“ထီး” လူတိုင်း လူတိုင်း ထီး သုံးဖူးကြပါလိမ့်မည်။
ထီးကို ကမ္ဘာပေါ်ရှိတဲ့ လူမျိုးတိုင်းက ကိုယ့်ဘာသာ စကားနဲ့ကိုယ် အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုထားကြမှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ရိုးရိုးနဲ့ ရှင်းရှင်းဖြစ်အောင် လူရဲ့ ဦးခေါင်းနဲ့ မိုးကောင်းကင်ကြားမှာ ခံသုံးရတဲ့ အဝိုင်းပုံသဏ္ဌာန်ရှိပြီး (လေးထောင့်ပုံထီး မတွေ့ ဖူးသေး ပါ။) လက်ကိုင်ရိုးပါသော ရာသီဥတုဒဏ် ကာကွယ် ပစ္စည်းလို့ပဲ အဓိပ္ပာယ်ဖွင့်ဆို ချင်တယ်။
ထီး လူတကာအတွက် အင်မတန် အသုံးတည့် သော ပစ္စည်း။ မိုးဒဏ်၊ လေဒဏ်ကို အထူးကာကွယ်ပေး တယ်။ တစ်နည်းပြောရရင် လူတို့ရဲ့ ကျန်းမာရေး အတွက် မရှိမဖြစ် ဆောင်ထားသင့်သော ပစ္စည်းလို့ ဆိုရ မယ်။ ထီးဝယ်မဆောင်းနိုင်လို့ မိုးမိပြီး နမိုးနီးယားနဲ့ သေတဲ့လူတွေကို ထည့်တွက်ရင်ပေါ့။ “ထီး” ကြောင့် ရနိုင်တဲ့ အကုသိုလ်ထက်စာရင် ဆရာဝန်ကို လှူလိုက် တာက မြင့်မြတ်ပါလိမ့်မယ်။
တကယ်တော့ ကျွန်တော်နဲ့ ထီး၊ ထီးနဲ့ ကျွန်တော် ဟာ ခွဲမရတဲ့ ဘဝအဖော်တွေပါ၊ ရာသီမရွေး ဥတုမရှောင် ထီးကလေးနောက်ချိတ်ပြီး ဘဝခရီးကို အတူတကွ တိုက်ပွဲဝင်ခဲ့သူတွေပါ။ မိတ်ဆွေတွေကတောင် အမြဲတမ်း ထီးနောက်ချိတ်သွားတတ်တဲ့ ကျွန်တော့်အကျင့်ကို ပြောင် လှောင်ပြီး ကိုထီးလို့ ခေါ်ကြတယ်။ ဒီထီးကြောင့်ပဲ ရွာက ဘုန်းကြီးပေးထားတဲ့ နာမည်အရင်းပျောက်ပြီး၊ သီချင်းဆိုရင် နိုင်ငံတော်သီချင်းတောင် ဖြောင့်အောင်
မဆိုတတ်တဲ့ ကျွန်တော်ဟာ “ထီးဆိုင်”ဆိုတဲ့ နာမည် တွင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံကျော် အဆိုတော်ကို အရင်းပြုပြီး ခေါ်ဆိုတဲ့ အမည်ဖြစ်လို့ ကြံဖန်ဂုဏ်ယူမိ ခဲ့ပါသေးတယ်။
ဒါပေမဲ့ မမျှော်လင့်ဘဲ ဘဝတစ်ကွေ့ မှာ ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်ဆိုးတွေကြောင့် ကျွန်တော် အင်မတန် သံယောဇဉ်ထားတဲ့ဘဝ အဖော်ထီးကလေးနဲ့ သေခန်း ပြတ် ပြတ်စဲခဲ့ရတယ်။
“ဖြစ်ကြောင်းကုန်စင်က ဒီလိုပါ”
တစ်နေ့ပေါ့၊ ဈေးချိုသွားစရာကိစ္စလေးပေါ်လာတာ နဲ့ မြို့သစ်ကနေ လိုင်းကားစီးခဲ့တယ်။ ထုံးစံအတိုင်း ထီးကလေး နောက်ချိတ်လို့ပေါ့။ အင်း… လမ်းလျှောက် ချိန်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဘတ်(စ်)ကားတိုး စီးတော့ ခါးရိုးကျိုးမှာထက် ထီးရိုးကျိုးမှာကို ပိုပြီး ဂရု စိုက်နေရတယ်။ ဈေးချိုက ကိစ္စတွေပြီးလို့ အပြင်လည်း ထွက်လိုက်ရော မိုးက ဆိုင်းမဆင့်ဗုံမဆင့် ဝေါခနဲ ရွာချ လာတယ်။ ကျွန်တော်ကတော့ ခပ်ပြုံးပြုံးပဲ၊ ထီးပါလာ တာကိုး၊ သူများတွေကတော့ ဟိုပြေးဒီပြေး၊ ဟိုခို ဒီခိုနဲ့ ကမ္ဘာပျက်သည့်အလား၊ ကျွန်တော်ကတော့ မိတ်ဆွေ ထီးကလေးကြောင့် ပုံမပျက် ဣန္ဒြေရရ ထီးကလေး ဆောင်းပြီး လမ်းလျှောက်လာနိုင်ခဲ့သည်။
၈၂ လမ်းထိပ်လည်းရောက်ရော ဇာတ်လမ်းစတော့ တာပါပဲ။ နေ့စေ့လစေ့လို့ ထင်ရတဲ့ ကိုယ်ဝန်သည် အမျိုး သမီးက လှမ်းခေါ်လာတယ်။
“အစ်ကို အစ်ကို ကျေးဇူးပြုပြီး ၂၈ လမ်း မန္တလာ ဆေးခန်းထိ ထီးကြုံ လိုက်ပါရစေနော်တဲ့။ အကူအညီ
တောင်းလာတယ်။
ကျွန်တော်တို့ ဗမာလူမျိုးဆိုတာက မွေးကတည်းက သူများကို ကူညီဖို့ ဗီဇပါလာတဲ့ သူတွေပဲ။ ကျွန်တော်က လည်း ပြောလိုက်တယ်။
“ထိပ်တစ်ပြပဲဗျာ၊ ကူညီပြီး ပို့ပေးရမှာပေါ့” ဆိုပြီး သဘောတူလိုက်တယ်။ သူ့ခမျာ နေ့စေ့လစေ့ကြီးနဲ့ အရေးတကြီး ဆေးခန်းပြချင်တယ်နဲ့ တူပါရဲ့။ ကျွန်တော့် ဘေးက ထီးကလေးခိုပြီး တစ်လှမ်းချင်း လျှောက်လာ တယ်။ မန္တလေးဆိုတာကလည်း လူတိုင်းသိတဲ့အတိုင်း ပဲ။ မိုးရွာပြီဟေ့ဆိုတာနဲ့ ကိုရွှေမြောင်းထဲက ဗွက်တွေ၊ အမှိုက်တွေကထွက် ထွက်လာပြီး စည်ပင်ကို စိန်ခေါ် နေကျ။ သူ့ ခင်ဗျာ ချော်လဲမှာကြောက်တယ်ထင်ပါရဲ့။ ကျွန်တော့်လက်မောင်း အင်္ကျီစလေးကို ဆုပ်ကိုင်ပြီး လိုက်လာတယ်။ ကျွန်တော့်မှာဖြင့် ထီးကလေးဆောင်း ကူရတာကို လူနာတင်ကား မောင်းနေရတဲ့အတိုင်း ခံစား မိတယ်။
မန္တလာဆေးခန်းလမ်း ဖြတ်အကူးမှာ Taxi တစ်စီး က ရပ်မလိုလို သွားမလိုလိုနဲ့ ပါစင်ဂျာတွေကအစ လှည့် ကြည့် လှည့်ကြည့် လုပ်သွားကြတယ်။ မိုးသည်းနေ တော့ အထဲကလူတွေ မသဲကွဲဘူး။ အသိမိတ်ဆွေထဲက ဖြစ်လိမ့်မယ်လို့တော့ တွက်မိတယ်။ ဒါနဲ့ပဲ ထီးကြုံလိုက် တဲ့ ကိုယ်ဝန်သည် မိခင်လောင်းလေးကို ဆေးခန်းထဲ အောင်မြင်စွာ ပို့ပေးနိုင်ခဲ့တယ်။
လမ်း (၈၀) ထိပ် ရောက်တော့ လိုင်းကားစီး အိမ် ပြန်ရုံပေါ့။ ပြတိုက်မှတ်တိုင်နား ရောက်တော့ တစ်ခွက် တစ်ဖလားချချင်တဲ့ ဆန္ဒပေါ်လာတာနဲ့ ကားပေါ်ကဆင်း ဘီယာဆိုင်ကို ခြေဦးလှည့်ပြီပေါ့။ “ကျုံးရေ မခန်းသမျှ တော့” ဆိုသလို မန္တလေးမြို့ကြီးကလည်း ဘီယာနံ့ အကင်နံ့ သင်းသင်းတွေထဲ ယစ်မူးနေပြီ။ ညနေခင်း (၅) နာရီကတည်းကိုက ဘီယာဆိုင်တွေ ကြိတ်ကြိတ် တိုးနေပြီ။ စားပွဲလွတ်ရှာရတာကလည်း အမော၊ လူ တစ်ယောက်တည်း ထိုင်နေတဲ့ စားပွဲတွေ ့တာနဲ့ ခွင့် တောင်းပြီး ဝင်ထိုင်လိုက်တယ်။ ယမကာ မှီဝဲသူချင်း တူတော့ ယမကာ မိတ်ဆွေဖြစ်ပြီပေါ့။ စကားတွေက
နှစ်ယောက်သား လုပြောယူရတဲ့ အဆင့်။ အကြောင်းက ထုံးစံအတိုင်း မန်ချက်စတာပေါ့။ မောင်းတို့၊ အိုးစည်တို့ ပေါ့။ နှစ်ခွက်လောက် ဝင်ပြီး ချိန်မှာတော့ အိမ်က မိန်းမ ရုပ်ပုံ ပေါ်လာတယ်။ ဆက်သောက်လို့ မဖြစ်တော့ဘူး။ ပိုက်ဆံရှင်း၊ နှုတ်ဆက်ပြန်မယ်လုပ်တော့ သူက ပြောလာ တယ်။
“ဒီမှာ အစ်ကို မြို့သစ်ပြန်မှာ မဟုတ်လား။ ကျွန်တော်လည်း မှတ်တိုင်ထိ လိုက်ခဲ့မယ်ဗျာ။ ကျွန်တော်လည်း ထီးမပါခဲ့ဘူး” မနော်ဟရီလမ်းရောက် တော့ နှစ်ဦးသား လိုင်းကားပေါ်ကဆင်း လမ်းခွဲလိုက် ကြတယ်။ အိမ်ရောက်ဖို့ နှစ်ပြစာလောက် လျှောက်ရ ဦးမှာဆိုတော့ ထီးကလေးဖွင့် လျှောက်မယ်လုပ်ကာ ရှိတုန်း မိန်းကလေးတစ်ယောက်က လှမ်းခေါ်လာတယ်။ ဒီလိုဆိုလည်း လိုက်ခဲ့ဗျာ။ ဘာအပန်းကြီးတာ မှတ်လို့။ “ဒီမှာ အစ်ကို.. အစ်ကို မိုးတစ်ခိုလောက်နော်တဲ့” ဟောဗျာ… မီးတစ်စတို့လောက်လို့သာ ကြားဖူး ပါတယ်။ ခုတော့ မိုးတစ်ခိုလောက်တဲ့။ ကျွန်တော်က နားမလည်နိုင်လို့ ဇဝေဇဝါဖြစ်နေတုန်း။
“အစ်ကို ကျေးဇူးပြုပြီး ကူညီပါဦး။ အိမ်က ထွက် လာတော့ မိုးရွာမယ်မထင်လို့ ထီးမယူခဲ့မိဘူး။ အလုပ် လည်း အရမ်းနောက်ကျနေပြီ။ ရှေ့နားက ကာရာအိုကေ ဆိုင်ထိ လိုက်ပို့ပေးနိုင်မလားဟင်”
ဒီကနေ့ တစ်နေ့လုံး ထီးကလေးတစ်ချောင်းနဲ့ လူမှ ကူညီရေးလုပ်ငန်းတွေ လုပ်လာမှတော့ ဒီလောက် ကလေးနဲ့ နောက်ဆုတ်စရာအကြောင်းကို မရှိဘူးဆိုပြီး ကြည်ဖြူစွာ လက်ခံလိုက်တယ်။ မိုးကလည်း အငြိုးတ ကြီး ရွာချနေတော့ အတော့်ကို ပူးကပ်ဆောင်းနေရ တယ်။ ဘေးလူတွေ အမြင်မှာတော့ မိုးသည်းတာထက် အဖြစ်သည်းတာလို့ တွေးချင်တွေးကြမှာပေါ့။ တစ်ခါ တစ်ခါ မြောင်းပုပ်အနံ့တွေကို ကျော်ပြီး ပေါင်ဒါနံ့သင်း သင်းလေးက အာရုံကို တိုက်ခိုက်လာတယ်။ မကြာပါ ဘူး။ သူ့ဆိုင်ကို ရောက်လာခဲ့တယ်။
ဒီအထိ ပြဿနာမရှိခဲ့ပါဘူး။ ည အိမ်ပြန်ရောက် ရင် ထမင်းစားဝတ္ထုတို တစ်ပုဒ်လောက် ထိုင်ရေးဦးမယ် ပေါ့။ စားပွဲပေါ်လည်း ထိုင်လိုက်ရော မီးငြိမ်းပြီး ဖယောင်း တိုင်ထွန်းပြီး စာရေးမယ်လို့ စိတ်ကူးတုန်းရှိသေးတယ်။
အိမ်က မိန်းရဲ့ ရာဇသံကို နားထဲကြားယောင်လာတော့
ကလောင်ကို ကာဖြူ အမိန့်ပေးလိုက်ရတယ်။ သူပြောပုံက
“ရှင်ဝတ္ထုတစ်ပုဒ်ရေးလို့ရတဲ့ စာမူခနဲ့ ကုန်တဲ့ ဖယောင်းတိုင်ဖိုး မကာမိဘူး။ နောင်ရေးချင်ရင် နေ့ လယ်ပဲ ရေးတော့နော်” တဲ့။
ပြဿနာက နောက်တစ်ရက်မနက်မှာ စတော့ တယ်။ အိပ်ရာထ လက်ဖက်ရည်တစ်ခွက်ကို သတင်း စာဖတ်ရင်း စည်းစိမ်ခံနေတုန်း ကျွန်တော့်မှာတော့ ဧည့် စာရင်းမတိုင်လို့ ညသန်းခေါင် ရဲစခန်းရောက်တဲ့ အိမ်ရှင် တရားခံလို ခံစားမိပါတယ်။
အဲဒီမှာ ယောက္ခမရဲ့ အင်မတန် နားဝင်မချိုတဲ့အသံ ကို ကြားလိုက်ရတော့တယ်။ “ရှင့်ကို ကျွန်မတို့ရဲ့ တစ်ဦး တည်းသော သမီးကို ဘာလို ပေးစားထားတာလဲ သိလား။ ရှင့်အရည်အချင်းတွေကြောင့်တော့ မဟုတ်ဘူး။ သမီးက ပြောမရလို့။ နို့မဟုတ်ရင် ရှင့်လို လွယ်အိတ် တလွယ် လွယ်နဲ့ နိုင်ငံကျော် စာရေးဆရာကြီးလိုလို၊ ဗေဒင်ဆရာ လိုလို အလုပ်အကိုင် အတည်တကျ မရှိတဲ့ လူကို ပေးစားစရာလား။ အခုတော့ကြည့် ရှင့်လုပ်ပုံ ကိုင်ပုံ တွေက လူကြားလို့မှ ကောင်းသေးရဲ့လား” “ဟော့ဗျာ.. ကျွန်တော် ဘာများမဟုတ်တာ လုပ်မိလို့လဲ”
“ဘာ..ဘာမဟုတ်တာလုပ်မိလို့လဲ ဟုတ်လား။ ဒီလောက် လက်ပူးလက်ကြပ် မိနေတာတောင် ရှင်က မုန်လာဥ လုပ်ချင်နေသေးတယ်။ ကဲ ပြောစမ်းပါဦး။ “မနေ့က ရှင်တွဲပြီး ဆေးခန်းပို့ခဲ့တဲ့ ကိုယ်ဝန်သည် က ဘယ်သူလဲ။ ရှင်တိတ်တိတ်ကလေး ယူထားတဲ့ အငယ်တစ်ယောက် မဟုတ်လား”
“ဟာ.. ကြံကြံဖန်ဖန် မဟုတ်ရပါဘူးဗျာ” ကျွန်တော်က ငြင်းလိုက်တော့ ယောက္ခမဒေါသက မြင်းမိုရ်တောင်ထိပ် ရောက်နေပြီ။ မျက်ရည်တွေ နှာရည် တွေက ဧရာဝတီမြစ်လို စီးဆင်းနေပြီ။ “တောက်… ဒါတွေကို ရေကာတာဆောက်ပြီး လျှပ်စစ်မီး ထုတ်လိုက် ရရင်တော့”
“ဘယ့်နှယ် လုပ်လိုက်တာတုန်း သားမက်ကြီးရဲ့။ ကလေးတွေရဲ့ မျက်နှာကိုမှမထောက်၊ ကိုယ့်မိန်းမလည်း
ကိုယ်ဝန်ကြီးနဲ့။ ရှင်က ဗိုက်နှစ်လုံးနဲ့ ရှုပ်နေတာပေါ့လေ။ လုပ်ရက်ပါ့ပေတော်”
“ဟို… ဟိုး နေပါဦးဗျာ။ ကျွန်တော့်ကို တစ်ဖက် သတ် မစွပ်စွဲပါနဲ့။ သေချာရှင်းပြပါရစေဦး။ အဲဒီကိစ္စ က ဒီလိုပါ။ သူနဲ့ ကျွန်တော်က ဘာမှမဆိုင်ဘူး။ ရှင်းရှင်း ပြောရင် သိလည်းမသိဘူး။ ရုတ်တရက် မိုးရွာလာလို့ ထီးကြုံလိုက်တာပါ။ လမ်းထိပ်ဆေးခန်းထိ လူသားချင်း စာနာပြီး ကူညီပို့ပေးလိုက်တာပါ”
“အင်း.. ဟုတ်လိမ့်မယ်၊ လက်မောင်းလေးကိုင်ပြီး ယုယုယယလေး တွဲခေါ်နေလိုက်တာ။ အမေလေး ဒါနဲ့ များ ကူညီပေးတာတဲ့ အံ့ရော။ ဒီမှာ သားမက်ကြီး ဒီလိုပဲ ဆက်ပြီး ဝေ့လည်ကြောင်ပတ် လုပ်နေလို့ကတော့… ကျွန်တော် ဆက်ပြီး နားမထောင်နိုင်တော့ပါ။ ရှင်း ပြရအောင်ကလည်း ဒီထက်ပိုပြီး မရှင်းနိုင်တော့ဘူး။ ဘာမပြော ညာမပြော ရုတ်တရက် ထပြန်လာခဲ့တယ်။ ကျွန်တော့်စိတ်တွေ ကိုယ်နဲ့မကပ်တော့ပါ။ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်လို့ မဆုံးဘူး။ စိတ်ကူးပေါက်ရာ လျှောက်သွားနေမိတော့ တယ်။ နောက်ဆုံး အိမ်ပြန်မယ် စိတ်ကူးပြီး လိုင်းကား စီးဖို့ ပြတိုက်မှတ်တိုင်နားရောက်တော့ ယူနီဖောင်းဝတ် ရဲတစ်ယောက်က ပခုံးလာပုတ်ပြန်တယ်။
“ဟေ့လူ… ကျွန်တော်တို့ ဗိုလ်လေးက ခဏတွေ့ ချင်လို့တဲ့ ဟိုလက်ဖက်ရည်ဆိုင် လိုက်ခဲ့ပါ”လို့ ဆိုလာ
တယ်။
ကျွန်တော်က “ဟာ ဘာလို့ လိုက်ရမှာလဲ ပြော
သူက ခင်ဗျားကို အတင်းလက်ထိပ်ခတ် ခေါ်စေ ချင်တာလားလို ့ ပြောလာတော့ ကျွန်တော်လည်း ကြောက်အားလန့်အားနဲ့ သူခေါ်ရာနောက် ဘုမသိ ဘမသိ လိုက်သွားခဲ့တယ်။
ဟိုရောက်တော့ ဗိုလ်လေးဆိုသူက ပြောတယ်။ “ဒီမှာ ကိုယ့်လူ၊ မနေ့က ခင်ဗျားနဲ့အတူ ဘီယာ သောက်ပြီး အတူတူ ထီးဆောင်းထွက်သွားတဲ့လူ ဘယ် မှာလဲ ပြော”တဲ့။
ကဲ.. ကောင်းရော။ ဘယ်လိုလုပ် သိနိုင်မှာလဲဗျာ။ မနေ့ကမှ တခဏတာ တွေ့ တဲ့လူကို..
ကျုပ်မသိဘူးဗျာလို့ ပြောလိုက်တော့ သူ တော်တော် စိတ်ဆိုးသွားတယ်။ သူက မျက်ခွက်ကို လက်ညှိုးထိုး ပြီး “ခင်ဗျား လိမ်မယ်မကြံနဲ့။ ဒီကောင် နှစ်လုံး၊ သုံးလုံး၊ ဘောလုံးတွေ ရောင်းတာကြာပြီ။ ဘယ်တော့မှ ကော်မ ရှင်လာမပေးဘူး။ ခင်ဗျားတို့ အတူတူလုပ်တာ မဟုတ် လား။ ခင်ဗျားတို့ ကိုးရိုးကားယား လုပ်မယ်မကြံနဲ့။ ခင်ဗျားတို့နေတဲ့ အိမ်တွေအကုန်စုံစမ်းပြီးပြီ။ ဒါ နောက်ဆုံး အခွင့်အရေးပဲ။ ဒီတစ်ပတ် ကော်မရှင်ကို မဖြစ်ဖြစ်အောင်လာပို့။ မဟုတ်ရင် စံပြအနေနဲ့ အကုန်ဆွဲ စိပစ်မယ်။ ကြားတယ်နော်” ကဲ… ကောင်းရော ကျွန်တော့် မှာဖြင့် ကြားတစ်ချက် မကြားတစ်ချက်။
ကျွန်တော် ရူးချင်ပြီ။ ကျွန်တော့်ကို အရူးလို့ သတ် မှတ်လိုက်ကြပါတော့။ တရားခံက ဒီ “ထီး”၊ စေတနာ သဒ္ဓါတရားတွေပိုပြီး လူတကာကို ထီးကြုံမိုးပေးလို့ပေါ့။ ဒီလောက်နဲ့တင်ကို ပြဿနာက အဆုံးမသတ်နိုင်
သေးဘူး။
အိမ်နားရောက်တော့ အိမ်နီးချင်း ကိုသံချောင်းက အော်ကြီးဟစ်ကျယ်နဲ့ ပြောလာတယ်။
“ဟေ့လူ ခင်ဗျား ကြည့်လည်း လုပ်ပါဦး။ ကိုယ့်မှာ က သားနဲ့မယားနဲ့။ ဘယ့်နှယ်ဗျာ လူကြီးလူကောင်း
လုပ်ပြီး နေ့ခင်းကြောင်တောင် ကာရာအိုကေက ကောင် မလေးတွေနဲ့ တွဲသွားနေရတယ်လို့။ ခင်ဗျား အသက် အရွယ်ကိုမှ အားမနာဗျာ။ အဲဒီလိုင်းက အန္တရာယ်များ တယ်ဗျ။ တော်ကြာ မိသားတစ်စုလုံး စာလုံးလေးလုံး စာမိသွားမယ်။ ကြပ်ကြပ်သတိထား” တဲ့။
ကဲ… ကောင်းရော… ကောင်းရော။ ဒီတစ်ခါတော့ ကျွန်တော် တကယ့်ကို ရူးသွားပြီ။ ဘယ်သူ့ကို အပြစ် တင်ရမလဲ။ ဘယ်သူတွေကို ဘယ်လို ရှင်းပြရမလဲ ကျွန်တော့်အဖြစ်ကို သိကြားမင်းဆင်းကယ် ရင်တောင် ပြေလည်မယ့်ကိန်း မတွေ့ဘူး။ တစ်ရက်တည်း ပြဿနာ သုံးခုဆက်တိုက် ကြုံရတဲ့သူဆိုပြီး ဂင်းနစ်ဘုတ်မှာ တင်ရင်တောင် ရနိုင်တယ်။
အဲဒီနေ့ ကျွန်တော် တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ ဘယ်လို ဖြေရှင်းရမလဲ။ မတွေးတတ်တော့ပါ။ မတွေး တတ်တဲ့အဆုံး တစ်သက်လုံး ကိုင်လာတဲ့ ကိုယ်ရွှေထီး ကို အော်မဆဲရုံတမယ် မေတ္တာပို့လိုက်တယ်။
မနက်စောစောထပြီး ကိုယ့်ဆီရှိတဲ့ ထီးတစ်ချောင်း ကို ရွှေတစ်ချောင်းမှာ သင်္ဂြိုဟ်လိုက်တော့မှ ရင်ထဲ ပေါ့သွားသလိုလို။