” မှော်ဝင်ဓားနဲ့လူထူးဆန်း ” (စ/ဆုံး)

” မှော်ဝင်ဓားနဲ့လူထူးဆန်း ” (စ/ဆုံး)

=============================

နေက တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီ ဖြစ်လေသည်။
တောသူတောင်သားတို့ရဲ့သဘာဝ သန်းဝတယောက်မှာ
ခြံပေါက်နွားတရှဉ်းဖြင့် ယာခင်းအားထယ် ထိုးနေလေသည်။

“ သန်းဝ လာကွနားကြဦးစို့…´´

အခင်းနီးချင်းဖြစ်သည့် မိုးကြီးက သူ့ထံလာပြီး တဲအနီးတွင်
ရပ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သန်းဝ သူ့နွားများကို
ကြိုးစွဲကာ ရပ်လိုက်စဉ် ရုတ်တရက် သူနွားများမှာ မည်သည့်
အရာကို လန့်သည်မသိ ရှေ့သို့ဝေါကနဲ တိုးထွက်သည်။

“ ဟာ …ဒီနွားတွေတော့…´´

သူရေရွတ်သံကြောင့် နွားများပိုလန့်သွားလေသလားမသိ
ဆွဲမရ လွဲမရနှင့် ထယ်က မြေတွင်းထဲ စူးနစ်ခွဲသွားချိန်။

“ ဒုတ် ဖျောက်…´´

“ သွားပြီ မိုးကြီးရေ ငါထယ်တုံး
အဖျားကျိုးသွားပြီကွ.…´´

“ဟုတ်လား မင်းနွားတွေကလန့်တာကိုး
ငုတ်ပုန်းဖြစ်လိမ့်မယ်ကွ…´´

( ငုတ်ပုန်းဆိုသည်မှာ မြေအတွင်းမှာရှိနေသည့် အမြစ်
သို့မဟုတ် အပင်တခုခုကိုဆိုချင်းဖြစ်သည်) စကားချပ်……။

“ ငါ့ အကွက်က ကွက်သားကြနေပါပြီကွာ
ခုမှ ဘယ်ကငုတ်ကပေါ်လာပြန်လဲမသိဘူး…´´

ပြောရင်း သန်းဝ သူရဲ့နွားများကို စုတ်သပ်ရပ်တန့်လိုက်ပြီး
သူရဲ့ထယ်တုန်း အဖျားချွန်ပဲ့သွားစေသည့် နေရာကိုကြည့်
လိုက်မိလေသည်။

“ဟေ့ကောင် မိုးကြီး ဒီကိုလာမြန်မြန် ဒီမှာဘာလဲမသိဘူး…´´

သန်းဝခေါ်သံကြောင့် မိုးကြီး သန်းဝထံလျောက်သွားလိုက်ကာ
ကြည့်လိုက်မိသောအခါတွင် နေရောင်အောင်တွင် တောက်ပ
နေသည့်အရာတခုကိုတွေ့လိုက်ရလေသည်။

“ငုတ်မဟုတ်ဘူး သန်းဝရ ဘာလဲမသိဘူး…´´

ပြောရင်းလက်မြန်ခြေမြန်ပင် ထယ်စူးထားသဖြင့် မွနေပြီ
ဖြစ်သော မြေစာများကိုလက်ဖြင့်ယက်ဖယ်လိုက်သည်။

“ဟာ ဓားကွမိုးကြီး ရိုးရိုးဓားတောင်မဟုတ်ဘူး
ငွေလက်ကိုင်ရိုးတက်ထားတဲ့ ဓားရှည်တလက်ကွ…´´

သူတို့ယက်ဖယ်လိုက်သည့် အရာမှာ မြေထဲသို့စူးနစ်ဝင်နေတဲ့
ငွေလက်ကိုင်ရိုးတက်ဓားတချောင်း ဖြစ်နေလေသည်။

“သန်းဝ ငွေလက်ကိုင်ရိုးက အစစ်ဖြစ်နိူင်တယ်ကွ…´´

“ဖြစ်နိူင်တာ မဖြစ်နိူင်တာ အသာထားကွာ
ခုလောလောဆယ်ဆယ် ဓားကိုဆွဲနူတ်…´´

ပြောရင်းသန်းဝက ဆွဲနူတ်နေစဉ် မိုးကြီးကပါ ကူပြီးနူတ်သည်
ထိုအခါ မြေအတွင်းဝင်နေသည်ဓားမှာ လူနှစ်ယောက်အားကို
မခံနိူင်တော့ပဲ လက်ကိုင်ရိုးသာပေါ်နေရာမှနေ၍ ကြွကာ
တတ်လာပြီးနောက်ဆုံး အပေါ်သို့ပါလာလေသည်။

“ဟာ … ဟယ်…´´

မျိုးကြီးနှင့်သန်းဝတို့ နှစ်ယောက်စလုံးပါးစပ်ဖျားမှ အံ့သြ
သည့်အသံများထွက်ပေါ်လာလေသည်။
အကြောင်းမှာ ဓားကနှစ်ပေခွဲခန့်ရှည်ပြီးနေရောင်အောက်တွင်
စူးလက်တောက်ပနေကာ သူတို့မျက်လုံးများကိုပဲ ခဏတာ
ကျိန်းစပ်သွားစေသည်အထိ ဖြစ်သွားကာဓားကို လွတ်ချလိုက်
ကြရသောကြောင့်ဖြစ်သည်။

“ကောင်းလိုက်တဲ့ ဓားကွာ …´´

“ဟုတ်တယ်ကွ ဒီဓားကသာမာန်ရိုးရိုးဓားတော့
မဟုတ်လောက်ဘူးလို့ ငါထင်တယ်…´´

ပြောရင်း မိုးကြီးက ဓားဆီတိုးကပ်သွားကာ ဓားအားကောက်ယူလိုက်စဉ်မှာ။

“ မိုးကြီး မင်း… မင်း…´´

သန်းဝအသံမှာ တုန်လူပ်မူ့များဖြင့် တုန်ယင်နေလေသည်
အကြောင်းမှာ မိုးကြီးဓားကိုင်ထားသည့်လက်မှာ ရုတ်တရက်ပင်
သွေးရောင်ကဲ့သို့ နီရဲလာနေသည် ဖြစ်သောကြောင့်ဖြစ်သည်။

“ ဘာဖြစ်လို့လဲသန်းဝ တုန်တုန်ယင်ယင်နဲ့…´´

သန်းဝ ဘာပြောရမှန်းမသိတော့ပါ မိုးကြီးလက်တခုလုံးသည်
ရဲရဲနီသွားသော်လည်း ခဏလေးသာဖြစ်ကာ မိုးကြီးပင်လျှင်
သတိထားမိပုံမရပါခြေ။

“ ဘာမှမဟုတ်ပါဘူး ဓားရောင်က ငါ့မျက်စိ
စူးနေလို့…´´

ညာလိုက်ရင်း ဓားဆီသို့အကြည့်ရောက်သွားစဉ်မှာ
မိုးကြီးထံမှ မမျော်လင့်သော်စကားသံတခုထွက်ပေါ်လာသည်။

“ မင်းမျက်လုံးစူးနေတယ်လား နောက်ဆိုမစူးစေရပါဘူး
ဘာမှမမြင်ရတော့ရင်ပေါ့ကွာ…´´

မိုးကြီးစကားက ဘာကိုရည်ရွယ်သည်ကို မသိနိူင်ပေမဲ့လည်း
သဘာဝရဲ့လှုံ့ဆော်မူ့ကြောင့် အန္တရာယ်အငွေ့သက်ကို
သန်းဝမသိစိတ်က ကြိုသိနေမိလေသည်။

“ မင်းစကားက ဘာကိုရည်ရွယ်တာလဲမိုးကြီး…´´

“ သူငယ်ချင်းရယ် ငါကစတာပါကွာ ဟဲဟဲ
ကဲကဲ သွားနားကြရအောင်…´´

မိုးကြီး ကခေါ်လိုက်ပြီး သန်းဝထံလက်ကမ်းလိုက်သည်
သန်းဝ မိုးကြီးလက်ကိုကိုင်လိုက်မည်ဟူ၍ ဟန်ပြင်
လိုက်စဉ်မှာ ဓားရောင်တချက်ဝင်းလက် တောက်ပ
သွားလေသည်။

“ အား…´´

နက်ကြော ကျယ်လောင်စွာအော်ဟစ်လိုက်လေသည့်
သန်းဝအသံမှာ မယုံကြည်နိူင်မူ့နာကျင်မူ့တို့ဖြင့်
တောအတွင်း ပဲ့တင်ထပ်သွားလေသည်။
မိုးကြီးမျက်လုံးများက နေရောင်ခြည်အောက်တွင်
မီးခဲအလား ရဲရဲနီနေလေသည် ထို့နောက်တွင်
သန်းဝအလောင်းအားကြည့်ပင် မကြည့်တော့ဘဲ
တလှမ်းခြင်း ဖြေးညင်းစွာ ထွက်သွားလေတော့သည်။
နေရောင်ခြည်ကတော့ သူတို့နှစ်ဦးအဖြစ်အား
လျစ်လျူရှုကာ တဖြည်းဖြည်းချင်းမြင့်တတ်လာခဲ့ပြီ
ဖြစ်လေသည်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
>>>>>>>>>>^^^^^^^^^^^^<<<<<<<<<<<<<
လူငယ်တဦး တောလမ်းလေးအတိုင်း လျောက်လှမ်း
လာနေလေသည် ပခုံးထက်မှာတော့ ကြက်တူရွေး
လေးတကောင်က ဟိုဟိုသည်သည်ကြည့်ရင်းဖြင့်
လိုက်ပါလာလေသည်။
စိတ်အစဉ်က တွေးတောနေသော်လည်း ခြေလှမ်းတို့က
လေးကန်မနေဘဲသွက်လက် ထက်မြက်နေဆဲဖြစ်သည်
ရှေ့နားဆီမှ အိမ်အမိုးလေးများပင် မြင်နေရပြီဖြစ်သည့်
ရွှာငယ်လေးကိုလှမ်းတွေ့လိုက်ရလေသည်။

“ ရွာကိုရောက်ပြီ ရွာကိုရောက်လာပြီ…´´

မခုံးထက်မှ အသံသေးသေးစူးစူးလေးကိုကြားရမှ
သတိပြန်ကပ်လာကာ ရွာဘက်ဆီသို့ ခပ်သွက်သွက်
လှမ်းသွားမိစဉ်မှာ။

“ အဖြစ်ဆိုးလှရေလား ကိုသန်းဝရဲ့
ကျွန်မတို့သားအမိကို ထားခဲ့ပြီလားအီးဟီးဟင့်…´´

အသုဘ ချလာတာဖြစ်ပုံရပြီး လူမနဲမများလိုက်လာ
သည်ကိုမြင်တွေ့လိုက်ရလေသည်။
သာမာန်ပဲတချက်ကြည့်လိုက်ပြီး ဆက်လှမ်းလာစဉ်
မမျော်လင့်သော အဖြစ်ပျက်တခုဖြစ်ပေါ်လာသည်။
အခေါင်းထမ်းလာသူများ၏ ပေါ့လျော့မူ့ကြောင့်
ရွာအပြင် အခေါင်းလွတ်ကြခြင်းဖြစ်လေသည်။

“ဟာ အခေါင်းလွတ်ကြသွားပြီဟေ့
လုပ်ကြပါဦးဟ…´´

မြင်သူတချို့ပြေးလာခဲ့ပေမဲ့လည်း အခေါင်းဖုံးက
ပွင့်သွားသည်ကို မြင်လိုက်ရလေသည်။

“ဟာ …ဟင် …ဟယ် …အလို…´

လူများစွာ ပါးစပ်ဖျားမှ အထိတ်တလန့်အသံ အံသြ
သည့်အသံ စသည်တို့ထွက်ပေါ်လာလေသည်
အကြောင်းမှာ သူတို့သယ်ဆောင်လာသော အလောင်း
သို့မဟုတ် အသုဘဖြစ်သည့် သန်းဝေမှာ အရိုးပင်
ကြလုနေပြီဖြစ်သည့် အရိုးစုတခုပမာ ဖြစ်နေသည်
မဟုတ်ပါလား။

“မိစ္ဆာ …မိစ္ဆာပဲ…´´

အသံသေးသေး စူးစူးလေးက ထွက်ပေါ်လာစဉ်မှာ
လူငယ်က တိုးတိတ်စွာ ဟန့်တားလိုက်လေသည်။

“ရွှေကဲ တိတ်စမ်း ငြိမ်ငြိမ်လေးနေ
ဘာမှမပြောနဲ့…´´

ပြောလိုက်ရင်းဖြင့် အခေါင်းထွက်ကျရာဆီသို့
အပြေးတပိုင်း ပြေးသွားလိုက်လေသည်
အရိုးစုပမာ ဖြစ်နေသော ထိုအလောင်းရဲ့
လည်ပင်းမှာ တဝှက်သာသာပျက်ထွက်နေကာ
လွန်စွာထက်သည့် ဓားတလက်ဖြင့် တိတိရိရိ
အခုတ်ခံထားရသည့်ပမာပင် ဖြစ်လေသည်။

“ ဟေ့ သူငယ်မင်းကဘယ်သူလဲ
ဘာလာလုပ်တာလဲကွ…´´

အလောင်းအနီးကပ်ခါ သေချာစွာ ဂရုစိုက်၍
ကြည့်မိနေသောသူ့ကို လူတချို့က အနားကပ်လာပြီး
သင်္ကာမကင်းဟန်ဖြင့် မေးမြန်းလေသည်။

“ ကျွန်တော်က ဧည့်သည်ပါ ဒီအလောင်းက
အရိုးစုနီးပါးဖြစ်နေလို့ ထူးဆန်းပြီးတော့
လာကြည့်မိတာပါခင်ဗျာ…´´

ရည်မွန်စွာပြောသော လူငယ်စကားကြောင့်ပင်လျင်
လူကြီးတဦီးကတိုိး အနားသို့ရောက်ရှိလာပြီး။

“မောင်ရင်လေးက လူစိမ်းထင်တယ်ကွဲ့
ဒီလူက မနေ့ကသူ့ယာခင်းမှာ ထွန်ရင်းနဲ့
အသတ်ခံရသူပါ ဒါကြောင့်မောင်ရင်လေးကို
တမျိုးမြင်မိရင် စိတ်မရှိပါနဲ့…´´

လူငယ်က ပြောလာသူကိုလှည့်ကြည့်မိသောအခါတွင်
ဥပတိရုပ် ခပ်ကောင်းကောင်းလူကြီးတဦးကို မြင်လိုက်
ရလေသည်။

“ ဦးက ဒီနယ်မြေရဲ့တာဝန်ခံ ရဲတဦးပါ
ငါ့တူက ဘယ်ကလာခဲ့တာလဲမသိဘူး…´´

လူငယ်မှာ ထိုလူကြီးကို ပြုံးပြလိုက်လေသည်။

“ ကျွန်တော်က ဒီနယ်ဘက်ကို အသိတယောက်
လာရှာတာပါဦးကြီး ခုလဲထူးဆန်းလို့ ဝင်ပြီး
စပ်စုမိတာပါ…´´

“ဘာပဲ ဖြစ်ဖြစ် အခုအချိန်မှာ ငါ့တူက
ဦးကြီးတို့နဲ့ခဏလိုက်ခဲ့စေချင်တယ်…´´

ဆွမ်းခံရင်း ငှက်သင့်ပြီဖြစ်ကြောင်းကို လူငယ်က
နားလည်သွားပုံရလေသည်။

“ဟုတ်ကဲ့ ကျွန်တော်လိုက်ခဲ့ပါ့မယ်
ဒါပေမဲ့ ဒီလူသတ်မူ့ဟာ သာမာန်
ရိုးရိုးသားသားမဟုတ်တာကိုတော့
ဦးကြီး နားလည်ထားစေချင်ပါတယ်…´´

ရဲအရာရှိမျက်လုံးများ အရောင်တောက်ပသွားကာ
လူငယ်ကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်ရင်း။

“ဦးကြီးလဲ အဲဒီလိုပဲတွေးထားပါတယ်
ရွှာရောက်မှ အေးအေးဆေးဆေးပြောကြတာပေါ့…´´

ထိုသို့ဖြင့် တယောက်တည်းလျောက်လာနေသော
လူငယ်လေးမှာ ရွာဆီသို့လိုက်ပါသွားရလေသည်။
……………………………………………………………
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
တရွှာလုံးအိပ်မောကြနေပေမဲ့ ရွှာလယ်တွင်ရှိသည့်
အိမ်ကြီးတလုံးမှာမူ မီးရောင်မှိန်ဖျဖျလင်းနေဆဲ
ဖြစ်နေလေသည်။

“ ငါ့တူပြောသလိုဆိုရင် ဒါဟာ
သာမာန်လူသတ်မူ့မဟုတ်ဘူး
ပရလောက နာနာဘာဝတွေနဲ့
ပတ်သတ်နေတယ်ပေါ့ ဟုတ်လား…´´

“ ဟုတ်ပါတယ် သာမာန်လူတယောက်ဟာ
ဘယ်လိုပဲသေသေ တညတည်းနဲ့ကတော့
အရိုးစု ဖြစ်မသွားနိူင်ပါဘူး…´´

“ ဒါကို ဦးကြီးလဲ စဉ်းစားမိပါတယ် ဒါပေမဲ့
သန်းဝသေနေတဲ့ ဒဏ်ရာဟာ ဓားဒဏ်ရာလို့
ဆေးစစ်ချက်က တိတိကြကြပြောထားတယ်…´´

“ဒါဆို သူသေတဲ့နေရာမှာရော ထူးခြားမူ့
တခုမှ မရှိဘူးလားဦးကြီး…´´

“အင်း ထူးခြားမူ့ကတော့ ထယ်သွားအဖျား
ကျိုးနေတာရယ် ဓားလိုလို အရာတခုကို
မြေထဲက စွဲထုပ်ထားသလိုဖြစ်နေတဲ့အရာရယ်
ဒါပဲပြောနိူင်ပါတယ် ထယ်ထိုးထားခဲ့လို့
မြေသားကမွနေပေမဲ့ ဦးကြီးတို့ရောက်လာတော့
လူအတော်များများဝိုင်းကြည့်နေကြတာကြောင့်
လူသတ်သမားရဲ့ ခြေရာကိုကွယ်ဖျောက်ပေးသလို
ဖြစ်သွားတယ်…´´

“ဦးကြီးတို့က အခုကျွန်တော့်ကို မသင်္ကာလို့
ဖမ်းထိန်းထားတာမဟုတ်လား…´´

“ဦးကြီးရဲ့ အတွေ့အကြုံအရ မောင်ရင်လေးဟာ
တရားခံ မဟုတ်ဘူးဆိုတာ သိရှိယုံပြီးသားပါ
ဒါပေမဲ့ မောင်ရင်လေးဟာ ဒီအဖြစ်အပျက်ကို
စိတ်ဝင်တစား လာကြည့်တာကို မြင်မိတာကြောင့်
မောင်ရင်ဆီက တခုခုရနိူင်မယ်လို့ မျော်လင့်ပြီး
ဖိတ်ခေါ်လိုက်မိတာပါ…´´

“ အော် ဒါကြောင့်ကိုး ဟုတ်ကဲ့ပါဦးကြီး
ကျွန်တော်လဲ ဒီအမူ့ကို စိတ်ဝင်စားပါတယ်
တတ်နိူင်တဲ့ဘက်က ကူညီပါရစေခင်ဗျာ…´´

“ ဒါဆို မောင်ရင်လေးက ဦးကြီးတို့ကို
ဘာကူညီနိူင်မလဲ…´´

“ ကျွန်တော် အသတ်ခံရတဲ့နေရာကို
သွားကြည့်ချင်တယ် ဦးကြီး…´´

“ မနက်မိုးလင်းရင် လိုက်ပို့ဖို့ဦးကြီး
စီစဉ်ပေးပါ့မယ်…´´

“ မဟုတ်ဘူး အခုညသွားမှဖြစ်မယ်
ကျွန်တော်ထင်တာမှန်ရင် မလိုလားအပ်တဲ့
ပြဿနာတွေ ထပ်ဖြစ်လာနိူင်လို့…´´

ရဲအရာရှိလူကြီးကလူငယ်ကိုစေ့စပ်စွာသေချာစိုက်ကြည့်လိုက်ပေမဲ့ လူငယ်ကပုံမှန်အတိုင်း ထူးခြားမူ့
တစုံတရာမရှိပဲ တည်ငြိမ်နေလေသည်။

“ကောင်းပြီလေ ဦးကြီးလိုက်ပို့ပါ့မယ်
ဒါနဲ့ တခြားစကားတွေပြောနေတာနဲ့
အမည်မေးဖို့မေ့နေတယ် ငါ့တူအမည်က…´´

“ ကျွန်တော့်အမည်က အဖြူရောင်ပါဦး…´´

“ကောင်းပြီဦးတို့သွားကြစို့ ဦးတပည့်တွေ
အကုန်ခေါ်ခဲ့ရမလား…´´

“ မဖြစ်ဘူးဦးကြီး ဦးကြီးအတွက်
အဖော်တယောက်ပဲ ခေါ်လာခဲ့ပါ…´´

ဒုတိယအကြိမ်မြောက် ရဲအရာရှိကြီးမှာ ငြိမ်သက်
စဉ်းစားသွားပြန်လေတော့သည် ယနေ့မှ စတင်ပြီး
ဆုံဘူးစကားပြောဘူးသည့် လူငယ်တဦးအား
ယုံကြည်ရန် စဉ်းစားနေရပြီမဟုတ်ပါလား နောက်ဆုံး
စိတ်တင်းလိုက်ပုံဖြင့်။

“ဦးကြီးတို့ လိုက်ပို့ပါ့မယ်လေ…´´

ပြောလိုက်ရင်းဖြင့် ပြင်ဆင်လိုက်ကြပြီးနောက် သူတို့
ညနက်နေပြီဖြစ်သည့် ညကိုအန်တုကာ သန်းဝ၏
ယာခင်းဆီသို့ ထွက်ခဲ့ကြလေသည်။

“ဝူ…အူး အူး…ဝူ…………´´

ဆွဲဆွဲငင်ငင် အူလိုက်သည့် ခွေးအူသံက ရွာမှအထွက်
တစုံတခုအား နမိတ်ပြနေသလိုလို။
………………………………………………………
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တဲငယ်လေးက မှိန်ဖျဖျကြယ်ရောင်အောက်တွင်
မကောင်းဆိုးဝါးကြီးတကောင် ငိုက်မြည်းနေသလို
တောင်ကုန်းအထက်မှာ တည်ရှိနေလေသည်။

“ရှေ့တောင်ကုန်းကတဲပဲ တူမောင်အဖြူရောင်
အခင်းဖြစ်တာက တဲအောက်ကွက်သာပြင်ထဲမှာ…´´

ထိုအချိန်မှာ အဖြူရောင်က တောင်ကုန်းထက်ရှိ
တဲကို စိုက်ကြည့်နေကာ ခဏမျှ ကြာသောအခါတွင်။

“တဲထဲမှာ လူရှိနေတယ်ဦးကြီး သတိထား
အန္တရာယ်ဖြစ်လာနိူင်တယ်…´´

ရဲအရာရှိကြီးမှာ လူငယ်စကားကြောင့် အလွန်ပင်
အံ့သြမိပြန်လေသည် ဒီညက လမသာသလို ညနက်
နေပြီဖြစ်ကာ ခုမှတဲကိုကြယ်ရောင်ကြောင့် လှမ်း၍
မြင်ရယုံပဲရှိနေသေးကာ ကိုက်သုံးရာလောက်တော့
တဲနှင့်ဝေးနေသေးသည်ကို လူငယ်က တဲအတွင်းဝယ်
လူရှိကြောင်း သတိထားဖို့လိုကြောင်း ပြောလာသည်
မဟုတ်ပါလား။

“သေချာရဲ့လား မောင်ရင်လေး…´´

“ဟုတ်ကဲ့ သေချာပါတယ် …´´

ရဲနှစ်ယောက်မှာ သေနတ်များကို ချက်ခြင်းထုပ်ယူ
ကိုင်ဆောင်လိုက်ကြပြီး တဲအနီးဆီသို့ သတိဖြင့်
တဖြည်းဖြည်းချဉ်းကပ်ခဲ့ကြလေသည်။
ဓာတ်မီးများပါလာကြသော်လဲ မထိုးရဲကြသေးပဲ
ငြိမ်သက်နေသောတဲကိုသာ သက်ရှိသတ္တဝါအလား
မပေါ့မစ သတိထားနေရလေသည်။

“ဟား ဟား ဟား ဟား ဟား………
“ဝူး အူ ဝူ ဝူး း ……´´

ရယ်မောသံကြီးက ညရဲ့အခါသမယ တဲဆီမှနေ၍
ခြောက်ခြားဖွယ်ရာထွက်ပေါ်လာခဲ့ပြီးနောက်တွင်
ခွေးအူသံကြီးကလဲ အသည်းထိတ်စဖွယ် သူတို့၏
နောက်နားဆီမှ အနီးကပ်ထွက်ပေါ်လာလေသည်။

“ ဟေ့ တဲထဲကဘယ်သူလဲကွ ငါကဒီနယ်မြေ
တာဝန်ခံဒုရဲအုပ် ညွန့်သန်းပဲ ထွက်ခဲ့စမ်း…´´

တဲအတွင်းမှရယ်သံမှာပျောက်ကွယ်သွားပြီးနောက်
ပတ်ဝန်းကျင်တခုလုံး အပ်ကျသံပင် ကြားနိူင်လောက်
သည်အထိ တိတ်ဆိတ်သွားလေသည်။

“ဟေ့ ငါမေးနေတယ် ခုန တဲထဲမှာရယ်နေတာ
ဘယ်သူလဲ ထွက်ခဲ့…´´

မည်သည့်ဖြေသံမှ မရတော့သည့်အဆုံးသတ်တွင်
ဒုရဲအုပ်ဦးညွန့်သန်းက အသင့်ပါလာသောဓတ်မီးကို
တဲဆီသို့ထိုးလိုက်လေသည် ထို့နောက်တွင်
တဲဆီသို့တိုးကပ်သွားရန် ပြင်လိုက်မိစဉ်။

“ဦးကြီး ဆက်မတိုးနဲ့ အန္တရာယ်ရှိတယ်…´´

အဖြူရောင်က သတိပေးသလို ပြောလိုက်ပြီးနောက်
တဲဆီသို့ တဟုန်ထိုးပြေးသွားလေသည်။
သူတဲအနီးသို့အရောက်မှာ တဲအတွင်းမှ လူတယောက်
တုတ်တချောင်းပမာ သူ့ထံသို့ လွင့်ပြန့်လာလေ၏
အဖြူရောင်လျှင်မြန်စွာ ရှောင်လိုက်သောအခါ
သူ့နဘေးမှ လေးတိုးသံ “ ဝှီး´´ကနဲမည်ကာ သူ့ကို
ဖြတ်ထွက်သွားလေသည်။

“မိန်းကလေးအလောင်းပဲ ငါ့တူရေ…´´

ရဲအရာရှိကြီးထံမှ အသံထွက်ပေါ်လာပြီးနောက်တွင်

“ဟားဟားဟားဟား ဟီး ဟီး ဟီး ဟီး…´´

တဲအတွင်းမှ ဓားရှည်ကြီးတချောင်းကိုကိုင်ကာ
လူတဦး ထွက်လာလေသည်။

“ မင်း မင်းကမိုးကြီးမဟုတ်ဘူးလား…´´

ရဲအရာရှိက ထိုလူကို သိနေဟန်ဖြင့် တအံ့တသြ
ပြောလေသည်။

“ မင်းတို့ အကုန်လုံးသေရမယ် ဟားဟားဟား…´´

မိုးကြီးမှာ ရဲနှစ်ဦးဓာတ်မီးများဖြင့် အထိုးခံထားရ
သော်လည်း လုံးဝဂရုမစိုက်ဟန်အတိရှိနေပြီး သူ၏
မျက်လုံးများမှာ မီးရောင်အောက်တွင် မီးကျီးခဲအလား
ရဲရဲနီနေကာ လက်အတွင်းမှ ဓားသည်လည်း
အရောင်တောက်ပကာနေလေသည်။

“ သတိထား သူ့မှာလူစိတ်မရှိတော့ဘူး……´´

အဖြူရောင်ရဲ့ သတိပေးသည့်အသံမဆုံးလိုက်ပါ
မိုးကြီးက ဓားဖြင့် သူတို့သုံးဦးထံ ခုန်ဝင်လာခဲ့ပြီ
ဖြစ်လေသည်။
အဖြူရောင်က မိုးကြီးရဲ့မျက်လုံးများကို လုံးဝမကြည့်
ဓားကိုသာ ဂရုတစိုက်ကြည့်လိုက်ပြီး မိုးကြီးထံသို့
တိုးကပ်သွားသည်။

“ ချောက်…ချောက်……ချောက် …´´

ဒုရဲအုပ်ညွန့်သန်းနှင့် ရဲသားလေးမှာ ထိတ်လန့်စွာ
သေနတ်ဖြင့် ပစ်မိလိုက်ပေမဲ့ နှစ်ယောက်စလုံးရဲ့
သေနတ်တွေက ထူးဆန်းလှစွာ တချောက်ချောက်သာ
မြည်နေပြီး မည်သည့်ကျည်မျှ ထွက်မလာပါခြေ။

“ဟာ ကျည်မထွက်ဘူးဟ …´´

ရဲအရာရှိ အထိတ်တလန့်အော်ဟစ်လိုက်မိပြန်သည်
ထိုအချိန် လင်းလက်နေသောဓားက အဖြူရောင်အား
အပေါ်စီးမှ ခုတ်ချလိုက်တာမြင်ရသည်။
ယခုအထိ အဖြူရောင်ရဲ့မျက်လုံးများက ဓားကိုသာ
မမှိတ်မသုန်စိုက်ကြည့်နေဆဲဖြစ်ပြီး သူကိုထိလုထိဆဲ
အချိန်ရောက်လာသောအခါမှ အဖြူရောင်က ရှေ့သို့
လျင်မြန်စွာတိုးလိုက်ပြီး မိုးကြီးဓားကိုင်လက်အား
သူရဲ့လက်ဖြင့် အားကုန်ရိုက်ချလိုက်လေသည်။

“ဒုတ်…ဖျောက်…ချွင်……´´

အရိုးကျိုးသံသဲ့သဲ့ထွက်ပေါ်လာပြီးနောက်တွင်
ဓားကိုင်ထားသည့် မိုးကြီးမှာ လက်အတွင်းမှဓားမှ
လွတ်ကြသွားလေသည်။
ဓားလွတ်ကြသည်နှင့် မိုးကြီးက ချင်ချင်းဓားကို
ကောက်ယူရန်ပြင်လိုက်ပေမဲ့ အဖြူရောင်က သူ့ထက်
လျင်မြန်လှစွာ ဓားကိုအရိုးမှမကိုင်ပဲ အဖျားဘက်မှ
ကောက်ယူသွားလေတော့သည်။

“ ငါ့ဓားပြန်ပေးစမ်း …မင်းကိုငါသတ်မယ်…´´

“ဦးကြီ ဒီလူက ဓားရဲ့မိစ္ဆာဓတ်ဝင်နေပြီ
ဒါပေမဲ့ ဓားမရှိရင် သူဘာမှမစွမ်းပါဘူး
သူ့ကိုခဏထိန်းချုပ်ပေးထားပါ ဓားကို
ကျွန်တော်ဖျက်စီးပြစ်ရမယ်…´´

ဦးသန်းညွန့်က အဖြူရောင်စကားအဆုံးသတ်တွင်
သူ့ဘေးမှ ရဲသားကိုအချက်ပြလိုက်ပြီး မိုးကြီးအား
နှစ်ယောက်သား ဝိုင်းထားလိုက်လေသည်။
အဖြူရောင်မှာ ဓားဖျားကိုကိုင်ထားရင်းက တကိုယ်လုံး
မီးဖြင့်မြိုက်ထားသည့်ပမာ ပူလောင်နေပေမဲ့
သူက ဓားကိုချိုးဖို့ကြိုးစားနေလေသည် ။

“ ဦးကြီးတို့မှာ သံပစ္စည်းတခုခုပါလာရင်
ကျွန်တော့်ကိုပေးစမ်းပါ…´´

“ဦးကြီးမှာ ဓားမြှောင်ပါမလာဘူး ငါ့တူ
သံဆိုရင် သေနတ်ပဲပါလာတယ်…´´

“ ဒါဆို အဲဒီသံပဲပေးပါဦးကြီး…´´

ရဲအရာရှိကြီး ဦးသန်းညွန့်က သူခါးမှသေနတ်အား
အဖြူရောင်အားပြစ်ပေးလိုက်လေသည်။
အဖြူရောင်ထံသေနတ်ရောက်သည်နှင့် သူက
သေနတ်ဒင်ဖြင့် ဓားရိုးအား ထုချလိုက်လေသည်
တချက်နှစ်ချက်အတွင်း မည်သို့မျှ မထူးခြားပေမဲ့
စိတ်မပျက်လက်မပျက် အဖြူရောင်ဆက်လက်ပြီး
ထုလိုက်သောအခါတွင်။

“ဝေါ…ဝေါ……´´

လေတိုက်သံပမာ ကြယ်လောင်သော အသံနှစ်ခု
ဓားလက်ကိုင်ရိုး အတွင်းမှထွက်ပေါ်လာလေသည်။
ထိုအခါမှာ အဖြူရောင်က ဓားကိုချက်ခြင်းလျင်မြန်စွာ
အဝေးသို့အားကုန်ပြစ်လိုက်လေသည်။

“ အိမ်း…ဝုန်း…ဝုန်း…´´

သစ်ပင်ကြီးများလဲသည့် အသံပမာ ကျယ်လောင်သော
အသံကြီးများထွက်ပေါ်လာလေတော့သည်။

“ဦးကြီး ဓားကပျက်စီးသွားပါပြီ
တရားခံလဲ မိထားပါပြီ ဘာပဲဖြစ်ဖြစ်
ဒီအကိုကြီးအပြစ်မဟုတ်ဘူးလို့တော့
ကျွန်တော်ပြောခဲ့ပါရစေ ကျန်တာကတော့
ဥပဒေအတိုင်း ဆက်လုပ်ပါခင်ဗျာ
ကျွန်တော့်ကို ခွင့်ပြုပါဦး…´´

တလက်စတည်း ပြောရင်းနူတ်ဆက်လိုက်သော
အဖြူရောင်အား ရဲအရာရှိဖြစ်သော ဦးသန်းညွန့်က။

“ငါ့တူ မိုးလင်းတော့မှာပဲ မနက်မှခရီးဆက်ပါလား
ဦးတို့နဲ့ ပြန်လိုက်ခဲ့လေ…´´

“ကျေးဇူးတင်ပါတယ်ဦးကြီး
ဒါပေမဲ့ မလိုက်နိူင်တာကိုတော့
ခွင့်လွတ်ပါကျွန်တော်ခရီးက ရှည်ပါသေးတယ်…´´

ပြောရင်း တလှမ်းချင်းထွက်ခွာသွားလေပြီဖြစ်သော
လူထူးလူဆန်းလေး အဖြူရောင်အားကြည့်ကာ
ရဲနှစ်ဦးမှာဒသက်ပျင်းများကိုယ်စီ ခိုးချလိုက်ကြရ
လေတော့သည် ထို့အတူ ဓားကြောင့် မိစ္ဆာစိတ်ဝင်ပြီး
သူငယ်ချင်းနှင့်ဇနီးအားသတ်မိခဲ့သည့် မိုးကြီးမှာတော့
ရဲနှစ်ယောက်ရဲ့ လက်ထိတ်ခတ်ခံထားရလေသဖြင့်
ခေါင်းငိုက်စိုက်ကျလျက်။

ပြီးပါပြီ

လျို့ဝှက် လူ
#လေးစားစွာcreditပေးပါသည်