” မင်းအောင်နှင့်ခွေးမိစ္ဆာကြီး ” (စ/ဆုံး)
===============================
ကျယ်ပြောကာနက်နဲလှသော မဟာဒီပတောအတွင်း၌
” ဆရာကြီး လိုချင်တဲ့ကျောက်လက်ဝါးက ဘယ်နေရာမှာရှိတာလဲဗျ ”
” ငါလိုချင်တဲ့ကျောက်လက်ဝါးက ကျောက်မဲလှိုင်ဂူထဲမှာရှိတယ်ကွ ”
” တကယ်လို့များ ကျောက်မဲလှိုင်ဂူကိုမတွေ့ရင် ဘယ်လိုလုပ်မလဲ ဆရာကြီး ”
” ထွီ… မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်းမောင်ခွန်း ”
ဆရာဖြစ်သူ ဦးစေတန်မှ မာန်လိုက်သဖြင့် မောင်ခွန်းတစ်ယောက်လည်း ဇက်ကလေးပုသွားပြီး
” ဟုတ်ကဲ့ပါ ဆရာကြီး ”
ဟုပြောကာ ငြိမ်ကုတ်သွား၏။
ဦးစေတန်နှင့်မောင်ခွန်းလည်း မဟာဒီပတောအတွင်း၌ ကျောက်မဲလှိုင်ဂူအား အတန်ကြာအောင် ရှာဖွေသော်လည်းမတွေ့သေးပေ။
” မောင်ခွန်း ဒီတောကကျယ်တယ်ကွ..ငါတို့နေရာခွဲရှာရအောင်၊ ငါ ကျောက်မဲလှိုင်ဂူကိုတွေ့လို့ရှိရင် မင်းကိုလာပြောဖို့အတွက် ငှက်တစ်ကောင်လွှတ်လိုက်မယ်… မင်းအဲဒီငှက်နောက်သာလိုက်လာခဲ့ ကြားလား ”
” ဟုတ်ကဲ့ပါဆရာကြီး.. ဒါဆို ကျွန်တော်တောရဲ့မြောက်ဘက်အခြမ်းကိုသွားရှာလိုက်မယ် ”
” အေး.. ငါတောင်ဘက်အခြမ်းကိုသွားရှာလိုက်မယ် ”
ဦးစေတန်နှင့်မောင်ခွန်းလည်း တောအတွင်း၌ လမ်းခွဲကာ ကျောက်မဲလှိုင်ဂူအား ရှာပုံတော်ဖွင့်လေတော့သည်။
” ကျလိ….ကျလိ..ကျလိ.. ”
” ဥသြော်…ဥသြော်…ဥသြော် ”
” ဖလပ်စ်…ဖလပ်စ်.. ”
ဆိုသော ငှက်များ၏မြည်တွန်သံများ၊ပျံသန်းသံများဖြင့် တောအတွင်း၌ သာယာနာဖွယ်ဖြစ်ပြီး သက်ဝင်လှုပ်ရှားနေ၏။
” ရှင်မ ဟိုဘက်မသွားနဲ့နော်… ဒီနားကဂမုန်းပင်တွေပဲတူး ”
” အင်းပါမောင်ကြီးရဲ့… ဒါနဲ့ ဂျင်ဆင်းပင်တွေတူးရအုံးမယ်နော် ”
” အွန်းပါ ရှင်မရဲ့….ဂျင်ဆင်းပင်တွေက ဟိုဘက်လျှိုထဲမှာရှိတာလေ… ပြီးမှမောင်ကြီးသွားတူးလိုက်မယ် ”
” ရှင်မလည်းလိုက်ခဲ့မယ်လေ ”
” မလိုက်ပါနဲ့ရှင်မရယ် လျှိုကမတ်စောက်တော့ အန္တာရယ်များပါဘိသနဲ့၊ ငါ့ရှင်မလည်း မောင်ကြီးနဲ့ညားမှ တောထဲတောင်ထဲမှာ အပင်ပမ်းခံပြီး ဆေးမြစ်လိုက်တူးနေရပြီ ..ခြေဖဝါးနုနုလေးတွေတော့ သွေးခြေဥတော့မှာပဲ ”
ဟု သမားတော်လေးပန်ထောင်မှ ဇနီးဖြစ်သူနွယ်လီဆူးအားပြောလိုက်လေရာ..
” အို…မောင်ကြီးကလည်း သမားတော်နဲ့ညားမှတော့ ဆေးမြစ်တူးရမှာပေါ့…၊ ဆေးမြစ်တူးရတာက ပင်ပမ်းတယ်ဆိုပေမဲ့ သူများအသက်ကယ်ဖို့ပဲဟာ ကုသိုလ်ရပါတယ်တော့..”
” ဟုတ်ပါပြီကွယ် … ရှင်မလို သဘောမနောကောင်းပြီး ခင်ပွန်းအပေါ် နားလည်သိတတ်တဲ့ မိန်းမမြတ်လေးနဲ့ ပေါင်းဖက်ခွင့်ရတာ မောင်ကြီးသိပ်ကံကောင်းတာပဲ ”
ဆိုသော ပန်ထောင်ရဲ့စကားကြောင့် နွယ်လီဆူး၏မျက်နှာမှာ ဝင်းလက်တောက်ပသွားပြီး ခင်ပွန်းဖြစ်သူအား ချစ်မျက်စောင်းသဲ့သဲ့လေးထိုးလိုက်ကာ
” မောင်ကြီးကလဲ ကိုယ့်ငါးချဥ် ကိုယ်ချဥ်နေပြန်ပြီ၊ ရှင်မကလေ ဒီတောင်ရိုးကျားဆိုးပေါရဲ့ မောင့်အချစ်မျှစ်ချိုးလိုက်ခဲ့မယ်ဆိုသလို မောင်ကြီးနဲ့ဘဝကို သေအတူရှင်မကွာဖြတ်သန်းချင်ယုံပါနော် ”
ဟု ညုတူတူလေး ပြောလိုက်၏။
” ဟုတ်ပါပြီဗျာ… ဒီကမောင်ကြီးကလည်း မိုးမြေမကတဲ့မေတ္တာမျိုးနဲ့ ရိုးမြေကျသည်ထိ ရှင်မဘေးနားမှာပဲနေမဲ့လူမျိုးပါနော် ”
” ဟီး…ဟီး…မောင်ကြီးကသိပ်စကားတတ်တာပဲ၊ လျှိုထဲဆင်းရင်ဂရုစိုက်အုံးနော်..ရှင်မ ဒီနားကဆေးဂမုန်းပင်တွေတူးရင်း စောင့်နေမယ် ”
” ဟုတ်ပါပြီ ရှင်မရယ်…”
ဟုပြောကာ ပန်ထောင်လည်း ဂျင်ဆင်းပင်များတူးရန်အတွက် လျှိုထဲသို့ဆင်းသွားလေတယ်။ ပန်ထောင်နှင့်နွယ်လီဆူးတို့မှာ လီဆူးလူမျိုးများပင် ဖြစ်တယ်။
ဦးစေတန်တစ်ယောက် တောအတွင်းကျောက်မဲလှိုင်ဂူရှာရင်း မထင်မှတ်ထားသောမြင်ကွင်းတစ်ခုအားတွေ့လိုက်ရ၏။
” ဟိုက်… ဒီလိုနေရာမျိုးမှာ ဘယ်ကမိန်းမလှလေးရောက်နေတာပါလိမ့်…လှချက်ကသူယောင်မယ်လေးကျနေတာပဲ ”
ဟု တစ်ယောက်ထဲတီးတိုးပြောလိုက်ပြီး
” ဟေ့ ကလေးမ တစ်ယောက်ထဲဘာလုပ်နေတာလဲ ”
” ရှင်… ”
တောနက်ထဲတွင် သူစိမ်းလူကြီးတစ်ယောက်ကို နွယ်လီဆူး မြင်လိုက်ရသဖြင့် တုန်လှုပ်ခြောက်ခြားသွားကာ စကားပင်ပြန်မပြောနိုင်။
” မေးနေတာဖြေအုံးလေ ကလေးမရဲ့…တောနက်ထဲမှာတစ်ယောက်ထဲဘာလုပ်နေတာလဲ ”
ဟု ဦးစေတန်မှထပ်မံမေးလိုက်ရာ
” ကျမ…ကျမ… ”
ဟုပြောကာ မျက်ခွံများပင်လေးလံလာကာ ထိုနေရာ၌ပင်သတိလစ်သွား၏။ မြေပြင်ထက်သို့လဲကျသွားသော နွယ်လီဆူးကိုကြည့်ကာ
” ဟား…ဟား..စားရကံကြုံလို့ မုတ်စိတ်ပျားစွဲတာပဲ…ငါ့ရဲ့ခပ်ဆေးနဲ့တွေ့ရင် ဘယ်မိန်းကလေးက လွန်ဆန်နိုင်မှာလဲ.. ”
ဟု ဦးစေတန်တစ်ယောက် ကြိမ်းဝါးလိုက်ကာ နွယ်လီဆူးအား အဓမ္မကျင့်ရန်ကြံစည်တော့၏။ ဦးစေတန်သည် ၉ကျင်းအောင် အောက်လမ်းအဓိပတိတစ်ဦးဖြစ်၏။ ဦးစေတန်၏အယုတ်မာဆုံးလုပ်ရပ်သည်ကား ချောမောလှပသည့် မိန်းကလေးများအား သူ၏ထူးခြားပြောင်မြောက်လှသော ခပ်ဆေးဖြင့်ခတ်ကာ အဓမ္မပြုကျင့်သော အကျင့်ဆိုးဖြစ်၏။
မြေပြင်တွင်လဲကျနေသော နွယ်လီဆူးမှာ သတိမမေ့သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးအား မလုပ်နိုင်။ထိုအခြေနေကို ဦးစေတန်တစ်ယောက်အခွင့်ကောင်းယူကာ နွယ်လီဆူးခန္ဓာကိုယ်ပေါ်ရှိအဝတ်အစားများကို တစ်လွှာခြင်းချွတ်ချလိုက်ပြီး သူမ၏ဖုံးကွယ်ထားသော ခန္ဓာကိုယ်အတွင်းပိုင်းအလှတရားများကို တစိမ့်စိမ့်ဖြင့် အရသာခံကာကြည့်နေလေသည်။
ပန်ထောင်တစ်ယောက် ဂျင်ဆင်းပင်များတူးပြီးသည်မို့ လျှိုထဲကနေတက်လာရာ မမျှော်လင့်သောမြင်ကွင်တစ်ခုက ဆီးကြိုနေ၏။ ၎င်းမြင်ကွင်းမှာ အဝတ်ဗလာဖြင့်မြေပေါ်တွင် ပက်လက်အနေအထားရှိသော ဇနီးဖြစ်သူနွယ်လီဆူးပေါ်သို့ သူစိမ်းလူကြီးတစ်ယောက်ကခွကာ မဖွယ်မရာပြုလုပ်နေခြင်းဖြစ်၏။
ပန်ထောင်တစ်ယောက် ဒေါသထွက်ကာ အသားများတဆတ်ဆတ်တုန်လာပြီး ကျောတွင်သိုင်းထားသော ဓားမကိုကိုင်ဆွဲကာ
” ရား…”
“ဒုတ်…”
” အား ”
ဆိုသောအသံနှင့်အတူ ဦးစေတန်၏ဇက်အား ပိုင်းခုတ်လိုက်၏။ ဦးစေတန်၏ဦးခေါင်းမှာ တိကနဲပြတ်သွားပြီး မြေပြင်ပေါ်သို့ကျသွားကာ ကျန်ခန္ဓာကိုယ်မှာ သွေးများပမ်းထွက်လာသည်။
” ရှင်မ… ရှင်မ ”
ဟု အော်ခေါ်ကာ လှုပ်နိုးလိုက်ရာ
” မောင်…မောင်..ကြီး….ဟိုလူကြီး ”
” မပြောနဲ့တော့ ရှင်မ မောင်ကြီးသိတယ်…ဟိုလူယုတ်မာကြီးကိုလည်း မောင်ကြီးသတ်ပြီးပြီ၊ ရှင်မ ဘာမှမကြောက်နဲ့နော် ”
ဟု ပြောလိုက်ပြီး ကြောက်လန့်ကာ တုန်ရီနေသောနွယ်လီဆူးအား အဝတ်များပြန်ဝတ်ပေးကာ ထိုနေရာမှ ပွေ့ချီကာခေါ်ဆောင်သွားလေတယ်။
ထိုအချိန်၌
” အာ့…အာ့…အာ့..”
” ဖလပ်စ်… ဖလပ်စ်..”
ဆိုသော ကျီးအော်သံများနှင့်အတူ သစ်ပင်ကြီးငယ်တို့မှငှက်များသည်လည်း ထပျံကုန်၏။
မြေပြင်တွင်ကျနေသော ဦးစေတန်၏ဦးခေါင်းမှာလှုပ်လာပြီး အသက်ဝင်လာကာ ပါးစပ်မှပွစိပွစိဖြင့် မန္တာန်တစ်ပုဒ်အားရွတ်ဖတ်လိုက်ရာ မဲနက်နေသောငှက်တစ်ကောင်ရောက်လာ၏။ ထို့နောက် ၎င်းငှက်သည်နေရာတစ်ခုဆီသို့ ပျံသန်းသွားသည်။ အတန်ကြာသော် ၎င်းငှက်နှင့်အတူလူရွယ်တစ်ဦးပါလာ၏။ ထိုလူရွယ်သည် မြေပေါ်တွင်ကျနေသော ဦးစေတန်၏ဦးခေါင်းအားကြည့်ကာ ဝမ်းနည်းပက်လက်ဖြစ်သွားပြီး
” ဖြစ်မှဖြစ်ရလေ ဆရာကြီးရယ်…အဖြစ်ဆိုးလှချည်လားဗျာ…ဟီး….ဟီး.. “
ငိုကြွေးနေခိုက်
” ဟေ့ကောင်မောင်ခွန်း ငါမသေသေးဘူးဟ ”
ဆိုသောအသံမှာ မြေပေါ်တွင်ကျနေသော ဦးစေတန်၏ ဦးခေါင်းမှထွက်ပေါ်လာသဖြင့်
” အောင်မယ်လေးဗျ ”
ဟု အော်ကာ မောင်ခွန်းလည်း လန့်ဖျန့်သွား၏။
” ဟေ့ကောင်လန့်မနေနဲ့ ငါဆီကိုခွေးနက်အရှင်တစ်ကောင် အမြန်ဖမ်းလာခဲ့ပေး၊ နေမဝင်ခင်အမှီ ငါ့ဆီရောက်အောင်လာခဲ့ ”
” ဟုတ်ကဲ့ပါဆရာကြီး…ဒါနဲ့ ဆရာကြီးကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်သွားတာလဲ ”
” မိကျောင်းမသား အတော်လျှာရှည်တာပဲ…ဒါတွေနောက်မှ ငါရှင်းပြမယ်၊ ခွေးနက်တစ်ကောင်သာ အမြန်ရှာလာခဲ့ ”
” ဟုတ်ကဲ့ဆရာကြီး ”
ဟုပြောကာ မောင်ခွန်းလည်းခွေးနက် ရှာပုံတော်ဖွင့်လေတော့၏။
မောင်ခွန်းရဲ့စိတ်ထဲ၌
” ဆရာကြီးက ဘယ်လိုဖြစ်ပြီးခေါင်းပြတ်သွားရတာလဲ၊ နောက်ပြီး ခေါင်းပြတ်ကရော ဘာလို့စကားပြောနိုင်တာလဲ၊ ခွေးနက်ကရော ဘာလုပ်ဖို့လဲ ”
ဆိုသော အတွေးများပလုံစီသွား၏။
နေဝင်ခါနီးအချိန်၌ မောင်ခွန်းတစ်ယောက် ခွေးနက်တစ်ကောင်နှင့်အတူ ဦးစေတန်၏ဦးခေါင်းရှိရာသို့ ပြန်ရောက်လာ၏။
” ဆရာကြီးရှာခိုင်းတဲ့ ခွေးနက်ရလာပါပြီ ”
” အေး မောင်းခွန်း … မင်း ဒီမန္တာန်ကိုရွတ် ပြီးရင်အနောက်တောင်ဘက်ကိုမျက်နှာမူပြီး ခွေးခေါင်းကိုဖြတ်လိုက် ”
” ဗျာ… ဟုတ်ကဲ့ ဆရာကြီး ”
မောင်ခွန်းလည်း ဦးစေတန်ခိုင်းသည့်အတိုင်း ခွေနက်အား ခေါင်းဖြတ်ပြီးနောက်
” မောင်ခွန်း ငါ့ခေါင်းကိုယူပြီး ခွေးနက်ခန္ဓာကိုယ်မှာတပ်လိုက်၊ ပြီးရင် ဒီမန္တာန်ကိုအသက်အောင့်ပြီး ၃၇အုပ်စုပ်”
” ဗျာ… ဆရာကြီးခေါင်းကို ခွေးနက်ကိုယ်မှာတပ်ရမယ်ဟုတ်လား၊ တပ်ချင်းတပ် ဆရာကြီးရဲ့ခန္ဓာကိုယ်မှာပဲတပ်ပါလားဗျ ”
ဟု မောင်ခွန်းတစ်ယောက် စောဒကတက်လိုက်ရာ
” ဒီမအေပေးက လျှာကြောကိုရှည်တယ်၊ ငါ့ခန္ဓာကိုယ်မှာ ငါတပ်လို့မရလို့ပေါ့ကွာ..မင်း ငါခိုင်းသလိုသာလုပ်စမ်းပါ ”
” သြော်…ဟုတ်ကဲ့ဆရာကြီး ”
မောင်ခွန်းလည်း ဦးစေတန်ခိုင်းသည့်အတိုင်း ဦးခေါင်းကိုခွေးနက်ကိုယ်မှာတပ်ကာ မန္တာန်စုပ်လိုက်ရာ ဦးစေတန်၏ဦးခေါင်းသည် ခွေးနက်ခန္ဓာကိုယ်နှင့်တဆက်ထဲဖြစ်သွား၏။
” ငါအသက်ရှင်ပြီကွ…စေတန့်ကိုလွယ်လွယ်နဲ့ ဘယ်သတ်လို့ရပါ့မလဲ ဟား..ဟား”
ဟု ခွေးနက်ကိုယ် လူဦးခေါင်းနှင့်ဖြစ်နေသော ဦးစေတန်မှ ဟစ်ကြွေးလိုက်၏။
” ဆရာကြီးကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်သွားတာလဲ ”
” တောက်… ”
ပြင်းထန်စွာဖြင့် တောက်တစ်ချက်ခေါက်လိုက်ပြီး မိမိဖြစ်ခဲ့ရပုံအသေးစိတ်အား တပည့်ဖြစ်သူမောင်ခွန်းကို ရှင်းပြလိုက်၏။ထိုအခါ မောင်ခွန်းလည်း
” ဆရာကြီးစိတ်ချပါ ကျွန်တော်လက်စားချေပေးပါ့မယ် ”
” ငါကိုယ်တိုင်လက်စားချေမယ် သူတို့ဘယ်မှာနေလဲသာ မင်းစုံစမ်းပေး၊ လောလောဆယ်တော့ ငါတောထဲမှာနေပြီး မှော်ကျင့်စဥ်တစ်ခုကျင့်လိုက်အုံးမယ် ”
” ဟုတ်ကဲ့ပါဆရာကြီး ”
မောင်ခွန်းလည်း ဆရာကြီးအားနှုတ်ဆက်ကာ တောအတွင်းမှထွက်လာခဲ့လိုက်၏။
ညသည် နက်သည်ထက်နက်ကာ မှောင်မိုက်လာ၏။ တိတ်ဆိတ်ကာ ငြိမ်သက်နေသောပတ်ဝန်းကျင်၌ အမှောင်ထုကိုအားယူကာ နီရဲ၍စူးရှသောမျက်လုံးအစုံတို့မှာ တောစပ်ရှိအိမ်ငယ်အနားသို့ ချဥ်းကပ်လာ၏။ မကြာမီအချိန်၌
” အူး….ဝူး…ဝူး.. ”
” အူး…ဝူး…ဝူး…”
ဆိုသော ခွေးအူသံမှာ ကျယ်လောင်စွာထွက်ပေါ်လာ၏။
” မောင်ကြီး ခွေးတွေအူလိုက်တာနော် ”
” ဟုတ်ပါ့ရှင်မရာ နဂိုညတွေ ခွေးအူသံမကြားရပါဘူးကွာ… ဒီညကြမှ ခွေးတွေဘာလို့အူနေတာပါလိမ့် ”
” မောင်ကြီး ရှင်မစိတ်တွေလေးလာတယ် တစ်ခုခုများဖြစ်တော့မလားမသိဘူး ”
ဆိုသော နွယ်လီဆူးတစ်ယောက် အားငယ်စွာဖြင့် ပြောလေရာ
” ရှင်မစိတ်ထင်လို့ပါ ဘာမှမကြောက်နဲ့ မောင်ကြီးတစ်ယောက်လုံးရှိတယ် ”
ဟု ပြောလိုက်ပြီး အားငယ်နေသော နွယ်လီဆူးအား ရင်ခွင်ထဲသို့ဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်သည်။ ခနအကြာတွင်
” ဝုတ်.. ဝုတ်..ဝုတ် ”
ဆိုသော ခွေးအူသံများသည် ပန်ထောင့်အိမ်ပတ်ချာလည်၌ ထွက်ပေါ်လာခဲ့၏။ ထို့နောက် လူဦးခေါင်းနှင့်ခွေးကိုယ်ရှိသော ဦးစေတန်တဖြစ်လဲ ခွေးမိစ္ဆာကြီးသည် အိမ်ပေါ်သို့တက်လာရာ
” ဟာ… ခွေးမိစ္ဆာကြီး ခွေးမိစ္ဆာကြီး ”
ဆိုသောအသံနှင့်အတူ ပန်ထောင်လည်း အိမ်နံရံတွင်ချိတ်ဆွဲထားသောဓားမအား ပြေးအယူ
” ဝုန်း….အား.. ”
အသံနှင့်အတူ ပန်ထောင်၏လည်ပင်းအား ခွေးမိစ္ဆာကြီးမှကိုက်ခဲလိုက်သည်။ ပန်ထောင်၏လည်ပင်းမှသွေးစိမ်းရှင်ရှင်များ ပမ်းထွက်လာကာ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း အသက်ထွက်သွားတော့၏။ ထိုမြင်ကွင်းကြောင့် နွယ်လီဆူးလည်း ကြောက်လန့်ကာ သတိလစ်သွား၏။ သတိလစ်၍လဲကျသွားသော နွယ်လီဆူး၏လည်ပင်းအား ခွေးမိစ္ဆာမှကိုက်ခဲလေပြီးနောက် ကျန်ခွေးများပါ ခန္ဓာကိုယ်အနှံ့ကိုက်ကာ အသားများအား ဖဲ့စားကြကုန်၏။ စားသောက်၍ပြီးစီးသွားသောအခါ ခွေးမိစ္ဆာကြီးနှင့်အတူ ကျန်ခွေးများသည်လည်း တောအတွင်းသို့ဝင်ကာ ပျောက်ကွယ်သွား၏။
+++++
တစ်နေ့တစ်၌ မဟာဒီပတောအတွင်းတွင်
” မင်းရဲ့အကူအညီတွေကြောင့် ငါ့ကို ဒီဘဝမျိုးရောက်အောင်လုပ်ခဲ့တဲ့ လင်မယားနှစ်ယောက်ကို လက်စားချေနိုင်ခဲ့ပြီကွ၊ အဲဒီတော့ မင်းကို ပီယမှော်ကျင့်စဥ်ကိုသင်ပေးမယ် ”
” ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်သေချာသင်ယူမှာပါ၊ ဆရာကြီးအပေါ်လည်းသစ္စာရှိပါ့မယ် ”
မောင်ခွန်း၏စကားကြောင့် လူဦးခေါင်းနှင့်ခွေးကိုယ်ဖြစ်နေသော ခွေးမိစ္ဆာကြီးဦးစေတန်မှ
” ဟား..ဟား..ငါတပည့်မွေးမှန်သွားပြီပဲ၊ မောင်ခွန်း မင်းငါ့အတွက် အပျိုစင်မိန်းကလေးတွေ ရှာပေးနိုင်မလား ”
” ဆရာကြီးအတွက်ဆို ကျွန်တော် ရအောင်ရှာပေးပါ့မယ်၊ ဒါနဲ့ဆရာကြီးက အပျိုစင်မိန်းကလေးကို ဘာလုပ်ဖို့လဲဗျ ”
” ငါ အသွင်ပြောင်းမှော် ကျင့်စဥ်ကျင့်မလို့ကွ၊ လပြည့်ညတိုင်း အပျိုစင်မိန်းကလေးရဲ့ လည်ချောင်းသွေးကိုသောက်ပြီးကျင့်ရမှာ၊ ပထမဆုံးလပြည့်နေ့မှာ အပျိုစင်တနင်္ဂနွေသမီးရဲ့လည်ချောင်းသွေးကိုသောက်ရမှာကွ.. မောင်ခွန်းရ ”
” ဒါဆို ဆရာကြီးလိုချင်တဲ့အပျိုစင်တွေက နေ့နာမ်အလိုက်ပေါ့နော် ”
” ဟုတ်တယ်မောင်ခွန်း တနင်္ဂနွေကနေ စနေအထိ ပဲကွ၊ အဲဒီအပျိုစင်မိန်းကလေးတွေကို ငါ့ဆီခေါ်လာပေးဖို့ပဲ… အဲဒီအတွက်လဲ ငါ
ခပ်ဆေး (ညို့ဆေး ) ပေးလိုက်မယ် ”
” ဟုတ်ကဲ့ပါဆရာကြီး ”
မောင်ခွန်းလည်း ဆရာဖြစ်သူခွေးတစ်ပိုင်းလူပိုင်းကပေးလိုက်သော ခပ်ဆေးအားယူကာ တောအတွင်းမှထွက်လာခဲ့လိုက်၏။
ဤသို့ဖြင့် မောင်ခွန်းတစ်ယောက်လည်း အပျိုစင်မိန်းကလေးများအား ရွာစဥ်လှည့်လည်ရှာဖွေကာ ခပ်ဆေးဖြင့်တို့ကာ ဦးစေတန်ထံသို့ခေါ်ဆောင်လာရသည်။ ခွေးမိစ္ဆာ တဖြစ်လဲ ဦးစေတန်သည်လည်း မောင်ခွန်းခေါ်ဆောင်လာသော မိန်းမပျိုများအား လပြည့်နေ့တွင်တစ်ယောက်နှုန်းဖြင့် လည်ချောင်းသွေးဖောက်ကာ သောက်၏။ အသက်မဲ့သွားသော မိန်းမပျိုရဲ့ခန္ဓာကိုယ်အား သူ့၏နောက်လိုက်များဖြစ်သောခွေးများအား ကျွေးလေ၏။ ဦးစေတန်၏နောက်လိုက်ခွေးများသည် အစက သာမန်ခွေးများဖြစ်သော်လည်း ဦးစေတန်မှ ခွေးနက်မှော်ပညာဖြင့်ပြုစားထားရာ မိစ္ဆာများဝင်ရောက်ကပ်တွယ်နေကာ ခွေးမိစ္ဆာများအဖြစ်သို့ရောက်ရှိနေပြီး ကျားရဲတစ်ကောင်ကဲ့သို့ လူ့အသွေးအသားများအား အငမ်းမရစားသောက်လေသည်။
” မောင်ခွန်း လာမဲ့လပြည့်နေကျရင် ငါ့ကျင့်စဥ်အောင်ပြီကွ…အဲဒီအခါကြရင် ငါလူအသွင်ပြောင်းနိုင်ပြီကွ ဟား…ဟား ”
” ဟုတ်ကဲ့ပါဆရာကြီး လာမဲ့လပြည့်နေ့မတိုင်မှီ အပျိုစင်စနေသမီးကို ကျွန်တော်ရအောင်ရှာလာပေးပါ့မယ် ”
” ကောင်းတယ်မောင်ခွန်း…ငါလူအသွင်ပြောင်းပြီးရင် မင်းကိုကိုးကျင်းအောင်သည်ထိ မှော်စဥ်တွေတက်ပေးမယ် ”
” ဆရာကြီး တကယ်ပြောတာနော်.. ”
” တကယ်ပေါ့ကွ ငါ့တပည့်ကြီးရ ဟား…ဟား ”
ဆိုသော ဦးစေတန်ရဲ့ရယ်သံမှာ တောအတွင်း၌ မြည်ဟီးသွား၏။
++++++++
မိုးတဖွဲဖွဲဖြင့် မိုးစက်မိုးပေါက်ကလေးများကျနေသော မြိုင်မဟာရွာပြင်ရှိတောစပ်၌ နီလာ၊ခင်လွှမ်း၊ဝင့်ဝါ၊ မောင်လုံး၊စိုးတင့် သူငယ်ချင်းတစ်စုသည် ဝါးခမောက်လေးများ ကိုယ်စီဆောင်းထားကာ ဝါးရုံများ၏အောက်ခြေမှ ထွက်နေသော မျှစ်စို့များကို လိုက်လံချိုးယူနေ၏။ ဝါးရုံများ၏နောက်ကွယ်ကနေ လူတစ်ယောက်သည် နီလာတို့သူငယ်ချင်းတစ်စုအား စောင့်ကြည့်နေလေ၏။
” ဟဲ့ နီလာ ဟိုဘက်ကဝါးဘိုးမျှစ်စို့တွေ သွားချိုးရအောင် ”
” ဟာ ခင်လွှမ်းကလဲ.. ဒီမှာလည်းမျှစ်စို့တွေအများကြီးကို.. ”
” ဟိုဘက်က ဝါးဘိုးမျှစ်စို့တွေကပိုကောင်းတဲ့ဟ..လာစမ်းပါဟာ ”
နီလာတစ်ယောက်လည်း ခင်လွှမ်းက ကပ်ခေါ်နေသဖြင့် မလိုက်ချင်လိုက်ချင်ဖြင့် လိုက်သွားလိုက်၏။
” ဝါးဘိုးမျှစ်စို့ကြီးတွေက ကောင်းလိုက်တာဟယ်.. ဝက်သားနဲ့သာ ရောချက်လိုက်လို့ကတော့ သိပ်ကောင်းမှာ ”
” ညည်းကိုကျုပ်မပြောဘူးလား… ဒီဘက်ကဝါးဘိုးမျှစ်စို့တွေက ပိုကောင်းပါတယ်လို့ ”
” ဟုတ်ပါတယ်ရှင့်…မမလေးခေါ်တဲ့နောက်လိုက်လာလို့ ဝါးဘိုးမျှစ်စို့ကောင်းကောင်း ရှာတွေ့တာပါရှင့် ကျေးဇူးတင်ပါတယ်ရှင့် ”
ဟု နီလာမှခင်လွှမ်းအား ကျီစယ်၍ပြောလိုက်လေရာ
” ဟား..ဟား ..ဟား ”
ဖြင့် ရယ်မောလေ၏။ ခင်လွှမ်းသည် နဂိုထဲကအရယ်သန်သည်မို့ ရယ်သံမှာ တော်တော်နှင့်ပင်မရပ်။ နီလာနဲ့ခင်လွှမ်းလည်း မျှစ်ချိုးနေခိုက်…
” ဟေ့…ညီမ မြိုင်မဟာရွာကိုသွားချင်လို့ ဘယ်လမ်းကသွားရတာလဲဟင် ”
ဆိုသောအသံကြောင့် နီလာလည်းမျှစ်ချိုးနေရာမှလှည့်ကြည့်လိုက်ရာ အသတ်လတ်ပိုင်းရှိ မျက်နှာစိမ်း အမျိုးသားတစ်ဦးအား တွေ့လိုက်ရ၏။
” ဒီတောလမ်းလေးအတိုင်း သွားလိုက်ယုံပဲ..ဒီတောစပ်က မြိုင်မဟာရွာနဲ့ဆက်နေတာလေ ”
ဟု နီလာလည်းဖြေလိုက်ရာ
” အကိုက မြိုင်မဟာရွာကိုရောက်ဖို့ လိုသေးတယ်ထင်နေတာ.. အခုလိုလမ်းညွှန်ပေးလို့ ကျေးဇူးပဲနော်ညီမ ”
” ဟုတ်ကဲ့ ရပါတယ်ရှင့် ”
ဟုပြောက နီလာလည်းတစ်ဖက်သို့လှည့်ကာ လုပ်လက်စဖြစ်သော မျှစ်ပြန်ချိုးနေခိုက် နှာခေါင်းထဲသို့ စိမ်းရွှေရွှေအနံ့တစ်ခုသည် စူးရှစွာဖြင့် ဝင်ရောက်လာ၏။ ထို့နောက် မျက်စိသားငယ်အိမ်များ လှုပ်ရှားလာကာ စိတ်များသည်လေးလံလာ၏။
” ညီမနာမည် ဘယ်သူလဲ ”
” နီလာပါ ”
” ညီမလေးနီလာ အကို့နောက်လိုက်ခဲ့ ကြားလား ”
” ဟုတ်ကဲ့ ရှင့် ”
အသံနှင့်အတူ နီလာလည်း သူစိမ်းယောက်ျားလေး၏ ခေါ်ရာနောက်အား လိုက်ရန်ပြင်ဆင်လိုက်သည်။ ခင်လွှမ်းတွင်မူ နီလာအားတားဆီးမလို့ နှုတ်မှပြောသော်လည်း အသံထွက်မလာ၊ အာစေးမိနေ၏။ ထို့သို့ဖြင့်နီလာတစ်ယောက် လိုက်သွားရာချိန်၌
” ဟဲ့ ပြန်ကြမယ်လေ နီလာရော ”
ဆိုသောအသံနှင့်အတူ ခင်လွှမ်းထံသို့ ဝင့်ဝါ၊မောင်လုံး၊စိုးတင့်တို့ ရောက်လာကြသည်။ သူငယ်ချင်းများရောက်လာမှ ခင်လွှမ်းရဲ့နှုတ်လဲဖွင့်လို့ရသွားပြီး
” နီလာကို ဟိုလူခေါ်သွားတယ် ”
” ဘယ်သူခေါ်သွားတာလဲ ငါတို့ကိုအမြန်ပြော ”
ဟု မောင်လုံးမှ စိုးရိမ်တကြီးမေးလေရာ
” ဟို…ဟိုဘက်တောထဲကိုဟ ”
ခင်လွှမ်းမှ ဖြေလိုက်၏။
” ဒါဆို အမြန်လိုက်စို့ ”
ဟု စိုးတင့်မှဝင်ပြောလိုက်ပြီး နီလာနောက် လိုက်ကြလေရာ ခနအကြာတွင် တောစပ်တစ်နေရာ၌ သူစိမ်းအမျိုးသားနှင့်နီလာအား တွေ့လိုက်ရ၏။
” ဟေ့ကောင် နီလာကိုဘယ်ခေါ်သွားတာလဲကွ ”
ဟူသော မောင်လုံး၏ခက်ထန်သောလေသံကြောင့် သူစိမ်းအမျိုးသားလည်း အခြေနေမဟန်မှန်းသိသဖြင့် နီလာအားထားခဲ့ကာ တောအတွင်းပြေးလွှားဝင်ရောက်ပျောက်ကွယ်သွား၏။ မောင်လုံး၊စိုးတင့်၊ခင်လွှမ်း၊ဝင့်ဝါတို့လည်း နီလာထံသို့ပြေးလာလိုက်ပြီး
” နီလာ.. သူငယ်ချင်း ..သူငယ်ချင်း ”
” ဟဲ့…နီလာ …နီလာ ”
ဆိုသော အော်ခေါ်သံများနှင့်အတူ နီလာလက်မောင်းအား ကိုင်၍လှုပ်နှိုးလေရာ နီလာထံမှ
” ဟင် ”
ဆိုသော အသံသာထွက်လာသည်။
” မောင်လုံး နီလာတို့ဆေးထိထားတာဖြစ်မယ်ကွ ”
” ဟုတ်ပါ့မလား စိုးတင့်ရာ ”
” ငါ့ကို ဘကြီးသာရင်ပြောဖူးတယ်ကွ တို့ဆေး( ခေါ်) ခပ်ဆေးဆိုတာ ရှိတယ်ဟ၊ လူတစ်ယောက်ကို ကိုယ်ခိုင်းတဲ့အတိုင်းလုပ်ချင်ရင် အဲဒီလူကို ဆေးနဲ့ခပ်တော့တာပဲ ဆေးအထိခံရတဲ့သူက အခုလိုအသိစိတ်ပျောက်သွားပြီး အဲဒီလူခိုင်းတဲ့အတိုင်းလိုက်လုပ်ရရောတဲ့ ”
” ဒါဆိုရင်တော့ ဒုက္ခပါပဲ နီလာကိုသူ့အိမ်ပြန်ခေါ်သွားစို့ ”
မောင်လုံးနှင့်စိုးတင့်တို့၏ ခပ်ဆေးဆိုသောစကားကြောင့် ဝင့်ဝါနဲ့ခင်လွှမ်းလည်း ကြက်သီးပင်ဖျန်းကနဲထသွားပြီး သူငယ်ချင်းဖြစ်သူ နီလာအတွက်လည်း စိတ်ပူသွားသည်။
ထို့နောက် မောင်လုံးတို့သူငယ်ချင်းတစ်စုလည်း နီလာအားခေါ်ကာ အိမ်ရှိရာသို့ပြန်လာခဲ့လိုက်၏။
+++++
မိုးများတဝေါဝေါဖြင့် သည်းထန်စွာရွာသွန်းနေသော တောတွင်းတစ်နေရာ၌
” တောက်…မင်းတော်တော်အသုံးမကျတာပဲ၊ မိန်းကလေးတစ်ယောက်တောင် မဖမ်းလာနိုင်ဘူး ”
” ဒီလိုပါဆရာကြီး.. သူ့အပေါင်းအဖော်တွေရောက်လာလို့ပါ ”
” ငါက ရေဘူးပေါက်တာမလိုချင်ဘူး မောင်ခွန်း.. ရေပါတာပဲလိုချင်တာကွ၊ သဘက်ခါဆို လပြည့်နေ့ရောက်ပြီ အပျိုစင်စနေသမီးရဲ့လည်ချောင်းသွေးကိုသောက်ပြီးမှ အသွင်းပြောင်းမှော်ရဲ့ နောက်ဆုံးကျင့်ဆင့်ကို ငါကျင့်နိုင်မှာကွ ”
” ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်ရအောင်ဖမ်းပေးပါ့မယ် ”
ဟုမောင်ခွန်းမှ ဆရာဖြစ်သူခွေးမိစ္ဆာကြီးဦးစေတန်အားပြောလိုက်ရာ ဦးစေတန်လည်း ခနအကြာစဥ်းစားလိုက်ပြီး
” အဲဒီကောင်မလေးက မင်းရဲ့ခပ်ဆေး မိထားတာဆိုတော့ သူတို့ကသတိထားမိနေပြီကွ နောက်တစ်ခေါက်ပြန်ဖမ်းဖို့ကခဲယဥ်းမှာ..၊
လပြည့်နေ့ကလည်းနီးနေပြီဆိုတော့ တခြားတစ်ယောက်လိုက်ရှာဖို့ကလဲ မဖြစ်နိုင်လောက်ဘူး၊ ဒီလိုလုပ်ကွာ ငါနဲ့အတူမြိုင်မဟာရွာကိုသွားပြီး အဲဒီကောင်မလေးကိုဖမ်းကြတာပေါ့ ”
” ဟုတ်ကဲ့ပါဆရာကြီး အဲဒီအကြံအကောင်းဆုံးပါပဲ…အခုပဲသွားကြတာပေါ့ ”
” ခနနေအုံး မောင်ခွန်း ” ဟု ပြောလိုက်ပြီး ခွေးမိစ္ဆာကြီးဦးစေတန်တစ်ယောက် နှုတ်ကနေ
” အူး..ဝူး….ဝုတ်…ဝုတ်. .. ”
ဟု မာဂဒဘာသာစကားဖြင့် ပြောလိုက်ရာ အခနအကြာ၌ ခွေးအ များရောက်လာကြ၏။ မောင်ခွန်း၊ခွေးမိစ္ဆာကြီးဦးစေတန်နှင့် သူ၏နောက်လိုက်အပေါင်းအပါများဖြစ်သောခွေအများသည် မြိုင်မဟာရွာရှိရာသို့ တောတွင်းလမ်းကနေချီတက်လာလိုက်သည်။
မင်းအောင်တို့ဆရာတပည့်နှစ်ယောက်လည်း ဘုရားသုံးဆူရွာမှထွက်လာပြီးနောက် တစ်ရွာဝင်တစ်ရွာထွက်ဖြင့်ခရီးဆက်လာရာ မြိုင်မဟာရွာသို့ပင်ရောက်လာ၏။ အချိန်သည်ကား မှောင်ရီစပျိုးချိန်ပင်ဖြစ်သည်။
” ပြည့််ဖြိုးရေ အချိန်လည်းလင့်နေပြီမို့ ဒီရွာထိပ်ကဇရပ်မှာပဲ နားကြတာပေါ့ကွာ ”
” ကောင်းတာပေါ့ဆရာ ရယ်လမ်းလျှောက်လာရတော့ ဗိုက်တောင်ဆာနေပြီ ”
ဟု ပြည့်ဖြိုးလည်း ပြုံးဖြီးဖြီးနဲ့ပြောလိုက်ပြီး ဇရပ်ပေါ်၌ ထိုင်ချလိုက်ကာ မိမိလွယ်အိတ်ထဲ၌ပါလာသော ကောက်ညှင်းပေါင်းထုပ်အားဖြည်ကာ ဆရာဖြစ်သူမင်းအောင်နှင့်အတူ စားလိုက်၏။
” ဟူး…အခုမှပဲဗိုက်ပြည့်သွားတော့တယ် ဆရာရေ၊ ဒါနဲ့ ကျွန်တော်တို့ ဘယ်ကိုခရီးဆက်ကြမှာလဲဆရာ ”
” လောလောဆယ်တော့ ခရီးဆက်ရမဲ့နေရာမပေါ်သေးဘူးကွ၊ မနက်ကြမှ ရွာထဲဝင်ပြီးဘုန်းကြီးကျောင်းရှာပြီးတည်းကြတာပေါ့ ”
” ဟုတ်ကဲ့ပါဆရာ ”
ပြည့်ဖြိုးတစ်ယောက်လည်း ဆရာဖြစ်သူအား သိချင်တာမှန်သမျှမေးလိုက်၊ မင်းအောင်ကဖြေလိုက်ဖြင့် သန်းခေါင်ယံအချိန်သို့ပင် ရောက်လာရာ စကားစအားဖြတ်လိုက်ပြီး အိပ်ယာဝင်လိုက်ကြ၏။
” ခလော…ခလော ”
ဆိုသောဟောက်သံသည် မြိုင်မဟာရွာထိပ်ရှိဇရပ်ပေါ်၌ စည်းချက်ညီစွာထွက်ပေါ်နေ၏။
” လူလေး ထပါအုံးကွဲ့ ”
ဆိုသောအသံကြောင့် ကျွန်တော်လည်း မျက်စိအားဖွင့်ကာကြည့်လိုက်တော့ ကျွန်တော်၏ဆရာဖြစ်သူ မန္တာန်ဝိဇ္ဇာဘိုးအောင်ဖြစ်နေ၏။
” ဟာ အဘပါလား…ဘယ်အရေးကိစ္စများရှိလို့ ကျွန်တော့်ဆီကြွလာရတာတုံးဗျ ”
” ဒီလိုကွဲ့ လူလေးရဲ့..ဒီနယ်တစ်ဝှိုက်မှာ ကျင်းကိုးကျင်းအောင်ထားတဲ့ ခွေးမိစ္ဆာက သောင်းကျန်းနေတယ်လေ၊ အခုခွေးမိစ္ဆာက အသွင်ပြောင်းမှော်ကိုကျင့်နေတာ နောက်ဆုံးအဆင့်ရောက်နေပြီ၊ အသွင်ပြောင်းမှော်သာ အောင်သွားရင် ထုံကူးပြီးအောက်ဝိဇ္ဇာဖြစ်သွားလိမ့်မယ်ကွဲ့၊ အဲလိုမိစ္ဆာမျိုးသာ အောက်ဝိဇ္ဇာဖြစ်သွားရင် ခုနှစ်ရက်သားသမီးတွေ အကုန်ဒုက္ခရောက်ကုန်လိမ့်မယ် ”
” ဟုတ်ကဲ့ပါအဘ.. အဲဒီခွေးမိစ္ဆာကို ကျွန်တော်ဘယ်လိုတားဆီးရမလဲသာ အမိန့်ရှိပါ ”
” ဒီလိုလူလေးရ… အဲဒီခွေးမိစ္ဆာကျင့်နေတဲ့ အသွင်ပြောင်းမှော်က အပျိုစင်ခုနှစ်ဖော်ရဲ့ လည်ချောင်းသွေးကိုသောက်ပြီးမှ ကျင့်ရတာကွဲ့၊ ခွေးမိစ္ဆာဟာ အပျိုစင်၆ယောက်ရဲ့လည်ချောင်းသွေးကိုသောက်ပြီးပြီ၊ နောက်ဆုံးကျန်တဲ့ ၇ယောက်မြောက် အပျိုစင်မိန်းကလေးက
ဒီမြိုင်မဟာရွာမှာနေတဲ့ နီလာဆိုတဲ့ကလေးမပဲကွဲ့…အဲဒီကလေးမလေးကို ခွေးမိစ္ဆာရဲ့တပည့် မောင်ခွန်းဆိုတဲ့အောက်လမ်းဆရာက ခပ်ဆေးနဲ့ဆေးအုပ်ထားတယ် ”
” ဒါဆို .. ဒီရွာထဲကနီလာဆိုတဲ့ကောင်မလေးကို ကယ်တင်ပြီး ခွေးမိစ္ဆာကိုနှိမ်နင်းပေးရမှာပေါ့ ဟုတ်လား အဘ ”
” ဟုတ်တယ်လူလေး ”
ဟုပြောကာ ကျွန်တော့်အားနှုတ်ဆက်ပြီး ပျောက်ကွယ်သွားလေသည်။ အချိန်အားဖြင့် လင်းပိုင်းရောက်နေသဖြင့် ကျွန်တော်လည်း ပြန်မအိပ်တော့ပဲ ဘုရားရှိခိုး၊ပုတီးစိပ်ဖြင့်နေလိုက်တော့၏။ ပြည့်ဖြိုးတစ်ယောက်နိုးလာသော် ညကအဘမိန့်သွားသည့် အကြောင်းအရာများအားပြောပြလိုက်ပြီး ဆရာတပည့်နှစ်ယောက် မြိုင်မဟာရွာထဲသို့ဝင်လာခဲ့ကြ၏။ ထို့နောက် ဘုန်းကြီးကျောင်းရှိရာသို့မေးမြန်းကာ သွားရပြန်၏။ ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ကျောင်းထိုင်ဆရာတော် ဦးသုမနအား မိမိတို့ဒီရွာကိုလာရသည့်အကြောင်းနှင့် ခွေးမိစ္ဆာအကြောင်းကို ပြောပြလိုက်ရာ
” ဒကာလေးပြောပုံအရဆိုရင် ခွေးမိစ္ဆာကအတော်ကြော်ဖို့ကောင်းတာပဲ၊ ရွာထဲမှာလဲ မနေ့က ဒကာကြီးငွေမောင်းရဲ့သမီး ဒကာမလေးနီလာတစ်ယောက် တောစပ်မှာမျှစ်ချိုးရင်း တို့ဆေးမိထားတယ်ဆိုလား ခပ်ဆေးမိထားတယ်ဆိုလားပဲကွဲ့ ”
” ဒါဆို တပည့်တော်တို့ အဲဒီမိန်းကလေးမိသားစုနဲ့တွေ့ချင်ပါတယ်ဘုရား ”
ဘုရားလို့ ကျွန်တော်လည်း ဘုန်းဘုန်းကိုလျှောက်လိုက်ရာ ဘုန်းဘုန်းမှ ကပ္ပိယကြီးဦးမှိုင်းကိုခေါ်ကာ ကျွန်တော်တို့အား ဦးငွေမောင်းတို့အိမ်ရှိရာသို့ လိုက်ပို့ခိုင်း၏။
ထို့နောက် ကျွန်တော်နှင့်ပြည့်ဖြိုးလည်း ကပ္ပိရကြီးဦးမှိုင်းနဲ့အတူ ဦးငွေမောင်းအိမ်ရှိရာသို့ထွက်လာခဲ့လိုက်၏။ အတန်ကြာ လျှောက်လှမ်းပြီးတဲ့နောက်
” ဗျို့ …ဦးငွေမောင်းရေ ဦးငွေမောင်း ”
ဟု ကပ္ပိယကြီးမှအော်ခေါ်လိုက်ရာ ခြေတံရှည်နှစ်ထပ်အိမ်ပေါ်မှ အသက်၅၀ခန့်လူကြီးတစ်ယောက်ထွက်လာပြီး
” သြော် ကပ္ပိယကြီးကို… ဧည့်သည်တွေလည်း ပါတာကို အိမ်ထဲကိုကြွကြပါဗျာ ”
ဟု ထိုလူကြီးမှ ကျွန်တော်တို့အား နွေးထွေးစွာကြိုဆိုလေ၏။ကျွန်တော်တို့လည်း ကပ္ပိယကြီးနှင့်အတူ ၎င်းအိမ်ပေါ်သို့တက်လာလိုက်၏။ အိမ်ပေါ်သို့ရောက်သော် ကပ္ပိယကြီးမှကျွန်တော်တို့လာရင်း ကိစ္စအားပြောပြကာ အိမ်ရှင်များဖြင့်မိတ်ဆက်ပေးလေသည်။
” ဟန်ကြတာပေါ့ ကပ္ပိယကြီးရယ်… ကျုပ်သမီးလေးအခုလို ငူတူတူငိုင်တိုင်တိုင်ဖြစ်ပြီး မစားမသောက်ဖြစ်နေတာကိုကြည့်ပြီး စိတ်ဆင်းရဲနေရတာဗျ၊အခု ဆရာလေးတွေက အိမ်ကြွလာတော့ ကျုပ်တို့အားရှိသွားတာပေါ့ဗျာ ”
ဟု အိမ်ရှင်ဦးကြီးမှ ဝမ်းသာအားရပြောလေရာ ကျွန်တော်လည်း
” ဒီကဦးကြီးသမီးကို လူကောင်းပကတိအတိုင်းဖြစ်သွားအောင် ကုသပေးပါ့မယ်ဗျာ ”
ဟုပြောလိုက်ရာ
” ဝမ်းသာလိုက်တာဗျာ.. ဆရာလေးတို့လိုအပ်တာသာပြောပါ ”
” ဟုတ်ကဲ့ပါ.. ဦးကြီးသမီးကိုသာ ဘုရားဆောင်အရှေ့သာခေါ်ခဲ့ပါ ”
ဟု ကျွန်တော်လည်းပြောလိုက်၏။
ဦးငွေမောင်းလည်း အိပ်ခန်းထဲတွင်အိပ်နေသော သမီးဖြစ်သူနီလာကိုနှိုးလိုက်ကာ ဘုရားဆောင်အရှေ့သို့ ခေါ်ဆောင်လာလိုက်၏။
ကျွန်တော်လည်းဘုရားကျောင်းဆောင်ပေါ်၌ ဆီမီးတစ်တိုင်ကိုပူဇော်လိုက်ပြီး လူနာရဲ့အသက်နဲ့ခန္ဓာအား အထက်ဝိဇ္ဇာများထံသို့ အပ်နှံလိုက်ပြီး လူနာဖြစ်သူနီလာအား ပဋ္ဌမံဆေးတော်ကိုတိုက်လိုက်ရာ နီလာ၏ နား၊နှာခေါင်း၊ပါးစပ်စသော ဒွါရပေါက်များမှ အစိမ်းရောင်အခိုးအငွေ့များထွက်လာသည်။ ထို့နောက် နီလာတစ်ယောက် လူအကောင်းပတိဖြစ်သွား၏။
နေကောင်းသွားပြီဖြစ်သော သမီးဖြစ်သူအားကြည့်ကာ ဦးငွေမောင်းတစ်ယောက် အပျော်ကြီးပျော်နေ၏။
” ဆရာလေးရယ် ကျေးဇူးတင်လိုက်တာဗျာ၊ ဒါလေးကိုတော့ လက်ခံပေးပါဗျာ ”
ဟုပြောကာ ငွေအမြောက်အများကန်တော့လေရာ
” ဒီငွေတွေကို ဦးကြီးပြန်သိမ်းထားလိုက်ပါဗျာ ကျွန်တော်တို့အတွက်ငွေမလိုပါဘူး ”
ဟု ကျွန်တော်လည်းပြောလိုက်ရာ
” ဒီလိုလဲမဟုတ်သေးဘူးလေ ဆရာလေရဲ့ ”
” ဦးကြီး ဒီငွေတွေကို ကျွန်တော်တို့ကိုယ်စား ဘုရားကျောင်းကန်တည်ဆောက်ရာမှာ လှူဒါန်းလိုက်ပါလို့ ”
ကျွန်တော်လည်းပြောရာ
” ကောင်းပါပြီဆရာလေး… ဒါနဲ့ ဆရာလေးတို့ ဦးလေးအိမ်မှာတည်းခိုကြပါအုံး ကျေးဇူးဆပ်တဲ့အနေနဲ့ ချက်ပြုတ်ကျွေးမွေးပါရစေ ”
ဟု ပြောလေရာ ကျွန်တော်လည်း ငြင်း၍မကောင်းသဖြင့် လက်ခံလိုက်၏။ ဤသို့ဖြင့် ညရောက်သော်
” အူး…ဝူးး…ဝူးး”
ဆိုသော ခွေးအူသံမှာကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ၎င်းခွေးအူသံတွေကြောင့် ကျွန်တော်တို့လည်း နိုးလာခဲ့၏။ ထိုအချိန်၌
” ကျွန်မလာပါပြီရှင့်…ကျွန်မလာပါပြီ ”
ဆိုသောအသံမှာ အိမ်ခန်းထဲတွင်အိပ်နေသော နီလာ့ထံမှထွက်ပေါ်လာသည်။ ကျွန်တော်လည်း အာရုံစုစည်းပြီးကြည့်လိုက်ရာ အင်မတန်အင်အားကြီးသည့် မိစ္ဆာစက်တစ်ခုအားတွေ့လိုက်ရ၏။ ထိုအချိန်၌
” အူး…ဝူးး. ဝူးး ”
ဆိုသော ခွေးအူသံမှာ ကျယ်လောင်စွာဖြင့်ထပ်မံပေါ်လာပြန်၏။
” ကျွန်မလာပါပြီ ကျွန်မလာပါပြီ ”
ဆိုသောအသံနှင့်အတူ နီလာတစ်ယောက် အိပ်ခန်းထဲကပြေးထွက်လာရာ ကျွန်တော်လည်း
” မိစ္ဆာစက် ပြတ်တောက်စေ”
လက်ညှိုးထိုးပြီးအမိန့်ပြန်လိုက်ရာ
ဘုန်းခနဲ အသံနှင့်အတူ နီလာတစ်ယောက် သတိမေ့သွား၏။ ထိုအသံများကြောင့် အိပ်ပျော်နေသော ဦးငွေမောင်းတစ်ယောက်နိုးလာပြီး အိမ်ရှေ့တွင်လဲနေသော သမီးဖြစ်သူအားတွေ့လိုက်ရသဖြင့်
” ဟာ ..သမီး..သမီးလေး ”
ဟုဘအော်ခေါ်ကာ ပြေးပွေ့လေသည်။ ပြီးနောက်
” ဆရာလေး ဦးကြီးရဲ့သမီးလေးကိုကယ်ပါအုံးဗျနော် ”
ဟုပြောကာ ကျွန်တော်အား အားကိုးတကြီးအကူအညီတောင်း၏။ ကျွန်တော်လည်း နီလာအား ဘုရားဆောင်အရှေ့သို့ခေါ်လိုက်ပြီး မိစ္ဆာစက်အားဖြတ်မည်အလုပ်
” အူး…အူး..ဝူး…ဝုတ်… ဝုတ်.”
ဆိုသော ခွေးအူသံများ၊ခွေးဟောင်သံများသည် ဆူညံစွာထွက်ပေါ်လာပြန်၏။ ၎င်းခွေးအူသံပေါ်လာတိုင်း နီလာထံရောက်နေသော မိစ္ဆာစက်မှာအားကောင်းလာ၏။ ကျွန်တော်လည်း အခြေအနေကိုသဘောပေါက်သဖြင့်
” ပြည့်ဖြိုး ခွေးမိစ္ဆာကရွာထိပ်ရောက်နေပြီ၊ သူ့ရဲ့မိစ္ဆာစက်ကို ဒီတစ်ရွာလုံးကိုဖြန့်ထားတယ်၊ တစ်ရွာလုံးအတွက်အန္တာရယ်ရှိနေပြီ နောက်ပြီး ဒီကောင်မလေးကိုယ်ပေါ်ကျနေတဲ့ မိစ္ဆာစက်ကအချိန်ယူပြီး မီးစက်နဲ့ဖယ်ထုတ်ပြစ်ရမှာကွ ”
” ဟုတ်ကဲ့ပါဆရာ…ကျွန်တော်ခွေးမိစ္ဆာကို သွားရင်ဆိုင်လိုက်ပါ့မယ် ”
” အေးပြည့်ဖြိုး ဒီခွေးမိစ္ဆာကလျှော့တွက်လို့တော့ မရဘူးကွ သတိတော့ထား ”
” စိတ်ချပါဆရာ ”
ဟု ပြောကာပြည့်ဖြိုးလည်း ရွာထိပ်ကိုထွက်ဖို့အလုပ်
” ဦးလေးရေ…ဦးလေး ”
ဆိုသောအသံနှင့်အတူ လူငယ်နှစ်ယောက်သည် ရေးကြီးသုတ်ပြာဖြင့် အိမ်ပေါ်သို့တက်လာသည်။
” ဟေ့ကောင်တွေ ဘာဖြစ်လာတာလဲကွ ”
ဟု ဦးငွေမောင်းမှ ဆီးကြိုမေးလိုက်ရာ
” ဘာဖြစ်ရမှာလည်းဦးလေးရာ ရွာပြင်မှာခွေးမိစ္ဆာတွေရောက်နေတယ်ဗျ ”
. ” ခွေးမိစ္ဆာမှန်း မင်းတို့ကဘယ်လိုလုပ်သိတာလဲ ”
ဟု ပြည့်ဖြိုးလည်း ၎င်းလူငယ်နှစ်ယောက်ကိုမေးလိုက်ရာ
” ဒီလိုဗျ ခွေးအ အုပ်စုထဲမှာ လူဦးခေါင်းနဲ့ခွေးခန္ဓာကိုယ်ဖြစ်နေတဲ့ ခွေးမိစ္ဆာကြီးတစ်ကောင်ကို တွေ့လိုက်ရတယ်ဗျ ”
” ဟေ.. ဟုတ်လား ဒါဆိုဆရာလေးတို့ပြောတဲ့ ခွေးမိစ္ဆာကြီးဖြစ်မယ်ကွ၊ ဒီလိုလုပ်ကွာ မင်းတို့နှစ်ယောက် ဒီကဆရာလေးနဲ့ရွာထိပ်ကိုလိုက်သွားလိုက် ”
ဦးငွေမောင်းမှ ၎င်းလူငယ်နှစ်ယောက်အားပြောလိုက်ရာ
” ဟုတ်ကဲ့ပါ ဦးကြီး ”
ဟုပြောကာ စိုးသူနှင့်မောင်လုံးလည်း ပြည့်ဖြိုးနှင့်အတူ ရွာထိပ်သို့ထွက်လာလိုက်၏။
မင်းအောင်တစ်ယောက်ကတော့ ဘုရားဆောင်ရှေ့တွင် နီလာ့ခန္ဓာကိုယ်ထဲသို့ရောက်ရှိနေသော မိစ္ဆာစက်များအား မီးစက်များဖြင့်ထုတ်ကာ သန့်စင်ပေးနေသည်။
ပြည့်ဖြိုးတို့လည်း အတန်ကြာလျှောက်လမ်းပြီးတဲ့အချိန်ရောက်တော့ ရွာထိပ်သို့ရောက်လာခဲ့၏။
” ဆရာလေး ဟိုမှာတွေ့လား လူခေါင်းနဲ့ခွေးမိစ္ဆာကြီး ”
ပြည့်ဖြိုးလည်း လူငယ်ညွှန်ပြရာကြည့်လိုက်တော့ လူဦးခေါင်းနှင့်ခွေးခန္ဓာကိုယ်ဖြစ်နေသော မိစ္ဆာကြီးကိုတွေ့လိုက်ရ၏။ ခွေးမိစ္ဆာကြီးသည် ပါးစပ်အားဟကာ ရွာထဲသို့ စိမ်းဖန့်ဖန့်ရောင်စက်များအား မှုတ်ထုတ်နေ၏။ ပြည့်ဖြိုးလည်း အချိန်မဆိုင်းတော့ပဲ ခွေးအုပ်များထဲသို့ စက်ဖြတ်စမအား လှမ်းပြစ်လိုက်ရာ
” ဝုန်း ”
ဆိုသောအသံနှင့်အတူ ပေါက်ကွဲသံထွက်ပေါ်သွားပြီး ခွေးမိစ္ဆာကြီး၏ ရွာထဲသို့လွှတ်နေသော စက်များမှာ ပြတ်တောက်သွား၏။ ထိုအခါ ခွေးမိစ္ဆာကြီးက
” ဝုတ်..ဝုတ်..ဝုတ်..”
ဟုဟောင်လိုက်ရာ
ခွေးအများသည် ပြည့်ဖြိုးတို့ထံသို့ ကိုက်ခဲရန်အတွက် ပြေးလာကြရာ ပြည့်ဖြိုးလည်းစည်းတစ်ခုအား အလျင်အမြန်တားလိုက်သည်။ ၎င်းခွေးအများလည်း စည်းနားအရောက်
” ဝုန်း ”
ဆိုသောအသံနှင့်အတူ အနောက်သို့လွှင့်ထွက်သွားသည်။ ထိုအချိန်၌ပြည့်ဖြိုးလည်း လေးကျွန်းစမဖြင့် ခွေးမိစ္ဆာအားပြစ်မည်အလုပ်
” ဝှစ် ”
ဆိုသော အသံနှင့်အတူ ဓားမြှောင်တစ်လက်သည် ပြည့်ဖြိုး၏ဝမ်းဗိုက်သို့ လာစိုက်လေသည်။ ၎င်းအခြေနေအား အခွင့်ကောင်းယူကာ ခွေးအများသည် ပြည့်ဖြိုးတားထားသောစည်းအား ဖောက်ဖျက်ရန် ဝင်တိုးလာကြ၏။ ပြည့်ဖြိုးတစ်ယောက်လည်း နာကျင်မှုဒဏ်ကြောင့်မြေပြင်ပေါ်သို့ လဲကျသွား၏။ မောင်လုံးတို့လည်း ပြည့်ပြေးအားထူလိုက်ပြီး
” ဟာ..ဆရာလေး ဓားထိသွားပြီကွ ”
” ဆရာလေး ရရဲ့လားဗျာ.. သွေးတွေမှမနဲမနောပဲ
ကျွန်တော်တို့ ပြန်ကြရအောင် ”
” ငါ့တာဝန်ကို ပြီးဆုံးအောင်လုပ်ပြီးမှပြန်မယ် ”
ဟုပြောကာ ပြည့်ဖြိုးလည်းအားတင်းကာ ထထိုင်လိုက်သည်။ ပြည့်ဖြိုးဒဏ်ရာရတာကို သိသဖြင့် ခွေးမိစ္ဆာများသည်လည်း စည်းအားပျက်အောင် အတင်းထိုးဖောက်လေတော့သည်။ ထိုနေ့သည်လပြည့်နေ့ဖြစ်ကာ မိစ္ဆာများအားကောင်းသဖြင့် ပြည့်ဖြိုးတားထားသောစည်းမှာ ပျက်ဆီးရန်အနည်းငယ်သာလိုတော့သည်။ ပြည့်ဖြိုးလည်း တစ်စုံတစ်ဦးကိုသတိရသွားပြီး
” ဘုရားသုံးဆူရွာတွင်ရှိသော လာဘသုခစေတီတော်အား စောင့်ကြပ်ပါသော မဟာဒေဝယက္ခဘီလူးမင်း အကျွန်ုပ်ထံသို့ မြန်မကြာကြွရောက်၍ မိစ္ဆာအား ရှင်းလင်းသုတ်သင်ပေးပါ ”
ဟု ပြောလိုက်ရာ ခနအတွင်းပင် အရောင်တဖြိုးဖြိုးတဖျက်ဖျက်ဖြင့်ဘီလူးမင်းကြွလာကာ ပြည့်ဖြိုးအားတစ်ချက်ကြည့်ပြီး
” ဆရာလေး အကျွန်ုပ်ဘာများကူညီဆောင်ရွက်ပေးရမလဲ ပြောပါ ”
” ဟိုက ခွေးမိစ္ဆာတွေကိုရှင်းလင်းသုတ်သင်ပေးပါ ”
” ကောင်းပါပြီ ဆရာလေး ”
ဟုဆိုကာ မဟာဒေဝယက္ခဘီလူးမင်းလည်း ခွေးမိစ္ဆာကြီးဦးစေတန်အား သန်လျက်ဖြင့်ပိုင်းလိုက်ရာ
” အား ”
ဆိုသောအသံနှင့်အတူ ခွေးမိစ္ဆာကြီး၏ဦးခေါင်းမှာလည်း မြေပြင်ပေါ်သို့ပြုတ်ကျသွား၏။ ထို့နောက် အခိုးအငွေ့များထွက်လာကာ မီးတောက်များဖြစ်ပေါ်လာပြီး လောင်ကျွမ်းသွားလေသည်။ ခွေးမိစ္ဆာကြီးဦးစေတန် သေဆုံး၍လောင်ကျွမ်းသည်နှင့် ကျန်ခွေးအ များရဲ့ခန္ဓာကိုယ်၌ အနက်ရောင်အခိုးအငွေ့များထွက်လာလေသည်။ ထို့နောက် ခွေးအများသည် မိစ္ဆာစက်များမရှိတော့သဖြင့် သာမန်ခွေးများပြန်ဖြစ်သွားကာ တောအတွင်းသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားလေ၏။
မိစ္ဆာများရှင်းလင်းပြီးသော် မဟာဒေဝယက္ခဘီလူးမင်းလည်း ပြည့်ဖြိုးအားနှုတ်ဆက်ကာ ဋ္ဌာနေသို့ပြန်သွား၏။
တောစပ်၌ အခြေအနေအားစောင့်ကြည့်နေသော လူတစ်ဦးရှိလေသည်။ ထိုသူသည်မည်သူနည်း။
ပြည့်ဖြိုးကိုဓားနဲ့ပေါက်တာ ဘယ်သူဖြစ်မည်နည်း။
ပြည့်ဖြိုးတစ်ယောက်ရော ရရှိထားတဲ့ဓားဒဏ်ရာကြောင့် ဘာတွေဆက်ဖြစ်မလဲ ဆိုတာတွေကို သိချင်ရင်တော့
နောက်ဇာတ်လမ်းလေးအားမျှော်
# ပြီး# ရေးသားသူ= ပိုင်လေး (မအူပင်မြေ)
ဤဇာတ်လမ်းလေးသည် စာရေးသူ၏ စိတ်ကူးယဥ်ပုံရိပ်များသာဖြစ်ပါသည်။သို့ဖြစ်ပါသောကြောင့် တစ်စုံတစ်ရာအမှားအယွင်းပါခဲ့ပါက အကျွန်ုပ်စာရေးသူ ပိုင်လေး၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။
စာမူစစ်ခြင်း၊ပို့စ်တင်ပေးခြင်း လုပ်ပေးပါသော အခွန်း(အချစ်)နှင့် ဇာတ်လမ်းလေးနောက်ခံပုံလုပ်ပေးခြင်း၊ ဇာတ်လမ်းအတွက် အကြံပေးပါသော သူငယ်ချင်းကိုထက်အား အထူးပင်ကျေးဇူးတင်ပါသည်။