မောင်ထင်ပေါ် နှင့် ကလေးသရဲ(စ/ဆုံး)

Unicode Version

မောင်ထင်ပေါ် နှင့် ကလေးသရဲ(စ/ဆုံး)
————————————–
ဇီးချုံကျေးရွာ။ ထိုကျေးရွာသည်အိမ်ခြေများပြားပြီး လူနေထူထပ်သောရွာလေးဖြစ်၏။ လှည်းလမ်းမကြီးနှင့် နီးသဖြင့် ကုန်သည်ပေါင်းစုံတို့လည်း ခြေချင်းလိမ်နေသည့်ရွာလေးဖြစ်၏။ ကုန်သည်များကကုန်ပစ္စည်းအမျိုးမျိုးတင်သွင်းကြရင်း ထိုရွာမှထွက်သော ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူသွားလေ့ရှိ၏။ ထိုရွာ၏အဓိက စီးပွားရေးလုပ်ငန်းကား သနပ်ဖက်ခြောက်ဖြစ်၏။ ဆေးလိပ်၏အဓိကကုန်ကြမ်းဖြစ်သော သနပ်ဖက်ခြောက်ကို အိမ်တိုင်း၏စီးပွားရေး ထောက်တိုင်တစ်ခုအဖြစ် ဇောက်ချလုပ်ကိုင်ကြ၏။
ထိုရွာတွင်ကုန်သည်ပေါင်းစုံ ရောက်လာကြသဖြင့် အစားအသောက်ပေါင်းစုံလည်းပေါများ၏။ အရက်၊ဘီယာ၊ဘိန်း၊ဘင်း၊ကစော်တို့လည်း ဤရွာလေးတွင် ဖောဖောသီသီရနေရာ ရွာရှိလူကြီးလူငယ်အပေါင်းတို့်သည် လမ်းမှားကိုလိုက်ပြီး ရှိသမျှပေါင်နှံရောင်းချကာ အသူရာနွံထဲ နစ်မွှန်းကြကုန်၏။ လူညွှန့်တုံးစေသော ဘိန်းကစော်များကို သုံးစွဲကြရင်း သားမှန်းမယားမှန်းမသိ အချင်းချင်း ခိုက်ရန်ဖြစ်ပွားကြကုန်သည်။
ထိုမျှမကသေး လူကိုချွတ်ခြုံမွဲကျစေနိုင်သော လောင်းကစားဝိုင်းသည်လည်း နေ့စဉ်မပြတ်ရှိလေရာ ယောကျာ်းမိန်းမ မရွေး ထိုလောင်းကစားဝိုင်း၌သာ ဘဝနစ်မွှန်းကြရလေသည်။ ပင်ပင်ပန်းပန်းဖြင့် ရှာဖွေလုပ်ကိုင်သမျှ အဓိပ္ပါယ်မဲ့သော လုပ်ရပ်များကြောင့် ခဲလေသမျှသဲရေကျရကုန်သည်။
ထိုရွာတွင် ဖြူနုဟူသော မိန်းမတစ်ယောက်လည်းရှိ၏။ ဖြူနုသည် အမည်နှင့်လိုက်အောင် အသားဖြူပြီး ရိုက်ကြီးငင်ဖိုအသွယ်သွယ်တို့ဖြင့် ပုရိသတို့ကိုဖမ်းစားနိုင်သူတစ်ယောက်ဖြစ်၏။ သို့သော်ဖြူနုက မိန်းမပျိုတစ်ယောက်တော့မဟုတ်ချေ။ လင် သုံးယောက်ကွာထားသော သုံးခုလပ်မိန်းမတစ်ယောက်ဖြစ်သည်။ ဒါကလူသိရှင်ကြားလက်ထပ်ယူထားသော ယောကျာ်းများဖြစ်ပြီး လူမသိသူမသိယူထားသော ယောကျာ်းများလည်းမရေမတွက်နိုင်အောင် ရှိသည်။ စင်စစ်အားဖြင့် ဖြူနုသည် မိန်းမကောင်းတစ်ယောက်တော့ မဟုတ်ချေ။
ဖြူနုတွင် ဘယ်လင်နှင့်ရထားမှန်းမသိသော ငါးနှစ်အရွယ်သားလေးတစ်ယောက်ရှိသည်။ ထိုကလေးသည်ကား ကိုယ်ဝန်နုနယ်စဉ်က အကြိမ်ကြိမ်တုတ်အချွန်ဖြင့် ထိုးထျဖျက်ဆီးခြင်းခံထားရသော ကလေးတစ်ယောက်။ သို့သော်ထိုကလေး၏ လူဖြစ်ကံကမြင့်နေသဖြင့် ကိုယ်ဝန်မပျက်ကျဘဲ သန္ဓေအောင်ပြီး လူဖြစ်လာရခြင်းပင်။ ကံဆိုးလေရာ မိုးလိုက်၍ရွာ ဆိုသကဲ့သို့ ထိုကလေးသည် သန်သန်မာမာမဟုတ်ဘဲ ပိုလီယိုရောဂါခံစားနေရရှာသည်။
ဖြူနုသည် ထိုကလေးငယ်အား မမွေးချင်မွေးချင်ဖြင့်မွေးလာခဲ့ရပြီး ယခုလိုပိုလီယိုရောဂါလည်း ဖြစ်နေသဖြင့် ပို၍ပင်မချစ်တော့ပေ။ ထိုကလေးကိုလူသိရှင်ကြားနေရာသို့ ခေါ်မသွားရဲပေ။ ရှက်ဖို့ကောင်းသည်ဟုဆိုသည်။ အမှန်ကသူမကိုယ်သူမ မိခင်တစ်ယောက်အဖြစ် ကုန်သည်ပုရိသများကို မသိစေလိုပေ။ သူ၏ပစ်မှတ်သည် ထိုရွာ၌လာသော ကုန်သည်များကို မြူဆွယ်မည်။ ရသမျှအမြတ်ဆိုကာ ခန္ဓာကိုယ်နှင့်ရင်းပြီးအလုပ်လုပ်သည်။ တစ်နေ့၌မြို့မှကုန်သည်သုံးယောက်သည် ဇီးချုံရွာသို့ ရောက်လာခဲ့သည်။
ထိုကုန်သည်သုံးယောက်က ဤရွာကိုတစ်ခါမှမရောက်ဖူးကြချေ။ ယခုမှရေကြည်ရာမြက်နုရာ ရှာရင်းရောက်လာကြခြင်းဖြစ်သည်။ ဖြူနုသည် ရွာသို့ရောက်လာသော ကုန်သည်သုံးယောက်ကိုမျက်စိကျပြီး သူ့အကွက်ထဲဝင်ရန် နည်းအမျိုးမျိုးဖြင့်ကြံတော့သည်။ ထိုကုန်သည်တို့ထဲမှပါလာသော ပစ္စည်းများကို တမျိုးပြီးတမျိုး ဝယ်ယူသည်။ လှလှပပပြင်ကာ သူမကိုမျက်စိကျအောင်လုပ်သည်။ အသားမစားသောကျားမရှိသဖြင့် ထိုကုန်သည်တို့ကလည်း ဖြူနု၏မာယာကျော့ကွင်းထဲသို့ သက်ဆင်းကြတော့သည်။
ကုန်သည်တို့်ကိုမြူဆွယ်ပြီးနောက် ဖြူနုက အိမ်သို့ပြန်လာသည်။ ညနေလောက်တွင် ကုန်သည်သုံးယောက်အား ချိန်းဆိုထားသဖြင့် မိမိ၏အိမ်ကိုအသန့်ရှင်းဆုံးဖြစ်အောင် သိမ်းဆည်းနေ၏။ အရာအားလုံးကသူမဖြစ်စေချင်သည့်အတိုင်း ဖြစ်လာသော်လည်း သူမ၏ပိုလီယိုသားငယ်ကိုကား ဘယ်နေရာသွားထားရမှန်းမသိဖြစ်နေသည်။ သူမကိုကလေးအမေမှန်းသိလျှင် ကုန်သည်တို့်မကြိုက်မည် စိုးသဖြင့် သားငယ်အား စောင်ဖြင့်အထပ်ထပ်ပတ်ကာ အိမ်ထဲရှိ သနပ်ဖက်ခြောက်ထည့်သည့် ဖို(ခြင်းတောင်းကြီး) ထဲထည့်ထားလိုက်သည်။
ညနေသုံးနာရီထိုးချိန်၌ ကုန်သည်သုံးယောက်သည် ဖြူနု၏အိမ်သို့ရောက်လာခဲ့ကြသည်။ ဖြူနုကအပျိုရှုံးအောင် ပြင်ဆင်လိမ်းခြယ်ထားပြီး အထူးဧည့်သည်ကိုဧည့်ခံနေ၏။ ထိုစဉ်အခန်းထဲရှိ သနပ်ဖက်ဖိုထဲမှ ကလေးငယ်သည် ဗိုက်ဆာလာသဖြင့် ရုန်းကန်ရင်းငိုနေရှာ၏။ သို့သော် ကလေးငယ်က အဝတ်စဖြင့်ထုတ်ပိုးခံထားရသဖြင့် ငိုသံမှာအပြင်သို့်ကျယ်လောင်စွာထွက်မလာခဲ့ချေ။
” အီး…အီး…အင့်…အင့်…”
ဟူသောအူံလေးသာမပီဝိုးတဝါးထွက်နိုင်တော့၏။ ထိုအသံကိုဧည့်သည်က သတိမပြုမိသော်လည်း ဖြူနုကားသတိထားမိလေ၏။ သို့ကြောင့်စိတ်ထဲ၌ ငါ့အလုပ်ကိုဖျက်မဲ့အကောင် ဟုတွေးပြီး
” အစ်ကိုတို့ခဏနေခဲ့ကြဦးနော်…သနပ်ဖက်ဖိုလ်ထဲကြွက်သိုက်ရှိတယ်ထင်တယ်…ကြွက်သံတွေကြားနေရလို့ သွားရှင်းလိုက်ဦးမယ်…”
ဆိုကာ အိမ်ထဲဝင်သွားပြီး သနပ်ဖက်ဖိုအား သယ်ကာ ခြံထဲဆင်းသွားခဲ့၏။ ခြံသည်ကားအတော်ကျယ်ဝန်းသည့်အပြင် သနပ်ဖက်ခင်းလည်းဖြစ်နေသဖြင့် ပိန်းပိတ်အောင်မှောင်နေ၏။ ခြံ၏ ထောင့်တစ်နေရာတွင်ကား ဝါးရုံကြီးတစ်ရုံရှိ၏။ ထိုဝါးရုံပင်အောက်ရောက်သော် ဖြူနုသည်ဖိုကိုပစ်ချပြီးသားငယ်ကိုထုတ်လိုက်၏။
” ဟင်း…ကောင်းကျိုးမပေးတဲ့သေနာလေး…နင့်ကြောင့်ငါအလုပ်ပျက်တော့မယ်..နင့်ကိုတိတ်တိတ်နေလို့ငါမပြောထားဘူးလား…”
ဆိုပြီးအဝတ်စကိုဖြေပေးလိုက်၏။ ထိုအခါကလေးငယ်မှာမျက်ရည်လေးစမ်းစမ်းဖြင့် မိခင်ကိုပြန်ကြည့်ပြီး
” သား…သား…ဗိုက်ဆာလို့ပါအမေရယ်…”
” ဘာ! ဗိုက်ဆာတယ်ဟုတ်လား…နင့်ကိုငါမနက်ကတည်းက အဝကျွေးထားတယ်လေ…အဲဒါကိုဗိုက်ဆာနေသေးတာလား…”
” အီးဟီးဟီး…သားကိုမဆူပါနဲ့မေမေ…သားဗိုက်ဆာလွန်းလို့်ပါ…”
” တော်စမ်း…နင်ကလေ…ငါမလိုချင်တဲ့ကြားက ငါ့ဘဝထဲအတင်းဝင်လာခဲ့တဲ့ကလေးဘဲ…ငါ့ကိုဂြိုလ်မွှေလို့ကိုမပြီးတော့ဘူး…ခုငါအချီကြီးရမဲ့အချိန်ကျမှ ငါ့အလုပ်ကိုလာဖျက်တယ်…နင်ကလူ့လောကမှာမနေသင့်တဲ့ကလေးဘဲ…”
” နင်ရှိနေသေးသ၍ ငါကနင့်ကိုပြုစုနေရဦးမှာ…ငါ့အလုပ်တွေပျက်နေဦးမှာဘဲ…ဒီတော့နင်မရှိမှဖြစ်မယ်…နင်သေမှအေးမယ်…”
ဆိုပြီး ဖြူနုသည် ခြောက်သွေ့နေသောဝါးတစ်ချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သားဖြစ်သူကို ရိုက်သတ်လိုက်တော့သည်။
” ဒုတ်…ဒုတ်…ဒုတ်…”
” အား….”
ဖြူနုသည် မိခင်စိတ်လုံးဝမရှိဘဲ ဘီလူးသဘက်စွဲကပ်သကဲ့သို့ မျက်လုံးများနီရဲကာ သနားညှာတာမှုကင်းမဲ့စွာဖြင့် မိမိ၏ရင်သွေးငယ်လေးအား မသေမချင်းရိုက်သတ်မိတော့သည်။ ကလေးငယ်ကား အားဟုသာအော်နိုင်ပြီး မိခင်၏ရက်စက်မှုအောက်ဝယ်သွေးအလိမ်းလိမ်းဖြင့် အသက်ပေးလိုက်ရတော့သည်။ ဖြူနုသည်မိမိ၏ကလေးကိုပြန်သတ်ပြီး ဝါးရွက်ခြောက်များဖြင့် ဖုံးအုပ်ထားခဲ့သည်။ ပြီးနောက်အိမ်ပေါ်သို့ ကျော့မော့စွာတက်လာခဲ့သည်။ သူ၏အသိစိတ်တို့သည်ကား သရဲသဘက်စီးသကဲ့သို့ ရှိနေလေသည်။
တစ်ခုသောညနေခင်း၌ မိုးတိမ်မိုးရိပ်တို့သည်တလိပ်လိပ်တက်လာနေ၏။ နေ့လည်ခင်းအထိသာနေသောနေမင်းကြီးသည်လည်း မိုးရိပ်တို့ဝါးမျိုခြင်းခံရပြီး ပတ်ဝန်းကျင်တစ်ခွင်မည်းမှောင်နေတော့သည်။ လျှပ်ပန်းလျှပ်နွယ်တို့်ကလည်း မီးရှူးမီးပန်းပမာ တလက်လက်ဖြင့် လင်းထိန်နေ၏။ လေနီကြမ်းကလည်း အိမ်ခေါင်မိုးပြိုကျလုမတတ် ကြမ်းတမ်းစွာတိုက်ခတ်နေ၏။ တစ်ရွာလုံးကလည်း ရွာထဲ၌မဟုတ်မမှန်သည့်အရာတစ်ခုခုဖြစ်ပျက်နေပြီဖြစ်ကြောင်း တွက်ဆကြကုန်၏။ ရပ်ရွာထဲ၌ မဟုတ်မမှန်သော ကိစ္စပြုလုပ်ပါက နတ်တို့ဒဏ်ခတ်တတ်သည်ဟု အယူအဆရှိကြသောကြောင့်ပင်။
ထိုသို့မိုးများ၊လေများကြမ်းတမ်းစွာရွာသွန်းတိုက်ခတ်နေချိန်၌ ဖြူနုသည်အိမ်ထဲ၌ငုတ်တုတ်ထိုင်နေ၏။ သားဖြစ်သူကိုလူမဆန်စွာရိုက်သတ်ပြီးနောက် သူမသည်အိမ်ထဲမှ အိမ်ပြင်သို့မထွက်တော့ဘဲ ငူငိုင်ငိုင်ကြီးဖြင့်သာထိုင်နေ၏။
” ဝေါ….ဝေါ….ဝေါ…”
” ဂျိန်း….ဒလိမ်း…ဂျိန်း…”
လေသံမိုးသံတို့ကလည်း ပတ်ဝန်းကျင်ရှိအသံများဖုံးလွှမ်းသွားလောက်အောင်ပင် ရွာသွန်းတိုက်ခတ်နေ၏။ ထိုစဉ်
” အ….အ…မေ…သား…ဗိုက်ဆာတယ်…သားဗိုက်ဆာတယ်…”
ဟူသောအသံသည် လေသံမိုးသံကိုခွင်းလျှက် ဖြူနု၏နားထဲသို့ရောက်လာ၏။
” ဟင်…ဘယ်သူလဲ…ဘယ်သူခေါ်နေတာလဲ…”
ဆိုပြီး ဘေးဘီဝဲယာသို့အရူးသဖွယ် လိုက်ကြည့်နေ၏။
” ဗိုက်…ဆာ….တယ်….ဗိုက်…ဆာ…တယ်…သားကို…ထမင်းကျွေး…”
ဟူသောအသံသည်အိမ်တံစင်မြိတ်အောက်မှပေါ်ထွက်လာခဲ့၏။
” ဒိုင်း…..”
” ဝေါ…..ဝေါ…”
ထိုစဉ်လျှပ်စီးမိုးကြိုးကလည်း ဂျိန်းခနဲမြည်အောင် ပစ်ချနေ၏။ ဖြူနုသည် အမှတ်မထင်အိမ်ရှေ့သို့်ကြည့်မိ၏။ ထိုအခါမိုးရေထဲမှ ရပ်နေသောခြေလိမ်နေသောကလေးငယ်တစ်ယောက်ကို လျှပ်စီး၏အလင်းရောင်နှင့်အတူတွေ့လိုက်ရ၏။
” ဟင်…မဟုတ်ဘူး…မဟုတ်ဘူး…သူကသေနေပြီဘဲ..”
ဆိုပြီးကယောင်ကတမ်းဖြင့် တံခါးကို ဝုန်းခနဲမြည်အောင်ပြေးကာပိတ်လိုက်၏။
” သား….ဗိုက်…ဆာ…တယ်….”
” ဂျစ်…ဂျစ်…ဂျစ်….”
အပြင်ဘက်၌ကား ကလေးငယ်၏အသံနှင့်အတူ တံခါးကုတ်ခြစ်သံတို့ ကြက်သီးထံဖွယ်ကြားလိုက်ရ၏။
” အား….မဟုတ်ဘူး….သွား….သွား…နင်ကငါ့သားမဟုတ်ဘူး….”
ဖြူနုကနားနှစ်ဖက်ကို လက်ဖြင့်ပိတ်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။ သို့သော် အသံကပျောက်မသွားဘဲ
“အ…မေ….သား…ကို…သတ်…တယ်…အီး…ဟီး…အမေ…သားကို…သတ်ရက်တယ်..”
” အမေ…သားကိုသတ်တယ်…”
” ဂျစ်….ဂျစ်…ဂျစ်…”
ကလေးငယ်၏အသံသည် တဖြေးဖြေးဖြင့် ဒေါသထွက်သည့်အသံဖြစ်လာပြီး တံခါးကိုလည်း တဂျစ်ဂျစ်ကုတ်ခြစ်နေ၏။
” သွား…ထွက်သွား…နင်ကငါ့သားမဟုတ်ဘူး…ထွက်သွား…”
ဖြူနုတစ်ယောက် သူရူးမတစ်ယောက်နှယ် အော်ဟစ်နေ၏။ သို့သော်သူမ၏အသံကို မည်သူတစ်ဦးတစ်ယောက်မှ မကြားနိုင်ချေ။ သူမပြုခဲ့သည့်အရိပ်ဆိုးသည် သူမအားပြန်လည်ခြောက်လှန့်နေလေပြီ။ သူမ၏စိတ်တို့်သည်လည်း ကယောင်ချောက်ချားဖြစ်ကာ ဆောက်တည်ရာမရဖြစ်နေလေသည်။
အလှတို့၏ထိပ်ခေါင်ဘုရင်မ ဖြူနုသည်ကား ယခုမူပိန်ချုံးကာကြောင်တောင်တောင်ဖြစ်နေ၏။ ကြောက်မက်ဖွယ်အရိပ်ဆိုးကြီးသည်ကား သူ့နောက်ဝယ်အရိပ်ပမာလိုက်လံ ခြောက်လှန့်နေပေပြီ။ စိတ်ဓာတ်ကျပြီး စိတ်ချောက်ချားနေသော ဖြူနုသည်ကား မည်သူမှမစောင့်ရှောက်ကြချေ။ ခြေလိမ်နေသောကလေးသရဲသည်ကား ရွာထဲတွင်သောင်းကျန်းနေတော့သည်။
အာကာသတစ်ခွင်မှောင်မိုက်နေသော လမိုက်ညတစ်ည၌ အရက်သမား ကိုဖိုးပိန်သည် ရွာလယ်အရက်ဆိုင်မှ ဒယီးဒယိုင်ဖြင့်ပြန်လာနေ၏။ ဖိနပ်နှစ်ဖက်ကို လက်ကောက်ဝတ်၌လျှိုထားသေး၏။ ပုဆိုးကိုလည်း စလွယ်သိုင်းကာ အရက်ပုလင်းနှင့် ကြက်ကင်အမြည်းလေးလည်း ကိုင်ထားသေး၏။
” အေ့…ဂေ့…ဒီအရက်သမားကို ဘယ်သူမှ လာမကြိုကြဘူးလားကွာ…ဂေ့…ဒီညကဘာလို့မှောင်မဲနေရတာလဲ…အေ့…ထွီး…
လမ်းကလည်း နိမ့်ခြည်မြင့်ခြည်ပါလား…ဘယ်လိုဖြစ်နေတာလဲ…ဂေ့…”
ဖိုးပိန်တစ်ယောက် လမ်းပြည့်နေအောင်လျှောက်ရင်း တစ်ယောက်တည်းစကားပြောနေ၏။ ထိုစဉ် သူရှေ့မှ ကလေးတစ်ယောက်ပေါ်လာပြီး
” ဗိုက်…ဆာ…တယ်…အ…သား…ကင်…ပေး…စား…”
ဟူသောအသံနှင့်အတူကလေးလေးတစ်ယောက် လက်ဖြန့်ပြီးသူ့ထံမှအသားကင်ကိုတောင်းစားနေ၏။ ဖိုးပိန်လည်း မူးမူးဖြင့်
” အေ့…သောက်ကလေး…ညကြီးမင်းကြီး လမ်းပေါ်ထွက်ပြီး တောင်းစားရသလားကွ…ဟမ်…မပေးဘူးကွာ…သွား…သွား….”
” ပေး…အသားကင်ပေး….ဗိုက်ဆာတယ်….”
သူမောင်းထုတ်သောလည်း ကလေးကသူ့ရှေ့မှတစ်ဖဝါးမခွာရှိနေသေး၏။ သို့ကြောင့် ဖိုးပိန်ဒေါသထွက်သွားပြီး
” တောက်! ဘာလဲကွာ…ငါမူးနေတာနော်…ရိုက်မိလိမ့်မယ်…သွား…ကိုယ့်မိဘဆီ ကိုယ်ပြန်တောင်းစား…”
ဆိုပြီးထပ်မံမောင်းထုတ်လိုက်ရာ သူ့ရှေ့မှခြေလိမ်နေသောကလေးငယ်မှာ
မျက်လုံးနှစ်ဖက်နီရဲလာပြီးမျက်ဖြူလန်ကာ သွေးများပေကျံနေသောလက်ဖြင့် သူ့ဆီမှကြက်ကင်အား အတင်းလုစားတော့၏။
” ဟင်…အမလေး…သ…သရဲ….သရဲလေး…”
ထိုမြင်ကွင်းကြောင့် ဖိုးပိန်တစ်ယောက် ကြောက်စိတ်ငယ်ထိပ်ရောက်သွားပြီး အမူးပြေကာ ဖနှောင့်နှင့်တင်ပါးတစ်သားတည်းကျအောင်ပြေးလေတော့သည်။ အိမ်ရောက်သော်ဖိုးပိန်တစ်ယောက် စကားမေး၍မရတော့ဘဲ လန့်ဖျားဖျားကာ ဘဝတစ်ပါးသို့ကူးသွားလေတော့သည်။
ဒေါ်သိန်းတင်တစ်ယောက် ဖက်ရွက်များကိုအညှာချွေနေ၏။ ပြီးသော်အထပ်လိုက်ထပ်ထားလိုက်သည်။ ညရောက်လျှင် မီးဖို၌ဖက်ရွက်များကို အခြောက်တိုက်ရမည်။ သို့ကြောင့် မီးဖိုအောက်မီးမွေးထားပြီး ဖက်လှော်သည့်အိုးကင်းပြားများ အသင့်တင်ထားလိုက်သည်။ ဖက်လှော်သည့်အခါအပေါ်မှ ဖိရသောသဲများကိုလည်း ထီးရွက်ဖြင့်သေချာထုပ်ထားလိုက်သည်။ ဒေါ်သိန်းတင်က တစ်ကိုယ်ရေတစ်ကာရ သမားဖြစ်သဖြင့် ကိုယ်လုပ်မှကိုယ်စားရသည်။ သားသမီးများကလည်း သူ့အိမ်ထောင်နှင့်သူဖြစ်နေသဖြင့် အပူမပေးချင်၍လည်းပါသည်။
ညရောက်သော်ဒေါ်သိန်းတင်သည် အညှာချွေထားသောဖက်ရွက်ကို အပူတိုက်ထားသောအိုးကင်းပေါ်သို့ညီညာစွာဖြန့်ခင်းပြီး သဲထုပ်ဖြင့်ဖိထားလိုက်၏။ မီးဖိုပေါ်မှအိုးကင်းပြားမှာ နှစ်လုံးတန်းစီ ဖြစ်ပြီးအားလုံးပေါင်းအိုးကင်းပြားခြောက်လုံးရှိ၏။ ဒေါ်သိန်းတင်က ထိုအိုးကင်းခြောက်လုံးထဲသို့သနပ်ဖက်ရွက်ကိုထည့်ကာအခြောက်တိုက်နေ၏။ ညဆယ်နာရီခန့်ရောက်သော် လူကအိပ်ငိုက်ချင်သလိုလိုဖြစ်သွားသဖြင့် အိပ်ငိုက်ပြေအောင် ဖက်ကြမ်းတစ်လိပ်ကိုမီးညှိကာ ထိုင်ဖွာနေ၏။ အိပ်ငိုက်ပြေသော် ဗိုက်ကဆာလာသလိုဖြစ်လာသဖြင့် ထမင်းကြမ်းခူးပြီး ညကကျန်နေသည့် အမဲအူကြမ်းဟင်းဖြင့် ထမင်းစားလိုက်၏။
” ရှပ်…ရှပ်…ရှပ်…”
ထိုစဉ်တဲအပြင်ဘက်မှ လမ်းလျှောက်သံလိုလိုကြားလိုက်ရသဖြင့် စားလက်စထမင်းကိုရပ်ပြီး ဒေါ်သိန်းတင် အပြင်ဘက်သို့နားစွင့်လိုက်၏။ ခြေသံမှာတဲပတ်ပတ်လည်မှ ထွက်လာနေခြင်းဖြစ်၏။
” ဘုတ်…ဘုတ်…ဘုတ်…”
ထိုစဉ်တဲအပြင်ဘက်မှ နံရံကိုပုတ်နေသည့်အသံကိုပါကြားလိုက်ရသဖြင့် ဒေါ်သိန်းတင်လန့်သွား၏။ သို့ကြောင့်ဓားမကိုယူပြီး မတ်တတ်ရပ်လိုက်၏။
” ဖွား…ဖွားသိန်းတင်…သား…သားကိုထမင်းကျွေး…သားဗိုက်ဆာတယ်…”
ဟူသောကလေးအသံသည် အပြင်ဘက်မှ ထွက်ပေါ်လာလေရာ ဒေါ်သိန်းတင်တစ်ယောက် သရဲအခြောက်ခံရပြီဖြစ်မှန်းသဘောပေါက်လိုက်၏။ သို့ကြောင့် ဘုရား ကိုအာရုံစိုက်ကာ
” သံဗုဒ္ဓေ…အဋ္ဌဝီသဉ္စ…”
ဟုအစချီပြီး သံဗုဒ္ဓေဂါထာတော်ကြီးကို အသံထွက်ရွတ်ဖတ်လိုက်၏။ မည်မျှကြာအောင်ရွတ်မိသည် မသိ။ ဒေါ်သိန်းတင် သတိထားမိချိန်တွင်တော့ အပြင်မှအသံသည် လုံးတိတ်ဆိတ်သွားချေပြီ။
” ဟူး….တော်ပါသေးရဲ့ဘုရားကယ်ပေလို့…”
ဆိုပြီး သက်ပြင်းချနိုင်တော့၏။ ဤကဲ့သို့ ခြေလိမ်သရဲလေးသည် တစ်ယောက်ပြီးတစ်ယောက်ခြောက်လှန့်နေကြသဖြင့် ရွာသူရွာသားများလည်း ညနေညခင်းတွင် အပြင်မထွက်ရဲကြဘဲရှိနေတော့၏။ ကုန်သည်များလည်း သရဲအခြောက်ကြမ်းသည့် ထိုရွာလေးတွင် ကြာကြာမနေရဲကြတော့ချေ။ သို့ကြောင့် ရွာသူရွာသားများစီးပွားရေးကြပ်တည်းလာကြ၏။ အရူးမဖြူနုကား လမ်းမပေါ်၌ လမ်းသလားနေတော့၏။
တစ်နေ့မောင်ထင်ပေါ်က ငွေတောင်ရွာမှထွက်လာခဲ့ပြီး ခရီးဆက်ခဲ့ရာ ဇီးချုံရွာသို့ရောက်လာခဲ့၏။ ထိုစဉ်ရွာသားနှစ်ယောက်သည် ရွာထိပ်ရှိသစ်ပင်အောက်၌နားနေရင်း ကလေးသရဲအကြောင်းပြောနေကြ၏။ ထိုရွာသားနှစ်ယောက်က နွားကျောင်းနေကြခြင်းဖြစ်၏။
” ငါတော့အဲဒီခြေလိမ်ကလေးသရဲကို တွေ့ဖူးချင်သပကွာ…သူလုပ်လို့တစ်ရွာလုံးလည်းစီးပွားရေးကြပ်တည်းနေပြီကွ…”
” အပြောကောင်းမနေနဲ့စိုးအောင်…အဲဒီခြေလိမ်သရဲက အတော်ဆိုးတာနော်…နင့်ကိုလာခြောက်မှလိပ်ပြာနုတ်ခံနေရဦးမယ်…”
” ငါမကြောက်တတ်ပါဘူးသီဟရာ…အဲဒီကလေးသရဲကိုငါက ဟောဒီလို…ဟောဒီလိုလုပ်ပစ်ချင်တာကွ…”
” ဟားဟားဟား…တော်စမ်းပါကွာ…နေ့ဘက်မို့်နင်ဒီလိုပြောရဲတာ…ညဘက်ဆိုရင်တော့ နင်အပြင်တောင်ထွက်ရဲမှာမဟုတ်ဘူးကွာ…”
စိုးအောင်ဆိုသူက လက်ဟန်ခြေဟန်ဖြင့် ကလေးသရဲအား နိုင်နင်းပစ်မည့်အကြောင်း ဟန်ပါပါပြောနေသည်ကို သူငယ်ချင်းဖြစ်သူသီဟက ပြန်ပြောနေခြင်းဖြစ်၏။ မောင်ထင်ပေါ်ကလည်း သစ်ပင်အောက်တွင်ဝင်နားရင်း ထိုနှစ်ယောက်ပြောသည့်စကားများကို နားစွင့်နေ၏။ သို့ကြောင့်ကလေးသရဲအကြောင်းကို စိတ်ဝင်စားလာပြီး ထိုနှစ်ယောက်ထံမေးမြန်းလိုက်၏။
” ဒီကအစ်ကိုတို့ ဘာတွေပြောနေကြတာလဲဗျ…”
” ဟော…မျက်နှာစိမ်းဧည့်သည်ပါလား..အစ်ကိုတို့ ကလေးသရဲအကြောင်းပြောနေတာပါဗျာ…”
ဆိုပြီးသီဟကပြန်ဖြေ၏။
” ဗျာ…ကလေးသရဲဟုတ်လား..”
” အင်းဟုတ်တယ်ကွ…အဲဒီကလေးက ဘယ်လိုသေခဲ့တယ်မသိဘူး…ခုရွာထဲမှာအတော်သောင်းကျန်းနေလို့ ရွာသူရွာသားတွေ သူ့ကိုကြောက်နေရတာဗျ…”
” သူကဘယ်လိုလုပ်လို့လဲဗျ..”
” တွေ့သမျှလူကို အစားလိုက်တောင်းတာဗျာ…မပေးရင်သူကရုပ်ပျက်ဆင်းပျင်ကြီးနဲ့ခြောက်လှန့်တော့တာဗျ…သူ့ကြောင့် ရွာသားတွေလန့်ပြီး သေတာတောင်ဖြစ်နေပြီဗျ…”
” ဟုတ်လား…ဒါဆိုအတော်ဆိုးနေပြီဘဲ…ဒါနဲ့ရွာသူရွာသားတွေက အဲသရဲကိုမမောင်းထုတ်ကြဘူးလားဗျ…”
” မမောင်းထုတ်ရဲကြဘူးထင်ရဲ့ှဗျာ…ခုထိမောင်းထုတ်ကြမဲ့အသံမကြားရဘူးဘဲ…”
” မောင်းထုတ်ပေးမဲ့လူရှိရင်ကော လက်ခံကြပါ့မလား…”
” ဟာ…ဘယ်လိုပြောလိုက်တာလဲဗျ…သရဲကိုမောင်းထုတ်နိုင်တဲ့သူဆိုမှတော့ လက်ခံပြီးသားပေါ့ဗျာ…”
” ဒါဆိုကျွန်တော့်ကိုရွာထဲခေါ်သွားပေး…ဒီညဘဲအဲဒီသရဲကိုမောင်းထုတ်ပေးမယ်…”
” ဟေ…တကယ်မောင်းထုတ်နိုင်လို့လားကွ…ဟုတ်မှလည်းလုပ်ပါဗျာ…”
” ကျွန်တော်အတည်ပြောတာဗျ…”
” ဒါဆိုလိုက်ခဲ့ဗျာ…ကျုပ်တို့ရွာထဲခေါ်သွားမယ်…ဟုတ်မဟုတ်လက်တွေ့ကြည့်ရတာပေါ့…”
ဆိုပြီးမောင်ထင်ပေါ်ကို ရွာထဲခေါ်သွားလိုက်၏။ သူကြီးအိမ်သို့ခေါ်သွားပြီး အကျိုးအကြောင်းပြောပြထားလိုက်၏။ သူကြီးလည်း မောင်းထုပြီး သရဲမောင်းမည့်အကြောင်း တစ်ရွာလုံးကို မောင်းထုကြေငြာထားလိုက်၏။
ညရောက်သော်မောင်ထင်ပေါ်က ဘုရားရှိခိုးပြီးအမျှအတမ်းပေးဝေလိုက်၏။ အားလုံးပြီးစီးသော် သရဲခေါ်အင်းကို သုံးပြီးကလေးသရဲကိုဆင့်ခေါ်လိုက်၏။ ရွာသူရွာသားတို့ကား ကြောက်သော်လည်းစပ်စုချင်သဖြင့် လာရောက်ကြည့်ရှုကြ၏။ မောင်ထင်ပေါ်အမိန့်ပြန်ပြီးခဏ၌ ရွာထဲရှိခွေးများ ဆွဲဆွဲငင်ငင်အူနေကြ၏။ ခဏကြာသော် ရွာသားထဲမှတစ်ယောက်သည် ပိုလီယိုဖြစ်နေသည့်ပုံစံဖြင့် မောင်ထင်ပေါ်ရှေ့လာရပ်နေ၏။ မောင်ထင်ပေါ်က သရဲလေးရောက်နေမှန်းသိသွားပြီး
” ရောက်လာပြီလား…နင်ကဘယ်သူလဲ…”
” အီးဟီးဟီး…ဗိုက်ဆာတယ်… ထမင်းစားချင်တယ်..”
ဆိုပြီးကလေးသံထွက်လာ၏။ ထိုအခါရွာသူရွာသားများ ကြောက်သွားကြပြီး
” အမလေး…သရဲလေးတကယ်လာတယ်တော့…”
” အမလေး…ကြောက်လိုက်တာ…သူကအစာတောင်စားနေတယ်တော့…”
ဆိုပြီးတစ်ယောက်တစ်ပေါက်ဖြင့်ဆူညံစွာ ပြောနေကြ၏။
” အဟမ်း…တိတ်တိတ်နေပေးကြပါဗျ..”
ဆိုပြီးမောင်ထင်ပေါ်က ဟန့်လိုက်မှအားလုံးငြိမ်ကျသွား၏။
” ငါမေးတာဖြေရင် နင့်ကိုထမင်းကျွေးမယ်…နင်ကဘယ်သူလဲ…ဘာလို့ရွာထဲဝင်လာရတာလဲ…”
” သားက ဖိုးပြည့်…သားဗိုက်ဆာလို့ ဝင်လာတာကို သူတို့ကသားကိုအစာမကျွေးကြဘူး…အီးဟီးဟီး…သားဗိုက်ဆာတယ်…”
” နင်ကဘာလို့ဒီဘဝရောက်နေရတာလဲ…အစ်ကို့ကိုပြောပြ…”
” အမေသတ်တာ…သားကို အမေကရိုက်သတ်လိုက်တာ…”
” ဟင်…”
” ဟာ…”
သရဲလေး၏အဖြေကြောင့် ရွာသူရွာသားတို့အံ့ဩကြကုန်၏။ မောင်ထင်ပေါ်က
” မညာနဲ့…ဘယ်မိဘကကိုယ့်သားသမီးကိုသတ်ရက်မှာလဲ…အမှန်တိုင်းဖြေ… ”
” သားတကယ်ပြောတာ…သားဗိုက်ဆာလို့အစားလေးတောင်းစားတာကိုအမေက စိတ်ဆိုးပြီးသားကို ရိုက်သတ်ပစ်တယ်…”
” အဲဆိုနင့်အမေကဘယ်သူလဲ…”
” ဖြူနုပါ…သားအမေကဖြူနု…အမေကသားကိုဟိုးသားသန္ဓေတည်ခါရင်း သတ်ချင်နေတာ…သားကိုအချွန်တွေနဲ့ထိုးတယ်…သားအရမ်းနာကျင်ခဲ့တယ်….ဒါပေမဲ့သားသေကံမပါလို့မသေခဲ့ဘူး…သားမွေးလာတော့အမေကသားကိုမချစ်ဘူး…သားကမသန်စွမ်းတဲ့ပိုလီယိုဆိုတော့လေ…”
ကလေးလေး၏အဖြေကြောင့် မောင်ထင်ပေါ်ကမိမိ၏ငယ်ဘဝကိုပြန်အမှတ်ရမိသွား၏။ သည်ကလေးလည်းသူ့နည်းတူမိဘမေတ္တာမကခဲ့သောကလေးတစ်ယောက်ဖြစ်မှန်းသဘောပေါက်လိုက်၏။ ရွာသူရွာသားတို့လည်းယခုမှအဖြစ်မှန်ကိုသိသွားကြပြီး ဖြူနုကိုဒေါသထွက်သွားကြ၏။ မောင်ထင်ပေါ်က
” ကဲပါ…သားအမေ့ကိုမုန်းလား…”
” မမုန်းပါဘူး…သားကိုမွေးလာပေးတဲ့အမေ့ကိုသားချစ်တယ်…အမေသားကိုဘယ်လောက်မုန်းမုန်း…သားအမေ့ကိုချစ်တယ်..”
” အေးပါကွာ…သားဒီဘဝကနေမကျွတ်လွတ်ချင်ဘူးလား…”
” သားဒီဝမှာမနေချင်ဘူး…လူတွေကသားဗိုက်ဆာလို့တောင်းစားတာကို သားကိုကြောက်ကြတယ်…သားစိတ်ညစ်တယ်…သားဗိုက်အရမ်းဆာတယ်…”
” သားကိုအစ်ကိုကထမင်းကျွေးမယ်…သားစားပြီးရင် ဒီနေရာကနေထွက်သွားမလား…နောက်နေ့သားကိုအလှူအတန်းလုပ်ပေးလို့အစ်ကိုခေါ်မှပြန်လာ…အဲလို့လုပ်နိုင်မလား…”
” အစ်ကိုသားကိုထမင်းတကယ်ကျွေးမှာလား…အဲဆို အစ်ကိုပြောသလိုသားလုပ်မယ်လေ…”
” အစ်ကိုမလိမ်ဘူး…သားကိုထမင်းတကယ်ကျွေးမယ်…ဟုတ်ပြီလား…”
” အစ်ကို့ကိုချစ်သွားပြီ…အစ်ကိုသူများလိုသားကိုမမောင်းထုတ်ဘူး…ထမင်းလည်းကျွေးတယ်..ခုထမင်းစားချင်လို့သားကိုကျွေးပါလား…”
” ကျွေးပါ့မယ်ဗျာ…စားပြီးရင်တော့တစ်နေရာမှာသွားနေနော်..ရွာသားတွေဆီထပ်မတောင်းစားရဘူးကြားလား…ကဲဦးကြီးကျုပ်ကိုထမင်းနဲ့ဟင်းရောပြီးခူးပေးဗျာ…”
ဆိုပြီး သူကြီးအားထမင်းနဲ့ဟင်းခူးခပ်စေလိုက်၏။ သူကြီးလည်းထမင်းနဲ့ကြက်ကာလသားဟင်းကိုပန်းကန်ထဲခူးလာပေးကာမောင်ထင်ပေါ်ကိုကမ်းပေးလိုက်၏။
” ကဲရော့..သားအကြိုက်စားဗျာ…လိုရင်ပြောအစ်ကိုထပ်ထည့်ပေးမယ်..”
ဆိုပြီးထမင်းပန်းကန်ကိုလှမ်းပေးလိုက်၏။ ကလေးသရဲဝင်ပူးနေသောရွာသားမှာ ထမင်းကိုဟင်းနဲ့နယ်ပြီး ခေါင်းမဖော်တမ်းစားလေတော့၏။ တအောင့်အကြာ၌ ထမင်းအားလုံးကုန်စင်သွား၏။
” သားဝပြီအစ်ကို… သားသွားတော့မယ်နော်…အစ်ကိုခေါ်မှသားထပ်လာခဲ့မယ်…”
ဆိုပြီး ထွက်သွားလေရာ ရွာသားမှာ လဲကျသွား၏။ မောင်ထင်ပေါ်ကထိုလူအား ရေစင်ဖျန်းပြီး နှာနှပ်ယူလိုက်ရာ ပြန်လည်သတိရသွား၏။
နောက်နေ့တွင်ကား မောင်ထင်ပေါ်ကကလေးငယ်အတွက် လိုအပ်မည့်အလှူပစ္စည်းကိုဝယ်ခိုင်းလိုက်ပြီး ဘုန်းကြီးပင့်ကာ ရေစက်ချအမျှဝေပေးလိုက်၏။ မဖြူနုသည်ကား သက်ဆိုင်ရာဥပဒေဘောင်အတွင်း၌ အပြစ်ခံယူရင်း အသက်သေဆုံးသွားတော့သည်။….။
( ဖြစ်ရပ်မှန်ကိုအခြေခံထားသည်။ စာရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြစေသောဝ်)
# ပြီး
# ခွန်း

Zawgyi Version

ေမာင္ထင္ေပၚ ႏွင့္ ကေလးသရဲ(စ/ဆံုး)
————————————–
ဇီးခ်ဳံေက်း႐ြာ။ ထိုေက်း႐ြာသည္အိမ္ေျခမ်ားျပားၿပီး လူေနထူထပ္ေသာ႐ြာေလးျဖစ္၏။ လွည္းလမ္းမႀကီးႏွင့္ နီးသျဖင့္ ကုန္သည္ေပါင္းစုံတို႔လည္း ေျခခ်င္းလိမ္ေနသည့္႐ြာေလးျဖစ္၏။ ကုန္သည္မ်ားကကုန္ပစၥည္းအမ်ိဳးမ်ိဳးတင္သြင္းၾကရင္း ထို႐ြာမွထြက္ေသာ ကုန္ၾကမ္းပစၥည္းမ်ားကို ဝယ္ယူသြားေလ့ရွိ၏။ ထို႐ြာ၏အဓိက စီးပြားေရးလုပ္ငန္းကား သနပ္ဖက္ေျခာက္ျဖစ္၏။ ေဆးလိပ္၏အဓိကကုန္ၾကမ္းျဖစ္ေသာ သနပ္ဖက္ေျခာက္ကို အိမ္တိုင္း၏စီးပြားေရး ေထာက္တိုင္တစ္ခုအျဖစ္ ေဇာက္ခ်လုပ္ကိုင္ၾက၏။
ထို႐ြာတြင္ကုန္သည္ေပါင္းစုံ ေရာက္လာၾကသျဖင့္ အစားအေသာက္ေပါင္းစုံလည္းေပါမ်ား၏။ အရက္၊ဘီယာ၊ဘိန္း၊ဘင္း၊ကေစာ္တို႔လည္း ဤ႐ြာေလးတြင္ ေဖာေဖာသီသီရေနရာ ႐ြာရွိလူႀကီးလူငယ္အေပါင္းတို႔္သည္ လမ္းမွားကိုလိုက္ၿပီး ရွိသမွ်ေပါင္ႏွံေရာင္းခ်ကာ အသူရာႏြံထဲ နစ္မႊန္းၾကကုန္၏။ လူၫႊန႔္တုံးေစေသာ ဘိန္းကေစာ္မ်ားကို သုံးစြဲၾကရင္း သားမွန္းမယားမွန္းမသိ အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားၾကကုန္သည္။
ထိုမွ်မကေသး လူကိုခြၽတ္ၿခဳံမြဲက်ေစႏိုင္ေသာ ေလာင္းကစားဝိုင္းသည္လည္း ေန႔စဥ္မျပတ္ရွိေလရာ ေယာက်ာ္းမိန္းမ မေ႐ြး ထိုေလာင္းကစားဝိုင္း၌သာ ဘဝနစ္မႊန္းၾကရေလသည္။ ပင္ပင္ပန္းပန္းျဖင့္ ရွာေဖြလုပ္ကိုင္သမွ် အဓိပၸါယ္မဲ့ေသာ လုပ္ရပ္မ်ားေၾကာင့္ ခဲေလသမွ်သဲေရက်ရကုန္သည္။
ထို႐ြာတြင္ ျဖဴႏုဟူေသာ မိန္းမတစ္ေယာက္လည္းရွိ၏။ ျဖဴႏုသည္ အမည္ႏွင့္လိုက္ေအာင္ အသားျဖဴၿပီး ႐ိုက္ႀကီးငင္ဖိုအသြယ္သြယ္တို႔ျဖင့္ ပုရိသတို႔ကိုဖမ္းစားႏိုင္သူတစ္ေယာက္ျဖစ္၏။ သို႔ေသာ္ျဖဴႏုက မိန္းမပ်ိဳတစ္ေယာက္ေတာ့မဟုတ္ေခ်။ လင္ သုံးေယာက္ကြာထားေသာ သုံးခုလပ္မိန္းမတစ္ေယာက္ျဖစ္သည္။ ဒါကလူသိရွင္ၾကားလက္ထပ္ယူထားေသာ ေယာက်ာ္းမ်ားျဖစ္ၿပီး လူမသိသူမသိယူထားေသာ ေယာက်ာ္းမ်ားလည္းမေရမတြက္ႏိုင္ေအာင္ ရွိသည္။ စင္စစ္အားျဖင့္ ျဖဴႏုသည္ မိန္းမေကာင္းတစ္ေယာက္ေတာ့ မဟုတ္ေခ်။
ျဖဴႏုတြင္ ဘယ္လင္ႏွင့္ရထားမွန္းမသိေသာ ငါးႏွစ္အ႐ြယ္သားေလးတစ္ေယာက္ရွိသည္။ ထိုကေလးသည္ကား ကိုယ္ဝန္ႏုနယ္စဥ္က အႀကိမ္ႀကိမ္တုတ္အခြၽန္ျဖင့္ ထိုးထ်ဖ်က္ဆီးျခင္းခံထားရေသာ ကေလးတစ္ေယာက္။ သို႔ေသာ္ထိုကေလး၏ လူျဖစ္ကံကျမင့္ေနသျဖင့္ ကိုယ္ဝန္မပ်က္က်ဘဲ သေႏၶေအာင္ၿပီး လူျဖစ္လာရျခင္းပင္။ ကံဆိုးေလရာ မိုးလိုက္၍႐ြာ ဆိုသကဲ့သို႔ ထိုကေလးသည္ သန္သန္မာမာမဟုတ္ဘဲ ပိုလီယိုေရာဂါခံစားေနရရွာသည္။
ျဖဴႏုသည္ ထိုကေလးငယ္အား မေမြးခ်င္ေမြးခ်င္ျဖင့္ေမြးလာခဲ့ရၿပီး ယခုလိုပိုလီယိုေရာဂါလည္း ျဖစ္ေနသျဖင့္ ပို၍ပင္မခ်စ္ေတာ့ေပ။ ထိုကေလးကိုလူသိရွင္ၾကားေနရာသို႔ ေခၚမသြားရဲေပ။ ရွက္ဖို႔ေကာင္းသည္ဟုဆိုသည္။ အမွန္ကသူမကိုယ္သူမ မိခင္တစ္ေယာက္အျဖစ္ ကုန္သည္ပုရိသမ်ားကို မသိေစလိုေပ။ သူ၏ပစ္မွတ္သည္ ထို႐ြာ၌လာေသာ ကုန္သည္မ်ားကို ျမဴဆြယ္မည္။ ရသမွ်အျမတ္ဆိုကာ ခႏၶာကိုယ္ႏွင့္ရင္းၿပီးအလုပ္လုပ္သည္။ တစ္ေန႔၌ၿမိဳ႕မွကုန္သည္သုံးေယာက္သည္ ဇီးခ်ဳံ႐ြာသို႔ ေရာက္လာခဲ့သည္။
ထိုကုန္သည္သုံးေယာက္က ဤ႐ြာကိုတစ္ခါမွမေရာက္ဖူးၾကေခ်။ ယခုမွေရၾကည္ရာျမက္ႏုရာ ရွာရင္းေရာက္လာၾကျခင္းျဖစ္သည္။ ျဖဴႏုသည္ ႐ြာသို႔ေရာက္လာေသာ ကုန္သည္သုံးေယာက္ကိုမ်က္စိက်ၿပီး သူ႔အကြက္ထဲဝင္ရန္ နည္းအမ်ိဳးမ်ိဳးျဖင့္ႀကံေတာ့သည္။ ထိုကုန္သည္တို႔ထဲမွပါလာေသာ ပစၥည္းမ်ားကို တမ်ိဳးၿပီးတမ်ိဳး ဝယ္ယူသည္။ လွလွပပျပင္ကာ သူမကိုမ်က္စိက်ေအာင္လုပ္သည္။ အသားမစားေသာက်ားမရွိသျဖင့္ ထိုကုန္သည္တို႔ကလည္း ျဖဴႏု၏မာယာေက်ာ့ကြင္းထဲသို႔ သက္ဆင္းၾကေတာ့သည္။
ကုန္သည္တို႔္ကိုျမဴဆြယ္ၿပီးေနာက္ ျဖဴႏုက အိမ္သို႔ျပန္လာသည္။ ညေနေလာက္တြင္ ကုန္သည္သုံးေယာက္အား ခ်ိန္းဆိုထားသျဖင့္ မိမိ၏အိမ္ကိုအသန႔္ရွင္းဆုံးျဖစ္ေအာင္ သိမ္းဆည္းေန၏။ အရာအားလုံးကသူမျဖစ္ေစခ်င္သည့္အတိုင္း ျဖစ္လာေသာ္လည္း သူမ၏ပိုလီယိုသားငယ္ကိုကား ဘယ္ေနရာသြားထားရမွန္းမသိျဖစ္ေနသည္။ သူမကိုကေလးအေမမွန္းသိလွ်င္ ကုန္သည္တို႔္မႀကိဳက္မည္ စိုးသျဖင့္ သားငယ္အား ေစာင္ျဖင့္အထပ္ထပ္ပတ္ကာ အိမ္ထဲရွိ သနပ္ဖက္ေျခာက္ထည့္သည့္ ဖို(ျခင္းေတာင္းႀကီး) ထဲထည့္ထားလိုက္သည္။
ညေနသုံးနာရီထိုးခ်ိန္၌ ကုန္သည္သုံးေယာက္သည္ ျဖဴႏု၏အိမ္သို႔ေရာက္လာခဲ့ၾကသည္။ ျဖဴႏုကအပ်ိဳရႈံးေအာင္ ျပင္ဆင္လိမ္းျခယ္ထားၿပီး အထူးဧည့္သည္ကိုဧည့္ခံေန၏။ ထိုစဥ္အခန္းထဲရွိ သနပ္ဖက္ဖိုထဲမွ ကေလးငယ္သည္ ဗိုက္ဆာလာသျဖင့္ ႐ုန္းကန္ရင္းငိုေနရွာ၏။ သို႔ေသာ္ ကေလးငယ္က အဝတ္စျဖင့္ထုတ္ပိုးခံထားရသျဖင့္ ငိုသံမွာအျပင္သို႔္က်ယ္ေလာင္စြာထြက္မလာခဲ့ေခ်။
” အီး…အီး…အင့္…အင့္…”
ဟူေသာအူံေလးသာမပီဝိုးတဝါးထြက္ႏိုင္ေတာ့၏။ ထိုအသံကိုဧည့္သည္က သတိမျပဳမိေသာ္လည္း ျဖဴႏုကားသတိထားမိေလ၏။ သို႔ေၾကာင့္စိတ္ထဲ၌ ငါ့အလုပ္ကိုဖ်က္မဲ့အေကာင္ ဟုေတြးၿပီး
” အစ္ကိုတို႔ခဏေနခဲ့ၾကဦးေနာ္…သနပ္ဖက္ဖိုလ္ထဲႂကြက္သိုက္ရွိတယ္ထင္တယ္…ႂကြက္သံေတြၾကားေနရလို႔ သြားရွင္းလိုက္ဦးမယ္…”
ဆိုကာ အိမ္ထဲဝင္သြားၿပီး သနပ္ဖက္ဖိုအား သယ္ကာ ၿခံထဲဆင္းသြားခဲ့၏။ ၿခံသည္ကားအေတာ္က်ယ္ဝန္းသည့္အျပင္ သနပ္ဖက္ခင္းလည္းျဖစ္ေနသျဖင့္ ပိန္းပိတ္ေအာင္ေမွာင္ေန၏။ ၿခံ၏ ေထာင့္တစ္ေနရာတြင္ကား ဝါး႐ုံႀကီးတစ္႐ုံရွိ၏။ ထိုဝါး႐ုံပင္ေအာက္ေရာက္ေသာ္ ျဖဴႏုသည္ဖိုကိုပစ္ခ်ၿပီးသားငယ္ကိုထုတ္လိုက္၏။
” ဟင္း…ေကာင္းက်ိဳးမေပးတဲ့ေသနာေလး…နင့္ေၾကာင့္ငါအလုပ္ပ်က္ေတာ့မယ္..နင့္ကိုတိတ္တိတ္ေနလို႔ငါမေျပာထားဘူးလား…”
ဆိုၿပီးအဝတ္စကိုေျဖေပးလိုက္၏။ ထိုအခါကေလးငယ္မွာမ်က္ရည္ေလးစမ္းစမ္းျဖင့္ မိခင္ကိုျပန္ၾကည့္ၿပီး
” သား…သား…ဗိုက္ဆာလို႔ပါအေမရယ္…”
” ဘာ! ဗိုက္ဆာတယ္ဟုတ္လား…နင့္ကိုငါမနက္ကတည္းက အဝေကြၽးထားတယ္ေလ…အဲဒါကိုဗိုက္ဆာေနေသးတာလား…”
” အီးဟီးဟီး…သားကိုမဆူပါနဲ႔ေမေမ…သားဗိုက္ဆာလြန္းလို႔္ပါ…”
” ေတာ္စမ္း…နင္ကေလ…ငါမလိုခ်င္တဲ့ၾကားက ငါ့ဘဝထဲအတင္းဝင္လာခဲ့တဲ့ကေလးဘဲ…ငါ့ကိုၿဂိဳလ္ေမႊလို႔ကိုမၿပီးေတာ့ဘူး…ခုငါအခ်ီႀကီးရမဲ့အခ်ိန္က်မွ ငါ့အလုပ္ကိုလာဖ်က္တယ္…နင္ကလူ႔ေလာကမွာမေနသင့္တဲ့ကေလးဘဲ…”
” နင္ရွိေနေသးသ၍ ငါကနင့္ကိုျပဳစုေနရဦးမွာ…ငါ့အလုပ္ေတြပ်က္ေနဦးမွာဘဲ…ဒီေတာ့နင္မရွိမွျဖစ္မယ္…နင္ေသမွေအးမယ္…”
ဆိုၿပီး ျဖဴႏုသည္ ေျခာက္ေသြ႕ေနေသာဝါးတစ္ေခ်ာင္းကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ၿပီး သားျဖစ္သူကို ႐ိုက္သတ္လိုက္ေတာ့သည္။
” ဒုတ္…ဒုတ္…ဒုတ္…”
” အား….”
ျဖဴႏုသည္ မိခင္စိတ္လုံးဝမရွိဘဲ ဘီလူးသဘက္စြဲကပ္သကဲ့သို႔ မ်က္လုံးမ်ားနီရဲကာ သနားညႇာတာမႈကင္းမဲ့စြာျဖင့္ မိမိ၏ရင္ေသြးငယ္ေလးအား မေသမခ်င္း႐ိုက္သတ္မိေတာ့သည္။ ကေလးငယ္ကား အားဟုသာေအာ္ႏိုင္ၿပီး မိခင္၏ရက္စက္မႈေအာက္ဝယ္ေသြးအလိမ္းလိမ္းျဖင့္ အသက္ေပးလိုက္ရေတာ့သည္။ ျဖဴႏုသည္မိမိ၏ကေလးကိုျပန္သတ္ၿပီး ဝါး႐ြက္ေျခာက္မ်ားျဖင့္ ဖုံးအုပ္ထားခဲ့သည္။ ၿပီးေနာက္အိမ္ေပၚသို႔ ေက်ာ့ေမာ့စြာတက္လာခဲ့သည္။ သူ၏အသိစိတ္တို႔သည္ကား သရဲသဘက္စီးသကဲ့သို႔ ရွိေနေလသည္။
တစ္ခုေသာညေနခင္း၌ မိုးတိမ္မိုးရိပ္တို႔သည္တလိပ္လိပ္တက္လာေန၏။ ေန႔လည္ခင္းအထိသာေနေသာေနမင္းႀကီးသည္လည္း မိုးရိပ္တို႔ဝါးမ်ိဳျခင္းခံရၿပီး ပတ္ဝန္းက်င္တစ္ခြင္မည္းေမွာင္ေနေတာ့သည္။ လွ်ပ္ပန္းလွ်ပ္ႏြယ္တို႔္ကလည္း မီးရႉးမီးပန္းပမာ တလက္လက္ျဖင့္ လင္းထိန္ေန၏။ ေလနီၾကမ္းကလည္း အိမ္ေခါင္မိုးၿပိဳက်လုမတတ္ ၾကမ္းတမ္းစြာတိုက္ခတ္ေန၏။ တစ္႐ြာလုံးကလည္း ႐ြာထဲ၌မဟုတ္မမွန္သည့္အရာတစ္ခုခုျဖစ္ပ်က္ေနၿပီျဖစ္ေၾကာင္း တြက္ဆၾကကုန္၏။ ရပ္႐ြာထဲ၌ မဟုတ္မမွန္ေသာ ကိစၥျပဳလုပ္ပါက နတ္တို႔ဒဏ္ခတ္တတ္သည္ဟု အယူအဆရွိၾကေသာေၾကာင့္ပင္။
ထိုသို႔မိုးမ်ား၊ေလမ်ားၾကမ္းတမ္းစြာ႐ြာသြန္းတိုက္ခတ္ေနခ်ိန္၌ ျဖဴႏုသည္အိမ္ထဲ၌ငုတ္တုတ္ထိုင္ေန၏။ သားျဖစ္သူကိုလူမဆန္စြာ႐ိုက္သတ္ၿပီးေနာက္ သူမသည္အိမ္ထဲမွ အိမ္ျပင္သို႔မထြက္ေတာ့ဘဲ ငူငိုင္ငိုင္ႀကီးျဖင့္သာထိုင္ေန၏။
” ေဝါ….ေဝါ….ေဝါ…”
” ဂ်ိန္း….ဒလိမ္း…ဂ်ိန္း…”
ေလသံမိုးသံတို႔ကလည္း ပတ္ဝန္းက်င္ရွိအသံမ်ားဖုံးလႊမ္းသြားေလာက္ေအာင္ပင္ ႐ြာသြန္းတိုက္ခတ္ေန၏။ ထိုစဥ္
” အ….အ…ေမ…သား…ဗိုက္ဆာတယ္…သားဗိုက္ဆာတယ္…”
ဟူေသာအသံသည္ ေလသံမိုးသံကိုခြင္းလွ်က္ ျဖဴႏု၏နားထဲသို႔ေရာက္လာ၏။
” ဟင္…ဘယ္သူလဲ…ဘယ္သူေခၚေနတာလဲ…”
ဆိုၿပီး ေဘးဘီဝဲယာသို႔အ႐ူးသဖြယ္ လိုက္ၾကည့္ေန၏။
” ဗိုက္…ဆာ….တယ္….ဗိုက္…ဆာ…တယ္…သားကို…ထမင္းေကြၽး…”
ဟူေသာအသံသည္အိမ္တံစင္ၿမိတ္ေအာက္မွေပၚထြက္လာခဲ့၏။
” ဒိုင္း…..”
” ေဝါ…..ေဝါ…”
ထိုစဥ္လွ်ပ္စီးမိုးႀကိဳးကလည္း ဂ်ိန္းခနဲျမည္ေအာင္ ပစ္ခ်ေန၏။ ျဖဴႏုသည္ အမွတ္မထင္အိမ္ေရွ႕သို႔္ၾကည့္မိ၏။ ထိုအခါမိုးေရထဲမွ ရပ္ေနေသာေျခလိမ္ေနေသာကေလးငယ္တစ္ေယာက္ကို လွ်ပ္စီး၏အလင္းေရာင္ႏွင့္အတူေတြ႕လိုက္ရ၏။
” ဟင္…မဟုတ္ဘူး…မဟုတ္ဘူး…သူကေသေနၿပီဘဲ..”
ဆိုၿပီးကေယာင္ကတမ္းျဖင့္ တံခါးကို ဝုန္းခနဲျမည္ေအာင္ေျပးကာပိတ္လိုက္၏။
” သား….ဗိုက္…ဆာ…တယ္….”
” ဂ်စ္…ဂ်စ္…ဂ်စ္….”
အျပင္ဘက္၌ကား ကေလးငယ္၏အသံႏွင့္အတူ တံခါးကုတ္ျခစ္သံတို႔ ၾကက္သီးထံဖြယ္ၾကားလိုက္ရ၏။
” အား….မဟုတ္ဘူး….သြား….သြား…နင္ကငါ့သားမဟုတ္ဘူး….”
ျဖဴႏုကနားႏွစ္ဖက္ကို လက္ျဖင့္ပိတ္ၿပီး က်ယ္ေလာင္စြာေအာ္ဟစ္လိုက္၏။ သို႔ေသာ္ အသံကေပ်ာက္မသြားဘဲ
“အ…ေမ….သား…ကို…သတ္…တယ္…အီး…ဟီး…အေမ…သားကို…သတ္ရက္တယ္..”
” အေမ…သားကိုသတ္တယ္…”
” ဂ်စ္….ဂ်စ္…ဂ်စ္…”
ကေလးငယ္၏အသံသည္ တေျဖးေျဖးျဖင့္ ေဒါသထြက္သည့္အသံျဖစ္လာၿပီး တံခါးကိုလည္း တဂ်စ္ဂ်စ္ကုတ္ျခစ္ေန၏။
” သြား…ထြက္သြား…နင္ကငါ့သားမဟုတ္ဘူး…ထြက္သြား…”
ျဖဴႏုတစ္ေယာက္ သူ႐ူးမတစ္ေယာက္ႏွယ္ ေအာ္ဟစ္ေန၏။ သို႔ေသာ္သူမ၏အသံကို မည္သူတစ္ဦးတစ္ေယာက္မွ မၾကားႏိုင္ေခ်။ သူမျပဳခဲ့သည့္အရိပ္ဆိုးသည္ သူမအားျပန္လည္ေျခာက္လွန႔္ေနေလၿပီ။ သူမ၏စိတ္တို႔္သည္လည္း ကေယာင္ေခ်ာက္ခ်ားျဖစ္ကာ ေဆာက္တည္ရာမရျဖစ္ေနေလသည္။
အလွတို႔၏ထိပ္ေခါင္ဘုရင္မ ျဖဴႏုသည္ကား ယခုမူပိန္ခ်ဳံးကာေၾကာင္ေတာင္ေတာင္ျဖစ္ေန၏။ ေၾကာက္မက္ဖြယ္အရိပ္ဆိုးႀကီးသည္ကား သူ႔ေနာက္ဝယ္အရိပ္ပမာလိုက္လံ ေျခာက္လွန႔္ေနေပၿပီ။ စိတ္ဓာတ္က်ၿပီး စိတ္ေခ်ာက္ခ်ားေနေသာ ျဖဴႏုသည္ကား မည္သူမွမေစာင့္ေရွာက္ၾကေခ်။ ေျခလိမ္ေနေသာကေလးသရဲသည္ကား ႐ြာထဲတြင္ေသာင္းက်န္းေနေတာ့သည္။
အာကာသတစ္ခြင္ေမွာင္မိုက္ေနေသာ လမိုက္ညတစ္ည၌ အရက္သမား ကိုဖိုးပိန္သည္ ႐ြာလယ္အရက္ဆိုင္မွ ဒယီးဒယိုင္ျဖင့္ျပန္လာေန၏။ ဖိနပ္ႏွစ္ဖက္ကို လက္ေကာက္ဝတ္၌လွ်ိဳထားေသး၏။ ပုဆိုးကိုလည္း စလြယ္သိုင္းကာ အရက္ပုလင္းႏွင့္ ၾကက္ကင္အျမည္းေလးလည္း ကိုင္ထားေသး၏။
” ေအ့…ေဂ့…ဒီအရက္သမားကို ဘယ္သူမွ လာမႀကိဳၾကဘူးလားကြာ…ေဂ့…ဒီညကဘာလို႔ေမွာင္မဲေနရတာလဲ…ေအ့…ထြီး…
လမ္းကလည္း နိမ့္ျခည္ျမင့္ျခည္ပါလား…ဘယ္လိုျဖစ္ေနတာလဲ…ေဂ့…”
ဖိုးပိန္တစ္ေယာက္ လမ္းျပည့္ေနေအာင္ေလွ်ာက္ရင္း တစ္ေယာက္တည္းစကားေျပာေန၏။ ထိုစဥ္ သူေရွ႕မွ ကေလးတစ္ေယာက္ေပၚလာၿပီး
” ဗိုက္…ဆာ…တယ္…အ…သား…ကင္…ေပး…စား…”
ဟူေသာအသံႏွင့္အတူကေလးေလးတစ္ေယာက္ လက္ျဖန႔္ၿပီးသူ႔ထံမွအသားကင္ကိုေတာင္းစားေန၏။ ဖိုးပိန္လည္း မူးမူးျဖင့္
” ေအ့…ေသာက္ကေလး…ညႀကီးမင္းႀကီး လမ္းေပၚထြက္ၿပီး ေတာင္းစားရသလားကြ…ဟမ္…မေပးဘူးကြာ…သြား…သြား….”
” ေပး…အသားကင္ေပး….ဗိုက္ဆာတယ္….”
သူေမာင္းထုတ္ေသာလည္း ကေလးကသူ႔ေရွ႕မွတစ္ဖဝါးမခြာရွိေနေသး၏။ သို႔ေၾကာင့္ ဖိုးပိန္ေဒါသထြက္သြားၿပီး
” ေတာက္! ဘာလဲကြာ…ငါမူးေနတာေနာ္…႐ိုက္မိလိမ့္မယ္…သြား…ကိုယ့္မိဘဆီ ကိုယ္ျပန္ေတာင္းစား…”
ဆိုၿပီးထပ္မံေမာင္းထုတ္လိုက္ရာ သူ႔ေရွ႕မွေျခလိမ္ေနေသာကေလးငယ္မွာ
မ်က္လုံးႏွစ္ဖက္နီရဲလာၿပီးမ်က္ျဖဴလန္ကာ ေသြးမ်ားေပက်ံေနေသာလက္ျဖင့္ သူ႔ဆီမွၾကက္ကင္အား အတင္းလုစားေတာ့၏။
” ဟင္…အမေလး…သ…သရဲ….သရဲေလး…”
ထိုျမင္ကြင္းေၾကာင့္ ဖိုးပိန္တစ္ေယာက္ ေၾကာက္စိတ္ငယ္ထိပ္ေရာက္သြားၿပီး အမူးေျပကာ ဖေႏွာင့္ႏွင့္တင္ပါးတစ္သားတည္းက်ေအာင္ေျပးေလေတာ့သည္။ အိမ္ေရာက္ေသာ္ဖိုးပိန္တစ္ေယာက္ စကားေမး၍မရေတာ့ဘဲ လန႔္ဖ်ားဖ်ားကာ ဘဝတစ္ပါးသို႔ကူးသြားေလေတာ့သည္။
ေဒၚသိန္းတင္တစ္ေယာက္ ဖက္႐ြက္မ်ားကိုအညႇာေခြၽေန၏။ ၿပီးေသာ္အထပ္လိုက္ထပ္ထားလိုက္သည္။ ညေရာက္လွ်င္ မီးဖို၌ဖက္႐ြက္မ်ားကို အေျခာက္တိုက္ရမည္။ သို႔ေၾကာင့္ မီးဖိုေအာက္မီးေမြးထားၿပီး ဖက္ေလွာ္သည့္အိုးကင္းျပားမ်ား အသင့္တင္ထားလိုက္သည္။ ဖက္ေလွာ္သည့္အခါအေပၚမွ ဖိရေသာသဲမ်ားကိုလည္း ထီး႐ြက္ျဖင့္ေသခ်ာထုပ္ထားလိုက္သည္။ ေဒၚသိန္းတင္က တစ္ကိုယ္ေရတစ္ကာရ သမားျဖစ္သျဖင့္ ကိုယ္လုပ္မွကိုယ္စားရသည္။ သားသမီးမ်ားကလည္း သူ႔အိမ္ေထာင္ႏွင့္သူျဖစ္ေနသျဖင့္ အပူမေပးခ်င္၍လည္းပါသည္။
ညေရာက္ေသာ္ေဒၚသိန္းတင္သည္ အညႇာေခြၽထားေသာဖက္႐ြက္ကို အပူတိုက္ထားေသာအိုးကင္းေပၚသို႔ညီညာစြာျဖန႔္ခင္းၿပီး သဲထုပ္ျဖင့္ဖိထားလိုက္၏။ မီးဖိုေပၚမွအိုးကင္းျပားမွာ ႏွစ္လုံးတန္းစီ ျဖစ္ၿပီးအားလုံးေပါင္းအိုးကင္းျပားေျခာက္လုံးရွိ၏။ ေဒၚသိန္းတင္က ထိုအိုးကင္းေျခာက္လုံးထဲသို႔သနပ္ဖက္႐ြက္ကိုထည့္ကာအေျခာက္တိုက္ေန၏။ ညဆယ္နာရီခန႔္ေရာက္ေသာ္ လူကအိပ္ငိုက္ခ်င္သလိုလိုျဖစ္သြားသျဖင့္ အိပ္ငိုက္ေျပေအာင္ ဖက္ၾကမ္းတစ္လိပ္ကိုမီးညႇိကာ ထိုင္ဖြာေန၏။ အိပ္ငိုက္ေျပေသာ္ ဗိုက္ကဆာလာသလိုျဖစ္လာသျဖင့္ ထမင္းၾကမ္းခူးၿပီး ညကက်န္ေနသည့္ အမဲအူၾကမ္းဟင္းျဖင့္ ထမင္းစားလိုက္၏။
” ရွပ္…ရွပ္…ရွပ္…”
ထိုစဥ္တဲအျပင္ဘက္မွ လမ္းေလွ်ာက္သံလိုလိုၾကားလိုက္ရသျဖင့္ စားလက္စထမင္းကိုရပ္ၿပီး ေဒၚသိန္းတင္ အျပင္ဘက္သို႔နားစြင့္လိုက္၏။ ေျခသံမွာတဲပတ္ပတ္လည္မွ ထြက္လာေနျခင္းျဖစ္၏။
” ဘုတ္…ဘုတ္…ဘုတ္…”
ထိုစဥ္တဲအျပင္ဘက္မွ နံရံကိုပုတ္ေနသည့္အသံကိုပါၾကားလိုက္ရသျဖင့္ ေဒၚသိန္းတင္လန႔္သြား၏။ သို႔ေၾကာင့္ဓားမကိုယူၿပီး မတ္တတ္ရပ္လိုက္၏။
” ဖြား…ဖြားသိန္းတင္…သား…သားကိုထမင္းေကြၽး…သားဗိုက္ဆာတယ္…”
ဟူေသာကေလးအသံသည္ အျပင္ဘက္မွ ထြက္ေပၚလာေလရာ ေဒၚသိန္းတင္တစ္ေယာက္ သရဲအေျခာက္ခံရၿပီျဖစ္မွန္းသေဘာေပါက္လိုက္၏။ သို႔ေၾကာင့္ ဘုရား ကိုအာ႐ုံစိုက္ကာ
” သံဗုေဒၶ…အ႒ဝီသၪၥ…”
ဟုအစခ်ီၿပီး သံဗုေဒၶဂါထာေတာ္ႀကီးကို အသံထြက္႐ြတ္ဖတ္လိုက္၏။ မည္မွ်ၾကာေအာင္႐ြတ္မိသည္ မသိ။ ေဒၚသိန္းတင္ သတိထားမိခ်ိန္တြင္ေတာ့ အျပင္မွအသံသည္ လုံးတိတ္ဆိတ္သြားေခ်ၿပီ။
” ဟူး….ေတာ္ပါေသးရဲ႕ဘုရားကယ္ေပလို႔…”
ဆိုၿပီး သက္ျပင္းခ်ႏိုင္ေတာ့၏။ ဤကဲ့သို႔ ေျခလိမ္သရဲေလးသည္ တစ္ေယာက္ၿပီးတစ္ေယာက္ေျခာက္လွန႔္ေနၾကသျဖင့္ ႐ြာသူ႐ြာသားမ်ားလည္း ညေနညခင္းတြင္ အျပင္မထြက္ရဲၾကဘဲရွိေနေတာ့၏။ ကုန္သည္မ်ားလည္း သရဲအေျခာက္ၾကမ္းသည့္ ထို႐ြာေလးတြင္ ၾကာၾကာမေနရဲၾကေတာ့ေခ်။ သို႔ေၾကာင့္ ႐ြာသူ႐ြာသားမ်ားစီးပြားေရးၾကပ္တည္းလာၾက၏။ အ႐ူးမျဖဴႏုကား လမ္းမေပၚ၌ လမ္းသလားေနေတာ့၏။
တစ္ေန႔ေမာင္ထင္ေပၚက ေငြေတာင္႐ြာမွထြက္လာခဲ့ၿပီး ခရီးဆက္ခဲ့ရာ ဇီးခ်ဳံ႐ြာသို႔ေရာက္လာခဲ့၏။ ထိုစဥ္႐ြာသားႏွစ္ေယာက္သည္ ႐ြာထိပ္ရွိသစ္ပင္ေအာက္၌နားေနရင္း ကေလးသရဲအေၾကာင္းေျပာေနၾက၏။ ထို႐ြာသားႏွစ္ေယာက္က ႏြားေက်ာင္းေနၾကျခင္းျဖစ္၏။
” ငါေတာ့အဲဒီေျခလိမ္ကေလးသရဲကို ေတြ႕ဖူးခ်င္သပကြာ…သူလုပ္လို႔တစ္႐ြာလုံးလည္းစီးပြားေရးၾကပ္တည္းေနၿပီကြ…”
” အေျပာေကာင္းမေနနဲ႔စိုးေအာင္…အဲဒီေျခလိမ္သရဲက အေတာ္ဆိုးတာေနာ္…နင့္ကိုလာေျခာက္မွလိပ္ျပာႏုတ္ခံေနရဦးမယ္…”
” ငါမေၾကာက္တတ္ပါဘူးသီဟရာ…အဲဒီကေလးသရဲကိုငါက ေဟာဒီလို…ေဟာဒီလိုလုပ္ပစ္ခ်င္တာကြ…”
” ဟားဟားဟား…ေတာ္စမ္းပါကြာ…ေန႔ဘက္မို႔္နင္ဒီလိုေျပာရဲတာ…ညဘက္ဆိုရင္ေတာ့ နင္အျပင္ေတာင္ထြက္ရဲမွာမဟုတ္ဘူးကြာ…”
စိုးေအာင္ဆိုသူက လက္ဟန္ေျခဟန္ျဖင့္ ကေလးသရဲအား ႏိုင္နင္းပစ္မည့္အေၾကာင္း ဟန္ပါပါေျပာေနသည္ကို သူငယ္ခ်င္းျဖစ္သူသီဟက ျပန္ေျပာေနျခင္းျဖစ္၏။ ေမာင္ထင္ေပၚကလည္း သစ္ပင္ေအာက္တြင္ဝင္နားရင္း ထိုႏွစ္ေယာက္ေျပာသည့္စကားမ်ားကို နားစြင့္ေန၏။ သို႔ေၾကာင့္ကေလးသရဲအေၾကာင္းကို စိတ္ဝင္စားလာၿပီး ထိုႏွစ္ေယာက္ထံေမးျမန္းလိုက္၏။
” ဒီကအစ္ကိုတို႔ ဘာေတြေျပာေနၾကတာလဲဗ်…”
” ေဟာ…မ်က္ႏွာစိမ္းဧည့္သည္ပါလား..အစ္ကိုတို႔ ကေလးသရဲအေၾကာင္းေျပာေနတာပါဗ်ာ…”
ဆိုၿပီးသီဟကျပန္ေျဖ၏။
” ဗ်ာ…ကေလးသရဲဟုတ္လား..”
” အင္းဟုတ္တယ္ကြ…အဲဒီကေလးက ဘယ္လိုေသခဲ့တယ္မသိဘူး…ခု႐ြာထဲမွာအေတာ္ေသာင္းက်န္းေနလို႔ ႐ြာသူ႐ြာသားေတြ သူ႔ကိုေၾကာက္ေနရတာဗ်…”
” သူကဘယ္လိုလုပ္လို႔လဲဗ်..”
” ေတြ႕သမွ်လူကို အစားလိုက္ေတာင္းတာဗ်ာ…မေပးရင္သူက႐ုပ္ပ်က္ဆင္းပ်င္ႀကီးနဲ႔ေျခာက္လွန႔္ေတာ့တာဗ်…သူ႔ေၾကာင့္ ႐ြာသားေတြလန႔္ၿပီး ေသတာေတာင္ျဖစ္ေနၿပီဗ်…”
” ဟုတ္လား…ဒါဆိုအေတာ္ဆိုးေနၿပီဘဲ…ဒါနဲ႔႐ြာသူ႐ြာသားေတြက အဲသရဲကိုမေမာင္းထုတ္ၾကဘူးလားဗ်…”
” မေမာင္းထုတ္ရဲၾကဘူးထင္ရဲ႕ွဗ်ာ…ခုထိေမာင္းထုတ္ၾကမဲ့အသံမၾကားရဘူးဘဲ…”
” ေမာင္းထုတ္ေပးမဲ့လူရွိရင္ေကာ လက္ခံၾကပါ့မလား…”
” ဟာ…ဘယ္လိုေျပာလိုက္တာလဲဗ်…သရဲကိုေမာင္းထုတ္ႏိုင္တဲ့သူဆိုမွေတာ့ လက္ခံၿပီးသားေပါ့ဗ်ာ…”
” ဒါဆိုကြၽန္ေတာ့္ကို႐ြာထဲေခၚသြားေပး…ဒီညဘဲအဲဒီသရဲကိုေမာင္းထုတ္ေပးမယ္…”
” ေဟ…တကယ္ေမာင္းထုတ္ႏိုင္လို႔လားကြ…ဟုတ္မွလည္းလုပ္ပါဗ်ာ…”
” ကြၽန္ေတာ္အတည္ေျပာတာဗ်…”
” ဒါဆိုလိုက္ခဲ့ဗ်ာ…က်ဳပ္တို႔႐ြာထဲေခၚသြားမယ္…ဟုတ္မဟုတ္လက္ေတြ႕ၾကည့္ရတာေပါ့…”
ဆိုၿပီးေမာင္ထင္ေပၚကို ႐ြာထဲေခၚသြားလိုက္၏။ သူႀကီးအိမ္သို႔ေခၚသြားၿပီး အက်ိဳးအေၾကာင္းေျပာျပထားလိုက္၏။ သူႀကီးလည္း ေမာင္းထုၿပီး သရဲေမာင္းမည့္အေၾကာင္း တစ္႐ြာလုံးကို ေမာင္းထုေၾကျငာထားလိုက္၏။
ညေရာက္ေသာ္ေမာင္ထင္ေပၚက ဘုရားရွိခိုးၿပီးအမွ်အတမ္းေပးေဝလိုက္၏။ အားလုံးၿပီးစီးေသာ္ သရဲေခၚအင္းကို သုံးၿပီးကေလးသရဲကိုဆင့္ေခၚလိုက္၏။ ႐ြာသူ႐ြာသားတို႔ကား ေၾကာက္ေသာ္လည္းစပ္စုခ်င္သျဖင့္ လာေရာက္ၾကည့္ရႈၾက၏။ ေမာင္ထင္ေပၚအမိန႔္ျပန္ၿပီးခဏ၌ ႐ြာထဲရွိေခြးမ်ား ဆြဲဆြဲငင္ငင္အူေနၾက၏။ ခဏၾကာေသာ္ ႐ြာသားထဲမွတစ္ေယာက္သည္ ပိုလီယိုျဖစ္ေနသည့္ပုံစံျဖင့္ ေမာင္ထင္ေပၚေရွ႕လာရပ္ေန၏။ ေမာင္ထင္ေပၚက သရဲေလးေရာက္ေနမွန္းသိသြားၿပီး
” ေရာက္လာၿပီလား…နင္ကဘယ္သူလဲ…”
” အီးဟီးဟီး…ဗိုက္ဆာတယ္… ထမင္းစားခ်င္တယ္..”
ဆိုၿပီးကေလးသံထြက္လာ၏။ ထိုအခါ႐ြာသူ႐ြာသားမ်ား ေၾကာက္သြားၾကၿပီး
” အမေလး…သရဲေလးတကယ္လာတယ္ေတာ့…”
” အမေလး…ေၾကာက္လိုက္တာ…သူကအစာေတာင္စားေနတယ္ေတာ့…”
ဆိုၿပီးတစ္ေယာက္တစ္ေပါက္ျဖင့္ဆူညံစြာ ေျပာေနၾက၏။
” အဟမ္း…တိတ္တိတ္ေနေပးၾကပါဗ်..”
ဆိုၿပီးေမာင္ထင္ေပၚက ဟန႔္လိုက္မွအားလုံးၿငိမ္က်သြား၏။
” ငါေမးတာေျဖရင္ နင့္ကိုထမင္းေကြၽးမယ္…နင္ကဘယ္သူလဲ…ဘာလို႔႐ြာထဲဝင္လာရတာလဲ…”
” သားက ဖိုးျပည့္…သားဗိုက္ဆာလို႔ ဝင္လာတာကို သူတို႔ကသားကိုအစာမေကြၽးၾကဘူး…အီးဟီးဟီး…သားဗိုက္ဆာတယ္…”
” နင္ကဘာလို႔ဒီဘဝေရာက္ေနရတာလဲ…အစ္ကို႔ကိုေျပာျပ…”
” အေမသတ္တာ…သားကို အေမက႐ိုက္သတ္လိုက္တာ…”
” ဟင္…”
” ဟာ…”
သရဲေလး၏အေျဖေၾကာင့္ ႐ြာသူ႐ြာသားတို႔အံ့ဩၾကကုန္၏။ ေမာင္ထင္ေပၚက
” မညာနဲ႔…ဘယ္မိဘကကိုယ့္သားသမီးကိုသတ္ရက္မွာလဲ…အမွန္တိုင္းေျဖ… ”
” သားတကယ္ေျပာတာ…သားဗိုက္ဆာလို႔အစားေလးေတာင္းစားတာကိုအေမက စိတ္ဆိုးၿပီးသားကို ႐ိုက္သတ္ပစ္တယ္…”
” အဲဆိုနင့္အေမကဘယ္သူလဲ…”
” ျဖဴႏုပါ…သားအေမကျဖဴႏု…အေမကသားကိုဟိုးသားသေႏၶတည္ခါရင္း သတ္ခ်င္ေနတာ…သားကိုအခြၽန္ေတြနဲ႔ထိုးတယ္…သားအရမ္းနာက်င္ခဲ့တယ္….ဒါေပမဲ့သားေသကံမပါလို႔မေသခဲ့ဘူး…သားေမြးလာေတာ့အေမကသားကိုမခ်စ္ဘူး…သားကမသန္စြမ္းတဲ့ပိုလီယိုဆိုေတာ့ေလ…”
ကေလးေလး၏အေျဖေၾကာင့္ ေမာင္ထင္ေပၚကမိမိ၏ငယ္ဘဝကိုျပန္အမွတ္ရမိသြား၏။ သည္ကေလးလည္းသူ႔နည္းတူမိဘေမတၱာမကခဲ့ေသာကေလးတစ္ေယာက္ျဖစ္မွန္းသေဘာေပါက္လိုက္၏။ ႐ြာသူ႐ြာသားတို႔လည္းယခုမွအျဖစ္မွန္ကိုသိသြားၾကၿပီး ျဖဴႏုကိုေဒါသထြက္သြားၾက၏။ ေမာင္ထင္ေပၚက
” ကဲပါ…သားအေမ့ကိုမုန္းလား…”
” မမုန္းပါဘူး…သားကိုေမြးလာေပးတဲ့အေမ့ကိုသားခ်စ္တယ္…အေမသားကိုဘယ္ေလာက္မုန္းမုန္း…သားအေမ့ကိုခ်စ္တယ္..”
” ေအးပါကြာ…သားဒီဘဝကေနမကြၽတ္လြတ္ခ်င္ဘူးလား…”
” သားဒီဝမွာမေနခ်င္ဘူး…လူေတြကသားဗိုက္ဆာလို႔ေတာင္းစားတာကို သားကိုေၾကာက္ၾကတယ္…သားစိတ္ညစ္တယ္…သားဗိုက္အရမ္းဆာတယ္…”
” သားကိုအစ္ကိုကထမင္းေကြၽးမယ္…သားစားၿပီးရင္ ဒီေနရာကေနထြက္သြားမလား…ေနာက္ေန႔သားကိုအလႉအတန္းလုပ္ေပးလို႔အစ္ကိုေခၚမွျပန္လာ…အဲလို႔လုပ္ႏိုင္မလား…”
” အစ္ကိုသားကိုထမင္းတကယ္ေကြၽးမွာလား…အဲဆို အစ္ကိုေျပာသလိုသားလုပ္မယ္ေလ…”
” အစ္ကိုမလိမ္ဘူး…သားကိုထမင္းတကယ္ေကြၽးမယ္…ဟုတ္ၿပီလား…”
” အစ္ကို႔ကိုခ်စ္သြားၿပီ…အစ္ကိုသူမ်ားလိုသားကိုမေမာင္းထုတ္ဘူး…ထမင္းလည္းေကြၽးတယ္..ခုထမင္းစားခ်င္လို႔သားကိုေကြၽးပါလား…”
” ေကြၽးပါ့မယ္ဗ်ာ…စားၿပီးရင္ေတာ့တစ္ေနရာမွာသြားေနေနာ္..႐ြာသားေတြဆီထပ္မေတာင္းစားရဘူးၾကားလား…ကဲဦးႀကီးက်ဳပ္ကိုထမင္းနဲ႔ဟင္းေရာၿပီးခူးေပးဗ်ာ…”
ဆိုၿပီး သူႀကီးအားထမင္းနဲ႔ဟင္းခူးခပ္ေစလိုက္၏။ သူႀကီးလည္းထမင္းနဲ႔ၾကက္ကာလသားဟင္းကိုပန္းကန္ထဲခူးလာေပးကာေမာင္ထင္ေပၚကိုကမ္းေပးလိုက္၏။
” ကဲေရာ့..သားအႀကိဳက္စားဗ်ာ…လိုရင္ေျပာအစ္ကိုထပ္ထည့္ေပးမယ္..”
ဆိုၿပီးထမင္းပန္းကန္ကိုလွမ္းေပးလိုက္၏။ ကေလးသရဲဝင္ပူးေနေသာ႐ြာသားမွာ ထမင္းကိုဟင္းနဲ႔နယ္ၿပီး ေခါင္းမေဖာ္တမ္းစားေလေတာ့၏။ တေအာင့္အၾကာ၌ ထမင္းအားလုံးကုန္စင္သြား၏။
” သားဝၿပီအစ္ကို… သားသြားေတာ့မယ္ေနာ္…အစ္ကိုေခၚမွသားထပ္လာခဲ့မယ္…”
ဆိုၿပီး ထြက္သြားေလရာ ႐ြာသားမွာ လဲက်သြား၏။ ေမာင္ထင္ေပၚကထိုလူအား ေရစင္ဖ်န္းၿပီး ႏွာႏွပ္ယူလိုက္ရာ ျပန္လည္သတိရသြား၏။
ေနာက္ေန႔တြင္ကား ေမာင္ထင္ေပၚကကေလးငယ္အတြက္ လိုအပ္မည့္အလႉပစၥည္းကိုဝယ္ခိုင္းလိုက္ၿပီး ဘုန္းႀကီးပင့္ကာ ေရစက္ခ်အမွ်ေဝေပးလိုက္၏။ မျဖဴႏုသည္ကား သက္ဆိုင္ရာဥပေဒေဘာင္အတြင္း၌ အျပစ္ခံယူရင္း အသက္ေသဆုံးသြားေတာ့သည္။….။
( ျဖစ္ရပ္မွန္ကိုအေျခခံထားသည္။ စာရႈသူအေပါင္း ကိုယ္စိတ္ႏွလုံး က်န္းမာၾကေစေသာဝ္)
# ၿပီး
# ခြန္း