” မဟူရာစံအိမ်ကြီးထဲက မိန်းမပျို “(စ/ဆုံး)

Unicode Version

” မဟူရာစံအိမ်ကြီးထဲက မိန်းမပျို “(စ/ဆုံး)
——————————————————–

၁။
ကောင်းကင်ပေါ်၌ ကြယ်ကလေးများက မှိတ်တုတ်
မှိတ်တုတ် လင်းလက်နေကြပြီး တစ်ခြမ်းကွေးနေသော
လမင်းကြီးက ကမ္ဘာမြေလောကကြီးကို မှုန်ပျပျအလင်း
ရောင်ပေးရှိသည်။
မှုန်ပျပျ အလင်းရောင်အောက်တွင် လူငယ်တစ်ဦး
တစ်ဦးသည် မြို့အစွန်သို့ ခပ်သွက်သွက်လေး လျှောက်
လာနေသည်။ လတွင်တည်ရှိသော မဟူရာစံအိမ်ကြီးသည်
နေ့ခင်းဘက် အချိန်များမှာပင် အလွန်ခြောက်ခြားဖွယ်
ကောင်းနေ၏။ ယခုကဲ့သို့ညအချိန်မျိုးဆိုလျှင် သာ၍ပင်
ခြောက်ခြားဖွယ်ကောင်းသေးသည်။
ထိုလူငယ်သည် မဟူရာစံအိမ်ကြီးထဲသို့ ဝင်ရောက်
ရန် ညအမှောင်ကိုအံတုကာ မြို့အစွန်သို့လျှောက်လာခဲ့
ခြင်းဖြစ်ပါသည်။
မဟူရာစံအိမ်ကြီး၏ အပြင်ပန်းသဏ္ဍာန်မှာ သိပ်ကို
ခြောက်ခြားဖွယ်ကောင်းသကဲ့သို့ အိမ်အတွင်းပိုင်းတွင်
လည်း အမှန်တကယ်ကိုခြောက်ခြားဖွယ်ကောင်းသော
အရာများရှိနေသည်။
ထိုအရာများမှာတစ္ဆေ၊သရဲများသာလျှင်ဖြစ်ပါသည်။
မဟူရာစံအိမ်ကြီးသည် တစ္ဆေ၊ သရဲ ခြောက်လန့်သည်
ဟုနာမည်ကြီးသောနေရာတစ်ခုဖြစ်သည်။

၂။
ထိုအကြောင်းကိုတစ်မြို့လုံးသိကြသည်။ ထိုလူငယ်
သိသည်။ သို့သော်ထိုလူငယ်သည် တစ္ဆေသရဲကို အယုံ
အကြည်မရှိချေ။ မဟူရာစံအိမ်ကြီးဆီသို့လာခဲ့ရခြင်းမှာ
တစ္ဆေ၊ သရဲများနှင့်ပတ်သက်၍ သူ၏သူငယ်ချင်းများနှင့်
အလောင်းအစား ပြုလုပ်ထားသောကြောင့်ဖြစ်ပါသည်။
ထိုလူငယ်၏အမည်မှာနောင်ရိုးဖြစ်သည်။ နောင်ရိုး
တို့ သူငယ်ချင်းတစ်စုသည် လူပေလူတေများဖြစ်ကြပြီး
အရက်သေစာ သောက်စားခြင်းကို နှစ်သက်ခုန်မင်ကြ
သည်။ နောင်ရိုးတွင်လူပေလူတေသူငယ်ချင်းနှစ်ဦးရှိပြီး
နှစ်ဦးစလုံးက အတန်အတင့်ကြွယ်ဝချမ်းသာကြသည်။
မုဆိုးမအမေအိုနှင့် အတူနေထိုင်သော နောင်ရိုးတစ်ဦး
တည်းသာဆင်းရဲ၏။
အရက်ဆိုင်တွင် အရက်သွားသောက်တိုင်း ကျသင့်
ငွေများကို သူငယ်ချင်းနှစ်ဦးကသာ အကုန်အကျခံလေ့
ရှိသည်။ နောင်ရိုးသည် သူ့သူငယ်ချင်းတွေ တိုက်သော
အရက်ကို အလကားမသောက်လိုချေ။ သူငယ်ချင်းများ
ကဘာမှမပြောကြသော်လည်း ပိုက်ဆံမရှိသောကြောင့်
သူငယ်ချင်းများထံကပ်သောက်နေရသော သူကိုယ်တိုင်
ကလိပ်ပြာမလုံဖြစ်နေသည်။
အရက်ဝိုင်းတစ်ခုတွင် နောင်ရိုးတို့သူငယ်ချင်းသုံးဦး
သည် စကားများကြလေ၏။ အကြောင်းမှာသရဲ၊ တစ္ဆေ
ယုံကြည်မှုနှင့်ပတ်သက်၍ အယုံအကြည်လုံးဝမရှိသော
နောင်ရိုးက ကျန်နှစ်ဦးပြောဆိုနေသည်ကို ဘုကန့်လန့်
တိုက်နေသောကြောင့်ဖြစ်ပါသည်။
” မင်းတို့ပြောတဲ့ တစ္ဆေ၊သရဲဆိုတာ ယုံတမ်းစကား
တွေပါကွာ။ ဘာမှကြောက်မနေကြနဲ့ ”
” ဟေ့ကောင်နောင်ရိုး မင်းအခြောက်မခံရဖူးတိုင်း
တကယ်မရှိဘူးမထင်နဲ့။ တစ္ဆေ၊သရဲဆိုတာ တကယ်ရှိ
တယ်ကွ ”
” ဟုတ်တယ် မင်းမယုံဘူးဆိုရင်လည်း တိတ်တိတ်
လေးနေပါလားကွာ။ ငါတို့နှစ်ယောက် ပြောနေတာကို
မနှောင့်ယှက်စမ်းပါနဲ့ ”
” ဒါကတော့မင်းတို့နှစ်ကောင် အရေမရအဖတ်မရ
စကားတွေပြောနေကြတာကိုကွာ ”
” သရဲအကြောင်းပြောတာကို အရေမရအဖတ်မရ
တွေပြောနေတယ်ဟုတ်လား။ သရဲ၊တစ္ဆေတကယ်ရှိမရှိ
ဆိုတာ မင်းနဲ့ ငါတို့နှစ်ယောက် အလောင်းအစားလုပ်
ကြမလား ”
” စိမ်လိုက်လေ ဘယ်လိုအလောင်းအစားမျိုးလဲ ”
” ဒီလိုလုပ်မယ်ကွာ။ ညဆယ့်နှစ်နာရီတိတိမှာ မင်း
တစ်ယောက်တည်း မဟူရာ စံအိမ်ကြီးထဲကိုဝင်ရမယ်။
ပြီးရင်စံအိမ်ကြီးထဲက အသုံးအဆောင်ပစ္စည်းတစ်ခုကို
ယူလာခဲ့ရမယ်။ တကယ်လို့ အခြောက်အလန့်မခံရပဲနဲ့
စံအိမ်ကြီးထဲမှာရှိတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုကို
ယူလာနိုင်ခဲ့မယ်ဆိုရင်မင်းနိုင်ပြီ။
အခြောက်အလန့်ခံရတယ်၊ အခြောက်အလန့်မခံရ
ဘူးဆိုတာကိုတော့ အဲ့ဒီအချိန်ကျရင် မင်းအသိဆုံးဖြစ်
မှာပါ။ မင်းငါတို့နှစ်ယောက်ကို လိမ်ညာမှာမဟုတ်ဘူး
လို့ငါတို့ယုံကြည်တယ်။ တကယ်လို့ မင်းနိုင်သွားခဲ့မယ်
ဆိုရင် တစ္ဆေသရဲအကြောင်း မင်းရှေ့မှာ တစ်သက်လုံး
မပြောတော့ဘူး။ ဘယ်လိုလဲသဘောတူလား ”
” လောင်းကြေးစားကြေးက နည်းများနည်းနေလား
လို့။ ဒီလိုလုပ်မယ်ကွာ။ တကယ်လို့ငါသာ သရဲ၊ တစ္ဆေ
အခြောက်အလန့်မခံရပဲ မဟူရာစံအိမ်ကြီးထဲက အသုံး
အဆောင်ပစ္စည်းတစ်ခုကို ယူလာနိုင်ခဲ့မယ်ဆိုရင် ငါတို့
အရက်သောက်တဲ့အချိန်တိုင်း ငါသောက်မဲ့အရက်ဖိုးကို
မင်းတို့နှစ်ယောက်ရှင်းပေးရမယ်။ တကယ်လို့ငါရှုံးသွား
ခဲ့မယ်ဆိုရင်တော့ မင်းတို့ခိုင်းသမျှလုပ်မယ်ကွာ ”
” မင်းပြောတဲ့လောင်းကြေးက မင်းအတွက် မမျှတ
ဘူးလို့ငါထင်တယ်။ အခုလည်းမင်သောက်တဲ့အရက်ဖိုး
ကို ငါတို့ပဲရှင်းပေးနေရတာလေ ”
” ငါ့ရဲ့ခံစားချက်ကို မင်းတို့မသိပါဘူးကွာ။ မင်းတို့
ဆီမှာချည်းပဲ ကပ်သောက်နေရတာ ငါလိပ်ပြာမလုံဘူး။
တကယ်လို့ဒီပွဲမှာ ငါနိုင်သွားခဲ့မယ်ဆိုရင် လောင်းကြေး
အဖြစ်တိုက်တာလို့သဘောထားပြီး စိတ်ဖြောင့်ဖြောင့်နဲ့
သောက်လို့ရသွားတာပေါ့ကွာ ဟဲဟဲ ”
” အေးပါဟုတ်ပါပြီ။ တကယ်လို့ မဟူရာစံအိမ်ကြီး
ထဲမှာ အခြောက်အလန့်မခံခဲ့ရဘူးဆိုရင် သောက်ချင်
တဲ့အချိန်တိုင်း အရက်အဝတိုက်မယ်ကွာ ”
ဤသို့ဖြင့်နောင်ရိုးသည် သူငယ်ချင်းနှစ်ယောက်နှင့်
အလောင်းအစားတစ်ခုပြုလုပ်ခဲ့လေသည်။

၃။
နောင်ရိုးသည် မဟူရာစံအိမ်ကြီးတွင် သရဲခြောက်
သည့်အကြောင်းသိရှိထားပြီးဖြစ်သည်။ နားစွန်းနားဖျား
ကြားဖူးသည်လည်းရှိသလို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော
သူက ပြန်ပြောပြသည်ကိုလည်းနားထောင်ခဲ့ရဖူးသည်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောသူမှာ ကိုထွန်းလင်းဖြစ်
သည်။ ကိုထွန်းလင်းသည် နောင်ရိုးတို့နှင့်သောက်ဖော်
သောက်ဖက်ဖြစ်ပါသည်။ ကိုထွန်းလင်းပြောပြသည်ကို
နောင်ရိုးမယုံကြည်ပါ။
ကိုထွန်းလင်းသည် မဟူရာစံအိမ်ကြီးထဲတွင် အဖိုး
တန်ပစ္စည်းများကို တွေ့ရလိုရငြား ဝင်ရောက်ခိုးယူရင်း
တစ္ဆေ၊ သရဲ ခြောက်လန့်ခြင်းကိုခံခဲ့ရသည်ဟုဆိုသည်။
ကိုထွန်းလင်းသည် သူခိုးတစ်ဦးဖြစ်သည့်အားလျော်စွာ
သူခိုးဉာဏ်သာရှိပေလိမ့်မည်။ သူ့စားကျက်ကိုအခြား
သူများဝင်မလုရဲအောင် ယုတိမရှိသော အလိမ်အညာ
စကားလုံးများဖြင့် ခြောက်လန့်နေခြင်းဖြစ်သည်ဟု ၎င်း
ကထင်မြင်နေသည်။
ကိုထွန်းလင်းပြောပြချက်အရ သူအခြောက်အလန့်
ခံခဲ့ရပုံမှာဤသို့ဖြစ်သည်။
လမိုက်ညတစ်ညတွင် ကိုထွန်းလင်းသည် မဟူရာ
စံအိမ်ကြီးအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
စံအိမ်ကြီး၏ခြံစည်းရိုးဆီသို့ရောက်သော် မလွယ်ပေါက်
မှခြံဝန်းထဲသို့ဝင်လာခဲ့သည်။
မဟူရာစံအိမ်ကြီးမှာ တစ္ဆေ၊ သရဲအခြောက်အလန့်
ကြမ်းသည်ဟု ကြားဖူးကြသောကြောင့် လူအများသည်
ညအချိန်သို့ရောက်ပြီဆိုလျှင် မဟူရာစံအိမ်ကြီးတစ်လုံး
တည်းတည်ရှိနေသော သည်နေရာသို့ မလာရဲကြတော့
ချေ။ သို့ဖြစ်ရာစံအိမ်ကြီးထဲသို့ ကိုထွန်လင်း ဝင်ရောက်
ခိုးယူနေသည်ကို မည်သူတစ်ဦးတစ်ယောက်မှ သိနိုင်
လိမ့်မည်မဟုတ်ပါ။ သို့ဖြစ်ပါသောကြောင့်ကိုထွန်းလင်း
သည် စိတ်လက်ပေါ့ပါးစွာဖြင့် တမင်တကာယူဆောင်
လာသော အားအနည်းငယ်သာကျန်တော့သည့်ဓာတ်ခဲ
ဖြင့်ထည့်ထားသောဓာတ်မီးကို အောက်စိုက်ထွန်းကာ
အထဲသို့ဝင်လာခဲ့သည်။
မဟူရာစံအိမ်ကြီး၏ ခြံဝန်းအကျယ်သည် တစ်ဧက
ခန့်ရှိပြီး သရက်၊ မကျည်းစသည့် သီးပင်စားပင်များက
ခြံ၏မြေနေရာအတော်များများကို နေရာယူထားသည်။
လူမနေသည်မှာကြာပြီဖြစ်သော်လည်း ခြံဝန်းအတွင်း၌
ခြုံနွယ်၊ ပိန်းပေါင်းများ ထူထပ်စွာပေါက်ရောက်နေခြင်း
မရှိဘဲ မကြာသေးမီကမှကြွေကျထားသော ရော်ရွက်ဝါ
နှင့် သစ်ရွက်ခြောက်များကိုသာတွေ့ရသည်။
” ဂ်လိ ”
မဟူရာ စံအိမ်ကြီးဆီသို့ရောက်ရန် ကိုက်နှစ်ဆယ်
ခန့်သာလိုတော့သည့်အချိန်တွင် သစ်ကိုင်းခြောက်ငယ်
တစ်ခုကို တက်နင်းမိသဖြင့်အသံထွက်ပေါ်လာခဲ့သည်။
ထိုအသံသည်ဆိတ်ငြိမ်နေသော ညအလယ်တွင် ကျယ်
လောင်စွာထွက်ပေါ်လာခဲ့သည်။
” အား…အား…အား ”
” အား…အား…အား ”
” အား…အား…အား ”
သစ်ကိုင်းကျိုးသံကြောင့် ကိုထွန်းလင်း၏အနားတွင်
မကျည်းပင်ပေါ်တွင် အိပ်တန်းတက်နေသည့် ကျီးကန်း
သုံးကောင်သည် စူးစူးဝါးဝါးအသံများဖြင့်အော်ဟစ်ကာ
ထပျံကုန်သည်။ ထိုကျီးကန်းသုံးကောင်၏ အသံကြောင့်
အခြားသောကျီးကန်းများလည်း ထပျံကုန်သည်။
သို့ဖြစ်ရာတိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေသော
မဟူရာစံအိမ်ကြီးသည် ပျံသန်းနေသော ကျီးကန်းတို့၏
အတောင်ပံခတ်သံ၊ စူးစူးဝါးဝါးအော်ဟစ်သံများကြောင့်
ဆူညံသွားလေသည်။ ကိုထွန်းလင်းသည် ဆူဆူညံညံ
အော်ဟစ်နေကြသော ကျီးကန်းများကို မသိကျိုးကျွန်ပြု
ကာ မဟူရာစံအိမ်ကြီးအနီးသို့ရောက်အောင် ခပ်သွက်
သွက်ချဉ်းကပ်လာခဲ့သည်။
နောက်ထပ်ဆယ်ကိုက်ခန့်မျှ ထပ်လျှောက်ပြီးသည့်
အခါ သစ်ပင်ကြီးများမရှိတော့ဘဲ မည်းမှောင်နေသော
တိုက်အိမ်ကြီးတစ်အိမ်အားမြင်တွေ့လိုက်ရလေသည်။
ထိုတိုက်အိမ်ကြီးသည် မဟူရာစံအိမ်ကြီးသာလျှင်ဖြစ်ပါ
သည်။ ရေနံချေးကဲ့သို့သော အနက်ရောင်ဆေးတစ်မျိုး
ဖြင့်သုတ်ထားသဖြင့် စံအိမ်ကြီးမှာ ထိုကဲ့သို့မည်းမှောင်
နေခြင်းဖြစ်သည်။
ကိုထွန်းလင်းသည် ဆွေးမြေ့ပျက်စီးနေပြီဖြစ်သော
ပြတင်းပေါက်တစ်ပေါက်မှ စံအိမ်ကြီးထဲသို့ ဝင်ရောက်
လာခဲ့သည်။ အထဲသို့ရောက်သောအခါ ကိုထွန်းလင်း
လက်နှိပ်ဓာတ်မီးဖြင့် ဝိုက်ပတ်ထွန်းကြည့်လိုက်သည်။
ထိုအခါသူဝင်လာသောအခန်းသည် မီးဖိုချောင်ဖြစ်မှန်း
သိလိုက်ရာလေသည်။
အခန်းထဲတွင် မီးဖိုချောင်သုံးပစ္စည်းများကို အတိုင်း
သားတွေ့နေရပြီး အချို့သောပစ္စည်းများမှာ ဆွေးမြေ့
ကုန်ပြီဖြစ်သည်။ ကိုထွန်းလင်းသည် အဖိုးတန်ပစ္စည်း
များကိုမတွေ့ရသဖြင့် အခြားအခန်းများသို့ဝင်ကြည့်ရန်
အတွင်းပိုင်းတံခါးပေါက်မှ မီးဖိုချောင်ထဲက ထွက်လာခဲ့
သည်။
မီးဖိုချောင်ထဲက ထွက်လာသည့်အချိန် ၎င်း၏မျက်စိ
ရှေ့တွင် အရိပ်မည်းတစ်ခုဖြတ်ပြေးသွားသည်ကို တွေ့
လိုက်ရလေသည်။ အမြင်မှားသည်အထင်ဖြင့် မျက်လုံး
နှစ်ဖက်ကို လက်ဖြင့်ပွတ်ကြည့်လိုက်ရာ ထိုအရိပ်မည်း
ကိုမတွေ့ရတော့ချေ။
ထိုကြောင့်ကိုထွန်းလင်းက အမြင်မှားတာဖြစ်မည်
ဟုတွေးကာ အောက်ထပ်ကအခြားသောအခန်းများကို
ဝင်မကြည့်တော့ဘဲ ဆွေးမြေ့ခြင်းမရှိသေးသော ကျွန်း
လှေကားကြီးဖြင့်အပေါ်ထပ်သို့တက်လာခဲ့သည်။
ကျွန်းလှေကားထိပ်သို့ရောက်သည်နှင့်တစ်ပြိုင်နက်
မိန်းကလေးတစ်ဦးငိုကြွေးနေသောအသံကို ကြားလိုက်
ရလေသည်။
ငိုကြွေးသံအား စတင်ကြားလိုက်ရသည့်အချိန်တွင်
ကိုထွန်းလင်းသည် အနည်းငယ် ထိတ်လန့်သွားသော်
လည်း ငိုကြွေးသံသည် မိန်းကလေးတစ်ဦး၏ ငိုကြွေးသံ
ပင်ဖြစ်သောကြောင့် အကြောင်းတစ်ခုခုကြောင့် စံအိမ်
ကြီးထဲတွင် တစ်ဦးတည်းလာရောက်ငိုကြွေးနေခြင်းဖြစ်
မည်ဟုတွေးကာ အသေအခါနားစွင့်ရင်း ငိုသံကြားရာ
ဆီသို့ ခြေသံလုံလုံဖြင့်လျှောက်လာခဲ့သည်။
နောက်ဆုံး၌ကိုထွန်းလင်းသည် လသာဆောင်တွင်
ထိုင်နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရလေ
သည်။ ထိုမိန်းကလေးမှာ အနီရောင်ဂါဝန်ကို ဝတ်ဆင်
ထားပြီး ကောင်းကင်ပေါ်သို့ငေးကြည့်၍ ရှိုက်ကြီးတငင်
ငိုကြွေးနေ၏။
ကိုထွန်းလင်းသည် တစ္ဆေ၊သရဲများမှာကြောက်မက်
ဖွယ်ကောင်းသော ရုပ်အဆင်းရှိကြသည်ဟု ယုံကြည်
သောကြောင့် ထိုမိန်းကလေးသည် လူအစစ်ဖြစ်သည်
ဟုအတပ်ထင်နေသည်။ ထိုကြောင့်ထိုမိန်းကလေးအား
စကားစတင်ပြောဆိုလိုက်သည်။
” ဟေ့မိန်းကလေး ဒီလိုနေရာမျိူးမှာ ဘာဖြစ်လို့များ
တစ်ယောက်တည်းလာငိုနေရတာလဲ ”
ထိုမိန်းကလေးသည် ကိုထွန်းလင်း၏မေးခွန်းအား
ပြန်လည်ဖြေကြားခြင်းမရှိပါ။ သူ(မ)သည်ကိုထွန်းလင်း
ကိုလှည့်ပင်မကြည့်ပါ။
” ဟေ့မိန်းကလေး မေးနေတယ်လေ။ သွားအိမ်ပြန်
တော့။ မင်းမိဘတွေစိတ်ပူနေလိမ့်မယ် ”
ကိုထွန်းလင်းသည် အရက်သမား သူခိုးဂျပိုးတစ်ဦး
ဖြစ်သော်လည်း သူတစ်ပါးသားမယားကိုပစ်မှားလိုစိတ်
လုံးဝမရှိပါ။ ထိုစကားများသည်သူ့ရင်တွင်းမှ ထွက်ပေါ်
လာသောအစစ်အမှန်စကားလုံးများဖြစ်သည်။
မိန်းကလေးသည် ကိုထွန်းလင်းကိုလှည့်ပင်မကြည့်
ချေ။ သို့ဖြစ်ရာကိုထွန်းလင်းသည် အနည်းငယ်သံသယ
ဝင်လာခဲ့၏။ ထိုအချိန်အမျိုးသမီးတစ်ဦးက တွေ့လိုက်ရ
လေသည်။ ထိုအမျိုးသမီးကြီးသည် ကိုထွန်းလင်းအား
မြင်ဟန်မတူဘဲ လသာဆောင်က ဝရန်တာနံဘေးတွင်
ထိုင်ငိုနေသော မိန်းကလေးကိုသာ သဲမဲပြီးဆဲဆိုနေ၏။
” ဟိုကောင်မ ဘာဖြစ်လို့အဲ့ဒီလောက်ထိကို ငိုနေ
ရတာလဲ။ တိတ်စမ်း ကျက်သရေကိုမရှိဘူး ”
မိန်းကလေးမှာတုတ်တုတ်ပင်မလှုပ်ချေ။
” ပြောနေတယ်လေ မကြားဘူးလား။ အခုချက်ချင်း
တိတ်စမ်း။ ငါ့အိမ်မှာကျက်သရေယုတ်တယ်။ ငိုချင်ရင်
နင့်အိမ်မှာသွားပြန်ငို ”
ထိုအချိန်ထိမိန်းကလေးသည် တုတ်တုတ်ပင်မလှုပ်
ချေ။ ထိုကြောင့်အမျိုးသမီးကြီးသည် အလွန်အမင်းစိတ်
တိုဒေါသထွက်သွားဟန်တူပြီး မိန်းကလေးဆီသို့ ပြေး
သွားသည်။ ထိုနောက်မိန်းကလေးကို ကုလားထိုင်ပေါ်
အားဖြင့်တွန်းချလိုက်သည်။
ကံဆိုးစွာဖြင့်ကုလားထိုင်ပေါ်က ပြုတ်ကျသွားသည့်
အချိန် မထိန်းချုပ်နိုင်သောအရှိန်ကြောင့် ဝရန်တာတွင်
ကာရံထားသော သစ်သားချောင်းများသည် ကျိုးပဲ့သွား
ကြကုန်ပြီး မိန်းကလေးသည်လည်း ဝရန်တာကိုလွန်၍
အောက်သို့ပြုတ်ကျသွားလေသည်။
” ဟာ ကျပြီ ကျပြီ ကျသွားပြီ ”
ထိတ်လန့်သွားသဖြင့် ကိုထွန်းလင်းသည် ထိုကဲ့သို့
ယောင်၍အော်လိုက်မိသည်။ ထိုအချိန်မှအမျိုးသမီးကြီး
သည် သူ(မ)နံဘေးတွင်ရပ်နေသော ကိုထွန်းလင်းအား
သတိထားမိသွားဟန်တူသည်။
” နင်ကရော ငါ့အိမ်ကိုဘာလာလုပ်တာလဲ ”
ကြောင်၍ရပ်ကြည့်နေသော ကိုထွန်းလင်း စကား
တစ်ခွန်းမှပြန်မပြောသေးခင် အမျိုးသမီး၏ မျက်လုံးများ
သည် တဖြည်းဖြည်းနီရဲတောက်ပလာခဲ့ပြီး မျက်နှာသွင်
ပြင်ကလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။
နောက်ဆုံး၌အမျိုးသမီးကြီး၏ မျက်နှာသွင်ပြင်သည်
ကြောက်မက်ဖွယ်ကောင်းသော အသွင်ဖြစ်သွားသည်။
ခဏတုန်းကရှည်လျားပြီးနက်မှောင်နေသော ဆံပင်များ
များလည်း ကျိုးတိုကျဲတဲသာကျန်တော့သည်။ ထိုအခါမှ
အမျိုးသမီးကြီးသည် တစ္ဆေ၊ သရဲဖြစ်မှန်းသိလိုက်ရလေ
သည်။ ထိုကြောင့်ကိုထွန်းလင်းသည် သရဲမနှင့်ဝေးရာ
သို့ ထွက်ပြေးရန်ဟန်ပြင်လိုက်၏။ သို့သော်နောက်ကျ
သွားချေပြီ။ ဒေါသထွက်နေသော သရဲမသည် သူ(မ)၏
ရှည်လျားသောလက်နှစ်ဖက်ဖြင့် ကိုထွန်းလင်း၏ လည်
ပင်းကိုညစ်ထားပြီးဖြစ်သည်။
သရဲမမှာ အလွန်အင်မတန် အားသန်သောကြောင့်
ကိုထွန်းလင်းသည် ရုန်းကန်နိုင်ခြင်းမရှိချေ။ အားကုန်
သုံးပြီး လွတ်မြောက်နိုင်အောင် ကြိုးစားပါသော်လည်း
အချည်းနှီးသာဖြစ်သည်။ ၎င်း၏လည်ပင်းကို တင်းကျပ်
စွာညစ်ထားသော သရဲမ၏လက်ကိုဖယ်ခြားနိုင်ခြင်းမရှိ
ချေ။ အချိန်အနည်းငယ်ကြာသော် လည်ပင်းအစ်လာပြီး
အသက်ရှူကျပ်လာခဲ့လေသည်။
” ဟား…ဟား…ဟား ”
သရဲမသည်သူ့လုပ်ရပ်ကြောင့် အခြားတစ်ယောက်
နာကျင်နေသည့်အဖြစ်ကို မြင်ရသော် ကျေနပ်အားရစွာ
ရယ်မောနေလေ၏။
ကောင်းမှုကုသိုလ်ကံ အနည်းငယ်ရှိနေသေးသဖြင့်
သေကံမပါသေးသော ကိုထွန်းလင်းသည် နောက်ဆုံး
ဆုံးတွင် ဘုရားစာရွတ်ရန်သတိရလာခဲ့သည်။ သို့ဖြစ်ပါ
သောကြောင့်မှတ်မိသမျှဘုရားရှိခိုးစာများကို စိတ်ထဲက
ရွတ်ဖတ်လိုက်သည်။
ထိုအခါ၎င်းလည်ပင်းကို ညစ်ထားသော သရဲမ၏
လက်သည် တဖြည်းဖြည်းပြေလျော့သွားပြီး နောက်ဆုံး
တွင် လုံးဝလွတ်သွားလေသည်။ သရဲမ၏ပါးစပ်မှလည်း
ငြီးညူသံများထွက်ပေါ်လာသည်။ ထိုနောက်တွင်တော့
သရဲမသည်မီးခိုးငွေ့များသဖွယ် လွင့်မျောပျောက်ကွယ်
သွားလေတော့သည်။
ကိုထွန်းလင်းသည် ခြောက်ခြားဖွယ်ကောင်းသော
မဟူရာစံအိမ်ကြီးထဲတွင် ဆက်နေရန်မဝံ့ရဲတော့သဖြင့်
အောက်ထပ်သို့ ဆင်းပြေးလာခဲ့သည်။ ကျွန်းလှေကား
ဆီသို့ရောက်သော် လသာဆောင်မှ ပြုတ်ကျသွားသော
မိန်းကလေးသည် အကောင်းအတိုင်းပင်အပေါ်ထပ်သို့
တက်လာနေသည်ကို တွေ့လိုက်ရလေသည်။
ထိုမိန်းကလေးသည်လည်း သရဲမသာလျှင်ဖြစ်မှန်း
သိလိုက်ရ၏။ သရဲမသည် ကျွန်းလှေကားကြီးအတိုင်း
အပေါ်ထပ်သို့တဖြည်းဖြည်းတက်လာခဲ့သည်။ မကြာမီ
သူတို့နှစ်ဦးမှာ သုံးပေခန့်သာကွာဝေးတော့ပြီး မျက်နှာ
ချင်းဆိုင်အနေအထားသို့ရောက်သွားလေသည်။
ကိုထွန်းလင်းသည် ထွက်ပြေးလျှင်လည်းလွတ်မည်
မဟုတ်မှန်း သိနေသောကြောင့် အသင့်အနေအထား
ဖြင့် အခြေအနေကိုစောင့်နေ၏။
သရဲမသည် ကိုထွန်းလင်းကို ဂရုမစိုက်ဘဲ အပေါ်
ထပ်သို့သာ တန်းတန်းမတ်မတ် တက်သွားလေသည်။
၎င်းအားကျော်တက်သွားသည့်အချိန်ကျမှ ကိုထွန်းလင်း
သည် သက်ပြင်းချနိုင်တော့၏။
ကိုထွန်းလင်သည် အဖိုးတန်ပစ္စည်းများအား ဆက်
လက်ရှာဖွေရန် စိတ်မကူးတော့ဘဲ မဟူရာစံအိမ်ကြီးထဲ
က ခပ်သွက်သွက်ပင် ပြေးထွက်လာခဲ့သည်။
စံအိမ်အပြင်သို့ရောက်သော် ဆူဆူညံညံအော်ဟစ်
နေသောကျီးကန်းများသည် ၎င်းအားထိုးဆိတ်ရန် ဆင်း
လာခဲ့ကြသည်။ ကျီးကန်သုံးလေးကောင်ခန့် ဝိုင်းဆိတ်
သဖြင့် ကိုထွန်းလင်း၏ကျောပြင်သည် ပူစပ်နာကျင်လာ
သည်။ နားကျင်မှုကိုအောင့်အီးသည်းခံကာ ခြံအပြင်သို့
ရောက်အောင် သွက်သွက်ကလေးပြေးလာခဲ့သည်။
နောက်ဆုံးတွင်ကိုထွန်းလင်းသည် မလွယ်ပေါက်မှ
တစ်ဆင့် ခြံဝန်းအပြင်သို့ပြေးထွက်လာခဲ့သည်။ ခြံဝန်း
အပြင်သို့ရောက်သော် ဒေါသတကြီးလိုက်ဆိတ်နေကြ
သော ကျီးကန်းတို့သည် ဆက်မလိုက်ဆိတ်ကြတော့ဘဲ
ပြန်လည်ဆုတ်ခွာသွားကြလေသည်။
ကျီးကန်းတို့ကဝိုင်းဆိတ်ထားသဖြင့် သွေးသံရဲရဲဖြစ်
နေသောကိုထွန်းလင်းသည် သရဲခြောက်သော မဟူရာ
စံအိမ်ကြီးနှင့်ဝေးရာဆီသို့ ခပ်သွက်သွက်ထွက်ပြေးလာ
ခဲ့လေသည်။

၄။
ကိုထွန်းလင်း၏ ကျောပြင်တွင် ကျီးကန်းဆိတ်ထား
သည့် ဒဏ်ရာများကိုတွေ့နေရသည်။ သို့သော်နောင်ရိုး
သည် စားရဂွင်ကောင်းကောင်းတွေ့ထားသောကြောင့်
အသားအနာခံကာ လိမ်ဆင်ထားခြင်းဖြစ်သည်ဟု ထင်
နေသည်။
မည်သို့ပင်ဆိုစေ နောင်ရိုးသည် မဟူရာစံအိမ်ကြီး
ထဲသို့ ဝင်ရောက်ရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။ နောက်
တစ်နေ့ညနေခင်းတွင် နောင်ရိုးသည် သူ၏သူငယ်ချင်း
နှစ်ဦးနှင့် အရက်ဆိုင်တွင် ထပ်မံဆုံတွေ့လေသည်။
အရက်ဝိုင်းတွင် သူငယ်ချင်းနှစ်ဦးက မဟူရာစံအိမ်
ကြီးဆီသို့မတားရန်တားမြစ်ကြလေသည်။
” မနေ့ညတုန်းက ငါတို့မူးနေလို့ ပြောလိုက်မိတာပါ
ကွာ။ မင်းမသွားရင်လဲ မင်းအရက်သောက်နေသရွေ့
ငါတို့ပဲတိုက်ပါ့မယ်။ ကိုထွန်းလင်းလိုတော့ မင်းကိုမကြုံ
စေချင်ဘူးကွာ။ နော်နောင်ရိုး မသွားပါနဲ့ ”
” ဟုတ်သားပဲနောင်ရိုးရာ။ ငါတို့အရှုံးပေးပါတယ်။
မင်းသွားစရာမလိုတော့ဘူး။ မင်းနိုင်သွားပါပြီ ”
အရင်းနှီးဆုံးသူငယ်ချင်းနှစ်ဦးက ဤသို့ပြောဆိုကြ
လေရာ နောင်ရိုးသည် ကျေနပ်စွာပြုံးရယ်ကာ_
” မင်းတို့စေတနာကိုငါနားလည်ပါတယ်။ ဒါပေမယ့်
ငါဆုံးဖြတ်ပြီးသွားပြီ။ ဒီညငါအဲ့ဒီမဟူရာစံအိမ်ကြီးထဲကို
ဝင်မယ်။ ငါအတွက်ဘာမှစိတ်မပူပါနဲ့ကွာ။ တစ္ဆေ၊ သရဲ
ဆိုတာ ဝတ္ထုစာအုပ်တွေထဲမှာပဲရှိတာကွ။ ဘာပဲဖြစ်ဖြစ်
ဒီညငါမဟူရာစံအိမ်ကြီးထဲကိုဝင်မယ် ”
နောင်ရိုး၏ပြတ်သားလှသော ဆုံးဖြတ်ချက်ကြောင့်
နောက်ဆုံး၌ သူ့သူငယ်ချင်းနှစ်ဦးမှာ လက်လျော့လိုက်
ရလေတော့သည်။

၅။
ညကိုးနာရီထိုးခါနီး အချိန်သို့ရောက်သော် နောင်ရိုး
သည် မြို့ပြင်သို့တစ်ဦးတည်ထွက်လာခဲ့သည်။ မြို့ပြင်
သို့ရောက်သောအခါ မဟူရာစံအိမ်ကြီးဆီသို့ ဦးတည်၍
ထွက်ခွာလာခဲ့သည်။
လပြည့်ညရောက်ရန် နှစ်ရက်သာ လိုတော့သဖြင့်
သဖြင့် လမင်းကြီးကဝိုင်းစက်ပြီးထိန်ထိန်သာနေသည်။
လရောင်ဖြာကျနေသဖြင့် ယူဆောင်လာသောလက်နှိပ်
ဓာတ်မီးကိုပင် အသုံးပြုရန်မလိုချေ။
နောင်ရိုးသည် ခပ်သွက်သွက် လျှောက်လာခဲ့လေ
ရာ မဟူရာစံအိမ်ကြီးဆီသို့ရောက်လာခဲ့၏။ ၎င်းသည်
လည်း ကိုထွန်းလင်ကဲ့သို့ပင် မလွယ်ပေါက်မှတစ်ဆင့်
ခြံဝန်းထဲသို့ဝင်လာခဲ့သည်။
တစ်လမ်းလုံးလျှောက်လာစဉ်က ဘာမှမခံစားရဘဲ
မဟူရာစံအိမ်ကြီး၏ ခြံဝန်းထဲသို့ရောက်သွားသည့်အခါ
မှ တစ်ကိုယ်လုံးအေးစိမ့်လာခဲ့လေသည်။
နောင်ရိုးသည် သစ်ပင်ကြီးများ အုပ်ဆိုင်းနေသော
ကြောင့် အေးစိမ့်လာခြင်းဖြစ်မည်ဟုတွေးကာ အထဲသို့
ဆက်လျှောက်လာခဲ့သည်။ ခြေသံလုံလုံလျှောက်လာခဲ့
ရာ မည်သည့်အသံကိုမှကြားရခြင်းမရှိဘဲ အပ်ကျကိုပင်
ကြားရလောက်အောင်တိတ်ဆိတ်နေသည်။
သစ်ပင်ကြီးများကို ခပ်သွက်သွက် ဖြတ်ကျော်လာခဲ့
ရာ မဟူရာစံအိမ်ကြီးကို ‘ဘွားခနဲ’ မြင်တွေ့လိုက်ရလေ
သည်။ မြို့ထဲကကြည့်လျှင် မြင်ရသည့်အတိုင်း မဟူရာ
စံအိမ်ကြီ၏အုတ်နံရံသည် မည်းမှောင်နေ၏။ သို့ဖြစ်ရာ
ညအချိန်တွင် တစ္ဆေတစ်ကောင်ထိုင်နေသည့်ပမာ သိပ်
ကိုခြောက်ခြားဖွယ်ကောင်းနေ၏။
နောင်ရိုးကမူလုံးဝမတုန်လှုပ်ချေ။ မကြောက်ဘူးဟု
ဆိုသော်လည်း စံအိမ်ကြီး၏ ရှေ့သို့ရောက်သောအခါ
ကြက်သီးမွေးညင်းများက တဖျန်းဖျန်းထလာခဲ့သည်။
နောင်ရိုးသည် ထိုအဖြစ်ကိုဂရုမစိုက်ဘဲ စံအိမ်ကြီး
ထဲသို့ ဝင်ရောက်ရန်သာစိတ်ကူးနေ၏။ အထဲသို့ဝင်နိုင်
ရန် အပေါက်တွေ့လိုတွေ့ငြား စံအိမ်ကြီးကို တစ်ပတ်
ပတ်ကြည့်သည်။ အိမ်တစ်ပတ်မပြည့်မီ ခြတက်သဖြင့်
ဆွေးမြေ့နေပြီဖြစ်သော ပြတင်းပေါက်တစ်ခုကို တွေ့
လိုက်ရလေသည်။
ထိုပြတင်းပေါက်မှတစ်ဆင့် မဟူရာစံအိမ်ကြီးထဲသို့
ဝင်လာခဲ့၏။ အထဲသို့ရောက်သော် လရောင်မရှိသဖြင့်
ယူဆောင်လာသောဓာတ်မီးအား ထုတ်သုံးရလေတော့
သည်။ နောင်ရိုးသည် ဘေးပတ်ပတ်လည်ကို ဓာတ်မီး
ဖြင့် ထိုးကြည့်လိုက်သည်။ ထိုအခါသူရောက်နေသော
နေရာမှာ စာဖတ်ခန်း(သို့မဟုတ်) စာကြည့်ခန်းဖြစ်မှန်း
သိလိုက်ရသည်။ အကြောင်းမှာ အခန်းတစ်ခုလုံးတွင်
စာအုပ်စင်အချို့နှင့် စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး
ကိုသာတွေ့ရသောကြောင့်ဖြစ်ပါသည်။
စာအုပ်စင်များပေါ်တွင်တော့ စာအုပ်အများအပြား
ကိုတွေ့လိုက်ရလေသည်။ ထိုစာအုပ်များသည် အရက်
သမားပင်ဖြစ်သော်လည်း စာဖတ်ရတာ အလွန်ဝါသနာ
ပါသောနောင်ရိုးကို အမျိုးမျိုးဆွဲဆောင်နေ၏။ သို့ဖြစ်ရာ
နောင်ရိုးသည် စာအုပ်တစ်အုပ်ကိုယူ၍ အနည်းငယ်မျှ
ဖတ်ရှုကြည့်နေ၏။
ထိုအချိန်စာကြည့်ခန်းတံခါးသည် အလိုလိုပွင့်လာခဲ့
သည်။ ရုတ်တရက်ကြုံလိုက်ရသည့်အခါ နောင်ရိုးသည်
ထိတ်လန့်သွားလေသည်။ သို့သော်စိတ်ထိန်းကာ ဖတ်
လက်စစာအုပ်အား စာအုပ်စင်ပေါ်တွင် ပြန်ချထားကာ
တံခါးပေါက်ဆီ လျှောက်လာခဲ့သည်။ တံခါးပေါက်ဆီသို့
ရောက်သော် ဘေးပတ်ပတ်လည်အား သေချာကြည့်ရှု
လိုက်သည်။
လှုပ်ရှားမှုကိုမတွေ့ရဘဲ တစ်အိမ်လုံးငြိမ်သက်နေ
သည်။ နောင်ရိုးသည် အခြားသောအခန်းများကို စူးစမ်း
လိုစိတ်ဖြစ်လာသောကြောင့် စာကြည့်ခန်းထဲက ထွက်
လာခဲ့သည်။
ဧည့်ခန်းသို့ရောက်သော် မြင်လိုက်ရသည့်မြင်ကွင်း
များက နောင်ရိုးကို လုံးဝအံ့ဩမှင်သက်သွားစေသည်။
ဧည့်ခန်းပတ်ပတ်လည်တွင် လက်ရာမြောက် ပန်းပုရုပ်
များကအသက်ဝင်စွာတည်ရှိနေကြ၏။ ရှေ့ခေတ်အဖိုး
တန်ပစ္စည်းများကိုလည်းစုံလင်စွာတွေ့နေရသည်။
ထိုအဖိုးတန်ပစ္စည်းများကို တွေ့လိုက်ရသည့်အခါ
နောင်ရိုးစိတ်ထဲတွင် လိုချင်တက်မက်သည့်စိတ်များဖြစ်
ပေါ်လာခဲ့သည်။ သို့သော်နောင်ရိုးသည် ထိုစိတ်များကို
ထိန်းချုပ်လိုက်၏။
အရက်သမားတစ်ဦးဖြစ်လင့်ကစား နောင်ရိုးသည်
သူတစ်ပါးပစ္စည်းအား ခိုးယူလိုစိတ်လုံးဝမရှိပါ။ မဟူရာ
စံအိမ်ကြီးထဲသို့ ရောက်ခဲ့ကြောင်း သက်သေပြနိုင်ရန်
ယူဆောင်သွားမည့် အဖိုးတန်ပစ္စည်ကိုလည်း နောက်
တစ်နေ့နံနက်တွင်ပြန်လာပို့မည်ဟု အစောကတည်းက
ဆုံးဖြတ်ထားပြီးဖြစ်သည်။

၆။
ဧည့်ခန်းထဲ၌ပန်းပုရုပ်တုများကို ငေးကြည့်နေသည့်
အချိန် ၎င်းမျက်စိရှေ့တွင် အရိပ်ဖြူတစ်ခုဖြတ်ပြေးသွား
သည်ကို သတိထားမိလိုက်သည်။ သို့သော်အဖြူရောင်
အရိပ်ကိုမြင်တွေ့လိုက်ရသည်မှာ တစ်စက္ကန့်ပင် မကြာ
လိုက်ချေ။ ထိုအရိပ်သည် ရုတ်ချည်းပျောက်ကွယ်သွား
လေသည်။
ထိုအချိန်မှာမိန်းကလေးတစ်ဦး၏ ကျေနပ်အားရစွာ
ရယ်မောနေသော ရယ်သံအား စတင်ကြားလိုက်ရလေ
သည်။ ရယ်သံသည် အိမ်အောက်ထပ်က အခန်းတစ်ခု
တွင်ကြားနေရခြင်းဖြစ်သည်။ လူမနေသောအိမ်ထဲတွင်
ရယ်မောသံကိုကြားလိုက်ရသဖြင့် လွန်စွာမှအံ့ဩသွား
သွားလေသည်။
သို့သော်တစ္ဆေ၊သရဲ ပရလောကသားများရှိသည်ကို
လုံးဝအယုံအကြည်မရှိသော နောင်ရိုးသည် လူတစ်ဦး
ပင်ဖြစ်မည်ဟုမှတ်ချက်ချလိုက်သည်။ ကျေနပ်အားရစွာ
ရယ်မောနေသောမိန်းကလေးသည် မည်သူဖြစ်မည်ကို
သိလိုသဖြင့်နောင်ရိုးသည် ရယ်မောသံကြားနေရသည့်
အခန်းဆီသို့လျှောက်လာခဲ့သည်။
အခန်းရှေ့သို့ရောက်သောအခါ အခန်းတံခါးသည်
စေ့ရုံ စေ့ထားသည်ကိုတွေ့လိုက်ရလေသည်။ နောင်ရိုး
သည် အနည်းငယ်ဟနေသောတံခါးရွက်ကြားမှ အခန်း
ထဲသို့ချောင်းကြည့်လိုက်သည်။
ထိုအခါစားပွဲခုံနံဘေးက ကုလားထိုင်ပေါ်တွင် ထိုင်
နေသော မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရလေသည်။
ထိုမိန်းကလေးမှာ ကျေနပ်အားရစွာ ရယ်မောနေသော
မိန်းကလေးပင်ဖြစ်သည်။
တစ်စုံတစ်ခုကိုသတိထားမိဟန်ဖြင့် ထိုမိန်းကလေး
သည် နောင်ရိုးရပ်နေသောတံခါးပေါက်ဆီ လှည့်ကြည့်
လာခဲ့သည်။ မိန်းကလေးသည် တံခါးရွက်နှစ်ခုကြားမှ
နောင်ရိုးကိုမြင်တွေ့သွားဟန်တူပါသည်။
နောင်ရိုးသည်လည်း မိန်းကလေး၏မျက်နှာကို မြင်
တွေ့လိုက်ရလေသည်။ မိန်းကလေး၏ အသားအရည်
မှာ ပန်းနုရောင်သန်းပြီး ဆံနွယ်တို့ကလည်း ရှည်လျား
နက်မှောင်နေသည်။
မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်းသားတို့ကလည်း ပြော
စရာမလိုအောင် လှပလွန်းသည်။ အားလုံးကိုခြုံငုံကြည့်
လျှင် အလှပဆုံးစာရင်းထဲတွင်ပါဝင်သော မိန်းကလေး
ဖြစ်ပါသည်။
နောင်ရိုးကိုမြင်သော် မိန်းကလေးသည် ထိုင်နေရာ
မှ မတ်တပ်ထရပ်လာခဲ့သည်။ ထိုနောက်နောင်ရိုးဆီသို့
လျှောက်လာခဲ့သည်။ သရဲ၊တစ္ဆေများကို အယုံအကြည်
မရှိ၊ ကြောက်လန့်ခြင်းမရှိသော်လည်း ထိုမိန်းကလေး
ထိတ်တိုက်ရင်ဆိုင်ရန် ကြောက်လန့်ရင်လေးနေသည်။
သို့ဖြစ်ပါသောကြောင့်သူ(မ)နှင့် ထိတ်တိုက်မတွေ့
ရလေအောင် အဝေးသို့ရှောင်တိမ်းရန်စိတ်ကူးမိသည်။
သို့သော်နောက်ကျသွားလေပြီ။ သူ(မ)သည် နောင်ရိုး
အနားသို့ရောက်လာခဲ့ပြီဖြစ်သည်။
” ရှင်ဘယ်သူလဲ။ ဘာဖြစ်လို့ဒီကိုလာခဲ့တာလဲ ”
” ကျုပ်…ကျုပ်…ကျုပ် ”
သူ(မ)၏မေးခွန်းကြောင့် နောင်ရိုးသည် လွန်စွာမှ
အံ့ဩသွားသဖြင့် ကြောင်တောင်တောင် ဖြစ်သွားလေ
သည်။
” မေးနေတယ်လေ ရှင်ဘယ်သူလဲလို့ ”
” ကျုပ်…ကျုပ်နာမည်နောင်ရိုး ”
” ဒီကိုဘာလာလုပ်တာလဲ ”
သူ(မ)၏မေးခွန်းကို နောင်ရိုးပြန်မဖြေနိုင်ချေ။
” အစ်ကို့မိတ်ဆွေများလား ”
ဘာပြန်ပြောရမှန်း မသိသောနောင်ရိုးသည် သူ(မ)
အား ခေါင်းငြိမ့်ပြလိုက်သည်။
” စောစောကတည်းက အစ်ကို့မိတ်ဆွေလို့ပြောပါ
လားရှင်။ အားနာစရာတွေဖြစ်ကုန်ပါပြီ။ အစ်ကိုတော့
အိမ်မှာမရှိဘူးရှင့်။ ရှမ်းပြည်ဖက်ကို ခရီးထွက်သွားတာ
တစ်ပတ်ကျော်နေပြီ ”
သူ(မ)တစ်ဦးတည်းက မနားတမ်းပြောဆိုနေသော
ကြောင့် နောင်ရိုးသည် ဘာမှပြန်ပြောနိုင်ခြင်းမရှိသေး
ပါ။ ထိုအချိန်အမျိုးသမီးကြီးတစ်ဦး အိမ်အပေါ်ထပ်က
ဆင်းလာသည်။ အမျိုးသမီးကြီး၏မျက်နှာသည် အလွန်
တင်းမာနေ၏။ နောင်ရိုးအား ဝါးစားမတတ်ကြည့်ရှုနေ
၏။
” ဟဲ့ကောင်မ ဒီအချိန်ကြီး ဘယ်လင်ငယ်နဲ့ စကား
ပြောနေတာလဲ။ နင့်မှာလင်ရှိတယ်ဆိုတာကိုသတိရဦး။
အေးပေါ့လေ နင်လိုအောက်တန်းစားမိန်းမက အောက်
တန်းစားအကျင့်စာရိတ္တရှိနေတာမဆန်းပါဘူး ”
” ဘာမှမသိပဲနဲ့ ကျွန်မကိုမစွတ်စွဲပါနဲ့။ ကိုနောင်ရိုး
က အစ်ကို့သူငယ်ချင်းပါ ”
” လက်ပူးလက်ကျပ်မိတာတောင် ငြင်းချင်နေသေး
တယ်။ ငါ့သားသူငယ်ချင်းတွေအကုန်လုံးငါသိတယ်ဟဲ့။
ငါ့သားသူငယ်ချင်းတွေထဲမှာ နင့်အကောင်မပါဘူး ”
သူတို့နှစ်ဦးအပြန်အလှန်ပြောဆိုနေကြသည့်အချိန်
နောင်ရိုးသည် ဘာမှပြန်မပြောနိုင်ပါ။ ကြောင်၍ရပ်နေ
မိသည်။ နောင်ရိုးသည် ကိုထွန်းလင်းပြောပြထားသော
အကြောင်းအရာများကိုပြန်သတိရလာခဲ့သည်။
တစ္ဆေ၊ သရဲအယုံအကြည်မရှိသော နောင်ရိုးသည်
အနည်းငယ်သံသယဝင်လာခဲ့၏။ သို့သော်သူတို့နှစ်ဦး
သည် သာမန်အတိုင်းသာ ပြောဆိုငြင်းခုန်နေကြသော
ကြောင့် ကိုထွန်းလင်းသည် တကယ့်လူအစစ်များအား
တစ္ဆေ၊ သရဲအဖြစ်ထင်မြင်နေခြင်းဖြစ်မည်ဟု မှတ်ချက်
ချလိုက်သည်။
နောင်ရိုးသည် အမျိုးသမီးနှစ်ဦးကို ပြန်၍ပြေလည်
သွားစေလိုသည်။ ထိုကြောင့်အကြောင်းစုံအား အမှန်
အတိုင်းပြောပြရန်ဆုံးဖြတ်လိုက်သည်။
ထိုအချိန်အမျိုးသမီးနှစ်ဦး၏ ပုံသဏ္ဍာန်မှာ ကြောက်
မက်ဖွယ် ကောင်းသော အသွင်ဖြစ်သွားကြလေသည်။
နက်မှောင်ရှည်လျားသော အမျိုးသမီးကြီး၏ဆံပင်သည်
ကျိုးတိုကျဲတဲသာကျန်တော့ပြီး မျက်လုံးနှစ်ဖက်ကလည်း
နီရဲလာသည်။ မျက်နှာပေါ်ကအရေပြားများသည် တွန့်
လိမ်သွားသည်။ အမျိုးသမီးငယ်၏ မျက်နှာကမူ အသား
စများ တဖြည်းဖြည်းပဲ့ကြွေကျလာခဲ့ပြီး သွေးသံရဲရဲဖြစ်
သွားလေသည်။
” သ…သရဲ…သရဲ ”
နောင်ရိုး၏ပါးစပ်မှ ယခင်က အယုံအကြည်မရှိဘူး
ဟုဆိုခဲ့ဖူးသော သရဲဆိုသည့်နာမ်စကားလုံးထွက်လာခဲ့
သည်။
” ဟား…ဟား…ဟား ”
” ဟား…ဟား…ဟား ”
သရဲမနှစ်ဦး၏ ကျယ်ကျယ်လောင်လောင် ရယ်မော
သံသည် မဟူရာစံအိမ်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွား
လေသည်။ နှစ်ဦးစလုံးသည် လက်နှစ်ဖက်ကိုအရှေ့သို့
ဆန့်တန်းကာ နောင်ရိုးဆီသို့လျှောက်လာခဲ့သည်။
ကြောက်မက်ဖွယ်ရုပ်ဆင်းသွင်ပြင်များကို မြင်တွေ့
လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေ
ပြီဖြစ်သောနောင်ရိုးသည် သရဲမနှစ်ဦးက ၎င်းအနားသို့
လျှောက်လာနေမှန်းကို သိလိုက်ရသည့်အခါ လွန်စွာမှ
တုန်လှုပ်သွားသည်။
နောင်ရိုးသည် ထိုအနားကထွက်ပြေးရန် ကြိုးစား
သည်။ ထိုနောက်တွင်နောက်သို့ဆုတ်ခွာထွက်ပြေးလာ
လာခဲ့လေသည်။ ကြောက်အား၊လန့်အားထွက်ပြေးလာ
နောင်ရိုးမှာ ကိုထွန်းလင်းလိုတော့ လွတ်မြောက်မသွား
ခဲ့ပါ။ စံအိမ်ကြီးထဲသို့ဝင်ရောက်နိုင်ရန် ဝင်ပေါက်အဖြစ်
အသုံးပြုခဲ့သော စာကြည့်ခန်းပြတင်းပေါက်ဆီ ရောက်
ခါနီးအချိန်တွင် တစ်စုံတစ်ခုကို ခလုတ်တိုက်မိသွားပြီး
မှောက်ယှက်လဲကျသွားလေသည်။ ထိုအချိန်နောင်ရိုး၏
ဦးခေါင်းကို တစ်စုံတစ်ခုဖြင့်ဆောင့်မိသွားပြီး သတိမေ့
မြောသွားလေတော့သည်။

၇။
အခြားတစ်ဖက်တွင်တော့ နောင်ရိုးအား စိတ်ပူနေ
ကြသောသူငယ်ချင်းနှစ်ဦးမှာ အချိန်အတော်ကြာသည်
အထိမပြန်လာသေးသော သူတို့၏သူငယ်ချင်းနောင်ရိုး
အတွက်အလွန်အမင်းစိတ်ပူနေကြသည်။
သို့ဖြစ်ပါသောကြောင့် ခင်မင်ရင်းနှီးသော မိတ်ဆွေ
များအား အကူအညီတောင်းခံကာ မဟူရာစံအိမ်ကြီးဆီ
လိုက်သွားရန်ဆုံဖြတ်လိုက်ကြသည်။ သူတို့နှစ်ဦးသည်
အနီးအနားရှိ အပေါင်းအသင်းမိတ်ဆွေများကို လိုက်လံ
အကူအညီတောင်းခံလေရာ လူခုနှစ်ဦးသည် သူတို့နှင့်
အတူမဟူရာစံအိမ်ကြီးဆီသို့လိုက်ပါလာခဲ့ကြသည်။
ဤသို့ဖြင့်လူကိုးဦးသည် လက်နှိပ်ဓာတ်မီးများအား
ကိုယ်စီကိုင်ဆောင်ကာ မဟူရာစံအိမ်ကြီးဆီသို့ ချီတက်
လာခဲ့ကြလေသည်။
သူတို့သည် ဘေးအနှောင့်အယှက် မကြုံတွေ့ရဘဲ
မဟူရာစံအိမ်ကြီးဆီသို့ရောက်လာခဲ့ကြသည်။ လူအင်
အား များသောကြောင့်ဖြစ်ဟန်တူပါသည်။ ပရလောက
သားများက ၎င်းတို့ကိုအနှောင့်အယှက် မပေးကြသလို
ကျီးကန်းများကလည်း အနှောင့်အယှက်မပေးကြချေ။
မဟူရာစံအိမ်ကြီးထဲသို့ ရောက်သော် အခန်းတိုင်း
တွင် နောင်ရိုးအားရှာဖွေကြလေသည်။ နောက်ဆုံးတွင်
ဟောင်းနွမ်းနေပြီဖြစ်သော စာအုပ်အများအပြားတည်ရှိ
နေသော အခန်းတစ်ခုတွင် လဲကျနေသောနောင်ရိုးကို
တွေ့လိုက်ရလေသည်။
သူငယ်ချင်းနှစ်ဦးသည် နောင်ရိုးအား ပြေးထူလိုက်
သည်။ ထိုနောက်သွေးခုန်နှုန်းကိုစမ်းကြည့်လိုက်သည်။
နောင်ရိုးမသေသေးမှန်း သိလိုက်ရသည့်အခါ အားလုံး
သည် စိတ်အေးသွားကြပြီး နောင်ရိုးသတိရလာအောင်
ကြိုးစားကြသည်။ အချိန်အတော်ကြာသည်အထိ သတိ
မရသဖြင့် သူတို့သည်နောင်ရိုးအား ထမ်းပိုးကာ စံအိမ်
ကြီးထဲက ပြန်လည်ထွက်ခွာလာခဲ့ကြလေသည်။

၈။
နောင်ရိုးသည် အိမ်သို့ပြန်ရောက်သည့်အခါမှ ပြန်
လည်သတိရလာခဲ့သည်။ သို့သော်အကြောက်လွန်ကာ
တစ်ပတ်ခန့်အထိ လန့်ဖျား ဖျားသွားလေသည်။ အဖျား
ပျောက်သွားသည့်အချိန်မှစ၍ တစ္ဆေ၊ သရဲနှင့်ပတ်သက်
၍မယုံကြည်သည့်အကြောင်း ထပ်မပြောတော့ချေ။
လအနည်းငယ်ကြာသောအခါ မဟူရာစံအိမ်ကြီးထဲ
က ပရလောကသား သရဲမနှစ်ဦး၏ အတိတ်ဘဝဇာတ်
ကြောင်းကိုသိလိုက်ကြရလေသည်။
လွန်ခဲ့သည့်နှစ်ငါးဆယ်ခန့်က မဟူရာစံအိမ်ကြီးကို
ပိုင်ဆိုင်သူမှာ မောင်ထွန်းခန့်ဆိုသည့်လူငယ်ဖြစ်သည်။
ကုန်သည်တစ်ဦးဖြစ်သော မောင်ထွန်းခန့်သည် အဖေ
မရှိတော့ဘဲ မုဆိုးမအမေနှင့်အတူနေထိုင်သည်။
တစ်နေ့တွင်မောင်ထွန်းခန့်သည် ခရီးသွားလာရင်း
ချစ်ကြိုက်ခဲ့သောမိန်ကလေးကို လက်ထပ်ထိမ်းမြားကာ
မဟူရာစံအိမ်ကြီးဆီ ခေါ်ဆောင်လာခဲ့သည်။
မောင်ထွန်းခန့်၏မိခင်သည် ဆင်းရဲသော အသိုင်း
အဝိုင်းကလာသည့် ထိုမိန်ကလေးကို သဘောမကျချေ။
ထိုကြောင့်မောင်ထွန်းခန့် အပြင်သွားသည့်အချိန်တိုင်း
အကြောင်းအမျိုးမျိုးပြ၍ ထိုမိန်းကလေးအား ဆူပူဆဲဆို
လေ့ရှိသည်။
တစ်နေ့တွင်မောင်ထွန်းခန့်သည် အလုပ်သမားများ
နှင့်အတူ ကုန်ကူးသန်းရောင်းဝယ်ရန် ရှမ်းပြည်နယ်သို့
ထွက်သွားသည်။
သို့ဖြစ်ရာမဟူရာစံအိမ်ကြီးထဲတွင်မောင်ထွန်းခန့်၏
အမေ၊ ဇနီးသည်နှင့် အိမ်စေအမျိုးသမီးသုံးဦး စုစုပေါင်း
ငါးဦးသာကျန်ရစ်ခဲ့သည်။
တစ်ညတွင်အမျိုးသမီးငယ်သည် ယောက္ခမဖြစ်သူ
၏ အကြောင်းမဲ့အပြစ်ရှာ ဆဲဆိုခံရခြင်း၊ ခင်ပွန်းဖြစ်သူ
မောင်ထွန်းခန့်ကို လွမ်းဆွေးသတိရနေခြင်းတို့ကြောင့်
အိမ်အပေါ်ထပ်လသာဆောင်တွင် တစ်ဦးတည်းထိုင်၍
ငိုကြွေးနေ၏။ ထိုအချိန်ယောက္ခမဖြစ်သူ အမျိုးသမီးကြီး
ရောက်လာခဲ့သည်။
” ဟိုကောင်မ ဘာဖြစ်လို့ အဲ့ဒီလောက်ထိကို ငိုနေ
ရတာလဲ။ တိတ်စမ်း ကျက်သရေကိုမရှိဘူး ”
အမျိုးသမီးငယ်မှာ တုတ်တုတ်ပင်မလှုပ်ချေ။
” ပြောနေတယ်လေ မကြားဘူးလား။ အခုချက်ချင်း
တိတ်စမ်း။ ငါ့အိမ်မှာကျက်သရေယုတ်တယ်။ ငိုချင်ရင်
နင့်အိမ်မှာသွားပြန်ငို ”
ထိုအချိန်ထိအမျိုးသမီးငယ်မှာ တုတ်တုတ်ပင်မလှုပ်
ချေ။ ထိုကြောင့်အမျိုးသမီးကြီးသည် အလွန်အမင်းစိတ်
တိုဒေါသထွက်သွားဟန်တူပြီး မိန်းကလေးဆီသို့ ပြေး
သွားသည်။ ထိုနောက်မိန်းကလေးကို ကုလားထိုင်ပေါ်
အားဖြင့်တွန်းချလိုက်သည်။
ကံဆိုးစွာဖြင့်ကုလားထိုင်ပေါ်က ပြုတ်ကျသွားသည့်
အချိန် မထိန်းချုပ်နိုင်သောအရှိန်ကြောင့် ဝရန်တာတွင်
ကာရံထားသော သစ်သားချောင်းများသည် ကျိုးပဲ့သွား
ကြကုန်ပြီး မိန်းကလေးသည်လည်း ဝရန်တာကိုလွန်၍
အောက်သို့ပြုတ်ကျသွားလေသည်။
အိမ်အပေါ်ထပ်မှပြုတ်ကျသွားသော အမျိုးသမီးငယ်
သည် အသက်ရှင်ဖို့ရန် အခွင့်အရေးလုံးဝမရှိတော့ပါ။
ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိတော့အောင်ဖြစ်သွားပြီး
အသက်သေဆုံးသွားလေသည်။
ချွေးမဖြစ်သူအား သတ်လိုက်မိမှန်းသိလိုက်ရသော်
မောင်ထွန်းခန့်အမေသည် ထိတ်လန့်စိတ်လှုပ်ရှားသွား
ပြီး နောက်ဆုံး၌စိတ်မထိန်းနိုင်တော့ဘဲ အမောဖောက်
ကာသေဆုံးသွားလေသည်။
ထိုနေ့တစ်ရက်တည်းမှာ ကုန်ကူးသန်းရောင်းဝယ်
ရန် ရှမ်းပြည်သို့တက်သွားသော မောင်ထွန်းခန့်သည်
လည်း လမ်းခုလပ်တွင်လမ်းဓားပြတို့၏တိုက်ခိုက်သတ်
ဖြတ်ခြင်းကိုခံလိုက်ရလေသည်။
သို့ဖြစ်ရာမောင်ထွန်းခန့်တို့သားအမိ၌ အခြားသော
ဆွေမျိုးသားချင်းမရှိသဖြင့် မဟူရာစံအိမ်ကြီးမှာ ပိုင်ရှင်
မဲ့ဖြစ်သွားလေသည်။
အစောပိုင်းတွင်အစေခံများသည် ၎င်းတို့၏မိသားစု
များကိုခေါ်ယူကာနေထိုင်ခဲ့ကြသော်လည်း သရဲခြောက်
သဖြင့်မနေဝံ့ကြတော့ဘဲ အိမ်ပေါ်ကဆင်းသွားကြလေ
ရာ မဟူရာစံအိမ်ကြီးသည် လူနေထိုင်ခြင်းမရှိတော့ဘဲ
အဖော်မဲ့အထီးကျန်စွာကျန်ရစ်ခဲ့လေသည်။
ထိုအကြောင်းကိုသိလိုက်ရသော် အချို့က ထိုအမျိုး
သမီးနှစ်ဦးမှာ မပြန်လာနိုင်တော့သည် မောင်ထွန်းခန့်
ကို စောင့်မျော်နေကြသောကြောင့် မကျွတ်မလွတ်ခြင်း
ဖြစ်ကြောင်း ထင်မြင်ချက်ပေးကြလေသည်။
မည်သို့ပင်ဖြစ်စေ နောင်ရိုးသည် မဟူရာစံအိမ်ကြီး
ဆီသို့ နောက်ထပ်တစ်ကြိမ်ခြေဦးလှည့်ရန် မဝံ့ရဲတော့
ချေ။

ပြီးပါပြီ
ဆက်လက်ကြိုးစားပါဦးမည်။
#ဒီကိုး

Zawgyi Version

” မဟူရာစံအိမ္ႀကီးထဲက မိန္းမပ်ိဳ “(စ/ဆုံး)
——————————————————–

၁။
ေကာင္းကင္ေပၚ၌ ၾကယ္ကေလးမ်ားက မွိတ္တုတ္
မွိတ္တုတ္ လင္းလက္ေနၾကၿပီး တစ္ျခမ္းေကြးေနေသာ
လမင္းႀကီးက ကမာၻေျမေလာကႀကီးကို မႈန္ပ်ပ်အလင္း
ေရာင္ေပးရွိသည္။
မႈန္ပ်ပ် အလင္းေရာင္ေအာက္တြင္ လူငယ္တစ္ဦး
တစ္ဦးသည္ ၿမိဳ႕အစြန္သို႔ ခပ္သြက္သြက္ေလး ေလွ်ာက္
လာေနသည္။ လတြင္တည္ရွိေသာ မဟူရာစံအိမ္ႀကီးသည္
ေန႔ခင္းဘက္ အခ်ိန္မ်ားမွာပင္ အလြန္ေျခာက္ျခားဖြယ္
ေကာင္းေန၏။ ယခုကဲ့သို႔ညအခ်ိန္မ်ိဳးဆိုလွ်င္ သာ၍ပင္
ေျခာက္ျခားဖြယ္ေကာင္းေသးသည္။
ထိုလူငယ္သည္ မဟူရာစံအိမ္ႀကီးထဲသို႔ ဝင္ေရာက္
ရန္ ညအေမွာင္ကိုအံတုကာ ၿမိဳ႕အစြန္သို႔ေလွ်ာက္လာခဲ့
ျခင္းျဖစ္ပါသည္။
မဟူရာစံအိမ္ႀကီး၏ အျပင္ပန္းသ႑ာန္မွာ သိပ္ကို
ေျခာက္ျခားဖြယ္ေကာင္းသကဲ့သို႔ အိမ္အတြင္းပိုင္းတြင္
လည္း အမွန္တကယ္ကိုေျခာက္ျခားဖြယ္ေကာင္းေသာ
အရာမ်ားရွိေနသည္။
ထိုအရာမ်ားမွာတေစၦ၊သရဲမ်ားသာလွ်င္ျဖစ္ပါသည္။
မဟူရာစံအိမ္ႀကီးသည္ တေစၦ၊ သရဲ ေျခာက္လန္႔သည္
ဟုနာမည္ႀကီးေသာေနရာတစ္ခုျဖစ္သည္။

၂။
ထိုအေၾကာင္းကိုတစ္ၿမိဳ႕လုံးသိၾကသည္။ ထိုလူငယ္
သိသည္။ သို႔ေသာ္ထိုလူငယ္သည္ တေစၦသရဲကို အယုံ
အၾကည္မရွိေခ်။ မဟူရာစံအိမ္ႀကီးဆီသို႔လာခဲ့ရျခင္းမွာ
တေစၦ၊ သရဲမ်ားႏွင့္ပတ္သက္၍ သူ၏သူငယ္ခ်င္းမ်ားႏွင့္
အေလာင္းအစား ျပဳလုပ္ထားေသာေၾကာင့္ျဖစ္ပါသည္။
ထိုလူငယ္၏အမည္မွာေနာင္႐ိုးျဖစ္သည္။ ေနာင္႐ိုး
တို႔ သူငယ္ခ်င္းတစ္စုသည္ လူေပလူေတမ်ားျဖစ္ၾကၿပီး
အရက္ေသစာ ေသာက္စားျခင္းကို ႏွစ္သက္ခုန္မင္ၾက
သည္။ ေနာင္႐ိုးတြင္လူေပလူေတသူငယ္ခ်င္းႏွစ္ဦးရွိၿပီး
ႏွစ္ဦးစလုံးက အတန္အတင့္ႂကြယ္ဝခ်မ္းသာၾကသည္။
မုဆိုးမအေမအိုႏွင့္ အတူေနထိုင္ေသာ ေနာင္႐ိုးတစ္ဦး
တည္းသာဆင္းရဲ၏။
အရက္ဆိုင္တြင္ အရက္သြားေသာက္တိုင္း က်သင့္
ေငြမ်ားကို သူငယ္ခ်င္းႏွစ္ဦးကသာ အကုန္အက်ခံေလ့
ရွိသည္။ ေနာင္႐ိုးသည္ သူ႔သူငယ္ခ်င္းေတြ တိုက္ေသာ
အရက္ကို အလကားမေသာက္လိုေခ်။ သူငယ္ခ်င္းမ်ား
ကဘာမွမေျပာၾကေသာ္လည္း ပိုက္ဆံမရွိေသာေၾကာင့္
သူငယ္ခ်င္းမ်ားထံကပ္ေသာက္ေနရေသာ သူကိုယ္တိုင္
ကလိပ္ျပာမလုံျဖစ္ေနသည္။
အရက္ဝိုင္းတစ္ခုတြင္ ေနာင္႐ိုးတို႔သူငယ္ခ်င္းသုံးဦး
သည္ စကားမ်ားၾကေလ၏။ အေၾကာင္းမွာသရဲ၊ တေစၦ
ယုံၾကည္မႈႏွင့္ပတ္သက္၍ အယုံအၾကည္လုံးဝမရွိေသာ
ေနာင္႐ိုးက က်န္ႏွစ္ဦးေျပာဆိုေနသည္ကို ဘုကန္႔လန္႔
တိုက္ေနေသာေၾကာင့္ျဖစ္ပါသည္။
” မင္းတို႔ေျပာတဲ့ တေစၦ၊သရဲဆိုတာ ယုံတမ္းစကား
ေတြပါကြာ။ ဘာမွေၾကာက္မေနၾကနဲ႔ ”
” ေဟ့ေကာင္ေနာင္႐ိုး မင္းအေျခာက္မခံရဖူးတိုင္း
တကယ္မရွိဘူးမထင္နဲ႔။ တေစၦ၊သရဲဆိုတာ တကယ္ရွိ
တယ္ကြ ”
” ဟုတ္တယ္ မင္းမယုံဘူးဆိုရင္လည္း တိတ္တိတ္
ေလးေနပါလားကြာ။ ငါတို႔ႏွစ္ေယာက္ ေျပာေနတာကို
မေႏွာင့္ယွက္စမ္းပါနဲ႔ ”
” ဒါကေတာ့မင္းတို႔ႏွစ္ေကာင္ အေရမရအဖတ္မရ
စကားေတြေျပာေနၾကတာကိုကြာ ”
” သရဲအေၾကာင္းေျပာတာကို အေရမရအဖတ္မရ
ေတြေျပာေနတယ္ဟုတ္လား။ သရဲ၊တေစၦတကယ္ရွိမရွိ
ဆိုတာ မင္းနဲ႔ ငါတို႔ႏွစ္ေယာက္ အေလာင္းအစားလုပ္
ၾကမလား ”
” စိမ္လိုက္ေလ ဘယ္လိုအေလာင္းအစားမ်ိဳးလဲ ”
” ဒီလိုလုပ္မယ္ကြာ။ ညဆယ့္ႏွစ္နာရီတိတိမွာ မင္း
တစ္ေယာက္တည္း မဟူရာ စံအိမ္ႀကီးထဲကိုဝင္ရမယ္။
ၿပီးရင္စံအိမ္ႀကီးထဲက အသုံးအေဆာင္ပစၥည္းတစ္ခုကို
ယူလာခဲ့ရမယ္။ တကယ္လို႔ အေျခာက္အလန္႔မခံရပဲနဲ႔
စံအိမ္ႀကီးထဲမွာရွိတဲ့ အသုံးအေဆာင္ ပစၥည္းတစ္ခုကို
ယူလာႏိုင္ခဲ့မယ္ဆိုရင္မင္းႏိုင္ၿပီ။
အေျခာက္အလန္႔ခံရတယ္၊ အေျခာက္အလန္႔မခံရ
ဘူးဆိုတာကိုေတာ့ အဲ့ဒီအခ်ိန္က်ရင္ မင္းအသိဆုံးျဖစ္
မွာပါ။ မင္းငါတို႔ႏွစ္ေယာက္ကို လိမ္ညာမွာမဟုတ္ဘူး
လို႔ငါတို႔ယုံၾကည္တယ္။ တကယ္လို႔ မင္းႏိုင္သြားခဲ့မယ္
ဆိုရင္ တေစၦသရဲအေၾကာင္း မင္းေရွ႕မွာ တစ္သက္လုံး
မေျပာေတာ့ဘူး။ ဘယ္လိုလဲသေဘာတူလား ”
” ေလာင္းေၾကးစားေၾကးက နည္းမ်ားနည္းေနလား
လို႔။ ဒီလိုလုပ္မယ္ကြာ။ တကယ္လို႔ငါသာ သရဲ၊ တေစၦ
အေျခာက္အလန္႔မခံရပဲ မဟူရာစံအိမ္ႀကီးထဲက အသုံး
အေဆာင္ပစၥည္းတစ္ခုကို ယူလာႏိုင္ခဲ့မယ္ဆိုရင္ ငါတို႔
အရက္ေသာက္တဲ့အခ်ိန္တိုင္း ငါေသာက္မဲ့အရက္ဖိုးကို
မင္းတို႔ႏွစ္ေယာက္ရွင္းေပးရမယ္။ တကယ္လို႔ငါရႈံးသြား
ခဲ့မယ္ဆိုရင္ေတာ့ မင္းတို႔ခိုင္းသမွ်လုပ္မယ္ကြာ ”
” မင္းေျပာတဲ့ေလာင္းေၾကးက မင္းအတြက္ မမွ်တ
ဘူးလို႔ငါထင္တယ္။ အခုလည္းမင္ေသာက္တဲ့အရက္ဖိုး
ကို ငါတို႔ပဲရွင္းေပးေနရတာေလ ”
” ငါ့ရဲ႕ခံစားခ်က္ကို မင္းတို႔မသိပါဘူးကြာ။ မင္းတို႔
ဆီမွာခ်ည္းပဲ ကပ္ေသာက္ေနရတာ ငါလိပ္ျပာမလုံဘူး။
တကယ္လို႔ဒီပြဲမွာ ငါႏိုင္သြားခဲ့မယ္ဆိုရင္ ေလာင္းေၾကး
အျဖစ္တိုက္တာလို႔သေဘာထားၿပီး စိတ္ေျဖာင့္ေျဖာင့္နဲ႔
ေသာက္လို႔ရသြားတာေပါ့ကြာ ဟဲဟဲ ”
” ေအးပါဟုတ္ပါၿပီ။ တကယ္လို႔ မဟူရာစံအိမ္ႀကီး
ထဲမွာ အေျခာက္အလန္႔မခံခဲ့ရဘူးဆိုရင္ ေသာက္ခ်င္
တဲ့အခ်ိန္တိုင္း အရက္အဝတိုက္မယ္ကြာ ”
ဤသို႔ျဖင့္ေနာင္႐ိုးသည္ သူငယ္ခ်င္းႏွစ္ေယာက္ႏွင့္
အေလာင္းအစားတစ္ခုျပဳလုပ္ခဲ့ေလသည္။

၃။
ေနာင္႐ိုးသည္ မဟူရာစံအိမ္ႀကီးတြင္ သရဲေျခာက္
သည့္အေၾကာင္းသိရွိထားၿပီးျဖစ္သည္။ နားစြန္းနားဖ်ား
ၾကားဖူးသည္လည္းရွိသလို ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရေသာ
သူက ျပန္ေျပာျပသည္ကိုလည္းနားေထာင္ခဲ့ရဖူးသည္။
ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရေသာသူမွာ ကိုထြန္းလင္းျဖစ္
သည္။ ကိုထြန္းလင္းသည္ ေနာင္႐ိုးတို႔ႏွင့္ေသာက္ေဖာ္
ေသာက္ဖက္ျဖစ္ပါသည္။ ကိုထြန္းလင္းေျပာျပသည္ကို
ေနာင္႐ိုးမယုံၾကည္ပါ။
ကိုထြန္းလင္းသည္ မဟူရာစံအိမ္ႀကီးထဲတြင္ အဖိုး
တန္ပစၥည္းမ်ားကို ေတြ႕ရလိုရျငား ဝင္ေရာက္ခိုးယူရင္း
တေစၦ၊ သရဲ ေျခာက္လန္႔ျခင္းကိုခံခဲ့ရသည္ဟုဆိုသည္။
ကိုထြန္းလင္းသည္ သူခိုးတစ္ဦးျဖစ္သည့္အားေလ်ာ္စြာ
သူခိုးဉာဏ္သာရွိေပလိမ့္မည္။ သူ႔စားက်က္ကိုအျခား
သူမ်ားဝင္မလုရဲေအာင္ ယုတိမရွိေသာ အလိမ္အညာ
စကားလုံးမ်ားျဖင့္ ေျခာက္လန္႔ေနျခင္းျဖစ္သည္ဟု ၎
ကထင္ျမင္ေနသည္။
ကိုထြန္းလင္းေျပာျပခ်က္အရ သူအေျခာက္အလန္႔
ခံခဲ့ရပုံမွာဤသို႔ျဖစ္သည္။
လမိုက္ညတစ္ညတြင္ ကိုထြန္းလင္းသည္ မဟူရာ
စံအိမ္ႀကီးအနီးသို႔ တျဖည္းျဖည္း ခ်ဥ္းကပ္လာခဲ့သည္။
စံအိမ္ႀကီး၏ၿခံစည္း႐ိုးဆီသို႔ေရာက္ေသာ္ မလြယ္ေပါက္
မွၿခံဝန္းထဲသို႔ဝင္လာခဲ့သည္။
မဟူရာစံအိမ္ႀကီးမွာ တေစၦ၊ သရဲအေျခာက္အလန္႔
ၾကမ္းသည္ဟု ၾကားဖူးၾကေသာေၾကာင့္ လူအမ်ားသည္
ညအခ်ိန္သို႔ေရာက္ၿပီဆိုလွ်င္ မဟူရာစံအိမ္ႀကီးတစ္လုံး
တည္းတည္ရွိေနေသာ သည္ေနရာသို႔ မလာရဲၾကေတာ့
ေခ်။ သို႔ျဖစ္ရာစံအိမ္ႀကီးထဲသို႔ ကိုထြန္လင္း ဝင္ေရာက္
ခိုးယူေနသည္ကို မည္သူတစ္ဦးတစ္ေယာက္မွ သိႏိုင္
လိမ့္မည္မဟုတ္ပါ။ သို႔ျဖစ္ပါေသာေၾကာင့္ကိုထြန္းလင္း
သည္ စိတ္လက္ေပါ့ပါးစြာျဖင့္ တမင္တကာယူေဆာင္
လာေသာ အားအနည္းငယ္သာက်န္ေတာ့သည့္ဓာတ္ခဲ
ျဖင့္ထည့္ထားေသာဓာတ္မီးကို ေအာက္စိုက္ထြန္းကာ
အထဲသို႔ဝင္လာခဲ့သည္။
မဟူရာစံအိမ္ႀကီး၏ ၿခံဝန္းအက်ယ္သည္ တစ္ဧက
ခန္႔ရွိၿပီး သရက္၊ မက်ည္းစသည့္ သီးပင္စားပင္မ်ားက
ၿခံ၏ေျမေနရာအေတာ္မ်ားမ်ားကို ေနရာယူထားသည္။
လူမေနသည္မွာၾကာၿပီျဖစ္ေသာ္လည္း ၿခံဝန္းအတြင္း၌
ၿခဳံႏြယ္၊ ပိန္းေပါင္းမ်ား ထူထပ္စြာေပါက္ေရာက္ေနျခင္း
မရွိဘဲ မၾကာေသးမီကမွေႂကြက်ထားေသာ ေရာ္႐ြက္ဝါ
ႏွင့္ သစ္႐ြက္ေျခာက္မ်ားကိုသာေတြ႕ရသည္။
” ဂ္လိ ”
မဟူရာ စံအိမ္ႀကီးဆီသို႔ေရာက္ရန္ ကိုက္ႏွစ္ဆယ္
ခန္႔သာလိုေတာ့သည့္အခ်ိန္တြင္ သစ္ကိုင္းေျခာက္ငယ္
တစ္ခုကို တက္နင္းမိသျဖင့္အသံထြက္ေပၚလာခဲ့သည္။
ထိုအသံသည္ဆိတ္ၿငိမ္ေနေသာ ညအလယ္တြင္ က်ယ္
ေလာင္စြာထြက္ေပၚလာခဲ့သည္။
” အား…အား…အား ”
” အား…အား…အား ”
” အား…အား…အား ”
သစ္ကိုင္းက်ိဳးသံေၾကာင့္ ကိုထြန္းလင္း၏အနားတြင္
မက်ည္းပင္ေပၚတြင္ အိပ္တန္းတက္ေနသည့္ က်ီးကန္း
သုံးေကာင္သည္ စူးစူးဝါးဝါးအသံမ်ားျဖင့္ေအာ္ဟစ္ကာ
ထပ်ံကုန္သည္။ ထိုက်ီးကန္းသုံးေကာင္၏ အသံေၾကာင့္
အျခားေသာက်ီးကန္းမ်ားလည္း ထပ်ံကုန္သည္။
သို႔ျဖစ္ရာတိတ္ဆိတ္ၿငိမ္သက္စြာ တည္ရွိေနေသာ
မဟူရာစံအိမ္ႀကီးသည္ ပ်ံသန္းေနေသာ က်ီးကန္းတို႔၏
အေတာင္ပံခတ္သံ၊ စူးစူးဝါးဝါးေအာ္ဟစ္သံမ်ားေၾကာင့္
ဆူညံသြားေလသည္။ ကိုထြန္းလင္းသည္ ဆူဆူညံညံ
ေအာ္ဟစ္ေနၾကေသာ က်ီးကန္းမ်ားကို မသိက်ိဳးကြၽန္ျပဳ
ကာ မဟူရာစံအိမ္ႀကီးအနီးသို႔ေရာက္ေအာင္ ခပ္သြက္
သြက္ခ်ဥ္းကပ္လာခဲ့သည္။
ေနာက္ထပ္ဆယ္ကိုက္ခန္႔မွ် ထပ္ေလွ်ာက္ၿပီးသည့္
အခါ သစ္ပင္ႀကီးမ်ားမရွိေတာ့ဘဲ မည္းေမွာင္ေနေသာ
တိုက္အိမ္ႀကီးတစ္အိမ္အားျမင္ေတြ႕လိုက္ရေလသည္။
ထိုတိုက္အိမ္ႀကီးသည္ မဟူရာစံအိမ္ႀကီးသာလွ်င္ျဖစ္ပါ
သည္။ ေရနံေခ်းကဲ့သို႔ေသာ အနက္ေရာင္ေဆးတစ္မ်ိဳး
ျဖင့္သုတ္ထားသျဖင့္ စံအိမ္ႀကီးမွာ ထိုကဲ့သို႔မည္းေမွာင္
ေနျခင္းျဖစ္သည္။
ကိုထြန္းလင္းသည္ ေဆြးေျမ့ပ်က္စီးေနၿပီျဖစ္ေသာ
ျပတင္းေပါက္တစ္ေပါက္မွ စံအိမ္ႀကီးထဲသို႔ ဝင္ေရာက္
လာခဲ့သည္။ အထဲသို႔ေရာက္ေသာအခါ ကိုထြန္းလင္း
လက္ႏွိပ္ဓာတ္မီးျဖင့္ ဝိုက္ပတ္ထြန္းၾကည့္လိုက္သည္။
ထိုအခါသူဝင္လာေသာအခန္းသည္ မီးဖိုေခ်ာင္ျဖစ္မွန္း
သိလိုက္ရာေလသည္။
အခန္းထဲတြင္ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို အတိုင္း
သားေတြ႕ေနရၿပီး အခ်ိဳ႕ေသာပစၥည္းမ်ားမွာ ေဆြးေျမ့
ကုန္ၿပီျဖစ္သည္။ ကိုထြန္းလင္းသည္ အဖိုးတန္ပစၥည္း
မ်ားကိုမေတြ႕ရသျဖင့္ အျခားအခန္းမ်ားသို႔ဝင္ၾကည့္ရန္
အတြင္းပိုင္းတံခါးေပါက္မွ မီးဖိုေခ်ာင္ထဲက ထြက္လာခဲ့
သည္။
မီးဖိုေခ်ာင္ထဲက ထြက္လာသည့္အခ်ိန္ ၎၏မ်က္စိ
ေရွ႕တြင္ အရိပ္မည္းတစ္ခုျဖတ္ေျပးသြားသည္ကို ေတြ႕
လိုက္ရေလသည္။ အျမင္မွားသည္အထင္ျဖင့္ မ်က္လုံး
ႏွစ္ဖက္ကို လက္ျဖင့္ပြတ္ၾကည့္လိုက္ရာ ထိုအရိပ္မည္း
ကိုမေတြ႕ရေတာ့ေခ်။
ထိုေၾကာင့္ကိုထြန္းလင္းက အျမင္မွားတာျဖစ္မည္
ဟုေတြးကာ ေအာက္ထပ္ကအျခားေသာအခန္းမ်ားကို
ဝင္မၾကည့္ေတာ့ဘဲ ေဆြးေျမ့ျခင္းမရွိေသးေသာ ကြၽန္း
ေလွကားႀကီးျဖင့္အေပၚထပ္သို႔တက္လာခဲ့သည္။
ကြၽန္းေလွကားထိပ္သို႔ေရာက္သည္ႏွင့္တစ္ၿပိဳင္နက္
မိန္းကေလးတစ္ဦးငိုေႂကြးေနေသာအသံကို ၾကားလိုက္
ရေလသည္။
ငိုေႂကြးသံအား စတင္ၾကားလိုက္ရသည့္အခ်ိန္တြင္
ကိုထြန္းလင္းသည္ အနည္းငယ္ ထိတ္လန္႔သြားေသာ္
လည္း ငိုေႂကြးသံသည္ မိန္းကေလးတစ္ဦး၏ ငိုေႂကြးသံ
ပင္ျဖစ္ေသာေၾကာင့္ အေၾကာင္းတစ္ခုခုေၾကာင့္ စံအိမ္
ႀကီးထဲတြင္ တစ္ဦးတည္းလာေရာက္ငိုေႂကြးေနျခင္းျဖစ္
မည္ဟုေတြးကာ အေသအခါနားစြင့္ရင္း ငိုသံၾကားရာ
ဆီသို႔ ေျခသံလုံလုံျဖင့္ေလွ်ာက္လာခဲ့သည္။
ေနာက္ဆုံး၌ကိုထြန္းလင္းသည္ လသာေဆာင္တြင္
ထိုင္ေနေသာ မိန္းကေလးတစ္ဦးကို ေတြ႕လိုက္ရေလ
သည္။ ထိုမိန္းကေလးမွာ အနီေရာင္ဂါဝန္ကို ဝတ္ဆင္
ထားၿပီး ေကာင္းကင္ေပၚသို႔ေငးၾကည့္၍ ရႈိက္ႀကီးတငင္
ငိုေႂကြးေန၏။
ကိုထြန္းလင္းသည္ တေစၦ၊သရဲမ်ားမွာေၾကာက္မက္
ဖြယ္ေကာင္းေသာ ႐ုပ္အဆင္းရွိၾကသည္ဟု ယုံၾကည္
ေသာေၾကာင့္ ထိုမိန္းကေလးသည္ လူအစစ္ျဖစ္သည္
ဟုအတပ္ထင္ေနသည္။ ထိုေၾကာင့္ထိုမိန္းကေလးအား
စကားစတင္ေျပာဆိုလိုက္သည္။
” ေဟ့မိန္းကေလး ဒီလိုေနရာမ်ိဴးမွာ ဘာျဖစ္လို႔မ်ား
တစ္ေယာက္တည္းလာငိုေနရတာလဲ ”
ထိုမိန္းကေလးသည္ ကိုထြန္းလင္း၏ေမးခြန္းအား
ျပန္လည္ေျဖၾကားျခင္းမရွိပါ။ သူ(မ)သည္ကိုထြန္းလင္း
ကိုလွည့္ပင္မၾကည့္ပါ။
” ေဟ့မိန္းကေလး ေမးေနတယ္ေလ။ သြားအိမ္ျပန္
ေတာ့။ မင္းမိဘေတြစိတ္ပူေနလိမ့္မယ္ ”
ကိုထြန္းလင္းသည္ အရက္သမား သူခိုးဂ်ပိုးတစ္ဦး
ျဖစ္ေသာ္လည္း သူတစ္ပါးသားမယားကိုပစ္မွားလိုစိတ္
လုံးဝမရွိပါ။ ထိုစကားမ်ားသည္သူ႔ရင္တြင္းမွ ထြက္ေပၚ
လာေသာအစစ္အမွန္စကားလုံးမ်ားျဖစ္သည္။
မိန္းကေလးသည္ ကိုထြန္းလင္းကိုလွည့္ပင္မၾကည့္
ေခ်။ သို႔ျဖစ္ရာကိုထြန္းလင္းသည္ အနည္းငယ္သံသယ
ဝင္လာခဲ့၏။ ထိုအခ်ိန္အမ်ိဳးသမီးတစ္ဦးက ေတြ႕လိုက္ရ
ေလသည္။ ထိုအမ်ိဳးသမီးႀကီးသည္ ကိုထြန္းလင္းအား
ျမင္ဟန္မတူဘဲ လသာေဆာင္က ဝရန္တာနံေဘးတြင္
ထိုင္ငိုေနေသာ မိန္းကေလးကိုသာ သဲမဲၿပီးဆဲဆိုေန၏။
” ဟိုေကာင္မ ဘာျဖစ္လို႔အဲ့ဒီေလာက္ထိကို ငိုေန
ရတာလဲ။ တိတ္စမ္း က်က္သေရကိုမရွိဘူး ”
မိန္းကေလးမွာတုတ္တုတ္ပင္မလႈပ္ေခ်။
” ေျပာေနတယ္ေလ မၾကားဘူးလား။ အခုခ်က္ခ်င္း
တိတ္စမ္း။ ငါ့အိမ္မွာက်က္သေရယုတ္တယ္။ ငိုခ်င္ရင္
နင့္အိမ္မွာသြားျပန္ငို ”
ထိုအခ်ိန္ထိမိန္းကေလးသည္ တုတ္တုတ္ပင္မလႈပ္
ေခ်။ ထိုေၾကာင့္အမ်ိဳးသမီးႀကီးသည္ အလြန္အမင္းစိတ္
တိုေဒါသထြက္သြားဟန္တူၿပီး မိန္းကေလးဆီသို႔ ေျပး
သြားသည္။ ထိုေနာက္မိန္းကေလးကို ကုလားထိုင္ေပၚ
အားျဖင့္တြန္းခ်လိုက္သည္။
ကံဆိုးစြာျဖင့္ကုလားထိုင္ေပၚက ျပဳတ္က်သြားသည့္
အခ်ိန္ မထိန္းခ်ဳပ္ႏိုင္ေသာအရွိန္ေၾကာင့္ ဝရန္တာတြင္
ကာရံထားေသာ သစ္သားေခ်ာင္းမ်ားသည္ က်ိဳးပဲ့သြား
ၾကကုန္ၿပီး မိန္းကေလးသည္လည္း ဝရန္တာကိုလြန္၍
ေအာက္သို႔ျပဳတ္က်သြားေလသည္။
” ဟာ က်ၿပီ က်ၿပီ က်သြားၿပီ ”
ထိတ္လန္႔သြားသျဖင့္ ကိုထြန္းလင္းသည္ ထိုကဲ့သို႔
ေယာင္၍ေအာ္လိုက္မိသည္။ ထိုအခ်ိန္မွအမ်ိဳးသမီးႀကီး
သည္ သူ(မ)နံေဘးတြင္ရပ္ေနေသာ ကိုထြန္းလင္းအား
သတိထားမိသြားဟန္တူသည္။
” နင္ကေရာ ငါ့အိမ္ကိုဘာလာလုပ္တာလဲ ”
ေၾကာင္၍ရပ္ၾကည့္ေနေသာ ကိုထြန္းလင္း စကား
တစ္ခြန္းမွျပန္မေျပာေသးခင္ အမ်ိဳးသမီး၏ မ်က္လုံးမ်ား
သည္ တျဖည္းျဖည္းနီရဲေတာက္ပလာခဲ့ၿပီး မ်က္ႏွာသြင္
ျပင္ကလည္း တျဖည္းျဖည္းေျပာင္းလဲလာခဲ့သည္။
ေနာက္ဆုံး၌အမ်ိဳးသမီးႀကီး၏ မ်က္ႏွာသြင္ျပင္သည္
ေၾကာက္မက္ဖြယ္ေကာင္းေသာ အသြင္ျဖစ္သြားသည္။
ခဏတုန္းကရွည္လ်ားၿပီးနက္ေမွာင္ေနေသာ ဆံပင္မ်ား
မ်ားလည္း က်ိဳးတိုက်ဲတဲသာက်န္ေတာ့သည္။ ထိုအခါမွ
အမ်ိဳးသမီးႀကီးသည္ တေစၦ၊ သရဲျဖစ္မွန္းသိလိုက္ရေလ
သည္။ ထိုေၾကာင့္ကိုထြန္းလင္းသည္ သရဲမႏွင့္ေဝးရာ
သို႔ ထြက္ေျပးရန္ဟန္ျပင္လိုက္၏။ သို႔ေသာ္ေနာက္က်
သြားေခ်ၿပီ။ ေဒါသထြက္ေနေသာ သရဲမသည္ သူ(မ)၏
ရွည္လ်ားေသာလက္ႏွစ္ဖက္ျဖင့္ ကိုထြန္းလင္း၏ လည္
ပင္းကိုညစ္ထားၿပီးျဖစ္သည္။
သရဲမမွာ အလြန္အင္မတန္ အားသန္ေသာေၾကာင့္
ကိုထြန္းလင္းသည္ ႐ုန္းကန္ႏိုင္ျခင္းမရွိေခ်။ အားကုန္
သုံးၿပီး လြတ္ေျမာက္ႏိုင္ေအာင္ ႀကိဳးစားပါေသာ္လည္း
အခ်ည္းႏွီးသာျဖစ္သည္။ ၎၏လည္ပင္းကို တင္းက်ပ္
စြာညစ္ထားေသာ သရဲမ၏လက္ကိုဖယ္ျခားႏိုင္ျခင္းမရွိ
ေခ်။ အခ်ိန္အနည္းငယ္ၾကာေသာ္ လည္ပင္းအစ္လာၿပီး
အသက္ရႉက်ပ္လာခဲ့ေလသည္။
” ဟား…ဟား…ဟား ”
သရဲမသည္သူ႔လုပ္ရပ္ေၾကာင့္ အျခားတစ္ေယာက္
နာက်င္ေနသည့္အျဖစ္ကို ျမင္ရေသာ္ ေက်နပ္အားရစြာ
ရယ္ေမာေနေလ၏။
ေကာင္းမႈကုသိုလ္ကံ အနည္းငယ္ရွိေနေသးသျဖင့္
ေသကံမပါေသးေသာ ကိုထြန္းလင္းသည္ ေနာက္ဆုံး
ဆုံးတြင္ ဘုရားစာ႐ြတ္ရန္သတိရလာခဲ့သည္။ သို႔ျဖစ္ပါ
ေသာေၾကာင့္မွတ္မိသမွ်ဘုရားရွိခိုးစာမ်ားကို စိတ္ထဲက
႐ြတ္ဖတ္လိုက္သည္။
ထိုအခါ၎လည္ပင္းကို ညစ္ထားေသာ သရဲမ၏
လက္သည္ တျဖည္းျဖည္းေျပေလ်ာ့သြားၿပီး ေနာက္ဆုံး
တြင္ လုံးဝလြတ္သြားေလသည္။ သရဲမ၏ပါးစပ္မွလည္း
ၿငီးညဴသံမ်ားထြက္ေပၚလာသည္။ ထိုေနာက္တြင္ေတာ့
သရဲမသည္မီးခိုးေငြ႕မ်ားသဖြယ္ လြင့္ေမ်ာေပ်ာက္ကြယ္
သြားေလေတာ့သည္။
ကိုထြန္းလင္းသည္ ေျခာက္ျခားဖြယ္ေကာင္းေသာ
မဟူရာစံအိမ္ႀကီးထဲတြင္ ဆက္ေနရန္မဝံ့ရဲေတာ့သျဖင့္
ေအာက္ထပ္သို႔ ဆင္းေျပးလာခဲ့သည္။ ကြၽန္းေလွကား
ဆီသို႔ေရာက္ေသာ္ လသာေဆာင္မွ ျပဳတ္က်သြားေသာ
မိန္းကေလးသည္ အေကာင္းအတိုင္းပင္အေပၚထပ္သို႔
တက္လာေနသည္ကို ေတြ႕လိုက္ရေလသည္။
ထိုမိန္းကေလးသည္လည္း သရဲမသာလွ်င္ျဖစ္မွန္း
သိလိုက္ရ၏။ သရဲမသည္ ကြၽန္းေလွကားႀကီးအတိုင္း
အေပၚထပ္သို႔တျဖည္းျဖည္းတက္လာခဲ့သည္။ မၾကာမီ
သူတို႔ႏွစ္ဦးမွာ သုံးေပခန္႔သာကြာေဝးေတာ့ၿပီး မ်က္ႏွာ
ခ်င္းဆိုင္အေနအထားသို႔ေရာက္သြားေလသည္။
ကိုထြန္းလင္းသည္ ထြက္ေျပးလွ်င္လည္းလြတ္မည္
မဟုတ္မွန္း သိေနေသာေၾကာင့္ အသင့္အေနအထား
ျဖင့္ အေျခအေနကိုေစာင့္ေန၏။
သရဲမသည္ ကိုထြန္းလင္းကို ဂ႐ုမစိုက္ဘဲ အေပၚ
ထပ္သို႔သာ တန္းတန္းမတ္မတ္ တက္သြားေလသည္။
၎အားေက်ာ္တက္သြားသည့္အခ်ိန္က်မွ ကိုထြန္းလင္း
သည္ သက္ျပင္းခ်ႏိုင္ေတာ့၏။
ကိုထြန္းလင္သည္ အဖိုးတန္ပစၥည္းမ်ားအား ဆက္
လက္ရွာေဖြရန္ စိတ္မကူးေတာ့ဘဲ မဟူရာစံအိမ္ႀကီးထဲ
က ခပ္သြက္သြက္ပင္ ေျပးထြက္လာခဲ့သည္။
စံအိမ္အျပင္သို႔ေရာက္ေသာ္ ဆူဆူညံညံေအာ္ဟစ္
ေနေသာက်ီးကန္းမ်ားသည္ ၎အားထိုးဆိတ္ရန္ ဆင္း
လာခဲ့ၾကသည္။ က်ီးကန္သုံးေလးေကာင္ခန္႔ ဝိုင္းဆိတ္
သျဖင့္ ကိုထြန္းလင္း၏ေက်ာျပင္သည္ ပူစပ္နာက်င္လာ
သည္။ နားက်င္မႈကိုေအာင့္အီးသည္းခံကာ ၿခံအျပင္သို႔
ေရာက္ေအာင္ သြက္သြက္ကေလးေျပးလာခဲ့သည္။
ေနာက္ဆုံးတြင္ကိုထြန္းလင္းသည္ မလြယ္ေပါက္မွ
တစ္ဆင့္ ၿခံဝန္းအျပင္သို႔ေျပးထြက္လာခဲ့သည္။ ၿခံဝန္း
အျပင္သို႔ေရာက္ေသာ္ ေဒါသတႀကီးလိုက္ဆိတ္ေနၾက
ေသာ က်ီးကန္းတို႔သည္ ဆက္မလိုက္ဆိတ္ၾကေတာ့ဘဲ
ျပန္လည္ဆုတ္ခြာသြားၾကေလသည္။
က်ီးကန္းတို႔ကဝိုင္းဆိတ္ထားသျဖင့္ ေသြးသံရဲရဲျဖစ္
ေနေသာကိုထြန္းလင္းသည္ သရဲေျခာက္ေသာ မဟူရာ
စံအိမ္ႀကီးႏွင့္ေဝးရာဆီသို႔ ခပ္သြက္သြက္ထြက္ေျပးလာ
ခဲ့ေလသည္။

၄။
ကိုထြန္းလင္း၏ ေက်ာျပင္တြင္ က်ီးကန္းဆိတ္ထား
သည့္ ဒဏ္ရာမ်ားကိုေတြ႕ေနရသည္။ သို႔ေသာ္ေနာင္႐ိုး
သည္ စားရဂြင္ေကာင္းေကာင္းေတြ႕ထားေသာေၾကာင့္
အသားအနာခံကာ လိမ္ဆင္ထားျခင္းျဖစ္သည္ဟု ထင္
ေနသည္။
မည္သို႔ပင္ဆိုေစ ေနာင္႐ိုးသည္ မဟူရာစံအိမ္ႀကီး
ထဲသို႔ ဝင္ေရာက္ရန္ဆုံးျဖတ္ထားၿပီးျဖစ္သည္။ ေနာက္
တစ္ေန႔ညေနခင္းတြင္ ေနာင္႐ိုးသည္ သူ၏သူငယ္ခ်င္း
ႏွစ္ဦးႏွင့္ အရက္ဆိုင္တြင္ ထပ္မံဆုံေတြ႕ေလသည္။
အရက္ဝိုင္းတြင္ သူငယ္ခ်င္းႏွစ္ဦးက မဟူရာစံအိမ္
ႀကီးဆီသို႔မတားရန္တားျမစ္ၾကေလသည္။
” မေန႔ညတုန္းက ငါတို႔မူးေနလို႔ ေျပာလိုက္မိတာပါ
ကြာ။ မင္းမသြားရင္လဲ မင္းအရက္ေသာက္ေနသေ႐ြ႕
ငါတို႔ပဲတိုက္ပါ့မယ္။ ကိုထြန္းလင္းလိုေတာ့ မင္းကိုမႀကဳံ
ေစခ်င္ဘူးကြာ။ ေနာ္ေနာင္႐ိုး မသြားပါနဲ႔ ”
” ဟုတ္သားပဲေနာင္႐ိုးရာ။ ငါတို႔အရႈံးေပးပါတယ္။
မင္းသြားစရာမလိုေတာ့ဘူး။ မင္းႏိုင္သြားပါၿပီ ”
အရင္းႏွီးဆုံးသူငယ္ခ်င္းႏွစ္ဦးက ဤသို႔ေျပာဆိုၾက
ေလရာ ေနာင္႐ိုးသည္ ေက်နပ္စြာၿပဳံးရယ္ကာ_
” မင္းတို႔ေစတနာကိုငါနားလည္ပါတယ္။ ဒါေပမယ့္
ငါဆုံးျဖတ္ၿပီးသြားၿပီ။ ဒီညငါအဲ့ဒီမဟူရာစံအိမ္ႀကီးထဲကို
ဝင္မယ္။ ငါအတြက္ဘာမွစိတ္မပူပါနဲ႔ကြာ။ တေစၦ၊ သရဲ
ဆိုတာ ဝတၳဳစာအုပ္ေတြထဲမွာပဲရွိတာကြ။ ဘာပဲျဖစ္ျဖစ္
ဒီညငါမဟူရာစံအိမ္ႀကီးထဲကိုဝင္မယ္ ”
ေနာင္႐ိုး၏ျပတ္သားလွေသာ ဆုံးျဖတ္ခ်က္ေၾကာင့္
ေနာက္ဆုံး၌ သူ႔သူငယ္ခ်င္းႏွစ္ဦးမွာ လက္ေလ်ာ့လိုက္
ရေလေတာ့သည္။

၅။
ညကိုးနာရီထိုးခါနီး အခ်ိန္သို႔ေရာက္ေသာ္ ေနာင္႐ိုး
သည္ ၿမိဳ႕ျပင္သို႔တစ္ဦးတည္ထြက္လာခဲ့သည္။ ၿမိဳ႕ျပင္
သို႔ေရာက္ေသာအခါ မဟူရာစံအိမ္ႀကီးဆီသို႔ ဦးတည္၍
ထြက္ခြာလာခဲ့သည္။
လျပည့္ညေရာက္ရန္ ႏွစ္ရက္သာ လိုေတာ့သျဖင့္
သျဖင့္ လမင္းႀကီးကဝိုင္းစက္ၿပီးထိန္ထိန္သာေနသည္။
လေရာင္ျဖာက်ေနသျဖင့္ ယူေဆာင္လာေသာလက္ႏွိပ္
ဓာတ္မီးကိုပင္ အသုံးျပဳရန္မလိုေခ်။
ေနာင္႐ိုးသည္ ခပ္သြက္သြက္ ေလွ်ာက္လာခဲ့ေလ
ရာ မဟူရာစံအိမ္ႀကီးဆီသို႔ေရာက္လာခဲ့၏။ ၎သည္
လည္း ကိုထြန္းလင္ကဲ့သို႔ပင္ မလြယ္ေပါက္မွတစ္ဆင့္
ၿခံဝန္းထဲသို႔ဝင္လာခဲ့သည္။
တစ္လမ္းလုံးေလွ်ာက္လာစဥ္က ဘာမွမခံစားရဘဲ
မဟူရာစံအိမ္ႀကီး၏ ၿခံဝန္းထဲသို႔ေရာက္သြားသည့္အခါ
မွ တစ္ကိုယ္လုံးေအးစိမ့္လာခဲ့ေလသည္။
ေနာင္႐ိုးသည္ သစ္ပင္ႀကီးမ်ား အုပ္ဆိုင္းေနေသာ
ေၾကာင့္ ေအးစိမ့္လာျခင္းျဖစ္မည္ဟုေတြးကာ အထဲသို႔
ဆက္ေလွ်ာက္လာခဲ့သည္။ ေျခသံလုံလုံေလွ်ာက္လာခဲ့
ရာ မည္သည့္အသံကိုမွၾကားရျခင္းမရွိဘဲ အပ္က်ကိုပင္
ၾကားရေလာက္ေအာင္တိတ္ဆိတ္ေနသည္။
သစ္ပင္ႀကီးမ်ားကို ခပ္သြက္သြက္ ျဖတ္ေက်ာ္လာခဲ့
ရာ မဟူရာစံအိမ္ႀကီးကို ‘ဘြားခနဲ’ ျမင္ေတြ႕လိုက္ရေလ
သည္။ ၿမိဳ႕ထဲကၾကည့္လွ်င္ ျမင္ရသည့္အတိုင္း မဟူရာ
စံအိမ္ႀကီ၏အုတ္နံရံသည္ မည္းေမွာင္ေန၏။ သို႔ျဖစ္ရာ
ညအခ်ိန္တြင္ တေစၦတစ္ေကာင္ထိုင္ေနသည့္ပမာ သိပ္
ကိုေျခာက္ျခားဖြယ္ေကာင္းေန၏။
ေနာင္႐ိုးကမူလုံးဝမတုန္လႈပ္ေခ်။ မေၾကာက္ဘူးဟု
ဆိုေသာ္လည္း စံအိမ္ႀကီး၏ ေရွ႕သို႔ေရာက္ေသာအခါ
ၾကက္သီးေမြးညင္းမ်ားက တဖ်န္းဖ်န္းထလာခဲ့သည္။
ေနာင္႐ိုးသည္ ထိုအျဖစ္ကိုဂ႐ုမစိုက္ဘဲ စံအိမ္ႀကီး
ထဲသို႔ ဝင္ေရာက္ရန္သာစိတ္ကူးေန၏။ အထဲသို႔ဝင္ႏိုင္
ရန္ အေပါက္ေတြ႕လိုေတြ႕ျငား စံအိမ္ႀကီးကို တစ္ပတ္
ပတ္ၾကည့္သည္။ အိမ္တစ္ပတ္မျပည့္မီ ျခတက္သျဖင့္
ေဆြးေျမ့ေနၿပီျဖစ္ေသာ ျပတင္းေပါက္တစ္ခုကို ေတြ႕
လိုက္ရေလသည္။
ထိုျပတင္းေပါက္မွတစ္ဆင့္ မဟူရာစံအိမ္ႀကီးထဲသို႔
ဝင္လာခဲ့၏။ အထဲသို႔ေရာက္ေသာ္ လေရာင္မရွိသျဖင့္
ယူေဆာင္လာေသာဓာတ္မီးအား ထုတ္သုံးရေလေတာ့
သည္။ ေနာင္႐ိုးသည္ ေဘးပတ္ပတ္လည္ကို ဓာတ္မီး
ျဖင့္ ထိုးၾကည့္လိုက္သည္။ ထိုအခါသူေရာက္ေနေသာ
ေနရာမွာ စာဖတ္ခန္း(သို႔မဟုတ္) စာၾကည့္ခန္းျဖစ္မွန္း
သိလိုက္ရသည္။ အေၾကာင္းမွာ အခန္းတစ္ခုလုံးတြင္
စာအုပ္စင္အခ်ိဳ႕ႏွင့္ စားပြဲတစ္လုံး၊ ကုလားထိုင္တစ္လုံး
ကိုသာေတြ႕ရေသာေၾကာင့္ျဖစ္ပါသည္။
စာအုပ္စင္မ်ားေပၚတြင္ေတာ့ စာအုပ္အမ်ားအျပား
ကိုေတြ႕လိုက္ရေလသည္။ ထိုစာအုပ္မ်ားသည္ အရက္
သမားပင္ျဖစ္ေသာ္လည္း စာဖတ္ရတာ အလြန္ဝါသနာ
ပါေသာေနာင္႐ိုးကို အမ်ိဳးမ်ိဳးဆြဲေဆာင္ေန၏။ သို႔ျဖစ္ရာ
ေနာင္႐ိုးသည္ စာအုပ္တစ္အုပ္ကိုယူ၍ အနည္းငယ္မွ်
ဖတ္ရႈၾကည့္ေန၏။
ထိုအခ်ိန္စာၾကည့္ခန္းတံခါးသည္ အလိုလိုပြင့္လာခဲ့
သည္။ ႐ုတ္တရက္ႀကဳံလိုက္ရသည့္အခါ ေနာင္႐ိုးသည္
ထိတ္လန္႔သြားေလသည္။ သို႔ေသာ္စိတ္ထိန္းကာ ဖတ္
လက္စစာအုပ္အား စာအုပ္စင္ေပၚတြင္ ျပန္ခ်ထားကာ
တံခါးေပါက္ဆီ ေလွ်ာက္လာခဲ့သည္။ တံခါးေပါက္ဆီသို႔
ေရာက္ေသာ္ ေဘးပတ္ပတ္လည္အား ေသခ်ာၾကည့္ရႈ
လိုက္သည္။
လႈပ္ရွားမႈကိုမေတြ႕ရဘဲ တစ္အိမ္လုံးၿငိမ္သက္ေန
သည္။ ေနာင္႐ိုးသည္ အျခားေသာအခန္းမ်ားကို စူးစမ္း
လိုစိတ္ျဖစ္လာေသာေၾကာင့္ စာၾကည့္ခန္းထဲက ထြက္
လာခဲ့သည္။
ဧည့္ခန္းသို႔ေရာက္ေသာ္ ျမင္လိုက္ရသည့္ျမင္ကြင္း
မ်ားက ေနာင္႐ိုးကို လုံးဝအံ့ဩမွင္သက္သြားေစသည္။
ဧည့္ခန္းပတ္ပတ္လည္တြင္ လက္ရာေျမာက္ ပန္းပု႐ုပ္
မ်ားကအသက္ဝင္စြာတည္ရွိေနၾက၏။ ေရွ႕ေခတ္အဖိုး
တန္ပစၥည္းမ်ားကိုလည္းစုံလင္စြာေတြ႕ေနရသည္။
ထိုအဖိုးတန္ပစၥည္းမ်ားကို ေတြ႕လိုက္ရသည့္အခါ
ေနာင္႐ိုးစိတ္ထဲတြင္ လိုခ်င္တက္မက္သည့္စိတ္မ်ားျဖစ္
ေပၚလာခဲ့သည္။ သို႔ေသာ္ေနာင္႐ိုးသည္ ထိုစိတ္မ်ားကို
ထိန္းခ်ဳပ္လိုက္၏။
အရက္သမားတစ္ဦးျဖစ္လင့္ကစား ေနာင္႐ိုးသည္
သူတစ္ပါးပစၥည္းအား ခိုးယူလိုစိတ္လုံးဝမရွိပါ။ မဟူရာ
စံအိမ္ႀကီးထဲသို႔ ေရာက္ခဲ့ေၾကာင္း သက္ေသျပႏိုင္ရန္
ယူေဆာင္သြားမည့္ အဖိုးတန္ပစၥည္ကိုလည္း ေနာက္
တစ္ေန႔နံနက္တြင္ျပန္လာပို႔မည္ဟု အေစာကတည္းက
ဆုံးျဖတ္ထားၿပီးျဖစ္သည္။

၆။
ဧည့္ခန္းထဲ၌ပန္းပု႐ုပ္တုမ်ားကို ေငးၾကည့္ေနသည့္
အခ်ိန္ ၎မ်က္စိေရွ႕တြင္ အရိပ္ျဖဴတစ္ခုျဖတ္ေျပးသြား
သည္ကို သတိထားမိလိုက္သည္။ သို႔ေသာ္အျဖဴေရာင္
အရိပ္ကိုျမင္ေတြ႕လိုက္ရသည္မွာ တစ္စကၠန္႔ပင္ မၾကာ
လိုက္ေခ်။ ထိုအရိပ္သည္ ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြား
ေလသည္။
ထိုအခ်ိန္မွာမိန္းကေလးတစ္ဦး၏ ေက်နပ္အားရစြာ
ရယ္ေမာေနေသာ ရယ္သံအား စတင္ၾကားလိုက္ရေလ
သည္။ ရယ္သံသည္ အိမ္ေအာက္ထပ္က အခန္းတစ္ခု
တြင္ၾကားေနရျခင္းျဖစ္သည္။ လူမေနေသာအိမ္ထဲတြင္
ရယ္ေမာသံကိုၾကားလိုက္ရသျဖင့္ လြန္စြာမွအံ့ဩသြား
သြားေလသည္။
သို႔ေသာ္တေစၦ၊သရဲ ပရေလာကသားမ်ားရွိသည္ကို
လုံးဝအယုံအၾကည္မရွိေသာ ေနာင္႐ိုးသည္ လူတစ္ဦး
ပင္ျဖစ္မည္ဟုမွတ္ခ်က္ခ်လိုက္သည္။ ေက်နပ္အားရစြာ
ရယ္ေမာေနေသာမိန္းကေလးသည္ မည္သူျဖစ္မည္ကို
သိလိုသျဖင့္ေနာင္႐ိုးသည္ ရယ္ေမာသံၾကားေနရသည့္
အခန္းဆီသို႔ေလွ်ာက္လာခဲ့သည္။
အခန္းေရွ႕သို႔ေရာက္ေသာအခါ အခန္းတံခါးသည္
ေစ့႐ုံ ေစ့ထားသည္ကိုေတြ႕လိုက္ရေလသည္။ ေနာင္႐ိုး
သည္ အနည္းငယ္ဟေနေသာတံခါး႐ြက္ၾကားမွ အခန္း
ထဲသို႔ေခ်ာင္းၾကည့္လိုက္သည္။
ထိုအခါစားပြဲခုံနံေဘးက ကုလားထိုင္ေပၚတြင္ ထိုင္
ေနေသာ မိန္းကေလးတစ္ဦးကိုေတြ႕လိုက္ရေလသည္။
ထိုမိန္းကေလးမွာ ေက်နပ္အားရစြာ ရယ္ေမာေနေသာ
မိန္းကေလးပင္ျဖစ္သည္။
တစ္စုံတစ္ခုကိုသတိထားမိဟန္ျဖင့္ ထိုမိန္းကေလး
သည္ ေနာင္႐ိုးရပ္ေနေသာတံခါးေပါက္ဆီ လွည့္ၾကည့္
လာခဲ့သည္။ မိန္းကေလးသည္ တံခါး႐ြက္ႏွစ္ခုၾကားမွ
ေနာင္႐ိုးကိုျမင္ေတြ႕သြားဟန္တူပါသည္။
ေနာင္႐ိုးသည္လည္း မိန္းကေလး၏မ်က္ႏွာကို ျမင္
ေတြ႕လိုက္ရေလသည္။ မိန္းကေလး၏ အသားအရည္
မွာ ပန္းႏုေရာင္သန္းၿပီး ဆံႏြယ္တို႔ကလည္း ရွည္လ်ား
နက္ေမွာင္ေနသည္။
မ်က္လုံး၊ ႏွာေခါင္း၊ ႏႈတ္ခမ္းသားတို႔ကလည္း ေျပာ
စရာမလိုေအာင္ လွပလြန္းသည္။ အားလုံးကိုၿခဳံငုံၾကည့္
လွ်င္ အလွပဆုံးစာရင္းထဲတြင္ပါဝင္ေသာ မိန္းကေလး
ျဖစ္ပါသည္။
ေနာင္႐ိုးကိုျမင္ေသာ္ မိန္းကေလးသည္ ထိုင္ေနရာ
မွ မတ္တပ္ထရပ္လာခဲ့သည္။ ထိုေနာက္ေနာင္႐ိုးဆီသို႔
ေလွ်ာက္လာခဲ့သည္။ သရဲ၊တေစၦမ်ားကို အယုံအၾကည္
မရွိ၊ ေၾကာက္လန္႔ျခင္းမရွိေသာ္လည္း ထိုမိန္းကေလး
ထိတ္တိုက္ရင္ဆိုင္ရန္ ေၾကာက္လန္႔ရင္ေလးေနသည္။
သို႔ျဖစ္ပါေသာေၾကာင့္သူ(မ)ႏွင့္ ထိတ္တိုက္မေတြ႕
ရေလေအာင္ အေဝးသို႔ေရွာင္တိမ္းရန္စိတ္ကူးမိသည္။
သို႔ေသာ္ေနာက္က်သြားေလၿပီ။ သူ(မ)သည္ ေနာင္႐ိုး
အနားသို႔ေရာက္လာခဲ့ၿပီျဖစ္သည္။
” ရွင္ဘယ္သူလဲ။ ဘာျဖစ္လို႔ဒီကိုလာခဲ့တာလဲ ”
” က်ဳပ္…က်ဳပ္…က်ဳပ္ ”
သူ(မ)၏ေမးခြန္းေၾကာင့္ ေနာင္႐ိုးသည္ လြန္စြာမွ
အံ့ဩသြားသျဖင့္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားေလ
သည္။
” ေမးေနတယ္ေလ ရွင္ဘယ္သူလဲလို႔ ”
” က်ဳပ္…က်ဳပ္နာမည္ေနာင္႐ိုး ”
” ဒီကိုဘာလာလုပ္တာလဲ ”
သူ(မ)၏ေမးခြန္းကို ေနာင္႐ိုးျပန္မေျဖႏိုင္ေခ်။
” အစ္ကို႔မိတ္ေဆြမ်ားလား ”
ဘာျပန္ေျပာရမွန္း မသိေသာေနာင္႐ိုးသည္ သူ(မ)
အား ေခါင္းၿငိမ့္ျပလိုက္သည္။
” ေစာေစာကတည္းက အစ္ကို႔မိတ္ေဆြလို႔ေျပာပါ
လားရွင္။ အားနာစရာေတြျဖစ္ကုန္ပါၿပီ။ အစ္ကိုေတာ့
အိမ္မွာမရွိဘူးရွင့္။ ရွမ္းျပည္ဖက္ကို ခရီးထြက္သြားတာ
တစ္ပတ္ေက်ာ္ေနၿပီ ”
သူ(မ)တစ္ဦးတည္းက မနားတမ္းေျပာဆိုေနေသာ
ေၾကာင့္ ေနာင္႐ိုးသည္ ဘာမွျပန္ေျပာႏိုင္ျခင္းမရွိေသး
ပါ။ ထိုအခ်ိန္အမ်ိဳးသမီးႀကီးတစ္ဦး အိမ္အေပၚထပ္က
ဆင္းလာသည္။ အမ်ိဳးသမီးႀကီး၏မ်က္ႏွာသည္ အလြန္
တင္းမာေန၏။ ေနာင္႐ိုးအား ဝါးစားမတတ္ၾကည့္ရႈေန
၏။
” ဟဲ့ေကာင္မ ဒီအခ်ိန္ႀကီး ဘယ္လင္ငယ္နဲ႔ စကား
ေျပာေနတာလဲ။ နင့္မွာလင္ရွိတယ္ဆိုတာကိုသတိရဦး။
ေအးေပါ့ေလ နင္လိုေအာက္တန္းစားမိန္းမက ေအာက္
တန္းစားအက်င့္စာရိတၱရွိေနတာမဆန္းပါဘူး ”
” ဘာမွမသိပဲနဲ႔ ကြၽန္မကိုမစြတ္စြဲပါနဲ႔။ ကိုေနာင္႐ိုး
က အစ္ကို႔သူငယ္ခ်င္းပါ ”
” လက္ပူးလက္က်ပ္မိတာေတာင္ ျငင္းခ်င္ေနေသး
တယ္။ ငါ့သားသူငယ္ခ်င္းေတြအကုန္လုံးငါသိတယ္ဟဲ့။
ငါ့သားသူငယ္ခ်င္းေတြထဲမွာ နင့္အေကာင္မပါဘူး ”
သူတို႔ႏွစ္ဦးအျပန္အလွန္ေျပာဆိုေနၾကသည့္အခ်ိန္
ေနာင္႐ိုးသည္ ဘာမွျပန္မေျပာႏိုင္ပါ။ ေၾကာင္၍ရပ္ေန
မိသည္။ ေနာင္႐ိုးသည္ ကိုထြန္းလင္းေျပာျပထားေသာ
အေၾကာင္းအရာမ်ားကိုျပန္သတိရလာခဲ့သည္။
တေစၦ၊ သရဲအယုံအၾကည္မရွိေသာ ေနာင္႐ိုးသည္
အနည္းငယ္သံသယဝင္လာခဲ့၏။ သို႔ေသာ္သူတို႔ႏွစ္ဦး
သည္ သာမန္အတိုင္းသာ ေျပာဆိုျငင္းခုန္ေနၾကေသာ
ေၾကာင့္ ကိုထြန္းလင္းသည္ တကယ့္လူအစစ္မ်ားအား
တေစၦ၊ သရဲအျဖစ္ထင္ျမင္ေနျခင္းျဖစ္မည္ဟု မွတ္ခ်က္
ခ်လိုက္သည္။
ေနာင္႐ိုးသည္ အမ်ိဳးသမီးႏွစ္ဦးကို ျပန္၍ေျပလည္
သြားေစလိုသည္။ ထိုေၾကာင့္အေၾကာင္းစုံအား အမွန္
အတိုင္းေျပာျပရန္ဆုံးျဖတ္လိုက္သည္။
ထိုအခ်ိန္အမ်ိဳးသမီးႏွစ္ဦး၏ ပုံသ႑ာန္မွာ ေၾကာက္
မက္ဖြယ္ ေကာင္းေသာ အသြင္ျဖစ္သြားၾကေလသည္။
နက္ေမွာင္ရွည္လ်ားေသာ အမ်ိဳးသမီးႀကီး၏ဆံပင္သည္
က်ိဳးတိုက်ဲတဲသာက်န္ေတာ့ၿပီး မ်က္လုံးႏွစ္ဖက္ကလည္း
နီရဲလာသည္။ မ်က္ႏွာေပၚကအေရျပားမ်ားသည္ တြန္႔
လိမ္သြားသည္။ အမ်ိဳးသမီးငယ္၏ မ်က္ႏွာကမူ အသား
စမ်ား တျဖည္းျဖည္းပဲ့ေႂကြက်လာခဲ့ၿပီး ေသြးသံရဲရဲျဖစ္
သြားေလသည္။
” သ…သရဲ…သရဲ ”
ေနာင္႐ိုး၏ပါးစပ္မွ ယခင္က အယုံအၾကည္မရွိဘူး
ဟုဆိုခဲ့ဖူးေသာ သရဲဆိုသည့္နာမ္စကားလုံးထြက္လာခဲ့
သည္။
” ဟား…ဟား…ဟား ”
” ဟား…ဟား…ဟား ”
သရဲမႏွစ္ဦး၏ က်ယ္က်ယ္ေလာင္ေလာင္ ရယ္ေမာ
သံသည္ မဟူရာစံအိမ္ႀကီးတစ္ခုလုံးကို ပဲ့တင္ထပ္သြား
ေလသည္။ ႏွစ္ဦးစလုံးသည္ လက္ႏွစ္ဖက္ကိုအေရွ႕သို႔
ဆန္႔တန္းကာ ေနာင္႐ိုးဆီသို႔ေလွ်ာက္လာခဲ့သည္။
ေၾကာက္မက္ဖြယ္႐ုပ္ဆင္းသြင္ျပင္မ်ားကို ျမင္ေတြ႕
လိုက္ရသျဖင့္ အလြန္အမင္း ထိတ္လန္႔ေၾကာက္႐ြံ႕ေန
ၿပီျဖစ္ေသာေနာင္႐ိုးသည္ သရဲမႏွစ္ဦးက ၎အနားသို႔
ေလွ်ာက္လာေနမွန္းကို သိလိုက္ရသည့္အခါ လြန္စြာမွ
တုန္လႈပ္သြားသည္။
ေနာင္႐ိုးသည္ ထိုအနားကထြက္ေျပးရန္ ႀကိဳးစား
သည္။ ထိုေနာက္တြင္ေနာက္သို႔ဆုတ္ခြာထြက္ေျပးလာ
လာခဲ့ေလသည္။ ေၾကာက္အား၊လန္႔အားထြက္ေျပးလာ
ေနာင္႐ိုးမွာ ကိုထြန္းလင္းလိုေတာ့ လြတ္ေျမာက္မသြား
ခဲ့ပါ။ စံအိမ္ႀကီးထဲသို႔ဝင္ေရာက္ႏိုင္ရန္ ဝင္ေပါက္အျဖစ္
အသုံးျပဳခဲ့ေသာ စာၾကည့္ခန္းျပတင္းေပါက္ဆီ ေရာက္
ခါနီးအခ်ိန္တြင္ တစ္စုံတစ္ခုကို ခလုတ္တိုက္မိသြားၿပီး
ေမွာက္ယွက္လဲက်သြားေလသည္။ ထိုအခ်ိန္ေနာင္႐ိုး၏
ဦးေခါင္းကို တစ္စုံတစ္ခုျဖင့္ေဆာင့္မိသြားၿပီး သတိေမ့
ေျမာသြားေလေတာ့သည္။

၇။
အျခားတစ္ဖက္တြင္ေတာ့ ေနာင္႐ိုးအား စိတ္ပူေန
ၾကေသာသူငယ္ခ်င္းႏွစ္ဦးမွာ အခ်ိန္အေတာ္ၾကာသည္
အထိမျပန္လာေသးေသာ သူတို႔၏သူငယ္ခ်င္းေနာင္႐ိုး
အတြက္အလြန္အမင္းစိတ္ပူေနၾကသည္။
သို႔ျဖစ္ပါေသာေၾကာင့္ ခင္မင္ရင္းႏွီးေသာ မိတ္ေဆြ
မ်ားအား အကူအညီေတာင္းခံကာ မဟူရာစံအိမ္ႀကီးဆီ
လိုက္သြားရန္ဆုံျဖတ္လိုက္ၾကသည္။ သူတို႔ႏွစ္ဦးသည္
အနီးအနားရွိ အေပါင္းအသင္းမိတ္ေဆြမ်ားကို လိုက္လံ
အကူအညီေတာင္းခံေလရာ လူခုႏွစ္ဦးသည္ သူတို႔ႏွင့္
အတူမဟူရာစံအိမ္ႀကီးဆီသို႔လိုက္ပါလာခဲ့ၾကသည္။
ဤသို႔ျဖင့္လူကိုးဦးသည္ လက္ႏွိပ္ဓာတ္မီးမ်ားအား
ကိုယ္စီကိုင္ေဆာင္ကာ မဟူရာစံအိမ္ႀကီးဆီသို႔ ခ်ီတက္
လာခဲ့ၾကေလသည္။
သူတို႔သည္ ေဘးအေႏွာင့္အယွက္ မႀကဳံေတြ႕ရဘဲ
မဟူရာစံအိမ္ႀကီးဆီသို႔ေရာက္လာခဲ့ၾကသည္။ လူအင္
အား မ်ားေသာေၾကာင့္ျဖစ္ဟန္တူပါသည္။ ပရေလာက
သားမ်ားက ၎တို႔ကိုအေႏွာင့္အယွက္ မေပးၾကသလို
က်ီးကန္းမ်ားကလည္း အေႏွာင့္အယွက္မေပးၾကေခ်။
မဟူရာစံအိမ္ႀကီးထဲသို႔ ေရာက္ေသာ္ အခန္းတိုင္း
တြင္ ေနာင္႐ိုးအားရွာေဖြၾကေလသည္။ ေနာက္ဆုံးတြင္
ေဟာင္းႏြမ္းေနၿပီျဖစ္ေသာ စာအုပ္အမ်ားအျပားတည္ရွိ
ေနေသာ အခန္းတစ္ခုတြင္ လဲက်ေနေသာေနာင္႐ိုးကို
ေတြ႕လိုက္ရေလသည္။
သူငယ္ခ်င္းႏွစ္ဦးသည္ ေနာင္႐ိုးအား ေျပးထူလိုက္
သည္။ ထိုေနာက္ေသြးခုန္ႏႈန္းကိုစမ္းၾကည့္လိုက္သည္။
ေနာင္႐ိုးမေသေသးမွန္း သိလိုက္ရသည့္အခါ အားလုံး
သည္ စိတ္ေအးသြားၾကၿပီး ေနာင္႐ိုးသတိရလာေအာင္
ႀကိဳးစားၾကသည္။ အခ်ိန္အေတာ္ၾကာသည္အထိ သတိ
မရသျဖင့္ သူတို႔သည္ေနာင္႐ိုးအား ထမ္းပိုးကာ စံအိမ္
ႀကီးထဲက ျပန္လည္ထြက္ခြာလာခဲ့ၾကေလသည္။

၈။
ေနာင္႐ိုးသည္ အိမ္သို႔ျပန္ေရာက္သည့္အခါမွ ျပန္
လည္သတိရလာခဲ့သည္။ သို႔ေသာ္အေၾကာက္လြန္ကာ
တစ္ပတ္ခန္႔အထိ လန္႔ဖ်ား ဖ်ားသြားေလသည္။ အဖ်ား
ေပ်ာက္သြားသည့္အခ်ိန္မွစ၍ တေစၦ၊ သရဲႏွင့္ပတ္သက္
၍မယုံၾကည္သည့္အေၾကာင္း ထပ္မေျပာေတာ့ေခ်။
လအနည္းငယ္ၾကာေသာအခါ မဟူရာစံအိမ္ႀကီးထဲ
က ပရေလာကသား သရဲမႏွစ္ဦး၏ အတိတ္ဘဝဇာတ္
ေၾကာင္းကိုသိလိုက္ၾကရေလသည္။
လြန္ခဲ့သည့္ႏွစ္ငါးဆယ္ခန္႔က မဟူရာစံအိမ္ႀကီးကို
ပိုင္ဆိုင္သူမွာ ေမာင္ထြန္းခန္႔ဆိုသည့္လူငယ္ျဖစ္သည္။
ကုန္သည္တစ္ဦးျဖစ္ေသာ ေမာင္ထြန္းခန္႔သည္ အေဖ
မရွိေတာ့ဘဲ မုဆိုးမအေမႏွင့္အတူေနထိုင္သည္။
တစ္ေန႔တြင္ေမာင္ထြန္းခန္႔သည္ ခရီးသြားလာရင္း
ခ်စ္ႀကိဳက္ခဲ့ေသာမိန္ကေလးကို လက္ထပ္ထိမ္းျမားကာ
မဟူရာစံအိမ္ႀကီးဆီ ေခၚေဆာင္လာခဲ့သည္။
ေမာင္ထြန္းခန္႔၏မိခင္သည္ ဆင္းရဲေသာ အသိုင္း
အဝိုင္းကလာသည့္ ထိုမိန္ကေလးကို သေဘာမက်ေခ်။
ထိုေၾကာင့္ေမာင္ထြန္းခန္႔ အျပင္သြားသည့္အခ်ိန္တိုင္း
အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ထိုမိန္းကေလးအား ဆူပူဆဲဆို
ေလ့ရွိသည္။
တစ္ေန႔တြင္ေမာင္ထြန္းခန္႔သည္ အလုပ္သမားမ်ား
ႏွင့္အတူ ကုန္ကူးသန္းေရာင္းဝယ္ရန္ ရွမ္းျပည္နယ္သို႔
ထြက္သြားသည္။
သို႔ျဖစ္ရာမဟူရာစံအိမ္ႀကီးထဲတြင္ေမာင္ထြန္းခန္႔၏
အေမ၊ ဇနီးသည္ႏွင့္ အိမ္ေစအမ်ိဳးသမီးသုံးဦး စုစုေပါင္း
ငါးဦးသာက်န္ရစ္ခဲ့သည္။
တစ္ညတြင္အမ်ိဳးသမီးငယ္သည္ ေယာကၡမျဖစ္သူ
၏ အေၾကာင္းမဲ့အျပစ္ရွာ ဆဲဆိုခံရျခင္း၊ ခင္ပြန္းျဖစ္သူ
ေမာင္ထြန္းခန္႔ကို လြမ္းေဆြးသတိရေနျခင္းတို႔ေၾကာင့္
အိမ္အေပၚထပ္လသာေဆာင္တြင္ တစ္ဦးတည္းထိုင္၍
ငိုေႂကြးေန၏။ ထိုအခ်ိန္ေယာကၡမျဖစ္သူ အမ်ိဳးသမီးႀကီး
ေရာက္လာခဲ့သည္။
” ဟိုေကာင္မ ဘာျဖစ္လို႔ အဲ့ဒီေလာက္ထိကို ငိုေန
ရတာလဲ။ တိတ္စမ္း က်က္သေရကိုမရွိဘူး ”
အမ်ိဳးသမီးငယ္မွာ တုတ္တုတ္ပင္မလႈပ္ေခ်။
” ေျပာေနတယ္ေလ မၾကားဘူးလား။ အခုခ်က္ခ်င္း
တိတ္စမ္း။ ငါ့အိမ္မွာက်က္သေရယုတ္တယ္။ ငိုခ်င္ရင္
နင့္အိမ္မွာသြားျပန္ငို ”
ထိုအခ်ိန္ထိအမ်ိဳးသမီးငယ္မွာ တုတ္တုတ္ပင္မလႈပ္
ေခ်။ ထိုေၾကာင့္အမ်ိဳးသမီးႀကီးသည္ အလြန္အမင္းစိတ္
တိုေဒါသထြက္သြားဟန္တူၿပီး မိန္းကေလးဆီသို႔ ေျပး
သြားသည္။ ထိုေနာက္မိန္းကေလးကို ကုလားထိုင္ေပၚ
အားျဖင့္တြန္းခ်လိုက္သည္။
ကံဆိုးစြာျဖင့္ကုလားထိုင္ေပၚက ျပဳတ္က်သြားသည့္
အခ်ိန္ မထိန္းခ်ဳပ္ႏိုင္ေသာအရွိန္ေၾကာင့္ ဝရန္တာတြင္
ကာရံထားေသာ သစ္သားေခ်ာင္းမ်ားသည္ က်ိဳးပဲ့သြား
ၾကကုန္ၿပီး မိန္းကေလးသည္လည္း ဝရန္တာကိုလြန္၍
ေအာက္သို႔ျပဳတ္က်သြားေလသည္။
အိမ္အေပၚထပ္မွျပဳတ္က်သြားေသာ အမ်ိဳးသမီးငယ္
သည္ အသက္ရွင္ဖို႔ရန္ အခြင့္အေရးလုံးဝမရွိေတာ့ပါ။
ခႏၶာကိုယ္တစ္ခုလုံး ရစရာမရွိေတာ့ေအာင္ျဖစ္သြားၿပီး
အသက္ေသဆုံးသြားေလသည္။
ေခြၽးမျဖစ္သူအား သတ္လိုက္မိမွန္းသိလိုက္ရေသာ္
ေမာင္ထြန္းခန္႔အေမသည္ ထိတ္လန္႔စိတ္လႈပ္ရွားသြား
ၿပီး ေနာက္ဆုံး၌စိတ္မထိန္းႏိုင္ေတာ့ဘဲ အေမာေဖာက္
ကာေသဆုံးသြားေလသည္။
ထိုေန႔တစ္ရက္တည္းမွာ ကုန္ကူးသန္းေရာင္းဝယ္
ရန္ ရွမ္းျပည္သို႔တက္သြားေသာ ေမာင္ထြန္းခန္႔သည္
လည္း လမ္းခုလပ္တြင္လမ္းဓားျပတို႔၏တိုက္ခိုက္သတ္
ျဖတ္ျခင္းကိုခံလိုက္ရေလသည္။
သို႔ျဖစ္ရာေမာင္ထြန္းခန္႔တို႔သားအမိ၌ အျခားေသာ
ေဆြမ်ိဳးသားခ်င္းမရွိသျဖင့္ မဟူရာစံအိမ္ႀကီးမွာ ပိုင္ရွင္
မဲ့ျဖစ္သြားေလသည္။
အေစာပိုင္းတြင္အေစခံမ်ားသည္ ၎တို႔၏မိသားစု
မ်ားကိုေခၚယူကာေနထိုင္ခဲ့ၾကေသာ္လည္း သရဲေျခာက္
သျဖင့္မေနဝံ့ၾကေတာ့ဘဲ အိမ္ေပၚကဆင္းသြားၾကေလ
ရာ မဟူရာစံအိမ္ႀကီးသည္ လူေနထိုင္ျခင္းမရွိေတာ့ဘဲ
အေဖာ္မဲ့အထီးက်န္စြာက်န္ရစ္ခဲ့ေလသည္။
ထိုအေၾကာင္းကိုသိလိုက္ရေသာ္ အခ်ိဳ႕က ထိုအမ်ိဳး
သမီးႏွစ္ဦးမွာ မျပန္လာႏိုင္ေတာ့သည္ ေမာင္ထြန္းခန္႔
ကို ေစာင့္ေမ်ာ္ေနၾကေသာေၾကာင့္ မကြၽတ္မလြတ္ျခင္း
ျဖစ္ေၾကာင္း ထင္ျမင္ခ်က္ေပးၾကေလသည္။
မည္သို႔ပင္ျဖစ္ေစ ေနာင္႐ိုးသည္ မဟူရာစံအိမ္ႀကီး
ဆီသို႔ ေနာက္ထပ္တစ္ႀကိမ္ေျခဦးလွည့္ရန္ မဝံ့ရဲေတာ့
ေခ်။

ၿပီးပါၿပီ
ဆက္လက္ႀကိဳးစားပါဦးမည္။
#ဒီကိုး