ထိန်ပင်သုသာန်(စ/ဆုံး)
———————
ကျွန်းတောရွာလေးမှာ တောရွာလေးတစ်ရွာပင်။
အေးချမ်းလှတဲ့ ဒေသလေး အညာဒေသလေးဖြစ်လေသည်။ ပုပ္ပါးတောင်ကြီး မြောက်ဘက်အစောင်း
ွမှာ တည်ရှိသည်။ ကျွဲနွားများကို ခိုင်းစေရင်း မိရိုးဖလာ တောင်သူများဖြစ်ကြလေသည်။ တစ်ရွာလုံး ရိုးသားကြ
သလို ဖော်ရွေတက်တာက တောအလှပင်ဖြစ်လေသည်။
ထို့သို့ အေးချမ်းလှသော ရွာလေးမှာ တစ္ဆေ သရဲအများဆုံးခြောက်လှန့်တဲ့ နှစ်ရွာကြား သုသာန်ကြီးမှာ အထင်ကရနာမည်ကြီးလှသည်။
ထိုသုသာန်ကြီးမှာ ခြောက်လှန့်ရုံတင်မဟုတ် ခြောက်လှန့်ခံရသူတိုင်းသေလုမျောပါး ခံစားကြရသည်။
ရိုးသားတဲ့ တောရွာလေးမှာ သူကြီး ဦးချစ်တင်မှ အုပ်ချုပ်လေသည်။သူကြီး ဦးချစ်တင်မှာ သားသမီးသုံးယောက်ရှိသည်။ အကြီးနှစ်ယောက်မှာ နယ်အသီးသီးမှာအိမ်ထောင်ပြုသွားကြပေမယ့် အငယ်ဆုံး
သား..ရဲထက်မှာကား အရွယ်နှင့်မလိုက် ဆိုးပေးလွန်းသည်။ပညာလည်း ဆုံးခန်းတိုင်အောင်မသင်..လူဆိုး ကျော်ထွန်းနှင့် တတွဲတွဲ အရပ်တကာအလောင်းကစားနှင့်သာပျော်မွေ့နေသည်။ သူကြီးလည်း ပြောဆိုမရသည့်အဆုံး ဒီအတိုင်းလွှတ်ထားရသည်။
တနေ့တနေ့ ဘာသွားလို့ ဘာလုပ်သည်မသိပေ။
“သေချာရဲ့လားကွာ ကျော်ထွန်း”
“အတိအကျပါကွာ ဒီနေရာပဲ ”
“ဟိုး အုပ်ဂူ ဖြူဖြူလေးနဲ့ မလှမ်းမကမ်းပါကွ”
း “ပြီးတာပဲ…ဒါဆိုလုပ်ငန်းစတော့မယ်”
ကျော်ထွန်းနှင့် ရဲထက် ထိန်ပင် သုသာန်ကြီးအတွင်း
လောဘဇောနဲ့ သုသာန်မြေအတွင်းက လူသေကောင်
လက်ကရွှေလက်စွပ်ကို ချွတ်ယူရန်စိတ်ကူးနှင့် တူးဖော်
နေကြသည်။
“ချွမ်…ချွမ်…ဒုတ်”
“မာလိုက်တဲ့မြေကွာ ဘယ်နှစ်ခုနှစ်ကများ မြုတ်ထားလည်းမသိဘူး”
“အားစိုက်တူးပါကွ…မနေ့ကမှ လတ်လတ်ဆတ်ဆတ် မြုတ်ထားတာပါကွ”
“မင်းဟာ သေချာရဲ့လားကွာ ဒီလောက်မြေကမာနေတာ
နေရာများ လွဲသလားကွ”
“လွဲစရာမရှိပါဘူးကွာ…အားစိုက်တူးစမ်းပါ”
ရဲထက်နဖူးမှ ချွေးသီးများပင်ကြလာလေပြီ ယခုထိ
မြေက တစ်တောင်မကျသေး….
“အူးးး ဝူးးး ဝူးးး းးးးးးးး”
“ဖျော…ဖျော…ဖျော”
“ကျော်ထွန်း ခွေးအူသံကြီးက ကျောချမ်းလိုက်တာကွာ”
“မင်းကလည်း ဒီတခါ အချီကြီးကွ ဂရုစိုက်မနေနဲ့ ကိုယ့်
အလုပ်ကို လုပ်ပါကွာ”
“ချွမ်..ချွမ်….ချွမ်”
“ဟေ…ဘယ်သူတွေလဲကွ”
“ဒါသင်္ချ ိုင်းကွ ဆော့စရာများထင်နေလား”
“ဒီအဖိုးကြီး ရှုပ်တယ်ကွာ”
“ဒါဘာလုပ်တာလဲမင်းတို့ ကျော်ထွန်း ရဲထက် မင်းတို့ကောင်တွေ ဘာလုပ်တာလဲ”
“ကျော်ထွန်း မဖြစ်တော့ဘူး ဒီအဖိုးကြီး ဇယားလာရှုပ်နေ
တယ် ရှင်းပြစ်ကွာ”
“ကဲကှာ…ခှမြးးးးးးးးးး”
“အားးးး အွန့်”
ကျော်ထွန်းလက်ထဲမှ ဂေါ်ဇောင်းနှင့် သုဘရာဇာကြီး
ဇာတ်ပိုးကို တအားလွှဲရိုက်ချလိုက်လေသည်။
သုဘရာဇာကြီးလည်း တခါတည်း မှောက်ရက်သားလဲ
ကျသွားပြီး မလှုပ်တော့ပေ။
“ရတော့မယ် ကျော်ထွန်း”
“ဒီမှာ အ၀တ်စလေး ပေါ်နေပြီကွ”
“ဟေ…ဟေ့”
“တူးကွာ ရဲထက် ဆက်တူး အလောင်းထုပ်တဲ့အ၀တ်ပဲဖြစ်ရမယ်”
အလောင်းမှ တချက်တူးလိုက်တိုင်း ပုတ်နံ့က ဟောင်ကနဲ့ဆို လှိုင်ထွက်လာသည်။
“နံလိုက်တာကွာ အသေဆိုးနဲ့သေတာဖြစ်မယ်”
“လူတွေမသေခင်က ပုတ်ရင် သေရင်ပိုပုတ်တယ်တဲ့ကွ”
“စကားများလိုက်တာကွာ လုပ်စရာရှိတာလုပ်ပါကွာ”
“ပေါ်လာပြီဟ….ဟေဟေ့…စောင်ထုပ်ကြီးနဲ့ထုပ်ထားတာကွ”
“ဟာ……ဆွဲတင်ဟ..”
ကျော်ထွန်းမျက်နှာ လောဘရိပ်များသန်းလာလေပြီ…
အဘွားကြီး ဒေါ်နူ သဂြိုဟ် စဉ်က လိုက်ပို့ခဲ့တာကြောင့်
ရွှေလက်စွပ် နဲ့ နားတောင်း ကြီးကိုတွေးမြင်နေမိသည်။
“အူးးး အူးးး အု….”
“အု…အူးးး ဝူးးး ဝူးးး ”
ခွေးအူသံများတစတစနှင့် ကျယ်လောင်လာလေသည်။
“ကျော်ထွန်း စောင်ထုပ်ကြီးဖြည်ကွာ ”
“ဟာ..မင်းဖြည်ပါကွ”
“ငါ မြေတူးရတာမောနေပြီ”
နှစ်ယောက်သား စောင်ထုပ်ကိုဖြည်ရန် ငြင်းဆိုနေရင်း..
“ကျော်ထွန်း…မင်းနောက်မှာ…”
“ဘာလဲကွ…မင်းနောက်စရာမဟုတ်ဘူးနော်”
“ငါမနောက်ဘူးကွ”
ရဲထက် မျက်လုံးအစုံပြူးကျယ်လျှက် ထိန့်တလန့်နှင့် ကျော်ထွန်း ကျောဘက်ဆီကိုသာ လက်ညိုးထိုးပြနေသည်။
“ဟာ……….”
ကျော်ထွန်း ဟာ ဆိုသော အာမေဋိတ်သံမှလွဲပြီး နောက်
ထပ်ဘာစကားမျှမဆိုနိူင် ပါးစပ်အဟောင်းသားနှင့်သာ..
စောင်ထုပ်ကြီးထဲက အလောင်းမှာ သူ့အလိုလိုထလာပြီး
ကျော်ထွန်း နောက်မှ ရပ်နေသည်။
ရဲထက်မှာ ချွေးစေးချွေးလုံးများပင်ပြန်လာလေပြီ..
တခါမှမကြုံဖူး မတွေ့ဖူး။
ကျော်ထွန်းကတော့ မထူးဆန်းသလိုပင် အေးအေးဆေးဆေးပဲ မြေတူးရန် ယူလာသော ပေါက်တူးနှင့် အလောင်း
ကောင် ဇာတ်ပိုးကို လွဲရိုက်ချလိုက်သည်။
အလောင်းကောင်မှာ လောက်တဖွားဖွားနှင့် ပုတ်ရည်
များ ထွက်လာပြီး ကျော်ထွန်း မျက်နှာဆီ ပေကျံသွားသည်။
“အဲ့တာ ဘာဖြစ်တာလဲကျော်ထွန်း”
“ခွေးအူသံ မင်းကြားတယ်မလား…”
“အဲ့တာ ဖုတ်၀င်တာ..မဆန်းပါဘူးကွာ”
ကျော်ထွန်းက မဆန်းပေမယ့် ရဲထက်မှာ သွေးပျက်မတက်ခြောက်ခြားနေသည်။
“ရဲထက်…မသာလက်က လက်စွပ်ချွတ်ကွာ”
“ဟာ…မလုပ်ရဲပါဘူးကွာ”
“မင်းကွာ ဒီလောက်တောင်သွေးနည်းရသလား”
“ကြည့် ငါ လုပ်ပြမယ်”
ကျော်ထွန်း အလောင်း လက်ခလယ်မှာ ၀တ်ထားတဲ့
ရွှေလက်စွပ်နှင့် နားက နားတောင်းကိုပါ ဖြုတ်ယူလိုက်
သည်။
“ကဲ…ဘာဆန်းသလဲ…ကြောက်တက်ရန်ကော.ရဲထက်”
ရဲထက်မှာ ကျော်ထွန်းလုပ်သမျှငေးကြည့်နေရင်း ကြက်
သီးများပင် ထနေသည်။
“ရဲထက် ဒီအလောင်းကြီး ပြန်မြုတ်မှရမယ်ကွ”
“ဒီဘိုးတော်ကြီးကဘယ်လိုရှင်းမလဲ”
“ဟုတ်သားပဲ…မဖြစ်ဘူး ဒီအဘိုးကြီးက ငါတို့ကိုသိတယ်
ကြ…”
“တခါတည်း မြှတ်ခဲ့ကွာ ကြာတယ်”
“အွန့်…..အားးးး.. .ငါ့ကို…ငါ့ကို မသတ်ကြပါနဲ့ကွာ”
“မင်း..မင်းတို့…ငါ…မသေသေးဘုးနော်…မင်း…”
သုဘရာဇာကြီးပါးစပ်မှ တတွက်တွက် နှင့် ပြောနေရင်း ရဲထက်ကတော့
အလောင်ကောင်ကြီးနဲ့အတူ မြေများစတင်ဖို့နေရှာပြီ…..
“ငါ…မသဘေူး….ငါမသဘေူး”
ထိုအသံကြီးမှာ မြေဖို့ နေသော ရဲထက်အဖို့ မချိမရဲနှင့်
ခြောက်ခြားစရာပင်။
သို့သော်လည်း မြေဖို့ပြီးသည်မို့ တိတ်ဆိတ်နေသော ပတ်၀န်းကျင်တစ်ခုလုံး မူလပကတိအတိုင်း ငြိမ်သက်သွားသည်။
/\/\/\/\/\/\/\/\/\/\/\/\/\
ကျော်ထွန်းမှာ လူဆိုးလူပေတစ်ဦး ကြက်တိုက်ဖဲရိုက်နှင့်
ရွာနီးခြောက်စပ် မသိသူမရှိ နေ့စဉ်အရက်လေးတမြမြသောက်နေရမှ စား၀င်အိပ်ပျော်သူပင်။
ကျွန်းတောရွာရဲ့ လူတကာအော့ကျောလန်တယောက်ဖြစ်သည်။အလုပ်အကိုင် မယ်မယ်ရရမရှိ တကောင်ကြွက် မိဘများမှာ လယ်သမားများဖြစ်ပေမယ့် ကျော်ထွန်း မွေးပြီးကတည်းက ကပ်ဘေးတစ်ခုကြောင့် ၀မ်းလျှော ၀မ်းပျက်ရောဂါနှင့် အနိစ္စရောက်သွားခဲ့လေသည်။
ကျော်ထွန်းမှာ ဆုံးမပဲ့ပြင်သူလည်းမရှိ ပင်ကိုယ်က ရိုင်းပြ
သူဖြစ်လေတော့ မည်သူမှလည်း ဆုံးမှမှု့မရှိ ဆိုးပေတေနေသည်။ မိဘအမွေ လယ်ယာများကိုလည်း လုပ်ကိုင်မစား အရပ်တကာလှည့် လောင်းကစားသမားများနှင့်
တွဲပြီး ဆိုးချင်တိုင်း ဆိုးနေသူတယောက်ဖြစ်သည်။
ရဲထက်မှာ အသက်အရွယ်ကငယ်ရွယ်သေးသူဖြစ်သော်လည်း ကျော်ထွန်းစနက်ကြောင့် မိဘစကားနားမ၀င် ပညာမသင်ပဲ အလောင်းကစားလောကနှင့်ပျော်မွေ့နေရှာသည်။မိဘဘများမှာ ကျွန်းတောရွာရဲ့ ရွာမျက်နှာဖုံးဆိုလည်းဟုတ် ရဲထက်အဖေမှာ ကျွန်းတောရွာသူကြီးလည်းဖြစ်ပေသည်။ မောင်နှမတွေကြား
အငယ်ဆုံးသားလေးမို့ အလိုလိုက်ထားသမျှ လူဆိုးကျော်ထွန်းနဲ့ပေါင်းပြီး လူမိုက်ရာထူးကို ပျော်မွေ့နေသည်
ကြောင့် တနေ့မှ စိတ်မချမ်းသာ ဆိုဆုံးမ၍လည်းမရ ဒီတိုင်းပစ်ထားခဲ့ရသည်သာ။
တနေ့ ကျော်ထွန်းနှင့် ရဲထက် ပေကြီးကုန်းရွာ ဘက်ကြက်တိုက်ရန် သွားခဲ့သည်။
“ရဲထက်…ဒီနေ့ကြက်ပွဲက ကြေးကြီးတယ်ကွ”
“မင်းမှာ ပိုက်ဆံ ဘယ်လောက်ပါလဲ”
“၆ပုလင်းပဲ ရှိတယ်”
“အဖေကလည်း ခုရက်ပိုင်း ဘာဖြစ်နေလဲမသိဘူး ပိုက်ဆံတောင်းရင် မပေးချင်တော့ဘူး”
“ဒါတောင် အမအခန်းထဲက ဘတ်လာတာ”
“ရတယ်ကွာ…၆ပုလင်းဆိုလည်း မဆိုးဘူး”
ပေကြီးကုန်းရွာသားများနှင့် ကြက်တိုက်ပွဲစတင်ပြုလုပ်နေလေပြီ။
“ကျော်ထွန်း…မင်းဘက်က လောင်းကြေးဒါအကုန်ပဲလား”
“ငါတို့ကြက်က ၆ပုလင်းထဲနဲ့ မခွပ်တက်ဘူးကွ”
“ဟားးးး ဟားးးး ဟားးးး ”
“မိုးကျော် မင်းပိုက်ဆံခဏလှည့်ကွာ ဒီကောင်တွေအာကျယ်နေတယ်”
ပေကြီးကုန်းရွာသားဆီမှ ငွေ ၁ဗုန်းချေးငှါးပြီး ကြက်တိုက်ရန် ပွဲစလိုက်သည်။
ကြေးကြီးသည်မို့ ရွာနီးကြက်သမား ဝါသနာရှင်များ
လည်းစည်းကားလျှက် ကျော်ထွန်း တိုက်ကြက်ကို …
“ဖေ..သားကြီး…ဒီပွဲကအချီကြီးကွ..လုပ်လိုက်စမ်း”
ကျော်ထွန်းကြက် လက်ထဲမှ လွှတ်လိုက်သည်ဆိုရင်ပဲ
တဖက်ကြက်ဆီ တဟုန်ထိုးပြေးခွပ်လေသည်။
တဖက်တိုက်ကြက်မှာလည်း မခေလှ အတောင်ပံနှစ်ခုကိုဖြနကျန့့််ပြီး လေထဲတချက်ခုန်ကာ အတက်နှင့််ပြန်ခွပ်လေသည်။ကြက်နှစ်ကောင် အကျိတ်အနယ်ခွပ်ရင်း ဒေါသမာန်ဟုန်များပြင်းပြလျှက် ပွဲကြီးပွဲကောင်းပင်။
သို့သော်လည်း တဖက်ကြက်မှ လျှင်မြန်တဲ့ ခြေအစုံနဲ့ အတက်ချွန်ချွန်တွေကြောင့် ကျော်ထွန်းတိုက်ကြက်ကြီး မရှု့မလှသေပွဲ၀င်သွားခဲ့ရရှာသည်။
“ကျော်ထွန်း….မင်းကြက်လည်း မာလကီးယားပီ”
“မင်းအတွက်တော့ စိတ်မကောင်းစရာ..ဟားဟား”
“ဒါက ပြိုင်ပွဲပဲ စည်းကမ်းအတိုင်းပေါ့ မင်းကြက်နိူင်ပါတယ် …”
ကျော်ထွန်း လောင်းကြေး ၁သိန်း၆သောင်း ရှုံးသွားသည့်အပြင် တိုက်ကြည်လည်းသေဆုံးသွားသဖြင့် ပြိုင်ပွဲရှုံးသည်ထက်နင့်နာသည်။
အဲ့ဒီတိုက်ကြက်ကြီးကပဲ ကျော်ထွန်းနှင့် ရဲထက်ကို ဖဲရိုက် အရက်သောက်ရန် ၀င်ငွေရှာပေးခဲ့ဖူးသည်မဟုတ်လား….
ကြက်ပွဲရှုံးသဖြင့် ငွေကပြတ် အကြွေးကရှိသေးတာကြောင့် ကြံမရဖန်မရနှင့် ငိုင်နေရချိန် ကျွန်းတောရွာနှင့်
ရွာချင်းစပ် ထန်းတောရွာမှ အပျိုကြီး ဒေါ်နူ သေဆုံးသည်ဆိုသည့် သတင်းကြောင့် ငွေပြတ်နေတဲ့
ကျော်ထွန်းနှင့် ရဲထက်အတွက် ထွက်လမ်းတခု{ဂွင်ဖန်လာသည်ဟု }ဆိုရမည်။
ကျော်ထွန်း အသုဘ လိုက်ပို့ပြီး အခြေနေအရပ်ရပ် လေ့လာခဲ့သည်။ ဒေါ်နူသဂြိုဟ် စဉ် အမွေစားအမွေခံ သားသမီးမရှိတာကြောင့် သူပိုင်ဆိုင်ရာ ရွှေနားတောင်း
ရွှေလက်စွပ် များပါ တပါတည်း ထဲ့သွင်းမြုတ်သည်ကို ကျော်ထွန်း သိခဲ့ရပြီး အဆင်သင့်သွားလေသည်။
{ကျွန်တော်တို့အရပ်ဘက် အမွေစားအမွေခံသားသမီးမရှိလျှင် ထိုသို့ သူပိုင်ဆိုင်သမျှ အလောင်းနှင့်အတူ ထည့်သွင်းမြုတ်တက်သည်။ စွဲလမ်းပြီး မကျွတ်မလွတ်ဖြစ်နေသည်ကို အစွဲရှိတာကြောင့်ပင်}
အချိန်မဆွဲတော့ပဲ နောက်တနေ့ညနေတစ်ခုမှာ မှောင်ရီပျိုးစအချိန် နေ၀င်သည်နှင့် အမှောင်ရိပ်ခိုပြီး ပေါက်တူး
ဂေါ်ပြား အပြည့်အစုံနှင့် ထိန်ပင်သုသာန်ရှိရာ ထွက်လာခဲ့သည်။
ရဲထက်မှာ တစ်ခါမှ အတွေ့အကြုံမရှိသူဖြစ်တာကြောင့်
ကျော်ထွန်းကို သာအားကိုးပြီး ကြောက်ရမ်းရမ်းနှင့်လိုက်
လာခဲ့သည်။ ထိန်ပင်သုသာန်မှာလည်း နယ်နယ်ရရမဟုတ် ရွာနီးခြောက်စပ် နာမည်ကြီး သရဲခြောက်ကြမ်းသည်ဟု နာမည်ကြီးသည်။ ထိန်ပင်သချိ င်္ုင်းမှာ နာမည်နှင့်လိုက်အောင် သင်္ချ ိုင်းထိပ်မှာ ကြီးမားတဲ့ ထိန်ပင်ကြီး ထီထီမားမားရှိလေသည်။ အုံ့အုံ့ဆိုင်းဆိုင်းနှင့် လူသူကင်းမဲ့လျှက် …
သို့သော် သုဘရာဇာကြီးဦးမှုန်ဆိုသူကား မကြောက်မရွံ့တယောက်တည်း နေဝံ့သည်။ အာဂသတ္တိပင်။
အမှောင်ရိပ်ထဲ တရွေ့ရွေ့ လျှောက်လာရင်း ဖြူဖြူဖွေးဖွေး အုပ်ဂူများကြား ထိန်ပင်ကြီးမှာ ထင်ထင်ရှားရှားမြင်နေရသည်။
/\/\/\/\/\/\/\/\/\/(/\/\\/\/\/\/\/\/\/
“ကျော်ထွန်း…ငါတို့လုပ်ထားတဲ့ကိစ္စ ဘယ်သူကိုမှ မပေါက်ကြားစေနဲ့နော်…”
“အေးပါ..ရဲထက်ရာ…”
“ငါသိပါတယ်ကွ”
“ဟားးးး ဟားးးး ”
“ငါ..ငတုံးမှ မဟုတ်တာ”
“အေး…အိမ်က ဘိုးတော်ပြောသံကြားလို့ကွသုဘရာဇာကြီး ထန်းတောရွာဒေါ်နူသေပြီးကတည်းကပျောက်နေတယ်လို့ ပြောနေကြတယ်”တချို့ကလည်း ဒေါ်နူ အလောင်းက ရွှေတွေချွတ်ပီး နယ်ပြောင်းသွားပြီလို့ထင်နေကြတယ်ကွ”
“ဒါမယ့်..ခုတလော ဘိုးတော်က ငါ့ကို မကြည်ဘူး မသင်္ကာ မျက်လုံးဒေါက်ထောက်ကြည့်နေတာ ”
“ငါတောင် နေစရာမရှိဖြစ်နေတာ”
“မင်း..မူမပျက်စေနဲ့ ရဲထက်…မင်းတစ်ချက်မှားတာနဲ့မင်းနဲ့ငါ ဂျေးထဲဒိုးရမှာနော်…”
“စိတ်ချစမ်းပါကွာ..ရဲထက်ပါကွ”
ကျော်ထွန်းနှင့် ရဲထက် ပေကြီးကုန်းရွာသား မိုးကျော်ဆီမှ အကြွေးဆပ်ပြီး တခွက်တဖလားဆွဲလာကြသည်ကြောင့် လမ်းပင်မမှန် ယိုင်သိယိုင်ထိုးနှင့် ကျွန်းတော ရွာကိုမှန်းဆပြန်လာလေသည်။
လမိုက်ညမို့ မှောင်မဲနေသည့်ကြား လမ်းဟုထင်ရာ လျှောက်နေမိသည်။ နှစ်ယောက်စလုံးကလည်း အရက်ရှိန်ကြောင့် ဝါးတဝါးနှင့် တစ်ယောက်ကိုတစ်ယောင်တွဲရင်းပြန်လာခဲ့ကြသည်။
“အူးးး အူးးး ဝူးးး ဝူးးး ”
“အာ…ဝူးးး ဝူးးး အူးးး အူးးး ”
ရုတ်တရက် ဆွဲဆွဲငင်ငင်အူမြည်နေတဲ့ ခွေးအူသံများကြောင့် ရဲထက်နှင့်ကျော်ထွန်းပါ ကြက်သီးများ ဖျန်းဖျန်းထသွားလေသည်။
ခွေးအူသံများမှာ အဝေးကမဟုတ် သူတို့နှစ်ယောက်နှင့် အနီးဆုံးတစ်နေရာမှ ကြားနေရသည်သာ
“ရဲထက်…ရွာရောက်ခါနီးပြီလားကွ..”
“ငါတို့လျှောက်လာတာကြာနေပြီကွ”
“ငါလည်း ဒါပဲတွေးနေတာ..”
“ပေကြီးကုန်းရွာနဲ့ ငါတို့ရွာက ၃မိုင်လောက်ပဲဝေးတာပါ..
ခုဟာက ခြေထောက်တောင် ညောင်းနေပီ အိမ်လည်းမရောက်နိူင်ဘူး”
“ရဲထက်..ငါတော့ မဖြစ်တော့ဘူး…ဒီနေရာမှာပဲ အိပ်မယ်ကွာ”
.”ဟာ…အိပ်ကွာ..ငါလည်း ဆက်မလျှောက်နိူင်တော့ဘူး
မနက်ကြမှ ထပြန်တော့မယ်..အိပ်ဟ”
ထိုသို့နှင့် နီးစပ်ရာ သစ်ပင်တစ်ပင်အောက် ၀င်ခွေအိပ်လိုက်သည်။ အရက်မူးလာကြသည်မို့ ပုဆိုးကို တင်းနေအောင် ဆွဲခြုံပြီး အိပ်လိုက်ကြသည်။
“ဝီးးး…စီ…..စီ…”
ညဉ့်ပိုးကောင်သံလေးများနှင့် ပုရစ်သံများ တစီစီနှင့် ပတ်၀န်းကျင်တစ်ခုလုံး ထိုအသံမှအပ တခြားအသံများတိတ်ဆိတ်နေသည်။
ကျော်ထွန်းကတော့ ရောက်ရာအရပ်အိပ်ပျော်တက်သူမို့ အခက်အခဲမရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ ရဲထက်မှာသာ အိပ်မပျော်နိူင် တွေးတောနေရင်း…..
“အော့……အော့….”
“ဆိုးလိုက်တဲ့ အနံ့. ခြင်ကလည်း တဝီဝီနဲ့ကွာ..”
ပုတ်အက်အက် အနံ့တစ်ခုကြောင့် ရဲထက် အောဂလီဆန်ပြီး အန်ချလိုက်လေသည်။
အနံ့မှာ တစတစနှင့်ပိုပြီးစူးရှလာသည်။
ရဲထက် စိတ်ထဲမသိုးမသန့်နှင့် ရှိနေခိုက်….
ရဲထက် သူတို့နှစ်ယောက် အိပ်နေတဲ့ အပင်ကြီးဆီ တရွေ့ရွေ့ နှင့် လျှောက်လာနေသော အလင်းမှုန်လေး တော်တော်များများ တွေ့လိုက်ရသည်။ ထိုအထဲ ရှေ့ဆုံးမှလျှောက်လာသူမှာ အသက်အရွယ်ခပ်ကြီးကြီး အဘိုးကြီးတစ်ယောင်ပင်။
“ဟားးးး ဟားးးး ဟားးးး ”
“မင်းတို့တွေကိုစောင့်နေရတာ ကြာခဲ့ပြီကွ”
“ဟင်…သုဘရာဇာကြီး…ခင်…ခင်ဗျား…သေသေ..
သေသွားပြီလေ”
“ဟားးးး ဟားးးး ဟားးးး ”
“ရဲထက်..ရဲထက် မင်း အမှတ်ရသေးသကိုး…”
“မင်းရောက်နေတဲ့ ပတ်၀န်းကျင်ကိုလည်း လေ့လာလိုက်ဦး”ဒါ ပျော်ပွဲစားထွက်တဲ့နေရာမဟုတ်ဘူး…ဟားးးး ဟားးးး ဟားးးး ”
ရဲထက် ကြောက်စိတ်များ အတိုင်းအဆမရှိ အထွဋ်အထိပ်သို့ရောက်ရှိသွားလေပြီ။
ဖြူဖပ်ဖြူရော် မျက်နှာကြီးနှင့် ခေါင်းမှသွေးများစီးကျလျှက် မုတ်ဆိတ်ပါးသိုင်းဖြူဖြူကြီးများကြား နီညစ်ညစ်သွားများပေါ်လွင်အောင်
ရယ်မောလျှက် ထိုသူကြီးမှာ ကျော်ထွန်းလက်ချက်နှင့်လဲကျသွားပြီး ရဲထက် စနက်ကြောင့် အသက်ဆုံးသွား
ခဲ့သော သုဘရာဇာကြီး ဦးမှုန်သာပင်။
သေချာသည်ကတော့ သက်ရှိလူသားမဖြစ်နိူင်…
သရဲတစ္ဆေခြောက်လှန့်နေသည်သာပင်….
“ကျော်ထွန်း…ထစမ်းပါကွာ..”
“ဟင့်….ဟင်းးးးး နေစမ်းပါဟ..အိပ်ပါရစေ”
“ဖှောငြးးးးးးးးးးးး ”
“ဟင်…ဟဟ..ဘာလဲ..ရဲထက်ရ..”
ရဲထက် ကျော်ထွန်းပါးကိုလက်ဝါးနှင့် ဖြောင်းကနဲ့မြည်အောင်ရိုက်လိုက်လေသည်။
“သရဲခြောက်တယ်ကွ..”
“.ဟ…ဘယ်မှာလဲ..သရဲ..ဘယ်မှာလဲ”
“ငါတော့မနေရဲတော့ဘူး..ရောက်ချင်ရာရောက် ပြန်မယ်ကွာ”
“နေစမ်းပါအုံး..သရဲကဘယ်မှာလဲ”
ရဲထက် စောစောကမြင်ခဲ့ရတဲ့နေရာကို လက်ညိုးညွှန်ပြလိုက်သည်။
“ဟာ…ရဲထက်ရာ…သစ်ခြောက်ပင်ကြီးပါကွ”
“ခွီးထဲမှ…အိပ်ကွာ..အိပ်အိပ်..”
ရဲထက်မယုံနိုင် သူမြင်ခဲ့ရသည်မှာ သစ်ခြောက်ပင်မဟုတ် သေဆုံးသွားတဲ့ သုဘရာဇာကြီးဆိုတာအမှန်ပင်။သို့သော် ကျော်ထွန်းကိုပြကြည့်မှ ဘာကြောင့်သစ်ခြောက်ပင်ကြီးဖြစ်သွားရတာလဲ.စဉ်းစားမရ။
“ခေလာ…ခလူး..
ခေလာ..ခလူး..”
“ဒင်းပဲသေနိူင်တယ်..ငါတော့ကြောက်လို့သေတော့မယ်”
ကျော်ထွန်းမှာ ရဲထက်စကားမကြားနိုင်တော့ အိပ်နေသည်မှာ ဟောက်သံများပင်ထွက်နေသည်။
“တူ…ဝေ…ဝေ…ဝေ”
“တူ…ဝေ…ဝေ…ဝေ”
ကြားရပြန်ချေပြီ…အလှမ်းမဝေးလှသော နေရာတစ်ခုမှ
ကြေးစည်သံနှင့်အတူ လူတစ်စု အုံးကြွအုံံ့ကြွအသံများ
ဆူညံနေသည်။ ရဲထက်ဒီတခါ ကြောက်ရုံတင်သာမက
အဆင်မသင့်ရင် ပြေးနိူင်ရန် ခါးတောင်းကြိုက်လျှက် ဖိနပ်ကိုပင် အသင့် ခါးထိုးထားလေသည်။
“တူ…ဝေ…ဝေ…ဝေ”
“တူ…ဝေ…ဝေ…ဝေ”
ကြေးစည်သံမှာ နီးသထက်နီးလာချေပြီ
လူသံများလည်းဆူညံလျှက် ….
ငိုသူကငို နှင့် ကလေးသံများလိုလိုလည်းကြားရသေးသည်။
မြင်ရပါပြီ..။
လှုပ်လှုပ်ယွယွလူအုပ်ကြီးနှင့်အတူ တငြိမ့်ငြိမ့်နဲ့ သယ်ယူလာတဲ့အလောင်းစဉ်ကြီးကို ရုပ်တည်ကြီးများနှင့် ကျစ်လစ်သန်မာသော လူခြောက်ဦးက ထမ်းလျှက် ရဲထက်တို့ရှိရာ သစ်ပင်ကြီးဆီ တရွေ့ရွေ့လျှောက်လာနေကြသည်။ အလောင်းစဉ်ရှေ့မှ ကမဝါ ကျမ်းစာအုပ်လိုလိုအထုပ်တစ်ခုကိုကိုင်လျှက် ရှေ့ဆုံးမှ လျှောက်လာသူမှာ တခြားသူမဟုတ် သုဘရာဇာကြီး ဦးမှုန်ပင်။
ရဲထက် အတွေးတွေဝေခွဲမရ စိတ်ထဲမှာလည်း ပြေးဖို့ထက် ဒီချိန်ကြီး ဘယ်ကအလောင်းသဂြိုဟ်လာတာလည်းဆိုတာကို သိချင်နေမိသည်။
ပြီးတော့ သုဘရာဇာကြီးလည်းပါ သေး။
လူအုပ်ကြီးထဲမှာလည်း သူတွေ့ဖူးသည့်လူ တယောက်မျှမပါ။ မျက်ဝါးထင်ထင် မြင်တွေ့ရမှ အလောင်းစဉ်မှာ တစ်ခုမဟူတ် နှစ်ခုဖြစ်နေသည်။
တရွေ့ရွေ့ နှင့် အလောင်းစဉ်ကြီးနှင့်အတူ လူအုပ်ကြီး
ရဲထက်တို့ အိပ်နေသော သစ်ပင်ကြီးဆီရောက်လာခဲ့လေပြီ။
“ဟမ်…..မဖြစ်နိူင်တာ…”
ရဲထက် မျက်လုံးအစုံပြူးလျှက်..အကြောင်းမှာ…
“ရဲထက် ”
“အသက် ၂၂ နှစ်”
“ကျော်ထွန်း”
“အသက် ၂၄နှစ်”
ရက်စွဲမပါ…
“ကွယ်လွန်သည်”
အလောင်းဘေးနာမည် ကပ်စာတစ်ခုမှ စာကိုဖက်ရင်း
ခြေထောက်များ သွေးမလျှောက်တော့ပဲ နေရာမှာတင်ပြေးမရ လှုပ်မရနှင့် ငူငူကြီးရပ်နေမိသည်။
ကျော်ထွန်းလည်း ဆူညံသံတွေကြောင့်နိူးလာသည်။
သို့သော် အချိန်မမှီတော့ပေ။ လူအုပ်ကြီး သူတို့နှင့် အနီးဆုံးနေရာရောက်နေလေပြီ။
အလောင်းစဉ်ကြီးကို ကျော်ထွန်းတို့အနားချပြီး ..
လောင်းစဉ်ကြီးထမ်းလာသော လူသန်ကြီးများ လက်ထဲမှာ ပုဆိန်များကို ဆွဲပြီး ကျော်ထွန်းနှင့် ရဲထက်ရှိရာ တရွေ့ရွေ့ လျှောက်လာကြသည်။
ကြမ်းကြုတ်သော မျက်နှာကြီးများနှင့် အသားအရည်များမှာ စိမ်းရောင်သန်းနေသည်။မျက်လုံးနီကြီးများ အရောင်ပင်ထွက်နေလေသည်။ကျော်ထွန်း သောက်ထားသည့်အရက်ရှိန်ပင်ပြေသွားသည်။
ဒူးနှစ်ဖက်တဆက်ဆက်တုန်လျှက် ထိုလူကြီးများကို ကြောက်ရွံ့နေသည်။
“ရဲထကျ…ပွေးးးးးးး”
ရဲထက်ဆီမှ တုံံပြန်သံမကြားရ ပြေး၀င်လာသော လူကြမ်းကြီးများကို ငေးကြည့်နေရင်း မလှုပ်သာမဝံ့သာနှင့်…
“ရဲထက်…………”
“မလုပ်ကြပါနဲ့ဗျာ…ရဲထက်…”
တားဆီးခွင့်မရလိုက် ထိုလူကြီးများ ဒေါသမာန်ဟူန်နှင့်အတူ ရဲထက် အား ပုစိန် ကြီးများနှင့် အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းလေတော့သည်။
ရဲထက် ဦးခေါင်းမှ သွေးများ ပန်းထွက်လာပြီး ဖြူဖွေးဖွေးဦးနှောက်များပင် တစစီပျံ့ကြဲသွားလေသည်။
ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ သွေးအစက်စက်နှင့် မြေ
ပြင်ဆီလဲကျသွားသည်။
“ဟားးးး ဟားးးး ဟားးးး ”
“ဟားးးး ဟားးးး ဟားးးး ”
ဒီချိန်မှာ အသံနက်ကြီးနှင့် ရယ်မောနိူင်သူမှာ ကျော်ထွန်းမဟုတ် သုဘရာဇာကြီး ဦးမှုန် သာပင်။
သုဘရာဇာကြီး လူကြမ်းကြီးများကို ကျော်ထွန်းဆီ လက်ညိုးညွှန်ပြလိုက်လေသည်။
ထိုလူကြီးများ ခေါင်းညိမ့်လျှက် ကျော်ထွန်းရှိရာဆီ ပုစိန်ကြီး များတဝံ့ဝံ့နှင့် လျှောက်လာလေသည်။
“ကျူပ်ကို…မသတ်ပါနဲ့ဗျာ…ကျုပ်..တောင်းပန်ပါတယ် ဦးမှုန် ခင်ဗျားလူတွေကို ပြောပါအုံးဗျ”
“ဟားးးး ဟားးးး ဟားးးး ”
“ကျော်ထွန်း…ကြောက်နေသလား..”
ရယ်သံကြီးမှာ ပတ်၀န်းကျင်တစ်ခုလုံး စိုးမိုးသွားသည်။
“ကျုပ်ကို ခွင့်လွှတ်ပါဗျာ…ကျုပ်…ကျုပ်…”
ကျော်ထွန်းစကားပင် မဆုံးလိုက် လူကြမ်းကြီးတစ်ယောက်လက်ထဲမှ ပုစိန်ကြီး လွင့်ပြန်လာပြီး ကျော်ထွန်း
နဖူးဆီ တန်းတန်းမတ်မတ် စိုက်၀င်သွားလေသည်။
ကျော်ထွန်း နာကျင်မှု့နှင့်အတူ အသံတစုံတရာ မထွက်နိူင် ပြူးကျယ်နေသော မျက်လုံးကြီးများ ကြောက်ရွံ့မှု့နှင့်အတူ ဝိညာဉ်နှင့်အတူ အသက်နှင့်ခန္ဓာ ကွဲကွာသွားလေတော့သည်။
“ဟားးးး ဟားးးး ဟားဟား”
“ဟားးးး ဟားးးး ဟားဟား ”
/\/\/\/\/\/\/\/\/\\//\/\/\/\/\/\/
“သူကြီး…သူကြီး”
“ဟေ…မောင်လုံး.ဘာများအရေးတကြီးနဲ့ပြေးလာရတာလဲ”
“အရေးကြီးရမယ် သူကြီး”
“ကျုပ်…မနက်အစော လယ်ထဲဆင်းဖို့သွားတာ သုသာန်ကုန်းက အသံဝူးဝူးဝါးဝါးတွေကြားလိူ့ သွားကြည့်တာ
ရဲထက်နဲ့ ကျော်ထွန်း ပိုးလိုးပက်လက်နဲ့ ထိန်ပင်ကြီးအောက်မှာ အသက်မှ ရှိသေးရဲ့လားပဲဗျ”
“ဟေ…အငယ်ကောင်နဲ့ ဆိုးပေတေ ကျော်ထွန်းနဲ့လား”
“သေချာတာပေါ့ သူကြီးရာ”
“မဖြစ်ဘူး…မောင်လုံး ရွာသားတွေပါ တပါတည်းခေါ်ခဲ့ကွာ ငါအရင်သွားနှင့်ချေမယ်…နောက်ကလူစုပြီးလိုက်ခဲ့ကြ..”
“ဟုတ်ကဲ့ သူကြီး”
သူကြီးလည်း သားဖြစ်သူရဲထက်အတွက် စိတ်ပူပြီး အမြန်ဆုံးခြေလှမ်းများနှင့် ထိန်ပင်သုသာန်ရှိရာ ထွက်သွားလေသည်။
မောင်လုံးလည်း ရွာသားများစုပြီး သူကြီးနောက်မှ လိုက်သွားကြလေသည်။
သူကြီးလည်း ရဲထက်နှင့် ကျော်ထွန်းအဖြစ်ကိုကြည့်ရင်း
မတို့နိူင်မကိုင်နိုင်ခါးထောက်ရပ်ရင်း……
“သူကြီး…အခြေနေဘယ်လိုလဲဗျ”
“ဟင်းးးးး ”
“အသက်မရှိကြတော့ဘူး”
“ဒီလောက် တစ္ဆေ သရဲပေါတဲ့သုသာန်လိုနေရာကိုမှ အိပ်ကြသကိုး…ကံ..ကံ၏အကျိုးပေါ့”
“ကျုပ်ထင်ထားသလိုပဲ…ဒင်းတို့မဟုတ်တာလုပ်ကြတာကိုး”
“ဘယ်လိုကြောင့်လဲ သူကြီး”
“ကဲ…ဒီလိုလုပ်..ရွာသားတချို့က ရွာပြန်ပြီး ပေါက်တူးဂေါ်ပြားနဲ့ မြေတူးစရာတွေယူခဲ့…”
“ကျန်တဲ့ လူတွေက ဒီအလောင်းတွေကို လွတ်လပ်တဲ့နေရာမှာထားကြ”
ထိုသို့နှင့် ထိန်ပင်သုသာန်အတွင်း ကျွန်းတောရွာသူကြီးအပါအ၀င် ရွာသားများ ရုတ်ရုတ် ရုတ်ရုတ်နှင့်…
ရဲထက်နဲ့ကျော်ထွန်းမှာ ဒဏ်ရာဒဏ်ချက်မရှိပဲ မျက်လုံးများပြူးထွက်ပြီး လျှာတန်းလန်းကြီးများနှင့် မရှု့မလှသေဆုံးနေကြသည်။ တချို့ကလည်း သရဲစားသည်ဟုသာယူဆနေကြသည်။
သူကြီးကတော့ အကုသိုလ်ကြီးလို့သာပဲဟုပြောရင်း
သားဖြစ်သူ ရဲထက်အတွက် စိတ်မကောင်းဖြစ်ရုံမှတပါး
တခြားခံစားပုံမတွေ့ရ။
ကံကံ၏အကျိုးပေးပဲလား။
“ကဲ…ရွာသားများ..ဒီဒေါ်နူ အလောင်းမြုတ်ထားတဲ့နေရာကိုပြန်ဖော်လိုက်ကြပါ..”
“ဗျာ…သူကြီး…”
“မလုပ်ဝံ့ပါဘူးဗျာ”
“ကျုပ်..အကြောင်းရှိလို့ဖော်ခိုင်းတာပါ..”
ရွာသားများလည်း မရဲတရဲနှင့် မြေပုံကိုတူးဆွဖော်နေကြသည်။
အတော်အသင့်တူးဖော်ပြီးသော်…
မခံမရပ်နိူင်အောင် ပုတ်နံ့ကြောင့်ရွာသားများ အော့အန်ကုန်ကြသည်။
“သူကြီး…ဒီမှာ…ယောက်ျားသားအလောင်းတစ်ခုပဲဗျ”
“ဒေါ်နူမဟုတ်တာသေချာတယ်”
“အလောင်းက ပုတ်ပွနေပေမယ့် မည်သူမည်ဝါ ခန့်မှန်းလို့ရသေးတဲ့ အခြေပဲ”
သူကြီးလည်း…နှာခေါင်းကိုပိတ်ရင်း…
“ကဲ…ရွာသားများလာကြည့်ကြ ဒါဘယ်သူ့အလောင်းလဲ”
“ဟာ…ဟင်….”
“ဦးမှုန်ကြီးပါလား”
“အေး…ဒါပဲဗျ”
“သူကြီး…ဘယ်လိုကနေဘယ်လို”
“ကျုပ်ရှင်းပြပါ့မယ်”
“ကျုပ်…ဦးမှုန်ပျောက်နေတယ်ဆိုတာမသိခင်ကတည်းကညညဆို အိပ်မက်ထဲ ထူးဆန်းတာက ဦးမှုန်နဲ့တွေ့တွေ့နေတာပဲ…ဦးမှုန်ကလည်း ဒီဒေါ်နူမြေပုံကြီးကို တူးနေတာကြည့်ပဲမက်တယ်”
“ပြီးတော့…သား..ရဲထက်နဲ့ကျော်ထွန်းကလည်း ယောင်လည်လည်နဲ့ ပါပါလာတက်သေးတယ်ဗျ…”
“အဲ့ဒီနှစ်ကောင်ကို မသင်္ကာတာကြာနေပြီ အခြေနေမပေးသေးလို ကျုပ်အသိမပေးခဲ့တာ.ခုတော့သူတို့ အကုသိုလ်က
ပြန်ဒဏ်ခက်သွားတာပဲ”
“ဦးမှုန်က ကျုပ်ကို အမြဲတမ်းအိပ်မက်ထဲမှာပြောလေ့ရှိတာက…”
“ငါ..မသေသင့်သေးဘူး…ငါသေနေ့မစေ့သေးဘူးတဲ့”
“ပြီးတော့…တောက်…တချက်ခေါက်ပြီး ရဲထက်နဲ့ ကျော်ထွန်းကို ကြုံးဝါးနေတာအမြဲလိုလိုတွေ့ရတယ်ဗျ”
“ဦးမှုန်ပျောက်ပြီးကတည်းက ရဲထက်နဲ့ကျော်ထွန်းက
ငွေရွှင်နေကြတာ .မဟုတ်တာလုပ်ထားပြီလို့..ထင်မိတာပဲ..”
“ခုတော့ အရာအားလုံးပြီးသွားပါပြီ”
“တရားလိုရော တရားခံရော…သေပြီလေ”
“ကဲ…သူကြီး…နားလိုက်ဦး”
“နောက်တော့…ဆက်လုပ်တာပေါ့ဗျာ…”
ကျော်ထွန်းနှင့် ရဲထက်မှာတော့ ထိန်ပင်သုသာန်ကြီးအတွင်း ညအိပ်ခဲ့တဲ့ ညက သူတို့အတွက် နောက်ဆုံးညပေပဲမဟုတ်လား…”
တချို့ကလည်း သရဲစားသည်ဟုသာ တထစ်ချယုံကြည်နေကြသည်။
စာဖက်သူအနေဖြင့် ယုံကြည်ပါသလား????????
ပြီးပါပြီ