Zawgyi Version
မောင်ရေခဲ ဂတိမတည်မိခြင်း(စ/ဆုံး)
———————————
အုံ့မှိုင်းနေသောညတစ်ည။ မိုးရိပ်မိုးပေါက်တို့က တဖျောဖျောကျနေ၏။ မြေပြင်ပေါ်ရှိ ဗွက်အိမ်လေးနှင့်မိုးပေါက်တို့ ထိတွေ့သံတို့သည် မှောင်မိုက်သောညကိုဖောက်ထွင်းလျှက် ကျယ်လောင်စွာထွက်ပေါ်လာ၏။
” ပေါက်….ပေါက်…ပေါက်….”
” ကျီ….ကျီ…ဂျစ်….”
” ဗျောက်….ဗျောက်…ဗျောက်….”
ထိန်ပင်ကုန်းသုဿာန်ထဲရှိ ဇရပ်မဲမဲကြီးသည်ကား အမှောင်ထုထဲ၌တစ္ဆေတစ်ကောင် ငုတ်တုတ်ထိုင်နေသည့်အလား ထီးထီးကြီးရှိနေ၏။ ထိုဇရပ်ပေါ်မှ မီးစတစသည်ရဲခနဲ ရဲခနဲဖြင့် ထွက်ပေါ်လာ၏။ ခေါင်မိုးရှိသွပ်ပြားနှင့် သစ်ကိုင်းတို့၏ပွတ်သပ်သံတို့ကား တစ္ဆေတစ်ကောင်၏လက်သည်းဖြင့် ကုတ်ခြစ်နေသည့်နှယ် တကျစ်ကျစ်မြည်နေ၏။ ထို့အတူမိုးစက်မိုးပေါက်တို့ကလည်း ခေါင်မိုးပေါ် တပေါက်ပေါက်ကျနေ၏။ ထိုခေါင်မိုးပေါ်မှတဆင့်တံစက်မြိတ်မှစီးဆင်းလာသောရေတို့သည်မြေပြင်ပေါ်ရှိ ဗွက်အိမ်တို့နှင့်ထိတွေ့ကာ တဗျောက် ဗျောက်မြည်နေပြန်၏။
” ဆရာကြီး…ခုထိဘယ်သူမှမလာသေးဘူးနော်….”
ဇရပ်ထဲရှိလူငယ်က ကျန်လူတစ်ယောက်အားမေးလိုက်ခြင်းဖြစ်၏။ ထိုအမေးကြောင့် ဆေးလိပ်မီးကို ရဲခနဲဖွာရှိုက်နေသည့် လူက
” လာမှာပေါ့ကွာ…မင်းစိတ်မလောစမ်းပါနဲ့…. အသေအချာကိုလာမှာ…သူတို့မလာလို့မရဘူး….”
” ဟုတ်ဆရာကြီး….”
မိုးကားပို၍သည်းထန်စွာရွာသွန်းလာ၏။
” ဟင်းနော်….မိုးကလည်းမတိတ်ဘဲ ပိုပြီးသည်းနေပါရော့လားကွာ….”
လူရွယ်ကဟင်းခနဲသက်ပြင်းချပြီး ထိုစကားဆိုလေရာ ဆေးလိပ်ဖွာနေသောလူကြီးက
” တောက်! မင်းဘယ်လိုဖြစ်နေတာလဲ…မင်းစိတ်မရှည်ရင် သွားပြန်တော့….ငါဒေါသမထွက်ခင်….”
ထိုသို့မာန်မဲလိုက်မှ လူရွယ်မှာဘာမှမပြောတော့ဘဲ ဇက်ကလေးပုကာ ကြမ်းပြင်ကိုအမှတ်မဲ့လျှောက်ခြစ်နေမိ၏။
” သေချာထိမ်းဟ….အလောင်းလျှောကျမယ်….ဟိုကောင်တွေမီးသေချာထိုးပေးလိုက်ကြစမ်း….မှောင်ကြီးမဲထဲ မြွေပါးကင်းပါးတွေနင်းမိမှ တစ်ပူပေါ်နှစ်ပူဆင့်နေမယ်….”
” စိတ်ချကိုဖိုးအေး….”
” ဝေါ….ဖျော….ဖျော…..”
” ဝုန်း….”
” ဂျိန်း… ဂျိန်း….”
မိုးသံလေသံနှင့်အတူ လူတစ်စုကအလောင်းတစ်လောင်းကိုမနိူင်မနင်းသယ်လာကြ၏။ အလောင်းကိုအခေါင်းထဲထည့်ပြီးသယ်လာခြင်းမဟုတ်။ ခေါင်းနှင့်ခြေထောက်တို့ပင်မလုံသည့် ဖျာကြမ်းတစ်ချပ်နှင့် ဖြစ်သလိုပတ်ပြီး လူနှစ်ယောက်က ခေါင်းတစ်ဖက်ခြေတစ်ဖက်မကာ သယ်လာခဲ့ကြခြင်းပင်။
ထိုလူတစ်စုတို့က သုဿန်ထဲရောက်သည်နှင့် လွှတ်ရာနေရာ၌ကျင်းတူးကြ၏။ မိုးရေတို့ကြောင့်မြေကပျော့နေလေရာ ခန၌ပင်လူတစ်ယောက်သာသာမြုပ်နိူင်သော ကျင်းတစ်ကျင်းတူးပြီးသွား၏။ ကျင်းတူးပြီးသည်နှင့် ထိုလူတစ်စုသည် အလောင်းအား မ ယူကာကျင်းထဲသေချာထည့်ပြီး မြေမြုပ်ပစ်လိုက်ကြ၏။ ခြေစလက်စဖျောက်ပြီးသည်နှင့် ထိုလူတစ်စုတို့မှာ လာရာလမ်းအတိုင်းလှည့်ပြန်သွားကြကုန်၏။
ထိုလူအုပ်စုပြန်သွားကြသည်နှင့်ဇရပ်ပေါ်မှလူနှစ်ယောက်သည် စောစောကလာမြုပ်ထားသောမြေပုံဆီသို့လာခဲ့ကြ၏။
” အလောင်းကိုပြန်ဖော်လိုက်ငခေါ…”
” တ….တကယ်ကြီးပြန်ဖော်ရမလားဆရာ….”
” ဟ…ငါကစနောက်နေမလား မိကျောင်းမသားရ….မြန်မြန်လုပ်အချိန်မရှိဘူး….”
” ဟုတ်…ဟုတ်…”
ပါးမဲကြီးခိုင်းသည့်အတိုင်း စောစောကမြုပ်ထားသောအလောင်းကိုပြန်ဖော်လိုက်၏။ ခန၌အလောင်းကောင်မှာပြန်ပေါ်လာပြီး အလောင်းကောင်မျက်နှာ၌ရွှံ့ဗွက်တို့ ပေကျံနေ၏။
” ချီခဲ့လိုက်ငခေါ….”
ငခေါလည်းဆရာဖြစ်သူခိုင်းသည့်အတိုင်း အလောင်းကိုမနိူင်မနင်းချီလာခဲ့ပြီး သုဿန်အပြင်မှောင်ရိပ်ကျသောနေရာ၌ ဖွက်ထားသောလှည်းပေါ်သို့တင်လိုက်၏။
” ဘယ်သွားကြမလဲဆရာ….”
” တောစပ်က အိမ်ပျက်ကြီးဆီကိုမောင်း….”
” ဟင်….ဆရာ….အဲအိမ်ပျက်ကြီးက သရဲအတော်ခြောက်တာနော်ဗျ….”
” လျှာအတော်ရှည်တဲ့ကောင်….နင့်ပထွေးသရဲလောက်ကိုငါကမမှုတာဟ…”
ငခေါလည်းဘာမှဆက်မပြောရဲတော့ဘဲ နွားလှည်းကိုတောစပ်ရှိအိမ်ပျက်ကြီးဆီသို့ဦးတည်မောင်းလိုက်၏။ အိမ်ပျက်ကြီးရှိရာတောစပ်သည်ကား ရွာနှင့်အလွန်အလှမ်းဝေးသလို သရဲအလွန်ခြောက်သည်ဆိုသောကြောင့် တော်ရုံမည်သူမျှမလာကြချေ။
တောစပ်ရှိအိမ်ပျက်ကြီးဆီရောက်သည်နှင့်လှည်းကိုရပ်လိုက်ကြ၏။ အိပ်ပျက်ကြီးသည်ကား လျှပ်စီးရောင်အောက်၌ သဘက်ကြီးငုတ်တုတ်ထိုင်နေသယောင်။ ဆရာမဲကြီးသည် အိမ်ပျက်ကြီးကိုကြည့်ပြီး ပြုံးလိုက်၏။
” ကောင်မလေးကိုသယ်ခဲ့ငခေါ…”
” ဟုတ် ဆရာ….”
ငခေါလည်းကောင်မလေးကလောင်းကိုသယ်ပြီး ဆရာမဲကြီး၏အနောက်သို့လိုက်လာခဲ့၏။ အိမ်ပျက်ကြီးသည် မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသော်လည်း လုံးဝနေ၍မရသည်ကမဟုတ်။ ပါးမဲကြီးသည် တံခါးမကြီးကိုအသာတွန်းဖွင့်ပြီး ဖယောင်းတိုင်ကြီးတစ်တိုင်ကို လွယ်အိတ်ထဲမှထုတ်ကာ မီးညှိပြီး အလင်းရောင်ရစေလိုက်၏။
” ကျွီ….ကျွီ….”
” ဖလပ်….ဖလပ်…. ”
” စွီ….စွီ….စွီ…. ”
မဖွင့်သည်မှာကြာပြီဖြစ်သဖြင့် တံခါးပတ္တာမှာကြပ်နေပြီး ဖွင့်လိုက်သည့်အခါ တကျွီကျွီမြည်သွားသဖြင့် အိမ်ပျက်ကြီးထဲခိုအောင်းနေသော ငှက်အချို့နှင့်မြေကြွက်ကြီးတို့မှာ ထွက်ပြေးကြကုန်၏။ အိမ်ပျက်ကြီးထဲတွင် အမှိုက်များရှုပ်ပွနေသကဲ့သို့ အနံ့အသက်များကလည်း အော်ကလီဆန်စရာကောင်းလှ၏။ ပင့်ကူအိမ်တို့ကလည်း သပွတ်အူသဖွယ်အိမ်ပျက်ကြီးထဲ၌ရှုပ်ထွေးနေ၏။
” မဆိုးဘူး… နေလို့ရတယ်ငခေါ….ကောင်မလေးကို ကုတင်ပေါ်ချပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ကွာ….”
” ဟမ်….ကျွန်…ကျွန်တော်မလုပ်ရဲဘူးနော်ဆရာ….”
ပါးမဲကြီးစကားကြောင့် ငခေါဆိုသူမှာ လန့်သွား၏။
” ဟ…ဒါမင်းမိန်းမဖြစ်လာမဲ့သူဟ…ကျုပ်တစ်ယောက်လုံးရှိနေတာ ဘာတွေကြောက်နေတာလဲ….ရော့…ကောင်မလေးကိုဒီဝမ်းဆက်လဲဝတ်ထားပေးပြီး ဒီဘူးထဲကသနပ်ခါးနဲ့အမွှေးအကြိုင်တွေလူးထားပေးလိုက်….ခပ်မြန်မြန်လုပ်အချိန်မရှိဘူး….”
သူ့မိန်းမဖြစ်လာမည့်သူဟူသောစကားကြောင့် ငခေါကြီးမှာသဘောအကျကြီးကျသွားပြီး ပါးမဲကြီးလှမ်းပေးသော အဝတ်နှင့်အမွှေးအကြိုင်ဘူးကိုလှမ်းယူကာ ကုတင်နားသို့တိုးကပ်သွား၏။ ထို့နောက်ကောင်မလေးအားပတ်ထားသော ဖျာကြမ်းချပ်ကြီးကိုဖယ်လိုက်၏။ ထို့နောက်အိမ်အနောက်ရှိရေတွင်းပျက်မှ ရေခပ်လာပြီး ကောင်မလေးအလောင်းကို သန့်ရှင်းပေးလိုက်ရာ ကောင်မလေးမှာအလွန်ချောမောလှပသူတစ်ယောက်ဖြစ်ကြောင်း ငခေါသိလိုက်ရ၏။ သန့်ရှင်းရေးလုပ်ပေးပြီးသည်နှင့် ကောင်မလေးခန္ဓာကိုယ်မှအဝတ်အစားများကို ချွတ်လိုက်၏။
” ဟာ…..”
” ဂလု….”
မီးရောင်ဖျော့ဖျော့အောက်တွင် တွေ့လိုက်ရသော ကောင်မလေး၏ မိမွေးတိုင်းဖမွေးတိုင်းအလှတရားကြောင့် ငခေါမှာအသက်ရှူပင်မှားပြီး တံတွေးကိုဂလုခနဲမျိုချလိုက်၏။
ထို့နောက်တကိုယ်လုံးကိုအမွှေးအကြိုင်များလိမ်းကြံပေးလိုက်ပြီး အဝါနုရောင်ဝမ်းဆက်ကို ဝတ်ပေးလိုက်ရာ ကောင်မလေးအလောင်းမှာ အိပ်ပျော်နေသည့် နတ်သမီးတစ်ပါးနယ် လှပတင့်တယ်နေ၏။ ငခေါမှာကောင်မလေးအလောင်း၏အလှတရားကြောင့် ကြောက်ရကောင်းမှန်းလဲမသိတော့ချေ။
” ပြီးပြီလားငခေါ….”
ပါးမဲကြီးက မေးလိုက်မှ ငေါကြီးမှာသတိပြန်ဝင်လာပြီး
” ပြီး…ပြီးပါပြီဆရာ….”
” အေးပြီးရင်လည်း မင်းရဲ့ဆံပင်ရယ်၊လက်သည်းခြေသည်းရယ်၊လက်မောင်းသွေးရယ် ပေးစမ်းငါ့ကို….”
” ဟင်…ဘာ…ဘာလုပ်မလို့လဲဆရာ….”
” လျှာမရှည်နဲ့ဟ နင့်လိုရုပ်ဆိုးပြီးသွားခေါနေတဲ့ကောင်ကို ဟိုကောင်မလေးမြင်သွားရင် လန့်ပြီးပြန်သေသွားမှာစိုးလို့ဟ….”
” ဆရာကလည်း ကျုပ်ကခေါပေမဲ့ ချစ်တတ်ပါတယ်ဗျာ….”
ပါးမဲကြီးစကားကြောင့် ငခေါမျက်နှာမှာ နေထိပန်းလို ညိုးနွမ်းသွားတော့၏။ ထို့နောက်ခြေသည်းလက်သည်းညှပ်ရန်ထွက်သွား၏။ ပါးမဲကြီးလည်း ကောင်မလေး၏ ခေါင်း၊လက်နှစ်ဖက်၊ခြေထောက်နှစ်ဖက် အနားသို့ ဦးခေါင်းခွံငါးလုံးကို ချပြီးထိုခေါင်းငါးလုံးပေါ်သို့ ဖယောင်းတိုင်ထွန်းလိုက်၏။ ထိုဦးခေါင်းခွံငါးလုံးမှာ သွေးစသွေးနနှင့် အရေခွံအသားစတို့အနည်းငယ်ကပ်နေသည်ကိုကြည့်ခြင်းအားဖြင့် သိပ်မကြာသေးခင်ကမှ လောလောလတ်လတ်သေထားသော အစိမ်းသေတို့၏ ခေါင်းခွံများဖြစ်ကြောင်း သိသာနေ၏။ ခန၌ငခေါသည် အိုးချမ်းပဲ့တစ်ခုနှင့်အတူ ရောက်လာ၏။
” ရပြီဆရာ….ရော့…”
” အေးငခေါ…မင်းကကောင်မလေးရဲ့ခြေရင်းမှာနေကွ….ဘာဘဲဖြစ်လာဖြစ်လာမကြောက်နဲ့နော်ကြားလား….”
” ဟုတ်ဆရာ….”
ပါးမဲကြီးက ငခေါကမ်းပေးသောအိုးချမ်းပဲ့ကလေးထဲမှ သွေးများကို ယူလိုက်ပြီး တဖန် လက်သည်း၊ခြေသည်းနှင့်ဆံပင်များ ထည့်ထားသောအိုးချမ်းပဲ့ကိုအပူပေးပြီးအမှုန့်ဖြစ်အောင်ချေလိုက်ကာ သွေးခွက်ထဲသို့ပေါင်းထည့်လိုက်ပြီး ကောင်မလေး၏ပါးစပ်ကိုဟကာလောင်းထည့်လိုက်၏။ ငခေါကားဆရာဖြစ်သူလုပ်သမျှကို စိတ်ဝင်တစားကြည့်နေ၏။ ပါးစပ်ထဲသို့ ငခေါ၏သွေးများ လောင်းထည့်ပြီးသည်နှင့် ပါးမဲကြီးသည် ကောင်မလေး၏နဖူးကိုလက်ဖြင့်ထောက်ပြီး မျက်လုံးနှစ်ဖက်ကိုအစုံမှိတ်ကာ ငခေါနားမလည်သောဂါထာကိုရွတ်လိုက်၏။ ထိုသို့ရွတ်နေစဉ်ထွန်းထားသောအလင်းတိုင်သည် လေတိုက်ပြီးမီးငြိမ်းသွား၏။ ပုပ်အဲ့အဲ့စိမ်းရွှေရွှေအနံ့များလည်း ရလာ၏။ ငခေါမှာ ထိုအနံ့များကြောင့် ကြ က်သီးဖြန်းဖြန်းထသွား၏။
” ဟင်း….ဟင်း…”
” ဟင်းဟင်း…. ဟင်း…”
အမှောင်ထုထဲမှ ညည်းသံများလည်းအဆက်မပြတ်ထွက်ပေါ်လေရာ ငခေါမှာ ဆံပင်များမိုးပေါ်ထောင်တက်သွားသည်အထိ ကြောက်လန့်သွား၏။
ခန၌ညည်းသံများ၊လေသံများ ပြန်လည်ပျောက်ကွယ်သွားပြီး ပါးမဲကြီး၏ မန္တာန်ရွတ်သံက စည်းချက်ညီစွာပြန်လည်ထွက်ပေါ်လာ၏။
” အင်း….ဟင်း….”
” ဗိုက်….ဆာ….တယ်….”
” ဟားဟားဟား… ဟားဟားဟား… အောင်ပြီကွ….အောင်ပြီ….အောင်ပြီ..”
ညည်းသံနှင့်အတူလူတစ်ယောက်၏စကားပြောသံ၊ဆရာပါးမဲကြီး၏ ဝမ်းသာအားရရယ်မောသံတို့တပြိုင်ထဲထွက်ပေါ်လာသလို အရိုးခေါင်းပေါ်မှ ဖယောင်းတိုင်မီးများလည်း အလိုလိုမီးပြန်လင်းလာ၏။ ကုတင်ပေါ်လှဲလျောင်းနေသောကောင်မလေးမှာလည်း ငေါက်ခနဲထ ထိုင်ကာ ငခေါကိုသဲကြီးမဲကြီးကြည့်နေသဖြင့် ငခေါလန့်သွား၏။ ထိုအခါပါးမဲကြီးက
” ငခေါ…ငါ့လွယ်အိတ်ထဲက အထုပ်လေးယူခဲ့စမ်းကွာ…”
ဆိုသဖြင့်ငခေါလည်း ကောင်မလေး၏အနားမှထလာခဲ့ပြီး ဆရာဖြစ်သူ၏လွတ်အိတ်ကြီးရှိရာသို့ လာပြီးအထုပ်ကိုယူလိုက်၏။
” ရပြီဆရာ…ဒါကဘာထုပ်ထားတာလဲဆရာ…အနံ့ကမွေးနေတာဘဲ…”
” ငါ့သမီးစားဖို့ ငါအထူးစီမံထားတဲ့လူသားဟင်းကွ…ဟားဟားဟား…”
” ဗျာ!….”
ပါးမဲကြီးစကားကြောင့် ငခေါမှာမိမိကိုင်ခဲ့သောဖက်နဲ့ထုပ်ထားသည့်အထုပ်မှာ လူ၏အသားကိုဖက်ဖြင့်ထုပ်ထားခြင်းဖြစ်ကြောင်းသိလိုက်ရသဖြင့် လက်နှစ်ဖက်ကို ပုဆိုးဖြင့်အမြန်သုပ်ပစ်လိုက်၏။ ပါးမဲကြီးက ထိုဖက်စိမ်းထုပ်ကိုဖြေလိုက်ပြီး ကောင်မလေးရှေ့ချပေးလိုက်ကာ
” ရော့ငါ့သမီး…စား…ခုတော့ဒီလောက်ဘဲစားနှင့်အုံး နောက်မှငါ့သမီးအတွက်အဖေအများကြီးယူပေးမယ်…ဟုတ်ပြီလား….”
ကောင်မလေးမှာထိုအထုပ်ကိုမြင်သည်နှင့် သရေကျလာကာ လက်ဖြင့်အလျှင်အမြန်ကောက်စားလိုက်၏။
” အော့….ဝေါ့….ဝေါ့….”
ထိုမြင်ကွင်းကြောင့်ငခေါမှာ ပျို့တက်လာပြီး တဝေါ့ဝေါ့ထိုးအန်လေ၏။
” ငခေါ…မင်းအန်မနေနဲ့…နောက်ဆိုငါ့သမီးစားဖို့ မင်းကိုယ်တိုင်လူသားရှယ်ချက်ကျွေးရမှာ….”
” ဗျာ! ဆ…. ဆရာကြီး…. ”
” ဘာလဲ…မင်းကငါ့သမီးကို ဒါလေးတောင်မလုပ်ပေးနိူင်ဘူးလား….”
ပါးမဲကြီးစကားကြောင့် ငခေါမှာ ကောင်မလေးကိုကြည့်ပြီး
” ကျုပ်မိန်းမအတွက် ကျုပ်အကုန်လုပ်ပေးမယ်ဆရာ….”
” ဒီလိုမှပေါ့ကွာ….ဟားဟား…”
မိန်းကလေးမှာစားသောက်ပြီး မျက်လုံးသေကြီးဖြင့် ဘာစကားမှမဆိုဘဲ ငုတ်တုတ်ထိုင်နေ၏။
” ဆ…ဆရာ…သူက…ဘာ….ဘာမှလည်းမပြောဘူးနော်….”
” သူလိုတာရှိရင်ပြောလိမ့်မယ်ကွ…ကဲသူ့ကိုငါတို့နာမည်တစ်ခုပေးရမယ်ကွ…အင်း…နုဝါ…မဆိုးဘူး….သူ့ကိုနုဝါလို့နာမည်ပေးလိုက်မယ်…ကဲသမီး…ဒီနေ့ကစပြီး နင့်နာမည်ကနုဝါ….ဟောဟိုမှာရပ်နေတဲ့ လူကနင့်ယောကျာ်းငခေါဘဲ….မှတ်ထားနော်…”
ပါးမဲကြီးစကားကြောင့် ကောင်မလေးမှာ ငခေါကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်၏။
သောင်ထွန်းနှင့်ဖိုးအေးတို့သူငယ်ချင်းလေးယောက် တစ်ဖက်ရွာရှိဖဲဝိုင်းမှပြန်လာခဲ့ကြ၏။ လေးယောက်စလုံးလည်း ဖဲနိူင်လာသဖြင့် ရေချိန်ကိုက်နေကြပြီဖြစ်၏။ အချိန်ကား ညမှောင်ရီတရောအချိန်။
” ဟေ့ကောင်ဖိုးအေး….မင်း…မင်းတို့တွေသတ်လိုက်တဲ့မိုးမိုးက ချစ်စရာလေးကွာ…နှမြောစရာကြီး…အေ့…ဂေ့…”
” ဟေ့ကောင် သောင်ထွန်း….မင်းလုပ်မှငါတို့တွေအကုန်ထောင်နန်းစံရတော့မှာကွ…ငါ့လခွီးတဲ့မှ… ဒီကိစ္စဘယ်သူမှသိလို့မရဘူးကွ….”
” ဟာ…ငါက အဲနေ့ညကအကြောင်းကို ပြန်မြင်ယောင်လာလို့ပါကွ…ဟီးဟီး… ”
” မင်းပါးစပ်ပိတ်ထားစမ်းကွာ….ကောင်မလေးကိုငါတို့သတ်လိုက်တာသိသွားရင် ငါတို့တစ်ယောက်မှလွှတ်ဖို့လမ်းမရှိဘူးကွ….ဒီကိစ္စကိုမင်းစိတ်ထဲမှာဘဲထားလိုက်….ဘယ်တော့မှထုတ်မပြောမိစေနဲ့….မင်းနောက်တစ်ခါဒီအကြောင်းထပ်ထွက်လာရင် မင်းလျှာကိုဖြတ်ပြီး အရက်နဲ့မြည်းပစ်မယ်ကြားလား….”
” ငါ…ငါကစတဲ့ဟာကိုကွာ…”
” တော်ကြစမ်းကွာ…ဟိုမှာကြည့်ကြစမ်း….ကိုက်ဘဲကိုက်မနေကြနဲ့ကွ…”
” ဟာ…ဆော်လေးတပွေပါလားကွ…ဒီအချိန်ကြီးဘယ်ကဟာလေးလဲမသိဘူးကွ…ဒီညလည်းမုတ်ဆိတ်ပျားစွဲပြီထင်ရဲ့ကွာ….ဟင်းဟင်း…”
သုံးယောက်သား စံတင့်ညွှန်ပြသည့်နေရာသို့ကြည့်လိုက်ရာ သစ်ပင်အောက်၌ ကျောပေးကာထိုင်နေသောကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အောင်ဝင်းကဝမ်းသာအားရထိုသို့ဆိုလိုက်၏။ အမှန်စင်စစ် ထိုလူလေးယောက်သည် လူမိုက်လူရမ်းကားများဖြစ်ပြီး မိန်းကလေးများကိုချောင်းမြောင်းကာ အဓမ္မပြုကျင့်ပြီး သတ်ပစ်သည့် လူ့အန္တများဖြစ်၏။ လက်ယဉ်နေသဖြင့် လူသတ်ရသည်မှာ သူတို့အတွက် ကြက်ကလေး၊ငှက်ကလေးသတ်သလိုပင်။ ယခုလည်း အဖော်မပါသောမိန်းကလေးကိုတွေ့လိုက်ရသဖြင့် မျက်လုံးများအရောင်တောက်နေကြ၏။
” ဟေ့ကောင်တွေ…ဒီကောင်မလေးကြည့်ရတာ တစ်ယောက်ယောက်ကိုစောင့်နေတဲ့ပုံဘဲကွ…သွားမေးကြည့်ရအောင်…”
လေးယောက်သား ကောင်မလေးရှိရာသို့သူ့ထက်ငါဦးအောင် သွားလိုက်ကြ၏။ ကောင်မလေးသည် သူတို့ကိုမြင်ပုံမပေါ်ဘဲ အဝေးတစ်နေရာသို့သာငေးမောနေ၏။
” ညီမလေး….”
” ရှင့်! ”
ရုတ်တရက်ခေါ်လိုက်သောအသံကြောင့် မိန်းကလေးမှာလန့်ပြီးအနောက်သို့လှည့်ကြည့်လာ၏။
” အားပါးပါး….လှလိုက်တာကွာ….နေပါအုံး…ညီမလေးကိုတစ်နေရာရာမှာမြင်ဖူးနေသလိုဘဲ….”
” တော်ပါကွာ…ကောင်မလေးကဒီလောက်ချောလှတာကို ဘယ်မှာမြင်ဖူးမလဲ….ဒါ…ဒါနဲ့လေညီမလေးက တစ်ယောက်ထဲလား….ဒီအချိန်ကြီး…ဘယ်…ဘယ်သွားမို့လဲဟင်…”
စံတင့်က ကောင်မလေးကိုစူးစူးရဲရဲကြည့်ပြီး မေး၏။
” ဟို…ဟိုဘက်ရွာကို သွား…သွားမလို့ပါရှင့်….ငယ်ငယ်တုန်းကတေ့ာအဲဒီကိုရောက်ဖူးပါတယ်…ဒါပေမဲ့ခုတစ်ခေါက်သွားမယ်လုပ်တော့ လမ်းသိပ်မမှတ်မိသလိုဖြစ်နေလို့ဒီမှာ ခနနားပြီးစဉ်းစားနေတာပါ….”
” ညီမလေးတစ်ယောက်ထဲ သရဲတွေမကြောက်ဘူးလား…ဟဲဟဲ….”
သောင်ထွန်းက ထိုသို့မေးရင်း မိန်းကလေး၏လက်ကို လှမ်းကိုင်လိုက်၏။
” ဟင်….ညီ….ညီမလေး….နေ…နေမကောင်းဘူးလားဟင်….လက်ကလေးတွေအေးစက်နေတာဘဲ….”
” နဲနဲနေမကောင်းဖြစ်ချင်နေတာရှင့်…”
” ဒါဆိုခရီးဆက်လို့ဘယ်ဖြစ်မလဲညီမလေးရ….ပြီးတော့မှောင်နေပြီ…မနက်မှသွားပေါ့…..”
ဖိုးအေးကထိုသို့ဆိုလာ၏။ မိန်းကလေးက
” ညီ….ညီမလေးလည်း အဲလို့တော့တွေးမိပါတယ်….ဒါ….ဒါပေမဲ့ဒီရွာမှာညီမအသိအိမ်မရှိတော့ ဘယ်မှာတည်းရမှန်းမသိလို့ ပါ….”
မိန်းကလေး၏စကားကိုကြားသည်နှင့် လူလေးယောက်မှာ ရေငတ်ချိန်ရေတွင်းထဲကျသလိုဖြစ်သွားပြီး မျက်လုံးများအရောင်တောက်ကာ
” ဟာ….ဒါဆိုအစ်ကို့အိမ်လိုက်ခဲ့လေညီမလေး….အစ်ကို့အိမ်မှာဘာမှအားနာစရာမလိုဘူး….”
” ဟာ…အစ်ကိုကြီးသောင်ထွန်းကလည်းလုပ်ပြီ…ညီမလေးကိုအားနာစရာ….အစ်ကို့အိမ်လိုက်ခဲ့ညီမလေး အစ်ကို့အိမ်မှာဘယ်သူမှမရှိဘူး….”
အချင်းချင်းအဝေမတည့်ဖြစ်ကာ သူခေါ်မယ်ငါခေါ်မယ်လုပ်နေကြ၏။
” တော်ကြစမ်းကွ….ကောင်မလေးကိုအားနာဖို့ကောင်းတယ်…ဒီလိုလုပ်ငါတို့ရွာမှာဧည့်သည်တွေတည်းဖို့ဆောက်ထားပေးတဲ့သီးသန့်အိမ်လေးရှိတယ်လေ….ညီမလေးကိုအဲဒီတဲဆီခေါ်သွားကြရင်မကောင်းဘူးလား….”
လူလေးယောက်မှာ အချင်းချင်းမျက်စပစ်ကြပြီး
” ဪဟုတ်သားဘဲ…မေ့နေလိုက်တာ…ဒီအကြံမဆိုးဘူးကွ….လာညီမလေး..အစ်ကိုတို့နောက်လိုက်ခဲ့….”
” ဟုတ်ကဲ့….ကျေးဇူးပါရှင့်… ”
ကောင်မလေးကိုအလယ်မှာထားပြီး အရှေ့နှစ်ယောက် အနောက်နှစ်ယောက်ခွဲကာ ရွာအနောက်သို့ခေါ်သွားကြ၏။ မိန်းကလေးကဘားစကားတခွန်းမှမပြောဘဲ တိတ်တဆိတ်လိုက်လာ၏။ ထိုစဉ် လေပြေတစ်ခုတိုက်ခတ်လာပြီး ပုပ်အဲ့အဲ့အနံ့ပါသယ်ဆောင်လာ၏။
” ထွီး….နံတာကွာ….ဘာနံ့ကြီးလဲမသိဘူး….”
” ဟုတ်ပါ့ကွာ….”
ကွမ်းတစ်ယာညှက်ခန့်အကြာ၌ ယာတောထဲရှိတဲအိမ်လေးတစ်လုံးဆီသို့ရောက်လာခဲ့ကြ၏။
” ဟင်….တဲအိမ်ကလည်း ရွာထဲမှာလည်းမဟုတ်ဘူးနော်…”
” ဧည့်သည်တွေလွပ်လွပ်လပ်လပ်နေလို့ရအောင်လို့ပါကွာ….လာအစ်ကိုလိုက်ပို့ပေးမယ်….ဟေ့ကောင်တွေ ငါကောင်မလေးကို တဲပေါ်ပို့ပေးလိုက်အုံးမယ်ကွာ….”
ဖိုးအေးကထိုသို့ပြောပြီး ကောင်မလေးကိုခေါ်ကာတဲပေါ်တက်သွား၏။ ကျန်သုံးယောက်မှာ ဖိုးအေး၏အကြံကိုသိသဖြင့် အသာခေါင်းညိတ်ပြလိုက်ကြ၏။ ထိုညကားသူတို့အဖို့ လူ့လောက၌နေရသည့်နောက်ဆုံးညဟု သူတို့သိလိုက်ပါလျှင်မူ။
ငခေါမှာ မိန်းမရပြီးကတည်းက တောစပ်ရှိအိမ်ပျက်ကြီးတွင်သာနေထိုင်၏။ နေ့လည်နေ့ခင်းဘက်တွင်နုဝါမှာ သူနဲ့အတူရှိနေပြီး ညဘက်တွင်တစ်ညလုံးပျောက်နေတတ်ကာ လင်းပိုင်းမှပြန်လာတတ်၏။ ပြန်လာချိန်၌ ဖက်နှင့်ထုပ်ထားသော အသားထုပ်များပါလာမြဲဖြစ်၏။ ထိုအချိန်တွင်ငခေါသည်မိန်းမဖြစ်သူယူလာသည့်အထုပ်ကိုဖြည်ကာ မကျက်တကျက်ချက်ပေးပြီးစားစေ၏။ ဆရာပါးမဲလည်း နုဝါယူလာသော ဝါးဆစ်ပိုက်ထဲမှ သွေးကိုသာသောက်ပြီး ဘာမှမစားချေ။ ငခေါမှာ ပါးမဲကြီးနှင့် မိန်းမဖြစ်သူကို ကြည့်ပြီးမသတီသလို ဖြစ်လာ၏။
” ဦးရာစု ယာတောထဲကတဲအိမ်မှာ အလောင်းတွေ တွေ့လို့တဲ့ဟေ့….”
” ဟာ…တကယ်ကြီးလား…ဘယ်သူလာပစ်ထားတာလဲဟ….”
” တို့သွားကြည့်ရအောင်….”
ရွာထဲ၌ယောကျာ်း၊မိန်းမ၊ကလေးများမကျန် ထိုသတင်းကြောင့်လှုပ်လှုပ်ယွယွဖြစ်သွားကြ၏။
” ဦးရာစု မနက်ကယာတောထဲသွားတော့ သူ့တဲနားမှာအပုပ်နံ့ရလို့ဆိုပြီး သွားကြည့်တာ အလောင်းတွေကိုတွေ့သတဲ့တော့….”
” ကြောက်စရာကြီးပါလားအေ့…ဘယ်သူ့ကလောင်းတွေတဲ့လည်း….”
” သူလည်းမသိဘူးတဲ့အေ့….အလောင်းတွေကပုပ်ပွနေပြီဆိုဘဲအေ့….”
” ဦးရာစုမို့ရွာပြန်ပြီးအကြောင်းကြားနိူင်သေးတာ….သူ့နေရာမှာကျုပ်ဆို အဲနေရာမှာတင် မေ့လဲကျသွားမှာ….”
မိန်းမကြီးတို့လည်း သူတို့ကြားခဲ့သည့်သတင်းကို အချင်းချင်းပြန်လည်ဖောက်သည်ချနေကြ၏။ ယာတောထဲတွင်အလောင်းတွေ့သည်ဆိုသောကြောင့် ရွာသူကြီးလည်း လူယုံဖြင့်မြို့သို့အကြောင်းကြားခိုင်းပြီး သူက ကာလသားအချို့ကိုစုလိုက်ကာ ဦးရာစု၏ယာခင်းထဲသို့သွားလိုက်ကြ၏။
မြို့ရှိ သက်ဆိုင်ရာတို့ကလာကြည့်သွားပြီး ထိုလူများသေဆုံးသွားသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း၊တောကောင်ကြီးတို့က တိုက်ခိုက်သတ်ဖြတ်သွားသည်ဖြစ်နိူင်ကြောင်း ကောက်ချက်ချလိုက်၏။ အလောင်းပိုင်ရှင်အားစုံစမ်းကြည့်ရာ ရွာမှလူနှစ်ယောက်နှင့် တစ်ဘက်ရွာကလူနှစ်ယောက်ဖြစ်ကြောင်းသိလိုက်ရ၏။ လူသတ်တရားခံမှာ တောကောင်ကြီးဖြစ်နိူင်ကြောင်းဆိုသဖြင့် ထိုလူသတ်မှုအား ပြည်ဖုံးကားချလိုက်၏။
အိမ်ပျက်ကြီးထဲ၌ငခေါသည် ငေးမှိုင်နေ၏။
” ဆရာ….ကျုပ်ရွာခနပြန်ချင်လို့ဗျာ….အဲဒါကျုပ်ကိုခွင့်ပြုပေးပါလား…မိုးမချုပ်ခင် ကျုပ်ပြန်လာခဲ့မယ်လေ….”
” ဟငခေါရ….မင်းမိန်းကဒီမှာလေ…ရွာပြန်ပြီးဘာလုပ်မှာလဲ….”
” ကျုပ် ရွာကိုသတိရလို့ပါဗျာ….ခနဘဲ….ကျုပ်တကယ်ပြန်လာခဲ့ပါ့မယ်…”
” မင်းအသက်ကို မင်းမိန်းမဘဲပိုင်တယ်ကွ….မင်းပြန်ချင်ရင်သူ့ကိုခွင့်တောင်းကြည့်လေ….”
ပါးမဲကြီးမှာထိုသို့ပြောပြီး တောအုပ်ထဲဝင်ရောက်ပျောက်ကွယ်သွား၏။
ငခေါလည်း ထိုအိမ်ကြီးထဲတွင်ဆက်မနေချင်တော့သဖြင့် အိမ်ကြီးထဲမှ တိတ်တဆိတ်ထွက်သွားရန်ကြံစည်နေ၏။
တစ်ခုသောညနေခင်း၌ ခင်ခင်သည် သောက်ရေခပ်ရန်အလို့ငှာ ရွာထဲရှိ သောက်ရေတွင်းသို့လာခဲ့၏။ ညနေညီအစ်ကိုမသိတသိအချိန်ဖြစ်သဖြင့် ရေတွင်းနားတွင်လူသူရှင်းလင်းနေ၏။ ခင်ဝင်းကရေငင်ပြီး ရေအိုးရွက်မည်အပြု သူ့ထံသို့ဦးတည်လာနေသော မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသဖြင့် အဖော်ရပြီထင်ကာဝမ်းသာ သွား၏။ ထိုမိန်းကလေးကသူ့ဆီဦးတည်လာပြီးရေတွင်းနားအရောက်တွင်
” ရေဆာလို့…ရေတိုက်အုံး….”
” ရှင့်….ရေဆာရင်ရေတွင်းထဲက ငင်ပြီးသောက်လေ….ကျုပ်ကပြန်တော့မှာရှင့်….ဒါနဲ့အစ်မက ဧည့်သည်ထင်တယ်နော်… ”
” နင့်ရေအိုးထဲကရေဘဲသောက်ချင်တာ….”
” အိုတော်….ကျုပ်အိုးထဲကရေလည်း ဒီတွင်းထဲကဘဲငင်တာရှင့် ရေကအတူတူဘဲ….အဲမှာကိုယ့်ဘာသာငင်ပြီးသောက်ချေ….ကျုပ်ပြန်ပြီ….”
မျက်နှာစိမ်းမိန်းကလေး၏စကားကြောင့် ခပ်စွာစွာရှိလှသောခင်ဝင်းမှာ သူ့အိုးထဲကရေမတိုက်နိူင်ကြောင်ပြောပြီး လှည့်ပြန်မည်အလုပ်
” အား……”
” ခွမ်း…..”
ခင်ဝင်း၏ငယ်သံပါသည့်အော်သံနှင့်အတူ ရေအိုးကျကွဲသံတို့ဆူညံစွာထွက်ပေါ်လာ၏။ စောစောကမျက်နှာစိမ်းမိန်းကလေးသည် သရဲတစ္ဆေတစ်ကောင်ဖြစ်သွားပြီး ခင်ဝင်း၏လည်ပင်းကိုက်ခဲထားလိုက်ရာ ခင်ဝင်းမှာဆန့်တငင်ငင်ဖြစ်ရင်း သေဆုံးသွား၏။ သရဲကြီးသည် ခင်ဝင်း၏မသေမရှင်ရုပ်အလောင်းကို ချွန်မြသောလက်သည်းဖြင့် လည်ဇလုတ်ကိုထိုးချလိုက်ပြီးဝါးဆစ်ဖြင့်သွေးကိုခံယူလိုက်၏။ ထိနောက်အသားအချို့ကို ဆုတ်ယူကာ သစ်ရွက်ဖြင့်ထုပ်ပိုးပြီး အလောင်းကိုရေတွင်းထဲပစ်ချလိုက်၏။
ပါးမဲကြီးသည် သူ့ပုံရိပ်ကိုမှန်ထဲပြန်ကြည့်ပြီး အံကိုတင်းတင်းကြိတ်လိုက်၏။
” တောက်! ဟိုကောင်မအသုံးမကျလို့ ငါ့မျက်နှာပိုပြီးရုပ်ဆိုးသွားရတာ….ငါ့အလုပ်ကိုလာဖျက်ဆီးသွားတဲ့ဟိုဆရာကောင်ကိုလည်း ငါပြန်ပြီးသတ်ရမယ်….”
” ခွမ်း…”
ထိုစကားဆိုပြီး ကြည့်မှန်ကိုကြမ်းပေါ်သို့ပစ်ပေါက်လိုက်ရာ မှန်မှာအစိပ်စိပ်အမွှာမွှာကြေမွသွား၏။ နုဝါလည်း ယူလာသော ဝါးဆစ်ဘူးကိုပါးမဲကြီးထံကမ်းပေးလိုက်ပြီး
” အဖေပြောတဲ့ ဆရာကောင်တွေခုထိရောက်မလာသေးဘူးလား….”
” လာမှာ သူတို့မကြာခင်ဒီရွာကိုရောက်လာကြမှာ….ငါ့အစီအရင်ကိုဖျက်ခဲ့တဲ့ဒီကောင့်ကို လည်ချောင်းသွေးဖောက်ပြီး ငါ့မျက်နှာပေါ်ကအမာရွတ်ကိုဖျောက်ပစ်ရမယ်….”
” ငခေါကိုသမီးကြည့်မရတော့ဘူးအဖေ….”
” သတ်ပစ်လိုက်တော့…ဒီကောင့်ကိုထားထားလည်းဘာမှအသုံးမဝင်ဘူး….”
ဆရာပါးမဲကြီးနှင့် နုဝါတို့စကားပြောနေခိုက် ငခေါမှာအိမ်ကြီးထဲမှတိတ်တဆိတ်ထွက်လာပြီးထွက်ပြေးရန်ကြံ၏။
” ယောကျာ်း….ဒါကဘယ်လဲ….”
” ဟင်….နု….နုဝါ…..”
” ဟင်းဟင်း….ရှင်ကကျုပ်ကိုထားခဲ့ပြီး ရွာပြန်မယ်ပေါ့ဟုတ်လား….”
” မ…မဟုတ်ပါဘူး နုဝါ ရာ….ခနလေးပြန်….ပြန်….”
” ထာဝရပြန်ရအောင်လုပ်ပေးမယ်….ဟားဟားဟား….”
ငခေါပြော၍ပင်မဆုံးသေး ငုဝါသည်ကြောက်စရာအသွင်ပြောင်းသွားပြီး ငခေါကိုခုန်အုပ်ကာ လည်လိမ်ချိုးသတ်ပစ်လိုက်၏။
” ဟားဟားဟား… ဟားဟားဟား…. ”
ခင်ဝင်းတစ်ယောက်ရွာမှပျောက်ချင်းမလှပျောက်သွားသဖြင့် သူ့မိခင်ကပူဆွေးသောကရောက်နေ၏။
” အစ်မမေရယ်….ခင်ဝင်းဘယ်သွားမယ်လို့ပြောခဲ့လဲ….”
” ဘာမှကိုပြောမသွားတာတော်….ကျုပ်နဲ့ရန်ဖြစ်ပြီး ညကြီးမိုးချုပ်ထွက်သွားတာဘဲ…ကျုပ်လည်းစိတ်တိုနေတော့ဘယ်သွားမှာလဲမမေးမိခဲ့ဘူး….ငါ့အပြစ်တွေပါအေ….အဟင့်…. ”
ဒေါ်ရီမေကပြောရင်းငိုသံစွက်လာ၏။ညီမဖြစ်သူ ဒေါ်ရီသန်းက
” လင်နောက်များလိုက်ပြေးသွားတာလားမသိဘူး….တဘက်ရွာကအောင်စိုးနဲ့မေတ္တာမျှနေတယ်လို့ကြားတယ်…”
” ဒါဆိုလည်းစုံစမ်းပေးပါအုံးညီမရယ်…ကျုပ်သမီးတစ်ခုခုဖြစ်ရင် ကျုပ်ရင်ကွဲရချေရဲ့အေ….”
ဒေါ်ရီသန်းလည်း သားအကြီးကောင်ကိုတဘက်ရွာလွှတ်လိုက်ကာ ခင်ဝင်းသတင်းစုံစမ်းခိုင်း၏။ နှစ်ရက်ခန့်ကြာပြီး သားမောင်မှာရွာပြန်ရောက်လာခဲ့ပြီးအကျိုးအကြောင်းပြန်လည်ပြောပြ၏။
” တဘက်ရွာလည်းရောက်မလာဘူး…သူ့ရည်းစားအောင်စိုးလည်းရွာမှာရှိနေတယ်ဆိုရင်တော့ ဒီကောင်မလေးတစ်ခုခုဖြစ်ပြီထင်တယ်ညီမရယ်….”
” ဒီတိုင်းနေလို့တော့မဖြစ်ဘူး…သူကြီးကိုသွားပြီးအကြောင်းကြားမှဖြစ်မယ်…”
ဒေါ်ရီမေတို့ညီအစ်မ၏တိုင်ကြားချက်ကြောင့်သူကြီးလည်း ချက်ချင်းလူစုကာ ခင်ဝင်းကိုတောနင်းရှာ၏။ ရွာပြင်တောစပ်ရှိအိမ်ကြီးပါမကျန်လူစုခွဲပြီးရှာရာ ရွာမှလအတော်ကြာကြာပျောက်သွားသော တစ်ကောင်ကြွက်ငခေါ၏ရုပ်အလောင်းကိုတွေ့လိုက်ရ၏။
ညနေစောင်းခန့်၌ရွာထဲမှရှာကြသောကာလသားအုပ်စုက ရွာလယ်ရှိရေတွင်းထဲ၌ ပေါလောပေါ်နေသောမိန်းကလေး၏အလောင်းကိုတွေ့သွားကြ၏။ ထိုရေတွင်းသည် ရေချိုတွင်းဆိုသော်ငြားလည်း ရွာသူရွာသားတို့ကသိပ်မသုံးကြချေ။ အကြောင်းကား ရွာရှိအိမ်တိုင်းလိုလို၌ ရေတွင်းများရှိကြသောကြောင့်ပင်။ ထိုရေတွင်းကို အိမ်တွင်ရေတွင်းမရှိသည့်လူအနည်းငယ်ကသာ လာခပ်ကြ၏။ သို့ကြောင့်ခင်ဝင်းအလောင်းရေတွင်းထဲရှိနေသည်ကိုမည်သူမျှမတွေ့ကြသောကြောင့်ပင်။
” ရွာလယ်ကရေတွင်းထဲမှာ အလောင်းတစ်လောင်းတွေ့တယ်တဲ့ဟေ့….”
” ဟင်…မ…မခင်ဝင်းများလား….”
” ဒါတော့အတပ်မပြောနိူင်သေးဘူး…ရွာကကာလသားတွေဆင်းဆယ်နေကြတုန်း….”
” လာလာ…တို့သွားကြည့်ရအောင်…”
အမျိုးသမီးတစ်စုလည်းအလောင်းတွေ့သည်ဆိုသော ရွာလယ်ရှိရေတွင်းသို့လာကြ၏။
” အဖြစ်ဆိုးလှချည်လားသမီးလေးရယ်….အမေ့အပြစ်တွေပါကွယ်…ငါ့သမီးလေး….အီးဟီးဟီး…. ”
” သတိထားပါအုံးအစ်မရယ်….လောလောဆယ် အိမ်အရင်ပြန်ကြရအောင်ပါ….နော်….”
” မပြန်ဘူး….ငါ့သမီးလေး မပါဘဲငါမပြန်ဘူး….အီးဟီးဟီး…. ”
ဒေါ်ရီမေက သမီး၏အလောင်းဘေး၌ငိုကြွေးနေ၏။ အလောင်းမှာပုပ်ပွနေပြီဖြစ်သဖြင့် ကြည့်နေကြသူများမှာနှာခေါင်းကိုပိတ်ထားကြ၏။ ခန၌လူအုပ်ဆီသို့သူကြီးရောက်လာပြီး
” ဖယ်ကြ….ဖယ်ကြ….ကလေးတွေညကြလန့်နေမယ်…ပြန်ကြတော့ပြန်ကြတော့….ကာလသားတွေအလောင်းကိုအခေါင်းသွင်းဖို့လုပ်ကြ…”
” ဟုတ်သူကြီး… ”
” အောင်ဟိန်း…မင်းကကာလသားအချို့ကိုခေါ်ပြီး ရွာပြင်တောစပ်ဆီကိုသွား….အဲဒီမှာငခေါရဲ့အလောင်းတွေ့ခဲ့တယ်….အဲဒီအလောင်းကိုအခေါင်းရိုက်ပြီးသဂြိုလ်ပေးလိုက်…အိမ်ပျက်ကြီးကိုလည်းမီးရှိူ့ခဲ့လိုက်ကြတော့….”
သူကြီးကထိုသို့ပြောလိုက်ရာ လူစုက
” ဟေ…ငခေါအလောင်းတဲ့လား…ဒီလူရွာကပျောက်သွားတာကြာပြီနော်…”
” ဟုတ်ပါ့…သူကအဲအိမ်ပျက်ကြီးထဲဘာသွားလုပ်တာလဲ….”
” အိမ်ပျက်ကြီးမှာသရဲတစ္ဆေတွေရှိနေတာလေ….ငခေါကဘာသွားလုပ်လိုက်မှန်းမှမသိဘဲ….သရဲတစ္ဆေတွေသတ်လိုက်တာနေမှာပေါ့….”
” ကိုသာလုံး ပြောတာဖြစ်နိူင်တယ်….”
ရွာသူရွာသားတို့ကမှတ်ချက်အမျိုးမျိုးပေးနေကြ၏။ ခင်ဝင်း၏အလောင်းကိုအိမ်သို့ပြန်သယ်လာခဲ့ကြပြီးအခေါင်းသွင်းလိုက်ကြ၏။
” သူကြီး…သူကြီး….”
” ဟေ…ဘာတုံးကွ…”
” ရွာပြင်မှာ ကောင်မလေးတစ်ယောက်ရောက်နေတယ်…ရွာထဲဝင်ချင်လို့တဲ့….”
” ဘယ်ကလူလဲဟ…ရွာထဲမှာနာရေးရှိနေတာ…ဘယ်သူ့အိမ်ကဧည့်သည်လဲ…ခေါ်လာခဲ့လိုက်ကွာ….”
” ဟုတ် သူကြီး….”
ခင်ဝင်း၏နာရေးကိစ္စနဲ့်ရှုပ်နေသဖြင့်သူကြီးလည်း ထိုမျှသာပြောပြီးလွှတ်လိုက်၏။ အလောင်းကို ဒေါ်ရီမေ၏ဆန္ဒအရ တညထားပြီး နောက်နေ့၌သံဃာများပင့်ကာသရဏဂုံတင်ပြီး မြေမြုပ်သဂြိုလ်လိုက်၏။
” မနေ့ညက ရွာထဲမှာ မိန်းမတစ်ယောက် လျှောက်သွားနေတယ်တဲ့ကွ…”
” မခင်ဝင်းများလား…”
” မဟုတ်ဘူးတဲ့….သူကြီးအိမ်မှာတည်းတဲ့ကောင်မလေးတဲ့…”
” ဟေ…”
တီးတိုးတီးတိုးစကားကြောင့် သူကြီးလည်း လှည့်ကြည့်လာပြီး
” သံဃာတွေတရားဟောနေတယ်ကွ…တိတ်တိတ်နေကြ…”
သူကြီးကဟန့်လိုက်ရာ ထိုနှစ်ယောက်မှာငြိမ်ကျသွား၏။
ရွာထဲသို့သံဃာများဆွမ်းခံကြွလာ၏။ သူကြီးအိမ်၌ပုံမှန်ဆွမ်းလောင်းနေကြဖြစ်သော်လည်းယခုမူကား အိမ်တံခါးပင်မဖွင့်ကြသေးချေ။ ဆရာတော်ဘုရားသည် အိမ်ထဲသို့လှမ်းကြည့်ပြီး မျက်နှာပျက်သွား၏။
” မောင်ကျောင်းသား….ရွာထဲကလူတွေကိုအမြန်သွားခေါ်လိုက်စမ်း…ဒကာကြီးအိမ်မှာတစ်ခုခုဖြစ်နေပြီ…”
” တင်ပါ့ဘုရား…. ”
မောင်ကျောင်းသား၏ဆော်ဩသံကြောင့် သူကြီးအိမ်ရှေ့သို့ ရွာသူရွာသားများတုတ်၊ဓားဆွဲကာရောက်လာကြ၏။
” ဘာဖြစ်လို့လဲဘုရား….”
” ဒကာတို့ သူကြီးအိမ်ထဲမှာတစ်ခုခုဖြစ်နေပြီ….သတိထားပြီးဝင်သွားကြ…”
ဆရာတော်ဘုရားကထိုသို့မိန့်ပြီးနုတ်မှလည်းရတနသုတ်ကို အသံထွက်ရွတ်လိုက်၏။
” ပဏိဓာနတော ပဋ္ဌာယတတာ ဂတဿ ဒသပါရမိယော…….”
သူကြီး အိမ်ထဲသို့ဝင်သွားကြသည့်လူများလည်း ပိတ်ထားသောတံခါးကိုတွန်းဖွင့်လိုက်ကြ၏။
” ဟာ…သူကြီး…သူကြီး….”
” ဝုန်း….”
” ပြေးပြီကွ.. ဟိုမှာဟိုမှာ သူကြီးကိုသတ်သွားတဲ့သူက…”
နုဝါလည်း လူသားကိုအားပါးတရစားနေစဉ် အိမ်ထဲဝင်လာကြသောလူများကြောင့် ထွက်ပြေးရန်အလို့ငှာ ပြတင်းတံခါးကိုဖွင့်ပြီး ခုန်ချလိုက်၏။ ဆရာတော်ဘုရားကလည်း ရတနသုတ်ကို အသံမြင့်ပြီးရွတ်လိုက်၏။
” ကောဋီသတသဟသေသု၊ စက္ကဝါဠေသုဒေဝတာ၊ယဿာ ဏံ ပဋိဂ္ဂဏှန္တိ၊ယဉ္စဝေသာလိယာပုရေ….”
ထိုအသံကြားသည်နှင့် နုဝါမှာ ကိုက်ထားသောလက်တစ်ဖက်ကိုပစ်ချလိုက်ပြီးမြေပေါ်၌လူးလွန့်နေ၏။
” အား….မရွတ်နဲ့….မရွတ်နဲ့….”
အိမ်ပေါ်ရှိ ရှိလူများလည်း ပြေးဆင်းလာကြပြီးကောင်မလေးကိုဝိုင်းထားလိုက်ကြ၏။
” ဒီကောင်မက လူမဟုတ်ဘူးကွ…သတ်ကြ…ရိုက်ကြ…”
လူစုကတုတ်၊ဓားတို့ဖြင့် ဝိုင်းရိုက်ကြရန်လုပ်၏။ ထိုအခါဆရာတော်ဘုရားက ခါးပန်းကြိုးကိုဖြေလိုက်ပြီး သပိတ်ကိုအနောက်က ကိုယ်တော်ထံကမ်းပေးလိုက်၏။ ထို့နောက် ပါးစပ်မှရတနသုတ်ကိုမပြတ်တမ်းရွတ်ပြီး ရွာသားများဝိုင်းထားသော ကောင်မလေးထံသွားကာ ခါးပန်းကြိုးဖြင့် ပတ်ပြီးချည်ထားလိုက်၏။
” အား…… မလုပ်နဲ့…. မလုပ်နဲ့… နာတယ်…..ပူတယ်…”
ကောင်မလေးအသံမှာ အက်ရှရှဩဩကြီးဖြစ်သွားပြီး နာနာကျင်ကျင်အော်ဟစ်ကာ လူးလွန့်နေ၏။
” ဒကာတို့ ကညင်ကုန်းရွာကို အမြန်သွားပြီး ကညင်ကုန်းဘုန်းကြီးကျောင်းမှာတည်းတဲ့လူငယ်နှစ်ယောက်ကို အမြန်သွားခေါ်လာခဲ့ချေ…..ဒီမကောင်းဆိုးဝါးကိုသုံးရက်ထက်ပိုပြီးမထိန်းချုပ်နိုင်ဘူးဆိုတာသတိထားပါ….အမြန်သွားချေတော့….”
” တင်ပါ့ဘုရား… ”
ကာလသားခေါင်းကလည်းအဖော်တစ်ယောက်ကိုပါခေါ်ပြီး ကညင်ကုန်းရွာသို့သွားခဲ့ကြ၏။
ထိုမိန်းကလေးကို သူကြီးအိမ်၌ဖမ်းချုပ်ထားပြီး ရွာသားများကနေ့ညမပြတ်စောင့်ကြည့်နေကြ၏။ ပါးမဲကြီးသည် နုဝါကိုတည်ကြ က်အဖြစ်ထားပြီးမောင်ရေခဲကိုစောင့်နေ၏။
ထိန်ပင်ရွာသားနှစ်ယောက်လည်းကညင်ကုန်းရွာသို့ရောက်လာခဲ့ပြီး ကညင်ကုန်းဆရာတော်အား အကြောင်းစုံပြောပြလိုက်၏။ ကညင်ကုန်းဆရာတော်လည်း မောင်ရေခဲတို့ကို အကျိုးအကြောင်းပြောပြလိုက်ရာ မောင်ရေခဲလည်း
” အရင်ပြန်သွားပြီးအကြောင်းကြားနှင့်ချေ… ကျုပ်တို့ဒီညအရောက်လာခဲ့မယ်…”
” ခုလိုက်ခဲ့ပေးလို့မရဘူးလားဆရာတို့ရယ်…ဒီမိန်းကလေးလွှတ်သွားခဲ့ရင် ကျုပ်တို့တစ်ရွာလုံးဒုက္ခရောက်မှာမို့ပါ…”
” နားလည်ပါတယ်ဗျာ…ကျုပ်တို့လည်း ကိစ္စတွေမပြီးပြတ်သေးလို့ပါ…စိတ်ချဂတိပေးတယ်…ဒီညကျုပ်တို့အရောက်လာခဲ့မယ်ဗျာ….”
” ဒါဆိုလည်းမျှော်နေမယ်ဆရာတို့….ခွင့်ပြုပါအုံးဗျ….”
ထိန်ပင်ရွာသားနှစ်ယောက်လည်း ဆရာတော်ဘုရားနှင့် မောင်ရေခဲတို့ကိုနူတ်ဆက်ပြီး ပြန်သွားကြ၏။ မောင်ရေခဲတို့ကချက်ချင်းလိုက်သွားချင်သော်လည်း ဒေါ်မယ်ဆုံ အမှုကိစ္စကမပြီးပြတ်သေးသဖြင့် ဖြေရှင်းနေရသေး၏။ ထိုနေ့ည၌ လင်းလေကျေးရွာသို့ပြန်သွားပြီး ဒေါ်မယ်ဆုံသေဆုံးရခြင်းကိစ္စကိုသက်ဆိုင်ရာကစစ်မေးနေရာ အတော်ကြာသွားသဖြင့် ထိန်ပင်ရွာသို့မသွားလိုက်ရချေ။
နောက်နေ့၌စောစောထကာ ကညင်ပင်ဆရာတော်ဘုရားကိုနုတ်ဆက်ပြီး ထိန်ပင်ရွာသို့ရောက်လာခဲ့ကြ၏။ ရွာထိပ်ရောက်သည်နှင့် ခွေးနက်ကြီးတစ်ကောင်သည် ပြေးလာပြီး မာန်ဖီနေ၏။
” ဂီး…..ဂါး….”
” ဝုတ်….ဝုတ်…”
” ဟာဆရာ….နောက်ဆုတ်နေ….ကျွန်တော်လုပ်လိုက်မယ်…”
မောင်ထင်ပေါ်ကဆရာဖြစ်သူ၏ရှေ့၌ကာထားလိုက်၏။ မောင်ရေခဲ လည်း
” ဖယ်နေထင်ပေါ်….ဒါကသာမန်ခွေးမဟုတ်ဘူး… ဟိုကောင်ကဝေလွှတ်လိုက်တဲ့ခွေးဘဲ….”
ထိုစဉ်ခွေးနက်ကြီးသည် မောင်ရေခဲတို့အား ဒေါသတကြီးခုန်အုပ်လိုက်၏။ မောင်ရေခဲက မောင်ထင်ပေါ်ကိုတွန်းထုတ်လိုက်ပြီး ထိုခွေး၏နူတ်သီးအားလှမ်းဆွဲကာ မူလပြန်အင်းချပ်ကိုပစ်ထည့်လိုက်၏။
” ဂီး…..ဂရား….”
ခွေးစွယ်ကြီးမှာ မောင်ရေခဲ၏ဘယ်ဘက်လက်မောင်းကိုကိုက်မိသွားပြီး အဝတ်ဖြူဖြူတို့မှာ သွေးတို့ရဲသွား၏။ ထို့အတူခွေးနက်ကြီးမှာလည်း ရွှံ့ရုပ်လေးတစ်ရုပ်ဖြစ်သွားပြီး ခေါင်းမှာကြေမွနေ၏။
” ဟာဆရာ….လက်မောင်းကိုကိုက်မိသွားပြီ….ဘာလို့ကာလိုက်တာလဲဗျာ….ကျုပ်ကြောင့်ဆရာ အနာတရဖြစ်သွားပြီဗျ….”
” စိတ်မကောင်းမဖြစ်ပါနဲ့ထင်ပေါ်….အကြောင်းတရားကြောင့် အကျိုးခံစားရတာပါ…ငါဂတိမတည်မိလို့ ငါပြန်ခံရတာ…ဘာမှမဖြစ်ဘူး …လာရွာထဲသွားကြမယ်….”
” ဆရာ့လက်က ဒဏ်ရာကရောဘယ်လိုလုပ်မလဲ…”
” ရတယ်ထားလိုက်…အသက်နဲ့အဝေးကြီး….”
ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက်လုံး သူ့ကြီးအိမ်ရှိရာသို့မေးမြန်းပြီးရောက်လာခဲ့ကြ၏။
” ဟာ…ဆရာလေးတို့ရောက်လာကြပြီကိုး….ကျုပ်တို့ကမနေ့ညကလာမယ်ဆိုလို့မျှော်နေတာဗျ…”
” အေးဗျာ…ကျုပ်တို့လည်း ညကကိစ္စတွေမပြီးပြတ်သေးတာနဲ့ မလာဖြစ်ခဲ့တာ….ဒါနဲ့မိန်းကလေးကရော….”
” ဟောဟိုမှာချည်ထားတယ်ဆရာ…”
ကာလသားခေါင်းလည်း မောင်ရေခဲ အားကောင်မလေးကိုချည်းထားသောနေရာသို့ပို့ပေးလိုက်၏။
” ဟင်းဟင်း… ငါ့ကိုလွှတ်ပေးစမ်း…”
” ငါလွှတ်တာနဲ့နင်တို့တစ်ရွာလုံးသေပြီသာမှတ်ပေတော့….”
” ငြိမ်ငြိမ်နေစမ်း….မင်းကဘယ်သူလဲ…ဒီလိုလုပ်ဖို့ ဘယ်သူကခိုင်းစေခဲ့တာလဲ….”
” ဟားဟားဟား…မင်းလိုဂတိမတည်တဲ့ဆရာကောင်ကများ ငါ့ကိုမေးရဲသေးတယ်ပေါ့….သေချင်နေပြီထင်တယ်….”
ကောင်မလေးမှာဖုတ်ဝင်နေမှန်းသိသော်လည်း မူလဖုတ်ကောင်ကိုမမြင်ရချေ။ အကြောင်းမှာ မောင်ရေခဲသည် ပရလောက သားတို့ကို မြင်နိူင်သောအစွမ်းမရှိတော့သောကြောင့်ပင်။
” ထင်ပေါ်…. လွယ်အိတ်ထဲကသိမ်ဝင်သပိတ်ကွဲအင်းနှင့် ရေစင်တစ်ခွက်ပေးစမ်းကွာ….ရွာသားတွေက အခေါင်းတစ်လုံးအသင့်လုပ်ထားပေးဗျာ…..”
” ရစေရမယ်ဆရာလေး….”
ရွာသားတို့လည်းအခေါင်းတစ်လုံးကိုအမြန်ရိုက်လိုက်ကြ၏။ မောင်ရေခဲက အိမ်ပေါ်တက်ပြီး အဘဆရာသခင်များကို တိုင်တည်၏။ တအောင့်အကြာ၌ပြန်ဆင်းလာရာ ရွာသားတို့က
” အခေါင်းရပြီဆရာလေး…”
” ဒါဆို ဟိုကောင်မလေးရဲ့အနောက်ဘက်ကိုထားပေးဗျာ…ခေါင်းရင်းဘက်ကို အိမ်အပြင်ဘက်ပေါက်ဝကိုမူထားပေး….”
” ဟုတ်ကဲ့ဆရာ….”
ရေစင်ခွက်နဲ့ သိမ်ဝင်သပိတ်ကွဲအင်းပြားကိုကိုင်ပြီး ကောင်မလေးအနားတိုးကပ်သွားလိုက်၏။
” ငါ့ကိုလွှတ်ပေးလို့ ပြောနေတယ်နော်….လွှတ်ပေးစမ်း….ငါလွှတ်တာနဲ့ မင်းအရင်သေမယ်မှတ်…”
ဆိုကာကောင်မလေးက အံကြိတ်ပြီးပြောနေ၏။ မောင်ရေခဲ ကဘာမျှပြန်မပြောဘဲ ကောင်မလေး၏ခေါင်းကိုရေစင်ဖြင့်တောက်ပြီး ရတနသုတ်ကိုရွတ်လိုက်၏။
” အား….ပူတယ်….ပူတယ်….တော်တော့….”
” ထပြီး အခေါင်းထဲဝင်စမ်း….”
” ဂျစ်…ဂျစ်…ဂျစ်….”
ကောင်မလေးက သွားတဂျစ်ဂျစ်ကြိတ်ကာ မလှုပ်မယှက်ထိုင်နေမြဲ။
” ထပြီး အခေါင်းထဲဝင်လို့ငါပြောနေတယ်….ထစမ်း…. ”
” နင်အရင်ဝင်ပြလေ…ဟင်းဟင်း … ”
” ခေါင်းမာနေတယ်ပေါ့ဟုတ်လား….ရော့ကွာ….”
ဆိုကာသိမ်ဝင်သပိတ်ကွဲအင်းဖြင့် နဖူးကိုကပ် လိုက်ပြီးဖုတ်ထုတ်မန္တာန်ကိုရွတ်လိုက်၏။
” အား……..ဝင်မယ်….ငါဝင်မယ်….”
ကောင်မလေးလည်းနာနာကျင်ကျင်အော်ဟစ်ပြီး အကြောကပ်နေသကဲ့သို့ထလာကာ လမ်းပေါက်ဝသို့ခေါင်းမူပြီး အခေါင်းထဲဝင်သွားတော့၏။ မောင်ရေခဲလည်း အင်းချပ်ကိုမဖယ်သေးဘဲ မန္တာန်ကိုဆက်ရွတ်လိုက်ရာ
” အား……….”
ဟူသောအသံနက်ကြီးတချက်အော်ပြီး ဖုတ်ကောင်မှာထွက်သွားတော့၏။
ထိုအခါအခေါင်းထဲရှိမိန်းကလေးမှာအရိုးစုသာကျန်တော့၏။
” ဟင်…အရိုးဘဲကျန်တော့တယ်….”
” ဟယ်….အရိုးစုကြီးဟ…”
ကြည့်နေကြသူတို့မှာကြောက်လန့်တကြားဖြင့်အနောက်သို့ဆုတ်သွားကြ၏။ မောင်ရေခဲက
” ကဲ…အခေါင်းကိုအသေပိတ်ပြီး မြေမြုပ်သဂြိုလ်လိုက်တော့…ကောင်မလေးကဆုံးသွားတာကြာပြီ….ဒါကိုအောက်လမ်းဆရာတစ်ယောက်က ဖုတ်ပြန်သွင်းထားတာ….”
” ဗျာ….”
” အိုး…..”
” ကြောက်ဖို့ကောင်းလိုက်တာဗျာ….”
ရွာသူရွာသားများထံမှ အသံထွက်ပေါ်လာပြန်၏။ နောက်တစ်နေ့၌ သူကြီးတို့မိသားစု၏ရုပ်အလောင်းကို ကောင်းမွန်စွာသဂြိုလ်ပေးရန်လုပ်နေကြစဉ် ယောကျာ်းတစ်ယောက်သည် ခါးတောင်းကျိုက်ပြီးဝင်လာ၏။
” တောက်! ဂတိသစ္စာမရှိတဲ့အကောင်…သိပ်ကိုစွမ်းနေတယ်ပေါ့ဟုတ်လား….”
ဆိုကာမောင်ရေခဲကို လက်ထဲမှကိုင်ထားသောဓားဖြင့် ခုတ်ရန်လုပ်၏။ ရွာသားများကမြင်လိုက်ကြရာ ထိုလူအားဝိုင်းဆွဲထားကြ၏။
” လှစိုး….မင်းဘယ်လိုဖြစ်နေတာလဲ…ဆရာလေးတို့ကငါတို့ရွာကိုကယ်ခဲ့တာနော်…”
” နင်တို့တွေငါ့ကိုလွှတ်စမ်း….ငါလှစိုးမဟုတ်ဘူး ငါကဝေမြမောင်ကွ….”
ဆိုပြီးချုပ်ထားသောရွာသားနှစ်ယောက်အား ခါထုတ်လိုက်ရာ ထိုနှစ်ယောက်မှာ ခပ်ဝေးဝေးသို့လွှင့်သွားပြီးအထိနာသွားကုန်၏။ ထိုအခါမောင်ရေခဲက
” အဲဒီနေရာမှာဘဲရပ်လိုက်စမ်း….တစ်ဖဝါးမှမရွေ့စေရ ဒါအမိန့်ဘဲ….”
ဟုဆိုလိုက်ရာ ထိုလူမှာခြေထောက်များကြွမရဘဲ ဒူးထောက်ကာထိုင်ချသွား၏။
” ဒီမှာ မြမောင်…. မင်းကလေ မင်းအသက်ထက်များတဲ့အပြစ်တွေလုပ်ထားတာတောင် အပါယ်ကိုမကြောက်သေးဘူး….ထပ်ပြီး မိုက်မဲချင်သေးတယ်….”
” ဟားဟားဟား…..ဟားဟားဟား….”
” ငါ့ကိုတရားချချင်တယ်ပေါ့ဟုတ်လား…အဲဆိုလည်းနောက်ဘဝမှ ဆက်ပြီးတရားချကွာ….”
ဆိုကာ ထိုလူသည် မြေကြီးကိုပုတ်ပြီး လက်ခမောင်းခတ်လိုက်ရာ သူကြီး၏အိမ်အရှေ့ဘက်တစက်မြိတ်ရှိထုတ်တန်းပေါ်ရောက်သွား၏။ ထို့နောက် ထိုလူ၏ပါးစပ်မှ အထက်ဆုံးဖြစ်သည့် ဂပ္ဗလာကြိုးကို မောင်ရေခဲထံပစ်လွှတ်လိုက်၏။ မောင်ရေခဲက ကဝေစက်ဖြတ်အင်းဖြင့်ပြန်ကာထားသော်လည်း ထိုကပ္ဗလာကြိုးမှာ ပြင်းလှသဖြင့် ရင်ဘတ်ကိုထိမှန်သွားပြီး အနောက်သို့ဖင်ထိုင်ရက်လဲကျသွား၏။ ကဝေစက်ဖြတ်အင်းမှာလည်း မီးတောက်ထသွားပြီး အမှုန့်ဖြစ်သွားသကဲ့သို့ ထုတ်တန်းပေါ်ရှိကဝေကြီးလည်း မြေကြီးပေါ်ပြုတ်ကျက ပတ်ပတ်လည်၌မီးထတောက်သွားပြီး ခန၌ကဝေကောင်မှာပြာများပင်မကျန်တော့ဘဲငရဲမီးတောက်၏ဝါးမျိုခြင်းကိုခံလိုက်ရ၏။
” ဆရာ…ဆရာ….ရရဲ့လား….”
” အဟွတ်…အဟွတ်…. ဝေါ့…..”
” ရ…ရတယ်ထင်ပေါ်….ဘာ…ဘာမှမဖြစ်ဘူး….”
မောင်ထင်ပေါ်က ဆရာဖြစ်သူကို အသာဖေးမထားလိုက်၏။ ကာလသားခေါင်းက
” ဆရာလေးကို အိမ်ပေါ်ခေါ်သွားကြဟေ့….ဒိုးမောင်….နင်ကဆေးဆရာကြီးဦးဒီပကို သွားပင့်ချေ….”
အားလုံးကမောင်ရေခဲကိုစိတ်ပူသွားကြ၏။ မောင်ရေခဲမှာ ကဝေ၏ကပ္ဗလာစက်ကြိုးက ရင်ဘတ်ကိုထိသွားသဖြင့် သွေးအန်ကာသတိလစ်မေ့မြောသွား၏။ မောင်ရေခဲ၏ဝိဉာည်ကား ခန္ဓာကိုယ်မှ ခေတ္တခွာကာ ဆရာသခင်ရှိရာ ဟိမဝန္တာတောထဲသို့ ရောက်နေသတည်း။……။
(အဘဆရာသခင်တို့အားဦးထိပ်ပန်ဆင်လျှက်)
# ပြီး
# ခွန်း
Unicode Version
ေမာင္ေရခဲ ဂတိမတည္မိျခင္း(စ/ဆံုး)
———————————
အုံ႔မႈိင္းေနေသာညတစ္ည။ မိုးရိပ္မိုးေပါက္တို႔က တေဖ်ာေဖ်ာက်ေန၏။ ေျမျပင္ေပၚရွိ ဗြက္အိမ္ေလးႏွင့္မိုးေပါက္တို႔ ထိေတြ႕သံတို႔သည္ ေမွာင္မိုက္ေသာညကိုေဖာက္ထြင္းလွ်က္ က်ယ္ေလာင္စြာထြက္ေပၚလာ၏။
” ေပါက္….ေပါက္…ေပါက္….”
” က်ီ….က်ီ…ဂ်စ္….”
” ေဗ်ာက္….ေဗ်ာက္…ေဗ်ာက္….”
ထိန္ပင္ကုန္းသုႆာန္ထဲရွိ ဇရပ္မဲမဲႀကီးသည္ကား အေမွာင္ထုထဲ၌တေစၦတစ္ေကာင္ ငုတ္တုတ္ထိုင္ေနသည့္အလား ထီးထီးႀကီးရွိေန၏။ ထိုဇရပ္ေပၚမွ မီးစတစသည္ရဲခနဲ ရဲခနဲျဖင့္ ထြက္ေပၚလာ၏။ ေခါင္မိုးရွိသြပ္ျပားႏွင့္ သစ္ကိုင္းတို႔၏ပြတ္သပ္သံတို႔ကား တေစၦတစ္ေကာင္၏လက္သည္းျဖင့္ ကုတ္ျခစ္ေနသည့္ႏွယ္ တက်စ္က်စ္ျမည္ေန၏။ ထို႔အတူမိုးစက္မိုးေပါက္တို႔ကလည္း ေခါင္မိုးေပၚ တေပါက္ေပါက္က်ေန၏။ ထိုေခါင္မိုးေပၚမွတဆင့္တံစက္ၿမိတ္မွစီးဆင္းလာေသာေရတို႔သည္ေျမျပင္ေပၚရွိ ဗြက္အိမ္တို႔ႏွင့္ထိေတြ႕ကာ တေဗ်ာက္ ေဗ်ာက္ျမည္ေနျပန္၏။
” ဆရာႀကီး…ခုထိဘယ္သူမွမလာေသးဘူးေနာ္….”
ဇရပ္ထဲရွိလူငယ္က က်န္လူတစ္ေယာက္အားေမးလိုက္ျခင္းျဖစ္၏။ ထိုအေမးေၾကာင့္ ေဆးလိပ္မီးကို ရဲခနဲဖြာရႈိက္ေနသည့္ လူက
” လာမွာေပါ့ကြာ…မင္းစိတ္မေလာစမ္းပါနဲ႔…. အေသအခ်ာကိုလာမွာ…သူတို႔မလာလို႔မရဘူး….”
” ဟုတ္ဆရာႀကီး….”
မိုးကားပို၍သည္းထန္စြာ႐ြာသြန္းလာ၏။
” ဟင္းေနာ္….မိုးကလည္းမတိတ္ဘဲ ပိုၿပီးသည္းေနပါေရာ့လားကြာ….”
လူ႐ြယ္ကဟင္းခနဲသက္ျပင္းခ်ၿပီး ထိုစကားဆိုေလရာ ေဆးလိပ္ဖြာေနေသာလူႀကီးက
” ေတာက္! မင္းဘယ္လိုျဖစ္ေနတာလဲ…မင္းစိတ္မရွည္ရင္ သြားျပန္ေတာ့….ငါေဒါသမထြက္ခင္….”
ထိုသို႔မာန္မဲလိုက္မွ လူ႐ြယ္မွာဘာမွမေျပာေတာ့ဘဲ ဇက္ကေလးပုကာ ၾကမ္းျပင္ကိုအမွတ္မဲ့ေလွ်ာက္ျခစ္ေနမိ၏။
” ေသခ်ာထိမ္းဟ….အေလာင္းေလွ်ာက်မယ္….ဟိုေကာင္ေတြမီးေသခ်ာထိုးေပးလိုက္ၾကစမ္း….ေမွာင္ႀကီးမဲထဲ ေႁမြပါးကင္းပါးေတြနင္းမိမွ တစ္ပူေပၚႏွစ္ပူဆင့္ေနမယ္….”
” စိတ္ခ်ကိုဖိုးေအး….”
” ေဝါ….ေဖ်ာ….ေဖ်ာ…..”
” ဝုန္း….”
” ဂ်ိန္း… ဂ်ိန္း….”
မိုးသံေလသံႏွင့္အတူ လူတစ္စုကအေလာင္းတစ္ေလာင္းကိုမႏိူင္မနင္းသယ္လာၾက၏။ အေလာင္းကိုအေခါင္းထဲထည့္ၿပီးသယ္လာျခင္းမဟုတ္။ ေခါင္းႏွင့္ေျခေထာက္တို႔ပင္မလုံသည့္ ဖ်ာၾကမ္းတစ္ခ်ပ္ႏွင့္ ျဖစ္သလိုပတ္ၿပီး လူႏွစ္ေယာက္က ေခါင္းတစ္ဖက္ေျခတစ္ဖက္မကာ သယ္လာခဲ့ၾကျခင္းပင္။
ထိုလူတစ္စုတို႔က သုႆန္ထဲေရာက္သည္ႏွင့္ လႊတ္ရာေနရာ၌က်င္းတူးၾက၏။ မိုးေရတို႔ေၾကာင့္ေျမကေပ်ာ့ေနေလရာ ခန၌ပင္လူတစ္ေယာက္သာသာျမဳပ္ႏိူင္ေသာ က်င္းတစ္က်င္းတူးၿပီးသြား၏။ က်င္းတူးၿပီးသည္ႏွင့္ ထိုလူတစ္စုသည္ အေလာင္းအား မ ယူကာက်င္းထဲေသခ်ာထည့္ၿပီး ေျမျမဳပ္ပစ္လိုက္ၾက၏။ ေျခစလက္စေဖ်ာက္ၿပီးသည္ႏွင့္ ထိုလူတစ္စုတို႔မွာ လာရာလမ္းအတိုင္းလွည့္ျပန္သြားၾကကုန္၏။
ထိုလူအုပ္စုျပန္သြားၾကသည္ႏွင့္ဇရပ္ေပၚမွလူႏွစ္ေယာက္သည္ ေစာေစာကလာျမဳပ္ထားေသာေျမပုံဆီသို႔လာခဲ့ၾက၏။
” အေလာင္းကိုျပန္ေဖာ္လိုက္ငေခါ…”
” တ….တကယ္ႀကီးျပန္ေဖာ္ရမလားဆရာ….”
” ဟ…ငါကစေနာက္ေနမလား မိေက်ာင္းမသားရ….ျမန္ျမန္လုပ္အခ်ိန္မရွိဘူး….”
” ဟုတ္…ဟုတ္…”
ပါးမဲႀကီးခိုင္းသည့္အတိုင္း ေစာေစာကျမဳပ္ထားေသာအေလာင္းကိုျပန္ေဖာ္လိုက္၏။ ခန၌အေလာင္းေကာင္မွာျပန္ေပၚလာၿပီး အေလာင္းေကာင္မ်က္ႏွာ၌႐ႊံ႕ဗြက္တို႔ ေပက်ံေန၏။
” ခ်ီခဲ့လိုက္ငေခါ….”
ငေခါလည္းဆရာျဖစ္သူခိုင္းသည့္အတိုင္း အေလာင္းကိုမႏိူင္မနင္းခ်ီလာခဲ့ၿပီး သုႆန္အျပင္ေမွာင္ရိပ္က်ေသာေနရာ၌ ဖြက္ထားေသာလွည္းေပၚသို႔တင္လိုက္၏။
” ဘယ္သြားၾကမလဲဆရာ….”
” ေတာစပ္က အိမ္ပ်က္ႀကီးဆီကိုေမာင္း….”
” ဟင္….ဆရာ….အဲအိမ္ပ်က္ႀကီးက သရဲအေတာ္ေျခာက္တာေနာ္ဗ်….”
” လွ်ာအေတာ္ရွည္တဲ့ေကာင္….နင့္ပေထြးသရဲေလာက္ကိုငါကမမႈတာဟ…”
ငေခါလည္းဘာမွဆက္မေျပာရဲေတာ့ဘဲ ႏြားလွည္းကိုေတာစပ္ရွိအိမ္ပ်က္ႀကီးဆီသို႔ဦးတည္ေမာင္းလိုက္၏။ အိမ္ပ်က္ႀကီးရွိရာေတာစပ္သည္ကား ႐ြာႏွင့္အလြန္အလွမ္းေဝးသလို သရဲအလြန္ေျခာက္သည္ဆိုေသာေၾကာင့္ ေတာ္႐ုံမည္သူမွ်မလာၾကေခ်။
ေတာစပ္ရွိအိမ္ပ်က္ႀကီးဆီေရာက္သည္ႏွင့္လွည္းကိုရပ္လိုက္ၾက၏။ အိပ္ပ်က္ႀကီးသည္ကား လွ်ပ္စီးေရာင္ေအာက္၌ သဘက္ႀကီးငုတ္တုတ္ထိုင္ေနသေယာင္။ ဆရာမဲႀကီးသည္ အိမ္ပ်က္ႀကီးကိုၾကည့္ၿပီး ၿပဳံးလိုက္၏။
” ေကာင္မေလးကိုသယ္ခဲ့ငေခါ…”
” ဟုတ္ ဆရာ….”
ငေခါလည္းေကာင္မေလးကေလာင္းကိုသယ္ၿပီး ဆရာမဲႀကီး၏အေနာက္သို႔လိုက္လာခဲ့၏။ အိမ္ပ်က္ႀကီးသည္ မိုးဒဏ္ေလဒဏ္ေၾကာင့္ ပ်က္စီးယိုယြင္းေနေသာ္လည္း လုံးဝေန၍မရသည္ကမဟုတ္။ ပါးမဲႀကီးသည္ တံခါးမႀကီးကိုအသာတြန္းဖြင့္ၿပီး ဖေယာင္းတိုင္ႀကီးတစ္တိုင္ကို လြယ္အိတ္ထဲမွထုတ္ကာ မီးညႇိၿပီး အလင္းေရာင္ရေစလိုက္၏။
” ကြၽီ….ကြၽီ….”
” ဖလပ္….ဖလပ္…. ”
” စြီ….စြီ….စြီ…. ”
မဖြင့္သည္မွာၾကာၿပီျဖစ္သျဖင့္ တံခါးပတၱာမွာၾကပ္ေနၿပီး ဖြင့္လိုက္သည့္အခါ တကြၽီကြၽီျမည္သြားသျဖင့္ အိမ္ပ်က္ႀကီးထဲခိုေအာင္းေနေသာ ငွက္အခ်ိဳ႕ႏွင့္ေျမႂကြက္ႀကီးတို႔မွာ ထြက္ေျပးၾကကုန္၏။ အိမ္ပ်က္ႀကီးထဲတြင္ အမႈိက္မ်ားရႈပ္ပြေနသကဲ့သို႔ အနံ႔အသက္မ်ားကလည္း ေအာ္ကလီဆန္စရာေကာင္းလွ၏။ ပင့္ကူအိမ္တို႔ကလည္း သပြတ္အူသဖြယ္အိမ္ပ်က္ႀကီးထဲ၌ရႈပ္ေထြးေန၏။
” မဆိုးဘူး… ေနလို႔ရတယ္ငေခါ….ေကာင္မေလးကို ကုတင္ေပၚခ်ၿပီး သန္႔ရွင္းေရးလုပ္ေပးလိုက္ကြာ….”
” ဟမ္….ကြၽန္…ကြၽန္ေတာ္မလုပ္ရဲဘူးေနာ္ဆရာ….”
ပါးမဲႀကီးစကားေၾကာင့္ ငေခါဆိုသူမွာ လန္႔သြား၏။
” ဟ…ဒါမင္းမိန္းမျဖစ္လာမဲ့သူဟ…က်ဳပ္တစ္ေယာက္လုံးရွိေနတာ ဘာေတြေၾကာက္ေနတာလဲ….ေရာ့…ေကာင္မေလးကိုဒီဝမ္းဆက္လဲဝတ္ထားေပးၿပီး ဒီဘူးထဲကသနပ္ခါးနဲ႔အေမႊးအႀကိဳင္ေတြလူးထားေပးလိုက္….ခပ္ျမန္ျမန္လုပ္အခ်ိန္မရွိဘူး….”
သူ႔မိန္းမျဖစ္လာမည့္သူဟူေသာစကားေၾကာင့္ ငေခါႀကီးမွာသေဘာအက်ႀကီးက်သြားၿပီး ပါးမဲႀကီးလွမ္းေပးေသာ အဝတ္ႏွင့္အေမႊးအႀကိဳင္ဘူးကိုလွမ္းယူကာ ကုတင္နားသို႔တိုးကပ္သြား၏။ ထို႔ေနာက္ေကာင္မေလးအားပတ္ထားေသာ ဖ်ာၾကမ္းခ်ပ္ႀကီးကိုဖယ္လိုက္၏။ ထို႔ေနာက္အိမ္အေနာက္ရွိေရတြင္းပ်က္မွ ေရခပ္လာၿပီး ေကာင္မေလးအေလာင္းကို သန္႔ရွင္းေပးလိုက္ရာ ေကာင္မေလးမွာအလြန္ေခ်ာေမာလွပသူတစ္ေယာက္ျဖစ္ေၾကာင္း ငေခါသိလိုက္ရ၏။ သန္႔ရွင္းေရးလုပ္ေပးၿပီးသည္ႏွင့္ ေကာင္မေလးခႏၶာကိုယ္မွအဝတ္အစားမ်ားကို ခြၽတ္လိုက္၏။
” ဟာ…..”
” ဂလု….”
မီးေရာင္ေဖ်ာ့ေဖ်ာ့ေအာက္တြင္ ေတြ႕လိုက္ရေသာ ေကာင္မေလး၏ မိေမြးတိုင္းဖေမြးတိုင္းအလွတရားေၾကာင့္ ငေခါမွာအသက္ရႉပင္မွားၿပီး တံေတြးကိုဂလုခနဲမ်ိဳခ်လိုက္၏။
ထို႔ေနာက္တကိုယ္လုံးကိုအေမႊးအႀကိဳင္မ်ားလိမ္းႀကံေပးလိုက္ၿပီး အဝါႏုေရာင္ဝမ္းဆက္ကို ဝတ္ေပးလိုက္ရာ ေကာင္မေလးအေလာင္းမွာ အိပ္ေပ်ာ္ေနသည့္ နတ္သမီးတစ္ပါးနယ္ လွပတင့္တယ္ေန၏။ ငေခါမွာေကာင္မေလးအေလာင္း၏အလွတရားေၾကာင့္ ေၾကာက္ရေကာင္းမွန္းလဲမသိေတာ့ေခ်။
” ၿပီးၿပီလားငေခါ….”
ပါးမဲႀကီးက ေမးလိုက္မွ ေငါႀကီးမွာသတိျပန္ဝင္လာၿပီး
” ၿပီး…ၿပီးပါၿပီဆရာ….”
” ေအးၿပီးရင္လည္း မင္းရဲ႕ဆံပင္ရယ္၊လက္သည္းေျခသည္းရယ္၊လက္ေမာင္းေသြးရယ္ ေပးစမ္းငါ့ကို….”
” ဟင္…ဘာ…ဘာလုပ္မလို႔လဲဆရာ….”
” လွ်ာမရွည္နဲ႔ဟ နင့္လို႐ုပ္ဆိုးၿပီးသြားေခါေနတဲ့ေကာင္ကို ဟိုေကာင္မေလးျမင္သြားရင္ လန္႔ၿပီးျပန္ေသသြားမွာစိုးလို႔ဟ….”
” ဆရာကလည္း က်ဳပ္ကေခါေပမဲ့ ခ်စ္တတ္ပါတယ္ဗ်ာ….”
ပါးမဲႀကီးစကားေၾကာင့္ ငေခါမ်က္ႏွာမွာ ေနထိပန္းလို ညိဳးႏြမ္းသြားေတာ့၏။ ထို႔ေနာက္ေျခသည္းလက္သည္းညႇပ္ရန္ထြက္သြား၏။ ပါးမဲႀကီးလည္း ေကာင္မေလး၏ ေခါင္း၊လက္ႏွစ္ဖက္၊ေျခေထာက္ႏွစ္ဖက္ အနားသို႔ ဦးေခါင္းခြံငါးလုံးကို ခ်ၿပီးထိုေခါင္းငါးလုံးေပၚသို႔ ဖေယာင္းတိုင္ထြန္းလိုက္၏။ ထိုဦးေခါင္းခြံငါးလုံးမွာ ေသြးစေသြးနႏွင့္ အေရခြံအသားစတို႔အနည္းငယ္ကပ္ေနသည္ကိုၾကည့္ျခင္းအားျဖင့္ သိပ္မၾကာေသးခင္ကမွ ေလာေလာလတ္လတ္ေသထားေသာ အစိမ္းေသတို႔၏ ေခါင္းခြံမ်ားျဖစ္ေၾကာင္း သိသာေန၏။ ခန၌ငေခါသည္ အိုးခ်မ္းပဲ့တစ္ခုႏွင့္အတူ ေရာက္လာ၏။
” ရၿပီဆရာ….ေရာ့…”
” ေအးငေခါ…မင္းကေကာင္မေလးရဲ႕ေျခရင္းမွာေနကြ….ဘာဘဲျဖစ္လာျဖစ္လာမေၾကာက္နဲ႔ေနာ္ၾကားလား….”
” ဟုတ္ဆရာ….”
ပါးမဲႀကီးက ငေခါကမ္းေပးေသာအိုးခ်မ္းပဲ့ကေလးထဲမွ ေသြးမ်ားကို ယူလိုက္ၿပီး တဖန္ လက္သည္း၊ေျခသည္းႏွင့္ဆံပင္မ်ား ထည့္ထားေသာအိုးခ်မ္းပဲ့ကိုအပူေပးၿပီးအမႈန္႔ျဖစ္ေအာင္ေခ်လိုက္ကာ ေသြးခြက္ထဲသို႔ေပါင္းထည့္လိုက္ၿပီး ေကာင္မေလး၏ပါးစပ္ကိုဟကာေလာင္းထည့္လိုက္၏။ ငေခါကားဆရာျဖစ္သူလုပ္သမွ်ကို စိတ္ဝင္တစားၾကည့္ေန၏။ ပါးစပ္ထဲသို႔ ငေခါ၏ေသြးမ်ား ေလာင္းထည့္ၿပီးသည္ႏွင့္ ပါးမဲႀကီးသည္ ေကာင္မေလး၏နဖူးကိုလက္ျဖင့္ေထာက္ၿပီး မ်က္လုံးႏွစ္ဖက္ကိုအစုံမွိတ္ကာ ငေခါနားမလည္ေသာဂါထာကို႐ြတ္လိုက္၏။ ထိုသို႔႐ြတ္ေနစဥ္ထြန္းထားေသာအလင္းတိုင္သည္ ေလတိုက္ၿပီးမီးၿငိမ္းသြား၏။ ပုပ္အဲ့အဲ့စိမ္းေ႐ႊေ႐ႊအနံ႔မ်ားလည္း ရလာ၏။ ငေခါမွာ ထိုအနံ႔မ်ားေၾကာင့္ ၾက က္သီးျဖန္းျဖန္းထသြား၏။
” ဟင္း….ဟင္း…”
” ဟင္းဟင္း…. ဟင္း…”
အေမွာင္ထုထဲမွ ညည္းသံမ်ားလည္းအဆက္မျပတ္ထြက္ေပၚေလရာ ငေခါမွာ ဆံပင္မ်ားမိုးေပၚေထာင္တက္သြားသည္အထိ ေၾကာက္လန္႔သြား၏။
ခန၌ညည္းသံမ်ား၊ေလသံမ်ား ျပန္လည္ေပ်ာက္ကြယ္သြားၿပီး ပါးမဲႀကီး၏ မႏၲာန္႐ြတ္သံက စည္းခ်က္ညီစြာျပန္လည္ထြက္ေပၚလာ၏။
” အင္း….ဟင္း….”
” ဗိုက္….ဆာ….တယ္….”
” ဟားဟားဟား… ဟားဟားဟား… ေအာင္ၿပီကြ….ေအာင္ၿပီ….ေအာင္ၿပီ..”
ညည္းသံႏွင့္အတူလူတစ္ေယာက္၏စကားေျပာသံ၊ဆရာပါးမဲႀကီး၏ ဝမ္းသာအားရရယ္ေမာသံတို႔တၿပိဳင္ထဲထြက္ေပၚလာသလို အ႐ိုးေခါင္းေပၚမွ ဖေယာင္းတိုင္မီးမ်ားလည္း အလိုလိုမီးျပန္လင္းလာ၏။ ကုတင္ေပၚလွဲေလ်ာင္းေနေသာေကာင္မေလးမွာလည္း ေငါက္ခနဲထ ထိုင္ကာ ငေခါကိုသဲႀကီးမဲႀကီးၾကည့္ေနသျဖင့္ ငေခါလန္႔သြား၏။ ထိုအခါပါးမဲႀကီးက
” ငေခါ…ငါ့လြယ္အိတ္ထဲက အထုပ္ေလးယူခဲ့စမ္းကြာ…”
ဆိုသျဖင့္ငေခါလည္း ေကာင္မေလး၏အနားမွထလာခဲ့ၿပီး ဆရာျဖစ္သူ၏လြတ္အိတ္ႀကီးရွိရာသို႔ လာၿပီးအထုပ္ကိုယူလိုက္၏။
” ရၿပီဆရာ…ဒါကဘာထုပ္ထားတာလဲဆရာ…အနံ႔ကေမြးေနတာဘဲ…”
” ငါ့သမီးစားဖို႔ ငါအထူးစီမံထားတဲ့လူသားဟင္းကြ…ဟားဟားဟား…”
” ဗ်ာ!….”
ပါးမဲႀကီးစကားေၾကာင့္ ငေခါမွာမိမိကိုင္ခဲ့ေသာဖက္နဲ႔ထုပ္ထားသည့္အထုပ္မွာ လူ၏အသားကိုဖက္ျဖင့္ထုပ္ထားျခင္းျဖစ္ေၾကာင္းသိလိုက္ရသျဖင့္ လက္ႏွစ္ဖက္ကို ပုဆိုးျဖင့္အျမန္သုပ္ပစ္လိုက္၏။ ပါးမဲႀကီးက ထိုဖက္စိမ္းထုပ္ကိုေျဖလိုက္ၿပီး ေကာင္မေလးေရွ႕ခ်ေပးလိုက္ကာ
” ေရာ့ငါ့သမီး…စား…ခုေတာ့ဒီေလာက္ဘဲစားႏွင့္အုံး ေနာက္မွငါ့သမီးအတြက္အေဖအမ်ားႀကီးယူေပးမယ္…ဟုတ္ၿပီလား….”
ေကာင္မေလးမွာထိုအထုပ္ကိုျမင္သည္ႏွင့္ သေရက်လာကာ လက္ျဖင့္အလွ်င္အျမန္ေကာက္စားလိုက္၏။
” ေအာ့….ေဝါ့….ေဝါ့….”
ထိုျမင္ကြင္းေၾကာင့္ငေခါမွာ ပ်ိဳ႕တက္လာၿပီး တေဝါ့ေဝါ့ထိုးအန္ေလ၏။
” ငေခါ…မင္းအန္မေနနဲ႔…ေနာက္ဆိုငါ့သမီးစားဖို႔ မင္းကိုယ္တိုင္လူသားရွယ္ခ်က္ေကြၽးရမွာ….”
” ဗ်ာ! ဆ…. ဆရာႀကီး…. ”
” ဘာလဲ…မင္းကငါ့သမီးကို ဒါေလးေတာင္မလုပ္ေပးႏိူင္ဘူးလား….”
ပါးမဲႀကီးစကားေၾကာင့္ ငေခါမွာ ေကာင္မေလးကိုၾကည့္ၿပီး
” က်ဳပ္မိန္းမအတြက္ က်ဳပ္အကုန္လုပ္ေပးမယ္ဆရာ….”
” ဒီလိုမွေပါ့ကြာ….ဟားဟား…”
မိန္းကေလးမွာစားေသာက္ၿပီး မ်က္လုံးေသႀကီးျဖင့္ ဘာစကားမွမဆိုဘဲ ငုတ္တုတ္ထိုင္ေန၏။
” ဆ…ဆရာ…သူက…ဘာ….ဘာမွလည္းမေျပာဘူးေနာ္….”
” သူလိုတာရွိရင္ေျပာလိမ့္မယ္ကြ…ကဲသူ႔ကိုငါတို႔နာမည္တစ္ခုေပးရမယ္ကြ…အင္း…ႏုဝါ…မဆိုးဘူး….သူ႔ကိုႏုဝါလို႔နာမည္ေပးလိုက္မယ္…ကဲသမီး…ဒီေန႔ကစၿပီး နင့္နာမည္ကႏုဝါ….ေဟာဟိုမွာရပ္ေနတဲ့ လူကနင့္ေယာက်ာ္းငေခါဘဲ….မွတ္ထားေနာ္…”
ပါးမဲႀကီးစကားေၾကာင့္ ေကာင္မေလးမွာ ငေခါကိုၾကည့္ၿပီး ေခါင္းၿငိမ့္လိုက္၏။
ေသာင္ထြန္းႏွင့္ဖိုးေအးတို႔သူငယ္ခ်င္းေလးေယာက္ တစ္ဖက္႐ြာရွိဖဲဝိုင္းမွျပန္လာခဲ့ၾက၏။ ေလးေယာက္စလုံးလည္း ဖဲႏိူင္လာသျဖင့္ ေရခ်ိန္ကိုက္ေနၾကၿပီျဖစ္၏။ အခ်ိန္ကား ညေမွာင္ရီတေရာအခ်ိန္။
” ေဟ့ေကာင္ဖိုးေအး….မင္း…မင္းတို႔ေတြသတ္လိုက္တဲ့မိုးမိုးက ခ်စ္စရာေလးကြာ…ႏွေျမာစရာႀကီး…ေအ့…ေဂ့…”
” ေဟ့ေကာင္ ေသာင္ထြန္း….မင္းလုပ္မွငါတို႔ေတြအကုန္ေထာင္နန္းစံရေတာ့မွာကြ…ငါ့လခြီးတဲ့မွ… ဒီကိစၥဘယ္သူမွသိလို႔မရဘူးကြ….”
” ဟာ…ငါက အဲေန႔ညကအေၾကာင္းကို ျပန္ျမင္ေယာင္လာလို႔ပါကြ…ဟီးဟီး… ”
” မင္းပါးစပ္ပိတ္ထားစမ္းကြာ….ေကာင္မေလးကိုငါတို႔သတ္လိုက္တာသိသြားရင္ ငါတို႔တစ္ေယာက္မွလႊတ္ဖို႔လမ္းမရွိဘူးကြ….ဒီကိစၥကိုမင္းစိတ္ထဲမွာဘဲထားလိုက္….ဘယ္ေတာ့မွထုတ္မေျပာမိေစနဲ႔….မင္းေနာက္တစ္ခါဒီအေၾကာင္းထပ္ထြက္လာရင္ မင္းလွ်ာကိုျဖတ္ၿပီး အရက္နဲ႔ျမည္းပစ္မယ္ၾကားလား….”
” ငါ…ငါကစတဲ့ဟာကိုကြာ…”
” ေတာ္ၾကစမ္းကြာ…ဟိုမွာၾကည့္ၾကစမ္း….ကိုက္ဘဲကိုက္မေနၾကနဲ႔ကြ…”
” ဟာ…ေဆာ္ေလးတေပြပါလားကြ…ဒီအခ်ိန္ႀကီးဘယ္ကဟာေလးလဲမသိဘူးကြ…ဒီညလည္းမုတ္ဆိတ္ပ်ားစြဲၿပီထင္ရဲ႕ကြာ….ဟင္းဟင္း…”
သုံးေယာက္သား စံတင့္ၫႊန္ျပသည့္ေနရာသို႔ၾကည့္လိုက္ရာ သစ္ပင္ေအာက္၌ ေက်ာေပးကာထိုင္ေနေသာေကာင္မေလးတစ္ေယာက္ကို ေတြ႕လိုက္ရသျဖင့္ ေအာင္ဝင္းကဝမ္းသာအားရထိုသို႔ဆိုလိုက္၏။ အမွန္စင္စစ္ ထိုလူေလးေယာက္သည္ လူမိုက္လူရမ္းကားမ်ားျဖစ္ၿပီး မိန္းကေလးမ်ားကိုေခ်ာင္းေျမာင္းကာ အဓမၼျပဳက်င့္ၿပီး သတ္ပစ္သည့္ လူ႔အႏၲမ်ားျဖစ္၏။ လက္ယဥ္ေနသျဖင့္ လူသတ္ရသည္မွာ သူတို႔အတြက္ ၾကက္ကေလး၊ငွက္ကေလးသတ္သလိုပင္။ ယခုလည္း အေဖာ္မပါေသာမိန္းကေလးကိုေတြ႕လိုက္ရသျဖင့္ မ်က္လုံးမ်ားအေရာင္ေတာက္ေနၾက၏။
” ေဟ့ေကာင္ေတြ…ဒီေကာင္မေလးၾကည့္ရတာ တစ္ေယာက္ေယာက္ကိုေစာင့္ေနတဲ့ပုံဘဲကြ…သြားေမးၾကည့္ရေအာင္…”
ေလးေယာက္သား ေကာင္မေလးရွိရာသို႔သူ႔ထက္ငါဦးေအာင္ သြားလိုက္ၾက၏။ ေကာင္မေလးသည္ သူတို႔ကိုျမင္ပုံမေပၚဘဲ အေဝးတစ္ေနရာသို႔သာေငးေမာေန၏။
” ညီမေလး….”
” ရွင့္! ”
႐ုတ္တရက္ေခၚလိုက္ေသာအသံေၾကာင့္ မိန္းကေလးမွာလန္႔ၿပီးအေနာက္သို႔လွည့္ၾကည့္လာ၏။
” အားပါးပါး….လွလိုက္တာကြာ….ေနပါအုံး…ညီမေလးကိုတစ္ေနရာရာမွာျမင္ဖူးေနသလိုဘဲ….”
” ေတာ္ပါကြာ…ေကာင္မေလးကဒီေလာက္ေခ်ာလွတာကို ဘယ္မွာျမင္ဖူးမလဲ….ဒါ…ဒါနဲ႔ေလညီမေလးက တစ္ေယာက္ထဲလား….ဒီအခ်ိန္ႀကီး…ဘယ္…ဘယ္သြားမို႔လဲဟင္…”
စံတင့္က ေကာင္မေလးကိုစူးစူးရဲရဲၾကည့္ၿပီး ေမး၏။
” ဟို…ဟိုဘက္႐ြာကို သြား…သြားမလို႔ပါရွင့္….ငယ္ငယ္တုန္းကေတ့ာအဲဒီကိုေရာက္ဖူးပါတယ္…ဒါေပမဲ့ခုတစ္ေခါက္သြားမယ္လုပ္ေတာ့ လမ္းသိပ္မမွတ္မိသလိုျဖစ္ေနလို႔ဒီမွာ ခနနားၿပီးစဥ္းစားေနတာပါ….”
” ညီမေလးတစ္ေယာက္ထဲ သရဲေတြမေၾကာက္ဘူးလား…ဟဲဟဲ….”
ေသာင္ထြန္းက ထိုသို႔ေမးရင္း မိန္းကေလး၏လက္ကို လွမ္းကိုင္လိုက္၏။
” ဟင္….ညီ….ညီမေလး….ေန…ေနမေကာင္းဘူးလားဟင္….လက္ကေလးေတြေအးစက္ေနတာဘဲ….”
” နဲနဲေနမေကာင္းျဖစ္ခ်င္ေနတာရွင့္…”
” ဒါဆိုခရီးဆက္လို႔ဘယ္ျဖစ္မလဲညီမေလးရ….ၿပီးေတာ့ေမွာင္ေနၿပီ…မနက္မွသြားေပါ့…..”
ဖိုးေအးကထိုသို႔ဆိုလာ၏။ မိန္းကေလးက
” ညီ….ညီမေလးလည္း အဲလို႔ေတာ့ေတြးမိပါတယ္….ဒါ….ဒါေပမဲ့ဒီ႐ြာမွာညီမအသိအိမ္မရွိေတာ့ ဘယ္မွာတည္းရမွန္းမသိလို႔ ပါ….”
မိန္းကေလး၏စကားကိုၾကားသည္ႏွင့္ လူေလးေယာက္မွာ ေရငတ္ခ်ိန္ေရတြင္းထဲက်သလိုျဖစ္သြားၿပီး မ်က္လုံးမ်ားအေရာင္ေတာက္ကာ
” ဟာ….ဒါဆိုအစ္ကို႔အိမ္လိုက္ခဲ့ေလညီမေလး….အစ္ကို႔အိမ္မွာဘာမွအားနာစရာမလိုဘူး….”
” ဟာ…အစ္ကိုႀကီးေသာင္ထြန္းကလည္းလုပ္ၿပီ…ညီမေလးကိုအားနာစရာ….အစ္ကို႔အိမ္လိုက္ခဲ့ညီမေလး အစ္ကို႔အိမ္မွာဘယ္သူမွမရွိဘူး….”
အခ်င္းခ်င္းအေဝမတည့္ျဖစ္ကာ သူေခၚမယ္ငါေခၚမယ္လုပ္ေနၾက၏။
” ေတာ္ၾကစမ္းကြ….ေကာင္မေလးကိုအားနာဖို႔ေကာင္းတယ္…ဒီလိုလုပ္ငါတို႔႐ြာမွာဧည့္သည္ေတြတည္းဖို႔ေဆာက္ထားေပးတဲ့သီးသန္႔အိမ္ေလးရွိတယ္ေလ….ညီမေလးကိုအဲဒီတဲဆီေခၚသြားၾကရင္မေကာင္းဘူးလား….”
လူေလးေယာက္မွာ အခ်င္းခ်င္းမ်က္စပစ္ၾကၿပီး
” ဪဟုတ္သားဘဲ…ေမ့ေနလိုက္တာ…ဒီအႀကံမဆိုးဘူးကြ….လာညီမေလး..အစ္ကိုတို႔ေနာက္လိုက္ခဲ့….”
” ဟုတ္ကဲ့….ေက်းဇူးပါရွင့္… ”
ေကာင္မေလးကိုအလယ္မွာထားၿပီး အေရွ႕ႏွစ္ေယာက္ အေနာက္ႏွစ္ေယာက္ခြဲကာ ႐ြာအေနာက္သို႔ေခၚသြားၾက၏။ မိန္းကေလးကဘားစကားတခြန္းမွမေျပာဘဲ တိတ္တဆိတ္လိုက္လာ၏။ ထိုစဥ္ ေလေျပတစ္ခုတိုက္ခတ္လာၿပီး ပုပ္အဲ့အဲ့အနံ႔ပါသယ္ေဆာင္လာ၏။
” ထြီး….နံတာကြာ….ဘာနံ႔ႀကီးလဲမသိဘူး….”
” ဟုတ္ပါ့ကြာ….”
ကြမ္းတစ္ယာညႇက္ခန္႔အၾကာ၌ ယာေတာထဲရွိတဲအိမ္ေလးတစ္လုံးဆီသို႔ေရာက္လာခဲ့ၾက၏။
” ဟင္….တဲအိမ္ကလည္း ႐ြာထဲမွာလည္းမဟုတ္ဘူးေနာ္…”
” ဧည့္သည္ေတြလြပ္လြပ္လပ္လပ္ေနလို႔ရေအာင္လို႔ပါကြာ….လာအစ္ကိုလိုက္ပို႔ေပးမယ္….ေဟ့ေကာင္ေတြ ငါေကာင္မေလးကို တဲေပၚပို႔ေပးလိုက္အုံးမယ္ကြာ….”
ဖိုးေအးကထိုသို႔ေျပာၿပီး ေကာင္မေလးကိုေခၚကာတဲေပၚတက္သြား၏။ က်န္သုံးေယာက္မွာ ဖိုးေအး၏အႀကံကိုသိသျဖင့္ အသာေခါင္းညိတ္ျပလိုက္ၾက၏။ ထိုညကားသူတို႔အဖို႔ လူ႔ေလာက၌ေနရသည့္ေနာက္ဆုံးညဟု သူတို႔သိလိုက္ပါလွ်င္မူ။
ငေခါမွာ မိန္းမရၿပီးကတည္းက ေတာစပ္ရွိအိမ္ပ်က္ႀကီးတြင္သာေနထိုင္၏။ ေန႔လည္ေန႔ခင္းဘက္တြင္ႏုဝါမွာ သူနဲ႔အတူရွိေနၿပီး ညဘက္တြင္တစ္ညလုံးေပ်ာက္ေနတတ္ကာ လင္းပိုင္းမွျပန္လာတတ္၏။ ျပန္လာခ်ိန္၌ ဖက္ႏွင့္ထုပ္ထားေသာ အသားထုပ္မ်ားပါလာၿမဲျဖစ္၏။ ထိုအခ်ိန္တြင္ငေခါသည္မိန္းမျဖစ္သူယူလာသည့္အထုပ္ကိုျဖည္ကာ မက်က္တက်က္ခ်က္ေပးၿပီးစားေစ၏။ ဆရာပါးမဲလည္း ႏုဝါယူလာေသာ ဝါးဆစ္ပိုက္ထဲမွ ေသြးကိုသာေသာက္ၿပီး ဘာမွမစားေခ်။ ငေခါမွာ ပါးမဲႀကီးႏွင့္ မိန္းမျဖစ္သူကို ၾကည့္ၿပီးမသတီသလို ျဖစ္လာ၏။
” ဦးရာစု ယာေတာထဲကတဲအိမ္မွာ အေလာင္းေတြ ေတြ႕လို႔တဲ့ေဟ့….”
” ဟာ…တကယ္ႀကီးလား…ဘယ္သူလာပစ္ထားတာလဲဟ….”
” တို႔သြားၾကည့္ရေအာင္….”
႐ြာထဲ၌ေယာက်ာ္း၊မိန္းမ၊ကေလးမ်ားမက်န္ ထိုသတင္းေၾကာင့္လႈပ္လႈပ္ယြယြျဖစ္သြားၾက၏။
” ဦးရာစု မနက္ကယာေတာထဲသြားေတာ့ သူ႔တဲနားမွာအပုပ္နံ႔ရလို႔ဆိုၿပီး သြားၾကည့္တာ အေလာင္းေတြကိုေတြ႕သတဲ့ေတာ့….”
” ေၾကာက္စရာႀကီးပါလားေအ့…ဘယ္သူ႔ကေလာင္းေတြတဲ့လည္း….”
” သူလည္းမသိဘူးတဲ့ေအ့….အေလာင္းေတြကပုပ္ပြေနၿပီဆိုဘဲေအ့….”
” ဦးရာစုမို႔႐ြာျပန္ၿပီးအေၾကာင္းၾကားႏိူင္ေသးတာ….သူ႔ေနရာမွာက်ဳပ္ဆို အဲေနရာမွာတင္ ေမ့လဲက်သြားမွာ….”
မိန္းမႀကီးတို႔လည္း သူတို႔ၾကားခဲ့သည့္သတင္းကို အခ်င္းခ်င္းျပန္လည္ေဖာက္သည္ခ်ေနၾက၏။ ယာေတာထဲတြင္အေလာင္းေတြ႕သည္ဆိုေသာေၾကာင့္ ႐ြာသူႀကီးလည္း လူယုံျဖင့္ၿမိဳ႕သို႔အေၾကာင္းၾကားခိုင္းၿပီး သူက ကာလသားအခ်ိဳ႕ကိုစုလိုက္ကာ ဦးရာစု၏ယာခင္းထဲသို႔သြားလိုက္ၾက၏။
ၿမိဳ႕ရွိ သက္ဆိုင္ရာတို႔ကလာၾကည့္သြားၿပီး ထိုလူမ်ားေသဆုံးသြားသည္မွာ သုံးရက္ခန္႔ရွိၿပီျဖစ္ေၾကာင္း၊ေတာေကာင္ႀကီးတို႔က တိုက္ခိုက္သတ္ျဖတ္သြားသည္ျဖစ္ႏိူင္ေၾကာင္း ေကာက္ခ်က္ခ်လိုက္၏။ အေလာင္းပိုင္ရွင္အားစုံစမ္းၾကည့္ရာ ႐ြာမွလူႏွစ္ေယာက္ႏွင့္ တစ္ဘက္႐ြာကလူႏွစ္ေယာက္ျဖစ္ေၾကာင္းသိလိုက္ရ၏။ လူသတ္တရားခံမွာ ေတာေကာင္ႀကီးျဖစ္ႏိူင္ေၾကာင္းဆိုသျဖင့္ ထိုလူသတ္မႈအား ျပည္ဖုံးကားခ်လိုက္၏။
အိမ္ပ်က္ႀကီးထဲ၌ငေခါသည္ ေငးမႈိင္ေန၏။
” ဆရာ….က်ဳပ္႐ြာခနျပန္ခ်င္လို႔ဗ်ာ….အဲဒါက်ဳပ္ကိုခြင့္ျပဳေပးပါလား…မိုးမခ်ဳပ္ခင္ က်ဳပ္ျပန္လာခဲ့မယ္ေလ….”
” ဟငေခါရ….မင္းမိန္းကဒီမွာေလ…႐ြာျပန္ၿပီးဘာလုပ္မွာလဲ….”
” က်ဳပ္ ႐ြာကိုသတိရလို႔ပါဗ်ာ….ခနဘဲ….က်ဳပ္တကယ္ျပန္လာခဲ့ပါ့မယ္…”
” မင္းအသက္ကို မင္းမိန္းမဘဲပိုင္တယ္ကြ….မင္းျပန္ခ်င္ရင္သူ႔ကိုခြင့္ေတာင္းၾကည့္ေလ….”
ပါးမဲႀကီးမွာထိုသို႔ေျပာၿပီး ေတာအုပ္ထဲဝင္ေရာက္ေပ်ာက္ကြယ္သြား၏။
ငေခါလည္း ထိုအိမ္ႀကီးထဲတြင္ဆက္မေနခ်င္ေတာ့သျဖင့္ အိမ္ႀကီးထဲမွ တိတ္တဆိတ္ထြက္သြားရန္ႀကံစည္ေန၏။
တစ္ခုေသာညေနခင္း၌ ခင္ခင္သည္ ေသာက္ေရခပ္ရန္အလို႔ငွာ ႐ြာထဲရွိ ေသာက္ေရတြင္းသို႔လာခဲ့၏။ ညေနညီအစ္ကိုမသိတသိအခ်ိန္ျဖစ္သျဖင့္ ေရတြင္းနားတြင္လူသူရွင္းလင္းေန၏။ ခင္ဝင္းကေရငင္ၿပီး ေရအိုး႐ြက္မည္အျပဳ သူ႔ထံသို႔ဦးတည္လာေနေသာ မိန္းကေလးတစ္ေယာက္ကိုေတြ႕လိုက္ရသျဖင့္ အေဖာ္ရၿပီထင္ကာဝမ္းသာ သြား၏။ ထိုမိန္းကေလးကသူ႔ဆီဦးတည္လာၿပီးေရတြင္းနားအေရာက္တြင္
” ေရဆာလို႔…ေရတိုက္အုံး….”
” ရွင့္….ေရဆာရင္ေရတြင္းထဲက ငင္ၿပီးေသာက္ေလ….က်ဳပ္ကျပန္ေတာ့မွာရွင့္….ဒါနဲ႔အစ္မက ဧည့္သည္ထင္တယ္ေနာ္… ”
” နင့္ေရအိုးထဲကေရဘဲေသာက္ခ်င္တာ….”
” အိုေတာ္….က်ဳပ္အိုးထဲကေရလည္း ဒီတြင္းထဲကဘဲငင္တာရွင့္ ေရကအတူတူဘဲ….အဲမွာကိုယ့္ဘာသာငင္ၿပီးေသာက္ေခ်….က်ဳပ္ျပန္ၿပီ….”
မ်က္ႏွာစိမ္းမိန္းကေလး၏စကားေၾကာင့္ ခပ္စြာစြာရွိလွေသာခင္ဝင္းမွာ သူ႔အိုးထဲကေရမတိုက္ႏိူင္ေၾကာင္ေျပာၿပီး လွည့္ျပန္မည္အလုပ္
” အား……”
” ခြမ္း…..”
ခင္ဝင္း၏ငယ္သံပါသည့္ေအာ္သံႏွင့္အတူ ေရအိုးက်ကြဲသံတို႔ဆူညံစြာထြက္ေပၚလာ၏။ ေစာေစာကမ်က္ႏွာစိမ္းမိန္းကေလးသည္ သရဲတေစၦတစ္ေကာင္ျဖစ္သြားၿပီး ခင္ဝင္း၏လည္ပင္းကိုက္ခဲထားလိုက္ရာ ခင္ဝင္းမွာဆန္႔တငင္ငင္ျဖစ္ရင္း ေသဆုံးသြား၏။ သရဲႀကီးသည္ ခင္ဝင္း၏မေသမရွင္႐ုပ္အေလာင္းကို ခြၽန္ျမေသာလက္သည္းျဖင့္ လည္ဇလုတ္ကိုထိုးခ်လိုက္ၿပီးဝါးဆစ္ျဖင့္ေသြးကိုခံယူလိုက္၏။ ထိေနာက္အသားအခ်ိဳ႕ကို ဆုတ္ယူကာ သစ္႐ြက္ျဖင့္ထုပ္ပိုးၿပီး အေလာင္းကိုေရတြင္းထဲပစ္ခ်လိုက္၏။
ပါးမဲႀကီးသည္ သူ႔ပုံရိပ္ကိုမွန္ထဲျပန္ၾကည့္ၿပီး အံကိုတင္းတင္းႀကိတ္လိုက္၏။
” ေတာက္! ဟိုေကာင္မအသုံးမက်လို႔ ငါ့မ်က္ႏွာပိုၿပီး႐ုပ္ဆိုးသြားရတာ….ငါ့အလုပ္ကိုလာဖ်က္ဆီးသြားတဲ့ဟိုဆရာေကာင္ကိုလည္း ငါျပန္ၿပီးသတ္ရမယ္….”
” ခြမ္း…”
ထိုစကားဆိုၿပီး ၾကည့္မွန္ကိုၾကမ္းေပၚသို႔ပစ္ေပါက္လိုက္ရာ မွန္မွာအစိပ္စိပ္အမႊာမႊာေၾကမြသြား၏။ ႏုဝါလည္း ယူလာေသာ ဝါးဆစ္ဘူးကိုပါးမဲႀကီးထံကမ္းေပးလိုက္ၿပီး
” အေဖေျပာတဲ့ ဆရာေကာင္္ေတြခုထိေရာက္မလာေသးဘူးလား….”
” လာမွာ သူတို႔မၾကာခင္ဒီ႐ြာကိုေရာက္လာၾကမွာ….ငါ့အစီအရင္ကိုဖ်က္ခဲ့တဲ့ဒီေကာင့္ကို လည္ေခ်ာင္းေသြးေဖာက္ၿပီး ငါ့မ်က္ႏွာေပၚကအမာ႐ြတ္ကိုေဖ်ာက္ပစ္ရမယ္….”
” ငေခါကိုသမီးၾကည့္မရေတာ့ဘူးအေဖ….”
” သတ္ပစ္လိုက္ေတာ့…ဒီေကာင့္ကိုထားထားလည္းဘာမွအသုံးမဝင္ဘူး….”
ဆရာပါးမဲႀကီးႏွင့္ ႏုဝါတို႔စကားေျပာေနခိုက္ ငေခါမွာအိမ္ႀကီးထဲမွတိတ္တဆိတ္ထြက္လာၿပီးထြက္ေျပးရန္ႀကံ၏။
” ေယာက်ာ္း….ဒါကဘယ္လဲ….”
” ဟင္….ႏု….ႏုဝါ…..”
” ဟင္းဟင္း….ရွင္ကက်ဳပ္ကိုထားခဲ့ၿပီး ႐ြာျပန္မယ္ေပါ့ဟုတ္လား….”
” မ…မဟုတ္ပါဘူး ႏုဝါ ရာ….ခနေလးျပန္….ျပန္….”
” ထာဝရျပန္ရေအာင္လုပ္ေပးမယ္….ဟားဟားဟား….”
ငေခါေျပာ၍ပင္မဆုံးေသး ငုဝါသည္ေၾကာက္စရာအသြင္ေျပာင္းသြားၿပီး ငေခါကိုခုန္အုပ္ကာ လည္လိမ္ခ်ိဳးသတ္ပစ္လိုက္၏။
” ဟားဟားဟား… ဟားဟားဟား…. ”
ခင္ဝင္းတစ္ေယာက္႐ြာမွေပ်ာက္ခ်င္းမလွေပ်ာက္သြားသျဖင့္ သူ႔မိခင္ကပူေဆြးေသာကေရာက္ေန၏။
” အစ္မေမရယ္….ခင္ဝင္းဘယ္သြားမယ္လို႔ေျပာခဲ့လဲ….”
” ဘာမွကိုေျပာမသြားတာေတာ္….က်ဳပ္နဲ႔ရန္ျဖစ္ၿပီး ညႀကီးမိုးခ်ဳပ္ထြက္သြားတာဘဲ…က်ဳပ္လည္းစိတ္တိုေနေတာ့ဘယ္သြားမွာလဲမေမးမိခဲ့ဘူး….ငါ့အျပစ္ေတြပါေအ….အဟင့္…. ”
ေဒၚရီေမကေျပာရင္းငိုသံစြက္လာ၏။ညီမျဖစ္သူ ေဒၚရီသန္းက
” လင္ေနာက္မ်ားလိုက္ေျပးသြားတာလားမသိဘူး….တဘက္႐ြာကေအာင္စိုးနဲ႔ေမတၱာမွ်ေနတယ္လို႔ၾကားတယ္…”
” ဒါဆိုလည္းစုံစမ္းေပးပါအုံးညီမရယ္…က်ဳပ္သမီးတစ္ခုခုျဖစ္ရင္ က်ဳပ္ရင္ကြဲရေခ်ရဲ႕ေအ….”
ေဒၚရီသန္းလည္း သားအႀကီးေကာင္ကိုတဘက္႐ြာလႊတ္လိုက္ကာ ခင္ဝင္းသတင္းစုံစမ္းခိုင္း၏။ ႏွစ္ရက္ခန္႔ၾကာၿပီး သားေမာင္မွာ႐ြာျပန္ေရာက္လာခဲ့ၿပီးအက်ိဳးအေၾကာင္းျပန္လည္ေျပာျပ၏။
” တဘက္႐ြာလည္းေရာက္မလာဘူး…သူ႔ရည္းစားေအာင္စိုးလည္း႐ြာမွာရွိေနတယ္ဆိုရင္ေတာ့ ဒီေကာင္မေလးတစ္ခုခုျဖစ္ၿပီထင္တယ္ညီမရယ္….”
” ဒီတိုင္းေနလို႔ေတာ့မျဖစ္ဘူး…သူႀကီးကိုသြားၿပီးအေၾကာင္းၾကားမွျဖစ္မယ္…”
ေဒၚရီေမတို႔ညီအစ္မ၏တိုင္ၾကားခ်က္ေၾကာင့္သူႀကီးလည္း ခ်က္ခ်င္းလူစုကာ ခင္ဝင္းကိုေတာနင္းရွာ၏။ ႐ြာျပင္ေတာစပ္ရွိအိမ္ႀကီးပါမက်န္လူစုခြဲၿပီးရွာရာ ႐ြာမွလအေတာ္ၾကာၾကာေပ်ာက္သြားေသာ တစ္ေကာင္ႂကြက္ငေခါ၏႐ုပ္အေလာင္းကိုေတြ႕လိုက္ရ၏။
ညေနေစာင္းခန္႔၌႐ြာထဲမွရွာၾကေသာကာလသားအုပ္စုက ႐ြာလယ္ရွိေရတြင္းထဲ၌ ေပါေလာေပၚေနေသာမိန္းကေလး၏အေလာင္းကိုေတြ႕သြားၾက၏။ ထိုေရတြင္းသည္ ေရခ်ိဳတြင္းဆိုေသာ္ျငားလည္း ႐ြာသူ႐ြာသားတို႔ကသိပ္မသုံးၾကေခ်။ အေၾကာင္းကား ႐ြာရွိအိမ္တိုင္းလိုလို၌ ေရတြင္းမ်ားရွိၾကေသာေၾကာင့္ပင္။ ထိုေရတြင္းကို အိမ္တြင္ေရတြင္းမရွိသည့္လူအနည္းငယ္ကသာ လာခပ္ၾက၏။ သို႔ေၾကာင့္ခင္ဝင္းအေလာင္းေရတြင္းထဲရွိေနသည္ကိုမည္သူမွ်မေတြ႕ၾကေသာေၾကာင့္ပင္။
” ႐ြာလယ္ကေရတြင္းထဲမွာ အေလာင္းတစ္ေလာင္းေတြ႕တယ္တဲ့ေဟ့….”
” ဟင္…မ…မခင္ဝင္းမ်ားလား….”
” ဒါေတာ့အတပ္မေျပာႏိူင္ေသးဘူး…႐ြာကကာလသားေတြဆင္းဆယ္ေနၾကတုန္း….”
” လာလာ…တို႔သြားၾကည့္ရေအာင္…”
အမ်ိဳးသမီးတစ္စုလည္းအေလာင္းေတြ႕သည္ဆိုေသာ ႐ြာလယ္ရွိေရတြင္းသို႔လာၾက၏။
” အျဖစ္ဆိုးလွခ်ည္လားသမီးေလးရယ္….အေမ့အျပစ္ေတြပါကြယ္…ငါ့သမီးေလး….အီးဟီးဟီး…. ”
” သတိထားပါအုံးအစ္မရယ္….ေလာေလာဆယ္ အိမ္အရင္ျပန္ၾကရေအာင္ပါ….ေနာ္….”
” မျပန္ဘူး….ငါ့သမီးေလး မပါဘဲငါမျပန္ဘူး….အီးဟီးဟီး…. ”
ေဒၚရီေမက သမီး၏အေလာင္းေဘး၌ငိုေႂကြးေန၏။ အေလာင္းမွာပုပ္ပြေနၿပီျဖစ္သျဖင့္ ၾကည့္ေနၾကသူမ်ားမွာႏွာေခါင္းကိုပိတ္ထားၾက၏။ ခန၌လူအုပ္ဆီသို႔သူႀကီးေရာက္လာၿပီး
” ဖယ္ၾက….ဖယ္ၾက….ကေလးေတြညၾကလန္႔ေနမယ္…ျပန္ၾကေတာ့ျပန္ၾကေတာ့….ကာလသားေတြအေလာင္းကိုအေခါင္းသြင္းဖို႔လုပ္ၾက…”
” ဟုတ္သူႀကီး… ”
” ေအာင္ဟိန္း…မင္းကကာလသားအခ်ိဳ႕ကိုေခၚၿပီး ႐ြာျပင္ေတာစပ္ဆီကိုသြား….အဲဒီမွာငေခါရဲ႕အေလာင္းေတြ႕ခဲ့တယ္….အဲဒီအေလာင္းကိုအေခါင္း႐ိုက္ၿပီးသၿဂိဳလ္ေပးလိုက္…အိမ္ပ်က္ႀကီးကိုလည္းမီးရွိူ႔ခဲ့လိုက္ၾကေတာ့….”
သူႀကီးကထိုသို႔ေျပာလိုက္ရာ လူစုက
” ေဟ…ငေခါအေလာင္းတဲ့လား…ဒီလူ႐ြာကေပ်ာက္သြားတာၾကာၿပီေနာ္…”
” ဟုတ္ပါ့…သူကအဲအိမ္ပ်က္ႀကီးထဲဘာသြားလုပ္တာလဲ….”
” အိမ္ပ်က္ႀကီးမွာသရဲတေစၦေတြရွိေနတာေလ….ငေခါကဘာသြားလုပ္လိုက္မွန္းမွမသိဘဲ….သရဲတေစၦေတြသတ္လိုက္တာေနမွာေပါ့….”
” ကိုသာလုံး ေျပာတာျဖစ္ႏိူင္တယ္….”
႐ြာသူ႐ြာသားတို႔ကမွတ္ခ်က္အမ်ိဳးမ်ိဳးေပးေနၾက၏။ ခင္ဝင္း၏အေလာင္းကိုအိမ္သို႔ျပန္သယ္လာခဲ့ၾကၿပီးအေခါင္းသြင္းလိုက္ၾက၏။
” သူႀကီး…သူႀကီး….”
” ေဟ…ဘာတုံးကြ…”
” ႐ြာျပင္မွာ ေကာင္မေလးတစ္ေယာက္ေရာက္ေနတယ္…႐ြာထဲဝင္ခ်င္လို႔တဲ့….”
” ဘယ္ကလူလဲဟ…႐ြာထဲမွာနာေရးရွိေနတာ…ဘယ္သူ႔အိမ္ကဧည့္သည္လဲ…ေခၚလာခဲ့လိုက္ကြာ….”
” ဟုတ္ သူႀကီး….”
ခင္ဝင္း၏နာေရးကိစၥနဲ့္ရႈပ္ေနသျဖင့္သူႀကီးလည္း ထိုမွ်သာေျပာၿပီးလႊတ္လိုက္၏။ အေလာင္းကို ေဒၚရီေမ၏ဆႏၵအရ တညထားၿပီး ေနာက္ေန႔၌သံဃာမ်ားပင့္ကာသရဏဂုံတင္ၿပီး ေျမျမဳပ္သၿဂိဳလ္လိုက္၏။
” မေန႔ညက ႐ြာထဲမွာ မိန္းမတစ္ေယာက္ ေလွ်ာက္သြားေနတယ္တဲ့ကြ…”
” မခင္ဝင္းမ်ားလား…”
” မဟုတ္ဘူးတဲ့….သူႀကီးအိမ္မွာတည္းတဲ့ေကာင္မေလးတဲ့…”
” ေဟ…”
တီးတိုးတီးတိုးစကားေၾကာင့္ သူႀကီးလည္း လွည့္ၾကည့္လာၿပီး
” သံဃာေတြတရားေဟာေနတယ္ကြ…တိတ္တိတ္ေနၾက…”
သူႀကီးကဟန္႔လိုက္ရာ ထိုႏွစ္ေယာက္မွာၿငိမ္က်သြား၏။
႐ြာထဲသို႔သံဃာမ်ားဆြမ္းခံႂကြလာ၏။ သူႀကီးအိမ္၌ပုံမွန္ဆြမ္းေလာင္းေနၾကျဖစ္ေသာ္လည္းယခုမူကား အိမ္တံခါးပင္မဖြင့္ၾကေသးေခ်။ ဆရာေတာ္ဘုရားသည္ အိမ္ထဲသို႔လွမ္းၾကည့္ၿပီး မ်က္ႏွာပ်က္သြား၏။
” ေမာင္ေက်ာင္းသား….႐ြာထဲကလူေတြကိုအျမန္သြားေခၚလိုက္စမ္း…ဒကာႀကီးအိမ္မွာတစ္ခုခုျဖစ္ေနၿပီ…”
” တင္ပါ့ဘုရား…. ”
ေမာင္ေက်ာင္းသား၏ေဆာ္ဩသံေၾကာင့္ သူႀကီးအိမ္ေရွ႕သို႔ ႐ြာသူ႐ြာသားမ်ားတုတ္၊ဓားဆြဲကာေရာက္လာၾက၏။
” ဘာျဖစ္လို႔လဲဘုရား….”
” ဒကာတို႔ သူႀကီးအိမ္ထဲမွာတစ္ခုခုျဖစ္ေနၿပီ….သတိထားၿပီးဝင္သြားၾက…”
ဆရာေတာ္ဘုရားကထိုသို႔မိန္႔ၿပီးႏုတ္မွလည္းရတနသုတ္ကို အသံထြက္႐ြတ္လိုက္၏။
” ပဏိဓာနေတာ ပ႒ာယတတာ ဂတႆ ဒသပါရမိေယာ…….”
သူႀကီး အိမ္ထဲသို႔ဝင္သြားၾကသည့္လူမ်ားလည္း ပိတ္ထားေသာတံခါးကိုတြန္းဖြင့္လိုက္ၾက၏။
” ဟာ…သူႀကီး…သူႀကီး….”
” ဝုန္း….”
” ေျပးၿပီကြ.. ဟိုမွာဟိုမွာ သူႀကီးကိုသတ္သြားတဲ့သူက…”
ႏုဝါလည္း လူသားကိုအားပါးတရစားေနစဥ္ အိမ္ထဲဝင္လာၾကေသာလူမ်ားေၾကာင့္ ထြက္ေျပးရန္အလို႔ငွာ ျပတင္းတံခါးကိုဖြင့္ၿပီး ခုန္ခ်လိုက္၏။ ဆရာေတာ္ဘုရားကလည္း ရတနသုတ္ကို အသံျမင့္ၿပီး႐ြတ္လိုက္၏။
” ေကာဋီသတသဟေသသု၊ စကၠဝါေဠသုေဒဝတာ၊ယႆာ ဏံ ပဋိဂၢဏွႏၲိ၊ယၪၥေဝသာလိယာပုေရ….”
ထိုအသံၾကားသည္ႏွင့္ ႏုဝါမွာ ကိုက္ထားေသာလက္တစ္ဖက္ကိုပစ္ခ်လိုက္ၿပီးေျမေပၚ၌လူးလြန္႔ေန၏။
” အား….မ႐ြတ္နဲ႔….မ႐ြတ္နဲ႔….”
အိမ္ေပၚရွိ ရွိလူမ်ားလည္း ေျပးဆင္းလာၾကၿပီးေကာင္မေလးကိုဝိုင္းထားလိုက္ၾက၏။
” ဒီေကာင္မက လူမဟုတ္ဘူးကြ…သတ္ၾက…႐ိုက္ၾက…”
လူစုကတုတ္၊ဓားတို႔ျဖင့္ ဝိုင္း႐ိုက္ၾကရန္လုပ္၏။ ထိုအခါဆရာေတာ္ဘုရားက ခါးပန္းႀကိဳးကိုေျဖလိုက္ၿပီး သပိတ္ကိုအေနာက္က ကိုယ္ေတာ္ထံကမ္းေပးလိုက္၏။ ထို႔ေနာက္ ပါးစပ္မွရတနသုတ္ကိုမျပတ္တမ္း႐ြတ္ၿပီး ႐ြာသားမ်ားဝိုင္းထားေသာ ေကာင္မေလးထံသြားကာ ခါးပန္းႀကိဳးျဖင့္ ပတ္ၿပီးခ်ည္ထားလိုက္၏။
” အား…… မလုပ္နဲ႔…. မလုပ္နဲ႔… နာတယ္…..ပူတယ္…”
ေကာင္မေလးအသံမွာ အက္ရွရွဩဩႀကီးျဖစ္သြားၿပီး နာနာက်င္က်င္ေအာ္ဟစ္ကာ လူးလြန္႔ေန၏။
” ဒကာတို႔ ကညင္ကုန္း႐ြာကို အျမန္သြားၿပီး ကညင္ကုန္းဘုန္းႀကီးေက်ာင္းမွာတည္းတဲ့လူငယ္ႏွစ္ေယာက္ကို အျမန္သြားေခၚလာခဲ့ေခ်…..ဒီမေကာင္းဆိုးဝါးကိုသုံးရက္ထက္ပိုၿပီးမထိန္းခ်ဳပ္ႏိုင္ဘူးဆိုတာသတိထားပါ….အျမန္သြားေခ်ေတာ့….”
” တင္ပါ့ဘုရား… ”
ကာလသားေခါင္းကလည္းအေဖာ္တစ္ေယာက္ကိုပါေခၚၿပီး ကညင္ကုန္း႐ြာသို႔သြားခဲ့ၾက၏။
ထိုမိန္းကေလးကို သူႀကီးအိမ္၌ဖမ္းခ်ဳပ္ထားၿပီး ႐ြာသားမ်ားကေန႔ညမျပတ္ေစာင့္ၾကည့္ေနၾက၏။ ပါးမဲႀကီးသည္ ႏုဝါကိုတည္ၾက က္အျဖစ္ထားၿပီးေမာင္ေရခဲကိုေစာင့္ေန၏။
ထိန္ပင္႐ြာသားႏွစ္ေယာက္လည္းကညင္ကုန္း႐ြာသို႔ေရာက္လာခဲ့ၿပီး ကညင္ကုန္းဆရာေတာ္အား အေၾကာင္းစုံေျပာျပလိုက္၏။ ကညင္ကုန္းဆရာေတာ္လည္း ေမာင္ေရခဲတို႔ကို အက်ိဳးအေၾကာင္းေျပာျပလိုက္ရာ ေမာင္ေရခဲလည္း
” အရင္ျပန္သြားၿပီးအေၾကာင္းၾကားႏွင့္ေခ်… က်ဳပ္တို႔ဒီညအေရာက္လာခဲ့မယ္…”
” ခုလိုက္ခဲ့ေပးလို႔မရဘူးလားဆရာတို႔ရယ္…ဒီမိန္းကေလးလႊတ္သြားခဲ့ရင္ က်ဳပ္တို႔တစ္႐ြာလုံးဒုကၡေရာက္မွာမို႔ပါ…”
” နားလည္ပါတယ္ဗ်ာ…က်ဳပ္တို႔လည္း ကိစၥေတြမၿပီးျပတ္ေသးလို႔ပါ…စိတ္ခ်ဂတိေပးတယ္…ဒီညက်ဳပ္တို႔အေရာက္လာခဲ့မယ္ဗ်ာ….”
” ဒါဆိုလည္းေမွ်ာ္ေနမယ္ဆရာတို႔….ခြင့္ျပဳပါအုံးဗ်….”
ထိန္ပင္႐ြာသားႏွစ္ေယာက္လည္း ဆရာေတာ္ဘုရားႏွင့္ ေမာင္ေရခဲတို႔ကိုႏူတ္ဆက္ၿပီး ျပန္သြားၾက၏။ ေမာင္ေရခဲတို႔ကခ်က္ခ်င္းလိုက္သြားခ်င္ေသာ္လည္း ေဒၚမယ္ဆုံ အမႈကိစၥကမၿပီးျပတ္ေသးသျဖင့္ ေျဖရွင္းေနရေသး၏။ ထိုေန႔ည၌ လင္းေလေက်း႐ြာသို႔ျပန္သြားၿပီး ေဒၚမယ္ဆုံေသဆုံးရျခင္းကိစၥကိုသက္ဆိုင္ရာကစစ္ေမးေနရာ အေတာ္ၾကာသြားသျဖင့္ ထိန္ပင္႐ြာသို႔မသြားလိုက္ရေခ်။
ေနာက္ေန႔၌ေစာေစာထကာ ကညင္ပင္ဆရာေတာ္ဘုရားကိုႏုတ္ဆက္ၿပီး ထိန္ပင္႐ြာသို႔ေရာက္လာခဲ့ၾက၏။ ႐ြာထိပ္ေရာက္သည္ႏွင့္ ေခြးနက္ႀကီးတစ္ေကာင္သည္ ေျပးလာၿပီး မာန္ဖီေန၏။
” ဂီး…..ဂါး….”
” ဝုတ္….ဝုတ္…”
” ဟာဆရာ….ေနာက္ဆုတ္ေန….ကြၽန္ေတာ္လုပ္လိုက္္မယ္…”
ေမာင္ထင္ေပၚကဆရာျဖစ္သူ၏ေရွ႕၌ကာထားလိုက္၏။ ေမာင္ေရခဲ လည္း
” ဖယ္ေနထင္ေပၚ….ဒါကသာမန္ေခြးမဟုတ္ဘူး… ဟိုေကာင္ကေဝလႊတ္လိုက္တဲ့ေခြးဘဲ….”
ထိုစဥ္ေခြးနက္ႀကီးသည္ ေမာင္ေရခဲတို႔အား ေဒါသတႀကီးခုန္အုပ္လိုက္၏။ ေမာင္ေရခဲက ေမာင္ထင္ေပၚကိုတြန္းထုတ္လိုက္ၿပီး ထိုေခြး၏ႏူတ္သိီးအားလွမ္းဆြဲကာ မူလျပန္အင္းခ်ပ္ကိုပစ္ထည့္လိုက္၏။
” ဂီး…..ဂရား….”
ေခြးစြယ္ႀကီးမွာ ေမာင္ေရခဲ၏ဘယ္ဘက္လက္ေမာင္းကိုကိုက္မိသြားၿပီး အဝတ္ျဖဴျဖဴတို႔မွာ ေသြးတို႔ရဲသြား၏။ ထို႔အတူေခြးနက္ႀကီးမွာလည္း ႐ႊံ႕႐ုပ္ေလးတစ္႐ုပ္ျဖစ္သြားၿပီး ေခါင္းမွာေၾကမြေန၏။
” ဟာဆရာ….လက္ေမာင္းကိုကိုက္မိသြားၿပီ….ဘာလို႔ကာလိုက္တာလဲဗ်ာ….က်ဳပ္ေၾကာင့္ဆရာ အနာတရျဖစ္သြားၿပီဗ်….”
” စိတ္မေကာင္းမျဖစ္ပါနဲ႔ထင္ေပၚ….အေၾကာင္းတရားေၾကာင့္ အက်ိဳးခံစားရတာပါ…ငါဂတိမတည္မိလို႔ ငါျပန္ခံရတာ…ဘာမွမျဖစ္ဘူး …လာ႐ြာထဲသြားၾကမယ္….”
” ဆရာ့လက္က ဒဏ္ရာကေရာဘယ္လိုလုပ္မလဲ…”
” ရတယ္ထားလိုက္…အသက္နဲ႔အေဝးႀကီး….”
ဤသို႔ျဖင့္ ဆရာတပည့္ႏွစ္ေယာက္လုံး သူ႔ႀကီးအိမ္ရွိရာသို႔ေမးျမန္းၿပီးေရာက္လာခဲ့ၾက၏။
” ဟာ…ဆရာေလးတို႔ေရာက္လာၾကၿပီကိုး….က်ဳပ္တို႔ကမေန႔ညကလာမယ္ဆိုလို႔ေမွ်ာ္ေနတာဗ်…”
” ေအးဗ်ာ…က်ဳပ္တို႔လည္း ညကကိစၥေတြမၿပီးျပတ္ေသးတာနဲ႔ မလာျဖစ္ခဲ့တာ….ဒါနဲ႔မိန္းကေလးကေရာ….”
” ေဟာဟိုမွာခ်ည္ထားတယ္ဆရာ…”
ကာလသားေခါင္းလည္း ေမာင္ေရခဲ အားေကာင္မေလးကိုခ်ည္းထားေသာေနရာသို႔ပို႔ေပးလိုက္၏။
” ဟင္းဟင္း… ငါ့ကိုလႊတ္ေပးစမ္း…”
” ငါလႊတ္တာနဲ႔နင္တို႔တစ္႐ြာလုံးေသၿပီသာမွတ္ေပေတာ့….”
” ၿငိမ္ၿငိမ္ေနစမ္း….မင္းကဘယ္သူလဲ…ဒီလိုလုပ္ဖို႔ ဘယ္သူကခိုင္းေစခဲ့တာလဲ….”
” ဟားဟားဟား…မင္းလိုဂတိမတည္တဲ့ဆရာေကာင္ကမ်ား ငါ့ကိုေမးရဲေသးတယ္ေပါ့….ေသခ်င္ေနၿပီထင္တယ္….”
ေကာင္မေလးမွာဖုတ္ဝင္ေနမွန္းသိေသာ္လည္း မူလဖုတ္ေကာင္ကိုမျမင္ရေခ်။ အေၾကာင္းမွာ ေမာင္ေရခဲသည္ ပရေလာက သားတို႔ကို ျမင္ႏိူင္ေသာအစြမ္းမရွိေတာ့ေသာေၾကာင့္ပင္။
” ထင္ေပၚ…. လြယ္အိတ္ထဲကသိမ္ဝင္သပိတ္ကြဲအင္းႏွင့္ ေရစင္တစ္ခြက္ေပးစမ္းကြာ….႐ြာသားေတြက အေခါင္းတစ္လုံးအသင့္လုပ္ထားေပးဗ်ာ…..”
” ရေစရမယ္ဆရာေလး….”
႐ြာသားတို႔လည္းအေခါင္းတစ္လုံးကိုအျမန္႐ိုက္လိုက္ၾက၏။ ေမာင္ေရခဲက အိမ္ေပၚတက္ၿပီး အဘဆရာသခင္မ်ားကို တိုင္တည္၏။ တေအာင့္အၾကာ၌ျပန္ဆင္းလာရာ ႐ြာသားတို႔က
” အေခါင္းရၿပီဆရာေလး…”
” ဒါဆို ဟိုေကာင္မေလးရဲ႕အေနာက္ဘက္ကိုထားေပးဗ်ာ…ေခါင္းရင္းဘက္ကို အိမ္အျပင္ဘက္ေပါက္ဝကိုမူထားေပး….”
” ဟုတ္ကဲ့ဆရာ….”
ေရစင္ခြက္နဲ႔ သိမ္ဝင္သပိတ္ကြဲအင္းျပားကိုကိုင္ၿပီး ေကာင္မေလးအနားတိုးကပ္သြားလိုက္၏။
” ငါ့ကိုလႊတ္ေပးလို႔ ေျပာေနတယ္ေနာ္….လႊတ္ေပးစမ္း….ငါလႊတ္တာနဲ႔ မင္းအရင္ေသမယ္မွတ္…”
ဆိုကာေကာင္မေလးက အံႀကိတ္ၿပီးေျပာေန၏။ ေမာင္ေရခဲ ကဘာမွ်ျပန္မေျပာဘဲ ေကာင္မေလး၏ေခါင္းကိုေရစင္ျဖင့္ေတာက္ၿပီး ရတနသုတ္ကို႐ြတ္လိုက္၏။
” အား….ပူတယ္….ပူတယ္….ေတာ္ေတာ့….”
” ထၿပီး အေခါင္းထဲဝင္စမ္း….”
” ဂ်စ္…ဂ်စ္…ဂ်စ္….”
ေကာင္မေလးက သြားတဂ်စ္ဂ်စ္ႀကိတ္ကာ မလႈပ္မယွက္ထိုင္ေနၿမဲ။
” ထၿပီး အေခါင္းထဲဝင္လို႔ငါေျပာေနတယ္….ထစမ္း…. ”
” နင္အရင္ဝင္ျပေလ…ဟင္းဟင္း … ”
” ေခါင္းမာေနတယ္ေပါ့ဟုတ္လား….ေရာ့ကြာ….”
ဆိုကာသိမ္ဝင္သပိတ္ကြဲအင္းျဖင့္ နဖူးကိုကပ္ လိုက္ၿပီးဖုတ္ထုတ္မႏၲာန္ကို႐ြတ္လိုက္၏။
” အား……..ဝင္မယ္….ငါဝင္မယ္….”
ေကာင္မေလးလည္းနာနာက်င္က်င္ေအာ္ဟစ္ၿပီး အေၾကာကပ္ေနသကဲ့သို႔ထလာကာ လမ္းေပါက္ဝသို႔ေခါင္းမူၿပီး အေခါင္းထဲဝင္သြားေတာ့၏။ ေမာင္ေရခဲလည္း အင္းခ်ပ္ကိုမဖယ္ေသးဘဲ မႏၲာန္ကိုဆက္႐ြတ္လိုက္ရာ
” အား……….”
ဟူေသာအသံနက္ႀကီးတခ်က္ေအာ္ၿပီး ဖုတ္ေကာင္မွာထြက္သြားေတာ့၏။
ထိုအခါအေခါင္းထဲရွိမိန္းကေလးမွာအ႐ိုးစုသာက်န္ေတာ့၏။
” ဟင္…အ႐ိုးဘဲက်န္ေတာ့တယ္….”
” ဟယ္….အ႐ိုးစုႀကီးဟ…”
ၾကည့္ေနၾကသူတို႔မွာေၾကာက္လန္႔တၾကားျဖင့္အေနာက္သို႔ဆုတ္သြားၾက၏။ ေမာင္ေရခဲက
” ကဲ…အေခါင္းကိုအေသပိတ္ၿပီး ေျမျမဳပ္သၿဂိဳလ္လိုက္ေတာ့…ေကာင္မေလးကဆုံးသြားတာၾကာၿပီ….ဒါကိုေအာက္လမ္းဆရာတစ္ေယာက္က ဖုတ္ျပန္သြင္းထားတာ….”
” ဗ်ာ….”
” အိုး…..”
” ေၾကာက္ဖို႔ေကာင္းလိုက္တာဗ်ာ….”
႐ြာသူ႐ြာသားမ်ားထံမွ အသံထြက္ေပၚလာျပန္၏။ ေနာက္တစ္ေန႔၌ သူႀကီးတို႔မိသားစု၏႐ုပ္အေလာင္းကို ေကာင္းမြန္စြာသၿဂိဳလ္ေပးရန္လုပ္ေနၾကစဥ္ ေယာက်ာ္းတစ္ေယာက္သည္ ခါးေတာင္းက်ိဳက္ၿပီးဝင္လာ၏။
” ေတာက္! ဂတိသစၥာမရွိတဲ့အေကာင္…သိပ္ကိုစြမ္းေနတယ္ေပါ့ဟုတ္လား….”
ဆိုကာေမာင္ေရခဲကို လက္ထဲမွကိုင္ထားေသာဓားျဖင့္ ခုတ္ရန္လုပ္၏။ ႐ြာသားမ်ားကျမင္လိုက္ၾကရာ ထိုလူအားဝိုင္းဆြဲထားၾက၏။
” လွစိုး….မင္းဘယ္လိုျဖစ္ေနတာလဲ…ဆရာေလးတို႔ကငါတို႔႐ြာကိုကယ္ခဲ့တာေနာ္…”
” နင္တို႔ေတြငါ့ကိုလႊတ္စမ္း….ငါလွစိုးမဟုတ္ဘူး ငါကေဝျမေမာင္ကြ….”
ဆိုၿပီးခ်ဳပ္ထားေသာ႐ြာသားႏွစ္ေယာက္အား ခါထုတ္လိုက္ရာ ထိုႏွစ္ေယာက္မွာ ခပ္ေဝးေဝးသို႔လႊင့္သြားၿပီးအထိနာသြားကုန္၏။ ထိုအခါေမာင္ေရခဲက
” အဲဒီေနရာမွာဘဲရပ္လိုက္စမ္း….တစ္ဖဝါးမွမေ႐ြ႕ေစရ ဒါအမိန္႔ဘဲ….”
ဟုဆိုလိုက္ရာ ထိုလူမွာေျခေထာက္မ်ားႂကြမရဘဲ ဒူးေထာက္ကာထိုင္ခ်သြား၏။
” ဒီမွာ ျမေမာင္…. မင္းကေလ မင္းအသက္ထက္မ်ားတဲ့အျပစ္ေတြလုပ္ထားတာေတာင္ အပါယ္ကိုမေၾကာက္ေသးဘူး….ထပ္ၿပီး မိုက္မဲခ်င္ေသးတယ္….”
” ဟားဟားဟား…..ဟားဟားဟား….”
” ငါ့ကိုတရားခ်ခ်င္တယ္ေပါ့ဟုတ္လား…အဲဆိုလည္းေနာက္ဘဝမွ ဆက္ၿပီးတရားခ်ကြာ….”
ဆိုကာ ထိုလူသည္ ေျမႀကီးကိုပုတ္ၿပီး လက္ခေမာင္းခတ္လိုက္ရာ သူႀကီး၏အိမ္အေရွ႕ဘက္တစက္ၿမိတ္ရွိထုတ္တန္းေပၚေရာက္သြား၏။ ထို႔ေနာက္ ထိုလူ၏ပါးစပ္မွ အထက္ဆုံးျဖစ္သည့္ ဂပၺလာႀကိဳးကို ေမာင္ေရခဲထံပစ္လႊတ္လိုက္၏။ ေမာင္ေရခဲက ကေဝစက္ျဖတ္အင္းျဖင့္ျပန္ကာထားေသာ္လည္း ထိုကပၺလာႀကိဳးမွာ ျပင္းလွသျဖင့္ ရင္ဘတ္ကိုထိမွန္သြားၿပီး အေနာက္သို႔ဖင္ထိုင္ရက္လဲက်သြား၏။ ကေဝစက္ျဖတ္အင္းမွာလည္း မီးေတာက္ထသြားၿပီး အမႈန္႔ျဖစ္သြားသကဲ့သို႔ ထုတ္တန္းေပၚရွိကေဝႀကီးလည္း ေျမႀကီးေပၚျပဳတ္က်က ပတ္ပတ္လည္၌မီးထေတာက္သြားၿပီး ခန၌ကေဝေကာင္မွာျပာမ်ားပင္မက်န္ေတာ့ဘဲငရဲမီးေတာက္၏ဝါးမ်ိဳျခင္းကိုခံလိုက္ရ၏။
” ဆရာ…ဆရာ….ရရဲ႕လား….”
” အဟြတ္…အဟြတ္…. ေဝါ့…..”
” ရ…ရတယ္ထင္ေပၚ….ဘာ…ဘာမွမျဖစ္ဘူး….”
ေမာင္ထင္ေပၚက ဆရာျဖစ္သူကို အသာေဖးမထားလိုက္၏။ ကာလသားေခါင္းက
” ဆရာေလးကို အိမ္ေပၚေခၚသြားၾကေဟ့….ဒိုးေမာင္….နင္ကေဆးဆရာႀကီးဦးဒီပကို သြားပင့္ေခ်….”
အားလုံးကေမာင္ေရခဲကိုစိတ္ပူသြားၾက၏။ ေမာင္ေရခဲမွာ ကေဝ၏ကပၺလာစက္ႀကိဳးက ရင္ဘတ္ကိုထိသြားသျဖင့္ ေသြးအန္ကာသတိလစ္ေမ့ေျမာသြား၏။ ေမာင္ေရခဲ၏ဝိဉာည္ကား ခႏၶာကိုယ္မွ ေခတၱခြာကာ ဆရာသခင္ရွိရာ ဟိမဝႏၲာေတာထဲသို႔ ေရာက္ေနသတည္း။……။
(အဘဆရာသခင္တို႔အားဦးထိပ္ပန္ဆင္လွ်က္)
# ၿပီး
# ခြန္း