Unicode Version
ပြန်လမ်းမရှိ(စ/ဆုံး)
————————–
အချိန်က…ညရှစ်နာရီထိုးပြီ။
ပင်စည်လုံးပတ်ကြီးမားဖြောင့်စင်းပြီး…အကိုင်းအခက်အရွက်စုံလင်လှသောသစ်ပင်ကြီးပေါ်ရှိလင့်စင်တစ်ခုပေါ်တွင်…သူတို့နှစ်ယောက်ရှိကြသည်။သူတို့ဆိုတာကကဟီးလူးဘေးမဲ့တောမှသစ်တောဝန်ထမ်းဦးမြင့်လှိုင်နှင့်ကျိုက်ပီသစ်ထုတ်လုပ်ရေးစခန်းမှစောအယ်ထူးတို့နှစ်ယောက်ဖြစ်သည်။
သေနတ်တွေကိုဘေးတွင်ချရင်းဆယ်ပေါင်ခြောက်တစ်မျှောင်းစီကိုချက်အရက်ဖြင့်မြည်းနေကြခြင်းဖြစ်သည်။လင့်စင်ကမြေပြင်အထက်ပေနှစ်ဆယ်ခန့်အကွာတွင်ရှိ၍စိတ်ချရသည်။ကဟီးလူးဘေးမဲ့တောသည်ဖားအံ၊သထုံနယ်နိမိတ်အတွင်းဖြစ်၏။(၁၉၈၂)ခုနှစ်တွင်စတင်တည်ထောင်ခဲ့ကာအကျယ်အဝန်းမှာ(၆၂)မိုင်ခန့်ရှိသည်။
သူတို့လင့်စင်၏ကိုက်သုံးရာခန့်အကွာတွင်ကညင်ပင်ကြီးတစ်ပင်ရှိ၏ထိုအပင်ပေါ်တွင်လည်းလင့်စင်တစ်ခုရှိနေသေးသည်။ထိုလင့်စင်ပေါ်တွင်တော့လူနှစ်ယောက်…
မုဆိုးကြီးစောလုံနှင့်တပည့်ဖြစ်သူညိုကြီးတို့ပင်ဖြစ်သည်။သူတို့လက်ထဲတွင်လည်းသေနတ်ကိုယ်စီနှင့်….လင့်စင်နှစ်ခုအချက်ပြဆက်သွယ်လိုလျှင်ငါးထောင့်ထိုးဓာတ်မီးများဖြင့်အချက်ပြကြ၏။
ထိုသို့သောတောနက်ကြီး၌လင့်စင်များပေါ်တွင်ခြင်မှတ်အကိုက်ခံ၍နေရခြင်းမှာ…အပျော်ခရီးထွက်လာခြင်းတော့မဟုတ်တာသေချာသည်။ဒီလိုအချိန်လူသာမန်တို့အသွားရဲ၊မလာရဲသောနေရာသို့သူတို့ရောက်နေခြင်းမှာအကြောင်းရှိပေသည်။
လင့်စင်နှစ်ခုစလုံးမှမြင်ရသောအကွက်အကွင်းရှိမြေပြင်တစ်နေရာတွင်ဆိတ်သေတစ်ကောင်ကိုချထားလေသည်။ယခုတလောကျားရိုင်းကြီးသောင်းကျန်းနေမှုကြောင့်ကျိက်ပိသစ်ထုတ်လုပ်ရေးမှာကျီးလန့်ကစားဖြစ်နေရသည်။ဆင်များစွာရှိသောသစ်စခန်းကိုပင်ကျားရိုင်းကြီးကလှည့်ပတ်ချောင်းနေခဲ့သည်။သစ်ခုတ်၊သစ်ဆွဲအလုပ်သမားများမှာအလုပ်ကိုဖြောင့်ဖြောင့်ဖြူးဖြူးမလုပ်ရဲတော့။
ထို့အတွက်ယခုကဲ့သို့ကျားဆိုးနှိမ်နှင်းရန်လင့်စင်ထိုး၍လာစောင့်နေကြခြင်းဖြစ်သည်။ဆိတ်သေကိုတည်ကြက်လုပ်၍လင့်စင်ပေါ်မှစိတ်ရှည်လက်ရှည်စောင့်နေကြခြင်းဖြစ်သည်။
သစ်တောဝန်ထမ်းဦးမြင့်လှိုင်လည်းအလုပ်ကတစ်ဖက်နှင့်မို့ပင်ပန်းကာလင့်စင်ပေါ်တွင်အိပ်ပျော်သွားခဲ့သည်။နားထဲသစ်ရွက်တွေပေါ်နင်းလျှောက်လာသောခြေသံကြားမှဦးမြင့်လှိုင်လန့်နိုးလာခဲ့သည်။လင်စင်ပေါ်ကြည့်တော့စောအယ်လ်ထူးမရှိတော့…။အောက်ဆင်းကာအပေါ့များသွားလေသလား။ထိုစဉ်လင့်စင်အောက်ကခေါ်သံကြား၍ဦးမြင့်လှိုင်ခေါင်းကလေးပြူကာအောက်သီု့ငုံ့ကြည့်မိသည်။မုဆိုးကြီးစောလုံအားလင့်စင်အောက်တွင်တွေ့၍ဦးမြင့်လှိုင်လှမ်းအော်မေးလိုက်သည်။
ဗျို့…မုဆိုးကြီး၊အောက်မှာစောအယ်လ်ထူးကိုတွေ့မိသေးလား
မုဆိုးကြီးကမော့ကြည့်ကာ…
မတွေ့မိဘူးဗျ၊ကျွန်တော်အပေါ်တက်ခဲ့ရမလား
ဟိုဘက်လင့်စင်မှာညိုကြီးတစ်ယောက်ထဲဖြစ်ပါ့မလား၊သူကြောက်နေဦးမယ်
ဖြစ်ပါတယ်ဗျာ…ဒီကောင်ကတောကျွမ်းပြီးသားပါ၊ကျုပ်တက်လာပြီနော်
လင့်စင်ဆီမှတွဲလောင်းချထားသောကြိုးလှေကားဆီသို့မုဆိုးကြီးစောလုံ၏ခြေလှမ်းတွေကအသက်အပါသလိုဖြည့်ညှင်းစွာလျှောက်လာ၏။
ဦးမြင့်လှိုင်မုဆိုးကြီးစောလုံကိုကြည့်ပြီးရင်ထဲတစ်မျိုးကြီးခံစားလိုက်ရကာမုဆိုးကြီးတက်လာသောလှေကားကိုအပေါ်မှဆီးကြည့်နေလိုက်သည်။ရာသီဥတုကရုတ်တရက်ချမ်းဆိမ့်လာသဖြင့်…ဘေးတွင်ချထားသောအရက်ပုလင်းကိုလှမ်းယူကာသောက်လိုက်ရသည်။
အခုထိအပေါ်ကိုရောက်မလာသေးသဖြင့်ကြိုးလှေခါးဆီကိုငုံ့ကြည့်လိုက်လေရာကြိုးလှေခါးတွင်တက်လာနေသူကမိန်းမတစ်ယောက်ဖြစ်နေ၍ပါးစပ်ထဲမှအရက်တွေပင်အပြင်ြန်ထွက်သွားတော့သည်။ဖူး…ဖလူး
ထိုမိန်းမကလင့်စင်ပေါ်သို့တက်လာနေချေပြီ။လှမ်းတက်လိုက်သောလက်များကလက်သည်းရှည်ကြီးများနှင့်အမွှေးအမျှင်များပါထူပိန်းနေသည်။လင့်စင်ပေါ်ရောက်လာသောတစ်ကိုယ်လုံးအဝတ်မပါသည့်ထိုမိန်းမကဦးမြင့်လှိုင်ကိုစိုက်ကြည့်နေသည်။
အာ…အာ…မင်းဘယ်သူလဲ
ဦးမြင့်လှိုင်ကြောက်လွန်း၍သစ်ပင်နှင့်ကျောကပ်နေလေပြီ။အောက်ကိုကြည့်တော့အမြင့်ကြီးဖြစ်နေ၍သူခုန်မချရဲအောင်ဖြစ်နေ၏။
ထိုအမျိုးသမီး၏မျက်လုံးများမှာစိမ်းတောက်နေပြီးချက်ချင်းပင်လေပေါ်မြောက်တက်သွားကာဦးမြင့်လှိုင်ဆီသို့အရှိန်ဖြင့်ပြေးလာတော့သည်။
ဦးမြင့်လှိုင်လည်းသရဲမလက်တွင်အသေမခံလိုသဖြင့်ခုန်ချလိုက်လေသည်။ဦးမြင့်လှိုင်ရင်ထဲအေးခနဲခံစားလိုက်ရသည်။
အား…အား…
ဆရာ…ဆရာ
သူ့ခန္ဓာကိုယ်အားစောအယ်ထူးလာလှုပ်သဖြင့်ဦးမြင့်လှိုင်နိုးသွား၏။အိပ်မက်မှန်းသိမှရင်ဘတ်ကလေးဖိကာသက်ပြင်းချနိုင်တော့သည်။
ဆရာကအိပ်လှချည်လား၊ဟင်း ..မျိုးကြီးကလာကောလာပါ့မလားဆရာရယ်
စောအယ်ထူးကလေသံအုပ်အုပ်ဖြင့်မေး၍ဦးမြင့်လှိုင်အိပ်ချင်မူးတူးဖြင့်ပြန်ဖြေရသည်။
ဝါး…ဒီကောင်ကြိးလာမှာပါ။စိတ်ရှည်ရှည်နဲ့စောင့်စမ်းပါကွာ
ဦးမြင့်လှိုင်ကထိုသို့ရှင်းပြလိုက်ပြီးနောက်လက်ကျန်အရက်ကိုမော့သောက်လိုက်၏။လဆန်း၁၂ရက်မို့လကထိန်ထိန်သာနေ၍ဝန်းကျင်တစ်ခွင်ကိုအထင်အရှားတွေ့မြင်ရ၏။
လေသရမ်း၍သစ်ပင်ကြီးငယ်များကတဝေါဝေါ၊တရှဲရှဲမြည်၍လှုပ်ယမ်းနေသည်မှာအသည်းငယ်သူများအတွက်တော့…ကျောချမ်းစရာပင်ဖြစ်သည်။
တစ်ချက်တစ်ချက်ပေါ်ထွက်လာတတ်သော…ဂျီ(ချေဝဟောက်သံ၊မြွေတွန်သံ၊ခွေးအအူသံတို့ကြောင့်တောသည်ပို၍အသက်ဝင်နေ၏။နားငြီးျလောက်အောင်အော်ဟစ်နေကြာသောပုစဉ်းရင်ကွဲတို့၏အသံကိုလည်းစိတ်ပျက်ဖွယ်ကြားနေကြရသည်။
ဟင်းမျိုးကြီးကျားကြီးကိုကား
အရိပ်အယောင်ပင်မတွေ့ရသေး…။ကျားဆိုးနှိမ်နှင်းရန်လာရောက်စောင့်ဆိုင်းနေကြသည့်သစ်တောဝန်ထမ်းများစိတ်မရှည်နိုင်အောင်ဖြစ်နေချိန်တွင်လင့်စင်များနှင့်မလှမ်းမကမ်းတစ်နေရာရှိသစ်ပင်ကြီးတစ်ပင်၏သစ်ခေါက်အတွင်းလှုပ်ရှားမှုတစ်ခုစတင်ဖြစ်ပေါ်လာသည်။ထိုပုံစံမှာလူသားမိန်းမတစ်ယောက်နှင့်အတော်ပင်ဆင်တူသည်။
ထိုလူသားအမျိုးသသမီးသည်သစ်ခေါင်းထဲမှထွက်လာပြီးနောက်အမှောင်ထုအတွင်းသို့စူးစိုက်ကြည့်ရင်းနားစွင့်လိုက်သည်။ထို့နောက်အနံ့ခံသလိုလေထဲပါလာသည့်အနံ့ကိုရှူူရှိုက်၍နေပြန်သည်။သူတို့နှစ်သက်သည့်အနံ့ကိုရလိုက်၍လားမသိ၊ထိုအမျိုးသမီးကျေနပ်စွာပြုံးလိုက်ရင်းအနံ့လာရာဘက်သို့ဦးတည်လှုပ်ရှားလိုက်သည်။မပီဝိုးတဝါးလရောင်အောက်တွင်မြင်တွေ့ရသူအဖို့ကတော့ဝတ်လစ်စလစ်နှင့်အမျိုးသမီးတစ်ယောက်လျှောက်လာတာကိုမြင်ကြရမည်ဖြစ်သည်။
ဝတ်လစ်စလစ်အမျိုးသမီးလျှောက်လှမ်းလာရင်းအရှိန်ရလာသည်တွင်တဖြည်းဖြည်းနှင့်လေထဲမြောက်တက်လာလေ၏။သူမဦးတည်ရာကတောထဲမှလင့်စင်ရှိရာသို့ဖြစ်၏။ထိုအချိန်တွင်လင့်စင်ပေါ်မှစောအယ်ထူးမှာသူ့အနားဝိုင်းအုံနေသောခြင်တွေကိုခါရင်းထရပ်လိုက်သည်။ထို့နောက်လင့်စင်အစပ်နားသို့သွားကာဘောင်းဘီဇစ်ကိုဆွဲဖြုတ်လိုက်၏။
ဟာ…ဟေ့ကောင်ဘာလုပ်မလို့တုန်း
မအောင့်နိုင်တော့ဘူး…ဆရာရေ၊သောက်ထားတာများသွားလို့ပြောပြောဆိုဆိုဖြင့်လင့်စင်ပေါ်မှစောအယ်ထူးပန်းချလေတော့သည်။
ဗျန်းဗျန်း…ဗျန်းဗျန်း
တားချိန်ပင်မရလိုက်သောဦးမြင့်လှိုင်မှာစိတ်ပူသွားပြီး…
ဟေ့ကောင်…ဒီအချိန်ကြီးတောထဲမှာဒါမျိုးမလုပ်ကောင်းဘူးကွ၊အစောကြီးထဲကဒီလိုဖြစ်တတ်မှန်းသိရင်ဝါးကျည်ထောက်လေးဆောင်ခဲ့ရောပေါ့ကွာ
စောအယ်ထူးတော့မကြားချင်ယောင်ဆောင်ကာဆက်ပန်းချနေတော့သည်။ပြီးတော့မှမချိုမချဉ်မျက်နှာထားဖြင့်ပြုံးရင်း…
အရည်တွေများနေလို့ပါဆရာရယ်
ပြောမရသည့်အဆုံးဦးမြင့်လှိုင်လည်းတစ်ဘက်သို့စောင်းငဲ့ကာပြန်အိပ်နေလိုက်တော့သည်။အားပါး…အခုမှပဲနေသာထိုင်သာရှိသွားတော့တယ်
ဘောင်းဘီဇစ်ကိုဆွဲရင်းပြန်လှည့်လိုက်စဉ်…လေပေါ်တွင်ပေါလောပေါ်နေသောမိန်းမတစ်ယောက်သစ်ပင်နေက်မှရုတ်တရက်ထွက်ပေါ်လာပြီးလေအဟုန်နှင့်စောအယ်ထူးထံတိုးဝင်တော့သည်။စောအယ်ထူးလည်းကြောက်လန့်ကာနောက်ဆုတ်ရင်းလင့်စင်ပေါ်မှပြုတ်ကျသွားတော့သည်။
အ…အား…
ဝုန်း
အသံကြားမှဦးမြင့်လှိုင်ခေါင်းထောင်ကြည့်မိသည်။
ဟင်…စောအယ်ထူး
လင့်စင်ပေါ်မှပြုတ်ကျသွားသောစောအယ်ထူးကြောင့်ဦးမြင့်လှိုင်ခေါင်းနပန်းကြီးသွားရသည်။အရက်မူးပြီးဒီကောင်ပြုတ်ကျသွားသည်ဟုသာထင်လိုက်သည်။ငုံ့ကြည့်လိုက်တော့…
ပြဿနာပဲသေများသေနေပီလား
ဦးမြင့်လှိုင်၏ဓာတ်မီးအလင်းရောင်အောက်တွင်စောအယ်ထူးဘေးနားသို့လူတစ်ယောက်ရောက်လာ၏။ဟေ့ဘယ်သူလဲ
ဦးမြင့်လှိုင်ကထိုလူကိုဓာတ်မီးဖြင့်လှမ်းထိုးရင်းခက်ထန်ထန်အော်မေးလိုက်သည်။ထိုသူကမဖြေ…အပေါ်ကိုသာပြန်မော့ကြည့်နေ၏။
ဟင်…မုဆိုးကြီး
တစ်ဘက်လင့်စင်မှမုဆိုးကြီးစောလုံဖြစ်နေသည်။ဓာတ်မီးရောင်အောက်တွင်ထူးခြားနေသည်ကိုကမုဆိုးကြီး၏မျက်လုံးများပင်ဖြစ်၏။စိမ်းဖန်ဖန်မျက်လုံးတွေကိုဦးမြင့်လှိုင်မကြိုက်၊အတွေ့အကြုံတွေကသူ့ကိုအများကြီးသင်ခန်းစာပေးခဲ့ပြီးပြီ။
ထို့ကြောင့်…စမ်းသပ်မှုတစ်ခုအနေဖြင့်အိတ်ကပ်ထဲမှဇစ်ပိုးမီးခြစ်ကိုယူ၍မုဆိုးကြီးရှေ့သို့ပစ်ချပေးလိုက်သည်။မုဆိုးကြီး…အဲဒီမီးခြစ်ကိုခြစ်ပြစမ်းပါ
တောထဲတွင်လူလား၊သရဲလား၊မိစ္ဆာလားခွဲခြားနိုင်ရန်အတွက်မီးခြစ်ကိုအသုံးပြုကြသည်။အကြောင်းမှာလူယောင်ဆောင်လာသောမကောင်းဆိုးဝါးများသည်မီးရောင်ကိုကြောက်ကြသောကြောင့်ဖြစ်သည်။
သူထင်သည့်အတိုင်းပင်မုဆိုးကြီးကထိုမီးခြစ်ကိုမကောက်၊စူးစူးရဲရဲသာလင့်စင်ပေါ်သို့မော့ကြည့်နေ၏။သေချာပြီ…ဒါမုဆိုးကြီးစောလုံမဖြစ်နိုင်။လူယောင်ဆောင်ထားသောနာနာဘာဝဖြစ်ပေပြီ။ဦးမြင့်လှိုင်ကသေနတ်ကိုကောက်ကိုင်၍ထိုးချိန်လိုက်သည်။ပစ်မှတ်ကလှုပ်ရှားမှုမရှိ၊သေချာစွာချိန်ရွယ်၍သေနတ်မောင်းခလုတ်ကိုဆွဲညှစ်လိုက်တော့သည်။
ဒိုင်း
ကျယ်လောာင်သောအသံနှင့်အတူယမ်းငွေ့များဖုံးလွှမ်းသွား၏။ချက်ချင်းပင်ဟိုဘက်လင့်စင်မှဓာတ်မီးရောင်ဖြင့်အချက်ပြလာ၍ဦးမြင့်လှိုင်ကလည်းဒီဘက်မှပြန်အချက်ပြလိုက်သည်။ထို့နောက်အောက်သို့မီးထိုးကြည့်လိုက်တော့စောစောကမုဆိုးကြီးစောလုံကိုမတွေ့တော့…။ဒီတောထဲတောင်ထဲတွင်လူယောင်ဆောင်သောသူတော်ထီးများလည်းရှိနေချေပြီ။အခြေအနေသည်မိမိတို့အတွက်သိပ်မကောင်နိုင်။ထိုအချက်ကိုတွေးဆမိသောဦးမြင့်လှိုင်မှာသက်ပြင်းကိုသာချမိသည်။လူယောင်ဆောင်ထားသောနာနာဘာဝတွေသူတို့အနားတွင်ရောက်နေလေပြီ။အူး…ဝူး…ဝူး
ဂီး…ဂစ်
ရုတ်တရက်ဆွဲဆွဲငင်ငင်အူလိုက်သောတောခွေးသံနှင့်အတူလင်းကောင်ပိုးဟုခေါ်သောညဉ့်ငှက်ဆိုးသံကြောင့်ပုစဉ်းအော်သံများတိခနဲရပ်သွားသည်။ဆူညံနေရာမှရုတ်ခြည်းတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
တစ်ဖက်လင့်စင်တွင်တော့ညိုကြီးဓာတ်မီးကိုကိုင်ထားရင်း…ဦးမြင့်လှိုင်တို့တစ်ခုခုဖြစ်နေပြီနဲ့တူတယ်။ကျွန်တော်သွားကြည့်လိုက်ရမလားအဘ
ညိုကြီးအောက်ဆင်းရန်ပြင်ဆင်စဉ်မှာပင်မုဆိုးကြီးစောလုံကအင်္ကျီလှန်ဆွဲကာတားလိုက်ရင်း
ဦးမြင့်လှိုင်ကသူလာမယ်လို့အချက်ပြနေတယ်၊မင်းသွာစရာမလိုသေးဘူးညိုကြီး
ဂီး…ဂစ်..
ထိုစဉ်ငှက်ဆိုးကလင့်စင်အနီးမှဖြတ်ပျံရင်းအော်မြည်သွားပြနသည်။
တောက်…ဒီငှက်ဆုတ်ကတစ်မှောင့်
မုဆိုးကြီး၏တပည့်ဖြစ်သူညိုကြီးမှာစိတ်ထဲကနေ၍ငှက်ဆိုးကိုကျိန်ဆဲလိုက်သည်။ငှက်ဆိုးအသံကဘယ်လိုမှသာယာမှုမရှိ…။အမင်္ဂလာအသံသာဖြစ်၏။
ဝေါ…ဝရော…ဝေါ
ရှဲ…ရှဲ…ရှဲ…
တစ်စုံတစ်ခုရွေ့လျားသွားသလိုအသံကြီး…။တစ်ခုခုပွတ်တိုက်ပြိုကျသလိုအသံမျိုး…။
ဟင်…ဘာဖြစ်တာလဲ
အသံကြီးကမုဆိုးတို့လင့်စင်နှင့်မလှမ်းမကမ်းတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။နှစ်ယောက်သားဓာတ်မီးဖြင့်ပြိုင်တူလှမ်းထိုးလိုက်သည်။
ဖြူးဖြူးဖြောင့်ဖြောင့်ပင်စည်နှင့်အရွက်အုပ်အုပ်အပင်ကြီးတစ်ပင်မှလွဲ၍ထူးခြားမှုမရှိ။လေတိုက်၍သစ်ရွက်များလှုပ်ယမ်းနေသည်မှအပအခြားလှုပ်ရှားမှုမတွေ့…။
အဘ…ဘာလဲအဘ…
အိမ်း…ငါလည်းမသိဘူးအံသြစရာပဲ၊တစ်ခုခုရွှေ့လာတဲ့အသံကြီးကွ၊အခုကျတော့ထွေထွေထူးထူးဘာမှမတွေ့ရတော့ဘူး
ဟင်…မျိုးကြီးလာတာများလား
မဖြစ်နိုင်ဘူး၊အခုကတော်တော်ကြီးကြီးမားမားအရာကြီးတစ်ခုရွေ့သွားသလိုမျိုးကွ…
ဦးမြင့်လှိုင်အခုထိမရောက်သေးဘူး၊ငါဆင်းကြည့်လိုက်မယ်၊မင်းအပေါ်မှာပဲနေခဲ့…ပြန်မထူးတာတို့အချက်မပြတာတို့ဆိုပစ်သာချလိုက်
မုဆိုးကြီးစောလုံသေနတ်ကိုကြိုးသိုင်းလွယ်ကာကြိုးလှေကားမှဆင်းသွားသည်။ထိုအချိန်တွင်ဦးမြင်လှိုင်မှာလည်းလင့်စင်အောက်ဆင်းကာပြုတ်ကြသွားသောစောအယ်ထူးဆီအပြေးသွားရတော့သည်။အနားရောက်မှအီး…အားအသံကြားရ၍စောအယ်ထူးအတွက်သက်ပြင်းချရတော့သည်။
အား…ခါးကျိုးသွားပြီလားမသိဘူးဆရာရယ်
အေး…ခုနကသရဲကမင်းကိုကုပ်ချိုးမသွားတာဘဲကံကောင်းတယ်လို့မှတ်သာမှတ်
လူတစ်ယောက်ပြေးလာသံကြား၍လွယ်ထားသောသေနတ်ကိုထုတ်ကာလှမ်းချိန်လိုက်သည်။ဦးမြင်လှိုင်သေနတဖြင့်ချိန်ထား၍ပြေးလာသောမုဆိုးကြီးခြေလှမ်းတို့ရပ်တန့်သွားသည်။မုဆိုးကြီးစောလုံအိတ်ကပ်ထဲမှမီးခြစ်ကိုထုတ်၍ခြစ်ပြလိုက်သည်။ချိန်ထားသောသေနတ်ကိုချလိုက်မှမီးခြစ်ခြစ်လျက်လားလေးကိုင်ကာမုဆိုးကြီးဆကပြေးလေသည်။
ထိုစဉ်လင့်စင်ပေါ်ကျန်ခဲ့သောညိုကြီးမှာဂနာမငြိမ်ဖြစ်နေ၏။တစ်ယောက်တည်းဖြစ်နေသဖြင့်ဓာတ်မီးအားကိုးကာပတ်ဝန်ကျင်ကိုလိုက်ထိုးနေရလေပြီ။ရုတ်တရက်ဓာတ်မီးပိတ်သွားသဖြင့်ညိုကြီးကြက်သီးထသွားရသည်။လက်နှင့်ရိုက်ကြည့်သော်လည်းဓာတ်မီးကမလင်းတော့…
ကြောက်ကြောက်နှင့်ဓာတ်မီးကိုထပ်ကာထပ်ကာရိုက်နေမိသည်။လေနီကြမ်းဖြတ်တိုက်လိုက်ချိန်တွင်သစ်ပင်နောက်ကွယ်မှလေထဲပျံဝဲလာသောအရာတစ်ခုလင့်စင်ရှေ့သို့ရောက်ချလာသည်။ထိုအရာကလေပေါ်တွင်ရပ်နေသောဝတ်လစလစ်နှင့်မိန်းမတစ်ယောက်ပင်တည်း….ထိုမိန်းမလင့်စင်ပေါ်သို့တက်လာသောအခါ…
အား…အမလေး….ဘာကြီးလဲ
ညိုကြီးဓာတ်မီးပစ်ချကာကြိုးလှေကားမှအမြန်ပြေးဆင်းလေသည်။လှေကားတစ်ဝက်ခန့်အရောက်လင့်စင်ပေါ်မှကြိုးလှေကားအတိုင်းထိုမိန်းမကဇောက်ထိုးကြီးလိုက်ဆင်းလာလေ၏။ညိုကြီးလည်းကြောက်ကြောက်လန့်လန့်နှင့်အောက်သို့ခုန်ချလိုက်ရတော့သည်။
ဘုန်း…
အား…
မြေကြီးပေါ်အရောက်ညိုကြီးလူးလဲထလိုက်စဉ်ပုခုံးပေါ်သ်ု့လက်တဖက်ကျရောက်လာ၍ခေါင်းမှဆံပင်များထောင်ထသွားရသည်။ညိုကြီးကြောက်လွန်း၍မလှုပ်မယှက်ငြိမ်နေရာမှဇာတ်ပိုးအုပ်တာခံလိုက်ရ၍သူလှည့်ကြည့်မိသည်။
မင်းကိုအပေါ်မှာပဲနေပါလို့မှာထားတာ၊ဘာလို့အောက်ဆင်းလာတာလဲ၊သေချင်နေပြီနဲ့တူတယ်
ဟာ…အဘကလည်းနာရတဲ့ကြားထဲလာရိုက်နေသေးတယ်၊ဆင်းလာတာမဟုတ်ဘူးခုန်ချလာတာဗျအပေါ်မှာအဝတ်မပါတဲ့သူယောင်မယ်ရောက်နေလို့အဘရဲ့
မုဆိုးကြီးလည်းသေနတ်ကိုမောင်းတင်၍ပတ်ဝန်းကျင်ကိုဂရုတစိုက်ကြည့်နေလိုက်၏။ထိန်ထိန်သာနေသောလမင်းကတိမ်မည်းလိပ်ကြီးတစ်ခုကြားတိုးဝင်သွား၏။ဘော်ငွေသွေးရောင်အလင်းရောင်များကရုတ်ခြည်းပျောက်ကွယ်သွား၍အမှောင်ထုကြီးကကြီးစိုးသွားတော့၏။တရှဲရှဲတိုက်ခတ်နေသောလေများကတိုခတ်မှုရပသွားပုံရသည်။သစ်ရွက်သစ်ခတ်တို့၏လှုပ်ရှားမှုများသည်လည်းမတွေ့ရတော့၊ထူးဆန်းစွာပင်တောကောင်ငယ်လေးများ၏အော်မြည်သံကိုလည်းမကြားရတော့၊တောသည်ခြေက်ခြားဖွယ်ကောင်းလောက်အောင်ငြိမ်သက်သွား၏။ကိုယ့်လက်ကိုမမြင်ရလောက်အောင်အမှောင်ထုကလည်းလွှမ်းမိုးသွား၏။ကောင်းသောအခြေအနေတော့မဟုတ်၊ကောင်းသောငြိမ်သက်ခြင်းနှင့်မတူ…မုန်တိုင်းမကျမီပင်လယ်ပြင်၏ငြိမ်သက်ခြင်းမျိုးပင်တည်း။
အဘ…တောခြောက်၊တောမှောက်တာလား
စောအယ်ထူး၏အမေးကိုဦးမြင့်လှိုင်မဖြေ၊ပတ်ဝန်းကျင်ကိုသာဓာတ်မီးထိုး၍စေ့စပ်သေချာစွာစောင့်ကြည့်နေ၏။
ဟင်…အဘ…ဟိုမှာ…ဟိုမှာ
ဟေ…ဘာလဲညိုကြီး…ဘာလဲ
ညိုကြီးဓာတ်မီးထိုးပြသောနေရာကိုကြည့်လိုက်သည်။ပင်စည်ဖြူဖြူသစ်ပင်ကြီးတစ်ပင်မှလွဲ၍အခြားဘာအပင်မှမရှိတော့။
ဘာဖြစ်လို့လဲညိုကြီးရာ၊မင်းကလည်းအထိတ်တလန့်နဲ့လခွီးမှပဲ….
သစ်ပင်ကြီး…သစ်ပင်ကြီးအဘ…
ဟေ…သစ်ပင်ကြီး၊ဘာအပင်ကြီးတုန်း…တွေ့တယ်လေအပင်ဖြူဖြူကြီးကိုပြောတာမဟုတ်လား…၊တွေ့သားပဲဘာများထူးဆန်းလို့လဲညိုကြီး
အဲဒီအပင်ကအ…အခုမှ…ရောက်…ရောက်လာတာ၊အရင်ကဒီနေရာမှာအဲဒီအပင်ကြီး…မ…မရှိဘူးလေအဘရဲ့၊ခြုံနဲ့မြက်ရိုင်းတောပဲရှိတာလေ
ဟေ…ဟုတ်သားပဲ
ဟုတ်ပေသည်။ညိုကြီးပြောနေတာအမှန်ပင်ဖြစ်သည်။ထိုနေရာ၌သူတို့ရောက်တုန်းကထိုအပင်ကြီးမရှိခဲ့…။လူခါးစောင်းခန့်မြက်ရိုင်းတောနှင့်ချုံပင်၊ဆူးပင်များသာရှိသည်။ယခုထိုအပင်ကြီးကမည်သို့ရောက်လာသနည်း။
အပင်ကြိးကခြေထောက်ပေါက်၍လျှောက်လာစရာအကြောင်းတော့မရှိ။စောစောကကြားလိုက်ကြရသောသွေးပျက်ဖွယ်ရွေ့လျားသံကြီးမှာထိုအပင်ကြီးရွေ့လျားလာခြင်းပေလော..။
ထိုသို့ဆိုလျှင်…
မှားနေပြီ…တစ်ခုခုတော့မှားနေပြီ၊တောမှောက်ပြီလားမသိဘူး
အတွေ့အကြုံများလှသောသစ်တောဝန်ထမ်းဦးမြင့်လှိုင်ကိုယ်တိုင်ပါးစပ်အဟောင်းသားဖြင့်သစ်ပင်ကြီးကိုမီးထိုးရင်းကြည့်နေမိသည်။အပင်ကသေးသေးမွှားမွှားလည်းမဟုတ်။ပင်စည်လုံးပတ်ကလူကြီးတစ်ဖက်ခန့်၊အမြင့်ကပေသုံးဆယ်မျှရှိသည်။
ထိုမျှကြီးမားသောအပင်ကြီးက…မည်သို့ရွေ့လျားကာရောက်လာပါသနည်း…။
ထိုအပင်ကြီး၏ပင်စည်သည်ဖြောင့်တန်း၍အကိုင်းအခတ်တစ်စုံတစ်ရာမရှိ၊အပေါ်ပိုင်းတွင်သာအရွက်များအုပ်ဆိုင်းနေသည်။ဘာအပင်ဟုလည်းသူတို့မသတ်မှတ်နိင်၊ပင်စည်ကထူးခြားစွာဖြူဖွေးနေသည်ကိုကအဆနိးတကြယ်ရှိ၏။နီကျင်ကျင်အရွက်များကလည်းသွေးရောင်လိုရဲနေသည်။
ဒီနေရာကအမြန်စွန့်ခွာမှဖြစ်တော့မယ်ဒီတခါတော့စောအယ်ထူးကိုညိုကြီးပြောင်းတွဲကာခြေကုန်သုတ်ကြတော့သည်။မုဆိုးကြီးနောက်တွင်ချန်ကာလိုက်ပါလာခဲ့သည်။
သူတို့နောက်သို့မီးခိုးဖြူဖြူအငွေ့များလိုက်ပါလာလေရာနောက်တွင်ချန်နေခဲ့သောမုဆိုးကြီးစောလုံမှာသူတိ့ုအားလုံးကိုသွားခိုင်နေသည်။
မုဆိုးကြီးမြေပေါ်တွင်ဒူးထောက်ထိုင်ချကာသေနတ်ကိုဘေးတွင်ချရင်းလက်အုပ်ချီလျက်…တောစောင့်နတ်၊တောင်စောင့်နတ်တို့ကိုဦးခိုက်လိုက်သည်။
အငွေ့တွေကတော့ရှေ့ကိုဆက်တိုးလာနေဆဲ…
ထိုအခြင်းအရာကိုတွေ့သောဦးမြင့်လှိုင်မှာမနေနိင်တော့ဘဲမုဆိုးကြီးအနားပြေးသွားကာမြူခိုးဖြူများကြားထဲသို့သေနတ်ဖြင့်ပစ်ခွင်းလိုက်သည်။
ဒိုင်း
ထပ်ပစ်မည်အလုပ်မုဆိုးကြီးကသေနတ်ကိုဖမ်းဆွဲလိုက်ရင်းဟန့်တားလိုက်သည်။မပစ်နဲ့ကိုမြင့်လှိုင်မိစ္ဆာတွေစိတ်ဆိုးရင်ကျုပ်တို့အားလုံးလွတ်လမ်းမရှိဘူး
ထိုစဉ်တစ်တောလုံးဆူညံသွားပြီးချက်ချင်းတိခနဲပြန်၍ငြိမ်သွားသည်။ခပ်ဝေးဝေးရှိလင့်စင်နှစ်ခုပေါ်မှကုန်းကုန်းကွကွလူများကိုမှုန်ဝါးဝါးအလင်ရောင်အောက်၌တွေ့လိုက်ကြ၏။
ဒီလိုအချိန်မျိုးတွင်တောထဲ၌မကောင်းဆိုးဝါးမိစ္ဆာများမြူးတူးနေကြ၏။ကျားရိုင်းကိုထောင်ဖမ်းရန်ပြင်ဆင်ထားသောဆိတ်ထီးအသေကြီးမှာလည်းခုန်ဆွခုန်ဆွနှင့်ထရပ်၍မြက်တောထဲသို့တိုးဝင်ပျောက်ကွယ်သွားသည်။
မုဆိုးကြီးစိတ်မချတော့၍သူတို့အားလုံးကိုပြေးခိုင်းနေပြီ။
ခင်ဗျားတို့ပြေးနှင့်တော့…ကျုပ်နောက်ကလိုက်ခဲ့မယ်ဒီတောကအခြေအနေမကောင်းတော့ဘူး…အတော်ဆိုးနေပြီ
ဝေါ…ဝရော…
ထိုစဉ်ကြောက်စရာမြည်သံကြီးများစတင်လာပြီးသစ်ပင်ဖြူဖြူကြီးလည်းရွေ့လျားလာနေပုံမှာအသက်ဝင်နေသောသက်ရှိအလား…
မုဆိုးကြီးသိုင်းလွယ်ထားသောလွယ်အိတ်ထဲမှတစ်စုံတစ်ခုကိုနှိုက်ထုတ်လိုက်သည်။လက်ထဲပြန်ပါလာသည်ကလက်သည်းခွံလောက်အရွယ်ရှိသောကြေးနီလုံးလေးများဖြစ်သည်။
ထိုအလုံးလေးတွင်အင်းပုံစံစာသေးသေးလေးများထိုးထားသည်။လက်ထဲတွင်ဆုပ်ကိုင်လိုက်ပြီးပါးစပ်တွင်တေ့ကာမန်းမှုတ်၍သေနတ်ပြောင်းဝထဲထည့်လိုက်သည်။သေနတ်ကိုချိန်ကာရန်သူအလာကိုစောင့်နေလိုက်တော့သည်။
ဦးမြင့်လှိုင်တို့လည်းဆက်မပြေးတော့ဘဲမုဆိုးကြီးကိုမြင်သာသောနေရာမှစောင့်နေကြသည်။မြူခိုးတွေကမုဆိုးကြီးနောက်မှကွေ့ပတ်လာကာလေပေါ်ပျံသန်းနေသောမိန်းမတစ်ယောက်နှင့်တူနေ၏။
မုဆိုးကြီး…နောက်မှာ…
မြူခိုးဖြူများကမုဆိုကြီးကိုအုပ်ချလိုက်လေပြီ။ဦးမြင့်လှိုင်အော်သော်လည်းနောက်ကျသွားခဲ့ပြီ။မြူခိုးများပြယ်တော့လဲကျကာအသက်ပျောက်နေသောမုဆိုးကြီးစောလုံကိုတွေ့လိုက်ရ၏။ဦးမြင့်လှိုင်လည်းထိုမြူခိုးများကြားထဲသို့သေနတ်ဖြင့်ထပ်၍ပစ်ခွင်းလိုက်သည်။
ဒိုင်း
သေနတ်သံတစ်ချက်မြည်သွားလျှင်တော့အရာအားလုံးကတဒင်္ဂမျှငြိမ်သွားကျသည်။သို့သော်…ခဏပင်..။ဝရုန်းသူန်းကားအခြေအနေကဖြစ်မြဲဖြစ်ပေါ်လာပြန်၏။
ဆရာ…ဟိုမှာ…ဟိုမှာ
ဟေး…
ညိုကြီးပြရာသို့အားလုံးဓာတ်မီးဝိုင်းထိုးလိုက်ရာမြက်တောစပ်ထဲပိန္နဲပင်ကြီး၌မှီ၍ရပ်နေသောအမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။ပြုံးချိုသောမျက်နှာဖြင့်သူတို့အားလုံးကိုလက်ယက်ခေါ်နေ၏။ထိုမိန်းမမှာစောစောကလင့်စင်ပေါ်မှာတွေ့ခဲ့ရသည့်ဝတ်လစ်စလစ်နှင့်မိန်းမမှန်းညိုကြီးသိနေ၍ထိတ်လန့်သွားမိ၏။
ဗဟုသုတများသည့်ဦးမြင့်လှိုင်က…
သွားမကြည့်နဲကွ၊ဒီမိန်းမဟာလူယောင်ဆောင်ထားတဲ့မိစ္ဆာကွဟိုဘက်ကပတ်ပြေးမယ်၊ငါတို့တောစပ်ရောက်အောင်ပြေးကြမယ်သူတို့အဖြစ်ကကျားနှင့်မတွေ့ဘဲသရဲနှင့်တွေ့၍သေပြေးရှင်ပြေးပြေးနေရသောဘဝ။တောကြီး၏မာယာပင်လား…။သို့တည်းမဟုတ်ကဟီလူးဘေးမဲ့တောသည်မိစ္ဆာိတို့မြူးသည့်တောပင်လော…။ဒါကိုတော့သူတို့မခွဲခြားနိင်…။
လက်ရှိသူတို့ရဲ့အသိကတောနက်မှလွန၍တောာစပ်သို့အမြန်ရောက်ရှိရေးသာဖြစ်တော့၏။
အခန်း(၂)
မုဆိုးကြီးအလန်ကွာတာမိန်းကိုသိပ်သဘောကျတာပဲကွာ
ငါကတော့ဆရာကြီးဆာအာသာကိုနင်ဒွိုင်းရဲ့စုံထောက်ကြီးရှားလော့ဟုမ်းကိုပဲကြိုက်တယ်ဥက္ကာ၏စကားကိုကောက်၍ပုလဲကချက်ချင်းပင်တုန့်ပြန်လိုက်၏။
တူမယောင်နှင့်အနည်းငယ်ကွဲနေသောသူတို့နှစ်ယောက်၌လုံဝတူညီသောဝါသနာအချို့လည်းရှိနေသည်။ထိုအရာကစာဖတ်ခြင်းပင်ဖြစ်၏။သူတို့သူငယ်ချင်းနှစ်ယောက်စလုံးသည်ငယ်စဉ်ကတည်းကစာဖတ်ဝါသနာပါကြ၏။
စာအုပ်ကောင်းများကိုရှာရှာဖွေဖွေဖတ်ကြ၏။အိပ်ရေးပျက်ခံ၍လည်းပျက်ကြသည်။ထမင်းတစ်နပ်အလွတ်ခံ၍လည်းဖတ်ကြသည်။
ငါကြားဖူးတဲ့စာပိုဒ်လေးတစ်ပိုဒ်ရွတ်ပြမယ်၊သိပ်ကောင်းတဲ့စာသားတွေပေါ့…၊ဝါရင့်စာဖတ်သမားတစ်ယောက်လက်ထဲကခဲတံသည်စာအုပ်ထဲကစာအနှစ်သာရတွေကိုတူးဆွဖော်ယူဆောင်သည့်လက်နက်ကိရိယာတစ်ခုဖြစ်၏။တဲ့….။
ဥက္ကာကကမ္ဘာကျော်ဆရာကြီးလေသံဖြင့်ပြော၏။အမှန်တော့ဥက္ကာနှင့်ပုလဲနှစ်ယာက်စလုံးသည်အခုမှအသက်နှစ်ဆယ့်သုံးနှစ်စွန်းစွန်းသာရှိသေး၏။
သူ့တို့နှစ်ယေ ာက်သည်အိမ်နီးချင်းငယ်သူငယ်ချင်းဘဝမှသည်ယခုတတိယနှစ်ရောက်သည့်တိုင်အခင်မင်ဆုံးသူငယ်ချငိးများဖြစ်လာကြ၏။သို့သော်မေဂျာကတော့မတူ၊ဥက္ကာကသတ္တဗေဒကျောင်းသားပုလဲကရုက္ခဗေဒကျောင်းသူဖြစ်၏။ယခုလည်းသူ့တို့စုံနေကျလိမ်းထိပ်ကငုဝါကဖေးဆိုင်တွင်စကားလက်စုံကျနေကြသည်။
ဟဲ….ဥက္ကာသွေးစုပ်ဖုတ်ကောင်ဆိုတာနင်ယုံသလား
ဒီလိုရှိတယ်ပုလဲနင်ကြည့်ဖူးတဲ့ဗီဒီယိုဇတ်ကားတွေနင်ဖတ်ဖူးတဲ့စာအုပ်တွေထဲကသွေးစုပ်ဖုတ်ကောင်တွေတော့မယုံဘူး….
သူတို့နှစ်ယောက်အကျင့်ကအတွေးအခေါ်တွေပြဿနာတွေကိုအပြိုင်ငြင်းခုံတတ်ကြခြင်းအသိခြင်းပြိုင်ကြခြင်းဖြစ်သည်။ယခုလည်းသွေးဖုတ်ကောင်အကြောင်းကိုပုလဲစတင်လိုက်ပြန်ပြီ။
ဥက္ကာ…နင်ကြီးကြီးကျယ်ကျယ်သိပ်မပြောနဲ့
ဟုတ်တယ်လေ…တန်ခိုးစွမ်းအားတွေ၊ဖန်ဆင်းမှုတွေပါတဲ့သွေးစုပ်ဖုတ်ကောင်ဆိုတာတကယ်မရှိဘူး…ဗီဒီယိုရုပ်ရှင်စာအုပ်တွေထဲမှာပဲရှိတာ…သက်သက်မွှန်းထားတာ
ဒါဆိုနင်ကဘယ်လိုသွေးစုပ်ဖုတ်ကောင်ကိုယုံသလဲ
အင်း…ပြောရရင်တော့ခြင်၊မျှော့၊လင်းနို့၊ကြမ်းပိုး…အဲဒီသွေးစုပ်ဖုတ်ကောင်တွေကိုတော့ယုံတယ်ပုလဲ…၊လက်တွေ့လည်းပြနိုင်တယ်လေ
ဥက္ကာစကားကြောင့်ပုလဲကမျက်စောင်းခဲရင်း
နင်နော်…ငါကအကောင်းပြောနေတာ
ဒီလိုရှိတယ်ပုလဲ၊တကယ်တော့သွေးစုပ်ဖုတ်ကောင်ဆိုတာမကောင်းဆိုးဝါးမိစ္ဆာတွေမဟုတ်ဘူး။သူတို့ကရောဂါသည်တွေဘာရောဂါလည်းဆိုတော့သွေးဆာတဲ့ရောဂါငါသိသလောက်တော့ပြောရရင်အင်္ဂလန်မြောက်ပိုင်းမှာတစ်ချိန်ကသွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုတစ်စုရှိခဲ့တယ်။တကယ်တော့ရွာတွေမြို့တွေကလက်မခံဘဲမောင်းထုတ်ထားလို့သူ့တို့အချင်းချင်းစုနေကြတဲ့သဘော၊ဒါဟာရောဂါတစ်ခုဆိုတာကိုဆေးသိပ္ပံပညာရှင်တွေကလေ့လာဆန်းစစ်ခဲ့ကြတယ်၊ဇီဝရုပ်ဖောက်ပြန်မှားယွင်းမှုတစ်ခုကြောင့်သူတို့တစ်တွေဟာသွေးကိုမွတ်သိပ်ဆာလောင်နေတဲ့ဝေဒနာသည်တွေဖြစ်နေကြရတာပေါ့
ဥက္ကာကစကားကိုရပ်၍အဟမ်းဟုလည်ချောင်းတစ်ချက်ရှင်းလိုက်ပြီးမှထပ်ပြောပြန်သည်။ဒီလူတွေဟာဒုက္ခိတတွေမဟုတ်ကြပေ့မယ့်ဒုက္ခိတတွေလိုပဲသနားစရာကောင်းကြရှာတယ်တဲ့၊လူတွေလိုပုံမှန်လှုပ်ရှားသွားလာနေကြပေမယ့်အချိန်ကျလာရင်သွေးဆာလာကြတော့တာပဲဒါကြောင့်သူ့တို့ဟာသွေးဆာနေကြတဲ့ဝေဒနာရှင်တွေ…သွေးစုပ်ဖုတ်ကောင်တွေပေါ့
ထိုသို့လျှင်သူ့တို့နှစ်ဦးသည်ထူးခြားဆန်းပြားသောအကြောင်းအရာများပေါ်တွင်လည်းစိတ်ဝင်စားမှုဝါသနာကတူကြပြန်သည်။ကပ်သီးကပ်သတ်တွေကိုလည်းစဉ်းစားပြောဆိုကြ၏။တစ်ယောက်နှင့်တစ်ယောက်စကားနိုင်လုသလိုငြင်းကြခုန်ကြ၏။အခုလည်းပုလဲကတခြားအကြောင်းအရာတစ်ခုကိုထပ်ဆွဲထုတ်လိုက်ပြန်ပြီ။
လူဟာမျောက်ကဆင်းသက်လာတယ်ဆိုတာကော…နင်ယုံလားဥက္ကာ
အင်း…အဲ…ယုံတယ်မယုံဘူးဆိုတဲ့အထဲမှာငါမပါဘူးဒါပေမယ့်နင်ဘာကိုပြောချင်လို့စကားစသလဲဆိုတာငါသိတယ်လူတွေကမျောက်ကနေဆင်းသက်လာတယ်ဆိုပြီးတော့ဘာလို့အခုထိမျောက်တွေကျန်နေသေးတာလဲဘာလို့လူမဖြစ်ကြသေးတာလဲလို့မေးမလို့မဟုတ်လားအဟီး…နင်အတော်တိုးတက်လာပြီဥက္ကာရှာလော့ဟုမ်းနဲ့တော့နဲနဲတူလာပြီ
မျောက်မျိုးနွယ်အများကြိးထဲကလူဖြစ်လာမဲ့မျောက်မျိုးစုတစ်စုရှိတယ်ဒီမျိုးစုကပဲမျိုးရိုးဗီဇပြောင်းလဲတိုးတက်မှုအရလူတွေဖြစ်လာကြတာပေါ့မျောက်အားလုံးတော့လူဘယ်ဖြစ်မလဲဥက္ကာာကမျက်မှောင်ကြုတ်ကာပုလဲကိုကြည့်ရင်း
နေပါဦးနင်ကလူတွေကိုစိတ်မဝင်စားပဲမျောက်တွေကိုမှစိတ်ဝင်စားနေရတာတုန်းမဖြစ်သင့်ဘူနော်ဟင်း…ဟင်းး…
တော်စမ်း…ပေါက်ကရတွေတွေးမနေနဲ့ငါ့တို့ကအခုကျောင်းပိတ်ပြီမဟုတ်လား
ထိုစဉ်စားပွဲထိုးကောင်းလေးသူတို့မှာထားသောထောပတ်သီးဖျော်ရည်နှစ်ခွက်ကိုလာချသဖြင့်စကားစပျက်သွား၏။ဒီတော့ဥက္ကာကစကားဆက်ပေးရသည်။
အေးလေ…အဲဒါဘာဖြစ်သလဲ
ဒီတော့ငါတို့တတွေအားနေပြီလေငါစဉ်းစားမိတယ်ဥက္ကာ…ငါ့အဖေအစ်ကို…
နင့်ဦးလေးပေါ့ဟာ
ပုလဲ၏စကားကိုဥက္ကာကဝင်ထောက်လေ၏။
အင်း…အဲဒီငါ့ဦးလေးကသစ်တော့ဝန်ထောက်သူကကရင်ပြည်နယ်ဘားအံ့သထုံသစ်တောကြိုးဝိုင်းတစ်ခုမှာတာဝန်ကျနေတာ…
အယ်…အဲဒါမျောက်ကိုစိတ်ဝင်စားတာနဲ့ဘာမှမဆိုင်ဘူးထင်တယ်နော်ပုလဲနင့်ဦးလေးကိုသတိရတာနဲ့မျောက်တွေကိုသတိရသွားသတဲ့လား
ဟာ…နင်ကလည်းဆိုင်တော့မဆိုင်ဘူး…ဆက်စပ်တယ်လေဒီလို…ဒိလို…ငါဆိုလိုချင်တာကငါ့ဦးလေးရဲ့သစ်တောကြိုးဝိုင်းမှာတိရစ္ဆာန်တွေမျိုးစုံရှိမယ်တောဆိုတော့တောရိုင်းတိရစ္ဆာန်တွေအများကြီးပေါ့ဒါကိုငါစိတ်ဝင်စားသွားလို့ပါ
ဥက္ကာသဘောပေါက်ဟန်နှင့်ခေါင်းညိတ်ပြရင်း…
အား…ဟုတ်ပြီ…ဟုတ်ပြီငါလည်းဒိတောတွေတောင်တွေကိုစိတ်ဝင်စားတယ်ကိုယ်တိုင်ကိုယ်ကျလည်းသွားချင်တယ်လေ့လာချင်တယ်တောအတွေ့အကြုံတွေရချင်တယ်ပုလဲ
ငါသိတယ်လေနင်တို့လိုZoolသမားတွေကအမျိုးတွေရှိရာသွားလည်ချင်တာဘာဆန်းသလဲပုလဲ၏စကားကြောင့်သူအံကြိတ်လိုက်မိသည်။ပုလဲ၏ဆက်စပ်တွေးခေါ်တတ်မှုကိုပင်အထင်ကြီးရမလားဦးညွှတ်ရမလားမသိ။သေချာတာကတော့…သူ့ကိုနှိပ်ကွပ်လိုက်တာတော့သေချာသည်။ထပ်မံမငြင်းလို၍ငြိမ်ခံပေးလိုက်သည်။
ဒဲာဒါနဲ့မနေ့ညကဒက်ဒီကိုဖွင့်ပြောပြလိုက်တယ်သမီးသစ်တောတွေဘက်သွားလေ့လာချင်တယ်လို့နင်သိတဲ့အတိုင်းငါဒက်ဒီနဲ့မာမီကအမြင်ကျယ်တယ်လေသမိးလေးတစ်ယောက်တည်းမွေးထားလို့လားမသိဘူးငါ့ဝါသနာတွေကိုအားပေးတယ်လေ…မချုပ်ချယ်ဘူး၊ဘယ်အရာမဆိုကိုယ်ပိုင်အတွေးအခေါ်နဲ့လုပ်စေချင်တယ်
ကဲ…ဒီတော့…နင့်ကိုသွားခွင့်ပြုတယ်ပေါ့
လေကြောရှည်၍ဟိမဝန္တာချီးမွမ်းခန်းတွေဖွဲ့နေမည်စိုး၍ဥက္ကာကဖြတ်မေးလိုက်ခြင်းဖြစ်သည်။ဒါပေါ့…ခွင့်ပြုတာပေါ့။ဒါပေမဲ့ဒက်ဒီကငါ့ကိုပြန်စဉ်းစားပါဦးတဲ့ခရီးကဝေးတယ်…ကြမ်းတယ်၊ကျန်းမာရေးကအစပေါ့ဟယ်။ပြီးတော့ခရိးအတူသွားနိုင်တဲ့သူငယ်ချင်းအဖော်တွေလည်းလိုအပ်တယ်တဲ့လေ
ဟာ…နင်ကငါ့ကိုခေါ်မယ်လို့မပြောလိုက်ဘူးလား
မပြောဘဲနေမလားဥက္ကာစုတ်ရဲ့နင်တစ်ယောက်ထဲမဟုတ်ဘူး၊ဒက်ဒီကလည်းငါးယောက်လောက်ဖြစ်စေချင်တယ်တဲ့မိန်းကလေးအဖော်လည်းပါရမယ်ပေါ့ဟယ်၊နားလည်မှုရှိတဲ့အဖော်တွေဖြစ်မှအဆင်ပြေမယ်တဲ့။ဒီတော့ငါစဉ်းစားမိတာက…ငါရယ်နင်ရယ်ပြီးတော့စိုးမင်းရယ်ကေသွယ်ရယ်ပြီးတော့နောက်တစ်ယောက်ယောက်ပေါ့…
ဥက္ကာကခေါင်းကုတ်ကာမျက်နှာငယ်လေးဖြင့်…
အဲဒါကတော့ထားပါတော့။အရေးကြီးတာကပိုက်ဆံလေ…ငါတို့ကနင့်တို့လိုမှမချျမ်းသာတာ။ဒီလောက်စရိတ်စကတွေငါတတ်နိင်မှာမဟုတ်ဘူး
ဥက္ကာမှာမျက်နှာလေးညှိုးသွားကာလေသံတိုးတိုးဖြင့်ပြောရှာသည်။
ပြီးတော့အဖေဆေးရုံစရိတ်နဲ့နာရေးကိစ္စအတွက်အိမ်ဝရန်ပေါင်ထားတာလဲခုထိမရွေးနိင်သေးဘူးလေ
ငါသိပါတယ်။ဒက်ဒီတို့ကလည်းကောင်းကောင်းတွေးမိပြီးသားပါ။ငါ့ဒက်ဒီကဘယ်လောက်ချစ်ဖို့ကောင်းသလဲဆိုရင်တက်နိုင်သလောက်ပဲထည့်ကြပါစေတဲ့။လိုတဲ့ငွေကိုသူအကုန်ထုတ်ပေးမယ်တဲ့၊သွားရေးလာရေးအစစအရာရာအဆင်ပြေစေဖို့သူစီစဉ်ပေးမယ်တဲ့
ဟာ…တော်လိုက်တဲ့ယောက္ခမကြီးကွာ
ဘာ…ဘာပြောတယ်
အဟီး…စတာပါ၊ဘာလဲနင်ကစိတ်ဆိုးလို့လား
မဆိုးပါဘးူ၊ခစ်…ခစ်…ခစ်…သေချာအောင်မေးတာငတုံးရဲ့
မဖြစ်ပါဘူးပုလဲရယ်၊နင်နဲ့ငါကဘုနဲ့ဘောက်ထသတ်နေကြမှာသေချာတယ်ဘယ်သူအရင်သေမလဲမသိဘူး
နင်အရင်သေမှာသိလားဥက္ကာပဲ့…ဥက္ကာစုတ်ရဲ့
ဒါဆိုငယ်ငယ်ရွယ်ရွယ်နဲ့နင်မုဆိုးမဖြစ်မှာပေါ့
တော်တော်…ဥက္ကာ
ဘုနဲ့ဘောက်စကားဝိုင်းကိုအဆုံးသတ်၍အိမ်ပြန်ခဲ့ကြသည်။သို့သော်…ထိုခရီးစဉ်ကိုတော့ရင်ခုန်စွာနှင့်အိပ်မက်အတူမက်ခဲ့ကြလေသည်။
အခန်း(၃)
မုဆိုးကြီးစောလုံအလောင်းကိုသဂြိုဟ်အပြီး…သူ့လွယ်အိတ်လေးကိုတယုတယကိုင်ရင်းဦးမြင့်လှိုင်အထဲကိုကြည့်မိသည်။ကြေးနီလုံးလေးငါးလုံးတွေ့၍ယူထားလိုက်သည်။
အင်းဗျာ…ကိုမြင့်လှိုင်ကိုယ်တိုင်ပြောပြလို့သာယုံတော့တယ်ဗျာ…
တောအုပ်ကြီးဦးတင်ရေနွေးကြမ်းကိုခွက်ထဲကိုငှဲ့ရင်းပြောလိုက်သည်။
ကျိုက်ပိသစ်ထုတ်လုပ်ရေးစခန်းတစ်ခုလုံးအံ့သြဘနန်းဖြစ်ခဲ့ကြသည်။ကျားပစ်သွားသောအဖွဲ့သရဲအခြောက်ခံရသည်ဆိုသောအဖြစ်ကလူတိုင်းအတွက်အံ့သြရသည်။
ဒီတစ်ခါတော့တောအုပ်ကြီးဦးတင်ဦးဆောင်ကာလူအင်အားလက်နက်အင်အားအပြည့်အစုံဖြင့်တောထဲသို့ထွက်လာကြသည်။သစ်ခုတ်ရန်အတွက်လက်နက်ကိရိယာတွေကလည်းအစုံအလင်သစ်ခွဲရန်အတွက်စွယ်စုံဆင်ကြီးနှစ်ကောင်ပင်အပါခေါ်လာခဲ့သည်။ဦးမြင့်လှိုင်လည်းသူတို့အဖွဲ့နှင့်လိုက်ပါလာခဲ့ရသည်။
ကျိုက်ပိသစ်ထုတ်လုပ်ရေးစခန်းနှင့်ကဟီးလူးဘေးမဲ့သစ်တောကြိုးဝိုင်းကလေမိုင်နှင့်နှစ်ဖာလုံကွာဝေး၏။ကဟီးလူးတောစပ်အဝမှာပင်ထူးခြားမှုဖြစ်စဉ်တစ်ခုကသူတို့အဖွဲ့ကိုစောင့်ကြိုနေသည်။အဖွဲ့ထဲတွင်ဦးမြင့်လှိုင်ပါနေ၍လည်းဖြစ်ရပ်ကပိုထင်ရှားလာခဲ့ရသည်။
ဟင်…ဒီအပင်ကြီး…ဒီအပင်ကြီး
ဘာအပင်လဲကိုမြင့်လှိုင်ရ၊ဘယ်အပင်ကိုပြောတာလဲ
ဦးမြင့်လှိုင်လက်ညှိုးထိုးပြရာသို့အားလုံးဝိုင်းကြည့်လိုက်ကြသည်။သူတို့တွေ့ခဲ့သောအပင်ကြီးကကဟီးလူးတောစပ်ကိုရောက်နေချေပြီ။ထိုအပင်ကြီးအမှန်တကယ်ရွေ့လျားသွားလာနိုင်သည်ဆိုသောအချက်ကပေါ်လွင်နေ၏။
ဒါကျုပ်တို့ပြောတဲ့အပင်ကြီးပဲ
ဦးမြင့်လှိုင်ပြောသောအပင်ကြီးကိုအားလုံးတအံတသြကြည့်နေကြသည်။ထိုအပငိကြိးအကြောင်းကိုအားလုံးကြားသိကြပြီးဖြစ်သော်လည်းအခုမှအားလုံးမြင်ဖူးကြသည်။ယခုတော့အရင်ကမရှိသောနေရာတွင်ဧရာမအပင်ကြီးတစ်ပင်ရောက်နေလေပြီ။
တောအုပ်ကြီးဦးတင်ကထိုအပင်ကိုခုတ်ခိုင်းလိုက်၏။လွှစက်ကိုဆွဲ၍တက်သွားသူကငတိုး…အားလုံးကသူကိုလက်ပွားငတိုးဟုခေါ်ကြ၏။ညာလက်မ၌လက်မအပွားတစ်ခုပါလာ၍ထိုသို့ခေါ်ခြင်းဖြစ်သည်။ငတိုးကလူကြမ်းစိတ်ကြမ်းသမားခပ်ပေပေခပ်ရွဲ့ရွဲ့သမားသူများမလုပ်ရဲတာကိုသူလုပ်နိုင်သည်ဟုဂုဏ်ယူချင်နေသူ…။
အပင်ကြီး၏ခြေရင်းကိုငတိုးရောက်သွားပြီးငတိုးကအပင်ကြှီးကိုမော့ကြည့်ကာတံထွေးတစ်ချက်ထွေးရင်းအော်ပြောလိုက်သည်။
ထွီး…မိစ္ဆာတေါနေတဲံ့အပင်ကြီးဆိုတာဒါလား၊လူလိုပဲလမ်းလျှောက်သွားတယ်ဆို…ကဲ…အားလုံးမြင်သာအောင်လျှောက်ပြလိုက်စမ်းပါဦး
ပတ်ဝန်းကျင်မှလေသည်ထူးခြားစွာငြိမ်သက်သွား၏။
သို့သော်အပင်ကြီးထိပ်ဘက်ရှိအကိုင်းအခတ်အရွက်များမှာတရှဲရှဲမြည်သံနှင့်အတူလှုပ်ယမ်းနေလေသည်။ငတိုးကအကြောက်အလန့်မရှိဆက်ပြောနေ၏။
ငါ့နာမည်ငတိုးကွ…လက်ပွားငတိုးဆိုတာငါပဲမှတ်ထား၊ညဘက်တွေမှာဆိုလျှောက်သွားတတ်တယ်ဆိုတော့မသွားနိုင်အောင်မင်းခြေထောက်တွေကိုဟောဒီလွှစက်နဲံ့ဖြတ်ပစ်မယ်၊ကဲ…ခံနိုင်ရင်ခံပေတော့…မိစ္ဆာအပင်ကြီးရေ
လွှစက်ကိုဝေါခနဲစက်နှိုးလိုက်ရာနှစ်ဖက်ဓားသွားကမွှတ်နေအောင်စတင်လည်ပတ်နေပြီ။ဖြောင်း
ထိုအခိုက်မှာပင်အပင်ထိပ်ဖျားကသစ်ကိုင်းတစ်ခုခုကျိုးကျလာ၏။သစ်ကိုင်းကငတိုး၏ငယ်ထိပ်တည့်တည့်သို့…
သို့သော်ငတိုးကအတော်အကင်းပါးပြီးသွက်လက်သူဟုဆိုရမည်။အချိန်မှီခုန်ထွက်၍ရှောင်တိမ်းနိုင်လိုက်သည်။ဒုန်းခနဲအသံကြိးသာထွက်ပေါ်လာပြီး…ငတိုးကတစုံတရာအထိအခိုက်မရှိ၊ကြည့်နေသူအားလုံးမှာလည်းရင်တထိတ်ထိတ်နှင့်…၊သစ်ကိုင်းအစိမ်းကြီးကျိုးကျသည်ဆိုသည်တော့သိပ်သဘာဝမကျကြ…။
သြော်…ဒင်းကဒီလိုလား…ငါ့ကိုစမ်းတယ်ပေါ့၊ကြိုက်ပြီဟေ့….နင်ပြီးရင်ငါ့အလှည့်ပေ့ါ၊ကဲ…လာလေရော့…ခံနိင်ရင်ခံစမ်း
ဝေါ…ဝူး…ဝူး
ငတိုးကလွှစက်ကိုလက်နှစ်ဖက်ဖြင့်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍အပင်ကြီးပေါ်တင်လိုက်တော့၏။မွှတ်နေအောင်လည်ပတ်နေသောလွှသွားကအပင်ကြီးကိုစတင်လှီးဖြတ်လေတော့သည်။ဖွာခနဲထွက်လာသောသစ်သာစများနှင့်အတူနီရဲရဲအရည်များစီးကျလာကာငတိုးတစ်ကိုယ်လုံးနီရဲသွားတော့သည်။
ဟင်…ဘာတွေလဲဟ
လွှသွားကအပင်ကြိး၏ပင်စည်ကိုအရှိန်ပြင်းစွာလှီးဖြတ်ထိုးခွဲနေဆဲအနီရောင်အရည်များကပို၍ထင်ရှားစွာထွက်ကြလာ၏။ကြည့်နေကြသူများမျက်တောင်ပင်မခတ်ရဲကြ…။
ဝေါ…ဝူး…ဝူး…ကျွီ…ကျွီ…ကျွီ
ဟာ…ဒါ…သွေးတွေပဲ၊သွေးညှီနံ့ကမွှံထူနေပါလား
လွှစက်ဆွဲနေရင်းကငတိုးတစ်ယောက်မျက်လုံးပြူးသွားရပြီ။ပိုအံ့သြစရာကောင်းတာကပင်စည်ထဲမှထွက်လာသောအော်သံများဖြစ်သည်။အော်သံများကယောကျာ်း၊မိန်းမတို့၏အသံပေါင်းစုံဖြစ်သည်။တစ်ခါတစ်ခါကလေးအသံတို့ပါပါ၏။ကြားနေရသည်ကပီပီသသတော့မဟုတ်…ဗလုံဗထွေးအော်သံများ၊ညည်းတွားသံများ၊ဒဏ်ရာရသောတိရစ္ဆာန်တစ်ကောင်၏သေအံ့မူးမူးညည်းတွားအော်သံများဖြစ်သည်။
ငတိုးတစ်ယောက်ပါးစပ်အဟောင်းသားဖြစ်သွားရသည်။အသံတွေကအနီကပ်ထွက်ပေါ်လာနေသည်။ဘုရား…ဘုရား…နားရှိလို့သာကြားရတယ်၊မယုံနိုင်စရာ
ငတိုးမှာလွှဖြတ်နေရင်းဘုရားတလိုက်သည်။တော်ရုံမယုံတတ်သောသူ့လိုခပ်ရွဲ့ရွဲ့သမားပင်ဇောချွေးပြန်လာရပြီ။
ထိုစဉ်…
လွှသွားကသစ်ပင်ထဲမှပြန်ကန်၍လည်ထွက်လာကာ…
ငတိုး၏ခါးလည်ကိုပိုင်းဖြတ်ပြီးအဝေးသို့လွင့်စင်သွားသည်။
ဝေါ…ဝူး…ရွှီး…အား…
ငတိုး၏ခန္တာကိုယ်နှစ်ပိုင်းပြတ်ကြီးလည်းအပင်ခြေရင်း၌မြင်မကောင်းအောင်ပြုတ်ကျသွားတော့သည်။
ထိုစဉ်…
ဗုန်း…ဗုန်း…ဗုန်း
အမလေး…သစ်လုံးတွေလိမ့်လာပြီပြေးကြဟေ့
တစ်ချိန်တည်းမှာပဲကဟီးလူးတောစပ်တွင်ဖြတ်ပြီးပုံထားသည့်သစ်လုံးများမှာသူတို့အုပ်စုရှိရာဘက်သို့တစ်လုံးချင်းလှိမ့်လာတော့သည်။
သစ်လုံးပိသူကပိ၊ပြေးသူကပြေးနှင့်အလဲလဲအပြိုပြိုဖြစ်ကုန်တော့သည်။
ထိုစဉ်ဦးမြင့်လှိုင်သေနတ်ကိုမောင်းတင်ကာပြောင်းဝထဲမုဆိုးကြီးဆီမှယူထားသောအင်းစာရေးထားသည့်ကြေးနီလုံးလေးများကိုထည့်လိုက်သည်။ထို့နောက်အပင်ဖြူကြီးဆီချိန်၍လှမ်းပစ်ခွင်းလိုက်သည်။လူတစ်ယောက်ကိုထိမှန်သလို…အပင်ကြီးအနောက်ဘက်သို့ယိုင်သွားပြီးငြိမ်ကျသွား၏။ထိုအခါ၌ဦးမြင့်လှိုင်ပြေးသွားကာလွှစက်ကိုကောက်ဆွဲ၍အပင်ကြီးကိုထိုးခွဲလေသည်။အပင်ထဲမှသွေးများပန်းထွက်ပြီးဦးမြင့်လှိုင်တစ်ကိုယ်လုံးလည်းသွေးများဖြင့်ဖြစ်နေ၏။
အပင်ကြီးမှာယိမ်းထိုးနေလေပြီ။
အပင်လဲကျရန်အကောင်းဆုံးအနေအထားအရောက်တွင်လွှစက်ကိုရပ်ကာအနီးရှိသစ်သားဆို့တစ်ချောင်းကိုဟနေသောပင်စည်အသားထဲရိုက်သွင်းလိုက်သည်။နောက်ဆုံး…အပင်ကြီးလဲကျလေပြီ။ဦးမြင့်လှိုင်ဘက်လဲကျလာ၍အမြန်ခုန်ရှောင်လိုက်ရသည်။
ဗုန်း
တော်သေးသည်။ဦးမြင့်လှိုင်အသက်ဘေးမှသီသီလေးလွတ်သွားရသည်။အနားရှိလူများကဦးမြင့်လှိုင်ကိုဝိုင်းထူပေးကြစဉ်တောအုပ်ကြီးဦးတင်ရောက်လာကာ…
ဒိအပတ်ကိုသစ်ခွဲဖို့မလုပ်ကြနဲ့သုံးမိတဲ့သူတွေဒုက္ခရောက်သွားနိုင်တယ်၊ဒီအပင်ကမကောင်းဆိုးဝါးတွေခိုအောင်းနေတဲ့အပင်ဆိုတော့…အပင်ကိုချုပ်ထားမှရလိမ့်မယ်
ထို့နောက်စခန်းသို့ပြန်ကာလိုအပ်သောပစ္စည်းများကိုပြန်ယူရပြန်သည်။ဦးမြင့်လှိုင်တို့ကဟီးလူးတောစပ်သို့နောက်တစ်ကြိမ်ပြန်ရောက်လာကြသည်။အချိန်ကနေဝင်ချိန်သို့ပင်ရောက်နေလေပြီ…။
အပင်ကိုပရိတ်ကြိုးများဖြင့်ချည်နှောင်ကာမြေကြီးထဲသို့သစ်ငုတ်တစ်ချောင်းရိုက်သွင်းပြီးထိုသစ်ငုတ်တွင်ပရိတ်ကြိုးများကိုချည်နှောင်ထားလိုက်သည်။
ကဲ…ဒီအပင်ကမကောင်းဆိုးဝါးတော့ဘယ်မှပြေးလို့မရတော့ဘူး
ရာသီဥတုကလည်းအေးလာ၍သစ်ချောင်းများဖြင့်မီးပုံလေးလုပ်ပြီးအနွေးဓာတ်ယူကာခဏနားကြသည်။ကဲ…တောထဲမှာတော့အန္တရာယ်တွေအားလုံးရှင်းသွားပြီနောက်ဆိုတောထဲကိုဘာမှကြောက်စရာမလိုပဲဝင်လို့ရသွားပြီ၊ဒိအပင်ကြီးကိုမနက်ကျမှမိးရှို့ပစ်ရမယ်
ဟင့်…ဟင့်…ဟင့်…
ထိုစဉ်မိန်းမတစ်ယောက်ငိုနေသံကိုသူတို့အားလုံးအတိုင်းသားကြားလိုက်ရသည်။
ဘယ်သူငိုနေတာလဲကွကြည့်ကြပါဦး
ဦးမြင့်လှိုင်ပြောတော့မှအားလုံးဓာတ်မီးများဖြင့်ထိုးကြည့်ကြသည်။မြေပေါ်လဲကျနေသောအပင်ကြီးထိပ်ဘက်ရှိသစ်ရွက်များကြားမှထိုငိုသံထွက်နေခြင်းဖြစ်သည်။သူတို့အားလုံးအပင်ကြီးနားသွားကာဓာတ်မီးဖြင့်ဝိုင်းထိုးကြည့်လိုက်ကြသည်။
မြင်လိုက်ရသည်ကဖြူဖွေးသန့်ရှင်းနေသောမိန်းမတစ်ယောက်၏ဦးခေါင်းဖြစ်၏။
ပါးပြင်တွင်မျက်ရည်များစီးကျကာတောင်းပန်းတိုးလျှိးနေသောမျက်နှာသွင်ပြင်နှင့်…
ကျွန်မကိုလွှတ်ပေးကြပါ…ဟင့်…ဟင့်
အောင်မလေး…သရဲဗျို့…သရဲ
ဟေ့ကောင်တွေမပြေးနဲ့…
ဓာတ်မီးများပစ်ချကာခြေကုန်သုတ်ပြေးရန်ပြင်နေသောသူ့တပည့်များကိုဦးမြင့်လှိုင်ဟန့်တားလိုက်ရသည်။
ထင်းတွေယူခဲ့ကြ…မနက်ဖြန်အထိစောင့်မနေနဲ့တော့၊အခုပဲဒီအပင်ကိုမီးရှို့လိုက်ကြတော့ဟေ့
အခန်း(၄)
ဥက္ကာနှင့်ပုလဲပြောဆိုပြီးးဆယ်ရက်မြောက်နေ့တွင်ပင်ခရီးစထွက်ဖြစ်ခဲ့သည်။စိတ်မြန်လက်မြန်လူငယ်တွေလည်းဖြစ်၊အနောက်ကပံ့ပိုးကူညီမှုတွေပါရတော့အစီအစဉ်ကမြန်ဆန်လှသည်။ရန်ကုန်ဘူတာကြီးမှရထားစီးကာဘားအံအထိချီတက်ရမည်ဖြစ်သည်။သူတို့အုပ်စုကငါးယောက်တိတိ…။
ဥက္ကာပုလဲ၊ကေသွယ်၊စိုးမင်းနှင့်ဖိုးကျော်တို့သူငယ်ချင်းငါးယောက်၏လေ့လာရေးခရီးစဉ်ပင်ဖြစ်သည်။ရထားစီးနေရင်းပုလဲကသီချင်းနားထောင်နေသောသူ့နားကြပ်လေးကိုဖြုတ်လိုက်ပြီးကျောပိုးအိတ်ထဲမှတစ်စုံတစ်ခုကိုရှာဖွေနေ၏။
ဘာရှာနေတာလဲပုလဲရဲ့
ပုလဲကသူရှာနေတာကိုတွေ့သွားသည့်ပုံစံဖြင့်စာအုပ်တစ်အုပ်ကိုထောင်ပြ၏။ဥက္ကာထိုအရာကိုကြည့်ပြိးနှုတ်ခမ်းရွဲ့ကာပြန်အိပ်သွားလေ၏။
ပုလဲထောင်ပြသည့်စာအုပ်ကသရဲစာစဉ်ဖြစ်၏။ပုလဲမာတိကာကြည့်ကာအရင်ဆုံးဒေဝတာ၏မှော်ခေါင်းအုံးဆိုသည့်ဝတ္ထုတိုကိုလှန်လိုက်လေ၏။
သူမကြိုက်သောစာရေးဆရာဖြစ၍ပုလဲအရင်စဖတ်ခြင်းလည်းဖြစ်သည်။စဖတ်သည်နှင့်ထိုဇာတ်လမ်းထဲမျောဝင်သွားတော့သည်။
….တစ်နေ့တစ်၌…
ဒဂုံမြို့သစ်တောင်ပိုင်းသို့ရဲမိုးဆိုသောလူငယ်တစ်ယောက်တည်းပြောင်းရွေ့လာ၏။ပေလေးဆယ်ခြေက်ဆယ်မြေပေါ်ရှိတစ်ထပ်ပျဉ်ထောင်အိမ်လေးကိုလာငှားနေခြင်းဖြစ်သည်။သူငှားနေသောခြံကရပ်ကွက်အစွန်တွင်ကျနေသောကြောင့်လူနေတာဆိုလို့သူ့ခြံနှင့်ဘေးခြံနှစ်ခြံသာထီးထီးကြီးရှိနေသည်။ကျန်နေရာများမှာမြေကွက်လပ်များသာဖြစ်၏။ဘေးခြံတွင်အဘိုးကြီးတစ်ယောက်သာနေ၏။ရက်အနည်းငယ်ကြာလာသောအခါထိုအဘိုးကြီးနှင့်ရဲမိုးတို့ခင်သွားကြသည်။
သူ့နာမည်ကဦးမြဒင်ဖြစ်သည်။အရက်အလွန်ကြိုက်သောအဘိုးကြီးဖြစ်ပြီး…ရဲမိုးအလုပ်ရ၍ငွေစလေးရွှင်လာကာအရက်တစ်ပိုင်းအမြဲဝင်လာပေးတတ်သည်။ဦးမြဒင်အိမ်တွင်ညဘက်အတူတူစားကြသောက်ကြနှင့်…တစ်နေ့…။
အဘကသားသမီးတွေမရှိဘူးလား
ဆေးပေါလိပ်ကြီးကိုပါးစပ်တွင်ကိုက်ကာမီးညှိလိုက်ပြီး…ရဲမိုးကိုပြုံးရင်းကြည့်လိုက်သည်။
အဟင်း…မောင်ရင်ကအဘကိုဘယ်လိုထင်လို့လဲ
အဘအိမ်ကိုဆွေးမျိုးသားချင်းတစ်ယောက်မှလာတာမတွေ့လို့မေးကြည့်တာ
ဟား…ဟား…ဟား…ဘယ်လာပါ့မလဲမောင်ရင်ရယ်၊အဘကတစ်ကောင်ကြွက်လူပျိုကြီးလေသြော်…
ရဲမိုးခွက်လေးထဲထည့်ထားသောမြေပဲလှော်ကိုပါးစပ်ထဲပစ်ထည့်ပြီးစီးကရက်တစ်လိပ်ကိုမီးညှိကာရှိုက်ဖွာလိုက်၏။အဘဘာအလုပ်လုပ်လဲထပ်မေးဦးမှာလားမောင်ရဲမိုး
အင်း…ဟုတ်တယ်အဘ၊အဲဒီမေးခွန်းမေးဖို့ကျွန်တော်စဉ်းစားနေတာ…
ဦးမြဒင်ကရယ်လျက်…
အဘအလုပ်ကအိပ်တဲ့အလုပ်ပဲလုပ်တယ်မောင်ရဲမိုး၊စားပြီးအိပ်နေဘိက္ခဝေသေရင်ပက်လက်နတ်ပြည်တက်တဲ့…ဟား…ဟား…
အဘကရယ်စရာအတော်ပြောတတ်တာဘဲ
မဟုတ်ဘူး…တကယ်ကွ၊အင်း…အဘငယ်ငယ်ကဘုန်းကြီးကျောင်းမှာနေခဲ့ရတာ၊ဆရာတော်ဘေးမှာအနီးကပ်ပေါ့၊ဆရာတော်ကအဘကိုအရမ်းချစ်တာ…ဆရာတော်ဆွမ်းခံကြွ…နေ့ဆွမ်းစားပြီးရင်အမြဲအိပ်နေတတ်တာကိုး…ဟား..ဟား
တစ်နေ့ဆရာတော်မကျန်းမမာဖြစ်ပါလေရော…၊အဘလည်းတတ်ကျွမ်းသလောက်နင်းနှိပ်ပေးတာကလွဲပြီးဆရာတော်အတွက်ဘာမှမလုပ်ပေးနိင်ခဲ့ဘူး၊ဆရာတော်ကလည်းမကျန်းမာတဲ့ကြားကနေ့စဉ်လုပ်နေကျစာချတဲ့အလုပ်ကိုမပျက်လုပ်ပေးခဲ့တယ်…
အင်း…အတော်ကြည်ညိုဖို့ကောင်းတယ်နော်
ဆရာတော်ကသူပျံလွန်တော်မူမယ့်နေ့အချိန်နာရီတွေကိုကြိုသိနေတာပဲလားမပြောတတ်ဘူး၊ဆရာတော်စာချပြီးတာနဲ့ကျိန်းဖို့အခန်းထဲဝင်တော့တာဘဲ…၊မကျိန်းခင်လေးအဘကိုလှမ်းခေါ်လိုက်သေးတယ်၊သူ့ကိုနှိပ်ပေးဖို့ပေါ့…
နှိပ်ပေးရင်းအဘနဲ့ဆရာတော်စကားတွေပြောဖြစ်ကြတယ်၊ဆရာတော်ကချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ကြားကအဘကိုမှာနေသေးတယ်
ဦးမြဒင်စကားကိုခဏရပ်ကာ…အရက်ခွက်ကိုမော့သောက်ပြီးမှစကားပြန်ဆက်သည်။
လိမ်လိမ်မာမာနေဖို့ပေါ့…၊ပြီးတော့…အဘကအမြဲအအိပ်ပုတ်တဲ့ကလေးဆိုတော့…ဆရာတော်ကသူအုံးနေတဲ့ခေါင်းအုံးလေးကိုဆွဲယူူူပြီးအဘကိုပေးတယ်၊မင်းအိပ်တဲ့အခါကျရင်ဒီခေါင်းအုံးလေးနဲ့အမြဲအိပ်ပေါ့ကွာဆိုပြိးဆရာတော်ကမှာသွားသေးတယ်…၊ခေါင်းအုံးလေးလည်းပေးပြီးရောဘုန်းဘုန်းကျိန်းတော့မယ်ဆိုပြီးအဘကိုအခန်းထဲကထွက်ခိုင်းတော့တာပါပဲ….
အဘလည်းဆရာတော်ပေးလိုက်တဲ့ခေါင်းအုံးလေးကိုပိုက်ပြီးအခန်းထဲကထွက်လာလိုက်တယ်…၊အဲဒီမှာပဲဆရာတော်ပြန်မနိုးလာတော့ဘူးပေါ့၊ကံကုန်လို့ပြန်လွန်တော်မူသွားတယ်လေ
ရဲမိုးကရယ်ပြုံးလေးပြုံးရင်း…
ဒါဆို…ဆရာတော်ကအဘကိုသူအုံးခဲ့တဲ့ခေါင်းအုံးလေးအမွေပေးခဲ့တာပေါ့
ဦးမြဒင်ကခေါင်းညိတ်ပြရင်း…ဟုတ်တာပေါ့မောင်ရဲမိုးရယ်၊အဲဒါနဲ့ပဲဆရာတော်ပျံလွန်တော်မူတဲ့ညကသူပေးခဲ့တဲ့ခေါင်းအုံးလေးနဲံခေါင်းအုံးအိပ်ဖြစ်ခဲ့တယ်၊အဘအိပ်ပျော်သါားပြိးသိပ်မကြာဘူးအိပ်မက်တစ်ခုကိုမက်တယ်၊ဆရာတော်ကဗောဓိညောင်ပင်ကြီးတပင်အောက်မှာတရားထိုင်နေလေရဲ့၊အဘလည်းဆရာတော်တရားထိုင်တာအနှောင့်အယှက်ဖြစ်မှာစိုးလို့အနားမှာပဲထိုင်စောင့်နေလိုက်တယ်။ခဏနေတော့မြဒင်ရေဆိုပြီးဆရာတော်လှမ်းခေါ်တာကြားလိုက်ရတယ်၊
မော့ကြည့်လိုက်တော့ဆရာတော်ကမလှမ်းမကမ်းတစ်နေရာကိုလက်ညိုးထိုးပြတယ်၊မြဒင်အဲဒီနေရာကိုကူးလိုက်ကွာ…တဲ့၊ဆရာတော်ညွှန်ပြတဲ့နေရာကိုအဘကြည့်လိုက်တော့အနီရောင်သန်းနေတဲ့နုန်းမြေတွေကိုတွေ့ရတယ်
အဘလည်းဘာလုပ်ရမလဲမသိတော့ဆရာတော်ဆီပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာဆရာတော်ရောဗောဓိပင်ကြီးရောမရှိတော့ဘူးလေ၊ဒါပေမဲ့ဆရာတော့ဆရာတော်တရားထိုင်ခဲ့တဲ့နေရာမာဂေါ်ပြားတစ်လက်ရောက်နေတယ်၊အဘလည်းစဉ်းစားမနေတော့ဘဲဂေါ်ပြားယူပြီးစောစောကဆရာတော်တူးခိုင်းတဲ့နေရာကိုတူးတော့တာပေါ့
အဲ့ဒီမှာအိုးလေးတစ်လုံးကိုတွေ့ရတော့တာပဲ၊အရွယ်ကပရိတ်အိုးအရွယ်လောက်ဘဲရှိတယ်၊အထဲမှာအရောင်တွေတဖျတ်ဖျတ်လတ်နေလို့အဘကြည့်လိုက်တော့အိုးအပြည့်ရေဒင်္ဂါးပြားတွေ၊အဘဖြင့်ငယ်ကလည်းငယ်သေးတာမို့အရမ်းကိုပျော်သွားတယ်၊
ဝမ်းသာအားရနဲ့အိုးကလေးပိုက်ပြီးပြေးနေတုန်း…အဘအရှိန်လွန်ပြီးချော်လဲသွားတယ်၊အိုးလေးမြေကြီးပေါ်ကျကွဲသွားပြီးရွှေဒင်္ဂါးပြားတွေလည်းပြန့်ကျဲသွားတာပေါ့
ရဲမိုးမှာဦးမြဒင်၏အိပ်မက်အကြောင်းကိုစိတ်ဝင်တစားနားထောင်လျက်ရှိသည်။
ရွှေဒင်္ဂါးပြားတွေလိုက်ကောက်ရင်း…အဘရဲ့ဘောင်းဘီအိတ်ထဲကိုရသလောက်ထည့်တယ်၊အဲဒီအချိန်မှာလေတွေတရကြမ်းတိုက်ချလာပြီးအဘအိပ်မက်ကလန့်နိုးသွားခဲ့တယ်၊နိုးလာတော့ကျောင်းဝင်းထဲထိန်လင်းနေပြီးလူတွေလည်းတရုန်းရုန်းနဲ့တွေ့ရတော့တာပေါ့…ဘုန်းကြီးပျံဆိုတော့နယ်ကဒကာဒကာမတွေညတွင်းချင်းပေါက်ချလာတော့အဲဒိဆူဆူညံညံအသံတွေနဲ့အဘနိုးသွားတာဖြစ်လိမ့်မယ်…
အဘလည်းခေါင်းအုံးလေးယူပြီးထလာခဲ့တယ်၊ဘောင်းဘီအိတ်ထဲကချလွင်ချလွင်ဆိုတဲ့အသံကြားတော့သတိထားမိသွားတယ်၊ဘောင်းဘီအိတ်ထဲကိုလက်နှိုက်ကြည့်လိုက်တယ်…၊လက်ထဲပြန်ပါလာတာကအိပ်မက်ထဲမှာတွေ့ခဲ့တဲ့ရွှေဒဂ်ါးတွေဖြစ်နေတယ်လေ…အဘမယုံနိုင်အောင်အံံ့သြသွားရတယ်မောင်ရဲမိုး
အဘပြောတာပုံပြင်လားတကယ်လား
ရဲမိုးကဆေးလိပ်ကိုဖွာရှိုက်ရင်းမယုံသလိုလေသံဖြင့်မေးလေသည်။
ဦးမြဒင်ကနေရာမှထသွားကာပစ္စည်းတစ်ခုသွားယူလေသည်။ထို့နောက်…ရဲမိုးလက်ထဲအဝိုင်းပြားလေးတစ်ခုထည့်ပေးလိုက်၏။ထိုအရာကား…ရွှေဒင်္ဂါးပြားလေးတစ်ခု…
ရဲမိုးထိုဒင်္ဂါးပြားလေးကိုသေချာစွာစစ်ဆေးအပြီး…
အဘ…ဒါအစစ်ကြီးပဲ
ဟုတ်တယ်…မောင်ရဲမိုး၊အဲဒါကြောင့်အဘဘာအလုပ်မှလုပ်စရာမလိုဘဲနေနိုင်တာပေါ့၊ဆရာတော်ပေးခဲ့တဲ့ခေါင်းအုံးလေးနဲ့အိပ်ပြိး…အိမ်မက်ထဲကကိုယ်နဲ့မကွာရှိနေတဲ့ပစ္စည်းတစ်ခုဟာနိုးလာတဲ့အခါကျရင်လက်ထဲမှာပါလာတတ်စမြဲေမောင်ရဲမိုးရယ်…။အင်း…နောက်ပိုင်းမှာတော့အဘလည်းအဲဒီခေါင်းအုံးနဲ့မအိပ်ရဲတော့ဘူးလေ
ရဲမိုးမီးခိုးငွေ့တွေကိုကောင်းကင်သို့မှုတ်ထုတ်ရင်း…သူ့လက်ထဲမှရွှေဒင်္ဂါးပြားကိုတစ်လှည့်၊ဦးမြဒင်ကိုတလှည့်ကြည့်ပြီးစဉ်းစားခန်းဝင်နေတော့၏။ပြီးမှ…
ဒါဆိုအဘလည်းမအုံးဖြစ်ဘူးဆိုတော့…အဲဒီခေါင်းအုံးလေးကျွန်တော်ကိုခဏလောက်ငှားပါလားအဘရယ်
ဦးမြဒင်ကပထမတော့မသိချင်ယောင်ဆောင်နေ၏။
သို့သော်ထပ်ခါတလဲလဲပြောလာသောကြောင့်ဦးမြဒင်မငှားချင်ငှားချင်နဲ့ငှားလိုက်ရသည်။ဆရာ့တော်ခေါင်းအုံးလေးကိုဘယ်သူ့လက်ထဲမှထည့်ချင်ပုံမရ…။
သပ်သပ်ရပ်ရပ်တော့အုံးအိပ်ပေါကွာ၊မသန့်ရှင်းတဲ့နေရာတော့သွားမထားမိစေနဲ့…မနက်ဖြန်မနက်ကျရင်အဘခေါင်းအုံးကိုတော့ဆက်ဆက်ပြန်ပေးပေါ့ကွာ
ဟုတ်ကဲ့အဘ၊စိတ်ချပါအဘ
ရဲမိုးခေါင်းအုံးလေးကိုပိုက်ပြီးသူ့အိမ်သို့ပြန်သွား၏။စိတ်ထဲကမယုံသလိုရှိသော်လည်းစမ်းကြည့်ချင်စိတ်ကတဖွားဖွားပေါ်လာသည်။သူအုံးအိပ်လျှင်ဘာတွေမက်မည်နည်း။မအိပ်ခင်လေးရဲမိုးဘာရယ်မဟုတ်ခေါင်းအုံးလေးကိုသုံးကြိမ်ဦးချလိုက်သည်။ထို့နောက်…ထူဆန်းသည်ဆိုသောခေါင်းအုံးလေးကိုအုံးကာအိပ်လိုက်တော့သည်။
အိပ်ပျော်သွားသည်နှင့်အိပ်မက်ထဲတွင်ရဲမိုးကရေကူးဝတ်စုံနှင့်ဖြစ်၏။ရေအောက်ကြမ်းပြင်တွင်သူလိုရေကူးဝတ်စုံနှင့်လူတွေအများကြီးကိုလည်းတွေ့နေရသည်။သူတို့မှာခေါင်းလောင်းကြီးတစ်လုံးကိုသံကြိုးတွေဖြင့်သိုင်းချည်နေကြသည်။
အင်…အင်္ဂလိပ်တွေရေထဲပစ်ချခဲ့တဲ့ခေါင်းလောင်းကြီးများလား
သူကတော့ထိုသူတွေနဲ့ဝေးရာသို့ကူးခတ်သွား၏။တစ်နေရာအရောက်ရေအောက်ကြမ်းပြင်ရှိသဲမှုန်များအကြားအရောင်တလက်လက်ဖြစ်နေတာကိုတွေ့၍ရဲမိုးထိုနေရာသို့ကူးသွားလိုက်သည်။သဲမှုန်များကိုလက်ဖြင့်ယက်ကာဖယ်ကြည့်လိုက်ချိန်တွင်ရွှေရောင်ဘီးကုပ်လေးတစ်ခုကိုတွေ့ရလေသည်။ဝမ်းသာအားရကောက်ယူလိုက်စဉ်…အရှိန်ဖြင့်သူ့ဆီလာနေသောမည်းမည်းအရာတစ်ခု၊ထိုအရာကရဲမိုးအနားရောက်လာမှငမန်းကြီးတစ်ကောင်ဖြစ်မှန်းသိလိုက်ရသည်။
ငမန်းကရွှေရောင်ဘီးကုပ်လေးကိုင်ထားသောရဲမိုး၏ညာဘက်လက်ကိုကိုက်ရန်ဟန်ပြင်နေစဉ်မှာပင်ရဲမိုးအိပ်ရာမှလန့်နိူးသွားခဲ့သည်။ချွေးသီးချွေးပေါက်များကကျလျက်ရဲမိုးအိပ်ရာထက်တွင်ထထထိုင်လိုက်သည်။သူ့တစ်ကိုယ်လုံးတွင်ချွေးတော့မဟုတ်၊ရေတွေစိုနေ၏။လက်ထဲတွင်လည်းကျစ်ကျစ်ပါအောင်ဆုပ်ထားသောအရာတစ်ခု၊ထိုအရာကိုရဲမိုးဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။
ဟင်
အိပ်မက်ထဲကရွှေရောင်ဘီးကုပ်လေးသူ့လက်ထဲရောက်နေလေပြီ။
ဟာ…ငါတော့သူဌေးဖြစ်ပြီ
ရဲမိုးလောဘတွေတက်သွားကာထိုခေါင်းအုံးနှင့်ထပ်အိပ်ဖို့ကြိုးစားသည်။
သို့သော်…ဘာအိပ်မက်မှထပ်မမက်တော့၊မနက်မိုးလင်းတော့ပေးထားသည့်ကတိအတိုင်းဦးမြဒင်ကိုခေါင်းအုံးပြန်ပေးလိုက်၏။
ရဲမိုးအလုပ်ကအပြန်ရွှေရောင်ဘီးကုပ်လေးကိုရောင်းလိုက်တော့…ငွေကြေးမြိုးမြိုးမြက်မြက်ရသဖြင့်လောဘကိုအတောမသတ်နိုင်အောင်ဖြစ်သွားရသည်။အရက်အကောင်းစားတွေဝယ်ကာအိမ်မပြန်သေးဘဲဦးမြဒင်အိမ်ကိုအရင်ဝင်သည်။
ဘယ်လိုလဲ…ငွေစလေးတွေအတော်ရွှင်နေတယ်နဲံတူတယ်မောင်ရဲမိုး
ဟုတ်တယ်အဘရဲ့
ရဲမိုးလည်းသူ့အိပ်မက်ကိုပြောပြရင်းရွှေဘီးကုပ်လေးရလာပုံကိုဦးမြဒင်အားပြောပြလိုက်သေး၏။
ဟား…ဟား..မောင်ရင်အခုတော့ယုံသွားပြီမဟုတ်လား
သို့နှင့်ထိုနေ့ညလည်းဦးမြဒင်ကိုအယုံသွင်းကာခေါင်းအုံးထပ်ငှားလာခဲ့ပြန်သည်။
နောက်နေ့မနက်တော့ဆက်ဆက်ပြန်ပေးပေါ့မောင်ရဲမိုးရယ်
ဦးမြဒင်ကမှာနေကျစကားကိုဆိုလေ၏။
ဟာ…စိတ်ချပါအဘရယ်
ဒီညလည်းရဲမိုးဦးသုံးကြိမ်ချကာခေါင်းအုံးအိပ်လေ၏။အိပ်ပျော်သွားသည်နှင့်ရဲမိုးအိပ်မက်တစ်ခုကိုမြင်မက်လေတော့သည်။သူ့တစ်ကိုယ်လုံးရွှံတွေပေကျံနေကာသူ့လက်ထဲတွင်လည်းပေါက်တူးတစ်လက်ရောက်နေ၏။ဘေးဘီမှသူ့လိုပဲအလုပ်လုပ်နေသူတွေကိုကြည့်ခြင်းအားဖြင့်သူကျောက်တွင်းတစ်ခုသို့ရောက်နေမှန်းသိလိုက်ရသည်။သို့သော်ဘယ်နေရာမှန်းတော့သူမသိ…
ဟေ့ကောင်အလုပ်မလုပ်ဘဲဘာတွေငေးနေတာလဲတူးစရာရှိတာတူးလေ
အရာရှိဝတ်စုံနှင့်လူကသူ့ကိုဟိန်းဟောက်လေ၏။ရဲမိုးလည်းမထူးတော့ပြီမို့ပေါက်တူးကိုပေါက်ချလိုက်လေတော့၏။
ဒေါက်…
ဟင်
မာကျောသောအရာတစ်ခုကိုပေါက်မိသွား၍ရဲမိုးပေါက်တူးကိုပစ်ချကာမြေဆွေးတွေကိုဖယ်ကြည့်လိုက်သည်။လက်တစ်ဆုပ်စာခန့်ရှိသောနီရဲနေသည့်ကျောက်တုံးတစ်တုံး…၊သေချာကြည့်မှအရည်အသွေးကောင်းသောပတ္တမြားကြီးမှန်းရဲမိုးသိလိုက်ရလေသည်။
ဟေ့ကောင်…မင်းဘဘာတွေ့လို့လဲ၊မင်းလက်ထဲကဘာလဲ
ရဲမိုးထိုပတ္တမြားကိုအင်္ကျီကြားထဲဝှက်ထားလိုက်၏။
မင်းကိုမေးနေတာမကြားဘူးလား
အနားရောက်လာသောအရာရှိကသူ့လက်ထဲကိုင်လာသောတုတ်ဖြင့်ရဲမိုးကျောပြင်ကိုလွှဲရိုက်လိုက်လေ၏။
ဖြောင်း…
အား…အမလေး…သေပါပြီဗျာ
ရဲမိုးအိပ်ရာမှလန့်နိုးသွားလေတော့သည်။ကျောပြင်တွင်စပ်ဖျင်းဖျင်းနှင့်နာနေတုန်းဖြစ်၏။အား…ကျွတ်…ကျွတ်
ခါးကော့ကာနောက်ကျောကိုဖွဖွလေးစမ်းမိသည်။
ထိုစဉ်…
ဒုတ်…
သူ့အင်္ကျီကြားထဲမှထွက်ကျလာသောအရာကြောင့်ရဲမိုးမျက်လုံးပြူးသွားရသည်။ပတ္တမြားလုံးကြီးဖြစ်နေ၍ဖြစ်၏။
ထိုပတ္တမြားကြီးကိုကောက်ကိုင်လိုက်ပြိးအရူးတစ်ယောက်ပမာ…
ဟီ…ဟီ..ငါတော့ဒီတစ်သတ်စားလို့ကုန်တော့မှာမဟုတ်တော့ဘူး
ရဲမိုးခေါင်းအုံးလေးကိုဖက်ကာပျေ်ာရွင်နေလေ၏။မနက်ရောက်တော့ဦးမြဒင်ဆီခေါင်းအုံးသွားပေးရင်းနှင့်ရဲမိုးလောဘဇောမသတ်နိုင်သောစကားတို့ကိုဆိုလေ၏။
အဘ….ဒီခေါင်းအုံးလေးကအတော်ထူးဆန်းပြီးအတော်အစွမ်းထက်တာပဲနော်အဘ
အဟင်း…ဟင်း
ဦးမြဒင်ကပြုံးကာသူ့ကိုကြည့်ရင်း…
ပြောစမ်းပါဦးကွ….မနေ့ကဘာရလာလို့လဲ
ရတာကတော့ရွှေဒင်္ဂါးနှစ်ပြားလောက်ပါပဲအဘရယ်
ရဲမိုးလိမ်ပြောလိုက်၏ထိုနောက်…
အဘ…အဘရဲ့ခေါင်းအုံးလေးကိုကျွန်တော်ကိုပြန်ရောင်းပါလား
ထိုစကားကြား၍ဦးမြဒင်ကရဲမိုးကိုမျက်မှောင်ကြုတ်ကြည့်ပြီး…
မောင်ရင်ဘာလို့ဒီစကားပြောရတာလဲ၊မောင်ရင့်မျက်နှာမှာလောဘအရိပ်အရောင်တွေကိုအဘတွေ့နေရတယ်၊ပြီးတော့ဒီနေ့ကစပြီးခေါင်းအုံးငှားဖို့အကြောင်းအဘကိုလာမပြောနဲ့တော့…အဘမောင်ရင့်ကိုဘယ်တော့မှငှားမှာမဟုတ်တော့ဘူး
ဦးမြဒင်၏အပြောကြောင့်ရဲမိုးဘာမှဆက်မပြောနိုင်အောင်ဖြစ်သွားသည်။
ထို့နောက်ဦးမြဒင်ကိုတောင်းပန်ကာရဲမိုးပြန်ထွက်လာခဲ့တော့သည်။အလုပ်ကပြန်လာတော့လည်းဝယ်လာနေကျအရက်ပုလင်းဖြင့်ဦးမြဒင်အိမ်သို့ဝင်ခဲ့လိုက်သည်။အရင်လိုဘာမှမဖြစ်သလိုပုံစံဖြင့်ပြန်နေပြလိုက်သည်။ဦးမြဒင်လည်းခေါင်းအုံးအကြောင်းမပြောသည်ကလွဲ၍အရင်လိုပင်…ဒါပေမယ့်ညရောက်တော့ရဲမိုဇာတိပြလာလေသည်။
တစ်ဖက်အိမ်ကဦးမြဒင်အိပ်ချိန်ကိုဒီဘက်မှမအိပ်သေးဘဲထိုင်စောင့်နေ၏။ဦးမြဒင်အိမ်ကလေးမီးပိတ်သွားပြီးသန်းခေါင်အချိန်လောက်ရောက်ကာမှရဲမိုးခြေသံလုံလုံနှင့်ထွက်လာလိုက်သည်။ခိုးစရာလည်းဘာမှမရှိသောဦးမြဒင်အိမ်တံခါးကဟောင်းလောင်းပွင့်လို့နေသည်။
အိမ်ထဲတွင်ဦးမြဒင်၏ခြင်ထောင်တစ်လုံးမှလွဲ၍ဘာပစ္စည်းမှမရှိ။ရဲမိုးခြင်ထောင်အနားချဉ်းကပ်သွား၏။ခြင်ထောင်ထဲ၌အဖိုးတန်ခေါင်းအုံးလေးကိုရင်ဝယ်ပိုက်ကာအိပ်ပျော်နေရှာသောဦးမြဒင်ကိုတွေ့ရလေသည်။
ရဲမိုးခြင်ထောင်ကိုလှန်ကာဦးမြဒင်လက်ထဲမှခေါင်းအုံးကိုခပ်ဖွဖွလေးယူလိုက်သည်။ထိုစဉ်အအိပ်ဆက်သောဦးမြဒင်လန့်နိုးသွား၏။
ဟင်…မင်း..မင်း..ဒါဘာလုပ်တာလဲ
ရဲမိုးလည်းမထူးတော့ပြီမို့လက်ထဲမှခေါင်းအုံးနှင့်ပင်ဦးမြဒင်မျက်နှာကိုအုပ်ချလိုက်တော့၏။ဝူး…ဝါး…
အသက်ရှုကျပ်နေပြီဖြစ်သောဦးမြဒင်မှာတစ်ဝူးဝူးတစ်ဝါးဝါးဖြင့်အော်ရင်းရုန်းကန်နေ၏။
ရဲမိုးလည်းအလျှော့မပေးဘဲခေါင်းအုံးနှင့်ဖိမြဲဖိထားလေသည်။နောက်ဆုံးဦးမြဒင်အကြောဆွဲသလိုဖြစ်ကာငြိမ်ကျသွားလေတော့သည်။ခေါင်းအုံးကိုဖယ်ကြည့်တော့မှမျက်လုံးကြီးပြူးကာပါးစပ်ဟလျက်အသက်မရှိတော့ပြီဖြစ်သောဦးမြဒင်ကိုတွေ့၍ရဲမိုးသဘောကျကာပြုံးလိုက်မိသည်။အသံတိတ်လူသတ်သမားရဲမိုး…ခေါင်းအုံးလေးကိုကိုင်ကာသူ့အိမ်သို့ပြန်လာလိုက်သည်။ပတ်ဝန်းကျင်ကလည်းလူသူမရှိသည်မို့ရဲမိုးအတွက်အခွင့်အရေးကောင်းဖြစ်သွား၏။ထို့နောက်ရဲစခန်းသို့ဖုန်းလှမ်းဆက်ကာအကြောင်းကြားလိုက်သည်။မကြာခင်မှာပင်ရဲများရောက်လာ၏။မှုခင်းစစ်ဆရာဝန်များ၏စစ်ချက်အရအသက်ရှုကြပ်၍သေဆုံးခြင်းသာဖြစ်သည်ဟုမှတ်ချက်ပြုကြသည်။ဦးမြဒင်အလောင်းတွင်ဘာဒဏ်ရာမှမတွေ့သဖြင့်ထိုသို့မှတ်ချက်ပြုခြင်းလည်းဖြစ်သည်။
ထို့ကြောင့်ရဲမိုးအမှုမပတ်တော့ဘဲသက်သာရာရသွားခဲ့သည်။ထိုညတော့သူပိုင်သွားပြီဖြစ်သောခေါင်းအုံးလေးကိုအုံးကာရဲမိုးစိတ်ချလက်ချအိပ်လေတော့သည်။
ဒီတစ်ခါအိပ်မက်ကအရင်ကနှင့်မတူဘဲထူးဆန်းနေ၏။သူဝက်ခြံတစ်ခုထဲသို့ရောက်နေ၏။ဝက်ခြံဆို၍ဝက်တွေထားသောဝက်ခြံတော့မဟုတ်၊တရားခံဝင်နေရသောတရားရုးံကဝက်ခြံဖြစ်သည်။ရဲမိုးသူ့လက်ကိုငုံ့ကြည့်တော့လက်ထိတ်ခတ်ထားတာကိုလည်းတွေ့ရ၏။
ဘာတွေလဲ…ငါဘယ်ရောက်နေတာလဲ
မောင်ရင်တရားရုံးကိုရောက်နေတာလေ
တရားသူကြီးကစင်မြင်ပေါ်မှနေ၍လွန်စွာဟိန်းသောအသံကြီးဖြင့်ပြောလေ၏။
ဟင်…ရဲမိုးသေချာကြည့်မှတရားသူကြီးမှာသူသတ်ခဲ့သောဦးမြဒင်မှန်းသိရလေသည်။
မောင်ရင့်နာမည်ဘယ်လိုခေါ်သလဲဟုတရားသူကြီးဝတ်စုံနှင့်ဦးမြဒင်ကမေးလိုက်လေ၏။
ကျွန်…ကျွန်တော့်နာမည်ရဲ…ရဲမိုးပါဟုရဲမိုးကဝက်ခြံအတွင်းမှနေ၍ထစ်ထစ်ငေါ့ငေါ့နှင့်ပြန်ဖြေလိုက်လေသည်။
မင်းဘာဘာသာဝင်လဲ
ဗုဒ္ဓဘာသာဝင်ပါ
အေး…ဗုဒ္ဓဘာသာဝင်ဆိုရင်…ကံ…ကံ၏အကျိုးကိုတော့မောင်ရင်သိမှာပေါ့
သိ…သိပါတယ်ဗျာ
ရဲမိုးဝက်ခြံလေးထဲတွင်အလွန်ကြောက်လန့်နေလေပြီ။
ဒါဆိုမောင့်ရင်အိမ်ဘေးကဦးမြဒင်ကိုဘာဖြစ်လို့သတ်ရတာလဲ၊လူ့လောကမှာလိမ်လို့ရပေမဲ့ဒီနေရာမှာတော့မောင်ရင်လိမ်ပြောလို့မရပါဘူး
ပြောနေသောတရားသူကြီးဦးမြဒင်ကိုမော့မကြည့်ရဲတော့ဘဲရဲမိုးခေါင်းကိုသာငုံ့ထားမိသည်။ကဲ…ဟုတ်ပြီအမိန့်ချမယ်၊တရားခံမောင်ရဲမိုးဟာသူသတ်ခဲ့ကြောင်းဝန်ခံခဲ့တယ်၊အဲဒီအတွက်သူလျော်ကြေးပြန်ပေးရလိမ့်မယ်၊လူ့အသက်တစ်ချောင်းကိုသတ်ရင်အသက်တစ်ချောင်းလျေ်ာကြေးပြန်ပေးရလိမ့်မယ်၊ဒါကြောင့်တရားခံမောင်ရဲမိုးကိုမသေမချင်း၊ဆွဲကြိုးချ…သတ်စေ
ဒုန်း…
ခုံကိုရိုက်လိုက်သောတူချက်ကြီးကြောင့်ရဲမိုးနားစည်ကွဲမတတ်ခံစားလိုက်ရသည်။ရဲများသူ့ကိုဝက်ခြံအတွင်းမှဆွဲခေါ်သွားကြသည်။သူ့တို့ခေါ်သွားရာနောက်ရဲမိုးလိုက်သွားရလေသည်။အခန်းကျယ်ကြီးတစ်ခုအလယ်တွင်ကြိုးပေးသည့်စင်ကြီးကိုရဲမိုးမြင်လိုက်ရသည်နှင့်သေရတော့မည်ကိုကြောက်ကာတစ်ကိုယ်လုံးတုန်ယင်နေတော့၏။ကြိုးစင်ပေါ်တစ်လှမ်းချင်းတက်နေသောခြေလှမ်းတို့ကနောက်ပြန်၍လှည့်မရသောနောင်တခြေလှမ်းတွေနှင့်…
အပေါ်ရောက်သည်နှင့်ခေါင်းကိုအဝတ်မည်းကြီးတစ်ခုကအုပ်ချလိုက်ကာသေမင်းဆီပို့သောတံခါးမောင်းခလုတ်ဆွဲဖြုတ်သံကိုထပ်ကြားလိုက်ရသည်။သူ့အောက်သို့ပြုတ်ကျသွားသည်နှင့်တစ်ပြိုင်နက်လည်ပင်းတစ်ခုလုံးဆွဲညစ်ထားသလိုအသက်ရှုမရအောင်တင်းကျပ်သွားလေ၏။တစ်ချိန်တည်းမှာပဲရဲမိုးအိပ်ရာကလန့်နိုးသွားလေသည်။သို့သော်…လည်ပင်းတစ်ခုလုံးတင်းကျပ်နေပြီးအသက်ရှုမရအောင်တင်းကျပ်လို့နေသည်။အိပ်မက်ထဲမှစွဲမြဲတင်းကျပ်စွာစည်းနှောင်းနေသောဆွဲကြိုးကြီးကသူ့လည်ပင်းမှာပါလာလေပြီ။
အလွန်တင်းကျပ်လွန်းသဖြင့်ကြိုးကိုဖြည်လို့မရတော့…။
နောက်ဆုံးသူသတ်ခဲ့သောဦးမြဒင်သေခဲ့ရသလိုရဲမိုးသေရရှာတော့၏။
ပုလဲစာအုပ်ပိတ်လိုက်သည်နှင့်…
ပုလဲရေဘားအံဘူတာစိုက်တော့မယ်ဟေ့…
ဥက္ကာလှမ်းပြောလိုက်မှပုလဲသတိရသွားကာပြတင်းပေါက်ကိုလှမ်ကြည့်လိုက်သည်။
ဘားအံမြို့မှကြိုဆိုပါ၏ဆိုသောဆိုင်းဘုတ်လေးကိုမြင်လိုက်ရသည်နှင့်ပုလဲစိတ်ထဲပျော်မြူးသွားလေတော့သည်။
အခန်း(၅)
ဘားအံရောက်သည်နှင့်ပုလဲ၏ဦးလေးကတပည့်တစ်ယောက်ကိုဂျစ်ကားတစ်စီးဖြင့်ကြိုခိုင်းလိုက်သည်။သစ်တောတံဆိပ်ကပ်ထားသောဂျစ်ကားဖြစ်ှုအလွယ်တကူရှာတွေ့ခဲ့သည်။ဦးမြင့်လှိုင်နေမကောင်းဖြစ်နေလို့ဦးလေးကိုအခေါ်လွှတ်လိုက်တာ၊ကဲ…ကားပေါ်တက်ကြ…ရှေဆက်အတော်သွားကြရဦးမှာ
ဘားအံမြို့မှစထွက်ကတည်းကပုလဲနှင့်ကေသွယ်တို့ကကင်မရာကိုယ်စိဖြင့်ရှုခင်းများကိုတဖျတ်ဖျတ်ရိုက်နေတော့၏။ရန်ကုန်မြို့ရှုခင်း၏မွန်းကျပ်မှုအောက်မှလွတ်ထွက်သွားကြသူများပီပီနယ်မြို့ပြ၏ကျေးလက်ရှုခင်းများကသူတို့ကိုကောင်းစွာဖမ်းစားလွှမ်းမိုးနေတော့သည်။တမျှော်တခေါ်အစိမ်းရောင်လယ်ကွင်းးများနှင့်အတန်းလိုက်ညီညာစွာပျံသန်းနေသောဗျိုင်းအုပ်ဖြူဖြူများကလည်းပုလဲအတွက်တော့ကဗျာတစ်ပုဒ်အလား၊ပန်းချိကားတစ်ချပ်အလားဖြစ်နေ၏။ချောင်းရိုးတစ်လျောက်ဘဲတစ်အုပ်ကူးခတ်လာသည်ကိုလည်းသူ့ကင်မရာကအလွတ်မပေး…တဖျတ်ဖျတ်ရိုက်နေ၏။
ဟော…ဟိုမှာနွားမကြီးအီးပါနေတယ်၊ရိုက်…ရိုက်…ပုလဲရိုက်
သေလိုက်ပါလားနင်ပဲရိုက်
ဟီး…ဟီး…ဟီး
တစ်ယောက်နှင့်တစ်ယောက်အစအနောက်သန်သူများပီပီသူတို့အုပ်စုပျော်စရာတော့အကောင်းသားတောင်ကုန်းတောင်တန်းတွေမြင်တော့ကေသွယ်မှာအပျော်ကြီးပျော်နေ၏။
ထို့ကြောင့်စိုးမင်းက….
ကေသွယ်ကတောင်စောင့်နတ်ဝင်စားတာကွဟုစ၏။
သူ့စကားကိုဖိုးကျော်ကဝင်ပင့်ပြန်သည်။အဲဒီတောင်စောင့်နတ်ကပက်ကျိကိုက်ပြီးစုတေတာကွဤတွင်ကားသမားဦးလေးကြီးကခပ်ပြုံးပြုံးဖြင့်သတိပေးစကားဆိုလေသည်။
သမီးတို့သားတို့အခုလိုတောလမ်းတောင်လမ်းကိုသွားရင်ပေါက်ကရတွေမပြောကြရဘူးကွဲ့၊တောစည်းတောင်စည်းကကြီးတယ်…အပြောအဆိုဆင်ခြင်ရမယ်
ဦးလေးကြီးစကားကိုလူမှုရေးအရသာနားလည်လိုက်လျောပေးလိုက်ကြရသည်။သိပ္ပံကျောင်းသားတွေဆိုတော့လည်းသိပ်လက်မခံချင်ကြ…။
ဦးလေးအခုသွားမယ့်သစ်တောကြိုးဝိုင်းနာမည်ကဘာတဲ့လဲဦးလေး
ကေသွယ်ကလိမ္မာပါးနပ်စွာဖြင့်စကားလမ်းကြောင်းလွှဲလိုက်ခြင်းဖြစ်ပုံရသည်။
သြော်…ဒါလား၊ကဟီးလူးဘေးမဲ့တောလို့ခေါ်တယ်ကွဲ့၊ဘားအံသထုံနယ်နိမိတ်အတွင်းမှာရှိတာပေါ့ယခုသူတို့သွားနေသောတောလမ်းခရီးမှာလည်းမြေနီလမ်းဖြစ်ပြီးမညီညာကြမ်းတမ်းလှသောကြောင့်လူူးလိမ့်နေရသည်။ဖုန်တွေကလည်းတထောင်းထောင်း၊ကားဆို၍လည်းသူတို့ကားတစ်စီးသာရှိသည်။သုံးဘီးထော်လာဂျီများကိုသာရံဖန်ရံခါတွေ့ရတတ်၏။လမ်းဘေးနှစ်ဖက်တွင်လည်းတောင်နံရံကြီးများသစ်ပင်ကြီးများကပိတ်ဆို့ကာဆီးထား၏။လေ့လာမှတ်သားစရာတွေအများကြီးနော်၊ခုတ်လို့မကုန်နိုင်တဲ့မြန်မာ့သစ်တောကြီးတွေ
နေပျောက်ပင်မထိုးနိုင်အောင်ပင်ချင်းယှက်ကာအုပ်ဆိုင်းဖြာနေသည့်ကားလမ်းဘေးတစ်ချက်မှအဖိုးတန်သစ်တောများကိုကြည့်ကာသူတို့ဝမ်းမြောက်ဂုဏ်ယူနေကြမိသည်။ဦးလေး…ဒါနဲ့ဘယ်အချိန်လောက်မှစခန်းကိုရောက်မှာလဲရှင့်
သြော်…အင်း…နောက်ထပ်သုံးနာရီခွဲ၊လေးနာရီလောက်မောင်ရင်ရောက်ပါပြီ၊ဗိုက်ဆာနေကြပြီထင်တယ်၊အခုတော့သမီးတို့မှာပါတဲံမုန့်တွေကိုပဲအစာပြေစားထားနှင့်ဦိး၊သမီးရဲ့ဦးလေးဦးမြင့်လှိုင်ကဟိုမှာညစာစားပွဲတစ်ခုစီစဉ်ထားတယ်ကွဲ့
အင်း…အစကတော့ဒီလောက်ဝေးလိမ့်မယ်လို့မထင်မိဘူး
ဥက္ကာစတင်ငြီးတွားလေပြီ၊ပုလဲကမျက်စောင်းလေးထိုးရင်း…အို…ဒါကတောထဲကိုသွားနေတာပဲ၊ဘာပဲဖြစ်ဖြစ်အတွေ့အကြုံသစ်တစ်ခုရတာပေါ့ဥက္ကာရဲ့
သူတို့ကဟီးလူးသစ်တောစခန်းကိုရောက်သည်နှင့်ညနေလည်းစောင်းနေပြီမို့ခင်းကျင်းထားသောညစာစားပွဲကိုတွေ့ရလေ၏။
သမီးအဖေစောစောကဖုန်းဆက်သေးတယ်ဖ။သူ့သမီးရောက်ပြီလားတဲ့…
အဖေ့ကိုပြောလိုက်ဘာမှစိတ်မပူနဲ့လို့
ထိုညစာစားပွဲတွင်ဦးမြင့်လှိုင်က…
အင်း…လူငယ်ဆိုတာအခုလိုဗဟုသုတရှာမှီးသင့်တယ်လို့ဦးကတော့ယူဆတယ်၊သမီးတို့လိုပဲမကြာမကြာလာလေ့ရှိတဲ့အဖွဲ့တွေလည်းရှိတယ်အခုတောင်သမီးတို့နဲ့ဆယ်ရက်လောက်ပဲကွာမယ်၊ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဒကကလေးသုံးယောက်တောင်တောထဲဝင်သွားကြသေးတယ်၊သူတို့ကသတ္တိတော့ကောင်းကြတယ်
အဲဒီအဖွဲ့ကပြန်မလာကြသေးဘူးလားဦး
သူတို့ပြန်မထွက်လာသေးဘူး၊အဲဒီအတွင်းပိုင်မှာပဲရှိနြေက်သေးတယ်၊ဒီကဟီးလူးစခန်းကနေဆယ်မိုင်ကျော်ကျော်လောက်ဆက်သွားရတဲ့နေရာမှာဗိုလ်တဲဟောင်းတွေရှိတယ်၊အင်္ဂလိပ်ခေတ်ကကျန်ခဲ့တာတွေပေါ့၊လူမနေဘူးဆိုပေမဲ့အဆောက်အဦးတွေကအခိုင်အမာရှိသေးတယ်၊ဘူမိဗေဒအဖွဲ့ကအဲဒီဗိုလ်တဲတစ်လုံးမှာတည်ပြီးလေ့လာရေးတွေလုပ်နေကြတယ်လေ၊ဗိုလ်တဲနဲ့မလှမ်းမကမ်းမှာအလွန်လှတဲ့စမ်းချေင်းကလေးတစ်ခုလည်းရှိသေးတယ်သမီးရဲ့ကဟီးလူးတောထဲဝင်ဖို့အဖော်တွေရှိနေသဖြင့်ပုလဲတို့အားတက်သွားရသည်။ရိက္ခာတွေ၊ကိရိယာတွေအပြည့်စုံနဲ့လာကြတာ၊ဒါပေမဲ့ဒီစခန်းကနေလည်းရိက္ခာတွေတစ်ပတ်တခါပို့ပေးမယ်လို့ပြောထားတယ်လေ၊အဓိကကအသီးအရွက်နဲ့ဆန်ပေါ့သမီးရယ်ထိုအဖွဲ့ကိုဥက္ကာတို့တစ်ဖွဲ့လုံးစိတ်ဝင်စားသွားကြသည်။ဒီလိုတောနက်ထဲသို့စွန့်စားလေ့လာရသောရသမျိုးကိုသူတို့လည်းလိုချင်ကြသည်။ထို့ကြောင့်လည်းပုလဲက…
သမီးတို့ကသူတို့လိုသွားနေချင်တာဦးရဲံ၊ဒါမှတကယ့်တောတောင်သဘာဝကိုလေ့လာလို့ရမှာအာ…မဟုတ်တာသမီးရယ်အန္တရာယ်များပါတယ်၊ဒါကအတွေ့အကြုံမရှိဘဲတောထဲမှာနေလို့မရဘူး၊အခုဒီနေရာမှာတောင်အန္တရာယ်ရှိနေနိုင်တာ…
သမီးတို့ကတောထဲသွားဖို့လာတာ၊အဖေခွင့်ပြုလို့တောင်ရောက်လာပြီပဲ၊သမီးတို့ကိုယ့်ဟာကိုယ်ကာကွယ်နိုင်ပါတယ်၊သမီးတို့ကိုခွင့်ပြုပေးပါဦးရယ်၊ပြီးတော့သမီးတို့တစ်ဖွဲ့ထဲမှမဟုတ်တာဘူမိအဖွဲ့လည်းတောထဲမှာရှိနေတဲ့ဟာကို…၊သမီးတို့အဖွဲ့ကသီးသန့်နေမှာမှမဟုတ်ဘဲ၊ဘူမိအဖွဲ့နဲ့သွားပေါင်းနေမှာပါ…ဘာမှစိတ်မပူနဲ့၊ဒါမှလာရကျိုးနပ်မှာပေါ့ဦးရဲ့
ပုလဲကမရမကပူဆာရင်းဇွတ်ပြောနေသည်။ဦးမြင့်လှိုင်ကလေးတွေကိုတားမရ၍အတော်စိတ်ညစ်သွားသည်။ခက်တယ်ကွာ၊လူငယ်ဆိုတာစွန့်စားလိုကြတာဦးသိပါတယ်၊တောစည်းတောင်စည်းတွေရှိတယ်…အကြောင်းမသိရင်ဒုက္ခရောက်နိုင်တယ်
သူများတွေတောင်သွားလာနေသေးတာ့ဲဦးရာဒီရောက်ပြီးမှဒီလိုမသွားရရင်ဘယ်လိုလုပ်တန်တော့မှာလဲ
ပုလဲနားပူနားဆာလုပ်လွန်းသည့်အဆုံးဦးမြင့်လှိုင်သဘောတူလိုက်ကြရတော့သည်။ထိုအတွက်လိုအပ်သောရိက္ခာနှင့်ဆေးဝါးများ၊အသုံးဝင်နိုင်သည့်ကိရိယာတန်ဆာပလာများနှင့်အတူလူတစ်ယောက်ကိုပါလမ်းပြအဖြစ်ထည့်ပေးလိုက်၏။
နံနက်စောစောမှာပင်သူတို့အဖွဲ့တက်ကြွစွာဖြင့်ခရီးထွက်လာခဲံကြသည်။သွားရမှာကကဟီးလူးဘေးမဲံကြိုးဝိုင်းအစရျှိသစ်တောစခန်းမှဗိုလ်တဲဟောင်းများရှိရာအတွင်းပိုင်းတောစခန်းအထိဖြစ်သည်။လမ်ုပြဟုဆိုသော်လည်းအသက်ခပ်ကြီးကြီးအဖိုးကြီးတစ်ယောက်ဖြစ်၏။ထိုအဖိုးကြီးလက်ထဲတွင်နှစ်လုံးပြူးကြီးကိုင်ထားသဖြင့်…
သေနတ်ပါယူလာတယ်ဆိုတော့ဒီတောထဲမှာအန္တရာယ်ရှိလို့လားအဘ
ဖိုးကျော်၏အမေးကြောင့်ဦးဖိုးခွားက…
ဘယ်နှယ့်ပြောတာတုန်းငါ့မြေးရယ်၊ဒါပျော်ပွဲစားထွက်တဲ့နေရာမဟုတ်ဘူး၊တောဆိုတာတောရဲ့အင်္ဂါရပ်တွေရှိတယ်၊တောရိုင်းတိရစ္ဆာန်တွေရှိတယ်၊တောဝက်တွေရဲ့အန္တရာယ်ရှိတယ်၊သမင်တစ်ကောင်လုံးကိုမြိုချနိုင်တဲ့စပါးကြီးမြွေတွေလည်းရှိတယ်…အင်း…နောက်ပြီး…သူတို့ကြောက်သွားမည်ဆိုး၍ဦးဖိုးခွားလည်းဆက်မပြောတော့…။
ဒီတော့မှအသံတိတ်သွားကြသည်။မြွေဆို၍…မိန်းကလေးတွေမှာမျက်လုံးပြူးကြကုန်သည်။တောကနတ်သထက်နက်လာပုံရသည်။သစ်ပင်ကြီးများသစ်အုပ်များစိပ်လာသည်။
နေပျောက်မထိုး၍အအေးဓာတ်ကသိသာစွာလွှမ်းမိုးနေ၏။လူသွားလမ်းဟူ၍မရှိ။ကျော်ခွကာသွားနေရသည်။
ခြေဖဝါးစာမျှသာရှိပြီးနံဘေးတွင်ချောက်ကြီးဖြစ်နေသောတောင်နံရံများကိုလည်းပတ်လျှောက်ကြရသည်။ခါးလောက်နက်သောချောင်းကိုလည်းကူးကြရပြန်သည်။ကြောက်လန့်မှုနဲံ့အတူပျော်ရွှင်တက်ကြွမှုကိုလည်းသူတို့ခံစားနေရ၏။တောကောင်တို့၏ဟိန်းသံများ၊မာန်ဖီသံများ၊မျောက်များ၏အုပ်စုဖွဲ့အော်သံများကြောင့်လည်းလန့်ကြရပြန်သည်။
ဝူး…ဝူး
ထိုစဉ်ဆင်ရိုင်းကြီးတစ်ကောင်လာနေတာတွေ့၍လမ်းပြကအားလုံးကိုအပင်အကွယ်တွင်အားလုံးကိုဝင်ပုန်းခိုင်းလေသည်။ဆင်ရိုင်းကြီးအဝေးရောက်သွားမှသူတို့ခရီးဆက်ကြရသည်။အပင်ရိပ်ရသောတစ်နေရာအရောက်သူတို့မောလာသဖြင့်စခန်းချကြလေသည်။
စောစောကဆင်ကြီးကအစွယ်အရှည်ကြီးဘဲနော်အဘ
ကေသွယ်၏အပြောကြောင့်လမ်းပြဖြစ်သူဦးဖိုးခွားမှာသဘောကျသွားပုံရ၏။ခေါင်းတဆက်ဆက်ညိတ်ကာပြုံးရင်း…
ဆင်တွေကအစွယ်ပဲရှည်တာမဟုတ်ဘူး၊အသိဉာဏ်တွေလည်းအတော်ရှိတယ်၊သင်ပေးထားရင်အရမ်းမှတ်နိုင်တဲ့ကောင်တွေလေ၊ပြီးတော့…လူတွေရဲ့စိတ်နေသဘောထားကိုကောင်းကောင်နားလည်ကြတယ်၊များသောအားဖြင့်အုပ်စုလိုက်နေတတ်ကြတဲ့သတ္တဝါတွေပေါ့၊အင်အုပ်စုတိုင်းမှာဆင်ခေါင်းဆောင်ရှိတယ်ကွဲ့…
ဟာ…တယ်မိုက်ပါလား၊သူတို့ကခေါင်းဆောင်တွေဘာတွေနဲ့
စိုးမင်းကသဘောကျသွား၏။ဥက္ကာကတော့သူဝါသနာအတိုင်းမှတ်စုစာအုပ်ကိုထုတ်၍လိုက်လံရေးမှတ်နေတော့သည်။
ဤသို့ဖြင့်ဦးဖိုးခွားနှင့်သူတို့အုပ်စုမှာဆင်အကြောင်းစကားအဖြစ်ပြောကြလေ၏။
ဆင်အုပ်စုဟာခေါင်းဆောင်ရဲံအမိန့်ကိုနာခံကြတယ်၊ဆင်တစ်ကောင်ဟာတစ်နေ့ကိုသစ်ရွက်တစ်ခတ်ပိဿာချိန်(၂၀၀)ကနေ(၂၅၀)အထိစားကြတယ်တဲ့၊သူတို့ဟာဘယ်လောက်မတ်စောက်တဲ့တောက်ဖြစ်ဖြစ်ဖြည်းဖြည်းချင်းရောက်အောင်တက်နိုင်ကြတယ်၊ရေကူးလည်းကောင်းတယ်ကွဲံ့
ဗျာ…ဘယ်လိုဆင်တွေကရကူးတတ်တယ်ဟဟုတ်လားအဘ
ဟုတ်တယ်..ရေကူးတတ်တယ်၊ရေကိုလည်းကြိုက်ကြတယ်၊ဆင်တွေဟာဉာဏ်ကောင်းပေမဲ့တကယ်တမ်းကျတော့ကြောက်တတ်တဲ့သတ္တဝါတွေလေ…မျက်စိအမြင်အာရုံသိပ်မကောင်းပေမယ့်အနံ့ခံအာရုံကတော့ဘာကောင်းသလဲမမေးနဲ့ငါ့တူ၊နှာမောင်းဆိုရင်လည်းသိပ်သန်မာသလိုမြေပေါ်ကျနေတဲ့အပ်တစ်ချောင်းကိုတောင်ကောက်ယူနိုင်တယ်၊ဒီနှာမောင်းမှာကြွက်သားပိုင်းပေါင်းလေးသောင်းလောက်ရှိတယ်လို့ပညာရှင်တွေကပြောဖူးတယ်၊ဒီပမာဏဟာထိုလူသားတွေရဲ့တစ်ကိုယ်လုံးကကြွက်သားတွေအားလုံးထက်အဆ၇၀များတယ်လေ
ဦးဖိုးခွားမှာသူကျွမ်းကျင်ရာကိုပြောနေရ၍ကျေနပ်အားတက်နေပုံရ၏။ပါလာသောရေကိုတစ်ငုံလောက်သောက်လိုက်ပြီးမှစကားဆက်ပြန်သည်။
ဆင်တွေကိုပစ်ရင်နာကျင်မှုအနည်းဆုံးနဲံမြန်မြန်သေစေဖို့အတွက်ပြောင်းဝ(ဝ.၄)လက်မထက်ငယ်တဲ့ရိုင်ဖယ်နဲ့ပစ်ရတယ်၊ဦးနှောက်ကိုထိမှဗိုင်းခနဲလဲသေကာဒီလိုမပိုင်ရင်မပစ်သင့်ဘူး၊ဘာလို့လဲဆိုတော့သေလောက်တဲ့နေရာမဟုတ်ရင်ဆင်ဟာဒဏ်ရာရပြီးဒီဒဏ်ရာကြောင့်စိတ်ခက်ထန်လာလိမ့်မယ်၊အဲဒီနောက်မှာဆင်ရိုင်းဆင်မိုက်ကြီးလုံးလုံးဖြစ်သွားတော့တာပေါ့…။ဒီနေ့ဒီအချိန်ကမ္ဘာပေါ်မှာဆင်အမျိုးအစား၂မျိုးပဲရှိတော့တယ်၊ဒါတွေကလည်းအိန္ဒိယ၊မြန်မာ၊ယိုးဒယားစတဲ့အာရှနိုင်ငံတွေမှာတွေ့ရတဲ့အိန္ဒိယဆင်မျိုးနောက်တစ်မျိုးကအာဖရိကဆင်မျိုးပေါ့
မှတ်သားစရာပဲအဘ၊ဒါနဲ့ကျွန်တော်သိသလောက်ဆင်တိုင်းမှာအစွယ်မပါဘူးဆို…
ဥက္ကာကသူသိချင်တာကိုလှမ်းမေးသည်။ဟုတ်တယ်ကွဲ့တိုနိုင်ငံမှာဆိုရင်တော့အထီးတွေမှာသာအစွယ်တွေပါတာများတယ်
ကျွန်တော်တို့အတွက်တော့ဗဟုသုတအများကြီးပါပဲအဘရယ်
ထို့နောက်စကားတပြောပြောနှင့်ခရီးဆက်ခဲ့ကြလေသည်။
အခန်း(၆)
အဲဒီနားမသွားနဲ့…ဦးဖိုးခွားကပြောလည်းပြောဖမ်းလည်းဆွဲလိုက်သဖြင့်ပုလဲနောက်သို့လန်ကာယိုင်သွား၏။အဲဒီရှေ့မှာချောက်ကြီးရှိတယ်…အနက်ကြီးပဲ၊သစ်ရွက်တွေနွယ်ပင်တွေဖုံးနေလို့မတွေ့ရတာ၊ကျသွားရင်တော့…ရှင်ဖို့လမ်းစမရှိဘူးသမီးရေ
ပုလဲရင်ဘတ်လေးကိုဖိကာသူတို့အုပ်စုထဲပြန်ဝင်နေလိုက်သည်။ခရီးအတန်ပေါက်ခဲ့ပြီးနောက်ရွာတန်းရှည်ကြီးများတစ်ခုသို့ရောက်လာခဲ့၏။ရွာတွင်တော့သက်ရှိဆို၍တစ်ယောက်မှမရှိတော့။လမ်းပြဦးဖိုးခွားကထိုရွာအနီးတွင်စခန်းချရန်ပြော၍အားလုံးဝိုင်းဖွဲ့ကာတစ်ဝမ်းတစ်ထွာဖြည့်ကြလေသည်။ထိုအချိန်တွင်ဦးဖိုးခွားမှာရွာတန်းရှည်ဘက်လှည့်ကာဆွေးဆွေးမြေ့မြေ့လေသံလေးဖြင့်…
တစ်ချိန်ကဒီရွာလေးကိုအဘရောက်ဖူးတယ်၊အဘတစ်ယောက်တည်းတော့မဟုတ်ဘူး၊အဘရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ပေါ့၊သူ့နာမည်ကမင်းအောင်တဲ့…
ဟုတ်…အဘ…ကျွန်တော်လည်းလူမရှိတဲ့ရွာလေးအကြောင်းမေးချင်နေတာ
ဤသို့ဖြင့်ဦးဖိုးခွားသူတိ့ုအကြောင်းကိုပြောပြလေတော့၏။
ဟေ့ကောင်…ဖိုးခွား
ဘာလဲ…သောက်စရာရှိတာသောက်စမ်းပါကွာ
ခင်ဗျားလူချမ်းသာကြီးမဖြစ်ချင်တော့ဘူးလား
မင်းအောင်ကထန်းရည်ကမော့သောက်ရင်းပြော၏။
မင်းအောင်…ခင်ဗျားကျုပ်ကိုမဟုတ်ကယုတ်တွေပြောတော့မယ်
မင်းအောင်ကဖက်ကြမ်းဆေးပေါလိပ်ကြီးကိုမီးညှိလိုက်ရင်း…
ဒီဇာတ်လမ်းကတကယ်ပါဗျ၊ကျုပ်ကြားထားတာသိပ်မကြာသေးဘူး၊အဲဒီနေရာကဒီကဟီးလူးတောထဲမှာရှိတာတဲ့၊ဆင်လိမ္မာတွေချည်းမွေးထားတယ်လို့ကြားတယ်၊ထူးဆန်းနေတာကအဲဒီရွာကြီးကသူကြီးတစ်ယောက်သေတိုင်းသူ့အလောင်းနဲ့သူပိုင်ရွှေငွေပစ္စည်းတွေကိုဆင်လိမ္မာပေါ်မှာတင်လွှတ်တတ်သတဲ့…၊
အဲဒီဆင်လိမ္မာဟာသူကြီးအလောင်းနဲ့ပစ္စည်းတွေပါသယ်ပြီးတောနက်ထဲဝင်သွားရော…အဲ…ဆင်ကြီးပြန်လည်းလာရောသူ့ကျောပေါ်မှာဘာမှပါမလာတော့ဘူး၊အလောင်းနဲ့ပစ္စည်းတွေဘယ်မှာချထားခဲ့လည်းဆိုတာကိုလည်းဘယ်သူမှမသိကြတော့ဘူးတဲ့
ဖိုးခွားကမယုံသလိုလေသံဖြင့်…
ဒီတော့ခင်ဗျားပြောချင်တာကတောနက်ကြီးရဲ့တစ်နေရာရာမှာသင်္ချိုင်းဒါမှမဟုတ်…ရတနာသိုက်ရှိနေမယ်ဆိုပါတော့….
သူတို့ဓလေ့ထုံးစံကနှစ်ပေါင်းရာချီလုပ်ခဲ့တာဆိုတော့…အခုဆိုရင်ရတနာတွေဟာဘယ်နည်းတော့မလဲ
သို့နှင့်သူ့တို့နှစ်ယောက်တောတိုးကာခက်ခဲကြမ်းတမ်းသောခရီးကိုစခဲ့၏။
နောက်ဆုံးကဟီးလူးတောထဲမှဆင်လိမ္မာများရှိသောရွာတန်းရှည်လေးသို့သူတို့ရောက်လာခဲ့သည်။ရွာထဲဝင်ကာသူကြီးအိမ်သို့တန်းသွားလေသည်။သူကြီးကိုလက်ဆောင်ပစ္စည်းများပေးကာရင်းနှီးအောင်ပေါင်းကြလေသည်။နောက်ဆုံးသူကြီးအိမ်တွင်နေခွင့်ရကာညတိုင်းခေါင်ရည်သောက်ဖြစ်ကြသည်။ညစဉ်ညတိုင်းသူကြီးသောက်သောခေါင်ရည်ထဲတွင်မင်းအောင်ကအဆိပ်ခတ်လေတော့သည်။
ရက်ပေါင်းအတန်ကြာသော်တစထက်တစ…သူကြီးအားနည်းလာကာလဲလေတော့၏။
သို့နှငိ့တစ်ည…
အီး…ဟီး…ဟီး
လထိန်ထိန်သာသောအချိန်တွင်ငိုသံကြီးကြားလိုက်ရ၍မင်းအောင်အိပ်ရာမှအမြန်ထလေ၏။မဟုတ်မှလွဲရောသူကြီးသေပြီနဲ့တူတယ်
ဦးဖိုးခွားမှာပြောနေရင်းကရေဆာသဖြင့်ရေပုလင်းဖွင့်ကာမော့သောက်လေသည်။အားလုံးကတော့စိတ်ဝင်တစားနားထောင်နေကြသည်။
ဒီလိုနဲ့နောက်နေ့မနက်လည်းရောက်ရောကျုပ်တို့လည်းရွာအပြင်တောစပ်ကိုထွက်ပြီးအသုဘအခမ်းအနားကိုစောင့်ကြည့်နေကြတာပေါ့…
သူကြီးအလောင်းကိုဆင်ပေါ်ဆွဲတင်နေတာတွေ့ရသည်။ပြီးတော့အိုးလေးတွေ…၊အဲဒီအိုးလေးတွေထဲကိုသူကြီးပိုင်လက်ဝတ်ရတနာတွေထည့်နေကြတယ်လေ၊ရတနာအိုးလေးတွေတင်အပြိးမှာတော့ဆင်ကြီးရွာထဲကထွ့်သွားလေရဲ့၊အသုဘကိုရွာထဲကဘယ်သူမှလိုက်မပို့ကြဘူး…
ဆင်ကြီးတစ်ကောင်တည်းတောထဲတိုးဝင်လာတယ်၊အဲဒီမှာမင်းအောင်ကအပင်ပေါ်တက်ပြီးဆင်အလာကိုစောင့်ရင်းဆင်လည်းအပင်အောက်ရောက်ရော…သူဆင်ပေါ်ခုန်ချပြီးလိုက်သွားလေရဲ့…
ကျုပ်လည်းမကြာခင်ချမ်းသာတော့မယ်ဆိုတဲ့အတွေးနဲ့မေမောနိုင်မပန်းနိုင်ဘဲဆင်ကြီးနောက်ကပြေးလိုက်ရတာပေါ့…
တဖြည်းဖြည်းနဲ့ကျုပ်တို့ဘယ်ကိုရောက်လာသလဲဆိုတော့ချောက်ကမ်းပါးကြီးတစ်ခုအနားကိုရောက်လာခဲ့ကြတယ်၊ဆင်ကြီးကရုတ်တရက်သူ့ခြေထောက်နှစ်ချောင်းကိုကွေးပြိးဝပ်ချလိုက်တယ်လေ၊အဲဒီမှာသူကြီးအလောင်းရော…မင်းအောင်ပါအဲဒီချောက်ကြီးထဲပြုတ်ကျသွားတယ်လေ…၊ကျုပ်လည်းဒိမြင်ကွင်းကိုမျက်လုံးထဲကအခုထိမထွက်သေးဘူးဖြစ်နေတယ်၊ကျုပ်သူငယ်ချင်းမင်းအောင်လောဘကသူ့ကိုသေမင်းဆီအပြီးခေါ်သွားခဲ့တာပဲ…
အဘဒီရွာတန်းလေးမှာဘာလို့လူတွေမနေကြတော့တာလဲ
ဖိုးကျော်အမေးကိုဦးဖိုးခွားကတွေးတွေးဆဆလေးဖြင့်…
တောထဲဆိုတော့…သားရဲဆွဲခံရတာတို့၊ပိုးထိတာတို့၊အမှောင်ပယောဂတို့နဲ့သေတာများလာလို့ပြောင်းရွှေ့သွားတာနေမှာပေါ့
အမှောင်ပယောဂဆိုသောကြောင့်ဥက္ကာကမေးမည်အပြု…
ကဲ…ခရီးဆက်ကြရအောင်
ဟုဖိုးခွားကပြောလိုက်သဖြင့်ဥက္ကာမမေးဖြစ်တော့။
သူတို့အဖွဲ့လျှောက်နေတာအချိန်အတော်ကြာနေပြီ။မောဟိုက်၍ချွေးများစိုရွှဲနေပြီးခြေထောက်တွေလည်းနာကျင်နေပြီ၊ဒူးတွေပင်ခွေညွှတ်ချင်နေပြီ။
အဘဗိုလ်တဲကိုမရောက်သေးဘူးလား
နီးနေပါပြီဟိုတောအုပ်လေးကျော်ရင်ရောက်ပြီ
မင်းတို့ကံကောင်းတယ်ပြောရမယ်
ဦးဖိုးခွားကထိုသို့ပြောလာ၍ဥက္ကာကမျက်မှောင့်ကြံ့ရင်းပြန်မေး၏။
ဗျာ…ဘယ်လိုကြောင့်လဲအဘ
လွန်ခဲ့တဲ့တစ်လလောက်ကဒီကဟီးလူးတောထဲမှာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်
သူ့စကားကြောင့်အားလုံးအံ့သြစိတ်ဝင်စားသွားကြသည်။
ဒီဖြစ်ရပ်ဆိုးသာဖြစ်နေရင်မင်းတို့ကိုအခုလိုသွားခွင့်ပြုပေးမှာမဟုတ်ဘူး၊ဘူမိအဖွဲ့လည်းဗိုလ်တဲမှာရှိနေလို့ခွင့်ပြုပေးလိုက်တာ
အားလုံးရဲ့စကားသံတွေကလည်းတိတ်ဆိတ်သွားပြီးကိုယ့်အတွေးနဲ့ကိုယ်ရင်ဝယ်ပိုက်၍ဆက်လျှောက်လာခဲ့ကြသည်။
သို့သော်ထွက်လာကာစကတက်ကြွမှုမျိုးတော့မဟုတ်တော့…
တောအုပ်ကအပင်တွေအတော်စိပ်လာ၏။သွားလာနေသူမို့သာဤသို့လမ်းပြနိုင်ခြင်းဖြစ်ပုံရသည်။တောပန်းမျိုးစုံကလည်းအရောင်အသွေးစုံလင်စွာပွင့်လန်းနေကြသည်။
သမီးတို့…တွေ့တဲ့ပန်းတွေလျှောက်မခူးကြနဲ့နော်၊အချို့အပင်တွေမှာအဆိပ်ရှိတယ်…
ဦးဖိုးခွားကလည်းလမ်းပြနေရင်းမှစိတ်မချဟန်ဖြင့်နောက်လှည့်မှာနေ၏။နာရီဝက်ခန့်ဆက်လျှောက်အပြီးမှာတော့ဗိုလ်တဲတစ်လုံးကိုလှမ်းမြင်ရလေသည်။တောင်ကုန်းတစ်ခု၏အခြေတွင်ဆောက်လုပ်ထားခြင်းဖြစ်သည်။
ဘိလပ်မြေ၊အုတ်တို့နှင့်ဆောက်လုပ်ထားသော်လည်းနှစ်ကာလကြာမြင့်ပြီဖြစ်၍တစ်ချို့နေရာများ၌ကျိုးပဲ့ကြေမွနေသည်။အနီရဲရဲသုတ်ထားသောဆေးရောင်များမှာလည်းအခုတော့အရောင်လွင့်ပျယ်နေလေပြီ။စခန်းတွင်တော့ဘယ်သူမှမရှိ၊သူတို့အားဗိုလ်တဲကိုညွှန်ပြအပြီးလမ်းပြဦးဖိုးခွားနှုတ်ဆက်လေသည်။
ကဲ…အဘပြန်ဦးမယ်၊နောက်ငါးရက်လောက်ကျမှဒီကိုရိက္ခာတွေသယ်ပြိးပြန်လာခဲ့လိုက်မယ်နှုတ်ဆက်ပြီးပြန်သွားသောဦးဖိုးခွာကျေျာပြင်ကိုကြည့်ကာသူတို့အားလုံးကျန်ခဲ့လေတော့သည်။
အခန်း(၇)
ဥက္ကာတို့မရောက်ခင်အဖြစ်အပျက်လေးတစ်ခုဖြစ်သွားခဲ့၏။ထိုအဖြစ်ကား…
မျောက်အူသံဆင်အော်သံတို့တစ်ခါတစ်ရံထွက်ပေါ်လာသည်ကလွဲ၍ကဟီးလူးဘေးမဲ့တောတစ်ခုလုံးတိတ်ဆိတ်နေသည်။ထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သောလူသုံးယောက်..
သူတို့ကားကဟီးလူးတောထဲသို့စောစီးစွာရောက်နှင့်နေသောဘူမိကျောင်းသားသုံးယောက်ပဲဖြစ်သည်။
အမြင်နီးပေမယ့်ခရီးဝေးသည့်တောင်ဆိုတဲ့စကားညတကယ်မှန်တယ်နော်
အေးလေကွာတောင်ကိုမြင်နေရတာကြာပြီခုထိကိုမရောက်နိုင်သေးဘူး
ခဏနားကြမယ်ကွာပင်ပန်နွမ်းနယ်လာဟန်နှင့်တစ်ယောက်ကပြောလိုက်ရာဟန်လုပ်ငြင်းသူတစ်ယောက်မျှမရှိဘဲပြိုင်တူလိုပင်ကျောပိုးအိတ်များချကာအဆင်ပြေရာတွင်နားနေလိုက်ကြ၏။ရေဘူးထုတ်သောက်သူသောက်၊ဦးထုပ်နှင့်ယပ်ခတ်သူခတ်နှင့်ပင်ပန်းမှုအတွက်ဖြေဖျောက်နေကြသည်။
အဲဒီမှာလည်းထုံးကျောက်နဲံလိပ်သည်းကျောက်ပဲတွေ့ရမှာပါကွာ
ငါတော့ကျောက်တွေမရှာချင်တော့ဘူး၊ဒီကိုလာတုန်းကလမ်းပြဦးဖိုးခွားပြောပြတဲ့သူကြီးသချိုင်းဟောင်းဆိုတာပဲရှာချင်တော့တယ်ကွာ
အေး…ဟုတ်တယ်၊အဲဒါကမှသူဌေးဖြစ်မြန်မှာ
ဘူမိဗေဒနောက်ဆုံးနှစ်ဖြစ်သည့်ကျောင်းသားများဖြစ်သောသူရမြင့်နိုင်ကျော်စွာတို့သုံးယောက်အနားယူရင်းစိတ်ကူးတွေယဉ်နေကြသည်။နှစ်ပရိစ္ဆဒေကြာမြင့်စွာကျင့်သုံးခဲ့သည့်ဓလေ့မို့သူကြီးပေါင်းအယောက်သုံးဆယ်ကျော်မြှပ်နှံပြီးဖြစ်ကြောင်းလည်းသူတို့သိထားသည်။
အဲဒီသင်္ချိုင်းတွေ့လိုက်ရင်တော့အချီကြီးပွပေါက်တိုးမှာပဲ
သို့နှင့်ကဟီးလူးသစ်တောကြိုးဝိုင်းမြေပုံကိုထုတ်၍ဆင်လိမ္မာရှိခဲ့သည့်ရွာဟောင်းဆီအရောက်သွားကြသည်။ထိုရွာမှနာရီဝက်အကွာအဝေးကိုစက်ဝိုင်းလိုက်ပြီးရှာဖွေရမည့်နယ်မြေဇုန်အဖြစ်သတ်မှတ်လိုက်၏။
ရတနာသိုက်ရှာဖွေဖို့တိုင်ပင်နေစဉ်မှာပင်မြင့်နိုင်ရုတ်တရက်ထရပ်လိုက်သည်။သူ့ပုံစံကပျာယီပျာယာဖြစ်နေသည်မို့…
ဟေ့ကောင်ဘာလဲ…ဘာဖြစ်လို့လဲ
အဟဲ…အစာဟောင်းစွန့်ချင်လို့စအိုတွန့်နေပြီကွ၊တောတိုးလိုက်ဦးမယ်
ဟား…ဟုတ်ပ၊နံဟောင်နေတာပဲကွာ
ကျော်စွာတွန်းထိုးနှင်ထုတ်လိုက်မှပဲမြင့်နိုင်တောထဲအပြေးအလွှားတိုးဝင်လာခဲ့၏။ခပ်ဝေးဝေးထိလျှောက်လာခဲ့ပြီးမှမြင့်နိုင်တောထိုင်လိုက်သည်။အမတ်ကြီးဦးပေါ်ဦးပြောခဲ့သည့်အရသာအရှိဆုံးဇိမ်အရှိဆုံးလုပ်ငန်းကြီးကိုလုပ်ကိုင်ရတာတစ်ကိုယ်လုံးပေါ့ပါးသွားသသလိုခံစားရသည်။
ကိစ္စပြီးအောင်အားထုတ်နေစဉ်အနီးတစ်ဝိုက်မှကိုင်းပင်ခြုံတောတွေလှုပ်ရှားသွားတာမြင်မိ၍ဟိုကောင်တွေနောက်ပြီဟုတွေးကာပြုံးလိုက်သည်။ဒုက္ခမပေးနိုင်အောင်တစ်ရှူးလိပ်ထုတ်၍မြန်မြန်သန့်ရှင်းရေးလုပ်လိုက်၏။
ကိုယ်ကဦးအောင်ပြန်လည်နောက်ပြောင်နိုင်ရန်ကိုင်းပင်များလှုပ်ရှားသည့်နေရာသို့ကိုယ်ကိုကိုင်းကာအသံတိတ်ချဉ်းကပ်လာခဲ့သည်။အဆက်မပြတ်လှုပ်နေသည့်ကိုင်းတောထဲဒိုက်ထိုးခုန်ဝင်လာ၏။သို့သော်သူခုန်အုပ်မိသည်ကလူမဟုတ်ဘဲယုန်တစ်ကောင်ဖြစ်နေသည်။ယုန်မှာကြည့်နေရင်းကပြေးထွက်သွားပြီးတစ်စုံတစ်ယောက်ပေါ်သို့ခုန်တက်သွားသည်။မြင့်နိုင်မျက်လုံးပြူးသွား၏။
တွေ့ရသည့်မြင်ကွင်းကိုမယုံနိုင်ဟန်နှင့်မျက်လုံးများကိုပွတ်သပ်ပြီးပြန်ကြည့်လိုက်သည်။ယုန်လေးကိုရင်ခွင်ပိုက်ထားသူကမိန်းမလှလေးတစ်ယောက်ဖြစ်နေ၏။လှရုံလောက်နှင့်တော့ပြဿနာမရှီ၊အဝတ်အစားဗလာနတ္တိနှင့်မို့မြင့်နိုင်မျက်လုံးပြူးကာအသက်ရှူးမြန်သွားရသည်။မိန်းမပျိုကယုန်ကိုပိုက်ထားရင်းသူ့အားလက်ယက်ခေါ်လိုက်သည့်အခါမှာတော့မြင့်နိုင်ဘာကိုမှတွေးမနေတော့ဘဲ…ထိုမိန်းမပျိုထံခြေလှမ်းကျဲကြီးများနှင့်တိုးကပ်သွားတော့၏။
မိန်းမပျိုကယုန်ကိုလွှတ်ချလိုက်ပြီးအပင်ကွယ်ကာပုန်းခိုလိုက်သည်။ဒါကိုမြင်ပြီးမြင့်နိုင်ပိုလို့မချင့်မရဲဖြစ်ကာအပင်နောက်သို့ပြေးဝင်လိုက်သည်။သူ့ကိုစောင့်မျှော်နေသလိုအပင်မှီသလိုအလှပြနေဟန်နှင့်မိန်းမပျိုကိုတွေ့ရ၍မြင့်နိုင်အမောဖောက်သွားသည်။
မိမွေးတိုင်းဖမွေးတိုင်းလှချင်တိုင်းလှနေသည့်မိန်းမပျို၏တပ်မက်စရာခန္တာကိုယ်အစိတ်အပိုင်းများကိုအစုန်အဆန်ကြည့်ရင်းမြင့်နိုင်တံတွေးတဂွပ်ဂွပ်မျိုချနေရသည်။
ရှင်ယောကျာ်းမဟုတ်ဘူးလား
ဗျာ
မြင့်နိုင်လည်းမထူးတော့ပြီမို့အခွင့်အရေးကိုလက်လွှတ်မခံတော့ဘဲမိန်းမပျိုလေးနားသွားကာတင်းကျပ်စွာဖက်လိုက်သည်။မိန်းမပျိုလေးကလည်းပြန်သိုင်းဖက်ရင်းသူ့လည်ကုပ်အားချွန်ထက်သောအစွယ်များဖြင့်ကိုက်ချလိုက်လေတော့သည်။
အား
မြင့်နိုင်၏ငယ်သံပါအောင်အော်သံကတစ်တောလုံးဟိန်းသွားတော့၏။
ဟ…ဘာသံလဲဟ
ဟိုကောင်တောထိုင်တာကြာလှချည်လား
အေးလေ…ဘာများဖြစ်နေလို့လဲ
အတူတူလာခဲ့ကြသူချင်းမို့ပူပန်စိတ်နှင့်တောတိုးကာရှာရတော့သည်။မြင့်နိုင်ဟုတစ်လှည့်စီတကျော်ကျော်ခေါ်ကာလှည့်ပတ်ရှာကြသည်။
ဒီကောင်အန္တရာယ်တစ်ခုခုနဲ့ကြုံနေလို့လား
ဒီတောမှာကျားလည်းရှိတယ်ပြောတာပဲ၊ကွိုင်တော့ပူပြီထင်တယ်
မမှောင်ခင်တွေ့အောင်ရှာမှဖြစ်မှာ
တစ်နေရာအရောက်အသေကောင်တစ်ကောင်အားလှမ်းမြင်လိုက်ရလေသည်။
ဘာကောင်ကြီးလဲ
လူ…လူများလား၊ပုံစံကရှည်မျောမျောနဲ့…
သတ္တဝါကိုမမြင်ရသော်လည်းလူနှင့်ဆင်တူသည်ဟုထင်မိသဖြင့်ပို၍စိုးရိမ်သါားကြသည်။
ဟင်…မြင့်…မြင့်နိုင်
ဟာ…သူငယ်ချင်း
ဝိဉာဉ်ကင်းမဲ့နေပြီဖြစ်သောသူငယ်ချင်းမြင့်နိုင်ကိုတွေ့လိုက်ရသဖြင့်နှစ်ယောက်သားထိတ်လန့်တုန်လှုပ်သွားကြသည်။
သူငယ်ချင်းဘယ်လိုဖြစ်ရတာလဲကွာ
ထိုမြင်ကွင်းအားမကြည့်ရက်သဖြင့်ကျော်စွာတို့ကျောခိုင်းကာထွက်ခွာခဲ့ရတော့သည်။ကဟီးလူးသစ်ထုတ်လုပ်ရေးစခန်းသို့အမြန်သွားကာအကျိုးအကြောင်းပြောအကူအညီတောင်းရန်မှအပတခြားနည်းလမ်းမရှိတော့…။ကျော်စွာနှင့်သူရတို့ခြေလှမ်းများကအားအင်ကုန်ခမ်းနေသလိုစိတ်ဓာတ်လည်းပျက်ပြားနေကြတော့သည်။
သို့သော်မမှောင်ခင်လေးမှာပင်ဗိုလ်တဲကြီးဆီသို့သူတို့ပြန်ရောက်လာကြသည်။ကဟီးလူးသစ်ထုတ်စခန်းဆီသို့နေ့တစ်ဝက်ခရီးခန့်လိုသေးသည်မို့ဒီမှာပဲညအိပ်နားရတော့မည်ဖြစ်သည်။သူတို့နှစ်ယောက်စကားမပြောဖြစ်၊ကျောပိုးအိတ်ထဲမှအရက်ပုလင်းများထုတ်ယူကာတိတ်ဆိတ်စွာသောက်နေလိုက်ကြသည်။ဒီညသူတို့မူးနေမှသာနေလို့ထိုင်လို့ရတော့မည်ဖြစ်သည်။နှစ်ယောက်သားရီဝေရုံမကမူးယစ်သည့်အဆင်သို့ရောက်သွားကာကျောပိုးအိတ်ကိုယ်စီခေါင်းအုံးရင်းအိပ်ပျော်သွားတော့၏။
ထိုအချိန်တွင်အပြင်လောကတစ်ခုလုံးလည်းအမှောင်ထုကစီုးမိုးသွားပြီဖြစ်သည်။အမှောင်ညကိုအသက်သွင်းနေသည်ကပုစဉ်းရင်ကွဲများ၊ညဉ့်ငှက်များ၊အမှောင်အားကိုးအစာရှာသည့်တောင်ကောင်များသာဖြစ်သည်။လမွန်းတည့်ချိန်လောက်တွင်ကျော်စွာလူးလွန်လာသည်။သူရင်တွေပူလောင်နေသလို…ဆီးအိမ်တစ်ခုလုံးလည်းတောင့်တင်းနေ၏။အပေါ့သွားမှဖြစ်တော့မည်မို့ဟန်ချက်ထိန်းကာဗိုလ်တဲပေါ်မှဆင်းလာခဲ့၏။ဗိုလ်တဲဘေးဘက်သို့ပတ်လျှောက်လာခဲ့ကာအပင်တစ်ပင်နားရပ်၍အပေါ့သါားလိုက်သည်။ထိုအချိန်မှာပင်သူ့နောက်အပင်ထက်မှတစ်စုံတစ်ခုညင်သာစွာလျောဆင်းလာသည်။
ကျော်စွာကိစ္စပြီး၍နောက်ပြန်လှည့်လိုက်ချိန်မှာတော့…
အောင်မလေးဗျ…
ရုတ်တရက်တွေ့လိုက်ရ၍ကြက်သီးထကာလန့်သွားရသော်လည်းမိန်းမလှလေးတစ်ယောက်ဖြစ်နေ၍အံ့သြသွားရပြန်သည်။အားပျော့ပျော့လရောင်အောက်တွင်မိန်းမလှလေးမှာအဝတ်အစားလုံးဝမပါပေ။
ကျော်စွာအမူးတွေပြေသွား၏
မင်း…မင်း…ဘယ်သူလဲ
ကျွန်မခရီးသွားရင်းဒီတောထဲမျက်စိလည်လာလို့
အဝတ်တွေကော…
မိန်းမလှလေးကမခို့တရို့အပြုံးလေးပြန်ပြုံးပြကာ…
ကျွန်မဒီနားကချောင်းစပ်မှာရေဆင်းချိုးတုန်းအဝတ်တွေပျောက်သွားတာပါရှင်၊ဖြစ်နိုင်ရင်လေရှင့်မှာပါလာတဲ့အဝတ်တစ်စုံလောက်ကျွန်မကိုပေးပါလားဟင်
အကူအညီတောင်းနေခြင်းဖြစ်၍ကျော်စွာကြောက်စိတ်အနည်းငယ်လျော့သွားကာယုံကြည်သွားမိသည်။သို့နှင့်ကျော်စွာအပေါ်အင်္ကျီကိုချွတ်၍သူမအားလှမ်းပေးလိုက်သည်။သူမကအင်္ကျီကိုမယူဘဲကျော်စွာကိုလှမ်းဖက်လိုက်၏။အထိအတွေ့တို့ကသူ့ကိုပြန်လည်ရစ်မူးသွားစေသည်။တစ်စုံတစ်ရာတော့မှားယွင်းနေပြီဟုသိလိုက်၍ရုန်းကန်မိချိန်တွင်သူ့လည်ပင်းမှပြင်းပြစွာနာကျင်သည့်ဝေဒနာကိုခံစားလိုက်ရလေတော့၏။
ခဏအတွင်းမှာပင်ကျော်စွာအားအင်ကုန်ခမ်းချိနဲ့သွားသလိုခံစားလိုက်ရပြီးတစ်ကိုယ်လုံးပျော့ခွေသွားသည်။မြင့်နိုင်ဘာကြောင့်သေရသလဲဆိုတာနားလည်သလိုလိုရှိလာသည့်အခိုက်မှာပင်သူလည်းသေရတော့မည်မှန်းသိလိုက်သည်။ထိုအတူဗိုလ်တဲပေါ်တက်သွားသောဝတ်လစ်စလစ်မိန်းမလှလေးတစ်ယောက်ကြောင့်အိပ်ပျော်နေသည့်သူရအတွက်ပါစိုးရိမ်မကင်းဖြစ်သွားသော်လည်းသူကိုယ်တိုင်သေဘေးမှမလွတ်နိုင်တော့ကြောင်းသိသွားကာအကြီးအကျယ်ထိတ်လန့်တုန်လှုပ်စွာနှင့်ရုန်းကန်ဖို့ကြိုးစားလိုက်သော်လည်း…။
အခန်း(၈)
အဝေးကလှမ်းမြင်နေရသော်လည်းဗိုလ်တဲကြီးဆီရောက်အောင်ပုလဲတို့အတော်လျှောက်ခဲ့ရသည်။ဗိုလ်တဲရှေ့အရောက်တွင်အထဲမှစကားပြောသံများကိုကြားလိုက်ရ၍သူတို့ဝမ်းသာသွားသည်။ထိုစဉ်ဗိုလ်တဲထဲမှထွက်လာသောလူသုံးယောက်ကိုလှမ်းတွေ့လိုက်သည်။သူတို့ကပုလဲတို့အုပ်စုအားအံ့အားသင့်စွာကြည့်နေကြသဖြင့်ပုလဲက…
ကျွန်မတို့ကလေ့လာရေးအဖွဲ့ပါ
သြော်…
ဘူမိအဖွဲ့သားတစ်ယောက်ကအသက်မပါသောအသံ၊အသက်မပါသောအပြုံးတို့နှင့်ဆီးကြိုလိုက်သည်။ဘာပဲဖြစ်ဖြစ်ပုလဲတို့အတွက်တော့ဒီဗိုလ်တဲတွင်စခန်းချမှဖြစ်မည်ဖြစ်သည်။ပုလဲတို့ဗိုလ်တဲကြီးပေါ်အတက်…
ဒီမှာကကျွန်တော်တို့နေနေတာဆိုတော့…ခင်ဗျားတို့ဟိုဘက်ဗိုလ်တဲလေးမှာနေရာယူပေးပါလား
ဒီလိုပြောလာတော့လည်းသူတို့အားလုံးဗိုလ်တဲလေးဆီရွှေ့ရတော့သည်။
ညရောက်တော့လကထိန်ထိန်သာလျက်ရှိသည်။လေတစ်ချက်ဝေ့လိုက်တိုင်းသစ်ရွက်ခြောက်များကတဖြောက်ဖြောက်ကြွေနေလေ၏။ညရောက်လေအအေးဓာတ်ကကြီးစိုးလာလေမို့ဥက္ကာနှင့်ဖိုးကျော်မှာသစ်ကိုင်းခြောက်များရှာ၍မီးဖိုရသည်။
ထိစဉ်ဘူမိအဖွဲ့သားသုံးယောက်ရောက်လာကာမီးမဖိုရန်တားမြစ်လေသည်။မီးအလင်းရောင်ကိုသူတို့မကြိုက်ကြောင်းပြောလေ၏။ဥက္ကာတို့လည်းအချင်းမများချင်၍မီးမဖိုတော့ဘဲထားလိုက်တော့သည်။ဒီတော့မှသူတို့ထဲကတစ်ယောက်က…
ကဲ…အခုဆိုအားလုံးကတစ်လှေတည်းစီးတစ်ခရီးထဲသွားတွေဖြစ်ကြပြီးကျုပ်တို့ကခင်ဗျားတို့လိုလူငယ်တွေကိုကြိုဆိုပါတယ်၊ဒီလိုနေရာကိုလာဝံ့တဲ့အတွက်လည်းချီးကျူးပါတယ်၊အတွေ့အကြုံသစ်တွေလိုချင်တယ်ဆိုတဲ့ခင်ဗျားတို့အတွက်တော့အကောင်းဆုံးအတွေ့အကြုံသစ်တွေကျိန်းသေရကြရမှာပါ
ဒါနဲ့ဒီနားမှာစမ်းချောင်းတစ်ခုရှိတယ်ဆို
ပုလဲကဝင်မေးလိုက်သည်။
အင်း…ရှိတယ်လေ၊ဘာဖြစ်လို့လဲ
မြင့်နိုင်အမေးကိုပုလဲက…
ကျွန်မတို့အဲဒီစမ်းချောင်းကိုသွားကြည့်ချင်တယ်၊လမ်းပြပေးလို့ရမလား
ခရီးရောက်မဆိုက်ပုလဲစကားကြောင့်ဥက္ကာက…
ဟာ..ပုလဲကလည်းတောကြီးထဲမှာမှောင်နဲ့မည်းမည်းညဘက်ဆိုတောကောင်တွေထွက်တယ်လေ၊ဒီမှာလူတွေဆူညံနေလို့မလာတာမသွားပါနဲ့လား
ဥက္ကာကမသွားဖို့စကားဆိုသည်။
ပြဿနာမရှိပါဘူးညီလေးရာသူသွားချင်ရင်သွားပါစေ၊ဒီအနီးနားတစ်ဝိုက်မှာလူကိုအန္တရာယ်ပေးတဲ့တောကောင်တွေမရှိပါဘူးဒီထက်တော့ပိနက်တဲ့နေရာတွေမှာပဲသူတို့ကျက်စားကြတာပါ၊ငါတို့ဆိုညဘက်တွေလျှောက်သွားနေတာပဲ…ဘာမှကြောက်စရာမရှိပါဘူး၊အဟင်း…ဟင်း
မြင့်နိုင်စကားကိုသူတို့အဖွဲ့မှကျော်စွာကလည်းထောက်ခံပြောလေသည်
ဟုတ်တယ်ညီလေး…ဘာမှကြောက်စရာမရှိဘူး၊ဟိုဘက်မှာစမ်းချောင်းလေးရှိတယ်၊ရေကလည်းကြည်တယ်၊အရမ်းလည်းသာယာတယ်
ဟာ…ဒါဆိုသွားကြမယ်လေ
ပုလဲအားတက်သရောဖြစ်နေ၍ဥက္ကာမတားတော့ပေ။
သို့နှင့်သူတို့အုပ်စုထွက်လာခဲ့ကြသည်။ဓာတ်မီးကိုယ်စီပါနေ၍သိပ်တော့ပြဿနာမရှိ၊ပုလဲ၊ကေသွယ်၊ဖိုးကျော်၊စိုးမင်းတို့ကိုဘူမိအဖွဲ့မှမြင့်နိုင်ကဦးဆောင်ခေါ်သွားသည်။ဥက္ကာနှင့်ဘူမိကျော်စွာကတော့နောက်မှစကားတပြောပြောနှင့်လိုက်ပါလာခဲ့၏။သူရဆိုသူတစ်ယောက်သာဗိုလ်တဲကြီးတွင်ကျန်ခဲ့လေသည်။
အမှန်တကယ်လည်းတောကောင်ကြီးတွေမတွေ့ပေ။
တစ်ခုပဲသတိထားရသည်။မြွေတွေပဲဖြစ်၏။တို့မှာလက်နက်တစ်ခုတောင်မပါဘူးနော်၊အရေးအကြောင်းဆိုဘယ်လိုလုပ်ကြမလဲ၊ဥပမာကွာညဘက်မှာစမ်းချောင်းကိုရေလာသောက်တဲ့တောကောင်တွေနဲ့တွေ့ရင်ဘယ်လိုလုပ်ကြမလဲ…
စိုးမင်းစကားကြောင့်ပုလဲကတခစ်ခစ်ရယ်ရင်း…
ကြံဖန်ပြိးစိတ်မပူပါနဲ့စိုးမင်းရာ
နောက်ဆုံးမှာတော့ဥက္ကာနှင့်ကျော်စွာတို့ခြေလှမ်းနှစ်ဆယ်ခန့်ပြတ်ကျန်ခဲ့ပြီဖြစ်၏။ဟေ့လူ…သွက်သွက်လျှောက်ရအောင်၊ကျုပ်တို့နှစ်ယောက်တည်းပြတ်ကျန်ခဲ့ဦးမယ်
ဥက္ကာအခုမှရှေ့သို့ကြည့်ပြီးစိုးရိမ်စွာဆိုလာသည်။
ရပါတယ်ကွာ…ဒီလမ်းကိုမျက်စိမှိတ်ပြီးသွားလို့ရပါတယ်၊ငါသွားနေကျပါ
ဒါနဲ့ဒီကိုတောကောင်တွေမလာဘူးလား
လာလည်းလာမှာပေါ့…သူ့ဟာသူလာတာဘာဖြစ်လဲညီလေးရာ၊ကြောက်စရာဆိုတာ…ငါတို့မှာမရှိတော့ပါဘူး…သူ့စကားကဘယ်လိုအဓိပ္ပာယ်ဆောင်နေသည်မသိ…
စိတ်ထဲမှာတော့တမျိုးကြီးခံစားလိုက်ရသည်။ကျော်စွာ့ကိုကြည့်ရတာသူအားမရ၊ပိုးဟပ်ဖြူတစ်ကောင်လိုသူ့ခန္ဓာကိုယ်ကသွေးမှရှိပါလေစ။ပြီးတော့ကျော်စွာအပြုံးကအမှောင်ထဲမှာအေးစက်လွန်းနေသည်။
ထူခြားနေပြီဆိုတာသိနေပေမယ့်ဘာထူးခြားတယ်ဆိုတာတော့ဥက္ကာမသိ။ပြီးတော့အေးစိမ့်စိမ့်အငွေ့အသက်များ…။
ထိုအခိုက်…
မြေပြင်ပေါ်တွင်ထောင်ထနေသောတစ်ထွာခန့်ရှိသည့်သစ်ငုတ်ချွန်တစ်ခု…
ဟာ…ဟေ့…ဟေ့လူသတိထား၊အောက်မှာသစ်ချွန်ကြီး
သွားပြီ…တားမြစ်မှုကနောက်ကျသွားခဲ့ပြီ။ကျော်စွာ၏ခြေထောက်ကထိုသစ်ချွန်ပေါ်သို့တည့်တည့်ကြီးတက်နင်းချလိုက်လေပြီ။
ဟာ…
ငယ်သံပါအောင်စူးစူးဝါးဝါးအော်သံထွက်လာမည်ဟုထင်ထားခဲ့သည်။သို့သော်…မည်သည့်အော်သံမှမကြားရ။
သစ်ချွန်ကသူ့ခြေထောက်နှင့်လွဲချော်သွားလေသလား။
မဟုတ်ပါ။
သစ်ချွန်ကကျော်စွာခြေဖဝါးကိုထုတ်ချင်းပေါက်ထွက်သွား၏။စီးထားသောဖိနပ်ကိုဖောက်၍ခြေဖဝါးမှထွက်အောင်သစ်ချွန်ကစိုက်ဝင်နေသည်။
ထူးဆန်းအံ့သြစရာတစ်ခုကသွေးတစ်စက်မျှမထွက်။နာကျင်မှုအရိပ်လက္ခဏာလည်းမမြင်။သို့သော်သူ့ခြေထောက်ကသစ်ချွန်စိုက်ဝင်နေ၍လှုပ်မရ။ကျော်စွာကသူ့ကိုကြည့်ရင်းပြုံးပြသည်။သူ့အပြုံးကတည်တည်ငြမ်ငြိမ်ပင်…။
ခင်…ခင်ဗျာ…မနာဘူးလား၊ဘာမှလဲမဖြစ်ပါလား
သူအမေးကိုမနာဘူးဆိုသောပုံစံဖြင့်ကျော်စွာခေါင်းခါပြသည်။
အီး…
စွပ်
ကျော်စွာကခြေထောက်ကိုအားစိုက်၍ဆွဲထုတ်သည်။ဥက္ကာလည်းမကြည့်ရဲကြည့်ရဲဖြင့်သူ့ခြေထောက်ကိုစုံကိုင်၍ဆွဲထုတ်ပေးတော့မှခြေထောက်တွင်စိုက်ဝင်နေသောသစ်ချွန်ကျွတ်သွားသည်။သူ့ဖိနပ်မှာတော့မတ်စေ့ခန့်အပေါက်ကြီး။
ထူးဆန်းအံ့သြစရာကောင်းတာကကျော့်စွာခြေထောက်တွင်မည်သည့်အပေါက်မျှမတွေ့၊ဖြူဖတ်ဖြူရော်နျင့်ရာဘာတုံးလိုသူခြေထောက်၌သွေးပင်မစို့…။
ဘာမှမဖြစ်ဘူးညီလေးဆက်လျှောက်ကြရအောင်
ခပ်အေးအေးအမူအရာဖြင့်ပုံမှန်အတိုင်းဆက်လျှောက်သွားသောကျော်စွာကျောပြင်ကိုကြည့်ရင်းဥက္ကာတစ်ယောက်ကြက်သေသေရင်းကျန်ရစ်ခဲ့သည်။ထူးဆန်းသောပဟေဌိများးကသူ့ရင်ထဲအဆမတန်ပေါက်ဖွားနေ၏။
အိပ်မက်ဖြစ်ပါစေဟုဆုတောင်းသော်လည်းအိပ်မက်မဟုတ်မှန်းအသေအချာကိုသိနေသည်။စက်ရုပ်တစ်ရုပ်လိုလေးလံသောခြေလှမ်းများဖြင့်…စမ်းချောင်းရှိရာသို့သူလိုက်ခဲ့ရတော့၏။
အခန်း(၉)
သူတို့ဗိုလ်တဲဆီပြန်ရောက်တော့ညဆယ်နာရီခွဲနေလေပြီ။ဤဗိုလ်တဲလေးထဲမှာတော့သူတို့ငါးယောက်သာရှိသည်။အိပ်ခန်းတစ်ခန်းပါ၍ကေသွယ်နှငင့်ပုလဲတို့အတွက်အဆင်ပြေသွားသည်။
ယောကျာ်းလေးသုံးယောက်ကတော့ရှေ့ဧည့်ခန်းမှာပင်တန်းစီအိပ်ကြရမည်ဖြစ်သည်။
သို့သော်ယခုလက်ရှိ၌ငါးယောက်စလုံးဝိုင်းဖွဲ့ထိုင်ရင်းစကားပြောနေကြ၏။ဝါကျင့်ကျင့်ဖယောင်းတိုင်မီးတိုင်ကအလုံပိတ်ထားသောအခန်းလေး၌ဖြာကျနေ၏။
အဖြစ်အပျက်တွေကထူးခြားလွန်းလို့ယုံနိုင်စရာတောင်မရှိဘူး၊ဒီဘူမိအဖွဲ့ဟာပုံမှန်တော့မဟုတ်ဘူး၊ထူခြားနေတာတော့အမှန်ပဲ…
ဥက္ကာစကားကိုကေသွယ်ကလည်းထောက်ခံ၍…
ငါတို့တွေမောနေပေမယ့်မြင့်နိုင်ဆိုတဲ့ကောင်ကတော့မောဟန်မပြဘူး…အိုကွာ၊အသက်ရှူနေမှန်းတောင်မသိရဘူး…
နောက်ပြီးလျှောက်လာရင်းမြင့်နိုင်ကကျောက်စရစ်ခဲတစ်လုံးကိုကောက်ပြီးငါ့ရှေ့မှာတင်ပါးစပ်ထဲထည့်ပြီးမျိုချလိုက်သေးတယ်၊
ရှင်ဘာလုပ်လိုက်တာလဲလို့ငါကမေးလိုက်တော့…သူကဗိုက်ဆာလို့ဆိုပြီးငါ့ကိုပြန်ပြောတယ်လေ၊ငါမြင်နေရတယ်သူမျိုချလိုက်တဲ့ကျောက်စရစ်ခဲလေးကသူ့လည်ချောင်းထဲတိုးဝင်သွားပြီးပခုံးကတစ်ဆင့်လက်မောင်းတလျှောက်အရေပြားအောက်မှာပြေးနေတော့တာပဲ…၊နောက်ဆုံးလက်ဝါးထဲကိုတိုးဝင်သွားပြိးသူကလက်သီးဆုပ်ကိုဖြန့်ပြတယ်၊အဲဒီကျောက်စရစ်ခဲကိုသူ့လက်ဖဝါးထဲကပြန်တွေ့လိုက်ရတယ်လေ၊ပါးစပ်ကမျိုချပြီးလက်ဝါးကပြန်ထွက်လာသလိုမျိုးဟဲ့…အမလေး….ငါဖြင့်ကြောက်လိုက်တာ
ကေသွယ်ကပြောရင်းသူ့လက်မောင်းမှကြက်သီးများကိုသပ်ချနေ၏။စိုးမင်းကသူ့မေးစေ့ကိုပွတ်သပ်နေရင်း….
နင်တို့ပြောမှငါလည်းပြန်စဉ်းစားမိတယ်၊အမှုမဲ့အမှတ်မဲံဆိုပေမယ့်ပြန်စဉ်းစားလိုက်ရင်အံသြစရာကောင်းနေတယ်၊ငါကပထမတော့ဘာမှသတိမထားမိဘူး၊မြင့်နိုင်နဲ့ရယ်ရယ်မောမောသွားနေခဲ့တာ၊ဒါပေမဲ့ရေထဲဆင်းကြတော့အဲဒီမှာသတိထားမိတယ်၊ရေတွေကိုခြေထောက်နဲံခပ်ပြီးတဝုန်းဝုန်းလုပ်ကြတယ်လေ၊ငါ့ကိုယ်မှာရေတွေစိုရွှဲသွားပေမဲ့မြင့်နိုင်ကိုယ်မှာရေလုံးဝမစိုဘူး၊ဒါကိုအစကတော့အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့တယ်၊အခုပြန်ပုံဖော်ကြည့်မှသိလာတယ်၊အဟုတ်ပဲ…ရေလုံးဝမစိုဘူး၊ပြီးတော့…တစ်ချက်တစ်ချက်သူ့မျက်နှာကစိမ်းဖန့်ဖန့်ကြီးအေးတိအေးစက်နဲ့အသက်မပါသလိုပဲ
ပုလဲနင်ကကောဘာပြောစရာရှိသေးလဲ
ငါကတော့ဘယ်သူနဲ့မှအနီးကပ်မတွဲခဲံဘူး၊ငါ့ကင်မရာကအမှောင်ထဲမှာလည်းရိုက်လို့ရတယ်ဆိုတော့နင်တို့ကိုမှတ်တမ်းတင်ဓာတ်ပုံရိုက်ပေးနေခဲ့တယ်၊ပုံတွေကမနည်းဘူး…ပုံနှစ်ဆယ်လောက်ရှိလိမ့်မယ်ဒါပေမယ့်…ပုံတွေကိုပြန်ကြည့်တော့နင်တို့ပုံတွေပဲပါတယ်၊သူတို့ပုံတွေမပါဘူး
ဟေ…အဟုတ်ပဲလား၊ပြစမ်းနင့်ကင်မရာ
ကင်မရာကိုပြန်ဖွင့်ကြည့်တော့စတွေ့ပါပြီ။
ဥက္ကာ၊စိုးမင်း၊ဖိုးကျော်နှင့်ကေသွယ်တို့၏သဘာဝဟန်ပန်အမူအရာများကိုမြင်တွေ့ရသည်။သို့သော်ဘူမိအဖွဲ့မှမြင့်နိုင်နှင့်ကျော်စွာတို့၏ပုံတွေကိုတော့လုံးဝမတွေ့ရပေ။၎င်းတို့နေရာတွင်ဖြူဖြူအကွက်ကြီးများသာပေါ်နေ၏။
ဘာတွေလဲဘာတွေဖြစ်နေတာလဲ…သူတို့တတွေကဘာတွေလဲ၊အဖြေမရှိသောပဟေဠိများ၊သဘာဝမကျသောဖြစ်ရပ်များကိုသာရင်မောစွာတွေ့ကြုံနေကြရသည်။
ပျော်စရာခရီးသည်ယခုတော့လျှို့ဝှက်များ၊မာယာများနှင့်ပြည့်နှက်နေချေပြီတကား။
ဒါတောခြောက်တာတို့…တောမှောက်တာတို့များလား
မဟုတ်ဘူးဖိုးကျော်…တောချောက်တောမှောက်တယ်ဆိုတာကအသံကြီးတွေမြည်လာတာ၊လေမတိုက်ဘဲသစ်ပင်တွေလှုပ်ယမ်းနေတာမျိုး၊နေ့ဘက်ကြီးမှာချက်ချင်းအမှောင်ကျသွားတာမျိုးလို့ငါဖတ်ဖူးတယ်
ကဲ…အခုညဆယ့်နှစ်နာရီထိုးတော့မယ်အိပ်ဖို့ပြင်ကြတော့…
တစ်ခန်းထဲရှိသောအိပ်ခန်းတွင်ပုလဲနှင့်ကေသွယ်တို့နှစ်ယောက်အိပ်ကြသည်။မတင်မကျပဟေဠိများဖြင့်ခေါင်းရှုပ်စွာအိပ်ရာဝင်ခဲံကြသည်။သူတို့အားလုံးအိပ်မောကျသည်နှင့်လေတိုးသံများကပိုမိုကျယ်လောင်လာသည်။ဥက္ကာကတော့အိပ်မပျော်ခေါင်းထဲမှာအတွေးပေါင်းစုံနှင့်ပြည့်နှက်နေ၏။
ရှပ်…ရှပ်…ရှပ်…
ခြေသံတစ်ခု၊သစ်ပင်အချင်းချင်းပွတ်တိုက်သံလေသံများကြောင့်သေချာစေရန်ခေါင်းထောင်၍နားစွင့်လိုက်သည်။လူခြေသံဖြစ်၏။
ဥက္ကာမှာငေါက်ခနဲထထိုင်လိုက်သည်။စိုးမင်းနှင့်ဖိုးကျော်တို့ကတော့တခေါခေါနှင့်အိပ်မောကျနေလေပြိ။ဓာတ်မီးကိုဘယ်လက်ကကိုင်၍ညာလက်တွင်အခန်းထောင့်မှတုတ်ချောင်းတစ်ခုကိုအသင့်ဆုပ်ကိုင်ထားလိုက်သည်။ခြေသံနီးသထက်နီးလာသည်။ဥက္ကာတို့ဗိုလ်တဲလေးကိုပတ်လျှောက်လာသောခြေသံမှန်းသိနေရသည်။မီးစုန်းပါသောနာရီကိုကြည့်တော့ညတစ်နာရီခွဲရန်ငါးမိနစ်သာလိုတော့သည်။ဤလိုအချိန်မျိုးတွင်မည်သူများဖြစ်နိုင်ပေမည်နည်း။လူကောင်းလား၊လူဆိုးလားဟုမခွဲခြားနိုင်ခင်မှာသတိတော့ထားရမည်။မိမိတို့အဖွဲ့တွင်မိန်းမပျိုနှစ်ယောက်လည်းပါသည်။သူတို့၏အရှက်သိက္ခာကိုကာကွယ်ရမည်။
ခြေသံကဗိုလ်တဲတံခါးဝတွင်ရပ်သွား၏။တံခါးခေါက်သံများပေါ်လာလေမလား။နားစွင့်ရင်းတံခါးအနီးသို့ဥက္ကာတိုးကပ်သွားသည်။ထိုအခိုက်မှာပင်မှန်ပြူတင်းပေါက်အပြင်ဘက်မှဖြတ်သွားသောခေါင်းတစ်လုံးကိုရိပ်ခနဲတွေ့လိုက်ရသည်။
ဆံပင်စုတ်ဖွားနှင့်မို့ကျော်စွာများဖြစ်လေမလား။တွေးမိကာပြူတင်းပေါက်နားတိုးကပ်ကြည့်လိုက်၏။
ဟာ…ဘုရား…ဘုရား…ခေါင်းပြတ်ကြီး…
ခန္တကိုယ်မပါ။ခေါင်းချည်းသက်သက်ကိုမှုံဝါးဝါးကြယ်ရောင်များအောက်တွေ့လိုက်ရ၏။ခေါင်းပြတ်ကြီးကလျှင်မြန်စွာပင်ဝေ့ဝဲထွက်ခွာသွား၏။
ဥက္ကာတစ်ကိုယ်လုံးကြက်သီးတွေတဖြန်းဖြန်းထသွား၏။ဆံပင်မွှေးညှင်းများပင်ထောင်ကာဒေါသလည်းထွက်လာ၏။ဖြစ်လိုရာဖြစ်သဘောဖြင့်တံခါးမကြီးကိုဝုန်းခနဲဆွဲဖွင့်၍ဓာတ်မီးထိုးကြည့်လိုက်သည်။
ဘာဆိုဘာမှမတွေ့၍ကြောင်တောင်တောင်လည်းဖြစ်သွား၏။
ဘာဖြစ်တာလဲဥက္ကာ
အားလုံးအထိတ်တလန့်နှင့်ထလာကြသဖြင့်….
လူရိပ်တွေ့လို့….
ပုလဲတို့ကြောက်သွားမည်စိုး၍သူဒီတိုင်းပြောလိုက်သည်။
ဒီကိစ္စပေါ့လို့မဖြစ်တော့ဘူးအစစအရာရာသတိထားဖို့တော့လိုလာပြီ။ဒီညတော့ရသလောက်အိပ်လိုက်ကြဦး
အသီးသီးကိုယ့်နေရာကိုယ်ပြန်အိပ်ကြသော်လည်းရဲရဲမအိပ်ရဲတော့၊ကျီးလန့်ကျိးစားဖြစ်နေရဲပီ။ပျော်ရွှင်ဖွယ်ရာခရီးမဖြစ်တော့ပါရန်သူကအလစ်ဝင်တိုက်ခိုက်မည်ကိုသတိထားစောင့်ကြပ်နေရသောကွန်မန်ဒိုအဖွဲ့လိုဖြစ်နေ၏။
ကဟီးလူးဘေးမဲ့စခန်း၏ပဟေဠိများကားပိ၍အားကောင်းစွာရှင်သန်ပေါ်ပေါက်နေဆဲပင်တည်း။
အခန်း(၁၀)
တစ်ညလုံးအိပ်မပျော်ကြ၊မြန်မြန်မိုးလင်းပါစေဟုသာဆုတောင်းနေမိပါသည်။မနက်ခြောက်နာရီထိုးတော့ဥက္ကာတို့တဖွဲ့လုံးဘူမိအဖွဲ့ရှိရာဗိုလ်တဲကြီးဆီသို့လျှောက်လာခဲ့၏။ခြေလှမ်းသုံးဆယ်မျှကွာဝေးသောဗိုလ်တဲကြီးကိုရောက်တော့လူရိပ်လူယောင်ပင်မတွေ့၊အသံဗလံလည်းမကြားရ၊ပကတိတိတ်ဆိတ်နေ၏။
အိပ်နေကြတုန်းပဲလားမသိဘူး
စိုးမင်းကသော့ခလောက်ခတ်ထားသောတံခါးမကြီးကိုမြင်မှ…
တစ်ယောက်မှမရှိဘူးတံခါးပိတ်ပြီးအကုန်ထွက်သွားကြတဲ့ပုံပဲ၊ဘယ်အချိန်ကတည်းကများထွက်သွားကြတာပါလိမ့်
သူတို့အလုပ်ကိစ္စနဲ့တစ်နေရာရာကိုထွက်သွားကြတာလားမှမသိတာ
ငါတို့လည်း…သူတို့နောက်ကိုခြေရာခံလိုက်ကြည့်ရင်ကောင်းမယ်အားလုံးကတော့ဒီတိုင်းငုတ်တုပ်ထိုင်စောင့်နေမယ့်အစားအဖြေတစ်ခုခု၊သဲလွန်စတစ်ခုခုရှာချင်ကြ၏။
ငါတို့ကိုကရှည်တာငါ့ဦးလေးရဲ့သစ်တောစခန်းမှာနေရင်အကောင်းသား၊သူတို့စခန်းမှာဆိုရင်လုံခြုံတယ်လေ့လာစရာတွေလည်းလေ့လာလို့ရတယ်
ကဲပါ…ပုလဲရယ်ဖြစ်ပြီးမှတော့ကြုံလာသမျှရင်ဆိုင်ကြတာပေါ့
ရိက္ခာလာပို့မယ့်ဦးဖိုးခွားလာရင်ကောင်းမယ်၊ငါတို့ပြန်လိုက်သွားလို့ရတာပေါ့
ဒီမှာငါပြောပြမယ်ကိုယ်ဖြစ်ချင်တာကိုကိုယ်ရွေးချယ်ခဲ့ပြီးပြီနောင်တရမနေကြနဲ့၊ဒါလည်းငါတို့လိုချင်တဲ့စွန့်စားခန်းအရသာတစ်မျိုးပဲလို့မှတ်ကြစမ်းပါ၊အခုငါတို့တစ်တွေဘာတွေကိုအကောင်းဆုံးလုပ်နိုင်မလဲဆိုတာပဲတွေး….
ဥက္ကာစကားကသဘာဝကျသဖြင့်အားလုံးခေါင်းညိတ်ကြသည်။ဒီအတိုင်းစောင့်နေလို့ရိက္ခာတွေကုန်သွားရင်ဘယ်လိုလုပ်မလဲစခန်းကိုပြန်ရောက်နိုင်မယ့်လမ်းကြောင်းကိုလေ့လာရမယ်
နေ့လယ်ပိုင်းရောက်သည့်တိုင်ဘူမိအဖွဲ့ကပေါ်မလာ၊ဘယ်သွားလို့ဘယ်လာမှန်းလည်းမသိပျောက်ချင်းမလှပျောက်နေ၏။
ဟာ…ဟေ့ကောင်ဥက္ကာမင်းမှာစစ်သုံးမှန်ဘီးလူးကြီးပါလာတယ်မဟုတ်လား
အေး..မင်းပြောမှငါသတိရတယ်၊ဟုတ်တယ်ဒါကြီးကအခုနေအများကြီးအသုံးဝင်မှာ…ဟုတ်ပြီ…ဟုတ်ပြီ
ဥက္ကာကမှန်ပြောင်းကိုသတိရသွားပြီးခရီးဆောင်အိတ်ထဲမှသွားထုတ်ယူလာခဲ့သည်။ထို့နောက်ဥက္ကာနှင့်ဖိုးကျော်တို့ဗိုလ်တဲလေး၏ခေါင်မိုးပေါ်သို့တက်ကြသည်။
ဒီကနေပုလဲဦးလေးတို့ရှိတဲ့သစ်တောစခန်းကိုလှမ်းမြင်ရရင်ကောင်းမယ်ကွာ
တကယ်တမ်းကျတော့သူတို့ထင်သလိုမမြင်ရ။ဗိုလ်တဲမှာများစွာမြင့်မားလွန်းသည့်မဟုတ်သော်လည်းကောင်း၊တောင်တန်းများမှာမြွေလိမ်မြွေကောက်ပမာတည်ရှိနေ၍သော်လည်းကောင်းထင်သလောက်မမြင်ရခြင်းဖြစ်၏။
ဥက္ကာကဗိုလ်တဲကြီးဆီသို့မှန်ဘီလူးဖြင့်လှမ်းကြည့်လိုက်သည်။ဗိုလ်တဲမှာရှည်လျားပြီးမှန်ပြူတင်းပေါက်များကိုသံလုံးများဖြင့်ကာထား၏။ဥက္ကာကမှန်ဘီလူးကိုဗိုလ်ကြီးတဲထိပ်မှစ၍…တဖြည်းဖြည်းဆွ၍ကြည့်လိုက်သည်။စစ်သုံးမှန်ဘီလူးဖြစ်၍လည်းဆွဲအားကောင်းလှ၍တဖြည်းဖြည်းဆွဲ၍ကြည့်လိုက်သည်။တစ်နေရာအရောက်တွင်မှန်ပြူတင်းမှတစ်ဆင့်လူရိပ်များကိုတွေ့လိုက်ရသည်။
ဟင်…ဘယ်သူတွေလဲ၊ဟာ…ဒါ…ဒါ…ကျော်စွာနဲ့သူရပဲ
ကြည့်စမ်းပါဥိးသူတို့ဘာတွေလုပ်နေကြသလဲလို့
ဘာမှမလုပ်ဘူး၊ငါတို့ကိုများတွေ့လို့လားမသိဘူး၊ငါတို့ဘက်ကိုနှစ်ယောက်စလုံးကြည့်နေကြတယ်၊မြင့်နိုင်ကိုတော့မတွေ့ဘူး
ဥက္ကာတို့နှစ်ယောက်ပြန်ဆင်းလာကာဘဝင်မကျဖြစ်နေကြသည်။
အံ့သြစရာပဲသူတို့နှစ်ယောက်ကဘာလို့ဒီထဲမှာကျန်ခဲ့တာလဲ၊ဘာလို့အပြင်ကသော့ခတ်သွားတာလဲငါလည်းဒါကိုသိချင်နေတာပဲ၊အခုပုံစံကတမင်ပိတ်လှောင်ထားသလိုပဲ၊သူတို့နှစ်ယောက်ကအပစ်တစ်ခုခုကျူးလွန်ထားလို့ဒဏ်ခတ်ထားတဲ့သဘောလား….
ဘာပဲဖြစ်ဖြစ်ငါတို့အားလုံးသူတို့ဆီကိုသွားကြမယ်၊အခြေအနေသီရတာပေါ့
အေး…သွားကြမယ်၊လာအခုပဲသွားကြမယ်
အားလုံးစိတ်တူကိုယ်တူဖြင့်ဗိုလ်ကြိးတဲဆီသို့ချီတက်ကြတော့သည်။စိုးမင်းကတော့အားလုံးရဲ့နောက်ဆုံးကခပ်ကုတ်ကုတ်လေးလိုက်ပါလာခဲ့သည်။ဗိုလ်တဲကြီးရှေ့အရောက်ဥက္ကာကစတင်အော်ခေါ်တော့သည်။
ကျော်စွာရေ…ဟေ့…သူရ
တကျော်ကျော်ဟစ်အော်သော်လည်းတုန့်ပြန်သံမကြားရ၊အားလုံးကဗိုလ်တဲကိုပတ်ကြည့်ကြသည်။ပြူတင်းပေါက်အနီးမျက်နှာကပ်၍ဝိုင်းကြည့်ကြသည်။လူသူအရိပ်အယောင်မျှမတွေ့။
ဘယ်သူမှလည်းမရှိဘူး၊နင်တို့တွေ့ခဲ့တာ…ဟုတ်ကောဟုတ်ရဲ့လားဟာ
ပုလဲကသံသယစိတ်ဖြင့်မေးတော့သည်။ဟာ…ငါတို့ကမဟုတ်ဘဲနဲ့ညာပြောမလား၊တကယ့်ကိုတွေ့ခဲ့ပါတယ်ဆို
ဟုတ်တယ်ပုလဲ၊ဒီမျက်နှာတွေကိုခွေးချီသွားတာတောင်မှတ်မိတယ်
ဒါဆိုသူတို့နှစ်ယောက်ကငါတို့ကိုဘာလို့ထွက်မတွေ့တာလဲ၊ဘာလို့ပုန်းရှောင်နေတာလဲ
ဘယ်သိမလဲကွာငါလည်းသိချင်တာပေါ့
လျှိ့ဝှက်ချက်များကများသထက်များလာခဲ့ပြီ။
ဗိုလ်တဲသို့ရောက်ပြီးဒုတိယနေ့တွင်ပင်ခေါင်းခဲရလောက်အောင်ပဟေဠိပုစ္ဆာများကိုကြုံတွေ့ခဲ့ကြရလေပြီ။
ငါတို့တွေ့နေရတာတွေကလူတွေမှဟုတ်ရဲ့လား၊ငါတော့ကျောချမ်းလာပြီကွာ
ဟုတ်တယ်ကေသွယ်၊ခက်တာကငါတို့ဘယ်လိုပြန်ရမယ်ဆိုတာမသိတာပဲ၊ဒီတော့…ဒီတိုင်းနေလို့တော့မဖြစ်ဘူး၊တတ်နိုင်သမျှနည်းလမ်းရှာဖို့လိုလာပြီ။ဒီအဖွဲ့ဟာငါတို့ကိုတစ်ခုခုလှည့်စားဖို့ကြံနေတာတော့အမှန်ပဲ
မည်သို့ဆိုစေ၊ဥက္ကာတို့အဖွဲ့တဖြည်းဖြည်းနှင့်ဘေးကျပ်နံကျပ်ထဲသို့သိမ့်မွေ့စွာကျရောက်နေပြီဆိသည့်အချက်ကိုကားသူတို့အားလုံးကောင်းစွာသတိပြုလိုက်မိကြပြီဖြစ်၏။
အခန်း(၁၁)
ဟင်….ဥက္ကာဟိုမှာကြည့်စမ်း
ပုလဲကတစ်နေရာကိုညွှန်ပြ၍ကြည့်လိုက်တော့ဧရာမအပင်ကြီးတစ်ပင်…ပင်စည်ကဖြူဖွေးနေ၏။ဖြေင့်ဖြူး၍အကိုင်းအခတ်မရှိသောပင်စည်ကရှည်လျားမြင့်မားစွာရှိနေ၏။ထူးခြားတာကထိုပင်စည်မှအဖြူရောင်အခိုးအငွေ့များအန်ထွက်နေသည်။
ဘာလဲပုလဲ၊ဒါသစ်ပင်လေ…ဘာဆန်းလို့လဲ
ဟုတ်တယ်…သစ်ပင်မှန်းတော့ငါသိတာပေါ့၊ဒါပေမဲ့ငါပြောချင်တာကဒီသစ်ပင်ကြီးကအရင်ဒီနေရာမှာမှမရှိတာ၊အခုမှဘယ်ကဘယ်လိုရောက်လာရတာလဲ
သူတို့၏ဗိုလ်တဲနှစ်ခုကြားထဲရှိလမ်းကြောင်း၌အရင်ကထိုအပင်မျိုးမရှိ၊နေ့ချင်းညချင်းရောက်လာပုံကဆန်းကြယ်လွန်းနေသည်။ပေသုံးဆယ်ခန့်မြင့်သောအပင်ကြီး…
ငါ့အမြင်ကတော့ကောင်းတဲ့အချက်မဟုတ်ဘူး၊မကောင်းတဲ့အချက်လို့ငါမြင်တယ်၊သဘာဝမကျတဲ့ကိစ္စတိုင်းမှာအထုပ်အရှုပ်တွေပါနေတာနင်တို့လည်းအသိပဲ၊ငါပြောရဲတယ်…ဒီအပင်ကြိးသောကောင်းကျိုးပေးမယ့်အပင်မဟုတ်လောက်ဘူး၊ကြည့်နေဘယ်နေ့ဘယ်အချိန်မှာဘယ်ပုံစံမှာဘယ်ပုံစံနဲ့ငါတို့ကိုဒုက္ခပေးမလဲမသိဘူး
ဟဲ့…ဟဲ့…ဟိုအဖွဲံတွေပြန်ရောက်နေပြီဟေ့
ကေသွယ်ပြောလိုက်မှအားလုံးအကြည့်တွေဘူမိအဖွဲ့ဆီရောက်သွားကြသည်။မြင့်နိုင်၊ကျော်စွာ၊သူရသုံးယောက်လုံးပြန်လာကြခြင်းဖြစ်သည်။ပိတ်ထားသောသော့ဂလောက်ကြီးအားဖွင့်နေကြ၏။ဥက္ကာနှင့်ဖိုးကျော်တို့မယုံသလိုမျက်လုံးပွတ်ရင်းကြည့်လိုက်သည်။မြင့်နိုင်ကသွေးသံရဲရဲသမင်တစ်ကောင်ကိုတရွတ်တိုက်ဆွဲလာခြင်းဖြစ်သည်။ကျော်စွာနှင့်သူရကတော့သူတို့အုပ်စုကိုမချိပြုံးလေးပြုံးပြသွားသည်။
ဒီလိုနှင့်ညရောက်လို့အိပ်တော့လည်းအိပ်မပျော်တပျော်အချိန်မှာပင်အသံတချို့ကြောင့်ဥက္ကာလန့်နိုးလာခဲံရသည်။
ဂျစ်…ဂျစ်…ဂျစ်
အသံတွေကပြူတင်းပေါက်မှန်ကိုခြစ်နေသောအသံမျိုး၊ထထိုင်၍နားစွင့်ကြည့်သည်။အသံကပုလဲတို့အခန်းဘက်မှဖြစ်နေသည်။
ဘာသံပါလိမ့်
အသာကလေးထကာဓာတ်မီးကိုဖွင့်တော့မီးကမလင်း…
တောက်…အရေးထဲဒီဓာတ်မီးကဘာဖြစ်ရတာလဲ
နှစ်ချက်သုံးချက်ရိုက်ပုတ်လိုက်တော့မှမီးလင်းလာသည်။ဥက္ကာ၏ခြေလှမ်းတွေကပုလဲအခန်းဝအရောက်ရပ်တန့်သွား၏။
မိန်းကလေးတွေရဲ့အခန်းထဲမဝင်သင့်ဟူသောအတွေးကြောင့်သူ့ခြေလှမ်းတွေကရပ်တန့်သွားရခြင်းဖြစ်သည်။ထိုအခိုက်မှာပင်အားခနဲစူးစူးဝါးဝါးအော်သံနှင့်အတူ…ပုလဲအခန်းထဲမှဝရုန်းသုန်းကားပြေးထွက်လာသည်။
ဟင်…ပုလဲ…ပုလဲဘာဖြစ်တာလဲ၊ဘာဖြစ်လို့လဲပုလဲ
ပုလဲမှာအခန်းဝ၌ရောက်နေသောဥက္ကာကိုတွေ့၍အနည်းငယ်အားတက်သွားဟန်ရှိသည်။သို့တိုင်အောင်မျက်စိမျက်နှာတွေပျက်နေပြီးမောဟိုက်နေ၏။
နင်ဘာဖြစ်လာတာလဲပုလဲ၊ဘာတွေ့လို့လဲပြောစမ်းပါဦး
တော်ရုံနျင့်မကြောက်တတ်သောသတ္တိကောင်းလှသောပုလဲမှာကြောက်လန့်နေသည့်အတွက်ဥက္ကာအတွေးရခက်သွား၏။
ဟို…ဟို…အထဲမှာမြင့်နိုင်
ပုလဲကအခန်းထဲလက်ညှိုးထိုးပြရင်းထစ်ထစ်ငေါ့ငေါ့ဆို၏။ဘာမြင့်နိုင်ဟုတ်လား…တောက်…ဥက္ကာဘာမှမစဉ်းစားတော့…၊ဝုန်းခနဲအိပ်ခန်းထဲပြေးဝင်တော့၏။
ခြင်ထောင်ထဲကိုဓာတ်မီးနှင့်ထိုးကြည့်သည်။မြင့်နိုင်ကိုမတွေ့၊ငုတ်တုပ်ထိုင်နေသောကေသွယ့်ကိုသာအံ့သြစွာတွေ့လိုက်ရသည်။ငူငူငိုင်ငိုင်ကြောင်တောင်တောင်နှင့်ကောျက်ရုပ်ကြီးလိုမလှုပ်မယှက်ထိုင်နေသောကေသွယ်…၊
ပြူတင်းပေါက်တံခါးတွေကလည်းပိတ်လျက်သား…။
ဟဲ့ကေသွယ်၊ကေသွယ်ငါခေါ်နေတာကြားလား၊နင်ဘာလုပ်နေတာလဲ
ပုလဲလည်းအခန်းထဲဝင်လိုက်၏။ဖိုးကျော်နှင့်စိုးမင်းလည်းယခုမှနိုးလာကြပုံပေါ်သည်။အိပ်ချင်းမူးတူးဖြင့်အခန်းထဲဝင်လာကြ၏။
ကေသွယ်…ဟဲ့ဘာဖြစ်နေတာလဲဒီမှာကြည့်စမ်း
သူ့ပုခုံးကိုကိုင်လှုပ်ခါတော့မှကေသွယ်မှာတအင်းအင်းဖြင့်လူးလွန့်လာသည်။အခုမှအိပ်ရာနိုးထလာရသလိုမျိုး။ဟဲ့…ပုလဲဘယ်မှာလဲမြင့်နိင်လည်းမတွေ့ပါလား၊နင်…အိမ်မက်မက်နေတာလဲပုလဲ
ပုလဲမျက်လုံးကိုပွတ်သတ်ရင်း…
ငါအိပ်မပျော်သေးဘူးထင်တာပဲ၊ကေသွယ်ဆီကအင်းခနဲအသံတစ်ချက်ထွက်လာလို့လှည့်ကြည့်လိုက်တော့ငါမြင်တာမြင့်နိုင်ကိုပဲ…ကေသွယ်ကိုမမြင်ဘူး၊ကေသွယ်နေရာမှာမြင့်နိုင်ကိုတွေ့လိုက်ရတယ်
အာရုံထင်မှားမှုတစ်ခုပဲလို့ဥက္ကာသတ်မှတ်လိုက်သည်။သို့သော်ကေသွယ်၏ပုစံကလည်းပုံမှန်မဟုတ်၊နည်းနည်းထူးခြားနေသည်။ငုတ်တုပ်ထထိုင်နေတာကိုကသူတစ်ခုခုကြုံခဲ့ရတာသေချာပြီ။
ကေသွယ်နင်ကကောဘာလို့ငုတ်တုပ်ထထိုင်နေတာလဲဘာတွေ့လို့လဲ
ကေသွယ်ကတစ်ယောက်ချင်းစီ၏မျက်နှာကိုမမြင်ဖးူသလိုလိုက်ကြည့်နေ၏။ချက်ချင်းပြနမဖြေ၊သူ့စိတ်ထဲရှုပ်ထွေးနေဟန်တူသည်။အတန်ကြာမှစကားသံထွက်လာ၏။
ဟို…ဟိုလေ…ငါ့ဆီကိုမြင့်နိုင်ရောက်လာတယ်
ဟေ…
မြင့်နိုင်ကငါ့အပေါ်ကနေမိုးပြီးကြည့်နေတယ်၊သူ့တစ်ကိုယ်လုံးလေထဲမှာမြောက်နေတယ်၊ပြီးတော့အောက်ကိုနိမ့်ဆင်းလာပြီးငါ့ကိုယ်ထဲပူးဝင်လာတယ်၊ခန္ဓာကိုယ်ချင်းထပ်ပြိးစိမ့်ဝင်ဖို့ကြိုးစားတယ်၊ငါလှုပ်လို့မရဘူး…အော်လို့လဲမရဘူး
အိမ်မက်များလားကေသွယ်ရယ်
သူအဖြစ်ကတကယ်ဟုတ်မဟုတ်ဆိုတာဝေခွဲလို့မရ…။တိုက်ဆိုင်နေတာတစ်ခုကပုလဲကမြင့်နိုင်ကိုတွေ့လိုက်သည်တဲ့…။
သို့ဆိုလျှင်…
ဒါနဲ့ကေသွယ်…နင်အခုဘယ်လိုနေသးလဲ…ဘယ်လိုခံစားနေရလဲ
ဟင့်အင်းဘာမှမဖြစ်ဘူး…ပုံမှန်အတိုင်းပဲ
ဟူးခနဲအားလုံးသက်ပြင်းကိုယ်စီချကြရသည်။ဟုတ်ပြီ၊ဒီမယ်ငါပြောမယ်၊ဒီဘူမအဖွဲ့ဟာဘာတွေလဲဆိုတာအခုချိန်ထိငါတို့ကွဲကွဲပြားပြားအတိအကျမပြောနိုင်သေးဘူး၊လူတွေလားနာနာဘာဝတွေလားဆိုတာငါတို့မသိသေးဘူး၊ဒါပေမဲ့နာနာဘာဝ…ပရလောကနဲ့ပတ်သတ်ပြိးငါသိသလောက်ပြောပြရင်ဒီကောင်တွေဟာကံနိမ့်သူရဲ့ခန္ဓာကိုယ်ထဲစိမ့်ဝင်ကာ…ပူးကပ်တာမျိုး…လုပ်ကောင်းလုပ်နိုင်ကြပါလိမ့်မယ်၊
ဒါပေမဲ့အဓိကအချက်ကကာယကံရှင်လက်ခံကောင်းကအဓိကပဲ၊ကာာယကံရှင်ကလက်မခံရင်သူတို့ဘာမှလုပ်လို့မရဘူး၊အဓိကကစိတ်ဓာတ်ပျော့မညံ့ဖို့ပဲ၊နောက်တစ်ချက်က…ဒီနာနာဘာဝတွေကိုလုံးဝမယုံကြည်တဲ့သူ၊မကြောက်တဲ့သူတွေကိုလည်းဒိကောင်တွေကဘာမှမလလုပ်နိုင်ဘူး၊ဒီတော့ငါတို့ဟာခေတ်ပညာတတ်သိပ္ပံကျောင်းသာတွေဖြစ်တယ်၊ဒီအတွက်ငါတို့ကဒီနာနာဘာဝတွေက်ုလုံးဝလက်မခံသလိုလုံးဝလည်းမယုံကြည်ဘူး
ဥက္ကာကအားလုံးကိုကြောက်သွားမည်စိုး၍အားပေးစကားပြောရှာသည်။အားလုံးအိပ်ဖို့ပြင်ကြသည်။
ပုလဲမှာခေါင်းအုံးမရှိ၍ကျောပိုးအိတ်ခေါင်းအုံးကာအိပ်နေရသည်ကိုသိသောဥက္ကာကခေါင်းအုံးလေးတစ်လုံးကိုဖုန်ခါပြီးသူမကိုလာပေးသည်။
ဒါဗိုလ်တဲထုတ်တန်းပေါ်ကတွေ့တာဖုန်ခါလိုက်ရင်အုံးလို့ရနိုင်တယ်ပုလဲ
ခေါင်းအုံးလေးကဖုန်တွေပေနေသော်လည်းဖြူဖွေးတောက်ပြောင်နေသည်။ပုလဲလည်းခေါင်းအုံးလေးးကိုလှမ်းယူကာအခန်းထဲဝင်သါားလေ၏။
တိတ်ဆိတ်နေသောဉာဉ့်နက်သန်းခေါင်အရောက်….
အမလေး…ဟူး…
ဥက္ကာအိမ်မက်ဆိုးတွေမက်နေရာကလန့်နိုးသွားသည်။ဘေးဘီကြည့်တာအားလုံးအိပ်မောကျနေလေပြိ။ချွေးစေးများထွက်လျက်သက်ပြင်းမောကိုချအပြိးဥက္ကာသေးပေါက်ချင်လာ၏။မျက်လုံးဖွင့်ကာအထ…သူ့ပေါ်အုပ်မိုးနေသည့်အရိပ်မည်းကြီးတခုကြောင့်ထိတ်လန့်သွားရသည်။သေချာကြည့်တော့ဘူမိအဖွဲ့ကသူရဆိုသူဖြစ်နေသည်။
ဟာ…ဟေလူခင်ဗျားကလည်းလန့်လိုက်တာဗျာ
အဲ…ဆောရီးနှိုးမလို့လုပ်တုန်းနိုးသွားတာကိုး
ဘေးမှနှစ်ယောက်ကတော့တစ်ခူခူးနှင့်ဆင်အော်တာတောင်နိုးမည်ပုံမပေါ်ပေ။
ခင်ဗျားဘယ်လိုဝင်လာတာတုန်း
သူရကတံခါးဆီလက်ညှိုးထိုးပြလိုက်၏။တံခါးမကြီးမှာဟောင်းလောင်းကြီးပွင့်နေလေသည်။ခင်ဗျားတို့တံခါးကြီးပွင့်နေလို့ကျုပ်လာပြောတာ
ကျေးဇူးပါပဲဟုပြောကာသူရဆိုသူကိုနှင်လွှတ်ရသေးသည်။သူရထွက်သွားမှအပေါ့သွားရန်ဗိုလ်တဲထဲမှထွက်လာခဲ့သည်။သင့်ရာနေရာတွင်အပေါ့သွားရင်းဘာကြောင့်မှန်းမသိဘဲဥက္ကာကျောချမ်းကာကြက်သိးတွေအလိုလိုထနေတော့သည်။
ထို့ကြောင့်ဖုန်းဖွင့်ကာပရိတ်တရားကိုဖွင့်လိုက်၏။ထိုအချိန်၌ပုလဲလည်းအိပ်တစ်ဝက်နိုးတစ်ဝက်နှင့်ဟိုလူးဒီလှိမ့်ဖြစ်နေသည်။အခန်းထဲပြန်ဝင်လာကတည်းကဖုန်အလိမ်းလိမ်းတက်နေသောခေါင်းအုံးလေးကိုအတော်ခါယူလိုက်ရသည်။သန့်ရှင်းသွားတော့မှခေါင်းအုံးပေါ်အင်္ကျီတစ်ထည်တင်ကာစိတ်ချလက်ချအိပ်တော့၏။
ပုလဲတစ်ယောက်အိပ်ပျော်သွားသည်နှင့်တောနက်ကြီးတစ်ခုထဲသို့ရောက်သွားလေသည်။သူမလမ်းလျှောက်နေခြင်းတော့မဟုတ်ပြေးနေရခြင်းဖြစ်သည်။ပြေးနေသောခြေထောက်ကိုငုံကြည့်ရင်းသူမအံ့သြသွားသည်။
လိုက်ဟေ့…လိုက်ဟ…မလွတ်စေနဲ့
အသံကြား၍ပုလဲနောက်သို့လှည့်ကြည့်မိသည်။လူသုံးယောက်သူမနောက်သို့တဟုန်ထိုးပြေးလိုက်နေသည်။ပြေးရင်းမောလာသဖြင့်ပုလဲဆက်မပြေးတော့ဘဲအရာရာကိုရင်ဆိုင်ရန်ဆုံးဖြတ်ကာသူ့အလိုလိုပြေးနေသောခြေထောက်တို့ကိုရပ်တန့်ပစ်လိုက်သည်။အနီးအနားရှိသစ်ကိုင်းခြောက်တစ်ခုကိုလှမ်းကောက်လိုက်ရင်းလက်ထဲမြဲမြဲဆုပ်ကိုင်ထားလိုက်သည်။နောက်ကလူများအနားရောက်လာမှဘူမိအဖွဲ့သားတွေဖြစ်နေမှန်းပုလဲသိလိုက်ရသည်။သူတို့ထဲမှမြင်နိုင်ဆိုသူကအတင့်ရဲစွာဝင်လာသဖြင့်ပုလဲသစ်ကိုင်းခြောက်နှင့်ရိုက်ချလိုက်သည်။
ဖျောင်း
အင့်…
မြင့်နိုင်နောက်သို့လဲကျသွား၏။ထိုအချိန်လေးမှာပင်…ဦးဥတ္တမသာရရေဆူဆရာတော်၏ပုရိတ်တရားသံကတစ်တောလုံးပြန့်နှံ့လာ၏။တရားသံကြားသည်နှင့်ထိုသူများမခံမရပ်နိင်အောင်ပူပြင်းလောင်မြိုက်နေသလိုမျိုးရှုံ့တွကာတစ်ကိုယ်လုံးပွတ်သပ်နေကြသည်။ခဏေလေးအတွင်းမှာပင်ဘူမိအဖွဲ့သားများအားလုံးပျောက်သွားလေတော့သည်။
အပေါ့သွားအပြီးပရိတ်တရားဖွင့်ထားသည့်ဖုန်းကိုကိုင်ကာဥက္ကာသူ့သူငယ်ချင်းတွေရှိရာဗိုလ်တဲလေးဆီပြန်လျှောက်လာ၏။ထိုအချိန်တွင်ဘူမိအဖွဲ့သားသုံးယောက်မှာဝရုန်းသုန်းကားနှင့်ထိုဗိုလ်တဲထဲမှပြေးထွက်လာသည်ကိုလှမ်းတွေ့လိုက်ရလေ၏။
ဟေ့…ဟေ့..ခင်ဗျားတို့ဘာဝင်လုပ်တာလဲ…ဟေ့ဟေ့…လူတွေ
သူပြောတာကိုဂရုပင်မစိုက်အားဘဲသူတို့၏ဗိုလ်တဲလေးဆီတဟုန်းထိုးပြေးကြလေသည်။ဥက္ကာဗိုလ်တဲလေးထဲရောက်တော့အားလုံးအိပ်မောကျနေသဖြင့်နှိုးမနေတော့ဘဲသူ့အိပ်ရာသူဝင်အိပ်လိုက်တော့သည်။ပရိတ်တရာားတော်သံကဗိုလ်တဲေလေးအတွင်းလွင့်ပျံလျက်ပင်ရှိသေး၏။ထိုစဉ်မှာပင်ပုလဲလည်းနိုးလာတော့သည်။လက်ထဲမှာတစုံတရာရှိနေတာသတိပြုမိ၍ကြည့်လိုက်ရာသစ်ကိုင်းခြောက်ကြီးဖြစ်နေ၏။ထိုသစ်ကိုင်းခြောက်ကြိးကိုလွှတ်ချလိုက်ရင်းပုလဲဇောချွေးပြန်လာလေပြီ။
ခေါင်းအုံးကိုတစ်လှည့်…သစ်ကိုင်းခြောက်ကိုတစ်လှည့်ကြည့်ရင်း…ပုလဲဇဝေဇဝါဖြစ်ရလေတော့သည်။
မှော်ခေါင်းအုံးများလား…။
အခန်း(၁၂)
မြို့ပြကြီးလိုမဟုတ်ဘဲကျေးငှက်သာရကာမျိုးစုံ၏တွန်ကျူးသံတို့ဆူညံနေသည်မို့ရောင်နီပျို့ကာစမှာပင်ဥက္ကာတို့နိုးလာခဲ့ကြသည်။ပုလဲလည်းအခန်းထဲဝင်ရင်းခေါင်းအုံးလေးကိုမမှိတ်မသုန်ကြည့်နေမိ၏။
လေ့လာရေးခရီးစဉ်အစရထားစီးခဲ့စဉ်ကသူမဖတ်ခဲ့သောမှော်ခေါင်းအုံးအကြောင်းကိုသတိရသွားကာဇဝေဇဝါဖြစ်နေလေသည်။ထိုစဉ်…ကေသွယ်ပါနိုးလာပြီး…
ဟဲ့ငူငူငိုင်ငိုင်နဲ့ဘာဖြစ်နေတာလဲ
ဂရုတစိုက်မေးမည့်သူပေါ်လာ၍ပုလဲအားတက်သွားကာညကအိမ်မက်နှင့်လက်ထဲသစ်ကိုင်းခြောက်ပါလာသည့်အကြောင်းပါအပြည့်အစုံပြောပြလိုက်သည်။ကေသွယ်အံ့သြသလိုမယုံနနိုင်အောင်လည်းဖြစ်နေ၏။
သူတို့နှစ်ယောက်ထဲအတွေးနှင့်ဆုံးဖြတ်ပိုင်းခြား၍မရသည့်အတွက်ဥက္ကာတို့နှင့်တိုင်ပင်လို့ရအောင်အခန်းပြင်ထွက်လာကြ၏။ကေသွယ်ကပုလဲအဖြစ်ဆန်းကိုထပ်မံဖောက်သည်ချသည်။ဥက္ကာတို့မျက်လုံးပြူးမျက်ဆံပြူးဖြစ်ကုန၏။
သို့နှင့်မနက်စောစောကိုတက်သုတ်ရိုက်စားသောက်ပြီးလေ့လာရေးထွက်ခဲ့ကြပြန်သည်။ဖိုးကျော်ကသွားရင်းလာရင်းနှင့်သူသိထားခဲ့သမျှတောသဘာဝတွေက်ုဖောက်သည်ချသည်။တောထဲတောင်ထဲကိုယ့်နာမည်ခေါ်သံကြားရင်မထူးဖို့သင်းခွေချပ်ကလူယောင်ဆောင်ပြီးခေါ်တာကိုပြန်ထူးမိလျှင်အသက်ဆုံးရှုံးတတ်ကြောင်းပြောပြသည်။
အစာကျူးသောမြွေကြီးများကအကောင်လိုက်မျိုချပြီးလျှင်နှစ်လသုံးလလောက်သင့်ရာမှာအိပ်စက်နေလေ့ရှိကြောင်း၊တစ်ခါတစ်ရံတွင်ဝါးတောထဲအိပ်မိသည့်မြွေ၏ကိုယ်လုံးအားဝါးမျှစ်ဆို့တွေဖောက်ဝင်ကာအပင်ပေါက်လာလေ့ရှိကြောင်း၊မြွေကြီးအိပ်ရာနိုးသည့်အခါသူ့တစ်ကိုယ်လုံးဝါးပင်တွေကတံစို့ထိုးထားသကဲ့သို့ဖြစ်နေ၍သွားလာလို့မရတော့ကြောင်း၊ထိုအဖြစ်ကြောင့်မြွေကြီးတွေစိတ်ဆိုးပြီးရုန်းကန်လှုပ်ရှားကြသည်တွင်မြွေလည်းသေ၊ဝါးပင်လည်းပြိုလဲပျက်စီးကြကြောင်းဖိုးကျော်ကရှင်းပြသည်။
သို့နှင့်ခရီးဆက်ခဲ့ကြရာတောင်ကုန်းပေါ်မှတောအုပ်အတွင်းသို့ရောက်လာကြသည်။အမောပြေခဏတဖြုတ်နားကြ၏။စိုးမင်းအပေါ့သွားဦးမည်ပြောကာတောတိုးလေသည်။ဥက္ကာကရေသောက်အနားယူရင်းပုလဲကိုဏိတ်မချသောအကြည့်တွေနှင့်မမှိတ်မသုန်ကြည့်နေလေသည်။ထိုအချိန်တွင်စိုးမင်းအူးယားဖားယားပြေးလာ၏။
ဟေ့ကောင်တွေ…သိပ်ထူးဆန်းတဲ့အပင်တစ်ပင်တွေ့တယ်၊လာကြည့်ကြစမ်း
စိုးမင်း၏ပျာယီးပျာယာပုံစံကြောင့်ဥက္ကာတို့စိတ်ဝင်စားသွားကာသူခေါ်ရာနောက်လိုက်ခဲ့ကြသည်။အပင်ကြီးရှိရာအရောက်သူတို့အုပ်စုခြေလှမ်းတွေတုန့်သွားပြီးတအံ့တသြဝိုင်းကြည့်ကြသည်။
အပင်ကြီးမှာဝါးတစ်ရိုက်ခန့်သာရှိပြီးအသီးဟုယူဆရသည့်အရာများလည်းလေးငါးဆယ်လုံးခန့်တွဲလောင်းကျလို့နေသည်။ထိုအသီး၏ပုံစံကလူသားမိန်းမတစ်ယောက်နှင့်ဆင်တူနေသည်။အမျိုးသမီးတစ်ယောက်၏ခန္ဓာကိုယ်ကဲ့သို့ပင်ရှိုက်ကြီးဖိုငယ်အသွယ်သွယ်တို့အပြည့်အစုံပါဝင်နေသည်။ထို့ထက်ပို၍တိကျအောင်ပြောရလျှင်ဝတ်လစ်စလစ်မိန်းမပျိုတစ်ယောက်ပုံမျိုးဖြစ်ပြီးအရွယ်အစားကတစ်တောင်ခန့်ရှိသည်။
ဖိုးကျော်ကမရဲတရဲလက်လှမ်းပြီးအသီးတစ်လုံးအားကိုင်တွယ်စမ်းသပ်ကြည့်လိုက်သည်။ဘယ်လိုတုန့်ပြန်လေမည်လဲအတွေးနှင့်လူတိုင်းရင်ခုန်နေကြတော့သည်။သူကိုင်လိုက်စဉ်မှာပင်ညည်းညူသ့လိုမျိုးကြားလိုက်ရသည်မို့ဖိုးကျော်အလန့်တကြားလက်ပြန်လွှတ်လိုက်၏။ကြား…ကြားလား၊သူ့ကိုထိလို့ညည်းသံထွက်လာတာ
ဟုတ်လို့လားဟယ်…နေပါဦး၊အဲဒါဘာအသီးကြီးတုန်း၊ဘာအပင်တုန်း
မဟုတ်မှလွဲရော၊ဒါသူယောင်အသီးဆိုတာပဲဖြစ်ရမယ်
ဟင်…အဲဒါဆိုဒီအသီးထဲကသူယောင်မယ်တွေထွက်လာမှာပေါ့
တစ်ယောက်တစ်ပေါက်ဝေဖန်ပြောဆိုကာဓာတ်ပုံရိုက်သူရိူုက်ဗီဒီယိုမှတ်တမ်းတင်သူတင်နှင့်အလုပ်ရှုပ်သွားကြသည်။ဒီလောက်ထူးဆန်းအံ့သြဖွယ်ကောင်းသည့်အပင်ကြီးကိုတွေ့ခွင့်ရသဖြင့်လည်းကျေနပ်ကြည်နူးလျက်ရှိနေကြသည်။
အေး…သူယောင်မယ်တွေထွက်လာရင်တော့လက်ဆွဲပြီးရည်စားစကားပြောလိုက်မှာ
ဟဲ့…ဖိုးကျော်ပါးစပ်မသယမ်းနဲ့နော်၊တောစည်းတောင်စည်းလိုက်နာရမယ်လို့မှာလိုက်တယ်မဟုတ်လား
အဲ…ဆောရီး…ဆောရီး
ဖိုးကျော်ပေါက်ကရတွေပြောနေ၍ကေသွယ်ကလှမ်းဟန့်လိုက်သည်။သူတို့တွေသူယောက်ပင်၊သူယောင်သီးများနှင့်အတူယှဉ်တွဲကာတလှည့်စီဓာတ်ပုံအရိုက်ခံလိုက်ကြသေးသည်။ထို့နောက်တောင်ကုန်းလေးပေါ်မှပြန်အဆင်းတွင်ထူးထူးဆန်းဆန်းလမ်းဖြစ်နေတာတွေ့ကြ၏။မြေနီနီပေါ်တွင်စွတ်ကြောင်းရာကြီးများရှိနေသဖြင့်ဆင်တွေသစ်ဆွဲသည့်လမ်းမှန်းသိလိုက်သည်။ဒါဆိုလမ်းမမှားတော့ဟုတွေးကာအားတက်ပြီးထိုလမ်းအတိုင်းဆက်လျှောက်ခဲ့ကြသည်။နောက်ဆုံးမှလိုက်လာသောဥက္ကာနားထဲခြေသံလိုလိုကြားနေမိ၍မကြာခဏလှည့်ကြည့်နေမိ၏။ကြည့်တော့လည်းဘာကိုမှမတွေ့သည့်အတွက်…တောကောင်ကြီးများလိုက်ချောင်းနေတာလားဟုတွေးမိရင်းစိုးရိမ်လာ၏။ထိုကိစ္စကိုသူငယ်ချင်းများအားအသိမပေးတော့၊အလကားနေရင်းစိတ်ပူသွားမှာကိုမလိုလား၍ပင်ဖြစ်၏။သို့သော်…
သတိမလွတ်စတမ်းနားစွင့်ကာခရီးဆက်ခဲ့ကြသည်။တစ်နေရာအရောက်…
ပုပ်အဲ့အဲ့အနံ့ကြီးပါလား
ဒီအနီးအနားမှာတောကောင်တွေသေပြိးပုပ်နေတာများလား
ဘုရား…ဘုရား…ဟိုမှာကြည့်စမ်းလူသေအလောင်နှစ်လောင်းပါလား
ဥက္ကာကချုံတောထဲမှအလောင်းတွေကိုသေချာစွာကြည့်၍…သေတာမကြာလောက်ဘူးထင်တယ်ဒါ…ဒါဘူမိကျောင်းသားတွေမဟုတ်လား
စိုးမင်းအထိတ်တလန့်နှင့်ပြော၏။ကဟီးလူးတောကြီးကသူတို့အားလုံးကိုကြောက်မက်ဖွယ်ဆီးကြိုနေလေပြီ။ခရီးဆက်ခဲ့ကြချိန်တော့အမှောင်ကစောင့်ကြိုနေ၏။ဓာတ်မိးအလင်းရောင်ဖြင့်ရှေ့ခရီးဆက်ကြသည်။ဒီကြားထဲဘယ်လိုအကောင်တွေမှန်းမသိ၊မှောင်ထဲ၌တောက်ပသည့်မျက်ဝန်းတွေကိုခပ်စိပ်စိပ်တွေ့လာရသည်။
သားကောင်ကြီးတွေဆိုရင်အသက်ပျောက်ဖို့အရေးသိပ်မဝေးတော့ဟုတွေးမိပြိးဘုရားစာကိုပဲရွတ်နေမိသည်။ထိုမျက်ဝန်းများကိုကြည့်ရင်းနောက်မှလိုက်လာသောဥက္ကာခလုတ်တိုက်ချော်လဲတော့သည်။အလင်းရောင်နှင့်ဥက္ကာရှေ့ဆက်တိုးလာခဲ့သည်။နောက်ထပ်မိနစ်နှစ်ဆယ်ခန့်လျှောက်လာပြီးချိန်မှာတော့ဥက္ကာဇဝေဇဝါဖြစ်လာတော့သည်။လမ်းသာမှန်လျှင်ခုလောက်ဆိုဗိုလ်တဲသို့ပြန်ရောက်သင့်ပြီ။
ထိုအချိန်မှာပင်အနားကပ်ပြီးဟိန်းဟောက်လိုက်သောကျားဟိန်းသံကြီးကိုကြားလိုက်ရ၍ဥက္ကာအသက်ရှင်ဖို့အမြန်ဆုံးလှုပ်ရှားရတော့သည်။ဓာတ်မီးအားခါးကြားထဲထိုးထည့်ကာနီးရာအပင်ကိုတွယ်တက်မိတော့သည်။ထိုအပင်၌ကြိုးလှေကားတစ်ခုရှိနေ၍တော်သေးသည်။အပေါ်အရောက်ဓာတ်မီးနှင့်ထိုးကြည့်တော့…
ဟင်…ဒီ…ဒီပေါ်မှာဝါးကွပ်ပျစ်တစ်ခုပါလား၊ဒါမုဆိုးတွေဆောက်ထားတဲ့လင့်စင်ဆိုတာပဲဖြစ်၇မယ်ဥက္ကာအနည်းငယ်စိတ်အေးလက်အေးဖြစ်သွားကာ…ဒီတစ်ညကိုတော့လင့်စင်ပေါ်မှာပဲနားနေတော့မည်ဟုစိတ်ပိုင်းဖြတ်ကာကျောပိုးအိတ်ချ၍ပစ်လှဲလိုက်တော့၏။
အခန်း(၁၃)
ပုလဲတို့လေးယောက်လည်းဥက္ကာပါမလာတာသိသည်နှင့်လိုက်ရှာကြသော်လည်းမတွေ့တော့ပေ။သူတို့ဗိုလ်တဲလေးဆီပြန်အရောက်…ဒုက္ခပါပဲဟယ်…ဒီလောက်အော်ခေါ်ပြီးလိုက်ရှာတာတောင်မတွေ့ဘူးဆိုတော့အန္တရာယ်တစ်ခုခုများကြုံနေပြီလားမသိဘူး
ပုလဲကမျက်စိမျက်နှာပျက်စွာဖြင့်စိုးရိမ်တကြီးပြောသည်။နင်ကလည်းဟယ်၊ဥက္ကာဒီလောက်မပျော့ပါဘူး၊ရန်သူကိုကာကွယ်နိုင်မှာပါပုလဲရာ၊သိပ်လည်းစိတ်ပူမနေပါနဲ့
ငိုမဲ့မဲ့ဖြစ်နေသည့်ပုလဲအားဖိုးကျော်ကနှစ်သိမ့်စကားပြောသည်။ဒီလိုနှင့်မိန်းကလေးနှစ်ယောက်စောစောစီးစီးအိပ်ရာဝင်သွားကြ၏။ပုလဲအိပ်ရာပြင်နေသော်လည်းတော်တော်နှင့်မအိပ်နိုင်၊ဥက္ကာအတွက်စိတ်မအေးနိုင်ဖြစ်နေရှာသည်။
တစ်နေကုန်သွားလာလှုပ်ရှားထား၍ညောင်းညာကိုက်ခဲနေသည့်ခန္ဓာကိုယ်အားအနားပေးရန်လဲလျောင်းဖို့စိတ်ကူးတော့လည်း…ဘယ်လိုအိပ်မက်တွေဆီဆွဲခေါ်သွားဦးမလဲမသိနိုင်သည့်မှော်ခေါင်းအုံးကြောင့်တွန့်ဆုတ်နေမိသေး၏။
နောက်ဆုံးပင်ပန်းလှပြီဖြစ်၍ထိုခေါင်းအုံးနှင့်ပင်ပုလဲအိပ်လိုက်ရတော့၏။ထိုအချိန်တွင်ဥက္ကာမှာလည်းမနက်လင်းမှဘဲခရီးဆက်နိုင်တော့မည်မို့မျက်လုံးများမှေးဆင်းကာလာတော့သည်။ညဉ့်နက်လာသည်နှင့်အမျှညပျော်တိရစ္ဆာန်တို့အစာရှာဖွေသံ၊အချင်းချင်းမာန်ဖီသံ၊တစ်ကောင်နှင့်တစ်ကောင်တိုက်ခိုက်သံများနှင့်တောကသက်ဝင်လှုပ်ရှားလာသည်။
သူအိပ်ပျော်သွားချိန်တောအခြေအနေကပြောင်းလဲသွားသည်။ပျံသန်းနိုင်ခြင်းမရှိသည့်တောကောင်တွေကိုယ့်သားရဲတွင်းကိုယ်ပြန်သွားကြခြင်းဖြစ်သည်။ဘာကြောင့်မှန်းမသိ။
အနေအထားကတောကောင်အားလုံးကြောက်ကြရသည့်အင်အားကြီးသတ္တဝါတစ်ကောင်၏အနံ့အသက်ကိုရသဖြင့်…အန္တရာယ်ကိုရှောင်ရှားနိုင်ရန်ပျောက်ကွယ်ပုန်းခိုနေကြသည့်ပုံစံမျိုးဖြစ်သည်။ဘာကောင်များပါလိမ့်၊ဆင်လား၊ကျားလား၊ခြင်္သေလား၊လောလောဆယ်တော့ဥက္ကာရှိနေသည့်လင့်စင်အနီးနားမှာဘာအကောင်မှမရှိ၊ပကတိတိတ်ဆိတ်လို့နေသည်။
မုန်တိုင်းမထန်ခင်ငြိမ်သက်မှုမျိုးလား၊တောပိုင်းတောင်ပိုင်ပုဂ္ဂိုလ်တွေကြွလာမည်မို့တောအောင်းတိရစ္ဆာန်တွေကြောက်လန့်ငြိမ်ဝပ်နေတာများလား၊ခေတ္တခဏငြိမ်သက်သွားပြီးနောက်ဦးစွာလှုပ်ရှားလာသည်ကလေပွေဝဲဂယက်တစ်ခုဖြစ်သည်။သစ်ရွက်သစ်ခတ်များဆတ်စလူးခါလာလေသည်။
သတ္တဝါတို့၏အသံဗလံများတိတ်ဆိတ်သွားကာရုက္ခသစ်ရွက်တို့လှုပ်ရှားသံများသာမင်းမူလာသည်။ဥက္ကာအိပ်နေသောလင့်စင်နှင့်မလှမ်းမကမ်း၌တိုက်ဆိုင်စွာပင်သူယောင်ပင်ကြီးရှိနေလေသည်။ထိုအပင်မှအရွက်များမှာစတင်လှုပ်ခတ်လာ၏။အလေးချိန်အတော်ရှိပုံရသည့်သူယောင်သီးများကတော့အရွက်တွေလိုဗြောင်းဆန်မနေကြ။နာရီချိန်သီးကဲ့သို့သာဘယ်ညာလွှဲရမ်းနေသည်။ထိုသို့လွှဲရမ်းနေသည့်သူယောင်သီးထဲမှအကြီးဆုံးသူယောင်သီးကြီးမှာကွဲအပ်လာပြီးတစ်စုံတစ်ခုဖုတ်ခနဲမြေပေါ်သို့ပြုတ်ကျလာ၏။
ထွက်ကျလာသည့်ထိုတစ်စုံတစ်ရာကိုမျက်မြင်တွေ့မိကြလျှင်အံ့သြသွားမည်မှာအသေအချာပင်။ထိုထွက်ကျလာသည့်အရာမှာမြေပြင်နှင့်ထိသည်နှင့်လူဖြစ်သွား၏။ငုတ်တုပ်ဒုူးထောက်နေရာမှတဖြည်းဖြည်းထရပ်လိုက်သည်ကဝတ်လစ်စလစ်နှင့်လူသားမိန်းမတစ်ယောက်ဖြစ်နေ၏။ထိုပစ်မျိုးမှဲ့မထင်လှပနေသည့်မိန်းမပျို၏မျက်ဝန်းများမှာညမှောင်ထဲတွင်အရောင်လဲ့လို့နေသည်။ထိုမိန်းပျိုမှာအစာထွက်ရှာသည်ထင်ရ၏။
နားစွင့်နေရုံသာမကနှာခေါင်းပွစိပွစိလုပ်ကာအနံ့ခံ၍ပါစားစရာရှာနေသည်။ခဏအကြာတွင်သတ်မှတ်ထားသောသားကောင်၏အနံ့အသက်ကိုရရှိသွားသည်။ခေါင်းမော့ကာထိုအနံ့နောက်တောက်လျှောက်အနံ့ခံရင်းမိန်းမပျိုလျှောက်လာ၏။
အပေါ်မှာလူသားတစ်ယောက်ရှိနေမှန်းသိလိုက်ရ၍မိန်းမပျိုုကျေနပ်စွာပြုံးလိုက်သည်။ပြီးနောက်အပင်ကိုတွယ်တတ်သည်။လင့်စင်တစ်ခုလုံးလှုပ်ယမ်းသွားသည်မို့ဥက္ကာလန့်နိုးသွားသည်။လူးလဲထကာစူးစမ်းကြည့်တော့ဥက္ကာမျက်လုံးပြူးရသည်။
မိန်းမပျိုမှာလင့်စင်ပေါ်သို့ရောက်နေလေပြီ။ထိုမိန်းမကဥက္ကာအားပြုံးပြကာတရွေ့ရွေ့ရှေ့တိုးလာသည်။
ဥက္ကာနောက်ဆုတ်လိုက်ရာလင့်စင်အစွန်းသို့ရောက်သွား၏။နောက်ထပ်ဖင်တရွေ့ထပ်ဆုတ်ပါကပြုတ်ကျသွားဖို့သာရှိတော့သည်။ဥက္ကာ၏လက်မောင်းးကိုလှမ်းကိုင်ကာဆွဲယူလိုက်ရာစွေ့ခနဲမြောက်ပါသွားသည်။သာမန်မိန်းမတစ်ယောက်ခွန်အားနှင့်ဒီလိုမလုပ်နိုင်တာစဉ်စားမိပြီးဥက္ကာပိုလန့်သွားသည်။မိန်းမပျိုပါးစပ်မှအစွယ်များတဖြည်းဖြည်းရှည်ထွက်လာ၏။ဥက္ကာရုတ်တရက်လှုပ်ရှားလိုက်သည်။အိတ်ကပ်ထဲမှဖုန်းထုတ်ကာပရိတ်တရားများကိုအမြန်ဖွင့်လိုက်၏။တရားသံကြားသည်နှင့်မိန်းမပျိုသူကိုချက်ချင်းလွှတ်ချလိုက်ပြီး…ကြောက်လန့်ကာလင့်စင်ပေါ်မှခုန်ချသွားသည်။
ဘုရား….ဘုရား…တော်ပါသေးရဲ့
ပုလဲတစ်ယောက်တည်းတောနက်ကြီးအလယ်တွင်ရောက်နေလေ၏။တောမှောင်မှောင်ကြီးထဲပုလဲစိတ်ပျက်လက်ပျက်နှင့်ဆက်လျှောက်လာစဉ်ဆင်ကြီးတစ်ကောင်ဝပ်နေတာကိုလှမ်းမြင်လိုက်၏။ပုလဲထိန့်လန့်သွားသလိုဝမ်းလည်သာမိသည်။လန့်တာကအကောင်ကြီးလို့ဖြစ်ပြီး…ဝမ်းသာမိတာကရာဇဝင်ထဲကမင်းလောင်းရှာသလိုဖုတ်သွင်းရထားဆိုက်လာသည်ဟုထင်မြင်မိခြင်းကြောင့်ပင်ဖြစ်သည်။
ပုလဲသတိကြီးစွာဖြင့်ဝပ်နေသည့်ဆင်ကြီးနားသို့တိုးကပ်သွားသည်။ဆင်ကြီးကခေါင်းတလှုပ်လှုပ်နားရွက်တခတ်ခတ်လုပ်နေသော်လည်းရန်လိုပုံအလျှင်းမပြဘဲဝပ်မြဲတိုင်ဝပ်နေသည်။ပုလဲရဲတင်းအားတက်သွားပြီးဆင်ကြီးအားပွတ်သပ်ပေးလိုက်သည်။ဒါလည်းရုန်းကန်လှုပ်ရှားရန်လိုခြင်းများမရှိသဖြင့်သေမြေကြီးရှင်ရွှေထီးသဘောပိုက်ကာပဆစ်တုပ်ထားသည့်ဆင်ကြီးရှေ့လက်ပေါ်မှတဆင့်တက်၍ကုပ်ပေါ်ခွတက်လိုက်သည်။
ကဲ…အသင်ဆင်ကြီးရှင်ကျွန်မကိုကဟီးလူးသစ်တောစခန်းကိုလမ်းပြပေးပါလား
ထိုသို့ပြောလိုက်သည်နှင့်ပုလဲစကားကိုဆင်ကြီးကနားလည်သလိုပုံစံနှင့်ပဆစ်တုပ်နေရာမှတစ်ဆင့်ချင်းထလိုက်သည်။ပုလဲပြုတ်မကျအောင်ဆင်၏လည်ပင်းကိုခြေနှစ်ချောင်းနှင့်အတင်းကုပ်တွယ်ထားရ၏။ဆင်ကြီးကဆင်မယဉ်သာဆိုသလိုတအိအိနှင့်တစ်လှမ်းချင်းသွားနေပြီဖြစ်သည်။သို့နှင့်ခရီးနှင်ခဲ့တာပိုမိုနက်ရှိုင်းသည့်တောနက်ထဲသို့ရောက်လာခဲ့ပြိဖြစ်သည်။ဆင်ဦးထက်မှလိုက်ပါလာသည့်ပုလဲလည်းမလွတ်မကင်းဖြစ်နေသည့်သစ်ကိုင်းများသစ်ရွက်များနှင့်နွယ်တန်းများလွတ်အောင်သတိကြီးစွာထားကာရှောင်တိန်းနေရသည်။တစ်နေရာအရောက်ဆင်ကြီးကခြေစုံရပ်လိုက်လေတော့သည်။ပုလဲလည်းဆင်ပေါ်မှစီးမိုးကာအောက်သို့ငုံ့ကြည့်လိုက်စဉ်မှာပင်ဆင်ကြီးကရှေ့ခြေနှစ်ချောင်းအားကွေးညွှတ်လိုက်တော့သည်။
ဟန်ချက်ပျက်သွားသည့်ပုလဲမှာ…ဆင်ပေါ်မှကျွမ်းထိုးမှောက်ခုံပြုတ်ကျသွားသည်။
အိုး…
ပုလဲကျသွားသည့်နေရာကချောက်ကြီးတစ်ခုထဲသို့ဖြစ်နေ၏။
ဝုန်း…အား…အင်း
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲစွာဖြင့်ပုလဲထရပ်လိုက်သည်။မြင်လိုက်ရသည်ကပုံစံမျိုးစုံဖြင့်အရိုးစုများဖြစ်သည်။သူမနဲ့မလှမ်းမကမ်းတွင်အရောင်လက်နေသောအရာတစ်ခုကိုလည်းထပ်တွေ့လိုက်ရပြန်သည်။ထိုနေရာသို့သွားကာမြေကြီးများကိုဖယ်လိုက်၏။ကြေးနီရောင်အိုးတလုံးကိုတွေ့လိုက်ရသည်။
အိုးအဖုံးကိုဖွင့်ကြည့်လိုက်ရာပုလဲမျက်ဝန်းတွေမီးပွင့်သလိုလင်းလက်သွားသည်။ဆွဲကြိုးလက်စွပ်စသည်ဖြင့်ရွှေထည်များကိုတွေ့ရ၍အပျော်ကြီးပျော်သွား၏။ထိုရတနာများထဲမှစိန်ဘယက်ကြီးတစ်ခုအားပုလဲနှိုက်ယူလိုက်စဉ်မှာပင်…
ဟေ့…ကလေးမ…ဒါဘာလုပ်တာလဲ
ရုတ်တရက်ခေါ်သံကြား၍မော့ကြည့်လိုက်သည့်အခါသူ့ကိုခါးထောက်၍ကြည့်နေသည့်လူကြီးတစ်ယောက်အားတွေ့၇လေသည်။
ရှင်…ဟင်…ဟို
ဒါတွေကယူသွားလို့မရဘူးကလေးမရဲ့
ပုလဲကလက်ထဲတွင်ဆုပ်ကိုင်ထားသောဘယက်ကိုတော့ပြန်မချသေး။ဒီအိုးကိုကျွန်မအရင်တွေ့တာပါ။ကျွန်မကိုယူသွားခွင့်ပေးပါလား
မရဘူးကလေးမ၊အဘကဒီသချိၤုင်းကိုစောင့်နေရတာလေပုလဲလည်းပြောမရသည့်အဆုံး…စိန်ဘယက်ကြီးကိုဘောင်းဘီအိတ်ထဲထိုးထည့်ကာထွက်ပြေးလေတော့သည်။
ဟေ့…ဟေ့မပြေးနဲ့…အဲဒါယူသွားလို့မရဘူး
ပုလဲလှည့်မကြည့်ဘဲတွဲလောင်းကျနေသောနွယ်ကြိုးတစ်ခုဖြင့်တွဲခိုကာအပေါ်သို့ပြန်တက်သွားလေသည်။သို့သော်နွယ်ကြိုးကပုလဲကိုယ်ကိုမခ့နိုင်သဖြင့်ပြတ်ကျလေတော့၏။
အား
ပုလဲရင်ထဲအေးခနဲဖြစ်သွားကာလန့်နိုးသွားသည်။ချွေးစေးများကိုသုတ်ရင်းခိုးလိုးခုလုဖြစ်နေသောဘောင်းဘီအိတ်ကိုစမ်းမိရာ…အထဲတွင်တစ်ခုခုပါလာသဖြင့်ပုလဲနှိုက်ကြည့်လိုက်သည်
ဟင်
စိန်ဘယက်ကြီးဖြစ်နေ၍အံ့သြသွားရလေတော့သည်။
အခန်း(၁၄)
ပုလဲ…စိုးမင်း…ဖိုးကျော်…ကေသွယ်
နိုးနိုးချင်းထိုအသံကိုကြာားလိုက်ရ၏။တံခါးခေါက်သံကြားလိုက်၍ဥက္ကာအထင်နှင့်တံခါးဆီပြေးကြလေသည်။ဟင်…ဦးဖိုးခွားပါလား
ဟုတ်တယ်…သမီးတို့၊ဒါနဲ့တောထဲကနာမည်ခေါ်သံတွေကြားနေရတယ်ဘယ်သူများတုန်းလမ်းပြကြီးကရိက္ခာများကိုချပေးရင်းပြောလေ၏။အဲဒါဥက္ကာအော်နေတာဖြစ်ရမယ်အဘရယ်ကူညီပေးပါဦးသို့နှင့်ဦးဖိုးခွားနှင့်အတူအသံလာရာဆီသူတို့ထွက်လာခဲ့ကြသည်။
ဥက္ကာရေငါတို့ဒီမှာ
ပုလဲတို့ကလည်းပြန်အော်ခေါ်သည်။သိပ်မကြာလိုက်အူးယားဖားယားပြေးလာသည့်ဥက္ကာအားတွေ့ရလေသည်။ဟယ်…မသေကောင်းမပျောက်ကောင်းဥက္ကာ
ပုလဲကဂရုဏာသက်စွာဆိုလေသည်။ထို့နောက်ဗိုလ်တဲလေးဆီပြန်လာကာအထုပ်အပိုးများပြင်၍ပြန်ဖို့လုပ်ကြသည်။ဦးဖိုးခွားအားဘူမိအဖွဲ့အကြောင်းရှင်းပြကာအကုန်သေနေပြီဖြစ်ကြောင်းပြောလိုက်၏။ထို့နောက်ဗိုလ်တဲလေးထဲမှအားလုံးထွက်လာခဲ့လိုက်သည်။ဥက္ကာကနောက်ဆုံးအနေနှင့်ဗိုလ်တဲကြီးဆီလှမ်းကြည့်လိုက်သည်။အပေါ်ထပ်ပြတင်းပေါက်တွင်သူတို့အုပ်စုကိုကြည့်နေသောလူသုံးယောက်…
ဘူမိအဖွဲ့သားတွေမှန်းဥက္ကာသိလိုက်သည်။သူတို့ကိုကျောခိုင်းရင်းလက်ပြနှုတ်ဆက်ခဲ့လိုက်၏။အဓိကကဒီတောထဲမှအမြန်ထွက်ပြီးကဟီးလူးစခန်းသို့အချိန်မီပြန်ရောက်ရန်ဖြစ်သည်ဟုဦးဖိုးခွားကခရီးစဉ်ကိုချပြသည်။
ပုလဲကဥက္ကလက်ကိုမလွှတ်တော့၊ဦးဖိုးခွားကလည်းမမှောင်ခင်စခန်းပြန်ရောက်ဖို့အတင်းခြေကုန်သုတ်လျက်ရှိသည်။တဖြည်းဖြည်းနှင့်နေရောင်ပျောက်ကာအလင်းအားဖျော့လာသည်။ခပ်သုတ်သုတ်လှမ်းနေသောဦးဖိုးခွားခြေကုတ်ပြီးခြေစုံရပ်လိုက်၏။နောက်ကကပ်လိုက်လာသည့်ဥက္ကာတို့လည်းဘုမသိဘမသိရပ်လိုက်ကြသည်။လမ်းပြကြီးအရပ်လေးမျက်နှာကိုစူးစမ်းပြီးတွေဝေစွာစဉ်းစားနေသည်။
အဘဘာဖြစ်တာလဲ
လမ်းပျောက်နေပြိ
ဗျာ…
ဦးဖိုးခွားစကားကြောင့်အားလုံးအလန့်တကြားဖြစ်သွားကြ၏။အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းစိုးရိမ်မှုကိုဖော်ပြနေကြသည်။ဒါတောမှောက်တာဖြစ်ကြောင်း…တောပိုင်တောင်ပ်ုင်သို့မဟုတ်မကောင်းဆိုးဝါးများကလမ်းမှန်ကိုကွယ်ဝှက်ထားလိုက်ပြီဖြစ်ကြောင်းရှင်းပြတော့…မိန်းကလေးတွေငိုမဲ့မဲ့ဖြစ်သွားကြသည်။
သူ့တို့အဖွဲ့အားဘယ်လိုအမှားအယွင်းတွေကျူးလွန်ခဲ့ကြသလဲဟုစစ်မေးတော့၏။အားလုံးကလည်းခေါင်းခါကြသည်။ပုလဲကတော့ဝှက်ထားသောစိန်ဘယက်လေးကိုစမ်းကြည့်ရင်းမသိချင်ယောင်ဆောင်နေလိုက်သည်။ဦးဖိုးခွားဘုရားစာရွတ်၍လမ်းသစ်တစ်ခုကိုရွေးချယ်ကာခရီးဆက်ပြန်သည်။ဥက္ကာတို့အုပ်စုလည်းအသံတိတ်ပြီးခပ်ကုတ်ကုတ်လိုက်ခဲ့ကြသည်။ထမင်းတစ်အိုးချက်ခန့်လျှောက်လာပြီးနောက်လမ်းပြကြီးရပ်လိုက်ပြန်သည်။ရောက်နေသည့်နေရာအနေအထားကိုလှည့်ပတ်သုံးသပ်ကြည့်ပြီးနောက်…
ဒီနေရာမှာညအိပ်စခန်းချကြမယ်ဟေ့
သူ့စကားကိုဘယ်သူမှမကန့်ကွက်ကြ…မကြာခင်မှောင်လာတော့မည်ဆိုတာသိပြီးစခန်းချဖို့ပြင်နေကြသည်။ဖိုးကျော်ကဦးဖိုးခွာနှင့်အတူထင်းများလိုက်ရှာသည်။ဥက္ကာ၊စိုးမင်းနှင့်မိန်းကလေးနှစ်ယောက်ကရွတ်ဖျင်တဲများထိုးပြီးနေရာထိုင်ခင်းဖန်တီးကြသည်။
လူခြောက်ယောက်နှင့်ရွက်ဖျင်တဲသုံးလုံးကတော့ကွက်တိပဲဖြစ်သွား၏။တဲထိုးကာမီးဖုံဖို့အပြီး၌အမှောင်ကလောကကြီးကိုသိမ်းပိုက်လိုက်တော့သည်။တော၏ညခင်းကနေ့ဘက်ထက်ပ်ု၍အသံမြည်နေသလားထင်ရသည်။ပုစဉ်းရင်ကွဲအော်သံတစ်မျိုးတည်းနှင့်ပင်နားကွဲလုမတက်ဆူညံနေ၏။မီးကိုတော့မပြတ်ဖိုထားနော်၊ဒါမှတောကောင်ကြိးတွေမလာရဲမှာဟုတ်ကဲ့
ဒါနဲ့တောမှောက်တယ်ဆိုတာဘာလဲဟင်ဦးဖိုးခွား
အင်း…တောစည်ကမ်းနားမလည်တဲ့သူတွေအမှားလုပ်မိတဲ့အခါအဲံဒီလိုအိမ်ပြန်လို့မရအောင်တောကပြန်ပြိးအမြင်မှားအောင်မျက်စိလည်လှည့်စားလိုက်တာပေါ့၊လမ်းပျောက်သွားရောလေအခုအဘတို့ကြုံနေရသလိုမျိုးပေါ့
လမ်းပြကြီးဦးဖိုးခွားအားသူ့တို့သိချင်တာတွေစပ်စုမေးမြန်းကြသြည်။မှော်ခေါင်းအုံးကြောင့်အထူးအဆန်းတွေကြုံနေရ၍မအိပ်ရဲတော့ကြောင်းပုလဲပြောတော့ဥက္ကာကထိုခေါင်းအုံးကိုယူထားလိုက်သည်။ညအိပ်တော့ဥက္ကာထိုခေါင်းအုံးနှင့်အိပ်လေသည်။
ထိုစဉ်ထူးဆန်းသောအိပ်မက်ကိုမြင်မက်လေတော့သည်။သူရောက်နေသောနေရာကကြိးမားသောသစ်ပင်ကြီးတစ်ပင်ရှေ့တွင်ဖြစ်သည်။ထိုသစ်ပင်၌ကြိုးလှေကားကိုချထား၏။ဟေ့…အောက်ကဘယ်သူလဲ
ဥက္ကာထိုအပင်ကြီးပေါ်မော့ကြည့်လိုက်သည်။လင့်စင်တစ်ခုကိုတွေ့ရပြီးထိုအရာကိုဥက္ကာငုံ့ကြည့်လိုက်သည်။မီးခြစ်တစ်လုံးဖြစ်နေသည်။
မင်းလူဆိုရင်အဲ့ဒိမီးခြစ်ကိုခြစ်ပြစမ်းဥက္ကာအလွယ်တကူကောက်ယူကာအဲဒီမီးခြစ်ကိုခြစ်ပြလိုက်သည်။လင့်စင်ပေါ်ရောက်တော့မုတ်ဆိတ်မွှေးပုသိုင်းမွှေးများနှင့်မုဆိုးကြိးကိုတွေ့ရလေသည်။အသားအရည်မှာပြာနှမ်းနေပြိးလူသားနှင့်မတူပေ။
မင်းငါ့ကိုကြောက်နေတာလား
ဥက္ကာခေါင်းခါပြလိုက်သည်။သူယောင်မယ်တွေလောက်ကြောက်စရာမကောင်းပါဘူးကွာ၊ငါလည်းသူတို့သတ်လို့သေခဲ့ရတာပါ၊ငါ့နာမည်ကမုဆိုးကြီးစောလုံမင်းမသိရင်မှတ်ထားပေါ့ကွာဥက္ကာကသူတို့အဖွဲ့လမ်းပျောက်နေကြောင်းမုဆိုးကြီးစောလုံကိုပြောပြလေသည်။မင်းတို့မနက်လင်းရင်တော့လမ်းမှန်ကိုတွေ့မှာပါ၊ဒါပေမဲ့သူယောင်မယ်တွေကမင်းတို့ကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူး၊လမ်းတောက်လျှောက်လူယောင်ဆောင်ပြိးမင်းတို့အသက်ကိုနှုတ်ယူလိမ့်မယ်
ထိုအခါဥက္ကာကပုလဲအတွက်ပါစိုးရိမ်သွားပြီး…
လုပ်ပါဦးမုဆိုးကြီးရယ်၊ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ရပါ့မလဲ
မုဆိုးကြီးကသူ၏လွယ်အိတ်ထဲကနှိုက်ကာပစ္စည်းတစ်ခုထုတ်ယူလိုက်၏။ငွေမှင်ရောင်ဓားတစ်လက်ပါလာသည်။ဓားသွားတွင်အင်းကွက်များအပြည့်ထိုးထားသည်။ဒီဓားကိုတော့သူတို့ကြောက်ပါတယ်
ဓားကိုသူတို့ထည့်ပေးပြီးသည်နှင့်မုဆိုးကြီးစောလုံမှာမျက်စိရှေ့မှာတင်ပျောက်သွားလေသည်။ထိုစဉ်…လေတဝူးဝးူတိုက်ခတ်လာကာလင့်စင်တစ်ခုလုံးတုန်ခါသွား၏။
လင့်စင်ပေါ်တက်လာသောသူယောင်မယ်များကိုတွေ့လိုက်ရသဖြင့်ဥက္ကာဘာကိုမှစဉ်းစားမနေတော့ဘဲဓားရိုးကိုမြဲမြဲကိုင်ကာလင့်စင်ပေါ်မှခုန်ချလိုက်လေတော့သည်။
ရင်ထဲအေးခနဲဖြစ်သွားပြီးဥက္ကာလန့်နိုးသွား၏။လက်ထဲတွင်တော့ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသောဓားတစ်လက်…။
အခန်း(၁၅)
အစွန်းဆုံးရွက်ဖျင်တဲမှစိုးမင်းအိပ်ချင်းမူးတူးနှင့်မိုးမလင်းသေးခင်မှာပင်ထွက်လာ၏။မျက်လုံးများကိုပွတ်သပ်ပြီးအပေါ့သွားဖို့ဘောင်းဘီဇစ်ကိုဖြုတ်နေသည်။ထိုစဉ်မှာပင်သူ့ရှေ့တည့တည့်အပင်ကွယ်မှမိန်းမတစ်ယောက်ဘွားခနဲထွက်လာလေရာစိုမင်းထွက်ပြေးဖို့ဟန်ပြင်လိုက်သည်။
ထိုအခိုက်အတန့်လေးအတွင်းမှာပင်သူယောင်မယ်၏မျက်ဝန်းကစိမ်းဖန်ဖန့်အရောင်ပြောင်းကာတလက်လက်တောက်ပသွား၏။ထိုအစိမ်းရောင်မျက်ဝန်းကိုမြင်လိုက်ရသည့်စိုးမင်းခမျာစိတ်ညှို့ခံလိုက်ရသည်။မလှုပ်ရှားနိုင်တော့ဘဲနေရာတွင်ပင်မတ်တပ်ကြီးရပ်လျက်အသိကင်လွတ်နေလေသည်။
ထို့နောက်မိန်းမပျိုကလက်ညှိုးလေးကွေးကာစိုးမင်းးကိုခေါ်လိုက်၏။အသိစိတ်ကင်းမဲ့နေသည့်စိုးမင်းမှာမိန်းမပျိုခေါ်ဆောင်ရာသစ်ပင်နောက်သို့အသာတကြည်လိုက်သွားလေသည်။ခဏအကြာတွင်တော့…
အား…
စိုမင်း၏အော်သံကြောင့်ဦးဖိုးခွားနိုးသွား၏။ဘေးမှာလက်နက်တစ်ခုခုရှာနေသည်။သူ့လက်င်္ထဲတွင်တောရှင်းဓားတစ်လက်ရောက်လာချိန်တွင်စိုးမင်းလည်းအသက်နှင့်ကိုယ်အိုးစားကွဲသွားလေပြီ။ရွက်ဖျင်တဲထဲမှဦးဖိုးခွားထွက်လာသည်နှင့်မြင်လိုက်သည့်မြင်ကွင်းကြောင့်…
ဟင်…မောင်စိုးမင်း…ဘုရား…ဘုရား
လည်ပင်းတွင်အစွယ်ရာနှင့်သွေးတွေစီးကျရင်းအသက်ပျောက်နေသည့်စိုးမင်းကြောင့်ဦးဖိုးခွားအကြီးအကျယ်တုန်လငပ်ရသလိုစိတ်မကောင်းခြင်းကြီးစွာလည်းဖြစ်မိသည်။
ထိုအချိန်တွင်ဦးဖိုးခွားကိုယ်ပေါ်သို့သစ်ပင်ပေါ်မှမည်းမည်းကြီးအရာတစ်ခုပြုတ်ကျလာသည်။ဦးဖိုးခွားရုန်းကန်ဖို့ကြိုးစားပါသော်လည်းထိုအရာကသူ၏ဇာတ်ပိုးကိုအားကုန်ခဲထားလေသည်။ဦးဖိုးခွားလည်းပျော့ခွေကာလဲကျသွားလေတော့၏။
မနက်လင်းတော့အသက်မရှိတော့ပြီဖြစ်သောအလောင်းနှစ်လောင်ကိုတွေ့ကြရလေသည်။သူငယ်ချင်းဖြစ်သူစိုးမင်းအပေါ်ငိုကြွေးရသလိုလမ်းပြဦးဖိုးခွားမရှိတော့၍သောကများကြရသည်။သေသူတွေကိုဒီအတိုင်းထားရအောင်လည်းတောကောင်များအန္တရာယ်ရှိနေသည့်အတွက်တွင်းတူးကာမဖြစ်မနေမြှမ်နှံလိုက်ရသည်။
ဒီတောထဲမှအမြန်ပြန်ထွက်ဖို့လည်းအားလုံးစိတ်စောနေကြသည်။သို့နှငိ့အမြန်လမ်းကိုစမ်းတဝါးဝါးနှင့်ရှာဖွေကြရသည်။လမ်းမှန်သာာဆိုတို့တွေပြန်ရောက်နေလောက်ပြီလေ၊စဉ်းစားကြည့်ပါဦးဖိုးကျော်ရယ်
ကေသွယ်ပြောတာမှန်နေသည်မို့ဖိုးကျော်ဘာမှပြန်မပြောသာ…ကေသွယ်ကဝမ်းပန်းတနည်းရှိုက်ငိုနေပြီဖြစ်သည်။ပုလဲကကေသွယ်အားဖက်ကာနှစ်သိမ့်ရင်းသူပါကူ၍မျက်ရည်ဝဲလျက်ရှိ၏။ရှေ့တွင်ချောက်ကြီးတစ်ခုကိုတွေ့၍ခြေလှမ်းတွေအားလုံးရပ်တန့်သွားသည်။ပုလဲမှော်ခေါင်းအုံးနှင့်ရောက်ခဲ့ဖူးသောသူကြီးသချိၤုင်းဟောင်းကားမျက်စြိရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လို့နေပြီ။
ဒါဘာချောက်ကြိးလဲ
ပုလဲကသူဒီချောက်ကြီးထဲရောက်ခဲ့ဖူးကြောင်းနှင့်အောက်တွင်ရတနာများစွာရှိကြောင်းပြောပြပြီးဘောင်းဘီအိတ်ထဲမှစိန်ဘယက်ကိုထုတ်ပြလေသည်။
ဟာ…ဒါဆိုငါတို့ထောပြီပေါ့
အိမ်ဂရန်ပေါင်ထားရသောဥက္ကာမျက်နှာမှာဝင်းလက်သွား၏။လောဘဇောနှင့်မိန်းကလေးနှစ်ယောက်တားနေသည့်ကြားကဥက္ကာနှင့်ဖိုးကျော်နွယ်ကြိုးများရှာဖွေပြီးချောက်ထဲသို့ဆင်းလေသည်။ပုလဲကသူပြောတာမှားသွားပြီလားဟုနောင်တရနေမိသည်။
အောက်သို့ရောက်သည်နှင့်ပုလဲပြောသည့်အတိုင်းရတနာအိုးတွေကိုတွေ့ရလေသည်။အိုးထဲမှရတနာများကိုဥက္ကာသူ့ကျောပိုးအိတ်ထဲထည့်သည်။ပုလဲနှင့်ကေသွယ်မှာကျင်းနှုတ်ခမ်းထိပ်မှစိုးရိမ်ကြီးစွာစောင့်ကြည့်နေကြသည်။ထိုအခိုက်မိန်းမပျိုတစ်ယောက်မှာကေသွယ်နှင့်ပုလဲရှိရာဆီခြေသံလုံလုံနင်းလျက်ချဉ်းကပ်လာနေ၏။ထို့နောက်မိန်းမပျိုကကေသွယ့်ဆံပင်ကိုနောက်မှဖမ်းဆွဲကာတရွတ်တိုက်ဆွဲခေါ်သွားလေသည်။
အား…အမလေး….ကယ်ပါဦး
ဥက္ကာနှင့်ဖိုးကျော်ရေပြန်တက်ခဲ့တော့ကေသွယ့်ကိုသူယောင်မယ်ဆွဲခေါ်သွားပြီ
ဥက္ကာနှငိ့ဖိုးကျော်လည်းပုလဲအသံကြားသည်နှင့်နွယ်ကြိုးများတွဲခိုကာအပေါ်ပြန်တက်လာကြသည်။ဥက္ကာတွင်းနှုတ်ခမ်းဝအရောက်တွင်ဖိုးကျော်တွယ်တက်နေသည့်နွယ်ကြိုးထိပ်သို့ဝတ်လစ်စလစ်မိန်းမပျိုတစ်ယောက်ခုန်ချလာ၏။
ဖိုးကျော်အလွန်းအမင်းကြောက်လန့်သွားကာထိန်းကိုင်ထားသည့်နွယ်ကြိုးအားအမှတ်တမဲ့လွှတ်ချလိုက်မိတော့သည်။
အား
ဖိုးကျော်အောက်သို့ခြေလွတ်လက်လွတ်ပြုတ်ကြသွားလေတော့၏။အောက်ရှိကျောက်နံရံများနှင့်ရိုက်မိပြီးဖိုးကျော်အသက်ထွက်သွားလေတော့သည်။ဥက္ကာခါးကြားမှဓားမြှောင်ကိုထုတ်လိုက်ပြီးနွယ်ကြိုးထိပ်မှသူယောင်မယ်ကိုထိုးချလိုက်လေသည်။ဓားမြှောင်နှင့်သူယောင်မယ်အသားထိမိလိုက်သည်နှင့်အရောင်တဝင်းဝင်းဖြာထွက်ကာသူယောင်မယ်ပျောက်ကွယ်သွားလေတော့သည်။
ပုလဲနှငိ့ဥက္ကာနှစ်ယောက်တည်းကျန်ရစ်တော့သည်။ရတနာပစ္စည်းများထည့်ထားသည့်ကျောပိုးအိတ်နှစ်လုံးအားအနိုင်နိုင်သယ်ရင်းပုလဲလက်ဆွဲလျက်ဥက္ကာတို့အပြန်ခရီးစခဲ့သည်။နေမညိုခင်နားခိုရာတစ်ခုရှာတွေ့ဖို့အရေးကြီးနေပြီမို့ခြေလှမ်းများကသွက်လက်နေသည်။လမ်းမှန်ပေါ်ရောက်လာသည့်အတွက်လူမနေတော့သောရွာတန်းအစွန်ရှိတဲတစ်လုံးကိုပင်လှမ်းမြင်နေရပြိးဖြစ်သည်။မမှောင်သေးသော်လည်းညနေစောင်းဖြစ်နေပြီမို့ဒီထဲမှာပဲဝင်နားမည်ဟုနှစ်ယောက်သားဆုံးဖြတ်လိုက်ကြ၏
ဥက္ကာတို့တွေရန်ကုန်ကိုပြန်နိုင်မှာပါနော်
သိပ်ကိုသေချာတာပေါ့ပုလဲရယ်၊မနက်ဖြန်နေ့လည်လောက်ဆိုကဟီးလုးကပုလဲရဲ့ဦးလေးနဲ့ပြန်တွေ့ရတော့မှာလေ
အင်း…အဲဒီအတိုင်းဖြစ်ပါစေလို့ပဲဆုတောင်းရတော့မှာပေါ့
အခန်း(၁၆)
အိမ်ရှင်တို့…အိမ်ရှင်တို့…
ပုလဲနှင့်ဥက္ကာအနားယူနေကြစဉ်တဲရှေ့မှခေါ်သံတစ်ခုကိုကြားရလေသည်။ခေါ်သံကြားလိုက်၍ဥက္ကာတိုးနှစ်ယောက်ဆတ်ခနဲတုန်သွားသည်။ကြည့်လိုက်တော့အဝတ်ခပ်နွမ်းနွမ်းနှင့်မိန်းမရွယ်တစ်ယောက်ကိုတွေ့လိုက်ရလေသည်။
ဘာများလဲဗျ
ဟို…ဟိုလေ…ရွာ…ရွာပြန်ဖို့အချိန်မမီတော့လို့၊ပြီးတော့ဒီမှာလည်းလူတွေ့တာနဲ့အဖော်ရပြီဆိုပြီးဝင်လာခဲ့တာပါ၊တစ်ညလောက်အတူတူတည်းခွင့်ပေးပါလားရှင်
မင်းရွာကဘယ်မှာလြ
ဥက္ကာကမယုံသလိုလေသံနှင့်မေးလိုက်၏။
ကျွန်မနာမည်မရင်ငြိမ်းပါ၊ကဟီးလူးသစ်စခန်းဘေးကတောင်ပြိုရွာကပါအစ်ကိုကြီး
ပုံစံကရုးိရိုးသားသားတောသူမအသွင်အပြင်မျိုး…ထင်းတစ်စည်းရွက်ထားကာလက်ထဲမှာလည်းမျှစ်စို့နှင့်မှိုများကိုလျှာ်ကြိုးနှင့်တွဲသီကာကိုင်ထား၏။
သွားမယ့်လမ်းကတူနေသည်ကတစ်ကြောင်း၊မိန်မရွယ်တစ်ယောက်ညဘက်တောထဲတစ်ယောက်တည်းနေရမည့်ဒုက္ခကိုစာနာမိသည်ကတစ်ကြောင်းကြောင့်ဥက္ကာပုလဲအားတိုင်ပင်သလိုလှမ်းကြည့်တော့သဘောတူဟန်နှငိ့ခေါင်းညိတ်ပြသည်မို့…
ရပါတယ်ဗျာ…တဲကကျွန်တော်တို့အပိုင်မှမဟုတ်တာ၊အာဂန္တုတွေအကုန်တည်းခိုနိုင်ပါတယ်….ဝင်ခဲ့ပါ
ထိုညကရယ်ဒီမိတ်စည်သွပ်ဘူးများကိုသာသုံးယောက်သားစားလိုက်ကြသည်။မရင်ငြိမ်းကအသားဘူးကိုသာစားပြီးပေါင်မုန့်ကိုတို့ပင်မတို့၊တောသူမပါးစပ်ထဲအသားဘူးအရသာတွေ့နေတာကိုစာနာစွာဖြင့်ထပ်ဖောက်ကာကျွေးမွေးလိုက်သေး၏။
ညအိပ်တော့လည်းမိန်းမသားအချင်းချင်းအဖော်ရအောင်ပုလဲနှငိ့အတူတူအိပ်စေခဲံသည်။ဥက္ကာကတော့တဲရှေ့ကွပ်ပျစ်ပေါ်တွင်တစ်ယောက်တည်း၊ရတနာတွေပါသည့်ကျောပိုးအိတ်နှစ်လုံးနှင့်ဥစ္စာခြောက်ကာအိပ်မရဖြစ်နေ၏။
ရတနာတွေထုခွဲရောင်းချပြိးလျှင်အမေ့အိမ်လေးကိုပြန်ရွေးရမည်။စိးပွားရေးလုပ်ငန်းတစ်ခုခုထူထောင်မည်။ပုလဲကိုချစ်ခွင့်ပန်ပြီးလက်ထပ်ယူမည်။တလူးလူးတလိမ့်လိမ့်နှင့်လုံးဝအိပ်မရဖြစ်နေတော့၏။ထိုအခါသမယတွင်မှသွေးပျက်ဖွယ်ရာအသံနက်ကြီးနှင့်အော်ဟစ်သံကိုကြားလိုက်ရသည်။
အား…
ထိုအသံကြားသည်နှင့်ဥက္ကာငေါက်ခနဲထထိုင်မိသည်။သတိမလွတ်သူပီပီဓားမြှောင်ကိုဆွဲထုတ်ကာအသံလာရာစးူစမ်းရှာဖွေ၏။အသံကတဲထဲမှဖြစ်နေ၍ဓာတ်မီးကိုဆွဲထုတ်ကာဝင်လာလိုက်သည်။ဓာတ်မိးရောင်အောက်တွင်ပုလဲကိုယ်ပေါ်မှာမိန်းမတစ်ယောက်….
မိုးမချုပ်ခင်ကရောက်လာသောမရင်ငြိမ်းဆိုသည့်မိန်းမကရင်မငြိမ်းစရာအဖြစ်တွေကိုကျူးလွန်မည့်သူယောင်မယ်ဖြစ်နေမှန်းသိသွာားချိန်တွင်ပုလဲအဖို့အလွန်တရာနောက်ကျလို့နေခဲ့လေပြီ။ဒေါသ၊နောင်တနှင့်ယူကြုံးမရစိတ်များစုပေါင်းကာအပြင်အထန်းထွက်လာသည့်ဒေါသများစုစည်းထားသည့်ဓားချက်ကရင်ငြိမ်းအမည်ခံသူယောင်မယ်အပေါ်အညှိုးကြိးစွာကျရောက်သွားခဲ့သည်။ကဲကွာ…ကဲကွာ…
ဇွပ်…ဇွပ်
ပြိုးပြက်ဝင်းလက်သည့်ပေါက်ကွဲမှုဖြစ်ပေါ်လာပြီးသူယောာင်မယ်လုံးဝပျောက်ကွယ်သွားသည်။ပုလဲ…ပုလဲ…ပုလဲအဲလိုမလုပ်ပါနဲ့ကွာ…ထပါဥိး…ငါ့ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့လည်ပင်းမှာအစွယ်ရာနှင့်သွေးစုပ်ဖျော့တော့အသက်မဲ့နေပြိဖြစ်သောပုလဲ၏အလောင်းအားဖက်တွယ်ကာရှိုက်ကြီးတငင်ငိုကြွေးနေမိသည်။ပုလဲကားပြန်ရှငိမလာတော့…
ဘယ်လိုမှပြန်ရှင်လာမှာမဟုတ်တော့သည့်ချစ်သူ၏အလောင်းကိုကောင်းမွန်စွာသဂြိၤုဟ်ပေးဖို့ကိုသာအာရုံစိုက်ဆောင်ရွက်ခဲ့တော့သည်။ချစ်သူလဲလျောင်းဖို့မြေကျင်းကိုတူးရသည်။ဓားမြှောင်နှင့်သာတူးဖော်ရသဖြင့်ဥက္ကာလက်နှစ်ဖက်လုံးပေါက်ပြဲယောင်ကိုင်းလာသည်အထိအားထုတ်ခဲ့ရသည်။လူတစ်ယောက်စာသုံးပေခြောက်ပေကျင်းပေါ်လာချိန်တွင်ဥက္ကာခြေကုန်လက်ပမ်းကျနေပြီဖြစ်သည်။သို့သော်မနားအား…ချစ်သူ၏ကြွင်းကျန်ရစ်သောရုပ်ကလာဘ်ကိုကိုယ်တိုင်သယ်ယူကာထာဝရနားရမည့်မြေကျင်းထဲသို့သက်သောင့်သက်သာဖြစ်အောင်ထည့်သွင်းလိုက်သည်။ရင်ထဲဝေဒနာများစွာကိုသိမ်းဆည်းသိုဝှက်ရင်းကျောပိုးအိတ်များသယ်ဆောင်ကာချစ်သူအားကျောခိုင်းထွက်လာခဲ့သည်။နောက်လှည့်မကြည့်မိအောင်ကြိုးစားရင်းတတ်နိုင်သမျှခြေလှမ်းမြန်မြန်နှင့်အပြန်ခရိးစခဲ့သည်။
လွန်ခဲ့သောလေးရက်ကအတူတူလာခဲ့ကြသည့်ပုလဲ၊ကေသွယ်၊စိုးမင်း၊ဖိုးကျော်တို့မထင်မှတ်သောနည်းများနှင့်တမလွန်သို့ရှေ့ဆင့်နောက်ဆင့်ဆိုသလိုထွက်ခွာခဲ့ကြသည်။သူတစ်ယောက်သာကံကောင်းစွာရှင်သန်ခဲံခြင်းဖြစ်၏။
ဟိုခပ်ရေးရေးတွင်ကဟီးလူးဘေးမဲ့စခန်းကိုလှမ်းမြင်နေရလေသည်။သူအန္တရာယ်ကင်းတော့မည်…လွတ်မြောက်တော့မည်။
အစ်ကို
ရုတ်တရက်ခေါ်သံကြောင့်ဥက္ကာမော့ြက်ည့်လိုက်သည်။ရှေ့မလှမ်းမကမ်းသရက်တစ်ပင်အောက်တွင်ခြေထောက်နာနေဟန်တူသောမိန်းကလေးတစ်ယောက်…အစ်ကိုကျွန်မသရက်သီးတက်ခူးတာပြုတ်ကျလို့…အဆစ်လွဲသွားလားမသိဘူးကူပါဦးးရှင်
ချွဲချွဲနွဲ့နွဲ့အသံနှင့်အကူအညီတောင်းတာကိုကြားမိ၍ဥက္ကာကျွဲမြီးတိုသွားသည်။
ဟေ့…ဒီမယ်မိန်းကလေးမာယာတွေလာမသုံးမနေနဲ့၊မင်းဘာလဲဆိုတာငါသိပြီးသား
ပစ်ပစ်ခါခါပြောဆိုပြီးသူမရှေ့ကအဖြတ်မိန်းကလေးကသူ့ခြေထောက်ကိုဖမ်းဆွဲထားသည်။အားစိုက်ပြီးတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထား၍ဥက္ကာဆက်လှမ်းလို့မရဖြစ်နေသည်။
အဲဒီလိုမရက်စက်ပါနဲ့ရှင်၊ကျွန်မကိုရွာပြန်ရောက်အောင်တွဲခေါ်သွားပေးပါ၊အဖော်တွေနဲ့ကွဲလာလို့ပါ။တစ်ယောက်တည်းတောထဲမှာနေရတာကြောက်လွန်းလို့ပါရှင်
မိန်းကလေးကပြောပြောဆိုဆိုပင်ဥက္ကာ၏ခါးကိုတွယ်ဖက်၍မတ်တပ်ရပ်ဖို့ကြိုးစားသည်။သူယောင်မယ်တို့ဤသို့ပူးကပ်ရင်းသွေးစုပ်ဝိညဉ်နှုတ်သည့်မြင်ကွင်းကိုအကြိမ်ကြိမ်မြင်ခဲ့ဖူးသည့်ဥက္ကာလွန်စွာအထိတ်တလန့်ဖြစ်သွားပြီး…ခါးကြားမှဓားမြှောင်ကိုဆွဲထုတ်လိုက်သည်။ဟဲ့…သူယောင်မယ်မိန်မယုတ်၊နင်လူယောင်ဆောင်ထားပြီးသွေးစုပ်ဖို့အားထုတ်မနေနဲ့၊လွှတ်…ငါ့ကိုလွှတ်၊မလွှတ်ရင်ငါ့ကိုအဆိုးမဆိုးနဲ့နော်
မိန်းကလေးကလွှတ်မပေး၊အမိအရတွယ်ကပ်ပြိးအကူအညီတောင်နေရှာသည်။
ဘယ်လိုမှအလျှော့မပေးဘဲကုတ်ကပ်တွယ်တက်ကာသိုင်းဖက်လာသည့်မိန်းကလေး၏လုပ်ရပ်ကြောင့်….အကြောက်ကြိးကြောက်နေသည့်ဥက္ကာမှာဓားမြှောင်နှင့်မိန်းကလေးအားထိုးချလိုက်တော့၏။အား….
သွေးများဖြာထွက်ကာနာနာကျင်ကျင်အော်ဟစ်လိုက်သည့်အပြင်လုံးဝပျောက်ကွယ်မသွားသည့်မိန်းကလေးကိုကြည့်ရင်းဥက္ကာအထိတ်တလန့်ဖြစ်သွားသည်။သူယောင်မယ်မှန်လျှင်ဓားချက်မိသည်နှင့်ပျောက်ကွယ်သွားကြစမြဲသာဖြစ်၏။ခုတော့ပျောက်ကါယ်သွားဖို့ဝေးစွနာကျင်စွာအော်ညည်းရင်းလဲကျသွားသည့်အတွက်…သူလူသတ်မိပြီဆိုတာသဘောပေါက်သွားသည်။ဘုရား…ဘုရား…သူ…သူက…လူ…လူအစစ်ပဲ၊ငါ…ငါလူသတ်မိပြီ
ဥက္ကာတုန်လှုပ်ချောက်ခြားသွားကာခြေမကိုင်မိလက်မကိုင်မိဖြစ်နေရှာသည်။ဓားမြှောင်ကိုကိုင်ထားရင်းလဲနေသည့်မိန်းကလေးနားမှာဒူးထောက်လိုက်ကာကူညီရကောင်းနိုးနိုး၊ထားခဲ့ရကောင်းနိုးနိုးနှင့်ဗျာများနေ၏။မိန်းကလေး၏ဒဏ်ရာမှာသွေးထွက်နှုန်းများသဖြင့်သူမလဲရာတစ်ဝိုက်တွင်သွေးတွေအိုင်ထွန်းနေတော့သည်။ဥက္ကာဆုံးဖြတ်ချက်မချနိုင်ခင်မှာပင်လူသံတွေကြားလိုက်ရ၏။မိသဲ…မိသဲ…
မိသဲရေ…နင်ဘယ်မှာလဲအသံပေးဦးဟေ့
ဟာ…ဟိုမှာမိသဲလဲနေတယ်၊ဟိုကောငဘယ်ကကောင်လဲ
ဥက္ကာကိုမြင်သွားပြီး၊ရွာသားငါးယောက်အုပ်စုပြေးလာနေကြပြိ။သူတို့လက်ထဲတွင်လည်းတုတ်တွေနှင့်မို့ဥက္ကာဘာလုပ်ရမသိတော့၊လူသတ်မှုနှင့်သာအဖမ်းခံရလျှင်သူဘဝပျက်တော့မည်။လောလောဆယ်အဖမ်းမခံရခင်ရွာသားတွေကသူ့ကိုအရင်သတ်လိမ့်မည်။အသေတော့မခံနိုင်၊ဖြစ်လိုရာဖြစ်စေတော့ဟုတွေးပြီးတောထဲသို့ပြန်ဝင်ပြေးတော့၏။
ဟာ…ဟိုကောင့်လက်ထဲမှာဓားနဲ့….မိသဲကိုဘာလုပ်သွားတာလဲမသိဘူး
ဥက္ကာခြေလှမ်းဆယ်လှမ်းစာလောက်စောသွားတာကံကောင်းခြင်းလား၊မိသဲဆိုသောကောင်းမလေးလဲနေသည့်နေရာသို့ရွာသားတွေရောက်သွားကြပြီ။
ဟင်…မိသဲသွေးတွေနဲ့အိုင်ထွန်းနေပါလား၊ဟိုကောင်ဓားနဲ့ထိုးပြီးပြေးသွားတာ…လိုက်ဟေ့ါ…မိလို့ကတော့အသေပဲမှတ်
ထိုစဉ်ရွာသားတစ်ယောက်ကပြေးနေရင်း…
ဒီကောင်မိသဲကိုဟိုဟာပြုပြီးမှသတ်လိုက်တာလားမသိဘူးထိုစကားကြောင့်ရွာသားများပြေးနေသောအရှိန်တွေပိုမြန်သွားကြသည်။ခွေးမသားမိလို့ကတော့အရှင်မထားဘူးမှတ်
သူနောက်ကိုညာသံပေးကာလိုက်လာကြပြီ။သွားပြီဒီရတနာတွေသယ်ပြီးဒီတောထဲကထွက်ဖို့ခက်သည်ဆိုတာတကယ့်အမှန်တရားဖြစ်လာခဲ့ပြီ။လေးပင်လှသည့်ရတနာကျောပိုးအိတ်တွေသယ်ရင်းပြေးနေသည့်ဥက္ကာခြေလှမ်းများတုံ့ဆိုင်းလာသည်။
နောက်မှာကလူသတ်သမားမဒိန်းကောင်ဟုသမုတ်ကာအသေရိုက်မည့်လူအုပ်များ၊ရှေ့မှာကရော…သူယောင်မယ်တွေပေါသည့်တောကြီး၊ဥက္ကာမျက်လုံးတွေပြာဝေအောင်ပင်အမောဖောက်လာပြီ။သို့သော်သူအလျှော့မပေး၊အညံ့ခ့ဖို့လုံးဝစိတ်မကူးအသက်ရှုနေသ၍ဆက်ပြေးနေမည်ဟူုဇွဲတင်းဆုံးဖြတ်ထားပြီးဖြစ်သည်မို့ပြေး…ဥက္ကာရေ…ပြေး…ပြေး…..။
ပြီးပါပြီ