ရွာသူကလဲ့စား(စ-ဆုံး)
——————–
“ဟိတ်ကောင် ဇော်ကြီး မျက်နှာက မှိုရသလိုနဲ့ပြုံးဖြီးနေတာဘဲ ဘာလဲ ထွေးမြက မင်းကို အဖြေပေးလိုက်လို့လား” ဆိုပြီးစိုးမင်းတယောက် ဇော်ကြီးကိုလှမ်းစလိုက်ပါတယ်
“အဖြေပေးတာထက်ကိုပိုတယ်ဗျာ”
“ဟေ”ဆိုပြီးစိုးမင်းနဲ့ဖိုးချိုတို့နှစ်ယောက်စလုံး ပါးစပ်အဟောင်းသားနဲ့ဖြစ်သွားကျလေတယ်
“ဟာ မင်းစကားက အဆန်းကြီးပါလား အဖြေပေးတာထက်ပိုတယ်ဆိုတော့ ဘယ်လိုမျိုးကြီးလဲ ငါတိူ့တော့သိချင်လာပြီကွာအမြန်ပြောစမ်းပါ”ဆိုပြီး ဘေးမှာထိုင်နေတဲ့ ထွန်းကျော်က စိတ်ဝင်တစားနဲ့ထလာပါတယ်
ဒီတော့မှဇော်ကြီးက
“အဟမ်း”ဆိုပြီးချောင်းတချက်ဟန့်လိုက်ကာ
“ထွေးမြ မိဘတွေနဲ့ငါမိဘတွေနဲ့ ဒီနေ့ လူကြီးချင်းစကားသွားပြောကျတယ် ထွေးမြကမိဘတွေကလည်း ငါနဲ သဘောတူ့တယ်တဲ့ ပြီးတော့ထွေးမြကလည်း ငါ့ကို မေတ္တာရှိတယ်တဲ့အယ့်တာနဲ့ငါတို့နှစ်ယောက်မင်္ဂလာပွဲကိုဒီဝါကျွတ်မှာ လုပ်ပေးမယ်တဲ့ဗျာ”
ဖိုးချိုက”ဒါဆို ဇော်ကြီး မင်းလူပျိုဘဝနေရတော့မှာ နှစ်လဘဲကျန်တော့မှာပေါ့နော်”
“ဟာ ဟိတ်ကောင်ဖိုးချို အယ်လို့မပြောကောင်းဘူးကွ အယ့်တာသေတဲ့လူတွေကိုမှပြောတာ”စိုးမင်းကပြောလိုက်တော့
ဖိုးချိုတယောက်မျက်နှာမကောင်းစွာဖြင့်”တောင်းပန်ပါတယ် ကွာနော် ဇော်ကြီး”
ဇော်ကြီးကပြုံးဖြီးဖြီးဖြင့် “ရပါတယ်ကွာ ငါတို့တွေက ငယ်သူငယ်ချင်းတွေဘဲတခါတလေ ြေ ငါလည်း ယတြာခြေပြီးသားဖြစ်သွားတာပေါ့ကွာ ဟား ဟား”
ထိုတော့မှ အကုန်လုံးပျော်သွားကျပြီး ထွန်းကျော်က “ဒီနေ့က မင်္ဂလာရှိတဲ့နေ့ဆိုတော့ ဒီနေ့အတွက် ကျသလောက်ငါရှင်းပေးမယ်”
“ဟာ မဟုတ်တာ ထွန်းကျော်ရဲ့ ငါကကယကံရှင်ဆိုတော့ ငါဘဲ ဒကာခံရမှာပေါ့ကွ”ဇော်ကြီးက ထွန်းကျော်ရဲ့ပခုံးကိုဖက်ပြီးပြောလိုက်ပါတယ်
“ဟာ မရဘူးကွာ ဒီတခါတော့ငါဘဲရှင်းမယ် ”
ဇော်ကြီးက “သဘောပါကွာ” ဘာလို့လဲဆိုတော့ ထွန်းကျော်က တဇွတ်ထိုးသမားဆိုတာကို ဇော်ကြီးကသ်ိနေသောကြောင့်ပင်
ထိုနေ့မှာတော့ ဇော်ကြီးတို့လေးယောက် ထန်းရည် တဝမူးအောင်သောက်ခဲ့ကျပါတယ်
ဒါပေမယ့် ထွန်းကျော်ရဲ့ ယုတ်မာတဲ့အတွင်းစိတ်ကို ဇော်ကြီးတော့မသိပါချေ
ထွန်းကျော်တယောက်အိမ်ရောက်တော့
“တွေ့ကျသေးတာပေါ့ ဇော်ကြီးရာ မင်းက ငါ့အသည်းနှလုံး ထွေးမြကို ငါ့ဆီက အပိုင်လုချင်တာဆိုတော့ မင်းတနေ့တော့ ငါ့အကြောင်းကောင်းကောင်း သိကျသေးတာပေါ့”ဆိုပြီးကြုံးဝါးလိုက်ပါတယ်
ဘာလိုလိုနဲ့ ဇော်ကြီးနဲ့ ထွေးမြတို့ မင်္ဂလာဆောင်ရမယ့်အချိန်ကိုရောက်လာပါတော့တယ် ဇော်ကြီးရဲ့မျက်နှာပေါ်မှာတော့ အပျော်ကြီးပျော်နေတာပေါ့ဗျာ
&@မင်္ဂလာဆောင်မယ် $&မင်္ဂလာဆောင်မယ် ဒီတမိုးကုန်ရင်ကွယ် လူကြီးတွေကောဖိတ်ကြားမယ် ကလေးတွေလည်းဖိတ်ကြားမယ်@&$ဆိုပြီးမင်္ဂလာဆောင်ကနေသီချင်းသံက တရွာလုံးကို ပျံ့လွင့်လို့နေပါတယ်
မင်္ဂလာဆောင်ခန်းမထဲမှာတော့ သတို့သားဇော်ကြီးနဲ့သတိုးသမီးထွေးမြတို့တယောက်လက်ကိုတယောက်တွဲပြီးမင်္ဂလာပွဲသို့ကြွရောက်လာကျတဲံ့ပရိတ်သတ်တွေကိုဧည့်ခံနေကျပါတယ်
ထိုမင်္ဂပွဲကိုထွန်းကျော်တယောက်ကတော့ရောက်မလာခဲ့ချေ စိုးမင်းက ဇော်ကြီးနားကပ်လာပြီးတော့
“ဇော်ကြီး မင်းထွန်းကျော်ကိုတွေ့မိသေးလား”
“အေးကွ ဒီနေ့ထွန်းကျော် လာတာငါလည်းမတွေ့မိဘူး ဒီကောင် ဘယ်တွေလျောက်သွားနေလဲမသိဘူး ငါ့မင်္ဂလာဆောင်တောင်မလာဘူး”ဆိုပြီးစိတ်မကောင်းစွာနဲ့ပြောလေသည်
ဒီလိုနဲ့မင်္ဂလာပွဲကပြီးဆုံးသွားပါတယ် ထွန်းကျော်တယောက်ကတော့ မြေနီကုန်းရွာကိုသွားနေပါတယ်မြေနီကုန်းရွာက လူမိုက် အောင်ဒင်တို့ဆီရောက်တော့
“ကိုကြီးအောင်ဒင် ”
“ဟာ ဘယ်သူလဲလို့ ထွန်းကျော်မင်းပါလား မလားစဖူးနဲ့ အကြောင်းတခုခုတော့ရှိရမယ် ငါဘာကူညီပေးရမလဲ”
“ကိုကြီးသာဒင်တို့ ကတော့ ချက် ဆိုနားကမီးတောက်ပြီးသားဘဲဗျာ ဟုတ်တယ် ကိုကြီးသာဒင်ရေကျတော်တို့ရွာက ဇော်ကြီးက ကျတော်ကောင်မလေးကို ကျတော်ဆီကလုသွားတယ်ဗျာ”
“အယ့်တော့ ငါကအယါ့ကောင်ကိုဘာလုပ်ပေးစေချင်တာလဲ”
“အယ့်ကောင်မရှိမှ ကျတော်ကထွေးမြကိုအပိုင်ရမှာဗျ ဒီလောကထဲမှာဒီကောင်မရှိလေကောင်းလေဘဲဗျ”
“ကိစ္စ ပြီးအောင်လုပ်ပေးမယ် ဒါပေမယ့် တန်ရာတန်ကြေးတော့မင်းငါ့ကိုပေးရမယ်”
“ကောင်းပြီလေ ခုစရံငွေ ဆယ်သိန်းပေးမယ် အလုပ်ပြီးရင် ငါးဆယ်ထပ်ပေးမယ်”
“အောင်ဒင်တို့ကတော့ ဒါမျိုးဆိုကြိုက်တယ်လေ ဘယ်တော့ အလုပ်စရမလဲ”
“မနက်ဖြန်”
ထွန်းကျော်တယောက် ငွေဆယ်သိန်းကိုပေးပြီးတော့ ရွာကို ပြန်လာခဲ့ပါတယ်
အောက်အီးအီးအွတ် ဆိုတဲ့လင်းကြက်တွန်သံနဲ့အတူတရွာလုံးနိုးထလာခဲ့ကျပါတယ်
“ကိုဇော်ရေ ထမင်း စားလို့ရပြီနော်”
“လာပြီထွေးရေ “ဆိုပြီးဇော်ကြီးတယောက်နွားစာကျွေးပြီး ထွေးမြပြင်ပေးတဲ့ထမင်းဝိုင်းလေးဆီထွက်လာခဲ့ပါတယ်
ငါးရံခြောက်လေးမီးဖုတ်ပြီးထမင်းးခြမ်းခဲနဲ့မနက်စာ စားပြီးနွားတွေကို လှည်းမှာတပ်ပြီးထွေးမြ နဲ့အတူ လယ်တောဆီထွက်ခဲ့ကျပါတယ်
ဇော်ကြီးတို့ဘိုးဘွားပိုင်လယ်ယာလေးက ဂျောင်နဲနဲကျမှာရှိပြီး မြေသြဇာအလွန်ကောင်းပြီး သီးနှံတအားဖြစ်ထွန်းပါတယ် ဇော်ကြီးတို့လည်း လယ်ထဲရောက်တော့ ယာတဲထဲမှာထမင်းတောင်းနဲ့ရေဗူးကိုချလိုက်ပြီး လယ်ထဲသို့နှစ်ယောက်သားဆင်းလာကျပါတယ်
ညနေမှောင်ရီစပျိုးတော့ လူမိုက်အောင်ဒင်နဲ့ထွန်းကျော်တို့အဖွဲ့ ဇော်ကြီးတို့ယာတောကို ရောက်လာကျပါတယ်
ျဇော်ကြီးက ထွန်းကျော်ကိုတွေ့တော့
“ထွန်းကျော်မင်းကစိမ်းကားလှချည်လားကွ ငါ့မင်္ဂလာဆောင်တောင်မလာဘူးနော်”
“အေးကွာ ဟိုဘက်ရွာက ငါ့ဦးလေးအသည်းအသန်ဖြစ်နေလို့သွားလိုက်ရတာ ငါလည်းလာချင်တာပေါ့ကွာ”ဆိုပြီးလိမ်လိုက်ပါတယ်
ရုတ်တရက် အောင်ဒင်က ခါးကြားက ဓားမြှောင်ကိုထုတ်လိုက်ပါတယ် ဒါကိုမြင်တော့ ဇော်ကြီးတယောက်လန့်သွားးကာ ထွန်းကျော်ကိုကြည့်ပြီး
“ဟိတ်ကောင် ထွန်းကျော် မင်းဒါဘာလုပ်တာလဲ”
“ဟား ဟား ဒါမင်းငါ့ဆီက ထွေးမြကိုလုသွားလို့ ပညာပေးမလို့ကွ မင်းရှိနေတော့ ထွေးမြကိုငါယူလို့မရဘူးလေ ဒါကြောင့် မင်းကိုအပြတ်ရှင်းမလ်ို့ကွ”ဆိုပြီး ဇော်ကြီးကိုချုပ်လိုက်ဖို့မျင်ရီပ်ပြလိုက်ပါတယ်
အောင်ဒင်ရဲ့တပည့်နှစ်ယောက်က ဇော်ကြီးကိုပြေးချုပ်လိုက်ပါတယ် ဇော်ကြီးကလည်း ပြန်ပြီးတော့ တိုက်ခိုက်လိုက်ပါတယ်
အများနဲ့တယောက်ဆိုတော့ ဇော်ကြီးလည်း ကြာရှည့်တောင့်မခံနိုင်တော့ဘဲအဖမ်းခံလိုက်ရပါတယ် ဆူညံသံတွေကြောင့် ယာတဲ ထဲက နေထွေးမြတယောက်ပြေးထွက်လာပါတယ်
ထွေးမြေ အနားရောက်လာတော့ ထွန်းကျော် က အောင်ဒင်ရဲ့လက်ထဲက ဓားကိုယူလိုက်ပြီး ဇော်ကြီးရဲ့ဗိုက်ထဲကိုအချက်ပေါင်းများစွာထိုးလိုက်ပါတယ် ဒါကိုထွေးမြမြင်တော့
“ကယ်ကြပါဦးရှင် ကျမယောက်ျားကိုထွန်းကျော်တယောက်ဓါးနဲ့ထိုးနေလို့ပါ”
အောင်ဒင်လည်း ထွေးမြအနားကို ပြေးသွားပြီး ပါးစပ်ကိုပိတ်ပြီးချုပ်ထားလိုက်ပါတယ်
“ဟိတ်ကောင် ထွန်းကျော် ဒီကောင်မက ငါတို့မျက်နှာကိုတွေ့သွားပြီဆိုတော့ဒီတိုင်းထားလို့တော့မဖြစ်တော့ဘူး တခါတည်းအပြတ်ရှင်းပြစ်လိုက်မယ်”
“ဟာ မလုပ်ပါနဲ့ ကိုကြီးသာဒင် သူကိုကျတော်တို့နဲ့တခါတည်းခေါ်သွားရအောင် ကျတော်လည်းဒီရွာမှာဆက်နေလို့မဖြစ်တော့ဘူး ”
“ကဲကွာ ဒါဆိုလည်းအချိန်မဆွဲနဲ့ဒီကောင်အလောင်းက်ို တောထဲမှာပစ်ခဲ့လိုက် ဒီကောင်မလေးကို ထွက်မပြေးနိုင်အောင်လက်ကိုကြိုးတုတ်လိုက်”
ဇော်ကြီးရဲ့အလောင်းကို တောထဲမှာပစ်ခဲ့ပြီး ထွေးမြကိုတော့ကြိုးတုတ်ကာ အောင်ဒင်တို့ရွာကို ထွက်လာခဲ့ကျပါတယ်
ထွေးမြက သူဘယ်လိုမှလွတ်လမ်းမရှိတော့တာမို့ နောက်ဆုံး သူယောက်ျားနောက်ကိုအပြီးလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်”
ဒီလိုနဲ့ ထွန်းကျော်နားကို အသာကပ်သွားပြီး
“ကိုထွန်းကျော်က ထွေးမြကို စိတ်ချမ်းသာအောင်ထားနိုင်မှာလား ”
မထင်မှတ်ထားတဲ့မေးခွန်းကြောင့် ထွန်းကျော်တယောက်ပျော်သွားကာ
“ဒါပေါ့ထွေးမြရဲ့ ဟိုကောင်ဇော်ကြီးထက်အဆပေါင်းများစွာသာအောင် ထားပေးနိုင်ပါတယ်”
“အယ့်တာဆို ကိုထွန်းကျော်နဲ့ထွေးးမြတသက်လုံးနေပါ့မယ့် ဒါပေမယ့်အခု ချည်ထားတဲ့ကြိုးက လက်အရမ်းနာနေတယ်”
ထွန်းကျော်လည်း ထွေးမြလက်က ကြိုးးကိုဖြေပေးလိုက်ပါတယ် ကြိုးလည်းပြေသွားရော ထွန်းကျော်ကိုတွန်းလိုက်ပြီး ချောက်ကမ်းပါးကနေခုန်ချသွားပါတော့တယ်
သူမသေခင်မှာ ” ငါ့ယောက်ျားကိုသတ်တဲ့ကောင်တွေအကုန်လုံး ငါ့လက်နဲ့ ပြန်သတ် ရပါစေ”ဆိုပြီးကျိန်စာတိုက်သွားခဲ့ပါတယ်
“ဟိတ်ကောင် ထွန်းကျော် မင်းအခုဘယ်လိုဆက်လုပ်မလဲ ”
“ကိုအောင်ဒင်တို့ သွားတော့ ကျတော်လည်း ရွာကိုပုံစံမပျတ်ရွာ မှာပြန်နေလိုက်မယ် ”
“ဒါဆို ကျန်တဲ့ငွေတွေကောအဖြေပေမင်းဘယ်ချိန်ပေးမှာလဲ ”
“လာမယ့် အပါတ်ကျရင် ကျတော် လာပေးမယ် ”
“မင်းကတိတည်ပါစေ “ဆိုပြီးအောင်ဒင်တို့ပြန်သွားကျပါတော့တယ်
ထွန်းကျော်တယောက်ကတော့ ထွေးမြ အလောင်းကို ချောက်ကမ်းပါးပေါ်ကကြည့်ပြီး
“ထွေးမြ ရေ နောင်ဘဝမှ မင်းနဲ့ပြန်တွေ့မယ် “ဆိုပြီး ရွာကိုဟန်မပြတ်ပြန်လာခဲ့ပါတယ်
ရွာထဲရောက်တော့ လူတွေအုပ်စုလိုက် ဝိုင်းနေတာကိုမြင်တော့ ထွန်းကျော်တယောက်မယောက်မလည်နဲ့သွားကြည့်လိုက်ပါတယ်
“ဘာဖြစ်တာလဲဗျ ”
“ဇော်ကြီးနဲ့ထွေးမြတို့ ပြန်မလာသေးလို့ငါတို့သွားရှာတာ ဓါးဒဏ်ရာတွေနဲ့ သေနေတဲ့ဇော်ကြီးကို သူလယ်နားက တောထဲမှာတွေ့လို့သယ်လာကျတာ ထွေးမြကတော့ခုထိသေလားရှင်လာ း မသိသေးဘူးကွ “ဆိုပြီး ဦးဘိုနီကထွန်းကျော်ကိုပြောပြလိုက်ပါတယ်
ထွန်းကျော်လည်း ဖျာနဲ့ပတ်ထားတဲ့ဇော်ကြီးအလောင်းနဲ့ပြေးသွားပြီး ဟန်ဆောင်ကာ
“တောက် ငါ့သူငယ်ချင်း ဒီလောက် ရိုးအေးတဲ့လူကိုဘယ်သူက ရက်ရက်စက်စက် သတ် ခဲ့တာလဲ မင်းကို သတ်တဲ့လူကို ငါမိအောင်ဖမ်းပြီးမင်းအတွက်ပြန်လက်စားခြေပေးမယ် သူငယ်ချင်း ကောင်းရာသုဂတိလားပါစေကွာ”ဆိုပြီးမျက်ရည်ကိုတမင် ညှစ်ချနေပါတော့တယ်
ရွာသူကြီးလည်း ဇော်ကြီးအလောင်းကို စင်နဲ့ပြင်ဖို့လုပ်လိုက်ကျပါတယ် ဇော်ကြီးအလောင်း ရွာထဲရောက်တဲ့ညကအူ အူး ဆိုပြီးခွေးတွေက ရွာ အဝင်လမ်းဆီကို ကြည့်ပြီးဆွဲဆွဲငင်ငင်အူနေကျပါတယ် ဒီလိုခွေးအူတာမျိုးး တခါမှဒီလောက်ကြောက်စရာကောင်း တာ မရှိတဲ့အတွက် ရွာ သူရွာသားတွေအကုန်လုံးကြောက်လန့်နေကျပါတယ် တံခါးတွေကိုဂျက်သေချာချပြီး တယောက်အနားတယောက်ကပ်ပြီးနေလိုက်ကျပါတယ်
င်္ရွာလမ်းတလျှော က်ခွေးတွေကလွဲပြီး ကျန်တဲ့လူတယောက်မှမရှိချေ မိန်းမတယောက်ကတော့ သွေးသံရဲရဲဖြင့် ဇော်ကြီးအလောင်းရှိရာဆီသို့မြေကြီးနဲ့ခြေထောက်မထိဘဲ လာနေပါတယ်
ဇော်ကြီးအလောင်းကိုစောင့်ရင်း ဖဲရိုက်နေတဲ့သူတွေက ဆူညံ့လို့နေပါတယ် စိုးမင်းတယောက်ကတော့ သူ့သူငယ်ချင်း အလောင်းနားရပ်လျက်
“အဖြစ်စိုးလှချည်လား ဇော်ကြီးရာ ငယ်ငယ်ရွယ်ရွယ် လူ့ဘဝထဲက ဘာလို့အစောကြီးထွက်သွားရတာလဲ မင်းကို ဘယ်သူသတ်တာလဲ ငါ့ကိုပြောစမ်းပါသူငယ်ချင်းရာ ”
ထိုအချိန် ဖဲရိုက်နေတဲ့သူတယောက်က လမ်းဘက်ကို ရုတ်တရက်လှမ်းကြည့်လိုက်ပြီး
“အောင်မလေး သရဲ သရဲဗျို့”
“ဟိတ်ကောင် ကျော်စိူး ဖဲရှုံးရှုံး နဲ့လျှောက်အော်မနေနဲ့ ”
“ငါလျှောက်အော်နေတာမဟုတ်ဘူး မင်းတို့မယုံရင်နောက်ကိုလှည့်ကြည့်လိုက်”
“မဟုတ်လို့ကတော့ မင်းနဲ့ငါနဲ့တွေ့မယ် “ဆိုပြီး နောက်ကိုအကုန်လှည့်အကြည့် “သ သရဲ ဗျ “ဆိုပြီးဖဲဝိုင်းက လူတွေအကုန်ထပြေးသွားကျပါတယ်
စိုးမင်းတယောက်ကတော့ ဇော်ကြီးအလောင်းနားက ဘယ်မှာမသွားဘဲရပ်နေခဲ့ပါတယ်
“ကိုစိုးမင်း ”
“ဟင် ထွေး ထွေးမြ နင်ဘယ်လိုဖြစ်ရတာလဲ ဇော်ကြီးကကော ဘယ်သူသတ်သွားခဲ့တာလဲ”
ထွေးမြတယောက် ရှိုက်ကြီးတငင်ငိုကြွေးးပြီးတော့
“ကိုဇော် ကို ထွန်းကျော် ဓါးနဲ့ထိုးပြီး တောထဲမှာပစ်ထားခဲ့တယ် ထွေးမြကိုတော့ သူတို့အဖွဲ့ကြိုးနဲ့တုတ်ပြီး ဖမ်းခေါ်သွားပြီး ထွန်းကျော်က အပိုင်သိမ်းဖို့ကြိုးစားခဲ့တယ် ထွေးမြလည်း မထူးတော့တဲ့ဘဝမှာမနေချင်တော့ဘူး ဆိုပြီးချောက်ကမ်းပါးထဲခုန်ချ ပြီးကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့တာပါ ”
“ဒါဆို လူယုတ်မာ ထွန်းကျော်က ငါ့သူငယ်ချင်းကိုသတ်ခဲ့တာပေါ့ ဒါဆို ဒီကောင်ကိုငါကိုယ်တိုင်ရဲလက်အပ်မယ်”
“လုံးဝရဲလက်မအပ်ရဘူး ကိုဇော်နဲ့ထွေးမြသေခဲ့သလိုသူတို့အားလုံးပြန်သေစေ ရမယ် ”
“နင်က ဝိညာဉ်လေ သူတို့ကို ဘယ်လိုသတ်လို့ရမှာလဲ ”
“ထွေးမြ ကိုစိုးမင်းရဲ့ခန္ဓာ ကိုယ်ခနငှားချင်တယ် ထွေးမြကို ကူညီနိုင်မလား ”
စ်ိုးမင်းတယောက်စိတ်အညှို့ခံထားရသူသကဲ့သို့ခေါင်းညိတ်ပြလိုက်ပါတယ် ထွေးမြလည်း ရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်
ထွေးးမြတယောက်ထွက်သွားတာတောင် စိုးးးမင်းတယောက် ကြောင်ပြီးရပ်နေတုန်းပါဘဲ ဖဲဝိုင်းကလူတွေ ပြန်ရောက်လာပြီးစိုးမင်းကိုလှုပ်ခေါ်တော့မှ စိူးးမင်းလည်း အသိပြန်ဝင်လာကာ
“ကျတော်ဘာဖြစ်သွားတာလဲ”
“ခုနက ထွေးမြသွေးတွေနဲ့မင်းဆီကိုမလာဘူးလား ”
“ဘယ်က ထွေးမြလဲ ဘယ်မှာလဲထွေးမြက မရှိပါဘူး ခင်ဗျားတို့လျှောက်ပြောမနေနဲ့”
“ဟာ ငါတို့အကုန်လုံးတွေ့ရပါတယ် မင်းက ဘာမှမတွေ့ရဘူးဆိုတော့တခုခု တော့ထူးဆန်းတယ်ကွ ”
သက်ဆိုင်ရာက ဇော်ကြီးအလောင်းကိုလာစစ်ဆေးပြီး အမှုဖော်ထုတ်ဖို့ ရွာ ထဲကိုထောက်လှမ်းရေးနှစ်ယောက်ထားခဲ့ပါတယ်
ဇော်ကြီးအလောင်းကိုမြေချတဲ့နေ့က လေတွေတအား တိုက်ပြီး မိန်းမတယောက်ရဲ့ရှိုက်ကြီးတငင်ငိုကြွေးသံကိုအကုန်လုံးကြားလိုက်ရပါတယ်
ခနလောက်ကြာတော့ တခုခုကို ကျေနပ်သွားတဲ့ပုံစံဖြင့် ငိုတဲ့အသံရပ်သွားပြီးအားပါးတရအော်ရယ်တဲ့အသံကိုပါတဆက်တည်းကြားလိုက်ရပါတယ် တရွာလုံးလည်း ကြောက်လန့်သွားခဲ့ပါတော့တယ်
ထိုနေ့က ဘာကြောင့်ရယ်မသိ စိုးမင်း တယောက် ငှက်ကြီးတောင်ဓါးကိုသွေးးနေပါတော့တယ် ညရောက်တော့ ဓါးကို ကျောမှာလွယ်လိုက်ပါတယ် မျက်လုံးကမီးဝင်းးဝင်းတောက်လျက် တစုံတယောက် အမှုန်ချေ မတတ် ဒေါသကြီးနေပါတော့တယ်
စိုးမင်းရဲ့ခန္ဓာကိုယ်ထဲမှာရောက်နေတဲ့ထွေးမြရဲ့ဝိညာဉ်က ထွန်းကျော်ရဲ့အိမ်ဆီသို့တန်းတန်းလျှောက်လာခဲ့ပါတယ်
ထွန်းကျော်တယောက် ပိုက်ဆံတွေအိတ်နဲ့ထည့်ပြီးအောင်ဒင်တို့ဆီသွားဖို့ပြင်နေတာကိုတွေ့လိုက်ရတော့
“ဟိတ်ကောင် ထွန်းကျော် ဘယ်သွားမလို့လဲကွ “ဆိုပြီးစိုးမင်းကလှမ်းမေးလိုက်တော့ ထွန်းကျော်လည်း ပိုက်ဆံထည့်ထားတဲ့ကျောပိုးအိတ်ကိုလွယ်ကာ
“ဟိုဘက်ရွာ သွားမလို့ကွ ”
“ဟာ ညကြီး အချိန်မတော် မင်းတယောက်တည်းသွားမလို့လား ငါလည်းအဖော်လိုက်ခဲ့မယ် ငါ့အမဝမ်းကွဲအိမ်လည်း သွားရင်းးပေါ့ ”
“အေးကွာ ဒါဆိုလည်းလိုက်ခဲ့ “ဆိုပြီးစိုးမင်းနဲ့ထွန်းကျော်တို့နှစ်ယောက်ရွာထဲကနေထွက်ခဲ့ကျပါတယ်
“စိုးမင်း မင်းကျောက ဓါးကြီးကဘာလုပ်ဖို့လဲကွ”
“အော် လမ်းမှာ မြွေတွေဘာတွေတွေ့ရင်ခုတ်ရအောင်လို့”
စကားတပြောပြောနဲ့လျှောက်လာခဲ့တာမကြာခင် ဇော်ကြီးကို သတ်တဲ့နေရာလည်းရောက်ရော ထွန်းကျောတယောက်ကျောထဲမှာစိမ့်တတ်သွားပါတော့တယ်
စိုးမင်းက “ဟား ဟား ဟား “ဆိုပြီးမိန်းမတယောက်ရဲ့အသံနဲ့ရယ်လိုက်ပါတယ် ပြီးတော့မီးဝင်း ဝင်းတောက်တဲ့မျက်လုံးနဲ့
“နင် ငါ့ယောက်ျားသေ သလိုပြန်သေ စေရမယ် “ဆိုပြီးငှက်ကြီးတောင်ဓါးကို ဆွဲထုတ်ပြီးရှေ့ကို တ်ုးသွားလိုက်ပါတယ် ထွန်းကျော်တယောက်နောက်ကိုလှည့်ပြေး ပေမယ့်နောက်ကျသွားခဲ့ပါတယ် စိုးမင်းက ငှက်ကြီးတောင်ဓါးနဲ့ ထွန်းကျော်ခြေထောက်ကို ခုတ်လိုက်ပါတယ် ပြီးတော့ ထွန်းကျော်ရဲ့ရင်ဝကို အချက်ပေါင်းများစွားဓားနဲ့ထိုးစိုက်လိုက်ပါတယ်
ပြီးတော့ ဟ်ုဘက်ရွာကို ခရီးဆက်နှင်လာခဲ့ပါတယ် အောင်ဒင်တယောက် ကွက်ပျစ်မှာအိပ်မောကျနေတာကိုတွေ့လိုက်တော့ အသာလေးကပ်သွားပြီး ပါးစပ်ကို ပိတ်လိုက်ကာ လည်ပင်းကိုဓါးဖြင့်လှီးချလိုက်ပါတော့တယ်
အောင်ဒင်တယောက် ဇက်ငင်ဇက်ငင်နဲ့သွေးတွေစီးကျလာပြီးသေဆုံးသွားပါတော့တယ် အောင်ဒင်ရဲ့တပည့်နှစစ်ယောက်ကတော့ အရက်သောက်ပြီးထွေနေကျပါတယ် စိုးမင်းလည်းအနားကပ်သွားပြီး
ငှက်ကြီးတောင်ဓားနဲ့ တယောက်ကို ဇာတ်ပိုးကနေပိုင်းချလိုက်ပါတယ် နောက်တယောက်ကထပြေးမည့်အလုပ် လည်မျိုတည့်တည့်ကို ဓားဖြင့်ထိုးသွင်းလိုက်ပါတော့တယ်
စိုးမင်းလည်း အားရအောင်ရီလိုက်ပြီး ခွေလဲကျသွားပါတော့တယ် နောက်နေ့မိုးလင်းတော့ သူဘေးမှာ ရဲတွေကော ရွာသူရွာသားတွေကောရောက်နေတာမြင်လိုက်တော့ ပြူးးပြဲထလိုက်ကာ ဘေးကိုကြည့်လိုက်တော့ သွေးအိုင်ထဲမှာလဲနေတဲ့လူသုံးယောက်ကိုတွေ့လိုက်ရပါတယ်
ရဲနှစ်ယောက်က စိုးမင်းကို လက်ထိပ်ခတ်ဖို့ ရှေ့တိုးလာတော့
“ဘာလို့ ကျတော်ကိုဖမ်းကျမှာလဲဗျာ ကျတော်ဘာလုပ်မိလို့လဲ”ဆိုပြီးမျက်နှာငယ်လေးနဲ့ပြောလိုက်ပါတယ်
“ခင်ဗျားက ထွန်းပျော်အပါအဝင်လူလေးယောက်ကိုတပြိုင်တည်း ကိုတညတည်း သတ်ခဲ့တာလေ “ဆိုပြီးရဲတယောက်ကပြောလိုက်တော့
“ဟာ ကျတော်ကဘာလို့ထွန်းကျော်ကိုသတ်ရမှာလဲ ဒီလူတွေကိုကျတော်သိတော်မသိဘူး ”
စိုးမင်းရဲ့စကားကြောင့် ရဲတွေကောရွာသူရွာသားတွေပါအံ့အားသင့်သွားကျပါတယ်
“ဒါပေမယ့် ဒီလူတွေကိုယ်ပေါ်က ဒဏ်ရာတွေက ခင်ဗျား ဓါး ကြောင့်ရခဲ့တာလေဗျာ ခင်ဗျားခုမှရူးချင်ယောင်ဆောင်မနေန”ဲ့ဆိုပြီး လက်ထိပ်ခတ်လိုက်ပါတော့တယ်
ထိုအချိန် ရွာ သူထဲက အသက်သုံးဆယ်ကျော်အမျိုးသမီးတယောက်ကတဆတ်ဆတ်တုန်ခါလာပြီးရှေ့ကိုထွက်လာပြီး
“ကိုစိုးမင်းမှာ ဘာ အပြစ်မှမရှိပါဘူး သူတို့အကုန်လုံးကိုကျမသတ်ခဲ့တာပါ ”
“ခင်ဗျားက ဘာလို့သူတို့ကိုသတ်ခဲ့ရတာလဲ ကျတော်တ်ု့ကို ပြောပြလို့ရမလား ”
“သိပ်ရတာပေါ့ရှင် ကျမနာမည်ကထွေးမြပါ ခုဒီလူလေးယောက်က ကျမ ယောက်ျားကိုဇော်နဲ့ကျမကို သတ်ခဲ့ကျလို့ ကျမ မကျေနပ်လို့ကလဲ့စားပြန်ချေခဲ့တာပါ ကိုစိုးမင်း ရဲ့ကိုယ်မှာ ကျမပူးကပ်ပြီးသူတို့လေးယောက်ကိုသတ်ခဲ့တာပါ သူမှာအပြစ်မရှိပါဘူး ”
“ဒါဆို မိန်းခလေးရဲ့အလောင်းက ဘယ်မှာလဲ”လို့ရဲတယောက်ကမေးလိုက်ပါတယ်
“ဒီရွာ အကျော်နားက ချောက်ကမ်းပါးကြီးအောက်မှာ ကျမအလောင်းရှိပါတယ် ”
ထိုအချိန် ထွေးမြရဲ့အမေက ယူကြုံးမရဖြစ်ကာ ငိုကြွေးပါတော့တယ် ထွေးမြရဲ့အဖေကလည်းသူမိန်းမကို ဖက်ပြီးနှစ်သိမ့်ပေးနေပါတယ်
ထွေးမြရဲ့အမေက “သမီးလေးရယ် သမီးလေးရဲ့ရန်းငြှိုးတွေကို ဒီလောက်နဲ့ဘဲကျေနပ်ပြီးကောင်းရာသုဂတိလားပါတော့ကွယ် ”
အစောက ပူးကပ်နေတဲ့အမျိုးသမီးက ထွေးမြရဲ့အမေကို ဖက်လိုက်ပြီး
“အမေ နဲ့အစောကြီးခွဲသွားရလို့သမီးစိတ်မကောင်းပါဘူး သမီးကိုခွင့်လွှတ်ပါအမေ ပြီးတော့ သမီးရဲ့အလောင်းကိုလည်း ကိုဇော်ရဲ့ မြေပုံဘေးနားမှာဘဲမြှုပ်ပေးပါ “ဆိုပြီးထွက်ခွာသွားပါတော့တယ်
ဒီတော့မှအားလုံးလည်းသဘောပေါက်သွားကျပြီးရဲတွေလည်း စိုးမင်းကိုပြန်လွှတ်ပေးလိုက်ကျပါတယ်အဖြေပေပြီးတော့ရွာသူရွာသားတွေနဲ့အတူ ထွေးမြရဲ့အလောင်းရှိရာချောက်ကမ်းပါးစီသို့ထွက်လာခဲ့လိုက်ကျပါတယ်
ချောက်ကမ်းပါးအောက်ရောက်တော့ထွေးမြရဲ့အလောင်းက မပုတ်မသိုးဘဲရှိနေတာကိုအံ့သြစွာတွေ့လိုက်ရပါတယ်
ထွေးမြပြောခဲ့တဲ့အတိုင်းသူအလောင်းကို ဇော်ကြီးရဲ့မြေပုံဘေးမှာမြှုပ်ပေးလိုက်ကျပါတယ် ထိုနေ့မှစပြီး အေးချမ်းသာယာသော ရွာ ကလေး အဖြစ် ပြန် ဖြစ်သွားခဲ့ပါတော့တယ်
(သင့်လောဘကြောင့် သင့်ကိုယ်သင်ပြန်ပြီးဒုက္ခမရောက်ပါစေနဲ့)
အစဉ်လေးစားလျက် စာဖတ်သူတွေကိုချစ်တဲ့
သတိုးဇာမဏီ