” ရေပြာအင်းကဇာတ်လမ်းတစ်ပုဒ် “(စ/ဆုံး)

Unicode Version

” ရေပြာအင်းကဇာတ်လမ်းတစ်ပုဒ် “(စ/ဆုံး)
——————————————–

ကျွန်တော်တို့ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တတိယ
နှစ်တက်စဉ် မိုးရာသီကျောင်းပိတ်ရက်မှာပေါ့ဗျာ။
ကျွန်တော်နဲ့ မေဂျာတူ၊ စက်ရှင်တူသူငယ်ချင်းက
စောဂျော့လေ၊ သူကကရင် လူမျိုး၊ ခရစ်ယန်ဘာ
သာဝင်။သူ့အဖေကဦးစောဆမ်းမားဒုရဲအုပ် စခန်းမှူး။
သူ့အစ်ကိုကြီး ဦးစောဝီလျံက မြို့နယ်တရားသူကြီး
အဖွဲ့ဝင်တိုက်ကြီးနဲ့ဥက္ကံကြား၊ ပြည်ကားလမ်းဘေးက
”အင်ကုန်း” ဆိုတဲ့ရွာမှာ နေကြတာ။
အင်ကုန်းဆိုတာက ကရင်ရွာကြီး၊ ခရစ်
ယန်ဘာသာဝင်ကရင်လူမျိုးတွေအများစု
နေထိုင်ကြသည်။လုပ် ငန်းကတော့ ဆန်စပါးနဲ့
ပဲမျိုးစုံ စိုက်ကြတာ။ အင်းလုပ်ငန်းနဲ့
တခြားလုပ်ငန်းတွေ လည်း ရှိပါသည်။
ကျွန်တော့်သူငယ်ချင်းက ဖိတ်တာကြာပါပြီ။
ကျွန်တော် မအားတာနဲ့ မလိုက်ဖြစ်တာပါ။
ဒီတစ်ခါတော့ – သူ့အစ်ကို ဦးစောဝီလျံကပါ
တကူးတကဖိတ်တာကြောင့် ကျွန်တော် သွား
ဖြစ်တာပါ။ တိုက်ကြီးကားစီးပြီး တိုက်ကြီးမှာ
နေ့လယ်စာစား၊ ဥက္ကံကားနဲ့ အင်ကုန်းရွာကို
သွားရတာပါ။ ရွာရောက်တော့
သူငယ်ချင်းမိသားစုက ဆီးကြိုနေပါသည်၊
ညနေခင်းအချိန်ဖြစ်ပါသည်။ သူငယ်ချင်းမိသားစု
ကတော့ ညနေစာအတွက် စီစဉ်နေကြပါသည်။ သူတို့
ရွာကကားလမ်းဘေးကရွာတန်းရှည်ရွာကြီး။
ခြံဝိုင်းကြီးတွေကအလွန်ကျယ် သည်။ အိမ်ဝိုင်း
တွေကို ထီးရိုးဝါး၊ ဝါးနက်ဝါး၊ ဝါးဘိုးချုံကြီးတွေနဲ့
စည်းရိုးလုပ် ထားတာ။ ရွာအနောက်ဘက်မှာတော့ စိမ်းစိုနေတဲ့
စပါးခင်း၊ မြေပဲခင်းနဲ့ မတ်ပဲခင်းတွေတစ်မျှော်
ကြီးပါပဲ၊ ကျွန်တော်ခရီးရောက်မဆိုက်ခေတ္တသွားပြီး
ဝါးဘိုးချုံဘေးကအုတ်စီရေတွင်းမှာရေချိုးရသည်။
ရေချိုးပြီးလို့အဝတ်အစား လဲနေတုန်းမြွေဟောက်
တွန်သံကိုတရွှီးရွှီးနဲ့ ဝါးရုံတွေဘက်ကကြားရသည်။
အဲဒီအခါမှ သူငယ်ချင်၊ ကလော-
“သူငယ်ချင်း – အိမ်ပေါ်တက်တော့။ ကိုယ်တို့
အမြည်းတစ်ခုထပ်တိုးပြီး ဖမ်းလိုက်ဦးမယ်။
မြွေဟောက်ဆိုတော့ ဟိုပြေး၊ ဒီပြေးနဲ့
အန္တရာယ်ရှိတယ်။ အိမ်ပေါ်တက်နေကျွန်တော်
အိမ်ကပြင်ပေါ်ရောက်တော့ သူတို့တုတ်များ၊
ဓားများဖြင့် ဝိုင်းဖမ်းကြသည်။
မြွေဟောက်ကြီးအား လူဝိုင်းထားလိုက်ပြီး
ထွက်ပေါက် ပေးထားသောနေရာမှရှောခနဲ
အထွက်သူငယ်ချင်းကဂျော့လေကခြေမြန်
လက်မြန် ဦးခေါင်းအား ငှက်ကြီးတောင်ဓားဖြင့်
ပိုင်းလိုက်ခြင်းဖြစ်သည်။ မြွေဟောက်ကြီးမှာ
ပါးပျဉ်းပင် မထောင်နိုင်။ ခေါင်းပြတ်ကြီးက
သွေးသံရဲရဲ ဖြင့် အမြီးပိုင်းက ထွန့်ထွန့်လူး
လှုပ်ရှားနေဆဲပင်ဖြစ်သည်။ သူတို့အဖွဲ့က
အလွန်မြန်လှသည်။ လူ(၄)ဦး ဘက်ညီသည်။
တစ်ဦးက ဝါးရွက်ခြောက်၊ သစ်ကိုင်းခြောက်များဖြင့် မီးဖိုသည်။
တစ်ဦးက ခေါင်းပြတ်ကြီးကို မြေတွင်းတူး၍
မြှုပ်သည်။ ကျန်နှစ်ဦးက မြွေကိုယ်ထည်ကြီးအား
ကြိုးချည်၍ မီးကင် သည်။ အသားညှော်နံ့မှာ
အလွန်မွှေးသည်။ ကျက်သလောက်ရှိမှအိမ်ပေါ်သို့ ယူခဲ့ကြသည်။
ကရင်မကြီးတစ်ဦးကမြွေကင်ကြီးအားအရေဆုတ်
ပြီးဗိုက်ခွဲ ၍အူအသည်းများ ခုတ်သည်။ ပြီးနောက်
ဇလုံတစ်လုံးထဲသို့ အသားမျှင် များအား ဓားဖြင့်
ခြစ်ချသည်။ ပြီးနောက် – ရုတ်သီးစိမ်း၊ ကြက်သွန်
နီဖြူ၊ ဆီဆားထည့်၍သုပ်ခြင်းဖြစ်သည်။
ညနေဝိုင်းအား မြွေဖမ်းမိသည့် ဝါးဘိုးဝါးရုံကြီး
အနီး၌ပင် စားပွဲခုံများ ခင်း၍ စားသောက်ဝိုင်းဖွဲ့
ကြခြင်းဖြစ်သည်။ ကျွန်တော် ထိုအချိန်က အရက်
မသောက်တတ်ပါ။ အမြည်းများစားရင်း မြွေဟောက်
သားဟင်းအား စားဖူး သည်ရှိဝေရန်မြည်းကြည့်ရာ
လွန်စွာဆိမ့်၍ချ်သည်။ဘယ်အသားဖြင့်မှမတူ၊အ
တော်စားကောင်းသည်။သူတို့ကတော့ ဒေသထွက်၊
တောအရက်ဖြင့်မြည်းကြခြင်းဖြစ်သည်။ ညစာထမင်းစားတော့
လယ်ငါးကလေးများအိုးကပ်ဟင်းဘဲငန်းသားဟင်း၊
ကျော်စံကေးခေါ်ဖားကလေးများနှင့် မန်ကျည်းရွက်
ချဉ်ရည်ဟင်း မြေပဲပင် ပေါက်ကြော်၊ မှိုနှင့် ကန်စွန်းရွက်ကြော်ဟင်းများ၊
ငါးပိရည်တို့စရာဖြင့် မြိုင် ဆိုင်လှသည်။
ကရင်လယ်သမားဟင်းဖြစ်သော်လည်း အစပ်
အဟပ်တည့် သောကြောင့်အလွန်စားကောင်းသည်။
ညစာစားပြီး ဝိုင်းသိမ်းတော့ည(၉) နာရီထိုးချေပြီ။
အစ်ကိုကြီးဦးစောဝီလျံကမနက်ဖြန်ခရီးထွက်
မည့်အစီအစဉ်ကို ပြောပြသည်။
ကျွန်တော်တို့မနက်(၆)နာရီခန့် ထကြသည်။
ကိုယ်စီကိုယ်ငသုံးလွယ် အိတ်များလွယ်၍ရွာ
အနောက်ဘက်လယ်ကွင်းများကိုဖြတ်ပြီးလမ်း
လျှောက် ရ ခင်းဖြစ်သည်။ ပဲခူးရိုးမတောင်တန်း
ကြီးက အနောက်ဘက်အဝေးတွင် ညို့ညို့မှိုင်းမှိုင်း
လှမ်းမြင်နေရသည်။ လယ်ကွင်းများဆုံးတော
တောင်ခြေ တောစပ်။တောစပ်ဆုံးတော့ကိုင်း
တောကြီး၊ ရေနက်ကွင်းဒေသ၊အင်းရွာသို့
ရောက်လုနီးချေပြီ။တောင်ခြေနှင့်ကိုင်းတောကြီး
မှာတစ်မျှော်တစ်ခေါ်ဆက် စပ်နေပါသည်။ ကိုင်း
တောကြီး ထွက်ပေါက်သို့ရောက်မှ အင်းကန်ရေပြင်
ကျယ်ကြီးနှင့် အင်းရွာဟု ခေါ်ဆိုသော တဲအလုံး
(၂၀)ခန့် စုဝေးနေရာကို ရောက်ရှိပါတော့သည်။
အင်းကန်ကြီးမှာ အလွန်ကျယ်ပြန့်သည်။ ကိုင်းတော
များဖြင့်အနားသပ်ထားပြီးရေပြင်ကျယ်စိမ်း
စိမ်းကြီးမှာရို၊မတောင်ပြာတန်းနောက်ပြီး အလွန်သာယာလှပသည်။
“ကဲ – ညီလေးတို့…ရေပြာအင်းရွာရောက်ပြီ။
ဟိုး – အလယ်ကတဲကြီးက အင်းသူကြီးကိုလူ
မောင်ရဲ့တံကြီးပဲ။ တို့တစ်တွေ – အဲဒီမှာညအိပ်
စတည်းချ ရမှာ။ ကိုလူမောင်က ဆက်ဆံရေး
အလွန်ကောင်းတယ်။ ငါးနှစ်ဆက်တိုက် ဒီ
အင်းကြီးလေလံကိုရထားတာ။တို့တရားသူကြီး
အဖွဲ့ဝင်တွေကလာဘ်စား ပြီး သူ့ကို ပျက်နှာလိုက်
အနိုင်ပေးတာမဟုတ်ဘူး။ သူက အများဆုံးလည်း
လေလံတင်နိုင်တယ်။ လုပ်ငန်းလည်း ကျမ်း
အပေါင်းအသင်းလည်း ဆန့် တယ်”
“နေ့လယ်စာတော့ သူစီစဉ်ထားတာနဲ့
စားကြမယ်။ ညနေစာကို သူက ဘာနဲ့စားချင်သ
လဲမေးရင်တော့ ပုစွန်တုပ်စားမယ်လို့သာဖြေ ကြားကြ
“ဟုတ်ကဲ့ပါ – ကိုကြီးစော။ ထမင်းစားတာပဲ
ဟင်းစုံစုံစားရမှာမဟုတ် လား။ အင်းထဲကထွက်တဲ့
သားငါးဟင်းအစုံနဲ့ မဟုတ်ဘူးလား”
“အဲ့လိုမဟုတ်ဘူး။ ပုစွန်တုပ်ကြီးတွေကို ဖုတ်၊
ကင်၊ ကြော်လှော်ပြီး ထမင်းလွတ်စားမှာ။
တခြားသားငါးနဲ့ ထမင်းမပါဘူး။ ပုစွန်တုပ်
ချည်းစားမှာ လို့ ပြောခိုင်းတာ”
ကျွန်တော်တို့ စကားပြောဆိုကြရင်း ဦးလူမောင်၏
တဲဝိုင်းကြီးရှေ့သို့ ရောက်လာကြသည်။
အခြားဘဲများ၌ မိန်းမနှင့်ကလေးများချက်ပြုတ်ကြော်
လှော်နေကြသော်လည်း ဦးလူမောင်၏တဲကြီး
အတွင်း၌ လူရိပ်လူယောင်မျှ မမြင်ရပါ။ ထိုကြောင့်
အစ်ကိုကြီးစောက -“ကိုလူမောင် – ကိုလူမောင်”ဟု
အသံပြုလိုက်တော့မှ တဲအတွင်းက လူတစ်ဦး
အိပ်မှုန်စုံမွှားဖြင့် ထွက်လာသည်။ ခေါင်းတုံးဆံတောက်ဆံပင်၊
နေလောင်ထားသဖြင့် အသားနီစပ်စပ်၊
တောင့်တင်းသောခန္ဓာကိုယ်အချိုး အစား၊
ကရင် – မြန်မာကပြားဖြစ်ပုံရသည်။
“ဟာ – ဆရာကြီးတို့ ရောက်လာကြပြီပဲ။
လာထိုင်ကြပါ။ စားစရာတွေ အသင့်စီစဉ်ခိုင်း
ထားပြီးပါပြီ။ ညက ကျွန်တော်တို့အင်းထဲ
လှေနဲ့လှည့်တာ၊ သန်းခေါင်ကျော်သွားတယ်။
အဲ့ဒါကြောင့် အိပ်ရေးပျက်ပြီး အိပ်နေတာပါ”
“ဘာဖြစ်လို့လဲ – ကိုလူမောင်။ ငါးခိုးဖမ်းကြလို့လား”
“မဟုတ်ဘူး … ဆရာကြီ။ ငါးတွေကို စားနေတဲ့
အကောင်တစ်ကောင်၊ ဒါမှမဟုတ် သတ္တဝါတစ်
အုပ်ကန်ထဲရောက်နေပုံရတယ်။ ကန်ထဲမှာငါးသေ
တွေနဲ့ အပိုင်းအစတွေ တွေ့နေရလို့ကင်းလှည့်စစ်
ဆေးတာပါ။ ဘာကောင်မှ မတွေ့ခဲ့ရပါဘူး”
“သားစားငါးတွေများလား- မြွေကြီးတွေလည်း
ဖြစ်နိုင်တယ်၊ ရိုးမတောနဲ့အင်းကြီးကရောင်၊
ရေလဲချောင်းမြောင်းတွေဆက်နေတော့ဖွတ်မိ
ချောင်းတွေလည်း ဖြစ်နိုင်တာပဲ”
“တစ်ခုခုတော့ အနှောင့်အယှက်ပေးနေတာ
အမှန်ပဲ – ဆရာ။ တရားခံကို ရှာမတွေ့ဘူး။
အရင်က ကျွန်တော့်မှာတယ်။ဘဲအုပ်အကောင်(၂၀)လောက်ရှိ
။ အခုတော့ – လက်သည်မပေါ်ဘဲ ပျောက်
ပျောက်သွားလို့ လေးငါး ကောင်ပဲရှိတော့တယ်။
မျိုးပြုတ်မသွားရအောင် အခုတော့ – ကန်ထဲမဆင်း
စေတော့ဘဲ ခြံလှောင် မွေးထားရတော့တယ်
– ဆရာရေ၊ အရင်နှစ်တွေက မဖြစ်ဖူးဘူး – ဆရာ။
ကျွန်တော်လည်းအတွေ့အကြုံစုံပါတယ်။
ငါးလေးတွေ ကိုစားတဲ့ သားစားငါး၊ ငါးရံ့နဲ့
ငါးပတ်ကြီးတွေတော့ ရှိတာပေါ့။
အခုဟာက ငါးကြီးတွေကိုပါစားတာ။တစ်ပိုင်းတစ်
စတွေကျန်နေတတ်တယ်။ စပါးကြီး မြွေတွေဆိုရင်
တော့ တစ်ပိုင်းတစ်စမစားတတ်ဘူး။ အကောင်
လိုက်ရှိတာ။ အဲ့ဒါကြောင့် ထူးဆန်းနေတာ – ဆရာရဲ့။
ကျွန်တော်တို့ လုပ်ထုံးလုပ်နည်း အတိုင်းအင်း
စောင့်တွေကိုလည်း ပွဲပေးပြီးပါပြီ။ ရပ်မသွားဘူး- ဆရာ။
ဒါကြောင့် – အခုနှစ်ယင်းတွေအထဲကို ငါးအဆင်း
နည်းတယ်” “ကဲ-ဆရာတို့-ခေတ္တနားကြပြီးနေ့
လယ်စာစားကြတာပေါ့။ (၁၁)နာရီလောက် ရှိပြီထင်ပါရဲ့”
ကျွန်တော်တို့ဦးလူမောင်၏တီဝိုင်းကြီးအတွင်းရှိဝါးပက်လက်ကုလား
ထိုင်များအပေါ်၌ အနားယူရင်း ထိုင်ကြစဉ်
ဦးလူမောင်က သူ့တပည့်များအား ခေါ်၍
ထမင်းဝိုင်းကြီးကို ပြင်ဆင်နေပါတော့သည်။
အင်းသူကြီး ထမင်းပိုင်းပီပီဟင်းအမည်ကစုံလင်
လှသည်။ငဖန်ပိုင်းခေါ် လက်ဝါးခန့်ရှိပြီး အဆီများ
ဝင်းနေသည့် ငါးဗန်းမမီးကင်၊ ပုစွန်တုပ်ဆီပြန်
ဟင်း၊ ငါးရံ့ခေါင်းနှင့်ဒန့်သလွန်သီးချဉ်ရည်ဟင်း၊
ငါးခူကြော်နှပ်၊ ငါးရှဉ့်ဆီပြန် ဟင်း၊ ငါးကလေ၊
အိုးကပ်နှင့် ငါးဘတ်မွှေဟင်းများဖြစ်သည်။
မြန်မာ့ရိုးရာ ငါးပိရည်နှင့်တို့စရာများကလည်းအတော်စုံလင်ပါသည်။
ကျွန်တော်တို့အဖွဲ့ထမင်းအလွန်မြိန်ကြပါသည်။
နေ့လယ်စာစားသောက်ကြပြီးနောက်ဦးလူမောင်၏
တဲဝိုင်းကြီးအတွင်းစကားပြောကြပြီးတစ်ရေး
တစ်မောနှပ်ကြပါသေးသည်။ အိပ်ရာကနိုးတော့
ဦးလူမောင်က လက်ဖက်အချိုခြောက်နှပ်ထားသော
လက်ဖက်ရည်အချို၊ လက်ဖက်အစုံသုပ်၊ မုန့်မျိုးပုံဖြင့်
ဧည့်ခံပြန်သည်။ ညနေခင်းတွင် အင်းကန်
ကြီးအတွင်း၌ လက်လှော်လှေစီးရင်း ပတ်ကြသည်။
တကယ်တမ်း ကန် အတွင်းဆင်းကြည့်မှအင်းကန်
ကြီးမှာတစ်မျှော်တစ်ခေါ်ကျယ်ဝန်းလှသည်။
ဦးလူမောင်က ညနေ ချမ်းမြည်းရန်ဟုဆိုကာ
ကန်စပ်က ကိုင်းပင်များတွင် တွဲခိုနေသည့်
ကိုင်းဥများအား ရှာဖွေ၍ ခူးဆွတ်သည်။ ကိုင်းဥဆိုသည်မှာ
ကိုင်းပင်၏အဆစ်များတွင် တွယ်ကပ်နေသော
ဥပုံစံ၊ မှိုလို အလုံးမှိုများ ဖြစ် သည်။ မီးဖုတ်၊
ကြော်လှော်စားပါက နို့ရည်များ ထွက်လာပြီး
အလွန်ဆိမ့် သည်။ ကန်စပ်၌ပင် ကနဖော့၊
ရေထိကရုန်း၊ တရုတ်ကန်စွန်းပင်ကလည်း
သန်စွမ်းလှသဖြင့် ခူးခဲ့ကြသေးသည်။
အချို့ကိုင်းပင်ခြေရေစပ်၌ ဦးလူမောင်
အစောပိုင်းကပြောခဲ့သလိုငါးအသေကောင်များ
နှင့်တစ်ဝက်တစ်ပျက်စား ထားသောငါးသေဖားရသ
တစ်ပိုင်းတစ်စများကို တွေ့ရသည်။ အစ်ကိုကြီး
စောကအသေကောင်များကို ဆယ်ကြည့်ပြီး-
“ကိုလူမောင်- သွားပါတဲ့သတ္တဝါက ကိုက်ထားတာတော့ သေချာ
တယ်ဗျ။ ဘယ်လိုအကောင်မျိုးမှန်းတော့ မသိဘူး။
အကုန်မစားတာတော့ သားငါးတွေ ပေါလို့နေ
လိမ့်မယ်။ ရေထဲမှာ အရိပ်အယောင်တောင် မတွေ့
တော့ ရေထဲနဲ့ ကုန်းပေါ်နေတက်တဲ့သတ္တဝါမျိုး
ဖြစ်လိမ့်မယ်။ ဒါကြောင့် ကိုလူမောင်တို့ရှာတာ၊
မတွေ့ရတာဖြစ်မယ်။ အစာဆာမှ ရေထဲဆင်းပြီးရှာပုံ ရတယ်”
“ဟုတ်ပါ့… ဆရာကြီးရယ်။ ဒါကြောင့် – ကျွန်တော်တို့
ရှာတာ နေရာနှံ့ ပေမယ့်မျက်လှည့်အပြခံနေရတာ”
ထိုနေ့ညနေကကျွန်တော်တို့အင်းကန်ကြီးအတွင်း
လှည့်ပတ်ကြည့်ရှု ကြပြီး အပြန်တွင် ဦးမောင်၏ရာ
ဝင်စဉ်ကြီးများအတွင်းရှိကန်ရေကိုအားပါး တရချိုးကြသည်။
သူတို့စည်းကမ်းက အင်းကန်ကြီးများအတွင်း၌
ရေဆင်း မချိုးရပါ။ အလုပ်သဘောဆင်းလျှင်တောင်
အဝတ်မပါဘဲ အင်းကန်ထဲ မဆင်းရပါ။ အင်းကန်ရေကို
သန့်ရှင်းအောင်ထားသည့်သဘောပင်။
အင်း ခေါင်းနတ် မကြိုက်ဟူ၍လည်း အယူရှိကြပါသည်။
မည်သို့ပင်ဆိုစေ၊ အင်း အလုပ်မှ အကုသိုလ်အလုပ်ဖြစ်ပြီး
နတ်ကြီးသည်ကတော့ အမှန်ပင်ဖြစ် သည်။
ညချမ်းတွင် ဦးလူမောင်က အရက်ဝိုင်းလုပ်ဒပးရာ
ပုစွန်တုပ်ကင်၊ ပုစွန် တပ်ပြုတ်၊ ပုစွန်အသား
အစိမ်းသုပ်(ပုဇွန်ထုပ်အသားအား ရှောက်ရည်ညှစ် ပြီး
ရှောက်ရွက်ဖြူးထားခြင်းဖြစ်သည်) ကိုင်၊ဥမီးကင်၊
တရုတ်ကန်စွန်းရွက် ကြော်၊ ငါးဘဲဖြူကြော်ရွရွ
ကလေးများ၊ငါးရံ့ရွှံ့မီးဖုတ်၊ ငါးရှဉ့်ချဉ်စပ်ဟင်းများ
ဖြစ်ကြသည်။ ကျွန်တော်တို့ ထမင်းလွတ်စားကြရ
ခြင်းဖြစ်ပါသည်။ စားသောက်ပြီးတော့ လက်ဖက်
ရည်ချမ်းပိုင်းဖွဲ့ရင်၊ စကားပြောကြသည်။ ကျန်အ
ချိန်မှာ ယင်းအတွင်း ငါး၊ ဖား၊ ပုစွန်ကျသော
အချိန်ဖြစ်သောကြောင့် ဦးလှမောင်မှာမအားရပါ။
အလုပ်သမားများနှင့်ပြေးလွှားစစ်ဆေးနေပါသည်။
ထို့ကြောင့်ကျွန်တော်တို့ဧည့်သည်များကအလိုက်
သိစွာဖြင့်စားသောက်ပြီးအိပ်ရာဝင်ခဲ့ကြပါသည်။
အပြင်တွင်မီးဖိုထားသော်လည်းပြင်ကအလွန်ကိုက်
သည်။ အင်းခြင်ကြားကြီးများမှာလူကိုအသေခံ၍ကိုက်ကြခြင်းဖြစ်သည်။
ကျွန်တော်တို့နှစ်ခြိုက်စွာ အိပ်ပျော်နေကြစဉ်
အင်းကန်အတွင်းမှအော်သံနှင့် အင်းတဲများမှလူ
သူစုရုံးသံများကြောင့် အိပ်ရာကလန့်နိုးကြပါသည်။
အင်းစပ်တွင် မီးတုတ်မီးတိုင်၊ လက်နက်ကိုယ်စီ
ဖြင့်အင်းလုပ်သားများစုဝေး နေကြသည်။
လပြည့်ခါနီးဖြစ်၍လမင်းကြီးမှာ ထိန်ထိန်သာနေသည်။
ကန် အတွင်းမှလှေတစ်စင်းအပြေးလှော်ခတ်၍
လူနှစ်ဦးကမ်းပေါ်သို့အပြေးတက် လာကြသည်။
နောက်ဘက်မှလည်း ရေပန်းဖွေးဖွေးက တစ်ဟုန်
ထိုး အငြိုး ကြီးစွာလိုက်လာသည်။ ကမ်းစပ်ရောက်မှ
အသေအချာ မြင်ရသည်မှာ ငွေရောင်အကြေးခွံများဖြင့်
ဧရာမမြေကြီးဖြစ်နေလေသည်။ မျက်လုံးတစ်စုံ
ကနီရဲနေသည်။ဦးလူမောင်က-“အနီးမကပ်ကြနဲ့ဟေ့။
အဝေးက မှိန်းနဲ့ပစ်၊ ခေါင်းပိုင်းကိုဦးစားပေးပြီးပစ်ကြ
ထို့ကြောင့်အင်းလုပ်သားများ၏မှိန်းများ၊
ဓားများ၊လှံဖျားများကပလူပျံ သွားတော့သည်။
မြွေကြီးမှာ ကမ်းပေါ်အထိ တက်လာပြီး ပါးပျဉ်းထောင်
ထားရာ လူတစ်ရပ်ခန့်ရှိသည်။ အင်းလုပ်သား
တစ်ဦး၏ ကြိုးတပ်မှိန်းတပ် ချောင်းက စူးဝင်တော့
မြွေကြီးယိုင်သွားသည်။ အခြားမှိန်းများက
ယိမ်းထိုး လှုပ်ရှားနေသော မြွေကြီးကို မထိ။
မှိန်းများ၊ လှံများ အင်းထဲသို့ ကျသွားကြ သည်။
ထိုအချိန်တွင် အင်းလုပ်သားတစ်ဦးက
မြေကြီးအား ဓားနှင့်ဝင်ခုတ် သလို၊
မြွေကြီးကလည်း ထိုလုပ်သားအား အမိအရ
လှမ်းပေါက်၍ ခဲထား သည်။ ထိုကြောင့် ဦးလူ
မောင်က မြွေကြီး၏ဇက်ကို ငှက်ကြီးတောင်ဓားဖြင့်
ဝင်ပိုင်းသလို၊အင်းလုပ်သားများကလည်းရရာဓားတုတ်များဖြင့်
ဝင်ရိုက်ကြ ရာမြွေကြီးပါးပျဉ်းကျပြီးအပိုင်း
ပိုင်းပြတ်သွားသည်။ မြွေကြီးမှာလူကြီးပေါင် လုံးခန့်ရှိပြီး
အရှည်ပေ(၂၀)ခန့်ရှိသော တောကြီးမြွေ
ဟောက်ဖြစ်သည်။ အပိုင်းပိုင်းဖြစ်နေသော
ခန္ဓာကိုယ်အတွင်းမှမြေဥများ ထွက်ကျလာသဖြင့်
မြွေမကြီးဖြစ်မှန်း သိရတော့သည်။
တောကြီးမြွေဟောက်အကိုက်ခံရသူမှာစာ
ရွှေမောင်ဟူသောကရင် လူငယ်တစ်ဦးဖြစ်သည်
စခန်းတွင် မိသားစုမရှိ၊ လူပျိုလူလွတ်ဖြစ်သော
ကြောင့် ဦးလူမောင်နှင့် အတူနေထိုင်သော
တပည့်ရင်းတစ်ဦးလည်း ဖြစ်ပါ သည်။ ဦးလူ
မောင်မှာ တဖျစ်တောက်တောက် ယူကြုံးမရဖြစ်နေရှာသည်။
“စောရွှေမောင်ကွာ – သတိထားဖို့ပြောနေရင်းနဲ့
အရဲကိုးလွန်းတယ်။ ကြိုးတပ်မှိန်းရူးနေပြီပဲ။
မြွေမကြီးကို မရစရာအကြောင်း မရှိတော့ဘူး။ ဒီကောင်
လေးက ကရင်လူမျိုးပီပီမြွေသားအလွန်ကြိုက်တာ။
အခုတော့ကွာ မဖြစ်သင့်ဘဲ ဖြစ်ရရှာတာ”
ထိုအခါမှ အစ်ကိုကြီး ဦးစောက –
“ကဲ- ကိုလူမောင်ရေ- ဖြစ်ပြီးတာလည်းဖြစ်ပြီးသွားပြီ။
ဆက်လုပ်ရမယ့် တာဝန်တွေပဲ ကျန်တော့တယ်။
အလောင်းကိုအဆင်ပြေအောင် ကြည့်ပြင် ဆင်ထား။
မြို့နယ်တရားသူကြီးအဖွဲ့ဝင် ကျွန်တော်တစ်ယောက်လုံး သက်
သေရှိနေတဲ့အတွက်မတော်တဆလူသေမှုတော့
ဖွင့်ရမှာပေါ့။တပည့်တချို့ ကို နီးစပ်ရာစခန်း
လွှတ်ပါ။ ကျန်တဲ့လူတွေကလည်း ပေါ့ဆဆမနေကြနဲ့။
မြေမကြီးသေသွားတော့ မြွေထီးကြီးက ကလဲ့
စားချေဖို့ အသေအချာလိုက် လာမှာပဲ။ အသင့်
ပြင်ထားကြပါ။ ဒါဒတာ့ – တောကြီးမြွေဟောက်
မျိုးနွယ် တွေရဲ့အလေ့အကျင့်တွေပဲ”
“ဟုတ်ကဲ့ … စိတ်ချပါ … ဆရာ။ ကျွန်တော့်လူတွေ
ညီပါတယ်။ အတွေ့ အကြုံလည်းရှိကြပါတယ်။
အသင့်လည်း ပြင်ထားပြီးပါပြီ”
မကြာပါ၊ နာရီဝက်ခန့်ပဲ ကြာမည်ထင်ပါသည်။
အင်းကန်ကြီးအတွင်းမှ ရေသံနှင့် လရောင်ဖွေး
ဖွေးအောက်၌ အကောင်ကြီးတစ်ကောင် ရေပြင်ပေါ်
ကိုဒရောသောပါး ကူးခပ်လာသည်ကို တွေ့
မြင်ကြပါတော့သည်။ “ကဲ – ဟိုမှာလာပြီဟေ့။
အသင့်ပြင်ထားကြ၊အနီးကပ်နဲ့၊ အဝေးကန
မှိန်းနဲ့ လှံနဲ့ ပစ်ကြအင်းသားများက ကမ်းစပ်တွင်
အရိပ်အယောင်မပြ၊ ပုန်းကွယ်၍စောင့်ကြည့်
နေကြသည်။ ကျွန်တော်တို့လည်းအကာအကွယ်ယူ၍ပုန်းအောင်းပြီး၊
စောင့်ကြည့်နေကြပါသည်။ မြွေထီးကြီးမှာ
သွေးနံ့ခံ၍လာဟန်ဖြင့် ကမ်းစပ် မြွေမကြီးအား
သတ်ဖြတ်သောနေရာတွင် တရှူးရှူးအနံ့ခံ၍
ဒေါသတကြီး နာမှုတ်နေသည်။ ရွှေထီးကြီးက
မြွေမကြီးထက် ပိုမို၍လုံးပတ်ကြီးဟန်တူ
သည်။ မျက်လုံးများ နီရဲနေသည်ကတော့ အတူတူပင်ဖြစ်သည်။
မြွေဖိုကြီးဒေါမာန်ဖြင့်ပါးပျဉ်းထောင်လိုက်စဉ်ဦးလူ
မောင်ကြိုတင်စီစဉ် ထားသည့်အတိုင်းအလုပ်သ
မားနှစ်ဦးကသရိုးကိုင်ထားသောပုတ်တောင်း
အသစ်ကြီးအားပြိုင်တူလိမ့်၍ကြီးဆီသို့တွန်းချလိုက်ရာပုတ်တောင်းကြီး
မှာလိမ့်၍ဆင်းသွားစဉ်မြေထီးကြီးကလှုပ်ရှားရန်သူအဖြစ်ဆီး၍ပေါက်လိုက်
တော့သည်။ နဂါးနိုင်မင်း မောင်ပေါက်ကျိုင်းရာ
ဇဝင်ကို သင်ဖူးထားဟန်တူ သော ဦးလှဝင်းအကြံ
အစည်မှာ ထိရောက်လှပါသည်။ ဖိုကြီးမှာ ပုတ်
တောင်းကြီးနှင့် အရွယ်ငြိနေစဉ် ပုန်၊အောင်းနေသော
အလုပ်သမားများက အပိုင်ထိုးခုတ်လိုက်ကြ
တော့သည်။မြွေမကြီးလို အန္တရာယ်မများ။ ဖိုကြီး
လည်စင်းခံပြီး ကိစ္စပြတ်တော့သည်။
ကိစ္စဝိစ္စတွေပြီးတော့ ညဉ့်သန်းခေါင်ပင် ကျော်ပါပြီ။
မြွေပေါက်၍သေ ဆုံးရသူစောရွှေမောင်အလောင်း
ကိုကမ်းစပ်တွင်ပြင်ဆင်ထားသော်လည်း မေ့နေ
ကြဟန်တူသည်။ အင်းသူကြီး ဦးလူမောင်က
အရက်ဖြူပုံးများ ထုတ် ပေးပြီးတောကြီးမြွေဟောက်သားအား
ချက်ပြုတ်ကြော်လှော်၍အောင်သေ အောင်
သားစားကြတော့သည်။ ကျွန်တော်ကတော့ရင်တုန်၊
ပန်းတုန်ဖြစ်ပြီး အိပ်ရာထဲ ဝင်ခဲ့သော်လည်း
အိပ်မပျော်ပါ။ အစ်ကိုကြီးတေတို့ညီအစ်ကိုက
တော့ ကရင်လူမျိုးများပီပီ တစ်ကြော့ပြန် ဝင်
နွှဲကြတော့သည်။ မနက်မိုးလင်းမှ ဝိုင်းသိမ်းကြစဉ်
ရဲများ ရောက်လာကြသည်။ တရား သူကြီးအဖွဲ့ဝင်
ဦးစောဝီလျံတစ်ယောက်လုံး သက်သေခံရှိနေသဖြင့် မရပ်ကြ ပါ။
စားသောက်ဓာတ်ပုံရိုက်ပြီးအမှုဖြစ်စဉ်ကိုမှတ်တမ်း
တင်၍အလောင်းကို သယ်ယူပြီး ပြန်ကြတော့သည်။
ကျွန်တော်တို့အဖွဲ့လည်း မနက်ကေတစားပြီးပြန်
ရန်ပြင်တော့ အင်း သူကြီး ဦးလူမောင်ကကျေးဇူး
တင်လွန်းသဖြင့်ပုစွန်တုပ်စိမ်းစိမ်းလတ်လတ်
ဆတ်ဆတ်ကြီးများတစ်ယောက်လျှင်တစ်ပိဿာ
ခန့်စီလက်ဆောင်ပြန်ပေး လိုက်ပြန်ပါသေးသည်။
ဤသည်မှာကျွန်တော်ကြုံဆုံခဲ့ရသော ဦးလူမောင်
၏ရိုးမတောင်ခြေက“ရေပြာအင်း ပုံပြင်ပင် ဖြစ်ပါတော့သတည်း။

Zawgyi Version

” ေရျပာအင္းကဇာတ္လမ္းတစ္ပုဒ္ “(စ/ဆုံး)
——————————————–

ကြၽန္ေတာ္တို႔ ရန္ကုန္ဝိဇၨာႏွင့္ သိပၸံတကၠသိုလ္တတိယ
ႏွစ္တက္စဥ္ မိုးရာသီေက်ာင္းပိတ္ရက္မွာေပါ့ဗ်ာ။
ကြၽန္ေတာ္နဲ႔ ေမဂ်ာတူ၊ စက္ရွင္တူသူငယ္ခ်င္းက
ေစာေဂ်ာ့ေလ၊ သူကကရင္ လူမ်ိဳး၊ ခရစ္ယန္ဘာ
သာဝင္။သူ႔အေဖကဦးေစာဆမ္းမားဒုရဲအုပ္ စခန္းမႉး။
သူ႔အစ္ကိုႀကီး ဦးေစာဝီလ်ံက ၿမိဳ႕နယ္တရားသူႀကီး
အဖြဲ႕ဝင္တိုက္ႀကီးနဲ႔ဥကၠံၾကား၊ ျပည္ကားလမ္းေဘးက
”အင္ကုန္း” ဆိုတဲ့႐ြာမွာ ေနၾကတာ။
အင္ကုန္းဆိုတာက ကရင္႐ြာႀကီး၊ ခရစ္
ယန္ဘာသာဝင္ကရင္လူမ်ိဳးေတြအမ်ားစု
ေနထိုင္ၾကသည္။လုပ္ ငန္းကေတာ့ ဆန္စပါးနဲ႔
ပဲမ်ိဳးစုံ စိုက္ၾကတာ။ အင္းလုပ္ငန္းနဲ႔
တျခားလုပ္ငန္းေတြ လည္း ရွိပါသည္။
ကြၽန္ေတာ့္သူငယ္ခ်င္းက ဖိတ္တာၾကာပါၿပီ။
ကြၽန္ေတာ္ မအားတာနဲ႔ မလိုက္ျဖစ္တာပါ။
ဒီတစ္ခါေတာ့ – သူ႔အစ္ကို ဦးေစာဝီလ်ံကပါ
တကူးတကဖိတ္တာေၾကာင့္ ကြၽန္ေတာ္ သြား
ျဖစ္တာပါ။ တိုက္ႀကီးကားစီးၿပီး တိုက္ႀကီးမွာ
ေန႔လယ္စာစား၊ ဥကၠံကားနဲ႔ အင္ကုန္း႐ြာကို
သြားရတာပါ။ ႐ြာေရာက္ေတာ့
သူငယ္ခ်င္းမိသားစုက ဆီးႀကိဳေနပါသည္၊
ညေနခင္းအခ်ိန္ျဖစ္ပါသည္။ သူငယ္ခ်င္းမိသားစု
ကေတာ့ ညေနစာအတြက္ စီစဥ္ေနၾကပါသည္။ သူတို႔
႐ြာကကားလမ္းေဘးက႐ြာတန္းရွည္႐ြာႀကီး။
ၿခံဝိုင္းႀကီးေတြကအလြန္က်ယ္ သည္။ အိမ္ဝိုင္း
ေတြကို ထီး႐ိုးဝါး၊ ဝါးနက္ဝါး၊ ဝါးဘိုးခ်ဳံႀကီးေတြနဲ႔
စည္း႐ိုးလုပ္ ထားတာ။ ႐ြာအေနာက္ဘက္မွာေတာ့ စိမ္းစိုေနတဲ့
စပါးခင္း၊ ေျမပဲခင္းနဲ႔ မတ္ပဲခင္းေတြတစ္ေမွ်ာ္
ႀကီးပါပဲ၊ ကြၽန္ေတာ္ခရီးေရာက္မဆိုက္ေခတၱသြားၿပီး
ဝါးဘိုးခ်ဳံေဘးကအုတ္စီေရတြင္းမွာေရခ်ိဳးရသည္။
ေရခ်ိဳးၿပီးလို႔အဝတ္အစား လဲေနတုန္းေႁမြေဟာက္
တြန္သံကိုတ႐ႊီး႐ႊီးနဲ႔ ဝါး႐ုံေတြဘက္ကၾကားရသည္။
အဲဒီအခါမွ သူငယ္ခ်င္၊ ကေလာ-
“သူငယ္ခ်င္း – အိမ္ေပၚတက္ေတာ့။ ကိုယ္တို႔
အျမည္းတစ္ခုထပ္တိုးၿပီး ဖမ္းလိုက္ဦးမယ္။
ေႁမြေဟာက္ဆိုေတာ့ ဟိုေျပး၊ ဒီေျပးနဲ႔
အႏၲရာယ္ရွိတယ္။ အိမ္ေပၚတက္ေနကြၽန္ေတာ္
အိမ္ကျပင္ေပၚေရာက္ေတာ့ သူတို႔တုတ္မ်ား၊
ဓားမ်ားျဖင့္ ဝိုင္းဖမ္းၾကသည္။
ေႁမြေဟာက္ႀကီးအား လူဝိုင္းထားလိုက္ၿပီး
ထြက္ေပါက္ ေပးထားေသာေနရာမွေရွာခနဲ
အထြက္သူငယ္ခ်င္းကေဂ်ာ့ေလကေျချမန္
လက္ျမန္ ဦးေခါင္းအား ငွက္ႀကီးေတာင္ဓားျဖင့္
ပိုင္းလိုက္ျခင္းျဖစ္သည္။ ေႁမြေဟာက္ႀကီးမွာ
ပါးပ်ဥ္းပင္ မေထာင္ႏိုင္။ ေခါင္းျပတ္ႀကီးက
ေသြးသံရဲရဲ ျဖင့္ အၿမီးပိုင္းက ထြန႔္ထြန႔္လူး
လႈပ္ရွားေနဆဲပင္ျဖစ္သည္။ သူတို႔အဖြဲ႕က
အလြန္ျမန္လွသည္။ လူ(၄)ဦး ဘက္ညီသည္။
တစ္ဦးက ဝါး႐ြက္ေျခာက္၊ သစ္ကိုင္းေျခာက္မ်ားျဖင့္ မီးဖိုသည္။
တစ္ဦးက ေခါင္းျပတ္ႀကီးကို ေျမတြင္းတူး၍
ျမႇဳပ္သည္။ က်န္ႏွစ္ဦးက ေႁမြကိုယ္ထည္ႀကီးအား
ႀကိဳးခ်ည္၍ မီးကင္ သည္။ အသားေညႇာ္နံ႔မွာ
အလြန္ေမႊးသည္။ က်က္သေလာက္ရွိမွအိမ္ေပၚသို႔ ယူခဲ့ၾကသည္။
ကရင္မႀကီးတစ္ဦးကေႁမြကင္ႀကီးအားအေရဆုတ္
ၿပီးဗိုက္ခြဲ ၍အူအသည္းမ်ား ခုတ္သည္။ ၿပီးေနာက္
ဇလုံတစ္လုံးထဲသို႔ အသားမွ်င္ မ်ားအား ဓားျဖင့္
ျခစ္ခ်သည္။ ၿပီးေနာက္ – ႐ုတ္သီးစိမ္း၊ ၾကက္သြန္
နီျဖဴ၊ ဆီဆားထည့္၍သုပ္ျခင္းျဖစ္သည္။
ညေနဝိုင္းအား ေႁမြဖမ္းမိသည့္ ဝါးဘိုးဝါး႐ုံႀကီး
အနီး၌ပင္ စားပြဲခုံမ်ား ခင္း၍ စားေသာက္ဝိုင္းဖြဲ႕
ၾကျခင္းျဖစ္သည္။ ကြၽန္ေတာ္ ထိုအခ်ိန္က အရက္
မေသာက္တတ္ပါ။ အျမည္းမ်ားစားရင္း ေႁမြေဟာက္
သားဟင္းအား စားဖူး သည္ရွိေဝရန္ျမည္းၾကည့္ရာ
လြန္စြာဆိမ့္၍ခ်္သည္။ဘယ္အသားျဖင့္မွမတူ၊အ
ေတာ္စားေကာင္းသည္။သူတို႔ကေတာ့ ေဒသထြက္၊
ေတာအရက္ျဖင့္ျမည္းၾကျခင္းျဖစ္သည္။ ညစာထမင္းစားေတာ့
လယ္ငါးကေလးမ်ားအိုးကပ္ဟင္းဘဲငန္းသားဟင္း၊
ေက်ာ္စံေကးေခၚဖားကေလးမ်ားႏွင့္ မန္က်ည္း႐ြက္
ခ်ဥ္ရည္ဟင္း ေျမပဲပင္ ေပါက္ေၾကာ္၊ မႈိႏွင့္ ကန္စြန္း႐ြက္ေၾကာ္ဟင္းမ်ား၊
ငါးပိရည္တို႔စရာျဖင့္ ၿမိဳင္ ဆိုင္လွသည္။
ကရင္လယ္သမားဟင္းျဖစ္ေသာ္လည္း အစပ္
အဟပ္တည့္ ေသာေၾကာင့္အလြန္စားေကာင္းသည္။
ညစာစားၿပီး ဝိုင္းသိမ္းေတာ့ည(၉) နာရီထိုးေခ်ၿပီ။
အစ္ကိုႀကီးဦးေစာဝီလ်ံကမနက္ျဖန္ခရီးထြက္
မည့္အစီအစဥ္ကို ေျပာျပသည္။
ကြၽန္ေတာ္တို႔မနက္(၆)နာရီခန႔္ ထၾကသည္။
ကိုယ္စီကိုယ္ငသုံးလြယ္ အိတ္မ်ားလြယ္၍႐ြာ
အေနာက္ဘက္လယ္ကြင္းမ်ားကိုျဖတ္ၿပီးလမ္း
ေလွ်ာက္ ရ ခင္းျဖစ္သည္။ ပဲခူး႐ိုးမေတာင္တန္း
ႀကီးက အေနာက္ဘက္အေဝးတြင္ ညိဳ႕ညိဳ႕မႈိင္းမႈိင္း
လွမ္းျမင္ေနရသည္။ လယ္ကြင္းမ်ားဆုံးေတာ
ေတာင္ေျခ ေတာစပ္။ေတာစပ္ဆုံးေတာ့ကိုင္း
ေတာႀကီး၊ ေရနက္ကြင္းေဒသ၊အင္း႐ြာသို႔
ေရာက္လုနီးေခ်ၿပီ။ေတာင္ေျခႏွင့္ကိုင္းေတာႀကီး
မွာတစ္ေမွ်ာ္တစ္ေခၚဆက္ စပ္ေနပါသည္။ ကိုင္း
ေတာႀကီး ထြက္ေပါက္သို႔ေရာက္မွ အင္းကန္ေရျပင္
က်ယ္ႀကီးႏွင့္ အင္း႐ြာဟု ေခၚဆိုေသာ တဲအလုံး
(၂၀)ခန႔္ စုေဝးေနရာကို ေရာက္ရွိပါေတာ့သည္။
အင္းကန္ႀကီးမွာ အလြန္က်ယ္ျပန႔္သည္။ ကိုင္းေတာ
မ်ားျဖင့္အနားသပ္ထားၿပီးေရျပင္က်ယ္စိမ္း
စိမ္းႀကီးမွာ႐ို၊မေတာင္ျပာတန္းေနာက္ၿပီး အလြန္သာယာလွပသည္။
“ကဲ – ညီေလးတို႔…ေရျပာအင္း႐ြာေရာက္ၿပီ။
ဟိုး – အလယ္ကတဲႀကီးက အင္းသူႀကီးကိုလူ
ေမာင္ရဲ႕တံႀကီးပဲ။ တို႔တစ္ေတြ – အဲဒီမွာညအိပ္
စတည္းခ် ရမွာ။ ကိုလူေမာင္က ဆက္ဆံေရး
အလြန္ေကာင္းတယ္။ ငါးႏွစ္ဆက္တိုက္ ဒီ
အင္းႀကီးေလလံကိုရထားတာ။တို႔တရားသူႀကီး
အဖြဲ႕ဝင္ေတြကလာဘ္စား ၿပီး သူ႔ကို ပ်က္ႏွာလိုက္
အႏိုင္ေပးတာမဟုတ္ဘူး။ သူက အမ်ားဆုံးလည္း
ေလလံတင္ႏိုင္တယ္။ လုပ္ငန္းလည္း က်မ္း
အေပါင္းအသင္းလည္း ဆန႔္ တယ္”
“ေန႔လယ္စာေတာ့ သူစီစဥ္ထားတာနဲ႔
စားၾကမယ္။ ညေနစာကို သူက ဘာနဲ႔စားခ်င္သ
လဲေမးရင္ေတာ့ ပုစြန္တုပ္စားမယ္လို႔သာေျဖ ၾကားၾက
“ဟုတ္ကဲ့ပါ – ကိုႀကီးေစာ။ ထမင္းစားတာပဲ
ဟင္းစုံစုံစားရမွာမဟုတ္ လား။ အင္းထဲကထြက္တဲ့
သားငါးဟင္းအစုံနဲ႔ မဟုတ္ဘူးလား”
“အဲ့လိုမဟုတ္ဘူး။ ပုစြန္တုပ္ႀကီးေတြကို ဖုတ္၊
ကင္၊ ေၾကာ္ေလွာ္ၿပီး ထမင္းလြတ္စားမွာ။
တျခားသားငါးနဲ႔ ထမင္းမပါဘူး။ ပုစြန္တုပ္
ခ်ည္းစားမွာ လို႔ ေျပာခိုင္းတာ”
ကြၽန္ေတာ္တို႔ စကားေျပာဆိုၾကရင္း ဦးလူေမာင္၏
တဲဝိုင္းႀကီးေရွ႕သို႔ ေရာက္လာၾကသည္။
အျခားဘဲမ်ား၌ မိန္းမႏွင့္ကေလးမ်ားခ်က္ျပဳတ္ေၾကာ္
ေလွာ္ေနၾကေသာ္လည္း ဦးလူေမာင္၏တဲႀကီး
အတြင္း၌ လူရိပ္လူေယာင္မွ် မျမင္ရပါ။ ထိုေၾကာင့္
အစ္ကိုႀကီးေစာက -“ကိုလူေမာင္ – ကိုလူေမာင္”ဟု
အသံျပဳလိုက္ေတာ့မွ တဲအတြင္းက လူတစ္ဦး
အိပ္မႈန္စုံမႊားျဖင့္ ထြက္လာသည္။ ေခါင္းတုံးဆံေတာက္ဆံပင္၊
ေနေလာင္ထားသျဖင့္ အသားနီစပ္စပ္၊
ေတာင့္တင္းေသာခႏၶာကိုယ္အခ်ိဳး အစား၊
ကရင္ – ျမန္မာကျပားျဖစ္ပုံရသည္။
“ဟာ – ဆရာႀကီးတို႔ ေရာက္လာၾကၿပီပဲ။
လာထိုင္ၾကပါ။ စားစရာေတြ အသင့္စီစဥ္ခိုင္း
ထားၿပီးပါၿပီ။ ညက ကြၽန္ေတာ္တို႔အင္းထဲ
ေလွနဲ႔လွည့္တာ၊ သန္းေခါင္ေက်ာ္သြားတယ္။
အဲ့ဒါေၾကာင့္ အိပ္ေရးပ်က္ၿပီး အိပ္ေနတာပါ”
“ဘာျဖစ္လို႔လဲ – ကိုလူေမာင္။ ငါးခိုးဖမ္းၾကလို႔လား”
“မဟုတ္ဘူး … ဆရာႀကီ။ ငါးေတြကို စားေနတဲ့
အေကာင္တစ္ေကာင္၊ ဒါမွမဟုတ္ သတၱဝါတစ္
အုပ္ကန္ထဲေရာက္ေနပုံရတယ္။ ကန္ထဲမွာငါးေသ
ေတြနဲ႔ အပိုင္းအစေတြ ေတြ႕ေနရလို႔ကင္းလွည့္စစ္
ေဆးတာပါ။ ဘာေကာင္မွ မေတြ႕ခဲ့ရပါဘူး”
“သားစားငါးေတြမ်ားလား- ေႁမြႀကီးေတြလည္း
ျဖစ္ႏိုင္တယ္၊ ႐ိုးမေတာနဲ႔အင္းႀကီးကေရာင္၊
ေရလဲေခ်ာင္းေျမာင္းေတြဆက္ေနေတာ့ဖြတ္မိ
ေခ်ာင္းေတြလည္း ျဖစ္ႏိုင္တာပဲ”
“တစ္ခုခုေတာ့ အေႏွာင့္အယွက္ေပးေနတာ
အမွန္ပဲ – ဆရာ။ တရားခံကို ရွာမေတြ႕ဘူး။
အရင္က ကြၽန္ေတာ့္မွာတယ္။ဘဲအုပ္အေကာင္(၂၀)ေလာက္ရွိ
။ အခုေတာ့ – လက္သည္မေပၚဘဲ ေပ်ာက္
ေပ်ာက္သြားလို႔ ေလးငါး ေကာင္ပဲရွိေတာ့တယ္။
မ်ိဳးျပဳတ္မသြားရေအာင္ အခုေတာ့ – ကန္ထဲမဆင္း
ေစေတာ့ဘဲ ၿခံေလွာင္ ေမြးထားရေတာ့တယ္
– ဆရာေရ၊ အရင္ႏွစ္ေတြက မျဖစ္ဖူးဘူး – ဆရာ။
ကြၽန္ေတာ္လည္းအေတြ႕အႀကဳံစုံပါတယ္။
ငါးေလးေတြ ကိုစားတဲ့ သားစားငါး၊ ငါးရံ႕နဲ႔
ငါးပတ္ႀကီးေတြေတာ့ ရွိတာေပါ့။
အခုဟာက ငါးႀကီးေတြကိုပါစားတာ။တစ္ပိုင္းတစ္
စေတြက်န္ေနတတ္တယ္။ စပါးႀကီး ေႁမြေတြဆိုရင္
ေတာ့ တစ္ပိုင္းတစ္စမစားတတ္ဘူး။ အေကာင္
လိုက္ရွိတာ။ အဲ့ဒါေၾကာင့္ ထူးဆန္းေနတာ – ဆရာရဲ႕။
ကြၽန္ေတာ္တို႔ လုပ္ထုံးလုပ္နည္း အတိုင္းအင္း
ေစာင့္ေတြကိုလည္း ပြဲေပးၿပီးပါၿပီ။ ရပ္မသြားဘူး- ဆရာ။
ဒါေၾကာင့္ – အခုႏွစ္ယင္းေတြအထဲကို ငါးအဆင္း
နည္းတယ္” “ကဲ-ဆရာတို႔-ေခတၱနားၾကၿပီးေန႔
လယ္စာစားၾကတာေပါ့။ (၁၁)နာရီေလာက္ ရွိၿပီထင္ပါရဲ႕”
ကြၽန္ေတာ္တို႔ဦးလူေမာင္၏တီဝိုင္းႀကီးအတြင္းရွိဝါးပက္လက္ကုလား
ထိုင္မ်ားအေပၚ၌ အနားယူရင္း ထိုင္ၾကစဥ္
ဦးလူေမာင္က သူ႔တပည့္မ်ားအား ေခၚ၍
ထမင္းဝိုင္းႀကီးကို ျပင္ဆင္ေနပါေတာ့သည္။
အင္းသူႀကီး ထမင္းပိုင္းပီပီဟင္းအမည္ကစုံလင္
လွသည္။ငဖန္ပိုင္းေခၚ လက္ဝါးခန႔္ရွိၿပီး အဆီမ်ား
ဝင္းေနသည့္ ငါးဗန္းမမီးကင္၊ ပုစြန္တုပ္ဆီျပန္
ဟင္း၊ ငါးရံ႕ေခါင္းႏွင့္ဒန႔္သလြန္သီးခ်ဥ္ရည္ဟင္း၊
ငါးခူေၾကာ္ႏွပ္၊ ငါးရွဥ့္ဆီျပန္ ဟင္း၊ ငါးကေလ၊
အိုးကပ္ႏွင့္ ငါးဘတ္ေမႊဟင္းမ်ားျဖစ္သည္။
ျမန္မာ့႐ိုးရာ ငါးပိရည္ႏွင့္တို႔စရာမ်ားကလည္းအေတာ္စုံလင္ပါသည္။
ကြၽန္ေတာ္တို႔အဖြဲ႕ထမင္းအလြန္ၿမိန္ၾကပါသည္။
ေန႔လယ္စာစားေသာက္ၾကၿပီးေနာက္ဦးလူေမာင္၏
တဲဝိုင္းႀကီးအတြင္းစကားေျပာၾကၿပီးတစ္ေရး
တစ္ေမာႏွပ္ၾကပါေသးသည္။ အိပ္ရာကႏိုးေတာ့
ဦးလူေမာင္က လက္ဖက္အခ်ိဳေျခာက္ႏွပ္ထားေသာ
လက္ဖက္ရည္အခ်ိဳ၊ လက္ဖက္အစုံသုပ္၊ မုန႔္မ်ိဳးပုံျဖင့္
ဧည့္ခံျပန္သည္။ ညေနခင္းတြင္ အင္းကန္
ႀကီးအတြင္း၌ လက္ေလွာ္ေလွစီးရင္း ပတ္ၾကသည္။
တကယ္တမ္း ကန္ အတြင္းဆင္းၾကည့္မွအင္းကန္
ႀကီးမွာတစ္ေမွ်ာ္တစ္ေခၚက်ယ္ဝန္းလွသည္။
ဦးလူေမာင္က ညေန ခ်မ္းျမည္းရန္ဟုဆိုကာ
ကန္စပ္က ကိုင္းပင္မ်ားတြင္ တြဲခိုေနသည့္
ကိုင္းဥမ်ားအား ရွာေဖြ၍ ခူးဆြတ္သည္။ ကိုင္းဥဆိုသည္မွာ
ကိုင္းပင္၏အဆစ္မ်ားတြင္ တြယ္ကပ္ေနေသာ
ဥပုံစံ၊ မႈိလို အလုံးမႈိမ်ား ျဖစ္ သည္။ မီးဖုတ္၊
ေၾကာ္ေလွာ္စားပါက ႏို႔ရည္မ်ား ထြက္လာၿပီး
အလြန္ဆိမ့္ သည္။ ကန္စပ္၌ပင္ ကနေဖာ့၊
ေရထိက႐ုန္း၊ တ႐ုတ္ကန္စြန္းပင္ကလည္း
သန္စြမ္းလွသျဖင့္ ခူးခဲ့ၾကေသးသည္။
အခ်ိဳ႕ကိုင္းပင္ေျခေရစပ္၌ ဦးလူေမာင္
အေစာပိုင္းကေျပာခဲ့သလိုငါးအေသေကာင္မ်ား
ႏွင့္တစ္ဝက္တစ္ပ်က္စား ထားေသာငါးေသဖားရသ
တစ္ပိုင္းတစ္စမ်ားကို ေတြ႕ရသည္။ အစ္ကိုႀကီး
ေစာကအေသေကာင္မ်ားကို ဆယ္ၾကည့္ၿပီး-
“ကိုလူေမာင္- သြားပါတဲ့သတၱဝါက ကိုက္ထားတာေတာ့ ေသခ်ာ
တယ္ဗ်။ ဘယ္လိုအေကာင္မ်ိဳးမွန္းေတာ့ မသိဘူး။
အကုန္မစားတာေတာ့ သားငါးေတြ ေပါလို႔ေန
လိမ့္မယ္။ ေရထဲမွာ အရိပ္အေယာင္ေတာင္ မေတြ႕
ေတာ့ ေရထဲနဲ႔ ကုန္းေပၚေနတက္တဲ့သတၱဝါမ်ိဳး
ျဖစ္လိမ့္မယ္။ ဒါေၾကာင့္ ကိုလူေမာင္တို႔ရွာတာ၊
မေတြ႕ရတာျဖစ္မယ္။ အစာဆာမွ ေရထဲဆင္းၿပီးရွာပုံ ရတယ္”
“ဟုတ္ပါ့… ဆရာႀကီးရယ္။ ဒါေၾကာင့္ – ကြၽန္ေတာ္တို႔
ရွာတာ ေနရာႏွံ႔ ေပမယ့္မ်က္လွည့္အျပခံေနရတာ”
ထိုေန႔ညေနကကြၽန္ေတာ္တို႔အင္းကန္ႀကီးအတြင္း
လွည့္ပတ္ၾကည့္ရႈ ၾကၿပီး အျပန္တြင္ ဦးေမာင္၏ရာ
ဝင္စဥ္ႀကီးမ်ားအတြင္းရွိကန္ေရကိုအားပါး တရခ်ိဳးၾကသည္။
သူတို႔စည္းကမ္းက အင္းကန္ႀကီးမ်ားအတြင္း၌
ေရဆင္း မခ်ိဳးရပါ။ အလုပ္သေဘာဆင္းလွ်င္ေတာင္
အဝတ္မပါဘဲ အင္းကန္ထဲ မဆင္းရပါ။ အင္းကန္ေရကို
သန႔္ရွင္းေအာင္ထားသည့္သေဘာပင္။
အင္း ေခါင္းနတ္ မႀကိဳက္ဟူ၍လည္း အယူရွိၾကပါသည္။
မည္သို႔ပင္ဆိုေစ၊ အင္း အလုပ္မွ အကုသိုလ္အလုပ္ျဖစ္ၿပီး
နတ္ႀကီးသည္ကေတာ့ အမွန္ပင္ျဖစ္ သည္။
ညခ်မ္းတြင္ ဦးလူေမာင္က အရက္ဝိုင္းလုပ္ဒပးရာ
ပုစြန္တုပ္ကင္၊ ပုစြန္ တပ္ျပဳတ္၊ ပုစြန္အသား
အစိမ္းသုပ္(ပုဇြန္ထုပ္အသားအား ေရွာက္ရည္ညႇစ္ ၿပီး
ေရွာက္႐ြက္ျဖဴးထားျခင္းျဖစ္သည္) ကိုင္၊ဥမီးကင္၊
တ႐ုတ္ကန္စြန္း႐ြက္ ေၾကာ္၊ ငါးဘဲျဖဴေၾကာ္႐ြ႐ြ
ကေလးမ်ား၊ငါးရံ႕႐ႊံ႕မီးဖုတ္၊ ငါးရွဥ့္ခ်ဥ္စပ္ဟင္းမ်ား
ျဖစ္ၾကသည္။ ကြၽန္ေတာ္တို႔ ထမင္းလြတ္စားၾကရ
ျခင္းျဖစ္ပါသည္။ စားေသာက္ၿပီးေတာ့ လက္ဖက္
ရည္ခ်မ္းပိုင္းဖြဲ႕ရင္၊ စကားေျပာၾကသည္။ က်န္အ
ခ်ိန္မွာ ယင္းအတြင္း ငါး၊ ဖား၊ ပုစြန္က်ေသာ
အခ်ိန္ျဖစ္ေသာေၾကာင့္ ဦးလွေမာင္မွာမအားရပါ။
အလုပ္သမားမ်ားႏွင့္ေျပးလႊားစစ္ေဆးေနပါသည္။
ထို႔ေၾကာင့္ကြၽန္ေတာ္တို႔ဧည့္သည္မ်ားကအလိုက္
သိစြာျဖင့္စားေသာက္ၿပီးအိပ္ရာဝင္ခဲ့ၾကပါသည္။
အျပင္တြင္မီးဖိုထားေသာ္လည္းျပင္ကအလြန္ကိုက္
သည္။ အင္းျခင္ၾကားႀကီးမ်ားမွာလူကိုအေသခံ၍ကိုက္ၾကျခင္းျဖစ္သည္။
ကြၽန္ေတာ္တို႔ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနၾကစဥ္
အင္းကန္အတြင္းမွေအာ္သံႏွင့္ အင္းတဲမ်ားမွလူ
သူစု႐ုံးသံမ်ားေၾကာင့္ အိပ္ရာကလန႔္ႏိုးၾကပါသည္။
အင္းစပ္တြင္ မီးတုတ္မီးတိုင္၊ လက္နက္ကိုယ္စီ
ျဖင့္အင္းလုပ္သားမ်ားစုေဝး ေနၾကသည္။
လျပည့္ခါနီးျဖစ္၍လမင္းႀကီးမွာ ထိန္ထိန္သာေနသည္။
ကန္ အတြင္းမွေလွတစ္စင္းအေျပးေလွာ္ခတ္၍
လူႏွစ္ဦးကမ္းေပၚသို႔အေျပးတက္ လာၾကသည္။
ေနာက္ဘက္မွလည္း ေရပန္းေဖြးေဖြးက တစ္ဟုန္
ထိုး အၿငိဳး ႀကီးစြာလိုက္လာသည္။ ကမ္းစပ္ေရာက္မွ
အေသအခ်ာ ျမင္ရသည္မွာ ေငြေရာင္အေၾကးခြံမ်ားျဖင့္
ဧရာမေျမႀကီးျဖစ္ေနေလသည္။ မ်က္လုံးတစ္စုံ
ကနီရဲေနသည္။ဦးလူေမာင္က-“အနီးမကပ္ၾကနဲ႔ေဟ့။
အေဝးက မွိန္းနဲ႔ပစ္၊ ေခါင္းပိုင္းကိုဦးစားေပးၿပီးပစ္ၾက
ထို႔ေၾကာင့္အင္းလုပ္သားမ်ား၏မွိန္းမ်ား၊
ဓားမ်ား၊လွံဖ်ားမ်ားကပလူပ်ံ သြားေတာ့သည္။
ေႁမြႀကီးမွာ ကမ္းေပၚအထိ တက္လာၿပီး ပါးပ်ဥ္းေထာင္
ထားရာ လူတစ္ရပ္ခန႔္ရွိသည္။ အင္းလုပ္သား
တစ္ဦး၏ ႀကိဳးတပ္မွိန္းတပ္ ေခ်ာင္းက စူးဝင္ေတာ့
ေႁမြႀကီးယိုင္သြားသည္။ အျခားမွိန္းမ်ားက
ယိမ္းထိုး လႈပ္ရွားေနေသာ ေႁမြႀကီးကို မထိ။
မွိန္းမ်ား၊ လွံမ်ား အင္းထဲသို႔ က်သြားၾက သည္။
ထိုအခ်ိန္တြင္ အင္းလုပ္သားတစ္ဦးက
ေျမႀကီးအား ဓားႏွင့္ဝင္ခုတ္ သလို၊
ေႁမြႀကီးကလည္း ထိုလုပ္သားအား အမိအရ
လွမ္းေပါက္၍ ခဲထား သည္။ ထိုေၾကာင့္ ဦးလူ
ေမာင္က ေႁမြႀကီး၏ဇက္ကို ငွက္ႀကီးေတာင္ဓားျဖင့္
ဝင္ပိုင္းသလို၊အင္းလုပ္သားမ်ားကလည္းရရာဓားတုတ္မ်ားျဖင့္
ဝင္႐ိုက္ၾက ရာေႁမြႀကီးပါးပ်ဥ္းက်ၿပီးအပိုင္း
ပိုင္းျပတ္သြားသည္။ ေႁမြႀကီးမွာလူႀကီးေပါင္ လုံးခန႔္ရွိၿပီး
အရွည္ေပ(၂၀)ခန႔္ရွိေသာ ေတာႀကီးေႁမြ
ေဟာက္ျဖစ္သည္။ အပိုင္းပိုင္းျဖစ္ေနေသာ
ခႏၶာကိုယ္အတြင္းမွေျမဥမ်ား ထြက္က်လာသျဖင့္
ေႁမြမႀကီးျဖစ္မွန္း သိရေတာ့သည္။
ေတာႀကီးေႁမြေဟာက္အကိုက္ခံရသူမွာစာ
ေ႐ႊေမာင္ဟူေသာကရင္ လူငယ္တစ္ဦးျဖစ္သည္
စခန္းတြင္ မိသားစုမရွိ၊ လူပ်ိဳလူလြတ္ျဖစ္ေသာ
ေၾကာင့္ ဦးလူေမာင္ႏွင့္ အတူေနထိုင္ေသာ
တပည့္ရင္းတစ္ဦးလည္း ျဖစ္ပါ သည္။ ဦးလူ
ေမာင္မွာ တဖ်စ္ေတာက္ေတာက္ ယူႀကဳံးမရျဖစ္ေနရွာသည္။
“ေစာေ႐ႊေမာင္ကြာ – သတိထားဖို႔ေျပာေနရင္းနဲ႔
အရဲကိုးလြန္းတယ္။ ႀကိဳးတပ္မွိန္း႐ူးေနၿပီပဲ။
ေႁမြမႀကီးကို မရစရာအေၾကာင္း မရွိေတာ့ဘူး။ ဒီေကာင္
ေလးက ကရင္လူမ်ိဳးပီပီေႁမြသားအလြန္ႀကိဳက္တာ။
အခုေတာ့ကြာ မျဖစ္သင့္ဘဲ ျဖစ္ရရွာတာ”
ထိုအခါမွ အစ္ကိုႀကီး ဦးေစာက –
“ကဲ- ကိုလူေမာင္ေရ- ျဖစ္ၿပီးတာလည္းျဖစ္ၿပီးသြားၿပီ။
ဆက္လုပ္ရမယ့္ တာဝန္ေတြပဲ က်န္ေတာ့တယ္။
အေလာင္းကိုအဆင္ေျပေအာင္ ၾကည့္ျပင္ ဆင္ထား။
ၿမိဳ႕နယ္တရားသူႀကီးအဖြဲ႕ဝင္ ကြၽန္ေတာ္တစ္ေယာက္လုံး သက္
ေသရွိေနတဲ့အတြက္မေတာ္တဆလူေသမႈေတာ့
ဖြင့္ရမွာေပါ့။တပည့္တခ်ိဳ႕ ကို နီးစပ္ရာစခန္း
လႊတ္ပါ။ က်န္တဲ့လူေတြကလည္း ေပါ့ဆဆမေနၾကနဲ႔။
ေျမမႀကီးေသသြားေတာ့ ေႁမြထီးႀကီးက ကလဲ့
စားေခ်ဖို႔ အေသအခ်ာလိုက္ လာမွာပဲ။ အသင့္
ျပင္ထားၾကပါ။ ဒါဒတာ့ – ေတာႀကီးေႁမြေဟာက္
မ်ိဳးႏြယ္ ေတြရဲ႕အေလ့အက်င့္ေတြပဲ”
“ဟုတ္ကဲ့ … စိတ္ခ်ပါ … ဆရာ။ ကြၽန္ေတာ့္လူေတြ
ညီပါတယ္။ အေတြ႕ အႀကဳံလည္းရွိၾကပါတယ္။
အသင့္လည္း ျပင္ထားၿပီးပါၿပီ”
မၾကာပါ၊ နာရီဝက္ခန႔္ပဲ ၾကာမည္ထင္ပါသည္။
အင္းကန္ႀကီးအတြင္းမွ ေရသံႏွင့္ လေရာင္ေဖြး
ေဖြးေအာက္၌ အေကာင္ႀကီးတစ္ေကာင္ ေရျပင္ေပၚ
ကိုဒေရာေသာပါး ကူးခပ္လာသည္ကို ေတြ႕
ျမင္ၾကပါေတာ့သည္။ “ကဲ – ဟိုမွာလာၿပီေဟ့။
အသင့္ျပင္ထားၾက၊အနီးကပ္နဲ႔၊ အေဝးကန
မွိန္းနဲ႔ လွံနဲ႔ ပစ္ၾကအင္းသားမ်ားက ကမ္းစပ္တြင္
အရိပ္အေယာင္မျပ၊ ပုန္းကြယ္၍ေစာင့္ၾကည့္
ေနၾကသည္။ ကြၽန္ေတာ္တို႔လည္းအကာအကြယ္ယူ၍ပုန္းေအာင္းၿပီး၊
ေစာင့္ၾကည့္ေနၾကပါသည္။ ေႁမြထီးႀကီးမွာ
ေသြးနံ႔ခံ၍လာဟန္ျဖင့္ ကမ္းစပ္ ေႁမြမႀကီးအား
သတ္ျဖတ္ေသာေနရာတြင္ တရႉးရႉးအနံ႔ခံ၍
ေဒါသတႀကီး နာမႈတ္ေနသည္။ ေ႐ႊထီးႀကီးက
ေႁမြမႀကီးထက္ ပိုမို၍လုံးပတ္ႀကီးဟန္တူ
သည္။ မ်က္လုံးမ်ား နီရဲေနသည္ကေတာ့ အတူတူပင္ျဖစ္သည္။
ေႁမြဖိုႀကီးေဒါမာန္ျဖင့္ပါးပ်ဥ္းေထာင္လိုက္စဥ္ဦးလူ
ေမာင္ႀကိဳတင္စီစဥ္ ထားသည့္အတိုင္းအလုပ္သ
မားႏွစ္ဦးကသ႐ိုးကိုင္ထားေသာပုတ္ေတာင္း
အသစ္ႀကီးအားၿပိဳင္တူလိမ့္၍ႀကီးဆီသို႔တြန္းခ်လိုက္ရာပုတ္ေတာင္းႀကီး
မွာလိမ့္၍ဆင္းသြားစဥ္ေျမထီးႀကီးကလႈပ္ရွားရန္သူအျဖစ္ဆီး၍ေပါက္လိုက္
ေတာ့သည္။ နဂါးႏိုင္မင္း ေမာင္ေပါက္က်ိဳင္းရာ
ဇဝင္ကို သင္ဖူးထားဟန္တူ ေသာ ဦးလွဝင္းအႀကံ
အစည္မွာ ထိေရာက္လွပါသည္။ ဖိုႀကီးမွာ ပုတ္
ေတာင္းႀကီးႏွင့္ အ႐ြယ္ၿငိေနစဥ္ ပုန္၊ေအာင္းေနေသာ
အလုပ္သမားမ်ားက အပိုင္ထိုးခုတ္လိုက္ၾက
ေတာ့သည္။ေႁမြမႀကီးလို အႏၲရာယ္မမ်ား။ ဖိုႀကီး
လည္စင္းခံၿပီး ကိစၥျပတ္ေတာ့သည္။
ကိစၥဝိစၥေတြၿပီးေတာ့ ညဥ့္သန္းေခါင္ပင္ ေက်ာ္ပါၿပီ။
ေႁမြေပါက္၍ေသ ဆုံးရသူေစာေ႐ႊေမာင္အေလာင္း
ကိုကမ္းစပ္တြင္ျပင္ဆင္ထားေသာ္လည္း ေမ့ေန
ၾကဟန္တူသည္။ အင္းသူႀကီး ဦးလူေမာင္က
အရက္ျဖဴပုံးမ်ား ထုတ္ ေပးၿပီးေတာႀကီးေႁမြေဟာက္သားအား
ခ်က္ျပဳတ္ေၾကာ္ေလွာ္၍ေအာင္ေသ ေအာင္
သားစားၾကေတာ့သည္။ ကြၽန္ေတာ္ကေတာ့ရင္တုန္၊
ပန္းတုန္ျဖစ္ၿပီး အိပ္ရာထဲ ဝင္ခဲ့ေသာ္လည္း
အိပ္မေပ်ာ္ပါ။ အစ္ကိုႀကီးေတတို႔ညီအစ္ကိုက
ေတာ့ ကရင္လူမ်ိဳးမ်ားပီပီ တစ္ေၾကာ့ျပန္ ဝင္
ႏႊဲၾကေတာ့သည္။ မနက္မိုးလင္းမွ ဝိုင္းသိမ္းၾကစဥ္
ရဲမ်ား ေရာက္လာၾကသည္။ တရား သူႀကီးအဖြဲ႕ဝင္
ဦးေစာဝီလ်ံတစ္ေယာက္လုံး သက္ေသခံရွိေနသျဖင့္ မရပ္ၾက ပါ။
စားေသာက္ဓာတ္ပုံ႐ိုက္ၿပီးအမႈျဖစ္စဥ္ကိုမွတ္တမ္း
တင္၍အေလာင္းကို သယ္ယူၿပီး ျပန္ၾကေတာ့သည္။
ကြၽန္ေတာ္တို႔အဖြဲ႕လည္း မနက္ေကတစားၿပီးျပန္
ရန္ျပင္ေတာ့ အင္း သူႀကီး ဦးလူေမာင္ကေက်းဇူး
တင္လြန္းသျဖင့္ပုစြန္တုပ္စိမ္းစိမ္းလတ္လတ္
ဆတ္ဆတ္ႀကီးမ်ားတစ္ေယာက္လွ်င္တစ္ပိႆာ
ခန႔္စီလက္ေဆာင္ျပန္ေပး လိုက္ျပန္ပါေသးသည္။
ဤသည္မွာကြၽန္ေတာ္ႀကဳံဆုံခဲ့ရေသာ ဦးလူေမာင္
၏႐ိုးမေတာင္ေျခက“ေရျပာအင္း ပုံျပင္ပင္ ျဖစ္ပါေတာ့သတည္း။