Unicode Version
ဘွားမယ်စိန်နှင့်မနာလိုစိတ်ဖြင့်ပြုစားခံရသူ(စ/ဆုံး)
————————————————————–
မိနွယ်…။
အမည်ရင်းသည်က နွယ်နွယ်ဖြစ်ပြီး…။
နေထိုင်ရာ မကျီးတောရွာ၌ မိနွယ်အား မသိသူမရှိခဲ့။
မိနွယ်သည် အသက်အားဖြင့် နှစ်ဆယ့်ငါးနှစ်အရွယ်ဖြစ်ပြီး
ရွာ၏ကွမ်းတောင်ကိုင်အချောအလှလေးတစ်ယောက်ပင်။
သို့သော် မိနွယ်၏အလှထက် မိနွယ်၏ကောင်းမွန်သော စိတ်သဘောထားလေးကိုအများကသဘောကျ
နှစ်သက်ကြလေသည်။
မကျီးတောရွာ၏ သာရေး…နာရေးပွဲများ၌ ရွာသူမိန်းကလေးများအား မိနွယ်ကပင် ဦးဆောင်၍ဝိုင်းဝန်းကူညီပေးတတ်သည်။
ဒါ့အပြင် ဘုရားကျောင်းကန်သန့်ရှင်းရေးများပါမကျန် လူစု၍ သွားလာလုပ်ကိုင်ကုသိုလ်ပြုတတ်သည့် မိနွယ်လိုမိန်းကလေးအား သားရှင်မိဘများက သဘောအကျကြီး ကျကြလေသည်။
ထိုသို့မကျီးတောရွာ၏ အချစ်ခံ မိနွယ်လေးတစ်ယောက်…
“အမလေးတော့…ကျွတ်…ကျွတ်…ကျွတ်”
မိနွယ် မနက်အိပ်ရာအထတွင် ရုတ်တရက်ဆိုသလို ခါးသည်နာကျင်လာ၍ စုပ်သက်မိလိုက်မိ၏။
နာကျင်နေသည့်ခါးအားလက်တစ်ဖက် ဖြင့်ဖိရင်းအိပ်ရာထဲမှ အားပြုထလာခဲ့သည်။
သို့သော်…
“အမလေး…”
“ဘုန်း…”
မိနွယ်မထနိုင်ဘဲ ပြန်၍လဲကျသွား၏။
“သမီး…ဘာဖြစ်တာလဲ”
မိနွယ်၏ လဲကျသံနှင့်အော်သံကြောင့် မိခင်ဖြစ်သူဒေါ်သိန်း အပြေးတပိုင်းဖြင့် မိနွယ်၏အခန်းထဲဆီသို့ ဝင်လာခဲ့လေသည်။
အိပ်ရာထဲ၌ လဲကျနေသည့်အနေအထားဖြင့်ရှိနေသည့် မိနွယ်…
“အမေ…ကျုပ်…ကျုပ်ခါးတွေနာလိုက်တာတော်…။ကျုပ်ထတာ ထမရဘူးအမေရယ်”
“ဟင်…ဘယ်လိုဖြစ်ရတာလဲ…
မနေ့ညက အိပ်ရာဝင်တော့အကောင်းပါ သမီးရယ်”
“ကျုပ်လည်းမသိဘူးအမေ…အခု
ကျုပ်ကို ထူပေးပါလားတော်”
“သြော်…အေး…အေး…လာ…လာ…အမေတွဲပေးမယ်”
ဒေါ်သိန်းသမီးဖြစ်သူမိနွယ်အား တွဲထူပေးလေသည်။
တွဲကူထူပေးနေရင်းမှာပင်…
“အမလေး…နာလိုက်တာတော်…အမေ…
ကျုပ်…ကျုပ်မရဘူး…ခါးကနာတယ်တော့…
အမလေး…လေး…ကျွတ်…ကျွတ်…ကျွတ်…
ကျုပ်ကိုအိပ်ရာထဲပဲပြန်လှဲပေးပါတော်…ကျုပ်မထနိုင်ဘူး”
“အို…ငါ့သမီးရယ် ဘယ်လိုဖြစ်ရတာလဲ”
မိနွယ်အိပ်ရာထဲ၌ မှောက်လျှက်ပင်လှဲချရသည်။
ခါးအထက်မှ နာကျင်ခြင်းကြောင့် မိနွယ် မထနိုင်ရှာပေ။
မိနွယ်၏မိဘမောင်ဘွားများသည်လည်း
မိနွယ်အတွက်စိတ်ပူကာ ဆေးဆရာပင့်၍ကုသပေးကြ၏။
သို့သော် မိနွယ်၏ခါးနာသည့်ဝေဒနာသည်မပျောက်ကင်းပေ။
ရွာသူ၊ရွာသားတို့သည်လည်း မိနွယ်၏အဖြစ်ကိုသိကြ၍ လာရောက်မေးမြန်းကြကုန်သည်။
ရက်ကိုလစားသော်လည်း
မိနွယ်သည်အိပ်ရာထဲ၌ လူမမာကဲ့သို့ဖြစ်နေရသည်။
အမည်မသိသောမိမိ၏ဝေဒနာကြောင့်ပင် မိနွယ်ခမျာ စိတ်ကောလူကောပင်ပန်းလာခဲ့ရရှာသည်။
ယခင်ကကဲ့သို့ ရွာ၏သာရေး၊နာရေးပွဲများ၌ မိနွယ်မပါဝင်နိုင်ရှာတော့။
မိမိ၏ဝေဒနာကိုသာအဖော်ပြု၍ အိပ်ရာထဲ၌နေ့စဉ်လှဲလျောင်းနေခဲ့ရလေသည်။
“ကျုပ်တော့…အစ်မမိနွယ် ဖြစ်တာ မရိုးဘူးထင်တယ်အမေရာ”
မိနွယ်၏မောင်ဖြစ်သူ ဖိုးသော်က ပြောလေသည်။
ဖိုးသော်၏စကားကြောင့် မိခင်ဒေါ်သိန်းက…
“အင်း…ဆေးဆရာတွေသာပြောင်းကုတယ်
အခုထိမင်းအစ်မမိနွယ်ခမျာ သက်သာတယ်လို့ကိုမရှိဘူးလေ။
အဲ့တာ အခြားတစ်ခုခုကြောင့်များလားလို့
အမေလည်းတွေးနေမိတာ…။
အမေတွေးသလို ငါ့သားကရော တွေးမိတာလား”
“ဟုတ်တယ်အမေ…ကျုပ်တော့
ဆရာလေးဘာလေးရှာပြီး အစ်မကိုစမ်းကုပေးရင်ကောင်းမလားလို့ဗျာ ”
“အေးပါသားရယ်…မင်းစုံစမ်းပြီးသာပင့်ခဲ့စမ်းပါ…။
အမေ မင်းအဖေကိုပြောထားပေးမယ်”
“ဟုတ်ပြီအမေ…ဒါဆို ကျုပ်ရှာပင့်ခဲ့မယ်ဗျာ…”
“အေး…အေး…သား…ပင့်သာပင့်ခဲ့နော်”
မိနွယ်၏မိဘများ မိနွယ်အား ဆရာများနှင့်ခေါ်ကာ မေးကြမြန်းကြဖြင့် ကုသကြသည်။
သို့သော် အကြောင်းမထူးခဲ့။
တစ်နေ့မှာတော့ဖိုးသော်တစ်ယောက် သူငယ်ချင်းတစ်ဦးပေးသော သတင်းကြောင့်…”သောင်ထွန်းရွာ”ဆီသို့
ခရီးထွက်လာခဲ့တော့လေသည်။
ထိုခရီးသည် မိနွယ်အတွက်ပင်ဖြစ်ပေသည်။
“အိမ်ရှင်တို့…အိမ်ရှင်တို့ရှိလားခမျ”
“ရှိတယ်ဝေ့…ဝင်ခဲ့လေဝိုင်းထဲကို”
“ဟုတ်ကဲ့ဗျ”
ဒေါ်ဝင်း ခြံအပြင်မှအော်သံကြောင့် မည်သူမှန်းမသိ၍ ဝိုင်းထဲသို့ဝင်လာခိုင်းလိုက်သည်။
ဝိုင်းထဲဝင်လာသော လူရွယ်အား ဒေါ်ဝင်းမျက်မှောင်ကျုံ့ကြည့်လိုက်၏။
ထိုလူငယ်အားသူတစ်ခါမျှမမြင်ဘူးပေ။
“ဘယ်သူများတုန်းကွဲ့”
ဒေါ်ဝင်း၏အမေးကြောင့် ဒေါ်ဝင်းထိုင်နေသောကွပ်ပျစ်အနီးဆီသို့ရောက်လာခဲ့သည့်လူရွယ်သည်…
“ကျုပ်အမည်ကဖိုးသော်ပါ…မကျီးတောရွာကလာတာပါ။
အရီးကဘွားမယ်စိန်လားဗျ”
“ဟမ်…ဘွားမယ်စိန်ဆိုတာ အရီးအမေပါကွဲ့ကောင်လေးရဲ့…”
“သြော်…ကန်တော့ပါနော်…ကျုပ်မသိလို့ပါ”
“အေး…နေပါဦး မကျီးတောဆိုတာ ဟိုးအရှေ့ဘက်ကရွာမလား…တို့ရွာနဲ့ဝေးသားပဲ…။မောင်ရင်က ဘာကိစ္စရှိလို့တုန်းကွဲ့”
“ကျုပ်… အစ်မရဲ့ဝေဒနာကို ကုသပေးချင်လို့ပါ…။အသိတွေက ဒီရွာကဘွားမယ်စိန်က ကုသပေးတယ်ဆိုလို့ ကျုပ်အဘွားဆရာမကိုလာပင့်တာပါဗျာ”
“အေး…ကုတာတော့ကုပေးတယ်လေ…
မောင်ရင်တို့ရွာကဝေးတော့ အရီးအမေသွားလာရအဆင်ပြေပါ့မလားလို့”
“မပူနဲ့ဗျ…ကျုပ်မှာလှည်းပါလာတယ်…ဟိုးကွင်းပြင်က မန်ကျည်းပင်ရိပ်မှာလှည်းချွတ်ထားခဲ့တာ”
ဖိုးသော်က သူ၌လှည်းပါလာကြောင်းပြောလေရာ…
“မောင်ရင်လှည်းပါလာတာအကြောင်းမဟုတ်ပါဘူးကွယ်။
အရီးအမေကအသက်ကြီးတော့ခရီးပင်ပန်းမှာဆိုးတာပါ”
“သြော်…ဟုတ်ကဲ့…။
ကျုပ်တို့ဆီမလိုက်နိုင်ခဲ့ရင်လည်း
ဘွားမယ်စိန်နဲ့တော့ ကျုပ်တွေ့သွားပါရစေဗျာ”
“အေးပါကွယ်…။ခဏတော့စောင့်ပေးဦး
အရီးအမေ ရွာဘုန်းကြီးကျောင်းကိုသွားလို့ တော်နေပြန်လာလိမ့်မယ်…။
ဒါနဲ့ ခရီးဝေးကလာတာဆိုတော့ ထမင်းကောစားပြီးပြီလား…
မစားရသေးရင် အရီးခူးလိုက်မယ်လေ”
“နေပါစေဗျ…ကျုပ်ထမင်းထုပ်ပါလာတာအစောကမှ
စားထားတာပါ”
“အေး…အေး…ဒါဆိုလည်း လက်ဖက်လေးရေနွေးကြမ်းလေးတော့သောက်နော်…”
“ဟုတ်ကဲ့”
ဖိုးသော်တစ်ယောက် ဒေါ်ဝင်း၏စကားများအားပြန်ဖြေရင်း ဘွားမယ်စိန်ပြန်အလာအားစောင့်မျှော်နေမိခဲ့သည်။
သူ၏စိတ်ထဲ၌တော့ ဘွားမယ်စိန်တစ်ယောက်သူတို့ ရွာဆီကိုလိုက်လာပါစေဟု ဆုတောင်းနေရရှာသည်။
ဘွားမယ်စိန် ပြန်လာလေတော့ ဒေါ်ဝင်းကအကျိုးအကြောင်းပြောပြလေသည်။
ထိုအခါ ဘွားမယ်စိန် ဖိုးသော်အား တစ်ချက်စူးစိုက်ကြည့်လိုက်သည်။
“အမေခရီးပင်ပန်းမှာကြောင့် ကျုပ်ကမလိုက်နိုင်တာကိုပြောထားတယ်အမေ…”
ဒေါ်ဝင်းပြောလေတော့ဘွားမယ်စိန်က…
“လိုက်မယ်မောင်ရင်…ဘွားလိုက်ခဲ့မယ်…။ဘွားသာမလိုက်ရင် မောင်ရင်အစ်မအတွက် အသက်ရှင်ဖို့လမ်းမရှိတော့ဘူး…မောင်ရင်တို့မှာ မကောင်းတဲ့အမှောင်ဓာတ်တွေတော်တော်များနေတယ်”
“ဗျာ…”
“ကဲ…မိဝင်း ညည်းရောလိုက်ခဲ့…အိမ်ကိုညည်းမောင်တွေကိုသာ
လာစောင့်ခိုင်းထားလိုက်…။
သွား ပြင်စရာရှိတာ သွားပြင်တော့အေ”
“ဟုတ်…ဟုတ်ကဲ့ပါအမေရယ်…အမေ့သဘောပါပဲ”
ဒေါ်ဝင်းမိခင်ဖြစ်သူစကားအားမလွန်ဆန်တော့ပေ။
တစ်ဖက်ကဖိုးသော်သည်လည်း ဘွားမယ်စိန်လိုက်လာမည်ဆိုသောကြောင့်
ဝမ်းသာပီတိဖြစ်နေရှာ၏။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့သားအမိနှစ်ယောက် ဖိုးသော်၏လှည်းဖြင့် ခရီးထွက်လာခဲ့ကြလေသည်။
**********
ဘွားမယ်စိန်တို့လိုက်ပါလာသော လှည်းလေးသည် မကျီးတောရွာသို့ရောက်ရှိလာခဲ့သည်။
မကျီးတောရွာ၏ ခြံဝန်းကျယ်ကြီးတစ်ခုဆီသို့ ဖိုးသော်လှည်းအားမောင်းဝင်လာခဲ့လိုက်သည်။
ထိုအိမ်သည်ဖိုးသော်တို့၏ အိမ်ပင်ဖြစ်၏။
ဖိုးသော်တို့လှည်း ဝိုင်းထဲသို့ဝင်လာသည်ကိုမြင်သည်နှင့် မိဘမောင်ဘွားများကအိမ်ထဲမှထွက်လာ ကြိုဆိုကြသည်။
ပြီးလေတော့
ဘွားမယ်စိန်တို့အား လှည်းအထက်မှတွဲကူ ချပေးကြရင်း
ဖိုးသော်၏မိခင် ဒေါ်သိန်းက…
“ဘွားတို့်လည်းခရီးပန်းလာကြမှာပဲ
အရင်ထမင်းစားပြီး အနားယူကြပါဦး”
“နေနေ…ကလေးမလေးအခြေအနေ
ဘယ်လိုရှိသလဲဆိုတာသာ ဘွားကိုအရင်ပြောပြ”
ဘွားမယ်စိန်က လှည်းအထက်မှဆင်းကာ အိမ်ထဲသို့လျှောက်လှမ်းဝင်လာရင်းဒေါ်သိန်းအားမေးလေသည်။
“သမီးအခြေအနေကတော့ မသက်သာပါဘူးဘွားရယ်…။ကျုပ်တို့လည်း သားနှစ်ယောက် သမီးတစ်ယောက်ရှိတာ…
တစ်ယောက်ထဲပါလာတဲ့သမီးကျမှ
အခုလိုတွေဖြစ်နေရတယ်လို့တော်…”
“အင်း…ကလေးမဆီကို ဘွားသွားချင်တယ် လိုက်ပို့ပေးပါ”
“ဟုတ်ကဲ့ဘွား…လာပါ လိုက်ပို့ပေးပါ့မယ်…။
ကျွန်မတို့ ဘွားကိုပဲ အားကိုးပါတယ်ဘွားရယ်”
“အေး…အေး…မပူပါနဲ့…ဘွားတို့
ဒီထိတောင်လိုက်လာခဲ့ပြီပဲကွယ်”
ဒေါ်သိန်းသည်ဘွားမယ်စိန်နှင့်အတူ မိနွယ်ရှိသောအခန်းဆီသို့ခေါ်ဆောင်သွားလေသည်။
သူတို့၏နောက်ပါးမှ ဒေါ်ဝင်းနှင့်ဖိုးသော်တို့လူစုလိုက်ပါလာခဲ့ကြ၏။
မိနွယ်သည် အခန်းအတွင်းလှဲလှောင်းနေ၏။
သူ၏ခါးအောက်၌ အဝတ်အခင်းများခု၍ နေနေရရှာသည်။
လူသည်လည်း ဝေဒနာကြောင့်အစားပင်မစားနိုင်ရှာ၍ ခန္ဓာကိုယ်သည်လည်း ပိန်ပိန်ပါးပါးသာရှိနေခဲ့သည်။
ဘွားမယ်စိန်ဝင်လာလေတော့ မိနွယ် မျက်လုံးလေးဖြင့်သာ လှမ်းကြည့်နိုင်ရှာ၏။
မိနွယ်၏ နံဘေးသို့ ဝင်ထိုင်လိုက်သော ဘွားမယ်စိန်သည်
မိနွယ်၏အဖြစ်ကိုကြည့်ရင်း
စိတ်မကောင်းဖြစ်မိလေသည်။
“ကဲ…သမီး ဘွားလာပြီ စိတ်ကိုအေးအေးသာထား…
သမီးရဲ့ဝေဒနာတွေကို
ပျောက်ကင်းအောင်ကုသပေးမယ်နော်”
မိနွယ် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်ရည်ကျလာသည်။
ဘွားမယ်စိန် မိနွယ်၏ခေါင်းအား သူ၏ဘယ်ဘက်လက်ကိုတင်၍ မျက်လုံးအားမှိတ်ချလိုက်သည်။
မျက်လုံးမှိတ်ထားရင်းလည်း နှုတ်မှတဖွဖွရွတ်ဆိုနေပြန်၏။
ထိုသို့နေနေရင်းခဏမျှကြာလေတော့…
“အင်း…သမီးရဲ့ရောဂါအစကိုဘွားသိပြီ။
ဒါ သာမာန်ရောဂါတစ်ခုမဟုတ်ဘူးသမီး…။သမီးကိုမနာလိုသူက အောက်လမ်းကိုငွေပေးပြီး တမြေ့မြေ့နဲ့သမီးကို ခံစားရအောင်လုပ်ထားတာပဲ…”
“ရှင်…ကျွန်မသမီးလေးကို”
“သမီးနဲ့မတည့်တဲ့သူတွေဘာတွေများရှိသလား”
“ဘွားရယ်…ကျွန်မသမီးလေးကရွာကအချစ်ခံလေးပါ…
ရပ်ရွာကိစ္စတိုင်းအမြဲကူညီပေးတတ်လွန်း၊သိတတ်လွန်းလို့ မတည့်သူမရှိပါဘူးရှင်”
“အင်း…ဒါဆိုရင်တော့ ဘွားဘက်ကပဲစီမံပေးတော့မယ်…ညည်းသမီးကို အသေလုပ်ထားတာ…
ဒါတော်တော်မလိုမုန်းတီးနေတဲ့သူမို့ပဲအေ့…”
“ကူညီပါဦးဘွားရယ်…ကျုပ်သမီးလေးကို ကယ်ပါဦးရှင်”
“ကဲ…ဒီလောက်သိရရင်ရပြီ…ဘွားဆက်စီမံမယ်…
တိတ်တိတ်နေကြ”
ဘွားမယ်စိန်ပြောလိုက်သည်ကြောင့် အားလုံးတိတ်ဆိတ်သွားကြသည်။
“နင်တို့ပြုတဲ့ကံ နင်တို့ဆီပြန်ရောက်…
နင်တို့ဒဏ်နင်တို့ခံစမ်း…။မကောင်းတဲ့အတတ်နဲ့ ပြုတဲ့ဆရာကော အသပြာပေးခိုင်းတဲ့အမိုက်မရော…ခံကြ…ခံကြ…
ကိုယ်ပြုသမျှကိုယ်ခံကြတော့…………..”
စကားအဆုံး၌ နှုတ်မှတဖွဖွရွတ်ဆိုပြန်သည်။
ရွတ်ဆိုမှုပြီးလေတော့…
“ရေတစ်ခွက်ခပ်ပေးကြ….”
ဘွားမယ်စိန်ရေတစ်ခွက်တောင်းလေသည်။
ရေခွက်ရသည်နှင့် သူ၏လက်ဖဝါးထဲသို့ထိုရေများထည့်ကာ…
“ကဲ…ပြယ်စမ်း…အမှောင်တွေဖယ်တော့…
ဘုရား…တရား..သံဃအစွမ်းကြောင့် ဒီသမီးလေးပြန်လည်ကျန်းမာပါစေကွယ်”
မိနွယ်၏ကိုယ်ပေါ်တစ်လျှောက် ရေမှုန်များပတ်ဖြန်းပေးလိုက်တော့၏။
“ကိစ္စကတော့ပြီးပါပြီ…။အစားအသောက်လေးပြန်စားသမီး…ဒါဆို ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာမှာပါကွယ်…။
ဟိုမကောင်းပြုသူတွေကတော့စောင့်ကြည့်ကြပေါ့…
ဘွားသူတို့ရဲ့မကောင်းတာတွေ
သူတို့ဆီပြန်ပေးထားပါတယ်…”
“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ဘွားရယ်…”
” ကျေးဇူးတင်ပါတယ်ဗျာ…”
မိနွယ်တို့မိဘမောင်ဘွားများသည် ဘွားမယ်စိန်အားထိုင်ကန်တော့ကြ၏။
မိနွယ်သည်လည်း လက်အုပ်လေးချီကာ ကန်တော့ရှာသည်။
ထို့နောက်..
ဘွားမယ်စိန်တို့ရေမိုးချိုးကြပြီးလေတော့ထမင်းဝိုင်း
ပြင်ဆင်ပေးကြသည်။
ဘွားမယ်စိန်တို့ထမင်းစားနေရင်း…
“အမေ…အစ်မ…အစ်မ….”
“ဟဲ့…ဖိုးသော် မိနွယ်ဘာဖြစ်လို့တုန်း”
ဘွားမယ်စိန်တို့အနီးယက်ခတ်ပေးနေသော ဒေါ်သိန်း ဖိုးသော်အော်သံကြောင်းအလန့်တကြားဖြစ်သွားသည်။
“အမေရေ…အစ်မ ထနိုင်ပြီဗျ…ခါးမနာတော့ဘူးတဲ့ဗျို့”
“ဟင်…အမလေး…လေး… ဝမ်းသာလိုက်တာဟယ်…
လာလာသမီးရေ…ဒီကိုလာခဲ့”
ဒေါ်သိန်းသမီးဖြစ်သူအားဝမ်းသာအားရခေါ်လေသည်။
မိနွယ်သည်လည်အခန်းထဲမှအပျော်များဖြင့်လျှောက်လာခဲ့၏။
“သမီးရေ…ဘယ်သူမှမကုနိုင်တဲ့အမေ့သမီးကို…ဘွားကကုပေးတာ…ဘွားကိုကန်တော့သမီး…
ဘွားသာမကယ်ရင် အမေတို့တော့ရင်ကျိုးရမှာပဲကွယ်”
မိနွယ် ထမင်းဝိုင်း၌ရှိသောဘွားမယ်စိန်အား ကန်တော့ရှာသည်။
“သမီးကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဘွားရယ်…။မဟုတ်ရင်ဒီဝေဒနာနဲ့ပဲသမီးသေရတော့မှာ…”
“မပူပါနဲ့တော့သမီး…။အခု
သမီးသက်သာလာပြီဆိုတော့
သမီးကိုဒဏ်ပေးထားတဲ့သူတွေဆီကို
အဲ့ဒဏ်ကပြန်ရောက်သွားပြီ…။
နားထောင်ကြပေါ့…
ဘယ်သူတွေဘယ်လိုဖြစ်ကြသလဲဆိုတာကို”
ထိုနေ့က ဘွားမယ်စိန်ပြောသကဲ့သို့ပင် မိနွယ်တို့ မကျီးတောရွာ၌အဖြစ်အပျက်များကဖြစ်ပျက်ခဲ့တော့၏။
အမျိုးသမီးငယ်တစ်ဦး ခြံဝိုင်းအတွင်း၌ရှိနေစဉ် မည်သည်ကလာမှန်းမသိသော နွားကြီးသည် ထိုအမျိုးသမီးငယ်အား ခွေ့သတ်သွားခဲ့၏။
နောက်တစ်ဖန် ဆေးဆရာဟုသာအများသိသော လူတစ်ဦးသည်လည်း အမျိုးသမီးငယ်နည်းတူစွာ နွားအခွေ့ခံရ၍သေဆုံးသွားခဲ့ရပြန်သည်။
မိနွယ်တို့အတွက်စိတ်မကောင်းစရာသည်က သေဆုံးသွားသူသည် မိနွယ်၏တစ်ဝမ်းကွဲညီမသာဖြစ်နေခဲ့ခြင်းဖြစ်၏။
ဘွားမယ်စိန်ပြောသော သူတို့ဒဏ်များသူတို့ထံသို့တန်းမတ်စွာရောက်ရှိသွားခြင်း
ဖြစ်သည်။
နောက်တစ်ဖန်ထူးဆန်းသည်က လူနှစ်ဦးအားခွေ့သတ်သွားသည့်နွားကြီးအား မည်သူမျှမတွေ့ရှိခဲ့ကြခြင်းပင်။
မနာလိုမုန်းတီးခြင်းသည် လူတစ်ဦး၏အသတ်ကိုသတ်စေနိုင်၏။
သူတပါးအပေါ်မနာလိုဝန်တိုစိတ်များကင်းရှင်းကြပါစေ။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
လိုတာပိုတာ မရှင်းတာရှိရင်စာရေးသူရဲ့ညံ့ဖျင်းမှုပါရှင်။
ဖတ်ရှု့သူအပေါင်းကျန်းမာ၊ချမ်းသာကြပါစေ။
Zawgyi Version
ဘြားမယ္စိန္ႏွင့္မနာလိုစိတ္ျဖင့္ျပဳစားခံရသူ(စ/ဆံုး)
————————————————————–
မိႏြယ္…။
အမည္ရင္းသည္က ႏြယ္ႏြယ္ျဖစ္ၿပီး…။
ေနထိုင္ရာ မက်ီးေတာ႐ြာ၌ မိႏြယ္အား မသိသူမရွိခဲ့။
မိႏြယ္သည္ အသက္အားျဖင့္ ႏွစ္ဆယ့္ငါးႏွစ္အ႐ြယ္ျဖစ္ၿပီး
႐ြာ၏ကြမ္းေတာင္ကိုင္အေခ်ာအလွေလးတစ္ေယာက္ပင္။
သို႔ေသာ္ မိႏြယ္၏အလွထက္ မိႏြယ္၏ေကာင္းမြန္ေသာ စိတ္သေဘာထားေလးကိုအမ်ားကသေဘာက်
ႏွစ္သက္ၾကေလသည္။
မက်ီးေတာ႐ြာ၏ သာေရး…နာေရးပြဲမ်ား၌ ႐ြာသူမိန္းကေလးမ်ားအား မိႏြယ္ကပင္ ဦးေဆာင္၍ဝိုင္းဝန္းကူညီေပးတတ္သည္။
ဒါ့အျပင္ ဘုရားေက်ာင္းကန္သန္႔ရွင္းေရးမ်ားပါမက်န္ လူစု၍ သြားလာလုပ္ကိုင္ကုသိုလ္ျပဳတတ္သည့္ မိႏြယ္လိုမိန္းကေလးအား သားရွင္မိဘမ်ားက သေဘာအက်ႀကီး က်ၾကေလသည္။
ထိုသို႔မက်ီးေတာ႐ြာ၏ အခ်စ္ခံ မိႏြယ္ေလးတစ္ေယာက္…
“အမေလးေတာ့…ကြၽတ္…ကြၽတ္…ကြၽတ္”
မိႏြယ္ မနက္အိပ္ရာအထတြင္ ႐ုတ္တရက္ဆိုသလို ခါးသည္နာက်င္လာ၍ စုပ္သက္မိလိုက္မိ၏။
နာက်င္ေနသည့္ခါးအားလက္တစ္ဖက္ ျဖင့္ဖိရင္းအိပ္ရာထဲမွ အားျပဳထလာခဲ့သည္။
သို႔ေသာ္…
“အမေလး…”
“ဘုန္း…”
မိႏြယ္မထႏိုင္ဘဲ ျပန္၍လဲက်သြား၏။
“သမီး…ဘာျဖစ္တာလဲ”
မိႏြယ္၏ လဲက်သံႏွင့္ေအာ္သံေၾကာင့္ မိခင္ျဖစ္သူေဒၚသိန္း အေျပးတပိုင္းျဖင့္ မိႏြယ္၏အခန္းထဲဆီသို႔ ဝင္လာခဲ့ေလသည္။
အိပ္ရာထဲ၌ လဲက်ေနသည့္အေနအထားျဖင့္ရွိေနသည့္ မိႏြယ္…
“အေမ…က်ဳပ္…က်ဳပ္ခါးေတြနာလိုက္တာေတာ္…။က်ဳပ္ထတာ ထမရဘူးအေမရယ္”
“ဟင္…ဘယ္လိုျဖစ္ရတာလဲ…
မေန႔ညက အိပ္ရာဝင္ေတာ့အေကာင္းပါ သမီးရယ္”
“က်ဳပ္လည္းမသိဘူးအေမ…အခု
က်ဳပ္ကို ထူေပးပါလားေတာ္”
“ေၾသာ္…ေအး…ေအး…လာ…လာ…အေမတြဲေပးမယ္”
ေဒၚသိန္းသမီးျဖစ္သူမိႏြယ္အား တြဲထူေပးေလသည္။
တြဲကူထူေပးေနရင္းမွာပင္…
“အမေလး…နာလိုက္တာေတာ္…အေမ…
က်ဳပ္…က်ဳပ္မရဘူး…ခါးကနာတယ္ေတာ့…
အမေလး…ေလး…ကြၽတ္…ကြၽတ္…ကြၽတ္…
က်ဳပ္ကိုအိပ္ရာထဲပဲျပန္လွဲေပးပါေတာ္…က်ဳပ္မထႏိုင္ဘူး”
“အို…ငါ့သမီးရယ္ ဘယ္လိုျဖစ္ရတာလဲ”
မိႏြယ္အိပ္ရာထဲ၌ ေမွာက္လွ်က္ပင္လွဲခ်ရသည္။
ခါးအထက္မွ နာက်င္ျခင္းေၾကာင့္ မိႏြယ္ မထႏိုင္ရွာေပ။
မိႏြယ္၏မိဘေမာင္ဘြားမ်ားသည္လည္း
မိႏြယ္အတြက္စိတ္ပူကာ ေဆးဆရာပင့္၍ကုသေပးၾက၏။
သို႔ေသာ္ မိႏြယ္၏ခါးနာသည့္ေဝဒနာသည္မေပ်ာက္ကင္းေပ။
႐ြာသူ၊႐ြာသားတို႔သည္လည္း မိႏြယ္၏အျဖစ္ကိုသိၾက၍ လာေရာက္ေမးျမန္းၾကကုန္သည္။
ရက္ကိုလစားေသာ္လည္း
မိႏြယ္သည္အိပ္ရာထဲ၌ လူမမာကဲ့သို႔ျဖစ္ေနရသည္။
အမည္မသိေသာမိမိ၏ေဝဒနာေၾကာင့္ပင္ မိႏြယ္ခမ်ာ စိတ္ေကာလူေကာပင္ပန္းလာခဲ့ရရွာသည္။
ယခင္ကကဲ့သ္ို႔ ႐ြာ၏သာေရး၊နာေရးပြဲမ်ား၌ မိႏြယ္မပါဝင္ႏိုင္ရွာေတာ့။
မိမိ၏ေဝဒနာကိုသာအေဖာ္ျပဳ၍ အိပ္ရာထဲ၌ေန႔စဥ္လွဲေလ်ာင္းေနခဲ့ရေလသည္။
“က်ဳပ္ေတာ့…အစ္မမိႏြယ္ ျဖစ္တာ မ႐ိုးဘူးထင္တယ္အေမရာ”
မိႏြယ္၏ေမာင္ျဖစ္သူ ဖိုးေသာ္က ေျပာေလသည္။
ဖိုးေသာ္၏စကားေၾကာင့္ မိခင္ေဒၚသိန္းက…
“အင္း…ေဆးဆရာေတြသာေျပာင္းကုတယ္
အခုထိမင္းအစ္မမိႏြယ္ခမ်ာ သက္သာတယ္လို႔ကိုမရွိဘူးေလ။
အဲ့တာ အျခားတစ္ခုခုေၾကာင့္မ်ားလားလို႔
အေမလည္းေတြးေနမိတာ…။
အေမေတြးသလို ငါ့သားကေရာ ေတြးမိတာလား”
“ဟုတ္တယ္အေမ…က်ဳပ္ေတာ့
ဆရာေလးဘာေလးရွာၿပီး အစ္မကိုစမ္းကုေပးရင္ေကာင္းမလားလို႔ဗ်ာ ”
“ေအးပါသားရယ္…မင္းစုံစမ္းၿပီးသာပင့္ခဲ့စမ္းပါ…။
အေမ မင္းအေဖကိုေျပာထားေပးမယ္”
“ဟုတ္ၿပီအေမ…ဒါဆို က်ဳပ္ရွာပင့္ခဲ့မယ္ဗ်ာ…”
“ေအး…ေအး…သား…ပင့္သာပင့္ခဲ့ေနာ္”
မိႏြယ္၏မိဘမ်ား မိႏြယ္အား ဆရာမ်ားႏွင့္ေခၚကာ ေမးၾကျမန္းၾကျဖင့္ ကုသၾကသည္။
သို႔ေသာ္ အေၾကာင္းမထူးခဲ့။
တစ္ေန႔မွာေတာ့ဖိုးေသာ္တစ္ေယာက္ သူငယ္ခ်င္းတစ္ဦးေပးေသာ သတင္းေၾကာင့္…”ေသာင္ထြန္း႐ြာ”ဆီသို႔
ခရီးထြက္လာခဲ့ေတာ့ေလသည္။
ထိုခရီးသည္ မိႏြယ္အတြက္ပင္ျဖစ္ေပသည္။
“အိမ္ရွင္တို႔…အိမ္ရွင္တို႔ရွိလားခမ်”
“ရွိတယ္ေဝ့…ဝင္ခဲ့ေလဝိုင္းထဲကို”
“ဟုတ္ကဲ့ဗ်”
ေဒၚဝင္း ၿခံအျပင္မွေအာ္သံေၾကာင့္ မည္သူမွန္းမသိ၍ ဝိုင္းထဲသို႔ဝင္လာခိုင္းလိုက္သည္။
ဝိုင္းထဲဝင္လာေသာ လူ႐ြယ္အား ေဒၚဝင္းမ်က္ေမွာင္က်ဳံ႕ၾကည့္လိုက္၏။
ထိုလူငယ္အားသူတစ္ခါမွ်မျမင္ဘူးေပ။
“ဘယ္သူမ်ားတုန္းကြဲ႕”
ေဒၚဝင္း၏အေမးေၾကာင့္ ေဒၚဝင္းထိုင္ေနေသာကြပ္ပ်စ္အနီးဆီသို႔ေရာက္လာခဲ့သည့္လူ႐ြယ္သည္…
“က်ဳပ္အမည္ကဖိုးေသာ္ပါ…မက်ီးေတာ႐ြာကလာတာပါ။
အရီးကဘြားမယ္စိန္လားဗ်”
“ဟမ္…ဘြားမယ္စိန္ဆိုတာ အရီးအေမပါကြဲ႕ေကာင္ေလးရဲ႕…”
“ေၾသာ္…ကန္ေတာ့ပါေနာ္…က်ဳပ္မသိလို႔ပါ”
“ေအး…ေနပါဦး မက်ီးေတာဆိုတာ ဟိုးအေရွ႕ဘက္က႐ြာမလား…တို႔႐ြာနဲ႔ေဝးသားပဲ…။ေမာင္ရင္က ဘာကိစၥရွိလို႔တုန္းကြဲ႕”
“က်ဳပ္… အစ္မရဲ႕ေဝဒနာကို ကုသေပးခ်င္လို႔ပါ…။အသိေတြက ဒီ႐ြာကဘြားမယ္စိန္က ကုသေပးတယ္ဆိုလို႔ က်ဳပ္အဘြားဆရာမကိုလာပင့္တာပါဗ်ာ”
“ေအး…ကုတာေတာ့ကုေပးတယ္ေလ…
ေမာင္ရင္တို႔႐ြာကေဝးေတာ့ အရီးအေမသြားလာရအဆင္ေျပပါ့မလားလို႔”
“မပူနဲ႔ဗ်…က်ဳပ္မွာလွည္းပါလာတယ္…ဟိုးကြင္းျပင္က မန္က်ည္းပင္ရိပ္မွာလွည္းခြၽတ္ထားခဲ့တာ”
ဖိုးေသာ္က သူ၌လွည္းပါလာေၾကာင္းေျပာေလရာ…
“ေမာင္ရင္လွည္းပါလာတာအေၾကာင္းမဟုတ္ပါဘူးကြယ္။
အရီးအေမကအသက္ႀကီးေတာ့ခရီးပင္ပန္းမွာဆိုးတာပါ”
“ေၾသာ္…ဟုတ္ကဲ့…။
က်ဳပ္တို႔ဆီမလိုက္ႏိုင္ခဲ့ရင္လည္း
ဘြားမယ္စိန္နဲ႔ေတာ့ က်ဳပ္ေတြ႕သြားပါရေစဗ်ာ”
“ေအးပါကြယ္…။ခဏေတာ့ေစာင့္ေပးဦး
အရီးအေမ ႐ြာဘုန္းႀကီးေက်ာင္းကိုသြားလို႔ ေတာ္ေနျပန္လာလိမ့္မယ္…။
ဒါနဲ႔ ခရီးေဝးကလာတာဆိုေတာ့ ထမင္းေကာစားၿပီးၿပီလား…
မစားရေသးရင္ အရီးခူးလိုက္မယ္ေလ”
“ေနပါေစဗ်…က်ဳပ္ထမင္းထုပ္ပါလာတာအေစာကမွ
စားထားတာပါ”
“ေအး…ေအး…ဒါဆိုလည္း လက္ဖက္ေလးေရေႏြးၾကမ္းေလးေတာ့ေသာက္ေနာ္…”
“ဟုတ္ကဲ့”
ဖိုးေသာ္တစ္ေယာက္ ေဒၚဝင္း၏စကားမ်ားအားျပန္ေျဖရင္း ဘြားမယ္စိန္ျပန္အလာအားေစာင့္ေမွ်ာ္ေနမိခဲ့သည္။
သူ၏စိတ္ထဲ၌ေတာ့ ဘြားမယ္စိန္တစ္ေယာက္သူတို႔ ႐ြာဆီကိုလိုက္လာပါေစဟု ဆုေတာင္းေနရရွာသည္။
ဘြားမယ္စိန္ ျပန္လာေလေတာ့ ေဒၚဝင္းကအက်ိဳးအေၾကာင္းေျပာျပေလသည္။
ထိုအခါ ဘြားမယ္စိန္ ဖိုးေသာ္အား တစ္ခ်က္စူးစိုက္ၾကည့္လိုက္သည္။
“အေမခရီးပင္ပန္းမွာေၾကာင့္ က်ဳပ္ကမလိုက္ႏိုင္တာကိုေျပာထားတယ္အေမ…”
ေဒၚဝင္းေျပာေလေတာ့ဘြားမယ္စိန္က…
“လိုက္မယ္ေမာင္ရင္…ဘြားလိုက္ခဲ့မယ္…။ဘြားသာမလိုက္ရင္ ေမာင္ရင္အစ္မအတြက္ အသက္ရွင္ဖို႔လမ္းမရွိေတာ့ဘူး…ေမာင္ရင္တို႔မွာ မေကာင္းတဲ့အေမွာင္ဓာတ္ေတြေတာ္ေတာ္မ်ားေနတယ္”
“ဗ်ာ…”
“ကဲ…မိဝင္း ညည္းေရာလိုက္ခဲ့…အိမ္ကိုညည္းေမာင္ေတြကိုသာ
လာေစာင့္ခိုင္းထားလိုက္…။
သြား ျပင္စရာရွိတာ သြားျပင္ေတာ့ေအ”
“ဟုတ္…ဟုတ္ကဲ့ပါအေမရယ္…အေမ့သေဘာပါပဲ”
ေဒၚဝင္းမိခင္ျဖစ္သူစကားအားမလြန္ဆန္ေတာ့ေပ။
တစ္ဖက္ကဖိုးေသာ္သည္လည္း ဘြားမယ္စိန္လိုက္လာမည္ဆိုေသာေၾကာင့္
ဝမ္းသာပီတိျဖစ္ေနရွာ၏။
ထိုသို႔ျဖင့္ဘြားမယ္စိန္တို႔သားအမိႏွစ္ေယာက္ ဖိုးေသာ္၏လွည္းျဖင့္ ခရီးထြက္လာခဲ့ၾကေလသည္။
**********
ဘြားမယ္စိန္တို႔လိုက္ပါလာေသာ လွည္းေလးသည္ မက်ီးေတာ႐ြာသို႔ေရာက္ရွိလာခဲ့သည္။
မက်ီးေတာ႐ြာ၏ ၿခံဝန္းက်ယ္ႀကီးတစ္ခုဆီသို႔ ဖိုးေသာ္လွည္းအားေမာင္းဝင္လာခဲ့လိုက္သည္။
ထိုအိမ္သည္ဖိုးေသာ္တို႔၏ အိမ္ပင္ျဖစ္၏။
ဖိုးေသာ္တို႔လွည္း ဝိုင္းထဲသို႔ဝင္လာသည္ကိုျမင္သည္ႏွင့္ မိဘေမာင္ဘြားမ်ားကအိမ္ထဲမွထြက္လာ ႀကိဳဆိုၾကသည္။
ၿပီးေလေတာ့
ဘြားမယ္စိန္တို႔အား လွည္းအထက္မွတြဲကူ ခ်ေပးၾကရင္း
ဖိုးေသာ္၏မိခင္ ေဒၚသိန္းက…
“ဘြားတို႔္လည္းခရီးပန္းလာၾကမွာပဲ
အရင္ထမင္းစားၿပီး အနားယူၾကပါဦး”
“ေနေန…ကေလးမေလးအေျခအေန
ဘယ္လိုရွိသလဲဆိုတာသာ ဘြားကိုအရင္ေျပာျပ”
ဘြားမယ္စိန္က လွည္းအထက္မွဆင္းကာ အိမ္ထဲသို႔ေလွ်ာက္လွမ္းဝင္လာရင္းေဒၚသိန္းအားေမးေလသည္။
“သမီးအေျခအေနကေတာ့ မသက္သာပါဘူးဘြားရယ္…။က်ဳပ္တို႔လည္း သားႏွစ္ေယာက္ သမီးတစ္ေယာက္ရွိတာ…
တစ္ေယာက္ထဲပါလာတဲ့သမီးက်မွ
အခုလိုေတြျဖစ္ေနရတယ္လို႔ေတာ္…”
“အင္း…ကေလးမဆီကို ဘြားသြားခ်င္တယ္ လိုက္ပို႔ေပးပါ”
“ဟုတ္ကဲ့ဘြား…လာပါ လိုက္ပို႔ေပးပါ့မယ္…။
ကြၽန္မတို႔ ဘြားကိုပဲ အားကိုးပါတယ္ဘြားရယ္”
“ေအး…ေအး…မပူပါနဲ႔…ဘြားတို႔
ဒီထိေတာင္လိုက္လာခဲ့ၿပီပဲကြယ္”
ေဒၚသိန္းသည္ဘြားမယ္စိန္ႏွင့္အတူ မိႏြယ္ရွိေသာအခန္းဆီသို႔ေခၚေဆာင္သြားေလသည္။
သူတို႔၏ေနာက္ပါးမွ ေဒၚဝင္းႏွင့္ဖိုးေသာ္တို႔လူစုလိုက္ပါလာခဲ့ၾက၏။
မိႏြယ္သည္ အခန္းအတြင္းလွဲေလွာင္းေန၏။
သူ၏ခါးေအာက္၌ အဝတ္အခင္းမ်ားခု၍ ေနေနရရွာသည္။
လူသည္လည္း ေဝဒနာေၾကာင့္အစားပင္မစားႏိုင္ရွာ၍ ခႏၶာကိုယ္သည္လည္း ပိန္ပိန္ပါးပါးသာရွိေနခဲ့သည္။
ဘြားမယ္စိန္ဝင္လာေလေတာ့ မိႏြယ္ မ်က္လုံးေလးျဖင့္သာ လွမ္းၾကည့္ႏိုင္ရွာ၏။
မိႏြယ္၏ နံေဘးသို႔ ဝင္ထိုင္လိုက္ေသာ ဘြားမယ္စိန္သည္
မိႏြယ္၏အျဖစ္ကိုၾကည့္ရင္း
စိတ္မေကာင္းျဖစ္မိေလသည္။
“ကဲ…သမီး ဘြားလာၿပီ စိတ္ကိုေအးေအးသာထား…
သမီးရဲ႕ေဝဒနာေတြကို
ေပ်ာက္ကင္းေအာင္ကုသေပးမယ္ေနာ္”
မိႏြယ္ မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ျဖင့္ မ်က္ရည္က်လာသည္။
ဘြားမယ္စိန္ မိႏြယ္၏ေခါင္းအား သူ၏ဘယ္ဘက္လက္ကိုတင္၍ မ်က္လုံးအားမွိတ္ခ်လိုက္သည္။
မ်က္လုံးမွိတ္ထားရင္းလည္း ႏႈတ္မွတဖြဖြ႐ြတ္ဆိုေနျပန္၏။
ထိုသို႔ေနေနရင္းခဏမွ်ၾကာေလေတာ့…
“အင္း…သမီးရဲ႕ေရာဂါအစကိုဘြားသိၿပီ။
ဒါ သာမာန္ေရာဂါတစ္ခုမဟုတ္ဘူးသမီး…။သမီးကိုမနာလိုသူက ေအာက္လမ္းကိုေငြေပးၿပီး တေျမ့ေျမ့နဲ႔သမီးကို ခံစားရေအာင္လုပ္ထားတာပဲ…”
“ရွင္…ကြၽန္မသမီးေလးကို”
“သမီးနဲ႔မတည့္တဲ့သူေတြဘာေတြမ်ားရွိသလား”
“ဘြားရယ္…ကြၽန္မသမီးေလးက႐ြာကအခ်စ္ခံေလးပါ…
ရပ္႐ြာကိစၥတိုင္းအၿမဲကူညီေပးတတ္လြန္း၊သိတတ္လြန္းလို႔ မတည့္သူမရွိပါဘူးရွင္”
“အင္း…ဒါဆိုရင္ေတာ့ ဘြားဘက္ကပဲစီမံေပးေတာ့မယ္…ညည္းသမီးကို အေသလုပ္ထားတာ…
ဒါေတာ္ေတာ္မလိုမုန္းတီးေနတဲ့သူမို႔ပဲေအ့…”
“ကူညီပါဦးဘြားရယ္…က်ဳပ္သမီးေလးကို ကယ္ပါဦးရွင္”
“ကဲ…ဒီေလာက္သိရရင္ရၿပီ…ဘြားဆက္စီမံမယ္…
တိတ္တိတ္ေနၾက”
ဘြားမယ္စိန္ေျပာလိုက္သည္ေၾကာင့္ အားလုံးတိတ္ဆိတ္သြားၾကသည္။
“နင္တို႔ျပဳတဲ့ကံ နင္တို႔ဆီျပန္ေရာက္…
နင္တို႔ဒဏ္နင္တို႔ခံစမ္း…။မေကာင္းတဲ့အတတ္နဲ႔ ျပဳတဲ့ဆရာေကာ အသျပာေပးခိုင္းတဲ့အမိုက္မေရာ…ခံၾက…ခံၾက…
ကိုယ္ျပဳသမွ်ကိုယ္ခံၾကေတာ့…………..”
စကားအဆုံး၌ ႏႈတ္မွတဖြဖြ႐ြတ္ဆိုျပန္သည္။
႐ြတ္ဆိုမႈၿပီးေလေတာ့…
“ေရတစ္ခြက္ခပ္ေပးၾက….”
ဘြားမယ္စိန္ေရတစ္ခြက္ေတာင္းေလသည္။
ေရခြက္ရသည္ႏွင့္ သူ၏လက္ဖဝါးထဲသို႔ထိုေရမ်ားထည့္ကာ…
“ကဲ…ျပယ္စမ္း…အေမွာင္ေတြဖယ္ေတာ့…
ဘုရား…တရား..သံဃအစြမ္းေၾကာင့္ ဒီသမီးေလးျပန္လည္က်န္းမာပါေစကြယ္”
မိႏြယ္၏ကိုယ္ေပၚတစ္ေလွ်ာက္ ေရမႈန္မ်ားပတ္ျဖန္းေပးလိုက္ေတာ့၏။
“ကိစၥကေတာ့ၿပီးပါၿပီ…။အစားအေသာက္ေလးျပန္စားသမီး…ဒါဆို ျပန္ၿပီးထူထူေထာင္ေထာင္ျဖစ္္လာမွာပါကြယ္…။
ဟိုမေကာင္းျပဳသူေတြကေတာ့ေစာင့္ၾကည့္ၾကေပါ့…
ဘြားသူတို႔ရဲ႕မေကာင္းတာေတြ
သူတို႔ဆီျပန္ေပးထားပါတယ္…”
“ဟုတ္ကဲ့…ေက်းဇူးတင္ပါတယ္ဘြားရယ္…”
” ေက်းဇူးတင္ပါတယ္ဗ်ာ…”
မိႏြယ္တို႔မိဘေမာင္ဘြားမ်ားသည္ ဘြားမယ္စိန္အားထိုင္ကန္ေတာ့ၾက၏။
မိႏြယ္သည္လည္း လက္အုပ္ေလးခ်ီကာ ကန္ေတာ့ရွာသည္။
ထို႔ေနာက္..
ဘြားမယ္စိန္တို႔ေရမိုးခ်ိဳးၾကၿပီးေလေတာ့ထမင္းဝိုင္း
ျပင္ဆင္ေပးၾကသည္။
ဘြားမယ္စိန္တို႔ထမင္းစားေနရင္း…
“အေမ…အစ္မ…အစ္မ….”
“ဟဲ့…ဖိုးေသာ္ မိႏြယ္ဘာျဖစ္လို႔တုန္း”
ဘြားမယ္စိန္တို႔အနီးယက္ခတ္ေပးေနေသာ ေဒၚသိန္း ဖိုးေသာ္ေအာ္သံေၾကာင္းအလန္႔တၾကားျဖစ္သြားသည္။
“အေမေရ…အစ္မ ထႏိုင္ၿပီဗ်…ခါးမနာေတာ့ဘူးတဲ့ဗ်ိဳ႕”
“ဟင္…အမေလး…ေလး… ဝမ္းသာလိုက္တာဟယ္…
လာလာသမီးေရ…ဒီကိုလာခဲ့”
ေဒၚသိန္းသမီးျဖစ္သူအားဝမ္းသာအားရေခၚေလသည္။
မိႏြယ္သည္လည္အခန္းထဲမွအေပ်ာ္မ်ားျဖင့္ေလွ်ာက္လာခဲ့၏။
“သမီးေရ…ဘယ္သူမွမကုႏိုင္တဲ့အေမ့သမီးကို…ဘြားကကုေပးတာ…ဘြားကိုကန္ေတာ့သမီး…
ဘြားသာမကယ္ရင္ အေမတို႔ေတာ့ရင္က်ိဳးရမွာပဲကြယ္”
မိႏြယ္ ထမင္းဝိုင္း၌ရွိေသာဘြားမယ္စိန္အား ကန္ေတာ့ရွာသည္။
“သမီးကိုကယ္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္
ဘြားရယ္…။မဟုတ္ရင္ဒီေဝဒနာနဲ႔ပဲသမီးေသရေတာ့မွာ…”
“မပူပါနဲ႔ေတာ့သမီး…။အခု
သမီးသက္သာလာၿပီဆိုေတာ့
သမီးကိုဒဏ္ေပးထားတဲ့သူေတြဆီကို
အဲ့ဒဏ္ကျပန္ေရာက္သြားၿပီ…။
နားေထာင္ၾကေပါ့…
ဘယ္သူေတြဘယ္လိုျဖစ္ၾကသလဲဆိုတာကို”
ထိုေန႔က ဘြားမယ္စိန္ေျပာသကဲ့သို႔ပင္ မိႏြယ္တို႔ မက်ီးေတာ႐ြာ၌အျဖစ္အပ်က္မ်ားကျဖစ္ပ်က္ခဲ့ေတာ့၏။
အမ်ိဳးသမီးငယ္တစ္ဦး ၿခံဝိုင္းအတြင္း၌ရွိေနစဥ္ မည္သည္ကလာမွန္းမသိေသာ ႏြားႀကီးသည္ ထိုအမ်ိဳးသမီးငယ္အား ေခြ႕သတ္သြားခဲ့၏။
ေနာက္တစ္ဖန္ ေဆးဆရာဟုသာအမ်ားသိေသာ လူတစ္ဦးသည္လည္း အမ်ိဳးသမီးငယ္နည္းတူစြာ ႏြားအေခြ႕ခံရ၍ေသဆုံးသြားခဲ့ရျပန္သည္။
မိႏြယ္တို႔အတြက္စိတ္မေကာင္းစရာသည္က ေသဆုံးသြားသူသည္ မိႏြယ္၏တစ္ဝမ္းကြဲညီမသာျဖစ္ေနခဲ့ျခင္းျဖစ္၏။
ဘြားမယ္စိန္ေျပာေသာ သူတို႔ဒဏ္မ်ားသူတို႔ထံသို႔တန္းမတ္စြာေရာက္ရွိသြားျခင္း
ျဖစ္သည္။
ေနာက္တစ္ဖန္ထူးဆန္းသည္က လူႏွစ္ဦးအားေခြ႕သတ္သြားသည့္ႏြားႀကီးအား မည္သူမွ်မေတြ႕ရွိခဲ့ၾကျခင္းပင္။
မနာလိုမုန္းတီးျခင္းသည္ လူတစ္ဦး၏အသတ္ကိုသတ္ေစႏိုင္၏။
သူတပါးအေပၚမနာလိုဝန္တိုစိတ္မ်ားကင္းရွင္းၾကပါေစ။
ၿပီးပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)
လိုတာပိုတာ မရွင္းတာရွိရင္စာေရးသူရဲ႕ညံ့ဖ်င္းမႈပါရွင္။
ဖတ္ရႈ႕သူအေပါင္းက်န္းမာ၊ခ်မ္းသာၾကပါေစ။