မောင်ပြည့်စုံနှင့် သာဓုခေါ်ပါမေမေရယ်(စ/ဆုံး)
—————————————–
“ငါးတွေရမယ်နော် လတ်လတ်ဆတ်ဆတ်ငါးတွေ”
” အမရေး ငါးကြင်းတစ်ပိသာမှ ခုနှစ်ထောင်ရှင့် ယူပါဦးလား”
ငါးသည်တန်းတွင် တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေကြလေသည့် စျေးခေါ်နေကြသော ငါးသည်များ။
သူ့ထက်ငါအပြိုင် လေချိုသွေးကာ စျေးဝယ်များသဘောကျဖို့ဆွယ်နေကြလေသည်။
ထိုအခိုက် ငါးစျေးတန်းထဲသို့ ကျော့မော့စွာ ဝင်လာသော
အထက်တန်းစားဟန်ရှိသည့်အမျိုးသမီးကြီးတစ်ဦးသည် တစ်ယောက်တစ်ပေါက် အော်နေကြသော ငါးသည်များကိုကျော်ကာ အသည်ကြီးဖြစ်ဟန်တူသည့်ငါးသည်တစ်ဦးထံသို့ သွားကာရပ်လိုက်လေသည်။
“အမာရေ ငါးရံ့လတ်လတ်ဆတ်ဆတ်ရှိလားဟေ့”
“ရှိတယ်ရှိတယ်အမကြီးရေး ဒီမယ်ကြည့် လတ်ဆို ဖျတ်ဖျတ်ကိုလူးလို့”
အမာဟုခေါ်သောငါးသည်ကလဲ မိမိရဲ့ရှေ့က ရေဇလုံထဲတွင်ကူးခတ်သွားလာနေသောငါးရံ့များထဲမှ ခပ်ကြီးကြီးကောင်အား ငါးသည်လက်ပီသစွာ
ဗျက်ကနဲ့ဖမ်းကာ ခေါင်းမှကိုင်၍ပြလိုက်လေသည်။
ငါးရံ့ကြီးမှာ ငါးသည်လက်ထဲ တွန့်ကနဲ့ လူးကနဲ့ ဆူးတောင်များတစ်ဖျတ်ဖျတ်ခတ်ကာနေလေသည်။
ပါးစပ်ကလဲ ဟစိဟစိလုပ်နေသေးသဖြင့် သနားစဖွယ်ပါ။
“အင်း ဘယ်စျေးလဲအမာရေးးး”
“ဗျန်း ချ လွန် ချွန်း တစ်ပိသာမှ တစ်သောင်းသာယူချေတော့တော် သူများကိုသောင်းနှစ်ထောင်တောင်းတယ် အမကြီးကိုတော့ ဖောက်သည်မို့နှစ်ထောင်လျော့တယ်တော်”
ဗျန်းဆိုသည်မှာ လက်ထဲမှငါးရံ့ကြီးအားရေထဲပစ်ချလိုက်ခြင်းပင်။
ချလွန် ချွန်းအသံတွေကတော့ ငါးသည်မိန်းမကြီးရဲ့ လက်နှစ်ဖက်တွင်အပြည့်ဝတ်ထားသော လက်တစ်ဖက်ငါးမူးသားလက်ကောက်ငါးကွင်းဆီမှ လက်ကနေခါတင်လိုက်သဖြင့်မြည်သွားသောအသံများပင်ဖြစ်လေသည်။
“နှစ်ပိသာလုပ်ဟေး ဒီနေ့ငါ့သား ရန်ကန်ကပြန်လာမှာလေး အဲ့တာ
ဆီပြန်ဟင်းချက်ပြီးကျွေးမို့ဟေ့ ”
“ဟုတ်ကဲ့အမကြီး ဒါဆို အနေတော်ပဲကိုင်မယ်တော် ။
တုံးနေကျအတိုင်းပဲမလား”
“ပိုကြီးပြီးတုံးပေးဟေ့”
“ဟုတ် အမကြီး ”
ဆိုကာ အမာသည် ရေဇလုံထဲမှငါးအကြီးတစ်ကောင်အားနှိုက်လိုက်လေသည်။
“ဒါဆိုလုပ်ထားနော်ငါဝယ်စရာလေးရှိလို့ခဏသွားဦးမယ်”
“ဟုတ် ဒုန်း ဖလပ် ဖလပ် ဒုန်း”
အမာသည် ဖောက်သည်အားပြန်ဖြေရင်း ငါးရံ့ခေါင်းအားဓါးနှောင့်ဖြင့်ဒုန်းကနဲ့နေအောင်ထုထည့်လိုက်လေသည်။
ငါးကြီးသည် ခေါင်းကိုထုခံရသဖြင့် အမှီးတွေ ရေယက်တွေက တစ်ဖက်ဖက်ခတ်နေလေရာ နောက်တစ်ချက်ဒုန်းကနဲ့နေအောင်ထပ်ထုလိုက်ပြန်သည်။
ထိုအခါမှ ငါးရံ့ကြီးသည် တစ်ဆတ်ဆတ်တုန်ကာငြိမ်ကျသွားလေသည်။
ပြီးနောက်တွင်တော့ အလေးကတ္တားပေါ်တင်ကာ နောက်တစ်ကောင် နောက်တစ်ကောင်နှင့် ခုဏကလို ထုလိုက် တင်လိုက်နှင့်နှစ်ပိသာပြည့်သည်ထိ လုပ်နေလေသည်။သူဒီလို လုပ်နေသော်လဲမည်သည့်ခံစားချက်မှဖြစ်ဟန်မတူ ။လုပ်နေကျဆိုတော့ရိုးရောပေါ့။
အမာဟူသောငါးစိမ်းသည်သည် အသက်အားဖြင့် ငါးဆယ်အရွယ် အကုသိုလ်အကျို းပေးနှင့်ချမ်းသာကြွယ်ဝနေသူပင်။
သူ့တွင်မောင်ထွန်းလင်းနှင့် မနွယ်ဇင်ဟူသောသားတစ်ယောက်သမီးတစ်ယောက်ရှိကာ အလိုလိုက်လွန်းသဖြင့် အောက်ခြေလွတ်လျက် ငွေကိုရေလိုသုံးကြလေသည်။
မိခင်အမာကလဲငြိုငြင်းဖူးသည်အလျဉ်းမရှိ သားသမီးတွေတောင်းသလောက်ပေးလေသည်။
ယောက်ျားနာမည်မှာဦးထားလူဖြစ်ပြီး ဒေါ်အမာထက် အသက်ဆယ်နှစ်မျှငယ်လေသည်။
ဒေါ်အမာသည် အသက်၅၀တင်းတင်းပြည့်ပြီးဖြစ်ကာ ဦးထွန်းလူသည်အသက်အားဖြင့်လေးဆယ်တန်းမို့ အရွယ်ကောင်းတုန်းဖြစ်လေသည်။
ဒေါ်အမာသည် ယောက်ျားငယ်ငယ်အားရထားသဖြင့် ညားသည်မှစယခုအချိန်ထိဦးထားလူအားဘာမှ မယ်မယ်ရရခိုင်းဖူးသည်မရှိသဖြင့် အသက်ထက်အရွယ်တင်လွန်းသောဦးထွန်းလူသည် လက်ကြောမတင်း နောက်ကွယ်မှာခြေရှုပ်လေသည်။
ကာရာအိုကေဆိုင်မှ အမျိုးသမီးတစ်ယောက်နှင့် ခြေရှုပ်နေကာ ဒေါ်အမာရှာထားသောစည်းစိမ်များကို မယားငယ်လေးအတွက်နှမြောတွန်တိုခြင်းမရှိ အမ်းနေသဖြင့်ဒေါ်အမာကြီးကတော့ လုံးလုံးနွားမကြီးဖြစ်လို့နေလေသည်။
သားသမီးများကလဲလုံးလုံးမှမလိမ်မာ။
မိခင်ကြီးစျေးမှပြန်လာသော်လဲ ရေခပ်တိုက်ဖို့နှိပ်ပေးဖို့ဝေးစွ။
မောလာသည်လားပင်မေးဖော်မရကြချေ။
ပိုက်ဆံလိုလျှင်တော့ အနားကပ်လာပါသည်။
သို့ပေတိ သားသမီးတွေအနားကပ်ရင်ကိုကျေနပ်ရပြီမို့ အကျီအတွင်းအိတ်ကပ်ထဲက သောင်းတန်တွေအား ဟောသလို ဟောသလိုထုပ်ပေးလေသည်။
ပြီးနောက်တွင်တော့ လိုချင်တာရသွားပြီဖြစ်၍ထသွားကြသောသားသမီးများရဲ့ကျောပြင်အားကြည့်ကာ ပြုံးပြုံးကြီးကျန်ခဲ့လေသည့်ဒေါ်အမာရယ်ပါ။
ဒေါ်အမာသည်စားတော့တစ်မိသားစုလုံး ခံရတော့သူမတစ်ဦးတည်းဖြစ်လေတော့မည်။
######
ဒီလိုနှင့်တစ်နေ့မှာတော့::::::::::::။
“အမလေး ခေါင်းတွေကိုက်တယ် ခေါင်းတွေကိုက်လိုက်တာ ရွှေစင်ရယ် ကျွတ် ကျွတ်”
ဒေါ်အမာသည်စျေးထဲ ငါးရောင်းရင်း ဘာဖြစ်တယ်မသိ ခေါင်းသည် ထိုးကိုက်၍လာလေသည်။
သို့ကြောင့် ဘေးမှ ငါးရောင်းဖော် ရွှေစင်ဟူသည့် ငါးသည်မလေးကိုဖွင့်ဟပြောမိလေသည်။
“ဟင်းအမာရေ ရရဲ့လားရှင် အိမ်ပြန်မလား ကျမလိုက်ပို့ပေးရမလား”
“ရ ရတယ်ရွှေစင် ဒီကိုဂျင်လေးသောက်လိုက်ရင်ပျောက်သွားမှာ
ပါ”
“မရရင်ပြောနော် ကျမအိမ်ပြန်လိုက်ပို့ပေးမယ် မပေါ့နဲ့အမာကြီး”
“ရပါတယ်အေး ဟင်း!!!!”
ရပါတယ်ဆိုကာဒေါ်အမာ သက်ပြင်းကိုခိုးချလိုက်လေသည်။
ဒေါ်အမာစိတ်ထဲတွင်တော့ခေါင်းကိုက်တာနဲ့ပက်သက်ပြီး စိုးရိမ်စိတ်တွေဖြစ်မိလေသည်။
သူမဒီလိုခေါင်းကိုက်နေတာ ဒါနဲ့ဆို သုံးလေးငါးခါရှိလေပြီ။
သို့သော်ဒီတစ်ခါသည် တော်တော်ပြင်းထန်သည်မို့ ဟန်မဆောင်နိုင်ညည်းညူ မိခြင်းပင်။
သားသမီးနှင့် လင်ယောက်ျားဖြစ်သူအားဖွင့်ပြောချင်သော်လဲမိမိထက်ပင် အလုပ်ရှုပ်နေကြသူချည်းပဲမို့ ပြောဖို့အခွင့်မသာခဲ့ပေ။
ဘယ်လိုပဲလောကဒဏ်ကိုအံ့တုကာ စီးပွားရှာနေရသော်လဲသူသည်မိန်းမသားပေမို့အားငယ်စိတ်တွေတစ်ခါတစ်ခါဝင်မိလေသည်။သို့ပေတိအားပေးနှစ်သိမ့်မည့်သူမရှိ။
တိုင်ပင်စရာအဖော်မရှိပါလေ။
သာမန်ချောင်းဆို ရင်ကျပ်သာလောက်ဆို ကိုယ့်ဘာသာကိုယ်လမ်းဘေးဆေးဆိုင်ကစပ်ဆေးသောက်ကာ ကုခဲ့ရသည်ချည်း။
ခုဟာက ခေါင်းကိုက်တာဘယ်လိုကြီးကိုက်မှန်းမသိ မျက်စိတွေပြာဝေကာသွားသည်အထိကိုက်နေသည်မို့ မိမိကိုယ်ကိုသာအားထားရာ။
“အိမ်ရောက်မှ ကိုထားလူနဲ့တိုင်ပင်ပြီး ဆေးခန်းလေးပြကြည့်ဦးမှပါလေးးးးဟင်းးးး”
ကိုထားလူကတော့ ဒီအချိ်န် ကာရာအိုကေဆိုင်မှာ ကောင်မလေးတစ်ယောက်နဲ့ ကလူးနေလေပြီဆိုတာ အမာများသိခဲ့ရင်။
#########
” ကျွတ် ကျွတ် ကိုထားလူရေး ကိုထားလူ သမီး သမီးကြီးရေ သားရေး သား”
အိမ်ထဲသို့ဝင်လာရင်း မိသားစုဝင်တွေအား တကျော်ကျော်အော်နေလေသည့် ဒေါ်အမာ။
ခြေထောက်များကမခိုင် ယိုင်တိယိုင်နဲ့။
“အမလေး းအားးကျွတ်ကျွတ် ဘယ်သူမှမရှိကြဘူးလား
သားရေး သမီး”
တစ်ထပ်တိုက်ကြီးရဲ့ ဧည့်ဆိုဖာပေါ် ထိုင်ချလိုက်လေသည့်ဒေါ်ပမာ ။
နားထင်အားလက်နှစ်ဖက်နှင့်ဖိကာ တစ်ကျွတ်ကျွတ်နှင့်စုတ်သပ်လို့နေလေသည်။
တိုက်ကြီးထဲမှာတော့ပြန်ထူးမည့်သူမရှိသူမတစ်ယောက်တည်း။
သူမခေါင်းအရမ်းကိုက်နေတဲ့ကြားမှ တစ်ယောက်တည်းမရရအောင်စျေးသိမ်းကာ အိမ်ကိုအရောက် ပြန်လာခဲ့သော်လဲ
တိတ်ဆိတ်မှုက ဆီးကြို၍နေလေသည်။
“တီ တီ တီ တူးးးးးတူးးးးတူးးးးးး”
ပိုက်ဆံအိတ်ထဲမှ လက်နှိပ်စေ့ဖုန်းကလေးထုတ်ကာ နံပါတ်တစ်ခုကိုခေါ်လိုက်သည်။
“ဟယ်လို”
တစ်ဖက်မှပြန်ထူးသံကြားသဖြင့် အားတက်သွားသည်။
“ဟလိုသားရေ အမေပါ အမေခေါင်းကိုက်နေလို့အမေဆေးခန်းသွားချင်လို့ အိမ်ပြန်ခဲ့ပါဦးကွဲ့”
“ဟားးးးးးးအမေကလဲ အရေးထဲဆို ခုသားသူငယ်ချင်းတွေနဲ့ ဆိုင်တစ်ဆိုင်ရောက်နေလို့မအားဘူး အမေ့သမီးခေါ်လိုက်ဗျာ တီးးးး။”
“ဟဲ့သား ဟင်း တီ တီ တီ ကျွတ် ကျွတ် တီ တီ တူးးးးးတူးးးးဟလို”
တစ်ဖက်မှမိနိးမငယ်လေးအသံ။
“ဟယ်လိုသမီး အမေပါ အမေခေါင်းကိုက်နေလို့ ဆေးခန်းသွားပြချင်လို့ လိုက်ပို့စမ်းပါ”
“ဟာ အမေကလဲသမီးခဏနေ tutorialဖြေရမှာမအားဘူး
အမေ့သားဆက်ပါလားတစ်ခါတည်းကျောင်းတက်နေတဲ့လူကိုဆက်နေတယ် ဒါပဲ ဒူး”
“သမီး သမီးးးကျွတ်ကျွတ် အားမူးလိုက်တာ တူး တူး တူး လူကြီးမင်းခေါ်ဆိုသော::::::::::::::::::။”
တစ်ဖက်မှာစက်ပိတ်ထားပါသည်ဖြေကြားနေရာ အဒေါ်ကြီးအမာ မျက်ရည်ကျရရှာပြီ။
“ရွှတ် ကျွတ် ကျွတ် ”
မျက်ရည်များသုတ်ကာ သဘက်ကလေးခေါင်းတွင်ပေါင်းရင်း ပိုက်ဆံအိတ်လေးဆွဲကာ မိမိတစ်ဦးတည်း ဆိုင်ကယ်နဲ့ဆိုဆယ်မိနစ်နှင့်ရောက်သောဆေးခန်းသို့တစ်နာရီလောက်လမ်းလျှောက်သွားဖို့ဆုံးဖြတ်လိုက်ပါသည်။
မိတ်ဆွေများကိုလဲမဆက်ရဲ။
တော်ကြာနေမိမိသားသမီးနဲ့ယောက်ျားလုပ်သူရဲ့အသုံးမကျမှု တွေကိုသိသွားမှာစိုးပါသည်။
အများအလယ်ဆို ယောက်ျားကောင်းကြောင်းသားသမီးကောင်းကြောင်းသူ့မှာကြွားမဆုံးပါ။
“အားးကျွတ် ကျွတ် အားမူးမူးလိုက်တာ ဘုန်း”
ဆိုဖာခုန်မှအထ ခြေပင်မလှမ်းလိုက်ရဘဲ မူးလဲသွားလေတော့သည်။
#############
“ကွာဒီမိန်းမကြီးနဲ့တော့ခက်တယ်ကွာ ဟိုနေရာသေးပေါက်လိုက် ဒီနေရာချီးပါလိုက်နဲ့ဟင်း မိကျူ ရေး မိကျူ အမေ့ကို သေချာမကြည့်ထားဘူးလားဟ လာခဲ့!ဒီကိုမြန်မြန်”
“ဟုတ် ဟုတ်လာပြီအကိုလေး”
ထွန်းလင်းသည် အိမ်ဝရန်သာရှေ့ထွက်စဉ် ဆိုဖာခုန်ပေါ်သေးပေါက်ချထားသောမိခင်ကြီးဒေါ်အမာအားတွေ့ရသဖြင့်စိတ်တော်တော်ပျက်နေလေသည်။
“ဖျန်း မိန်းမကြီး ငါ့ကိုတော်တော်ဒုက္ခပေးတယ်”
မိကျူ သည်ထွန်းလင်းမရှိခိုက် သေးပေါက်ချထားသော ထမိန်းအားလဲပေးရင်း ဒေါ်အမာရဲ့လက်မောင်းအားနာနာလေးရိုက်လိုက်လေသညိ။
“အား နာနာတယ် မလုပ်ပါနဲ့”
ဒေါ်အမာသည် မျက်ရည်လေးစမ်းစမ်းနဲ့မိကျူ အားတောင်းပန်နေရှာလေသည်။
ဒေါ်အမာသည် ယခင်ကဆံပင်ရှည်သော်ငြားလဲယခုအခါ ခေါင်းဖီးပေးရလွတ်ချင်သောမိကျူ လက်ချက်ကြောင့် ခေါင်းတုံးပြောင်နေလေပြီ။
အစားမမှန်အအိပ်မမှန်သဖြင့် ယခင်ကလို ဝဝလင်လင်မရှိ ပိန်ပါးလှချေသည်။
မျက်တွင်းဟောက်ပက်နှင့်ဒေါ်အမာအားညအမှောင်တွင်တွေ့ရလျှင် သရဲဟုထင်ရလောက်အောင် အကျည်းတန်သွားချေပြီ။
“ဒေါက်!!!ကဲလက်ဖယ် အဲ့လက်ဖယ် ခွေးမကြီး သေနာမ သေခါနီးမှ သူငယ်ပြန်နေတယ် ”
“အမလေးနာတယ် မလုပ်ပါနဲ့နာလို့ပါ ဟင့်ဟင့်”
မိကျူ သည်မိမိထမိန်လဲပေးနေစဉ် ဒေါ်အမာသည်လက်ကထမိန်အားပြန်ဆွဲထားလေသဖြင့် ဒေါ်အမာခေါင်းအားဒေါက်ကနဲ့နေအောင်ခေါက်လိုက်လေသည်။
“ကဲ့ဟဲ့ ဖုန်း! အား ဖုန်း!အမလေး သေပါပြီသေပါပြီ လုပ်ကြပါဦးတော့”
“ပိတ်ထားစမ်းဒီပါးစပ်ဖျန်း ”
“အာ့ ပိတ်ပါပြီ ပိတ်ပါပြီ မရိုက်တော့ပါနဲ့အဟင့် ဟင့်”
မိကျူသည်ကျောကုန်းတွေကိုတစ်ဘုန်းဘုန်းနဲ့ထုလိုက် နာလို့အော်ပြန်တော့လဲ ပါးစပ်အားပိတ်ပိတ်ရိုက်နေသဖြင့် ဒေါ်အမာ နှုတ်ခမ်းကွဲကာသွေးတွေပင်ထွက်လာချေပြီ။
######
လွန်ခဲ့သောတစ်လကဒေါ်အမာသည် ခေါင်းကိုက်၍မေ့လဲသွားချိန်မှစ၍သူငယ်ပြန်ရောဂါကိုစတင်ခံစားရလေတော့သည်။
သို့ကြောင့်စျေးရောင်းလဲမထွက်နိုင်ဖြစ်ကာ အိမ်ထဲတွင်သာနေရလေသည်။
သားသမီးများမှာ ထမိန်ထဲသေးပေါက်ချီးပါနှင့်ဖြစ်နေသောမိခင်အိုကြီးအားမပြုစုလိုသဖြင့်အိမ်ရဲ့ဝေရာဝစ္စနှင့်သူမအားပြုစုရန် မိကျူ ဆိုသောမိန်းမငယ်လေးအားအိမ်ဖော်ခေါ်လေသည်။
ယောက်ျားလုပ်သူ ဦးထားလူဆို သူမ သူငယ်ပြန်မှန်းသိသည်နှင့် သူမဝတ်ဆင်ထားသော လက်ဝတ်ရတနာများကိုချွတ်ယူထားလေသည်။
ဒါတွေကဘယ်သူ့အတွက်ဆိုတာပြောဖို့ပင်မလိုပြီ။
ဒေါ်အမာကိုတော့ရှိတယ်လို့ပင်မထင်မသိလေရော့သလားပစ်ထားလေသည်။
သူက ဒေါ်အမာစည်းစိမ်များဖြင့် မယားငယ်အားအိမ်တစ်လုံးဝယ်ပေးထားကာ ထိုအိမ်တွင်သာအနေများလေသည်။
သို့ကြောင့်ဒေါအမာသည် အိမ်ဖော်မလေးမိကျူ နှိပ်စက်သမျှကို အလူးအလဲခံရရှာလေတော့သည်။
သားသမီးများကလဲကိုယ်နဲ့လွတ်ပြီးရောပစ်ထားလေရာဒေါ်အမာဘဝကြာရင်မလွယ်ပြီ။
##########
“ဘာ ဘာပြောတယ် ”
“ထ ထမင်းလေးနဲနဲလောက်ကျွေးပါဦး ငါငါဆာလို့ပါဟယ်”
“အောင်မာအောင်မာ ဘာအလုပ်မှမရှိအကိုင်မရှိဆာဆာနိုင်လွန်းတဲ့ဒီပါးစပ် ထပ်ပြောကြည့် ဟိုမှာမြင်လား တံမြင်စည်း မနေ့ကရိုက်ထားတာမမှတ်သေးဘူးထင်တယ်”
မိကျူ သည်ဒေါ်အမာထမင်းတောင်းစားသဖြင့် ဆဲဆိုကျိန်းမောင်းနေခြင်းပင်။
မနက်ကတည်းကစားထားသည်မှာ ထမင်းကြမ်းခဲလေးနည်းနည်းပဲမို့ခုနေ့လည်နှစ်နာရီပင်ထိုးပြီဖြစ်ရာ ဒေါ်အမာအလွန်ပဲဆာလောင်လှသည်။သို့သော်လဲမိကျူ ရဲ့တံမြက်စည်းကိုကြောက်လှသဖြင့်ပါးစပ်လေးပိတ်ကာ ခပ်ဝေးဝေးတွင်မိမိအတွက်သတ်မှတ်ထားသော ထောင်လေးတစ်ထောင့်ကအိပ်ယာစုတ်လေးပေါ်တွင် ထိုင်ကာ နေလေသည်။
“မိကျူ ရေး အမေ့ကိုထမင်းကျွေးထားပြီလားဟေ့”
ထိုအခိုက် အိမ်ထဲသို့ဝင်လာလေသောအသံတစ်သံ။
အသံနောက်မှာတော့ကျော့မော့လှတဲ့နတ်သမီးရှုံးလောက်တဲ့ပြင်ဆင်မှုနှင့်ကြွရွမှုအပြည့်ရှိနေတဲ့ထိုအမျိုးသမီး။
ထိုအမျိုးသမီးအသံကြားသဖြင့် ကြမ်းပြင်ပေါ်ထိုင်နေလေသောဒေါ်အမာခေါင်းလေးထောင်ကာမော့ကြည့်လာလေသည်။
မျက်လုံးများကမျှော်လင့်ချက်များနှင့်။
ထိုအချိန် ကြက်သွန်လှီးရင်းဓါးထောင်ပြလေသောမိကျူး ကြောင့် ခေါင်းလေးပြန်ငုံ့သွားလေသည်။
“ကျွေးပြီးပြီမမလေး ခုဏကပဲကြက်သားစွပ်ပြုတ်နဲ့ ကျွေးလိုက်တယ်”
“အေးအေးရော့ အမေ့အတွက်ညနေစာ ပုဇွန်ထုပ်လေးချက်ကျွေးရအောင်ပုဇွန်ထုပ်တွေစျေးကဝယ်ခဲ့ဟဲ့”
ဟုဆိုကာ အမျိုးသမီးသည် သောင်းတန်သုံးရွက်ထုတ်ပေးလေရာ ဝင်းလဲ့သွားတဲ့မျက်နှာနှင့်မိကျူ စျေးကိုပြေးလေပြီ။
ထို့နောက်အမျိုးသမီးသည်ဒေါ်အမာဘက်လှည့်ကာ
“အမေနေကောင်းရဲ့လာ”
“အင်း”
“အမေပုဇွန်ထုပ်ကြိုက်တယ်မလား”
“အင်းကြိုက်တယ် ကြိုက်တယ် ဒါပေမဲ့ ”
ဆိုကာ ဒေါ်အမာသည်တောင်ကြည့်မြောက်ကြည့်လုပ်နေလေသည်။
“ကဲပါ ကြိုက်ရင်နေ့တိုင်းဝယ်ကျွေးမယ် ဟုတ်ပြီလား ခုတော့သမီးပန်းပြီနားတော့မယ်”
ဆိုကာ ဒေါ်အမာအားကျောခိုင်းသွားလေတော့သည့်ဒေါ်အမာ့သမီးနွယ်ဇင်။
မိခင်ကြီးမှာ အေးစက်တဲ့ကွန်ကရစ်ပေါ်က အခင်းအစုတ်ပေါ်တွင်ထိုင်ရင်း သမီးလုပ်သူအားပြုံး၍ကြည့်နေလေသည်။
မျက်ဝန်းထဲမှာတော့မျက်ရည်တို့ကပြည့်။
############
“သေချာလို့လားငါ့မောင်ရယ်ဗိုက်ဆာလို့နေမှာပါ”
“ဟာအမကလဲသေချာပါတယ်ဆို မိကျူ ကိုကျုပ်သေချာမေးပြီးသွားပြီ ဘယ်လောက်ကျွေးကျွေးတောင်းစားနေတာပါဆို တောင်းတော့လဲအသားတွေချည်း ”
“အေးပါဟား ငါတော့ နင်ပြောတာနဲ့လန့်တောင်လာပြီ”
မောင်နှမနှစ်ယောက် အခန်းတစ်ခန်းထဲတွင်တီးတိုးတိုင်ပင်နေကြခြင်းပင်။ဘာကိုပြောနေကြတာလဲတော့မသိ။
ခဏအကြာ
“ဂလုန် ဂလွမ်း”
“ဟော ဟော ကြည့်”
ပြောနေရင်း မီးဖိုချောင်ထဲမှ အိုးခွက်ပန်းကန်လှပ်သံများကြားနေရလေပြီ။
“လာလာသွားချောင်းရအောင်”ဆိုကာ နှစ်ယောက်သားခြေဖော့၍မီးဖိုခန်းဆီ ချည်းကပ်လာခဲ့ကြလေသည်။
မီးဖိုချောင်ထဲတွင်တော့အိုးခွက်ပန်းကန်လှပ်သံများ။
ထပ်၍အနီးကပ်သွားကာ
“ဂျောက်”
မီးဖွင်းလိုက်ချိန်မှာတော့။
မြင်လိုက်ရသောမြင်ကွင်းတစ်ခု။
မနက်စာအတွက်နွေးတယ်ဆိုရုံလေးနွှေးထားသောအမဲသားများအား အားရပါးရနှိုက်စားနေလေသည့် မျက်တွင်းဟောက်ပက်
ခေါင်းတုံးပြောင်ပြောင် ညစ်ပတ်ပေရေနေလေသည့် ပိန်ခြောက်ေုခာက်ကိုယ်နှင့်ဒေါ်အမာ။
“အားးးးး”
နွယ်ဇင်ရဲ့အားရပါးရအော်သံသည့်တစ်ထပ်တိုက်အိမ်လေးဝယ် ညံ့ထွက်သွားလေတော့သည်။
########
“ကဲဟဲ့ဖျန်းးးး”
“အမလေးမလုပ်တော့ပါဘူး သေပါပြီ”
ဘုရားစင်ရှေ့တွင် အုန်းပွဲငှက်ပျောပွဲများနှင့်ဘုရားပွဲတစ်ခု။။
ထက်အောက်ယောဂီဝတ်စုံဝတ်ဆင်ထားသော အသက်၃၀ဝန်းကျင် လူရွယ်တစ်ယောက်သည် အမယ်အိုကြီးအားဒူးထောက်ခိုင်းကာရိုက်နှပ်နေလေသည်။
တစ်ကိုယ်လုံးကြိုးများဖြင့်တုတ်ကာ ကြိမ်တုတ်ဖြင့်အားရပါးရချနေခြင်းပင်။
ဘေးပတ်လည်မှာတော့ ကြည့်နေကြလေသော လူလေးငါးယောက်ခန့်။
“ထွက်မလားအခု ဖျန်း”
“အား မလုပ်ပါနဲ့မရိုက်တော့ပါနဲ့နာလိုပါတော့”
“တယ်ခေါင်းမာတဲ့ဖုတ်ကောင် ဖျန်း ဖျန်း ထွက်စမ်းဆို”
“အမလေးသမီးရေး အမေ့ကိုကယ်ပါဦး ။
သားလေးရေး အမေနာလို့ပါ အမေ့ကိုကယ်ပါဦးကွယ။်နောက်မစားနဲ့ဆိုမစားတော့ပါဘူး ဗိုက်အရမ်းဆာလို့ခိုးစားမိတာပါမရိုက်တော့ပါနဲ့နောက်မစားတော့ပါဘူးအီးဟီးးးး”
မိန်းမကြီးသည် သားသမီးအားတကျော်ကျော်အော်ကာအကူအညီတောင်းလျက်ရှိလေသည်။
အသံမှာ တုန်တုန်ရင်ရင်နှင့် နှာခေါင်းသွေးများပင်ကျနေပြီး ညစ်ပတ်ပေရေနေသော ထမိန်းသည်ပြေကျကာ အရှိုးရာများအားအတိုင်းသားမြင်နေရလေသည်။
သေးတွေချီတွေလဲထွက်ကာ မြင်မကောင်းပေ။
“ဆရာ ဘယ်လိုလဲဆရာ”
“ဒီဖုတ်က လွယ်လွယ်နဲ့ထုတ်မရဘူး ကျုပ်ဆေးစီရင်ပြီး နက်ဖြန်လာခဲ့မယ် ဟုတ်ပြီလား ဒီတစ်လော သူဘာတောင်းစားတောင်းစားမကျွေးမိစေနဲ့”
“ဟုတ်ကဲ့ပါဆရာ”
ဆရာဆိုသူ သည် အမယ်ကြီးဘေး စည်းဝိုင်းချခဲ့ကာ စည်းထဲမဝင်မိဖို့ကိုလဲအကြိမ်ကြိမ်မှာကြားရင်းပြန်သွားလေသည်။
အမယ်ကြီးက ဘယ်သူဆိုတာပြောဖို့ပင်မလိုပြီ။
###########
ညတစ်နာရီခန့်တွင်တော့
“အမလေးရေဆာလိုက်တာ ရေလေးတစ်ပေါက်လောက်တိုက်ပါဦးသားနဲ့သမီးရယ် ထမင်းမကျွေးရင်တောင်ရေလေးတော့တိုက်ပါကွယ် အမေတကယ်ရေဆာလို့ပါကွယ်”
ဒေါ်အမာသည် ကြမ်းပြင်ထက် ကြိုးများတုပ်ခံနေရသည့်ကြားမှ တစ်ကိုယ်စာကြားရုံညည်းနေလေသည်။
“ကိုထားလူ ကျုပ်ကိုရေလေးတော့တိုက်ပါဦးတော် ”
ဆိုရင်း ငြိမ်သက်သွားလေသည်။
##########
“ကိုင်းဒီဆေးကို တိုက်လိုက် ဖုတ်တစ်ခါတည်းထွက်ပြီသာမှတ်”ဆိုကာ ဘုရားစင်ရှေ့ထိုင်ရင်း ဆရာဆိုသူမှ ပြောရင်းကမ်းပေးလေသည့် အရည်တစ်ခွက်။
သားလုပ်သူမှာသွားယူကာမိခင်ကြီးအနားကပ်သွားလေသည်။
“ဒေါ်အမာသည်မိမိသားကရေခွက်လေးကိုင်ကာ လာသဖြင့်
ခြောင်ကပ်နေသောနှုတ်ခမ်းအားသပ်ကာ စောင့်နေလေသည်။
သူမရေအလွန်ဆာလှတယ်မဟုတ်လားးး။
ငါ့သားက ငါ့ကိုရေတိုက်တော့မှာ အမလေးပျော်လိုက်တာ::::::::::။
“အမေဒီမှာရော့ အမေသောက်ချင်နေတဲ့ရေ”ဆိုကာ လက်နှစ်ဖက်အားလက်ပြန်ကြိုးတုပ်ထားသဖြင့် ကိုယ်တိုင်ပဲတိုက်ပေးလိုက်လေသည်။
မိခင်ကြီးမှာလဲအားပါးသရသောက်လေသည်။
“အိ အာ့ အာ့”
ခဏအကြာဒေါ်အမာသည် လည်ပင်းအစ်နေသည့်အလားတစ်အစ်အစ်တစ်အာ့အာ့လုပ်နေလေသည်။
“အားးးးနာလိုက်တာ အမလေးဗို
ိုက်ထဲကနာတယ် ကယ်ပါဦး”
အမယ်ကြီးသည် ကွန်ကရစ်ကြမ်းပြင်ပေါ်လူးလှိမ့်လို့နေလေသည်။
“ကိုင်းဖုတ်ထွက်တော့မယ် လမ်းဖယ်ထားကြ”
ဟု ဆိုသဖြင့် အပေါက်ဘက်လမ်းအားဖွင့်ထားပေးလိုက်ကြလေသည်။
“အားးးးးအမလေးပူတယ် ပူတယ် ဗိုက်ထဲကပူတယ် ကယ်ပါဦးတော့ ဝေါ့ ဖူး”
ဒေါ်အမာသည်လူးလှိမ့်ကာညည်းတွားနေရင်းပါးစပ်နှင့်နှာခေါင်းတွေမှ သွေးများကျလာလေတော့သည်။
“အားး သားလေးအမေ့ကိုကယ်ပါဦး သမီးရေ အားနာတယ် သေပါပြီတော။့ သား သ သမီး ”
ကြမ်းပြင်ပေါ်လူလှိမ့်နေရာမှ သားနဲ့သမီးမျက်နှာအားကြည့်ကာငြိမ်သက်သွားလေတော့သည်။
အပိုင်း(၁)ပြီးပါပြီ။
‘မောင်ပြည့်စုံနှင့် သာဓုခေါ်ပါမေမေရယ်
အပိုင်း(၂)
#######
‘ယခုဆို ဒေါ်အမာကြီးဆုံးပါးသွားတာ သုံးနှစ်ပင်ပြည့်ပြီဖြစ်သည့် နေ့တစ်နေ့’
“မိကျူ ရေ မိကျူ ”
တစ်နေ့တာ လူနှင့်သတ္တဝါတို့ နေ့တစ်ဒူဝလှုပ်ရှားသွားလာမှုတို့ ရပ်တန့်ချုပ်ငြိမ်းစပြုလာလေသည့် ညနေမှောင်ရီစပျိုးချိန်။
ထိုအချိန်၌ တစ်ထပ်တိုက်ပုလေးထဲ မှ အမျိုးသမီးတစ်ဦး၏ အော်ခေါ်လိုက်သံသည် တိုက်ပုလေးထဲ ပျံ့နှံ့၍သွားလေသည်။
“ရှင် မမလေး”
မီးဖိုချောင်ထဲ ထမင်းဟင်းချက်ပြုတ်ရင်း မိမိနာမည်အားခေါ်လေသဖြင့် လည်ပြန်လှည့်ကာ ထူးရင်း လုပ်လက်စအလုပ်အားရပ်ကာ အိမ်ကြီးရှင်မမလေးဆီပြေးသွားလေသည်။
” ဒေါက် ဒေါက် ခေါ်သလားလို့မမလေး”
အသံပြုရင်း အခန်းတစ်ခန်းထဲတံခါးခေါက်ကာဝင်သွားလိုက်လေသည်။
“အေး ငါ့အတွက် သံပုရာရည်အေးအေးလေး ဖျော်ခဲ့စမ်းပါ သကြားနည်းနည်းနော်”
အိမ်ကြီးရှင်မမသည် ပါဝါမျက်မှန်အထူကြီးတပ်ကာ စာရင်းစစ်နေရင်းက ဇက်ကြောတက်လာဟန် ။သူမဘာသာ ဇက်ကြောအားနှိပ်နေရင်းက စကားဆိုလေသည်။
“ဟုတ်ကဲ့ “ဆိုကာ အခန်းထဲမှ ထွက်လာလေလသည့်မိကျူ ။
မျက်နှာကတော့ အိမ်ရှင်ကွယ်ရာ မဲ့ရွဲ့ကာ ပွစိပွစိလုပ်နေလေသည်။
“အိမ်ရှင်တွေများ အလိုက်ကမ်းဆိုးကိုမသိဘူး။
ငါကအလုပျမအားပါဘူးဆို ။
သူတို့ဝေရာဝစ္စတွေလိုက်လုပ်ပေးနေရတာနဲ့ နားရတယ်မရှိဘူး။
ဟင့် သံပုရာရည်တဲ့ ။ အဆိပ်တွေကိုဖျော်တိုက်ပစ်ဦးမယ်။”
တစ်ယောက်တည်းကျိတ်ကာ အိမ်ရှင်မိသားစုအားကျိန်ဆဲနေလေသည်။
သူမဒီကို လူမမာ အဖွားကြီးအားပြုစုဖို့နဲ့ အိမ်အကူလုပ်ဖို့ အငှားခေါ်သဖြင့် ရောက်လာခြင်းပင်။
သူမဇာတိကတော့ မန္တလေးတိုင်းဟိုးတောချိုခြံကြား ဇနပုဒ်ကပါ။
ဒီအိမ်ရောက်တဲ့အခါ စိတ်မရှည်လှတဲ့သူမဗီဇအရ လူမမာအဖွားကြီးအား ပြုစုရသည်မှာ စေတနာမပါ။
အိမ်ရှင်မိသားစုကလဲ မျက်နှာလွှဲခဲပစ် အရာရာသူမကိုသာပုံအပ်ထားသဖြင့်ရောင့်တက်ကာ လူမမာအမယ်ကြီးအား အိမ်ရှင်များမရှိခိုက်အမျိုးမျိုးနှိပ်စက်လေတော့သည်။
နောက်ဆုံး ယုတ်မာလှတဲ့ သူမအကြံစည်ထဲ အိမ်ရှင်မိသားစုတို့ သက်ဆင်းကာ သူမစနက်နဲ့လူမမာအဖွားကြီးလဲ ကြွလွင့်သွားလေပြီ ။
တယ်လဲတုံးအ’တဲ့မြို့သားတွေ ကြည့်နေမကြာခင် ဒီအိမ်ကြီးဟာ ဟား ဟား ဟား။
သူမသည် ယုတ်မာတဲ့အတွးများနဲ့လေထဲတိုက်အိမ်ဆောက်နေခိုက် အိမ်ရှေ့ က သံပရာပင်ကြီးဟာ လေမတိုက်ပါပဲ ဖျောကနဲ့ လှုပ်သွားသည်ကိုတော့ လောဘဇောကပ်နေလေသည့်သူမ သတိမပြုမိလိုက်ချေ။
#########
“ဝူးးးး ပွမ် ပွမ် ::::”
“လာပြီ လာပြီအကိုလေး”
ရေချိုးရင်း တန်းလန်း ထမိန်ရင်ရှားလေးနှင့်သူမ။ အိမ်ရှင်အကိုလေးရဲ့ကားအိမ်ရှေ့မှဟွန်းတီးလေသဖြင့် ခြံတံခါးဖွင့်ပေးဖို့ပြေးလာလေသည်။
“ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ခန္ဓာကိုယ်ကို ရင်လျားထားရင်းက ရွက်ကြမ်းရေကျို မျက်နှာသည် ညု တုတု ဆန်သည့် အပြုံးကိုလဲပန်ဆင်ထားလေသည်။
“ဗျော ဝေါ ”
“ဝူး ဝူး ကြှိးးး”
ခြံမကြီးအပေါက်အားတွန်းဖွင့်ကာ ဘေးအသာကပ်ပေးစဉ် စလွန်းကားခဲရောင်လေးသည် အိမ်မကြီးထဲဘီးတစ်လှိမ့်ချင်း ရွေ့ကာအိမ်ထဲဝင်လာလေတော့သည်။
ကားပေါ်တွင်တော့ အသက်အစိတ်အရွယ် လူရွယ်တစ်ဦးသည်
ယိုင်တိုင်တိုင်နဲ့ဆင်းလာလေသည်။
“အ! အကိုလေး ရရဲ့လား”
ဆိုကာ မိကျူ မသည် ထွန်းလင်းရဲ့လက်အား လှမ်းတွဲစဉ် ထမိန်ရင်ခြားနဲ့မို့သူမရင်ဘက်နဲ့ ထွန်းလင်းလက်မောင်းတို့ထိလျက်ရှိလေသည်။
“အိုး စော စောတီးမိကျူ ရတယ်မတွဲနဲ့ ငါ့ဘာသာသွားနိုင်တယ်”
ထွန်းလင်းသည် မိကျူ အား အားနာသောအကြည့်နှင့် ရီဝေဝေကြည့်ကာ တောင်းပန်ရင်း လက်မောင်းအားမိကျူ လက်ထဲမှ ဆွဲထုတ်လေသည်။
“အိုးးးအကိုလေးကလဲ မိကျူ က အကိုလေးတစ်ခုခုဖြစ်မှာစိုးရိမ်လို့ဟာကိုဟွန့်”
မိကျူ သည် ထွန်းလင်းလက်အားတင်းတင်းပြန်ဆွဲထားကာ ကညုတုတုညု တုတု စကားဆိုလေလျှင် အရက်သောက်ထားသောယောက်ျားသားမို့ ဆင်ခြင်တုံးတရားတို့ကင်းမဲ့နေချိန်ဖြစ်ကာ မိကျူ အပြောနှင့်အထိအတွေ့အားသာယာသယောင်ရှိလေသည်။
“အဟွန်း”
ထိုအချိန်အိမ်ရှေ့ဝရံသာတွင် မက်တပ်ရပ်ကာကြည့်နေလေသည့်
နွယ်ဇင် ။မျက်လုံးများတွင်အလိုမကျမှုတို့သည်အထင်းသား။
ချောင်းသံတစ်ချက်ပေးကာ စိုက်ကြည့်နေလိုက်သည်။
“အော် မ မမလေး ဘာခိုင်းမို့လဲနော်”
နွယ်ဇင်ကိုမြင်သွားသောမိကျူ သည် သူခိုးလူမိသွားသည့်နှယ် ထွန်းလင်းအနားမှ ခွာ၍ ပျာယာခတ်သွားလေသည်။
“သွားမီးဖိုချောင်ထဲ ပျားရည်နဲ့သံပုရာရည်ကို ပျစ်ပျစ်ဖျော်လာခဲ့”
“ဒါပေမဲ့အကိုလေးကို အထဲပို့ဖို့ဟာ ”
“ငါပို့လိုက်မယ် ငါခိုင်းတာသာအမြန်လုပ်ချည်”
“ဟုတ် ဟုတ်ကဲ့မမလေး”
ဆိုကာ ခုဏကနဲ့မတူ ပေစောင်းစောင်းမျက်နှာပေးနှင့် မဲ့ရွဲ့ကာမီးဖိုချောင်ထဲဝင်သွားလေသည့် မိကျူ ။
“ဟာ မမကလဲ သူကမောင်လေးအတွက်စိုးရိမ်လို့ဟာကို”
“နင့်ပါးစပ်ပိတ်စမ်း နင်ဘာမှမသိဘဲလျှာမရှည်နဲ့ လဒူကောင်
ဒေါက်!
နွယ်ဇင်သည် စိတ်တိုလာသဖြင့်ထွန်းလင်းရဲ့ခေါင်းအားဒေါက်ကနဲ့နေအောင်ခေါက်လိုက်တော့သည်။
“အာ့!မမကလဲနာတယ်ဗျ”
“အော် နာတာတော့သိတယ်ပေါ့ နင်သူ့ကိုဘာမှတ်နေလ ဲ ပေါ့သေးသေးထင်နေလား ။ ငါအတန်တန်သတိပေးထားတယ်နော် လာခဲ့ခု”
ဆိုကာ ထွန်းလင်းလက်မောင်းအားဆောင့်ဆွဲ၍ခေါ်သွားလေတော့သည်။
ဟင်းးးးး စိတ်ပင်ပန်းလိုက်တာ။
ဒီဟာမ မိကျူ ကို ဘယ်လိုလုပ်ရပါ့မလဲ။
မိန်းမသားချင်းမို့ ဒီဟာမရဲ့မျက်လုံးအားကြည့်လိုက်သည်နှင့် ဘာတွေကြံစည်နေတာလဲသူမသိပါသည်။
ဒါကြောင့်လဲသူမအားမျက်စိအောက်ထားကာ ဒေါက်ထောက်ကြည့်နေရခြင်းပင်။
နွယ်ဇင်သည် အမေဆုံးကာအဖေနောက်မိန်းမယူသွားပြီးသည်နောက် အုပ်ထိန်းသူမဲ့သွားသော ဤအိမ်ကြီးတွင် တစ်ယောက်တည်းသောမောင်လေးအတွက် အမကြီးတော့အမိရာဖြစ်ခဲ့လေသည်။
စီးပွားရေးတက္ကသိုလ်ကျောင်းကဆင်းသည်နှင့် မိခင်ကြီးဒေါ်အမာထားခဲ့သောအမွေများနှင့် စီးပွားရေးလုပ်ကာ အထိုက်အလျောက်အောင်မြင်နေချေပြီ။
ဖေဖေလား:::::::။
ဖေဖေကတော့ ခုချိန်နောက်မိန်းမနဲ့ သူတို့နှစ်ယောက်မွေးတဲ့သားသမီးတွေနဲ့ မေမေထားခဲ့တဲ့ ချွေးနဲစာတွေစားပြီးပျော်နေရောပေါ့။
သိပ်သတိရတာပဲ မေမေရယ်::::::မေမေရှိစဉ်က မေမေ့တန်ဖိုးတွေကိုမသိပဲ သမီးဆိုးမိုက်ခဲ့တာတွေအတွက် ခုချိန်များ ပြန်ပေးဆပ်ခွင့်ရရင် မေမေ့ကို နှစ်ဆ သုံးဆ အိုး ဆယ်ဆမက လုပ်ကျွေးပြုစုပြီးဆပ်ချင်သေးရဲ့။သမီးသိပ်နောင်တရနေပါပြီ မေမေရယ်:::::::။
“ဟင်း!!!!!!!”
မောင်နှမနှစ်ယောက် အိမ်ထဲဝင်သွားချိန် သံပုရာပင်ဆီမှ သက်ပြင်းချသံတစ်သံထွက်ပေါ်လာလေသည်။
######
“တောက် မိခါနီးမှလွတ်သွားတယ် နွယ်ဇင် နွယ်ဇင် ကောင်မကြီး
ညည်းသိပ်ရှုပ်တာပဲ။
အေးပါ ငါညည်းမောင်နဲ့ညားတဲ့နေ့ညည်းလမ်းဘေးရောက်တဲ့နေ့ပဲဟင့်”
အိမ်နောက်ဖေးအကွယ်မှချောင်းမြောင်းကာ မြေခွေးမမျက်လုံးနှင့် ကြည့်ရင်း မြေခွေးကြံ ကြံနေလေသည့်မိကျူ ။
“ဖျော ! အားအမလေး ဘုရားဘုရားဘာကြီးလဲ”
ထိုအခိုက်နောက်ကျောဘက်ဆီမှ လေးပြင်းတစ်ချက်အဝေ့ သစ်ရွက်ခြောက်တို့သူမဘက်သို့လွင့်စင်လာကြသဖြင့် အတွေးလွန်နေတဲ့သူမ အလွန်ပဲလန့်သွားလေသည်။
“လန့်တာ ဘယ်လိုလေမျိုးလဲ %%%%%”
“ဖျော ဖလော အား အမလေး လုပ်ပါဦး လုပ်ပါဦး”
သူဘာသူတိုက်သောလေကိုပင် သူယုတ်ပီပီ မရှောင် ထွေရာလေးပါးနှင့်ခိုင်းနှိုင်းဆဲနေစဉ် လေသည်ထက်မံ၍ တိုက်ခတ်လာပြန်သဖြင့် လန့်ကာ အိမ်မကြီးထဲဝင်ပြေးသွားလေတော့သည်။
“ဟား ဟား ဟား ”
#########
“ခွေးမ ညည်းကများ ငါ့သားသမီးကို ထိဖို့ကြံရဲသလားညည်းကိုငါသတ်မယ် ညည်းကိုငါသတ်မယ် ”
မျက်တွင်းဟောက်ပက် ခေါင်းပြောင်ပြောင်နှင့် ကြောက်မက်ဖွယ်အဆင်းရှိသည့် သရဲမကြီးတစ်ကောင်သည် သူမလည်ပင်းအားညှစ်ဖို့အနားကပ်လာသဖြင့်
“အား ကယ်ကြပါ ကယ်ကြပါရှင်အား အား”
သူမသည် လန့်ဖျန့်ကာနောက်ဆုတ်နောက်ဆုတ်နှင့် နံရံကိုပင်ကပ်သွားချေပြီ။
ထိုအချိန်အေးစက်သောလက်တစ်စုံသည်သူမလည်ပင်းအားမညှာမတာညှစ်လာသဖြင့်အားကုန်အော်ရင်း အသံတွေပင်တိမ်ဝင်သွားချေပြီ။
“အား ကယ်ပါ ကယ်ပါ”
ဆိုကာ လန့်နှိုးလာစဉ် လက်တစ်စုံသည်သူမလည်ပင်းပေါ်တွင်ယှက်သန်းလျက်တည်ရှိနေလေသည်။
“အားအမလေး”
အော်ကာ ထထိုင်လိုက်စဉ်
“ဟင်! ငါ့လက်တွေပါလား ဟူးးးး”
လက်ထောက်၍ထရသဖြင့် လည်ပင်းပေါ်ကလက်သည် ကြမ်းပြင်အားထောက်လိုက်မှ သဘောပေါက်သွားလေသည်။
အော်ငါ့လက်ငါလန့်နေတာကိုး:::::::::။
စောစောနက သူမသည် ကိုယ့်လက်နှင့်ကိုယ် လည်ပင်းပြန်ညှစ်နေမိခြင်းပင်။
“ဟူး ဒီသရဲမကြီး ငါ့ကိုအိမ်မက်ပေးနှောက်ယှက်နေတာကြာပြီ။
မဖြစ်ချေဘူး ဆရာဖောင်းချိုနဲ့တိုင်ပင်ကြည့်ဦးမှပါ။
ဒီကောင်မကြီးကို ဆရာဖောင်းချိုအသေအချာချုပ်ထားခဲ့ရက်နဲ့ ပြီးခဲ့တဲ့သုံးနှစ်လုံး ပျောက်နေခဲ့ပြီး ။ုဘာလို့ခုမှပြန်ပေါ်လာရတာလဲ။”
စိတ်ထဲရေရွတ်ရင်း မျက်လုံများကိုပြန်လည်မှိတ်ရင်း အိပ်စက်ခြင်းဆီသို့။
##########
“မိကျူ ဒီလိုအိပ်မက်ဆိုးတွေမမက်ခင်လွန်ခဲ့တဲ့သုံးလခန့်က”
တစ်ရက် နွယ်ဇင်သည်သူမအားလပ်ရက်တနင်္ဂနွေနေ့ဖြစ်လေသဖြင့် ရွာခဏပြန်ချင်တယ်ဆိုသောမိကျူ အား တစ်ညအိပ်နှစ်ရက်ပြန်ရန်ခွင့်ပြုပေးခဲ့သည်။
ဒီလိုနှင့် နံနက်ပိုင်းအိမ်ရှေ့ကသူမကြိုက်၍စိုက်ခိုင်းထားသောနှင်းဆီပန်းဥယျဉ်ကလေးကို ပေါင်းတင်မြက်နှုတ်ဖို့စိတ်ကူဖြစ်မိလေသည်။
“အော်မိကျူ ကိုအသေအချာမှာထားရက်နဲ့ ဒီနှင်းဆီပင်တွေက စျေးကြီးလို့ အသေအချာ ပေါင်းတင်မြက်နှုတ်ပေးပါဆိုတာကို ကြည့်!”
နှင်းဆီပင်တွေနဲ့ရောနှော၍ ရှည်ထွက်လာနေကြသော ပေါင်းပင်များကိုကြည့်၍ စိတ်မကြည်စွာ ရေရွတ်ရင်း လက်က ပေါင်းပင်များအားနှုတ်လို့နေလေသည်။
သူမအိမ်ပြန်လာချိန်ဟာ ညနေမှောင်ရီစအချိန်ဖြစ်ပြီး အလုပ်သွားတဲ့အချိန်ဟာ နံနက်ရှစ်နာရီမို့ နှင်းဆီပင်တွေဆီအကြည့်မရောက်အာရုံမရောက်မိခြင်းပင်။
သူပန်းဥယျဉ်ထဲ ကြည့်မိတဲ့အချိန်များဟာလဲ မလင်းမရှင်းအချိန်တွေမို့နှင်းဆီပန်းတာမြင်ပြီး ပေါင်းပင်တွေကိုမမြင်မိတာလဲဖြစ်ကောင်းဖြစ်နိုင်သည်။
ပေါင်းတွေနှုတ်ရင်းနှုတ်ရင်းနှင့် နှင်းဆီပန်းပင်တွေကြား က အမေရိကန်သံပုရာပင်တွေဆီအကြည့်ရောက်သွားခိုက်။
သူမလက်တို့ခေတ္တငြိမ်သက်သွားကာ သံပုရာပင်ကြီးအား ဆွေးဆွေးကြီးကြည့်၍ အတွေးလွန်နေမိသည်။
အော်အမေစိုက်ခဲ့တဲ့အမေရိကန်သံပုရာပင်တောင် အတော်ကြီး ကြီးလာချေပြီ။ ခုချိန်အမေဘယ်ဆီများရောက်နေမလဲ။
“ဟင်း!!!”
သင်ပြင်းရှည်ကြီးကိုချကာ အကြည့်တို့ကို နှင်းဆီပင်တွေဆီပြန်ပို့လျက် ပေါင်းနှုတ်ဖို့ လက်အားလှမ်းနေစဉ်။
“ဟင်”
ရုတ်တရက် မျက်လုံးများကသံပုရာပင်ဆီပြန်ရောက်သွားလေသည်။
“မောင်လေးရေ မောင်လေး”
အိမ်ဘက်လှည့်ကာ သူ့မောင်ထွန်းလင်းအား လှမ်းခေါ်လိုက်လေသည်။
“ဗျာ အမ ဘာတုန်း”
ဆိုကာ ထွန်းလင်းသည်အိမ်မကြီးထဲမှ ဆံပင်ဘုတ်တိုက် ညဝတ်အကျီ င်္ ဖရိုဖရဲနဲ့ထွက်လာလေသည်။
ကျန်တဲ့အချိန်တွေဆို ဒီလို လူကြီးစိတ်မဝင်သေးမရင့်ကျက်သေးတဲ့ ထွန်းလင်းရဲ့ပုံစံကိုကြည့်ကာ ဆူမိမှာအမှန်ပင်ဖြစ်သော်လဲ ခုတော့ မဆူအား ဒါ့ထက်အရေးကြီးတဲ့ကိစ္စရှိနေသည်လေး။
“နင်အမေ့ရဲ့သံပုရာပင်ကို သံချွန်နဲ့များရိုက်ဆော့ထားသေးလား”
“ဟာဗျာ အမကလဲ ကျတော့ကို ကလေးကလားကျလို့ ဘာလို့ သံချွန်နဲ့ရိုက်ဆော့ရမလဲ အမကတော့ကွိုင်ပဲ ဒီမှာဂိမ်းဆော့နေတာပါဆို အမကြောင့်ရှုံးတော့မှာပဲ”
ဆိုကာ ဗျစ်တောက်ဗျစ်တောက်အပြစ်တင်ရင်း အိမ်ထဲပြန်ဝင်သွားလေသည်။
“ဟင် အေးအေး ”
ဆိုကာ နွယ်ဇင်လဲသံပုရာပင်ကြီးကို ကြည့်လိုက်ပြန်သည်။
ဟုတ်ပါသည် သံပုရာပင်ကြီးရဲ့ ပင်စည်နေရာတွင် ရိုက်ထည့်ထားသောသံချွန်တစ်ခု။
သူမနှင်းဆီပင်အား ပေါင်းတင်နေလို့တာမြင်လိုက်ရခြင်း။
ကျန်တဲ့အချိန်တွေဆို နှင်းဆီပင်တွေကွယ်နေတာနဲ့ဒီသံချွန်ကိုတွေ့ဖို့မလွယ်။
“ကျွတ် ဘယ်ကလေကဝ ကများလက်ဆော့ထားသည်မသိ။
နောက်ဆို ခြံတံခါးကိုအသေအချာပိတ်ဖို့မိကျူ ကိုမှာဦးမှပါ ”
ဆိုရင်း သံချွန်အားပင်စည်မှဆွဲနှုတ်ရာ သံချေးပင်တက်ကာ အပွေးပင်ဖုံးချင်တင်တင်သံချွန်အားလွယ်လွယ်နဲ့ချွတ်မရ။
အိမ်ထဲဝင်ကာ ပလာယာနဲ့ဆွဲနှုတ်မှ ဗြုတ်ကနဲ့ဆိုကျွတ်ပါလာလေသည်။
“သွားဟယ် အမေစိုက်ခဲ့တဲ့အပင်မို့အမှတ်တရထားပါတယ်ဆို သံချွန်စုတ် ချွန် ချလွန်”
သံချွန်လေးသည် သူမရဲ့အားပါပါပစ်ချက်နောက် လေဟုန်စီးကာ အိမ်ပြင်လမ်းတစ်ဖက်က ခြံပုတ်ထဲသို့ဝင်သွားလေသည်။
“ဝူး ဖေလာ”
ထိုအခိုက် လေပြေလေးတစ်ချက်ဝေ့ကာ သံပုရာပင်လေးသည် တစ်ချက်လှုပ်သွားသည်ကိုတော့ ကျောပေးရင်းပေါင်းပင်တွေကျုံးနေတဲ့သူမမသိလိုက်ပါချေ။
#############
“စီ စီ စီ”
ညပိုးကောင်လေးများတစ်စီစီ အော်ဟစ်နေတဲ့ လမိုက်ညတစ်ည။
နွယ်ဇင်သည်အေးအေးလူလူပဲ လေနုအေးတို့ရဲ့ အေးချမ်းမှုကိုခံစားရင်း အိမ်ဝရံတာဘက်ထွက်လာခိုက်။
“ရွှတ် ဟင့် ဟင့် ဟင်း ”
နှင်းဆီခင်းဘက်ကျောပေးကာ ရပ်နေလေသည့်အရိပ်တစ်ခု။ငိုနေသယောင်ကျောပြင်တို့တစ်သိမ့်သိမ့်တုန်နေလေသည့်သူမ။
ထမိန်ပွင့်ရိုက် အဝါစင်လေးနှင့် အကျီ နီညိုရောင်လေးဝတ်ဆင်ထားသည့် မိမိကိုကျောပေးထားသောသူမ။
သူမရဲ့ကျောပြင်ကိုတွေ့လိုက်ချိန် အလိုလိုရင်ထဲစို့တက်လာသည့်ခံစားမှုကြီး။
မဟုတ်မှလွဲရော:::::::အိုးမဟုတ်တန်ပါဘူး ။
မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက် ခေါင်းခါလိုက်နှင့် နွယ်ဇင်ဗျာများနေသည်။
“ဘယ်သူပါလဲ အဲ့နေရာမှာဘာလုပ်နေတာလဲ ”
နွယ်ဇင်အသံအား ကြားသွားသည့်သူမ။
် နွယ်ဇင့်ဘက်လှည့်လာစဉ် တွေ့လိုက်ရသော မျက်ဝန်းတစ်စုံ။
“အိုးးးးး”
နွယ်ဇင့်မျက်လုံးထဲမျက်ရည်တို့ပြည့်နှပ်ကာ လျှံကျလာလေတော့သည်။
သိတာပေါ့ သိပ်သိတာပေါ့။
စိတ်ထဲကခေါ်ချင်သော်လဲ ပါးစပ်ကမထွက်နိုင။် မထွက်နိုင်လောက်သည့်ကြီးမားနက်ရှိုင်းသောနာမ်စားတစ်ခု။အရိုးပေါ်အရေတင် ပိန်ခြောက်လှီလှသော်လဲ သူမကိုကြည့်တဲ့မျက်ဝန်း ဒီမျက်ဝန်းလေးကိုသိတာပေါ့။
မေတ္တာဓာတ်တို့ထုံမွှန်းထားတဲ့မျက်ဝန်လေး။ဒီမျက်ဝန်းလေးဟာသူမဘဝကိုယခုအချိန်ထိ လုံခြုံမှု နွေးထွေးမှုကိုပေးနေဆဲပါလား။
“ဟငျ့ ဟငျ့ အငျ့ အးးးးအးးးးအမေးးးးးးးး”
နှုတ်ကအားယူကာဖွင့်ဟလိုက်တဲ့အချိန်မျက်ရည်တို့ပါးပြင်ပေါ်သို့အတိုင်းအဆမရှိ ယိုဆင်းလာကြကုန်လေသည်။
“ဟင့် ဟင့်အမေ အမေ အမေလားဟင်”
ရှိုက်ကာ ရှိုက်ကာ တုန်တုန်ယင်ယင်နှင့် အမေးဆင့်လိုက်လျှင်
ထိုအခါ ထိုသူမသည်နွယ်ဇင်အား နှစ်လိုဖွယ်ပြုံးပြရင်း လက်ကမ်းကာကြိုလေသည်။နွယ်ဇင်လဲ စဉ်းစားတွေဝေခြင်းမရှိပြေး၍ သူမရဲ့ရင်ခွင်သေးသေးလေးထဲ မဆံ့မပြဲတိုးဝင်လေသည်။
“ရွှတ် အမေ့ကိုမှတ်မိသေးတယ်ပေါ့ အမေကအမေ့ကိုသမီးမေ့သွားပြီထင်တာ”
“အမေ အမေဘယ်တွေရောက်နေတာလဲအမေရယ် ။သမီးအမေ့ကိုသိပ်လွမ်းတာပဲ ဟင့် ”
“အမေဘယ်မှမသွားပါဘူးသမီးရယ။် အမေသမီးတို့အနားမှာအမြဲတမ်းရှိနေပါတယ်”
“ဟမ်း အမေ အမေဘာကိုဆိုလိုတာလဲဟင်းသမီးနားမလည်ဘူး”
နွယ်ဇင်စကားကိုသူမတုံ့ပြန်လာခြင်းမရှိပဲ ပြုံးမြဲ ပြုံးပြရင်းးးးးးး။
#######
“အမေ အမေ ”
နွယ်ဇင်တစ်ယောက် အိမ်မက်မှလန့်နိုးလာလေတော့သည်။
ထို့နောက်အခြေအနေအားသုံးသပ်ကာ အဖြေထုတ်လိုက်သည်က
“ဟူးး ငါအိမ်မက်တွေမက်နေတာပဲ”ဟူသတည်း။
“ဒီနေ့နဲ့ဆို အမေဆုံးတာ သုံးနှစ်နဲ့ နှစ်လလောက်တောင်ရှိရောပေါ့။
ဒီအတောအတွင်းအမေနဲ့ပက်သက်ပြီး ဘာအိမ်မက်မှမမက်ဖူးလေသမျှ ဒီညမှအထူးတစ်ဆန်း အမေ့ကိုမြင်မက်နေပါလား။
အမေ ဘဝကူးမှကောင်းရဲ့လားမသိဘူး။
အိုး!!မဟုတ်တန်ပါဘူး ငါအမြဲတမ်းအမျှအတန်းတွေပေးနေတာပဲ အမေရမှာပါလေးးးးးး။
ဟင်း!!နက်ဖြန်အမေ့အတွက် ရည်စူးပြီး ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်လေးပို့ဦးမှပါလေး”
##########
“ဒေါက် ဒေါက် ဒေါက်အကိုလေး နွားနို့်လာပို့တာရှင့်”
တံခါးပေါက်ခေါက်သံနှင့်အတူ နွားနို့ခွက်ကိုင်ကာ ဝင်လာလေသည့် အိမ်ဖော်မလေးမိကျူ ။
ညရေးညတာအချိန်ကြီးကို သနပ်ခါးအဖွေးသားနှင့် နှုတ်ခမ်းဆိုးဆီရဲရဲဆိုးကာ ညုတုတုအထာနှင့်သူမ။
“ဟင် နွားနို့ငါမမှာပါဘူး”
ဆိုလိုက်ချိန် မျက်စိမျက်နှာတစ်ချက်ပျက်ကာ ချက်ချင်းပဲ ဖုံးဖိလိုက်ရင်း
“ဟို မမလေးက ပို့ခိုင်းလိုက်လို့ပါ”
“ဟင် ဒါဆိုထားခဲ့လေးမိကျူ ”
“ဟုတ် အကိုလေး ဆိုက ဂိမ်းဆော့နေတဲ့ထွန်းလင်းရဲ့စာပွဲပေါ်တင်ခဲ့ကာ ထွက်လာလိုက်လေသည်။
“ကျွီးးး ဂျလောက် ဟူးးးးးးး!!!”
အပေါက်အားပြန်ပိတ်ခဲ့ရင်းနံရံကိုမှီကာ သက်ပြင်းမောကိုချလိုက်လေသည့်မိကျူ ။
မျက်နှာထက် မြေခွေးမအပြုံးကိုဆင်မြန်းရင်း အောင်နိုင်သူတစ်ဦးနှယ် ရင်ကော့ခေါင်းမော့ကာ မိမိအိပ်ခန်းဘက်ပြန်သွားလေသည်။
“ဟင့်!တောက်”
ထိုအချိန် နောက်ကျောဘက်စီမှ သူမကျောပြင်အား စူးစူးဝါးဝါးစိုက်ကြည့် နေလေသည့်မျက်ဝန်းတစ်စုံ။
တောက်တစ်ချက်ခတ်ကာ အခိုးအငွေ့များနှယ်ပျောက်ကွယ်သွားလေသည်။
########
“ရှပ် ရှပ် ရှပ်”
ညနက်သန်းခေါင်းအချိန် အိမ်မကြီးထဲသို့ဝင်လာလေသောခြေသံတစ်သံ။
“ဂျလတ်”
တံခါးသော့တစ်ခုအားတံခါးလက်ကိုင်နေရာက သော့ပေါက်နေရာအတွင်းထိုးထည့်ကာ လှည့်လိုက်လေသည်။
“ကြှီးးးးးး”
ထို့နောက်တံခါးဖွင့်ကာ
“ရှပ် ရှပ် ရှပ်”
အခန်းထဲသို့ခြေတံဖော့ကာဝင်လာလိုက်လေသည်။
“ဟင်း ဟင်း ဟင်း ”
အိပ်ခန်းထဲမှာတော့ အိပ်မောကျနေလေသည့် ခပ်ချောချော ယောက်ျားသားတစ်ယောက်မျက်နှာအား ဘေးကအလင်းအိမ်မီးမှိန်မှိန်အောက်တွင်တွေ့မြင်လိုက်င်္လေသည်။
ခေါင်းပေါ်တွင်အုပ်ထားသောသဘက်အားဖယ်ချကာ
အပေါ်ထပ်အကျီအားချွတ်ချလိုက်လေသည်။
ပြီးနောက်တွင်တော့ တစ်ထပ် နောက်တစ်ထပ် ။အပေါ်ပိုင်းဗလာကျင်းသွားသော ခန္ဓာကိုယ်ပေါ်သို့ ဝတ်ထားတဲ့ထမိန်အားဆွဲတင်ကာ ရင်လျားလိုက်ရင်း စဉ်းလဲ့တဲ့အပြုံးအားဆင်မြန်းလိုက်လေသည်။
“မနက်ဖြန်ဆို ဒီအိမ်ကြီးရဲ့အရှင်ဟာ ငါဖြစ်ပြီ ဟား ဟား ဟား”
စိတ်ထဲကျိတ်ရီရင်း အိပ်ပျော်နေသော ယောက်ျားသားရဲ့ဘေးကလွတ်နေသောဆိုဖာအိပ်ယာပေါ်သို့တက်ကာ စောင်အားမ၍အသာဝင်ဖို့လုပ်စဉ်။
“ဟင်!!!!!”
ထိမိလိုက်တဲ့ထိုယောက်ျားသားရဲ့အသားသည် လူသေကောင်တစ်ဦးပမာ အေးစက်လို့နေလေသည်။
မျက်နှာအားမော့ကြည့်စဉ်မှာတော့
“အားးး အားးးးးးးးသရဲ သရဲ”
ကြောက်လန့်သကြားအော်ကာ အခန်းထဲမှပြေးထွက်သွားလေတော့သည်။
“ဟား ဟား ဟား ”
နောက်ကျောဘက်ဆီမှာတော့ခြောက်ကပ်ကပ်ရီသံသည် သူမနောက်ကပ်၍ပါလာသယောင်ထင်ရလေသည်။
“ဟင့် ကျွီးးးးးးဂျိမ်း!”
အိပ်ခန်းတံခါးသည် တစ်ယောက်ယောက်ကအားနဲ့မာန်နဲ့ ဆွဲပိတ်လိုက်သည့်နှယ် ဂျိမ်းကနဲ့မြည်ကာ ပိတ်သွားလေတော့သည်။
တံခါးပိတ်သွားခါနီးဆဲဆဲတွင်တော့ ယောက်ျားသားရဲ့ဘေးတွင်ငုပ်တုတ်ထိုင်နေလေသည့် ဝ်ိုးတိုးဝါးတအရိပ်တစ်ခုအား အသေအချာကြည့်လျှင် တွေ့မြင်နိုင်ပေမည်။
######
“ဟင်း ဟင့် ကြောက်တယ်ကြောက်တယ်”
ဘုရားစင်ရှေ့တွင်ထိုင်၍ ဒူးနှစ်ဖက်အားပိုက်ကာကြောက်လန့်သကြားငိုယိုနေတဲ့ အမျိုးသမီးငယ်တစ်ယောက်။
ဘေးမှာတော့ မိန်းမကြီးတစ်ယောက်ကဖက်ကာ နှစ်သိမ့်ပေးနေလေသည်။
သူမရဲ့ဘေးအနီးအပါးတွင်လည်း လူလေးငါးခြောက်ယောက်က နေရာယူထားလေသည်။
“ဥုံ %%%::::::::::”
ဘုရားစင်ရှေ့တွင်တော့ ရေခွက်ကိုင်ကာ မန်းမှုတ်နေလေသည့် ယောဂီထက်အောက်ဝတ်ထားသည့် လူရွယ်တစ်ဦး။
ဂါထာများမာန်မှုတ်အပြီး သောက်ရေခွက်ထဲမှ ရေအနည်းငယ်ကို လက်ဖျားလေးနွှဲဆွတ်ယူကာ ကြောက်ရွံ့နေသောအမျိုးသမီးဆီလှမ်းတောက်လိုက်စဉ်။
“အား အား ဟင့် ဟင့်”
အမျိုးသမီးသည်ဆီပူစင်သည့်နှယ် ထွန့်ထွန့်လူး ဖြစ်ကာ လက်နှင့်ရေစက်တို့အား ကာထားလေသည်။
“ဖယ် ဖယ် လူနာနားကဖယ်ကြ ဒီကောင်မလေးက ရိုးရိုးရောဂါဖြစ်တာမဟုတ်ဘူး မကောင်းတာပြုစားခံရတာ”
ဆိုသဖြင့် ခုဏကသူမအားဖက်၍နှစ်သိမ့်ပေးနေသောမိန်းမကြီးသည်လန့်ကာ နောက်သို့မျက်လုံးပြူ းမျက်ဆံပြူ းဆုတ်သွားလေသည်။
“ကဲ ဆိုစမ်းမကောင်းဆိုးဝါးမ နင်ဘာကြောင့်ဒီအပြစ်မရှိတဲ့ကလေးမလေးကိုပြုစားသလဲ”
“ဟင် ဟင် ဟင် သတ်ချင်လို့ဟေး သတ်ချင်လို့ အိမ်ရှင်မိသားစုကို သတ်မရလို့ သတ်လို့ရမဲ့သူကိုသတ်ဖို့လုပ်တာဟေ့ ”
တုန်တုန်ယင်ယင်ဖြစ်နေရာမှ ပြန်ဖြေလိုက်သည့်အဖြေကြောင့် အားလုံးထိတ်လန့်သွားလေတော့သည်။
“အလို”
“ဟယ်”
“ဘုရား”
နွယ်လေးသည် လန့်ထိတ်သွားလေသဖြင့် ပါးစပ်အဟောင်းသား။
ထွန်းလင်းသည်လဲထိုနည်းလည်းကောင်းပင်။
“တယ် ဆိုးညစ်တဲ့မကောင်းဆိုးဝါးမ နင်ခုဘယ်မှာနေနေသလဲ”
” အိမ်ရှေ့က သံပုရာပင်မှာနေတယ်ဟေ့ ဘာလုပ်ချင်လဲပြော”
“ကဲ့ဟဲ့ ဗျန်း အား အားးးးးဘုန်း”
ဆရာဆိုသူသည် ဘေးတွင်ခုဏကမန်းမှုတ်ချထားသော ရေခွက်ထဲကရေနှင့်လှမ်းပက်လိုက်လေလျှင် မိန်းမငယ်လေးသည် တီကောင်ကိုဆားနှင့်တို့လိုက်သည့်နှယ် တွန့်လိမ်ကာ ကြမ်းပြင်ပေါ်ဘုန်းကနဲ့နေအောင်လဲသွားလေတော့သည်။
“အဟွတ် အဟွတ် အမေ အမေအီးဟီး ကြောက်တယ်ကျုပ်ကြောက်တယ်”
ခဏအကြာသတိရလာဟန် မိခင်အားတလေရာ စောစောနက မိန်းမငယ်လေးအားဖက်ထားခဲ့သည့်မိန်းမကြီးသည်အနားတိုးလာသမီးလုပ်သူအားဖက်ထားလိုက်ပြန်သည်။
“မိကျူ စိတ်အေးအေးထားသမီး အမေရှိတယ်ဟဲ့”
မိန်းမကြီးသည် တောသူပီပီ အလွန်ပဲရိုးအ’ဟန်ရှိလေသည်။
“ဆရာဒါဆိုကျမတို့ဘာဆက်လုပ်ရမလဲဟင်း”
နွယ်လေးရဲ့အမေးအားချင်ချင်းပြန်မဖြေဘဲ စဉ်းစားခန်းထုတ်နေလေသည့် အထက်လမ်းဆရာရယ်ပါ။
“အင်း ဒီတိုင်းဆို ဒီသံပုရာပင်ကို ဖျက်စီးပစ်ရမယ်”
“ဟင် ”
နွယ်လေးအထက်လမ်းဆရာစကားကြောင့်အတော်လေး စိုးရိမ်စိတ်မကောင်းဖြစ်သွားသည်။
အမေချန်ခဲ့တဲ့ အမေ့လက်နဲ့ကိုယ်တိုင်စိုက်ထားတဲ့သံပုရာပင်ကိုမှဖျက်စီးပစ်ရမတဲ့လား။
“ခဗျားခုချိန်မဖျက်စီးရင် ကြာရင် ခဗျားတို့အသက်ကိုပါအာမမခံနိုင်ဘူးနော်”
“ဟင်း!!!”
“မမ ဒီလိုဆိုမှတော့ ဘယ်တတ်နိုင်မလဲ မမရာ ဆရာပဲကောင်းအောင်စီမံပါတော့”
ထွန်းလင်းသည့် မိမိရဲ့အမလုပ်သူရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေရင် မပြီးပြတ်နိုင်တော့မှန်းသိကာ မိမိကပဲဝင်၍ဆုံးဖြတ်ပေးလိုက်သည်။
“ဒါဆိုရော့ ဒီချည်မန်းကြိုးနဲ့ သံပုရာပင်ကိုအရင်ချည်ထားလိုက် ဒါဆို အပင်မဖျက်စီးခင် သူဘာမှမင်းတို့ကိုလုပ်နိုင်မှာမဟုတ်ဘူး”
ဆိုကာ ထွန်းလင်းလက်ထဲ အနီရောင်အပ်ချည်ကြိုးကွင်းအားထည့်ပေးလေသည်။
“ရှူ းရှူ း ဟင့်ဟင့် ”
ထိုအခိုက် မိကျူ ခန္ဓာကိုယ်သည်ရုတ်တရက်တုန်ရီလာကာ နှာတစ်ရှူ း ရှူ းမှုတ်၍ နေလေသည်။
“ဟင်”
“ထပ်ဝင်လာပြန်ပြီလားသရဲမ”ဆိုလိုက်ချိန် ဆရာဆိုသူအားမျက်ထောက်နီကြီးနှင့်ကြည့်ကာ
“ဟင့် နင့်ငါ့ကို အသက်ရှင်စဉ်ကသတ်တာအားမရလို့ ခုသရဲဖြစ်သွားတာတောင်သတ်မလို့ပေါ့လေး”
မိကျူ ရဲ့စကားကြားသောအခါ အထက်လမ်းဆရာဆိုသူ အကြီးအကျယ်မျက်စိမျက်နှာပျက်သွားလေသည်။
“တယ် သရဲမ နင် ဘာမဟုတ်တဲ့စကားတွေနဲ့ မာယာများနေတာလဲသေချင်နေပြီလားခုထွက်စမ်း ဥုံ::::::”
“အီး အား အား ပူတယ် ပူတယ် မထွက်ဘူး ငါ့သားသမီးတွေကိုနင်တို့မကောင်းကြံနေတာငါသိတယ် ငါရှိနေသ၍နင်တို့အကြံအစည်ဘယ်တော့မှမအောင်စေရဘူး”
“ဟင်”
မိကျူ စကားကြားသောအခါ နွယ်လေးတစ်ချက်တွေ’သွားသည်။
ဒီသရဲမက ဘာကိုပြောနေတာလဲပေါ့။
သူမနားလည်သလိုလိုနဲ့ တကယ်တမ်းကျတော့နားမလည်ပြန်ဘူး။
နွယ်ဇင်ကိုကြည့်ရင်းကြာရင်ဒီသရဲမမလွယ်မှန်းသိကာ ချွေးပြန်နေလေတဲ့ဆရာဆိုသူ ။
“ကဲဟယ် ဗျန်း အား အားး”
မန်းမှုတ်ထားသောရေမန်းနှင့် ဗျန်းကနဲ့ပက်လိုက်ရာ တစ်အားအားအော်ရင်း လိပ်ပြာကြိုးနှစ်ခုလဲပျက်သွားကာ အိမ်ခြံအပြင်ဘက်ထိတိုင် လွင့်ထွက်သွားလေတော့သည့်သရဲမ။
“သမီးရေး သားလေး ”
ထိုအချိန် မိမိတို့နားထဲအသံသဲ့သဲ့လေးအား အသီးသီးကြားလိုက်ကြရသော နွယ်ဇင်နှင့် ထွန်းလင်းတို့မောင်နှမနှစ်ယောက်။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
နှုတ်မှတီးတိုးရေရွတ်လိုက်မိတာက
“အမေ:::::::::။”
ဟူသတည်း။
##########
“ဟင့် ဟင့် ဟင့် ရွှတ် ”
ညနေခင်းဘုရားစေတီတစ်ခုပေါ်ဝယ် ပန်းဆီမီးလဲနေခိုက်။
ဘုရားစေတီခြေရင်းနားလောက်ဆီမှ လက်နှစ်ဖက်နှင့် ခေါင်းပြောင်ပြောင်အားကိုင်ရင်း ခေါင်းရမ်းလိုက် ငိုလိုက် ထလိုက် ထိုင်လိုက် ဗျာများနေလေသော မိန်းမကြီးတစ်ဦးအားတွေ့လိုက်ရသည်။
ပညာမျက်စိဖွင့်ကြည့်လိုက်ချိန်မှာတော့သူမရဲ့ဇာတိအနွယ်အားတွေ့လိုက်ရလေသည်။
“ဘာအရေးအတွက်ပူဆွေးနေသလဲ ဒေါ်အမာ”
“ဟင်”
မိမိမှာ သားသမီးဇောကပ်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန် ဘုရားစေတီပေါ်မှ လူတစ်ဦးသည်မိမိနာမည်အားခေါ်ကာ ကြည့်နေလေသဖြင့် သူမအလွန်အံ့သြော်သွားလေသည်။
ထိုသူရဲ့ကိုယ်ကထွက်တဲ့အရောက်အဝါအားကြည့်၍ အထက်လမ်းအထွဋ် အဆင့်မြင့်မြင့်ကပုဂ္ဂိုလ်မှန်းသိလိုက်သည်။
ထိုသူကမိမိအားမြင်သည်ဆိုတော့ သူမအလွန်ပဲအားတက်သွားသည်။
ထိုပုဂ္ဂိုလ်အား လက်အုပ်ကလေးချီကာ
“ဆ ဆရာ ကျမသားနဲ့သမီးကိုကယ်ပါဆရာ။
သူတို့လေးတွေ ဘေးတွေ့တော့မယ်ဆရာရယ်”
သူမသည် ထိုပုဂ္ဂိုလ်နှင့် အတော်အလှမ်းဝေးမှာရှိနေသော်လဲ သူမအသံအားထိုသူကြားနိုင်မယ်ဆိုတာသူမအလိုလိုသိနေပါသည်။
ထိုသူကပြုံးလိုက်ကာခေါင်းတစ်ငြိမ့်ငြိမ့်လုပ်၍
“သူတို့လေးတွေ ဘေးအန္တရာယ်ကင်းရှင်းသွားရင် သင့်အားအမျှဝေတဲ့အခါ သာဓုခေါ်မလား”
ဆိုလိုက်ချိန် သရဲမကြီးမျက်လုံးထဲ မျက်ရည်တို့ပြည့်လျံလာလေသည်။အရိုးပေါ်အရေတင်လက်နှင့် မျက်ရည်များအားသုတ်ကာ
“အီး ဟီး ဟီး ရွှတ် !!!ကျမသားသမီးတွေဘေးကင်းသွားပြီးသူတို့ကိုယ်တိုင်အမျှဝေရင် ကျမသာဓုခေါ်ပါမယ် ရှင်”
ဆိုလိုက်ချိန်
“သာဓု သာဓု သာဓု ”
သာဓုသုံးကြိမ်ခေါ်ကာ ကိုယ်အရောင်အဝါတို့ပြင်းစွာပွင့်ထွက်လာလေတော့သည့်ထိုပုဂ္ဂိုလ်။
သို့သော်ထိုအလင်းရောင်တို့သည်သူမအားစိုးစဉ်းမျှပူလောင်မှုကိုမဖြစ်စေဘဲ။
နွေးထွေးမှု လုံခြုံမှုတို့ကိုသာ ဖြစ်စေလေသည်။
“ဆရာ ဆရာနာမည်ကိုကျမသိခွင့်ရှိမလားရှင်”
“မောင် ပြည့် စုံ”
နာမည်ပြောအပြီး အလင်းရောင်တို့နဲ့အတူ ပျောက်ကွယ်သွားလေပြီဖြစ်သည့် မောင်ပြည့်စုံမည်သော ထိုထူးဆန်းတဲ့ပုဂ္ဂိုလ်။
“ကျေးဇူးတင်ပါတယ် ဆရာပြည့်စုံရယ် ကျေးဇူးတင်ပါတယ်”
ဆိုကာ သရဲမကြီးဒေါ်အမာသည် မောင်ပြည့်စုံအားရည်မှန်း၍ ဦးသုံးကြိမ်ချကာ စောစောကလိုမဟုတ် သူမသောကတို့ တစ်ဝက်လောက်ပြေပျောက်သွားသည့်ဟန် စိတ်ချမ်းသာသွားလေတော့သည်။
သို့သော် ခေတ္တမျှသာ။
“အား ခေါင်းတွေကိုက်တယ် ခေါင်းတွေကိုက်တယ”်အော်ရင်း မြေပြင်ဝယ် ထွတ် ထွတ်လူး လူးလှိမ့်ရင်းအော်ငြီးနေလေသည်။
အော်နေရင်းခေါင်းသည်ပက်ကြားအက်လာကာ သွေးစိမ်းတို့သည်မြင်မကောင်း ပန်း၍ပန်း၍ပင်ထွက်နေလေသည်။
ထို့နောက်ထို့နောက်တွင်တော့ ခြေလက်ခန္ဓာတို့အရှင်လတ်လတ်အပိုင်းပိုင်းပျက်ကျကာ ပြေပြင်ဝယ် ပျံ့ကျဲလျက် ငြိမ်သက်သွားလေသည်။(ဒါဟာ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ပြောဖို့ပင်မလိုပြီ)
#############
“ဟင်း ”
ပန်းခြံထဲက ဒန်းကလေးပေါ်ထိုင်ရင်း အတွေးတို့နက်နေလေသည့် နွယ်ဇင်။သက်ပြင်းတို့အားလဲအကြိမ်ကြိမ်ချနေလေသည်။
ဒါကို သံပုရာသီးပင်တွင် ချည်းမန်းကြိုးချည်ရင်း မြင်နေရသည့်ထွန်းလင်းသည် မနေသာ
“ဘာဖြစ်တာလဲမမ”
“မမလေး ဒီသံပုရာပင်ကိုဖျက်စီးပစ်မှာနဲ့ပက်သက်ပြီးသဘောမတွေ့ဘူးငါ့မောင်”
“ဟာဗျာ မမကလဲ ဘာကြောင့်သဘောမတွေ့တာလဲလင်းစမ်းပါဦး”
“မမ ပြောမပြတတ်ဘူးထွန်းလင်း ဒါပေမဲ့ သဘောမတွေ့တာတော့အမှန်ပဲ”
နွယ်ဇင်စကားကြားသောအခါ ထွန်းလင်းသည် ဘာမှဆက်မပြောတော့ပဲ သံပုရာပင်မှခွာကာ နွယ်ဇင့်ဘေးတွင်ဝင်ထိုင်ရင်း ငြိမ်သက်နေလေသည်။
ဟုတ်ပါတယ် သူလဲ သူ့အမ ခံစားချက်နဲ့ထပ်တူ ခံစားမိနေတယ်လေးးးးး။
“အဟင့်”
သူတို့နှစ်ယောက်ရဲ့စကားတွေကို အိမ်အကွယ်ကနေခိုးနားထောင်ကာ မြေခွေးပြုံးပြုံးနေလေသည့် မိန်းမငယ်တစ်ဦး။
“ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ကာ ဘာကိုသဘောတွေ့နေလေသည်မသိ
။သူမအပြုံးသည် ဘာကြောင့်ရယ်မသိ နှစ်မြို့ဖွယ် ရှုချင်သဖွယ်နည်းနည်းလေးမှမရှိဖြစ်နေလေသည်။
#########
နောက်တစ်နေ့ နေ့လည်ခင်းတွင်တော့ အိမ်မကြီးရှေ့တွင် နတ်ပွဲတစ်ခုထားထားသည်ကိုတွေ့ရလေသည်။
ယောဂီဝတ်နှင့်အထက်လမ်းဆရာဆိုသူသည်
သံပုရာပင်တွင် အင်းစာရွက်များကပ်ကာ အညိုရောင်ကြိမ်တုတ်လေးနှင့် သံပုရာပင်အားတစ်ဖျန်းဖျန်းရိုက်နေလေသည်။
“ကဲ့ဟဲ့ လာစမ်းမကောင်းဆိုးဝါးမ ခုချက်ချင်းအပင်မှာကပ်စမ်း ဖျန်း ဖျန်း”
######
“အား အမလေး အီးးးးး”
ဘုရားစေတီချေရင်းတွင်တော့အော်ဟစ်နေလေသည့်သရဲမကြီးဒေါ်အမာ။
“လာပါပြီ လာပါပြီတော့”
အော်ရင်းလူးလှိမ့်ရင်းထိုနေရာမှပျောက်ကွယ်သွားလေတော့သည်။
#####
“ကဲ့ဟဲ့ဗျန်း ဝင်ပြီလား ဝင်ရင်အပင်လှုပ်ပြစမ်း”
“ဖျောဖျော”
သူ့အမိန့်သံအဆုံးသံပုရာပင်သည် ယိမ်းနွဲ့ကာခါယမ်းလေသည်။
“ဟယ် ”
“အိုး”
ဒါကိုမြင်တဲ့ နွယ်ဇင်နဲ့ ထွန်းလင်းသည်အလွန်ပဲ အံ့အားသင့်နေကြလေသည်။
မိကျူ ကတော့ အောင်နိုင်သူအပြုံးကို တိတ်တစ်ခိုးပြုံးလို့နေလေသည်။
“ကဲဟဲ့ဒုတ် ဒုတ် ဒုတ်”
ဆရာဆိုသူသည် အပင်ခါရမ်းပြသည်နှင့် ပင်စည်နေရာအား သူအစီအရင်ပြုလုပ်ထားသော သံသေသံချွန်တစ်ချောင်းနှင့်ခပ်သွက်သွက်ပဲ ရိုက်ချလိုက်လေတော့သည်။
“ဟင်”
ဒါကိုမြင်၍ထပ်မံအံ့သြော်သွားသူမှာနွယ်ဇင်ပင်ဖြစ်လေတော့သည်။
ဘာလို့ဆို သူမ အရင် ဒီသံပုရာပင်အားသံချွန်ရိုက်ခဲ့တဲ့တရားခံအား အတော်လေးသိချင်ခဲ့တယ်လေး။
ဒီဆရာများဖြစ်နေမလား။
အို ဒီဆရာကတော့ ဒီလိုရိုက်ထားစရာဘာအကြောင်းမှမရှိတာဘဲ။
သူမတွေဝေနေစဉ်
“ဆရာဖောင်းချို ဒီမှာ ဓာတ်ဆီ”
ဆိုကာ မိကျူ သည် ဓာတ်ဆီပုလင်းအား ကမ်းပေးလေသည်။
“နေနေပါဦး !!!”
နွယ်ဇင်လဲဘာကြောင့်ရယ်မသိ စိတ်ထဲဒီအပင်အား သတ်လိုက်မည်ကိုလုံးလုံးဘဝင်မတွေ့ဖြစ်လာလေသည်။
နွယ်လေးရဲ့စကားအားကြားသောအထက်လမ်းဆရာသည် မျက်စိမျက်နှာပျက်သွားလေသည်။
မကြားချင်ယောင်ဆောင်ကာ
ဓာတ်ဆီပုလင်းထဲကဓာတ်ဆီများဖြင့်သံပုရာပင်အားပတ်ဖျန်းလိုက်လေတော့သည်။
“ခဏနေကြပါဦး”
“ဆရာဒီမှာမီးခြစ်”
သူမစကားအားလုံးလုံးမကြားသည့်အလား မိကျုသည် ထမိန်ကြားထဲကမီးခြစ်အားထုတ်ပေးလိုက်လေသည်။
“ရပ်ပါတော့ရှင် မလုပ်ကြပါနဲ့”
နွယ်ဇင်လည်းအော်ဟစ်ကာ တားလိုက်လေသည်။
“မမ ဘာလို့လဲ ”
“အဲ့သံပုရာအပင်ကိုမီးမရှို့စေနဲ့ ထွန်းလင်း အဲ့ထဲမှာ အမေရှိတယ်”
“ဟမ် ဟိတ်လူရပ် စမ်း”
သူမပြောသံအဆုံး ချက်ချင်းပဲပြေးဝင်သွားလေသည့်ထွန်းလင်း။
“ဒိုင်း!!!”
“အား”
ထိုအချိန်သေနတ်ဖောက်သံတစ်ချက်ထွက်ပေါ်လာကာ ထွန်းလင်းသည်လမ်းခုလတ်တွင်မှောက်ရက်လဲသွားလေတော့သည်။
ခြေထောက်နေရာတွင်တော့ သွေးတို့စိမ့်ထွက်လာလေပြီ။
“အားးး ကျွတ် ကျွတ်”
“မောင်လေး အမလေးမောင်လေး”
ဆိုကာ နွယ်ဇင်သည်ထွန်းလင်းအားပြေးထူးလိုက်လေသည်။
“ရှင် ရှင်တို့ ရှင်တို့”
“ဟင်း ဟင်းကလေးမ မင်းသိပ်ပါးနပ်ပေမဲ့ သိပ်နောက်ကျသွားပြီ”
ဆိုလာလေသူအထက်လမ်းဆရာ။
လက်ထဲတွင်တော့ ခြောက်လုံးပြူ းသေနတ်တစ်လက်။
“ဟား ဟား းး”
ထို့ထက်အံ့သြော်စရာကောင်းတာက အထက်လမ်းဆရာဘေးတွင်ခါးထောက်ကာရီနေလေသည့် မိကျူ ။
လက်ထဲကမီးခြမ်းအားသံပုရာပင်ဆီသို့ပစ်ချလိုက်ချိန်။
“မလုပ်နဲ့!!!!!”
နွယ်ဇင်ရဲ့ အာခေါင်ခြစ်အော်လိုက်လေသည့်အသံတစ်သံ။
“ဖတ် ဝေါ ရှဲ”
“ဟင်”
မီးခြစ်မီးသည် ဓာတ်ဆီလောင်းထားသော သံပုရာရွက်တွေပေါ်သို့အကျ ဝေါကနဲ့မီးထတောက်လိုက်လေသည်။
သို့သော် ထိုသစ်ရွက်တွင်ပင်ရပ်သွားကာ တစ်ခြားသစ်ရွက်သို့မကူးပဲ ရှဲကနဲ့ငြိမ်းသွားလေသည်။
“ထပ်ရှို့စမ်း မိကျူ”
ဆိုကာအထက်လမ်းဆရာသည် နွယ်ဇင်တို့အားသေနတ်ဖြင့်ချိန်ရွယ်နေရင်းက မိကျူ ဘက်လှည့်ကာပြောလေသည်။
“ဟုတ် ဆရာဖောင်းချို”
ဆိုကာမိကျူ လဲမီးမတောက်ပဲငြိမ်းသွားသောမီးခြစ်အားကောက်ကာ ပြန်ခြစ်လိုက်သည်
“ထောက် ဝေါ”
မီးခြစ်သည် မီးညွန့်တို့ထတောက်လာပြန်သည်။
“ထိုနည်းအတိုင်းပင် အပင်အားမီးရှို့ရာ အပင်ဆီအရောက်မီးငြိမ်းငြိမ်းသွားလေသည်။
“ပေးစမ်း မီးခြစ်ဆို”ကာ ဖောင်းချိုခေါ်အထက်လမ်းဆရာဆိုသူသည်မီးခြစ်အားဆွဲယူကာသံပုရာပင်အားသူကိုယ်တိုင်မီးရှို့ဖို့ကြိုးစားလေသည်။သို့သော် အားကုန်တာသာအဖက်တင်သည် ဓာတ်ဆီလောင်းထားသောသံပုရာပင်သည် နည်းနည်းလေးမှမီးမစွဲ။
“မမောဘူးလား အောက်လမ်းဖောင်းချို”
“ဟင်”
“ဟမ်း”
အိမ်ပေါက်ဝဆီမှ အသံတစ်သံအားကြားလိုက်သဖြင့် လေးယောက်လုံးအိမ်ပေါက်ဝဆီအကြည့်တို့စုစုံကျသွားသည်။
အထက်အောက် ဝတ်ဖြူ စင်ကြယ်ဝတ်ထားသည့် ပျိုမြစ်လှတဲ့လူရွယ်တစ်ဦး။
လက်နောက်ပစ်ကာ အေးအေးလူလူပဲ အိမ်ထဲသို့တစ်လှမ်းချင်းလှမ်းဝင်လာလေသည်။
“မင်းဘယ်သူလဲရပ်စမ်းအဲ့ဒီမှာ ချောက်ချောက်ဟင်”
ဖောင်းချိုအလွန်ပဲအံ့သြော်သွားလေသည်။
သေနတ်ကျည်အားအသေအချာပြန်စစ်သော်လဲ ဘာမှချို့ယွင်းမနေ။
အိမ်ထဲဝင်လာသူအားချိန်ရွယ်ကာ ထပ်မံပစ်လိုက်ချိန်။
“ချောက် ချောက် ဟင်”
ဒီသူကို ကြည့်လိုက်သည်နှင့် အောက်လမ်းဆရာပီပီ မိမိနှင့်မတူ လမ်းကြောင်းကွဲလိုက်စားသူမှန်းတန်းသိလိုက်လေသည်။
နောက်ပြီး သူ့ရဲ့ကိုယ်မှထွက်သောအရှိန်အဝါသည်မိမိအားတစ်ရှိန်းရှိန်းရိုက်ခတ်နေလေရာ အနေခက်လှပေသည်။
တယ်လဲ အဆင့်မြင့်လှတဲ့ပညာရှင်ပါလားတွေးကာ
“ဒေါက်”
ဒီသေနတ်ကတော့ထိုသူအားမထိရောက်နိုင်ဘူးဟုတွေးမိကာ
မြေပြင်သို့ပစ်ချလိုက်လေသဖြင့် မြေပြင်ပေါ်ဒေါက်ကနဲ့ကျသွားလေသည့် ပစ္စတိုသေနတ်တစ်လက်။
ထို့နောက်အကျီ အိတ်ကပ်ထဲသို့ နှိက်လိုက်စဉ်ထွက်လာလေသောအပ်ချောင်းများ။
“ရော့ဟဲ့ဖျော ဖလော”
လေအဟုန်နှင့်လှမ်းပစ်လိုက်စဉ် အက်များသည် ဝတ်ဖြူ စင်ကြယ်ဝတ်ပုဂ္ဂိုလ်ထံပြေးလာကြလေသည်။
“ဝှစ် ဖောက်ဖောက်ဖောက်”
သို့သော်ထိုလူရဲ့လက်ပြန်ရမ်းချက်နောက် အပ်များသည်အနားသို့ပင်မရောက် လမ်းခုလတ်တွင်ပင် တစ်ဖောက်ဖောက်မြည်ကာ ထပ်ပိုင်းကျိုးသွားလေတော့သည်။
” ဥုံ ဖူး:::::::”
လက်သီးဆုပ်ကာ မန်းမှုတ်၍ လက်ဝါးဖြန်းကာမှုတ်လိုက်စဉ်
လေထဲတွင်ပင်ပေါ်လာကြလေသောပိတုန်းများ
“ဝီး ဝီး ဝီး”
တစ်ဝီးဝီးယောဂီဝတ်ပုဂ္ဂိုလ်ထံပြေးလာစဉ်နှင့်ပြေးလာကြစဉ်
“ဝှစ် ဖုတ် ဖုတ် ဖုတ်”
ထိုသူရဲ့လက်ပြန်ရိုက်ချက်နောက် လမ်းခုလတ်တွင်ပင် မြေပေါ်သို့တစ်ဖုတ် ဖုတ်နှင့်ပိတုန်းအားလုံးပြုတ်ကျကုန်သည်။
အခြေအနေမဟန်မှန်းသိသောမိကျူ ကတော့ပြေးလေပြီ။လမ်းခုလတ်အရောက်ဝိုင်းထားလိုက်ကြသော ယူနီဖောင်းနှင့်လူတစ်စု။
ဖောင်းချိုသည်လဲ နောက်ဆုတ်နောက်ဆုတ်နှင့်သေနတ်ကောက်ကာ ပြေးစဉ်
“ဒိုင်း”
“အာ့”
“ဒိုင်းကနဲ့မြည်သံတစ်သံထွက်ပေါ်လာကာ လမ်းခုလတ်တွင်မှောက်ရက်လဲလေသည်။
“ချောက်”
ပြီးနောက်တွင်တော့ မှောက်ရက်လဲနေသောဖောင်းချိုလက်နှစ်ပေါ်သို ချောက်ကနဲ့ကျွမ်းကျင်စွာ လက်ထိပ်ခတ်လိုက်ကြလေတော့သည်။
“ဟင် ရဲတွေ ခဗျားတို့ကျုပ်ကိုဘာလို့ဖမ်းတာလဲ လွှတ်အခုလွှတ်”
“ခဗျားကို ယဉ်နွယ်ဆိုတဲ့မိန်းမလေးကိုမုဒိန်းကျင့် သတ်ဖြတ်မှု
လူမမယ်ကလေးနှစ်ယောက်ကို ရေနှစ်သတ်မှုနဲ့ဖမ်းလိုက်ပြီ
ရှေ့နေခေါ်ပြီးအယူခံဝင်နိုင်ပါတယ်”
ဆိုကာ လက်ထိပ်ခတ်၍ဖမ်းခေါ်သွားခြင်းခံရရှာလေပြီ။
နွယ်ချိုသည် မောင်ဖြစ်သူ ထွန်းလင်းအားပွေ့ထူးထားရင် မျက်စိရှေ့တွင်ဖြစ်ပျက်သွားသောပုံပြင်ဆန်ဆန်အဖြစ်အပျက်အား မျက်တောင်မခတ် ကြည့်နေ မိလေသည်။
“ဟင် ဘယ်ရောက်သွားတာလဲ”
မိမိ ဖောင်းချိုဆိုသောလူယုတ်မာအားလက်ထိပ်ခတ်သွားသည်ကိုကြည့်နေခိုက် မိမိတို့ကိုလာရောက်ကယ်ဆယ်သော တန်ခိုးရှင်လိုလို နတ်သိကြားလိုလို ဝတ်ဖြူ စင်ကြယ်ဝတ်ပုဂ္ဂိုလ်သည်ပျောက်ခြင်းမလှပျောက်သွားချေပြီ။
“အားကျွတ်ကျွတ် မမဘာရှာနေတာလဲ”
“ဟင် ဟိုမမတို့ကိုလာကယ်တဲ့ဝတ်ဖြူ စင်ကြယ်ဝတ်ပုဂ္ဂိုလ်”
“ဟာမမကလဲ ဘယ်ကဝတ်ဖြူ စင်ကြယ်ဝတ်ထားပုဂ္ဂိုလ်လဲ ကျုပ်တို့ကိုလာကယ်တာ ရဲတွေလေးဗျာ”
“ဟင်”
ဒါဆို :::::::::။
#########
အမှန်စင်စစ်ဖောင်းချိုဆိုသူကာ အောက်လမ်းဆရာတစ်ယောက်ဖြစ်ကာ လူသတ်မှုနှင့် ဇာတိမြေမှတိမ်းရှောင်နေသူ ရာဇဝတ်တရားခံပြေးတစ်ယောက်ဖြစ်သည်။
ထွက်ပြေးရင်းဒေါ်အမာတို့မြို့လေးတွင် ခိုလှုံကာ သူတတ်တဲ့အောက်လမ်းပညာနှင့် လူတကာအားလိမ်လည်ကာစားသောက်နေခြင်းပင်။
အဲ့ဒီအချိန် အကြံကြီးရှင်မိကျူ နှင့်ပေါင်းမိကာ နှစ်ယောက်ပေါင်းအကြံနှင့် ဒေါ်အမာအား ဖုတ်ဝင်သည်ဆိုကာ အခကြေးငွေအဝယူ၍အဆိပ်ကျွေးပြီးသတ်ကာသံပုရာပင်တွင်ဝိညဉ်အားချုပ်ထားခဲ့လေသည်။
ဒါမှလဲ ဒီလူသတ်မှုက လုံးလုံးမပေါ်မှာမလား။
ဒီလိုနှင့်တစ်ဖြည်းဖြည်းလောဘတက်လာတဲ့မိကျူ ။
မိမိသုံးနှစ်လုံး လေထဲတိုက်အိမ်ဆောက်နေသောစိတ်ကူးအားအကောင်အထည်ဖော်ဖို့ကြိုးစားလေသည်။
ဒါကတော့ ထွန်းလင်းအား အမိဖမ်းကာ အိမ်ကြီးရှင်မလုပ်ဖို့ပင်။
သို့သော်လဲမှန်းချက်နှင့်နှမ်းထွက်လွဲကာ ထက်မြက်လှတဲ့နွယ်ဇင်ကြောင့်အကောင်ထည်ဖော်မရဖြစ်နေလေသည်။
တစ်ဖက်မှာလဲ နွယ်ဇင်က သံပုရာပင်တွင်သရဲမကြီးအမာအားချုပ်ထားသော သံသေသားသံချွန်ကို ဖြုတ်လိုက်လေရာ သရဲမကြီးအမာအချုပ်မှလွတ်သွားလေသည်။
အဲ့ဒီမှာ သရဲမကြီးသည်မိမိသားသမီးအား မကောင်းကြံနေသော မိကျူ အားခြောက်လှန့်၍နှောက်ယှက်ရာ စားရခါနီးမှပြုတ်ကျသွားရသည့်အဖြစ်
မျိုးကြုံရလေသည်။
ကြာရင်လွန်ခဲ့တဲ့သုံးနှစ်က လူသတ်မှုပင်ပေါ်နိုင်တာမို့ သူယုတ်ကောင်အောက်လမ်းဖောင်းချိုနှင့်ပြန်လည်ချိတ်မိသွားပြန်သည်။
ဤသို့ဖြင့်သံပုရာပင်ထဲ အမာအားထည့်ကာ မီးရှို့သတ်ကာနီး၌ရိပ်မိသွားသော မောင်နှမနှစ်ယောက်ကြောင့် မိမိအမြဲဆောင်ထားသော သေနတ်အားထုတ်လိုက်ရလေတော့သည်။
ထိုအခါမှသူ့ရဲ့ဖုံးကွယ်ထားသော ဇာတိများဗူးပေါ်သလိုပေါ်သွားပြီး သူ့အားလိုက်နေသောရဲသားများ၏ဖမ်းဆီးခြင်းကိုခံလိုက်ရလေသည်။
ယခုတော့နိဂုံးချုပ်အနေနဲ့ သူတို့နှစ်ဦးလုံးအချုပ်ထဲရောက်ကာ
တရားရုံးကချမှတ်သောပြစ်ဒဏ်များကိုအသီးသီးခံယူကြရလေတော့သည်။တစ်ယောက်ကဆယ်နှစ် တစ်ယောက်ကတစ်သက်တစ်ကျွန်းဖြစ်လေရာခံယူချေဦးပေါ့။
#########
“‘ဒကာမကြီးဒေါ်အမာ ရောက်ရာအရပ်ကကြွ၍အလှူ အဖို့အတွက်သာဓုခေါ်စေသော်”
“ကြား ကြားသမျှကုသိုလ်အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်”
ဘုန်းကြီးကျောင်းတွင်ရေစက်ချကာ တရားနာနေသည့်ပွဲတစ်ခု။
“အမေရေး သမီးပြောတာကြားလား သမီးဒီနေ့ဘုန်းကြီးကျောင်းမှာကုသိုလ်လုပ်ပြီး အမေ့ကိုအမျှဝေပါတယ် ကြားတဲ့အရပ်ကသာဓုခေါ်ပါအမေရယ်”
”
အမေသားလဲအမျဝေပါတယ်သာဓုခေါ်ပါအမေရယ် ”
ထိုသူတို့နောက်ကျောဘက်မှာတော့ ပိန်လှီလှတဲ့ကိုယ်နဲ့ခေါင်းပြောင်ပြောငိအမယ်ကြီးတစ်ယောက်ဘုရားအားလက်အုပ်ချီကာ
“သာဓု သာဓု သာဓုပါသားနဲ့သမီးရယ် ”
ဆိုလိုက်ချိန် အရောင်းအဆင်းတို့ချက်ချင်းတောက်ပကာ နုပျိုချောမောသွားလေသည့် ဒေါ်အမာ သားနဲ့သမီးအားပြုံးပြုံးကြီးကြည့်ရင်း ကျောပေးလိုက်ချိန် ချက်ချင်းပဲနေရာမှပျောက်ကွယ်သွားလေသည်။
##အော်လူ့ဘဝ အနေမတတ်တော့ကိုယ်လုပ်သမျှ တစ်မိသားစုလုံးစံရပေမဲ့ ခံစားရတော့ကိုယ်တစ်ယောက်တည်းပါတကား။
စာဖတ်သူတွေကိုအမြဲလေးစားလျက်
နွေလေး(လွိုင်ကော်)
###########
######ပြီးပါပြီး####
Credit