင္ထဲ တြင္လည္းထိတ္လန႔္ေနမိသည္။ကြၽန္မအိမ္ေပၚအတက္တြင္ေမာင္ႏွမႏွစ္ဦး စာက်က္စားပြဲ နားတြင္ ဖက္လ်က္သား ငိုေနသည္ကို ေတြ႕ရသည္။ ကြၽန္မ သနားသြားမိသည္။ ကြၽန္မကို ေတြ႕သည္ႏွင့္ ကြၽန္မထံ ေျပးလာကာ ဖက္၍ ငိုျပန္သည္။
“ဟဲ့ – ဟဲ့ အထိတ္တလန႔္ကြယ္ – ဘယ္လိုျဖစ္လို႔ ငိုေနၾကတာလဲ” “ဒီမွာ … ၾကည့္ပါဦးေမေမ”
သမီးက သူ႔ေျခသလုံးကိုလွန္ျပသည္။
“သားလည္း – ေျခသလုံးမွာ အ႐ိုက္ခံရတယ္ေမေမဒီမွာေလ”

သမီးႏွင့္သားေျခသလုံးတြင္ အ႐ိုက္ခံထားရသည့္ အရႈိးအစင္းရာမ်ား မ်ားေတြ႕ရ သည္။
“အိမ္မွာ – ေမေမလည္းမရွိဘူး သားနဲ႔သမီးကို ဘယ္သူ႐ိုက္တာလဲ” “ထူးဆန္းလိုက္တာေမေမ..အေၾကာ္ပို႔ဖို႔ထြက္သြားေရာသားကအရင္ အ႐ိုက္ခံရတာ ၿပီးေတာ့ ညီမေလး အ႐ိုက္ခံရတာလဲ” “ဟို- ထရံေထာင့္က ႀကိမ္လုံးနဲ႔ေပါ့”
သားက ထရံေထာင့္တြင္ရွိေသာ ႀကိမ္လုံးကိုလက္ညႇိဳးထိုး၍ျပသည္။ ကြၽန္မရင္ထဲထိတ္ခနဲျဖစ္သြားသည္။
“ဟင္ – ဟုတ္ရဲ႕လားအဲဒီႀကိမ္တုတ္ကသားတို႔အေဖမေသခင္ကိုင္ခဲ့တဲ့ ႀကိမ္တုတ္ပဲ၊ သားတို႔ကို ဆုံးမခ်င္ရင္ ဒီႀကိမ္တုတ္နဲ႔႐ိုက္ၿပီး ဆုံးမေလ့ရွိခဲ့ တာ။ ဒါဆို သားတို႔ကို ႐ိုက္တဲ့သူဟာ”
“ေဖေဖ-ပဲေပါ့ ေမေမရာ ေသခ်ာပါတယ္။ ေဖေဖ့ဝိညာဥ္က သားတို႔ အနားမွာ ရွိေနတာ ျဖစ္မယ္။ ေနာက္ဆို သားလိမၼာ ပါေတာ့မယ္။ ေမေမ့ စကားလည္း နားေထာင္ပါေတာ့မယ္။ ေမေမကလည္း ေဖေဖ့နာမည္ကို ေခၚၿပီးတိုင္တာေတာတာေတြမလုပ္ပါနဲ႔ေတာ့ – ေဖေဖသားတို႔အနီးအနား မွာရွိေနတာေသခ်ာပါတယ္”
“ကိုကို႔ – ပါးႏွစ္ဖက္အ႐ိုက္ခံရတုန္းကသမီးမယုံခဲ့ဘူး။ခုေတာ့ – ေဖေဖ ႐ိုက္တာ ယုံပါၿပီ။ သမီး ေၾကာက္တယ္ ေမေမ့စကား နားေထာင္ပါေတာ့ မယ္”
အံ့ဩထိတ္လန႔္စြာျဖင့္ သားႏွင့္သမီးကိုဖက္ထားလိုက္မိသည္။ ထိုေန႔ ေနာက္ပိုင္းမွစ၍သားႏွင့္သမီးတို႔မွာထူးျခားစြာေျပာင္းလဲသြားသည္။ မိုးခ်ဳပ္ သည္ႏွင့္ႏွစ္ေယာက္စလုံးစာၾကည့္စားပြဲေပၚေရာက္ေနၿပီျဖစ္သည္။အေၾကာ္
လိုက္ပို႔သည့္အလုပ္ကိုလည္းသားက သူလုံးဝတာဝန္ယူလိုက္သည္။စာကို
လည္း ယခင္ကထက္ ပို၍ ႀကိဳးစားလာၾကသည္။ သူတို႔အျဖစ္ကို ၾကည့္၍

သြားေလသူကိုေအာင္စိန္ကိုႀကိတ္၍ ေက်းဇူးတင္ေနမိသည္။ကိုေအာင္စိန္
ကြၽန္မတို႔အနီးပတ္ဝန္းက်င္တြင္ရွိေနၿပီးသူ႔သားသမီးမ်ားကိုဆုံးမေနသည္
မွာကြၽန္မကိုယ္ေတြ႕ပင္ျဖစ္သည္။ယခင္ကဆုံးမစကားနားမေထာင္ခဲ့ေသာ
သားႏွင့္သမီးတို႔မွာယခုသိတတ္နားလည္လိမၼာေရးျခားရွိလာၿပီျဖစ္သည္။
သားႏွင့္သမီးေျပာင္းလဲလာေသာအေျခအေနမ်ားေၾကာင့္ေျခရင္းေခါင္းရင္း အိမ္မ်ားက စပ္စု ေမးျမန္းလာၾကသည္။ ကြၽန္မ ဟန႔္တားထားမႈေၾကာင့္ သားႏွင့္ သမီးက အျဖစ္မွန္မေျပာခဲ့ၾကပါ။
တစ္ေန႔နံနက္ ေဝလီေဝလင္းအခ်ိန္ ေကာက္ညႇင္းေပါင္းအိုး တည္ေန စဥ္တြင္ ျဖစ္သည္။ ေကာက္ညႇင္းေပါင္း မက်က္ မနပ္ ျမည္းစမ္း ၾကည့္ရန္ အဖုံးဖြင့္လိုက္စဥ္”ငါ့ကိုလည္းနည္းနည္းေကြၽးပါ” ဟုအသံေကာက္ညႇင္းအိုး အနီး ေပၚလာသည္။ ႐ုတ္တရက္မႀကဳံဖူးေသာ အျဖစ္မို႔ ကြၽန္မ ထိတ္လန႔္ သြားၿပီးအိမ္ထဲသို႔ေျပးဝင္သြားမိသည္။ အိပ္ေနေသာသားကိုလႈပ္ႏႈိးလိုက္မိ သည္။ သားက အလြယ္တကူပင္အိပ္ရာမွ ႏႈိးလာသည္။
“သား – ႏႈိးေနပါၿပီ။ထေတာ့မလို႔ပါ။ ေမေမ – လာႏႈိးတာနဲ႔ အေတာ္ျဖစ္ သြားတယ္။ ခုနက ဘယ္သူနဲ႔ စကားေျပာေနတာလဲ မိုးမလင္းေသးဘူး။ ေကာက္ညႇင္းေပါင္းလာဝယ္တာလား၊ အဲဒီအသံ ၾကားဖူးေနသလိုပဲ” “ဝယ္တဲ့သူ မဟုတ္ဘူး။
ငါ့ကိုလည္းနည္းနည္း ေကြၽးပါဆိုတဲ့ အသံ ၾကားလိုက္ရတယ္။ ေမေမ လည္းေၾကာက္ၿပီးသားကိုလာႏႈိးတာ”
“သားက ခုမွ စဥ္းစားမိတယ္။ အဲဒါ ေဖေဖ့အသံပဲ။ ေကာက္ညႇင္းေပါင္း လာေတာင္းတာ ေဖေဖပဲ ျဖစ္ရမယ္”
သားေျပာလိုက္မွကြၽန္မအေတြးထဲေပၚလာသည္။ေကာက္ညႇင္းေပါင္း လာေတာင္းေသာ တုန္တုန္ယင္ယင္ လက္တစ္ဖက္သည္ အရက္သမား ကိုေအာင္စိန္၏လက္ခ်က္ပင္ ျဖစ္လိမ့္မည္။
“ေမေမ … ခုထိ မသိေသးဘူးလား ေဖေဖပဲေပါ့၊ ေနာက္တစ္ခါ ေကာက္ညႇင္းေပါင္းလာေတာင္းရင္နည္းနည္းေပးလိုက္ပါ၊ ေဖေဖ သနားပါ
တယ္”

“သားက … သနားေန၊ ေမေမ- ခုထက္ထိေၾကာက္ေနတုန္းပဲ” ကြၽန္မကိုသာဘာလို႔ေၾကာက္ေနတာလဲဟုေျပာေပမယ့္သားကိုယ္တိုင္
ကမူသူ႔အေဖကိုတုန္ေနေအာင္ေၾကာက္သူျဖစ္သည္။ ယခုလည္းသူ႔အေဖ အဆုံးအမေၾကာင့္ စာႀကိဳးစားလာၿပီး သိတတ္လိမၼာသူ ျဖစ္လာသည္ကို ကြၽန္မ အသိဆုံးပင္ ျဖစ္သည္။ ကြၽန္မလည္း ေနာက္အိမ္ေထာင္ျပဳမည္ဟု သားႏွင့္သမီးကိုမေျပာေတာ့ပါ။ထိုသို႔ေျပာမိလွ်င္ကိုေအာင္စိန္ကအိပ္မက္ ေပးၿပီးသူ႔သားသမီးကို႐ိုက္ႏွက္ဆုံးမပါေတာ့သည္။ယခုအခ်ိန္တြင္သားႏွင့္ သမီးမွာ ေျပာစရာမလိုေအာင္ သိတတ္ လိမၼာေနၾကပါၿပီ။ ကိုေအာင္စိန္ ႐ိုက္ႏွက္ ဆုံးမသည္ကိုပင္ မေတြ႕မၾကားရေတာ့ပါ။
တစ္ရက္နံနက္ေစာေစာေကာကညႇင္းေပါင္းအိုးတည္ေနစဥ္ျဖစ္သည္။
သားကလည္းေစာေစာထ၍စာက်က္ေနခ်ိန္ျဖစ္သည္။ ေကာက္ညႇင္းေပါင္း နပ္မနပ္သိရန္အိုးဖုံးဖြင့္လိုက္သည္။ အေငြ႕တေထာင္းေထာင္းျဖင့္ေမႊးႀကိဳင္ ေသာ အနံ႔ ထြက္လာသည္။ ထိုအခိုက္မွာပင္ ေကာက္ညႇင္းေပါင္းအိုးအနီး “ငါ့ကိုနည္းနည္းေကြၽးပါ” ဟူေသာအသံလည္းၾကားရသည္။ “ေမေမ … ဟိုမွာ ေကာက္ညႇင္းေပါင္း ေတာင္းေနတယ္၊ လက္ထဲ ထည့္ေပးလိုက္ပါ”
သားကအနီးအနားမွာရွိေန၍ေတာ္ေသးသည္။ ကြၽန္မစဥ္းစားခ်ိန္မရ ေတာ့ပါ။ ေၾကာက္႐ြံ႕စိတ္ျဖင့္ တုန္တုန္ယင္ယင္ ျဖစ္ေနသည္။ သားစကား အတိုင္း အိုးထဲမွ ပူပူေလာင္ေလာင္ေကာက္ညႇင္းေပါင္းကိုေယာက္မျဖင့္ ခပ္ယူလိုက္ၿပီး ပန္းကန္ႏွင့္ထည့္ေပးလိုက္သည္။ထိုစဥ္မွာပင္ “အား” ဟူေသာအသံနက္ႀကီးကို ထိတ္လန႔္ဖြယ္ ၾကားလိုက္ရသည္။တိတ္ဆိတ္ ေနေသာ နံနက္ေဝလီေဝလင္း အခ်ိန္ျဖစ္၍ အသံက ဟိန္းထြက္သြား သည္။“အား” ဟူေသာ အသံႏွင့္အတူၿငိမ္သက္တိတ္ဆိတ္သြားေတာ့ သည္။ အေငြ႕တေထာင္းေထာင္းထေနေသာပူပူေလာင္ေလာင္ေကာက္ညႇင္း ေပါင္းမ်ားဖိတ္စဥ္က်န္ရစ္ခဲ့သည္။ကြၽန္မသတိထားလိုက္မိခ်ိန္တြင္သားအမိ
ႏွစ္ဦးဖက္ထားလ်က္သားျဖစ္ေနေတာ့သည္။

“မတင့္…ေျပာျပပုံအရဆိုရင္ေတာ့ ငါ့ – သူငယ္ခ်င္းေအာင္စိန္မကြၽတ္ မလြတ္ဘဲဒီၿခံထဲမွာရွိေနတာေသခ်ာသေလာက္ပဲ။ ဒါနဲ႔ – ေအာင္စိန္ၿခံထဲမွာ
ရွိေနၿပီး သူ႔သားနဲ႔သမီးကို ႐ိုက္ႏွက္ ဆုံးမေနတာ ေဘးအိမ္က လူေတြေရာ မသိၾကဘူးလား”
“ပထမေတာ့ မသိၾကဘူး။ ကြၽန္မလည္း မေျပာဖို႔ တားထားတာ။ အဲဒီ ေကာက္ညႇင္းေပါင္း ပူပူေလာင္ေလာင္ပန္းကန္ႀကီး သူ႔လက္ထဲ ထည့္ေပး လိုက္သလိုေတာ့ ပူလြန္းလို႔ ထင္ပါရဲ႕။ အသံနက္ႀကီးနဲ႔ ေအာ္လိုက္တာ။ မနက္မိုးလင္းေတာ့ ဟိုဘက္ ဒီဘက္ အိမ္ေတြက ေမးၾကတယ္။ ေဝလီ ေဝလင္းမတင့္တို႔ၿခံဘက္ကအသံနက္ႀကီးနဲ႔ ေအာ္သံၾကားလိုက္ရတယ္။ ဘာသံႀကီးလဲ။ ဘယ္သူ႔ေအာ္သံလဲလို႔ေမးၾကတာေပါ့။ ဒီလိုနဲ႔ သတင္းေတြ ျပန႔္သြားၿပီး ကိုေအာင္စိန္ ဒီၿခံထဲမွာရွိမွန္း သိသြားၾကတယ္။ ကေလးေတြ ပါးစပ္မလုံတာလဲပါတာေပါ့”
“ခုေရာ – အေျခအေန ဘယ္လိုလဲ ေကာက္ညႇင္းေပါင္း လာေတာင္း ေနတုန္းပဲလား”
“အဲဒီေအာ္သံႀကီး ၾကားၿပီးကတည္းက ေကာက္ညႇင္းေပါင္း လာ
မေတာင္းေတာ့ဘူး”
“ဒါေပမဲ့…”
“ဒါေပမဲ့ … ဘာျဖစ္လဲ – ေျပာပါဦး”
“ငါေနာက္လင္ယူလိုက္မယ္။ နင္တို႔ပေထြးနဲ႔ေတြ႕မွသိမယ္လို႔ကေလး ေတြကို ေျပာလိုက္တိုင္း ကိုေအာင္စိန္က သူ႔သားနဲ႔သမီးကို ႐ိုက္ႏွက္ ဆုံးမ ေတာ့တာပဲ”
“အင္း.. ငါ့ … သူငယ္ခ်င္းကနင့္ကို – ေတာ္ေတာ္ခ်စ္တာပဲ။ နင္ေနာက္ အိမ္ေထာင္ထူမွာကိုသေဘာမက်ဘူးျဖစ္ေနတာသိသာေနတယ္။ေအးေလ … နင္လည္း အ႐ြယ္ရွိေသးတာပဲ၊ တစ္ေယာက္တည္း ႐ုန္းကန္ေနရတာ၊ သင့္ေတာ္တဲ့ သူေတြ႕ရင္ ေနာက္အိမ္ေထာင္ထူခ်င္ထူေပါ့ဟာ”

“မျဖစ္ပါဘူး – အစ္ကိုရာ၊ေတာ္ၾကာကိုေအာင္စိန္ကျပႆနာလုပ္ေန ဦးမယ္။ပါးစပ္ကေျပာ႐ုံနဲ႔ေတာင္ဒီေလာက္ျဖစ္ေနတာ၊တကယ္သာကြၽန္မ ေနာက္လင္ယူလို႔ကေတာ့ အို – မျဖစ္ပါဘူးေလ၊ မစဥ္းစားေတာ့ပါဘူး”
“ငါ့ – သူငယ္ခ်င္းက ေတာ္ေတာ္အတၱႀကီးတဲ့သူပဲ၊ ဘဝျခားေနၿပီေလ၊ သူနဲ႔ဘာမွ မဆိုင္ေတာ့တဲ့ ကိစၥပဲ၊ ဘာလို႔ ေႏွာင့္ယွက္ေနရတာလဲ။ အတၱႀကီးတဲ့ဝိညာဥ္လို႔ ေျပာရမလို ျဖစ္ေနၿပီ။ ဒီေကာင့္ ဝိညာဥ္ ဒီၿခံထဲမွာ ရွိေနတာေသခ်ာပါၿပီဟာ။ ကဲ-ကဲမိုးလည္းခ်ဳပ္လွၿပီ။ ငါ – ျပန္ဦးမယ္” “ဟုတ္ကဲ့ .. အစ္ကိုသန္းေအာင္ ေနာက္လည္း လာဦးေနာ္၊ မျပန္ခင္ လည္းလာလည္ပါဦး”
“ေအးပါ… မျပန္ခင္လာၿပီးႏႈတ္ဆက္ပါဦးမယ္၊ သြားၿပီေနာ္”
မတင့္ကို ႏႈတ္ဆက္ၿပီး ကြၽန္ေတာ္ ျပန္လာခဲ့သည္။ ကြယ္လြန္သြားခဲ့ သည့္သူငယ္ခ်င္းေအာင္စိန္၏ဝိညာဥ္က အနီးအနားတြင္ ရွိေနၿပီး သူ႔
ကေလးမ်ားကိုေစာင့္ေရွာက္ဆုံးမေနသည္ဟုကြၽန္ေတာ့္ညီမေျပာခဲ့စဥ္က ကြၽန္ေတာ္ မယုံတစ္ဝက္ ယုံတစ္ဝက္ ျဖစ္ေနခဲ့သည္။ ယခု ကိုယ္တိုင္ၾကား သိရေတာ့မွ –
၁ – ေမာင္ေမာင္ဖိုးေအာင္