Unicode Version
ဒေါသကပေးသောဆု(စ/ဆုံး)
————————————
ရုံးပိတ်ရက်ဖြစ်သော်လည်းကျွန်တော့်အဖို့နံနက်ပိုင်းသာအနားရ၍ ညနေပိုင်း တွင်အလုပ်ပြန်ဝင်ရ၏။ ထောင်တွင်းလုံခြုံရေးနှင့် ထောင်ပိတ်ရန်တာဝန်များအပြင် ကြိုက်တိုက်ထဲမှကြိုးသမားများအားလမ်းလျှောက်၊ ရေချိုး၊ထမင်းကျွေးရန်မှာကျွန်
တော့်တာဝန်ဖြစ်၏။
ကြိုးတိုက်တွင်အခန်း(၁၀)ခန်းရှိ၏။(၁၀)ခန်းလုံးပင်ကြိုးသမားများဖြင့်ပြည့် နေ၏။ကြိုးသမားများမှာလေလုံမိုးလုံတိုက်ခန်းကျဉ်းကျဉ်းကလေးထဲတွင်တစ်နေ့ လုံးထိုင်လိုက်၊ထလိုက်၊ အိပ်လိုက်ဖြင့် အချိန်ကို ကုန်စေရသူများဖြစ်၏။
နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ် (၁၅)မိနစ်ခန့် ရေချိုး၊လမ်းလျှောက်ရန်ထုတ် ပေးသည်မှအပသူတို့ဘဝမှာမိုးကောင်းကင်မှနေနှင့်လတို့ကိုပင်မြင်ရသူများမဟုတ်
ကြပေ၊ ပြင်ပသဘာဝနှင့်ပတ်ဝန်းကျင်ကိုမူ လုံးဝမြင်ခွင့်မရှိကြပေ။ သူတို့နှင့် အပြင် လောကကိုအုတ်တံတိုင်း(၃)ထပ်ကာဆီးထား၏။
တရားရုံးတော်မှ ကြိုးမိန့်ချလိုက်သည့်အချိန်မှစ၍ အယူခံအဆင့်ဆင့်ကို မျှော် လင့်ကြီးစွာတင်သွင်းလျှောက်ထားပြီးသေဒဏ်မှလွတ်မည့်ရက်၊ သို့မဟုတ်ကြိုးစင် ပေါ်တက်ရမည့်ရက်များကို ရင်တဖိုဖိုဖြင့် စောင့်ကြိုနေရသူများဖြစ်ကြသည်။ မိဘဆွေမျိုး၊ဇနီးသားသမီးများဆိုသည်မှာလည်းခရီးနီးသူများပင်တစ်လတစ် ကြိမ်၊နှစ်လတစ်ကြိမ်ခန့်သာထောင်ဝင်စာလာတွေ့နိုင်ကြ၏။အချို့ကြိုးသမားများမှာ
ကြိုးတိုက်ရောက်၍ နှစ်ပေါက်သည်အထိ ထောင်ဝင်စာလာသည်ကို မတွေ့ရပေ။ သေဒဏ်ကြိုးမိန့်ကျသူ ကြိုးသမားတစ်ယောက်အဖို့ အခြားအကျဉ်းသားများကဲ့သို့ ဆွေမျိုးမိဘ၊ ဇနီးသာ၊သမီးများနှင့်သာ ဝေးကွာနေရသည်မဟုတ်၊ ထောင်ထဲမှ အကျဉ်းသားအချင်းချင်းပင် မတွေ့ကြရပေ။ သီးခြားအခန်းဖြင့် တစ်ကိုယ်တည်း နေရသူများဖြစ်ကြသည်။
ကြိုးသမားများအဖို့အနီးဆုံးအမြဲမပြတ်တွေ့ဆုံနေရသူများမှာထောင်အမှုထမ်း များသာ ဖြစ်သည်။ ယင်းအမှုထမ်းများအထဲတွင် မိဘသဖွယ်၊ ညီအစ်ကိုသဖွယ် အားကိုးအားထားပြုနိုင်သူမှာ ကြိုးတိုက်တာဝန်ခံထောင်မှူးပင် ဖြစ်၏။
သူတို့၏ ကျန်းမာရေး၊ စားသောက်ရေး၊ နေထိုင်မှု၊ အဝတ်အထည်၊ အယူခံ၊ စာပေးစာယူ၊ထောင်ဝင်စာစသည်ဖြင့်အထွေထွေကိစ္စများကိုမူကြိုးတိုက်တာဝန်ခံ ထောင်မှူးနှင့်သာလျှင် ရင်းနှီးစွာတိုင်ပင်၍အကူအညီတောင်းရသည်။
ကျွန်တော်သည် ကြိုးတိုက်တာဝန်ခံထောင်မှူးဖြစ်ပါသည်။ ကြိုးတိုက်ထဲသို့ဝင် လိုက်သည်နှင့်အခန်း(၁၀)ခန်းသို့နှံ့အောင်လိုက်လံနှုတ်ဆက်ရသည်။ကျန်းမာရေး၊ အစားအသောက်၊အနေအထိုင်စသည့်အခြေအနေများကိုလိုက်လံမေးမြန်းရသည်။ ကျွန်တော့်မျက်နှာကို ပြုံးရွှင်စွာထား၍ သူတို့အား နှုတ်ဆက်ရသည်။ သူတို့ လိုအပ် သမျှ၊တိုင်ကြားသမျှ၊တင်ပြသမျှကိုမှတ်သား၍ သက်ဆိုင်ရာများသို့တင်ပြတောင်းခံ
ပေးရသည်။
ကြိုးသမားများအပေါ်တွင်တာဝန်အရဆောင်ရွက်မှုမျိုးသာမက သူတို့၏ စိတ်
ချမ်းသာမှု၊ အဆင်ပြေမှုများကိုပင် ကိုယ်စိတ်စေတနာဖြင့် ကူညီပေးခဲ့သည်သာ ဖြစ်၏။ကြိုးတိုက်အတွင်းသို့ရေချိုးထမင်းကျွေးရန်တာဝန်ဖြင့် ရောက်သည့် အချိန် တိုင်းပင်လူကြီးလူငယ်အလိုက်ရယ်စရာများ၊ ပုံတိုပတ်စ၊ ရုတ်ရှင်အကြောင်း၊ ဝတ္ထု ဇာတ်လမ်းများစသည်တို့ကိုသူတို့စိတ်ကြည်လင်ချမ်းသာကြစေရန်ပြောကြားပေး
ရ၏။
ရံဖန်ရံခါ အသက်အရွယ်ကြီးသော ကြိုးသမားကြီးများနှင့် ဘုရားအကြောင်း၊ တရားအကြောင်းများတက်သမျှမှတ်သမျှဆွေးနွေးရသေး၏။ သူတို့လိုသောတရား စာအုပ်၊ စိပ်ပုတီး စသည်များကို ထောင်ပိုင်အား ခွင့်တောင်းပြီး အပြင်မှ ရှာဖွေပေး ရသည်။
အဆိုပါ(၁၀)ယောက်သောကြိုးသမားထဲတွင် “မောင်န်”ဆိုသူမှာကျွန်တော့်
အားအခင်မင်ဆုံး၊အလေးစားဆုံးနှင့်အားအကိုးဆုံးကြိုးသမားတစ်ယောက်ဖြစ်၏။ ကျွန်တော်နှင့်တွေ့တိုင်း သူ့အမှုအကြောင်။ သေဆုံးသွားသော ဇနီးအကြောင်း၊ ရွာ တွင်ကျန်ရစ်ခဲ့သောအခါလယ်အရွယ်သမီးကလေးအကြောင်းများကိုရင်းနှီးခင်မင်
စွာပြောတတ်သည်။
အပြင်လောကတွင် လုပ်ကိုင်စား သောက်ခဲ့စဉ်က ဘုရားတရားကို သတိမရခဲ့ သော်လည်းသေဘေးနှင့်ကျောချင်းကပ်နေသောအချိန်တွင် ဘုရားတရားကို သတိ
ရလာ၏။သတိရသော်လည်းရွတ်ရန်ဖတ်ရန်ကားဘာမျှမတတ်ရှာပေ။ကျွန်တော်က အပြင်မှ ဘုရားရှိခိုးစာအုပ်၊ စိပ်ပုတီး၊ပြက္ခဒိန်မှ ဘုရားပုံတော်ကားချပ်များကို ရှာဖွေ ပေးရ၏။ ဘုရားရှိခိုးသင်ပေးရ၏။ ပုတီးစိပ်နည်းပြောပြရ၏။ ဂုဏ်တော်ကိုးပါးကိုနှုတ်
တိုက်ချပေးရ၏။ မောင်နီသည် ဘုရားစာ၊ တရားစာကို ဝါသနာမပါ၍ မလေ့လာခဲ့ သော်လည်းမြန်မာစာကောင်းကောင်းတတ်သဖြင့်သင်ပြသမျှကိုကျက်မှတ်နိုင်ပေ
သည်။
ကျွန်တော်နှင့် တွေ့ ပြီးသည့်အချိန်၏ နောက်ပိုင်းတွင် မောင်နီတစ်ယောက် နောင်တတရား သတိသံဝေဂများရ၍ သူ့အမှားကို သူ ယူကျုံးမရဖြစ်ရှာသည်။ သူ့ ဘဝကိုတည်ငြိမ်လာအောင်ညီငယ်တစ်ယောက်ပမာသွန်သင်ဆုံးမ၍အဖက်ဖက်မှ စိတ်ချမ်းသာအောင် ကူညီစောင့်ရှောက်နေသော ကျွန်တော့်အား ကျေးဇူးမမေ့ ကြောင်းမကြာခဏပြောပြသည်။
မောင်နီတစ်ယောက်စိတ်ရိုင်းစိတ်ဟောင်းများပျောက်၍ စိတ်ကောင်၊စိတ်သစ်
များ ဝင်နေသည်ကိုကြည့်၍ ကျွန်တော့်မှာ ဝမ်းသာရ၏။ သူ ခံစားနေရသော ကြိုး သမားဘဝမှ မြန်မြန်လွတ်ပါစေ ဆုတောင်းရသည်မှာလည်းအမောပင်ဖြစ်၏။
ခင်မင်ရင်းနှီး၍ သံယောဇဉ်တွယ်နေသော ကြိုးသမားများထဲမှ မတော်တဆ ကံချော်သူများအားကြိုးစင်ပေါ်တင်ရသည့်အခါမျိုးတွင်ကျွန်တော့်မှာလည်းကြေကွဲ စံစားရတတ်သဖြင့် သူတို့အား ချမ်းသာစေချင်၏။
ထိုနေ့ကကျွန်တော်ကြိုးတိုက်ထဲဝင်သွားချိန်တွင်မောင်နီ၏အခန်းမှာငြိမ်သက်
ဇန၏။ မိုးရွာထားသဖြင့် မြေကြီးများ စိုထိုင်းနေ၍ ကြိုးတိုက်တာဝန်ကျထောင်ကြပ် များကကျွန်တော့်အတွက် အုတ်တံတိုင်းအနီးတံခါးပေါက်နားတွင်ကုလားထိုင်ခင်း
ပေး၏။
ကြိုးတိုက်ကိုကာထားသောအုတ်တံတိုင်း၏အပေါက်နားတွင်ထိုင်နေခြင်းဖြစ် ၍အခန်းပေါက်များနှင့်အနည်၊ငယ်လှမ်းနေသည်။အခါတိုင်းဆိုလျှင်မောင်၏အခန်၊
နှင့် မလှမ်းမကမ်းနေရာတွင်ကျွန်တော်ထိုင်လေ့ရှိသည်။
ကြိုးသမားများအား နှစ်ယောက် တစ်တွဲ (၁၅)မိနစ်ခန့်စီ ရေချိုးလမ်း လျှောက် ထုတ်ပေး၏။ မိုးအေးနေသဖြင့် ရေမချိုးကြပေ။ အညောင်းပြေလမ်းလျှောက်ပြီး အာလာပသလ္လာပစကားများပြော၍ ရယ်ကြ၊မောကြ၏။မိုးကောင်းကင်မှမှုန်ပြာပြာ ဖြစ်နေသောတိမ်လွှာများကို ကြည်နူးအားရစွာ မော့ကြည့်ကြ၏။ မိုးသားလေအေး အေးကိုအားရပါးရတစ်ဝကြီးရှူကြ၏။
နှစ်ယောက်တစ်တွဲစီဖြင့် (၅)တွဲထုတ်၍လူစေ့သွားသော်လည်းမောင်နီထွက် မလာပေ။ သူ့အလှည့်တွင် သော့ကိုင်ထောင်ကြပ်က တံခါးဖွင့်ပေးထား၏။ မောင်နို ကားလုံးဝပင်အပြင်သို့ မထွက်ခဲ့ပေ၊ ကျွန်တော်ကလည်း သူ့ကို မမေးမိ။ ထွက်လာ သော ကြိုးသမားများနှင့်သာ စကားပြောနေလိုက်သည်၊ မိုးအေးအေးနှင့် မောင်နီ တစ်ယောက် ကွေးနေပြီဟု စိတ်ထဲတွင်ထင်နေမိသည်။
နောက်ဆုံးအလှည့်ကျသော ကြိုးသမားများ အခန်းထဲမဝင်မီ သူတို့အတွက် ညနေစာထမင်း ရောက်လာ၏။ ဟင်းများမှာကုလားပဲဟင်။ ကြက်သားဆီပြန်၊ ငါးပိ
မကျွေးမထုံးစံအတိုင်းဟင်းပန်းကန်များကိုတစ်ဇွန်းစီမြည်း ထမင်းနှင့်ဟင်းများမြည်းကြည့်ရခြင်းမှာထမင်းဟင်းကောင်း၊မကောင်း
ကြော်ဖြစ်၏။သူတို့အား ကြည့်ရ၏။
ကြိုတင်၍ သိနိုင်ရန်ဖြစ်သည်။
ထမင်းနှင့် ဟင်းများကို ထမင်းပို့ တာဝန်ကျသော အကျဉ်းသားက အခန်းထဲ အရောက်ပို့ပေးရ၏။ သော့ကိုင် ထောင်ကြပ်က အခန်၊စေ့တံခါးများ သော့ဖွင့်ပေး ရသည်။ အခန်းထဲသို့ မဝင်ရသေးသော ကြိုးသမားတစ်ယောက်သည် သူ့အတွက် ထမင်းနှင့်ဟင်းကိုကျွန်တော်နှင့်မလှမ်းမကမ်းမြေကြီးပေါ်တွင်ထိုင်၍ မြိန်ရေရှက်ရေ
စားနေ၏။
ကြက်သားဟင်းကလည်းဆီနည်းလိုက်တာ၊ဖိုကြီးထဲကဟင်းချက်တဲ့ကောင်
တွေ သိပ်လူပါးဝတယ်။ အစိုးရက တို့အတွက် ပေးထားတဲ့ဆီကို ဒီမအေ( ) တွေ ရိုးတာပဲ။ ကြက်သားဟင်က ဘာအရသာမှလည်းမရှိဘူ၊”
မောင်နီ၏အခန်းဆီမှ ဆူဆဲနေ သောအသံသဲ့သဲ့ကို ကြားလိုက်ရ၏။ အသံမှာ အစကတိုးတိုးဖြစ်သော်လည်း တစ်စတစ်စ ကျယ်လာ၏။ ဖိုကြီးထဲမှချက်ပြုတ်ပေး သူများကို ဆဲဆိုနေသံများ ဖြစ်၏။
ကျွန်တော်သည် ထိုင်နေရာမှပင်-
“ဟေ့- မောင်နီ -စောစောက တိတ်နေပြီး အခုမှ အသံထွက်လှချည့်လားကွ။ ဘာတွေများ ဆူနေတာလဲ”ဟု ရယ်ရယ်မောမောနှင့်လှမ်း၍ပြောလိုက်သည်။
မောင်နီသည် ကျွန်တော့်အား ဘာမျှပြန်မပြောဘဲ ဖိုကြီးထဲက လူများကိုသာ ဆဲမြဲဆဲနေရုံမက စိတ်ဆိုးမာန်ဆိုးနှင့် သူစားနေသောထမင်းပန်းကန်ကို ဆောင့်၍ ချလိုက်သည်။
“ဟေ့ – မောင်နီ – ငါပြောနေတာ မကြားဘူးလားကွ။ မင်း အခုလိုဆဲနေမယ့် အစားငါ့ကိုအကျိုးအကြောင်းတိုင်ပါလား။ မင်းမကျနပ်တဲ့အကြောင်းကိုငါကကြိုး
တိုက်အစီရင်ခံစာစာအုပ်မှာရေးပြီးထောင်ပိုင်ဝန်ကိုတင်ပြပေးမှာပေါ့။အခုလိုအော်
ပြီးဆဲနေတာ အပိုပေါ့ကွ၊ ပြီးတော့ ကြိုးတိုက်တာဝန်ခံထောင်မှူးတစ်ယောက်လုံး အနားမှာရှိနေလျက်နဲ့ မင်၊ အော်ဆဲနေတော့ငါ့မှာတာဝန်မကင်းဘူးပေါ့ကွ”
“မတိုင်ချင်ပါဘူးဗျာ- ဖိုကြီးထဲက ကောင်တွေလူပါးဝလွန်းလို့ဆဲနေတာ” “အေး-မတိုင်ချင်ရင်လည်းနေ၊ အော်ကျယ်ဟစ်ကျယ်တော့ ဆဲမနေနဲ့။ ငါ့
တာဝန်ကမင်းတို့ကြိုးသမားအားလုံးစိတ်ချမ်းသာမှုအဆင်ပြေမှုရှိအောင်ကူညီပေးဖို့
ဒီမှာလာထိုင်နေတာ”
မောင်နီသည် ခေတ္တမျှငြိမ်သွား သော်လည်း နောက်ပြန်ဆဲမြဲဆဲနေပြန်၏။ ကြိုးသမားများအတွက်လာပို့သော ထမင်းနှင့် ဟင်းများကို သူတို့အား မကျွေး မိက ကျွန်တော်ကိုယ်တိုင် မြည်းကြည့်ပြီးမှ ကျွေးခဲ့ခြင်းဖြစ်သည်။ ကျွန်တော် မြည်း စဉ်ကလည်းသူပြောသလောက် ဆီနည်းပြီးအရသာမရှိသောဟင်းများမဟုတ်ပေ။ အကယ်၍ သူပြောသလောက် ညံ့နေပါက သူမပြောမီပင် ကျွန်တော်က တိုင်ကြား ပြောဆိုပေးရမည်ဖြစ်သည်။
စိုကြီးမှ သူတို့အား ချက်ပြုတ်ကျွေးမွေးနေသူများမှာလည်း သူတို့ကဲ့သို့ပင် ဘဝတူ ထောင်ကျအကျဉ်းသားများသာ ဖြစ်သည်။ ထောင်ထမင်းဟင်းချက်သော ဖိုကြီးထဲမှ အချက်အပြုတ် တာဝန်ယူရသူများတွင် ထောင်လက်ကောက်များ ရှိကြ သည်။ ထောင်ထမင်းဟင်းများ မကောင်းသည့်ကိစ္စတွင် သူတို့ လက်ကောက်ကျမှု မကင်းကြောင်းကျွန်တော် သိပါသည်။ သို့သော်မောင်နိဒေါပွလောက်အောင်ထိုနေ့ ကဟင်းများမညံ့လှပါ။သူကဖိုထဲကအကျဉ်းသားများကိုဆဲနေသော်လည်းဟင်းကို
မြည်းပြီးမှကျွေးသောကျွန်တော့်မှာတာဝန်မကင်းဖြစ်နေ၏။
“ကဲ- မောင်နီ – တော်ကွာ- ဆူညံဆူညံလုပ်မနေနဲ့။ မင်းလိုပဲ ဒီထမင်းနဲ့ ဒီဟင်း ကိုစားနေကြတဲ့ကြိုးသမား(၉)ယောက်ကဘာမှမပြောဘဲ၊မင်းတစ်ယောက်တည်း
ဆူနေတာပဲကွ”
မောင်နီသည် ထိုင်နေရာမှ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး-
“ဆူမယ်ဗျာ- ဘာဖြစ်လဲ။ခင်ဗျားကကျုပ်ကိုသတ်ချင်လို့လား၊သတ်စမ်းပါဗျာ၊ သေအောင်-ကျုပ်သေရဲပါတယ်”
ကျွန်တော့်အားထောင်မှူးတစ်ယောက်အနေဖြင့်လည်းကောင်း၊ခင်မင်လေးစား ခံရသူတစ်ယောက်အနေဖြင့်လည်းကောင်း အကျဉ်းသား တစ်ဦးတစ်ယောက်၏
ပြန်လှန်ပြောဆိုခြင်းမျိုးကိုတစ်ခါမျှမခံခဲ့ရဘူးပေ။ကျွန်တော်သည်အကျဉ်းသားများ
ကြောက်ရွံ့အောင်နေထိုင်ဆက်ဆံတတ်သူမဟုတ်သော်လည်း ခင်မင်လေးစားခြင်း ကို ခံရသူဖြစ်သည်။ ယခုကိစ္စတွင် ကျွန်တော် စေတနာထား၍ ခင်မင်မိသော ကြိုး သမား၏ပြန်လှန်ပြောဆိုခြင်းခံရသည့်အတွက်ကျွန်တော့်နားကိုပင်ကျွန်တော်မယုံ
မိပေ
အံ့ဩစိတ်၊မခံချင်စိတ်တို့မှဖြစ်ပေါ်လာသောကျွန်တော့်၏ဒေါသမှာတစ်ကိုယ်
လုံး ဆတ်ဆတ်တုန်၍ မျက်လုံးများပင်ပြာသွားသည်ထင်၏။ကျွန်တော့်အဖို့သည်းခံ
နိုင်သောအခြေအနေမျိုးတွင်စော်ကားခံရပါကကျွန်တော်သည်လူအေးတစ်ယောက်
အသွင်ရယ်ပြုံး၍ခံနေသည်ကိုတွေ့ကြရပေမည်။ အကယ်၍ သည်းမခံနိုင်လောက်
သော စော်ကားမှုမျိုးနှင့် ကြုံရသောအခါတွင် ကျွန်တော်သည် အလွန်စိတ်တိုတတ် သောပိုက်ရှု၊ရဲတစ်ဇောက်ကန်းဖြစ်ချေသည်။
ကျွန်တော်သည်ထိုင်နေရာမှ ဝုန်း” ခနဲမတ်တတ်ရပ်လိုက်၏။လက်သီးနှစ်ဖက် ကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်ပြီး “အံမာ-မင်းကလား”ဟု အံကြိတ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ကျွန်တော့်အနီးတွင် ရပ်နေသော ထောင်ကြပ်ကြီး တစ်ယောက်ကလှမ်း၍ ဆွဲလိုက်သည်။ “ဆရာ- မှားမယ်”
ထောင်ကြပ်ကြီး၏အသံသည်ကျွန်တော့်နားထဲသို့လှစ်ခနဲဝင်သွား၏။ အခြေ အနေမှာကျွန်တော်ကအထက်စီးနေရနေသည်။ အခန်းထဲတွင် တံခါးပိတ်၍ သော့ ခတ်ထားသူအား ကျွန်တော်က တစ်ဖက်သတ်အနိုင်ယူရမည်ဖြစ်သည်။ စက္ကန့်ပိုင်း အတွင်း ဖြစ်ပေါ်လာသော တစ်ဇောက်ကန်းစိတ်ကို မျက်စိများ ပြာနေသည့်ကြားမှ သတိနှင့်ထိန်းနိုင်ခဲ့၍သာဤအကြောင်းကိုပြန်၍ရေးနိုင်သေးခြင်းဖြစ်သည်။
မောင်နီသည် ကျွန်တော့်အား သံတိုင်ကြားမှနေ၍ သူစားနေသော ထမင်း ပန်းကန်၊ ဟင်းပန်းကန် ခုံဖိနပ် စသည်များဖြင့် လှမ်း၍ပေါက်၏။ ကျွန်တော်သည် ခါးထောက်၍ သူ့အား မျက်တောင်မခတ်စိုက်ကြည့်နေလိုက်သည်။
“လာပါဗျာ-သတ်လှည့်စမ်းပါ၊ကျုပ်ကိုသတ်စမ်းပါ။ ခင်ဗျားကျုပ်ကိုမသတ်ရင် ကျုပ်-ခင်ဗျားကို သတ်မယ်”
မောင်နီသည်သံတံခါးတစ်ပေါက်သာရှိသောကြိုးတိုက်ခန်းထဲတွင်တစ်ယောက်
တည်းကျွမ်းထိုးလိုက်၊အုတ်နံရံနှင့်ခေါင်းနှင့်တိုက်လိုက်ဖြင့် ဒေါသူပုန်ထနေ၏။ကျွန် တော့်အနီးတွင် ရပ်နေသော ထောင်ကြပ်လူငယ်နှစ်ယောက်သည် နံပတ်တုတ်များ ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မခံချင်သော မျက်နှာထားများဖြင့် ကျွန်တော့်အား လှမ်းကြည့်နေကြ၏။အမိန့်ကို စောင့်နေကြ၏။
ကြိုးတိုက်ထဲမှ ဆူဆူညံညံအသံကြား၍ကျွန်တော်ညာလက်ရုံ၊ အောင်ဒင်ကြီး သည် ကြိုးတိုက်ထဲ ပြေးဝင်လာပြီ၊ ကျွန်တော်၏ အနီးတွင်ရပ်၍ ကျွန်တော့်အခြေ အနေကိုစောင့်ကြည့်နေသည်။ကျွန်တော်ကြာကြာရပ်၍ကြည့်နေလျှင်အခြေအနေ မှာ ပိုဆိုးသွားနိုင်၏။ ကျွန်တော် လှုပ်လိုက်လျှင်မောင်နီ ဒုက္ခရောက်သွားနိုင်သည်။ မောင်နီကလည်းကျွန်တော့်ကိုမြင်လျှင် ပို၍ ဒေါသူပုန်ထနေဦးမည်။
ယခုအချိန် မောင်နီ ဘာကြောင့် ကျွန်တော့်ပေါ်စိတ်ပြောင်းသွားပြီး ယခုလို သဲကြီးမဲကြီးဒေါပွနေသည်ကို မသိရသေးပေ။မောင်နီသည် လှောင်အိမ်ထဲမှကျား တစ်ကောင်ကဲ့သို့ ဒေါသမာန်လွန်ကဲပြီးသံတံခါးကိုခေါင်းနှင့် ပြေး၍ ဆောင့်လိုက်ရာ နဖူးသွေးများ ဖြာခနဲ စီးကျလာသည်ကိုမြင်လိုက်ရသည်။
ကျွန်တော့်ရင်ထဲတွင် ကရုဏာစိတ် ဖြစ်သွား၏။ စောစောက ဒေါသဖြစ်မိခြင်း ထက်သူ့ကိုကြည့်၍ သနားလာ၏။ကျွန်တော် သူ့ကို မကြည့်တော့ဘဲချာခနဲလှည့်၍ ကြိုးတိုက်အပြင်သို့ ထွက်ခဲ့သည်။
“သွားပါဗျာ- တိုင်ချေစမ်းပါ။ခင်ဗျားတို့ ထောင်ပိုင်ကြီးကိုတိုင်လိုက်ပါ။ကျုပ်ကို ကြိုးစင်တင်အောင် တိုင်ခဲ့ပါ”
ကျွန်တော်ထွက်လာခဲ့သည့် နောက်ပိုင်းတွင် မောင်နီ၏အော်သံ၊ ဆဲသံများ သည် ကြိုးတိုက်အတွင်း၌ ပွက်ပွက်ဆူ၍ ကျန်ခဲ့သည်။ မောင်နီသည် ကျွန်တော်က သူ့အကြောင်း ထောင်ပိုင်ဝန်အား သွားရောက်တိုင်ကြားသည်ဟု ထင်နေခဲ့သည်။ ကျွန်တော့်စေတနာကို မောင်နီ မရိပ်မိရှာချေ။
ကျွန်တော်သည် ကြိုးတိုက်မှထွက်၍ ဆေးရုံဘက်သို့ သုတ်ခြေတင်ရသည်။ ဆရာဝန်အားအချိန်မီအကြောင်းကြား၏။ မောင်နီ၏ဒဏ်ရာများကို ဆေးထည့်ပေး ရန်မှာအရေးကြီးသည်။
ကျွန်တော်ဆေးရုံဘက်ရောက်ချိန်တွင် ဆရာဝန်မရှိတော့ပါ။ သို့သော်ထောင် ဆရာဝန်များမှာ (၂၄)နာရီ တာဝန်ရှိ၍ ကျွန်တော်တို့ ထောင်မှူးများကဲ့သို့ ထောင် အရာရှိများရိပ်သာတွင် အိမ်ပေးထားပါသည်။ အရေးပေါ်လူနာရှိက အချိန်မရွေး ခေါ်ယူနိင်ပါသည်။ကျွန်တော်သည် ဘူးတံခါးဝမှနေ၍ဆရာဝန်အား စာရေး၍ခေါ်ခိုင်း လိုက်ရသည်။
ဆရာခင်ဗျား ..
ကြိုးတိုက်အခန်းနံပါတ်(၅)မှ ကြိုး သမားမောင်နီ၏ ဦးခေါင်းတွင် သံတံခါးနှင့် တိုက်မိ၍ ဒဏ်ရာရသွားပါသည်။ အမြန်လာ၍ ဆေးထည့်ပေးပါရန်မေတ္တာရပ်ခံအပ်
ပါသည်။
ထောင်မှူး
(ကြိုးတိုက်တာဝန်ခံ)
မကြာမီပင် ဆရာဝန် လိုက်လာ၏။ ဆေးရုံမှ အကျဉ်းသား သူနာပြုကလေးက ဆေးလင်ဗန်းကိုကိုင်ကာကြိုးတိုက်ဘက်ကူးသွားကြ၏။
ကျွန်တော်ပါလာလျှင်မောင်နီဆေးအထည့်မခံဘဲကတ်သတ်နေဦးမည်ဖြစ်၍ ကျွန်တော် မလိုက်တော့ဘဲဆရာဝန်အား အကျိုးအကြောင်း ပြောပြ၍ ထောင်ကြပ် အုပ်တစ်ဦးအား ထည့်လိုက်သည်။
မောင်နီသည် ထောင်ပိုင်ဝန်လာ၍ သူ့အားစစ်ဆေးမေ၊မြန်းမည်ကိုစောင့်နေစဉ် ဆရာဝန်ရောက်လာ၍အံ့ဩသွား၏။ အစသော်ထောင်ပိုင်ဝန်ကကျွန်တော်၏တိုင် ကြားချက်အပြင် ဆေးထည့်ခိုင်းသည်ထင်၍ ဆေးထည့်ခံရန်ငြင်းနေသေး၏။ ဆရာ ဝန်က ချော့မော့ဆေးထည့်ပေးမှငြိမ်သက်စွာ ဆေးထည့်ခံလေသည်။မောင်နီသည်
ဆရာဝန်ဆေးထိုးပေးပြီးနောက်နဖူးမှဒဏ်ရာကိုဆေးထည့်ပေးသည်ကိုငြိမ်သက်
စွာခံနေသည်။
သူမျက်စိရှေ့တွင်ရောက်နေသောဆေးပုလင်း၊ ဝါဂွမ်း၊ ပတ်တီးလိပ်၊ကတ်ကြေး
များ ထည့်ယူလာသော ကြွေရည်သုတ် ဆေးလင်ဗန်းကလေးကို စိုက်ကြည့်နေ၏။ လင်ဗန်းကလေးထဲသို့စိုက်ကြည့်ရင်းလင်ဗန်းထဲတွင်ပက်လက်ကလေးကျနေသော လက်ဝါးခန့်စာရွက် ကလေးကို မြင်လိုက်၏။
မောင်နီသည် လင်ဗန်းထဲမှ စာရွက်ကလေးကို ကောက်ယူ၍ ဖတ်ကြည့်လိုက် သည်။ စာရွက်ကလေးမှာကျွန်တော် ဆရာဝန်အခေါ်ခိုင်းစဉ်က ရေးပေးလိုက်သော စာဖြစ်၏။ ဆရာဝန်က
အမှတ်မထင်ဆေးလင်ဗန်းထဲထည့်လိုက်ရာမှမောင်နီဆီသို့
ပါလာခဲ့ခြင်းဖြစ်သည်။မောင်နီသည်ကျွန်တော့်လက်ရေးနှင့်စာကိုဖတ်ရင်းမျက်ရည် ဝိုင်းလာ၏။ ဦးခေါင်းကိုယမ်းကာ သက်ပြင်းချလိုက်သည်။
တဖြည်းဖြည်းနှင့် သွေးအေးလာသည်နှင့်အမျှ မောင်နီ နောင်တရလာ၏။ တစ်ညလုံးလည်း မောင်နီအိပ်မပျော်တော့ချေ။
ပြက္ခဒိန်မှဘုရားပုံတော်ကိုဦးချရင်းကျွန်တော့်မျက်နှာကိုမြင်လာ၏။ကျွန်တော် ပေးထားသောစိပ်ပုတီးကိုကိုင်ရင်းကျွန်တော့်ကိုသတိရနေ၏။ကျွန်တော်နှုတ်တိုက် ချပေး၍ ရနေသော ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုရင်း ကျွန်တော့်ကို အောက်မေ့စိတ် ဖြစ်ပေါ်နေ၏။ နောက်ဆုံး မောင်နီမျက်ရည်ကျလေတော့သည်။
ကောင်းသတင်းဖြစ်စေ၊ မကောင်းသတင်းဖြစ်စေ ထောင်အုတ်ရိုးအတွင်း၌ သတင်းတစ်ခုထူးလာလျှင် (၅)မိနစ်အတွင်းတစ်ထောင်လုံးပျံ့နှံ့သွားတတ်သည်။
တနင်္ဂနွေနေ့ညနေပိုင်းကဖြစ်သောကိစ္စမှာတနင်္လာနေ့နံနက် ထောင်ပိုင်ဝန်ရုံး သို့ ရောက်သောအချိန်တွင် သိနှင့်ပြီးဖြစ်နေ၏။ ထောင်ပိုင်ဝန်က ရုံးခန်းသို့ ရောက် ရောက်ချင်း ကျွန်တော့်အား ခေါ်၍ မောင်နီနှင့်ဖြစ်သော အကျိုးအကြောင်းကို ခေါ်၍ မေးသည်။ ကျွန်တော့်အား အပြစ်တင်ခြင်းထက် ကြိုးသမားနှင့် ရန်ဖြစ်သည်ဆို၍ အံ့ဩနေပုံရသည်။
ကျွန်တော်သည် ထောင်ထဲတွင် အကျဉ်းသားများနှင့် ပဋိပက္ခဖြစ်ဖူးသူ မဟုတ် ပေ။အကျဉ်းသားများဘက်မှပါဝင်ကူညီဖေးမပြောဆိုလေ့ရှိသဖြင့်ထောင်အမှုထမ်း
အချင်းချင်းကပင်အပြစ်တင်ခြင်းခံရသူဖြစ်သည်၊ ထောင်ပိုင်ဝန်အားအဖြစ်အပျက် အားလုံးကို အစအဆုံး ရှင်းလင်းတင်ပြလိုက်ပါသည်။ ထောင်ပိုင်ဝန်သည် ခေါင်း တညိတ်ညိတ်ဖြင့် နားထောင်ပြီးပြုံးနေပါသည်။
ကျွန်တော့်အားအကျိုးအကြောင်းတွေ့ဆုံမေးမြန်းပြီးထောင်ပိုင်ကိုယ်တိုင်ကြိုး
တိုက်သို့သွားသည်။တနင်္လာနေ့တိုင်းလည်းထောင်ပိုင်ဝန်သည် ထောင်အတွင်းဝင်
ရောက်စစ်ဆေးလေ့ရှိသည်။
ထောင်ပိုင်ဝန်သည် ကြိုးတိုက်တွင် တစ်ခန်းစီ ဝင်ရောက်စစ်ဆေးပြီး သူတို့၏ ကျန်းမာရေး၊နေထိုင်ရေး၊အစာ၊အသောက်၊အယူခံစသည်များကိုမေးမြန်းနေသည်။
မောင်နီအခန်းသို့ရောက်သော်လည်းမသိဟန်ဆောင်၍ မေးနေကျအတိုင်းမေးမြန်း
သည်။ထောင်ပိုင်ဝန်သည်မောင်နီ၏ဦးခေါင်းမှ ဒဏ်ရာကို စိုက်ကြည့်လိုက်သည်နှင့် မောင်နီ၏ ဦးခေါင်းမှာ အောက်သို့ ငုံ့သွားသည်။ မောင်နီ၏ မျက်နှာလည်း မကောင်း သည်ကိုထောင်ပိုင် သတိထားမိသည်။
“ဟဲ့- မောင်နီ – မင်းခေါင်းက ဒဏ်ရာက ဘာဖြစ်တာလဲ” “တံခါးနဲ့ တိုက်မိတာပါ ဆရာကြီး”
“ဟာ့-တံခါ၊နဲ့တိုက်ရအောင်တံခါးကမင်းကိုလာတိုက်တာလာ။မင်းကတံခါ၊
ကို သွားတိုက်တာလား”
“တံခါးကိုကျွန်တော်က သွားတိုက်တာပါ”
“ဟေ့ – တံခါးကို မင်းက သွားတိုက်ရအောင်တံခါးနဲ့ ရန်ဖြစ်လို့လား” “မဟုတ်ပါဘူ၊ ဆရာကြီး၊ မတော်တဆပါ”
“ဟာ-မတော်တဆသာဆိုတယ်၊ မင်းဒဏ်ရာက မသေးပါလား။ ငါ့ကို မှန်မှန် ပြောစမ်း။ မင်း ဒီဒဏ်ရာ ဘာဖြစ်တာလဲ၊ မင်းတို့ ကြိုးတိုက်ထောင်မှူးကော ဒီအကြောင်းသိရဲ့လာ။ ငါ့ကိုလည်းဘာမှမပြောပါလား”
မောင်နီသည် ထောင်ပိုင်၏အမေ၊ကိုဘာမျှပြန်မဖြေဘဲ သံတိုင်ကိုကိုင်၍ ငိုင်ငိုင် ကြီးရပ်ကာမျက်ရည်လည်နေ၏။
“ကျွန်တော်မှန်တဲ့အတိုင်းပြောပါ့မယ်- ဆရာကြီး၊ကျွန်တော်မနေ့ကထောင် မှူးနဲ့ ရန်ဖြစ်ပြီး ကျွန်တော့်စိတ်ကို ကျွန်တော် မထိန်းနိုင်ဘဲ သံတိုင်နဲ့ ခေါင်းနဲ့ တိုက် လိုက်ပါတယ်”
“ဘယ်ထောင်မှူးလဲ” “ကြိုးတိုက်ထောင်မှူးပါ”
“ဟာ့- အဲဒါ မင်းဆရာဆို”
“ဟုတ်ပါတယ်- ဆရာမကပါဘူး၊ ကျွန်တော် မိဘလို ချစ်ခင်အားကိုးနေသူပါ။ ဒါပေမဲ့… မနေ့က ကျွန်တော့်စိတ်ကိုကျွန်တော်မထိန်းနိုင်အောင်ဖြစ်သွားပါတယ်” “ဘာလဲ- ထောင်မှူးက မင်းကို ရိုက်သလား”
“မရိုက်ပါဘူး” “ဆံသလား”
“ဆဲလည်းမဆဲပါဘူး”
“ဟာ” ဒါနဲ့ ရန်ဖြစ်တယ်ဆို”
“ရန်ဖြစ်တယ်ဆိုပေမယ့် ကျွန်တော် တစ်ယောက်တည်း ဒေါပွပြီး အော်ဟစ် ဆူဆဲလုပ်မိပါတယ်။ ဆရာကျွန်တော့်ကို ဘာမှပြန်မလုပ်ဘဲကျွန်တော့်ခေါင်းကခိုက် မိတဲ့ဒဏ်ရာကို ဆရာဝန်ခေါ်ပြီးဆေးထည့်ပေးသွားပါတယ်” “ထောင်မှူးက မှားတာလား၊ မင်းက မှားတာလား” “ကျွန်တော်မှားတာပါ၊ကျွန်တော့်အပေါ်စေတနာမေတ္တာထားတဲ့ဆရာ့ကို စော်
ကားမိတဲ့ ကျွန်တော့်အမှားကိုကျွန်တော်သိပြီး ယူကျုံးမရဖြစ်နေပါတယ်” “အေး-ကိုယ့်အမှားကို ကိုယ်သိရင် ကောင်းတာပေါ့ကွာ။ နေရာတကာမှာ ဒေါသရှေ့မထားရင်ကောင်းတာပဲမောင်နီ၊မင်းဘဝမှာဒေါသကြောင့်အမှားအမျိုးမျိုး
ကိုကြုံခဲ့ပြီမဟုတ်လား”
“ဟုတ်ပါတယ်-ဆရာကြီး။ကျွန်တော့်ဆရာကိုကျွန်တော်တောင်းပန်ပါရစေ။ ကျွန်တော်ရှိခိုးတောင်းပန်ပြီးဆရာကကျေနပ်ပါတယ်ဆိုမှကျွန်တော်အသေဖြောင့် ပါမယ်ဆရာကြီး၊ဆရာကများကျွန်တော့်အပေါ်မကျေနပ်ရင်ကျွန်တော်ကြိုးစင်ပေါ်
ရောက်တောင်မှ”
“ဟေ့-ဟေ့-မောင်နီ’တော် – တော်၊ မင်းဆရာကို ငါအခုခေါ်ပေးမယ်၊ မင်း ကြိုက်သလို တောင်းပန်ပေါ့ကွာ”
ထောင်ပိုင်ဝန်သည် မောင်နီ၏စကားကိုဆက်နားမထောင်တော့ဘဲကျွန်တော့် အားချက်ချင်းပင်ခေါ်လွှတ်လိုက်ပါသည်။
ကြိုးတိုက်သို့ ကျွန်တော် ရောက်ပြီး သံတံခါးရှေ့တွင် မတ်တတ်ရပ်လိုက်သည် နှင့်မောင်နီသည်ကျွန်တော့်အား မျက်ရည်ဝိုင်းသောမျက်လုံးကြီးများဖြင့် စိုက်ကြည့်
နေရှာသည်၊
“ဆရာ့ကိုရှိခိုးတောင်းပန်ပါရစေဆရာ၊ကျွန်တော်မကန်တော့ခင်ဒီစာကလေး
ကို ဖတ်ပြီး မနေ့က ကျွန်တော်ရဲ့မိုက်မှားမိတဲ့အပြစ်ကို ခွင့်လွှတ်ပါ”
မောင်နီသည် သံတိုင်ကြားမှ စာရွက်ခေါက်ကလေးတစ်ခုကို ကျွန်တော့်အား လှမ်းပေးပြီးဒူးထောက်၍ ထိုင်ချလိုက်ပါသည်။
သူငယ်ချင်းမောင်နို
မင်းစိတ်ကောင်းကောင်းထားပြီးဒီစာကိုဖတ်ပေါ့ကွာ၊ငါလည်းမင်းဆီကိုကိုယ် တိုင်လာပြောချင်ပေမယ့် ဒီနှစ် မိုးဦးကောင်းပြီးလယ်တွေက ရေလျှံနေလို့ စာတိုက် ကပဲစာနဲ့ရေးလိုက်ရတယ်၊
လွန်ခဲ့တဲ့ဝါဆိုလဆန်းတစ်ရက်နေ့ကပဲရွာမှာကျန်ခဲ့တဲ့မင်းရဲ့သမီးကလေးဆုံး သွားတယ်။ မင်းရဲ့ ယောက္ခမကြီးလည်း သူ့မြေးကလေးရဲ့စိတ်၊ သေသွားတဲ့ သမီးရဲ့ စိတ်တွေနဲ့ မစာ၊နိုင်၊ မသောက်နိုင်ဖြစ်ပြီး ဝါဆိုလဆန်း (၁၀)ရက်နေ့ကပဲ ဆုံးသွား ပြန်တယ်။
ရွာမှာတော့ မင်းအတွက် သံယောဇဉ်တွယ်စရာ လက်ကျန်မရှိတော့ဘူ၊ပေါ့ ကွာ။မင်းသာ ဒီရတနာသုံးပါ၊ သတိရပြီးချမ်းသာပါစေလို့တို့ဆုတောင်းလိုက်ရတယ် သူငယ်ချင်း။
ကုန်းကြီးရွာ၊ ကျောက်ဆည်ခရိုင် (မြစ်သားစာတိုက်)
သူ့စာကိုဖတ်ပြီ၊ ကျွန်တော်ပါ စိတ်မကောင်းဖြစ်သွားသည်။ စာဆုံး၍ သူ့ကို ငုံ့ကြည့်လိုက်သောအချိန်တွင် မောင်နီသည်ကျွန်တော့်အားပေါက်ဆိန်ပေါက်ကန် တော့နေသည်ကို တွေ့ရသည်။
ကျွန်တော်သည် သူ့ကိုကြည့်ရင်းကြိုးတိုက်သို့ရောက်ခါစက သူပြောပြဖူးသော သူ့အဖြစ်အပျက် သူ့အမှုအကြောင်းကို ပြန်လည်သတိရနေပါတော့သည်။
ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ကုန်းကြီးရွာသား မောင်နီသည် မိဘများ မရှိသည့်နောက် မိဘလက်ငုတ် လယ်ကလေးကိုပင် ကြိုးကြိုးကုတ်ကုတ် လုပ်ကိုင် နေသူဖြစ်၏။
မောင်နီသည်အလုပ်ကိုကြိုးစား၏။အနေအထိုင်ကျစ်လျစ်၏။သဘောကောင်း
၍ ရိုးသား၏။ ပေါင်းသင်းဆက် ဆံရေးကောင်း၏။ မောင်နီမှာဒေါသကြီးတတ်သော ဉာဉ်ဆိုးတစ်ခုသာ ရှိပေသည်။
မောင်နိ ဒေါသကြီးမှုကြောင့် မကြာခဏ သူကြီးအိမ် ရောက်ခဲ့ရ၏။ မည်မျှပင် ခင်မင်သူဖြစ်စေ
ဒေါသထွက်ချိန်တွင်ထင်မိထင်ရာပြောတတ်၏။တစ်ဇောက်ကန်း
လုပ်တတ်၏။ သို့သော် သူ့အမှားကို သူ သိတတ်၍ တောင်းပန်တတ်ခြင်းကြောင့် ရုံးပြင်ကန္နား မရောက်ခဲ့ရပေ။
တစ်ရွာထဲနေ မုဆိုးမကြီး ဒေါ်ငွေမတွင် သမီးတစ်ယောက်သာရှိ၏။ နာမည်မှာ အေးစိန်ဖြစ်သည်။အေးစိန်သည်အလှကြီးအချောကြီးမဟုတ်သော်လည်းအရုပ်ဆိုး သူ မဟုတ်ပေ၊ အေးစိန်သည် ရိုးရိုးအအဖြစ်သော်လည်း စကားတတ်၏။
ဒေါ်ငွေမသည် ယောက်ျားမရှိသည့်နောက်သမီးကလေးနှင့်ပင်ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်နေခဲ့သည်။ မောင်နီသည် ဒေါ်ငွေမ၏သမီ။ အေးစိန်ကို မျက်စိ ကျနေ၏။ အေးစိန်ကောက်စိုက်ရာ၊ပျိုးနုတ်ရာ၊ရေခပ်ရာတို့တွင်မောင်နီတကောက် ကောက် လိုက်ခဲ့သည်၊ အေးစိန်ကလည်း မောင်နဲ့ဘက် ပါချင်ချင်ဖြစ်နေသည်၊ သို့ သော်မိခင်ဒေါ်ငွေမ၏သဘောကိုမသိရသေး၍မောင်နီ၏မေတ္တာကိုလက်မခံဝံ့သေး
ပေ။
အမေဒေါ်ငွေမကိုအရင်အကဲစမ်းသည့်သဘောဖြင့်မောင်နီတကောက်ကောက်
လိုက်နေကြောင်းပြောပြ၏။ ဒေါ်ငွေမကလည်းအလုပ်အကိုင်တော်၍အနေအထိုင် ကျစ်လျစ်ရိုးသားသော မောင်နို့အပေါ်တွင် ငြင်းဆန်ရမလို၍ သမီးအား မကန့်ကွက်
ပေ၊
အေးစိန်သည်အမေဒေါ်ငွေမ၏သဘောကိုရိပ်မိသည်နှင့်မောင်နီ၏မေတ္တာကို လက်ခံလိုက်လေသည်။ မကြာမီမုဆိုးမကြီးဒေါ်ငွေမ၏သမီးအေးစိန်နှင့်တစ်ကိုယ်
တည်းသမားမောင်နီတို့လူကြီးစုံရာနှင့်ကန်တော့ပြီးလင်မယားဖြစ်ခဲ့ကြသည်။
မောင်နီသည် မိန်းမရပြီးသည့် အချိန်တွင် လယ်အလုပ်များကို ယခင်ကထက် ပို၍ကြိုးစားသည်။ မောင်နီသည် မိဘမရှိ၊ ဆွေမျိုးမရှိ၊ ညီအစ်ကို မောင်နှမ မရှိ၊ တစ် ကိုယ်တည်းသမားဘဝကပင်အလုပ်ကိုကြိုးစားလုပ်တတ်သူဖြစ်၏။ယခုမောင်နီ၏
ဘဝမှာ စိုပြေ၍လာချေပြီ၊ တာဝန်လည်း ပို၍လာလေပြီကိုသိသော မောင်နီသည် တစ်ဝမ်းတစ်ခါ၊ ဘဝကထက်ပို၍ အလုပ်ကိုတိုးချဲ့လာ၏။
ဇနီးဖြစ်သူ အေးစိန်ကလည်းလိမ္မာရေးခြားရှိ၏။လင့်ဝတ္တရားကို သိ၏။ မောင်နီ လယ်ထဲအလုပ်ဆင်းနေစဉ်အေးစိန်အိမ်မှထမင်၊ချက်၍လိုက်ပို့၏။ မောင်နီထမင်း စား၍နားနေစဉ် လယ်အလုပ်များကို အေးစိန်က ဝင်ကူညီလုပ်၏။ အိမ်ပြန်ရောက် ချိန်တွင်မောင်နဲ့အဝတ်တွေလျှော်ဖွပ်ထား၏။မောင်နီထမင်းစားဖို့အသင့်ချက်ထား
၏။အချက်အပြုတ်ကိစ္စပြီးသည်နှင့်နွားစာစဉ်း၏။ မောင်နီပြန်လာလျှင်ချိုးရန်ရေက
အစခပ်ထားသည်။
မောင်နီကလည်း လယ်ထဲကအိမ် ပြန်ရောက်လျှင် ဇနီးဖြစ်သူ လုပ်ကိုင်ထား သည်များကိုကြည့်၍ တပြုံးပြုံးဖြစ်နေ၏။ အေးစိန်အား ယခင်ကလို ကောက်စိုက် ပျိုးနတ်အလုပ်များကိုမလုပ်ရပေ။ရှေ့သွားနောက်လိုက်ညီသောသမီးနှင့်သမက်ကို
ကြည့်၍ ဒေါ်ငွေမလည်းတပြုံးပြုံးဖြစ်နေရှာ၏။ ရွာထဲမှမိတ်ဆွေများက ဒေါ်ငွေမအား သားမက်ရတော်ကြောင်းချီးကျူးစကားပြောကြ၏။ဒေါဋ္ဌမကမူ ခပ်ပြုံးပြုံးပင်ခေါင်း
ညိတ်ပြလေ၏။
မောင်နီနှင့်အေးစိန်တို့အိမ်ထောင်ဘက်တစ်နှစ်ကျော်သောအချိန်တွင် သမီးဦး
ကလေးတစ်ယောက်ထွန်းကားလာ၏။ မောင်နီတို့ဇနီးမောင်နှံမှာသမီးဦးကလေးကို ကြည့်၍ မြူးနေကြ၏။ ဒေါ်ငွေမအဖို့မူ မြေးဦးကလေးရ၍မြူးရရှာသည်မှာအရူးတစ် ပိုင်းဖြစ်၏။ မြေးကလေးကို ပွေ့၍ လူတကာကို ပြရရှာသည်မှာအမောပင်ဖြစ်၏။ မောင်နီသည် အလုပ်ကို ကုန်းနေအောင် လုပ်၏။ လယ်ထဲမှ အလုပ်မည်မျှ ပင်ပန်းလာစေကာမူအိမ်အရောက်ဇနီးနှင့်သမီးကလေးကိုမြင်လိုက်ရလျှင်ရွှင်လန်း သွား၏။ သမီးကလေး(၃၊၄)လရလျှင်မောင်နီတစ်ယောက်တည်းပင်ပန်းနေသဖြင့် အေးစိန်ကလယ်ထဲ လိုက်၍ကူ၏။ မောင်နီက အေးစိန် သွေးနုသေးသည်ဆို၍ ဘာ အလုပ်မှ လုပ်ခွင့် မပြုပေ။
မောင်နီတို့အိမ်
တစ်စတစ်စနှင့်သမီးကလေးအခါလည်အရွယ်သို့ရောက်ခဲ့ပြီ။ ထောင်သက်လည်း နှစ်နှစ်ကျော်ခဲ့ပြီ။ မောင်နီသည် ဇနီးနှင့် သမီးကလေးအား ချစ် လိုက်သည်မှာ မျက်စိအောက်မှပင်အပျောက်မခံနိုင်ချေ။
မိုးဦးတစ်ညတွင် မိုးကြီးသည်းထန် စွာ ရွာချလေ၏။ မောင်နီသည် မိုးမလင်းမီ ကပင်ထ၍လယ်ထဲသို့ဆင်းသွား၏။ ညက မိုးကြီးသည်းထန်စွာ ရွာလိုက်၍ ပျိုးခင်း များ ရေလျှံတော့မည်ကို မောင်နီကပူပန်၍ စောစောကြီးထသွားခြင်းဖြစ်၏။
မောင်နီသည် နေမထွက်မီကပင် ချွေးထွက်အောင် ကန်သင်းများဆယ်၍ ရေ ထုတ်ရ၏။ ရေဝင်ပေါက်များကိုပိတ်ရ၏။ နေအတော်မြင့်မှမောင်နီအလုပ်ကနား၏။ အလုပ်နားသည်ဆိုလျှင် ထမင်းလည်း ဆာလှပြီ၊ အခါတိုင်း သည်အချိန်တွင် အေးစိန်ထမင်းလာပို့ မြဲဖြစ်၏။
အခြားနေ့များတွင် မောင်နီ အိပ်ရာ မှတပြီ၊ ကောက်ညှင်းပေါင်းနှင့် ပဲပြုတ် ဆီဆမ်း၊ သို့မဟုတ် မုန့်ခွေလိပ်နှင့် စားတော်ပဲပြုတ်ကလေးဆီဆမ်း၍လက်ဖက်ရည် ကြမ်းနှင့်အဆာပြေဝါးခဲ့ရသည်။ ယနေ့ မိုးမလင်းမီကပင်ထ၍ မျက်နှာသစ်ပြီး လမ်း လျှောက်ရင်၊ ခေါင်းပေါင်းထားသောပုဆိုးဟောင်းနှင့် မျက်နှာသုတ်ခဲ့ရသည်။
မောင်န်အဖို့ အလုပ်က ပိုပင်ပန်းသဖြင့် ပိုဆာနေသည်။ အေးစိန်အဖို့ ခါတိုင်း ထက်ပင် ယနေ့ ဝီရိယထား၍ ထမင်းလာပို့ဖို့ ကောင်းသည်၊ ယခုမူ ခါတိုင်းပို့နေကျ အချိန်ထက်ပင် နောက်ကျနေသည်၊
မောင်နီသည်စောင့်ရင်းစောင့်ရင်းကပင်ထမင်းဆာလွန်း၍စိတ်တိုလာသည်။ သစ်ပင်ရိပ်တွင်အမောဖြေရင်၊ အေ၊စိန်ကိုမျှော်ရသည်။ အေးစိန်ကားပေါ်မလာချေ။ တဖြည်းဖြည်းနှင့်စိတ်တိုရာမှဒေါသကြီးလာပြီဖြစ်သောမောင်နီသည်နွားနှစ်ကောင် ကို သစ်ပင်တွင် ချည်ထားခဲ့ပြီး တောခုတ်ဓားမကို ခါးကြားထိုး၍ ရွာသို့ ပြန်လာခဲ့ သည်။
အိမ်သို့ရောက်လျှင် အိမ်ရှေ့တွင် အေးအေးဆေးဆေးထိုင်၍ ကလေးနို့ တိုက် နေသောအေးစိန်အား တွေ့ရ၏။
“ဟေ့ – အေးစိန် – ဘာလို့ ငါ့ကို ထမင်းလာမပို့သေးတာလဲ၊ ငါ့မှာဖြင့် လယ်ထဲ ကနေတမျှော်မျှော်နဲ့၊ နင်ကဖြင့် ဒီမှာ အေးအေးဆေးဆေး၊ အံ့ပါရဲ့ဟာ”
မောင်နီသည်ခေါင်းတွင်ပတ်ထားသောပုဆိုးဟောင်းဖြင့်မျက်နှာမှ ချွေးများကို
သုတ်ရင်း ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်သည်။
“ကျုပ်လည်း စောစောထပြီး ထမင်းချက်မလို့ဟာ။ အမေကလည်း ကောင်း ကောင်းနေမကောင်းဘူး။ ကလေးကလည်းချလို့မရမို့တွင်ကမှချက်ရတယ်တော် ရှေ့၊ တော်- ဆာတာချည့် ပြောမနေနဲ့၊အိမ်မှာကျုပ်လည်း ဘယ်လိုလုပ်နေရတယ် ဆိုတာကြည့်ဦး”
“အောင်မာ – ငါက နင့်ကို ဒါလောက် သက်သာအောင်ထားတာ။ ဒီတစ်ရက် ကလေး နင်ပင်ပန်းရတာနဲ့ တော် ဆာတာချည့် ကြည့်မနေနဲ့လေး၊ ဘာလေးနဲ့။ နင့် စကားက – ကဲ- နင်ချက်တဲ့ထမင်းလည်း ငါမစားချင်ဘူး။ ငါ့ကို နောက်လည်း ချက် မကျွေးနဲ့တော့”
မောင်နီသည် ပြောပြောဆိုဆို ချက်ထားသောထမင်၊အိုးကို မီးဖိုပေါ်မှ ကန်ချ လိုက်၏။
“တော်မစားချင်နေပါ၊ထမင်းအိုးကိုတော့ မခွဲပါနဲ့။ နေမကောင်းတဲ့ကျုပ်အမေ
စားဖို့ ရှိပါသေးတယ်”
“အောင်မယ်- နင့်အမေစားဖို့တော့ သိတတ်တယ်၊ ငါ့ကျတော့ အငတ်ထား တယ်ပေါ့ဟုတ်လား။ကဲ- အကုန်ငတ်ဟာ-ကဲ-ကဲ”
မောင်နီသည် ပြောရင်းကပင် ထမင်းအိုး၊ ဟင်းအိုး၊ မီးဖိုထဲမှ ပန်းကန်ခွက် ယောက်များကို ရိုက်ခွဲပြီး အိမ်ရှေ့သို့ထွက်လာခဲ့သည်။ “တော်ဟာတစ်ကောင်ကြွက်ပီပီတစ်ကောင်ကြွက်စိတ်ထားတယ်” အေးစိန်ပါးစပ်မှတစ်ကောင်ကြွက်ဆိုသောစကားသည်မောင်နီနှလုံးသားအား
“ဒိုင်း”ခနဲ ဝင်၍ဆောင့်လိုက်ရာ မျက်စိများ ပြာသွားပြီး မောင်နဲ့တစ်ကိုယ်လုံးဒေါသ လွှမ်းမိုးသွားတော့၏။
“ကဲဟာ“ ငါ့ကို တစ်ကောင်ကြွက် ဆိုတဲ့ကောင်မ၊ ငါ အခုမှ တစ်ကောင်ကြွက် ဖြစ်မှာ၊ ကဲ-ကဲ”
မောင်နီသည် ပါးစပ်မှ ကြိမ်းမောင်းပြောဆိုရင်း ခါးကြားမှ တောခုတ်ဓားမနှင့် ထိုင်နေသော အေးစိန်အားတအား ခုတ်ချလိုက်လေသည်။
“အမယ်လေး- ကျုပ်သမီးလေးသေပါပြီ-ကလေး-ကလေး”
နေမကောင်း၍ အိမ်ထဲတွင် အိပ်နေသော ဒေါ်ငွေ့မသည် အပြင်မှ ဆူဆူညံညံ အသံကြား၍ထွက်လာစဉ်မောင်နီ၏ဓားချက်ဖြင့်အေးစိန်သမီးငယ်ကလေးကိုပွေ့ချီ ရင်း လဲကျသွားသည်ကို မြင်လိုက်ရ၏။ သွေးအိုင်ထဲတွင် လဲနေသော အေးစိန်၏ ရင်ခွင်ထဲမှ မြေးကလေးကို ဝင်၍ ပွေ့ချီကာ-“မောင်နီ ကျုပ်သမီးကို သတ်နေပါပြီ၊ လာကြပါဦး”ဟု အော်ဟစ်ရင်း ထွက်ပြေးရှာလေ၏။
မောင်နီက နောက်မှ ဓားနှင့်လိုက်သေးသော်လည်း ရွာထဲမှအသံကြား၍ ပြေး ထွက်လာကြသောရွာသားများကဝိုင်းဝန်းဖမ်းဆီးထားလိုက်ကြသည်။ ရွာသားများနှင့် သူကြီးရောက်လာသောအချိန်တွင်မောင်န်သည်ဓားကိုလွှတ်ချပြီး-“ကျုပ်မှားသွား ပြီ- သူကြီး၊ ကျုပ်ကို ဂါတ်တဲသာပို့ပါတော့”ဟု ပြောပြီး ခေါင်းငိုက်စိုက်ကျသွားလ တော့သည်၊
အေးစိန်၏ အလောင်၊နှင့်အတူ မောင်နီအား ရဲဌာနာသို့ လှည်းနှင့်တင်၍ ပို့ရန် ရွာထဲမှ ထွက်လာသောအချိန်တွင် နောက်ပိုင်းမှ သမီးငယ်ကလေး၏ ငိုသံသည် မောင်နီ၏ နားထဲသို့ စူးဝင်သွားလေသည်။
သည်။
ခေါင်းငုံ့နေသော မောင်နီအားကြည့် ရင်း ကျွန်တော် သက်ပြင်းချလိုက်မိပါ
သူ့အကြောင်းကို သိထားပြီးဖြစ်၍ သူ့အပြစ်ကို ခွင့်လွှတ်ရန် ကျွန်တော် ဝန် မလေးပါ။သို့သော်စိတ်နောက်ကိုလူလိုက်၍အမိုက်ကြီးမိုက်၊အမှားကြီးမှားနေသော
မောင်တို့အတွက်ကျွန်တော်ရင်လေးမိသည်။
အကယ်၍သာ သူနေသောတိုက် ခန်းတံခါး ဖွင့်ထားစဉ်က သူနှင့် ကျွန်တော် ပဋိပက္ခဖြစ်၍ သူ့မှာဤလိုစိတ်ရိုင်းစိတ်မိုက်များဝင်လာမည်ဆိုပါကမောင်နီပင် နှစ် ကြို၊ထပ်၍ ကျမည်လား၊ ကျွန်တော်ပင် ကြိုးတိုက်ထဲ ဝင်ရမည်လား မတွေးတတ် တော့ပါ။
သူနှင့်အချင်းများစဉ်က ဖြစ်ပေါ်လာသောကျွန်တော်၏ဒေါသစိတ်ကို အချိန်မီ
ထိန်းလိုက်နိုင်ခြင်းအတွက်လည်းဝမ်းသာမိသည်။ကျွန်တော့်ဒေါသစိတ်ကိုထိန်းရန် သတိပေးလိုက်သော ထောင်ကြပ်ကြီးကိုလည်း သတိရတိုင်း ကျေးဇူးတင်မိသည်။
စိတ်ဆိုသည်မှာသတိနှင့်သာထိန်း၍ရပေသည်။သတိတိမ်းချေသော်စိတ်ကိုထိန်း
နိုင်တော့ မည်မဟုတ်ပေ။
ကြိုးတိုက်မှထွက်လာပြီးလမ်းတစ်လျှောက်လုံးမောင်နဲ့အကြောင်းကိုတွေးလာ
ခဲ့မိသည်။
ကျွန်တော် ရုံးခန်းရောက်မှကုလာ၊ထိုင်ပေါ်ခြေပစ်လက်ပစ် ထိုင်ချလိုက်မိ၏။ ထိုအချိန်တွင် ထောင်ပိုင်ဝန်ကအခေါ်ခိုင်းကြောင်းထောင်ကြပ်ကလေးတစ်ယောက် လာ၍ခေါ်ပြန်၏။
စိတ်ချလက်ချ ထိုင်နေရာမှ ထောင်ပိုင်ဝန်ရုံးခန်းသို့ လိုက်သွားရပြန်သည်။ ထောင်ပိုင်ဝန်၏ ရုံးခန်းအရောက်တွင် ထောင်ပိုင်ဝန်က ကျွန်တော့်အား ဖောက်ပြီး သားရုံးစာတစ်စောင်ကိုလှမ်း၍ပေးလေသည်။
စာကို ကပျာကရာ လှမ်းယူပြီး ဖွင့်၍ ဖတ်လိုက်သည်။ ထိုစာမှာ တရားရုံးချုပ်မှ မောင်နီ၏အယူခံကို ပယ်လိုက်သောစာဖြစ်နေလေသည်။
မောင်နီအဖို့တော့မည်သို့တုန်လှုပ်ရှာလေမည်မသိ၊ကျွန်တော့်ရင်မှာမူတဆတ်
ဆတ် ခုန်လာပါတော့သည်။
→ မင်းသူရိန်
Zawgyi Version
ေဒါသကေပးေသာဆု(စ/ဆုံး)
————————————
႐ုံးပိတ္ရက္ျဖစ္ေသာ္လည္းကြၽန္ေတာ့္အဖို႔နံနက္ပိုင္းသာအနားရ၍ ညေနပိုင္း တြင္အလုပ္ျပန္ဝင္ရ၏။ ေထာင္တြင္းလုံၿခဳံေရးႏွင့္ ေထာင္ပိတ္ရန္တာဝန္မ်ားအျပင္ ႀကိဳက္တိုက္ထဲမွႀကိဳးသမားမ်ားအားလမ္းေလွ်ာက္၊ ေရခ်ိဳး၊ထမင္းေကြၽးရန္မွာကြၽန္
ေတာ့္တာဝန္ျဖစ္၏။
ႀကိဳးတိုက္တြင္အခန္း(၁၀)ခန္းရွိ၏။(၁၀)ခန္းလုံးပင္ႀကိဳးသမားမ်ားျဖင့္ျပည့္ ေန၏။ႀကိဳးသမားမ်ားမွာေလလုံမိုးလုံတိုက္ခန္းက်ဥ္းက်ဥ္းကေလးထဲတြင္တစ္ေန႔ လုံးထိုင္လိုက္၊ထလိုက္၊ အိပ္လိုက္ျဖင့္ အခ်ိန္ကို ကုန္ေစရသူမ်ားျဖစ္၏။
နံနက္တစ္ႀကိမ္၊ညေနတစ္ႀကိမ္ (၁၅)မိနစ္ခန႔္ ေရခ်ိဳး၊လမ္းေလွ်ာက္ရန္ထုတ္ ေပးသည္မွအပသူတို႔ဘဝမွာမိုးေကာင္းကင္မွေနႏွင့္လတို႔ကိုပင္ျမင္ရသူမ်ားမဟုတ္
ၾကေပ၊ ျပင္ပသဘာဝႏွင့္ပတ္ဝန္းက်င္ကိုမူ လုံးဝျမင္ခြင့္မရွိၾကေပ။ သူတို႔ႏွင့္ အျပင္ ေလာကကိုအုတ္တံတိုင္း(၃)ထပ္ကာဆီးထား၏။
တရား႐ုံးေတာ္မွ ႀကိဳးမိန႔္ခ်လိုက္သည့္အခ်ိန္မွစ၍ အယူခံအဆင့္ဆင့္ကို ေမွ်ာ္ လင့္ႀကီးစြာတင္သြင္းေလွ်ာက္ထားၿပီးေသဒဏ္မွလြတ္မည့္ရက္၊ သို႔မဟုတ္ႀကိဳးစင္ ေပၚတက္ရမည့္ရက္မ်ားကို ရင္တဖိုဖိုျဖင့္ ေစာင့္ႀကိဳေနရသူမ်ားျဖစ္ၾကသည္။ မိဘေဆြမ်ိဳး၊ဇနီးသားသမီးမ်ားဆိုသည္မွာလည္းခရီးနီးသူမ်ားပင္တစ္လတစ္ ႀကိမ္၊ႏွစ္လတစ္ႀကိမ္ခန႔္သာေထာင္ဝင္စာလာေတြ႕ႏိုင္ၾက၏။အခ်ိဳ႕ႀကိဳးသမားမ်ားမွာ
ႀကိဳးတိုက္ေရာက္၍ ႏွစ္ေပါက္သည္အထိ ေထာင္ဝင္စာလာသည္ကို မေတြ႕ရေပ။ ေသဒဏ္ႀကိဳးမိန႔္က်သူ ႀကိဳးသမားတစ္ေယာက္အဖို႔ အျခားအက်ဥ္းသားမ်ားကဲ့သို႔ ေဆြမ်ိဳးမိဘ၊ ဇနီးသာ၊သမီးမ်ားႏွင့္သာ ေဝးကြာေနရသည္မဟုတ္၊ ေထာင္ထဲမွ အက်ဥ္းသားအခ်င္းခ်င္းပင္ မေတြ႕ၾကရေပ။ သီးျခားအခန္းျဖင့္ တစ္ကိုယ္တည္း ေနရသူမ်ားျဖစ္ၾကသည္။
ႀကိဳးသမားမ်ားအဖို႔အနီးဆုံးအၿမဲမျပတ္ေတြ႕ဆုံေနရသူမ်ားမွာေထာင္အမႈထမ္း မ်ားသာ ျဖစ္သည္။ ယင္းအမႈထမ္းမ်ားအထဲတြင္ မိဘသဖြယ္၊ ညီအစ္ကိုသဖြယ္ အားကိုးအားထားျပဳႏိုင္သူမွာ ႀကိဳးတိုက္တာဝန္ခံေထာင္မႉးပင္ ျဖစ္၏။
သူတို႔၏ က်န္းမာေရး၊ စားေသာက္ေရး၊ ေနထိုင္မႈ၊ အဝတ္အထည္၊ အယူခံ၊ စာေပးစာယူ၊ေထာင္ဝင္စာစသည္ျဖင့္အေထြေထြကိစၥမ်ားကိုမူႀကိဳးတိုက္တာဝန္ခံ ေထာင္မႉးႏွင့္သာလွ်င္ ရင္းႏွီးစြာတိုင္ပင္၍အကူအညီေတာင္းရသည္။
ကြၽန္ေတာ္သည္ ႀကိဳးတိုက္တာဝန္ခံေထာင္မႉးျဖစ္ပါသည္။ ႀကိဳးတိုက္ထဲသို႔ဝင္ လိုက္သည္ႏွင့္အခန္း(၁၀)ခန္းသို႔ႏွံ႔ေအာင္လိုက္လံႏႈတ္ဆက္ရသည္။က်န္းမာေရး၊ အစားအေသာက္၊အေနအထိုင္စသည့္အေျခအေနမ်ားကိုလိုက္လံေမးျမန္းရသည္။ ကြၽန္ေတာ့္မ်က္ႏွာကို ၿပဳံး႐ႊင္စြာထား၍ သူတို႔အား ႏႈတ္ဆက္ရသည္။ သူတို႔ လိုအပ္ သမွ်၊တိုင္ၾကားသမွ်၊တင္ျပသမွ်ကိုမွတ္သား၍ သက္ဆိုင္ရာမ်ားသို႔တင္ျပေတာင္းခံ
ေပးရသည္။
ႀကိဳးသမားမ်ားအေပၚတြင္တာဝန္အရေဆာင္႐ြက္မႈမ်ိဳးသာမက သူတို႔၏ စိတ္
ခ်မ္းသာမႈ၊ အဆင္ေျပမႈမ်ားကိုပင္ ကိုယ္စိတ္ေစတနာျဖင့္ ကူညီေပးခဲ့သည္သာ ျဖစ္၏။ႀကိဳးတိုက္အတြင္းသို႔ေရခ်ိဳးထမင္းေကြၽးရန္တာဝန္ျဖင့္ ေရာက္သည့္ အခ်ိန္ တိုင္းပင္လူႀကီးလူငယ္အလိုက္ရယ္စရာမ်ား၊ ပုံတိုပတ္စ၊ ႐ုတ္ရွင္အေၾကာင္း၊ ဝတၳဳ ဇာတ္လမ္းမ်ားစသည္တို႔ကိုသူတို႔စိတ္ၾကည္လင္ခ်မ္းသာၾကေစရန္ေျပာၾကားေပး
ရ၏။
ရံဖန္ရံခါ အသက္အ႐ြယ္ႀကီးေသာ ႀကိဳးသမားႀကီးမ်ားႏွင့္ ဘုရားအေၾကာင္း၊ တရားအေၾကာင္းမ်ားတက္သမွ်မွတ္သမွ်ေဆြးေႏြးရေသး၏။ သူတို႔လိုေသာတရား စာအုပ္၊ စိပ္ပုတီး စသည္မ်ားကို ေထာင္ပိုင္အား ခြင့္ေတာင္းၿပီး အျပင္မွ ရွာေဖြေပး ရသည္။
အဆိုပါ(၁၀)ေယာက္ေသာႀကိဳးသမားထဲတြင္ “ေမာင္န္”ဆိုသူမွာကြၽန္ေတာ့္
အားအခင္မင္ဆုံး၊အေလးစားဆုံးႏွင့္အားအကိုးဆုံးႀကိဳးသမားတစ္ေယာက္ျဖစ္၏။ ကြၽန္ေတာ္ႏွင့္ေတြ႕တိုင္း သူ႔အမႈအေၾကာင္။ ေသဆုံးသြားေသာ ဇနီးအေၾကာင္း၊ ႐ြာ တြင္က်န္ရစ္ခဲ့ေသာအခါလယ္အ႐ြယ္သမီးကေလးအေၾကာင္းမ်ားကိုရင္းႏွီးခင္မင္
စြာေျပာတတ္သည္။
အျပင္ေလာကတြင္ လုပ္ကိုင္စား ေသာက္ခဲ့စဥ္က ဘုရားတရားကို သတိမရခဲ့ ေသာ္လည္းေသေဘးႏွင့္ေက်ာခ်င္းကပ္ေနေသာအခ်ိန္တြင္ ဘုရားတရားကို သတိ
ရလာ၏။သတိရေသာ္လည္း႐ြတ္ရန္ဖတ္ရန္ကားဘာမွ်မတတ္ရွာေပ။ကြၽန္ေတာ္က အျပင္မွ ဘုရားရွိခိုးစာအုပ္၊ စိပ္ပုတီး၊ျပကၡဒိန္မွ ဘုရားပုံေတာ္ကားခ်ပ္မ်ားကို ရွာေဖြ ေပးရ၏။ ဘုရားရွိခိုးသင္ေပးရ၏။ ပုတီးစိပ္နည္းေျပာျပရ၏။ ဂုဏ္ေတာ္ကိုးပါးကိုႏႈတ္
တိုက္ခ်ေပးရ၏။ ေမာင္နီသည္ ဘုရားစာ၊ တရားစာကို ဝါသနာမပါ၍ မေလ့လာခဲ့ ေသာ္လည္းျမန္မာစာေကာင္းေကာင္းတတ္သျဖင့္သင္ျပသမွ်ကိုက်က္မွတ္ႏိုင္ေပ
သည္။
ကြၽန္ေတာ္ႏွင့္ ေတြ႕ ၿပီးသည့္အခ်ိန္၏ ေနာက္ပိုင္းတြင္ ေမာင္နီတစ္ေယာက္ ေနာင္တတရား သတိသံေဝဂမ်ားရ၍ သူ႔အမွားကို သူ ယူက်ဳံးမရျဖစ္ရွာသည္။ သူ႔ ဘဝကိုတည္ၿငိမ္လာေအာင္ညီငယ္တစ္ေယာက္ပမာသြန္သင္ဆုံးမ၍အဖက္ဖက္မွ စိတ္ခ်မ္းသာေအာင္ ကူညီေစာင့္ေရွာက္ေနေသာ ကြၽန္ေတာ့္အား ေက်းဇူးမေမ့ ေၾကာင္းမၾကာခဏေျပာျပသည္။
ေမာင္နီတစ္ေယာက္စိတ္႐ိုင္းစိတ္ေဟာင္းမ်ားေပ်ာက္၍ စိတ္ေကာင္၊စိတ္သစ္
မ်ား ဝင္ေနသည္ကိုၾကည့္၍ ကြၽန္ေတာ့္မွာ ဝမ္းသာရ၏။ သူ ခံစားေနရေသာ ႀကိဳး သမားဘဝမွ ျမန္ျမန္လြတ္ပါေစ ဆုေတာင္းရသည္မွာလည္းအေမာပင္ျဖစ္၏။
ခင္မင္ရင္းႏွီး၍ သံေယာဇဥ္တြယ္ေနေသာ ႀကိဳးသမားမ်ားထဲမွ မေတာ္တဆ ကံေခ်ာ္သူမ်ားအားႀကိဳးစင္ေပၚတင္ရသည့္အခါမ်ိဳးတြင္ကြၽန္ေတာ့္မွာလည္းေၾကကြဲ စံစားရတတ္သျဖင့္ သူတို႔အား ခ်မ္းသာေစခ်င္၏။
ထိုေန႔ကကြၽန္ေတာ္ႀကိဳးတိုက္ထဲဝင္သြားခ်ိန္တြင္ေမာင္နီ၏အခန္းမွာၿငိမ္သက္
ဇန၏။ မိုး႐ြာထားသျဖင့္ ေျမႀကီးမ်ား စိုထိုင္းေန၍ ႀကိဳးတိုက္တာဝန္က်ေထာင္ၾကပ္ မ်ားကကြၽန္ေတာ့္အတြက္ အုတ္တံတိုင္းအနီးတံခါးေပါက္နားတြင္ကုလားထိုင္ခင္း
ေပး၏။
ႀကိဳးတိုက္ကိုကာထားေသာအုတ္တံတိုင္း၏အေပါက္နားတြင္ထိုင္ေနျခင္းျဖစ္ ၍အခန္းေပါက္မ်ားႏွင့္အနည္၊ငယ္လွမ္းေနသည္။အခါတိုင္းဆိုလွ်င္ေမာင္၏အခန္၊
ႏွင့္ မလွမ္းမကမ္းေနရာတြင္ကြၽန္ေတာ္ထိုင္ေလ့ရွိသည္။
ႀကိဳးသမားမ်ားအား ႏွစ္ေယာက္ တစ္တြဲ (၁၅)မိနစ္ခန႔္စီ ေရခ်ိဳးလမ္း ေလွ်ာက္ ထုတ္ေပး၏။ မိုးေအးေနသျဖင့္ ေရမခ်ိဳးၾကေပ။ အေညာင္းေျပလမ္းေလွ်ာက္ၿပီး အာလာပသလႅာပစကားမ်ားေျပာ၍ ရယ္ၾက၊ေမာၾက၏။မိုးေကာင္းကင္မွမႈန္ျပာျပာ ျဖစ္ေနေသာတိမ္လႊာမ်ားကို ၾကည္ႏူးအားရစြာ ေမာ့ၾကည့္ၾက၏။ မိုးသားေလေအး ေအးကိုအားရပါးရတစ္ဝႀကီးရႉၾက၏။
ႏွစ္ေယာက္တစ္တြဲစီျဖင့္ (၅)တြဲထုတ္၍လူေစ့သြားေသာ္လည္းေမာင္နီထြက္ မလာေပ။ သူ႔အလွည့္တြင္ ေသာ့ကိုင္ေထာင္ၾကပ္က တံခါးဖြင့္ေပးထား၏။ ေမာင္ႏို ကားလုံးဝပင္အျပင္သို႔ မထြက္ခဲ့ေပ၊ ကြၽန္ေတာ္ကလည္း သူ႔ကို မေမးမိ။ ထြက္လာ ေသာ ႀကိဳးသမားမ်ားႏွင့္သာ စကားေျပာေနလိုက္သည္၊ မိုးေအးေအးႏွင့္ ေမာင္နီ တစ္ေယာက္ ေကြးေနၿပီဟု စိတ္ထဲတြင္ထင္ေနမိသည္။
ေနာက္ဆုံးအလွည့္က်ေသာ ႀကိဳးသမားမ်ား အခန္းထဲမဝင္မီ သူတို႔အတြက္ ညေနစာထမင္း ေရာက္လာ၏။ ဟင္းမ်ားမွာကုလားပဲဟင္။ ၾကက္သားဆီျပန္၊ ငါးပိ
မေကြၽးမထုံးစံအတိုင္းဟင္းပန္းကန္မ်ားကိုတစ္ဇြန္းစီျမည္း ထမင္းႏွင့္ဟင္းမ်ားျမည္းၾကည့္ရျခင္းမွာထမင္းဟင္းေကာင္း၊မေကာင္း
ေၾကာ္ျဖစ္၏။သူတို႔အား ၾကည့္ရ၏။
ႀကိဳတင္၍ သိႏိုင္ရန္ျဖစ္သည္။
ထမင္းႏွင့္ ဟင္းမ်ားကို ထမင္းပို႔ တာဝန္က်ေသာ အက်ဥ္းသားက အခန္းထဲ အေရာက္ပို႔ေပးရ၏။ ေသာ့ကိုင္ ေထာင္ၾကပ္က အခန္၊ေစ့တံခါးမ်ား ေသာ့ဖြင့္ေပး ရသည္။ အခန္းထဲသို႔ မဝင္ရေသးေသာ ႀကိဳးသမားတစ္ေယာက္သည္ သူ႔အတြက္ ထမင္းႏွင့္ဟင္းကိုကြၽန္ေတာ္ႏွင့္မလွမ္းမကမ္းေျမႀကီးေပၚတြင္ထိုင္၍ ၿမိန္ေရရွက္ေရ
စားေန၏။
ၾကက္သားဟင္းကလည္းဆီနည္းလိုက္တာ၊ဖိုႀကီးထဲကဟင္းခ်က္တဲ့ေကာင္
ေတြ သိပ္လူပါးဝတယ္။ အစိုးရက တို႔အတြက္ ေပးထားတဲ့ဆီကို ဒီမေအ( ) ေတြ ႐ိုးတာပဲ။ ၾကက္သားဟင္က ဘာအရသာမွလည္းမရွိဘူ၊”
ေမာင္နီ၏အခန္းဆီမွ ဆူဆဲေန ေသာအသံသဲ့သဲ့ကို ၾကားလိုက္ရ၏။ အသံမွာ အစကတိုးတိုးျဖစ္ေသာ္လည္း တစ္စတစ္စ က်ယ္လာ၏။ ဖိုႀကီးထဲမွခ်က္ျပဳတ္ေပး သူမ်ားကို ဆဲဆိုေနသံမ်ား ျဖစ္၏။
ကြၽန္ေတာ္သည္ ထိုင္ေနရာမွပင္-
“ေဟ့- ေမာင္နီ -ေစာေစာက တိတ္ေနၿပီး အခုမွ အသံထြက္လွခ်ည့္လားကြ။ ဘာေတြမ်ား ဆူေနတာလဲ”ဟု ရယ္ရယ္ေမာေမာႏွင့္လွမ္း၍ေျပာလိုက္သည္။
ေမာင္နီသည္ ကြၽန္ေတာ့္အား ဘာမွ်ျပန္မေျပာဘဲ ဖိုႀကီးထဲက လူမ်ားကိုသာ ဆဲၿမဲဆဲေန႐ုံမက စိတ္ဆိုးမာန္ဆိုးႏွင့္ သူစားေနေသာထမင္းပန္းကန္ကို ေဆာင့္၍ ခ်လိုက္သည္။
“ေဟ့ – ေမာင္နီ – ငါေျပာေနတာ မၾကားဘူးလားကြ။ မင္း အခုလိုဆဲေနမယ့္ အစားငါ့ကိုအက်ိဳးအေၾကာင္းတိုင္ပါလား။ မင္းမက်နပ္တဲ့အေၾကာင္းကိုငါကႀကိဳး
တိုက္အစီရင္ခံစာစာအုပ္မွာေရးၿပီးေထာင္ပိုင္ဝန္ကိုတင္ျပေပးမွာေပါ့။အခုလိုေအာ္
ၿပီးဆဲေနတာ အပိုေပါ့ကြ၊ ၿပီးေတာ့ ႀကိဳးတိုက္တာဝန္ခံေထာင္မႉးတစ္ေယာက္လုံး အနားမွာရွိေနလ်က္နဲ႔ မင္၊ ေအာ္ဆဲေနေတာ့ငါ့မွာတာဝန္မကင္းဘူးေပါ့ကြ”
“မတိုင္ခ်င္ပါဘူးဗ်ာ- ဖိုႀကီးထဲက ေကာင္ေတြလူပါးဝလြန္းလို႔ဆဲေနတာ” “ေအး-မတိုင္ခ်င္ရင္လည္းေန၊ ေအာ္က်ယ္ဟစ္က်ယ္ေတာ့ ဆဲမေနနဲ႔။ ငါ့
တာဝန္ကမင္းတို႔ႀကိဳးသမားအားလုံးစိတ္ခ်မ္းသာမႈအဆင္ေျပမႈရွိေအာင္ကူညီေပးဖို႔
ဒီမွာလာထိုင္ေနတာ”
ေမာင္နီသည္ ေခတၱမွ်ၿငိမ္သြား ေသာ္လည္း ေနာက္ျပန္ဆဲၿမဲဆဲေနျပန္၏။ ႀကိဳးသမားမ်ားအတြက္လာပို႔ေသာ ထမင္းႏွင့္ ဟင္းမ်ားကို သူတို႔အား မေကြၽး မိက ကြၽန္ေတာ္ကိုယ္တိုင္ ျမည္းၾကည့္ၿပီးမွ ေကြၽးခဲ့ျခင္းျဖစ္သည္။ ကြၽန္ေတာ္ ျမည္း စဥ္ကလည္းသူေျပာသေလာက္ ဆီနည္းၿပီးအရသာမရွိေသာဟင္းမ်ားမဟုတ္ေပ။ အကယ္၍ သူေျပာသေလာက္ ညံ့ေနပါက သူမေျပာမီပင္ ကြၽန္ေတာ္က တိုင္ၾကား ေျပာဆိုေပးရမည္ျဖစ္သည္။
စိုႀကီးမွ သူတို႔အား ခ်က္ျပဳတ္ေကြၽးေမြးေနသူမ်ားမွာလည္း သူတို႔ကဲ့သို႔ပင္ ဘဝတူ ေထာင္က်အက်ဥ္းသားမ်ားသာ ျဖစ္သည္။ ေထာင္ထမင္းဟင္းခ်က္ေသာ ဖိုႀကီးထဲမွ အခ်က္အျပဳတ္ တာဝန္ယူရသူမ်ားတြင္ ေထာင္လက္ေကာက္မ်ား ရွိၾက သည္။ ေထာင္ထမင္းဟင္းမ်ား မေကာင္းသည့္ကိစၥတြင္ သူတို႔ လက္ေကာက္က်မႈ မကင္းေၾကာင္းကြၽန္ေတာ္ သိပါသည္။ သို႔ေသာ္ေမာင္နိေဒါပြေလာက္ေအာင္ထိုေန႔ ကဟင္းမ်ားမညံ့လွပါ။သူကဖိုထဲကအက်ဥ္းသားမ်ားကိုဆဲေနေသာ္လည္းဟင္းကို
ျမည္းၿပီးမွေကြၽးေသာကြၽန္ေတာ့္မွာတာဝန္မကင္းျဖစ္ေန၏။
“ကဲ- ေမာင္နီ – ေတာ္ကြာ- ဆူညံဆူညံလုပ္မေနနဲ႔။ မင္းလိုပဲ ဒီထမင္းနဲ႔ ဒီဟင္း ကိုစားေနၾကတဲ့ႀကိဳးသမား(၉)ေယာက္ကဘာမွမေျပာဘဲ၊မင္းတစ္ေယာက္တည္း
ဆူေနတာပဲကြ”
ေမာင္နီသည္ ထိုင္ေနရာမွ ႐ုတ္တရက္ မတ္တတ္ရပ္လိုက္ၿပီး-
“ဆူမယ္ဗ်ာ- ဘာျဖစ္လဲ။ခင္ဗ်ားကက်ဳပ္ကိုသတ္ခ်င္လို႔လား၊သတ္စမ္းပါဗ်ာ၊ ေသေအာင္-က်ဳပ္ေသရဲပါတယ္”
ကြၽန္ေတာ့္အားေထာင္မႉးတစ္ေယာက္အေနျဖင့္လည္းေကာင္း၊ခင္မင္ေလးစား ခံရသူတစ္ေယာက္အေနျဖင့္လည္းေကာင္း အက်ဥ္းသား တစ္ဦးတစ္ေယာက္၏
ျပန္လွန္ေျပာဆိုျခင္းမ်ိဳးကိုတစ္ခါမွ်မခံခဲ့ရဘူးေပ။ကြၽန္ေတာ္သည္အက်ဥ္းသားမ်ား
ေၾကာက္႐ြံ႕ေအာင္ေနထိုင္ဆက္ဆံတတ္သူမဟုတ္ေသာ္လည္း ခင္မင္ေလးစားျခင္း ကို ခံရသူျဖစ္သည္။ ယခုကိစၥတြင္ ကြၽန္ေတာ္ ေစတနာထား၍ ခင္မင္မိေသာ ႀကိဳး သမား၏ျပန္လွန္ေျပာဆိုျခင္းခံရသည့္အတြက္ကြၽန္ေတာ့္နားကိုပင္ကြၽန္ေတာ္မယုံ
မိေပ
အံ့ဩစိတ္၊မခံခ်င္စိတ္တို႔မွျဖစ္ေပၚလာေသာကြၽန္ေတာ့္၏ေဒါသမွာတစ္ကိုယ္
လုံး ဆတ္ဆတ္တုန္၍ မ်က္လုံးမ်ားပင္ျပာသြားသည္ထင္၏။ကြၽန္ေတာ့္အဖို႔သည္းခံ
ႏိုင္ေသာအေျခအေနမ်ိဳးတြင္ေစာ္ကားခံရပါကကြၽန္ေတာ္သည္လူေအးတစ္ေယာက္
အသြင္ရယ္ၿပဳံး၍ခံေနသည္ကိုေတြ႕ၾကရေပမည္။ အကယ္၍ သည္းမခံႏိုင္ေလာက္
ေသာ ေစာ္ကားမႈမ်ိဳးႏွင့္ ႀကဳံရေသာအခါတြင္ ကြၽန္ေတာ္သည္ အလြန္စိတ္တိုတတ္ ေသာပိုက္ရႈ၊ရဲတစ္ေဇာက္ကန္းျဖစ္ေခ်သည္။
ကြၽန္ေတာ္သည္ထိုင္ေနရာမွ ဝုန္း” ခနဲမတ္တတ္ရပ္လိုက္၏။လက္သီးႏွစ္ဖက္ ကို က်စ္က်စ္ပါေအာင္ ဆုတ္လိုက္ၿပီး “အံမာ-မင္းကလား”ဟု အံႀကိတ္ၿပီး ေရွ႕သို႔ ေျခတစ္လွမ္းတိုးလိုက္သည္ႏွင့္ ကြၽန္ေတာ့္အနီးတြင္ ရပ္ေနေသာ ေထာင္ၾကပ္ႀကီး တစ္ေယာက္ကလွမ္း၍ ဆြဲလိုက္သည္။ “ဆရာ- မွားမယ္”
ေထာင္ၾကပ္ႀကီး၏အသံသည္ကြၽန္ေတာ့္နားထဲသို႔လွစ္ခနဲဝင္သြား၏။ အေျခ အေနမွာကြၽန္ေတာ္ကအထက္စီးေနရေနသည္။ အခန္းထဲတြင္ တံခါးပိတ္၍ ေသာ့ ခတ္ထားသူအား ကြၽန္ေတာ္က တစ္ဖက္သတ္အႏိုင္ယူရမည္ျဖစ္သည္။ စကၠန႔္ပိုင္း အတြင္း ျဖစ္ေပၚလာေသာ တစ္ေဇာက္ကန္းစိတ္ကို မ်က္စိမ်ား ျပာေနသည့္ၾကားမွ သတိႏွင့္ထိန္းႏိုင္ခဲ့၍သာဤအေၾကာင္းကိုျပန္၍ေရးႏိုင္ေသးျခင္းျဖစ္သည္။
ေမာင္နီသည္ ကြၽန္ေတာ့္အား သံတိုင္ၾကားမွေန၍ သူစားေနေသာ ထမင္း ပန္းကန္၊ ဟင္းပန္းကန္ ခုံဖိနပ္ စသည္မ်ားျဖင့္ လွမ္း၍ေပါက္၏။ ကြၽန္ေတာ္သည္ ခါးေထာက္၍ သူ႔အား မ်က္ေတာင္မခတ္စိုက္ၾကည့္ေနလိုက္သည္။
“လာပါဗ်ာ-သတ္လွည့္စမ္းပါ၊က်ဳပ္ကိုသတ္စမ္းပါ။ ခင္ဗ်ားက်ဳပ္ကိုမသတ္ရင္ က်ဳပ္-ခင္ဗ်ားကို သတ္မယ္”
ေမာင္နီသည္သံတံခါးတစ္ေပါက္သာရွိေသာႀကိဳးတိုက္ခန္းထဲတြင္တစ္ေယာက္
တည္းကြၽမ္းထိုးလိုက္၊အုတ္နံရံႏွင့္ေခါင္းႏွင့္တိုက္လိုက္ျဖင့္ ေဒါသူပုန္ထေန၏။ကြၽန္ ေတာ့္အနီးတြင္ ရပ္ေနေသာ ေထာင္ၾကပ္လူငယ္ႏွစ္ေယာက္သည္ နံပတ္တုတ္မ်ား ကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး မခံခ်င္ေသာ မ်က္ႏွာထားမ်ားျဖင့္ ကြၽန္ေတာ့္အား လွမ္းၾကည့္ေနၾက၏။အမိန႔္ကို ေစာင့္ေနၾက၏။
ႀကိဳးတိုက္ထဲမွ ဆူဆူညံညံအသံၾကား၍ကြၽန္ေတာ္ညာလက္႐ုံ၊ ေအာင္ဒင္ႀကီး သည္ ႀကိဳးတိုက္ထဲ ေျပးဝင္လာၿပီ၊ ကြၽန္ေတာ္၏ အနီးတြင္ရပ္၍ ကြၽန္ေတာ့္အေျခ အေနကိုေစာင့္ၾကည့္ေနသည္။ကြၽန္ေတာ္ၾကာၾကာရပ္၍ၾကည့္ေနလွ်င္အေျခအေန မွာ ပိုဆိုးသြားႏိုင္၏။ ကြၽန္ေတာ္ လႈပ္လိုက္လွ်င္ေမာင္နီ ဒုကၡေရာက္သြားႏိုင္သည္။ ေမာင္နီကလည္းကြၽန္ေတာ့္ကိုျမင္လွ်င္ ပို၍ ေဒါသူပုန္ထေနဦးမည္။
ယခုအခ်ိန္ ေမာင္နီ ဘာေၾကာင့္ ကြၽန္ေတာ့္ေပၚစိတ္ေျပာင္းသြားၿပီး ယခုလို သဲႀကီးမဲႀကီးေဒါပြေနသည္ကို မသိရေသးေပ။ေမာင္နီသည္ ေလွာင္အိမ္ထဲမွက်ား တစ္ေကာင္ကဲ့သို႔ ေဒါသမာန္လြန္ကဲၿပီးသံတံခါးကိုေခါင္းႏွင့္ ေျပး၍ ေဆာင့္လိုက္ရာ နဖူးေသြးမ်ား ျဖာခနဲ စီးက်လာသည္ကိုျမင္လိုက္ရသည္။
ကြၽန္ေတာ့္ရင္ထဲတြင္ က႐ုဏာစိတ္ ျဖစ္သြား၏။ ေစာေစာက ေဒါသျဖစ္မိျခင္း ထက္သူ႔ကိုၾကည့္၍ သနားလာ၏။ကြၽန္ေတာ္ သူ႔ကို မၾကည့္ေတာ့ဘဲခ်ာခနဲလွည့္၍ ႀကိဳးတိုက္အျပင္သို႔ ထြက္ခဲ့သည္။
“သြားပါဗ်ာ- တိုင္ေခ်စမ္းပါ။ခင္ဗ်ားတို႔ ေထာင္ပိုင္ႀကီးကိုတိုင္လိုက္ပါ။က်ဳပ္ကို ႀကိဳးစင္တင္ေအာင္ တိုင္ခဲ့ပါ”
ကြၽန္ေတာ္ထြက္လာခဲ့သည့္ ေနာက္ပိုင္းတြင္ ေမာင္နီ၏ေအာ္သံ၊ ဆဲသံမ်ား သည္ ႀကိဳးတိုက္အတြင္း၌ ပြက္ပြက္ဆူ၍ က်န္ခဲ့သည္။ ေမာင္နီသည္ ကြၽန္ေတာ္က သူ႔အေၾကာင္း ေထာင္ပိုင္ဝန္အား သြားေရာက္တိုင္ၾကားသည္ဟု ထင္ေနခဲ့သည္။ ကြၽန္ေတာ့္ေစတနာကို ေမာင္နီ မရိပ္မိရွာေခ်။
ကြၽန္ေတာ္သည္ ႀကိဳးတိုက္မွထြက္၍ ေဆး႐ုံဘက္သို႔ သုတ္ေျခတင္ရသည္။ ဆရာဝန္အားအခ်ိန္မီအေၾကာင္းၾကား၏။ ေမာင္နီ၏ဒဏ္ရာမ်ားကို ေဆးထည့္ေပး ရန္မွာအေရးႀကီးသည္။
ကြၽန္ေတာ္ေဆး႐ုံဘက္ေရာက္ခ်ိန္တြင္ ဆရာဝန္မရွိေတာ့ပါ။ သို႔ေသာ္ေထာင္ ဆရာဝန္မ်ားမွာ (၂၄)နာရီ တာဝန္ရွိ၍ ကြၽန္ေတာ္တို႔ ေထာင္မႉးမ်ားကဲ့သို႔ ေထာင္ အရာရွိမ်ားရိပ္သာတြင္ အိမ္ေပးထားပါသည္။ အေရးေပၚလူနာရွိက အခ်ိန္မေ႐ြး ေခၚယူနိင္ပါသည္။ကြၽန္ေတာ္သည္ ဘူးတံခါးဝမွေန၍ဆရာဝန္အား စာေရး၍ေခၚခိုင္း လိုက္ရသည္။
ဆရာခင္ဗ်ား ..
ႀကိဳးတိုက္အခန္းနံပါတ္(၅)မွ ႀကိဳး သမားေမာင္နီ၏ ဦးေခါင္းတြင္ သံတံခါးႏွင့္ တိုက္မိ၍ ဒဏ္ရာရသြားပါသည္။ အျမန္လာ၍ ေဆးထည့္ေပးပါရန္ေမတၱာရပ္ခံအပ္
ပါသည္။
ေထာင္မႉး
(ႀကိဳးတိုက္တာဝန္ခံ)
မၾကာမီပင္ ဆရာဝန္ လိုက္လာ၏။ ေဆး႐ုံမွ အက်ဥ္းသား သူနာျပဳကေလးက ေဆးလင္ဗန္းကိုကိုင္ကာႀကိဳးတိုက္ဘက္ကူးသြားၾက၏။
ကြၽန္ေတာ္ပါလာလွ်င္ေမာင္နီေဆးအထည့္မခံဘဲကတ္သတ္ေနဦးမည္ျဖစ္၍ ကြၽန္ေတာ္ မလိုက္ေတာ့ဘဲဆရာဝန္အား အက်ိဳးအေၾကာင္း ေျပာျပ၍ ေထာင္ၾကပ္ အုပ္တစ္ဦးအား ထည့္လိုက္သည္။
ေမာင္နီသည္ ေထာင္ပိုင္ဝန္လာ၍ သူ႔အားစစ္ေဆးေမ၊ျမန္းမည္ကိုေစာင့္ေနစဥ္ ဆရာဝန္ေရာက္လာ၍အံ့ဩသြား၏။ အစေသာ္ေထာင္ပိုင္ဝန္ကကြၽန္ေတာ္၏တိုင္ ၾကားခ်က္အျပင္ ေဆးထည့္ခိုင္းသည္ထင္၍ ေဆးထည့္ခံရန္ျငင္းေနေသး၏။ ဆရာ ဝန္က ေခ်ာ့ေမာ့ေဆးထည့္ေပးမွၿငိမ္သက္စြာ ေဆးထည့္ခံေလသည္။ေမာင္နီသည္
ဆရာဝန္ေဆးထိုးေပးၿပီးေနာက္နဖူးမွဒဏ္ရာကိုေဆးထည့္ေပးသည္ကိုၿငိမ္သက္
စြာခံေနသည္။
သူမ်က္စိေရွ႕တြင္ေရာက္ေနေသာေဆးပုလင္း၊ ဝါဂြမ္း၊ ပတ္တီးလိပ္၊ကတ္ေၾကး
မ်ား ထည့္ယူလာေသာ ေႂကြရည္သုတ္ ေဆးလင္ဗန္းကေလးကို စိုက္ၾကည့္ေန၏။ လင္ဗန္းကေလးထဲသို႔စိုက္ၾကည့္ရင္းလင္ဗန္းထဲတြင္ပက္လက္ကေလးက်ေနေသာ လက္ဝါးခန႔္စာ႐ြက္ ကေလးကို ျမင္လိုက္၏။
ေမာင္နီသည္ လင္ဗန္းထဲမွ စာ႐ြက္ကေလးကို ေကာက္ယူ၍ ဖတ္ၾကည့္လိုက္ သည္။ စာ႐ြက္ကေလးမွာကြၽန္ေတာ္ ဆရာဝန္အေခၚခိုင္းစဥ္က ေရးေပးလိုက္ေသာ စာျဖစ္၏။ ဆရာဝန္က
အမွတ္မထင္ေဆးလင္ဗန္းထဲထည့္လိုက္ရာမွေမာင္နီဆီသို႔
ပါလာခဲ့ျခင္းျဖစ္သည္။ေမာင္နီသည္ကြၽန္ေတာ့္လက္ေရးႏွင့္စာကိုဖတ္ရင္းမ်က္ရည္ ဝိုင္းလာ၏။ ဦးေခါင္းကိုယမ္းကာ သက္ျပင္းခ်လိုက္သည္။
တျဖည္းျဖည္းႏွင့္ ေသြးေအးလာသည္ႏွင့္အမွ် ေမာင္နီ ေနာင္တရလာ၏။ တစ္ညလုံးလည္း ေမာင္နီအိပ္မေပ်ာ္ေတာ့ေခ်။
ျပကၡဒိန္မွဘုရားပုံေတာ္ကိုဦးခ်ရင္းကြၽန္ေတာ့္မ်က္ႏွာကိုျမင္လာ၏။ကြၽန္ေတာ္ ေပးထားေသာစိပ္ပုတီးကိုကိုင္ရင္းကြၽန္ေတာ့္ကိုသတိရေန၏။ကြၽန္ေတာ္ႏႈတ္တိုက္ ခ်ေပး၍ ရေနေသာ ဂုဏ္ေတာ္ကိုးပါးကို ႐ြတ္ဆိုရင္း ကြၽန္ေတာ့္ကို ေအာက္ေမ့စိတ္ ျဖစ္ေပၚေန၏။ ေနာက္ဆုံး ေမာင္နီမ်က္ရည္က်ေလေတာ့သည္။
ေကာင္းသတင္းျဖစ္ေစ၊ မေကာင္းသတင္းျဖစ္ေစ ေထာင္အုတ္႐ိုးအတြင္း၌ သတင္းတစ္ခုထူးလာလွ်င္ (၅)မိနစ္အတြင္းတစ္ေထာင္လုံးပ်ံ႕ႏွံ႔သြားတတ္သည္။
တနဂၤေႏြေန႔ညေနပိုင္းကျဖစ္ေသာကိစၥမွာတနလၤာေန႔နံနက္ ေထာင္ပိုင္ဝန္႐ုံး သို႔ ေရာက္ေသာအခ်ိန္တြင္ သိႏွင့္ၿပီးျဖစ္ေန၏။ ေထာင္ပိုင္ဝန္က ႐ုံးခန္းသို႔ ေရာက္ ေရာက္ခ်င္း ကြၽန္ေတာ့္အား ေခၚ၍ ေမာင္နီႏွင့္ျဖစ္ေသာ အက်ိဳးအေၾကာင္းကို ေခၚ၍ ေမးသည္။ ကြၽန္ေတာ့္အား အျပစ္တင္ျခင္းထက္ ႀကိဳးသမားႏွင့္ ရန္ျဖစ္သည္ဆို၍ အံ့ဩေနပုံရသည္။
ကြၽန္ေတာ္သည္ ေထာင္ထဲတြင္ အက်ဥ္းသားမ်ားႏွင့္ ပဋိပကၡျဖစ္ဖူးသူ မဟုတ္ ေပ။အက်ဥ္းသားမ်ားဘက္မွပါဝင္ကူညီေဖးမေျပာဆိုေလ့ရွိသျဖင့္ေထာင္အမႈထမ္း
အခ်င္းခ်င္းကပင္အျပစ္တင္ျခင္းခံရသူျဖစ္သည္၊ ေထာင္ပိုင္ဝန္အားအျဖစ္အပ်က္ အားလုံးကို အစအဆုံး ရွင္းလင္းတင္ျပလိုက္ပါသည္။ ေထာင္ပိုင္ဝန္သည္ ေခါင္း တညိတ္ညိတ္ျဖင့္ နားေထာင္ၿပီးၿပဳံးေနပါသည္။
ကြၽန္ေတာ့္အားအက်ိဳးအေၾကာင္းေတြ႕ဆုံေမးျမန္းၿပီးေထာင္ပိုင္ကိုယ္တိုင္ႀကိဳး
တိုက္သို႔သြားသည္။တနလၤာေန႔တိုင္းလည္းေထာင္ပိုင္ဝန္သည္ ေထာင္အတြင္းဝင္
ေရာက္စစ္ေဆးေလ့ရွိသည္။
ေထာင္ပိုင္ဝန္သည္ ႀကိဳးတိုက္တြင္ တစ္ခန္းစီ ဝင္ေရာက္စစ္ေဆးၿပီး သူတို႔၏ က်န္းမာေရး၊ေနထိုင္ေရး၊အစာ၊အေသာက္၊အယူခံစသည္မ်ားကိုေမးျမန္းေနသည္။
ေမာင္နီအခန္းသို႔ေရာက္ေသာ္လည္းမသိဟန္ေဆာင္၍ ေမးေနက်အတိုင္းေမးျမန္း
သည္။ေထာင္ပိုင္ဝန္သည္ေမာင္နီ၏ဦးေခါင္းမွ ဒဏ္ရာကို စိုက္ၾကည့္လိုက္သည္ႏွင့္ ေမာင္နီ၏ ဦးေခါင္းမွာ ေအာက္သို႔ ငုံ႔သြားသည္။ ေမာင္နီ၏ မ်က္ႏွာလည္း မေကာင္း သည္ကိုေထာင္ပိုင္ သတိထားမိသည္။
“ဟဲ့- ေမာင္နီ – မင္းေခါင္းက ဒဏ္ရာက ဘာျဖစ္တာလဲ” “တံခါးနဲ႔ တိုက္မိတာပါ ဆရာႀကီး”
“ဟာ့-တံခါ၊နဲ႔တိုက္ရေအာင္တံခါးကမင္းကိုလာတိုက္တာလာ။မင္းကတံခါ၊
ကို သြားတိုက္တာလား”
“တံခါးကိုကြၽန္ေတာ္က သြားတိုက္တာပါ”
“ေဟ့ – တံခါးကို မင္းက သြားတိုက္ရေအာင္တံခါးနဲ႔ ရန္ျဖစ္လို႔လား” “မဟုတ္ပါဘူ၊ ဆရာႀကီး၊ မေတာ္တဆပါ”
“ဟာ-မေတာ္တဆသာဆိုတယ္၊ မင္းဒဏ္ရာက မေသးပါလား။ ငါ့ကို မွန္မွန္ ေျပာစမ္း။ မင္း ဒီဒဏ္ရာ ဘာျဖစ္တာလဲ၊ မင္းတို႔ ႀကိဳးတိုက္ေထာင္မႉးေကာ ဒီအေၾကာင္းသိရဲ႕လာ။ ငါ့ကိုလည္းဘာမွမေျပာပါလား”
ေမာင္နီသည္ ေထာင္ပိုင္၏အေမ၊ကိုဘာမွ်ျပန္မေျဖဘဲ သံတိုင္ကိုကိုင္၍ ငိုင္ငိုင္ ႀကီးရပ္ကာမ်က္ရည္လည္ေန၏။
“ကြၽန္ေတာ္မွန္တဲ့အတိုင္းေျပာပါ့မယ္- ဆရာႀကီး၊ကြၽန္ေတာ္မေန႔ကေထာင္ မႉးနဲ႔ ရန္ျဖစ္ၿပီး ကြၽန္ေတာ့္စိတ္ကို ကြၽန္ေတာ္ မထိန္းႏိုင္ဘဲ သံတိုင္နဲ႔ ေခါင္းနဲ႔ တိုက္ လိုက္ပါတယ္”
“ဘယ္ေထာင္မႉးလဲ” “ႀကိဳးတိုက္ေထာင္မႉးပါ”
“ဟာ့- အဲဒါ မင္းဆရာဆို”
“ဟုတ္ပါတယ္- ဆရာမကပါဘူး၊ ကြၽန္ေတာ္ မိဘလို ခ်စ္ခင္အားကိုးေနသူပါ။ ဒါေပမဲ့… မေန႔က ကြၽန္ေတာ့္စိတ္ကိုကြၽန္ေတာ္မထိန္းႏိုင္ေအာင္ျဖစ္သြားပါတယ္” “ဘာလဲ- ေထာင္မႉးက မင္းကို ႐ိုက္သလား”
“မ႐ိုက္ပါဘူး” “ဆံသလား”
“ဆဲလည္းမဆဲပါဘူး”
“ဟာ” ဒါနဲ႔ ရန္ျဖစ္တယ္ဆို”
“ရန္ျဖစ္တယ္ဆိုေပမယ့္ ကြၽန္ေတာ္ တစ္ေယာက္တည္း ေဒါပြၿပီး ေအာ္ဟစ္ ဆူဆဲလုပ္မိပါတယ္။ ဆရာကြၽန္ေတာ့္ကို ဘာမွျပန္မလုပ္ဘဲကြၽန္ေတာ့္ေခါင္းကခိုက္ မိတဲ့ဒဏ္ရာကို ဆရာဝန္ေခၚၿပီးေဆးထည့္ေပးသြားပါတယ္” “ေထာင္မႉးက မွားတာလား၊ မင္းက မွားတာလား” “ကြၽန္ေတာ္မွားတာပါ၊ကြၽန္ေတာ့္အေပၚေစတနာေမတၱာထားတဲ့ဆရာ့ကို ေစာ္
ကားမိတဲ့ ကြၽန္ေတာ့္အမွားကိုကြၽန္ေတာ္သိၿပီး ယူက်ဳံးမရျဖစ္ေနပါတယ္” “ေအး-ကိုယ့္အမွားကို ကိုယ္သိရင္ ေကာင္းတာေပါ့ကြာ။ ေနရာတကာမွာ ေဒါသေရွ႕မထားရင္ေကာင္းတာပဲေမာင္နီ၊မင္းဘဝမွာေဒါသေၾကာင့္အမွားအမ်ိဳးမ်ိဳး
ကိုႀကဳံခဲ့ၿပီမဟုတ္လား”
“ဟုတ္ပါတယ္-ဆရာႀကီး။ကြၽန္ေတာ့္ဆရာကိုကြၽန္ေတာ္ေတာင္းပန္ပါရေစ။ ကြၽန္ေတာ္ရွိခိုးေတာင္းပန္ၿပီးဆရာကေက်နပ္ပါတယ္ဆိုမွကြၽန္ေတာ္အေသေျဖာင့္ ပါမယ္ဆရာႀကီး၊ဆရာကမ်ားကြၽန္ေတာ့္အေပၚမေက်နပ္ရင္ကြၽန္ေတာ္ႀကိဳးစင္ေပၚ
ေရာက္ေတာင္မွ”
“ေဟ့-ေဟ့-ေမာင္နီ’ေတာ္ – ေတာ္၊ မင္းဆရာကို ငါအခုေခၚေပးမယ္၊ မင္း ႀကိဳက္သလို ေတာင္းပန္ေပါ့ကြာ”
ေထာင္ပိုင္ဝန္သည္ ေမာင္နီ၏စကားကိုဆက္နားမေထာင္ေတာ့ဘဲကြၽန္ေတာ့္ အားခ်က္ခ်င္းပင္ေခၚလႊတ္လိုက္ပါသည္။
ႀကိဳးတိုက္သို႔ ကြၽန္ေတာ္ ေရာက္ၿပီး သံတံခါးေရွ႕တြင္ မတ္တတ္ရပ္လိုက္သည္ ႏွင့္ေမာင္နီသည္ကြၽန္ေတာ့္အား မ်က္ရည္ဝိုင္းေသာမ်က္လုံးႀကီးမ်ားျဖင့္ စိုက္ၾကည့္
ေနရွာသည္၊
“ဆရာ့ကိုရွိခိုးေတာင္းပန္ပါရေစဆရာ၊ကြၽန္ေတာ္မကန္ေတာ့ခင္ဒီစာကေလး
ကို ဖတ္ၿပီး မေန႔က ကြၽန္ေတာ္ရဲ႕မိုက္မွားမိတဲ့အျပစ္ကို ခြင့္လႊတ္ပါ”
ေမာင္နီသည္ သံတိုင္ၾကားမွ စာ႐ြက္ေခါက္ကေလးတစ္ခုကို ကြၽန္ေတာ့္အား လွမ္းေပးၿပီးဒူးေထာက္၍ ထိုင္ခ်လိုက္ပါသည္။
သူငယ္ခ်င္းေမာင္ႏို
မင္းစိတ္ေကာင္းေကာင္းထားၿပီးဒီစာကိုဖတ္ေပါ့ကြာ၊ငါလည္းမင္းဆီကိုကိုယ္ တိုင္လာေျပာခ်င္ေပမယ့္ ဒီႏွစ္ မိုးဦးေကာင္းၿပီးလယ္ေတြက ေရလွ်ံေနလို႔ စာတိုက္ ကပဲစာနဲ႔ေရးလိုက္ရတယ္၊
လြန္ခဲ့တဲ့ဝါဆိုလဆန္းတစ္ရက္ေန႔ကပဲ႐ြာမွာက်န္ခဲ့တဲ့မင္းရဲ႕သမီးကေလးဆုံး သြားတယ္။ မင္းရဲ႕ ေယာကၡမႀကီးလည္း သူ႔ေျမးကေလးရဲ႕စိတ္၊ ေသသြားတဲ့ သမီးရဲ႕ စိတ္ေတြနဲ႔ မစာ၊ႏိုင္၊ မေသာက္ႏိုင္ျဖစ္ၿပီး ဝါဆိုလဆန္း (၁၀)ရက္ေန႔ကပဲ ဆုံးသြား ျပန္တယ္။
႐ြာမွာေတာ့ မင္းအတြက္ သံေယာဇဥ္တြယ္စရာ လက္က်န္မရွိေတာ့ဘူ၊ေပါ့ ကြာ။မင္းသာ ဒီရတနာသုံးပါ၊ သတိရၿပီးခ်မ္းသာပါေစလို႔တို႔ဆုေတာင္းလိုက္ရတယ္ သူငယ္ခ်င္း။
ကုန္းႀကီး႐ြာ၊ ေက်ာက္ဆည္ခ႐ိုင္ (ျမစ္သားစာတိုက္)
သူ႔စာကိုဖတ္ၿပီ၊ ကြၽန္ေတာ္ပါ စိတ္မေကာင္းျဖစ္သြားသည္။ စာဆုံး၍ သူ႔ကို ငုံ႔ၾကည့္လိုက္ေသာအခ်ိန္တြင္ ေမာင္နီသည္ကြၽန္ေတာ့္အားေပါက္ဆိန္ေပါက္ကန္ ေတာ့ေနသည္ကို ေတြ႕ရသည္။
ကြၽန္ေတာ္သည္ သူ႔ကိုၾကည့္ရင္းႀကိဳးတိုက္သို႔ေရာက္ခါစက သူေျပာျပဖူးေသာ သူ႔အျဖစ္အပ်က္ သူ႔အမႈအေၾကာင္းကို ျပန္လည္သတိရေနပါေတာ့သည္။
ေက်ာက္ဆည္ခ႐ိုင္၊ ျမစ္သားၿမိဳ႕နယ္၊ကုန္းႀကီး႐ြာသား ေမာင္နီသည္ မိဘမ်ား မရွိသည့္ေနာက္ မိဘလက္ငုတ္ လယ္ကေလးကိုပင္ ႀကိဳးႀကိဳးကုတ္ကုတ္ လုပ္ကိုင္ ေနသူျဖစ္၏။
ေမာင္နီသည္အလုပ္ကိုႀကိဳးစား၏။အေနအထိုင္က်စ္လ်စ္၏။သေဘာေကာင္း
၍ ႐ိုးသား၏။ ေပါင္းသင္းဆက္ ဆံေရးေကာင္း၏။ ေမာင္နီမွာေဒါသႀကီးတတ္ေသာ ဉာဥ္ဆိုးတစ္ခုသာ ရွိေပသည္။
ေမာင္နိ ေဒါသႀကီးမႈေၾကာင့္ မၾကာခဏ သူႀကီးအိမ္ ေရာက္ခဲ့ရ၏။ မည္မွ်ပင္ ခင္မင္သူျဖစ္ေစ
ေဒါသထြက္ခ်ိန္တြင္ထင္မိထင္ရာေျပာတတ္၏။တစ္ေဇာက္ကန္း
လုပ္တတ္၏။ သို႔ေသာ္ သူ႔အမွားကို သူ သိတတ္၍ ေတာင္းပန္တတ္ျခင္းေၾကာင့္ ႐ုံးျပင္ကႏၷား မေရာက္ခဲ့ရေပ။
တစ္႐ြာထဲေန မုဆိုးမႀကီး ေဒၚေငြမတြင္ သမီးတစ္ေယာက္သာရွိ၏။ နာမည္မွာ ေအးစိန္ျဖစ္သည္။ေအးစိန္သည္အလွႀကီးအေခ်ာႀကီးမဟုတ္ေသာ္လည္းအ႐ုပ္ဆိုး သူ မဟုတ္ေပ၊ ေအးစိန္သည္ ႐ိုး႐ိုးအအျဖစ္ေသာ္လည္း စကားတတ္၏။
ေဒၚေငြမသည္ ေယာက္်ားမရွိသည့္ေနာက္သမီးကေလးႏွင့္ပင္ဒိုးတူေပါင္ဖက္ လုပ္ကိုင္စားေသာက္ေနခဲ့သည္။ ေမာင္နီသည္ ေဒၚေငြမ၏သမီ။ ေအးစိန္ကို မ်က္စိ က်ေန၏။ ေအးစိန္ေကာက္စိုက္ရာ၊ပ်ိဳးႏုတ္ရာ၊ေရခပ္ရာတို႔တြင္ေမာင္နီတေကာက္ ေကာက္ လိုက္ခဲ့သည္၊ ေအးစိန္ကလည္း ေမာင္နဲ႔ဘက္ ပါခ်င္ခ်င္ျဖစ္ေနသည္၊ သို႔ ေသာ္မိခင္ေဒၚေငြမ၏သေဘာကိုမသိရေသး၍ေမာင္နီ၏ေမတၱာကိုလက္မခံဝံ့ေသး
ေပ။
အေမေဒၚေငြမကိုအရင္အကဲစမ္းသည့္သေဘာျဖင့္ေမာင္နီတေကာက္ေကာက္
လိုက္ေနေၾကာင္းေျပာျပ၏။ ေဒၚေငြမကလည္းအလုပ္အကိုင္ေတာ္၍အေနအထိုင္ က်စ္လ်စ္႐ိုးသားေသာ ေမာင္ႏို႔အေပၚတြင္ ျငင္းဆန္ရမလို၍ သမီးအား မကန႔္ကြက္
ေပ၊
ေအးစိန္သည္အေမေဒၚေငြမ၏သေဘာကိုရိပ္မိသည္ႏွင့္ေမာင္နီ၏ေမတၱာကို လက္ခံလိုက္ေလသည္။ မၾကာမီမုဆိုးမႀကီးေဒၚေငြမ၏သမီးေအးစိန္ႏွင့္တစ္ကိုယ္
တည္းသမားေမာင္နီတို႔လူႀကီးစုံရာႏွင့္ကန္ေတာ့ၿပီးလင္မယားျဖစ္ခဲ့ၾကသည္။
ေမာင္နီသည္ မိန္းမရၿပီးသည့္ အခ်ိန္တြင္ လယ္အလုပ္မ်ားကို ယခင္ကထက္ ပို၍ႀကိဳးစားသည္။ ေမာင္နီသည္ မိဘမရွိ၊ ေဆြမ်ိဳးမရွိ၊ ညီအစ္ကို ေမာင္ႏွမ မရွိ၊ တစ္ ကိုယ္တည္းသမားဘဝကပင္အလုပ္ကိုႀကိဳးစားလုပ္တတ္သူျဖစ္၏။ယခုေမာင္နီ၏
ဘဝမွာ စိုေျပ၍လာေခ်ၿပီ၊ တာဝန္လည္း ပို၍လာေလၿပီကိုသိေသာ ေမာင္နီသည္ တစ္ဝမ္းတစ္ခါ၊ ဘဝကထက္ပို၍ အလုပ္ကိုတိုးခ်ဲ႕လာ၏။
ဇနီးျဖစ္သူ ေအးစိန္ကလည္းလိမၼာေရးျခားရွိ၏။လင့္ဝတၱရားကို သိ၏။ ေမာင္နီ လယ္ထဲအလုပ္ဆင္းေနစဥ္ေအးစိန္အိမ္မွထမင္၊ခ်က္၍လိုက္ပို႔၏။ ေမာင္နီထမင္း စား၍နားေနစဥ္ လယ္အလုပ္မ်ားကို ေအးစိန္က ဝင္ကူညီလုပ္၏။ အိမ္ျပန္ေရာက္ ခ်ိန္တြင္ေမာင္နဲ႔အဝတ္ေတြေလွ်ာ္ဖြပ္ထား၏။ေမာင္နီထမင္းစားဖို႔အသင့္ခ်က္ထား
၏။အခ်က္အျပဳတ္ကိစၥၿပီးသည္ႏွင့္ႏြားစာစဥ္း၏။ ေမာင္နီျပန္လာလွ်င္ခ်ိဳးရန္ေရက
အစခပ္ထားသည္။
ေမာင္နီကလည္း လယ္ထဲကအိမ္ ျပန္ေရာက္လွ်င္ ဇနီးျဖစ္သူ လုပ္ကိုင္ထား သည္မ်ားကိုၾကည့္၍ တၿပဳံးၿပဳံးျဖစ္ေန၏။ ေအးစိန္အား ယခင္ကလို ေကာက္စိုက္ ပ်ိဳးနတ္အလုပ္မ်ားကိုမလုပ္ရေပ။ေရွ႕သြားေနာက္လိုက္ညီေသာသမီးႏွင့္သမက္ကို
ၾကည့္၍ ေဒၚေငြမလည္းတၿပဳံးၿပဳံးျဖစ္ေနရွာ၏။ ႐ြာထဲမွမိတ္ေဆြမ်ားက ေဒၚေငြမအား သားမက္ရေတာ္ေၾကာင္းခ်ီးက်ဴးစကားေျပာၾက၏။ေဒါ႒မကမူ ခပ္ၿပဳံးၿပဳံးပင္ေခါင္း
ညိတ္ျပေလ၏။
ေမာင္နီႏွင့္ေအးစိန္တို႔အိမ္ေထာင္ဘက္တစ္ႏွစ္ေက်ာ္ေသာအခ်ိန္တြင္ သမီးဦး
ကေလးတစ္ေယာက္ထြန္းကားလာ၏။ ေမာင္နီတို႔ဇနီးေမာင္ႏွံမွာသမီးဦးကေလးကို ၾကည့္၍ ျမဴးေနၾက၏။ ေဒၚေငြမအဖို႔မူ ေျမးဦးကေလးရ၍ျမဴးရရွာသည္မွာအ႐ူးတစ္ ပိုင္းျဖစ္၏။ ေျမးကေလးကို ေပြ႕၍ လူတကာကို ျပရရွာသည္မွာအေမာပင္ျဖစ္၏။ ေမာင္နီသည္ အလုပ္ကို ကုန္းေနေအာင္ လုပ္၏။ လယ္ထဲမွ အလုပ္မည္မွ် ပင္ပန္းလာေစကာမူအိမ္အေရာက္ဇနီးႏွင့္သမီးကေလးကိုျမင္လိုက္ရလွ်င္႐ႊင္လန္း သြား၏။ သမီးကေလး(၃၊၄)လရလွ်င္ေမာင္နီတစ္ေယာက္တည္းပင္ပန္းေနသျဖင့္ ေအးစိန္ကလယ္ထဲ လိုက္၍ကူ၏။ ေမာင္နီက ေအးစိန္ ေသြးႏုေသးသည္ဆို၍ ဘာ အလုပ္မွ လုပ္ခြင့္ မျပဳေပ။
ေမာင္နီတို႔အိမ္
တစ္စတစ္စႏွင့္သမီးကေလးအခါလည္အ႐ြယ္သို႔ေရာက္ခဲ့ၿပီ။ ေထာင္သက္လည္း ႏွစ္ႏွစ္ေက်ာ္ခဲ့ၿပီ။ ေမာင္နီသည္ ဇနီးႏွင့္ သမီးကေလးအား ခ်စ္ လိုက္သည္မွာ မ်က္စိေအာက္မွပင္အေပ်ာက္မခံႏိုင္ေခ်။
မိုးဦးတစ္ညတြင္ မိုးႀကီးသည္းထန္ စြာ ႐ြာခ်ေလ၏။ ေမာင္နီသည္ မိုးမလင္းမီ ကပင္ထ၍လယ္ထဲသို႔ဆင္းသြား၏။ ညက မိုးႀကီးသည္းထန္စြာ ႐ြာလိုက္၍ ပ်ိဳးခင္း မ်ား ေရလွ်ံေတာ့မည္ကို ေမာင္နီကပူပန္၍ ေစာေစာႀကီးထသြားျခင္းျဖစ္၏။
ေမာင္နီသည္ ေနမထြက္မီကပင္ ေခြၽးထြက္ေအာင္ ကန္သင္းမ်ားဆယ္၍ ေရ ထုတ္ရ၏။ ေရဝင္ေပါက္မ်ားကိုပိတ္ရ၏။ ေနအေတာ္ျမင့္မွေမာင္နီအလုပ္ကနား၏။ အလုပ္နားသည္ဆိုလွ်င္ ထမင္းလည္း ဆာလွၿပီ၊ အခါတိုင္း သည္အခ်ိန္တြင္ ေအးစိန္ထမင္းလာပို႔ ၿမဲျဖစ္၏။
အျခားေန႔မ်ားတြင္ ေမာင္နီ အိပ္ရာ မွတၿပီ၊ ေကာက္ညႇင္းေပါင္းႏွင့္ ပဲျပဳတ္ ဆီဆမ္း၊ သို႔မဟုတ္ မုန႔္ေခြလိပ္ႏွင့္ စားေတာ္ပဲျပဳတ္ကေလးဆီဆမ္း၍လက္ဖက္ရည္ ၾကမ္းႏွင့္အဆာေျပဝါးခဲ့ရသည္။ ယေန႔ မိုးမလင္းမီကပင္ထ၍ မ်က္ႏွာသစ္ၿပီး လမ္း ေလွ်ာက္ရင္၊ ေခါင္းေပါင္းထားေသာပုဆိုးေဟာင္းႏွင့္ မ်က္ႏွာသုတ္ခဲ့ရသည္။
ေမာင္န္အဖို႔ အလုပ္က ပိုပင္ပန္းသျဖင့္ ပိုဆာေနသည္။ ေအးစိန္အဖို႔ ခါတိုင္း ထက္ပင္ ယေန႔ ဝီရိယထား၍ ထမင္းလာပို႔ဖို႔ ေကာင္းသည္၊ ယခုမူ ခါတိုင္းပို႔ေနက် အခ်ိန္ထက္ပင္ ေနာက္က်ေနသည္၊
ေမာင္နီသည္ေစာင့္ရင္းေစာင့္ရင္းကပင္ထမင္းဆာလြန္း၍စိတ္တိုလာသည္။ သစ္ပင္ရိပ္တြင္အေမာေျဖရင္၊ ေအ၊စိန္ကိုေမွ်ာ္ရသည္။ ေအးစိန္ကားေပၚမလာေခ်။ တျဖည္းျဖည္းႏွင့္စိတ္တိုရာမွေဒါသႀကီးလာၿပီျဖစ္ေသာေမာင္နီသည္ႏြားႏွစ္ေကာင္ ကို သစ္ပင္တြင္ ခ်ည္ထားခဲ့ၿပီး ေတာခုတ္ဓားမကို ခါးၾကားထိုး၍ ႐ြာသို႔ ျပန္လာခဲ့ သည္။
အိမ္သို႔ေရာက္လွ်င္ အိမ္ေရွ႕တြင္ ေအးေအးေဆးေဆးထိုင္၍ ကေလးႏို႔ တိုက္ ေနေသာေအးစိန္အား ေတြ႕ရ၏။
“ေဟ့ – ေအးစိန္ – ဘာလို႔ ငါ့ကို ထမင္းလာမပို႔ေသးတာလဲ၊ ငါ့မွာျဖင့္ လယ္ထဲ ကေနတေမွ်ာ္ေမွ်ာ္နဲ႔၊ နင္ကျဖင့္ ဒီမွာ ေအးေအးေဆးေဆး၊ အံ့ပါရဲ႕ဟာ”
ေမာင္နီသည္ေခါင္းတြင္ပတ္ထားေသာပုဆိုးေဟာင္းျဖင့္မ်က္ႏွာမွ ေခြၽးမ်ားကို
သုတ္ရင္း ၾကမ္းျပင္ေပၚသို႔ထိုင္ခ်လိုက္သည္။
“က်ဳပ္လည္း ေစာေစာထၿပီး ထမင္းခ်က္မလို႔ဟာ။ အေမကလည္း ေကာင္း ေကာင္းေနမေကာင္းဘူး။ ကေလးကလည္းခ်လို႔မရမို႔တြင္ကမွခ်က္ရတယ္ေတာ္ ေရွ႕၊ ေတာ္- ဆာတာခ်ည့္ ေျပာမေနနဲ႔၊အိမ္မွာက်ဳပ္လည္း ဘယ္လိုလုပ္ေနရတယ္ ဆိုတာၾကည့္ဦး”
“ေအာင္မာ – ငါက နင့္ကို ဒါေလာက္ သက္သာေအာင္ထားတာ။ ဒီတစ္ရက္ ကေလး နင္ပင္ပန္းရတာနဲ႔ ေတာ္ ဆာတာခ်ည့္ ၾကည့္မေနနဲ႔ေလး၊ ဘာေလးနဲ႔။ နင့္ စကားက – ကဲ- နင္ခ်က္တဲ့ထမင္းလည္း ငါမစားခ်င္ဘူး။ ငါ့ကို ေနာက္လည္း ခ်က္ မေကြၽးနဲ႔ေတာ့”
ေမာင္နီသည္ ေျပာေျပာဆိုဆို ခ်က္ထားေသာထမင္၊အိုးကို မီးဖိုေပၚမွ ကန္ခ် လိုက္၏။
“ေတာ္မစားခ်င္ေနပါ၊ထမင္းအိုးကိုေတာ့ မခြဲပါနဲ႔။ ေနမေကာင္းတဲ့က်ဳပ္အေမ
စားဖို႔ ရွိပါေသးတယ္”
“ေအာင္မယ္- နင့္အေမစားဖို႔ေတာ့ သိတတ္တယ္၊ ငါ့က်ေတာ့ အငတ္ထား တယ္ေပါ့ဟုတ္လား။ကဲ- အကုန္ငတ္ဟာ-ကဲ-ကဲ”
ေမာင္နီသည္ ေျပာရင္းကပင္ ထမင္းအိုး၊ ဟင္းအိုး၊ မီးဖိုထဲမွ ပန္းကန္ခြက္ ေယာက္မ်ားကို ႐ိုက္ခြဲၿပီး အိမ္ေရွ႕သို႔ထြက္လာခဲ့သည္။ “ေတာ္ဟာတစ္ေကာင္ႂကြက္ပီပီတစ္ေကာင္ႂကြက္စိတ္ထားတယ္” ေအးစိန္ပါးစပ္မွတစ္ေကာင္ႂကြက္ဆိုေသာစကားသည္ေမာင္နီႏွလုံးသားအား
“ဒိုင္း”ခနဲ ဝင္၍ေဆာင့္လိုက္ရာ မ်က္စိမ်ား ျပာသြားၿပီး ေမာင္နဲ႔တစ္ကိုယ္လုံးေဒါသ လႊမ္းမိုးသြားေတာ့၏။
“ကဲဟာ“ ငါ့ကို တစ္ေကာင္ႂကြက္ ဆိုတဲ့ေကာင္မ၊ ငါ အခုမွ တစ္ေကာင္ႂကြက္ ျဖစ္မွာ၊ ကဲ-ကဲ”
ေမာင္နီသည္ ပါးစပ္မွ ႀကိမ္းေမာင္းေျပာဆိုရင္း ခါးၾကားမွ ေတာခုတ္ဓားမႏွင့္ ထိုင္ေနေသာ ေအးစိန္အားတအား ခုတ္ခ်လိုက္ေလသည္။
“အမယ္ေလး- က်ဳပ္သမီးေလးေသပါၿပီ-ကေလး-ကေလး”
ေနမေကာင္း၍ အိမ္ထဲတြင္ အိပ္ေနေသာ ေဒၚေငြ႕မသည္ အျပင္မွ ဆူဆူညံညံ အသံၾကား၍ထြက္လာစဥ္ေမာင္နီ၏ဓားခ်က္ျဖင့္ေအးစိန္သမီးငယ္ကေလးကိုေပြ႕ခ်ီ ရင္း လဲက်သြားသည္ကို ျမင္လိုက္ရ၏။ ေသြးအိုင္ထဲတြင္ လဲေနေသာ ေအးစိန္၏ ရင္ခြင္ထဲမွ ေျမးကေလးကို ဝင္၍ ေပြ႕ခ်ီကာ-“ေမာင္နီ က်ဳပ္သမီးကို သတ္ေနပါၿပီ၊ လာၾကပါဦး”ဟု ေအာ္ဟစ္ရင္း ထြက္ေျပးရွာေလ၏။
ေမာင္နီက ေနာက္မွ ဓားႏွင့္လိုက္ေသးေသာ္လည္း ႐ြာထဲမွအသံၾကား၍ ေျပး ထြက္လာၾကေသာ႐ြာသားမ်ားကဝိုင္းဝန္းဖမ္းဆီးထားလိုက္ၾကသည္။ ႐ြာသားမ်ားႏွင့္ သူႀကီးေရာက္လာေသာအခ်ိန္တြင္ေမာင္န္သည္ဓားကိုလႊတ္ခ်ၿပီး-“က်ဳပ္မွားသြား ၿပီ- သူႀကီး၊ က်ဳပ္ကို ဂါတ္တဲသာပို႔ပါေတာ့”ဟု ေျပာၿပီး ေခါင္းငိုက္စိုက္က်သြားလ ေတာ့သည္၊
ေအးစိန္၏ အေလာင္၊ႏွင့္အတူ ေမာင္နီအား ရဲဌာနာသို႔ လွည္းႏွင့္တင္၍ ပို႔ရန္ ႐ြာထဲမွ ထြက္လာေသာအခ်ိန္တြင္ ေနာက္ပိုင္းမွ သမီးငယ္ကေလး၏ ငိုသံသည္ ေမာင္နီ၏ နားထဲသို႔ စူးဝင္သြားေလသည္။
သည္။
ေခါင္းငုံ႔ေနေသာ ေမာင္နီအားၾကည့္ ရင္း ကြၽန္ေတာ္ သက္ျပင္းခ်လိုက္မိပါ
သူ႔အေၾကာင္းကို သိထားၿပီးျဖစ္၍ သူ႔အျပစ္ကို ခြင့္လႊတ္ရန္ ကြၽန္ေတာ္ ဝန္ မေလးပါ။သို႔ေသာ္စိတ္ေနာက္ကိုလူလိုက္၍အမိုက္ႀကီးမိုက္၊အမွားႀကီးမွားေနေသာ
ေမာင္တို႔အတြက္ကြၽန္ေတာ္ရင္ေလးမိသည္။
အကယ္၍သာ သူေနေသာတိုက္ ခန္းတံခါး ဖြင့္ထားစဥ္က သူႏွင့္ ကြၽန္ေတာ္ ပဋိပကၡျဖစ္၍ သူ႔မွာဤလိုစိတ္႐ိုင္းစိတ္မိုက္မ်ားဝင္လာမည္ဆိုပါကေမာင္နီပင္ ႏွစ္ ႀကိဳ၊ထပ္၍ က်မည္လား၊ ကြၽန္ေတာ္ပင္ ႀကိဳးတိုက္ထဲ ဝင္ရမည္လား မေတြးတတ္ ေတာ့ပါ။
သူႏွင့္အခ်င္းမ်ားစဥ္က ျဖစ္ေပၚလာေသာကြၽန္ေတာ္၏ေဒါသစိတ္ကို အခ်ိန္မီ
ထိန္းလိုက္ႏိုင္ျခင္းအတြက္လည္းဝမ္းသာမိသည္။ကြၽန္ေတာ့္ေဒါသစိတ္ကိုထိန္းရန္ သတိေပးလိုက္ေသာ ေထာင္ၾကပ္ႀကီးကိုလည္း သတိရတိုင္း ေက်းဇူးတင္မိသည္။
စိတ္ဆိုသည္မွာသတိႏွင့္သာထိန္း၍ရေပသည္။သတိတိမ္းေခ်ေသာ္စိတ္ကိုထိန္း
ႏိုင္ေတာ့ မည္မဟုတ္ေပ။
ႀကိဳးတိုက္မွထြက္လာၿပီးလမ္းတစ္ေလွ်ာက္လုံးေမာင္နဲ႔အေၾကာင္းကိုေတြးလာ
ခဲ့မိသည္။
ကြၽန္ေတာ္ ႐ုံးခန္းေရာက္မွကုလာ၊ထိုင္ေပၚေျခပစ္လက္ပစ္ ထိုင္ခ်လိုက္မိ၏။ ထိုအခ်ိန္တြင္ ေထာင္ပိုင္ဝန္ကအေခၚခိုင္းေၾကာင္းေထာင္ၾကပ္ကေလးတစ္ေယာက္ လာ၍ေခၚျပန္၏။
စိတ္ခ်လက္ခ် ထိုင္ေနရာမွ ေထာင္ပိုင္ဝန္႐ုံးခန္းသို႔ လိုက္သြားရျပန္သည္။ ေထာင္ပိုင္ဝန္၏ ႐ုံးခန္းအေရာက္တြင္ ေထာင္ပိုင္ဝန္က ကြၽန္ေတာ့္အား ေဖာက္ၿပီး သား႐ုံးစာတစ္ေစာင္ကိုလွမ္း၍ေပးေလသည္။
စာကို ကပ်ာကရာ လွမ္းယူၿပီး ဖြင့္၍ ဖတ္လိုက္သည္။ ထိုစာမွာ တရား႐ုံးခ်ဳပ္မွ ေမာင္နီ၏အယူခံကို ပယ္လိုက္ေသာစာျဖစ္ေနေလသည္။
ေမာင္နီအဖို႔ေတာ့မည္သို႔တုန္လႈပ္ရွာေလမည္မသိ၊ကြၽန္ေတာ့္ရင္မွာမူတဆတ္
ဆတ္ ခုန္လာပါေတာ့သည္။
→ မင္းသူရိန္