ရေစင်တစက်ဆရာသက်

“မောင်သူရိန်နှင့်ရေစင်တစက်ဆရာသက်”📖📖📖

************************************************

မှောင်မည်းနေသောလမိုက်ည
လရဲ့အလင်းရောင်ရယ်တိမ်ပပျောက်ကွယ်နေသဖြင့် မန္တလေးမြို့ရဲ့ခုနှစ်မိုင်ချောင်းရွာသင်္ချိုင်းထည်းမှာတော့ ခြောက်ခြားစရာကောင်းလွန်းလှပါပေတယ်။

ပါးစပ်ပြောရာဇဝင်တွေလည်းရှိခဲ့တာကြောင့် ညဆိုဘယ်သူမှအ့ဘက်လမ်းကနေဖြတ်မသွားရဲကျပါဘူး…။
ကျက်သီးထဖွယ်ရာကြောက်စရာကောင်းတဲ့ခုနှစ်မိုင်ချောင်းရဲ့သင်္ချိူင်းထည်းကိုတော့ လူတစ်ယောက်ဟာရဲရင့်‌သောခြေလှမ်းတွေနဲ့အတူဦးတည်လျှောက်လာခဲ့‌၏…။
ထိုလူရဲ့ခြေလှမ်းသံတွေကြောင့် အိပ်ပျော်နေသောကျီးကန်ငှက်တွေကတဖျတ်ဖျတ်နဲ့လွှားခနဲပျံသန်းသွားခဲ့‌‌တယ်။

ထိုလူကသချိုင်းဇရပ်ရဲ့ အထည်းသို့ဝင်ကာ ‌ဖယောင်းတိုင်းကိုထွန်းညိ့ပြီး တမလင်ခွေထိုင်လျက်…။

“သင်္ချိုင်းတကာသင်္ချိုင်းတိုင်းကို အပိုင်စားရတဲ့မဖဲဝါ ငါ၏အရှေ့ကိုအခုရောက်လာစမ်း ပုန်းခြင်းကွယ်ခြင်းမရှိစေရ အဟန့်အတားအနှောက်ယှက်များလည်း မရှိစေရ”

ထိုဆရာရဲ့အမိန့်ပေးသံကြောင့် နာနာဘာဝအကောင်များကလည်းကြောက်လန့်တကြားဟန်နဲ့ အဝေးကိုထွက်ပြေးသွားကျလေတယ်….။

ခွေးတစ်ကောင်ရဲ့အူသံဟာ ညရဲ့အမှောင်မှာကျယ်လောင်စွာထွက်ပေါ်‌လာနေတယ်။
‌ခွေးအူသံကတဖြည်းဖြည်း ဇရပ်ထည်းကလူနဲ့ အလွန်ပင်နီးကပ်လာခဲ့တယ်။
တခဏကြာတော့ နွားပေါက်တစ်ကောင်လောက်ရှိတဲ့ခွေးနက်ကြီးနှင့်အတူ လေပေါ်ကလာနေတဲ့ ထမိန်ရင်သျှားကြီးနဲဲ့မဖဲဝါ ရောက်ရှိလာခဲ့လေတယ်။

“ဟဲ့..ဆရာမသာကောင် နင့်ငါ့ကိုခေါ်တာ ဘာကိစ္စလည်း”
“ဟဲ့ကောင်မ နင်လေသံအရင်ပြင်လိုက်စမ်း ငါဒီကိုလာရတာက ဖိုးတေရဲ့နဂါးအမြူတေနင့်စီမှာအပ်ထားတယ်ဆိုတဲ့သတင်းကြောင့် ငါလာတောင်းရတာ”

“ဟားးးးဟားးးဟားးးးးးးး နဂါးအမှူတဟေုတလြား”
“အေ”

“နဂါးအမြူတေတော့မရဘူး ဒါပဲရမယ်”

မဖဲဝါကလေပေါ်သို့ပျံတက်ပြီး ဆရာဖြစ်တဲ့သူကို လက်ဝါးကြီးနဲ့ပိတ်ရိုက်ဖို့ဟန်ပြင်လိုက်တယ်။
တဗုန်းဗုန်းနဲ့ ခုန်ရိုက်သော်လည်း ဆရာဖြစ်သူက အပြုံးမပျက်

“ကဲ့ သောက်ကောင်မ တော်လောက်ပြီ”

ဆရာဖြစ်သူက လွယ်အိတ်ထည်းကရေဘူးကိုနုတ်ပြီး လက်ဝါးထည်းသို့‌ရေအနည်းငယ်လောင်းထည့်၍ မျက်စီကိုမှိတ်ကာ တစ်ခုခုကိုတိုင်တည်နေပြီး ခဏကြာတော့မျက်လုံးအစုံဟာဖြတ်ခနဲ ပြန်ဖွင့်လာပြီး

“ရေစင်တစ်စက်ဆရာသက်ဆိုတာ ငါပဲကွ” ဟုဟစ်ကြွေးကာ

ဆရာသက်ကလက်ဝါးအပေါ်မှာရှိတဲ့ရေများနဲ့မဖဲဝါရှိရာပစ်လွှတ်လိုက်ရာ မဖဲဝါကပူလောင်လွန်းလို့ အသံနက်ကြီးထွက်ပေါ်လာခဲ့တယ်။

“ဟဲ့ကောင်မ နဂါးအမြူတေပေးစမ်း”
မဖဲဝါကအသံနက်ကြီးဖြင့်ပလုံးပထွေးအသံနဲ့

“နဂါးအမြူတေကငါ့မှာမရှိဘူး အင်းစမကိုတဖက်ကမ်းတက်မြှောက်သွားပြီး ထွက်ရပ်ပေါက်သွားတဲ့ ဆရာမောင်သူရိန်စီမှာပဲ”

“ဘာ…မောင်သူရိန်စီမှာဟုတ်လား”
“ဟုတ်တယ်”

“ဒါဆို အ့ဆရာတွေဘယ်အရပ်မှာကိုခရီးပေါက်နေတာလည်း”
“မန္တလေးမဟာမြတ်မုနိဘုရားဘက်မှာပဲလို့ကြားသိထားရတယ်”

“ငါ့ကိုလိမ်ရင်နင်ပြာဖြစ်သွားမယ်နော်”
“မလိမ့်ဝံ့ပါဘူး တကယ်ပါ”

ဆရာသက်လည်း သင်္ချိုင်းမှပြန်ထွက်ကာမဟာမြတ်မုနိဘုရားရှိရာမန္တလေးသို့ခြေဆန့်လာပါတော့သည်……။

******************

“ဆရာကျွန်တော်ကိုမဟာမြတ်မုနိဘုရားသမိုင်းအကျယ်တဝန်းပြောပြပါလားဗျ”

မောင်သူရိန်နှင့်ရှိူန်းမော်တို့ဘုရားရဲ့ရင်ပြင်ပေါ်သို့ရောက်ရှိနေ
ချိန်ရှိူန်းမော်မှ မောင်သူရိန်ထံဘုရားရဲ့သမိုင်းကိုမေးမြန်းလိုက်လေရာမောင်သူရိန်က

“မင်းသိချင်ရင်လည်း ပြောပြပေးရမှာပေါ့ ဒီလိုကွ
စန္ဒသူရိယဘုရင်မင်းမြတ်ကရခိုင်ပြည်ကို အုပ်ချုပ်ခဲ့တဲ့အချိန်ခါကပေါ့ ဗုဒ္ဓရုပ်ထုတော်ကိုသွန်းလုပ်ထားတယ်လို့ ရိုးရာဓလေ့ထုံးတမ်းစဉ်ယုံကြည်မှုတွေထားရှိခဲ့တယ်။ စန္ဒသူရိယဘုရင်မင်းမြတ်က ဗုဒ္ဓရဲ့ဟောကြားပြသမှုသတင်းကိုကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟုအဆိုရှိခဲ့တယ်။ အန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင်သီတင်းသုံးနေထိုင်တော်မူသောဂေါတမမြတ်ဗုဒ္ဓကထိုအကြောင်းရာကို သိရှိခဲ့တယ်။
မြတ်ဗုဒ္ဓကသူ၏တပည့်သာဝက တစ်ပါးဖြစ်သော အရှင်အာနန္ဒာအား ပြောပြလေရာ ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများအုပ်ချုပ်ထားသည့်ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ် သမုဒ္ဒရာကိုဖြတ်ကျော်လာရမည်ကြောင့် ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယမင်းမြတ်အတွက် အလွန်အန္တရယ်ရှိခဲ့တယ်။ဒါကြောင့် တပည့်ရဟန္တာ ငါးရာ နှင့်အတူဂေါတမမြတ်ဗုဒ္ဓက ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့တယ်။
မြတ်ဗုဒ္ဓရဲ့ ရှေးရှေးဘဝပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့မှာ မြတ်ဗုဒ္ဓရဲ့ဓါတ်တော်များကိုဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟုကြိုတင်ဟောကိန်းထုတ်ဗျာဒိတ်တော်ပေးခဲ့တယ်။
မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင် မဟာပထဝီမြေကြီးက တုန်လှုပ်လာပြီး ပင်လယ်သမုဒ္ဒရာရေတို့က ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လာခဲ့တယ်။
စန္ဒသူရိယဘုရင်မင်မင်းမြတ်က ထိုနိမိတ်ဆောင်တဲ့ လက္ခဏာများရဲ့ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ|ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် ထိတ်လန့်တုန်လှုပ်ရခြင်းဖြစ်တယ်။
ဂေါတမမြတ်ဗုဒ္ဓ ရခိုင်ပြည်ကိုရောက်ရှိလာသည်အကြောင်းအရင်းကို စန္ဒသူရိယဘုရင်မင်းမြတ် သိရှိတော်မူသောအခါ ရာပေါင်းများစွာသောအခြွေအရံတို့နှင့်အတူ သူရဲ့မိဖုရားခေါင်ကြီး စန္ဒရမာလာ| မှူးမတ်|တိုင်းသူပြည်သားတို့နဲ့အတူ ပဗ္ဗတတောင်ပေါ်သို့သွားရောက်ခဲ့ကြတယ်။
ဘုရင်မင်းမြတ်ကဂေါတမမြတ်ဗုဒ္ဓကို အရိုအသေပေးပြီးနောက် သူ့ကို ပဋိစ္ဝသမုပ္ပါဒ် စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခဲ့ကာနောက်မြို့တော်မှာ ခုနှစ်ရက်ကြာ သီတင်းသုံးနေထိုင်တော်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံခဲ့တယ်။
မြို့တော်မှမြတ်ဗုဒ္ဓမထွက်ခွာမှီ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် နှစ်ပေါင်း ငါးထောင် တိုင်တိုင် ရိုသေလေးစားသမှုခံရသောကြောင့် ဆံတော်ဓါတ်နဲ့မြတ်ဗုဒ္ဓ၏ ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မယ်လို့ ဗုဒ္ဓကသဘောတူလက်ခံခဲ့တယ်။
နန်းတော်ရာ၏အရှေ့မြောက်ဘက် သီရိဂုတ္တကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ပုံ ဗိသုကာပညာရှင်နတ်များရဲ့ဘုရင်သိကြားမင်းနဲ့အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအဝင် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ကြလေတယ်။
ရုပ်ထုတော်အတွင်းပိုင်းထည်းသို့ဂေါတမမြတ်ဗုဒ္ဓရဲ့ ရင်ငွေ့တော်ဓါတ်ထည့်လိုက်တဲ့အခါ ဂေါတမမြတ်ဗုဒ္ဓနှစ်ဆူရှိလာကသဲ့သို့ဖြစ်ပေါ်လာခဲ့တာကြောင့်အံဩကြညိညိုစရာကောင်းလွန်းလှတဲ့လက္ခဏာရပ်များပေါ်ထွက်လာခဲ့တယ်။
မဟာပထဝီမြေကြီးတုန်လှုပ်လာပြီး ရုပ်ထုတော်က တဖြည်းဖြည်းအသက်ရှိလာကသဲ့သို့ သူ၏နောင်တော် ဂေါတမမြတ်ဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့်မတ်တပ်ထရပ်ခဲ့တယ်။
ဂေါတမမြတ်ဗုဒ္ဓ၏သူရဲ့သာဝကတပည့်ရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူခဲ့တယ်။
ယင်းအချိန်မှာစန္ဒာသူရိယ ဘုရင်မင်းမြတ်က သူ၏မူးမတ်သေနာပတိနှင့်အတူ အကြောင်းကိစ္စတို့ကိုတိုင်ပင်ပြီးနောက် မြတ်ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အားကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များကျင်းပခဲ့တယ်။
ရုပ်ထုတော်ရဲ့ ထူးခြားချက်မှာရောင်ခြည်တော်ခြောက်သွယ်ထွက်ရှိလာတယ်။
ရိုသေကိုင်းရှိူင်းသူများမှာအနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များကပိုထွက်ရှိပြီး  အယုံအကြည်မရှိသူများဖူး‌မျှော်သောအခါ ရောင်ခြည်တော်များက မှေးမိန်သွားလေ့ရှိခဲ့သည်လို့ အဆိုရှိထားတယ် ရှိန်းမော်”
“ဟုတ်ဆရာ ဆက်ပြောပါအုံး”
“ရုပ်ထုတော်တည်ရှိတဲ့နေရာပတ်ဝန်းကျင်အရပ်လေးမျက်နှာတို့မှာ အစောင့်အရှောက်အဖြစ်ကျောက်ရုပ်ထုများထားရှိပြီး မ ကောင်းသောအကြံအစည်ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးကိုလာရောက်သူတို့ကို အဝေးသို့ရှောင်းရှားသွားစေခဲ့တယ်။
ဝေသာလီခေတ်မှပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက်ကျောက်ပုလ္လင်တစ်ခုတည်ဆောက်ပြီးသိမ်တော်ကိုပြန်လည်တည်ဆောက်ထားတယ်လို့အဆိုမှတပါး အခြားအမည်အကြောင်းအရာကြိမှ မှတ်တမ်းတင်ထားခြင်းမရှိခဲ့ဘူး။
ဝေသာလီမှပထမဆုံးဘုရင်၏အရိုက်အရာကိုဆက်ခံသူက မဟာမုနိသိမ်တော်ကို ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့တယ်။
သီရိလင်္ကာနှင့်ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အားကိုးကွယ်ဆည်းကပ်ရန်ရောက်ရှိလာခဲ့ကျတယ်။
ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိသိမ်တော်ကြီးအတွင်းအလေးအမြတ်ထားတဲ့ ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသည်ရည်ရွယ်ချက်များနဲ့ရခိုင်ပြည်ကို ကျူးကျော်ဝင်ရောက်ခဲ့သည်လို့ အဆိုရှိထားတယ်။
ဒါပေမဲ့လည်း မည်သည့်ဘုရင်တစ်ပါးမှအောင်မြင်မှုမရရှိထားဘူး
တချို့ကသိမ်တော်ကြီးအားပြန်လည်ပြုပြင် မွမ်ူမံရန် ကတိကဝတ်ပြုခဲ့ကြပြန်တယ်။
ဆယ်နှစ့်ရာစုအချိန်မှာ သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော်ပျောက်ဆုံးသွားခဲ့တယ်။
သို့သော်လည်းလေးမြို့ခေတ်မှဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ထိုယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့်သိမ်တော်ကြီးကို ပြည်လည်ရှာဖွေတွေ့ရှိသွားပြီး သိမ်တော်အား ပြန်လည်တည်ဆောက်ခဲ့ကျတယ်။
မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်ကသူရဲ့မြို့တော်မှာ မဟာမုနိသို့ လမ်းတခု ဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းအစဉ်အလာများအရ ဘုရားဖူးခရီးစဉ်တစ်ခု စတင်ခဲ့ကြတယ်။
ဆယ်ခြောက်ရာစုမှာ ဘုရင်မင်းဗာက မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအဝင် တိုင်းပြည်အနှံတွင်ရှိရှိနေသော ဘုရားကျောင်းအဆောက်အဦးအများအပြားတို့အတွင်း မူရင်းနဲ့ဆင်တူ မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေတယ်။
၁၇၈၄ခုနှစ်တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကိုသိမ်းပိုက်ခဲ့ပြီး မဟာမြတ်မုနိရုပ်ရှင်တော်အား မန္တလေးသို့သယ်ဆောင်သွားခဲ့တယ်။
ထိုရုပ်ရှင်တော်မြတ်ကြီးကို မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြင့် ဆက်လက်မှတ်ယူထားကြဆဲဖြစ်တယ်။
ဆုံးရှူံးသွားတဲ့ အဖွေအနှစ်ကြောင့် ရခိုင်ပြည်သူတို့က နက်နက်နဲနဲ စိတ်ခိခိုက်စေခဲ့ပြီး မကြာမှဗြိတိသျှတို့ကအုပ်ချုပ်မှူကို ရခိုင်ပြည်သူတို့ဆက်လက်ခံခဲ့ရတယ်။
၁၈၇၆ခုနှစ်မှာ မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှတွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက်ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကျတယ်။
လွန်ခဲ့သောနှစ် (ရှစ်ဆယ်)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကိုပြုကာလုပ်ဆောင်ခဲ့ကျတယ်ကွ
အဒီအချိန်မှာအောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသောမူရင်းမဟာမုနိ ထိုင်တော်မူပုံစံကြေးရုပ်‌ထုအသစ်တစ်ဆူကိုသွန်းလုပ်ခဲ့ရတယ်လို့သိရှိရတယ်။”
ယနေ့အခါမှာ မဟုမ့တ်မုနိဘုရားသိမ်တော်က ပြည်တွင်းပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာတစ်ခုအဖြစ် ပြည်လည်စည်းကားလာခဲ့ကျတယ်။
မဟာမုနိသိမ်တော်က နန်းတော်ရာကုန်း၏အရှေ့မြှောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားတဲ့ နေရာတစ်ခုဖြစ်ခဲ့တယ်။
ဟိုးရှေးနှစ်ပေါင်း ရာစုများစွာကတည်းက မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသယ်များ စည်းကားသိုက်မြိုက်နေသော ဗဟြိအချက်ချာလည်းဖြစ်ပြီးကျူးကျော်ဝင်ရောက်သူများလက်အောက် ရခိုင်ပြည်ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများက ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့်ဘုရားဖူးခရီးသယ်များနည်းပါးမှုရှိခဲ့တယ်။
မူရင်းအဆောက်အဦးရဲ့အကြွင်းအကျန်လုံးဝမရှိခဲ့သော်လည်း ယင်း၏မူရင်းပုံစံတစ်ခုဖြစ်သည့်ကိုကောင်းကင်ဓာတ်ပုံများမှ တွေ့မြင်ရတယ်။
ဘုရားသိမ်တော်ကိုထောင့်မှန်စတုဂံ နံရံနှစ်ဆင့်ကဝန်းရံထားပြီး သိမ်တော်၏အရှေ့ဘက်အနောက်ဘက်တောင်ဘက်နှင့်မြောက်ဘက်တို့မှာ ဝင်ပေါက်လေးပေါက် ဖောက်ထားပြီး ရှေ့ဘက်ဝင်ပေါက်ကိုအဓိကဝက်ပေါက်အဖြစ်ထားရှိပြီး ပထမဆုံးရင်ပြင်၏အရှေ့တောင်ထောင့်နှင့်အရှေ့မြောက်ထောင့်တို့မှာ ဗုဒ္ဓရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု|
အိန္ဒိယအရှေ့မြောက်ပိုင်း ဓနာလန္ဒဓ ၌ရှိသောထင်ရှားကျော်ကြားတဲ့ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများစုဝေးနေထိုင်ရာနေရာတစ်ခုဖြစ်ပြီး
ရှေး ၆၀၀ ရာစုပင်အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသောအဓိကဂူဘုရားကျောင်းတော်တွင် ယခင်မူရက်းနည်းအတိုင်းအတူနီးစပ်ဆုံးပုံစံဖြစ်တဲ့ ဘုရားကျောင်းဆောင်ကိုတွေ့ရှိရနိုင်တယ်”
“ဟုတ်ဆရာ ဆရာရှင်းပြလိုက်တဲ့အခါမှပဲ အကျယ်တဝန်းသိသွားတော့တယ်”….။

မောင်သူရိန်တို့စကားပြောနေချိန်အတွင်းမှာဖြင့် လူနှစ်ယောက်ကဘုရားသိမ်တော်ကြီးထည်းသို့အပြေးအလွှားရောက်ရှိလာပြီးမောင်သူရိန်အနားကိုထိုင်ကာ

“ဆရာ ကျွန်တော်တို့ကိုကူညီပါအုံးဗျ”
“အရေးတကြီးသုတ်ပြာနဲ့ဘာများဖြစ်လို့လည်း ဦးလေး”

“ဒီလိုပါဆရာလေး မနေ့ကကျွန်တော်တို့သားလေး အိပ်နေရင်းကနိုးမလာ‌တော့လို့ပါဆရာ”
“ဘလိုမျိုးလည်းဗျ နားလည်အောင်ပြောပြပါအုံး”

“မနေ့ညကသားကအကောင်းပါ ညအိပ်ရာဝင်ပြီးမနက်ရောက်တော့ ခန္တာကိုယ်ကတောင့်တောင့်ကြီးဖြစ်နေတယ် ဆရာ အသက်ကလည်းရှူနေသေးတယ်”
“ဦးကြီးတို့သားက လောကီပညာတွေလေ့လာလိုက်စားဖူးလားဗျ”

“အ့လိုတော့မသိပါဘူးဆရာလေး  အားနေရင်တော့စာအုပ်ကြီးတစ်အုပ်ဖတ်ပြီးတော့နေတာကိုတော့ သိတိထားမိပါတယ်”
“ကဲ့ရှိန်းမော်…ငါကအဓိဌာန်ဝင်ရအုံးမှာမို့ ဟောဒီကရွာသွားတွေနဲ့အတူလိုက်သွားပြီး ဒီကိစ္စကို မင်းပဲဖြေရှင်းလိုက်ပါ”

မောင်သူရိန်ရဲ့စကားကြောင့်ရှိန်းမော်တစ်ယောက် မျက်လုံးပြူးမျက်စံပြူဖြစ်သွားခဲ့တယ်။ဆရာနဲ့အတူပြသာနာတွေလိုက်လံဖြေရှင်းပေးနေတာကြောင့် ဒီတစ်ခေါက်ဆရာမပါသည့်မို့ အနည်းငယ်စိတ်လှုပ်ရှားနေခဲ့တယ်။ ဆရာရဲ့အမိန့်ကိုမလွန်ဆန်နိုင်တာကြောင့် ရှိန်းမော်လည်း လာခေါ်တဲ့ရွာသွားနှစ်ယောက်နှင့်အတူ ညကတည်းခဲ့သော ဘူးကွဲရွာလေးသို့ လျှောက်လာခဲ့တယ်

**********

ရှိန်းမော်တို့လည်းဘူးကွဲရွာရဲ့ လူနာအိမ်ဝင်းအပေါက်သို့ရောက်ရှိလာခဲ့တယ်။

“ဟဲ့..တုတ်ကြိုးချုပ်ကြိုးများရှိရင် အခုဖြေစမ်း အခုချက်ခြင်းခန္တာကိုယ်ထည်း ပြန်ရောက်ရှိလာခဲ့စမ်း”

ဆိုတဲ့အသံကိုဝိုင်းပေါက်ဝကနေရှိန်းမော်တစ်ယောက်ကြားလိုက်ရတယ်။
ရှိန်းမော်လည်းအိမ်ပေါ်သို့တက်ရာ ပလက်လန့်နဲ့လူလတ်ပိုင်းတစ်ယောက်နဲ့အတူ နှုတ်ခမ်းမွေးထူထူနှာခေါင်းပွပွ ခေါင်းပေါင်းထားတဲ့ဆရာကိုပါတွေ့မြင်လိုက်ရတယ်။

“ဪ…ဆရာလာထိုင်ဗျ”

ဆေးကုနေတဲ့ဆရာကရှိန်းမော်ကိုနေရာပေးကာ နှုတ်ဆက်လေတယ်။

“ဘယ်လိုလည်းဆရာ လူနာကအဆင်ပြေရဲ့လား”
“မပြေဘူး ဆရာ လူနာလိပ်ပြာလွှင့်တဲ့အတက်ကိုကျင့်နေစဉ် ခန္တာကိုယ်ထည်းကိုပြန်မဝင်နိုင်တော့ပဲ လိပ်ပြာကတစ်နေရာရာမှာ ပိတ်မိနေတယ်”

“ဟုတ်လားဗျ”
“ဟုတ်တယ်ဆရာ သူ့ရဲ့လိပ်ပြာကိုပြန်ခေါ်ဖို့ဆို ဆရာဖြစ်သူကလည်း ကိုယ်တိုင်ကျွမ်းကျွမ်းကျင်ကျင်လိပ်ပြာထုတ်လွှတ်တက်မှရမယ်”

ရှိန်းမော်လည်း မောင်သူရိန်ရဲ့အမိန့်ရထားပြီမို့ လိပ်ပြာလွှတ်ရန်ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။

“ဆရာကကျွန်တော်ခန္တာကိုယ်ကို ခတ္တခဏစောင့်ရှောက်ပေးထားပါ ကျွန်တော်ကဒီကလူနာရဲ့လိပ်ပြာကြိုးကိုဆက်ပြီးခေါ်ဆောင်‌လာခဲ့ပါမယ်”
“ကောင်းပါပြီဆရာလေး ဒီဘက်ကိုဆက်ချပါ ဆရာလေးသာဂရုတစိုက်သာသွားပါ”

ရှိန်းမော်လည်းဘုရားစဉ်အရှေ့တွင် လူနာနဘေးမှာလှဲ၍ လိပ်ပြာစထုတ်လွင့်ခဲ့တယ်။
ခန္တာကိုယ်ထည်းမှလိပ်ပြာထွက်လာပြီး ငှက်မွေးလေးပမာပေါ့ပါးနေတာကို ချိန်းမော်သတိထားမိခဲ့တယ်။
လူနာကိုကြည့်လိုက်တော့ ရွှေရောင်ကြိုးလေးကမှေးမှိန်နေပြီးပြတ်လုလုဆဲဆဲ အနေအထားသို့ရောက်ရှိနေတာကို မြင်တွေ့ခဲ့ရတယ်။
ရှိန်းမော်လည်း လူနာရဲ့လိပ်ပြာကြိုးရှိရာသို့တဖြည်းဖြည်းထွက်ရှိလာခဲ့တယ်။

“ဝုတ် ဝုတ် ဝုတ်”

“သောက်ပလုတ်တုပ်”

လူတွေကသာလိပ်ပြာလွှင့်လာတဲ့ရှိန်းမော်ကိုမမြင်ရပေမဲ့ ခွေးတွေကမြင်ရသဖြင့် ခွေးလိုက်ဆွဲတာကြောင့်လည်း ပြေးခဲ့ရပြန်တယ်။
တမာတန်းရွာထိပ်ရောက်တော့ တမာတန်းရွာထည်းဝင်မည်အပြု ရွာစောင့်ဘီလူးရဲ့တင်းပုတ်စာကြောင့် ရှိန်းမော်တစ်ယောက်တစ်လံ‌ေလာက်အ‌ဝေးကိုရောက်ရောက်ရှိသွားခဲ့တယ်။
ရှိန်းမော်လည်း လှဲနေရာမှထကာ စိတ်အလွန်တိုသွားသောကြောင့်
သုံးဆယ့်ခြောက်ကွက်အင်းကိုလေပေါ်တွင်ရေးဆွဲကာ ဘီလူးထံသို့ဝင်ပစ်လွတ်လိုက်ရာဝင်ရောက်သွားပြီး မီးခိုးလုံးကြီးထွက်ပေါ်ကာ ဘီလူးမှလူအဖြစ်သို့ရောက်ရှိလာခဲ့တယ်။

“ဆရာလေးစိတ်လျော့ပါ ဒီကဝိရူမူခအမည်ရှိတဲ့ဘီလူးက ဆရာလေးမှန်းမသိလို့ပါ”
“သင်ကရောဘယ်သူလည်း “

“ကျွန်တော်မျိုးက ရွာစောင့်နတ်ပါဆရာလေး”
“အော် ဟုတ်ပြီဗျ ကျုပ်လည်းအရေးကြီးတို့မို့ လုပ်စရာရှိတာလုပ်လိုက်တာပဲ”

“ကျွန်တော်နားလည်ပါတယ်ဆရာ ဒါပေမဲ့ဆရာလေးမသိတာက ဆရာလေးထောက်ခြောက်မိသွားတာကိုပဲ”
“ဗျာ ဘာကို ရွာစောင့်နတ်ကြီး ကျုပ်ကိုရှင်းအောင်ပြောပြစမ်းပါဗျ”

“ဆရာလေးကိုသူတို့က အကောက်ကြံလိုက်တာပဲ တကယ်တော့သူတို့သားကဘာမှမဖြစ်ဘူး ဆရာတစ်ယောက်ကသူ့ဝိဉာဉ်ကို တစ်နေရာမှာ ထိန်းချုပ်ထားခဲ့တယ်”

ရှိန်းမော်လည်း နောက်သို့တမင်လည်ပြန်ချိန်ကြည့် လိပ်ပြာကြိုးကပြတ်တောက်သွားခဲ့ပြီး လေပေါ်တွင်‌လွင့်မျော်သွားကာ အသူရကယ်ဘုံသို့ရောက်ရှိသွားခဲ့လေတော့သည်…….။

**********

မောင်သူရိန်လည်းအ‌ကြောင်းကိစ္စအဝဝကိုသိရှိထားသော်လည်း အဓိဌာန်ကမပြီးသေးသောကြောင့် ရှိန်းမော်အားကူညီရန်မစွမ်းနိုင်ခဲ့ပေ။

ခုနှစ်ရက်မြောက်သည့်နေတွင် အဓိဌာန်ကပြီးဆုံးသွားခဲ့ပြီဖြစ်သောကြောင့် တရားထိုင်နေရာကနေထကာ တမာတန်းရွာရဲ့သင်္ချိူင်းသို့ထွက်ရှိလာခဲ့တယ်။
သင်္ချိုင်းထည်းသို့ရောက်ရှိသောအခါ အုတ်ဂူပေါ်မှာတရားထိုင်နေသော လူတစ်ယောက်ကို မောင်သူရိန်တစ်ယောက်မြင်တွေ့လိုက်ရတယ်။

“ရွာသားတွေကိုသိမ်းသွင်း ကျူပ်တပည့်ရဲ့ခန္တာကိုယ်ကိုဖွက် လိပ်ပြာကိုဖျက်ပြီး အောက်တန်းကျလှတဲ့ ဆရာသက်ဆိုတာ ဟောဒီကပုဂ္ဂိုလ်ထင်ပါရဲ့”
“ဪ….မင်းရောက်လာပြီလား အသက်ငယ်ငယ်လေးနဲ့ထွပ်ရပ်မြန်းသွားတဲ့မောင်သူရိန်ဆိုတာလား နာမည်ကကြားဖူးတာကြာပါပြီကွာ လူကအခုမှမြင်တွေ့ရဘူးတော့တယ်”

“လိုရင်းကိုပြောရအောင်ကျုပ်တပည့်ကိုသင်ဘာကြောင့်ဒီလိုလုပ်တာလည်း”
“သူကသင့်တပည့်ဆိုရပေမဲ့ သင့်လောက်မစဉ်းစားမဆင်ခြင်တက်သေးဘူးပဲ”

” ခဗျားကျုပ်နဲ့ထိပ်တိုက်တွေ့တာ ကံဆိုးတာပဲ တစ်ပွဲတစ်လမ်းအကဲစမ်းကျတာပေါ့”
“မောင်သူရိန် မောင်သူရိန်….တယ်လည်းအပြောကြီးတဲ့ကောင်ပါလားကွ အရင်နိုင်အောင်ကြိုးစားပါအုံးကွ လေကလည်းကြီးတယ်ဟေ့ မိုးပေါ်ကမဆင်းဘူး”

မောင်သူရိန်နဲ့ဆရာသက်လည်း ပညာပြိုင်ရန် လယ်ကွင်းပြင်ဘက်သို့ထွက်ရှိလာတဲ့အချိန် တစ်ယောက်တစ်နေရာစီ နေရာယူလိုက်ကျပြီး

“မောင်သူရိန် သင့်သာကျုပ်ကို နဂါးအမြူတေပေးမယ်ဆို သင့်တပည့်ကိုပြန်လွှတ်ပေးမယ်”
“သင်တောင် ကျုပ်တပည့်ကိုသတ်လို့မရလို့ ခန္တာကိုယ်ကို ဖွက်ထားတယ်မလား”

“ကောင်းပြီလေဒါဆိုလည်း သင့်အသက်ကိုနုတ်ယူပြီးမှ နဂါးအမြူတေကိုသိမ်းပိုက်ရတာပေါ့”

ဆရာသက်ဆိုသူက လေးကွက်အင်းကိုအကျယ်ရှူဲ့ပြီးအောက်လမ်းပညာတွေနဲ့ရောစပ်ထားတဲ့ အင်းတစ်ကွက်ကိုမောင်သူရိန်ထံ ပစ်လွှတ်လိုက်လေတယ်။
မောင်သူရိန်လည်း တန်ပြန်အင်းနဲ့ပြန်ပေါက်လွှတ်လိုက်ရာ အင်းနှစ်ခုကထိပ်တိုက်တွေ့ရှိပြီး ဝုန်းခနဲ့ အသံကြီးနဲ့အတူ မီးခိုးလုံးများထွက်ပေါ်လာခဲ့တယ်။

ထိုအချိန်ဆရာသက်က မြေကြီးခဲတွေကိုကောက်ပြီးမောင်သူရိန်ထံ တဖန်ပြန်လွှတ်လိုက်သော် မည်းနက်နေတဲ့ပိတုန်းအကောင်တွေပျံသန်းရောက်ရှိလာပြီး တိုးဝင်လာခဲ့လေရာ မောင်သူရိန်က ညာလက်ညိုးဖြင့်ထိုးကာ မူလပြန်စမ်း ဆိုပြီးအမိန့်ပေး မြေကြီးခဲတွေပြန်ဖြစ်သွားခဲ့လေတော့သည်……။

“ကဲ့ဆရာသက် ခဗျားပြီးတော့ ကျူပ်အလှည့်ပေါ့ဗျာ”

မောင်သူရိန်ကရှစ်ကွက်အင်းနဲ့ဆရာသက်စီပစ်လွှတ်လိုက်တယ်။ဆရာသက်က မောင်သူရိန်ပစ်လွှတ်လိုက်တဲ့အင်းကိုအသာအယာ ချိုးဖျက်ပစ်နိုင်ခဲ့လေတယ်။
အချိန်တော်တော်ပညာစက်များနဲ့တိုက်ခိုက်နေသော်လည်း အရှူံးအနိုင်မထွက်ရှိခဲ့သေးပေ။
ထိုအချိန်မောင်သူရိန်ကပစ်နေတဲ့အင်းကို ရပ်ကာ တစ်ခုခုကိုစဉ်းစားကာ မျက်စီမှိတ်နေခဲ့တယ်။ခဏကြာတော့ မှိတ်ထားတဲ့မျက်လုံးအစုံဟာ တဖြည်းဖြည်းဖွင့်လာခဲ့တယ်။

“သာသနာကိုစောင့်ရှောက်တဲ့ နတ်မင်းကြီးလေးပါးရဲ့ကျုပ်အကူအညီလိုအပ်နေပါသဖြင့် ခတ္တခဏကြွရောက်ပေးပါ”

မောင်သူရိန်နှင့်ပိတ်ဖိတ်မှုကြောင့် ကောင်းကင်ဘက်အရပ်လေးမျက်နှာဘက်မှာ နတ်မင်းကြီးလေးပါးပေါ်ပေါက်လာခဲ့လေတယ်။

“အိုးးးအသင်လူသား ရာရာဇဇသူတော်ကောင်းကိုမှ ဘာကြောင့်ပစ်မှားနေရသလဲ့ကွဲ့ သင်လိုချင်နေတဲ့ နဂါးအမြူတေကသက်ဆိုင်တဲ့သူတစ်ဦးစီမှာ ဒီဆရာတွေစီမှာမရှိဘူး”

ဆရာသက်လည်း နတ်မင်းကြီးလေးပါးကိုပင့်ဖိတ်နိုင်တဲ့ မောင်သူရိန်ရဲ့အစွမ်းကိုကြည့်ပြီး အလွန်ကိုအံဩနေခဲ့မိပါတယ်။

“ဆရာ ရှေးယခင်ဘဝက ပါရမီအထုံပါသော်လည်း ယခုဘဝမှာ လမ်းကြောင်းအမှားသို့ရောက်ရှိလာခဲ့တာကြောင့် မဖြစ်သင့်တာတွေ ဖြစ်လာတာပါဆရာ အခုပဲသူရဲ့အထုံတွေကိုချေဖျက်ပစ်လိုက်ပါမယ်”
“သင့်တော်သလိုသာစီစဉ်ပါနတ်မင်းကြီး”

ဝိရူပက္ခနတ်မင်းကြီးအမည်ရတဲ့နတ်မင်းကြီးတစ်ပါးက လက်ဝါးပေါ်မှအလင်းတန်းအလုံးလေးထုတ်လွတ်ကာ ဆရာသက်စီကို လှမ်းပစ်လိုက်လေတယ်။
ထိုအလင်းတန်းအလုံးလေးက ဆရာသက်ရဲ့ ခေါင်းထည်းသို့ဝင်သွားပြီး နတ်မင်းကြီးလေးပါးလည်း ပျောက်ကွယ်သွားခဲ့လေတော့လေ၏…။

ဆရာသက်လည်း အလင်းတန်းအလုံးလေးဝင်ပြီး မေ့လည်းသွားခဲ့တယ်။သတိပြန်ရလာတော့ သာမန်လူမဟုတ်တော့ပဲ အရူးတစ်ယောက်ဖြစ်ကာ “ဟေးဟေး နဂါးအမြူတေရပြီး နဂါးအမြူတေရပြီ”ဟု တတွတ်တွတ်ပြောကာ အနောက်သျှိူထည်းသို့ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်။

မောင်သူရိန်လည်း ဘူးကွဲရွာကိုဝင်ကာ ဆရာသက်မှအကြပ်ကိုင်၍ခိုင်းခဲ့သည်ကိုသိခဲ့ရပြီး ရှိန်းမော်ရဲ့ခန္တာကိုယ်ကိုတော့ ဘယ်မှာထားခဲ့ကြောင်းကိုမေးမြန်းခဲ့ရာ မသိရှိခဲ့တာကြောင့်ရွာထည်းကပြန်ထွက်ကာ
တမာတန်းရွာသို့ထွက်ရှိလာခဲ့ပါလေတော့သည်…….။

+++++
ပရိတ်သပ်ကြီးခဗျာ မောင်သူရိန်မှတပည့်ဖြစ်သူရှိန်းမော်ရဲ့ခန္တာကိုယ်နဲ့ လိပ်ပြာကိုသွားရောက်ရှာဖွေခဲ့စဉ် ဘာတွေဘလိုဖြစ်မလည်းဆိုတာကို
“မောင်သူရိန်နှင့်ဘဝခြားကသံယောဇဉ်”ဆိုတဲ့ ဝတ္ထုလေးမှာ ဖတ်ရှူပေးကျပါအုံးနော် အထူးပင်ကျေးဇူးတင်ရှိပါတယ်ခဗျ…..။