ယောဂီသူတော်နဲ့ သိုက်နန်းကိုးသွယ်

ယောဂီသူတော်နဲ့ သိုက်နန်းကိုးသွယ် ( စ၊ ဆုံး)
*******
ဒီသူငယ္မကို ကြည့်လိုက်ရင် အသက်အရွယ်နဲ့ မလိုက်အောင် အျမဲလိုလို အေးဆေးတည်ငြိမ်ပြီး အနေအထိုင်လေးက အိန္ဒြေရှိလွန်းတယ်လို့ အရှင်သောန ထင်မိတယ်။
မနက်ခင်းဆို အာရုံကျင်းပြီး သိပ်မကြာခင် ဒီကေလးမ’ဟာ ကျောင်းအရှေ့ဆီကို သူနဲ့ ရွယ်တူ သူငယ်ချင်း သုံးလေးယောက်နဲ့ ရောက်လာတတ်ကြတယ်။
အတူလာသူတွေက ကျောင်းထဲက ခရေပင်ကြီးဆီမှာ ပန်းတွေကို ကောက်ချိန် သူငယ္မကေတာ့ တံမြက်စည်းတစ်ချောင်းနဲ့ ကျောင်းဝန်းအနှံ့ကို လိုက်လံလှဲကျင်းပေးတယ်။
အတူလာသူတွေက ပန်းကောက်ရင်း စကားတွေ ကျွတ်ကျွတ်ညံနေချိန် သူမကေတာ့ နှုတ်က တစ်စုံတစ်ခုကို တတွတ်တွတ် ရွတ်ရင်း တံမြက်စည်းကိုသာ အမှိုက်တစ်စ မကျန်အောင် လှဲကျင်းနေတယ်။
ဒိမြင်ကွင်းကို အရှင်သောန မြင်နေမိတာ နေ့စဉ်ရက်ဆက်ကို တစ်လလည်း မဟုတ်၊ နှစ်လလည်း မဟုတ်၊ သုံးလတင်းတင်း ပြည့်ပြီးခဲ့ပြီ။
သူငယ်မတွေရဲ့ အသက္က ရှိလှမှ ဆယ်ခြောက်နှစ်၊ ဆယ့်ခုနှစ်နစ်ပေါ့…။
သေချာတာကတော့ ဒီကေလးမေတြဟာ လူသားစင်စစ်တွေ မဟုတ္ဘူးဆိုတာ အရှင်သောန သိနေမိပါတယ်။
*******
တစ်ရက်…။
အရှင်သောန မနက်ခင်း အာရုံဆွမ်းစားပြီး ကျောင်းဝန်းထဲမှာ စင်္ကြန် လျှောက်နေမိတယ်။
စင်္ကြန်လျှောက်ရင်း ဂုဏ်တော်ကိုးပါးကို ရွတ်ဖတ်ပွားများနေမိချိန် ကျောင်းဆီက ကိုရင်ငယ်တွေနဲ့ ကပ္ပိယကြီးတို့က အာရုံဆွမ်းပွဲတွေကို ပြန်လည် သိမ်းဆည်းနေရင်း ပြောဆိုနေကြတဲ့ စကားသံတွေကို အရှင်သောန တစ်ချက်တစ်ချက် ကြားနေမိတယ်။
သိပ်မကြာခင်မှာတော့ ကျောင်းအဝင်ဝဘက်က အသံတချို့ ကြားမိရတယ်။
စကားသံတွေအရ မနက်တိုင်းလာနေကြ သူငယ်မလေးတို့ သူငယ်ချင်းတစ်သိုက် ရောက်လာကြပြီဆိုတာ အရှင်သောန သိလိုက်မိတယ်။
ဂုဏ်တော်ကိုးပါးထဲကို စိတ်နှစ်ပြီး ဆက်ရွတ်ရင်း လျှောက်နေတော့ အရှေ့ဆီကို ရောက်ရှိလာတဲ့ သူငယ်မတစ်သိုက်ကြောင့် အရှင်သောန ခြေလှမ်းတွေကို တန့်လိုက်မိတယ်။
‘ အရှင်ဘုရား…’
အရှင်သောန သတိထားမိနေတဲ့ သူငယ္မက တင်လျှောက်လာတယ်။
‘ အင်း…တကာမလေးတို့…’
‘ တပည့်တော်တို့က နိတ္ထိတန်စေတီက ပန်းအကောက်တော် တာဝန်ထမ်းရတဲ့ ဘုံမိရ သိုက်အစေအပါးများပါ အရှင်ဘုရား…’
‘ အင်း တကာမလေးတို့ ဘယ်ဆီနေတယ်တော့ ဘုန်းကြီး မသိပါဘူး။ ဒါပေမယ့် နေ့စဉ်တော့ မြင်တွေ့နေမိပါတယ်…’
‘ တင်ပါ့ အရှင်ဘုရား။ တပည့်တော်မတို့ဟာ နေ့စဉ်တိုင်း ဒီကျောင်းထဲမှာ ပန်းအကောက်လာကြရပါတာ နှစ်ပေါင်း၃၀၀ လောက် ရှိပါပြီ အရှင်ဘုရား…’
‘ တကာမလေးတို့ဟာ လူသားမဟုတ်ဘူးလို့တော့ ဘုန်းကြီး သတိထားမိနေပါတယ်…’
‘ တပည့်တော်တို့ ရှေးအရင့်အရင်ကတည်းက ဒီကျောင်းကို ပန်းအကောက်ဝင်တိုင်း ဘုန်းတော်ကြီးအတော်များများနဲ့ ကြုံဆုံဖူးပါတယ်။ ဒီအထဲမွာ အရှင်ဘုရားနဲ့ အရှင်ဝသစ္စတို့သာ တပည့်တော်တို့ကို မြင်နိုင်တာကို သတိထားမိရပါတယ် ဘုရား…’
အရှင်သောနက ဒီကျောင်းဆီကို ဆယ့်ငါးပါးမြောက် ကျောင်းထိုင်အဖြစ်နဲ့ ရောက်တာက သုံးလကျော်ရုံသာ ရှိသေးတယ်။ သူငယ်မတို့ ပြောတဲ့ အရှင်ဝါသစ္စဆိုတာက ဒီကျောင်းဆီက ရှစ်ပါးမြောက် ကျောင်းထိုင်ကိုယ်တော်ရယ်။
‘ ဒါတွေကလည်း အရှင်ဘုရားတို့ရဲ့ သိက္ခာ၊ သမာဓိအားကြောင့် မြင်နိုင်တာလို့ တပည့်တော်တို့ ယူဆမိပါတယ် အရှင်ဘုရား…’
အရှင်သောနက ခပ်သာသာ ပြုံးလိုက်မိတယ်။
‘ အဲ့ဒီ့လိုလည်း မဟုတ်ပါဘူး တကာမလေးတို့…’
အရှင်သောန နှိမ်ချပြီး ပြောလိုက်ပေမယ့် သူငယ္မတစ်သိုက္က လက်မလျော့လေဘူး။
‘ ဘယ်သို့ပဲ ဖြစ်ဖြစ် တပည့်တော်မတို့ကတော့ ဒိလိုပဲ မြင်မိပါတယ်။ အရှင်ဘုရားအနေနဲ့ တပည့်တော်မတို့ကို တရားထူးတစ်ပုဒ်လောက်၊ ဒါမှမဟုတ် တစိမ့်စိမ့် ပွားများနိုင်မယ့် ဂုဏ်တော်၊ ဂါထာတော် တစ်ပုဒ်လောက် ချီးမြှင့်ပေးစေချင်ပါတယ် ဘုရား…’
အရှင်သောန သတိထားမိနေတဲ့ သူငယ္မက လျှောက်တင်တယ်။
ဒီသူငယ္မဟာ ပုံမှန်အတိုင်းဆို အနေအေးဆေးပြီး တည်ငြိမ်လွန်းပေမယ့် အခုလိုမျိုးကျ နှုတ်သွက်လျှာသွက် ရှိလေသားလို့ အရှင်သောန တွေးမိလိုက်တယ်။
‘ တကာမလေးတို့က ဘုန်းကြီးဆီမှာ တရားထူးနဲ့ ဂါထာတော်ကို တောင်းတယ် အဆိုရှိတော့ အရှေ့တုန်းက အရှင်ဝါသစ္စဆီကကော ဘာမ်ား တောင်းဆိုခဲ့ဖူးသတုန်း…’
အရှင်သောနဆီက မေးခွန်း။ သူငယ္မက…
‘ တပည့်တော်မတို့ကို သရဏဂုံသုံးပါးကို ဆည်းကပ်ဖို့ ချီးမြှင့်ပေမယ့် ကောင်းစွာ ရွတ်ဖတ်မရပါ အရှင်ဘုရား…’
‘ အို…ဘယ်အတွက်ကြောင့်တုန်း…’
‘ တပည့်တော်မတို့က ပြီးဆုံးအောင် ရွတ်ဖတ်မရပါ။ ရွတ်ဖတ်နေရင်း ခံတွင်းဆီက မီးတောက်သည့်နှယ် ခံစားရပါတယ် အရှင်ဘုရား…’
အခြားသော သူငယ္မေတြက လျှောက်တင်လာတယ်။ အရှင်သောန သတိထားမိနေတဲ့ သူငယ်မကကျတော့…။
‘ တပည့်တော်မကတော့ ပြီးဆုံးတဲ့အထိ ရွတ်ဖတ်လို့ရပါတယ်။ ဒါပေမယ့် တပည့်တော်မ ရွတ်ဖတ်ပြီးရင် သိုက်နန်းအတွင်းဆီကို ဝင်လို့ မရခဲ့ပါ…’
‘ ဘယ်လိုကြောင့်တုန်းကွယ်…’
‘ တပည့်တော်မ ဝင်မိတာနဲ့ သိုက်နန်းတစ်ခုလုံး နေမရလောက်အောင် ဖြစ်ကြရပါတယ်။ တပည့်တော်မ ကိစ္စကို အစက အမြင်မှားပြီး အပြစ်ပေးဖို့ ကြိုးစားတဲ့ သိုက်နန်းရှင်တောင် တပည့်တော်မရဲ့ အသားကို ထိမိချိန် ပစ်လဲပြီး သတိမေ့သွားခဲ့တာ နှစ်ရက်တိတိ ကြာခဲ့ပါတယ်…’
‘ ဟင်…’
‘ ဒီအတွက်ကြောင့် သိုက်နန်းရှင်ဟာ တပည့်တော်မကို အပြစ်ပေးဖို့ မကြိုးစားတော့ဘဲ ရရှိလာတဲ့ တရားထူးကို ဆင့်ပွားဖို့ ပြောပါတယ်။ တပည့်တော်မ နှုတ်တိုက် ချပေးနေစဉ်မှာပဲ သူတို့ဟာ မခံမရပ်နိုင်အောင် ပူလောင်နာကျင်မှုတွေကို ခံစားခဲ့ရတာမို့ အဆုံးထိ ဆင့်ပွားမပေးနိုင်ခဲ့ပါဘူး။ ဒါတွေကြောင့်ပဲ တပည့်တော်ကို သိုက်နန်းက သူတွေက ဓမ္မပဒ ကုမ္မရီလို့ သညှာပြုပြီး သိုက်နန်းရဲ့ အပြင်ဘက်ဆီမှာ နေရစ်စေပါတယ်။ ရရှိထားတဲ့ သုံးပါးသရဏဂုံကိုတော့ တပည့်တော် နေ့ရှိတိုင်း ပူဇော်ခွင့် ရပါတယ် ဘုရား…’
‘ အင်းကွယ်…ထူးဆန်းလိုက်ပါဘိ…’
သူငယ္မ ပြောတဲ့ အကြောင်းက ထူးလွန်းတာမို့ အရှင်သောန အာမေဋိတ် ပြုမိတယ်။
‘ တပည့်တော်ကို တရားထူး၊ ဒါမှမဟုတ် ဂါထာတစ်ပုဒ် ဆက်လက်ပြီး ချီးမြှင့်ပေးပါဘုရား။ တပည့်တော် ဒိအခွင့်အတွက်ကို အရှင်ဝါသစ္စနောက်ပိုင်း စောင့်ဆိုင်းနေရတာ ကြာခဲ့ပါပြီ…’
‘ အင်းကွယ်…တကာမေလးက ဘုံမိရတွေအထဲမှာ ထူးခြားသူလေးမို့ ဘုန်းကြီးက ချီးမြှင့်ချင်ပါတယ်…’
‘ တင်ပါ့ဘုရား…’
အရှင်သောနလည်း ဘုံမိရပန်းကောက်သူ သူငယ်မတို့ကို လက်ရှိပွားများနေမိတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးကို အကျယ်ဝင့်ပြီးတစ်ခေါက်၊ အကျဉ်းရုံးပြီး ဂါထာတော်အဖြစ်တစ်ခေါက် ချီးမြှင့်လိုက်လေတယ်။
ဂုဏ်တော်ကိုးပါးကို မဆုံးသေးခင်မှာ ကျန်တဲ့ သူငယ်မအပေါင်းတို့က အနားကေန ရှောင်ခွာကြတယ်။ ဓမ္မပဒကုမ္မရီလို့ အမည်ပေးခံရတဲ့ သူငယ္မသာ အနားမွာ ကျန်ရစ်လေတယ်။
သူမကေတာ့ အရှင်သောန ဟောပြတာတွေကို စစ်စစ်ပေါက်ပေါက် အမေးအဖြေပြုပြီး ရှင်းလင်းနားလည်အောင် နာယူလေတယ်။
မိုးသောက် အလင်းစင် လုချိန်ကျတော့ သူငယ်မလည်း ဂုဏ်တော်ကိုးသွယ်ကို ကောင်းကောင်းကြီး အာဂုံဆောင်နိုင်ခဲ့ပြီ။
‘ ရောင်နီလာတော့မယ်မို့ တပည့်တော်မတို့ကို ပြန်ခွင့် ပြုပါ ဘုရား…’
ပန်းကောက်သူ သူငယ်မတို့လည်း ပြီးစီးခဲ့ပြီ။
မကြာခင်မှာလည်း နေခြည်က သန်းပေတော့မယ်မို့ သူငယ်မတို့ တစ်သိုက် အပြန်လမ်းအတွက်ကို လျှောက်တင်လာတယ်။
‘ အင်း…ကောင်းပါပြီလေ…’
အရှင်သောနရဲ့ နှုတ်မြွက်စကားအဆုံး ပန်းကောက်သူတစ်သိုက်နဲ့ သူငယ်မလေးတို့ဟာ ဝတ်ပြုပြီး ကျောင်းဝန်းထဲက ထွက်ခွာသွားကြပါတော့တယ်။
*******
အရှင်သောန ဒိရက်ပိုင်းထဲ ပန်းကောက်တဲ့ သူငယ်မတစ်သိုက် ရောက်မလာတာကို သတိထားမိတယ်။
ပုထုဇဉ်ဆိုတော့လည်း နေ့တိုင်း မြင်နေ ကြားနေကျဆိုတော့ မမြင်ရချိန် မျကိစိချာပြီး သတိထားမိနေရတာပေါ့။ ပန်းကောက်သူ ဘုမ္မိရသူငယ်မတို့ဟာ နှစ်ရက်ကြာတဲ့အထိ ရောက်မလာခဲ့ဘူး။
သုံးရက်မြောက်နေ့ မနက်အာရုံကျင်းမှာတော့…။
အရှင်သောန စင်္ကြန်ထလျောက်နေချိန် ဘုရားလေးဆီမှာ ဘယ်အချိန်ကတည်းက ရောက်ရှိပြီး အိပ်စက်နေတယ် မသိတဲ့ သူရူးတစ်ယောက်ကို တွေ့ရတယ်။
အရှင်သောနလည်း သူရူးက နှစ်ခြိုက်စွာ အိပ်စက်နေတာမို့ အနားဆီကို အနှောက်အယှက်ဖြစ်မှာစိုးတဲ့အတွက် မသြားဘဲ ဒိဘက်နားတင် စင်္ကြန်လျှောက်နေမိတယ်။
‘ လာကြဟေ့။ တို့တတွေ နှစ်ရက်လောက် ပန်းမကောက်ခဲ့ရတော့ ပန်းတွေ အများကြီးပဲ ဖြစ်နေမှာတော့်…’
အသံစာစာတွေနဲ့ ကျောင်းမုဒ်ဦးဆီကနေ ဝင်လာကြတဲ့ ပန်းကောက်သူ ဘုမ္မိရ သူငယ်မတစ်သိုက်။
‘ ဟေ့…တိုးတိုးနေကြဟဲ့။ ဟိုမွာ ဆရာတော် စင်္ကြန်ကြွနေတယ်…’
‘ ဪ…အေး ဟုတ်သားပဲ။ မိဇာတို့ ညည်းတို့တတွေ တိတ်တိတ်နေကြကွယ်…’
ဓမ္မပဒ ကုမ္မရီလို့ အမည်တွင်ထားတဲ့ သူငယ္မက ပြောတော့ အဖွဲ့ကို ခေါင်းဆောင်လာတဲ့ သူငယ္မက ကျန်သူတို့ကို သတိပေးစကားဆိုတယ်။
ပန်းကောက်သူ ဘုမ္မိရသူငယ်မတွေဟာ နှုတ်ဆိတ်ကြရင်း အရှင်သောနနဲ့ မလှမ်းမကမ်းအထိကို ရောက်အောင်လာကာ ဝတ်ပြုကြတယ်။
ဝတ်ပြုပြီးတော့ ပန်းကောက်သူ သူငယ်မတို့က ထွက်သွားကြပြီး ကေသီဆိုတဲ့ သူငယ္မသာ ကျန်ရစ်လေတယ်။ အရှင်သောနက သူငယ္မ အနီးမွာ ရပ်တန့်လိုက်ပြီး…။
‘ တကာမလေးတို့ ပြီးခဲ့တဲ့ နှစ်ရက်က ရောက်မလာကြဘူးနော်…’
‘ တင်ပါ့ဘုရား။ တပည့်တော်မတို့ သိုက်ကသူအားလုံး အချုပ်သိုက်ဆီကို စုဝေးကြဖို့ အမိန့်ပြုလာတာနဲ့ သွားကုန်ကြတာပါ။ သိုက်နန်းမှာ တပည့်တော်မတစ်ယောက်သာ အစောင့်ကျန်ရစ်ရပါတယ်…’
‘ ဪ…တကာမလေးတို့ အချုပ်သိုက်က ဘယ်ဆီမှာတုန်း…’
‘ အချုပ်သိုက်က ရှင်ပင်တောင်ဘုရားဆီမှာပါ…’
‘ ဪ…ကိုယ်တော်က တကာမလေးတို့ တစ္ခုခုမ်ား ဖြစ်သလားလို့ တွေးမိလို့ပါ…’
‘ တင်ပါ့ဘုရား။ မလာဖြစ်တဲ့ အကြောင်းကတော့ တပည့်တော် လျှောက်တင်သလိုပါပဲ ဘုရား…’
‘ အင်းအင်း…ကောင်းပါပြီ တကာမေလး။ ကဲ လုပ်စရာရှိတာ လုပ်ချေဦးကွယ်။ ကိုယ်တော်လည်း ဂုဏ်တော်အဓိဋ္ဌာန် မပြည့်မီသေးဘူးရယ်…’
‘ တင်ပါ့ဘုရား…’
သူငယ်မလည်း ဝတ်ပြုပြီး ပန်းပင်ကြီးအောက်ဆီကို ထွက်သွားတယ်။
အရှင်သောနလည်း စင်္ကြန်ဆက်ကြွနေဖြစ်ရင်း ရှိနေတယ်။ သူငယ္မေတြ ပြန်ချိန်ကျတော့ အိပ်စက်နေတဲ့ သူရူးက နိုးနေတာကို မြင်လိုက်ရတယ်။
သူရူးက သူငယ္မေတြ သူ့အရှေ့က ဖြတ်သွားတာကို မြင်ရတဲ့ဟန်နဲ့ လိုက်လံကြည့်နေလေရဲ့။ အရှင်သောနလည်း သိလိုစိတ္က ဖြစ်ပေါ်လာရတယ်။ ဒါကြောင့် သူရူးအနားကို သွားလိုက်တာပေါ့။
‘ အို…ဘုန်းတော်ကြီးကို သူတော် ဝတ်ပြုပါတယ်…’
အရှင်သောန အနားရောက်ချိန် သူရူးက ကမန်းကတမ်း ဝတ်ပြုလာတယ်။
‘ တကာကြီး ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ…’
အရှင်သောနက မေးမြန်းလိုက်တယ်။ သူရူးက လက်အုပ်ချီရက်သားက…။
‘ တပည့်တော် နတ်သားလေးမို့ နတ်ပြည်ကို သွားမှာပါဘုရား…’
‘ ဟင်…တကာကြီးက နတ်သားလား…’
‘ တင်ပါ့…’
အရှင်သောန ပြုံးမိသွားရတယ်။
‘ အင်း…ကောင်းတယ် တကာကြီး။ ကောင်းတယ်…’
‘ တင်ပါ့ဘုရား…’
‘ ဒါနဲ့ တကာကြီးက အခု ဘယ်က ဘယ်လို ဒီကို ရောက်လာတာတုန်း။ အရင် ဒီအရပ်မှာ မမြင်ဖူးသလိုမို့ပါ…’
‘ တင်ပါ့…ဘိုးသိကြားက ဒီအရပ်ကို ခြေဆန့်ဖို့ စေပါတယ်။ ဘာကြောင့်ရယ်တော့ မသိတတ်ပါဘုရား…’
အရှင်သောန စိတ်ထဲ သူရူးကို ထူးခြားသူရယ်လို့ သတ်မှတ်မိတယ်။
‘ ကဲ…တကာကြီး။ အဆင်ပြေတယ်ဆိုလည်း ဒီမှာနေကွယ်။ အဆင်မပြေတာရှိရင်လည်း ဘုန်းကြီးကို သတင်းပို့ပေါ့…’
‘ တင်ပါ့ဘုရား…’
‘ ကိုယ်တော် ကျောင်းဆီကို ပြန်တက်ချေဦးမယ်ကွယ်…’
‘ တင်ပါ့…’
သူရူးက ရိုရိုကျိုးကျိုးကိုပဲ ဦးတိုက်ကန်တော့်တယ်။
အရှင်သောနလည်း ကျောင်းကြီးဆီကို ပြန်ခဲ့တာပေါ့။
******
နေ့လည်ခင်းအချိန်…။
ကျောင်းဆီမှာ ရှိနေတဲ့ ဘုန်းကြီးကျောင်းသားတစ်သိုက် ကိစ္စတစ်ခုကို ငြင်းခုန်သမှု ပြုနေကြတယ်။
‘ တကယ်ပါဆိုကွာ။ အဲ့ဒီ့အရူးကြီး တရားထိုင်နေတာ။ ကြမ်းပြင်ကနေ အပေါ်ကို မြောက်တက်နေတာဟ…’
‘ မဖြစ်တန်တာကွာ…’
‘ မဖြစ်တန်ရင် ငါလိုက်ပြမယ်…’
‘ အေး…ကြည့်ကြတာပေါ့…’
ဘုန်းကြီးကျောင်းသားတစ်သိုက်။
စုစုပေါင်း ငါးယောက်တိတိ။
သူတို့အထဲက ဖိုးပေဆိုတဲ့ ကျောင်းသားအပြောအတိုင်း ကျောင်းဆီကို ရောက်နေတဲ့ သူရူးကြီးက တရားထိုင်နေတာ မြေပြင်ကနေ တစ်တောင်လောက် လွတ်နေတယ်ဆိုတာကို မယုံကြည်တာမို့ လိုက်ကြည့်ကြတယ်။
သူရူးကြီးက ကျောင်းအနောက်ဘက်က ဗောဓိညောင် ပုလ္လင်ခြေရင်းမှာ တရားထိုင်နေတာပါ။
ဘုန်းကြီးကျောင်းသားတွေက သူရူးကြီးရှိရာဆီကို သွားပြီး ချောင်းကြတယ်။
‘ ဟာ…တကယ်ကြီးဟ…’
ဖိုးပေပြောသလိုပဲ တရားထိုင်နေတဲ့ သူရူးကြီးက မြေပြင်ဆီကနေ တစ်တောင်လောက် မြောက်တက်နေတယ်။
ဘုန်းကြီးကျောင်းသားတစ်သိုက် ဒီမြင်ကွင်းကို အံ့သြမင်သက်မိနေကြလေရဲ့။
‘ ဟာ…’
သူတို့ကြည့်နေတုန်းမှာပဲ သူရူးကြီးအသွင်က ရုတ်တရက် ယောဂီဝတ်နဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းလဲသွားတယ်။
‘ ဟာ…ယောဂီတစ်ယောက်လို ပြောင်း ပြောင်းသွားပြီ…’
‘ မပြောင်းပါဘူးဟ။ အရူးကြီးပါပဲ…’
ဘုန်းကြီးကျောင်းသားတွေ သူရူးကို ကြည့်ပြီး အမြင်တွေက တစ်မျိုးစီ မြင်နေကြတယ်။
ခဏကြာတော့ ဘုန်းကြီးကျောင်းသားတွေ အမျိုးမျိုးမြင်မိနေကြတဲ့ သူရူးကြီးက တရားထိုင်ရာကနေ ဖြုတ်လိုက်ပြီး ဗောဓိပင်ရဲ့ အနောက်ဘက်ဆီကို ဝင်သွားခဲ့တာ ပြန်ပြီး ထွက်ပေါ်မလာတော့ပါဘူး။
ဘုန်းကြီးကျောင်းသားတို့လည်း ထွက်လာနိုးနိုးနဲ့ စောင့်နေကြပေမယ့် သူရူးကြီးက ပြန်ထွက်မလာတော့ ဗောဓိညောင်ပင်ကြီးဘက်ကို သွားကြည့်ကြတယ်။
အကုန်လုံး တစ်ပတ်လည်သာ ပတ်မိသွားကြတယ်။ သူရူးကြီးကို မတွေ့ရဘူး။
‘ သူ ဘယ်ရောက်သွားတာလဲ…’
‘ မသိတတ်ဘူး…’
တစ်ဖက်ဖက်ကို ထွက်သွားရင်လည်း မြင်နိုင်တာမို့ လှစ်ခနဲ ဝင်ရောက်သွားတဲ့ သူရူးကြီး ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတာကို ဘုန်းကြီးကျောင်းသားတစ်သိုက် အံ့အားသင့်နေကြတယ်။
သူတို့အားလုံး ကျောင်းဘက်ဆီကို ပြန်လာခဲ့ကြတယ်။
‘ ဒီအရူးကြီးက ထူးတော့ ထူးဆန်းနေတယ်နော်…’
‘ အေး…’
‘ ဟဲ့…ကျောင်းသားတွေ…’
‘ ဟာ…အ အရူးကြီး…’
‘ မ…မဟုတ်ဘူး။ အဲ့ဒါ သ…သရဲ…’
သူတို့အရှေ့ဆီမှာ ရပ်နေတဲ့သူက အခုနက ဗောဓိညောင်ပင်ဘက်ဆီမှာ သူတို့ လိုက်ရှာခဲ့တဲ့ အရူးကြီး။
ဘုန်းကြီးကျောင်းသားတစ်သိုက် ဟစ်အော်ရင်း ကျောင်းဆီကို တက်ပြေးကြတယ်။
သူတို့ရဲ့ ဆူညံသံကြောင့် အရှင်သောနလည်း နေ့ခင်းဘက် ခဏ မှေးစက်နေရာက လန့်နိုးလာရရဲ့။
‘ ဘုန်းကြီးဘုရား…ဘုန်းကြီးဘုရား…’
ကျောင်းသားတွေ အမောတကောနဲ့ ကျောင်းပေါ်ရောက်လာပြီး ဟစ်အော်ကြတော့ အရှင်သောနလည်း အခန်းထဲက ထွက်လာခဲ့လိုက်တယ်။
‘ ဟဲ့…မောင်ကျောင်းသားတို့ ဘာဖြစ်လာကြတာတုန်း…’
ဘုန်းကြီးကျောင်းသားတွေလည်း အရှင်သောနကို ဝတ်ပြုလိုက်ကြပြီး…။
‘ တပည့်တော်တို့ ကျောင်းကို ရောက်နေတဲ့ အရူးကြီးက သရဲကြီးပါဘုရား…’
‘ ဟဲ့…ဒီကျောင်းသားတွေ။ ဘာတွေပြောနေတာတုန်း…’
ကျောင်းသားတွေက သူတို့ မြင်ခဲ့ရတာကို ပြောပြလာတယ်။ အကုန်လုံးကို ပြောပြပြီးတော့ ဖိုးပေက…။
‘ တပည့်တော်တို့ မှန်တာကို ပြောတာပါဘုရား…’
‘ ဟင်း…ခက်ပြီ။ သာမန်တော့ မဟုတ်ဘူး…’
အရှင်သောန စိတ်တွင်းက ရေရွတ်စကားပါ။
ဘုန်းကြီးကျောင်းသားတို့ ပြောပုံအရဆို ကျောင်းဆီကို ရောက်ရှိနေတဲ့ သူရူးဟာ နှယ်နှယ်ရရသူမဟုတ်ဘူး အရှင်သောန ယူဆမိတယ်။
ထူးတော့ ထူးဆန်းလွန်းတယ်။
သူရူးကြီးက အဲ့ဒီ့နေမှာပဲ ကျောင်းဆီကနေ ပျောက်လြင်းမလှ ပျောက်နေပြန်ရဲ့။
ကျောင်းဆီမှာလည်း ရှိမနေသလို ရွာထဲမှာလည်း မတွေ့ခဲ့ရဘူး။
******
ရွာအပြင်ဘက်ဆီက တောအုပ်အုပ်အလယ်ရှိ တောင်ပို့လေးတစ်ခုဆီမှာ သူရူးက ခွေအိပ်နေတယ်။
‘ ဟဲ့…ငသူတော်…’
‘ ဟဲ့…အလုတ်တုတ်…’
နားထဲက အသံကြီးကြောင့် သူတော်တစ်ယောက် လန့်ဖျပ်ပြီး ထထိုင်မိတယ်။
‘ နင့်ကို ဒိအရပ်မှာ ဖြစ်မယ့် အရေးအတွက် ကြိုပြီး အရောက်ခိုင်းတာ။ အခု နင်က ဒီမှာ လာပြီး ပုန်းအိပ်နေတယ်ပေါ့…’
တစ်ဖက်က စကားသံကြောင့် သူရူးက စပ်ဖြီးဖြီး ရယ်လိုက်တယ်။
‘ အဲ့…အဲ့ ဒီလို မဟုတ္ပါဘူး…’
‘ ဘာမဟုတ်တာလဲ…’
‘ မဟုတ်ဘူးဆိုတာက ဒီလိုပါ ဘိုးသိကြားရယ်…’
သူရူးက မျက်နှာကို ဖြီးလို့ စကားကို ပုလ္လင်ခံတယ်။
‘ အေး…နင်ပြော။ မဟုတ်လို့ကတော့ နင့်ကို စေတုတ္တကြိမ်ညိုလုံးနဲ့ အပြစ်ပေးမယ်…’
‘ အဲ…သည်းခံတော်မူပါ ဘိုးသိကြားရယ်။ သူတော်လေးက ဒိလိုလေး ဖြစ်တာပါ။ ဟိုးနေ့တုန်းက သူတော်လေး သမထထိုင်မိနေတုန်း မူလပြန်မိသွားတယ်။ အဲ့ဒါကို ဘုန်းကြီးကျောင်းဆီက ကျောင်းသားလေးတွေက မြင်မိပြီး ဘုန်းဘုန်းကို သွားလျှောက်တော့ သူတော်လေးလည်း ဘာလုပ်ရမယ်မှန်း မသိတာနဲ့ ဒီမှာ လာပုန်းနေတာ…’
‘ ဟင်…ငသူတော်။ နင် တော်တော် မပိရိတာပဲ…’
တစ်ဖက်ဆီက မာန်မဲမှုကြောင့် သူတော် ဇက်ပုသွားရတယ်။
‘ နင် သူတို့ကို မမှတ်မိတော့အောင် မလုပ်ခဲ့ဘူးလား…’
‘ သူတော်လေး စိတ္တဝေါသဂ္ဂမန္နာန်ရွတ်ပြီး လုပ်မလို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် ကျောင်းသားတွေက သူတော့်ကို မြင်တာနဲ့ ထွက်ပြေးကုန်ကြတာ…’
‘ ဟင်း…ငသူတော်ရယ်။ နင်နဲ့လည်း ခက်ပြီကော။ ဒိအရပ်မှာ ဖြစ်မယ့် ကိစ္စက အတော်ကြီးမားတယ် ငသူတော်ရဲ့။ ဒါကို နင်က အလွဲလွဲအချော်ချော်တွေ လုပ်နေတယ်…’
‘ ဒီအရပ်မှာက ဘာဖြစ်မှာမို့လို့တုန်း ဘိုးသိကြားရဲ့…’
‘ အင်း…ငါ နင့်ကို သေချာမပြောပြရသေးဘူးပဲ။ အင်းလေ အခု ပြောပြမယ်။ ဒီအရပ်မှာ ဆက်နွယ်နေတဲ့ သိုက်နန်းကိုးသွယ်ရှိတယ်။ ဒီသိုက်နန်းကိုးသွယ်က သုံးနှစ်မှာ တစ်ကြိမ် အစောင့်အရှောက်တွေ စုဝေးပြီး ကိုးသွယ်သိုက်ထဲက သိုက်နန်းတစ်ခုဆီမှာ ဆုံကြရတယ်။ အဲ့ဒိ့အခါကျရင် သိုက်နန်းတိုင်းဆီမှာ အစောင့်အရှောက်အဖြစ် တစ်ယောက်သာ ထားခဲ့ကြရတယ်။ ဒီအကြောင်းက လောကီ သိုက်သမားတွေအကြားမှာ ပြန့်နှံ့နေပြီ။ အဲ့ဒါကြောင့် သိုက်နန်းကိုးသွယ် ပြဿနာအတွက် နင့်ကို ကြိုပြီး အစေလွှတ်ထားတာ…’
သူတော် မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားတယ်။
‘ ဪ…သိပြီ။ ဟို ပန်းလာကောက်တဲ့ သူငယ်မတို့ရဲ့ သိုက်တွေ ထင်တယ်…’
‘ ဟုတ်တာပေါ့…’
‘ ဒါဖြင့် သူတော် အခုသွားပြီး ကူညီလိုက်မယ်လေ…’
‘ ဟဲ့…ငသူတော်။ အခုက ဘာမှမဖြစ်သေးဘူးလေ။ အချိန်သုံးရက်လောက် လိုသေးတယ်…’
‘ ဒါဆို…သူတော်က ဘာလုပ်နေရမှာလဲ…’
‘ ဒိအတောအတွင်းမှာ သိုက်သမားတွေ ပုံစံအမျိုးမျိုးနဲ့ ရောက်လာကြလိမ့်မယ်။ နင်က လူကြားသူကြားသွားလာပြီး ကြားသင့်တာတွေ ကြား၊ သိသင့်တာတွေ သိရအောင် လုပ်ချေ…’
‘ ဟုတ်ကဲ့ ဘိုးသိကြား။ အဲ…ဒါပေမယ့်…’
‘ ဘာဖြစ်တာတုန်း…’
‘ သူတော်က အခု ရုပ်ကို အများက သိထားပြီလေ။ အဲ့ဒါ…’
‘ နင့်ကို ဒိရက်ထဲ မူလပြန်ခွင့်ပေးထားမယ်…’
‘ အယ်…တ…တကယ်…’
‘ အေး…နင့်ရဲ့ အပြစ်အတွက် ပြန်ပေးဆပ်တဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်နေလို့ ဒီအခွင့်ကို နင်ရတာနော်…’
‘ ဟုတ်ကဲ့ ဘိုးသိကြား…’
သူတော့် နားထဲမှာ ကြားနေရတဲ့ အသံက လုံးဝ တိတ်ဆိတ်သွားခဲ့တယ်။
သူတော်လည်း ချက်ချင်းပဲ ဝမ်းသာအားရဖြစ်ပြီး မူလပြန်လိုက်တယ်။ ချက်ချင်းကိုပဲ သူတော့်ပုံသဏ္ဍာန်က အခုနက ပုံသဏ္ဍာန်နဲ့ ကွဲပြား ခြားနားသွားလေရဲ့။
အဲ့ဒိ့နောက်တော့ မူလပြန်ထားတဲ့ သူတော်ဟာ ခြေလှမ်းတွေကို ရွာဘက်ဆီ ဦးတည်လို့ လှမ်းထွက်သွားပါတော့တယ်။
*******
‘ အရှင်ဘုရား…အရှင်ဘုရား ကယ်ပါဦးဘုရား…’
နားထဲကို တိုးဝင်လာတဲ့ အသံကြောင့် အရှင်သောန လန့်နိူးပြီး ထထိုင်မိရတယ်။
အချိန်က သန်းခေါင်ကျော်နေပြီ။
‘ ကယ်တော်မူပါ အရှင်ဘုရား…’
‘ ဟဲ့…’
အစက အိပ်မက်မက်တာလို့ ထင်မိပေမယ့် ထထိုင်မိချိန်အထိ အသံက ထပ်ပြီး ထွက်ပေါ်လာပြန်ကော။ ဒီတစ်ခါတော့ အရှင်သောနလည်း တစ်ခုခု ထူးခြားပြီလို့ ယူဆပြီး အခန်းဆီကနေ အပြင်ကို ထွက်လာခဲ့လိုက်တယ်။
ကျောင်မကြီးကနေ အောက်ကို ဆင်းဖို့ ကျောင်းတံခါးကို ဖွင့်လှစ်လိုက်ချိန်မှာတော့…။
‘ ကယ်တော်မူပါ အရှင်ဘုရား…’
‘ အို…တကာမလေးပါလား။ ဘယ်လိုဖြစ်ရတာလဲ…’
လှေကားရင်းဆီမှာ သူငယ်မက ဒဏ်ရာဒဏ်ချက်တွေနဲ့ လဲကျနေတယ်။
‘ တပည့်တော်မတို့ သိုက်နန်းဆီမှာ သိုက်နန်းကိုးသွယ်ကသူတွေ အကုန်လုံး စုဝေးနေကြတုန်း သိုက်ဆရာတွေ ရောက်လာပြီး အားလုံးကို ဖမ်းဆီးထားပြီး သိုက်တွေအကုန်ဖော်ပေးဖို့ ပြောဆိုနေပါတယ်။ အရှင်ဘုရား ကူညီပေးပါဦး…’
အရှင်သောနရင်ထဲမှာ ထိတ်ခနဲပဲ။
ဒီရက်ပိုင်း ရွာထဲကို ဆွမ်းခံကြွကိုယ်တော်တွေ အပြောအရ ရွာထဲမှာ လူစိမ်းဧည့်သည်တွေ ရောက်နေတဲ့အကြောင်းနဲ့ ရောက်လာကြသူတွေက ယောဂီဝတ်တွေ၊ ပိတ်ဖြူဝတ်တွေနဲ့လို့ ပြောလာတာကို သတိရမိတယ်။
‘ ကယ်တော်မူပေးပါအအရှင်ဘုရားရယ်။ သူတို့က သိပ်ကို ကြမ်းကြုတ်ရက်စက်လွန်းတယ်။ ပညာစွမ်းလည်း ထက်ကြပြီး အချုပ်သိုက်နန်းက နန်းရှင်တောင် တစ်ချက်ထဲနဲ့ အဖမ်းခံရပါတယ်။ တပည့်တော်မတစ်ယောက်ပဲ အရှင်ဘုရားတို့ ချီးမြှင့်တဲ့ ဂုဏ်တော်တွေကြောင့် ဖမ်းဆီးခံရတာကနေ လွတ်မြောက်လာခဲ့တာပါ…’
‘ တကာမလေး။ ကိုယ်တော်က အဲ့ဒိ့လိုမျိုးတွေကို မလုပ်တတ်တော့ လိုက်ခဲ့ပေးလည်း…’
‘ တပည့်တော်မတို့ကို ကယ်ပေးနိုင်တာ အရှင်ဘုရားပဲ ရှိပါတယ်…’
သူငယ်မက အရှင်သောနရဲ့ စကားမဆုံးခင် ဖြတ်ပြောလာတယ်။ ဒီအခိုက်…
‘ ကျုပ်လည်း ကယ်ပေးနိုင်ပါတယ် နှမငယ်…’
‘ ဟင်…’
အရှင်သောနတို့လည်း အသံလားရာကို ကြည့်လိုက်တော့ လရောင်ဖျဖျအောက်ဆီမှာ လွယ်အိပ်ကြီးတစ်လုံးလွယ်ထားတဲ့ လူတစ်ယောက်။ အဲ့ဒိ့လူက
‘ တကာကြီးက ဘယ်သူတုန်း…’
‘ တပည့်တော်က ယောဂီ သူတော်ပါဘုရား…’
ယောဂီဝတ်လူက လက်အုပ်ချီလို့ ဖြေလာတယ်။ အရှင်သောနစိတ်ထဲ ဟိုတစ်လောက ကျောင်းကို ရောက်လာတဲ့ အရူးကြီးနဲ့ နာမည်တူတယ်လို့ တစ်ချက်တွေးမိရဲ့။ ဒါပေမယ့် ကြာကြာမတွေးအားပါဘူး။
‘ အင်း…တကာကြီးက ကူညီနိုင်တယ်ဆိုလည်း အမြန်ဆုံး ကူညီပေးလိုက်ပါကွယ်…’
အရေးကြီးနေချိန်မို့ အခြားစကားတွေက်ု အရှင်သောနမဆိုတော့။ သူတော်ဆိုတဲ့ ယောဂီကိုသာ ကိုးသွယ်သိုက်နန်းအတွက် အားကိုးရာအဖြစ် အကူအညီတောင်းပေးလိုက်ပါတယ်။
******
နိတ္ထိတန်စေတီကလေးဆီက အလင်းရောင်တွေ ထွက်ပေါ်နေတယ်။
သူငယ်မနဲ့အတူ ယောဂီသူတော်နဲ့ အရှင်သောနတို့ ခပ်သုတ်သုတ် ခြေလှမ်းတွေနဲ့ စေတီကလေးရှိရာကို လှမ်းလာကြတယ်။ အရှင်သောနကိုက သူငယ်မက ပင်လျှောက်ပြီး ခေါ်ယူလာခဲ့တာပါ။
‘ အို…’
ကာဆီးနေတဲ့ အတားအဆီးတွေကို လွန်ချိန်၊ အရှင်သောနထံဆီက အာမေဋိတ်အသံ။
စေတီကလေး အရှေ့ဘက်ဆီမှာ မုဒ်ဦးကြီးတစ်ခု။ အတွင်းမှာတော့ မီးလျှံတွေက ပြင်းပြင်းထန်ထန် လောင်ကျွမ်းလို့်ရယ်။ အဲ့ဒီ့ကနေ အခြားတစ်ဖက်ဆီမှာတော့ နန်းဆောင်လို အရာကြီးတစ်ခုက ရှိနေတယ်။
‘ တကာကြီး…’
အရှင်သောနက မီးလျှံတွေကို ဖြတ်သန်းဖို့အတွက် နည်းလမ်းမေးမယ့်ပြုတုန်း ယောဂီသူတော်ကို ကြည့်လိုက်တော့ တစ်စုံတစ်ခုကို အာရုံပြုသလို လုပ်ပြီး လွယ်အိတ်ကြီးထဲကို လက်နှိုက်နေတာ မြင်လိုက်ရတယ်။
ယောဂီသူတော်က မျက်လုံးတွေကို ပြန်ဖွင့်ကြည့်လာပြီး လက်ကို ဆွဲနှုတ်လိုက်ချိန်ကျတော့ ပြာလဲ့လဲ့ အလုံးကလေး သုံးလုံးပါလာတယ်။
ယောဂီသူတော်က မီးတောက်တွေအထဲကို ဆေးလုံးလေးတွေ ပစ်ထည့်လိုက်တော့ လောင်ကျွမ်းနေတဲ့ မီးတောက်တွေဟာ တမဟုတ်ချင်း ငြိမ်းသွားလေရဲ့။
‘ နှမငယ် အရှေ့ကနေ လမ်းပြပါ…’
သူငယ်မက မီးငြိမ်းသွားပြီဖြစ်တဲ့ သိုက်နန်းကြီးအထဲကို အရှေ့ကနေ အပြေးဝင်သွားတယ်။
သိုက်နန်းကြီး အပြင်က ကြည့်တော့သာ နန်းဆောင်တစ်ခုသဖွယ်ရှိနေပေမယ့် အထဲဆီမှာတော့ ထင်မထားလောက်အောင် ကျယ်ဝန်းနက်ရှိုင်းလွန်းနေတယ်။ အရှင်သောနမှာတော့ မြင်နေရတဲ့ မြင်ကွင်းတွေကို တအံ့တသြ ငေးကြည့်ရင်းပေါ့။
အတွင်းကို ဝင်လာတော့ လျှောက်လမ်းတစ်လျှောက်ဆီမှာ ကြိုးတွေတုပ်နှောင်ခံထားရတဲ့ သိုက်စောင့်ဘီလူးတွေ၊ သဘက်ကြီးတွေကို မြင်ကြရတယ်။
ယောဂီသူတော်က အဲ့ဒီ့သိုက်စောင့်တွေကို မန္တာန်တစ်ခု ရွတ်ပြီး လက်နဲ့ ဝှေ့ရမ်းလိုက်တော့ ကြိုးတွေအကုန် ပြေလျော့ကုန်လေရဲ့။
ဆက်ပြီးဝင်လာတော့ လွတ်မြောက်လာတဲ့ သိုက်စောင့်တွေအကုန်လုံးက အနောက်ကနေ ကပ်ပါလာတယ်။
‘ ကဲ…သိုက်ချုပ်ကြီး။ နင်တို့ ကိုးသွယ်သိုက်အားလုံးက အဖိုးတန်ရတနာတွေအားလုံးကို ငါတို့ လိုချင်တယ်။ သိုက်အားလုံး တည်ရှိရာတွေကို နင်တို့ လမ်းပြပေးကြချေ…’
‘ မရဘူး…’
‘ ဒီလောက် လုပ်ထားတာတောင် အာခံနေသေးတာပဲ။ ဟေ့…အင်းစောင့်တွေ ဒိကောင့်ပါးစပ်ထဲကို ငရဲမီးစက် လောင်းထည့်စမ်းကွာ…’
‘ အား…ပူတယ်…ပူတယ်…’
အတွင်းဘက်ဆီက ညှင်းပန်းနှိပ်စက်သံတွေကို အရှင်သောနတို့ ကြားလိုက်ကြရတယ်။
‘ အရှင်ဘုရားနဲ့ နှမငယ်။ ဒီအနားမှာ နေရစ်ကြပါ…’
ယောဂီသူတော်က ပြောပြီးတာနဲ့ အတွင်းကို လှမ်းဝင်သွားတယ်။
‘ ဒီလောက်ဆိုရင် တော်သင့်ပါပြီ ငရဲလားမယ့် အတ္တဘောကောင်တွေရေ…’
‘ ဟင်…မင်းက ဘယ်သူလဲ။ ငါတို့ တားဆီးထားတဲ့ မီးစက်ကွင်းကို ဘယ်လို ဖြတ်ကျော်လာတာလဲ…’
အတွင်းခန်းဆီက အသံတွေကြောင့် ယောဂီသူတော် အတွင်းဘက်ကို ရောက်ရှိသွားပြီဆိုတာ အရှင်သောနတို့ သိလိုက်ကြရတယ်။
‘ ကျုပ်က ယောဂီသူတော်ပါ။ ဒီအတားအဆီးက ကျုပ်အတွက်တော့ ဘာမှမဟုတ်တဲ့ အရာပါ။ ကဲ…မိတ်ဆွေ ကျုပ် မေတ္တာရပ်ခံပါ့မယ်။ အခု ခင်ဗျားတို့ လုပ်နေတာတွေက နောင်ဖြစ်တည်လာမယ့် သာသနာအတွက် ရည်စူးရာတွေမို့ မကောင်းဘူးဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။ ဒါကြောင့် အခုနေ ရပ်တန်းက ရပ်ပေးရင် အပြစ်တွေ လျော့ပေါ့ပါ့မယ်…’
‘ ဟား…ဟား…ဟား…မလောက်လေး မလောက်စား ယောဂီက ငါတို့လို သိုက်ဆရာတွေချည်း စုပေါင်းထားတဲ့ ဂိုဏ်းကို ကြီးကြီးကျယ်ကျယ်နဲ့ လေပြော ကြီးရတယ်လို့။ အဟမ်း လာလာချေသေးရဲ့ကွာ…’
‘ ကျုပ်က အကောင်းဆုံးဖြစ်စေမယ့် မေတ္တာတရားကို ရှေ့ထားပြီး ပြောနေတာပါ။ အရင်လို စိတ်မျိုးနဲ့ဆိုရင်တော့ ခင်ဗျားတို့ အခုလို စကားပြောခွင့်တောင် မရဘဲ ငရဲကို မြန်းနေရပါပြီ…’
‘ ဘာကွ။ ဟေ့ကောင် ငါတို့အတွက်တော့ မေတ္တာမလိုဘူး။ သိုက်ထဲက ရတနာတွေပဲ လိုတယ်။ အို ကြာပါတယ်ကွာ မင်းတဖွဖွ ပြောနေတဲ့ ငရဲဆီကို မင်းပဲ အရင်သွားလိုက်တော့…’
စကားသံဆုံးတာနဲ့ ဝုန်းခနဲ အသံနဲ့အတူ အတွင်းခန်းဆီက လင်းခနဲ လက်ခနဲ အရောင်အသွယ်သွယ် ထွက်ပေါ်လာတယ်။ နောက်ဆုံး တစ်ချက်ကတော့ အဖြူရောင် အလင်းကြီးတစ်ခု ဖြာခနဲ ဖြစ်သွားပြီး အခန်ထဲမှာ လေမုန်တိုင်း တိုက်ခတ်သလို အသံတွေ ထွက်ပေါ်လာတယ်။
‘ ဟေး…’
‘ လွတ်ပြီဟေ့…လူယုတ်မာတွေကို သုတ်သင်ကြတော့…’
အတွင်းခန်းက အသံဗလံတွေ ထွက်ပေါ်လာတယ်။ အရှင်သောနတို့အနားမှာ ရှိနေတဲ့ သိုက်စောင့်တွေက အတွင်းခန်းဆီကို ပြေးဝင်ကုန်ကြတယ်။ နောက်တော့ မထျိမဆန့် ဟစ်အော် ညည်းတွားသံတွေက ငရဲကျနေသလိုပဲ ထွက်ပေါ်လာတော့ရဲ့။
ဒီအခိုက် ယောဂီသူတော်က အတွင်းခန်းဆီက ပြန်ထွက်လာတယ်။
‘ ကိစ္စဝိစ္စတွေကို ဖြေရှင်းပြီးပါပြီ အရှင်ဘုရား။ မသူတော်တွေကတော့ သူတို့စရိတ် သူတို့ဆောင်ပါလိမ့်မယ်။ တပည့်တော်တို့တော့ သိုက်နန်းကြီး ပြန်မပိတ်ခင် အမြန်ဆုံး ထွက်ကြရပါမယ် ဘုရား…’
ယောဂီသူတော်က လက်အုပ်ချီပြီး ရိုရိုကျိုးကျိုး ပြောတယ်။
‘ အင်း တကာကြီး…’
‘ ဒီက နှမငယ် သင်ကတော့ နေရစ်ခဲ့ပါ။ လိုအပ်တာကို ကူညီပေးလိုက်ပေါ့…’
လိုက်ဟန်ပြုနေတဲ့ သူငယ်မကို ယောဂီသူတော်က ဆက်ပြီး ပြောတယ်။
‘ ကျေးဇူးတင်ပါတယ်…အကိုတော်။ အရှင်ဘုရားကိုလည်း တပည့်တော်မ ကျေးဇူးတင်ပါတယ်ဘုရား…’
သူငယ်မက ယောဂီသူတော်ကို ပြောပြီးတာနဲ့ အရှင်သောနကို ကန်တော့်တယ်။ ပြီးတော့ အတွင်းခန်းဆီကို ပြေးထွက်သွားပါတော့ရဲ့…။
အရှငိသောနတို့ ပြန်ထွက်လာကြပြီး ခပ်လှမ်းလှမ်းအရောက်မှာတော့ အနောက်ပါးဆီက မိုးခြိမ်းသံလို အသံကြီးထွက်ပေါ်လာပြီး အခုနက လင်းချင်းနေတဲ့ အလင်းရောင်တွေလည်း ကွယ်ပသွားပါတော့တယ်။
******
တစ်ပါတ်ခန့် ကြာခဲ့ပါပြီ။
မနက်အစောအချိန် အရှင်သောနတစ်ပါးထဲ ကျောငိးဝန်းထဲမှာ မျက်လွှာချလို့ ဂုဏ်တော်တွေကို ပွားများရင်း စင်္ကြန်လျှောက်နေမိတယ်။
‘ အရှင်ဘုရား…’
‘ ဪ…တကာမလေး…’
သိုက်စောင့်သူငယ်မက အရှင်သောနကို ဥိးတိုက်ကန်တော့်တယ်။
‘ ကိုယ်တော်က ဒီရက်ပိုင်း တကာမလေးတို့ ရောက်မလာကြလို့ အဆင်မှ ပြေကြရဲ့လားလို့ တွေးနေတာ…’
‘ တပည့်တော်မတို့ သိုက်နန်းတွေကို ပြန်လည်ပြီး ပြင်ဆင်နေရလို့ပါ ဘုရား…’
‘ အင်း…အခုကော ဘယ်လိုဖြစ်ကြပြီလဲ…’
‘ အကိုတော် သူတော်နဲ့ အရှင်ဘုရားတို့ရဲ့ ကူညီပေးမှုကြောင့် အစစအရာရာ အဆင်နေပါပြီဘုရား။ သိုက်ချုပ်ကြီးကလည်း အရှင်ဘုရားတို့ကို ကျေးဇူးတင်လွန်းတာမို့ လာရောက်ဖူးတွေ့ပါဦးမယ်လို့ ပြောပါတယ်။ အကိုတော် သူတော်အတွက်လည်း ကျေးဇူးတုန့်ပြန်လိုတယ်လို့လည်း ပြောနေပါတယ်…’
‘ အင်း…တကာမလေး။ ကိုယ်တော့် ယူဆချက်ကတော့ ကျေးဇူးတရားဆိုတာ တုန့်ပြန်မှုထက် သိမှတ်ထားရင်ကို ရပါပြီ။ ဒါကြောင့် တုန့်ပြန်ဖို့ မလိုအပ်ပါဘူး။ ပြီးတော့ တကာတော် သူတော်ဟာလည်း အဲ့ဒီ့ကနေ ပြန်လာပြီး ကိုယ်တော့်ကို ကျောင်းဆီ ပြန်ပို့ပြီးကတည်းက ထွက်သွားခဲ့ပါပြီ…’
‘ အို…’
‘ အရာရာက တွေ့ဆုံကြုံကွဲပါပဲ တကာမလေးရယ်။ စိပ်အများကြီး မတွေးပါနဲ့…’
ပုထုဇဉ်တို့ရဲ့ သဘောအရ သူငယ်မရဲ့ ရင်ထဲဆီက ယောဂီသူတော်အပေါ် သက်ရောက်မှုတရားကို အရှင်သောန မြင်သာမိနေသလိုပဲ။
‘ တင်ပါ့ဘုရား…’
သူငယ်မဟာ တိုးညှင်းတဲ့ စကားနဲ့ တုန့်ပြန်လာတယ်။
‘ ကဲ…တကာမလေး။ ကိုယ်တော် တရားအလုပ် မပြီးစီးသေးတာမို့ ဆက်လုပ်လိုက်ပါဦးမယ်…’
‘ တင်ပါ့ အရှင်ဘုရား…’
သူငယ်မက အရှင်သောနကို ဝတ်ပြုပြီး ပြန်လည်ထွက်ခွာသွားပါတယ်။
အရှင်သောနကတော့ ကျောင်းဝန်းထဲမှာ စင်္ကြန်ဆက်လျှောက်ရင်း တရားအလုပ်ကို ဆက်လုပ်ရင်းပေါ့…။
ပြီးပါပြီ။