Unicode Version
မင်းအောင်နှင့်ဥပါဒါန်အစွဲ(စ/ဆုံး)
————————————-
ဖုန်တထောင်းထောင်းထနေသော လမ်းမကြီးထက်သို့ လူငယ်တစ်ယောက်သည် ထမင်းချိုင့်လေးအားကိုင်ဆွဲကာ လျှောက်လှမ်းလာသည်။ ၎င်းလူငယ်၏အမည်သည်ကား မိုးညိုပင်ဖြစ်သည်။ ထိုသူသည်သပြေကုန်းရွာတွင်နေထိုင်သူဖြစ်ပြီး မြို့ပေါ်ရှိပွဲရုံမှာအလုပ်လုပ်ရသော ဆန်ထမ်းသမားပင် ဖြစ်သည်။ အလုပ်ရုံနှင့်နေအိမ်မှာဝေးလှသောကြောင့် အသွားအပြန်လုပ်ရသည်မှာပင်ပန်းလွန်းလှသည်။ သို့ကြောင့် မိုးညိုသည်လျှောက်လှမ်းနေရင်း အတွေးတစ်ခုဝင်လာမိသည်။
” ဟူး….မောလိုက်တာကွာ…ငါ့မှာ စက်ဘီးလေးတစ်စီးလောက်ရှိရင် သိပ်ကောင်းမှာပဲ… ငါစက်ဘီးတစ်စီးလောက်တော့ ဝယ်နိုင်အောင်ကြိုးစားရမယ် ”
ဟု တွေးနေခိုက်
” မိုးညို အလုပ်သွားတော့မလို့လား ”
” ဟုတ်ကဲ့အရီးမြ ”
” မိုးညိုရေ ..နင့်အမေ မသိန်းကြွယ်တစ်ယောက်နေရောကောင်းရဲ့လား … အားရင်လည်းငါ့ဆီလာလည်ပါအုံးလို့ နင့်အမေကိုပြောလိုက်စမ်းပါဟယ် ”
” အမေနေကောင်းတယ်အရီးမြရေ… ကျွန်တော်အမေ့ကို အရီးမြဆီလာလည်ဖို့ပြောလိုက်ပါ့မယ် ”
” အေး ..မိုးညိုရေ စကားကောင်းနေတာနဲ့အလုပ်နောက်ကျနေအုံးမယ်…သွားတေ့ာသွားတော့….”
အရီးမြစကားကြောင့် မိုးညိုလည်းအရီးမြအားနှုတ်ဆက်ကာ မိမိအလုပ်ရှိရာဆီသို့ ထွက်လာခဲ့လိုက်သည်။ ဤသို့ဖြင့် တစ်နေဝင်လို့တစ်မိုးချုပ်ကာ အလုပ်သိမ်း၍ မိုးညိုတစ်ယောက်အိမ်သို့ပင် ပြန်ရောက်လာခဲ့ပြီ။ အလုပ်ကပြန်ရောက်သည်နှင့် သူ့အားမျှော်နေသောအမေအိုက
” သား… ဒီနေ့နောက်ကျတယ်နော် ”
” ဟုတ်တယ်အမေရေ… ဒီနေ့ပွဲရုံမှာဆန်ဝယ်သူတွေကျတယ်လေ ပြီးတော့လည်းပွဲရုံနဲ့အိမ်ကဝေးတော့ အတော်လျှောက်ရတယ်အမေရ ”
” အမေ့သားလေး ပင်ပမ်းနေရောပေါ့ ”
မိုးညို၏မိခင်ဖြစ်သူ ဒေါ်သိန်းကြွယ်လည်းသားဖြစ်သူပင်ပင်ပမ်းပမ်းအလုပ်လုပ်နေရသည်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရလေသည်။
” မပင်ပမ်းပါဘူးအမေရာ… အမေ့သားကအဲဒီအလုပ်လောက်ကိုမမှုပါဘူး ဒီမှာကြည့်….”
ဟုပြောကာ မိုးညိုလည်းမိမိလက်မောင်းကြွက်သားများအား မိခင်ဖြစ်သူကိုလစ်ဟာပြလိုက်သည်။
” ဟုတ်ပါပြီကွယ်…အမေ့သားမိုးညိုကအမေ့အတွက် ဆင်ပြောင်ငါးစီးအားမာန်ကြီးတဲ့သားကောင်းသားမြတ်တစ်ယောက်ပါကွယ် ”
” ဒါပေါ့အမေရ ဟား ..ဟား..ဟား.. ”
ရယ်သံတို့ဖြင့် မိုးညိုတို့သားမိနှစ်ယောက်၏တဲအိမ်လေးသည်လည်း စိုပြေသွား၏။မိုးညိုသည်လည်း ပြေးကြည့်မှအမေတစ်ခုသားတစ်ခုဘဝမို့ မိခင်ဖြစ်သူအားစိတ်ချမ်းသာအောင်ထား၏။ မိုးညိုဖခင်ဖြစ်သူမှာ မိုးညိုငယ်စဉ်ကပင် ကွယ်လွန်သွားသည်ဖြစ်ရာ ဒေါ်သိန်းကြွယ်မှာမိုးညိုအား လူလားမြောက်အောင်စောင့်ရှောက်ကျွေးမွေးပြုစုခဲ့လေသည်။ မိုးညိုအရွယ်ရောက်သော် မိခင်ဖြစ်သူအား ပြန်လည်လုပ်ကျွေးပြုစုလေသည်။
++++++
တစ်နေ့၌ မိုးညိုတစ်ယောက်လည်း မိမိစုဆောင်းထားသောငွေစက္ကူများအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ မြို့ပေါ်သို့တက်လာခဲ့သည်။ မြို့ပေါ်သို့ရောက်သော် မိုးညို၏ခြေလှမ်းများသည် သုံးသုံးလုံး စက်ဘီးအရောင်းဆိုင်ဆီသို့ ဦးတည်၍လျှောက်လာလေသည်။
” ဦးလေး ဒီစက်ဘီးကဈေးဘယ်လောက်လည်းဗျ ”
” ဒီစက်ဘီးက ရှစ်ရာငါ့တူ ”
” ဟုတ်ကဲ့ဦးလေး ”
မိုးညိုတစ်ယောက်လည်း မိမိ၌ပါလာသော ငွေစက္ကူများအားရေတွက်ကြည့်ရာ လေးရာခုနှစ်ဆယ်သာရှိသဖြင့် ထိုစက်ဘီးနှင့်အလှမ်းဝေးသွားသည်။
” ဦးလေး ငါးရာတန်လောက်ထဲကမရှိဘူးလား … ကျွန်တော်မှာလည်းအဲလောက်ပဲပါလို့ဗျ ”
” ဒီက.. ငါ့တူကအဲလောက်ပဲပါတယ်ဆိုရင် ဦးလေးမှာငါးရာတန်စက်ဘီးတစ်စီးတော့ရှိတယ် ”
” ဟုတ်ကဲ့ဦးလေး ကျွန်တော်ကိုအဲဒီစက်ဘီးလေးပြပေးပါလား ”
” အေး ငါ့တူခနစောင့် ”
ဆိုပြီး စက်ဘီးရောင်းတဲ့ဦးလေးသည်လည်း သူ၏ဆိုင်အတွင်းသို့ဝင်သွားကာ ခနအကြာတွင် မိုးပြာရောင်စက်ဘီးလေးအား ယူ၍ထွက်လာသည်။
” ငါ့တူ ဒီစက်ဘီးပဲကွဲ့ ”
” ဟုတ်ကဲ့ ဦးလေး ”
မိုးညိုလည်းဦးလေးကြီးပြပေးသော မိုးပြာရောင်စက်ဘီးလေးအား ယူ၍ကြည့်လိုက်သောအခါ စက်ဘီးရဲ့အပေါ်ဘားတန်းလေးမှာ အနည်းငယ်ဆေးပွန်းနေပြီး စက်ဘီးသံခြင်းလေးမှာလည်း အနည်းငယ်ရွဲ့နေ၏။
” ဦးလေး စက်ဘီးကဆေးတွေလည်း ပွန်းနေတယ် စက်ဘီးခြင်းကလည်းရွဲ့နေတယ်ဗျ ”
” ဟုတ်တယ်ကွ ….ဒီစက်ဘီးကအသစ်မဟုတ်ဘူး တစ်ပတ်ရစ်လေ…အဲဒါကြောင့်မို့ငါ့တူကို အဲဒီဈေးနဲ့ပေးတာပေါ့ ”
” ဒီစက်ဘီးလေးကိုကျွန်တော်ကြိုက်ပါတယ်.. ဒါနဲ့ဦးလေးက ဘယ်ဈေးနဲ့ရောင်းမှာလည်း ”
” ဒီစက်ဘီးကိုငါ့တူကြိုက်ရင် ဦးလေးကိုလေးရာကိုးဆယ်ပဲပေးလေ ”
စက်ဘီးအရောင်းဆိုင်ပိုင်ရှင် ဦးလေးကြီးမှထိုသို့ပြောလိုက်ရာမိုးညိုမှ
” ဈေးနဲနဲလျော့ပါအုံးဦးလေးရာ… ကျွန်တော်မှာက လေးရာခုနှစ်ဆယ်ပဲပါတာဗျ ”
” လေးရာခုနှစ်ဆယ်လောက်ထိတော့ ဦးလေးလျော့ပေးလို့မရဘူးကွ… ဒီလိုလုပ်ကွာ လေးရာ့ရှစ်ဆယ်နဲ့ထားပေးမယ်လေ ”
” ကျွန်တော်မှာတကယ်ပဲ လေးရာခုနှစ်ဆယ်ပဲပါလို့ပါဗျာ… ဦးလေးဘက်ကထပ်ပြီးမလျော့နိုင်တော့ဘူးဆိုလည်း ကျွန်တော်နောက်တစ်ခေါက်မှပဲလာခဲ့တော့မယ် ”
ဟုပြောကာ မိုးညို၏မျက်နှာမှာလည်းငြိုးငယ်သွား၏။ ဆိုင်ရှင်ဦးလေးလည်း မျက်နှာငြိုးငယ်သွားသော မိုးညို၏မျက်နှာအားကြည့်ကာသနားသွားပြီး
” အေးလေ..ငါ့တူကလေးရာ့ခုနစ်ဆယ်ပဲတတ်နိုင်တာဆိုတော့လည်း မင်းကိုဦးလေးအဲဒီဈေးနဲ့ပဲပေးလိုက်ပါ့မယ် ”
” ဟုတ်ကဲ့ဦးလေး …ကျေးဇူးအရမ်းတင်ပါတယ်ဗျာ….ကျွန်တော်ဒီစက်ဘီးကိုအရမ်းကြိုက်တယ်ဗျ ”
မိုးညိုတစ်ယောက်လည်း မိမိအရမ်းလိုချင်နေသောစက်ဘီးကိုရလိုက်သဖြင့် ဝမ်းသာကြီးဝမ်းသာပြီး ထိုစက်ဘီးလေးအားနင်းကာ အိမ်သို့ပြန်လာခဲ့လေသည်။ ဤသို့ဖြင့်နောက်နေ့ရောက်သော် မိုးညိုတစ်ယောက်အလုပ်ရှိရာဆီသို့ စက်ဘီးလေးအားနင်းရင်းသွားရာလမ်းတစ်လျောက်၌ တွံတေးသိန်းတန်သီးချင်းလေးအား
” ပန်းစံပါယ်ရယ် နန်းလယ်မပေါ်ခိုက်တာမို့..
အလိုက်တော့တန်သင့်ယုံပါ့ ခံပွင့်ကိုကုံး..ရတယ် …
ထွေးညိုလေးရယ်.. အတွေးဆိုတာဖျောက်ဖျက်ပြစ်ရတယ်….. ”
ဟူသောသီချင်းကိုတွံတေးသိန်းတန်ဟန်ပန်ဖြင့်ဆိုလိုက်ရာ
” ခစ်….ခစ်…ခစ်… ” ဆိုသော မိန်းမပျိုတစ်ဦး၏ရယ်မောသံထွက်ပေါ်လာလေသည်။ထိုရယ်သံကြောင့်မိုးညိုတစ်ယောက်လည်း
“ဘယ်သူရယ်တာလည်းဟ ”
ဟုတွေးကာ ဘေးပတ်ဝန်းကျင်အားကြည့်လိုက်ရာ မိမိတစ်ယောက်ထဲသာရှိသဖြင့်
” ငါနားကြားမှားတာနေမှာပါဟု ”
ဆိုကာ စက်ဘီးအားအလုပ်ရှိရာဆီသို့ဆက်နင်းလာလိုက်သည်။
…………
ဤနေ့သည်တနင်္ဂနွေနေ့ဖြစ်၍ပွဲရုံပိတ်သဖြင့် မိုးညိုတစ်ယောက်အိမ်မှာသာနေ၍ အိမ်အလုပ်များအားလုပ်နေစဉ်အခိုက်
” မိုးညိုရေ ..မိုးညို.. မိုးညို ”
ဟု အသံတစ်စာစာဖြင့်အော်ခေါ်ကာ လူငယ်တစ်ယောက်သည် မိုးညိုအိမ်ဝိုင်းထဲသို့ဝင်လာလေသည်။
” သြော် အောင်ချစ်ကို… လာထိုင်လေကွာ အကြမ်းရေလေးဘာလေးသောက်ပါအုံး ”
” မသောက်တော့ပါဘူးကွာ ငါမင်းဆီကစက်ဘီးလာငှားတာ.. ငါ့အမေဆေးဝယ်ခိုင်းလို့ မြို့မှာဆေးသွားဝယ်မလို့ ”
” အေး အဲဒါဆိုလည်းစက်ဘီးယူသွားလေကွာ ”
မိုးညိုလည်းသူငယ်ချင်းဖြစ်သူအောင်ချစ်အား စက်ဘီးငှားလိုက်၏။
အောင်ချစ်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူမိုးညိုထံမှ စက်ဘီးအားငှားလိုက်ပြီးမြို့ဘက်သို့သွားသောရွာလမ်းအတိုင်းနင်းလာရာ လမ်းတစ်ဝက်တွင်စက်ဘီး၏ကိုယ်ထည်သည် ချောင်းရှိရာဘက်သို့တိမ်းစောင်းသွားကာ အောင်ချစ်တစ်ယောက်ချောင်းထဲသို့ကျသွား၏။ ဤနေရာတွင်ထူးဆန်းသည်ကား အောင်ချစ်သာချောင်းထဲကျသွားပါသော်လည်း စက်ဘီးမှာချောင်းကမ်းပါးတွင်သာလဲနေ၏။ အောင်ချစ်လည်းစက်ဘီးရှိရာဘက်သို့လှည့်ကြည့်လိုက်ရာ မျက်လုံးများပင်ပြူးကျယ်သွား၏။ အဘယ့်ကြောင့်ဆိုသော် စက်ဘီး၏ဘေး၌အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသောမိန်းကလေးငယ်တစ်ဦးအား တွေ့လိုက်ရသောကြောင့်ပင်ဖြစ်လေသည်။ ထိုမိန်းမငယ်အား အောင်ချစ်တစ်ယောက်ကြည့်နေစဉ်အခိုက် ” ဖျတ် “ကနဲပျောက်သွား၏။ ထိုအချိန်မှအောင်ချစ်လည်းသတိရသွားပြီး
” သရဲ ”
.ဟုအော်ကာ ချောင်းကမ်းပါးပေါ်သို့တက်ပြေးလေ၏။ နောက်မှအောင်ချစ်လည်း
” ငါစိတ်ထင်တာပါဟု ”
တွေးကာစက်ဘီးအားယူ၍ မြို့သို့ဆက်မသွားတော့ပဲ ရွာကိုသာပြန်လာလိုက်ပြီး စက်ဘီးကိုမိုးညိုထံသို့ပြန်ပေးလိုက်သည်။
နောက်နေ့ရောက်သော် မိုးညိုတစ်ယောက်ပွဲရုံတွင် ဆန်ဝယ်သူများကျနေသဖြင့်အလုပ်ရှုပ်နေ၏။ အလုပ်သိမ်းချိန်ရောက်သဖြင့် အလုပ်သိမ်းကာရွာသို့ပြန်မည်အလုပ်
” ဟဲ့မိုးညို နင်ရွာပြန်မလို့လား ”
မိုးညိုလည်းအသံကြားရာ လှည့်ကြည့်လိုက်ရာ မိမိနှင့်တစ်ရွာထဲနေသူ အိမွန်ပင်ဖြစ်လေသည်။
” အေးဟ အလုပ်သိမ်းပြီးလို့ရွာပြန်မလို့.. ဒါနဲ့နင်ကဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလည်း ”
” ငါမြို့တက်ပြီး အထည်တွေလာယူတာဟ…အပြန်နောက်ကျနေလို့ နင်နဲ့ရွာကိုလမ်းကြုံလိုက်ခဲ့မယ်ဟာ ”
” အေး..လိုက်ခဲ့လေ ငါလည်းရွာအပြန်အဖော်ရတာပေါ့ ”
ထိုသို့ဖြင့်အိမွန်တစ်ယောက်လည်း မိုးညိုစက်ဘီး၏နောက်ကယ်ရီယာခုံလေးပေါ်သို့ ထိုင်လိုက်သည်။ ထိုအချိန်၌ ” ဘုတ် “ဆိုသောအသံနှင့်အတူ အိမွန်တစ်ယောက်မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
” ဟဲ့အိမွန် ဘယ်လိုဖြစ်ပြီးပြုတ်ကြတာလည်း ”
” မသိဘူးဟမိုးညိုရ ငါ့ကိုတစ်ယောက်ယောက်က တွန်းချလိုက်သလိုပဲ ”
အိမွန်၏စကားကြောင့်မိုးညိုမှ
” အိမွန်ရယ် နင့်ဟာနင်ကယောင်ကတန်းနဲ့ နင့်ကိုဘယ်သူကတွန်းချမှာလည်း ”
မိုးညို၏စကားကြောင့်အိမွန်လည်းအူတူတူဖြစ်သွားပြီး နောက်တစ်ကြိမ်မိုးညိုစက်ဘီးပေါ်သို့တက်လိုက်သည်။
” ဘုတ် “ဆိုသောအသံနှင့်အတူ အိမွန်တစ်ယောက်ထပ်မံပြုတ်ကျပြန်သည်။ မြေပြင်တွင်လဲကျနေသောအိမွန်တစ်ယောက် မိုးညိုစက်ဘီးအားကြည့်လိုက်ရာ စက်ဘီး၏နောက်ခုံတွင်အနီရောင်ဝတ်မိန်းကလေးတစ်ဦးထိုင်နေသည်ကို တွေ့လိုက်ရ၏။ ထိုမိန်းကလေးအား မိုးညိုတစ်ယောက်မတွေ့ရပေ။
” အိမွန် ..နင်ဘယ်လိုဖြစ်တာလည်း ထပ်ပြီးပြုတ်ကျပြန်ပြီ ဒီတစ်ခါတက်ရင်သေချာကိုင်ထား ”
မိုးညိုရဲ့အမေးအား အိမွန်တစ်ယောက်မဖြေနိုင်ပေ။ ကတုန်ကယင်ဖစ်ကာ
” တော်..တော်ပြီဟာ ငါနင့်စက်ဘီးနဲ့မလိုက်တော့ဘူး ”
ဟုပြောကာ လဲကျနေရာမှကုန်းထကာ အနောက်ဘက်သို့ပြေးထွက်သွားလေသည်။ မိုးညိုလည်း
” အိမွန်ဘာဖြစ်တာလဲ… သူပဲလမ်းကြုံလိုက်မယ်ပြောပြီး အခုပဲမလိုက်တော့ဘူးလုပ်ပြန်ပြီ ကြောင်တောင်တောင်နဲ့….”
ဟု တစ်ယောက်ထဲတီးတိုးပြောလိုက်ပြီး စက်ဘီးအားနင်းကာ သီချင်းလေးတကြော်ကြော်ဖြင့် ရွာသို့ပင်ပြန်လာခဲ့လေသည်။ ထိုသို့ဖြင့် မိုးညိုစက်ဘီးအား နောက်မှလိုက်စီးသော သူငယ်ချင်းမိန်းကလေးများသည် တစ်စုံတစ်ယောက်၏တွန်းချခြင်းခံရ၏။ စက္ဘီးအား ငှားစီးသောမိုးညို၏ယောက်ျားလေးသူငယ်ချင်းများသည်လည်း စက်ဘီးသည်အကြောင်းအရင်းမရှိပဲမှောက်ကာ ဒဏ်ရာများပင်ရရှိလေသည်။ သို့ဖြစ်ပါသောကြာင့် မိုးညိုစက်ဘီးအားမည်သူမျှငှားမစီးရဲတော့ပေ။ မို းညိုသူငယ်ချင်းမိန်းကလေးများသည်လည်း စက်ဘီးနောက်မှလိုက်မစီးရဲပေ။ လိုက်စီးတိုင်းလည်း တစ်စုံတစ်ယောက်၏တွန်းချခြင်းအား ခံရသောကြောင့်ပင်ဖြစ်သည်။
++++++
တစ်နေ့၌ မိုးညိုထံသို့အောင်ချစ်တစ်ယောက်ရောက်လာ၏။
” မိုးညို မင်းကိုငါပြောစရာတစ်ခုရှိတယ် ”
” ပြောလေကွာ အောင်ချစ်ရ ”
” ဒီလိုမိုးညို မင်းစက်ဘီးမှာဝိညာဉ်တစ်ခုပူးကပ်နေတယ် ”
အောင်ချစ်မှထိုသို့ပြောလိုက်သောအခါ
” ဟာ မင်းကလည်းမဖြစ်နိုင်တာ ”
” ဖြစ်နိုင်တယ်မိုးညို ..ငါမင်းစက်ဘီးကိုငှားစီးတုန်းကလည်း စက်ဘီးမှောက်ပြီးချောင်းထဲကျသွားတယ်…စက်ဘီးအနားမှာလည်း အနီရောင်ဝတ်မိန်းကလေးတစ်ယောက်ကိုငါတွေ့လိုက်ရတယ်ကွ…ပြီးတော့အိမွန်လည်းမင်းစက်ဘီးနောက်ကလိုက်စီးတာတွန်းချခံရတယ်… အိမွန်ငါ့ကိုပြောပြတယ် မင်းစက်ဘီးနောက်ခုံမှာ အနီရောင်ဝတ်မိန်းကလေးတစ်ဦးထိုင်နေတာကိုသူတွေ့လိုက်ရတယ်တဲ့ ”
အောင်ချစ်ရဲ့စကားကြောင့် မိုးညိုတစ်ချက်တွေဝေသွားပြီး
” ငါ စမ်းသပ်ကြည့်အုံးမယ်ကွာ ”
” အေးပါကွာ ..ဘာပဲဖြစ်ဖြစ်ပေါ့ကွာ မင်းအနေနဲ့သတိထားသင့်တယ်မိုးညို ”
” အေးပါကွာ ”
အောင်ချစ်လည်းမိုးညိုအားနှုတ်ဆက်ကာ မိုးညိုအိမ်ဝိုင်းထဲကထွက်ခွာသွားလေသည်။ မိုးညိုလည်းမိမိစက်ဘီးအားကြည့်ကာ စက်ဘီး၏ကိုယ်ထည်အား ညာဘက်လက်ကလေးဖြင့်ဆုပ်ကိုင်လိုက်ပြီး
” ကဲ ဒီစက်ဘီးမှာကပ်တွယ်နေတဲ့ ဝိညာဉ်ရှိတယ်ဆိုရင် ငါ့ကိုညကြရင်အိမ်မက်လာပေး မဟုတ်လို့ကတော့ ဒီစက်ဘီးကိုသုံးသုံးလုံးဆိုင်မှာ ပြန်ရောင်းပြစ်မယ် ”
ဟုပြောလိုက်သည်။ ထိုနေ့၌ မိုးညိုလည်းအိပ်ယာပင်စောစောဝင်ခဲ့လေသည်။ မိုးညို၏အိမ်မက်ထဲ၌
” အကို ”
ဆိုသောအသံနှင့်အတူ အနီရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးပေါ်လာ၏။ မိုးညိုလည်း ထိုမိန်းကလေးအား
” မင်းဘယ်သူလဲ ”
ဟုမေးလိုက်ရာ
” ညီမနာမည်ကနန့်မြတ်လေးခင်ပါ ..အကို့စက်ဘီးလေးမှာကပ်တွယ်ပြီးနေနေရတဲ့သူပါ ”
” ဒါဆို မင်းကလူမဟုတ်ဘူးပေါ့ ”
ဟုပြောကာ မိုးညိုတစ်ယောက်လည်းကြောက်လန့်သွား၏။
” မကြောက်ပါနဲ့နော် ညီမကအကို့ကိုဒုက္ခမပေးပါဘူး ”
မိုးညိုလည်းမိမိအား ဒုက္ခမပေးဘူးဟုသိလိုက်ရသဖြင့် အနည်းငယ်စိတ်သက်သာရာရသွားပြီး
” မင်းက ဘယ်လိုလုပ်ပြီးငါ့စက်ဘီးမှာ ကပ်တွယ်နေရတာလည်း ”
ဟုမိုးညိုမှမေးလိုက်ရာ နန့်မြတ်လေးခင်တစ်ယောက် မျက်နှာလေးမှာငြိုးငယ်သွားရှာပြီး
” ဖြစ်ပုံက ဒီလိုအကိုရ…
” မေကြီးရေ ဖေကြီးကပြန်မလာသေးဘူးနော် ”
” ပြန်လာမှာပေါ့သမီးရယ်… သမီးကိုကြည့်ရတာ မျောက်မီးခဲကိုင်ထားတဲ့အတိုင်းပဲ ဂနာကိုမငြိမ်ဘူး ”
နန့်မြတ်လေးခင်တစ်ယောက် ဖခင်ဖြစ်သူပြန်အလာကို လည်တိုင်ကျော့ကျော့လေးဖြင့်မျှော်ကာစောင့်နေလေ၏။ ခနအကြာတွင်
ဦးငွေမောင်းတစ်ယောက် မိုးပြာရောင်စက်ဘီးလေးအားတွန်း၍ပြန်လာသည်ကိုတွေ့လိုက်ရသဖြင့်
” ဖေကြီးပြန်လာပြီ ဖေကြီးပြန်လာပြီ စက်ဘီးလည်းဝယ်လာတယ် ”
ဟုအော်ပြောကာဝမ်းသာအားရဖြင့်
ဖခင်ဖြစ်သူဦးငွေမောင်းအားပြေးဖက်လိုက်ပြီး နန့်မြတ်လေးခင်တစ်ယောက်ချွဲလေသည်။ ဦးငွေမောင်းလည်း
” သမီး.. ဖေကြီးကတိတည်တယ်နော်… သမီးလိုချင်နေတဲ့မိုးပြာရောင်စက်ဘီးကို မရမကကိုရှာပြီးဝယ်လာခဲ့တာ ”
” အဲဒါကြောင့်မို့ ဖေကြီးကိုချစ်နေရတာ အာဘွား ”
ဆိုပြီး ဖခင်ဖြစ်သူ၏ပါးပြင်အား ရွှတ်ခလည်းနေအောင်နမ်းလိုက်၏။ ဦးငွေမောင်းလည်း သမီးဖြစ်သူပြုံးပျော်နေတာကို ကြည့်ရင်းပီတီများပင်ဖြစ်လာ၏။
” ဖေကြီး သမီးစက်ဘီးစီးလိုက်အုံးမယ် ”
” သမီးရယ်.. မိုးပဲချုပ်တော့မယ်မနက်ဖြန်မှစီးပါ့လား ”
မိခင်ဖြစ်သူ ဒေါ်ကြာပေါ့မှဝင်ပြောလိုက်ခြင်းပင်ဖြစ်သည်။
” မေကြီးကလည်း သမီးကဒီရွာထဲမှာပဲစီးမှာပါ ”
” မကြာပေါ့ရယ် သမီးစိတ်ချမ်းသာအောင် ပေးစီးလိုက်စမ်းပါ ”
” ကိုငွေမောင်း ရှင်ကြပ်ကြပ်အလိုလိုက်သိလား ရှင့်သမီးကခလေးဆိုးကြီးဖြစ်နေပြီ ”
” ဆိုးပါစေမကြာပေါ့ရယ် တို့မှာချစ်စရာဆိုလို့ ဒီသမီးလေးတစ်ယောက်ထဲရှိတာကို ”
ထိုနေ့သည်နန့်မြတ်လေးခင်၏၁၈နှစ်ပြည့်မွေးနေ့ဖြစ်ရာ မိမိမွေးနေ့တွင်မိမိအလိုချင်ဆုံးစက်ဘီးအား ဖခင်ဖြစ်သူမှဝယ်ပေးသဖြင့်အပျော်ကြီးပျော်နေကာ ရွာထဲသို့စက်ဘီးဖြင့် လျှောက်ပတ်စီးလေသည်။ သစ်ပင်များအုံ့ဆိုင်းလျှက်ရှိသော မြေသားလမ်းမကြီးပေါ်သို့ မိုးပြာရောင်စက်ဘီးလေးသည် မြန်ဆန်သောအရှိန်ဖြင့်သွားလေ၏။ ၎င်းစက်ဘီးပေါ်တွင်တော့ အနီရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသောနန့်မြတ်လေးခင်တစ်ယောက် စက်ဘီးကိုဟန်ချက်ညီစွာဖြင့်နင်းလာရာ တစ်နေရာတစ်ခုအရောက်…
” ဟာ..နွားအုပ်ကြီး….အမယ်လေးကယ်ကြပါအုံးရှင် ”
ဟုဆိုကာ စက်ဘီး၏လက်ကိုင်ဘရိတ်အား ညှစ်လိုက်ရာ ဘရိတ်ကမမိသဖြင့် နန့်မြတ်လေးခင်တစ်ယောက် နွားအုပ်ထဲသို့စက်ဘီးရောလူရောရောက်သွားလေသည်။
” အား.. အမယ်လေး ….”
” ကယ်ကြပါအုံးရှင် နွားတွေလိုက်ဝှေ့နေလို့.. ”
” အားးးးးး”
ဆိုသောအသံနှင့်အတူ နန့်မြတ်လေးခင်တစ်ယောက် ထိုနေရာမှာတင်နွားဝှေ့ခံရပြီးလူ့လောကကြီးဖြင့်အဆက်အသွယ်ပျက်သွား၏။
+++++
” ကိုငွေမောင်း မိုးချုပ်တော့မယ်.. .ရှင့်သမီးအခုထိပြန်မလာသေးဘူး… သမီးလေးစက်ဘီးများမှောက်နေသလားမသိဘူး ”
” ဟာ… မကြာပေါ့ကလည်း နမိတ်မရှိနမာမရှိမပြောစမ်းပါနဲ့ ”
” အင်းပါ ..ကျမကသမီးအတွက်စိတ်ပူလို့ပြောတာပါရှင် ”
ဒေါ်ကြာပေါ့ရဲ့စကားကြောင့် ဦးငွေမောင်းတစ်ယောက် သမီးဖြစ်သူအတွက်စိတ်ပူသွားပြီး
” မကြာပေါ့…လာဟာ တို့တွေသမီးလေးနောက်လိုက်သွားရအောင် ”
ဆိုပြီး ဦးငွေမောင်းတစ်ယောက် ဇနီးဖြစ်သူဒေါ်ကြာပေါ့အားခေါ်ကာ သမီးဖြစ်သူ၏နောက်လိုက်အားလိုက်သွားလေ၏။ သစ်ပင်များအုံ့ဆိုင်းလျက်ရှိသောမြေသားလမ်းမကြီးပေါ်သို့ သွက်လက်မြန်ဆန်သောခြေလှမ်းများဖြင့် လူနှစ်ယောက်လျှောက်လှမ်းလာလေသည်။ ထိုလူနှစ်ယောက်တို့သည်ကား ဦးငွေမောင်းနှင့်ဒေါ်ကြာပေါ့ပင်ဖြစ်သည်။ ဦးငွေမောင်းတို့လည်း နေရာတစ်ခုသို့ရောက်သောအခါ
” သမီး “ဟုအော်ခေါ်ကာ မြေပေါ်တွင်လဲကျနေသော နန့်မြတ်လေးခင်အားပြေးပွေ့လေသည်။
” သမီး…သမီး…သမီး ထပါအုံးသမီးရဲ့ ..မေကြီးခေါ်နေတယ်လေ ”
” သမီးရေထအုံးလေကွာ မြေကြီးပေါ်မှာအိပ်မနေနဲ့လေ … ဖေကြီးဝယ်ပေးတဲ့စက်ဘီးကို သမီးလေးကြိုက်တယ်ဆို သမီးပြန်ပြောအုံးလေ….သမီး…”.
နန့်မြတ်လေးခင်တစ်ယောက် မိခင်ဖခင်တို့၏ခေါ်သံများအား ပြန်မထူးနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် နန့်မြတ်လေးခင်တစ်ယောက်လူ့လောကကြီးကနေ အပြီးအပိုင်နှုတ်ဆက်သွားသောကြောင့်ဖြစ်သည်။
။ ဦးငွေမောင်းတစ်ယောက်လည်း မိမိသမီးလေးဤကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံတွေ့ရသည်ကို ဖြေမဆည်နိုင်ပေ။ ထိုသို့ဖြင့် သမီးဖြစ်သူအလောင်းအားပွေ့ချီကာမျက်ရည်စက်လက်ဖြင့် အိမ်သို့ပြန်လာခဲ့လိုက်၏။ ဦးငွေမောင်းနှင့်ဒေါ်ကြာပေါ့တို့လင်မယားနှစ်ယောက်လည်း သမီးဖြစ်သူနန့်မြတ်လေးခင်သေဆုံးသည့်ကိစ္စနင့်ပတ်သတ်၍ စိတ်ထိခိုက်ကာအစားပျက်အသောက်ပျက်ဖြစ်နေလေသည်။
” ကိုငွေမောင်း ရှင်အဲဒီစက်ဘီးကိုသွားရောင်းလိုက်ပါတော့… အဲဒီစက်ဘီးကိုမြင်ရတိုင်း ကျွန်မသမီးလေးကိုပြန်မြင်နေရသလိုပဲ ..အဲဒီစက်ဘီးကြောင့်သမီးလေးကသေရတာ ဟီး ဟီး ဟီး… ”
ဖြင့် ဒေါ်ကြာပေါ့တစ်ယောက်လည်း သမီးဖြစ်သူအားသတိရတိုင်း ငိုကြွေးလေ၏။
” အေးပါကြာပေါ့ရယ်…ငါအဲဒီစက်ဘီးကိုသွားရောင်းပေးပါ့မယ် ”
ဦးငွေမောင်တစ်ယောက်လည်း ၎င်းစက်ဘီးကို မြို့ပေါ်ရှိသုံးသုံးလုံးစက်ဘီးအရောင်း
ဆိုင်တွင် ပြန်လည်ရောင်းချခဲ့သည်။ ထို့နောက်သမီးဖြစ်သူအတွက် ကုသိုလ်ကောင်းမှုများအား လစဉ်လတိုင်းဆိုသလိုပြုလုပ်ပေးလေ၏။ သို့ပေမဲ့ နန့်မြတ်လေးခင်တစ်ယောက် သာဓုမခေါ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် စက်ဘီးအပေါ်စွဲလမ်းသောဥပါဒါန်အစွဲအလမ်းကြောင့်ပင်ဖြစ်လေသည်။
” နောက်တော့အဲဒီစက်ဘီးကို သုံးသုံးလုံးဆိုင်ကနေအကိုဝယ်လာတော့ ညီမကစက်ဘီးမှာကပ်ပြီးပါလာတာပါပဲ…” ”
နန့်မြတ်လေးခင်တစ်ယောက်လည်း မိမိသေဆုံးခဲ့ရပုံအကြောင်းအား မိုးညိုကိုအကြောင်းစုံရှင်းပြလိုက်ရာ မိုးညိုလည်းနန့်မြတ်လေးခင်အား သနားသွားကာ
” ညီမဘဝဇာတ်ကြောင်းကလည်း ရင်နာစရာဇာတ်လမ်းတစ်ပုဒ်လိုပါပဲလားနော် ”
” အကို ညီမကိုမနှင်ထုတ်ပါနဲ့နော်… စက်ဘီးကိုလည်းရောင်းမပြစ်ပါနဲ့နော်…”
ဟုငြိုးငယ်သောမျက်နှာလေးဖြင့် အသနားခံလေ၏။
” စိတ်ချပါ အကိုညီမကိုမနှင်ထုတ်သလို စက်ဘီးကိုလည်းရောင်းမပြစ်တော့ပါဘူး….”
” ဟုတ်ကဲ့အကို ”
” ညီမ…ညီမ.. ညီမ ”
အော်ခေါ်သံနှင့်အတူ မိုးညိုတစ်ယောက်အိမ်မက်မှလန့်နိုးလာ၏။ ဤသို့ဖြင့်မိုးညို၏အိမ်မက်ထဲသို့ နန့်မြတ်လေးခင်တစ်ယောက် ညစဉ်ဆက်တိုက်ဆိုသလိုရောက်လာတက်၏။ အချိန်ကြာလာသည်နှင့်အမျှ မိုးညိုနှင့်နန့်မြတ်လေးခင်တို့နှစ်ယောက်သည်လည်း ဘဝခြားပေမဲ့သံယောဇဉ်များဖြစ်လာကာ ချစ်သူဘဝသို့ပင်ရောက်ရှိလာလေသည်။ ညတစ်ည၌
” ချစ်လေ..မောင်နဲ့မခွဲနိုင်ဘူးသိလား ”
” မောင်လည်း..ချစ်နဲ့မခွဲနိုင်ပါဘူးကွာ ”
” ချစ်တို့အတူနေကြရအောင် မောင်..”.
” မောင်လည်း ချစ်နဲ့အတူနေချင်ပြီ…အခုလိုခနလေးတွေ့ရတာကို အားမရတော့ဘူးကွာ ”
” ဒါဆိုရင်..လာမယ့်လပြည့်နေ့ညကြရင် မောင့်ကိုချစ်လာခေါ်မယ်လေ…မောင် ချစ်နဲ့လိုက်ခဲ့မှာလား ”
” ချစ်သာလာခေါ်လို့ကတော့ မောင်ကလိုက်ပြီးသားပဲ ”
” အွန်းပါ မောင့်ဆီကဒီလိုစကားမျိုးကြားရတာ ချစ်ဝမ်းသာပါတယ်… ချစ်ပြန်တော့မယ်နော် ”
ဟုပြောကာ နန့်မြတ်လေးခင်တစ်ယောက်လည်း မိုးညို၏အိမ်မက်ထဲမှပျာက်ကွယ်သွားလေသည်။
မင်းအောင်နှင့်ပြည့်ဖြိုးလည်း ငပုတောကျေးရွာမှ ဝိညာဉ်နှုတ်တဲ့သရဲမကိစ္စအားဖြေရှင်းပြီးနောက်ခရီးဆက်လာရာ ခရမ်းခွကျေးရွာသို့ပင်ရောက်လာခဲ့လေသည်။ အချိန်အားဖြင့်မိုးချုပ်စပြုနေပြီဖြစ်ရာ ခရမ်းခွကျေးရွာအလယ်ရှိဇရပ်၌သာ တည်းခိုအိပ်စက်လိုက်သည်။
” လူလေးရေ.. ထ..ထ.. ထအုံးကွဲ့ ”
” ဟာ … အဘပါလား ဘယ်အရေးကိစ္စများရှိလို့ သားဆီကိုကြွလာရတာလဲဗျ ”
” ကိစ္စကအရေးကြီးတယ်လူလေး လပြည့်နေ့မတိုင်မီလူလေးသွားကယ်တင်ရမှာ…ကယ်တင်ရမဲ့သူကသာယာကုန်းရွာမှာနေတဲ့ မိုးညိုဆိုတဲ့လူငယ်လေးပဲကွဲ့ ”
” ဟုတ်ကဲ့အဘ သားကဘယ်လိုကယ်တင်ပေးရမလဲဆိုတာအမိန့်ရှိပါ ”
” ဒီလိုကွဲ့လူလေးရဲ့ မိုးညိုဆိုတဲ့လူငယ်လေးမှာစက်ဘီးတစ်စီးရှိတယ်ကွဲ့..အဲဒီစက်ဘီးမှာ ဥပါဒါန်အစွဲကြောင့်ကပ်တွယ်နေတဲ့သရဲမတစ်ယောက်ရှိတယ်… အဲဒီသရဲမကမိုးညိုဆိုတဲ့လူငယ်လေးရဲ့အိမ်မက်တွေကို ထိမ်းချုပ်ပြီး ညစဉ်ညတိုင်းလိုလိုအိမ်မက်ထဲမှာလာတွေ့တယ်.. နောက်ပိုင်းကြတော့ချစ်ကြိုက်သွားကြတယ်ကွဲ့..လာမဲ့လပြည့်နေ့ကြရင် မိုးညိုရဲ့စိတ်ဝိညာဉ်ကို အဲဒီသရဲမကတစ်ပါထဲခေါ်ဆောင်သွားမှာ အဲဒါကိုလူလေးအနေနဲ့တားဆီးပေးရမယ်ကွဲ့… ”
” ဟုတ်ကဲ့ပါအဘ သားကဘယ်လိုတားဆီးပေးရမှာလည်း အမိန့်ရှိပါအုံး.. ”
” လူလေးအနေနဲ့က မိုးညိုရဲ့အိမ်မက်ဝင်္ကပါထဲကိုသွားရောက်ပြီး တားဆီးပေးရမှာကွဲ့ ”
” တားဆီးပေးတာတော့ဟုတ်ပါပြီ.. သားအနေနဲ့က သူတစ်ပါးရဲ့အိမ်မက်ထဲကို ဘယ်လိုဝင်ရောက်ရပါ့မလဲအဘ ”
” အဲဒီအတွက်တော့မပူနဲ့လူလေး လူလေးကိုနာမ်လွှင့်ပြီးအိမ်မက်ဝင်္ကပါထဲထိသွားနိုင်တဲ့ ရုပ်ထားနာမ်ခွာ စမတော်ကိုအဘချီးမြင့်ခဲ့မယ်… လူလေးလက်ဖြန့်ထား ”
” ဟုတ်ကဲ့ပါ အဘ ”
ကျွန်တော်လည်း လက်ဝါးနှစ်ဖက်အားမြှောက်ကာ ဖြန့်ထားလိုက်သည်။ ထို့နောက် ကျွန်တော့်ရဲ့ဆရာဖြစ်သူမန္တာန်ဝိဇ္ဇာဘိုးအောင်မှ မြတ်စွာဘုရားပုံတော်ကို စမအက္ခရာများဖြင့်ရေးဆွဲထားသော ဘုရားပုံစမချပ်တစ်ခုအား ကျွန်တော့်လက်ဖဝါးပေါ်သို့တင်လိုက်ရာ ထိုစမချပ်မှ ရွှေရောင်များတစ်လက်လက်တောက်ပလာပြီး ရွှေမှုံများဖြစ်သွားကာ ၎င်းရွှေမှုံများသည်လည်း ကျွန်တော်၏ခန္ဓာကိုယ်တစ်ခုလုံးအား နဂါးတစ်ကောင်ရစ်ပတ်သကဲ့သို့ရစ်ပစ်ပြီး ကျွန်တော့်ခန္တာကိုယ်ထဲသို့ တိုးရှိုးဝင်ကာပျောက်ကွယ်သွားတယ်။
” ကဲ ..လူလေးကိုအဘ ရုပ်ထားနာမ်ခွာစမချပ်ကိုချီးမြှင့်ပြီးပြီ လူလေးအနေနဲ့လပြည့်နေ့ကြရင် မိုးညိုဆိုတဲ့လူငယ်လေးကိုရအောင်ကယ်တင်ပါ… အဲဒီအိမ်မက်ဝင်္ကပါထဲကိုဝင်မယ်ဆိုရင် လူလေးကိုအဘပေးထားတဲ့ယက္ခညီနောင်ကိုပါခေါ်သွား သူတို့ကလူလေးကိုကူညီပေးလိမ့်မယ် ”
” ဟုတ်ကဲ့ပါအဘ ”
” အဘ .. အဘ .. အဘ ”
ဟုအော်ခေါ်ကာ ကျွန်တော်လည်းအိပ်ယာမှနိုးလာ၏။ အချိန်အားဖြင့် လင်းပိုင်းရောက်နေပြီဖြစ်သဖြင့် ဆက်မအိပ်တော့ပဲမျက်နှာသစ်လိုက်ကာ ထိုဇရပ်၌သာ ဘုရားရှိခိုးခြင်း၊သမထနှင့်ပတ်သက်သောပုတီးစိပ်ခြင်းများအား ဆောင်ရွက်လိုက်လေသည်။ ကျွန်တော်ပုတီးဖြုတ်တော့ ပြည့်ဖြိုးတစ်ယောက်နိုးနေ၏။
” ဆရာဒီနေ့အိပ်ယာထတာ စောလှချည်လား ”
” ဟုတ်တယ်ပြည့်ဖြိုး ငါအိမ်မက်မက်ပြီးနိုးလာထဲကပြန်မအိပ်တော့တာ ”
” ဆရာဒါဆို အကြောင်းထူးပြီပေါ့ ”
” ဟုတ်တယ်ပြည့်ဖြိုးရေ ညကအဘငါ့ကို အိမ်မက်ထဲမှာလာပြောသွားတယ်… သာယာကုန်းရွာမှာနေတဲ့မိုးညိုဆိုတဲ့လူငယ်တစ်ယောက်ကို ကယ်တင်ရမယ်လို့အမိန့်ရှိတယ် ”
” ဒါဆို..ကျွန်တော်တို့ခရီးဆက်ရမှာပေါ့ ဒါနဲ့ကျွန်တော်တို့ကဘယ်လိုကယ်တင်ရမှာလည်း ”
” အိမ်မက်ဝင်္ကပါထဲကိုသွားပြီး ကယ်တင်ရမှာကွ ”
” ဗျာ…”
မင်းအောင်စကားကြောင့် ပြည့်ဖြိုးတစ်ယောက်အံသြသွား၏။ ထို့နောက်မင်းအောင်လည်း မိုးညိုတို့အကြောင်းစုံကို ပြည့်ဖြိုးအားရှင်းပြလိုက်၏။
မင်းအောင်နှင့်ပြည့်ဖြိုးလည်း သာယာကုန်းရွာရှိရာသို့ခရီးဆက်လာရာလမ်း၌
” ဆရာ..ကျွန်တော်တစ်ခုလောက်မေးချင်လို့ ”
” မေးလေပြည့်ဖြိုးရာ ”
” ဒီလိုဆရာရာ အိမ်မက်ဝင်္ကပါဆိုတာ ဘယ်လိုအိမ်မက်မျိုးကိုပြောတာလည်း ”
” ဒီလိုရှိတယ်ပြည့်ဖြိုးရ အိမ်မက်ဝင်္ကပါဆိုတာ ကိုယ့်ရဲ့အိမ်မက်ကိုတစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာမျိုးပေါ့.. သဘောကတော့ ကိုယ့်အိမ်မက်ထဲမှာ ကိုယ်ကိုတိုင်ရုန်းမထွက်နိုင်အောင် ထိန်းချုပ်ခြင်းခံထားရတာမျိုးပေါ့ကွာ ”
” ဆရာ..ဒါဆိုရင်ကိုယ့်အိမ်မက်ကို အဲဒီလူရဲ့စိတ်တိုင်းကျမက်နေရတာမျိုးပေါ့နော် ”
” ဟုတ်တယ်ပြည့်ဖြိုး အိမ်မက်ဆိုတာလည်းစိတ်ဝိညာဉ်လွှင့်ခြင်းတစ်မျိုးပဲကွ… ”
” ဆရာ..ကျွန်တော်နောက်တစ်ခုလောက်မေးချင်လို့…အထက်ဆရာသခင်တွေက ဘယ်လိုအချိန်တွေအိမ်မက်ပေးတတ်လည်း ”
” ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းကိုရှင်းပြရမယ်ဆိုရင် အချိန်သုံးချိန်ရှိတယ်ကွ ပထမညဉ့်ဦးချိန်မက်တဲ့အိမ်မက်မျိုးဆို သရဲတစ္ဆေ၊နိမ့်ကျတဲ့ဘုံသားတွေကအိမ်မက်ပေးတတ်တယ်၊ဒုတိယသန်းခေါင်ယံချိန်ကိုတော့ နတ်တွေကအိမ်မက်ပေးတတ်တယ်၊နောက်ဆုံးလင်းပိုင်းအချိန်ကိုတော့ ဗြမ္မာတွေ၊အထက်ဝိဇ္ဇာဆရာသခင်တွေက အိမ်မက်ပေးတတ်တယ်ကွ ”
” ဆရာပြောမှပဲ အိမ်မက်တွေအကြောင်းသိတော့တယ် ”
ပြည့်ဖြိုးလည်းမိမိသိလိုသမျှ ဆရာဖြစ်သူအားမေးလေ၏။ မင်းအောင်တို့ဆရာတပည့်နှစ်ယောက်လည်း စကားတစ်ပြောပြောဖြင့် ခရီးဆက်လာရာ သာယာကုန်းရွားသို့ပင်ရောက်လာခဲ့လေသည်။ ထို့နောက် သယာကုန်းရွာ၏ရွာထိပ်ရောက်သောအခါ
” ဆရာ…ဟိုမှာဘုရားမှာကျွန်တော်တို့နားကြမလား ”
ကျွန်တော်လည်းပြည့်ဖြိုးညွှန်ပြသော ဘုရားကိုကြည့်လိုက်တော့ ဘုရားရဲ့ဘွဲ့အမည်က မြပေါင်းဘုရားပင်ဖြစ်လေသည်။
” အေးပြည့်ဖြိုးရေ ဒီမြပေါင်းဘုရားမှာပဲနားကြတာပေါ့… ငါတို့တွေရွာထဲဝင်သွားရင် ဟိုသရဲမကရိပ်မိသွားလိမ့်မယ် ”
” ဟုတ်ကဲ့ဆရာ ”
ကျွန်တော်နှင့်ပြည့်ဖြိုးလည်း မြပေါင်းဘုရား၌နားလိုက်လေသည်။ အချိန်အားဖြင့် တောင်စွယ်မှာနေကွယ်လို့ မှောင်ရီစပျိုးသောအချိန်ပင်ရောက်နေ၏။ ဤနေ့သည်ကား လပြည့်နေ့ဖြစ်သဖြင့် မိမိလုပ်ဆောင်ရမည့်ကိစ္စများအားအချိန်ဆွဲမနေတော့ပဲ သာယာကုန်းရွာတော်ရှင်အားဆင့်ခေါ်လိုက်ရာ ကျွန်တော်ရှေ့သို့ ရှမ်းအနက်ရောင်ဝတ်စုံအားဝတ်ဆင်ထားကာ ဘောင်းတော်စအားခေါင်းပေါင်းထားသောအမျိုးသမီးတစ်ဦးရောက်လာ၏။ ထိုအခါကျွန်တော်လည်း
” သင်က ဒီရွာရဲ့ရွာတော်ရှင်လား ”
ဟုကျွန်တော်မှမေးလိုက်ရာ အနက်ရောင်ရှမ်းဝတ်စုံဝတ်ထားသောအမျိုးသမီးမှ
” ဟုတ်ပါတယ်ဆရာလေး ကျမကဒီရွာရဲ့ရွာတော်ရှင်ပါ ..”
” သြော်… ဒါနဲ့သင်ကရှမ်းလူမျိုးလား ”
” ဟုတ်ပါတယ်ဆရာလေး… ဒီသာကုန်းရွာကဟိုးတုန်းကရှမ်းလူမျိုးတွေနေထိုင်ကြတာပါ..ခေတ်ကာလကြာညောင်းလာတော့ ရှမ်းလူမျိုးတွေမရှိကြတော့ပဲ ဗမာလူမျိုးတွေနေထိုင်ကြတာပါ..ကျမကရှမ်းလူမျိုးတွေရှိစဉ်ထဲက ဒီရွာမှာရွာတော်ရှင်ဖြစ်နေတာပါ ”
” ဒါဆိုရင် သင်ကရွာတော်ရှင်ဖြစ်တာကြာပြီပေါ့ ”
” ဟုတ်ပါတယ်ဆရာလေး ”
” ဒီရွာမှာနေတဲ့မိုးညိုဆိုတဲ့လူငယ်လေးကိုသရဲမတစ်ကောင်က သူ့ရဲ့ကာမသိဒ္ဓိတန်ခိုးနဲ့ အိမ်မက်ဝင်္ကပါတစ်ခုကိုဖန်တီးပြီး မိုးညိုရဲ့စိတ်ဝိညာဉ်ကိုထိန်းချုပ်ထားတာ သင်သိလား ”
” သိပါတယ်ဆရာလေး ”
” သင်သိရဲ့သားနဲ့ ဘာလို့မတားဆီးတာလည်း ”
ဟု ကျွန်တော်လည်းမေးလိုက်ရော
” ဒီလိုပါဆရာလေး ကျမတို့ရွာတော်ရှင်တွေဆိုတာအပြင်စည်းပဲစောင့်တာပါ… အခုဟာက အတွင်းစည်းကဖြစ်တာဆိုတော့က ကျမအနေနဲ့ကတာဆီးပေးလို့မရပါဘူး ”
” သြော် အဲသလိုကို.. ဒါနဲ့ အဲဒီသရဲမအမည်ကဘယ်လိုခေါ်လည်း ”
ကျွန်တော်မှရွာတော်ရှင်အားမေးလိုက်ရာ
” အဲဒီသရဲမအမည်က နန့်မြတ်လေးခင်လို့ခေါ်ပါတယ်ဆရာလေး … ဆရာလေးတို့သူ့ကိုရွာပြင်ထိသာခေါ်ထုတ်ပေးပါ ကျန်တဲ့ကိစ္စကျမတာဝန်ယူပေးပါ့မယ် ”
” ကောင်းပါပြီ အခုလိုကူညီပေးတဲ့အတွက် ရွာတော်ရှင်ကိုကျေးဇူးတင်ပါတယ် ”
” ဟုတ်ကဲ့ပါဆရာလေး ”
ဆိုသောအသံနဲ့အတူ ရွာတော်ရှင်လည်းကျွန်တော်အရှေ့မှ ပျောက်ကွယ်သွားလေသည်။ ကျွန်တော်လည်း မိုးညိုအိမ်မက်ထဲသို့သွားရန်အတွက် ဘုရားရှေ့၌ပုဆစ်တုပ်ထိုင်ကာဘုရားအားကန်တော့လိုက်ပြီး အသက်နှင့်ခန္ဓာအားလှူလိုက်သည်။ ထို့နောက် တပ္ပလင်ခွေထိုင်၍တရားထိုင်လိုက်ပြီးစရဏအားများကိုစုစည်းကာ မိုးညိုဆီသို့ စိတ်ကိုညွှတ်ထားလိုက်ရာ ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးလာသလိုခံစားလိုက်ရပြီး ငှက်မွှေးကဲ့သို့ပေါ်ပါးလာကာ လေပေါ်သို့မြောက်တက်လာ၏။ အောက်ကိုငုံ့ကြည့်လိုက်တော့ တရားထိုင်နေတဲ့ကျွန်တော်ရုပ်ခန္ဓာရယ် ပြည့်ဖြိုးရယ်ကိုတွေ့လိုက်ရ၏ယ ကျွန်တော်နာမ်ခွာသွားမှန်းသတိထားမိလိုက်ပြီးမိုးညိုဆီကိုစိတ်ညွှတ်လိုက်တော့ အချိန်ခနလေးအတွင်းမှာပဲ အိမ်ငယ်လေးတစ်လုံး၏အခန်းငယ်တစ်ခုထဲကို ကျွန်တော်ရောက်သွားတယ်။ ၎င်းအခန်းငယ်လေးရဲ့ကြမ်းပြင်ထက်မှာတော့ လူငယ်တစ်ယောက်အိပ်စက်နေတာကို ထပ်မံတွေ့လိုက်ရသည်။
ထိုလူငယ်လေးသည် မိုးညိုပင်ဖြစ်လေသည်။ကျွန်တော်လည်း
” ကဲ ဒီမိုးညိုရဲ့အိမ်မက်စက်ဝန်းပေါ်စေ ”
ဟုအမိန့်ပြန်လိုက်ပြီး မန္တာန်တစ်ပုဒ်အားရွတ်လိုက်တော့ ၎င်းလဲလျောင်းနေတဲ့လူငယ်လေးရဲ့ခေါင်းရင်းနားတွင် အနီရောင်နှင့်အနက်ရောင် ရောထွေးစက်ယှက်ထားသော စက်ဝန်းတစ်ခုပေါ်လာသည်။ ထိုစက်ဝန်းထဲသို့ကျွန်တော်လည်းဝင်လာလိုက်ရာ စက်ဝန်းထဲတွင် ပုံရိပ်ယောင်ပုံစံဖြင့်တည်ဆောက်ထားသော ရွာလေးတစ်ရွာရှိနေပြီး စိန်ပန်းပင်ကြီးတစ်ပင်ရှိလေသည်။ ထိုစိန်ပန်းပင်ကြီးအောက်တွင်…
” မောင်., ချစ်နဲ့လိုက်ခဲ့တော့ ”
” လိုက်မယ်ချစ်… ချစ်ခေါ်တဲ့နေရာဆိုရင်မောင်ကငရဲပြည်ဆိုလည်းလိုက်မှာပဲ ”
ဟုဆိုကာ လူငယ်သည်အနီရောင်ဝတ်မိန်းခလေးခေါ်ရာနောက်သို့ လိုက်သွားဟန်အပြု ။ကျွန်တော်လည်း..
” ဟေ့…နန့်မြတ်လေးခင် မင်းရဲ့လုပ်ရပ်တွေကိုရပ်တန်းကရပ်လိုက်ပါ ”
ဟုပြောလိုက်ရာ
” နင်ဘယ်သူလည်း ဘာလို့ငါ့အိမ်မက်ဝင်္ကပါထဲထိလာနိုင်ရတာလည်း ”
” ငါဘယ်သူလည်းဆိုတော့ မင်းရဲ့လုပ်ရပ်တွေကို လာတာဆီးတဲ့သူလို့ပဲမှတ်ထားလိုက်ပါ ”
” ငါတို့ချစ်သူနှစ်ဦးအတူနေဖို့လုပ်နေတာကို.. နင်ကလာတာဆီးတာဟုတ်လား ..ဟား..ဟား..ဟား ”
ဟုရယ်ကာ ကျွန်တော်အားအနီရောင်နဲ့အနက်ရောင်ရောထွေးထားသောစက်တစ်ခုနဲ့ လှမ်းပြစ်လိုက်ရာ ကျွန်တော်လည်းညာဘက်လက်ဖြင့်ကာလိုက်ပြီး ၎င်းစက်များသည်
“ဝုန်း ”
အသံနဲ့အတူ ဘေးသို့လွှင့်စင်သွားသည်။ ထို့နောက် ကျွန်တော်လည်း
“မူလရုပ်သွင်ပြန်စေ ”
လို့အမိန့်ပြန်လိုက်ရော နန့်မြတ်လေးခင်တစ်ယောက် ဖယောင်းချပ်များအားမီးနဲ့ရှို့ခံရသကဲ့သို့ သူမ၏ချောမောလှပပါသည်ဆိုသော အရေပြားအလွှာများတစ်လွှာခြင်းစီကွာကျလာကာ အင်မတန်အကျည်းတန်ရုပ်ဆိုးသောအသွင်ပြင်များ ပေါ်ပေါက်လာ၏။ နန့်မြတ်လေးခင်၏ခန္ဓာကိုယ်မှာလည်း သွေးသံတရဲရဲဖြင့်ပေကျံနေကာ မျက်နှာတစ်ခြမ်းမှာလည်းလောက်များပင် တစ်ဖွားဖွားကျလာ၏။ နန်းမြတ်လေးခင်ရဲ့မူလရုပ်သွင်ကို မိုးညိုတစ်ယောက်မြင်လိုက်ရပြီး ကြောက်လန့်ကာထွက်ပြေးသွားသည်။ ကျွန်တော်လည်းအချိန်မဆိုင်းတော့ဘဲ ယက္ခညီနောင်ကိုလှမ်းခေါ်လိုက်ပြီး နန်းမြတ်လေးခင်ကိုထိန်းသိမ်းခိုင်းလိုက်သည်။ ထို့နောက် ကျွန်တော်နဲ့အတူ ယက္ခညီနောင်ရဲ့လက်အတွင်းမှာချုပ်နှောင်ခံထားရသော နန့်မြတ်လေးခင်ကိုပါခေါ်ပြီး ထိုအိမ်မက်ဝင်္ကပါထဲကပြန်ထွက်လာလိုက်သည်။ ထို့နောက် ကျွန်တော်လည်းကြမ်းပြင်ထက်မှာလဲလျောင်းနေသော မိုးညို၏နှဖူးထိပ်အား ညာဘက်လက်ခလယ်ဖြင့်ထောက်လိုက်ပြီး
” မိုးညို၏ စိတ်ဝိညာဉ်သည် မိုးညိုခန္ဓာကိုယ်သို့ချက်ချင်းပြန်ရောက်ပါစေသား ဗုဒ္ဓစက်အာဏာစက် ”
ဟုအမိန့်ပြန်လိုက်ရာ အလင်းရောင်များထွက်နေသော ကြည်ပြာရောင်အလုံးငယ်လေးသည် မိုးညိုခန္ဓာကိုယ်အတွင်းသို့တိုးရှိုးဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ကျွန်တော်လည်းလှည့်ပြန်မည်အလုပ် ကျွန်တော်ရဲ့နားစည်အတွင်းပိုင်းထဲသို့ ..
” လူလေး.. မိုးညိုကိုနန့်မြတ်လေးခင်နဲ့ပတ်သက်တဲ့အရာတွေမေ့သွားအောင် မှတ်ညဏ်ပျောက်စမကို မန္တာန်စုတ်ပြီးနှဖူးမှာကပ်လိုက်”
ဟူသောအသံလှိုင်းအားကြားလိုက်ရ၏။
ကျွန်တော်လည်းကြမ်းပြင်ထက်တွင်လဲလျောင်းအိပ်စက်နေသော မိုးညို၏နှဖူးထိပ်တွင် မှတ်ညဏ်ပျောက်စမကိုရေးဆွဲလိုက်ပြီး မန္တာန်တစ်ပုဒ်အားရွတ်လိုက်ကာ
” မိုးညိုသည် ယခုအချိန်မှစ၍နန့်မြတ်လေးခင်နှင့်ပတ်သတ်သမျှအရာအားလုံးအား မှတ်ညဏ်ထဲကအကုန်ပျောက်ကွယ်ပါစေသား ”
ဟုပြောလိုက်၏။ ထို့နောက်ကျွန်တော်လည်း မိမိခန္ဓာကိုယ်ရှိရာစီသို့စိတ်ညွှတ်လိုက်ရာ ခနာအကြာတွင် ကျွန်တော်၏စိတ်ဝိညာဉ်သည် ကျွန်တော်၏ခန္ဓာကိုယ်အတွင်းသို့ပြန်လည်ရောက်ရှိလာပြီး ကျွန်တော်၏နာမ်လွှင့်ခြင်းလုပ်ငန်းအား အပြီးသတ်လိုက်သည်။
ကျွန်တော့်စိတ်ဝိညာဉ်နှင့်အတူပါလာသူကတော့ ယက္ခညီနောင်နှင့်အတူ နန့်မြတ်လေးခင်ပင်ဖြစ်သည်။ ကျွန်တော်လည်းရွာတော်ရှင်ကိုဆင့်ခေါ်ရာ
” ဆရာလေး ကျမရောက်ပါပြီ ”
ဟူသောအသံဖြင့်အတူ အနက်ရောင်ရှမ်းဝတ်စုံအားဝတ်ထားကာ ပေါင်းတော်စအား
ခေါင်းပေါင်းပေါင်းထားသော အမျိုးသမီးတစ်ဦးရောက်လာ၏။ ကျွန်တော်လည်းရွာတော်ရှင်အား
” ရွာတော်ရှင်ထံ နန့်မြတ်လေးခင်ကိုအပ်ခဲ့ပါ့မယ်… ရွာတော်ရှင်အနေနဲ့က သူမကိုနောက်နောင်မိုးညိုကိုမနှောက်ယှက်နိုင်အောင်နဲ့ကျွတ်တန်းဝင်နိုင်အောင်လို့ ဆုံးမထိန်းသိမ်းထားပေးပါ ”
” ဟုတ်ကဲ့ပါဆရာလေး.. ကျမအနေနဲ့အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးဆောင်ရွက်ပေးပါ့မယ် ” ဟု ရွာတော်ရှင်မှပြောသဖြင့်ကျွန်တော်လည်း
” ယက္ခညီနောင်ရေ သင်တို့ချုပ်နှောင်ထားတဲ့ နန့်မြတ်လေးခင်ကို ရွာတော်ရှင်လက်ထဲကိုအပ်လိုက်ပါ ”
ဟုပြောလိုက်ရာ ယက္ခညီနောင်လည်းနန့်မြတ်လေးခင်အား ရွာတော်ရှင်ထံအပ်လိုက်ပြီး ပျောက်ကွယ်သွားလေ၏။ ထို့နောက် ရွာတော်ရှင်လည်း နန့်မြတ်လေးခင်အားခေါ်ဆောင်သွားကာ ပျောက်ကွယ်သွား၏။ အချိန်အားဖြင့် လင်းပိုင်းသို့ပင်ရောက်ရှိလာလေရာ ကျွန်တော်နဲ့ပြည့်ဖြိုးလည်း မြပေါင်းဘုရားမှထွက်လာခဲ့လိုက်သည်။
” ဆရာအိမ်မက်ဝင်္ကပါထဲမှာ ကြုံရတာတွေကျွန်တော်ကိုပြောပြပါအုံး ”
ပြည့်ဖြိုးအား ကျွန်တော်အိမ်မက်ဝင်္ကပါထဲမှာကြုံတွေရသည်များအားပြောပြလိုက်တယ်။
ထိုအခါပြည့်ဖြိုးမှ
” ဆရာ. ..ကျွန်တော်တစ်ခုလောက်မေးချင်လို့ ”
” မေးစေကွာ ”
ဟုကျွန်တော်လည်းပြောလိုက်ရာ
” ဟုတ်ကဲ့ဆရာ…နန့်မြတ်လေးခင်ဆိုတာက အသုရကယ်ဘုံသားတစ်ယောက်ဘဲလေ သူ့အနေနဲ့အိမ်မက်ဝင်္ကပါလိုဟာမျိုးကို ဘာကြောင့်ဖန်တီးနိုင်ရတာလည်းဆရာ ”
” ဒါကတော့ကွာ သူ့ရဲ့အတိတ်ဘဝကပြုလုပ်ခဲ့ဖူးတဲ့ကုသိုလ်ကံအကြောင်းတရားတွေကြောင့်ပေါ့ကွာ… နန့်မြတ်လေးခင်က လူ့ဘဝတုံးကကုသိုလ်တွေအများကြီးပြုလုပ်ခဲ့ဖူးတယ်ကွ…သူ့သေတော့ သူ့ရဲ့စက်ဘီးအပေါ်စွဲလမ်းတဲ့ ဥပါဒါန်အစွဲကြောင့်အခုလို ဘုံဘဝမျိုးကိုရောက်တာကွ ”
” သြော်အဲသလိုကို.. ဥပါဒါန်အစွဲကသိပ်ကြောက်စရာပဲနော်ဆရာ ”
” ဒါပေါ့ကွာ..အစွဲဆိုဘာအစွဲမှမကောင်းဘူးကွ.. လူတစ်ယောက်ဟာ သေခါနီးအချိန်သိပ်အရေးကြီးတယ်… တင်္ဂအတွေးနဲ့မိစ္ဆာဖြစ်နိုင်သလို.. တင်္ဂအတွေးနဲ့သူတော်ကောင်းဖြစ်နိုင်တယ်ကွ ”
” ဟုတ်ကဲ့ဆရာ ကျွန်တော်မှတ်သားထားလိုက်ပါ့မယ် ”
မင်းအောင်နှင့်ပြည့်ဖြိုးလည်း သာယာကုန်းရွာလေးမှ ထွက်လာခဲ့လိုက်သည်။ မနက်မိုးသောက်အလင်းရောက်သော် မိုးညိုတစ်ယောက်သည် အရင်ပုံမှန်အတိုင်းအလုပ်သို့သီချင်းလေးငြီးကာ စက်ဘီးအားနင်း၍သွား၏။ မိုးညို၏မှတ်ဉာဏ်ထဲ၌ နန့်မြတ်လေးခင်ဆိုသည်မှာမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် မင်းအောင်၏မှတ်ညဏ်ပျောက်စမဖြင့် မိုးညို၏မှတ်ဉာဏ်တစ်ချို့အား ဖျက်ဆီးခြင်းခံလိုက်ရသောကြောင့်ပင်ဖြစ်သည်။
နှစ်အတန်ကြာသော် သာယာကုန်းရွာမှာ ရွာတော်ရှင်အသစ်တစ်ဦးပေါ်လာ၏။ ၎င်းရွာတော်ရှင်မှာ အနီရောင်ထိုင်မသိမ်းဝတ်စုံကိုဝတ်ဆင်ထားပြီး ရင်ဘတ်၌အနီရောင်ပိုးပဝါစကိုစည်းထားသော နန့်မြတ်လေးခင်ပင်ဖြစ်လေသည်။
+++++++++++++++++
မင်းအောင်နှင့်ပြည့်ဖြိုးတို့ဆရာတပည့်နှစ်ယောက်လည်း သာယာကုန်းရွာမှထွက်လာပြီးနောက် နတ်စင်ရွာသို့ရောက်သောအခါ
” ဆရာလေးရေ… ဆရာလေးရေ ”
ဟူသောအသံနှင့်အတူကျွန်တော်ထံသို့ လူတစ်ယောက် ရောက်လာ၏။ ကျွန်တော်လည်း ထိုလူအား
” သင်ကဘယ်သူလည်း ”
” ကျွန်တော်က ဗုဗ္ဗာရုံကျောင်းကကျောင်းစောင့်နတ်ပါ ”
” ကျွန်တော့်ဆီလာတာ ဘယ်အရေးကိစ္စများရှိလို့ပါလဲ ”
” ဒီလိုပါဆရာလေး ဗုဗ္ဗာရုံဆရာတော်အသည်းအသန်ဖြစ်နေလို့ပါ … ဆရာတော်ကိုဂမုန်းစောင့်ဘီလူးက ပြုစားထားတာပါဆရာလေး ”
” ဗျာ… ဂမုန်းစောင့်ဘီလူးဟုတ်လား ”
ဟုကျွန်တော်လည်းအံသြစွာဖြင့်မေးလိုက်ရာ
” ဟုတ်တယ်ဆရာလေးရေ ဖြစ်ပုံက………
# ပြီး # ပိုင်လေး (မအူပင်မြေ )မှရေးသားသည်။ နောက်ဇာတ်လမ်းလေးမှာတော့ မင်းအောင်တို့ဆရာတပည့်နှစ်ယောက် ဂမုန်းစောင့်ဘီလူးကို ဘယ်လိုနှိမ်နင်းမလဲ…ဗုဗ္ဗာရုံဆရာတော်ကိုဘယ်လိုကယ်တင်မလည်း ဆိုတာကိုသိချင်ရင်တော့ * မင်းအောင်နှင့်ဂမုန်းစောင့်ဘီလူး * ဆိုတဲ့ ဇာတ်လမ်းလေးကို စောင့်မျှော်အားပေးကြပါအုံးဗျ။
*မင်းအောင်နှင့်ဥပါဒါန်အစွဲ *ဆိုသောဇာတ်လမ်းလေးသည် ကျွန်တော်စာရေးသူပိုင်လေး(မအူပင်မြေ)မှစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်သည်။ ဤဇာတ်လမ်းလေးတွင် စက်ဘီးအားစွဲလမ်း၍ မကျွတ်လွတ်သောသရဲမဇာတ်ဝင်ခန်းဟာ တကယ့်ဖြစ်ရပ်မှန်ပင်ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် စာဖတ်သူများအနေဖြင့် မမြဲသောသင်္ခါရသဘောတရားမို့ ငါ့ပစ္စည်း၊ငါ့မိသားစု၊ငါ့ပိုင်ဆိုင်မှု စသောဥပါဒါန်အစွဲလမ်းများအား လျော့ချနိုင်ပါစေလို့🙏 ဓမ္မစကား လက်ဆောင်ပါးရင်း🙏 ဆုတောင်းပေးလိုက်ပါတယ်ဗျ။
မင်းအောင်စာမူများအား စာစစ်ပေးခြင်း၊စာမူတင်ပေးခြင်းလုပ်ပေးပါသောကျွန်တော်၏ သူငယ်ချင်းဖြစ်သူ …
မောင်ရေခဲစာမူပိုင်ရှင် ” Khoon “ကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
Zawgyi Version
မင္းေအာင္ႏွင့္ဥပါဒါန္အစြဲ(စ/ဆုံး)
————————————-
ဖုန္တေထာင္းေထာင္းထေနေသာ လမ္းမႀကီးထက္သို႔ လူငယ္တစ္ေယာက္သည္ ထမင္းခ်ိဳင့္ေလးအားကိုင္ဆြဲကာ ေလွ်ာက္လွမ္းလာသည္။ ၎လူငယ္၏အမည္သည္ကား မိုးညိဳပင္ျဖစ္သည္။ ထိုသူသည္သေျပကုန္း႐ြာတြင္ေနထိုင္သူျဖစ္ၿပီး ၿမိဳ႕ေပၚရွိပြဲ႐ုံမွာအလုပ္လုပ္ရေသာ ဆန္ထမ္းသမားပင္ ျဖစ္သည္။ အလုပ္႐ုံႏွင့္ေနအိမ္မွာေဝးလွေသာေၾကာင့္ အသြားအျပန္လုပ္ရသည္မွာပင္ပန္းလြန္းလွသည္။ သို႔ေၾကာင့္ မိုးညိဳသည္ေလွ်ာက္လွမ္းေနရင္း အေတြးတစ္ခုဝင္လာမိသည္။
” ဟူး….ေမာလိုက္တာကြာ…ငါ့မွာ စက္ဘီးေလးတစ္စီးေလာက္ရွိရင္ သိပ္ေကာင္းမွာပဲ… ငါစက္ဘီးတစ္စီးေလာက္ေတာ့ ဝယ္ႏိုင္ေအာင္ႀကိဳးစားရမယ္ ”
ဟု ေတြးေနခိုက္
” မိုးညိဳ အလုပ္သြားေတာ့မလို႔လား ”
” ဟုတ္ကဲ့အရီးျမ ”
” မိုးညိဳေရ ..နင့္အေမ မသိန္းႂကြယ္တစ္ေယာက္ေနေရာေကာင္းရဲ႕လား … အားရင္လည္းငါ့ဆီလာလည္ပါအုံးလို႔ နင့္အေမကိုေျပာလိုက္စမ္းပါဟယ္ ”
” အေမေနေကာင္းတယ္အရီးျမေရ… ကြၽန္ေတာ္အေမ့ကို အရီးျမဆီလာလည္ဖို႔ေျပာလိုက္ပါ့မယ္ ”
” ေအး ..မိုးညိဳေရ စကားေကာင္းေနတာနဲ႔အလုပ္ေနာက္က်ေနအုံးမယ္…သြားေတ့ာသြားေတာ့….”
အရီးျမစကားေၾကာင့္ မိုးညိဳလည္းအရီးျမအားႏႈတ္ဆက္ကာ မိမိအလုပ္ရွိရာဆီသို႔ ထြက္လာခဲ့လိုက္သည္။ ဤသို႔ျဖင့္ တစ္ေနဝင္လို႔တစ္မိုးခ်ဳပ္ကာ အလုပ္သိမ္း၍ မိုးညိဳတစ္ေယာက္အိမ္သို႔ပင္ ျပန္ေရာက္လာခဲ့ၿပီ။ အလုပ္ကျပန္ေရာက္သည္ႏွင့္ သူ႔အားေမွ်ာ္ေနေသာအေမအိုက
” သား… ဒီေန႔ေနာက္က်တယ္ေနာ္ ”
” ဟုတ္တယ္အေမေရ… ဒီေန႔ပြဲ႐ုံမွာဆန္ဝယ္သူေတြက်တယ္ေလ ၿပီးေတာ့လည္းပြဲ႐ုံနဲ႔အိမ္ကေဝးေတာ့ အေတာ္ေလွ်ာက္ရတယ္အေမရ ”
” အေမ့သားေလး ပင္ပမ္းေနေရာေပါ့ ”
မိုးညိဳ၏မိခင္ျဖစ္သူ ေဒၚသိန္းႂကြယ္လည္းသားျဖစ္သူပင္ပင္ပမ္းပမ္းအလုပ္လုပ္ေနရသည္ကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ရေလသည္။
” မပင္ပမ္းပါဘူးအေမရာ… အေမ့သားကအဲဒီအလုပ္ေလာက္ကိုမမႈပါဘူး ဒီမွာၾကည့္….”
ဟုေျပာကာ မိုးညိဳလည္းမိမိလက္ေမာင္းႂကြက္သားမ်ားအား မိခင္ျဖစ္သူကိုလစ္ဟာျပလိုက္သည္။
” ဟုတ္ပါၿပီကြယ္…အေမ့သားမိုးညိဳကအေမ့အတြက္ ဆင္ေျပာင္ငါးစီးအားမာန္ႀကီးတဲ့သားေကာင္းသားျမတ္တစ္ေယာက္ပါကြယ္ ”
” ဒါေပါ့အေမရ ဟား ..ဟား..ဟား.. ”
ရယ္သံတို႔ျဖင့္ မိုးညိဳတို႔သားမိႏွစ္ေယာက္၏တဲအိမ္ေလးသည္လည္း စိုေျပသြား၏။မိုးညိဳသည္လည္း ေျပးၾကည့္မွအေမတစ္ခုသားတစ္ခုဘဝမို႔ မိခင္ျဖစ္သူအားစိတ္ခ်မ္းသာေအာင္ထား၏။ မိုးညိဳဖခင္ျဖစ္သူမွာ မိုးညိဳငယ္စဥ္ကပင္ ကြယ္လြန္သြားသည္ျဖစ္ရာ ေဒၚသိန္းႂကြယ္မွာမိုးညိဳအား လူလားေျမာက္ေအာင္ေစာင့္ေရွာက္ေကြၽးေမြးျပဳစုခဲ့ေလသည္။ မိုးညိဳအ႐ြယ္ေရာက္ေသာ္ မိခင္ျဖစ္သူအား ျပန္လည္လုပ္ေကြၽးျပဳစုေလသည္။
++++++
တစ္ေန႔၌ မိုးညိဳတစ္ေယာက္လည္း မိမိစုေဆာင္းထားေသာေငြစကၠဴမ်ားအား က်စ္က်စ္ပါေအာင္ဆုပ္ကိုင္၍ ၿမိဳ႕ေပၚသို႔တက္လာခဲ့သည္။ ၿမိဳ႕ေပၚသို႔ေရာက္ေသာ္ မိုးညိဳ၏ေျခလွမ္းမ်ားသည္ သုံးသုံးလုံး စက္ဘီးအေရာင္းဆိုင္ဆီသို႔ ဦးတည္၍ေလွ်ာက္လာေလသည္။
” ဦးေလး ဒီစက္ဘီးကေဈးဘယ္ေလာက္လည္းဗ် ”
” ဒီစက္ဘီးက ရွစ္ရာငါ့တူ ”
” ဟုတ္ကဲ့ဦးေလး ”
မိုးညိဳတစ္ေယာက္လည္း မိမိ၌ပါလာေသာ ေငြစကၠဴမ်ားအားေရတြက္ၾကည့္ရာ ေလးရာခုႏွစ္ဆယ္သာရွိသျဖင့္ ထိုစက္ဘီးႏွင့္အလွမ္းေဝးသြားသည္။
” ဦးေလး ငါးရာတန္ေလာက္ထဲကမရွိဘူးလား … ကြၽန္ေတာ္မွာလည္းအဲေလာက္ပဲပါလို႔ဗ် ”
” ဒီက.. ငါ့တူကအဲေလာက္ပဲပါတယ္ဆိုရင္ ဦးေလးမွာငါးရာတန္စက္ဘီးတစ္စီးေတာ့ရွိတယ္ ”
” ဟုတ္ကဲ့ဦးေလး ကြၽန္ေတာ္ကိုအဲဒီစက္ဘီးေလးျပေပးပါလား ”
” ေအး ငါ့တူခနေစာင့္ ”
ဆိုၿပီး စက္ဘီးေရာင္းတဲ့ဦးေလးသည္လည္း သူ၏ဆိုင္အတြင္းသို႔ဝင္သြားကာ ခနအၾကာတြင္ မိုးျပာေရာင္စက္ဘီးေလးအား ယူ၍ထြက္လာသည္။
” ငါ့တူ ဒီစက္ဘီးပဲကြဲ႕ ”
” ဟုတ္ကဲ့ ဦးေလး ”
မိုးညိဳလည္းဦးေလးႀကီးျပေပးေသာ မိုးျပာေရာင္စက္ဘီးေလးအား ယူ၍ၾကည့္လိုက္ေသာအခါ စက္ဘီးရဲ႕အေပၚဘားတန္းေလးမွာ အနည္းငယ္ေဆးပြန္းေနၿပီး စက္ဘီးသံျခင္းေလးမွာလည္း အနည္းငယ္႐ြဲ႕ေန၏။
” ဦးေလး စက္ဘီးကေဆးေတြလည္း ပြန္းေနတယ္ စက္ဘီးျခင္းကလည္း႐ြဲ႕ေနတယ္ဗ် ”
” ဟုတ္တယ္ကြ ….ဒီစက္ဘီးကအသစ္မဟုတ္ဘူး တစ္ပတ္ရစ္ေလ…အဲဒါေၾကာင့္မို႔ငါ့တူကို အဲဒီေဈးနဲ႔ေပးတာေပါ့ ”
” ဒီစက္ဘီးေလးကိုကြၽန္ေတာ္ႀကိဳက္ပါတယ္.. ဒါနဲ႔ဦးေလးက ဘယ္ေဈးနဲ႔ေရာင္းမွာလည္း ”
” ဒီစက္ဘီးကိုငါ့တူႀကိဳက္ရင္ ဦးေလးကိုေလးရာကိုးဆယ္ပဲေပးေလ ”
စက္ဘီးအေရာင္းဆိုင္ပိုင္ရွင္ ဦးေလးႀကီးမွထိုသို႔ေျပာလိုက္ရာမိုးညိဳမွ
” ေဈးနဲနဲေလ်ာ့ပါအုံးဦးေလးရာ… ကြၽန္ေတာ္မွာက ေလးရာခုႏွစ္ဆယ္ပဲပါတာဗ် ”
” ေလးရာခုႏွစ္ဆယ္ေလာက္ထိေတာ့ ဦးေလးေလ်ာ့ေပးလို႔မရဘူးကြ… ဒီလိုလုပ္ကြာ ေလးရာ့ရွစ္ဆယ္နဲ႔ထားေပးမယ္ေလ ”
” ကြၽန္ေတာ္မွာတကယ္ပဲ ေလးရာခုႏွစ္ဆယ္ပဲပါလို႔ပါဗ်ာ… ဦးေလးဘက္ကထပ္ၿပီးမေလ်ာ့ႏိုင္ေတာ့ဘူးဆိုလည္း ကြၽန္ေတာ္ေနာက္တစ္ေခါက္မွပဲလာခဲ့ေတာ့မယ္ ”
ဟုေျပာကာ မိုးညိဳ၏မ်က္ႏွာမွာလည္းၿငိဳးငယ္သြား၏။ ဆိုင္ရွင္ဦးေလးလည္း မ်က္ႏွာၿငိဳးငယ္သြားေသာ မိုးညိဳ၏မ်က္ႏွာအားၾကည့္ကာသနားသြားၿပီး
” ေအးေလ..ငါ့တူကေလးရာ့ခုနစ္ဆယ္ပဲတတ္ႏိုင္တာဆိုေတာ့လည္း မင္းကိုဦးေလးအဲဒီေဈးနဲ႔ပဲေပးလိုက္ပါ့မယ္ ”
” ဟုတ္ကဲ့ဦးေလး …ေက်းဇူးအရမ္းတင္ပါတယ္ဗ်ာ….ကြၽန္ေတာ္ဒီစက္ဘီးကိုအရမ္းႀကိဳက္တယ္ဗ် ”
မိုးညိဳတစ္ေယာက္လည္း မိမိအရမ္းလိုခ်င္ေနေသာစက္ဘီးကိုရလိုက္သျဖင့္ ဝမ္းသာႀကီးဝမ္းသာၿပီး ထိုစက္ဘီးေလးအားနင္းကာ အိမ္သို႔ျပန္လာခဲ့ေလသည္။ ဤသို႔ျဖင့္ေနာက္ေန႔ေရာက္ေသာ္ မိုးညိဳတစ္ေယာက္အလုပ္ရွိရာဆီသို႔ စက္ဘီးေလးအားနင္းရင္းသြားရာလမ္းတစ္ေလ်ာက္၌ တြံေတးသိန္းတန္သီးခ်င္းေလးအား
” ပန္းစံပါယ္ရယ္ နန္းလယ္မေပၚခိုက္တာမို႔..
အလိုက္ေတာ့တန္သင့္ယုံပါ့ ခံပြင့္ကိုကုံး..ရတယ္ …
ေထြးညိဳေလးရယ္.. အေတြးဆိုတာေဖ်ာက္ဖ်က္ျပစ္ရတယ္….. ”
ဟူေသာသီခ်င္းကိုတြံေတးသိန္းတန္ဟန္ပန္ျဖင့္ဆိုလိုက္ရာ
” ခစ္….ခစ္…ခစ္… ” ဆိုေသာ မိန္းမပ်ိဳတစ္ဦး၏ရယ္ေမာသံထြက္ေပၚလာေလသည္။ထိုရယ္သံေၾကာင့္မိုးညိဳတစ္ေယာက္လည္း
“ဘယ္သူရယ္တာလည္းဟ ”
ဟုေတြးကာ ေဘးပတ္ဝန္းက်င္အားၾကည့္လိုက္ရာ မိမိတစ္ေယာက္ထဲသာရွိသျဖင့္
” ငါနားၾကားမွားတာေနမွာပါဟု ”
ဆိုကာ စက္ဘီးအားအလုပ္ရွိရာဆီသို႔ဆက္နင္းလာလိုက္သည္။
…………
ဤေန႔သည္တနဂၤေႏြေန႔ျဖစ္၍ပြဲ႐ုံပိတ္သျဖင့္ မိုးညိဳတစ္ေယာက္အိမ္မွာသာေန၍ အိမ္အလုပ္မ်ားအားလုပ္ေနစဥ္အခိုက္
” မိုးညိဳေရ ..မိုးညိဳ.. မိုးညိဳ ”
ဟု အသံတစ္စာစာျဖင့္ေအာ္ေခၚကာ လူငယ္တစ္ေယာက္သည္ မိုးညိဳအိမ္ဝိုင္းထဲသို႔ဝင္လာေလသည္။
” ေၾသာ္ ေအာင္ခ်စ္ကို… လာထိုင္ေလကြာ အၾကမ္းေရေလးဘာေလးေသာက္ပါအုံး ”
” မေသာက္ေတာ့ပါဘူးကြာ ငါမင္းဆီကစက္ဘီးလာငွားတာ.. ငါ့အေမေဆးဝယ္ခိုင္းလို႔ ၿမိဳ႕မွာေဆးသြားဝယ္မလို႔ ”
” ေအး အဲဒါဆိုလည္းစက္ဘီးယူသြားေလကြာ ”
မိုးညိဳလည္းသူငယ္ခ်င္းျဖစ္သူေအာင္ခ်စ္အား စက္ဘီးငွားလိုက္၏။
ေအာင္ခ်စ္တစ္ေယာက္လည္း သူငယ္ခ်င္းျဖစ္သူမိုးညိဳထံမွ စက္ဘီးအားငွားလိုက္ၿပီးၿမိဳ႕ဘက္သို႔သြားေသာ႐ြာလမ္းအတိုင္းနင္းလာရာ လမ္းတစ္ဝက္တြင္စက္ဘီး၏ကိုယ္ထည္သည္ ေခ်ာင္းရွိရာဘက္သို႔တိမ္းေစာင္းသြားကာ ေအာင္ခ်စ္တစ္ေယာက္ေခ်ာင္းထဲသို႔က်သြား၏။ ဤေနရာတြင္ထူးဆန္းသည္ကား ေအာင္ခ်စ္သာေခ်ာင္းထဲက်သြားပါေသာ္လည္း စက္ဘီးမွာေခ်ာင္းကမ္းပါးတြင္သာလဲေန၏။ ေအာင္ခ်စ္လည္းစက္ဘီးရွိရာဘက္သို႔လွည့္ၾကည့္လိုက္ရာ မ်က္လုံးမ်ားပင္ျပဴးက်ယ္သြား၏။ အဘယ့္ေၾကာင့္ဆိုေသာ္ စက္ဘီး၏ေဘး၌အနီေရာင္ဝတ္စုံကိုဝတ္ဆင္ထားေသာမိန္းကေလးငယ္တစ္ဦးအား ေတြ႕လိုက္ရေသာေၾကာင့္ပင္ျဖစ္ေလသည္။ ထိုမိန္းမငယ္အား ေအာင္ခ်စ္တစ္ေယာက္ၾကည့္ေနစဥ္အခိုက္ ” ဖ်တ္ “ကနဲေပ်ာက္သြား၏။ ထိုအခ်ိန္မွေအာင္ခ်စ္လည္းသတိရသြားၿပီး
” သရဲ ”
.ဟုေအာ္ကာ ေခ်ာင္းကမ္းပါးေပၚသို႔တက္ေျပးေလ၏။ ေနာက္မွေအာင္ခ်စ္လည္း
” ငါစိတ္ထင္တာပါဟု ”
ေတြးကာစက္ဘီးအားယူ၍ ၿမိဳ႕သို႔ဆက္မသြားေတာ့ပဲ ႐ြာကိုသာျပန္လာလိုက္ၿပီး စက္ဘီးကိုမိုးညိဳထံသို႔ျပန္ေပးလိုက္သည္။
ေနာက္ေန႔ေရာက္ေသာ္ မိုးညိဳတစ္ေယာက္ပြဲ႐ုံတြင္ ဆန္ဝယ္သူမ်ားက်ေနသျဖင့္အလုပ္ရႈပ္ေန၏။ အလုပ္သိမ္းခ်ိန္ေရာက္သျဖင့္ အလုပ္သိမ္းကာ႐ြာသို႔ျပန္မည္အလုပ္
” ဟဲ့မိုးညိဳ နင္႐ြာျပန္မလို႔လား ”
မိုးညိဳလည္းအသံၾကားရာ လွည့္ၾကည့္လိုက္ရာ မိမိႏွင့္တစ္႐ြာထဲေနသူ အိမြန္ပင္ျဖစ္ေလသည္။
” ေအးဟ အလုပ္သိမ္းၿပီးလို႔႐ြာျပန္မလို႔.. ဒါနဲ႔နင္ကဘယ္လိုလုပ္ၿပီးဒီကိုေရာက္ေနတာလည္း ”
” ငါၿမိဳ႕တက္ၿပီး အထည္ေတြလာယူတာဟ…အျပန္ေနာက္က်ေနလို႔ နင္နဲ႔႐ြာကိုလမ္းႀကဳံလိုက္ခဲ့မယ္ဟာ ”
” ေအး..လိုက္ခဲ့ေလ ငါလည္း႐ြာအျပန္အေဖာ္ရတာေပါ့ ”
ထိုသို႔ျဖင့္အိမြန္တစ္ေယာက္လည္း မိုးညိဳစက္ဘီး၏ေနာက္ကယ္ရီယာခုံေလးေပၚသို႔ ထိုင္လိုက္သည္။ ထိုအခ်ိန္၌ ” ဘုတ္ “ဆိုေသာအသံႏွင့္အတူ အိမြန္တစ္ေယာက္ေျမျပင္ေပၚသို႔ ျပဳတ္က်သြားသည္။
” ဟဲ့အိမြန္ ဘယ္လိုျဖစ္ၿပီးျပဳတ္ၾကတာလည္း ”
” မသိဘူးဟမိုးညိဳရ ငါ့ကိုတစ္ေယာက္ေယာက္က တြန္းခ်လိုက္သလိုပဲ ”
အိမြန္၏စကားေၾကာင့္မိုးညိဳမွ
” အိမြန္ရယ္ နင့္ဟာနင္ကေယာင္ကတန္းနဲ႔ နင့္ကိုဘယ္သူကတြန္းခ်မွာလည္း ”
မိုးညိဳ၏စကားေၾကာင့္အိမြန္လည္းအူတူတူျဖစ္သြားၿပီး ေနာက္တစ္ႀကိမ္မိုးညိဳစက္ဘီးေပၚသို႔တက္လိုက္သည္။
” ဘုတ္ “ဆိုေသာအသံႏွင့္အတူ အိမြန္တစ္ေယာက္ထပ္မံျပဳတ္က်ျပန္သည္။ ေျမျပင္တြင္လဲက်ေနေသာအိမြန္တစ္ေယာက္ မိုးညိဳစက္ဘီးအားၾကည့္လိုက္ရာ စက္ဘီး၏ေနာက္ခုံတြင္အနီေရာင္ဝတ္မိန္းကေလးတစ္ဦးထိုင္ေနသည္ကို ေတြ႕လိုက္ရ၏။ ထိုမိန္းကေလးအား မိုးညိဳတစ္ေယာက္မေတြ႕ရေပ။
” အိမြန္ ..နင္ဘယ္လိုျဖစ္တာလည္း ထပ္ၿပီးျပဳတ္က်ျပန္ၿပီ ဒီတစ္ခါတက္ရင္ေသခ်ာကိုင္ထား ”
မိုးညိဳရဲ႕အေမးအား အိမြန္တစ္ေယာက္မေျဖႏိုင္ေပ။ ကတုန္ကယင္ဖစ္ကာ
” ေတာ္..ေတာ္ၿပီဟာ ငါနင့္စက္ဘီးနဲ႔မလိုက္ေတာ့ဘူး ”
ဟုေျပာကာ လဲက်ေနရာမွကုန္းထကာ အေနာက္ဘက္သို႔ေျပးထြက္သြားေလသည္။ မိုးညိဳလည္း
” အိမြန္ဘာျဖစ္တာလဲ… သူပဲလမ္းႀကဳံလိုက္မယ္ေျပာၿပီး အခုပဲမလိုက္ေတာ့ဘူးလုပ္ျပန္ၿပီ ေၾကာင္ေတာင္ေတာင္နဲ႔….”
ဟု တစ္ေယာက္ထဲတီးတိုးေျပာလိုက္ၿပီး စက္ဘီးအားနင္းကာ သီခ်င္းေလးတေၾကာ္ေၾကာ္ျဖင့္ ႐ြာသို႔ပင္ျပန္လာခဲ့ေလသည္။ ထိုသို႔ျဖင့္ မိုးညိဳစက္ဘီးအား ေနာက္မွလိုက္စီးေသာ သူငယ္ခ်င္းမိန္းကေလးမ်ားသည္ တစ္စုံတစ္ေယာက္၏တြန္းခ်ျခင္းခံရ၏။ စကၻီးအား ငွားစီးေသာမိုးညိဳ၏ေယာက္်ားေလးသူငယ္ခ်င္းမ်ားသည္လည္း စက္ဘီးသည္အေၾကာင္းအရင္းမရွိပဲေမွာက္ကာ ဒဏ္ရာမ်ားပင္ရရွိေလသည္။ သို႔ျဖစ္ပါေသာၾကာင့္ မိုးညိဳစက္ဘီးအားမည္သူမွ်ငွားမစီးရဲေတာ့ေပ။ မို းညိဳသူငယ္ခ်င္းမိန္းကေလးမ်ားသည္လည္း စက္ဘီးေနာက္မွလိုက္မစီးရဲေပ။ လိုက္စီးတိုင္းလည္း တစ္စုံတစ္ေယာက္၏တြန္းခ်ျခင္းအား ခံရေသာေၾကာင့္ပင္ျဖစ္သည္။
++++++
တစ္ေန႔၌ မိုးညိဳထံသို႔ေအာင္ခ်စ္တစ္ေယာက္ေရာက္လာ၏။
” မိုးညိဳ မင္းကိုငါေျပာစရာတစ္ခုရွိတယ္ ”
” ေျပာေလကြာ ေအာင္ခ်စ္ရ ”
” ဒီလိုမိုးညိဳ မင္းစက္ဘီးမွာဝိညာဥ္တစ္ခုပူးကပ္ေနတယ္ ”
ေအာင္ခ်စ္မွထိုသို႔ေျပာလိုက္ေသာအခါ
” ဟာ မင္းကလည္းမျဖစ္ႏိုင္တာ ”
” ျဖစ္ႏိုင္တယ္မိုးညိဳ ..ငါမင္းစက္ဘီးကိုငွားစီးတုန္းကလည္း စက္ဘီးေမွာက္ၿပီးေခ်ာင္းထဲက်သြားတယ္…စက္ဘီးအနားမွာလည္း အနီေရာင္ဝတ္မိန္းကေလးတစ္ေယာက္ကိုငါေတြ႕လိုက္ရတယ္ကြ…ၿပီးေတာ့အိမြန္လည္းမင္းစက္ဘီးေနာက္ကလိုက္စီးတာတြန္းခ်ခံရတယ္… အိမြန္ငါ့ကိုေျပာျပတယ္ မင္းစက္ဘီးေနာက္ခုံမွာ အနီေရာင္ဝတ္မိန္းကေလးတစ္ဦးထိုင္ေနတာကိုသူေတြ႕လိုက္ရတယ္တဲ့ ”
ေအာင္ခ်စ္ရဲ႕စကားေၾကာင့္ မိုးညိဳတစ္ခ်က္ေတြေဝသြားၿပီး
” ငါ စမ္းသပ္ၾကည့္အုံးမယ္ကြာ ”
” ေအးပါကြာ ..ဘာပဲျဖစ္ျဖစ္ေပါ့ကြာ မင္းအေနနဲ႔သတိထားသင့္တယ္မိုးညိဳ ”
” ေအးပါကြာ ”
ေအာင္ခ်စ္လည္းမိုးညိဳအားႏႈတ္ဆက္ကာ မိုးညိဳအိမ္ဝိုင္းထဲကထြက္ခြာသြားေလသည္။ မိုးညိဳလည္းမိမိစက္ဘီးအားၾကည့္ကာ စက္ဘီး၏ကိုယ္ထည္အား ညာဘက္လက္ကေလးျဖင့္ဆုပ္ကိုင္လိုက္ၿပီး
” ကဲ ဒီစက္ဘီးမွာကပ္တြယ္ေနတဲ့ ဝိညာဥ္ရွိတယ္ဆိုရင္ ငါ့ကိုညၾကရင္အိမ္မက္လာေပး မဟုတ္လို႔ကေတာ့ ဒီစက္ဘီးကိုသုံးသုံးလုံးဆိုင္မွာ ျပန္ေရာင္းျပစ္မယ္ ”
ဟုေျပာလိုက္သည္။ ထိုေန႔၌ မိုးညိဳလည္းအိပ္ယာပင္ေစာေစာဝင္ခဲ့ေလသည္။ မိုးညိဳ၏အိမ္မက္ထဲ၌
” အကို ”
ဆိုေသာအသံႏွင့္အတူ အနီေရာင္ဝမ္းဆက္ကိုဝတ္ဆင္ထားေသာ မိန္းကေလးတစ္ဦးေပၚလာ၏။ မိုးညိဳလည္း ထိုမိန္းကေလးအား
” မင္းဘယ္သူလဲ ”
ဟုေမးလိုက္ရာ
” ညီမနာမည္ကနန႔္ျမတ္ေလးခင္ပါ ..အကို႔စက္ဘီးေလးမွာကပ္တြယ္ၿပီးေနေနရတဲ့သူပါ ”
” ဒါဆို မင္းကလူမဟုတ္ဘူးေပါ့ ”
ဟုေျပာကာ မိုးညိဳတစ္ေယာက္လည္းေၾကာက္လန႔္သြား၏။
” မေၾကာက္ပါနဲ႔ေနာ္ ညီမကအကို႔ကိုဒုကၡမေပးပါဘူး ”
မိုးညိဳလည္းမိမိအား ဒုကၡမေပးဘူးဟုသိလိုက္ရသျဖင့္ အနည္းငယ္စိတ္သက္သာရာရသြားၿပီး
” မင္းက ဘယ္လိုလုပ္ၿပီးငါ့စက္ဘီးမွာ ကပ္တြယ္ေနရတာလည္း ”
ဟုမိုးညိဳမွေမးလိုက္ရာ နန႔္ျမတ္ေလးခင္တစ္ေယာက္ မ်က္ႏွာေလးမွာၿငိဳးငယ္သြားရွာၿပီး
” ျဖစ္ပုံက ဒီလိုအကိုရ…
” ေမႀကီးေရ ေဖႀကီးကျပန္မလာေသးဘူးေနာ္ ”
” ျပန္လာမွာေပါ့သမီးရယ္… သမီးကိုၾကည့္ရတာ ေမ်ာက္မီးခဲကိုင္ထားတဲ့အတိုင္းပဲ ဂနာကိုမၿငိမ္ဘူး ”
နန႔္ျမတ္ေလးခင္တစ္ေယာက္ ဖခင္ျဖစ္သူျပန္အလာကို လည္တိုင္ေက်ာ့ေက်ာ့ေလးျဖင့္ေမွ်ာ္ကာေစာင့္ေနေလ၏။ ခနအၾကာတြင္
ဦးေငြေမာင္းတစ္ေယာက္ မိုးျပာေရာင္စက္ဘီးေလးအားတြန္း၍ျပန္လာသည္ကိုေတြ႕လိုက္ရသျဖင့္
” ေဖႀကီးျပန္လာၿပီ ေဖႀကီးျပန္လာၿပီ စက္ဘီးလည္းဝယ္လာတယ္ ”
ဟုေအာ္ေျပာကာဝမ္းသာအားရျဖင့္
ဖခင္ျဖစ္သူဦးေငြေမာင္းအားေျပးဖက္လိုက္ၿပီး နန႔္ျမတ္ေလးခင္တစ္ေယာက္ခြၽဲေလသည္။ ဦးေငြေမာင္းလည္း
” သမီး.. ေဖႀကီးကတိတည္တယ္ေနာ္… သမီးလိုခ်င္ေနတဲ့မိုးျပာေရာင္စက္ဘီးကို မရမကကိုရွာၿပီးဝယ္လာခဲ့တာ ”
” အဲဒါေၾကာင့္မို႔ ေဖႀကီးကိုခ်စ္ေနရတာ အာဘြား ”
ဆိုၿပီး ဖခင္ျဖစ္သူ၏ပါးျပင္အား ႐ႊတ္ခလည္းေနေအာင္နမ္းလိုက္၏။ ဦးေငြေမာင္းလည္း သမီးျဖစ္သူၿပဳံးေပ်ာ္ေနတာကို ၾကည့္ရင္းပီတီမ်ားပင္ျဖစ္လာ၏။
” ေဖႀကီး သမီးစက္ဘီးစီးလိုက္အုံးမယ္ ”
” သမီးရယ္.. မိုးပဲခ်ဳပ္ေတာ့မယ္မနက္ျဖန္မွစီးပါ့လား ”
မိခင္ျဖစ္သူ ေဒၚၾကာေပါ့မွဝင္ေျပာလိုက္ျခင္းပင္ျဖစ္သည္။
” ေမႀကီးကလည္း သမီးကဒီ႐ြာထဲမွာပဲစီးမွာပါ ”
” မၾကာေပါ့ရယ္ သမီးစိတ္ခ်မ္းသာေအာင္ ေပးစီးလိုက္စမ္းပါ ”
” ကိုေငြေမာင္း ရွင္ၾကပ္ၾကပ္အလိုလိုက္သိလား ရွင့္သမီးကခေလးဆိုးႀကီးျဖစ္ေနၿပီ ”
” ဆိုးပါေစမၾကာေပါ့ရယ္ တို႔မွာခ်စ္စရာဆိုလို႔ ဒီသမီးေလးတစ္ေယာက္ထဲရွိတာကို ”
ထိုေန႔သည္နန႔္ျမတ္ေလးခင္၏၁၈ႏွစ္ျပည့္ေမြးေန႔ျဖစ္ရာ မိမိေမြးေန႔တြင္မိမိအလိုခ်င္ဆုံးစက္ဘီးအား ဖခင္ျဖစ္သူမွဝယ္ေပးသျဖင့္အေပ်ာ္ႀကီးေပ်ာ္ေနကာ ႐ြာထဲသို႔စက္ဘီးျဖင့္ ေလွ်ာက္ပတ္စီးေလသည္။ သစ္ပင္မ်ားအုံ႔ဆိုင္းလွ်က္ရွိေသာ ေျမသားလမ္းမႀကီးေပၚသို႔ မိုးျပာေရာင္စက္ဘီးေလးသည္ ျမန္ဆန္ေသာအရွိန္ျဖင့္သြားေလ၏။ ၎စက္ဘီးေပၚတြင္ေတာ့ အနီေရာင္ဝမ္းဆက္ကိုဝတ္ဆင္ထားေသာနန႔္ျမတ္ေလးခင္တစ္ေယာက္ စက္ဘီးကိုဟန္ခ်က္ညီစြာျဖင့္နင္းလာရာ တစ္ေနရာတစ္ခုအေရာက္…
” ဟာ..ႏြားအုပ္ႀကီး….အမယ္ေလးကယ္ၾကပါအုံးရွင္ ”
ဟုဆိုကာ စက္ဘီး၏လက္ကိုင္ဘရိတ္အား ညႇစ္လိုက္ရာ ဘရိတ္ကမမိသျဖင့္ နန႔္ျမတ္ေလးခင္တစ္ေယာက္ ႏြားအုပ္ထဲသို႔စက္ဘီးေရာလူေရာေရာက္သြားေလသည္။
” အား.. အမယ္ေလး ….”
” ကယ္ၾကပါအုံးရွင္ ႏြားေတြလိုက္ေဝွ႔ေနလို႔.. ”
” အားးးးးး”
ဆိုေသာအသံႏွင့္အတူ နန႔္ျမတ္ေလးခင္တစ္ေယာက္ ထိုေနရာမွာတင္ႏြားေဝွ႔ခံရၿပီးလူ႔ေလာကႀကီးျဖင့္အဆက္အသြယ္ပ်က္သြား၏။
+++++
” ကိုေငြေမာင္း မိုးခ်ဳပ္ေတာ့မယ္.. .ရွင့္သမီးအခုထိျပန္မလာေသးဘူး… သမီးေလးစက္ဘီးမ်ားေမွာက္ေနသလားမသိဘူး ”
” ဟာ… မၾကာေပါ့ကလည္း နမိတ္မရွိနမာမရွိမေျပာစမ္းပါနဲ႔ ”
” အင္းပါ ..က်မကသမီးအတြက္စိတ္ပူလို႔ေျပာတာပါရွင္ ”
ေဒၚၾကာေပါ့ရဲ႕စကားေၾကာင့္ ဦးေငြေမာင္းတစ္ေယာက္ သမီးျဖစ္သူအတြက္စိတ္ပူသြားၿပီး
” မၾကာေပါ့…လာဟာ တို႔ေတြသမီးေလးေနာက္လိုက္သြားရေအာင္ ”
ဆိုၿပီး ဦးေငြေမာင္းတစ္ေယာက္ ဇနီးျဖစ္သူေဒၚၾကာေပါ့အားေခၚကာ သမီးျဖစ္သူ၏ေနာက္လိုက္အားလိုက္သြားေလ၏။ သစ္ပင္မ်ားအုံ႔ဆိုင္းလ်က္ရွိေသာေျမသားလမ္းမႀကီးေပၚသို႔ သြက္လက္ျမန္ဆန္ေသာေျခလွမ္းမ်ားျဖင့္ လူႏွစ္ေယာက္ေလွ်ာက္လွမ္းလာေလသည္။ ထိုလူႏွစ္ေယာက္တို႔သည္ကား ဦးေငြေမာင္းႏွင့္ေဒၚၾကာေပါ့ပင္ျဖစ္သည္။ ဦးေငြေမာင္းတို႔လည္း ေနရာတစ္ခုသို႔ေရာက္ေသာအခါ
” သမီး “ဟုေအာ္ေခၚကာ ေျမေပၚတြင္လဲက်ေနေသာ နန႔္ျမတ္ေလးခင္အားေျပးေပြ႕ေလသည္။
” သမီး…သမီး…သမီး ထပါအုံးသမီးရဲ႕ ..ေမႀကီးေခၚေနတယ္ေလ ”
” သမီးေရထအုံးေလကြာ ေျမႀကီးေပၚမွာအိပ္မေနနဲ႔ေလ … ေဖႀကီးဝယ္ေပးတဲ့စက္ဘီးကို သမီးေလးႀကိဳက္တယ္ဆို သမီးျပန္ေျပာအုံးေလ….သမီး…”.
နန႔္ျမတ္ေလးခင္တစ္ေယာက္ မိခင္ဖခင္တို႔၏ေခၚသံမ်ားအား ျပန္မထူးႏိုင္ေတာ့ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ နန႔္ျမတ္ေလးခင္တစ္ေယာက္လူ႔ေလာကႀကီးကေန အၿပီးအပိုင္ႏႈတ္ဆက္သြားေသာေၾကာင့္ျဖစ္သည္။
။ ဦးေငြေမာင္းတစ္ေယာက္လည္း မိမိသမီးေလးဤကဲ့သို႔ အျဖစ္ဆိုးႏွင့္ႀကဳံေတြ႕ရသည္ကို ေျဖမဆည္ႏိုင္ေပ။ ထိုသို႔ျဖင့္ သမီးျဖစ္သူအေလာင္းအားေပြ႕ခ်ီကာမ်က္ရည္စက္လက္ျဖင့္ အိမ္သို႔ျပန္လာခဲ့လိုက္၏။ ဦးေငြေမာင္းႏွင့္ေဒၚၾကာေပါ့တို႔လင္မယားႏွစ္ေယာက္လည္း သမီးျဖစ္သူနန႔္ျမတ္ေလးခင္ေသဆုံးသည့္ကိစၥနင့္ပတ္သတ္၍ စိတ္ထိခိုက္ကာအစားပ်က္အေသာက္ပ်က္ျဖစ္ေနေလသည္။
” ကိုေငြေမာင္း ရွင္အဲဒီစက္ဘီးကိုသြားေရာင္းလိုက္ပါေတာ့… အဲဒီစက္ဘီးကိုျမင္ရတိုင္း ကြၽန္မသမီးေလးကိုျပန္ျမင္ေနရသလိုပဲ ..အဲဒီစက္ဘီးေၾကာင့္သမီးေလးကေသရတာ ဟီး ဟီး ဟီး… ”
ျဖင့္ ေဒၚၾကာေပါ့တစ္ေယာက္လည္း သမီးျဖစ္သူအားသတိရတိုင္း ငိုေႂကြးေလ၏။
” ေအးပါၾကာေပါ့ရယ္…ငါအဲဒီစက္ဘီးကိုသြားေရာင္းေပးပါ့မယ္ ”
ဦးေငြေမာင္တစ္ေယာက္လည္း ၎စက္ဘီးကို ၿမိဳ႕ေပၚရွိသုံးသုံးလုံးစက္ဘီးအေရာင္း
ဆိုင္တြင္ ျပန္လည္ေရာင္းခ်ခဲ့သည္။ ထို႔ေနာက္သမီးျဖစ္သူအတြက္ ကုသိုလ္ေကာင္းမႈမ်ားအား လစဥ္လတိုင္းဆိုသလိုျပဳလုပ္ေပးေလ၏။ သို႔ေပမဲ့ နန႔္ျမတ္ေလးခင္တစ္ေယာက္ သာဓုမေခၚႏိုင္ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ စက္ဘီးအေပၚစြဲလမ္းေသာဥပါဒါန္အစြဲအလမ္းေၾကာင့္ပင္ျဖစ္ေလသည္။
” ေနာက္ေတာ့အဲဒီစက္ဘီးကို သုံးသုံးလုံးဆိုင္ကေနအကိုဝယ္လာေတာ့ ညီမကစက္ဘီးမွာကပ္ၿပီးပါလာတာပါပဲ…” ”
နန႔္ျမတ္ေလးခင္တစ္ေယာက္လည္း မိမိေသဆုံးခဲ့ရပုံအေၾကာင္းအား မိုးညိဳကိုအေၾကာင္းစုံရွင္းျပလိုက္ရာ မိုးညိဳလည္းနန႔္ျမတ္ေလးခင္အား သနားသြားကာ
” ညီမဘဝဇာတ္ေၾကာင္းကလည္း ရင္နာစရာဇာတ္လမ္းတစ္ပုဒ္လိုပါပဲလားေနာ္ ”
” အကို ညီမကိုမႏွင္ထုတ္ပါနဲ႔ေနာ္… စက္ဘီးကိုလည္းေရာင္းမျပစ္ပါနဲ႔ေနာ္…”
ဟုၿငိဳးငယ္ေသာမ်က္ႏွာေလးျဖင့္ အသနားခံေလ၏။
” စိတ္ခ်ပါ အကိုညီမကိုမႏွင္ထုတ္သလို စက္ဘီးကိုလည္းေရာင္းမျပစ္ေတာ့ပါဘူး….”
” ဟုတ္ကဲ့အကို ”
” ညီမ…ညီမ.. ညီမ ”
ေအာ္ေခၚသံႏွင့္အတူ မိုးညိဳတစ္ေယာက္အိမ္မက္မွလန႔္ႏိုးလာ၏။ ဤသို႔ျဖင့္မိုးညိဳ၏အိမ္မက္ထဲသို႔ နန႔္ျမတ္ေလးခင္တစ္ေယာက္ ညစဥ္ဆက္တိုက္ဆိုသလိုေရာက္လာတက္၏။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် မိုးညိဳႏွင့္နန႔္ျမတ္ေလးခင္တို႔ႏွစ္ေယာက္သည္လည္း ဘဝျခားေပမဲ့သံေယာဇဥ္မ်ားျဖစ္လာကာ ခ်စ္သူဘဝသို႔ပင္ေရာက္ရွိလာေလသည္။ ညတစ္ည၌
” ခ်စ္ေလ..ေမာင္နဲ႔မခြဲႏိုင္ဘူးသိလား ”
” ေမာင္လည္း..ခ်စ္နဲ႔မခြဲႏိုင္ပါဘူးကြာ ”
” ခ်စ္တို႔အတူေနၾကရေအာင္ ေမာင္..”.
” ေမာင္လည္း ခ်စ္နဲ႔အတူေနခ်င္ၿပီ…အခုလိုခနေလးေတြ႕ရတာကို အားမရေတာ့ဘူးကြာ ”
” ဒါဆိုရင္..လာမယ့္လျပည့္ေန႔ညၾကရင္ ေမာင့္ကိုခ်စ္လာေခၚမယ္ေလ…ေမာင္ ခ်စ္နဲ႔လိုက္ခဲ့မွာလား ”
” ခ်စ္သာလာေခၚလို႔ကေတာ့ ေမာင္ကလိုက္ၿပီးသားပဲ ”
” အြန္းပါ ေမာင့္ဆီကဒီလိုစကားမ်ိဳးၾကားရတာ ခ်စ္ဝမ္းသာပါတယ္… ခ်စ္ျပန္ေတာ့မယ္ေနာ္ ”
ဟုေျပာကာ နန႔္ျမတ္ေလးခင္တစ္ေယာက္လည္း မိုးညိဳ၏အိမ္မက္ထဲမွပ်ာက္ကြယ္သြားေလသည္။
မင္းေအာင္ႏွင့္ျပည့္ၿဖိဳးလည္း ငပုေတာေက်း႐ြာမွ ဝိညာဥ္ႏႈတ္တဲ့သရဲမကိစၥအားေျဖရွင္းၿပီးေနာက္ခရီးဆက္လာရာ ခရမ္းခြေက်း႐ြာသို႔ပင္ေရာက္လာခဲ့ေလသည္။ အခ်ိန္အားျဖင့္မိုးခ်ဳပ္စျပဳေနၿပီျဖစ္ရာ ခရမ္းခြေက်း႐ြာအလယ္ရွိဇရပ္၌သာ တည္းခိုအိပ္စက္လိုက္သည္။
” လူေလးေရ.. ထ..ထ.. ထအုံးကြဲ႕ ”
” ဟာ … အဘပါလား ဘယ္အေရးကိစၥမ်ားရွိလို႔ သားဆီကိုႂကြလာရတာလဲဗ် ”
” ကိစၥကအေရးႀကီးတယ္လူေလး လျပည့္ေန႔မတိုင္မီလူေလးသြားကယ္တင္ရမွာ…ကယ္တင္ရမဲ့သူကသာယာကုန္း႐ြာမွာေနတဲ့ မိုးညိဳဆိုတဲ့လူငယ္ေလးပဲကြဲ႕ ”
” ဟုတ္ကဲ့အဘ သားကဘယ္လိုကယ္တင္ေပးရမလဲဆိုတာအမိန႔္ရွိပါ ”
” ဒီလိုကြဲ႕လူေလးရဲ႕ မိုးညိဳဆိုတဲ့လူငယ္ေလးမွာစက္ဘီးတစ္စီးရွိတယ္ကြဲ႕..အဲဒီစက္ဘီးမွာ ဥပါဒါန္အစြဲေၾကာင့္ကပ္တြယ္ေနတဲ့သရဲမတစ္ေယာက္ရွိတယ္… အဲဒီသရဲမကမိုးညိဳဆိုတဲ့လူငယ္ေလးရဲ႕အိမ္မက္ေတြကို ထိမ္းခ်ဳပ္ၿပီး ညစဥ္ညတိုင္းလိုလိုအိမ္မက္ထဲမွာလာေတြ႕တယ္.. ေနာက္ပိုင္းၾကေတာ့ခ်စ္ႀကိဳက္သြားၾကတယ္ကြဲ႕..လာမဲ့လျပည့္ေန႔ၾကရင္ မိုးညိဳရဲ႕စိတ္ဝိညာဥ္ကို အဲဒီသရဲမကတစ္ပါထဲေခၚေဆာင္သြားမွာ အဲဒါကိုလူေလးအေနနဲ႔တားဆီးေပးရမယ္ကြဲ႕… ”
” ဟုတ္ကဲ့ပါအဘ သားကဘယ္လိုတားဆီးေပးရမွာလည္း အမိန႔္ရွိပါအုံး.. ”
” လူေလးအေနနဲ႔က မိုးညိဳရဲ႕အိမ္မက္ဝကၤပါထဲကိုသြားေရာက္ၿပီး တားဆီးေပးရမွာကြဲ႕ ”
” တားဆီးေပးတာေတာ့ဟုတ္ပါၿပီ.. သားအေနနဲ႔က သူတစ္ပါးရဲ႕အိမ္မက္ထဲကို ဘယ္လိုဝင္ေရာက္ရပါ့မလဲအဘ ”
” အဲဒီအတြက္ေတာ့မပူနဲ႔လူေလး လူေလးကိုနာမ္လႊင့္ၿပီးအိမ္မက္ဝကၤပါထဲထိသြားႏိုင္တဲ့ ႐ုပ္ထားနာမ္ခြာ စမေတာ္ကိုအဘခ်ီးျမင့္ခဲ့မယ္… လူေလးလက္ျဖန႔္ထား ”
” ဟုတ္ကဲ့ပါ အဘ ”
ကြၽန္ေတာ္လည္း လက္ဝါးႏွစ္ဖက္အားေျမႇာက္ကာ ျဖန႔္ထားလိုက္သည္။ ထို႔ေနာက္ ကြၽန္ေတာ့္ရဲ႕ဆရာျဖစ္သူမႏၲာန္ဝိဇၨာဘိုးေအာင္မွ ျမတ္စြာဘုရားပုံေတာ္ကို စမအကၡရာမ်ားျဖင့္ေရးဆြဲထားေသာ ဘုရားပုံစမခ်ပ္တစ္ခုအား ကြၽန္ေတာ့္လက္ဖဝါးေပၚသို႔တင္လိုက္ရာ ထိုစမခ်ပ္မွ ေ႐ႊေရာင္မ်ားတစ္လက္လက္ေတာက္ပလာၿပီး ေ႐ႊမႈံမ်ားျဖစ္သြားကာ ၎ေ႐ႊမႈံမ်ားသည္လည္း ကြၽန္ေတာ္၏ခႏၶာကိုယ္တစ္ခုလုံးအား နဂါးတစ္ေကာင္ရစ္ပတ္သကဲ့သို႔ရစ္ပစ္ၿပီး ကြၽန္ေတာ့္ခႏၲာကိုယ္ထဲသို႔ တိုးရႈိးဝင္ကာေပ်ာက္ကြယ္သြားတယ္။
” ကဲ ..လူေလးကိုအဘ ႐ုပ္ထားနာမ္ခြာစမခ်ပ္ကိုခ်ီးျမႇင့္ၿပီးၿပီ လူေလးအေနနဲ႔လျပည့္ေန႔ၾကရင္ မိုးညိဳဆိုတဲ့လူငယ္ေလးကိုရေအာင္ကယ္တင္ပါ… အဲဒီအိမ္မက္ဝကၤပါထဲကိုဝင္မယ္ဆိုရင္ လူေလးကိုအဘေပးထားတဲ့ယကၡညီေနာင္ကိုပါေခၚသြား သူတို႔ကလူေလးကိုကူညီေပးလိမ့္မယ္ ”
” ဟုတ္ကဲ့ပါအဘ ”
” အဘ .. အဘ .. အဘ ”
ဟုေအာ္ေခၚကာ ကြၽန္ေတာ္လည္းအိပ္ယာမွႏိုးလာ၏။ အခ်ိန္အားျဖင့္ လင္းပိုင္းေရာက္ေနၿပီျဖစ္သျဖင့္ ဆက္မအိပ္ေတာ့ပဲမ်က္ႏွာသစ္လိုက္ကာ ထိုဇရပ္၌သာ ဘုရားရွိခိုးျခင္း၊သမထႏွင့္ပတ္သက္ေသာပုတီးစိပ္ျခင္းမ်ားအား ေဆာင္႐ြက္လိုက္ေလသည္။ ကြၽန္ေတာ္ပုတီးျဖဳတ္ေတာ့ ျပည့္ၿဖိဳးတစ္ေယာက္ႏိုးေန၏။
” ဆရာဒီေန႔အိပ္ယာထတာ ေစာလွခ်ည္လား ”
” ဟုတ္တယ္ျပည့္ၿဖိဳး ငါအိမ္မက္မက္ၿပီးႏိုးလာထဲကျပန္မအိပ္ေတာ့တာ ”
” ဆရာဒါဆို အေၾကာင္းထူးၿပီေပါ့ ”
” ဟုတ္တယ္ျပည့္ၿဖိဳးေရ ညကအဘငါ့ကို အိမ္မက္ထဲမွာလာေျပာသြားတယ္… သာယာကုန္း႐ြာမွာေနတဲ့မိုးညိဳဆိုတဲ့လူငယ္တစ္ေယာက္ကို ကယ္တင္ရမယ္လို႔အမိန႔္ရွိတယ္ ”
” ဒါဆို..ကြၽန္ေတာ္တို႔ခရီးဆက္ရမွာေပါ့ ဒါနဲ႔ကြၽန္ေတာ္တို႔ကဘယ္လိုကယ္တင္ရမွာလည္း ”
” အိမ္မက္ဝကၤပါထဲကိုသြားၿပီး ကယ္တင္ရမွာကြ ”
” ဗ်ာ…”
မင္းေအာင္စကားေၾကာင့္ ျပည့္ၿဖိဳးတစ္ေယာက္အံၾသသြား၏။ ထို႔ေနာက္မင္းေအာင္လည္း မိုးညိဳတို႔အေၾကာင္းစုံကို ျပည့္ၿဖိဳးအားရွင္းျပလိုက္၏။
မင္းေအာင္ႏွင့္ျပည့္ၿဖိဳးလည္း သာယာကုန္း႐ြာရွိရာသို႔ခရီးဆက္လာရာလမ္း၌
” ဆရာ..ကြၽန္ေတာ္တစ္ခုေလာက္ေမးခ်င္လို႔ ”
” ေမးေလျပည့္ၿဖိဳးရာ ”
” ဒီလိုဆရာရာ အိမ္မက္ဝကၤပါဆိုတာ ဘယ္လိုအိမ္မက္မ်ိဳးကိုေျပာတာလည္း ”
” ဒီလိုရွိတယ္ျပည့္ၿဖိဳးရ အိမ္မက္ဝကၤပါဆိုတာ ကိုယ့္ရဲ႕အိမ္မက္ကိုတစ္စုံတစ္ေယာက္က ထိန္းခ်ဳပ္ထားတာမ်ိဳးေပါ့.. သေဘာကေတာ့ ကိုယ့္အိမ္မက္ထဲမွာ ကိုယ္ကိုတိုင္႐ုန္းမထြက္ႏိုင္ေအာင္ ထိန္းခ်ဳပ္ျခင္းခံထားရတာမ်ိဳးေပါ့ကြာ ”
” ဆရာ..ဒါဆိုရင္ကိုယ့္အိမ္မက္ကို အဲဒီလူရဲ႕စိတ္တိုင္းက်မက္ေနရတာမ်ိဳးေပါ့ေနာ္ ”
” ဟုတ္တယ္ျပည့္ၿဖိဳး အိမ္မက္ဆိုတာလည္းစိတ္ဝိညာဥ္လႊင့္ျခင္းတစ္မ်ိဳးပဲကြ… ”
” ဆရာ..ကြၽန္ေတာ္ေနာက္တစ္ခုေလာက္ေမးခ်င္လို႔…အထက္ဆရာသခင္ေတြက ဘယ္လိုအခ်ိန္ေတြအိမ္မက္ေပးတတ္လည္း ”
” ဒီကိစၥနဲ႔ပတ္သက္ၿပီးမင္းကိုရွင္းျပရမယ္ဆိုရင္ အခ်ိန္သုံးခ်ိန္ရွိတယ္ကြ ပထမညဥ့္ဦးခ်ိန္မက္တဲ့အိမ္မက္မ်ိဳးဆို သရဲတေစၦ၊နိမ့္က်တဲ့ဘုံသားေတြကအိမ္မက္ေပးတတ္တယ္၊ဒုတိယသန္းေခါင္ယံခ်ိန္ကိုေတာ့ နတ္ေတြကအိမ္မက္ေပးတတ္တယ္၊ေနာက္ဆုံးလင္းပိုင္းအခ်ိန္ကိုေတာ့ ျဗမၼာေတြ၊အထက္ဝိဇၨာဆရာသခင္ေတြက အိမ္မက္ေပးတတ္တယ္ကြ ”
” ဆရာေျပာမွပဲ အိမ္မက္ေတြအေၾကာင္းသိေတာ့တယ္ ”
ျပည့္ၿဖိဳးလည္းမိမိသိလိုသမွ် ဆရာျဖစ္သူအားေမးေလ၏။ မင္းေအာင္တို႔ဆရာတပည့္ႏွစ္ေယာက္လည္း စကားတစ္ေျပာေျပာျဖင့္ ခရီးဆက္လာရာ သာယာကုန္း႐ြားသို႔ပင္ေရာက္လာခဲ့ေလသည္။ ထို႔ေနာက္ သယာကုန္း႐ြာ၏႐ြာထိပ္ေရာက္ေသာအခါ
” ဆရာ…ဟိုမွာဘုရားမွာကြၽန္ေတာ္တို႔နားၾကမလား ”
ကြၽန္ေတာ္လည္းျပည့္ၿဖိဳးၫႊန္ျပေသာ ဘုရားကိုၾကည့္လိုက္ေတာ့ ဘုရားရဲ႕ဘြဲ႕အမည္က ျမေပါင္းဘုရားပင္ျဖစ္ေလသည္။
” ေအးျပည့္ၿဖိဳးေရ ဒီျမေပါင္းဘုရားမွာပဲနားၾကတာေပါ့… ငါတို႔ေတြ႐ြာထဲဝင္သြားရင္ ဟိုသရဲမကရိပ္မိသြားလိမ့္မယ္ ”
” ဟုတ္ကဲ့ဆရာ ”
ကြၽန္ေတာ္ႏွင့္ျပည့္ၿဖိဳးလည္း ျမေပါင္းဘုရား၌နားလိုက္ေလသည္။ အခ်ိန္အားျဖင့္ ေတာင္စြယ္မွာေနကြယ္လို႔ ေမွာင္ရီစပ်ိဳးေသာအခ်ိန္ပင္ေရာက္ေန၏။ ဤေန႔သည္ကား လျပည့္ေန႔ျဖစ္သျဖင့္ မိမိလုပ္ေဆာင္ရမည့္ကိစၥမ်ားအားအခ်ိန္ဆြဲမေနေတာ့ပဲ သာယာကုန္း႐ြာေတာ္ရွင္အားဆင့္ေခၚလိုက္ရာ ကြၽန္ေတာ္ေရွ႕သို႔ ရွမ္းအနက္ေရာင္ဝတ္စုံအားဝတ္ဆင္ထားကာ ေဘာင္းေတာ္စအားေခါင္းေပါင္းထားေသာအမ်ိဳးသမီးတစ္ဦးေရာက္လာ၏။ ထိုအခါကြၽန္ေတာ္လည္း
” သင္က ဒီ႐ြာရဲ႕႐ြာေတာ္ရွင္လား ”
ဟုကြၽန္ေတာ္မွေမးလိုက္ရာ အနက္ေရာင္ရွမ္းဝတ္စုံဝတ္ထားေသာအမ်ိဳးသမီးမွ
” ဟုတ္ပါတယ္ဆရာေလး က်မကဒီ႐ြာရဲ႕႐ြာေတာ္ရွင္ပါ ..”
” ေၾသာ္… ဒါနဲ႔သင္ကရွမ္းလူမ်ိဳးလား ”
” ဟုတ္ပါတယ္ဆရာေလး… ဒီသာကုန္း႐ြာကဟိုးတုန္းကရွမ္းလူမ်ိဳးေတြေနထိုင္ၾကတာပါ..ေခတ္ကာလၾကာေညာင္းလာေတာ့ ရွမ္းလူမ်ိဳးေတြမရွိၾကေတာ့ပဲ ဗမာလူမ်ိဳးေတြေနထိုင္ၾကတာပါ..က်မကရွမ္းလူမ်ိဳးေတြရွိစဥ္ထဲက ဒီ႐ြာမွာ႐ြာေတာ္ရွင္ျဖစ္ေနတာပါ ”
” ဒါဆိုရင္ သင္က႐ြာေတာ္ရွင္ျဖစ္တာၾကာၿပီေပါ့ ”
” ဟုတ္ပါတယ္ဆရာေလး ”
” ဒီ႐ြာမွာေနတဲ့မိုးညိဳဆိုတဲ့လူငယ္ေလးကိုသရဲမတစ္ေကာင္က သူ႔ရဲ႕ကာမသိဒၶိတန္ခိုးနဲ႔ အိမ္မက္ဝကၤပါတစ္ခုကိုဖန္တီးၿပီး မိုးညိဳရဲ႕စိတ္ဝိညာဥ္ကိုထိန္းခ်ဳပ္ထားတာ သင္သိလား ”
” သိပါတယ္ဆရာေလး ”
” သင္သိရဲ႕သားနဲ႔ ဘာလို႔မတားဆီးတာလည္း ”
ဟု ကြၽန္ေတာ္လည္းေမးလိုက္ေရာ
” ဒီလိုပါဆရာေလး က်မတို႔႐ြာေတာ္ရွင္ေတြဆိုတာအျပင္စည္းပဲေစာင့္တာပါ… အခုဟာက အတြင္းစည္းကျဖစ္တာဆိုေတာ့က က်မအေနနဲ႔ကတာဆီးေပးလို႔မရပါဘူး ”
” ေၾသာ္ အဲသလိုကို.. ဒါနဲ႔ အဲဒီသရဲမအမည္ကဘယ္လိုေခၚလည္း ”
ကြၽန္ေတာ္မွ႐ြာေတာ္ရွင္အားေမးလိုက္ရာ
” အဲဒီသရဲမအမည္က နန႔္ျမတ္ေလးခင္လို႔ေခၚပါတယ္ဆရာေလး … ဆရာေလးတို႔သူ႔ကို႐ြာျပင္ထိသာေခၚထုတ္ေပးပါ က်န္တဲ့ကိစၥက်မတာဝန္ယူေပးပါ့မယ္ ”
” ေကာင္းပါၿပီ အခုလိုကူညီေပးတဲ့အတြက္ ႐ြာေတာ္ရွင္ကိုေက်းဇူးတင္ပါတယ္ ”
” ဟုတ္ကဲ့ပါဆရာေလး ”
ဆိုေသာအသံနဲ႔အတူ ႐ြာေတာ္ရွင္လည္းကြၽန္ေတာ္အေရွ႕မွ ေပ်ာက္ကြယ္သြားေလသည္။ ကြၽန္ေတာ္လည္း မိုးညိဳအိမ္မက္ထဲသို႔သြားရန္အတြက္ ဘုရားေရွ႕၌ပုဆစ္တုပ္ထိုင္ကာဘုရားအားကန္ေတာ့လိုက္ၿပီး အသက္ႏွင့္ခႏၶာအားလႉလိုက္သည္။ ထို႔ေနာက္ တပၸလင္ေခြထိုင္၍တရားထိုင္လိုက္ၿပီးစရဏအားမ်ားကိုစုစည္းကာ မိုးညိဳဆီသို႔ စိတ္ကိုၫႊတ္ထားလိုက္ရာ ကြၽန္ေတာ္ခႏၶာကိုယ္တစ္ခုလုံးေပါ့ပါးလာသလိုခံစားလိုက္ရၿပီး ငွက္ေမႊးကဲ့သို႔ေပၚပါးလာကာ ေလေပၚသို႔ေျမာက္တက္လာ၏။ ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ တရားထိုင္ေနတဲ့ကြၽန္ေတာ္႐ုပ္ခႏၶာရယ္ ျပည့္ၿဖိဳးရယ္ကိုေတြ႕လိုက္ရ၏ယ ကြၽန္ေတာ္နာမ္ခြာသြားမွန္းသတိထားမိလိုက္ၿပီးမိုးညိဳဆီကိုစိတ္ၫႊတ္လိုက္ေတာ့ အခ်ိန္ခနေလးအတြင္းမွာပဲ အိမ္ငယ္ေလးတစ္လုံး၏အခန္းငယ္တစ္ခုထဲကို ကြၽန္ေတာ္ေရာက္သြားတယ္။ ၎အခန္းငယ္ေလးရဲ႕ၾကမ္းျပင္ထက္မွာေတာ့ လူငယ္တစ္ေယာက္အိပ္စက္ေနတာကို ထပ္မံေတြ႕လိုက္ရသည္။
ထိုလူငယ္ေလးသည္ မိုးညိဳပင္ျဖစ္ေလသည္။ကြၽန္ေတာ္လည္း
” ကဲ ဒီမိုးညိဳရဲ႕အိမ္မက္စက္ဝန္းေပၚေစ ”
ဟုအမိန႔္ျပန္လိုက္ၿပီး မႏၲာန္တစ္ပုဒ္အား႐ြတ္လိုက္ေတာ့ ၎လဲေလ်ာင္းေနတဲ့လူငယ္ေလးရဲ႕ေခါင္းရင္းနားတြင္ အနီေရာင္ႏွင့္အနက္ေရာင္ ေရာေထြးစက္ယွက္ထားေသာ စက္ဝန္းတစ္ခုေပၚလာသည္။ ထိုစက္ဝန္းထဲသို႔ကြၽန္ေတာ္လည္းဝင္လာလိုက္ရာ စက္ဝန္းထဲတြင္ ပုံရိပ္ေယာင္ပုံစံျဖင့္တည္ေဆာက္ထားေသာ ႐ြာေလးတစ္႐ြာရွိေနၿပီး စိန္ပန္းပင္ႀကီးတစ္ပင္ရွိေလသည္။ ထိုစိန္ပန္းပင္ႀကီးေအာက္တြင္…
” ေမာင္., ခ်စ္နဲ႔လိုက္ခဲ့ေတာ့ ”
” လိုက္မယ္ခ်စ္… ခ်စ္ေခၚတဲ့ေနရာဆိုရင္ေမာင္ကငရဲျပည္ဆိုလည္းလိုက္မွာပဲ ”
ဟုဆိုကာ လူငယ္သည္အနီေရာင္ဝတ္မိန္းခေလးေခၚရာေနာက္သို႔ လိုက္သြားဟန္အျပဳ ။ကြၽန္ေတာ္လည္း..
” ေဟ့…နန႔္ျမတ္ေလးခင္ မင္းရဲ႕လုပ္ရပ္ေတြကိုရပ္တန္းကရပ္လိုက္ပါ ”
ဟုေျပာလိုက္ရာ
” နင္ဘယ္သူလည္း ဘာလို႔ငါ့အိမ္မက္ဝကၤပါထဲထိလာႏိုင္ရတာလည္း ”
” ငါဘယ္သူလည္းဆိုေတာ့ မင္းရဲ႕လုပ္ရပ္ေတြကို လာတာဆီးတဲ့သူလို႔ပဲမွတ္ထားလိုက္ပါ ”
” ငါတို႔ခ်စ္သူႏွစ္ဦးအတူေနဖို႔လုပ္ေနတာကို.. နင္ကလာတာဆီးတာဟုတ္လား ..ဟား..ဟား..ဟား ”
ဟုရယ္ကာ ကြၽန္ေတာ္အားအနီေရာင္နဲ႔အနက္ေရာင္ေရာေထြးထားေသာစက္တစ္ခုနဲ႔ လွမ္းျပစ္လိုက္ရာ ကြၽန္ေတာ္လည္းညာဘက္လက္ျဖင့္ကာလိုက္ၿပီး ၎စက္မ်ားသည္
“ဝုန္း ”
အသံနဲ႔အတူ ေဘးသို႔လႊင့္စင္သြားသည္။ ထို႔ေနာက္ ကြၽန္ေတာ္လည္း
“မူလ႐ုပ္သြင္ျပန္ေစ ”
လို႔အမိန႔္ျပန္လိုက္ေရာ နန႔္ျမတ္ေလးခင္တစ္ေယာက္ ဖေယာင္းခ်ပ္မ်ားအားမီးနဲ႔ရႈိ႕ခံရသကဲ့သို႔ သူမ၏ေခ်ာေမာလွပပါသည္ဆိုေသာ အေရျပားအလႊာမ်ားတစ္လႊာျခင္းစီကြာက်လာကာ အင္မတန္အက်ည္းတန္႐ုပ္ဆိုးေသာအသြင္ျပင္မ်ား ေပၚေပါက္လာ၏။ နန႔္ျမတ္ေလးခင္၏ခႏၶာကိုယ္မွာလည္း ေသြးသံတရဲရဲျဖင့္ေပက်ံေနကာ မ်က္ႏွာတစ္ျခမ္းမွာလည္းေလာက္မ်ားပင္ တစ္ဖြားဖြားက်လာ၏။ နန္းျမတ္ေလးခင္ရဲ႕မူလ႐ုပ္သြင္ကို မိုးညိဳတစ္ေယာက္ျမင္လိုက္ရၿပီး ေၾကာက္လန႔္ကာထြက္ေျပးသြားသည္။ ကြၽန္ေတာ္လည္းအခ်ိန္မဆိုင္းေတာ့ဘဲ ယကၡညီေနာင္ကိုလွမ္းေခၚလိုက္ၿပီး နန္းျမတ္ေလးခင္ကိုထိန္းသိမ္းခိုင္းလိုက္သည္။ ထို႔ေနာက္ ကြၽန္ေတာ္နဲ႔အတူ ယကၡညီေနာင္ရဲ႕လက္အတြင္းမွာခ်ဳပ္ေႏွာင္ခံထားရေသာ နန႔္ျမတ္ေလးခင္ကိုပါေခၚၿပီး ထိုအိမ္မက္ဝကၤပါထဲကျပန္ထြက္လာလိုက္သည္။ ထို႔ေနာက္ ကြၽန္ေတာ္လည္းၾကမ္းျပင္ထက္မွာလဲေလ်ာင္းေနေသာ မိုးညိဳ၏ႏွဖူးထိပ္အား ညာဘက္လက္ခလယ္ျဖင့္ေထာက္လိုက္ၿပီး
” မိုးညိဳ၏ စိတ္ဝိညာဥ္သည္ မိုးညိဳခႏၶာကိုယ္သို႔ခ်က္ခ်င္းျပန္ေရာက္ပါေစသား ဗုဒၶစက္အာဏာစက္ ”
ဟုအမိန႔္ျပန္လိုက္ရာ အလင္းေရာင္မ်ားထြက္ေနေသာ ၾကည္ျပာေရာင္အလုံးငယ္ေလးသည္ မိုးညိဳခႏၶာကိုယ္အတြင္းသို႔တိုးရႈိးဝင္ေရာက္ေပ်ာက္ကြယ္သြားေလသည္။ ကြၽန္ေတာ္လည္းလွည့္ျပန္မည္အလုပ္ ကြၽန္ေတာ္ရဲ႕နားစည္အတြင္းပိုင္းထဲသို႔ ..
” လူေလး.. မိုးညိဳကိုနန႔္ျမတ္ေလးခင္နဲ႔ပတ္သက္တဲ့အရာေတြေမ့သြားေအာင္ မွတ္ညဏ္ေပ်ာက္စမကို မႏၲာန္စုတ္ၿပီးႏွဖူးမွာကပ္လိုက္”
ဟူေသာအသံလႈိင္းအားၾကားလိုက္ရ၏။
ကြၽန္ေတာ္လည္းၾကမ္းျပင္ထက္တြင္လဲေလ်ာင္းအိပ္စက္ေနေသာ မိုးညိဳ၏ႏွဖူးထိပ္တြင္ မွတ္ညဏ္ေပ်ာက္စမကိုေရးဆြဲလိုက္ၿပီး မႏၲာန္တစ္ပုဒ္အား႐ြတ္လိုက္ကာ
” မိုးညိဳသည္ ယခုအခ်ိန္မွစ၍နန႔္ျမတ္ေလးခင္ႏွင့္ပတ္သတ္သမွ်အရာအားလုံးအား မွတ္ညဏ္ထဲကအကုန္ေပ်ာက္ကြယ္ပါေစသား ”
ဟုေျပာလိုက္၏။ ထို႔ေနာက္ကြၽန္ေတာ္လည္း မိမိခႏၶာကိုယ္ရွိရာစီသို႔စိတ္ၫႊတ္လိုက္ရာ ခနာအၾကာတြင္ ကြၽန္ေတာ္၏စိတ္ဝိညာဥ္သည္ ကြၽန္ေတာ္၏ခႏၶာကိုယ္အတြင္းသို႔ျပန္လည္ေရာက္ရွိလာၿပီး ကြၽန္ေတာ္၏နာမ္လႊင့္ျခင္းလုပ္ငန္းအား အၿပီးသတ္လိုက္သည္။
ကြၽန္ေတာ့္စိတ္ဝိညာဥ္ႏွင့္အတူပါလာသူကေတာ့ ယကၡညီေနာင္ႏွင့္အတူ နန႔္ျမတ္ေလးခင္ပင္ျဖစ္သည္။ ကြၽန္ေတာ္လည္း႐ြာေတာ္ရွင္ကိုဆင့္ေခၚရာ
” ဆရာေလး က်မေရာက္ပါၿပီ ”
ဟူေသာအသံျဖင့္အတူ အနက္ေရာင္ရွမ္းဝတ္စုံအားဝတ္ထားကာ ေပါင္းေတာ္စအား
ေခါင္းေပါင္းေပါင္းထားေသာ အမ်ိဳးသမီးတစ္ဦးေရာက္လာ၏။ ကြၽန္ေတာ္လည္း႐ြာေတာ္ရွင္အား
” ႐ြာေတာ္ရွင္ထံ နန႔္ျမတ္ေလးခင္ကိုအပ္ခဲ့ပါ့မယ္… ႐ြာေတာ္ရွင္အေနနဲ႔က သူမကိုေနာက္ေနာင္မိုးညိဳကိုမေႏွာက္ယွက္ႏိုင္ေအာင္နဲ႔ကြၽတ္တန္းဝင္ႏိုင္ေအာင္လို႔ ဆုံးမထိန္းသိမ္းထားေပးပါ ”
” ဟုတ္ကဲ့ပါဆရာေလး.. က်မအေနနဲ႔အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားၿပီးေဆာင္႐ြက္ေပးပါ့မယ္ ” ဟု ႐ြာေတာ္ရွင္မွေျပာသျဖင့္ကြၽန္ေတာ္လည္း
” ယကၡညီေနာင္ေရ သင္တို႔ခ်ဳပ္ေႏွာင္ထားတဲ့ နန႔္ျမတ္ေလးခင္ကို ႐ြာေတာ္ရွင္လက္ထဲကိုအပ္လိုက္ပါ ”
ဟုေျပာလိုက္ရာ ယကၡညီေနာင္လည္းနန႔္ျမတ္ေလးခင္အား ႐ြာေတာ္ရွင္ထံအပ္လိုက္ၿပီး ေပ်ာက္ကြယ္သြားေလ၏။ ထို႔ေနာက္ ႐ြာေတာ္ရွင္လည္း နန႔္ျမတ္ေလးခင္အားေခၚေဆာင္သြားကာ ေပ်ာက္ကြယ္သြား၏။ အခ်ိန္အားျဖင့္ လင္းပိုင္းသို႔ပင္ေရာက္ရွိလာေလရာ ကြၽန္ေတာ္နဲ႔ျပည့္ၿဖိဳးလည္း ျမေပါင္းဘုရားမွထြက္လာခဲ့လိုက္သည္။
” ဆရာအိမ္မက္ဝကၤပါထဲမွာ ႀကဳံရတာေတြကြၽန္ေတာ္ကိုေျပာျပပါအုံး ”
ျပည့္ၿဖိဳးအား ကြၽန္ေတာ္အိမ္မက္ဝကၤပါထဲမွာႀကဳံေတြရသည္မ်ားအားေျပာျပလိုက္တယ္။
ထိုအခါျပည့္ၿဖိဳးမွ
” ဆရာ. ..ကြၽန္ေတာ္တစ္ခုေလာက္ေမးခ်င္လို႔ ”
” ေမးေစကြာ ”
ဟုကြၽန္ေတာ္လည္းေျပာလိုက္ရာ
” ဟုတ္ကဲ့ဆရာ…နန႔္ျမတ္ေလးခင္ဆိုတာက အသုရကယ္ဘုံသားတစ္ေယာက္ဘဲေလ သူ႔အေနနဲ႔အိမ္မက္ဝကၤပါလိုဟာမ်ိဳးကို ဘာေၾကာင့္ဖန္တီးႏိုင္ရတာလည္းဆရာ ”
” ဒါကေတာ့ကြာ သူ႔ရဲ႕အတိတ္ဘဝကျပဳလုပ္ခဲ့ဖူးတဲ့ကုသိုလ္ကံအေၾကာင္းတရားေတြေၾကာင့္ေပါ့ကြာ… နန႔္ျမတ္ေလးခင္က လူ႔ဘဝတုံးကကုသိုလ္ေတြအမ်ားႀကီးျပဳလုပ္ခဲ့ဖူးတယ္ကြ…သူ႔ေသေတာ့ သူ႔ရဲ႕စက္ဘီးအေပၚစြဲလမ္းတဲ့ ဥပါဒါန္အစြဲေၾကာင့္အခုလို ဘုံဘဝမ်ိဳးကိုေရာက္တာကြ ”
” ေၾသာ္အဲသလိုကို.. ဥပါဒါန္အစြဲကသိပ္ေၾကာက္စရာပဲေနာ္ဆရာ ”
” ဒါေပါ့ကြာ..အစြဲဆိုဘာအစြဲမွမေကာင္းဘူးကြ.. လူတစ္ေယာက္ဟာ ေသခါနီးအခ်ိန္သိပ္အေရးႀကီးတယ္… တဂၤအေတြးနဲ႔မိစာၦျဖစ္ႏိုင္သလို.. တဂၤအေတြးနဲ႔သူေတာ္ေကာင္းျဖစ္ႏိုင္တယ္ကြ ”
” ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္မွတ္သားထားလိုက္ပါ့မယ္ ”
မင္းေအာင္ႏွင့္ျပည့္ၿဖိဳးလည္း သာယာကုန္း႐ြာေလးမွ ထြက္လာခဲ့လိုက္သည္။ မနက္မိုးေသာက္အလင္းေရာက္ေသာ္ မိုးညိဳတစ္ေယာက္သည္ အရင္ပုံမွန္အတိုင္းအလုပ္သို႔သီခ်င္းေလးၿငီးကာ စက္ဘီးအားနင္း၍သြား၏။ မိုးညိဳ၏မွတ္ဉာဏ္ထဲ၌ နန႔္ျမတ္ေလးခင္ဆိုသည္မွာမရွိေတာ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ မင္းေအာင္၏မွတ္ညဏ္ေပ်ာက္စမျဖင့္ မိုးညိဳ၏မွတ္ဉာဏ္တစ္ခ်ိဳ႕အား ဖ်က္ဆီးျခင္းခံလိုက္ရေသာေၾကာင့္ပင္ျဖစ္သည္။
ႏွစ္အတန္ၾကာေသာ္ သာယာကုန္း႐ြာမွာ ႐ြာေတာ္ရွင္အသစ္တစ္ဦးေပၚလာ၏။ ၎႐ြာေတာ္ရွင္မွာ အနီေရာင္ထိုင္မသိမ္းဝတ္စုံကိုဝတ္ဆင္ထားၿပီး ရင္ဘတ္၌အနီေရာင္ပိုးပဝါစကိုစည္းထားေသာ နန႔္ျမတ္ေလးခင္ပင္ျဖစ္ေလသည္။
+++++++++++++++++
မင္းေအာင္ႏွင့္ျပည့္ၿဖိဳးတို႔ဆရာတပည့္ႏွစ္ေယာက္လည္း သာယာကုန္း႐ြာမွထြက္လာၿပီးေနာက္ နတ္စင္႐ြာသို႔ေရာက္ေသာအခါ
” ဆရာေလးေရ… ဆရာေလးေရ ”
ဟူေသာအသံႏွင့္အတူကြၽန္ေတာ္ထံသို႔ လူတစ္ေယာက္ ေရာက္လာ၏။ ကြၽန္ေတာ္လည္း ထိုလူအား
” သင္ကဘယ္သူလည္း ”
” ကြၽန္ေတာ္က ဗုဗၺာ႐ုံေက်ာင္းကေက်ာင္းေစာင့္နတ္ပါ ”
” ကြၽန္ေတာ့္ဆီလာတာ ဘယ္အေရးကိစၥမ်ားရွိလို႔ပါလဲ ”
” ဒီလိုပါဆရာေလး ဗုဗၺာ႐ုံဆရာေတာ္အသည္းအသန္ျဖစ္ေနလို႔ပါ … ဆရာေတာ္ကိုဂမုန္းေစာင့္ဘီလူးက ျပဳစားထားတာပါဆရာေလး ”
” ဗ်ာ… ဂမုန္းေစာင့္ဘီလူးဟုတ္လား ”
ဟုကြၽန္ေတာ္လည္းအံၾသစြာျဖင့္ေမးလိုက္ရာ
” ဟုတ္တယ္ဆရာေလးေရ ျဖစ္ပုံက………
# ၿပီး # ပိုင္ေလး (မအူပင္ေျမ )မွေရးသားသည္။ ေနာက္ဇာတ္လမ္းေလးမွာေတာ့ မင္းေအာင္တို႔ဆရာတပည့္ႏွစ္ေယာက္ ဂမုန္းေစာင့္ဘီလူးကို ဘယ္လိုႏွိမ္နင္းမလဲ…ဗုဗၺာ႐ုံဆရာေတာ္ကိုဘယ္လိုကယ္တင္မလည္း ဆိုတာကိုသိခ်င္ရင္ေတာ့ * မင္းေအာင္ႏွင့္ဂမုန္းေစာင့္ဘီလူး * ဆိုတဲ့ ဇာတ္လမ္းေလးကို ေစာင့္ေမွ်ာ္အားေပးၾကပါအုံးဗ်။
*မင္းေအာင္ႏွင့္ဥပါဒါန္အစြဲ *ဆိုေသာဇာတ္လမ္းေလးသည္ ကြၽန္ေတာ္စာေရးသူပိုင္ေလး(မအူပင္ေျမ)မွစိတ္ကူးယဥ္ပုံေဖာ္ထားေသာ ဇာတ္လမ္းတစ္ပုဒ္ပင္ျဖစ္သည္။ ဤဇာတ္လမ္းေလးတြင္ စက္ဘီးအားစြဲလမ္း၍ မကြၽတ္လြတ္ေသာသရဲမဇာတ္ဝင္ခန္းဟာ တကယ့္ျဖစ္ရပ္မွန္ပင္ျဖစ္သည္။ သို႔ျဖစ္ပါေသာေၾကာင့္ စာဖတ္သူမ်ားအေနျဖင့္ မၿမဲေသာသခၤါရသေဘာတရားမို႔ ငါ့ပစၥည္း၊ငါ့မိသားစု၊ငါ့ပိုင္ဆိုင္မႈ စေသာဥပါဒါန္အစြဲလမ္းမ်ားအား ေလ်ာ့ခ်ႏိုင္ပါေစလို႔🙏 ဓမၼစကား လက္ေဆာင္ပါးရင္း🙏 ဆုေတာင္းေပးလိုက္ပါတယ္ဗ်။
မင္းေအာင္စာမူမ်ားအား စာစစ္ေပးျခင္း၊စာမူတင္ေပးျခင္းလုပ္ေပးပါေသာကြၽန္ေတာ္၏ သူငယ္ခ်င္းျဖစ္သူ …
ေမာင္ေရခဲစာမူပိုင္ရွင္ ” Khoon “ကို အထူးပင္ေက်းဇူးတင္ရွိပါသည္။