မောင်ရေခဲနှင့်မထင်မှတ်သောပြုစားသူ(စ/ဆုံး)

Unicode Version

မောင်ရေခဲနှင့်မထင်မှတ်သောပြုစားသူ(စ/ဆုံး)
——————————
ရွှေတမာကျေးရွာသို့မောင်ရေခဲတို့ဆရာတပည့်ရောက်လာခဲ့သည်။ ထိုရွာတွင်အိမ်ခြေများပြားပြီး သူကြွယ်များပေါများသည်။ ထိုကျေးရွာသို့ရောက်လာသည်နှင့်ဆရာတော်အားအခွင့်တောင်းကာ ဘုန်းကြီးကျောင်း၌တည်းခိုခဲ့သည်။
ရွာထဲ၌ကား လူမမာယောကျာ်းတစ်ယောက်သည် အဖြေရှာမရသောဝေဒနာကိုခံစားနေရ၏။ ဆေးသောက်ဆေးထိုးလည်း ဆေးမတိုးပေ။ လူနာကားအသက်၃၅နှစ်အရွယ်ခန့်ရှိမည်။ လူနာ၏အနားတွင်ပြုစုပေးနေသူကား အသက်၁၉နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်ဖြစ်သည်။
သူတို့အကြောင်းကိုမသိသည့် သူစိမ်းတစ်ယောက်ဆိုပါက ထိုလူနှစ်ယောက်အား သားအဖဟုထင်ကြပေလိမ့်မည်။ အမှန်စင်စစ်ကား ထိုလူနာနှင့်ငယ်ရွယ်သောမိန်းကလေးမှာ တရားဝင်အကြင်မလားဖြစ်နေသည်။ လူနာသည်မိန်းကလေးထက်အသက်ကြီးသလိုရုပ်ရည်လည်း ရုပ်ကြမ်းရေကျိုသာသာရှိသည်။
လူနာတွင်မောင်နှမများမရှိ။ အသက်၆၀အရွယ်အမယ်အိုကြီးတစ်ယောက်သာရှိသဖြင့် ချွေးမကိုအိမ်ပေါ်တင်ထားခြင်းဖြစ်သည်။ ထိုငယ်ရွယ်သောမိန်းကလေးတွင် လူနာနဲ့ရသော ၃နှစ်အရွယ်သားလေးတစ်ယောက်ရှိသည်။ ဆိုရသော်ထိုမိသားစုတွင် မိသားစုဝင်လေးယောက်သာရှိသည်။
အမယ်အိုကြီးသည် အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်၍ ဆန်ပြာနေသည်။ ချွေးမဖြစ်သူကား ကလေးကိုကျော၌ပိုးကာ နာတာရှည်လူနာကိုပြုစုနေသည်။

” ကိုကြီး….ဆေးသောက်ချိန်ရောက်ပြီထ….”

” မေလေးရယ်…ကိုကြီးအဲဒီဆေးကိုမသောက်ချင်ဘူး…အဲဒီဆေးသောက်ပြီးရင် အားပြတ်ပြီးစိတ်တွေရှုပ်ထွေးသလိုဖြစ်နေလို့ပါ….”

” အိုတော်…ကျွန်မအမေကရှင်သောက်ဖို့ အထူးဖော်စပ်ထားပေးတာကိုရှင်က စေတနာကိုစော်ကားတာလား…”

” မဟုတ်ပါဘူးမေလေးရာ…ကိုကြီးတကယ်မသောက်ချင်လို့ပါ….”

” ရှင်မသောက်လို့မရဘူး….ဒီတိုင်းနာတာရှည်ရောဂါဖြစ်နေတာ….ရှင်ဆေးမသောက်ရင်ဘယ်လိုလုပ်မြန်မြန်ပြန်ကောင်းလာပါ့မလဲ….”

” ကဲပါကြာ…မေလေးသဘော…”

လူနာမှာဇနီးဖြစ်သူ၏ စကားကိုမလွန်ဆန်နိူင်သည့်အဆုံး ထိုမဲညစ်နေသောဆေးရည်အား မျက်လုံးမှိတ်ကာအောင့်သောက်လိုက်ရသည်။

” ကဲကျေနပ်ပြီလား….ဆေးသောက်ပြီးပြီဆိုတော့ကိုကြီးအိပ်ဦးမယ်….”

” အိပ်ပါရှင့်အိပ်ပါ…တကထဲ သေကိုမသေနိုင်ဘူး….”

ထိုစကားကိုကား မခင်မေ၏စိတ်ထဲမှစကားလုံးများသာ။ မခင်မေသည် ယောကျာ်းဖြစ်သူကိုဆေးတိုက်ပြီးအောက်ထပ်သို့ဆင်းလာ၏။ ကွပ်ပျစ်တွင်ထိုင်နေသောအမယ်အိုက ချွေးမဖြစ်သူဆင်းလာသည်ကိုမြင်လျှင်

” သမီးခင်မေ…ဒီကိုလာဦး…”

” ဟုတ်မေကြီး….”

” အင်း..သမီးယောကျာ်းအခြေနေကလည်း တိုးတက်မလာဘူးကော…ဒီတိုင်းဆိုသမီးလည်းသမီးယောကျာ်းရဲ့ဝေယာဝစ္စကိုလုပ်နေရတော့ ပင်ပန်းနေရောပေါ့….ဒီတော့သမီးယောကျာ်းကို အထက်ဆရာတွေပင့်ပြီးကုကြည့်မလားလို့ပါ….”

” အို!အမေရယ်….ကိုကြီးကနာလန်ထူနေပါပြီ….သမီးအမေဖော်စပ်ပေးတဲ့ဆေးလည်း ကိုကြီးနဲ့တည့်နေပါတယ်….အထက်ဆရာတွေဘာတွေမလိုပါဘူးအမေရယ်…”

” သမီးအမေဖော်ပေးတဲ့ဆေးလည်းတိုက်ပေါ့အေ….အထက်ဆရာပါပြကြည့်တော့ ပိုပြီးမြန်မြန်နေမကောင်းသွားပေဘူးလား….”

” ဟုတ်တော့ဟုတ်တာပေါ့အမေရယ်…ဒါပေမဲ့ဆရာတိုင်းကလည်း ယုံစားလို့ရတာမဟုတ်ဘူး…တော်ကြာကုဆရာမဟုတ်ဘဲ ချူဆရာနဲ့တွေ့နေမှစုထားသမျှပြောင်နေပါဦးမယ်ရှင့်….”

” အဲဆိုလည်း ညည်းသဘောပါအေ…ငါကညည်းကိုမကြည့်ရက်လို့….”

” မဟုတ်တာအမေရယ်…ကျုပ်ယူထားတဲ့ယောကျာ်းဘဲကိုကျုပ်ကိုယ်တိုင်ပြုစုရမှာပေါ့အေ….”

မခင်မေ၏စကားကြောင့် အမယ်အိုကြီးလည်း ဘာမှမပြောတော့ဘဲ ပြာလက်စဆန်ကိုသာဆက်ပြာနေလိုက်၏။

” အဟွတ်…အဟွတ်….”

” အား….ဗိုက်အောင့်လိုက်တာကွာ….သေတော့မှာဘဲ…ကျွတ်ကျွတ်….”

ကိုအောင်မိုးတစ်ယောက်ဗိုက်ကိုနှိပ်ကာ ညည်းညူနေရှာ၏။

” ရှင်ဘာဖြစ်တာလဲ….”

” မသိပါဘူးမေလေးရယ်….ဗိုက်ကအရမ်းအောင့်လာနေလို့….”

” ဖြစ်မှာပေါ့ရှင်… ကိုကြီးကအစာဝင်အောင်မှမစားတာ အစာအိမ်နာပြီပေါ့….”

” ခုနာတာအစာအိမ်နာတာနဲ့မတူဘူးမေလေးရာ….အူကိုတစ်ယောက်ယောက်ကဆွဲထုတ်နေသလိုနာတာ….”

” ပေါက်ကရတွေရှင်… ဗိုက်ထဲကအူကိုဘယ်သူက ဆွဲထုတ်မှာလည်း ကဲဗိုက်အောင့်နေတယ်ဆိုလည်း အမေဖော်ပေးတဲ့ဆေးကိုသောက်လိုက်….”

ဆိုပြီး ပုလင်းထဲမှအမဲရောင်ဆေးရည်ကို ယောကျာ်းဖြစ်သူအားတိုက်လိုက်၏။

” အား….သေပါပြီဗျာ…အောင့်လိုက်တာ….အေမ….အမေရယ်သားကိုကယ်ပါဦးဗျ….သားအူတွေနူတ်ခံနေရသလိုဘဲ….”

အိပ်ယာထက်မှ လူးလွန့်နေသောကိုအောင်မိုးကိုကြည့်ပြီး မခင်မေအပြုံးတစ်ပွင့်ကိုချွေလိုက်၏။ အမယ်အိုကြီးကား သားဖြစ်သူ၏ ဖြစ်အင်ကိုကြည့်ကာ တွေးမရအောင်ဖြစ်နေ၏။

” သားရယ်…ဘယ်လိုဖြစ်တာရတာလဲ…သားဆေးလည်းသောက်ပြီးပြီမလား….မသက်သာလာဘူးကော….”

” သား…သားသောက်ပြီးပါပြီအမေရယ်…ဒါပေမဲ့မသက်သာဘူး သားအူတွေအသဲတွေအနူတ်ခံနေရသလိုဘဲ….”

” ဆေးရုံသွားကြမလားသား….အူအတက်ပေါက်တာလား…ဘာလားသေချာသိရအောင်….”

သို့ဖြင့်လှည်းကိုစီစဉ်ကာ ကိုအောင်မိုးအားဆေးရုံသို့ပို့လိုက်၏။ ဆေးရုံသို့ရောက်သော်လည်း ကိုအောင်မိုး၏ရောဂါမှာအဖြေရှာမတွေ့ချေ။ ပို၍သေချာအောင်ဓာတ်မှန်ရိုက်ကြည့်သော်လည်း ဘာရောဂါတစ်ခုမှမတွေ့သောကြောင့် အမယ်ကြီးစိတ်ညစ်ရချေပြီ။ သို့ကြောင့်ဆေးရုံ၌နှစ်ရက်သာနေပြီး နေပြီးပြန်လာခဲ့၏။

သာယာသောမနက်ခင်းတစ်ခုတွင် အမယ်အိုကြီးသည် ဆွမ်းချိုင့်ကိုဆွဲပြီး ရွာဦးကျောင်းသို့လာခဲ့၏။ ဆွမ်းချိုင့်လှယ်ပြီးအမယ်အိုကြီးက ကျောင်းပေါ်သို့တက်ပြီး ဆရာတော်ကိုဝတ်ဖြည့်လိုက်၏။ ဆရာတော်၏ဘေးတွင် ဝတ်ဖြူစင်ကြယ်ဝတ် လူငယ်နှစ်ဦးကထိုင်နေ၏။ အမယ်အိုကြီးမှာ ဆရာတော်ကိုဝတ်ဖြည့်ပြီး

” နေကောင်းပါစဘုရား….”

” ကောင်းပါတယ်ဒကာမကြီး…ဒကာမကြီးရော ကျန်းမာရေးကောင်းသလား….”

” ကောင်းတယ်လို့လဲမဟုတ်ပါဘူးဘုရား…အသက်လည်းရလာပြီဆိုတော့ ရောဂါလည်းတမျိုးပြီးတစ်မျိုး ဝင်နေတော့တာပါဘဲဘုရား….”

” အေးကွယ်…အနိစ္စ၊ဒုက္ခသဘောတွေပေါ့ဒကာမကြီးရေ…ဒါနဲ့ဒကာမကြီးရဲ့မိသားစုတွေရော နေကောင်းကျန်းမာကြရဲ့လားကွဲ့….”

” တပည့်တော်မရဲ့သားက နေမကောင်းပါဘူးဘုရား….သားနေမကောင်းတာကြာပါပြီ ရောဂါမယ်မယ်ရရလည်း ရှာမတွေ့ပါဘူးဘုရား….”

” ဆေးခန်းတွေဆေးရုံတွေသွားမပြကြည့်ဘူးလားဒကာမကြီး….”

” ပြပါရဲ့ဘုရား…ဒါပေမဲ့ဘာရောဂါမှရှာမတွေ့ပါဘူးဘုရား…အဲဒါကြောင့်တပည့်တော်မလည်း သားစိတ်ကြောင့်သောကဝေနေရပါတယ်ဘုရား….”

” လောကီဆရာတွေနဲ့မပြကြည့်ဘူးလားဒကာမကြီး….”

” ချွေးမလေးက အလိမ်အညာဆရာတွေနဲ့တွေ့မှာစိုးလို့ဆိုပြီးပြောတော့ တပည့်တော်မလည်းမပင့်မိဘူးဘုရား….”

” ဒကာမကြီးစိတ်မရှိရင် ဆရာတော့ကျောင်းမှာတည်းနေတဲ့ ဟောဒီကဒကာဆရာလေးတွေနဲ့မိတ်ဆက်ပေးပါရစေ….”

ဟုပြောပြီးဆရာတော်ကိုယ်တိုင်မောင်ရေခဲတို့နှင့်မိတ်ဆက်ပေး၏။

” အရှင်ဘုရားကိုယ်တိုင် မိတ်ဆက်ပေးရင်တော့ တပည့်တော်မယုံကြည်ပါတယ်ဘုရား….ဒီဆရာလေးတွေကိုတပည့်တော်မအားကိုးလိုက်မယ်….”

” အေမ…အမေ့ရဲ့သားကဘယ်လိုမျိုးခံစားနေရလို့လဲ ကျွန်တော်တို့ကိုအစအနလေးပြောပြပါဦး….”

” မပြောတတ်ပါဘူးသားရယ်….အမြဲတမ်းဗိုက်အောင့်တယ်ပြောပြီး ညည်းညူနေတာပါဘဲ….ဆေးတွေလည်းတိုက်တာစုံနေပါပြီ
မသက်သာလာပါဘူးအေ….”

” ဒါဆိုကျွန်တော်တို့ အမေ့အိမ်ကိုလိုက်ပြီး စစ်ဆေးပေးကြည့်မယ်လေ….”

” ကျေးဇူးပါသားတို့ရယ်….သားတို့လိုက်ခဲ့ပေးလို့အတိုင်းထက်အလွန်ဝမ်းသာမိပါတယ်….တပည့်တော်မကိုခွင့်ပြုပါဦးဘုရား…..”

” အေးအေးဒကာမကြီး…ဖြေးဖြေးပြန်ဦးကွယ့်…..”

အမယ်အိုကြီးလည်း ဆရာတော်ဘုရားကိုဝတ်ပြုပြီး မောင်ရေခဲတို့ကိုခေါ်ကာ နေအိမ်သို့ပြန်လာခဲ့၏။

” သမီး…သမီးခင်မေ….ဧည့်သည်တွေပါလာလို့ နေရာထိုင်ခင်းပြင်ထားကွဲ့… ”

အမယ်အိုကြီးက အိမ်ရှေ့ရောက်သည်နှင့် အထဲမှချွေးမဖြစ်သူကိုလှမ်းပြီး ပြောလိုက်၏။

” လာလာသားတို့ ဒါအမေ့အိမ်ဘဲ…အထဲဝင်လာခဲ့ကြ….”

” ဟုတ်အမေ….”

အမယ်အိုကခြံဝန်းထဲသို့ဦးစွာဝင်သွား၏။

” မဝင်သေးနဲ့ဦး ထင်ပေါ်…. ဒီအိမ်ပတ်ပတ်လည်မှာအားပြင်းတဲ့စက်တွေဖြန့်ထားတယ်…..အဲဒါတွေအရင်ဖျက်ဆီးပစ်ရမယ်….”

ဟုပြောပြီး စက်ဖြတ်အင်းဖြင့် ကာထားသောစက်များကိုဖြတ်ပစ်လိုက်၏။ ဖြောင်းဖြောင်းဖြောင်းဟူသောအသံနှင့်အတူ ကာထားသောစက်များအားလုံးအပိုင်းပိုင်းပြတ်ထွက်ကုန်၏။

” သားတို့အထဲဝင်လာကြလေကွယ်….”

အမယ်အိုကြီးနောက်ထပ်တစ်ခါခေါ်မှ မောင်ရေခဲတို့ဆရာတပည့်လည်း အိမ်ဝန်းထဲသို့ဝင်သွားခဲ့၏။

” လာထိုင်သားတို့….ဒါကအမေ့ချွေးမ မခင်မေတဲ့….ဟောဟိုအိပ်ယာထဲမှလှဲနေတဲ့သူက အမေ့သားပေါ့….”

” ဟုတ်အမေ…”

” အမေကလည်း ဘယ်ကဧည့်သည်တွေကိုခေါ်လာတာလဲ….အိမ်မှာလည်းနာတာရှည်လူနာကြောင့် အငွေ့အသက်တွေမကောင်းတာသိသားနဲ့..ဧည့်သည်တွေကိုအားနာစရာ…”

” သူတို့ကညည်းယောကျာ်းကို ဆေးကုပေးမဲ့ဆရာဟဲ့….”

” အို! အမေကလည်း ကိုအောင်မိုးကသူ့ဘာသူနာတာရှည်ဖြစ်နေတာ ဒီဆရာတွေကဘယ်လိုလုပ်ကုပေးမှာလဲ….”

အမယ်အိုကြီးနှင့် ချွေးမဖြစ်သူတို့စကားအချေအတင်ပြောနေကြသဖြင့်မောင်ရေခဲတို့ အေနရခက်သြား၏။ ချွေးမဖြစ်သူမှာ မောင်ရေခဲကိုသိပ်အလိုရှိပုံမရချေ။

” ကဲသားတို့ရေ…အမေ့သားရဲ့ရောဂါကိုသာပျောက်အောင်ကုပေးကြပါ…အမေ့သားရဲ့အသက်လောက် ဘယ်အရာမှတန်ဖိုးမရှိဘူး…အမေ့သားကိုခံစားနေရတဲ့ဝေဒနာတွေပျောက်အောင်ကုသပေးပါကွယ်….”

” ကျွန်တော်တို့်တတ်စွမ်းသလောက်ကုသပေးပါ့မယ်အမေ….လူနာကိုကျွန်တော့ရှေ့ခေါ်ခဲ့ပေးပါ….”

မောင်ရေခဲထိုသို့ပြောလိုက်သော် အမယ်အိုကြီးသည် သားဖြစ်သူအား တွဲခေါ်ကာမောင်ရေခဲရှေ့သို့ထိုင်ခိုင်းလိုက်၏။
လူနာမှာမျက်တွင်းနှစ်ဖက်လုံးညိုနေပြီး အပင်းမိထားသောလက္ခဏာမျိုးတွေ့နေရ၏။

” ကဲအစ်ကိုကြီး ဘုရားကိုအာရုံပြုထား…”

” အေမ…အမေ့သားကဘာနေ့သားလည်း…”

” ကြာသပတေးသားပါ…”

” ဒါဆို ဒီကြာသပတေးသားရဲ့အသက်ကို ကျွန်တော့်လက်အပ်ပါသလားအမေ….”

” အပ်ပါတယ်သားရယ်…သားအစ်ကို့ရဲ့ရောဂါကိုသာပျောက်ကင်းအောင်ကုသပေးပါ….”

မောင်ရေခဲက သုံးကြိမ်သုံးခါတိုင်အောင် အသက်အပ်ခိုင်းပြီး လုပ်စရာရှိသည်များလုပ်ရန်စတင်လိုက်၏။

” အေမ…သောက်ရေမရှိလို့ သမီးရေသွားခပ်လိုက်ဦးမယ်….”

” နောက်မှခပ်ပါလားသမီး….ဒီမှာဧည့်သည်တွေအဖို့ ချက်ပြုတ်ပေးရမှာလေ…”

” ရေမှမရှိဘဲအမေရဲ့..သောက်ရေကအရေးကြီးတယ်… ”

မခင်မေကထိုသို့ပြောပြီး သားငယ်ကိုကျော၌ပိုးကာ ရေအိုးကိုလက်ကဆွဲပြီး ရေခပ်ရန်ထွက်သွားလေ၏။ မခင်မေ၏မျက်နှာမှာလည်း ဒေါသအရိပ်အယောင်များဖုံးလွှမ်းနေ၏။

မောင်ရေခဲက ဘုရားဝတ်ပြုပြီး အထက်ဆရာများကိုကုသခွင့်တောင်းလိုက်၏။ ပြီးသော် လူနာအားပေရာဂ ရှိမရှိစစ်ဆေးကြည့်ရာ လူနာကိုအပင်းတိုက်ထားသည်ကိုတွေ့လိုက်ရ၏။

” အစ်ကိုဒီရက်ပိုင်း ဘာတွေစားသေးလဲ…ဆေးဒါမှမဟုတ်အစားအသောက်တစ်ခုခုပေါ့….”

” အင်းပြောရရင်တော့ ကျွန်တော်ဘာမှအစားမဝင်ဘူး…ဒါပေမဲ့ ယောက္ခကဖော်ကေးလိုက်တဲ့ဆေးကိုတော့အမြဲသောက်ဖြစ်တယ်…”

” ဟုတ်လားဘာဆေးတွေလဲ….”

” မသိပါဘူး…အမဲရောင်ဆေးရည်ပါ…”

” အဲဒီဆေးသောက်ပြီး အစ်ကိုဘယ်လိုတွေခံစားရသေးလဲ…မူးဝေအော့အန်တာတာတို့ဖြစ်သလား….”

” စိတ်တွေအရမ်းရှုပ်ထွေးလာတာ….ပြီးတော့လူ့ဘဝမှာမနေချင်တော့ဘဲ သေချင်နေတာမျိုးတွေဖြစ်တတ်တယ်…”

” ဒါဆိုရင်အစ်ကိုကစိတ်ရှုပ်ထွေးပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်အောင် စိတ်ကိုစေခိုင်းတဲ့ပုဂ္ဂိုလ်ရှိနေတယ်….”

” အစ်ကို့ကိုကယ်ပါညီလေး အစ်ကိုမသေချင်သေးဘူး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေချင်သေးတယ်….”

” ဟုတ်ပြီအစ်ကို….အစ်ကို့အသက်ကိုကျွန်တော့်ဆီအပ်ထားပြီဘဲ အစ်ကို့အသက်ကျွန်တော်ပိုင်တယ်….အစ်ကို့ကိုရအောင်ကယ်မယ်…အစ်ကို့စိတ်တွေတင်းမထားဘဲတတ်နိူင်သလောက်လျှော့ထားပေးပါ….”

မောင်ရေခဲကထိုသို့ပြောပြီး အထက်ပုဂ္ဂိုလ်များအားတိုင်တည်ကာ

” အထက်ပုဂ္ဂိုလ်ကြီးများ၏အမိန့်အာဏာဖြင့် ဤကြာသပတေးသားအား စတင်ကုသပေးမည်….သို့ကြောင့်ဤကြာသပတေးသားအား ပြုစားနှောင့်ယှက်နေသူသည် ကျွန်ုပ်၏ရှေ့သို့မကြာချင်ချင်းရောက်လာစေ…ပုန်းခြင်းကွယ်ခြင်းမရှိစေရ….အထက်ဆရာကြီးများ၏အာဏာ ကျွနု်ပ်၏အမိန့်…..”

မောင်ရေခဲ၏ တည်ကြည်ပြတ်သားပြီး ဋ္ဌာန်ဂရိုဏ်းကျလှသော အမိန့်သံကြောင့် ပြုစားသူသည် အမိန့်ပြန်ပြီးမကြာမှီပင် မောင်ရေခဲရှေ့ရောက်လာခဲ့၏။

” ဟင်းဟင်း…အမိန့်ပြင်းလို့သာလာရတာ….လူကကြည့်လိုက်မှဖြင့် နှပ်ချေးစားအရွယ်ဘဲရှိသေးပါလား…ဟင်းဟင်း….”

” သင်ရောက်လာပြီလား…ရောက်ရင်ဘုရားကိုဦးချလိုက်….”

” အိုတော်…ရုပ်ကလေးနဲ့မလိုက်မကိုက် အသည်းမာပုံများ….ငါ့ကိုအမိန့်ပေးနေတာမသိရင်သူ့လက်အောက်ငယ်သားကျနေတာဘဲဟင်းဟင်း….”

” ကျွန်ုပ်အကောင်းပြောနေတုန်း သင်နာခံပါ….သည်းခံမှုကအတိုင်းအတာတစ်ခုထိဘဲရှိပါတယ်….”

” ရှင်ခိုင်းတိုင်းမလုပ်နိူင်ပါဘူးအေ….ဘယ်နှယ့်ကိုယ့်ထက်ကြီးသူကိုမရိုမသေဆက်ဆံနေတာ ဧကန္တ ဆုံးမမဲ့သူမရှိလို့ထင်တယ်….”

” နောက်ဆုံးတစ်ခါပြောမယ်….ဘုရားကိုဦးချလိုက်ပါ….”

” နှပ်ချေးစားလေးရဲ့ပညာဘယ်လောက်သွမ်းလဲသိရအောင်….ကဲငါဦးမချဘူးဒီတော့ဘာဖြစ်လဲ….”

” ရတယ်လေ စိန်ခေါ်ရင်တိမ်ပေါ်တက်ရတာပေါ့ ကဲကြိုးပိုင်ကြီး သူ့ကိုလက်ပြန်ကြိုးအထပ်ထပ်တုတ်ထားလိုက်စမ်း….ငါမဖြေခိုင်းမချင်းမဖြေပေးနဲ့….တုတ်စမ်း….ဆင်ပိုင်ကြီးကဆင်နဲ့နင်းချလိုက်စမ်း….သူဘုရားမရှိခိုးမချင်း နင်းတာမရပ်နဲ့…..”

မောင်ရေခဲက ထိုသို့အမိန့်ပေးလိုက်သည်နှင့် လူနာ၏လက်နှစ်ဖက်မှာအနောက်သို့ပစ်လျက်ပူးကပ်လျက်သားဖြစ်နေတော့၏။
ထို့နောက်ဒူးထောက်လျက်သားဖြင့်ပင် မျက်နှာကို ကြမ်းပေါ်အပ်ပြီး နဖူးဖြင့်ကြမ်းပြင်ကိုတဒုန်းဒုန်းဆောင့်နေတော့၏။

” ဒုန်း….ဒုန်း….ဒုန်း….”

” အား…သေပါပြီဟဲ့….ငါ့ကျောရိုးကျိုးပြီ…ငါ့နဖူးလည်းရှစ်စိတ်ကွဲတော့မှာဟဲ့….”

ဘေးမှကြည့်နေသော အမယ်အိုကြီးမှာသားဖြစ်သူ၏နဖူးမှသွေးများအလိမ်းလိမ်းကျနေသည်ကိုကြည့်ပြီး သနားနေ၏။

” လျှော့ပေးလိုက်ပါလားသားရယ်…မဟုတ်ရင်အမေ့သားသေသွားလိမ့်မယ်….”

” စိတ်ချအမေ့သားမဲှ့တစ်ပေါက်မစွန်းစေရဘူး….ခုအမေမြင်နေတာအမှန်တိုင်းမဟုတ်ဘူး….အမေ့သားရဲ့ခန္ဓာထဲမှာတစ်ခြားသူရောက်နေတယ်….”

မောင်ထင်ပေါ်ကထိုသို့ရှင်းပြလိုက်မှအမယ်အိုကြီးခဗျာ စိတ်ကိုဖြေသာနိူင်သွားတော့၏။

” တော်ပါတော့ဟယ်….ငါဘုရားဦးချပါ့မယ်….ငါ့နဖူးကွဲကြေနေပြီ….”

” ဆင်ပိုင်ကြီးရောကြိုးပိုင်ကြီးပါရပ်လိုက်…ကြိုးပိုင်ကြီးကသူ့လက်မှာချည်ထားတဲ့ကြိုးတွေဖြေပေးလိုက်…သူကိုယ်တိုင်မြတ်ဘုရားကိုစိတ်ပါလက်ပါဦးချနေစေ….”

မောင်ရေခဲထိုသို့ပြောလိုက်မှ လူနာ၏လက်မှာအရှေ့သို့ပြန်ရောက်လာပြီး လက်အုပ်ချီမိုးကာ မြတ်ဘုရားကိုရှိခိုးလိုက်၏။

” ကဲပြော….သင်ဘာလို့ဒီကြာသပတေးသားကိုပြုစားနှောင့်ယှက်နေရတာလဲ….”

” ဟင်း…စောက်မြင်ကပ်လို့ဟေ့…စောက်မြင်ကပ်လို့ဟုတ်ပြီလား….”

” မနာလိုဝန္တိုစိတ္က တပါးသူကိုမလောင်ကျွမ်းခင် ကိုယ့်ကိုအရင်ပူလောင်စေတယ်ဆိုတာ သင်မသိလေရော့သလား….”

” သိတယ်ဟေ့သိတယ်…သိတာမှဟိုးဖက်ကိုလွန်နေတာ….ဒီကောင်ကိုငါစောက်မြင်ကပ်လွန်းလို့ကို တမင်ပြုစားထားတာ မင်းလိုကလေးနှပ်ချေးသာရောက်မလာခဲ့ရင် ငါ့ကိစ္စပြီးပြတ်နေပြီ….”

” မကောင်းတာလုပ်တာကို ငါကတားရမွာဘဲ…ကဲ..သင်လုပ်ထားတာတွေပြန်ယူတော့….တစ်ခုမှမကျန်စေနဲ့….”

” ပြန်ယူရအောင်ငါကအရူးလား…သေတောင်ပြန်မယူနိူင်ဘူးအေ….ရှင်းလား….”

” ထပ်ပြီးအသားအနာခံချင်နေတာလား…. ခုချက်ချင်း သင်လုပ်ထားတာတွေအကုန်ပြန်ယူလိုက်….”

” မယူဘူးပြောနေတယ်နားမလည်ဘူးလား…မ…ယူ…ဘူး….”

ပညာသည်ကမာန်တက်ပြီး မောင်ရေခဲအားကက်ကက်လန်အောင်ပြန်ခံပြော၏။

” အေးလေရတယ်…ပြန်မယူနဲ့…ကဲကြိမ်ပိုင်ကြီး သူ့ကျောပြင်ကိုကြိမ်ဒဏ်အချက်တစ်ထောင်ချီးမြှင့်လိုက်စမ်း…ငါမရပ်ခိုင်းမချင်းမရပ်နဲ့ မသေစေနဲ့…..”

” ရွှိး….ရွှီး….ဖြန်း….ဖြန်း….ဖြန်း….”

မမြင်ရသောကြိမ်ဒဏ်မှာ လူနာ၏ကျောပေါ်သို့်အဆက်မပြတ် က်လာ၏။

” အား….သေပါပြီတော်….သေပါပြီ….အား……”

ပြုစားသူမှာကျောကော့နေအောင်ခံနေရပြီး
ကျောပြင်မှာလည်းအရှိုးရာများပေါ်လာကာ သွေးများစို့ထွက်လာ၏။ အမယ်အိုကြီးကား မကြည့်ရက်တော့သဖြင့် မျက်လုံးနှစ်ဖက်ကို လက်ဖြင့်အုပ်ထားလိုက်၏။ အချက်များစွာသော ကြိမ်ဒဏ်တို့က ထိုသူ၏ကျောပေါ်သို့အဆက်မပြတ်ကျလာလေရာ လူနာမှာကြမ်းပေါ်သို့ တီကောင်ဆားပက်သည့်နှယ် လူးလွန့်နေတော့၏။

” ကဲ…သင်လုပ်ထားတာတွေပြန်ယူရင် အသက်ကိုချမ်းသာပေးမယ် ဘယ္လိုလဲ…”

” မ…မယူ….ပြန်…မယူနိူင်ဘူး….”

” ရွှီး…ရွှီး….”

” ဖြန်း…ဖြန်း…ဖြန်း….”

ကျောပြင်မှာကြိမ်ဒဏ်ကြောင့်သွေးချင်းချင်းနီနေချေပြီ။ မောင်ရေခဲကကြည့်ပြီး အသသက်အသေခံမည့်ပုံပေါ်နေသဖြင့် ကြိမ်ပိုင်ကိုရပ်ခိုင်းလိုက်တော့၏။

” သင့်အသက်ကိုငါနှမြောလို့ ဒီလောက်နဲ့ဘဲရပ်လိုက်မယ်…ကဲပြောသင်လုပ်ထားတာတွေပြန်ယူမှာလား မယူဘူးလား….”

” မယူနိူင်ဘူး…”

” ရတယ်လေ…ကဲ..ကျောပြင်ကကြိမ်ဒဏ်ကို ဆိုင်ရာက ဆားသိပ်လိုက်စမ်း… မသေစေနဲ့….”

” အား….စပ်တယ်…စပ်တယ်….သေရတော့မယ်….ပြန်ယူပါတော့မယ်….”

ဟုပြောပြီး ထွေးအင်ကိုယူခိုင်းကာ ထွေးအင်ထဲသို့မည်းညစ်နေသောအရည်များတရစပ်အန်ချလိုက်၏။

” အော့…ဝေါ့….”

မကြာမီမှာပင် ထွေးအင်ထဲ၌ညိုညစ်ညစ်အရည်များဖြင့်ပြည့်သွား၏။

” ကုန်ပြီလား….လုပ်ထားတာတွေ….”

” ကုန်ပြီ… ”

” မညာနဲ့နော် ငါစစ်လို့ထပ်တွေ့ရင် ဒီ့ထက်နာမယ်မှတ်….”

” တကယ်ကုန်ပါပြီ….မညာရဲဘူး…”

မောင်ရေခဲကထပ်စစ်ကြည့်လိုက်ရာ အပင်းထည့်ထားသောအရည်များကုန်သွားပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။ သို့သော် အူထဲမှအပင်းတချို့အားတွေ့လိုက်ရ၏။

” ပြောတော့ကုန်ပြီဆို အူထဲမှာပညာအချို့ငါမြင်နေသေးတယ်…အကုန်ထုတ်စမ်း…”

” အဲဒါငါလုပ္တာမဟုတ္ဘူး…ငါနဲ့မဆိုင်ဘူး….”

” ဒါဆိုပြီးရော….သင့်ကိုတော့ဒီတိုင်းပြန်မလွတ်နိုင်ဘူး….သစ္စာရေသောက်ပြီးမှပြန်ရမယ်…မဟုတ်ရင်သင်တခြားလူတွေကိုပြုစားနှောင့်ယှက်နေဦးမှာ….”

ထိုသို့ပြောပြီး မောင်ရေခဲလည်းသောက်တော်ရေဖြင့် သစ္စာဆိုပြီးတိုက်လိုက်၏။ ဂတိသစ္စာမတည်ခဲ့ပါက သွေးပွက်ပွက်အန်ပြီးမရှုမလှသေဆုံးရမည်ဟူသောအချက်ပါ ထည့်သွင်းဆိုသဖြင့် နောက်နောင်တွင်တပါးသူအား ထပ်မံပြုစားဝံ့မည်မဟုတ်တော့ချေ။ ပြုစားသူကဘုရားဦးချပြီး ထွက်သွားသော်လူနာမှာမေ့လဲကျသွား၏။ မောင်ရေခဲလည်းရေစင်ဖြင့်တောက်ကာ သတိရစေလိုက်၏။

ထိုအချိန်ရွာထဲမှမိန်းမကြီးတစ်ယောက်သည် ထဘီစွန်တောင်ဆွဲပြီး ခြေဆောင့်ကာအမယ်အိုကြီး၏အိမ်ပေါ်သို့ရောက်လာခဲ့၏။

” တောက်! ဟင်းဟင်း…ကိုယ့်နေရာကိုမနေဘဲ ငါ့ကိစ္စလာရှုပ်တဲ့ကောင်တွေ ဒီအိမ်ထဲက အသက်ရှင်လျက် မထွက်သွားစေရဘူးမှတ်….”

အိမ်ပေါ်ရောက်သည်နှင့် မောင်ရေခဲရှေ့ရပ်ကာခါးထောက်ပြီး ထိုသို့ပြော၏။ ထိုမိန်းမကြီး၏မျက်နှာအမူအရာမျာလည်း အလွန်အမင်းဒေါသထွက်နေဟန်ရှိ၏။

” သင်ဘာဖြစ်တာလဲ…ပြောစရာရှိအေးဆေးပြောပါ….”

” တောက်! ကလေကချေကောင်ကများ ငါ့ကိုလာအမိန့်ပေးလို့အေ….ဟင်းဟင်းဟင်း….”

” ထိုင်ပြီးအေးဆေးပြောပါ…သင်နဲ့ရန်ငြိုးရန်စမရှိဘူးထင်တာဘဲ …”

” အေး…မနေ့ကထိငါမင်းနဲ့ရန်စမရှိဘူး…ဒီနေ့ကစပြီးတော့နင်နဲ့ငါမဟာရန်သူကြီးဖြစ်သွားပြီ ခုချက်ချင်း ဒီအိမ်ကနေထွက်သွားစမ်း….”

မောင်ရေခဲက ပညာအမြင်ဖြင့်ကြည့်လိုက်ရာ ယခုပုဂ္ဂိုလ်မှာ ကာယကံရှင်လူနာနဲ့လူမှုရေးအရပတ်သက်နေသည်ကိုတွေ့လိုက်ရ၏။

” ဪ…ဘယ်သူများလဲမှတ်တယ်…ငါမခေါ်ဘဲရောက်လာတော့ငါအခေါ်ရလွတ်တာပေါ့…ကဲထိုင်ပြီးဘုရားဦးချလိုက်စမ်း….”

” ဟင်း…မင်းကများငါ့ကို အမိန့်ပေးနေသေးတယ်….ငါကလိုက်နာမယ်ထင်နေတာလား…ဝေးသေး….”

” ရတယ်လေ…သင်ထိုင်ချင်လာအောင်လုပ်ပေးရတာပေါ့….”

ဆိုပြီးဂါထာတစ်ပုဒ်ရွတ်လိုက်ရာ ထိုမိန်းမ၏ခေါင်းပေါ်၌များအစင်းပေါင်းတစ်သောင်းက သူမကိုချိန်ရွယ်ထားသည်ကိုတွေ့လိုက်ရ၏။

” ဟင်း…နင်လည်းပညာမခေပါလား…ဒါပေမဲ့ငါကြောက်မယ်မထင်နဲ့….နင်တို့လိုဆရာဆိုတဲ့သူတွေကအသက်အရွယ်ရမှပညာလက်ဆင့်ကမ်းသင်ယူရတာ…ငါတို့ကဆူးမျိုးတွေ…ဆူးဆိုတဲ့အမျိုးက အပင်ပေါက်တဲ့အချိန်ကရင်း ဆူးပါလာပြီးသား…ဒါကိုနင်သိဖို့ကောင်းတယ်…ဟင်းဟင်း…..”

” သင်ပြောတာမှန်တယ်..ငါတို့ကအသက်အရွယ်ရမှပညာသင်ယူလာရတာ…ဒါပေမဲ့ငါတို့က သင်တို့လိုဆူးပင်တွေကိုရှင်းဖို့လာခဲ့တာ….”

” ဟားဟားဟား…စကားကိုမိန်းမလိုမိန်းမရပြောတတ်သားဘဲ….နင့်ကိုတော့ငါမလေးစားဘဲမနေနိူင်ဘူး….အသက်မသေချင်ရင်ခုချက်ချင်းဒီအိမ်ကနေထွက်သွားစမ်း….”

” ငါ့ကိုဒီအိမ်ကနေထွက်သွားအောင်လုပ်နိုင်ရင်လုပ်….ငါ့ဘာသာတော့ဒီတိုင်းထွက်မသွားနိုင်ဘူး….”

” ရတယ်လေ ရှင်နေနိုင်ရင်နေပေါ့….ရော့ငါ့ရဲ့မီးစက် နင်ခံနိူင်ရင်ခံစမ်း….”

ဆိုပြီးဘယ်လက်ဖြင့်ရမ်းထုတ်လိုက်ရာ မောင်ရေခဲရှေ့သို့ဧရာမမီးလုံးကြီး ရောက်ချလာ၏။ သို့သော်သာမာန်လူတို့ကား ဘာမှမမြင်ရချေ။ မောင်ရေခဲလည်းထိုမီးလုံးအား တန်ပြန်စမဖြင့်ပစ်လိုက်ရာ မီးလုံးသည်မိန်းမကြီး၏ပါးစပ်ထဲသို့ပြန်ဝင်သွားပြီး မောင်ရေခဲရှေ့ဒူးထောက်ကျသွား၏။ ထိုမီးမှာမိန်းမကြီး၏အူကိုတမြေ့မြေ့ကျွမ်းလောင်နေချေပြီ။

” သင့်အသက်ကိုငါကယ်နိူင်တယ်….သင်ဘာဖြစ်လို့ ဒီလိုလုပ်နေရတာလဲ…”

” ငါ့ပညာနဲ့ငါသေရင်သေရပါစေတော့….ဒါပေမဲ့ ငါ့ဒီမိသားစုကိုမေက်နပ္ဘူး….ငါ့လိုငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်က အသက်ကြီးတဲ့လူတစ်ယောက်ကို မချစ်ဘဲအောင့်ကာနမ်းဆိုသလို လက်ထပ်ယူခဲ့ရတယ်….သူအမေကြောင့်ငါလက်ထပ်ခဲ့ရတာ….ငါ့ဘဝကိုစေတးခံခဲ့ရတာ….ဒီတော့ငါပေးဆပ်ရတာနဲ့တန်အောင် သူတို့သားအမိကိုသတ်ပြီး ပိုင်ဆိုင်သမျှအရာအားလုံးငါယူမယ်….ပိုင်ဆိုင်သမျှတွေအကုန်မရလိုက်မှာစိုးလို့ ငါကသူ့ရင်သွေးတောင်ငါမလိုချင်ဘဲမွေးခဲ့ရတာ….”

ထိုစကားကြောင့်အိပ်ယာထက်လှဲနေသော ကိုအောင်မိုးမှာ ထိုမိန်းမကြီးအားဘယ်သူဖြစ်မှန်းသိလိုက်၏။ ထို့ကြောင့်အိပ်ယာမှထလာပြီး မောင်ရေခဲရှေ့လာထိုင်ကာ

” ဆရာ… ကျွန်တော့ကိုငဲ့ညှာပြီး သူမကိုကယ်ပေးပါ….သူ့အသက်ကိုကယ်ပေးပါ… ”

ဆိုပြီးမိန်းမကြီးအတွက်အသနားခံပေးနေ၏။

” ဟင်သား….ဘာလို့ဒီမိန်းမအတွက် အသနားခံနေရတာလဲ…သူကအမေတို့သားအမိကိုဒုက္ခပေးနေတဲ့သူလေ….”

” အေမ.. သူကသားအသက်တမျှချစ်ရတဲ့သူပါ….သားအသက်သေပင်သေပါစေတော့ သူ့အသက်ကိုသားရအောင်ကယ်ပေးမယ်….”

ထိုသို့ပြောပြီး မောင်ရေခဲအားရှိခိုးတောင်းပန်နေရှာ၏။

မိန်းမကြီးမှာသူ့ပညာသူတန်ပြန်ပြီး မီးလုံးကြီးမှာအူအသည်းကိုတမြေ့မြေ့လောင်ကျွမ်းနေချေပြီ။ မောင်ရေခဲကကိုအောင်မိုးကိုငဲ့ညှာပြီး

” ကဲအမိ…သင့်အသက်ကိုသနားသောအားဖြင့်ငါကယ်လိုက်မယ်….ဒီလူအပေါ်သင်လုပ်ထားတဲ့အရာတွေအကုန်ပြန်ယူသွားချေ….”

” မယူနိုင်ဘူး ….သူ့ကိုသေစေချင်လို့လုပ်တာ….သူသေကိုသေရမယ်…. ”

” မာနမထားပါနဲ့တော့ ဒီလူဟာသင်နဲ့ဘယ်လိုပတ်သင်လဲဆိုတာသင်ကိုယ်တိုင်အသိဘဲမလား…လင်မယားရယ်လိုဖြစ်လာပြီဘဲ ချစ်ချစ်မချစ်ချစ် ကြင်ကြင်နာနာပေါင်းကြရမယ်မဟုတ်လား….. ”

” ငါသူ့ကိုလုံးဝမချစ်ခဲ့ဘူး…ငါအမွေတွေလိုချင်လို့သာ လက်ထပ်ခဲ့ရတာ….ခုတော့နင့်ကြောင့်ငါအရာရာရှုံးခဲ့ရပြီ….ငါလုပ်ထားတာတွေငါအကုန်ပြန်ယူမယ်…ဒါပေမဲ့ဒီလူနဲ့ထပ်ပြီးမပေါင်းနိူင်တော့ဘူး…”

ဟုပြောပြီး ကိုအောင်မိုးအားဗိုက်နာဗိုက်အောင့်အောင်လုပ်ထားသည်များကိုပြန်ယူလိုက်၏။

” ဆရာ….ကျေးဇူးပြု၍သူ့ကိုကယ်တင်ပေးပါ….”

ကိုအောင်မိုးကထပ်မံတောင်းပန်နေသဖြင့် မောင်ရေခဲကရေစင်တစ်ခွက်ကိုတိုက်လိုက်၏။ ထိုအချိန်အူကိုလောင်ကျွမ်းနေသော မီးမှာငြိမ်းသွား၏။ ထို့အတူပညာဗူးမှာလည်း ပျက်စီးသွားခဲ့ချေပြီ။ မိန်းမကြီးသည် ကိစ္စပြီးသည်နှင့် အမယ်အိုကြီး၏အိမ်မှထွက်သွားခဲ့တော့သည်။ ရွာပြင်ရောက်မှ မိန်းမကြီး၏ခန္ဓာဆီမှခွာကာ မိခင်ရှိရာအရပ်သို့ပြန်ခဲ့လိုက်၏။ မိခင်ဖြစ်သူမှာလည်း ကြိမ်ဒဏ်ကြောင့်အိပ်ယာထဲတွင်လှဲနေရ၏။ ဘယ်သူမပြု မိမိမှုပင်တည်း။

” ကျေးဇူးပါသားတို့ရယ်….ဒီချွေးမအပေါ်သမီးအရင်းတစ်ယောက်လိုချစ်ခဲ့မိတာ….ကိုယ့်သားအပေါ်ဒီလိုလုပ်မယ်လို့ဘယ်ထင်ပါ့မလဲ….ခုတော့ကိုယ့်သားကိုဒုက္ခရောက်အောင်လုပ်တဲ့သူဟာ ကိုယ့်ချွေးမဖြစ်နေတယ်….အသားထဲကလောက်ထွက်ဆိုသလိုပေါ့ကွယ်….သူ့ကိုသားနဲ့ပေးစားခဲ့မိတာအမေ့အမှားပေါ့ကွယ်…”

” သားသူ့ကိုခွင့်လွတ်တယ်အမေ….ဟုတ်တယ်သားလိုအသက်ကြီးတဲ့သူက ကိုယ့်သမီးအရွယ်မိန်းကလေးကိုသွားချစ်မိတာကိုး….သူ့အပြစ်မဟုတ်ပါဘူးလေ….”

” ဘယ်သူ့အမှားမှမဟုတ်ပါဘူး…ဝဋ်ရှိလို့ပြန်ဆပ်ရတာလို့လဲမှတ်လိုက်ပေါ့ဗျာ…”

မောင်ရေခဲကထိုသို့ပြောပြီးအမယ်အိုကြီး၏အိမ်မှထွက်လာခဲ့တော့သည်။

ထိုသို့တိုင် ကိုအောင်မိုးမှာဇနီးဖြစ်သူကိုစိတ်မကုန်ခဲ့ချေ။ ထိုမိန်းကလေးအပေါ်အမှန်တကယ်ချစ်စိတ်ဝင်ခဲ့မိသည်။ အချစ်သည်အသက်အရွယ်နဲ့မဆိုင်ဟု သူခံယူထားသော်လည်း ငယ်ရွယ်သောမိန်းကလေးမှာသူကဲ့သို့စေ့စပ်သေချာစွာမတွေးနိုင်ခဲ့၍လားမသိ။ သူ့အားအမုန်းကြီးမုန်းသွားခဲ့ချေပြီ။

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း အမယ်အိုကြီးတို့အားနုတ်ဆက်ကာ တည်းခိုရာဘုန်းကြီးကျောင်းသို့ပြန်လာခဲ့၏။ မာယာများလှသောဤလူ့ဘောင်လောကတွင်ကား ငွေကြေးနှင့်ပတ်သက်လာလျှင်မိဘ၊ရွှေမျိုး၊မောင်နှမ၊လင်မယားဟူသော ပတ်သက်မှုများကအပေါ်ယံသာဖြစ်ကြောင်း သဘောပေါက်မိတော့သည်။….။

( ထိုကဲ့သို့သောလင်မယားကိုစာရေးသူကိုယ်တိုင်တွေ့ဖူးသည်။ချစ်ခင်ကြင်နာ၍ပေါင်းသည်မဟုတ်ဘဲ အမွေတစ်ခုတည်းကြောင့်ပေါင်းဖက်ကြသဖြင့် အိမ်ထောင်ရေးအဆင်မပြေကြချေ။ အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေသောဝ်)

# ပြီး

# ခွန်း

Zawgyi Version

ေမာင္ေရခဲႏွင့္မထင္မွတ္ေသာျပဳစားသူ(စ/ဆုံး)
——————————
ေ႐ႊတမာေက်း႐ြာသို႔ေမာင္ေရခဲတို႔ဆရာတပည့္ေရာက္လာခဲ့သည္။ ထို႐ြာတြင္အိမ္ေျခမ်ားျပားၿပီး သူႂကြယ္မ်ားေပါမ်ားသည္။ ထိုေက်း႐ြာသို႔ေရာက္လာသည္ႏွင့္ဆရာေတာ္အားအခြင့္ေတာင္းကာ ဘုန္းႀကီးေက်ာင္း၌တည္းခိုခဲ့သည္။
႐ြာထဲ၌ကား လူမမာေယာက်ာ္းတစ္ေယာက္သည္ အေျဖရွာမရေသာေဝဒနာကိုခံစားေနရ၏။ ေဆးေသာက္ေဆးထိုးလည္း ေဆးမတိုးေပ။ လူနာကားအသက္၃၅ႏွစ္အ႐ြယ္ခန႔္ရွိမည္။ လူနာ၏အနားတြင္ျပဳစုေပးေနသူကား အသက္၁၉ႏွစ္အ႐ြယ္မိန္းကေလးငယ္တစ္ေယာက္ျဖစ္သည္။
သူတို႔အေၾကာင္းကိုမသိသည့္ သူစိမ္းတစ္ေယာက္ဆိုပါက ထိုလူႏွစ္ေယာက္အား သားအဖဟုထင္ၾကေပလိမ့္မည္။ အမွန္စင္စစ္ကား ထိုလူနာႏွင့္ငယ္႐ြယ္ေသာမိန္းကေလးမွာ တရားဝင္အၾကင္မလားျဖစ္ေနသည္။ လူနာသည္မိန္းကေလးထက္အသက္ႀကီးသလို႐ုပ္ရည္လည္း ႐ုပ္ၾကမ္းေရက်ိဳသာသာရွိသည္။
လူနာတြင္ေမာင္ႏွမမ်ားမရွိ။ အသက္၆၀အ႐ြယ္အမယ္အိုႀကီးတစ္ေယာက္သာရွိသျဖင့္ ေခြၽးမကိုအိမ္ေပၚတင္ထားျခင္းျဖစ္သည္။ ထိုငယ္႐ြယ္ေသာမိန္းကေလးတြင္ လူနာနဲ႔ရေသာ ၃ႏွစ္အ႐ြယ္သားေလးတစ္ေယာက္ရွိသည္။ ဆိုရေသာ္ထိုမိသားစုတြင္ မိသားစုဝင္ေလးေယာက္သာရွိသည္။
အမယ္အိုႀကီးသည္ အိမ္ေရွ႕ကြပ္ပ်စ္ေပၚတြင္ထိုင္၍ ဆန္ျပာေနသည္။ ေခြၽးမျဖစ္သူကား ကေလးကိုေက်ာ၌ပိုးကာ နာတာရွည္လူနာကိုျပဳစုေနသည္။

” ကိုႀကီး….ေဆးေသာက္ခ်ိန္ေရာက္ၿပီထ….”

” ေမေလးရယ္…ကိုႀကီးအဲဒီေဆးကိုမေသာက္ခ်င္ဘူး…အဲဒီေဆးေသာက္ၿပီးရင္ အားျပတ္ၿပီးစိတ္ေတြရႈပ္ေထြးသလိုျဖစ္ေနလို႔ပါ….”

” အိုေတာ္…ကြၽန္မအေမကရွင္ေသာက္ဖို႔ အထူးေဖာ္စပ္ထားေပးတာကိုရွင္က ေစတနာကိုေစာ္ကားတာလား…”

” မဟုတ္ပါဘူးေမေလးရာ…ကိုႀကီးတကယ္မေသာက္ခ်င္လို႔ပါ….”

” ရွင္မေသာက္လို႔မရဘူး….ဒီတိုင္းနာတာရွည္ေရာဂါျဖစ္ေနတာ….ရွင္ေဆးမေသာက္ရင္ဘယ္လိုလုပ္ျမန္ျမန္ျပန္ေကာင္းလာပါ့မလဲ….”

” ကဲပါၾကာ…ေမေလးသေဘာ…”

လူနာမွာဇနီးျဖစ္သူ၏ စကားကိုမလြန္ဆန္ႏိူင္သည့္အဆုံး ထိုမဲညစ္ေနေသာေဆးရည္အား မ်က္လုံးမွိတ္ကာေအာင့္ေသာက္လိုက္ရသည္။

” ကဲေက်နပ္ၿပီလား….ေဆးေသာက္ၿပီးၿပီဆိုေတာ့ကိုႀကီးအိပ္ဦးမယ္….”

” အိပ္ပါရွင့္အိပ္ပါ…တကထဲ ေသကိုမေသႏိုင္ဘူး….”

ထိုစကားကိုကား မခင္ေမ၏စိတ္ထဲမွစကားလုံးမ်ားသာ။ မခင္ေမသည္ ေယာက်ာ္းျဖစ္သူကိုေဆးတိုက္ၿပီးေအာက္ထပ္သို႔ဆင္းလာ၏။ ကြပ္ပ်စ္တြင္ထိုင္ေနေသာအမယ္အိုက ေခြၽးမျဖစ္သူဆင္းလာသည္ကိုျမင္လွ်င္

” သမီးခင္ေမ…ဒီကိုလာဦး…”

” ဟုတ္ေမႀကီး….”

” အင္း..သမီးေယာက်ာ္းအေျခေနကလည္း တိုးတက္မလာဘူးေကာ…ဒီတိုင္းဆိုသမီးလည္းသမီးေယာက်ာ္းရဲ႕ေဝယာဝစၥကိုလုပ္ေနရေတာ့ ပင္ပန္းေနေရာေပါ့….ဒီေတာ့သမီးေယာက်ာ္းကို အထက္ဆရာေတြပင့္ၿပီးကုၾကည့္မလားလို႔ပါ….”

” အို!အေမရယ္….ကိုႀကီးကနာလန္ထူေနပါၿပီ….သမီးအေမေဖာ္စပ္ေပးတဲ့ေဆးလည္း ကိုႀကီးနဲ႔တည့္ေနပါတယ္….အထက္ဆရာေတြဘာေတြမလိုပါဘူးအေမရယ္…”

” သမီးအေမေဖာ္ေပးတဲ့ေဆးလည္းတိုက္ေပါ့ေအ….အထက္ဆရာပါျပၾကည့္ေတာ့ ပိုၿပီးျမန္ျမန္ေနမေကာင္းသြားေပဘူးလား….”

” ဟုတ္ေတာ့ဟုတ္တာေပါ့အေမရယ္…ဒါေပမဲ့ဆရာတိုင္းကလည္း ယုံစားလို႔ရတာမဟုတ္ဘူး…ေတာ္ၾကာကုဆရာမဟုတ္ဘဲ ခ်ဴဆရာနဲ႔ေတြ႕ေနမွစုထားသမွ်ေျပာင္ေနပါဦးမယ္ရွင့္….”

” အဲဆိုလည္း ညည္းသေဘာပါေအ…ငါကညည္းကိုမၾကည့္ရက္လို႔….”

” မဟုတ္တာအေမရယ္…က်ဳပ္ယူထားတဲ့ေယာက်ာ္းဘဲကိုက်ဳပ္ကိုယ္တိုင္ျပဳစုရမွာေပါ့ေအ….”

မခင္ေမ၏စကားေၾကာင့္ အမယ္အိုႀကီးလည္း ဘာမွမေျပာေတာ့ဘဲ ျပာလက္စဆန္ကိုသာဆက္ျပာေနလိုက္၏။

” အဟြတ္…အဟြတ္….”

” အား….ဗိုက္ေအာင့္လိုက္တာကြာ….ေသေတာ့မွာဘဲ…ကြၽတ္ကြၽတ္….”

ကိုေအာင္မိုးတစ္ေယာက္ဗိုက္ကိုႏွိပ္ကာ ညည္းညဴေနရွာ၏။

” ရွင္ဘာျဖစ္တာလဲ….”

” မသိပါဘူးေမေလးရယ္….ဗိုက္ကအရမ္းေအာင့္လာေနလို႔….”

” ျဖစ္မွာေပါ့ရွင္… ကိုႀကီးကအစာဝင္ေအာင္မွမစားတာ အစာအိမ္နာၿပီေပါ့….”

” ခုနာတာအစာအိမ္နာတာနဲ႔မတူဘူးေမေလးရာ….အူကိုတစ္ေယာက္ေယာက္ကဆြဲထုတ္ေနသလိုနာတာ….”

” ေပါက္ကရေတြရွင္… ဗိုက္ထဲကအူကိုဘယ္သူက ဆြဲထုတ္မွာလည္း ကဲဗိုက္ေအာင့္ေနတယ္ဆိုလည္း အေမေဖာ္ေပးတဲ့ေဆးကိုေသာက္လိုက္….”

ဆိုၿပီး ပုလင္းထဲမွအမဲေရာင္ေဆးရည္ကို ေယာက်ာ္းျဖစ္သူအားတိုက္လိုက္၏။

” အား….ေသပါၿပီဗ်ာ…ေအာင့္လိုက္တာ….ေအမ….အေမရယ္သားကိုကယ္ပါဦးဗ်….သားအူေတြႏူတ္ခံေနရသလိုဘဲ….”

အိပ္ယာထက္မွ လူးလြန႔္ေနေသာကိုေအာင္မိုးကိုၾကည့္ၿပီး မခင္ေမအၿပဳံးတစ္ပြင့္ကိုေခြၽလိုက္၏။ အမယ္အိုႀကီးကား သားျဖစ္သူ၏ ျဖစ္အင္ကိုၾကည့္ကာ ေတြးမရေအာင္ျဖစ္ေန၏။

” သားရယ္…ဘယ္လိုျဖစ္တာရတာလဲ…သားေဆးလည္းေသာက္ၿပီးၿပီမလား….မသက္သာလာဘူးေကာ….”

” သား…သားေသာက္ၿပီးပါၿပီအေမရယ္…ဒါေပမဲ့မသက္သာဘူး သားအူေတြအသဲေတြအႏူတ္ခံေနရသလိုဘဲ….”

” ေဆး႐ုံသြားၾကမလားသား….အူအတက္ေပါက္တာလား…ဘာလားေသခ်ာသိရေအာင္….”

သို႔ျဖင့္လွည္းကိုစီစဥ္ကာ ကိုေအာင္မိုးအားေဆး႐ုံသို႔ပို႔လိုက္၏။ ေဆး႐ုံသို႔ေရာက္ေသာ္လည္း ကိုေအာင္မိုး၏ေရာဂါမွာအေျဖရွာမေတြ႕ေခ်။ ပို၍ေသခ်ာေအာင္ဓာတ္မွန္႐ိုက္ၾကည့္ေသာ္လည္း ဘာေရာဂါတစ္ခုမွမေတြ႕ေသာေၾကာင့္ အမယ္ႀကီးစိတ္ညစ္ရေခ်ၿပီ။ သို႔ေၾကာင့္ေဆး႐ုံ၌ႏွစ္ရက္သာေနၿပီး ေနၿပီးျပန္လာခဲ့၏။

သာယာေသာမနက္ခင္းတစ္ခုတြင္ အမယ္အိုႀကီးသည္ ဆြမ္းခ်ိဳင့္ကိုဆြဲၿပီး ႐ြာဦးေက်ာင္းသို႔လာခဲ့၏။ ဆြမ္းခ်ိဳင့္လွယ္ၿပီးအမယ္အိုႀကီးက ေက်ာင္းေပၚသို႔တက္ၿပီး ဆရာေတာ္ကိုဝတ္ျဖည့္လိုက္၏။ ဆရာေတာ္၏ေဘးတြင္ ဝတ္ျဖဴစင္ၾကယ္ဝတ္ လူငယ္ႏွစ္ဦးကထိုင္ေန၏။ အမယ္အိုႀကီးမွာ ဆရာေတာ္ကိုဝတ္ျဖည့္ၿပီး

” ေနေကာင္းပါစဘုရား….”

” ေကာင္းပါတယ္ဒကာမႀကီး…ဒကာမႀကီးေရာ က်န္းမာေရးေကာင္းသလား….”

” ေကာင္းတယ္လို႔လဲမဟုတ္ပါဘူးဘုရား…အသက္လည္းရလာၿပီဆိုေတာ့ ေရာဂါလည္းတမ်ိဳးၿပီးတစ္မ်ိဳး ဝင္ေနေတာ့တာပါဘဲဘုရား….”

” ေအးကြယ္…အနိစၥ၊ဒုကၡသေဘာေတြေပါ့ဒကာမႀကီးေရ…ဒါနဲ႔ဒကာမႀကီးရဲ႕မိသားစုေတြေရာ ေနေကာင္းက်န္းမာၾကရဲ႕လားကြဲ႕….”

” တပည့္ေတာ္မရဲ႕သားက ေနမေကာင္းပါဘူးဘုရား….သားေနမေကာင္းတာၾကာပါၿပီ ေရာဂါမယ္မယ္ရရလည္း ရွာမေတြ႕ပါဘူးဘုရား….”

” ေဆးခန္းေတြေဆး႐ုံေတြသြားမျပၾကည့္ဘူးလားဒကာမႀကီး….”

” ျပပါရဲ႕ဘုရား…ဒါေပမဲ့ဘာေရာဂါမွရွာမေတြ႕ပါဘူးဘုရား…အဲဒါေၾကာင့္တပည့္ေတာ္မလည္း သားစိတ္ေၾကာင့္ေသာကေဝေနရပါတယ္ဘုရား….”

” ေလာကီဆရာေတြနဲ႔မျပၾကည့္ဘူးလားဒကာမႀကီး….”

” ေခြၽးမေလးက အလိမ္အညာဆရာေတြနဲ႔ေတြ႕မွာစိုးလို႔ဆိုၿပီးေျပာေတာ့ တပည့္ေတာ္မလည္းမပင့္မိဘူးဘုရား….”

” ဒကာမႀကီးစိတ္မရွိရင္ ဆရာေတာ့ေက်ာင္းမွာတည္းေနတဲ့ ေဟာဒီကဒကာဆရာေလးေတြနဲ႔မိတ္ဆက္ေပးပါရေစ….”

ဟုေျပာၿပီးဆရာေတာ္ကိုယ္တိုင္ေမာင္ေရခဲတို႔ႏွင့္မိတ္ဆက္ေပး၏။

” အရွင္ဘုရားကိုယ္တိုင္ မိတ္ဆက္ေပးရင္ေတာ့ တပည့္ေတာ္မယုံၾကည္ပါတယ္ဘုရား….ဒီဆရာေလးေတြကိုတပည့္ေတာ္မအားကိုးလိုက္မယ္….”

” ေအမ…အေမ့ရဲ႕သားကဘယ္လိုမ်ိဳးခံစားေနရလို႔လဲ ကြၽန္ေတာ္တို႔ကိုအစအနေလးေျပာျပပါဦး….”

” မေျပာတတ္ပါဘူးသားရယ္….အၿမဲတမ္းဗိုက္ေအာင့္တယ္ေျပာၿပီး ညည္းညဴေနတာပါဘဲ….ေဆးေတြလည္းတိုက္တာစုံေနပါၿပီ
မသက္သာလာပါဘူးေအ….”

” ဒါဆိုကြၽန္ေတာ္တို႔ အေမ့အိမ္ကိုလိုက္ၿပီး စစ္ေဆးေပးၾကည့္မယ္ေလ….”

” ေက်းဇူးပါသားတို႔ရယ္….သားတို႔လိုက္ခဲ့ေပးလို႔အတိုင္းထက္အလြန္ဝမ္းသာမိပါတယ္….တပည့္ေတာ္မကိုခြင့္ျပဳပါဦးဘုရား…..”

” ေအးေအးဒကာမႀကီး…ေျဖးေျဖးျပန္ဦးကြယ့္…..”

အမယ္အိုႀကီးလည္း ဆရာေတာ္ဘုရားကိုဝတ္ျပဳၿပီး ေမာင္ေရခဲတို႔ကိုေခၚကာ ေနအိမ္သို႔ျပန္လာခဲ့၏။

” သမီး…သမီးခင္ေမ….ဧည့္သည္ေတြပါလာလို႔ ေနရာထိုင္ခင္းျပင္ထားကြဲ႕… ”

အမယ္အိုႀကီးက အိမ္ေရွ႕ေရာက္သည္ႏွင့္ အထဲမွေခြၽးမျဖစ္သူကိုလွမ္းၿပီး ေျပာလိုက္၏။

” လာလာသားတို႔ ဒါအေမ့အိမ္ဘဲ…အထဲဝင္လာခဲ့ၾက….”

” ဟုတ္အေမ….”

အမယ္အိုကၿခံဝန္းထဲသို႔ဦးစြာဝင္သြား၏။

” မဝင္ေသးနဲ႔ဦး ထင္ေပၚ…. ဒီအိမ္ပတ္ပတ္လည္မွာအားျပင္းတဲ့စက္ေတြျဖန႔္ထားတယ္…..အဲဒါေတြအရင္ဖ်က္ဆီးပစ္ရမယ္….”

ဟုေျပာၿပီး စက္ျဖတ္အင္းျဖင့္ ကာထားေသာစက္မ်ားကိုျဖတ္ပစ္လိုက္၏။ ေျဖာင္းေျဖာင္းေျဖာင္းဟူေသာအသံႏွင့္အတူ ကာထားေသာစက္မ်ားအားလုံးအပိုင္းပိုင္းျပတ္ထြက္ကုန္၏။

” သားတို႔အထဲဝင္လာၾကေလကြယ္….”

အမယ္အိုႀကီးေနာက္ထပ္တစ္ခါေခၚမွ ေမာင္ေရခဲတို႔ဆရာတပည့္လည္း အိမ္ဝန္းထဲသို႔ဝင္သြားခဲ့၏။

” လာထိုင္သားတို႔….ဒါကအေမ့ေခြၽးမ မခင္ေမတဲ့….ေဟာဟိုအိပ္ယာထဲမွလွဲေနတဲ့သူက အေမ့သားေပါ့….”

” ဟုတ္အေမ…”

” အေမကလည္း ဘယ္ကဧည့္သည္ေတြကိုေခၚလာတာလဲ….အိမ္မွာလည္းနာတာရွည္လူနာေၾကာင့္ အေငြ႕အသက္ေတြမေကာင္းတာသိသားနဲ႔..ဧည့္သည္ေတြကိုအားနာစရာ…”

” သူတို႔ကညည္းေယာက်ာ္းကို ေဆးကုေပးမဲ့ဆရာဟဲ့….”

” အို! အေမကလည္း ကိုေအာင္မိုးကသူ႔ဘာသူနာတာရွည္ျဖစ္ေနတာ ဒီဆရာေတြကဘယ္လိုလုပ္ကုေပးမွာလဲ….”

အမယ္အိုႀကီးႏွင့္ ေခြၽးမျဖစ္သူတို႔စကားအေခ်အတင္ေျပာေနၾကသျဖင့္ေမာင္ေရခဲတို႔ ေအနရခက္ၾသား၏။ ေခြၽးမျဖစ္သူမွာ ေမာင္ေရခဲကိုသိပ္အလိုရွိပုံမရေခ်။

” ကဲသားတို႔ေရ…အေမ့သားရဲ႕ေရာဂါကိုသာေပ်ာက္ေအာင္ကုေပးၾကပါ…အေမ့သားရဲ႕အသက္ေလာက္ ဘယ္အရာမွတန္ဖိုးမရွိဘူး…အေမ့သားကိုခံစားေနရတဲ့ေဝဒနာေတြေပ်ာက္ေအာင္ကုသေပးပါကြယ္….”

” ကြၽန္ေတာ္တို႔္တတ္စြမ္းသေလာက္ကုသေပးပါ့မယ္အေမ….လူနာကိုကြၽန္ေတာ့ေရွ႕ေခၚခဲ့ေပးပါ….”

ေမာင္ေရခဲထိုသို႔ေျပာလိုက္ေသာ္ အမယ္အိုႀကီးသည္ သားျဖစ္သူအား တြဲေခၚကာေမာင္ေရခဲေရွ႕သို႔ထိုင္ခိုင္းလိုက္၏။
လူနာမွာမ်က္တြင္းႏွစ္ဖက္လုံးညိဳေနၿပီး အပင္းမိထားေသာလကၡဏာမ်ိဳးေတြ႕ေနရ၏။

” ကဲအစ္ကိုႀကီး ဘုရားကိုအာ႐ုံျပဳထား…”

” ေအမ…အေမ့သားကဘာေန႔သားလည္း…”

” ၾကာသပေတးသားပါ…”

” ဒါဆို ဒီၾကာသပေတးသားရဲ႕အသက္ကို ကြၽန္ေတာ့္လက္အပ္ပါသလားအေမ….”

” အပ္ပါတယ္သားရယ္…သားအစ္ကို႔ရဲ႕ေရာဂါကိုသာေပ်ာက္ကင္းေအာင္ကုသေပးပါ….”

ေမာင္ေရခဲက သုံးႀကိမ္သုံးခါတိုင္ေအာင္ အသက္အပ္ခိုင္းၿပီး လုပ္စရာရွိသည္မ်ားလုပ္ရန္စတင္လိုက္၏။

” ေအမ…ေသာက္ေရမရွိလို႔ သမီးေရသြားခပ္လိုက္ဦးမယ္….”

” ေနာက္မွခပ္ပါလားသမီး….ဒီမွာဧည့္သည္ေတြအဖို႔ ခ်က္ျပဳတ္ေပးရမွာေလ…”

” ေရမွမရွိဘဲအေမရဲ႕..ေသာက္ေရကအေရးႀကီးတယ္… ”

မခင္ေမကထိုသို႔ေျပာၿပီး သားငယ္ကိုေက်ာ၌ပိုးကာ ေရအိုးကိုလက္ကဆြဲၿပီး ေရခပ္ရန္ထြက္သြားေလ၏။ မခင္ေမ၏မ်က္ႏွာမွာလည္း ေဒါသအရိပ္အေယာင္မ်ားဖုံးလႊမ္းေန၏။

ေမာင္ေရခဲက ဘုရားဝတ္ျပဳၿပီး အထက္ဆရာမ်ားကိုကုသခြင့္ေတာင္းလိုက္၏။ ၿပီးေသာ္ လူနာအားေပရာဂ ရွိမရွိစစ္ေဆးၾကည့္ရာ လူနာကိုအပင္းတိုက္ထားသည္ကိုေတြ႕လိုက္ရ၏။

” အစ္ကိုဒီရက္ပိုင္း ဘာေတြစားေသးလဲ…ေဆးဒါမွမဟုတ္အစားအေသာက္တစ္ခုခုေပါ့….”

” အင္းေျပာရရင္ေတာ့ ကြၽန္ေတာ္ဘာမွအစားမဝင္ဘူး…ဒါေပမဲ့ ေယာကၡကေဖာ္ေကးလိုက္တဲ့ေဆးကိုေတာ့အၿမဲေသာက္ျဖစ္တယ္…”

” ဟုတ္လားဘာေဆးေတြလဲ….”

” မသိပါဘူး…အမဲေရာင္ေဆးရည္ပါ…”

” အဲဒီေဆးေသာက္ၿပီး အစ္ကိုဘယ္လိုေတြခံစားရေသးလဲ…မူးေဝေအာ့အန္တာတာတို႔ျဖစ္သလား….”

” စိတ္ေတြအရမ္းရႈပ္ေထြးလာတာ….ၿပီးေတာ့လူ႔ဘဝမွာမေနခ်င္ေတာ့ဘဲ ေသခ်င္ေနတာမ်ိဳးေတြျဖစ္တတ္တယ္…”

” ဒါဆိုရင္အစ္ကိုကစိတ္ရႈပ္ေထြးၿပီး ကိုယ့္ကိုယ္ကိုအဆုံးစီရင္ေအာင္ စိတ္ကိုေစခိုင္းတဲ့ပုဂၢိဳလ္ရွိေနတယ္….”

” အစ္ကို႔ကိုကယ္ပါညီေလး အစ္ကိုမေသခ်င္ေသးဘူး မိသားစုနဲ႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခ်င္ေသးတယ္….”

” ဟုတ္ၿပီအစ္ကို….အစ္ကို႔အသက္ကိုကြၽန္ေတာ့္ဆီအပ္ထားၿပီဘဲ အစ္ကို႔အသက္ကြၽန္ေတာ္ပိုင္တယ္….အစ္ကို႔ကိုရေအာင္ကယ္မယ္…အစ္ကို႔စိတ္ေတြတင္းမထားဘဲတတ္ႏိူင္သေလာက္ေလွ်ာ့ထားေပးပါ….”

ေမာင္ေရခဲကထိုသို႔ေျပာၿပီး အထက္ပုဂၢိဳလ္မ်ားအားတိုင္တည္ကာ

” အထက္ပုဂၢိဳလ္ႀကီးမ်ား၏အမိန႔္အာဏာျဖင့္ ဤၾကာသပေတးသားအား စတင္ကုသေပးမည္….သို႔ေၾကာင့္ဤၾကာသပေတးသားအား ျပဳစားေႏွာင့္ယွက္ေနသူသည္ ကြၽႏ္ုပ္၏ေရွ႕သို႔မၾကာခ်င္ခ်င္းေရာက္လာေစ…ပုန္းျခင္းကြယ္ျခင္းမရွိေစရ….အထက္ဆရာႀကီးမ်ား၏အာဏာ ကြၽႏု္ပ္၏အမိန႔္…..”

ေမာင္ေရခဲ၏ တည္ၾကည္ျပတ္သားၿပီး ႒ာန္ဂ႐ိုဏ္းက်လွေသာ အမိန႔္သံေၾကာင့္ ျပဳစားသူသည္ အမိန႔္ျပန္ၿပီးမၾကာမွီပင္ ေမာင္ေရခဲေရွ႕ေရာက္လာခဲ့၏။

” ဟင္းဟင္း…အမိန႔္ျပင္းလို႔သာလာရတာ….လူကၾကည့္လိုက္မွျဖင့္ ႏွပ္ေခ်းစားအ႐ြယ္ဘဲရွိေသးပါလား…ဟင္းဟင္း….”

” သင္ေရာက္လာၿပီလား…ေရာက္ရင္ဘုရားကိုဦးခ်လိုက္….”

” အိုေတာ္…႐ုပ္ကေလးနဲ႔မလိုက္မကိုက္ အသည္းမာပုံမ်ား….ငါ့ကိုအမိန႔္ေပးေနတာမသိရင္သူ႔လက္ေအာက္ငယ္သားက်ေနတာဘဲဟင္းဟင္း….”

” ကြၽႏ္ုပ္အေကာင္းေျပာေနတုန္း သင္နာခံပါ….သည္းခံမႈကအတိုင္းအတာတစ္ခုထိဘဲရွိပါတယ္….”

” ရွင္ခိုင္းတိုင္းမလုပ္ႏိူင္ပါဘူးေအ….ဘယ္ႏွယ့္ကိုယ့္ထက္ႀကီးသူကိုမ႐ိုမေသဆက္ဆံေနတာ ဧကႏၲ ဆုံးမမဲ့သူမရွိလို႔ထင္တယ္….”

” ေနာက္ဆုံးတစ္ခါေျပာမယ္….ဘုရားကိုဦးခ်လိုက္ပါ….”

” ႏွပ္ေခ်းစားေလးရဲ႕ပညာဘယ္ေလာက္သြမ္းလဲသိရေအာင္….ကဲငါဦးမခ်ဘူးဒီေတာ့ဘာျဖစ္လဲ….”

” ရတယ္ေလ စိန္ေခၚရင္တိမ္ေပၚတက္ရတာေပါ့ ကဲႀကိဳးပိုင္ႀကီး သူ႔ကိုလက္ျပန္ႀကိဳးအထပ္ထပ္တုတ္ထားလိုက္စမ္း….ငါမေျဖခိုင္းမခ်င္းမေျဖေပးနဲ႔….တုတ္စမ္း….ဆင္ပိုင္ႀကီးကဆင္နဲ႔နင္းခ်လိုက္စမ္း….သူဘုရားမရွိခိုးမခ်င္း နင္းတာမရပ္နဲ႔…..”

ေမာင္ေရခဲက ထိုသို႔အမိန႔္ေပးလိုက္သည္ႏွင့္ လူနာ၏လက္ႏွစ္ဖက္မွာအေနာက္သို႔ပစ္လ်က္ပူးကပ္လ်က္သားျဖစ္ေနေတာ့၏။
ထို႔ေနာက္ဒူးေထာက္လ်က္သားျဖင့္ပင္ မ်က္ႏွာကို ၾကမ္းေပၚအပ္ၿပီး နဖူးျဖင့္ၾကမ္းျပင္ကိုတဒုန္းဒုန္းေဆာင့္ေနေတာ့၏။

” ဒုန္း….ဒုန္း….ဒုန္း….”

” အား…ေသပါၿပီဟဲ့….ငါ့ေက်ာ႐ိုးက်ိဳးၿပီ…ငါ့နဖူးလည္းရွစ္စိတ္ကြဲေတာ့မွာဟဲ့….”

ေဘးမွၾကည့္ေနေသာ အမယ္အိုႀကီးမွာသားျဖစ္သူ၏နဖူးမွေသြးမ်ားအလိမ္းလိမ္းက်ေနသည္ကိုၾကည့္ၿပီး သနားေန၏။

” ေလွ်ာ့ေပးလိုက္ပါလားသားရယ္…မဟုတ္ရင္အေမ့သားေသသြားလိမ့္မယ္….”

” စိတ္ခ်အေမ့သားမဲွ႔တစ္ေပါက္မစြန္းေစရဘူး….ခုအေမျမင္ေနတာအမွန္တိုင္းမဟုတ္ဘူး….အေမ့သားရဲ႕ခႏၶာထဲမွာတစ္ျခားသူေရာက္ေနတယ္….”

ေမာင္ထင္ေပၚကထိုသို႔ရွင္းျပလိုက္မွအမယ္အိုႀကီးခဗ်ာ စိတ္ကိုေျဖသာႏိူင္သြားေတာ့၏။

” ေတာ္ပါေတာ့ဟယ္….ငါဘုရားဦးခ်ပါ့မယ္….ငါ့နဖူးကြဲေၾကေနၿပီ….”

” ဆင္ပိုင္ႀကီးေရာႀကိဳးပိုင္ႀကီးပါရပ္လိုက္…ႀကိဳးပိုင္ႀကီးကသူ႔လက္မွာခ်ည္ထားတဲ့ႀကိဳးေတြေျဖေပးလိုက္…သူကိုယ္တိုင္ျမတ္ဘုရားကိုစိတ္ပါလက္ပါဦးခ်ေနေစ….”

ေမာင္ေရခဲထိုသို႔ေျပာလိုက္မွ လူနာ၏လက္မွာအေရွ႕သို႔ျပန္ေရာက္လာၿပီး လက္အုပ္ခ်ီမိုးကာ ျမတ္ဘုရားကိုရွိခိုးလိုက္၏။

” ကဲေျပာ….သင္ဘာလို႔ဒီၾကာသပေတးသားကိုျပဳစားေႏွာင့္ယွက္ေနရတာလဲ….”

” ဟင္း…ေစာက္ျမင္ကပ္လို႔ေဟ့…ေစာက္ျမင္ကပ္လို႔ဟုတ္ၿပီလား….”

” မနာလိုဝႏၲိဳစိတၠ တပါးသူကိုမေလာင္ကြၽမ္းခင္ ကိုယ့္ကိုအရင္ပူေလာင္ေစတယ္ဆိုတာ သင္မသိေလေရာ့သလား….”

” သိတယ္ေဟ့သိတယ္…သိတာမွဟိုးဖက္ကိုလြန္ေနတာ….ဒီေကာင္ကိုငါေစာက္ျမင္ကပ္လြန္းလို႔ကို တမင္ျပဳစားထားတာ မင္းလိုကေလးႏွပ္ေခ်းသာေရာက္မလာခဲ့ရင္ ငါ့ကိစၥၿပီးျပတ္ေနၿပီ….”

” မေကာင္းတာလုပ္တာကို ငါကတားရမြာဘဲ…ကဲ..သင္လုပ္ထားတာေတြျပန္ယူေတာ့….တစ္ခုမွမက်န္ေစနဲ႔….”

” ျပန္ယူရေအာင္ငါကအ႐ူးလား…ေသေတာင္ျပန္မယူႏိူင္ဘူးေအ….ရွင္းလား….”

” ထပ္ၿပီးအသားအနာခံခ်င္ေနတာလား…. ခုခ်က္ခ်င္း သင္လုပ္ထားတာေတြအကုန္ျပန္ယူလိုက္….”

” မယူဘူးေျပာေနတယ္နားမလည္ဘူးလား…မ…ယူ…ဘူး….”

ပညာသည္ကမာန္တက္ၿပီး ေမာင္ေရခဲအားကက္ကက္လန္ေအာင္ျပန္ခံေျပာ၏။

” ေအးေလရတယ္…ျပန္မယူနဲ႔…ကဲႀကိမ္ပိုင္ႀကီး သူ႔ေက်ာျပင္ကိုႀကိမ္ဒဏ္အခ်က္တစ္ေထာင္ခ်ီးျမႇင့္လိုက္စမ္း…ငါမရပ္ခိုင္းမခ်င္းမရပ္နဲ႔ မေသေစနဲ႔…..”

” ႐ႊိး….႐ႊီး….ျဖန္း….ျဖန္း….ျဖန္း….”

မျမင္ရေသာႀကိမ္ဒဏ္မွာ လူနာ၏ေက်ာေပၚသို႔္အဆက္မျပတ္ က္လာ၏။

” အား….ေသပါၿပီေတာ္….ေသပါၿပီ….အား……”

ျပဳစားသူမွာေက်ာေကာ့ေနေအာင္ခံေနရၿပီး
ေက်ာျပင္မွာလည္းအရႈိးရာမ်ားေပၚလာကာ ေသြးမ်ားစို႔ထြက္လာ၏။ အမယ္အိုႀကီးကား မၾကည့္ရက္ေတာ့သျဖင့္ မ်က္လုံးႏွစ္ဖက္ကို လက္ျဖင့္အုပ္ထားလိုက္၏။ အခ်က္မ်ားစြာေသာ ႀကိမ္ဒဏ္တို႔က ထိုသူ၏ေက်ာေပၚသို႔အဆက္မျပတ္က်လာေလရာ လူနာမွာၾကမ္းေပၚသို႔ တီေကာင္ဆားပက္သည့္ႏွယ္ လူးလြန႔္ေနေတာ့၏။

” ကဲ…သင္လုပ္ထားတာေတြျပန္ယူရင္ အသက္ကိုခ်မ္းသာေပးမယ္ ဘယႅိဳလဲ…”

” မ…မယူ….ျပန္…မယူႏိူင္ဘူး….”

” ႐ႊီး…႐ႊီး….”

” ျဖန္း…ျဖန္း…ျဖန္း….”

ေက်ာျပင္မွာႀကိမ္ဒဏ္ေၾကာင့္ေသြးခ်င္းခ်င္းနီေနေခ်ၿပီ။ ေမာင္ေရခဲကၾကည့္ၿပီး အသသက္အေသခံမည့္ပုံေပၚေနသျဖင့္ ႀကိမ္ပိုင္ကိုရပ္ခိုင္းလိုက္ေတာ့၏။

” သင့္အသက္ကိုငါႏွေျမာလို႔ ဒီေလာက္နဲ႔ဘဲရပ္လိုက္မယ္…ကဲေျပာသင္လုပ္ထားတာေတြျပန္ယူမွာလား မယူဘူးလား….”

” မယူႏိူင္ဘူး…”

” ရတယ္ေလ…ကဲ..ေက်ာျပင္ကႀကိမ္ဒဏ္ကို ဆိုင္ရာက ဆားသိပ္လိုက္စမ္း… မေသေစနဲ႔….”

” အား….စပ္တယ္…စပ္တယ္….ေသရေတာ့မယ္….ျပန္ယူပါေတာ့မယ္….”

ဟုေျပာၿပီး ေထြးအင္ကိုယူခိုင္းကာ ေထြးအင္ထဲသို႔မည္းညစ္ေနေသာအရည္မ်ားတရစပ္အန္ခ်လိုက္၏။

” ေအာ့…ေဝါ့….”

မၾကာမီမွာပင္ ေထြးအင္ထဲ၌ညိဳညစ္ညစ္အရည္မ်ားျဖင့္ျပည့္သြား၏။

” ကုန္ၿပီလား….လုပ္ထားတာေတြ….”

” ကုန္ၿပီ… ”

” မညာနဲ႔ေနာ္ ငါစစ္လို႔ထပ္ေတြ႕ရင္ ဒီ့ထက္နာမယ္မွတ္….”

” တကယ္ကုန္ပါၿပီ….မညာရဲဘူး…”

ေမာင္ေရခဲကထပ္စစ္ၾကည့္လိုက္ရာ အပင္းထည့္ထားေသာအရည္မ်ားကုန္သြားၿပီျဖစ္ေၾကာင္းေတြ႕လိုက္ရသည္။ သို႔ေသာ္ အူထဲမွအပင္းတခ်ိဳ႕အားေတြ႕လိုက္ရ၏။

” ေျပာေတာ့ကုန္ၿပီဆို အူထဲမွာပညာအခ်ိဳ႕ငါျမင္ေနေသးတယ္…အကုန္ထုတ္စမ္း…”

” အဲဒါငါလုပၱာမဟုတၻဴး…ငါနဲ႔မဆိုင္ဘူး….”

” ဒါဆိုၿပီးေရာ….သင့္ကိုေတာ့ဒီတိုင္းျပန္မလြတ္ႏိုင္ဘူး….သစၥာေရေသာက္ၿပီးမွျပန္ရမယ္…မဟုတ္ရင္သင္တျခားလူေတြကိုျပဳစားေႏွာင့္ယွက္ေနဦးမွာ….”

ထိုသို႔ေျပာၿပီး ေမာင္ေရခဲလည္းေသာက္ေတာ္ေရျဖင့္ သစၥာဆိုၿပီးတိုက္လိုက္၏။ ဂတိသစၥာမတည္ခဲ့ပါက ေသြးပြက္ပြက္အန္ၿပီးမရႈမလွေသဆုံးရမည္ဟူေသာအခ်က္ပါ ထည့္သြင္းဆိုသျဖင့္ ေနာက္ေနာင္တြင္တပါးသူအား ထပ္မံျပဳစားဝံ့မည္မဟုတ္ေတာ့ေခ်။ ျပဳစားသူကဘုရားဦးခ်ၿပီး ထြက္သြားေသာ္လူနာမွာေမ့လဲက်သြား၏။ ေမာင္ေရခဲလည္းေရစင္ျဖင့္ေတာက္ကာ သတိရေစလိုက္၏။

ထိုအခ်ိန္႐ြာထဲမွမိန္းမႀကီးတစ္ေယာက္သည္ ထဘီစြန္ေတာင္ဆြဲၿပီး ေျခေဆာင့္ကာအမယ္အိုႀကီး၏အိမ္ေပၚသို႔ေရာက္လာခဲ့၏။

” ေတာက္! ဟင္းဟင္း…ကိုယ့္ေနရာကိုမေနဘဲ ငါ့ကိစၥလာရႈပ္တဲ့ေကာင္ေတြ ဒီအိမ္ထဲက အသက္ရွင္လ်က္ မထြက္သြားေစရဘူးမွတ္….”

အိမ္ေပၚေရာက္သည္ႏွင့္ ေမာင္ေရခဲေရွ႕ရပ္ကာခါးေထာက္ၿပီး ထိုသို႔ေျပာ၏။ ထိုမိန္းမႀကီး၏မ်က္ႏွာအမူအရာမ်ာလည္း အလြန္အမင္းေဒါသထြက္ေနဟန္ရွိ၏။

” သင္ဘာျဖစ္တာလဲ…ေျပာစရာရွိေအးေဆးေျပာပါ….”

” ေတာက္! ကေလကေခ်ေကာင္ကမ်ား ငါ့ကိုလာအမိန႔္ေပးလို႔ေအ….ဟင္းဟင္းဟင္း….”

” ထိုင္ၿပီးေအးေဆးေျပာပါ…သင္နဲ႔ရန္ၿငိဳးရန္စမရွိဘူးထင္တာဘဲ …”

” ေအး…မေန႔ကထိငါမင္းနဲ႔ရန္စမရွိဘူး…ဒီေန႔ကစၿပီးေတာ့နင္နဲ႔ငါမဟာရန္သူႀကီးျဖစ္သြားၿပီ ခုခ်က္ခ်င္း ဒီအိမ္ကေနထြက္သြားစမ္း….”

ေမာင္ေရခဲက ပညာအျမင္ျဖင့္ၾကည့္လိုက္ရာ ယခုပုဂၢိဳလ္မွာ ကာယကံရွင္လူနာနဲ႔လူမႈေရးအရပတ္သက္ေနသည္ကိုေတြ႕လိုက္ရ၏။

” ဪ…ဘယ္သူမ်ားလဲမွတ္တယ္…ငါမေခၚဘဲေရာက္လာေတာ့ငါအေခၚရလြတ္တာေပါ့…ကဲထိုင္ၿပီးဘုရားဦးခ်လိုက္စမ္း….”

” ဟင္း…မင္းကမ်ားငါ့ကို အမိန႔္ေပးေနေသးတယ္….ငါကလိုက္နာမယ္ထင္ေနတာလား…ေဝးေသး….”

” ရတယ္ေလ…သင္ထိုင္ခ်င္လာေအာင္လုပ္ေပးရတာေပါ့….”

ဆိုၿပီးဂါထာတစ္ပုဒ္႐ြတ္လိုက္ရာ ထိုမိန္းမ၏ေခါင္းေပၚ၌မ်ားအစင္းေပါင္းတစ္ေသာင္းက သူမကိုခ်ိန္႐ြယ္ထားသည္ကိုေတြ႕လိုက္ရ၏။

” ဟင္း…နင္လည္းပညာမေခပါလား…ဒါေပမဲ့ငါေၾကာက္မယ္မထင္နဲ႔….နင္တို႔လိုဆရာဆိုတဲ့သူေတြကအသက္အ႐ြယ္ရမွပညာလက္ဆင့္ကမ္းသင္ယူရတာ…ငါတို႔ကဆူးမ်ိဳးေတြ…ဆူးဆိုတဲ့အမ်ိဳးက အပင္ေပါက္တဲ့အခ်ိန္ကရင္း ဆူးပါလာၿပီးသား…ဒါကိုနင္သိဖို႔ေကာင္းတယ္…ဟင္းဟင္း…..”

” သင္ေျပာတာမွန္တယ္..ငါတို႔ကအသက္အ႐ြယ္ရမွပညာသင္ယူလာရတာ…ဒါေပမဲ့ငါတို႔က သင္တို႔လိုဆူးပင္ေတြကိုရွင္းဖို႔လာခဲ့တာ….”

” ဟားဟားဟား…စကားကိုမိန္းမလိုမိန္းမရေျပာတတ္သားဘဲ….နင့္ကိုေတာ့ငါမေလးစားဘဲမေနႏိူင္ဘူး….အသက္မေသခ်င္ရင္ခုခ်က္ခ်င္းဒီအိမ္ကေနထြက္သြားစမ္း….”

” ငါ့ကိုဒီအိမ္ကေနထြက္သြားေအာင္လုပ္ႏိုင္ရင္လုပ္….ငါ့ဘာသာေတာ့ဒီတိုင္းထြက္မသြားႏိုင္ဘူး….”

” ရတယ္ေလ ရွင္ေနႏိုင္ရင္ေနေပါ့….ေရာ့ငါ့ရဲ႕မီးစက္ နင္ခံႏိူင္ရင္ခံစမ္း….”

ဆိုၿပီးဘယ္လက္ျဖင့္ရမ္းထုတ္လိုက္ရာ ေမာင္ေရခဲေရွ႕သို႔ဧရာမမီးလုံးႀကီး ေရာက္ခ်လာ၏။ သို႔ေသာ္သာမာန္လူတို႔ကား ဘာမွမျမင္ရေခ်။ ေမာင္ေရခဲလည္းထိုမီးလုံးအား တန္ျပန္စမျဖင့္ပစ္လိုက္ရာ မီးလုံးသည္မိန္းမႀကီး၏ပါးစပ္ထဲသို႔ျပန္ဝင္သြားၿပီး ေမာင္ေရခဲေရွ႕ဒူးေထာက္က်သြား၏။ ထိုမီးမွာမိန္းမႀကီး၏အူကိုတေျမ့ေျမ့ကြၽမ္းေလာင္ေနေခ်ၿပီ။

” သင့္အသက္ကိုငါကယ္ႏိူင္တယ္….သင္ဘာျဖစ္လို႔ ဒီလိုလုပ္ေနရတာလဲ…”

” ငါ့ပညာနဲ႔ငါေသရင္ေသရပါေစေတာ့….ဒါေပမဲ့ ငါ့ဒီမိသားစုကိုေမက္နပၻဴး….ငါ့လိုငယ္႐ြယ္တဲ့မိန္းကေလးတစ္ေယာက္က အသက္ႀကီးတဲ့လူတစ္ေယာက္ကို မခ်စ္ဘဲေအာင့္ကာနမ္းဆိုသလို လက္ထပ္ယူခဲ့ရတယ္….သူအေမေၾကာင့္ငါလက္ထပ္ခဲ့ရတာ….ငါ့ဘဝကိုေစတးခံခဲ့ရတာ….ဒီေတာ့ငါေပးဆပ္ရတာနဲ႔တန္ေအာင္ သူတို႔သားအမိကိုသတ္ၿပီး ပိုင္ဆိုင္သမွ်အရာအားလုံးငါယူမယ္….ပိုင္ဆိုင္သမွ်ေတြအကုန္မရလိုက္မွာစိုးလို႔ ငါကသူ႔ရင္ေသြးေတာင္ငါမလိုခ်င္ဘဲေမြးခဲ့ရတာ….”

ထိုစကားေၾကာင့္အိပ္ယာထက္လွဲေနေသာ ကိုေအာင္မိုးမွာ ထိုမိန္းမႀကီးအားဘယ္သူျဖစ္မွန္းသိလိုက္၏။ ထို႔ေၾကာင့္အိပ္ယာမွထလာၿပီး ေမာင္ေရခဲေရွ႕လာထိုင္ကာ

” ဆရာ… ကြၽန္ေတာ့ကိုငဲ့ညႇာၿပီး သူမကိုကယ္ေပးပါ….သူ႔အသက္ကိုကယ္ေပးပါ… ”

ဆိုၿပီးမိန္းမႀကီးအတြက္အသနားခံေပးေန၏။

” ဟင္သား….ဘာလို႔ဒီမိန္းမအတြက္ အသနားခံေနရတာလဲ…သူကအေမတို႔သားအမိကိုဒုကၡေပးေနတဲ့သူေလ….”

” ေအမ.. သူကသားအသက္တမွ်ခ်စ္ရတဲ့သူပါ….သားအသက္ေသပင္ေသပါေစေတာ့ သူ႔အသက္ကိုသားရေအာင္ကယ္ေပးမယ္….”

ထိုသို႔ေျပာၿပီး ေမာင္ေရခဲအားရွိခိုးေတာင္းပန္ေနရွာ၏။

မိန္းမႀကီးမွာသူ႔ပညာသူတန္ျပန္ၿပီး မီးလုံးႀကီးမွာအူအသည္းကိုတေျမ့ေျမ့ေလာင္ကြၽမ္းေနေခ်ၿပီ။ ေမာင္ေရခဲကကိုေအာင္မိုးကိုငဲ့ညႇာၿပီး

” ကဲအမိ…သင့္အသက္ကိုသနားေသာအားျဖင့္ငါကယ္လိုက္မယ္….ဒီလူအေပၚသင္လုပ္ထားတဲ့အရာေတြအကုန္ျပန္ယူသြားေခ်….”

” မယူႏိုင္ဘူး ….သူ႔ကိုေသေစခ်င္လို႔လုပ္တာ….သူေသကိုေသရမယ္…. ”

” မာနမထားပါနဲ႔ေတာ့ ဒီလူဟာသင္နဲ႔ဘယ္လိုပတ္သင္လဲဆိုတာသင္ကိုယ္တိုင္အသိဘဲမလား…လင္မယားရယ္လိုျဖစ္လာၿပီဘဲ ခ်စ္ခ်စ္မခ်စ္ခ်စ္ ၾကင္ၾကင္နာနာေပါင္းၾကရမယ္မဟုတ္လား….. ”

” ငါသူ႔ကိုလုံးဝမခ်စ္ခဲ့ဘူး…ငါအေမြေတြလိုခ်င္လို႔သာ လက္ထပ္ခဲ့ရတာ….ခုေတာ့နင့္ေၾကာင့္ငါအရာရာရႈံးခဲ့ရၿပီ….ငါလုပ္ထားတာေတြငါအကုန္ျပန္ယူမယ္…ဒါေပမဲ့ဒီလူနဲ႔ထပ္ၿပီးမေပါင္းႏိူင္ေတာ့ဘူး…”

ဟုေျပာၿပီး ကိုေအာင္မိုးအားဗိုက္နာဗိုက္ေအာင့္ေအာင္လုပ္ထားသည္မ်ားကိုျပန္ယူလိုက္၏။

” ဆရာ….ေက်းဇူးျပဳ၍သူ႔ကိုကယ္တင္ေပးပါ….”

ကိုေအာင္မိုးကထပ္မံေတာင္းပန္ေနသျဖင့္ ေမာင္ေရခဲကေရစင္တစ္ခြက္ကိုတိုက္လိုက္၏။ ထိုအခ်ိန္အူကိုေလာင္ကြၽမ္းေနေသာ မီးမွာၿငိမ္းသြား၏။ ထို႔အတူပညာဗူးမွာလည္း ပ်က္စီးသြားခဲ့ေခ်ၿပီ။ မိန္းမႀကီးသည္ ကိစၥၿပီးသည္ႏွင့္ အမယ္အိုႀကီး၏အိမ္မွထြက္သြားခဲ့ေတာ့သည္။ ႐ြာျပင္ေရာက္မွ မိန္းမႀကီး၏ခႏၶာဆီမွခြာကာ မိခင္ရွိရာအရပ္သို႔ျပန္ခဲ့လိုက္၏။ မိခင္ျဖစ္သူမွာလည္း ႀကိမ္ဒဏ္ေၾကာင့္အိပ္ယာထဲတြင္လွဲေနရ၏။ ဘယ္သူမျပဳ မိမိမႈပင္တည္း။

” ေက်းဇူးပါသားတို႔ရယ္….ဒီေခြၽးမအေပၚသမီးအရင္းတစ္ေယာက္လိုခ်စ္ခဲ့မိတာ….ကိုယ့္သားအေပၚဒီလိုလုပ္မယ္လို႔ဘယ္ထင္ပါ့မလဲ….ခုေတာ့ကိုယ့္သားကိုဒုကၡေရာက္ေအာင္လုပ္တဲ့သူဟာ ကိုယ့္ေခြၽးမျဖစ္ေနတယ္….အသားထဲကေလာက္ထြက္ဆိုသလိုေပါ့ကြယ္….သူ႔ကိုသားနဲ႔ေပးစားခဲ့မိတာအေမ့အမွားေပါ့ကြယ္…”

” သားသူ႔ကိုခြင့္လြတ္တယ္အေမ….ဟုတ္တယ္သားလိုအသက္ႀကီးတဲ့သူက ကိုယ့္သမီးအ႐ြယ္မိန္းကေလးကိုသြားခ်စ္မိတာကိုး….သူ႔အျပစ္မဟုတ္ပါဘူးေလ….”

” ဘယ္သူ႔အမွားမွမဟုတ္ပါဘူး…ဝဋ္ရွိလို႔ျပန္ဆပ္ရတာလို႔လဲမွတ္လိုက္ေပါ့ဗ်ာ…”

ေမာင္ေရခဲကထိုသို႔ေျပာၿပီးအမယ္အိုႀကီး၏အိမ္မွထြက္လာခဲ့ေတာ့သည္။

ထိုသို႔တိုင္ ကိုေအာင္မိုးမွာဇနီးျဖစ္သူကိုစိတ္မကုန္ခဲ့ေခ်။ ထိုမိန္းကေလးအေပၚအမွန္တကယ္ခ်စ္စိတ္ဝင္ခဲ့မိသည္။ အခ်စ္သည္အသက္အ႐ြယ္နဲ႔မဆိုင္ဟု သူခံယူထားေသာ္လည္း ငယ္႐ြယ္ေသာမိန္းကေလးမွာသူကဲ့သို႔ေစ့စပ္ေသခ်ာစြာမေတြးႏိုင္ခဲ့၍လားမသိ။ သူ႔အားအမုန္းႀကီးမုန္းသြားခဲ့ေခ်ၿပီ။

ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္လည္း အမယ္အိုႀကီးတို႔အားႏုတ္ဆက္ကာ တည္းခိုရာဘုန္းႀကီးေက်ာင္းသို႔ျပန္လာခဲ့၏။ မာယာမ်ားလွေသာဤလူ႔ေဘာင္ေလာကတြင္ကား ေငြေၾကးႏွင့္ပတ္သက္လာလွ်င္မိဘ၊ေ႐ႊမ်ိဳး၊ေမာင္ႏွမ၊လင္မယားဟူေသာ ပတ္သက္မႈမ်ားကအေပၚယံသာျဖစ္ေၾကာင္း သေဘာေပါက္မိေတာ့သည္။….။

( ထိုကဲ့သို႔ေသာလင္မယားကိုစာေရးသူကိုယ္တိုင္ေတြ႕ဖူးသည္။ခ်စ္ခင္ၾကင္နာ၍ေပါင္းသည္မဟုတ္ဘဲ အေမြတစ္ခုတည္းေၾကာင့္ေပါင္းဖက္ၾကသျဖင့္ အိမ္ေထာင္ေရးအဆင္မေျပၾကေခ်။ အားေပးဖတ္ရႈသူအေပါင္း ကိုယ္စိတ္ႏွစ္ပါး က်န္းမာၾကပါေစေသာဝ္)

# ၿပီး

# ခြန္း