ထူးခြားလှသည့်ဘ၀၀ဋ်ကြွေး(စ/ဆုံး)

ထူးခြားလှသည့်ဘ၀၀ဋ်ကြွေး(စ/ဆုံး)
——————————————-
“ဘာကွ”
“ဟုတ်တယ်… သူကြီး- ရွာဦးကစေတီတော်- ကြီး စိန်ဖူးအခိုးခံရလို့”
“ဟုတ်ရဲ့လား…ငပြူးရာဒါနောက်ပြောင်ရမယ့်
ကိစ္စမဟုတ်ဘူးနော်”
“နောက်တာ မဟုတ်ဘူး သူကြီး- ဆရာတော် ကြီးကိုယ်တိုင် အကြောင်းကြားခိုင်းလို့” “ကောင်းကြရော…ပေါ့ကွာ”
“အမလေးတော် လုပ်ရက်ကြပါပေ့ – ဘုရား
စိန်ဖူးတော်ကိုမှ ခိုးရတယ်လို့ ကြားလို့မှ ကောင်းကြ
သေးရဲ့လားတော်”
“ဟီး-ဟီး-ဟီး”

“ဟဲ့ … မယ်စိန် ငိုမနေနဲ့ဦး။ အကျိုးအကြောင်း သိရအောင် ဆရာတော် ကျောင်းကိုပါ လိုက်သွားလိုက်ဦးမယ်”
“ကျုပ်လည်း.. လိုက်ခဲ့မယ်”
“ဟေ့ကောင်ငပြူး – ဆယ်အိမ်ခေါင်းမောင်ဦးနဲ့ကာလသားခေါင်းမြဝင်း ကြီးကိုလည်းခေါ်လာခဲ့-ငါသွားနှင့်မယ်”
ဟုတ်ကဲ့ပါ… သူကြီး
အချိန်ကား အင်္ဂလိပ်အစိုးရလက်ထက် လွတ်လပ်ရေးမရမီအချိန် ဟံသာဝတီအနောက်ခြမ်းရှိသာယာကုန်းဟူသောရွာကလေးတွင်ဖြစ်သည်။ ရွာသူရွာသားအများစုမှာ လယ်ယာလုပ်ငန်း၊ တံငါလုပ်ငန်းတို့ဖြင့် လုပ်ကိုင် စားသောက်ကြသောရိုးသားသည့်ရွာကလေးဖြစ်သည်။အများစုမှာဘာသာ၊ တရား ကိုင်းရှိုင်းကြသူများ ဖြစ်သည်။ တစ်နှစ်နေ၍မှ အမှုအခင်းကြီးကြီး မားမားမဖြစ်ခဲ့သောရွာကလေးတွင်ဖြစ်မယ့်ဖြစ်တော့တစ်နယ်လုံးကအမြတ် တနိုးတန်ဖိုးထားကိုးကွယ်နေကြသောရွာဦးစေတီမှစိန်ဖူးတော်ကိုဖြုတ်ခိုး
သွားခဲ့ခြင်းပင် ဖြစ်သည်။
ထိုစေတီကို တည်ခဲ့သော ခုနှစ်နှင့်အလှူရှင်ကို မသိခဲ့ရသော်လည်း ရှေးမွန်မင်းများလက်ထက်က တည်ခဲ့သည်ဟု ယူဆခဲ့ရသည်။ မြန်မာ သက္ကရာဇ် (၁၂၂၁)ခုနှစ်တွင် သူကြီးမင်းဦးပွားလေးနှင့်သူကြီးကတော်
ဒေါ်ညှာတို့မှစေတီအဟောင်းအပျက်ကိုပြန်လည်ပြင်ဆင်ပြီးရွှေထီးတော်နှင့် စိန်ဖူးတော်အသစ်ကို လှူဒါန်းခဲ့ပါသည်။ စိန်ဖူးတော်ကို ရွှေသားအစစ်ဖြင့် ပြုလုပ်ထားပြီး အဖိုးတန်ကျောက်မျက်ရတနာများ စီခြယ်ထားသော ကြောင့် အလွန်တန်ဖိုးရှိလှပါသည်။
စေတီတော်ကြီးမှာအတောင်(၆ဝ)ပေ၊ (၉၀ခန့်မြင့်မားပြီး သူခိုးသူဝှက်
ရန်မှကာကွယ်ရန်အတွက်ငှက်ပျောဖူးအောက်ဘက်နားတွင်ဗိုလ်တထောင်
ထီးတော်ကြီးကဲ့သို့ သံပန်းသံချွန်များကိုအပေါ်ထောင်အောက်စိုက်ပုံစံဖြင့်
ပတ်ပတ်လည်ကာရံထားသဖြင့်ထိုနေရာကိုကျော်၍တော်ရုံလူမတက်နိုင်ပါ။
ထိုမျှ အကာအရံပြုလုပ်ထားသည့်ကြားမှ သူခိုးကခိုးသွားခဲ့ပေပြီ။

သူကြီးမင်းရွာဦးကျောင်းဝိုင်းအတွင်းရှိ စေတီသို့ ရောက်ရှိသွားသော အခါရွာမှရောက်ရှိနေသောလူအုပ်ကြီးကိုတွေ့ရှိလိုက်ရသည်။
တစ်ယောက်
တစ်ပေါက် ပြောဆိုနေကြသည်။ အချို့သော မိန်းမကြီးများမှာ ငိုရှိုက်၍ပင် နေကြသည်။အားလုံးမှာလည်းမျက်နှာမကောင်းကြပါ။တူညီသောအချက်
မှာယူကြုံးမရဖြစ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့်အတူဒေါသထွက်ခြင်းတို့ပါ ရောပြွမ်းနေကြပါသည်။
“တောက်”
“မိများသာမိလို့ကတော့ကွာ”
“ဟုတ်တယ် … တစ်စစီကို လုပ်ပစ်လိုက်မယ်” “ဘုရားပစ္စည်းကိုမှကွာ”
“ဟေ့ကောင်တွေတော်ကြတော့- အခုမှသတ္တိတွေရှိမနေကြနဲ့။ နင်တို့ အဖေ သူခိုးက အခုလောက်ဆိုတစ်ရေးတောင် အိပ်နေရော့မယ်” သူကြီး၏ အော်ငေါက်သံကြောင့် တစ်ယောက်တစ်ပေါက် အသံများ တိတ်ဆိတ်သွားတော့သည်။ ဘုရားကြီးကိုမော့ကြည့်လိုက်တော့ ထိပ်ဖျား
တွင်တပ်ဆင်လှူဒါန်းထားသောစိန်ဖူးတော်မရှိတော့၍ထီးတော်မှာငုံးတိတိ ဖြစ်နေသည်။ သူကြီးသည် စိတ်မကောင်းခြင်းကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
“ကဲ-ကဲဖြစ်ပြီးမှတော့စိတ်မကောင်းဖြစ်နေလို့မပြီးသေးဘူး။ပါသွားတဲ့ စိန်ဖူးတော်ကိုပြန်ရဖို့ကြိုးစားကြရမယ်။စိန်ဖူးတော်ရဲ့တန်ဖိုးကဖြတ်လို့ရတာ
မဟုတ်ဘူး။
ဆယ်အိမ်ခေါင်း မောင်ဦး-မင်းကရွာသားနှစ်ယောက်ကိုခေါ်ပြီး ဝါး ဘလောက်သောက်ဂတ်တဲကိုသွားအကြောင်းကြား၊ ကျန်တဲ့ရွာသူရွာသား တွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းကြ၊ အကြောင်းထူးရင် ငါ့ကို
ချက်ချင်းလာပြောကြားကြရဲ့လား” “ကြားပါတယ် … သူကြီးမင်း”
“ဟုတ်ကဲ့ … ကျုပ်တို့စုံစမ်းပါ့မယ်”

“ကဲ … ငါလည်း ဆရာတော်ကြီးကို သွားဖူးပြီး အကျိုးအကြောင်း လျှောက်လိုက်ဦးမယ်”
သူကြီးမင်းနှင့်လူကြီးများဆရာတော်ကြီး၏ကျောင်းပေါ်သို့တက်သွား သောအခါ ထိုင်လျက် သီတင်းသုံးနေသော ဆရာတော်ကြီးကို တွေ့လိုက်ရ သည်။ သူကြီးလည်း ဆရာတော်ကို ဦးချ၍ ဘာများ မိန့်ကြားမည်ကို စောင့် နေလိုက်သည်။ ဆရာတော်ကြီးလည်းမျက်နှာလွှဲချထားရာမှခေတ္တအကြာ ခေါင်းမော့လာပြီး –
“ညတုန်းက လပြည့်ညမို့လို့ ကျုပ်ကျောင်းကမီးစက်နဲ့ ဘုရားမီးပူဇော် လို့ ကျုပ်ဘုရားရှေ့မှာ ပုတီးစိပ်နေသေးတယ်။ အဲဒီတုန်းက ဘာမှ မဖြစ် သေးဘူး။ ဒီမနက်အရုဏ်တက်မှာ စင်္ကြံလျှောက်တဲ့အချိန် ဘုရားကြီးကို မော့ကြည့်လိုက်တော့မှ စိန်ဖူးတော် မရှိတော့မှန်း သိရတယ်။ သိသိချင်းပဲ ကျုပ်ဒကာကြီးကို အကြောင်းကြားလိုက်တာ -။
ကျုပ်လည်း … ဆိုင်ရာပိုင်ရာတွေကို မေတ္တာပို့ပြီး အကူအညီ တောင်း ထားပါတယ်။ ဒကာကြီး သူကြီးတို့ဘက်ကလည်း လုပ်စရာရှိတာ လုပ်ကြ ပေါ့”
“တင်ပါ့ဘုရား … တပည့်တော်တို့လည်း ဒီစိန်ဖူးပြန်ရအောင် အတတ် နိုင်ဆုံး ကြိုးစားပါ့မယ်။ ကျူးလွန်တဲ့သူကိုတော့ ဘယ်သူဖြစ်ဖြစ် သွေးသား ဖြစ်ပါစေ၊ တပည့်တော် ပြတ်ပြတ်သားသား အရေးယူပါ့မယ်ဘုရား” “ဒကာကြီး… သင့်တော်သလိုဆောင်ရွက်ပါ” “တင့်ပါဘုရား…တပည့်တော် ဦးချခဲ့ပါတယ်” “အေး – အေးကျန်းမာပါစေချမ်းသာပါစေ”
သူကြီးမင်းလည်း ဆရာတော်ကြီးကို ဦးချ၍ စေတီတော်ကြီးရှိရာသို့ ပြန်လာခဲ့သည်။ လူအုပ်စုကမကွဲသေး စိန်ဖူးတော်အခိုးခံရသောစေတီကြီး ၏ အရှေ့ဘက်တွင် သိမ်တော်ကြီးရှိသည်။ အုတ်တိုင်သိမ်တော်ကြီးဖြစ် သည်။မြောက်ဘက်နှင့်အနောက်ဘက်တွင် တန်ဆောင်းကြီးနှစ်ခုရှိသည်။ နောက်ဘက်ဖြစ်သောတောင်ဘက်တွင် ဂြိုဟ်တိုင်ရုပ်တုများ၊ တံခွန်တိုင် တစ်ခုနှင့် မီးစက်ထားရှိသည်။ အဆောက်အအုံတစ်ခုရှိသည်။ အဆောက်

အအုံအားလုံးသည် ခြူးပန်းခြူးနွယ်များ ပန်းပုရုပ်တုများဖြင့် တည်ဆောက် ထားသော ရှေးဟောင်းအဆောက်အအုံများဖြစ်ကြသည်။
စေတီတော်ကြီးကို လပြည့်လကွယ်ရက်များတွင် မီးစက်မောင်း၍ ည (၁၂)နာရီအထိ မီးပူဇော်လေ့ရှိသည်။ ညကလည်းတန်ဆောင်မုန်းလပြည့် ဖြစ်၍မီးစက်မောင်းပြီး မီးပူဇော်ခဲ့သည်။ ည (၁၂)နာရီထိုးမှ မီးစက်ကို ရပ်ခဲ့ သည်။ ထို့ကြောင့် မီးစက်မောင်းသော ကာလသားခေါင်းမြဝင်းကြီးကို သူကြီးက-
“ဟေ့ကောင်…မြဝင်းကြီးညကမင်းမီးစက်မောင်းတာဘာထူးခြားသေး
လည်း”
“ဘာမှမထူးခြားဘူးသူကြီး- ခါတိုင်းလိုပဲည(၁၂)နာရီထိုးတော့မီးစက် ပိတ်ပြီးကျွန်တော်လည်းပြန်ခဲ့တာဘဲ”
“သူကြီးမင်း”
“ဘာလည်း … ထွန်းဝင်းရ”
“စိန်ဖူးတော်ကို လပြည့်ညမှာ ခိုးသွားတာနော်”
“အေးလေ … ဘာဖြစ်လဲ”
“မနှစ်ကတန်ဆောင်မုန်းလပြည့်ညကဘုရားလူကြီးဦးပြားကြီးအိမ်ကို
သူခိုးဝင်ခိုးလို့ ရွှေတွေငွေတွေ အတော်ပါသွားတယ်လေ”
“အေး … မင်း ပြောမှ ငါ သတိရတယ်။ တစ်နှစ်က လပြည့်ညကလည်း ကုန်စုံရောင်းတဲ့ မသန်းမြအိမ်ကို ဝင်ခိုးသွားတာ သူ စုထားတဲ့ရွှေဒင်္ဂါးတွေ ပါသွားတယ်လေ”
“ဟုတ်တယ် … သူကြီးရ”
“ဒီ သူခိုးက တန်ဆောင်မုန်းလပြည့်နေ့တိုင်း ခိုးနေတာ။ ဒီနှစ်တော့ တစ်ဆင့်တက်ပြီး ဘုရားစိန်ဖူးကိုပါ ခိုးတော့တာ”
“ဟုတ်ပြီ…ဒီသူခိုးက တစ်ယောက်တည်း ဖြစ်ရမယ်”
“အေးပေါ့ကွာ … ရအောင်ဖမ်းရတော့မှာပေါ့”
သူကြီးမင်းလည်း အတွေးပေါင်းစုံဖြင့် ခေါင်းငိုက်စိုက်ချပြီး အိမ်သို့ ပြန်လာခဲ့သည်။ သူကြီးမင်းဦးဘမောင်မှာ အသက် (၅၀)ခန့်သာရှိသေး

သည်။လူကငယ်သေးသော်လည်းပြတ်ပြတ်သားသားလုပ်တတ်ကိုင်တတ် သည်။ဆယ်ရွာအုပ်သူကြီးဖြစ်ပြီး အင်္ဂလိပ်အစိုးရ၏ နာမည်ကောင်း လက်မှတ်နှင့်နှစ်လုံးပြူးသေနတ် ချီးမြှင့်ထားခြင်းခံရသူ ဖြစ်သည်။ အိမ်သို့ပြန်ရောက်သောအခါ ဇနီးဖြစ်သူဒေါ်စိန်က-
“ကိုဘမောင် … ဘာထူးသလည်းတော်ကျုပ်ရင်တွေ မကောင်းလို့” “ဘာမှတော့ … မထူးသေးပါဘူးကွာ။ ဒါပေမဲ့ – ရအောင်တော့ ဖော်ရ
မှာပေါ့”
“ဒါထက် … သားလေးရော”
“ခုနကတော့ ရှိတယ် ရွာထဲထွက်သွားလားမသိဘူး” သူကြီးဦးဘမောင်နှင့်ဒေါ်စိန်တို့တွင် မောင်လူဖွေးဟူသော သားလေး တစ်ယောက်ရှိတယ်။ အသက် (၁၇) နှစ်ခန့်ရှိပြီး အင်္ဂလိပ်မြန်မာ ခုနစ်တန်း အောင်ပြီး ကျောင်းဆက်မတက်တော့ဘဲ မိဘများ၏ လယ်ယာလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးနေသူ ဖြစ်သည်။ ငယ်စဉ်ကတည်းက အနေအထိုင် အေးဆေးပြီး တည်တည်တံ့တံ့ရှိသည်။
သူကြီးမင်းလည်းတစ်မနက်လုံးစိန်ဖူးတော်အကြောင်းကိုစဉ်းစားရင်း အချိန်ကုန် သွားတော့သည်။ နေ့ခင်းပိုင်းတွင် –
ဆယ်အိမ်ခေါင်းမောင်ဦးနှင့်အတူ ဝါးဘလောက်သောက်ဂတ်တဲမှ ဌာနာအုပ်ဦးလေးမောင်နှင့်ပုလိပ်(၅)ဦးခန့်တို့ရောက်ရှိလာကြသည်။ ရွာဦး ကျောင်းဝင်းအတွင်းသို့ သွားရောက်ပြီး စေတီတော်ကြီး၏ပတ်ဝန်းကျင်ကို လေ့လာကြသည်။ သူကြီးမင်းနှင့်တိုင်ပင်၏။ မြို့ပေါ်သို့ရဲသားတစ်ဦးကို စေလွှတ်ပြီးမြို့ဂတ်ကိုလည်းအကြောင်းကြားစေသည်။ မသင်္ကာသူ၊ နာမည် ပျက်ရှိသူ၊ လူဆိုးသူခိုးစာရင်းကို ပြုစုသည်။ သာယာကုန်းရွာအပြင် ဘေး ပတ်ဝန်းကျင်ရွာများမှ ကျူးလွန်နိုင်သည်ဟု အထင်ရှိသူများကို ဖမ်းဆီး၏။ သူကြီးအိမ်အောက်တွင် ထားရှိစစ်ဆေးတော့သည်။

ဝါးဘလောက်သောက် ဂတ်တဲမှ
ဌာနာအုပ်နှင့်တပည့်များ၏လက်သံ
ကလည်း ပြောင်လှသည်။ အစစ်အဆေးခံရသူများမှာလည်း ဆွေမျိုးမေ့
အောင် ခံကြရသည်။
“ဖြောင်း”
လား”
“ခွပ်”
“အောင်မလေး…သေပါပြီဗျ”
“ဟေ့ကောင် … မှန်မှန်ပြောစမ်း စိန်ဖူးတော်ကို မင်းခိုးတယ် မဟုတ်
“မခိုးပါဘူးခင်ဗျာ…မခိုးလည်း မခိုးရဲပါဘူး”
“ဘာမခိုးရမှာလည်း.. ကဲကွာ”
“ဖြောင်း ဖြောင်း”
“အောင်မလေး… ကြောက်ပါပြီဗျ။ ကျွန်တော် ခိုးမိပါတယ်” “ဟုတ်ပြီဟေ့… ပြောစမ်း”
“ဟို… ဦးသိန်းဝင်းမိန်းမရဲ့ထဘီကို ခိုးခဲ့တာပါခင်ဗျာ” “ဟာ-ဒီမသာ ‘ငါကအကောင်းမှတ်လို့ ကဲကွာ” “ဗုန်း – ဗုန်း”
“အောင်မလေး… သေပါပြီဗျ”
“သူကြီးမင်း … ကယ်ပါဦး ကျွန်တော်တကယ်မခိုးရပါဘူးခင်ဗျ” စစ်ဆေးမေးမြန်းသံ ရိုက်သံနှက်သံ၊အော်ဟစ်သံများကသူကြီးမင်းအိမ် အောက်တွင်ပွက်လောရိုက်နေတော့သည်။ သာယာကုန်းရွာထဲနှင့်ရွာနီးချုပ် စပ်မှ ထင်ကြေးနှင့် ဖမ်းဆီးစစ်ဆေးခံရသူများမှာ အယောက်သုံးဆယ်ခန့် ရှိသည်။စစ်ဆေးခံရသူများမှာလည်းမြော့မြော့သာကျန်တော့သည်။စစ်ဆေး နည်းကလည်း မျိုးစုံလှသည်။ ထိုးကြိတ်ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်း၊ ထုပ်တန်းတွင် လက်ပြန်ကြိုးတုပ်၍ ဇောက်ထိုးဆွဲခြင်း၊ ခေါင်းပေါ်ရေစက် ချခြင်း၊ ခြေသလုံးကို မျဉ်းလုံးဖြင့် လှိမ့်ခြင်းတို့ဖြင့် စစ်ဆေးနေကြသည်မှာ ဆူညံနေတော့သည်။

နှစ်ရက်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သော်လည်း သတင်းအစအနက မရသေး။
ရွာနီးချုပ်စပ်နှင့် ပတ်ဝန်းကျင်ဒေသကိုသော်၎င်း၊ မြို့ပေါ်ရှိ ရွှေပန်းတိမ်ဆိုင် များနှင့် အပေါင်ဆိုင်များသို့၎င်း စုံစမ်းထောက်လှမ်းကြသော်လည်း စိန်ဖူး တော်သတင်းက စုပ်စမြုပ်စ ဖြစ်နေတော့သည်။ တစ်ရွာလုံးကလည်း စိတ် မကောင်းဖြစ်နေကြသည်။ အထူးသဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းခံရသူများ နှင့် ၎င်း၏မိသားစုများမှာတော့ ဆိုဖွယ်ရာ မရှိတော့ပါ။ တစ်ရွာလုံးလည်း ကျီးလန့်စာစားဖြစ်နေကြသည်။

သူကြီးမင်းကလည်းလက်စလက်နရှိသူ မည်သူကိုမဆိုခေါ်ယူစစ်ဆေး
သည်။ သူ့အမျိုးများထဲကလူကိုပင်ချမ်းသာမပေး။ နောက်ဆုံးမီးစက်မောင်း သည့်မြဝင်းကြီးကိုပင်မသင်္ကာ၍ခေါ်ယူစစ်ဆေးတော့သည်။သူကြီးကတော် ဒေါ်စိန်မှာ အိမ်တွင်မနေနိုင်၍ အခြားသို့ ရှောင်နေတော့သည်။ သားဖြစ်သူ မောင်လူဖွေးမှာလည်းမျက်နှာလုံးဝမကောင်းဘဲ မည်သူ့ကိုမှ စကားမပြော ဘဲတစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေတော့သည်။ စိန်ဖူးတော်အခိုးခံရပြီးလေးရက်မြောက်နေ့ဖြစ်သည်။သူကြီးမင်းဌာနာ အုပ်မင်းနဲ့ပုလိပ်များသည်၎င်းရိုက်နှက်စစ်ဆေးမေးရဖန်များသဖြင့်မောပန်း
နွမ်းနယ်ကြပြီဖြစ်သည်။ ပျောက်ဆုံးသည့်ရက်ကလည်းတဖြည်းဖြည်းကြာ လာပြီ ဖြစ်သည်။ ရက်ကြာလာသည်နှင့်အမျှ ပစ္စည်းပြန်ရဖို့ကလည်း တစ်ဖြည်းဖြည်းဝေးကွာလာကြောင်း သတိထားမိသဖြင့်တာဝန်ရှိသူများ၏ ရင်ထဲတွင် လေးလံလျက်ရှိသည်။
ဘုရားကလည်း ရှေးဟောင်းဘုရားတစ်နယ်လုံးက အမြတ်တနိုး ကိုးကွယ်နေကြသည့် စေတီတော်ကြီး-။
“စိန်ဖူးတော်ကလည်းတန်ဖိုးဖြတ်မရသည့်ကျောက်မျက်ရတနာမျိုးစုံ
ပါဝင်သည့်ရွှေသားအစစ် စိန်ဖူးတော်ကြီး- ဒါတွေကိုများ တကယ့်ကို ပြန်မရခဲ့ရင် – ။
သူကြီးမင်းလည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် ကျန်ရှိနေသေးသော မသင်္ကာသူများကိုဆက်လက်စစ်ဆေးရန်ပြင်ဆင်နေတော့သည်။ထိုအချိန် တွင်တစ်ဦးတည်းသောသားဖြစ်သူမောင်လူဖွေးဖခင်သူကြီးအနီးသို့ရောက်
ရှိလာပြီး-
“အဘ-အဘ”
“ဟေ..ဘာလည်းလူလေး”
“ဆက်မစစ်ပါနဲ့တော့ အဘရယ် .. ကျွန်တော်စိတ်မကောင်းလို့ပါ” “အဘလည်း.. ဘယ်လုပ်ချင်ပါ့မလည်းလူလေးရယ်- ဒါပေမဲ့- ဒီစိန်ဖူး တော်ကို အဆုံးရှုံးခံလို့မဖြစ်ဘူးလူလေး”
“မစစ်ပါနဲ့တော့.. စိန်ဖူးတော်လည်း ပြန်ရမှာပါ”

“ပြန်ရမယ်.. ဟုတ်လား လူလေးက ဘယ်လိုသိလို့လဲ” “ဟုတ်ပါတယ်. …အဘ ပြန်ရမှာပါ”
“နေပါဦးကွ … လူလေးရ- ခိုးတဲ့လူကို မင်းသိလို့လား” “လူလေး … ဒါနောက်စရာ မဟုတ်ဘူးနော်။ မင်းပြစ်မင်းဒဏ်သင့်မယ့်
ကိစ္စနော်”
“နောက်တာ… မဟုတ်ပါဘူးအဘ – ကျွန်တော် သိပါတယ်” “ဟေး…ဒါဆိုလူလေးသိရင် ပြောစမ်း ခိုးတဲ့လူက ဘယ်သူလဲ” “ကျွန်တော်ကိုယ်တိုင်ပါပဲ”
“ဟင်”
“ချွမ်-ချလွမ်”
ဆွမ်းတော်ကပ်ရန်ပြုလုပ်နေသောသူကြီးကတော်ဒေါ်စိန်၏လက်ထဲမှ ဆွမ်းတော်ဗန်း လွတ်ကျ၍ ကွဲသွားတော့သည်။ သူကြီးမင်းလည်း ပါးစပ် အဟောင်းသားနှင့် အံ့အားသင့်ကြက်သေသေနေတော့သည်။ အတန် ကြာတော့မှ သူကြီးကတော်ဒေါ်စိန်က မောင်လူဖွေးကို ပြေးဖက်ပြီး- “လူလေး … လူလေး မဟုတ်တာ မပြောရဘူးလေ ဘာတွေ လျှောက် ပြောနေတာလည်း”
မဟုတ်ဘူး…မဟုတ်ဘူးကြည့်ပြောစမ်းပါအုံး လူလေးရယ်” “ဟုတ်တယ်အမေ… ကျွန်တော်ခိုးတာ”
“ဟီး-ဟီး-ဟီး”
“မဟုတ်ပါဘူး.. လူလေးရယ် ဘယ်တုံးကမှ လူလေးက ခိုးဖူးတာ
မဟုတ်ပါဘူး”
“ဟုတ်တယ်.. အဘနဲ့အမေ ကျုပ်ဝဋ်ကြွေးပါလာတယ်။ အဲဒီဝဋ်ကြွေး တွေကြောင့် ကျုပ်ခိုးရတာ။ ပစ္စည်းကို လိုချင်လို့ မဟုတ်ဘူး”
ထိုအခါအံ့ဩလွန်းသဖြင့် ငိုင်ကြည့်နေသောဌာနာအုပ်မင်းကဝင်၍- “ဒါဆိုမောင်လူဖွေး မင်းခိုးထားတဲ့စိန်ဖူးတော်ရော”
“ရှိပါတယ် … ဘုရားကြီးနောက်ဘက်က ဂြိုဟ်တိုင်ရဲ့စနေနံရှေ့မှာ မြှုပ်ထားပါတယ်”

“ကဲ-ကဲ -လာ-လာ သွားဖော်ရအောင်” “ဟုတ်ကဲ့ …. ကျွန်တော်လိုက်ပြပါ့မယ်”
သူကြီးမင်းမှာခေါင်းငိုက်စိုက်ချ၍စကားပင်မပြောနိုင်တော့ပါ။ သူကြီး ကတော်ဒေါ်စိန်မှာလည်း ငိုရင်းတက်သွားသဖြင့် မနည်းနာနှတ်ယူရသည်။ စေတီတော်ကြီး၏စိန်ဖူးတော်ကိုသူကြီးမင်း၏သားမောင်လူဖွေးကခိုးသည်
ဟူသော သတင်းမှာ တောမီးကဲ့သို့တစ်ရွာလုံး ပျံ့နှံ့သွားလေတော့သည်။ “မဖြစ်နိုင်ပါဘူး …. မရွှေတင်ရယ်”
“ဟဲ့ကောင်မ – မိသိန်းဝင်း – ဟုတ်လို့ပဲ ပုလိပ်တွေရော၊သူကြီးရော သူ့ သားရော၊ အခု ရွာဦးကျောင်းကို သွားနေကြပြီ”
“ဟုတ်တယ် … အစ်မသိန်းဝင်းရဲ့ကျွန်မတောင် သွားကြည့်မလို့ လိုက်
ကြဦးမလား”
လာ”
“လိုက်မှာပေါ့… မော်မော်ရဲ့”
“ကဲ-ကဲ နောက်ကျလို့ မသိလိုက်ရဘဲနေမယ်။ သွားကြမယ် လာ-
တစ်ရွာလုံးရှိယောက်ျားမိန်းမကလေးလူကြီးမကျန်ရွာဦးကျောင်းဝင်းရှိ စေတီတော်ကြီးသို့ဦးဆောင်ချီတက်နေကြသည်မှာအုန်းအုန်းထနေတော့
သည်။စေတီတော်ကြီးပတ်ဝန်းကျင်တွင်လူများပြည့်ကြပ်နေကြသည်။စေတီ တော်ကြီးအနောက်ဘက်ဂြိုဟ်တိုင်အနီးစနေဂြိုဟ်ရုပ်တုရှေ့တွင်ဆရာတော် ကြီး၊ သူကြီးမင်းနှင့်ဌာနာအုပ်အမှူးပြုသောပုလိပ်သားများနှင့်မောင်လူဖွေး တို့ရပ်နေသည်။
မောင်လူဖွေးလည်း ဆရာတော်ကြီးနှင့်ဖခင်သူကြီးတို့ကို ထိခြင်း (၅) မျိုးဖြင့်ရိုသေစွာထိုင်၍ကန်တော့လိုက်သည်။ထို့နောက်တူရွင်းတစ်ချောင်း ကိုတောင်းယူလိုက်ပြီး စနေဂြိုဟ်ရုပ်တုရှေ့မြေပြင်ကို တူးဖော်တော့သည်။ တစ်ပေခန့်တူးပြီးနောက်ပလတ်စတစ်အထူစားဖြင့်လုံခြုံစွာထုပ်ထားသော
အထုပ်တစ်ထုပ်ကို ယူလိုက်သည်။ထို့နောက်အထဲမှာစိန်ဖူးတော်ကိုထုတ်
ယူလိုက်သောအခါနံနက်ခင်းနေရောင်ခြည်အောက်တွင်ရွှေရောင်၊ကျောက် သံပတ္တမြားအရောင်တို့ဖြင့် ဝင်းလက်တောက်ပနေတော့သည်။

ဆရာတော်ကြီးကလက်အုပ်ချီပြီးမောင်လူဖွေးလက်ထဲမှစိန်ဖူးတော် ကို လှမ်းယူလိုက်သည်။ သူကြီးမင်းအမှူးပြုသော ရွာသူ၊ ရွာသားအပေါင်း လည်း မြေပြင်တွင်ထိုင်၍ စိန်ဖူးတော်ကို ရိုသေစွာ ရှိခိုးကြတော့သည်။ ထို့ နောက် ဆရာတော်လည်း စိန်ဖူးတော်ကို ပင့်ဆောင်၍ ကျောင်းတော်ပေါ် ကြွသွားတော့သည်။ ထိုအခါ သူကြီးမင်းက –
“ကဲ- ဌာနာအုပ်ကြီးစိန်ဖူးတော်ကို ဖြုတ်နိုင်တဲ့ ကျွန်တော့်သား မောင်ဖြူဖွေးကိုခင်ဗျားလက်ကိုအပ်ပါတယ်။ ဥပဒေအတိုင်းသာ အရေးယူ
ပါတော့”
“ဟီး-ဟီး-ဟီး”
“ဟင့်-ဟင့်”
ရွာသူရွာသားတို့မှာလည်းမောင်လူဖွေးအတွက်စိတ်မကောင်းဖြစ်နေ
ကြသည်။ စိတ်သဘောထား ကောင်းမွန်ပြီး သူတစ်ပါးကို အမြဲကူညီသော၊ ယခင်ကလည်း ဘာသံမှ မကြားခဲ့ရသော မောင်လူဖွေးအတွက် ယုံရခက်၊ မယုံရခက် ဖြစ်နေသည်။ မယုံရအောင်လည်းအပြစ်ကလက်တွေ့ထင်ထင် ရှားရှားကြီး –
“ဟုတ်ကဲ့ … သူကြီးမင်း ကျွန်တော်လည်း ဥပဒေအရ အရေးယူ
ပါ့မယ်”
“ဒါနဲ့မောင်လူဖွေး … ဒီလောက်မြင့်ပြီး ဒီလောက်အကာအရံနဲ့ထားတဲ့ စိန်ဖူးကို ငါ့တူဘယ်လို တက်ဖြုတ်သလဲ၊ ဦးလေးတို့တော့ မယုံနိုင်အောင် ပါပဲ”
“ဟုတ်တယ် … ညီလေး မင်းတစ်ယောက်တည်း ဘယ်လို ဖြုတ်သလဲ ပြောပြစမ်းပါကွာ”
ဌာနာအုပ်မင်းနှင့်အားလုံး၏တောင်းဆိုမှုကြောင့် မောင်လူဖွေးမှာ စေတီတော်ကြီးမှ စိန်ဖူးတော်တက်ဖြုတ်ပုံကို ပြန်လည် သရုပ်ပြ တော့သည်။

တန်ဆောင်မုန်းလပြည့်နေ့ညသန်းခေါင်ကျော်စေတီတော်ကြီး
လျှပ်စစ်မီးပူဇော်မှုကို ရပ်ဆိုင်းလိုက်သည်။ မီးစက်ကို တာဝန်ယူ မောင်းနှင် ပူဇော်ရသော မြဝင်းကြီးတစ်ယောက် ပစ္စည်းများကို သိမ်းဆည်း၍ မီးစက် ထားသော အင်ဂျင်ရုံကို တံခါးပိတ် သော့ခတ်ပြီး ပြန်လာခဲ့သည်။ မီးစက် ပိတ်သိမ်းသွားသော်လည်းလပြည့်ညဖြစ်၍လမင်းကထိန်ထိန်သာနေတော့
သည်။
ည (၁)နာရီကျော်အချိန်တွင် မောင်လူဖွေးတစ်ယောက် ကျောင်းဝိုင်း အတွင်း ဝင်ရောက်လာပြီး စေတီတော်ကြီးအနီးသို့ ရောက်လာခဲ့သည်။ အသိစိတ်က မလုပ်သင့်ဟု ထင်မိသော်လည်း မသိစိတ်၏ စေ့ဆော်မှုအရ စေတီတော်၏နောက်ဘက်ဂြိုဟ်တိုင်ဘက်သို့ရောက်ရှိလာခဲ့သည်။ ဘုရား ခြေရင်းတွင် ခေတ္တငိုင်နေသည်။ သို့သော်တစ်စုံတစ်ခု၏ စေ့ဆော်မှုကို မလွန်ဆန်နိုင်သကဲ့သို့ ဘုရားပေါ်သို့ စတင်တက်လေတော့သည်။
မောင်လူဖွေးတစ်ယောက်ဘုရားပေါ်သို့တက်ရောက်ပုံသရုပ်ပြနေခြင်း
ကို ရွာသူရွာသားများက အသံပင် မထွက်နိုင်ဘဲ ဝိုင်းကြည့်နေကြသည်။ မောင်လူဖွေးလည်း မည်သည့်ပစ္စည်းကိရိယာ အကူအညီတစ်ခုမှ မပါဘဲ အိမ်မြှောင်များ နံရံသို့ တွယ်ကပ်တက်သလို တက်သွားခဲ့သည်။ ဤသို့ဖြင့် တက်သွားခဲ့သည်မှာ ငှက်ပျောဖူးအရင်းပိုင်းကိုကျော်၍ သံပန်းအချွန်များ အပေါ်အောက်ထောင်၍ပတ်ပတ်လည်ကာရံထားသောသံပန်းအဝိုင်းအနား
သို့ရောက်၍သွားခဲ့သည်။
ထိုနေရာသို့ မောင်လူဖွေး ရောက်သွားသောအခါ ဝိုင်းကြည့်နေသော ပရိသတ်က ပို၍ စိတ်ဝင်စားလာကြတော့သည်။ လူသာမန်တစ်ဦး မည်သို့ မျှ မတက်ရောက်နိုင်သောအတားအဆီးကို မည်သို့ ကျော်ဖြတ်မည်ကို စိတ်ဝင်စားစွာ ကြည့်ရှုနေကြသည်။ ထိုနေရာသို့ မောင်လူဖွေး ရောက်ရှိ သွားသောအခါ အောက်ဘက်သို့ စိုက်၍ ကာရံထားသော သံချွန်နှစ်ခုကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ပြီးခိုထားလိုက်သည်။ သံချွန်နှစ်ခုကို ဆုပ်ကိုင် ၍ဆွဲခိုထားသောမောင်လူဖွေးမှာ လေထဲတွင်တွဲလောင်းဖြစ်နေသည်။
“ဟိတ်”

မာန်သွင်းသံ တစ်ချက်ပေါ်လာပြီး လေထဲတွင် အနည်းငယ် လွဲယမ်း အားယူပြီး ခြေထောက်နှစ်ချောင်းကတော့ ဤအပေါ်သို့ထောင်ပြီးနောက်
ကျွမ်းပစ်၍တက်သွားရာစေတီတော်၏ငှက်ပျောဖူးတွင်ပတ်ဝိုင်း၍ကာထား
သော သံပန်းအဝိုင်းပေါ်တွင် မတ်တတ်ရပ်လျက် ကျရောက်သွားတော့
သည်။ “ဟာ”
“ဟယ်”
“အလိုတော်”
“တော်လိုက်တာဟယ်… ဆပ်ကပ်ထဲကအတိုင်းပဲ” “ဟုတ်ပါ့တော် – တက်သွားတာကလည်း အိမ်မြှောင်အတိုင်းပဲ” ဝိုင်းဝန်းကြည့်ရှုနေကြသောရွာသူရွာသားများမှာစိတ်ဆိုးဒေါသထွက်
ရမည်ထက် မောင်လူဖွေး၏ အစွမ်းအစကို ဝိုင်းဝန်း ချီးကျူးနေကြသည်။ မောင်လူဖွေးလည်း ထိုမှတစ်ဆင့် စိန်ဖူးတော်ကို လက်လှမ်းမှီသည်အထိ တက်သွားခဲ့သည်။ စိန်ဖူးတော်ကို ဖြုတ်ခါနီးတွင် အတန်ကြာငိုင်တွေ နေ သည်။ ထို့နောက်မဖြုတ်သေးဘဲပြန်ဆင်းလာခဲ့သည်။ ယခင်နည်းအတိုင်း ဘုရားခြေရင်းသို့ပြန်ဆင်းလာပြီးဘုရားကြီးခြေရင်းမှ သဲတစ်ဆုပ်ကိုကျုံးယူ
လိုက်သည်။
ထိုသဲဆုပ်ကိုလက်မှာကိုင်ရင်း ဘုရားရှေ့တွင် သစ္စာဆိုတော့သည်။ “ဘုရားတပည့်တော်သည် ယခင်ဘဝဝဋ်ကြွေးကြောင့် စိန်ဖူးတော်ကို ဖြုတ်ယူပါတော့မည်။ ဤကျူးလွန်ခဲ့သော အပြစ်ဒဏ်ကို ဤလက်ထဲတွင် ဆုပ်ကိုင်ထားသော သဲလုံးနှင့်အမျှ ကပ်ကမ္ဘာ ခံယူပါမည်။ ဤသစ္စာစကား ကြောင့် အလွယ်တကူ ဖြုတ်ယူရပါစေသား”
ထိုကဲ့သို့ သစ္စာဆိုပြီးနောက် မောင်လူဖွေးလည်း ဘုရားစေတီပေါ်သို့ ယခင်နည်းအတိုင်းပြန်တက်သွားပြီး စိန်ဖူးတော်ကို ဖြုတ်၍ပြန်ဆင်းလာခဲ့ တော့သည်။ မောင်လူဖွေးဘုရားပေါ်တက်ပုံဆင်းပုံများမှာ ပင်ပင်ပန်းပန်း ဆောင်ရွက်ရခြင်းမရှိဘဲတစ်စုံတစ်ခု၏အကူအညီကြောင့်လားမသိ။ ပုံမှန် လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေသည်။

“ဒါနဲ့…. ပထမအကြိမ်တက်သွားပြီးစိန်ဖူးကိုမဖြုတ်ဘဲပြန်ဆင်းလာတာ ဘာကြောင့်လဲ”
“ဒီလိုပါ – ဌာနာအုပ်မင်း ဘုရားပေါ်သို့ အခက်အခဲ မရှိဘဲ တက်သွား နိုင်ပေမယ့် စိန်ဖူးတော်ကို ဖြုတ်မယ်လုပ်တော့ ကျွန်တော့်မျက်စေ့ထဲမှာ စိန်ဖူးတွေအများကြီးမြင်နေရပြီး ဘယ်ဟာအစစ်ဘယ်ဟာအတုမှန်း ခွဲခြား လို့မရဘူးဖြစ်နေတယ်။ အင်း… ငါတော့ သစ္စာဆိုမှ ဖြစ်တော့မယ်ဆိုပြီးပြန် ဆင်း သဲတစ်ဆုပ်ယူပြီး အပြစ်ဒဏ်ကို ဒီသဲလုံးရေနဲ့ ညီမျှတဲ့ ကပ်ကမ္ဘာ အတိုင်း ခံယူပါ့မယ်လို့ သစ္စာဆိုပြီး ပြန်တက်သွားတော့မှ စိန်ဖူးတော်ကို မြင်ရတော့တယ်။ အဲဒီအခါကျတော့မှလွယ်လွယ်ကူကူဖြုတ်ယူပြီးပြန်ဆင်း လာတယ်။
ဒါပေမဲ့ – ကျွန်တော်ရဲ့ဝဋ်ကြွေးစေ့ဆော်မှုတွေကြောင့်သာ ဒီစိန်ဖူးကို
တက်ဖြုတ်တာဖြစ်ပေမယ့်သုံးစွဲဖို့မရည်ရွယ်ဘူး။ဒါကြောင့်ဘုရားခြေရင်းမှာ
မြှုပ်ထားခဲ့တာ။ အချိန်တန်ရင်တော့ တစ်နည်းနည်းနဲ့ ပြန်ပေးမလို့ပါပဲ။ ဒါပေမဲ့ ဖခင်သူကြီးနဲ့ဌာနာအုပ်ကြီးတို့က မသင်္ကာသူတွေကို ရိုက်နှက် စစ်ဆေးနေတာမြင်ရတော့ကျုပ်လုံးလုံးစိတ်မကောင်းဘူး။ ပိုပြီးဆိုးလာမှာ စိုးလို့ အခုလို ဖော်ပေးလိုက်တာပဲ”
“မိုက်လိုက်တဲ့ ငါ့သားရယ် – ဒီအပြစ်ဒဏ်ကိုမင်းဘဝပေါင်း မြောက် မြားစွာပေးဆပ်ခံယူရတော့မယ်”
“လောလောဆယ် ဥပဒေက ပေးတဲ့အပြစ်ဒဏ်ခံရမယ်။ ငါ့သားရဲ့ဘဝ က ဆိုးလိုက်တာကွယ်”
ဖခင်ဖြစ်သူ သူကြီးမင်းမှာ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်ဆိုသလို သူ့သားဖြစ်သူက စိန်ဖူးတော် ဖြုတ်ခိုးသူဖြစ်၍ ရှက်ဒေါသ အပြင်ယူကြုံးမရဖြစ်နေတော့သည်။ ထိုအချိန်တွင် မောင်လူဖွေးက – “ဒီလူအုပ်ထဲမှာ … ဒေါ်သန်းမြရှိလား” “ရှိတယ်… လူလေးရှိတယ်”
“အဒေါ့်အိမ်ကပျောက်သွားတဲ့ရွှေဒင်္ဂါးတွေသောကြာဂြိုဟ်တိုင်ရှေ့မှာ
မြှုပ်ထားတယ်။ အဲဒါပြန်ဖော်ယူလိုက်ပါ”

“အောင်မယ်လေး… ကျေးဇူးတင်လိုက်တာ လူလေးရယ်။ ဘုန်းကြီးပါ စေအသက်ရှည်ပါစေ”
အရေးထဲ ပစ်ဒဏ်ကျခံရမည့်သူကို ဆုတောင်းပေးနေသေးသည်။ တော်တော့လူတွေပါပဲ။ ထို့ပြင် ဘုရားလူကြီးဦးပြားကြီးအိမ်မှ ပျောက်ဆုံး သွားသော ရွှေငွေပစ္စည်းများကိုလည်း ကြာသပတေးဂြိုဟ်တိုင်ရှေ့မှ ပြန် တူးဖော်ယူစေသည်။ မောင်လူဖွေးပြောသကဲ့သို့ ၎င်းတို့၏ ပျောက်ဆုံး သွားသောပစ္စည်းများကိုတစ်ခုမကျန်ပြန်ရလိုက်တော့သည်။ ဦးပြားကြီးနှင့် ဒေါ်သန်းမြတို့မှာ မောင်လူဖွေးကို စိတ်ဆိုးဒေါသထွက်ရမည်ထက် ကျေးဇူး တင်နေကြသည်။
“အဲ… လိုရင်းကိုပဲ ပြောကြတာပေါ့ ဒကာလေးရယ်။ အဲဒီကိစ္စတွေ ကြောင့် မောင်လူဖွေးလည်း ထောင် (၁၀)နှစ်ကျသွားတယ်။ မျက်မှောက် ခေတ်ကာလမှာ သူ ကျူးလွန်ခဲ့တဲ့အပြစ်ဒဏ်ကို ချက်ချင်းလက်ငင်း ကျခံရ တယ်။ ဒါ့အပြင် သံသရာမှာလည်း ကပ်ကမ္ဘာပေါင်းများစွာ အပြစ်ဒဏ်ကို ခံစားရဦးမယ်ကွဲ့”
ရွှေတိဂုံစေတီတော်ကြီး၏ စနေထောင့်ရှိ ဇရပ်တစ်ခုပေါ်၌ အသက် (၆ဝ)ကျော်အရွယ်ရှိ ရသေ့တစ်ဦးက ကျွန်တော့်ကို ပြောပြနေခြင်း ဖြစ် သည်။ (၁၉၈၀)ခုနှစ် ကျွန်တော် ပထမနှစ် ဒေသကောလိပ်တက်နေစဉ် အတွင်းအဆောင်နေထိုင်ရာလှည်းတန်းစံရိပ်ငြိမ်မှ ရွှေတိဂုံစေတီတော်သို့ စနေနေ့ ညနေတိုင်း တက်ရောက် ဖူးမြော်ခဲ့သည်။ ထိုသို့ ဘုရားပေါ်သို့ တက်ရောက်ရင်း အသားဖြူဖြူအရပ်မြင့်မြင့်နှင့် ကြည်ညိုဖွယ်ကောင်းလှ သော ဘရသေ့နှင့်တွေ့ဆုံသိကျွမ်းရာမှ ဘရသေ့က ယခုအကြောင်းကို ပြောပြနေခြင်းဖြစ်သည်။
“ဒါထက် … ဘရသေ့ ကျွန်တော်မရှင်းတာတွေကိုမေးပါရစေ” “GUI. …မေးလူလေး မေးနိုင်ပါတယ်” “မောင်လူဖွေးရဲ့မိဘနှစ်ပါးရော”
“ဖခင်ဖြစ်တဲ့ သူကြီးမင်းကရှက်လွန်းလို့သူကြီးအလုပ်ကနုတ်ထွက်ပြီး
ရဟန်းဘဝကိုအပြီးတိုင်ကူးပြောင်းသွားတယ်။ မိခင်ဖြစ်တဲ့ဒေါ်စိန်ကတော့

မောင်လူဖွေးထောင်ကျသွားတဲ့အချိန်မှာ တရှောင်ရှောင်ဖြစ်ပြီး (၂)နှစ် လောက်အကြာမှာ ဆုံးသွားခဲ့တယ်”
“မောင်လူဖွေးမှာ အဲဒီအစွမ်းအစတွေရှိမှန်း သူ့မိဘတွေက မသိကြ ဘူးလား”
“အမှတ်တမဲ့နေကြတော့ မသိဘူးကွဲ့။ အဲ – မောင်လူဖွေးကို မွေးတာ ကလည်း တန်ဆောင်မုန်းအချိန်မှာ မွေးခဲ့တာ။ စောရနက္ခတ်နဲ့ယှဉ်ပြီး မွေး လာခဲ့တာ။ ငယ်စဉ်ကတော့ သိပ်မသိသာဘူး။ ဒါပေမဲ့ – တန်ဆောင်မုန်း လပြည့်နေ့ညရောက်တိုင်း မောင်လူဖွေး နေလို့ မရဘူး။ အိမ်ကနေထွက်ပြီး လျှောက်သွားတော့တာပဲ”
ထူးခြားတာက သူ အဲဒီလျှောက်သွားနေတာကို ဘယ်သူကမှ သတိ မထားမိကြဘူး။ နောက်ဆုံးတစ်အိမ်အိမ်ကပစ္စည်းတစ်ခုခုကိုတစ်နေရာကို ရွေ့ထားလိုက်တော့မှ စိတ်ကျေနပ်ပြီး အိမ်ပြန်လာတော့တယ်။ ပိုထူးခြား တာက သူအိမ်မှာ အိပ်ပျော်နေတာကို သူ့မိဘတွေက အမြဲတွေ့နေရ တယ်။
မောင်လူဖွေး (၁၄)နှစ်သားရောက်တော့ ရွာကို ဆေးလာကုတဲ့ ရှမ်းဆရာကြီးတစ်ယောက်က သိဒ္ဓိတင်ပေးမယ်ဆိုပြီးနဖူးမှာဆေးသုံးချက် စုတ်နဲ့ထိုးပေးသွားတယ်။ အဲဒီလို ထိုးပေးပြီးတဲ့နောက်ပိုင်း တစ်နှစ်တစ်ခါ တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုခိုးတော့ တာပဲ။ သူ့ရဲ့မသိစိတ်က လုပ်နေပေမယ့် သိစိတ်က ရှိနေသေးတော့ အဲဒီ ပစ္စည်းတွေကို ခိုးတော့တာပဲ။ သူရဲ့မသိစိတ်က လုပ်နေပေမယ့် သိစိတ်က ရှိနေသေးတော့ အဲဒီပစ္စည်းတွေကို ကိုယ်ကျိုးမသုံးတဲ့ ဝှက်ထားခဲ့တာပေါ့။ “မောင်လူဖွေးထောင်ကလွတ်လာတော့ရော- ဘရသေ့”
“မောင်လူဖွေးနှစ်စေ့လို့ထောင်ကလွတ်လာတော့မိဘတွေကမရှိကြ တော့ဘူး။ သူလည်းမိဘတွေကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကိုလှူဒါန်းပေးကမ်း ခဲ့တယ်။ အဲဒီအပြင်လယ်ဧက(၂ဝ)ကိုသူစိန်ဖူးဖြုတ်ခဲ့တဲ့ရွာဦးစေတီတော် ကြီးဝေယျာဝစ္စကိစ္စတွေသုံးဖို့အတွက်ဘုရားအတွက်ဆိုပြီးလှူဒါန်းခဲ့တယ်။

အဲဒီ လယ်ကရတဲ့အကျိုးအမြတ်နဲ့ နှစ်စဉ်ဘုရားပွဲလုပ်ခဲ့တာက အခုတိုင်
အောင်ပါပဲ”
မောင်လူဖွေးလည်း
အဲဒီနောက်ပိုင်းရွာကထွက်သွားတော့တာပါပဲ။
“ဘရသေ့က…ဒီကိစ္စတွေ အလုံးစုံ သိနေတာဆိုတော့”
“ဟုတ်တယ် … လူကလေးထင်တဲ့အတိုင်းပဲ မောင်လူဖွေးဆိုတာ ဘရသေ့ပဲပေါ့”
“ဗျာ”
“ဟုတ်တယ် .. လူလေး ဘရသေ့လည်း အခုဘဝမှာ ကိုယ်ကျူးလွန်ခဲ့ တဲ့ကိစ္စအတွက်အပြစ်ဒဏ်ခံထားရသလိုနောင်သံသရာဘဝပေါင်းများစွာ
လည်း အပြစ်ဒဏ်ကိုခံရဦးမယ်။ သံသရာဆိုတာကြီးကိုအရမ်းကြောက်သွား ခဲ့ပြီလူလေး”
“ရဟန်းဝတ်ဖို့ကလည်း ပဉ္စနန္ဒိယကံကြီးကို ကျူးလွန်ထားတဲ့လူဆို တော့ မသင့်တော်ဘူးလေ။ ဒါ့ကြောင့် ရသေ့ဝတ်ပြီး ပုတီးစိပ် တရားထိုင် မေတ္တာပို့ပြီး တတ်နိုင်သလောက် အပြစ်ကြေဖို့အတွက် ပေးဆပ်နေရတာပဲ လူကလေး”
ထို့ဘုရားရှင်လက်ထက်က အဇာတသတ်မင်းကြီးကို ကြားဖူးမှာပေါ့။ ဖခင်ဗိမ္ဗိသာရမင်းကြီးကိုသတ်ခဲ့တဲ့အတွက်ပဉ္စနန္ဒိယကံထိုက်ကြီးအဝီစိကို
မလွဲမသွေ ကျရောက်ရမှာဖြစ်ပေမယ့် ရတနာသုံးပါးကို ချီးမြှောက်ခဲ့တဲ့ အတွက် အဝီစိငရဲကို မကျတော့ဘဲ သူ့အနီးအနားက လောဟဟကုမ္ဘီငရဲ ကိုသာကျခဲ့တယ်။
သူ့ရဲ့ ကြည်ညိုသဒ္ဓါနဲ့ သာသနာကို ချီးမြှောက်ခဲ့တဲ့ကုသိုလ်အကျိုး အကြောင်းကြောင့် အဲဒီငရဲမှာ အနှစ်ခြောက်သောင်းခံပြီးရင် ဒီကမ္ဘာရဲ့
အရိမေတ္တယျဘုရားရှင်ကြားမှာဝိဇိတာဝီဆိုတဲ့ပစ္စေကဗုဒ္ဓဖြစ်ပြီးနိဗ္ဗာန်ကူး
လိမ့်မယ်။

ဘရသေ့ကတော့ ပါရမီအရင့်အမာ မဟုတ်တောင် လူ့ဘဝမှာ ထိုက်
သလောက်အကုသိုလ်ကံဖျက်ဖို့ကုသိုလ်ကောင်းမှုလုပ်ပြီးပေးဆပ်နေတာ
ပဲ။လူကလေးနဲ့ကြုံတုန်း ဘရသေ့ရဲ့သံဝေဂယူဖွယ်ဘဝအကြောင်းကိုပြောပြ
နေတာဘဲကွဲ့။
“ကဲ-ကဲ-စကားပြောတာလည်း အတော်ကြာပြီ။ ဘရသေ့လည်း အဓိဋ္ဌာန်ဝင်လိုက်ဦးမယ်။ လူလေးကိုလည်း တစ်ခါတည်း နှုတ်ဆက်ခဲ့ တယ်။ ဘရသေ့လည်း ခရီးဆက်ရဦးမယ်”
“ဘရသေ့ … ဘယ်ကိုခရီးဆက်မှာပါလဲ” “မြန်မာပြည်အနှံ့ပေါ့ကွယ်..ကံမကုန်သေးရင်တော့ပြန်ဆုံကြမှာပေါ့” “တင့်ပါ့… ဘရသေ့ကို ကန်တော့ခဲ့ပါတယ်” “သာဓု-သာဓု-သာဓု”
ကျွန်တော်လည်း ဘရသေ့ကို ဦးချ၍ဘုရားပေါ်မှပြန်ဆင်းလာခဲ့တော့ သည်။ ထိုအချိန်မှစ၍ ယခုအချိန်ထိ နှစ်ပေါင်း (၃ဝ)ကျော်ကြာခဲ့ပြီးဖြစ် သော်လည်း ဘရသေ့နှင့် တစ်ခါမျှ ပြန်တွေ့ ခဲ့ခြင်း မရှိတော့ပါ။ ကျွန်တော် ကလည်း ဘရသေ့နှင့်ပြန်တွေ့လျှင်မေးစရာမေးခွန်းတစ်ခုကျန်ခဲ့၍မေးချင် ပါသေးသည်။
“မောင်လူဖွေးလက်ထက်က အစွမ်းအစများယခုထိရှိပါသေးလား” မေးစရာပင်မလိုပါ။ သူတော်ကောင်းပုဂ္ဂိုလ်များကလောကီအစွမ်းအစ များကို မည်သည့်အခါမှ သုံးစွဲတော့မည်မဟုတ်ပါ
(နှစ်ပေါင်း (၃ဝ)ကျော်တွင် ရွှေတိဂုံဘရားစနေထောင့်တွင် ဆုံတွေ့ခဲ့ ရသော ဘရသေ့အား ဦးချကန်တော့လျက်…)
>> ဝင်းနိုင် (ရွှေပြည်သာ)