Unicode Version
“လူဝင်စားဖဲသမား”(စ/ဆုံး)
———————————
“ကိုတိုးမောင်ရေ…ကိုတိုးမောင်”
“ဟေ့ – ခင်မိ ဘာလဲဟ”
နောက်ဖေးဘက်တွင်ထင်းပေါက်နေသော ကိုတိုးမောင်တစ်ယောက်
ဇနီးဖြစ်သူ မခင်မိ ခေါ်သံကြောင့် လက်ထဲမှ ပေါက်ဆိန်ကို ဘေးသို့ချထား လိုက်ပြီးပြန်လည်မေးခွန်းထုတ်လိုက်သည်။
“သားလေးကို တွေ့မိလား အိမ်ပေါ်မှာမရှိလို့”
“အေး..ငါလည်းမတွေ့မိဘူးကွ”
“ဒါဆိုရင် ရွာထိပ်က ကုက္ကိုပင်အောက်ရောက်နေပြီနဲ့ တူတယ်” “အေး – ဟုတ်လိမ့်မယ်နဲ့တူတယ်။ ဒီသားလေးတစ်ယောက်တော့ ခက်ပါတယ်ကွာ။ ကဲပါရှင် – ကျပ်လိုက်ခေါ်လိုက်ပါဦးမယ်-တော်”
“အေး…အေး”
ဇနီးသည် မခင်မိတစ်ယောက် ထီးဆောင်း၍ ရွာထိပ်ဘက် ထွက်သွား တော့ ကိုတိုးမောင်တစ်ယောက်ထင်းပေါက်ခြင်းကိုရပ်လိုက်ပြီး သားလေး အကြောင်းကိုတွေးနေမိလိုက်သည်။တစ်ဦးတည်းသောသားလေးတနင်္ဂနွေ
သားမောင်မောင်အောင်။
အိမ်ထောင်သက်(၁၀)နှစ်ကျော်မှမွေးလာခဲ့သောတစ်ဦးတည်းသော
သားကလေးမို့ လင်မယားနှစ်ယောက်စလုံးက အလွန်ချစ်ကြသည်။ မျက်စိ အောက်ကပင်အပျောက်မခံနိုင်ကြပါ။စာသင်ကျောင်းသို့ပို့သည်ကိုပင်မိခင်
နှင့်ဖခင်တို့ကတစ်လှည့်စီကြိုကြပို့ကြသည်။ သည်သားလေးမွေးလာမှခြံပိုင် အိမ်ပိုင်နှင့် ဖြစ်လာပြီး စီးပွားရေး ချောင်လည်လာခဲ့သည်။ ထို့ကြောင့် သားလေးကိုပို၍ဂရုစိုက်ကြခြင်း ဖြစ်သည်။
ကိုတိုးမောင်တို့နေထိုင်သော ဒေသက တွံတေးတောကြီးတန်း အနောက်ခြမ်း ဒေသဖြစ်သည်။ ကရင်နှင့် ဗမာလူမျိုးများ ရောနှော နေထိုင် ကြပြီးဗုဒ္ဓဘာသာဝင်များအများဆုံးဖြစ်ကြသည်။ ခြံလုပ်ငန်းကိုအဓိကထား
၍လုပ်ကိုင်ကြသည်။ကိုတိုးမောင်လည်းမခင်မိနှင့်ညားပြီးဥယျာဉ်ခြံလုပ်ငန်း
ကို လုပ်ကိုင်လာခဲ့သော်လည်းပိုပိုလျှံလျှံမရှိခဲ့ပါ။ အိမ်ထောင်သက်(၁၀)နှစ် ကျော်ပြီ။ သားကလေးကို မွေးလာတော့မှ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေ လာပြီး အိမ်ပိုင် ခြံပိုင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ခက်သည်က သည်သားကလေး-။
မိဘများ ပေးထားသော နာမည်ကိုခေါ်လျှင် လုံးဝမထူး၊ စကားစတင် ပြောတတ်သည့် အရွယ်မှစ၍ သူ့ကိုယ်သူ “ကျော်ဒင်” ဟုသာပြောသည်။ မူလတန်းကျောင်းတွင်ကျောင်းအပ်သည့်အခါသူ့ဆန္ဒအတိုင်းမောင်မောင် အောင် (ခေါ်) ကျော်ဒင်ဟု စာရင်းသွင်းရသည်။
မောင်မောင်အောင်ဟုခေါ်လျှင် လုံးဝမထူး။
“သားလေးဟုခေါ်လျှင်တော့ ပြန်ထူးသည်။”
“မောင်ကျော်ဒင်ဟု ခေါ်လျှင်တော့ “ဗျာ – ဗျာ” ဟု ရွှန်းရွှန်းဝေအောင် ထူးတော့သည်။ သည်သားကလေးကမွေးကတည်းကထူးခြားသူဖြစ်သည်။ ရင်ဘတ်တွင် အနာရွတ်ကဲ့သို့သော အမှတ်ကြီး (၃)ခုခန့်ပါသည်။ ဦးခေါင်း တွင်လည်း အမှတ်များပါသည်။ ငယ်စဉ်က သိပ်မသိသာသော်လည်း ယခု ကျောင်းထားသည့်အရွယ်သို့ ရောက်လာသောအခါ ညနေစောင်းလျှင်
မျက်နှာသိပ်မကောင်းပါ။ တစ်ခါတစ်ရံ ရွာထိပ်ကုက္ကိုပင်အောက်သွားပြီး အဝေးသို့ငေးနေတတ်သည်။ ယခုလည်း သွားနေပြန်ပြီ။
ကိုတိုးမောင်တစ်ယောက် သားလေးအကြောင်း တွေးနေစဉ်မှာပင် မခင်မိတို့သားအမိနှစ်ယောက် လက်ဆွဲ၍ ရွာထိပ်ဘက်ဆီမှ ပြန်လာကြ သည်။ ကိုတိုးမောင်က သားလေးမောင်မောင်အောင်ကို ပြေးပွေ့ချီလိုက်ပြီး “သားလေးမောင်မောင်အောင် ဘယ်သွားနေတာလည်းသားလေးရဲ့”
“ကျုပ်နာမည်မောင်မောင်အောင်မဟုတ်ဘူးဗျ”ကျော်ဒင်”“ကျော်ဒင်” “အေးပါ သားရယ် – သားအခု ဘယ်သွားနေတာလဲ” “ကျုပ် ရွာဘက်ကို သွားကြည့်နေတာ”
ဒီရွာက သားရွာ မဟုတ်ဘူးလား။ ဒီ“ညောင်ကုန်း”ရွာမှာ သားကိုမွေး တာလေ”
“မဟုတ်ဘူး – ကျုပ်ရွာက သာယာကုန်းလို့ခေါ်တယ်။ ဟံသာဝတီ အနောက်ခြမ်း မုတ်ကျွန်းတိုက်နယ်ထဲမှာရှိတယ်” “တော်ပြီဗျာ- ဗိုက်ဆာပြီ ထမင်းစားတော့မယ်”
ပြောပြောဆိုဆိုမောင်မောင်အောင်ကအိမ်ပေါ်သို့ပြေးတက်သွားတော့
သည်။ ထိုအခါ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး
“အစ်ကို သားလေးပြောတာတကယ်များဟုတ်နေသလားမသိဘူး” “ပြောလို့တော့ မရသေးဘူးကွ။ စောင့်ကြည့်ကြသေးတာပေါ့ကွာ” “အဖေနဲ့ အမေကျုပ်ကို ထမင်းထည့်ကျွေးတော့ဗျာ” “အေးပါ သားရယ် အေးပါ”
ထိုအချိန်မှစ၍သားဖြစ်သူမောင်မောင်အားလူဝင်စားတစ်ဦးဟုသံသယ
ရှိလာခဲ့ကြသည်။ သားဖြစ်သူကလည်းထိုအကြောင်းများကိုပြောချင်သည့် အခါတွင်ပြောသည်။ သို့သော်အကုန်မပြော။မိဘများကချော့မော့မေးသော် လည်း ပြောချင်မှ ပြောသည်။ ဤသို့ဖြင့် ကိုတိုးမောင်နှင့် မခင်မိတို့တစ်ဦး
တည်းသောသားလေးမောင်မောင်အောင်ကိုအရိပ်တကြည့်ကြည့်ဖြင့်ပြုစု
စောင့်ရှောက်လာခဲ့ကြသည်။
ဤသို့ဖြင့် သားဖြစ်သူမောင်မောင်အောင်တစ်ယောက်အသက်(၁၀) နှစ်ပြည့်၍စတုတ္ထတန်းကိုပင်အောင်ခဲ့ပြီဖြစ်သည်။ပဉ္စမတန်းကိုတော့ရွာနှင့် နှစ်မိုင်ခန့်ဝေးသည့်မဆယ်ဆိပ်ရွာအလယ်တန်းကျောင်းသို့သွားတက်ရမည်
ဖြစ်၍ မိဘနှစ်ပါးက ကြိုတင်ပြင်ဆင်နေသည်။
ပုံမှန်ဆိုလျှင်အလယ်တန်းကိုမဆယ်ဆိပ်ရွာတွင်တက်ပြီးအထက်တန်း ကိုမြို့တွင်သွားတက်ပြီးမိသားစုပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြရမည်ဖြစ်
သည်။ သို့သော် အတိတ်ဘဝက ကံအကြောင်း တရားတွေက ဒီဘဝအထိ ဆက်ပြီး ပါလာတော့
တစ်ညနေခြံလုပ်ငန်းသိမ်း၍မိသားစုဝိုင်းဖွဲ့၍ညနေစာစားပြီးနောက်
“အဖေနဲ့အမေ”
“ဘာလည်း သားရဲ့”
“ကျွန်တော်ပြောစရာ စကားနည်းနည်းရှိလို့ပါ”
“နည်းနည်း မဟုတ်ဘူး များများပြောသား”
“ပြောပါသားရယ် အမေတို့နားထောင်မယ်”
“ဒီလိုပါအဖေနဲ့အမေ – ကျွန်တော့်ရဲ့အရင်ဘဝကအကြောင်းကိုပြောပြ
ချင်လို့ပါ”
“ဘယ်လိုသားလေးအရင်ဘဝကအကြောင်းဟုတ်လား။အမေရင်တွေ
တုန်လိုက်တာသားရယ်”
“ခင်မိကလည်းကွာ သားလေးပြောစရာရှိတာ ပြောပါစေ-ပြော သားလေးပြော -ပြော”
“ကျွန်တော်က အရင်ဘဝတုန်းကဟံသာဝတီအနောက်ခြမ်း သာယာ ကုန်းရွာက ကိုကျော်ဒင်ဆိုတဲ့လူပါ။ ဖဲသမားကျော်ဒင်ဆိုရင် လူတိုင်းသိ တယ်”
ကျွန်တော့်မိဘနှစ်ပါး ငယ်ငယ်ကတည်းက ဆုံးသွားလို့ အဒေါ်ကြီး တစ်ယောက်အိမ်မှာနေရတယ်။ သူ့အိမ်ကကျွဲကျောင်း၊ နွားကျောင်းကစပြီး
လယ်ယာလုပ်ငန်းခွင်အားလုံးကိုလုပ်ကိုင်ပေးရတယ်။ တူဆိုပေမယ့် သားသမီးလို သဘောထားပါတယ်။
အဒေါ်ကြီးကလည်း
ခက်တာကကျွန်တော်ငယ်ငယ်လေးကတည်းကဖဲရိုက်တာကိုအလွန်
ဝါသနာပါတယ်။ ရွာမှာအသုဘရှိလို့ ဖဲဝိုင်းရှိရင်ကျွန်တော်မရောက်ရောက် အောင် သွားပြီး ကြည့်တယ်။ ဖဲဆိုတဲ့အသံကြားရင် မနေနိုင် မထိုင်နိုင် ဖြစ်ရ တယ်။ အရွယ်နည်းနည်းရောက်လာတော့ဘေးကကြားပေါက်တတ်လာပြီ။
ကျွန်တော်ဖဲဝိုင်းသွားတာကိုသိတော့အဒေါ်ကြီးကဆူတယ်။ ဘယ်လိုဆူဆူ ကျွန်တော်ကတော့ ဖဲဝိုင်းဆိုတဲ့အသံကြားရင် ဘယ်လိုမှမနေနိုင်ဘူး။ ကျွန်တော်က ဖဲသာရိုက်တာ ဝါသနာပါတာ။ ကျန်တဲ့ကြက်တိုက်တာ တို့၊ သူများပစ္စည်းခိုးတာတို့၊မိန်းမပွေတာတို့ဆေးလိပ်သောက်ကွမ်းစားဘာမှ မလုပ်ဘူး။အရက်တောင်အိမ်ထောင်ကျပြီးမှသောက်တတ်တာ။ ဖဲရိုက်တာ ကလည်း ကိုယ့်မှာပိုက်ဆံရှိမှ ရိုက်တာ။ မရှိရင်တော့ အပြင်မှာရတဲ့အလုပ် လုပ်ပြီး ပိုက်ဆံရှာပြီးရိုက်တာ။
အဒေါ်ကြီးရဲ့ပစ္စည်းတွေကို ဘာတစ်ခုမှမယူဘူး။ မခိုးဘူး။ ဒါကြောင့် အဒေါ်ကြီးကလည်း ဖဲရိုက်လို့ဆူတာဘဲရှိတာ။ ကျွန်တော့်ကိုချစ်တယ်။ လုပ်ငန်းကိုလည်းစိတ်ချထားတယ်။ ဒါနဲ့အရွယ်ရောက်လာတော့အဒေါ်ကြီး က ကျွန်တော့်ကိုရွာထဲက မစိန်မေဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ချပေးတယ်။ လယ် (၁၀)ဧကနဲ့နွားတစ်ရှဉ်း လက်ဖွဲ့တယ်။ အိမ် ထောင်ကျလို့ကိုယ့်စီးပွားနဲ့ကိုယ်ဆိုခြေငြိမ်သွားမယ်လို့ထင်တယ်။
အစပိုင်းတော့ခြေငြိမ်သလိုရှိပါရဲ့ ခဏဘဲ နောက်ပိုင်းကျတော့ ထုံးစံ အတိုင်းဖဲမရိုက်ရရင်မနေနိုင်ပါဘူး။ကျွန်တော့မိန်းမမစိန်မေကလည်းလင်ကို
သိပ်ချစ်တဲ့မိန်းမ။ ဘာလုပ်လုပ်ဆိုးသည်ကောင်းသည်မပြောဘူး။အဲဒီတော့ ပိုဆိုးတော့တာပေါ့။ မစိန်မေနဲ့သားတစ်ယောက်သမီးတစ်ယောက်ရတယ်။ သမီးကလေး (၂)နှစ်သမီး အရွယ်ရောက်တော့ အဒေါ်ကြီး လက်ဖွဲ့ထားတဲ့ လယ်(၁၀)ဧကနဲ့နွားနှစ်ကောင်မရှိတော့ဘူး။ ကျွန်တော်ဖဲရိုက်ပစ်လိုက်လို့ကုန်ပြီ။
ဒီနေရာမှာပြောစရာတစ်ခုကျန်သွားတယ်။ကျွန်တော်တို့မင်္ဂလာဆောင်
လက်ဖွဲ့တဲ့လယ်ဆယ်ဧကကိုရောင်းရင် သူ့ကိုပြန်ရောင်းရမယ်ဆိုတဲ့ကတိ ကြောင့် ဖဲရိုက်ဖို့ ပိုက်ဆံမရှိတိုင်း အဒေါ်ကြီးဆီမှာ ပြန်ပြန်ရောင်းတာ။ အဒေါ်ကြီးကအကုန်ပြန်ဝယ်ထားတယ်။ ကျွန်တော့်မိန်းမမစိန်မေကလည်း ကလေး (၂)ယောက်နဲ့ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားနေတယ်။ လင်ဆိုး မယားတဖားဖားပေါ့။
လယ်တွေ နွားတွေ ကုန်သွားတော့ အဒေါ်ကြီးက ကျွန်တော့်မိန်းမနဲ့ ကလေးကို မကြည့်ရက်လို့ ကုန်စုံဆိုင်လေး ထောင်ပေးထားတယ်။ ကျွန်တော့်ကိုတော့ ကုန်စုံဆိုင်ကို မထိရဘူးလို့ အမိန့်ပေးထားတယ်။ ကျွန်တော့်မိန်းမ မစိန်မေကတော့ မနေနိုင်ပါဘူး။ ကျွန်တော်ဖဲရိုက်စရာမရှိ လို့မှိုင်နေရင်ရှိတာလေးထုတ်ပေးရှာတယ်။ ကြာတော့ဆိုင်ကအရင်းပြုတ် သွားရောအရင်ပြုတ်ရင်အဒေါ်ကြီးကသိသိနဲ့ပြန်ထုတ်ပေး – ချာလည်လည်
နေတာပဲ။
ဒါပေမဲ့ – ဖဲသမားဆိုတဲ့လောင်းကစားသမားသမားများဟာ နိုင်တာက နည်းနည်းနဲ့ရှုံးတာက များများပါ။ ရှုံးရင် အိတ်ထဲက အကုန်ပါပြီ။နိုင်ရင် စားလိုက်သောက်လိုက် ဟိုလူပေးဒီလူ့ပေးနဲ့အိမ်ကိုသိပ်ပြီး ပြန်ပါတယ် မရှိပါဘူး။ သားကြီး(၆)နှစ်နဲ့ သမီး (၄)နှစ်အရွယ်ရောက်တဲ့အခါ သူတို့ တစ်တွေ ဆင်းဆင်းရဲရဲ ဖြစ်နေတာကိုကြည့်ပြီး အသိတရားတစ်ချက်ဝင် လာခဲ့တယ်။
ငါဒီအတိုင်းဆက်လုပ်နေတော့မှာလား – ဒီအတိုင်းသာ ဆက်သွားနေ လို့ကတော့ ငါရော ငါ့မိသားစုရော လုံးပါးပါးပြီး ဘဝဆုံးရလိမ့်မယ်။ ဒါမှ
မဟုတ် ဒီဖဲရိုက်တဲ့အလုပ်ကို ရပ်လိုက်မလား။ ဒါတော့ မဖြစ်နိုင်ဘူး။ ဖဲနဲ့ မိသားစုဆိုရင်ကျုပ်ကမိသားစုကိုစွန့်မယ့်အကောင် ။နောက်ဆုံးအပြန်ပြန်
အလှန်လှန်စဉ်းစားပြီးဖဲရိုက်တာကိုမစွန့်လွှတ်နိုင်တဲ့အတူဖဲရိုက်တဲ့ပညာကို ထူးထူးချွန်ချွန်ဖြစ်အောင်လုပ်ပြီး ဆက်ရိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီကိစ္စကို တိုင်ပင်ဖို့အတွက် သူငယ်ချင်းဖြစ်သူ စံအောင်ဆီကို ထွက်လာခဲ့တယ်။စံအောင်ကဘုရားလိုလိုတရားလိုလိုလုပ်နေပေမယ့်သူက မြို့မှာ ဆယ်တန်းအထိကျောင်းတက်ခဲ့ဖူးတော့အတွေ့အကြုံအကြားအမြင် ဗဟုသုတကျုပ်တို့ထက်သာတယ်။ကျုပ်ရောက်သွားပြီးအကျိုးအကြောင်း
ပြောပြတော့ကျုပ်သူငယ်ချင်းစံအောင်က-
ဒီလိုရှိတယ်ကွ – ကျော်ဒင်ရ – ဖဲရိုက်တယ်ဆိုတာကကံနဲ့ကစားတာရှိ တယ်။ ဉာဏ်နဲ့စားတာရှိတယ်ကွ။ ပြီးတော့ အောက်လမ်းနည်း(တစ်နည်း အားဖြင့် မှော်သွင်းပြီး) ကစားတာဆိုပြီး ရှိတယ်ကွ။ ငါကြားဖူးတာ ပြော တာနော်။
ကံနဲ့ကစားတာဆိုတာမင်းအခုကစားနေသလိုပေါ့။ကံဆိုတာအမြဲတမ်း ကောင်းနေတာ မဟုတ်တော့ နိုင်တာကနည်းပြီး ရှုံးတာက များတယ်။ ဉာဏ်နဲ့ကစားတယ်ဆိုတာက လိမ်ကစားတာပေါ့ကွာ။ လိမ်ပုံလိမ်နည်း တွေကတော့ အများကြီးပဲ။ တစ်ယောက်တည်း ကျွမ်းကျင်အောင် ကျင့်ပြီး လိမ်သလို အုပ်စုဖွဲ့ပြီး လိမ်တာမျိုးတွေပေါ့ အမျိုးမျိုးရှိတယ်။ ဒီကစားနည်း ကလည်း မကောင်းပါဘူးကွာ။ လိမ်တာပေါ်သွားရင် အန္တရာယ်ရှိသလို ကိုယ့်ထက်လိမ်တတ်တဲ့လူနဲ့တွေ့ပြန်ရင်လည်း ကိုယ်က ခံရပြန်ရော။ ဒါဆိုနောက်တစ်နည်းကရော…။
“အေး- နောက်တစ်နည်းက အောက်လမ်းနည်းကို အသုံးပြုပြီး ဖဲမှော် သွင်းကစားတဲ့နည်းဖဲမှော်သွင်း၍ကစားသည်ဆို၍သူများပြောသံကြားဖူး
တာ”
ဖဲမှော်သွင်း၍ ကစားသည်ဆို၍ ကျွန်တော် အရမ်းစိတ်ဝင်စား သွားတယ်။
“အေး… သူငယ်ချင်းအဲဒီဖီမှော်သွင်းပြီးကစားတယ်ဆိုတာကိုငါအရမ်း စိတ်ဝင်စားတယ်ကွာ ဘယ်လိုလုပ်ရမလဲ”
“ဟိုဘက် ညောင်ပင်သာရွာမှာတော့ ဆရာကြီးတစ်ယောက် ရောက် နေတယ်။ ပြောတယ်။ သူ့ဆီသွားပြီး အကူအညီတောင်းကြည့်ရင်တော့ အကျိုးအကြောင်း သိရမယ်ကွ”
“ကောင်းတယ် သူငယ်ချင်း သွားကြရအောင် မင်းလည်းလိုက်ခဲ့ကွာ” “အေးပါကွာ.. လိုက်တာပေါ့”
ပြောပြောဆိုဆို သူငယ်ချင်းနှစ်ယောက် ညောင်ပင်သာရွာသို့ ရောက် သွားကြတော့သည်။ ဆရာကြီးတည်းခိုနေသောအိမ်သို့ရောက်ကြသောအခါ ဆရာကြီးဖြစ်သော ဦးရှိန်ကို တည်းခိုရာအိမ်တွင် အသင့်တွေ့လိုက်ရ သည်။
ညောင်ပင်သာရွာဆိုသည်မှာလည်း ကျွန်တော်တို့ဒေသတွင် နာမည် ကြီးရွာတစ်ရွာဖြစ်သည်။ အစွမ်းထက်သောရွာသူပေါများလှသည်။မုန်းလျှင် လည်း အန္တရာယ်ပေးသည်။ ချစ်လျှင်လည်း ကျီစယ်သည်။ အလည်အပတ် သွား၍ပြန်လျှင်ဖျာနှင့်ဖင်ကပ်နေ၍မနည်းတောင်းပန်ပြီးပြန်ပြေးခဲ့ရသူများ
လည်း ရှိသည်။ ရွာရှိအပျိုချောများကို အခြားရွာမှကာလသားများက လူပျို မလှည့်ရဲသဖြင့် အချင်းချင်းအိမ်ထောင်ပြုကြသည်ကများသည်။ ထို့သို့သောရွာကို လာရောက်တည်းခိုသော ဆရာကြီးဦးရှိန်မှာလည်း သာမညတော့ မဖြစ်နိုင်ပေ။ ဆရာကြီးနှင့်တွေ့၍အကျိုးအကြောင်း ပြောပြ သောအခါ ဆရာကြီးကကျွန်တော်တို့ကိုသေချာစွာကြည့်ပြီး – ဖဲမှော်သွင်းတယ်ဆိုတာကတို့လောကီပညာရပ်မှာရှိပါတယ်။ ဒီပညာ
ကိုရယူချင်တယ်ဆိုရင် –
(၁) စိတ်ခိုင်ရမယ်၊ ကြောက်စိတ်မရှိဘူး
(၂) မာန်မတက်ရဘူး
(၃) ဒီပညာကိုရယူပြီးအသုံးပြုရင်ဖြစ်နိုင်တာကိုပဲတောင်းဆိုရမယ်။
မဖြစ်နိုင်တာကိုမတောင်းဆိုရဘူး။
“ဟုတ်ကဲ့ပါ ဆရာကြီး – အဲဒီအချက် (၃)ချက်ကိုလည်း ရှင်းပြပေး
နံပါတ်(၁)
စိတ်ခိုင်ရမယ်ဆိုတာကဒီပညာကလပြည့်နေ့ညသန်းခေါင် အချိန်သင်္ချိုင်းကုန်းမှာ ဆိုင်ရာပိုင်ရာတွေကိုခွင့်တောင်းဖိတ်ခေါ်ပြီးမှယူရ မှာ။ အဖျက်အဆီးတွေလည်း ရှိတယ်။ စိတ်မခိုင်ရင် ရူးသွားနိုင်တယ်။ နံပါတ် (၂) မာန်မတက်ရဘူးဆိုတာ ကိုယ်နဲ့ကစားနေတဲ့ဝိုင်းထဲက တစ်ယောက်ယောက်က သိပ်ကောင်းလို့ ဖဲသိပ်ကောင်းနေပြီဆိုရင် သွား မပြိုင်နဲ့ လွှတ်ပေးလိုက်ပါ။ ကံသိပ်ထလာရင် ပညာက ဘယ်လိုမှမနိုင်ဘူး။ နံပါတ်(၃)ဖဲကစားနေပြီဆိုရင်မဖြစ်နိုင်တာကိုမတောင်းပါနဲ့။ယေဘုယျ သဘောပဲ တောင်းပါ။ ဖဲထုပ်ထဲမှ ကဏန်းတစ်မျိုးကို (၄)ချပ်ပဲရှိပါတယ် လေ။ အဲဒါကို ဝိုင်းထဲမှာ လေးချပ်စလုံးခင်းပြီးထားရင် အဲဒီဖဲကို မတောင်းမိ ပါစေနဲ့။ တောင်းမိရင် တစ်ငါးလုံးဖြစ်သွားပြီ။ မင်းကိုဝိုင်းထဲက လူတွေ မယုံ ကြည်ဖြစ်ပြီး အသက်အန္တရာယ်ပါရှိလာနိုင်တယ်”
“ငါပြောတာ သဘောပေါက်ရဲ့လား”
“ဟုတ်ကဲ့ … သဘောပေါက်ပါတယ် ဆရာကြီး” “ဒီပညာကိုယူမှာက မင်းတို့နှစ်ယောက်စလုံးလား” “မဟုတ်ပါဘူး ဒီကောင် ကျော်ဒင်ပါ”
“ဟုတ်ပါတယ်… ဆရာကြီး ကျွန်တော်တစ်ယောက်တည်းယူမှာပါ” “ကောင်းပြီ – ဒါဆို ဒီလပြည့်နေ့မတိုင်မီ မင်းတို့ရွာကို လာခဲ့မယ်။
လပြည့်နေ့ညကျမင်းတို့ရွာသုသာန်မှာပညာယူကြတာပေါ့။ ရော့ – ဒီစာရွက် ထဲကအတိုင်း အဲဒီနေ့ကျရင် အသင့်ပြင်ထားလိုက်ပါ”
“ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး” “အေး…အေး … ကောင်းပါပြီ”
လပြည့်နေ့သို့ ရောက်သောအခါ အောက်လမ်းဆရာကြီးဦးရှိန်ရွာသို့ အရောက်လာခဲ့သည်။ ဆရာကြီးနှင့် စီစဉ်စရာရှိသည်များကိုစီစဉ်ကြသည်။ ကျွန်တော်တို့ ဖဲမှော်သွင်း၍ပညာယူမည့်အကြောင်းကိုမည်သူ့မှမပြောဘဲလျှို့ဝှက်ထားသည်။ သူငယ်ချင်းစံအောင်ကလည်းမည်သူ့မျှမပြောရန်ပိတ် ပင်ထားခဲ့သည်။
လပြည့်နေ့ည (၁၁)နာရီခန့်အရောက်တွင် ကျွန်တော်နှင့်ဆရာကြီး ဦးရှိန်တို့ရွာအနောက်ရှိ သင်္ချိုင်းတစ်ခုလုံးကို ဖုံးအုပ်ထားသည်မှာ ကြောက် တတ်သူများအဖို့ ကျောချမ်းစရာပင် ဖြစ်သည်။ ထို့ပြင် တစ်ခါတစ်ရံဆွဲဆွဲ ငင်ငင်အူလိုက်သောခွေးအူသံများကလည်းပို၍စိတ်အားငယ်ရန်ဖန်တီးနေသကဲ့သို့ ဖြစ်သည်။
သင်္ချိုင်းသို့ရောက်သောအခါ သင့်တော်ရာနေရာတွင် သင်္ချိုင်းစောင့်
ပရလောကသားအတွက်ကြက်သားဟင်း၊ မုန့်စသည်တို့ကို တစ်ပွဲ ပြင်၍ပသလိုက်သည်။ ထို့နောက် ဖဲမှော်နှင့် ပတ်သက်၍ ဆိုင်ရာပိုင်ရာများ အတွက်ကန်တော့ပွဲ၊ထမင်းနှင့်အမဲသားဟင်း၊အရက်၊ဆေးလိပ်၊ကွမ်းယာ စသည်တို့ကို ပြင်ဆင်လိုက်သည်။ မြေပုံများကြား မြေကွက်လပ်တွင် ဆရာကြီးက စည်းဝိုင်းထားလိုက်သည်။
ထို့နောက် ဆရာကြီးကကျွန်တော့်အားဘာပဲတွေ့တွေ့ မကြောက်ရန်၊ ထွက်မပြေးရန် အတန်တန်မှာကြားသည်။ ကျွန်တော်ကလည်း မထူးဇာတ် ခင်းနေသူဖြစ်၍သေခါမှသေရော။ ဖြစ်ချင်ရာဖြစ်သဘောထားသူဖြစ်သဖြင့် ဆရာကြီးမှာကြားသည့်အတိုင်းလုပ်ရန် ဆုံးဖြတ်ထားသည်။ ည(၁၂)နာရီထိုးသည်နှင့်စည်းဝိုင်းအလယ်တွင် ခုံတစ်လုံးချ၍ဖဲထုပ် တစ်ထုပ်ကို တင်ထားလိုက်သည်။ ကျွန်တော့်အားခုံကိုမျက်နှာပြု၍ထိုင်ခိုင်း ပြီး ပါးစပ်ကို ဟထားစေသည်။ ထို့နောက် ကျွန်တော့်ခေါင်းကို ဆရာကြီးက လက်ဝါးဖြင့် အုပ်၍ ဂါထာမန္တရားများကို မာန်ထန်ထန်နှင့် ရွတ်တော့သည်။ တစ်ခါတစ်ရံမြေကို ဖနောင့်ဖြင့် ပေါက်၍ကြိမ်းဝါးသည်။
နာရီဝက်ခန့်အကြာတွင် သင်္ချိုင်းကုန်းမှ သစ်ပင်ကြီးများလေမတိုက်ပါ ဘဲနှင့်ဘယ်ညာယိမ်းလာကြသည်။ထို့နောက်မည်းမည်းအရိပ်သဏ္ဌာန်များ စည်းဝိုင်းပတ်ချာလည်တွင် စုပြုံရောက်ရှိလာကြပြီး
ထိုအချိန်မှာပင်အနောက်အရပ်မှစူးရှသောအလင်းတန်းတစ်ခုသင်္ချိုင်း
အတွင်းသို့ ဝင်ရောက်လာသည်။ ထိုအလင်းတန်းသည် စည်းဝိုင်းဆီသို့ ရောက်လာပြီးစည်းဝိုင်းအနားသို့ရောက်သောအခါအပြင်သို့ပြန်ထွက်သွား သည်။ ခေတ္တအကြာ ထိုအလင်းတန်း ပြန်ပေါ်လာပြီး စည်းဝိုင်းအတွင်းသို့ ဝင်ရန် ကြိုးစားနေပုံရသည်။ အနားသို့ရောက်သောအခါ ယခင်အတိုင်း ပြန်လည်ထွက်သွားပြန်သည်။အလင်းတန်းထွက်ပေါ်လာသည်နှင့်ဆရာကြီး က ကျွန်တော့်အား မကြောက်ရန်နှင့် ပါးစပ်ကိုဟထားရန် သတိပေးသလို သူကိုယ်တိုင်ကလည်း ဂါထာမန္တရားများကိုရွတ်ဆိုနေသည်။
“ဟဲ့ … အနှောင့်အယှက်တွေ ဖယ်စမ်း။ ဆိုင်ရာပိုင်ရာတွေ စည်းဝိုင်း အတွင်းမဝင်နိုင်အောင် ကူညီစမ်း – ငါ့ဆရာအမိန့်ကွ”
“ဖြန်း”
လက်ထဲတွင်ကိုင်ထားသောကြိမ်လုံးဖြင့်မြေပြင်ကိုရိုက်ချလိုက်သော အခါအလင်းတန်းတစ်ခုသည်စည်းဝိုင်းအတွင်းသို့တိုးဝင်လာပြီးခုံပေါ်တွင် ချထားသော ဖဲထုပ်ပေါ်သို့ ကျရောက်သွားတော့သည်။ ကျွန်တော်သည် ပါးစပ်ဟလျက်သားနှင့် မှင်တတ်မိနေသလို ဖြစ်နေသည်။
“လူလေး မောင်ကျော်ဒင်ထ – ထ”
မျက်နှာပေါ်သို့ ရေတစ်ခွက်လောင်းချပြီး ဆရာကြီးက သတိပေးလိုက် တော့မှ ကျွန်တော်သတိပြန်ရလာပြီး ထထိုင်လိုက်သည်။
“ဆရာကြီး … ကျွန်တော်တို့ဟို – ဟို” “ဟုတ်တယ်လူလေးကို..ဖဲမှော်သွင်းတာ အောင်မြင်သွားပြီ”
“ဗျာ.. ဟုတ်လား – ဆရာကြီး”
“ကဲ – လူလေးပညာကိုစမ်းကြည့်ရအောင် ကဲဟို – ဖဲထုပ်ထဲကဖဲရွက် တစ်ရွက်ယူပြီးလူလေးကြိုက်တာခေါ်ရိုက်ကြည့်စမ်း”
ပြီး –
ကျွန်တော်ကလည်းမှောက်နေသောဖဲထုပ်မှဖဲတစ်ချပ်ကိုဆွဲယူလိုက်
“ကဲ – ဒိုင်းမွန်း ခုနစ်ကွာ”
–
“ဖြန်း”
ပြောပြောဆိုဆိုရိုက်ချလိုက်ရာအံ့အားသင့်စွာပင်လက်ထဲဒိုင်းမွန်းခုနစ်
ဖဲ ရောက်လာ၍ အမျိုးမျိုး စမ်းသပ်ကြည့်ရာခေါ်သည့်ဖဲအတိုင်း ဖြစ်နေ သည်ကိုတွေ့လိုက်ရသဖြင့်အလွန်ဝမ်းသာသွားခဲ့သည်။ ဆရာကြီးကိုလည်း
ထိုင်၍ကန်တော့လိုက်သည်။
“အေး … အေး ငါ့တပည့် ဒီပညာနဲ့ လုပ်စားတော့မယ်ဆိုရင် ဆရာကြီး မှာခဲ့တဲ့ အချက်သုံးချက်ကို အမြဲသတိရပြီး လိုက်နာပါ။ အဲဒီအချက်တွေကို ဖောက်ဖျက်ရင်တော့မင်းအသေဆိုးနဲ့သေရလိမ့်မယ်။” “ဟုတ်ကဲ့ပါ ဆရာကြီး- ကျွန်တော်လိုက်နာပါ့မယ်” “အေး..အေးကဲ -လာလာ ပြန်ကြရအောင်”
ဤသို့ဖြင့် ကျွန်တော်နှင့် ဆရာကြီးသင်္ချိုင်းကုန်းမှ ပြန်လာခဲ့ကြသည်။ “ကဲ – လိုချင်လွန်းလှတဲ့ဖဲမှော်တော့ရလာခဲ့ပြီ။ကဲ-ဒီနေ့ကစပြီးတွေ့ကြပြီ ပေါ့ကွာ”
အဲဒီလိုပဲ ကျွန်တော်နယ်တကာလှည့်ပြီးဖဲရိုက်တော့တယ်။ ရိုက်တိုင်း လည်း ဆရာကြီးမှာတဲ့မာန်မတက်နဲ့၊ မဖြစ်နိုင်တာမတောင်းနဲ့ဆိုတဲ့စကား ကိုလိုက်နာပြီးကစားခဲ့တယ်။ ကစားတိုင်းလည်းနိုင်ခဲ့တယ်။ ဒီတစ်ခါတော့ ရတဲ့ပိုက်ဆံကိုသုံးဖြုန်းမပစ်ဘဲစုဆောင်းထားခဲ့တယ်။မိန်းမနဲ့သားသမီးတွေ ဆီ (၃)လ (၄)လလောက်နေပြီးမှ တစ်ခေါက်ပြန်တယ်။ စားဖို့သောက်ဖို့ လောက်ပဲပေးကမ်းခဲ့တယ်။
ကျွန်တော်မပေးလည်း ကျွန်တော့မိန်းမစိန်မေက ဘာမှ မပြောဘူး။ သူတို့ဘာသာပဲ လုပ်စားကြတယ်။ တစ်နှစ်လောက်ကြာတော့ ကျွန်တော့် နယ်မှာ ဖဲရိုက်စားလို့ မရတော့ဘူး။ ကျွန်တော်ပါရင် ဘယ်သူမှ မကစားကြ တော့ဘူး။ဒါကြောင့်ကျွန်တော်ကဖဲရိုက်ဖို့နယ်သစ်ရှာရတယ်။ နေရာဒေသ
အနှံ့သွားပြီး ဖဲရိုက်ရတယ်။
ဒေသအနှံ့သွားပြီး လူမျိုးပေါင်းစုံနဲ့တွေ့ရတော့ အရင်က ဖြတ်ထားတဲ့ အရက်ကိုလည်းပြန်သောက်မိလာတယ်။လူကလည်းအတော်လေးပိုက်ဆံ ရှိလာတော့ အောက်ခြေက လွတ်ချင်လာတယ်။ ကျွန်တော့်ဘေးမှာလည်း ပေးကျွေးထားတဲ့ လူမိုက်ယောင်ယောင် တပည့်ကလည်း (၃)ယောက် လောက်အမြဲပါတယ်။ မပါလည်းကျွန်တော်ကဂရုမစိုက်ပါဘူး။ ငယ်ငယ်က တည်းက ခပ်ပေပေအပြင် မြန်မာ့သိုင်းကိုလည်း ကျွမ်းကျင်သည်အထိ
သင်ထားခဲ့တာကိုး။
ဒီလိုနဲ့ သုံးနှစ်လောက်ကြာတော့အကုသိုလ်ကံကအကျိုးပေးချိန်တန် လာပြီလေ။တစ်နေ့တော့ဖဲသမားစိန်လင်းတစ်ယောက်ကျွန်တော်တည်းနေ
တဲ့နေရာကိုလာပြီး –
“သူငယ်ချင်းကျော်ဒင်” – ငါဝိုင်းကြီးဝိုင်းကောင်းတွေ့ထားလို့ကွ” “ဟုတ်လား … သူငယ်ချင်း ဘယ်မှာလဲ”
“ဟိုကွာ – ကျိုက်ထော်တောင်ပိုင်းကအသုဘအိမ်မှာကွ။ပိုက်ဆံကိုဖွေး နေတာဘဲ သူငယ်ချင်းဆို သဲ့ယူရုံပဲ”
“လုပ်လိုက်ကွ – ဒါမျိုးမှ ကျော်ဒင်တို့က သဘောကျတာ”
“သူငယ်ချင်း – ငါ့ကိုဟို ဟိုကွာ”
“ဘာလည်းရတယ်။ မင်းအရက်သောက်ချင်လို့မဟုတ်လား။ငါ့မှာမြို့က ဝယ်လာတဲ့ ရမ်ရှိတယ်။ ကဲ – ရော့ ချကွာ” “မင်းလည်း ချလေကွာ” “အေးပါချတာပေါ့”
နှစ်ယောက်သား ရမ်တစ်လုံးကိုသောက်၍ ကျိုက်ထော်ရွာဘက်သို့ ထွက်ခဲ့ကြသည်။ ဖြစ်ချင်တော့ ကျွန်တော်နှင့်တပည့်တစ်ဦးသာ ပါလာခဲ့ သည်။ ကိစ္စမရှိပါ။ ဒါမျိုးတွေကကျွန်တော့အဖို့ရိုးနေပြီပဲကိုး။ အသုဘအိမ်ရောက်တော့ ဖဲဝိုင်းလေးငါးဝိုင်းခန့်ကိုတွေ့လိုက်ရသည်။
ကျွန်တော်လည်းခပ်ထွေထွေနှင့်ကြေးအကြီးဆုံးဝိုင်းအနားသို့ကပ်သွားပြီး “ကဲ – ဒီဝိုင်းမှာ ကျွန်တော်ဒိုင်လုပ်မယ်ဗျာ။ ကြိုက်သလောက်ထိုး” ပြောပြောဆိုဆိုငွေထုပ်ကိုပါထုတ်ပြလိုက်သည်။ငွေများများမြင်တော့ ဒိုင်ဝင်ထိုင်လိုက်သည်။ သူငယ်ချင်းဖြစ်သူစိန်လင်းကအလျှော်အစားနေရာ မှ ဝင်ထိုင်သည်။ ကျွန်တော်က ဖဲထုပ်ကို ကောက်ကိုင်ကာ ကုလားဖန်ထိုး ပြီးတစ်ချပ်စီဝေလိုက်သည်။
ကဲ – ကဲ ကြိုက်သလိုထိုး အပယ်မရှိဘူး” “ကဲ – ကဲ – လက်ရှောင်ကဲကွာ”
“ဖြန်း”
“ကိုး –
း “ဟာ- ဒိုင် – ကိုးကွ”
“ဟာ – သေရောကွာ ရှစ်နဲ့ခံရတယ်။” “ဘာထူးလဲကွာ ဒီမှာ ခုနစ်နဲ့”
ကျွန်တော်ကဝိုင်းထဲတွင်ထိုးထားသောငွေနည်းပါကအပွင့်ကိုလျှိုထား ပြီးအလျှော်ပေးလိုက်သည်။ထိုးထားငွေများပါကအပွင့်ကိုအကြီးခေါ်တောင်း
ပြီး စားလိုက်သည်။ ဤသို့ဖြင့် တစ်နာရီခန့်ကြာသောအခါ ငွေအတော် များများ နိုင်နေပြီဖြစ်သည်။
သို့သော် ထိုနေ့က ဖဲဝိုင်းတွင် လက်ခလယ်အိမ်တစ်အိမ်မှာ ထူးထူး ခြားခြားဖဲကောင်းနေသည်။ရှစ်၊ကိုး၊ကုလားသုံးကောင်စသည်ဖြင့်အမြဲတမ်း ကျနေသည်။ ကျွန်တော်ကလည်းသောက်ထားသည့်အရက်ရှိန်နှင့် စိတ်ထဲ မှာမခံချင်ဖြစ်လာသည်။ သူကလည်းဖဲကိုနောက်ဆုံးမှလှန်သည်။ သုံးကြိမ် တွင် နှစ်ကြိမ်လောက် အမြဲရှုံးနေသည်။
ဖဲလိမ်ရိုက်သည်လည်းမဟုတ်။ ဖဲထုပ်ကိုကိုင်ပင်မကိုင်။ ဝေပေးသော ဖဲကိုသာလျှင်လှန်ခြင်းဖြစ်သည်။ ပထမပိုင်းတွင် ဆရာကြီး၏မာန်မတက်နှင့် ဆိုသော စကားကို လိုက်နာနိုင်သော်လည်း သောက်ထားသည့် အရက်ရှိန် နှင့်မခံချင်စိတ်တို့ပေါင်းစပ်လာသောအခါမျက်စိထဲတွင်ဘာမှမမြင်တော့ပါ။ ဝိုင်းထဲတွင်လည်းသူနှင့်ကျွန်တော်နှစ်အိမ်ထဲကစားနေရသလိုဖြစ်နေသည်။
ကျွန်တော်ကပင် စတင်၍ –
“ကဲ – သူငယ်ချင်းမင်းနဲ့ငါနဲ့နှစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒီတော့ မင်းရှိတဲ့ငွေကိုတို့တစ်လက်ထဲ ဖြတ်မယ်။ ဖြစ်လား”
“ဖြစ်တယ် သူငယ်ချင်း – ကြိုက်သလိုလုပ်”
ကျွန်တော်တို့နှစ်ယောက် အခြေအနေကို စောင့်ကြည့်နေသော လူအုပ်ကြီးမှာလည်း ဘေးတွင် အုံခဲနေတော့သည်။ အသုဘအိမ်တွင် ရှိ သည့် အခြားဝိုင်းမှဖဲသမားအားလုံးသည်လည်း ကျွန်တော်တို့ ဝိုင်းသို့သာ
အာရုံစိုက်နေတော့သည်။
ကျွန်တော့်၏ဒေါသနှင့်မခံချင်စိတ်တို့ကြောင့် ဆရာကြီး၏မိန့်မှာချက် ဖြစ်သော“လူတစ်ယောက် သိပ်ကံကောင်းနေရင်ပညာက ဘယ်လိုမှမနိုင် တော့ဘူး သွားမပြိုင်ပါနဲ့” ဟူသောစကားကို လုံးဝ အမှတ်မရတော့ပါ။ “ကဲ – သူငယ်ချင်း စမယ်နော်”
“ရတယ် … သူငယ်ချင်းစ”
ကျွန်တော်က
သူငွေနှင့်ကျွန်တော့်ငွေကိုအချိုးကျပေါင်းစပ်ပြီးအလယ်
ကောင်တွင် ထားပြီး ဖဲသုံးချပ်စီ ဝေလိုက်သည်။ ထို့နောက်-
“ကဲ – သူငယ်ချင်း မင်းဖဲကိုလှန်”
ကျွန်တော်ကပြောလိုက်သဖြင့် ထိုသူက သူ့ဖဲသုံးချပ်ကိုဖျာပေါ်လှန်ချ
လိုက်ရာ –
“ဟာ”
“တစ်သုံးလုံးကွ တစ်သုံးလုံး”
“ဟေး -ဖျောင်း-ဖျောင်း-ဖျောင်း”
“နိုင်ပြီကွ နိုင်ပြီ ကဲ – တစ်ရွာသား ဘာတတ်နိုင်သေးလဲ” ကျွန်တော့်မျက်စိထဲတွင် ဘာမှမမြင်တော့ပါ။ဒေါသနှင့်မခံချင်စိတ်က
အထွတ်အထိပ်ရောက်ရှိသွားပြီးဖြစ်သည်။ဆရာကြီးတင်မကဘယ်သူ့အမှာ စကားမှလည်း မသိတော့ဘဲ ဒေါသအလျှောက်လုပ်မိလုပ်ရာ လုပ်ချလိုက် တော့သည်တွင် တစ်သုံးလုံးကိုနိုင်သည့်ဖဲက လုံးဝမရှိတော့သည်ကို ကိုးမီးဖဲသုံးချပ်ကို လက်ထဲတွင် ရိုက်ချလိုက်ပြီး –
“ဖြန်း”
“တစ်သုံးလုံးထက်ကြီးတဲ့ မင်းအဘ ဆင်သုံးကောင်ကွ”
“ဟာ”
“ဟင်”
“အလိုဗျာ”
“လက်ထဲမှ ဖဲချပ်များကို ကြည့်၍ ကျွန်တော် ကြက်သေသေသွားခဲ့ သည်။ ဖဲချပ်သုံးချပ်အလယ်တွင် ဖဲပွင့်များ မရှိဘဲ ဆင်ရုပ်ကြီးများက ဖဲချပ် တစ်ချပ်လျှင်တစ်ရုပ်၊ပေါင်းသုံးကောင်။ ဖဲချပ်များတွင် ဆင်ရုပ်ပါသောဖဲချပ်ဆိုတာ မရှိပါ။ ဝိုင်းကြည့်နေသော လူအုပ်ကြီးက ခေတ္တမှင်သက်နေပြီး နောက်-
“ဟာ.. ဒီလူဖဲလိမ်ရိုက်တာကွ” “ဟုတ်တယ် – လူလိမ်ကွ” “ချကွာ … ချ သတ်ပစ်” “ဟုတ်တယ်ချကွာ- ကဲကွာ” “ဖြောင်း” ဒုတ် ဒုတ်–”
လူအုပ်ကြီးထံမှဒေါသများသည် ကျွန်တော့်ထံသို့ရောက်ရှိလာခဲ့တော့ သည်။ အခြေအနေကို ရိပ်မိသော စံလင်းနှင့် ကျွန်တော့်တပည့်တစ်ဦးက တော့ဘယ်အချိန်ကလစ်သွားသည်မသိ။လူအုပ်ကြီး၏တုတ်၊ ဓားချက်များ ကြောင့်နေရာမှပင်မထနိုင်တော့ဘဲအသက်နှင့်ခန္ဓာကိုယ်ကင်းလွတ်သွား
ခဲ့ရတော့သည်။
“ဟင် – ဒါဆို ဟို လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်လောက်က ကျိုက်ထော်က ဖဲဝိုင်းမှာဝိုင်းဒိုင်ခံလို့သေသွားတဲ့ဖဲသမားကျော်ဒင်ဆိုတာလူလေးပေါ့” “ဟုတ်တယ် အမေ – ကျွန်တော်ပဲ ကျွန်တော်ဝိညာဉ်ဘဝနဲ့ လျှောက်သွားနေတုန်းအမေလာတာကိုမြင်တော့အမေနဲ့နေရအောင်ဆိုပြီး
လိုက်လာတာ”
“ဒါကြောင့်ဒီဘဝမှာအဖေတို့အမေတို့သားမောင်မောင်အောင်ဖြစ်နေ
တာပေါ့”
“သားက ဒါဆိုဟိုဘဝက အကြောင်းတွေ အကုန်မှတ်မိနေတာပေါ့” “ဒါပေါ့ အမေရ- သာယာကုန်းရွာက ကျွန်တော့်မိန်းမ စိန်မေရော သားရော သမီးရော အားလုံးကို မှတ်မိနေတယ်။ တွေ့လည်းတွေ့ချင်တယ် အမေရာ။ ကျွန်တော့်ကိုလိုက်ပို့စမ်းပါ”
“အေးပါ … သားရယ် အမေတို့ ဒီ ခြံလုပ်ငန်းလေး လက်စသတ်ရင် လိုက်ပို့ပါ့မယ်”
“တကယ်နော်…အမေ” “တကယ်ပေါ့ သားရဲ့” “ဟေး- ဟုတ်ပြီကွ”
နောက်နှစ်ပတ်ခန့်အကြာတွင်ဦးတိုးမောင်နှင့်မခင်မိတို့သည်သားလေး
မောင်မောင်အောင်ကို ခေါ်ဆောင်၍ ဟံသာဝတီအနောက်ခြမ်း မုတ်ကျွန်း တိုက်နယ်ရှိ သာယာကုန်းရွာသို့ ရောက်ရှိလာခဲ့ကြတော့သည်။ ရွာလယ်ရှိ
ခြံတစ်ခြံရှေ့သို့
ရောက်သောအခါတံခါးကိုဖွင့်၍ဝင်သွားပြီး-
“စိန်မေရေ….ဟေ့စိန်မေ”
“စိန်မေရေ … ခေါ်နေတာမကြားဘူးလားဟ” “လာပြီ…လာပြီ”
ပြန်ထူးသံနှင့်အတူ အသက် (၄၅)ခန့် အမျိုးသမီးကြီးတစ်ယောက် ထွက်လာသည်။ အိမ်ရှေ့တွင် အသက် (၁၀)နှစ်အရွယ်ကလေးတစ်ဦးကို တွေ့လိုက်ရသည့်အပြင် ခြံဝ၌လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ် ဦးကိုတွေ့လိုက်ရသဖြင့် ဇဝေဇဝါဖြစ်ကာ-
“ဘယ်သူကိုတွေ့ချင်လို့လည်း ခုနကစိန်မေလို့ခေါ်လိုက်သလားလို့”
“ဟုတ်တယ်လေငါခေါ်တာနင်ငါ့ကိုတောင်မမှတ်မိတော့ဘူးလား”
“နေပါဦး၊ မင်းက ဘယ်သူလည်း မင်းအသက်အရွယ်နဲ ငါ့ကို စိန်မေလို့ ခေါ်ရလောက်အောင်”
“ဟဲ့…စိန်မေရဲ့ငါကနင့်ယောက်ျားကျော်ဒင်လေ-ဖဲသမားကျော်ဒင်ပေါ့။
ဘာလည်း မမှတ်မိတော့ဘူးလား”
ကွယ်လွန်သွားသော လင်ဖြစ်သူကျော်ဒင်ဟူသော အသံကြောင့် ဒေါ်စိန်မေ မျက်လုံးပြူးသွားပြီး မောင်မောင်အောင်ကို စူးစိုက်၍ ကြည့်နေ လိုက်သည်။ ထိုအခါခြံဝတွင်ရပ်နေသောကိုတိုးမောင်နှင့်မခင်မိတို့ဝင်လာ ပြီးဒီလိုပါအစ်မကြီးဟုအစချီပြီးမောင်မောင်အောင်အကြောင်းကိုအစအဆုံး
ပြန်ပြောလိုက်သည်။
ထို့ပြင်မောင်မောင်အောင်ကလည်းဖဲသမားကျော်ဒင်ဘဝကဝတ်ဆင်
ခဲ့သော အဝတ်အစားများ၊ နွားများ၏ အမည်၊ အရောင်၊ လယ်ကွက်အနေ
အထား မကျန် အလုံးစုံ ပြောပြလိုက်သောအခါဒေါ်စိန်မေမှာယုံကြည်သွား
ပြီးမောင်မောင်အောင်ကိုဖက်၍ချုံးပွဲချငိုကြွေးတော့သည်။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် တစ်ရွာလုံး ရောက်ရှိလာကြပြီး မေးမြန်း စုံစမ်းကြရာ တစ်ခြံလုံးအုန်းအုန်းထနေတော့သည်။
ထိုအချိန်တွင် အသက် (၅၀)ခန့်လူကြီးတစ်ယောက် ရှေ့သို့ တိုးထွက် လာပြီး-
ကဲ -ကဲ – ကလေးမင်းကဖဲသမားကျော်ဒင်ဆိုရင်ငါကိုကော သိလား ပြောစမ်း”
“အောင်မာ – စိန်လင်းရာ – မင်းကိုမသိတာမှတ်လို့မင်းလာခေါ်လို့ကျိုက် ထောက်ဖဲဝိုင်းလိုက်လို့ ငါသေခဲ့ရတာလေ” “အေးပါ…သူငယ်ချင်းရယ်အဲဒီအတွက်ငါလည်းအခုထိစိတ်မကောင်း
ဖြစ်နေတာပါ။
အခုရော မင်း အရင်လို ဖဲရိုက်တုန်းဘဲလား” “မရိုက်တော့ပါဘူးကွ ဘုရားလူကြီးလုပ်နေတယ်” “အေး…အေးကောင်းတယ်”
“ကဲ – ဒါဆိုဒီက နှစ်ယောက်ကရော ဘယ်သူတွေလဲ” ဦးစိန်လင်းက အသက် (၂၀)ခန့်ရှိ လူရွယ်တစ်ဦးနှင့် (၁၈)နှစ်ခန့်ရှိ မိန်းကလေးတစ်ဦးကို ပြ၍မေးလိုက်သည်။ “သား…သမီး….အဖေလေမင်းတို့အဖေ ကျော်ဒင်လေ”
လူရွယ်နှစ်ဦးမှာလည်း အကျိုးအကြောင်း သိပြီးဖြစ်၍ ကလေးငယ်ကို ဖက်၍ငိုကြတော့သည်။ဝိုင်းကြည့်နေကြသောလူအုပ်ကြီးမှာလည်းဝမ်းနည်း ဝမ်းသာ ဖြစ်နေကြတော့သည်။ ထိုအချိန်မှာပင် အဒေါ်ကြီးတစ်ယောက် ရောက်ရှိလာပြီး“ မင်း… ငါ့ကိုရောမှတ်မိရဲ့လား” ဟုမေးတော့သည်။ “မှတ်မိတာပေါ့ အဒေါ်ကြီးရယ် ငယ်ငယ်ကတည်းက အတူနေခဲ့တာ။ ပြီးတော့လည်း အဒေါ်ကြီးကျေးဇူးတွေ ကျွန်တော့်အပေါ်မှာ အများကြီးရှိပါ တယ်။အဲဒီကျေးဇူးတွေလည်းဆပ်ချင်တယ်။ ပြီးတော့ကျွန်တော့်မိန်းမရယ်
သားနဲ့သမီးတို့ကိုလည်း ကူညီထောက်ပံ့ချင်လို့ပါ”
“အမယ် – တယ်ဟုတ်ပါလားဟေ့ – မင်းက ဘာနဲ့ထောက်ပံ့မှာလဲ” “နောက်တော့ အဒေါ်ကြီးသိလာမှာပေါ့”
“ဒါထက်အဒေါ်ကြီးကျွန်တော့်ကိုလက်ဖွဲ့ထားတဲ့လယ်(၁၀)ဧကရှိသေး
လား။ ကျွန်တော်ဖဲရိုက်စရာ မရှိလို့ အဒေါ်ကြီးကို ပြန်ရောင်းထားတာလေ” “ရှိပါတယ်တော်ရှိပါတယ်။ အဲဒီလယ်တွေကိုမင်းမိသားစုဆီမှာပြန်ချ
ထားတာပါ”
“အဲဒီလယ်တွေကို ကျွန်တော်ပြန်ဝယ်ချင်တယ်”
“ပိုက်ဆံပေးရင် ရောင်းမှာပေါ့တော့”
“ပေးမှာပေါ့အဒေါ်ကြီးကလဲ”
“ကောင်းပါပြီတော် – ကောင်းပါပြီ”
ထိုနေ့တစ်နေ့လုံးမောင်မောင်အောင်၏မိဘနှစ်ပါး။ယခင်ကျော်ဒင်ဘဝ ကမိသားစုများယခင်ဘဝကခင်မင်ရင်းနှီးခဲ့သောအပေါင်းအသင်းများဖြင့်
စကားပြော၍ မဝနိုင်အောင် ဖြစ်ခဲ့ရသည်။ ယခုဘဝမှ မိဘနှစ်ပါးမှာလည်း ဝမ်းနည်းဝမ်းသာ ဖြစ်ရသလို ယခင်ဘဝမှ ဇနီးနှင့်သားသမီးတို့ကလည်း သေဆုံးသွားသောခင်ပွန်း၊ဖခင်လူဝင်စားပြန်ဖြစ်၍သူတို့ထံပြန်ရောက်လာ
သဖြင့်အထူးဝမ်းသာနေကြသည်။ သားနှင့်သမီးကလည်းဖခင်ဝင်စားသော မောင်လေးကို ချစ်လိုက်ကြသည်မှာ ပြောစရာမလိုတော့ပေ။ ထိုနေ့ညက မောင်မောင်အောင်မှာ ဒေါ်စိန်မေရင်ခွင်ထဲတွင်အိပ်ပျော်သွားခဲ့သည်။ မိခင် ဖြစ်သူမခင်မိကတော့စိတ်မကောင်း။
နောက်တစ်နေ့နံနက်တွင်မောင်မောင်အောင်မှမိခင်၊ ဖခင်၊ အဒေါ်ကြီး နှင့်ယခင်ဘဝကဇနီးသားသမီးများကိုခေါ်၍အိမ်အနောက်ဘက်လက်ပံပင်
ကြီး အောက်သို့ ထွက်လာခဲ့သည်။ သားဖြစ်သူကို ပေါက်တူးတစ်လက် ယူဆောင်စေခဲ့သည်။လက်ပံပင်ကြီးမှာအနှစ်သုံးဆယ်ခန့်ရှိပြီဖြစ်၍ကြီးမား လှသည်။ သူခေါ်၍သာ လိုက်လာခဲ့ရသည်။ အားလုံးက စိတ်ထဲမှာ ဇဝေဇဝါ
နှင့် ဘာမှန်းမသိကြချေ။
လက်ပံပင်ကြီးအောက်သို့ ရောက်သောအခါ အရှေ့ဘက်သို့တန်းနေ သောကိုင်းအတိုင်းအပင်ခြေရင်းမှခြေလှမ်းငါးလှမ်းလျှောက်ပြီးရောက်သည့်
နေရာကိုသားဖြစ်သူအားပေါက်တူးဖြင့်တူးစေသည်။ သားဖြစ်သူကလည်း
ဘာမှပြန်မမေးဘဲပေါက်တူးဖြင့် တူးတော့သည်။ နှစ်တောင်ခန့်အနက်ရောက်သောလည်း ဘာမျှမတွေ့ရပါ။ “အဖေ ဘာမှမတွေ့ဘူးအဖေရ” မောင်မောင်အောင်မှာ ခေတ္တစဉ်းစားနေပြီး-
“ဟာ – ဟုတ်ပြီ သားရေ- အဖေမှားသွားလို့ အဖေလူကြီးဘဝ လူကြီး ခြေလှမ်းနဲ့ (၅) လှမ်း လှမ်းခဲ့တာ။ အခု ခြေလှမ်းနဲ့ ဘယ်တူမှာလဲ ဟုတ်ပြီ ဟုတ်ပြီ-ဒီနားကိုပြောင်းတူး”
ပြောပြောဆိုဆိုရှေ့သို့သုံးလှမ်းခန့်လှမ်းပြီးတူးခိုင်းလိုက်သည်။ထိုနေရာ တွင်တူး၍တစ်တောင်ခန့်အရောက်တွင်တစ်ပိဿာဝင်စဉ့်အိုးလေးတစ်လုံး
ကိုတွေ့လိုက်ရသည်။ စဉ်းအိုးမှာ အတန်ပင်လေးပြီးအဖုံးကိုသေချာစွာပိတ် ထားသည်။
တူးဖော်ရရှိသော စဉ့်အိုးကို အိမ်ပေါ်သို့ ယူဆောင်လာပြီး ဖျာပေါ်သို့ သွန်ချလိုက်သောအခါရွှေဒင်္ဂါးများ၊ရွှေလက်ကောက်ဆွဲကြိုး၊ လက်စွပ်ပေါင်း တစ်ပိဿာခန့်ကိုတွေ့လိုက်ရတော့သည်။ အားလုံးမှာလည်းမယုံကြည်နိုင် လောက်အောင် အံအားသင့်နေကြသည်။ “လူလေး ဒါတွေက”
“ဟုတ်တယ်အဒေါ်ကြီးဒါတွေကကျွန်တော်ပိုင်တဲ့ပစ္စည်းတွေပါ။ အရင်
ဖဲသမားကျော်ဒင်ဘဝကဖဲရိုက်ပြီးစုထားတာတွေပါ။”
“ဖဲရိုက်ပြီး စုတယ် ဟုတ်လား”
“ဟုတ်ပါတယ် – ကျွန်တော်ဖဲကြောင့် ဘဝပျက်တယ်။မိန်းမနဲ့သားတွေ သမီးတွေလည်း ကျွန်တော်ကြောင့် ဒုက္ခရောက်ရတာကို စိတ်မကောင်းလို့ ဆရာကြီးတစ်ယောက်ကိုရှာဖဲမှော်သွင်းပြီးဖဲရိုက်ခဲ့တယ်။ အဲဒီကဖဲနိုင်တာ တွေကိုမိသားစုကိုနည်းနည်းပဲပေးပြီးအားလုံးကိုဖဲရိုက်ခဲ့တယ်။အဲဒီကဖဲနိုင် တာတွေကိုမိသားစုကိုနည်းနည်းပဲပေးပြီးအားလုံးကိုရွေတွေဝယ်စုတယ်။
တစ်ချိန်ကျရင်မိသားစုချမ်းချမ်းသာသာနေရအောင်ဆိုပြီးလုပ်ခဲ့တာ။ဒါပေမဲ့ ဒီအောက်လမ်းမှော်ပညာကြောင့်ပဲ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ ဥပစ္ဆေဒ
ကံနဲ့ သေခဲ့ရတယ်။”
“ဒါပေမဲ့ ဒီဘဝမှာ အဲဒါတွေကို ပြန်သတိရလို့ အခု ပြန်ဖော်ယူတာ။ ဒီတော့ဒီရွှေတွေကို သုံးပုံပုံပြီးတစ်ပုံကိုအဒေါ်ကြီးယူပါ။ တစ်ပုံကိုဒီဘဝက မိဘတွေကို ပေးပါ။ ကျန်တဲ့တစ်ပုံကို စိန်မေတို့မိသားစုကို ပေးလိုက်ပါ”။ “ကျုပ်အတွက် မယူပါဘူးတော် – ကျုပ်မှာ ပြည့်စုံပါတယ်”
“ဒါဆိုရင် အဒေါ်ကြီးအတွက်တဲက လယ်ဖိုးကိုနုတ်ပြီး ကျန်တာကို ဘုန်းကြီးကျောင်းလှူပါ။ သာဓုပါ- သာဓုပါ။ ကျုပ်လုပ်ပေးပါ့မယ်” ဤသို့ဖြင့်မောင်မောင်အောင်သည်ယခင်ဘဝကစုဆောင်းထားခဲ့သော ပစ္စည်းများကိုယခုဘဝတွင်ပြန်လည်ရယူပြီးယခုဘဝမိသားစုနှင့်ယခင်ဘဝ မိသားစုများအတွက် ၎င်းရွာဦးဘုန်းတော်ကြီးကျောင်းနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ရန် ပေးကမ်းလှူဒါန်းခဲ့ပါသည်။ သူကိုယ်တိုင်မှာတော့ကျောင်းတက်သည့်အချိန်တွင်ယခုမိသားစုဖြင့်
နေထိုင်ပြီး ကျောင်းပိတ်သည့်အချိန်တွင် ယခင်ဘဝက မိသာစုများထဲသို့ သွားရောက် နေထိုင်ခဲ့သည်။ ယခင်ဘဝက ဇနီးဟောင်း မစိန်မေကိုလည်း စိန်မေဟု၎င်း ၊သားနှင့်သမီးကိုလည်း သားဟူ၍၎င်း၊သမီးဟု၎င်း ခေါ်ဆိုနေ တုန်းဖြစ်သည်။ ကလေးများကလည်းမောင်အငယ်ဆုံးအရွယ်ကို အဖေဟု ခေါ်နေရာအကြောင်းမသိသူများအဖို့ အံ့အားသင့်စရာပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ မောင်မောင်အောင် (ခေါ်) ကျော်ဒင်တစ်ယောက်မှာ တော့ မိသားစုနှစ်စုထဲတွင် တစ်လှည့်စီ ပျော်ရွှင်စွာ နေလာခဲ့သည်မှာ ယခု အချိန်(တက္ကသိုလ်) ဒုတိယနှစ်ရောက်သည်အထိပင် ဖြစ်ပါတော့သည်။
ဝင်းနိုင် (ရွှေပြည်သာ)
Zawgyi Version
“လူဝင္စားဖဲသမား”(စ/ဆုံး)
———————————
“ကိုတိုးေမာင္ေရ…ကိုတိုးေမာင္”
“ေဟ့ – ခင္မိ ဘာလဲဟ”
ေနာက္ေဖးဘက္တြင္ထင္းေပါက္ေနေသာ ကိုတိုးေမာင္တစ္ေယာက္
ဇနီးျဖစ္သူ မခင္မိ ေခၚသံေၾကာင့္ လက္ထဲမွ ေပါက္ဆိန္ကို ေဘးသို႔ခ်ထား လိုက္ၿပီးျပန္လည္ေမးခြန္းထုတ္လိုက္သည္။
“သားေလးကို ေတြ႕မိလား အိမ္ေပၚမွာမရွိလို႔”
“ေအး..ငါလည္းမေတြ႕မိဘူးကြ”
“ဒါဆိုရင္ ႐ြာထိပ္က ကုကၠိဳပင္ေအာက္ေရာက္ေနၿပီနဲ႔ တူတယ္” “ေအး – ဟုတ္လိမ့္မယ္နဲ႔တူတယ္။ ဒီသားေလးတစ္ေယာက္ေတာ့ ခက္ပါတယ္ကြာ။ ကဲပါရွင္ – က်ပ္လိုက္ေခၚလိုက္ပါဦးမယ္-ေတာ္”
“ေအး…ေအး”
ဇနီးသည္ မခင္မိတစ္ေယာက္ ထီးေဆာင္း၍ ႐ြာထိပ္ဘက္ ထြက္သြား ေတာ့ ကိုတိုးေမာင္တစ္ေယာက္ထင္းေပါက္ျခင္းကိုရပ္လိုက္ၿပီး သားေလး အေၾကာင္းကိုေတြးေနမိလိုက္သည္။တစ္ဦးတည္းေသာသားေလးတနဂၤေႏြ
သားေမာင္ေမာင္ေအာင္။
အိမ္ေထာင္သက္(၁၀)ႏွစ္ေက်ာ္မွေမြးလာခဲ့ေသာတစ္ဦးတည္းေသာ
သားကေလးမို႔ လင္မယားႏွစ္ေယာက္စလုံးက အလြန္ခ်စ္ၾကသည္။ မ်က္စိ ေအာက္ကပင္အေပ်ာက္မခံႏိုင္ၾကပါ။စာသင္ေက်ာင္းသို႔ပို႔သည္ကိုပင္မိခင္
ႏွင့္ဖခင္တို႔ကတစ္လွည့္စီႀကိဳၾကပို႔ၾကသည္။ သည္သားေလးေမြးလာမွၿခံပိုင္ အိမ္ပိုင္ႏွင့္ ျဖစ္လာၿပီး စီးပြားေရး ေခ်ာင္လည္လာခဲ့သည္။ ထို႔ေၾကာင့္ သားေလးကိုပို၍ဂ႐ုစိုက္ၾကျခင္း ျဖစ္သည္။
ကိုတိုးေမာင္တို႔ေနထိုင္ေသာ ေဒသက တြံေတးေတာႀကီးတန္း အေနာက္ျခမ္း ေဒသျဖစ္သည္။ ကရင္ႏွင့္ ဗမာလူမ်ိဳးမ်ား ေရာေႏွာ ေနထိုင္ ၾကၿပီးဗုဒၶဘာသာဝင္မ်ားအမ်ားဆုံးျဖစ္ၾကသည္။ ၿခံလုပ္ငန္းကိုအဓိကထား
၍လုပ္ကိုင္ၾကသည္။ကိုတိုးေမာင္လည္းမခင္မိႏွင့္ညားၿပီးဥယ်ာဥ္ၿခံလုပ္ငန္း
ကို လုပ္ကိုင္လာခဲ့ေသာ္လည္းပိုပိုလွ်ံလွ်ံမရွိခဲ့ပါ။ အိမ္ေထာင္သက္(၁၀)ႏွစ္ ေက်ာ္ၿပီ။ သားကေလးကို ေမြးလာေတာ့မွ လုပ္ငန္းကိုင္ငန္းမ်ား အဆင္ေျပ လာၿပီး အိမ္ပိုင္ ၿခံပိုင္ျဖစ္လာခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္ ခက္သည္က သည္သားကေလး-။
မိဘမ်ား ေပးထားေသာ နာမည္ကိုေခၚလွ်င္ လုံးဝမထူး၊ စကားစတင္ ေျပာတတ္သည့္ အ႐ြယ္မွစ၍ သူ႔ကိုယ္သူ “ေက်ာ္ဒင္” ဟုသာေျပာသည္။ မူလတန္းေက်ာင္းတြင္ေက်ာင္းအပ္သည့္အခါသူ႔ဆႏၵအတိုင္းေမာင္ေမာင္ ေအာင္ (ေခၚ) ေက်ာ္ဒင္ဟု စာရင္းသြင္းရသည္။
ေမာင္ေမာင္ေအာင္ဟုေခၚလွ်င္ လုံးဝမထူး။
“သားေလးဟုေခၚလွ်င္ေတာ့ ျပန္ထူးသည္။”
“ေမာင္ေက်ာ္ဒင္ဟု ေခၚလွ်င္ေတာ့ “ဗ်ာ – ဗ်ာ” ဟု ႐ႊန္း႐ႊန္းေဝေအာင္ ထူးေတာ့သည္။ သည္သားကေလးကေမြးကတည္းကထူးျခားသူျဖစ္သည္။ ရင္ဘတ္တြင္ အနာ႐ြတ္ကဲ့သို႔ေသာ အမွတ္ႀကီး (၃)ခုခန႔္ပါသည္။ ဦးေခါင္း တြင္လည္း အမွတ္မ်ားပါသည္။ ငယ္စဥ္က သိပ္မသိသာေသာ္လည္း ယခု ေက်ာင္းထားသည့္အ႐ြယ္သို႔ ေရာက္လာေသာအခါ ညေနေစာင္းလွ်င္
မ်က္ႏွာသိပ္မေကာင္းပါ။ တစ္ခါတစ္ရံ ႐ြာထိပ္ကုကၠိဳပင္ေအာက္သြားၿပီး အေဝးသို႔ေငးေနတတ္သည္။ ယခုလည္း သြားေနျပန္ၿပီ။
ကိုတိုးေမာင္တစ္ေယာက္ သားေလးအေၾကာင္း ေတြးေနစဥ္မွာပင္ မခင္မိတို႔သားအမိႏွစ္ေယာက္ လက္ဆြဲ၍ ႐ြာထိပ္ဘက္ဆီမွ ျပန္လာၾက သည္။ ကိုတိုးေမာင္က သားေလးေမာင္ေမာင္ေအာင္ကို ေျပးေပြ႕ခ်ီလိုက္ၿပီး “သားေလးေမာင္ေမာင္ေအာင္ ဘယ္သြားေနတာလည္းသားေလးရဲ႕”
“က်ဳပ္နာမည္ေမာင္ေမာင္ေအာင္မဟုတ္ဘူးဗ်”ေက်ာ္ဒင္”“ေက်ာ္ဒင္” “ေအးပါ သားရယ္ – သားအခု ဘယ္သြားေနတာလဲ” “က်ဳပ္ ႐ြာဘက္ကို သြားၾကည့္ေနတာ”
ဒီ႐ြာက သား႐ြာ မဟုတ္ဘူးလား။ ဒီ“ေညာင္ကုန္း”႐ြာမွာ သားကိုေမြး တာေလ”
“မဟုတ္ဘူး – က်ဳပ္႐ြာက သာယာကုန္းလို႔ေခၚတယ္။ ဟံသာဝတီ အေနာက္ျခမ္း မုတ္ကြၽန္းတိုက္နယ္ထဲမွာရွိတယ္” “ေတာ္ၿပီဗ်ာ- ဗိုက္ဆာၿပီ ထမင္းစားေတာ့မယ္”
ေျပာေျပာဆိုဆိုေမာင္ေမာင္ေအာင္ကအိမ္ေပၚသို႔ေျပးတက္သြားေတာ့
သည္။ ထိုအခါ လင္မယားႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္ၾကၿပီး
“အစ္ကို သားေလးေျပာတာတကယ္မ်ားဟုတ္ေနသလားမသိဘူး” “ေျပာလို႔ေတာ့ မရေသးဘူးကြ။ ေစာင့္ၾကည့္ၾကေသးတာေပါ့ကြာ” “အေဖနဲ႔ အေမက်ဳပ္ကို ထမင္းထည့္ေကြၽးေတာ့ဗ်ာ” “ေအးပါ သားရယ္ ေအးပါ”
ထိုအခ်ိန္မွစ၍သားျဖစ္သူေမာင္ေမာင္အားလူဝင္စားတစ္ဦးဟုသံသယ
ရွိလာခဲ့ၾကသည္။ သားျဖစ္သူကလည္းထိုအေၾကာင္းမ်ားကိုေျပာခ်င္သည့္ အခါတြင္ေျပာသည္။ သို႔ေသာ္အကုန္မေျပာ။မိဘမ်ားကေခ်ာ့ေမာ့ေမးေသာ္ လည္း ေျပာခ်င္မွ ေျပာသည္။ ဤသို႔ျဖင့္ ကိုတိုးေမာင္ႏွင့္ မခင္မိတို႔တစ္ဦး
တည္းေသာသားေလးေမာင္ေမာင္ေအာင္ကိုအရိပ္တၾကည့္ၾကည့္ျဖင့္ျပဳစု
ေစာင့္ေရွာက္လာခဲ့ၾကသည္။
ဤသို႔ျဖင့္ သားျဖစ္သူေမာင္ေမာင္ေအာင္တစ္ေယာက္အသက္(၁၀) ႏွစ္ျပည့္၍စတုတၳတန္းကိုပင္ေအာင္ခဲ့ၿပီျဖစ္သည္။ပၪၥမတန္းကိုေတာ့႐ြာႏွင့္ ႏွစ္မိုင္ခန႔္ေဝးသည့္မဆယ္ဆိပ္႐ြာအလယ္တန္းေက်ာင္းသို႔သြားတက္ရမည္
ျဖစ္၍ မိဘႏွစ္ပါးက ႀကိဳတင္ျပင္ဆင္ေနသည္။
ပုံမွန္ဆိုလွ်င္အလယ္တန္းကိုမဆယ္ဆိပ္႐ြာတြင္တက္ၿပီးအထက္တန္း ကိုၿမိဳ႕တြင္သြားတက္ၿပီးမိသားစုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္သြားၾကရမည္ျဖစ္
သည္။ သို႔ေသာ္ အတိတ္ဘဝက ကံအေၾကာင္း တရားေတြက ဒီဘဝအထိ ဆက္ၿပီး ပါလာေတာ့
တစ္ညေနၿခံလုပ္ငန္းသိမ္း၍မိသားစုဝိုင္းဖြဲ႕၍ညေနစာစားၿပီးေနာက္
“အေဖနဲ႔အေမ”
“ဘာလည္း သားရဲ႕”
“ကြၽန္ေတာ္ေျပာစရာ စကားနည္းနည္းရွိလို႔ပါ”
“နည္းနည္း မဟုတ္ဘူး မ်ားမ်ားေျပာသား”
“ေျပာပါသားရယ္ အေမတို႔နားေထာင္မယ္”
“ဒီလိုပါအေဖနဲ႔အေမ – ကြၽန္ေတာ့္ရဲ႕အရင္ဘဝကအေၾကာင္းကိုေျပာျပ
ခ်င္လို႔ပါ”
“ဘယ္လိုသားေလးအရင္ဘဝကအေၾကာင္းဟုတ္လား။အေမရင္ေတြ
တုန္လိုက္တာသားရယ္”
“ခင္မိကလည္းကြာ သားေလးေျပာစရာရွိတာ ေျပာပါေစ-ေျပာ သားေလးေျပာ -ေျပာ”
“ကြၽန္ေတာ္က အရင္ဘဝတုန္းကဟံသာဝတီအေနာက္ျခမ္း သာယာ ကုန္း႐ြာက ကိုေက်ာ္ဒင္ဆိုတဲ့လူပါ။ ဖဲသမားေက်ာ္ဒင္ဆိုရင္ လူတိုင္းသိ တယ္”
ကြၽန္ေတာ့္မိဘႏွစ္ပါး ငယ္ငယ္ကတည္းက ဆုံးသြားလို႔ အေဒၚႀကီး တစ္ေယာက္အိမ္မွာေနရတယ္။ သူ႔အိမ္ကကြၽဲေက်ာင္း၊ ႏြားေက်ာင္းကစၿပီး
လယ္ယာလုပ္ငန္းခြင္အားလုံးကိုလုပ္ကိုင္ေပးရတယ္။ တူဆိုေပမယ့္ သားသမီးလို သေဘာထားပါတယ္။
အေဒၚႀကီးကလည္း
ခက္တာကကြၽန္ေတာ္ငယ္ငယ္ေလးကတည္းကဖဲ႐ိုက္တာကိုအလြန္
ဝါသနာပါတယ္။ ႐ြာမွာအသုဘရွိလို႔ ဖဲဝိုင္းရွိရင္ကြၽန္ေတာ္မေရာက္ေရာက္ ေအာင္ သြားၿပီး ၾကည့္တယ္။ ဖဲဆိုတဲ့အသံၾကားရင္ မေနႏိုင္ မထိုင္ႏိုင္ ျဖစ္ရ တယ္။ အ႐ြယ္နည္းနည္းေရာက္လာေတာ့ေဘးကၾကားေပါက္တတ္လာၿပီ။
ကြၽန္ေတာ္ဖဲဝိုင္းသြားတာကိုသိေတာ့အေဒၚႀကီးကဆူတယ္။ ဘယ္လိုဆူဆူ ကြၽန္ေတာ္ကေတာ့ ဖဲဝိုင္းဆိုတဲ့အသံၾကားရင္ ဘယ္လိုမွမေနႏိုင္ဘူး။ ကြၽန္ေတာ္က ဖဲသာ႐ိုက္တာ ဝါသနာပါတာ။ က်န္တဲ့ၾကက္တိုက္တာ တို႔၊ သူမ်ားပစၥည္းခိုးတာတို႔၊မိန္းမေပြတာတို႔ေဆးလိပ္ေသာက္ကြမ္းစားဘာမွ မလုပ္ဘူး။အရက္ေတာင္အိမ္ေထာင္က်ၿပီးမွေသာက္တတ္တာ။ ဖဲ႐ိုက္တာ ကလည္း ကိုယ့္မွာပိုက္ဆံရွိမွ ႐ိုက္တာ။ မရွိရင္ေတာ့ အျပင္မွာရတဲ့အလုပ္ လုပ္ၿပီး ပိုက္ဆံရွာၿပီး႐ိုက္တာ။
အေဒၚႀကီးရဲ႕ပစၥည္းေတြကို ဘာတစ္ခုမွမယူဘူး။ မခိုးဘူး။ ဒါေၾကာင့္ အေဒၚႀကီးကလည္း ဖဲ႐ိုက္လို႔ဆူတာဘဲရွိတာ။ ကြၽန္ေတာ့္ကိုခ်စ္တယ္။ လုပ္ငန္းကိုလည္းစိတ္ခ်ထားတယ္။ ဒါနဲ႔အ႐ြယ္ေရာက္လာေတာ့အေဒၚႀကီး က ကြၽန္ေတာ့္ကို႐ြာထဲက မစိန္ေမဆိုတဲ့အမ်ိဳးသမီးတစ္ေယာက္နဲ႔ အိမ္ေထာင္ခ်ေပးတယ္။ လယ္ (၁၀)ဧကနဲ႔ႏြားတစ္ရွဥ္း လက္ဖြဲ႕တယ္။ အိမ္ ေထာင္က်လို႔ကိုယ့္စီးပြားနဲ႔ကိုယ္ဆိုေျခၿငိမ္သြားမယ္လို႔ထင္တယ္။
အစပိုင္းေတာ့ေျခၿငိမ္သလိုရွိပါရဲ႕ ခဏဘဲ ေနာက္ပိုင္းက်ေတာ့ ထုံးစံ အတိုင္းဖဲမ႐ိုက္ရရင္မေနႏိုင္ပါဘူး။ကြၽန္ေတာ့မိန္းမမစိန္ေမကလည္းလင္ကို
သိပ္ခ်စ္တဲ့မိန္းမ။ ဘာလုပ္လုပ္ဆိုးသည္ေကာင္းသည္မေျပာဘူး။အဲဒီေတာ့ ပိုဆိုးေတာ့တာေပါ့။ မစိန္ေမနဲ႔သားတစ္ေယာက္သမီးတစ္ေယာက္ရတယ္။ သမီးကေလး (၂)ႏွစ္သမီး အ႐ြယ္ေရာက္ေတာ့ အေဒၚႀကီး လက္ဖြဲ႕ထားတဲ့ လယ္(၁၀)ဧကနဲ႔ႏြားႏွစ္ေကာင္မရွိေတာ့ဘူး။ ကြၽန္ေတာ္ဖဲ႐ိုက္ပစ္လိုက္လို႔ကုန္ၿပီ။
ဒီေနရာမွာေျပာစရာတစ္ခုက်န္သြားတယ္။ကြၽန္ေတာ္တို႔မဂၤလာေဆာင္
လက္ဖြဲ႕တဲ့လယ္ဆယ္ဧကကိုေရာင္းရင္ သူ႔ကိုျပန္ေရာင္းရမယ္ဆိုတဲ့ကတိ ေၾကာင့္ ဖဲ႐ိုက္ဖို႔ ပိုက္ဆံမရွိတိုင္း အေဒၚႀကီးဆီမွာ ျပန္ျပန္ေရာင္းတာ။ အေဒၚႀကီးကအကုန္ျပန္ဝယ္ထားတယ္။ ကြၽန္ေတာ့္မိန္းမမစိန္ေမကလည္း ကေလး (၂)ေယာက္နဲ႔ ဆင္းရဲပင္ပန္းစြာ လုပ္ကိုင္စားေနတယ္။ လင္ဆိုး မယားတဖားဖားေပါ့။
လယ္ေတြ ႏြားေတြ ကုန္သြားေတာ့ အေဒၚႀကီးက ကြၽန္ေတာ့္မိန္းမနဲ႔ ကေလးကို မၾကည့္ရက္လို႔ ကုန္စုံဆိုင္ေလး ေထာင္ေပးထားတယ္။ ကြၽန္ေတာ့္ကိုေတာ့ ကုန္စုံဆိုင္ကို မထိရဘူးလို႔ အမိန႔္ေပးထားတယ္။ ကြၽန္ေတာ့္မိန္းမ မစိန္ေမကေတာ့ မေနႏိုင္ပါဘူး။ ကြၽန္ေတာ္ဖဲ႐ိုက္စရာမရွိ လို႔မႈိင္ေနရင္ရွိတာေလးထုတ္ေပးရွာတယ္။ ၾကာေတာ့ဆိုင္ကအရင္းျပဳတ္ သြားေရာအရင္ျပဳတ္ရင္အေဒၚႀကီးကသိသိနဲ႔ျပန္ထုတ္ေပး – ခ်ာလည္လည္
ေနတာပဲ။
ဒါေပမဲ့ – ဖဲသမားဆိုတဲ့ေလာင္းကစားသမားသမားမ်ားဟာ ႏိုင္တာက နည္းနည္းနဲ႔ရႈံးတာက မ်ားမ်ားပါ။ ရႈံးရင္ အိတ္ထဲက အကုန္ပါၿပီ။ႏိုင္ရင္ စားလိုက္ေသာက္လိုက္ ဟိုလူေပးဒီလူ႔ေပးနဲ႔အိမ္ကိုသိပ္ၿပီး ျပန္ပါတယ္ မရွိပါဘူး။ သားႀကီး(၆)ႏွစ္နဲ႔ သမီး (၄)ႏွစ္အ႐ြယ္ေရာက္တဲ့အခါ သူတို႔ တစ္ေတြ ဆင္းဆင္းရဲရဲ ျဖစ္ေနတာကိုၾကည့္ၿပီး အသိတရားတစ္ခ်က္ဝင္ လာခဲ့တယ္။
ငါဒီအတိုင္းဆက္လုပ္ေနေတာ့မွာလား – ဒီအတိုင္းသာ ဆက္သြားေန လို႔ကေတာ့ ငါေရာ ငါ့မိသားစုေရာ လုံးပါးပါးၿပီး ဘဝဆုံးရလိမ့္မယ္။ ဒါမွ
မဟုတ္ ဒီဖဲ႐ိုက္တဲ့အလုပ္ကို ရပ္လိုက္မလား။ ဒါေတာ့ မျဖစ္ႏိုင္ဘူး။ ဖဲနဲ႔ မိသားစုဆိုရင္က်ဳပ္ကမိသားစုကိုစြန႔္မယ့္အေကာင္ ။ေနာက္ဆုံးအျပန္ျပန္
အလွန္လွန္စဥ္းစားၿပီးဖဲ႐ိုက္တာကိုမစြန႔္လႊတ္ႏိုင္တဲ့အတူဖဲ႐ိုက္တဲ့ပညာကို ထူးထူးခြၽန္ခြၽန္ျဖစ္ေအာင္လုပ္ၿပီး ဆက္႐ိုက္မယ္လို႔ ဆုံးျဖတ္လိုက္တယ္။ အဲဒီကိစၥကို တိုင္ပင္ဖို႔အတြက္ သူငယ္ခ်င္းျဖစ္သူ စံေအာင္ဆီကို ထြက္လာခဲ့တယ္။စံေအာင္ကဘုရားလိုလိုတရားလိုလိုလုပ္ေနေပမယ့္သူက ၿမိဳ႕မွာ ဆယ္တန္းအထိေက်ာင္းတက္ခဲ့ဖူးေတာ့အေတြ႕အႀကဳံအၾကားအျမင္ ဗဟုသုတက်ဳပ္တို႔ထက္သာတယ္။က်ဳပ္ေရာက္သြားၿပီးအက်ိဳးအေၾကာင္း
ေျပာျပေတာ့က်ဳပ္သူငယ္ခ်င္းစံေအာင္က-
ဒီလိုရွိတယ္ကြ – ေက်ာ္ဒင္ရ – ဖဲ႐ိုက္တယ္ဆိုတာကကံနဲ႔ကစားတာရွိ တယ္။ ဉာဏ္နဲ႔စားတာရွိတယ္ကြ။ ၿပီးေတာ့ ေအာက္လမ္းနည္း(တစ္နည္း အားျဖင့္ ေမွာ္သြင္းၿပီး) ကစားတာဆိုၿပီး ရွိတယ္ကြ။ ငါၾကားဖူးတာ ေျပာ တာေနာ္။
ကံနဲ႔ကစားတာဆိုတာမင္းအခုကစားေနသလိုေပါ့။ကံဆိုတာအၿမဲတမ္း ေကာင္းေနတာ မဟုတ္ေတာ့ ႏိုင္တာကနည္းၿပီး ရႈံးတာက မ်ားတယ္။ ဉာဏ္နဲ႔ကစားတယ္ဆိုတာက လိမ္ကစားတာေပါ့ကြာ။ လိမ္ပုံလိမ္နည္း ေတြကေတာ့ အမ်ားႀကီးပဲ။ တစ္ေယာက္တည္း ကြၽမ္းက်င္ေအာင္ က်င့္ၿပီး လိမ္သလို အုပ္စုဖြဲ႕ၿပီး လိမ္တာမ်ိဳးေတြေပါ့ အမ်ိဳးမ်ိဳးရွိတယ္။ ဒီကစားနည္း ကလည္း မေကာင္းပါဘူးကြာ။ လိမ္တာေပၚသြားရင္ အႏၲရာယ္ရွိသလို ကိုယ့္ထက္လိမ္တတ္တဲ့လူနဲ႔ေတြ႕ျပန္ရင္လည္း ကိုယ္က ခံရျပန္ေရာ။ ဒါဆိုေနာက္တစ္နည္းကေရာ…။
“ေအး- ေနာက္တစ္နည္းက ေအာက္လမ္းနည္းကို အသုံးျပဳၿပီး ဖဲေမွာ္ သြင္းကစားတဲ့နည္းဖဲေမွာ္သြင္း၍ကစားသည္ဆို၍သူမ်ားေျပာသံၾကားဖူး
တာ”
ဖဲေမွာ္သြင္း၍ ကစားသည္ဆို၍ ကြၽန္ေတာ္ အရမ္းစိတ္ဝင္စား သြားတယ္။
“ေအး… သူငယ္ခ်င္းအဲဒီဖီေမွာ္သြင္းၿပီးကစားတယ္ဆိုတာကိုငါအရမ္း စိတ္ဝင္စားတယ္ကြာ ဘယ္လိုလုပ္ရမလဲ”
“ဟိုဘက္ ေညာင္ပင္သာ႐ြာမွာေတာ့ ဆရာႀကီးတစ္ေယာက္ ေရာက္ ေနတယ္။ ေျပာတယ္။ သူ႔ဆီသြားၿပီး အကူအညီေတာင္းၾကည့္ရင္ေတာ့ အက်ိဳးအေၾကာင္း သိရမယ္ကြ”
“ေကာင္းတယ္ သူငယ္ခ်င္း သြားၾကရေအာင္ မင္းလည္းလိုက္ခဲ့ကြာ” “ေအးပါကြာ.. လိုက္တာေပါ့”
ေျပာေျပာဆိုဆို သူငယ္ခ်င္းႏွစ္ေယာက္ ေညာင္ပင္သာ႐ြာသို႔ ေရာက္ သြားၾကေတာ့သည္။ ဆရာႀကီးတည္းခိုေနေသာအိမ္သို႔ေရာက္ၾကေသာအခါ ဆရာႀကီးျဖစ္ေသာ ဦးရွိန္ကို တည္းခိုရာအိမ္တြင္ အသင့္ေတြ႕လိုက္ရ သည္။
ေညာင္ပင္သာ႐ြာဆိုသည္မွာလည္း ကြၽန္ေတာ္တို႔ေဒသတြင္ နာမည္ ႀကီး႐ြာတစ္႐ြာျဖစ္သည္။ အစြမ္းထက္ေသာ႐ြာသူေပါမ်ားလွသည္။မုန္းလွ်င္ လည္း အႏၲရာယ္ေပးသည္။ ခ်စ္လွ်င္လည္း က်ီစယ္သည္။ အလည္အပတ္ သြား၍ျပန္လွ်င္ဖ်ာႏွင့္ဖင္ကပ္ေန၍မနည္းေတာင္းပန္ၿပီးျပန္ေျပးခဲ့ရသူမ်ား
လည္း ရွိသည္။ ႐ြာရွိအပ်ိဳေခ်ာမ်ားကို အျခား႐ြာမွကာလသားမ်ားက လူပ်ိဳ မလွည့္ရဲသျဖင့္ အခ်င္းခ်င္းအိမ္ေထာင္ျပဳၾကသည္ကမ်ားသည္။ ထို႔သို႔ေသာ႐ြာကို လာေရာက္တည္းခိုေသာ ဆရာႀကီးဦးရွိန္မွာလည္း သာမညေတာ့ မျဖစ္ႏိုင္ေပ။ ဆရာႀကီးႏွင့္ေတြ႕၍အက်ိဳးအေၾကာင္း ေျပာျပ ေသာအခါ ဆရာႀကီးကကြၽန္ေတာ္တို႔ကိုေသခ်ာစြာၾကည့္ၿပီး – ဖဲေမွာ္သြင္းတယ္ဆိုတာကတို႔ေလာကီပညာရပ္မွာရွိပါတယ္။ ဒီပညာ
ကိုရယူခ်င္တယ္ဆိုရင္ –
(၁) စိတ္ခိုင္ရမယ္၊ ေၾကာက္စိတ္မရွိဘူး
(၂) မာန္မတက္ရဘူး
(၃) ဒီပညာကိုရယူၿပီးအသုံးျပဳရင္ျဖစ္ႏိုင္တာကိုပဲေတာင္းဆိုရမယ္။
မျဖစ္ႏိုင္တာကိုမေတာင္းဆိုရဘူး။
“ဟုတ္ကဲ့ပါ ဆရာႀကီး – အဲဒီအခ်က္ (၃)ခ်က္ကိုလည္း ရွင္းျပေပး
နံပါတ္(၁)
စိတ္ခိုင္ရမယ္ဆိုတာကဒီပညာကလျပည့္ေန႔ညသန္းေခါင္ အခ်ိန္သခ်ႋဳင္းကုန္းမွာ ဆိုင္ရာပိုင္ရာေတြကိုခြင့္ေတာင္းဖိတ္ေခၚၿပီးမွယူရ မွာ။ အဖ်က္အဆီးေတြလည္း ရွိတယ္။ စိတ္မခိုင္ရင္ ႐ူးသြားႏိုင္တယ္။ နံပါတ္ (၂) မာန္မတက္ရဘူးဆိုတာ ကိုယ္နဲ႔ကစားေနတဲ့ဝိုင္းထဲက တစ္ေယာက္ေယာက္က သိပ္ေကာင္းလို႔ ဖဲသိပ္ေကာင္းေနၿပီဆိုရင္ သြား မၿပိဳင္နဲ႔ လႊတ္ေပးလိုက္ပါ။ ကံသိပ္ထလာရင္ ပညာက ဘယ္လိုမွမႏိုင္ဘူး။ နံပါတ္(၃)ဖဲကစားေနၿပီဆိုရင္မျဖစ္ႏိုင္တာကိုမေတာင္းပါနဲ႔။ေယဘုယ် သေဘာပဲ ေတာင္းပါ။ ဖဲထုပ္ထဲမွ ကဏန္းတစ္မ်ိဳးကို (၄)ခ်ပ္ပဲရွိပါတယ္ ေလ။ အဲဒါကို ဝိုင္းထဲမွာ ေလးခ်ပ္စလုံးခင္းၿပီးထားရင္ အဲဒီဖဲကို မေတာင္းမိ ပါေစနဲ႔။ ေတာင္းမိရင္ တစ္ငါးလုံးျဖစ္သြားၿပီ။ မင္းကိုဝိုင္းထဲက လူေတြ မယုံ ၾကည္ျဖစ္ၿပီး အသက္အႏၲရာယ္ပါရွိလာႏိုင္တယ္”
“ငါေျပာတာ သေဘာေပါက္ရဲ႕လား”
“ဟုတ္ကဲ့ … သေဘာေပါက္ပါတယ္ ဆရာႀကီး” “ဒီပညာကိုယူမွာက မင္းတို႔ႏွစ္ေယာက္စလုံးလား” “မဟုတ္ပါဘူး ဒီေကာင္ ေက်ာ္ဒင္ပါ”
“ဟုတ္ပါတယ္… ဆရာႀကီး ကြၽန္ေတာ္တစ္ေယာက္တည္းယူမွာပါ” “ေကာင္းၿပီ – ဒါဆို ဒီလျပည့္ေန႔မတိုင္မီ မင္းတို႔႐ြာကို လာခဲ့မယ္။
လျပည့္ေန႔ညက်မင္းတို႔႐ြာသုသာန္မွာပညာယူၾကတာေပါ့။ ေရာ့ – ဒီစာ႐ြက္ ထဲကအတိုင္း အဲဒီေန႔က်ရင္ အသင့္ျပင္ထားလိုက္ပါ”
“ဟုတ္ကဲ့ပါ ဆရာႀကီး ကြၽန္ေတာ္တို႔ကို ျပန္ခြင့္ျပဳပါဦး” “ေအး…ေအး … ေကာင္းပါၿပီ”
လျပည့္ေန႔သို႔ ေရာက္ေသာအခါ ေအာက္လမ္းဆရာႀကီးဦးရွိန္႐ြာသို႔ အေရာက္လာခဲ့သည္။ ဆရာႀကီးႏွင့္ စီစဥ္စရာရွိသည္မ်ားကိုစီစဥ္ၾကသည္။ ကြၽန္ေတာ္တို႔ ဖဲေမွာ္သြင္း၍ပညာယူမည့္အေၾကာင္းကိုမည္သူ႔မွမေျပာဘဲလွ်ိဳ႕ဝွက္ထားသည္။ သူငယ္ခ်င္းစံေအာင္ကလည္းမည္သူ႔မွ်မေျပာရန္ပိတ္ ပင္ထားခဲ့သည္။
လျပည့္ေန႔ည (၁၁)နာရီခန႔္အေရာက္တြင္ ကြၽန္ေတာ္ႏွင့္ဆရာႀကီး ဦးရွိန္တို႔႐ြာအေနာက္ရွိ သခ်ႋဳင္းတစ္ခုလုံးကို ဖုံးအုပ္ထားသည္မွာ ေၾကာက္ တတ္သူမ်ားအဖို႔ ေက်ာခ်မ္းစရာပင္ ျဖစ္သည္။ ထို႔ျပင္ တစ္ခါတစ္ရံဆြဲဆြဲ ငင္ငင္အူလိုက္ေသာေခြးအူသံမ်ားကလည္းပို၍စိတ္အားငယ္ရန္ဖန္တီးေနသကဲ့သို႔ ျဖစ္သည္။
သခ်ႋဳင္းသို႔ေရာက္ေသာအခါ သင့္ေတာ္ရာေနရာတြင္ သခ်ႋဳင္းေစာင့္
ပရေလာကသားအတြက္ၾကက္သားဟင္း၊ မုန႔္စသည္တို႔ကို တစ္ပြဲ ျပင္၍ပသလိုက္သည္။ ထို႔ေနာက္ ဖဲေမွာ္ႏွင့္ ပတ္သက္၍ ဆိုင္ရာပိုင္ရာမ်ား အတြက္ကန္ေတာ့ပြဲ၊ထမင္းႏွင့္အမဲသားဟင္း၊အရက္၊ေဆးလိပ္၊ကြမ္းယာ စသည္တို႔ကို ျပင္ဆင္လိုက္သည္။ ေျမပုံမ်ားၾကား ေျမကြက္လပ္တြင္ ဆရာႀကီးက စည္းဝိုင္းထားလိုက္သည္။
ထို႔ေနာက္ ဆရာႀကီးကကြၽန္ေတာ့္အားဘာပဲေတြ႕ေတြ႕ မေၾကာက္ရန္၊ ထြက္မေျပးရန္ အတန္တန္မွာၾကားသည္။ ကြၽန္ေတာ္ကလည္း မထူးဇာတ္ ခင္းေနသူျဖစ္၍ေသခါမွေသေရာ။ ျဖစ္ခ်င္ရာျဖစ္သေဘာထားသူျဖစ္သျဖင့္ ဆရာႀကီးမွာၾကားသည့္အတိုင္းလုပ္ရန္ ဆုံးျဖတ္ထားသည္။ ည(၁၂)နာရီထိုးသည္ႏွင့္စည္းဝိုင္းအလယ္တြင္ ခုံတစ္လုံးခ်၍ဖဲထုပ္ တစ္ထုပ္ကို တင္ထားလိုက္သည္။ ကြၽန္ေတာ့္အားခုံကိုမ်က္ႏွာျပဳ၍ထိုင္ခိုင္း ၿပီး ပါးစပ္ကို ဟထားေစသည္။ ထို႔ေနာက္ ကြၽန္ေတာ့္ေခါင္းကို ဆရာႀကီးက လက္ဝါးျဖင့္ အုပ္၍ ဂါထာမႏၲရားမ်ားကို မာန္ထန္ထန္ႏွင့္ ႐ြတ္ေတာ့သည္။ တစ္ခါတစ္ရံေျမကို ဖေနာင့္ျဖင့္ ေပါက္၍ႀကိမ္းဝါးသည္။
နာရီဝက္ခန႔္အၾကာတြင္ သခ်ႋဳင္းကုန္းမွ သစ္ပင္ႀကီးမ်ားေလမတိုက္ပါ ဘဲႏွင့္ဘယ္ညာယိမ္းလာၾကသည္။ထို႔ေနာက္မည္းမည္းအရိပ္သဏၭာန္မ်ား စည္းဝိုင္းပတ္ခ်ာလည္တြင္ စုၿပဳံေရာက္ရွိလာၾကၿပီး
ထိုအခ်ိန္မွာပင္အေနာက္အရပ္မွစူးရွေသာအလင္းတန္းတစ္ခုသခ်ႋဳင္း
အတြင္းသို႔ ဝင္ေရာက္လာသည္။ ထိုအလင္းတန္းသည္ စည္းဝိုင္းဆီသို႔ ေရာက္လာၿပီးစည္းဝိုင္းအနားသို႔ေရာက္ေသာအခါအျပင္သို႔ျပန္ထြက္သြား သည္။ ေခတၱအၾကာ ထိုအလင္းတန္း ျပန္ေပၚလာၿပီး စည္းဝိုင္းအတြင္းသို႔ ဝင္ရန္ ႀကိဳးစားေနပုံရသည္။ အနားသို႔ေရာက္ေသာအခါ ယခင္အတိုင္း ျပန္လည္ထြက္သြားျပန္သည္။အလင္းတန္းထြက္ေပၚလာသည္ႏွင့္ဆရာႀကီး က ကြၽန္ေတာ့္အား မေၾကာက္ရန္ႏွင့္ ပါးစပ္ကိုဟထားရန္ သတိေပးသလို သူကိုယ္တိုင္ကလည္း ဂါထာမႏၲရားမ်ားကို႐ြတ္ဆိုေနသည္။
“ဟဲ့ … အေႏွာင့္အယွက္ေတြ ဖယ္စမ္း။ ဆိုင္ရာပိုင္ရာေတြ စည္းဝိုင္း အတြင္းမဝင္ႏိုင္ေအာင္ ကူညီစမ္း – ငါ့ဆရာအမိန႔္ကြ”
“ျဖန္း”
လက္ထဲတြင္ကိုင္ထားေသာႀကိမ္လုံးျဖင့္ေျမျပင္ကို႐ိုက္ခ်လိုက္ေသာ အခါအလင္းတန္းတစ္ခုသည္စည္းဝိုင္းအတြင္းသို႔တိုးဝင္လာၿပီးခုံေပၚတြင္ ခ်ထားေသာ ဖဲထုပ္ေပၚသို႔ က်ေရာက္သြားေတာ့သည္။ ကြၽန္ေတာ္သည္ ပါးစပ္ဟလ်က္သားႏွင့္ မွင္တတ္မိေနသလို ျဖစ္ေနသည္။
“လူေလး ေမာင္ေက်ာ္ဒင္ထ – ထ”
မ်က္ႏွာေပၚသို႔ ေရတစ္ခြက္ေလာင္းခ်ၿပီး ဆရာႀကီးက သတိေပးလိုက္ ေတာ့မွ ကြၽန္ေတာ္သတိျပန္ရလာၿပီး ထထိုင္လိုက္သည္။
“ဆရာႀကီး … ကြၽန္ေတာ္တို႔ဟို – ဟို” “ဟုတ္တယ္လူေလးကို..ဖဲေမွာ္သြင္းတာ ေအာင္ျမင္သြားၿပီ”
“ဗ်ာ.. ဟုတ္လား – ဆရာႀကီး”
“ကဲ – လူေလးပညာကိုစမ္းၾကည့္ရေအာင္ ကဲဟို – ဖဲထုပ္ထဲကဖဲ႐ြက္ တစ္႐ြက္ယူၿပီးလူေလးႀကိဳက္တာေခၚ႐ိုက္ၾကည့္စမ္း”
ၿပီး –
ကြၽန္ေတာ္ကလည္းေမွာက္ေနေသာဖဲထုပ္မွဖဲတစ္ခ်ပ္ကိုဆြဲယူလိုက္
“ကဲ – ဒိုင္းမြန္း ခုနစ္ကြာ”
–
“ျဖန္း”
ေျပာေျပာဆိုဆို႐ိုက္ခ်လိုက္ရာအံ့အားသင့္စြာပင္လက္ထဲဒိုင္းမြန္းခုနစ္
ဖဲ ေရာက္လာ၍ အမ်ိဳးမ်ိဳး စမ္းသပ္ၾကည့္ရာေခၚသည့္ဖဲအတိုင္း ျဖစ္ေန သည္ကိုေတြ႕လိုက္ရသျဖင့္အလြန္ဝမ္းသာသြားခဲ့သည္။ ဆရာႀကီးကိုလည္း
ထိုင္၍ကန္ေတာ့လိုက္သည္။
“ေအး … ေအး ငါ့တပည့္ ဒီပညာနဲ႔ လုပ္စားေတာ့မယ္ဆိုရင္ ဆရာႀကီး မွာခဲ့တဲ့ အခ်က္သုံးခ်က္ကို အၿမဲသတိရၿပီး လိုက္နာပါ။ အဲဒီအခ်က္ေတြကို ေဖာက္ဖ်က္ရင္ေတာ့မင္းအေသဆိုးနဲ႔ေသရလိမ့္မယ္။” “ဟုတ္ကဲ့ပါ ဆရာႀကီး- ကြၽန္ေတာ္လိုက္နာပါ့မယ္” “ေအး..ေအးကဲ -လာလာ ျပန္ၾကရေအာင္”
ဤသို႔ျဖင့္ ကြၽန္ေတာ္ႏွင့္ ဆရာႀကီးသခ်ႋဳင္းကုန္းမွ ျပန္လာခဲ့ၾကသည္။ “ကဲ – လိုခ်င္လြန္းလွတဲ့ဖဲေမွာ္ေတာ့ရလာခဲ့ၿပီ။ကဲ-ဒီေန႔ကစၿပီးေတြ႕ၾကၿပီ ေပါ့ကြာ”
အဲဒီလိုပဲ ကြၽန္ေတာ္နယ္တကာလွည့္ၿပီးဖဲ႐ိုက္ေတာ့တယ္။ ႐ိုက္တိုင္း လည္း ဆရာႀကီးမွာတဲ့မာန္မတက္နဲ႔၊ မျဖစ္ႏိုင္တာမေတာင္းနဲ႔ဆိုတဲ့စကား ကိုလိုက္နာၿပီးကစားခဲ့တယ္။ ကစားတိုင္းလည္းႏိုင္ခဲ့တယ္။ ဒီတစ္ခါေတာ့ ရတဲ့ပိုက္ဆံကိုသုံးျဖဳန္းမပစ္ဘဲစုေဆာင္းထားခဲ့တယ္။မိန္းမနဲ႔သားသမီးေတြ ဆီ (၃)လ (၄)လေလာက္ေနၿပီးမွ တစ္ေခါက္ျပန္တယ္။ စားဖို႔ေသာက္ဖို႔ ေလာက္ပဲေပးကမ္းခဲ့တယ္။
ကြၽန္ေတာ္မေပးလည္း ကြၽန္ေတာ့မိန္းမစိန္ေမက ဘာမွ မေျပာဘူး။ သူတို႔ဘာသာပဲ လုပ္စားၾကတယ္။ တစ္ႏွစ္ေလာက္ၾကာေတာ့ ကြၽန္ေတာ့္ နယ္မွာ ဖဲ႐ိုက္စားလို႔ မရေတာ့ဘူး။ ကြၽန္ေတာ္ပါရင္ ဘယ္သူမွ မကစားၾက ေတာ့ဘူး။ဒါေၾကာင့္ကြၽန္ေတာ္ကဖဲ႐ိုက္ဖို႔နယ္သစ္ရွာရတယ္။ ေနရာေဒသ
အႏွံ႔သြားၿပီး ဖဲ႐ိုက္ရတယ္။
ေဒသအႏွံ႔သြားၿပီး လူမ်ိဳးေပါင္းစုံနဲ႔ေတြ႕ရေတာ့ အရင္က ျဖတ္ထားတဲ့ အရက္ကိုလည္းျပန္ေသာက္မိလာတယ္။လူကလည္းအေတာ္ေလးပိုက္ဆံ ရွိလာေတာ့ ေအာက္ေျခက လြတ္ခ်င္လာတယ္။ ကြၽန္ေတာ့္ေဘးမွာလည္း ေပးေကြၽးထားတဲ့ လူမိုက္ေယာင္ေယာင္ တပည့္ကလည္း (၃)ေယာက္ ေလာက္အၿမဲပါတယ္။ မပါလည္းကြၽန္ေတာ္ကဂ႐ုမစိုက္ပါဘူး။ ငယ္ငယ္က တည္းက ခပ္ေပေပအျပင္ ျမန္မာ့သိုင္းကိုလည္း ကြၽမ္းက်င္သည္အထိ
သင္ထားခဲ့တာကိုး။
ဒီလိုနဲ႔ သုံးႏွစ္ေလာက္ၾကာေတာ့အကုသိုလ္ကံကအက်ိဳးေပးခ်ိန္တန္ လာၿပီေလ။တစ္ေန႔ေတာ့ဖဲသမားစိန္လင္းတစ္ေယာက္ကြၽန္ေတာ္တည္းေန
တဲ့ေနရာကိုလာၿပီး –
“သူငယ္ခ်င္းေက်ာ္ဒင္” – ငါဝိုင္းႀကီးဝိုင္းေကာင္းေတြ႕ထားလို႔ကြ” “ဟုတ္လား … သူငယ္ခ်င္း ဘယ္မွာလဲ”
“ဟိုကြာ – က်ိဳက္ေထာ္ေတာင္ပိုင္းကအသုဘအိမ္မွာကြ။ပိုက္ဆံကိုေဖြး ေနတာဘဲ သူငယ္ခ်င္းဆို သဲ့ယူ႐ုံပဲ”
“လုပ္လိုက္ကြ – ဒါမ်ိဳးမွ ေက်ာ္ဒင္တို႔က သေဘာက်တာ”
“သူငယ္ခ်င္း – ငါ့ကိုဟို ဟိုကြာ”
“ဘာလည္းရတယ္။ မင္းအရက္ေသာက္ခ်င္လို႔မဟုတ္လား။ငါ့မွာၿမိဳ႕က ဝယ္လာတဲ့ ရမ္ရွိတယ္။ ကဲ – ေရာ့ ခ်ကြာ” “မင္းလည္း ခ်ေလကြာ” “ေအးပါခ်တာေပါ့”
ႏွစ္ေယာက္သား ရမ္တစ္လုံးကိုေသာက္၍ က်ိဳက္ေထာ္႐ြာဘက္သို႔ ထြက္ခဲ့ၾကသည္။ ျဖစ္ခ်င္ေတာ့ ကြၽန္ေတာ္ႏွင့္တပည့္တစ္ဦးသာ ပါလာခဲ့ သည္။ ကိစၥမရွိပါ။ ဒါမ်ိဳးေတြကကြၽန္ေတာ့အဖို႔႐ိုးေနၿပီပဲကိုး။ အသုဘအိမ္ေရာက္ေတာ့ ဖဲဝိုင္းေလးငါးဝိုင္းခန႔္ကိုေတြ႕လိုက္ရသည္။
ကြၽန္ေတာ္လည္းခပ္ေထြေထြႏွင့္ေၾကးအႀကီးဆုံးဝိုင္းအနားသို႔ကပ္သြားၿပီး “ကဲ – ဒီဝိုင္းမွာ ကြၽန္ေတာ္ဒိုင္လုပ္မယ္ဗ်ာ။ ႀကိဳက္သေလာက္ထိုး” ေျပာေျပာဆိုဆိုေငြထုပ္ကိုပါထုတ္ျပလိုက္သည္။ေငြမ်ားမ်ားျမင္ေတာ့ ဒိုင္ဝင္ထိုင္လိုက္သည္။ သူငယ္ခ်င္းျဖစ္သူစိန္လင္းကအေလွ်ာ္အစားေနရာ မွ ဝင္ထိုင္သည္။ ကြၽန္ေတာ္က ဖဲထုပ္ကို ေကာက္ကိုင္ကာ ကုလားဖန္ထိုး ၿပီးတစ္ခ်ပ္စီေဝလိုက္သည္။
ကဲ – ကဲ ႀကိဳက္သလိုထိုး အပယ္မရွိဘူး” “ကဲ – ကဲ – လက္ေရွာင္ကဲကြာ”
“ျဖန္း”
“ကိုး –
း “ဟာ- ဒိုင္ – ကိုးကြ”
“ဟာ – ေသေရာကြာ ရွစ္နဲ႔ခံရတယ္။” “ဘာထူးလဲကြာ ဒီမွာ ခုနစ္နဲ႔”
ကြၽန္ေတာ္ကဝိုင္းထဲတြင္ထိုးထားေသာေငြနည္းပါကအပြင့္ကိုလွ်ိဳထား ၿပီးအေလွ်ာ္ေပးလိုက္သည္။ထိုးထားေငြမ်ားပါကအပြင့္ကိုအႀကီးေခၚေတာင္း
ၿပီး စားလိုက္သည္။ ဤသို႔ျဖင့္ တစ္နာရီခန႔္ၾကာေသာအခါ ေငြအေတာ္ မ်ားမ်ား ႏိုင္ေနၿပီျဖစ္သည္။
သို႔ေသာ္ ထိုေန႔က ဖဲဝိုင္းတြင္ လက္ခလယ္အိမ္တစ္အိမ္မွာ ထူးထူး ျခားျခားဖဲေကာင္းေနသည္။ရွစ္၊ကိုး၊ကုလားသုံးေကာင္စသည္ျဖင့္အၿမဲတမ္း က်ေနသည္။ ကြၽန္ေတာ္ကလည္းေသာက္ထားသည့္အရက္ရွိန္ႏွင့္ စိတ္ထဲ မွာမခံခ်င္ျဖစ္လာသည္။ သူကလည္းဖဲကိုေနာက္ဆုံးမွလွန္သည္။ သုံးႀကိမ္ တြင္ ႏွစ္ႀကိမ္ေလာက္ အၿမဲရႈံးေနသည္။
ဖဲလိမ္႐ိုက္သည္လည္းမဟုတ္။ ဖဲထုပ္ကိုကိုင္ပင္မကိုင္။ ေဝေပးေသာ ဖဲကိုသာလွ်င္လွန္ျခင္းျဖစ္သည္။ ပထမပိုင္းတြင္ ဆရာႀကီး၏မာန္မတက္ႏွင့္ ဆိုေသာ စကားကို လိုက္နာႏိုင္ေသာ္လည္း ေသာက္ထားသည့္ အရက္ရွိန္ ႏွင့္မခံခ်င္စိတ္တို႔ေပါင္းစပ္လာေသာအခါမ်က္စိထဲတြင္ဘာမွမျမင္ေတာ့ပါ။ ဝိုင္းထဲတြင္လည္းသူႏွင့္ကြၽန္ေတာ္ႏွစ္အိမ္ထဲကစားေနရသလိုျဖစ္ေနသည္။
ကြၽန္ေတာ္ကပင္ စတင္၍ –
“ကဲ – သူငယ္ခ်င္းမင္းနဲ႔ငါနဲ႔ႏွစ္ေယာက္ပဲ က်န္ေတာ့တယ္။ အဲဒီေတာ့ မင္းရွိတဲ့ေငြကိုတို႔တစ္လက္ထဲ ျဖတ္မယ္။ ျဖစ္လား”
“ျဖစ္တယ္ သူငယ္ခ်င္း – ႀကိဳက္သလိုလုပ္”
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အေျခအေနကို ေစာင့္ၾကည့္ေနေသာ လူအုပ္ႀကီးမွာလည္း ေဘးတြင္ အုံခဲေနေတာ့သည္။ အသုဘအိမ္တြင္ ရွိ သည့္ အျခားဝိုင္းမွဖဲသမားအားလုံးသည္လည္း ကြၽန္ေတာ္တို႔ ဝိုင္းသို႔သာ
အာ႐ုံစိုက္ေနေတာ့သည္။
ကြၽန္ေတာ့္၏ေဒါသႏွင့္မခံခ်င္စိတ္တို႔ေၾကာင့္ ဆရာႀကီး၏မိန႔္မွာခ်က္ ျဖစ္ေသာ“လူတစ္ေယာက္ သိပ္ကံေကာင္းေနရင္ပညာက ဘယ္လိုမွမႏိုင္ ေတာ့ဘူး သြားမၿပိဳင္ပါနဲ႔” ဟူေသာစကားကို လုံးဝ အမွတ္မရေတာ့ပါ။ “ကဲ – သူငယ္ခ်င္း စမယ္ေနာ္”
“ရတယ္ … သူငယ္ခ်င္းစ”
ကြၽန္ေတာ္က
သူေငြႏွင့္ကြၽန္ေတာ့္ေငြကိုအခ်ိဳးက်ေပါင္းစပ္ၿပီးအလယ္
ေကာင္တြင္ ထားၿပီး ဖဲသုံးခ်ပ္စီ ေဝလိုက္သည္။ ထို႔ေနာက္-
“ကဲ – သူငယ္ခ်င္း မင္းဖဲကိုလွန္”
ကြၽန္ေတာ္ကေျပာလိုက္သျဖင့္ ထိုသူက သူ႔ဖဲသုံးခ်ပ္ကိုဖ်ာေပၚလွန္ခ်
လိုက္ရာ –
“ဟာ”
“တစ္သုံးလုံးကြ တစ္သုံးလုံး”
“ေဟး -ေဖ်ာင္း-ေဖ်ာင္း-ေဖ်ာင္း”
“ႏိုင္ၿပီကြ ႏိုင္ၿပီ ကဲ – တစ္႐ြာသား ဘာတတ္ႏိုင္ေသးလဲ” ကြၽန္ေတာ့္မ်က္စိထဲတြင္ ဘာမွမျမင္ေတာ့ပါ။ေဒါသႏွင့္မခံခ်င္စိတ္က
အထြတ္အထိပ္ေရာက္ရွိသြားၿပီးျဖစ္သည္။ဆရာႀကီးတင္မကဘယ္သူ႔အမွာ စကားမွလည္း မသိေတာ့ဘဲ ေဒါသအေလွ်ာက္လုပ္မိလုပ္ရာ လုပ္ခ်လိုက္ ေတာ့သည္တြင္ တစ္သုံးလုံးကိုႏိုင္သည့္ဖဲက လုံးဝမရွိေတာ့သည္ကို ကိုးမီးဖဲသုံးခ်ပ္ကို လက္ထဲတြင္ ႐ိုက္ခ်လိုက္ၿပီး –
“ျဖန္း”
“တစ္သုံးလုံးထက္ႀကီးတဲ့ မင္းအဘ ဆင္သုံးေကာင္ကြ”
“ဟာ”
“ဟင္”
“အလိုဗ်ာ”
“လက္ထဲမွ ဖဲခ်ပ္မ်ားကို ၾကည့္၍ ကြၽန္ေတာ္ ၾကက္ေသေသသြားခဲ့ သည္။ ဖဲခ်ပ္သုံးခ်ပ္အလယ္တြင္ ဖဲပြင့္မ်ား မရွိဘဲ ဆင္႐ုပ္ႀကီးမ်ားက ဖဲခ်ပ္ တစ္ခ်ပ္လွ်င္တစ္႐ုပ္၊ေပါင္းသုံးေကာင္။ ဖဲခ်ပ္မ်ားတြင္ ဆင္႐ုပ္ပါေသာဖဲခ်ပ္ဆိုတာ မရွိပါ။ ဝိုင္းၾကည့္ေနေသာ လူအုပ္ႀကီးက ေခတၱမွင္သက္ေနၿပီး ေနာက္-
“ဟာ.. ဒီလူဖဲလိမ္႐ိုက္တာကြ” “ဟုတ္တယ္ – လူလိမ္ကြ” “ခ်ကြာ … ခ် သတ္ပစ္” “ဟုတ္တယ္ခ်ကြာ- ကဲကြာ” “ေျဖာင္း” ဒုတ္ ဒုတ္–”
လူအုပ္ႀကီးထံမွေဒါသမ်ားသည္ ကြၽန္ေတာ့္ထံသို႔ေရာက္ရွိလာခဲ့ေတာ့ သည္။ အေျခအေနကို ရိပ္မိေသာ စံလင္းႏွင့္ ကြၽန္ေတာ့္တပည့္တစ္ဦးက ေတာ့ဘယ္အခ်ိန္ကလစ္သြားသည္မသိ။လူအုပ္ႀကီး၏တုတ္၊ ဓားခ်က္မ်ား ေၾကာင့္ေနရာမွပင္မထႏိုင္ေတာ့ဘဲအသက္ႏွင့္ခႏၶာကိုယ္ကင္းလြတ္သြား
ခဲ့ရေတာ့သည္။
“ဟင္ – ဒါဆို ဟို လြန္ခဲ့တဲ့ (၁၀)ႏွစ္ေက်ာ္ေလာက္က က်ိဳက္ေထာ္က ဖဲဝိုင္းမွာဝိုင္းဒိုင္ခံလို႔ေသသြားတဲ့ဖဲသမားေက်ာ္ဒင္ဆိုတာလူေလးေပါ့” “ဟုတ္တယ္ အေမ – ကြၽန္ေတာ္ပဲ ကြၽန္ေတာ္ဝိညာဥ္ဘဝနဲ႔ ေလွ်ာက္သြားေနတုန္းအေမလာတာကိုျမင္ေတာ့အေမနဲ႔ေနရေအာင္ဆိုၿပီး
လိုက္လာတာ”
“ဒါေၾကာင့္ဒီဘဝမွာအေဖတို႔အေမတို႔သားေမာင္ေမာင္ေအာင္ျဖစ္ေန
တာေပါ့”
“သားက ဒါဆိုဟိုဘဝက အေၾကာင္းေတြ အကုန္မွတ္မိေနတာေပါ့” “ဒါေပါ့ အေမရ- သာယာကုန္း႐ြာက ကြၽန္ေတာ့္မိန္းမ စိန္ေမေရာ သားေရာ သမီးေရာ အားလုံးကို မွတ္မိေနတယ္။ ေတြ႕လည္းေတြ႕ခ်င္တယ္ အေမရာ။ ကြၽန္ေတာ့္ကိုလိုက္ပို႔စမ္းပါ”
“ေအးပါ … သားရယ္ အေမတို႔ ဒီ ၿခံလုပ္ငန္းေလး လက္စသတ္ရင္ လိုက္ပို႔ပါ့မယ္”
“တကယ္ေနာ္…အေမ” “တကယ္ေပါ့ သားရဲ႕” “ေဟး- ဟုတ္ၿပီကြ”
ေနာက္ႏွစ္ပတ္ခန႔္အၾကာတြင္ဦးတိုးေမာင္ႏွင့္မခင္မိတို႔သည္သားေလး
ေမာင္ေမာင္ေအာင္ကို ေခၚေဆာင္၍ ဟံသာဝတီအေနာက္ျခမ္း မုတ္ကြၽန္း တိုက္နယ္ရွိ သာယာကုန္း႐ြာသို႔ ေရာက္ရွိလာခဲ့ၾကေတာ့သည္။ ႐ြာလယ္ရွိ
ၿခံတစ္ၿခံေရွ႕သို႔
ေရာက္ေသာအခါတံခါးကိုဖြင့္၍ဝင္သြားၿပီး-
“စိန္ေမေရ….ေဟ့စိန္ေမ”
“စိန္ေမေရ … ေခၚေနတာမၾကားဘူးလားဟ” “လာၿပီ…လာၿပီ”
ျပန္ထူးသံႏွင့္အတူ အသက္ (၄၅)ခန႔္ အမ်ိဳးသမီးႀကီးတစ္ေယာက္ ထြက္လာသည္။ အိမ္ေရွ႕တြင္ အသက္ (၁၀)ႏွစ္အ႐ြယ္ကေလးတစ္ဦးကို ေတြ႕လိုက္ရသည့္အျပင္ ၿခံဝ၌လည္း အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ ဦးကိုေတြ႕လိုက္ရသျဖင့္ ဇေဝဇဝါျဖစ္ကာ-
“ဘယ္သူကိုေတြ႕ခ်င္လို႔လည္း ခုနကစိန္ေမလို႔ေခၚလိုက္သလားလို႔”
“ဟုတ္တယ္ေလငါေခၚတာနင္ငါ့ကိုေတာင္မမွတ္မိေတာ့ဘူးလား”
“ေနပါဦး၊ မင္းက ဘယ္သူလည္း မင္းအသက္အ႐ြယ္နဲ ငါ့ကို စိန္ေမလို႔ ေခၚရေလာက္ေအာင္”
“ဟဲ့…စိန္ေမရဲ႕ငါကနင့္ေယာက္်ားေက်ာ္ဒင္ေလ-ဖဲသမားေက်ာ္ဒင္ေပါ့။
ဘာလည္း မမွတ္မိေတာ့ဘူးလား”
ကြယ္လြန္သြားေသာ လင္ျဖစ္သူေက်ာ္ဒင္ဟူေသာ အသံေၾကာင့္ ေဒၚစိန္ေမ မ်က္လုံးျပဴးသြားၿပီး ေမာင္ေမာင္ေအာင္ကို စူးစိုက္၍ ၾကည့္ေန လိုက္သည္။ ထိုအခါၿခံဝတြင္ရပ္ေနေသာကိုတိုးေမာင္ႏွင့္မခင္မိတို႔ဝင္လာ ၿပီးဒီလိုပါအစ္မႀကီးဟုအစခ်ီၿပီးေမာင္ေမာင္ေအာင္အေၾကာင္းကိုအစအဆုံး
ျပန္ေျပာလိုက္သည္။
ထို႔ျပင္ေမာင္ေမာင္ေအာင္ကလည္းဖဲသမားေက်ာ္ဒင္ဘဝကဝတ္ဆင္
ခဲ့ေသာ အဝတ္အစားမ်ား၊ ႏြားမ်ား၏ အမည္၊ အေရာင္၊ လယ္ကြက္အေန
အထား မက်န္ အလုံးစုံ ေျပာျပလိုက္ေသာအခါေဒၚစိန္ေမမွာယုံၾကည္သြား
ၿပီးေမာင္ေမာင္ေအာင္ကိုဖက္၍ခ်ဳံးပြဲခ်ငိုေႂကြးေတာ့သည္။ တစ္ဆင့္စကား တစ္ဆင့္နားျဖင့္ တစ္႐ြာလုံး ေရာက္ရွိလာၾကၿပီး ေမးျမန္း စုံစမ္းၾကရာ တစ္ၿခံလုံးအုန္းအုန္းထေနေတာ့သည္။
ထိုအခ်ိန္တြင္ အသက္ (၅၀)ခန႔္လူႀကီးတစ္ေယာက္ ေရွ႕သို႔ တိုးထြက္ လာၿပီး-
ကဲ -ကဲ – ကေလးမင္းကဖဲသမားေက်ာ္ဒင္ဆိုရင္ငါကိုေကာ သိလား ေျပာစမ္း”
“ေအာင္မာ – စိန္လင္းရာ – မင္းကိုမသိတာမွတ္လို႔မင္းလာေခၚလို႔က်ိဳက္ ေထာက္ဖဲဝိုင္းလိုက္လို႔ ငါေသခဲ့ရတာေလ” “ေအးပါ…သူငယ္ခ်င္းရယ္အဲဒီအတြက္ငါလည္းအခုထိစိတ္မေကာင္း
ျဖစ္ေနတာပါ။
အခုေရာ မင္း အရင္လို ဖဲ႐ိုက္တုန္းဘဲလား” “မ႐ိုက္ေတာ့ပါဘူးကြ ဘုရားလူႀကီးလုပ္ေနတယ္” “ေအး…ေအးေကာင္းတယ္”
“ကဲ – ဒါဆိုဒီက ႏွစ္ေယာက္ကေရာ ဘယ္သူေတြလဲ” ဦးစိန္လင္းက အသက္ (၂၀)ခန႔္ရွိ လူ႐ြယ္တစ္ဦးႏွင့္ (၁၈)ႏွစ္ခန႔္ရွိ မိန္းကေလးတစ္ဦးကို ျပ၍ေမးလိုက္သည္။ “သား…သမီး….အေဖေလမင္းတို႔အေဖ ေက်ာ္ဒင္ေလ”
လူ႐ြယ္ႏွစ္ဦးမွာလည္း အက်ိဳးအေၾကာင္း သိၿပီးျဖစ္၍ ကေလးငယ္ကို ဖက္၍ငိုၾကေတာ့သည္။ဝိုင္းၾကည့္ေနၾကေသာလူအုပ္ႀကီးမွာလည္းဝမ္းနည္း ဝမ္းသာ ျဖစ္ေနၾကေတာ့သည္။ ထိုအခ်ိန္မွာပင္ အေဒၚႀကီးတစ္ေယာက္ ေရာက္ရွိလာၿပီး“ မင္း… ငါ့ကိုေရာမွတ္မိရဲ႕လား” ဟုေမးေတာ့သည္။ “မွတ္မိတာေပါ့ အေဒၚႀကီးရယ္ ငယ္ငယ္ကတည္းက အတူေနခဲ့တာ။ ၿပီးေတာ့လည္း အေဒၚႀကီးေက်းဇူးေတြ ကြၽန္ေတာ့္အေပၚမွာ အမ်ားႀကီးရွိပါ တယ္။အဲဒီေက်းဇူးေတြလည္းဆပ္ခ်င္တယ္။ ၿပီးေတာ့ကြၽန္ေတာ့္မိန္းမရယ္
သားနဲ႔သမီးတို႔ကိုလည္း ကူညီေထာက္ပံ့ခ်င္လို႔ပါ”
“အမယ္ – တယ္ဟုတ္ပါလားေဟ့ – မင္းက ဘာနဲ႔ေထာက္ပံ့မွာလဲ” “ေနာက္ေတာ့ အေဒၚႀကီးသိလာမွာေပါ့”
“ဒါထက္အေဒၚႀကီးကြၽန္ေတာ့္ကိုလက္ဖြဲ႕ထားတဲ့လယ္(၁၀)ဧကရွိေသး
လား။ ကြၽန္ေတာ္ဖဲ႐ိုက္စရာ မရွိလို႔ အေဒၚႀကီးကို ျပန္ေရာင္းထားတာေလ” “ရွိပါတယ္ေတာ္ရွိပါတယ္။ အဲဒီလယ္ေတြကိုမင္းမိသားစုဆီမွာျပန္ခ်
ထားတာပါ”
“အဲဒီလယ္ေတြကို ကြၽန္ေတာ္ျပန္ဝယ္ခ်င္တယ္”
“ပိုက္ဆံေပးရင္ ေရာင္းမွာေပါ့ေတာ့”
“ေပးမွာေပါ့အေဒၚႀကီးကလဲ”
“ေကာင္းပါၿပီေတာ္ – ေကာင္းပါၿပီ”
ထိုေန႔တစ္ေန႔လုံးေမာင္ေမာင္ေအာင္၏မိဘႏွစ္ပါး။ယခင္ေက်ာ္ဒင္ဘဝ ကမိသားစုမ်ားယခင္ဘဝကခင္မင္ရင္းႏွီးခဲ့ေသာအေပါင္းအသင္းမ်ားျဖင့္
စကားေျပာ၍ မဝႏိုင္ေအာင္ ျဖစ္ခဲ့ရသည္။ ယခုဘဝမွ မိဘႏွစ္ပါးမွာလည္း ဝမ္းနည္းဝမ္းသာ ျဖစ္ရသလို ယခင္ဘဝမွ ဇနီးႏွင့္သားသမီးတို႔ကလည္း ေသဆုံးသြားေသာခင္ပြန္း၊ဖခင္လူဝင္စားျပန္ျဖစ္၍သူတို႔ထံျပန္ေရာက္လာ
သျဖင့္အထူးဝမ္းသာေနၾကသည္။ သားႏွင့္သမီးကလည္းဖခင္ဝင္စားေသာ ေမာင္ေလးကို ခ်စ္လိုက္ၾကသည္မွာ ေျပာစရာမလိုေတာ့ေပ။ ထိုေန႔ညက ေမာင္ေမာင္ေအာင္မွာ ေဒၚစိန္ေမရင္ခြင္ထဲတြင္အိပ္ေပ်ာ္သြားခဲ့သည္။ မိခင္ ျဖစ္သူမခင္မိကေတာ့စိတ္မေကာင္း။
ေနာက္တစ္ေန႔နံနက္တြင္ေမာင္ေမာင္ေအာင္မွမိခင္၊ ဖခင္၊ အေဒၚႀကီး ႏွင့္ယခင္ဘဝကဇနီးသားသမီးမ်ားကိုေခၚ၍အိမ္အေနာက္ဘက္လက္ပံပင္
ႀကီး ေအာက္သို႔ ထြက္လာခဲ့သည္။ သားျဖစ္သူကို ေပါက္တူးတစ္လက္ ယူေဆာင္ေစခဲ့သည္။လက္ပံပင္ႀကီးမွာအႏွစ္သုံးဆယ္ခန႔္ရွိၿပီျဖစ္၍ႀကီးမား လွသည္။ သူေခၚ၍သာ လိုက္လာခဲ့ရသည္။ အားလုံးက စိတ္ထဲမွာ ဇေဝဇဝါ
ႏွင့္ ဘာမွန္းမသိၾကေခ်။
လက္ပံပင္ႀကီးေအာက္သို႔ ေရာက္ေသာအခါ အေရွ႕ဘက္သို႔တန္းေန ေသာကိုင္းအတိုင္းအပင္ေျခရင္းမွေျခလွမ္းငါးလွမ္းေလွ်ာက္ၿပီးေရာက္သည့္
ေနရာကိုသားျဖစ္သူအားေပါက္တူးျဖင့္တူးေစသည္။ သားျဖစ္သူကလည္း
ဘာမွျပန္မေမးဘဲေပါက္တူးျဖင့္ တူးေတာ့သည္။ ႏွစ္ေတာင္ခန႔္အနက္ေရာက္ေသာလည္း ဘာမွ်မေတြ႕ရပါ။ “အေဖ ဘာမွမေတြ႕ဘူးအေဖရ” ေမာင္ေမာင္ေအာင္မွာ ေခတၱစဥ္းစားေနၿပီး-
“ဟာ – ဟုတ္ၿပီ သားေရ- အေဖမွားသြားလို႔ အေဖလူႀကီးဘဝ လူႀကီး ေျခလွမ္းနဲ႔ (၅) လွမ္း လွမ္းခဲ့တာ။ အခု ေျခလွမ္းနဲ႔ ဘယ္တူမွာလဲ ဟုတ္ၿပီ ဟုတ္ၿပီ-ဒီနားကိုေျပာင္းတူး”
ေျပာေျပာဆိုဆိုေရွ႕သို႔သုံးလွမ္းခန႔္လွမ္းၿပီးတူးခိုင္းလိုက္သည္။ထိုေနရာ တြင္တူး၍တစ္ေတာင္ခန႔္အေရာက္တြင္တစ္ပိႆာဝင္စဥ့္အိုးေလးတစ္လုံး
ကိုေတြ႕လိုက္ရသည္။ စဥ္းအိုးမွာ အတန္ပင္ေလးၿပီးအဖုံးကိုေသခ်ာစြာပိတ္ ထားသည္။
တူးေဖာ္ရရွိေသာ စဥ့္အိုးကို အိမ္ေပၚသို႔ ယူေဆာင္လာၿပီး ဖ်ာေပၚသို႔ သြန္ခ်လိုက္ေသာအခါေ႐ႊဒဂၤါးမ်ား၊ေ႐ႊလက္ေကာက္ဆြဲႀကိဳး၊ လက္စြပ္ေပါင္း တစ္ပိႆာခန႔္ကိုေတြ႕လိုက္ရေတာ့သည္။ အားလုံးမွာလည္းမယုံၾကည္ႏိုင္ ေလာက္ေအာင္ အံအားသင့္ေနၾကသည္။ “လူေလး ဒါေတြက”
“ဟုတ္တယ္အေဒၚႀကီးဒါေတြကကြၽန္ေတာ္ပိုင္တဲ့ပစၥည္းေတြပါ။ အရင္
ဖဲသမားေက်ာ္ဒင္ဘဝကဖဲ႐ိုက္ၿပီးစုထားတာေတြပါ။”
“ဖဲ႐ိုက္ၿပီး စုတယ္ ဟုတ္လား”
“ဟုတ္ပါတယ္ – ကြၽန္ေတာ္ဖဲေၾကာင့္ ဘဝပ်က္တယ္။မိန္းမနဲ႔သားေတြ သမီးေတြလည္း ကြၽန္ေတာ္ေၾကာင့္ ဒုကၡေရာက္ရတာကို စိတ္မေကာင္းလို႔ ဆရာႀကီးတစ္ေယာက္ကိုရွာဖဲေမွာ္သြင္းၿပီးဖဲ႐ိုက္ခဲ့တယ္။ အဲဒီကဖဲႏိုင္တာ ေတြကိုမိသားစုကိုနည္းနည္းပဲေပးၿပီးအားလုံးကိုဖဲ႐ိုက္ခဲ့တယ္။အဲဒီကဖဲႏိုင္ တာေတြကိုမိသားစုကိုနည္းနည္းပဲေပးၿပီးအားလုံးကိုေ႐ြေတြဝယ္စုတယ္။
တစ္ခ်ိန္က်ရင္မိသားစုခ်မ္းခ်မ္းသာသာေနရေအာင္ဆိုၿပီးလုပ္ခဲ့တာ။ဒါေပမဲ့ ဒီေအာက္လမ္းေမွာ္ပညာေၾကာင့္ပဲ ကိုယ့္စိတ္ကိုယ္ မထိန္းႏိုင္လို႔ ဥပေစၦဒ
ကံနဲ႔ ေသခဲ့ရတယ္။”
“ဒါေပမဲ့ ဒီဘဝမွာ အဲဒါေတြကို ျပန္သတိရလို႔ အခု ျပန္ေဖာ္ယူတာ။ ဒီေတာ့ဒီေ႐ႊေတြကို သုံးပုံပုံၿပီးတစ္ပုံကိုအေဒၚႀကီးယူပါ။ တစ္ပုံကိုဒီဘဝက မိဘေတြကို ေပးပါ။ က်န္တဲ့တစ္ပုံကို စိန္ေမတို႔မိသားစုကို ေပးလိုက္ပါ”။ “က်ဳပ္အတြက္ မယူပါဘူးေတာ္ – က်ဳပ္မွာ ျပည့္စုံပါတယ္”
“ဒါဆိုရင္ အေဒၚႀကီးအတြက္တဲက လယ္ဖိုးကိုႏုတ္ၿပီး က်န္တာကို ဘုန္းႀကီးေက်ာင္းလႉပါ။ သာဓုပါ- သာဓုပါ။ က်ဳပ္လုပ္ေပးပါ့မယ္” ဤသို႔ျဖင့္ေမာင္ေမာင္ေအာင္သည္ယခင္ဘဝကစုေဆာင္းထားခဲ့ေသာ ပစၥည္းမ်ားကိုယခုဘဝတြင္ျပန္လည္ရယူၿပီးယခုဘဝမိသားစုႏွင့္ယခင္ဘဝ မိသားစုမ်ားအတြက္ ၎႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ သာသနိက အေဆာက္အအုံမ်ား ျပဳျပင္ရန္ ေပးကမ္းလႉဒါန္းခဲ့ပါသည္။ သူကိုယ္တိုင္မွာေတာ့ေက်ာင္းတက္သည့္အခ်ိန္တြင္ယခုမိသားစုျဖင့္
ေနထိုင္ၿပီး ေက်ာင္းပိတ္သည့္အခ်ိန္တြင္ ယခင္ဘဝက မိသာစုမ်ားထဲသို႔ သြားေရာက္ ေနထိုင္ခဲ့သည္။ ယခင္ဘဝက ဇနီးေဟာင္း မစိန္ေမကိုလည္း စိန္ေမဟု၎ ၊သားႏွင့္သမီးကိုလည္း သားဟူ၍၎၊သမီးဟု၎ ေခၚဆိုေန တုန္းျဖစ္သည္။ ကေလးမ်ားကလည္းေမာင္အငယ္ဆုံးအ႐ြယ္ကို အေဖဟု ေခၚေနရာအေၾကာင္းမသိသူမ်ားအဖို႔ အံ့အားသင့္စရာပင္ ျဖစ္သည္။
မည္သို႔ပင္ဆိုေစ ေမာင္ေမာင္ေအာင္ (ေခၚ) ေက်ာ္ဒင္တစ္ေယာက္မွာ ေတာ့ မိသားစုႏွစ္စုထဲတြင္ တစ္လွည့္စီ ေပ်ာ္႐ႊင္စြာ ေနလာခဲ့သည္မွာ ယခု အခ်ိန္(တကၠသိုလ္) ဒုတိယႏွစ္ေရာက္သည္အထိပင္ ျဖစ္ပါေတာ့သည္။
ဝင္းႏိုင္ (ေ႐ႊျပည္သာ)