လူစားလဲတတ်သောရွာကြီး(စ/ဆုံး)
———————————-
သူငယ်ချင်းသုံးယောက်ဖြစ်ကြတဲ့ သူရအောင်
ဟိန်းဇော်နိုင် ရဲရင့် တို့ကြုံခဲ့ရသည့်အဖြစ်အပျက်တစ်ခု
ထိုအဖြစ်အပျက်ကတော့ ………
အချိန်ကာလသည်ကား ၂၀၀၃ခုနှစ်ခန့်
“သူရအောင် မြန်မြန်လုပ်ကွာ မင်းမလည်း
မိန်းကလေးကျနေတာပဲ မပြီးနိုင်ဘူး”
“အေးပါကွာ ခဏလေးပါပြီးတော့မယ်
ငါ့အဝတ်အစားတွေရွေးနေရသေးတယ်လေကွာ”
“ဒီမယ် သူရ ငါတို့သွားမှာ၂ညအိပ်၃ရက်ခရီးတင်ပဲ
မင်းဘာမှအများကြီးထည့်နေစရာမလိုဘူး”
“ဟေ့ သူရအောင်နဲ့ရဲရင့် ပြင်ဆင်ပြီးပြီလား
ပြီးရင်လည်းသွားကြမယ်လေကွာ ”
“ဟိန်းဇော်နိုင် ငါကပြီးနေတာကြာပေါ့ကွာ
ဒီကောင်သူရအောင်ကမပြီးနိုင်လို့ဟေ့ ”
“ပြီးပါပြီကွာ လာသွားကြမယ် ”
“နေဦးဟိတ်ကောင် မင်းအိမ်တံခါးတွေသေချာ
ပိတ်ခဲ့ရဲ့လားတော်ကြာသူခိုးဝင်ခိုးနေမှ
ဟုတ်ပေ့ဖြစ်နေမယ် ”
“ပိတ်ခဲ့ပါတယ်ကွ ဟိန်းဇော်နိုင်မင်းကလည်းတွေးပြီးပူတတ်လိုက်တာ
သူခိုးဝင်ခိုးလည်းငါ့အိမ်မှာအထွေအထူးခိုးစရာ
ဘာမှမရှိဘူး လာကွာသွားကြစို့ ”
ဤသို့ ဖြင့်သူငယ်ချင်း၃ယောက်သားကားလေး
တစ်စီးဖြင့်ထွက်ခဲ့ကြလေသည်။
မိုင်ပေါင်းများစွာဝေးလှသည်ဆိုသည့်
ဟိန်းဇော်နိုင်၏အဒေါ်ဖြစ်သူရှိရာ
ဂွေးတောက်ကုန်းရွာသို့ အလည်သွားကြခြင်းလည်း
ဖြစ်သည်။
ကားပေါ်တွင်သူငယ်ချင်း၃ယောက်
ရယ်လိုက်မောလိုက်စကြနောက်ကြနှင့်
ခရီးပေါက်မှန်းမသိပေါက်ခဲ့ကြလေသည်။
“ဟိန်းဇော်နိုင် မင်းတို့ရွာကရွာသူလေးတွေက
ချောလားကွ ချောရင်ငါ့ကိုမင်းတို့ရွာသူ
တစ်ယောက်ယောက်နဲ့ငါ့ကိုချိတ်ပေးကွာ
ဘယ်လိုလဲ ”
ရဲရင့်က ဟိန်းဇော်နိုင်အားပြောလိုက်သည်၊
“ဟ လွယ်လှချည်လားကွ မင်းကြိုက်ရင်
မင်းဘာသာပြောလေ ”
“ရဲရင့်ကလည်း မင်းကိုပြောပေးဖို့နေနေသာသာ
သူ့ဟာသူတောင်မစွန်ဘူးဖြစ်နေတာ
ဟားဟား ဟား ‘
“သူရ မင်းငါ့ကို အထင်Small လှချည်လားကွ
ငါကအဖြစ်မရှိတာမဟုတ်ဘူးကွ
ငါကိုကစိတ်မဝင်စားတာ ”
“မင်းကစိတ်မဝင်စားတာလား မင်းကိုစိတ်မဝင်စားကြတာမဟုတ်ဘူးလား”
“တော်ပြီတော်ပြီ မင်းတို့ကောင်တွေ တစ်ခါလာလည်း ငါရည်းစားမရှိတာပဲ
လာပြီးတိုက်ခိုက်နေကြတယ် ဟား ဟား
မင်းတို့လည်းဘာထူးသလဲ ဘယ်မလဲမင်းတို့မှာ
ပြစရာချစ်သူရည်းစား မရှိဘူးမလား
ဟား ဟား ”
“ငါကတော့ မရှိတာမဟုတ်ဘူးကွ ငါက
ရွေးချယ်နေတာလေ ဟဲ ဟဲ ”
“သူရ မင်းကတော့ပြောလိုက်ရင်
အမြင့်ကနေမဆင်းဘူး ”
“ဖောင်း ”
“က်ြီ ”
“ဟာ ဘာဖြစ်တာလဲကွ”
“ကားဘီးပေါက်တာဖြစ်မယ်ကွ ”
ဟိန်းဇော်နိုင် လည်းကားပေါ်မှဆင်းပြီး
ကြည့်ရှုလိုက်လေသည်။
“ဟာ အဲ့အခါမှ ဒုက္ခပဲ”
“ဟေ့ကောင် ဘာဖြစ်တာလဲ”
“ကားရှေ့ဘီးပေါက်သွားတာကွ ”
“ဟေ ရှေ့ဘီးပေါက်သွားပြီ ဟုတ်လား
ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ တကယ့်တောလမ်းခေါင်ခေါင်ကြီးနားမှလာပြီး
ဖြစ်ရတယ်လို့ကွာ ”
ရဲရင့်ကညည်းညူလိုက်လေသည်။
“ရဲရင့်ပြောတာဟုတ်တယ် ကြည့်ဦးပတ်ဝန်းကျင်ကလည်းမှောင်မဲနေပြီ
ဘေးပတ်ပတ်လည်မှာလည်းသစ်ပင်တွေချည်းပဲ
ရွာရယ်လို့ရှိပုံမပေါ်ဘူး ”
“ဘယ်တက်နိုင်မလဲကွာ အခြေအနေကြည့်ပြီး
လုပ်ရမှာပဲ ”
“လဲစရာ အပိုပစ္စည်းတွေဘာတွေမပါဘူးလား”
“မပါလို့ပေါ့ကွာ ပါလာရင်ဘာအရေးလဲ”
” ဒါနဲ့မင်းရွာကရောက်ဖို့လိုသေးလား ”
“လိုသေးတယ်ကွ ၂မိုင်နီးပါးလောက်ရှိမယ်ကွ”
“ဒုက္ခပဲကွာ ဒါဆိုဒီညကားပေါ်မှာပဲအိပ်ရတော့မယ်နဲ့တူတယ်”
“မပြောတတ်သေးဘူးလေ တခြားခရီးသွားကားတွေလာရင်တော့ အကူအညီ
တောင်းရင်ရနိုင်မှာပါ စောင့်ကြည့်ကြတာပေါ့
မလာတော့လည်းယောက်ျားပဲကွာ
ဘာဖြစ်မှာမှတ်လို့ ကားပေါ်မှာပဲအိပ်ပြီးမနက်လင်းမှ ခြေလျင်သွားပြီး
ငါ့ရွာမှာအကူအညီတောင်းလို့ရတာပဲလေ”
“အေးလေ ရွေးချယ်စရာမှမရှိပဲကွာ ဒီလိုပဲ
လုပ်ရတော့မှာပေါ့ ”
အချိန်တွေကတဖြည်းဖြည်းကြာလာခဲ့လေပြီ
ယခုအချိန်ထိမည်သည့်ခရီးသွားကားတစ်စီးတစ်
လေမှပေါ်မလာခဲ့ပေ။
“ချွင် ချွင် ချွင် ”
“ဖျန်း ဖျန်း”
“ဟဲ့ နွား ”
“ဟင် လူသံကြားတယ် သူရအောင်”
“ဟုတ်တယ် ရဲရင့် နွားလှည်းသံလည်းကြားတယ်
ဘာပဲဖြစ်ဖြစ်အကူအညီတစ်ခုခုတော့
တောင်းလို့ရကောင်းရနိုင်တယ် ”
“မင်းပြောတာမှန်တယ်ရဲရင့် ခဏစောင့်ကြည့်ရအောင် ငါတို့ဘက်ကိုဘာမှာ
ကျိန်သေးတယ်ကွ လာတော့မှဆင်းပြီး
ပြောကြည့်ရအောင်ကွာ”
ဟိန်းဇော်နိုင် သူရအောင် ရဲရင့်တို့၃ဦးသား
ကားပေါ်မှဆင်းကာလှည်းသမားအလာအား
စောင့်နေလိုက်ကြသည်။
မကြာမီအချိန်တွင် သူတို့ရှေ့သို့ နွားလှည်းကြီးနှင့်အတူလှည်းပေါ်မှလှည်းမောင်သူလူကြီးတစ်ယောက်နှင့်အတူမိန်းကလေးတစ်ဦး
လိုက်ပါလာသည်ကိုတွေ့လိုက်ရလေသည်။
“ဒီကငါ့တူတို့ ဘာများဖြစ်ကြလို့လဲ
ကြည့်ရတာဒုက္ခတွေ့နေကြပုံပဲ”
လှည်းပေါ်မှလူကြီးကဆီးပြီးမေးလိုက်ခြင်းပင်
မိန်းကလေးကတော့ လှည်ပေါ်၌အသာထိုင်နေသည်။
“ဟုတ် ဟုတ်ပါတယ် ဦးကြီးရယ် ကျွန်တော်တို့
သူငယ်ချင်းသုံးယောက် ဂွေးတောက်ကုန်းရွာကို
သွားကြမလို့ပါ ဒါပေမဲ့ အခုကားဘီးပေါက်ပြီး
ရှေ့ဆက်ဖို့ခက်နေကြလို့ပါ ”
ဟိန်းဇော်နိုင်မှလိမ္မာပါးနပ်စွာစကားဆိုလိုက်သည်
“ဟုတ်ပါတယ် ဦးလေးရယ် ကျွန်တော်တို့
ကားဘီးပေါက်ပြီးခရီးကရှေ့ဆက်မရတာနဲ့
ကားပေါ်မှာပဲအိပ်ကြတော့မလို့ပါ အခု
ဦးလေးတို့လှည်းသံကြားတာနဲ့ အကူအညီတစ်ခု
လောက်ရနိုင်မယ်ထင်လို့ ဆင်းလာကြတာပါ ”
သူရအောင်ကလည်း ဝင်ပြောလိုက်လေသည်
“အေးပါကွယ် ငါ့တူတို့သွားမယ့် ဂွေးတောက်ကုန်း
ရွာကလည်း၂မိုင်နီးပါးလောက်လိုသေးတာဆိုတော့
ညကြီးမင်းကြီးကျတော့လည်း ပိုးကောင်တွေကပေါမှပေါဆိုတော့
ခြေလျင်သွားဖို့လည်းမဖြစ်နိုင်ဘူး
ဒီတော့ ဦးကြီးတို့လှည်းနဲ့လိုက်ခဲ့ပြီး
ဦးကြီးတို့ရွာမှာပဲ ညအိပ်လိုက်ကြပါလား
မနက်လင်းမှပဲ ဂွေးတောက်ကုန်းရွာကိုသွားကြပေါ့
မကောင်းပေဘူးလား ”
“ကျေးဇူးတင်ပါတယ်ဦးကြီးရယ် ကျေးဇူးပါ ”
“ကိုင်း ဒါဖြင့် ငါ့တူတို့လှည်းပေါ်တက်ကြ”
“ဟုတ်ကဲ့ ဦးလေး ”
၃ယောက်သားပြိုင်တူဖြေလိုက်ကြလေသည်။
“ဟင်”
လှည်းပေါ်အတက်တွင် ရဲရင့်တစ်ယောက်
လှည်းပေါ်မှမိန်းမချောလေး၏ လက်နှင့်
ထိမိလိုက်ပြီး မိန်းကလေး၏ လက်မှာအလွန်အင်မတန်မှအေးစက်နေခြင်း
ကြောင့်အံ့သြသွားခြင်းပင် ။
“ဒီက ညီမ ရှေ့လေးနည်းနည်းလောက်တိုးပေးပါလားဗျ ”
ရဲရင့်ကလှည်းပေါ်ရှိထိုင်နေသော မိန်းကလေးအား
သူနှင့်ထိုင်ရမှာမလွတ်မလပ်ရှိမည်စိုး၍
တိုးခိုင်းလိုက်ခြင်းဖြစ်သည်။
“သြော် ဟုတ်ကဲ့ရှင့် ရပါတယ် ညီမတိုးပေးပါ့မယ်”
လှည်းပေါ်မှမိန်းကလေးသည် ချိုသာသောအသံ
ကလေးဖြင့်ဖြေလိုက်၍ သူငယ်ချင်းသုံးယောက်သား ထိုမိန်းကလေးအား
ကြည့်မိလိုက်ရာ အလွန်မတန်မှလှပနေခြင်းပင်
သူငယ်ချင်း၃ယောက်ပြုံးစိစိဖြင့် တစ်ယောက်ကို
တစ်ယောက်မျက်စာပစ်ပြကြသည်။
“ကျွီ ကျွီ ချွင် ချွင် ချွင် ”
လှည်းဝင်ရိုးကထွက်သည့်အသံ
နွာလည်ပင်းမှချူကလုံလည်ဆွဲသံသည်သာ
တောလမ်းကြီးတစ်လျှောက်ကြားနေရလေသည်။
“ဒီက ဦးလေးနဲ့ဒီမိန်းကလေးကသားအဖထင်တယ်’
“ဟုတ်တယ် သားအဖပါ ”
“ဒီအချိန်ကြီးကျမှ ဦးလေးတို့ကဘယ်ကနေလှည်းနဲ့ပြန်လာကြ
တာလဲဗျ ”
“ဟေ့ရောင် သူရ မင်းမလည်းစပ်စုလိုက်တာ
လွန်ရော ”
ရဲရင့်က သူရအောင်အားငေါက်လိုက်လေသည်
“ရပါတယ် ငါ့တူရယ်မေးပါစေ
ဦးလေးတို့က တခြားရွာကို အသီးအနှံလေးတွေ
သွားပြီးရောင်းချရတယ်လေ ဒီကနေ့သိပ်ရောင်းမကောင်းတာနဲ့ ကုန်အောင်
မနည်းရောင်းနေရလို့ အခုလိုနောက်ကျနေကြတာပါ ”
“သြော် ဟုတ်ကဲ့ ဦးလေး”
ဤသို့ဖြင့် ခေတ္တခဏမျှလှည်းပေါ်၌တိတ်ဆိတ်
သွားလေသည်။
“ဟော ဟိုရှေ့မှာ မီးရောင်တွေမြင်ကြလား
အဲဒါ ဦးကြီးတို့ရွာပဲကွဲ့”
“ဟုတ်မြင်ရတယ်ဦးလေး တော်တော်စည်ကားပုံပဲ
“ဟုတ်တယ် ဦးကြီးတို့ရွာက အင်မတန်မှ
ပျော်စရာကောင်းတာကွဲ့ ”
မကြာမီ ရွာထိပ်သို့ရောက်လာခဲ့လေပြီ
ရွာထိပ်တွင် တမာပင်အကြီးကြီးတစ်ပင်လည်း
ရှိလေသည်။
ရွာထဲသုိ့ဝင်လာသည်နှင့်ရွာသူရွာသားအများစုက
သူတို့လှည်းအားမျက်လုံးကျွတ်ကျမတက်စိုက်ပြီး
ကြည့်နေကြသည်ကို သူငယ်ချင်းသုံးယောက်သား
သိလိုက်ရလေသည်။
တစ်ယောက်ကိုကြည့်ပြီး မျက်လုံးများက
ဘာသဘောလဲဆိုသော အဓိပ္ပါယ်တို့ဖြင့်
မေးငော့ပြကြလေသည်။
“သြော် အစ်ကိုတို့ ဘာမှမစိုးရိမ်ပါနဲ့ရှင်
ကျွန်မတို့ရွာက ဒီလိုပါပဲ လူစိမ်းဝင်လာရင်
ဒီလိုပဲကြည့်နေကြမို့ပါ ”
မိန်းကလေးက သဘောပေါက်ပြီး ရှင်းပြလိုက်ခြင်းပင်
“ဟုတ်လား အစ်ကိုတို့လည်းမသိပါဘူး
ရုတ်တရက်ဆိုတော့ နည်းနည်းလန့်သွားတယ်”
“မလန့်ပါနဲ့ရှင် စိမ်းတို့ရွာကလူတွေက
သဘောကောင်းကြပါတယ် ”
“နာမည်က စိမ်း တဲ့လား ”
“ဟုတ်ပါတယ်ရှင့် နာမည်အပြည့်စုံကစိမ်းမြမြ ပါ”
“သြော် စိမ်းမြမြ ဆိုပါလား လူကလည်း
လှသလိုနာမည်လေးကလည်းအေးချမ်းလိုက်ပါဘိ”
ရဲရင့်စိတ်ထဲကနေ တွေးပြီးပြောနေခြင်းပင်
“ကဲ ရောက်ပြီငါ့တူတို့ ဒါဦးကြီးတို့ အိမ်ပဲ
ဆင်းကြဆင်းကြ အိမ်ထဲဝင်ပြီး
အေးအေးဆေးဆေးနေနှင့်ကြဦး ဦးကြီးလှည်းကနွားတွေဖြုတ်ရဦးမယ်”
“လာအစ်ကိုတို့ အိမ်ထဲကြွပါ ဒီအပေါ်မှာ
ထိုင်နှင့်ကြပါဦးနော် စိမ်း ထမင်းတွေဟင်းတွေ
သွားပြီးပြင်ဆင်လိုက်ပါဦးမယ် ”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ညီမရယ်
အစ်ကိုတို့လည်း ဘာမှမစားခဲ့ရသေးဘူး ”
စိမ်းမြမြ ကမီးဖိုချောင်ဟုထင်ရသော
အခန်းလေးထဲသို့ဝင်သွားသည်ကို သူငယ်ချင်း
၃ယောက်မြင်လိုက်ကြသည်။
ခဏအကြာတွင် စိမ်းမြမြ လက်ထဲတွင်
ထမင်းပန်ကန်များလာချပေးပြီး
တစ်ခါပြန်ပြီးမီးဖိုချောင်သို့ဝင်သွားလေသည်
နောက်တစ်ကြိမ်ဟင်းများလာချပေးပြန်သည်၊
“အစ်ကိုတို့ စားကြနော် ဘာမှအားမနာနဲ့”
“ဟာ ညီမတို့လည်းတစ်ခါတည်းစားလိုက်ပါလား
“ရပါတယ်ရှင့် အစ်ကိုတို့ ဘာသာစားကြပါ
ညီမတို့ရှိတော့ အစ်ကိုတော့မလွပ်လပ်မှာဆိုးလို့ပါ”
စိမ်းမြမြကအလိုက်သိစွာပင်ရှောင်ပေးလေသည်။
“ဟင်းတွေကတော့အစုံပဲ ဗိုက်ဆာနေတာနဲ့
အတော်ပဲ ”
“ဟေ့ကောင် သူရအောင် ကြည့်လည်းစားဦး
အိမ်ရှင် ဦးကြီးတို့သားအဖ စားဖို့ချန်ဦး ”
“အေးပါကွာ ငါသိပါတယ် ”
သူငယ်ချင်းသုံးယောက် ဗိုက်ဆာဆာနှင့်စားလိုက်
ရာ ထမင်းတစ်ပန်းကန်ခဏအတွင်းပြောင်စင်
သွားလေသည်။
“အစ်ကိုတို့စားပြီးသွားကြပြီလား ထမင်းပန်းကန်တွေ ညီမဘာသာ ညီမဆေးမယ်
ထားလိုက်ပါ ”
“ဟာ မဟုတ်တာ ညီမကလည်း အစ်ကိုတို့ဘဲ
ဆေးပါ့မယ် ”
“အို မဟုတ်တာ ကိုယ့်အိမ်မှာတည်းတဲ့
ဧည့်သည်ပဲဟာ ဘာမှအားနာစရာ မလိုပါဘူး”
စိမ်းမြမြ ကပြောပြောဆိုဆို ပန်းကန်တွေအားသိမ်း
သွားလေသည်။
“ငါ့တူတို့ မင်းတို့အိပ်ချင်ရင်အိပ်ကြတော့လေ
မနက်ကျလည်းအစောကြီးထပြီး ဂွေးတောက်ကုန်း
ကိုသွားရဦးမယ်မလား အိပ်ကြ အိပ်ကြ
ဦးကြီးတို့သားအဖက ဒီအိမ်အောက်မှာအိပ်ကြမှာ
ငါ့တူတို့က အပေါ်မှာအိပ်ကြပေါ့ဟုတ်ပြီလား”
“ဟုတ်ကဲ့ ဦးလေး ကျွန်တော်တို့လည်းအိပ်တော့မှာပါ ”
သူငယ်ချင်း၃ယောက် အိမ်ပေါ်သို့တက်လာလိုက်သည်။
“ဟင် ဟိန်းဇော်နိုင် ကြည့်စမ်း ”
“ဘာလဲ ဘာကိုကြည့်ရမှာလဲ ရဲရင့်ရာ မင်းမလည်း
မထိတ်သာမလန့်သာရှိလိုက်တာ ”
“ရှူးတိုးတိုး ငါပြောမယ် မင်းတို့သေချာကြည့်စမ်း
ဒီအိမ်မှာဘုရားစင်နဲ့တူတာဆိုလို့ ဘာတစ်ခုမှမရှိဘူး ပြီးတော့ ငါလှည်းပေါ်တက်လိုက်တုန်းကလည်း
စိမ်းမြမြရဲ့လက်နဲ့ငါထိမိလိုက်တယ်
သူ့ရဲ့လက်ကငါတို့လိုပုံမှန်မဟုတ်ဘဲ အေးစက်စက်ကြီးဖြစ်နေတာကွ ပြီးတော့ငါတို့တွေ
ရွာထဲဝင်လာတော့လည်းတစ်ရွာလုံးက စူးစိုက်ပြီး
ကြည့်နေကြတာ စားမတက်ဝါးတက်ပဲကွ
ငါတော့ဒီရွာကြီးကိုစိတ်ထဲမှာသိပ်ပြီးဘဝင်မကျဘူး
“ဒါမင်းစိတ်ကထင်လို့နေမှာပါ ရဲရင့်ရာ
ပြီးတော့ဒီအိမ်မှာဘုရားစင်မရှိဘူးဆိုတာကလည်း
သူတို့ကဘာသာခြားကိုးကွယ်တာနေမှာပေါ့
ကဲ ကဲ ဘာမှစဉ်းစားမနေနဲ့ အိပ်စရာရှိတာအိပ်တော့ မနက်ကျလည်းအစောကြီးထရဦးမှာ ”
ဟိန်းဇော်နိုင် သူရအောင် ရဲရင့်တို့သုံးဦးသား
ခရီးပန်းလာသောကြောင့်ဖြစ်မည်
ခေါင်းအုံးပေါ်ခေါင်းချလိုက်သည်နှင့်ချက်ချင်းလိုလိုအိပ်ပျော်သွားကြလေသည်။
မည်မျှကြာအောင်အိပ်ပျော်သွားကြသည်မသိ
ညဉ့်နက်တော့ သူရအောင် တစ်ယောက်
အပေါ့သွားချင်လာသလိုဖြစ်၍ အိမ်ပေါ်မှခြေသံ
ဖွဖွနင်းကာအိမ်အောက်ဆင်းလာခဲ့သည်။
“ဟင် ဦးလေးကြီးလည်း မတွေ့ပါလား
ဒီအချိန်ကြီးဘယ်များသွားနေပါလိမ့် ”
သူရအောင်လည်းစဉ်းစားမနေတော့ပဲ
အပေါ့စွန့်ရန်အိမ်၏နောက်ဖေးဆီသို့ ထွက်ခဲ့လိုက်သည်။
“ဟင် ဒုက္ခပဲ အိမ်သာလည်းမရှိပါလား
ငါဘယ်လိုလုပ်ရမလဲ သူတို့ကရွာသူရွာသားတွေ
ဆိုတော့ ဒီလိုကိစ္စမျိုးကို ရွာအပြင်မှာထွက်ရှင်းကြပုံပဲ ငါကတော့ရွာအပြင်တော့တစ်ယောက်တည်း
ဒီအချိန်ကြီးမသွားရဲပါဘူး
အင်း ဟုတ်ပြီ ဟို အပင်နောက်သွားပြီးရှင်းရမှာပဲ ”
သူရအောင် တစ်ယောက် လရောင်ခပ်မှိန်မှိန်ဖြင့်
မြင်လိုက်ရသော အပင်နားအားသွားမည်အပြု
“ဂျွတ် ဂျွတ် ဂလု ”
“ဟင် ဘာအသံလဲ ”
“ပြွတ် ပြွတ် ရှလွတ် အွန်း ”
“ဟိုအပင်နောက်ကလာတာပဲ ငါသွားကြည့်ဦးမှ ”
ခြေသံအားအတက်နိုင်ဆုံးလုံခြုံအောင်နင်းကာ
ချောင်းကြည့်လိုက်ရာ
“အောင်မယ်လေး ဘုရား ဘုရား ကယ်တော်မူပါ
မြင်လိုက်ရသည့်မြင်ကွင်းမှာအလွန်ပင်
ထိတ်လန့်စရာကောင်းလှသည်။
အကောင်တစ်ကောင်အားအရှင်လက်လက်
ကိုက်ဖြတ်ပြီးစားသောက်နေကြသည့်
စိမ်းမြမြနှင့်အိမ်ရှင်ဦးလေးကြီးအားမြင်လိုက်ရခြင်းပင် ပါးစပ်မှလည်း သွေးများကပေပွနေပြီး
သူတို့၏ပုံစံမှာအရင်ကနှင့်မတူဘဲ
အလွန်အကျည်းတန်ပြီး ကြောက်စရာကောင်းလှပေသည်။
သူရအောင် တစ်ယောက် ထိုမြင်ကွင်းအား
မြင်လိုက်ရ၍ ကြောက်ဒူးများတောင်တုန်လာသည်
သူတို့၃ယောက်အားဤသို့သတ်မစားဘူးလို့မပြောနိုင်ပေ။
ထို့ကြောင့် သူငယ်များကိုနှိုးပြီးဒီရွာမှ
ထွက်ပြေးဖို့ရန်အိမ်အပေါ်သို့ ပြန်တက်ရန်
အပင်ကြီးနားမှခွာပြီးခြေသံမကြားအောင်
ထွက်လာခဲ့ရသည်။
အိမ်အပေါ်သို့ရောက်သည်နှင့်
ကိုယ်တော်ချောများကတစ်ယောက်နှင့်
တစ်ယောက်ဖက်၍အိပ်နေလိုက်သေးသည်။
“ဟေ့ကောင် ရဲရင့် ထ ထဦး ငါမင်းတို့ကို
ပြောစရာရှိတယ် ”
“အွန်း ဘာလဲကွာ မင်းက……”
ရဲရင့်အသံအားကြားမည်ဆိုး၍ ပါးစပ်အားကမန်းကတမ်းပိတ်လိုက်ရလေသည်
သူရအောင်ကအသံတိတ်တိတ်နေဖို့ အချက်ပြလိုက်မှ ရဲရင့်တစ်ယောက်ငြိမ်သွားပြီး
အသံခပ်အုပ်အုပ်ဖြင့် ……
“ဘာလဲ သူရ ဘာဖြစ်လို့လဲ ”
“မင်းငါပြောတာကိုသေချာနားထောင်
“အေးပါ ဘာတွေ့လာလို့လဲ မင်းပုံစံက
သရဲ သဘက်တွေ့လာတာကြနေတာပဲ”
“သရဲ သဘက် ထက်ဆိုးတာကို ငါမြင်လာရလို့
“ဟင် ဘာကြီးလဲ ”
“ငါ ငါ တရေးနိုးတော့ သေးပေါက်ချင်တာနဲ့
အိမ်သာအသွားမှာ ငါ ငါမြင်လိုက်ရတာက
စိမ်းမြမြတို့သားအဖက လူမဟုတ်ဘူးကွ ”
“ဟင် လူ လူမဟုတ်ဘူးဆိုဘာတွေလဲ
ငါ့ကိုရှင်းအောင်ပြောစမ်းပါ”
“ငါအပေါ့စွန့်မယ် လုပ်တော့ အပင်နောက်က
အသံကြားလို့ငါချောင်းကြည့်လိုက်တာ
စိမ်းမြမြတို့သားအဖ ၂ယောက်က တိရစ္ဆာန်တစ်ကောင်ကိုအစိမ်းလိုက် ကိုက်ဖဲ့စားသောက်နေကြတာကွ ”
“ဟင် ဘုရား ဒါ ဒါဆို သူတို့က လူမဟုတ်ဘူးပေါ့”
“ဟေ့ကောင်တွေ မင်းတို့မအိပ်ဘဲ ဘာ ဘာ ”
ဟိန်းဇော်နိုင် ကနှိုးလာပြီးမေးခွန်းမေးလိုက်ပေမယ့်
ပါးစပ်အား ရဲရင့်နှင့်သူရ ကအချိန်မီပိတ်လိုက်နိုင်၍
အသံကကျယ်မသွားခြင်းဖြစ်သည်။
“ရှူး တိုးတိုးပြောစမ်း ဟိန်းဇော်နိုင် ရှူး ”
“ဘာလဲ ဘာဖြစ်လို့လဲ မင်းတို့ မင်းတို့ဘာတွေ့လို့လဲ
“ဒီလိုကြ ”
ရဲရင့်မှအဖြစ်အပျက်များကိုတစ်ဆင့်ပြန်ပြောပြ
လိုက်တော့ ဟိန်းဇော်နိုင် လည်အလွန်အမင်းအံ့သြသွားရလေသည်။
“ဒါ ဒါဆို ငါ ငါတို့ဒီအတိုင်းနေလို့မဖြစ်တော့ဘူး
ဒီရွာကအမြန်ဆုံးထွက်ပြေးကြရအောင်
ဘယ်အချိန်ရှိနေပြီလဲ သူရ”
“ည၁၂ကျော်နေပြီ ”
“ဒီရွာကထွက်ပြေးတာတော့ ဟုတ်ပါပြီ
ဒီအိမ်ကရွာလယ်လမ်းမှာရှိနေတာမလား
ငါတို့ဘယ်လိုလုပ်ပြီးထွက်ပြေးမှာလဲ
မိသွားရင်ငါတို့တော့မလွယ်ဘူး ”
“ဘာပဲဖြစ်ဖြစ်ကွာ ငါတော့ ဒီအိမ်မှာ တစ်စက္ကန့်
လေးတောင်မနေချင်တော့ဘူး ”
သူရအောင်မှာကိုယ်တိုင်ကြုံလာသူဖြစ်၍
တော်တော်ကိုကြောက်ရှာနေလေသည်။
“ငါတို့တွေကြိုးစားကြည့်ရမှာပဲ လာ တိုး တိုးလေးဆင်းခဲ့ကြ ”
ရဲရင့်ကဦးဆောင်၍အိမ်ပေါ်မှဆင်းလိုက်လေသည်
အိမ်အောက်တွင် ဟိုသားအဖအားမတွေ့ရပေ
ထို့ကြောင့်ခပ်မြန်မြန်အိမ်အပြင်ဘက်ဆီသို့
ထွက်လာခဲ့လိုက်ကြသည်။
“အိမ်အပြင်တော့ရောက်ပြီ ရဲရင့် ငါတို့ရွာအပြင်ကို
ဘယ်လိုထွက်မလဲ ပြီးတော့ ဒီတစ်ရွာလုံးက
လူတွေမဖြစ်နိုင်ဘူး ငါကြားဖူးသလိုဆိုရင်
ကျတ်ရွာကြီးများလားမသိဘူး ”
သူရအောင်က သူကြားဖူးသောအရအားပြောပြလိုက်ခြင်းပင်
“မင်းပြောတာဖြစ်နိုင်တယ် သူရအောင်
ဒီလိုလုပ်ငါတို့သူငယ်ချင်းသုံးယောက်
ရွာအပြင်ရောက်တဲ့အထိ ဝပ်လျားမှောက်လျက်
သွားမယ်ဆိုရင်ကောကွာ”
“ဒီအတိုင်းသွားလို့မဖြစ်ဘူးလား
မှောက်လျားသွားနေရင်အချိန်ကြာသွားမှာပေါ့”
“ဒီအတိုင်းကြီးမက်တပ်ရပ်သွားရင်
မင်းကြီးတော်တွေမင်းဘိုးတော်တွေက
မြင်သွားမယ်ဆိုတာမင်းမသိဘူးလား ”
ရဲရင့်ကသူရအောင်အားငေါက်လိုက်လေသည်
“ကဲ ကဲ စကားပြောဖို့အချိန်မရှိဘူး
ရဲရင့်ပြောသလိုသာလုပ်လိုက်ကွာ
သူငယ်ချင်းသုံးယောက်မြေကြီးပေါ်အား
ဝပ်လျားမှောက်ပြီးသွားကြရလေသည်
လူမြင်ရင်ရယ်ချင်စရာကောင်းပေမယ့်
ယခုသူတို့အသက်ထက်အရေးကြီးတာမရှိပြီမို့
ယခုလိုအကြံဉာဏ်ထုတ်ကာပြုလုပ်လိုက်ခြင်းပင်။
၅မိနစ်ခန့်ကြာအောင် ဤကဲ့သို့သွားနေတုန်း
နောက်မှနေ၍အသံတစ်ခုအားကြားလိုက်ရလေ
သည်။
“မင်းတို့တွေပြေးလို့ မလွတ်နိုင်ပါဘူး ”
“ဟင် ”
“ဟာ”
“ငါ တို့ကိုသူတို့မြင်သွားပြီကွ ပြေး ပြေး ပြေးတော့
သူငယ်ချင်း၃ယောက် မြေကြီးပေါ်မှထပြီး
ပြေးကြရလေသည်။
“ဟာ ရှေ့မှာ ပိတ်ရပ်ထားတယ်ကွ
အများကြီးပဲ ငါ ငါတို့ဘယ်လိုလုပ်ကြမလဲ ”
ရွာ၏အဝင်လမ်းအား ရွာထဲရှိမကောင်းဆိုးဝါးများကအပြည့်နေရာယူ၍
ပိတ်ရပ်ထားကြလေသည်
တဖြည်းဖြည်းနှင့်တစ်ရွာလုံးလိုလို ထွက်လာကြပြီး
အရပ်လေးမျက်နှာမှပိတ်ရပ်ထားကြလေတော့
သည်။
“ရဲရင့် ငါတို့တော့လွတ်လမ်းမမြင်တော့ဘူး
ဘယ်လိုလုပ်ကြမလဲ ”
“လုပ် လုပ်ပါဦး ရဲရင့် ငါတို့သေကြတော့မယ်
ထင်တယ် ”
“ဟုတ်ပြီ ငါတို့မှာ အားကိုးစရာ ဘုရားရှိနေတာပဲ
မင်းတို့တွေရတဲ့ ဘုရားစာရွတ်ကြကွာ ”
ရဲရင့်ပြောလိုက်သည်နှင့်သူတို့၃ဦးသား
ကိုယ်ရသည့်ဘုရားစာများရွတ်ဖက်ကြတော့သည်။
“အား အူး မရွတ်နဲ့ တော်တော့ ”
“အူး ဝူး အင်း ဟင်းဟင်း ”
“အား ဝါး ဟီး ဟီး ”
ဘုရားစာ၏အစွမ်းကြောင့် တစ်ရွာလုံးရှိ
မကောင်းဆိုးဝါး အော်ဟစ်လူးလိမ့် နေကြတော့သည်။
ဤအချိန်ကို အခွင့်ကောင်းယူ၍
“ဟေ့ကောင်တွေ ပြေး ပြေး အခုပြေး ”
သူငယ်ချင်း၃ယောက် ပြိုင်တူအော်ဟစ်၍
ပြေးကြရလေသည်။
နောက်သို့လှည့်ကြည့်တော့ တစ်ရွာလုံး
သဲကြီးမဲကြီးလိုက်လာနေစမြဲပင်
“ဘုန်း ဝုန်း အ ”
“ဟင် သူရ ထ ထအမြန်ထ ”
သူရအောင် ပစ်လဲ၍ ဝိုင်းထူပြီး ပြေးခိုင်းရပြန်သည်
“ပြေးထား သူတို့လက်ကလွတ်တော့မယ်ထင်တယ်
“ဒါ ငါတို့ရွာကို သွားတဲ့လမ်းပဲ ရဲရင့်
“ဟေ ဟုတ်လား ဒါဆိုလည်း ရွာထိရောက်အောင်
ပြေးရမှာပေါ့ကွာ ”
“ဟောဟဲ ဟောဟဲ ”
“ဟော ဟောဟူး ”
မည်မျှကြာအောင်ပြေးလိုက်ရသည်မသိ
နောက်သို့လှည့်လိုက်တော့ သူတို့၏နယ်နိမိတ်ဆုံးသွားပုံရသည်
ထပ်ပြီးလိုက်မလာကြတော့ပါ။
“ဟေ့ကောင်တွေ သူတို့လိုက်မလာတော့ဘူး
ကြည့်ရတာ သူတို့နယ်နိမိတ်ဆုံးသွားပြီထင်တယ်”
“ဘာပဲဖြစ်ဖြစ် ငါတို့ဒီညဂွေးတောက်ကုန်းရွာကို
ရောက်အောင်သွားရမှာပဲ ”
“ဟူး ဒီရွာကြီးက သရဲတစ္ဆေတွေဘာကြောင့်
ဒီလောက်တောင်များနေရတာလဲ ကွာ”
သူငယ်ချင်း၃ယောက် ခြေလှမ်းခပ်သွက်သွက်
လျှောက်လာကြရင်းတဖြည်းဖြည်းနှင့်
ဂွေးတောက်ကုန်းရွာသို့ ရောက်လာကြလေသည်
သူတို့ရောက်သွားချိန်က တစ်ရွာလုံးအိပ်မောကြနေကြသည်ဖြစ်၍
သူတို့ခြေသံများသာအတိုင်းသားကြားနေရပြီး
ရွာထဲရှိခွေးများက ဝိုင်းပြီးထိုးဟောင်ကြတော့သည်
“ဝုတ် ဝုတ် ဝုတ် အူး ဝူး ဝူး ”
“ဟ ခွေးတွေဝိုင်းဟောင်နေကြပြီငါတို့ကို
သူခိုးလို့ထင်နေကြတော့မှာပဲ ”
“နေပါဦးကွာ ငါ့ဒေါ်ရီးအိမ်ရောက်တော့မှာပါ”
ဟိန်းဇော်နိုင်ကရှေ့မှဦးဆောင်သွားလိုက်ပြီး
မကြာမီ ဒေါ်ရီးတော်စပ်သူအိမ်ရှေ့သို့
ရောက်လာကြလေသည်။
“ဒေါ်ရီးရေ ဒေါ်ရီး ကျွန်တော်ဟိန်းဇော်နိုင်ပါ
“ဒေါ်ရီး ထပါဦး ဒေါ်ရီး”
“ဂျောက် ကျွီ ”
“ဟယ် ဟိန်းဇော်နိုင်ပါလား ညကြီးမင်းကြီး
နင်ဘယ်ကနေဘယ်လိုရောက်လာတာလဲ
လာမယ်ဆိုလည်းကြိုပြောပေါ့ အခုတော့
ဘယ်အချိန်ရှိပြီလဲ ”
“ဒေါ်ရီးရေ အဲ့ဒါတွေနောက်မှပြောစမ်းပါ
အခုတော့အိမ်ထဲကိုသာဝင်ခိုင်းပါဦး”
“အေးပါ အေးပါ ”
“ဂျလောက် ”
တံခါးဂျက်အားဆွဲဖွင့်ပေးလိုက်လေသည်။
“ဟဲ့ ဟဲ့ သြော် ဖြေးဖြေးဝင်ကြစမ်းပါ
တကယ်တည်း ဘာဖြစ်လာကြတာလဲ”
“အဒေါ်ရီး ကျွန်တော်တို့ကို ရေ ရေလေးတစ်ခွက်
လောက်တိုက်ပါလားဗျ ”
“အေး အေး ခဏ”
“ရော့ ရော့ သောက်ကြငါ့တူတို့
နင်တို့ကြည့်ရတာလည်း တုန်တုန်ခိုက်နေကြတာပဲ
လမ်းမှာဘာဖြစ်လာကြတာလဲ”
“ဟူး အခုမှပဲ ရင်ထဲအေးသွားတော့တယ်
ဒေါ်ရီးရေ ”
“အေး ဘာဖြစ်လာတာလဲ ငါ့ကိုပြောစမ်းပါ”
“ဒီလို အဒေါ်ရေ လမ်းမှာ ကျွန်တော်တို့
သူငယ်ချင်းသုံးယောက်ကားပျက်လာကြတယ်
အဲ ဒီလိုနဲ့တခြားခရီးသွားတွေလာမလားလို့
စောင့်ရင်းစောင့်ရင်းနဲ့ကြာသွားတယ်ဗျ
အဲဒီလိုစောင့်နေတုန်းခဏလောက်နေတော့
နွားလှည်းတစ်စီးနဲ့လူကြီးတစ်ယောက်ရောက်လာလို့ သူ့ကိုအကူအညီတောင်းမိပါတယ်
သူကသူတို့ျရာကိုလိုကၡဲ့်ကပါလားဆိုလို့
လိုက်သွားတာဟိုရောက်တော့ သူတို့ကထမင်းကျွေးတယ် အိပ်ခိုင်းတယ်
မနက်လင်းမှဂွေးတောက်ကုန်းရွာကိုသွားပေါ့ဆိုလို့
အိပ်ကြတယ်
ဒီလိုနဲ့ ညညဉ့်နက်တော့ သူရအောင် အပေါ့သွားတုန်း အသံကြားလို့ချောင်းကြည့်လိုက်တာ ဒေါ်ရီးရေ
သူတို့ကလူတွေမဟုတ်ဘူးဗျ တစ္ဆေသရဲတွေဖြစ်နေကြတယ်လေ ”
“ဟင် တစ္ဆေ သရဲတွေဟုတ်လား”
“ဟုတ်တယ် ဒေါ်ရီးရဲ့ ကျွန်တော်ဆို အဲ့မြင်ကွင်းကို
အခုထိမျက်လုံးထဲကမထွက်ဘူးဗျာ ”
“ဘာ ဘာမြင်လို့လဲ ငါ့တူ ”
“သူတို့တွေက အကောင်တစ်ကောင်ကို
အစိမ်းလိုက်ကိုက်စားနေကြတာဗျို့
ဒေါ်ရီးရဲ့ ”
“ဘုရား ဘုရား နင်တို့ပြောနေတာငါမရှင်းသေးဘူး
နင်တို့ဘယ်ရွာကိုရောက်ခဲ့ကြတာလဲ
ပြီးတော့ဒီနားမှာရွာရယ်လို့မရှိပါဘူး ”
“ရှိပါတယ် ဒေါ်ရီးရဲ့ရွာထိပ်မှာ တမာပင်အကြီးကြီး
တစ်ပင်ရှိတယ်လေဗျာ ရွာနာမည်တော့မမေးလိုက်မိဘူး
ပြီးတော့တစ်ရွာလုံးကလည်း ကျတ်တစ္ဆေတွေဗျ”
“ဘာ တမာပင်အကြီးကြီးဟုတ်လား”
သူတို့တွေစကားပြောတာကိုနားထောင်နေသည့်
ဒေါ်ရီး၏ခင်ပွန်းကဝင်ပြောလိုက်ခြင်းပင်
“ဟုတ်တယ် ဦးလေးရဲ့ ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲငါ့တူရယ် မင်းတို့ပြောတဲ့
ရွာကြီးကဟိုးလွန်ခဲ့တဲ့ ၁၅နှစ်ကျော်ကတည်းက
တစ်ရွာလုံးကာလဝမ်းရောဂါဖြစ်ပြီး
တစ်ရွာလုံးကျွတ်သေကုန်ကြတာကွဲ့
ကျန်ခဲ့တဲ့လူအနည်းစုကလည်းရွာကိုပစ်ပြီး
ပြောင်းပြေးကြတယ်လေ
ဒီလိုနဲ့ဒီရွာကြီးမှာသေဆုံးသွားတဲ့လူတွေကို
ဘယ်သူကမှကုသိုလ်ကောင်းမှုပြုမပေးကြတော့
တစ်ရွာလုံးကြတ်တစ္ဆေ မကောင်းဆိုးဝါးတွေ
ဖြစ်လာကြပြီး အခုလို လူစိမ်းတွေဆိုရင်
ခဏခဏ လူယောင်ဖန်ဆင်းပြီးလူစားလဲတတ်ကြတယ်ကွဲ့
တချို့တွေလည်း သေဆုံးသွားကြသလို
တချို့တွေလည်းဒီရွာကြီးကနေလွတ်မြောက်လာကြတယ်လေ ငါ့တူတို့လည်းကံကောင်းလို့ထင်တယ်
လွတ်လာကြတာဝမ်းသာပါတယ်ကွာ”
“ကျွန်တော်တို့အခုလိုလွတ်လာတာ
ဘုရားဂုဏ်တော်ရဲ့အစွမ်းတွေကြောင့်ဗျ
ဒါကိုရွတ်တော့သူတို့တွေမခံနိုင်ကြဘူးလေ
ဒါကိုအခွင့်ကောင်းယူပြီးပြေးလာခဲ့ကြတာပဲ
ဒါတောင်ရွာလုံးကျွတ်နောက်ကလိုက်လာကြလို့
အသက်လုပြီးပြေးလာရတာ ဦးကြီးရေ ”
“အေးအေး ကောင်းတယ် ငါ့တူတို့
ဘယ်နေရာရောက်ရောက် ဘုရား တရားမမေ့တာ
အကောင်းဆုံးပေါ့
ကဲ ကဲ အိပ်လိုက်ကြဦး မင်းတို့လည်း ပင်ပန်းလာရောပေါ့ ဒါနဲ့မင်းတို့ကားကလမ်းမှာ
ဒီအတိုင်းထားပစ်ခဲ့ကြတာပေါ့ ”
“ဟုတ်တယ်ဦးကြီးရဲ့ မနက်မှရွာထဲက
ဘီးဖာတတ်တဲ့လူကိုခေါ်ပြီးဖာခိုင်းရမှာပဲ”
“အေးဒါဆိုရင် အတော်ပဲ ရွာထဲမှာ
ဖိုးထူး ဆိုတဲ့ကောင်ရှိတယ် သူကမြို့ မှာ
ကားဝပ်လျှော့ လည်းလုပ်ခဲ့ဖူးတယ်
သူ့မှာပစ္စည်းအစုံရှိတယ် မနက်မှ ဦးကြီးသွားပြောပေးမယ် ”
“ဟုတ်ကဲ့ ဦးကြီး”
ကျွန်တော်တို့လည်း ဂွေးတောက်ကုန်းရွာမှာ
၁ပတ်လောက်နေပြီးပြန်လာခဲ့တယ်
လမ်းမှာကားမောင်းရင်းလူစားလဲတတ်တဲ့ရွာကြီးကို
ကြည့်လိုက်တော့ တမာပင်ကြီးတစ်ပင်ရယ်
တောထနေတဲ့အပင်ခြုံနွယ်တွေပဲရှိတော့တယ်ဗျ
ကျွန်တော်တို့ကို မျက်စိမှောက်အောင်လုပ်ပြီး
ရွာထဲခေါ်လာခဲ့တဲ့ညကိုတော့ဒီတစ်သက်မေ့နိုင်မှာ
မဟုတ်ပါဘူးဗျာ ။
ပြီးပါပြီ Like လေးနှိပ်ပြီးအားပေးခဲ့နော်
#အောင်ဓူဝံရေးသားသည်
ဝါသနာအရရေးခြင်းဖြစ်တဲ့အတွက်
လိုအပ်ချက်များကိုနားလည်ပေးကြပါ