Unicode Version
ရာဇဝင်ထဲမှဘုရင်ညံ့သုံးပါး(စ/ဆုံး)
——————————————
မြန်မာ့ပဒေသရာဇ် သမိုင်းမှာရွံစရာကောင်းတဲ့ဘုရင်ညံ့ သုံးပါးဟာ ခေတ်သုံးခေတ်မှာ ပေါ်ခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။
ဒီလို(ထူးထူးခြားခြား)ညံ့ဖျင်းတဲ့ဘုရင်တွေ ရဲ့လက်ထက်မှာ တိုင်းပြည် ပျက်လေ့ ရှိတယ်လို့လည်း ပြောကြပါတယ်။
သူတို့ကတော့-
(၁) ပုဂံခေတ် နရသီဟ ပတေ့မင်း
(၂) အင်းဝခေတ် ဟံသာဝတီပါမင်းနဲ့
(၃) ကုန်းဘောင်ခေတ် သီပေါမင်းတို့ ပါတဲ့။
ပထမဆုံးဘုရင်ညံ့ဖြစ်သူကတော့နရသီဟပတေ့မင်းဖြစ်ပါတယ်…
သူက လေးမည်ရမင်းဖြစ်ပြီးနရ သီဟပတေ့၊ မင်းခွေးချေး၊ တရုတ်ပြေးမင်း၊ သားမြွာဘဆိုတဲ့ အမည်လေးမျိုးနဲ့ ရာဇ ဝင်မှာ လူသိများတယ်။ ”စလေငခွေး၊ မင်း ခွေးချေး၊ လူရေးပျက်တော့သည်” လို့ ပက် ပက်စက်စက် အပြောခံရတဲ့မင်း ဖြစ်ပါတယ်။
မြန်မာရာဇဝင်မှာ သြဇာရှိသူ နန်းတွင်း အမတ်ကြီး၊ သို့မဟုတ် ဆွေတော် မျိုးတော် တစ်ပါးပါးက သူ့သြဇာခိုင်စေဖို့ ရုပ်ပြ ဘုရင် တစ်ပါးပါးကို နန်းတင်တော့မယ် ဆိုရင် ငယ် ရွယ်နုနယ်သူ မင်းသားငယ် များကို စိတ် ကြိုက်ရွေးချယ် တင်မြှောက်လေ့ ရှိပါတယ်။
ပုဂံခေတ် နေဝင်ချိန်မှာ တန်ခိုးထွားတဲ့ အ မတ်ကြီး ရာဇသင်္ကြန်က ဝါရင့်မင်းသားကြီး သီဟသူကို ဘုရင်အဖြစ် မထောက်ခံဘဲ အသက် ၁၉ နှစ် သာရှိသေးတဲ့သူကို ထောက်ခံရာက မင်းခွေးချေး တစ်ယောက် ရာဇပလ္လင်ပေါ်ရောက်လာတယ်။
ဘုရင်လည်းဖြစ် ကရော၊ ဘုန်းကြီးဝတ် နေတဲ့ သူ့ဦးလေးကို လူထွက်ခိုင်းပြီး သိမ္မ စည်းဆိုတဲ့ ဘွဲ့နဲ့ အမတ်ကြီးခန့်တယ်။
ဘုန်း ကြီး လူထွက် သိမ္မစည်းဟာ တဖြည်းဖြည်း ဘုန်းကြီးလာလိုက်တာ နောက်ဆုံး သူ တွန်းလို့ ပုလ္လင်ပေါ် ထမ်းတင်ပေးခဲ့တဲ့ ရာဇ င်္သကြန်ကိုပင်မင်းခွေးချေးက စည်းစိမ်ရုပ် သိမ်းပြီး ဒလကို နယ်နှင်ခဲ့ပါတယ်….
တစ်ပြည်လုံးမှာ ရှိတဲ့ စိုက်ပျိုးမြေဧက များစွာကို ဘုရင်ကရော၊ မင်းညီမင်းသား တွေကရော၊ သူဌေးသူကြွယ်တွေကရော ဂုဏ်တု ဂုဏ်ပြိုင် လုပ်ပြီး သာသနာ့မြေအ ဖြစ် ပေးလှူကြတယ်။
သာဓုခေါ်မလို့ စဉ်း စားနေတုန်း သာသနာ့မြေဟာအခွန်လွတ်တဲ့အတွက် သူတို့လှူထားတဲ့ မြေဧက သောင်းပေါင်း များစွာအတွက်အခွန်မရတော့ပါဘူး။
ကြံရာမရတဲ့အခါကျတော့ ပြည်သူပြည် သားတွေထံက အခွန်အကောက်တွေ ရသ လောက် တိုးမြှင့်ကောက်ခံတယ်။ သက်လူ မျိုးတို့နေ ထိုင်ရာ မစ္ဆဂီရိ အရပ်မှာ ထုံးစံထက် အများကြီပိုပြီး အခွန်တော်ကောက်လို့ ပုန် ကန်ထကြွမှု စတင်လာတယ်။
ပုဂံကိုလာပြီး ရောင်း ဝယ်ဖောက်ကားတဲ့ တရုတ်ကုန် သည်တွေရဲ့ လား ဝန်တင်ပစ္စည်းတွေကို အခွန်မတရားကောက်လို့ စကားများ ရန် ဖြစ်ကြတယ်။
တရုတ်က ဝင်တိုက်လို့ စစ်ရှုံးပြီး ထီးနန်း ကိုရော၊ တိုင်းပြည်ကိုပါ စွန့်လွှတ်ထွက်ပြေး ပါတယ်။ သူ့အမှားတွေကို မိဖုရားစောက ပြောဆို ဆုံးမဖျောင်းဖျတော့ နောင်တရခဲ့ ရှာတယ်။ ဒါပေမယ့် အချိန်သိပ်နှောင်းခဲ့ပြီ။
ထွက်ပြေးတိမ်းရှောင်လာတာ ပုသိမ် ကနေ သားတော်ရှိတဲ့ ပြည်ကို အရောက် သားတော်က အဆိပ်ပါတဲ့ စားပွဲတော်ကို ဆက်သတယ်။
အဆိပ်ပါမှန်း သိသိကြီးနဲ့ စားရရှာတယ်။ ”ငါသည် နောင်ဘဝများ၌ သားယောကျ်ားဖခင် မဖြစ်ရပါစေနှင့်”လို့ မျက်ရည်လည်ရွဲ ဆုတောင်းသွားပြီး ဘုန်း ကြီးစဉ်အခါ က ဟင်းခွက်သုံးရာနဲ့ နေ့စဉ် ပွဲတော်တည်တယ် လို့ နာမည်ကြီးခဲ့တဲ့ နရ သီဟပတေ့ဟာ အစားကြောင့်ပဲ နတ်ရွာ စံခဲ့ရရှာပါတယ်။
သူနဲ့အတူ ပုဂံခေတ်ကို လည်း တစ်ခါတည်းပျက်စီးစေခဲ့ တယ်လေ။
ဒုတိယမြောက် ဘုရင်ညံ့အဖြစ် မှတ် တမ်းဝင်သူကတော့ ဟံသာဝတီပါ မင်းပါ တဲ့။
မွန်တို့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရပြီး ဟံသာဝတီ ပဲခူးကို ဓားစာခံအဖြစ် ပါသွားခဲ့လို့ ဒီအမည်တွင်ပါတယ်။
သူ့ရဲ့ ညံ့ကွက်များကတော့-
တရုတ်ပြေးမင်းလို အဖြစ်မျိုး သမိုင်း တစ်ပတ်လည်ပြီး သူ့မှာ ကြုံခဲ့ရတာပါ။
ခမည်းတော် တနင်္ဂနွေမင်း နတ်ရွာစံတော့ ညီတော် ဗဒုံမြို့စား နန်းရနိုင်ပါလျက်နဲ့ နန်းတွင်းမှာ သြဇာလွှမ်းတဲ့ ဝန်ကြီးဦးပုက ဇွတ်အတင်းအဓမ္မ နန်းတင်ရာက အသက်(၁၉ )နှစ်မှာပဲ မင်းပျိုမင်းလွင်လေး ဘဝနဲ့ ဘုရင်ဖြစ်လာခဲ့တယ်။
ထုံးစံအတိုင်း ဘုရင်လည်း ဖြစ်ကရော ငယ်ဆရာမောင်ဖြိုးကို (ရာဇနန္ဒ)ဘွဲ့ချီးမြှင့်ပြီး အတွင်းဝန်ခန့်တယ်။
အထိန်းတော်နဲ့ ပေး စားပြီး ဘုရင့်နောင် ဘွဲ့တပ် မြှောက်စားခဲ့ တယ်။ အမြှောက်စားခံရတဲ့ မောင်ဖြိုးက မာန်တွေတက်ပြီး ကုန်းချောတော့လည်း လွယ်လွယ်ကူကူ ယုံစား ပြီး ကျေးဇူးရှင် ဝန် ကြီး ဦးပုကိုရော၊ သံဃရာဇာကိုပါ ကွပ်မျက် စေခဲ့တယ်။
တောင်သူ လယ်သမားတွေရဲ့ စပါးကို ထွက်သမျှရဲ့ လေးစုတစ်စု (၂၅ ရာခိုင်နှုန်း) အခွန်ကောက်ယူခြင်းကြောင့် လယ်မစိုက် ကြတော့တဲ့အတွက် ဆန်ရေစပါး ရှားပါးမှု ကြီး ဖြစ်ပေါ်လာတယ်။
ငွေဒင်္ဂါးလည်း နောက်ထပ် မလုပ်နိုင် တော့လို့ ငွေချိန်နဲ့ပဲ သုံးစွဲနေကြရတယ်။ နေပြည်တော်မှာ ရိက္ခာပြတ်လပ်တာကို အခွင့်ကောင်း ယူပြီး နန်းတွင်း ကျီတော် ထဲက ဆန်စပါးကို မိဖုရားနဲ့တကွ နန်း တွင်းသူတွေက အမြတ်ကြီးစား ဈေးတင် ရောင်းကြပြန်တယ်။
တိုင်းသူ၊ ပြည်သားတို့ အစာရေစာ ငတ်မွတ်ခေါင်းပါးလာကြလို့ ဆူပူအုံကြွမှု တွေဖြစ်နေတုန်း ဟံသာဝတီပဲခူးက မွန်တို့ ရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ခံရတယ်။
ပဲခူး သားတွေကို ခုခံတိုက်ခိုက်ဖို့ အားအင်ကုန် ခန်းနေကြတဲ့ ဗမာတွေဟာ ကိုယ့်လက်နက် တောင်ကိုယ် မထမ်းနိုင်လောက်အောင် အခြေအနေဆိုးလွန်းကြတဲ့အတွက် စစ်ပွဲ ဟာ မတိုက်ခင်က ရှုံးပြီးဖြစ်ခဲ့ရတယ်။
ဝန်ကြီးဦးပုနဲ့ အမတ်ကြီးသုံးဦးကို ကွပ်မျက်စဉ်က ဦးပု မသေခင် ”ငါတို့မှူးမတ် တစ်စုသေရတာထက် နိုင်ငံပျက်မှာကို ငါ သနားလိုက်ကဲ့” လို့ ပြောခဲ့တာကို ပဲခူး ရောက်ပြီး အကျယ်ချုပ်မှာနေရမှ သူ သတိရတယ်။
”ဝန်ကြီး ဦးပုရှိသော် ဤကဲ့ သို့မဖြစ်လေ”ဆိုပြီ တမ်းတပါသတဲ့။ နောက်ကျသွားခဲ့ရှာပါပြီ….
ပဲခူး မှာအကျယ်ချုပ် ခံနေရတုန်း ငါး ကြီးတစ်ကောင် ခေါင်းပုပ် သေဆုံး နေပြီးမှ အမြီးတခပ်ခပ် ဖြစ်နေတယ်ဆိုတဲ့ သတင်း ကို သူကြားတော့ ”ငါတည်းဟူသော ဦး ခေါင်းပုပ်၍ သေပြီဖြစ်သော်လည်း အမြီး တည်းဟူသော ငါတို့ ဗမာ အမျိုးသားတို့ သည် မကြာခင် အထွက် အထိပ်သို့ရောက် လိမ့်မည်”လို့ အချုပ်ထဲက ကြုံးဝါးသတဲ့။
ဒီသတင်း မွန်ဘုရင်ကြားတော့ ဒင်းကိုထားလို့ မဖြစ်ချေဘူး ဆို ပြီး ခေါင်းဖြတ်သတ်လိုက်ပြီးဟံသာဝတီပြည်လည်းပျက်ဆီးခြင်းရောက်ခဲ့ရပါတယ်။
တတိယမြောက်ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး(သီပေါမင်း)လည်းသူရှေ့ကဘုရင်ညံ့နှစ်ပါးလိုပါဘဲ၊
မက္ခရာ၊သုံးဆယ်၊ညောင်ရမ်းတို့လိုအရည်အချင်းပြည့်စုံတဲ့မင်းသားကြီးတွေရှိနေပါလျက်နဲ့ဆင်ဖြူမရှင်၊ကင်းဝန်မင်းကြီးတို့ရဲ့ထောက်ခံကြိုးပမ်းမှုနဲ့ဘုရင်ဖြစ်လာခဲ့တဲ့သူပါ။
သမိုင်းမှာပိုပြီးအမည်းစက်ဖြစ်စေတာကတော့နန်းညွန့်နန်းလျာမင်းသားအားလုံးနီးပါးကိုသုတ်သင်ရှင်းလင်းခဲ့တာပါဘဲ…
သီပေါဘုရင်ရဲ့အမိန့်တော်နဲ့မဟုတ်ဘူးလို့ဆိုကြပေမဲ့သူ့ရဲတာဝန်မကင်းခဲ့ပါဘူး…
သီပေါမင်းကဘုရင်ဖြစ်တဲ့ကာလတစ်လျှောက်လုံးအတ္တကိုရှေ့တန်းတင်တဲ့တိုင်တားမင်းကြီးကိုနေရာပေးအယုံကြည်လွန်တော့၊ကင်းဝန်မင်းကြီးတို့လိုပညာရှင်မှူးမတ်ဝန်ကြီးတွေရဲ့နေရာလည်းနောက်ပိုင်းညှိုးမှိန်သွားခဲ့တယ်။
ပညာညဏ်နည်းလွန်းတဲ့ဘုရင်တွေလက်ထက်မှာအမတ်ဝန်ကြီးတွေနဲ့ပြည်သူ့ဘဝတွေအကျည်းတန်ခဲ့ရပါတယ်..
သီပေါမင်းရဲ့ဇာတ်သိမ်းကျတော့တစ်ပါးသူရဲ့လက်ချက်နဲ့သတ်ဖြတ်ခံခဲ့ရတာမဟုတ်ပေမယ့်နိုင်ငံရပ်ခြားမှာနန်းကျဘုရင်တပါးအဖြစ်ထိန်းသိမ်းခံရရင်းသေဆုံးခဲ့ပါတယ်။
ကုန်းဘောင်မင်းဆက်လည်းပျက်စီးခဲ့ပြီးတိုင်းပြည်လည်းတိုင်းတပါးလက်အောက်ကျရောက်ခဲ့ရပါတော့တယ်။
သမိုင်းတခေတ်မှာအရည်အချင်းနည်းသူတွေမင်းတက်ဖြစ်တဲ့အချိန်တိုင်းမှာတိုင်းနိုင်ငံပျက်သုန်းရတတ်ပြီးလူမျိုးဂုဏ်လည်းညှိုးနွမ်းခဲ့ရကြောင်းနဲ့ဖတ်မိသမျှသမိုင်းဖြစ်ရပ်လေးတွေကိုစုစည်းပြီးပြန်လည်မျှဝေလိုက်ရပါတယ်။
Ref:
၁။ ဦးတင်၊ ပုဂံဝန်ထောက်၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းများ၊ ဒုတိယတွဲ
၂။ ညိုမြ၊ ကုန်းဘောင်ရှာပုံတော်
MinGyi
Zawgyi Version
ရာဇဝင္ထဲမွဘုရင္ညံ့သုံးပါး(စ/ဆံုး)
——————————————
ျမန္မာ့ပေဒသရာဇ္ သမိုင္းမွာ႐ြံစရာေကာင္းတဲ့ဘုရင္ညံ့ သုံးပါးဟာ ေခတ္သုံးေခတ္မွာ ေပၚခဲ့ဖူးတယ္လို႔ အဆိုရွိပါတယ္။
ဒီလို(ထူးထူးျခားျခား)ညံ့ဖ်င္းတဲ့ဘုရင္ေတြ ရဲ႕လက္ထက္မွာ တိုင္းျပည္ ပ်က္ေလ့ ရွိတယ္လို႔လည္း ေျပာၾကပါတယ္။
သူတို႔ကေတာ့-
(၁) ပုဂံေခတ္ နရသီဟ ပေတ့မင္း
(၂) အင္းဝေခတ္ ဟံသာဝတီပါမင္းနဲ႔
(၃) ကုန္းေဘာင္ေခတ္ သီေပါမင္းတို႔ ပါတဲ့။
ပထမဆုံးဘုရင္ညံ့ျဖစ္သူကေတာ့နရသီဟပေတ့မင္းျဖစ္ပါတယ္…
သူက ေလးမည္ရမင္းျဖစ္ၿပီးနရ သီဟပေတ့၊ မင္းေခြးေခ်း၊ တ႐ုတ္ေျပးမင္း၊ သားႁမြာဘဆိုတဲ့ အမည္ေလးမ်ိဳးနဲ႔ ရာဇ ဝင္မွာ လူသိမ်ားတယ္။ ”စေလငေခြး၊ မင္း ေခြးေခ်း၊ လူေရးပ်က္ေတာ့သည္” လို႔ ပက္ ပက္စက္စက္ အေျပာခံရတဲ့မင္း ျဖစ္ပါတယ္။
ျမန္မာရာဇဝင္မွာ ၾသဇာရွိသူ နန္းတြင္း အမတ္ႀကီး၊ သို႔မဟုတ္ ေဆြေတာ္ မ်ိဳးေတာ္ တစ္ပါးပါးက သူ႔ၾသဇာခိုင္ေစဖို႔ ႐ုပ္ျပ ဘုရင္ တစ္ပါးပါးကို နန္းတင္ေတာ့မယ္ ဆိုရင္ ငယ္ ႐ြယ္ႏုနယ္သူ မင္းသားငယ္ မ်ားကို စိတ္ ႀကိဳက္ေ႐ြးခ်ယ္ တင္ေျမႇာက္ေလ့ ရွိပါတယ္။
ပုဂံေခတ္ ေနဝင္ခ်ိန္မွာ တန္ခိုးထြားတဲ့ အ မတ္ႀကီး ရာဇသၾကၤန္က ဝါရင့္မင္းသားႀကီး သီဟသူကို ဘုရင္အျဖစ္ မေထာက္ခံဘဲ အသက္ ၁၉ ႏွစ္ သာရွိေသးတဲ့သူကို ေထာက္ခံရာက မင္းေခြးေခ်း တစ္ေယာက္ ရာဇပလႅင္ေပၚေရာက္လာတယ္။
ဘုရင္လည္းျဖစ္ ကေရာ၊ ဘုန္းႀကီးဝတ္ ေနတဲ့ သူ႔ဦးေလးကို လူထြက္ခိုင္းၿပီး သိမၼ စည္းဆိုတဲ့ ဘြဲ႕နဲ႔ အမတ္ႀကီးခန႔္တယ္။
ဘုန္း ႀကီး လူထြက္ သိမၼစည္းဟာ တျဖည္းျဖည္း ဘုန္းႀကီးလာလိုက္တာ ေနာက္ဆုံး သူ တြန္းလို႔ ပုလႅင္ေပၚ ထမ္းတင္ေပးခဲ့တဲ့ ရာဇ သၤၾကန္ကိုပင္မင္းေခြးေခ်းက စည္းစိမ္႐ုပ္ သိမ္းၿပီး ဒလကို နယ္ႏွင္ခဲ့ပါတယ္….
တစ္ျပည္လုံးမွာ ရွိတဲ့ စိုက္ပ်ိဳးေျမဧက မ်ားစြာကို ဘုရင္ကေရာ၊ မင္းညီမင္းသား ေတြကေရာ၊ သူေဌးသူႂကြယ္ေတြကေရာ ဂုဏ္တု ဂုဏ္ၿပိဳင္ လုပ္ၿပီး သာသနာ့ေျမအ ျဖစ္ ေပးလႉၾကတယ္။
သာဓုေခၚမလို႔ စဥ္း စားေနတုန္း သာသနာ့ေျမဟာအခြန္လြတ္တဲ့အတြက္ သူတို႔လႉထားတဲ့ ေျမဧက ေသာင္းေပါင္း မ်ားစြာအတြက္အခြန္မရေတာ့ပါဘူး။
ႀကံရာမရတဲ့အခါက်ေတာ့ ျပည္သူျပည္ သားေတြထံက အခြန္အေကာက္ေတြ ရသ ေလာက္ တိုးျမႇင့္ေကာက္ခံတယ္။ သက္လူ မ်ိဳးတို႔ေန ထိုင္ရာ မစၦဂီရိ အရပ္မွာ ထုံးစံထက္ အမ်ားႀကီပိုၿပီး အခြန္ေတာ္ေကာက္လို႔ ပုန္ ကန္ထႂကြမႈ စတင္လာတယ္။
ပုဂံကိုလာၿပီး ေရာင္း ဝယ္ေဖာက္ကားတဲ့ တ႐ုတ္ကုန္ သည္ေတြရဲ႕ လား ဝန္တင္ပစၥည္းေတြကို အခြန္မတရားေကာက္လို႔ စကားမ်ား ရန္ ျဖစ္ၾကတယ္။
တ႐ုတ္က ဝင္တိုက္လို႔ စစ္ရႈံးၿပီး ထီးနန္း ကိုေရာ၊ တိုင္းျပည္ကိုပါ စြန႔္လႊတ္ထြက္ေျပး ပါတယ္။ သူ႔အမွားေတြကို မိဖုရားေစာက ေျပာဆို ဆုံးမေဖ်ာင္းဖ်ေတာ့ ေနာင္တရခဲ့ ရွာတယ္။ ဒါေပမယ့္ အခ်ိန္သိပ္ေႏွာင္းခဲ့ၿပီ။
ထြက္ေျပးတိမ္းေရွာင္လာတာ ပုသိမ္ ကေန သားေတာ္ရွိတဲ့ ျပည္ကို အေရာက္ သားေတာ္က အဆိပ္ပါတဲ့ စားပြဲေတာ္ကို ဆက္သတယ္။
အဆိပ္ပါမွန္း သိသိႀကီးနဲ႔ စားရရွာတယ္။ ”ငါသည္ ေနာင္ဘဝမ်ား၌ သားေယာက်္ားဖခင္ မျဖစ္ရပါေစႏွင့္”လို႔ မ်က္ရည္လည္႐ြဲ ဆုေတာင္းသြားၿပီး ဘုန္း ႀကီးစဥ္အခါ က ဟင္းခြက္သုံးရာနဲ႔ ေန႔စဥ္ ပြဲေတာ္တည္တယ္ လို႔ နာမည္ႀကီးခဲ့တဲ့ နရ သီဟပေတ့ဟာ အစားေၾကာင့္ပဲ နတ္႐ြာ စံခဲ့ရရွာပါတယ္။
သူနဲ႔အတူ ပုဂံေခတ္ကို လည္း တစ္ခါတည္းပ်က္စီးေစခဲ့ တယ္ေလ။
ဒုတိယေျမာက္ ဘုရင္ညံ့အျဖစ္ မွတ္ တမ္းဝင္သူကေတာ့ ဟံသာဝတီပါ မင္းပါ တဲ့။
မြန္တို႔ရဲ႕ တိုက္ခိုက္သိမ္းပိုက္ျခင္းကို ခံရၿပီး ဟံသာဝတီ ပဲခူးကို ဓားစာခံအျဖစ္ ပါသြားခဲ့လို႔ ဒီအမည္တြင္ပါတယ္။
သူ႔ရဲ႕ ညံ့ကြက္မ်ားကေတာ့-
တ႐ုတ္ေျပးမင္းလို အျဖစ္မ်ိဳး သမိုင္း တစ္ပတ္လည္ၿပီး သူ႔မွာ ႀကဳံခဲ့ရတာပါ။
ခမည္းေတာ္ တနဂၤေႏြမင္း နတ္႐ြာစံေတာ့ ညီေတာ္ ဗဒုံၿမိဳ႕စား နန္းရႏိုင္ပါလ်က္နဲ႔ နန္းတြင္းမွာ ၾသဇာလႊမ္းတဲ့ ဝန္ႀကီးဦးပုက ဇြတ္အတင္းအဓမၼ နန္းတင္ရာက အသက္(၁၉ )ႏွစ္မွာပဲ မင္းပ်ိဳမင္းလြင္ေလး ဘဝနဲ႔ ဘုရင္ျဖစ္လာခဲ့တယ္။
ထုံးစံအတိုင္း ဘုရင္လည္း ျဖစ္ကေရာ ငယ္ဆရာေမာင္ၿဖိဳးကို (ရာဇနႏၵ)ဘြဲ႕ခ်ီးျမႇင့္ၿပီး အတြင္းဝန္ခန႔္တယ္။
အထိန္းေတာ္နဲ႔ ေပး စားၿပီး ဘုရင့္ေနာင္ ဘြဲ႕တပ္ ေျမႇာက္စားခဲ့ တယ္။ အေျမႇာက္စားခံရတဲ့ ေမာင္ၿဖိဳးက မာန္ေတြတက္ၿပီး ကုန္းေခ်ာေတာ့လည္း လြယ္လြယ္ကူကူ ယုံစား ၿပီး ေက်းဇူးရွင္ ဝန္ ႀကီး ဦးပုကိုေရာ၊ သံဃရာဇာကိုပါ ကြပ္မ်က္ ေစခဲ့တယ္။
ေတာင္သူ လယ္သမားေတြရဲ႕ စပါးကို ထြက္သမွ်ရဲ႕ ေလးစုတစ္စု (၂၅ ရာခိုင္ႏႈန္း) အခြန္ေကာက္ယူျခင္းေၾကာင့္ လယ္မစိုက္ ၾကေတာ့တဲ့အတြက္ ဆန္ေရစပါး ရွားပါးမႈ ႀကီး ျဖစ္ေပၚလာတယ္။
ေငြဒဂၤါးလည္း ေနာက္ထပ္ မလုပ္ႏိုင္ ေတာ့လို႔ ေငြခ်ိန္နဲ႔ပဲ သုံးစြဲေနၾကရတယ္။ ေနျပည္ေတာ္မွာ ရိကၡာျပတ္လပ္တာကို အခြင့္ေကာင္း ယူၿပီး နန္းတြင္း က်ီေတာ္ ထဲက ဆန္စပါးကို မိဖုရားနဲ႔တကြ နန္း တြင္းသူေတြက အျမတ္ႀကီးစား ေစ်းတင္ ေရာင္းၾကျပန္တယ္။
တိုင္းသူ၊ ျပည္သားတို႔ အစာေရစာ ငတ္မြတ္ေခါင္းပါးလာၾကလို႔ ဆူပူအုံႂကြမႈ ေတြျဖစ္ေနတုန္း ဟံသာဝတီပဲခူးက မြန္တို႔ ရဲ႕ က်ဴးေက်ာ္ တိုက္ခိုက္မႈကို ခံရတယ္။
ပဲခူး သားေတြကို ခုခံတိုက္ခိုက္ဖို႔ အားအင္ကုန္ ခန္းေနၾကတဲ့ ဗမာေတြဟာ ကိုယ့္လက္နက္ ေတာင္ကိုယ္ မထမ္းႏိုင္ေလာက္ေအာင္ အေျခအေနဆိုးလြန္းၾကတဲ့အတြက္ စစ္ပြဲ ဟာ မတိုက္ခင္က ရႈံးၿပီးျဖစ္ခဲ့ရတယ္။
ဝန္ႀကီးဦးပုနဲ႔ အမတ္ႀကီးသုံးဦးကို ကြပ္မ်က္စဥ္က ဦးပု မေသခင္ ”ငါတို႔မႉးမတ္ တစ္စုေသရတာထက္ ႏိုင္ငံပ်က္မွာကို ငါ သနားလိုက္ကဲ့” လို႔ ေျပာခဲ့တာကို ပဲခူး ေရာက္ၿပီး အက်ယ္ခ်ဳပ္မွာေနရမွ သူ သတိရတယ္။
”ဝန္ႀကီး ဦးပုရွိေသာ္ ဤကဲ့ သို႔မျဖစ္ေလ”ဆိုၿပီ တမ္းတပါသတဲ့။ ေနာက္က်သြားခဲ့ရွာပါၿပီ….
ပဲခူး မွာအက်ယ္ခ်ဳပ္ ခံေနရတုန္း ငါး ႀကီးတစ္ေကာင္ ေခါင္းပုပ္ ေသဆုံး ေနၿပီးမွ အၿမီးတခပ္ခပ္ ျဖစ္ေနတယ္ဆိုတဲ့ သတင္း ကို သူၾကားေတာ့ ”ငါတည္းဟူေသာ ဦး ေခါင္းပုပ္၍ ေသၿပီျဖစ္ေသာ္လည္း အၿမီး တည္းဟူေသာ ငါတို႔ ဗမာ အမ်ိဳးသားတို႔ သည္ မၾကာခင္ အထြက္ အထိပ္သို႔ေရာက္ လိမ့္မည္”လို႔ အခ်ဳပ္ထဲက ႀကဳံးဝါးသတဲ့။
ဒီသတင္း မြန္ဘုရင္ၾကားေတာ့ ဒင္းကိုထားလို႔ မျဖစ္ေခ်ဘူး ဆို ၿပီး ေခါင္းျဖတ္သတ္လိုက္ၿပီးဟံသာဝတီျပည္လည္းပ်က္ဆီးျခင္းေရာက္ခဲ့ရပါတယ္။
တတိယေျမာက္ကုန္းေဘာင္ေခတ္ရဲ႕ေနာက္ဆုံး(သီေပါမင္း)လည္းသူေရွ႕ကဘုရင္ညံ့ႏွစ္ပါးလိုပါဘဲ၊
မကၡရာ၊သုံးဆယ္၊ေညာင္ရမ္းတို႔လိုအရည္အခ်င္းျပည့္စုံတဲ့မင္းသားႀကီးေတြရွိေနပါလ်က္နဲ႔ဆင္ျဖဴမရွင္၊ကင္းဝန္မင္းႀကီးတို႔ရဲ႕ေထာက္ခံႀကိဳးပမ္းမႈနဲ႔ဘုရင္ျဖစ္လာခဲ့တဲ့သူပါ။
သမိုင္းမွာပိုၿပီးအမည္းစက္ျဖစ္ေစတာကေတာ့နန္းၫြန္႔နန္းလ်ာမင္းသားအားလုံးနီးပါးကိုသုတ္သင္ရွင္းလင္းခဲ့တာပါဘဲ…
သီေပါဘုရင္ရဲ႕အမိန္႔ေတာ္နဲ႔မဟုတ္ဘူးလို႔ဆိုၾကေပမဲ့သူ႔ရဲတာဝန္မကင္းခဲ့ပါဘူး…
သီေပါမင္းကဘုရင္ျဖစ္တဲ့ကာလတစ္ေလွ်ာက္လုံးအတၱကိုေရွ႕တန္းတင္တဲ့တိုင္တားမင္းႀကီးကိုေနရာေပးအယုံၾကည္လြန္ေတာ့၊ကင္းဝန္မင္းႀကီးတို႔လိုပညာရွင္မႉးမတ္ဝန္ႀကီးေတြရဲ႕ေနရာလည္းေနာက္ပိုင္းညႇိဳးမွိန္သြားခဲ့တယ္။
ပညာညဏ္နည္းလြန္းတဲ့ဘုရင္ေတြလက္ထက္မွာအမတ္ဝန္ႀကီးေတြနဲ႔ျပည္သူ႔ဘဝေတြအက်ည္းတန္ခဲ့ရပါတယ္..
သီေပါမင္းရဲ႕ဇာတ္သိမ္းက်ေတာ့တစ္ပါးသူရဲ႕လက္ခ်က္နဲ႔သတ္ျဖတ္ခံခဲ့ရတာမဟုတ္ေပမယ့္ႏိုင္ငံရပ္ျခားမွာနန္းက်ဘုရင္တပါးအျဖစ္ထိန္းသိမ္းခံရရင္းေသဆုံးခဲ့ပါတယ္။
ကုန္းေဘာင္မင္းဆက္လည္းပ်က္စီးခဲ့ၿပီးတိုင္းျပည္လည္းတိုင္းတပါးလက္ေအာက္က်ေရာက္ခဲ့ရပါေတာ့တယ္။
သမိုင္းတေခတ္မွာအရည္အခ်င္းနည္းသူေတြမင္းတက္ျဖစ္တဲ့အခ်ိန္တိုင္းမွာတိုင္းႏိုင္ငံပ်က္သုန္းရတတ္ၿပီးလူမ်ိဳးဂုဏ္လည္းညႇိဳးႏြမ္းခဲ့ရေၾကာင္းနဲ႔ဖတ္မိသမွ်သမိုင္းျဖစ္ရပ္ေလးေတြကိုစုစည္းၿပီးျပန္လည္မွ်ေဝလိုက္ရပါတယ္။
Ref:
၁။ ဦးတင္၊ ပုဂံဝန္ေထာက္၊ ျမန္မာမင္း အုပ္ခ်ဳပ္ပုံ စာတမ္းမ်ား၊ ဒုတိယတြဲ
၂။ ညိဳျမ၊ ကုန္းေဘာင္ရွာပုံေတာ္
MinGyi