ဖြစ်လေရာ ဘဝဝယ်
____________________
ဦးသုခ
ခုတင်ပေါ်တွင် ပိုးလိုးပက်လက်လန်နေသော လင်သည် ကိုဘိုးဟန်ကို ကြည့်ရင်း စိတ်ပျက်၍ စက်ဆုပ်လာခဲ့သည့်အကြိမ်ပေါင်းမှာ မယား ဖြစ်သူ မသန့်အဖို့ မရေမတွက်နိုင်အောင်ရှိလှပြီး မုန်းသည်၊ မုန်းသည်။ သို့ သော် ပစ်နိုင်လောက်အောင်၊ ကွာနိုင်လောက်အောင်၊ ထွက်ပြေးနိုင် လောက်အောင် မုန်း၍တော့မရ။
မုန်းမယ့်မုန်းလျှင် သို့ ကလောက်အထိ မုန်း၍မရနိုင်သည့်အတွက် ကိုယ့်ကိုယ်ကို ဒေါသထွက်မိပြန်သည်။ သူ့ကို ငါ ဘာမက်စရာရှိသလဲ၊ နေရေးထိုင်ရေး၊ စားရေးခါးရေး၊ ဒါတွေကို အပထား၊ နေ့တိုင်းနေ့တိုင်း စိတ်ချမ်းသာလား။ နည်းနည်းလေးမှ စိတ်မချမ်းသာ။ ဒါနှင့် ဘာကိုမက်၍ ဤအရက်သမားကို လင်ပြုနေရပါလိမ့်။
အဲဒါကျတော့ မိန်းမ၊ မသန့်မှာ မိန်းမဖြစ်နေ၍သာ ကျိတ်မှိတ် ပိန်လိန်၍ သူ့ဘဝ၏အညစ်အကြေးကို မျက်ရည်နှင့် ဆေးဆေးနေမိတော့ သည်။
မသန့်သည် သူ့ လင်၏မျက်နှာကို စေ့စေ့စပ်စပ်စုံ ကြည့်နေသည်။ ကုတင်တခုလုံးကို လေးဖက်လေးတန်ကား၍ ပစ်စလက်ခတ် အိပ်မောကျနေသည်။ ခွီး ခွီး ဟူသော ဟောက်သံသည် ကြမ်းတမ်းခက်ထရော်သော သူ့မျက်နှာနှင့် လိုက်လျောအောင် မနှစ်မြို့စရာဖြစ်သည်။ ခက်ထန် သောမျက်နှာထားမှာ အိပ်မောကျနေပြီဖြစ်၍ ပြေသင့်သလောက် ပြေနေစေကာမူ မိမွေးတိုင်းဖမွေးတိုင်း မဟုတ်တော့သော သူ၏ ပါးစုံ၊ သူ၏ နှာတံ၊ သူ၏နဖူး၊ သူ၏မျက်ခွံတို့မှာ သြဇာသီးများလို အဖုအပိန့်တွေ ထနေပေသည်။ အရက်တွေ အရောင်တက်သလို ပြောင်လက်နေသည်။ အရက်ချွေးပြန်သလို စေးထန်းနံစော်သော ပေါင်းအိုးက ချွေးတွေ ကဲ့သို့ စွတ်စိုနေသည်။ ဒီကြားထဲတွင် ပါးစောင်မှအာရေတို့သည် သူ ဖြစ်ကတတ်ဆန်း ပရမ်းပတာ ဆွဲအုံးထားသော ခေါင်းအုံးပေါ်မှာ တတွေတွေ ကျဆင်းနေသေးသည်။
မြင်ရသူအဖို့ ဤသည့် ဤပုံအနိဋ္ဌာရုံတွေ မြင်တွေ့ နေရလင့်ကစား အရက်သမားဖြစ်သော သူ့ အဖို့မှာတော့ ဣဋ္ဌာရုံချည်းသာ အိပ်မက်မက်ချင်မက်နေပေမည်။
မသန့်သည် မရှုနိုင်မကယ်နိုင်ဖြစ်နေသော ရင်ဝက အလုံးကို ဗုန်းဗုန်းကျအောင် သက်မနှင့်ရော၍ ချလိုက်ရသည် ချ၍မှ ကျတော့မည်ကြံကာ ရှိသေးသည်။ မခင်မြအစရှိသော ကုတင်ခြေရင်းက သားသမီး သုံးယောက် လူးကြလှိမ့်ကြသံကြောင့် သူတို့ထံ အာရုံရောက်သွား ရပြန်သည်။
အကြီးဆုံးသမီး မခင်မြ အသက် တဆယ့်သုံးနှစ်။ မသန့်သည် ကလေးတွေ၏မျက်နှာကို အဝေးက လှည့်ကြည့်လိုက်ရုံနှင့် အပြစ်ကင်းမဲ့စွာ ကြောင့်ကြပူပင်မှု မရှိ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည့် မျက်နှာထားကို မြင်လိုက်ရပါသည်။ ကလေးတွေ အကုသိုလ်ကင်းစင်သလို သူတို့အဖေ ကင်းစင်နေပါသဖြင့် ဘယ်လောက် ဆင်းရဲဆင်းရဲ ဆင်းရဲပါစေ ကျေနပ်နိုင်ပါသေးသည်။ ယခုကား သူ ကိုယ်တိုင်မကင်းသည်မဟုတ်၊ ယနေ့လား နက်ဖြန်လား အပျိုသွေးဝင်တော့မည့် သမီးကလေးကို လူကြမ်းလူသရမ်း၊ ကြော့ကြမ်းဟော့ရမ်းသူတို့၏ သားရဲတွင်းဖြစ်သည့် အရက်ဆိုင်သို့ အရက်ပုလင်း အဝယ်လွှတ် တတ်ပါသေးသည်။ သူ့အဖို့တော့ “ခိုင်းလာတာပဲ သုံးလေးနှစ်ရှိမှကွာ” ဟူ၍ မထူးဆန်းသော ဘဝကို အကြောင်းပြတတ်သည်။ ဤသို့ပြသလို အရက်ကိုသာ ရမည်ဆိုက မယားကိုပါ ခိုင်းချင်ခိုင်းပါလိမ့်မည်။
အရက်သည်သာ သူ့အတွက် အရေးအကြီးဆုံး။
အရက်သည်သာ သူ၏မွေ့လျော်ရာ အရည်ယမကာ။
အရက်သည်သာ သူ အတပ်မက်ဆုံး အနှစ်သက်ဆုံး။
အရက်သည်သာ သူ၏အာဘဝနဏ။
ဒေါင်ခနဲနေအောင် တီးလိုက်သော သံချောင်းသံကြောင့် တနာရီ ထိုးပြီဖြစ်ကြောင်း မသန့်သိလိုက်ရသည်။ ညတိုင်းဆိုလျှင် မသန့်ပါ စိတ်ညစ်ညစ်နှင့် အိပ်ပျော်ခဲ့သည်။ ယနေ့ညတော့ အိပ်၍မပျော်၊ လုံးဝ အိပ်ချင်စိတ်မရှိတော့သလို မျက်လုံးတွေ ကြောင်နေသည်။ ဤလို မအိပ်ချင်ခြင်းက မသန့်အား တောင်တွေးမြောက်တွေးနှင့် စိတ်ညစ်ဆေး ဖော်တော့မည်။ ဒါကိုသိ၍ ဇွတ်အိပ်ကြည့်သည်။ ပရမ်းပတာ ကြမ်းတမ်းစွာ လှုပ်ရှားသော ကိုဘိုးဟန်၏ ခြေနှင့်လက်တို့က မသန့်၏ ပါးကို လာရိုက်သည်။ မသန့်၏ခါးကို လာ၍ ကန်သည်။
ထိုအခါ “အင်း အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ”ဆိုတာ ဒါတွေကို ပြောတာများလားဟု စဉ်းစားလိုက်မိသည့် အစကလေးက သံသရာအမျှင်တန်း မဆုံးခန်းသော တွေးတောမှုတွေ ဖြစ်ပေါ်နေတော့သည်။
“မသန့်၊ မင်းကို ကျုပ်မေတ္တာရှိနေတာ”
“အို ကိုဘိုးဟန်၊’ ရှင် အရက်တွေ ‘သောက်လာပြီး ဘယ့်နှယ် စကားတွေ”
“ဟဲ ဟဲ ဟုတ်တယ်၊ ကျုပ်အရက်တွေ သောက်လာတယ်၊ ဒါ ကြိုက်လို့ သောက်တာ မဟုတ်ဘူး၊ မင်းကို မပြောရဲလို့. ရဲဆေးတင်လာ ရတာ သိလား သိလား”
မညားခင်က တဇွတ်ထိုးပြောလိုက်ပုံကလေးမှာ အဲဒီတုန်းက မသန့်အဖို့ အတော်ဝမ်းသာသွားမိသည်။ အတော်သွေးကြီးမိသည်။
ငါ့ကိုကြိုက်ပါတယ်ဆိုတာလေးတောင် မပြောဝံ့လို့အရက်သောက် လာရသတဲ့။ ငါ့ကို အတော်ကြောက်နေပါလား၊ လေးစားလွန်းလှပါကလား။ သူမကြိုက်ဘဲနဲ့ တောင် ဇွတ်မှိတ်မျိုလာရဆိုပါလားဟု ကိုယ့်ဘက်ကိုယ်ယက်တွေးပြီး အတော်ကလေး ဘဝင်မြင့်ခဲ့မိသည်။ စင်စစ်မှာလည်း ကိုဘိုးဟန်မှာ မျိုးသန့်ရိုးသန့် ခေတ်ပညာတတ်၊ အလုပ်နှင့် အကိုင်နှင့် ကိုယ်လွတ်လက်လွတ် ဖြစ်ခြင်းကြောင့် မသန့်ကိုယ်တိုင်က ငြင်းလိုက်မဟဲ့ဟု မတွေးခဲ့ဖူးရုံမက ဘယ်တော့ စပါ့မလဲဟု အရိပ်အကဲ ကို စောင့်မျှော်နေစဉ် ဖြစ်ပါသည်။
“ဟင့်အင်း ကွ၊ ငါကတော့ တားမရဘူး၊ ချစ်မှာပဲ ချစ်မှာပဲ၊ ဇွတ်ချစ်မှာပဲ၊ အသေဝနာစ ဗာလာနံ၊ မသေချာသမျှ ငါမပြန်၊ ဘာရမလဲ အရက်ကို မောင်းတင်လာခဲ့ရတာက အရှုံးခံလို ဟင်း ဟဲ ဟဲ ဟဲ”
ကြိုက်ကြပြီး၍ နှစ်ယောက်ချင်း ချိန်းတွေ့ ပြန်တော့လည်း အရက် ကလေးကို အဖော်လုပ်ကာ အပိုင်စီး၍ နိုင်နည်းကားကြီး နိုင်လိုက် ပြန်သည်။ ထိုစဉ်ကလည်း မသန့်မှာတော့ ဝမ်းသာလွန်း၍ ငိုမိသည်။ အရက်ကြောင့်သာ ဤမျှရဲတင်းသည်၊ မြန်ဆန်သည်စိတ်အားထက်သန် သည်။ နိဂုံးချုပ်လိုက်တော့ အရက်ကြောင့်သာ တောင့်တအပ်သော ပန်းတိုင်ကို အမြန်ဆုံး ရောက်ခဲ့ရသည်။ မသန့်သည် ပီတိကြောမှာ မြော၍ မောသွားသည်အထိ ဖြစ်ရသည်။
“ကဲ ကိုဘိုးဟန် ပြန်ပါတော့၊ အမေတို့ နိုးကုန်တော့မယ်”ဟု မသန့်က နွမ်းလျလျနှင့်နှုတ်ဆက်၍ နှင်လွှတ်သည်ကိုပင် ကိုဘိုးဟန်ကတော့ ပါးစပ်က ပြုံးဖြီးဖြီး ခေါင်းကြီးယမ်းတမ်းတမ်း အငမ်းမရ၊ တတမ်းတတ တလှမ်းစပြန်ပါသေးသည်။
“ဟင့်အင်း ပြန်ဘူး ပြန်ဘူး ဘယ်သူ့ ဂရုစိုက်ရမလဲ ငါ့မယားဆီ ငါလာတာ၊ ချစ်စရာတွေ တပုံကြီးရှိသေးတယ် သိလား၊ တပုံကြီး ရှိသေးတယ် ဟီး ဟီး ဟီး”
ဤကဲ့သို မူးသည့် မူးရမ်း၊ ရူးတည့်ရူးနှမ်း၊ ဘီလူးဖမ်းသလိုဖမ်းပြန်တော့လည်း မသန့်မှာ ဘာမှ မတတ်နိုင်။ ချဉ်တင်တင် စူးဝါးဝါး အနံ့အသက်ကြားမှာ အသက်ရှူများပင် မှားခဲ့ရပါသည်။
“ဪ ကိုဘိုးဟန် ကိုဘိုးဟန်”
သူပြန်သွားတော့ မသန့်၏ တကိုယ်လုံးမှာ အရက်နံ့ ကလေးတွေ စွဲကျန်ရစ်ခဲ့သည်။ သူ့ကို အလွန်အမင်း ခပ်ပြင်းပြင်းကလေး ချစ်သွားသည်မှာ အရက်ကလော၊ လူကလောဟု တွေးတော၍ပင်နေမိ သည်။ အစက ချဉ်ချဉ်တူးတူး အော်ကလီဆန်စရာကောင်းသော အနံ့ ဟု မသတီခဲ့ပေမင့် ကိုဘိုးဟန်၏ဖောဋ္ဌဗ္ဗကို စားမြုံ့ပြန်လိုက်လျှင် ဤအနံ့ကလေးကူမှ တင်းပြည့်ကျပ်ပြည့် အရသာကို ခံစားနိုင်မှန်း သတိရသည်။
တင့်တင့်တယ်တယ်ညားကြသည့် ပထမညကများဆိုလျှင် ကိုဘိုးဟန်သည် အလုပ်က ပြန်ကတည်းက ပုလင်းကြီးကို ပိုက်၍ ပြန်လာ သည်။
“ကိုဘိုးဟန် ရှင် အရက်သမားဖြစ်တော့မှာလား”ဟု ဆီး၍ ဆူလိုက်သည်။
“ဟား ဟား ဟား မင်းနဲ့ညားရတာ ဝမ်းသာလွန်းလိုပါ မိန်းမရာ”
“ကြည့်စမ်း သောက်လဲ လာသေးတယ်၊ ပါးစပ်က နံလို”
“ဟော် ဟော် သောက်တာ အဆန်းမှတ်လို့၊ သောက်တော့ ဘာဖြစ်တုံး၊ စားကောင်းတယ်၊ သောက်ကောင်းတယ်၊ သွေးသား ညီညွတ်တယ်၊ အားရှိတယ်၊ ဒီတော့ ဒီတော့ တို့လင်မယား အားရပါးရ တောင် ချစ်နိုင်သေးတယ်”
“အို ကိုဘိုးဟန်”
“မအိုနဲ့ အစ်မ၊ မင့်အတွက် ငါသောက်ရတာ သိလား”
“အို ဘာတွေလျှောက်ပြောနေရတာလဲ၊ နားရှက်ပါတယ်”
“ဟား ဟား ဟား တခြားမဟုတ်ပါဘူး။ ကျန်းကျန်းမာမာနဲ့ လုပ်နိုင်ကိုင်နိုင်မှ စားရေးနေရေး ဟန်ကျပြီး မင့်ကို တင့်တင့်တယ်တယ် ထားနိုင်မှာပေါ့ ဟုတ်ဘူးလား၊ ဟုတ်ဘူးလား၊ အဟီး.ဟီး ဟီး မသန့်လေး ချစ်လိုက်ပါတဲ့ အာရုံ ဟုန် ဟုန် ဟုတ် ရွှေမြင်းမိုရ် တတောင်လုံး ဟုန်း ဟုန်း ဟုန်းကို”
“ဪ ဘယ့်နှယ်အော်ကြီးဟစ်ကျယ် လုပ်နေရတာတုံး၊ ကျုပ် စိတ်ရှုပ်လာပြီနော် သိလား”
မသန့်မှာ တကယ်မှာပင် ကသိကအောက် ဖြစ်၍ ငိုသံပေါက်လာ သည်။ အိမ်နီးပါးချင်းများကို ရှက်၍ စိတ်ညစ်ရသည်။ ဒီလို ငိုလိုက်ပြန်တော့ ကိုဘိုးဟန်က ပျာပျာသလဲ ချော့သည်။ ခခယယ တောင်းပန်သည်။ ချွဲချွဲပျစ်ပျစ် အောက်ကျို့ အသနားခံသည်။ မသန့်သည် ဤလိုနှင့်သာ ကိုဘိုးဟန်၏ အရူးအမူးချစ်မှုကို သာယာရပြန်သည်။ မှန်ပေ၏။ ကိုဘိုးဟန်မှာတော့ အရက်ကို တခွက်ပြီး
တခွက် သောက်ရင်း ရူးသလိုလိုနှင့်လည်း ချစ်သည်။ မူးသလိုလိုနှင့် ချစ်သည်။ ထို့ကြောင့်ပင်လျှင် မသန့်ကိုယ်တိုင် “ငါ့တော့ အချစ်သားပဲ”ဟု ခွင့်လွှတ်လိုက်ရသည်။
သို့သော် ကာလတာတောင် မကြာမြင့်မီပင် မိမိထက် အရက်ကို ပို၍ချစ်ကြောင်း ဇာတိပြလာတော့သည်။ တညတွင် ကိုဘိုးဟန် အလွန်အကျွံ မူးလာသည်။ သူ့ အပေါင်းအသင်း သောက်ဖော် သောက် ဖက်တယောက်က တွဲ၍ ထိန်းလာရသည်။ သူ တကယ်မူးလာတော့ တကယ်စိတ်ပျက်စရာကောင်းကြောင်း ယခုမှ သိရသည်။ အဝတ်အစား အကျွတ်ကျွတ်၊ ဣန္ဒြေအလွတ်လွတ်။
“သန့်၊ သန့် ကိုယ်တော့ မူးလာပြီကွ”
မသန့်သည် ထ၍ တွဲယူရမှာကိုပင် စိတ်နာသည်။ ထို့ကြောင့် ဘာတခွန်းမှလည်း မပြော။ ဘာတခုမှလည်း မလုပ်။ ငုတ်တုတ် ထိုင်ကြည့်နေလိုက်သည်။
“ဟေ့ မသန့် မသန့် ဟဲ့ကောင်မ၊ မိသန့် နင်ဘယ်လင်ငယ် တွေ့ နေလို. ငါ့ကို ဂရုမစိုက်တာလဲဟင်”
မသန့်သည် ယခုလို မဆဲစဖူး အဆဲခံရတော့ မွှန်ထူသွားလေ၏။ ဝမ်းနည်းတာထက် ဒေါသထွက်လာမိ၏။
“ရှင် အရည်တွေ သောက်လာပြီး ဒီလိုမမိုက်ရိုင်းနဲ့ နော် ဟင်း”
“အောင်မာ ကောင်မက လူပါးဝလို ၊ လင်ငယ်အားကိုးနဲလား၊ ဟုတ်လား”
မသန့်သည် ရှိုက်ကြီးတငင်ငို၍ အခန်းထဲဝင်သွားသည်။ အပြင် ဘက်မှာတော့ ကိုဘိုးဟန်က ဆူချင်တိုင်း ဆူနေသည်ကို သူ့ အပေါင်း အသင်းက သူ့ကို ချော့မော့ဖျောင်းဖျနေသည်။ မသန့်သည် အဝတ် အစားအနည်းငယ်ယူ၍ အိမ်ပေါ်မှ ဆင်းသွားရန် ပြင်နေသည့်အခိုက် ကိုဘိုးဟန်က
“အောင်မယ်၊ အောင်မယ်ငါ့ကိုမပေါင်းနိုင်ဘူးပေါ့လေ ဟုတ် လား၊ ငါအရက်သောက်လို့ပေါ့လေ၊ ဟဲ-ဟဲ မပေါင်းချင်ရင် ဆင်းသွား။ ဟောသည့်လမ်းကကြွ”
“သွားမယ် သွားမယ်၊ ရှင် ပြောဖို့ မလိုဘူး”
“ဟား ဟား လိုသေးသပေါ့ အမိရယ်၊ ဒီမယ် ဟဲ့ကောင်မ နင်ဆင်းသွားတော့ ငါဘာဖြစ်ရမလဲ၊ နင်လို မိန်းမကို အရက်တခွက်လောက် မမက်ဘူးကွ သိလား”
မသန့်အဖို့မှာတော့ ဒီစကားမှာ အသည်းကို လှံစိုက်လိုက်သလို ဖြစ်သွားလေသည်။ ထို့ကြောင့် ထိုနေ့ ညနေကပင် မအေ့အိမ်သို့ ဒေါ နှင့် မောနှင့် ပြန်ရောက်ရသည်။ အိမ်မှာ လင်နှင့် ကတောက်ကဆတ် ဖြစ်ရ၍ မိခင်ကြီးအိမ် စိတ်ချမ်းသာ လက်ချမ်းသာ လာ၍ ခိုလှုံမည် ကြံပါသည်။ မိခင်ကြီးက ရင်ထုမနာနှင့် ဆီး၍ အပြစ်တင်ပါသေးသည်။
“ညည်း အစက မသိဘူးလားဟင်၊ သူ အရက်သောက်တတ်တာ ညည်းသိရဲ့သားနဲ မနေနိုင်မထိုင်နိုင် ထွန့်ထွန့်လူးလူး ကြိုက်နေတာ၊ ငါက ပေးစားတဲ့လင်လား၊ ညည်းကြိုက်လို ညည်းယူခဲ့တာ မဟုတ်လား၊ အခုညည်းဗိုက်ထဲမှာ ကလေးရမှ ကွဲလာတော့ကော ဘာထူးဦးမှာလဲ။ လင်ကိုနိုင်အောင် ဖျောင်းဖျနိုင် ဖျောင်းဖျ၊ ဖျောင်းဖျလို့ မရရင် ညည်းထိုက်နဲ့ ညည်းကံပဲ။ မိန်းမဆိုတာ
တမျက်နှာက နှစ်မျက်နှာ ပြောင်းရအောင် လွယ်တာမှတ်လို့”
ဤသို့ကြားရတော့ မသန့်မှာ ဒူးနှင့် မျက်ရည်သုတ်နေရရုံသာ ရှိသည်။ မိခင်ဆိုပေမယ့် ကိုယ်က အိမ်ထောင်ရက်သားနှင့် နေမိတော့ သူစိမ်းလိုလိုဖြစ်ရကြောင်း ခံစားမိသည်။
“နောက်ပြီးတော့တော်၊ ကျုပ်ကိုပါလာပြီး ညည်းလင်က ရန်လုပ်နေပါဦးမယ်။ ပြန်သာပြန်ပါ တော်တော်ကြာ မူးလာမှဖြင့် သူ့ မယား လက်ခံထားရလားဆိုပြီး”
မှန်ပေသည်။ လင်ရယ်လို့ ဖြစ်လာမှတော့ သူပြုသမျှ နုရတော့မည်။ မိခင်ဆိုတာက ဆိုင်ရုံသာဆိုင်သည် မပိုင်တော့ပါတကား။ မယား ဟူသည်လည်း လင်က မကွာသမျှ မိန်းမသာ တထစ်ချ ဖြစ်ကြရသည်ချည်း မဟုတ်လော။ ဒီကြားထဲတွင် မိမိမှာ ကိုယ်ဝန်နှင့်ဖြစ်နေပေပြီ။ ထို့ကြောင့် အကြောင်းကြောင်းတွေ ထောက်၍ ရှေ့ရေးကို တွေးကြည့်လိုက်သော် ပြေးဖို့လည်း မလွယ်၊ အေးဖို့လည်း မလွယ်၊ ကယ်မယ့်သူ နတ္ထိ။
မိခင်ကြီးအိမ်တွင် တညတာ အိပ်လိုက်ရသည်။ နောက်တနေ့မနက်ကျတော့ မိခင်ကြီး ဗေဒင်တွက်ထားသည့်အတိုင်း ကိုဘိုးဟန် ကိုယ်တိုင် ဆိုက်ဆိုက်မြိုက်မြိုက် လိုက်လာချေပြီ။ တော်ပါသေး၏။ မူးမူးရူးရူး ရမ်းရမ်းကားကား မဟုတ်၊ ညက ကျားသတ္တဝါလောက် ကြမ်းတမ်း မာန်ဖီသမျှ မနက်ကျတော့ ယုန်သူငယ်လို နူးနူးညံ့ညံ့နှင့် ချော့လာသည်။
“ငါညက မူးလို့ပါကွာ။ စိတ်မဆိုးပါနဲ့ ၊ ငါတောင်းပန်ပါတယ်၊ နောက် ဒီလိုမဖြစ်စေရပါဘူး။ ငါဘာတွေပြောမိတယ် ဆိုတာ သိတာ မဟုတ်ပါဘူး။ လာပါ မင်းမရှိရင် ငါဘယ်လိုနေရမလဲ”ဟု ကညဝတ်တွ တောင်းပန်သည်။
သူ တောင်းပန်သမျှ စကားတွေထဲက မင်းမရှိရင် ငါဘယ်လို နေရမလဲ ဆိုတဲ့ စကားလုံးလေးတွေကား မသန့်၏ အသည်းကြားကို သကာပျားနှင့် ဖုံးလိုက်ပြန်ပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် မိခင် ကြီးကို နှုတ်ခွန်းမှ မဆက်ခဲ့မိ၊ ကိုဘိုးဟန်နောက် ကောက်ကောက်ပါအောင် ပြန်လိုက်ခဲ့ဖြစ်လေသည်။ သို့နှင့် သမီးဦးကလေး မခင်မြ လူ့ ပြည်သို့ ရောက်ခဲ့ရသည်။ ကိုဘိုးဟန် မမူးလျှင် အလွန် သဘောကောင်း၍ မယားကို ချစ်သလောက် ကြင်နာသလောက် အလိုလိုက်သလောက် မူးလျှင်တော့ အရက်ကလွဲ၍ မည်သူ့ကိုမှ မျက်နှာသာမပေး၊ မည်သူ့ ကိုမျှ သတိမရ။
သို့သော် တနေ့တခြား မမူးသည့်အချိန်ထက် မူးနေသည့် အချိန်က ပို၍ပို၍ များလာလေသည်။ မခင်မြအောက် ယောက်ျားကလေး တယောက်၊ မိန်းကလေး အငယ်ဆုံး သုံးနှစ်လောက် တယောက်ရ လာသည့်အချိန်အထိ မသန့်အဖို့တော့ စိတ်ချမ်းသာကွက်မရှိ၊ နံနက် အိပ်ရာက ထလျှင်ထချင်း အရက်ကလေး တခွက်မှ မသောက်ရလျှင် ခေါင်းကိုက်သည် ဇက်လေးသည် မှုန်တိမှုန်ဝေနေသည်။ စိတ်တိုတတ်သည်။ ကိုဘိုးဟန်မှာ အရက်နာကျနေခဲ့ပြီး အရက်ကလေးတခွက် သောက်လိုက်ရမှ ရွှင်ရွှင်ပျပျ မျက်နှာကလေးကို မြင်ရသည်။ မသန့်သည် အရက်သောက်မှုနှင့်ပတ်သက်၍ ကိုဘိုးဟန်အား လုံးလုံးကြီး လက်လျှော့လိုက်ရရှာသည်။ သို့နှင့် အလုပ်ကို သွားနေစဉ် သားသမီးတာဝန်ကို တနေ့လုံး တကုန်းကုန်းနှင့် ရုန်း၍ ထမ်းဆောင်၊ ညနေဘက်လောက် နေရပြီးနောက်တွင် ပြန်လာလတ္တံ့ သော လင်သည်ကို တထိတ်ထိတ် တလန့်လန့်နှင့် စောင့်မျှော်နေရလေ့ရှိသည်။ တထိတ်ထိတ်တလန့်လန့် ရှိမည်ဆိုလျှင် ရှိလောက်စရာပါပေ။ အမြဲတမ်းလိုလို အရက်တမြမြနှင့် ပြန်လာတတ်သည်။
သောက်လေသောက်လေ ငတ်မပြေသည့်၊ ကာမေငါးတန် ဆား ရေငန်ဆိုသည့် စကားမှာ ကိုဘိုးဟန်နှင့် သေအရက်ကိုဆိုမှ ပို၍ မှန်ကြောင်း မသန့်တွေးမိသည်။ သောက်စရာမရှိရှိလျှင် အိမ်မှာ အဆင်သင့် ဝယ်ထားသော ပုလင်းထဲက အရည်ကိုပါ မျက်စောင်းထိုးလာတတ် သည်။ ဒီအတောအတွင်း အပေါင်းအသင်းသောက်ဖော်သောက်ဖက်များ အိမ်ရောက်လာပါက ရှိတာ အကုန်ထုတ်၍ ဝေဿန္တ ရာလုပ်တော့သည်။ ကလေးတွေနှင့် သားမယားအတွက် မုန့်ပဲသရေစာ ဝယ်မကျွေးချင်လျှင်သာ ရှိမည်။ သောက်ဖက်များကို အရက်ပုလင်းနှင့် ဧည့်ခံ ရာမှာမူ အတော်ရက်ရောနိုင်သည်။ သူ အရက်ပုလင်းငှဲ့တိုင်း ငှဲ့တိုင်း မသန့်အမြင်ကတော့ ငွေတွေ အရက်ကျို၍ လုံထဲက လောင်းသွန် သလိုသာ မြင်မိသည်။
စီးပွားရေးအခြေအနေအရ သူ့ လခ၏
တဝက်ကျော်ကျော်မှာ ဤလိုအရည်ဖျော်၍ သောက်ပစ်တာ၊ သူတပါးကို တိုက်ပစ်တာနှင့်
တအိမ်လုံး မလုံမလောက်ဖြစ်ရသည်။ တနေ့လျှင် ငွေငါးကျပ်၊ တလမှာ ကျပ်တရာ့ငါးဆယ် လွယ်လွယ်နှင့် ထွက်နိုင်ပါသည်။ ဤသင်္ချာကား အနည်းဆုံးအတန်းအစားဖြစ်၍ နိုင်ငံခြားချက်အရက် တပုလင်းဆိုလျှင် ငွေလေးငါးဆယ် သုံးရက်မှ မလည်ခင် ကုန်တတ် ပြန်ပါသေးသည်။
မုန့်မစားရသော ကလေးငယ်တွေကို ချော့၍ ရနိုင်ပါလျက် ထို အရက်ကို လျှော့၍ သောက်ရန်, ဖျောင်းဖျ၍ မရနိုင်သော လင်သည်အတွက် သားသမီးတွေပါ ဖြစ်သလို ရောင့်ရဲရရှာသည်။
ကိုဘိုးဟန် လက်အောက်တွင် လုပ်လာခဲ့သမျှ စာရေးကလေးတိုင်းလိုလို သူ့ အား လွှားခနဲ လွှားခနဲ တက်၍ ရာထူးရာခံ လခဝင်ငွေ တိုးသည်ထက် တိုးလျက်ရှိသော်လည်း ကိုဘိုးဟန် လုပ်သက်မှာတော့ မပြုတ်ရုံတမည် တည်းတည်းကလေး ရှိတော့သည်။ အရက်ရှိန်ကြောင့် အလုပ်များ ကပြောင်းကပြန်ဖြစ်ခဲ့ဖူးပေါင်း များလှပြီ။ အမှားမှား အယွင်းယွင်းတွေလည်း မနည်း။ နှောင့်နှေးကြန့်ကြာမှုလစ်ဟင်းပျောက်ဆုံးမှု၊ ဒါတွေမှာ အရင်းစစ်အမြစ်မြေက ဆိုသလို အရက်၏ ပယောဂမှန်း ကိုဘိုးဟန်ကိုယ်တိုင် သိခဲ့ပါသည်။ သူကား မိုက်တွင်းနက်လှသော လူ့အန္တိမ မဟုတ်၊ အမြော်အမြင် ဆင်ခြင်တုံတရား အသိများသော ခေတ်ပညာတတ်ယောက်ျားဖြစ်သည်။ အရက်မသောက်ရန် တား၍ မရလှသည့်အဆုံး စိတ်နှလုံးချမ်းသာသည်မရှိ တအိအိနှင့် မချိတရိ ကျိတ်ငိုတတ်သည့် မယားကိုလည်း မြင်ပါသည်။ ဝမ်းမဝတဝ ခါးမလှ တလှ အောက်တန်းကျနေသော ကလေးများကိုလည်း မြင်ပါသည်။ လုပ်သက်ရင့်သလို လခမရင့်သည်ကိုလည်း သတိရပါသည်။ အသက် ကြီးလာသလို ရာထူးမကြီးရသည်လည်း မခံချင်ဖြစ်မိပါသည်။ ထို့ကြောင့် မကြာမကြာ ကိုယ့်ကိုယ်ကို တရားချ၍ ရပ်တန်းကို ရပ်ပြီး ပြတ်တန်းက ပြတ်နိုင်ရန် ကြိုးစားကြည့်ပါသည်။
တဆယ့်သုံးနှစ်ကျော်ကျော်ရှိလာပြီဖြစ်သော သမီးကလေး မခင်မြ မမွေးခင်ကတည်းက ဆိုတော့ တဆယ့်လေးနှစ်လုံးလုံး လနှင့်တွက်သော် လပေါင်းတရာ့ခြောက်ဆယ့်ရှစ်လထိုကမှတဆင့် ရက်နှင့်ချင့်က ရက်ပေါင်းငါးထောင့်လေးဆယ်၊ တနေ့ဝယ်
သုံးခွက် ထိုအရက်ကို ပေါင်းလိုက်လျှင်ကား ခွက်ပေါင်း သောင်းငါးထောင်၊ ဤရွေ့ဤမျှ ဝင်လာသမျှတို့ကို လက်သင့်ခံလာခဲ့ရပြီဖြစ်သော အစာအိမ်နှင့် အူလေး အူမ အကြောပေါင်း မြောက်မြားစွာတို့က ယခုမှတော့ အလျှော့မပေး။ သောက်မချလျှင် ခေါင်းနောက်ကျိလာအောင် ဒုက္ခပေးတော့သည်။ လေတွေ ပျို့ခန် ဝေါခနဲ တက်ဆောင့်သည်။ နှုတ်လေး ကိုယ်လေး မျက်တောင်ပါမှေး၍ တံတွေးသွားရည်မှ မထိန်းနိုင်အောင် ဣန္ဒြေပျက် လာသည်။ ခြေတွေ၊ လက်တွေ တုန်လာကာ လူမမာ လေငန်းဖောက်သလို ကယောက်ကယက်ဖြစ်လာပြီးလျှင် နေမထိ ထိုင်မရ ထ၍မှ မလျှောက်နိုင်အောင် အဖြစ်ဆိုးကြီးက နှိပ်စက်တတ်သောကြောင့်
“ဘိုးဟန် မင်းတော့ ဘဝဆုံးပါပကော”ဟု ဝမ်းနည်းပက်လက် အသံမထွက်ဘဲ စဉ်းစားမိသည်။ မယားကိုလည်း သနားသည်။ သမီး သားကိုလည်း ကြင်နာပါသည်။ ဂုဏ်လောက ငွေလောက ပကာသန လောကကြီးကိုလည်း ခုံမင်ပါသည်။ သို့သော် အရက်က သူ့ ကို နိုင်နေသောကြောင့် ငါးရိုးမျက် လက်တို ဘယ်လိုမှ မတတ်နိုင်။
တရက်နှစ်ရက် ဇွတ်တင်း၍ နေကြည့်သည်။ ပူရှရှခါးသက်သက်ကလေးကိုမှ ခံတွင်းမျက်နေသော လျှာသည် အရက်မှလွဲ၍ ဘာကိုမှ လက်မခံချင်တော့။ ထို့ကြောင့် အစားအပျက်ကြီးပျက်လာ သည်။ ရီဝေအုံမှိုင်းသော ဦးနှောက်နှင့်မှ နှစ်နှစ်ကာကာ အိပ်ပျော်စေသော သွေးကြောတွေက မျက်စိမှိတ်၍ အိပ်ပါသော်မရ၊ အပြောကျယ်စွာသော ပူ လောင်သည့်သဲကန္တာရကြီးထဲတွင် ရေငတ်သူပမာ လျှာတွေပါ နှုတ်ခမ်းတွေပါ ခြောက်သွေ့ အက်ကွဲ၍ လာတော့သည်။ ထို့ကြောင့် အလိုလိုမောလာသည်။ အလိုလိုအားအင်တွေ ဆုတ်ယုတ်လာသည်။ ခန္ဓာကိုယ်ပါ ကတိမ်းကယိုင် ချည့်နဲ့လာသည်။
သုံးရက်က လေးရက်ဆက်၍ ဆက်၍ ဇွတ်တင်းကြည့်သည်။ အရက်ငွေ့ တွေကလည်း တက်၍ တက်၍ ကိုဘိုးဟန်ကို ညှဉ်းတော့ သည်။ သူခံစားရသော အရက်နှင့် ကင်းကွာမှု ဝေဒနာသည် နောက်ဆုံးကား မယားဖြစ်သူကပင် မကြည့်ရက်တော့ပေ။ ကြာကြာနေလျှင် သေမင်းက ဆွဲယူတော့မလို ထင်လာရသည်။
“မသန့် မသန့် ငါတော့ အရက်ဖြတ်လို့ မဖြစ်တော့ဘူး” ကိုဘိုးဟန်သည် မယားကို ဖက်၍ ဝမ်းနည်းပက်လက်နှင့် ငိုမိသည်။ တကယ်ပင် မချိတရိ အူလှိုက်သည်းလှိုက် ဖြစ်သောကြောင့် ယောက်ျားကြီးတယောက် မျက်ရည်ပေါက်ပေါက်ကျသည်ကို တွေ့ရသည့် မယား မှာ ချုံးပွဲချ၍သာ ငိုကြွေးရရှာတော့သည်။
“သောက်ပါ ကိုဘိုးဟန်ရယ်၊ သောက်ပါ သောက်ပါ။ ကျွန်မ ရှင့်ကို မမြင်ရက်ပါဘူး၊ ရှင်သောက်သမျှ ကျွန်မတို့က အသုံးအစား လျှော့ပေးပါ့မယ်။ တခုတော့ တောင်းပန်ပါရစေ မောင်ရယ်။ တန်ဆေး လွန်ဘေးတဲ့ အဲဒါကလေး သတိထားပါနော်”
မသန့်က တကယ့်စေတနာနှင့်ခွင့်ပြုလိုက်ပြန်တော့ သူ့ကို ဆူပူ စိတ်ကောက်၍ တားတာထက် တကယ်ရင်ထုမနာဖြစ်ရပြန်သည်။
“ငါ အောင့်နေကြည့်တယ် မသန့်ရယ်၊ ဒါပေမဲ့ အာရုံကြောတွေက အလျင်ဖြစ်ပြီး သွေးတောင်းနေကြတာတော့ ငါခံနိုင်ရည် မရှိတော့ဘူး။ မင်းငါ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ အခုသိရပါပြီကွယ် သိရပါပြီ။ သိရတော့ သာပြီး. အသည်းနာပါသေးတယ်။ ငါ့ကို မင်း ပစ်ထွက်သွားချင်တောင် သွားပါကွာ၊ ငါခွင့်ပြုပါတယ်”
“ကျွန်မ ဘယ်သွားရမလဲ ဒီကလေးသုံးယောက်နဲ့ ‘ကျွန်မဘယ်သွားပြီး ဘာလုပ်ကိုင်စားရမလဲ၊ ရှင် သက်ဆိုးရှည်အောင် အခြေအနေသာ ကြည့်သောက်ပါတော့၊ ကျွန်မ ခွင့်ပေးပါတယ် မောင်ရယ် ခွင့်ပေး ပါတယ်”
ကိုဘိုးဟန်၏ မျက်စိထဲမှာ မျက်ရည်တွေ ဝဲဝဲလည်နေသည်။ ထို့နောက် တဖြည်းဖြည်း မျက်နှာထားတင်းလာပြီး အံကြိတ်လိုက်သည်။ ဒါကိုမြင်လျှင် သူ့ကိုယ်သူ ဒေါသထွက်နေမှန်း သိသည်။
“ကဲ မသန့် ငါသွားမယ်”
“ကို ဘယ်သွားမှာတုံး”
“အရက်ဆိုင်ကို အရက်ဆိုင်ကို”
“ဆိုင်မှာတော့ သွားမသောက်စေချင်ဘူး ကိုဘိုးဟန်ရယ်၊ သောက်ခြင်းသောက်ရင် အိမ်ထဲမှာ ဣန္ဒြေရရသောက်ပါ၊ ကျွန်မ တောင်းပန် ပါရစေ”
မသန့်က ချော့ပြောတော့ ကိုဘိုးဟန်မှာ ခေါင်းကြီးငိုက်စိုက် ချ၍ နားထောင်နေရှာသည်။ သို့ သော် သူ့ ဝမ်းတွင်းကတော့ ဗလောင်ဆူ လှလေပြီ။
“ဒါဖြင့် သမီးလေးကို အဝယ်ခိုင်းလိုက်စမ်း၊ ဟောဒီ လမ်းထိပ် က တရုတ်ဆိုင်မှာ”
“တော်ပါ့မလား ကိုဘိုးဟန်”
“နို့ မင်းကိုယ်တိုင် သွားဝယ်မလားကွ၊ ငါ့သမီး ဘယ်သူ စော်ကားဝံ့မလဲ။ ငါ့ဒေါသကို တလမ်းလုံး သိတယ်။ ဘယ်သူမှ ငါ ဂရုမစိုက်ဘူး”
သို့နှင့် သမီးကလေးကို အဝယ်လွှတ်လိုက်ရသည်။ ကလေးမ ကလေးကတော့ ရှက်ရမှန်း ကြောက်ရမှန်းသိတတ်သေးသော အရွယ် မဟုတ်သေးသဖြင့် သူ့ကို မုန့်ဖိုးကလေးပေးမည် ဆိုကတည်းက ပေါ့ပေါ့ ပါးပါး ဝယ်ပေးလိုက်သည်။
“အဲဒါမှငါ့သမီးကွ၊ အဝယ်တတ်သားပဲ၊
ကဲ ငဘိုးဟန် ဒီလောက် သွေးတောင်းလှတာ သောက်စမ်းကွာ သောက်စမ်းကွာ၊ မသောက်ရရင် သေတော့မတတ်ဖြစ်နေတာ အားရပါးရ တဝကြီး သောက်လိုက်ကွ”
ပြောပြောဆိုဆိုနှင့် ရေငတ်လွန်းသူ ရေအိုးစင် တွေ့ တော့သလို သောက်လိုက်သည်မှာ မသန့်က ချင့်ချိန်ရန် သတိပေး၍မရ၊ ကလေးမ ကလေး မခင်မြပင် အခေါက်ခေါက် အခါခါသွား၍ ဝယ်ပေးရသည်။
ဒေါက်ခနဲ ဒေါက်ခနဲ ဆက်ကာ ဆက်ကာ တီးလိုက်သည့် သံချောင်းသံကား သုံးချက်တိတိ ဖြစ်တော့သည်။ ထိုအသံနှင့်တဆက်တည်းလိုလို
“အမေ ထမင်းဆာလှပြီ”ဟု သားအလတ်ကလေး အိပ်ရာမှ ယောင်နေသံကြားလိုက်ရသဖြင့် မသန့်သည် သူတွေးနေသမျှ လွင့်ပျောက်ကုန်ကြသည်။ ကုတင်ခြေရင်းက ဖျာကလေးပေါ်တွင် စီရရီ သိပ်ထားသောသားသမီးကလေးများအား သွား၍ စောင်ကလေး ခေါင်းအုံးကလေးပြင်ပေးလိုက်ရသည်။ ထို့နောက်တွင်မူ လင့်အပါးက ဝင်၍ ဘာမှ မတွေးမိအောင် ဇွတ်မှိတ်၍ အိပ်ချလိုက်ရသည်။
နောက်တနေ့ မိုးလင်းကတည်းက ရာသီဥတုသည် အုံ့မှိုင်း၍နေသည်။ မိုးရိပ်မိုးသားများသည် နေရောင်ကို လုံးဝ ဖုံးကွယ်မင်းမူနေကြသည်။ လောကဓာတ်ကြီးတခုလုံး ပျင်းရိထိုင်းမှိုင်းစရာကောင်းလှသည်။ မသန့်၏စိတ်ထဲမှာ ကြည်ကြည်လင်လင် မရှိလှ၊ ပတ်ဝန်းကျင် သဘာဝအတိုင်း ထိုင်းမှိုင်း လေးလံနေတော့သည်။ ညက အအိပ်ပျက်ထားသော မျက်စိများက ဖန်စပ်စပ်ဖြစ်နေသည်။ ညက တွေးတောနေမိသော အာရုံကြောများက ခပ်ထွေထွေ ခပ်ဝေဝေ နောက်ကျိနေသည်။
အိတ်ထဲမှာ ပိုက်ဆံမရှိ၊ မီးဖိုခွင်ထဲတွင် ချဉ်ရည်ဟင်းကလွဲ၍ ဆီပြန်တခွက်မှ မရှိ။ ထို့ထက် စိုးရိမ်မိတာက ကိုဘိုးဟန်အတွက် အရက်ကျန် မရှိ၊ မနက်အိပ်ရာက ထကတည်းက ပုလင်းကျန်ကလေးနှင့် သူ အရက်နာကျသမျှ စောစောစီးစီး ကုစားသွားခဲ့ပြီ မဟုတ်လော။ ညနေပြန်လာလျှင် ထမင်းမစားခင် အရက်လေးနှစ်ခွက် သုံးခွက် ဝင်မှ ထမင်းပွဲမှာ ဖြောင့်ဖြောင့်တန်းတန်း ဝင်ထိုင်ချင်သည်။ အရက်ကလေး တမြမြဖြစ်ပြန်တော့ ဆီပြန်ဟင်းကလေး အကြော်ကလေးများ ပါမှ အာဟာရခံတွင်းတွေ့ တတ်သည်။
ယနေ့တော့ ခက်ကပြီ၊ ပြန်လာလျှင် ကိုယ်က ချော့၍ တနေ့ တလေတော့ ခြိုးခြံရအောင် ပြောရတော့မည်။ မသန့်သည် ဤသို့နှင့်သာ စိတ်လေးနေမိ၏။
“မသန့်ရေ အေ မသန့်”ဟု ဖိနပ်ချွတ်လောက်က ကိုဘိုးဟန်၏ အသံကို ကြားလိုက်ရပါပြီ။ သိုနှင့် ဟင်းအိုးကလေး နွေးနေရာက အထတွင်
“ထိုင်ဗျာ ကိုစိုးမြင့်”ဟုထပ်၍ ကြားရသောကြောင့် ဧည့်သည် ပါလာမှန်းသိရပြန်ပါသည်။ ခက်တာက ဧည့်သည်ပါလာလျှင် ကိုဘိုးဟန် က ပျော်ပျော်ပါးပါး သောက်တတ်သည်။
“ဟောဒါ ကျွန်တော့မိန်းမပဲဗျ၊ ဟဲ ဟဲ ဟေ့ မသန့်၊ ဒါ တောင်ငူ က သစ်ကုန်သည်ကြီးကိုစိုးမြင့်တဲ့၊ မှတ်ထားနော်”ဟု မိတ်ဆက်ပေးသောကြောင့် မသန့်က ကြည့်ပြီး ပြုံးလိုက်ရသည်။ ဧည့်သည်မှာ မွန်မွန်ရည်ရည် သိက္ခာသမာဓိရှိပုံရသည်။ ဣန္ဒြေ
တည်တံ့သည်။ ရတနာ သုံးပါးကိုင်းရှိုင်းပုံရသည်။ သူ့ ယောက်ျား ဒီလို လူစားမျိုးနဲ့ တွဲလာတော့ ပေါင်းသင်းဆက်ဆံမှုအတွက် အတော်ကျေနပ်သည်။ အားရှိသည်။ ဂုဏ်ယူမိသည်။
သို့သော် ကိုဘိုးဟန်က နောက်ဖေးမီးဖိုဆောင်သို့ လိုက်လာပြီး
“ဟေ့ မသန့်၊ ဧည့်သည်ကို ထမင်းကျွေးရမယ်ကွာ၊ ဘာဟင်း ရှိသလဲ”ဟု ကြိုတင် စီစဉ်မှုမပေးဘဲ အရေးပေါ် လတ်တလော ပြော လာသောကြောင့်
“ဟာ ကိုဘိုးဟန်ကလဲ လုပ်ကရော့မယ်၊ အိမ်မှာ ချဉ်ရည်တခွက်တည်း”
“ဒါဖြင့်လဲ အခေါက်ကင်၊ အသားကင်၊ ဆယ့်နှစ်မျိုးကြော်ကလေး ဘာကလေး ဝယ်ပေါ့ကွာ၊ နို့ အရက်ကော အရက်”
“ဟောတော် ဧည့်သည်ကိုပါ တိုက်မှာလား။ သောက်တတ်လို့ လား’
“အေးပေါ့ကွ၊ ငါနဲ သောက်ဖက်ပဲ၊ သူကချည်းပဲ တိုက်ပေါင်း များလှပြီ၊ ဒါကြောင့် ဒီတခါ အိမ်ခေါ်ထမင်းကျွေးတာ” မသန့်စိတ်ထဲမှာတော့ အထင်နှင့်အမြင် ကွာသွားသဖြင့် ဝမ်းနည်းမိသည်။
“သူတို့ ယောက်ျားများ အကဲခတ်ရတာ မလွယ်ပါကလားနော်” ဟု ညည်းလိုက်ချင်သည်။
“စောစောစီးစီးက သမီးလေးကို အဝယ်ခိုင်းမထားဘူးလား။ ဟို ပုလင်းထဲကဟာ မနက်က ငါသောက်ကတည်းကကုန်တာ မင်းလဲ အသိသားနဲ့”
“ပိုက်ဆံမှ မရှိဘဲ ကိုဘိုးဟန်ရယ်”
“အေး ဟုတ်သားပဲ ဟုတ်သားပဲ၊ ကဲ မြန်မြန်အဝယ်ခိုင်းလိုက် စမ်း။ ရော့ ငါ လခထုတ်လာတယ်”
ကိုဘိုးဟန်က သူ့အိတ်ထဲက ကျန်သမျှပိုက်ဆံကလေးကို အိတ်သွန်ဖာမှောက် ထုတ်ပေးရှာသည်။ အရက်ကြွေး၊ လပေါင်၊ အတိုး စသည် တို့ကို ပေးခဲ့ရပြီးသည့်နောက် သူ့ ထံက ရသမျှမှာ လခ၏
တဝက်စာ လောက်သာ ရှိသည်။ ဒီအထဲက အိမ်အတွက် သုံးစားလာခဲ့သော ဆန်ကြွေး ဆီကြွေး၊ ငရုတ်ကြက်သွန်ကြွေးတွေကို ဖဲ့ဆပ်လိုက်ဦးမည် ဖြစ်ရာ တလလုံးလုံး ခြိုးခြိုးခြံခြံနှင့် သုံးသွားဖို့ကတော့ တလနှင့် တလ ပဋိစ္စသမုပ္ပါဒ်လည်သလို လည်ခဲ့ဖူးပေါင်းများလှပြီဖြစ်၍ အကျင့် ရလှပါပြီ။
ထိုကြောင့် ကိုဘိုးဟန် ပြန်သွားပြီး အိမ်ရှေ့တွင် ဧည့်သည်နှင့် စကားဖောင်လောက်အောင် ပြောနေစဉ်အခိုက် သမီးကလေးကို ကျိတ်၍ လွယ်အိတ်ကလေး ပေးကာ မှာတန်တာတွေ မှာလိုက်ရသည်။ “တော်ပါသေးရဲ့၊ ပိုက်ဆံကလေးပါ လာလို့”
မသန့်သည် သားနားသော ဂုဏ်သရေရှိဧည့်သည်အတွက် အရေးပေါ်ထမင်းပွဲအတွက် ရှိသလောက်နှင့် လှလှပပကလေးဖြစ်စေရန် လက်မလည်အောင် စီစဉ်နေရသည့် အချိန်မှာ ကုန်မှန်းမသိ ကုန်သွားခဲ့ ရာမှ
“ဟဲ့ သမီး၊ ဘာဖြစ်လို့လဲဟင် ဘာဖြစ်လာသလဲ”ဟု ကိုဘိုးဟန်၏ ပျာပျာသလဲမေးသံမှာ မသန့်အဖို့ ခေါင်းနပန်းများ ကြီးသွားမိသည်။ ထိုမှ
တဆက်တည်း သမီး၏ ငိုရှိုက်သံမှာ အိမ်ပေါ် ရောက်လာမှန်း သိသဖြင့် ကမန်းကတန်း ထွက်ကြည့်မိလေ၏။ မသန့်၏ မြင်ရ ချက်မှာ မျက်စိနှစ်ဖက်စလုံးပြာသွားသလား ထင်ရသည်။ ကြီးကောင် မဝင့်တဝင် သမီးကလေး၏ အပေါ်ရှန်သားအင်္ကျီကလေးမှာ စုတ်ပြဲ၍ ရှိလေ၏။ မအေကို မြင်လိုက်သောအခါ သမီးကလေးက ပြေးဖက်၍ အရက်ပုလင်း လွယ်အိတ်ကို ပစ်ချပြီး
“အမေ ကျွန်မကို ဟိုအရက်ဆိုင်ထဲက လူကြီးတယောက်က အတင်းဖက်နမ်းတယ်ပြီးတော့”
“ဟဲ့ သမီး”
မသန့်၏ ရင်ထဲမှာ မီးဟုန်းခနဲတောက်သွားကာ မျက်နှာတွေပါ ပူလာသောကြောင့် သူ့ပါးစပ်ကလေးကို အတင်းမရအရ လိုက်ပိတ် လိုက်ရသည်။ အမှန်စင်စစ် သမီးကလေးမှာ ကလေးစိတ်နှင့် ကလေးကိုယ် သာသာမျှသာဖြစ်သောကြောင့် ဧည့်သည်ရှေ့ ဖအေရှေ့မှာ ရှက်ရ ကြောက်ရမှန်းမသိ ဇွတ်တိဇွတ်ထိုး ပြောချလိုက်သည်။
ကိုဘိုးဟန်သည် ဧည့်သည်၏ မျက်နှာကို
တချက်မျှ လှမ်းကြည့် ပြီးနောက် ဆတ်ခနဲ ထိုင်ရာမှ ထတဲ့၍
“ဘယ်ကောင်လဲကွ၊ ငါ့သမီးကို စော်ကားတာ”ဟု တခွန်းတည်းပြောပြီး ကမူးရှူးတိုး အိမ်ပေါ်မှ ဆင်းပြေးလေတော့ရာ မြွေပူရာ ကင်းမှောင့်ဆိုသလို သမီးနှင့် လင်ကြား ဗျာများလိုက်ရပြန်သည်။
“လုပ်ပါဦး ဦးစိုးမြင့်၊ မြန်မြန်လုပ်ပါဦး၊ လက်လွန်ကုန်တော့မယ်”
“ဟေ့ ကိုဘိုးဟန် ကိုဘိုးဟန်၊ အရမ်းမလုပ်နဲ့”
အပြေးအလွှားနှင့် နှစ်ယောက်သား မသန့်မျက်စိအောက်မှ ပျောက်သွားကြသည်။ မကြာမီ လမ်းထိပ်က ဆူဆူညံညံအသံတွေကို တထိတ်ထိတ်နှင့် ကြားရသည်။ ကြောက်လွန်းနေသော သမီးကလေးကိုလည်း ထားမပစ်ရက်။ လင်ကိုလည်း စိတ်မချ။ ရင်တမမနှင့် ဆဲသံ ဆိုသံ၊ ကြိမ်းမောင်းသံ၊ ရိုက်သံနှက်သံ အော်သံတွေကိုသာ ဘုရား တနေမိသည်။
မနေနိုင်လွန်း၍ နောက်ဆုံး အိမ်ပေါက်ဝက ပြေးထွက်လိုက်သည်။ လူတွေ ဝိုင်းအုံကာ ရုတ်ရုတ်သဲသဲကြားတွင် ဒေါသူပုန် ထနေသော ကိုဘိုးဟန်အား ကိုစိုးမြင့်က အတင်းဆွဲလာရသည်။
“မြတ်စွာဘုရား ကယ်တော်မူပါ”
မသန့်က လန့်အော်မိအောင် သွေးများသည် သူချိုစောင်းက တတွေတွေ စီးဆင်း၍ ရှပ်အင်္ကျီတခြမ်းလုံး ရဲရဲနီနေသည်ကို မြင် လိုက်ရသည်။
“ငါ့ကိုရိုက်ပြီး ထွက်ပြေးတယ်။ တနေ့သိမယ်၊.. မင်းကို အရှင် မထားဘူး။ ဘိုးဟန်ကွ တဟန်တည်းရှိတယ် လရှီး”
ဤသိုသာ အယုတ္တအနတ္တတွေ ဆဲဆိုရေရွတ်နေသည်။ သူ့ မှာတော့ ဒဏ်ရာနှင့် ပြန်လာခဲ့ရပြီ။
ကိုစိုးမြင့်နှင့် မသန့်က ချော့မော့ဖျောင်းဖျ၍ မနည်းငြိမ်အောင် လုပ်ကာ ဒဏ်ရာဒဏ်ချက်တွေကို ဆေးကြောသုတ်သင်ပေးရသည်။ ထိုစဉ်အတွင်း ကိုဘိုးဟန်သည် ကြောက်လန့်တုန်လှုပ်၍ ရုပ်ဆင်းသံပျက် ဖြစ်နေသော သမီးကလေးကို စိုက်ကြည့်ရင်း ပြင်းပြင်းထန်ထန် တက် တချက်ခေါက်လိုက်ကာ မသန့်တို့ လက်မှ ရုန်းထွက်သည်။ သို့သော် မသန့်စိုးရိမ်သလို အိမ်အပြင်ဘက်သို့ ထွက်ခြင်းမဟုတ်။ အိမ်ခေါင်းရင်း ဘုရားစင်ဘက်သိုဦးတည်ရှေ့ရှုသွားပြီး ငုတ်တုတ်ထိုင်ကာ ရိုရိုသေသေ ဦးချလိုက်သည်။
“ဖြစ်လေရာဘဝတိုင်း အရက်သမားမဖြစ်ပါရစေနဲ့ မြတ်စွာ ဘုရား” ဟူသော ဆုတောင်းသံမှာ မသန့်က အတိုင်းသား ရင်ထုမနာ ကြားလိုက်ရပါပြီ။ သာဓုခေါ်မိပါပြီ။
သို့သော် ဘုရားစင်မှ ပြန်အလာတွင်ကား
“ဟေ့ မသန့်၊ ယူခဲ့စမ်း အရက်ပုလင်း” ဟူသတည်း။
မှန်ပါသည်။ ကိုဘိုးဟန်ခမျာမှာတော့ နောက်ဘဝက အစပြု၍ ဖြစ်လေရာ ဘဝတိုင်းသာ ဆုတောင်းပြည့်ချင်ပြည့်ပေမည်။ ဝေရာမဏိ၊ ရှောင်နိုင်လျှင် ရှောင်နိုင်ပေချိမ့်မည်။ ယခု ကျန်သေးသမျှ သူ့ဘဝ သက်တမ်းတိုကလေးမှာတော့ ဒါကိုရွံ၍ မုန်း၍ စက်ဆုပ်နောင်တ ရ၍ ကင်းချင်ပေမယ့် မကင်းနိုင်၊ မငြင်းနိုင်၊ မတင်းနိုင်တော့ပါတကား။
#သုခ
ျဖစ္ေလရာ ဘဝဝယ္
____________________
ဦးသုခ
ခုတင္ေပၚတြင္ ပိုးလိုးပက္လက္လန္ေနေသာ လင္သည္ ကိုဘိုးဟန္ကို ၾကည့္ရင္း စိတ္ပ်က္၍ စက္ဆုပ္လာခဲ့သည့္အႀကိမ္ေပါင္းမွာ မယား ျဖစ္သူ မသန႔္အဖို႔ မေရမတြက္ႏိုင္ေအာင္ရွိလွၿပီး မုန္းသည္၊ မုန္းသည္။ သို႔ ေသာ္ ပစ္ႏိုင္ေလာက္ေအာင္၊ ကြာႏိုင္ေလာက္ေအာင္၊ ထြက္ေျပးႏိုင္ ေလာက္ေအာင္ မုန္း၍ေတာ့မရ။
မုန္းမယ့္မုန္းလွ်င္ သို႔ ကေလာက္အထိ မုန္း၍မရႏိုင္သည့္အတြက္ ကိုယ့္ကိုယ္ကို ေဒါသထြက္မိျပန္သည္။ သူ႔ကို ငါ ဘာမက္စရာရွိသလဲ၊ ေနေရးထိုင္ေရး၊ စားေရးခါးေရး၊ ဒါေတြကို အပထား၊ ေန႔တိုင္းေန႔တိုင္း စိတ္ခ်မ္းသာလား။ နည္းနည္းေလးမွ စိတ္မခ်မ္းသာ။ ဒါႏွင့္ ဘာကိုမက္၍ ဤအရက္သမားကို လင္ျပဳေနရပါလိမ့္။
အဲဒါက်ေတာ့ မိန္းမ၊ မသန႔္မွာ မိန္းမျဖစ္ေန၍သာ က်ိတ္မွိတ္ ပိန္လိန္၍ သူ႔ဘဝ၏အညစ္အေၾကးကို မ်က္ရည္ႏွင့္ ေဆးေဆးေနမိေတာ့ သည္။
မသန႔္သည္ သူ႔ လင္၏မ်က္ႏွာကို ေစ့ေစ့စပ္စပ္စုံ ၾကည့္ေနသည္။ ကုတင္တခုလုံးကို ေလးဖက္ေလးတန္ကား၍ ပစ္စလက္ခတ္ အိပ္ေမာက်ေနသည္။ ခြီး ခြီး ဟူေသာ ေဟာက္သံသည္ ၾကမ္းတမ္းခက္ထေရာ္ေသာ သူ႔မ်က္ႏွာႏွင့္ လိုက္ေလ်ာေအာင္ မႏွစ္ၿမိဳ႕စရာျဖစ္သည္။ ခက္ထန္ ေသာမ်က္ႏွာထားမွာ အိပ္ေမာက်ေနၿပီျဖစ္၍ ေျပသင့္သေလာက္ ေျပေနေစကာမူ မိေမြးတိုင္းဖေမြးတိုင္း မဟုတ္ေတာ့ေသာ သူ၏ ပါးစုံ၊ သူ၏ ႏွာတံ၊ သူ၏နဖူး၊ သူ၏မ်က္ခြံတို႔မွာ ၾသဇာသီးမ်ားလို အဖုအပိန႔္ေတြ ထေနေပသည္။ အရက္ေတြ အေရာင္တက္သလို ေျပာင္လက္ေနသည္။ အရက္ေခြၽးျပန္သလို ေစးထန္းနံေစာ္ေသာ ေပါင္းအိုးက ေခြၽးေတြ ကဲ့သို႔ စြတ္စိုေနသည္။ ဒီၾကားထဲတြင္ ပါးေစာင္မွအာေရတို႔သည္ သူ ျဖစ္ကတတ္ဆန္း ပရမ္းပတာ ဆြဲအုံးထားေသာ ေခါင္းအုံးေပၚမွာ တေတြေတြ က်ဆင္းေနေသးသည္။
ျမင္ရသူအဖို႔ ဤသည့္ ဤပုံအနိ႒ာ႐ုံေတြ ျမင္ေတြ႕ ေနရလင့္ကစား အရက္သမားျဖစ္ေသာ သူ႔ အဖို႔မွာေတာ့ ဣ႒ာ႐ုံခ်ည္းသာ အိပ္မက္မက္ခ်င္မက္ေနေပမည္။
မသန႔္သည္ မရႈႏိုင္မကယ္ႏိုင္ျဖစ္ေနေသာ ရင္ဝက အလုံးကို ဗုန္းဗုန္းက်ေအာင္ သက္မႏွင့္ေရာ၍ ခ်လိုက္ရသည္ ခ်၍မွ က်ေတာ့မည္ႀကံကာ ရွိေသးသည္။ မခင္ျမအစရွိေသာ ကုတင္ေျခရင္းက သားသမီး သုံးေယာက္ လူးၾကလွိမ့္ၾကသံေၾကာင့္ သူတို႔ထံ အာ႐ုံေရာက္သြား ရျပန္သည္။
အႀကီးဆုံးသမီး မခင္ျမ အသက္ တဆယ့္သုံးႏွစ္။ မသန႔္သည္ ကေလးေတြ၏မ်က္ႏွာကို အေဝးက လွည့္ၾကည့္လိုက္႐ုံႏွင့္ အျပစ္ကင္းမဲ့စြာ ေၾကာင့္ၾကပူပင္မႈ မရွိ၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၾကသည့္ မ်က္ႏွာထားကို ျမင္လိုက္ရပါသည္။ ကေလးေတြ အကုသိုလ္ကင္းစင္သလို သူတို႔အေဖ ကင္းစင္ေနပါသျဖင့္ ဘယ္ေလာက္ ဆင္းရဲဆင္းရဲ ဆင္းရဲပါေစ ေက်နပ္ႏိုင္ပါေသးသည္။ ယခုကား သူ ကိုယ္တိုင္မကင္းသည္မဟုတ္၊ ယေန႔လား နက္ျဖန္လား အပ်ိဳေသြးဝင္ေတာ့မည့္ သမီးကေလးကို လူၾကမ္းလူသရမ္း၊ ေၾကာ့ၾကမ္းေဟာ့ရမ္းသူတို႔၏ သားရဲတြင္းျဖစ္သည့္ အရက္ဆိုင္သို႔ အရက္ပုလင္း အဝယ္လႊတ္ တတ္ပါေသးသည္။ သူ႔အဖို႔ေတာ့ “ခိုင္းလာတာပဲ သုံးေလးႏွစ္ရွိမွကြာ” ဟူ၍ မထူးဆန္းေသာ ဘဝကို အေၾကာင္းျပတတ္သည္။ ဤသို႔ျပသလို အရက္ကိုသာ ရမည္ဆိုက မယားကိုပါ ခိုင္းခ်င္ခိုင္းပါလိမ့္မည္။
အရက္သည္သာ သူ႔အတြက္ အေရးအႀကီးဆုံး။
အရက္သည္သာ သူ၏ေမြ႕ေလ်ာ္ရာ အရည္ယမကာ။
အရက္သည္သာ သူ အတပ္မက္ဆုံး အႏွစ္သက္ဆုံး။
အရက္သည္သာ သူ၏အာဘဝနဏ။
ေဒါင္ခနဲေနေအာင္ တီးလိုက္ေသာ သံေခ်ာင္းသံေၾကာင့္ တနာရီ ထိုးၿပီျဖစ္ေၾကာင္း မသန႔္သိလိုက္ရသည္။ ညတိုင္းဆိုလွ်င္ မသန႔္ပါ စိတ္ညစ္ညစ္ႏွင့္ အိပ္ေပ်ာ္ခဲ့သည္။ ယေန႔ညေတာ့ အိပ္၍မေပ်ာ္၊ လုံးဝ အိပ္ခ်င္စိတ္မရွိေတာ့သလို မ်က္လုံးေတြ ေၾကာင္ေနသည္။ ဤလို မအိပ္ခ်င္ျခင္းက မသန႔္အား ေတာင္ေတြးေျမာက္ေတြးႏွင့္ စိတ္ညစ္ေဆး ေဖာ္ေတာ့မည္။ ဒါကိုသိ၍ ဇြတ္အိပ္ၾကည့္သည္။ ပရမ္းပတာ ၾကမ္းတမ္းစြာ လႈပ္ရွားေသာ ကိုဘိုးဟန္၏ ေျခႏွင့္လက္တို႔က မသန႔္၏ ပါးကို လာ႐ိုက္သည္။ မသန႔္၏ခါးကို လာ၍ ကန္သည္။
ထိုအခါ “အင္း အိပ္ေကာင္းျခင္း မအိပ္ရ၊ စားေကာင္းျခင္း မစားရ”ဆိုတာ ဒါေတြကို ေျပာတာမ်ားလားဟု စဥ္းစားလိုက္မိသည့္ အစကေလးက သံသရာအမွ်င္တန္း မဆုံးခန္းေသာ ေတြးေတာမႈေတြ ျဖစ္ေပၚေနေတာ့သည္။
“မသန႔္၊ မင္းကို က်ဳပ္ေမတၱာရွိေနတာ”
“အို ကိုဘိုးဟန္၊’ ရွင္ အရက္ေတြ ‘ေသာက္လာၿပီး ဘယ့္ႏွယ္ စကားေတြ”
“ဟဲ ဟဲ ဟုတ္တယ္၊ က်ဳပ္အရက္ေတြ ေသာက္လာတယ္၊ ဒါ ႀကိဳက္လို႔ ေသာက္တာ မဟုတ္ဘူး၊ မင္းကို မေျပာရဲလို႔. ရဲေဆးတင္လာ ရတာ သိလား သိလား”
မညားခင္က တဇြတ္ထိုးေျပာလိုက္ပုံကေလးမွာ အဲဒီတုန္းက မသန႔္အဖို႔ အေတာ္ဝမ္းသာသြားမိသည္။ အေတာ္ေသြးႀကီးမိသည္။
ငါ့ကိုႀကိဳက္ပါတယ္ဆိုတာေလးေတာင္ မေျပာဝံ့လို႔အရက္ေသာက္ လာရသတဲ့။ ငါ့ကို အေတာ္ေၾကာက္ေနပါလား၊ ေလးစားလြန္းလွပါကလား။ သူမႀကိဳက္ဘဲနဲ႔ ေတာင္ ဇြတ္မွိတ္မ်ိဳလာရဆိုပါလားဟု ကိုယ့္ဘက္ကိုယ္ယက္ေတြးၿပီး အေတာ္ကေလး ဘဝင္ျမင့္ခဲ့မိသည္။ စင္စစ္မွာလည္း ကိုဘိုးဟန္မွာ မ်ိဳးသန႔္႐ိုးသန႔္ ေခတ္ပညာတတ္၊ အလုပ္ႏွင့္ အကိုင္ႏွင့္ ကိုယ္လြတ္လက္လြတ္ ျဖစ္ျခင္းေၾကာင့္ မသန႔္ကိုယ္တိုင္က ျငင္းလိုက္မဟဲ့ဟု မေတြးခဲ့ဖူး႐ုံမက ဘယ္ေတာ့ စပါ့မလဲဟု အရိပ္အကဲ ကို ေစာင့္ေမွ်ာ္ေနစဥ္ ျဖစ္ပါသည္။
“ဟင့္အင္း ကြ၊ ငါကေတာ့ တားမရဘူး၊ ခ်စ္မွာပဲ ခ်စ္မွာပဲ၊ ဇြတ္ခ်စ္မွာပဲ၊ အေသဝနာစ ဗာလာနံ၊ မေသခ်ာသမွ် ငါမျပန္၊ ဘာရမလဲ အရက္ကို ေမာင္းတင္လာခဲ့ရတာက အရႈံးခံလို ဟင္း ဟဲ ဟဲ ဟဲ”
ႀကိဳက္ၾကၿပီး၍ ႏွစ္ေယာက္ခ်င္း ခ်ိန္းေတြ႕ ျပန္ေတာ့လည္း အရက္ ကေလးကို အေဖာ္လုပ္ကာ အပိုင္စီး၍ ႏိုင္နည္းကားႀကီး ႏိုင္လိုက္ ျပန္သည္။ ထိုစဥ္ကလည္း မသန႔္မွာေတာ့ ဝမ္းသာလြန္း၍ ငိုမိသည္။ အရက္ေၾကာင့္သာ ဤမွ်ရဲတင္းသည္၊ ျမန္ဆန္သည္စိတ္အားထက္သန္ သည္။ နိဂုံးခ်ဳပ္လိုက္ေတာ့ အရက္ေၾကာင့္သာ ေတာင့္တအပ္ေသာ ပန္းတိုင္ကို အျမန္ဆုံး ေရာက္ခဲ့ရသည္။ မသန႔္သည္ ပီတိေၾကာမွာ ေျမာ၍ ေမာသြားသည္အထိ ျဖစ္ရသည္။
“ကဲ ကိုဘိုးဟန္ ျပန္ပါေတာ့၊ အေမတို႔ ႏိုးကုန္ေတာ့မယ္”ဟု မသန႔္က ႏြမ္းလ်လ်ႏွင့္ႏႈတ္ဆက္၍ ႏွင္လႊတ္သည္ကိုပင္ ကိုဘိုးဟန္ကေတာ့ ပါးစပ္က ၿပဳံးၿဖီးၿဖီး ေခါင္းႀကီးယမ္းတမ္းတမ္း အငမ္းမရ၊ တတမ္းတတ တလွမ္းစျပန္ပါေသးသည္။
“ဟင့္အင္း ျပန္ဘူး ျပန္ဘူး ဘယ္သူ႔ ဂ႐ုစိုက္ရမလဲ ငါ့မယားဆီ ငါလာတာ၊ ခ်စ္စရာေတြ တပုံႀကီးရွိေသးတယ္ သိလား၊ တပုံႀကီး ရွိေသးတယ္ ဟီး ဟီး ဟီး”
ဤကဲ့သို မူးသည့္ မူးရမ္း၊ ႐ူးတည့္႐ူးႏွမ္း၊ ဘီလူးဖမ္းသလိုဖမ္းျပန္ေတာ့လည္း မသန႔္မွာ ဘာမွ မတတ္ႏိုင္။ ခ်ဥ္တင္တင္ စူးဝါးဝါး အနံ႔အသက္ၾကားမွာ အသက္ရႉမ်ားပင္ မွားခဲ့ရပါသည္။
“ဪ ကိုဘိုးဟန္ ကိုဘိုးဟန္”
သူျပန္သြားေတာ့ မသန႔္၏ တကိုယ္လုံးမွာ အရက္နံ႔ ကေလးေတြ စြဲက်န္ရစ္ခဲ့သည္။ သူ႔ကို အလြန္အမင္း ခပ္ျပင္းျပင္းကေလး ခ်စ္သြားသည္မွာ အရက္ကေလာ၊ လူကေလာဟု ေတြးေတာ၍ပင္ေနမိ သည္။ အစက ခ်ဥ္ခ်ဥ္တူးတူး ေအာ္ကလီဆန္စရာေကာင္းေသာ အနံ႔ ဟု မသတီခဲ့ေပမင့္ ကိုဘိုးဟန္၏ေဖာ႒ဗၺကို စားၿမဳံ႕ျပန္လိုက္လွ်င္ ဤအနံ႔ကေလးကူမွ တင္းျပည့္က်ပ္ျပည့္ အရသာကို ခံစားႏိုင္မွန္း သတိရသည္။
တင့္တင့္တယ္တယ္ညားၾကသည့္ ပထမညကမ်ားဆိုလွ်င္ ကိုဘိုးဟန္သည္ အလုပ္က ျပန္ကတည္းက ပုလင္းႀကီးကို ပိုက္၍ ျပန္လာ သည္။
“ကိုဘိုးဟန္ ရွင္ အရက္သမားျဖစ္ေတာ့မွာလား”ဟု ဆီး၍ ဆူလိုက္သည္။
“ဟား ဟား ဟား မင္းနဲ႔ညားရတာ ဝမ္းသာလြန္းလိုပါ မိန္းမရာ”
“ၾကည့္စမ္း ေသာက္လဲ လာေသးတယ္၊ ပါးစပ္က နံလို”
“ေဟာ္ ေဟာ္ ေသာက္တာ အဆန္းမွတ္လို႔၊ ေသာက္ေတာ့ ဘာျဖစ္တုံး၊ စားေကာင္းတယ္၊ ေသာက္ေကာင္းတယ္၊ ေသြးသား ညီၫြတ္တယ္၊ အားရွိတယ္၊ ဒီေတာ့ ဒီေတာ့ တို႔လင္မယား အားရပါးရ ေတာင္ ခ်စ္ႏိုင္ေသးတယ္”
“အို ကိုဘိုးဟန္”
“မအိုနဲ႔ အစ္မ၊ မင့္အတြက္ ငါေသာက္ရတာ သိလား”
“အို ဘာေတြေလွ်ာက္ေျပာေနရတာလဲ၊ နားရွက္ပါတယ္”
“ဟား ဟား ဟား တျခားမဟုတ္ပါဘူး။ က်န္းက်န္းမာမာနဲ႔ လုပ္ႏိုင္ကိုင္ႏိုင္မွ စားေရးေနေရး ဟန္က်ၿပီး မင့္ကို တင့္တင့္တယ္တယ္ ထားႏိုင္မွာေပါ့ ဟုတ္ဘူးလား၊ ဟုတ္ဘူးလား၊ အဟီး.ဟီး ဟီး မသန႔္ေလး ခ်စ္လိုက္ပါတဲ့ အာ႐ုံ ဟုန္ ဟုန္ ဟုတ္ ေ႐ႊျမင္းမိုရ္ တေတာင္လုံး ဟုန္း ဟုန္း ဟုန္းကို”
“ဪ ဘယ့္ႏွယ္ေအာ္ႀကီးဟစ္က်ယ္ လုပ္ေနရတာတုံး၊ က်ဳပ္ စိတ္ရႈပ္လာၿပီေနာ္ သိလား”
မသန႔္မွာ တကယ္မွာပင္ ကသိကေအာက္ ျဖစ္၍ ငိုသံေပါက္လာ သည္။ အိမ္နီးပါးခ်င္းမ်ားကို ရွက္၍ စိတ္ညစ္ရသည္။ ဒီလို ငိုလိုက္ျပန္ေတာ့ ကိုဘိုးဟန္က ပ်ာပ်ာသလဲ ေခ်ာ့သည္။ ခခယယ ေတာင္းပန္သည္။ ခြၽဲခြၽဲပ်စ္ပ်စ္ ေအာက္က်ိဳ႕ အသနားခံသည္။ မသန႔္သည္ ဤလိုႏွင့္သာ ကိုဘိုးဟန္၏ အ႐ူးအမူးခ်စ္မႈကို သာယာရျပန္သည္။ မွန္ေပ၏။ ကိုဘိုးဟန္မွာေတာ့ အရက္ကို တခြက္ၿပီး
တခြက္ ေသာက္ရင္း ႐ူးသလိုလိုႏွင့္လည္း ခ်စ္သည္။ မူးသလိုလိုႏွင့္ ခ်စ္သည္။ ထို႔ေၾကာင့္ပင္လွ်င္ မသန႔္ကိုယ္တိုင္ “ငါ့ေတာ့ အခ်စ္သားပဲ”ဟု ခြင့္လႊတ္လိုက္ရသည္။
သို႔ေသာ္ ကာလတာေတာင္ မၾကာျမင့္မီပင္ မိမိထက္ အရက္ကို ပို၍ခ်စ္ေၾကာင္း ဇာတိျပလာေတာ့သည္။ တညတြင္ ကိုဘိုးဟန္ အလြန္အကြၽံ မူးလာသည္။ သူ႔ အေပါင္းအသင္း ေသာက္ေဖာ္ ေသာက္ ဖက္တေယာက္က တြဲ၍ ထိန္းလာရသည္။ သူ တကယ္မူးလာေတာ့ တကယ္စိတ္ပ်က္စရာေကာင္းေၾကာင္း ယခုမွ သိရသည္။ အဝတ္အစား အကြၽတ္ကြၽတ္၊ ဣေျႏၵအလြတ္လြတ္။
“သန႔္၊ သန႔္ ကိုယ္ေတာ့ မူးလာၿပီကြ”
မသန႔္သည္ ထ၍ တြဲယူရမွာကိုပင္ စိတ္နာသည္။ ထို႔ေၾကာင့္ ဘာတခြန္းမွလည္း မေျပာ။ ဘာတခုမွလည္း မလုပ္။ ငုတ္တုတ္ ထိုင္ၾကည့္ေနလိုက္သည္။
“ေဟ့ မသန႔္ မသန႔္ ဟဲ့ေကာင္မ၊ မိသန႔္ နင္ဘယ္လင္ငယ္ ေတြ႕ ေနလို. ငါ့ကို ဂ႐ုမစိုက္တာလဲဟင္”
မသန႔္သည္ ယခုလို မဆဲစဖူး အဆဲခံရေတာ့ မႊန္ထူသြားေလ၏။ ဝမ္းနည္းတာထက္ ေဒါသထြက္လာမိ၏။
“ရွင္ အရည္ေတြ ေသာက္လာၿပီး ဒီလိုမမိုက္႐ိုင္းနဲ႔ ေနာ္ ဟင္း”
“ေအာင္မာ ေကာင္မက လူပါးဝလို ၊ လင္ငယ္အားကိုးနဲလား၊ ဟုတ္လား”
မသန႔္သည္ ရႈိက္ႀကီးတငင္ငို၍ အခန္းထဲဝင္သြားသည္။ အျပင္ ဘက္မွာေတာ့ ကိုဘိုးဟန္က ဆူခ်င္တိုင္း ဆူေနသည္ကို သူ႔ အေပါင္း အသင္းက သူ႔ကို ေခ်ာ့ေမာ့ေဖ်ာင္းဖ်ေနသည္။ မသန႔္သည္ အဝတ္ အစားအနည္းငယ္ယူ၍ အိမ္ေပၚမွ ဆင္းသြားရန္ ျပင္ေနသည့္အခိုက္ ကိုဘိုးဟန္က
“ေအာင္မယ္၊ ေအာင္မယ္ငါ့ကိုမေပါင္းႏိုင္ဘူးေပါ့ေလ ဟုတ္ လား၊ ငါအရက္ေသာက္လို႔ေပါ့ေလ၊ ဟဲ-ဟဲ မေပါင္းခ်င္ရင္ ဆင္းသြား။ ေဟာသည့္လမ္းကႂကြ”
“သြားမယ္ သြားမယ္၊ ရွင္ ေျပာဖို႔ မလိုဘူး”
“ဟား ဟား လိုေသးသေပါ့ အမိရယ္၊ ဒီမယ္ ဟဲ့ေကာင္မ နင္ဆင္းသြားေတာ့ ငါဘာျဖစ္ရမလဲ၊ နင္လို မိန္းမကို အရက္တခြက္ေလာက္ မမက္ဘူးကြ သိလား”
မသန႔္အဖို႔မွာေတာ့ ဒီစကားမွာ အသည္းကို လွံစိုက္လိုက္သလို ျဖစ္သြားေလသည္။ ထို႔ေၾကာင့္ ထိုေန႔ ညေနကပင္ မေအ့အိမ္သို႔ ေဒါ ႏွင့္ ေမာႏွင့္ ျပန္ေရာက္ရသည္။ အိမ္မွာ လင္ႏွင့္ ကေတာက္ကဆတ္ ျဖစ္ရ၍ မိခင္ႀကီးအိမ္ စိတ္ခ်မ္းသာ လက္ခ်မ္းသာ လာ၍ ခိုလႈံမည္ ႀကံပါသည္။ မိခင္ႀကီးက ရင္ထုမနာႏွင့္ ဆီး၍ အျပစ္တင္ပါေသးသည္။
“ညည္း အစက မသိဘူးလားဟင္၊ သူ အရက္ေသာက္တတ္တာ ညည္းသိရဲ႕သားနဲ မေနႏိုင္မထိုင္ႏိုင္ ထြန႔္ထြန႔္လူးလူး ႀကိဳက္ေနတာ၊ ငါက ေပးစားတဲ့လင္လား၊ ညည္းႀကိဳက္လို ညည္းယူခဲ့တာ မဟုတ္လား၊ အခုညည္းဗိုက္ထဲမွာ ကေလးရမွ ကြဲလာေတာ့ေကာ ဘာထူးဦးမွာလဲ။ လင္ကိုႏိုင္ေအာင္ ေဖ်ာင္းဖ်ႏိုင္ ေဖ်ာင္းဖ်၊ ေဖ်ာင္းဖ်လို႔ မရရင္ ညည္းထိုက္နဲ႔ ညည္းကံပဲ။ မိန္းမဆိုတာ
တမ်က္ႏွာက ႏွစ္မ်က္ႏွာ ေျပာင္းရေအာင္ လြယ္တာမွတ္လို႔”
ဤသို႔ၾကားရေတာ့ မသန႔္မွာ ဒူးႏွင့္ မ်က္ရည္သုတ္ေနရ႐ုံသာ ရွိသည္။ မိခင္ဆိုေပမယ့္ ကိုယ္က အိမ္ေထာင္ရက္သားႏွင့္ ေနမိေတာ့ သူစိမ္းလိုလိုျဖစ္ရေၾကာင္း ခံစားမိသည္။
“ေနာက္ၿပီးေတာ့ေတာ္၊ က်ဳပ္ကိုပါလာၿပီး ညည္းလင္က ရန္လုပ္ေနပါဦးမယ္။ ျပန္သာျပန္ပါ ေတာ္ေတာ္ၾကာ မူးလာမွျဖင့္ သူ႔ မယား လက္ခံထားရလားဆိုၿပီး”
မွန္ေပသည္။ လင္ရယ္လို႔ ျဖစ္လာမွေတာ့ သူျပဳသမွ် ႏုရေတာ့မည္။ မိခင္ဆိုတာက ဆိုင္႐ုံသာဆိုင္သည္ မပိုင္ေတာ့ပါတကား။ မယား ဟူသည္လည္း လင္က မကြာသမွ် မိန္းမသာ တထစ္ခ် ျဖစ္ၾကရသည္ခ်ည္း မဟုတ္ေလာ။ ဒီၾကားထဲတြင္ မိမိမွာ ကိုယ္ဝန္ႏွင့္ျဖစ္ေနေပၿပီ။ ထို႔ေၾကာင့္ အေၾကာင္းေၾကာင္းေတြ ေထာက္၍ ေရွ႕ေရးကို ေတြးၾကည့္လိုက္ေသာ္ ေျပးဖို႔လည္း မလြယ္၊ ေအးဖို႔လည္း မလြယ္၊ ကယ္မယ့္သူ နတၳိ။
မိခင္ႀကီးအိမ္တြင္ တညတာ အိပ္လိုက္ရသည္။ ေနာက္တေန႔မနက္က်ေတာ့ မိခင္ႀကီး ေဗဒင္တြက္ထားသည့္အတိုင္း ကိုဘိုးဟန္ ကိုယ္တိုင္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ လိုက္လာေခ်ၿပီ။ ေတာ္ပါေသး၏။ မူးမူး႐ူး႐ူး ရမ္းရမ္းကားကား မဟုတ္၊ ညက က်ားသတၱဝါေလာက္ ၾကမ္းတမ္း မာန္ဖီသမွ် မနက္က်ေတာ့ ယုန္သူငယ္လို ႏူးႏူးညံ့ညံ့ႏွင့္ ေခ်ာ့လာသည္။
“ငါညက မူးလို႔ပါကြာ။ စိတ္မဆိုးပါနဲ႔ ၊ ငါေတာင္းပန္ပါတယ္၊ ေနာက္ ဒီလိုမျဖစ္ေစရပါဘူး။ ငါဘာေတြေျပာမိတယ္ ဆိုတာ သိတာ မဟုတ္ပါဘူး။ လာပါ မင္းမရွိရင္ ငါဘယ္လိုေနရမလဲ”ဟု ကညဝတ္တြ ေတာင္းပန္သည္။
သူ ေတာင္းပန္သမွ် စကားေတြထဲက မင္းမရွိရင္ ငါဘယ္လို ေနရမလဲ ဆိုတဲ့ စကားလုံးေလးေတြကား မသန႔္၏ အသည္းၾကားကို သကာပ်ားႏွင့္ ဖုံးလိုက္ျပန္ပါသည္။ ထို႔ေၾကာင့္ ေနာက္ဆုံးတြင္ မိခင္ ႀကီးကို ႏႈတ္ခြန္းမွ မဆက္ခဲ့မိ၊ ကိုဘိုးဟန္ေနာက္ ေကာက္ေကာက္ပါေအာင္ ျပန္လိုက္ခဲ့ျဖစ္ေလသည္။ သို႔ႏွင့္ သမီးဦးကေလး မခင္ျမ လူ႔ ျပည္သို႔ ေရာက္ခဲ့ရသည္။ ကိုဘိုးဟန္ မမူးလွ်င္ အလြန္ သေဘာေကာင္း၍ မယားကို ခ်စ္သေလာက္ ၾကင္နာသေလာက္ အလိုလိုက္သေလာက္ မူးလွ်င္ေတာ့ အရက္ကလြဲ၍ မည္သူ႔ကိုမွ မ်က္ႏွာသာမေပး၊ မည္သူ႔ ကိုမွ် သတိမရ။
သို႔ေသာ္ တေန႔တျခား မမူးသည့္အခ်ိန္ထက္ မူးေနသည့္ အခ်ိန္က ပို၍ပို၍ မ်ားလာေလသည္။ မခင္ျမေအာက္ ေယာက္်ားကေလး တေယာက္၊ မိန္းကေလး အငယ္ဆုံး သုံးႏွစ္ေလာက္ တေယာက္ရ လာသည့္အခ်ိန္အထိ မသန႔္အဖို႔ေတာ့ စိတ္ခ်မ္းသာကြက္မရွိ၊ နံနက္ အိပ္ရာက ထလွ်င္ထခ်င္း အရက္ကေလး တခြက္မွ မေသာက္ရလွ်င္ ေခါင္းကိုက္သည္ ဇက္ေလးသည္ မႈန္တိမႈန္ေဝေနသည္။ စိတ္တိုတတ္သည္။ ကိုဘိုးဟန္မွာ အရက္နာက်ေနခဲ့ၿပီး အရက္ကေလးတခြက္ ေသာက္လိုက္ရမွ ႐ႊင္႐ႊင္ပ်ပ် မ်က္ႏွာကေလးကို ျမင္ရသည္။ မသန႔္သည္ အရက္ေသာက္မႈႏွင့္ပတ္သက္၍ ကိုဘိုးဟန္အား လုံးလုံးႀကီး လက္ေလွ်ာ့လိုက္ရရွာသည္။ သို႔ႏွင့္ အလုပ္ကို သြားေနစဥ္ သားသမီးတာဝန္ကို တေန႔လုံး တကုန္းကုန္းႏွင့္ ႐ုန္း၍ ထမ္းေဆာင္၊ ညေနဘက္ေလာက္ ေနရၿပီးေနာက္တြင္ ျပန္လာလတၱံ့ ေသာ လင္သည္ကို တထိတ္ထိတ္ တလန႔္လန႔္ႏွင့္ ေစာင့္ေမွ်ာ္ေနရေလ့ရွိသည္။ တထိတ္ထိတ္တလန႔္လန႔္ ရွိမည္ဆိုလွ်င္ ရွိေလာက္စရာပါေပ။ အၿမဲတမ္းလိုလို အရက္တျမျမႏွင့္ ျပန္လာတတ္သည္။
ေသာက္ေလေသာက္ေလ ငတ္မေျပသည့္၊ ကာေမငါးတန္ ဆား ေရငန္ဆိုသည့္ စကားမွာ ကိုဘိုးဟန္ႏွင့္ ေသအရက္ကိုဆိုမွ ပို၍ မွန္ေၾကာင္း မသန႔္ေတြးမိသည္။ ေသာက္စရာမရွိရွိလွ်င္ အိမ္မွာ အဆင္သင့္ ဝယ္ထားေသာ ပုလင္းထဲက အရည္ကိုပါ မ်က္ေစာင္းထိုးလာတတ္ သည္။ ဒီအေတာအတြင္း အေပါင္းအသင္းေသာက္ေဖာ္ေသာက္ဖက္မ်ား အိမ္ေရာက္လာပါက ရွိတာ အကုန္ထုတ္၍ ေဝႆႏၲ ရာလုပ္ေတာ့သည္။ ကေလးေတြႏွင့္ သားမယားအတြက္ မုန႔္ပဲသေရစာ ဝယ္မေကြၽးခ်င္လွ်င္သာ ရွိမည္။ ေသာက္ဖက္မ်ားကို အရက္ပုလင္းႏွင့္ ဧည့္ခံ ရာမွာမူ အေတာ္ရက္ေရာႏိုင္သည္။ သူ အရက္ပုလင္းငွဲ႔တိုင္း ငွဲ႔တိုင္း မသန႔္အျမင္ကေတာ့ ေငြေတြ အရက္က်ိဳ၍ လုံထဲက ေလာင္းသြန္ သလိုသာ ျမင္မိသည္။
စီးပြားေရးအေျခအေနအရ သူ႔ လခ၏
တဝက္ေက်ာ္ေက်ာ္မွာ ဤလိုအရည္ေဖ်ာ္၍ ေသာက္ပစ္တာ၊ သူတပါးကို တိုက္ပစ္တာႏွင့္
တအိမ္လုံး မလုံမေလာက္ျဖစ္ရသည္။ တေန႔လွ်င္ ေငြငါးက်ပ္၊ တလမွာ က်ပ္တရာ့ငါးဆယ္ လြယ္လြယ္ႏွင့္ ထြက္ႏိုင္ပါသည္။ ဤသခ်ၤာကား အနည္းဆုံးအတန္းအစားျဖစ္၍ ႏိုင္ငံျခားခ်က္အရက္ တပုလင္းဆိုလွ်င္ ေငြေလးငါးဆယ္ သုံးရက္မွ မလည္ခင္ ကုန္တတ္ ျပန္ပါေသးသည္။
မုန႔္မစားရေသာ ကေလးငယ္ေတြကို ေခ်ာ့၍ ရႏိုင္ပါလ်က္ ထို အရက္ကို ေလွ်ာ့၍ ေသာက္ရန္, ေဖ်ာင္းဖ်၍ မရႏိုင္ေသာ လင္သည္အတြက္ သားသမီးေတြပါ ျဖစ္သလို ေရာင့္ရဲရရွာသည္။
ကိုဘိုးဟန္ လက္ေအာက္တြင္ လုပ္လာခဲ့သမွ် စာေရးကေလးတိုင္းလိုလို သူ႔ အား လႊားခနဲ လႊားခနဲ တက္၍ ရာထူးရာခံ လခဝင္ေငြ တိုးသည္ထက္ တိုးလ်က္ရွိေသာ္လည္း ကိုဘိုးဟန္ လုပ္သက္မွာေတာ့ မျပဳတ္႐ုံတမည္ တည္းတည္းကေလး ရွိေတာ့သည္။ အရက္ရွိန္ေၾကာင့္ အလုပ္မ်ား ကေျပာင္းကျပန္ျဖစ္ခဲ့ဖူးေပါင္း မ်ားလွၿပီ။ အမွားမွား အယြင္းယြင္းေတြလည္း မနည္း။ ေႏွာင့္ေႏွးၾကန႔္ၾကာမႈလစ္ဟင္းေပ်ာက္ဆုံးမႈ၊ ဒါေတြမွာ အရင္းစစ္အျမစ္ေျမက ဆိုသလို အရက္၏ ပေယာဂမွန္း ကိုဘိုးဟန္ကိုယ္တိုင္ သိခဲ့ပါသည္။ သူကား မိုက္တြင္းနက္လွေသာ လူ႔အႏၲိမ မဟုတ္၊ အေျမာ္အျမင္ ဆင္ျခင္တုံတရား အသိမ်ားေသာ ေခတ္ပညာတတ္ေယာက္်ားျဖစ္သည္။ အရက္မေသာက္ရန္ တား၍ မရလွသည့္အဆုံး စိတ္ႏွလုံးခ်မ္းသာသည္မရွိ တအိအိႏွင့္ မခ်ိတရိ က်ိတ္ငိုတတ္သည့္ မယားကိုလည္း ျမင္ပါသည္။ ဝမ္းမဝတဝ ခါးမလွ တလွ ေအာက္တန္းက်ေနေသာ ကေလးမ်ားကိုလည္း ျမင္ပါသည္။ လုပ္သက္ရင့္သလို လခမရင့္သည္ကိုလည္း သတိရပါသည္။ အသက္ ႀကီးလာသလို ရာထူးမႀကီးရသည္လည္း မခံခ်င္ျဖစ္မိပါသည္။ ထို႔ေၾကာင့္ မၾကာမၾကာ ကိုယ့္ကိုယ္ကို တရားခ်၍ ရပ္တန္းကို ရပ္ၿပီး ျပတ္တန္းက ျပတ္ႏိုင္ရန္ ႀကိဳးစားၾကည့္ပါသည္။
တဆယ့္သုံးႏွစ္ေက်ာ္ေက်ာ္ရွိလာၿပီျဖစ္ေသာ သမီးကေလး မခင္ျမ မေမြးခင္ကတည္းက ဆိုေတာ့ တဆယ့္ေလးႏွစ္လုံးလုံး လႏွင့္တြက္ေသာ္ လေပါင္းတရာ့ေျခာက္ဆယ့္ရွစ္လထိုကမွတဆင့္ ရက္ႏွင့္ခ်င့္က ရက္ေပါင္းငါးေထာင့္ေလးဆယ္၊ တေန႔ဝယ္
သုံးခြက္ ထိုအရက္ကို ေပါင္းလိုက္လွ်င္ကား ခြက္ေပါင္း ေသာင္းငါးေထာင္၊ ဤေ႐ြ႕ဤမွ် ဝင္လာသမွ်တို႔ကို လက္သင့္ခံလာခဲ့ရၿပီျဖစ္ေသာ အစာအိမ္ႏွင့္ အူေလး အူမ အေၾကာေပါင္း ေျမာက္ျမားစြာတို႔က ယခုမွေတာ့ အေလွ်ာ့မေပး။ ေသာက္မခ်လွ်င္ ေခါင္းေနာက္က်ိလာေအာင္ ဒုကၡေပးေတာ့သည္။ ေလေတြ ပ်ိဳ႕ခန္ ေဝါခနဲ တက္ေဆာင့္သည္။ ႏႈတ္ေလး ကိုယ္ေလး မ်က္ေတာင္ပါေမွး၍ တံေတြးသြားရည္မွ မထိန္းႏိုင္ေအာင္ ဣေျႏၵပ်က္ လာသည္။ ေျခေတြ၊ လက္ေတြ တုန္လာကာ လူမမာ ေလငန္းေဖာက္သလို ကေယာက္ကယက္ျဖစ္လာၿပီးလွ်င္ ေနမထိ ထိုင္မရ ထ၍မွ မေလွ်ာက္ႏိုင္ေအာင္ အျဖစ္ဆိုးႀကီးက ႏွိပ္စက္တတ္ေသာေၾကာင့္
“ဘိုးဟန္ မင္းေတာ့ ဘဝဆုံးပါပေကာ”ဟု ဝမ္းနည္းပက္လက္ အသံမထြက္ဘဲ စဥ္းစားမိသည္။ မယားကိုလည္း သနားသည္။ သမီး သားကိုလည္း ၾကင္နာပါသည္။ ဂုဏ္ေလာက ေငြေလာက ပကာသန ေလာကႀကီးကိုလည္း ခုံမင္ပါသည္။ သို႔ေသာ္ အရက္က သူ႔ ကို ႏိုင္ေနေသာေၾကာင့္ ငါး႐ိုးမ်က္ လက္တို ဘယ္လိုမွ မတတ္ႏိုင္။
တရက္ႏွစ္ရက္ ဇြတ္တင္း၍ ေနၾကည့္သည္။ ပူရွရွခါးသက္သက္ကေလးကိုမွ ခံတြင္းမ်က္ေနေသာ လွ်ာသည္ အရက္မွလြဲ၍ ဘာကိုမွ လက္မခံခ်င္ေတာ့။ ထို႔ေၾကာင့္ အစားအပ်က္ႀကီးပ်က္လာ သည္။ ရီေဝအုံမႈိင္းေသာ ဦးေႏွာက္ႏွင့္မွ ႏွစ္ႏွစ္ကာကာ အိပ္ေပ်ာ္ေစေသာ ေသြးေၾကာေတြက မ်က္စိမွိတ္၍ အိပ္ပါေသာ္မရ၊ အေျပာက်ယ္စြာေသာ ပူ ေလာင္သည့္သဲကႏၲာရႀကီးထဲတြင္ ေရငတ္သူပမာ လွ်ာေတြပါ ႏႈတ္ခမ္းေတြပါ ေျခာက္ေသြ႕ အက္ကြဲ၍ လာေတာ့သည္။ ထို႔ေၾကာင့္ အလိုလိုေမာလာသည္။ အလိုလိုအားအင္ေတြ ဆုတ္ယုတ္လာသည္။ ခႏၶာကိုယ္ပါ ကတိမ္းကယိုင္ ခ်ည့္နဲ႔လာသည္။
သုံးရက္က ေလးရက္ဆက္၍ ဆက္၍ ဇြတ္တင္းၾကည့္သည္။ အရက္ေငြ႕ ေတြကလည္း တက္၍ တက္၍ ကိုဘိုးဟန္ကို ညႇဥ္းေတာ့ သည္။ သူခံစားရေသာ အရက္ႏွင့္ ကင္းကြာမႈ ေဝဒနာသည္ ေနာက္ဆုံးကား မယားျဖစ္သူကပင္ မၾကည့္ရက္ေတာ့ေပ။ ၾကာၾကာေနလွ်င္ ေသမင္းက ဆြဲယူေတာ့မလို ထင္လာရသည္။
“မသန႔္ မသန႔္ ငါေတာ့ အရက္ျဖတ္လို႔ မျဖစ္ေတာ့ဘူး” ကိုဘိုးဟန္သည္ မယားကို ဖက္၍ ဝမ္းနည္းပက္လက္ႏွင့္ ငိုမိသည္။ တကယ္ပင္ မခ်ိတရိ အူလႈိက္သည္းလႈိက္ ျဖစ္ေသာေၾကာင့္ ေယာက္်ားႀကီးတေယာက္ မ်က္ရည္ေပါက္ေပါက္က်သည္ကို ေတြ႕ရသည့္ မယား မွာ ခ်ဳံးပြဲခ်၍သာ ငိုေႂကြးရရွာေတာ့သည္။
“ေသာက္ပါ ကိုဘိုးဟန္ရယ္၊ ေသာက္ပါ ေသာက္ပါ။ ကြၽန္မ ရွင့္ကို မျမင္ရက္ပါဘူး၊ ရွင္ေသာက္သမွ် ကြၽန္မတို႔က အသုံးအစား ေလွ်ာ့ေပးပါ့မယ္။ တခုေတာ့ ေတာင္းပန္ပါရေစ ေမာင္ရယ္။ တန္ေဆး လြန္ေဘးတဲ့ အဲဒါကေလး သတိထားပါေနာ္”
မသန႔္က တကယ့္ေစတနာႏွင့္ခြင့္ျပဳလိုက္ျပန္ေတာ့ သူ႔ကို ဆူပူ စိတ္ေကာက္၍ တားတာထက္ တကယ္ရင္ထုမနာျဖစ္ရျပန္သည္။
“ငါ ေအာင့္ေနၾကည့္တယ္ မသန႔္ရယ္၊ ဒါေပမဲ့ အာ႐ုံေၾကာေတြက အလ်င္ျဖစ္ၿပီး ေသြးေတာင္းေနၾကတာေတာ့ ငါခံႏိုင္ရည္ မရွိေတာ့ဘူး။ မင္းငါ့ကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ အခုသိရပါၿပီကြယ္ သိရပါၿပီ။ သိရေတာ့ သာၿပီး. အသည္းနာပါေသးတယ္။ ငါ့ကို မင္း ပစ္ထြက္သြားခ်င္ေတာင္ သြားပါကြာ၊ ငါခြင့္ျပဳပါတယ္”
“ကြၽန္မ ဘယ္သြားရမလဲ ဒီကေလးသုံးေယာက္နဲ႔ ‘ကြၽန္မဘယ္သြားၿပီး ဘာလုပ္ကိုင္စားရမလဲ၊ ရွင္ သက္ဆိုးရွည္ေအာင္ အေျခအေနသာ ၾကည့္ေသာက္ပါေတာ့၊ ကြၽန္မ ခြင့္ေပးပါတယ္ ေမာင္ရယ္ ခြင့္ေပး ပါတယ္”
ကိုဘိုးဟန္၏ မ်က္စိထဲမွာ မ်က္ရည္ေတြ ဝဲဝဲလည္ေနသည္။ ထို႔ေနာက္ တျဖည္းျဖည္း မ်က္ႏွာထားတင္းလာၿပီး အံႀကိတ္လိုက္သည္။ ဒါကိုျမင္လွ်င္ သူ႔ကိုယ္သူ ေဒါသထြက္ေနမွန္း သိသည္။
“ကဲ မသန႔္ ငါသြားမယ္”
“ကို ဘယ္သြားမွာတုံး”
“အရက္ဆိုင္ကို အရက္ဆိုင္ကို”
“ဆိုင္မွာေတာ့ သြားမေသာက္ေစခ်င္ဘူး ကိုဘိုးဟန္ရယ္၊ ေသာက္ျခင္းေသာက္ရင္ အိမ္ထဲမွာ ဣေျႏၵရရေသာက္ပါ၊ ကြၽန္မ ေတာင္းပန္ ပါရေစ”
မသန႔္က ေခ်ာ့ေျပာေတာ့ ကိုဘိုးဟန္မွာ ေခါင္းႀကီးငိုက္စိုက္ ခ်၍ နားေထာင္ေနရွာသည္။ သို႔ ေသာ္ သူ႔ ဝမ္းတြင္းကေတာ့ ဗေလာင္ဆူ လွေလၿပီ။
“ဒါျဖင့္ သမီးေလးကို အဝယ္ခိုင္းလိုက္စမ္း၊ ေဟာဒီ လမ္းထိပ္ က တ႐ုတ္ဆိုင္မွာ”
“ေတာ္ပါ့မလား ကိုဘိုးဟန္”
“ႏို႔ မင္းကိုယ္တိုင္ သြားဝယ္မလားကြ၊ ငါ့သမီး ဘယ္သူ ေစာ္ကားဝံ့မလဲ။ ငါ့ေဒါသကို တလမ္းလုံး သိတယ္။ ဘယ္သူမွ ငါ ဂ႐ုမစိုက္ဘူး”
သို႔ႏွင့္ သမီးကေလးကို အဝယ္လႊတ္လိုက္ရသည္။ ကေလးမ ကေလးကေတာ့ ရွက္ရမွန္း ေၾကာက္ရမွန္းသိတတ္ေသးေသာ အ႐ြယ္ မဟုတ္ေသးသျဖင့္ သူ႔ကို မုန႔္ဖိုးကေလးေပးမည္ ဆိုကတည္းက ေပါ့ေပါ့ ပါးပါး ဝယ္ေပးလိုက္သည္။
“အဲဒါမွငါ့သမီးကြ၊ အဝယ္တတ္သားပဲ၊
ကဲ ငဘိုးဟန္ ဒီေလာက္ ေသြးေတာင္းလွတာ ေသာက္စမ္းကြာ ေသာက္စမ္းကြာ၊ မေသာက္ရရင္ ေသေတာ့မတတ္ျဖစ္ေနတာ အားရပါးရ တဝႀကီး ေသာက္လိုက္ကြ”
ေျပာေျပာဆိုဆိုႏွင့္ ေရငတ္လြန္းသူ ေရအိုးစင္ ေတြ႕ ေတာ့သလို ေသာက္လိုက္သည္မွာ မသန႔္က ခ်င့္ခ်ိန္ရန္ သတိေပး၍မရ၊ ကေလးမ ကေလး မခင္ျမပင္ အေခါက္ေခါက္ အခါခါသြား၍ ဝယ္ေပးရသည္။
ေဒါက္ခနဲ ေဒါက္ခနဲ ဆက္ကာ ဆက္ကာ တီးလိုက္သည့္ သံေခ်ာင္းသံကား သုံးခ်က္တိတိ ျဖစ္ေတာ့သည္။ ထိုအသံႏွင့္တဆက္တည္းလိုလို
“အေမ ထမင္းဆာလွၿပီ”ဟု သားအလတ္ကေလး အိပ္ရာမွ ေယာင္ေနသံၾကားလိုက္ရသျဖင့္ မသန႔္သည္ သူေတြးေနသမွ် လြင့္ေပ်ာက္ကုန္ၾကသည္။ ကုတင္ေျခရင္းက ဖ်ာကေလးေပၚတြင္ စီရရီ သိပ္ထားေသာသားသမီးကေလးမ်ားအား သြား၍ ေစာင္ကေလး ေခါင္းအုံးကေလးျပင္ေပးလိုက္ရသည္။ ထို႔ေနာက္တြင္မူ လင့္အပါးက ဝင္၍ ဘာမွ မေတြးမိေအာင္ ဇြတ္မွိတ္၍ အိပ္ခ်လိုက္ရသည္။
ေနာက္တေန႔ မိုးလင္းကတည္းက ရာသီဥတုသည္ အုံ႔မႈိင္း၍ေနသည္။ မိုးရိပ္မိုးသားမ်ားသည္ ေနေရာင္ကို လုံးဝ ဖုံးကြယ္မင္းမူေနၾကသည္။ ေလာကဓာတ္ႀကီးတခုလုံး ပ်င္းရိထိုင္းမႈိင္းစရာေကာင္းလွသည္။ မသန႔္၏စိတ္ထဲမွာ ၾကည္ၾကည္လင္လင္ မရွိလွ၊ ပတ္ဝန္းက်င္ သဘာဝအတိုင္း ထိုင္းမႈိင္း ေလးလံေနေတာ့သည္။ ညက အအိပ္ပ်က္ထားေသာ မ်က္စိမ်ားက ဖန္စပ္စပ္ျဖစ္ေနသည္။ ညက ေတြးေတာေနမိေသာ အာ႐ုံေၾကာမ်ားက ခပ္ေထြေထြ ခပ္ေဝေဝ ေနာက္က်ိေနသည္။
အိတ္ထဲမွာ ပိုက္ဆံမရွိ၊ မီးဖိုခြင္ထဲတြင္ ခ်ဥ္ရည္ဟင္းကလြဲ၍ ဆီျပန္တခြက္မွ မရွိ။ ထို႔ထက္ စိုးရိမ္မိတာက ကိုဘိုးဟန္အတြက္ အရက္က်န္ မရွိ၊ မနက္အိပ္ရာက ထကတည္းက ပုလင္းက်န္ကေလးႏွင့္ သူ အရက္နာက်သမွ် ေစာေစာစီးစီး ကုစားသြားခဲ့ၿပီ မဟုတ္ေလာ။ ညေနျပန္လာလွ်င္ ထမင္းမစားခင္ အရက္ေလးႏွစ္ခြက္ သုံးခြက္ ဝင္မွ ထမင္းပြဲမွာ ေျဖာင့္ေျဖာင့္တန္းတန္း ဝင္ထိုင္ခ်င္သည္။ အရက္ကေလး တျမျမျဖစ္ျပန္ေတာ့ ဆီျပန္ဟင္းကေလး အေၾကာ္ကေလးမ်ား ပါမွ အာဟာရခံတြင္းေတြ႕ တတ္သည္။
ယေန႔ေတာ့ ခက္ကၿပီ၊ ျပန္လာလွ်င္ ကိုယ္က ေခ်ာ့၍ တေန႔ တေလေတာ့ ၿခိဳးၿခံရေအာင္ ေျပာရေတာ့မည္။ မသန႔္သည္ ဤသို႔ႏွင့္သာ စိတ္ေလးေနမိ၏။
“မသန႔္ေရ ေအ မသန႔္”ဟု ဖိနပ္ခြၽတ္ေလာက္က ကိုဘိုးဟန္၏ အသံကို ၾကားလိုက္ရပါၿပီ။ သိုႏွင့္ ဟင္းအိုးကေလး ေႏြးေနရာက အထတြင္
“ထိုင္ဗ်ာ ကိုစိုးျမင့္”ဟုထပ္၍ ၾကားရေသာေၾကာင့္ ဧည့္သည္ ပါလာမွန္းသိရျပန္ပါသည္။ ခက္တာက ဧည့္သည္ပါလာလွ်င္ ကိုဘိုးဟန္ က ေပ်ာ္ေပ်ာ္ပါးပါး ေသာက္တတ္သည္။
“ေဟာဒါ ကြၽန္ေတာ့မိန္းမပဲဗ်၊ ဟဲ ဟဲ ေဟ့ မသန႔္၊ ဒါ ေတာင္ငူ က သစ္ကုန္သည္ႀကီးကိုစိုးျမင့္တဲ့၊ မွတ္ထားေနာ္”ဟု မိတ္ဆက္ေပးေသာေၾကာင့္ မသန႔္က ၾကည့္ၿပီး ၿပဳံးလိုက္ရသည္။ ဧည့္သည္မွာ မြန္မြန္ရည္ရည္ သိကၡာသမာဓိရွိပုံရသည္။ ဣေျႏၵ
တည္တံ့သည္။ ရတနာ သုံးပါးကိုင္းရႈိင္းပုံရသည္။ သူ႔ ေယာက္်ား ဒီလို လူစားမ်ိဳးနဲ႔ တြဲလာေတာ့ ေပါင္းသင္းဆက္ဆံမႈအတြက္ အေတာ္ေက်နပ္သည္။ အားရွိသည္။ ဂုဏ္ယူမိသည္။
သို႔ေသာ္ ကိုဘိုးဟန္က ေနာက္ေဖးမီးဖိုေဆာင္သို႔ လိုက္လာၿပီး
“ေဟ့ မသန႔္၊ ဧည့္သည္ကို ထမင္းေကြၽးရမယ္ကြာ၊ ဘာဟင္း ရွိသလဲ”ဟု ႀကိဳတင္ စီစဥ္မႈမေပးဘဲ အေရးေပၚ လတ္တေလာ ေျပာ လာေသာေၾကာင့္
“ဟာ ကိုဘိုးဟန္ကလဲ လုပ္ကေရာ့မယ္၊ အိမ္မွာ ခ်ဥ္ရည္တခြက္တည္း”
“ဒါျဖင့္လဲ အေခါက္ကင္၊ အသားကင္၊ ဆယ့္ႏွစ္မ်ိဳးေၾကာ္ကေလး ဘာကေလး ဝယ္ေပါ့ကြာ၊ ႏို႔ အရက္ေကာ အရက္”
“ေဟာေတာ္ ဧည့္သည္ကိုပါ တိုက္မွာလား။ ေသာက္တတ္လို႔ လား’
“ေအးေပါ့ကြ၊ ငါနဲ ေသာက္ဖက္ပဲ၊ သူကခ်ည္းပဲ တိုက္ေပါင္း မ်ားလွၿပီ၊ ဒါေၾကာင့္ ဒီတခါ အိမ္ေခၚထမင္းေကြၽးတာ” မသန႔္စိတ္ထဲမွာေတာ့ အထင္ႏွင့္အျမင္ ကြာသြားသျဖင့္ ဝမ္းနည္းမိသည္။
“သူတို႔ ေယာက္်ားမ်ား အကဲခတ္ရတာ မလြယ္ပါကလားေနာ္” ဟု ညည္းလိုက္ခ်င္သည္။
“ေစာေစာစီးစီးက သမီးေလးကို အဝယ္ခိုင္းမထားဘူးလား။ ဟို ပုလင္းထဲကဟာ မနက္က ငါေသာက္ကတည္းကကုန္တာ မင္းလဲ အသိသားနဲ႔”
“ပိုက္ဆံမွ မရွိဘဲ ကိုဘိုးဟန္ရယ္”
“ေအး ဟုတ္သားပဲ ဟုတ္သားပဲ၊ ကဲ ျမန္ျမန္အဝယ္ခိုင္းလိုက္ စမ္း။ ေရာ့ ငါ လခထုတ္လာတယ္”
ကိုဘိုးဟန္က သူ႔အိတ္ထဲက က်န္သမွ်ပိုက္ဆံကေလးကို အိတ္သြန္ဖာေမွာက္ ထုတ္ေပးရွာသည္။ အရက္ေႂကြး၊ လေပါင္၊ အတိုး စသည္ တို႔ကို ေပးခဲ့ရၿပီးသည့္ေနာက္ သူ႔ ထံက ရသမွ်မွာ လခ၏
တဝက္စာ ေလာက္သာ ရွိသည္။ ဒီအထဲက အိမ္အတြက္ သုံးစားလာခဲ့ေသာ ဆန္ေႂကြး ဆီေႂကြး၊ င႐ုတ္ၾကက္သြန္ေႂကြးေတြကို ဖဲ့ဆပ္လိုက္ဦးမည္ ျဖစ္ရာ တလလုံးလုံး ၿခိဳးၿခိဳးၿခံၿခံႏွင့္ သုံးသြားဖို႔ကေတာ့ တလႏွင့္ တလ ပဋိစၥသမုပၸါဒ္လည္သလို လည္ခဲ့ဖူးေပါင္းမ်ားလွၿပီျဖစ္၍ အက်င့္ ရလွပါၿပီ။
ထိုေၾကာင့္ ကိုဘိုးဟန္ ျပန္သြားၿပီး အိမ္ေရွ႕တြင္ ဧည့္သည္ႏွင့္ စကားေဖာင္ေလာက္ေအာင္ ေျပာေနစဥ္အခိုက္ သမီးကေလးကို က်ိတ္၍ လြယ္အိတ္ကေလး ေပးကာ မွာတန္တာေတြ မွာလိုက္ရသည္။ “ေတာ္ပါေသးရဲ႕၊ ပိုက္ဆံကေလးပါ လာလို႔”
မသန႔္သည္ သားနားေသာ ဂုဏ္သေရရွိဧည့္သည္အတြက္ အေရးေပၚထမင္းပြဲအတြက္ ရွိသေလာက္ႏွင့္ လွလွပပကေလးျဖစ္ေစရန္ လက္မလည္ေအာင္ စီစဥ္ေနရသည့္ အခ်ိန္မွာ ကုန္မွန္းမသိ ကုန္သြားခဲ့ ရာမွ
“ဟဲ့ သမီး၊ ဘာျဖစ္လို႔လဲဟင္ ဘာျဖစ္လာသလဲ”ဟု ကိုဘိုးဟန္၏ ပ်ာပ်ာသလဲေမးသံမွာ မသန႔္အဖို႔ ေခါင္းနပန္းမ်ား ႀကီးသြားမိသည္။ ထိုမွ
တဆက္တည္း သမီး၏ ငိုရႈိက္သံမွာ အိမ္ေပၚ ေရာက္လာမွန္း သိသျဖင့္ ကမန္းကတန္း ထြက္ၾကည့္မိေလ၏။ မသန႔္၏ ျမင္ရ ခ်က္မွာ မ်က္စိႏွစ္ဖက္စလုံးျပာသြားသလား ထင္ရသည္။ ႀကီးေကာင္ မဝင့္တဝင္ သမီးကေလး၏ အေပၚရွန္သားအက်ႌကေလးမွာ စုတ္ၿပဲ၍ ရွိေလ၏။ မေအကို ျမင္လိုက္ေသာအခါ သမီးကေလးက ေျပးဖက္၍ အရက္ပုလင္း လြယ္အိတ္ကို ပစ္ခ်ၿပီး
“အေမ ကြၽန္မကို ဟိုအရက္ဆိုင္ထဲက လူႀကီးတေယာက္က အတင္းဖက္နမ္းတယ္ၿပီးေတာ့”
“ဟဲ့ သမီး”
မသန႔္၏ ရင္ထဲမွာ မီးဟုန္းခနဲေတာက္သြားကာ မ်က္ႏွာေတြပါ ပူလာေသာေၾကာင့္ သူ႔ပါးစပ္ကေလးကို အတင္းမရအရ လိုက္ပိတ္ လိုက္ရသည္။ အမွန္စင္စစ္ သမီးကေလးမွာ ကေလးစိတ္ႏွင့္ ကေလးကိုယ္ သာသာမွ်သာျဖစ္ေသာေၾကာင့္ ဧည့္သည္ေရွ႕ ဖေအေရွ႕မွာ ရွက္ရ ေၾကာက္ရမွန္းမသိ ဇြတ္တိဇြတ္ထိုး ေျပာခ်လိုက္သည္။
ကိုဘိုးဟန္သည္ ဧည့္သည္၏ မ်က္ႏွာကို
တခ်က္မွ် လွမ္းၾကည့္ ၿပီးေနာက္ ဆတ္ခနဲ ထိုင္ရာမွ ထတဲ့၍
“ဘယ္ေကာင္လဲကြ၊ ငါ့သမီးကို ေစာ္ကားတာ”ဟု တခြန္းတည္းေျပာၿပီး ကမူးရႉးတိုး အိမ္ေပၚမွ ဆင္းေျပးေလေတာ့ရာ ေႁမြပူရာ ကင္းေမွာင့္ဆိုသလို သမီးႏွင့္ လင္ၾကား ဗ်ာမ်ားလိုက္ရျပန္သည္။
“လုပ္ပါဦး ဦးစိုးျမင့္၊ ျမန္ျမန္လုပ္ပါဦး၊ လက္လြန္ကုန္ေတာ့မယ္”
“ေဟ့ ကိုဘိုးဟန္ ကိုဘိုးဟန္၊ အရမ္းမလုပ္နဲ႔”
အေျပးအလႊားႏွင့္ ႏွစ္ေယာက္သား မသန႔္မ်က္စိေအာက္မွ ေပ်ာက္သြားၾကသည္။ မၾကာမီ လမ္းထိပ္က ဆူဆူညံညံအသံေတြကို တထိတ္ထိတ္ႏွင့္ ၾကားရသည္။ ေၾကာက္လြန္းေနေသာ သမီးကေလးကိုလည္း ထားမပစ္ရက္။ လင္ကိုလည္း စိတ္မခ်။ ရင္တမမႏွင့္ ဆဲသံ ဆိုသံ၊ ႀကိမ္းေမာင္းသံ၊ ႐ိုက္သံႏွက္သံ ေအာ္သံေတြကိုသာ ဘုရား တေနမိသည္။
မေနႏိုင္လြန္း၍ ေနာက္ဆုံး အိမ္ေပါက္ဝက ေျပးထြက္လိုက္သည္။ လူေတြ ဝိုင္းအုံကာ ႐ုတ္႐ုတ္သဲသဲၾကားတြင္ ေဒါသူပုန္ ထေနေသာ ကိုဘိုးဟန္အား ကိုစိုးျမင့္က အတင္းဆြဲလာရသည္။
“ျမတ္စြာဘုရား ကယ္ေတာ္မူပါ”
မသန႔္က လန႔္ေအာ္မိေအာင္ ေသြးမ်ားသည္ သူခ်ိဳေစာင္းက တေတြေတြ စီးဆင္း၍ ရွပ္အက်ႌတျခမ္းလုံး ရဲရဲနီေနသည္ကို ျမင္ လိုက္ရသည္။
“ငါ့ကို႐ိုက္ၿပီး ထြက္ေျပးတယ္။ တေန႔သိမယ္၊.. မင္းကို အရွင္ မထားဘူး။ ဘိုးဟန္ကြ တဟန္တည္းရွိတယ္ လရွီး”
ဤသိုသာ အယုတၱအနတၱေတြ ဆဲဆိုေရ႐ြတ္ေနသည္။ သူ႔ မွာေတာ့ ဒဏ္ရာႏွင့္ ျပန္လာခဲ့ရၿပီ။
ကိုစိုးျမင့္ႏွင့္ မသန႔္က ေခ်ာ့ေမာ့ေဖ်ာင္းဖ်၍ မနည္းၿငိမ္ေအာင္ လုပ္ကာ ဒဏ္ရာဒဏ္ခ်က္ေတြကို ေဆးေၾကာသုတ္သင္ေပးရသည္။ ထိုစဥ္အတြင္း ကိုဘိုးဟန္သည္ ေၾကာက္လန႔္တုန္လႈပ္၍ ႐ုပ္ဆင္းသံပ်က္ ျဖစ္ေနေသာ သမီးကေလးကို စိုက္ၾကည့္ရင္း ျပင္းျပင္းထန္ထန္ တက္ တခ်က္ေခါက္လိုက္ကာ မသန႔္တို႔ လက္မွ ႐ုန္းထြက္သည္။ သို႔ေသာ္ မသန႔္စိုးရိမ္သလို အိမ္အျပင္ဘက္သို႔ ထြက္ျခင္းမဟုတ္။ အိမ္ေခါင္းရင္း ဘုရားစင္ဘက္သိုဦးတည္ေရွ႕ရႈသြားၿပီး ငုတ္တုတ္ထိုင္ကာ ႐ို႐ိုေသေသ ဦးခ်လိုက္သည္။
“ျဖစ္ေလရာဘဝတိုင္း အရက္သမားမျဖစ္ပါရေစနဲ႔ ျမတ္စြာ ဘုရား” ဟူေသာ ဆုေတာင္းသံမွာ မသန႔္က အတိုင္းသား ရင္ထုမနာ ၾကားလိုက္ရပါၿပီ။ သာဓုေခၚမိပါၿပီ။
သို႔ေသာ္ ဘုရားစင္မွ ျပန္အလာတြင္ကား
“ေဟ့ မသန႔္၊ ယူခဲ့စမ္း အရက္ပုလင္း” ဟူသတည္း။
မွန္ပါသည္။ ကိုဘိုးဟန္ခမ်ာမွာေတာ့ ေနာက္ဘဝက အစျပဳ၍ ျဖစ္ေလရာ ဘဝတိုင္းသာ ဆုေတာင္းျပည့္ခ်င္ျပည့္ေပမည္။ ေဝရာမဏိ၊ ေရွာင္ႏိုင္လွ်င္ ေရွာင္ႏိုင္ေပခ်ိမ့္မည္။ ယခု က်န္ေသးသမွ် သူ႔ဘဝ သက္တမ္းတိုကေလးမွာေတာ့ ဒါကို႐ြံ၍ မုန္း၍ စက္ဆုပ္ေနာင္တ ရ၍ ကင္းခ်င္ေပမယ့္ မကင္းႏိုင္၊ မျငင္းႏိုင္၊ မတင္းႏိုင္ေတာ့ပါတကား။
#သုခ