ရှင်လောင်းတစ္ဆေ
*********
” ရှင်လောင်းပေတိုး မြင်းပေါ်က ကျပြီး ဆုံးလို့တဲ့…”
အင်းချောင်းရွာရဲ့ မနက်ခင်းကို အနိဋ္ဌာရုံဖြစ်စေတဲ့ သတင်းတစ်ခု။
မနက်အစောတုန်းက ရွာအလယ်ပိုင်းဆီက ကိုတင်မြင့်တို့အလှူ ရှင်လောင်းလှည့်ထွက်သွားခဲ့တယ်။
ရှင်လောင်းလှည့်တဲ့အဖွဲ့ ထွက်သွားပြီး မကြာဘူး။ သတင်းဆိုးက ရွာဆီကို ပြန်ရောက်လာတော့တာ။
ဖြစ်ပုံကို ပြန်ပြောပြရရင်…။
ရှင်လောင်းလှည့်တဲ့ လူတန်းကြီးက ရွာက မနက်အစော ထွက်ကြပြီး ရွာနဲ့ ငါးတိုင်သာသာလောက်သွားရတဲ့ နတ်ကြီးကမ်းပါးဆီမှာ ရှင်လောင်းတွေကို နတ်ပြကြတာ။
နတ်ကြီးကမ်းပါးဆိုတဲ့နေရာက နာမည်နဲ့ လိုက်အောင်ပဲ မတ်စောက်လွန်းတဲ့ ကမ်းပါးယံကြီးပေါ်မှာ ရှိနေတာလေ။
အဲ့ဒီ့မှာ ရှင်လောင်းတွေကို နတ်ပြနေကြတုန်းက ဘာပြဿနာမှ မရှိသေးဘူး။
ဒါပေမယ့် ပြန်ထွက်လာတဲ့အခါမှာတော့ ရှင်လောင်းပေတိုးကို မြင်းပေါ်ဆီတင်လိုက်တဲ့အချိန် မြင်းက ရုတ်တရက် ဗွေဖောက်လာပြီး အလန့်တကြားနဲ့ လူကြားထဲကနေ တရှိန်ထိုး ခုန်ပေါက်ပြေးတော့တာ။
အဲ့ဒီ့မှာ မြင်းက နံဘေးက ချောက်ကမ်းပါးဆီကို ခြေချော်ကျတော့ အပေါ်က ရှင်လောင်းပေတိုးပါ မြင်းနဲ့အတူ ရောပါသွားလေတော့တာပဲ။
နက်ရှိုင်းလှတဲ့ ချောက်ကမ်းပါးဆီတော့ အောက်ဆီကို ရောက်တာနဲ့ ပေတိုးရော မြင်းပါ ပွဲချင်းပြီး သေဆုံးခဲ့ကြတယ်။
ဒီနေရာမှာ ထပ်ပြီးတော့ ပြောပြချင်သေးတာက ပေတိုးရဲ့ အကြောင်းပဲ။
ပေတိုးဆိုတာက အင်ချောင်းရွာရဲ့ သိပ်ကို ဆင်းရဲလွန်းတဲ့ အမေတစ်ခု၊ သားတစ်ခု ကောင်လေးတစ်ယောက်။
အဖေက သူငယ်ငယ်ကတည်းက မရှိတော့ဘူး။ ပြောရရင် ပေတိုးဟာ ဖတဆိုးလေးတစ်ယောက်ပေါ့။
သားအမိနှစ်ယောက်ထဲ ရှိချိန်မှာ ဆင်းရဲနွမ်းပါးလွန်းတဲ့အတွက်ကြောင့် ၀မ်းရေးအတွက် ပေတိုးလေးက အရွယ်ငယ်ငယ်နဲ့ ငါးရှာဖားရှာလုပ်ရတော့တယ်။
ပေတိုး ရလာသမျှ ငါးတို့ကို သူ့အမေက ဗန်းရွက်ပြီး ရွာထဲမှာ လှည့်ရောင်းရတယ်။
ဒီလိုနဲ့ပဲ ပေတိုးက အကုသိုလ်အလုပ်နဲ့ ယဉ်ပါးဖြတ်သန်းလာခဲ့ရတာ တဖြေးဖြေးနဲ့ အသက်က ဆယ့်လေးနှစ်ပြည့်ပြီးတဲ့ရတယ်။
အသက်သာ ဆယ့်လေးနှစ်ပြည့်ခဲ့ပြီးပေမယ့် အများသူငါ အရွယ်တူတွေကြားမှာ ပေတိုးက လူကောင်သေးနုတ်နေတယ်။
အရွယ်တူ အပေါင်းအသင်းတွေက လူကောင်တွေ ထွားကြိုင်းလာကြတော့ ပေတိုး သူ့ကိုသူ သိမ်ငယ်လာတယ်။
ဒါနဲ့ပဲ တစ်ရက်ကျ သူ့သူငယ်ချင်း ချစ်ဖေက မင်းက ရှင်မပြုရသေးလို့ လူကောင်မထွားတာလို့ ပြောလိုက်တယ်။
ဒီကနေပဲ ပေတိုးရဲ့ စိတ်ထဲမှာ ရှင်ပြုရင် လူကောင်ထွားမယ်ဆိုတဲ့ စိတ်က ၀င်လာရတယ်။
ရှင်ပြုဖို့ရင် ပိုက်ဆံလိုတယ်ဆိုတဲ့ အသိကြောင့် ပေတိုး သူ့အလုပ်ကို အရင်ကထက်ပိုပြိး ကြိုးစားတယ်။ နေ့ညမရွေး ငါးရှာဖားရှာလုပ်ပြီးတော့ ပိုက်ဆံကို ပိုစုတယ်။
ဒီကနေပဲ ပိုက်ဆံပြည့်တဲ့အခါကျတော့ ရွာက ကိုတင်မြင့်တို့ အလှူမှာ ပရိက္ခရာဖိုးစိုက်၀င်ပြီး ရှင်တစ်ပါးအဖြစ် ပါ၀င်ခဲ့တာရယ်။
အခုတော့ နတ်ပြပြီး ပြန်အထွက်၊ ပေတိုးတစ်ယောက် မထင်မှတ်ဘဲ ဆုံးပါးခဲ့ရတယ်။
******
သုံးရက်အကြာ၊ ပေတိုး အလောင်းကို မြေချပြီးတဲ့ ည…။
ပေတိုးရဲ့အမေ ဒေါ်အုံးတစ်ယောက် သားဖြစ်သူအတွက်နဲ့ ယူကြုံးမရဖြစ်ပြီး မအိပ်ရတာ ရက်ကြာလာလို့ မှေးခနဲ အိပ်ပျော်သွားတယ်။
အိပ်ပျော်ပျော်ချင်းမှာပဲ သူ့ခြံရှေ့ဆီက မြင်းဟီသံတစ်ချို့ကို ကြားမိလေရဲ့။
ပြီးတော့ မကြာဘူး။
” အမေ…အမေ…”
အိမ်ရှေ့က သားဖြစ်သူရဲ့ ခေါ်သံကြောင့် ဒေါ်အုံးတစ်ယောက် ထွက်ကြည့်မိတယ်။
အိမ်ရှေ့ အမှောင်ထုထဲမှာတော့ သူ့ကို မြင်းစီးပြီး သူ့ကို ကျောခိုင်းထားတဲ့ သားရှင်လောင်း။
” သား…မင်း…အမေ့သား ပေ…ပေတိုးမလား…”
ဒေါ်အုံးရဲ့ မေးမြန်းမှုအဆုံး ရှင်လောင်းပေတိုးက သူ့ဘက်ကို မြင်းကော လူပါ မျက်နှာလှည့်လာတယ်။
” အမလေး…”
ဒေါ်အုံး လန့်ဖျပ်ပြီး အော်မိတာ။
သားဖြစ်သူ ပေတိုးရဲ့ မျက်နှာက အလွန်ပဲ ကြောက်စရာကောင်းလွန်းနေတယ်။
မျက်နှာတစ်ခုလုံးက သွေးစသွေးနတွေပေကျံနေပြီး လက်တစ်ဖက်ကလည်း နံဘေးမှာ တန်းလန်းကြီး ပြုတ်ကျနေတာရယ်။ မြင်းကြီးကလည်း ပေတိုးလိုပဲ။ ရုပ်ပျက်ဆင်းပျက် ကြောက်စရာ ကောင်းနေပြန်သေးတာ။
” အမေ…ကျန်တဲ့ ရှင်လောင်းတွေအားလုံး ကိုရင်၀တ်ပြီးကုန်ပြီ။ ကျုပ်ကိုကျ ဘယ်သူမှ မ၀တ်ပေးကြဘူး။ အဲ့ဒါ…အမေများ ကျုပ်ကို ကိုရင်၀တ်ပေးနိုင်မလားလို့…”
ပေတိုးက ၀မ်းနည်းပက်လက်နဲ့ ပြောတာ။
သားဖြစ်သူရဲ့ အသံက အက်ရှနေပြီး ကြောက်စရာကောင်းနေတယ်ဆိုပေမယ့် ဒေါ်အုံးခမျာ ကြောက်စိတ်ထက် ၀မ်းနဲတဲ့စိတ်၊ သားဖြစ်သူကို သနားတဲ့ စိတ်က ပိုကဲသွားရတယ်။
” သား လူလေး…ပေတိုး။ မင်းကို အမေလည်း ကိုရင်၀တ်ပေးလို့ မရဘူး။ ပြီးတော့ ဘယ်သူမှလည်း ၀တ်ပေးလို့ မရဘူး။ မင်းက သေသွားခဲ့ပြီလေ အမေ့သားလေးရယ်…”
ဒေါ်အုံး စကားကို ကြားတော့ ပေတိုး အံ့သြသွားတယ်။
ပြီးတော့ ၀မ်းနဲသွားသလိုဖြစ်သွားပြီး ချက်ချင်းကိုပဲ မျက်နှာက ခက်ထန်သွားခဲ့တယ်။
” မဟုတ်ဘူး။ အမေ…ခင်ဗျား ကျုပ်ကို ညာနေတာ။ ကျုပ်က မသေသေးဘူး။ ဒီရွာက လူတွေက ကျုပ်ကို အကုသိုလ်ကောင်ဆိုပြီး ကိုရင်၀တ်မပေးချင်လို့ ညာနေကြတာမလား…”
” မဟုတ်ပါဘူး သားရယ်…သားက…”
” ရတယ် ကျုပ်သိသွားပြီ။ ခင်ဗျားတို့ မ၀တ်ပေးလည်း ကျုပ်ကို ကိုရင်၀တ်ပေးမယ့်သူကို ကျုပ်ဘာသာရှာမယ်…”
ဒေါ်အုံး ဘာမှ ပြန်မပြောနိုင်ခင် ပေတိုးက မြင်းကို စီးပြီး ထွက်သွားခဲ့တယ်။
” သား…သား…အမေ့သား…”
ဒေါ်အုံး အလန့်တကြားနဲ့ ဟစ်အော်ရင်း အိပ်ရာက လန့်နိုးလာတယ်။
ပေတိုးရဲ့ နာရေးက ရက်မလည်သေးဘူးဆိုတော့ စောင့်အိပ်ပေးတဲ့ လူသူတချို့လည်း ရှိနေသေးတာမို့ ဒေါ်အုံးရဲ့ အော်သံကြားကြားချင်း အားလုံး အပြေးရောက်လာကြတယ်။
သူတို့ရောက်ချိန်မှာ ဒေါ်အုံးကတော့ အိပ်ရာဖြစ်တဲ့ ဖျာကလေးပေါ်မှာ ငုတ်တုတ်ထိုင်ရင်း ရှိုက်ကြီးတငင်နဲ့ကို ငိုကြွေးနေခဲ့ပြီ။
ဒါပေမယ့် သားဖြစ်သူကို အိပ်မက်တဲ့ အကြောင်းကိုတော့ ဒေါ်အုံး ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။
ဒါပေမယ့်လည်း နောက်တစ်ရက်အရောက်မှာတော့…။
” ညတုန်းက အောင်ချစ် အပေါ့အပါးဆင်းသွားရင်း ရှင်လောင်း၀တ်စုံကြီးနဲ့ ပေတိုးကို မြင်းကြီးစီးပြီး ရွာထဲကို ၀င်သွားတာ တွေ့လိုက်တယ်တဲ့…”
ရွာအစွန်ဘက်နေသူတွေဆီက ထွက်ပေါ်လာတဲ့ သတင်း။
ဒီသတင်းကို ယုံသူယုံ၊ မယုံသူမယုံနဲ့ သို့လောသို့လော ဖြစ်နေကြရပေမယ့် တစ်ရွာလုံးနီးပါး ပေတိုးအတွက် စိတ်မကောင်းတော့ ဖြစ်ကြရတယ်။
ဒီကနေ နောက်ပိုင်းမှာတော့ ပေတိုးနဲ့ ပက်သက်တဲ့ အဖြစ်အပျက်တစ်ခု တစ်ဖက်ရွာကနေ ကြားရလာပြန်တယ်။
ဖြစ်ပုံက…။
တစ်ဖက်ရွာဆီက ရှင်ပြုအလှူတစ်ခုက နတ်ကြီးကမ်းပါးဆီမှာ ရှင်လောင်းတွေ နတ်ပြဖို့လာတော့ တန်းစီထားတဲ့ ရှင်လောင်းတွေ အားလုံးထဲမှာ ရှင်တစ်ပါးက ပိုနေတယ်။
ဒါကို အလှူက လူတွေက အစပိုင်းမှာ သတိမထားမိကြပေမယ့် ရှင်အပါးအတွက်နဲ့ နတ်ပြပြောပြိး အပ်နှံချိန်ကျ တချို့သူတွေက ရှင်အရေအတွက်ကို အမှတ်မထင် လိုက်ရေမိရင်း သိကြရတယ်။
ဒါနဲ့ပဲ ရုတ်ရုတ်သဲသဲဖြစ်ပြီး ကိုယ့်ရှင်လောင်းကို ပြန်ချီကြလို့ ရေတွက်ပြန်တော့ အရေအတွက်က ကိုက်နေပြန်ရော။
ရှင်လောင်းတွေကို ပြန်ပြီး စီတန်းအပ်နှံဖို့ လုပ်တဲ့အခါကျ အရေအတွက် ပိုနေပြန်တယ်။
ဘယ်တစ်ပါးက ပိုနေတယ်ဆိုတာ လိုက်ကြည့်ပေမယ့်လည်း မျက်စိလည်ကုန်ရပြီး ပိုနေတဲ့သူကို မသိနိုင်လောက်အောင်ပဲ။
နောက်တော့ အဲ့ဒီ့က လူတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး အဲ့ဒီ့အတိုင်းအပ်နှံပြီး ပြန်ထွက်တဲ့အချိန်ကျ အလှူလူတန်းကြီး ကုန်ဆုံးသွားချိန်မှာ နတ်ကြီးကမ်းပါအရှေ့မှာ မြင်းစီးပြီး ကျန်ရစ်ခဲ့တဲ့ ရှင်တစ်ပါးကို မြင်တဲ့သူက မြင်ခဲ့ကြရတယ်။
အားလုံးက ဒါဟာ မကြာသေးခင်က ချောက်ကမ်းပါးထဲကို ပြုတ်ကျပြီး သေသွားတဲ့ အင်းချောင်းရွာက ရှင်လောင်းပေတိုးပဲဆိုတာကို တစ်ထစ်ချ ယုံကြည်ခဲ့ကြတယ်။
ဒီအကြောင်းတွေကို အင်းချောင်းရွာသားတွေ ပြန်ကြားတော့ ဒါဟာ သူတို့ရွာကို သက်သက်သိက္ခာကျအောင် စွပ်စွဲတာဆိုပြီး ဒေါသပုန်ထသူတွေ ထကြရသေးတယ်။
ဒါပေမယ့်လည်း မကြာပါဘူး။
ရှင်လောင်းတစ္ဆေ ပေတိုးနဲ့ အင်းချောင်းရွာက လူတိုင်း နဖူးတွေ ဒူးတွေ့ ကြုံရတဲ့ တစ်ရက်ဆီ ရောက်လာခဲ့တယ်။
အဲ့ဒီ့နေ့က…။
အင်းချောင်းရွာက နောက်ထပ် အလှူပွဲတစ်ခုက အလှူလှည့်မယ့်ရက်ပဲ။
မနက်အစောပိုင်း ဝေလီဝေလင်းမှာ ရှင်လောင်းတွေကို အ၀တ်အစားတွေ လဲပေးနေတုန်း အလှူမဏ္ဍာပ်အရှေ့ကနေ ရှင်လောင်းတစ်ပါးက မြင်းကို အမြန်စီးပြီး ဖြတ်သွားတာကို လူအတော်များများ မြင်လိုက်ကြရတယ်။
အချိန်က မပီဝိုးတဝါးနဲ့ဆိုတော့ လာသေးတော့ အဲ့ဒီ့ရှင်လောင်းဟာ ဘယ်သူဘယ်ဝါရယ်ဆိုတာ မသိကြဘူး။
ဒီလိုနဲ့ပဲ ရှင်လောင်းလှည့် ထွက်ခဲ့ကြတယ်။
ထုံးစံအတိုင်းပဲ နတ်ကြီးကမ်းပါးဆီက နတ်နန်းမှာ ရှင်လောင်းတွေကို နတ်ပြဖို့ တန်းစီတော့ တစ်ပါးပိုနေတယ်။ အရေအတွက်ကို ပြန်ကိုက်ညှိပေမယ့် တန်းစီပြီး နတ်ပြချိန်တိုင်း တစ်ပါးက ပိုနေပြန်တာပဲ။
နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး နတ်ပြပြီး ပြန်လာကြတယ်။
ညဘက်ရောက်လို့ ရှင်လောင်းတွေကို သင်္ကန်းစည်းချိန်လည်း ကျရော လူအုပ်ထဲက မိန်းမကြိးတစ်ယောက်ကို ပေတိုးက ၀င်ပူးတော့တာ။
” ငါ့ကိုလည်း သင်္ကန်း၀တ်ပေး…”
မိန်းမကြီးဆီက ရုတ်တရက် အက်ရှတဲ့ အသံကြီးနဲ့ ထအော်တာ။
ပထမတော့ ကြားရသူတို့ ဘာဖြစ်မှန်းမသိ ကြောင်အမ်းကုန်ကြရတယ်။
နောက်တော့မှ မေးကြမြန်းကြရင်း ပေတိုး၀င်ပူးနေတယ်ဆိုတာ သိကြရတော့တာ။
ပေတိုးက သူ့ကို ကိုရင်၀တ်ပေးဖို့ပဲ အော်ဟစ်နေတာ။
ပေတိုးအမေ ဒေါ်အုံးတင် မကဘူး၊ ရွာကျောင်းက ဆရာတော်ကပါ ၀င်ပြီး ဖြောင်းဖျပေမယ့်လည်း ပေတိုး နားမ၀င်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ကိုရင်၀တ်ပေးဖို့ကိုပဲ ပေတိုးက အတွင်တွင် ပြောနေရင်းက မရတော့ ဒေါသတကြီးဖြစ်လာပြီး…။
” အေး…နင်တို့ ငါ့ကို ကိုရင် မ၀တ်ပေးကြဘူး။ နင်တို့နဲ့ ငါနဲ့ တွေ့မယ်…”
ရွာကို ကြိမ်းဝါးပြီးတာနဲ့ ၀င်ပူးခံရတဲ့ မိန်းမကြီး ပျော့ခွေပြီး လဲကျသွားတယ်။
အဲ့ဒီ့နေ့က ပေတိုးရဲ့ ကြိမ်းဝါးနဲ့ ပက်သက်ပြီး နေုာက်ရက်များမှာတော့ တစ်ရွာလုံး ဗြောင်းဆန်အောင် ကြုံတွေ့ရတော့တာ။
******
” ညက ပေတိုး ကျောင်းထဲက ကိုရင်တွေ ခြောက်လှန့်တယ်တဲ့…”
” အေး…ဟိုဘက်ညကလည်း ရွာထဲမှာ မြင်းကြီးနဲ့ ပတ်သွားနေတာ တစ်ရွာလုံး အိပ်မရကြတဲ့ အထိပဲ။ ခွေးတွေ အူတာဆိုတာက ဆူညံနေတော့တာပဲ…”
” ဟုတ်ပါ့ဟယ်။ ညဘက်ရောက်မှာကိုတောင် ကြောက်လာရပြီ…”
တစ်ရက်နှစ်ရက်ပဲ ရှိသေးတယ်။
ရွာထဲမှာ ရှင်လောင်းတစ္ဆေ ပေတိုး ခြောက်လှန့်တဲ့ အကြောင်းတွေက အမျိုးမျိုးအဖုံဖုံဖြစ်နေပြီး ဆူညံပွက်လောကို ရိုက်နေတော့တာ။
ပေတိုးအတွပ်ကို ရည်စူးပြီး အလှူအတန်းလုပ်ပေး၊ အမျှအတန်းပေးဝေပေမယ့်လည်း အခြေအနေက ထူးမလာဘူး။
တဖြေးဖြေးနဲ့ ရွာသူရွာသားတွေ ညဘက်ဆို ပေတိုးရဲ့ သောင်းကျန်းမှုကြောင့် ကျီးလန့်စာစားဘ၀ကို ရောက်လာခဲ့တယ်။
ပေတိုးအမေ ဒေါ်အုံးဆိုရင်လည်း သူ့သားစိတ်နဲ့ အိပ်ရာထဲ ဘုံးဘုံးလဲခဲ့ရတော့တာရယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့…။
******
အင်းချောင်းရွာထိပ်က ဇရပ်ဆီမှာ ယောဂီ၀တ်ဆင်မြန်းထားတဲ့ လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်တို့ ရောက်ရှိနေကြတယ်။
လူကြီးက ဇရပ်ထဲကို ရောက်ပြီး မကြာဘူး။ တစ်စုံတစ်ရာရဲ့ စေ့ဆော်မှုကြောင့် မျက်၀န်းအစုံကို မှိတ်ပြီး အာရုံခံကြည့်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ လူကြီးရဲ့ အာရုံဆီမှာ သွေးသံတရဲရဲနဲ့ ရှင်လောင်းတစ်ပါး ပေါ်လာခဲ့တယ်။
ရှင်လောင်းရဲ့ ပုံစံက ကြောက်မက်ဖွယ်ရာ အဆင်းနဲ့ တကယ့်ကို ရုပ်ပျက်ဆင်းပျက်ပဲ။
ရှင်လောင်းရဲ့ ရုပ်သွားကွယ်သွားတော့ လူကြီးက သက်ပြင်းကို ချပြီး မျက်၀န်းအစုံကို ဖွင့်လာတယ်။
” ဘဘ…ဘာဖြစ်လို့လဲ…”
ကလေးငယ်တစ်ယောက်က မေးလာတာ။
” ဒီရွာမှာ ရှင်လောင်းနဲ့ ပက်သက်တဲ့ အမှောင့် ပယောဂတစ်ခုတော့ ရှိနေပြီ လူလေးရဲ့…”
” ဟင်…ရှင်လောင်းနဲ့ ပက်သက်တယ် ဟုတ်လား ဘဘ။ ဘယ်လိုများလဲ…”
ကျန်တဲ့ ကလေးငယ်ကပါ ၀င်မေးလာတယ်။ လူကြီးက ခေါင်းကို ခပ်သာသာ ခါရမ်းပြီး…။
” ဘယ်လိုရယ်တော့ ဘဘလည်း သေချာမသိသေးဘူး။ အခုနက အာရုံမှာ သွေးသံတရဲရဲနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရှင်လောင်းတစ်ပါးကို တွေ့လိုက်ရတယ်…”
” ဟင်…”
ကလေးငယ်နှစ်ယောက် အံ့သြသွားကြတယ်။
အဲ့ဒီ့အခိုက်မှာပဲ…။
မြက်ခြင်းကိုယ်စီ ထမ်းထားတဲ့ လူနှစ်ယောက် ဇရပ်ဆီကို လှမ်းလာနေတာကို သူတို့ မြင်လိုက်ရတယ်။
မကြာဘူး။
အဲ့ဒီ့ရွာသားနှစ်ယောက်က ဇရပ်ဆီကို ရောက်လာကြပြီး အထဲကို ၀င်လာကြတယ်။
ဧည့်သည်တွေကို မြင်တော့ နှစ်ယောက်စလုံးက တစ်ချက် အကဲခတ်ပြီး ဇရပ်တစ်နေရာမှာ အတူထိုင်ကြတယ်။
” ဟူး…လှတိုးရေ။ ငါတို့ရွာလည်း ပေတိုးကြောင့်နဲ့ ကြာရင် ဖွတ်ဖွတ်ညက်ညက်ကြေတော့မယ်ထင်တယ်ကွာ…”
” အေးကွာ…ညတုန်းလည်း သောင်းကျန်းချက်က အိပ်လို့တောင်းမရဘူး။ အခုမနက်ကျ အလုပ်လုပ်တော့ အိပ်ငိုက်နေရရော…”
ရွာသားနှစ်ယောက်ရဲ့ ညည်းတွားသံကို နားထောင်ပြီးတော့ လူကြီးက…။
” ဒီက မောင်ရင်တို့ရွာမှာ ရှင်လောင်းတစ်ပါးကြောင့် ဒုက္ခတွေများနေတယ်ထင်ပါ့…”
လူကြီးရဲ့ စကားအဆုံး ရွာသားနှစ်ယောက် အံ့သြသွားကြတယ်။
” ဒီက ဆရာကြီးက ဘယ်သူလဲ။ ပြီးတော့…မျက်နှာစိမ်းတွေဖြစ်ပြီး ဒီရွာမှာဖြစ်နေတာကို ဘယ်လိုများ သိနေတာလဲ…”
လူကြီးက ပြုံးတယ်။ ပြီးတော့…
” ကျုပ်နာမည်က ဦးသိဒ္ဒိပါ။ ဒီက ကလေးနှစ်ယောက်ကတော့ ဒိုးကြီးနဲ့ ဒိုးငယ်တဲ့။ ကျုပ်တို့ သုံးယောက်က ဂန္ဓာရီ ခရီးသွားတွေဆိုပါတော့။ ပြောရရင်တော့ မောင်ရင်တို့ ရောက်မလာခင် ဦးကြီးရဲ့ အာရုံမှာ သွေးသံတရဲရဲနဲ့ မြင်းစီထားတဲ့ ရှင်လောင်းတစ်ပါးကိုမြင်မိလိုက်လို့။ တကယ်လို့ ဒီမြင်ထားတဲ့ ကိစ္စဟာ သိပ်ကို ဆိုးရွားလွန်းနေတယ်ဆိုရင်တော့ ကျုပ်တို့က ကူညီပေးသင့်ရင် ကူညီပေးရအောင်လို့ မေးတာပါ…”
ရွာသားနှစ်ယောက်က ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်ဆိုတို့ကို ကြည့်ပြီး ကြည်ညိုအားကိုးတဲ့ အသွင်တွေ ဖြစ်ကုန်ကြတယ်။
တစ်ယောက်က…။
” ဒါဖြင့်ရင်တော့ ကျုပ်တို့ ဆရာကြီးတို့ကို အားကိုးပါရစေဗျာ။ ဖြစ်နေတာကတော့ တော်တော့ကို ဆိုးနေတာဗျ။ အင်း…ဆရာကြိးတို့ကို ပြောပြရရင် ကျုပ်တို့ရွာမှာ တန်ခူးလဆန်းပိုင်းတုန်းက အလှူတစ်ခု လုပ်ရင်း ပေတိုးဆိုတဲ့ ရှင်လောင်းတစ်ပါးက နတ်ကြီးကမ်းပါးမှာ မတော်တဆချောက်ထဲကျပြီး သေသွားတယ်…”
” ဟုတ်တယ် ဆရာကြီး။ သေပြီးတော့ အဲ့ဒီ့ရှင်လောင်းက မကျွတ်ဘဲ ရှင်ပြုအလှူတွေလုပ်တာတွေ့ရင် ရောက်လာပြီး သူ့ကို သင်္ကန်းစည်းပေးဖို့ ၀င်ပူးပြီး ပြောတယ်။ တစ္ဆေသရဲမို့ စည်းပေးလို့မရဘူးဆိုတာကိုလည်း သူက လက်မခံဘူး။ နောက်ကျတော့ အဲ့ဒါကို အကြောင်းပြုပြီးတော့ သူက ရွာထဲမှာ ညတိုင်းသောင်းကျန်နေတော့တာပဲ…”
” အင်း…သူက ဘယ်လိုတွေများ သောင်းကျန်းတာလဲ ကျုပ်ကို နဲနဲပြောပြပါဦး…”
လူကြီးက မေးတယ်။ ရွာသားတစ်ယောက်က…။
” ခြောက်တာလှန့်တာတွေကတော့ အစုံပါပဲ ဆရာကြီးရာ။ ညဘက်ဆိုရင် ရွာထဲမှာ လူသူတွေ အိပ်မရအောင်လုပ်တယ်။ ပြီးရင် ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးတွေ ကိုရင်တွေကိုလည်း နေမရလောက်အောင်ကို ကြမ်းကြမ်းတမ်းတမ်းခြောက်လှန့်တာပဲ…”
” ဪ…အဲ့ဒီ့လောက်တောင်ပဲလား။ အင်းလေ…သူ့ခမျာ သင်္ကန်း၀တ်ချင်တာကို ၀တ်မရဘူးဆိုတော့ သနားစရာလည်း ကောင်းလေရဲ့…”
” ဆရာကြီးတို့ ကူညီနိုင်ရင် ကူညီပေးပါဦးဗျာ…”
ရွာသားနှစ်ယောက်က တောင်းဆိုတယ်။
လူကြီးက သူတို့ရဲ့ တောင်းဆိုမှုကို ခပ်သာသာပဲ ခေါင်းညိတ်လို့ လက်ခံခဲ့တယ်။
*******
ညက တိတ်ဆိတ်ငြိမ်သက်နေတယ်။
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့က အင်းချောင်းရွာရဲ့ အရှေ့ဘက်ထိပ်ဆီမှာ ရောက်ရှိနေကြတယ်။
အဝေးဆီက နွေလေပြေသော့သော့က သူတို့သုံးယောက်ဆီကို ကလူကျီစယ်နေလေရဲ့။
ညဉ့်နဲနဲ နက်လာတော့ အဝေးဆီကနေ လာနေတဲ့ မြင်းခွာသံပြင်းပြင်းကို သူတို့ ကြားလိုက်ရတယ်။
” လူလေးတို့ အာရုံခံပြီး ကြည့်ကြည့်ချေ…”
ဒိုးညီနောင်တို့ မျက်၀န်းများကို ပြိုင်တူမှိတ်ပြီး အသံကြားရာဆီကို မှန်းဆအာရုံခံကြည့်လိုက်တယ်။
သွေးသံတရဲရဲနဲ့ ရှင်လောင်းတစ်ပါးက သူတို့ရှိရာဆီကို ဦးတည်ပြီး ပုံပျက်ပန်းပျက် မြင်းတစ်ကောင်ကို အပြင်းမောင်းနှင်ပြီး လာနေတာ။
” ဘဘ…သူ ရောက်တော့မယ်…”
” အင်း…”
ဦးသိဒ္ဒိက ခေါင်းကို ညိတ်ပြီး သူတို့ရဲ့ အရှေ့ ဆယ်တောင်လောက်နေရာဆီကို လက်နဲ့ စည်းတားသလိုမျိုး လုပ်ဆောင်လိုက်တယ်။
စည်းတားပြီးတဲ့အခါကျတော့ ရှင်လောင်းတစ္ဆေက သူတို့နဲ့ အတော့်ကို နီးကပ်နေပြီ။
စည်းကို ရှင်လောင်းတစ္ဆေက ခုန်ကျော်လိုက်တယ်။
အလင်းရောင်တစ်ချို့ တောက်ပလာပြီး ရှင်လောင်းတစ္ဆေနဲ့ သူ့မြင်းကြီး လွင့်စင်သွားတယ်။
ရှင်လောင်းတစ္ဆေက လူးလဲထပြီး သူ့အဖြစ်အပျက်ကို မယုံသင်္ကာဟန်နဲ့ ကြည့်တယ်။
သူ့ဖြတ်လို့မရတဲ့နေရာမှာ ဘာမှမရှိတာကို မြင်တော့ ရှင်လောင်းတစ္ဆေ အံ့သြသွားတယ်။
ပြီးတော့ မြင်းပေါ်ကို ပြန်တက်လို့ တရှိန်ထိုး မောင်းနှင်လိုက်ပြန်တယ်။
အခုနကလိုပါပဲ…။
မြေပြင်ကနေ အလင်းရောင်တွေ လက်ခနဲထွက်ပေါ်လာပြီး ဝုန်းဆိုတဲ့ အသံနဲ့အတူ ရှင်လောင်းတစ္ဆေလွင့်စင်သွား ပြန်တယ်။
ဒီတစ်ကြိမ်တော့ ရှင်လောင်တစ္ဆေ ဒေါသထွက်သွားရပြီး ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လို့ သူ့ကို ရန်ပြုသူကို ရှာတယ်။
ဒိုးညီနောင်တို့ ထိတ်ခနဲဖြစ်သွားတယ်။ ဒါပေမယ့် ဦးသိဒ္ဒိက…
” စိတ်မပူနဲ့ လူလေးတို့ရဲ့။ ဘဘ ကိုယ်ပျောက်မန္တာန်ကို ရွတ်ထားတာမို့ သူ…တို့တတွေကို မမြင်နိုင်ဘူးရယ်…”
ဒိုးညီနောင်တို့ စိတ်အေးသွားရတယ်။
အဲ့ဒီ့အခိုက်မှာ ဦးသိဒ္ဒိက မျက်စိမှိတ် အဓိဋ္ဌာန်ပြုလို့ သူ့လက်ကို အပေါ်ဆီ မြှောက်လိုက်လို့ ဖြန့်ချလိုက်တယ်။
ချက်ချင်းဆိုသလိုပဲ လက်ထဲမှာ သင်္ကန်းပရိက္ခရာရှစ်ပါးက ထင်းခနဲပေါ်လာခဲ့တယ်။
ရှင်လောင်းတစ္ဆေက ဦးသိဒ္ဒိတို့ကို မမြင်နိုင်တော့ ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲမှာ ချိတ်ဆွဲထားသလိုဖြစ်နေတဲ့ ပရိက္ခရာရှစ်ပါးကို တအံ့တသြနဲ့ ကြည့်နေတယ်။
ပြီးတော့ လဲနေရာကနေ ကုန်းထလာပြီး ပရိက္ခရာရှစ်ပါးကို ပြေးဆွဲဖို့ ကြိုးစားတယ်။
အဲ့ဒီ့အချိန်မှာပဲ ဦးသိဒ္ဒိက…။
” ရှင်လောင်း ပေတိုး…”
ရှင်လောင်းတစ္ဆေရဲ့ ခြေလှမ်းတွေက တန့်ခနဲပဲ။ ပြီးတော့ အသံလာရာကို ရှာပေမယ့် သူ့အနေနဲ့ ဘာမှမတွေ့ရဘူးဖြစ်နေတယ်။
” သင်ရဲ့ လက်ရှိဘ၀ အခြေအနေကို နားလည်ပါတော့။ သင်ဟာ အပါယ်လေးဘုံသားထဲမှာ အကျုံး၀င်နေတာမို့ ဒီလိုဘ၀နဲ့တော့ သင်္ကန်း၀တ်၊ သင်္ကန်းစည်းပေးဖို့က မရနိုင်ဘူးလေ။ ဒါကို သင်နားလည်ရမယ်…”
လူကို မတွေ့ရဘဲ အသံပဲ ကြားနေရတာမို့ ရှင်လောင်းတစ္ဆေခမျာ အံ့သြထိတ်လန့်နေမိရဲ့။
” ဒါကြောင့် သင့်အနေနဲ့ သင်္ကန်းစည်းချင်တယ်ဆိုရင် နောင်တစ်ကြိမ် လူဘ၀ကို ပြန်၀င်စားပါမှ စည်းလို့ရမယ်လေ။ ဒီကြားထဲမှာ သင့်ရဲ့ ဘဝဟောင်းက လုပ်ဆောင်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံတို့က တုန့်ပြန်ပေးအပ်လာတာမျိုးရှိမယ်ဆိုရင် သင့်အနေနဲ့ ပေးဆပ်ဖို့ ရှိနိုင်သေးတယ်။ ဒီတော့ သင့်အနေနဲ့ သေချာစဉ်းစားပါ။ ကျွန်ုပ် အနေနဲ့ဆိုရင်တော့ သင့်မှာရှိနေတဲ့ အစွန်းအထင်း၊ ကောင်းမှုဆိုးမှု အရာအားလုံးကို ကျေလည်အောင် ပေးဆပ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ ဘ၀နဲ့မှသာ မြင့်မြတ်တဲ့ ဟော့ဒီသင်္ကန်းကို စည်းနှောင်စေချင်မိပါတယ်…”
ရှင်လောင်းတစ္ဆေ တွေဝေသွားတယ်။
တစ်ဖက်က ပြောလာတဲ့ စကားတွေက သူ့အာရုံ မှာ ထပ်ဖန်တလဲလဲ လွှမ်းမိုးနေလေရဲ့။
ဒါပေမယ့် လူ့ဘ၀တုန်းက သူ့ခမျာ ၀မ်းစာရေးအတွက်ကိုပဲ နေ့ရှိသရွေ့ ရုန်းကန်နေခဲ့ရတာမို့ အရာအားလုံးနဲ့ ကင်းကွာခဲ့ရတဲ့အတွက် သေချာသုံးသပ်နိုင်စွမ်းကတော့ သူ့မှာ မဲ့နေရတယ်။
လေထဲမှာ လွင့်နေတဲ့ ပရိက္ခရာတို့ကို ရှင်လောင်းတစ္ဆေ မော်ကြည့်လိုက်တယ်။ ပြီးတော့ အသံလာရာဆီကို မှန်းဆပြီး…။
” အခုပြောနေတဲ့ သူက ဘယ်သူလဲ။ တန်ခိုးရှင်လား။ ပြီးတော့ ခင်ဗျားက ကျုပ်ကို ကောင်းစေချင်တာလား။ ဆိုးစေချင်တာလား…”
” ကျွန်ုပ်က တန်ခိုးရှင် မဟုတ်ပါဘူး။ သင့်ကို ကောင်းစေချင်တာလား၊ ဆိုးစေချင်တာလား ဆိုတာကတော့ ကောင်းစေချင်တဲ့အတွက်လို့ပဲ ချွင်းချက်မရှိ ဖြေလိုပါတယ်…”
” ဟုတ်ပြီလေ။ ကျုပ်ကို ကောင်းစေချင်တယ်ဆိုတာကိုတော့ နားလည်သွားပြီ။ ဒါပေမယ့် သင်ပြောတာတွေ ဖြစ်လာဖို့အတွက် ကျုပ်က ဘာတွေ လုပ်ရမှာလဲ…”
” သင့်အနေနဲ့ ထွေထူးပြီး ဘာမှ လုပ်စရာမလိုပါဘူး။ အခု သင်မြင်နေတဲ့ သင်္ကန်းပရိက္ခရာရှစ်ပါးကို မနက်ဖြန်မနက်မှာ သင့်အမေကိုယ်တိုင် သံဃာတော်တွေဆီမှာ ဆပ်ကပ်လှူဒါန်းပေးပါလိမ့်မယ်။ လှူဒါန်းပြီးတဲ့အခါမှာ သံဃာတော်တွေနဲ့ သင့်ရဲ့ မိခင်တို့က သင့်နာမည်ကို ခေါ်ပြီး အမျှအတန်းပေးဝေလိမ့်မယ်။ အဲ့ဒီ့အခါကျမှ သင့်အနေနဲ့ ကျွတ်လွတ်ချင်တဲ့ စိတ်ဆန္ဒအပြည့်အ၀နဲ့ သာဓုလိုက်ခေါ်ရုံပါပဲ…”
” သာဓုလိုက်ခေါ်ရုံပဲ…ဟုတ်လား။ ?ာဆို ရပြီလား…”
” ရပါပြီ…”
ရှင်လောင်းတစ္ဆေ တဒင်္ဂငြိမ်သက်သွားတယ်။
အတန်ကြာတဲ့အခါကျတော့မှ…။
” ခင်ဗျား ပြောတာကို ကျုပ် လက်ခံပါတယ်။ တကယ်တမ်းပြောရရင် ကျုပ်လည်း ဒီဘဝြကီးကို စိတ်ပျက်လှပြီ။ ဒီဘဝြကီးမှာ နေရတာ ဘာမှမကောင်းဘူး။ ကျုပ်ကို အားလုံးက ကြောက်နေကြတယ်။ ထိတ်လန့်နေကြတယ်။ အစကတော့ ဒါကို ကျေနပ်မိသလိုလို ဖြစ်ရပေမယ့် အချိန်ကြာလာတော့ ကျပြ် ၀မ်းနည်းလာရတယ်။ ကျုပ် ညတိုင်းငိုနေရတယ်။ သူများတွေ ရှင်လောင်းဖြစ်ပြီး သင်္ကန်း၀တ်တာမြင်ရင်လည်း ကျုပ်ငိုမိတယ်။ အမေ့ကို သတိရရင်လည်း ကျုပ်ငိုမိတယ်။ သူတို့ကိုလည်း မနာလိုစိတ်လည်း ဖြစ်ရတယ်။ ဒေါသလည်း ဖြစ်ရတယ်။ အခု ခင်ဗျားပြောသလို လုပ်မယ်။ ကျုပ် ဒီဘဝြကီးကနေ လွတ်သွားပြီး နောက်တစ်ကြိမ် လူဘ၀ကို ပြန်ရရင် သူများတကာတွေလို လွယ်လွယ်ကူကူနဲ့ သင်္ကန်း၀တ်ခွင့်ရပါစေလို့ ကျုပ် ဆုတောင်းမယ်…”
ရှင်လောင်းတစ္ဆေက ပြောရင်းနဲ့ ရှိုက်ကြီးတငင်ကို ငိုကြွေးတော့တယ်။
ငိုနေတဲ့သူ့ရဲ့ မျက်၀န်းဆီက သွေးမျက်ရည်စတွေက တလိမ့်လိမ့်ကျဆင်းနေတယ်။
ဒိုးညီနောင်တို့ ရှင်လောင်းတစ္ဆေကို ကြည့်ပြီး သနားစိတ်၀င်မိကြတယ်။
ဦးသိဒ္ဒိကတော့ မကောင်းတဲ့အရာတွေကို စွန့်ပါယ်ဖို့ ဆုံးဖြတ်နိုင်ခဲ့ပြီဖြစ်တဲ့ ရှင်လောင်းတစ္ဆေကို ကြည့်လို့ ဂရုဏာသက်နေမိခဲ့တယ်။
အဲ့ဒီ့နောက်မှာတော့…။
ရှင်လောင်းတစ္ဆေက ရွာထဲကို မ၀င်တော့ဘဲ လှည့်ပြန်သွားခဲ့ပြီး ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ ရွာထဲကို ပြန်၀င်ခဲ့ကြပါတော့တယ်…။
*******
နောက်တစ်နေ့မှာတော့…။
အင်းချောင်းရွာရဲ့ ရွာဦးကျောင်းတိုက်ဆီမှာ တစ်ရွာလုံးက တရားနာပရိတ်သတ်တွေနဲ့ ပြည့်လုပြည့်ခင်ဖြစ်နေတယ်။
အရှေ့ဆီကနေ တရားဟောကြားတော်မူနေတဲ့ သံဃာတော်တွေထံဆီမှာတော့ တစ်ရွာလုံးက ဆပ်ကပ်လှူဒါန်းထားတဲ့ သင်္ကန်းပရိက္ခရာတွေ။
တရားဟောကြားမှု ပြီးဆုံးတဲ့အခါကျတော့ လှူဒါန်းမှု အစုစုတို့အတွက် သံဃာတော် အရှင်သူမြတ်တို့က အရှေ့က တိုင်ပေးပြီး ဒေါ်အုံး ဥိးဆောင်တဲ့ တရားနာပရိတ်သတ်တို့က ရေစက်ချ အမျှအတန်းပေးဝြေကတော့တယ်။
သာဓုခေါ်ချိန်မှာကျတော့ အားလုံးရဲ့အသံတွေအထဲမှာမှ သြရှရှနဲ့ အသံတစ်သံက တစ်မူကွဲထွက်နေတာကို အားလုံး သတိထားမိခဲ့ကြတယ်။
နောက်တော့ ကျောင်း၀န်းထဲကနေ ထွက်ခွာသွားတဲ့ မြင်းခွာသံတချို့…။
အဲ့ဒိအချိန်ကစလို့ ရှင်လောင်းတစ္ဆေပေတိုးရဲ့ ခြောက်လှန့်မှုကို အင်းချောင်းရွာဆီတင်မက နတ်ကြီးကမ်းပါးဆီမှာပါ ထပ်မကြုံကြရတော့ဘူး။
ပေတိုးတစ်ယောက် ဘယ်ဘ၀ ဘယ်ဋ္ဌာနီဆီကို ရောက်သွားတယ်ဆိုတာ ဘယ်သူကမှ အတတ်မသိကြပေမယ့် လွတ်ကျွတ်သွားပြီဆိုတာကတော့ သေချာသလောက်ပါပဲ။
ဒီအဖြစ်အပျက်နဲ့ ကြုံဆုံခဲ့ပြီးနောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ခနောင်ဆိုတဲ့ ရွာဆီကို ရောက်ခဲ့ကြရပြီး အဲ့ဒီ့ရွာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို ဖြေရှင်းပေးဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတယ်။
ဒီအကြောင်းကိုတော့ ” နတ်ရုပ်တစ်ရာချောက်…” ဆိုတဲ့ ဇာတ်လမ်းမှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦး…။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)
#ညမဖတ်ရ
ရွင္ေလာင္းတေစၦ
*********
” ရွင္ေလာင္းေပတိုး ျမင္းေပၚက က်ၿပီး ဆုံးလို႔တဲ့…”
အင္းေခ်ာင္း႐ြာရဲ႕ မနက္ခင္းကို အနိ႒ာ႐ုံျဖစ္ေစတဲ့ သတင္းတစ္ခု။
မနက္အေစာတုန္းက ႐ြာအလယ္ပိုင္းဆီက ကိုတင္ျမင့္တို႔အလႉ ရွင္ေလာင္းလွည့္ထြက္သြားခဲ့တယ္။
ရွင္ေလာင္းလွည့္တဲ့အဖြဲ႕ ထြက္သြားၿပီး မၾကာဘူး။ သတင္းဆိုးက ႐ြာဆီကို ျပန္ေရာက္လာေတာ့တာ။
ျဖစ္ပုံကို ျပန္ေျပာျပရရင္…။
ရွင္ေလာင္းလွည့္တဲ့ လူတန္းႀကီးက ႐ြာက မနက္အေစာ ထြက္ၾကၿပီး ႐ြာနဲ႔ ငါးတိုင္သာသာေလာက္သြားရတဲ့ နတ္ႀကီးကမ္းပါးဆီမွာ ရွင္ေလာင္းေတြကို နတ္ျပၾကတာ။
နတ္ႀကီးကမ္းပါးဆိုတဲ့ေနရာက နာမည္နဲ႔ လိုက္ေအာင္ပဲ မတ္ေစာက္လြန္းတဲ့ ကမ္းပါးယံႀကီးေပၚမွာ ရွိေနတာေလ။
အဲ့ဒီ့မွာ ရွင္ေလာင္းေတြကို နတ္ျပေနၾကတုန္းက ဘာျပႆနာမွ မရွိေသးဘူး။
ဒါေပမယ့္ ျပန္ထြက္လာတဲ့အခါမွာေတာ့ ရွင္ေလာင္းေပတိုးကို ျမင္းေပၚဆီတင္လိုက္တဲ့အခ်ိန္ ျမင္းက ႐ုတ္တရက္ ေဗြေဖာက္လာၿပီး အလန္႔တၾကားနဲ႔ လူၾကားထဲကေန တရွိန္ထိုး ခုန္ေပါက္ေျပးေတာ့တာ။
အဲ့ဒီ့မွာ ျမင္းက နံေဘးက ေခ်ာက္ကမ္းပါးဆီကို ေျခေခ်ာ္က်ေတာ့ အေပၚက ရွင္ေလာင္းေပတိုးပါ ျမင္းနဲ႔အတူ ေရာပါသြားေလေတာ့တာပဲ။
နက္ရႈိင္းလွတဲ့ ေခ်ာက္ကမ္းပါးဆီေတာ့ ေအာက္ဆီကို ေရာက္တာနဲ႔ ေပတိုးေရာ ျမင္းပါ ပြဲခ်င္းၿပီး ေသဆုံးခဲ့ၾကတယ္။
ဒီေနရာမွာ ထပ္ၿပီးေတာ့ ေျပာျပခ်င္ေသးတာက ေပတိုးရဲ႕ အေၾကာင္းပဲ။
ေပတိုးဆိုတာက အင္ေခ်ာင္း႐ြာရဲ႕ သိပ္ကို ဆင္းရဲလြန္းတဲ့ အေမတစ္ခု၊ သားတစ္ခု ေကာင္ေလးတစ္ေယာက္။
အေဖက သူငယ္ငယ္ကတည္းက မရွိေတာ့ဘူး။ ေျပာရရင္ ေပတိုးဟာ ဖတဆိုးေလးတစ္ေယာက္ေပါ့။
သားအမိႏွစ္ေယာက္ထဲ ရွိခ်ိန္မွာ ဆင္းရဲႏြမ္းပါးလြန္းတဲ့အတြက္ေၾကာင့္ ၀မ္းေရးအတြက္ ေပတိုးေလးက အ႐ြယ္ငယ္ငယ္နဲ႔ ငါးရွာဖားရွာလုပ္ရေတာ့တယ္။
ေပတိုး ရလာသမွ် ငါးတို႔ကို သူ႔အေမက ဗန္း႐ြက္ၿပီး ႐ြာထဲမွာ လွည့္ေရာင္းရတယ္။
ဒီလိုနဲ႔ပဲ ေပတိုးက အကုသိုလ္အလုပ္နဲ႔ ယဥ္ပါးျဖတ္သန္းလာခဲ့ရတာ တေျဖးေျဖးနဲ႔ အသက္က ဆယ့္ေလးႏွစ္ျပည့္ၿပီးတဲ့ရတယ္။
အသက္သာ ဆယ့္ေလးႏွစ္ျပည့္ခဲ့ၿပီးေပမယ့္ အမ်ားသူငါ အ႐ြယ္တူေတြၾကားမွာ ေပတိုးက လူေကာင္ေသးႏုတ္ေနတယ္။
အ႐ြယ္တူ အေပါင္းအသင္းေတြက လူေကာင္ေတြ ထြားႀကိဳင္းလာၾကေတာ့ ေပတိုး သူ႔ကိုသူ သိမ္ငယ္လာတယ္။
ဒါနဲ႔ပဲ တစ္ရက္က် သူ႔သူငယ္ခ်င္း ခ်စ္ေဖက မင္းက ရွင္မျပဳရေသးလို႔ လူေကာင္မထြားတာလို႔ ေျပာလိုက္တယ္။
ဒီကေနပဲ ေပတိုးရဲ႕ စိတ္ထဲမွာ ရွင္ျပဳရင္ လူေကာင္ထြားမယ္ဆိုတဲ့ စိတ္က ၀င္လာရတယ္။
ရွင္ျပဳဖို႔ရင္ ပိုက္ဆံလိုတယ္ဆိုတဲ့ အသိေၾကာင့္ ေပတိုး သူ႔အလုပ္ကို အရင္ကထက္ပိုၿပိး ႀကိဳးစားတယ္။ ေန႔ညမေ႐ြး ငါးရွာဖားရွာလုပ္ၿပီးေတာ့ ပိုက္ဆံကို ပိုစုတယ္။
ဒီကေနပဲ ပိုက္ဆံျပည့္တဲ့အခါက်ေတာ့ ႐ြာက ကိုတင္ျမင့္တို႔ အလႉမွာ ပရိကၡရာဖိုးစိုက္၀င္ၿပီး ရွင္တစ္ပါးအျဖစ္ ပါ၀င္ခဲ့တာရယ္။
အခုေတာ့ နတ္ျပၿပီး ျပန္အထြက္၊ ေပတိုးတစ္ေယာက္ မထင္မွတ္ဘဲ ဆုံးပါးခဲ့ရတယ္။
******
သုံးရက္အၾကာ၊ ေပတိုး အေလာင္းကို ေျမခ်ၿပီးတဲ့ ည…။
ေပတိုးရဲ႕အေမ ေဒၚအုံးတစ္ေယာက္ သားျဖစ္သူအတြက္နဲ႔ ယူႀကဳံးမရျဖစ္ၿပီး မအိပ္ရတာ ရက္ၾကာလာလို႔ ေမွးခနဲ အိပ္ေပ်ာ္သြားတယ္။
အိပ္ေပ်ာ္ေပ်ာ္ခ်င္းမွာပဲ သူ႔ၿခံေရွ႕ဆီက ျမင္းဟီသံတစ္ခ်ိဳ႕ကို ၾကားမိေလရဲ႕။
ၿပီးေတာ့ မၾကာဘူး။
” အေမ…အေမ…”
အိမ္ေရွ႕က သားျဖစ္သူရဲ႕ ေခၚသံေၾကာင့္ ေဒၚအုံးတစ္ေယာက္ ထြက္ၾကည့္မိတယ္။
အိမ္ေရွ႕ အေမွာင္ထုထဲမွာေတာ့ သူ႔ကို ျမင္းစီးၿပီး သူ႔ကို ေက်ာခိုင္းထားတဲ့ သားရွင္ေလာင္း။
” သား…မင္း…အေမ့သား ေပ…ေပတိုးမလား…”
ေဒၚအုံးရဲ႕ ေမးျမန္းမႈအဆုံး ရွင္ေလာင္းေပတိုးက သူ႔ဘက္ကို ျမင္းေကာ လူပါ မ်က္ႏွာလွည့္လာတယ္။
” အမေလး…”
ေဒၚအုံး လန္႔ဖ်ပ္ၿပီး ေအာ္မိတာ။
သားျဖစ္သူ ေပတိုးရဲ႕ မ်က္ႏွာက အလြန္ပဲ ေၾကာက္စရာေကာင္းလြန္းေနတယ္။
မ်က္ႏွာတစ္ခုလုံးက ေသြးစေသြးနေတြေပက်ံေနၿပီး လက္တစ္ဖက္ကလည္း နံေဘးမွာ တန္းလန္းႀကီး ျပဳတ္က်ေနတာရယ္။ ျမင္းႀကီးကလည္း ေပတိုးလိုပဲ။ ႐ုပ္ပ်က္ဆင္းပ်က္ ေၾကာက္စရာ ေကာင္းေနျပန္ေသးတာ။
” အေမ…က်န္တဲ့ ရွင္ေလာင္းေတြအားလုံး ကိုရင္၀တ္ၿပီးကုန္ၿပီ။ က်ဳပ္ကိုက် ဘယ္သူမွ မ၀တ္ေပးၾကဘူး။ အဲ့ဒါ…အေမမ်ား က်ဳပ္ကို ကိုရင္၀တ္ေပးႏိုင္မလားလို႔…”
ေပတိုးက ၀မ္းနည္းပက္လက္နဲ႔ ေျပာတာ။
သားျဖစ္သူရဲ႕ အသံက အက္ရွေနၿပီး ေၾကာက္စရာေကာင္းေနတယ္ဆိုေပမယ့္ ေဒၚအုံးခမ်ာ ေၾကာက္စိတ္ထက္ ၀မ္းနဲတဲ့စိတ္၊ သားျဖစ္သူကို သနားတဲ့ စိတ္က ပိုကဲသြားရတယ္။
” သား လူေလး…ေပတိုး။ မင္းကို အေမလည္း ကိုရင္၀တ္ေပးလို႔ မရဘူး။ ၿပီးေတာ့ ဘယ္သူမွလည္း ၀တ္ေပးလို႔ မရဘူး။ မင္းက ေသသြားခဲ့ၿပီေလ အေမ့သားေလးရယ္…”
ေဒၚအုံး စကားကို ၾကားေတာ့ ေပတိုး အံ့ၾသသြားတယ္။
ၿပီးေတာ့ ၀မ္းနဲသြားသလိုျဖစ္သြားၿပီး ခ်က္ခ်င္းကိုပဲ မ်က္ႏွာက ခက္ထန္သြားခဲ့တယ္။
” မဟုတ္ဘူး။ အေမ…ခင္ဗ်ား က်ဳပ္ကို ညာေနတာ။ က်ဳပ္က မေသေသးဘူး။ ဒီ႐ြာက လူေတြက က်ဳပ္ကို အကုသိုလ္ေကာင္ဆိုၿပီး ကိုရင္၀တ္မေပးခ်င္လို႔ ညာေနၾကတာမလား…”
” မဟုတ္ပါဘူး သားရယ္…သားက…”
” ရတယ္ က်ဳပ္သိသြားၿပီ။ ခင္ဗ်ားတို႔ မ၀တ္ေပးလည္း က်ဳပ္ကို ကိုရင္၀တ္ေပးမယ့္သူကို က်ဳပ္ဘာသာရွာမယ္…”
ေဒၚအုံး ဘာမွ ျပန္မေျပာႏိုင္ခင္ ေပတိုးက ျမင္းကို စီးၿပီး ထြက္သြားခဲ့တယ္။
” သား…သား…အေမ့သား…”
ေဒၚအုံး အလန္႔တၾကားနဲ႔ ဟစ္ေအာ္ရင္း အိပ္ရာက လန္႔ႏိုးလာတယ္။
ေပတိုးရဲ႕ နာေရးက ရက္မလည္ေသးဘူးဆိုေတာ့ ေစာင့္အိပ္ေပးတဲ့ လူသူတခ်ိဳ႕လည္း ရွိေနေသးတာမို႔ ေဒၚအုံးရဲ႕ ေအာ္သံၾကားၾကားခ်င္း အားလုံး အေျပးေရာက္လာၾကတယ္။
သူတို႔ေရာက္ခ်ိန္မွာ ေဒၚအုံးကေတာ့ အိပ္ရာျဖစ္တဲ့ ဖ်ာကေလးေပၚမွာ ငုတ္တုတ္ထိုင္ရင္း ရႈိက္ႀကီးတငင္နဲ႔ကို ငိုေႂကြးေနခဲ့ၿပီ။
ဒါေပမယ့္ သားျဖစ္သူကို အိပ္မက္တဲ့ အေၾကာင္းကိုေတာ့ ေဒၚအုံး ဘယ္သူ႔ကိုမွ မေျပာျပခဲ့ဘူး။
ဒါေပမယ့္လည္း ေနာက္တစ္ရက္အေရာက္မွာေတာ့…။
” ညတုန္းက ေအာင္ခ်စ္ အေပါ့အပါးဆင္းသြားရင္း ရွင္ေလာင္း၀တ္စုံႀကီးနဲ႔ ေပတိုးကို ျမင္းႀကီးစီးၿပီး ႐ြာထဲကို ၀င္သြားတာ ေတြ႕လိုက္တယ္တဲ့…”
႐ြာအစြန္ဘက္ေနသူေတြဆီက ထြက္ေပၚလာတဲ့ သတင္း။
ဒီသတင္းကို ယုံသူယုံ၊ မယုံသူမယုံနဲ႔ သို႔ေလာသို႔ေလာ ျဖစ္ေနၾကရေပမယ့္ တစ္႐ြာလုံးနီးပါး ေပတိုးအတြက္ စိတ္မေကာင္းေတာ့ ျဖစ္ၾကရတယ္။
ဒီကေန ေနာက္ပိုင္းမွာေတာ့ ေပတိုးနဲ႔ ပက္သက္တဲ့ အျဖစ္အပ်က္တစ္ခု တစ္ဖက္႐ြာကေန ၾကားရလာျပန္တယ္။
ျဖစ္ပုံက…။
တစ္ဖက္႐ြာဆီက ရွင္ျပဳအလႉတစ္ခုက နတ္ႀကီးကမ္းပါးဆီမွာ ရွင္ေလာင္းေတြ နတ္ျပဖို႔လာေတာ့ တန္းစီထားတဲ့ ရွင္ေလာင္းေတြ အားလုံးထဲမွာ ရွင္တစ္ပါးက ပိုေနတယ္။
ဒါကို အလႉက လူေတြက အစပိုင္းမွာ သတိမထားမိၾကေပမယ့္ ရွင္အပါးအတြက္နဲ႔ နတ္ျပေျပာၿပိး အပ္ႏွံခ်ိန္က် တခ်ိဳ႕သူေတြက ရွင္အေရအတြက္ကို အမွတ္မထင္ လိုက္ေရမိရင္း သိၾကရတယ္။
ဒါနဲ႔ပဲ ႐ုတ္႐ုတ္သဲသဲျဖစ္ၿပီး ကိုယ့္ရွင္ေလာင္းကို ျပန္ခ်ီၾကလို႔ ေရတြက္ျပန္ေတာ့ အေရအတြက္က ကိုက္ေနျပန္ေရာ။
ရွင္ေလာင္းေတြကို ျပန္ၿပီး စီတန္းအပ္ႏွံဖို႔ လုပ္တဲ့အခါက် အေရအတြက္ ပိုေနျပန္တယ္။
ဘယ္တစ္ပါးက ပိုေနတယ္ဆိုတာ လိုက္ၾကည့္ေပမယ့္လည္း မ်က္စိလည္ကုန္ရၿပီး ပိုေနတဲ့သူကို မသိႏိုင္ေလာက္ေအာင္ပဲ။
ေနာက္ေတာ့ အဲ့ဒီ့က လူေတြက ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး အဲ့ဒီ့အတိုင္းအပ္ႏွံၿပီး ျပန္ထြက္တဲ့အခ်ိန္က် အလႉလူတန္းႀကီး ကုန္ဆုံးသြားခ်ိန္မွာ နတ္ႀကီးကမ္းပါအေရွ႕မွာ ျမင္းစီးၿပီး က်န္ရစ္ခဲ့တဲ့ ရွင္တစ္ပါးကို ျမင္တဲ့သူက ျမင္ခဲ့ၾကရတယ္။
အားလုံးက ဒါဟာ မၾကာေသးခင္က ေခ်ာက္ကမ္းပါးထဲကို ျပဳတ္က်ၿပီး ေသသြားတဲ့ အင္းေခ်ာင္း႐ြာက ရွင္ေလာင္းေပတိုးပဲဆိုတာကို တစ္ထစ္ခ် ယုံၾကည္ခဲ့ၾကတယ္။
ဒီအေၾကာင္းေတြကို အင္းေခ်ာင္း႐ြာသားေတြ ျပန္ၾကားေတာ့ ဒါဟာ သူတို႔႐ြာကို သက္သက္သိကၡာက်ေအာင္ စြပ္စြဲတာဆိုၿပီး ေဒါသပုန္ထသူေတြ ထၾကရေသးတယ္။
ဒါေပမယ့္လည္း မၾကာပါဘူး။
ရွင္ေလာင္းတေစၦ ေပတိုးနဲ႔ အင္းေခ်ာင္း႐ြာက လူတိုင္း နဖူးေတြ ဒူးေတြ႕ ႀကဳံရတဲ့ တစ္ရက္ဆီ ေရာက္လာခဲ့တယ္။
အဲ့ဒီ့ေန႔က…။
အင္းေခ်ာင္း႐ြာက ေနာက္ထပ္ အလႉပြဲတစ္ခုက အလႉလွည့္မယ့္ရက္ပဲ။
မနက္အေစာပိုင္း ေဝလီေဝလင္းမွာ ရွင္ေလာင္းေတြကို အ၀တ္အစားေတြ လဲေပးေနတုန္း အလႉမ႑ာပ္အေရွ႕ကေန ရွင္ေလာင္းတစ္ပါးက ျမင္းကို အျမန္စီးၿပီး ျဖတ္သြားတာကို လူအေတာ္မ်ားမ်ား ျမင္လိုက္ၾကရတယ္။
အခ်ိန္က မပီဝိုးတဝါးနဲ႔ဆိုေတာ့ လာေသးေတာ့ အဲ့ဒီ့ရွင္ေလာင္းဟာ ဘယ္သူဘယ္ဝါရယ္ဆိုတာ မသိၾကဘူး။
ဒီလိုနဲ႔ပဲ ရွင္ေလာင္းလွည့္ ထြက္ခဲ့ၾကတယ္။
ထုံးစံအတိုင္းပဲ နတ္ႀကီးကမ္းပါးဆီက နတ္နန္းမွာ ရွင္ေလာင္းေတြကို နတ္ျပဖို႔ တန္းစီေတာ့ တစ္ပါးပိုေနတယ္။ အေရအတြက္ကို ျပန္ကိုက္ညႇိေပမယ့္ တန္းစီၿပီး နတ္ျပခ်ိန္တိုင္း တစ္ပါးက ပိုေနျပန္တာပဲ။
ေနာက္ဆုံးေတာ့ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး နတ္ျပၿပီး ျပန္လာၾကတယ္။
ညဘက္ေရာက္လို႔ ရွင္ေလာင္းေတြကို သကၤန္းစည္းခ်ိန္လည္း က်ေရာ လူအုပ္ထဲက မိန္းမႀကိးတစ္ေယာက္ကို ေပတိုးက ၀င္ပူးေတာ့တာ။
” ငါ့ကိုလည္း သကၤန္း၀တ္ေပး…”
မိန္းမႀကီးဆီက ႐ုတ္တရက္ အက္ရွတဲ့ အသံႀကီးနဲ႔ ထေအာ္တာ။
ပထမေတာ့ ၾကားရသူတို႔ ဘာျဖစ္မွန္းမသိ ေၾကာင္အမ္းကုန္ၾကရတယ္။
ေနာက္ေတာ့မွ ေမးၾကျမန္းၾကရင္း ေပတိုး၀င္ပူးေနတယ္ဆိုတာ သိၾကရေတာ့တာ။
ေပတိုးက သူ႔ကို ကိုရင္၀တ္ေပးဖို႔ပဲ ေအာ္ဟစ္ေနတာ။
ေပတိုးအေမ ေဒၚအုံးတင္ မကဘူး၊ ႐ြာေက်ာင္းက ဆရာေတာ္ကပါ ၀င္ၿပီး ေျဖာင္းဖ်ေပမယ့္လည္း ေပတိုး နားမ၀င္ဘူး။
ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ကို ကိုရင္၀တ္ေပးဖို႔ကိုပဲ ေပတိုးက အတြင္တြင္ ေျပာေနရင္းက မရေတာ့ ေဒါသတႀကီးျဖစ္လာၿပီး…။
” ေအး…နင္တို႔ ငါ့ကို ကိုရင္ မ၀တ္ေပးၾကဘူး။ နင္တို႔နဲ႔ ငါနဲ႔ ေတြ႕မယ္…”
႐ြာကို ႀကိမ္းဝါးၿပီးတာနဲ႔ ၀င္ပူးခံရတဲ့ မိန္းမႀကီး ေပ်ာ့ေခြၿပီး လဲက်သြားတယ္။
အဲ့ဒီ့ေန႔က ေပတိုးရဲ႕ ႀကိမ္းဝါးနဲ႔ ပက္သက္ၿပီး ေနုာက္ရက္မ်ားမွာေတာ့ တစ္႐ြာလုံး ေျဗာင္းဆန္ေအာင္ ႀကဳံေတြ႕ရေတာ့တာ။
******
” ညက ေပတိုး ေက်ာင္းထဲက ကိုရင္ေတြ ေျခာက္လွန္႔တယ္တဲ့…”
” ေအး…ဟိုဘက္ညကလည္း ႐ြာထဲမွာ ျမင္းႀကီးနဲ႔ ပတ္သြားေနတာ တစ္႐ြာလုံး အိပ္မရၾကတဲ့ အထိပဲ။ ေခြးေတြ အူတာဆိုတာက ဆူညံေနေတာ့တာပဲ…”
” ဟုတ္ပါ့ဟယ္။ ညဘက္ေရာက္မွာကိုေတာင္ ေၾကာက္လာရၿပီ…”
တစ္ရက္ႏွစ္ရက္ပဲ ရွိေသးတယ္။
႐ြာထဲမွာ ရွင္ေလာင္းတေစၦ ေပတိုး ေျခာက္လွန္႔တဲ့ အေၾကာင္းေတြက အမ်ိဳးမ်ိဳးအဖုံဖုံျဖစ္ေနၿပီး ဆူညံပြက္ေလာကို ႐ိုက္ေနေတာ့တာ။
ေပတိုးအတြပ္ကို ရည္စူးၿပီး အလႉအတန္းလုပ္ေပး၊ အမွ်အတန္းေပးေဝေပမယ့္လည္း အေျခအေနက ထူးမလာဘူး။
တေျဖးေျဖးနဲ႔ ႐ြာသူ႐ြာသားေတြ ညဘက္ဆို ေပတိုးရဲ႕ ေသာင္းက်န္းမႈေၾကာင့္ က်ီးလန္႔စာစားဘ၀ကို ေရာက္လာခဲ့တယ္။
ေပတိုးအေမ ေဒၚအုံးဆိုရင္လည္း သူ႔သားစိတ္နဲ႔ အိပ္ရာထဲ ဘုံးဘုံးလဲခဲ့ရေတာ့တာရယ္။
ဒီလိုနဲ႔ တစ္ေန႔မွာေတာ့…။
******
အင္းေခ်ာင္း႐ြာထိပ္က ဇရပ္ဆီမွာ ေယာဂီ၀တ္ဆင္ျမန္းထားတဲ့ လူႀကီးတစ္ေယာက္နဲ႔ ကေလးႏွစ္ေယာက္တို႔ ေရာက္ရွိေနၾကတယ္။
လူႀကီးက ဇရပ္ထဲကို ေရာက္ၿပီး မၾကာဘူး။ တစ္စုံတစ္ရာရဲ႕ ေစ့ေဆာ္မႈေၾကာင့္ မ်က္၀န္းအစုံကို မွိတ္ၿပီး အာ႐ုံခံၾကည့္လိုက္တယ္။
ခ်က္ခ်င္းဆိုသလိုပဲ လူႀကီးရဲ႕ အာ႐ုံဆီမွာ ေသြးသံတရဲရဲနဲ႔ ရွင္ေလာင္းတစ္ပါး ေပၚလာခဲ့တယ္။
ရွင္ေလာင္းရဲ႕ ပုံစံက ေၾကာက္မက္ဖြယ္ရာ အဆင္းနဲ႔ တကယ့္ကို ႐ုပ္ပ်က္ဆင္းပ်က္ပဲ။
ရွင္ေလာင္းရဲ႕ ႐ုပ္သြားကြယ္သြားေတာ့ လူႀကီးက သက္ျပင္းကို ခ်ၿပီး မ်က္၀န္းအစုံကို ဖြင့္လာတယ္။
” ဘဘ…ဘာျဖစ္လို႔လဲ…”
ကေလးငယ္တစ္ေယာက္က ေမးလာတာ။
” ဒီ႐ြာမွာ ရွင္ေလာင္းနဲ႔ ပက္သက္တဲ့ အေမွာင့္ ပေယာဂတစ္ခုေတာ့ ရွိေနၿပီ လူေလးရဲ႕…”
” ဟင္…ရွင္ေလာင္းနဲ႔ ပက္သက္တယ္ ဟုတ္လား ဘဘ။ ဘယ္လိုမ်ားလဲ…”
က်န္တဲ့ ကေလးငယ္ကပါ ၀င္ေမးလာတယ္။ လူႀကီးက ေခါင္းကို ခပ္သာသာ ခါရမ္းၿပီး…။
” ဘယ္လိုရယ္ေတာ့ ဘဘလည္း ေသခ်ာမသိေသးဘူး။ အခုနက အာ႐ုံမွာ ေသြးသံတရဲရဲနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့ ရွင္ေလာင္းတစ္ပါးကို ေတြ႕လိုက္ရတယ္…”
” ဟင္…”
ကေလးငယ္ႏွစ္ေယာက္ အံ့ၾသသြားၾကတယ္။
အဲ့ဒီ့အခိုက္မွာပဲ…။
ျမက္ျခင္းကိုယ္စီ ထမ္းထားတဲ့ လူႏွစ္ေယာက္ ဇရပ္ဆီကို လွမ္းလာေနတာကို သူတို႔ ျမင္လိုက္ရတယ္။
မၾကာဘူး။
အဲ့ဒီ့႐ြာသားႏွစ္ေယာက္က ဇရပ္ဆီကို ေရာက္လာၾကၿပီး အထဲကို ၀င္လာၾကတယ္။
ဧည့္သည္ေတြကို ျမင္ေတာ့ ႏွစ္ေယာက္စလုံးက တစ္ခ်က္ အကဲခတ္ၿပီး ဇရပ္တစ္ေနရာမွာ အတူထိုင္ၾကတယ္။
” ဟူး…လွတိုးေရ။ ငါတို႔႐ြာလည္း ေပတိုးေၾကာင့္နဲ႔ ၾကာရင္ ဖြတ္ဖြတ္ညက္ညက္ေၾကေတာ့မယ္ထင္တယ္ကြာ…”
” ေအးကြာ…ညတုန္းလည္း ေသာင္းက်န္းခ်က္က အိပ္လို႔ေတာင္းမရဘူး။ အခုမနက္က် အလုပ္လုပ္ေတာ့ အိပ္ငိုက္ေနရေရာ…”
႐ြာသားႏွစ္ေယာက္ရဲ႕ ညည္းတြားသံကို နားေထာင္ၿပီးေတာ့ လူႀကီးက…။
” ဒီက ေမာင္ရင္တို႔႐ြာမွာ ရွင္ေလာင္းတစ္ပါးေၾကာင့္ ဒုကၡေတြမ်ားေနတယ္ထင္ပါ့…”
လူႀကီးရဲ႕ စကားအဆုံး ႐ြာသားႏွစ္ေယာက္ အံ့ၾသသြားၾကတယ္။
” ဒီက ဆရာႀကီးက ဘယ္သူလဲ။ ၿပီးေတာ့…မ်က္ႏွာစိမ္းေတြျဖစ္ၿပီး ဒီ႐ြာမွာျဖစ္ေနတာကို ဘယ္လိုမ်ား သိေနတာလဲ…”
လူႀကီးက ၿပဳံးတယ္။ ၿပီးေတာ့…
” က်ဳပ္နာမည္က ဦးသိဒၵိပါ။ ဒီက ကေလးႏွစ္ေယာက္ကေတာ့ ဒိုးႀကီးနဲ႔ ဒိုးငယ္တဲ့။ က်ဳပ္တို႔ သုံးေယာက္က ဂႏၶာရီ ခရီးသြားေတြဆိုပါေတာ့။ ေျပာရရင္ေတာ့ ေမာင္ရင္တို႔ ေရာက္မလာခင္ ဦးႀကီးရဲ႕ အာ႐ုံမွာ ေသြးသံတရဲရဲနဲ႔ ျမင္းစီထားတဲ့ ရွင္ေလာင္းတစ္ပါးကိုျမင္မိလိုက္လို႔။ တကယ္လို႔ ဒီျမင္ထားတဲ့ ကိစၥဟာ သိပ္ကို ဆိုး႐ြားလြန္းေနတယ္ဆိုရင္ေတာ့ က်ဳပ္တို႔က ကူညီေပးသင့္ရင္ ကူညီေပးရေအာင္လို႔ ေမးတာပါ…”
႐ြာသားႏွစ္ေယာက္က ဦးသိဒၵိနဲ႔ ဒိုးညီေနာင္ဆိုတို႔ကို ၾကည့္ၿပီး ၾကည္ညိဳအားကိုးတဲ့ အသြင္ေတြ ျဖစ္ကုန္ၾကတယ္။
တစ္ေယာက္က…။
” ဒါျဖင့္ရင္ေတာ့ က်ဳပ္တို႔ ဆရာႀကီးတို႔ကို အားကိုးပါရေစဗ်ာ။ ျဖစ္ေနတာကေတာ့ ေတာ္ေတာ့ကို ဆိုးေနတာဗ်။ အင္း…ဆရာႀကိးတို႔ကို ေျပာျပရရင္ က်ဳပ္တို႔႐ြာမွာ တန္ခူးလဆန္းပိုင္းတုန္းက အလႉတစ္ခု လုပ္ရင္း ေပတိုးဆိုတဲ့ ရွင္ေလာင္းတစ္ပါးက နတ္ႀကီးကမ္းပါးမွာ မေတာ္တဆေခ်ာက္ထဲက်ၿပီး ေသသြားတယ္…”
” ဟုတ္တယ္ ဆရာႀကီး။ ေသၿပီးေတာ့ အဲ့ဒီ့ရွင္ေလာင္းက မကြၽတ္ဘဲ ရွင္ျပဳအလႉေတြလုပ္တာေတြ႕ရင္ ေရာက္လာၿပီး သူ႔ကို သကၤန္းစည္းေပးဖို႔ ၀င္ပူးၿပီး ေျပာတယ္။ တေစၦသရဲမို႔ စည္းေပးလို႔မရဘူးဆိုတာကိုလည္း သူက လက္မခံဘူး။ ေနာက္က်ေတာ့ အဲ့ဒါကို အေၾကာင္းျပဳၿပီးေတာ့ သူက ႐ြာထဲမွာ ညတိုင္းေသာင္းက်န္ေနေတာ့တာပဲ…”
” အင္း…သူက ဘယ္လိုေတြမ်ား ေသာင္းက်န္းတာလဲ က်ဳပ္ကို နဲနဲေျပာျပပါဦး…”
လူႀကီးက ေမးတယ္။ ႐ြာသားတစ္ေယာက္က…။
” ေျခာက္တာလွန္႔တာေတြကေတာ့ အစုံပါပဲ ဆရာႀကီးရာ။ ညဘက္ဆိုရင္ ႐ြာထဲမွာ လူသူေတြ အိပ္မရေအာင္လုပ္တယ္။ ၿပီးရင္ ဘုန္းႀကီးေက်ာင္းထဲက ဘုန္းႀကီးေတြ ကိုရင္ေတြကိုလည္း ေနမရေလာက္ေအာင္ကို ၾကမ္းၾကမ္းတမ္းတမ္းေျခာက္လွန္႔တာပဲ…”
” ဪ…အဲ့ဒီ့ေလာက္ေတာင္ပဲလား။ အင္းေလ…သူ႔ခမ်ာ သကၤန္း၀တ္ခ်င္တာကို ၀တ္မရဘူးဆိုေတာ့ သနားစရာလည္း ေကာင္းေလရဲ႕…”
” ဆရာႀကီးတို႔ ကူညီႏိုင္ရင္ ကူညီေပးပါဦးဗ်ာ…”
႐ြာသားႏွစ္ေယာက္က ေတာင္းဆိုတယ္။
လူႀကီးက သူတို႔ရဲ႕ ေတာင္းဆိုမႈကို ခပ္သာသာပဲ ေခါင္းညိတ္လို႔ လက္ခံခဲ့တယ္။
*******
ညက တိတ္ဆိတ္ၿငိမ္သက္ေနတယ္။
ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔က အင္းေခ်ာင္း႐ြာရဲ႕ အေရွ႕ဘက္ထိပ္ဆီမွာ ေရာက္ရွိေနၾကတယ္။
အေဝးဆီက ေႏြေလေျပေသာ့ေသာ့က သူတို႔သုံးေယာက္ဆီကို ကလူက်ီစယ္ေနေလရဲ႕။
ညဥ့္နဲနဲ နက္လာေတာ့ အေဝးဆီကေန လာေနတဲ့ ျမင္းခြာသံျပင္းျပင္းကို သူတို႔ ၾကားလိုက္ရတယ္။
” လူေလးတို႔ အာ႐ုံခံၿပီး ၾကည့္ၾကည့္ေခ်…”
ဒိုးညီေနာင္တို႔ မ်က္၀န္းမ်ားကို ၿပိဳင္တူမွိတ္ၿပီး အသံၾကားရာဆီကို မွန္းဆအာ႐ုံခံၾကည့္လိုက္တယ္။
ေသြးသံတရဲရဲနဲ႔ ရွင္ေလာင္းတစ္ပါးက သူတို႔ရွိရာဆီကို ဦးတည္ၿပီး ပုံပ်က္ပန္းပ်က္ ျမင္းတစ္ေကာင္ကို အျပင္းေမာင္းႏွင္ၿပီး လာေနတာ။
” ဘဘ…သူ ေရာက္ေတာ့မယ္…”
” အင္း…”
ဦးသိဒၵိက ေခါင္းကို ညိတ္ၿပီး သူတို႔ရဲ႕ အေရွ႕ ဆယ္ေတာင္ေလာက္ေနရာဆီကို လက္နဲ႔ စည္းတားသလိုမ်ိဳး လုပ္ေဆာင္လိုက္တယ္။
စည္းတားၿပီးတဲ့အခါက်ေတာ့ ရွင္ေလာင္းတေစၦက သူတို႔နဲ႔ အေတာ့္ကို နီးကပ္ေနၿပီ။
စည္းကို ရွင္ေလာင္းတေစၦက ခုန္ေက်ာ္လိုက္တယ္။
အလင္းေရာင္တစ္ခ်ိဳ႕ ေတာက္ပလာၿပီး ရွင္ေလာင္းတေစၦနဲ႔ သူ႔ျမင္းႀကီး လြင့္စင္သြားတယ္။
ရွင္ေလာင္းတေစၦက လူးလဲထၿပီး သူ႔အျဖစ္အပ်က္ကို မယုံသကၤာဟန္နဲ႔ ၾကည့္တယ္။
သူ႔ျဖတ္လို႔မရတဲ့ေနရာမွာ ဘာမွမရွိတာကို ျမင္ေတာ့ ရွင္ေလာင္းတေစၦ အံ့ၾသသြားတယ္။
ၿပီးေတာ့ ျမင္းေပၚကို ျပန္တက္လို႔ တရွိန္ထိုး ေမာင္းႏွင္လိုက္ျပန္တယ္။
အခုနကလိုပါပဲ…။
ေျမျပင္ကေန အလင္းေရာင္ေတြ လက္ခနဲထြက္ေပၚလာၿပီး ဝုန္းဆိုတဲ့ အသံနဲ႔အတူ ရွင္ေလာင္းတေစၦလြင့္စင္သြား ျပန္တယ္။
ဒီတစ္ႀကိမ္ေတာ့ ရွင္ေလာင္တေစၦ ေဒါသထြက္သြားရၿပီး ပတ္၀န္းက်င္ကို လွည့္ပတ္ၾကည့္လို႔ သူ႔ကို ရန္ျပဳသူကို ရွာတယ္။
ဒိုးညီေနာင္တို႔ ထိတ္ခနဲျဖစ္သြားတယ္။ ဒါေပမယ့္ ဦးသိဒၵိက…
” စိတ္မပူနဲ႔ လူေလးတို႔ရဲ႕။ ဘဘ ကိုယ္ေပ်ာက္မႏၲာန္ကို ႐ြတ္ထားတာမို႔ သူ…တို႔တေတြကို မျမင္ႏိုင္ဘူးရယ္…”
ဒိုးညီေနာင္တို႔ စိတ္ေအးသြားရတယ္။
အဲ့ဒီ့အခိုက္မွာ ဦးသိဒၵိက မ်က္စိမွိတ္ အဓိ႒ာန္ျပဳလို႔ သူ႔လက္ကို အေပၚဆီ ေျမႇာက္လိုက္လို႔ ျဖန္႔ခ်လိုက္တယ္။
ခ်က္ခ်င္းဆိုသလိုပဲ လက္ထဲမွာ သကၤန္းပရိကၡရာရွစ္ပါးက ထင္းခနဲေပၚလာခဲ့တယ္။
ရွင္ေလာင္းတေစၦက ဦးသိဒၵိတို႔ကို မျမင္ႏိုင္ေတာ့ ႐ုတ္တရက္ ထြက္ေပၚလာၿပီး ေလထဲမွာ ခ်ိတ္ဆြဲထားသလိုျဖစ္ေနတဲ့ ပရိကၡရာရွစ္ပါးကို တအံ့တၾသနဲ႔ ၾကည့္ေနတယ္။
ၿပီးေတာ့ လဲေနရာကေန ကုန္းထလာၿပီး ပရိကၡရာရွစ္ပါးကို ေျပးဆြဲဖို႔ ႀကိဳးစားတယ္။
အဲ့ဒီ့အခ်ိန္မွာပဲ ဦးသိဒၵိက…။
” ရွင္ေလာင္း ေပတိုး…”
ရွင္ေလာင္းတေစၦရဲ႕ ေျခလွမ္းေတြက တန္႔ခနဲပဲ။ ၿပီးေတာ့ အသံလာရာကို ရွာေပမယ့္ သူ႔အေနနဲ႔ ဘာမွမေတြ႕ရဘူးျဖစ္ေနတယ္။
” သင္ရဲ႕ လက္ရွိဘ၀ အေျခအေနကို နားလည္ပါေတာ့။ သင္ဟာ အပါယ္ေလးဘုံသားထဲမွာ အက်ဳံး၀င္ေနတာမို႔ ဒီလိုဘ၀နဲ႔ေတာ့ သကၤန္း၀တ္၊ သကၤန္းစည္းေပးဖို႔က မရႏိုင္ဘူးေလ။ ဒါကို သင္နားလည္ရမယ္…”
လူကို မေတြ႕ရဘဲ အသံပဲ ၾကားေနရတာမို႔ ရွင္ေလာင္းတေစၦခမ်ာ အံ့ၾသထိတ္လန္႔ေနမိရဲ႕။
” ဒါေၾကာင့္ သင့္အေနနဲ႔ သကၤန္းစည္းခ်င္တယ္ဆိုရင္ ေနာင္တစ္ႀကိမ္ လူဘ၀ကို ျပန္၀င္စားပါမွ စည္းလို႔ရမယ္ေလ။ ဒီၾကားထဲမွာ သင့္ရဲ႕ ဘဝေဟာင္းက လုပ္ေဆာင္ခဲ့တဲ့ ကုသိုလ္၊ အကုသိုလ္ကံတို႔က တုန္႔ျပန္ေပးအပ္လာတာမ်ိဳးရွိမယ္ဆိုရင္ သင့္အေနနဲ႔ ေပးဆပ္ဖို႔ ရွိႏိုင္ေသးတယ္။ ဒီေတာ့ သင့္အေနနဲ႔ ေသခ်ာစဥ္းစားပါ။ ကြၽႏ္ုပ္ အေနနဲ႔ဆိုရင္ေတာ့ သင့္မွာရွိေနတဲ့ အစြန္းအထင္း၊ ေကာင္းမႈဆိုးမႈ အရာအားလုံးကို ေက်လည္ေအာင္ ေပးဆပ္ၿပီး သန္႔ရွင္းစင္ၾကယ္တဲ့ ဘ၀နဲ႔မွသာ ျမင့္ျမတ္တဲ့ ေဟာ့ဒီသကၤန္းကို စည္းေႏွာင္ေစခ်င္မိပါတယ္…”
ရွင္ေလာင္းတေစၦ ေတြေဝသြားတယ္။
တစ္ဖက္က ေျပာလာတဲ့ စကားေတြက သူ႔အာ႐ုံ မွာ ထပ္ဖန္တလဲလဲ လႊမ္းမိုးေနေလရဲ႕။
ဒါေပမယ့္ လူ႔ဘ၀တုန္းက သူ႔ခမ်ာ ၀မ္းစာေရးအတြက္ကိုပဲ ေန႔ရွိသေ႐ြ႕ ႐ုန္းကန္ေနခဲ့ရတာမို႔ အရာအားလုံးနဲ႔ ကင္းကြာခဲ့ရတဲ့အတြက္ ေသခ်ာသုံးသပ္ႏိုင္စြမ္းကေတာ့ သူ႔မွာ မဲ့ေနရတယ္။
ေလထဲမွာ လြင့္ေနတဲ့ ပရိကၡရာတို႔ကို ရွင္ေလာင္းတေစၦ ေမာ္ၾကည့္လိုက္တယ္။ ၿပီးေတာ့ အသံလာရာဆီကို မွန္းဆၿပီး…။
” အခုေျပာေနတဲ့ သူက ဘယ္သူလဲ။ တန္ခိုးရွင္လား။ ၿပီးေတာ့ ခင္ဗ်ားက က်ဳပ္ကို ေကာင္းေစခ်င္တာလား။ ဆိုးေစခ်င္တာလား…”
” ကြၽႏ္ုပ္က တန္ခိုးရွင္ မဟုတ္ပါဘူး။ သင့္ကို ေကာင္းေစခ်င္တာလား၊ ဆိုးေစခ်င္တာလား ဆိုတာကေတာ့ ေကာင္းေစခ်င္တဲ့အတြက္လို႔ပဲ ခြၽင္းခ်က္မရွိ ေျဖလိုပါတယ္…”
” ဟုတ္ၿပီေလ။ က်ဳပ္ကို ေကာင္းေစခ်င္တယ္ဆိုတာကိုေတာ့ နားလည္သြားၿပီ။ ဒါေပမယ့္ သင္ေျပာတာေတြ ျဖစ္လာဖို႔အတြက္ က်ဳပ္က ဘာေတြ လုပ္ရမွာလဲ…”
” သင့္အေနနဲ႔ ေထြထူးၿပီး ဘာမွ လုပ္စရာမလိုပါဘူး။ အခု သင္ျမင္ေနတဲ့ သကၤန္းပရိကၡရာရွစ္ပါးကို မနက္ျဖန္မနက္မွာ သင့္အေမကိုယ္တိုင္ သံဃာေတာ္ေတြဆီမွာ ဆပ္ကပ္လႉဒါန္းေပးပါလိမ့္မယ္။ လႉဒါန္းၿပီးတဲ့အခါမွာ သံဃာေတာ္ေတြနဲ႔ သင့္ရဲ႕ မိခင္တို႔က သင့္နာမည္ကို ေခၚၿပီး အမွ်အတန္းေပးေဝလိမ့္မယ္။ အဲ့ဒီ့အခါက်မွ သင့္အေနနဲ႔ ကြၽတ္လြတ္ခ်င္တဲ့ စိတ္ဆႏၵအျပည့္အ၀နဲ႔ သာဓုလိုက္ေခၚ႐ုံပါပဲ…”
” သာဓုလိုက္ေခၚ႐ုံပဲ…ဟုတ္လား။ ?ာဆို ရၿပီလား…”
” ရပါၿပီ…”
ရွင္ေလာင္းတေစၦ တဒဂၤၿငိမ္သက္သြားတယ္။
အတန္ၾကာတဲ့အခါက်ေတာ့မွ…။
” ခင္ဗ်ား ေျပာတာကို က်ဳပ္ လက္ခံပါတယ္။ တကယ္တမ္းေျပာရရင္ က်ဳပ္လည္း ဒီဘျဝကီးကို စိတ္ပ်က္လွၿပီ။ ဒီဘျဝကီးမွာ ေနရတာ ဘာမွမေကာင္းဘူး။ က်ဳပ္ကို အားလုံးက ေၾကာက္ေနၾကတယ္။ ထိတ္လန္႔ေနၾကတယ္။ အစကေတာ့ ဒါကို ေက်နပ္မိသလိုလို ျဖစ္ရေပမယ့္ အခ်ိန္ၾကာလာေတာ့ က်ျပ္ ၀မ္းနည္းလာရတယ္။ က်ဳပ္ ညတိုင္းငိုေနရတယ္။ သူမ်ားေတြ ရွင္ေလာင္းျဖစ္ၿပီး သကၤန္း၀တ္တာျမင္ရင္လည္း က်ဳပ္ငိုမိတယ္။ အေမ့ကို သတိရရင္လည္း က်ဳပ္ငိုမိတယ္။ သူတို႔ကိုလည္း မနာလိုစိတ္လည္း ျဖစ္ရတယ္။ ေဒါသလည္း ျဖစ္ရတယ္။ အခု ခင္ဗ်ားေျပာသလို လုပ္မယ္။ က်ဳပ္ ဒီဘျဝကီးကေန လြတ္သြားၿပီး ေနာက္တစ္ႀကိမ္ လူဘ၀ကို ျပန္ရရင္ သူမ်ားတကာေတြလို လြယ္လြယ္ကူကူနဲ႔ သကၤန္း၀တ္ခြင့္ရပါေစလို႔ က်ဳပ္ ဆုေတာင္းမယ္…”
ရွင္ေလာင္းတေစၦက ေျပာရင္းနဲ႔ ရႈိက္ႀကီးတငင္ကို ငိုေႂကြးေတာ့တယ္။
ငိုေနတဲ့သူ႔ရဲ႕ မ်က္၀န္းဆီက ေသြးမ်က္ရည္စေတြက တလိမ့္လိမ့္က်ဆင္းေနတယ္။
ဒိုးညီေနာင္တို႔ ရွင္ေလာင္းတေစၦကို ၾကည့္ၿပီး သနားစိတ္၀င္မိၾကတယ္။
ဦးသိဒၵိကေတာ့ မေကာင္းတဲ့အရာေတြကို စြန္႔ပါယ္ဖို႔ ဆုံးျဖတ္ႏိုင္ခဲ့ၿပီျဖစ္တဲ့ ရွင္ေလာင္းတေစၦကို ၾကည့္လို႔ ဂ႐ုဏာသက္ေနမိခဲ့တယ္။
အဲ့ဒီ့ေနာက္မွာေတာ့…။
ရွင္ေလာင္းတေစၦက ႐ြာထဲကို မ၀င္ေတာ့ဘဲ လွည့္ျပန္သြားခဲ့ၿပီး ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ကေတာ့ ႐ြာထဲကို ျပန္၀င္ခဲ့ၾကပါေတာ့တယ္…။
*******
ေနာက္တစ္ေန႔မွာေတာ့…။
အင္းေခ်ာင္း႐ြာရဲ႕ ႐ြာဦးေက်ာင္းတိုက္ဆီမွာ တစ္႐ြာလုံးက တရားနာပရိတ္သတ္ေတြနဲ႔ ျပည့္လုျပည့္ခင္ျဖစ္ေနတယ္။
အေရွ႕ဆီကေန တရားေဟာၾကားေတာ္မူေနတဲ့ သံဃာေတာ္ေတြထံဆီမွာေတာ့ တစ္႐ြာလုံးက ဆပ္ကပ္လႉဒါန္းထားတဲ့ သကၤန္းပရိကၡရာေတြ။
တရားေဟာၾကားမႈ ၿပီးဆုံးတဲ့အခါက်ေတာ့ လႉဒါန္းမႈ အစုစုတို႔အတြက္ သံဃာေတာ္ အရွင္သူျမတ္တို႔က အေရွ႕က တိုင္ေပးၿပီး ေဒၚအုံး ဥိးေဆာင္တဲ့ တရားနာပရိတ္သတ္တို႔က ေရစက္ခ် အမွ်အတန္းေပးေျဝကေတာ့တယ္။
သာဓုေခၚခ်ိန္မွာက်ေတာ့ အားလုံးရဲ႕အသံေတြအထဲမွာမွ ၾသရွရွနဲ႔ အသံတစ္သံက တစ္မူကြဲထြက္ေနတာကို အားလုံး သတိထားမိခဲ့ၾကတယ္။
ေနာက္ေတာ့ ေက်ာင္း၀န္းထဲကေန ထြက္ခြာသြားတဲ့ ျမင္းခြာသံတခ်ိဳ႕…။
အဲ့ဒိအခ်ိန္ကစလို႔ ရွင္ေလာင္းတေစၦေပတိုးရဲ႕ ေျခာက္လွန္႔မႈကို အင္းေခ်ာင္း႐ြာဆီတင္မက နတ္ႀကီးကမ္းပါးဆီမွာပါ ထပ္မႀကဳံၾကရေတာ့ဘူး။
ေပတိုးတစ္ေယာက္ ဘယ္ဘ၀ ဘယ္႒ာနီဆီကို ေရာက္သြားတယ္ဆိုတာ ဘယ္သူကမွ အတတ္မသိၾကေပမယ့္ လြတ္ကြၽတ္သြားၿပီဆိုတာကေတာ့ ေသခ်ာသေလာက္ပါပဲ။
ဒီအျဖစ္အပ်က္နဲ႔ ႀကဳံဆုံခဲ့ၿပီးေနာက္မွာေတာ့ ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ဟာ ခေနာင္ဆိုတဲ့ ႐ြာဆီကို ေရာက္ခဲ့ၾကရၿပီး အဲ့ဒီ့႐ြာမွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲတစ္ခုကို ေျဖရွင္းေပးဖို႔ အေၾကာင္းဖန္လာခဲ့ျပန္ပါတယ္။
ဒီအေၾကာင္းကိုေတာ့ ” နတ္႐ုပ္တစ္ရာေခ်ာက္…” ဆိုတဲ့ ဇာတ္လမ္းမွာ ေစာင့္ေမွ်ာ္ဖတ္ရႈေပးၾကပါဦး…။
ၿပီးပါၿပီ။
ေနာင္႐ိုး(ေဆးတပ္)
#ညမဖတ္ရ