Unicode Version
ထူးဆန်းသောအိမ်မက်(စ/ဆုံး)
—————————————
လူနဲ့လူချင်းအဆင့်အတန်းအနိမ့်
အမြင့် ခွဲခြားခြင်းမှာလည်း ယဉ်ကျေးမှ
ခြင်းအပေါ်မှာ တည်ရှိတဲ့အတွက် ပိုမို
မြင့်မြတ်တယ်လို့ ယူဆရပါတယ်။ ရုပ်
လုံးပေါ် ရေးနည်းအကြောင်း၊ စကား
ဆက်ပြီး လာလိုက်တာ စကားတောင်
နည်းနည်းရှည်သွားပြီ။ ကျွန်တော်ဆို
လိုတာက ကိုယ်လက်ကြံ့ခိုင်ရေးပညာ၊
ကာယဗလပညာ၊ တစ်နေ့က ရန်ကုန် နေပြည်တော် စည်ပင်ရေးအဖွဲ့၊ ပညာ ရေးဌာန၊ကျောင်းပိတ်ရက်၊စာသင်တန်း
နဲ့ ဆရာဖြစ် သင်တန်းကျောင်းဖွင့်ပွဲမှာ
ဦးစိန်ရွက် အမိန့်ရှိသွားတဲ့ “ရုပ်သင်” ပညာဆိုတာ ယောက်ျားကလေးများ သာ မဟုတ်ဘူး။ မိန်းကလေးများသာ လိုပါသေးတယ်။ ယခု မိန်းကလေး
တွေမှာ တစ်နေ့လုံး အလုပ်တိုက်ထဲမှာ အလုပ်လုပ်၊ အိမ်အလုပ်သမားတွေ
ကလည်း နေထွက်ကနေဝင်အထိ
တစ်နေ့လုံး ဇာထိုး၊ ပန်းထိုး၊ စက်ချုပ်
အလုပ်တွေလုပ်၊ ညနေအလုပ်ဆင်းလို့
အညောင်းဖြေချိန်မှာ ဘာလုပ်သလဲ
သိကြရဲ့လား ခင်ဗျ။ ကိုယ်လက်လှုပ်
ရှားမှုကို ဘာတစ်ခုမျှ မလုပ်တဲ့အပြင်
မျက်စိကို ပိုပြီးညောင်းစေတတ်တဲ့
အရိပ်ပြပွဲသွားတယ်။ ဝတ္ထုကို အိပ်ခါနီး
အထိ ဖတ်တယ်။ သန်းခေါင်ကျော်
အောင် ပိုကာဒေါင်းတယ်။ နေရတဲ့
နေရာက ကျဉ်းကျဉ်းကျပ်ကျပ် ပေ
အစိတ်အခန်းထဲမှာ ဒီလို မိန်းကလေး
တွေမှ ရှူနာရှိုက်ကုန်းဖြစ်ပြီး မီးယပ်နာ
မရရင် ဘယ်သူရဦးမှာလဲ ခင်ဗျာ။ မျက်
နှာမှာ ပေါင်ဒါဖြူဖြူကလေးတွေ ရိုက်
ထားရင် သူတို့ကိုယ်သူတို့ လှလှပြီလို့ ထင်နေကြတယ်။ ဘယ်လိုအချိုးအစား ကျမှ လှတယ်ဆိုတာ သူတို့ မသိဘူး။
လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံး ဆို တဲ့ စကားရဲ့ အဓိပ္ပာယ်ကို သူတို့ နား မလည်ကြဘူး။ ဒါကြောင့် ကျွန်တော် ဖြင့် မိန်းမယူရင် ရှူနာရှိုက်ကုန်းနဲ့၊ နှုတ်
ခမ်းမှာ သွေးမရှိလို့ ပန်းဆီဆိုးထားတဲ့
ပါးစပ်တွေ၊ ကျောက်ဖြူရုပ်လို ပေါင်ဒါ
ရိုက်ထားတာတွေကို မယူဘဲ လုံးကြီး
ပေါက်လှနဲ့ တောသူဝဝကလေးပဲ ယူ
တော့မယ်လို့ စိတ်ကူးထည့်ထားတာပဲ။
(ဩဘာသံများ)
ဩဘာသံများသည် ရုံတစ်ရုံလုံး ဆူညံ၍ သွားလေ၏။ အထက်ပါစကား များကို ပန်းချီဆရာကလေး မောင်စိန်
လွင်သည် ကာယဗလ ဟောပြောပွဲ
တစ်ခု၌ခြေဟန်လက်ဟန်ဖြင့်စိတ်အား ထက်သန်စွာ ပြောလျက်ရှိလေရာ ၎င်း ၏ စကားအဆုံး၌ အချို့မိန်းမပျိုကလေး
များသည် မောင်စိန်လွင်အား မျက်
စောင်းထိုး၍ ကြည့်ကြ၏။ အချို့လည်း
ရှက်ဟန်ဖြင့်ခေါင်းငုံ့၍နေကြလေသည်။
ရှေ့ဆုံးတန်းမှ မိန်းမပျိုကလေး တစ်
ယောက်ကမူ မောင်စိန်လွင်အား စိတ်
ထဲက များစွာချီးမွမ်းလျက် ရှိလေ၏။ ထို
မိန်းမပျိုမှာ မိန်းမတို့၏ အဆင်းအလှ ဆုံးသောအရွယ်(အသက်၂ဝအောက်)
ကို ကျော်လွန်သေးဟန် လက္ခဏာ မရှိ
သေးချေ။ (၅) နာရီထိုးလတ်သော်
ဟောပြောပွဲပြီးသည်နှင့် မောင်စိန်လွင်
လည်း မိမိနေအိမ်ရှိရာ ပန်းဆိုးတန်းသို့
ပြန်ခဲ့လေ၏။
မောင်စိန်လွင်၏မိဘများမှာ ဇာတိ
မျိုးရိုးအားဖြင့် မင်းမျိုးဖြစ်၍ မောင်စိန်
လွင်အား ယခုခေတ်သစ် အစိုးရအဖွဲ့
တွင် အနည်းဆုံး အောက်တန်း နိုင်ငံ့
ဝန်ထမ်းအဖြစ်သို့ ရောက်အောင် ကြိုး
စားခဲ့၏။ ၎င်း၏ အစ်ကိုမှာ ခရိုင်နယ်
တစ်နယ်တွင်ခန့်ထားခြင်းကိုခံခဲ့ရပေရာ
မောင်စိန်လွင်အား မြို့တွင်မနေဘဲ ၎င်း
နှင့်အတူ လိုက်၍နေရန် ခေါ်သေး၏။
သို့သော်လည်း မောင်စိန်လွင်၏ စိတ်
သဘောမှာ မိမိအပေါ်တွင် အထက်က
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊
ဩဇာပေးခြင်းခံရသောအလုပ်မှန်သမျှ
ကို စက်ဆုပ်ကာ မိမိဝါသနာပါသော
စုတ်တံဖြင့်ပန်းချီအလုပ်ကိုပင်ယခင်က
ကဲ့သို့ ဆက်လက်၍ လုပ်တော့မည်ဟု
သန္နိဋ္ဌာန်ချကာ ပန်းဆိုးတန်းတွင် (၃၀) ပေးရသော တိုက်ခန်းတစ်ခန်းကို ငှား ပြီးလျှင် အလုပ်တိုက်ဖွင့်ခဲ့လေသည်။
ဓာတ်ပုံများကို ပုံကြီးချဲ့ခြင်း၊ ပုံတူ
ရေးကူးခြင်း၊ လူပုံကိုကိုယ်တိုင်ကြည့်၍
ရေးဆွဲခြင်းတို့၌ မောင်စိန်လွင်မှာ လူ
အများ ချီးမွမ်းခြင်းကို ခံရသည့်အပြင်
လူကိုယ်တိုင်ကြည့်၍ ပုံတူရေးဆွဲရာ၌
အထူးသဖြင့် ကျွမ်းကျင်ခဲ့လေရာ ဝန်
ကြီးတစ်ဦး၏ပုံကို ၎င်း၏ အလုပ်တိုက်
သို့ လာ၍ (၁ဝ)မိနစ်ခန့်မျှ ကြာပြီးလျှင်
ဆီဆေးဖြင့် ရေးဆွဲပေးသော ပုံတစ်ပုံ
ကို ၎င်းဝန်ကြီးက (၂၅ဝ) ပေး၍ဝယ်ယူ
လိုက်လေသည်။ သို့ဖြစ်ရကားလူကုံထံ
အချို့နှင့်တကွ ခေတ်မီပန်းချီပညာကို
အားပေးလိုသော သူဌေးသူကြွယ်များ
နှင့် တစ်ခါတစ်ရံ ၎င်းတို့၏ သားသမီး များပင်လျှင်မောင်စိန်လွင်၏ ပန်းချီခန်း
သို့လာ၍ အလုပ်အပ်နှံကြလေသည်။ သို့ဖြစ်ရကား မောင်စိန်လွင်၏ အလုပ် မှာ ပျမ်းမျှခြင်းအားဖြင့် အောက်တန်း နိုင်ငံ့ဝန်ထမ်း အရာရှိများထက်ပင် စည် ခဲ့လေ၏။
မောင်စိန်လွင် အလုပ်လုပ်သော အခန်း၏အထက်ထပ်မှာ မြန်မာဓာတ်ပုံ ဆိုင်တစ်ဆိုင်ဖြစ်၍တစ်နေ့သောတနင်္ဂ
နွေနေ့ နေ့လယ်လောက်တွင် ဓာတ်ပုံ
ဆိုင်မှ ဆင်းလာသော မိန်းမပျို နှစ်
ယောက်ကိုဂရုစိုက်၍ကြည့်မိ၏။ ၎င်းတို့
အနက်တစ်ယောက်မှာရုပ်ရည်အားဖြင့်
လည်းကောင်း၊ ကိုယ်လုံး ကိုယ်ပေါက်
အားဖြင့်လည်းကောင်း အတော်ပင်
ကြည့်၍ အချိုးအစားကျရကား ပန်းချီ
ဆရာတို့ မည်သည့်အရာဝတ္ထုမဆို
(အများအားဖြင့် မိန်းမများ)ကို ကြည့်
သောအခါလူသာမန်တို့ထက်ပို၍လေး
နက်သော မြင်ခြင်းဖြင့် မြင်တတ်သည့်
အတိုင်း မိမိ၏ ပန်းချီကားရေးရန် စိတ်
ကူးအတွက် ဤသို့ ဂရုစိုက်၍ ကြည့်မိ
ခြင်း ဖြစ်လေသည်။
အနီးသို့ ရောက်လာသောအခါ မိန်းမပျိုသည်မောင်စိန်လွင်အား ယခင် က တွေ့မြင်ဖူးသော အနေမျိုးဖြင့် တစ် ကြိမ်မျှကြည့်ပြီးနောက် ခေါင်းငုံ့၍ သွား
လေ၏။
သူ့ကို ငါ မြင်ဖူးပါတယ်။ ဘယ်မှာ
ပါလိမ့်။ ဪ- ေဩာ်- သတိရပြီ။ တစ်
နေ့က ဦးဇော်ဝိတ်ရဲ့ ကာယဗလ ဟော
ပြောပွဲမှာပဲ။ ငါကနှုတ်ခမ်းဆေးဆိုးတွေ၊
ကျောက်ဖြူရုပ်လို ပေါင်ဒါရိုက်တာတွေ
မလိုချင်ဘူးဆိုတဲ့အကြောင်းပြောတုန်း
ကရှေ့ဆုံးတန်းကလက်ခုပ်စပြီးတီးတာ
သူပဲ။ ဟုတ်ပြီ – ဟုတ်ပြီ။
မိန်းမပျို၏ မျက်နှာမှာ နှုတ်ဆက် တော့မည်ကဲ့သို့ ရှိနေသဖြင့် မောင်စိန်
လွင်ကပင် စတင်၍ နှုတ်ဆက်လေ၏။
“သော်- ဓာတ်ပုံလာရိုက်ကြတယ်
လား”
“ဟုတ်ကဲ့ – ဟောဒီက ရိုက်ချင်
တယ် ဆိုလွန်းလို့ပါ။ ဒီမှာနေသလား”
“ဟုတ်ကဲ့ – ကျွန်တော့် အလုပ်
တိုက်က ဒီမှာ ဝင်ပါဦးလား။ လာကြပါ-
လာကြပါ။ တိုက်ထဲမှာ ဘယ်သူမျှ မရှိ
ပါဘူး”
၎င်း၏ အဖော်မှာ အနည်းငယ် ရှန့်
တန့်တန့်ရှိနေသဖြင့်“လာပါ – အသန်းရဲ့၊
ညွန့်ပါသားပဲ”ဟုပြောပြောဆိုဆိုနှင့်ပင်
ဆွဲခေါ်လာသဖြင့် မောင်စိန်လွင်၏ အလုပ်ခန်းတွင် ထိုင်ကြလေ၏။ မောင်စိန်လွင်၏ ပန်းချီခန်းမှာ ရေး
ဆွဲထားပြီး ပန်းချီကား အမျိုးမျိုးများ၊
အလှအပ အသုံးအဆောင်များ၊ ရေး
လက်စ ကားများဖြင့် ပြည့်နှက်လျက်
ရှိလေရာ၊ မိန်းမပျို နှစ်ယောက်တို့မှာ
ကြည့်ရှု၍ မဆုံးနိုင်အောင် ရှိနေကြလေ
၏။ မကြာမီမှာပင် မောင်စိန်လွင်၏
တပည့်တစ်ယောက်သည် ငွေလင်ပန်း
တစ်ချပ်ပေါ်တွင် လက်ဖက်ရည်နှင့်
မုန့်များကို ယူလာပြီးလျှင် စားပွဲပေါ်၌
ချထားလေ၏။
“သောက်ကြပါခင်ဗျာ- လက်ဖက်
ရည်အေးကုန်ပြီ။ အသိမိတ်ဆွေဆိုတာ ဒီလိုပေါ့။ ရောက်လာတဲ့အခါ ဝင်ခဲ့ပေါ့။ ဘယ်မှာနေပါသလဲ”
“ညွန့် – သွန်မဆင်လမ်း(ဗိုလ်တစ်
ထောင် ဘုရားလမ်း)မှာ နေပါတယ်။ ဟောဒီက အသန်းက (၅၁) လမ်းက”
မောင်စိန်လွင်မှာ ထိုအခါ၌ အပြာ
ရောင်စပို့ရှပ်လက်တိုနှင့်ရှိလေရာ ညွန့်
သည် လက်ဖက်ရည်ကို တစ်ကျိုက် နှစ်
ကျိုက်သောက်ပြီးနောက်၊မောင်စိန်လွင်
၏ တောင့်တင်းသော လက်မောင်းအိုး
ကြီးများကို ကြည့်လျက် ရှိလေ၏။
ညွန့်မှာ တိုက်ရှေ့၌ ဆွဲထားသော ဆိုင်း
ဘုတ်ကို မြင်ရသည့်အပြင် ယခင် ဟော
ပြောပွဲကပင် ဟောပြောပွဲ အစီအစဉ်၌
ပါသည့် နာမည်ကို မှတ်သားဖူးသဖြင့်
မောင်စိန်လွင်၏နာမည်ကို သိခဲ့၏။
“ကိုစိန်လွင်တရားဟောပွဲမှာပြော
သွားတာက အားလုံးအမှန်တွေချည်း
“မှန်တာတော့ ဟုတ်ပါရဲ့။ တချို့က
တော့စိတ်ဆိုးမလားတော့မပြောတတ်
ဘူး”
“ဆိုးဆိုးရှင်။ ပညာမတတ်တဲ့ ဟာ တွေသာ စိတ်ဆိုးမှာ။ မပူစမ်းပါနဲ့။ ညွန့် ဖြင့် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ယောက်ျားဆိုရင် ယောက်ျားနဲ့တူမှ၊ မိန်းမဆိုရင် မိန်းမနဲ့တူမှ ကြိုက်တယ်”
“နေပါဦး။ အလုပ်ကကော ဘာ
လုပ်သလဲ”
“ညွန့် – ဇာထိုး၊ ပန်းထိုးအလုပ်လုပ်
ပါတယ်”
“ကောင်းပါတယ် – ခင်ဗျာ။ လွတ်
လပ်ပြီးသူများအောက်မကျရတဲ့အလုပ်
မျိုးပါ”
“နို့ပေမဲ့ – တစ်လ (၅၀)၊ (၆၀)
လောက်ရတဲ့ စာရေးမတွေက မေးငေါ့
ကြသေးတယ်”
“ငေါ့ပါစေဗျ – ကိုယ့် စိတ်ကူးနဲ့ ကိုယ်ပေါ့။ တစ်ခုတော့ သတိထား။
ဘယ်တော့မျှ အညောင်းမခံနဲ့”
“ကျွန်မအိမ်ကို အလည်အပတ် ရောက်တဲ့အခါများကျတော့ သိပါလိမ့်
မယ်”
“အခု သိနေပြီဟာပဲ။ အားတဲ့ နေ့
များကျရင် လာခဲ့ပါ့မယ်”
၎င်းနောက်မိန်းမပျိုနှစ်ယောက်တို့
သည်အတန်ကြာပြီဖြစ်၍မောင်စိန်လွင်
အား နှုတ်ဆက်၍ပြန်ကြလေ၏။
နောက် တစ်လခန့်မျှ ကြာရှိသော
အခါ မောင်စိန်လွင်နှင့် ညွန့်တို့မှာ အတော်ပင် ရင်းနှီးသော မိတ်ဆွေ
အဖြစ်သို့ ရောက်ကြလေ၏။ လူပျိုနှင့်
အပျိုတို့မှာဤမျှလောက်ရင်းနှီး၍လွတ်
လပ်စွာပြောဆိုခွင့်ရကြကာယောက်ျား
ကလေးကစတင်၍တစ်နည်းနည်းအား
ဖြင့်ချစ်ကြိုက်စကားပြောမည်မှန်သော်
လည်း မောင်စိန်လွင်သည် ချစ်ကြိုက်
သည့်အရိပ်နိမိတ်ကိုအနည်းငယ်မျှ မပြ
သဖြင့် ညွန့်ကိုယ်တိုင်ပင် တွေး၍မရနိုင်
အောင်ရှိ၏။ ညွန့်မှာမူကား တစ်နေ့နေ့
တွင်မောင်စိန်လွင်ကစ၍ပြောလိမ့်မည်
ဟုမျှော်လင့်မိ၏။
ညွန့်သည်အပျိုဖြစ်သည်ကိုမောင်
စိန်လွင်သိ၏။ သို့သော်လည်း မောင်
စိန်လွင်၌ သားမယားရှိမရှိကိုညွန့် မသိ၊
မေး၍လည်း မကြည့်ဘူးချေ။ ၎င်း၏
အလုပ်တိုက်သို့ နောက်ထပ်တစ်ကြိမ်
ရောက်ရာ၊ နောက်ဖေးခန်းဘက်သို့ပင်
ဝင်၍ကြည့်မိသော်လည်းမိန်းမနေထိုင်
သော အရိပ်အခြေဟူ၍ မတွေ့ရသဖြင့် မိန်းမလက်ရှိမရှိကြောင်းကိုသာ သိ၏။ သို့သော်-လူပျို ဟုတ် မဟုတ်ကိုကား
တစ်ထစ်ချမသိသေးချေ။
တစ်ယောက်နှင့်တစ်ယောက် သိ
ကျွမ်းခဲ့သည်မှာ (၃)လ ကျော်ကျော်မျှ
ကြာရှိခဲ့ပြီးနောက် အလွန်လသာသော
ညတစ်ည၌ ညွန့်၏ အိမ်ရှေ့ဝရန်တာ
တွင် မောင်စိန်လွင်သည် ညွန့်နှင့်အတူ
စကားစမြည် ပြောဆိုလျက် ရှိလေ၏။
နှစ်ယောက်စလုံးပင် ဝရန်တာလက်ရန်း
ကိုကိုင်၍ မတ်တတ်ရပ်ကာ လမ်းဘက် ကိုမျှော်ကြည့်လျက်ရှိနေကြလေ၏။
တစ်ယောက် မျက်နှာကို တစ်
ယောက်ကြည့်ကာ အတန်ကြာ ဆိတ်
ငြိမ်လျက်ရှိနေပြီးနောက်မောင်စိန်လွင်
သည် လရောင်အောက်၌ ချစ်ချင်စဖွယ်
အထူးပေါ်လွင်လျက်ရှိသော ညွန့်၏
မျက်နှာကလေးကိုလည်းကောင်း၊ ပါး
လှပ်သော အဝတ်အစားများအောက်မှ
အလင်းရောင်အောက်တွင် မှိုင်းညို့မို့
ဖောင်းကာ မထင်တထင် ရှိနေသော
ကိုယ်လုံးကလေးကိုလည်းကောင်း
အတန်ကြာစိုက်၍ ကြည့်နေပြီးလျှင်
တစ်စုံတစ်ခုကို ပြောမည်လုပ်ပြီးမှ
အခြားဘက်သို့ လှည့်သွားလေ၏။
“မှန်တာကိုပြောရမလား၊လိမ်ပြောရမလား”
“ပြောချင်တာ ပြောလေ၊ ပြော
တတ်သလိုပြောတာပေါ့”
“ဘယ်တော့မျှ မုသားမပြောတတ်
“ဒါဖြင့် ရှိတယ်ပေါ့”
“ရှိဖူးပါတယ်။ အခုတော့ မရှိကြ
“ဘာစကားလဲရှင့်”
“သုံးယောက် ရဖူးတယ် ညွန့်ရဲ့
အားလုံးသေကုန်ပြီ”
“ဒါဖြင့် ရှင်က မုဆိုးဖိုကြီးပေါ့။
ကိုစိန်လွင်ရဲ့အသက်ဘယ်လောက်ရှိပြီလဲ”
“၃၉ နှစ်”
“ညွန့်ထက် လေးနှစ်တောင် ကြီး တယ်။ နေပါဦး သုံးယောက်တောင် ဆုံး
ခဲ့တယ်”
“ဟုတ်တယ် ညွန့်ရယ်။ ဒါကြောင့် ကိုစိန်လွင်ဖြင့် နောက်တစ်ယောက် ယူ
ဖို့များတောင် စိတ်ပျက်ပျက်ပဲ”
“ဘာပြုလို့ စိတ်ပျက်ရတာလဲရှင့်”
“စဉ်းစားကြည့်ပါလား- ညွန့်ရယ်။ နောက်တစ်ယောက်ယူရင် မိန်းမ လုပ်
တဲ့လူကစိတ်ကောင်းနိုင်ပါဦးမလား”
“အို- ကိုစိန်လွင်ကလဲမဟုတ်တာ
တွေတွေးနေတာကိုး”
“တွေးတာလည်း မဟုတ်ဘူး။ကျုပ်
စိတ်ထဲမှာကို စွဲနေတယ်။ ပထမ မိန်းမ
အပေါ်မှာတော့အမှန်ပဲဒီကဆိုးခဲ့တယ်။
ဒီတုန်းကအသက်ကလည်း (၁၈)နှစ်ရှိ
သေးတာကိုး။ မူးမူးရူးရူးအရွယ်ဆိုတော့
ထင်သလို လည်ပတ်ပြီး မယားစိတ်
မကောင်းအောင် လုပ်ခဲ့တယ်။ သေ
တော့ အသက်တောင်မမီဘူး” “ဘယ်မှာလဲ – ကိုစိန်လွင်ရဲ့” “ရှမ်းပြည်နယ်၊ သီပေါမှာ။ ကောင် မလေး အမေကြီးကဖြင့် သူ့သမီးသေရ တာကိုစိန်လွင်ကြောင့်ဆိုပြီးဒီကအပေါ် မှာ အတော်စိတ်နာသွားတယ်” “သည်လောက်လည်း စိတ်မစွဲပါ နဲ့ ကိုစိန်လွင်ရယ်။ ယူတိုင်းလည်း သေ ရတော့မှာလားရှင့်”
မောင်စိန်လွင်သည် အတန်ကြာ ဆိတ်ငြိမ်လျက် ရှိနေပြီးနောက် “ဒီမယ်
မပြောဝံ့သလောက်ကို ဖြစ်နေတယ်။ ဒီက ချစ်ရလေလေ သူတို့ကို သနားနေ
လေဖြစ်ပြီးစပဲမစဝံ့ပါဘူးညွန့်ရယ်”
ညွန့်သည် အတန်ကြာ တွေဝေ
စဉ်းစားလျက် ရှိနေ၏။
၎င်းနောက် အချိန်အတော် ညဉ့်
နက်သည်နှင့်အိမ်သို့ပြန်ခဲ့လေ၏။
တစ်ပတ်ခန့်မျှကြာသော် တစ်နေ့
သော နံနက်ခင်း၌ မောင်စိန်လွင်သည်
ပြုံးသော မျက်နှာနှင့် ညွန့်ထံသို့ ရောက် လာလေ၏။
ထိုအချိန်၌ ညွန့်မှာ ပိုးတွန့်လုံချည် ထည်ကို ပန်းထိုး၍ နေရာမှ မောင်စိန် လွင်အားနေရာထိုင်ခင်းပေးပြီးနောက်- “ဘယ့်နှယ်လဲ- ကိုစိန်လွင်ကြီး၊
ဘယ်က မျက်စိလည်လာသလဲ”
“မျက်စိလည်လာတာ မဟုတ်ပါ
ဘူးဗျာ။ ညွန့်ဆီကို တမင်သက်သက်
လာခဲ့တာပါ”
“ဘာများ အကြောင်းထူးလို့လဲ-
ကိုစိန်လွင်ရဲ့”
“အကြောင်းထူးလို့ပေါ့ – ညွန့်ရယ်၊
ညွန့်ကို စကားတစ်ခွန်း ပြောစရာရှိလို့လာတာ”
ညွန့်မှာ မောင်စိန်လွင်သည် ယခု
တစ်ခါများ မိမိအား ချစ်ကြိုက်စကား
ပြောတော့မည်ဟု ဝမ်းမြောက်လျက်ရှိ
ရကား မျက်နှာကို မထားတတ်အောင်
ရှိနေလေ၏။ ထို့နောက် – အတန်ကြာ
“ဘာစကားလဲ- ကိုစိန်လွင်ရဲ့
“ဘာစကားလဲဆိုတာ မပြောခင်
ညွန့်ဆီမှာ ဝန်ခံချက်တစ်ခု တောင်းရ
လိမ့်မယ်”
“ဘယ်လိုဝန်ခံချက်လဲ”
“ပြောရမယ့်စကားကညွန့်စိတ်ဆိုး
မယ့် စကားမို့ ပြောတာပေါ့။ ဒါကြောင့်
ပြောရင်စိတ်မဆိုးရဘူးဆိုတဲ့ဝန်ခံချက်ပေါ့”
ညွန့်မှာယခင်ကထက်ပို၍သံသယ
မကင်းဖြစ်ကာ ခေါင်းငုံ့လျက်ရှိလေ၏။ “မောင်လို၊ နှမလို ခင်မင်နေတဲ့ လူ ချင်းပဲ ကိုစိန်လွင်ရယ်။ ဘယ်လိုစကား မျိုးမို့ ညွန့်က စိတ်ဆိုးရမှာလဲ။ ကိုစိန် လွင်ကတောင်းတယ်ဆိုရင် ညွန့် မငြင်းပါဘူး”
“ဒီလိုချစ်နေတဲ့လူချင်းမို့
အပြောရအခက်သားပဲ။ ဒီစကား ညွန့်ကို ပြောဖို့
ဟာ သုံးရက်စဉ်းစားပြီးပြီ။ နောက်ဆုံး
ညွန့် သဘောတူမှ ပြောတော့မယ်လေ
ဆိုပြီး အခုလာခဲ့တာပဲ”
“ကိုင်း-ပြော-ပြော-ညွန့် – စိတ်
မဆိုးပါဘူး”
“ဗမာ့မျက်စိနဲ့ ကြည့်ရင် ရှက်ဖို့
လည်း ကောင်းတယ်။ အားနာဖို့လည်း ကောင်းတယ်။ စိတ်ဆိုးစရာလည်း
ကောင်းတယ်”
“အို – ကိုစိန်လွင်ကလည်း စိတ်
မဆိုးပါဘူး ဆိုမှပဲ”
“ဒီလို – ညွန့်ရဲ့ မကြာမီက ဆိုက်တဲ့ သင်္ဘောနဲ့ နိပွန်နိုင်ငံက သတင်းစာ ဆရာကြီးတစ်ယောက်ရယ်။ နိပွန်အမျိုး
သမီးမဂ္ဂဇင်းက အယ်ဒီတာချုပ် စာရေး
ဆရာတစ်ယောက်ရယ်၊ အလုပ်တိုက်
ကိုရောက်လာပြီး စာရေးဆရာကြီးက
“ခင်ဗျားတို့ဗမာအမျိုးသမီးကလေးတွေ
ဟာ ချောတယ်လှတယ်လို့ အရှေ့နိုင်ငံ တွေမှာ ကျော်ကြားနေတဲ့အတိုင်း ကျုပ် တွေ့ရသလောက်ဖြင့် မျက်နှာပေါက်
ကလေးတွေကတော့ သနားကမား ရှိပါ ရဲ့။ နို့ပေမဲ့ – လမ်းရှည်ကြီးတစ်လမ်းကို
မနေ့ကလျှောက်ပြီးသွားတဲ့အခါ ရေဘုံ
ဘိုင်တစ်ခုမှာ အရွယ်ကောင်းကောင်း
မိန်းမပျိုကလေး (၆)ယောက် ထဘီ
ရင်ရှားပြီးရေချိုးနေတာတွေ့လို့၊
သူတိုရဲ့
ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ချင်တာ
နဲ့ (၂) မိနစ်လောက် ကျုပ်ရပ်ပြီးကြည့်ခဲ့ တယ်။ တချို့လည်းလက်မောင်းကသိမ် လို့၊ တချို့လည်း မျက်နှာက ချောပါရဲ့။ လက်ပြင်ကကုန်းလို့၊ တချို့လည်းအပေါ် ပိုင်းတော့ လှပါရဲ့၊ အောက်ခြေကရှူးလို့၊
တချို့လည်းအောက်ပိုင်းက အချိုးအစား
ကျပြီးအထက်ကပိန်ကပ်နေလိုက်တာ
မပြောနဲ့တော့။ အဲဒီလိုဟာတွေသာတွေ့
ရတယ်။ ဒီလို ခင်ဗျားတို့ မြန်မာပြည်က
မိန်းကလေးတွေကာယဗလမလိုက်စား
ရင် ဘယ်မှာလာပြီးအရှေ့အာရှတိုက်မှာ
အထူးကြီးပွားရေးဆိုတာတွေ ဘာတွေ
မှာဝင်နိုင်ပါ့မလဲလို့ပြောတာကိုးညွန့်ရဲ့။
ဒီတော့ – ကိုစိန်လွင်က ပြန်ပြီး ခင်ဗျား
ပြောတာလည်း ဟုတ်ပါလိမ့်မယ်။ နို့ ပေမဲ့-ကာယဗလ လိုက်စားပြီး စံနမူနာ
ယူလောက်အောင် အတွင်းချော အပြင် ချောလှတဲ့ မြန်မာမကလေးတွေ အများ
ကြီးရှိပါတယ်။ ကော်ကေးရှပ်တိုင်းသူ
တွေ ဘယ်လောက်ချောချော၊ တကယ်
ချောတဲ့ မြန်မာမကလေးကို မမီဘူးလို့
ဆိုတာ။ ခင်ဗျားကိုယ်တိုင် မြင်ရလိမ့်
မယ်လို့ ပြန်ပြောလိုက်တာကိုး။ သည်
တော့ သူက ကောင်းပါပြီဗျာ။ ဒီလို မိန်း
ကလေးတစ်ယောက် ကျုပ်ကို ပြစမ်းပါ။
လူကိုမပြနိုင်ရင် ဓာတ်ပုံပဲပြပါတော့။
တကယ်လို့ ခင်ဗျား ဓာတ်ပုံကို ကျုပ်
သဘောကျရင် ဆေးရောင်စုံနဲ့ ပုံကြီး
တစ်ပုံလည်း ကျုပ် ယူပါဦးမယ်။ လူကို
ကြည့်ပြီးပုံတူရေးဆွဲတဲ့နေရာမှာခင်ဗျား
နာမည်ကို သတင်းစာတိုက် တစ်တိုက်
က ပြောလိုက်လို့ ကျုပ်တို့ တိုက်ရိုက်
ဝင်ပြီး လာခဲ့တာပဲလို့ ပြောတာကိုး။
ဒီသတင်းစာဆရာကြီးက အင်္ဂလိပ်လို
လည်လည်ဝယ်ဝယ် ပြောတတ်တယ်။
သည်တော့ ကိုစိန်လွင်က ပုံဆွဲခံတဲ့
မိန်းကလေးအတွက်ရယ်၊ ဆေးရောင်စုံ
နဲ့ပုံတူအကြီးရေးဆွဲတဲ့အခရယ် ခင်ဗျား
ဘယ်လောက်ပေးနိုင်မလဲ မေးတော့
သူက (၃ဝဝ)
ပေးပါ့မယ်လို့ပြောတယ်။
ဒီက တောင်းတာက (၅ဝဝ) တောင်း
တယ်။ ဒါနဲ့ နောက်ဆုံး (၄၀၀)နဲ့ အဖိုး
သင့်မြတ်ကြတယ်”
“အခုပြောတာ ဘာဖြစ်သလဲ
ကိုစိန်လွင်ရဲ့
“ဘာမျှတော့ မဖြစ်ပါဘူး။ ကိုစိန်
လွင် အလုပ်လက်ခံလိုက်တာ ညွန့်
အားလုံးထဲကရမယ့်ငွေ (၄၀၀) အနက်
က ညွန့်အတွက် ငွေ (၂၀၀) ရည်ရွယ်
ပြီးထားပါတယ်”
“ငွေရတာတော့ ဟုတ်ပါရဲ့ ကိုစိန်
လွင်ရယ်။ နို့ပေမဲ့ – ရှက်စရာကြီး” “နို့ပေမဲ့ – ဒီလိုရှိတာကိုး ညွန့်ရဲ့။ သူတို့ အနောက်နိုင်ငံများမှာတော့ သည့်ထက်တောင် ဗမာ့မျက်စိနဲ့ ဆိုးဝါး တဲ့ ပုံတူတွေကို ရေးဆွဲကြသေးတာ ကလား။ အခုကိစ္စက ဗမာမတွေဟာ တကယ်ယဉ်၊ တကယ်ချောတဲ့ဟာ ကျရင် သူတို့ အနောက်နိုင်ငံသူရော၊ အရှေ့သူရော မကြောက်ဘူးဆိုတဲ့ အကြောင်း ဂုဏ်ယူဖို့ကိစ္စပါ။ ရိုင်းတယ် လို့ ထင်စရာ မဟုတ်ပါဘူး”
“နေပါဦး- ဘယ်လိုအနေအထိုင် မျိုးနဲ့နေရမှာလဲ”
“စိတ်ကူးထားတာကတော့ ထဘီ
ရင်လျားပြီး ခုံမြင့်တစ်ခုပေါ်မှာ ကိုယ်ကို
ခပ်ညွတ်ညွတ်ထားပြီး၊ ခပ်စောင်းစောင်း
လက်ထောက်နေရင် ကောင်းလိမ့်မယ်
ထင်တယ်။ ဒီက သဘောအတိုင်းပါပဲ”
“ပြီးတော့ – သတင်းစာတွေထဲမှာ
ဓာတ်ပုံတွေ ဘာတွေ ပါနေဦးမှာလား
ကိုစိန်လွင်”
“အို – မပါစေရပါဘူး။ သူတို့ နိပွန်
မဂ္ဂဇင်းအတွက်ပါ။ ဒီနိုင်ငံကို မရောက်ပါဘူး”
ညွန့်မှာ မောင်စိန်လွင်ပြောသည့်
စကားကို မပယ်လိုသည့်အပြင် မိမိ
ကိုယ်တိုင်ကပင် ဗမာမကလေးများ
သည် မျက်နှာလှသလောက်၊ ကိုယ်
လက် ကြံ့ခိုင်တောင့်တင်း၍ အဆစ်
အမြစ် ပြေပြစ်လှပခြင်းမရှိဟု ပြောဆို
သည်ကို မခံနိုင်သဖြင့် နောက်ဆုံး၌
သဘောတူလိုက်လေ၏။
“ကိုစိန်လွင်က ဒီနေပြည်တော်
တစ်ခုလုံးမှာ ညွန့်တစ်ယောက်ပဲကြည့် လို့ မြင်သလား”
“ကိုစိန်လွင် မျက်စိတော့ ဒီတစ်
ယောက်တည်းပဲ မြင်တယ်”
“အဟုတ်ပဲလား – ကိုစိန်လွင်”
“တကယ်ပြောတာပါ- ညွန့်ရယ်”
“ကိုင်း-ဒါဖြင့်၊ ညွန့် သဘောတူ
လိုက်ပါပြီရှင်”
ညွန့်၏ ဓာတ်ပုံကို မြင်ရုံမျှနှင့်ပင်
နိပွန်သတင်းစာ ဆရာကြီးမှာ သဘော ကျပြီး ဖြစ်သည့်အတိုင်း မောင်စိန်လွင် က ပုံတူရေးဆွဲရန် ရက်ချိန်းသောနေ့၌
ညွန့်သည် နံနက်စောစောထ၍ ရေမိုး ချိုးပြီးသော် သနပ်ခါး ရေကျဲကလေးကို
အောက်ခံပြီးနောက်၊ ပေါင်ဒါနှင့်မျက်နှာ
ချေအနည်းငယ်ကိုရောစပ်၍တစ်ကိုယ်
လုံးကို ညီညွတ်ပြေပြစ်အောင် လိမ်းပြီး
လျှင် မောင်စိန်လွင်၏ အလုပ်တိုက်သို့ ရောက်လာခဲ့လေ၏။
မောင်စိန်လွင်က ညွန့်အတွက် မိမိ
၏ အဝတ်အစားခန်းကို ပြုပြင်၍ ထား
ပြီးလျှင် ရေမွှေး၊ ပေါင်ဒါ၊ မျက်နှာချေ၊ ကော့(စ)မတစ်စသည်ဖြင့် အမွှေးအထုံ
တို့ကို လိုလေသေးမရှိအောင် ထားရှိ
လေသည်။ ပုံဆွဲရန် အခန်းကိုလည်း
သီးသန့်ထား၏။ အချိန်တန်သောအခါ
ညွန့်သည်နှင်းဆီပွင့်ကြီးများထိုး၍ထား
သော ပိုးတွန့်လုံချည် ရွှေဖလားရောင်
ကလေးကို ထဘီရင်ရှားကာ ခုံမြင့်အနီး
သို့ လာခဲ့လေ၏။ ပထမ၌ အနည်းငယ်
ရှက်သလို ရှိသော်လည်း မိမိ ပြုလုပ်ရ
မည့် အလုပ်ကို နောက်မတွန့်ဘဲ ပြင်
ဆင်လေ၏။
(နေသားတကျလုပ်ပြီးနောက်)
“ဘယ့်နှယ်လဲ-တော်လောက်ပြီ
မဟုတ်လား”
“ကိုယ်ကို ခပ်နွဲ့နွဲ့ ခပ်ညွတ်ညွတ်
ကလေး၊ အဲ… ဟုတ်ပြီ”
အထက်ဆင် အနက်ကလေးမှာ
ဆွတ်ဆွတ်ဖြူသော ရင်သားအပေါ်ပိုင်း
နှင့်ရွှေဖလားရောင်ထဘီကိုခြား၍ထား
လျက်အလယ်မှအောက်ဆီသို့ခပ်ကား
ကား၊ ခပ်စွင့်စွင့် ကျဆင်းလျက်ရှိသော
အမှောင်တန်းသည် နှင်းပွင့်ကဲ့သို့ ဖြူ ဆွတ်သော အထက်ပိုင်းကို နှစ်ပိုင်း
ပိုင်းကာထင်ရှားသည်ထက်ထင်ရှားစေ
၏။ ညီညွတ်သော ပခုံးနှစ်ဖက်သည်
လည်းကောင်း၊ အချိုးကျသော လက်
မောင်းရင်းနှစ်ဖက်သည် လည်းကောင်း၊
ဆင်၏ နှာမောင်းကဲ့သို့ အရင်းကား၍
အဖျားသို့ အတန်ငယ်ရှူးလာသော
လက်တံများသည်လည်းကောင်း၊ အရိုး
မရှိသကဲ့သို့ ထင်မှတ်ရသော လက်
မောင်းများသည်လည်းကောင်း၊ ကြော့
ရှင်းသောလည်တိုင်နှင့်ပြည့်တင်းသော
မျက်နှာသည် လည်းကောင်း အပြစ်ဆို
စရာရှိသလောက် တင့်တယ်လှပေ၏။
မောင်စိန်လွင်သည် ပထမဦးစွာ ခဲ
ဖြင့် အကြမ်းရေးခြစ်ပြီးနောက် အလင်း
အမှောင်ခန်းများကို စ၍ ဖော်လေ၏။ ဆေးဆရာဝန်တို့မှာလူနာ၏အသားကို
ကိုင်တွယ်စမ်းသပ်ရာတွင် လူနာဟူ
သော အသိအပြင် လိင်နှင့် ပတ်သက် သော အခြားအာရုံ မရှိသကဲ့သို့ ပန်းချီ ဆရာများမှာလည်း မိမိတို့ စံထားသော သူ၏ အပေါ်တွင် အချိုးအစား အနေ အထားမှတစ်ပါး အခြားအာရုံမရှိချေ။
ပထမနေ့အဖို့ ပြီးစီးလတ်သော် ဒုတိယနေ့တွင် ဆက်လက်ရေးဆွဲ ပြန်
လေ၏။ ဤနည်းအတိုင်း ရေးဆွဲခြင်း
အားဖြင့် (၆) ရက်မြောက်သောနေ့တွင်
ပြီးဆုံးလတ်သော် နောက်တစ်နေ့၌မူ
ကား အကောင်းဆုံး လက်ရာဖြစ်စေရန်
“အနု”ကိုင်ရမည့်နေ့သို့ရောက်လေ၏။
ထိုနေ့၌ မောင်စိန်လွင်မှာ ညွန့်၏ အနီးသို့ မကြာမကြာ လာရောက်ကာ
အဝေးမှ ကြည့်ရသည်ကိုအားမရသည့် ဟန်ဖြင့်လာရောက်ကြည့်ရှု၏။
“ပြီးနေပြီဟာပဲ။ တော်ရောပေါ့-
ကိုစိန်လွင်ရဲ့”
“ပြီးတော့ – ပြီးပါပြီ။ နို့ပေမဲ့ – အဝေးကကြည့်ရတာအားမလိုအားမရ
ဖြစ်လွန်းလို့”
“အို- တကတဲ – ကိုစိန်လွင်၊ ရှက်-
ရှက်စရာကြီး”
ထိုနေ့၌ အနုစိတ်တွင် အပြီးသတ် သည်နှင့် တစ်ပြိုင်နက် မောင်စိန်လွင်၏
စိတ်များမှာ ပန်းချီဆရာ၏ စိတ်မဟုတ်
တော့ဘဲသာမန်လူများ၏စိတ်သို့ပြောင်း
လဲ ခဲ့လေ၏။ ညွန့်သည် အင်္ကျီဝတ်ရန်
အခန်းထဲသို့ ဝင်ခါနီး၌ မောင်စိန်လွင်
သည် ညွန့်နောက်သို့ လိုက်လာပြီးလျှင်
ညွန့်၏ လက်ကလေးကို ဆွဲကာ “ညွန့်
ကိုပြောရင် စိတ်ဆိုးမှာလား ညွန့်ရယ်၊
ကိုစိန်လွင်တော့ စိတ်ကို မထိန်းနိုင်
တော့ဘူး။ အရင်က (၆)ရက်လုံးလုံး
ဆွဲခဲ့တာ။ ကိုစိန်လွင်စိတ်မှာ ဘယ်လိုမျှ
မဖြစ်ခဲ့ဘူး။ ဒီကနေ့ကျမှ စိတ်တွေဟာ
ပန်းချီဆရာစိတ် မဟုတ်တော့ဘဲ တစ်
ခါတည်းပြောင်းသွားပြီညွန့်ရဲ့”
စသည်ဖြင့် မိမိသည် ညွန့်သဘော တူညီမည်ဆိုက တစ်သက်လုံး ပေါင်း သင်းခွင့် ပြုပါမည့်အကြောင်း တောင်း
ပန်လေ၏။ ညွန့်သည် သဘောတူသည့်
ဟန်ဖြင့်ငြိမ်သက်လျက်ရှိလေရာမောင်
စိန်လွင်သည် ညွန့်၏ ကိုယ်ကလေးကို
မိမိရင်ခွင်ထဲသို့ ဖြည်းညင်းစွာ ထည့်လိုက်လေသည်။
ထိုည၌ မောင်စိန်လွင်သည် ထူး
ဆန်းသော အိပ်မက်တစ်ခုကိုမက်၏။
အိပ်မက်ထဲ၌ ညွန့်သည် ရုပ်ပုံရေး ဆွဲထားသည့်အတိုင်း ပန်းချီဆွဲခန်းထဲ
သို့ ထဘီရင်လျားလျက် ဝင်လာရာ၊ ထို
အခါ၌ကား မောင်စိန်လွင်မှာ စိတ်ကို
မချုပ်တည်းနိုင်တော့ဘဲ ညွန့်အား
တစ်ခါတည်းပွေ့ချီပြီးလျှင် မိမိ၏ ခုတင်
ပေါ်သို့တင်လေ၏။
(ထိုအခါ ညွန့်သည် သဘောတူ သည့် လက္ခဏာမရှိဘဲ မောင်စိန်လွင် လက်ထဲမှ အတင်းရုန်းကန်ပြီးလျှင် လွတ်မြောက်သွားသည်နှင့် တစ်ပြိုင် နက် ထဘီရင်လျားထဲတွင် ဝှက်၍ထား
သောအသွား(၆) လက်မခန့်ရှိ ဆင်စွယ်
ဓားမြှောင်ကလေးကို ထုတ်ပြီးလျှင်
မောင်စိန်လွင်အား တအားစိုက်လိုက် ရာ၊ အကယ်၍သာနောက်သို့ပက်လက် မလှန် လိုက်ခဲ့ပါမူ၊ ရင်ဝတည့်တည့်သို့ စိုက်မိတော့မည်ဖြစ်၏။ ၎င်း၏ မျက်နှာ မှာ ဘီလူးမကဲ့သို့ ရက်စက်သော အမူအရာနှင့် လှပသောမျက်လုံးနှစ်လုံးမှာ
ဒေါသဖြင့်ပြည့်လျှမ်းကာမီးထွက်မတတ်
တောက်ပလျက်ရှိ၏။)
မောင်စိန်လွင်မှာ ထိုအခါ၌ ညွန့် အပေါ်တွင် အချစ်စိတ် လုံးလုံးမရှိတော့
ဘဲ ညွန့်၏ လက်ထဲမှ ဓားမြှောင်ကို အတင်းလုယူပြီးလျှင် ၎င်း၏ ရင်ဝသို့ တအား ပြန်၍စိုက်လိုက်၏။ ဓားမြှောင်
သည် ရင်ဝအလယ်တည့်တည့်၌ အရိုး
သို့စိုက်အောင်နစ်မြုပ်သွားလေ၏။ ပန်း
ထွက်လာသော သွေးများသည် မင်နှိပ်
အဖြူပေါ်တွင် မင်နီသွန်၍ ချလိုက်ဘိ
သကဲ့သို့ ဆွတ်ဆွတ်ဖြူသော ရင်အုံ တစ်ခုလုံးတွင်ပျံ့နှံ့သွားလေ၏။
မောင်စိန်လွင်သည် အိပ်ရာမှ လန့်
၍ နိုးသဖြင့် မျက်လုံးများကို ဖွင့်၍ ကြည့်လိုက်ရာ မိုးစင်စင်လင်းလျက် ရှိ
နေပြီဖြစ်ကြောင်းတွေ့ရှိသည်နှင့်ကပျာ
ကယာထကာ မျက်နှာသစ်၍ အဝတ်
လဲပြီးလျှင် ကြုံရာဆိုက်ကားတစ်စီးပေါ်
သို့ ခုန်တက်ပြီးနောက် ညွန့်နေသော သော်သွန်မဆင်လမ်း (ဗိုလ်တထောင် ဘုရားလမ်း)သို့ သွားလေ၏။ သို့သော်လည်း မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်
အောင်ဆန်းလမ်း)ဘက်သို့ ကွေ့မည်
အလုပ်တွင် အရှေ့ဘက်မှ ဆိုက်ကား
တစ်စီး ကွေ့လာသည်ကို တွေ့ရသဖြင့်
ဆိုက်ကားပေါ်၌ ညွန့်ကိုမြင်လိုက်ရ
သောအခါ ရပ်လိုက်လေ၏။
“အခု- ညွန့်ဆီကို လာမလို့”
“ကျွန်မလည်း ကိုစိန်လွင်ဆီကို
လာတာပဲ”
“လာပါ – ကိုစိန်လွင် အခန်းရောက်
မှပဲပြောကြတာပေါ့”
ညွန့်သည် မောင်စိန်လွင်၏ ဆိုက် ကားပေါ်သို့ ပြောင်း၍စီးခဲ့ပြီးလျှင် မောင် စိန်လွင့် တိုက်ခန်းသို့ လိုက်ပါလာခဲ့လေ ၏။ ညွန့်မှာ တစ်စုံတစ်ခုကို စိုးရိမ်နေ ဘိသကဲ့သို့ ထိတ်ထိတ်ပျာပျာဖြစ်ကာ မျက်နှာမကောင်း ရှိနေလေ၏။ တိုက် ခန်းသို့ ရောက်ကြသောအခါ မောင်စိန် လွင်လည်း မိမိ၏ ထူးဆန်းသော အိပ်
မက်ကိုပြန်၍ပြောသောအခါညွန့်သည် ရင်ကလေးကိုမ၍ စိတ်အား ထက်သန် စွာ နားထောင်နေပြီးနောက် ထူးဆန်း သောမေးခွန်းများထုတ်လေ၏။ “အမယ်လေး-ညွန့်အိပ်မက်က
လည်း ကြောက်စရာကောင်းလိုက်တာ
မပြောပါနဲ့တော့။ နေပါဦး – ကိုစိန်လွင်
မှာ အနက်နဲ့အဖြူနဲ့ မန်ကျည်းစေ့ကွက်
အဆင် ဖျင်အင်္ကျီတစ်ထည် မရှိဘူး
လား”
(အံ့အားသင့်လျက်) “ရှိတယ် – ရှိ
တယ် – ဘာဖြစ်လို့လဲ”
“ညက အိပ်မက်ထဲမှာ ကိုစိန်လွင်
ရယ် ထူးဆန်းလိုက်တာ။ ကိုစိန်လွင်ရဲ့
ပထမ မယားကြီးရဲ့အမေနဲ့ တွေ့တယ်။
အရပ်မြင့်မြင့်၊ ပိန်ပိန်၊ သွားခေါခေါ” “အမယ်လေး – ဟုတ်လိုက်လေ ကွာ။ သည့်အတိုင်းပါပဲ”
“ဒီမိန်းမကြီးဟာ စုန်းမကြီးဆိုပဲ ကိုစိန်လွင်ရဲ့။ သူ့သမီးဟာ ကိုစိန်လွင် အတွက် သေရတယ်ဆိုပြီး ကိုစိန်လွင် အပေါ်မှာ စိတ်အနာကြီးနာပြီး နောက် ရမယ့် ကိုစိန်လွင့်မိန်းမတွေ သူ့သမီးလို
ပဲ သေအောင် သူ့အတတ်နဲ့ ပြုထားခဲ့
သတဲ့”
“ထူးဆန်းလိုက်လေ – ညွန့်ရယ်”
“အိပ်မက်ထဲမှာ သူက ကျွန်မကို
ကိုင်ပြီး ညည်းတစ်ယောက်ကိုတော့
အမေချစ်တဲ့အတွက် ဒီအိပ်မက်ကိုပေး
တာတဲ့။ ညည်းလေးလည်း စိန်လွင်ရဲ့
အရင်မိန်းမတွေလိုမသေချင်ရင်စိန်လွင်
နဲ့ငါ့သမီးနဲ့ ရခါစက ငါ့သမီးချုပ်ပေးတဲ့
အနက်ကွက်အပေါ်အင်္ကျီနားပတ်ထဲမှာ
ငါထည့်ထားတဲ့ အင်းကို ထုတ်ပစ်လိုက်
တဲ့။ဒီလိုအိပ်မက်ပေးတာလည်း တခြား
ကြောင့် မဟုတ်ဘူး။ ညည်း အဖေနဲ့
ငါနဲ့ ရှမ်းပြည်နယ်မှာနေတုန်းက ချစ်
ချစ်ခင်ခင်နေခဲ့ကြဖူးလို့ညည်းအပေါ်မှာ သနားတဲ့အတွက် ပေးတာတဲ့လို့ ပြော
တယ်။ ပြီးတော့ မြောက်ဘက်ကို လက် ညှိုးထိုးပြပြီး တစ်ခါတည်းပျောက်သွား တာပဲ။ ကျွန်မလည်း အိပ်ရာက လန့်နိုး လို့ ကြည့်လိုက်တော့ မိုးလင်းနေပြီ။ ဒါနဲ့ ကိုစိန်လွင်ကို ပြောချင်လွန်းအားကြီး တာနဲ့ ကပျာကယာပြေးခဲ့တာ၊လမ်းပေါ် မှာကိုစိန်လွင်နဲ့ တွေ့တာပေါ့”
မောင်စိန်လွင်သည် မိမိ၏ ယူနီ ဖောင်းသေတ္တာကို ဖွင့်ပြီးလျှင် အောက်
ဆုံးမှ တိုက်ပုံအင်္ကျီ အနက်ကွက် တစ်
ထည်ကို ဆွဲထုတ်လေ၏။ အင်္ကျီအနား
ပတ်၌လျှောက်၍ သေချာစွာ စမ်းသပ်
ကြည့်ကြရာ၊ မာကျောသော အရာ
ကလေးတစ်ခုကို တွေ့ရသည်နှင့် ညွန့်
သည်ကတ်ကြေးကလေးဖြင့်ကျင်လည်
စွာ ခွဲထုတ်ယူသောအခါထူးဆန်းသော စာများ၊ ဂဏန်းများ၊ အရုပ်များပါသည့် အင်းကလေးတစ်ခုကို တွေ့ရလေ၏။
မောင်စိန်လွင်သည် ဓာတ်ဆီ
တစ်ပုလင်းကို ယူခဲ့ပြီးလျှင် နောက်ဖေး
မီးဖိုသို့သွား၍ အင်းနှင့်တကွ အင်္ကျီကို ပါမီးရှို့ပစ်လိုက်လေသတည်း။
Zawgyi Version
ထူးဆန္းေသာအိမ္မက္(စ/ဆုံး)
—————————————
လူနဲ႔လူခ်င္းအဆင့္အတန္းအနိမ့္
အျမင့္ ခြဲျခားျခင္းမွာလည္း ယဥ္ေက်းမွ
ျခင္းအေပၚမွာ တည္ရွိတဲ့အတြက္ ပိုမို
ျမင့္ျမတ္တယ္လို႔ ယူဆရပါတယ္။ ႐ုပ္
လုံးေပၚ ေရးနည္းအေၾကာင္း၊ စကား
ဆက္ၿပီး လာလိုက္တာ စကားေတာင္
နည္းနည္းရွည္သြားၿပီ။ ကြၽန္ေတာ္ဆို
လိုတာက ကိုယ္လက္ႀကံ့ခိုင္ေရးပညာ၊
ကာယဗလပညာ၊ တစ္ေန႔က ရန္ကုန္ ေနျပည္ေတာ္ စည္ပင္ေရးအဖြဲ႕၊ ပညာ ေရးဌာန၊ေက်ာင္းပိတ္ရက္၊စာသင္တန္း
နဲ႔ ဆရာျဖစ္ သင္တန္းေက်ာင္းဖြင့္ပြဲမွာ
ဦးစိန္႐ြက္ အမိန႔္ရွိသြားတဲ့ “႐ုပ္သင္” ပညာဆိုတာ ေယာက္်ားကေလးမ်ား သာ မဟုတ္ဘူး။ မိန္းကေလးမ်ားသာ လိုပါေသးတယ္။ ယခု မိန္းကေလး
ေတြမွာ တစ္ေန႔လုံး အလုပ္တိုက္ထဲမွာ အလုပ္လုပ္၊ အိမ္အလုပ္သမားေတြ
ကလည္း ေနထြက္ကေနဝင္အထိ
တစ္ေန႔လုံး ဇာထိုး၊ ပန္းထိုး၊ စက္ခ်ဳပ္
အလုပ္ေတြလုပ္၊ ညေနအလုပ္ဆင္းလို႔
အေညာင္းေျဖခ်ိန္မွာ ဘာလုပ္သလဲ
သိၾကရဲ႕လား ခင္ဗ်။ ကိုယ္လက္လႈပ္
ရွားမႈကို ဘာတစ္ခုမွ် မလုပ္တဲ့အျပင္
မ်က္စိကို ပိုၿပီးေညာင္းေစတတ္တဲ့
အရိပ္ျပပြဲသြားတယ္။ ဝတၳဳကို အိပ္ခါနီး
အထိ ဖတ္တယ္။ သန္းေခါင္ေက်ာ္
ေအာင္ ပိုကာေဒါင္းတယ္။ ေနရတဲ့
ေနရာက က်ဥ္းက်ဥ္းက်ပ္က်ပ္ ေပ
အစိတ္အခန္းထဲမွာ ဒီလို မိန္းကေလး
ေတြမွ ရႉနာရႈိက္ကုန္းျဖစ္ၿပီး မီးယပ္နာ
မရရင္ ဘယ္သူရဦးမွာလဲ ခင္ဗ်ာ။ မ်က္
ႏွာမွာ ေပါင္ဒါျဖဴျဖဴကေလးေတြ ႐ိုက္
ထားရင္ သူတို႔ကိုယ္သူတို႔ လွလွၿပီလို႔ ထင္ေနၾကတယ္။ ဘယ္လိုအခ်ိဳးအစား က်မွ လွတယ္ဆိုတာ သူတို႔ မသိဘူး။
လွတစ္မ်က္ႏွာ ယဥ္တစ္ကိုယ္လုံး ဆို တဲ့ စကားရဲ႕ အဓိပၸာယ္ကို သူတို႔ နား မလည္ၾကဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္ ျဖင့္ မိန္းမယူရင္ ရႉနာရႈိက္ကုန္းနဲ႔၊ ႏႈတ္
ခမ္းမွာ ေသြးမရွိလို႔ ပန္းဆီဆိုးထားတဲ့
ပါးစပ္ေတြ၊ ေက်ာက္ျဖဴ႐ုပ္လို ေပါင္ဒါ
႐ိုက္ထားတာေတြကို မယူဘဲ လုံးႀကီး
ေပါက္လွနဲ႔ ေတာသူဝဝကေလးပဲ ယူ
ေတာ့မယ္လို႔ စိတ္ကူးထည့္ထားတာပဲ။
(ဩဘာသံမ်ား)
ဩဘာသံမ်ားသည္ ႐ုံတစ္႐ုံလုံး ဆူညံ၍ သြားေလ၏။ အထက္ပါစကား မ်ားကို ပန္းခ်ီဆရာကေလး ေမာင္စိန္
လြင္သည္ ကာယဗလ ေဟာေျပာပြဲ
တစ္ခု၌ေျခဟန္လက္ဟန္ျဖင့္စိတ္အား ထက္သန္စြာ ေျပာလ်က္ရွိေလရာ ၎ ၏ စကားအဆုံး၌ အခ်ိဳ႕မိန္းမပ်ိဳကေလး
မ်ားသည္ ေမာင္စိန္လြင္အား မ်က္
ေစာင္းထိုး၍ ၾကည့္ၾက၏။ အခ်ိဳ႕လည္း
ရွက္ဟန္ျဖင့္ေခါင္းငုံ႔၍ေနၾကေလသည္။
ေရွ႕ဆုံးတန္းမွ မိန္းမပ်ိဳကေလး တစ္
ေယာက္ကမူ ေမာင္စိန္လြင္အား စိတ္
ထဲက မ်ားစြာခ်ီးမြမ္းလ်က္ ရွိေလ၏။ ထို
မိန္းမပ်ိဳမွာ မိန္းမတို႔၏ အဆင္းအလွ ဆုံးေသာအ႐ြယ္(အသက္၂ဝေအာက္)
ကို ေက်ာ္လြန္ေသးဟန္ လကၡဏာ မရွိ
ေသးေခ်။ (၅) နာရီထိုးလတ္ေသာ္
ေဟာေျပာပြဲၿပီးသည္ႏွင့္ ေမာင္စိန္လြင္
လည္း မိမိေနအိမ္ရွိရာ ပန္းဆိုးတန္းသို႔
ျပန္ခဲ့ေလ၏။
ေမာင္စိန္လြင္၏မိဘမ်ားမွာ ဇာတိ
မ်ိဳး႐ိုးအားျဖင့္ မင္းမ်ိဳးျဖစ္၍ ေမာင္စိန္
လြင္အား ယခုေခတ္သစ္ အစိုးရအဖြဲ႕
တြင္ အနည္းဆုံး ေအာက္တန္း ႏိုင္ငံ့
ဝန္ထမ္းအျဖစ္သို႔ ေရာက္ေအာင္ ႀကိဳး
စားခဲ့၏။ ၎၏ အစ္ကိုမွာ ခ႐ိုင္နယ္
တစ္နယ္တြင္ခန႔္ထားျခင္းကိုခံခဲ့ရေပရာ
ေမာင္စိန္လြင္အား ၿမိဳ႕တြင္မေနဘဲ ၎
ႏွင့္အတူ လိုက္၍ေနရန္ ေခၚေသး၏။
သို႔ေသာ္လည္း ေမာင္စိန္လြင္၏ စိတ္
သေဘာမွာ မိမိအေပၚတြင္ အထက္က
တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ ျဖစ္ေစ၊
ဩဇာေပးျခင္းခံရေသာအလုပ္မွန္သမွ်
ကို စက္ဆုပ္ကာ မိမိဝါသနာပါေသာ
စုတ္တံျဖင့္ပန္းခ်ီအလုပ္ကိုပင္ယခင္က
ကဲ့သို႔ ဆက္လက္၍ လုပ္ေတာ့မည္ဟု
သႏၷိ႒ာန္ခ်ကာ ပန္းဆိုးတန္းတြင္ (၃၀) ေပးရေသာ တိုက္ခန္းတစ္ခန္းကို ငွား ၿပီးလွ်င္ အလုပ္တိုက္ဖြင့္ခဲ့ေလသည္။
ဓာတ္ပုံမ်ားကို ပုံႀကီးခ်ဲ႕ျခင္း၊ ပုံတူ
ေရးကူးျခင္း၊ လူပုံကိုကိုယ္တိုင္ၾကည့္၍
ေရးဆြဲျခင္းတို႔၌ ေမာင္စိန္လြင္မွာ လူ
အမ်ား ခ်ီးမြမ္းျခင္းကို ခံရသည့္အျပင္
လူကိုယ္တိုင္ၾကည့္၍ ပုံတူေရးဆြဲရာ၌
အထူးသျဖင့္ ကြၽမ္းက်င္ခဲ့ေလရာ ဝန္
ႀကီးတစ္ဦး၏ပုံကို ၎၏ အလုပ္တိုက္
သို႔ လာ၍ (၁ဝ)မိနစ္ခန႔္မွ် ၾကာၿပီးလွ်င္
ဆီေဆးျဖင့္ ေရးဆြဲေပးေသာ ပုံတစ္ပုံ
ကို ၎ဝန္ႀကီးက (၂၅ဝ) ေပး၍ဝယ္ယူ
လိုက္ေလသည္။ သို႔ျဖစ္ရကားလူကုံထံ
အခ်ိဳ႕ႏွင့္တကြ ေခတ္မီပန္းခ်ီပညာကို
အားေပးလိုေသာ သူေဌးသူႂကြယ္မ်ား
ႏွင့္ တစ္ခါတစ္ရံ ၎တို႔၏ သားသမီး မ်ားပင္လွ်င္ေမာင္စိန္လြင္၏ ပန္းခ်ီခန္း
သို႔လာ၍ အလုပ္အပ္ႏွံၾကေလသည္။ သို႔ျဖစ္ရကား ေမာင္စိန္လြင္၏ အလုပ္ မွာ ပ်မ္းမွ်ျခင္းအားျဖင့္ ေအာက္တန္း ႏိုင္ငံ့ဝန္ထမ္း အရာရွိမ်ားထက္ပင္ စည္ ခဲ့ေလ၏။
ေမာင္စိန္လြင္ အလုပ္လုပ္ေသာ အခန္း၏အထက္ထပ္မွာ ျမန္မာဓာတ္ပုံ ဆိုင္တစ္ဆိုင္ျဖစ္၍တစ္ေန႔ေသာတနဂၤ
ေႏြေန႔ ေန႔လယ္ေလာက္တြင္ ဓာတ္ပုံ
ဆိုင္မွ ဆင္းလာေသာ မိန္းမပ်ိဳ ႏွစ္
ေယာက္ကိုဂ႐ုစိုက္၍ၾကည့္မိ၏။ ၎တို႔
အနက္တစ္ေယာက္မွာ႐ုပ္ရည္အားျဖင့္
လည္းေကာင္း၊ ကိုယ္လုံး ကိုယ္ေပါက္
အားျဖင့္လည္းေကာင္း အေတာ္ပင္
ၾကည့္၍ အခ်ိဳးအစားက်ရကား ပန္းခ်ီ
ဆရာတို႔ မည္သည့္အရာဝတၳဳမဆို
(အမ်ားအားျဖင့္ မိန္းမမ်ား)ကို ၾကည့္
ေသာအခါလူသာမန္တို႔ထက္ပို၍ေလး
နက္ေသာ ျမင္ျခင္းျဖင့္ ျမင္တတ္သည့္
အတိုင္း မိမိ၏ ပန္းခ်ီကားေရးရန္ စိတ္
ကူးအတြက္ ဤသို႔ ဂ႐ုစိုက္၍ ၾကည့္မိ
ျခင္း ျဖစ္ေလသည္။
အနီးသို႔ ေရာက္လာေသာအခါ မိန္းမပ်ိဳသည္ေမာင္စိန္လြင္အား ယခင္ က ေတြ႕ျမင္ဖူးေသာ အေနမ်ိဳးျဖင့္ တစ္ ႀကိမ္မွ်ၾကည့္ၿပီးေနာက္ ေခါင္းငုံ႔၍ သြား
ေလ၏။
သူ႔ကို ငါ ျမင္ဖူးပါတယ္။ ဘယ္မွာ
ပါလိမ့္။ ဪ- ေဩာ္- သတိရၿပီ။ တစ္
ေန႔က ဦးေဇာ္ဝိတ္ရဲ႕ ကာယဗလ ေဟာ
ေျပာပြဲမွာပဲ။ ငါကႏႈတ္ခမ္းေဆးဆိုးေတြ၊
ေက်ာက္ျဖဴ႐ုပ္လို ေပါင္ဒါ႐ိုက္တာေတြ
မလိုခ်င္ဘူးဆိုတဲ့အေၾကာင္းေျပာတုန္း
ကေရွ႕ဆုံးတန္းကလက္ခုပ္စၿပီးတီးတာ
သူပဲ။ ဟုတ္ၿပီ – ဟုတ္ၿပီ။
မိန္းမပ်ိဳ၏ မ်က္ႏွာမွာ ႏႈတ္ဆက္ ေတာ့မည္ကဲ့သို႔ ရွိေနသျဖင့္ ေမာင္စိန္
လြင္ကပင္ စတင္၍ ႏႈတ္ဆက္ေလ၏။
“ေသာ္- ဓာတ္ပုံလာ႐ိုက္ၾကတယ္
လား”
“ဟုတ္ကဲ့ – ေဟာဒီက ႐ိုက္ခ်င္
တယ္ ဆိုလြန္းလို႔ပါ။ ဒီမွာေနသလား”
“ဟုတ္ကဲ့ – ကြၽန္ေတာ့္ အလုပ္
တိုက္က ဒီမွာ ဝင္ပါဦးလား။ လာၾကပါ-
လာၾကပါ။ တိုက္ထဲမွာ ဘယ္သူမွ် မရွိ
ပါဘူး”
၎၏ အေဖာ္မွာ အနည္းငယ္ ရွန႔္
တန႔္တန႔္ရွိေနသျဖင့္“လာပါ – အသန္းရဲ႕၊
ၫြန႔္ပါသားပဲ”ဟုေျပာေျပာဆိုဆိုႏွင့္ပင္
ဆြဲေခၚလာသျဖင့္ ေမာင္စိန္လြင္၏ အလုပ္ခန္းတြင္ ထိုင္ၾကေလ၏။ ေမာင္စိန္လြင္၏ ပန္းခ်ီခန္းမွာ ေရး
ဆြဲထားၿပီး ပန္းခ်ီကား အမ်ိဳးမ်ိဳးမ်ား၊
အလွအပ အသုံးအေဆာင္မ်ား၊ ေရး
လက္စ ကားမ်ားျဖင့္ ျပည့္ႏွက္လ်က္
ရွိေလရာ၊ မိန္းမပ်ိဳ ႏွစ္ေယာက္တို႔မွာ
ၾကည့္ရႈ၍ မဆုံးႏိုင္ေအာင္ ရွိေနၾကေလ
၏။ မၾကာမီမွာပင္ ေမာင္စိန္လြင္၏
တပည့္တစ္ေယာက္သည္ ေငြလင္ပန္း
တစ္ခ်ပ္ေပၚတြင္ လက္ဖက္ရည္ႏွင့္
မုန႔္မ်ားကို ယူလာၿပီးလွ်င္ စားပြဲေပၚ၌
ခ်ထားေလ၏။
“ေသာက္ၾကပါခင္ဗ်ာ- လက္ဖက္
ရည္ေအးကုန္ၿပီ။ အသိမိတ္ေဆြဆိုတာ ဒီလိုေပါ့။ ေရာက္လာတဲ့အခါ ဝင္ခဲ့ေပါ့။ ဘယ္မွာေနပါသလဲ”
“ၫြန႔္ – သြန္မဆင္လမ္း(ဗိုလ္တစ္
ေထာင္ ဘုရားလမ္း)မွာ ေနပါတယ္။ ေဟာဒီက အသန္းက (၅၁) လမ္းက”
ေမာင္စိန္လြင္မွာ ထိုအခါ၌ အျပာ
ေရာင္စပို႔ရွပ္လက္တိုႏွင့္ရွိေလရာ ၫြန႔္
သည္ လက္ဖက္ရည္ကို တစ္က်ိဳက္ ႏွစ္
က်ိဳက္ေသာက္ၿပီးေနာက္၊ေမာင္စိန္လြင္
၏ ေတာင့္တင္းေသာ လက္ေမာင္းအိုး
ႀကီးမ်ားကို ၾကည့္လ်က္ ရွိေလ၏။
ၫြန႔္မွာ တိုက္ေရွ႕၌ ဆြဲထားေသာ ဆိုင္း
ဘုတ္ကို ျမင္ရသည့္အျပင္ ယခင္ ေဟာ
ေျပာပြဲကပင္ ေဟာေျပာပြဲ အစီအစဥ္၌
ပါသည့္ နာမည္ကို မွတ္သားဖူးသျဖင့္
ေမာင္စိန္လြင္၏နာမည္ကို သိခဲ့၏။
“ကိုစိန္လြင္တရားေဟာပြဲမွာေျပာ
သြားတာက အားလုံးအမွန္ေတြခ်ည္း
“မွန္တာေတာ့ ဟုတ္ပါရဲ႕။ တခ်ိဳ႕က
ေတာ့စိတ္ဆိုးမလားေတာ့မေျပာတတ္
ဘူး”
“ဆိုးဆိုးရွင္။ ပညာမတတ္တဲ့ ဟာ ေတြသာ စိတ္ဆိုးမွာ။ မပူစမ္းပါနဲ႔။ ၫြန႔္ ျဖင့္ ေယာက္်ားျဖစ္ျဖစ္၊ မိန္းမျဖစ္ျဖစ္ ေယာက္်ားဆိုရင္ ေယာက္်ားနဲ႔တူမွ၊ မိန္းမဆိုရင္ မိန္းမနဲ႔တူမွ ႀကိဳက္တယ္”
“ေနပါဦး။ အလုပ္ကေကာ ဘာ
လုပ္သလဲ”
“ၫြန႔္ – ဇာထိုး၊ ပန္းထိုးအလုပ္လုပ္
ပါတယ္”
“ေကာင္းပါတယ္ – ခင္ဗ်ာ။ လြတ္
လပ္ၿပီးသူမ်ားေအာက္မက်ရတဲ့အလုပ္
မ်ိဳးပါ”
“ႏို႔ေပမဲ့ – တစ္လ (၅၀)၊ (၆၀)
ေလာက္ရတဲ့ စာေရးမေတြက ေမးေငါ့
ၾကေသးတယ္”
“ေငါ့ပါေစဗ် – ကိုယ့္ စိတ္ကူးနဲ႔ ကိုယ္ေပါ့။ တစ္ခုေတာ့ သတိထား။
ဘယ္ေတာ့မွ် အေညာင္းမခံနဲ႔”
“ကြၽန္မအိမ္ကို အလည္အပတ္ ေရာက္တဲ့အခါမ်ားက်ေတာ့ သိပါလိမ့္
မယ္”
“အခု သိေနၿပီဟာပဲ။ အားတဲ့ ေန႔
မ်ားက်ရင္ လာခဲ့ပါ့မယ္”
၎ေနာက္မိန္းမပ်ိဳႏွစ္ေယာက္တို႔
သည္အတန္ၾကာၿပီျဖစ္၍ေမာင္စိန္လြင္
အား ႏႈတ္ဆက္၍ျပန္ၾကေလ၏။
ေနာက္ တစ္လခန႔္မွ် ၾကာရွိေသာ
အခါ ေမာင္စိန္လြင္ႏွင့္ ၫြန႔္တို႔မွာ အေတာ္ပင္ ရင္းႏွီးေသာ မိတ္ေဆြ
အျဖစ္သို႔ ေရာက္ၾကေလ၏။ လူပ်ိဳႏွင့္
အပ်ိဳတို႔မွာဤမွ်ေလာက္ရင္းႏွီး၍လြတ္
လပ္စြာေျပာဆိုခြင့္ရၾကကာေယာက္်ား
ကေလးကစတင္၍တစ္နည္းနည္းအား
ျဖင့္ခ်စ္ႀကိဳက္စကားေျပာမည္မွန္ေသာ္
လည္း ေမာင္စိန္လြင္သည္ ခ်စ္ႀကိဳက္
သည့္အရိပ္နိမိတ္ကိုအနည္းငယ္မွ် မျပ
သျဖင့္ ၫြန႔္ကိုယ္တိုင္ပင္ ေတြး၍မရႏိုင္
ေအာင္ရွိ၏။ ၫြန႔္မွာမူကား တစ္ေန႔ေန႔
တြင္ေမာင္စိန္လြင္ကစ၍ေျပာလိမ့္မည္
ဟုေမွ်ာ္လင့္မိ၏။
ၫြန႔္သည္အပ်ိဳျဖစ္သည္ကိုေမာင္
စိန္လြင္သိ၏။ သို႔ေသာ္လည္း ေမာင္
စိန္လြင္၌ သားမယားရွိမရွိကိုၫြန႔္ မသိ၊
ေမး၍လည္း မၾကည့္ဘူးေခ်။ ၎၏
အလုပ္တိုက္သို႔ ေနာက္ထပ္တစ္ႀကိမ္
ေရာက္ရာ၊ ေနာက္ေဖးခန္းဘက္သို႔ပင္
ဝင္၍ၾကည့္မိေသာ္လည္းမိန္းမေနထိုင္
ေသာ အရိပ္အေျခဟူ၍ မေတြ႕ရသျဖင့္ မိန္းမလက္ရွိမရွိေၾကာင္းကိုသာ သိ၏။ သို႔ေသာ္-လူပ်ိဳ ဟုတ္ မဟုတ္ကိုကား
တစ္ထစ္ခ်မသိေသးေခ်။
တစ္ေယာက္ႏွင့္တစ္ေယာက္ သိ
ကြၽမ္းခဲ့သည္မွာ (၃)လ ေက်ာ္ေက်ာ္မွ်
ၾကာရွိခဲ့ၿပီးေနာက္ အလြန္လသာေသာ
ညတစ္ည၌ ၫြန႔္၏ အိမ္ေရွ႕ဝရန္တာ
တြင္ ေမာင္စိန္လြင္သည္ ၫြန႔္ႏွင့္အတူ
စကားစျမည္ ေျပာဆိုလ်က္ ရွိေလ၏။
ႏွစ္ေယာက္စလုံးပင္ ဝရန္တာလက္ရန္း
ကိုကိုင္၍ မတ္တတ္ရပ္ကာ လမ္းဘက္ ကိုေမွ်ာ္ၾကည့္လ်က္ရွိေနၾကေလ၏။
တစ္ေယာက္ မ်က္ႏွာကို တစ္
ေယာက္ၾကည့္ကာ အတန္ၾကာ ဆိတ္
ၿငိမ္လ်က္ရွိေနၿပီးေနာက္ေမာင္စိန္လြင္
သည္ လေရာင္ေအာက္၌ ခ်စ္ခ်င္စဖြယ္
အထူးေပၚလြင္လ်က္ရွိေသာ ၫြန႔္၏
မ်က္ႏွာကေလးကိုလည္းေကာင္း၊ ပါး
လွပ္ေသာ အဝတ္အစားမ်ားေအာက္မွ
အလင္းေရာင္ေအာက္တြင္ မႈိင္းညိဳ႕မို႔
ေဖာင္းကာ မထင္တထင္ ရွိေနေသာ
ကိုယ္လုံးကေလးကိုလည္းေကာင္း
အတန္ၾကာစိုက္၍ ၾကည့္ေနၿပီးလွ်င္
တစ္စုံတစ္ခုကို ေျပာမည္လုပ္ၿပီးမွ
အျခားဘက္သို႔ လွည့္သြားေလ၏။
“မွန္တာကိုေျပာရမလား၊လိမ္ေျပာရမလား”
“ေျပာခ်င္တာ ေျပာေလ၊ ေျပာ
တတ္သလိုေျပာတာေပါ့”
“ဘယ္ေတာ့မွ် မုသားမေျပာတတ္
“ဒါျဖင့္ ရွိတယ္ေပါ့”
“ရွိဖူးပါတယ္။ အခုေတာ့ မရွိၾက
“ဘာစကားလဲရွင့္”
“သုံးေယာက္ ရဖူးတယ္ ၫြန႔္ရဲ႕
အားလုံးေသကုန္ၿပီ”
“ဒါျဖင့္ ရွင္က မုဆိုးဖိုႀကီးေပါ့။
ကိုစိန္လြင္ရဲ႕အသက္ဘယ္ေလာက္ရွိၿပီလဲ”
“၃၉ ႏွစ္”
“ၫြန႔္ထက္ ေလးႏွစ္ေတာင္ ႀကီး တယ္။ ေနပါဦး သုံးေယာက္ေတာင္ ဆုံး
ခဲ့တယ္”
“ဟုတ္တယ္ ၫြန႔္ရယ္။ ဒါေၾကာင့္ ကိုစိန္လြင္ျဖင့္ ေနာက္တစ္ေယာက္ ယူ
ဖို႔မ်ားေတာင္ စိတ္ပ်က္ပ်က္ပဲ”
“ဘာျပဳလို႔ စိတ္ပ်က္ရတာလဲရွင့္”
“စဥ္းစားၾကည့္ပါလား- ၫြန႔္ရယ္။ ေနာက္တစ္ေယာက္ယူရင္ မိန္းမ လုပ္
တဲ့လူကစိတ္ေကာင္းႏိုင္ပါဦးမလား”
“အို- ကိုစိန္လြင္ကလဲမဟုတ္တာ
ေတြေတြးေနတာကိုး”
“ေတြးတာလည္း မဟုတ္ဘူး။က်ဳပ္
စိတ္ထဲမွာကို စြဲေနတယ္။ ပထမ မိန္းမ
အေပၚမွာေတာ့အမွန္ပဲဒီကဆိုးခဲ့တယ္။
ဒီတုန္းကအသက္ကလည္း (၁၈)ႏွစ္ရွိ
ေသးတာကိုး။ မူးမူး႐ူး႐ူးအ႐ြယ္ဆိုေတာ့
ထင္သလို လည္ပတ္ၿပီး မယားစိတ္
မေကာင္းေအာင္ လုပ္ခဲ့တယ္။ ေသ
ေတာ့ အသက္ေတာင္မမီဘူး” “ဘယ္မွာလဲ – ကိုစိန္လြင္ရဲ႕” “ရွမ္းျပည္နယ္၊ သီေပါမွာ။ ေကာင္ မေလး အေမႀကီးကျဖင့္ သူ႔သမီးေသရ တာကိုစိန္လြင္ေၾကာင့္ဆိုၿပီးဒီကအေပၚ မွာ အေတာ္စိတ္နာသြားတယ္” “သည္ေလာက္လည္း စိတ္မစြဲပါ နဲ႔ ကိုစိန္လြင္ရယ္။ ယူတိုင္းလည္း ေသ ရေတာ့မွာလားရွင့္”
ေမာင္စိန္လြင္သည္ အတန္ၾကာ ဆိတ္ၿငိမ္လ်က္ ရွိေနၿပီးေနာက္ “ဒီမယ္
မေျပာဝံ့သေလာက္ကို ျဖစ္ေနတယ္။ ဒီက ခ်စ္ရေလေလ သူတို႔ကို သနားေန
ေလျဖစ္ၿပီးစပဲမစဝံ့ပါဘူးၫြန႔္ရယ္”
ၫြန႔္သည္ အတန္ၾကာ ေတြေဝ
စဥ္းစားလ်က္ ရွိေန၏။
၎ေနာက္ အခ်ိန္အေတာ္ ညဥ့္
နက္သည္ႏွင့္အိမ္သို႔ျပန္ခဲ့ေလ၏။
တစ္ပတ္ခန႔္မွ်ၾကာေသာ္ တစ္ေန႔
ေသာ နံနက္ခင္း၌ ေမာင္စိန္လြင္သည္
ၿပဳံးေသာ မ်က္ႏွာႏွင့္ ၫြန႔္ထံသို႔ ေရာက္ လာေလ၏။
ထိုအခ်ိန္၌ ၫြန႔္မွာ ပိုးတြန႔္လုံခ်ည္ ထည္ကို ပန္းထိုး၍ ေနရာမွ ေမာင္စိန္ လြင္အားေနရာထိုင္ခင္းေပးၿပီးေနာက္- “ဘယ့္ႏွယ္လဲ- ကိုစိန္လြင္ႀကီး၊
ဘယ္က မ်က္စိလည္လာသလဲ”
“မ်က္စိလည္လာတာ မဟုတ္ပါ
ဘူးဗ်ာ။ ၫြန႔္ဆီကို တမင္သက္သက္
လာခဲ့တာပါ”
“ဘာမ်ား အေၾကာင္းထူးလို႔လဲ-
ကိုစိန္လြင္ရဲ႕”
“အေၾကာင္းထူးလို႔ေပါ့ – ၫြန႔္ရယ္၊
ၫြန႔္ကို စကားတစ္ခြန္း ေျပာစရာရွိလို႔လာတာ”
ၫြန႔္မွာ ေမာင္စိန္လြင္သည္ ယခု
တစ္ခါမ်ား မိမိအား ခ်စ္ႀကိဳက္စကား
ေျပာေတာ့မည္ဟု ဝမ္းေျမာက္လ်က္ရွိ
ရကား မ်က္ႏွာကို မထားတတ္ေအာင္
ရွိေနေလ၏။ ထို႔ေနာက္ – အတန္ၾကာ
“ဘာစကားလဲ- ကိုစိန္လြင္ရဲ႕
“ဘာစကားလဲဆိုတာ မေျပာခင္
ၫြန႔္ဆီမွာ ဝန္ခံခ်က္တစ္ခု ေတာင္းရ
လိမ့္မယ္”
“ဘယ္လိုဝန္ခံခ်က္လဲ”
“ေျပာရမယ့္စကားကၫြန႔္စိတ္ဆိုး
မယ့္ စကားမို႔ ေျပာတာေပါ့။ ဒါေၾကာင့္
ေျပာရင္စိတ္မဆိုးရဘူးဆိုတဲ့ဝန္ခံခ်က္ေပါ့”
ၫြန႔္မွာယခင္ကထက္ပို၍သံသယ
မကင္းျဖစ္ကာ ေခါင္းငုံ႔လ်က္ရွိေလ၏။ “ေမာင္လို၊ ႏွမလို ခင္မင္ေနတဲ့ လူ ခ်င္းပဲ ကိုစိန္လြင္ရယ္။ ဘယ္လိုစကား မ်ိဳးမို႔ ၫြန႔္က စိတ္ဆိုးရမွာလဲ။ ကိုစိန္ လြင္ကေတာင္းတယ္ဆိုရင္ ၫြန႔္ မျငင္းပါဘူး”
“ဒီလိုခ်စ္ေနတဲ့လူခ်င္းမို႔
အေျပာရအခက္သားပဲ။ ဒီစကား ၫြန႔္ကို ေျပာဖို႔
ဟာ သုံးရက္စဥ္းစားၿပီးၿပီ။ ေနာက္ဆုံး
ၫြန႔္ သေဘာတူမွ ေျပာေတာ့မယ္ေလ
ဆိုၿပီး အခုလာခဲ့တာပဲ”
“ကိုင္း-ေျပာ-ေျပာ-ၫြန႔္ – စိတ္
မဆိုးပါဘူး”
“ဗမာ့မ်က္စိနဲ႔ ၾကည့္ရင္ ရွက္ဖို႔
လည္း ေကာင္းတယ္။ အားနာဖို႔လည္း ေကာင္းတယ္။ စိတ္ဆိုးစရာလည္း
ေကာင္းတယ္”
“အို – ကိုစိန္လြင္ကလည္း စိတ္
မဆိုးပါဘူး ဆိုမွပဲ”
“ဒီလို – ၫြန႔္ရဲ႕ မၾကာမီက ဆိုက္တဲ့ သေဘၤာနဲ႔ နိပြန္ႏိုင္ငံက သတင္းစာ ဆရာႀကီးတစ္ေယာက္ရယ္။ နိပြန္အမ်ိဳး
သမီးမဂၢဇင္းက အယ္ဒီတာခ်ဳပ္ စာေရး
ဆရာတစ္ေယာက္ရယ္၊ အလုပ္တိုက္
ကိုေရာက္လာၿပီး စာေရးဆရာႀကီးက
“ခင္ဗ်ားတို႔ဗမာအမ်ိဳးသမီးကေလးေတြ
ဟာ ေခ်ာတယ္လွတယ္လို႔ အေရွ႕ႏိုင္ငံ ေတြမွာ ေက်ာ္ၾကားေနတဲ့အတိုင္း က်ဳပ္ ေတြ႕ရသေလာက္ျဖင့္ မ်က္ႏွာေပါက္
ကေလးေတြကေတာ့ သနားကမား ရွိပါ ရဲ႕။ ႏို႔ေပမဲ့ – လမ္းရွည္ႀကီးတစ္လမ္းကို
မေန႔ကေလွ်ာက္ၿပီးသြားတဲ့အခါ ေရဘုံ
ဘိုင္တစ္ခုမွာ အ႐ြယ္ေကာင္းေကာင္း
မိန္းမပ်ိဳကေလး (၆)ေယာက္ ထဘီ
ရင္ရွားၿပီးေရခ်ိဳးေနတာေတြ႕လို႔၊
သူတိုရဲ႕
ကိုယ္လုံးကိုယ္ေပါက္ကို ၾကည့္ခ်င္တာ
နဲ႔ (၂) မိနစ္ေလာက္ က်ဳပ္ရပ္ၿပီးၾကည့္ခဲ့ တယ္။ တခ်ိဳ႕လည္းလက္ေမာင္းကသိမ္ လို႔၊ တခ်ိဳ႕လည္း မ်က္ႏွာက ေခ်ာပါရဲ႕။ လက္ျပင္ကကုန္းလို႔၊ တခ်ိဳ႕လည္းအေပၚ ပိုင္းေတာ့ လွပါရဲ႕၊ ေအာက္ေျခကရႉးလို႔၊
တခ်ိဳ႕လည္းေအာက္ပိုင္းက အခ်ိဳးအစား
က်ၿပီးအထက္ကပိန္ကပ္ေနလိုက္တာ
မေျပာနဲ႔ေတာ့။ အဲဒီလိုဟာေတြသာေတြ႕
ရတယ္။ ဒီလို ခင္ဗ်ားတို႔ ျမန္မာျပည္က
မိန္းကေလးေတြကာယဗလမလိုက္စား
ရင္ ဘယ္မွာလာၿပီးအေရွ႕အာရွတိုက္မွာ
အထူးႀကီးပြားေရးဆိုတာေတြ ဘာေတြ
မွာဝင္ႏိုင္ပါ့မလဲလို႔ေျပာတာကိုးၫြန႔္ရဲ႕။
ဒီေတာ့ – ကိုစိန္လြင္က ျပန္ၿပီး ခင္ဗ်ား
ေျပာတာလည္း ဟုတ္ပါလိမ့္မယ္။ ႏို႔ ေပမဲ့-ကာယဗလ လိုက္စားၿပီး စံနမူနာ
ယူေလာက္ေအာင္ အတြင္းေခ်ာ အျပင္ ေခ်ာလွတဲ့ ျမန္မာမကေလးေတြ အမ်ား
ႀကီးရွိပါတယ္။ ေကာ္ေကးရွပ္တိုင္းသူ
ေတြ ဘယ္ေလာက္ေခ်ာေခ်ာ၊ တကယ္
ေခ်ာတဲ့ ျမန္မာမကေလးကို မမီဘူးလို႔
ဆိုတာ။ ခင္ဗ်ားကိုယ္တိုင္ ျမင္ရလိမ့္
မယ္လို႔ ျပန္ေျပာလိုက္တာကိုး။ သည္
ေတာ့ သူက ေကာင္းပါၿပီဗ်ာ။ ဒီလို မိန္း
ကေလးတစ္ေယာက္ က်ဳပ္ကို ျပစမ္းပါ။
လူကိုမျပႏိုင္ရင္ ဓာတ္ပုံပဲျပပါေတာ့။
တကယ္လို႔ ခင္ဗ်ား ဓာတ္ပုံကို က်ဳပ္
သေဘာက်ရင္ ေဆးေရာင္စုံနဲ႔ ပုံႀကီး
တစ္ပုံလည္း က်ဳပ္ ယူပါဦးမယ္။ လူကို
ၾကည့္ၿပီးပုံတူေရးဆြဲတဲ့ေနရာမွာခင္ဗ်ား
နာမည္ကို သတင္းစာတိုက္ တစ္တိုက္
က ေျပာလိုက္လို႔ က်ဳပ္တို႔ တိုက္႐ိုက္
ဝင္ၿပီး လာခဲ့တာပဲလို႔ ေျပာတာကိုး။
ဒီသတင္းစာဆရာႀကီးက အဂၤလိပ္လို
လည္လည္ဝယ္ဝယ္ ေျပာတတ္တယ္။
သည္ေတာ့ ကိုစိန္လြင္က ပုံဆြဲခံတဲ့
မိန္းကေလးအတြက္ရယ္၊ ေဆးေရာင္စုံ
နဲ႔ပုံတူအႀကီးေရးဆြဲတဲ့အခရယ္ ခင္ဗ်ား
ဘယ္ေလာက္ေပးႏိုင္မလဲ ေမးေတာ့
သူက (၃ဝဝ)
ေပးပါ့မယ္လို႔ေျပာတယ္။
ဒီက ေတာင္းတာက (၅ဝဝ) ေတာင္း
တယ္။ ဒါနဲ႔ ေနာက္ဆုံး (၄၀၀)နဲ႔ အဖိုး
သင့္ျမတ္ၾကတယ္”
“အခုေျပာတာ ဘာျဖစ္သလဲ
ကိုစိန္လြင္ရဲ႕
“ဘာမွ်ေတာ့ မျဖစ္ပါဘူး။ ကိုစိန္
လြင္ အလုပ္လက္ခံလိုက္တာ ၫြန႔္
အားလုံးထဲကရမယ့္ေငြ (၄၀၀) အနက္
က ၫြန႔္အတြက္ ေငြ (၂၀၀) ရည္႐ြယ္
ၿပီးထားပါတယ္”
“ေငြရတာေတာ့ ဟုတ္ပါရဲ႕ ကိုစိန္
လြင္ရယ္။ ႏို႔ေပမဲ့ – ရွက္စရာႀကီး” “ႏို႔ေပမဲ့ – ဒီလိုရွိတာကိုး ၫြန႔္ရဲ႕။ သူတို႔ အေနာက္ႏိုင္ငံမ်ားမွာေတာ့ သည့္ထက္ေတာင္ ဗမာ့မ်က္စိနဲ႔ ဆိုးဝါး တဲ့ ပုံတူေတြကို ေရးဆြဲၾကေသးတာ ကလား။ အခုကိစၥက ဗမာမေတြဟာ တကယ္ယဥ္၊ တကယ္ေခ်ာတဲ့ဟာ က်ရင္ သူတို႔ အေနာက္ႏိုင္ငံသူေရာ၊ အေရွ႕သူေရာ မေၾကာက္ဘူးဆိုတဲ့ အေၾကာင္း ဂုဏ္ယူဖို႔ကိစၥပါ။ ႐ိုင္းတယ္ လို႔ ထင္စရာ မဟုတ္ပါဘူး”
“ေနပါဦး- ဘယ္လိုအေနအထိုင္ မ်ိဳးနဲ႔ေနရမွာလဲ”
“စိတ္ကူးထားတာကေတာ့ ထဘီ
ရင္လ်ားၿပီး ခုံျမင့္တစ္ခုေပၚမွာ ကိုယ္ကို
ခပ္ၫြတ္ၫြတ္ထားၿပီး၊ ခပ္ေစာင္းေစာင္း
လက္ေထာက္ေနရင္ ေကာင္းလိမ့္မယ္
ထင္တယ္။ ဒီက သေဘာအတိုင္းပါပဲ”
“ၿပီးေတာ့ – သတင္းစာေတြထဲမွာ
ဓာတ္ပုံေတြ ဘာေတြ ပါေနဦးမွာလား
ကိုစိန္လြင္”
“အို – မပါေစရပါဘူး။ သူတို႔ နိပြန္
မဂၢဇင္းအတြက္ပါ။ ဒီႏိုင္ငံကို မေရာက္ပါဘူး”
ၫြန႔္မွာ ေမာင္စိန္လြင္ေျပာသည့္
စကားကို မပယ္လိုသည့္အျပင္ မိမိ
ကိုယ္တိုင္ကပင္ ဗမာမကေလးမ်ား
သည္ မ်က္ႏွာလွသေလာက္၊ ကိုယ္
လက္ ႀကံ့ခိုင္ေတာင့္တင္း၍ အဆစ္
အျမစ္ ေျပျပစ္လွပျခင္းမရွိဟု ေျပာဆို
သည္ကို မခံႏိုင္သျဖင့္ ေနာက္ဆုံး၌
သေဘာတူလိုက္ေလ၏။
“ကိုစိန္လြင္က ဒီေနျပည္ေတာ္
တစ္ခုလုံးမွာ ၫြန႔္တစ္ေယာက္ပဲၾကည့္ လို႔ ျမင္သလား”
“ကိုစိန္လြင္ မ်က္စိေတာ့ ဒီတစ္
ေယာက္တည္းပဲ ျမင္တယ္”
“အဟုတ္ပဲလား – ကိုစိန္လြင္”
“တကယ္ေျပာတာပါ- ၫြန႔္ရယ္”
“ကိုင္း-ဒါျဖင့္၊ ၫြန႔္ သေဘာတူ
လိုက္ပါၿပီရွင္”
ၫြန႔္၏ ဓာတ္ပုံကို ျမင္႐ုံမွ်ႏွင့္ပင္
နိပြန္သတင္းစာ ဆရာႀကီးမွာ သေဘာ က်ၿပီး ျဖစ္သည့္အတိုင္း ေမာင္စိန္လြင္ က ပုံတူေရးဆြဲရန္ ရက္ခ်ိန္းေသာေန႔၌
ၫြန႔္သည္ နံနက္ေစာေစာထ၍ ေရမိုး ခ်ိဳးၿပီးေသာ္ သနပ္ခါး ေရက်ဲကေလးကို
ေအာက္ခံၿပီးေနာက္၊ ေပါင္ဒါႏွင့္မ်က္ႏွာ
ေခ်အနည္းငယ္ကိုေရာစပ္၍တစ္ကိုယ္
လုံးကို ညီၫြတ္ေျပျပစ္ေအာင္ လိမ္းၿပီး
လွ်င္ ေမာင္စိန္လြင္၏ အလုပ္တိုက္သို႔ ေရာက္လာခဲ့ေလ၏။
ေမာင္စိန္လြင္က ၫြန႔္အတြက္ မိမိ
၏ အဝတ္အစားခန္းကို ျပဳျပင္၍ ထား
ၿပီးလွ်င္ ေရေမႊး၊ ေပါင္ဒါ၊ မ်က္ႏွာေခ်၊ ေကာ့(စ)မတစ္စသည္ျဖင့္ အေမႊးအထုံ
တို႔ကို လိုေလေသးမရွိေအာင္ ထားရွိ
ေလသည္။ ပုံဆြဲရန္ အခန္းကိုလည္း
သီးသန႔္ထား၏။ အခ်ိန္တန္ေသာအခါ
ၫြန႔္သည္ႏွင္းဆီပြင့္ႀကီးမ်ားထိုး၍ထား
ေသာ ပိုးတြန႔္လုံခ်ည္ ေ႐ႊဖလားေရာင္
ကေလးကို ထဘီရင္ရွားကာ ခုံျမင့္အနီး
သို႔ လာခဲ့ေလ၏။ ပထမ၌ အနည္းငယ္
ရွက္သလို ရွိေသာ္လည္း မိမိ ျပဳလုပ္ရ
မည့္ အလုပ္ကို ေနာက္မတြန႔္ဘဲ ျပင္
ဆင္ေလ၏။
(ေနသားတက်လုပ္ၿပီးေနာက္)
“ဘယ့္ႏွယ္လဲ-ေတာ္ေလာက္ၿပီ
မဟုတ္လား”
“ကိုယ္ကို ခပ္ႏြဲ႕ႏြဲ႕ ခပ္ၫြတ္ၫြတ္
ကေလး၊ အဲ… ဟုတ္ၿပီ”
အထက္ဆင္ အနက္ကေလးမွာ
ဆြတ္ဆြတ္ျဖဴေသာ ရင္သားအေပၚပိုင္း
ႏွင့္ေ႐ႊဖလားေရာင္ထဘီကိုျခား၍ထား
လ်က္အလယ္မွေအာက္ဆီသို႔ခပ္ကား
ကား၊ ခပ္စြင့္စြင့္ က်ဆင္းလ်က္ရွိေသာ
အေမွာင္တန္းသည္ ႏွင္းပြင့္ကဲ့သို႔ ျဖဴ ဆြတ္ေသာ အထက္ပိုင္းကို ႏွစ္ပိုင္း
ပိုင္းကာထင္ရွားသည္ထက္ထင္ရွားေစ
၏။ ညီၫြတ္ေသာ ပခုံးႏွစ္ဖက္သည္
လည္းေကာင္း၊ အခ်ိဳးက်ေသာ လက္
ေမာင္းရင္းႏွစ္ဖက္သည္ လည္းေကာင္း၊
ဆင္၏ ႏွာေမာင္းကဲ့သို႔ အရင္းကား၍
အဖ်ားသို႔ အတန္ငယ္ရႉးလာေသာ
လက္တံမ်ားသည္လည္းေကာင္း၊ အ႐ိုး
မရွိသကဲ့သို႔ ထင္မွတ္ရေသာ လက္
ေမာင္းမ်ားသည္လည္းေကာင္း၊ ေၾကာ့
ရွင္းေသာလည္တိုင္ႏွင့္ျပည့္တင္းေသာ
မ်က္ႏွာသည္ လည္းေကာင္း အျပစ္ဆို
စရာရွိသေလာက္ တင့္တယ္လွေပ၏။
ေမာင္စိန္လြင္သည္ ပထမဦးစြာ ခဲ
ျဖင့္ အၾကမ္းေရးျခစ္ၿပီးေနာက္ အလင္း
အေမွာင္ခန္းမ်ားကို စ၍ ေဖာ္ေလ၏။ ေဆးဆရာဝန္တို႔မွာလူနာ၏အသားကို
ကိုင္တြယ္စမ္းသပ္ရာတြင္ လူနာဟူ
ေသာ အသိအျပင္ လိင္ႏွင့္ ပတ္သက္ ေသာ အျခားအာ႐ုံ မရွိသကဲ့သို႔ ပန္းခ်ီ ဆရာမ်ားမွာလည္း မိမိတို႔ စံထားေသာ သူ၏ အေပၚတြင္ အခ်ိဳးအစား အေန အထားမွတစ္ပါး အျခားအာ႐ုံမရွိေခ်။
ပထမေန႔အဖို႔ ၿပီးစီးလတ္ေသာ္ ဒုတိယေန႔တြင္ ဆက္လက္ေရးဆြဲ ျပန္
ေလ၏။ ဤနည္းအတိုင္း ေရးဆြဲျခင္း
အားျဖင့္ (၆) ရက္ေျမာက္ေသာေန႔တြင္
ၿပီးဆုံးလတ္ေသာ္ ေနာက္တစ္ေန႔၌မူ
ကား အေကာင္းဆုံး လက္ရာျဖစ္ေစရန္
“အႏု”ကိုင္ရမည့္ေန႔သို႔ေရာက္ေလ၏။
ထိုေန႔၌ ေမာင္စိန္လြင္မွာ ၫြန႔္၏ အနီးသို႔ မၾကာမၾကာ လာေရာက္ကာ
အေဝးမွ ၾကည့္ရသည္ကိုအားမရသည့္ ဟန္ျဖင့္လာေရာက္ၾကည့္ရႈ၏။
“ၿပီးေနၿပီဟာပဲ။ ေတာ္ေရာေပါ့-
ကိုစိန္လြင္ရဲ႕”
“ၿပီးေတာ့ – ၿပီးပါၿပီ။ ႏို႔ေပမဲ့ – အေဝးကၾကည့္ရတာအားမလိုအားမရ
ျဖစ္လြန္းလို႔”
“အို- တကတဲ – ကိုစိန္လြင္၊ ရွက္-
ရွက္စရာႀကီး”
ထိုေန႔၌ အႏုစိတ္တြင္ အၿပီးသတ္ သည္ႏွင့္ တစ္ၿပိဳင္နက္ ေမာင္စိန္လြင္၏
စိတ္မ်ားမွာ ပန္းခ်ီဆရာ၏ စိတ္မဟုတ္
ေတာ့ဘဲသာမန္လူမ်ား၏စိတ္သို႔ေျပာင္း
လဲ ခဲ့ေလ၏။ ၫြန႔္သည္ အက်ႌဝတ္ရန္
အခန္းထဲသို႔ ဝင္ခါနီး၌ ေမာင္စိန္လြင္
သည္ ၫြန႔္ေနာက္သို႔ လိုက္လာၿပီးလွ်င္
ၫြန႔္၏ လက္ကေလးကို ဆြဲကာ “ၫြန႔္
ကိုေျပာရင္ စိတ္ဆိုးမွာလား ၫြန႔္ရယ္၊
ကိုစိန္လြင္ေတာ့ စိတ္ကို မထိန္းႏိုင္
ေတာ့ဘူး။ အရင္က (၆)ရက္လုံးလုံး
ဆြဲခဲ့တာ။ ကိုစိန္လြင္စိတ္မွာ ဘယ္လိုမွ်
မျဖစ္ခဲ့ဘူး။ ဒီကေန႔က်မွ စိတ္ေတြဟာ
ပန္းခ်ီဆရာစိတ္ မဟုတ္ေတာ့ဘဲ တစ္
ခါတည္းေျပာင္းသြားၿပီၫြန႔္ရဲ႕”
စသည္ျဖင့္ မိမိသည္ ၫြန႔္သေဘာ တူညီမည္ဆိုက တစ္သက္လုံး ေပါင္း သင္းခြင့္ ျပဳပါမည့္အေၾကာင္း ေတာင္း
ပန္ေလ၏။ ၫြန႔္သည္ သေဘာတူသည့္
ဟန္ျဖင့္ၿငိမ္သက္လ်က္ရွိေလရာေမာင္
စိန္လြင္သည္ ၫြန႔္၏ ကိုယ္ကေလးကို
မိမိရင္ခြင္ထဲသို႔ ျဖည္းညင္းစြာ ထည့္လိုက္ေလသည္။
ထိုည၌ ေမာင္စိန္လြင္သည္ ထူး
ဆန္းေသာ အိပ္မက္တစ္ခုကိုမက္၏။
အိပ္မက္ထဲ၌ ၫြန႔္သည္ ႐ုပ္ပုံေရး ဆြဲထားသည့္အတိုင္း ပန္းခ်ီဆြဲခန္းထဲ
သို႔ ထဘီရင္လ်ားလ်က္ ဝင္လာရာ၊ ထို
အခါ၌ကား ေမာင္စိန္လြင္မွာ စိတ္ကို
မခ်ဳပ္တည္းႏိုင္ေတာ့ဘဲ ၫြန႔္အား
တစ္ခါတည္းေပြ႕ခ်ီၿပီးလွ်င္ မိမိ၏ ခုတင္
ေပၚသို႔တင္ေလ၏။
(ထိုအခါ ၫြန႔္သည္ သေဘာတူ သည့္ လကၡဏာမရွိဘဲ ေမာင္စိန္လြင္ လက္ထဲမွ အတင္း႐ုန္းကန္ၿပီးလွ်င္ လြတ္ေျမာက္သြားသည္ႏွင့္ တစ္ၿပိဳင္ နက္ ထဘီရင္လ်ားထဲတြင္ ဝွက္၍ထား
ေသာအသြား(၆) လက္မခန႔္ရွိ ဆင္စြယ္
ဓားေျမႇာင္ကေလးကို ထုတ္ၿပီးလွ်င္
ေမာင္စိန္လြင္အား တအားစိုက္လိုက္ ရာ၊ အကယ္၍သာေနာက္သို႔ပက္လက္ မလွန္ လိုက္ခဲ့ပါမူ၊ ရင္ဝတည့္တည့္သို႔ စိုက္မိေတာ့မည္ျဖစ္၏။ ၎၏ မ်က္ႏွာ မွာ ဘီလူးမကဲ့သို႔ ရက္စက္ေသာ အမူအရာႏွင့္ လွပေသာမ်က္လုံးႏွစ္လုံးမွာ
ေဒါသျဖင့္ျပည့္လွ်မ္းကာမီးထြက္မတတ္
ေတာက္ပလ်က္ရွိ၏။)
ေမာင္စိန္လြင္မွာ ထိုအခါ၌ ၫြန႔္ အေပၚတြင္ အခ်စ္စိတ္ လုံးလုံးမရွိေတာ့
ဘဲ ၫြန႔္၏ လက္ထဲမွ ဓားေျမႇာင္ကို အတင္းလုယူၿပီးလွ်င္ ၎၏ ရင္ဝသို႔ တအား ျပန္၍စိုက္လိုက္၏။ ဓားေျမႇာင္
သည္ ရင္ဝအလယ္တည့္တည့္၌ အ႐ိုး
သို႔စိုက္ေအာင္နစ္ျမဳပ္သြားေလ၏။ ပန္း
ထြက္လာေသာ ေသြးမ်ားသည္ မင္ႏွိပ္
အျဖဴေပၚတြင္ မင္နီသြန္၍ ခ်လိုက္ဘိ
သကဲ့သို႔ ဆြတ္ဆြတ္ျဖဴေသာ ရင္အုံ တစ္ခုလုံးတြင္ပ်ံ႕ႏွံ႔သြားေလ၏။
ေမာင္စိန္လြင္သည္ အိပ္ရာမွ လန႔္
၍ ႏိုးသျဖင့္ မ်က္လုံးမ်ားကို ဖြင့္၍ ၾကည့္လိုက္ရာ မိုးစင္စင္လင္းလ်က္ ရွိ
ေနၿပီျဖစ္ေၾကာင္းေတြ႕ရွိသည္ႏွင့္ကပ်ာ
ကယာထကာ မ်က္ႏွာသစ္၍ အဝတ္
လဲၿပီးလွ်င္ ႀကဳံရာဆိုက္ကားတစ္စီးေပၚ
သို႔ ခုန္တက္ၿပီးေနာက္ ၫြန႔္ေနေသာ ေသာ္သြန္မဆင္လမ္း (ဗိုလ္တေထာင္ ဘုရားလမ္း)သို႔ သြားေလ၏။ သို႔ေသာ္လည္း ေမာင္ဂိုမာရီလမ္း (ဗိုလ္ခ်ဳပ္
ေအာင္ဆန္းလမ္း)ဘက္သို႔ ေကြ႕မည္
အလုပ္တြင္ အေရွ႕ဘက္မွ ဆိုက္ကား
တစ္စီး ေကြ႕လာသည္ကို ေတြ႕ရသျဖင့္
ဆိုက္ကားေပၚ၌ ၫြန႔္ကိုျမင္လိုက္ရ
ေသာအခါ ရပ္လိုက္ေလ၏။
“အခု- ၫြန႔္ဆီကို လာမလို႔”
“ကြၽန္မလည္း ကိုစိန္လြင္ဆီကို
လာတာပဲ”
“လာပါ – ကိုစိန္လြင္ အခန္းေရာက္
မွပဲေျပာၾကတာေပါ့”
ၫြန႔္သည္ ေမာင္စိန္လြင္၏ ဆိုက္ ကားေပၚသို႔ ေျပာင္း၍စီးခဲ့ၿပီးလွ်င္ ေမာင္ စိန္လြင့္ တိုက္ခန္းသို႔ လိုက္ပါလာခဲ့ေလ ၏။ ၫြန႔္မွာ တစ္စုံတစ္ခုကို စိုးရိမ္ေန ဘိသကဲ့သို႔ ထိတ္ထိတ္ပ်ာပ်ာျဖစ္ကာ မ်က္ႏွာမေကာင္း ရွိေနေလ၏။ တိုက္ ခန္းသို႔ ေရာက္ၾကေသာအခါ ေမာင္စိန္ လြင္လည္း မိမိ၏ ထူးဆန္းေသာ အိပ္
မက္ကိုျပန္၍ေျပာေသာအခါၫြန႔္သည္ ရင္ကေလးကိုမ၍ စိတ္အား ထက္သန္ စြာ နားေထာင္ေနၿပီးေနာက္ ထူးဆန္း ေသာေမးခြန္းမ်ားထုတ္ေလ၏။ “အမယ္ေလး-ၫြန႔္အိပ္မက္က
လည္း ေၾကာက္စရာေကာင္းလိုက္တာ
မေျပာပါနဲ႔ေတာ့။ ေနပါဦး – ကိုစိန္လြင္
မွာ အနက္နဲ႔အျဖဴနဲ႔ မန္က်ည္းေစ့ကြက္
အဆင္ ဖ်င္အက်ႌတစ္ထည္ မရွိဘူး
လား”
(အံ့အားသင့္လ်က္) “ရွိတယ္ – ရွိ
တယ္ – ဘာျဖစ္လို႔လဲ”
“ညက အိပ္မက္ထဲမွာ ကိုစိန္လြင္
ရယ္ ထူးဆန္းလိုက္တာ။ ကိုစိန္လြင္ရဲ႕
ပထမ မယားႀကီးရဲ႕အေမနဲ႔ ေတြ႕တယ္။
အရပ္ျမင့္ျမင့္၊ ပိန္ပိန္၊ သြားေခါေခါ” “အမယ္ေလး – ဟုတ္လိုက္ေလ ကြာ။ သည့္အတိုင္းပါပဲ”
“ဒီမိန္းမႀကီးဟာ စုန္းမႀကီးဆိုပဲ ကိုစိန္လြင္ရဲ႕။ သူ႔သမီးဟာ ကိုစိန္လြင္ အတြက္ ေသရတယ္ဆိုၿပီး ကိုစိန္လြင္ အေပၚမွာ စိတ္အနာႀကီးနာၿပီး ေနာက္ ရမယ့္ ကိုစိန္လြင့္မိန္းမေတြ သူ႔သမီးလို
ပဲ ေသေအာင္ သူ႔အတတ္နဲ႔ ျပဳထားခဲ့
သတဲ့”
“ထူးဆန္းလိုက္ေလ – ၫြန႔္ရယ္”
“အိပ္မက္ထဲမွာ သူက ကြၽန္မကို
ကိုင္ၿပီး ညည္းတစ္ေယာက္ကိုေတာ့
အေမခ်စ္တဲ့အတြက္ ဒီအိပ္မက္ကိုေပး
တာတဲ့။ ညည္းေလးလည္း စိန္လြင္ရဲ႕
အရင္မိန္းမေတြလိုမေသခ်င္ရင္စိန္လြင္
နဲ႔ငါ့သမီးနဲ႔ ရခါစက ငါ့သမီးခ်ဳပ္ေပးတဲ့
အနက္ကြက္အေပၚအက်ႌနားပတ္ထဲမွာ
ငါထည့္ထားတဲ့ အင္းကို ထုတ္ပစ္လိုက္
တဲ့။ဒီလိုအိပ္မက္ေပးတာလည္း တျခား
ေၾကာင့္ မဟုတ္ဘူး။ ညည္း အေဖနဲ႔
ငါနဲ႔ ရွမ္းျပည္နယ္မွာေနတုန္းက ခ်စ္
ခ်စ္ခင္ခင္ေနခဲ့ၾကဖူးလို႔ညည္းအေပၚမွာ သနားတဲ့အတြက္ ေပးတာတဲ့လို႔ ေျပာ
တယ္။ ၿပီးေတာ့ ေျမာက္ဘက္ကို လက္ ညႇိဳးထိုးျပၿပီး တစ္ခါတည္းေပ်ာက္သြား တာပဲ။ ကြၽန္မလည္း အိပ္ရာက လန႔္ႏိုး လို႔ ၾကည့္လိုက္ေတာ့ မိုးလင္းေနၿပီ။ ဒါနဲ႔ ကိုစိန္လြင္ကို ေျပာခ်င္လြန္းအားႀကီး တာနဲ႔ ကပ်ာကယာေျပးခဲ့တာ၊လမ္းေပၚ မွာကိုစိန္လြင္နဲ႔ ေတြ႕တာေပါ့”
ေမာင္စိန္လြင္သည္ မိမိ၏ ယူနီ ေဖာင္းေသတၱာကို ဖြင့္ၿပီးလွ်င္ ေအာက္
ဆုံးမွ တိုက္ပုံအက်ႌ အနက္ကြက္ တစ္
ထည္ကို ဆြဲထုတ္ေလ၏။ အက်ႌအနား
ပတ္၌ေလွ်ာက္၍ ေသခ်ာစြာ စမ္းသပ္
ၾကည့္ၾကရာ၊ မာေက်ာေသာ အရာ
ကေလးတစ္ခုကို ေတြ႕ရသည္ႏွင့္ ၫြန႔္
သည္ကတ္ေၾကးကေလးျဖင့္က်င္လည္
စြာ ခြဲထုတ္ယူေသာအခါထူးဆန္းေသာ စာမ်ား၊ ဂဏန္းမ်ား၊ အ႐ုပ္မ်ားပါသည့္ အင္းကေလးတစ္ခုကို ေတြ႕ရေလ၏။
ေမာင္စိန္လြင္သည္ ဓာတ္ဆီ
တစ္ပုလင္းကို ယူခဲ့ၿပီးလွ်င္ ေနာက္ေဖး
မီးဖိုသို႔သြား၍ အင္းႏွင့္တကြ အက်ႌကို ပါမီးရႈိ႕ပစ္လိုက္ေလသတည္း။