“ဘဝတစ်ခုကမိဖုရားဝင်စားသူ”(စ/ဆုံး)
——————————————–
လူတစ်ယောက်နှင့်တစ်ယောက်ပဋ္ဌာန်းဆက်အကြောင်းဆက်အကျိူးဆက်များမတူသည့်အတွက်
သူတစ်ပါးအကြောင်းအားမယုံကြည်ပါကကျော်၍ဖတ်သွားပါစာဖတ်သူများစိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ
ဖွေးနုကိုမွေးစကသူမအမေသည်အိမ်မက်ထဲဖွေးနုပျောက်၍လိုက်ရှာရာ
ပန်းတွေခင်းထားသောပန်းမွေ့ရာအလယ်တွင်ဖွေးနုကလေးအားထား၍နဘေးမှနတ်သမီးများကချော့နေသည်ဟု
ထူးဆန်းသောအိမ်မက်ကိုမက်၍ဒီကလေးဟာကောင်းတဲ့ဘုံကလာသည်ဟုပြောလေ့ရှိသည်။
ဖွေးနုအရွယ်ရောက်လာတော့အသန့်အပြန့်အမွှေးအကြိုင်အလွန်ကြိုက်သည်။
ရုပ်ရေကလဲတစ်သွေးတစ်မွေးရှိကာချစ်ခင်သူပေါများလှသည်သို့ပေမဲ့ဖွေးနုကလေးကမာနကြီးသည်။
ဖွေးနုစိတ်ကစားတတ်သည့်အရွယ်ရောက်တော့ရီးစားထားရန်စိတ်ကူးမိပေမဲ့
မထားဖြစ်အောင်အနှောက်အယှက်ကများလှသည်ဖွေးနုအရွယ်ရောက်ပြီးကထဲက
ထူးခြားသောအိမ်မက်ကိုမကြာခဏမက်နေသည်အိမ်မက်ထဲတွင်ယောင်္ကျားလေးနှစ်ယောက်သည်
ဖွေးနုဘေးတွင်ရှိနေတတ်ကာနှစ်သက်မြတ်နိုးသည့်အမူအရာဖြင့်ကြည့်နေတတ်သည်။
တစ်ခါတစ်ရံဖွေးနုမရောက်ဘူးသောနေရာများသို့ခေါ်သွားတတ်ကာထိုနေရာသည်နန်းတော်လိုလိုဘာလိုလိုနှင့်
မသဲကွဲပေဖွေးနုကသူမအားခေါ်လာသူနှစ်ဦးအား
””ရှင်တို့လူမှားနေပြီထင်တယ်နော်—–ရှင်တိုကိုကျွန်မမသိဘူး~~~ကျွန်မကိုဒီနေရာဘာလို့ခေါ်လာတာလဲ”””
””’မမှားပါဘူး~~မင်းဟာငါတို့နှစ်ယောက်ရဲ့ကြင်ယာတော်ဖြစ်တယ်~~~မင်းသိအောင်ဒီနေရာခေါ်လာတာ””’
ဒါနဲ့ဖွေးနုလဲစိတ်ရှုတ်ရှုတ်နဲ့ထိုသူနှစ်ယောက်နောက်လိုက်ကာနန်းတော်ကြီးထဲဝင်လိုက်သွားသည်။
နန်းတော်ကြီးဆိုပေမဲ့သစ်လွင်တောက်ပမှု့မရှိရေနံချေးများသုတ်ထားသလိုမဲ၍နေသည်။
အထဲတွင်တော့ဓတ်ပုံကြီးများထောင်ထားသည်ကိုတွေ့ရကာဓတ်ပုံနှစ်ပုံထဲတွင်မင်းညီမင်းသားလိုလို
ဘုရင်လိုလိုဝတ်စားထားသောရုပ်ခပ်ဆင်ဆင်နှင့်လူနှစ်ဦးအားတွေ့ရကာသူတို့ဘေးကဓတ်ပုံထဲတွင်တော့
မင်းသမီးအဝတ်အစားဝတ်ထားသောချောမောလှပသည့်မင်းသမီးတစ်ဦးဓတ်ပုံတစ်ပုံရှိနေသည်။
ဖွေးနုလဲဓတ်ပုံထဲကမင်းသမီးသည်သူမနှင့်တူသလိုလိုခံစားရကာစိတ်ဝင်စားနေတုန်း
””အဲဒါအတိတ်ဘဝက~~~ငါတို့ညီအကိုရဲ့ချစ်လှစွာသောကြင်ယာတော်ပေါ့””’
””ငါတို့က( ) ခေတ်ကဘုရင်တွေဖြစ်ခဲ့တယ်~~~မင်းကမိဖုရားပေါ့””’
သူတို့ပြောသောအကြောင်းအားဖွေးနုစိတ်မဝင်စားပေမဲ့ဖွေးနုငယ်စဉ်ကသင်ခဲ့ရသော
ခေတ်ကလူများသည်အခုအချိန်ထိဘာလို့ရှိနေသလဲဒီလောက်နှစ်တွေကြာနေတာကိုအံ့သြစရာဖြစ်နေသည်
ပြီးတော့သူမယောင်္ကျားသည်ဘယ်လိုကြောင့်နှစ်ယောက်ဖြစ်နေသလဲစဉ်းစားမရဖြစ်ကာအိပ်ယာကလန့်နိုးသွားသည်။
ဖွေးနုကထိုအိမ်မက်များအားသိပ်အလေးမထားခဲ့ပေမဲ့အိမ်မက်တွေကသူမအားလွှမ်းမိုး၍လာသည်။
တနေ့တွင်ဖွေးနုသွားကိုက်သည့်ဝေဒနာအပြင်းအထန်ခံစားရလေသည်ဒါနဲ့ကိုက်နေသောသွားအား
ဆေးခန်းသွားနုတ်ရာအံ့ဆုံးသွားလဲဖြစ်ပြန်အမြစ်ကလဲအထဲကောက်ဝင်နေသဖြင့်
ခက်ခဲစွာနုတ်လိုက်ရသည်ထိုညကသွားနုတ်ထားသည့်ဒဏ်ရာကကိုက်၍ထမင်းမစားနိုင်မအိပ်နိုင်အော်နေရသည်။
အိပ်ယာထဲလှဲရင်းမှေးကနဲအိပ်ပျော်သွားချိန်တွင်သူမဘေးသိုဆရာဝန်အဝတ်အစားဝတ်ထားသော
သူမမြင်နေကြလူနှစ်ယောက်ရောက်လာကာတစ်ယောက်သူမအားကြည့်၍
””ဟေ့ကောင်~~သူ့ကိုဆေးကုပေးလိုက်ပါ~~ဒီလောက်ဝေဒနာခံစားနေရတာကို~~မြန်မြန်လုပ်ပေးလိုက်””’
ထိုသူပြော၍နဘေးမှတစ်ယောက်သူမပါးစပ်အားဟခိုင်း၍သွားနုတ်ထားသောနေရာအား
ဆေးစက်တစ်စက်ချ၍ထည့်ပေးလိုက်ရာအေးကနဲဖြစ်သွား၍သူမရောဂါသက်သာသွားလေသည်။
ကိုက်နေသည့်ဝေဒနာလဲပျောက်ကာကောင်းစွာအိပ်၍ပျော်သွားလေသည်။
နောက်နေ့တွင်တော့ထူးဆန်းစွာကောင်းသွားကာထမင်းစားနိုင်လေသည်။
သူမစိတ်ထဲထိုသူနှစ်ယောက်အားကျေးဇူးတင်နေမိသည်ဘယ်လိုပြောရမှန်းပင်မသိပါ
ထိုအဖြစ်အပျက်သည်ယုံနိုင်စရာမရှိပေမဲ့နောက်တစ်ခါတွင်တော့ထိုသူနှစ်ယောက်သူမဘေးတွင်ရှိနေသည်ကို
လက်ခံရမလိုဖြစ်နေသည်တစ်ရက်တွင်သူမနေမကောင်းခေါင်းများချာချာလည်မူးကာအိပ်ယာထဲလဲနေသည်။
နှစ်ရက်မြောက်သောညမှာတော့သူမဘေးသိုမင်းဝတ်မင်းစားနှင့်လူနှစ်ယောက်ပေါ်လာကာ
””’ကဲ~~နှမတော်ဒါလေးစား~~~ရောဂါပျောက်အောင်””
ထိုသိုပြောကာတစ်ယောက်သောမင်းသားကသ့ူလက်ထဲကိုင်ထားသောပုဂံထဲမှထမင်းလိုလိုအရာအား
ဇွန်းနှင့်ခပ်ကြွေးရာသူမလဲကြွေးသမျှစားလိုက်လေသည်သူမကပါစပ်ဟစားနေရင်းအိပ်ယာကလန့်နိုးသွားပြန်သည်
တစ်ကယ်ပဲအပြင်မှာစားရသလိုအိမ်မက်လိုလိုနှင့်သူမရောဂါသက်သာသွားပြန်သည်။
ဆန်းကြယ်စွာပင်သူမရောဂါသည်၃ရက်မြောက်နေ့တွင်လုံးလုံးပျောက်သွားလေသည်။
သူမစိတ်ထဲထိုသူနှစ်ယောက်သည်တန်ခိုးရှင်များလားဘယ်လိုအစွမ်းတွေရှိသလဲသိပ်သိချင်လာသည်။
သူမအိမ်မက်မက်တိုင်းလဲနှစ်ယောက်စလုံးမခွဲပဲမြင်မက်နေကာတစ်ခါလာပုံစံတစ်မျိုူ းဝတ်ထားသည်ကိုတွေ့ရလေသည်။
သူမကိုလဲနှစ်ယောက်စလုံးကချစ်မြတ်နိုးပုံပေါ်နေသည်ရုပ်ကလဲခပ်ဆင်ဆင်ဖြစ်ကာ
ဘယ်သူအကြီးအငယ်မခွဲတတ်ပေထူးခြားသည်ကသူမအရွယ်များပင်ဖြစ်သည်။
တစ်ခါသော်သူမအိမ်ထောင်ပြုရန်အကြောင်ဖန်လာသည်။
သူမခရီးသွားရင်းစိတ်ဝင်စားသူတွေ့လာသည်ထိုသူကလဲသူမကိုစိတ်ဝင်စားသည်။
သူမအသိမိတ်ဆွေလူကြီးများမှတစ်ဆင့်သူမကိုစကားကမ်းလှမ်းသည်သူမလဲတည်ကြည်ခန့်ငြား
သောပုံစံကိုကြိုက်သည်ဆိုတော့လက်ခံရန်စိတ်ကူးယာဉ်ထားသည်။
သိုပေမဲ့သူမစိတ်ကူးယာဉ်နေသည့်ညမှာပဲဆန်းကြယ်သောအိမ်မက်ကိုမက်ပြန်သည်။
အိမ်မက်ထဲတွင်သူမဘေးသို့မင်းသားနှစ်ဦးရောက်လာကာမီးဝင်းဝင်းတောက်နေသောမျက်လုံးနှင့်သူမအားကြည့်၍
””မင်းဟာငါတို့နှစ်ယောက်ရဲ့ကြင်ယာတော်ဖြစ်တာကြောင့်~~~မင်းဒီတသက်အိမ်ထောင်ပြုလို့မရဘူး~~~မင်းကိုငါတို့နှစ်ယောက်ပိုင်တယ်~~~~မင်းဘယ်သူနဲ့မှယူလို့မရဘူးးးး””
ထိုသို့ပြောကာသူမနားကပျောက်သွားကြသည်သူမအိပ်ယာကနိုးတော့
စိတ်ထဲဇဝေဇဝါဖြစ်သွားကာစိတ်ရှုတ်၍သွားသည်ဘာတွေမှန်းလဲမသိပေမဲ့သူမကြောက်နေမိသည်။
ဒီလိုနဲပဲသူမအိမ်ထောင်ပြုမည့်ကိစ္စသည်အလွဲလွဲအချော်ချော်နှင့်အဆုံးသတ်၍သွားလေသည်။
သူမအိမ်မက်ထဲတော့မင်းသားနှစ်ယောက်ကအမြဲရှိနေတတ်ကာသူမအားစောင့်ကြည့်နေသလိုခံစားရသည်။
တစ်ညတွင်သူမဘုရားရှိခိုးရင်းသူမအားစောင့်ရှောက်နေသူများကိုသိရန်သစ္စာဆို၍တိုင်တည်မိသည်။
ထိုညကသူမဆန်းပြားသောအိမ်မက်ကိုမက်သည်အိမ်မက်ထဲတွင်သူမသည်
ရွှေတိဂုံဘုရားပေါ်ကစောင်းတန်းတစ်ခုထိပ်သို့ရောက်နေကာအညိုရောင်ရောဂီဝတ်ထားသော
အဘိုးကြီးတစ်ဦးသည်သူမအားလှမ်း၍ခေါ်လိုက်သည်။
””’သမီးလာလာ~~ဒီကိုလာကွဲ့~~ဒီမှာလာထိုင်စားပါအုံးးးးးးးးးသမီးကိုစောင့်နေတာ””’
ထိုအဘိုးအိုခေါ်သောနေရာကိုကြည့်လိုက်ရာထမင်းဝိုင်းတစ်ခုပြင်ထားသည်ကိုတွေ့ရလေသည်။
သူမစိတ်ထဲရွှေတိဂုံဘုရားစောင်းတန်းထိပ်ကြီးထမင်းဝိုင်းပြင်ထားသည်ကိုအံ့သြနေသည်။
လူတွေကလဲသွားလာနေကြရာလူလယ်ကောင်ထမင်းဖိတ်ကြွေးနေသောအဖြစ်သည်ထူးဆန်နေသည်မဟုတ်လား
သို့ပေမဲ့ဘာဘာညာညာမစဉ်းစားပဲထမင်းဝိုင်းဘေးရောက်သွားသည်။
ဖွေးနုလဲထမင်းဝိုင်းထဲဝင်ထိုင်လိုက်ကာသူတို့ချထားသောထမင်းကိုစားလိုက်မိသည်။
ထမင်းအရောင်သည်အညိုရောင်ဖြစ်ကာမွှေးကြိုင်နေသည်ဟင်းလဲမပါထမင်းနှင်ဘာအရွက်မှန်းမသိတာများ
ရောကာနယ်ထားခြင်းဖြစ်သည်သူမနှင့်အတူယောဂီဝတ်အမျိူးသမီးနှစ်ဦးလဲပါသည်။
သူမကထမင်းစားနေရင်းဖြတ်သွားဖြတ်လာဘုရားဖူးလာသူများအားအားနာ၍လောကွပ်လုပ်လိုက်မိသည်။
””ထမင်းဝင်စားကြပါအုံးရှင့်~~~””
ထိုအခါသူမဘေးတွင်ရပ်နေသောယောဂီဝတ်အဘိုးကြီးတစ်ဦးသည်သူမအားဟန့်လိုက်သည်။
””’ကိုယ့်ထမင်းကိုယ်စားသမီး~~~ဒီထမင်းကစားထိုက်မှစားရတာ~~~စားချင်တိုင်းစားလို့မရဘူးကွဲ့””’
သူမလဲအဘိုးအိုစကားကြောင့်ထမင်းအားငုံ့ကာစားနေလိုက်သည်ခဏအကြာတွင်
ထမင်းစားပြီး၍ပြန်မယ်ပြင်ရာထိုအဘိုးအိုကစကားဆက်ပြန်သည်
””ခဏနေအုံးးးး~~ငါ့သမီးဘဝအတွက်သိသင့်တာလက်ဆောင်ပေးရအုံးမယ်”’
ထိုသို့ပြောကာရင်ပြင်တော်ပေါ်တွင်ရပ်နေသောဘုန်းကြီးတစ်ပါးအားလက်ညိုးထိုး၍ပြလိုက်သည်။
ဒါနဲ့သူမလဲလက်အုပ်ချီကာထိုဘုန်းကြီးဆီသို့ရောက်သွားလေသည်ဘုန်းကြီးသည်သက်တော်အတော်ပင်
ကြီးပုံရကာမျက်ခုံးမွှေးများပင်ဖြူစွပ်၍နေကာသူမအားပြုံး၍ကြည့်ရင်းဓတ်ပုံနှစ်ပုံအားလှမ်း၍ပေးသည်။
သူမလဲရိုသေစွာယူ၍ကြည့်လိုက်ရာသူမအိမ်မက်ထဲကမင်းသားနှစ်ပါးပုံဖြစ်နေသည်။
””တကာမလေးဒီပုံတွေကိုသိမ်းထားပါ~~~သူတို့ဟာ( )ခေတ်ကဘုရင်ဖြစ်ခဲ့ဘူးတဲ့မင်းသားညီနောင်နှစ်ပါးပါပဲ—-( ) မင်းနဲ့( ))ပေါ့~~~
တကာမလေးနဲ့ပဋ္ဌာန်းဆက်ရှိနေတဲ့အတွက်~~~သူတို့ကစောင့်ရှောက်နေကြတာပါ~~~~တကာမလေးဟာသာသနာပြုရအုံးမှာပါ”’
””တကာမလေးဟာအတိတ်ဘဝတစ်ခုက—–ထူးခြားတဲ့ကောင်မှု့ကုသိုလ်ပြုလုပ်ခဲ့တာကြောင့်—-ပုဂ္ဂိုလ်ထူးတွေစောင့်ရှောက်ကြတယ်——-”””
ဘုန်းကြီးကထိုဓတ်ပုံနှစ်ပုံအားပေးကာရှင်းပြ၍ပျောက်သွားလေသည်။
သူမလဲထမင်းစားခဲ့သည့်နေရာအားလှမ်း၍ကြည့်လိုက်ရာထိုနေရာတွင်ဘာမှမတွေ့ရတော့ပါ
ပတ်ဝန်းကျင်အားကြည့်မိတော့လဲအစအနပင်မတွေ့တော့ပါ
သူမကသူမသိလာသောမင်းသားနှစ်ပါးနံမည်နဲ့အလုပ်တစ်ခုထူထောင်၍လုပ်ကြည့်ရာအောင်မြင်လေသည်။
ထိုအလုပ်လုပ်နေသည့်အချိန်တွင်အိမ်မက်ထဲသိုထိုမင်းသားနှစ်ပါးရောက်လာပြန်သည်
သူတို့ဝတ်စားထားပုံကခေတ်ပေါ်ပုံစံမျိူ းနှင့်ဖြစ်ကာသူမအားပြုံးစိစိကြည်ရင်းပြောလိုက်သည်။
””ဟေ့ကောင်မကြာခင်သဌေးမကြီးဖြစ်တော့မယ်ကွ—-မမြင်ဘူးရင်ကြည့်ထားးးးး”’
‘
””သဌေးမကြီးပေါ့””
သူတို့နှစ်ယောက်စကားကိုသူမကသူမအားလှောင်နေသည်ဟုထင်တာစိတ်ဆိုးနေမိသည်။
သို့ပေမဲ့သူတို့ပုံစံသည်ပျော်ရွှင်နေပုံရလေသည်။သူမလဲအသေအချာမဝေခွဲတတ်ပါ
သူမကောင်းမှု့ကုသိုလ်လုပ်တိုင်းတော့အမျှပေးဝေမိပေမဲ့သူတို့သည်ဘာတွေလဲဆိုတာတော့
ယနေ့အထိမသိပါသို့ပေမဲ့သူတို့ပြောသလိုပင်သူမနားသို့မည်သည့်ယောင်္ကျားမှကပ်၍မရပါ
သူမနေမကောင်းဖြစ်နေတိုင်းလဲအစားတစ်မျိူးးမျိူ းလာ၍ခွံ့ကြွေးနေသည်မှာလဲယနေ့တိုင်ဖြစ်ပါသည်။
သူမကလဲထိုအစားစားပီးပါကနေပြန်ကောင်းစမြဲမို့သူမရဲ့အတိတ်ဘဝကကြင်ယာတော်များကိုပဲ
ကျေးဇူးတင်ရမလိုလိုအတိတ်ဘဝကိုလဲလုံးလုံးမမှတ်မိမသိရှိပေမဲ့ယုံရမလိုလိုဖြစ်၍နေသည်။
တကယ်တော့သူမအဖြစ်သည်ပြောမယုံကြုံဘူးမှသိဆိုသလိုမယုံနိုင်စရာကောင်းနေပေသည်။
သူမကိုယ်သူမလဲဘာမှန်းမသိပေမဲ့သူမအသက်သည်ထိုမင်းသားနှစ်ပါးလက်ထဲတွင်ရှိနေသည်ဟုယူဆမိသည်။
မဝေးတော့သည့်အနာဂတ်တွင်သူမထိုမင်းသားနှစ်ပါးနှင့်ပြန်ဆုံမည်လားပြန်မဆုံဘူးလားလဲမသိပါ
သူမလဲအတိတ်အကြောင်းကိုအရမ်း
သိချင်နေသည်ဆန်းကြယ်သည့်သူမအဖြစ်ကိုကော
စာဖတ်သူများမည်သို့ထင်ပါသလဲသူမနှင့်အတူဝိုင်းစဉ်းစားပေးပါအုံးသူမကယနေ့အထိအဖြေရှာနေဆဲပါ
သူမသာသနာပြုမည့်အနာဂတ်မှာကောမင်းသားများကမည်သို့ပါဝင်မည်လဲစိတ်ဝင်စားစရာပါ
ပြီး
D Moe Moe
“ဘဝတစ္ခုကမိဖုရားဝင္စားသူ”(စ/ဆုံး)
——————————————–
လူတစ္ေယာက္ႏွင့္တစ္ေယာက္ပ႒ာန္းဆက္အေၾကာင္းဆက္အက်ိဴးဆက္မ်ားမတူသည့္အတြက္
သူတစ္ပါးအေၾကာင္းအားမယုံၾကည္ပါကေက်ာ္၍ဖတ္သြားပါစာဖတ္သူမ်ားစိတ္ႏွလုံး႐ႊင္ၿပဳံးႏိုင္ပါေစ
ေဖြးႏုကိုေမြးစကသူမအေမသည္အိမ္မက္ထဲေဖြးႏုေပ်ာက္၍လိုက္ရွာရာ
ပန္းေတြခင္းထားေသာပန္းေမြ႕ရာအလယ္တြင္ေဖြးႏုကေလးအားထား၍နေဘးမွနတ္သမီးမ်ားကေခ်ာ့ေနသည္ဟု
ထူးဆန္းေသာအိမ္မက္ကိုမက္၍ဒီကေလးဟာေကာင္းတဲ့ဘုံကလာသည္ဟုေျပာေလ့ရွိသည္။
ေဖြးႏုအ႐ြယ္ေရာက္လာေတာ့အသန႔္အျပန႔္အေမႊးအႀကိဳင္အလြန္ႀကိဳက္သည္။
႐ုပ္ေရကလဲတစ္ေသြးတစ္ေမြးရွိကာခ်စ္ခင္သူေပါမ်ားလွသည္သို႔ေပမဲ့ေဖြးႏုကေလးကမာနႀကီးသည္။
ေဖြးႏုစိတ္ကစားတတ္သည့္အ႐ြယ္ေရာက္ေတာ့ရီးစားထားရန္စိတ္ကူးမိေပမဲ့
မထားျဖစ္ေအာင္အေႏွာက္အယွက္ကမ်ားလွသည္ေဖြးႏုအ႐ြယ္ေရာက္ၿပီးကထဲက
ထူးျခားေသာအိမ္မက္ကိုမၾကာခဏမက္ေနသည္အိမ္မက္ထဲတြင္ေယာက်ၤားေလးႏွစ္ေယာက္သည္
ေဖြးႏုေဘးတြင္ရွိေနတတ္ကာႏွစ္သက္ျမတ္ႏိုးသည့္အမူအရာျဖင့္ၾကည့္ေနတတ္သည္။
တစ္ခါတစ္ရံေဖြးႏုမေရာက္ဘူးေသာေနရာမ်ားသို႔ေခၚသြားတတ္ကာထိုေနရာသည္နန္းေတာ္လိုလိုဘာလိုလိုႏွင့္
မသဲကြဲေပေဖြးႏုကသူမအားေခၚလာသူႏွစ္ဦးအား
””ရွင္တို႔လူမွားေနၿပီထင္တယ္ေနာ္—–ရွင္တိုကိုကြၽန္မမသိဘူး~~~ကြၽန္မကိုဒီေနရာဘာလို႔ေခၚလာတာလဲ”””
””’မမွားပါဘူး~~မင္းဟာငါတို႔ႏွစ္ေယာက္ရဲ႕ၾကင္ယာေတာ္ျဖစ္တယ္~~~မင္းသိေအာင္ဒီေနရာေခၚလာတာ””’
ဒါနဲ႔ေဖြးႏုလဲစိတ္ရႈတ္ရႈတ္နဲ႔ထိုသူႏွစ္ေယာက္ေနာက္လိုက္ကာနန္းေတာ္ႀကီးထဲဝင္လိုက္သြားသည္။
နန္းေတာ္ႀကီးဆိုေပမဲ့သစ္လြင္ေတာက္ပမႈ႕မရွိေရနံေခ်းမ်ားသုတ္ထားသလိုမဲ၍ေနသည္။
အထဲတြင္ေတာ့ဓတ္ပုံႀကီးမ်ားေထာင္ထားသည္ကိုေတြ႕ရကာဓတ္ပုံႏွစ္ပုံထဲတြင္မင္းညီမင္းသားလိုလို
ဘုရင္လိုလိုဝတ္စားထားေသာ႐ုပ္ခပ္ဆင္ဆင္ႏွင့္လူႏွစ္ဦးအားေတြ႕ရကာသူတို႔ေဘးကဓတ္ပုံထဲတြင္ေတာ့
မင္းသမီးအဝတ္အစားဝတ္ထားေသာေခ်ာေမာလွပသည့္မင္းသမီးတစ္ဦးဓတ္ပုံတစ္ပုံရွိေနသည္။
ေဖြးႏုလဲဓတ္ပုံထဲကမင္းသမီးသည္သူမႏွင့္တူသလိုလိုခံစားရကာစိတ္ဝင္စားေနတုန္း
””အဲဒါအတိတ္ဘဝက~~~ငါတို႔ညီအကိုရဲ႕ခ်စ္လွစြာေသာၾကင္ယာေတာ္ေပါ့””’
””ငါတို႔က( ) ေခတ္ကဘုရင္ေတြျဖစ္ခဲ့တယ္~~~မင္းကမိဖုရားေပါ့””’
သူတို႔ေျပာေသာအေၾကာင္းအားေဖြးႏုစိတ္မဝင္စားေပမဲ့ေဖြးႏုငယ္စဥ္ကသင္ခဲ့ရေသာ
ေခတ္ကလူမ်ားသည္အခုအခ်ိန္ထိဘာလို႔ရွိေနသလဲဒီေလာက္ႏွစ္ေတြၾကာေနတာကိုအံ့ၾသစရာျဖစ္ေနသည္
ၿပီးေတာ့သူမေယာက်ၤားသည္ဘယ္လိုေၾကာင့္ႏွစ္ေယာက္ျဖစ္ေနသလဲစဥ္းစားမရျဖစ္ကာအိပ္ယာကလန႔္ႏိုးသြားသည္။
ေဖြးႏုကထိုအိမ္မက္မ်ားအားသိပ္အေလးမထားခဲ့ေပမဲ့အိမ္မက္ေတြကသူမအားလႊမ္းမိုး၍လာသည္။
တေန႔တြင္ေဖြးႏုသြားကိုက္သည့္ေဝဒနာအျပင္းအထန္ခံစားရေလသည္ဒါနဲ႔ကိုက္ေနေသာသြားအား
ေဆးခန္းသြားႏုတ္ရာအံ့ဆုံးသြားလဲျဖစ္ျပန္အျမစ္ကလဲအထဲေကာက္ဝင္ေနသျဖင့္
ခက္ခဲစြာႏုတ္လိုက္ရသည္ထိုညကသြားႏုတ္ထားသည့္ဒဏ္ရာကကိုက္၍ထမင္းမစားႏိုင္မအိပ္ႏိုင္ေအာ္ေနရသည္။
အိပ္ယာထဲလွဲရင္းေမွးကနဲအိပ္ေပ်ာ္သြားခ်ိန္တြင္သူမေဘးသိုဆရာဝန္အဝတ္အစားဝတ္ထားေသာ
သူမျမင္ေနၾကလူႏွစ္ေယာက္ေရာက္လာကာတစ္ေယာက္သူမအားၾကည့္၍
””ေဟ့ေကာင္~~သူ႔ကိုေဆးကုေပးလိုက္ပါ~~ဒီေလာက္ေဝဒနာခံစားေနရတာကို~~ျမန္ျမန္လုပ္ေပးလိုက္””’
ထိုသူေျပာ၍နေဘးမွတစ္ေယာက္သူမပါးစပ္အားဟခိုင္း၍သြားႏုတ္ထားေသာေနရာအား
ေဆးစက္တစ္စက္ခ်၍ထည့္ေပးလိုက္ရာေအးကနဲျဖစ္သြား၍သူမေရာဂါသက္သာသြားေလသည္။
ကိုက္ေနသည့္ေဝဒနာလဲေပ်ာက္ကာေကာင္းစြာအိပ္၍ေပ်ာ္သြားေလသည္။
ေနာက္ေန႔တြင္ေတာ့ထူးဆန္းစြာေကာင္းသြားကာထမင္းစားႏိုင္ေလသည္။
သူမစိတ္ထဲထိုသူႏွစ္ေယာက္အားေက်းဇူးတင္ေနမိသည္ဘယ္လိုေျပာရမွန္းပင္မသိပါ
ထိုအျဖစ္အပ်က္သည္ယုံႏိုင္စရာမရွိေပမဲ့ေနာက္တစ္ခါတြင္ေတာ့ထိုသူႏွစ္ေယာက္သူမေဘးတြင္ရွိေနသည္ကို
လက္ခံရမလိုျဖစ္ေနသည္တစ္ရက္တြင္သူမေနမေကာင္းေခါင္းမ်ားခ်ာခ်ာလည္မူးကာအိပ္ယာထဲလဲေနသည္။
ႏွစ္ရက္ေျမာက္ေသာညမွာေတာ့သူမေဘးသိုမင္းဝတ္မင္းစားႏွင့္လူႏွစ္ေယာက္ေပၚလာကာ
””’ကဲ~~ႏွမေတာ္ဒါေလးစား~~~ေရာဂါေပ်ာက္ေအာင္””
ထိုသိုေျပာကာတစ္ေယာက္ေသာမင္းသားကသ့ူလက္ထဲကိုင္ထားေသာပုဂံထဲမွထမင္းလိုလိုအရာအား
ဇြန္းႏွင့္ခပ္ေႂကြးရာသူမလဲေႂကြးသမွ်စားလိုက္ေလသည္သူမကပါစပ္ဟစားေနရင္းအိပ္ယာကလန႔္ႏိုးသြားျပန္သည္
တစ္ကယ္ပဲအျပင္မွာစားရသလိုအိမ္မက္လိုလိုႏွင့္သူမေရာဂါသက္သာသြားျပန္သည္။
ဆန္းၾကယ္စြာပင္သူမေရာဂါသည္၃ရက္ေျမာက္ေန႔တြင္လုံးလုံးေပ်ာက္သြားေလသည္။
သူမစိတ္ထဲထိုသူႏွစ္ေယာက္သည္တန္ခိုးရွင္မ်ားလားဘယ္လိုအစြမ္းေတြရွိသလဲသိပ္သိခ်င္လာသည္။
သူမအိမ္မက္မက္တိုင္းလဲႏွစ္ေယာက္စလုံးမခြဲပဲျမင္မက္ေနကာတစ္ခါလာပုံစံတစ္မ်ိဳူ းဝတ္ထားသည္ကိုေတြ႕ရေလသည္။
သူမကိုလဲႏွစ္ေယာက္စလုံးကခ်စ္ျမတ္ႏိုးပုံေပၚေနသည္႐ုပ္ကလဲခပ္ဆင္ဆင္ျဖစ္ကာ
ဘယ္သူအႀကီးအငယ္မခြဲတတ္ေပထူးျခားသည္ကသူမအ႐ြယ္မ်ားပင္ျဖစ္သည္။
တစ္ခါေသာ္သူမအိမ္ေထာင္ျပဳရန္အေၾကာင္ဖန္လာသည္။
သူမခရီးသြားရင္းစိတ္ဝင္စားသူေတြ႕လာသည္ထိုသူကလဲသူမကိုစိတ္ဝင္စားသည္။
သူမအသိမိတ္ေဆြလူႀကီးမ်ားမွတစ္ဆင့္သူမကိုစကားကမ္းလွမ္းသည္သူမလဲတည္ၾကည္ခန႔္ျငား
ေသာပုံစံကိုႀကိဳက္သည္ဆိုေတာ့လက္ခံရန္စိတ္ကူးယာဥ္ထားသည္။
သိုေပမဲ့သူမစိတ္ကူးယာဥ္ေနသည့္ညမွာပဲဆန္းၾကယ္ေသာအိမ္မက္ကိုမက္ျပန္သည္။
အိမ္မက္ထဲတြင္သူမေဘးသို႔မင္းသားႏွစ္ဦးေရာက္လာကာမီးဝင္းဝင္းေတာက္ေနေသာမ်က္လုံးႏွင့္သူမအားၾကည့္၍
””မင္းဟာငါတို႔ႏွစ္ေယာက္ရဲ႕ၾကင္ယာေတာ္ျဖစ္တာေၾကာင့္~~~မင္းဒီတသက္အိမ္ေထာင္ျပဳလို႔မရဘူး~~~မင္းကိုငါတို႔ႏွစ္ေယာက္ပိုင္တယ္~~~~မင္းဘယ္သူနဲ႔မွယူလို႔မရဘူးးးး””
ထိုသို႔ေျပာကာသူမနားကေပ်ာက္သြားၾကသည္သူမအိပ္ယာကႏိုးေတာ့
စိတ္ထဲဇေဝဇဝါျဖစ္သြားကာစိတ္ရႈတ္၍သြားသည္ဘာေတြမွန္းလဲမသိေပမဲ့သူမေၾကာက္ေနမိသည္။
ဒီလိုနဲပဲသူမအိမ္ေထာင္ျပဳမည့္ကိစၥသည္အလြဲလြဲအေခ်ာ္ေခ်ာ္ႏွင့္အဆုံးသတ္၍သြားေလသည္။
သူမအိမ္မက္ထဲေတာ့မင္းသားႏွစ္ေယာက္ကအၿမဲရွိေနတတ္ကာသူမအားေစာင့္ၾကည့္ေနသလိုခံစားရသည္။
တစ္ညတြင္သူမဘုရားရွိခိုးရင္းသူမအားေစာင့္ေရွာက္ေနသူမ်ားကိုသိရန္သစၥာဆို၍တိုင္တည္မိသည္။
ထိုညကသူမဆန္းျပားေသာအိမ္မက္ကိုမက္သည္အိမ္မက္ထဲတြင္သူမသည္
ေ႐ႊတိဂုံဘုရားေပၚကေစာင္းတန္းတစ္ခုထိပ္သို႔ေရာက္ေနကာအညိဳေရာင္ေရာဂီဝတ္ထားေသာ
အဘိုးႀကီးတစ္ဦးသည္သူမအားလွမ္း၍ေခၚလိုက္သည္။
””’သမီးလာလာ~~ဒီကိုလာကြဲ႕~~ဒီမွာလာထိုင္စားပါအုံးးးးးးးးးသမီးကိုေစာင့္ေနတာ””’
ထိုအဘိုးအိုေခၚေသာေနရာကိုၾကည့္လိုက္ရာထမင္းဝိုင္းတစ္ခုျပင္ထားသည္ကိုေတြ႕ရေလသည္။
သူမစိတ္ထဲေ႐ႊတိဂုံဘုရားေစာင္းတန္းထိပ္ႀကီးထမင္းဝိုင္းျပင္ထားသည္ကိုအံ့ၾသေနသည္။
လူေတြကလဲသြားလာေနၾကရာလူလယ္ေကာင္ထမင္းဖိတ္ေႂကြးေနေသာအျဖစ္သည္ထူးဆန္ေနသည္မဟုတ္လား
သို႔ေပမဲ့ဘာဘာညာညာမစဥ္းစားပဲထမင္းဝိုင္းေဘးေရာက္သြားသည္။
ေဖြးႏုလဲထမင္းဝိုင္းထဲဝင္ထိုင္လိုက္ကာသူတို႔ခ်ထားေသာထမင္းကိုစားလိုက္မိသည္။
ထမင္းအေရာင္သည္အညိဳေရာင္ျဖစ္ကာေမႊးႀကိဳင္ေနသည္ဟင္းလဲမပါထမင္းႏွင္ဘာအ႐ြက္မွန္းမသိတာမ်ား
ေရာကာနယ္ထားျခင္းျဖစ္သည္သူမႏွင့္အတူေယာဂီဝတ္အမ်ိဴးသမီးႏွစ္ဦးလဲပါသည္။
သူမကထမင္းစားေနရင္းျဖတ္သြားျဖတ္လာဘုရားဖူးလာသူမ်ားအားအားနာ၍ေလာကြပ္လုပ္လိုက္မိသည္။
””ထမင္းဝင္စားၾကပါအုံးရွင့္~~~””
ထိုအခါသူမေဘးတြင္ရပ္ေနေသာေယာဂီဝတ္အဘိုးႀကီးတစ္ဦးသည္သူမအားဟန႔္လိုက္သည္။
””’ကိုယ့္ထမင္းကိုယ္စားသမီး~~~ဒီထမင္းကစားထိုက္မွစားရတာ~~~စားခ်င္တိုင္းစားလို႔မရဘူးကြဲ႕””’
သူမလဲအဘိုးအိုစကားေၾကာင့္ထမင္းအားငုံ႔ကာစားေနလိုက္သည္ခဏအၾကာတြင္
ထမင္းစားၿပီး၍ျပန္မယ္ျပင္ရာထိုအဘိုးအိုကစကားဆက္ျပန္သည္
””ခဏေနအုံးးးး~~ငါ့သမီးဘဝအတြက္သိသင့္တာလက္ေဆာင္ေပးရအုံးမယ္”’
ထိုသို႔ေျပာကာရင္ျပင္ေတာ္ေပၚတြင္ရပ္ေနေသာဘုန္းႀကီးတစ္ပါးအားလက္ညိဳးထိုး၍ျပလိုက္သည္။
ဒါနဲ႔သူမလဲလက္အုပ္ခ်ီကာထိုဘုန္းႀကီးဆီသို႔ေရာက္သြားေလသည္ဘုန္းႀကီးသည္သက္ေတာ္အေတာ္ပင္
ႀကီးပုံရကာမ်က္ခုံးေမႊးမ်ားပင္ျဖဴစြပ္၍ေနကာသူမအားၿပဳံး၍ၾကည့္ရင္းဓတ္ပုံႏွစ္ပုံအားလွမ္း၍ေပးသည္။
သူမလဲ႐ိုေသစြာယူ၍ၾကည့္လိုက္ရာသူမအိမ္မက္ထဲကမင္းသားႏွစ္ပါးပုံျဖစ္ေနသည္။
””တကာမေလးဒီပုံေတြကိုသိမ္းထားပါ~~~သူတို႔ဟာ( )ေခတ္ကဘုရင္ျဖစ္ခဲ့ဘူးတဲ့မင္းသားညီေနာင္ႏွစ္ပါးပါပဲ—-( ) မင္းနဲ႔( ))ေပါ့~~~
တကာမေလးနဲ႔ပ႒ာန္းဆက္ရွိေနတဲ့အတြက္~~~သူတို႔ကေစာင့္ေရွာက္ေနၾကတာပါ~~~~တကာမေလးဟာသာသနာျပဳရအုံးမွာပါ”’
””တကာမေလးဟာအတိတ္ဘဝတစ္ခုက—–ထူးျခားတဲ့ေကာင္မႈ႕ကုသိုလ္ျပဳလုပ္ခဲ့တာေၾကာင့္—-ပုဂၢိဳလ္ထူးေတြေစာင့္ေရွာက္ၾကတယ္——-”””
ဘုန္းႀကီးကထိုဓတ္ပုံႏွစ္ပုံအားေပးကာရွင္းျပ၍ေပ်ာက္သြားေလသည္။
သူမလဲထမင္းစားခဲ့သည့္ေနရာအားလွမ္း၍ၾကည့္လိုက္ရာထိုေနရာတြင္ဘာမွမေတြ႕ရေတာ့ပါ
ပတ္ဝန္းက်င္အားၾကည့္မိေတာ့လဲအစအနပင္မေတြ႕ေတာ့ပါ
သူမကသူမသိလာေသာမင္းသားႏွစ္ပါးနံမည္နဲ႔အလုပ္တစ္ခုထူေထာင္၍လုပ္ၾကည့္ရာေအာင္ျမင္ေလသည္။
ထိုအလုပ္လုပ္ေနသည့္အခ်ိန္တြင္အိမ္မက္ထဲသိုထိုမင္းသားႏွစ္ပါးေရာက္လာျပန္သည္
သူတို႔ဝတ္စားထားပုံကေခတ္ေပၚပုံစံမ်ိဴ းႏွင့္ျဖစ္ကာသူမအားၿပဳံးစိစိၾကည္ရင္းေျပာလိုက္သည္။
””ေဟ့ေကာင္မၾကာခင္သေဌးမႀကီးျဖစ္ေတာ့မယ္ကြ—-မျမင္ဘူးရင္ၾကည့္ထားးးးး”’
‘
””သေဌးမႀကီးေပါ့””
သူတို႔ႏွစ္ေယာက္စကားကိုသူမကသူမအားေလွာင္ေနသည္ဟုထင္တာစိတ္ဆိုးေနမိသည္။
သို႔ေပမဲ့သူတို႔ပုံစံသည္ေပ်ာ္႐ႊင္ေနပုံရေလသည္။သူမလဲအေသအခ်ာမေဝခြဲတတ္ပါ
သူမေကာင္းမႈ႕ကုသိုလ္လုပ္တိုင္းေတာ့အမွ်ေပးေဝမိေပမဲ့သူတို႔သည္ဘာေတြလဲဆိုတာေတာ့
ယေန႔အထိမသိပါသို႔ေပမဲ့သူတို႔ေျပာသလိုပင္သူမနားသို႔မည္သည့္ေယာက်ၤားမွကပ္၍မရပါ
သူမေနမေကာင္းျဖစ္ေနတိုင္းလဲအစားတစ္မ်ိဴးးမ်ိဴ းလာ၍ခြံ႕ေႂကြးေနသည္မွာလဲယေန႔တိုင္ျဖစ္ပါသည္။
သူမကလဲထိုအစားစားပီးပါကေနျပန္ေကာင္းစၿမဲမို႔သူမရဲ႕အတိတ္ဘဝကၾကင္ယာေတာ္မ်ားကိုပဲ
ေက်းဇူးတင္ရမလိုလိုအတိတ္ဘဝကိုလဲလုံးလုံးမမွတ္မိမသိရွိေပမဲ့ယုံရမလိုလိုျဖစ္၍ေနသည္။
တကယ္ေတာ့သူမအျဖစ္သည္ေျပာမယုံႀကဳံဘူးမွသိဆိုသလိုမယုံႏိုင္စရာေကာင္းေနေပသည္။
သူမကိုယ္သူမလဲဘာမွန္းမသိေပမဲ့သူမအသက္သည္ထိုမင္းသားႏွစ္ပါးလက္ထဲတြင္ရွိေနသည္ဟုယူဆမိသည္။
မေဝးေတာ့သည့္အနာဂတ္တြင္သူမထိုမင္းသားႏွစ္ပါးႏွင့္ျပန္ဆုံမည္လားျပန္မဆုံဘူးလားလဲမသိပါ
သူမလဲအတိတ္အေၾကာင္းကိုအရမ္းသိခ်င္ေနသည္ဆန္းၾကယ္သည့္သူမအျဖစ္ကိုေကာ
စာဖတ္သူမ်ားမည္သို႔ထင္ပါသလဲသူမႏွင့္အတူဝိုင္းစဥ္းစားေပးပါအုံးသူမကယေန႔အထိအေျဖရွာေနဆဲပါ
သူမသာသနာျပဳမည့္အနာဂတ္မွာေကာမင္းသားမ်ားကမည္သို႔ပါဝင္မည္လဲစိတ္ဝင္စားစရာပါ
ၿပီး
D Moe Moe