နှုတ်ဆက်လေသလား(စ/ဆုံး)
——————————-
အချိန်ရာသီကတော့ စက်တင်ဘာလ မိုးလရာသီ တက္ကသိုလ် ကျောင်းများစတင်ဖွင့်လှစ်သော အချိန်ဖြစ်လေသည်။ ခင်ခင်ထား ကေတာ့ ဥပေဒ ပညာ ဒုတိယနှစ် ကျောင်းသူဖြစ်၏။ ပထမနှစ် တက်စဥ်က အစ်မများနှင့် တက်ရသောကြောင့် အဆင်ပြေခဲ့သော်လည်း ယခုနှစ် သူမ တစ်ယောက်တည်းမို့ အဆင်မပြေလှပါ။
ခင်ခင်ထားက တစ်ယောက်တည်းနေတတ်သူမို့ အပေါင်းအသင်း မရှိပါ။ အဆောင်တွင်လည်း သူ က တစ်ယောက်တည်းနေနေလေ၏။
“အစ်မ… အစ်မ ”
“ကျွန်မကို ခေါ်တာလား ”
ခင်ခင်ထား သူ့နောက်မှ ခေါ်သံ ကြား၍ လှည့်မေးခြင်းဖြစ်၏ ။
“အစ်မက ဥပဒေပညာဒုတိယနှစ် လား ”
“ဟုတ်ကဲ့ ”
“ညီမလည်း ဒုတိယနှစ် ပဲ ခင်လို့ရမလား ”
“ရပါတယ် ခင်ခင်ထားပါ ၊ အခန်း ၂ မှာ နေပါတယ် ”
“ညီမက ရတီစိုးပါ ၊ အခန်း ၉ ပါ ”
“ေသြာ်… မျက်နှာချင်းဆိုင် အခန်းကပေါ့ ”
“ဟုတ်… အစ်မ ”
“အသက်အတူတူလောက်ပါပဲ ခင်ခင်လို့ပဲ ခေါ်ပါ ”
“ဟုတ်…ခင်ခင် ”
ဒါကြောင့် ခင်ခင်ထားနဲ့ ရတီစိုး တို့ သူငယ်ချင်း တွေဖြစ်သွားကြ၏။ ကျူရှင်သွားချိန်ဆိုလည်း စောင့်နေတတ်ကြ၏။ ရေချိုးချိန်လည်း အတူတူ ချိုးကြ၏ ။ ကြာလာတော့ အခင်ဆုံး သူငယ်ချင်း တွေ ဖြစ်သွားကြ၏။
“ခင်ခင်ရေ… သွားမယ် ”
အခန်းရှေ့မှ ခေါ်နေသူကတော့ ရတီစိုးပင်ဖြစ်၏။
“လာပြီ… တီတီရေ… ”
အခန်းတံခါး ဖွင့်လိုက်သည်နှင့် စောင့်နေသော ရတီစိုးကို တွေ့လိုက်ရ၏ ။
“လှလိုက်တာ ခင်ခင်ရယ်… အမြဲတမ်း ထဘီလေးနဲ့ ဆံပင်ရှည်လေးနဲ့ မြန်မာဆန်ဆန်လေး.. ချစ်လိုက်တာ ”
“မြှောက်နေပြန်ပါပြီ… လာပါ… မုန့်ဝယ်ကျွေးမယ် ”
“ဟီး….တီတီက တစ်ကယ်ပြောတာ ”
သို့နှင့် နှစ်ယောက်သား လမ်းလျှောက်ကာ ကျူရှင်သို့ လာခဲ့ကြ၏ ။ ကျူရှင်နှင့် အဆောင်သည် သိပ်မဝေးပါ ။ ငါးမိနစ်ခန့်သာ လမ်းလျှောက်ရ၏။
“ခင်ခင် ”
”ပြောလေ တီတီ ”
“ခင်ခင့်မှာ တစ်ခြားသူငယ်ချင်းတွေရှိလား ”
“မရှိပါဘူး တီတီရဲ့…ခင်ခင် က တစ်ယောက် တည်းပဲ နေရတာ ကြိုက်တယ် လေ ”
“တီတီလေ…ခင်ခင့်ကို ချစ်တယ်သိလား… တီတီကလွဲ ပြီး ဘယ်သူ့ကိုမှ ပိုမခင်ရဘူးနော် ”
တစ်ခါတလေ ရတီစိုးက ကလေးဆန်ဆန်နှင့် ပြောတတ်သေးသည်။
”စိတ်ချပါ တီတီရဲ့….တီတီ့ကို အချစ်ဆုံးနော်…ဟုတ်ပြီ လား ”
“ဟုတ်…”
ပြုံးပြီး ခေါင်းလေးငြိမ့်ပြသော တီတီက ကလေးတစ်ယောက်နှယ် ချစ်စရာကောင်းလှသည်။ အဆောင်တွင်လည်း ခင်ခင်ထား အခန်းတွင်သာ အနေများလေ၏။ စာကျက်လျှင်လည်း သူနဲ့ အတူကျက်လေ့ရှိ၏။ ဖုန်းသုံးချိန်တွင်တောင် ခင်ခင်ထား ပေါင်ပေါ်က်ု ခေါင်းအုံးပြီး သုံးလေသည်။
ကျူရှင် တစ်လ တက်ပြီးသည်နှင့် အနီးကပ် ဆယ်ရက် ကို အပြည့်အဝ တက်ရန် ပါမောက္ခ မှ ကြိုဆိုပွဲ အခမ်းအနားတွင် ဟောပြောလေ၏။
”ဒါဆို…. ကျောင်း ရက်အပြည့်တက်ရမှာပေါ့နော်.. ခင်ခင် ”
“အင်းလေ… ဘာဖြစ်လို့လဲ ”
“တီတီ မတက်ချင်ဘူး…. ပထမနှစ်က လည်း မတက်ဘူးလေ ”
“မတက်လည်း ရပါတယ် တီတီရဲ့…. ဒါပေမဲ့ တစ်ရက်နှစ်ရက်လောက် အတက်ပြလိုက်မယ်လေ မတက်တာထက်စာရင်တော့ ပိုကောင်းတာပေါ့ ”
ခင်ခင်ထား ရဲ့ စည်းရုံးမှုကြောင့် ရတီစိုး ကျောင်းတက်ရန် သဘောတူလိုက်ပါသည်။ နေ့လည်စာ ထမင်းစားရန် ထမင်းဆိုင်သို့ ထွက်လာခဲ့ကြသည်။ ထမင်းဆိုင်ရောက်တော့ ခင်ခင်ထားက ငါးဟင်းကိုမှာလိုက်၏။ ရတီစိုးကတော့ ကြက်သား ကြိုက်သူမို့ ကြက်သားဟင်းသာ မှာ၏။
ခဏနေတော့ မှာထားသော ထမင်း ဟင်း များ လာချပေးလေသည်။ ခင်ခင်ထား က ငါးဟင်းပန်းကန်ထဲမှ ဟင်းအား ခပ်မည်အပြု…
”နေဦးခင်ခင် ”
“ဟင်…တီတီ ဘာဖြစ်လို့လဲ ”
“ဒီငါးက အရိုးများတယ် ခင်ခင် ရဲ့…. တီတီအရိုး ထုတ်ပေးမယ်နော်…ခင်ခင့် အိမ်မှာဆို အန်တီက အရိုးထုတ်ပေးနေကြမို့လား ”
“တီတီဘယ်လိုသိတာလဲ ”
“သိတာပေါ့ ခင်ခင်ရဲ့…. ခဏလေးပါ အရိုးထုတ်ပေးမယ် ”
ခလေးဆန်သော တီတီက တစ်ခါတလေ ကြတော့ လည်း လူကြီးတစ်ယောက်လိုပါပဲ။ ငါးဟင်းအား သေချာအရိုးထုတ်ပေးကာ ခင်ခင်ထားပန်းကန်ထဲ ထည့်ပေးလေ၏။
“ကျေးဇူးနော် တီတီ ”
“ကျေးဇူးမလိုပါဘူး ခင်ခင်ရဲ့ ”
ထမင်းစားနေကြရင်း ရတီစိုး က ခင်ခင်ထား ရဲ့ လက်ဆီသို့ အကြည့်ရောက်သွား၏။
“ခင်ခင့်လက်က ဘာဖြစ်တာလဲ ”
“သြော်…ရေချိုး တုန်းက အဝင်ဝက သွပ်ပြားနဲ့ ခြစ်မိတာ… မများပါဘူး ”
“ဘာလို့ မများရမှာလည်း ကြည့်ဦး ရောင်တောင်နေတာကို ”
အဆောင်ပြန်ရောက်သည်နှင့် ဆေးလိမ်းပေးပြီး ပတ်တီးစီးပေး ၏ ။
”ခင်ခင့် လက်ကလေးတွေက နု နေတာပဲနော်…. မိဘတွေကလည်း ချစ် ၊ ပိုက်ဆံက လည်း ရှိတော့ ခင်ခင့်ဘဝက ကောင်းလိုက်တာ ”
ပြောရင်း မျက်ရည်များ ကျလာသော ရတီစိုး ကို သူ သနားမိသွား၏။
“ဘာလို့ ဒီလို ပြောရတာလည်း တီတီရယ်…ဘာပဲဖြစ်ဖြစ် တီတီဘက်မှာ ခင်ခင်ရှိတယ်လေ…တီတီ့ကို ခင်ခင်ချစ်တယ်လေ… နော်….စိတ်မကောင်းမဖြစ်နဲ့နော် ”
အချိန်ကြာလာတာနဲ့အမျှ ရတီစိုးအပေါ် ပို၍ ခင်တွယ်လာမိသည်။ ကျောင်းဆယ်ရက် တက်ပြီးလို့ စာမေးပွဲ ဖြေရန် ရက်အနည်းငယ်သာ လိုတော့၏။
အဆောင်ရှေ့ ဝရန်တာတွင် ရတီစိုးနဲ့ ခင်ခင်ထား တို့ နှစ်ယောက်သား စာကျက်နေကြနေသည်။
“ခင်ခင်..”‘
“ဟင်….တီတီ ပြောလေ ”
“စာမေးပွဲ ဖြေပြီးလို့ အိမ်ပြန်ရောက်ရင် တီတီ့ကိုမေ့သွားမှာလား ”
“မမေ့ပါဘူး တီတီရဲ့… လိုင်းကနေစကားပြောကြမယ်
ဖုန်းဆက်ကြမယ်
message တွေ ပို့ကြမယ်လေ နော် ”
“တီတီကတော့ ခင်ခင့်ကို အမြဲတမ်းသတိရနေမှာ ”
“ခင်ခင်ရောပဲလေ… ကဲပါ စာကျက်ကြမယ်နော် ”
အချိန်တွေ တစ်ဖြည်းဖြည်း နဲ့ ကုန်လွန်ခဲ့ရာ စာမေးပွဲဖြေပြီးလို့ အိမ်ပြန်ရမဲ့ အချိန်ရောက်လာခဲ့လေ၏။ ရတီစိုးက တစ်ညလုံး ခင်ခင့် ပေါင်ပေါ်တွင် လှဲကာ စကားများစွာ ပြောဖြစ်ကြ၏။
“မနက်ဖြန်ဆို… တို့တွေ ခွဲရတော့မယ် နော် ”
“ဘယ်လိုစကားကြီးလဲ တီတီရဲ့ အတူမနေရတော့တာပဲ ရှိတာလေ အမြဲတမ်းစကားပြောလို့ရပါတယ်… နောက်နှစ်လည်း ကျောင်းပြန်တက်ရင် တွေ့ကြမှာပဲကို ”
ထိုနေ့ည တစ်ညလုံး ရတီစိုး ပြောသောစကားများ ထူးဆန်းနေသည်။ နောက်ဘယ်တော့မှ မတွေ့ရတော့မည့် ပုံစံမျိုးများဖြင့်သာ ပြောနေခဲ့၏။
နောက်တစ်နေ့ ပြန်ဖို့ ပြင်ဆင်ကြလေသည်။ ကားပေါ်ရောက်တော့ ရတီစိုး ကခင်ခင်ထား ပုခုံးပေါ် သို့မီကာ လမ်းတစ်လျှောက်လုံး လိုက်ပါလာသည်။ ထို့နေ့ နေ့လည် ၂နာရီ ခန့်တွင် မြို့သို့ဆိုက်ရောက်၏ ။ ထိုမှတစ်ဆင့် ရွာသို့ ဆိုင်ကယ် ဖြင့် သွားရမည်ဖြစ်သည်။
ကားပေါ်ကဆင်းပြီး အထုတ်တွေ ၊ ခြင်းတွေ ဆိုင်ကယ်ပေါ်တင်ပြီး တီတီ့အား နှုတ်ဆက်ကာ ပြန်လာခဲ့၏ ။ အိမ်ပြန်ရောက်တော့ ပင်ပန်းပြီး အိပ်ပျော်သွားတော့၏ ။ အိပ်ပျော်နေတုန်း အိပ်ယာဘေးမှာ တစ်ယောက်ယောက် ရှိနေသလို ခံစားမိ၍ မျက်လုံး ဖွင့်ကြည့်လိုက်တော့…
”ဟင်… တီတီ ”
ကုတက်ဘေးတွင် ထိုင်နေသော ရတီစိုးကိုတွေ့လိုက်ရ၏ ။
”ဘယ်လို ရောက်လာတာလဲ ၊ တီတီ့အိမ်ကို မပြန်ဘူးလား ၊ ဘယ်သူနဲ့လာတာလဲ ”
ခင်ခင်ထား မေးသမျှ ရတီစိုး တစ်ခွန်းမှ ပြန်မဖြေပါ။ မျက်နှာလေးမှာ ငြှိုးငယ်နေသယောင်ယောင်ရှိ၏။ သေချာကြည့်လိုက်တော့ ရတီစိုး တစ်ကိုယ်လုံးလဲ စိုရွှဲနေ၏။
”တီတီ… မိုးမိလာတာလား… ခင်ခင့် အင်္ကျီ ယူဝတ်ထားနော် ”
ခင်ခင်ထား အင်္ကျီ ထယူပေးမည်အပြု ရတီစိုးက တာ့တာပြကာ ထထွက်သွား၏ ။
”တီတီ….တီတီ…နေပါဦး…. တီတီ ”
သူ အိပ်ယာမှ နိုးလာလေ၏ ။အိပ်မက်မက်နေတာပါလား ဟူ၍ စိတ်သက်သာရာရသွားခဲ့၏။ ထွက်နေသောချွေးစေးများ သုတ်လိုက်ပြီး နာရီကို ကြည့်မိရာ ညနေ ၆နာရီခွဲ နေပြီ ။ ရတီစိုးနားနေလောက်ပြီဟု စဥ်းစားမိကာ ဖုန်းမဆက်ဖြစ်ခဲ့ပေ။
အိမ်ပြန်ရောက်ပြီး သုံးရက်မြောက်နေ့ ရောက်တဲ့အထိ ရတီစိုးကို ဖုန်းမဆက်ဖြစ်ခဲ့ပါ ။ လိုင်းလည်း မသုံးဖြစ်သောကြောင့် အဆက်အသွယ် မရပဲ ရှိနေလေ၏။
မှောင်မိုက်သော နေရာတစ်ခုသို့ ခင်ခင်ထားရောက်နေ၏။ ဘယ်နေရာဆိုသည်ကား မသိပေ။လူလည်း တစ်ဦးတစ်ယောက်မှ မတွေ့ရတဲ့အပြင် မြူခိုးလိုလို အရာများ ကြောင့် ပတ်ဝန်းကျင် ကို သေချာမမြင်ရ ။
“ခင်ခင်…. ”
အေးစက်တဲ့ လက်အစုံဖြင့် ခင်ခင်ထား လက်ကို လာကိုင်နေသူကတော့ ရတီစိုးပင်ဖြစ်၏။ တစ်ကိုယ်လုံးလဲ စိုရွှဲနေပြီး သွေးမရှိသလို ဖြူစွတ်နေ၏ ။
”လန့်လိုက်တာ တီတီရယ်… ရေတွေလည စိုလို့ပါလား…
ဒီနေရာက ဘယ်နေရာလဲ… ခင်ခင်မရောက်ဖူးလို့ ”
“ခင်ခင် ဘာလို တီတီ့ကို ပြစ်ထားတာလဲ… ”
“ပြစ်မထားပါဘူး တီတီရယ်…ခင်ခင်မအားလို့ပါ…. နောက်ကို ခင်ခင် နေတိုင်းဖုန်းဆက်မယ်နော် ”
“နောက်ကျသွားပြီ ခင်ခင်….”
“ဘာဖြစ်လို့လဲ တီတီရဲ့…. ဘာစကားကြီးလဲ ”
“ခင့်ခင့်ကို လာနှုတ်ဆက်တာ ”
“တီတီက ဘယ်သွားမလို့လဲ ”
“နှုတ်ဆက်ခဲ့တယ်နော် ခင်ခင်….တီတီ့ကို အမြဲတမ်း သတိရနေပေးပါ ”
တစ်ရွေ့ရွေ့ ထွက်ခွာသွားသော ရတီစိုးအား သူ ငေးကြည့်နေမိ၏။
“ဘယ်သွားမလို့လဲ ….တီတီ…နေပါဦး… တီတီ….”
အိပ်မက်မှ နိုးခဲ့ပြန်၏ ။ အိမ်မက်က ထင်ရှားလွန်းသောကြောင့် ပြန်စဥ်းစားကာ အိပ်မရတော့ ပေ။ ထို့နောက် ဖုန်းအား ယူလိုက်ကာ တီတီဆိုသော နံပါတ်တစ်ခုသို့ စာတိုတစ်စောင် ပို့လိုက်၏။
မနက်မိုးလင်းတော့ ပြန်စာပို့ထားတာမတွေ့ရ၍ ဖုန်းဆက်လိုက်၏။ တော်တော်နှင့် ဖုန်းမကိုင် ပေ။ နောက်တော့ လူတစ်ယောက်လာကိုင်၏ ။
“ဟဲလို….တီတီလား ”
“ခင်ခင်…. ထင်တယ် ”
“ဟုတ်ပါတယ်ရှင့်…တီတီရှိလား မသိဘူး ”
“အမယ်လေး သမီးရေ…..”
နောက်မှ ငိုသံတစ်ခုအားကြားလိုက်ရ၏ ။
“ဟဲလို… ကြားရလားရှင့် ”
”ညီမလေး ဆုံးသွားပြီ ဗျ ”
“ရှင် …..”
တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ရင်ထဲတွင်လည်း အမျိုးအမည်မသိသော ခံစားချက်ကို ခံစားလိုက်ရ၏။
“မ…..မ နောက်ပါနဲ့…. အကိုရယ် ”
“ကျောင်းက ပြန်လာတဲ့နေ့မှာပဲ စက်လှေမှောက်ပြီး ဆုံးသွားတာ ဗျ ”
ခင်ခင်ထား ဖုန်း ပါ လွတ်ကျသွား၏။ ထို့နောက် လောကကြီးနှင့် ခဏမျှ အဆက်အသွယ် ပြတ်သွားလေသည်။ ပြန်လည်သတိရလာတော့ ဆေးရုံပေါ်တွင် ပိုက်များနှင့် သူ့ခန္ဓာကိုယ် ကို ဆက်သွယ်ထားသည်။
“မေမေ….သမီး…တီတီ့ဆီ သွားရမယ်… တီတီ… တီတီ အဆင်မှ ေပြရဲ့လားမသိဘူး…. သမီး အိပ်မက်ဆိုးတွေ မက်နေတယ် ”
ခင်ခင်ထား ရဲ့ မိခင်လည်း မျက်ရည်ကျရုံမှ လွဲ လို့ မတက်နိုင်ခဲ့ပေ။ နောက်တစ်နေ့ ဆေးရုံဆင်းတာနဲ့ ရတီစိုးဆီ သွားတော့၏။ ခင်ခင်ထား ရောက်သွားတော့ ရတီစိုး အသုဘ ချမည့်နေ့ပင် ဖြစ်နေသည်။
“တီတီ….တီတီ…”
ရတီစိုး အလောင်းစင်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်၏။
“တီတီ….ခင်ခင် အိပ်မက်နေတာ မဟုတ်ဘူးလား
ကျောင်းအတူတူတက်မယ်ဆို…ဘာလို့ တီတီ ကတိမတည်တာလဲ… ခင်ခင့်ကို ချစ်တယ် ဆို…ဘာလို့ထားခဲ့တာလဲ…. ပြန်လာခဲ့ပါတီတီရယ် ”
“ခင်ခင်တောင်းပန်ပါတယ်နော်… တီတီ့ကိုဂရုမစိုက်ပေးခဲ့မိဘူး…. ပစ်ထား ခဲ့မိတယ်… ခင်ခင့်ကို ခွင့်မလွှတ်ပါနဲ့ ”
ထိုစဥ် မိုးများ သည်းထန်စွာ ရွာချလေတော့၏ ။ ရတီစိုး၏ အကိုမှ အိမ်ထဲပြန်ဝင်ရန်ခေါ်သော်လည်း ခင်ခင်ထားက ထီးအားဖွင့်ကာ ရတီစိုး၏ အခေါင်းပေါ်တွင်ဆောင်းပေးထား၏ ။
“မိုးတွေရွာနေပြီ တီတီ…တီတီချမ်းနေပြီလား… မချမ်းနဲ့နော်… ခင်ခင်ထီးဆောင်းပေးထားတယ်… တီတီမှတ်မိလား… တို့တွေကျောင်းတက်တုန်းက မိုးရွာရင် တီတီ အရမ်းကြောက်လို့ ခင်ခင့်ကိုဖက်ထားတာလေ….မကြောက်နဲ့နော်…. ခင်ခင်ရှိတယ်သိလား ”
ခင်ခင်ထား စကားတွေလည်း ပြော ၊ ငိုလည်းငိုမို့ ဘယ်သူမှ မျက်ရည်မဆည်နိုင်ခဲ့ကြပါ။ ကျမ်းမာရေး မကောင်းပဲနဲ့ မိုးရွာထဲမှာ အကြာကြီး နေလိုက်တော့ ဒုတိယအကြိမ် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားလေ၏။
သတိပြန်ရလာတော့ ရတီစိုး ရက်လည်ပင် ကျော်လွန်သွားခဲ့ပြီ။ ထိုအချိန်မှစ၍ ရတီစိုးအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ် များ အမြဲလုပ်ပေးနေတော့သည်။ ရတီစိုး တစ်ယောက် ကောင်းကင်ဘုံကနေ ကျေနပ်ပျော်ရွှင်နေပါစေဟု ဆုတောင်းပေးရင်း…….
ပြီးပါပြီ…..
ရေးသားသူ = ကြွေရုပ်လွှာ (Daw Lay Khin)
မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေရန် မရည်ရွယ်ပါ