ပုလင်းထဲကဥစ္စာစောင့်(စ/ဆုံး)

Unicode Version

ပုလင်းထဲကဥစ္စာစောင့်(စ/ဆုံး)
————————————-
ထိုသို့ ဓားဖြင့် ခြစ်ချလိုက်သောကြောင့်ပင် ပုလင်းအတွင်းမှ စက္ကူတစ် ထပ်ကို ကျွန်တော်တို့ မြင်လိုက်ရခြင်းဖြစ်ပါသည်။ အစပိုင်းက ပြင်ပမှာ ကပ်ငြိနေသော ရေညှိများကြောင့် အတွင်းတွင် ဘာပါသည်ကို မမြင်ခဲ့ ရပေ။
“မင်း ဘယ်လိုလုပ်ပြီး ဒီပုလင်းကိုရလာတာလဲတင်လှိုင်” ကျွန်တော်ကပုလင်းယူလာသောကျွန်တော့်တပည့်ကိုမေးလိုက်သည်။ “နောက်ဖေးကဒိုက်တွေကိုရှင်းရင်းကဒိုက်တွေအောက်ကထွက်လာ
တာဆရာ၊ ကျွန်တော်လည်း ပုလင်းက ထူးခြားနေတယ်ဆိုပြီး ဆရာ့ဆီ ယူလာတာ”
ကျွန်တော့်ခြံမှာ ဧရာဝတီမြစ်ကမ်းဘေး၌ ရှိပါသည်။ မြစ်နှင့်ခြံမှာမည် မျှထိနီးကပ်နေသနည်းဆိုသော်ဝါဆိုဝါခေါင်ရေတက်သောကာလများတွင်
ခြံ၏ အတွင်းဘက်တစ်ဝက်လောက်အထိ ရေမြုပ်သွားတတ်လေ၏။ အလွန်ရေတက်သောနှစ်များဆိုလျှင် နွားခြံများပင်ရေမြုပ်ပါသည်။
ကျွန်တော်သည်နို့စားနွားများကိုအကြီးအကျယ်မွေးမြူသောလုပ်ငန်း ရှင်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့် နွားခြံကြီးသည် မြစ်ကမ်းဘေး၌ ကျယ်ပြောစွာရှိနေသည်။
မြစ်ရေကအနိမ့်ဘက်ကျသောကျွန်တော့်ခြံစပ်သို့ဦးတိုက်စီးဆင်းနေ
ရာခြံအစပ်ရှီကမ်းပါးအကွေ့၌အမှိုက်များ၊ ဒိုက်သရောများကပ်ငြိတင်ကျန်
နေတတ်သည်။ရေတက်ပြီးရေပြန်ကျသည့်အခါကျမှဒိုက်သရောများမျော
ပါသွားတတ်လေသည်။
ဒီနှစ်တော့ ကျွန်တော်က မြေနိမ့်ပိုင်း ချိုင့်ဝှမ်းထဲဝင်းနေသော အမှိုက် များကို တပည့်များအား ရှင်းခိုင်းလိုက်သည်။ ထိုအမှိုက်များမှာ ချိုင့်ထဲတွင် ကျန်နေသောကြောင့် ရေကျသည့်အခါတွင်လည်း ပါမသွား။ အမှိုက်ပုံကြီး သဖွယ် ဖြစ်နေသည်။ နှစ်ကာလကြာသောအခါ အမှိုက်ပုပ်နံ့များ ထောင်း ထောင်းထလာသည့်အတွက် ရှင်းခိုင်းလိုက်ရခြင်းဖြစ်၏။

 

မောင်တင်လှိုင် ယူလာသောပုလင်းမှာ ထိုအမှိုက်ထုထည်ကြီးထဲမှ ထွက်လာခြင်းဖြစ်သည်။
ကျွန်တော်သည်ပုလင်းထဲတွင်စာရွက်တစ်ထပ်ကိုခေါက်လျက်ထည့်
ထားပုံကို မြင်လိုက်ရသည့်အခါ အံ့ဩသွားသည်။ စိတ်လည်း ဝင်စားသွား သွားသည်။ ပုလင်းထဲ၌ စာထည့်၍ ရေထဲ မျောသော ဝတ္ထုဇာတ်လမ်းများ ဖတ်ဖူးထား၍လည်းထိုသို့စိတ်ဝင်စားမိခြင်းဖြစ်သည်။
ကျွန်တော်က ပုလင်းကို သေချာလေ့လာကြည့်ရာ ပုလင်းအဖုံးကို ဖယောင်းဖြင့်မံပြီးရေမဝင်အောင်သေချာပိတ်ထားသည်ကိုတွေ့လိုက်ရ၏။
စနစ်တကျ စီမံထားသည့် ပုလင်းနှင့် အတွင်းမှ စာရွက်ထပ်ကြောင့် စိတ်ဝင်စားမှုမှာ ပိုတိုးလာသည်။
ကျွန်တော်က ပုလင်းအဖုံးကို လှည့်ဖွင့်ရန် ကြိုးစား၏။ ဖယောင်းဖြင့် မံ ထားသည့်တိုင် အဖုံးတွင် သံချေးများ ကိုက်နေသည့်အတွက် လှည့်လို့ မရ တော့ချေ။
သို့ဖြင့် ပုလင်းကို ခပ်သာသာ ဆတ်၍ခွဲလိုက်ရ၏။
ထိုအခါ အတွင်းမှ စာခေါက်ကိုရလိုက်လေသည်။
ပုလင်းထဲ စာထည့်ထားသည့် သက်တမ်းမှာ မည်မျှ ကြာလေပြီ မသိ။ စာရွက်ခေါက်သည် ပုလင်း၏အတွင်းသားအတိုင်း ဝိုင်းဝိုင်းစက်စက် လိပ် လျက်ရှိသည်။ စာရွက်များကလည်းကျွတ်ဆတ်နေသည်။
စာရွက်များကို သည်အတိုင်း ဆွဲဖြန့်လိုက်ပါက ကျိုးကြေသွားမည်မှာ သေချာပေး၏။
တယု
ကျွန်တော်က စာရွက်ထပ်ကို ခပ်သာသာလေးနှင့် အတော်ပင် တယစိတ်ရှည်လက်ရှည်ထားကာ ဆွဲခွာလိုက်ပါသည်။ သို့တိုင်အောင် စာရွက်အလိပ်က ပြေမသွား။ စာရွက်များကို အလိပ်အတိုင်း တစ်ရွက်ချင်း စိတ်ရှည်လက်ရှည် ခွဲထုတ်ယူရသည်။ ထိုအခါ ရုံးသုံးလျှောက်လွှာစာရွက် အရွယ် စာရွက်ပေါင်း ၂၈ ရွက်ကို ခွဲထုတ်ရရှိလိုက်လေသည်။

 

အလိပ်အတိုင်း ဖြစ်နေသော စာရွက်များကို ဖြန့်မပစ်ရဲသေး။ အပြန့် လိုက်အတိုင်း ဖြစ်အောင် ဖြန့်လိုက်သည်နှင့် ကြေမွသွားမည့် ပုံမျိုး ရှိနေ သည်။ စက္ကူကို အလိပ်အတိုင်း အလင်းရောင်တွင်ထောင်ကြည့်သည့်အခါ မျက်နှာစာဘက်၌ မင်ဖြင့်ရေးထားသောစာများကိုတွေ့ရလေသည်။ ကျွန်တော် စိတ်ဝင်စားမှုမှာ ပိုတိုးလာပြန်၏။
နောက်ဆုံး၌ လိပ်နေသော စာရွက်များကို မဖြန့်လျှင် အတွင်းဘက်မှ စာသားများကို မဖတ်ရရုံရှိမည်မို့ စာရွက်များကို တစ်ရွက်ချင်း သေချာစွာ ဖြန့်လိုက်ရလေသည်။ စာရွက်အတော်များများပင် အလယ်နားဆီမှ ကျိုး သွားကြ၏။အချို့စာရွက်များမှာ သုံးလေးပိုင်းပင်ပြတ်ထွက်သွားလေသည်။
ကျွန်တော်က စာရွက်ထပ်အတိုင်း တန်းစီ၍အပေါ်မှ အလေးနှင့် ဖိကာ စားပွဲပေါ်တွင် ဖြန့်ထားလိုက်ရာ စာကြည့်စားပွဲတစ်ခုလုံး ပြည့်သွားလေ သည်။
ကျွန်တော်သည် စားပွဲပေါ်ဖြန့်ထားသော စာရွက်များပေါ်မှာ စာသား များကို စာရွက်များအား လက်နှင့် မထိပဲ စားပွဲပေါ်ကို ကိုယ်ကို ငုံ့ကိုင်ကာ ဖတ်ရလေ၏။
စာရွက်များပေါ်၌ မင်အပြာဖြင့် ရေးထားသောစာများကို တွေ့ ရသည်။ မြန်မာစာများပင် ဖြစ်ပါသည်။ . ကာလကြာမြင့်လှပြီဖြစ်ဟန်တူသည်။ မင်ရောင်မှာ ဖျော့နေပြီ။ ရေမဝင်အောင် စီစဉ်ထားသော်လည်း ကာလ ကြာ၍ ရေစိမ့်ဝင်ခဲ့ဟန်တူ၏။ အချို့ နေရာ၌ ရေများ ကွက်နေ၍ မင်များက ဖတ်မရအောင်ပြန့်နေသည်။
မည်သို့ပင်ဆိုစေ ကျွန်တော်သည် စာမျက်နှာ ၂၈ မျက်နှာစလုံးပေါ်မှ စာသားများကို မရ – ရအောင် ဖတ်နိုင်ခဲ့ပါသည်။ ဖတ်ရင်းမှ အလွန်အကြူး စိတ်ဝင်စားလာသည်။
ကျွန်တော့်သားကိုခေါ်၍စာရွက်ပေါ်မှဖတ်ရသမျှအကြောင်းအရာများ ကိုကျွန်တော်ကဖတ်ပြကာ သားကိုနောက်မှလိုက်ရေးခိုင်းခဲ့သည်။

 

ထိုအခါထူးဆန်းအံ့ဩဖွယ်ကောင်းသောအဖြစ်အပျက်တစ်ခုကိုသိရှိ
ခဲ့ရလေတော့သည်။
အောက်ဖော်ပြပါအကြောင်းအရာမှာ ပုလင်းထဲမှရသော စာရွက် ၂၈ ရွက်ပေါ်မှ ဖတ်လို့ရသမျှစာသားများအတိုင်းဖြစ်ပါ၏။
ကျွန်ုပ်တို့ ရွာကလေးမှာ ရိုးမတောင်တန်းများအနီး သစ်တောထူထပ် သော ကုန်းတွင်းပိုင်း၌ ရှိပါသည်။ ဧရာဝတီမြစ်ကြီးသည် ကျွန်ုပ်တို့ရွာနှင့် ငါးမိုင်ခန့် ဝေးပါ၏။
ရွာအနီး၌ချောင်းများ၊မြောင်းများမရှိပါ။ရေကန်ကြီးတစ်ခုသာရွာထိပ် ၌ ရှိလေသည်။ သောက်သုံးရေနှင့် ချိုးရေအတွက် ထိုရေကန်ကြီးကိုသာ အားကိုးရလေ၏။ သို့ရာတွင် ထိုရေကန်ကြီးမှာ နွေအခါတွင် ရေခန်းလေ့ ရှိပါသည်။ထို့ကြောင့်နွေရာသီဆိုလျှင်ရွာဦးဘုန်းကြီးကျောင်းထဲမှရေတွင်း ကြီးနှင့် ကျွန်ုပ်တို့ အိမ်ဝိုင်းထဲမှ ရေတွင်းကြီးကိုသာ တစ်ရွာလုံး အားကိုးရ လေတော့သည်။
ကျွန်ုပ်တို့ ခြံထဲမှ ရေတွင်းကြီးမှာ ကျွန်ုပ်၏အဘိုးလက်ထက်ကတည်း ကတူးဖော်ထားခဲ့ခြင်းဖြစ်ပါသည်။
နွေအခါဆိုလျှင် အိမ်ဝင်းထဲ၌ ရေခပ်လာသူများဖြင့် မပြတ်မလပ် ရှိနေလေတော့၏။
ကျွန်ုပ်တို့အိမ်မှာမိခင်ကြီးနှင့်ကျွန်ုပ်သာလျှင်အမေတစ်ခု၊ သားတစ်ခု အဖြစ် ရှိကြပြီး ခြံထဲမှ သီးပင်များကိုရောင်းချစားသောက်ခြင်းဖြင့် အသက် မွေးဝမ်းကျောင်းပြုသောကြောင့် မတောင့်မတ နေနိုင်ကြပါပေသည်။ သီး ပင်၊စားပင်တို့မှာနှစ်ရှည်ခံပင်များဖြစ်၍ရာသီအလိုက်ရရှိသောအသီးအနှံ များကို ဆွက်ခူးရောင်းချရုံသာ ဖြစ်သည်။ အထူးတလည် လုံ့လစိုက်စရာ မလိုချေ။ ရေတွင်းကြီး ရှိနေသည်မှာလည်း ကျွန်ုပ်တို့ခြံအတွက် အဆင်ပြေ

 

လှ၏။သစ်ပင်များမှာ ရေဝဝရနေသည့်အတွက်စိုစိုပြေပြေနှင့်ဝေဝေဆာဆ ာ ရှင်သန်နိုင်ပေသည်။
ကျွန်ုပ်၏ ဘဝသည် ထူးခြားမှုမရှိသော သာမန်ဘဝတစ်ခုသာ ဖြစ်ခဲ့ပါ သည်။ ငယ်စဉ်က ရွာဦးဘုန်းကြီးကျောင်းတွင် စာပေသင်ကြားရသည်။ ကျွန်ုပ်အသက် ၈ နှစ်အရွယ်တွင် မိဘနှစ်ပါးက ကျွန်ုပ်ကို ရှင်ပြုပေးသည်။ ကျွန်ုပ်အသက် ၁၂ နှစ်အရွယ်၌ ကျွန်ုပ်၏ဖခင်ကြီး ဆုံးပါးခဲ့လေသည်။ ဖခင် ကွယ်လွန်ပြီးနောက်ပိုင်းအိမ်၏စီးပွားရေးဖြစ်သောခြံလုပ်ငန်းကိုကျွန်ုပ်ပင်
ဦးဆောင်လုပ်ကိုင်ခဲ့ပေသည်။
ဤအကြောင်းအရာများကို မှတ်တမ်းတင်နေသည့်အချိန်တွင် ကျွန်ုပ် အသက်မှာ ၂ဝ ပြည့်ခဲ့ပြီးလေပြီ။
မိခင်ကြီးကကျွန်ုပ်အားအသက်၁၈နှစ်ပြည့်ချိန်မှစ၍အိမ်ထောင်ပြုရန် တိုက်တွန်းခဲ့လေ၏။ကျွန်ုပ်၌ရည်းစားသနာမရှိပေရာအိမ်ထောင်ပြုလိုစိတ်
လည်း မရှိခဲ့ပါပေ။ မိခင်ကြီး စပ်ဟပ်ပေးသော ရွာထဲမှ မိန်းကလေးအချို့ကို လည်းကျွန်ုပ်နှစ်သက်မှုမရှိ၍ငြင်းပယ်ခဲ့ပေသည်။မိခင်ကြီးကသူမမှာ သက် အရွယ်ကြီးရင့်လာရုံမက မျက်စိကမှုန်၊ ကျန်းမာရေးကလည်း မကောင်း သဖြင့်ကျွန်ုပ်အားအိမ်ထောင်ပြုစေချင်လှပေသည်။သူမရှိတော့လျှင်ကျွန်ုပ် အတွက် စိတ်မချနိုင်ဟု မကြာခဏ ဆိုရှာလေသည်။ ကျွန်ုပ်မှာလည်း ကြိုက်နှစ်သက်စရာမိန်းကလေးမရှိပေရာလူပျိုဘဝဖြင့်ပင်ကြာရှည်ခဲ့လေ
သည်။
ကျွန်ုပ်တို့ ကျေးလက်တောရွာများ၌ အသက် ၁၆၊၁၇ လောက်ဆို လျှင် အိမ်ထောင်ပြုကြမြဲဖြစ်ရာ ကျွန်ုပ်မှာ အရွယ်လွန်၍ လူပျိုကြီး စာရင်း ဝင်နေခဲ့ပေပြီ။ ကျွန်ုပ်၏သူငယ်ချင်းများမှာအိမ်ထောင်ကျ၍သားသမီးများ ပင် ချီနေရပြီဖြစ်ပေ၏။
ကျွန်ုပ်ကား ကိုယ်နှစ်သက်သူကိုမှ အိမ်ထောင်ပြုမည်ဆိုသော အစွဲ ဖြင့်ခေါင်းမာနေခဲ့လေသည်။

 

မည်သို့ဆိုစေ၊ ကျွန်ုပ်သည်လည်း နှလုံးသားရှိသော ပုထုဇဉ် လူသား တစ်ဦးပင် ဖြစ်ပေရာ အချိန်တန်သည်၌ ကျွန်ုပ်နှစ်သက်သောသူကို တွေ့ခဲ့ ရလေတော့သည်။
ကျွန်ုပ်၏ချစ်သူမှာလူသားတစ်ဦးတော့မဟုတ်ပါပေ။ ကျွန်ုပ်၏ချစ်သူ သည် ရေအောက်သိုက်နန်းကို စောင့်ရှောက်ရသော သိုက်နန်းရှင် ဥစ္စာ စောင့်မလေးတစ်ဦး ဖြစ်ပေ၏။
မြစ်ချောင်းပင်လယ်နှင့် ဝေးကွာလှသော ရွာမှ ကျွန်ုပ်နှင့် ရေအောက် သိုက်နန်းမှ သိုက်နန်းရှင်လေးတို့ တွေ့ ဆုံရပုံမှာ ဆန်းကြယ်လှပေသည်။ မယုံနိုင်ဖွယ်လည်း ကောင်းလှပေသည်။ ကျွန်ုပ်သာလျှင် ကာယကံရှင်ဖြစ် ၍ ကျွန်ုပ်၏ ဆန်းကြယ်သော ကံကြမ္မာကို လက်ခံယုံကြည်လိုက်ရသည်။ မိခင်ကြီးနှင့်တကွ ရွာသူရွာသားအားလုံးနှင့် ရွာဦးကျောင်းဆရာတော်ကြီး ပါမကျန် ကျွန်ုပ်ပြောပြသော အကြောင်းများကိုမယုံကြည်ခဲ့ကြပါပေ။
လူအများမယုံလောက်အောင်လည်း ကျွန်ုပ်နှင့် ကျွန်ုပ်ချစ်သူတို့ တွေ့ ဆုံပုံက ဆန်းကြယ်လှလေ၏။
တစ်နေ့သ၌ ကျွန်ုပ်သည် လုပ်ရိုးလုပ်စဉ်အတိုင်း ခြံအတွင်းမှ သစ်ပင် များအား ရေလောင်းသည့်အလုပ်ကို လုပ်ကိုင်လျက်ရှိလေသည်။ သစ်ပင်
များအားရေလောင်းရာတွင်အပင်အနီးအထိသွားလောင်းရန်မလိုပါ။သစ်ပင် ပင်ခြေများအထိ မြောင်းများ ဖောက်ထားပြီး ထိုမြောင်းများ၏ အစသည် ရေတွင်းကြီး၏ အခြေမှ စလေသည်။ ရေတွင်းပတ်ပတ်လည်၌ သစ်ပင် အမြစ်များအထိ ကျွန်ုပ်ကိုယ်တိုင် တူးထားသော ရေမြောင်းလေးများကို တွေ့ရနိုင်လေသည်။
ညနေစောင်း၍ရေခပ်လာသူများရှင်းလင်းသွားပြီဆိုလျှင်ကျွန်ုပ်သည်
တွင်းထဲမှ ရေကို တစ်ပုံးပြီးတစ်ပုံး ငင်ကာ ရေတွင်းဘေးမှာ မြောင်းကလေး

များထဲသို့ လောင်းထည့်ပေးခြင်းဖြင့် သစ်ပင်များအား ရေလောင်းခြင်းကို ပြုလုပ်မြဲဖြစ်ပေသည်။
ထိုနေ့ ညနေကလည်း ကျွန်ုပ်သည် နေ့စဉ် ထုံးစံအတိုင်း ရေငင်လိုက် မြောင်းများထဲသို့ ရေလောင်းချလိုက်ဖြင့် အလုပ်များနေခဲ့ပေ၏။
ကျွန်ုပ်က တွင်းထဲမှ ရေများကို စက်သီးကြိုးဖြင့် တစ်ပုံးပြီးတစ်ပုံး ငင် နေခဲ့ရာ တစ်ကြိမ်တွင် ကျွန်ုငင်လိုက်သော ရေပုံးထဲ၌ ရေများပါမလာပဲ ကျောက်ခဲများချည်း ပုံးအပြည့်ပါလာခဲ့လေသည်။ ကျွန်ုပ်လည်း အံ့ဩသွား မိလေ၏။ ရေတွင်းထဲမှ ကျောက်ခဲများသည် အဘယ်ကြောင့် ရေပုံးထဲသို့ ရောက်လာရပါသနည်း။ပုံးထဲသို့အစိုင်အခဲမဟုတ်သောရေများဝင်ရန်သာ အကြောင်းရှိသည်။ ကျောက်ခဲကဲ့သို့အစိုင်အခဲများသည်အလိုအလျှောက် ဝင်ရောက်လာဖို့မဖြစ်နိုင်ချေ။
ကျွန်ုပ်သည်ပါလာသောကျောက်ခဲများကိုရေတွင်းဘေးတွင်ပုံချလိုက်
ကာရေတွင်းထဲသို့ငုံ့ကြည့်လိုက်လေသည်။
ထိုအခါ ရေတွင်းထဲ၌ မိန်းမတစ်ယောက်၏ ဦးခေါင်းပိုင်းပေါ်နေသည် ကိုထူးဆန်းစွာ တွေ့မြင်လိုက်ရလေ၏။ အလွန်တရာနက်ရှိုင်းသောကျွန်ုပ် တို့ ရေတွင်းကြီးအောက်ခြေသို့ မိန်းမတစ်ယောက် ရောက်နေခြင်းမှာ မဖြစ် နိုင်သောကြောင့် ကျွန်ုပ်သည် စိတ်ထင်လို့များလားဟု တွေးလိုက်မိသေး သည်။ ညနေခင်းဖြစ်၍ ရေတွင်းအောက်ခြေသည် မှောင်မည်းနေပေရာ ကျွန်ုပ်စိတ်ထင်ယောင်ထင်မှား ဖြစ်သွားတာလည်း ဖြစ်နိုင်ပေ၏။
ကျွန်ုပ်ကသေချာအောင် နောက်တစ်ကြိမ်စိုက်ကြည့်လိုက်ပြန်သည်။ ကျွန်ုပ်၏ စိတ်ကထင်နေလို့များလားမဆိုနိုင်ပေ။ မိန်းမတစ်ယောက်သည် ခေါင်းကိုမော်ကာရေတွင်းအထက်သို့မော့ကြည့်နေသည်ကိုတွေ့နေရပြန်
ပါ၏။
ထိုအခိုက် ရယ်မောလိုက်သောအသံသည် ရေတွင်းအောက်ခြေမှ လိုဏ်သံပေါက်၍ထွက်ပေါ်လာပြန်လေသည်။ရယ်သံမှာလည်းမိန်းမအသံ
ဖြစ်ပေ၏။

 

ကျွန်ုပ်သည် ကြက်သီးဖြန်းဖြန်းထသွားမိလေ၏။ သရဲတစ္ဆေများ ချောက်လှန့်ခြင်းပေလော။
“စိတ်ဆိုးသွားသလားဟင်”
ရေတွင်းအောက်ခြေမှမိန်းမအသံဖြင့်စကားသံထွက်ပေါ်လာပြန်သည်။ “ဟေး – အောက်က ဘယ်သူလဲ၊ ဘာလုပ်နေတာလဲ”
ကျွန်ုပ်က မေးလိုက်ရသော်လည်း ပေတစ်ရာကျော် နက်ရှိုင်းသော ရေတွင်းအောက်ခြေသို့လူတစ်ယောက်ရောက်နေဖို့အကြောင်းမှာဖြစ်နိုင်
ခဲကြောင်းတွေးလိုက်မိလေသည်။
“စိတ်မဆိုးပါနဲ့နော်၊ ရေပုံးထဲကို ခဲလုံးတွေ ကျွန်မထည့်လိုက်တာပါ။ ကျွန်မပျော်ချင်လို့ သက်သက်ကျီစယ်လိုက်တာပါ”
ရယ်သံထွက်လာပြန်သည်။

 

“ရေတွင်းထဲကျနေတာမဟုတ်ပါဘူးရှင်၊ ကျွန်မကရေထဲမှာနေတဲ့သူ ပါ။ ပျင်းလို့ လျှောက်သွားရင်းက ဟောဒီ ရေတွင်းအောက်နေရာကို ရောက်
လာတာ။
“ဘာ – ပျင်းလို့၊ ဟုတ်လား၊ မင်းက ရေထဲမှာနေတယ်” ကျွန်ုပ်သည် ဘာကိုမှနားမလည်နိုင်တော့ပေ။
“ခစ် – ခစ် – ခစ် – ရှင်ကျွန်မနဲ့တွေ့ချင်လားဟင် – တွေ့ချင်တယ်ဆိုရင် ရှင့်ရေပုံးကြိုးကို ချလိုက်လေ၊ ကြိုးကို ဆွဲပြီး ကျွန်မလိုက်ခဲ့မယ်။ ကျွန်မဟာ ကျွန်မတော့ မတက်နိုင်ဘူးနော်၊ရှင်အပေါ်ကနေဆွဲယူမှဖြစ်မှာ၊ ဘယ့်နှယ် လဲ၊ ရှင်ဆွဲနိုင်ရဲ့လား”
“ဘာလို့မဆွဲနိုင်ရမှာလဲဗျ၊ ယောက်ျားပဲ”
“ဒါဖြင့် ရှင် ကျွန်မကို တွေ့ချင်တယ်ပေါ့”
“မင်း ဘယ်လိုလူဆိုတာ ငါသိချင်လို့ပါ။ ကဲ- ပြောနေကြာတယ်ကွာ၊ ရေပုံးကို ချလိုက်ပြီဟေ့”
ကျွန်ုပ်ချပေးသော ရေပုံးတွင်းအခြေသို့ ကျသွားချိန်တွင် သူမထံမှ အသံထွက်လာပြန်သည်။
“ကျွန်မ ရေပုံးကို အားပြုပြီး ဆွဲလိုက်ခဲ့မယ်။ ရှင်သာ အပေါ်ကနေ ဆွဲ ပေတော့”
ကျွန်ုပ်လည်း စက်သီးကြိုးအား အားစိုက်၍ ဆွဲတင်လိုက်လေသည်။ လူတစ်ကိုယ်စာမို့ အတော်ပင် အားသုံး၍ဆွဲယူရလေ၏။
သူမသည် တဖြည်းဖြည်းဖြင့် အပေါ်ကို ရောက်လာလေသည်။ သူမ၏ အသွင်အပြင်ကိုလည်း ထင်ရှားစွာ မြင်လိုက်ရလေ၏။
သူမ၏ ရင်သားအထက်ပိုင်းကို မြင်လိုက်ရသည့်အချိန်တွင် ကျွန်ုပ်မှာ မှင်တက်မိကာ ကြိုးကို ဆက်မဆွဲပဲ သူမကို ငေးကြည့်နေမိလေ၏။ သူမ၏ ဆံပင်များမှာ နက်မှောင်ပြီး တင်ပါးကျော်သည်ထိ ရှည်လျားနေပေသည်။

 

ရင်လျားထားသော ထမီစမှာ ငွေရောင်တပြောင်ပြောင် လက်နေပေ၏။ (စင်စစ်- အကြောင်းစုံမသိသေး၍ ကျွန်ုပ်က သူမကို ရင်လျားထားသည် ဟုထင်ခဲ့မိခြင်းဖြစ်သည်။ အမှန်က ထမီရင်လျားထားခြင်းမဟုတ်ပါ။
“အို- ကျွန်မကို ဒီအတိုင်း ထားတော့မှာလား။ ရေတွင်းဘောင်ပေါ် ကျွန်မတက်ထိုင်ပါရစေ၊ ကျွန်မလက်ကိုလှမ်းဆွဲလိုက်ပါအမောင်” သူမက ပြောလိုက်မှ ကျွန်ုပ်အသိဝင်လာကာ သူမကမ်းပေးသော
လက်ကိုဖမ်းကိုင်ကာ
ကျွန်ုပ်ဘက်သို့ရောက်အောင်ဆွဲယူလိုက်ရလေသည်။ သူမ၏တစ်ကိုယ်လုံးကရေတွင်းဘောင်ပေါ်တွင်တက်ထိုင်မိရက်သား
ဖြစ်သွားလေ၏။
သူမ၏တစ်ကိုယ်လုံးကိုမြင်လိုက်ရမှပင်ကျွန်ုပ်သည်အံ့ဩမှုအထွတ် အထိပ်သို့ ရောက်ကာ ထိတ်လန့်ချောက်ချားသွားရလေ၏။ သူမကားလူစင်စစ်တစ်ယောက်မဟုတ်။အောက်ပိုင်းတွင်ငါးအမြီးနှင့် ဆက်ထားသော ရေသူမတစ်ကောင်သာ ပါတကား။ အစပိုင်းက ရင်လျား ထားသော ငွေရောင်ထမီစဟု ကျွန်ုပ်ထင်ခဲ့သည်မှာ သူမကိုယ်ပေါ်မှာ အကြေး ခွံများဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။ ရေတွင်းပေါင်ပေါ်တက်ထိုင်နေ ရင်းမှ သူမ၏ အောက်ပိုင်းမှာ ငါးအမြီးပိုင်းသည် ရေတွင်း၏ အတွင်းနံရံကို တဖျပ်ဖျပ် ရိုက်ခတ်လျက်ရှိပေသည်။
“ဟင် မင်း- မင်း – ရေသူမ”
“ဟုတ်ပါတယ်အမောင်၊ကျွန်မဟာလူသားမိန်းမတစ်ယောက်မဟုတ် ပါဘူး။ ရေအောက်သိုက်နန်းက သိုက်နန်းရှင် တစ်ယောက်ပါအမောင်” “ဘာ- သိုက်နန်းရှင်၊ ဟုတ်လား၊ မင်းဟာ လူတစ်ပိုင်း ရေသူမ မဟုတ်
လား”
“လူတစ်ပိုင်းငါးတစ်ပိုင်း သတ္တဝါတစ်ကောင်မဟုတ်ပါ။ ရေထဲမှာကျင် လည်ရလို့ ငါးအသွင်ကို ဆောင်ယူထားခြင်းဖြစ်ပါတယ် အမောင်”

 

“ဒါဖြင့် မင်းက ဘာလဲ”
“ရေအောက်သိုက်နန်းရဲ့သိုက်နန်းရှင်တစ်ယောက်ပါလို့ ပြောပြီကော
အမောင်ရယ်”
“ဒီလိုဆို – ဒီနေရာကို မင်း ဘယ်လို ရောက်လာတာလဲဟင်၊ မင်း တို့ သိုက်က ဟောဒီရေတွင်းကြီးအောက်မှာလား”
ကျွန်ုပ်၏အမေးကို သူမကရယ်မောနေသေးသည်။
“ကျွန်မတို့ သိုက်နန်းက ဧရာဝတီမြစ်ကြီးရဲ့မြစ်ကြမ်းပြင်အောက်မှာပါ
အမောင်ရယ်”
“ဧရာဝတီမြစ်၊ ဧရာဝတီမြစ်ကဒီနေရာနဲ့ အဝေးကြီးပဲ” “ဪ-အမောင်ရယ်၊ ရေကြောတွေဟာ မြေလွှာအောက်မှာ လိုဏ် ခေါင်းပေါက်တွေဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာ ဆက်နေတာရှင့်” “ဟင်”
“အဲဒီလို ရေကြောတွေတစ်ခုနဲ့တစ်ခု ဆက်နေလို့လည်း အမောင်တို့ ဟောဒီလိုရေတွင်းမျိုးတူးဖော်လို့ရတာပေါ့အမောင်၊ကျွန်မကရေအောက် သိုက်နန်းထဲမှာနေရတာပျင်းလွန်းလို့ရေကြောရှိတဲ့လိုဏ်ခေါင်းတွေအတိုင်း လျှောက်သွားရင်းက ဒီနေရာကို ရောက်လာတာပါအမောင်၊ ကျွန်မ ဟောဒီ ရေတွင်းကြီးအောက်ခြေကို လာလည်တာ .. သုံးရက်ဆက်တိုက်ပါပဲ။ အမောင့်ကို မြင်ပါတယ်။ အမောင်နဲ့ ခင်မင်ချင်လို့ ခုလို အသိပေးပြီး မိတ်ဖွဲ့ ရတာပါအမောင်”
ကျွန်ုပ်သည်မမျှော်လင့်ပဲကျွန်ုပ်တို့ရေတွင်းထဲမှပေါ်လာသည့်ရေသူမ အသွင် ဆောင်ယူထားသော မိန်းကလေးကို ကြည့်ကာ အံ့လည်း အံ့ဩ မယုံကြည်နိုင်အောင်လည်း ရှိနေမိသည်။ မည်သို့ မယုံကြည်သည်ဖြစ်စေ သူမကားကျွန်ုပ်ရှေ့မှောက်၌မျက်ဝါးထင်ထင်ရောက်ရှိနေပြီတည်း။ရောက် ရှိရုံမကကျွန်ုပ်အားလူသားများသုံးနှုန်းသည့်စကားဖြင့်ပင်ပြောကြားလျက်
ရှိလေပြီ။

“ဘယ့်နှယ်လဲအမောင်၊ သိပ်အံ့ဩနေသလားဟင်၊ ကျွန်မနဲ့ ခုလို သိကျွမ်းရတာကို ဘယ်သူမှမသိစေချင်ဘူးကွယ်”
“ဘာ – ဘာဖြစ်လို့လဲဟင်”
“ကျွန်မတို့ရဲ့ရေအောက်သိုက်နန်းကြီး ရှိနေတာကို လူတွေ သိကုန်မှာ
စိုးလို့ပေါ့အမောင်”
“ဒါဖြင့် – ကျွန်ုပ်ကိုတော့ ဘာကြောင့် အသိပေးရသလဲ” “ပြောပါကော၊အမောင်ကိုခင်လို့ပါလို့၊အမောင်သာနှုတ်လုံမယ်ဆိုရင်
ကျွန်မအမောင်နဲ့ မကြာခဏလာတွေ့ချင်ပါတယ်အမောင်” “ဟာ- စိတ်ချ၊ ကျွန်ုပ်ဘယ်သူ့ကိုမှပြန်မပြောပါ။ ကျွန်ုပ်လည်းသင့်ကို ခင်ပါတယ်။ သင့်နာမည်…”
“ကျွန်မရဲ့အမည်ကမြနဒီလို့ခေါ်ပါတယ်။ရေအောက်သိုက်နန်းရဲ့သိုက်
နန်းရှင်မလေးမြနဒီပါအမောင်”
“ကျွန်ုပ်အမည်ကို မောင်ကောင်းမွန်လို့ ခေါ်ပါတယ် မြနဒီ၊ ကျွန်ုပ်ဖြင့် မြနဒီကို တွေ့ရတာ ဝမ်းလည်းသာတယ်၊ အံ့လည်း အံ့ဩမိတယ်ဗျာ” “အမောင်ရယ်၊ ဒီလောကကြီးမှာ မျိုးမတူဇာတ်ခြားတဲ့ သတ္တဝါ အနန္တ ရှိပါတယ်။ ဘာမှ အံ့ဩစရာမဟုတ်ပါ”
မြနဒီက သူမတို့၏ ရေအောက်သိုက်နန်းကြီးအကြောင်းကို ပြောပြခဲ့ ပေသည်။ သူမတို့၏ သိုက်နန်းသည်…
(ဤနေရာ၌စာရွက်တွင်ရေစိုကာမင်များပြန့်နေသောကြောင့်ဖတ်မရ
ခဲ့ပေ။ နောက်ဆက်လက် ဖတ်ရှုရသည့် စာများအရ ရေအောက် သိုက်နန်း အကြောင်းကို အသေးစိတ် ပြောပြချက်များ ဖြစ်ပုံရပေသည်။ စာကြောင်း ရေ၂ဝ ခန့် ပျက်နေပေသည်။)
မြနဒီကကျွန်ုပ်ကိုနှုတ်ဆက်ကာ ရေတွင်းထဲသို့ ခုန်ဆင်းပြီးပျောက်
000
ကွယ်သွားလေပြီ။

 

ကျွန်ုပ်သည် မှောင်နေသော ရေတွင်းအောက်ခြေကို ငေးကြည့်ကာ ကျွန်ုပ် တွေ့ကြုံခဲ့ရသည်များမှာ အမှန်တကယ်မှ ဟုတ်ပါလေစ၊ အိပ်မက် များလေလားဟုတွေးကာအံ့ဩတွေဝေနေမိတော့သည်။မည်သို့ပင်ဆိုစေ နောက်နေ့တွင်လည်း မြနဒီက ကျွန်ုပ်ထံ လာရောက်လည်ပတ်ဦးမည်ဟု ကတိပေးသွားလေရာ ကျွန်ုပ်စောင့်မျှော်ရပေတော့မည်။
မြနဒီသည် သူမ၏ ကတိအတိုင်း နောက်တစ်နေ့တွင်လည်း ကျွန်ုပ်ထံ သို့ ရောက်ရှိလာခဲ့ပေသည်။ ကျွန်ုပ်သည် သူမရောက်လာကြောင်း အချက် ပြလိုက်သည်နှင့် ရေငင်ပုံးကို ချပေးကာ မြနဒီအား အထက်သို့ ရောက် အောင် ဆွဲတင်လိုက်လေသည်။
ကျွန်ုပ်နှင့်မြနဒီကားစကားများပြောမကုန်နိုင်အောင် ရှိတော့၏။ မြနဒီ သူမ၏ ရေအောက်သိုက်နန်းကြီးအကြောင်း ကို ပြောပြသလို… ကျွန်ုပ် တို့လူ့လောကမှ အကြောင်းခြင်းရာများကိုလည်း မေးမြန်းလေသည်။ “မြနဒီဟာလူ့ဘဝကိုစွန့်လွှတ်ခဲ့ရတာနှစ်ပေါင်းများစွာကြာပါပြီအမောင်၊
ကြာလွန်းလို့ နှစ်ကာလ ဘယ်လောက်ရှိပြီဆိုတာတောင် မမှတ်မိတော့ပါ ဘူးကွယ်၊ ဒါကြောင့်လည်း လူသားများကို တွေ့ မြင်ချင်လွန်းလို့ အမောင် ရှိတဲ့နေရာကိုလာနေမိတာပါအမောင်”
“ကျွန်ုပ်ဆီကို လာရောက် လည်ပတ်တာဟာ မြနဒီရဲ့စိတ်အပျင်းပြေဖို့ တစ်ခုတည်းကြောင့်ပဲလား မြနဒီ၊ ဒါဆိုရင်တော့.. မြနဒီဟာ ကိုယ့်ရဲ့အတ္တ စိတ်ပြေပျောက်ဖို့အတွက်ကျွန်ုပ်ကိုဒုက္ခဝေဒနာတွေလာပေးသလိုဖြစ်နေ
ပါပြီကော မြနဒီ”
“အလို- ဘာကို ဆိုလိုတာပါလိမ့် – အမောင်”
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်က မြနဒီကို ချစ်နေလို့ပါပဲ မြနဒီ၊ ကျွန်ုပ် မြနဒီကိုအသည်းပေါက်မတတ်ချစ်နေမိပါပြီ”

 

“မတော်ပါဘူးအမောင်ရယ်၊ အမောင်နဲ့ မြနဒီဟာ မျိုးမတူဇာတ်ခြား ပါတယ် အမောင်”
“ခုမှတော့ဒါတွေကိုမတွေးနိုင်တော့ဘူးမြနဒီရယ်…ကျွန်ုပ်ရဲ့နှလုံးသား
က အလိုလို ပေါ်လာတဲ့ အချစ်စိတ်ပေပဲ၊ ကျွန်ုပ်ကို မြနဒီတို့ရဲ့ သိုက်နန်းကို ခေါ်သွားပါတော့”
“အို-”
ကျွန်ုပ်၏တောင်းဆိုချက်ကြောင့်မြနဒီမှာအလွန်ပင်တုန်လှုပ်ချောက်
ချားသွားပေတော့သည်။
“ဘဝချင်းကဖြင့် ဘယ်လိုမှပေါင်းစပ်လို့ မရပါဘူးအမောင်ရယ်” “မြနဒီကျွန်ုပ်ကို မေတ္တာမမျှနိုင်ဘူးလားဟင်”
“မြနဒီ အမောင့်ကို သံယောဇဉ်ရှိပါတယ်။ ချစ်ပါတယ်အမောင်၊ သို့ပေ တဲ့- တစ်ဦးနဲ့တစ်ဦး မပေါင်းဖက်နိုင်တဲ့ ဘဝများမို့ အမောင့်အချစ်စိတ်ကို လည်း မျိုသိပ်လိုက်ပါ။ မြနဒီ ချစ်စိတ်ကိုလည်း မျိုသိပ်ထားပါ့မယ်အမောင် ရယ်”
“အချစ်ဆိုတာမျိုသိပ်ဖို့မဟုတ်ပါဘူးမြနဒီ၊အချစ်ဆိုတာချစ်ဖို့ပါပဲကွယ်” “အို- မြနဒီ အမောင့်ကို ဆက်သွယ်မိတာ မှားပြီထင်ပါရဲ့၊ ခွင့်လွှတ်ပါ အမောင်ရယ်”
“ဘဝချင်း တူတူ – မတူတူ၊ ပေါင်းလို့ ရရ- မရရ ၊ မြနဒီ ကျွန်ုပ်ကို ချစ် တယ်ဆိုတဲ့ အဖြေပေးရင် ကျေနပ်ပါပြီ မြနဒီ”
“ချစ်ပါတယ် အမောင်၊ မြနဒီ အမောင့်ကို ချစ်ပါတယ်ရှင်”
ကျွန်ုပ်၏ ယခင်နှင့်မတူ မူပျက်နေသော အဖြစ်ကို မိခင်ကြီးက ရိပ် စားခဲ့မိလေသည်။
“သား – ညတိုင်းညတိုင်းရေတွင်းဘေးမှာကြာလှချည်လား၊အမှောင်ထဲ မှာ ခြင်ကကိုက်နဲ့ မင်း ဘာလုပ်နေတာလဲ”

 

“ကျွန်တော် သစ်ပင်တွေ ရေလောင်းနေတာပါအမေ”
“သစ်ပင်ရေလောင်းတာ ဒီလောက် မကြာပါဘူး။ အမေလာကြည့် တော့ မင်းတစ်ယောက်တည်း စကားပြောနေတဲ့ အသံကို ကြားရတယ်။
ငါ့သားရဲ့”
“အမေစိတ်ထင်လို့ပါအမေ”
ထိုအကြောင်းကို ကျွန်ုပ်က မြနဒီကိုပြန်ပြောပြလိုက်သည်။
“အမေက မျက်စိမှုန်တော့ မြနဒီကို မမြင်ရဘူးပေါ့။ အမေ့ကို ကျွန်ုပ် နဲ့ မြနဒီအကြောင်းတွေ ဖွင့်ပြောလိုက်ရမလားဟင်”
“စောပါသေးတယ်အမောင်၊ မြနဒီအကြောင်းကို ဘယ်သူမှ မသိစေ
ချင်ဘူး”
“ကျွန်ုပ်တို့ ဒီလိုပဲ နေသွားရတော့မှာလား မြနဒီ၊ မြနဒီနဲ့ ကျွန်ုပ်နဲ့ နီးဖို့ အရေးကို ကြံစည်စမ်းပါဦး”
“အင်း – အမောင့်ကို မြနဒီတို့ရဲ့ ရေအောက်သိုက်နန်းကြီးဆီ ခေါ်သွား ပါဦးမယ်လေ၊ သိုက်နန်းကိုလေ့လာပြီးမှအမောင်နေနိုင် – မနေနိုင်ဆုံးဖြတ် ပါလေ”
“မြနဒီနဲ့အတူလိုက်ရရင် ရေထဲကနေလိုက်လာရမှာလား၊ ကျွန်ုပ် အသက်
ရှူလို့ ရပါ့မလား မြနဒီရယ်”
“မြနဒီနဲ့ အတူတူ ဆိုရင်ဖြင့် စိတ်ပူစရာမလိုပါဘူး၊ အမောင် အန္တရာယ် ကင်းကင်းနဲ့ လိုက်ပါနိုင်ပါတယ်။ ဒါပေမဲ့… ဒီအကြောင်းကို အမောင် နှုတ် လုဖို့လိုတယ်နော်အမောင်”
“စိတ်ချပါ မြနဒီ”
သို့ဖြင့် – မြနဒီက လာမည့် လပြည့်နေ့တွင် ကျွန်ုပ်အား သူမ နေထိုင် သည့် ရေအောက်သိုက်နန်းသို့ အလည်အပတ် ခေါ်ဆောင်သွားမည့် အကြောင်း၊သိုက်နန်းမှသိုက်ချုပ်မယ်တော်ကြီးနှင့်မိတ်ဖွဲ့ပေးမည့်အကြောင်း
ကတိပေးလေသည်။

 

နောက်တစ်ကြိမ် လပြည့်နေ့တွင် မြနဒီက ကတိအတိုင်း ကျွန်ုပ်အား သူမတို့၏ သိုက်နန်းသို့ ခေါ်ဆောင်သွားခဲ့လေ၏။
ကျွန်ုပ်သည် မြနဒီ ရောက်လာကြောင်း ရေတွင်းအောက်မှ အသိပေး လိုက်သည်နှင့် ခါးတောင်းကိုမြှောင်အောင်ကျိုက်ကာရေတွင်းထဲသို့ ခုန်ချ လိုက်လေသည်။ မြနဒီကကျွန်ုပ်၏လက်အား ဖမ်းဆွဲလိုက်လေသည်။ အံ့ဩဖွယ်ကောင်းပေစွ။ ကျွန်ုပ်ဖြင့် ရေအောက်သို့ နစ်မြုပ်သွားသော် လည်းရေတွင်းအောက်ခြေမှ နက်မှောင်သော ရေအောက် မြင်ကွင်းများကို နေ့အလင်းတွင် မြင်ရသည့်အလားထင်ရှားစွာ မြင်နေရပေသည်။ မြနဒီသည်ကျွန်ုပ်လက်ကို ဆွဲကာဦးဆောင်၍ခေါ်ဝင်သွားလေသည်။ ကျွန်ုပ်သည် ရေအောက်တွင် လုံးလုံး ရောက်နေသော်လည်း အသက်ရှုလို့ လည်းရနေသည်။ မြနဒီနှင့်စကားပြောလို့လည်းရနေသည်။
မြနဒီကရေအပြည့်ဖြစ်နေသောလိုဏ်ခေါင်းလမ်းတစ်လျှောက်
ကျွန်ုပ်အား ဆွဲခေါ်ကာ ကူးခတ်လျက်ရှိလေသည်။ ကျွန်ုပ်သည် ကျွန်ုပ်တို့ အိမ်ခြံ ဝင်းထဲမှရေတွင်းကြီးအောက်ခြေတွင် ဤမျှ ရှည်လျားသော လိုဏ် ခေါင်းကြီးရှိနေသည်ကို အံ့ဩစွာဖြင့် မြနဒီခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့ လေသည်။
“ကျွန်ုပ်တို့ ဘယ်ကို သွားနေတာလဲ မြနဒီ”
“ဧရာဝတီမြစ်ကြီးဆီ ဦးတည်ပြီး အရောက်သွားနေတာလေအမောင်” “အိုး- ဧရာဝတီမြစ်က အဝေးကြီးပဲ၊ ကျွန်ုပ်တို့ ရွာထဲကနေ ငါးမိုင် တောင်ဝေးတာပဲ မြနဒီ”
“ဒီလိုဏ်ခေါင်းကြီးက ဧရာဝတီမြစ်အထိ ပေါက်ပါတယ်အမောင်၊ မြေ လွှာအောက်မှာ လိုဏ်ခေါင်းများ၊ ရေကြောများဖြစ်ပေါ်ပြီး တစ်နေရာနဲ့ တစ် နေရာ ဆက်သွယ်နေတယ်လို့မြနဒီပြောခဲ့ပါရောအမောင်ရယ်”
“ထူးဆန်းပါဘိတော့တယ်။ မြေအောက်မှာကျတော့ ရေတွေအတိပြီး တဲ့နေရာမှာတောင် မြင်လည်း မြင်ရတယ်။ အသက်ရှူလို့ စကားပြောလို့လဲ ရတယ်နော်”

 

ကျွန်ုပ်အပြောကို မြနဒီက ရယ်လိုက်လေသည်။ “အမောင့်လက်ကို မြနဒီခဏလွှတ်လိုက်မယ်နော်”
မြနဒီကသူမလက်ဖြင့်ဆုပ်ကိုင်ထားသောကျွန်ုပ်၏လက်အားလွှတ်ချ လိုက်လေသည်။ ချက်ချင်းမှာပင် ကျွန်ုပ်သည် ပိန်းပိတ်နေသော ရေထုထဲ၌ အမှောင်ကျသွားကာ ဘာကိုမှ မမြင်ရတော့ပဲ ဝူးဝူးဝါးဝါး ဖြစ်နေပေတော့ သည်။ အသက်ရှူလို့လည်း မရတော့။ မြနဒီကို ဟစ်အော်ခေါ်သော်လည်း ခေါ်လို့ မရတော့ပေ။ ကျွန်ုပ်သည် ရေနစ်နေသော လူတစ်ယောက်အဖြစ် ချက်ချင်းပင် ဘဝပြောင်းသွားလေတော့၏။
ခဏကြာမှ မြနဒီ၏ ပျော့ပျောင်းသော လက်ဖဝါးလေးက ကျွန်ုပ်ကို လာ၍ထိတွေ့လိုက်လေရာ ကျွန်ုပ်သည် အမြင်ဓာတ်ကိုလည်း ပြန်ရလိုက် သည်။ အသက်ရှူလို့လည်း ရသွားသည်။ စကားလည်း ပြန်ပြောနိုင်သွား လေ၏။
“သိပြီလားအမောင်၊ မြနဒီက အမောင့်အသားကို ထိတွေ့ထားလို့ ရေ အောက်ထဲမှာ အမောင် လွတ်လွတ်လပ်လပ် နေလို့ ရနေတာပါ။ မြနဒီသာ မပါရင်အမောင်ဟာ သာမန်လူသားတစ်ယောက်မို့ရေအောက်ခရီးကိုမလား နိုင်ပါဘူးအမောင်”
“ဪ – ဒီလိုလား”
“ဟော- ပြောရင်းဆိုရင်း ဧရာဝတီမြစ်ထဲကိုတောင် ရောက်လာပြီ အမောင်၊ မြစ်ရေပြင်ပေါ်ကို အမောင့်ကိုလိုက်ပြပါဦးမယ်”
မြနဒီက ရေပြင်အထက်သို့ ကျွန်ုပ်အား ဆွဲခေါ်သွားလေသည်။ ရေပြင် အထက်ကို ခေါင်းဖော်လိုက်သည်နှင့် ကျွန်ုပ်သည် မြစ်အလယ်သို့ ရောက် ရှိနေသည်ကို တွေ့ လိုက်ရကာ တစ်ဖက်တစ်ချက်ဆီမှ မြစ်ကမ်းစပ်များကို လည်းကောင်း၊ ရေထဲတွင် သွားလာနေသောလှေသင်္ဘောများကိုလည်းကောင်း မြင်လိုက်ရလေသည်။ လပြည့်ညဖြစ်လေရာ လရောင်သည် မြစ်ပြင်ပေါ်သို့ ဖြာကျနေပြီး မြစ်၏ ညရှုခင်းကို သာယာရှုမောဖွယ် မြင်တွေ့လိုက်ရလေ၏။

 

ဘူး”
“ရေထဲကို ပြန်ငုပ်ကြစို့အမောင်၊ လူတွေ မြနဒီတို့ကို မြင်သွားလို့ မဖြစ်
မြနဒီက ကျွန်ုပ်ကို ရေအောက်ထဲသို့ ပြန်လည်ဆွဲခေါ်သွားလေရာ မြစ် ကြမ်းပြင်အောက်သို့ ဒုတ်ဒုတ်ထိရောက်ရှိသွားလေ၏။
မြနဒီသည် မြစ်ကြမ်းပြင်မှ ကြီးမားသော ကျောက်ဖြူတုံးကြီးတစ်ခုကို ဆွဲလှန်လိုက်လေသည်။ထိုအခါကျောက်ဖြူတုံးကြီးအောက်တွင်အပေါက် တစ်ခု ပေါ်လာလေ၏။ မြနဒီက ထိုအပေါက်မှတစ်ဆင့် မြစ်ကြမ်းပြင်၏ အောက်ခြေသို့ ကျွန်ုပ်အား ဆွဲခေါ်ပြန်သည်။ လိုဏ်ခေါင်းပေါက်အတွင်းထဲ ရောက်သည်နှင့်မြနဒီကဖယ်ရှားထားသောကျောက်တုံးကြီးကိုနဂိုအတိုင်း
ပြန်လည်စေ့ပိတ်လိုက်လေသည်။

 

ကျွန်ုပ်တို့သည် မြစ်ကြမ်းပြင်၏ အောက်ခြေဘက်သို့ ရောက်ရှိနေလေ ပြီ။အောက်၌ကားလူတို့နေရာကမ္ဘာလေးတစ်ခုသဖွယ် အဆောက်အအုံများ၊ သစ်ပင်ပန်းမာလ်များကို မြင်တွေ့နေရလေသည်။ သို့သော် ပတ်ဝန်း ကျင်တစ်ခုလုံးကား ရေများပြည့်၍နေပေ၏။
မြနဒီကကျွန်ုပ်အားကြီးမားသောကျောက်ဖြူအဆောက်အအုံကြီးဆီ သို့ခေါ်သွားလေသည်။ကျယ်ပြန့်ခမ်းနားလှသောရေအောက်ကမ္ဘာကြီးပင်
တည်း။
အဆောက်အအုံခန်းမကြီးထဲသို့ ရောက်သည်နှင့် အောင်မြင်ခန့်ညား သောအသံတစ်သံကိုကြားလိုက်ရလေသည်။
“သယ်- မိုက်လိုက်ပါဘိ၊ဘောက်မဲ့ကြောင့်လူသားသူငယ်ကို မယ်မယ် တို့ရဲ့ ရေအောက်သိုက်နန်းအရောက် ခေါ်ဆောင်လာရသလဲ- သမီးတော်
မြနဒီ”
ကျွန်ုပ်ကအသံကြားရသို့လှည့်ကြည်လိုက်ရာအသက်အရွယ်ကြီးမား သော်လည်းလှပခန့်ညားသည့်အမျိုးသမီးကြီးတစ်ယောက်ကိုတွေ့လိုက်ရ
လေ၏။ ထိုအမျိုးသမီးကြီးမှာလည်း ရေသူမသဏ္ဌာန် : လူတစ်ပိုင်း ငါးတစ်ပိုင်းအသွင် ဆောင်ယူထားသူဖြစ်နေပေသည်။
ကျွန်ုပ်သည် မြနဒီပြောပြထား၍ ထိုအမျိုးသမီးကြီးအား သိုက်ချုပ် မယ်တော်ကြီးအဖြစ် သိရှိလိုက်လေသည်။ မယ်တော်ကြီး၏ မျက်နှာကား ကျွန်ုပ်ကိုမလိုလားသည့်အသွင်ဆောင်ယူနေပေ၏။ကျွန်ုပ်သည်မယ်တော် ကြီးကိုကြည့်ကာ ကြောက်ရွံ့ထိတ်လန့်နေမိပေတော့သည်။
“သည်းခံပါမယ်မယ်၊ သမီးတော် မယ်မယ့်ထံခွင့်မပန်ပဲ လူသား ယောက်ျားပျိုတစ်ယောက်ကိုချစ်ကြိုက်မိပါတယ်။ သူ့ကိုမယ်မယ့်ထံမှောက် ခေါ်လာပြီ မယ်မယ့်ထံမှ ခွင့်ပြုချက်ကို အသနားခံတောင်းခံဖို့”
“တော် – တန် – တိတ်”

 

“မိုက်ပါဘိ မြနဒီ…”
ဆက်လက်
(ဤနေရာမှ စတင်၍ စာမျက်နှာလေးပုံသုံးပုံခန့် ရေစိုနေပြန်ရာ ဖတ်ရှု ၍မရနိုင်အောင်စာများပျက်ပြယ်နေပေသည်။နောက်ပိုင်းတွင် ဖော်ပြထားသောအကြောင်းအရာများအရ သိုက်ချုပ်မယ်တော်ကြီးက လူ သားနှင့် ချစ်သူရည်းစားထားခြင်းကို ဆူပူကန့်ကွက်ကာ မောင်ကောင်း မွန်အားလူ့ရပ်ရွာသို့ပြန်လည်ပို့ဆောင်ရန်စေခိုင်းခြင်းဖြစ်ကြောင်း ခန့်မှန်း
ရပေသည်။)
ကျွန်ုပ်သည် ရေတွင်းပေါင်တစ်လျှောက် ပဲ့ကျသောအုတ်ကျိုးများ ထဲသို့ခြေလျှိုနင်းကာ ရေတွင်းအထက်သို့တက်ခဲ့လေသည်။ အထက်သို့ မရောက်မီ ကျွန်ုပ်က အောက်ခြေသို့ ပြန်ငုံ့ကာ ညှိုးနွမ်း သောမျက်နှာဖြင့်ကျွန်ုပ်အားမော်ကြည့်နေသောမြနဒီကိုကြည့်လိုက်လေ
သည်။
“မြနဒီ..နောက်ညတွေမှာလည်း အရင်လိုကျွန်ုပ်ဆီကိုလာခဲ့ပါဦးနော်”
“အကျိုးတော့နည်းကုန်ပါပြီအမောင်၊မယ်တော်ကြီးရဲ့တစ်ချက်လွှတ်
အမိန့် စကားကို အမောင်ကိုယ်တိုင် ကြားခဲ့ရပြီးပြီပဲ၊ အမောင်နဲ့ မြနဒီ ဒီဘဝ တော့ဝေးပါပြီအမောင်ရယ်”
“မယ်တော်ကြီး ဘာပြောပြော၊ မြနဒီ ရောက်အောင် လာရင်ဖြစ်တာပဲ မဟုတ်လား”
“မဖြစ်ပါဘူးအမောင်၊ သိုက်ချုပ်မယ်တော်ကြီးရဲ့ အမိန့်ကို မြနဒီတို့လို သိုက်နန်းရှင်များဟာ မြေဝယ်မကျနာခံရပါတယ်၊ မပယ်ရှားဝံ့ပါ” “ဒါဖြင့် မြနဒီနဲ့ ကျွန်ုပ်…”
“မြနဒီလည်း ရင်ကွဲလုပါပြီအမောင်ရယ်”
“ဘာပဲဖြစ်ဖြစ် ကျွန်ုပ်ကတော့ မျှော်နေမှာပဲ မြနဒီ၊ မြနဒီ ကျွန်ုပ်ဆီကို ရောက်အောင်လာခဲ့ပါနော်”

 

တော့”
“သွားပေတော့အမောင်၊ မြနဒီလည်း ပြန်ချိန်သင့်ပါပြီ၊ မြနဒီကို ခွင့်ပြုပါ
မြနဒီကကျွန်ုပ်အားမျက်ရည်ဝေသောမျက်လုံးများဖြင့်ငေးစိုက်ကြည့် ကာရေထဲသို့ ငုပ်လျှိုးပျောက်ကွယ်သွားလေသည်။
မြနဒီက မလာတော့ဘူးဟု ပြောခဲ့သော်လည်း ကျွန်ုပ်ကား ညစဉ် ည တိုင်း ရေတွင်းဘောင်ပေါ်ထိုင်ရင်း မျှော်နေမိလေသည်။ မြနဒီ၏ ကျွန်ုပ် အပေါ်ထားရှိသောမေတ္တာကိုယုံကြည်သည့်အတွက်တစ်နေ့နေ့တွင် မြနဒီ ရောက်လာမည်ဟုကျွန်ုပ်က မျှော်လင့်နေခဲ့မိပေ၏။
သို့ရာတွင် ရက်ရှည်လများသာ ကုန်လွန်သွားခဲ့သည်။ မြနဒီကား ပေါ် မလာခဲ့ချေ။ မြနဒီကိုယ်တိုင်ပင် ကျွန်ုပ်အား စိမ်းကားခဲ့လေပြီလော။ သိုက် ချုပ်မယ်တော်ကြီးကပင် ချုပ်ချယ်ထားလေသလား..မတွေးတတ်နိုင်ပါပြီ။ ကျွန်ုပ်၏ အလွမ်းစိတ်များက တစ်စတစ်စ ရှင့်သန်လာကာ မစားနိုင် မသောက်နိုင်အောင်ဖြစ်ခဲ့ရလေပြီ။ကျွန်ုပ်သည်ညအချိန်သာမကနေ့အချိန် မှာပါ ရေတွင်းဘေးမှ မခွာပဲ ရေတွင်းအောက်ခြေသို့ ငုံ့ကြည့်ကာ မှိုင်တွေ နေမိလေတော့၏။ နေ့စဉ် ရေခပ်လာသူအပေါင်းက ကျွန်ုပ်၏သောက ဖိစီး သော အမူအရာကို ရိပ်စားမိခဲ့ကြလေပြီ။
ကျွန်ုပ်၏ မိခင်ကြီးသည်လည်း မစားနိုင် မအိပ်နိုင်ဖြစ်နေသော ကျွန်ုပ် ၏ ဖြစ်အင်ကို ရိပ်မိသိရှိသွားခဲ့လေသည်။
မိခင်ကြီးကမေးမြန်းသောကြောင့် ကျွန်ုပ်ကကျွန်ုပ်နှင့် မြနဒီတို့ အဖြစ် အား မချွင်းမချန် ပြောပြလိုက်လေသည်။ သို့ရာတွင် မိခင်ကြီးကား ယုံကြည် ခြင်းမရှိခဲ့ပေ။
“ကောင်းမွန် – ငါ့သား-မင်းဘာတွေ ပြောနေတာလဲသားရယ်၊ မင်း စိတ်တွေမဟုတ်တော့ဘူး၊မင်းကို ရေတွင်းဘေးမှာတစ်ယောက်တည်း

 

စကားပြောနေတာကို ငါမြင်မြင်နေရတာဒါကြောင့်ကိုး။ မင်းဟာကိုယ့်စိတ် ကိုယ်လှည့်စားပြီးထင်မိထင်ရာတွေ တွေးနေတော့တာကိုး”
“အမေ-မြနဒီကို မမြင်ရတာ မျက်စိမှုန်လို့ပါအမေ၊ မြနဒီဟာ တစ်လ တိတိ ကျွန်တော့်ဆီကို လာခဲ့ပါတယ်။ ကျွန်တော်လည်း သူတို့ရဲ့ ရေအောက်သိုက်နန်းကြီးကိုလိုက်လည်ပြီးပါပြီအမေ”
မိခင်ကြီးက ကျွန်ုပ်အား စိတ်ပျက်စွာ ကြည့်၍ ခေါင်းကို ခါလိုက်လေ သည်။မိခင်ကြီးသည်ကျွန်ုပ်စကားကိုမယုံပဲကျွန်ုပ်အားစိတ်ဝေဒနာစွဲကပ်
နေပြီဟု အထင်ရှိခဲ့လေသည်။
နောက်တစ်နေ့မှာပင် မိခင်ကြီးက ပယောဂဆရာတစ်ယောက်ကို ပင့် ဖိတ်ကာကျွန်ုပ်အားကုသစေခြင်းဖြင့် သူမ၏အထင်အမြင်ကိုဖော်ပြလိုက်
လေသည်။
ကျွန်ုပ်သည် ကျွန်ုပ်အား အစွဲချွတ်မည်တကဲကဲဖြင့် ကြိမ်လုံးကြီးနှင့် ရွယ်နေသော ပယောဂဆရာလက်ထဲမှ ကြိမ်လုံးကို လုယူကာ ပယောဂ ဆရာကို သူ့ကြိမ်လုံးဖြင့်ပင် ပြန်ရိုက်လွှတ်လိုက်လေသည်။
ကျွန်ုပ်က ကျွန်ုပ်အား အရူးတစ်ယောက်သဖွယ် သဘောထားခံရခြင်း ကို ခံပြင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း.. ထိုအပြုအမူအတွက်ပင် ကျွန်ုပ် အား ရူးသွပ်နေသူတစ်ယောက်ဟု စွပ်စွဲခြင်း ခံရပြန်လေသည်။
ရွာဦးကျောင်းဆရာတော်ကြီးသည်လည်း ကျွန်ုပ်တို့ အိမ်သို့ ကြွလာ ကာကျွန်ုပ်အားတရားပြဟောကြားခဲ့သေးသည်။ ကျွန်ုပ်ကကျွန်ုပ်နှင့်မြနဒီ အကြောင်းကို ခရေစေ့တွင်းကျ တင်လျှောက်လိုက်သည့်အခါ ဘုန်းတော် ကြီးသည်လည်း သက်ပြင်း အခါခါချရင်းပြန်ကြွသွားလေတော့သည်။ ကျွန်ုပ်၏ရင်တွင်း၌မြနဒီကိုလွမ်းဆွတ်စိတ်၊မြနဒီနှင့်တွေ့ချင်စိတ်များ
အုံကြွလာခဲ့ရာ ကျွန်ုပ်သည် အချိန်ပြည့် ရေတွင်းဘေးသို့ သွားနေကာ ရေ တွင်းထဲ ငုံ့ကြည့်ရင်း “မြနဒီ… မြနဒီ”ဟု အကြိမ်ကြိမ်အခါခါ အော်ခေါ်မိ လေတော့သည်။

 

ကျွန်ုပ်၏ခံစားမှုများကိုနားလည်းမလည်။ ကိုယ်ချင်းလည်းမစာတတ် သော ရွာသူရွာသားများသည် ကျွန်ုပ်အိမ်မှ ရေတွင်းသို့ ရေခပ်ရန်ပင် မလာ ရောက်ကြတော့ချေ။ ဝေးလံသော ဘုန်းကြီးကျောင်းထဲမှ ရေတွင်းအထိ သွားခပ်ကြတော့၏။
တစ်ရွာလုံးက ကျွန်ုပ်အား ရူးသွပ်နေသူဟု ထင်မှတ်နေကြလေပြီ
တည်း။
နောက်တစ်လခန့်အကြာတွင်နဂိုကမကျန်းမမာရှိသောကျွန်ုပ်၏မိခင်
ကြီးသည် ကျွန်ုပ်စိတ်ဖြင့်ပင် ကွယ်လွန်သွားလေ၏။
မိခင်ကြီးမရှိတော့သောအခါကျွန်ုပ်လည်းမြနဒီကိုလွမ်းဆွတ် သတိရ သောစိတ်ဖြင့် လူ့ လောကကြီး၌ မနေချင်တော့ပေ။ တစ်ရွာလုံး ကလည်း ကျွန်ုပ်ကိုဖဲကျဉ်ထားကြလေပြီ။
ကျွန်ုပ်သည်ဖြစ်လိုရာဖြစ်စေတော့မြနဒီရှိရာသိုက်နန်းသို့သွားရောက် ရန် ဆုံးဖြတ်လိုက်လေသည်။ မြနဒီတို့ ရေအောက်သိုက်နန်းကြီးသို့ ကျွန်ုပ် ရောက်ခဲ့ဖူးပြီး မဟုတ်ပါလား။
ရေတွင်းထဲမှတစ်ဆင့်မြစ်ရှိရာဘက်သို့ရေကြောင်းလိုဏ်ခေါင်းအတိုင်း
ကူးခတ်သွားလျှင် မြနဒီတို့ သိုက်နန်းကြီးရှိရာသို့ ရောက်ပေမည်။ မြနဒီနှင့် အတူသွားစဉ်ကလို ခရီးစဉ်ချောမွေ့မှုရှိမည်မဟုတ်သော်လည်းစွန့်စားရပေ တော့မည်။
မသွားရောက်မီ ကျွန်ုပ်၏ ဖြစ်စဉ်အား စာဖြင့် ရေးသားမှတ်တမ်းတင် ခဲ့ပါသည်။
ဤမှတ်တမ်းအား ကျွန်ုပ်နှင့်အတူ ရေအောက်သို့ ယူဆောင်သွားမည် ဖြစ်သည်။မြနဒီတို့သိုက်နန်းသို့ရောက်သည်ဖြစ်စေ၊မရောက်သည်ဖြစ်စေ၊

 

ဤမှတ်တမ်းအား နောင်လာနောက်သားများတွေ့ရှိပါက မြစ်နှင့် ငါးမိုင်ဝေး သောကျွန်ုပ်တို့ရွာမှဧရာဝတီမြစ်အထိမြေအောက်ဥမင်လိုဏ်ခေါင်းမှလမ်း ပေါက်သည်ကို သိရှိစေလို၍ဖြစ်ပါသည်။
ဤမှတ်တမ်းအားတွေ့ရှိခြင်းအားဖြင့် ကျွန်ုပ်နှင့်ရေအောက်သိုက်နန်း ရှင်မလေးတို့၏အချစ်ဇာတ်လမ်းအားလက်ခံ ယုံကြည်နိုင်ပါစေသတည်း။
ပုလင်းထဲမှ ရရှိသော စာရွက်များပေါ်တွင် ရေးသားထားသော မှတ်တမ်း ကား အထက်ပါအတိုင်းဖြစ်ပေသည်။
ကျွန်တော်သည် မောင်ကောင်းမွန်ဆိုသူ၏ မှတ်တမ်းကိုဖတ်ရှုပြီး အတွေးနယ်ချဲ့နေမိသည်။ ပုလင်းထဲမှ ရသောမှတ်တမ်းသည် အမှန် တကယ်လား။ မောင်ကောင်းမွန်ဆိုသူသည် ရေတွင်းထဲမှ တစ်ဆင့် ဧရာဝတီမြစ်တွင်းသို့ ကူးခတ်ရာတွင် မှတ်တမ်းကို ပုလင်းထဲထည့်ယူ ဆောင်လာရာမှ မြစ်ထဲတွင် မျောလာခြင်းလား။
ဤအဖြစ်အပျက်များသည် မည်သည့်ခေတ်အခါက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဖြစ်လေမည်နည်း။ မှတ်တမ်းထဲတွင် အချိန်ကာလကို ဖော်ပြမထားသည့်အတွက် သဲလွန်စရှာရန် မတတ်နိုင်ပါပေ။
ထို့အပြင် စာထဲမှ အကြောင်းအရာများမှာ တကယ်ရော ဟုတ်ရဲ့လား။ တစ်ဦးတစ်ယောက်ကလှည့်ဖြားလို၍လုပ်ကြံလီဆယ်ရေးလိုက်ခြင်းလား။ မောင်ကောင်းမွန်ဆိုသူအမှန်တကယ်ရေးခြင်းဖြစ်လျှင်လည်းမောင်ကောင်း
မွန် သည် သူ့စာထဲမှာ ပါသလို ရူးသွပ်နေသူတစ်ဦးဖြစ်၍စိတ်ရူးပေါက်ကာ ရေးခဲ့ခြင်းများလေလား။
မြနဒီဆိုသည့်ရေသူမအသွင်လူတစ်ပိုင်းငါးတစ်ပိုင်းသိုက်နန်းရှင်ဥစ္စာ
စောင့် ဆိုသည်မှာတကယ်မရှိပဲ မောင်ကောင်းမွန်စိတ်ထဲတွင် ထင်ယောင် ထင်မှားဖြစ်နေခြင်းလား။

 

ပြီးတော့ မောင်ကောင်းမွန်တို့ ရွာကို အမည်နာမဖော်ပြမထား။ မည်သည့်မြို့နယ်အတွင်းရှိကြောင်းလည်း ဖော်ပြမထား။ ယုတ်စွအဆုံး ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းလား၊ အနောက်ဘက်ခြမ်းလား၊ မည်သည့် ဘက်ခြမ်း၌ ရှိသည်ကိုပင် ဖော်ပြမထားပေရာ သဲလွန်စလိုက်ဖို့ ခဲယဉ်း လှပေတော့သည်။
ရေထဲမှ ဆယ်ယူရရှိသော ပုလင်းနှင့် စာရွက်များကိုမူ ကျွန်တော်၏ အိမ်တွင် ယခုတိုင် သိမ်းဆည်းထားပါသေးသည်။ မှန်ဘီရိုထဲတွင် အများ ကြည့်ရှုနိုင်ရန် ပြသထားပါသည်။ လာရောက်လေ့လာနိုင်ပါသည်။ ထိုအကြောင်းအရာများအား စိတ်ဝင်စားသည်ဆိုလျှင်… ဇာတ်အကြောင်းအရင်းအမြစ်အထိလိုက်လံစုံစမ်းလိုကစုံစမ်းနိုင်ရန်
(သို့တည်းမဟုတ်) အများပြည်သူသိအောင် ဖြန့်ဝေလိုက ဖြန့်ဝေနိုင်ရန် ရည်ရွယ်၍ ကျွန်တော့်သား လက်ရေးဖြင့် လိုက်ရေးထားသော လက်ရေး စာမူအား ဂမ္ဘီရဆန်းကြယ်ဝတ္ထုများ ရေးသားလေ့ရှိသော စာရေးဆရာ “ဆောင်းလုလင်”ထံသို့ လိပ်မူ၍ပေးပို့လိုက်ပါသည်။

Zawgyi Version

ပုလင္းထဲကဥစၥာေစာင့္(စ/ဆံုး)
————————————-
ထိုသို႔ ဓားျဖင့္ ျခစ္ခ်လိုက္ေသာေၾကာင့္ပင္ ပုလင္းအတြင္းမွ စကၠဴတစ္ ထပ္ကို ကြၽန္ေတာ္တို႔ ျမင္လိုက္ရျခင္းျဖစ္ပါသည္။ အစပိုင္းက ျပင္ပမွာ ကပ္ၿငိေနေသာ ေရညႇိမ်ားေၾကာင့္ အတြင္းတြင္ ဘာပါသည္ကို မျမင္ခဲ့ ရေပ။
“မင္း ဘယ္လိုလုပ္ၿပီး ဒီပုလင္းကိုရလာတာလဲတင္လႈိင္” ကြၽန္ေတာ္ကပုလင္းယူလာေသာကြၽန္ေတာ့္တပည့္ကိုေမးလိုက္သည္။ “ေနာက္ေဖးကဒိုက္ေတြကိုရွင္းရင္းကဒိုက္ေတြေအာက္ကထြက္လာ
တာဆရာ၊ ကြၽန္ေတာ္လည္း ပုလင္းက ထူးျခားေနတယ္ဆိုၿပီး ဆရာ့ဆီ ယူလာတာ”
ကြၽန္ေတာ့္ၿခံမွာ ဧရာဝတီျမစ္ကမ္းေဘး၌ ရွိပါသည္။ ျမစ္ႏွင့္ၿခံမွာမည္ မွ်ထိနီးကပ္ေနသနည္းဆိုေသာ္ဝါဆိုဝါေခါင္ေရတက္ေသာကာလမ်ားတြင္
ၿခံ၏ အတြင္းဘက္တစ္ဝက္ေလာက္အထိ ေရျမဳပ္သြားတတ္ေလ၏။ အလြန္ေရတက္ေသာႏွစ္မ်ားဆိုလွ်င္ ႏြားၿခံမ်ားပင္ေရျမဳပ္ပါသည္။
ကြၽန္ေတာ္သည္ႏို႔စားႏြားမ်ားကိုအႀကီးအက်ယ္ေမြးျမဴေသာလုပ္ငန္း ရွင္တစ္ေယာက္ျဖစ္ပါသည္။ ကြၽန္ေတာ့္ ႏြားၿခံႀကီးသည္ ျမစ္ကမ္းေဘး၌ က်ယ္ေျပာစြာရွိေနသည္။
ျမစ္ေရကအနိမ့္ဘက္က်ေသာကြၽန္ေတာ့္ၿခံစပ္သို႔ဦးတိုက္စီးဆင္းေန
ရာၿခံအစပ္ရွီကမ္းပါးအေကြ႕၌အမႈိက္မ်ား၊ ဒိုက္သေရာမ်ားကပ္ၿငိတင္က်န္
ေနတတ္သည္။ေရတက္ၿပီးေရျပန္က်သည့္အခါက်မွဒိုက္သေရာမ်ားေမ်ာ
ပါသြားတတ္ေလသည္။
ဒီႏွစ္ေတာ့ ကြၽန္ေတာ္က ေျမနိမ့္ပိုင္း ခ်ိဳင့္ဝွမ္းထဲဝင္းေနေသာ အမႈိက္ မ်ားကို တပည့္မ်ားအား ရွင္းခိုင္းလိုက္သည္။ ထိုအမႈိက္မ်ားမွာ ခ်ိဳင့္ထဲတြင္ က်န္ေနေသာေၾကာင့္ ေရက်သည့္အခါတြင္လည္း ပါမသြား။ အမႈိက္ပုံႀကီး သဖြယ္ ျဖစ္ေနသည္။ ႏွစ္ကာလၾကာေသာအခါ အမႈိက္ပုပ္နံ႔မ်ား ေထာင္း ေထာင္းထလာသည့္အတြက္ ရွင္းခိုင္းလိုက္ရျခင္းျဖစ္၏။

 

ေမာင္တင္လႈိင္ ယူလာေသာပုလင္းမွာ ထိုအမႈိက္ထုထည္ႀကီးထဲမွ ထြက္လာျခင္းျဖစ္သည္။
ကြၽန္ေတာ္သည္ပုလင္းထဲတြင္စာ႐ြက္တစ္ထပ္ကိုေခါက္လ်က္ထည့္
ထားပုံကို ျမင္လိုက္ရသည့္အခါ အံ့ဩသြားသည္။ စိတ္လည္း ဝင္စားသြား သြားသည္။ ပုလင္းထဲ၌ စာထည့္၍ ေရထဲ ေမ်ာေသာ ဝတၳဳဇာတ္လမ္းမ်ား ဖတ္ဖူးထား၍လည္းထိုသို႔စိတ္ဝင္စားမိျခင္းျဖစ္သည္။
ကြၽန္ေတာ္က ပုလင္းကို ေသခ်ာေလ့လာၾကည့္ရာ ပုလင္းအဖုံးကို ဖေယာင္းျဖင့္မံၿပီးေရမဝင္ေအာင္ေသခ်ာပိတ္ထားသည္ကိုေတြ႕လိုက္ရ၏။
စနစ္တက် စီမံထားသည့္ ပုလင္းႏွင့္ အတြင္းမွ စာ႐ြက္ထပ္ေၾကာင့္ စိတ္ဝင္စားမႈမွာ ပိုတိုးလာသည္။
ကြၽန္ေတာ္က ပုလင္းအဖုံးကို လွည့္ဖြင့္ရန္ ႀကိဳးစား၏။ ဖေယာင္းျဖင့္ မံ ထားသည့္တိုင္ အဖုံးတြင္ သံေခ်းမ်ား ကိုက္ေနသည့္အတြက္ လွည့္လို႔ မရ ေတာ့ေခ်။
သို႔ျဖင့္ ပုလင္းကို ခပ္သာသာ ဆတ္၍ခြဲလိုက္ရ၏။
ထိုအခါ အတြင္းမွ စာေခါက္ကိုရလိုက္ေလသည္။
ပုလင္းထဲ စာထည့္ထားသည့္ သက္တမ္းမွာ မည္မွ် ၾကာေလၿပီ မသိ။ စာ႐ြက္ေခါက္သည္ ပုလင္း၏အတြင္းသားအတိုင္း ဝိုင္းဝိုင္းစက္စက္ လိပ္ လ်က္ရွိသည္။ စာ႐ြက္မ်ားကလည္းကြၽတ္ဆတ္ေနသည္။
စာ႐ြက္မ်ားကို သည္အတိုင္း ဆြဲျဖန႔္လိုက္ပါက က်ိဳးေၾကသြားမည္မွာ ေသခ်ာေပး၏။
တယု
ကြၽန္ေတာ္က စာ႐ြက္ထပ္ကို ခပ္သာသာေလးႏွင့္ အေတာ္ပင္ တယစိတ္ရွည္လက္ရွည္ထားကာ ဆြဲခြာလိုက္ပါသည္။ သို႔တိုင္ေအာင္ စာ႐ြက္အလိပ္က ေျပမသြား။ စာ႐ြက္မ်ားကို အလိပ္အတိုင္း တစ္႐ြက္ခ်င္း စိတ္ရွည္လက္ရွည္ ခြဲထုတ္ယူရသည္။ ထိုအခါ ႐ုံးသုံးေလွ်ာက္လႊာစာ႐ြက္ အ႐ြယ္ စာ႐ြက္ေပါင္း ၂၈ ႐ြက္ကို ခြဲထုတ္ရရွိလိုက္ေလသည္။

 

အလိပ္အတိုင္း ျဖစ္ေနေသာ စာ႐ြက္မ်ားကို ျဖန႔္မပစ္ရဲေသး။ အျပန႔္ လိုက္အတိုင္း ျဖစ္ေအာင္ ျဖန႔္လိုက္သည္ႏွင့္ ေၾကမြသြားမည့္ ပုံမ်ိဳး ရွိေန သည္။ စကၠဴကို အလိပ္အတိုင္း အလင္းေရာင္တြင္ေထာင္ၾကည့္သည့္အခါ မ်က္ႏွာစာဘက္၌ မင္ျဖင့္ေရးထားေသာစာမ်ားကိုေတြ႕ရေလသည္။ ကြၽန္ေတာ္ စိတ္ဝင္စားမႈမွာ ပိုတိုးလာျပန္၏။
ေနာက္ဆုံး၌ လိပ္ေနေသာ စာ႐ြက္မ်ားကို မျဖန႔္လွ်င္ အတြင္းဘက္မွ စာသားမ်ားကို မဖတ္ရ႐ုံရွိမည္မို႔ စာ႐ြက္မ်ားကို တစ္႐ြက္ခ်င္း ေသခ်ာစြာ ျဖန႔္လိုက္ရေလသည္။ စာ႐ြက္အေတာ္မ်ားမ်ားပင္ အလယ္နားဆီမွ က်ိဳး သြားၾက၏။အခ်ိဳ႕စာ႐ြက္မ်ားမွာ သုံးေလးပိုင္းပင္ျပတ္ထြက္သြားေလသည္။
ကြၽန္ေတာ္က စာ႐ြက္ထပ္အတိုင္း တန္းစီ၍အေပၚမွ အေလးႏွင့္ ဖိကာ စားပြဲေပၚတြင္ ျဖန႔္ထားလိုက္ရာ စာၾကည့္စားပြဲတစ္ခုလုံး ျပည့္သြားေလ သည္။
ကြၽန္ေတာ္သည္ စားပြဲေပၚျဖန႔္ထားေသာ စာ႐ြက္မ်ားေပၚမွာ စာသား မ်ားကို စာ႐ြက္မ်ားအား လက္ႏွင့္ မထိပဲ စားပြဲေပၚကို ကိုယ္ကို ငုံ႔ကိုင္ကာ ဖတ္ရေလ၏။
စာ႐ြက္မ်ားေပၚ၌ မင္အျပာျဖင့္ ေရးထားေသာစာမ်ားကို ေတြ႕ ရသည္။ ျမန္မာစာမ်ားပင္ ျဖစ္ပါသည္။ . ကာလၾကာျမင့္လွၿပီျဖစ္ဟန္တူသည္။ မင္ေရာင္မွာ ေဖ်ာ့ေနၿပီ။ ေရမဝင္ေအာင္ စီစဥ္ထားေသာ္လည္း ကာလ ၾကာ၍ ေရစိမ့္ဝင္ခဲ့ဟန္တူ၏။ အခ်ိဳ႕ ေနရာ၌ ေရမ်ား ကြက္ေန၍ မင္မ်ားက ဖတ္မရေအာင္ျပန႔္ေနသည္။
မည္သို႔ပင္ဆိုေစ ကြၽန္ေတာ္သည္ စာမ်က္ႏွာ ၂၈ မ်က္ႏွာစလုံးေပၚမွ စာသားမ်ားကို မရ – ရေအာင္ ဖတ္ႏိုင္ခဲ့ပါသည္။ ဖတ္ရင္းမွ အလြန္အၾကဴး စိတ္ဝင္စားလာသည္။
ကြၽန္ေတာ့္သားကိုေခၚ၍စာ႐ြက္ေပၚမွဖတ္ရသမွ်အေၾကာင္းအရာမ်ား ကိုကြၽန္ေတာ္ကဖတ္ျပကာ သားကိုေနာက္မွလိုက္ေရးခိုင္းခဲ့သည္။

 

ထိုအခါထူးဆန္းအံ့ဩဖြယ္ေကာင္းေသာအျဖစ္အပ်က္တစ္ခုကိုသိရွိ
ခဲ့ရေလေတာ့သည္။
ေအာက္ေဖာ္ျပပါအေၾကာင္းအရာမွာ ပုလင္းထဲမွရေသာ စာ႐ြက္ ၂၈ ႐ြက္ေပၚမွ ဖတ္လို႔ရသမွ်စာသားမ်ားအတိုင္းျဖစ္ပါ၏။
ကြၽႏ္ုပ္တို႔ ႐ြာကေလးမွာ ႐ိုးမေတာင္တန္းမ်ားအနီး သစ္ေတာထူထပ္ ေသာ ကုန္းတြင္းပိုင္း၌ ရွိပါသည္။ ဧရာဝတီျမစ္ႀကီးသည္ ကြၽႏ္ုပ္တို႔႐ြာႏွင့္ ငါးမိုင္ခန႔္ ေဝးပါ၏။
႐ြာအနီး၌ေခ်ာင္းမ်ား၊ေျမာင္းမ်ားမရွိပါ။ေရကန္ႀကီးတစ္ခုသာ႐ြာထိပ္ ၌ ရွိေလသည္။ ေသာက္သုံးေရႏွင့္ ခ်ိဳးေရအတြက္ ထိုေရကန္ႀကီးကိုသာ အားကိုးရေလ၏။ သို႔ရာတြင္ ထိုေရကန္ႀကီးမွာ ေႏြအခါတြင္ ေရခန္းေလ့ ရွိပါသည္။ထို႔ေၾကာင့္ေႏြရာသီဆိုလွ်င္႐ြာဦးဘုန္းႀကီးေက်ာင္းထဲမွေရတြင္း ႀကီးႏွင့္ ကြၽႏ္ုပ္တို႔ အိမ္ဝိုင္းထဲမွ ေရတြင္းႀကီးကိုသာ တစ္႐ြာလုံး အားကိုးရ ေလေတာ့သည္။
ကြၽႏ္ုပ္တို႔ ၿခံထဲမွ ေရတြင္းႀကီးမွာ ကြၽႏ္ုပ္၏အဘိုးလက္ထက္ကတည္း ကတူးေဖာ္ထားခဲ့ျခင္းျဖစ္ပါသည္။
ေႏြအခါဆိုလွ်င္ အိမ္ဝင္းထဲ၌ ေရခပ္လာသူမ်ားျဖင့္ မျပတ္မလပ္ ရွိေနေလေတာ့၏။
ကြၽႏ္ုပ္တို႔အိမ္မွာမိခင္ႀကီးႏွင့္ကြၽႏ္ုပ္သာလွ်င္အေမတစ္ခု၊ သားတစ္ခု အျဖစ္ ရွိၾကၿပီး ၿခံထဲမွ သီးပင္မ်ားကိုေရာင္းခ်စားေသာက္ျခင္းျဖင့္ အသက္ ေမြးဝမ္းေက်ာင္းျပဳေသာေၾကာင့္ မေတာင့္မတ ေနႏိုင္ၾကပါေပသည္။ သီး ပင္၊စားပင္တို႔မွာႏွစ္ရွည္ခံပင္မ်ားျဖစ္၍ရာသီအလိုက္ရရွိေသာအသီးအႏွံ မ်ားကို ဆြက္ခူးေရာင္းခ်႐ုံသာ ျဖစ္သည္။ အထူးတလည္ လုံ႔လစိုက္စရာ မလိုေခ်။ ေရတြင္းႀကီး ရွိေနသည္မွာလည္း ကြၽႏ္ုပ္တို႔ၿခံအတြက္ အဆင္ေျပ

 

လွ၏။သစ္ပင္မ်ားမွာ ေရဝဝရေနသည့္အတြက္စိုစိုေျပေျပႏွင့္ေဝေဝဆာဆ ာ ရွင္သန္ႏိုင္ေပသည္။
ကြၽႏ္ုပ္၏ ဘဝသည္ ထူးျခားမႈမရွိေသာ သာမန္ဘဝတစ္ခုသာ ျဖစ္ခဲ့ပါ သည္။ ငယ္စဥ္က ႐ြာဦးဘုန္းႀကီးေက်ာင္းတြင္ စာေပသင္ၾကားရသည္။ ကြၽႏ္ုပ္အသက္ ၈ ႏွစ္အ႐ြယ္တြင္ မိဘႏွစ္ပါးက ကြၽႏ္ုပ္ကို ရွင္ျပဳေပးသည္။ ကြၽႏ္ုပ္အသက္ ၁၂ ႏွစ္အ႐ြယ္၌ ကြၽႏ္ုပ္၏ဖခင္ႀကီး ဆုံးပါးခဲ့ေလသည္။ ဖခင္ ကြယ္လြန္ၿပီးေနာက္ပိုင္းအိမ္၏စီးပြားေရးျဖစ္ေသာၿခံလုပ္ငန္းကိုကြၽႏ္ုပ္ပင္
ဦးေဆာင္လုပ္ကိုင္ခဲ့ေပသည္။
ဤအေၾကာင္းအရာမ်ားကို မွတ္တမ္းတင္ေနသည့္အခ်ိန္တြင္ ကြၽႏ္ုပ္ အသက္မွာ ၂ဝ ျပည့္ခဲ့ၿပီးေလၿပီ။
မိခင္ႀကီးကကြၽႏ္ုပ္အားအသက္၁၈ႏွစ္ျပည့္ခ်ိန္မွစ၍အိမ္ေထာင္ျပဳရန္ တိုက္တြန္းခဲ့ေလ၏။ကြၽႏ္ုပ္၌ရည္းစားသနာမရွိေပရာအိမ္ေထာင္ျပဳလိုစိတ္
လည္း မရွိခဲ့ပါေပ။ မိခင္ႀကီး စပ္ဟပ္ေပးေသာ ႐ြာထဲမွ မိန္းကေလးအခ်ိဳ႕ကို လည္းကြၽႏ္ုပ္ႏွစ္သက္မႈမရွိ၍ျငင္းပယ္ခဲ့ေပသည္။မိခင္ႀကီးကသူမမွာ သက္ အ႐ြယ္ႀကီးရင့္လာ႐ုံမက မ်က္စိကမႈန္၊ က်န္းမာေရးကလည္း မေကာင္း သျဖင့္ကြၽႏ္ုပ္အားအိမ္ေထာင္ျပဳေစခ်င္လွေပသည္။သူမရွိေတာ့လွ်င္ကြၽႏ္ုပ္ အတြက္ စိတ္မခ်ႏိုင္ဟု မၾကာခဏ ဆိုရွာေလသည္။ ကြၽႏ္ုပ္မွာလည္း ႀကိဳက္ႏွစ္သက္စရာမိန္းကေလးမရွိေပရာလူပ်ိဳဘဝျဖင့္ပင္ၾကာရွည္ခဲ့ေလ
သည္။
ကြၽႏ္ုပ္တို႔ ေက်းလက္ေတာ႐ြာမ်ား၌ အသက္ ၁၆၊၁၇ ေလာက္ဆို လွ်င္ အိမ္ေထာင္ျပဳၾကၿမဲျဖစ္ရာ ကြၽႏ္ုပ္မွာ အ႐ြယ္လြန္၍ လူပ်ိဳႀကီး စာရင္း ဝင္ေနခဲ့ေပၿပီ။ ကြၽႏ္ုပ္၏သူငယ္ခ်င္းမ်ားမွာအိမ္ေထာင္က်၍သားသမီးမ်ား ပင္ ခ်ီေနရၿပီျဖစ္ေပ၏။
ကြၽႏ္ုပ္ကား ကိုယ္ႏွစ္သက္သူကိုမွ အိမ္ေထာင္ျပဳမည္ဆိုေသာ အစြဲ ျဖင့္ေခါင္းမာေနခဲ့ေလသည္။

 

မည္သို႔ဆိုေစ၊ ကြၽႏ္ုပ္သည္လည္း ႏွလုံးသားရွိေသာ ပုထုဇဥ္ လူသား တစ္ဦးပင္ ျဖစ္ေပရာ အခ်ိန္တန္သည္၌ ကြၽႏ္ုပ္ႏွစ္သက္ေသာသူကို ေတြ႕ခဲ့ ရေလေတာ့သည္။
ကြၽႏ္ုပ္၏ခ်စ္သူမွာလူသားတစ္ဦးေတာ့မဟုတ္ပါေပ။ ကြၽႏ္ုပ္၏ခ်စ္သူ သည္ ေရေအာက္သိုက္နန္းကို ေစာင့္ေရွာက္ရေသာ သိုက္နန္းရွင္ ဥစၥာ ေစာင့္မေလးတစ္ဦး ျဖစ္ေပ၏။
ျမစ္ေခ်ာင္းပင္လယ္ႏွင့္ ေဝးကြာလွေသာ ႐ြာမွ ကြၽႏ္ုပ္ႏွင့္ ေရေအာက္ သိုက္နန္းမွ သိုက္နန္းရွင္ေလးတို႔ ေတြ႕ ဆုံရပုံမွာ ဆန္းၾကယ္လွေပသည္။ မယုံႏိုင္ဖြယ္လည္း ေကာင္းလွေပသည္။ ကြၽႏ္ုပ္သာလွ်င္ ကာယကံရွင္ျဖစ္ ၍ ကြၽႏ္ုပ္၏ ဆန္းၾကယ္ေသာ ကံၾကမၼာကို လက္ခံယုံၾကည္လိုက္ရသည္။ မိခင္ႀကီးႏွင့္တကြ ႐ြာသူ႐ြာသားအားလုံးႏွင့္ ႐ြာဦးေက်ာင္းဆရာေတာ္ႀကီး ပါမက်န္ ကြၽႏ္ုပ္ေျပာျပေသာ အေၾကာင္းမ်ားကိုမယုံၾကည္ခဲ့ၾကပါေပ။
လူအမ်ားမယုံေလာက္ေအာင္လည္း ကြၽႏ္ုပ္ႏွင့္ ကြၽႏ္ုပ္ခ်စ္သူတို႔ ေတြ႕ ဆုံပုံက ဆန္းၾကယ္လွေလ၏။
တစ္ေန႔သ၌ ကြၽႏ္ုပ္သည္ လုပ္႐ိုးလုပ္စဥ္အတိုင္း ၿခံအတြင္းမွ သစ္ပင္ မ်ားအား ေရေလာင္းသည့္အလုပ္ကို လုပ္ကိုင္လ်က္ရွိေလသည္။ သစ္ပင္
မ်ားအားေရေလာင္းရာတြင္အပင္အနီးအထိသြားေလာင္းရန္မလိုပါ။သစ္ပင္ ပင္ေျခမ်ားအထိ ေျမာင္းမ်ား ေဖာက္ထားၿပီး ထိုေျမာင္းမ်ား၏ အစသည္ ေရတြင္းႀကီး၏ အေျခမွ စေလသည္။ ေရတြင္းပတ္ပတ္လည္၌ သစ္ပင္ အျမစ္မ်ားအထိ ကြၽႏ္ုပ္ကိုယ္တိုင္ တူးထားေသာ ေရေျမာင္းေလးမ်ားကို ေတြ႕ရႏိုင္ေလသည္။
ညေနေစာင္း၍ေရခပ္လာသူမ်ားရွင္းလင္းသြားၿပီဆိုလွ်င္ကြၽႏ္ုပ္သည္
တြင္းထဲမွ ေရကို တစ္ပုံးၿပီးတစ္ပုံး ငင္ကာ ေရတြင္းေဘးမွာ ေျမာင္းကေလး

မ်ားထဲသို႔ ေလာင္းထည့္ေပးျခင္းျဖင့္ သစ္ပင္မ်ားအား ေရေလာင္းျခင္းကို ျပဳလုပ္ၿမဲျဖစ္ေပသည္။
ထိုေန႔ ညေနကလည္း ကြၽႏ္ုပ္သည္ ေန႔စဥ္ ထုံးစံအတိုင္း ေရငင္လိုက္ ေျမာင္းမ်ားထဲသို႔ ေရေလာင္းခ်လိုက္ျဖင့္ အလုပ္မ်ားေနခဲ့ေပ၏။
ကြၽႏ္ုပ္က တြင္းထဲမွ ေရမ်ားကို စက္သီးႀကိဳးျဖင့္ တစ္ပုံးၿပီးတစ္ပုံး ငင္ ေနခဲ့ရာ တစ္ႀကိမ္တြင္ ကြၽႏ္ုငင္လိုက္ေသာ ေရပုံးထဲ၌ ေရမ်ားပါမလာပဲ ေက်ာက္ခဲမ်ားခ်ည္း ပုံးအျပည့္ပါလာခဲ့ေလသည္။ ကြၽႏ္ုပ္လည္း အံ့ဩသြား မိေလ၏။ ေရတြင္းထဲမွ ေက်ာက္ခဲမ်ားသည္ အဘယ္ေၾကာင့္ ေရပုံးထဲသို႔ ေရာက္လာရပါသနည္း။ပုံးထဲသို႔အစိုင္အခဲမဟုတ္ေသာေရမ်ားဝင္ရန္သာ အေၾကာင္းရွိသည္။ ေက်ာက္ခဲကဲ့သို႔အစိုင္အခဲမ်ားသည္အလိုအေလွ်ာက္ ဝင္ေရာက္လာဖို႔မျဖစ္ႏိုင္ေခ်။
ကြၽႏ္ုပ္သည္ပါလာေသာေက်ာက္ခဲမ်ားကိုေရတြင္းေဘးတြင္ပုံခ်လိုက္
ကာေရတြင္းထဲသို႔ငုံ႔ၾကည့္လိုက္ေလသည္။
ထိုအခါ ေရတြင္းထဲ၌ မိန္းမတစ္ေယာက္၏ ဦးေခါင္းပိုင္းေပၚေနသည္ ကိုထူးဆန္းစြာ ေတြ႕ျမင္လိုက္ရေလ၏။ အလြန္တရာနက္ရႈိင္းေသာကြၽႏ္ုပ္ တို႔ ေရတြင္းႀကီးေအာက္ေျခသို႔ မိန္းမတစ္ေယာက္ ေရာက္ေနျခင္းမွာ မျဖစ္ ႏိုင္ေသာေၾကာင့္ ကြၽႏ္ုပ္သည္ စိတ္ထင္လို႔မ်ားလားဟု ေတြးလိုက္မိေသး သည္။ ညေနခင္းျဖစ္၍ ေရတြင္းေအာက္ေျခသည္ ေမွာင္မည္းေနေပရာ ကြၽႏ္ုပ္စိတ္ထင္ေယာင္ထင္မွား ျဖစ္သြားတာလည္း ျဖစ္ႏိုင္ေပ၏။
ကြၽႏ္ုပ္ကေသခ်ာေအာင္ ေနာက္တစ္ႀကိမ္စိုက္ၾကည့္လိုက္ျပန္သည္။ ကြၽႏ္ုပ္၏ စိတ္ကထင္ေနလို႔မ်ားလားမဆိုႏိုင္ေပ။ မိန္းမတစ္ေယာက္သည္ ေခါင္းကိုေမာ္ကာေရတြင္းအထက္သို႔ေမာ့ၾကည့္ေနသည္ကိုေတြ႕ေနရျပန္
ပါ၏။
ထိုအခိုက္ ရယ္ေမာလိုက္ေသာအသံသည္ ေရတြင္းေအာက္ေျခမွ လိုဏ္သံေပါက္၍ထြက္ေပၚလာျပန္ေလသည္။ရယ္သံမွာလည္းမိန္းမအသံ
ျဖစ္ေပ၏။

 

ကြၽႏ္ုပ္သည္ ၾကက္သီးျဖန္းျဖန္းထသြားမိေလ၏။ သရဲတေစၦမ်ား ေခ်ာက္လွန႔္ျခင္းေပေလာ။
“စိတ္ဆိုးသြားသလားဟင္”
ေရတြင္းေအာက္ေျခမွမိန္းမအသံျဖင့္စကားသံထြက္ေပၚလာျပန္သည္။ “ေဟး – ေအာက္က ဘယ္သူလဲ၊ ဘာလုပ္ေနတာလဲ”
ကြၽႏ္ုပ္က ေမးလိုက္ရေသာ္လည္း ေပတစ္ရာေက်ာ္ နက္ရႈိင္းေသာ ေရတြင္းေအာက္ေျခသို႔လူတစ္ေယာက္ေရာက္ေနဖို႔အေၾကာင္းမွာျဖစ္ႏိုင္
ခဲေၾကာင္းေတြးလိုက္မိေလသည္။
“စိတ္မဆိုးပါနဲ႔ေနာ္၊ ေရပုံးထဲကို ခဲလုံးေတြ ကြၽန္မထည့္လိုက္တာပါ။ ကြၽန္မေပ်ာ္ခ်င္လို႔ သက္သက္က်ီစယ္လိုက္တာပါ”
ရယ္သံထြက္လာျပန္သည္။

 

“ေရတြင္းထဲက်ေနတာမဟုတ္ပါဘူးရွင္၊ ကြၽန္မကေရထဲမွာေနတဲ့သူ ပါ။ ပ်င္းလို႔ ေလွ်ာက္သြားရင္းက ေဟာဒီ ေရတြင္းေအာက္ေနရာကို ေရာက္
လာတာ။
“ဘာ – ပ်င္းလို႔၊ ဟုတ္လား၊ မင္းက ေရထဲမွာေနတယ္” ကြၽႏ္ုပ္သည္ ဘာကိုမွနားမလည္ႏိုင္ေတာ့ေပ။
“ခစ္ – ခစ္ – ခစ္ – ရွင္ကြၽန္မနဲ႔ေတြ႕ခ်င္လားဟင္ – ေတြ႕ခ်င္တယ္ဆိုရင္ ရွင့္ေရပုံးႀကိဳးကို ခ်လိုက္ေလ၊ ႀကိဳးကို ဆြဲၿပီး ကြၽန္မလိုက္ခဲ့မယ္။ ကြၽန္မဟာ ကြၽန္မေတာ့ မတက္ႏိုင္ဘူးေနာ္၊ရွင္အေပၚကေနဆြဲယူမွျဖစ္မွာ၊ ဘယ့္ႏွယ္ လဲ၊ ရွင္ဆြဲႏိုင္ရဲ႕လား”
“ဘာလို႔မဆြဲႏိုင္ရမွာလဲဗ်၊ ေယာက္်ားပဲ”
“ဒါျဖင့္ ရွင္ ကြၽန္မကို ေတြ႕ခ်င္တယ္ေပါ့”
“မင္း ဘယ္လိုလူဆိုတာ ငါသိခ်င္လို႔ပါ။ ကဲ- ေျပာေနၾကာတယ္ကြာ၊ ေရပုံးကို ခ်လိုက္ၿပီေဟ့”
ကြၽႏ္ုပ္ခ်ေပးေသာ ေရပုံးတြင္းအေျခသို႔ က်သြားခ်ိန္တြင္ သူမထံမွ အသံထြက္လာျပန္သည္။
“ကြၽန္မ ေရပုံးကို အားျပဳၿပီး ဆြဲလိုက္ခဲ့မယ္။ ရွင္သာ အေပၚကေန ဆြဲ ေပေတာ့”
ကြၽႏ္ုပ္လည္း စက္သီးႀကိဳးအား အားစိုက္၍ ဆြဲတင္လိုက္ေလသည္။ လူတစ္ကိုယ္စာမို႔ အေတာ္ပင္ အားသုံး၍ဆြဲယူရေလ၏။
သူမသည္ တျဖည္းျဖည္းျဖင့္ အေပၚကို ေရာက္လာေလသည္။ သူမ၏ အသြင္အျပင္ကိုလည္း ထင္ရွားစြာ ျမင္လိုက္ရေလ၏။
သူမ၏ ရင္သားအထက္ပိုင္းကို ျမင္လိုက္ရသည့္အခ်ိန္တြင္ ကြၽႏ္ုပ္မွာ မွင္တက္မိကာ ႀကိဳးကို ဆက္မဆြဲပဲ သူမကို ေငးၾကည့္ေနမိေလ၏။ သူမ၏ ဆံပင္မ်ားမွာ နက္ေမွာင္ၿပီး တင္ပါးေက်ာ္သည္ထိ ရွည္လ်ားေနေပသည္။

 

ရင္လ်ားထားေသာ ထမီစမွာ ေငြေရာင္တေျပာင္ေျပာင္ လက္ေနေပ၏။ (စင္စစ္- အေၾကာင္းစုံမသိေသး၍ ကြၽႏ္ုပ္က သူမကို ရင္လ်ားထားသည္ ဟုထင္ခဲ့မိျခင္းျဖစ္သည္။ အမွန္က ထမီရင္လ်ားထားျခင္းမဟုတ္ပါ။
“အို- ကြၽန္မကို ဒီအတိုင္း ထားေတာ့မွာလား။ ေရတြင္းေဘာင္ေပၚ ကြၽန္မတက္ထိုင္ပါရေစ၊ ကြၽန္မလက္ကိုလွမ္းဆြဲလိုက္ပါအေမာင္” သူမက ေျပာလိုက္မွ ကြၽႏ္ုပ္အသိဝင္လာကာ သူမကမ္းေပးေသာ
လက္ကိုဖမ္းကိုင္ကာ
ကြၽႏ္ုပ္ဘက္သို႔ေရာက္ေအာင္ဆြဲယူလိုက္ရေလသည္။ သူမ၏တစ္ကိုယ္လုံးကေရတြင္းေဘာင္ေပၚတြင္တက္ထိုင္မိရက္သား
ျဖစ္သြားေလ၏။
သူမ၏တစ္ကိုယ္လုံးကိုျမင္လိုက္ရမွပင္ကြၽႏ္ုပ္သည္အံ့ဩမႈအထြတ္ အထိပ္သို႔ ေရာက္ကာ ထိတ္လန႔္ေခ်ာက္ခ်ားသြားရေလ၏။ သူမကားလူစင္စစ္တစ္ေယာက္မဟုတ္။ေအာက္ပိုင္းတြင္ငါးအၿမီးႏွင့္ ဆက္ထားေသာ ေရသူမတစ္ေကာင္သာ ပါတကား။ အစပိုင္းက ရင္လ်ား ထားေသာ ေငြေရာင္ထမီစဟု ကြၽႏ္ုပ္ထင္ခဲ့သည္မွာ သူမကိုယ္ေပၚမွာ အေၾကး ခြံမ်ားျဖစ္ေနသည္ကို ေတြ႕လိုက္ရေလ၏။ ေရတြင္းေပါင္ေပၚတက္ထိုင္ေန ရင္းမွ သူမ၏ ေအာက္ပိုင္းမွာ ငါးအၿမီးပိုင္းသည္ ေရတြင္း၏ အတြင္းနံရံကို တဖ်ပ္ဖ်ပ္ ႐ိုက္ခတ္လ်က္ရွိေပသည္။
“ဟင္ မင္း- မင္း – ေရသူမ”
“ဟုတ္ပါတယ္အေမာင္၊ကြၽန္မဟာလူသားမိန္းမတစ္ေယာက္မဟုတ္ ပါဘူး။ ေရေအာက္သိုက္နန္းက သိုက္နန္းရွင္ တစ္ေယာက္ပါအေမာင္” “ဘာ- သိုက္နန္းရွင္၊ ဟုတ္လား၊ မင္းဟာ လူတစ္ပိုင္း ေရသူမ မဟုတ္
လား”
“လူတစ္ပိုင္းငါးတစ္ပိုင္း သတၱဝါတစ္ေကာင္မဟုတ္ပါ။ ေရထဲမွာက်င္ လည္ရလို႔ ငါးအသြင္ကို ေဆာင္ယူထားျခင္းျဖစ္ပါတယ္ အေမာင္”

 

“ဒါျဖင့္ မင္းက ဘာလဲ”
“ေရေအာက္သိုက္နန္းရဲ႕သိုက္နန္းရွင္တစ္ေယာက္ပါလို႔ ေျပာၿပီေကာ
အေမာင္ရယ္”
“ဒီလိုဆို – ဒီေနရာကို မင္း ဘယ္လို ေရာက္လာတာလဲဟင္၊ မင္း တို႔ သိုက္က ေဟာဒီေရတြင္းႀကီးေအာက္မွာလား”
ကြၽႏ္ုပ္၏အေမးကို သူမကရယ္ေမာေနေသးသည္။
“ကြၽန္မတို႔ သိုက္နန္းက ဧရာဝတီျမစ္ႀကီးရဲ႕ျမစ္ၾကမ္းျပင္ေအာက္မွာပါ
အေမာင္ရယ္”
“ဧရာဝတီျမစ္၊ ဧရာဝတီျမစ္ကဒီေနရာနဲ႔ အေဝးႀကီးပဲ” “ဪ-အေမာင္ရယ္၊ ေရေၾကာေတြဟာ ေျမလႊာေအာက္မွာ လိုဏ္ ေခါင္းေပါက္ေတြျဖစ္ၿပီး တစ္ေနရာနဲ႔ တစ္ေနရာ ဆက္ေနတာရွင့္” “ဟင္”
“အဲဒီလို ေရေၾကာေတြတစ္ခုနဲ႔တစ္ခု ဆက္ေနလို႔လည္း အေမာင္တို႔ ေဟာဒီလိုေရတြင္းမ်ိဳးတူးေဖာ္လို႔ရတာေပါ့အေမာင္၊ကြၽန္မကေရေအာက္ သိုက္နန္းထဲမွာေနရတာပ်င္းလြန္းလို႔ေရေၾကာရွိတဲ့လိုဏ္ေခါင္းေတြအတိုင္း ေလွ်ာက္သြားရင္းက ဒီေနရာကို ေရာက္လာတာပါအေမာင္၊ ကြၽန္မ ေဟာဒီ ေရတြင္းႀကီးေအာက္ေျခကို လာလည္တာ .. သုံးရက္ဆက္တိုက္ပါပဲ။ အေမာင့္ကို ျမင္ပါတယ္။ အေမာင္နဲ႔ ခင္မင္ခ်င္လို႔ ခုလို အသိေပးၿပီး မိတ္ဖြဲ႕ ရတာပါအေမာင္”
ကြၽႏ္ုပ္သည္မေမွ်ာ္လင့္ပဲကြၽႏ္ုပ္တို႔ေရတြင္းထဲမွေပၚလာသည့္ေရသူမ အသြင္ ေဆာင္ယူထားေသာ မိန္းကေလးကို ၾကည့္ကာ အံ့လည္း အံ့ဩ မယုံၾကည္ႏိုင္ေအာင္လည္း ရွိေနမိသည္။ မည္သို႔ မယုံၾကည္သည္ျဖစ္ေစ သူမကားကြၽႏ္ုပ္ေရွ႕ေမွာက္၌မ်က္ဝါးထင္ထင္ေရာက္ရွိေနၿပီတည္း။ေရာက္ ရွိ႐ုံမကကြၽႏ္ုပ္အားလူသားမ်ားသုံးႏႈန္းသည့္စကားျဖင့္ပင္ေျပာၾကားလ်က္
ရွိေလၿပီ။

 

“ဘယ့္ႏွယ္လဲအေမာင္၊ သိပ္အံ့ဩေနသလားဟင္၊ ကြၽန္မနဲ႔ ခုလို သိကြၽမ္းရတာကို ဘယ္သူမွမသိေစခ်င္ဘူးကြယ္”
“ဘာ – ဘာျဖစ္လို႔လဲဟင္”
“ကြၽန္မတို႔ရဲ႕ေရေအာက္သိုက္နန္းႀကီး ရွိေနတာကို လူေတြ သိကုန္မွာ
စိုးလို႔ေပါ့အေမာင္”
“ဒါျဖင့္ – ကြၽႏ္ုပ္ကိုေတာ့ ဘာေၾကာင့္ အသိေပးရသလဲ” “ေျပာပါေကာ၊အေမာင္ကိုခင္လို႔ပါလို႔၊အေမာင္သာႏႈတ္လုံမယ္ဆိုရင္
ကြၽန္မအေမာင္နဲ႔ မၾကာခဏလာေတြ႕ခ်င္ပါတယ္အေမာင္” “ဟာ- စိတ္ခ်၊ ကြၽႏ္ုပ္ဘယ္သူ႔ကိုမွျပန္မေျပာပါ။ ကြၽႏ္ုပ္လည္းသင့္ကို ခင္ပါတယ္။ သင့္နာမည္…”
“ကြၽန္မရဲ႕အမည္ကျမနဒီလို႔ေခၚပါတယ္။ေရေအာက္သိုက္နန္းရဲ႕သိုက္
နန္းရွင္မေလးျမနဒီပါအေမာင္”
“ကြၽႏ္ုပ္အမည္ကို ေမာင္ေကာင္းမြန္လို႔ ေခၚပါတယ္ ျမနဒီ၊ ကြၽႏ္ုပ္ျဖင့္ ျမနဒီကို ေတြ႕ရတာ ဝမ္းလည္းသာတယ္၊ အံ့လည္း အံ့ဩမိတယ္ဗ်ာ” “အေမာင္ရယ္၊ ဒီေလာကႀကီးမွာ မ်ိဳးမတူဇာတ္ျခားတဲ့ သတၱဝါ အနႏၲ ရွိပါတယ္။ ဘာမွ အံ့ဩစရာမဟုတ္ပါ”
ျမနဒီက သူမတို႔၏ ေရေအာက္သိုက္နန္းႀကီးအေၾကာင္းကို ေျပာျပခဲ့ ေပသည္။ သူမတို႔၏ သိုက္နန္းသည္…
(ဤေနရာ၌စာ႐ြက္တြင္ေရစိုကာမင္မ်ားျပန႔္ေနေသာေၾကာင့္ဖတ္မရ
ခဲ့ေပ။ ေနာက္ဆက္လက္ ဖတ္ရႈရသည့္ စာမ်ားအရ ေရေအာက္ သိုက္နန္း အေၾကာင္းကို အေသးစိတ္ ေျပာျပခ်က္မ်ား ျဖစ္ပုံရေပသည္။ စာေၾကာင္း ေရ၂ဝ ခန႔္ ပ်က္ေနေပသည္။)
ျမနဒီကကြၽႏ္ုပ္ကိုႏႈတ္ဆက္ကာ ေရတြင္းထဲသို႔ ခုန္ဆင္းၿပီးေပ်ာက္
000
ကြယ္သြားေလၿပီ။

 

ကြၽႏ္ုပ္သည္ ေမွာင္ေနေသာ ေရတြင္းေအာက္ေျခကို ေငးၾကည့္ကာ ကြၽႏ္ုပ္ ေတြ႕ႀကဳံခဲ့ရသည္မ်ားမွာ အမွန္တကယ္မွ ဟုတ္ပါေလစ၊ အိပ္မက္ မ်ားေလလားဟုေတြးကာအံ့ဩေတြေဝေနမိေတာ့သည္။မည္သို႔ပင္ဆိုေစ ေနာက္ေန႔တြင္လည္း ျမနဒီက ကြၽႏ္ုပ္ထံ လာေရာက္လည္ပတ္ဦးမည္ဟု ကတိေပးသြားေလရာ ကြၽႏ္ုပ္ေစာင့္ေမွ်ာ္ရေပေတာ့မည္။
ျမနဒီသည္ သူမ၏ ကတိအတိုင္း ေနာက္တစ္ေန႔တြင္လည္း ကြၽႏ္ုပ္ထံ သို႔ ေရာက္ရွိလာခဲ့ေပသည္။ ကြၽႏ္ုပ္သည္ သူမေရာက္လာေၾကာင္း အခ်က္ ျပလိုက္သည္ႏွင့္ ေရငင္ပုံးကို ခ်ေပးကာ ျမနဒီအား အထက္သို႔ ေရာက္ ေအာင္ ဆြဲတင္လိုက္ေလသည္။
ကြၽႏ္ုပ္ႏွင့္ျမနဒီကားစကားမ်ားေျပာမကုန္ႏိုင္ေအာင္ ရွိေတာ့၏။ ျမနဒီ သူမ၏ ေရေအာက္သိုက္နန္းႀကီးအေၾကာင္း ကို ေျပာျပသလို… ကြၽႏ္ုပ္ တို႔လူ႔ေလာကမွ အေၾကာင္းျခင္းရာမ်ားကိုလည္း ေမးျမန္းေလသည္။ “ျမနဒီဟာလူ႔ဘဝကိုစြန႔္လႊတ္ခဲ့ရတာႏွစ္ေပါင္းမ်ားစြာၾကာပါၿပီအေမာင္၊
ၾကာလြန္းလို႔ ႏွစ္ကာလ ဘယ္ေလာက္ရွိၿပီဆိုတာေတာင္ မမွတ္မိေတာ့ပါ ဘူးကြယ္၊ ဒါေၾကာင့္လည္း လူသားမ်ားကို ေတြ႕ ျမင္ခ်င္လြန္းလို႔ အေမာင္ ရွိတဲ့ေနရာကိုလာေနမိတာပါအေမာင္”
“ကြၽႏ္ုပ္ဆီကို လာေရာက္ လည္ပတ္တာဟာ ျမနဒီရဲ႕စိတ္အပ်င္းေျပဖို႔ တစ္ခုတည္းေၾကာင့္ပဲလား ျမနဒီ၊ ဒါဆိုရင္ေတာ့.. ျမနဒီဟာ ကိုယ့္ရဲ႕အတၱ စိတ္ေျပေပ်ာက္ဖို႔အတြက္ကြၽႏ္ုပ္ကိုဒုကၡေဝဒနာေတြလာေပးသလိုျဖစ္ေန
ပါၿပီေကာ ျမနဒီ”
“အလို- ဘာကို ဆိုလိုတာပါလိမ့္ – အေမာင္”
“ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽႏ္ုပ္က ျမနဒီကို ခ်စ္ေနလို႔ပါပဲ ျမနဒီ၊ ကြၽႏ္ုပ္ ျမနဒီကိုအသည္းေပါက္မတတ္ခ်စ္ေနမိပါၿပီ”

 

“မေတာ္ပါဘူးအေမာင္ရယ္၊ အေမာင္နဲ႔ ျမနဒီဟာ မ်ိဳးမတူဇာတ္ျခား ပါတယ္ အေမာင္”
“ခုမွေတာ့ဒါေတြကိုမေတြးႏိုင္ေတာ့ဘူးျမနဒီရယ္…ကြၽႏ္ုပ္ရဲ႕ႏွလုံးသား
က အလိုလို ေပၚလာတဲ့ အခ်စ္စိတ္ေပပဲ၊ ကြၽႏ္ုပ္ကို ျမနဒီတို႔ရဲ႕ သိုက္နန္းကို ေခၚသြားပါေတာ့”
“အို-”
ကြၽႏ္ုပ္၏ေတာင္းဆိုခ်က္ေၾကာင့္ျမနဒီမွာအလြန္ပင္တုန္လႈပ္ေခ်ာက္
ခ်ားသြားေပေတာ့သည္။
“ဘဝခ်င္းကျဖင့္ ဘယ္လိုမွေပါင္းစပ္လို႔ မရပါဘူးအေမာင္ရယ္” “ျမနဒီကြၽႏ္ုပ္ကို ေမတၱာမမွ်ႏိုင္ဘူးလားဟင္”
“ျမနဒီ အေမာင့္ကို သံေယာဇဥ္ရွိပါတယ္။ ခ်စ္ပါတယ္အေမာင္၊ သို႔ေပ တဲ့- တစ္ဦးနဲ႔တစ္ဦး မေပါင္းဖက္ႏိုင္တဲ့ ဘဝမ်ားမို႔ အေမာင့္အခ်စ္စိတ္ကို လည္း မ်ိဳသိပ္လိုက္ပါ။ ျမနဒီ ခ်စ္စိတ္ကိုလည္း မ်ိဳသိပ္ထားပါ့မယ္အေမာင္ ရယ္”
“အခ်စ္ဆိုတာမ်ိဳသိပ္ဖို႔မဟုတ္ပါဘူးျမနဒီ၊အခ်စ္ဆိုတာခ်စ္ဖို႔ပါပဲကြယ္” “အို- ျမနဒီ အေမာင့္ကို ဆက္သြယ္မိတာ မွားၿပီထင္ပါရဲ႕၊ ခြင့္လႊတ္ပါ အေမာင္ရယ္”
“ဘဝခ်င္း တူတူ – မတူတူ၊ ေပါင္းလို႔ ရရ- မရရ ၊ ျမနဒီ ကြၽႏ္ုပ္ကို ခ်စ္ တယ္ဆိုတဲ့ အေျဖေပးရင္ ေက်နပ္ပါၿပီ ျမနဒီ”
“ခ်စ္ပါတယ္ အေမာင္၊ ျမနဒီ အေမာင့္ကို ခ်စ္ပါတယ္ရွင္”
ကြၽႏ္ုပ္၏ ယခင္ႏွင့္မတူ မူပ်က္ေနေသာ အျဖစ္ကို မိခင္ႀကီးက ရိပ္ စားခဲ့မိေလသည္။
“သား – ညတိုင္းညတိုင္းေရတြင္းေဘးမွာၾကာလွခ်ည္လား၊အေမွာင္ထဲ မွာ ျခင္ကကိုက္နဲ႔ မင္း ဘာလုပ္ေနတာလဲ”

 

“ကြၽန္ေတာ္ သစ္ပင္ေတြ ေရေလာင္းေနတာပါအေမ”
“သစ္ပင္ေရေလာင္းတာ ဒီေလာက္ မၾကာပါဘူး။ အေမလာၾကည့္ ေတာ့ မင္းတစ္ေယာက္တည္း စကားေျပာေနတဲ့ အသံကို ၾကားရတယ္။
ငါ့သားရဲ႕”
“အေမစိတ္ထင္လို႔ပါအေမ”
ထိုအေၾကာင္းကို ကြၽႏ္ုပ္က ျမနဒီကိုျပန္ေျပာျပလိုက္သည္။
“အေမက မ်က္စိမႈန္ေတာ့ ျမနဒီကို မျမင္ရဘူးေပါ့။ အေမ့ကို ကြၽႏ္ုပ္ နဲ႔ ျမနဒီအေၾကာင္းေတြ ဖြင့္ေျပာလိုက္ရမလားဟင္”
“ေစာပါေသးတယ္အေမာင္၊ ျမနဒီအေၾကာင္းကို ဘယ္သူမွ မသိေစ
ခ်င္ဘူး”
“ကြၽႏ္ုပ္တို႔ ဒီလိုပဲ ေနသြားရေတာ့မွာလား ျမနဒီ၊ ျမနဒီနဲ႔ ကြၽႏ္ုပ္နဲ႔ နီးဖို႔ အေရးကို ႀကံစည္စမ္းပါဦး”
“အင္း – အေမာင့္ကို ျမနဒီတို႔ရဲ႕ ေရေအာက္သိုက္နန္းႀကီးဆီ ေခၚသြား ပါဦးမယ္ေလ၊ သိုက္နန္းကိုေလ့လာၿပီးမွအေမာင္ေနႏိုင္ – မေနႏိုင္ဆုံးျဖတ္ ပါေလ”
“ျမနဒီနဲ႔အတူလိုက္ရရင္ ေရထဲကေနလိုက္လာရမွာလား၊ ကြၽႏ္ုပ္ အသက္
ရႉလို႔ ရပါ့မလား ျမနဒီရယ္”
“ျမနဒီနဲ႔ အတူတူ ဆိုရင္ျဖင့္ စိတ္ပူစရာမလိုပါဘူး၊ အေမာင္ အႏၲရာယ္ ကင္းကင္းနဲ႔ လိုက္ပါႏိုင္ပါတယ္။ ဒါေပမဲ့… ဒီအေၾကာင္းကို အေမာင္ ႏႈတ္ လုဖို႔လိုတယ္ေနာ္အေမာင္”
“စိတ္ခ်ပါ ျမနဒီ”
သို႔ျဖင့္ – ျမနဒီက လာမည့္ လျပည့္ေန႔တြင္ ကြၽႏ္ုပ္အား သူမ ေနထိုင္ သည့္ ေရေအာက္သိုက္နန္းသို႔ အလည္အပတ္ ေခၚေဆာင္သြားမည့္ အေၾကာင္း၊သိုက္နန္းမွသိုက္ခ်ဳပ္မယ္ေတာ္ႀကီးႏွင့္မိတ္ဖြဲ႕ေပးမည့္အေၾကာင္း
ကတိေပးေလသည္။

 

ေနာက္တစ္ႀကိမ္ လျပည့္ေန႔တြင္ ျမနဒီက ကတိအတိုင္း ကြၽႏ္ုပ္အား သူမတို႔၏ သိုက္နန္းသို႔ ေခၚေဆာင္သြားခဲ့ေလ၏။
ကြၽႏ္ုပ္သည္ ျမနဒီ ေရာက္လာေၾကာင္း ေရတြင္းေအာက္မွ အသိေပး လိုက္သည္ႏွင့္ ခါးေတာင္းကိုေျမႇာင္ေအာင္က်ိဳက္ကာေရတြင္းထဲသို႔ ခုန္ခ် လိုက္ေလသည္။ ျမနဒီကကြၽႏ္ုပ္၏လက္အား ဖမ္းဆြဲလိုက္ေလသည္။ အံ့ဩဖြယ္ေကာင္းေပစြ။ ကြၽႏ္ုပ္ျဖင့္ ေရေအာက္သို႔ နစ္ျမဳပ္သြားေသာ္ လည္းေရတြင္းေအာက္ေျခမွ နက္ေမွာင္ေသာ ေရေအာက္ ျမင္ကြင္းမ်ားကို ေန႔အလင္းတြင္ ျမင္ရသည့္အလားထင္ရွားစြာ ျမင္ေနရေပသည္။ ျမနဒီသည္ကြၽႏ္ုပ္လက္ကို ဆြဲကာဦးေဆာင္၍ေခၚဝင္သြားေလသည္။ ကြၽႏ္ုပ္သည္ ေရေအာက္တြင္ လုံးလုံး ေရာက္ေနေသာ္လည္း အသက္ရႈလို႔ လည္းရေနသည္။ ျမနဒီႏွင့္စကားေျပာလို႔လည္းရေနသည္။
ျမနဒီကေရအျပည့္ျဖစ္ေနေသာလိုဏ္ေခါင္းလမ္းတစ္ေလွ်ာက္
ကြၽႏ္ုပ္အား ဆြဲေခၚကာ ကူးခတ္လ်က္ရွိေလသည္။ ကြၽႏ္ုပ္သည္ ကြၽႏ္ုပ္တို႔ အိမ္ၿခံ ဝင္းထဲမွေရတြင္းႀကီးေအာက္ေျခတြင္ ဤမွ် ရွည္လ်ားေသာ လိုဏ္ ေခါင္းႀကီးရွိေနသည္ကို အံ့ဩစြာျဖင့္ ျမနဒီေခၚေဆာင္ရာသို႔ လိုက္ပါလာခဲ့ ေလသည္။
“ကြၽႏ္ုပ္တို႔ ဘယ္ကို သြားေနတာလဲ ျမနဒီ”
“ဧရာဝတီျမစ္ႀကီးဆီ ဦးတည္ၿပီး အေရာက္သြားေနတာေလအေမာင္” “အိုး- ဧရာဝတီျမစ္က အေဝးႀကီးပဲ၊ ကြၽႏ္ုပ္တို႔ ႐ြာထဲကေန ငါးမိုင္ ေတာင္ေဝးတာပဲ ျမနဒီ”
“ဒီလိုဏ္ေခါင္းႀကီးက ဧရာဝတီျမစ္အထိ ေပါက္ပါတယ္အေမာင္၊ ေျမ လႊာေအာက္မွာ လိုဏ္ေခါင္းမ်ား၊ ေရေၾကာမ်ားျဖစ္ေပၚၿပီး တစ္ေနရာနဲ႔ တစ္ ေနရာ ဆက္သြယ္ေနတယ္လို႔ျမနဒီေျပာခဲ့ပါေရာအေမာင္ရယ္”
“ထူးဆန္းပါဘိေတာ့တယ္။ ေျမေအာက္မွာက်ေတာ့ ေရေတြအတိၿပီး တဲ့ေနရာမွာေတာင္ ျမင္လည္း ျမင္ရတယ္။ အသက္ရႉလို႔ စကားေျပာလို႔လဲ ရတယ္ေနာ္”

 

ကြၽႏ္ုပ္အေျပာကို ျမနဒီက ရယ္လိုက္ေလသည္။ “အေမာင့္လက္ကို ျမနဒီခဏလႊတ္လိုက္မယ္ေနာ္”
ျမနဒီကသူမလက္ျဖင့္ဆုပ္ကိုင္ထားေသာကြၽႏ္ုပ္၏လက္အားလႊတ္ခ် လိုက္ေလသည္။ ခ်က္ခ်င္းမွာပင္ ကြၽႏ္ုပ္သည္ ပိန္းပိတ္ေနေသာ ေရထုထဲ၌ အေမွာင္က်သြားကာ ဘာကိုမွ မျမင္ရေတာ့ပဲ ဝူးဝူးဝါးဝါး ျဖစ္ေနေပေတာ့ သည္။ အသက္ရႉလို႔လည္း မရေတာ့။ ျမနဒီကို ဟစ္ေအာ္ေခၚေသာ္လည္း ေခၚလို႔ မရေတာ့ေပ။ ကြၽႏ္ုပ္သည္ ေရနစ္ေနေသာ လူတစ္ေယာက္အျဖစ္ ခ်က္ခ်င္းပင္ ဘဝေျပာင္းသြားေလေတာ့၏။
ခဏၾကာမွ ျမနဒီ၏ ေပ်ာ့ေပ်ာင္းေသာ လက္ဖဝါးေလးက ကြၽႏ္ုပ္ကို လာ၍ထိေတြ႕လိုက္ေလရာ ကြၽႏ္ုပ္သည္ အျမင္ဓာတ္ကိုလည္း ျပန္ရလိုက္ သည္။ အသက္ရႉလို႔လည္း ရသြားသည္။ စကားလည္း ျပန္ေျပာႏိုင္သြား ေလ၏။
“သိၿပီလားအေမာင္၊ ျမနဒီက အေမာင့္အသားကို ထိေတြ႕ထားလို႔ ေရ ေအာက္ထဲမွာ အေမာင္ လြတ္လြတ္လပ္လပ္ ေနလို႔ ရေနတာပါ။ ျမနဒီသာ မပါရင္အေမာင္ဟာ သာမန္လူသားတစ္ေယာက္မို႔ေရေအာက္ခရီးကိုမလား ႏိုင္ပါဘူးအေမာင္”
“ဪ – ဒီလိုလား”
“ေဟာ- ေျပာရင္းဆိုရင္း ဧရာဝတီျမစ္ထဲကိုေတာင္ ေရာက္လာၿပီ အေမာင္၊ ျမစ္ေရျပင္ေပၚကို အေမာင့္ကိုလိုက္ျပပါဦးမယ္”
ျမနဒီက ေရျပင္အထက္သို႔ ကြၽႏ္ုပ္အား ဆြဲေခၚသြားေလသည္။ ေရျပင္ အထက္ကို ေခါင္းေဖာ္လိုက္သည္ႏွင့္ ကြၽႏ္ုပ္သည္ ျမစ္အလယ္သို႔ ေရာက္ ရွိေနသည္ကို ေတြ႕ လိုက္ရကာ တစ္ဖက္တစ္ခ်က္ဆီမွ ျမစ္ကမ္းစပ္မ်ားကို လည္းေကာင္း၊ ေရထဲတြင္ သြားလာေနေသာေလွသေဘၤာမ်ားကိုလည္းေကာင္း ျမင္လိုက္ရေလသည္။ လျပည့္ညျဖစ္ေလရာ လေရာင္သည္ ျမစ္ျပင္ေပၚသို႔ ျဖာက်ေနၿပီး ျမစ္၏ ညရႈခင္းကို သာယာရႈေမာဖြယ္ ျမင္ေတြ႕လိုက္ရေလ၏။

 

ဘူး”
“ေရထဲကို ျပန္ငုပ္ၾကစို႔အေမာင္၊ လူေတြ ျမနဒီတို႔ကို ျမင္သြားလို႔ မျဖစ္
ျမနဒီက ကြၽႏ္ုပ္ကို ေရေအာက္ထဲသို႔ ျပန္လည္ဆြဲေခၚသြားေလရာ ျမစ္ ၾကမ္းျပင္ေအာက္သို႔ ဒုတ္ဒုတ္ထိေရာက္ရွိသြားေလ၏။
ျမနဒီသည္ ျမစ္ၾကမ္းျပင္မွ ႀကီးမားေသာ ေက်ာက္ျဖဴတုံးႀကီးတစ္ခုကို ဆြဲလွန္လိုက္ေလသည္။ထိုအခါေက်ာက္ျဖဴတုံးႀကီးေအာက္တြင္အေပါက္ တစ္ခု ေပၚလာေလ၏။ ျမနဒီက ထိုအေပါက္မွတစ္ဆင့္ ျမစ္ၾကမ္းျပင္၏ ေအာက္ေျခသို႔ ကြၽႏ္ုပ္အား ဆြဲေခၚျပန္သည္။ လိုဏ္ေခါင္းေပါက္အတြင္းထဲ ေရာက္သည္ႏွင့္ျမနဒီကဖယ္ရွားထားေသာေက်ာက္တုံးႀကီးကိုနဂိုအတိုင္း
ျပန္လည္ေစ့ပိတ္လိုက္ေလသည္။

 

ကြၽႏ္ုပ္တို႔သည္ ျမစ္ၾကမ္းျပင္၏ ေအာက္ေျခဘက္သို႔ ေရာက္ရွိေနေလ ၿပီ။ေအာက္၌ကားလူတို႔ေနရာကမာၻေလးတစ္ခုသဖြယ္ အေဆာက္အအုံမ်ား၊ သစ္ပင္ပန္းမာလ္မ်ားကို ျမင္ေတြ႕ေနရေလသည္။ သို႔ေသာ္ ပတ္ဝန္း က်င္တစ္ခုလုံးကား ေရမ်ားျပည့္၍ေနေပ၏။
ျမနဒီကကြၽႏ္ုပ္အားႀကီးမားေသာေက်ာက္ျဖဴအေဆာက္အအုံႀကီးဆီ သို႔ေခၚသြားေလသည္။က်ယ္ျပန႔္ခမ္းနားလွေသာေရေအာက္ကမာၻႀကီးပင္
တည္း။
အေဆာက္အအုံခန္းမႀကီးထဲသို႔ ေရာက္သည္ႏွင့္ ေအာင္ျမင္ခန႔္ညား ေသာအသံတစ္သံကိုၾကားလိုက္ရေလသည္။
“သယ္- မိုက္လိုက္ပါဘိ၊ေဘာက္မဲ့ေၾကာင့္လူသားသူငယ္ကို မယ္မယ္ တို႔ရဲ႕ ေရေအာက္သိုက္နန္းအေရာက္ ေခၚေဆာင္လာရသလဲ- သမီးေတာ္
ျမနဒီ”
ကြၽႏ္ုပ္ကအသံၾကားရသို႔လွည့္ၾကည္လိုက္ရာအသက္အ႐ြယ္ႀကီးမား ေသာ္လည္းလွပခန႔္ညားသည့္အမ်ိဳးသမီးႀကီးတစ္ေယာက္ကိုေတြ႕လိုက္ရ
ေလ၏။ ထိုအမ်ိဳးသမီးႀကီးမွာလည္း ေရသူမသဏၭာန္ : လူတစ္ပိုင္း ငါးတစ္ပိုင္းအသြင္ ေဆာင္ယူထားသူျဖစ္ေနေပသည္။
ကြၽႏ္ုပ္သည္ ျမနဒီေျပာျပထား၍ ထိုအမ်ိဳးသမီးႀကီးအား သိုက္ခ်ဳပ္ မယ္ေတာ္ႀကီးအျဖစ္ သိရွိလိုက္ေလသည္။ မယ္ေတာ္ႀကီး၏ မ်က္ႏွာကား ကြၽႏ္ုပ္ကိုမလိုလားသည့္အသြင္ေဆာင္ယူေနေပ၏။ကြၽႏ္ုပ္သည္မယ္ေတာ္ ႀကီးကိုၾကည့္ကာ ေၾကာက္႐ြံ႕ထိတ္လန႔္ေနမိေပေတာ့သည္။
“သည္းခံပါမယ္မယ္၊ သမီးေတာ္ မယ္မယ့္ထံခြင့္မပန္ပဲ လူသား ေယာက္်ားပ်ိဳတစ္ေယာက္ကိုခ်စ္ႀကိဳက္မိပါတယ္။ သူ႔ကိုမယ္မယ့္ထံေမွာက္ ေခၚလာၿပီ မယ္မယ့္ထံမွ ခြင့္ျပဳခ်က္ကို အသနားခံေတာင္းခံဖို႔”
“ေတာ္ – တန္ – တိတ္”

 

“မိုက္ပါဘိ ျမနဒီ…”
ဆက္လက္
(ဤေနရာမွ စတင္၍ စာမ်က္ႏွာေလးပုံသုံးပုံခန႔္ ေရစိုေနျပန္ရာ ဖတ္ရႈ ၍မရႏိုင္ေအာင္စာမ်ားပ်က္ျပယ္ေနေပသည္။ေနာက္ပိုင္းတြင္ ေဖာ္ျပထားေသာအေၾကာင္းအရာမ်ားအရ သိုက္ခ်ဳပ္မယ္ေတာ္ႀကီးက လူ သားႏွင့္ ခ်စ္သူရည္းစားထားျခင္းကို ဆူပူကန႔္ကြက္ကာ ေမာင္ေကာင္း မြန္အားလူ႔ရပ္႐ြာသို႔ျပန္လည္ပို႔ေဆာင္ရန္ေစခိုင္းျခင္းျဖစ္ေၾကာင္း ခန႔္မွန္း
ရေပသည္။)
ကြၽႏ္ုပ္သည္ ေရတြင္းေပါင္တစ္ေလွ်ာက္ ပဲ့က်ေသာအုတ္က်ိဳးမ်ား ထဲသို႔ေျခလွ်ိဳနင္းကာ ေရတြင္းအထက္သို႔တက္ခဲ့ေလသည္။ အထက္သို႔ မေရာက္မီ ကြၽႏ္ုပ္က ေအာက္ေျခသို႔ ျပန္ငုံ႔ကာ ညႇိဳးႏြမ္း ေသာမ်က္ႏွာျဖင့္ကြၽႏ္ုပ္အားေမာ္ၾကည့္ေနေသာျမနဒီကိုၾကည့္လိုက္ေလ
သည္။
“ျမနဒီ..ေနာက္ညေတြမွာလည္း အရင္လိုကြၽႏ္ုပ္ဆီကိုလာခဲ့ပါဦးေနာ္”
“အက်ိဳးေတာ့နည္းကုန္ပါၿပီအေမာင္၊မယ္ေတာ္ႀကီးရဲ႕တစ္ခ်က္လႊတ္
အမိန႔္ စကားကို အေမာင္ကိုယ္တိုင္ ၾကားခဲ့ရၿပီးၿပီပဲ၊ အေမာင္နဲ႔ ျမနဒီ ဒီဘဝ ေတာ့ေဝးပါၿပီအေမာင္ရယ္”
“မယ္ေတာ္ႀကီး ဘာေျပာေျပာ၊ ျမနဒီ ေရာက္ေအာင္ လာရင္ျဖစ္တာပဲ မဟုတ္လား”
“မျဖစ္ပါဘူးအေမာင္၊ သိုက္ခ်ဳပ္မယ္ေတာ္ႀကီးရဲ႕ အမိန႔္ကို ျမနဒီတို႔လို သိုက္နန္းရွင္မ်ားဟာ ေျမဝယ္မက်နာခံရပါတယ္၊ မပယ္ရွားဝံ့ပါ” “ဒါျဖင့္ ျမနဒီနဲ႔ ကြၽႏ္ုပ္…”
“ျမနဒီလည္း ရင္ကြဲလုပါၿပီအေမာင္ရယ္”
“ဘာပဲျဖစ္ျဖစ္ ကြၽႏ္ုပ္ကေတာ့ ေမွ်ာ္ေနမွာပဲ ျမနဒီ၊ ျမနဒီ ကြၽႏ္ုပ္ဆီကို ေရာက္ေအာင္လာခဲ့ပါေနာ္”

 

ေတာ့”
“သြားေပေတာ့အေမာင္၊ ျမနဒီလည္း ျပန္ခ်ိန္သင့္ပါၿပီ၊ ျမနဒီကို ခြင့္ျပဳပါ
ျမနဒီကကြၽႏ္ုပ္အားမ်က္ရည္ေဝေသာမ်က္လုံးမ်ားျဖင့္ေငးစိုက္ၾကည့္ ကာေရထဲသို႔ ငုပ္လွ်ိဳးေပ်ာက္ကြယ္သြားေလသည္။
ျမနဒီက မလာေတာ့ဘူးဟု ေျပာခဲ့ေသာ္လည္း ကြၽႏ္ုပ္ကား ညစဥ္ ည တိုင္း ေရတြင္းေဘာင္ေပၚထိုင္ရင္း ေမွ်ာ္ေနမိေလသည္။ ျမနဒီ၏ ကြၽႏ္ုပ္ အေပၚထားရွိေသာေမတၱာကိုယုံၾကည္သည့္အတြက္တစ္ေန႔ေန႔တြင္ ျမနဒီ ေရာက္လာမည္ဟုကြၽႏ္ုပ္က ေမွ်ာ္လင့္ေနခဲ့မိေပ၏။
သို႔ရာတြင္ ရက္ရွည္လမ်ားသာ ကုန္လြန္သြားခဲ့သည္။ ျမနဒီကား ေပၚ မလာခဲ့ေခ်။ ျမနဒီကိုယ္တိုင္ပင္ ကြၽႏ္ုပ္အား စိမ္းကားခဲ့ေလၿပီေလာ။ သိုက္ ခ်ဳပ္မယ္ေတာ္ႀကီးကပင္ ခ်ဳပ္ခ်ယ္ထားေလသလား..မေတြးတတ္ႏိုင္ပါၿပီ။ ကြၽႏ္ုပ္၏ အလြမ္းစိတ္မ်ားက တစ္စတစ္စ ရွင့္သန္လာကာ မစားႏိုင္ မေသာက္ႏိုင္ေအာင္ျဖစ္ခဲ့ရေလၿပီ။ကြၽႏ္ုပ္သည္ညအခ်ိန္သာမကေန႔အခ်ိန္ မွာပါ ေရတြင္းေဘးမွ မခြာပဲ ေရတြင္းေအာက္ေျခသို႔ ငုံ႔ၾကည့္ကာ မႈိင္ေတြ ေနမိေလေတာ့၏။ ေန႔စဥ္ ေရခပ္လာသူအေပါင္းက ကြၽႏ္ုပ္၏ေသာက ဖိစီး ေသာ အမူအရာကို ရိပ္စားမိခဲ့ၾကေလၿပီ။
ကြၽႏ္ုပ္၏ မိခင္ႀကီးသည္လည္း မစားႏိုင္ မအိပ္ႏိုင္ျဖစ္ေနေသာ ကြၽႏ္ုပ္ ၏ ျဖစ္အင္ကို ရိပ္မိသိရွိသြားခဲ့ေလသည္။
မိခင္ႀကီးကေမးျမန္းေသာေၾကာင့္ ကြၽႏ္ုပ္ကကြၽႏ္ုပ္ႏွင့္ ျမနဒီတို႔ အျဖစ္ အား မခြၽင္းမခ်န္ ေျပာျပလိုက္ေလသည္။ သို႔ရာတြင္ မိခင္ႀကီးကား ယုံၾကည္ ျခင္းမရွိခဲ့ေပ။
“ေကာင္းမြန္ – ငါ့သား-မင္းဘာေတြ ေျပာေနတာလဲသားရယ္၊ မင္း စိတ္ေတြမဟုတ္ေတာ့ဘူး၊မင္းကို ေရတြင္းေဘးမွာတစ္ေယာက္တည္း

 

စကားေျပာေနတာကို ငါျမင္ျမင္ေနရတာဒါေၾကာင့္ကိုး။ မင္းဟာကိုယ့္စိတ္ ကိုယ္လွည့္စားၿပီးထင္မိထင္ရာေတြ ေတြးေနေတာ့တာကိုး”
“အေမ-ျမနဒီကို မျမင္ရတာ မ်က္စိမႈန္လို႔ပါအေမ၊ ျမနဒီဟာ တစ္လ တိတိ ကြၽန္ေတာ့္ဆီကို လာခဲ့ပါတယ္။ ကြၽန္ေတာ္လည္း သူတို႔ရဲ႕ ေရေအာက္သိုက္နန္းႀကီးကိုလိုက္လည္ၿပီးပါၿပီအေမ”
မိခင္ႀကီးက ကြၽႏ္ုပ္အား စိတ္ပ်က္စြာ ၾကည့္၍ ေခါင္းကို ခါလိုက္ေလ သည္။မိခင္ႀကီးသည္ကြၽႏ္ုပ္စကားကိုမယုံပဲကြၽႏ္ုပ္အားစိတ္ေဝဒနာစြဲကပ္
ေနၿပီဟု အထင္ရွိခဲ့ေလသည္။
ေနာက္တစ္ေန႔မွာပင္ မိခင္ႀကီးက ပေယာဂဆရာတစ္ေယာက္ကို ပင့္ ဖိတ္ကာကြၽႏ္ုပ္အားကုသေစျခင္းျဖင့္ သူမ၏အထင္အျမင္ကိုေဖာ္ျပလိုက္
ေလသည္။
ကြၽႏ္ုပ္သည္ ကြၽႏ္ုပ္အား အစြဲခြၽတ္မည္တကဲကဲျဖင့္ ႀကိမ္လုံးႀကီးႏွင့္ ႐ြယ္ေနေသာ ပေယာဂဆရာလက္ထဲမွ ႀကိမ္လုံးကို လုယူကာ ပေယာဂ ဆရာကို သူ႔ႀကိမ္လုံးျဖင့္ပင္ ျပန္႐ိုက္လႊတ္လိုက္ေလသည္။
ကြၽႏ္ုပ္က ကြၽႏ္ုပ္အား အ႐ူးတစ္ေယာက္သဖြယ္ သေဘာထားခံရျခင္း ကို ခံျပင္း၍ ျပဳလုပ္ခဲ့ျခင္းျဖစ္ေသာ္လည္း.. ထိုအျပဳအမူအတြက္ပင္ ကြၽႏ္ုပ္ အား ႐ူးသြပ္ေနသူတစ္ေယာက္ဟု စြပ္စြဲျခင္း ခံရျပန္ေလသည္။
႐ြာဦးေက်ာင္းဆရာေတာ္ႀကီးသည္လည္း ကြၽႏ္ုပ္တို႔ အိမ္သို႔ ႂကြလာ ကာကြၽႏ္ုပ္အားတရားျပေဟာၾကားခဲ့ေသးသည္။ ကြၽႏ္ုပ္ကကြၽႏ္ုပ္ႏွင့္ျမနဒီ အေၾကာင္းကို ခေရေစ့တြင္းက် တင္ေလွ်ာက္လိုက္သည့္အခါ ဘုန္းေတာ္ ႀကီးသည္လည္း သက္ျပင္း အခါခါခ်ရင္းျပန္ႂကြသြားေလေတာ့သည္။ ကြၽႏ္ုပ္၏ရင္တြင္း၌ျမနဒီကိုလြမ္းဆြတ္စိတ္၊ျမနဒီႏွင့္ေတြ႕ခ်င္စိတ္မ်ား
အုံႂကြလာခဲ့ရာ ကြၽႏ္ုပ္သည္ အခ်ိန္ျပည့္ ေရတြင္းေဘးသို႔ သြားေနကာ ေရ တြင္းထဲ ငုံ႔ၾကည့္ရင္း “ျမနဒီ… ျမနဒီ”ဟု အႀကိမ္ႀကိမ္အခါခါ ေအာ္ေခၚမိ ေလေတာ့သည္။

 

ကြၽႏ္ုပ္၏ခံစားမႈမ်ားကိုနားလည္းမလည္။ ကိုယ္ခ်င္းလည္းမစာတတ္ ေသာ ႐ြာသူ႐ြာသားမ်ားသည္ ကြၽႏ္ုပ္အိမ္မွ ေရတြင္းသို႔ ေရခပ္ရန္ပင္ မလာ ေရာက္ၾကေတာ့ေခ်။ ေဝးလံေသာ ဘုန္းႀကီးေက်ာင္းထဲမွ ေရတြင္းအထိ သြားခပ္ၾကေတာ့၏။
တစ္႐ြာလုံးက ကြၽႏ္ုပ္အား ႐ူးသြပ္ေနသူဟု ထင္မွတ္ေနၾကေလၿပီ
တည္း။
ေနာက္တစ္လခန႔္အၾကာတြင္နဂိုကမက်န္းမမာရွိေသာကြၽႏ္ုပ္၏မိခင္
ႀကီးသည္ ကြၽႏ္ုပ္စိတ္ျဖင့္ပင္ ကြယ္လြန္သြားေလ၏။
မိခင္ႀကီးမရွိေတာ့ေသာအခါကြၽႏ္ုပ္လည္းျမနဒီကိုလြမ္းဆြတ္ သတိရ ေသာစိတ္ျဖင့္ လူ႔ ေလာကႀကီး၌ မေနခ်င္ေတာ့ေပ။ တစ္႐ြာလုံး ကလည္း ကြၽႏ္ုပ္ကိုဖဲက်ဥ္ထားၾကေလၿပီ။
ကြၽႏ္ုပ္သည္ျဖစ္လိုရာျဖစ္ေစေတာ့ျမနဒီရွိရာသိုက္နန္းသို႔သြားေရာက္ ရန္ ဆုံးျဖတ္လိုက္ေလသည္။ ျမနဒီတို႔ ေရေအာက္သိုက္နန္းႀကီးသို႔ ကြၽႏ္ုပ္ ေရာက္ခဲ့ဖူးၿပီး မဟုတ္ပါလား။
ေရတြင္းထဲမွတစ္ဆင့္ျမစ္ရွိရာဘက္သို႔ေရေၾကာင္းလိုဏ္ေခါင္းအတိုင္း
ကူးခတ္သြားလွ်င္ ျမနဒီတို႔ သိုက္နန္းႀကီးရွိရာသို႔ ေရာက္ေပမည္။ ျမနဒီႏွင့္ အတူသြားစဥ္ကလို ခရီးစဥ္ေခ်ာေမြ႕မႈရွိမည္မဟုတ္ေသာ္လည္းစြန႔္စားရေပ ေတာ့မည္။
မသြားေရာက္မီ ကြၽႏ္ုပ္၏ ျဖစ္စဥ္အား စာျဖင့္ ေရးသားမွတ္တမ္းတင္ ခဲ့ပါသည္။
ဤမွတ္တမ္းအား ကြၽႏ္ုပ္ႏွင့္အတူ ေရေအာက္သို႔ ယူေဆာင္သြားမည္ ျဖစ္သည္။ျမနဒီတို႔သိုက္နန္းသို႔ေရာက္သည္ျဖစ္ေစ၊မေရာက္သည္ျဖစ္ေစ၊

 

ဤမွတ္တမ္းအား ေနာင္လာေနာက္သားမ်ားေတြ႕ရွိပါက ျမစ္ႏွင့္ ငါးမိုင္ေဝး ေသာကြၽႏ္ုပ္တို႔႐ြာမွဧရာဝတီျမစ္အထိေျမေအာက္ဥမင္လိုဏ္ေခါင္းမွလမ္း ေပါက္သည္ကို သိရွိေစလို၍ျဖစ္ပါသည္။
ဤမွတ္တမ္းအားေတြ႕ရွိျခင္းအားျဖင့္ ကြၽႏ္ုပ္ႏွင့္ေရေအာက္သိုက္နန္း ရွင္မေလးတို႔၏အခ်စ္ဇာတ္လမ္းအားလက္ခံ ယုံၾကည္ႏိုင္ပါေစသတည္း။
ပုလင္းထဲမွ ရရွိေသာ စာ႐ြက္မ်ားေပၚတြင္ ေရးသားထားေသာ မွတ္တမ္း ကား အထက္ပါအတိုင္းျဖစ္ေပသည္။
ကြၽန္ေတာ္သည္ ေမာင္ေကာင္းမြန္ဆိုသူ၏ မွတ္တမ္းကိုဖတ္ရႈၿပီး အေတြးနယ္ခ်ဲ႕ေနမိသည္။ ပုလင္းထဲမွ ရေသာမွတ္တမ္းသည္ အမွန္ တကယ္လား။ ေမာင္ေကာင္းမြန္ဆိုသူသည္ ေရတြင္းထဲမွ တစ္ဆင့္ ဧရာဝတီျမစ္တြင္းသို႔ ကူးခတ္ရာတြင္ မွတ္တမ္းကို ပုလင္းထဲထည့္ယူ ေဆာင္လာရာမွ ျမစ္ထဲတြင္ ေမ်ာလာျခင္းလား။
ဤအျဖစ္အပ်က္မ်ားသည္ မည္သည့္ေခတ္အခါက ျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္မ်ားျဖစ္ေလမည္နည္း။ မွတ္တမ္းထဲတြင္ အခ်ိန္ကာလကို ေဖာ္ျပမထားသည့္အတြက္ သဲလြန္စရွာရန္ မတတ္ႏိုင္ပါေပ။
ထို႔အျပင္ စာထဲမွ အေၾကာင္းအရာမ်ားမွာ တကယ္ေရာ ဟုတ္ရဲ႕လား။ တစ္ဦးတစ္ေယာက္ကလွည့္ျဖားလို၍လုပ္ႀကံလီဆယ္ေရးလိုက္ျခင္းလား။ ေမာင္ေကာင္းမြန္ဆိုသူအမွန္တကယ္ေရးျခင္းျဖစ္လွ်င္လည္းေမာင္ေကာင္း
မြန္ သည္ သူ႔စာထဲမွာ ပါသလို ႐ူးသြပ္ေနသူတစ္ဦးျဖစ္၍စိတ္႐ူးေပါက္ကာ ေရးခဲ့ျခင္းမ်ားေလလား။
ျမနဒီဆိုသည့္ေရသူမအသြင္လူတစ္ပိုင္းငါးတစ္ပိုင္းသိုက္နန္းရွင္ဥစၥာ
ေစာင့္ ဆိုသည္မွာတကယ္မရွိပဲ ေမာင္ေကာင္းမြန္စိတ္ထဲတြင္ ထင္ေယာင္ ထင္မွားျဖစ္ေနျခင္းလား။

 

ၿပီးေတာ့ ေမာင္ေကာင္းမြန္တို႔ ႐ြာကို အမည္နာမေဖာ္ျပမထား။ မည္သည့္ၿမိဳ႕နယ္အတြင္းရွိေၾကာင္းလည္း ေဖာ္ျပမထား။ ယုတ္စြအဆုံး ဧရာဝတီျမစ္အေရွ႕ဘက္ျခမ္းလား၊ အေနာက္ဘက္ျခမ္းလား၊ မည္သည့္ ဘက္ျခမ္း၌ ရွိသည္ကိုပင္ ေဖာ္ျပမထားေပရာ သဲလြန္စလိုက္ဖို႔ ခဲယဥ္း လွေပေတာ့သည္။
ေရထဲမွ ဆယ္ယူရရွိေသာ ပုလင္းႏွင့္ စာ႐ြက္မ်ားကိုမူ ကြၽန္ေတာ္၏ အိမ္တြင္ ယခုတိုင္ သိမ္းဆည္းထားပါေသးသည္။ မွန္ဘီ႐ိုထဲတြင္ အမ်ား ၾကည့္ရႈႏိုင္ရန္ ျပသထားပါသည္။ လာေရာက္ေလ့လာႏိုင္ပါသည္။ ထိုအေၾကာင္းအရာမ်ားအား စိတ္ဝင္စားသည္ဆိုလွ်င္… ဇာတ္အေၾကာင္းအရင္းအျမစ္အထိလိုက္လံစုံစမ္းလိုကစုံစမ္းႏိုင္ရန္
(သို႔တည္းမဟုတ္) အမ်ားျပည္သူသိေအာင္ ျဖန႔္ေဝလိုက ျဖန႔္ေဝႏိုင္ရန္ ရည္႐ြယ္၍ ကြၽန္ေတာ့္သား လက္ေရးျဖင့္ လိုက္ေရးထားေသာ လက္ေရး စာမူအား ဂမၻီရဆန္းၾကယ္ဝတၳဳမ်ား ေရးသားေလ့ရွိေသာ စာေရးဆရာ “ေဆာင္းလုလင္”ထံသို႔ လိပ္မူ၍ေပးပို႔လိုက္ပါသည္။