*လူသားစား ဘီလူး* (စ/ဆုံး)
~~~~~~~~~~~~~~
ခင်ဗျား လူခြောက် မြင်ဖူးလား၊တချို့က
တော့ လူခြောက်ကို သားခြောက်လို့လည်း
ခေါ်တယ်လေဗျာ။ ကျုပ်ကတော့ မြင်ဖူး
တာပေါ့ဗျာ။တာတေဆိုတဲ့ ကျုပ်ကလွှတ်စပ်
စုတဲ့ကောင်ပဲဗျာမြင်ဖူးတာပေါ့။ ဒီအကြောင်း
ပြောရရင်တော့ကျုပ်တို့ရွာမှာတင် တစ်
ယောက်ရှိတာဗျ။
ကိုကြီးသိန်းညိုနှင့် မဝိုင်းစိန်တို့ရဲ့သားလေ
ဗျာ။ ကိုကြီးသိန်းညိုတို့ အိမ်ထောင်ကျပြီး
ဦးဆုံးမွေးတဲ့ကလေးပေါ့ဗျာ။ ယောင်္ကျား
လေးဗျ။ ပထမတော့ ကလေးလျောမွေး
လို့ ထင်တယ်ဗျို့။ နောက်မှ ကျုပ်တို့ရွာ
က အရီးဘုမ လိုက်ကြည့်ပေးရတာ။
“ဟဲ့ သိန်းညိုရဲ့၊ နင့်မိန်းမ ဝိုင်းစိန်က
ကလေးမီးဖွားတာ လပြည့်လို့လား”
“ဟာ အရီးကလည်း ဝိုင်းစိန်က လပြည့်မှ
မွေးတာပါဗျ။ ဝိုင်းစိန် မှတ်ထားတာနဲ့ဆိုရင်
ရက်တောင်ကျော်နေပြီတဲ့ဗျ”
“ဟေ နေ့စေ့ လစေ့ မွေးမှတော့ နင်တို့
ကလေးက လျောမွေး မဟုတ်ဘူးပေါ့။
လျောမွေးဆိုတာ လမစေ့ဘဲ မွေးတဲ့က
လေးဟဲ့၊ နေကြစမ်းပါဦးဟယ်၊ ငါ လိုက်
ကြည့်စမ်းပါဦးမယ်”
အရီးဘုမက ပြောပြောဆိုဆို ကိုသိန်းညို
နဲ့ လိုက်လာရောဗျ။ အိမ်ရောက်တော့ မ
ဝိုင်းစိန်ရဲ့ မီးနေခန်းထဲ တန်းဝင်ပြီး…
“ဟဲ့ ဘယ်မတုံး၊ နင်မွေးတဲ့ကလေး ပြစမ်း”
အရီးဘုမ ဆိုတာက ကျုပ်တို့ရွာမှာ
လူရိုသေ ရှင်ရိုသေ အဘွားကြီးဗျ။
ရှေ့မီနောက်မီကြီးပေါ့ဗျာ။ ရပ်ထဲရွာ
ထဲ အလှူအတန်းပဲလုပ်လုပ်၊ မင်္ဂလာ
ကိစ္စပဲရှိရှိ ဘာကလေးဖြစ်ဖြစ် အရီး
ဘုမကို ပြေးပြီတိုင်ပင်ကြရတာ။
ရပ်ထဲရွာထဲ အလှူအတန်းပဲလုပ်လုပ်၊
မင်္ဂလာကိစ္စပဲရှိရှိ ဘာကလေးဖြစ်ဖြစ်
အရီးဘုမကို ပြေးပြီးတိုင်ပင်ကြရတာ။
အသက်က ရှစ်ဆယ်ကျော်လို့ ကိုးဆယ်
နားတောင်ကပ်ပေါ့။ တော်ရုံတန်ရုံ က
လေးတွေ ဘာတွေ နေမကောင်းတာ
လောက်ကတော့ အရီးဘုမ လာပြီး
ဆေးချိုလေးတို့၊ ဆေးနီလုံးတို့
တိုက်လိုက်ပြီး ဆေးတို့ပတ်ကြီး
အုပ်လိုက်ရင် ပျောက်ရောဗျာ။
မီးနေသည် မဝိုင်းစိန်ကတော့ ခေါင်းမှာ
ပဝါစတစ်စကို တင်းတင်းစည်းစည်း
ထားပြီး ပက်လက်ကလေးပေါ့ဗျာ။
ဘေးကဝိုင်းနေတဲ့ရွာထဲက တစ်ယောက်
က အဝတ်ထုပ်ကလေးတစ်ထုပ်ကို အရီး
ဘုမဆီ ရိုရိုသေသေ ကမ်းပေးသဗျ။ ပြော
ရဦးမယ်ဗျို့။ ကျုပ်က ကိုသိန်းညိုတို့အိမ်
ကို ညသန်းခေါင်လောက်ကတည်းက
ရောက်နေတာဗျို့။
ကျုပ်ရယ်၊ လူကျော်ရယ်၊ ကျောက်ခဲရယ်
ဗျ၊ ရွာမှ မီးဖွားတဲ့ကိစ္စရှိရင် ဒီလိုပါပဲ၊ကျုပ်
တို့ကို လာခေါ်ကြတာပါပဲ၊ ကျုပ်တို့က
တော့ အိမ်ပေါ် မတက်ဘူးပေါ့ဗျာ။ ဝိုင်း
ထဲမှာပဲ နေကြရတာပေါ့။ အရေးရယ်
အကြောင်းရယ်ရှိလို့ မီးမဖွားနိုင်တာတို့
ဘာတို့ဆိုရင် ချက်ချင်းလှည်းကောက်
ပြီး မီးလောင်ကုန်းက ဆေးခန်းကို
မောင်းသင့်မောင်းရမယ်။
မြို့ကို မောင်းသင့်ရင် မောင်းရမယ်
လေဗျာ၊ ဒါကြောင့် ရွာထဲမှာ ဘယ်သူပဲ
မီးဖွားဖွား ကျုပ်တို့ကာလသား သုံးယောက်
က ဝိုင်းထဲမှာ အဆင်သင့် နေပေးကြရတာ
ဗျ။ ဒါ ကျုပ်တို့ဒေသရဲ့ ဓလေ့လို ဖြစ်နေ
တာပေါ့ဗျာ။ကျုပ်က ခုံတန်းလျားမှာထိုင်
ပြီး ရေနွေးသောက်နေရာကနေ အိမ်ထဲ
ကို မသိမသာ ကြည့်နေတာဗျ။
ကျောက်ခဲနဲ့ လူကျော်လည်း ကျုပ်လိုပဲ
ဗျ။ အိမ်ထဲက ပြောကြဆိုကြတာကို လှမ်း
ပြီးကြည့်နေကြတာ။ ကိုကြီးသိန်းညိုက
တော့ အိမ်ပေါ်တက်လိုက်သွားတာပေါ့
ဗျာ။ အရီးဘုမက သူ့ကိုပေးတဲ့ ပိတ်စ
ထုပ်ကလေးကို ဖြည်ပြီး သေသေချာချာ
ကြည့်တယ်ဗျ။ ပြီးတော့မှ ပြုံးပြုံးကြီး
လုပ်ပြီး…
“ဟဲ့ သိန်းညိုနဲ့ဝိုင်းစ်ိန်၊ ဒါ လျောမွေး
မဟုတ်ဘူးဟဲ့၊ ဒါ လူခြောက်၊ လူခြောက်”
“ဗျာ…လူခြောက်ဟုတ်လား အရီး”
ကိုကြီးသိန်းညို အံ့သြပြီး မေးတဲ့အသံ
ကို ကျုပ်တို့အတိုင်းသား ကြားနေရတာ
ပေါ့ဗျာ။
“ဟုတ်ပါ့ သိန်းညိုရယ်၊ ငါသာ ရောက်မ
လာရင်ဒုက္ခဖြစ်တော့မှာ၊ နင်တို့ ဒါကို
မြေကျင်းတူးပြီးမြှုပ်ပစ်မှာ သေချာတယ်”
“အရီးကလည်း လူခြောက်ဖြစ်တော့ကော
ဘာထူးမှာတုံးတော့၊ အသက်မှ မရှိတာ”
မဝိုင်းစိန်က မျက်ရည်လေး လည်လည်
နဲ့ ပြောတယ်ဗျို့။
“ဟာ ဒီကောင်မ ခက်တော့နေပြီပဲ၊
နင် လူခြောက်အကြောင်း မကြားဘူး
ဖူးဘူးလား”
“ကြားတော့ ကြားဖူးတယ် အရီးရဲ့၊
သေသေချာချာတော့ မသိဘူးဗျ”
ကိုသိန်းညိုက ဝင်ပြောတာဗျ။ အားလုံး
ကတော့ လူခြောက်ကလေးကို ဝိုင်းကြည့်
နေကြတာပေါ့ဗျာ။ ကျုပ်တို့ကတော့ ဝိုင်း
ထဲက ကြည့်နေတာဆိုတော့ ဘယ်မြင်
မှာတုံး။ သူတို့ပြောဆိုနေတာပဲ ကြားနေ
ရတာပေါ့ဗျာ။
“အသက်ရှိတာပေါ့ဟဲ့၊ ဒါလူပဲ ဒါပေမဲ့
နင်တို့ ငါတို့လို ရုပ်နဲ့နာမ် တွဲဖြစ်တာ
မဟုတ်ဘူးဟေ့၊ ရုပ်ကတခြား၊ နာမ်က
တခြားဖြစ်တာ၊ ဒါပေမဲ့ ဒီရုပ်ကလေးကို
ကွယ်မှီပြီးဖြစ်တဲ့ နာမ်ဆိုတော့ ငါတို့လို
ပဲ ရှင်သန်နိုင်တယ်၊ ဒီရုပ်ထဲက ထွက်
လာတဲ့ ကိုယ်ပွားရုပ်မှာ သူနာမ်ကိန်းပြီး
နေတာ။ သူမသေသေးသရွေ့ ဒီရုပ်
ကလေးက မပုပ်မသိုးဘူးဟေ့။
သူသေမှ ဒီရုပ်ကလေးက ပုပ်သွားလိမ့်
မယ်။ ဒီရုပ်ကလေးရဲ့ ကိုယ်ပွားရုပ်
ထဲမှာ သူ့ရဲ့နာမ်ကိန်းနေတော့ တခြား
လူတွေလိုပဲ ကြီးထွားလာတာဟဲ့။တခြား
ကလေးတွေ မွေးသလိုပဲ သူ့ကို အစား
ကျွေးရမယ်၊ အဝတ်ဆင်ရမယ်၊ သူပြော
ချင်တာရှိရင် နင်တို့ကို အိပ်မက်ပေးပြီး
ပြောလိမ့်မယ်၊ ပြီးတော့ ငါ တစ်ခုပြော
မယ် သိန်းညို”
“ဟုတ်ကဲ့ ပြောပါ အရီး”
“နင်တို့လင်မယား စီးပွားတက်လိမ့်မယ်
ကြားလား”
“ဟာ ဟုတ်လား အရီး”
ကိုသိန်းညိုရော၊ မဝိုင်းစိန်ရော မျက်နှာ
တွေ ဝင်းသွားကြတယ်ဗျို့။
“နို့ ကျုပ်တို့သားလေးကို ဘယ်လိုထား
ရမွာတုံး အရီးရဲ့”
ကိုသိန်းညိုက အရီးဘုမကို မေးတယ်။
ထန်းခေါက်ဖာတောင်း သေးသေးလေး
တစ်လုံးနဲ့ ထားပေါ့ဟဲ့၊ အဖုံးကို ဟထား၊
အလုံမပိတ်နဲ့၊ ပုရွတ်ဆိတ် မကိုက်အောင်၊
ကြောင်တွေ၊ ခွေးတွေ၊ ကျီးကန်းတွေ မထိုး
မသုတ်အောင် ဂရုစိုက်ပေါ့။ နောက်တော့
နင်တို့ လိုတာရှိရင် ငါပြောပြမှာပေါ့ဟာ၊
ကဲ ကဲ နင်တို့ သားဦးလေး ရပြီ၊ သူများ
လိုပဲ နာမည်မှည့်ရမယ်၊ အရွယ်ရောက်
ရင် ရှင်ပြုရမယ် ကြားလား”
“ဟာ အရီးရာ၊ အရီးပဲ ကျုပ်တို့သားလေးကို
နာမည်မှည့်ပေးခဲ့ပါဗျာ”
“ဟေ…အေး၊ အေး နေဦးဟဲ့၊ ဒီနေ့က
ဘာနေ့တုံး”
“အရီးကလည်း တနင်္ဂနွေလေ”
“သြော် တနင်္ဂနွေသားလေးပဲ၊ မောင်အောင်
ပေါ့ဟယ်”
“မောင်အောင်၊ မောင်အောင်၊ ဟာ
ကောင်းတယ် အရီးရေ၊ ကောင်းတယ်”
ကိုသိန်းညိုက ဝမ်းသာအားရနဲ့ သူ့သား
လူခြောက်ကလေးရဲ့နာမည်ကို ခေါ်
ကြည့်နေတယ်။ မဝိုင်းစိန်ကတော့
တစ်ခုခုကို တွေးနေပုံပဲဗျာ။
“နေပါဦး အရီးပုရဲ့၊ ဒီကလေးကို နို့တွေ
ဘာတွေ တိုက်ဖို့ကြတော့ရော၊ ဘယ်လို
လုပ်ရမှာတုံး၊ ဒီသားခြောက်ကလေးက
နို့စို့တတ္ပါ့မလားေတာ့ ”
လို့ အရီးဘုမကို မဝိုင်းစိန်က မေးလိုက်တယ်
“ဟဲ့ ဝိုင်းစိန်၊ အဲဒါတွေ နင် မပူနဲ့၊ တခြား
ကလေးတွေလိုပဲ သူအမေနို့ သူလာစို့မှာ
ပေါ့ဟဲ့၊ နင်ကသာ မကြောက်နဲ့၊ ဘာ
ကြောက်စရာရှိတုံးဟယ်၊ ဒါ နင့်သားပဲ၊
နင် မမြင်ရ မထိရပေမဲ့ နင့်သားက တ
တယ်ရှိနေတာပဲ ဝိုင်းစိန်ရဲ့”
“ဟာ ကျုပ် မကြောက်ပါဘူး အရီးရာ၊
ကျုပ်သားလေးကို နို့ဝအောင် ကျုပ်
တိုက်မှာပေါ့တော့ ”
အိမ်ပေါ်မှာ လူရှင်းသွားတော့မှ ကို
သိန်းညိုက သူ့သားလူခြောက်က
လေး မောင်အောင်ကို တဘက်
ကလေးနဲ့ထုပ်ပြီး ကျုပ်တို့ဆီကို
ယူလာပြတယ်ဗျ။ ဒီတော့မှ ကျုပ်
လည်း လူခြောက်ဆိုတာ သေသေ
ချာချာ မြင်ဖူးတာဗျို့။ လက်ညှိုး
သာသာကလေးပါဗျာ။ ဒါပေမဲ့
လူရဲ့အင်္ဂါရပ်တော့ အပြည့်အဝ
ပါတယ်ဗျ။ နောက်တော့လည်း
အရီးဘုမ ပြောသလိုပါပဲဗျာ။
ကိုသိန်းညိုတို့လင်မယားမှာ စီးပွားတွေ
ဖြစ်လိုက်တာ၊ အိမ်ကြီးအိမ်ကောင်း
ဆောက်နိုင်ရုံမကဘဲ သူတို့သား လူ
ခြောက်မောင်အောင်ကိုတောင် ရှင်
တွေဘာတွေ ပြုပေးတာဗျို့။ တစ်ရွာ
လုံးကို ကျွေးလိုက်မွေးလိုက်တာမှ
အလျှံပယ်ပါပဲဗျာ။ ခုဆိုရင် မောင်
အောင်တောင် ဆယ်နှစ်သားလောက်
ရှိပြီပေါ့ဗျာ။ ကျုပ်လည်း ဒီကိစ္စကို
မေ့မေ့ပျောက်ပျောက်ပါပဲဗျာ။
ကိုယ့်အကြောင်းမှလည်း မဟုတ်ဘဲကိုး။
ဒါပေမဲ့ ညကတော့ ဒီအကြောင်းက ကျုပ်
အကြောင်း ဖြစ်လာရောဗျို့။ ညက ကျုပ်
အိပ်မက်တစ်ခု မက်တယ်။ ကောင်လေး
တစ်ယောက်ဗျ။ ကျုပ်ကို ဝိုင်းဝကနေ
လှမ်းခေါ်နေတာ။ ဒီအသံလည်း ကျုပ်
တစ်ခါမှ မကြားဖူးဘူး။ ကျုပ်ဝိုင်းကို
လှမ်းကြည့်တယ်။ ရှပ်အင်္ကျီ စိမ်းပြာလေး
နဲ့ ပုဆိုးက ဝါတာတာအကွက်ကလေး
ဝတ်လို့ဗျ။ ဆံပင်ကလည်း ကျကျနနကို
ဆီလိမ်းပြီး ဖြီးထားတာဗျို့။ ဘယ်သူ
မှန်းလည်း ကျုပ် မသိဘူးဗျ။
“လေးလေးတာတေ၊ လေးလေးတာတေ”
ဟော ကျုပ်ကို လေးလေးလို့ ခေါ်တာဗျ။
ဒီရွာမှာ ကျုပ်ကို လေးလေးတာတေလို့
ခေါ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။
“လာခဲ့လေကွာ၊ ဘယ်သူတုံး၊ ဝင်ခဲ့ ဝင်ခဲ့”
ကျုပ်က လှမ်းခေါ်လိုက်တယ်။ ဒါပေမဲ့
ဒီကောင်လေးက ဝိုင်းထဲ ဝင်မလာဘူး
ဗျ။ ဝိုင်းဝမှာ ရပ်နေတယ်။
“ရော ဒီကောင်လေးကလည်း ဝင်ခဲ့ပါဆို
မှ ဝိုင်းဝမှာ ပေပြီးရပ်နေတော့တာပဲကိုး”
ကျုပ်က ပြောပြောဆိုဆိုနဲ့ပဲ အိမ်ပေါ်က
ဆင်းလာခဲ့ရောဗျို့။ ဝိုင်းဝကို ရောက်တော့
ကောင်လေးကို ကျုပ်က သေသေချာချာ
ကြည့်တယ်။ဟာ လူချောလေးဗျ။အသား
ဖြူဖြူလေး။နှာတံပေါ်ပေါ်၊ မျက်ခုံး မျက်
လုံးလည်း လှတယ်ဗျ။ ကျုပ်ကို ပြုံးပြုံး
လေး ကြည့်နေတာဗျ။ ကျုပ်လည်း သူ့
ကို တစ်ခါမှ မတွေ့ဘူးတာနဲ့ မေးရတော့
တာပေါ့ဗျာ။
“နို့ နေပါဦးကွ၊ မင်းက ဘယ်သူတုံး”
“လေးလေးကလည်း ကျုပ်ကိုတောင်
မသိတော့ဘူးလားဗျ၊ မောင်အောင်လေ”
“ဟေ …မောင်အောင်၊ နေပါဦးကွ၊
မောင်အောင်ဆိုတော့”
“ကိုသ်ိန်းညိုသားလေဗျာ၊
လေးလေးကလည်း”
“ဟာ သိပြီ၊ သိပြီ၊ မောင်အောင်၊ ဟား
ဟား ဟား ၊ ငါက မင်းကို သိပ်တွေ့ချင်
တာကွ၊ ခုမှပဲ တွေ့ရတော့တယ်၊ မင်း
က လူချောလေးပဲကွ မောင်အောင်ရ၊
နို့ မင်း ဘာလို့ ဝိုင်းထဲ မဝင်တာတုံး”
“လေးလေးတာတေ၊ ကျုပ်တို့တွေက
သူများဝိုင်းထဲကို ဝင်ချင်တိုင်းဝင်လို့
မရဘူးဗျ”
“ဟေ ဟုတ်လား၊ နို့ အခု လေးလေးဆီ
လာတာက ဘာကိစ္စတုံးကွ၊ မောင်အောင်ရ”
” လေးလေးကို ပြောစရာရှိလို့ဗျ”
“ဟေ …ပြောလေကွာ၊ ဘာများတုံး”
“အခုတလော ကျုပ်တို့ရွာကို မကောင်း
ဆိုးဝါးတစ်ကောင် ဝင်ဝင်လာတာ တွေ့
တယ်ဗျ”
“ဟေ …ဟုတ်လား၊ မောင်အောင်၊
မင်းမြင်ရသလား”
“ကျုပ်က မြင်နိုင်တယ်ဗျ၊ ညသန်းခေါင်
ကျော်လောက်မှ ဝင်ဝင်လာတတ်တယ်၊
တစ်ကိုယ်လုံး နက်မှောင်ပြီး ပါးစပ်ထဲ
မှာ အစွယ်တွေ ဖွေးနေတာပဲဗျ”
“ဟာ …ဟုတ်လား၊ ဒီကောင်မှာ
အဝတ်အစားရော ပါသလားကွ”
“ပါတယ်လေးလေး ပါတယ်၊
ပုဆိုးကွက်တုံးကြီးနဲ့ဗျ၊ အပေါ်ပိုင်း
မှာတော့ အင်္ကျီမပါဘူး၊ ဆံပင်ရှည်ရှည်
ကြီး မျက်နှာပေါ်အုပ်ကျနေတာဗျ။ မျက်
လုံးတွေဆိုတာ ရဲတောက်နေတာ”
“အရွယ်ကရော ဘယ်လောက်ရှိတုံး”
“လူနှစ်ကိုယ်စာလောက် ရှိမယ်ဗျ၊
အရပ်ကတော့ သိပ်မမြင့်ဘူး၊ လူသာ
သာပဲ”
“ဘာကောင်လို့ မင်းထင်တုံး”
“အဲဒါတော့ ကျုပ်လည်း မသိဘူးဗျ၊
ဒီကောင်ကြီး ရွာတွေထဲ ဝင်လာတာ
မကောင်းဘူးဆိုတာတော့ ကျုပ်သိတယ်ဗျ”
“ရွာတွေထဲ ဝင်တယ်ဆိုတော့ တခြား
ဘယ်ရွာတွေ ဝင်သေးလို့တုံးကွ”
“ဟိုဘက်ကရွာတွေမှာ ကျုပ်တို့လူတွေ
တစ်ယောက် နှစ်ယောက် ရှိတယ်ဗျ။
မနေ့က သူတို့နဲ့တွေ့တော့ သူတို့ရွာတွေ
ထဲကိုလည်း အဲဒီကောင်ကြီး ဝင်တယ်လို့
ပြောတယ်ဗျ။ သူတို့လည်း သူတို့ရွာအ
တွက် စိုးရိမ်နေကြတယ်”
“အေး…ဟုတ်ပြီ၊ မောင်အောင်၊လေးလေး
ကြည့်လုပ်လိုက်ပါ့မယ်”
“ကျုပ်သိတယ် လေးလေး၊ ဒီကိစ္စမျိုးဆို
တာ လေးလေးလုပ်မှရမှာ၊ ပြီးတော့ လေး
လေးကို ဟိုမိန်းမကြီးက စောင့်ရှောက်နေ
တာ”
“ဟေ…ဘယ်မိန်းမကြီးတုံး မောင်အောင်ရဲ့”
“ဟာ သူ့နာမည်ကို ကျုပ် မခေါ်ရဲဘူးဗျ”
“မဖဲဝါကို ပြောတာလား”
ဒီကောင် ခေါင်းညိတ်ပြတယ်ဗျ၊ မဖဲဝါ
နာမည်ကို ပါးစပ်ကတောင် မခေါ်ရဲဘူးဗျို့။
မောင်အောင် နောက်ကိုချာကနဲ လှည့်ထွက်
သွားတယ်။
“ဟဲ့ တာတေ ”
“ဟေ ဘာတုံးကွ မောင်အောင်”
“ဟဲ့ ဘယ်ကမောင်အောင်တုံး၊ငါဟဲ့၊
ငါ၊ နင့်အမေ ငွေစိန်လေ”
ဒီတော့မှ ကျုပ်လန့်နိုးသွားတာဗျို့။
“ဟာ အမေ၊ ကန်တော့ဗျာ၊ ကန်တော့၊
ကျုပ် အိပ်မက် မက်နေတာ”
“နင် ဒီနေ့ ယာထဲဆင်းမလို့ဆို၊ ဒါကြောင့်
နှိုးတာ အရုဏ်တောင်တက်နေပြီ”
“ဟုတ်တယ် အမေ၊ ကျုပ် ဒီနေ့ ယာထဲ
ဆင်းမှာ၊ ထပြီ၊ ထပြီ”
ယာထဲမှာ အလုပ်သာ လုပ်နေတာဗျ။
ကျုပ်မျက်စိထဲမှာတော့ လူခြောက်ကလေး
မောင်အောင်ကိုပဲ မြင်နေတာ။ ဒါ အိပ်မက်
မဟုတ်ဘူးဗျ။ ဒီကောင်လေး ကျုပ်ဆီကို
တကယ်ရောက်လာတာပဲ ဖြစ်ရမယ်။
သူပြောတဲ့ မကောင်းဆိုးဝါးဆိုတာရော
တကယ်ပဲလား။ ဒီကောင်လေး ကျုပ်
ဆီကို တကယ်ရောက်လာတာဆိုရင်
တော့ သူပြောတာလည်း တကယ်ဖြစ်
မှာပေါ့ဗျာ။ ဘုန်းကြီးကျောင်းက ဆွမ်း
စားသံချောင်းခေါက်တော့ ကျုပ် ယာ
ထဲက တက်လာခဲ့တယ်။
အိမ်မှာ အမေချက်ထားတဲ့ ဝက်ကလီစာ
ဟင်းနဲ့ ထမင်းကို တစ်ဝစားပြီး ကျုပ် ခုံ
တန်းလျားလေးပေါ်မှာ အိပ်နေတာပေါ့
ဗျာ။ ကျုပ်လည်း ယာထဲက တက်လာ
တော့ ပင်ပန်းပြီး အိပ်ပျော်သွားလိုက်
တာ ဘယ်လောက်တောင် ကြာသွား
တယ် မသိပါဘူးဗျာ။
“တာတေရေ၊ တာတေ”
ဝိုင်းဝကနေ ကျုပ်နာမည် ခေါ်သံကြား
တော့မှ ကျုပ်အိပ်ရာကနေ နိုးသွားတာဗျို့။
ကျုပ်လည်း တန်းလျားကထပြီး ဇလီပေါက်
ကလေးကနေ ဝိုင်းထဲကို လှမ်းကြည့်တယ်။
ဟင် ဘန့်ဘွေးကုန်းက အောင်မြင့်ပဲဗျ။
အောင်မြင့်တို့ အောင်တို့ ညီအစ်ကိုနှစ်
ယောက်ဆိုတာ ကျုပ်နဲ့ လူခင်တွေပေါ့ဗျာ။
“လာလေ အောင်မြင့်၊ ငါ ရှိပါတယ်ကွ”
“အေး အေး လာပြီ၊ လာသာလာရတာ
မင်း ရှိပါ့မလားလို့ဟေ့”
“ရှိပါတယ်ကွ၊ လာပါ”
အောင်မြင့် အိမ်ပေါ်တက်လာပြီး အမေနဲ့
အဘကို နှုတ်ဆက်တယ်ဗျ။
“အဘနဲ့ အရီး နေကောင်းကြလား”
“ဟာ ဘယ်သူများတုံးလို့ ကြည့်နေတာ၊
ဘမောင်သားကိုး”
အဘက ဝမ်းသာအားရ ပြောတယ်ဗျ။
“ဟေ…ဒါ ဘမောင်သားလား၊ ဟ အရပ်
ကြီးကလည်း ရှည်လှချည်လား၊ နင့်အဖေ
ဘမောင်နဲ့ နင်နဲ့က ဘယ်သူ အရပ်ပိုရှည်တုံး”
အောင်မြင့်တို့အဖေ ဘိုးဘမောင်ကြီးက
လည်း အရပ်ကြီးတော်တော်ရှည်တာဗျ။
“အရီး ကျုပ်တို့ထက် အငယ်ကောင်
အောင်တင့်က အရပ်ပိုရှည်တာဗျ”
“ဟေ ဟုတ်လား၊ သြော်”
ကျုပ်က အောင်မြင့်ကို လက်ဖက်ပွဲနဲ့
ရေနွေးကြမ်းတည်တယ်၊ နဂါးဆေးပေါ့
လိပ်ကလေးလည်း မီးညှိပြီး ပေးလိုက်
တယ်။ ဆေးပေါ့လိပ်ကိုနှစ်ဖွာ သုံးဖွာ
ရှိုက်လိုက်ပြီးတော့ …
“တာတေရေ ငါတို့ ရွာမှာတော့
အထူးအဆန်းတွေ ဖြစ်နေလို့ကွ”
“ဟင် ဘာအထူးအဆန်း ဖြစ်နေလို့တုံး
အောင်မြင့်ရ”
“ညက တို့ရွာမြောက်ပိုင်းက ကိုဖိုးထွေး
တို့ မမြခင်တို့ ကလေးအငယ်လေး ဆုံး
သွားတယ်”
“ဘယ်အရွယ်တုံးကွ”
“လသားလေးပါကွာ၊ သုံးလသားလေးပါ၊
ကလေးက မွေးကတည်းက ရောဂါ ပါလာ
တာ ထင်ပါတယ် တာတေရာ”
“အေး အဲဒီတော့ ပြောပါဦးကွ၊ မင်းပြောတဲ့
အထူးအဆန်းဆိုတာ”
“ကလေးက အငယ်ဆုံးဆိုတော့ ချက်ချင်း
ပစ်ချပစ်တာပေါ့ကွာ၊ ငါတို့ပဲ စောစောထပြီး
ခေါင်းသေးသေးလေးစပ်ပြီးထည့်ကြတယ်
နေမွန်းမတည့်ခင်ပဲ သုသာန်မှာမြှုပ်ကြ
တာပေါ့ကွာ”
“အင်း…”
“အဲဒီမှာ ပြသာနာတက်တော့တာပဲဟေ့”
“ဟေ ဘာဖြစ်လို့တုံးကွ အောင်မြင့်ရ”
“မြေမြှုပ်ခံနီးမှ မမြခင်က ခေါင်းအဖုံး
ဖွင့်ပေးပါ။ သူ့သားလေးကို နောက်ဆုံး
ကြည့်မြင်ချင်ပါတယ်ဆိုတော့ ငါတို့က
ခေါင်းဖုံး ဖွင့်ပြရတာပေါ့ကွာ”
“အေး အဲဒီတော့ မမြခင် သတိမေ့လဲ
သွားရောလား”
” ဟာ မဟုတ်ဘူးကွ၊ ခေါင်းထဲမှာ
ကလေးအလောင်း မရှိတော့ဘူး”
“ဟေ …မင်းတို့ ကလေးအလောင်းကို
ခေါင်းထဲ သေသေချာချာ ထည့်တယ်
မို့လား”
“ဟာ တာတေကလည်းကွာ။ ခေါင်းထဲကို
အသုဘထည့်တာ၊ သေသေချာချာ မထည့်
တဲ့သူ ရှိမလားကွ”
“အေး …ဒါဆိုရင် ကလေးအလောင်း
ဘယ်ရောက်သွားတုံး ”
“အဲဒါကြောင့် မင်းဆီကို လာခဲ့တာပေါ့ကွာ”
“ဟကောင် အောင်မြင့်ရဲ့၊ သင်္ချိုင်းကုန်းမှာ သွားပြီးသင်္ဂြိုဟ်တဲ့အသုဘတစ်ခု ခေါင်းထဲ
ကနေ ပျောက်သွားတာမျိုးတော့ ငါလည်း
တစ်ခါမှ မကြားဖူးပါဘူးကွ”
အောင်မြင့်က ကျုပ်စကားကိုကြားတော့
သူ့ဆံပင်ပွပွကြီးကို ဗျင်းကနဲ ဗျင်းကနဲ
မြည်အောင် ကုတ်လိုက်တယ်ဗျ။ဒီကောင်
တော်တော်စိတ်ရှုပ်နေပုံပဲဗျို့။ ဒီကောင်
မပြောနဲ့၊ ကျုပ်တောင် အံ့သြလွန်းလို့
ဘာပြောရမှန်းကို မသိတော့တာဗျာ။
“နို့ နေပါဦး၊ အောင်မြင့်ရဲ့၊ ကလေး
အလောင်းလေး ခေါင်းထဲမှာတင် ပျောက်
သွားတော့ မင်းတို့ ဘယ်လိုလုပ်ကြတုံးကွ”
“ဟ တာတေရ၊ ဘာလုပ်ရမှာလဲကွ၊
အဲဒီ ခေါင်းအခွံလေးကိုပဲ မြေမြှုပ်
လိုက်ရတော့တာပေါ့ကွာ”
ကျုပ်လည်း ဘာမှတွေးလို့ မရတော့တာနဲ့
နဂါးဆေးပေါ့လိပ်ကလေးကို မီးခတ်နဲ့ ခတ်
ပြီး ဆက်တိုက်ဖွာထုတ်လိုက်တယ်ဗျို့။
“တာတေရေ…ဟေ့ တာတေ၊ တာတေ
ရှိလား အရီး”
ကျုပ်နဲ့ အောင်မြင့်နဲ့ ဆေးလိပ်တွေဖွာပြီး
တွေးနေတုန်းမှာ ဝိုင်းဝက ခေါ်သံကြားလို့
ကျုပ်တို့လည်း လှမ်းကြည့်လိုက်မိတာပေါ့ဗျာ။
“ဟ မီးလောင်ကုန်းက ကိုဖိုးမောင်ကြီးကွ
တာတေရ”
ဟုတ်ပါ့ဗျာ၊ ကိုဖိုးမောင်က အရပ်ပုပြတ်
ပြတ်၊အသားညိုညိုဗျ၊ အားကြီးရိုးတဲ့လူ။
ကျုပ်ဆီတော့ တစ်ခါ တစ်ခါ လာလည်
တတ်ပါတယ်။ အခုလည်း ထနောင်းကုန်း
ကို ကိစ္စရှိလို့လာရင်း ကျုပ်ဆီကို ဝင်လာ
ပုံရတယ်ဗျ။
“ကိုကြီးဖိုးမောင် ကျုပ်ရှိတယ်ဗျ၊
အိမ်ပေါ် တက်ခဲ့လေဗျာ”
“အေး၊ အေး လာပြီဟေ့”
ကိုကြီးဖိုးမောင်က အိမ်ပေါ်ကို တန်းတက်
လာတာဗျို့။ အိမ်ထဲဝင်ဝင်ချင်း အောင်မြင့်
ကို တွေ့သွားတော့ …
“ဟာ အောင်မြင့်၊ မင်းလည်း တာတေ့ဆီ
ရောက်နေတာကိုး”
ပြောပြောဆိုဆိုနဲ့ ကိုဖိုးမောင်က တန်းလျား
ခုံလေးမှာ ဝင်ထိုင်တယ်။ အောင်မြင့်က ရေ
နွေးကြမ်း ငှဲ့ပေးတယ်။ ကျုပ်က နဂါးဆေး
ပေါ့လိပ်ကလေးကို မီးညှိပေးတယ်။ကိုဖိုး
မောင် ခုမှ မီးလောင်ကုန်းက ကုန်းကြောင်း
လျှောက်လာပုံပဲဗျ။ မောမောနဲ့ ရေနွေးကြမ်း
ကို အကုန်မော့ပစ်လိုက်တယ်။ ပြီးတာနဲ့
နဂါးဆေးပေါ့လိပ်ကို ဖွာတော့တာပဲဗျာ။
“ကိုကြီးဖိုးမောင် ဘယ်ကလှည့်လာတုံးဗျ”
“ဘယ်ကမှ လှည့်မလာဘူး တာတေရေ၊
မင်းဆီကို တန်းလာခဲ့တာကွ၊ ကိစ္စအရေး
ကြီးလို့ ”
“ဟင် ဟုတ်လား ကိုကြီးဖိုးမောင်၊ ပြော
ပါဦးဗျ ဘာအကြောင်းများတုံး”
ကိုကြီးဖိုးမောင်က ဆေးပေါ့လိပ်ကလေး
ကို ဆေးလိပ်ခွက်ကလေးထဲ ထည့်ထား
လိုက်တယ်။ ပါးစပ်ထဲမှာ ငုံ့ထားတဲ့ မီးခိုး
တွေကို ရှိုက်လိုက်ပြီး နှာခေါင်းပေါက်က
နေ မှုတ်ထုတ်လိုက်တယ်။
“ဒီလိုဟေ့၊ ငါတို့ရွာမှာ မနေ့က တော်တော်
လေး ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်သွားတယ်”
“ဟင် ဘယ်လိုထူးဆန်းတာတုံး ကိုကြီး
ဖိုးမောင်ရဲ့”
“ဒီလိုကွာ၊ မင်း သိမှာပါကွာ၊ တို့ရွာ
တောင်ပိုင်းမှာနေတဲ့ ကိုပေတို့ မသန်း
တို့ ဆိုတာေလကြာ”
“သြော် နှမ်းနှုတ် ပဲနှုတ် အမြဲလိုက်တဲ့
လင်မယားထင်တယ်”
“အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုပေ
ဆိုတာက ခြေထောက်ကလေးတစ်ဖက်
နည်းနည်းဆာနေတယ်လေကွာ”
” သိပြီ၊ သိပြီ၊ ကိုကြီးဖိုးမောင်ရေ၊
နို့ အဲဒီလင်မယား ဘာဖြစ်လို့တုံးဗျ”
“သူတို့မှာ ကလေးနှစ်ယောက်ရှိတယ်။
အခု တတိယကလေးပေါ့ကွာ၊ မသန်း
မီးဖွားတာ တစ်ပတ်ပဲ ရှိသေးတာကွ၊
မီးထွက်ပြီးရုံပဲ ရှိသေးတာ၊ အဲဒါ က
လေးကို စောင်ခွေလေးထိုးပြီး သိပ်
ထားတာပေါ့၊ ကလေးအိပ်နေတုန်း
အိမ်ထဲမှာ ထမင်းလေး ဟင်းလေး
ချက်ရတာပေါ့ကွာ၊ အလုပ်ပြီးလို့
ပြန်လာတော့ ကလေး မတွေ့တော့
ဘူးကြ ”
“ဗျာ…ကလေး ပျောက်သွားတယ်
ဟုတ်လား ကိုကြီး ဖိုးမောင်”
ကျုပ်က အလန့်တကြား မေးလိုက်သလို
အောင်မြင့်ကလည်း လန့်ပြီး ပါးစပ်အ
ဟောင်းလောင်းကြီး ဖြစ်နေတာပေါ့ဗျာ။
“နေဦး၊ ငါ ဆက်ပြောဦးမယ်၊ ကလေး
ထွေးထားတဲ့ စောင်ခွေထဲမှာ သွေးစ
တွေ ကျန်ရစ်ခဲ့တယ်ကွ”
“ဟာ…သွေးစတွေ ဟုတ်လား၊ ခွေးတွေ
ဘာတွေများ…”
“မဟုတ်တာကွာ၊ ဘယ်တုံးကများ ခွေး
က ကလေးကို စားပစ်တယ်ဆိုတာ ရှိ
ဖူးလို့တုံး၊ ပြီးတော့ မသန်းက အိမ်ရှေ့
တံခါးကို သေသေချာချာကို ဂျက်ထိုး
ပြီး ပိတ်ထားတာတဲ့ကွ၊ တာတေရဲ့”
“ဖြစ်မှဖြစ်ရလေဗျာ၊ အောင်မြင့်
လာတာလည်း ဒီကိစ္စမျိုးပဲဗျ”
“ဟေ…ဘန့်ဘွေးကုန်းမှာလည်း
ကလေးပျောက်သွားလို့လား”
“ဟုတ်တယ် ကိုကြီးဖိုးမောင်၊ ကျုပ်တို့
ဘန့်ဘွေးကုန်းမှာလည်း ကလေးပျောက်
သွားတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ မီးလောင်
ကုန်းမှာ ပျောက်သလို အရှင်ပျောက်
တာ မဟုတ်ဘူးဗျ။ သုံးလသားလေး
သေသွားလို့ အသုဘချတာ။ ကျုပ်ပဲ
အားလုံးကို ဦးဆောင်ပြီး လုပ်ပေးတာ
ဗျ။ သင်္ချိုင်းကုန်းမရောက်ခင် ခေါင်း
ထဲက ကလေးအလောင်းလေး ပျောက်
သွားတာဗျို့။ ဟိုရောက်လို့ သင်္ဂြိုဟ်
မယ်လုပ်တော့ မရှိတော့ဘူး ကိုကြီး
ဖိုးမောင်ရေ”
“ဟာ မင်းတို့ရွာမှာဖြစ်တာက ပိုတောင်
ဆန်းနေသေးပါရောလား အောင်မြင့်ရဲ့”
“ဆန်းချက်တော့ ပြောမနေနဲ့တော့ဗျာ၊
ဒါကြောင့် ကျုပ်လည်း တာတေ့ဆီ ပြေး
လာခဲ့တာဗျာ”
“ဟေ ဟုတ်လား”
“နို့ နေပါဦး အောင်မြင့်ရဲ့၊ မင်းတို့က
ဘယ်တုံးက ဖြစ်တာတုံး”
ကိုဖိုးမောင်ကြီးက အောင်မြင့်ကို
မေးလိုက်တယ်
“ဒီနေ့ပဲလေ၊ ဒီနေ့မွန်းတည့်ကာနီးလောက်
ကမှ ဖြစ်သွားတာဗျ”
“ဟေ ဟုတ်လား၊ ငါတို့က မနေ့က
ဖြစ်တာကွ၊ ဘယ်လိုဖြစ်တာပါလိမ့့်ကွာ”
“ကဲ အောင်မြင့်ရော၊ ကိုကြီးဖိုးမောင်ရော
စိတ်အေးအေးထားပြီးသာ ပြန်ပေတော့။
ဒီညပဲ ဒီကိစ္စ ကျုပ် စလုပ်မယ်၊ ဘာဆို
တာတော့ ကျုပ်လည်း မပြောတတ်သေး
ဘူးဗျ”
ကိုကြီးဖိုးမောင်ရော အောင်မြင့်ရော
ပြန်သွားတော့ ညနေ သုံးနာရီနာထိုး
ပြီ။ ကျုပ် ချက်ချင်းရွာထဲကိုထွက်ပြီး
ကျောက်ခဲနဲ့ သံမဏိကိုရှာတယ်။
ကျောက်ခဲက လှည်းကောက်ပြီး မီး
လောင်ကုန်းကို သွားရမယ်။ သံမဏီ
က ကျုပ်နဲ့ ထမင်းတောင်း ပြင်မယ်
ပေါ့ဗျာ။ သံမဏိ ကြက်အမွေးနှုတ်
ပြီးတော့ ညနေလေးနာရီရှိပြီ။
ကျုပ် ချက်ချင်း ကြက်သားခုတ်ရ
တာပေါ့ဗျာ။ ထမင်းကတော့ မီးဖို
ပေါ်မှာ ချက်ထားပြီဗျ။ ငှဲ့တောင်
ငှဲ့ရတော့မှာ။ ကျုပ်ကောင်လေး
နှစ်ယောက်က လွှတ်တော်တာဗျ။
နှစ်ယောက်လုံး ချက်တတ် ပြုတ်
တတ်ချည်းပဲ။ ကျုပ်တို့ ထမင်းရော
ဟင်းရော ကျက်သွားတော့ ငါးနာရီ
ကျော်ပြီ။
“ဟဲ့နွား၊ ဟင် ဟဲ့၊ တည့်တည့်ဆွဲလေ၊
တောက်၊ ဟ ဘယ်တုံး ငနီ”
ဟော ကျောက်ခဲရဲ့ နွားငေါက်သံဗျ။
ကျောက်ခဲ ပြန်လာပြီ။ ဝိုင်းထဲကို လှည်း
မဝင်တော့ဘူး၊ ဒေါ်တုတ်က လှည်းပေါ်
က ခုန်ဆင်းလာတယ်။
“သံမဏိ ငှက်ပျောဖက်တွေ လာယူဟေ့”
ကဲ အဲဒါသာ ကြည့်တော့ဗျို့၊ ဒေါ်တုတ်
ကို သွားခေါ်ခိုင်းတယ်၊ ငှက်ပျောဖက်ပါ
ခုတ်ယူလာပြီးသားဗျ။ လွှတ်အားကိုးရ
တဲ့ ကောင်ပါဗျာ။ အိမ်ပေါ်ကို ရောက်
တော့ ဒေါ်တုတ်က အမေ့ကို သူတို့
ရွာက မသန်း ထူးထူးဆန်းဆန်း က
လေးပျောက်သွားတဲ့အကြောင်း ပြော
တယ်ဗျ။
“အေး ဒါကြောင့်ထင်တယ်၊ နေ့လယ်
က ကိုရင်သြရဲ့သားဖိုးမောင် လာသွား
တာ တွေ့လိုက်တယ်၊ တာတေ့ဆီ
ဒီအကြောင်း လာပြောတာထင်တယ်၊
ပြီးတော့ ဘန့်ဘွေးကုန်းက ကိုဘမောင်
သားအောင်မြင့်လည်း လာတာတွေ့
တယ်။ ဘန့်ဘွေးကုန်းမှာလည်း ဘာ
ဖြစ်တယ် မသိဘူး မတုတ်ရဲ့၊ သူတို့
ပြန်သွားတာနဲ့ တာတေလည်း ယောင်
ယက်ခတ်နေတော့တာပဲဟေ့”
အမေကလည်း ဒေါ်တုတ်ကို ပြန်ပြော
ပြတယ်။ ညရှစ်နာရီထိုးတော့ ကျုပ်တို့
ထနောင်းကုန်းသင်္ချိုင်းကို ထွက်လာ
တယ်။ ထုံးစံအတိုင်းပေါ့ဗျာ။ သံမဏိ
က ထမင်းတောင်းထမ်းလို့ပေါ့ဗျာ။
ထမင်းပြင်တယ်။ ကျုပ်က ခါတိုင်းလို
ပဲ မဖဲဝါကို ပင့်တယ်။
“အရှေ့နေထွက်၊ အနောက်နေဝင်၊
တောင်တံငါ့ကွန်၊ မြောက်ဓူဝံအတွင်း
ရှိလေရာ၊ ရောက်လေရာအရပ်က အ
မြန်ဆုံးသာ ကြွခဲ့ပါ၊ မြောက်ဘက်ရှင်
မရဲ့ ပညာသိုက်စောင့်၊ မယ်တော်
လေးပါးရဲ့ အစေအပါး၊ သင်္ချိုင်းရှင်မှန်
သမျှရဲ့ ရှင်မ မဖဲဝါကို စားပွဲသောက်
ပွဲများနဲ့ ကြိုဆိုပါတယ်၊ အမြန်ဆုံး
ကြွခဲ့ပါ၊ မဖဲဝါဗျား”
ထမင်းပွဲဘေးမှာ ထွန်းထားတဲ့ ဖယောင်း
တိုင်လေးက လေတိုက်လို့ ငြိမ်းမလိုတောင်
ဖြစ်နေတာဗျ။ ဒါနဲ့ ပြောရဦးမယ်။မဖဲဝါကို
ပင့်တိုင်း ကျုပ် ဖယောင်းတိုင်တစ်တိုင်
ထွန်းတယ်။ အဲဒီဖယောင်းတိုင်က လေ
ဘယ်လောက်တိုက်တိုက် မှိန်သွားတာ
ပဲ ရှိတယ်ဗျ။ ဘယ်တော့မှ ငြိမ်းမသွား
ဘူး။ ကျုပ် ဒါကို သတိထားမိတာ ကြာ
ပါပြီ။
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ဟော လာပြီဗျို့။ လာပြီ။ ဂူတွေပေါ်ကနေ
ဖြတ်ဖြတ်ပြီး ရွှေ့လာတာ။ ရိပ်ကနဲ ရိပ်က
နဲ နေတာပဲဗျာ။
ဟော ဝင်ပြီ။ ဒေါ်တုတ်ကိုယ်ထဲကို ဝင်
သွားပြီဗျို့။ဒေါ်တုတ်လက်ကြီးတွေ ကွေး
ကွေးကောက်ကောက်နဲ့ မြောက်တက်
လာတယ်။
ဟော ထမင်းပြင်ထားတဲ့ ဂူကြီးပေါ်ကို
ခုန်တက်သွားပြီဗျို့။ ဟော စားပြီဗျာ၊
စားပြီ။ အားရပါးရကို စားတာဗျ။တော်
တော်လေး စားပြီးတော့မှ ကျုပ်ကို
မျက်လုံးကြီး လှန်ကြည့်တယ်။
မဖဲဝါရဲ့ ဒီအကြည့်ကို ကျုပ် သိပြီးသား
ပါဗျာ။ ကျုပ် ချက်ချင်းပြောလိုက်တယ်။
“မဖဲဝါ ဘန့်ဘွေးကုန်းမှာ ကလေးတစ်
ယောက်ဆုံးလို့ သင်္ဂြိုဟ်ကာနီးမှာ ထူး
ထူးဆန်းဆန်း ခေါင်းထဲက ကလေးအ
လောင်း ပျောက်သွားတယ်။ ပြီးတော့
မီးလောင်ကုန်းမှာ မွေးပြီလို့ တစ်ပတ်
သားပဲ ရှိသေးတဲ့ ကလေးတစ်ယောက်
လည်း သိပ်ထားရင် ပျောက်သွားတယ်။
သွေးစတွေ ကျန်ရစ်ခဲ့တယ် မဖဲဝါ”
“ဟဲ့ တာတေ၊ လွန်ခဲ့တဲ့ နှစ်တစ်ရာ
လောက်က ရန်ကုန်မှာ ငဘိုးထူး ဆို
တဲ့အကောင် သင်္ချိုင်းကုန်းမှာ လူသေ
အသားတစ်ခု နှစ်ခု စားပြီး ဘီလူးမှော်
သွင်းတာ အောင်သွားခဲ့ဖူးတယ်။ အဲဒီ
ကောင် သေတော့ လူသားစားဘီလူး
ဖြစ်သွားတယ်။ ဒီဘီလူးက သင်္ချိုင်းမှာ
လာပြီးမြှုပ်တဲ့ ကလေးအသေကို ဖော်
ပြီး စားရတာ။ အခုတော့ ဒီဘီလူးက
ဘီလူးစည်းဖောက်ပြီး ရွာတွေထဲ ဝင်
ဆွဲလိုဆွဲ၊ ခေါင်းထဲက ကလေးအ
လောင်းကို နှိုက်လိုနှိုက်ဖြစ်နေတာ။
ဒီနယ်ကို ဒီဘီလူး ရောက်နေတာ
ငါသတိမထားမိဘူး တာတေ”
“အဲ အဲဒါကြီးကို ဘယ်လိုလုပ်ရမှာ
တုံးဗ် မဖဲဝါရဲ့”
“ငါပြောမယ် နင် နားထောင်၊ ဒီဘီလူး
နင်တို့ရွာက ကလေးတစ်ယောက်ကို
ဖမ်းစားထားပြီ၊ မနက်ဖြန် ညနေ ဒီ
ကလေး သေလိမ့်မယ်”
“ဟာ”
“အေး …အဲဒီကလေးကို ညတွင်းချင်း
ခေါင်းသွင်းပြီး အိမ်ရှေ့မှာ ထုတ်ထား၊
ဒီဘီလူး ညတွင်းချင်း ရောက်လိမ့်မယ်၊
နင့်မှာ ဘီလူးထောင်ချောက်အင်း ရှိ
တယ်။အဲဒီအင်းကို ကလေးအလောင်း
စင်ရဲ့အနောက်ဘက်မှာမြှုပ်ပြီး စည်းဝိုင်း
တားထား၊ ပြီးရင် နင့်ဆရာတော်ဆီမှာ
ဝါးပျံနဲ့ ယက်ထားတဲ့ ဝါးယပ်တောင်
ဘုရားခန်းမှာ ထားတာရှိတယ်၊ အဲဒါ
ကို အဆင်သင့်ဆောင်ထား၊ ဘီလူး
ကောင် နင့်ထောင်ချောက်ထဲမှာ မိ
ပြီး ဆိုရင် နင် ဂါထာရွတ်တော့”
” ဘယ်ဂါထာတုံးဗျ”
“တာတေ နင့်ဆရာ ပေးခဲ့တဲ့ စာအုပ်
ထဲမှာ ရှာကြည့်”
“သြော် …ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ မဖဲဝါ”
“ဘီးလူး မီးထတောက်လိမ့်မယ်၊ နင်
မကြောက်နဲ့၊ ဝါးပျံယပ်နဲ့ နာနာခပ်ပေး၊
မီးတောက်က အဲဒီဘီလူးကိုလောင်ပြီး
ပြာချပစ်လိုက်လိမ့်မယ်၊ ဒီည ဒီဘီလူး
အဆုံးသတ်ရမယ့်ညပဲ”
မဖဲဝါ ပြန်ကြွသွားတော့ ဒေါ်တုတ်ကို
တော်တော်လေး လှုပ်နှိုးခဲ့ရတယ်၊ အ
ချိန်နည်းနည်း ကြာသွားတာကိုးဗျ။ဒေါ်
တုတ် သတိရတော့ ကျုပ်တို့အိမ်ကို
ပြန်လာပြီ။ စကားစမြည် ပြောကြဆို
ကြနဲ့ ညတော်တော်နက်မှ အိပ်ရာဝင်
ကြတယ်။ ဘီလူးက ကျုပ်တို့ရွာက
ကလေးတစ်ယောက်ကို ဖမ်းစားထား
တယ်လို့ မဖဲဝါ ပြောတဲ့စကားကို
ကျုပ်သတိရပြီး တော်တော်ကို
စိတ်မကောင်းဖြစ်တာဗျာ။
နောက်တစ်နေ့လုံး ကျုပ်အိမ်ကနေ
ဘယ်မှမသွားဘဲ စောင့်နေတာဗျို့။
ဘာသံမှတော့ ခုထိ မကြားရသေးဘူး၊
ဒီနေ့ နေ့လယ်ဆိုရင် ကျုပ် တစ်မှေး
တောင် မမှေးဘူးဗျ။ ဘယ်ကများ
ဘာကြားရမလဲဆိုပြီး စောင့်နေတာ။
“ကိုကြီးတာတေ၊ ကိုကြီးတာတေ”
ဟော ကျောက်ခဲနဲ့ သံမဏိတော့
ဝိုင်းထဲကို အပြေးအလွှား ဝင်လာပြီဗျို့။
ကျုပ် နာရီလှမ်းကြည့်လိုက်တယ်။ည
နေ ငါးနာရီထိုးတော့မယ်ဗျ။ဟိုကောင်
နှစ်ကောင် အိမ်ပေါ်ကို ပြေးတက်လာ
တယ်။
“ကိုကြီးတာတေ၊ အနောက်ပိုင်းက
ကိုကျောက်ဒိုးတို့ မပုတို့ရဲ့ကလေး
ဆုံးသြားလို့ဗ်”
“ဟေ့ ဟုတ်လား၊ ဘာဖြစ်ပြီး ဆုံးတာတုံး”
“တစ်နေ့လုံး အကောင်းတဲ့ဗျ၊
နေ့လယ်လောက်ကမှ ကိုယ်ကလေး
နွေးရုံနွေးတာတဲ့၊ ညနေလည်းကျရော
တက်တော့တာပဲတဲ့၊ နှစ်ခါ သုံးခါတက်
ပြီးတော့ အသက်ပါ ပါသွားတာဆိုပဲဗျ”
” ကလေးက ဘယ်အရွယ်တုံးကွ၊
ကျောက်ခဲရဲ့”
“အခါလည်သားလေးလို့ ပြောတယ်ဗျ”
“ကဲ ငါတို့အလုပ်စကြမယ်ကွာ၊ အဲဒီ
အိမ်ကို သွားကြမယ်၊ ငါစီစဉ်စရာတွေ
ရှိသေးတယ်”
ကျုပ် ကလေးဆုံးတဲ့အိမ်ရောက်တော့
ကျုပ်တို့ရွာသားတွေ စုံနေပြီ။ ကျုပ်က
လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတချို့ကို
ခေါ်ပြီး အကျိုးအကြောင်း ပြောပြတယ်။
ပြီးတော့ လုပ်ရမှာတွေ တိုင်ပင်တယ်။
ည ၇ နာရီထိုးတော့ ကလေးကို ခေါင်း
သွင်းပြီးပြီ။ ဝိုင်းထဲမှာ ကျုပ်စိတ်ကြိုက်
နေရာ ရွေးပြီး အလောင်းစင် ပြင်လိုက်
တယ်။ အလောင်းစင်နဲ့ မလှမ်းမကမ်း
မှာ မှန်အိမ်လေးတစ်လုံး ထွန်းထား
တာပေါ့ဗျာ။
ကျုပ် အိမ်ခဏပြန်ပြီး ဆေးလွယ်အိတ်
ယူတယ်။ ဆရာတော့်ကျောင်းက ခွင့်
တောင်းပြီး ယူလာတဲ့ ဝါးပျံယပ်တောင်
ကြီးလည်း ကျုပ်ယူရတာပေါ့ဗျာ။ ကျုပ်
ကလေးအသုဘအိမ်ကို ပြန်ရောက်
တော့ ည ရှစ်နာရီကျော်ပြီ။
အိမ်ပြန်ကတည်းက ကျုပ်က မျက်ကွင်း
ဆေး ကွင်းလာခဲ့တာဗျ။ မဖဲဝါ မှာတဲ့အ
တိုင်း အလောင်းစင်ရဲ့ အနောက်ဘက်
မှာ ဘီလူးထောင်ချောက်အင်း မြှုပ်လိုက်
တယ်။ ပြီးတော့ ဆရာနွံဖတို့ လုပ်သလို
ဂါထာရွတ်ပြီး စည်းဝိုင်းချတယ်။
ညည့်နက်တော့ လူတွေကို အိမ်
အောက်ကို ဘယ်သူမှ မဆင်းခိုင်း
တော့ဘူး။ ကျုပ်တစ်ယောက်ပဲ
မန်ကျည်းပင်ကြီး နောက်က ပုန်း
ပြီး စောင့်တယ်။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး”
“ဖျန်း၊ ဖျန်း၊ ဖျန်း၊ ဖျန်း”
“အား၊ အား၊ အား၊ အား”
“ဂီး၊ ဂီး၊ ဂီး၊ ဂီး”
ဟာ ခွေးတွေအူ၊ ငှက်တွေလန့်ပျံ၊
ကျီးတွေပြို၊ ငှက်ဆိုးတွေထိုး၊ တစ်
ပြိုင်နက်ကို ဖြစ်တာဗျို့။ ကျုပ်ဆို
တာ ကြက်သီးတွေ ထလိုက်တာဗျာ။
ဖျန်းကနဲ ဖျန်းကနဲ နေတာပဲဗျို့။
ဟာ ဝိုင်းထဲကို ဝင်လာပြီဗျို့။
ကိုသိန်းညိုရဲ့သား လူခြောက်မောင်
အောင် ပြောတဲ့အကောင်ပဲကိုး၊ တစ်
ကိုယ်လုံး မဲနက်နေတာဗျို့။ပါးစပ်က
အကြီးကြီးဗျ။ ပါးစပ်ထဲမှာ အစွယ်
ကြီးတွေမှ ဖွေးနေတာပါပဲဗျာ။ အ
ရပ်ကတော့ လူအရပ်လောက်ပါပဲ။
ကိုယ်လုံးကြီးကတော့ လူနှစ်ကိုယ်စာ
လောက်ရှိတယ်။ ပုဆိုးကွက်တုံးကြီး
ဝတ်လို့ဗျ။ အပေါ်ပိုင်းမှာတော့ အင်္ကျီ
မပါဘူး။ မျက်လုံးနီနီကြီးတွေနဲ့ ဝိုင်းထဲ
ကို ဟိုကြည့် ဒီကြည့် လုပ်နေတယ်။
ကျုပ်ဖြင့် လှုပ်ကို မလှုပ်ရဲတာဗျို့။
ဟော သွားပြီ၊ လူသားစား ဘီလူးကောင်
ကလေး အလောင်းစင်ဘက်ကို သွားပြီ။
အောင်မယ်။ အလောင်းစင်ကို တစ်ပတ်
ပတ်ပြီး ကြည့်နေတယ်ဗျို့။ ဟော ဝင်
သွားပြီ။ ကျုပ်ဆင်ထားတဲ့ ဘီလူးထောင်
ချောက်ထဲကို လူသားစားဘီလူး ဝင်သွား
ပြီ။ ရွတ်ပြီ။ ကျုပ်’ငရဲမီးတောက်’ဂါထာ
ကို ရွတ်ပြီ။ ကျုပ် ဆရာကြီး ဒေါက်တာ
ဦးမင်းအောင် သင်ပေးထားတဲ့ ဂါထာ
ပေါ့ဗျာ။ ဒီနေ့ပဲ ကျုပ် မှတ်စုစာအုပ်ထဲ
မှာ ပြန်ပြီးကြည့်ထားတာဗျ။
ကျုပ်ဂါထာကို မနားတမ်းရွတ်တယ်။
ဘာမှမထူးသေးဘူး။ ဘီလူးက ကလေးရဲ့
ခေါင်းကို နှိုက်ဖို့ လက်ပြင်နေပြီ။ ကျုပ်ဂါ
ထာကို မနားတမ်းရွတ်တယ်။
“ဝုန်း”
ဟာ မီးထတောက်ပြီဗျို့၊ ကျုပ်မကြောက်
ဘူး၊ ဒီည ဒီကောငအဆုံးသတ်ရမယ့်ညလို့
မဖဲဝါ ပြောလိုက်တယ်။ ကလေးတွေကို သေ
အောင်ဖမ်းစားပြီး လိုက်စားနေတဲ့ လူသားစား
ဘီလူးကို အသေသတ်ဖို့ ကျုပ် မန်ကျီးပင်
နောက်ကပြေးထွက်လိုက်တယ်။ လက်ထဲက
ဝါးပျံယပ်တောင်နဲ့ ကျုပ်ခတ်လိုက်တယ်။
“ဝုန်း၊ ဝုန်း၊ ဝုန်း”
ဟာ ဝါးပျံယပ်နဲ့ ခတ်လိုက်တော့မှ
မီးတောက်ကြီးတွေက ဝုန်းကနဲ မြည်ပြီး
ထလာတာဗျို့။ဘီလူးက ကျုပ်ကို မျက်
ထောက်နီကြီးနဲ့ ကြည့်ပြီး ပါးစပ်ကြီး ဟ
ပြတယ်။ ဟာ အစွယ်ကြီးတွေမှ အရှည်
ကြီးပဲဗျာ။ ဒါပေမဲ့ ‘ဘီလူးထောင်ချောက်’
ထဲမှာ မိနေတဲ့ ဘီလူးက ကျုပ်ကို ဘာမှ
ပြန်မလုပ်နိုင်ဘူးဗျ။ ကျုပ်က ဝါးပျံယပ်
တောင်ကြီးကို မရပ်မနား ခတ်ပေးလိုက်
တယ်။
“အား၊ အူး၊ အူး၊ အူး၊ အီး”
ဘီလူးရဲ့ အော်သံက တစ်ရွာလုံးကို
လွှမ်းသွားရောဗျာ။ တစ်ရွာလုံး လူသံ
ရော၊ ခွေးသံရော၊ တိတ်ကိုသွားရောဗျား။
“ဝုန်း၊ ဝုန်း၊ ဝုန်း”
ငရဲမီးတောက်ကြီးကလည်း ပူပါဘိဗျာ။
မီးတောက်ထဲမှာ ဘီလူး ခြေကားယား
လက်ကားယားနဲ့ မြေကြီးပေါ်ကို လဲကျ
သွားပြီဗျို့။ အော်သံကြီးလည်း ပျောက်
သွားပြီ။ ဒီလူသားစားဘီလူး အော်တဲ့
အသံကို မဖဲဝါလည်း ကြားမှာပဲဗျ။
အားလုံးပြာဖြစ်သွားတော့မှ ငရဲမီးတောက်
ကြီး ငြိမ်းသွားတယ်။ ဒီတော့မှ အိမ်ပေါ်က
လူတွေ ဝိုင်းထဲကို ဆင်းလာကြတာပေါ့ဗျာ
ကျုပ်ကောင်တွေ၊ ကျောက်ခဲနဲ့ သံမဏိ
လည်း ကျုပ်ဆီကို စွတ်ပြေးလာတာဗျ။
ရွာထဲက ရွာသားတွေလည်း လူသံတွေ
ကြားတော့မှ ကလေးအသုဘအိမ်ကို
စုပြုံရောက်လာပြီး တစ်ယောက်တစ်
ပေါက် ပြောကြဆိုကြနဲ့ ညံနေတော့
တာဗျို့။ နောက်နေ့ မနက်ပိုင်းမှာပဲ
ကလေးကိုကောင်းကောင်းမွန်မွန်
သင်္ဂြိုဟ်လိုက်နိုင်တာပေါ့ဗျာ။
ပြီးပါပြီ
မူရင်းရေးသားသူ-ဆရာတာတေအားလေးစားလျက်
စာဖတ်သူအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ