ရဟန်းမစားရသော ဆွမ်းတနပ်
—————————
မြတ်စွာဘုရားရှင်သည်၊သာဝတ္ထိပြည်၊ဇေတဝန်ကျောင်း
တွင်သီတင်းသုံးနေတော်မူစဉ် အချိန်ကာလဖြစ်ရပ် လေးပါ။
ပသေနဒီ ကောသလမင်းကြီးနှင့် မာလ္လိကာ မိဘုရားကြီးတို့ သာဝတ္ထိပြည်ကို စိုးစံအုပ်ချုပ် နေစဉ်ကနန်းတော်နဲ့ မနီးမဝေးအရပ်မှာ မဏိကာရ မည်ေသာကျောက်သွေး သမား မိသားစုတို့ နေထိုင်ကြပါတယ်။ကျောက်သွေး သမား ဟာလက်ရာကောင်းမွန်သောကြောင့် ဘုရင်
နန်းတော်မှပင် ဘုရင်၏ လက်ဝတ်ရတနာ ကျောက်များကို အသွေးခိုင်းရတဲ့အထိပါပဲ။
အဲဒီကျောက်သွေးသမား မိသားစုဆီမှာ သားသမီး မရှိ၍ လွန်စွာမှ လူနှင့်ယဉ်ပြီး လူစကားနားလည်သိတက်သော
ကြိုးကြာငှက်တကောင်ကို သားအရာထား၍မွေးစားထား ပါတယ်။
ထိုကြိုးကြာငှက်လေးကို သုကုန ဟု အမည်ပေးကာ မိသားစုသဖွယ် သားသမီးသဖွယ်ချစ်ခင် မှတ်ယူကြပါတယ်။
ကြိုးကြာငှက်လေးဟာဘယ်လောက်ထိ လိမ္မာသလဲဆိုရင်ရဟန်းသံဃာများ ဆွမ်းခံကြွလာရင် နိဗ္ဗာန်ဆော်အဖြစ်အဆက်မပျက်အော်ပေးပါတယ်။
ကျောက်သွေးသမားအိမ်ကို
မနက်တိုင်းတေ့ာထိုင် ကိုယ်တော်
အဖြစ် ဆွမ်းခံကြွလာတဲ့
မဏိကာရကုလူပကတိဿ
မည်သော မထေရ်
တပါးလဲ ရှိပါတယ်။
အဲဒီမထေရ်ဟာ မနက်တိုင်း ထိုင်ကိုယ်တော်အဖြစ်နဲ့ ဆွမ်းခံကြွတာ ၁၂ နှစ် တိုင်တိုင်ကြာခဲ့ပါပြီ။
တနေ့မှာတေ့ာ မထေရ်မြတ်
ဆွမ်းခံကြွလာနေတုန်း
ကျောက်သွေးသမား ဟာ
အိမ်ရှေ့ရေကပြင်မှာ စျေးမှာဝယ်လာသောအသားစိမ်းများကို ဟင်းချက်ရန် တုံးတစ်နေပါတယ်။
စျေးကဝယ်လာတဲ့အသားတွေကို
သွေးသံရဲရဲဖြင့်တုံးနေထစ်နေတုန်း
မထေရ်ကို နေရာထိုင်ခင်း ပြုပြီးနောက် ဟင်းစီမံချက်ဖို့ပြင်နေတုန်းမှာပဲ
အိမ်ရှေ့ကို ဘုရင်မင်းမြတ်ရဲ့
မြင်းရထားဆိုက်လာပါတယ်။
ဘုရင်မင်းမြတ်က လွှတ်လိုက်သော ငွေတိုက်အုပ်ကြီးပါလာပါတယ်။ ဘုရင်းမင်းမြတ်က အမိန့်တော်ပါ ပါတယ်။သာဝတ္ထိပြည့်ရှင်ပသေနဒီကောသလမင်းကြီးထံမှ
“ဟောဒီပတ္တမြားရတနာကို လေးဘက်အညီ
အကွက်ကောင်းကောင်းရအောင်
သွေးပြီးတေ့ာ ဘုရင့်နန်းတော်ကို
ယူလာပြီး အမြန်ဆက်သစေ”
“မှန်လှပါ ဘုရား ဘုရင်မင်းမြတ်၏
စိတ်တိုင်းကျ ဖြစ်စေရပါမယ်ဘုရား
မဏိကာရဟာ အရည်အသွေးကောင်းလှသော
နီရဲနေသော ပတ္တမြားကို လက်ခံကာ
မထေရ်မြတ်ထိုင်နေသော
နေရာအနီးက
စင်လေးပေါ် တင်ကာအိမ်ထဲဝင်ပြီး
လက်ဆေးလေ၏။
အဲဒီအချိန်မှာ တိဿ မထေရ် တစ်ပါးထဲသာ
ရှိနေပါတယ်။
ကြိုးကြာငှက်ဟာ အမဲသား၏
သွေးညှီနံရ၍ အသားများခုတ်ထစ်ထားရသို့လာကာ ဟိုကြည့် ဒီကြည့်နဲ့ ကြည့်ပြီးစင်ပေါ်မှာ တင်ထားသောနီရဲနေသော ပတ္တမြားကို
အသားတုံးမှတ်၍ ဖျတ်ခနဲ နှုတ်သီးနဲ့ ချီကာ မျိုချလိုက်လေ၏။
ကြိုးကြာငှက်ဟာ သွေးညှီနံကိုလဲ
နှစ်သက်တဲ့အတွက် အသားတုံးအမှတ်နဲ့မြိုလိုက်တာပါ။
အဲဒီချိန်မှာ ထိုင်နေသော မထေရ်ဟာ ထိုအချင်းအရာကို မြင်သော်လဲ ဟန့်တားချိန် မရလိုက်ပါဘူး။
မဏိကာရ ဟာ
အိမ်ထဲက ထွက်လာပြီး
ပတ္တမြားတုံးကိုထားသည့်နေရာတွင်မတွေ့သော်၊
မထေရ်အားမေးလေ၏။
“အရှင်ဘုရား ပတ္တမြားတုံးကို
ယူထားမိပါသလော့”
“ဒကာ…ငါမယူပါ”
“အရှင်နှင့်တပည့်တော်နှစ်ဦးတည်းအိမ်မှာရှိပါသည်။
အရှင်မယူလျင်မည်သူယူမည်နည်း”
ပတ္တမြားသည်မင်းကြီး၏ပတ္တမြားဖြစ်ပါသည်။ပြန်မပေးနိုင်လျင်ကြီးစွာသောရာဇဝတ်သင့့်ပါလိမ့်မည်။ပတ္တမြားထားသောနေရာအနီးတွင်အရှင်သာရှိပါသည်။ယူထားလျင်ပြန်ပေးပါဘုရား။
“တပည့်တော်အမှတ်မထားပါ”
“ဒါယကာပတ်တမွားကိုငါမယူပါ”
ပတ္တမြားရတနာကို မထေရ်ပဲ ယူတာဖြစ်ရမယ် ဟုတွေးကာ
မထေရ်မြတ်ရဲ့သပိတ်ကိုယူကာ
ဆွမ်း များ ဆွမ်းဟင်းများ ထည့်ကာ မထေရ်ကို ကပ်လိုက်လေ၏။
မထေရ်မြတ်သည်
ပြန်ကြွမည်လုပ်တေ့ာ ကျောက်သွေးသမားဟာ
အရှင်ဘုရား
အရှင်ဘုရားဟာ
တပည့်တော်တို့မိသားစုနဲ့ အတိတ်ဘဝက ပါရမီ ရေစက်ပါလာခဲ့တေ့ာ တပည့်တော်တို့ဆီမှာ မနက်တိုင်းထိုင်ကိုယ်တော်အဖြစ်နဲ့ ဆွမ်းခံကြွလာတာ ၁၂ နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။ တပည့်တော်တို့နဲ့လဲ မိသားစုသဖွယ် သားသဖွယ် ဆွေမျိုးသဖွယ်လဲ ဖြစ်နေပါပြီ။
အရှင်ဘုရားရဲ့ သီလဂုဏ် သမာဓိဂုဏ်ဟာ အင်မတန်မှ စင်ကြယ်ခဲ့ပါတယ။် ဒါပေမဲ့ အရှင်ဘုရားရဲ့ သီလ ဂုဏ် သမာဓိဂုဏ်ကို ယူထားတဲ့ ပတ္တမြား နဲ့လဲတေ့ာမလို့လားဘုရား
ယူထားတဲ့ပတ္တမြားကို ပြန်ပေးပါ။
“”ဒကာကွီး ပတ်တ်တမွားကို ငါမယူပါ
ဒါကြောင့် ပေးစရာလဲ မရှိပါ “”
“”စိတ်နောက်ချမ်းသာ ကိုယ့်ဖို့ရှာ
သတ္တဝါအပေါင်းဆင်းရဲကြောင်း
ဆိုတာ သူတော်ကောင်းအလုပ်မဟုတ်ပါဘူး ဘုရား””
ယူထားတဲ့ပတ္တမြားကို ပြန်ပေးပါဘုရား။
ဤသို့အတန်တန်မေးသော်လည်းမယူဘူးသာပြော
နေ၍ကျောက်သွေးသမားလည်းရာဇဝတ်သင့်မည့်အရေး တွေးပြီး၊မထေရ်အားကြိုးတုတ်၍့ရိုက်နှက်မေးလေ၏။သွေးအလူးလူးဖြင့်မထေရ်သည်၊
ပတ္တမြားကိုမယူကြောင်းသာပြော၏။ထိုသို့ငြင်းလေ
ရိုက်လေဖြစ်နေတော့သည်။
ထိုစဉ်
မင်း ခစား မှရောက်လာသော
သုမနာဇနီးသည်ပြန်လာတေ့ာ
လန့်ဖျန့်သွားပြီး အကြောင်းရင်းကို မေးလေ၏
ကျောက်သွေးသမားသည် ဇနီးသည်ကို အကြောင်းစုံပြောပြလေ၏။
ဇနီးသည်ဟာ “အ ရှင် ပတ္တမြားကို
မထေရ်မြတ်ယူတာတေ့ာ လုံးဝ
မဖြစ်နိုင်တန်ပါ။ မိမိအိမ်သို့ဆွမ်းခံ
ကြွလာတဲ့ ၁၂ နှစ်တာ ကာလမှာ
မထေရ်ရဲ့ တစ်စုံတရာသောအပြစ်
ကို ငါမမြင်မိ။ မတွေ့မိပါ”
ဒါကြောင့် မထေရ်ယူတာ မဖြစ်နိုင်ပါ ဆိုလေ၏။
ဒီရဟန်းမယူဘယ်သူယူမလဲ
ကျောက်သွေးသမားဟာ
ခေါင်းတွေထူပူလာပြီး
ဒေါသဖြစ်လာကာ မထေရ်မြတ်ကို
အတင်းမေးလေ၏။
“အရှင်ဘုရား
ပတ္တမြားကို အရှင်ဘုရားယူထားတာပါ
တပည့်တော်ကိုပြန်ပေးပါဘုရား”
“ဒကာတော် ငါမယူပါဘူး”
အရှင်ဘုရား ဒီနေရာမှာ
အရှင်မှလွဲလို့ ဘယ်သူမှ မရှိဘူး
အရှင်မယူလို့ဘယ်သူယူမလဲ
ပတ္တမြားကို ပြန်ပေးပါဘုရား
ပတ္တမြားသာ ပြန်မရ ပါက
တပည့်တော်တို့ မိသားစု မင်းပြစ်
မင်းဒဏ်သင့် ခံရပါလိမ့်မယ်ဘုရား
“ဒကာကြီး ဦးပဉ္စင်းလုံးဝမယူပါဘူး”
ကျောက်သွေးသမားဟာ
ပတ္တမြားပြန်မပေးတေ့ာ
ပိုလို့သာရိုက်နှက်မေးလေ၏။
ဇနီးသည်ဟာ
အမောင် မလုပ်သင့်ပါဘူး မလုပ်ပါနဲ့
ငါတို့ဘဝကိုမဖြတ်ဆီးပါနဲ့
ငါတို့ တစ်မိသားစုလုံး ကျွန်ဘဝ
ရောက်ရတာက မြတ်သေးတယ်
အရှင်ဘုရားကို နှိပ်စက်နေတာက
တေ့ာလုံးဝမသင့်တော်ပါဘူး
ဟု ငိုယိုကာဆိုလေ၏။
ရှင်မ ငါတို့တသက်လုံးကျွန်ခံတာ
တောင်ပတ္တမြားရဲ့တန်ဖိုးကို ပြန်မရနိုင်ဘူး။
ကျောက်သွေးသမားသည်
ဒေါသပိုထွက်လာကာ ရိုက်လေ၏
မင်းဟာ ရဟန်း မဟုတ်တေ့ာဘူး
လူ လူ မှ ရိုးရိုးလူမဟုတ်ဘူး သူခိုး သင်္ဃာန်းရုံထားတဲ့သူခိုး
ပတ္တမြားကို ပြန်ပေး
ပတ္တမြား ပြန်မပေးပါက
ဒီနေရာက တဖဝါးမှ မခွာစေရဘူး။
ဇနီးသည်ဟာ ခင်ပွန်းလုပ်သူရဲ့လုပ်ရက်ကို ကြည့်ပြီး ယူကြုံး မရဖြစ်ကာ နေရလေ၏ ။ မထေရ်မြတ်ကို ရိုက်နှက်နေတာကို တားသော်ညားလဲ ခွန်အားချင်းက မမျှပေ။ငိုလို့သာ နေရလေ၏ ။
ပါးစပ်ကလဲပြန်တောင်းလက်ကလဲ
ရိုက်နှက်နေလေတေ့ာ မထေရ်မြတ်
၏ ဦးခေါင်း နာ း နှားခေါင်းတို့မှ
သွေးများ စီးကျလာ၏
မျက်လုံးများထွက်ကျမတွက်
နာကျင် လွန်းလှ၏။
ပြင်းထန်စွာ ရိုက်လေတေ့ာ မထေရ်သည်နာကျင်လွန်းပြီး
မြေပြင်ပေါ် လဲကျလေ၏ ။
ဤမျှ နာကျင်သော်လဲ မထေရ်သည် သူတပါး ကို ထိခိုက်
မည်ကိုတေ့ာ မလိုလားသော
ကြောင့် မည်သို့မျှ မပြောပေ။
အံသြလှပေစွ။(သူတော်ကောင်းတို့မည်သည်
ကိုယ့်ကြောင့်သူတပါးဒုက္ခမရောက်စေရ)
မထေရ်၏ ဦးခေါင်းမှ သွေးတို့သည် မြေပြင်ပေါ်စီးကျလာလေ၏ ။ သွေးညှီနံရလာသဖြင့် ကြိုးကြာငှက်သည် အော်မြည်ကာ ကျနေသော သွေးတို့ကို လာရောက်သောက်လေ၏ ။
ဒေါသထွက်နေသော ကျောက်သွေးသမားသည် နားငြီး
မျက်စိရှုပ်လှသဖြင့်
ကြိုးကြာငှက်၏လည်မြိုကို
တအားကန်ထုတ်လိုက်လေ၏
ကန်ချက်ပြင်းလှသောကြောင့်
ကြိုးကြာငှက်ဟာ ခဏအကြာမှာပဲ သေရလေ၏။
ထိုအချင်းအရာကို မထေရ်မြင်လေသော် အားယူပြီး
ဒကာကြီး
ကြိုးကြာ သေ မသေ ကြည့်ပါဦးလား ။ ကြည့်စရာမလိုဘူး သေပြီ
သေနေပြီ။
ကြိုးကြာသေသလို မင်းလဲ သေရမယ်။
ကြိုးကြာအမှန်တကယ်သေပြီဆိုတာသိတေ့ာမှ မထေရ်သည်
“ဒကာကြီး ပတ္တမြားကို အစာမှတ်၍ ကြိုးကြာမြိုထားပါတယ် ”
ကြိုးကြာရဲ့လည်ဇလုပ်ထဲမှာ ပတ္တမြား ရှိပါတယ်ဒကာကြီး တကယ်လို့သာ
ကြိုးကြာမသေပါက ငါသည်
သင့်ကို ဘယ်တေ့ာမှပြောလိမ့်မည်
မဟုတ်ပါ။
” ဟင် ”
ကျောက်သွေးသမားလည် အလျင်စလိုပဲကြိုးကြာသေကိုယူပြီး၊
ရင်ခွဲ၍ဇလုပ်တွင်ကြည့်သော်၊ပတ္တမြားကိုတွေ့လေ၏။
ထိုအခါအလွန်ထိတ်လန့်သွားပြီး…
“အရှင် ဘုရားရယ်
အစကတည်းကအဘယ်ကြောင့်မပြောသနည်း” တပည့်တော် တေ့ာ
အမှားကြီး မှားပါပေါ့ဘုရား
“ဒါယကာကြီး ရဟန်းတို့သည်မိမိလုံ့လကြောင့်တပါးသူ
၏အသက်ကိုမသေစေကောင်းချေ”
(မထေရ်အရှင်သည် အသက်ပင်
သေစေကာမူ မိမိကြောင့် သူတပါး ဒုက္ခရောက်မည့်ကိစ္စကို
သိသော်လဲ ပြောမည် မဟုတ်ပါ
အံသြလေးစားဖွယ် စိတ်ဓါတ်ပါပဲ)
ကျောက်သွေးသမားသည်
မိမိလုပ်ရက်ကို
များစွာတုန်လှုပ်သွားပြီး
မထေရ်မြတ်ကိုတောင်ပန်းလေတေ့ာ၏။
အရှင်ဘုရား သည်းခံတော်မူပါ
မသိသောကြောင့် ပြစ်မှားမိ၏
စော်ကားမိ၏ ဘုရား တပည့်တော်ကို ခွင့်လွတ်ပါဘုရား ဟု ဆိုကာ
ကန်တေ့ာလေတေ့ာ၏ ။
မထေရ်သည် အားယူ ၍
ဒကာကြီး သင့်မှာအပြစ်မရှိပါဘူး
ငါ့မှာလဲအပြစ်မရှိပါဘူး။
ဤအဖြစ်သည် ဝဋ်ဆင်းရဲ ကြောင့်
ဖြစ်သော အပြစ်ပါ။သံသရာမှာ
ကျင်လည်နေရသည် ရှိသော်
တွေ့ရမည်သာတည်း။
သင့်ကို ခွင့်လွှတ်ပါတယ် အပြစ်မတင်ပါဘူး။
အရှင်ဘုရား သည်းခံပါက
အရှင်လိုပဲ အိမ်မှာ ဆွမ်းခံကြွတော်မူပါ ဘုရား။
ဒါကိုတေ့ာ
“သီးခံလော့၊ဒါယကာကြီး
ဤနေ့မှစ၍ ငါသည်
လူ ပုဂ္ဂိုလ် တို့၏ အိမ် တံစက်မြိတ်
အမိုးအောက်သို့ မဝင်တေ့ာအံ့”
ဤအမှုသည် အိမ်သို့ဝင်ခြင်းကြောင့်
ဖြစ်ရ၏ ။ဤနေ့မှစ၍ ခြေထောက်
သယ်နိုင်သမျှ သယ်၍ ငါဆွမ်းခံပေတေ့ာမည် ။
“”ငါ၏သလုံမြင်းခေါင်းအားအမီပြု၍အိမ်စဉ်မပြတ်
လှည့်လည်၍ဆွမ်းခံတော့အံ့”ဟုမိန့်ကြားတော်မူပြီး
ထိုအိမ်မှကြွသွားလေတော့သည်။
မထေရ်မြတ်နှင့်ကျောက်သွေးသမား၏အဖြစ်အပျက်များကို ရဟန်းတော်ကများ မြတ်စွာဘုရားထံ မေးလျှောက်ကြပါတယ်။
သူတို့လားရာကတိကိုလဲမေးကြပါတယ်။
မြတ်စွာဘုရားသည်
ထိုအကြောင်းကို
အနုသန္ဓေဆက်စပ်
ပြီးသည့်နောက်၊
“ရဟန်းတို့…အချို့သူတို့သည်အမိဝမ်းသို့ဖြစ်ကြရ၏။
မကောင်းမှုကိုပြုသောသူတို့သည်ငရဲသို့လားရ၏။
ကောင်းမှုကိုပြုသောသူတို့သည်နတ်ပြည်သို့
လားကွရ၏။
အာသဝေါကင်းပြီးသောရဟန္တာတို့သည်ပရိနိဗ္ဗာန်ပြုကြကုန်၏ဟုဟောကြားတော်မူလေသည်။
တိဿ
မထေရ်မြတ်သည် ကျောက်သွေးသမားရိုက်နှက်ထားသော ဒဏ်ရာဖြင့် သတိ သံဝေဂ ရကာ ဆင်ခြင် ပွားများအားထုတ်လိုက်တာ များမကြာမီ ရဟန္တာဖြစ်ကာ
ပရိနိဗ္ဗာန် ပြုတယ်။
ကြိုးကြာငှက်သည် ကျောက်သွေးသမား ဇနီးဝမ်းတွင်
ပဋိသန္ဓေတည်ကာ လူပြည့်သို့ လားရ၏ ။
ကျောက်သွေးသမားသည် သေလွန်းသော်ငရဲကျရောက်လေ၏ ။ကျောက်သွေးသမား၏ ဇနီးသည်
စိတ်ထား နူးညံ့သောကြောင့်
နတ်ပြည်သို့ ရောက်ရ၏ ဟု
မြတ်စွာဘုရားရှင်က
တပည့်သာဝကများအား ဟောတော်မူခဲ့ပါသည်။
——————————————–
ဤဝတ္ထု ဇာတ်ကြောင်းလေးဟာ
သူတော်ကောင်းဖြစ်သော မထေရ်
သည် မိမိကို နှိပ်စက်နေသော်လည်း
သူတပါးဒုက္ခရောက်မည်ကိုစိုးသောကြောင့်ကျောက်သွေးသမား
ကို ဘာမှမပြောပါပေ။
စိတ်ထားမြင့်မြတ်လှပါ၏
သူတပါး ဒုက္ခ ရောက်မည့်အလုပ်ကို မိမိအသက်
ပေးရသော်လဲ မပြုလုပ် မပြောသော မထေရ်မြတ်၏
လုပ်ရပ်နဲ့စိတ်ထားဟာ လေးစားဖွယ်ကောင်းလှပါ၏
အဲဒီစိတ်ဓာတ်ကို လေးစားလိုက်နာ
ကျင့်သုံးစေချင်တဲ့အတွက်
သူတပါးကို ကိုယ့်ကြောင့်ဒုက္ခ မရောက်စေချင်တဲ့ စိတ်ထားကို
ကြည်ညိုလွန်းလို့
ရဟန်းမစားရသောဆွမ်းတနပ်
ရုပ်ရှင်ဇာတ်ကားကို
ကြည့်ရှု့ပြီး ပြန်လည် ဓမ္မဒါနပြု
လိုက်ရခြင်းဖြစ်ပါတယ်။
ရေးသားပူဇော်သူ
(ညောင်ရမ်းသား ငွေသိန်း)
The Idea Forge