နေရစ်ခဲ့တော့ညီမလေးရယ်(စ /ဆုံး )
~~~~~~~~~~~~~~~~~~~~~
ကျွန်တော်သိတတ်တဲ့အရွယ်ကစပြီး သူမတစ်ယောက်ထဲကို မြတ်နိုးခဲ့တယ်..
သူမနဲ့ကျွန်တော်က အသက် ၃နှစ်တိတိကွာတယ် ကျွန်တော်အိမ်နဲ့ သူမအိမ်က ဘေးချင်းကပ်ရပ်လေ..
….
မိဘချင်းကလဲ ရင်းနှီးတော့ ငယ်ငယ်ထဲက ကစားဖော်ကစားဖက် ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်တွေပေါ့ ။
ကျွန်တော် ၃တန်းတက်တဲ့အချိန် သူမက သူငယ်တန်းစတက်တယ် ။
အိမ်နဲ့မနီးမဝေးမှာရှိတဲ့ မူလတန်းကျောင်းလေးကို နှစ်ယောက်သားတူတူသွားခဲ့ကြတယ် ။
ထမင်းစားလွှတ်ချိန်တွေလဲ နှစ်ယောက်သား ထမင်းတူတူပဲစားဖြစ်တယ် ။
ကျောင်းကသူငယ်ချင်းတွေက ကျွန်တော်တို့နှစ်ယောက်ကို မောင်နှမ၀မ်းကွဲ တွေလို့ ထင်နေကြတာ ။
…..
အော် ဒါနဲ့ ပြောရဦးမယ်..
ကျွန်တော်မိဘတွေက ကုန်စုံဆိုင်လေးဖွင့်ထားတယ်။
သူမရဲ့မိဘတွေကတော့ အစိုးရ၀န်ထမ်းတွေ
သူမအဖေက သစ်တောအရာရှိတစ်ယောက်ဗျ။
သူမရဲ့အမေကတော့ အရင်က ကျောင်းဆရာမလို့ပြောတာကြားဖူးတယ်။
ခုတော့ အလုပ်ထွက်ပြီး အိမ်ထောင်မှုကို ထိန်းသိမ်းနေတယ်ဆိုပါတော့။
…..
ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတာ။
ဘာစားစား အကိုအရင်စား ညီမလေးအရင်စားနဲ့ ပြဿနာအမြဲဖြစ်နေတတ်တယ်။
အချိန်တွေကြာလာတာနဲ့အမျှ နှစ်ဦးစလုံးရဲ့ ရင်ထဲကသံယောဇဉ်တွေက အမြစ်တွယ် ခိုင်မြဲ လာခဲ့တယ်။
….
ကျွန်တော်တို့နှစ်ယောက်က အမြဲတမ်းနီးနီးကပ်ကပ်နေရလိမ့်မယ်လို့ တွေးထားခဲ့ကြတာ။
ဒါပေမယ့် အဲဒီအတွေးတွေကို ရိုက်ချိုးပစ်မယ့် အချိန်က ရောက်လာခဲ့တယ်။
တစ်နေ့ ကျွန်တော်ကျောင်းကပြန်လာတော့
အမေ ညီမလေးတို့အိမ်မှာ အလုပ်တွေရှုပ်နေပါလား..
ဘာဖြစ်တာလဲ..
အမေက မျက်နှာတစ်ချက်ပျက်သွားတာကို မသိမသာပြင်လိုက်ရင်း..
ဘာမှမဖြစ်ပါဘူးသားရယ်..
သူတို့အဖေ ခရီးထွက်ဖို့စီစဉ်နေတာဖြစ်မှာပါ..
ကျွန်တော်လဲ ယုံလိုက်မိတယ် ။
ဘာလို့လဲဆိုတော့ သူတို့အဖေက ခဏခဏ ခရီးထွက်တတ်လို့လေ..
…..
ဒါပေမယ့် ကျွန်တော်စိတ်ထဲ တစ်ခုခုကို စိုးထိတ်နေမိတယ်။
ခဏေနေတာ့ အကို အကို..
ဒေါ်လေး အကိုရှိလား..
အေးး နှင်းပွင့်လေး
မင့်အကို အိမ်ထဲမှာ လာခဲ့လေ..
…
စကားမစပ် ကျွန်တော် နာမည်နဲ့ ညီမလေးနာမည်ကို ပြောဖို့မေ့ခဲ့တယ်..
ကျွန်တော်နာမည်က မြတ်ထွန်း..
ညီမလေးနာမည်က နှင်းပွင့်တဲ့..
…..
အကို နောက်နှစ်ရက်ဆို စာမေးပွဲပြီးတော့မယ်နော် အကိုက ၈တန်းရောက်တော့မယ်..
ညီမလေးက ၅တန်းရောက်တော့မယ်..
ခုအိမ်မှာလဲ ဧည့်သည်တွေ၀င်လိုက် ထွက်လိုက်နဲ့ ဘာတွေမှန်းကိုမသိဘူး..
ကျောင်းပိတ်ရင် မေမေက အန်တီလေးတို့ရှိတဲ့ မန္တလေးကို သွားလည်မလို့တဲ့..
အဲဒါ ညီမလေးလဲ လိုက်သွားရမယ်။
အကို့ကိုလဲ ခေါ်သွားချင်တယ်။
….
အကိုကလိုက်လို့မရဘူးလေ ညီမလေးရဲ့
ညီမလေးသွားပီးရင်ပြန်လာမှာပဲ အကိုစောင့်နေမှာပေါ့..
….
ဟအင်း.မသိဘူး မသိဘူး ညီမလေးစိတ်မကောင်းဖြစ်တာပဲသိတယ်..
ဟီးးဟီးးးဟီးး..
ရော်.. ဒီကလေးမနဲ့တော့ခက်ပီ..
ဘာလို့ ငိုတာလဲ အကိုက ငိုတာမကြိုက်ဘူးလို့ ပြောထားတယ်လေ။
မငိုနဲ့ တိတ်တော့..
….
အကို မငိုတော့ဘူးနော်..
မျက်နှာမပုတ်ထားနဲ့..
ညီမလေး မငိုတော့ဘူး..
နော်..နော်..
….
သူမရဲ့ပါးလေးနှစ်ဖက်ကို ဆွဲပြီး ..
လိမ်မာလိုက်တာ ဒါမှ အကိုညီမလေး..
အကို .. အကို့ကို ညီမလေး လက်ဆောင်ပေးစရာ ရှိတယ်..
မျက်လုံးမှိတ်ထား..
အင်း မှိတ်ထားတယ်..
ရပီ ဖွင့်တော့..
ဟင်.. ဆွဲကြိုးလေးပါလား..
လွေနတာပဲ..
စျေးမများပေမယ့် လှပနေတဲ့ ဆွဲကြိုးလေးကို ကိုင်ထားတဲ့ ညီမလေးကို စိုက်ကြည့်နေခဲ့မိတယ်..
…
ညီမလေး ခဏလေး ..
အိမ်ခန်းထဲ၀င်ပီး ပြန်ထွက်လာတော့
ဒီမှာကြည့်စမ်း ..
လတ်ပတ်ကလေးပါလား …
၀ါးးး လှနတောပဲ အကို..
အမြဲတမ်းသိမ်းထားရမယ်နော်ညီမလေး..
ဟုတ်.. သိမ်းထားမယ်..
….
သမီးရေ သမီး နှင်းပွင့်..
ဟော ကိုကို မေမေခေါ်နေပီ..
သွားတော့မယ်နော်..ဆိုပြီး
လက်ပြနှုတ်ဆက်ထွက်ခွာသွားတာကို ငေးကြည့်နေမိခဲ့တယ်။
…..
ဒီနှုတ်ဆက်ခြင်းဟာ နောက်ဆုံးနှုတ်ဆက်ခြင်း ဆိုတာ ဘယ်သူသိနိုင်မှာလဲ…
ကျွန်တော်စာမေးပွဲနောက်ဆုံးနေ့မှာ သူမစာမေးပွဲ ပြီးသွားတယ်..
ကျွန်တော်လဲ စာမေးပွဲကိစ္စနဲ့ လုံးပန်းနေရင်း သူမနဲ့အဆက်အသွယ်မရခဲ့ဘူး..
စာမေးပွဲပြီးတဲ့နေ့ …
အိမ်ကိုပြန်ရောက်တော့ ..
မေမေ ညီမလေးတို့ အိမ်တံခါးပိတ်ထားပါလား.
ဘာဖြစ်လို့လဲ..
မေမေ သားမေးနေတယ်လေ..
မေမေ.. ဖြေပါဦး..
….
သား ..သား ညီမလေးတို့ ပြောင်းသွားကြပီကွဲ့..
ကျွန်တော်ငယ်ထိပ်ကို မိုးကြိုးပစ်ချလိုက်သလို ထူပူသွားခဲ့တယ်..
လွယ်အိတ်ကိုပစ်ချပြီး ထိုင်ချလိုက်မိတယ်..
စိတ်မကောင်းမဖြစ်ပါနဲ့သားရယ်..
သူတို့အဖေ ရာထူးတိုးတော့ သူတို့ပါလိုက်ပြောင်းရတာပေါ့..
သားတို့စိတ်မကောင်းဖြစ်မှာစိုးလို့ မေမေတို့က အသိမပေးခဲ့တာပါ။
ဒါဆို ကျွန်တော်တို့ ဘယ်အချိန်မှ ပြန်တွေ့ရမှာလဲဟင် မေမေ…
အဲဒါကတော့ ကံစီမံရာပေါ့သားရယ်…
…….
ကျွန်တော်သူမနဲ့ပြန်တွေ့မယ့်နေ့ကိုပဲ မျှော်နေမိခဲ့တယ်..
ဒီအချိန်ဆို သူမဘာလုပ်နေလဲ..
သူမ အစားကောစားရဲ့လား..
စသည်ဖြင့် အတွေးပေါင်းများစွာတွေးနေမိတယ်..
…..
အချိန်ကာလဆိုတဲ့ ဒီရေက တစ်ဖြေးဖြေးတိုက်စား လာခဲ့တယ်…
ကျွန်တော်လဲ ဆယ်တန်းကို ဂုဏ်ထူး၄ဘာသာနဲ့ အောင်မြင်ခဲ့တယ်။
မေမေဖြစ်ချင်တဲ့ ဆရာ၀န်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။
ခုဆို လက်ထောက်ဆရာ၀န်တစ်ယောက်ဖြစ်ခဲ့ပီ..
ဒါပေမယ့် ညီမလေးရဲ့ သတင်းအစအနကိုတောင် မကြားခဲ့ရဘူး..
နေနိုင်လိုက်တာ ညီမလေးရယ်…
…..
ဆရာ ဆရာ…
သူနာပြုဆရာမလေးရဲ့ ခေါ်သံကြောင့် ကျွန်တော် သတိပြန်၀င်လာတယ်..
ဆရာမ ပြောလေ ..
ဘာဖြစ်လို့လဲ..
အရေးပေါ်လူနာတဲ့ဆရာ ကားအက်ဆီးဒင့် ဖြစ်တာ…
ဟုတ်လား မြန်မြန် ..
ဘယ်မှာလဲ …
အရေးပေါ်ခန်းထဲမှာဆရာ…
ကျွန်တော်လဲ အရေးပေါ် ခန်းဘက်ကို ခပ်သုတ်သုတ် ထွက်လာခဲ့လိုက်တယ်..
…..
အရေးပေါ်ခန်းအ၀လဲရောက်ကော..
အမျိုးသမီးတစ်ယောက်နဲ့အမျိုးသား တစ်ယောက်…
ဆရာ.. သမီးလေးကို ကယ်ပါဦး..
ဟင်…
ငိုယိုနေတဲ့ အမျိုးသမီးကို ကြည့်ပြီး ကျွန်တော် မှင်သက်သွားတယ်။
ဒေါ်လေး ဒေါ်လေးမဟုတ်လား..
ဟင်.. မင်းး မင်းး
သားး မြတ်ထွန်း..
ကျွန်တော်လေ မြတ်ထွန်းလေ…
ဒါဆို ဒါဆို.. အထဲက လူနာက..
မင်း ညီမလေး နှင်းပွင့်လေ…
အဲဒါနောက်မှ ရှင်းပြမယ်…
ခု မင်းညီမလေးကို ကယ်ပါဦးကွယ်..
…..
ခဏနေတော့ ခွဲစိတ်ဆရာ၀န်ကြီး ရောက်လာပြီး လူနာရှင်တွေ အပြင်မှာစောင့်နေပေးပါ..
မောင်မြတ်ထွန်း ဆရာတို့ စလိုက်ရအောင်..
နှင်းပွင့်မျက်နှာလေးက ငယ်ငယ်တုန်းကအတိုင်း ပါပဲလား…
မြတ်ထွန်း.. အာရုံစိုက်ထားစမ်း..
အလုပ်ကို လူမှုရေးနဲ့မရောထွေးနဲ့..
ခွဲခန်းထဲမှာ ကျွန်တော်တို့ ကြိုးစားပြီး ညီမလေး အသက်ရှင်အောင် လုပ်ဆောင်ခဲ့တယ်..
ဒါပေမယ့်…
ဦးနှောက်ထဲသွေးကရောက်လုရောက်ခင် ဖြစ်နေတယ်..
သူငယ်ချင်းအိမ်သွားလည်ရင်း ကားက သစ်ပင်ကို ၀င်ဆောင့်ပြီး ဆေးရုံရောက်လာခဲ့တာ..
မြတ်ထွန်းရေ အခြေအနေကတော့ သူမရဲ့ကံပဲပေါ့
ဦးနှောက်ထဲသွေးမရောက်အောင်တော့ ကြိုးစား ခဲ့တာပဲ..
ခွဲစိတ်မှုက အောင်မြင်တယ်လဲ မဆိုသာ ..
မအောင်မြင်ဖူးလို့လဲ ပြောမရခဲ့ဘူး..
ကားကအရှိန်ပြင်းတော့ ကိုယ်ထဲက အစိတ်အပိုင်းအချို့ထိခိုက်ခဲ့တယ်..
…..
နောက်နေ့ကျတော့ သူမသတိအနည်းငယ်ရလာတယ်..
ဒါပေမယ့် ကျွန်တော်ဘယ်သူဆိုတာ သူမမသိတော့ဘူး…
အသိစိတ်ကင်းလွတ်သွားခဲ့ပီ..
….
ကံတရားက ကျွန်တော်အပေါ် ရက်စက်ခဲ့တယ်..
ပြန်လည်ဆုံဆည်းနိုင်အောင် ဖန်တီးပေးခဲ့ ပေမယ့် ကောင်းသောတွေ့ဆုံခြင်းမျိုးနဲ့မပေးတွေ့ခဲ့ဘူး..
ကျွန်တော်အရမ်းမျှော်လင့်နေတဲ့အရာကို ကျွန်တော်ရှေ့ရောက်အောင် လုပ်ပေးခဲ့ပေမယ့်..
ကျွန်တော်ကိုသူမမသိတော့ဘူး…
သူမရဲ့ လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီး တစ်ယောက်ထဲရေရွတ်နေမိတယ်..
……
အဲဒီမှာပဲ… သူမရဲ့လက်ကောက်၀တ်လေးထဲက အရာတစ်ခုကို စမ်းမိလိုက်တယ်..
အင်္ကျီလက်ရှည်လေးကို လှန်တင်ပြီး ကြည့်လိုက်တော့…
ကျွန်တော်မျက်၀န်းအစုံက မျက်ရည်တွေ ထိန်းမရနိုင်အောင် ကျလာခဲ့တယ်…
အော်.. ညီမလေးရယ် ခုထိ အကိုပေးထားတဲ့ လက်ပတ်လေးကို.ပတ်ထားတုန်းပါလား…
ကျွန်တော်သူမကို အဲဒီနေ့ ညက စကားတွေအများကြီးပြောခဲ့တယ်…
သူမရဲ့မိဘတွေကတော့ ငိုနေရုံမှအပ တစ်ခြားမရှိတော့ဘူး…
မနက် ၅နာရီ ၁၈မိနစ် တိတိမှာ ကျွန်တော် လက်ပေါ်မှာပဲ ဘ၀တစ်ပါးကို ကူးပြောင်းသွားခဲ့တယ်…
…..
ကျွန်တော်ရင်တွေကြေမွသလိုပဲဗျာ..
နောက်နေ့ကျတော့ သူမရုပ်ကလပ်ကို ရေခဲတိုက်ထဲက ထုတ်ခဲ့တယ်။
သူမအရမ်းနှစ်သက်တဲ့ ပန်းနုရောင်အင်္ကျီလေးနဲ့ အိပ်ပျော်နေတယ်လို့တောင် ထင်ရတယ်ဗျာ..
ကျွန်တော်အိမ်မက်မက်နေတာဖြစ်ပါစေလို့ ထပ်ခါထပ်ခါဆုတောင်းနေမိတယ်။
ဒါပေမယ့် ဆုတောင်းကမပြည့်ခဲ့ဘူး…
ခဏနေတော့ သူမအလောင်းကို မီးသဂြိုလ်စက်ထဲထည့်တော့မယ်တဲ့…
ကျွန်တော်သူမမျက်နှာကို ကြည့်မဝသေးဘူး..
ခဏလောက်ကြည့်ပါစေဆိုတော့ ..
ကျွန်တော်ကို အချိန်ခဏပေးတယ်..
ကျွန်တော်စကားတွေအများကြီးပြောချင်ခဲ့တာ..
ငယ်ငယ်တုန်းကလို သူမကို ထမင်းခွံ့ကျွေးချင်သေးတယ်..
သူမစိတ်ဆိုးတာကို ချော့ချင်သေးတယ်..
ခုတော့..ခုတော့ အားလုံးပျက်သုန်းသွားတော့မယ် အကိုညီမလေးရယ် အကိုတို့ပြန်လည်ဆုံတွေ့ခြင်းက ဘာလို့ဒီလိုဖြစ်ရတာလဲ..
မောင်မြတ်ထွန်း.. စိတ်ထိန်းပါကွာ…
ကျွန်တော်ကို လူတွေအများကြီး.ဝိုင်းဆွဲနေတာကို သတိထားမိတယ်…
ခဏနေတော့ ညီမလေးအိပ်နေတဲ့ ကုတင်လေးကို အခန်းလေးထဲ ယူသွားကြတယ်…
ကျွန်တော်ညီမလေးအိပ်နေတာ…
ကျွန်တော်ညီမလေးမသေဘူး..
သူအိပ်ပျော်နေတာပါဗျာ..
မယူသွားကြပါနဲ့ ဟီးးဟီးးး…
….
စိတ်ထိန်းပါ မောင်မြတ်ထွန်းရယ်…
မင်းငိုနေလို့ သေတဲ့သူက ပြန်ရှင်လာမှာမှမဟုတ်တာ…
….
ကျွန်တော်စိတ်ကို ပြန်ထိန်းလိုက်မိတယ်..
ခဏနေတော့ သဂြိုလ်စက်ခေါင်းတိုင်ပေါ်ကနေ မီးခိုးတွေတလူလူထွက်လာခဲ့တယ်…
ကျွန်တော်ငေးကြည့်နေမိတယ်..
မီးခိုးစတွေကြားမှာ ညီမလေးရဲ့ ပြုံးရယ်နေတဲ့ ပုံစံလေးကို မြင်နေရတယ်..
ပြေးလွှားဆော့ကစားနေတဲ့ ညီမလေးပုံရိပ်တွေ ရုပ်ရှင်ပြနေသလို တစ်ခုချင်းပေါ်လာတယ်…
ညီမလေးရယ် နေရစ်ခဲ့ပါတော့နော်…
အကိုတို့က မောင်နှမအရင်းတွေ မဟုတ်ပေမယ့် မောင်နှမအရင်းတွေထက်ပိုချစ်ခဲ့ကြတယ်…
ခုတော့ ညီမလေးက အကို့ကို ထားခဲ့ပီနော်..
သဂြိုလ်ပြီးတော့ ကျွန်တော် ခေါင်းတိုင်းပေါ်မှာ တငွေ့ငွေ့ထွက်နေတဲ့ မီးခိုးလေးတွေကို ကြည့်ပီး တီးတိုးရေရွတ်မိလိုက်တယ်..
နေရစ်ခဲ့တော့ ညီမလေးရယ်…
ပြီးပါပြီ..
ဇေယန ( ရာမည )
Credit