ရေမျောကမ်းတင်(စ/ဆုံး)

Unicode Version

ရေမျောကမ်းတင်(စ/ဆုံး)
——————————-
မိမိအတွက် လိုအပ်မည့် ပစ္စည်းများ ကို သေချာစစ်ဆေးပြီး နောက် ဦးထွန်းခင် အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ အိမ်ရှေ့လှေကား ခြေရင်းရောက်တော့ မိန်းမဖြစ်သူ ဒေါ်လှခင်က နောက်မှလိုက်
လာပြီး…
ပြီ”
သား”
“ကိုထွန်းခင် – ဓာတ်မီးယူသွားဦးလေ၊တော်ကတော့မေ့ပြန်
ဦးထွန်းခင် ဟုတ်ပေသားပဲဟုရေရွတ်၍…
“စိတ်ထဲတော့ တစ်ခုခုလို ပါသေးတယ်လို့ အောက်မေ့
ပြောရင်းဓာတ်မီးကိုလှမ်းယူရင်း..
“ညဘက် နွားတွေနဲ့ ကလေးတွေကိုဂရုစိုက်လိုက်ဦး”
“အင်းပါ”

ဒေါ်လှခင်က တိုတိုတုတ်တုတ်
ပြော၍ အိမ်ထဲ ဝင်သွားလေသည်။ ဦးထွန်းခင်သည်လည်း ခြံတံခါးကိုဖွင့်၍
ရွာမြောက်ဘက်၊အလယ်တန်းကျောင်း ရှိရာသို့ထွက်ခဲ့လေတော့သည်။ မုန်းချောင်းဘေးဖြစ်သော”ကံတစ်
လှဲ့” ရွာလေးသည်အိမ်ခြေငါးရာခန့်ရှိပြီး ဂုံးသောင်ရွာ၊ မကျီးကုန်းရွာ၊ လက်ပန်လှ ရွာနှင့် ထုံးပေါက်ဖြူရွာဟူသော ရွာငယ် လေးများနှင့် သုံးမိုင်ပတ်လည်အတွင်း၌ တည်ရှိလေသည်။
ဦးထွန်းခင်တို့ ကံတစ်လှဲ့ရွာသည်
အနီးဝန်းကျင်ရှိ ရွာများထဲတွင် အိမ်ခြေ
အများဆုံးဖြစ်သလို ယာ၊ ချောင်းကိုင်း၊
ဥယျာဉ်နှင့် လုပ်ငန်းကောင်းသော
ကြောင့် ပို၍စည်ပင်ဝပြောသည်ဟု ဆို
ရမည်ပင်။
သို့ဖြစ်၍ရွာ၏အနေအထားအလိုက်
ကလေးများ၏ပညာရေးမှာ အထောက်
အကူရရန်ရှေးရှုပြီးကျေးရွာပိုင်းအလိုက်
လူကြီးများစုရုံးတိုင်ပင်ကြကာမလူတန်း
လွန်ကျောင်း (အလယ်တန်း)ကျောင်း အဆင့်ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငွေကြေးကောက်ခံ၍ဆောက်လုပ်နိုင်
ခဲ့ကြလေသည်။

ဒီနှစ်ကျောင်းဖွင့်ရာသီအစတွင်ရွာ
လူကြီး ဦးစိန်မိုးသည် ကျောင်း၏ စောင့်
ရှောက်ရေးတာဝန်ကို ရွာထဲရှိ အိမ်
ထောင်စုတိုင်း အလှည့်ကျစောင့်ရန်
စီစဉ်ပေးခဲ့လေသည်။ အဘယ်ကြောင့်
ဆိုသော် တစ်ဦးတစ်ယောက်တည်းကို
ငွေပေး၍ ငှားရမ်းခြင်းထက် ရွာထဲရှိ
ရွာသူရွာသားများ အလှည့်ကျ စောင့်
ရှောက်သည်ကပို၍သင့်လျော်မည်ထင်
သောကြောင့်ပင် ဖြစ်၏။ ရွာသူရွာသား
များအနေနဲ့လည်း မိမိတို့၏ ချွေးသွေး
လုပ်အားများဖြင့် ကြိုးပမ်း၍ ထူထောင်
ထားသော စာသင်ကျောင်းကို အလှည့်
ကျတာဝန်ယူ စောင့်ရှောက်ရသည်မှာ
ကျေနပ်ကြလေသည်။
ယနေ့ညအစောင့်တာဝန်ကျသည့်
ဦးထွန်းခင်ပင်တိုက်ဆိုင်စွာပင်ကျောင်း
ဖွင့်၍သုံးလကြာပြီးမှစာသင်ကျောင်း၏
ပတ်လည်စည်းရိုးကိုလည်းဒီနေ့မှအပြီး
သတ်ပြုလုပ်နိုင်ခဲ့ကြလေသည်။
ကျောင်းစည်းရိုးခတ်ရန်အတွက်
ခုနစ်ပေမျောတိုင် နှစ်တိုင်နှင့် ဝါးငါးလုံး
သတ်မှတ်၍တစ်အိမ်ထောင်ချင်းစီတာ
ဝန်ပေးခဲ့သည်။ အိမ်တိုင်းပို့ဖို့ တာဝန်
ကျသောမျောတိုင်နှဝါတို့ကိုမုန်းချောင်း

အထက် အနောက်ရိုးမသို့တက်၍ ခုတ် ယူကြရလေသည်။
အများဖြင့် စုပေါင်း၍ လုပ်ကြရ သောကြောင့် သတ်မှတ်အရေအတွက် ပြည့်မီရန် စောင့်ဆိုင်း၍ လုပ်ကြရသည် ဖြစ်၍ ယနေ့မှပင် ကျောင်းပတ်လည်
စည်းရိုးခတ်ခြင်းကို အဆုံးသတ်နိုင်ခဲ့
လေသည်။
ဦးထွန်းခင် ကျောင်းထဲသို့ စည်းရိုး တံခါးကိုဖွင့်၍ ဝင်လာခဲ့သည်။ ကျောင်း နှင့် ခပ်လှမ်းလှမ်း မျက်စောင်းထိုး တစ် ခေါ်လောက်တွင် ရှစ်ပေပတ်လည် တဲ
တစ်လုံးကို ကျောင်းအစောင့်ကျ ကင်း
သမားအိပ်ရန်ဆောက်ပေးထားခြင်းဖြစ်
၏။
ဦးထွန်းခင်ကျောင်းဝင်းထဲရောက် တော့ ညီအစ်ကို မသိတသိ မှောင်စပျိုး သည့်အချိန် မိမိနေရမည့်တဲဆီသို့
လျှောက်လာခိုက်အမှတ်မထင်ကျောင်း
ရှိသို့ လှမ်းကြည့်လိုက်ရာ ဦးထွန်းခင်
သည်။
အံ့ဩသွားရကာမှင်တက်၍သွားမိလေ
အဘယ်ကြောင့်ဆိုသော် စာသင် ကျောင်းမှာနှစ်ထပ်ကျောင်းဆောင်ဖြစ်
၍အပေါ်ထပ် အရှေ့ဘက်ဆုံး ပြတင်း

ပေါက်တွင် ရှစ်နှစ်သားခန့် ကလေးတစ် ယောက်ကို ရပ်လျက်သား တွေ့လိုက်
ရသောကြောင့်ပင်။
ဦးထွန်းခင် စိတ်ထဲတွင် ဘယ်သူ့ သားသမီးများ အိမ်မပြန်ဘဲနှင့် ဘာလုပ် နေပါလိမ့်ဟုတွေးလိုက်သည်။မိဘတွေ
က ရိုက်မှာစိုးလို့ မပြန်ဘဲ ပုန်းနေတာ
လား၊ ဒါမှမဟုတ် တခြားရွာက ကျောင်း
သားတစ်ဦးဦး ကျောင်းဆင်းသည်ကို
မသိဘဲ တစ်နေရာရာမှာများ အိပ်ပျော်
သွားပြီးကျန်ခဲ့တာလားဟုအမျိုးမျိုးတွေး
ရင်းတဲအတွင်းသို့မိမိ၏ပစ္စည်းများထား
ကာ ရှေးခေတ် ကြေးဓာတ်မီးတောင့်ကို
ယူ၍…
“ဘယ်သူကလေးပဲဖြစ်ဖြစ် ဒီည
တော့ ငါနဲ့ ခေါ်သိပ်ထားမှပဲ”
တစ်ကိုယ်တည်းရေရွတ်၍စာသင် ကျောင်းဘက်သို့ ထွက်ခဲ့လေသည်။ ဦးထွန်းခင်သည် ဓာတ်မီးကို အားပြု၍ ကျောင်းပေါ်သို့ တက်လာရင်း … “ကျောင်းပေါ်ကကလေး၊ မင်းအဲဒီ
မှာ ဘာလုပ်နေတာလဲ။ လာ – လာ-
အောက်ကို ဆင်းခဲ့”
ဦးထွန်းခင် အသံပြုရင်း အပေါ်သို့ ရောက်သွားလေသည်။ စောစောက

ကောင်လေးကို မတွေ့ရပေ။ သို့ဖြင့် တစ်ခန်းဝင် တစ်ခန်းထွက် ရှာပြန်
သည်။
“ရော- ခက်ပေါ့၊ ဒီကလေး ဘယ် ချောင်းထဲများ သွားပုန်းနေပါလိမ့်”

ဦးထွန်းခင် နှုတ်မှ ရေရွတ်လျက် ကျောင်းအောက်သို့ ပြန်ဆင်းလာခဲ့
သည်။
စာသင်ကျောင်း၏အောက်ထပ်ကို
ရောက်သည်နှင့် ဦးထွန်းခင်ဓာတ်မီးထိုး

၍ရှာပြန်သည်။ ထူးဆန်းသည်၊ အပေါ်
မှာလည်းမတွေ့၊
အောက်မှာလည်းမရှိ။ ဒါဆိုဒီကလေးဘယ်ရောက်သွားပါလိမ့်
ဟု တွေးကာ အိမ်သာရှိရာ ကျောင်း အနောက်ဘက်သို့ ထပ်ရှာပြန်သည်။

အိမ်သာတံခါးများလည်းသော့ပိတ်
ထားသည်။ ညစောင့်တာဝန်ကျများ အသုံးပြုရန်အိမ်သာတစ်လုံးသာသော့
မခတ်ဘဲရှိလေ၏။

ဦးထွန်းခင်သည် အိမ်သာထဲသို့ ဓာတ်မီးဖြင့် ထိုးကြည့်သော်လည်း
မတွေ့ချေ။
“မဟုတ်သေးပါဘူး။ငါစောစောက မျက်စိအမြင်များ မှားသွားတာလား” ဟု ရေရွတ်သော မိမိနေရမည့် တဲ ဆီသို့ ပြန်လာခဲ့လေသည်။ တဲအတွင်း ရောက်တော့ ဆေးလိပ်နှင့် မီးခြစ်ကို
လည်း ထုတ်၍ သောက်နေလိုက်ပြီး
ဖယောင်းတိုင်ကိုပါထွန်းလိုက်သည်။ မြို့
နှင့်အတော်ပင်အလှမ်းဝေးသောဒေသ
ဖြစ်သည်မို့ လျှပ်စစ်မီးမရှိပါ။ အကာလ
ညအမှောင်က တဖြည်းဖြည်း ရင့်ကျက်
လာ၍ ပိုးမွှားပုရစ်အော်သံတို့က စီဝေ
လှပေသည်။
ဦးထွန်းခင်သည် မိမိပါလာသော စောင်နှင့် အထုပ်တို့ကို အိပ်ရာပြင်၍ အညောင်းပြေကျောဆန့်ရင်းဆေးလိပ်
ကိုဇိမ်နှင့်ဖွာ၍အရသာခံနေလိုက်သည်။
ထိုစဉ်ကျောင်း၏အပေါ်ထပ်ဆီမှ…
“ဝုန်း ဝုန်း”
“ဖုန်း”
“ဒုန်း”
ဆူညံစွာဖြင့်ပြေးလွှားဆော့ကစား နေကြသောအသံများကိုကြားလိုက်ရ၍
ဦးထွန်းခင် မျက်လုံးပြူးသွားရကာ ထထိုင်မိလေသည်။ နှုတ်မှလည်း… “ဘယ်……ပေးလေးတွေလဲကွ” စကားအဆုံး လေးခွ (မျှော့တပ်၍
ခဲထည့်ပစ်သောလက်နက်) ကိုယူ၍
ထွက်လာပြီး စာသင်ကျောင်းဘက်သို့
ဓာတ်မီးကိုထိုး၍ ထွက်လာခဲ့စမ်း၊ တွေ့
လို့ကတော့ဟုစိတ်ထဲကကြိမ်းဝါးလိုက်
သည်။ “ဝုန်း – ဒုန်း” “S-SS”
ဦးထွန်းခင် ကျောင်းအပေါ်ထပ် ရောက်သော်လည်း အသံများ တိတ် ဆိတ်ပျောက်ကွယ်သွားသလို လူဆို၍ အရိပ်အယောင်တောင်မတွေ့ရပေ။
“ဟင် – ဘယ်ရောက်သွားပြန်ပါ
လိမ့်”
ဦးထွန်းခင် အံ့ဩသလို ရေရွတ်
လိုက်ပြီးတစ်ခုခုကိုတွေးမိသွားဟန်ဖြင့်
ထိပ်လန့်တုန်လှုပ်မိလေတော့သည်။
နှုတ်မှလည်း ဘုရားစာကို မနားတမ်း
ရွတ်၍ ကျောင်းအောက်သို့ အပြေး
အလွှားပင် ဆင်းလာခဲ့၏။
လှေကားအဆင်းတွင် မိမိရှေ့မှ ရိပ်ခနဲပြေးဆင်းသွားသောကောင်လေး
တစ်ယောက်ကို ထင်ထင်ရှားရှားကြီး
တွေ့လိုက်ရ၏။
“ဟေ့-ဟေ့-နေဦး-မင်းဘယ်သူ
ဦးထွန်းခင် မေးရင်းဖြင့် နောက်မှ
အမီလိုက်သော်လည်း ကောင်လေးက
ပျောက်သွားပြန် သည်။ ဓာတ်မီးကို
လည်းနေရာအနှံ့ထိုး၍ရှာသည်။ မတွေ့
သဖြင့် မိမိကို သရဲခြောက်နေမှန်း သိ
လိုက်သည်။ ကြောက်စိတ်က တဖြည်း
ဖြည်းဝင်လာပြီး ခြေဖျားလက်ဖျားတွေ
အေးလာ၏။ တဲရှိရာသို့ ခပ်သွက်သွက်
ပင်လျှောက်လိုက်သည်။
တဲထဲသို့ ဖယောင်းတိုင်မီးထွန်းခဲ့
သည်ဖြစ်၍ ဦးထွန်းခင်သည် ခပ်လှမ်း
လှမ်းမှပင်မြင်နေရသည်။ တဲအတွင်းသို့
အမှတ်မထင် အပြင်မှ လှမ်းကြည့်လိုက်
သောအခါ ကျောပေးလျက်အနေ
အထားဖြင့် လူကြီးတစ်ယောက်နှင့်
ကလေးတစ်ယောက် အတူထိုင်နေကြ
သည်ကို လှမ်းမြင်လိုက်၏။ တစ်ကိုယ်လုံးရှိ အမွေးအမှင်တို့ ထောင်သွားသလားမှတ်ရသည်။ ကြက် သီးများ တဖြန်းဖြန်းထကာ ဘာလုပ်
ရမှန်းမသိဘဲ ရပ်နေမိသည်။ လေက
ရုတ်တရက် သုတ်ခနဲ တိုက်လိုက်သော
ကြောင့် ဖယောင်းတိုင်မီး ငြိမ်းသွားလေ
သည်။
ရုတ်တရက်ဆိုသလို မိမိအနားမှ
လူဖြတ်ပြေးသွားသလို လေဟပ်သွား
သည်ကို ခံစားလိုက်ရ၏။ ဓာတ်မီးကို
ထိုး၍ကြည့်သော်လည်း မိမိပတ်ဝန်း
ကျင်နှင့် တဲထဲတွင် ဘာမှ မတွေ့ရပေ။
သရဏဂုံသုံးပါးကိုရွတ်၍တဲအတွင်းသို့
ပြန်ဝင်လာပြီးဖယောင်းတိုင်မီးကိုထွန်း
လိုက်သည်။ တဲတံခါးကို လုံအောင်ပိတ် ၍ နှုတ်မှ ဘုရားစာကို အဆက်မပြတ်
သည်။
ရွတ်နေလိုက်တော့သည်။
မကြာပါ၊ စာသင်ကျောင်းဘက်မှ ပြေးလွှားဆော့ကစားသောအသံများမှာ ပြန်လည်၍ ဆူညံစွာ ထွက်ပေါ်လာပြန်
ဒီတစ်ခါတော့ ဦးထွန်းခင် တုတ်
တုတ်မျှ မလှုပ်တော့ပါ။ စောင်ကို ခေါင်း
မြီးခြုံလျက် ဘုရားစာကိုသာ ရွတ်နေ
လိုက်တော့ သည် ။ ဒီသရဲသားအဖ
အတော်ကို ဆော့နိုင်ကြလေသည်။
နံနက်လေးနာရီ အုန်းမောင်းခေါက်သံ
ကြားမှ ဆူညံပြေးလွှားနေသော အသံ
များတိတ်ဆိတ်သွားတော့၏။
ရွာနှင့်ကလည်း အလှမ်းဝေးသည် သောင်းကျန်းသော
မို့ သရဲသားအဖ
အသံများကို တခြားသူများ ကြားရမည်
မထင်ပါ။ ဦးထွန်းခင် တစ်ရေးမှ မအိပ် လိုက်ရပါ။ ဒီလောက် ဘုရားစာထိုင်ရွတ် နေတာတောင်ကျောင်းဝင်းထဲကထွက် မသွားဘဲနှင့် တစ်ညလုံးဆော့နေနိုင် သော သရဲကို အံ့ဩနေမိသည်။ ဦးထွန်းခင် ဆုံးဖြတ်ချက်တစ်ခု
ချလိုက်ပါသည်။ နောင်တစ်ကြိမ် မိမိ
ကင်းလှည့်ကျပါက သာဆိုင်အရက်
သမားကို ငှားရမ်း၍ စောင့်စေတော့
မည်။ သာဆိုင်ကအရက်သမား၊လူရွတ်၊
အကြောက်အလန့်မရှိတစ်ကိုယ်တည်း သမား ဖြစ်သည်။
သိပ်မကြာလိုက်ပါ၊ မိုးလင်းနေပြီ
ဖြစ်၍ရွာထဲမှအလုပ်သွားကြသောယာ သမားတချို့၏ လှည်းမောင်းသံ၊ နွား
ငေါက်သံများ ကြားနေရ၏။ ဦးထွန်းခင်
လည်း မိမိ၏ ပစ္စည်းများကို သိမ်း၍
ကျောင်းစည်းရိုးတံခါးကို ဖွင့်၍ စာသင်
ကျောင်းမှထွက်ခဲ့လေသည်။ကျောင်း၏
အပြင်ဘက် အဝရောက်တော့ စိတ်က
နှိုးဆော်သလိုပင်နောက်သို့ပြန်လှည့်၍ စာသင်ကျောင်း၏ အပေါ်ထပ်ကို ပြန် ကြည့်လိုက်၏။ ဘာမှ မတွေ့ရတော့ပါ။
ဦးထွန်းခင် ခေါင်းခါလျက် ညက အဖြစ်
အပျက်ကို တခြားသူများအား ပြန်ပြော
ပြလျှင် ယုံကြပါ့မလား။ ကျောင်းဖွင့်
သည်မှာ သုံးလပင် ကြာခဲ့ပေပြီ။ ယခင်
မိမိထက်အလျင်ကင်းအလှည့်ကျသော
သူများရော မိမိလိုအဖြစ်မျိုး ကြုံခဲ့ဖူး
သလားဆိုခြင်းကို သိလိုလှပေသည်။
သို့သော်လည်း ရွာထဲတွင် စာသင်
ကျောင်းနှင့်ပတ်သက်၍ မည်သည့်
အကြောင်းအရာမှ မကြားခဲ့ရသည်
ကတော့ အမှန်ပင်။ ဦးထွန်းခင် နား မလည်နိုင်အောင် တွေးတောရင်း အိမ် သို့ပြန်ခဲ့လေတော့သည်။
ညက တစ်မှေးမှ မအိပ်ခဲ့ရသော ကြောင့် နံနက်စာ ထမင်းကြမ်းနှင့် ငခြောက်ဖုတ်ကိုရေနွေးနှင့်စားသောက်
လိုက်ပြီး ယာခင်းထဲသို့ မသွားတော့ဘဲ အိပ်ခန်းထဲသို့ ဝင်ခဲ့လေသည်။ အပြင်မှာတော့ သားကြီး မောင် ကျော်မင်းနိုင်ကလေးတန်းကျောင်းသား ဆိုတော့ကျောင်းသွားဖို့အရေးသားအမိ
ချင်း ဆူညံပွက်လော ရိုက်နေသည်။ အငယ်ဆုံးသမီးကလေးက ဒီနှစ်မှ တစ်တန်း တက်ရသည်မို့ မောင်နှမနှစ်
ယောက်စာအတွက် စားရေး သောက် ရေး ပြင်ဆင်ကျွေးမွေး လုပ်ကိုင်ပေး
နေရသည်မှာ ဒေါ်လှခင်အတွက် နေ့စဉ်
လုပ်နေကျ အလုပ်ပင် ဖြစ်နေတော့
သည်။
ကလေးတွေ ကျောင်းသွားရန် အဆင်သင့် ဖြစ်နေကြသည်နှင့် ဦးထွန်း ခင်သည် အိပ်ခန်းထဲမှ ထွက်လာပြီး
ဘုရားကျောင်းဆောင်ပေါ်တွင်ရှိသော
ပရိတ်ရေကို ယူ၍အိမ်ရှေ့သို့ ထွက်လာ
ခဲ့ သည်။ကလေးတွေအနားရောက် တော့ လက်ထဲမှ ပရိတ်ရေမန်းများဖြင့် ဦးခေါင်းမှ ခြေဖျားတိုင်အောင် ပက်ဖြန်း လိုက်သည်။ ဦးထွန်းခင်လုပ်သမျှဒေါ်လှ ခင်တစ်ယောက် ကြည့်နေရင်း.. “ကိုထွန်းခင် မလုပ်စဖူး တော် ဘာ
တွေလုပ်နေတာလဲ။ကလေးတွေနှာစေး
ကုန်တော့မှာပဲ”
“မင်းနားမလည်ပါဘူးကွာ။ အသာ
နေစမ်းပါ”
ဟု ဆိုရင်းပါးစပ်ကလည်း… “ဘုရား၏ ဂုဏ်တော်၊ တရား၏ ဂုဏ်တော်၊ သံဃာ၏ ဂုဏ်တော်နှင့် ဤ ပရိတ်တော်ရေစင်၏တန်ခိုးတော်တို့
ဖြင့် အန္တရာယ်ကင်း ဘေးကင်းကြပါ
သားနှင့်သမီးက ဘာမှ နားမလည် သလို မျက်လုံးအပြူးသားနှင့် ဖခင်လုပ် သမျှကို ငြိမ်နေရင်းကြည့်နေရှာသည်။ “ကဲ-ကဲ- သားတို့ကျောင်းသွားလို့
ရပြီ။ သားက ဟိုကျရင် ညီမလေးကိုဂရု စိုက်နော်၊ ကြားလား” “ဟုတ်ကဲ့”
ကလေးနှစ်ယောက်ကို ဒေါ်လှခင် သည်အိမ်ရှေ့ခြံဝအထိလိုက်ပို့လိုက်၏။ ထို့နောက်အိမ်ပေါ်သို့တက်လာပြီးအိပ်
ခန်းထက်သို့ လျှောက်လာပြီး…
ပါဘူး”
“ကိုထွန်းခင် – အိပ်နေပြီလား”
“အေး – အိပ်လို့တော့ မပျော်သေး
ဒေါ်လှခင်ကယောက်ျားအနားထိုင် ၍ဦးထွန်းခင်ကို ထူးဆန်းသော သတ္တဝါ ကို ကြည့်သလို ကြည့်၍…
လား”

“ကျုပ်မေးစရာရှိလို့” “ဘာလဲ… ဘာမေးမှာလဲ” “တော်-နေကောင်းတယ် မဟုတ်
ဦးထွန်းခင်က ငုတ်တုတ်ထထိုင်
“အေး-ကောင်းပါတယ်၊ဒါပေမဲ့ငါ
ဒီနေ့တော့ ယာထဲ မသွားနိုင်ဘူးနော်။
ညက မအိပ်ခဲ့ရလို့”
ဒေါ်လှခင်က ယောက်ျားဖြစ်သူကို သေချာကြည့်၍…
“ဘာမှမဖြစ်တာတော့ သေချာ
တယ်မဟုတ်လား”
“ငါ ဘာမှ မဖြစ်ပါဘူးဆို။ ကဲ – မင်း လည်း သွားချက်ပြုတ်တော့။ ငါလည်း တစ်မှေးတော့ အိပ်လိုက်ဦးမယ်” စကားအဆုံးဦးထွန်းခင်လည်အိပ်
ရာထဲသို့ လှဲချလိုက်သည်။ ဒေါ်လှခင် သည်ဘာစကားမှ မဆိုတော့ပဲ အိပ်ခန်း ထဲမှ ထွက်လာခါမီးဖိုဆောင်ထဲသို့ ဝင်
သွားလေ၏။ ကိုထွန်းခင် ညက တစ်ခုခု
ဖြစ်လာတာကတော့ သေချာတယ်။
နောက်မှအေးအေးဆေးဆေးမေးတော့
မည်ဟု တွေးကာ ချက်ပြုတ်နေလိုက်
တော့သည်။
ထမင်းစားချိန်ရောက်တော့ ဒေါ်လှခင်သည် ယောက်ျားဖြစ်သူကို နှိုး၍ ထမင်းပွဲ ပြင်ဆင်ပေးလိုက်သည်။ ဦးထွန်းခင်လည်းထမင်းစားသောက်ပြီး သည်နှင့်အင်္ကျီ၊ ပုဆိုးလဲလိုက်၏။ဒေါ်လှ ခင်က ယောက်ျားကို မျက်ခြည်မပျက် စောင့်ကြည့်နေသည်။
“ငါ ဘုန်းကြီးကျောင်း ခဏသွား
လိုက်ဦးမယ်”

ဟု ဆိုလိုက်သည်။ ဒေါ်လှခင်က မျက်မှောင်ကြုတ်၍…
“အချိန်မဟုတ် အခါမဟုတ် ဘာ
လုပ်သွားမှာလဲ”
“မင်းတို့ မိန်းမတွေလည်း တော်
တော် အမေးအမြန်းထူတယ်။ ကိစ္စရှိလို့
ပေါ့ကွ”
ဦးထွန်းခင်လည်း စကားကို ပြတ်
ပြတ်ပြော၍ အိမ်မှ ထွက်လာခဲ့လေ
တော့သည်။ ဘုန်းကြီးကျောင်းက ရွာ၏
အရှေ့ပိုင်းတွင် ရှိသည်။ ရွာနှင့် အလှမ်း
မဝေးပါ။ နှစ်မိနစ်ခန့်လောက် လျှောက်
လျှင်ရောက်သည်။
ကျောင်းပေါ်သို့ တက်လာရင်း ကျေင်းသားလေးတစ်ယောက်အား.
“ဆရာတော် ရှိရဲ့လားကွ” “ဟုတ်ကဲ့ – ဦးကြီး၊ အခုပဲ ဆွမ်းစား ပြီးလို့ အကြမ်းရေဘုဉ်းပေးနေတယ်”
ဦးထွန်းခင် ကျောင်းပေါ်ရောက်
သည်နှင့် ဆရာတော်ကို ဝတ်ပြုကာ…
“အရှင်ဘုရား – ဆွမ်းကွမ်းကိစ္စ
ပြည့်စုံပါရဲ့လား ဘုရား”
ဟုနှုတ်ဆက်စကားဆိုလိုက်သည်။
ဆရာတော်ကြီးက …
“အိမ်း – ပြည့်စုံပါတယ်။ ဒါနဲ့ ဒကာ
ထွန်းခင် မှတ်တယ်”
“တင်ပါ – တပည့်တော် ထွန်းခင်ပါ
ဘုရား”
“အေး-အေး-ရေနွေးကြမ်းနဲ့
လက်ဖက်စားကွဲ- ဒကာ”
ဆရာတော်က လောကွတ်ပြု၍
ဧည့်ခံလိုက်သည်။ ဦးထွန်းခင်လည်း
ဆရာတော်ကို ဘယ်ကစ၍ ဘယ်လို လျှောက်လျှင်ကောင်းမလဲဟုတွေးရင်း ရေနွေးကိုမှုတ်သောက်နေလိုက်သည်။ ခဏကြာတော့ ဆရာတော်က… “ဒကာ – ထွန်းခင်၊ ဘုန်းကြီးဆီလာ
တာကိစ္စရှိတယ်ထင်တယ်”
ဆရာတော်က အလိုက်သင့် စပြီး
မေးတော့ မိမိအတွက် ဟန်ကျသွား
ကာ
“ဟို- ဆရာတော်ကို တပည့်တော် နားမလည်တာလေးတွေ မေးချင်လို့ပါ
ဘုရား”
“မေးလေ-ဒကာကြီး-မေးပါ”
ဦးထွန်းခင်သည် ခေတ္တစဉ်းစား
လိုက်ပြီး.
“သရဲက လူကို နှောင့်ယှက်ရင် နေရာမရွေး အချိန်မရွေး နှောင့်ယှက်
ခြောက်လှန့်နိုင်ပါသလား ဘုရား”
ဦးထွန်းခင်စကားကြောင့် ဆရာ တော်သည်အတန်ကြာအောင်ငြိမ်သက်
စဉ်းစား၍နေပြီး ဦးထွန်းခင် မျက်နှာကို
ကြည့်၍…
“အဲဒါကတော့ သရဲရဲ့ အဆင့်
အတန်းကို ကြည့်ပြောရမှာပဲဒကာကြီး။
သရဲတို့တစ္ဆေတို့ဆိုတာဘုရားရှင်ကိုယ်
တော်မြတ်ကြီး လက်ထက်ကတည်းက
ရှိနေခဲ့ကြတာဆိုတော့ သူတို့ကို အသိ အမှတ်ပြုအလေးထားရမယ်ကွဲ့”
“လူတွေ သရဲအခြောက်ခံရရင် ကံနိမ့်လို့အခြောက်ခံရတယ်လို့ပြောကြ တာ၊ ဟုတ်ပါသလား ဘုရား” ဆရာတော်ကခေါင်းယမ်းလျက်… “အဲဒါ မဟုတ်သေးဘူး – ဒကာရဲ့။ ကံနိမ့်လို့ အခြောက်ခံရမယ်ဆိုရင် ဘာ သာရေးလုပ်တာအားနည်းပြီးအမဲသတ်၊ ဝက်သတ်သတ်နေတဲ့သားသတ်သမား
တွေ၊ လူဆိုး သူခိုးတွေ နေ့စဉ်ညတိုင်း
သရဲက သူတို့အနားကကို ခွာမှာမဟုတ်
တော့ဘူး။ ဒီနေရာမှာ ဘုန်းကြီး ပြော
ချင်တာက သရဲတို့၊ တစ္ဆေတို့၊ မကောင်း
ဆိုးဝါးတွေဟာ လူတွေကို ခြောက်လှန့်
တာတဲ့။ မတော်တဆ ရှောင်မဖြစ်လို့
တွေ့ဆုံသွားမိတာရှိသလို ကျွတ်တမ်း
ဝင်ချင်လို့ကိုယ်ယောင်ပြတာတွေလည်း
ရှိကြတယ်။ ဘုန်းကြီး စောစောကပြော
သလို လူဆိုး လူမိုက် မသူတော်
အကုသိုလ်များတဲ့ သူတွေကျတော့ မကောင်းတဲ့သူအချင်းချင်း တွေ့ ကြ
သလို လူကောင်းတွေ ဘာသာရေး
လုပ်တဲ့သူတွေကျတော့ သူတို့အတွက်
အလှူဒါနပြုပြီး အမျှဝေစေချင်လို့ မြင်
အောင် ထင်အောင် ပြတတ်ကြတာမျိုး
ပါ”
“တကယ်လို့ သရဲနဲ့တွေ့ပြီး သူ့ကို ပျောက်ကွယ်သွားအောင် ဘာလုပ်ရင်
ရနိုင်မှာလဲ ဘုရား” ဘုန်းကြီးက ရယ်မော၍…
“တရားစာရွတ်ပေါ့ကွယ်။မေတ္တာပို့
အမျှဝေလိုက်ပေါ့”
ဦးထွန်းခင်ကဆရာတော်ကိုမဝံ့မရဲ
ကြည့်၍…
“ဘုရားပင့်ပြီးတရားစာရွတ်လည်း
အဲဒီသရဲက မဖြုန်ဘူး ဘုရား”

ဦးထွန်းခင် စကားကြောင့် ဆရာ တော်မှာ အံ့ဩသွားရကာ ဟေဟု တစ် လုံးသာ ဆိုလိုက်နိုင်ပြီး နှုတ်ဆိတ်သွား
သလိုဦးထွန်းခင်ကိုလည်းအကဲခတ်နေ
လိုက်သည်။ ဆရာတော်က ရေနွေးငွေ့၍ သောက်လိုက်ပြီးနောက် ….

“အကြမ်းအားဖြင့် ဒကာ နားလည် အောင် ရှင်းပြရမယ်ဆိုရင် လောကမှာ
လူဆိုးနဲ့ လူကောင်း နှစ်မျိုးရှိသလို ပရ လောကမှာလည်း သရဲဆိုတာ နှစ်မျိုး ရှိတယ်လို့မှတ်။ ပထမသရဲဆိုတာက သား၊ သမီး ဆွေမျိုး မိတ်သင်္ဂဟတို့ကို စွဲလမ်းပြီး မကျွတ်လွတ်ဘဲ ဖြစ်ရသော သရဲ၊ ပြိတ္တာ၊ တစ္ဆေလို့ ဆိုပါတော့။ ဒုတိယသရဲက ငါ့အိမ်ငါ့မြေငါ့ဥစ္စာ ဆိုပြီး ပစ္စည်းဥစ္စာကို တပ်မက်ဘဝကူး လို့ သရဲ၊ ပြိတ္တာ၊ တစ္ဆေဆိုပြီး ဖြစ်ကြ ရတယ်။ ဒီတော့ ဥစ္စာပစ္စည်းကို စွဲလမ်း တပ်မက်ပြီးရှိနေတဲ့ သရဲတို့နာနာဘာဝ တို့လို ပရလောကသားတွေကျတော့ သူတို့ စွဲလမ်းတပ်မက်တဲ့အရာတွေကို
လူတွေကမသိဘဲယူသုံးမိတာမျိုးထိန်း သိမ်းထားမိတာမျိုးရှိခဲ့ရင် သူတို့ကို ဘာ
နဲ့ပဲလုပ်လုပ် လွယ်လွယ်နဲ့ နှင်ထုတ်လို့
မရနိုင်ဘူး။ အကုသိုလ်များလို့အယူတိမ်း
လို့ မကောင်းတဲ့ဘဝကို ရောက်နေတဲ့
ပရလောကသားတွေလည်း အများကြီး
ရှိနေကြတာပဲ”
ဆရာတော်သည် စကားကို ရှည်
လျားစွာ ပြောလိုက်ရလို့ထင်သည်။ အနည်းမျှ ရပ်ဆိုင်း၍ ရေနွေးကို မှဲ့ သောက်လိုက်ပြန်သည်။
ဦးထွန်းခင်သည် မိမိ သိချင်သော အကြောင်းအရာကို အတော်အသင့်
သိရှိနားလည်သွား၍ ကျေနပ်သွားမိ
သည်။ ဆရာတော်ကိုလည်း အားနာ၍ အနားယူစေလိုသည့်အတွက် ဆရာ
တော်တို့ ဝတ်ဖြည့်ကာ ခွင့်တောင်း၍
အိမ်သို့ ပြန်ခဲ့လေတော့သည်။ အပြန်လမ်းတွင် ဆရာတော် ပြော သော ပရလောကမှ ပုဂ္ဂိုလ်များအနက်
မိမိတွေ့ခဲ့ရသော ပရလောကသားများ
မှာဘယ်လိုနာနာဘာဝတွေဖြစ်နိုင်မလဲ
ဟုစဉ်းစားလာခဲ့လေ၏။ သူတို့တစ်တွေ
ဒီလိုပဲရှိနေကြတော့မှာလား။ နောင်ရော
ဘာတွေ ဆက်ဖြစ်နေဦးမှာလဲ။ မိမိ
တစ်ယောက်တည်းသာ တွေ့ကြုံရပြီး
အမြန်ပင် ပျောက်ကွယ်သွားစေချင်လှ
သည်။ ဘာပဲဖြစ်ဖြစ်၊ ဒီနေ့ညတစ်ညကို
စောင့်ကြည့်မှ ပိုပြီးသိရမည် မဟုတ်
ပါလား။ဦးထွန်းခင်ကတော့အတွေးတွေ
စုံလင်စွာဖြင့် စိတ်စောနေမိတော့သည်
တကား။
ဦးထွန်းခင်သည် အိပ်ရာမှ စောစီး စွာထ၍ မျက်နှာသစ်လိုက်သည်။ ဒီနေ့
တော့ယာထဲကိုသွားမှဟုတွေး၍နံနက်
စာကို မိန်းမဖြစ်သူကို အပြင်ခိုင်းလိုက်
သည်။

ဒေါ်လှခင်ထမင်းပွဲပြင်နေသည်ကို စောင့်ရင်း ရေနွေးသောက်နေလိုက်၏။
ဒေါ်လှခင်က ယောက်ျားဖြစ်သူကို
ကြည့်၍…
“ဒီနေ့တော့ အစောကြီး နိုးသားပဲ။
ယာတဲ သွားဦးမှာလား”
“အေး – သွားရမှာပေါ့။ ထွန်ပြန်
လိုက်ရဦးမယ်လေ”
စကားကိုပြောပြီး အသင့်ဖြစ်နေ
သော ထမင်းပွဲကို စားလိုက်သည်။
ဒေါ်လှခင်ကတော့ထုံးစံအတိုင်းကလေး
တွေကျောင်းသွားဖို့အတွက်လုံးပမ်းနေ
ရှာသည်။
ဦးထွန်းခင် စားသောက်ပြီးသွား၍
ရေနွေးကို အရသာခံ၍သောက်နေစဉ် ဘေးအိမ်မှ မောင်စိန်သောင်းသည် ရောက်လာပြီးနှုတ်ဆက်လိုက်သည်။ “ဦးလေး – ယာထဲ သွားတော့မလို့
လား”
ဟုပြောရင်းဝင်ထိုင်လိုက်၏။
“အေး- သွားတော့မလို့ကွ။ လာ- ရေနွေးသောက်ဦး”
စိန်သောင်းက ဦးထွန်းခင်ကို
လေသံတိုးတိုးဖြင့်…
“ရွာထဲက သတင်းကြားပြီးပြီလား
ဦးလေး”

ကွ”
ဦးထွန်းခင် ခေါင်းခါ၍.. “မကြားမိပါဘူး- ဘာသတင်းလဲ
“ညတုန်းက ကျောင်းကင်းတာဝန် ကျတဲ့ မြင့်သောင်းကို သရဲအခြောက်ခံ
ရလို့မြင့်သောင်းတော့ရူးကြောင်ကြောင်

ဖြစ်နေတယ်လို့သူ့မိန်းမမိပုကဈေးဆိုင်
မှာ ပြောသွားလို့ လူတွေ သွားကြည့်ကြ
တာအတော်စည်ဆိုပဲ”
ဟော – ဇာတ်လမ်းကတော့ အရှိန် တက်လာပြီဟု ဦးထွန်းခင် တွေးလိုက်

သည်။မိမိလိုပဲမြင့်သောင်းတစ်ယောက်
ဟိုသရဲသားအဖကို တွေ့ ခဲ့ပြီ ထင်၏။ ဦးထွန်းခင်သည် မြင့်သောင်းကို ကြည့်
g…
“မင်းရော သွားမကြည့်ဘူးလား”

“သွားမလို့ပဲ- ဦးလေးလိုက်မလား လို့လာခေါ်တာ”
“ငါ မအားသေးပါဘူးကွာ။ ဒီနေ့
ယာထဲကိုသွားမှဖြစ်မှာ။အပြန်ကျတော့ မှပဲဝင်ပြီးကြည့်လိုက်ပါတော့မယ်”

ဦးထွန်းခင်စကားဆုံးတော့စိန် သောင်းက ထ၍…
“ဒါဆိုလည်းကျွန်တော်သွားလိုက်
ဦးမယ်”
စိန်သောင်း ထွက်သွားသည်နှင့် ဦးထွန်းခင်လည်း လှည်းတပ်၍ ယာထဲ သို့ထွက်သွားလေတော့သည်။ ညနေလေးနာရီလောက်ကျတော့ အလုပ်သိမ်း၍ အိမ်ပြန်လာပြီး နွားစာ စင်း၊ ရေမိုးချိုးပြီး နွားစာကျွေးပြီး မြင့် သောင်းတို့အိမ်သို့သွားရန် အိမ်ရှေ့သို့ ထွက်ခဲ့လေသည်။ဒေါ်လှခင်ကနောက် မှလိုက်လာပြီး …
“ဘယ်သွားမလို့တုံး – ကိုထွန်းခင်” “မြင့်သောင်းတို့အိမ်”
ဟု တိုတိုတုတ်တုတ်ဖြေပြီး ထွက် လာခဲ့ပါတော့သည်။ မြင့်သောင်းတို့အိမ် က သိပ်မဝေးသောကြောင့် ခဏပဲ
လျှောက်လိုက်ရသည်။ အိမ်ရှေ့ရောက်
တော့အတွင်းဘက်ကိုလှမ်းကြည့်လိုက်
ရာ ရွာလူကြီးအပါအဝင် လူတော်တော်
များရှိနေကြပေ၏။
မြင့်သောင်းကို လှမ်းကြည့်လိုက်
တော့ ပက်လက်ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာထိုင်နေသည်ကို
တွေ့ရ၏။

ဦးထွန်းခင်လည်း တန်းလျားတွင် ဝင်ထိုင်ရင်းမြင့်သောင်းကို ကြည့်၍.. “ဘယ်လိုနေလဲ – နေကောင်း
တယ်မဟုတ်လား” မြင့်သောင်းက ပြုံးပြ၍ .. “ဟုတ်ကဲ့ – နေကောင်းပါတယ် – ဦးလေးရေနွေးသောက်ပါဦး” “တောင်ပိုင်းက ဘကြီးမိုးရဲ့ သည်း ခြေဆေးလုံးတိုက်ထားတယ်လေ”
မြင့်သောင်း မိန်းမက ဝင်၍ ပြော
လိုက်သည်။ ရွာလူကြီးက ဦးထွန်းခင်ကို
စွေကြည့်၍…
“မနေ့ညက ကင်းတာဝန်ကျတာ
ဦးထွန်းခင် မဟုတ်လားဗျ”
သည်။
ဦးထွန်းခင် ခေါင်းညိတ်ပြလိုက်
“အော်”
ရွာလူကြီးက ဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။ ဦးထွန်းခင်
က
“မြင့်သောင်း – မင်းအနေနဲ့ အပန်း မကြီးဘူးဆိုရင်ဖြစ်ပျက်သမျှငါ့ကိုပြော
ပြပါလား”
မြင့်သောင်းက ခါးကိုမတ်လိုက်ပြီး
အသက်ကိုပြင်းပြင်းရှူလိုက်ပြီး… “ကျွန်တော်ညတုန်းကတစ်ညလုံး သရဲအခြောက်ခံရတယ် ဦးလေး”

“ဘယ်အချိန်လောက် စပြီး
အခြောက်ခံရတာလဲ”
မြင့်သောင်းကအနည်းငယ်စဉ်းစား
လိုက်ပြီး…
“ခြောက်နာရီခွဲလောက်ကစပြီး
မနက်လေးနာရီအထိပါပဲ” ဦးထွန်းခင်က…
“အေး- ငါလည်း အဲဒီအချိန်တွေ
အတိုင်း အခြောက်ခံခဲ့ရတာပဲ” “ဗျာ-ဦး-ဦးလေးလည်းအခြောက်
ခံရတာပဲလား”
ဦးထွန်းခင်က ခေါင်းညိတ်၍… “အေးကွ “ လူကြီးတစ်ယောက်နဲ့
ကလေးတစ်ယောက်ကို တွေ့ခဲ့ရတာ” “ဟုတ်တယ် – ဟုတ်တယ်၊ ကျွန် တော်လည်း အဲဒီအတိုင်းပဲ တွေ့ရတာ။ ဒါပေမဲ့ – ကျွန်တော် တွေ့တာက သုံး ယောက်၊ မိန်းမတစ်ယောက် ပါသေး
တယ်”
ရွာလူကြီးနှင့်အတူ ဘေးနားတွင် ရှိနေကြသော လူကြီးများမှာ အံ့ဩစွာ ဖြင့် နားထောင်နေကြလေသည်။ ဦးထွန်းခင်ကငြိမ်သက်စွာစဉ်းစား နေရင်းရေနွေးကိုငှဲ့၍သောက်နေလိုက် သည်။ မိမိ တွေ့ခဲ့တုန်းက နှစ်ယောက်။
ယခု မြင့်သောင်းကျတော့ သုံးယောက်

ဆိုတော့ တစ်ယောက်တိုးလာပြီပေါ့ဟု
တွေးကာ
“ကျောင်းရဲ့အပေါ်ထပ်အရှေ့ဘက်
ဆုံး ပြတင်းပေါက်နားမှာ စတွေ့တာ
မဟုတ်လား”
“ဟုတ်တယ် – ဦးလေး။ ကျွန်တော် လည်းဘုရားစာတွေရွတ်တာပဲ။ ဒါပေမဲ့
မရဘူး။ ကျောင်းတစ်ကျောင်းလုံး ဝုန်း
ဒိုင်းကြဲအောင်ဆော့ကြတာ။ ဓာတ်မီးနဲ့
သွားကြည့်တော့လည်းမတွေ့ဘူး။ကိုယ့်
နေရာ ပြန်ရောက်ပြီဆိုရင် သူတို့က
ဆော့နေကြတော့တာပဲ။ လူကြီးက
အသားမည်းမည်း ဆံပင်စုတ်ဖွားနဲ့
အပေါ်ပိုင်းမှာအင်္ကျီမပါဘူး။ အမျိုးသမီး
က အနီ ရောင်အင်္ကျီနဲ့ ဇင်းမယ်လုံချည် ကို ဝတ်ထားပြီး ဆံပင်ဖားလျားနဲ့ အရိုး ပေါ်အရေတင်ပိန်ကပ်နေတာပဲ။ ကောင် လေးကတော့ ရှစ်နှစ်လောက်ပဲ ရှိဦး မယ်။ သူ လည်း အပေါ်အင်္ကျီမပါဘူး။ အသားမည်းမည်းနဲ့ ခေါင်းတုံးလေး။ မျက်နှာမှာပေကျံနေပြီးမျက်လုံးပြူးပြူးနဲ့ အတော်ကြောက်စရာကောင်းတယ်” ဦးထွန်းခင်က မြင့်သောင်းစကား ကို ဆုံးအောင်နားထောင်ပြီး…
“ဥက္ကဋ္ဌတို့လည်းကြားတဲ့အတိုင်းပဲ ကျွန်တော်တို့ ဘာလုပ်ကြရင် ကောင်း

မလဲ။ ဒီအတိုင်းတာဆိုရင် ကျောင်းကို စောင့်ရှောက်မယ့် ကင်းသမားရှိမှာ မဟုတ်ဘူး”
ဦးထွန်းခင် စကားဆုံးတော့ ဥက္ကဋ္ဌ
သည်လေးလေးနက်နက် စဉ်းစား၍.
“ကင်းသမားကိုငါးယောက်အစောင့်
ထားပြီး ဒီနေ့ညတော့ စောင့်ကြည့်ချင်
သေးတယ်ဗျာ”
နောက်တစ်ယောက်ကလည်း..
“ဒီနေ့ညလူအားနဲ့စောင့်မယ်ဆိုရင် တောင် ပရိတ်ရေတို့၊ ပရိတ်သဲတို့ပါ
ဆောင်သွားရင်ကောင်းမယ်ဗျ”
ဥက္ကဋ္ဌနှင့်အတူ လူကြီးများမှာ
ကောင်းနိုးရာရာအကြံများ ပေးကြပြီး
စီစဉ်နေသော်လည်းသိပ်ပြီးထူးခြားမည်
မဟုတ်မှန်းကို ဦးထွန်းခင် သိနေသည်။ ဤမကောင်းဆိုးဝါးများမှာ တော်ယုံနှင့်
နှိမ်နှင်း၍မရနိုင်လောက်ပေ။
သို့သော်လည်း လူကြီးတွေ စီစဉ် သလို စောင့်ကြည့်ရုံသာ ရှိတော့သည်။
“ရွာထဲကသတ္တိကောင်းတဲ့လူငယ်
ဥက္ကဋ္ဌကပင် .
တွေ စုပြီး ဒီည အဲဒီကျောင်းထဲမှာရှိတဲ့
မကောင်းဆိုးဝါးတွေကို ပရိတ်ရေတို့၊
ပရိတ်သဲတို့နဲ့ပက်ပြီး နှင်ကြတာပေါ့။
မနက်ဖြန်မနက် မိုးလင်းရင်လည်း
သံဃာတော်တွေပင့်ပြီးပရိတ်ရွတ်မယ်
ဗျာ”
ခံ၍

ဦးထွန်းခင်ကခေါင်းညိတ်ထောက်
“အဲဒီအစဉ်အစဉ်ကောင်းပါတယ် ဥက္ကဋ္ဌဒီလိုပဲလုပ်ကြတာပေါ့” ဥက္ကဋ္ဌကပင် ဆက်၍…
“ကျုပ် စိုးရိမ်တာက အဲဒီ သရဲ မိသားစု ကိစ္စတင် မဟုတ်ဘူး။ မြို့က
လာတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကြောက်လန့်ပြီးစာဆက်မသင်တော့ရင် ဒုက္ခပဲဗျို့။ အဲဒါကို ပိုပြီး စိုးရိမ်တာဗျ” ရွာလူကြီးတစ်ယောက် … “အဲဒီလိုလည်းမဖြစ်နိုင်လောက်ပါ
ဘူးလေ-စောင့်ကြည့်ပါဦး” ဤသို့ဖြင့် စကားဝိုင်းမှာ အတော် ကြာသည်အထိ ဆွေးနွေးပြီးနောက် ဦးထွန်းခင်လည်း မြင့်သောင်းကို နှုတ် ဆက်ကာပြန်လာခဲ့လေတော့သည်။
အချိန်ကတရွေ့ရွေ့ဖြင့်ကုန်ဆုံးလာ သည်နှင့်အမျှအမှောင်ထုကလည်းတစ်စ တစ်စဖြင့် ရင့်သန်လာလေသည်။ ဦးထွန်းခင်သည်နေဝင်သည်နှင့်ခြံ တံခါးတို့ကိုပိတ်၍ဘုရားသောက်တော်
ရေကို ကပ်လှူ၍ အိမ်ရှိ တံခါးများကို
အကုန်ပိတ်လိုက်၏။ ထို့နောက် ဘုရား

ကျောင်းဆောင်ရှေ့တွင်ရှိခိုးပြီးမေတ္တာပို့
အမျှဝေလိုက်၏။
ထိုစဉ် ရွာထိပ်စာသင်ကျောင်း
ဘက်မှ ဆွဲဆွဲငင်ငင် အူလိုက်သောခွေး
အူသံတို့သည်ကား နားကြောစိမ့်
လောက်အောင် ဆူညံစွာ ထွက်ပေါ်လာ လေသည်။ “ဝူ-အု” “အုံ-အူး”
ဒေါ်လှခင်ကမူ အိပ်ရာပြင်နေရင်း
မှ ။

“ခွေးအူသံကလည်း ဒီနေ့မှ ပိုပြီး ကျက်သရေမရှိလိုက်တာတော်”
ဦးထွန်းခင်ကမှန်အိမ်မီးကိုအလင်း
အားကောင်းရန် မြှင့်လိုက်ရင်း..
“ကလေးတွေကိုအခန်းထဲခေါ်သိပ်
တော့ဟေ့”
“အစောကြီး ရှိသေးတယ်၊ သူတို့
အိပ်ပါ့မလား”
“မအိပ် အိပ်၊ အိပ်ကွာ – အခန်းထဲ
သွားတော့”
စိတ်မတိုစဖူး ငေါက်ဆတ်ဆတ်
အသံကြောင့် ဒေါ်လှခင်လည်း ကလေး တွေကိုခေါ်၍ အခန်းထဲသို့ ဝင်သွားလေ
၏။

ဦးထွန်းခင်သည် ဘုရားကျောင်း
ဆောင်မှ ပရိတ်ရေ ပရိတ်သဲတို့ကို အိမ်
အနှံ့ ကျဲပက်ထားလိုက်သည်။ ဘုရား ကျောင်းဆောင်တွင်လည်းမီးပူဇော်ကာ ကြေးစည်ကို တနောင်နောင်ထု၍ အမျှ
ဝေပြီးမေတ္တာပို့နေလိုက်သည်။
သိပ်၍ မကြာလိုက်ပါ။ ရွာထဲတွင် ဆူညံ ဆူညံအသံများကို ကြားလိုက် ရသည်မို့ အသနားစွင့်နေလိုက်သည်။ လမ်းပေါ်တွင်တချို့ပြေးလွှားသံများ
လူသံ၊ ခွေးသံနှင့် ကလေးငိုသံများက ဟိုမှ သည်သို့ ကြားနေရသည်။ ဒေါ်လှ ခင်က အခန်းထဲမှ ထွက်လာပြီး … “ရွာထဲမှာ ဘာတွေများ ဒီလောက်
ဆူညံတာလဲ – ကိုထွန်းခင်”
ဦးထွန်းခင်ကလက်ကာပြု၍အသာ နေဟုဆိုသည့်သဘောဖြင့်ပြ၍ကလေး နှစ်ယောက်ကို ဘုရားကျောင်းဆောင် ရှေ့သို့ ပြောင်းရွှေ့လိုက်ပြီး ဒေါ်လှခင်ကို
လည်းကလေးနားတွင်အတူနေရန်ပြော
ကာ
“ဘာဖြစ်နေတယ်ဆိုတာ မင်းတို့
မနက်ကျရင် အကုန်ပြောပြမယ်” စကားအဆုံးတွင် အိမ်ရှေ့သို့ထွက် လာပြီး အိမ်ပြတင်းပေါက်မှနေ၍ စိန် သောင်းတို့အိမ်ဘက်သို့ မျက်နှာမူ၍ …

“စိန်သောင်းရေဟေ့စိန်သောင်း”
စိန်သောင်းသည် ခြံစည်းရိုးနားသို့
ကပ်၍ …
“ဗျာ-ဦးလေး” ဟုထူးလိုက်၏။ “ရွာထဲမှာဘာတွေဖြစ်လို့ဒီလောက်
ဆူညံနေတာလဲကွ – ဟေ”
“ကင်းသမားတွေပါဗျာ။ စာသင်
ကျောင်းက သရဲခြောက်လို့ ကြောက်ပြီး
ပြန်ပြေးလာကြတာ” “အု-အူး”
“ဟာ-ဒီခွေးကလည်း လန့်လိုက်
တာ-တောက်”
စိန်သောင်းခွေးက အမှတ်တမဲ့
ထအူလိုက်တော့ စိန်သောင်း လန့်သွား
၍ခွေးကို ငေါက်လိုက်လေသည်။ စိန်
သောင်းလည်း အိမ်ထဲသို့ ပြန်ဝင်သွား
လေသည်။
“ဟူး- ဒုက္ခတွေတော့ ရောက်ကုန်
တော့မှာပဲ”
ဟုတစ်ကိုယ်တည်း ရေရွတ်လိုက်
မိသည်။ မိမိတို့ရွာတွင် ဘာတွေဖြစ်လာ ဦးမလဲ မသိတော့ပါ။ တစ်ခုခုတော့ မှား ယွင်းနေသည်ကတော့ အမှန်ပင်။ ဦးထွန်းခင်သည် တစ်ခါဖူးမှ မကြုံဘူး သော ထူးဆန်း၍ ကြောက်မက်ဖွယ်ရာ

ကောင်းလှသည့် ပရလောကသားများ
သည်မိမိတို့ရွာသို့မည်သို့မည်ပုံရောက် လာကြသလဲဆိုသည်ကိုစဉ်းစားမရနိုင် အောင်ရှိနေပါတော့သည်။
ဥက္ကဋ္ဌအိမ်တွင်ဖြစ်သည်။ တစ်အိမ် တစ်ယောက် ဆင့်ခေါ်ထားသဖြင့် အိမ်
ရှေ့ရှိ မြေကွက်လပ်တွင် လူများ ပြည့် နှက်နေကြသည်။ ကျောင်းထိုင်ဆရာ တော်ကိုလည်းပင့်ထား၍အသင့်ရောက်
နေသည်။
နံနက် ရှစ်နာရီခန့် ရှိရော့မည်။
ဥက္ကဋ္ဌက မတ်တတ်ရပ်၍ ..
“အားလုံး ခဏငြိမ်ပေးကြပါ”
ဥက္ကဋ္ဌ၏ အသံကြောင့် တီးတိုး
သဖန်းပိုးထိုးနေကြသော သူများ တိတ်
ဆိတ်သွားကြ၏။ ဥက္ကဋ္ဌကစကားဆက်
၍ပြော၏။
“ဘာကစပြီး ပြောရမှန်းတောင်
မသိအောင်ပဲဖြစ်နေမိတယ်” ဥက္ကဋ္ဌကစကားကိုခေတ္တရပ်လိုက် ပြီး ဆက်ပြောပြန်သည်။
“တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဒိုင်နယ်ဥက္ကဋ္ဌဖြစ်တဲ့ ကျုပ်က သည် အကြောင်းပြောရတာရှက်တော့ရှက်မိ

ပါတယ်။ကျုပ်တို့ရွာမှာမကောင်းဆိုးဝါး
တွေ ရောက်နေတာ ခင်ဗျားတို့လည်း
ကြားသိရမှာပါ”
ဥက္ကဋ္ဌက စကားကို ရပ်၍ ရွာသား
တွေကို အကဲခတ်လိုက်သည်။ လူအုပ် ထဲမှတစ်ယောက်က …
“ညက ကင်းသမားတွေကို သရဲ အခြောက်ခံရတယ်လို့ကြားတာတကယ်
ပဲလား ဥက္ကဋ္ဌကြီး”
“ဟုတ်တယ် – ညတုန်းက လူငယ် ငါးယောက်ကို စာသင်ကျောင်းမှာ ကင်းချလိုက်တာမကောင်းဆိုးဝါးတွေနဲ့ တွေ့ ပြီး ကြောက်လန့် တကြားနဲ့
ပြေးလာခဲ့ရတယ်။ ဒီအရင် ပထမဦးဆုံး
အခြောက် အလှန် ခံရသူကတော့
ဦးထွန်းခင်ပါ။ သူနဲ့ သရဲနဲ့ တွေ့တော့
သရဲကနှစ်ကောင်။ ဒုတိယတွေ့တဲ့သူက
မြင့်သောင်းပါ။ သူ တွေ့ခဲ့တာက သရဲ
သုံးကောင်၊ညကကောင်လေးတွေတွေ့
တာကြတော့ သရဲက ဆယ်ကောင်တဲ့
မနည်းတစ်အုပ်စုကြီးတွေ့လိုက်ရတာလို့
သိရတယ်။ ဒီအတိုင်းဆိုတော့
မကောင်းဆိုးဝါးတွေဟာတစ်နေ့တခြား ပိုပြီးတိုးလာနေသလိုဖြစ်နေပြီ” လူကြီးတစ်ယောက်က
“ဘယ်လိုကြောင့် ဒီသရဲတွေက
အစုလိုက်အပြုံလိုက်ကြီး ကျုပ်တို့ ကျောင်းမှာ ရှိနေရတာလဲ” လူကြီးတစ်ယောက်လည်းလက်ပြ
“ဒါဟာ သွေးရိုးသားရိုးတော့ မဖြစ် နိုင်ဘူး။ ပထမကျောင်းဖွင့်တဲ့ သုံးလလုံး ဘာမှ မဖြစ်ဘဲနဲ့ အခုမှ ဒါမျိုးတွေ ဖြစ် တယ်ဆိုတော့ စဉ်းစားစရာပဲ”
ဤသို့ဖြင့် တစ်ယောက်တစ်မျိုး ထင်မြင်ချက်ပေး၍တီးတိုးသံများထပ်မံ ၍ထွက်လာပြန်သည်။ တချို့လူငယ် တွေကနောက်ပြောင်သလိုဖြင့်…
“သူတို့ကိုဧည့်စာရင်းစစ်လိုက်ရင်း ဘယ်က လာတယ်ဆိုတာ သိနိုင်တာ
ပေါ့”
လူတချို့တီးတိုးရယ်သံများ ထွက်
ပေါ်လာသည်။
တခြားတစ်ယောက်ကလည်း…
“သရဲကို ဧည့်စာရင်း သွားစစ်လို့ မှတ်ပုံတင်ထုတ်မပြဘဲဟိုဟာကြီးထုတ်
ပြလိုက်လိမ့်မယ်” “ဖြန်း ဖြန်း”
ဆရာတော်က စားပွဲကို တုတ်ဖြင့်
ရိုက်၍…
“ကဲ – ကဲ – တော်ကြတော့။ ပေါက် ကရတွေ ပြောရမယ့် အချိန်မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် ဘုန်းကြီးကတော့ ဘုန်း
ကြီးတာဝန်ကျေအောင်ရပ်ရွာအေးချမ်း
ရေးကို အလေးထားပြီး နီးစပ်ရာ ဆရာ
တော်၊ သံဃာတော်တွေကို စုစည်းပြီး
အန္တရာယ်ကင်းပရိတ်ရွတ်မယ်။ ဒီရက်
ပိုင်းမှာတော့ ညဘက် အပြင်မထွက်ကြ နဲ့။ နေဝင်တာနဲ့ရွာမကြီးရဲ့တံခါးနဲ့ မိမိတို့ အိမ်တံခါးတွေကိုပိတ်ပြီးနေကြ ဆရာတော်သည်တိုရင်းလိုရှင်းဆို
သလို စကားကို အဆုံးသတ်၍ကျောင်း သို့ ပြန်ကြွသွားလေတော့ သည်။ ထိုနေ့ညကတော့ မည်သူမှ ကင်း တာဝန်မချတော့ချေ။ ဘယ်သူမှလည်း စောင့်ရဲကြမည် မထင်ပါ။ မြို့မှ လာနေ သော ဆရာ၊ ဆရာမများလည်း
အကြောက်လွန်ကာနေ့ခင်းဘက်ပင်စာ
မပြချင်တော့သလို ဖြစ်နေကြတော့
သည်။
ဥက္ကဋ္ဌမှ ဆရာ၊ ဆရာမများအား အဖော်ရစေရန် နေ့လယ်ဘက် စာသင် ချိန်တွင် စာသင်ခန်းအဝတိုင်းတွင် ရွာ သားများကို နေရာချထားပေးမည်ဟု ပြောထားရသည်။
သည်လို နှင့် နောက်နေ့တွင်
ကျောင်းပိတ်ရက်ဖြင့် တိုက်ဆိုင်ပြီး ဆရာတော်များမှ နှစ်ရက်လုံးလုံး ပရိတ် ရွတ်၊ ပဋ္ဌာန်းရွတ်ပေးကြ၏။
ရွတ်နေသော အချိန်မှာတောင် နေ့လယ်ဘက် လေမတိုက်ပါဘဲနှင့်
ကျောင်းသွပ်မိုးများမှာ တဝုန်းဝုန်းနှင့်
ရှိနေပါသည်။
ကျောင်းတံခါး ရွက်များမှာလည်း
အလိုအလျောက် ဖွင့်ချည်ပိတ်ချည်နှင့်
တဖြောင်းဖြောင်း တဒိုင်းဒိုင်းနှင့် ရှိနေ
ပါတော့သည်။
တော်တော်ပင် သောင်းကျန်းနေ
တော့သည်။နောက်- တဖြည်းဖြည်းနှင့်
ငြိမ်၍ သွားလေတော့သည်။ သို့သော်
လည်း ခဏသာပင် ကျောင်းထဲတွင်
ဆရာတော်များမရှိတော့သောအခါ နဂို
အတိုင်းပင် သောင်းကျန်းပြန်လေ
သည်။
ဘယ်လောက်အထိ ဆိုးသလဲဆိုရ
ပါလျှင် သရဲတစ္ဆေများသည် ကျောင်း
သားထမင်းချိုင့်များထားသောခုံပေါ်တွင်
လှန်လှောစားသောက်နေသည်များပင်
ရှိနေ၏။
ကြာလာတော့ ရွာထဲမှ ကျောင်း
သားများပါမကဘေးရွာမှကျောင်းသား
များမှာ မလာကြတော့ပေ။ ဆရာများ လည်း မြို့သို့ ပြန်သွားကြလေတော့
သည်။
ကလေးများ၏ပညာရေးကို ထည့် စဉ်းစားရပေတော့မည်။ သို့ဖြစ်၍ ဥက္ကဋ္ဌ

နှင့် လူကြီးတချို့မြို့နယ်ပညာရေးမှူးရုံး သို့ သွား၍အကူအညီတောင်းကြ၏။
ဥက္ကဋ္ဌနှင့် လူကြီးများ ပညာရေးမှူး နှင့်တွေ့သောအခါ ပညာရေးမှူးက … “ဥက္ကဋ္ဌတို့အနေနဲ့ကိုယ့်ရွာရဲ့အခြေ ကိုပဲငြိမ်သက်အောင်အရင်ဖြေရှင်းသင့်
ပါတယ်။ ဒီလိုသာ ဆက်ပြီး ထိတ်လန့်
ကြောက်ရွံ့နေကြရရင် ဘယ်ဆရာ၊
ဆရာမကမှ ဆင်ခြင်ကြမှာ မဟုတ်ဘူး။
သူတို့ တစ်တွေလည်း နယ်ပြောင်းချင်
ပြောင်းရပါစေဆိုပြီး စာတွေတင်ထားကြ
တယ်”
ပညာရေးမှူးစကားကရှင်းပါသည်။ ဥက္ကဋ္ဌတို့အဖွဲ့လည်း အကောင်းဆုံး နည်းလမ်းကို စဉ်းစား၍ တိုင်ပင်ညှိနှိုင်း ကြရာ စာသင်ကျောင်းက ပြဿနာကို
မဖြေရှင်းနိုင်ခင်စာအသင်မပျက်အောင် ရွာကဘုန်းကြီးကျောင်းသို့ရွှေ့ပြောင်း၍ စာသင်ရန် ဆုံးဖြတ်လိုက်ကြ၏။ ပညာရေးမှူးကိုလည်း အကျိုး အကြောင်းပြောပြ၍ဆရာတွေအတွက်
အန္တရာယ်မဖြစ်အောင် သေချာစောင့်
ရှောက်ပါမည့်အကြောင်းအမျိုးမျိုးကတိ
ပေး၍ တောင်းပန်တော့ ပညာရေးမှူး
လည်းလိုက်လျောလိုက်၏။
သို့ဖြင့်ကျောင်းသားမိဘများဆီသို့ ဆက်သွယ်အကြောင်းကြား၍ဘုန်းကြီး

ကျောင်းတွင် စာကို သင်စေတော့ သည်။
စာသင်ကျောင်းထဲကတော့ နေ့ည
မရွေး ထင်တိုင်းခြောက်လန့်နေတော့ သည်။ အကောင် အရေအတွက် ကလည်း များလာသလို ပုံစံအမျိုးမျိုး
ရှိကြသည်။ တစ်ခုကောင်းသည်က
သူတို့ သည် ရွာထဲနှင့် ရွာသားများကို
ဝင်ပူးခြင်း၊ ဖမ်းစားခြင်း မလုပ်ကြသလို
သူတို့နေထိုင်ရာ စာသင်ကျောင်းဝင်း
အတွင်းမှ အပြင်သို့ မထွက်ကြခြင်းပင်
ဖြစ်၏။
ရက်အနည်းငယ်ကြာလာတော့ရွာ
ထဲက အရက်သမားများနှင့် ခပ်နောက် ရှိသောလူရှုပ်တွေက စာသင်ကျောင်းရဲ့ ခြံစည်းရိုးအပြင်ဘက်ကနေ၍ စားစရာ
များ ယူလာပြီး အစာကျွေး၍ နောက် ပြောင်တတ်ကြသေးသည်။ တချို့ကဆိုလျှင် .. “ဟေ့ – စားချင်ရင် လာယူလှည့်” ဟုပြောပြီးမုန့်ထုပ်ကိုကျောင်းစည်း ရိုးတွင်ချိတ်ထားလိုက်သည်နှင့် ဝုန်းခနဲ အသံကြီးမြည်သွားကာမုန့်ထုပ်ကိုဆွဲ၍
သွားလေ၏။
“အကောင်အထည်ပြပါဟ။ ဘာ
ပုံစံလဲ ကြည့်ချင်လို့ပါ”

ဟုဆိုလျှင်စာသင်ကျောင်း၏ဝရန် တာပေါ်တွင် ခုန်ပေါက်၍ ပုံစံအမျိုးမျိုး ဖြင့် ကျွမ်းထိုးပြတတ်လေသည်။ “ကံတစ်လှည့်” ရွာ၏သတင်းသည် ခရီးသွား ဘုန်းကြီးတစ်ပါးရောက်လာခဲ့ လေသည်။ ဘုန်းကြီးမှာ သက်တော် လေးဆယ်ဝန်းကျင်လောက်ပဲ ရှိမည်။
ရွာက ဆရာတော်ထံခွင့်တောင်း၍
ကျောင်းအောက် မီးဖိုဆောင်ရှိသော အခန်းနှင့်ကပ်လျက် အဆောင်လေး ထဲတွင်နေ၏။
တစ်ညတွင် ကျောင်းထိုင်ဆရာ
တော်နှင့်အာဂန္တုဧည့်သည်ဘုန်းကြီးတို့ ရေနွေးသောက်ကြရင်း တရားသဘော များ ဆွေးနွေးကြ၍ ထွေရာလေးပါး
စကားလက်ဆုံကြလျက်ရှိနေကြ၏။ ထိုကဲ့သို့ပြောဆိုနေကြရင်းအာဂန္တု
ဘုန်းကြီးက …
“အရှင်ဘုရားတို့ရွာမှာ မကောင်း
ဆိုးဝါးမှင်စာတွေ ရွာလုံးကျွတ် ရှိနေကြ
တာ သိပါရဲ့လား ဘုရား” ကျောင်းထိုင်ကိုယ်တော်က ခေါင်း
ညိတ်၍.
“တင်ပါ – ဘုရား သိပါတယ်”
“ဘာဖြစ်လို့ နှင်မထုတ်ကြတာလဲ ဘုရား။ ကြာရှည်ထားလို့ ကောင်းတဲ့ အရာမှ မဟုတ်တာ”
ချ၍…
ကျောင်းထိုင်ကိုယ်တော်သက်ပြင်း
ဟု အစချီ၍ အကြောင်းစုံ ပြောပြ လေတော့၏။ အာဂန္တကိုယ်တော်က သေချာ အာရုံစိုက်၍ နားထောင်ပြီး မျက်လုံးကိုမှိတ်ထားလိုက်ပြီးခဏကြာ
တော့
“သူတို့ကို အဲဒီနည်းနဲ့တော့ နှင်လို့ မရနိုင်ဘူး ဘုရား။ ဘာဖြစ်လို့လည်းဆို တော့ ခေါ်တဲ့သူက ခေါ်လာပြီးမှတော့ နဂိုကတည်းကခေါ်လာတဲ့လူကပဲထိုသို့ ပြန်နှင်ထုတ်လို့ရမှာပါ ဘုရား” “ဘယ်သူကများဒီမကောင်းဆိုးဝါး တွေကို ခေါ်လာပါလိမ့်။ ကိုယ်တော် ရယ် – မကြောက်မရွံ့နဲ့”
အာဂန္တုကိုယ်တော်က …. “အရှင်ဘုရား ခွင့်ပြုမယ်ဆိုရင်အဲဒီ မကောင်းဆိုးဝါးတွေကို တပည့်တော် နှင်ထုတ်ပေးပါမယ် ဘုရား” အာဂန္တုဘုန်းကြီးစကားကြောင့် ကျောင်းထိုင်ကိုယ်တော်မှာ ဝမ်းသာ သွားရပြီး အားတက်သရောဖြင့်.. “လုပ်ပါ- အရှင်ဘုရား၊ တပည့်
တော် ခွင့်ပြုပါတယ်၊ လိုအပ်တာလည်း မိန့်ပါ။ တတ်နိုင်သမျှ အစစအရာရာ ကူညီပါမယ်”

ကျောင်းထိုင်ဆရာတော်သည် အားရဝမ်းသာစွာဖြင့် ခွင့်ပြုလိုက်၏။ ထို့နောက်- အာဂန္တုကိုယ်တော် … “ဘာမှ ထွေထွေထူးထူး မလိုအပ် ပါဘူး ဘုရား။ မနက်ကျရင်သာ ဥက္ကဋ္ဌ
အပါအဝင် ခြံစည်းရိုးခတ်ဖို့ စည်းရိုး
တိုင်နဲ့ဝါးတွေခုတ်ပြီးတာဝန်ထမ်းဆောင်
ခဲ့တဲ့ လူစာရင်းအတိုင်း စုံလင်အောင်
ခေါ်ထားပေးစေလိုပါတယ် ဘုရား” “စိတ်ချပါ-ကိုယ်တော်။ ဒါက အလွယ်လေးပါ၊ ဖြစ်ရပါစေ့မယ်” ဤသို့ နယ် – ကိုယ်တော်နှစ်ပါး ပြောဆိုကြပြီး စကားဝိုင်းကို သိမ်းလိုက် ကြပါတော့သည်။ ကျောင်းထိုင် ကိုယ် တော်ကတော့မိမိရွာ၏အခြေအနေဆိုး
ကို ပြုပြင်နိုင်သော ကယ်တင်နိုင်သော
ဆရာတော်နှင့် တွေ့ရပြီဟု တွေးလျက်
ဝမ်းသာနေမိပါသည်။ မိမိတာဝန်က
မနက်မိုးလင်းတာနှင့် ဥက္ကဋ္ဌနှင့်အတူ
မျောတိုင်နှင့် ဝါးများ ခုတ်ပေးသော သူ
များကို စုစည်းပေးရမည် မဟုတ်ပါလား
ဟုတွေးရင်း..
နံနက်လင်းသည်နှင့် ကျောင်းထိုင် ဘုန်းကြီး၏ ဆင့်ခေါ်ခြင်းကြောင့် ဥက္ကဋ္ဌ နှင့်အတူ မျောတိုင်ခုတ်ထွင်ရာတွင် ပါဝင်ကြသောသူများသည် ဘုန်းကြီး
ကျောင်းသို့ တစ်ယောက်ပြီးတစ် ယောက် တဖွဲဖွဲ ရောက်လာကြလေ
သည်။
ထို့နောက် အာဂန္တုကိုယ်တော်က
အားလုံးကို စုစည်းစေ၍ဥက္ကဋ္ဌအား…
“မျောတိုင်ခုတ်တဲ့သူက ဒါအကုန်
ပဲလား ဒကာကြီး။ သေချာ စစ်ဆေးပေး ပါဦး။ တစ်ယောက်မှ ကျန်လို့ မဖြစ်ပါ
ဘူး”
ဥက္ကဋ္ဌကမတ်မတ်ရပ်၍လက်ထဲမှ စာရင်းစာအုပ်ကို ဖွင့်၍ … “တပည့်တော်စာရင်းနဲ့တိုက်ပြီးလူ
စစ်ပေးပါ့မယ် ဘုရား” စာရင်းစာအုပ်ကို ကြည့်၍…
“ဦးတင်သန်း” “ရှိပါတယ်”
“ဦးလှငွေ” “ရှိပါတယ်”
စသဖြင့် စာရင်းကိုကြည့်၍ လူနာ မည်ကို ခေါ်ပေးနေသည်။ တစ်ယောက် ပြီးတစ်ယောက်လာရာ… “တင်ကြိုင်”
တယ်”
“တင်ကြိုင်”
“တင်ကြိုင် မရောက်သေးဘူးထင်
တစ်ယောက်ကဝင်၍ပြောသည်။
ဥက္ကဋ္ဌက ဤလူများကို ဆက်၍ အမည်များကိုခေါ်သွားလေရာတင်ကြိုင် မှလွဲ၍အားလုံးစုံလင်သဖြင့် ..
“အရှင်ဘုရား တင်ကြိုင်တစ် ယောက်ကလွဲရင် လူအားလုံး အစုံပါပဲ
ဘုရား”
အာဂန္တုကိုယ်တော်က …
“အဲဒီဒကာ တင်ကြိုင်ကို ခေါ်လို့
ရရင် ခေါ်ပေးပါ”
ပြီး …
လူတစ်ယောက်ထ၍ ရပ်လိုက်
“ဥက္ကဋ္ဌ ဒီကောင် ဘယ်မှာရှိတယ် ဆိုတာကျွန်တော်သိတယ်။အခုလောက်
ဆို ကိုပုအရက်ဆိုင်မှာ ရှိနေလောက်
တယ်”
“အေး- အဲဒါဆိုလည်း မင်းပဲသွား ပြီး မြန်မြန်သာ ဆွဲခေါ်လာခဲ့ကွာ။ သွား-
သွား”
ဥက္ကဋ္ဌ စကားအဆုံး ကောင်လေး တစ်ယောက်ပြေးထွက်သွားလေသည်။ သိပ်မကြာလိုက်ပါ၊ ထွက်သွားကောင်
လေးနှင့်အတူ အရက်မူးနေသော တင်
ကြိုင်သည် ဒယိမ်းဒယိုင်နှင့် ပါလာလေ
သည်။ တင်ကြိုင်က ဆရာတော်ကို မြင်
တော့ ဦးချနေ၏။
ဆရာတော်က ..
“ကဲ – ဥက္ကဋ္ဌ၊ ခြံစည်းရိုးခတ်ဖို့
အတွက် ဘယ်ပုံစံနဲ့ တာဝန်ချပြီး ခွဲတမ်း
ဝေသလဲဆိုတာရှင်းပြပါဦး”
“တင်ပါ့ဘုရား – စာသင်ကျောင်းရဲ့
ရှေ့မျက်နှာစာအရှေ့ဘက်ထောင့်ကနေ
စပြီးတာဝန်ကျတစ်ဦးကိုငါးပေအကျယ်
တစ်ခန်းစာအတွက် ခြံစည်းရိုးတိုင်
(မျောတိုင်)နှစ်တိုင်နဲ့ ဝါးငါးလုံး ခုတ်ပြီး
ကိုယ့်အခန်းကို စိုက်ထူဖို့ တာဝန်ပေးခဲ့
ပါတယ် ဘုရား”
“အခန်းစဉ်အလိုက်တိုင်း နာမည်
တွေနဲ့ ချပေးထားတာပေါ့”
“တင်ပါ့ဘုရား – အဲဒီအတိုင်းပါပဲ။ တချို့ကတော့ အနောက်တောတက်ပြီး သစ်နဲ့ဝါးကို ခုတ်ပြီး စည်းရိုးထားကြ သလို တချို့အိမ်မှာ အပိုရှိတဲ့ သူတွေ ကလည်းသူတို့အိမ်ကသစ်နဲ့ဝါးကိုယူပြီး
ကာကြပါတယ် ဘုရား”
ဆရာတော်သည် ခေါင်းညိတ်၍
အနည်းငယ် စဉ်းစားနေလိုက်သည်။
နောက်- ဆရာတော်ကပင် …
“ကျုပ်အနေနဲ့မကောင်းဆိုးဝါးတွေ
ဘာကြောင့် ရောက်လာသလဲဆိုတာ သိဖို့လိုတယ်။ အဲဒီလိုသိမှလည်း သူတို့ ကိုနှင်ထုတ်လို့ရမှာ။ ကဲ- ကျုပ်မေးတာ
ကို ဒကာကြီးတို့အနေနဲ့ လက်ထောင် ပြပြီး အဖြေပေးပါ။ အနောက်တောကို တက်ပြီး သစ်ဝါးခုတ်တဲ့သူတွေ လက်
ထောင်ပါ”
ဆရာတော်က ဆိုလိုက်တော့ လူ
တော်တော်များများ လက်ထောင်ကြ
လေသည်။ ဆရာတော်လူအုပ်ကိုကြည့်

“ဒီလိုလုပ်ပါလား။ လက်ထောင်
ထားတဲ့ သူတို့က တခြမ်း သတ်သတ်
ခွဲနေပါ”
သို့ဖြင့် လက်ထောင်ထားသော သူများတစ်ဖက်သို့ စုလိုက်ကြ၏။
“ကိုယ့်အိမ်က သစ်ဝါးနဲ့ ခြံစည်းရိုး ကာတဲ့သူတွေနောက်ဆုတ်ပါ”
ဤနေသော လူအားလုံး နောက် ဆုတ်သွားကြရာတင်ကြိုင်တစ်ယောက် သာရှေ့တွင်ငုတ်တုတ်ကလေးကျန်နေ
ခဲ့သည်။
ဥက္ကဋ္ဌက တင်ကြိုင်ကို ကြည့်၍… “ဟ – တင်ကြိုင်၊ မင်းက ဘာလုပ်
နေတာတုံး”
ဟု မေးလိုက်ရာ တင်ကြိုင်က ခပ် တည်တည်မျက်နှာထားနှင့်…
“ဟာ-ဥက္ကဋ္ဌကလည်းဆရာတော် မေးတဲ့အထဲမှာ ကျုပ်က ဘယ်ဟာမှ

တင်ကြိုင်ပုံစံမှာ
မဟုတ်သေးလို့ မလှုပ်မယှက် ငြိမ်ငြိမ် လေးထိုင်နေတာပေါ့- အေ့-”
ခပ်အေးအေးပင်
ရှိနေ၏။ ဥက္ကဋ္ဌက ခေါင်းကုတ်လိုက်
ပြီး…
“နေစမ်းပါဦး – မင်းက အနောက် တောမှာသွားပြီးသစ်ခုတ်လည်းမလိုက်
ဘူး၊ အိမ်ကရှိတဲ့ သစ်ဝါးနဲ့လည်းမဟုတ်
ဘူးဆိုတော့မင်းတာဝန်ကျတဲ့အခန်းကို
ဘယ်ကသစ်ဝါးတွေနဲ့လုပ်တာလဲ။ကဲ-
ပြောစမ်းပါဦး”
တင်ကြိုင်သည်မတ်တတ်ရပ်လိုက်
ပြီးလက်ကလေးပိုက်ကာ ခန္ဓာကိုယ်ကို
ကြိုးစားထိန်း၍…
“ကျွန်တော်က သူများတွေလို
အပင်ပန်းခံစရာ မလိုပါဘူး။ အေ့ – မုန်း
ဆိပ်ကို ရေချိုးသွားတုန်းက ရေထဲက
မျောလာတဲ့ သစ်လုံးတစ်လုံးကိုတွေ့လို့
ဆယ်လာတာပါ။ အေ့ – တိုင်က တော်
တော်ရှည်တော့ မနည်းပဲ ဆယ်လိုက်
ရတယ်။ နောက် အိမ်ကို ပြန်ပြီး ဓားနဲ့
အလယ်ကပိုင်းလိုက်တော့ ဟော – ခြံ ဘ-ခြံ စည်းရိုးတိုင် နှစ်လုံးရတော့တာပေါ့။ ဥက္ကဋ္ဌကြီးရဲ့ အဲဒီတိုင်နှစ်လုံးကို ဆယ် တော့ ဧည့်သည်သားအဖနှစ်ယောက် ကတောင် ကူညီပြီး စာသင်ကျောင်းနား အထိလိုက်ပို့သေးတယ်ဗျာ”
ဆရာတော်က တင်ကြိုင်၏စကား
ကိုနားထောင်ပြီး…
“တိုင်တွေကိုရေဆိပ်က သယ်လာ
တာဘယ်အချိန်လောက်ကလဲ-ဒကာ”
တင်ကြိုင်က လက်အုပ်ကလေး
ချီ၍…
“ညနေ နေဝင်ရီတရော အချိန်ပါ
ဘုရား
“ဒကာကြီးကို လိုက်ပို့တဲ့ သူတွေ ကတခြားဘာပြောသေးလဲ”
“မပြောပါဘူး- ဘုရား။ တပည့် တော်က အရက်တိုက်မလို့ အိမ်ကို ခေါ် တာတောင်မလိုက်တော့ပါဘူးတဲ့။ ကျုပ်
တို့ စာသင်ကျောင်းမှာ ခဏနေခဲ့ချင်လို့
နေခဲ့ပါတော့မယ်တဲ့။ အဲဒါတပည့်တော်
ကလည်းနေ၊ကြိုက်သလောက်သာနေ
ပါလို့တောင် ပြောခဲ့ပါတယ် ဘုရား။
တပည့်တော်မလိမ်ပါဘူးဘုရား။ အရက်
သောက်တာကလွဲရင် သူများခုတ်ထား
တဲ့ သစ်ကို မခိုးပါဘူး”
ဆရာတော်က ကျေနပ်အားရစွာ
ခေါင်းညိတ်၍…
“ကဲပါ – ဒကာကြီးကို ကျုပ် ယုံပါ
တယ်။ ဥက္ကဋ္ဌကြီး အဖြေကတော့ သိရပါပြီ။ မသိနားမလည်တော့လည်း အမှားဆိုတာ လုပ်မိသွားတတ်တာပေါ့”
ဥက္ကဋ္ဌနှင့်အတူ
ရွာသားများမှာ
ဆရာတော်၏ စကားကို နားမလည်ဘဲ
ရှိကြရာ ဥက္ကဋ္ဌသည် ဆရာတော်ကို
လက်အုပ်ချီ၍…
“တပည့်တော်တို့တော့ ဉာဏ်မမှီ
လို့ နားမလည်နိုင်အောင်ပါပဲ ဘုရား” ထိုအခါ ဆရာတော်က တည်ငြိမ်
“မကောင်းဆိုးဝါးတွေ စာသင်
စွာဖြင့်…
ကျောင်းထဲကို ရောက် လာရတဲ့
အကြောင်းကတော့ သူတို့တစ်တွေဟာ
ဘဝကူး မကောင်းခဲ့ကြလို့ ရေထဲမှာ
အသက်ဆုံးပါးသွားကြတဲ့ ဝိညာဉ်တွေ
ဟာ နေစရာမရှိ ထိုင်စရာမရှိဘဲ ရေထဲ မှာ မျောနေတဲ့ သစ်တုံးကို မှီတွယ်ပြီး
နေကြရရှာတယ်။ အဲဒီအခါမှာ သစ်တုံး
ကိုဆယ်တဲ့လူနဲ့ဆယ်တဲ့အချိန်အခါအရ
သူတို့အတွက် အခွင့်အရေး ဖြစ်သွားခဲ့
တယ်။နောက်ပြီးသူတို့တစ်တွေမှီတွယ်
နေထိုင်တဲ့ သစ်တုံးကို ဆယ်လိုက်တဲ့
သူကိုလည်း ဥပါယ်တံမျဉ်နဲ့ နေခွင့်
တောင်းပြီး နေခွင့်ရသွားခဲ့တယ်။ ဒါ
ကြောင့် ရေထဲမှာ ကမ်းတင်ဖြစ်နေတဲ့
သူတို့တစ်တွေဟာဒီစာသင်ကျောင်းမှာ
စိတ်ကြိုက်နေပြီးဘယ်လိုမှနှင်ထုတ်လို့
မရခဲ့တာပါပဲ”
ဆရာတော်က ရှည်လျားစွာ ရှင်းပြ
လေသည်။ နားထောင်နေကြသော သူ
များမှာ ဆရာတော်၏ စကားကို နား ထောင်ပြီးအံ့ဩစွာဖြင့်ရှိနေကြ၏။
ယခု
မှပင်စာသင်ကျောင်းကမကောင်းဆိုးဝါး
တွေအကြောင်းကို ရှင်းလင်းစွာ သိကြ
ရလေသည်။
ကျောင်းထိုင်ဆရာတော်ကအာဂန္တု
ကိုယ်တော်ကို ..
“ဒါဆိုရင် အရှင်ဘုရားအနေနဲ့ ဒီ
ကောင်တွေကို ရှင်းပုံနည်းလမ်း သိရ
ပါပြီလား- ဘုရား”
“သိရပါပြီ – ဘုရား။ တပည့်တော် အခုပဲရှင်းထုတ်ပြီး နှင်လွှတ်ပေးပါ့မယ်” အာဂန္တုဆရာတော်၏ စကား ကြောင့် အားလုံးမှာ ဝမ်းသာသွားကြ လေသည်။ အာဂန္တုဆရာတော်သည် သင်္ဃန်းကို ဖျဉ်၍ ထရပ်လိုက်ပြီး.
“ကဲ-ဥက္ကဋ္ဌကြီးအနေနဲ့ဒကာတင်
ကြိုင်ပြုလုပ်ထားတဲ့ခြံစည်းရိုးအခန်းကို
မမှားရအောင် သေချာစစ်ဆေးပြီး ပြန်
ဖျက်ပေးပါ”
ဥက္ကဋ္ဌသည်လက်အုပ်ချီ၍မျက်နှာ
အနည်းငယ်ပျက်ကာ မဝံ့မရဲဖြင့်…
“ပြန်ဖျက်တာကမမှားအောင်ဖျက်
လို့ ရပါတယ် ဘုရား။ ခက်တာက…”
ဆရာတော်က ….
“ဘာအခက်အခဲရှိနေလို့ လဲ –
ဒကာကြီးရဲ့
“ဟို – ကျောင်းထဲကိုဝင်ပြီး ဖျက် တော့သူတို့ကလက်ခံပါ့မလား။ မတော် ဒေါသတွေထွက်ပြီး အန္တရာယ်ပြုရင်
အခက်”
“ဒကာကြီးက ဒီငါးရွာအုပ် ဒိုင်နယ် ဥက္ကဋ္ဌ မင်း အသိအမှတ်ပြု ခန့်အပ်ထား သူမို့ အာဏာစက်သုံးရလိမ့်မယ်။ ကျုပ်
ကတော့ ဘုရားသားတော်ဖြစ်တဲ့ အတွက် ဓမ္မစက်သုံးရမှာပဲ။ ကျုပ်ကိုယ်
တိုင်ရှေ့ကဦးဆောင်ပြီးသွားမှာမို့ ဘာမှ
မစိုးရိမ်ပါနဲ့။ သူတို့ဘာမှမလုပ်နိုင်ပါဘူး။
ကဲ-လာကြ”
ဆရာတော်သည် စကားဆုံးသည် နှင့်ရှေ့မှဦးဆောင်၍စာသင်ကျောင်းရှိရာ သို့ထွက်ခဲ့လေတော့သည်။
သို့ဖြင့် ကျောင်းထိုင်ကိုယ်တော် နှင့်အတူ ဥက္ကဋ္ဌအပါအဝင် ရွာသားများ
မှာစာသင်ကျောင်းဝိုင်းအတွင်းသို့ဝင်၍ ဥက္ကဋ္ဌနှင့် တင်ကြိုင်တို့ ညွှန်ပြသော နေရာအား တစ်ယောက်တစ်လက်ဖြင့် ခြံစည်းရိုးတိုင်နှစ်တိုင်ကို ဝါးကပ်များ ဖျက်၍တူးထုတ်လိုက်ကြလေသည်။
ထိုကဲ့သို့ လုပ်ကိုင်နေစဉ် ကျောင်း
၏အပေါ်ထပ်မှာ ဆူညံစွာဖြင့် အသံများ ထွက်ပေါ်လာသည်ကိုအားလုံးကြားနေ

ရ၏။ ဆရာတော်က နှုတ်မှ မေတ္တာပို့၍
ဘာမှမကြောက်ကြရန် မိန့်ကြား၏။
ဥက္ကဋ္ဌကလည်း ကျောင်းဘက်သို့ မျက်
နှာမူ၍ …
“မင်းတို့ကို ငါ ပြောမယ်။ ဒီနယ်မှာ ငါဟာ အာဏာရဥက္ကဋ္ဌ ဖြစ်တယ်။ မင်း
တို့ကို ဒီစာသင်ကျောင်းနဲ့ ဒီနယ်နိမိတ်
ပတ်ဝန်းကျင်မှာ နေခွင့်မပြုနိုင်ဘူး။
ဒါကြောင့် မင်းတို့ တစ်ယောက်မကျန်
ထွက်သွားဖို့ အမိန့်ပေးတယ်၊ ဒါပဲ…”
ထို့နောက် တူးထုတ်ထားသော
တိုင်နှစ်လုံးကို သယ်၍ ရေဆိပ်သို့ ယူခဲ့
ကြလေသည်။ တစ်ချိန်ထဲမှာပင်
ကျောင်းပေါ်မှ ပြေးလွှား၍ ဆင်းလာ
ကြသော ခြေသံများနှင့်အတူ အချိန်
မဟုတ်ခွေးအူသံများဆူညံစွာထွက်ပေါ်
လာလေသည်။
သစ်တုံးကို ရေဆိပ်သို့ သယ်လာ သောသူများမှာ မတန်မချိ ဝန်ကို ထမ်း နေရသလို တဖြည်းဖြည်း လေးလာ သည်ဟု ခံစားကြရလေသည်။ ဤသို့ ဖြင့် အတော်ကြိုးစား၍ သယ်လာကြရာ မုန်းဆိပ်သို့ ရောက်သည်နှင့် ရေထဲသို့ ချ၍ ဆရာတော်သည် အေးဆေးသော အသံဖြင့် ..
“ကိုင်း – ပရလောကသားတွေ၊မင်း တို့ရဲ့သစ်တုံးပေါ်ကိုတက်ကြ”

ဟုပြောလိုက်သည်နှင့် ရေထဲတွင်
ရှိနေသော သစ်တုံးမှာ တကယ်ပင် လူ တက်လိုက်သလို နိမ့်နိမ့်လှုပ်ယမ်းသွား သည်ကို အထင်းသား မြင်နေရ၏။ ပို၍အံ့ဩစရာ ကောင်းသည်မှာ အစက ဘာမှမရှိသော သစ်တုံးပေါ်တွင်
ပိုးကောင်ငယ်မျိုးစုံတို့သည် ဘယ်လို
ရောက်မှန်းမသိ ရောက်လာကြရာ သစ်
လုံးနှစ်ခုပေါ်တွင် ပြည့်နှက်နေတော့
သည်။
အတော်ကြာအောင်စောင့်ဆိုင်းပြီး
နောက် ဆရာတော်သည် ထိုသစ်လုံး
နှစ်တုံးကို ရေစီးချောင်းဘက်သို့ အသာ
တွန်းပို့လိုက်လေသည်။ ရေစီးနှင့်အတူ
သစ်တုံးများသည် တရွေ့ရွေ့ဖြင့် မုန်း
ချောင်းအတိုင်း မျောပါသွားကြပြီး
တဖြည်းဖြည်းနှင့် မြင်ကွင်းမှ ပျောက်
ကွယ်သွားလေတော့သည်။
ဆရာတော်နှင့်အတူ လူအားလုံး
တို့သည်သစ်တုံးများပျောက်ကွယ်သွား
တော့မှ ရွာဆီသို့ ပြန်လာခဲ့ကြလေ
သည်။
ပျက်သွားသောခြံစည်းရိုးနေရာကို ကောင်းမွန်သော သစ်ဝါးတို့ဖြင့် ချက် ချင်းအစားထိုးပြီး ပြုပြင်လိုက်ကြလေ သည်။
ဒါတင်မကသေးဘဲစာသင်ကျောင်း
တွင်ရှိသော ဘုရားကျောင်းဆောင်မှာ
အစကဘုရားပုံတော်သာရှိခဲ့ရာအာဂန္တ
ဆရာတော်သည် ကျောင်းထိုင်ဆရာ
တော်၏ အကူအညီဖြင့် ကြေးဆင်းတု
တော်တစ်ဆူကိုပင့်၍စံပယ်စေ၏။
ယခုတော့ကံတစ်လှဲ့ရွာ၏အလယ် တန်းကျောင်းသစ်ကြီးသည် မည်သည့် အနှောင့်အယှက် အဟန့်အတားမှ မရှိ တော့ဘဲပကတိအေးချမ်းသွားပေပြီ။ အန္တရာယ်ကင်းသွားပြီဖြစ်၍
ကျောင်းသားများမှာလည်းယခင်လိုပင်
ပြန်လည်၍ပုံမှန်ကျောင်းတက်ကျောင်း
ဆင်းရှိနေကြ၏။ပို၍အံ့ဩစရာကောင်း
သည်မှာ အရက်သမား တင်ကြိုင်သည်
အရက်သေစာ လုံးဝပြတ်သွားပြီး
ကံတစ်လှဲ့ရွာအလယ်တန်းကျောင်းတွင်
သူတစ်ဦးတည်း တာဝန်ယူ၍ကျောင်း
သန့်ရှင်းရေးနှင့် ကျောင်းစောင့် ဒရဝမ်
အလုပ်ကိုအခမဲ့စေတနာဝန်ထမ်းအဖြစ်
တာဝန်ယူလုပ်ကိုင်သွားခြင်းပင်တည်း။
ဤဖြစ်ရပ်နှင့် ပတ်သက်၍အတွေ့
အကြုံတစ်ခုအနေနဲ့ သတိထားရမည့်
အချက်မှာ တောတောင်ထဲတွင် ပိုင်ရှင်
မရှိတွေ့ရသောပစ္စည်းများ၊ရေစီးရေလာ
တို့တွင်ပိုင်ရှင်မဲ့မျောပါလာသောပစ္စည်း
များ၊ သတ္တဝါများ၊ လောကီအစီအရင်
ပစ္စည်းများကိုမယူသင့်၊ မသုံးစွဲသင့်ပေ။ နောက် အချိန်အခါမဟုတ် (အပုပ်ချိန်)
တွင်တွေ့ရမြင်ရသူများကိုစကားအလွန် အကျွံ မပြောရပေ။
ထူးခြားဆန်းကြယ်လှသော စိတ် နယ်လွန်ဖြစ်ရပ်ဆန်းများမှာ လောကီ
လူသားတို့ လိုက်မမှီနိုင်အောင် များစွာ ရှိနေကြပါသည်။
သရဲ၊ တစ္ဆေ၊ ဖုတ်၊ ပြိတ္တာ၊ သဘက် ဆိုတဲ့ ပရလောကသားတွေဟာ သူ့ နေရာနဲ့သူ ရှိနေကြသလို မှော်၊ စုန်း၊ ကဝေ၊ ဇော်ဂနီ၊ ဇော်ဂနက်၊ မောက်လုံး၊
မောက်ပြားနဲ့ သူယောင်မယ်ဆိုတာတွေ
ဟာလည်း ယနေ့ထိတိုင်ပင် ကျွန်ုပ်တို့
သာမန်လူတွေ မမြင်မတွေ့နိုင်သော
နေရာဌာနအသီးသီးမှာ ရှိနေကြဆဲပါ။
သရဲကိုမယုံလို့စမ်းသပ်မယ်ဆိုပြီး လက်ဖက်ခေါ်ကျွေးမိလို့ အသက်ဆုံးခဲ့ ရတဲ့ ဝန်ပိုက်ခြုံ ရွာသားကိုအုံးစိန်ရဲ့ အဖြစ်ကိုလည်း အလျဉ်းသင့် ဖော်ပြပါ ဦးမည်။ ကောင်းမြတ်သော ကိုယ်ကျင့် တရားတို့ဖြင့် အန္တရာယ်ကင်းရှင်းကြပါ
စေဟု ဆန္ဒပြုရင်း..
သဗ္ဗေ၊ အနိစ္စ၊ သင်္ခါရ …
မကွေးညိုစိမ့်

Zawgyi Version

ေရေမ်ာကမ္းတင္(စ/ဆံုး)
——————————-
မိမိအတြက္ လိုအပ္မည့္ ပစၥည္းမ်ား ကို ေသခ်ာစစ္ေဆးၿပီး ေနာက္ ဦးထြန္းခင္ အိမ္ေပၚမွ ဆင္းလာခဲ့သည္။ အိမ္ေရွ႕ေလွကား ေျခရင္းေရာက္ေတာ့ မိန္းမျဖစ္သူ ေဒၚလွခင္က ေနာက္မွလိုက္
လာၿပီး…
ၿပီ”
သား”
“ကိုထြန္းခင္ – ဓာတ္မီးယူသြားဦးေလ၊ေတာ္ကေတာ့ေမ့ျပန္
ဦးထြန္းခင္ ဟုတ္ေပသားပဲဟုေရ႐ြတ္၍…
“စိတ္ထဲေတာ့ တစ္ခုခုလို ပါေသးတယ္လို႔ ေအာက္ေမ့
ေျပာရင္းဓာတ္မီးကိုလွမ္းယူရင္း..
“ညဘက္ ႏြားေတြနဲ႔ ကေလးေတြကိုဂ႐ုစိုက္လိုက္ဦး”
“အင္းပါ”

ေဒၚလွခင္က တိုတိုတုတ္တုတ္
ေျပာ၍ အိမ္ထဲ ဝင္သြားေလသည္။ ဦးထြန္းခင္သည္လည္း ၿခံတံခါးကိုဖြင့္၍
႐ြာေျမာက္ဘက္၊အလယ္တန္းေက်ာင္း ရွိရာသို႔ထြက္ခဲ့ေလေတာ့သည္။ မုန္းေခ်ာင္းေဘးျဖစ္ေသာ”ကံတစ္
လွဲ႔” ႐ြာေလးသည္အိမ္ေျခငါးရာခန႔္ရွိၿပီး ဂုံးေသာင္႐ြာ၊ မက်ီးကုန္း႐ြာ၊ လက္ပန္လွ ႐ြာႏွင့္ ထုံးေပါက္ျဖဴ႐ြာဟူေသာ ႐ြာငယ္ ေလးမ်ားႏွင့္ သုံးမိုင္ပတ္လည္အတြင္း၌ တည္ရွိေလသည္။
ဦးထြန္းခင္တို႔ ကံတစ္လွဲ႔႐ြာသည္
အနီးဝန္းက်င္ရွိ ႐ြာမ်ားထဲတြင္ အိမ္ေျခ
အမ်ားဆုံးျဖစ္သလို ယာ၊ ေခ်ာင္းကိုင္း၊
ဥယ်ာဥ္ႏွင့္ လုပ္ငန္းေကာင္းေသာ
ေၾကာင့္ ပို၍စည္ပင္ဝေျပာသည္ဟု ဆို
ရမည္ပင္။
သို႔ျဖစ္၍႐ြာ၏အေနအထားအလိုက္
ကေလးမ်ား၏ပညာေရးမွာ အေထာက္
အကူရရန္ေရွးရႈၿပီးေက်း႐ြာပိုင္းအလိုက္
လူႀကီးမ်ားစု႐ုံးတိုင္ပင္ၾကကာမလူတန္း
လြန္ေက်ာင္း (အလယ္တန္း)ေက်ာင္း အဆင့္ကို ကိုယ္ထူကိုယ္ထစနစ္ျဖင့္ ေငြေၾကးေကာက္ခံ၍ေဆာက္လုပ္ႏိုင္
ခဲ့ၾကေလသည္။

ဒီႏွစ္ေက်ာင္းဖြင့္ရာသီအစတြင္႐ြာ
လူႀကီး ဦးစိန္မိုးသည္ ေက်ာင္း၏ ေစာင့္
ေရွာက္ေရးတာဝန္ကို ႐ြာထဲရွိ အိမ္
ေထာင္စုတိုင္း အလွည့္က်ေစာင့္ရန္
စီစဥ္ေပးခဲ့ေလသည္။ အဘယ္ေၾကာင့္
ဆိုေသာ္ တစ္ဦးတစ္ေယာက္တည္းကို
ေငြေပး၍ ငွားရမ္းျခင္းထက္ ႐ြာထဲရွိ
႐ြာသူ႐ြာသားမ်ား အလွည့္က် ေစာင့္
ေရွာက္သည္ကပို၍သင့္ေလ်ာ္မည္ထင္
ေသာေၾကာင့္ပင္ ျဖစ္၏။ ႐ြာသူ႐ြာသား
မ်ားအေနနဲ႔လည္း မိမိတို႔၏ ေခြၽးေသြး
လုပ္အားမ်ားျဖင့္ ႀကိဳးပမ္း၍ ထူေထာင္
ထားေသာ စာသင္ေက်ာင္းကို အလွည့္
က်တာဝန္ယူ ေစာင့္ေရွာက္ရသည္မွာ
ေက်နပ္ၾကေလသည္။
ယေန႔ညအေစာင့္တာဝန္က်သည့္
ဦးထြန္းခင္ပင္တိုက္ဆိုင္စြာပင္ေက်ာင္း
ဖြင့္၍သုံးလၾကာၿပီးမွစာသင္ေက်ာင္း၏
ပတ္လည္စည္း႐ိုးကိုလည္းဒီေန႔မွအၿပီး
သတ္ျပဳလုပ္ႏိုင္ခဲ့ၾကေလသည္။
ေက်ာင္းစည္း႐ိုးခတ္ရန္အတြက္
ခုနစ္ေပေမ်ာတိုင္ ႏွစ္တိုင္ႏွင့္ ဝါးငါးလုံး
သတ္မွတ္၍တစ္အိမ္ေထာင္ခ်င္းစီတာ
ဝန္ေပးခဲ့သည္။ အိမ္တိုင္းပို႔ဖို႔ တာဝန္
က်ေသာေမ်ာတိုင္ႏွဝါတို႔ကိုမုန္းေခ်ာင္း

အထက္ အေနာက္႐ိုးမသို႔တက္၍ ခုတ္ ယူၾကရေလသည္။
အမ်ားျဖင့္ စုေပါင္း၍ လုပ္ၾကရ ေသာေၾကာင့္ သတ္မွတ္အေရအတြက္ ျပည့္မီရန္ ေစာင့္ဆိုင္း၍ လုပ္ၾကရသည္ ျဖစ္၍ ယေန႔မွပင္ ေက်ာင္းပတ္လည္
စည္း႐ိုးခတ္ျခင္းကို အဆုံးသတ္ႏိုင္ခဲ့
ေလသည္။
ဦးထြန္းခင္ ေက်ာင္းထဲသို႔ စည္း႐ိုး တံခါးကိုဖြင့္၍ ဝင္လာခဲ့သည္။ ေက်ာင္း ႏွင့္ ခပ္လွမ္းလွမ္း မ်က္ေစာင္းထိုး တစ္ ေခၚေလာက္တြင္ ရွစ္ေပပတ္လည္ တဲ
တစ္လုံးကို ေက်ာင္းအေစာင့္က် ကင္း
သမားအိပ္ရန္ေဆာက္ေပးထားျခင္းျဖစ္
၏။
ဦးထြန္းခင္ေက်ာင္းဝင္းထဲေရာက္ ေတာ့ ညီအစ္ကို မသိတသိ ေမွာင္စပ်ိဳး သည့္အခ်ိန္ မိမိေနရမည့္တဲဆီသို႔
ေလွ်ာက္လာခိုက္အမွတ္မထင္ေက်ာင္း
ရွိသို႔ လွမ္းၾကည့္လိုက္ရာ ဦးထြန္းခင္
သည္။
အံ့ဩသြားရကာမွင္တက္၍သြားမိေလ
အဘယ္ေၾကာင့္ဆိုေသာ္ စာသင္ ေက်ာင္းမွာႏွစ္ထပ္ေက်ာင္းေဆာင္ျဖစ္
၍အေပၚထပ္ အေရွ႕ဘက္ဆုံး ျပတင္း

ေပါက္တြင္ ရွစ္ႏွစ္သားခန႔္ ကေလးတစ္ ေယာက္ကို ရပ္လ်က္သား ေတြ႕လိုက္
ရေသာေၾကာင့္ပင္။
ဦးထြန္းခင္ စိတ္ထဲတြင္ ဘယ္သူ႔ သားသမီးမ်ား အိမ္မျပန္ဘဲႏွင့္ ဘာလုပ္ ေနပါလိမ့္ဟုေတြးလိုက္သည္။မိဘေတြ
က ႐ိုက္မွာစိုးလို႔ မျပန္ဘဲ ပုန္းေနတာ
လား၊ ဒါမွမဟုတ္ တျခား႐ြာက ေက်ာင္း
သားတစ္ဦးဦး ေက်ာင္းဆင္းသည္ကို
မသိဘဲ တစ္ေနရာရာမွာမ်ား အိပ္ေပ်ာ္
သြားၿပီးက်န္ခဲ့တာလားဟုအမ်ိဳးမ်ိဳးေတြး
ရင္းတဲအတြင္းသို႔မိမိ၏ပစၥည္းမ်ားထား
ကာ ေရွးေခတ္ ေၾကးဓာတ္မီးေတာင့္ကို
ယူ၍…
“ဘယ္သူကေလးပဲျဖစ္ျဖစ္ ဒီည
ေတာ့ ငါနဲ႔ ေခၚသိပ္ထားမွပဲ”
တစ္ကိုယ္တည္းေရ႐ြတ္၍စာသင္ ေက်ာင္းဘက္သို႔ ထြက္ခဲ့ေလသည္။ ဦးထြန္းခင္သည္ ဓာတ္မီးကို အားျပဳ၍ ေက်ာင္းေပၚသို႔ တက္လာရင္း … “ေက်ာင္းေပၚကကေလး၊ မင္းအဲဒီ
မွာ ဘာလုပ္ေနတာလဲ။ လာ – လာ-
ေအာက္ကို ဆင္းခဲ့”
ဦးထြန္းခင္ အသံျပဳရင္း အေပၚသို႔ ေရာက္သြားေလသည္။ ေစာေစာက

ေကာင္ေလးကို မေတြ႕ရေပ။ သို႔ျဖင့္ တစ္ခန္းဝင္ တစ္ခန္းထြက္ ရွာျပန္
သည္။
“ေရာ- ခက္ေပါ့၊ ဒီကေလး ဘယ္ ေခ်ာင္းထဲမ်ား သြားပုန္းေနပါလိမ့္”

ဦးထြန္းခင္ ႏႈတ္မွ ေရ႐ြတ္လ်က္ ေက်ာင္းေအာက္သို႔ ျပန္ဆင္းလာခဲ့
သည္။
စာသင္ေက်ာင္း၏ေအာက္ထပ္ကို
ေရာက္သည္ႏွင့္ ဦးထြန္းခင္ဓာတ္မီးထိုး

၍ရွာျပန္သည္။ ထူးဆန္းသည္၊ အေပၚ
မွာလည္းမေတြ႕၊
ေအာက္မွာလည္းမရွိ။ ဒါဆိုဒီကေလးဘယ္ေရာက္သြားပါလိမ့္
ဟု ေတြးကာ အိမ္သာရွိရာ ေက်ာင္း အေနာက္ဘက္သို႔ ထပ္ရွာျပန္သည္။

အိမ္သာတံခါးမ်ားလည္းေသာ့ပိတ္
ထားသည္။ ညေစာင့္တာဝန္က်မ်ား အသုံးျပဳရန္အိမ္သာတစ္လုံးသာေသာ့
မခတ္ဘဲရွိေလ၏။

ဦးထြန္းခင္သည္ အိမ္သာထဲသို႔ ဓာတ္မီးျဖင့္ ထိုးၾကည့္ေသာ္လည္း
မေတြ႕ေခ်။
“မဟုတ္ေသးပါဘူး။ငါေစာေစာက မ်က္စိအျမင္မ်ား မွားသြားတာလား” ဟု ေရ႐ြတ္ေသာ မိမိေနရမည့္ တဲ ဆီသို႔ ျပန္လာခဲ့ေလသည္။ တဲအတြင္း ေရာက္ေတာ့ ေဆးလိပ္ႏွင့္ မီးျခစ္ကို
လည္း ထုတ္၍ ေသာက္ေနလိုက္ၿပီး
ဖေယာင္းတိုင္ကိုပါထြန္းလိုက္သည္။ ၿမိဳ႕
ႏွင့္အေတာ္ပင္အလွမ္းေဝးေသာေဒသ
ျဖစ္သည္မို႔ လွ်ပ္စစ္မီးမရွိပါ။ အကာလ
ညအေမွာင္က တျဖည္းျဖည္း ရင့္က်က္
လာ၍ ပိုးမႊားပုရစ္ေအာ္သံတို႔က စီေဝ
လွေပသည္။
ဦးထြန္းခင္သည္ မိမိပါလာေသာ ေစာင္ႏွင့္ အထုပ္တို႔ကို အိပ္ရာျပင္၍ အေညာင္းေျပေက်ာဆန႔္ရင္းေဆးလိပ္
ကိုဇိမ္ႏွင့္ဖြာ၍အရသာခံေနလိုက္သည္။
ထိုစဥ္ေက်ာင္း၏အေပၚထပ္ဆီမွ…
“ဝုန္း ဝုန္း”
“ဖုန္း”
“ဒုန္း”
ဆူညံစြာျဖင့္ေျပးလႊားေဆာ့ကစား ေနၾကေသာအသံမ်ားကိုၾကားလိုက္ရ၍
ဦးထြန္းခင္ မ်က္လုံးျပဴးသြားရကာ ထထိုင္မိေလသည္။ ႏႈတ္မွလည္း… “ဘယ္……ေပးေလးေတြလဲကြ” စကားအဆုံး ေလးခြ (ေမွ်ာ့တပ္၍
ခဲထည့္ပစ္ေသာလက္နက္) ကိုယူ၍
ထြက္လာၿပီး စာသင္ေက်ာင္းဘက္သို႔
ဓာတ္မီးကိုထိုး၍ ထြက္လာခဲ့စမ္း၊ ေတြ႕
လို႔ကေတာ့ဟုစိတ္ထဲကႀကိမ္းဝါးလိုက္
သည္။ “ဝုန္း – ဒုန္း” “S-SS”
ဦးထြန္းခင္ ေက်ာင္းအေပၚထပ္ ေရာက္ေသာ္လည္း အသံမ်ား တိတ္ ဆိတ္ေပ်ာက္ကြယ္သြားသလို လူဆို၍ အရိပ္အေယာင္ေတာင္မေတြ႕ရေပ။
“ဟင္ – ဘယ္ေရာက္သြားျပန္ပါ
လိမ့္”
ဦးထြန္းခင္ အံ့ဩသလို ေရ႐ြတ္
လိုက္ၿပီးတစ္ခုခုကိုေတြးမိသြားဟန္ျဖင့္
ထိပ္လန႔္တုန္လႈပ္မိေလေတာ့သည္။
ႏႈတ္မွလည္း ဘုရားစာကို မနားတမ္း
႐ြတ္၍ ေက်ာင္းေအာက္သို႔ အေျပး
အလႊားပင္ ဆင္းလာခဲ့၏။
ေလွကားအဆင္းတြင္ မိမိေရွ႕မွ ရိပ္ခနဲေျပးဆင္းသြားေသာေကာင္ေလး
တစ္ေယာက္ကို ထင္ထင္ရွားရွားႀကီး
ေတြ႕လိုက္ရ၏။
“ေဟ့-ေဟ့-ေနဦး-မင္းဘယ္သူ
ဦးထြန္းခင္ ေမးရင္းျဖင့္ ေနာက္မွ
အမီလိုက္ေသာ္လည္း ေကာင္ေလးက
ေပ်ာက္သြားျပန္ သည္။ ဓာတ္မီးကို
လည္းေနရာအႏွံ႔ထိုး၍ရွာသည္။ မေတြ႕
သျဖင့္ မိမိကို သရဲေျခာက္ေနမွန္း သိ
လိုက္သည္။ ေၾကာက္စိတ္က တျဖည္း
ျဖည္းဝင္လာၿပီး ေျခဖ်ားလက္ဖ်ားေတြ
ေအးလာ၏။ တဲရွိရာသို႔ ခပ္သြက္သြက္
ပင္ေလွ်ာက္လိုက္သည္။
တဲထဲသို႔ ဖေယာင္းတိုင္မီးထြန္းခဲ့
သည္ျဖစ္၍ ဦးထြန္းခင္သည္ ခပ္လွမ္း
လွမ္းမွပင္ျမင္ေနရသည္။ တဲအတြင္းသို႔
အမွတ္မထင္ အျပင္မွ လွမ္းၾကည့္လိုက္
ေသာအခါ ေက်ာေပးလ်က္အေန
အထားျဖင့္ လူႀကီးတစ္ေယာက္ႏွင့္
ကေလးတစ္ေယာက္ အတူထိုင္ေနၾက
သည္ကို လွမ္းျမင္လိုက္၏။ တစ္ကိုယ္လုံးရွိ အေမြးအမွင္တို႔ ေထာင္သြားသလားမွတ္ရသည္။ ၾကက္ သီးမ်ား တျဖန္းျဖန္းထကာ ဘာလုပ္
ရမွန္းမသိဘဲ ရပ္ေနမိသည္။ ေလက
႐ုတ္တရက္ သုတ္ခနဲ တိုက္လိုက္ေသာ
ေၾကာင့္ ဖေယာင္းတိုင္မီး ၿငိမ္းသြားေလ
သည္။
႐ုတ္တရက္ဆိုသလို မိမိအနားမွ
လူျဖတ္ေျပးသြားသလို ေလဟပ္သြား
သည္ကို ခံစားလိုက္ရ၏။ ဓာတ္မီးကို
ထိုး၍ၾကည့္ေသာ္လည္း မိမိပတ္ဝန္း
က်င္ႏွင့္ တဲထဲတြင္ ဘာမွ မေတြ႕ရေပ။
သရဏဂုံသုံးပါးကို႐ြတ္၍တဲအတြင္းသို႔
ျပန္ဝင္လာၿပီးဖေယာင္းတိုင္မီးကိုထြန္း
လိုက္သည္။ တဲတံခါးကို လုံေအာင္ပိတ္ ၍ ႏႈတ္မွ ဘုရားစာကို အဆက္မျပတ္
သည္။
႐ြတ္ေနလိုက္ေတာ့သည္။
မၾကာပါ၊ စာသင္ေက်ာင္းဘက္မွ ေျပးလႊားေဆာ့ကစားေသာအသံမ်ားမွာ ျပန္လည္၍ ဆူညံစြာ ထြက္ေပၚလာျပန္
ဒီတစ္ခါေတာ့ ဦးထြန္းခင္ တုတ္
တုတ္မွ် မလႈပ္ေတာ့ပါ။ ေစာင္ကို ေခါင္း
ၿမီးၿခဳံလ်က္ ဘုရားစာကိုသာ ႐ြတ္ေန
လိုက္ေတာ့ သည္ ။ ဒီသရဲသားအဖ
အေတာ္ကို ေဆာ့ႏိုင္ၾကေလသည္။
နံနက္ေလးနာရီ အုန္းေမာင္းေခါက္သံ
ၾကားမွ ဆူညံေျပးလႊားေနေသာ အသံ
မ်ားတိတ္ဆိတ္သြားေတာ့၏။
႐ြာႏွင့္ကလည္း အလွမ္းေဝးသည္ ေသာင္းက်န္းေသာ
မို႔ သရဲသားအဖ
အသံမ်ားကို တျခားသူမ်ား ၾကားရမည္
မထင္ပါ။ ဦးထြန္းခင္ တစ္ေရးမွ မအိပ္ လိုက္ရပါ။ ဒီေလာက္ ဘုရားစာထိုင္႐ြတ္ ေနတာေတာင္ေက်ာင္းဝင္းထဲကထြက္ မသြားဘဲႏွင့္ တစ္ညလုံးေဆာ့ေနႏိုင္ ေသာ သရဲကို အံ့ဩေနမိသည္။ ဦးထြန္းခင္ ဆုံးျဖတ္ခ်က္တစ္ခု
ခ်လိုက္ပါသည္။ ေနာင္တစ္ႀကိမ္ မိမိ
ကင္းလွည့္က်ပါက သာဆိုင္အရက္
သမားကို ငွားရမ္း၍ ေစာင့္ေစေတာ့
မည္။ သာဆိုင္ကအရက္သမား၊လူ႐ြတ္၊
အေၾကာက္အလန႔္မရွိတစ္ကိုယ္တည္း သမား ျဖစ္သည္။
သိပ္မၾကာလိုက္ပါ၊ မိုးလင္းေနၿပီ
ျဖစ္၍႐ြာထဲမွအလုပ္သြားၾကေသာယာ သမားတခ်ိဳ႕၏ လွည္းေမာင္းသံ၊ ႏြား
ေငါက္သံမ်ား ၾကားေနရ၏။ ဦးထြန္းခင္
လည္း မိမိ၏ ပစၥည္းမ်ားကို သိမ္း၍
ေက်ာင္းစည္း႐ိုးတံခါးကို ဖြင့္၍ စာသင္
ေက်ာင္းမွထြက္ခဲ့ေလသည္။ေက်ာင္း၏
အျပင္ဘက္ အဝေရာက္ေတာ့ စိတ္က
ႏႈိးေဆာ္သလိုပင္ေနာက္သို႔ျပန္လွည့္၍ စာသင္ေက်ာင္း၏ အေပၚထပ္ကို ျပန္ ၾကည့္လိုက္၏။ ဘာမွ မေတြ႕ရေတာ့ပါ။
ဦးထြန္းခင္ ေခါင္းခါလ်က္ ညက အျဖစ္
အပ်က္ကို တျခားသူမ်ားအား ျပန္ေျပာ
ျပလွ်င္ ယုံၾကပါ့မလား။ ေက်ာင္းဖြင့္
သည္မွာ သုံးလပင္ ၾကာခဲ့ေပၿပီ။ ယခင္
မိမိထက္အလ်င္ကင္းအလွည့္က်ေသာ
သူမ်ားေရာ မိမိလိုအျဖစ္မ်ိဳး ႀကဳံခဲ့ဖူး
သလားဆိုျခင္းကို သိလိုလွေပသည္။
သို႔ေသာ္လည္း ႐ြာထဲတြင္ စာသင္
ေက်ာင္းႏွင့္ပတ္သက္၍ မည္သည့္
အေၾကာင္းအရာမွ မၾကားခဲ့ရသည္
ကေတာ့ အမွန္ပင္။ ဦးထြန္းခင္ နား မလည္ႏိုင္ေအာင္ ေတြးေတာရင္း အိမ္ သို႔ျပန္ခဲ့ေလေတာ့သည္။
ညက တစ္ေမွးမွ မအိပ္ခဲ့ရေသာ ေၾကာင့္ နံနက္စာ ထမင္းၾကမ္းႏွင့္ ငေျခာက္ဖုတ္ကိုေရေႏြးႏွင့္စားေသာက္
လိုက္ၿပီး ယာခင္းထဲသို႔ မသြားေတာ့ဘဲ အိပ္ခန္းထဲသို႔ ဝင္ခဲ့ေလသည္။ အျပင္မွာေတာ့ သားႀကီး ေမာင္ ေက်ာ္မင္းႏိုင္ကေလးတန္းေက်ာင္းသား ဆိုေတာ့ေက်ာင္းသြားဖို႔အေရးသားအမိ
ခ်င္း ဆူညံပြက္ေလာ ႐ိုက္ေနသည္။ အငယ္ဆုံးသမီးကေလးက ဒီႏွစ္မွ တစ္တန္း တက္ရသည္မို႔ ေမာင္ႏွမႏွစ္
ေယာက္စာအတြက္ စားေရး ေသာက္ ေရး ျပင္ဆင္ေကြၽးေမြး လုပ္ကိုင္ေပး
ေနရသည္မွာ ေဒၚလွခင္အတြက္ ေန႔စဥ္
လုပ္ေနက် အလုပ္ပင္ ျဖစ္ေနေတာ့
သည္။
ကေလးေတြ ေက်ာင္းသြားရန္ အဆင္သင့္ ျဖစ္ေနၾကသည္ႏွင့္ ဦးထြန္း ခင္သည္ အိပ္ခန္းထဲမွ ထြက္လာၿပီး
ဘုရားေက်ာင္းေဆာင္ေပၚတြင္ရွိေသာ
ပရိတ္ေရကို ယူ၍အိမ္ေရွ႕သို႔ ထြက္လာ
ခဲ့ သည္။ကေလးေတြအနားေရာက္ ေတာ့ လက္ထဲမွ ပရိတ္ေရမန္းမ်ားျဖင့္ ဦးေခါင္းမွ ေျခဖ်ားတိုင္ေအာင္ ပက္ျဖန္း လိုက္သည္။ ဦးထြန္းခင္လုပ္သမွ်ေဒၚလွ ခင္တစ္ေယာက္ ၾကည့္ေနရင္း.. “ကိုထြန္းခင္ မလုပ္စဖူး ေတာ္ ဘာ
ေတြလုပ္ေနတာလဲ။ကေလးေတြႏွာေစး
ကုန္ေတာ့မွာပဲ”
“မင္းနားမလည္ပါဘူးကြာ။ အသာ
ေနစမ္းပါ”
ဟု ဆိုရင္းပါးစပ္ကလည္း… “ဘုရား၏ ဂုဏ္ေတာ္၊ တရား၏ ဂုဏ္ေတာ္၊ သံဃာ၏ ဂုဏ္ေတာ္ႏွင့္ ဤ ပရိတ္ေတာ္ေရစင္၏တန္ခိုးေတာ္တို႔
ျဖင့္ အႏၲရာယ္ကင္း ေဘးကင္းၾကပါ
သားႏွင့္သမီးက ဘာမွ နားမလည္ သလို မ်က္လုံးအျပဴးသားႏွင့္ ဖခင္လုပ္ သမွ်ကို ၿငိမ္ေနရင္းၾကည့္ေနရွာသည္။ “ကဲ-ကဲ- သားတို႔ေက်ာင္းသြားလို႔
ရၿပီ။ သားက ဟိုက်ရင္ ညီမေလးကိုဂ႐ု စိုက္ေနာ္၊ ၾကားလား” “ဟုတ္ကဲ့”
ကေလးႏွစ္ေယာက္ကို ေဒၚလွခင္ သည္အိမ္ေရွ႕ၿခံဝအထိလိုက္ပို႔လိုက္၏။ ထို႔ေနာက္အိမ္ေပၚသို႔တက္လာၿပီးအိပ္
ခန္းထက္သို႔ ေလွ်ာက္လာၿပီး…
ပါဘူး”
“ကိုထြန္းခင္ – အိပ္ေနၿပီလား”
“ေအး – အိပ္လို႔ေတာ့ မေပ်ာ္ေသး
ေဒၚလွခင္ကေယာက္်ားအနားထိုင္ ၍ဦးထြန္းခင္ကို ထူးဆန္းေသာ သတၱဝါ ကို ၾကည့္သလို ၾကည့္၍…
လား”

“က်ဳပ္ေမးစရာရွိလို႔” “ဘာလဲ… ဘာေမးမွာလဲ” “ေတာ္-ေနေကာင္းတယ္ မဟုတ္
ဦးထြန္းခင္က ငုတ္တုတ္ထထိုင္
“ေအး-ေကာင္းပါတယ္၊ဒါေပမဲ့ငါ
ဒီေန႔ေတာ့ ယာထဲ မသြားႏိုင္ဘူးေနာ္။
ညက မအိပ္ခဲ့ရလို႔”
ေဒၚလွခင္က ေယာက္်ားျဖစ္သူကို ေသခ်ာၾကည့္၍…
“ဘာမွမျဖစ္တာေတာ့ ေသခ်ာ
တယ္မဟုတ္လား”
“ငါ ဘာမွ မျဖစ္ပါဘူးဆို။ ကဲ – မင္း လည္း သြားခ်က္ျပဳတ္ေတာ့။ ငါလည္း တစ္ေမွးေတာ့ အိပ္လိုက္ဦးမယ္” စကားအဆုံးဦးထြန္းခင္လည္အိပ္
ရာထဲသို႔ လွဲခ်လိုက္သည္။ ေဒၚလွခင္ သည္ဘာစကားမွ မဆိုေတာ့ပဲ အိပ္ခန္း ထဲမွ ထြက္လာခါမီးဖိုေဆာင္ထဲသို႔ ဝင္
သြားေလ၏။ ကိုထြန္းခင္ ညက တစ္ခုခု
ျဖစ္လာတာကေတာ့ ေသခ်ာတယ္။
ေနာက္မွေအးေအးေဆးေဆးေမးေတာ့
မည္ဟု ေတြးကာ ခ်က္ျပဳတ္ေနလိုက္
ေတာ့သည္။
ထမင္းစားခ်ိန္ေရာက္ေတာ့ ေဒၚလွခင္သည္ ေယာက္်ားျဖစ္သူကို ႏႈိး၍ ထမင္းပြဲ ျပင္ဆင္ေပးလိုက္သည္။ ဦးထြန္းခင္လည္းထမင္းစားေသာက္ၿပီး သည္ႏွင့္အက်ႌ၊ ပုဆိုးလဲလိုက္၏။ေဒၚလွ ခင္က ေယာက္်ားကို မ်က္ျခည္မပ်က္ ေစာင့္ၾကည့္ေနသည္။
“ငါ ဘုန္းႀကီးေက်ာင္း ခဏသြား
လိုက္ဦးမယ္”

ဟု ဆိုလိုက္သည္။ ေဒၚလွခင္က မ်က္ေမွာင္ၾကဳတ္၍…
“အခ်ိန္မဟုတ္ အခါမဟုတ္ ဘာ
လုပ္သြားမွာလဲ”
“မင္းတို႔ မိန္းမေတြလည္း ေတာ္
ေတာ္ အေမးအျမန္းထူတယ္။ ကိစၥရွိလို႔
ေပါ့ကြ”
ဦးထြန္းခင္လည္း စကားကို ျပတ္
ျပတ္ေျပာ၍ အိမ္မွ ထြက္လာခဲ့ေလ
ေတာ့သည္။ ဘုန္းႀကီးေက်ာင္းက ႐ြာ၏
အေရွ႕ပိုင္းတြင္ ရွိသည္။ ႐ြာႏွင့္ အလွမ္း
မေဝးပါ။ ႏွစ္မိနစ္ခန႔္ေလာက္ ေလွ်ာက္
လွ်င္ေရာက္သည္။
ေက်ာင္းေပၚသို႔ တက္လာရင္း ေက်င္းသားေလးတစ္ေယာက္အား.
“ဆရာေတာ္ ရွိရဲ႕လားကြ” “ဟုတ္ကဲ့ – ဦးႀကီး၊ အခုပဲ ဆြမ္းစား ၿပီးလို႔ အၾကမ္းေရဘုဥ္းေပးေနတယ္”
ဦးထြန္းခင္ ေက်ာင္းေပၚေရာက္
သည္ႏွင့္ ဆရာေတာ္ကို ဝတ္ျပဳကာ…
“အရွင္ဘုရား – ဆြမ္းကြမ္းကိစၥ
ျပည့္စုံပါရဲ႕လား ဘုရား”
ဟုႏႈတ္ဆက္စကားဆိုလိုက္သည္။
ဆရာေတာ္ႀကီးက …
“အိမ္း – ျပည့္စုံပါတယ္။ ဒါနဲ႔ ဒကာ
ထြန္းခင္ မွတ္တယ္”
“တင္ပါ – တပည့္ေတာ္ ထြန္းခင္ပါ
ဘုရား”
“ေအး-ေအး-ေရေႏြးၾကမ္းနဲ႔
လက္ဖက္စားကြဲ- ဒကာ”
ဆရာေတာ္က ေလာကြတ္ျပဳ၍
ဧည့္ခံလိုက္သည္။ ဦးထြန္းခင္လည္း
ဆရာေတာ္ကို ဘယ္ကစ၍ ဘယ္လို ေလွ်ာက္လွ်င္ေကာင္းမလဲဟုေတြးရင္း ေရေႏြးကိုမႈတ္ေသာက္ေနလိုက္သည္။ ခဏၾကာေတာ့ ဆရာေတာ္က… “ဒကာ – ထြန္းခင္၊ ဘုန္းႀကီးဆီလာ
တာကိစၥရွိတယ္ထင္တယ္”
ဆရာေတာ္က အလိုက္သင့္ စၿပီး
ေမးေတာ့ မိမိအတြက္ ဟန္က်သြား
ကာ
“ဟို- ဆရာေတာ္ကို တပည့္ေတာ္ နားမလည္တာေလးေတြ ေမးခ်င္လို႔ပါ
ဘုရား”
“ေမးေလ-ဒကာႀကီး-ေမးပါ”
ဦးထြန္းခင္သည္ ေခတၱစဥ္းစား
လိုက္ၿပီး.
“သရဲက လူကို ေႏွာင့္ယွက္ရင္ ေနရာမေ႐ြး အခ်ိန္မေ႐ြး ေႏွာင့္ယွက္
ေျခာက္လွန႔္ႏိုင္ပါသလား ဘုရား”
ဦးထြန္းခင္စကားေၾကာင့္ ဆရာ ေတာ္သည္အတန္ၾကာေအာင္ၿငိမ္သက္
စဥ္းစား၍ေနၿပီး ဦးထြန္းခင္ မ်က္ႏွာကို
ၾကည့္၍…
“အဲဒါကေတာ့ သရဲရဲ႕ အဆင့္
အတန္းကို ၾကည့္ေျပာရမွာပဲဒကာႀကီး။
သရဲတို႔တေစၦတို႔ဆိုတာဘုရားရွင္ကိုယ္
ေတာ္ျမတ္ႀကီး လက္ထက္ကတည္းက
ရွိေနခဲ့ၾကတာဆိုေတာ့ သူတို႔ကို အသိ အမွတ္ျပဳအေလးထားရမယ္ကြဲ႕”
“လူေတြ သရဲအေျခာက္ခံရရင္ ကံနိမ့္လို႔အေျခာက္ခံရတယ္လို႔ေျပာၾက တာ၊ ဟုတ္ပါသလား ဘုရား” ဆရာေတာ္ကေခါင္းယမ္းလ်က္… “အဲဒါ မဟုတ္ေသးဘူး – ဒကာရဲ႕။ ကံနိမ့္လို႔ အေျခာက္ခံရမယ္ဆိုရင္ ဘာ သာေရးလုပ္တာအားနည္းၿပီးအမဲသတ္၊ ဝက္သတ္သတ္ေနတဲ့သားသတ္သမား
ေတြ၊ လူဆိုး သူခိုးေတြ ေန႔စဥ္ညတိုင္း
သရဲက သူတို႔အနားကကို ခြာမွာမဟုတ္
ေတာ့ဘူး။ ဒီေနရာမွာ ဘုန္းႀကီး ေျပာ
ခ်င္တာက သရဲတို႔၊ တေစၦတို႔၊ မေကာင္း
ဆိုးဝါးေတြဟာ လူေတြကို ေျခာက္လွန႔္
တာတဲ့။ မေတာ္တဆ ေရွာင္မျဖစ္လို႔
ေတြ႕ဆုံသြားမိတာရွိသလို ကြၽတ္တမ္း
ဝင္ခ်င္လို႔ကိုယ္ေယာင္ျပတာေတြလည္း
ရွိၾကတယ္။ ဘုန္းႀကီး ေစာေစာကေျပာ
သလို လူဆိုး လူမိုက္ မသူေတာ္
အကုသိုလ္မ်ားတဲ့ သူေတြက်ေတာ့ မေကာင္းတဲ့သူအခ်င္းခ်င္း ေတြ႕ ၾက
သလို လူေကာင္းေတြ ဘာသာေရး
လုပ္တဲ့သူေတြက်ေတာ့ သူတို႔အတြက္
အလႉဒါနျပဳၿပီး အမွ်ေဝေစခ်င္လို႔ ျမင္
ေအာင္ ထင္ေအာင္ ျပတတ္ၾကတာမ်ိဳး
ပါ”
“တကယ္လို႔ သရဲနဲ႔ေတြ႕ၿပီး သူ႔ကို ေပ်ာက္ကြယ္သြားေအာင္ ဘာလုပ္ရင္
ရႏိုင္မွာလဲ ဘုရား” ဘုန္းႀကီးက ရယ္ေမာ၍…
“တရားစာ႐ြတ္ေပါ့ကြယ္။ေမတၱာပို႔
အမွ်ေဝလိုက္ေပါ့”
ဦးထြန္းခင္ကဆရာေတာ္ကိုမဝံ့မရဲ
ၾကည့္၍…
“ဘုရားပင့္ၿပီးတရားစာ႐ြတ္လည္း
အဲဒီသရဲက မျဖဳန္ဘူး ဘုရား”

ဦးထြန္းခင္ စကားေၾကာင့္ ဆရာ ေတာ္မွာ အံ့ဩသြားရကာ ေဟဟု တစ္ လုံးသာ ဆိုလိုက္ႏိုင္ၿပီး ႏႈတ္ဆိတ္သြား
သလိုဦးထြန္းခင္ကိုလည္းအကဲခတ္ေန
လိုက္သည္။ ဆရာေတာ္က ေရေႏြးေငြ႕၍ ေသာက္လိုက္ၿပီးေနာက္ ….

“အၾကမ္းအားျဖင့္ ဒကာ နားလည္ ေအာင္ ရွင္းျပရမယ္ဆိုရင္ ေလာကမွာ
လူဆိုးနဲ႔ လူေကာင္း ႏွစ္မ်ိဳးရွိသလို ပရ ေလာကမွာလည္း သရဲဆိုတာ ႏွစ္မ်ိဳး ရွိတယ္လို႔မွတ္။ ပထမသရဲဆိုတာက သား၊ သမီး ေဆြမ်ိဳး မိတ္သဂၤဟတို႔ကို စြဲလမ္းၿပီး မကြၽတ္လြတ္ဘဲ ျဖစ္ရေသာ သရဲ၊ ၿပိတၱာ၊ တေစၦလို႔ ဆိုပါေတာ့။ ဒုတိယသရဲက ငါ့အိမ္ငါ့ေျမငါ့ဥစၥာ ဆိုၿပီး ပစၥည္းဥစၥာကို တပ္မက္ဘဝကူး လို႔ သရဲ၊ ၿပိတၱာ၊ တေစၦဆိုၿပီး ျဖစ္ၾက ရတယ္။ ဒီေတာ့ ဥစၥာပစၥည္းကို စြဲလမ္း တပ္မက္ၿပီးရွိေနတဲ့ သရဲတို႔နာနာဘာဝ တို႔လို ပရေလာကသားေတြက်ေတာ့ သူတို႔ စြဲလမ္းတပ္မက္တဲ့အရာေတြကို
လူေတြကမသိဘဲယူသုံးမိတာမ်ိဳးထိန္း သိမ္းထားမိတာမ်ိဳးရွိခဲ့ရင္ သူတို႔ကို ဘာ
နဲ႔ပဲလုပ္လုပ္ လြယ္လြယ္နဲ႔ ႏွင္ထုတ္လို႔
မရႏိုင္ဘူး။ အကုသိုလ္မ်ားလို႔အယူတိမ္း
လို႔ မေကာင္းတဲ့ဘဝကို ေရာက္ေနတဲ့
ပရေလာကသားေတြလည္း အမ်ားႀကီး
ရွိေနၾကတာပဲ”
ဆရာေတာ္သည္ စကားကို ရွည္
လ်ားစြာ ေျပာလိုက္ရလို႔ထင္သည္။ အနည္းမွ် ရပ္ဆိုင္း၍ ေရေႏြးကို မွဲ႔ ေသာက္လိုက္ျပန္သည္။
ဦးထြန္းခင္သည္ မိမိ သိခ်င္ေသာ အေၾကာင္းအရာကို အေတာ္အသင့္
သိရွိနားလည္သြား၍ ေက်နပ္သြားမိ
သည္။ ဆရာေတာ္ကိုလည္း အားနာ၍ အနားယူေစလိုသည့္အတြက္ ဆရာ
ေတာ္တို႔ ဝတ္ျဖည့္ကာ ခြင့္ေတာင္း၍
အိမ္သို႔ ျပန္ခဲ့ေလေတာ့သည္။ အျပန္လမ္းတြင္ ဆရာေတာ္ ေျပာ ေသာ ပရေလာကမွ ပုဂၢိဳလ္မ်ားအနက္
မိမိေတြ႕ခဲ့ရေသာ ပရေလာကသားမ်ား
မွာဘယ္လိုနာနာဘာဝေတြျဖစ္ႏိုင္မလဲ
ဟုစဥ္းစားလာခဲ့ေလ၏။ သူတို႔တစ္ေတြ
ဒီလိုပဲရွိေနၾကေတာ့မွာလား။ ေနာင္ေရာ
ဘာေတြ ဆက္ျဖစ္ေနဦးမွာလဲ။ မိမိ
တစ္ေယာက္တည္းသာ ေတြ႕ႀကဳံရၿပီး
အျမန္ပင္ ေပ်ာက္ကြယ္သြားေစခ်င္လွ
သည္။ ဘာပဲျဖစ္ျဖစ္၊ ဒီေန႔ညတစ္ညကို
ေစာင့္ၾကည့္မွ ပိုၿပီးသိရမည္ မဟုတ္
ပါလား။ဦးထြန္းခင္ကေတာ့အေတြးေတြ
စုံလင္စြာျဖင့္ စိတ္ေစာေနမိေတာ့သည္
တကား။
ဦးထြန္းခင္သည္ အိပ္ရာမွ ေစာစီး စြာထ၍ မ်က္ႏွာသစ္လိုက္သည္။ ဒီေန႔
ေတာ့ယာထဲကိုသြားမွဟုေတြး၍နံနက္
စာကို မိန္းမျဖစ္သူကို အျပင္ခိုင္းလိုက္
သည္။

ေဒၚလွခင္ထမင္းပြဲျပင္ေနသည္ကို ေစာင့္ရင္း ေရေႏြးေသာက္ေနလိုက္၏။
ေဒၚလွခင္က ေယာက္်ားျဖစ္သူကို
ၾကည့္၍…
“ဒီေန႔ေတာ့ အေစာႀကီး ႏိုးသားပဲ။
ယာတဲ သြားဦးမွာလား”
“ေအး – သြားရမွာေပါ့။ ထြန္ျပန္
လိုက္ရဦးမယ္ေလ”
စကားကိုေျပာၿပီး အသင့္ျဖစ္ေန
ေသာ ထမင္းပြဲကို စားလိုက္သည္။
ေဒၚလွခင္ကေတာ့ထုံးစံအတိုင္းကေလး
ေတြေက်ာင္းသြားဖို႔အတြက္လုံးပမ္းေန
ရွာသည္။
ဦးထြန္းခင္ စားေသာက္ၿပီးသြား၍
ေရေႏြးကို အရသာခံ၍ေသာက္ေနစဥ္ ေဘးအိမ္မွ ေမာင္စိန္ေသာင္းသည္ ေရာက္လာၿပီးႏႈတ္ဆက္လိုက္သည္။ “ဦးေလး – ယာထဲ သြားေတာ့မလို႔
လား”
ဟုေျပာရင္းဝင္ထိုင္လိုက္၏။
“ေအး- သြားေတာ့မလို႔ကြ။ လာ- ေရေႏြးေသာက္ဦး”
စိန္ေသာင္းက ဦးထြန္းခင္ကို
ေလသံတိုးတိုးျဖင့္…
“႐ြာထဲက သတင္းၾကားၿပီးၿပီလား
ဦးေလး”

ကြ”
ဦးထြန္းခင္ ေခါင္းခါ၍.. “မၾကားမိပါဘူး- ဘာသတင္းလဲ
“ညတုန္းက ေက်ာင္းကင္းတာဝန္ က်တဲ့ ျမင့္ေသာင္းကို သရဲအေျခာက္ခံ
ရလို႔ျမင့္ေသာင္းေတာ့႐ူးေၾကာင္ေၾကာင္

ျဖစ္ေနတယ္လို႔သူ႔မိန္းမမိပုကေဈးဆိုင္
မွာ ေျပာသြားလို႔ လူေတြ သြားၾကည့္ၾက
တာအေတာ္စည္ဆိုပဲ”
ေဟာ – ဇာတ္လမ္းကေတာ့ အရွိန္ တက္လာၿပီဟု ဦးထြန္းခင္ ေတြးလိုက္

သည္။မိမိလိုပဲျမင့္ေသာင္းတစ္ေယာက္
ဟိုသရဲသားအဖကို ေတြ႕ ခဲ့ၿပီ ထင္၏။ ဦးထြန္းခင္သည္ ျမင့္ေသာင္းကို ၾကည့္
g…
“မင္းေရာ သြားမၾကည့္ဘူးလား”

“သြားမလို႔ပဲ- ဦးေလးလိုက္မလား လို႔လာေခၚတာ”
“ငါ မအားေသးပါဘူးကြာ။ ဒီေန႔
ယာထဲကိုသြားမွျဖစ္မွာ။အျပန္က်ေတာ့ မွပဲဝင္ၿပီးၾကည့္လိုက္ပါေတာ့မယ္”

ဦးထြန္းခင္စကားဆုံးေတာ့စိန္ ေသာင္းက ထ၍…
“ဒါဆိုလည္းကြၽန္ေတာ္သြားလိုက္
ဦးမယ္”
စိန္ေသာင္း ထြက္သြားသည္ႏွင့္ ဦးထြန္းခင္လည္း လွည္းတပ္၍ ယာထဲ သို႔ထြက္သြားေလေတာ့သည္။ ညေနေလးနာရီေလာက္က်ေတာ့ အလုပ္သိမ္း၍ အိမ္ျပန္လာၿပီး ႏြားစာ စင္း၊ ေရမိုးခ်ိဳးၿပီး ႏြားစာေကြၽးၿပီး ျမင့္ ေသာင္းတို႔အိမ္သို႔သြားရန္ အိမ္ေရွ႕သို႔ ထြက္ခဲ့ေလသည္။ေဒၚလွခင္ကေနာက္ မွလိုက္လာၿပီး …
“ဘယ္သြားမလို႔တုံး – ကိုထြန္းခင္” “ျမင့္ေသာင္းတို႔အိမ္”
ဟု တိုတိုတုတ္တုတ္ေျဖၿပီး ထြက္ လာခဲ့ပါေတာ့သည္။ ျမင့္ေသာင္းတို႔အိမ္ က သိပ္မေဝးေသာေၾကာင့္ ခဏပဲ
ေလွ်ာက္လိုက္ရသည္။ အိမ္ေရွ႕ေရာက္
ေတာ့အတြင္းဘက္ကိုလွမ္းၾကည့္လိုက္
ရာ ႐ြာလူႀကီးအပါအဝင္ လူေတာ္ေတာ္
မ်ားရွိေနၾကေပ၏။
ျမင့္ေသာင္းကို လွမ္းၾကည့္လိုက္
ေတာ့ ပက္လက္ကုလားထိုင္ေပၚတြင္ သက္ေသာင့္သက္သာထိုင္ေနသည္ကို
ေတြ႕ရ၏။

ဦးထြန္းခင္လည္း တန္းလ်ားတြင္ ဝင္ထိုင္ရင္းျမင့္ေသာင္းကို ၾကည့္၍.. “ဘယ္လိုေနလဲ – ေနေကာင္း
တယ္မဟုတ္လား” ျမင့္ေသာင္းက ၿပဳံးျပ၍ .. “ဟုတ္ကဲ့ – ေနေကာင္းပါတယ္ – ဦးေလးေရေႏြးေသာက္ပါဦး” “ေတာင္ပိုင္းက ဘႀကီးမိုးရဲ႕ သည္း ေျခေဆးလုံးတိုက္ထားတယ္ေလ”
ျမင့္ေသာင္း မိန္းမက ဝင္၍ ေျပာ
လိုက္သည္။ ႐ြာလူႀကီးက ဦးထြန္းခင္ကို
ေစြၾကည့္၍…
“မေန႔ညက ကင္းတာဝန္က်တာ
ဦးထြန္းခင္ မဟုတ္လားဗ်”
သည္။
ဦးထြန္းခင္ ေခါင္းညိတ္ျပလိုက္
“ေအာ္”
႐ြာလူႀကီးက ဆက္မေျပာေတာ့ဘဲ ႏႈတ္ဆိတ္ေနလိုက္သည္။ ဦးထြန္းခင္
က
“ျမင့္ေသာင္း – မင္းအေနနဲ႔ အပန္း မႀကီးဘူးဆိုရင္ျဖစ္ပ်က္သမွ်ငါ့ကိုေျပာ
ျပပါလား”
ျမင့္ေသာင္းက ခါးကိုမတ္လိုက္ၿပီး
အသက္ကိုျပင္းျပင္းရႉလိုက္ၿပီး… “ကြၽန္ေတာ္ညတုန္းကတစ္ညလုံး သရဲအေျခာက္ခံရတယ္ ဦးေလး”

“ဘယ္အခ်ိန္ေလာက္ စၿပီး
အေျခာက္ခံရတာလဲ”
ျမင့္ေသာင္းကအနည္းငယ္စဥ္းစား
လိုက္ၿပီး…
“ေျခာက္နာရီခြဲေလာက္ကစၿပီး
မနက္ေလးနာရီအထိပါပဲ” ဦးထြန္းခင္က…
“ေအး- ငါလည္း အဲဒီအခ်ိန္ေတြ
အတိုင္း အေျခာက္ခံခဲ့ရတာပဲ” “ဗ်ာ-ဦး-ဦးေလးလည္းအေျခာက္
ခံရတာပဲလား”
ဦးထြန္းခင္က ေခါင္းညိတ္၍… “ေအးကြ “ လူႀကီးတစ္ေယာက္နဲ႔
ကေလးတစ္ေယာက္ကို ေတြ႕ခဲ့ရတာ” “ဟုတ္တယ္ – ဟုတ္တယ္၊ ကြၽန္ ေတာ္လည္း အဲဒီအတိုင္းပဲ ေတြ႕ရတာ။ ဒါေပမဲ့ – ကြၽန္ေတာ္ ေတြ႕တာက သုံး ေယာက္၊ မိန္းမတစ္ေယာက္ ပါေသး
တယ္”
႐ြာလူႀကီးႏွင့္အတူ ေဘးနားတြင္ ရွိေနၾကေသာ လူႀကီးမ်ားမွာ အံ့ဩစြာ ျဖင့္ နားေထာင္ေနၾကေလသည္။ ဦးထြန္းခင္ကၿငိမ္သက္စြာစဥ္းစား ေနရင္းေရေႏြးကိုငွဲ႔၍ေသာက္ေနလိုက္ သည္။ မိမိ ေတြ႕ခဲ့တုန္းက ႏွစ္ေယာက္။
ယခု ျမင့္ေသာင္းက်ေတာ့ သုံးေယာက္

ဆိုေတာ့ တစ္ေယာက္တိုးလာၿပီေပါ့ဟု
ေတြးကာ
“ေက်ာင္းရဲ႕အေပၚထပ္အေရွ႕ဘက္
ဆုံး ျပတင္းေပါက္နားမွာ စေတြ႕တာ
မဟုတ္လား”
“ဟုတ္တယ္ – ဦးေလး။ ကြၽန္ေတာ္ လည္းဘုရားစာေတြ႐ြတ္တာပဲ။ ဒါေပမဲ့
မရဘူး။ ေက်ာင္းတစ္ေက်ာင္းလုံး ဝုန္း
ဒိုင္းႀကဲေအာင္ေဆာ့ၾကတာ။ ဓာတ္မီးနဲ႔
သြားၾကည့္ေတာ့လည္းမေတြ႕ဘူး။ကိုယ့္
ေနရာ ျပန္ေရာက္ၿပီဆိုရင္ သူတို႔က
ေဆာ့ေနၾကေတာ့တာပဲ။ လူႀကီးက
အသားမည္းမည္း ဆံပင္စုတ္ဖြားနဲ႔
အေပၚပိုင္းမွာအက်ႌမပါဘူး။ အမ်ိဳးသမီး
က အနီ ေရာင္အက်ႌနဲ႔ ဇင္းမယ္လုံခ်ည္ ကို ဝတ္ထားၿပီး ဆံပင္ဖားလ်ားနဲ႔ အ႐ိုး ေပၚအေရတင္ပိန္ကပ္ေနတာပဲ။ ေကာင္ ေလးကေတာ့ ရွစ္ႏွစ္ေလာက္ပဲ ရွိဦး မယ္။ သူ လည္း အေပၚအက်ႌမပါဘူး။ အသားမည္းမည္းနဲ႔ ေခါင္းတုံးေလး။ မ်က္ႏွာမွာေပက်ံေနၿပီးမ်က္လုံးျပဴးျပဴးနဲ႔ အေတာ္ေၾကာက္စရာေကာင္းတယ္” ဦးထြန္းခင္က ျမင့္ေသာင္းစကား ကို ဆုံးေအာင္နားေထာင္ၿပီး…
“ဥကၠ႒တို႔လည္းၾကားတဲ့အတိုင္းပဲ ကြၽန္ေတာ္တို႔ ဘာလုပ္ၾကရင္ ေကာင္း

မလဲ။ ဒီအတိုင္းတာဆိုရင္ ေက်ာင္းကို ေစာင့္ေရွာက္မယ့္ ကင္းသမားရွိမွာ မဟုတ္ဘူး”
ဦးထြန္းခင္ စကားဆုံးေတာ့ ဥကၠ႒
သည္ေလးေလးနက္နက္ စဥ္းစား၍.
“ကင္းသမားကိုငါးေယာက္အေစာင့္
ထားၿပီး ဒီေန႔ညေတာ့ ေစာင့္ၾကည့္ခ်င္
ေသးတယ္ဗ်ာ”
ေနာက္တစ္ေယာက္ကလည္း..
“ဒီေန႔ညလူအားနဲ႔ေစာင့္မယ္ဆိုရင္ ေတာင္ ပရိတ္ေရတို႔၊ ပရိတ္သဲတို႔ပါ
ေဆာင္သြားရင္ေကာင္းမယ္ဗ်”
ဥကၠ႒ႏွင့္အတူ လူႀကီးမ်ားမွာ
ေကာင္းႏိုးရာရာအႀကံမ်ား ေပးၾကၿပီး
စီစဥ္ေနေသာ္လည္းသိပ္ၿပီးထူးျခားမည္
မဟုတ္မွန္းကို ဦးထြန္းခင္ သိေနသည္။ ဤမေကာင္းဆိုးဝါးမ်ားမွာ ေတာ္ယုံႏွင့္
ႏွိမ္ႏွင္း၍မရႏိုင္ေလာက္ေပ။
သို႔ေသာ္လည္း လူႀကီးေတြ စီစဥ္ သလို ေစာင့္ၾကည့္႐ုံသာ ရွိေတာ့သည္။
“႐ြာထဲကသတၱိေကာင္းတဲ့လူငယ္
ဥကၠ႒ကပင္ .
ေတြ စုၿပီး ဒီည အဲဒီေက်ာင္းထဲမွာရွိတဲ့
မေကာင္းဆိုးဝါးေတြကို ပရိတ္ေရတို႔၊
ပရိတ္သဲတို႔နဲ႔ပက္ၿပီး ႏွင္ၾကတာေပါ့။
မနက္ျဖန္မနက္ မိုးလင္းရင္လည္း
သံဃာေတာ္ေတြပင့္ၿပီးပရိတ္႐ြတ္မယ္
ဗ်ာ”
ခံ၍

ဦးထြန္းခင္ကေခါင္းညိတ္ေထာက္
“အဲဒီအစဥ္အစဥ္ေကာင္းပါတယ္ ဥကၠ႒ဒီလိုပဲလုပ္ၾကတာေပါ့” ဥကၠ႒ကပင္ ဆက္၍…
“က်ဳပ္ စိုးရိမ္တာက အဲဒီ သရဲ မိသားစု ကိစၥတင္ မဟုတ္ဘူး။ ၿမိဳ႕က
လာတဲ့ ဆရာ၊ ဆရာမေတြအေနနဲ႔ ေၾကာက္လန႔္ၿပီးစာဆက္မသင္ေတာ့ရင္ ဒုကၡပဲဗ်ိဳ႕။ အဲဒါကို ပိုၿပီး စိုးရိမ္တာဗ်” ႐ြာလူႀကီးတစ္ေယာက္ … “အဲဒီလိုလည္းမျဖစ္ႏိုင္ေလာက္ပါ
ဘူးေလ-ေစာင့္ၾကည့္ပါဦး” ဤသို႔ျဖင့္ စကားဝိုင္းမွာ အေတာ္ ၾကာသည္အထိ ေဆြးေႏြးၿပီးေနာက္ ဦးထြန္းခင္လည္း ျမင့္ေသာင္းကို ႏႈတ္ ဆက္ကာျပန္လာခဲ့ေလေတာ့သည္။
အခ်ိန္ကတေ႐ြ႕ေ႐ြ႕ျဖင့္ကုန္ဆုံးလာ သည္ႏွင့္အမွ်အေမွာင္ထုကလည္းတစ္စ တစ္စျဖင့္ ရင့္သန္လာေလသည္။ ဦးထြန္းခင္သည္ေနဝင္သည္ႏွင့္ၿခံ တံခါးတို႔ကိုပိတ္၍ဘုရားေသာက္ေတာ္
ေရကို ကပ္လႉ၍ အိမ္ရွိ တံခါးမ်ားကို
အကုန္ပိတ္လိုက္၏။ ထို႔ေနာက္ ဘုရား

ေက်ာင္းေဆာင္ေရွ႕တြင္ရွိခိုးၿပီးေမတၱာပို႔
အမွ်ေဝလိုက္၏။
ထိုစဥ္ ႐ြာထိပ္စာသင္ေက်ာင္း
ဘက္မွ ဆြဲဆြဲငင္ငင္ အူလိုက္ေသာေခြး
အူသံတို႔သည္ကား နားေၾကာစိမ့္
ေလာက္ေအာင္ ဆူညံစြာ ထြက္ေပၚလာ ေလသည္။ “ဝူ-အု” “အုံ-အူး”
ေဒၚလွခင္ကမူ အိပ္ရာျပင္ေနရင္း
မွ ။

“ေခြးအူသံကလည္း ဒီေန႔မွ ပိုၿပီး က်က္သေရမရွိလိုက္တာေတာ္”
ဦးထြန္းခင္ကမွန္အိမ္မီးကိုအလင္း
အားေကာင္းရန္ ျမႇင့္လိုက္ရင္း..
“ကေလးေတြကိုအခန္းထဲေခၚသိပ္
ေတာ့ေဟ့”
“အေစာႀကီး ရွိေသးတယ္၊ သူတို႔
အိပ္ပါ့မလား”
“မအိပ္ အိပ္၊ အိပ္ကြာ – အခန္းထဲ
သြားေတာ့”
စိတ္မတိုစဖူး ေငါက္ဆတ္ဆတ္
အသံေၾကာင့္ ေဒၚလွခင္လည္း ကေလး ေတြကိုေခၚ၍ အခန္းထဲသို႔ ဝင္သြားေလ
၏။

ဦးထြန္းခင္သည္ ဘုရားေက်ာင္း
ေဆာင္မွ ပရိတ္ေရ ပရိတ္သဲတို႔ကို အိမ္
အႏွံ႔ က်ဲပက္ထားလိုက္သည္။ ဘုရား ေက်ာင္းေဆာင္တြင္လည္းမီးပူေဇာ္ကာ ေၾကးစည္ကို တေနာင္ေနာင္ထု၍ အမွ်
ေဝၿပီးေမတၱာပို႔ေနလိုက္သည္။
သိပ္၍ မၾကာလိုက္ပါ။ ႐ြာထဲတြင္ ဆူညံ ဆူညံအသံမ်ားကို ၾကားလိုက္ ရသည္မို႔ အသနားစြင့္ေနလိုက္သည္။ လမ္းေပၚတြင္တခ်ိဳ႕ေျပးလႊားသံမ်ား
လူသံ၊ ေခြးသံႏွင့္ ကေလးငိုသံမ်ားက ဟိုမွ သည္သို႔ ၾကားေနရသည္။ ေဒၚလွ ခင္က အခန္းထဲမွ ထြက္လာၿပီး … “႐ြာထဲမွာ ဘာေတြမ်ား ဒီေလာက္
ဆူညံတာလဲ – ကိုထြန္းခင္”
ဦးထြန္းခင္ကလက္ကာျပဳ၍အသာ ေနဟုဆိုသည့္သေဘာျဖင့္ျပ၍ကေလး ႏွစ္ေယာက္ကို ဘုရားေက်ာင္းေဆာင္ ေရွ႕သို႔ ေျပာင္းေ႐ႊ႕လိုက္ၿပီး ေဒၚလွခင္ကို
လည္းကေလးနားတြင္အတူေနရန္ေျပာ
ကာ
“ဘာျဖစ္ေနတယ္ဆိုတာ မင္းတို႔
မနက္က်ရင္ အကုန္ေျပာျပမယ္” စကားအဆုံးတြင္ အိမ္ေရွ႕သို႔ထြက္ လာၿပီး အိမ္ျပတင္းေပါက္မွေန၍ စိန္ ေသာင္းတို႔အိမ္ဘက္သို႔ မ်က္ႏွာမူ၍ …

“စိန္ေသာင္းေရေဟ့စိန္ေသာင္း”
စိန္ေသာင္းသည္ ၿခံစည္း႐ိုးနားသို႔
ကပ္၍ …
“ဗ်ာ-ဦးေလး” ဟုထူးလိုက္၏။ “႐ြာထဲမွာဘာေတြျဖစ္လို႔ဒီေလာက္
ဆူညံေနတာလဲကြ – ေဟ”
“ကင္းသမားေတြပါဗ်ာ။ စာသင္
ေက်ာင္းက သရဲေျခာက္လို႔ ေၾကာက္ၿပီး
ျပန္ေျပးလာၾကတာ” “အု-အူး”
“ဟာ-ဒီေခြးကလည္း လန႔္လိုက္
တာ-ေတာက္”
စိန္ေသာင္းေခြးက အမွတ္တမဲ့
ထအူလိုက္ေတာ့ စိန္ေသာင္း လန႔္သြား
၍ေခြးကို ေငါက္လိုက္ေလသည္။ စိန္
ေသာင္းလည္း အိမ္ထဲသို႔ ျပန္ဝင္သြား
ေလသည္။
“ဟူး- ဒုကၡေတြေတာ့ ေရာက္ကုန္
ေတာ့မွာပဲ”
ဟုတစ္ကိုယ္တည္း ေရ႐ြတ္လိုက္
မိသည္။ မိမိတို႔႐ြာတြင္ ဘာေတြျဖစ္လာ ဦးမလဲ မသိေတာ့ပါ။ တစ္ခုခုေတာ့ မွား ယြင္းေနသည္ကေတာ့ အမွန္ပင္။ ဦးထြန္းခင္သည္ တစ္ခါဖူးမွ မႀကဳံဘူး ေသာ ထူးဆန္း၍ ေၾကာက္မက္ဖြယ္ရာ

ေကာင္းလွသည့္ ပရေလာကသားမ်ား
သည္မိမိတို႔႐ြာသို႔မည္သို႔မည္ပုံေရာက္ လာၾကသလဲဆိုသည္ကိုစဥ္းစားမရႏိုင္ ေအာင္ရွိေနပါေတာ့သည္။
ဥကၠ႒အိမ္တြင္ျဖစ္သည္။ တစ္အိမ္ တစ္ေယာက္ ဆင့္ေခၚထားသျဖင့္ အိမ္
ေရွ႕ရွိ ေျမကြက္လပ္တြင္ လူမ်ား ျပည့္ ႏွက္ေနၾကသည္။ ေက်ာင္းထိုင္ဆရာ ေတာ္ကိုလည္းပင့္ထား၍အသင့္ေရာက္
ေနသည္။
နံနက္ ရွစ္နာရီခန႔္ ရွိေရာ့မည္။
ဥကၠ႒က မတ္တတ္ရပ္၍ ..
“အားလုံး ခဏၿငိမ္ေပးၾကပါ”
ဥကၠ႒၏ အသံေၾကာင့္ တီးတိုး
သဖန္းပိုးထိုးေနၾကေသာ သူမ်ား တိတ္
ဆိတ္သြားၾက၏။ ဥကၠ႒ကစကားဆက္
၍ေျပာ၏။
“ဘာကစၿပီး ေျပာရမွန္းေတာင္
မသိေအာင္ပဲျဖစ္ေနမိတယ္” ဥကၠ႒ကစကားကိုေခတၱရပ္လိုက္ ၿပီး ဆက္ေျပာျပန္သည္။
“တိုးတက္ေနတဲ့ ေခတ္ႀကီးထဲမွာ ဒိုင္နယ္ဥကၠ႒ျဖစ္တဲ့ က်ဳပ္က သည္ အေၾကာင္းေျပာရတာရွက္ေတာ့ရွက္မိ

ပါတယ္။က်ဳပ္တို႔႐ြာမွာမေကာင္းဆိုးဝါး
ေတြ ေရာက္ေနတာ ခင္ဗ်ားတို႔လည္း
ၾကားသိရမွာပါ”
ဥကၠ႒က စကားကို ရပ္၍ ႐ြာသား
ေတြကို အကဲခတ္လိုက္သည္။ လူအုပ္ ထဲမွတစ္ေယာက္က …
“ညက ကင္းသမားေတြကို သရဲ အေျခာက္ခံရတယ္လို႔ၾကားတာတကယ္
ပဲလား ဥကၠ႒ႀကီး”
“ဟုတ္တယ္ – ညတုန္းက လူငယ္ ငါးေယာက္ကို စာသင္ေက်ာင္းမွာ ကင္းခ်လိုက္တာမေကာင္းဆိုးဝါးေတြနဲ႔ ေတြ႕ ၿပီး ေၾကာက္လန႔္ တၾကားနဲ႔
ေျပးလာခဲ့ရတယ္။ ဒီအရင္ ပထမဦးဆုံး
အေျခာက္ အလွန္ ခံရသူကေတာ့
ဦးထြန္းခင္ပါ။ သူနဲ႔ သရဲနဲ႔ ေတြ႕ေတာ့
သရဲကႏွစ္ေကာင္။ ဒုတိယေတြ႕တဲ့သူက
ျမင့္ေသာင္းပါ။ သူ ေတြ႕ခဲ့တာက သရဲ
သုံးေကာင္၊ညကေကာင္ေလးေတြေတြ႕
တာၾကေတာ့ သရဲက ဆယ္ေကာင္တဲ့
မနည္းတစ္အုပ္စုႀကီးေတြ႕လိုက္ရတာလို႔
သိရတယ္။ ဒီအတိုင္းဆိုေတာ့
မေကာင္းဆိုးဝါးေတြဟာတစ္ေန႔တျခား ပိုၿပီးတိုးလာေနသလိုျဖစ္ေနၿပီ” လူႀကီးတစ္ေယာက္က
“ဘယ္လိုေၾကာင့္ ဒီသရဲေတြက
အစုလိုက္အၿပဳံလိုက္ႀကီး က်ဳပ္တို႔ ေက်ာင္းမွာ ရွိေနရတာလဲ” လူႀကီးတစ္ေယာက္လည္းလက္ျပ
“ဒါဟာ ေသြး႐ိုးသား႐ိုးေတာ့ မျဖစ္ ႏိုင္ဘူး။ ပထမေက်ာင္းဖြင့္တဲ့ သုံးလလုံး ဘာမွ မျဖစ္ဘဲနဲ႔ အခုမွ ဒါမ်ိဳးေတြ ျဖစ္ တယ္ဆိုေတာ့ စဥ္းစားစရာပဲ”
ဤသို႔ျဖင့္ တစ္ေယာက္တစ္မ်ိဳး ထင္ျမင္ခ်က္ေပး၍တီးတိုးသံမ်ားထပ္မံ ၍ထြက္လာျပန္သည္။ တခ်ိဳ႕လူငယ္ ေတြကေနာက္ေျပာင္သလိုျဖင့္…
“သူတို႔ကိုဧည့္စာရင္းစစ္လိုက္ရင္း ဘယ္က လာတယ္ဆိုတာ သိႏိုင္တာ
ေပါ့”
လူတခ်ိဳ႕တီးတိုးရယ္သံမ်ား ထြက္
ေပၚလာသည္။
တျခားတစ္ေယာက္ကလည္း…
“သရဲကို ဧည့္စာရင္း သြားစစ္လို႔ မွတ္ပုံတင္ထုတ္မျပဘဲဟိုဟာႀကီးထုတ္
ျပလိုက္လိမ့္မယ္” “ျဖန္း ျဖန္း”
ဆရာေတာ္က စားပြဲကို တုတ္ျဖင့္
႐ိုက္၍…
“ကဲ – ကဲ – ေတာ္ၾကေတာ့။ ေပါက္ ကရေတြ ေျပာရမယ့္ အခ်ိန္မဟုတ္ဘူး။
ဘာပဲျဖစ္ျဖစ္ ဘုန္းႀကီးကေတာ့ ဘုန္း
ႀကီးတာဝန္ေက်ေအာင္ရပ္႐ြာေအးခ်မ္း
ေရးကို အေလးထားၿပီး နီးစပ္ရာ ဆရာ
ေတာ္၊ သံဃာေတာ္ေတြကို စုစည္းၿပီး
အႏၲရာယ္ကင္းပရိတ္႐ြတ္မယ္။ ဒီရက္
ပိုင္းမွာေတာ့ ညဘက္ အျပင္မထြက္ၾက နဲ႔။ ေနဝင္တာနဲ႔႐ြာမႀကီးရဲ႕တံခါးနဲ႔ မိမိတို႔ အိမ္တံခါးေတြကိုပိတ္ၿပီးေနၾက ဆရာေတာ္သည္တိုရင္းလိုရွင္းဆို
သလို စကားကို အဆုံးသတ္၍ေက်ာင္း သို႔ ျပန္ႂကြသြားေလေတာ့ သည္။ ထိုေန႔ညကေတာ့ မည္သူမွ ကင္း တာဝန္မခ်ေတာ့ေခ်။ ဘယ္သူမွလည္း ေစာင့္ရဲၾကမည္ မထင္ပါ။ ၿမိဳ႕မွ လာေန ေသာ ဆရာ၊ ဆရာမမ်ားလည္း
အေၾကာက္လြန္ကာေန႔ခင္းဘက္ပင္စာ
မျပခ်င္ေတာ့သလို ျဖစ္ေနၾကေတာ့
သည္။
ဥကၠ႒မွ ဆရာ၊ ဆရာမမ်ားအား အေဖာ္ရေစရန္ ေန႔လယ္ဘက္ စာသင္ ခ်ိန္တြင္ စာသင္ခန္းအဝတိုင္းတြင္ ႐ြာ သားမ်ားကို ေနရာခ်ထားေပးမည္ဟု ေျပာထားရသည္။
သည္လို ႏွင့္ ေနာက္ေန႔တြင္
ေက်ာင္းပိတ္ရက္ျဖင့္ တိုက္ဆိုင္ၿပီး ဆရာေတာ္မ်ားမွ ႏွစ္ရက္လုံးလုံး ပရိတ္ ႐ြတ္၊ ပ႒ာန္း႐ြတ္ေပးၾက၏။
႐ြတ္ေနေသာ အခ်ိန္မွာေတာင္ ေန႔လယ္ဘက္ ေလမတိုက္ပါဘဲႏွင့္
ေက်ာင္းသြပ္မိုးမ်ားမွာ တဝုန္းဝုန္းႏွင့္
ရွိေနပါသည္။
ေက်ာင္းတံခါး ႐ြက္မ်ားမွာလည္း
အလိုအေလ်ာက္ ဖြင့္ခ်ည္ပိတ္ခ်ည္ႏွင့္
တေျဖာင္းေျဖာင္း တဒိုင္းဒိုင္းႏွင့္ ရွိေန
ပါေတာ့သည္။
ေတာ္ေတာ္ပင္ ေသာင္းက်န္းေန
ေတာ့သည္။ေနာက္- တျဖည္းျဖည္းႏွင့္
ၿငိမ္၍ သြားေလေတာ့သည္။ သို႔ေသာ္
လည္း ခဏသာပင္ ေက်ာင္းထဲတြင္
ဆရာေတာ္မ်ားမရွိေတာ့ေသာအခါ နဂို
အတိုင္းပင္ ေသာင္းက်န္းျပန္ေလ
သည္။
ဘယ္ေလာက္အထိ ဆိုးသလဲဆိုရ
ပါလွ်င္ သရဲတေစၦမ်ားသည္ ေက်ာင္း
သားထမင္းခ်ိဳင့္မ်ားထားေသာခုံေပၚတြင္
လွန္ေလွာစားေသာက္ေနသည္မ်ားပင္
ရွိေန၏။
ၾကာလာေတာ့ ႐ြာထဲမွ ေက်ာင္း
သားမ်ားပါမကေဘး႐ြာမွေက်ာင္းသား
မ်ားမွာ မလာၾကေတာ့ေပ။ ဆရာမ်ား လည္း ၿမိဳ႕သို႔ ျပန္သြားၾကေလေတာ့
သည္။
ကေလးမ်ား၏ပညာေရးကို ထည့္ စဥ္းစားရေပေတာ့မည္။ သို႔ျဖစ္၍ ဥကၠ႒

ႏွင့္ လူႀကီးတခ်ိဳ႕ၿမိဳ႕နယ္ပညာေရးမႉး႐ုံး သို႔ သြား၍အကူအညီေတာင္းၾက၏။
ဥကၠ႒ႏွင့္ လူႀကီးမ်ား ပညာေရးမႉး ႏွင့္ေတြ႕ေသာအခါ ပညာေရးမႉးက … “ဥကၠ႒တို႔အေနနဲ႔ကိုယ့္႐ြာရဲ႕အေျခ ကိုပဲၿငိမ္သက္ေအာင္အရင္ေျဖရွင္းသင့္
ပါတယ္။ ဒီလိုသာ ဆက္ၿပီး ထိတ္လန႔္
ေၾကာက္႐ြံ႕ေနၾကရရင္ ဘယ္ဆရာ၊
ဆရာမကမွ ဆင္ျခင္ၾကမွာ မဟုတ္ဘူး။
သူတို႔ တစ္ေတြလည္း နယ္ေျပာင္းခ်င္
ေျပာင္းရပါေစဆိုၿပီး စာေတြတင္ထားၾက
တယ္”
ပညာေရးမႉးစကားကရွင္းပါသည္။ ဥကၠ႒တို႔အဖြဲ႕လည္း အေကာင္းဆုံး နည္းလမ္းကို စဥ္းစား၍ တိုင္ပင္ညႇိႏႈိင္း ၾကရာ စာသင္ေက်ာင္းက ျပႆနာကို
မေျဖရွင္းႏိုင္ခင္စာအသင္မပ်က္ေအာင္ ႐ြာကဘုန္းႀကီးေက်ာင္းသို႔ေ႐ႊ႕ေျပာင္း၍ စာသင္ရန္ ဆုံးျဖတ္လိုက္ၾက၏။ ပညာေရးမႉးကိုလည္း အက်ိဳး အေၾကာင္းေျပာျပ၍ဆရာေတြအတြက္
အႏၲရာယ္မျဖစ္ေအာင္ ေသခ်ာေစာင့္
ေရွာက္ပါမည့္အေၾကာင္းအမ်ိဳးမ်ိဳးကတိ
ေပး၍ ေတာင္းပန္ေတာ့ ပညာေရးမႉး
လည္းလိုက္ေလ်ာလိုက္၏။
သို႔ျဖင့္ေက်ာင္းသားမိဘမ်ားဆီသို႔ ဆက္သြယ္အေၾကာင္းၾကား၍ဘုန္းႀကီး

ေက်ာင္းတြင္ စာကို သင္ေစေတာ့ သည္။
စာသင္ေက်ာင္းထဲကေတာ့ ေန႔ည
မေ႐ြး ထင္တိုင္းေျခာက္လန႔္ေနေတာ့ သည္။ အေကာင္ အေရအတြက္ ကလည္း မ်ားလာသလို ပုံစံအမ်ိဳးမ်ိဳး
ရွိၾကသည္။ တစ္ခုေကာင္းသည္က
သူတို႔ သည္ ႐ြာထဲႏွင့္ ႐ြာသားမ်ားကို
ဝင္ပူးျခင္း၊ ဖမ္းစားျခင္း မလုပ္ၾကသလို
သူတို႔ေနထိုင္ရာ စာသင္ေက်ာင္းဝင္း
အတြင္းမွ အျပင္သို႔ မထြက္ၾကျခင္းပင္
ျဖစ္၏။
ရက္အနည္းငယ္ၾကာလာေတာ့႐ြာ
ထဲက အရက္သမားမ်ားႏွင့္ ခပ္ေနာက္ ရွိေသာလူရႈပ္ေတြက စာသင္ေက်ာင္းရဲ႕ ၿခံစည္း႐ိုးအျပင္ဘက္ကေန၍ စားစရာ
မ်ား ယူလာၿပီး အစာေကြၽး၍ ေနာက္ ေျပာင္တတ္ၾကေသးသည္။ တခ်ိဳ႕ကဆိုလွ်င္ .. “ေဟ့ – စားခ်င္ရင္ လာယူလွည့္” ဟုေျပာၿပီးမုန႔္ထုပ္ကိုေက်ာင္းစည္း ႐ိုးတြင္ခ်ိတ္ထားလိုက္သည္ႏွင့္ ဝုန္းခနဲ အသံႀကီးျမည္သြားကာမုန႔္ထုပ္ကိုဆြဲ၍
သြားေလ၏။
“အေကာင္အထည္ျပပါဟ။ ဘာ
ပုံစံလဲ ၾကည့္ခ်င္လို႔ပါ”

ဟုဆိုလွ်င္စာသင္ေက်ာင္း၏ဝရန္ တာေပၚတြင္ ခုန္ေပါက္၍ ပုံစံအမ်ိဳးမ်ိဳး ျဖင့္ ကြၽမ္းထိုးျပတတ္ေလသည္။ “ကံတစ္လွည့္” ႐ြာ၏သတင္းသည္ ခရီးသြား ဘုန္းႀကီးတစ္ပါးေရာက္လာခဲ့ ေလသည္။ ဘုန္းႀကီးမွာ သက္ေတာ္ ေလးဆယ္ဝန္းက်င္ေလာက္ပဲ ရွိမည္။
႐ြာက ဆရာေတာ္ထံခြင့္ေတာင္း၍
ေက်ာင္းေအာက္ မီးဖိုေဆာင္ရွိေသာ အခန္းႏွင့္ကပ္လ်က္ အေဆာင္ေလး ထဲတြင္ေန၏။
တစ္ညတြင္ ေက်ာင္းထိုင္ဆရာ
ေတာ္ႏွင့္အာဂႏၲဳဧည့္သည္ဘုန္းႀကီးတို႔ ေရေႏြးေသာက္ၾကရင္း တရားသေဘာ မ်ား ေဆြးေႏြးၾက၍ ေထြရာေလးပါး
စကားလက္ဆုံၾကလ်က္ရွိေနၾက၏။ ထိုကဲ့သို႔ေျပာဆိုေနၾကရင္းအာဂႏၲဳ
ဘုန္းႀကီးက …
“အရွင္ဘုရားတို႔႐ြာမွာ မေကာင္း
ဆိုးဝါးမွင္စာေတြ ႐ြာလုံးကြၽတ္ ရွိေနၾက
တာ သိပါရဲ႕လား ဘုရား” ေက်ာင္းထိုင္ကိုယ္ေတာ္က ေခါင္း
ညိတ္၍.
“တင္ပါ – ဘုရား သိပါတယ္”
“ဘာျဖစ္လို႔ ႏွင္မထုတ္ၾကတာလဲ ဘုရား။ ၾကာရွည္ထားလို႔ ေကာင္းတဲ့ အရာမွ မဟုတ္တာ”
ခ်၍…
ေက်ာင္းထိုင္ကိုယ္ေတာ္သက္ျပင္း
ဟု အစခ်ီ၍ အေၾကာင္းစုံ ေျပာျပ ေလေတာ့၏။ အာဂႏၲကိုယ္ေတာ္က ေသခ်ာ အာ႐ုံစိုက္၍ နားေထာင္ၿပီး မ်က္လုံးကိုမွိတ္ထားလိုက္ၿပီးခဏၾကာ
ေတာ့
“သူတို႔ကို အဲဒီနည္းနဲ႔ေတာ့ ႏွင္လို႔ မရႏိုင္ဘူး ဘုရား။ ဘာျဖစ္လို႔လည္းဆို ေတာ့ ေခၚတဲ့သူက ေခၚလာၿပီးမွေတာ့ နဂိုကတည္းကေခၚလာတဲ့လူကပဲထိုသို႔ ျပန္ႏွင္ထုတ္လို႔ရမွာပါ ဘုရား” “ဘယ္သူကမ်ားဒီမေကာင္းဆိုးဝါး ေတြကို ေခၚလာပါလိမ့္။ ကိုယ္ေတာ္ ရယ္ – မေၾကာက္မ႐ြံ႕နဲ႔”
အာဂႏၲဳကိုယ္ေတာ္က …. “အရွင္ဘုရား ခြင့္ျပဳမယ္ဆိုရင္အဲဒီ မေကာင္းဆိုးဝါးေတြကို တပည့္ေတာ္ ႏွင္ထုတ္ေပးပါမယ္ ဘုရား” အာဂႏၲဳဘုန္းႀကီးစကားေၾကာင့္ ေက်ာင္းထိုင္ကိုယ္ေတာ္မွာ ဝမ္းသာ သြားရၿပီး အားတက္သေရာျဖင့္.. “လုပ္ပါ- အရွင္ဘုရား၊ တပည့္
ေတာ္ ခြင့္ျပဳပါတယ္၊ လိုအပ္တာလည္း မိန႔္ပါ။ တတ္ႏိုင္သမွ် အစစအရာရာ ကူညီပါမယ္”

ေက်ာင္းထိုင္ဆရာေတာ္သည္ အားရဝမ္းသာစြာျဖင့္ ခြင့္ျပဳလိုက္၏။ ထို႔ေနာက္- အာဂႏၲဳကိုယ္ေတာ္ … “ဘာမွ ေထြေထြထူးထူး မလိုအပ္ ပါဘူး ဘုရား။ မနက္က်ရင္သာ ဥကၠ႒
အပါအဝင္ ၿခံစည္း႐ိုးခတ္ဖို႔ စည္း႐ိုး
တိုင္နဲ႔ဝါးေတြခုတ္ၿပီးတာဝန္ထမ္းေဆာင္
ခဲ့တဲ့ လူစာရင္းအတိုင္း စုံလင္ေအာင္
ေခၚထားေပးေစလိုပါတယ္ ဘုရား” “စိတ္ခ်ပါ-ကိုယ္ေတာ္။ ဒါက အလြယ္ေလးပါ၊ ျဖစ္ရပါေစ့မယ္” ဤသို႔ နယ္ – ကိုယ္ေတာ္ႏွစ္ပါး ေျပာဆိုၾကၿပီး စကားဝိုင္းကို သိမ္းလိုက္ ၾကပါေတာ့သည္။ ေက်ာင္းထိုင္ ကိုယ္ ေတာ္ကေတာ့မိမိ႐ြာ၏အေျခအေနဆိုး
ကို ျပဳျပင္ႏိုင္ေသာ ကယ္တင္ႏိုင္ေသာ
ဆရာေတာ္ႏွင့္ ေတြ႕ရၿပီဟု ေတြးလ်က္
ဝမ္းသာေနမိပါသည္။ မိမိတာဝန္က
မနက္မိုးလင္းတာႏွင့္ ဥကၠ႒ႏွင့္အတူ
ေမ်ာတိုင္ႏွင့္ ဝါးမ်ား ခုတ္ေပးေသာ သူ
မ်ားကို စုစည္းေပးရမည္ မဟုတ္ပါလား
ဟုေတြးရင္း..
နံနက္လင္းသည္ႏွင့္ ေက်ာင္းထိုင္ ဘုန္းႀကီး၏ ဆင့္ေခၚျခင္းေၾကာင့္ ဥကၠ႒ ႏွင့္အတူ ေမ်ာတိုင္ခုတ္ထြင္ရာတြင္ ပါဝင္ၾကေသာသူမ်ားသည္ ဘုန္းႀကီး
ေက်ာင္းသို႔ တစ္ေယာက္ၿပီးတစ္ ေယာက္ တဖြဲဖြဲ ေရာက္လာၾကေလ
သည္။
ထို႔ေနာက္ အာဂႏၲဳကိုယ္ေတာ္က
အားလုံးကို စုစည္းေစ၍ဥကၠ႒အား…
“ေမ်ာတိုင္ခုတ္တဲ့သူက ဒါအကုန္
ပဲလား ဒကာႀကီး။ ေသခ်ာ စစ္ေဆးေပး ပါဦး။ တစ္ေယာက္မွ က်န္လို႔ မျဖစ္ပါ
ဘူး”
ဥကၠ႒ကမတ္မတ္ရပ္၍လက္ထဲမွ စာရင္းစာအုပ္ကို ဖြင့္၍ … “တပည့္ေတာ္စာရင္းနဲ႔တိုက္ၿပီးလူ
စစ္ေပးပါ့မယ္ ဘုရား” စာရင္းစာအုပ္ကို ၾကည့္၍…
“ဦးတင္သန္း” “ရွိပါတယ္”
“ဦးလွေငြ” “ရွိပါတယ္”
စသျဖင့္ စာရင္းကိုၾကည့္၍ လူနာ မည္ကို ေခၚေပးေနသည္။ တစ္ေယာက္ ၿပီးတစ္ေယာက္လာရာ… “တင္ႀကိဳင္”
တယ္”
“တင္ႀကိဳင္”
“တင္ႀကိဳင္ မေရာက္ေသးဘူးထင္
တစ္ေယာက္ကဝင္၍ေျပာသည္။
ဥကၠ႒က ဤလူမ်ားကို ဆက္၍ အမည္မ်ားကိုေခၚသြားေလရာတင္ႀကိဳင္ မွလြဲ၍အားလုံးစုံလင္သျဖင့္ ..
“အရွင္ဘုရား တင္ႀကိဳင္တစ္ ေယာက္ကလြဲရင္ လူအားလုံး အစုံပါပဲ
ဘုရား”
အာဂႏၲဳကိုယ္ေတာ္က …
“အဲဒီဒကာ တင္ႀကိဳင္ကို ေခၚလို႔
ရရင္ ေခၚေပးပါ”
ၿပီး …
လူတစ္ေယာက္ထ၍ ရပ္လိုက္
“ဥကၠ႒ ဒီေကာင္ ဘယ္မွာရွိတယ္ ဆိုတာကြၽန္ေတာ္သိတယ္။အခုေလာက္
ဆို ကိုပုအရက္ဆိုင္မွာ ရွိေနေလာက္
တယ္”
“ေအး- အဲဒါဆိုလည္း မင္းပဲသြား ၿပီး ျမန္ျမန္သာ ဆြဲေခၚလာခဲ့ကြာ။ သြား-
သြား”
ဥကၠ႒ စကားအဆုံး ေကာင္ေလး တစ္ေယာက္ေျပးထြက္သြားေလသည္။ သိပ္မၾကာလိုက္ပါ၊ ထြက္သြားေကာင္
ေလးႏွင့္အတူ အရက္မူးေနေသာ တင္
ႀကိဳင္သည္ ဒယိမ္းဒယိုင္ႏွင့္ ပါလာေလ
သည္။ တင္ႀကိဳင္က ဆရာေတာ္ကို ျမင္
ေတာ့ ဦးခ်ေန၏။
ဆရာေတာ္က ..
“ကဲ – ဥကၠ႒၊ ၿခံစည္း႐ိုးခတ္ဖို႔
အတြက္ ဘယ္ပုံစံနဲ႔ တာဝန္ခ်ၿပီး ခြဲတမ္း
ေဝသလဲဆိုတာရွင္းျပပါဦး”
“တင္ပါ့ဘုရား – စာသင္ေက်ာင္းရဲ႕
ေရွ႕မ်က္ႏွာစာအေရွ႕ဘက္ေထာင့္ကေန
စၿပီးတာဝန္က်တစ္ဦးကိုငါးေပအက်ယ္
တစ္ခန္းစာအတြက္ ၿခံစည္း႐ိုးတိုင္
(ေမ်ာတိုင္)ႏွစ္တိုင္နဲ႔ ဝါးငါးလုံး ခုတ္ၿပီး
ကိုယ့္အခန္းကို စိုက္ထူဖို႔ တာဝန္ေပးခဲ့
ပါတယ္ ဘုရား”
“အခန္းစဥ္အလိုက္တိုင္း နာမည္
ေတြနဲ႔ ခ်ေပးထားတာေပါ့”
“တင္ပါ့ဘုရား – အဲဒီအတိုင္းပါပဲ။ တခ်ိဳ႕ကေတာ့ အေနာက္ေတာတက္ၿပီး သစ္နဲ႔ဝါးကို ခုတ္ၿပီး စည္း႐ိုးထားၾက သလို တခ်ိဳ႕အိမ္မွာ အပိုရွိတဲ့ သူေတြ ကလည္းသူတို႔အိမ္ကသစ္နဲ႔ဝါးကိုယူၿပီး
ကာၾကပါတယ္ ဘုရား”
ဆရာေတာ္သည္ ေခါင္းညိတ္၍
အနည္းငယ္ စဥ္းစားေနလိုက္သည္။
ေနာက္- ဆရာေတာ္ကပင္ …
“က်ဳပ္အေနနဲ႔မေကာင္းဆိုးဝါးေတြ
ဘာေၾကာင့္ ေရာက္လာသလဲဆိုတာ သိဖို႔လိုတယ္။ အဲဒီလိုသိမွလည္း သူတို႔ ကိုႏွင္ထုတ္လို႔ရမွာ။ ကဲ- က်ဳပ္ေမးတာ
ကို ဒကာႀကီးတို႔အေနနဲ႔ လက္ေထာင္ ျပၿပီး အေျဖေပးပါ။ အေနာက္ေတာကို တက္ၿပီး သစ္ဝါးခုတ္တဲ့သူေတြ လက္
ေထာင္ပါ”
ဆရာေတာ္က ဆိုလိုက္ေတာ့ လူ
ေတာ္ေတာ္မ်ားမ်ား လက္ေထာင္ၾက
ေလသည္။ ဆရာေတာ္လူအုပ္ကိုၾကည့္

“ဒီလိုလုပ္ပါလား။ လက္ေထာင္
ထားတဲ့ သူတို႔က တျခမ္း သတ္သတ္
ခြဲေနပါ”
သို႔ျဖင့္ လက္ေထာင္ထားေသာ သူမ်ားတစ္ဖက္သို႔ စုလိုက္ၾက၏။
“ကိုယ့္အိမ္က သစ္ဝါးနဲ႔ ၿခံစည္း႐ိုး ကာတဲ့သူေတြေနာက္ဆုတ္ပါ”
ဤေနေသာ လူအားလုံး ေနာက္ ဆုတ္သြားၾကရာတင္ႀကိဳင္တစ္ေယာက္ သာေရွ႕တြင္ငုတ္တုတ္ကေလးက်န္ေန
ခဲ့သည္။
ဥကၠ႒က တင္ႀကိဳင္ကို ၾကည့္၍… “ဟ – တင္ႀကိဳင္၊ မင္းက ဘာလုပ္
ေနတာတုံး”
ဟု ေမးလိုက္ရာ တင္ႀကိဳင္က ခပ္ တည္တည္မ်က္ႏွာထားႏွင့္…
“ဟာ-ဥကၠ႒ကလည္းဆရာေတာ္ ေမးတဲ့အထဲမွာ က်ဳပ္က ဘယ္ဟာမွ

တင္ႀကိဳင္ပုံစံမွာ
မဟုတ္ေသးလို႔ မလႈပ္မယွက္ ၿငိမ္ၿငိမ္ ေလးထိုင္ေနတာေပါ့- ေအ့-”
ခပ္ေအးေအးပင္
ရွိေန၏။ ဥကၠ႒က ေခါင္းကုတ္လိုက္
ၿပီး…
“ေနစမ္းပါဦး – မင္းက အေနာက္ ေတာမွာသြားၿပီးသစ္ခုတ္လည္းမလိုက္
ဘူး၊ အိမ္ကရွိတဲ့ သစ္ဝါးနဲ႔လည္းမဟုတ္
ဘူးဆိုေတာ့မင္းတာဝန္က်တဲ့အခန္းကို
ဘယ္ကသစ္ဝါးေတြနဲ႔လုပ္တာလဲ။ကဲ-
ေျပာစမ္းပါဦး”
တင္ႀကိဳင္သည္မတ္တတ္ရပ္လိုက္
ၿပီးလက္ကေလးပိုက္ကာ ခႏၶာကိုယ္ကို
ႀကိဳးစားထိန္း၍…
“ကြၽန္ေတာ္က သူမ်ားေတြလို
အပင္ပန္းခံစရာ မလိုပါဘူး။ ေအ့ – မုန္း
ဆိပ္ကို ေရခ်ိဳးသြားတုန္းက ေရထဲက
ေမ်ာလာတဲ့ သစ္လုံးတစ္လုံးကိုေတြ႕လို႔
ဆယ္လာတာပါ။ ေအ့ – တိုင္က ေတာ္
ေတာ္ရွည္ေတာ့ မနည္းပဲ ဆယ္လိုက္
ရတယ္။ ေနာက္ အိမ္ကို ျပန္ၿပီး ဓားနဲ႔
အလယ္ကပိုင္းလိုက္ေတာ့ ေဟာ – ၿခံ ဘ-ၿခံ စည္း႐ိုးတိုင္ ႏွစ္လုံးရေတာ့တာေပါ့။ ဥကၠ႒ႀကီးရဲ႕ အဲဒီတိုင္ႏွစ္လုံးကို ဆယ္ ေတာ့ ဧည့္သည္သားအဖႏွစ္ေယာက္ ကေတာင္ ကူညီၿပီး စာသင္ေက်ာင္းနား အထိလိုက္ပို႔ေသးတယ္ဗ်ာ”
ဆရာေတာ္က တင္ႀကိဳင္၏စကား
ကိုနားေထာင္ၿပီး…
“တိုင္ေတြကိုေရဆိပ္က သယ္လာ
တာဘယ္အခ်ိန္ေလာက္ကလဲ-ဒကာ”
တင္ႀကိဳင္က လက္အုပ္ကေလး
ခ်ီ၍…
“ညေန ေနဝင္ရီတေရာ အခ်ိန္ပါ
ဘုရား
“ဒကာႀကီးကို လိုက္ပို႔တဲ့ သူေတြ ကတျခားဘာေျပာေသးလဲ”
“မေျပာပါဘူး- ဘုရား။ တပည့္ ေတာ္က အရက္တိုက္မလို႔ အိမ္ကို ေခၚ တာေတာင္မလိုက္ေတာ့ပါဘူးတဲ့။ က်ဳပ္
တို႔ စာသင္ေက်ာင္းမွာ ခဏေနခဲ့ခ်င္လို႔
ေနခဲ့ပါေတာ့မယ္တဲ့။ အဲဒါတပည့္ေတာ္
ကလည္းေန၊ႀကိဳက္သေလာက္သာေန
ပါလို႔ေတာင္ ေျပာခဲ့ပါတယ္ ဘုရား။
တပည့္ေတာ္မလိမ္ပါဘူးဘုရား။ အရက္
ေသာက္တာကလြဲရင္ သူမ်ားခုတ္ထား
တဲ့ သစ္ကို မခိုးပါဘူး”
ဆရာေတာ္က ေက်နပ္အားရစြာ
ေခါင္းညိတ္၍…
“ကဲပါ – ဒကာႀကီးကို က်ဳပ္ ယုံပါ
တယ္။ ဥကၠ႒ႀကီး အေျဖကေတာ့ သိရပါၿပီ။ မသိနားမလည္ေတာ့လည္း အမွားဆိုတာ လုပ္မိသြားတတ္တာေပါ့”
ဥကၠ႒ႏွင့္အတူ
႐ြာသားမ်ားမွာ
ဆရာေတာ္၏ စကားကို နားမလည္ဘဲ
ရွိၾကရာ ဥကၠ႒သည္ ဆရာေတာ္ကို
လက္အုပ္ခ်ီ၍…
“တပည့္ေတာ္တို႔ေတာ့ ဉာဏ္မမွီ
လို႔ နားမလည္ႏိုင္ေအာင္ပါပဲ ဘုရား” ထိုအခါ ဆရာေတာ္က တည္ၿငိမ္
“မေကာင္းဆိုးဝါးေတြ စာသင္
စြာျဖင့္…
ေက်ာင္းထဲကို ေရာက္ လာရတဲ့
အေၾကာင္းကေတာ့ သူတို႔တစ္ေတြဟာ
ဘဝကူး မေကာင္းခဲ့ၾကလို႔ ေရထဲမွာ
အသက္ဆုံးပါးသြားၾကတဲ့ ဝိညာဥ္ေတြ
ဟာ ေနစရာမရွိ ထိုင္စရာမရွိဘဲ ေရထဲ မွာ ေမ်ာေနတဲ့ သစ္တုံးကို မွီတြယ္ၿပီး
ေနၾကရရွာတယ္။ အဲဒီအခါမွာ သစ္တုံး
ကိုဆယ္တဲ့လူနဲ႔ဆယ္တဲ့အခ်ိန္အခါအရ
သူတို႔အတြက္ အခြင့္အေရး ျဖစ္သြားခဲ့
တယ္။ေနာက္ၿပီးသူတို႔တစ္ေတြမွီတြယ္
ေနထိုင္တဲ့ သစ္တုံးကို ဆယ္လိုက္တဲ့
သူကိုလည္း ဥပါယ္တံမ်ဥ္နဲ႔ ေနခြင့္
ေတာင္းၿပီး ေနခြင့္ရသြားခဲ့တယ္။ ဒါ
ေၾကာင့္ ေရထဲမွာ ကမ္းတင္ျဖစ္ေနတဲ့
သူတို႔တစ္ေတြဟာဒီစာသင္ေက်ာင္းမွာ
စိတ္ႀကိဳက္ေနၿပီးဘယ္လိုမွႏွင္ထုတ္လို႔
မရခဲ့တာပါပဲ”
ဆရာေတာ္က ရွည္လ်ားစြာ ရွင္းျပ
ေလသည္။ နားေထာင္ေနၾကေသာ သူ
မ်ားမွာ ဆရာေတာ္၏ စကားကို နား ေထာင္ၿပီးအံ့ဩစြာျဖင့္ရွိေနၾက၏။
ယခု
မွပင္စာသင္ေက်ာင္းကမေကာင္းဆိုးဝါး
ေတြအေၾကာင္းကို ရွင္းလင္းစြာ သိၾက
ရေလသည္။
ေက်ာင္းထိုင္ဆရာေတာ္ကအာဂႏၲဳ
ကိုယ္ေတာ္ကို ..
“ဒါဆိုရင္ အရွင္ဘုရားအေနနဲ႔ ဒီ
ေကာင္ေတြကို ရွင္းပုံနည္းလမ္း သိရ
ပါၿပီလား- ဘုရား”
“သိရပါၿပီ – ဘုရား။ တပည့္ေတာ္ အခုပဲရွင္းထုတ္ၿပီး ႏွင္လႊတ္ေပးပါ့မယ္” အာဂႏၲဳဆရာေတာ္၏ စကား ေၾကာင့္ အားလုံးမွာ ဝမ္းသာသြားၾက ေလသည္။ အာဂႏၲဳဆရာေတာ္သည္ သဃၤန္းကို ဖ်ဥ္၍ ထရပ္လိုက္ၿပီး.
“ကဲ-ဥကၠ႒ႀကီးအေနနဲ႔ဒကာတင္
ႀကိဳင္ျပဳလုပ္ထားတဲ့ၿခံစည္း႐ိုးအခန္းကို
မမွားရေအာင္ ေသခ်ာစစ္ေဆးၿပီး ျပန္
ဖ်က္ေပးပါ”
ဥကၠ႒သည္လက္အုပ္ခ်ီ၍မ်က္ႏွာ
အနည္းငယ္ပ်က္ကာ မဝံ့မရဲျဖင့္…
“ျပန္ဖ်က္တာကမမွားေအာင္ဖ်က္
လို႔ ရပါတယ္ ဘုရား။ ခက္တာက…”
ဆရာေတာ္က ….
“ဘာအခက္အခဲရွိေနလို႔ လဲ –
ဒကာႀကီးရဲ႕
“ဟို – ေက်ာင္းထဲကိုဝင္ၿပီး ဖ်က္ ေတာ့သူတို႔ကလက္ခံပါ့မလား။ မေတာ္ ေဒါသေတြထြက္ၿပီး အႏၲရာယ္ျပဳရင္
အခက္”
“ဒကာႀကီးက ဒီငါး႐ြာအုပ္ ဒိုင္နယ္ ဥကၠ႒ မင္း အသိအမွတ္ျပဳ ခန႔္အပ္ထား သူမို႔ အာဏာစက္သုံးရလိမ့္မယ္။ က်ဳပ္
ကေတာ့ ဘုရားသားေတာ္ျဖစ္တဲ့ အတြက္ ဓမၼစက္သုံးရမွာပဲ။ က်ဳပ္ကိုယ္
တိုင္ေရွ႕ကဦးေဆာင္ၿပီးသြားမွာမို႔ ဘာမွ
မစိုးရိမ္ပါနဲ႔။ သူတို႔ဘာမွမလုပ္ႏိုင္ပါဘူး။
ကဲ-လာၾက”
ဆရာေတာ္သည္ စကားဆုံးသည္ ႏွင့္ေရွ႕မွဦးေဆာင္၍စာသင္ေက်ာင္းရွိရာ သို႔ထြက္ခဲ့ေလေတာ့သည္။
သို႔ျဖင့္ ေက်ာင္းထိုင္ကိုယ္ေတာ္ ႏွင့္အတူ ဥကၠ႒အပါအဝင္ ႐ြာသားမ်ား
မွာစာသင္ေက်ာင္းဝိုင္းအတြင္းသို႔ဝင္၍ ဥကၠ႒ႏွင့္ တင္ႀကိဳင္တို႔ ၫႊန္ျပေသာ ေနရာအား တစ္ေယာက္တစ္လက္ျဖင့္ ၿခံစည္း႐ိုးတိုင္ႏွစ္တိုင္ကို ဝါးကပ္မ်ား ဖ်က္၍တူးထုတ္လိုက္ၾကေလသည္။
ထိုကဲ့သို႔ လုပ္ကိုင္ေနစဥ္ ေက်ာင္း
၏အေပၚထပ္မွာ ဆူညံစြာျဖင့္ အသံမ်ား ထြက္ေပၚလာသည္ကိုအားလုံးၾကားေန

ရ၏။ ဆရာေတာ္က ႏႈတ္မွ ေမတၱာပို႔၍
ဘာမွမေၾကာက္ၾကရန္ မိန႔္ၾကား၏။
ဥကၠ႒ကလည္း ေက်ာင္းဘက္သို႔ မ်က္
ႏွာမူ၍ …
“မင္းတို႔ကို ငါ ေျပာမယ္။ ဒီနယ္မွာ ငါဟာ အာဏာရဥကၠ႒ ျဖစ္တယ္။ မင္း
တို႔ကို ဒီစာသင္ေက်ာင္းနဲ႔ ဒီနယ္နိမိတ္
ပတ္ဝန္းက်င္မွာ ေနခြင့္မျပဳႏိုင္ဘူး။
ဒါေၾကာင့္ မင္းတို႔ တစ္ေယာက္မက်န္
ထြက္သြားဖို႔ အမိန႔္ေပးတယ္၊ ဒါပဲ…”
ထို႔ေနာက္ တူးထုတ္ထားေသာ
တိုင္ႏွစ္လုံးကို သယ္၍ ေရဆိပ္သို႔ ယူခဲ့
ၾကေလသည္။ တစ္ခ်ိန္ထဲမွာပင္
ေက်ာင္းေပၚမွ ေျပးလႊား၍ ဆင္းလာ
ၾကေသာ ေျခသံမ်ားႏွင့္အတူ အခ်ိန္
မဟုတ္ေခြးအူသံမ်ားဆူညံစြာထြက္ေပၚ
လာေလသည္။
သစ္တုံးကို ေရဆိပ္သို႔ သယ္လာ ေသာသူမ်ားမွာ မတန္မခ်ိ ဝန္ကို ထမ္း ေနရသလို တျဖည္းျဖည္း ေလးလာ သည္ဟု ခံစားၾကရေလသည္။ ဤသို႔ ျဖင့္ အေတာ္ႀကိဳးစား၍ သယ္လာၾကရာ မုန္းဆိပ္သို႔ ေရာက္သည္ႏွင့္ ေရထဲသို႔ ခ်၍ ဆရာေတာ္သည္ ေအးေဆးေသာ အသံျဖင့္ ..
“ကိုင္း – ပရေလာကသားေတြ၊မင္း တို႔ရဲ႕သစ္တုံးေပၚကိုတက္ၾက”

ဟုေျပာလိုက္သည္ႏွင့္ ေရထဲတြင္
ရွိေနေသာ သစ္တုံးမွာ တကယ္ပင္ လူ တက္လိုက္သလို နိမ့္နိမ့္လႈပ္ယမ္းသြား သည္ကို အထင္းသား ျမင္ေနရ၏။ ပို၍အံ့ဩစရာ ေကာင္းသည္မွာ အစက ဘာမွမရွိေသာ သစ္တုံးေပၚတြင္
ပိုးေကာင္ငယ္မ်ိဳးစုံတို႔သည္ ဘယ္လို
ေရာက္မွန္းမသိ ေရာက္လာၾကရာ သစ္
လုံးႏွစ္ခုေပၚတြင္ ျပည့္ႏွက္ေနေတာ့
သည္။
အေတာ္ၾကာေအာင္ေစာင့္ဆိုင္းၿပီး
ေနာက္ ဆရာေတာ္သည္ ထိုသစ္လုံး
ႏွစ္တုံးကို ေရစီးေခ်ာင္းဘက္သို႔ အသာ
တြန္းပို႔လိုက္ေလသည္။ ေရစီးႏွင့္အတူ
သစ္တုံးမ်ားသည္ တေ႐ြ႕ေ႐ြ႕ျဖင့္ မုန္း
ေခ်ာင္းအတိုင္း ေမ်ာပါသြားၾကၿပီး
တျဖည္းျဖည္းႏွင့္ ျမင္ကြင္းမွ ေပ်ာက္
ကြယ္သြားေလေတာ့သည္။
ဆရာေတာ္ႏွင့္အတူ လူအားလုံး
တို႔သည္သစ္တုံးမ်ားေပ်ာက္ကြယ္သြား
ေတာ့မွ ႐ြာဆီသို႔ ျပန္လာခဲ့ၾကေလ
သည္။
ပ်က္သြားေသာၿခံစည္း႐ိုးေနရာကို ေကာင္းမြန္ေသာ သစ္ဝါးတို႔ျဖင့္ ခ်က္ ခ်င္းအစားထိုးၿပီး ျပဳျပင္လိုက္ၾကေလ သည္။
ဒါတင္မကေသးဘဲစာသင္ေက်ာင္း
တြင္ရွိေသာ ဘုရားေက်ာင္းေဆာင္မွာ
အစကဘုရားပုံေတာ္သာရွိခဲ့ရာအာဂႏၲ
ဆရာေတာ္သည္ ေက်ာင္းထိုင္ဆရာ
ေတာ္၏ အကူအညီျဖင့္ ေၾကးဆင္းတု
ေတာ္တစ္ဆူကိုပင့္၍စံပယ္ေစ၏။
ယခုေတာ့ကံတစ္လွဲ႔႐ြာ၏အလယ္ တန္းေက်ာင္းသစ္ႀကီးသည္ မည္သည့္ အေႏွာင့္အယွက္ အဟန႔္အတားမွ မရွိ ေတာ့ဘဲပကတိေအးခ်မ္းသြားေပၿပီ။ အႏၲရာယ္ကင္းသြားၿပီျဖစ္၍
ေက်ာင္းသားမ်ားမွာလည္းယခင္လိုပင္
ျပန္လည္၍ပုံမွန္ေက်ာင္းတက္ေက်ာင္း
ဆင္းရွိေနၾက၏။ပို၍အံ့ဩစရာေကာင္း
သည္မွာ အရက္သမား တင္ႀကိဳင္သည္
အရက္ေသစာ လုံးဝျပတ္သြားၿပီး
ကံတစ္လွဲ႔႐ြာအလယ္တန္းေက်ာင္းတြင္
သူတစ္ဦးတည္း တာဝန္ယူ၍ေက်ာင္း
သန႔္ရွင္းေရးႏွင့္ ေက်ာင္းေစာင့္ ဒရဝမ္
အလုပ္ကိုအခမဲ့ေစတနာဝန္ထမ္းအျဖစ္
တာဝန္ယူလုပ္ကိုင္သြားျခင္းပင္တည္း။
ဤျဖစ္ရပ္ႏွင့္ ပတ္သက္၍အေတြ႕
အႀကဳံတစ္ခုအေနနဲ႔ သတိထားရမည့္
အခ်က္မွာ ေတာေတာင္ထဲတြင္ ပိုင္ရွင္
မရွိေတြ႕ရေသာပစၥည္းမ်ား၊ေရစီးေရလာ
တို႔တြင္ပိုင္ရွင္မဲ့ေမ်ာပါလာေသာပစၥည္း
မ်ား၊ သတၱဝါမ်ား၊ ေလာကီအစီအရင္
ပစၥည္းမ်ားကိုမယူသင့္၊ မသုံးစြဲသင့္ေပ။ ေနာက္ အခ်ိန္အခါမဟုတ္ (အပုပ္ခ်ိန္)
တြင္ေတြ႕ရျမင္ရသူမ်ားကိုစကားအလြန္ အကြၽံ မေျပာရေပ။
ထူးျခားဆန္းၾကယ္လွေသာ စိတ္ နယ္လြန္ျဖစ္ရပ္ဆန္းမ်ားမွာ ေလာကီ
လူသားတို႔ လိုက္မမွီႏိုင္ေအာင္ မ်ားစြာ ရွိေနၾကပါသည္။
သရဲ၊ တေစၦ၊ ဖုတ္၊ ၿပိတၱာ၊ သဘက္ ဆိုတဲ့ ပရေလာကသားေတြဟာ သူ႔ ေနရာနဲ႔သူ ရွိေနၾကသလို ေမွာ္၊ စုန္း၊ ကေဝ၊ ေဇာ္ဂနီ၊ ေဇာ္ဂနက္၊ ေမာက္လုံး၊
ေမာက္ျပားနဲ႔ သူေယာင္မယ္ဆိုတာေတြ
ဟာလည္း ယေန႔ထိတိုင္ပင္ ကြၽႏ္ုပ္တို႔
သာမန္လူေတြ မျမင္မေတြ႕ႏိုင္ေသာ
ေနရာဌာနအသီးသီးမွာ ရွိေနၾကဆဲပါ။
သရဲကိုမယုံလို႔စမ္းသပ္မယ္ဆိုၿပီး လက္ဖက္ေခၚေကြၽးမိလို႔ အသက္ဆုံးခဲ့ ရတဲ့ ဝန္ပိုက္ၿခဳံ ႐ြာသားကိုအုံးစိန္ရဲ႕ အျဖစ္ကိုလည္း အလ်ဥ္းသင့္ ေဖာ္ျပပါ ဦးမည္။ ေကာင္းျမတ္ေသာ ကိုယ္က်င့္ တရားတို႔ျဖင့္ အႏၲရာယ္ကင္းရွင္းၾကပါ
ေစဟု ဆႏၵျပဳရင္း..
သေဗၺ၊ အနိစၥ၊ သခၤါရ …
မေကြးညိဳစိမ့္